လည်ပင်းကြီးဝေဒနာရှင်အတွက် မောင်လွင်ဇော်မျိုးခန့်မိသားစု၏ ကျန်းမာရေးဒါန
မန္တလေး ရေဘေးကာလက ဆွမ်းလောင်းအသင်းက ယာယီ ဖွင့်လှစ်ခဲ့တဲ့ ပရဟိတဆေးခန်းကို လည်ပင်းကြီး ဝေဒနာရှင်တစ်ဦး လာရောက်ပြသခဲ့ပါတယ်။ ဆရာဝန်က ဆေးရုံတက် ကုသစေချင်ပေမယ့် လူနာက ငွေကြေး မတတ်နိုင်ပါဘူး။
မောင်လွင်ဇော်မျိုးခန့် မိသားစုက လည်ပင်းကြီးဝေဒနာသည်အတွက် ဆေးဝါးနဲ့ ဆေးရုံတက်စဉ်ကာလ စရိတ်စကများ တာဝန်ယူ ဒါနပြုခဲ့ပါတယ်။ ဝါးချက် သံဃာ့ဆေးရုံမှာ ဇန်နဝါရီ၂၂/၂၃ ရက်နေ့က စပြီး တစ်ပတ်ကြာ တက်ရောက်ကုသခံယူခဲ့ပါတယ်။ ဆေးဖိုးနဲ့ အထွေထွေစရိတ် ခုနစ်သောင်းကျပ်ကိုအလှူရှင်မိသားစုက တာဝန်ယူပါတယ်။
အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...
0 comments:
Post a Comment