skip to main | skip to sideba

1/19/2011

တောသားလေး , Posted in
ကျွန်တော့်မှတ်စု ,
1 Comment ကျွန်တော် ကဗျာ မရေးတတ်ပါဘူး။ ပြာသိုလပြည့်နေ့ အမေများနေ့မှာ အမှတ်တရအဖြစ် မွေးမိခင်ကို တမ်းတမှန်းဆပြီး ရင်ထဲမှ ပေါက်ဖွားလာတဲ့ စကားစုလေးများကို ချရေးထားခြင်းသာ ဖြစ်ပါတယ်။ ဒါပေမယ့် မိခင်မေတ္တာကိုတော့ ဘယ်လိုမှ ကဗျာတွေ စာတွေ ရေးဖွဲ့သီကုံးလို့တော့ မရနိုင်ပါဘူးဗျာ။ ကဗျာလေးကတော့ ဒီလိုလေးပါခင်ဗျာ…
မွေးမိခင်
ကိုးလလွယ် ဆယ်လဖွား
ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်
အရွယ်ကစ ဘေးမခအောင်
ရင်နှစ်သည်းချာ သားလှရတနာကို
ရင်မှာပိုက်ထွေး နို့ချိုအေးဖြင့်
ယုယကြင်နာ မြတ်နိုးစွာနှင့်
ချစ်ခင်ပါသော အို...မိခင်
အနန္တမေတ္တာရှင် ကျေးဇူးရှင်ကို
နေ့စဉ်တမ်းတ မှန်းဆစွာဖြင့်
လက်စုံမိုး၍ ရှိခိုးလိုက်ပါတယ်။
အဖေ အမေ ကျန်းမာပါစေ။
တောသားလေး(မြန်အောင်)
ကမ္ဘာပေါ်ရှိ မိခင်များအားလုံး ကျန်းမာချမ်းသာကြပါစေ။
တောသားလေး
0 comments:
Post a Comment