* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, January 24, 2011

သြဓိသမေတ္တာ ပွားများနည်း၊ အနောဓိသမေတ္တာပွားများနည်း။

သြဓိသမေတ္တာ ပွားများနည်း၊ အနောဓိသ မေတ္တာပွားများနည်း။

ဒကာ။ ။ မှန်ပါ့၊ မေတ္တာပို့သူရဲ့ အကျိုး ၁၁ ပါးနဲ့ မေတ္တာခံယူသူတို့ ရရှိသည့် အကျိုးများကို ယခုလို သိရလို့ ကျေနပ်လှပါတယ်၊ မေတ္တာပွားများ ပို့သပုံများကိုလည်း လူတိုင်းနားလည်စွာ ပို့သ တတ်အောင် နည်းပြပေးပါဦး ဆရာတော်။
ဆရာ။ ။ မေတ္တာတရား ပွားများပို့သပုံနည်းကတော့ လွယ်လွယ်နဲ့ လူတိုင်းပွားများတတ်ကြဖို့ နယ-နှစ်ပါးနဲ့ပဲ ပြသပေးသွားမည်၊ ဒီမေတ္တာနည်းနှစ်ပါးနဲ့ ပို့သ ပွားများခြင်းဖြင့်ပင် ပို့သသူခံယူသူအားလုံးကုန် အကျိုးသုခတွေနဲ့ ပြည့်စုံပြီးမြောက်နိုင်ပါတယ်။
မေတ္တာဆိုတာ “သူတပါးတို့၏, သတ္တ၀ါတိုင်း၏ အကျိုးစီးပွား ဖြစ်ထွန်းကြီးထွားမှုကို လိုလားတောင့်တနေမှုဟာ မေတ္တာပဲ” အဲဒီတရားကို ပွားများနေလျှင် စင်ကြယ် မွန်မြတ်သော နေခြင်းဖြစ်၍ ဗြဟ္မ၀ိဟာရ- ဗြဟ္မာတို့၏ နေခြင်း အကျင့်တရားမို့ ယင်းကို ဗြဟ္မစိုရ်တရားလို့လည်း ခေါ်ကြတယ်၊ ကဲ…နားထောင်မှတ်သားပေတော့။

သြဓိသမေတ္တာ ပွားများနည်း
(၁) သြဓိသမေတ္တာ။ ။ ပုဂ္ဂိုလ် သတ္တ၀ါကို တစ်ပါးချင်း တစ်မျိုးချင်း ပိုင်းခြား ပိုင်းခြားကာ ပွားများပို့သသော မေတ္တာမျိုး၊ သြဓိ သဒ္ဒါက အပိုင်းအခြား ပိုင်းခြားခြင်းကို ဟောတယ်။
ကိုယ်ပို့သချင်တဲ့ပုဂ္ဂိုလ် တဦးတယောက်ကို၊ သို့မဟုတ် တမျိုးမျိုးကို စိတ်ညွတ်ရည်မှန်းပြီးတော့ အဲဒီပုဂ္ဂိုလ်ရဲ့အမည်ကို ခေါ်ဆိုကာ အဟုတ်တကယ်ချမ်းသာ လိုလားစေချင်တဲ့ စိတ်ထားနဲ့ မိမိရဲ့စိတ်ကို ထိုသူထံသို့ စေလွှတ်ပြီး။ ။ ပုံပမာ….
နိုင်ငံတော်သမ္မတကြီးနှင့်တကွ မင်းမှုထမ်းများအပေါင်းတွေ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
ထို့အတူပဲ…
မိန်းမများ အပေါင်းတွေ။ ယောက်ျားများ အပေါင်းတွေ။
အရိယာများ အပေါင်းတွေ။ ပုထုဇဉ်များ အပေါင်းတွေ။
နတ်များ အပေါင်းတွေ။ လူများ အပေါင်းတွေ။
ပြိတ္တာများ အပေါင်းတွေ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေလို့ စိတ်ညွတ်ပွားများနေရမယ်။
အဲဒီလိုမျိုးတူ ဇာတ်တူ အလုပ်တူတို့ကို ပိုင်းခြားသတ်မှတ် သီးခြားဖော်ထုတ်ကာ မေတ္တာပွားနိုင်တယ်၊ တယောက်ချင်း တဦးချင်း အတွက်ကိုလည်း သူ့အမည်ကို ခေါ်ဆိုပြီးတော့ မေတ္တာပို့နိုင်တယ်။ ပုံပမာ….
ဦးဖြူ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေ။
ဒေါ်မဲ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေ။
အဲဒီအတိုင်း ကိုယ်လိုချင်တဲ့ ပုဂ္ဂိုလ်တွေကို ခေါ်ဆိုရည်မှန်း စိတ်ညွတ်တန်းပြီးတော့ တိုးတိုးသာသာ နှုတ်နဲ့ ရွတ်ဆို ရွတ်ဆိုကာ ကြိမ်ဖန်များစွာ သိန်း သန်း ကုဋေ ပို့သ စီးဖြန်း ပွားများကာ နေရမှာဖြစ်တယ်၊ အဲဒီမေတ္တာက ပုဂ္ဂိုလ်မျိုးတူချင်း သို့မဟုတ် တဦးချင်း သတ္တ၀ါအနန္တထဲမှ ပိုင်းခြားခွဲထုတ်ကာ သီးခြားပို့သ ပွားများတဲ့ မေတ္တာမျိုးဖြစ်လို့ ယင်းကို သြဓိသမေတ္တာလို့ ခေါ်ဆိုတယ်၊ ကဲ…အဲဒါဟာ လူတိုင်းနားလည်စွာနဲ့ ပို့သ ပွားများတတ်အောင် ပြပေးတဲ့ အလွယ်ဆုံးနည်းပဲ၊ နောက်တမျိုးက…
အနောဓိသမေတ္တာပွားများနည်း

(၂) အနောဓိသမေတ္တာ။ ။ ပုဂ္ဂိုလ် သတ္တ၀ါ အမျိုးအမည်ကို ပိုင်းခြား ခွဲထုတ်ခြင်း မပြုတော့ဘဲ ရှိသမျှ သတ္တ၀ါတွေ အကုန်လုံးသိမ်းကျုံးကာ ခေါ်ဆို ပို့သ ပွားများတဲ့ မေတ္တာမျိုးကို ခေါ်ဆိုတယ်။
ယင်းကိုပင် ပဋိသမ္ဘိဒါမဂ်ပါဠိတော်က- သဗ္ဗေသတ္တာ၊ သဗ္ဗေပါဏာ၊ သဗ္ဗေဘူတာ၊ သဗ္ဗေ ပုဂ္ဂလာ၊ သဗ္ဗေ အတ္တ ဘာဝ ပရိယာ ပန္နာ ဟု အမျိုးငါးပါးနဲ့ ပြဆိုထားတယ်၊ အဲဒီ ငါးပါးထဲက တပါးပါးနဲ့ ခေါ်ဆို လိုက်ရင် ကမ္ဘာပေါ်မှာ ရှိသမျှသတ္တ၀ါတွေ အကုန်ပါသွားတာပါပဲ၊ ဒါ့ကြောင့် အနောဓိသ မေတ္တာကို ဟောသည်လို လွယ်လွယ်နဲ့ပဲ ခေါ်ဆို ပွားများ ပို့သရမယ်။
ကမ္ဘာသူ ကမ္ဘာသားများ အပေါင်းတွေ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
အဲဒီအတိုင်း ကမ္ဘာပေါ်မှာ တည်နေကြတဲ့ ဗြဟ္မာကြီးတွေက စပြီးတော့ မမြင်ရတဲ့ ပိုးမွှားကလေးတွေအထိ ရှိရှိသမျှပုဂ္ဂိုလ်သတ္တ၀ါတွေကို အာရုံပြု ရည်မှန်းပြီးတော့ အဟုတ်တကယ် ချမ်းသာစေလိုတဲ့ စိတ်ဓာတ်နဲ့ သိန်းသန်းကုဋေ အကြိမ်များစွာ ပွားများကာ နေရမယ်။
ကိုင်း…ခုပြောခဲ့တဲ့အတိုင်း မေတ္တာပွားသူမှာ ရှေးဦးစွာ သိထားရမည့် အင်္ဂါ ၁၅ ပါးနဲ့ ပြည့်စုံစွာ အဲဒီ မေတ္တာပို့နည်း နှစ်ပါးနဲ့ ပွားများ ပို့သကာသာ နေပါ၊ မေတ္တာအပို့ခံရသူတွေအတွက် မုချအကျိုးစီးပွားရရှိခံစားရမှာ သေချာပါတယ်၊ ကဲ…အဲဒါမေတ္တာ ကမ္မဋ္ဌာန်း စီးဖြန်းပုံ အလွယ်ဆုံး နည်းနှစ်နည်းပါပဲ။
ဒကာ။ ။ သည်လို အပြည့်အစုံ ဖြေကြား သင်ပြပေးတဲ့အတွက် မေတ္တာကမ္မဋ္ဌာန်းကို ပွားများ အားထုတ် တတ်ပါပြီ ဆရာတော်၊ ကျေးဇူးတင်စွာဖြင့် အကြိမ်ကြိမ် ရှိခိုးပါတယ် ဘုရား။

ဣတိ သုတေသန သမ္မာမဂ္ဂင်္ဂပဥှာ နိဋ္ဌိတာ
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP