ဗောဇ္ဈင်္ဂသုတ်တော်
26 January 2011
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ ရာဇ ဂြိုလ်မြို့ ဝေဠုဝန်ကျောင်းတော်မှာ နေတော်မူတုန်းက ဝေဘာရတောင်နားက ပိပ္ပလိလိုဏ်ဂူမှာ သီတင်းသုံး တော်မူတဲ့ အရှင်မဟာကဿပအရှင်မြတ်ကြီး နေမ ကောင်းတုန်းက တစ်ကြိမ်၊ ရာဇဂြိုလ်မြို့နားက ဂိဇ္ဈကုဋ် တောင်မှာ သီတင်းသုံးတော်မူတဲ့ အရှင်မောဂ္ဂလ္လာန် အရှင်မြတ်ကြီး နေမကောင်းတုန်းက တစ်ကြိမ်၊ ဗောဇ္ဈင်္ဂ သုတ်ပရိတ် ဒေသနာတော်ကို ဟောကြားပေးပြီး ရောဂါ ဝေဒနာတွေကို သက်သာပျေက်ကင်းစေခဲ့ဖူးပါတယ်။
အဲဒါအပြင် မြတ်စွာဘုရားကိုယ်တော်တိုင် ရောဂါ ဝေဒနာတွေ နှိပ်စက်လို့ မကျန်းမမာ ဖျားနာတော်မူတဲ့ အခါမှာ အရှင်စုန္ဒမထေရ်ကို ဒီဗောဇ္ဈင်္ဂသုတ်တော်ကို ရွတ်ဖတ်စေပြီး အာရုံစူးစိုက် နားထောင်နေခိုက် ဘုရားရှင် ခံစားနေရတဲ့ ရောဂါဝေဒနာတွေ သက်သာပျောက်ကင်း တော်မူခဲ့ရဖူးပါတယ်။
ဒီ ဗောဇ္ဈင်္ဂသုတ် ဒေသနာတော်ဟာ မူရင်းပါဠိတော် ကြီးမှာ စကားပြေ စုဏ္ဏိယဝါကျရှည်ကြီးတွေ ဖြစ်ပေမယ့် ရှေးဆရာတော်ဘုရားကြီးတွေက ခုလို ဂါထာသီကုံးပြီး ရေးဖွဲ့ထားတော်မူခဲ့ခြင်းဖြစ်ပါတယ်။
ဒီ ဗောဇ္ဈင်္ဂသုတ် ပရိတ်ဒေသနာတော်ကို ရွတ်ဖတ် ကြ ပွားများကြမယ်ဆိုရင် ရောဂါဝေဒနာတွေ ပျောက်ကင်း ပြီး ကျန်းမာစေခြင်းဆိုတဲ့ ပစ္စုပ္ပန်ကောင်းကျိုးတွေအပြင် ဒီသုတ်တော်မှာပါဝင်တဲ့ ဗောဇ္ဈင် ၇ ပါး မြတ်တရား တွေကိုပါ ပြည့်စုံအောင် ပွားများအားထုတ်ခဲ့မယ်ဆိုရင် ဒီဘဝမှာတင်ပဲ နိဗ္ဗာန်အထိ တရားထူး တရားမြတ်တွေကို ရစေနိုင်ပါတော့တယ်။
ရောဂါ ဝေဒနာတွေ ကင်းရှင်း ကျန်းမာ ချမ်းသာ ခြင်းတွေကို ပေးစွမ်းတတ်ပါတဲ့ ဒီဗောဇ္ဈင်္ဂသုတ် ပရိတ် ဒေသနာတော်ကို ကြည်ညိုသဒ္ဓါ ရိုသေစွာနဲ့ ရွတ်ကြ ဖတ်ကြ နာကြ ကြည်ညို ပူဇော်ကြပါစို့ သူတော် ကောင်းတို့။
နာဖျားတာရှည် ၊ မတည်စိတ်လက် မသက်မသာ တွေ့ ရောက်လာသော် ပရိတ်တော်ဗောဇ္ဈင် ကြည်ရွှင်သစ္စာ ရွတ်ပါသုံးကြိမ်၊ ရောဂါငြိမ်၏။
ဗောဇ္ဈင်သုတ်ရွတ်ဖတ်ရန်အချိန်နှင့် ရွတ်ဖတ်ရခြင်းအကျိုး
ဗောဇ္ဈင်သုတ်တော်တွင် မြတ်စွာဘုရား၊ ရှင်မဟာကဿပနှင့် ရှင်မဟာမောဂ္ဂလာန်တို့ သုံးပါးသည် ဗောဇ္ဈင်ခုနှစ်ပါးတရားကို ကြားနာရမှ ရောဂါဝေဒနာမှ ထမြောက်နိုင်ခဲ့ကြောင်းဖြင့် ဝေဒနာရှင်များအား ချမ်းသာရာရစေရန် သစ္စာပြုပုံကို ဖော်ပြထားပါသည်။
မကျန်းမမာနှင့် အနာရောဂါဝေဒနာ ခံစားနေရသူများကို ရွတ်ဆိုပေးကြသည်။ ဗောဇ္ဈင်သုတ်ကို ရွတ်ဖတ်ခြင်းအားဖြင့် ရောဂါဝေဒနာဆိုးများ ပျောက်ကင်းချမ်းသာစေနိုင်ပါသည်။
(၁) သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခ၀ိနာသနေ။ သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရ သေနာပမဒ္ဒနေ။
သံသာရေ သံသရန်တာနံ၊ သတ်ဗဒုတ်ခ ၀ိနာသနေ၊ သတ်တ ဓမ်မေ စ ဗွတ်ဈင်ဂေ၊ မာရ သေနာ ပမတ်ဒနေ။
(၂) ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘ၀ါ မုတ္တကု တ္တမာ။ အဇာတိ မဇရာ ဗျာဓိံ၊ အမတံ နိဗ္ဘယံ ဂတာ။
ဗုတ်ဇိတ်တ၀ါ ယေ စိမေ သတ်တာ၊ တိဘ၀ါ မုတ်တ’ ကုတ်တမာ၊ အ-ဇာတိ’ မဇရာ’ ဗျာဓိံ၊ အ-မတံ နိတ်ဘယံ ဂတာ။
(၃) ဧ၀မာဒိဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။ သြသဓဉ္ဇ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။
အေ၀ မာဒိ ဂုဏူပေတံ၊ အနေက ဂုဏ သင်ဂဟံ၊ အောသဓင်စ အိမံ မန်တံ၊ ဗွတ်ဈင်ဂင်စ ဘဏာမ ဟေ။
(၁-၂-၃) အို သူတော်ကောင်းတို့ သံသရာ၌ ကျင်လည်ကြကုန်သော သတ္တဝါတို့၏ ဒုက္ခခပ်သိမ်းတို့ကို ပျောက်ငြိမ်းစေတတ်ကုန်သော မာရ်စစ်သည် အသင်း အပင်းတို့ကို နှိမ်နှင်းဖျက်ဆီးတတ်ကုန်သော ဗောဇ္ဈင်မည် ကုန်သော ခုနှစ်ပါးကုန်သော အကြင်တရားတို့ကို သိကြ ကုန်သောကြောင့် မြတ်ကုန်သော ဤပုဂ္ဂိုလ်တို့သည် ဘဝသုံးပါးမှ လွတ်မြောက်ရကုန်သည်ဖြစ်၍ ပဋိသန္ဓေ နေခြင်းမရှိသော၊ အိုခြင်းမရှိသော၊ နာခြင်းမရှိသော ၊ သေခြင်းမရှိသော၊ ဘေးမရှိသော နိဗ္ဗာန်သို့ ရောက်ကြ ရကုန်ပြီ၊ ဤသို့အစရှိသော အကျိုးဂုဏ်အင်အာနိသင် တို့နှင့် ပြည့်စုံသော ဂုဏ်ပေါင်းများစွာ သိမ်းယူရာဖြစ်သော ရောဂါပျောက်ရေးဝယ် ဆေးသဖွယ်လည်းဖြစ်သော အန္တရာယ်ကင်းရေးဝယ် မန္တန်သဖွယ်လည်းဖြစ်သော ဤဗောဇ္ဈင်ပရိတ် တော်ကို ငါတို့သည် ရွတ်ကြကုန်စို့။
(၄) ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ၀ိစယော တထာ။ ၀ီရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာ ပရေ။
ဗွတ်ဈင်ဂေါ သတိ သင်ခါတော၊ ဓမ်မာနံ ၀ိစယော တထာ၊ ၀ီရိယံ ပီတိ ပတ်သတ်ဓိ၊ ဗွတ်ဈင်ဂါစ တထယ’ ပရေ။
(၅) သမာဓုပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေ တေ သဗ္ဗဒဿိနာ။ မုနိနာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟုလီကတာ။
သမာဓု ပစ်ခါ ဗွတ်ဇင်ဂါ၊ သတ်တေ တေ သပ်ဗ ဒတ်သိနာ၊ မုနိနာ သမ်မ ဒက်ခါတာ၊ ဘာဝိတာ ဗဟုလီကတာ။
(၆) သံဝတ္တန္တိ အဘိညာယ၊ နိဗ္ဗာနာယ စ ဗောဓိယာ။ ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
သံဝတ်တန်တိ အဘိန်ညာယ၊ နိပ်ဗာနာယ စ ဗောဓိယာ၊ အေတေန သစ်စ ၀စ်ဇေန၊ သွတ်ထိ တေ ဟောတု သတ်ဗဒါ။
(၄-၅-၆) သတိဟုဆိုအပ်သော ဗောဇ္ဈင်လည်းကောင်း၊ ဓမ္မဝိစယ ဗောဇ္ဈင်လည်းကောင်း ၊ ထိုမှတပါး ဝီရိယ ဗောဇ္ဈင်လည်းကောင်း၊ ပီတိဗောဇ္ဈင် ပဿဒ္ဓိဗောဇ္ဈင် တို့လည်းကောင်း၊ ထို့ပြင် တပါးကုန်သော သမာဓိဗောဇ္ဈင်၊ ဥပေက္ခာ ဗောဇ္ဈင်တို့လည်းကောင်း ဤသို့တရားအလုံးစုံ အကုန်သိတော်မူသော မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားတော်မူအပ်ကုန်သော ခုနစ်ပါးကုန်သော ထိုဗောဇ္ဈင်တရားတို့သည် ပွားများအပ်ကုန်သည်ရှိသော် ကြိမ်ဖန်များစွာ အလေ့အထ ပြုအပ်ကုန်သည်ရှိသော် သစ္စာလေးပါးကို သိခြင်းငှာလည်းကောင်း၊ နိဗ္ဗာန်အလို့ ငှာလည်းကောင်း၊ မဂ်ဉာဏ်အလို့ငှာလည်းကောင်း၊ ဖြစ်ကုန်၏၊ ဤသစ္စာစကားကြောင့် သင့်အား အခါ ခပ်သိမ်း ချမ်းသာခြင်းသည်ဖြစ်ပါစေသတည်း။
(၇) ဧကသ္မိံ သမယေ နာထော၊ မောဂ္ဂလ္လာနဉ္စ ကဿပံ။ ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။
အေကတ်သမိန် သမယေ နာထော၊ မောက်ဂန်လာနင်စ ကတ်သပံ၊ ဂိလာနေ ဒုတ်ခိတေ ဒိတ်သ၀ါ၊ ဗွတ်ဈင်ဂေ သတ်တ ဒေသယိ။
အခါတပါး၌ မြတ်စွာဘုရားသည် မောဂ္ဂလ္လာန် မထေရ်ကိုလည်းကောင်း၊ ကဿပမထေရ်ကိုလည်းကောင်း မကျန်းမမာသည်တို့ကို၊ ဆင်းရဲခြင်းသို့ ရောက် သည်တို့ကို မြင်တော်မူ၍ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ဟော တော်မူပြီ။
(၈) တေ စ တံ အဘိနန္ဒိတွာ၊ ရောဂါ မုစ္စိံ သု တင်္ခဏေ။ ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
တေ စတံ အဘိနန်ဒိတ်တ၀ါ၊ ရောဂါ မုတ်စိမ်သု တင်ခဏေ၊ အေတေန သစ်စ ၀စ်ဇေန၊ သွတ်ထိ တေ ဟောတု သတ်ဗဒါ။
ထိုမထေရ်မြတ်တို့သည်လည်း ထိုဗောဇ္ဈင်ခုနစ်ပါး တရားတော်ကို နှစ်သက်အားရ ခံယူကြကုန်၍ ထိုခဏ၌ ရောဂါမှ ပျောက်ကင်းလွတ်မြောက်ကြရကုန်ပြီ၊ ဤသစ္စာ စကားကြောင့် သင့်အား အခါခပ်သိမ်း ချမ်းသာခြင်း သည်ဖြစ်ပါစေသတည်း။
(၉) ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာဘိ ပီဠိတော။ စုန္ဒတ္ထေရေန တံယေ၀၊ ဘဏာပေတွာန သာဒရံ။
အေကဒါ ဓမ်မ ရာဇာပိ၊ ဂေလညေနာဘိ ပီလိတော၊ စုန်ဒတ်ထေရေန တံယေ၀၊ ဘဏာပစ်တ၀ါန သာဒရံ။
(၁၀) သမ္မောဒိတွာန အာဗာဓာ၊ တမှာ ၀ုဋ္ဌာသိ ဌာနသော။ ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
သမ်မော ဒိတ်တ၀ါန အာဗာဓာ၊ တမ်မှာ ၀ုတ်ထာသိ ထာန သော၊ အေတေန သစ်စ ၀စ်ဇေန၊ သွတ်ထိ တေ ဟောတု သပ်ဗဒါ။
(၉-၁ဝ) အခါတပါး၌ တရားဘုရင် ဘုရားရှင်သည် လည်း ရောဂါဝေဒနာသည် ပြင်းထန်စွာ နှိပ်စက်အပ်သည် ဖြစ်၍ စုန္ဒမထေရ်ကို ထိုဗောဇ္ဈင်တရားတော်ကိုပင် ရိုသေ လေးစားစွာရွတ်ဆိုစေ၍ ဝမ်းမြောက်တော်မူသောကြောင့် တခဏခြင်း ထိုရောဂါမှ ထမြောက်ပျောက်ကင်းတော် မူလေပြီ၊ ဤသစ္စာစကားကြောင့် သင့်အား အခါခပ်သိမ်း ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း။
(၁၁) ပဟီနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ။ မဂ္ဂဟတာ ကိလေသာစ၊ ပတ္တာ နုပ္ပတ္တိဓမ္မတံ။ ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
ပဟီနာ တေစ အာဗာဓာ၊ တိန်နံ နမ်ပိ မဟေသိနံ၊ မက်ဂဟာတာ ကိလေသာဝ၊ ပတ်တာ နုပ်ပတ်တိ ဓမ်မတံ၊ အေတေန သစ်စ ၀စ်ဇေန၊ သွတ်ထိ တေ ဟောတု သပ်ဗဒါ။
မဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့သည် တဖန် ထပ်ကာ ပေါ်မလာတော့သကဲ့သို့၊ မဟေသီသုံးပါး (ဘုရား၊ အရှင်မဟာကဿပ၊ အရှင်မဟာမောဂ္ဂလ္လာန်) တို့၏ ဗောဇ္ဈင်တရားဖြင့် ပယ်ရှားအပ်သော ဝေဒနာများ သည်လည်း နောင်ပေါ်ခြင်း အလျင်းမရှိတော့သည်၏ အဖြစ်သို့ရောက်ရသည်၊ ဤသစ္စာစကားကြောင့် သင့်အား ထာဝစဉ်ချမ်းသာခြင်းဖြစ်ပါစေ။
ဗောဇ္ဈင်္ဂသုတ္တံ နိဋ္ဌိတံ။
0 comments:
Post a Comment