* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, January 20, 2011

နှင်းကြမ်းညရဲ့ ဘဝပုံပြင်

Sunday, 16 January 2011 17:31 | [IMG]/templates/ashinsirinda/images/PostAuthorIcon.png[/IMG]Written by မေတ္တာဥယျာဉ် | [LINK=/2009-07-18-17-32-10/dhamma-sarpay/727-2011-01-17-01-37-36.pdf]PDF [/LINK] | [LINK=/2009-07-18-17-32-10/dhamma-sarpay/727-2011-01-17-01-37-36.html?tmpl=component&print=1&page=]| Print |[/LINK] | [LINK=/component/mailto/?tmpl=component&link=aHR0cDovL2FzaGluc2lyaW5kYS5jb20vMjAwOS0wNy0xOC0xNy0zMi0xMC9kaGFtbWEtc2FycGF5LzcyNy0yMDExLTAxLTE3LTAxLTM3LTM2Lmh0bWw%3D] အီးမေးလ်[/LINK]
နှင်းကြမ်းညရဲ့ ဘဝပုံပြင်[IMG]/images/stories/Resized_Nanika-.jpg[/IMG]

အရှင်ဉာဏိက

ဗီဇာသက်တမ်းတိုး ခရီးမှာ စနိုးမုန်တိုင်းကြောင့် ကံဆိုး ကောင်းလှစွာ ဘဝသက်တမ်း တိုးခွင့်ပါ ရလိုက်တဲ့ ဆရာတော် ဦးဇာဂရ (ကံထွန်းသစ်)ရဲ့ အသက်နဲ့ ရင်းပြီး ရေးခဲ့ရတဲ့ စာတစ်ပုဒ်ကို ဒီမနက် ဖတ်လိုက်ရတယ်။ သူ့စာထဲမှာ အမေရိကန်ရောက် မြန်မာ ရဟန်းတော်အချို့ရဲ့ ဘဝပုံရိပ်ကို ထင်ဟပ်စေတဲ့ မှတ်တမ်း စကားကိုလည်း တွေ့မိတယ်။ ရေသစ်မြေသစ်မှာ အခြေအနေသစ်ကို ဖန်တီးရတဲ့ ဘဝတစ်ခုဆိုတာ ပန်းမွေ့ရာ ရွှေကော်ဇောနဲ့ ချောမွေ့လှတဲ့ ခရီး မဟုတ်ပေဘူး ဆိုတာကိုတော့ မှန်းဆမိကြမယ် ထင်ပါတယ်။







သို့ပေမယ့်လည်း ဝေးလံလှတဲ့ခရီးကို လေယာဉ်ပျံကြီးတွေစီးပြီး ခေတ်မီနိုင်ငံကြီးတွေမှာ ပြောင်းရွှေ့ကြရတာမို့ ဘဝတွေက အလှတွေချည်းသာ ဖြစ် လေမှာလို့ ထင်တတ်ကြသူတွေလည်း ရှိတတ်တာမို့ ဆရာတော်ရဲ့ အဖြစ်က အချို့ဘဝများရဲ့ အခြေနေမှန်ကို တွေးဆနိုင်ဖို့ ဒဿနတစ်စတော့ တွေ့နိုင်ကောင်းမယ်လို့ ထင်မိပါတယ်။



အလှထဲမှာ ဘဝရှာကြရတဲ့အဖြစ်တွေ၊ ဘဝထဲမှာ အလှရှာကြရတဲ့အဖြစ်တွေနဲ့ ဘဝထဲမှာ ဘဝနာကြရတဲ့ အဖြစ်တွေ၊ အထွေထွေသော ဘဝတွေထဲက ဒုက္ခတစ်ပိုင်းတစ်စကို လျှက်တစ်ပြက်မျှ မြင်လိုက်ရသလိုပါပဲ။



အန္တရာယ်ကြီးလွန်းတဲ့ ဖရီးဝေးလမ်းမကြီးပေါ်မှာ စနိုးမိုးအောက် ကန့်လန့်ဖြတ်ဖြစ်နေတဲ့ ကားတစ်စင်းရဲ့ ပုံကို မှန်းဆပြီး ကြက်သီးဖျန်းမျှ ဖြစ်မိရပါတယ်။ ညပိုင်းကားရှင်းချိန်မို့သာ။ ခုလို တစ်စင်းထဲက ဝင်ဆောင့်တာ။ နေ့ လယ်ခင်း ကားများချိန်သာဆို ဒီအက်ဆီးဒင့်မှာ ကားအစင်းပေါင်းမြောက်များစွာ ပါဝင်နိုင်တာမို့ တစ်ဦးမဟုတ် တစ်ဦးတော့ အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် အဆိုးထဲက အကောင်းဆိုသလို ဒဏ်နာလောက်ဖြစ်တာကို ပဲ ကံကောင်းတယ်လို့ ပြောရမှာပါ။ သို့ပေမယ့် ခုလိုဒဏ်နာမျိုးကလည်း ဖြစ်လျင်ဖြစ်ခြင်းမှာ မထင်ရှားတတ်ပေ မယ့် နောင်မှာပြန်လည်ပေါ်တတ်တာမျိုးမို့ ဆရာဝန်နဲ့ စနစ်တကျ စစ်ဆေးဖို့ကိုတော့ ဆရာတော်ကို လျှောက် ထားဖြစ်ခဲ့ပါတယ်။



အရာရာမှာ သူတော်နှစ်လုံး အစဉ်သုံးပြီး အပြုံးနဲ့သာ တုံ့ပြန်တတ်တဲ့ဆရာတော်လည်း ခုလိုထိတ်လန့်ဖွယ် အဖြစ်မျိုးကြုံရတော့ ပြုံးမှများ ပြုံးနိုင်ပါဦးမလားလို့ တွေးပူမိပါတယ်။ ဆရာတော်ထိုင်တဲ့ဘေးက တည့်တည့် ဝင်တိုက်တာဆိုတော့ ဘေးသင့်တယ်ဆိုတာ ဒါမျိုးပြောတာဖြစ်မယ်လို့ ဆရာတော်ကို စိတ်သက်သာရာရစေ ကြောင်း လျှောက်ထားဖြစ်ပါသေးတယ်။ တကယ့်ကိုမှ ဘေးတွေ့တဲ့ ဘေးပါပဲ။

တောင်ပုလုဆရာတော်ကြီးနဲ့ မဟာစည်ဆရာတော်ကြီးများက စလို့ သန္ဓေပျိုးခဲ့တဲ့ မြန်မာရဟန်းတော်များရဲ့ အမေရိကသာသနာရေးဆောင်ရွက်မှု ခရီးစဉ်ဟာ ခုဆို နှစ်ပေါင်းသုံးဆယ်ကြာညောင်းခဲ့ပြီ။ မြန်မာရဟန်း တော်များလည်း ပြည်နယ်အသီးသီး၊ ဒေသအနှံ့မှာ ခုဆိုလျင် ရာဂဏန်းမက ရှိနေလေပြီ။



နှစ်ပေါင်းသုံးဆယ်ကျော် ကြာညောင်းခဲ့တဲ့ ခရီးစဉ်အတွင်းမှာ မြန်မာရဟန်းတော်တွေ ပါဝင်ခဲ့တဲ့ ကားအက် ဆီးဒင့်ဖြစ်ရပ်မှာ ဒါက ဒုတိယအကြိမ် ကြားဖူးခြင်းဖြစ်တယ်။ အခြား ကိုယ်မကြားသိရတဲ့ ကားအက်ဆီးဒင့်တွေ လည်း ရှိနိုင်ပါတယ်။

ဘဝဆိုတာက သွားလာလှုပ်ရှားခြင်းနဲ့ ခွဲခြားလို့ ရနိုင်ကောင်းတာမျိုးမှ မဟုတ်တာ။ အသက်ထင်ရှားရှိနေသေး လျင်ဖြင့် အကြောင်းတစ်မျိုးမျိုးကြောင့် လှုပ်ရှားသွားလာနေကြရဦးမှာ မလွဲပဲလေ။ လှုပ်ရှားခြင်းထဲမှာ ခရီးတို ရှည်သွားရတာမျိုးတွေလည်း ပါဝင်နေဦးမှာပါပဲ။ သာယာဖြောင့်ဖြူးတဲ့ ခရီးတွေ၊ ခက်ခဲကြမ်းထမ်းတဲ့ခရီးတွေ။ အထွေထွေသော ခရီးတွေ ဖြစ်မှာပေါ့။ အတိုအရှည် မတူညီနိုင်တဲ့ ခရီးတွေ၊ ရည်ရွယ်ချက် ခြားနားတဲ့ ခရီးတွေ။ လိုရာပန်းတိုင်မရောက်မီအတွင်း နားတဲ့အခါနား၊ သွားတဲ့အခါသွား။ ခရီးမဆုံးမခြင်းတော့ သွားမြဲသွားနေရဦးမှာ ပဲပေါ့။ သွားရတဲ့ခရီးမှာ ဖေးမအားပေးကူညီမယ့် အဖော်အပေါင်းကောင်း ရှိသူတွေအနေနဲ့တော့ အတန်ငယ် သက်သာခွင့် ရပေမပေါ့။ သို့ပေမယ့်လည်း အချို့ခရီးတွေမှာက အဖော်ဆိုတာ ရှာလို့တွေ့နိုင်တာမျိုးမှလည်း မဟုတ်တာ။

ပုံသဏ္ဌာန်ကွဲပြားတဲ့ခရီးတွေကို လုံခြုံစွာသွားလာနိုင်ဖို့ မတူညီတဲ့ တင်ကြိုပြင်ဆင်မှုတွေလည်း လုပ်ထားမှ တော်လိမ့်မယ်လို့ စဉ်းစားမိတယ်။ ဒီလိုပြင်ဆင်နိုင်ဖို့ ကိုယ်ဘယ်လိုခရီးကို သွားနေတာလဲဆိုတာကို သေသေ ချာချာ သိထားဖို့လည်း လိုမှာပေါ့။ မသေမချာ ယောင်ဝါးဝါးဖြစ်နေလျင် ဘာကို ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ ဘယ်လိုလုပ် သိနိုင်ပါ့မလဲ။ ရောက်လိုရာရောက်၊ ဖြစ်ချင်ရာဖြစ်၊ အလိုက်သင့်ပဲ သွားလိုက်မယ်လို့ ပိုင်းဖြတ် ထားတဲ့ ခရီးမျိုးတောင်မှပဲ သဲကွဲတဲ့အမြင်ရှိထားရင် အခက်အခဲနဲ့ ရင်ဆိုင်လာရတဲ့အခါ ဖြေရှင်းနိုင် စွမ်းရည် ပိုမိုစေနိုင်ပါလိမ့်မယ်။

ဆရာတော်ရဲ့ ဗီဇာသက်တမ်းတိုးခြင်းခရီးကနေ စိတ်ကူးတွေက ထွက်သွားလိုက်တာ။ စိတ်ကူးက ဒီမှာဖြတ်ပါမှ။ မဟုတ်ရင် မဆုံးနိုင်ပဲ ရှည်သွားလိမ့်မယ်။ ဗီဇာသက်တမ်းတိုးခြင်းနဲ့အတူ ဘဝသက်တမ်းပါ တိုးခွင့်ရသလိုဖြစ်ခဲ့ တာမို့ အဖြစ်အပျက်က ကြောက်ဖွယ်လိလိပါ။ သို့ပေမယ့် ဘဝကံ မကုန်သေးသမို့ ကြီးကြီးမားမား အထိအခိုက် မရှိခဲ့တဲ့အတွက် ဝမ်းသာရပါတယ်။

ခုလို အသက်ဘေးကနေ ရေးရေးလေး ကပ်လွတ်ခဲ့ရတာမို့ သေခြင်းတရားဆိုတာ အချိန်မရွေး၊ နေရာမရွေး၊ ကျ ရောက်လို့ လာနိုင်တတ်ပါကလားဆိုတဲ့အသိကို တကယ့်ဘဝအသိနဲ့ရင်းပြီး ကိုယ်တိုင်ကြုံလိုက်ရလိုက်တာမို့ တစ်ဖက်ကကြည့်လျင်ဖြင့် အမြတ်ဆုံးသံဝေယူနိုင်ဖို့ သင်္ခန်းစာကောင်းကောင်း ရလိုက်တယ်လို့ပဲ မှတ်ယူကာ ခရီးဆုံးပန်းတိုင်ကို ရောက်ဖို့လျှောက်လှန်းနေစဉ်မှာ ဒီအဖြစ်အပျက်က ဆရာတော်အဖို့ အင်အားကြီးမားတဲ့ ခွန်အားတစ်ရပ် ဖြစ်စေပေလိမ့်မယ်လို့ပဲ ယုံကြည်မိပါတယ်။

နှင်းကြမ်းညရဲ့ ဘဝပုံပြင်တစ်ခုဟာ အားလုံးအတွက် သံဝေဂယူစရာ သင်္ခန်းစာ ဖြစ်နိုင်ပါစေသားရယ်လို့သာ ဆုတောင်းစကား ဆိုချင်ပါတယ်။ ။

မေတ္တာများဖြင့်....

မေတ္တာဥယျာဉ်

[LINK=http://www.ashinsirinda.com/]http://www.ashinsirinda.com/[/LINK]

၂၀၁၁-ခု၊ ဇန်နဝါရီလ 16-ရက်၊ တနင်္ဂနွေနေ့။

မှတ်ချက်။ ။ မနက်ဖန် 2011- ဇန်နဝါရီလ ၁၇-ရက်နေ့ မြန်မာပြည်ကို အလည်ပြန်ပါမည်။ မတ်လ ၁၇ရက်နေ့မှ အမေရိကကို ပြန်ရောက်ပါမည်။ မြန်မာပြည်မှာ အင်တာနက်အဆင်ပြေပါက ဆက်လက်ပြီး ကောင်းနိုးရာရာများများကို တင်ပေးသွားပါမည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP