သီတဂူဝေဇယန္တာကျောင်း သမိုင်း နှင့် လုပ်ငန်းစဉ်
ပြင်ဦးလွင်မြို့
သီတဂူဝေဇယန္တာကျောင်းတိုက်
ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၉) ရှိ သီတဂူဝေဇယန္တာကျောင်းတိုက်ကို ၂၀၀၄ ခုနှစ် မေလတွင် စတင် တည်ထောင်သည်။ ဆရာတော် အရှင်မဟောသဓ ပဏ္ဍိတသည် ဤသီတဂူဝေဇယန္တာကျောင်းတိုက် ကို မန္တလေး၊ အမရပူရ နှင့် စစ်ကိုင်းတောင်ရိုးတို့၌ သီတင်းသုံးတော်မူကြသော သက်တော်ကြီး ၀ါတော်ကြီး မဟာထေရ် မြတ်တို့ နွေရာသီတွင် အပန်းဖြေ အနားယူတော်မူနိုင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် တည် ထောင်မူပါသည်။
အန္တေ၀ါသိက အနီးနေ တပည့်ရင်းဖြစ်သည့် ဒေါက်တာအရှင်သြသဓသာရကို ကျောင်းမြေ နေရာ ရှာသည်မှ စ၍ ကျောင်းဆောင်များ တည်ဆောက်သည်အထိ အစစအရာရာ တာဝန်ပေး စေခိုင်းခဲ့သည်။ ကျောင်းတိုက်မြေကို ဒေါက်တာ အရှင်သြသဓသာရ၏ ရဟန်းအမကြီး ဒေါ်ခင်ကြည် (ရွှေပြည်တန် သင်္ကန်း တိုက်) က မတည်လှူဒါန်းခဲ့သည်။ (ကျောင်းမြေအလှူရှင်စာရင်းကို သီးခြားဖော်ပြပါမည်)။
ထေရာဝါသ ကျောင်းဆောင်အမှတ် (၁) ကို ကိုမြင့်ဝေ + မမြသီတာ မိသားစု (ရန်ကုန်) က လည်းကောင်း၊ ထေရာဝါသကျောင်းဆောင် အမှတ် (၂) ကို ဒေါ်တင်တင်ဦး ညီမ ဒေါ်လှမျိုးကြွယ် (မျိုးရင်ရင် ပိုးထည်ဆိုင်၊ မန္တလေး) က လည်းကောင်း၊ ထေရာဝါသ ကျောင်းဆောင် အမှတ် (၃) ကို ဒေါ်ကျင်မေ မိသားစု (ရန်ကုန်) ကလည်းကောင်း၊ ထေရာဝါသ ကျောင်းဆောင် အမှတ် (၄)ကို ဒေါက်တာ အရှင်ဆေကိန္ဒ (ဓမ္မဒူတ) နှင့် တပည့် ဒကာ၊ ဒကာမများ က လည်းကောင်း၊ ထေရာဝါသ ကျောင်းဆောင် အမှတ် (၅)ကို အမ ဒေါ်ဆွေ၊ ဦးတင်မောင်ကြည် + ဒေါ်နွဲ့နွဲ့ရီ သား မောင်အောင်ဟိန်းချမ်း၊ တော်ဝင်စက်မှု မန္တလေးမြို့က လည်းကောင်း၊ ထေရာဝါသ ကျောင်းဆောင် အမှတ် (၆) ကို ဒေါက်တာ ဦးခင်မောင်ထွန်း + ဒေါ်သန်းသန်းလွင် မိသားစု (အမေရိကန်ပြည်ထောင်စု) ကလည်းကောင်း၊ ဆွမ်းစားဆောင် နှင့် ဆွမ်းချက်ဆောင်ကို ဦးကျော်မြင့် + ဒေါ်ရီရီဝင်း သား မောင်ပိုင်ဆက် သမီး ယမင်းဖြူဖြူ မိသားစု၊ မန္တလေးမြို့တို့က လည်းကောင်း၊ သိမ်ကျောင်းတော်ကို ဦးခင်မောင်ထွန်း + ဒေါ်ယဉ်ယဉ် သမီး ခင်နံ့သာ၊ ကိုမင်းသန့်စင် + မမိုမိုသီဟန် သား မင်းဟံသာ (ချင်းတွင်းကျား) မိသားစု မုံရွာမြို့တို့ကလည်းကောင်း၊ ဓမ္မာရုံတော်ကြီးကို အမိ ဒေါ်လှတင်၊ ဒေါ်ဝင်းဝင်း သား ဆရာဦးဝင်းမောင်တို့အား ရည်းစူး၍ အမိ ဒေါ်သောင်းညွန့်ကို အမှူးထားလျှက် ဒေါ်ရွှေနှင့် သားသမီး မြေးများ မန္တလေးမြို့ ကလည်းကောင်း၊ ကျောင်းမုခ်ဦးနှင့် မိုးရေကန်ကြီးကို မန္တလေမြို့ ဒေါ်တင်မေ၊ ဒေါ်တင်ရွှေ၊ ဒေါ်လှငွေ တူတူမများ သားသမီးမြေးမြစ်များက လည်းကောင်း။ အမှတ် (၁) ရေစင်ကို ဒေါ်ကြည်ဌေး၊ ဒေါ်နန်းစိန်၊ ဒေါ်ညွန့်ညွန့်ဝင်း တို့ကလည်းကောင်း၊ ရေစင် အမှတ် (၂) ကို ဒေါက်တာ အရှင်ဆေကိန္ဒ (ဓမ္မဒူတ) နှင့် တပည့် ဒကာ၊ ဒကာမများ က လည်းကောင်း၊ ရေလှောင်ကန်ကို မန္တလေးမြို့ ဦးကိုကြီး ညီ ဦးထွန်းအောင် + ဒေါ်ခင်ရီ သားးသမီးမြေးမြစ်တို့ကလည်းကောင်း၊ ရေသန့်စက်ကို မိခင်ကြီး ဒေါ်စိန်တင် အားရည်းစူး၍ ဖခင်ကြီးဦးကျော်ကို အမှူးထားကာ သားသမီးတို့ကလည်းကောင်း လှူဒါန်းခဲ့ကြ ပါသည်။
ယခုအခါ ကျောင်းထိပ်ဦး၌ လောကမဏ္ဍိုင်စေတီတော် တည်ထားကိုးကွယ်ရန် စတင်ဆောင်ရွက် လျှက်ရှိ ပါသည်။
ဒေါက်တာ အရှင်သြသဓသာရ နှင့် ကျောင်းထိုင်အဖြစ်တာဝန်ယူမည့် အရှင်နန္ဒက အရှင် ဈာနောဘာသ၊ အရှင်ကုလ၀ံသ တို့သည် ကျောင်းတိုက်ကို သာသနာမြေဖြစ်ရန် ဆရာတော်၏လမ်းညွန့်မှု ဝေဇယန္တာဆရာတော် ဦးက၀ိသာရ၏ သြ၀ါဒများ၊ ပံ့ပိုးကူညီဆောင်ရွက်များဖြင့် ကျိုးစားခဲ့ကြသည်။ သာသနာမြေ ရရှိရေးအတွက် အမေရိကန်ပြည်ထောင်စု ကိုထင်ကျော် + ဒေါက်တာလဲ့ဝေသန့်မိသားစု တို့ အထူးကူညီ ဆောင်ရွက်ပေးခြင်းဖြင့် ကုသိုလ်ပြုခဲ့ကြပါသည်။ အထူးသဖြင့် သီတဂူဝေဇယန္တာ ကျောင်းတိုက်အတွက် တိုတောင်းလှသော အချိန်ပိုင်းအတွင်း သာသနာမြေရရှိရန် ကူညီ ဆောင်ရွက် ခဲ့ကြသော တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာပုဂ္ဂိုလ်များကို အထူးမှတ်တမ်းတင် မေတ္တာပွား ရပါသည်။
ယခုအခါ သီတဂူ ဝေဇယန္တာကျောင်းတိုက်သည် ကျောင်းတိုက်အဖြစ် ခိုင်ခိုင်မာမာရပ်တည်နေနိုင် ရုံမျှ မက၊ ပတ်ဝန်းကျင်ရှိ ဆင်းရဲသော ကလေးသူငယ်များအတွက် လူငယ်ဖွံ့ဖြိုးရေးကျောင်း၏ ပထမ ခြေလှမ်းအဖြစ် တက္ကသိုလ်ဝင်တန်းမှ စ၍ စတင်ဖွင့်လှစ်သင်ကြားပေးနေသည်မှာ ၄ နှစ်ခရီး ရှိပေပြီ။ ကျောင်းသား ၈၀ ခန့် နေ့စဉ်ပညာသင်ကြားလျက်ရှိသည်။ (စာသင်ဆောင်များ ပြည့်စုံလာပါက ၈ တန်း၊ ၉ တန်းများပါ ဖွင့်လှစ်သင်ကြားပါမည်) ပြင်ဦးလွင်ဒေသရှိ တက္ကသိုလ် အသီးသီးနှင့် ပုဂ္ဂလိက ကျောင်းအသီးသီးတို့မှ စေတနာရှင် ၀ါသနာရှင် ပညာရှင် ဆရာဆရာမ တို့က ပညာဒါနပြုကြပါ သည်။
ဆရာဆရာမတို့အတွက် ကြိုပို့စားရိတ်နှင့် ကျောင်းသားကျောင်းသူလေးများအတွက် လိုအပ်သည့် စာရွက်စာတမ်းများကို ဆရာတော် အရှင်မဟောသဓ ပဏ္ဍိတက နှင့် ရှိုင်းဟုပ် ကုမ္ပဏီ တာဝန်ယူ လှူဒါန်းးပါသည်။
သီတဂူဝေဇယန္တာကျောင်းတိုက်အတွက် လှူဒါန်းလိုသူများ ပညာပါရမီကုသိုလ်ပြုလိုသူများသည် -
၁။ သံဃာတော်တို့ အတွက် ပစ္စည်းလေးပါးအလှူတော်
၂။ ကျောင်းသူကျောင်းသားတို့အတွက် အစားအစာများ (နံက်စာ၊ နေ့စာ ထမင်းစသည်)
၃။ ကျောင်းသူ ကျောင်းသားတို့အတွက် စာအုပ်စာတမ်းများ၊ ဘောလ်ပင် ခဲတန် စသည်
၎။ ကျောင်းသူ ကျောင်းသားတို့အတွက် ၀တ်စုံများ
၅။ ကျောင်းသူကျောင်းသားတို့အတွက် စာသင်ဆောင်
၆။ သီတဂူဝေဇယန္တာကျောင်းတိုက် လူငယ်ဖွံ့ဖြိုးရေး ရန်ပုံငွေ
စသည့်များကို မိမိတို့ ကြိုက်နှစ်သက်သလို လှူဒါန်းနိုင်ပါသည်။
မြန်မာပြည်တွင်း အလှူရှင်များသည် -
အရှင်နန္ဒက၊ အရှင်ဈာနောဘာသ၊
သီတဂူဝေဇယန္တာကျောင်းတိုက်၊
ရပ်ကွက်ကြီး (၉)၊ ပြင်ဦးလွင်မြို့ ဖုန်း ၀၉ ၅၁၂ ၀၃၄၄။ ၀၈၅ ၅၀၃၈၃ သို့လည်းကောင်း
ပြည်ပ အလှူရှင်များ သည် -
ဝေဇယန္တာကျောင်းတိုက်၊
4406 Windy Hill Road, Randallstown, MD 21133, USA. Phone 001 443 682 3598/ Email osadhasara@yahoo.com သို့လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
0 comments:
Post a Comment