အစလက်ဦး လွန်ကျူးသော ရဟန်းသည် အာပတ် မသင့်...
စေတနာမရှိသော ရဟန်း၊
သတိမေ့လျော့သော ရဟန်း၊
မသိသော ရဟန်း၊
နာဖျားသော ရဟန်းတို့အား အာပတ် မသင့်ပါ…
ဆဋ္ဌသိက္ခာပုဒ်
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်း တို့သည် မျောက်ကဲ့သို့ ပါးစောင်၌ ထား၍ စားကုန်၏။ပ။
''မျောက်ကဲ့သို့ ပါးစောင်၌ ထား၍ မစားအံ့ဟု ကျင့်ကြံအားထုတ်မှု ကို ပြုရမည်'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။
မြောက်ကဲ့သို့ ပါးစောင်၌ ထား၍ မစားအပ်။
အကြင်ရဟန်းသည် သိက္ခာပုဒ်၌ မရိုသေခြင်းကို စွဲ၍ မြောက်ကဲ့သို့ ပါးစောင်တစ်ဖက်၌ဖြစ်စေ ပါးစောင်နှစ်ဖက်လုံး၌ဖြစ်စေ ထားလျက် စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မြတ်စွာဘုရား လိုလေသေးမရှိ ဘုရားတပည့်တော်တို့ကို အဆုံးအမတွေ ပေးခဲ့ပါပေတယ်ဘုရား… သည်လောက်ထိသာ လိုက်နာနိုင်ကြမယ်ဆို ဘုရားတပည့်တော်တို့ ဘေးတွေ့ကြမှာ မဟုတ်ပါ… ခုတော့ ကိလေသာကြောင့် ဖြစ်ပေါ်လာသောဘေးတွေ မိုးလင်းမှ မိုးချုပ် ဘုရားတပည့်တော်တို့ တွေ့နေကြရပါတယ်… ကိုယ့်အပြစ်နဲ့ကိုယ် ခံကြရပေဦးမည်…
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းတို့အား အာပတ် မသင့်၊ သစ်သီးကြီးငယ်တို့၌လည်း အာပတ်မသင့်။ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ 622
၆ - ဆဋ္ဌသိက္ခာပုဒ်၊ ၅ - ကဗဠဝဂ်၊ သေခိယအခန်း၊ ပါစိတ်ပါဠိတော်။
0 comments:
Post a Comment