* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, January 5, 2011

စူပါစွမ်းအားရှိ အစားအစာ ( ၅ ) မျိုး

အာဟာရဓာတ် စွမ်းစွမ်းတမံထုတ်ပေးတဲ့ ဒီအစားအစာများက နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ လေဖြတ်ခြင်းနဲ့ တခြားရောဂါများကို ပိုမိုကာကွယ်ပေးပါတယ်။ ဒါကြောင့် သင့်ဈေးဝယ်စာရင်းမှာ ဒီအစားအစာ (၅)မျိုးကို ရေးမှတ်ထားပါ။

နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ကို တိုက်ထုတ်ပေးတဲ့ အစားအစာများကို ဝေးဝေးသွားရှာစရာ မလိုပါဘူး။ အဲဒီအစားအစာတွေဟာ စူပါမားကက်ထဲမှာပဲ ရှိနေပါတယ်။ အားဆေးသောက်ရုံနဲ့ သင့်မှာ အာဟာရ ဓာတ်တွေ လုံလောက်သွားပြီလို့ ထင်ရင်တော့ နောက်တကြိမ် ထပ်စဉ်းစားပါဦး။ အားဆေးတွေဆိုတာ အစားအစာကို အစားထိုးတဲ့ပစ္စည်းတွေ မဟုတ်ပါ။ အတိုင်းအတာကို ချင့်ချိန်ပြီးစားရတဲ့ အားဆေးများသာ ဖြစ်တယ်လို့ အသိအမှတ်ပြု အာဟာရဓာတ်ပညာရှင်တဦးက ရှင်းပြပါတယ်။ သက်သေပြချက်အရ အပင်များကရတဲ့ အာဟာရဓာတ်များဟာ တခုနဲ့တခု စုပေါင်းညှိနှိုင်းကာ အကျိုးပြုဆုံးဖြစ်ကြောင်း တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဒီဟင်းသီးဟင်းရွက်များကရတဲ့ အစားအစာ စာရင်းကို ဈေးဝယ်ဖို့ ချမှတ်လိုက်ပါ။

စူပါအစာ နံပါတ် (၁)
ဟင်းနုနယ် (Spinach)
အစိမ်းရင့်ရောင် ဟင်းနုနယ်ဟာ အပင်ကရတဲ့ ဓာတုပစ္စည်း လူတင်း (Lutein) ဓာတ် အရင်းအမြစ် အကြွယ်ဆုံးဖြစ်၏။ Superfoods RX စာအုပ်ထဲမှာ မျက်စိအထူးကုဆရာဝန် ဒေါက်တာစတီဗင်ပရက်ရဲ့ ရေးသားဖော်ပြချက်အရ ဟင်းနုနယ်သည် အတွင်းတိမ်ရောဂါနဲ့ AR MD (Age-related macular degeneration) ခေါ် အသက်ကြီးရင့်လာမှုကြောင်h မြင်လွှာယိုယွင်းပျက်စီးတဲ့ မျက်စိကွယ်ခြင်းရောဂါကို ကာကွယ်ဖို့ အကောင်းဆုံးအစာဖြစ်တယ်-လို့ဆိုပါတယ်။ လူတင်းဓာတ်ဟာ ခရမ်းလွန်ရောင်ခြည်ကို
စစ်ပေးတဲ့အပြင် မျက်စိများကို နေရောင်မှ မထိခိုက်အောင် ကာကွယ်ပေးပါတယ်။ ဒါ့ပြင် ကာရိုတင်းဓာတ် ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်များကို စားသုံးတဲ့လူတွေမှာ အစာအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ ဆီးအိမ်ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်တို့ကို နည်းပါးစေပါတယ်။ ဟင်းသီးဟင်းရွက်များကို အကျက်လွန်အောင် ချက်ခြင်းဖြင့် ၄င်းတို့ရဲ့ အာဟာရဓာတ်များကို ပျက်စီးဆုံးရှုံးစေပါတယ်။ ဒါကြောင့် ဟင်းနုနယ်ကို ရေနွေးခပ်နည်းနည်းဖြောပြီး သုပ်စားပါ။ ဒါမှမဟုတ် အသာအယာ မွှေကြော်ပြီးစားပါ။
****************************************************************************************

စူပါအစာ နံပါတ်( ၂)
ဆော်လမွန် ငါး၊ (Salmon)
ဆော်လမွန်ငါးဟာ နှလုံးကျန်းမာရေးအတွက် အဓိကကျတဲ့ အစာတခုပါ-လို့ ဂျက်ကလင်းက ရှင်းပြပါတယ်။ ဆော်လမွန်၊ တခြားအဆီထူ ပင်လယ်ငါးများဖြစ်တဲ့ တူနာငါး၊ ဟော်လီဘတ်ငါး၊ ဆာဒင်းငါး၊ ငါးကွန်းရှပ်၊ ကကတစ် ငါးတို့မှာ အိုမီဂါ(၃) ဖက်တီးအက်စ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ အိုမီဂါ(၃) ဖက်တီးအက်စ်ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်တဲ့အတွက် အရောင်အရမ်းကျစေလို့ သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာ (Rheumatoid Arthritis) နဲ့ ဆိုရီရေးစစ်ခေါ် သွေးကြောင့်ဖြစ်တဲ့ အရေပြား ယားနာပြဿနာများကိုပင် သက်သာစေပါတယ်။ ပင်လယ်ငါးတွေမှာ ပြဒါး (Mercury) ပါနိုင်မလားလို့ သံသယ၀င်ပါက လတ်လတ်ဆတ်ဆတ် အစားအစာကို စင်ကာပူ ဌာနေအစားအစာ စစ်ဆေးရေး အာဏာပိုင်အဖွဲ့က စစ်ဆေးပေးပါတယ်။
****************************************************************************************

စူပါအစာ နံပါတ်(၃)
ဆန်၊ အုတ်ဂျုံကြမ်း (Oats)
တခြားအစေ့အဆန်များနဲ့ နှိုင်းရင် အုတ်ဂျုံမှာ လင်နိုလန်းနစ်အက်စစ်၊ ဗီတာမင် B၊ ဗီတာမင် E၊ ပရိုတင်းနဲ့ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တို့ ပိုမိုပါဝင်ပါတယ်။ အဆီဓာတ်နည်းပါးသော အစားအစာကို (၈)ပတ်ကြာအောင် ကျွေးထားတဲ့လူများအား လေ့လာခဲ့ရာ တနေ့လျှင် အုတ်ဂျုံပါတဲ့ အစာ (၃၅)ဂရမ်မှ (၄၅)ဂရမ် စားသောက်သူ များဟာ အုတ်ဂျုံမစားတဲ့သူတွေထက် သွေးတွင်း ကိုလက်စထရော (၃)ရာခိုင်နှုန်း ပိုကျသွားပြီး LDL ခေါ် မကောင်းတဲ့ ကိုလက်စထရော (၁၄)ရာခိုင်နှုန်းထက် ပိုပြီးကျသွားကြောင်း တွေ့ခဲ့ရပါတယ်။ သို့သော် Instant Oatmeal လို့ရေထားပါက သကြားတွေ အပိုဆောင်းထည့်ထားကြောင်း သိနားလည်ထားရပါမယ်။
***************************************************************************************

စူပါအစာ နံပါတ်(၄)
ခရမ်းချဉ်သီး၊ (Tomatoes)
ခရမ်းချဉ်သီးတွေဟာ လိုင်ကိုပင်း အများဆုံးပါဝင်တဲ့ အရင်းအမြစ်တခုဖြစ်ပါတယ်။ လိုင်ကိုပင်းဆိုတာ နှလုံးရောဂါ ဖြစ်နိုင်ခြေအန္တရာယ်ကို ထက်ဝက်လျှော့ချပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့်များ ဖြစ်ပါတယ်။ ခရမ်းချဉ်သီးမှာ အင်တီအောက်ဆီးဒင့် A၊ C နဲ့ E တို့လည်း ပါဝင်ပါတယ်။ ဆီအနည်းငယ်ထည့်ပြီး ချက်မှသာလျှင် လိုင်ကိုပင်ကို သင့်အူလမ်းကြောင်းက စုပ်ယူနိုင်စွမ်း ပိုကောင်းစေပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီး အကွင်းလိုက်လေးတွေပါဝင်တဲ့ ပီဇာနဲ့ ခရမ်းချဉ်သီးဆော့ကို စားဖြစ်အောင်စားပါ။
****************************************************************************************

စူပါအစာ နံပါတ်(၅)
အစေ့အဆန်များ (Nuts)
အစေ့အဆန်များကို ခဏခဏနဲ့ များများစားပေးခြင်းဖြင့် နှလုံးရောဂါ ဖြစ်နိုင်ခြေမှ (၃၉)ရာခိုင်နှုန်းတောင် လျှော့ချဖြတ်တောက်နိုင်ပါတယ်။ အစေ့အဆန်များမှ ပရိုတင်းဓာတ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် B နဲ့ E အပြည့်အ၀ပါရှိတယ်။ အစေ့အဆန်များမှာ မိုနိုအန်ဆက်ကျူရိတ်တက် အဆီလို့ခေါ်တဲ့ ကောင်းတဲ့အဆီ HDL ကို တိုးမြှင့်ပေးနိုင်တဲ့ အဆီဓာတ်ပါဝင်ပါတယ်။ ဒါ့ပြင် ဗာဒံစေ့၊ ဟေဇယ်စေ့၊ မြေပဲဆန်တို့မှာ ဗီတာမင် E ဓာတ်ကြွယ်ဝပါတယ်။ ဘရာဇီးနပ်မှာ ဆယ်လ်နီးယမ်ဓာတ်ပါဝင်ပါတယ်။ Pecans အစေ့များမှာ Ellagic Acid ခေါ် ဓာတ်တမျိုးပါပြီး ကင်ဆာရောဂါကို တိုက်ဖျက်နိုင်သော အစွမ်းအာနိသင်ထက်တဲ့ အင်တီအောက်ဆီးဒင့် ဖြစ်ပါတယ်။ သီဟိုဠ်စေ့နဲ့ Pistachios (ပစ်စ်တာချီယိုစ်) (မြန်မာနိုင်ငံမှာ ၀ယ်လို့ရပါတယ်)။ များမှာ ပိုတက်ဆီယမ်ဓာတ် မြင့်မားလို့ သွေးတိုးရောဂါကို ထိန်းပေးနိုင်တယ်။ သစ်ကြားစေ့မှာ အိုမီဂါ (၃) ဖက်တီးအက်စစ်များပါတဲ့ အတွက် ဆီးချိုသွေးချိုရောဂါနဲ့ နှလုံးသွေးကြောရောဂါများမှ ကာကွယ်နိုင်ပါတယ်။ အစေ့အဆန်များမှာ ကိုလက်စထရော မပါဝင်ပါလို့ ပြောပါတယ်။ သို့သော် ကယ်လိုရီမြင့်မားပါတယ်။ ဥပမာ-ဗာဒံစေ့(၁)အောင်စ စားပါက (၁၆၉)ကယ်လိုရီ ရနိုင်ပါတယ်။ ဒါကြောင့် တခါစားရင် လက်တဆုပ် စာသာ စားသင့်ပါတယ်။
***************************************************************************************

ရှောင်ရန်---
ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ အစားအစာများကို ၀ယ်မယ်ဆိုရင် အထုပ်များပေါ်မှာ ရေးဖားတဲ့စာတန်းကို နားလည်အောင်ဖတ်ပါ။ (မသိရင် အဘိဓာန်စာအုပ်မှာ ဖွင့်ရှာပါ)။
--- ဟိုက်ဒရိုဂျင် ဓာတ်သွင်းထားတဲ့အဆီ (Hydrogenated Oils) (သို့မဟုတ်) Partially hydrogenated Oils (သို့မဟုတ်) ထရန်းစ်ဖက် (Trans Fats) များပါသည်လို့ ပါဝင်သောအစားအစာများ စာရင်းမှာပါရင် ရှောင်ပါ။ မစားသင့်ပါဘူး။
--- အချိုရည်များ၊ ဆီရီယမ်များ၊ အေးခဲထားသော အစားအစာများ၊ ကြာရှည်ခံအသင့်စားဖွယ်များ (စည်သွပ်ဘူးများ၊ ရယ်ဒီမိတ်များ၊ အသား၊ ဒိန်ချဉ် စသည်)၊ ဖရပ်တို့စ် မြင့်မားစွာပါဝင်သောကြောင့် အချိုရည်များကို သတိထားစားသုံးပါ။ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဒီအစားအစာများမှာပါဝင်တဲ့ သကြားအမျိုးအစားကို အဆီအဖြစ် ပိုပြီးလှောင်ထားနိုင်လို့ လူကို ပိုဝစေတယ်လို့ ဆိုပါတယ်။

ဒေါက်တာ ရည်ညွန့်မေ
(Image 2010-November)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP