ကရုဏာလက်များ ကမ်းလင့်ပေးပါ...

စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com

Friday, January 28, 2011
သာသနာ့ရောင်ခြည် ကမ္ဘာတည်
သာသနာ အကျိုး၊ လူမှုအကျိုး
အားနည်းနေရှာသော အနာဂတ်လူငယ်များအား မိမိ၏လက်တစ်ဖက်ကမ်းလှမ်းပေးလိုသူများသို့
လှူဒါန်းနိုင်သောဝတ္ထုများ
ဆင်းရဲနွမ်းပါးသော ကလေးသူငယ်များ ပညာသင်ကြားပြီး လူမျိုးအကျိုး၊ နိုင်ငံအကျိုး၊ လောကအကျိုး သယ်ပိုးဆောင်နိုင်ရန်အတွက် အထက်ဖော်ပြပါ လိုအပ်ချက်များကို မိမိတို့တတ်နိုင်သည့် ဘက်မှ ပါဝင်ပံ့ပိုးကူညီကြမည်ဆိုပါက ဆရာတော်၏ သာသနာပြုပညာရေး လုပ်ငန်းသည် ဆထက်တိုး အောင်မြင် တိုးတက်လာမည်မှာ အမှန်ပင်ဖြစ်ပါသည်။ တစ်ဦးချင်းဖြစ်စေ၊ မိသားလိုက်ဖြစ်စေ အချင်းချင်း စုပေါင်းခြင်း ဖြင့်ဖြစ်စေ အောက်ပါလိပ်စာ အတိုင်း ပါဝင် လှူဒါန်းနိင်ကြပါသည်။
ဆရာတော်ဘဒ္ဒန္တဇာနေယျ ၊ လူငယ်များပရဟိတကျောင်း၊ တိမ်ညိုမြောက်ပိုင်းကျေးရွာ၊ မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်နယ်၊ ဖုန်း098502155(တဆင့်ခေါ်ပါ)
မှတ်ချက်- စိတ်ပါဝင်စား၍ လေ့လာစုံစမ်း မေးမြန်းလိုသူများသည် ဖုန်းမှဆက်သွယ်မေးမြန်းရန် ခက်ခဲခဲ့ သော်
Posted by ရွာဦးကျောင်း ဆရာတော် at 9:20 PM
Labels: သတင်း
Read more...အမြင်မှန်၊ အမှန်မြင်
မြန်မာပြည်မှာ ဒက္ခိဏသာခါရုပ်ပွါးတော်ကို အိမ်မှာထားကိုးကွယ်တယ်ဆိုရင်
မီးမလောင်ဘူး၊ မီးကွင်းတယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ကိုးကွယ်ကြလို့
ဘုရားရှင်ကို မီးကင်းစောင့်ထားရဲတဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့ အကြောင်းကို
အနည်းငယ် ပြောပြခဲ့တယ်။
တချိန်တည်းမှာပဲ ဒက္ခိဏသာခါရုပ်ပွါးတော်ရဲ့ ထုလုပ်ပုံ
ပုံသဏ္ဌာန် အချိုးအစား မကျနပုံကို တင်ပြခဲ့ပါတယ်။
တကယ့်ကိုပါဘဲ။
ဒက္ခိဏသာခါရုပ်ပွါးတော်ပုံဟာ ကြည်ညိုဖွယ်မဖြစ်ပါဘူး။
မြင်ရသူ ဖူးရသူနှလုံးသားကို ငြိမ်းချမ်းမှု မပေးပါဘူး။
ဒက္ခိဏသာခါရုပ်ပွါးတော်မှ မဟုတ်ပါဘူး။
ဘုရားစောင်းတန်းမှာ ရှိတဲ့ တချို့ဗုဒ္ဓရုပ်ပွါးတော်တွေဟာ
အချိုးအစား မပြေပြစ်ပါဘူး။
ခုခေတ်ဘုရားရှင်ရုပ်ပွါးတော်ထုလုပ်သူတွေက
ပြီးပြီးရော ထုကြလို့လားမသိဘူး။
တချို့ ရုပ်ပွါးတော်တွေဆိုရင် ရုပ်လုံးကို မပေါ်ဘူး။
ဆရာတော်ကြီးတစ်ပါးမိန့်တာကတော့
ရှေးရှေးတုန်းက ဘုရားရှင်ရုပ်ပွါးတော်ထုတဲ့သူတွေက
တကယ့်ပညာရှိကြီးတွေတဲ့။ ပါဠိစာပေတတ်ကျွမ်းတဲ့သူတွေဖြစ်တယ်တဲ့။
ဘုရားရှင်ရုပ်ပွါးတော်တွေကို ထုဆစ်တဲ့အခါမှာ ပါဠိစာပေထဲမှာဖော်ပြထားတဲ့
ဘုရားရှင်ရူပကာယပုံသဏ္ဌာန်အတိုင်း ထုဆစ်ကြတယ်တဲ့။
ခုခေတ်မှာတော့ ဘုရားရှင်ရုပ်ပွါးတော်ကို
ကြည့်ကောင်းတာ မကောင်းတာ ဂရုမစိုက်တော့ပါဘူး။
ရုပ်ပွါးတော်တွေဟာ ဘုရားစောင်းတန်း ဈေးကွက်ထဲမှာ
သူ့ထက်ငါ အလုအယက်ထုဆစ်ကာ ရောင်းချနေကြပါပြီ။
ဘုရားရှင်ရုပ်ပွါးတွေကို ထုဆစ်တဲ့အခါ ကို့ယို့ကားယားမဖြစ်အောင်
ကြည်ညိုဖွယ်ရုပ်တုတွေ ထုနိုင်အောင် သာသနာရေးဌာနနဲ့
သံဃာ့နာယကဆရာတော်ကြီးများ၊ ပါဠိဗုဒ္ဓဘာသာတတ်ကျွမ်းတဲ့
ပန်းပုပညာရှင်ကြီးများပူးပေါင်းကာ သင်တန်းများပေးသင့်ပါတယ်။
ထုလုပ်ပြီးတဲ့ ဘုရားရှင်ရုပ်ပွါးတော်တွေကိုလဲ
ပါဠိစာပေလာ ဘုရားရှင်စံချိန်စံနှုန်းနဲ့ ညီမညီ
သာသနာရေးဌာနနဲ့ သံဃာ့နာယကအဖွဲ့ကို တင်သင့်ပါတယ်။
အားလုံး စီစစ်ပြီး လက်မှတ်ထိုးပြီးမှ ရုပ်ပွါးတော်တွေကို
ဘုရားစောင်းတန်း ဈေးတန်းတွေမှာ ရောင်းချခွင့်ပြုသင့်ပါတယ်။
ဒီလိုမလုပ်ရင် ဘုရားရုပ်တုတွေကို ထုချင်သလိုထုပြီး
ဖြစ်ချင်သလိုဖြစ်နေမှာပါ။
ဒါကလဲ မြန်မာနိုင်ငံမှာပဲ ဖြစ်နေတယ်ထင်ပါတယ်။
သီဟိုဠ်နိုင်ငံနဲ့ ထိုင်းနိုင်ငံက ဘုရားရှင်ရုပ်ပွါးတော်တွေဟာ
မြန်မာပြည်က ရုပ်ပွါးတော်တွေလောက် ကို့ရို့ကားယားမနိုင်တာတွေ့ရတယ်။
သီဟိုဠ်းနိုင်ငံက ရုပ်ပွါးတော်ကိုပဲ ကြည့်ကြည့်၊
ထိုင်းနိုင်ငံက ရုပ်ပွါးတော်ကိုပဲ ကြည့်ကြည့်၊
များသောအားဖြင့် ထုလုပ်ပုံ ပုံစံတူညီတာကို တွေ့ရတယ်။
ဒါဟာ သူတို့နိုင်ငံက ရုပ်ပွါးတော်တွေက ပိုကောင်းတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။
မြန်မာပြည်က ရုပ်ပွါးတော်တွေထဲမှာ အင်မတန်လက်ရာပြောင်မြောက်တဲ့
ကြည်ညိုဖွယ်ကောင်းတဲ့ရုပ်ပွါးတော်တွေ အများကြီးပါ။
ပြောချင်တာက
သူတို့နိုင်ငံမှာ ဘုရားရှင်ရုပ်ပွါးတော်ထုရင်
သတ်မှတ်ထားတဲ့ စံ၊ သတ်မှတ်ထားတဲ့ (ဗဟိုရ်) မူ ရှိပုံပေါ်တယ်။
ဘုရားရှင်ရုပ်ပွါးတော်ထုတဲ့အခါ သတ်မှတ်ချက်စံ၊ မူ ရှိသင့်ပါတယ်။
ဒါလဲ မြန်မာပြည်မှာ မဖြစ်နိုင်စရာ မရှိပါဘူး။
မြန်မာနိုင်ငံမှာက သာသနာရေးဌာနနဲ့ သံဃာ့နာယကအဖွဲ့ရှိပြီးသားပါ။
လုပ်ဖို့ပဲ လိုတာပါ။
အဲ့လိုမလုပ်ရင် မန္တလေးလက်ရာ၊ စစ်ကိုင်းလက်ရာ၊ မုံရွာလက်ရာ၊ ရန်ကုန်လက်ရာနဲ့
ဂေါတမဘုရားရှင်တစ်ဆူထဲကို တစ်ခေတ်ထဲမှာ ပုံစံအမျိုးမျိုးနဲ့တွေ့နေရတော့
သိပ်တော့ မကောင်းလှပါဘူး။
ဒီလိုပုံစံအမျိုးမျိုးတွေကွဲနေတော့ ဘာသာရေးဗဟုသုတနည်းသူတွေနဲ့
တခြားဘာသာဝင်တွေက ဘုရားတွေပဲ ပေါများနေသလိုလို ထင်လာပါတယ်။
နောက်ပြီး ဒီလိုပုံစံတွေကွဲနေတဲ့ကြားက
နာမည်တွေကိုလဲ အမျိုးမျိုးပေးကြပြန်ရော။
ဒက္ခိဏသာခါလိုမျိုး၊ အလိုတော်ပြည့်လိုမျိုး၊ မဟာသွံသာရလိုမျိုးပေါ့။
ဂေါတမဘုရားရှင်တစ်ဆူတည်းကို
ဒီလိုမျိုးနာမည်အထူးအဆန်းတွေပေးတော့ လူတွေ ဇဝေဇ၀ါဖြစ်ကုန်ပြန်ရော။
တကယ်တော့ ဘုရားရှင်ကို ကိုးကွယ်ရာမှာ
ပုံတော်တွေနောက်က ဂုဏ်တော်တွေကို အာရုံပြု ကိုးကွယ်ရမှာပါ။
သက်ရှိထင်ရှားဘုရားအထိ စိတ်ရောက်ပြီး ဂုဏ်တော် ကျေးဇူးတော်တော်တွေကို
အာရုံပြုကိုးကွယ်ရမှာပါ။
ဘုရားရှင်ကို ကိုးကွယ်တဲ့နေရာမှာ အမြင်မှန်ဘို့လိုပါတယ်။
အမြင်မှန်မှ အမှန်မြင်မှာပါ။
ဒါနဲ့စပ်လို့ ဖတ်ဖူးတဲ့ “အငြင်းပွါးရတဲ့မှန်တစ်ချပ်” ပုံပြင်လေးပြောပြရအုံးမယ်။
မနက်ဖန်မှပေါ့။
Photo: google search့
အခက်အခဲများကို အောင်မြင် ကျော်လွှားနည်း (၅)
Two Photos Of Paris

I took this second picture in the Cambodian gallery at Musse Guimet. Rarely have I ever seen artifacts more beautifully organized and presented. Every exhibit was a masterpiece but two that moved me most were these Buddha heads. With what skill and loving care did the Cambodian sculptors capture and then depict the Buddha’s smiling confidence and inner peace.

That Silly Mind – Sayadaw U Jotika
Following is an excerpt from a book collected from Sayadaw U Jotika’s letters entitled Snow in the Summer.
It is available in Thai and English (some copies will be available on Tuesday 1st Feb when we have a public talk with Sayadaw)
I have been watching my mind for so many years now. So I am very much aware of my mind. I know how stupid, sill, foolish, mischievous the mind can be, but because I am aware of it, it cannot carry me away.
I have forgotten most of what I have learnt from books. I don’t want to remember too many things …. But I know a lot about myself, my mind, my mental states, all the bad silly things about me. I’ve been taught by people that such things are shameful, that I should feel guilty for having such thoughts. I refused to believe them. I know that all of us have such thoughts but most of us deny that.
I am not going to tell people all about me. I accept (I don’t resist) all about me, good and bad.
See previous posts on Sayadaw here
Don’t miss this rare chance to see Sayadaw in person, Tuesday 1st Feb. Really.
Right and Wrong: Sayadaw U Jotika
Following is an extract from a conversation with respected Burmese Bhikkhu Sayadaw U Jotika. Taken from memory, so apologies for any error.
Right and Wrong
I don’t like this idea of heaven and hell so much, of punishments and rewards. To my way of thinking I do something because I feel it is the right thing to do. I do not do it for some reward. I do not fear some punishment.
If you say my action will have this result or that result; promise me a reward or punishment, then I feel it demeans what I do.
I do what I do because I love to do it. That is enough.
I want to respect myself, and I want others to respect me also. So I do what I think is right. If I do what I think is wrong – how can I respect myself? How will others respect me?
It is because I have love for myself that I do what I think to be the right thing. If you really love yourself, how can you do the wrong thing?
Sayadaw will be giving an all too rare public talk for us on Tuesday 1st February. Click here for details.
ကိုယ့်တာ ကိုယ်လုံအောင်
''ပိဋကတ်မြန်မာပြန် အတော်များများ ဖတ်ဖူးပါတယ်။ ဗုဒ္ဓမြတ်စွာ တရားဟောတော့မယ်ဆိုရင် ရဟန်းများကိုသာ ခေါ်လေ့ရှိတာကို သတိပြုမိပါတယ်၊ ဒီတရားတော်တွေဟာ လူတွေနဲ့ မသတ်ဆိုင်လို့ ပါလား''
ဤကား လူရွယ်လေးတဦး၏ အမေးတည်း။ သူဤသို့ သိချင်နားလည်ချင်၍မေးသည်ကို စာရေးသူ ကျေနပ်ဝမ်းမြောက်လှပါသည်။ ပိဋကတ်မြန်မာပြန်တွေ အတော်တော်များများ ဖတ်ဖူးသည် ဆိုသဖြင့် လေးစား၍ပင် သွားသည်။ မှန်ပါသည်၊ ငယ်ငယ်ရွယ်ရွယ်ဖြင့် ပိဋကစာပေများကကို လေ့လာမှတ်သား ဘို့မှာ မလွယ်ကူပေ။ ဘုရား တရား စာပေတွေဖတ်ရှုကြရလျှင် ဆေးခါးကြီး သောက်ရသလို နှာခေါင်းရှုံ့ ချင်သူတွေသာ များသည်မဟုတ်ပါလော။ ယခုအခါတွင် ကမ္ဘာအေး ဗုဒ္ဓသာသနာအဖွဲ့မှ ပိဋကတ် မြန်မာပြန်များ ရိုက်နှိပ်ဖြန့်ချီ လိုက်ရာ လူအတော်များများပင် လေ့လာဖတ်ရှုနေကြသဖြင့် ဝမ်းမြောက် ဂုဏ်ယူဖွယ်ပင်ဖြစ်သည်။ တခါကလည်း ဤလူရွယ်လေး တဦးကဲ့သို့ပင် လူမှုရေး ဘာသာရေးဘက်တို့၌ လူအားငွေအားတို့ဖြင့်သွန်မှောက်လျက် အစွမ်း ကုန်ကြိုးစားနေသော ဒါယကာကြီးတဦးက မေးဘူးသည်။ သူ၏အမေးကား ဤသို့တည်း။
''ဆန်ဆိုး ဆန်ကောင်း ထောင်းမှသိ၊ လူဆိုးလူကောင်း ပေါင်းမှသိ ဆိုတာလို သံဝါသေန သီလံ ဇာနိတဗ္ဗံ- တဦးနဲ့တဦး ပေါင်းသင်းကြည့်မှ ကိုယ်ကျင့်သီလရှိ-မရှိသိနိုင်တယ်လို့ ကောသလသံယုတ်မှာ မြတ်စွာဘုရား မိန့်ထားပါတယ်၊ ဘယ်နှစ်ရက်ကြာမှ ဘယ်နှစ်နှစ်ကြာမှ သိနိုင်မယ်ဆိုတာ အဋ္ဌကထာ ဋီကာများမှာ ဖွင့်ထားတာ ရှိပါသလား၊ တပည့်တော်တို့ လူလူချင်းပေါင်းကြည့်လိုက်ရင် လေးငါးရက် လောက်နဲ့ပဲ အကဲဖြတ်လို့ရပါတယ် ဘုရား''တဲ့။
''ကြာကြာလဲပေါင်းကြည့်မှ၊ သတိလဲထားမှ၊ စူးစမ်း စီစစ်တတ်တဲ့ဥာဏ်လဲရှိအုံးမှ သိနိုင်တယ်လို့ ပါဠိတော်မှာပဲ တိုက်ရိုက်ဟောထားပါတယ်။ ဘယ်နှစ်ရက် ဘယ်နှစ်နှစ်ပေါင်းမှရယ်လို့ ကန့်သတ်ချက်တော့ မရှိပါဘူး''ဟု စာရေးသူ ပြန်လည်ဖြေကြားလိုက်ရပါသည်။ ဤအကြောင်းလေးများကို ဖေါ်ပြနေသည်မှာ အကြောင်းရှိပါသည်။ ယနေ့လူတို့သည် အရာရာတွင် လေ့လာကြသည်။ စူးစမ်းကြသည်။ သိချင်တတ်ချင် နားလည် ချင်ကြသည်။ ပိဋကမြန်မာပြန်တို့၏ ကျေးဇူးကြောင့် လူအတော်များများသည် ဘုရားဟော ပိဋကတော်များ၌ နှံ့စပ်သိကျွမ်း နေပြီဆိုသည်ကို ရဟန်းတော်များ သိရှိတော်မူကြရန်ပင်ဖြစ်ပါသည်။
မိမိတို့ကိုယ်တိုင်က ပိဋကတော်များ၌ နှိုက်ချွတ်လေ့လာခြင်းမရှိပဲ ယင်းသို့နားလည်လိုသူများက တရားသဖြင့် မေးမြန်းကြရာ၌ အထက်စီးကနေ၍ ငေါက်ငမ်းခြင်း စိတ်ဆိုးခြင်းများ အလျင်းမပြုမိ ရန်ပင်ဖြစ်သည်။ ဤသို့ ဘုရားဟောစာပေတို့ကို လေ့လာသူများ စိတ်ပါဝင်စားစွာဖြင့် မေးမြန်လာသူကို ဘုရားသားတော် အမည်ခံ ရဟန်းတော်များက များစွာကြိုဆိုထိုက်ပေတော့သည်။ မြန်မာကို မြန်မာကသိရန်၎င်း၊ မြန်မာကို ကမ္ဘာကသိရန်၎င်း၊ ကမ္ဘာကို မြန်မာကသိရန်၎င်း၊ ကြိုးပမ်းကြရမည်မှာ အမျိုးကို ချစ်သောယနေ့မြန်မာတို့၏ သမိုင်းပေးတာဝန်ပင် ဖြစ်သကဲ့သို့ ဗုဒ္ဓသာသနာတော်ကို အရင်း အမြစ်ကျကျ မြန်မာတို့သိရန်၎င်း၊ ကမ္ဘာကသိလာရန်၎င်း ကြိုးစားရမည်မှာ သာသနာကိုချစ်သော သာသနာ့ ဝန်ထမ်း ရဟန်းတော်များ၏ တာဝန်ပင်ဖြစ်သည်။
စာရေးသူသည် အထက်ပါလူရွယ်လေးတဦး၏ အမေးကို ဖြေဆိုချင်သဖြင့် ဤဆောင်းပါးကို ရေးဖြစ်ရသည်။ သံယုတ်အဋ္ဌကထာ၌ မိန့်ဆိုချက်များကို မှီငြမ်းပြု၍ ဖေါ်ပြပါမည်။ ''ဘိက္ခု-ရဟန်း''ဟူသည် ဘိက္ခတိ ယာစတိ သီလေနာတိ ဘိက္ခု-တောင်းရမ်း စားသောက်နေရသောကြောင့် ရဟန်းဟုခေါ်ဆိုခြင်းဖြစ်သည်။ ''ပေးကြပါ ကမ်းကြပါ''ဟု ပါးစပ်မှ ထုတ်ဖေါ်မတောင်းသော်လည်း အိမ်စဉ်လှည့်ပတ်၍ဆွမ်းရပ်ခြင်းသည် အရိယာတို့၏ တောင်းခံနည်း တမျိုးပင်ဖြစ်သည်။ ရဟန်းတို့၏ အသက်ရှင်ရေး(ဘဝရပ်တည်ရေး)သည် သူပေးလူပေး စားနေရသဖြင့် သူတပါးတို့နှင့် လုံးဝဆက်စပ် လျက်ရှိသည်။ ဗုဒ္ဓမြတ်စွာသည် သားရဟန်းတို့ကို ''ဘဝမေ့သူများ'' မဖြစ် စေချင်ပေ။ သူပေးလူပေး စားသောက်နေရသည့် ဘဝ၌ အချည်းအနှီး မာန်မာနတွေတတ်ကြွား၍ ပလွှားခြင်းကို လိုလားတော်မမူ။ အမြဲတမ်းမာန်မာနကို နှိမ့်ချသူများ ရိုးရိုးကုတ်ကုတ်ဖြင့် တရားကို အားထုတ်နေသူများသာ ဖြစ်စေချင်သည်။ ထို့ကြောင့် တောင်းခံစားသောက်နေရသည့်ဘဝကို မမေ့စေရန်အတွက် ''ဘိက္ခဝေ-အိမ်စဉ် လှည့်ပတ်၊ ဆွမ်းကိုရပ်လျက်၊ မပြတ်အမှန်၊ တောင်းခံရငြား၊ ရဟန်းများတို့''ဟု တရားမဟောမီ ရှေးဦးစွာ ရဟန်း တို့ကို ''အာလုပ်''ပြုတော်မူခြင်းဖြစ်သည်။
ထို့ပြင်ရဟန်းတို့အား တရားတော်ကို ကောင်းစွာ နာယူစေလိုသည့်အတွက်''ရဟန်းတို့''ဟု အာလုပ်မြွတ်တော်မူခြင်းဖြစ်သည်။ တရားမဟောမီထိုသို့ ခေါ်လိုက်ခြင်းအားဖြင့် တရားတော်၌ ကောင်းစွာ စိတ်စိုက်လာစေသည်။ မှန်၏။ သာသနာတော်၏ ပြည့်စုံခြင်းသည် ကောင်းစွာစိတ်စိုက်ခြင်း၊ နှလုံးသွင်းခြင်းတည်း။ ''သုတံ ပညာယ၀ဍ္ဎုနံ-အသိအလိမ္မာ ဥာဏ်ပညာတိုးပွားခြင်းသည် စိတ်စိုက်မှတ်သား နာကြားခြင်းပင်တည်း''ဟု ဆိုထားသည်မဟုတ်ပါလော။ တနည်းအားဖြင့်လည်း ''ရဟန်းတို့'' ဟုမခေါ်ဘဲဟောလိုက်လျှင် အချို့ရဟန်းများစိတ်ပျံ့လွင့်နေ၍၄င်း၊ တရားဆင် ခြင်နေ၍၄င်း၊ ကမ္မဋ္ဌာန်း နှလုံးသွင်းနေ၍၄င်း၊ စုံစုံစိစိ မကြားနာလိုက်ရပဲရှိမည်။ ထိုသို့မကြားလိုက်ရသဖြင့် ဘုရားသျှင်ကို ဤတရားကို ဘယ်မြို့မှာဟောသည်။ ဘာကြောင့်ဟောသည် စသည်ကို မမှတ်သားနိုင်ပဲ အလွဲလွဲ အမှားမှားသော်လည်းဖြစ်မည်။ သို့မဟုတ် လုံးဝမမှတ်သားလိုက်နိုင်ပဲသော်လည်းရှိမည်။ ထို့ကြောင့် စိတ်စိုက် မှတ်သား စေတော်မူလို၍လည်း ရဟန်းတို့ကို ခေါင်းတပ်ခေါ်တော်မူခြင်း ဖြစ်ပါသည်။
ဤတွင် လူရွယ်လေးတဦး မေးသကဲ့သို့ပင် ''တရားနာ ပရိသတ်တွင် အခြားအခြားသော နတ်လူ တွေရှိပါလျက် အဘယ့်ကြောင့် ရဟန်းတို့ကိုသာ ရွေး၍ခေါ်တော်မူရပါသနည်း၊ မျက်နှာလိုက်၍ ရဟန်းတို့ကိုသာ ခေါ်တော်မူခြင်းလော''ဟု စောဒက တက်လိုက တက်နိုင်သည်။ ထိုသို့မဟုတ်ပါ၊ ရဟန်းတော်များသည် ကြီးကဲမြင့်မြတ်အနီးကပ်လျက် ဆက်စပ်နေသူများ ဖြစ်သောကြောင့်သာ ရဟန်းတို့ကို ခေါ်ဆိုလေ့ရှိပါသည်။ ယင်းသို့ ရဟန်းတို့ကိုသာ ခေါင်းတပ်ခေါ်သော်လည်း ဗုဒ္ဓမြတ်စွာ၏ တရာဒေသနာတော်သည် ပရိသတ်အားလုံး နှင့် သက်ဆိုင်သည်သာဖြစ်သည်။ အနည်းငယ် ထပ်၍ ရှင်းရသော် ပရိသတ်သည် ရဟန်းပရိသတ်၊ ရဟန်းမပရိသတ်၊ ဒကာပရိသတ်၊ ဒကာမပရိသတ်ဟု (၄)မျိုးရှိရာ ရဟန်းပရိသတ်သည် အဦးဆုံးပေါ်ပေါက်လာ သောကြောင့် ထိုပရိသတ်(၄)မျိုးတွင် အကြီးအကဲဟု ဆိုရသည်။ (ဗုဒ္ဓထံတော်၌ ပဉ္စဝဂ္ဂီရဟန်း ၅-ဦးပထမဆုံး တပည့်ခံသည်ကို သတိပြုပါ။)
သင်္ကန်းကို ဝတ်ရုံခြင်းမှစ၍ လောကီအာရုံ ကာမဂုဏ်တို့ကိုခွာရှောင်ခြင်း၊ ဘုရားသျှင်၏ ကျင့်စဉ်သို့ လိုက်၍ကျင့်ခြင်း၊ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓ ဟူသော သာသနာတော်သုံးရပ်ကို ခံယူခြင်းတို့ကြောင့် သာမန်လူ တို့ထက် သာလွန်မြင့်မြတ်သည် ဟုလည်းဆိုနိုင်သည်။ တရားနာရန် စုဝေးရောက်ရှိ နေကြသည့် ပရိသတ်တို့တွင် ရဟန်းတို့သည် ဘုရားနှင့် အနီးကပ်ဆုံးလည်း ဖြစ်ကြသည်။ မြတ်စွာဘုရားထံ၌ အမြဲ မပြတ် ဆည်းကပ်သွား လာနေကြသောကြောင့် ဗုဒ္ဓမြတ်စွာနှင့် ဆက်စပ်လျက်ရှိသည်။ ဤအကြောင်း များကြောင့် ရဟန်းတို့ကို စတင်ခေါ်တော်မူခြင်းဖြစ်သည်။ တနည်းအားဖြင့် ရဟန်းများသည် ဘုရားသျှင် ဟောဖေါ်ညွှန်ပြ ဆုံးမတော်မူအပ် သည့်အတိုင်း မချွတ်မှန်စွာ လိုက်နာပြုကျင့်ကြရမည်ဖြစ်သောကြောင့် အိုးခွက်ပမာ တရားတော်၏ တည်ရာမှီရာများ ဖြစ်ကြလေသည်။ ထို့ကြောင့် ရဟန်းတို့ကို ခေါ်င်းတပ် ခေါ်ခြင်းဖြစ်သတည်း။
ဤမျှဖြင့် လူရွယ်လေးတဦး၏ အမေးသည် ပြီးပြေလောက်ပြီဟုထင်ပါသည်။ ဤသို့ပင် ဗုဒ္ဓမြတ်စွာ သည် အများဆုံးရဟန်းတို့ကို ပဓာနပြု၍ ၄၅-ဝါတိုင်တိုင် တရားဒေသနာတို့ကို မနေမနား ဟောကြားခဲ့ သည်။ ထိုဒေသနာတော်တို့သည် ပိဋကအားဖြင့် သုံးသွယ်၊ နိကယ်အားဖြင့်ငါးဖြာ၊ အင်္ဂါအားဖြင့် ကိုးတန်၊ ဓမ္မက္ခန်အားဖြင့် ရှစ်သောင်းလေးထောင် အထိမျှ ရှိခဲ့လေသည်။ ယနေ့ရဟန်းတော်တို့သည် ဤဒေသနာ တော်များ ပျောက်ပျက် ယိုယွင်းခြင်းမရှိရလေအောင် သင်အံလေ့ကျက် လျက်ရှိပေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် အထွတ်အမြတ်ပြု၍ ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်းနေ ကြခြင်းဖြစ်သည်။ စလေဦးပုည ရေးသကဲ့သို့ ''ရှင်လျှပ်ရှင်မွေ၊ ပေသာပေ၊ တူသာတူ၊ ဘိက္ခူကြီးပဂေး၊ ဝိနည်းမှာဝေးစွ၊ ရှေးအတီတေ၊ ပုဂံပြေတွင်၊ ဆံကေသာ လက်လေးသစ်၊ မုတ်ဆိတ်မွှေးဗလဗြစ်၊ မဲညစ်သည့်စီဝရံနှင့်၊ တာတေလံ အကျင့်ဆိုးသော၊ ရှင်သိုးတကာထိပ်ခေါင်ကြီး၊ ရှင်မထီးတို့ကဲ့သို့ ယီးတီးယားတား'' အစားတွေထဲကဆိုလျှင် မည်သူကမျှ ပြန်စောင်းကြည့်ချင်ကြမည် မဟုတ်ချေ။ ထို့ကြောင့်......
''လူမှာလူဖျင့်၊ လူသာကျင့်၏
ရှင်နှင့်မလျှော်၊
ရှင်သော်ရှင်ကျင့်၊ ရှင်သာသင့်၏၊
လူနှင့်မရာ၊ မစပ်စွာတည့်''ဟု
မဃဒေဝ၌ မန်လည် ဆရာတော်ကြီး မိန့်မှာထားသကဲ့သို့ ရဟန်းတော်တို့ အနေဖြင့် ''ဘီလူးစည်း-လူစည်း'' ခြားလျက် ဝိနည်းတော်နှင့်အညီ နေထိုင်ခြင်း၊ လူတို့အား တရားသဖြင့် နည်းပေးညွှန်ပြ ဆိုဆုံးမခြင်းဖြင့် သာသနာတော်ကိုမလိုလားသူတို့၏ လက်ညှိုးထိုးစရာ ပြယုဂ်မဖြစ်စေပဲ မိမိတို့ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ မိမိအကျိုး၊ နိုင်ငံ၏အကျိုး၊ သာသနာတော်၏ အကျိုးတို့ကို သည်ပိုး ထမ်းရွက်တော်မူကြရန်ပင် ဖြစ်ပါ သတည်း။ ။
အရှင်မဟောသဓပဏ္ဍိတ
၂၈-၂-၇၂ ၊ ဓမ္မဗျူဟာ (အတွဲ ၁ဝ၊ အမှတ် ၁၁)
မေ့မေ့အသဲလေး
ချစ်လှစွာသော သားသားရေ
လှမ်းလျှောက်ကာလေ လာခဲ့လေ
လှုပ်တုတ်လှုပ်တုတ် လျှောက်ကာသွား
ချစ်စရာ မေမေ့သား
ရှေ့သွားလေးက နှစ်ချောင်းပေါ်
ရီကာပြုံးကာနော်
စိတ်ချမ်းသာတယ် မေ့ရင်ထဲ
သားသားလေးရဲ့ ရီ(ရယ်)သံဘဲ
စော့ကာမောလို့ အိပ်ပါနော်
မေမေတေးဆိုသိပ်မယ်နော်
အိပ်ပျော်သွားတဲ့ မေ့သားလေး
အနာဂတ်အတွက် အလင်းတန်းလေး
အိပ်ကာနိုးလို့ ပြုံးပါနော်
မေမေစိတ်ရွင်ပျော်
ဘဝမှာပုံကာချစ်
မေ့သားလေးက နံပါတ်တစ်။ ။
အိပ်မက်ရှင်မလေး၏ ကဗျာများမှ ကူးယူဖော်ပြပါသည်။
ဦးဇော်သောင်း+ဒေါ်အေးသန်းမိသားစု(စစ်ကိုင်းမြို့) ၊ဒေါ်သိန်းသိန်း(ကနေဒါ)တို့၏ အလှူပွဲ။
၂၆.၁.၂၀၁၁ (ဗုဒ္ဓဟူးနေ့ ) အလှူ။
အရုဏ်မုန့်ဟင်းခါးဆွမ်းအလှူရှင်
ဦးဇော်သောင်း+ဒေါ်အေးသန်းမိသားစု(စစ်ကိုင်းမြို့)
မှလှူဒါန်းခဲ့ကြပါသည်။
နေ့ဆွမ်လောင်းလှူခြင်းအတွက်
ဒေါ်သိန်းသိန်း (ကနေဒါ) မှ မွေးနေ့အလှူဖြစ်ပါသည်။
နေ့ဆွမ်းအတွက်
ဆွမ်း
ဝက်သားဟင်း
မြေထောက်ပဲနှပ်
မုံလာဥချဉ်သုတ်
ဘာလချောင်ကြော်တို့ဖြင့်လောင်းလှူပေးခဲ့ပါသည်။
အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...
သာသနာပိုင်နှင့် အကြီးအမှူး ဆရာတော်များ၏ လုပ်ငန်းတာဝန်...
မူပိုင် မယ်တော်…
မယ်တော်မာယာသည် ဘုရားငါးဆူတို့ရဲ့ မယ်တော်ဆိုတာ ဟုတ်ပါသလားဘုရား။
(ကိုယ်ကျမ္မာ စိတ်ချမ်းသာပါစေ ဘုရား)
မူပိုင် မယ်တော်…
ဒကာလေး Min Min ရေ…
ဘုရားငါးဆူတို့ရဲ့ မယ်တော်မဟုတ်ပါ…
မယ်တော်မာယာဟာ ဘုရားငါးဆူတို့ရဲ့ မယ်တော်ဆိုတာ ထေရ၀ါဒ ဆဋ္ဌသင်္ဂါယနာ ကျမ်းများမှာမရှိ မပါသည့်အတွက် မဟုတ်ဘူးလို့ပဲ ဖြေရမှာပါ… မဟာယာနစာတွေမှာ တွေ့ရတဲ့သဘော… မသိသူများရဲ့ အရပ်ပြောအနေနဲ့ လူပြောသူပြော ဒါလောက်ပဲ ရှိပါတယ်…
ဂေါတမဘုရား တစ်ဦးတည်းရဲ့မိခင် မယ်တော်မာယာ…
နောက်တနည်းအားဖြင့်… မယ်တော်မာယာဆိုတာ မြတ်ဗုဒ္ဓနောက်ဆုံးဘ၀ သိဒ္ဒတ္ထမင်းသားလေးရဲ့ မယ်တော်အနေနဲ့ပြောရတာ ဖြစ်တဲ့အတွက် ဘုရားအလောင်းတော် မင်းသားလေးကို မီးရှူးသန့်စင် ဖွားမြင်ပြီးနောက် မယ်တော်မာယာက နတ်ရွာစံ ကံတော်ကုန်တဲ့အတွက်ကြောင့် ဂေါတမဘုရားတစ်ဦးတည်းရဲ့ မယ်တော်သာ ဖြစ်ပါတယ်…
အရိမေတ္တေယျ ဘုရားရဲ့ မယ်တော်လည်း ဖြစ်ခွင့်မရှိ…
ဂေါတမဗုဒ္ဓ၏ မယ်တော်ဖြစ်ခဲ့ဖူးသူ မယ်တော်မာယာသည် သေပြီးနောက် သန္တုဿိတနတ်သား ဘ၀ဖြင့် နတ်ပြည်မှာ အဘိဓမ္မာတရားနာကြားခွင့်ရလို့ သောတာပန် အရိယာဖြစ်ပြီး နတ်ပြည်ကနေ ရဟန္တာဘ၀နဲ့ ပရိနိဗ္ဗာန်စံဝင်မှာ ဖြစ်ပါတယ်… သို့အတွက်ကြောင့် အရိမေတ္တေယျ ဘုရားရဲ့ မယ်တော်လည်း ဖြစ်ခွင့်မရှိ မဖြစ်တော့ပါဘူး…
တနည်းအားဖြင့် ရှေးရှေးဘ၀တွေကပါ ဆိုလျှင်တော့…
မြတ်ဗုဒ္ဓက ဆွေမျိုးမတော်ဖူးသူ မရှိဘူး ပြောထားသည့် အတွက်ကြောင့်… ဒီဘ၀ကို ပြောတာမဟုတ်ဘူး ရှေးရှေးဘ၀တွေကပါ ဆိုလျှင်တော့… မယ်တော်မာယာ အလောင်းအလျာသည် ဘုရားငါးဆူတောင်မက ဘုရားလောင်း အများကြီးရဲ့ မယ်တော်ဖြစ်ခဲ့ဖူးတယ်လို့ ပြောရင်တောင် ရသွားပါတယ်…
ဘုန်းကြီးတို့ ကိုယ်တိုင်လည်း ဘုရားရှင်များနဲ့ ဆွေမျိုးတော်ခဲ့ဖူးမှာပါပဲ…
ဒါပေသိ ဒေ၀ဒတ်ကြီးနဲ့တော့ အမျိုး မတော်ချင်…
ဒီတော့ မယ်တော်မာယာဟာ ဘုရားရှင်ငါးဆူရဲ့မယ်တော် မဟုတ်ပါဘူး… ဂေါတမဘုရားရှင်ရဲ့ တစ်ဦးတည်းမူပိုင် တစ်ဆူတည်းရဲ့ မယ်တော်သာ ဖြစ်ပါတယ်…
မိသားစုအားလုံး စိတ်ချမ်းသာကြပါစေ...
အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...
ဦးလောကနာထ
၁.၂၅.၂၀၁၁
ဘုရားငါးဆူမယ်တော် ဘုရားရှင်ငါးဆူ မယ်တော် မယ်တော်မာယာ
