* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, December 7, 2010

နိုင်ငံခြားပညာတော်သင်


နိုင်ငံခြားပညာတော်သင်ရဟန်းတစ်ပါးရဲ့ အတွေ့အကြုံကို
သိချင်တယ်ဆိုလို့ ပြောပြရအုံးမယ်။
ပထမဦးဆုံးရင်ဆိုင်ရမဲ့အခက်အခဲကတော့
အင်္ဂလိပ်ဘာသာစကား (Language) ပြဿနာပါဘဲ။

နိုင်ငံခြားမှာ ပညာသင်ယူဘို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင်
အင်္ဂလိပ်ဘာသာ၊ အင်္ဂလိပ်စကားကို
တတ်ကျွမ်းအောင် လေ့လာထားသင့်ပါတယ်။
ဒါမှမဟုတ်ရင် နိုင်ငံခြားထွက်ဖို့ လေယာဉ်ပေါ် စတက်လိုက်တာနဲ့
ပြဿနာစတွေတော့တာပါဘဲ။

ဒါနဲ့စပ်လို့ပြောရဦးမယ်။
မနှစ်က မြန်မာဘုန်းတော်ကြီးတစ်ပါးနဲ့အတူ
အနောက်နိုင်ငံ အင်္ဂလန်ကို ခရီးထွက်ဖြစ်တယ်။
ရန်ကုန်မှ ဘန်ကောက်၊ ထိုမှ လန်ဒန်၊ လေယာဉ်ခရီးစဉ်ပေါ့။

လေယာဉ်ပေါ်ရောက်ပြီး မကြာမီမှာဘဲ လေယာဉ်မယ်တွေက
စားစရာ သောက်စရာတွေ လာချပေးတယ်။ မျိုးစုံပါဘဲ။
စက္ကူထုပ်လေးတွေအပေါ်မှာ အင်္ဂလိပ်စာတန်းလေးတွေနဲ့။
Sugar, Papper, Coffee mate, Salt စသည်ဖြင့်။
ကော်ဖီကြိုက်သူအတွက် ကော်ဖီ၊ လဘက်ရည်ကြိုက်သူအတွက် လဘက်ရည်၊
ကိုယ့်ရှေ့လာချပေးထားတဲ့ခွက်ထဲကို
နောက်လေယာဉ်မယ်တစ်ဦးက အသီးသီး လိုက်ထည့်ပေးတယ်။
Sugar (သကြား) ထုပ်နဲ့ Coffeemate (နို့မှုန့်) ထုပ်လေးတွေကို ဖောက်၊
ကိုယ်လိုသလောက် ရောစပ်သောက်လိုက်ရုံပါဘဲ။

ဒီလိုသောက်နေစဉ် စာရေးသူဘေးမှာပါလာတဲ့
မြန်မာဘုန်းတော်ကြီးက မျက်နှာရှုံ့တွပြီး
‘ဟ၊ မောင်ဣန္ဒက၊ ငါ့လဘက်ရည်က မချိုဘဲနဲ့ စပ်တယ်ကွ’ လို့ပြောပါတယ်။
စာရေးသူလဲ သူဖောက်ထည့်ထားတဲ့အထုပ်လေးတွေကို
အံ့သြစွာနဲ့လှည့်ကြည့်လိုက်တော့ ‘ဗုဒ္ဓေါ’ လို့အော်လိုက်မိတယ်။
စပ်မှာပေါ့။
Papper လို့ခေါ်တဲ့ ငရုပ်ကောင်းမှုန့်ထုပ်ကိုပါ ဖောက်ထည့်ပြီး
လဘက်ရည်နဲ့ဖျော်သောက်နေတာကိုး။

ဒါဟာ အင်္ဂလိပ်ဘာသာစကားကို မလေ့လာခဲ့တဲ့အတွက်
ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါဘဲ။
ဒီလို အသေးအဖွဲပြဿနာလေးတွေကအစ မတွေ့ကြုံရလေအောင်
နိုင်ငံခြားမှာ ပညာသင်ယူဘို့ရှိတယ်ဆိုရင်
အင်္ဂလိပ်ဘာသာစကားကို အထူးလေ့လာဘို့ လိုအပ်ပါတယ်။

သာသနတက္ကသီလဓမ္မာစရိယ (သို့မဟုတ်) သာသနဓဇဓမ္မာစရိယဘွဲ့ရပုဂ္ဂိုလ်ဟာ
အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်ပြောတတ်တယ်ဆိုရင်
သီရိလင်္ကာနိုင်ငံမှာရှိတဲ့
Buddhist and Pali University မှာဖြစ်စေ
University of Kelaniya မှာဖြစ်စေ
M.A သင်တန်းကို တက်ရောက်ခွင့်ရှိပါတယ်။
Fee ကြေး US $ 750 ပေးသွင်းရတယ်။

မြန်မာနိုင်ငံက ရဟန်းတော်တွေအတွက် သင်တန်းကာလက တစ်နှစ်တည်းပါ။
အခြားနိုင်ငံက ကျောင်းသားရဟန်းတော်တွေအတွက်တော့ နှစ်နှစ်တက်ရတယ်။
မြန်မာနိုင်ငံက ရဟန်းတော်တွေကို
ပါဠိစာပေ အတန်အသင့် လေ့လာလိုက်စားဘူးတယ်လို့ ယူဆပြီး
M.A သင်တန်း တစ်နှစ်တည်းသာ တက်ရတာပါ။

မြန်မာပြည်မှာ အင်္ဂလိပ်စာကို အခြေခံလောက်သာ လေ့လာဘူးတဲ့ရဟန်းတော်များကတော့
M.A သင်တန်းမတက်ခင် Aquinas ဆိုတဲ့ကောလိပ်မှာ
အင်္ဂလိပ်စာသင်ယူကြတယ်။

စာရေးသူလဲ အဲဒီကောလိပ်မှာ အင်္ဂလိပ်စာတိုးတက်ဖို့အတွက်
တက်ရောက်ခဲ့ပါတယ်။ အဲဒီကောလိပ်မှာ
1: Preliminary Level (ပထမဆင့်)
2: Intermediate Level (ဒုတိယဆင့်)
3: Final Level (တတိယဆင့်) လို့
အဆင့်သုံးဆင့်ခွဲထားတယ်။

ဒီကောလိပ်ကို တက်ရောက်ပညာသင်ယူနိုင်ဘို့ ၀င်ခွင့်ဖြေဆိုရတယ်။
ဝင်ခွင့်မှာ ကိုယ်ရတဲ့အမှတ်နဲ့ ကိုက်ညီသင့်လျှော်တဲ့ အဆင့်မှာ
တက်ရောက်သင်ယူရတယ်။ US $ 50 ခန့်မျှသာ ပေးသွင်းရတယ်။

အင်္ဂလိပ်စာကိုသာ ဦးစားပေးသင်တဲ့ ကောလိပ်လဲဖြစ်၊
ဈေးနှုန်းလဲ သက်သာ၊ သွားရ လာရတာလဲ လွယ်ကူလို့
မြန်မာရဟန်းတော်တွေအတွက် အသင့်တော်ဆုံး ကောလိပ်ပါဘဲ။
အဆင့်အသီးသီးမှာ အင်္ဂလိပ်ဘာသာ (Language) တစ်ခုကိုဘဲ
1: Grammar
2: Composition
3: Comprehension
4: Speech ဆိုပြီး ဘာသာ (Subject) လေးမျိုးခွဲသင်တယ်။

သင်ကြားတဲ့နည်းစနစ်တွေကတော့ ခေတ်မှီတယ်ပြောရမှာဘဲ။
အနောက်တိုင်းဆန်တယ်။ ငြီးငွေ့ရမဲ့ရက်ဆိုလို့ တစ်ရက်မှ မရှိခဲ့ဘူး။
အရွယ်စုံ၊ လူမျိုးစုံ၊ ဘာသာစုံတက်ရောက်ခွင့်ရှိတယ်။
သင်ကြားပေးတဲ့အကြောင်းအရာတွေကလဲ စုံလို့။
ရှိတ်စပီးယားရဲ့ ပြဇာတ်တွေလဲ ပါတယ်။
ပြဇာတ်တွေကို သင်ကြားပို့ချပြီးတိုင်း အဲဒီပြဇာတ်ရဲ့ ဗွီဒီယိုကားကို ကြည့်ရတယ်။
အဲဒါကတော့ ဗွီဒီယိုကားထဲမှာ ပြောတဲ့စကားတွေကို
ဘယ်လောက်အထိနားလည်သလဲဆိုတဲ့Listening Skill အတွက်ပါဘဲ။

Level တစ်ခုတစ်ခုစီရဲ့ ပညာသင်ကာလကတော့ (၆) လဖြစ်တယ်။
မြန်မာနိုင်ငံကလဲ အင်္ဂလိပ်စာအခြေခံပါလာ၊
ဒီကောလိပ်မှာလဲ Level တစ်ခုလောက်တက်ပြီးတဲ့ မြန်မာရဟန်းတော်တစ်ပါးဟာ
တက္ကသိုလ်မှာ M.A သင်တန်းကို ကောင်းကောင်းတက်ရောက်နိုင်ပါပြီ။
Lecture များကို ကောင်းကောင်းလိုက်နိုင်ပါပြီ။

စာရေးသူတော့ ဒီကောလိပ်မှာ
Intermediate Level တစ်ခုတက်ပြီးနောက်
University of Kelaniya မှာ M.A တက်ဖြစ်ခဲ့တယ်။
၂၀၀၀ - ခုနစ်တုန်းကပါ။
အဲ့ဒီနှစ်တုန်းက ဘာသာရပ် ၁၀ - ခုလိုက်ရတယ်။
စာမေးပွဲဖြေဆိုတဲ့အခါမှာတော့
ကိုယ်လိုက်ထားတဲ့ဘာသာရပ် ၁၀ - ခုထဲက
ကြိုက်ရာငါးဘာသာကို ရွေးချယ်စာရင်းပေးပြီး ဖြေဆိုရပါတယ်။

သင်ကြားပို့ချတဲ့ဆရာတွေကတော့ Ph.D ဘွဲ့ရတွေချည်းပါဘဲ။
ဆရာတိုင်းဟာ သူတို့ရဲ့ Lecture ကို ပို့ချပြီးတိုင်း
မေးလိုရာ မေးနိုင်ကြောင်း အမြဲပြောပါတယ်။

ဒီလိုပြောတိုင်း စာရေးသူရဲ့ ငယ်ဆရာဖြစ်တဲ့
ဘုန်းတော်ကြီးတစ်ပါးကို သတိရမိတယ်။
ပထမငယ်တန်းတက်စဉ်အခါတုန်းက
စာချဘုန်းကြီးက ဘုရား ရဟန္တာတို့ ရယ်ရွှင်တဲ့အခါ
ဟသိတုပ္ပါဒ်စိတ်နဲ့ရယ်ရွှင်တဲ့အကြောင်းပြောပြတယ်။
ဒါဆိုရင် ဘာဖြစ်လို့ ဒီဟသိတုပ္ပါဒ်စိတ်ကို
အသောဘန (မတင့်တယ်တဲ့) စိတ်ထဲ ထည့်သွင်းထားရတာလဲ ဘုရား လို့

စာရေးသူက မေးမိတော့
သားရေဖုံးစာအုပ်အနှောင့်နဲ့ ခေါင်းအထုခံခဲ့ရတယ်။
သီရိလင်္ကာနိုင်ငံ ပညာသင်ကြားရေးစနစ်မှာတော့
မသိတာ မရှင်းတာရှိရင် မေးမြန်းနိုင်ပါတယ်။
သူတို့နိုင်ငံက ဆရာတွေက ဒီလိုမေးတာဟာ
ကျောင်းသားတစ်ယောက်တိုးတက်ဖို့၊ ပညာတတ်ဖြစ်ဖို့
အခြေခံလိုအပ်ချက်လို့ သဘောထားကြတယ်။

M.A တန်းမှာ ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာထဲက
အကြောင်းအရာတွေကို သင်တယ်ဆိုပေမဲ့ မြန်မာပြည်သင်နည်းစနစ်နဲ့မတူဘူး။
သီရိလင်္ကာက ဆရာတွေက မြန်မာပြည်က စာချဆရာတော်တွေ
တွေးခေါ်လေ့မရှိတဲ့ အရာလေးတွေကို တွေးခေါ်ကြံဆပြီး
ပို့ချကြတာဟာ စိတ်ဝင်စားဖွယ် တစ်မျိုးဖြစ်နေပါတယ်။

ဥပမာ၊ ၀ိသုဒ္ဓိမဂ်နှင့် ရှင်မဟာဗုဒ္ဓဃောသ ဆိုတဲ့ခေါင်းစဉ်နဲ့ ပို့ချချက်ထဲမှာ
ဝိသုဒ္ဓိမဂ်ကျမ်းအရင် ၀ိမုတ္တိမဂ်ဆိုတဲ့ကျမ်းရှိခဲ့ဘူးကြောင်း၊
ဝိသုဒ္ဓိမဂ်ကျမ်းနှင့် ၀ိမုတ္တိမဂ်ကျမ်းတို့ဟာ အကြောင်းအရာတူညီရုံမျှမက
အခန်းဖွဲ့စည်းပုံများလဲ တူကြောင်း၊
ရှင်မဟာဗုဒ္ဓဃောသ ၀ိသုဒ္ဓိမဂ်ကျမ်းရေးစဉ်အခါက
သူ့ရဲ့လက်ထဲမှာ ၀ိမုတ္တိမဂ်ကျမ်း ရှိနှင့်နေပြီဟု ယူဆနိုင်ကြောင်း၊
ဒါ့ကြောင့် ရှင်မဟာဗုဒ္ဓဃောသအနေဖြင့်
သူရေးထားတဲ့ဝိသုဒ္ဓိမဂ်ကျမ်း အကြိမ်ကြိမ်ပျောက်ဆုံးသော်လဲ
အလားတူကျမ်းမျိုး ထပ်မံရေးနိုင်ခြင်းဖြစ်ကြောင်း၊
ဝိသုဒ္ဓိမဂ်ကျမ်းရေးစဉ် ပျောက်ဆုံးသည်ဆိုသည်မှာလဲ မဖြစ်နိုင်ကြောင်း၊
ထိုသို့ မှတ်တမ်းတင်ကြခြင်းမှာ ရှင်မဟာဗုဒ္ဓဃောသ ဥာဏ်ကောင်းကြောင်းကို
လွန်လွန်ကဲကဲ ချီးမွှမ်းချင်လို့သာဖြစ်နိုင်ကြောင်း စသည်ဖြင့်
ဆရာတစ်ယောက်က လွတ်လပ်စွာ တွေးခေါ်ပြီး
ဝေဘန်ထောက်ပြသွားခြင်းဟာ
မြန်မာရဟန်းတော်တစ်ပါးအနေဖြင့် စိတ်ဝင်စားဖွဲရာလဲ ဖြစ်သကဲ့သို့
အံ့သြဖွယ်ရာလဲ ဖြစ်နေပါတော့တယ်။

သူတို့တက္ကသိုလ်က ဘာသာရပ်နာမည်တွေကို
ကမ္ဘာ့တက္ကသိုလ်တွေနဲ့ ရင်ဘောင်တန်းနိုင်အောင် အဆင့်မှီမှီပေးထားတာကိုလဲ
1: Buddhist Philosophy of Education and Communication
2: The Bodhisatta Ideal in Theravada and Mahayana Buddhism
3: An Introduction to Pali Commentarial Literature
4: Buddhist Vinaya and Modern Legal Philosophy
5: Social Dimensions of Buddhism
စသဖြင့် စိတ်ဝင်စားဖွယ်ရာတွေ့ရပါတယ်။

အဲ့ဒီလို ဘာသာရပ်နာမည်တွေ အမျိုးမျိုးပေးထားပေမဲ့
ဗုဒ္ဓဘာသာကျမ်းဂန်ဖြစ်တဲ့ ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာတွေထဲက
အကြောင်းအရာတွေကို သင်တာပါဘဲ။
ဘာသာရပ်နာမည်ဆန်းသည့်အားလျှော်စွာ
ခေတ်အမြင်၊ ခေတ်အတွေးအခေါ်၊ ခေတ်အခြေအနေတွေနဲ့
ညှိနှိုင်းပြီးသင်တော့ စိတ်ဝင်စားဖွယ်ရာ ပိုကောင်းပါတယ်။

M.A တန်းစာမေးပွဲမဖြေဆိုခင် စာမျက်နှာ (၂၅-၃၀) ခန့်ရှိတဲ့
စာတမ်းငယ် (Dissertation) တစ်ဆောင် တင်သွင်းရတယ်။
ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာကို ရေးတင်ရုံပါဘဲ။
စာတမ်းအကောင်းအဆိုးပေါ်မူတည်ပြီး အမှတ်အနည်းအများပေးတယ်။

စာမေးပွဲမဖြေခင် စာမေးပွဲအတွက်ပြင်ဆင်ဘို့ တစ်လခန့်ကြိုတင် ကျောင်းပိတ်ပေးတယ်။
ဘာသာရပ်ငါးမျိုးဖြေဆိုရပြီး တစ်ဘာသာမှာ လေးပုဒ်ဖြေဆိုရတယ်။
တစ်ပုဒ်ကို ၂၅ - မှတ်ပေးတယ်။
အကြောင်းအရာပေါ်မူတည်ပြီး အနည်းဆုံး တစ်ပုဒ်ကို
(A4 Size) စာမျက်နှာ သုံးမျက်နှာခန့်ဖြေဆိုရတယ်။
အဖြေလွှာပေါ်မှာ Mergin၊ မျဉ်းကြောင်းတွေက အစီစဉ်တကျ ရှိနှင့်နေပြီးသားမို့
အဖြေလွှာစာရွက်ဝေရင် ဘာမှလုပ်စရာမလိုဘူး။ အဖြေရေးရုံပါဘဲ။

အမှတ် (၁၀၀)ဖို့ ဖြေဆိုရတဲ့အထဲမှာ အမှတ် (၅၀) ရရင် အောင်မြင်သူလို့သတ်မှတ်ပြီး
(၆၅) မှတ်ရသူကိုတော့ ဂုဏ်ထူးဖြင့် အောင်မြင်သူလို့ သတ်မှတ်တယ်။
ဒီနေရာမှာ မြန်မာနိုင်ငံ ပရိယတ္တသာသနာ့တက္ကသိုလ်နဲ့ မတူတဲ့ ထူးခြားချက်ကတော့
အောင်မှတ် (၅၀) ကို ပျမ်းမျှအားဖြင့် ယူခြင်းပါဘဲ။

ဆိုပါစို့။
ဘာသာတစ်ခုက (၆၀) မှတ်ရပြီး အခြားဘာသာတစ်ခုက (၄၀) မှတ်သာ ရတယ်ဆိုရင်လဲ
ပျမ်းမျှအားဖြင့် (၅၀) မှတ်ဖြစ်သည့်အတွက် အောင်မြင်သူလို့ သတ်မှတ်ပါတယ်။

ဘာ့ကြောင့် ဒီစနစ်ကို ကျင့်သုံးရတာလဲ ဆိုတာနဲ့ပတ်သက်လို့
ဆရာတစ်ယောက်ထံ ချဉ်းကပ်ပြီး မေးမြန်းဘူးတယ်။
စာသင်သားကျောင်းသားတစ်ယောက်ဟာ ဘာသာရပ်အားလုံးမှာ မတော်နိုင်ဘူး။
လူတစ်ယောက်ဟာ ဘာသာရပ်တစ်မျိုးမှာ တော်တယ်ဆိုရင်ပဲ
လောကကြီးမှာ အသုံးဝင်တော့တာဘဲ။
ဒါ့ကြောင့် ဒို့က ဒီစနစ်ကို ကျင့်သုံးရတာ။

တကယ်တော့ ဒီစနစ်ဟာ ဒို့တက္ကသိုလ်တစ်ခုတည်း ကျင့်သုံးနေတာ မဟုတ်ဘူး။
ပညာရေးမှာ ထိပ်တန်းရောက်နေပါတယ်ဆိုတဲ့
နိုင်ငံကြီးတွေက တက္ကသိုလ်အသီးသီးမှာလဲ ဒီစနစ်ကို ကျင့်သုံးနေတာဘဲ လို့ သူက ရှင်းပြပါတယ်။
ဒီတော့ စာရေးသူကို လမ်းပြပေးခဲ့တဲ့ မျက်စိဖွင့်ပေးခဲ့တဲ့
အမိပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)မှာ
ပိဋကတ်စာပေမှာတော်ပြီး အင်္ဂလိပ်စာမှာ ချော်လို့ စာမေးပွဲ ကျသွားသူ၊
မြန်မာစာပေမှာ တော်ပြီး ပါဠိစာပေမှာ ချော်လို့ တက္ကသိုလ်မှ ထွက်သွားရသူစတဲ့
ညီတော်နောင်တော်တွေကို ပြန်လည်သတိရ မြင်ယောင်နေမိပါတော့တယ်။

သီရိလင်္ကာနိုင်ငံမှာ M.A အောင်တော့ အနည်းဆုံးနှစ်နှစ်ကြာတဲ့
M.Phil (Master of Philosophy) တန်း တက်ရပါမယ်။
တက္ကသိုလ်စည်းမျဉ်းအရ တိုက်ရိုက် PhD ဆက်လုပ်ခွင့် မရှိပါဘူး။

အိန္ဒိယနိုင်ငံမှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းတွေထံ စုံစမ်းကြည့်တော့
M.A ပြီးရင် M.Phil လုပ်စရာမလိုဘဲ PhD တိုက်ရိုက်ဆက်တက်ခွင့်ရှိကြောင်း
သိရပါတယ်။ ဒါ့ကြောင့် အချိန်နဲ့ငွေ အကုန်သက်သာအောင်
အိန္ဒိယနိုင်ငံမှာရှိတဲ့ တချိန်က ဘုံဘေလို့ ခေါ်တဲ့ Mumbai မြို့ကို ပြောင်းဖြစ်သွားတယ်။
ဆရာကြီးဦးရွှေအောင်နဲ့ ဦးအံ့မောင်တို့တက်ခဲ့တဲ့ တက္ကသိုလ်ပါဘဲ။

တက္ကသိုလ် Fee ကြေးကတော့ တစ်နှစ်မှာ US $ 150 ခန့်သာ ကုန်ကျပါတယ်။
ဒါပေမဲ့ အဆောင်စရိတ်က တစ်နှစ်ကို US $ 500 ခန့်ကုန်ကျပြီး
သွားလာစရိတ် စားစရိတ်အပါအ၀င် စုစုပေါင်းတစ်နှစ်လျှင်
US $ 1500 နဲ့ 2000 ကြားမှာ ရှိပါတယ်။

PhD တန်းဆိုတော့ Thesis ရေးရတယ်။
Thesis ရေးဘို့အတွက် ကိုယ့်ကို Guide လုပ်မဲ့ ဆရာတစ်ယောက်ကို ရှာရတယ်။
ဘုံဘေတက္ကသိုလ်မှာ Buddhist Studies မရှိသေးတော့
ကိုယ့်ဗုဒ္ဓဘာသာနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ Philosophy (ဒဿနိကဗေဒ) ဌာနမှာ
ကျောင်းဝင်ခွင့်လျှောက်ထားရတယ်။

စာရေးသူဟာ သီရိလင်္ကာနိုင်ငံ University of Kelaniya က M.A နဲ့
ဘုံဘေတက္ကသိုလ်ကို ပထမဦးဆုံး ၀င်ခွင့်လျှောက်ထားသူဆိုတော့
Guide လုပ်မဲ့သူက အသေးစိတ်မေးမြန်းစုံစမ်းတယ်။
သာသနာ့တက္ကသိုလ်က
သာသနတက္ကသီလဓမ္မစရိယ (B.A Buddhism) အောင်လက်မှတ်နဲ့
M.A အောင်လက်မှတ်ကို ကြည့်တယ်။
အမှတ်စာရင်း အပြခိုင်းတယ်။
ပြဌာန်းစာ (syllabus) ကို စစ်ဆေးတယ်။

သီရိလင်္ကာနိုင်ငံ တက္ကသိုလ်က ပြဌာန်းစာကတော့ ပြောစရာမလိုပါဘူး။
ဒါပေမဲ့ မြန်မာနိုင်ငံ သာသနာ့တက္ကသိုလ်က ပြဌာန်းစာကို စစ်ဆေးတဲ့အခါ
နိုင်ငံခြားသား ဆရာတစ်ယောက်အနေနဲ့ နားမလည်နိုင်တဲ့ ဘာသာရပ်နာမည်၊
နားမလည်နိုင်တဲ့ စာအုပ်နာမည်တို့ကို တွေ့ရတယ်။
စာရေးသူက အမျိုးမျိုးအဖုံဖုံရှင်းပြလိုက်မှ သူနားလည်ပြီး လက်ခံသွားပါတယ်။
ဒီတော့ မြန်မာနိုင်ငံ သာသနာ့တက္ကသိုလ်က ဘာသာရပ်နာမည်နဲ့
ပြဌာန်းစာအုပ်နာမည်တို့ကို အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်အသီးသီးရှိ
ဆရာများ အလွယ်တကူ သိရှိနားလည်စေရန်
သီရိလင်္ကာနိုင်ငံမှာ ရှိတဲ့ ပြဌာန်းစာ နာမည်တို့လို စနစ်တကျ ဖြစ်နေရင်တော့ ပိုကောင်းပါတယ်။

မြန်မာနိုင်ငံ သာသနာ့တက္ကသိုလ် သင်ကြားပို့ချမှုဟာ
နိုင်ငံတကာအဆင့်မှီပေမဲ့ ပြဌာန်းစာအုပ်ပြင်ဆင်မှု အားနည်းချက်ကြောင့်
အခြားနိုင်ငံ တက္ကသိုလ်ရှိဆရာတွေရဲ့ ယုံကြည်အားရမှုကို လျော့နည်းစေပါတယ်။
ပြဌာန်းစာအုပ်တွေနဲ့ B.A, M.A အောင်လက်မှတ်တို့ကို စစ်ဆေးပြီးတဲ့အခါ
ကိုယ့်ဌာနဖြစ်တဲ့ ဒဿနိကဗေဒဌာနရဲ့ အကြီးဆုံး Head ရဲ့ လက်မှတ်ထိုးနဲ့
စာရေးသူမှာရှိတဲ့ BA, MA နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းအားလုံးကို
မော်ကွန်းထိန်းဌာနကို ပို့ပါတယ်။

အကြောင်းက မြန်မာပြည်က ရခဲ့တဲ့ BA နဲ့ သီရိလင်္ကာက ရခဲ့တဲ့ MA တို့ဟာ
ဘုံဘေတက္ကသိုလ်က BA, MA တို့နဲ့ ညီမျှမှု ရှိမရှိ စစ်ဆေးဖို့ပါဘဲ။
နှစ်ပတ်လောက်ကြာတော့ ညီမျှမှု ရှိတယ်ဆိုတဲ့အဖြေရလာပါတယ်။
ဒီတော့ Guide လုပ်မဲ့သူက ကိုယ်ရေးမဲ့ Thesis ခေါင်းစဉ်ကို မေးပြီး
၁၀ - မျက်နှာခန့် အကျဉ်းချုပ်ရေးပြခိုင်းပါတယ်။
Proposed Thesis ဆိုပါတယ်။
သဘောတူ ကြိုက်နှစ်သက်ပြီဆိုရင် အဲဒီ Proposed Thesis ကို
မိတ္တူ ၁၅ - မူပွါးပြီး ဘုံဘေတက္ကသိုလ်မှာရှိတဲ့
Research and Recognition Committee (RRC) သို့တင်ရတယ်။
RRC ကလက်ခံတယ်ဆိုရင် Research Visa ရဖို့အတွက်
မော်ကွန်းထိန်း၊ သို့မဟုတ် ပါမောက္ခချုပ်လက်မှတ်ရအောင် ကြိုးစားရပါတယ်။
လက်မှတ်ရပြီးရင် နယူးဒေလီမြို့မှာရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို သွားပြီး
Research Visa လျှောက်လွှာများတင်ရတယ်။

ပြီးတော့ မြန်မာပြည်က ပြန်စောင့်ရတယ်။
၈ လလောက်အကြာမှာ မြန်မာနိုင်ငံက အိန္ဒိယသံရုံးနဲ့ ကာယကံရှင်ကျောင်းသားထံ
Research Visa လျှောက်ထားနိုင်ပြီဆိုတဲ့အကြောင်းကြားစာ ပို့ပေးတယ်။
အဲ့ဒီစာရတာနဲ့ အိန္ဒိယသံရုံးမှာ Research Visa ရယူပြီး
ဘုံဘေတက္ကသိုလ်သို့ ပြန်လာကာ တရားဝင်ကျောင်းသားဖြစ်ဖို့ မှတ်ပုံတင်ရပါတယ်။
Research Visa မပါရင် PhD ကျောင်းသားအဖြစ် လက်မခံပါဘူး။
ကျောင်းသားဖြစ်ပြီဆိုရင်တော့ Thesis စတင်ရေးလို့ရပြီပေါ့။

တစ်လတစ်ခါ နှစ်လ တစ်ခါ ကိုယ့်ရဲ့ Guide နဲ့တွေ့ပြီး ကိုယ်ရေးထားတာကို ပြ၊
ဆွေးနွေးစရာရှိတာ ဆွေးနွေး၊ ပြင်စရာရှိတာ ပြင်ဆင်ရပါတယ်။
ဒီလိုနဲ့ ကျမ်းရေးပြီးပြီဆိုပါစို့။
ကျောင်းသားဖြစ်ပြီး ၂၂ လ အကြာမှာ ၁၅ - မျက်နှာခန့် Synopsis ရေးတင်ရပါတယ်။
နောက် ၂ - လအကြာမှာမှ ကျမ်းတင်သွင်းခွင့်ရှိပါတယ်။
PhD တန်းအတွက် သတ်မှတ်ထားတဲ့ သင်တန်းကာလကတော့
အနည်းဆုံး ၂၂ လဖြစ်ပြီး အများဆုံး ငါးနှစ်လို့ သတ်မှတ်ထားတယ်။
ကျမ်းတင်ပြီး ၂ - လမှ ၆ - လအတွင်း Viva voce ထိုင်ရတယ်။
Viva ထိုင်ပြီး နှစ်ပတ်လောက်အကြာမှာ PhD စာမေးပွဲ အလုံးစုံ
ပြီးမြောက်အောင်မြင်သွားပြီဖြစ်ကြောင်းနဲ့ PhD ဘွဲ့နဲ့ ထိုက်တန်တဲ့အကြောင်းတို့ကို
ကြေငြတဲ့ Declaration စာတစ်ဆောင်ပို့ပေးတယ်။

ဒီ စာရတဲ့နေ့ကစပြီး ကိုယ့်ရဲ့နာမည်ရှေ့မှာ Dr. စတတ်လို့ရပါပြီ။
Dr. Ashin Indaka စသည်ဖြင့်ပေါ့။
၂၀၀၆ - ခုနစ်တုန်းက သာသနာ့တက္ကသိုလ် (မန္တလေး) နှစ်ပတ်လည်မဂ္ဂဇင်းအတွက်
ရေးပေးတာလေးပါ။
နိုင်ငံခြားပညာသင်ကိစ္စနဲ့ပတ်သက်ပြီး
စာရေးသူနဲ့ BBC တွေ့ဆုံမေးမြန်းခန်းကို ဒီလင့်မှာ ကြည့်ရှုနားထောင်နိုင်ပါတယ်။
http://www.bbc.co.uk/burmese/learning/story/2006/05/060420_monkeducation.shtml

Read more...

ထင်မိထင်ရာ (၈)


ပါဝါပြည်မှ (၆) မိုင်ခန့် ဝေးကွာသော ကုသိနာရုံပြည်သို့ ခရီးဆက်ပြန်တယ်။
အချိန်က ကဆုန်လပြည့်နေ့၊ နွေခေါင်ခေါင်။
တကယ်တော့ ဘုရားရှင် ပင်ပန်းနေတဲ့ကြားက
ကုသိနာရုံသို့ ကြွတော်မူရခြင်းမှာ အကြောင်းရှိတယ်။

အသက်ရှစ်ဆယ်ရှိနေပြီဖြစ်တဲ့ဘုရားရှင်
ရောဂါဝေဒနာကလဲ နှိပ်စက်၊
ရာသီဥတုကလဲ ပူလောင်နေတဲ့ကြားက
ပါဝါပြည်ကနေ ကုသိနာရုံကို ကြွချီတော်မူပါတယ်။

အကြောင်းက ကုသိနာရုံမှာရှိတဲ့ သုဘဒ္ဒပရိဗိုဇ်ကြီးကို တွေ့ချင်လို့တဲ့။
ဘုရားရှင်ပရိနိဗ္ဗာန်စံခါနီး ပရိနိဗ္ဗာန်မစံခင်
သူဟောကြားလိုက်တဲ့တရားကို နာကြားလိုက်တဲ့အခါ
သုဘဒ္ဒပရိဗိုဇ်ကြီးကို တရားထူးသိမြင်မည့် အကျိုးစီးပွါးကို မြင်တော်မူလို့
ကုသိနာရုံကိုဆက်ကြွရတာပါ။

ဆက်ကြွရင်း လမ်းခုလတ်တစ်နေရာမှာ ဘုရားရှင် ပင်ပန်းလွန်းလို့
သစ်ပင်ရိပ်ချဉ်းကပ်ပြီး အလုပ်အကျွေးဖြစ်တဲ့ ရှင်အာနန္ဒာကို
“အာနန္ဒာ၊
ငါဘုရား၏ နှစ်ထပ်သင်္ကန်းကြီးကို လေးထပ်ခေါက်ပြီး ခင်းပါလော့၊
ငါဘုရား ပင်ပန်းလို့ ထိုင်တော်မူအံ့” လို့ပြောပါတယ်။

လမ်းခရီးမှာ မောပန်းလွန်းလို့ ပါလာတဲ့သင်္ကန်းကို ခပ်ထူထူလေးခေါက်ခိုင်းပြီး
ခင်းခိုင်းကာ အနားယူတော်မူလိုတဲ့ ဘုရားရှင်ကို မျက်စိထဲမှာ မြင်ယောင်ပြီး
အလွန့်ကို ၀မ်းနည်းမိတယ်။

ဘုရားရှင်က ခင်းပေးတဲ့ သင်္ကန်းခေါက်လေးပေါ်ထိုင်ပြီး
“အာနန္ဒာ၊ ငါဘုရားအတွက် သောက်တော်ရေလေးတခွက် ဆောင်ယူပေးစမ်းပါ” လို့ဆက်ပြောပါတယ်။

နွေရာသီကြီးခရီးသွားနေရတာဆိုတော့ ဘုရားရှင် ရေဆာမှာပေါ့။

ကံအားလျှော်စွာ အနီးအနား မြစ်ကလေးရှိလို့ တော်ပေသေးတယ်။
ဒါပေမဲ့ နွေရာသီဆိုတော့ ရေအတော်နည်းနေတယ်။
ခရီးသွားလှည်းသားငါးရာက မြစ်ထဲ ဖြတ်မောင်းထားတာဆိုတော့
ရေကနောက်ပြီး အနယ်ထနေတယ်။

ဒါ့ကြောင့် ရှင်အာနန္ဒာက
“အရှင်ဘုရား အနီးအနားမှာရှိတဲ့ မြစ်ထဲက ရေတွေက နောက်ကျုနေပါတယ်ဘုရား၊
ဟိုရှေ့နားမှာ ကကုဓာဆိုတဲ့ မြစ် ရှိပါသေးတယ်ဘုရား၊
အေးမြတဲ့ရေ ရနိုင်ပါလိမ့်မယ်။ သန့်ရှင်းတဲ့ရေ ရနိုင်ပါလိမ့်မယ်၊
ဆိပ်ကမ်းကလဲ သာယာပါတယ်။ အဲ့နေရာရောက်မှ
အရှင်ဘုရားကို ရေကြည်ရေချမ်းကပ်ပါရစေ လို့
ပြန်လည်လျှောက်တင်ပါတယ်။

ဘုရားရှင်ရေဆာလွန်းတော့ ရှင်အာနန္ဒာကို ဒုတိယအကြိမ် ရေခပ်ခိုင်းပြန်ပါတယ်။
ရှင်အာနန္ဒာကြီးကလဲ အရင်အတိုင်းပဲ ပြန်လည်လျှောက်တင်ပါတယ်။

တတိယအကြိမ်ထပ်မိန့်မှ
ရှင်အာနန္ဒာက သပိတ်ကို ယူကာ မြစ်ဆီသို့ အပြေးကလေးထွက်သွားတယ်။

မြစ်ထဲကရေကို ခပ်ယူမယ်လဲလုပ်ရော
မြစ်ထဲရှိရေတွေ အနယ်ထိုင်ပြီး ကြည်လင်သွားတယ်တဲ့။
ရှင်အာနန္ဒာကလဲ ဒီလိုရေကြည်သွားတဲ့အတွက်
ဘုရားရှင်ရဲ့တန်ခိုးတော်ကို အတော်အံ့သြသွားသတဲ့။

မြစ်ထဲကကြည်လင်လာတဲ့ရေကို ခပ်ယူပြီး
ဘုရားရှင်ကို ကပ်ပါတယ်။
နယူးဒေလီ၊ ကုလားကျောင်းမှာ အရုဏ်ဆွမ်းဘုန်းပေးကာ
နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓတရားတော်ကို နားထောင်နေရင်း
ဒီနေရာလဲရောက်ရော ဘ၀င်မကျတာလေးတွေ့လို့
အတူသွား အတူလာဖြစ်တဲ့ ဒေါက်တာအရှင်နန္ဒကကို
“မြတ်စွာဘုရားရဲ့ တန်ခိုးတော်ကြောင့် မြစ်ထဲက နောက်ကျုနေတဲ့ရေတွေ
ကြည်လင်လာတယ် ဆိုတဲ့စကားကို လက်ခံပါသလား” လို့မေးမိပါတယ်။

သူက လက်ခံပါတယ်တဲ့။
စာထဲမှာလဲ ဒီလိုပဲ ပြောထားတာပဲ တဲ့။

ဘုရားရှင်မှာ တန်ခိုးရှိတယ်ဆိုတာကို လက်ခံပေမဲ့
ဘုရားရှင်တန်ခိုးတော်ကြောင့် နောက်ကျုနေတဲ့ရေတွေ
ကြည်လင်လာရတယ်ဆိုတာကတော့ စဉ်းစားစရာဖြစ်နေကြောင်း၊

ဘုရားရှင်ရဲ့ တန်ခိုးတော် ဘုန်းတော်လို့ပြောမဲ့အစား
ဘုရားရှင် ရေအင်မတန်ဆာနေတာကို ရှင်အာနန္ဒာသိလို့
မဖြစ်မနေရေကို ခပ်ယူရတော့မည်ဖြစ်ကြောင်း၊

ပရိက္ခရာရှစ်ပါးထဲမှာ အပါအ၀င်ဖြစ်တဲ့ ရေစစ်ကိုလဲ
သပိတ်နည်းတူ သွားလေရာ ယူဆောင်သွားတဲ့အလေ့ရှိလေတော့
ပါလာတဲ့ရေစစ်နဲ့ သေချာစစ်ပြီး ခပ်ယူလို့
ကြည်လင်သန့်ရှင်းတဲ့ရေ ရလာတာဖြစ်ကြောင်း၊

ဒီလို စဉ်းစားတာဟာ အင်မတန်ယုတ္တိရှိပြီး
ရှင်အာနန္ဒာရဲ့ ဘုရားရှင်အပေါ်ထားရှိတဲ့
စေတနာ၊ မေတ္တာတွေကို ဖော်ပေးရာရောက်ကြောင်း၊
အသိအမှတ်ပြုရာရောက်ကြောင်း
ပြောဖြစ်ပါတယ်။

ဒီအဖြစ်အပျက်က ၂၀၀၄ - ခုနစ်လောက်ကပါ။

အချိန်တွေသာကြာညောင်းလာပေမဲ့
ကိုယ်စဉ်းစားတွေးခေါ်မှုအပေါ် ဘယ်ဆရာတော်ကြီးထံကမှ ထောက်ခံမှု မရခဲ့ပါဘူး။
ပါဠိတော်၊ အဋ္ဌကထာတို့မှာက ကိုယ်စဉ်းစားတွေးခေါ်ချက်မျိုး စိုးစိမျှ မပါဘူးကိုး။

မလေးရှားနိုင်ငံမှာ ဗုဒ္ဓဘာသာကလေးငယ်တွေအတွက်
Nalanda Institute ဆိုတဲ့ ပညာသင်ဌာနလေးရှိတယ်။
အတော်စနစ်ကျတယ်။

နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓဘာသာလူမျိုးတွေစုပေါင်းပြီး
နာမည်ကြီးဗုဒ္ဓဘာသာရေးခေါင်းဆောင်တွေကို ဖိတ်ကြားကာ
ဟောပြောပွဲလုပ်လေ့ရှိတယ်။

၂၀၀၈ ဒီဇင်ဘာလတုန်းက အဲ့ဟောပြောပွဲကို တက်ဖြစ်တယ်။
ဟောပြောပွဲမှာ ဟောပြောပေးမဲ့ပုဂ္ဂိုလ်တွေထဲမှာ
အမေရိကမှာ သီတင်းသုံးနေတဲ့
သီဟိုဠ်ဘုန်းကြီးတစ်ပါးပါလာတယ်။
Mindfulness In Plain English ဆိုတဲ့စာအုပ်နဲ့ နာမည်ရလာတဲ့ဘုန်းကြီး။
ဘွဲ့က Ven. H. Gunaratana တဲ့။

သူဟောပြောတဲ့ထဲမှာ ခုနက ရှင်အာနန္ဒာက ဘုရားရှင်ကို ရေကပ်တဲ့အကြောင်းပါလာပြီး
ရေနောက်ကျုရာက ကြည်လင်သန့်ရှင်းလာတာဟာ
ဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့်မဟုတ်ကြောင်း ထည့်ပြောပါတယ်။
ကိုယ်နဲ့ဒီဘုန်းကြီးအယူအဆ ဒီနေရာမှာ တူပြီဟေ့ဆိုပြီး
စိုက်နေတဲ့ခေါင်းထောင်လာပါတယ်။
အာရုံပိုစိုက်ပြီး နားထောင်ဖြစ်ပါတယ်။

သူဆက်ပြောတာက
ပထမတစ်ကြိမ် ဘုရားရှင် ရှင်အာနန္ဒာကို ရေခပ်ခိုင်းတုန်းက
ကုန်သည်လှည်းငါးရာဖြတ်ပြီးခါစဖြစ်လို့ ရေ အမှုံထနေကြောင်း၊
အနယ်ထနေကြောင်း၊
ဒါပေမဲ့ ဘုရားရှင်တတိယအကြိမ်ခိုင်းတဲ့အချိန်မှာ
အချိန်အနည်းငယ်ကြာသွားပြီးဖြစ်လို့
မြစ်ရေဟာလဲ စီးဆင်းနေတာဖြစ်လို့ ကြည်လင်နေပြီဖြစ်ကြောင်း
ယုတ္တိရှိရှိပြောသွားပါတယ်။

ကိုယ်လဲ ဒီတော့မှ ဟုတ်လိုက်လေ လို့ စိတ်ထဲက ရေရွတ်ပြီး
ရှင်းသွားပါတော့တယ်။
စာထဲမှာ မပါပေမဲ့ လက်ခံသင့် လက်ခံရပါမယ်။

ဘုရားရှင်ကိုယ်တိုင်ပြောခဲ့တဲ့
မာပိဋကသမ္ပဒါနေန - စာပေကျမ်းဂန်နဲ့ညီညွတ်တယ်ဆိုတာလောက်နဲ့
အတည်မယူနဲ့ဆိုတာနဲ့လဲ ကိုက်ညီပါတယ်။

Read more...

ရှင်တော်ဟောကြား ဓမ္မစကားတော်များ (ပုပ္ဖ၀ဂ္ဂ)

ဆောင်းပါအမှတ်စဉ်(၄)

ပုပ္ဖ၀ဂ်သည် ဓမ္မပဒပါဠိတော်၏ လေးခုမြောက်ဝဂ်ဖြစ်ပြီး အဋ္ဌကထာဆရာက ၀တ္ထု (၁၂) ခုဖြင့် ဖွင့်ဆို ပြထားပါသည်။ ထိုဝတ္ထုများကို စာမျက်နှာပေါင်း (၇၂) မျက်နှာဖြင့် ရှင်းလင်းစေရန် ရေးသား ထားပြီးလျှင်၊ ဖွင့်စရာ ဂါထာများမှာလည်း တစ်ဆယ့်ခြောက်ဂါထာ အထိပင် ရှိပါသည်။ ဇာတ်လမ်းအရှိထက် လေးဂါထာ ပိုနေပါသည်။ ထိုမျှသာမက ၀တ္ထုအသီးသီးတွင် ပါဝင်သော ဂါထာပေါင်းလည်း နှစ်ဆယ့်တစ်ဂါထာ အထိပင် ပါဝင်နေသေးရာ ဖွင့်စရာ ဂါထာများထက်ပင် အရေအတွက် ပိုနေသည်ကို တွေ့ရပါသည်။ ပုံမှန်အားဖြင့် ၀တ္ထုတစ်ခု၊ ဂါထာတစ်ပုဒ်နုန်းအားဖြင့် တွေ့ရလေ့ရှိပါသည်။ ၀ိဋဋူပ၀တ္ထုနှင့် ၀ိသာခါဝတ္ထုသည် ရှည်လျားပြီး မှတ်သားစရာများလည်း စုံလင်ပေသည်။ အဋ္ဌကထာဆရာသည် ထိုဝတ္ထုနှစ်ခုတွင် အင်္ဂုတ္တရနိကာယ် နှင့် ၀ိနည်းမဟာဝါပါဠိတော်မှ စကားပြေများကိုပါ သာဓက ပြထားပါသည်။ အဖွင့်ဂါထာမှ တစ်ပါး နှစ်ဆယ့် တစ်ဂါထာကိုမူ အင်္ဂုတ္တရနိကာယ်နှင့် ခုဒ္ဒကနိကာယ်တို့မှ ထုတ်ဆောင် ယူငင်သုံးစွဲ ထားပေသည်။

ပုပ္ဖ၀ဂ်ဟု အမည် ပေးထားသည်မှာ ကဗျာဆန်လှပါသည်။ ပေးထားသည့်အတိုင်းပင် ပန်းနှင့် ဥပမာပြ ဆိုပြီး တရားဓမ္မများကို ဟောတော်မူထားပါသည်။ ပန်းနှင့်တူအောင် ကျင့်တတ်သော သူများဖြစ်ကြပါလျင် အကျိုးများကြမည် ဖြစ်ပေသည်၊ ရှေးသူတော်ကောင်းကြီးများကမူ ဘုရားစကားတော်အတိုင်း လိုက်နာခဲ့ ကြပါသဖြင့် ပန်းလိုမွှေးပြီး ရေလိုအေးခဲ့ ကြပေပြီ၊ မိမိတို့ တစ်တွေရော ဘယ်လိုပါနည်း။ တစ်ချို့ ပန်းပွင့်များကဲ့သို့ အလှသက်သက်ဖြင့်သာ ယခုဘ၀ကို ဖြတ်သန်းကြမည်လော၊ သို့မဟုတ် အလှလည်းတင့် ရနံ့ဆင့်သည့် ပန်းပွင့်အနေအထားရှိ လူသားအသိနှင့် ယခုဘ၀ကို မိမိအတွက်သာလျှင် အသုံးပြုကြမည်လော၊ အဆင်းလဲလှ၊ ရနံ့ကိုလည်း တမ်းတနေစေသည် သာမက ချိုမြိန်ကောင်းမြတ်သော အသီးတို့ကိုလည်း သီးပေး လျှက်ရှိသော ပန်းများလည်း ရှိပေသည်။ လောကရှိ လူသားတွေအတွက် ကိုယ်ကျိုးမဖက် ဆောင်ရွက် ပေးကြသော နောက်ဆုံး အမျိုးအစား ပန်းပွင့်များလို ဘ၀ကိုဆုံးစေကြလျှက် အဖိုးတန်ဘ၀ကို ဖန်တီးကြကာ ဘ၀မှတ်တိုင်ကို စိုက်ထူကြမည်လော။ သို့မဟုတ် အဆင်းလဲကင်း၊ ရနံ့မှလည်းဝေး၊ အသီးကိုလည်း မပေးသည့် အကျိုးမဲ့ပန်းမျိုး ဘ၀မျိုးဖြင့်သာလျှင် အမျိုး၊ ဘာသာ၊ သာသနာအတွက် မဆောင်ရွက်ဘဲ နေမည်လော၊ အရာအားလုံးသည် သင်၏ လက်တွင်ရှိနေပါသေးသည်။

ယခုဖတ်ရမည့် ပုပ္ဖ၀ဂ်ကမူ လှပသောပန်း၊ မွှေကြိုင်သောပန်း၊ အသီးပေးသောပန်းတစ်ပွင့် ဖြစ်စေရန် လောက လူသားများအား လမ်းညန်ပြပေလိမ့်မည်။ ပန်းကို ရွေးချယ်တတ်သော ကျွမ်းကျင်သော လူသား၊ ပန်းသီကုံး နေသော လူသား၊ ရနံ့သင်းသောပန်းကို နှစ်သက်တတ်သော လူသား၊ တင့်တယ်လှပသော ပန်းကို ပန်ဆင်သောလူသား၊ ပန်းပွင့်ပုံကြီးကို ပြုလုပ်တတ်သောလူသား၊ ရနံ့သင်းသော ပန်းနှင့်တူသော လူသား၊ ရနံ့ မသင်းလှသော အလှပန်းမျှထက် သာလွန်သော ထူးခြားလူသား ဖြစ်စေရန် အားထုတ်တတ်ရပေမည်။

ပန်းကို ကောင်း၏၊ မကောင်း၏၊ လှ၏၊ မလှ၏ ရနံ့သင်း၏၊ ရနံ့ကင်း၏ စသည့်အရည် အသွေးများကို ရွေးချယ်တတ်သော သူမှာ အရိယာများသာ ဖြစ်သည်ဟု ဆိုထားပါသည်။ မှန်ပေသည်။ ပုထုဇဉ်တို့ကမူ မမြဲသည်ကို ထာဝရဟု ထင်တတ် ကြလျက်၊ မတင့်တယ်သည်ကိုလည်း မယ်ကမ္ဘာရွေးပွဲလုပ်၍ အလှဆုံးပါဟု ပြောနေတတ်ကြပေသည်။ အရိယာမျက်လုံး မတပ်သရွေ့ အရာအားလုံးသည် ပြောင်းပြန်တွေချည်း ဖြစ်နေ ပေမည်။ မစွဲလမ်းသင့်သည့် အရာများကိုလည်း အစွဲကို ချွတ်မရအောင်ပင် သန်မာလွန်းလှပေသည်။ ထို့ကြောင့်လည်း ပုထုဇဉ် ဖြစ်နေရပါသည်။ သို့ပေမင့် သူတော်ကောင်းတရားကို မြတ်နိုးရမှန်းသိကြပါလျှင် တစ်စတစ်စ အမြင်မှန် ရကြပါလိမ့်မည်။ ပန်းကောင်းပန်လိုလျှင် အရိယာစိတ်မွေးကြပါဟု တိုက်တွန်းရပေသည်။

ဒုတိယ၀တ္ထုတွင် ဖေါ်ပြထားသည်မှာ သံသရာ ၀ဋ်ဆင်းရဲကို ဇွတ်ဆွဲစရာမလိုပဲ ၀ဋ်ဆင်းရဲ ပျော်နေကြသည်မှာ မာရ်နတ်မင်း၏ ပန်းကုံးကို သဘောကျနေသူများ ဖြစ်ကြသည်။ ငရဲပန်းကို ရွှေပန်းဟု ထင်မြင်နေကြသူများ ဖြစ်သည်ဟုဆိုပါသည်။ သေမင်း၏ နယ်ပယ်မှ လွတ်မြောက်ရာ၊ သေမင်းမမြင်နိုင်ရာ နိဗ္ဗာန်လိုချင် သူများသည် အရိယာမဂ်ရစေရန် အားထုတ်ကြရပေမည်။

ရရှိထားသော စည်းစိမ်တွေအပေါ်မှာလဲ ယစ်မူး၊ မရသေးသော စည်းစိမ်အတွက်လဲ မျှော်လင့်ပြီး လောဘဇော တိုက်နေသူများကို ပန်းသီးကုံးနေသူများ တစ်နည်းအားဖြင့် တွယ်တာ လွန်းသူများဟု ဆိုထား ပါသည်။ ထိုပုဂ္ဂိုလ်များကို ငရဲပန်းကို ရွှေပန်းအမှတ်ဖြင့် သီကုံးနေကြသူများ ဖြစ်ကြသည်ဟု သိရပါသည်။ သူတို့ကို အိပ်ပျော်နေကြသူများ၊ ကာမဂုဏ်တွင် မရောင့်သူများဟုလည်း တတိယနှင့် စတုတ္ထ၀တ္ထုများ အလိုအရ ခေါ်ဆိုရပါသည်။ ထိုပုဂ္ဂိုလ်များ အိပ်ရေးမ၀မှီ၊ အလိုပြည့်ဝခြင်းမရှိမှီ သေမင်းက သူတို့ကို ခေါ်ဆောင်သွားပြီး ငရဲသို့ ပို့ပေးမည်ဖြစ်သည်ဟု ဆိုပါသည်။ ပန်းသီကုံးသည်ဟုဆိုပါလျှင် ကုသိုလ်နှင့်တူသော ရွှေပန်းကို သီကုံးသင့်ပါသည်။

ပန်းကို ချစ်တတ်သောသူသည် ပန်းပွင့်အရောင်၊ ပန်းပွင့်၏ အလှမျှသာမက ပန်းပွင့်လေးကိုပါ မပျက်စီးစေပဲ ၀တ်ရည်ကို သောက်သုံးတတ်သည့် ပျား၊ ပိတုန်းကောင်လေးများသဖွယ် ဖြစ်ရပေမည်။ လူ့ဘ၀တွင် ဖြစ်လာကြပြီဆိုပါက သူတစ်ပါးနှင့် ဆက်ဆံရာဝယ် မိမိသူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးကို ဖြစ်စေပြီး နေထိုင်၊ စားသောက် တတ်ရပေမည်။ ရဟန်းတော် တစ်ပါး ဖြစ်ပါကလည်း ကြည်ညို ကြသူ အပေါင်း၏ သဒ္ဓါတရားကို ပျက်စီးမသွားစေရန် စောင့်ရှောက်တတ်သူ ဖြစ်ရပါမည်။ ထိုမျှသာမက မိမိ၏ အကျိုးဖြစ်သည့် မဂ်လေးပါးနှင့် ဖိုလ်လးပါးကို ကိုယ်ပိုင်ရအောင်ယူတတ်သူ ဖြစ်ကြရပါမည်။ ပျားကောင်လေးများ ပျားရည်ဖြစ်သည်အထိ ဆောင်ရွက်နိုင်သည်နှင့် အတူ အရိယာမဂ်ရရန် ဆောင်ရွက် နိုင်စွမ်း ရှိကြရပေမည်။ သို့မှသာလျှင် ရနံ့သင်းသောပန်းကို နှစ်သက်တတ်သော လူသားများ ဖြစ်ကြပေမည်။ တင့်တယ်လှပသော ပန်းကို ပန်ဆင်သော လူသားတစ်ဦး ဖြစ်ရန်မှာမူ သူတစ်ပါး၏အဖြစ်ကို ရှူမနေဘဲ မိမိ၏ လိုအပ်ချက်များကိုသာ အစဉ်ဖြည့်စွက် နေသင့်ပါသည်။ အကျိုးရှိသောစကားကိုပင် လိုအပ်သလို ပြောတတ်ပြီး ယင်းစကား များကိုလည်း ရိုရိုသေသေ နားထောင်တတ်သူဖြစ်ကာ ပိဋကတ်စာပေများကို လေးစားစွာ ဖတ်ရှုနေသူ ဖြစ်သင့်ပေသည်။ သို့မှသာလျှင် ပြောဆိုသောအခါတွင် ပါးစပ်မှ စကားကောင်းထွက်ပြီး အကျိုးရှိသောဘ၀ကို ပြည့်ပြည့်၀၀ရသူ တစ်ဦး ဖြစ်ပေမည်။ ဤသည်တို့မှာ ပဉ္စမ၊ ဆဋ္ဌမ၊ သတ္တမတို့မှ ပေးလိုက်သော ပန်းလက်ဆောင် စကားများ ဖြစ်ကြပါသည်။

ပန်းပွင့်ပုံကြီးကို ပြုလုပ်တတ်သော လူသားဆိုသည်မှာ အဋ္ဌမမြောက် ၀ိသာခါကျောင်း အမကြီး၏ ၀တ္ထုအလိုအရ ကုသိုလ်များများ ဆည်းပူးတတ်သူများ ဖြစ်ကြပါဟု ဆိုလိုပေသည်။ ကုသိုလ်စုဆောင်းကြပါဟု တိုက်တွန်းရခြင်းမှာ လူသားသည် သေမျိုးဖြစ်ရာ အချိန်မရွေးလည်း သေနိုင်သဖြင့် အသေမဦးမှီ ကုသိုလ်ဦးစေရန် ရည်သန်၍ ပြောဆိုရပါသည်။ ကုသိုလ်ဆိုသည်မှာ အပြစ်မရှိခြင်း၊ ကောင်းကျိုးကို ပေးခြင်း၊ သိတတ်သူများ၏ ချီးမွမ်းခံရခြင်းဟူသော ဂုဏ်အထူးတို့နှင့် ပြည့်စုံသော အလုပ်ဖြစ်ပေသည်။ ကုသိုလ်ပြုပါလျက် အထက်ပါအတိုင်း မဖြစ်ဟုဆိုပါလျှင် အကုသိုလ်တွေခြံရံပြီး ဆောင်ရွက်မိသောကြောင့် ဖြစ်ပေသည်။ သို့မဟုတ် မိမိကပင် ကုသိုလ်နှင့် အကုသိုလ်ကို ခွဲခွဲ ခြားခြား နားမလည်တတ်သေးသူ တစ်ဦး လည်း ဖြစ်နိုင်ပါသည်။ ကုသိုလ်များများ စုစည်းနိုင်ရန် အရေးကြီးသည့် အချက်နှစ်ရှိပါသည်။ များပြားသော သဒ္ဓါနှင့် မကုန်ခမ်းနိုင်သော ဥစ္စာဖြစ်ပေသည်။ သဒ္ဓါ နှင့် ဥစ္စာ တစ်ခုခုက နည်းသွားပါကလည်း ကုသိုလ်များများ စုစည်းနိုင်ရန် မဖြစ်ပေ၊ အဋ္ဌကထာ ဆရာကမူ ၀ိသာခါ ကျောင်းအမကြီးကို ဥပမာထုတ်ဆောင် ပြပါသည်။

အမြစ်၊ အနှစ်၊ အပွင့်သုံး မျိုးသည် အနံ့ဖြစ်စေရန် နေရာသုံးမျိုး ဖြစ်ပေသည်။ ထိုမွှေးသောရနံ့တို့သည် လေယူရာယိမ်းပြီး၊ လေတိုက်သည့် ဖက်သို့တိမ်း ကြပြီးလျင် လေစုန်သို့သာ ရနံ့ကို လွှတ်တတ်ကြပေသည်။ ရနံ့ကို လေညာသို့ ပြန်တက်စေသည့် ထုံးစံ မရှိပေ။ အရပ်လေးမျက်နှာသို့ ရနံ့သင်းအောင် စွမ်းဆောင်နိုင်သည် ဆိုပါလျှင် ပကတိရိုးရိုး သက်မဲ့ပန်းပွင့် မဖြစ်နိုင်ပေ။ ရနံ့သင်းသော ပန်းနှင့်တူသော လူသား၏ အစွမ်းသာလျှင် ဖြစ်ပေမည်။ အစွမ်းအစဟူသည် မိမိစွမ်းနိုင်သည့် အစလေးကို ထုတ်ပြီးသုံးတတ်ပါမှ ပေါ်ထွက်လာတတ် ပေသည်။ စွမ်းနိုင်ပါလျက် အစကို မထုတ်လျင်၊ ထုတ်မသုံးတတ်လျင် အစွမ်းလည်း မရှိနိုင်၊ အစလည်း မပေါ်နိုင်ပေ။ အစမှ မရှိလျှင် အဆုံးသည် မည်ကဲ့သို့ ဖြစ်လာချေမည်နည်း။ သို့အတွက် အစွမ်းအစရှိသူ တစ်ဦး ဖြစ်ရန် လိုပေသည်။ အမှန်ကို စောင့်ရှောက်တတ်သော သူသည် စွမ်းနိုင်သူ ဖြစ်ပေသည်။ အမှန်ဟူသည်မှာ သီလရှိသည်ကို ဆိုလိုပါသည်။ သီလလုံခြုံသူသည် မိမိစောင့်ရှောက်သည်ဟု ထင်ရသော်လည်း သူတစ်ပါးကို အလိုလို စောင့်ရှောက်ပြီးသား ဖြစ်သည်။ ပါဏာတိပါတ လုံခြုံသူသာ ဖြစ်ပါစေ သူတစ်ပါးအသက်ကို ကယ်သူ ဖြစ်သွားပေသည်။ အဒိန္နာဒါန လုံခြုံသူသည် သူတစ်ပါး၏ ဥစ္စာကို လုံခြုံစေသူ ဖြစ်ပေသည်။ ကာမေသု မိစ္ဆာစာရ လုံခြုံသူသည် မိမိသူတစ်ပါးတို့၏ မိသားစုကို ထိန်းသိမ်းပြီးသား ဖြစ်သွားပေသည်။ ဤသို့ဖြင့် သီလကို လုံခြုံသူများသည် စွမ်းနိုင်သူများ ဖြစ်ပေသည်။ သူတို့၏ ရနံ့သည် အမှန်တရား၏ ဘက်တော်သားများ ဖြစ်သဖြင့် ဂုဏ်သူဋ္ဌေးကြီးများဟု သူတို့ကို ခေါ်ဆိုရမည် ဖြစ်ပေသည်။ ပစ္စည်းဥစ္စာ ချမ်းသာသည်ထက် သီလဂုဏ်က အရေးကြီးပေသည်။ ပစ္စည်းဥစ္စာ ချမ်းသာမှုသည် လိုအပ်ချက်ဖြစ်သော်လည်း မရှိမဖြစ် မဟုတ်ပေ။ သို့သော် ဆင်းရဲမွဲတေသည်မှာလည်း မင်္ဂလာတော့ မဖြစ်ပေ။

အရှင်အာနန္ဒာမထရ်အကြောင်း ရေးထားသော ဤန၀မ၀တ္ထုတွင် ပါရှိသည့် သီလ အစွမ်းအစကိုပင် ဒသမ၀တ္ထုတွင် ဆက်လက် ဆွေးနွေးထားပါသည်။ အရှင်မဟာကဿပမထေရ်၏ အကြောင်းဖေါ်ပြထားသော ထိုဒသမ၀တ္ထုတွင် အဘယ်အတိုင်းအတာရှိသော သီလ၏ အစွမ်းသည် အရပ်မျက်နှာများသို့ ပြန့်နှံ့ပြီး ဖြန့်နိုင်စွမ်း ရှိလေသနည်းဟု မေးမြန်းသူအတွက် အဖြေပြထားပါသည်။ သီလ၏ အစွမ်းဟူသည် နည်းသည်ဟူ၍ မရှိပေ။ မွှေးတတ်သော ပန်းပွင့်သည် သေးငယ်သော်လည်း မွှေးသည့်အစွမ်း ရှိသည်သာ ဖြစ်ပေသည်။ သီလမှာမူ ကုသိုလ်ဖြစ်သဖြင့် သေးသည်၊ ငယ်သည်၊ နည်းသည်ဟု မဆိုသင့်ပဲ စင်ကြယ်သည်သာ ဖြစ်ပါစေ စွမ်းအားကြီးလှပါသည်။

ပုပ္ဖ၀ဂ် တစ်ဆယ့်နှစ်ဝတ္ထု အဖွင့်ခံ (၁၆) ဂါထာတို့တွင် ပန်းပွင့် (ပုပ္ဖ) ဟူသော အသုံးအနုန်းကို ၀တ္ထု ရှစ်ခုတွင်သာ သုံးစွဲပြီး ရနံ့သက်သက် (ဂန္ဓ) ဟူသော စကားလုံးကို နှစ်ဝတ္ထုတွင်သာ သုံးထားသည်ကို တွေ့ရပါသည်။ ကျန်သော ၀တ္ထုနှစ်ခု၏ ဂါထာများတွင်မူ ပန်းပွင့် (ပုပ္ဖ) ဟူ၍လည်း မပါ၊ ရနံ့သက်သက် (ဂန္ဓ) ဟူ၍လည်း မရှိဘဲ ဟောကြားထားသည်ကို လေ့လာ တွေ့ရှိရပါသည်။

ရနံ့ မသင်းလှသော အလှပန်းမျှထက် သာလွန်သော ထူးခြားလူသားဖြစ်ရန်မှာမူ ဘ၀ကို နွံမနစ်စေဘဲ ရုန်းထွက် တတ်ကြရပေမည်။ မစင်ကြယ်သော၊အနံ့ဆိုးလှသော အမှိုက်ပုံပေါ်တွင် ပေါက်ပြီး ပွင့်လာသော ပန်းတစ်ပွင့်သည် မည်သို့ပင် ဆိုစေကာမူ လူအများက နှစ်သက်စဖွယ် ဖြစ်ပေသည်။ ပုထုဇဉ် လောကသည်လည်း အမှိုက်ပုံစဖွယ် မစင်ကြယ်လှပေ၊ သီလ မဖက်ကြသဖြင့် အနံ့အသက်လည်း မကောင်း လှပေ။ သို့သော် ပုထုဇဉ်သည် အမှိုက်ကနေ ရွှေဖြစ်အောင် လုပ်တတ် ကြရပေမည်။ အမှိုက်ကနေ ရွှေဖြစ်အောင် လုပ်တတ်သူသည်သာ လူစွမ်းကောင်း ဖြစ်ပေသည်။ သူတော်ကောင်းများသည်လည်း အမှိုက်ဘ၀မှ ရွှေဖြစ်သွားသူများသာ ဖြစ်ပါသည်။ သူတို့သည်လည်း အရိယာအဖြစ် မွေးဖွားလာခဲ့ကြ ကတည်းက ဖြစ်ခဲ့သည် မဟုတ်ပေ။ မွေးဖွားနိုင်သည်ပင် ဖြစ်ပါစေဦး အရေအတွက် မျာများရှိမည် မဟုတ်ပါ။

ပထမနှစ်ဝတ္ထု နှင့် န၀မ၊ ဒသမ၊ ဧကာဒသမ ငါးဝတ္ထုတို့တွင် ရဟန်းတော်များအကြောင်း၊ တတိယတွင် ၀ိဋဋူပ၀တ္ထုနှင့် စတုတ္ထတွင် နတ်သားခင်းပွန်းဟောင်းကို တောင့်တပြီး ကုသိုလ်ပြုသူတစ်ဦး အကြောင်း၊ ပဉ္စမတွင် သူဋ္ဌေးကြီးဦးကပ်စီးအကြာင်း၊ ဆဋ္ဌတွင် တက္ကတွန်းအကြောင်း၊ သတ္တမတွင် ပိဋကတ်သုံးပုံ ဆောင် ဒကာတစ်ဦး အကြောင်း၊ အဋ္ဌမတွင် ရှည်လျားပြီး မှတ်သားစရာများလည်း စုံလင်သော ၀ိသာခါ ကျောင်း အစ်မ ကြီးဝတ္ထုတို့ဖြင့် ဤပုပ္ဖ၀ဂ်သည် ရဟန်း၊ မင်းသား၊ ဒါယကာ၊ ဒါယိကာမ၊ တက္ကတွန်း အကြောင်း စုံစုံလင်လင် ဖေါ်ပြသော ၀ဂ်တစ်ခု ဖြစ်ပါသည်။

ဝိဋဋူပ၀တ္ထုတွင် ရဟန်းတော်များ မကြွလိုသော နေရာ၏ ပြစ်ချက်ကိုးခုကို အင်္ဂုတ္တရနိကာယ န၀ကမှ သာဓပြု တင်ပြထားသည်ကို တွေ့ရပါသည်။ အမျိုးသား၊ အမျိုးသမီး မည်သူက ပဓာနဖြစ်သနည်းဟူသော ပြဿနာကိုလည်း ဖြေပြထားပါသည်။ ဤအဖြေကိုသိလိုပါက အနောက်တိုင်းသားများ၏ နာမည် မှည့်ခေါ်ပုံကို ကြည့်ပါက သိရပေမည်။ ၀ိသာခါဝတ္ထုတွင် အမျိုးသမီးများ၏ ကောင်းခြင်းငါးဖြာကို ဖေါ်ပြထာပြီး၊ မင်္ဂလာပွဲဆင်နွဲကြပြီးတွင် အိမ်ထောင်ဦးစီးအိမ်သို့ လိုက်ပါမည့် အမျိုးသမီးများအတွက် သြ၀ါဒ ဆယ်ချက်ကိုလည်း ဖတ်ရပါသည်။ အရိယာပုဂ္ဂိုလ်များ စိတ်မဖေါက်ပြန် နိုင်တော့ပုံကိုလည်း မှတ်သားဖွယ် ဆုံးဖြတ်ချက် အဖြစ် တွေ့ရပါသည်။ နိဗ္ဗာန်ရောက်သောသူ၏ ၀ိဥာဉ်ကိုရှာဖွေသော မာရ်နတ် အကြောင်းကိုလည်း ဖေါ်ပြထားပါသည်။ တစ်ဆယ့်နှစ်ခုမြောက် ၀တ္ထုတွင် ဗုဒ္ဓနှင့် ဗုဒ္ဓသာဝကများ၏ ဂုဏ်ကျေးကို မသိတတ်သူများကို ပညာစက္ခုမရှိသူများဟု သုံးစွဲထားသည်ကို တွေ့ရပြီး ပညာစက္ခုရှိအောင် လက်တွေ့ ဆောင်ရွက်ကြည့်ကြပါဟု တိုက်တွန်းရေးသားရပါသည်။ ပုပ္ဖ၀ဂ်သည် ပန်းနှင့် ဥပမာပြဆိုပြီး တရားဓမ္မများကို ဟောတော်မူထားပါသည်။ ပန်းနှင့်တူအောင် ကျင့်တတ်သော သူများ ဖြစ်ကြပါလျင် အကျိုးများပေမည်။ ပွင့်သောပန်းတိုင်း မမွှေးနိုင်သော်လည်း မိမိတို့သည် မွှေးသော၊ လှသော ပန်းပမာ စွမ်းနိုင် သူများဖြစ်ရန် လိုပါသည်။

ဆောင်းပါးမှတ်စုများ

၁။ ဓမ္မပဒအဋ္ဌကထာ အပ္ပမာဒ၀ဂ်

၂။ အင်္ဂုတ္တရနိကာယ၊န၀ကပါဠိ

၃။ ခုဒ္ဒကနိကာယ

စာရေးးသူ၏အာဘော်

ဗုဒ္ဓဘာသာဝင်များ သိသင့်သည့် ဘုရားစကားတော်များကို သိစေရန်ဖြစ်ပါသည်။

ဆရာတော် ဒေါက်တာအရှင်နန္ဒက

ဓမ္မဒူတကျောင်း၊ ဘူဖျောင်းရပ်ကွက်

အင်ချွန်းမြို၊တောင်ကိုရီးယား

Read more...

*မာရ် ၅-ပါး*

12/06/2010 တောသားလေး , Posted in , 0 Comments

(၁) ရွှေပလ္လင်တော်မြတ်ကို စစ်တပ်နှင့် တိုက်လုသော မာရ်နတ်သားကို “ဒေ၀ပုတ္တမာရ်” ခေါ်သည်။
(၂) ကိလေသာ ၁၀-ပါး၊ သို့မဟုတ် ၁၅၀၀ ကိလေသာကို “ကိလေသမာရ်” ခေါ်သည်။
(၃) ဘ၀သစ်အဖို့ ပစ်ချစီမံ ပြုပြင်တတ်သောကံကို “အဘိသင်္ခါရမာရ်” ခေါ်သည်။
(၄) ရဟန္တာ မဖြစ်မီအတွင်း ကုသိုလ်ကံ အကုသိုလ်ကံတို့၏ စီမံပစ်ချရာ ဘ၀သစ်၌ ဖြစ်ရလတ္တံသော ခန္ဓာငါးပါးကို “ခန္ဓမာရ်” ခေါ်သည်၊
(၅) သေရခြင်းသဘောကို “မစ္စုမာရ်” ခေါ်သည်။
ဝိသုဒ္ဓိမဂ်၊ ၂၀၄။ အပါဒါန်။ ဠ။ ပ-အုပ် ၁၁၉။

ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

တောသားလေး

Read more...

ခွင့်လွှတ်ခြင်းဆိုတာ

Sunday, December 5, 2010



ကိုယ်နဲ့ရင်းနှီးတဲ့သူ ခင်မင်တဲ့သူကပဲ ကိုယ့်ကိုအများဆုံး ဒုက္ခပေးနိုင်တာနော်။ ကိုယ့်ကိုတခါမှ မမြင်ဘူးတဲ့သူ တခါမှမကြားဖူးတဲ့သူက ကိုယ့်ကိုစိတ်ဆင်းရဲအောင် လုပ်ပါတယ်ဆိုတာ ဘယ်နှစ်ခါကြုံဖူးသလဲ။ အင်မတန် ရှားပါတယ်။ အဲဒီလူအားလုံးကို နားလည်ပြီးတော့ ခွင့်လွှတ်ဖို့ လိုတယ်။ ကိုယ့်ကို တစ်နည်းနည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်မိတာတွေထဲမှာ ဘယ်နှစ်နည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်လို့ရသလဲ။ လုပ်မိတတ်သလဲ။ မှတ်ထားတာ ၉-မျိုးတွေ့တယ်။ ကိုယ့်ဟာကိုလည်း နောက်ထပ်ဖြည့်ပြီးတော့ စဉ်းစားပါနော်…

Disappointment– ကိုယ့်မျှော်လင့်သလို ဖြစ်မလာလို့ စိတ်ဆင်းရဲရတာ၊ ကိုယ့်ကိုမျှော်လင့်ချက်တစ်ခု၊ ကတိတစ်ခု ပေးပြီးတော့ ကတိအတိုင်းမတည်လို့ စိတ်ဆင်းရဲရတာ…

Rejection– ကိုယ့်ကို နေရာမပေးတာ၊ အသိအမှတ်မပြုတာ၊ ကိုယ့်ကိုပယ်တာ၊ မဆက်ဆံပဲနေတာ၊ လူရာမသွင်းတာ၊ ကိုယ့်စကားကို လေးလေးစားစား နားမထောင်တာ၊ မမြင်ဟန်ဆောင်နေတာ၊ သာရေးနာရေးမဖိတ်ပဲ မေ့ထားလိုက်တာ…

Abandonment– စွန့်ပစ်တာ၊ ပစ်ထားခဲ့တာ…

Ridicule– လှောင်တာ၊ ပြောင်တာ၊ သရော်တာ…

Humiliation ဂုဏ်သိက္ခာ ကျသွားအောင်ပြောတာ၊ အထင်သေးသွားအောင်ပြောတာ၊ ရှက်သွားအောင်ပြောတာ…

Betrayal– သစ္စာဖောက်တာ၊ ယုံလို့ ပြောပြထားတဲ့ လျှို့ဝှက်ချက်တွေကို သူများကိုပြောလိုက်တာ၊ တစ်ယောက်ပေါ်တစ်ယောက်စောင့်စည်းရမှာကို မစောင့်စည်းဘူး။ ဖောက်ပြားတာ…

Deception– လှည့်စားတာ၊ လှည့်တယ် ပတ်တယ် လိမ်တယ် ညာတယ် ပရိယာယ်အမျိုးမျိုးသုံးတယ်။ တစ်ယောက်ကိုတစ်ယောက် မယုံတော့ဘူး။ လုပ်ငန်းတွေမအောင်မြင်တာ၊ ပျက်စီးတာ အမှန်တော့ ယုံကြည်စိတ်ချထိုက်တဲ့ အခြေအနေမရှိတော့လို့ပဲ…

Physical Abuse– ရိုက်တာ၊ နှက်တာ၊ လက်သီးနဲ့ထိုးတာ၊ ပါးရိုက်တာ၊ တုတ်နဲ့ရိုက်တာ၊ မီးနဲ့ရှို့တာ၊ အပ်နဲ့ထိုးတာ…

Emotional Abuseဆိုတာ စိတ်ဆင်းရဲအောင်လုပ်တာ၊ ပစ်ပယ်ထားတာ၊ အဖက်မလုပ်တာ၊ တုံးတယ်၊ အတယ်၊ ဖျင်းတယ်၊ ကြောင်တယ်၊ ပေါတယ်၊ ရူးနေတယ်၊ ယုတ်မာတယ်၊ အသုံးမကျဘူး၊ အဖြစ်မရှိဘူး စသည်ဖြင့် ထပ်ခါထပ်ခါ ပြောတာ။ စိတ်ဆင်းရဲအောင်ပြော အမျိုးမျိုးခြိမ်းခြောက်တာကို ခေါ်တယ်။…

ခွင့်မလွှတ်နိုင်ရင် အဲဒီခံစားချက်က လွှမ်းမိုးနေလို့ ကိုယ့်ဘဝဟာ ပုံပျက်ပန်းပျက် ဖြစ်သွားတယ်။ ကိုယ့်ဘဝဟာ ရှေ့သွားမယ့်လမ်း မဖြောင့်ဖြူးတော့ဘူး။ လောကီရေးမှာလည်း တိုးတက်မှု ကြီးပွားမှုဖြစ်ဖို့ ခဲယဉ်းသွားတယ်။ ပိုပြီးတော့ အရေးကြီးတာက တရားဖက်မှာလည်း တိုးတက်မှု ကြီးပွားမှုဖြစ်ဖို့ အင်မတန်ခဲယဉ်းသွားတယ်။

ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။ အထက်စီးက နေတာလည်း မဟုတ်ဘူး။ အောက်ကျို့တာလည်း မဟုတ်ဘူး။ ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို လွတ်လပ်မှု ပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့် ပေးလိုက်တာပဲ။

ခွင့်လွှတ်တယ်ဆိုတာ ဘေးလူမြင်ကောင်း ကြားကောင်အောင် လုပ်တဲ့အလုပ် မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာတကယ် လွတ်လပ်မှု ရသွားအောင် တကယ် ငြိမ်းချမ်းသွားအောင် လုပ်တဲ့အလုပ် ဖြစ်တယ်။

ရန်ငြိုးဖွဲ့နေရတာ မုန်တီးနေရတာ မကျက်သေးတဲ့ဒဏ်ရာဟောင်းတွေကို ပြုစုနေရတာနဲ့ ကုန်နေရတဲ့အင်အားတွေကို ပိုပြီးတော့ ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်အောင် လွတ်လပ်အောင် လုပ်တာဟာ ခွင့်လွှတ်တာပဲ။

ခွင့်လွှတ်နိုင်တာဟာ အလွန်ကြီးမားတဲ့ စွမ်းအားတစ်မျိုး ဖြစ်တယ်၊ ကြီးမားတဲ့စွမ်းအင် ဖြစ်တယ်။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓာတ်ရောအသိဥာဏ်ပါ ကြီးမားတဲ့သူရဲ့ လုပ်ရပ်ဖြစ်တယ်။ ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓာတ်အင်အား အသိဥာဏ်အင်အား နည်းသေးတဲ့သူရဲ့ အလုပ်ဖြစ်တယ်။

ခွင့်လွှတ်တယ်ဆိုတာ စာရင်းဟောင်းတွေကို ရှင်းပစ်လိုက်တာဘဲ။ ငါ ဒီခွင့်မလွှတ်နိုင်ခြင်းဆိုတဲ့ ခံစားမှုထဲမှာ ထောင်ကျခံပြီးတော့ မနေတော့ဘူး။ ကိုယ့်ကိုယ်ကို ကိုယ် ထောင်ချထားတာပဲ ဆိုတာကို မြင်ဖို့လိုတယ်။ အဲဒီလို မြင်ပြီးတော့ ကိုယ့်ထောင်တံခါးကိုကိုယ် ဖွင့်ပြစ်လိုက်တာပဲ။

ဒီဒေါသစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးကလေးပဲ ဒေါသစိတ်ကလေးဟာ ငါ မဟုတ်ဘူး သူသဘာဝနဲ့သူပဲ။ အဲဒီလိုစိတ်ကလေးကို ငါ မဟုတ်တဲ့စိတ်ကလေးအနေနဲ့ ဒေါသစိတ်ကလေးအနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။

You are more available to other people.
ကိုယ်က စိတ်ငြိမ်းချမ်းမှု ရှိနေတဲ့အခါမှာ ကိုယ့်ကိုယ်ကို သူများအတွက် ပိုပေးနိုင်တယ်။ သူများကို ပိုပြီး အာရုံပြုနိုင်တယ်။ အကူညီပေးနိုင်တယ်။ ကိုယ်ချင်းစာနိုင်တယ်။ သူတို့ပြောတာတွေကို သေသေချာချာ နားလည်နိုင်အောင် နားထောင်နိုင်တယ်။ စဉ်းစားနိုင်တယ်။

To error is human. But to forgive devine.
လူဆိုတာမှားတတ်ပါတယ်။ ဒါပေမယ့် ခွင့်လွှတ်ခြင်းဟာ မြင့်မြတ်ပါတယ်။ တကယ်တော့ သူများကို ဒုက္ခရောက်အောင် မလုပ်ဘူးတဲ့သူဟာ မရှိပါဘူး။ ခွင့်လွှတ်တယ်ဆိုတာ အင်မတန်နက်နဲ ပါတယ်။ အပြစ်မတင်တော့ဘူးဆိုရင် ခွင့်လွှတ်နေဖို့လည်း မလိုတော့ဘူးနော်။ ခွင့်လွှတ်စရာ မလိုတော့ဘူးဆိုရင် ဘယ်လောက် လွတ်လပ်ပြီးတော့ ဘယ်လောက်အေးချမ်းသွားမလဲ နော်။

ကိုယ်လုပ်ခဲ့သမျှကို ပြန်ကြည့်ပြီးတော့ မှားတာကိုတော့မှားပါတယ်လို့ ရိုးရိုးသားသား တိတိကျကျ ဝန်ခံဖို့လိုတယ်။ ပြီးရင် ငါ့ကိုယ်လည်းငါ ခွင့်လွှတ်လိုက်မယ်။ ရှေ့လျှောက် ငါကောင်းတာတွေ လုပ်တော့မယ်။ နောင်တရပြီးတော့ တစ်နေ့တစ်နေ့ အချိန်မကုန်ချင်တော့ဘူး။ ငါ ဘယ်သူ့အပေါ်မှာမှ မကျေနပ်မှုမရှိဘူး။ ဘယ်သူ့ကိုမှ ရန်ငြိုးလည်း မထားဘူး။ ကလဲ့စားလည်း မချေဘူး။ ငါအပေါ်မှာလည်း ဘယ်သူကမှ မုန်းတီးနေတာ ရန်ငြိုးထားနေတာ နာကျည်းနေတာ မရှိဘူးဆိုတာလေး သိသွားရရင် တော်တော်ကောင်းမှာဘဲနော်…

ဆရာတော်ဦးဇောတိက
http://www.sainoomkhay.tk/ မှကူးယူဖော်ပြပါသည်။

Read more...

အခက်အခဲအကျပ်အတည်းကာလ ဖြတ်သန်းကျော်လွန်တဲ့ လမ်း

ဘ၀မှာ မကြာခဏ မမျော်လင့်တဲ့အလှည့်အပြောင်းများနဲ့ တွေ့ကြုံရပါတယ်။ ဒါဟာ သောကပဋိဒေ၀များနဲ့ နာကျင်မှုများက တစ်ဦးတစ်ယောက်ကိုမှ ချမ်းသာမပေးဘူးဆိုတဲ့ စကြ၀ဠာဆိုင်ရာအမှန်တရားတစ်ခု ဖြစ်ပါတယ်။
ဒီနောက် အဲဒါတွေဆိုက်ရောက်လာတဲ့အခါ အကျိုးဆက်ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများက လပေါင်းများစွာ - အချို့ နှစ်နဲ့ချီ၍တောင် ကြာနိုင်ပါတယ်။ အကျွန်ုပ်တို့ ယုံကြည်တဲ့ အရေးစိုက်ထားတဲ့သူများမှ သစ္စာဖောက်ခြင်းများ၊ ဖောက်ပြန်ခြင်းများနဲ့ လှည့်စားခြင်းများကို ဘယ်တော့မှ ကြိုတင်မမျော်မှန်းနိုင်- ကြိုတင်မတွက်ဆနိုင်ပါဘူး။

ဒါပေမယ့် တကယ့်ဒီစိတ်ဒဏ်ရာနဲ့ပတ်သက်တဲ့ အတွေ့အကြုံများက ဘ၀ရဲ့အလှည့်အပြောင်းများလည်း ဖြစ်ပါတယ်။ အတွေ့အကြုံများ ဒါမှမဟုတ် သူ့ဟာသူဖြစ်ပျက်နေခြင်းများက အဲဒါနဲ့ပတ်သက်လို့ သင်သိမြင် နားလည်ထားသလောက် အရေးပါချင်မှလဲပါပါလိမ့်မယ်။ ဖြစ်ပျက်ပြီးတဲ့အရာများကို သင်ကိုင်တွယ် ဖြေရှင်းဖို့နည်းလမ်းကတော့ ခြားနားအောင်ပြုလုပ်တဲ့အရာပဲ ဖြစ်ပါတယ်။

ဒီလိုအဖြစ်အပျက်များဖြစ်ပွားလာတဲ့အခါ သင့်ရဲ့စိတ်နဲ့နှလုံးသားများဟာ ဆုံးရှုံးရလေခြင်းဆိုတဲ့ခံစားချက်များ၊ မျော်လင့်ချက်ကင်းမဲ့မှုများ၊ အရှုံးပေးလိုစိတ်များ လွှမ်းမိုးလာပါလိမ့်မယ်။ အကြွင်းအကျန်များကို ဖြေရှင်းခြင်းမပြုလျင် အဲဒီစိတ်ဒဏ်ရာအတွေ့အကြုံများက ခနာကိုယ်ရဲ့ရှိရင်းစွဲ ကိုယ်ခံအားများကို ဖုံးဖိ သိုသိပ်ထားနိုင်ပါတယ်။ ပြီးနောက် သင့်ကို အားနည်းတဲ့မကျန်းမာမှုများ-ရောဂါများကို ချန်ထားခဲ့နိုင်ပါတယ်။

ပထမဆုံးအခိုက်အတံ့ဟာ ဘယ်လောက်ပဲဆိုးဝါးနေပါစေ အကြောင်းမဟုတ်ပါ။ လတ်တလောဖြစ်ခြင်းများ- အခြေအနေများဟာ နောက်ဆုံးမဟုတ်သလို သေဆုံးခြင်းလည်းမဟုတ်ပါ။ ပုဂိုလ်ရေးဆိုင်ရာ စိတ်ဒဏ်ရာ ဒါမှမဟုတ် ခံစားမှုပိုင်းဆိုင်ရာ အနှောင့်အယှက်များဟာ ကျော်လွှားလို့ မရနိုင်တာတော့မဟုတ်ပါ။
ဤသို့သော လတ်တလောဖြစ်တဲ့ အလွန်ပြင်းထန်တဲ့အခက်အခဲများကို ကျော်လွှားဖို့အတွက် သည်းခံဖို့- နားလည်မှုပေးဖို့ လိုအပ်ပါတယ်။ အတောင့်တဆုံး ကြီးမားတဲ့ရုပ်ပုံကားချပ်ကို ချက်ချင်းလက်ငင်း ကျော်လွန်ကြည့်တဲ့ သိမှုတစ်ခုကို လိုအပ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာအရ ပြဿနာအားလုံးနဲ့ အနှောင့်အယှက်အားလုံးဟာ လူများ-အဖြစ်အပျက်များ-နေရာများမှတဆင့် ပြုမူလုပ်ဆောင်တဲ့- ဘ၀မှအကျွန်ုပ်တို့အတွက် သင်ခန်းစာမျှသာ ဖြစ်ပြီး အကျွန်ုပ်တို့ရဲ့ ကိုယ်တိုင် ဆင့်ကဲဖြစ်စဉ်များဆီသို့ ဦးတည်နေပါတယ်။
ဘ၀မှာ full stop-များ ဆိုတာ မရှိပါ။ comma-များသာ ရှိပါတယ်။

အကျွန်ုပ်တို့ရဲ့သင်ခန်းစာများကို အဆောတလျင်သင်ယူလေလေ အကျွန်ုပ်တို့ရဲ့ဘ၀ဟာ နောက်ထပ်လိုက်ဖက်တဲ့ပုံစံတစ်ခုမှာ ရှေးတိုး ရွေ့လျားနိုင်လေလေ ဖြစ်ပါတယ်။ ပုဂိုလ်ရေးအကျပ်အတည်း ချောမွေ့မှုများနဲ့ ပတ်သက်လို့ ရုပ်ပိုင်းဆိုင်ရာ-စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခများမှတဆင့် လမ်းကို ပြုလုပ်ဖို့ နားလည်သဘောပေါက်နိုင်တဲ့ အချို့အဆင့်များ ရှိပါတယ်။

ပထမဆုံး သင့်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ နာကျင်မှုများ- တလွဲထင်မှုများနဲ့ အမှားမှားအယွင်းယွင်း ဖြစ်မှုများကို လက်ခံပါ။ ဖိစီးနေတဲ့အခြေအနေနဲ့ပတ်သက်လို့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ ရုပ်ပိုင်းဆိုင်ရာအရ သင်ကိုယ်တိုင် ပြုပြင်ဖို့ - သင်ရဲ့ ဘ၀ဟာ ယာယီအခိုက်အတံ့ တင်ကြိုမခန့်မှန်းနိုင်တဲ့ စိတ်ဒဏ်ရာအဖြစ်အပျက်များကို ထက်အောက် ပြောင်းပြန် လှည့်လည်နေပြီ ဆိုတာကို လက်ခံဖို့ - သင်ဟာ လိုအပ်ပါတယ်။

မိမိကိုယ်ကိုယ် ကြီးပွါးတိုးတက်မှုအတွက် အခွင့်အရေးများနဲ့ သင်ခန်းစာများဟာ အခြေအနေသစ်အတွင်းမှာ တည်တယ်ဆိုတာာကို ယုံကြည့်ဖို့ သင်ဟာ လိုအပ်ပါတယ်။ သင်ဟာ သင့်ရဲ့သင်ခန်းစာများကို သင်ယူနိုင်ပြီး အကောင်းဆုံးဖြစ်ဖို့- အပျော်ရွှင်ဆုံးဖြစ်ဖို့နဲ့ တစ်ဦးချင်းအလိုက် ကိုယ်တိုင်အသိ များစွာဖြစ်ဖို့- တိုးတက်ဖြစ်ထွန်းနိုင်တယ်-ဆိုတာကို ယုံကြည်ဖို့ လိုအပ်ပါတယ်။

ဒုတိယအနေနဲ့ သောကဗျာပါရများနဲ့ နာကျင်မှုများဟာ အချိန်ယူတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်ဆိုတာကို လက်ခံဖို့။ လူအသီးသီးဟာ ခြားနားစွာ နာကျင်မှုများကို တွေ့ကြုံကြရပါတယ်။ ပြီးယင် ခြားနားတဲ့ နည်းလမ်းများဖြင့် ခြားနားတဲ့ လှုံဆော်မှုကို ပြုမူကြပါတယ်။ ဒါပေမယ့် လတ်တလောဖြစ်တဲ့ စိတ်ဒဏ်ရာနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်များရဲ့ အကျိုးဆက်တစ်ခုလို ခံစားခဲ့ရတဲ့ စိတ်ခံစားရမှုအချို့ဟာ တွေ့နေကျ ဖြစ်နေကျ ဖြစ်ပါတယ်။

ငြင်းပယ်မှုများ-ဒေါသများ-ကြောက်လန့်မှုများနဲ့ အိပ်မပျော်တဲ့ပြဿနာများ-စားချင်စိတ်ကုန်ဆုံးနေတဲ့ဖြစ်စဉ်များကဲ့သို့ စိတ်ကျရောဂါလက္ခဏာများ - နေ့စဉ်တာဝန်များကိုပြီးမြောက်အောင်ပြုလုပ်ရာမှာ အခက်အခဲများ- ဒါတွေဟာ အကျွန်ုပ်တို့တောက်လျှောက်ဖြတ်သန်းလာတဲ့အဆင့်များပဲ ဖြစ်ပါတယ်။

ကြေကွဲဝမ်းနည်းခြင်း-ဒါမှမဟုတ် အိနြေ္ဒဆည်တဲ့ဖြစ်စဉ်များဟာ အချိန်ယူတယ်ဆိုတာကို အသိအမှတ်ပြုဖို့ အလွန်အရေးကြီးပါတယ်။ တစ်ခါတစ်ရံ လပေါင်းများစွာ- ဒါမှမဟုတ် ဖြတ်သန်းဖို့ အချိန်များစွာ ယူပါတယ်။

တတိယအနေနဲ့ စိတ်သက်သာရာရဖို့အတွက် အချိန်ကိုရှာဖွေပါ။ မိသားစု ဒါမှမဟုတ် ချစ်တဲ့သူ တစ်ဦးဦးထံမှ အကူအညီရယူပါ။ ၀မ်းနည်းပူဆွေးနေတဲ့အချိန်အတောအတွင်း သက်သာရာရခြင်းကို ရှာဖွေဖို့အတွက် သင့်အတွက်အကောင်းဆုံးဖြစ်တဲ့အရာများကို ရွေးထုတ်ပါ။

သဘာဝနဲ့ ရင်းရင်းနှီးနှီူးနီးနီးကပ်ကပ်အချိန်ကို အသုံးပြုခြင်း ဒါမှမဟုတ် ရှေးဖြစ်ဟောင်းပြန်ပြောင်း သတိရသောအားဖြင့် ရှေးကဟောင်းနွမ်းသွားတဲ့စာများ ဓာတ်ပုံများကို လျှောက်လှန်ကြည့်ခြင်းများဟာ ကျိုး ကြောင့်သင့်လျော်တဲ့ရွေးစရာများပဲ ဖြစ်ပါတယ်။

သော့ချက်ဟာ အတွင်းသို့ အဲဒါတွေကို သွတ်သွင်းမျိုသိပ်မည့်အစား သင့်ရဲ့ ၀မ်းနည်းမှုများ-နာကျင်မှုများ ဖော်ပြဖို သင့်ကို ခွင့်ပြုတဲ့ဘယ်အရာပဲဖြစ်ဖြစ် ပြုလုပ်ဖို့ ဖြစ်ပါတယ်။ အတောင့်တဆုံး သင်ချစ်တဲ့ တစ်ဦးတစ်ယောက်နဲ့ အချိန်ကို အသုံးပြုပါ။

သုတေသနသမားများကတော့ အဓိကအခရာကျတဲ့ ဆက်စပ်မှုကို ထပ်ခါတလဲလဲ လက်တွေ့ပြသပြီးပါပြီ။ အဲဒါကတော့ အကျွန်ုပ်တို့ရဲ့လူမှုရေးအထောက်အကူစနစ်များရဲ့ စွမ်းအားနဲ့ - အသီးသီးသောပုဂိုလ်ရေးဆိုင်ရာ ဖိအားများအောက်မှာ - အကျွန်ုပ်တို့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ တွန်းလှန်လွန်မြောက်နိုင်စွမ်းရှိမှု အကြား - အဓိကကျတဲ့ချိတ်ဆက်ပေးမှုပဲ ဖြစ်ပါတယ်။

နောက်ဆုံးအနေဖြင့် ပဋိပက္ခများနဲ့ပြဿများရဲ့ဖြေရှင်းမှုကို အောင်မြင်အောင်ကြိုးစားပါ။ ပုံမှန်အားဖြင့် အကျွန်ုပ်တို့ရဲ့ဝမ်းနည်းမှုများ သောကများရဲ့အကြောင်းဟာ - စိတ်ဒဏ်ရာကိုတွေ့ကြုံနေစဉ် အကျွန်ုပ်တို့ဟာ ဒါကို ရှင်းရှင်းလင်းလင်း မကြည့်ရှု့နိုင်လင့်ကစား - အကျွန်ုပ်တို့ကိုယ်တိုင်ပြုလုပ်တဲ့အရာမှ ဖြစ်ပါတယ်။

အရှုပ်အထွေးများရဲ့အကြောင်းဟာ ဖြစ်နိုင်ခြေအားဖြင့် အကျွန်ုပ်တို့ရဲ့ရွေးချယ်ချက် ဒါမှမဟုတ် အကျွန်ုပ်တို့ရဲ့ ဆုံးဖြတ်ချက်များနဲ့ ပတ်သက်နေတဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။

သတိရဖို့က အကြောင်းပြချက်များနဲ့ပတ်သက်လို့ ငြင်းပယ်ခြင်းများဟာ ပျောက်ကင်းခြင်း ဒါမှမဟုတ် ဖြေရှင်းခြင်းဆီသို့ ဦးမတည်နိုင်ပါ။
လက်သင့်ခံခြင်းက နားလည်သဘောပေါက်ထားတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ရှင်းလင်းစွာ သိမြင်နားလည်ခြင်းတစ်ခု- သင့်တော်တဲ့အပြောင်းအလဲအတွက် ခိုင်မာတဲ့ မှတ်ချက်တစ်ခု- ဒါဟာ အဖြေ ဖြစ်ပါတယ်။

ဆုတောင်းခြင်းနဲ့ကမ္မဌာန်းထိုင်ခြင်းဟာ ပုဂိုလ်ရေးဆိုင်ရာပြဿနာများကို ကျော်လွှားနိုင်ဖို့ တကယ့်ကူညီတဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။ အဲဒါတွေဟာ တည်ငြိမ်မှုကို သယ်ဆောင်လာပြီး အတွင်းသန့်ရှင်းအောင် ပြုလုပ်ခြင်းကို ခွင့်ပြုပါတယ်။

သင် ရင်ဆိုင်နေရတဲ့အရာဟာ စိတ်ပိုင်းဆိုင်ရာဒဏ်ရာများရှိနေတဲ့ အထိခိုက်ခံရတဲ့နှလုးသားတစ်ခု ဖြစ်နေမယ်ဆိုယင် အရိုးကျိုးပဲ့နေခြင်း ဒါမှမဟုတ် အခြားရုပ်ပိုင်းဆိုင်ရာ အပယိကဖျားနာမှုများထက် အလွန် အလွန် သတိထားဖို့ လိုအပ်ပါတယ်။
ဒီနေရာမှာ ချည့်နဲ့သွားတဲ့နှလုံးသားကို ကုသဖို့ လက်တွေ့ကျတဲ့အကြံပြုချက်တွေ ရှိပါတယ်။

ပထမဆုံး ဆောင်ဖို့က -ငြိမ်ငြိမ်သက်သက်နေထိုင်ပါ။ သင်ကိုယ်တိုင် သိမ်မွေ့စွာ ပြုမူဆက်ဆံပါ။ သင်ရဲ့ဒဏ်ရာဒဏ်ချက်တွေကို အသိအမှတ်ပြုပါ။ လက်ခံပါ။ နာကျင်မှုဖြင့်နေထိုင်ပါ။ အဲဒါကို မငြင်းပယ်ပါနဲ့။ ကုသဖို့ အချိန်ယူပါ။ မိသားစုနဲ့ချစ်တဲ့သူထံမှ နှစ်သိမ့်မှုကို လက်ခံပါ။ အရေးကြီးတဲ့ဆုံးဖြတ်ချက်များပြုလုပ်ရာမှာ ဂရုစိုက်ပါ။ ပဋိပက္ခများကို ဖြေရှင်းဖို့ ကြိုးစားပါ။

အဲဒီနောက် ယခု ဆောင်ဖို့က-အထိတ်တလန့်မဖြစ်ပါနဲ့။ ထိခိုက်မှု ဒါမှမဟုတ် အမှားကို မငြင်းပါနဲ့။ အပျက် သဘောဆောင်တဲ့ဆန့်ကျင်ဘက်အရာတွေအပေါ်မှာ မနေထိုင်ပါနဲ့။ အထီးတည်းမနေထိုင်ပါနဲ့။ ပရမ်းပတာ ဖရိုဖရဲအခြေအနေနဲ့ ထိခိုက်နာကျင်မှုများကို ဖန်တီးတဲ့ ရွေးချယ်မှုမျိုး ဒါမှမဟုတ် အဆုံးအဖြတ်မျိုးကို မပြုလုပ်ပါနဲ့။ သင့်ရဲ့ အမှားကို ၀န်ခံဖို့မကြောက်ပါနဲ့။ ဒါမှမဟုတ် အကူအညီယူဖို့ မကြောက်ပါနဲ့။ အဖြစ်ချင်ဆုံး- အလိုချင်ဆုံး - ယုံကြည်မှုကို မဆုံးရှုံးစေပါနဲ့။

Read more...

သံဃာ့ဒါနနှင့် ရဟန်း

အယ်ဒီတာရှင့်

ကျွန်မတို့ ရက်ကွက်တွင် နှစ်စဉ် သံယာ့ဒါဆွမ်းလောင်းရာ သံဃာ ၁၀၀ ကျော် ကြွရောက်လေ့ရှိပါသည်။ ကျွန်မက ဆွမ်းလောင်းလှူသူများ စေတနာ သဒ္ဓါတရားတိုးရန် ဆွမ်းလောင်းခါနီး၌ ကြိုးစားလောင်းကြပါ၊ ရဟန္တာအရှင်မြတ်ကြီးတွေ ဆွမ်းခံကြွနေကြပါတယ်။ ကြည်ညိုသဒ္ဓါတိုးကြပါ။ တကယ့် ရဟန္တာအရှင်မြတ်ကြီးတွေပါဟု ပြောဆိုတိုက်တွန်း စကားဆိုပါသည်။ ကိုယ်တိုင်ကလည်း အဲသည်လို နှလုံးသွင်းပါသည်။ အဲသည်အခါ အမှုဆောင်လူကြီးတစ်ဦးက ညီမ သည်လိုမဆိုပါနှင့်၊ ဆရာတော်တွေကြားလျှင် အလှူခံတော့မှာ မဟုတ်ဘူးဟု လာပြီးတားမြစ်ပါသည်။ စေတနာ သဒ္ဓါတရားတိုးရန် ဤလိုတိုက်တွန်းစကားပြောတာ မှားပါသလား၊ ဆရာတော်တွေ ကြားလျှင်ကော တကယ်အလှူမခံတော့ဘူးလား၊ ဘာသာရေး ပြဿနာအဖြေလွှာရေးတဲ့ ဆရာတော်ကို မေးလျှောက်ပေးပါရန် တောင်းပန်အပ်ပါသည်ရှင့်။

မခင်အုန်း( မြို့မ)

မြတ်သတိဝါဒီ အယ်ဒီတာထံမှ တစ်ဆင့်ရောက်လာသော ပြဿနာစာတစ်စောင်ကို ရရှီပါသည်။ ဒေါ်ခင်အုန်းက သူ၏တိုက်တွန်းစကားကိုကြားလျှင် ဆရာတော်များ ဆွမ်းမခံဘဲ ပြန်ကြွသွားနိုင်ပါသလားဟု မေး၏။ တားမြစ်သော အမှုဆောင်လူကြီး၏ အာဘောဂ နှလုံးသွင်းကလည်း မဆိုးပါ။ ရဟန်းတော်များသည် မိမိရဟန္တာမဟုတ်ပဲ ရဟန္တာဟုဆို၍ လှူသော ဆွမ်းအလှူခံလျှင် ရဟန္တာဟု ၀န်ခံရာရောက်သဖြင့် ပါရာဇိကအထိ အပြစ်ကြီးသည်ဟု ကြားသိထားဟန် တူပါသည်။ တစ်နည်းအားဖြင့် ရဟန္တာအယောင်ဆောင်၍ အလှူခံရာရောက်သဖြင့် အလှူမခံဘဲ နေကောင်းနေရာသည်ဟု နှလုံးသွင်းဖြင့် တားမြစ်ပုံရပါသည်။ ဤပြဿနာတွင် နှစ်ဦးလုံးပင် စေတနာကောင်း နှလုံးသွင်းကောင်း ရှိကြသဖြင့် ကုသိုလ်ဖြစ်ကြသည်ချည်းဟု ဆိုနိုင်ပါသည်။ အလှူရှင်များဘက်မှကြည့်၍ အထူးစိစစ်ရန် မလိုပါ။ အလှူခံမည့် ရဟန်းသံဃာတော်များဘက်မှ ဖြေဆိုသင့်သော ပြဿနာဖြစ်လေသည်။

ရဟန်းတော်များဘက်မှ စိစစ်စရာရှိသည်မှာ ရဟန္တာအရှင်မြတ်တို့အား လှူကပ်လေတော့ ၊ ရဟန္တာအရှင်မြတ်တို့သည် ဘုန်းပေးသုံးဆောင်ပါစေသတည်း။ ဤသို့ အဓိပ္ပါယ်ရှိသောစကားဖြင့် လှူဒါန်းရာ၌ သာမညပုထုဇဉ်ရဟန်းတို့ ခံယူသုံးဆောင်မူ ရဟန္တာဟူသော ပဋိညာဉ် ၀န်ခံမှုမြောက်၍ ပါရာဇိကအာပတ်သို့ ရောက်လိမ့်လော၊ အာပတ်သို့မရောက် အလှူခံမြောက်၍ လျောက်ပတ်အပ်စပ်ပါလိမ့်လော့ဟုမေးလျှင် အလှူခံနိုင်ပါသည်။

ထိုအကြောင်းကို ပါရာဇိကဏ်ပါဠိတော်တွင် တိုက်ရီုက်ပါရှိပါသည်။ ၄င်းမှာ ဘုရားလက်ထက်တော်က ပုဏ္ဏားကြီးတစ်ဦးသည် ရဟန်းသံဃာတော် တို့အား မိမိအိမ်သို့ ပင့်ဖိတ်၍ အိမ်သူအိမ်သား မိသားစုများအား အမောင်တို့ အမိတို့၊ ငါသည် ရဟန္တာပုဂ္ဂိုလ်များကို ပင့်ဖိတ်၍လာခဲ့ပြီ၊ ရဟန္တာပုဂ္ဂိုလ်များသည် ကြွရောက်၍ လာလေပြီ။ လှူကြကုန်လော့ လောင်းကြကုန်လော့၊ ရဟန္တာအရှင်မြတ်များသည် ဘုဉ်းပေးပါစေသတည်း၊ သုံးဆောင်ပါစေသတည်း စသည်ဖြင့် ဆိုလေရာ ရဟန္တာမဟုတ် ပုထုဇဉ်သာရှိသေးကုန်သော ရဟန်းတို့သည် ငါတို့သည် ရဟန္တာမဟုတ်သေး ကျင့်ဆဲံ့ ပုထုဇဉ်မျှသာ ဖြစ်သေးသည်။ ငါတို့ အဘယ်သို့ ကျင့်ရပါကုန်အံ့နည်း ဤ ပွဲတွင် ပါဝင်၍ အလှူခံလျှင် ရဟန္တာဟု ၀န်ခံရာရောက်သဖြင့် ပါရာဇိက ကျလေရာဟု အလိုလို( သံသယ) ဖြစ်၍ အချို့အလှူမခံဘဲ ပြန်ကြလေသည်။

ထိုအကြောင်းကို မြတ်စွာဘုရားသိ၍ ” အနာပတ္တိဘိက္ခဝေ ပသာဒဘညေ” ဟု မိန့်တော်မူသည်။ ” ဘိက္ခဝေ ရဟန်းတော်များ အိုချစ်သားတို့၊ ပသာဒ ဘညေ ကြည်ညို၍ဆိုခြင်း၌ အနာပတ္တိ အာပတ်မသင့်ပေ” အလှူဒကာ၊ ဒကာမတို့က သံဃာတော်တို့အား ကြည်ညို၍ ဆိုခြင်း၌ ရဟန်းတို့မှာ အာပတ်မသင့် အလှူခံနိုင်သည်ဟု မိန့်တော်မူသည်။

ဤခေတ်တွင် ပြဿနာရှင် ဒေါ်ခင်အုန်းကဲ့သို့ ဆွမ်းတော်ကြီးလောင်းပွဲ ဆွမ်းအလှူပွဲ ယုတ်စွအဆုံး မိမိအိမ်တွင် ဆွမ်းကျွေး ဆွမ်းကပ်လှူပွဲတို့တွင် မိမိကိုယ်တိုင်ကလည်း စေတနာ သဒ္ဓါတရား တိုး၍ အကျိုးကြီးသည်ထက် ကြီးစေရန် ကြွလာသော ရဟန်းတော်များကို ဖူးမြော်၍ ရဟန္တာပုဂ္ဂိုလ်ကြီးများ ကြွလာပြီဟု နှုတ်ကမြွက်ဆို၍ ကြိုဆိုရှိခိုးခြင်းမျိုး၊ အခြားသူများအားလည်း ကြည်ညိုသဒ္ဓါ ပွားစေရန် ထိုသို့ဆို၍ တိုက်တွန်းခြင်းမျိုးရှိကြပါသည်။ ဤသို့ဆို၍ တိုက်တွန်းခြင်း နိဗ္ဗာန်ဆော် ပြုလုပ်ခြင်းများကိုလည်း ကြားသိကြရပေသည်။ ထိုအခါ အလှူခံပုဂ္ဂိုလ်များအနေဖြင့် သြော် သူတို့ စေတနာ သဒ္ဓါတရား အားကြီးကြသောကြောင့် ငါတို့အား ရဟန္တာပုဂ္ဂိုလ်ကြီးတွေဟု ဆိုနေကြပါသည်။ ငါတို့အား အမှန်တကယ် အာသဝေါ ကင်းကွာ ရဟန္တာမဟုတ်ကြသေးပေ၊ သို့လင်ကစား ငါတို့သည် သူတို့ စေတနာ သဒ္ဓါတရားကို စောင့်ရှောက်သောအားဖြင့်လည်းကောင်း၊ ငါတို့သည်လည်း သူတို့ထင်သည့်အတိုင်း ရဟန္တာဖြစ်အောင် ကျင့်သုံးနေကြသူများပီပီ ကြိုးစားအားထုတ်၍ ကျင့်သုံးရပေမည်။ ကျင့်သုံးရန် တာဝန်ရှိပေသည်။ မဟာမိတ္တမထေရ်ကဲ့သို့ ဤကဲ့သို့သော စေတနာ သဒ္ဓါပန်းဖြင့် လှူဒါန်းသော ဆွမ်းကို ရဟန္တာအဖြစ်ဖြင့် သုံးဆောင်နိုင်သည်အထိ ကျင့်သုံးကြရမည်မှာ ငါတို့၏ တာဝန်ပေတကားဟု ဓမ္မသံဝေဂဖြင့် အလှူခံကြရတော့သည်။

ထို့ကြောင့် ထိုပါဠိတော်ကို ဖွင့်ဆိုသော အဠကထာဆရာကလည်း တံ ပနဿ ပသာဒဘညံ သဒ္ဓါစရိတတ္တာ အတ္တနော သဒ္ဓါဗလေန သမုဿာဟိတဿဝစနံ၊ တသ္မာဘဂ၀ါ အနာပတ္တိ ဘိက္ခဝေ ပသာဒဘညေတိအာဟ ဧ၀ံ ၀ုစ္စမာနေနပန ဘိက္ခုနာ အဠ တုဠေနေ၀ ပစ္စယာ ပရိဘုဉ္စိတဗ္ဗာ၊ အရဟတ္တာ သမ္ပာပကံ ပဋိပဒံပူရိဿာ မိတိဧ၀ံယောဂေါ ကရဏိယောတိ” ( ၀ိဠ ၂ ၊ ၉၄) ဟု ဖွင့်ဆိုထားလေသည်။

အဿဗြဟ္မဏဿ ထိုပုဏ္ဏား၏ တံ ပန ပသာဒညံ ထိုကြည်ညို၍ ဆိုသောစကားသည် သဒ္ဓါစရိတ္တာ သဒ္ဓါစရိုက် ပြောသောအဖြစ်ကြောင့် တတ္တနော မိမိ၏၊ သဒ္ဓါဗာလေနံ သဒ္ဓါခြင်း၏ အစွမ်းဖြင့်၊ သမုဿာဟိတဿ တိုက်တွန်းနှိုးဆော်သော ပုဏ္ဏား၏ ၀စနံ စကားတည်း၊ တသ္မာ ထို့ကြောင့် ဘဂ၀ါ မြတ်စွာဘုရားသည်အနာပတ္တိ ဘိက္ခဝေပသာဒ ဘညေတိ အနာပတ္တိဘိက္ခဝေ ပသာဒဘညေဟူ၍ ရဟန်းတို့ကြည်ညို၍ ဆိုခြင်း၌ အာပတ်မသင့် ဟူ၍ အာဟ အဝေါစ မိန့်တော်မူ၏။

ဧ၀ံ ဤသို့၊ ၀ုစ္စမာနေနေ ပန ဆိုအပ်သည်ရှိသော် ဘိက္ခုနာ ရဟန်းသည် ဆိုသည်ကို ကြားသိရသော ရဟန်းသည် အဠတုဠေ နေ၀ သြော် အလွန်ကြည်ညိုကြကုန်သော ဒကာ ဒကာမများပါ တကားဟူ၍ ၀မ်းမြောက်ဝမ်းသာ ဖြစ်၍သာလျှင်၊ ပစ္စယာ ၄င်းတို့လောင်းလှူသော ပစ္စည်းတို့ကို နပရိဘုဉ္စိတဗ္ဗာ ပေါ့ပေါ့ဆဆ ပမာဒတရားဖြင့် နေစားချောင်ချောင် မသုံးဆောင်သင့်ကုန်၊ အရဟတ္တ သမ္ပာပကံ ရဟန္တာအဖြစ်သို့ ရောက်စေတတ်သော၊ ပဋိပဒံ ၀ိပဿနာ ရူရာရူကြောင်း အကျင့်ကောင်းကို ၊ ပရိပူရဿာ မီတိ ကြိုးစားအားထုတ် ပြုလုပ်ဖြည့်ကျင့်ပေအံဟူ၍ ၊ ဧ၀ံ ဤသို့၊ ပယောဂေါ လုံ့လ၀ီရိယကို၊ ကရဏိယော ပြုကျင့်အပ်၏။

ထို့ကြောင့် ဆွမ်းလောင်းပွဲ ဆွမ်းကပ်ပွဲတို့၌ ရဟန္တာပုဂ္ဂိုလ်ကြီးများ ကြွလာပြီ လှူကြပါလောင်းကြပါဟူသော စကားမှာ မိမိတို့ အဖို့လည်း စေတနာ သဒ္ဓါတရားတက်ကြွ၍ ဒါန၏ အကျိုးတရားများ တိုးပွားလာနိုင်လျက် အလှူခံရဟန်းတော်များအဖို့လည်း ပရိယတ် ပဋိပတ် နှစ်ရပ်သော တရားတို့ကို ကြိုးစားအားထုတ်လိုသော လုံ့လ၀ီရိယများထက်သန်၍ နိဗ္ဗာန်တရားကို ဆတက်ထမ်းပိုးကြိုးစားလာနိုင်သဖြင့် ပြောဆိုထိုက် နှိုးဆော်တိုက် တွန်းထိုက်သော စကားပင်ဖြစ်ပါသည်။

မြတ်သတိဝါဒီမဂ္ဂဇင်း

နိုဝင်ဘာလ၊ ၂၀၀၀ ခုနှစ်

Read more...

Novitiate Programme (The Life of the Buddha) - ရှင်ပြုပွဲ (ဗုဒ္ဓ၀င်)

Read more...

ကွယ်လွန်သူ ဒေါ်အေးအေးဝင်း အားရည်စူး၍ ကျန်ရစ်သူများမှ တစ်လပြည့်အလှူ။(ဒီဇင်ဘာ ၂ ရက်.၂၀၁၀)



မင်္ဂလာပါရှင်။
ဒီဇင်ဘာလ.၂ ရက် (ကြာသပတေးနေ့) က စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းသံဃာတော်များကို အောက်ပါ အလှူရှင်မိသားစုမှ အာရုံဆွမ်း ၊နေ့ဆွမ်း များဆက်ကပ်လှူဒါန်းခဲ့ကြပြီး သီလရှင် အပါး ၁၀၀ အတွက်ပါ ဒံပေါက်ဆွမ်းအလှူ ဆက်ကပ်လှူဒါန်းမှုပြုခဲ့ကြပါတယ်။

၂.ဒီဇင်ဘာလ.၂၀၁၀ (ကြာသပတေးနေ့)

ကွယ်လွန်သူ ဒေါ်အေးအေးဝင်း အားရည်စူး၍
ကျန်ရစ်သူများမှ တစ်လပြည့်အလှူ။

အာရုံဆွမ်း+နေ့ဆွမ်း+သီလရှင်အပါး၁၀၀ဆွမ်းအလှူ
အလှူငွေစုစုပေါင်း ( ၂၁၅၀၀၀ ကျပ် )

ဆွမ်းလောင်းအသင်းကို ဦးဆောင်ပြီးဆောင်ရွက်သူ ဦးဇင်းဦးကောဝိဒမှ ခရီးထွက်နေပါသောကြောင့် ပို့စ်တင်ရန် နောက်ကျသွားခဲ့ပါတယ်ရှင်။

အလှူရှင်နဲ့ထပ်တူ ၀မ်းသာစွာနဲ့ သာဓုခေါ်ဆိုနိုင်ကြပါစေ။

WWKM

ဆက်ဖတ်ရန်...

Read more...

မိထွေး(ဒွေး)တော် ဂေါတမီ (သို့) ကျနော်တို့အားလုံးရဲ့ အမေ

(၁)

As the beloved mother died seven days after his birth, Mahā Pajāpati Gotami, her younger sister, who was also married to the King, adopted the child, entrusting her own son, Nanda, to the care of the nurses.

ချစ်လှစွာသော မွေးသမိခင်ဟာ (ဘုရားလောင်း သိဒ္ဓတ္ထမင်းသားလေး) သူ့ကိုမွေးဖွားသန့်စင်ပြီး ခုနှစ်မြောက်သောနေ့၌ ကွယ်လွန်တယ်ဆိုလျှင်ပဲ ဘုရင်သုဒ္ဓေါဒနကိုပင် လက်ထပ်ထားတဲ့ (ဘုရင်သုဒ္ဓေါဒနရဲ့ မိဘုရားတဖြစ်လဲ) ညီမတော် မဟာပဇာပတိဂေါတမီဟာ မိမိရင်မှဖြစ်သော သားရင်း နန္ဒမင်းသာလေးကို နို့ထိန်း(နာနီ)တွေထံကို အပ်နှံပြီးနောက် လောင်းတော် မင်းသားလေးအား (မိခင်ရင်းနှင့်မခြား စောင့်ရှောက်ရန်) မွေးစားတော်မူ၏။

The Buddha and his teaching စာအုပ်ထဲက ဘုရားရှင်နဲ့ပတ်သက်တဲ့ ဗုဒ္ဓ၀င်ဇာတ်ဝင်ခန်းလေးတစ်ခုက စာသားလေးပါ။ (ကြီးကြီးကျယ်ကျယ် အင်္ဂလိပ်လိုတွေ ဖတ်နေတယ်လို့တော့ မထင်လိုက်ကြပါနဲ့။ တက်လို့မဟုတ်ပါ။ (စာ)ငတ်လို့ဖတ်မိခြင်းပါ)။

(၂)

ရင်ကိုငြိမိတဲ့ အတွေးလေးများကို ခံစားမိလို့ပါ။ အဓိက စိတ်ဝင်စားမိတာက မဟာပဇာမတိဂေါတမီ။ သူမဟာ မိဒွေးတော်ဂေါတမီဆိုတဲ့အမည်နဲ့ ပိဋကတ်စာမျက်နှာတွေမှာ ထင်ရှားပါတယ်။ မြန်မာ စကားမှာတော့ မိဒွေးဆိုတာ အဖေဖြစ်သူရဲ့ နောက်ယူထားတဲ့ ဇနီးမယား။ (ဒါကို ဗီလိန်ဇာတ်ကောင်းအဖြစ်နဲ့လဲ ရုပ်ရှင်တွေမှာ အသက်သွင်းတာလဲ တွေ့ဖူးပါတယ်)။

မဟာပဇာပတိဂေါတမီကတော့ အဖေရဲ့ နောက်ယူထားတဲ့ မိဘုရားတစ်ပါး (မိန်းမငယ်ဖြစ်ပေမဲ့) ဗီလိန်ဇာတ်ကောင် တစ်ယောက်မဟုတ်ခဲ့ပါဘူး။ သူမရဲ့သားရင်းကို နို့ထိန်းတွေဆီ အပ်နှံထားနိုင်တဲ့ လေးစားလောက်တဲ့ပါရမီကို မိခင်တိုင်းသဘော ပေါက်နိုင်မှာပါ။ ဘယ်မိခင်မဆို သားအရင်းကိုပဲချစ်ကြ မြတ်နိုးကြမှာပါ။ သမိုင်းကတောင်းဆိုလို့သာ သူမဟာ အလောင်းတော်လေးကို ရင်ဝယ်သားကဲ့သို့ ပိုက်ထွေးခဲ့ရတာပါ။ သူမဟာ လူသားအားလုံးအတွက် စံပြမိခင်နေရာကို (နှလုံးသားနဲ့ရင်းပြီး) တာဝန်ကြီးကြီးယူလိုက်ရတာပါ။

အလောင်းတော်လေးရဲ့ မိခင်ရင်း မဟာမာယာ(မယ်တော်မာယာ) ကွယ်လွန်တဲ့အချိန်ဟာ ခုနှစ်ရက်သားလေးဆိုတော့ လူသားတစ်ယောက်အနေနဲ့ မွေးဖွားလာတဲ့ ကလေးတစ်ယောက်ဟာ မိခင်နှင့်မခြားပြုစု စောင့်ရှောက်သူလိုတာ အမှန်ပါပဲ။ လူသားတစ်ယောက်အနေနဲ့ မွေးဖွားလာတဲ့ အလောင်းတော်ဟာ ဘယ်လောက်ပင် ပါရမီရင့်ရင့် စောင့်ရှောက်သူနဲ့ဝေးရင် လူသားတစ်ယောက်လိုပဲ ဒုက္ခတွေ့နိုင်တယ်ဆိုတာ လက်ခံမိပါတယ်။ သားရင်းနန္ဒမင်းသားလေးနဲ့ အလောင်းတော်ဟာ တစ်ရက်တည်း မွေးဖွားခဲ့ပေမဲ့ လူသားဆန်ဆန်ပဲ (ပါရမီဆန်ဆန်ပဲ) သူမဟာ သားရင်းကို စွန့်လွတ်ခဲ့ရသူပါ။

(၃)

အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ရက်သားကျ၊ နောက် လောကကိုငြီးငွေ့ပြီး တောထွက်၊ သစ္စာလေးပါကို ကိုယ်တိုင်သိမြင်ပြီးနောက် ဝေနေယျတွေကို မသေရာလမ်းကို ညွှန်ပြနိုင်မဲ့ အလောင်းတော်ကိုမွေးစား ပြုစုလိုက်ခြင်းအားဖြင့် လောကသားတွေကို ကယ်တင်လိုက်နိုင်တာပါပဲ။ ဒီအတွက် ပိဋကတ်စာ မျက်နှာတွေမှာ သူမဟာ အထူးတစ်နေရာရခဲ့တာပါ။

သူမဟာ ဘုရားရှင်ကို ချစ်လွန်းလို့ အဖိုးအနဂ္ဃထိုက်တန်တဲ့ သင်္ကန်းတော်ကိုလှူတော့လဲ သူမရဲ့အနစ်နာခံမှုတွေကို အောက်မေ့မိတဲ့ဘုရားရှင်ဟာ ငါ့ကိုလှူမည့်အစား “သံဃေ ဂေါတမီ ဒေဟိ၊ သံဃေ ဒိန္နံ မဟပ္ဖလံ၊ ဒိန္နေ သံဃဿ ဂေါတမီ” လို့ သံဃာတော်တွေကိုလှူရင် အကျိုးကျေးဇူး ပိုများကြောင်းဟောရင်း သံဃာ့အဖွဲ့အစည်းမည်မျှ အကျိုးကြီးကြောင်းကိုလဲ ဖြစ်ပေါ်စေခဲ့သူပါ။

နောက် အမျိုးသမီးအခွင့်အရေးအတွက် ဘုရားရှင်ထံချဉ်းကပ်ပြီး ရဟန်းပြုခွင့်ရဖို့ သနားခံခဲ့ရင်း အမျိုးသမီးထုရဲ့ စံပြခေါင်းဆောင်လဲ ဖြစ်ခဲ့သေးတယ်။ ဘိက္ခုသံဃာ၊ ဘိက္ခုနီသံဃာတို့ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓ၀င်မှာစံတင်လောက်တဲ့ သူမရဲ့ အနစ်နာခံချက် စွမ်းဆောင်ချက် များစွာတို့ဟာ တသသဖြစ်စရာပါ။

(၄)

သူမဟာ ဘုရားရှင်ရဲ့မိခင်ဖြစ်သလို သစ္စာလေးပါးရဲ့မိခင်လည်းဖြစ်တယ်။ နန္ဒမင်းသားလေးရဲ့ မိခင်ဖြစ်သလို ကပိလ၀တ်ပြည်သားတွေရဲ့ မိခင်လည်းဖြစ်တယ်။ ကပိလ၀တ်ပြည်ကြီးရဲ့ မိခင်ဖြစ်သလို့ ဗုဒ္ဓသာသနာတော်ရဲ့ မိခင်လည်းဖြစ်တယ်။ အရှင်မဟာမောဂ္ဂလာန်ရဲ့ မိခင်ဖြစ်သလို အရှင်သာရိပုတြာရဲ့ မိခင်းလည်းဖြစ်တယ်။ သံဃာအားလုံးရဲ့ မိခင်ဖြစ်သလို ဘုရင်သုဒ္ဓေါဒနရဲ့ မိခင်လည်းဖြစ်တယ်။ အနာထပိဏ်ရဲ့မိခင်ဖြစ်သလို ၀ိသာခါရဲ့မိခင်လည်းဖြစ်တယ်။

ရဟန္တာအပေါင်းရဲ့မိခင်ဖြစ်သလို့ ပုထုဇဉ်ရဟန်းတွေရဲ့မိခင်လည်းဖြစ်တယ်။ သာဝတ္ထိ၊ ရာဇဂြိုဟ်နိုင်ငံတွေရဲ့ မိခင်ဖြစ်သလို တိုင်းသူပြည်သားတွေရဲ့ မိခင်လည်းဖြစ်တယ်။ ဗိမ္ဗိသာရရဲ့မိခင်းဖြစ်သလို့ ဆေးဆရာဇီဝကရဲ့ မိခင်လည်းဖြစ်တယ်။ လောကီရဲ့မိခင်ဖြစ်သလို လောကုတ္တရာရဲ့မိခင်လည်းဖြစ်တယ်။


တကယ်တော့ မိဒွေးတော်ဂေါတမီဟာ ကျနော်တို့အားလုံးရဲ့မိခင်ဖြစ်တယ်။


Read more...

Evolution of Mind States

by Cittasamvaro

Buddhadasa41

Evolution of Mind States

Dhamma Talk with Phra Pandit

at the fabulous new

Buddhadasa Indapanno Archives (BIA)

26th December – Boxing Day

3:00-5:00 pm

Little Bangkok Christmas Dhamma talk !

Topic:

You have all heard about Darwin; his name is forever associated with Evolution. In fact, the idea of evolution had been BIA 1around before Darwin, but he added the essential mechanism – ‘Natural Selection’ as the crucial force. Together with inheritance and variation these power the evolution of the species.

In the modern era there is much application of these three components, especially in social evolution. Are your habits, desires, and motivations programmed into you by a society protecting it’s social memes?

Curiously, if we apply the same 3 components to the mind as experienced by a meditator, we result with a similar process to what Darwin proposed. But it is not survival of the fittest mind states that results! … at least until we change the selection process.

Speaker:

Talk will be given by Phra Pandit, who most of you will know already. 41 years old, in his 15th year as a Bhikkhu, ordained in Thailand, and a lover of meditation, psychology, and vertical axis wind turbines. He is not so keen on astronomers.

Schedule:

~Boxing Day – Sunday 26th December

~2:30 arrive (arrive earlier though, to take a look around this great new complex)

~3:00 Dhamma Talk

~4:00 Meditation

~4:40 Q&A

~5:00 Finish

Location:

BIA 2We are making our first group visit to the Link to official website (BIA). This is the branch of Suan Mokh where the famous Buddhadasa Bhikkhu lived and taught for many years, and which is still a majour item on the spiritual tourism of Thailand ajenda.

The place is beautiful, and vast. Overlooking the parklands near Mor Chit BTS, the complex includes a library, book shop, huge verandah overhanging the lake, and lots of art and sculpture. In following years this place will definitely become the most vital centre of Buddhism in Bangkok. Expect a lot of great events to happen here.

Directions:

Go to Mor Chit BTS Station and walk through the park for about 20 minutes. Motorcycles are an option – but come on, you could do with the exercise, and it is a lovely park! You can also take a taxi from the BTS for about 45 baht. MRT users can go to Chatuchak Station or Pahonyothin station exit 3 (have not tried this one yet but should be slightly closer, but less pleasant walk)

Read more...

ဗုဒ္ဓဂယာက စောင့်မယ်

အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ ရဲ့ ဧကာဒသမနှစ်ပတ်လည် အစည်း အဝေးကြီးကို အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ ဗုဒ္ဓဂယာမှာ တည်ရှိတဲ့ အဖွဲ့ပိုင်မြန်မာဗုဒ္ဓဘာသာ ပညာရေး ဗိမာန်တော်ကြီးမှာ ဒီဇင်ဘာလ (၂၅-၂၆-၂၇) သုံးရက်တိုင်တိုင် ကျင်းပမှာ ဖြစ်တဲ့ အတွက် (၂၄-၁၂-၂၀၁၀) ည ကျိန်းစက်မီ ကြွတော်မူကြပါဘုရား. (သံဃာအရေအတွက်များလျင် နေရာထိုင်ခင်း ဦးရာလူစနစ်း)).။ (နိုင်ငံရပ်ခြားမှာမို့ ကိုယ့်ဆွမ်းကိုယ်ကပ်စနစ်ဖြင့်) ဆွမ်းအလှူရှင်များလည်း ပြည့်စုံပါနေပါပြီ ဘုရား...။ မိတ်ဆွေရဟန်းတော်တွေ အဟောင်းအသစ် စုံညီစွာ တွေ့ရမှာမို့ ကြွလာသင့်ကြောင်းပါ...။

ဗုဒ္ဓဂယာက စောင့်နေမယ် ဘုရား...။

Read more...

စကားကြီး ဆယ်မျိုး

စကားပြောဆိုရာ၌ ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း ၁၀-မျိုးကို ခွဲခြားသတ်မှတ်ထားသည်။ မြန်မာလူမျိုး တို့က စကားကြီး ၁၀-မျိုးဟုခေါ်ဆိုကြသည်။ ယင်းစကားကြီး ၁၀-မျိုး၏ အမည်ကို မုန်တိုင်ပင်ဆရာတော်က မှတ်သားရလွယ်ကူစေရန် သုံးပုံတချူကျမ်း၌ အောက်ပါအတိုင်း လင်္ကာစီထားပါသည်။

၁။ ရေကူးညာတင်
၂။ ကောက်ပင်ရိတ်လှီး
၃။ ရေစီးဖောင်ဆန်
၎။ အိုးတန်ဆန်ခပ်
၅။ ဆီပွတ်ကျည်ပွေ့
၆။ ဆင်ဝှေ့ရန်ရှောင်
၇။ တောင်သူယာခုတ်
၈။ ကြက်ဆုတ်ခွပ်ပစ်
၉။ ရေစစ်သည့်အင်
၁၀။ ခက်တင်မောင်းနင်း
အခြင်းဆယ်ပါး ဤစကားကို မှတ်သားဝမ်းတွင်း လေ့စေမင်း။

၁။ ရေကူးညာတင် ပြောနည်း-
မြစ်တဘက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင် မြစ်ညာက တင်၍ကူးမှ လိုရာသို့ ရောက်သကဲ့သို့ မိမိအလိုရှိရာသို့ ရောက်အောင် အထက်က တင်ကူး၍ ပြောခြင်းသည် "ရေကူးညာတင် ပြောနည်း "မည်၏။ အူထုံးရောဂါသည်ကို ကုရာ၌ ဇီဝက ပြောသော စကားကို သာဓကထုတ်အပ်၏။

၂။ ကောက်ပင်ရိပ်လှီး ပြောနည်း-
စပါးရိတ်လျှင် ကောက်ပင်ကို လက်တဖက်ဖြင့် ဆုတ်သိမ်းကာ တံဇဉ်ဖြင့် အရင်းမှ ဖြတ်၍ ရိတ်ယူသကဲ့သို့ တဘက်လူ၏ စကားကို သိမ်းကျုံးဖမ်းယူပြီးမှ အရင်းက ဖြတ်၍ ပိုင်လောက်အောင် ပြောဆိုခြင်းသည် "ကောက်ပင်ရိတ်လှီး ပြောနည်း"မည်၏။
သူဌေးသား ၂-ယောက်နှင့် ဗျိုင်းပုံဝတ္ထုကို သာဓက ထုတ်အပ်၏။

၃။ ရေစီးဖောင်ဆန် ပြောနည်း-
ဖောင်ကြီးသည် အညာသို့ ဆန်သောကာလ လိုရာရှိသမျှကို တင်ယူ၍ ဖြည်းညင်းသာယာစွာ ဆန်လျှင် လိုရာအရပ်သို့ ရောက်နိုင်သကဲ့သို့ စကားအရာတွင်လည်း ဥပမာ, ဥပမေယျ တို့ဖြင့် ဖြည်းညင်း သာယာစွာ လိုရာရောက်အောင် ပြောဆိုခြင်းသည် "ရေစီးဖောင်ဆန် ပြောနည်း"မည်၏။
ဟံသာဝတီဘုရင် ရာဇာဓိရာဇ်က "အဆွေတော်"ဟု ရေးသားသည်ကို ဒွါရ၀တီမင်းက မကျေနပ်၍ ဟံသာဝတီသားတို့က ပြေလည်အောင် ဖြေရှင်းပုံကို သာဓက ထုတ်အပ်၏။

၎။ အိုးတန်ဆန်ခပ် ပြောနည်း
အိုးနှင့်ဆန်သည် တန်အောင်ချက်လျှင် နူးနပ်စွာ သုံးဆောင်ရသကဲ့သို့ စကားအရာတွင်လည်း မယုတ်မလွန်နှင့် လိုရင်းရောက်အောင် ပြောဆိုခြင်းသည် "အိုးတန်ဆန်ခပ်"ပြောနည်း မည်၏။
သားရွှေအိုး ထမ်းလာသည်ကို မြင်လိုပါသည်ဟု ပြောဆိုသော သုဝဏ္ဏသာမ၏ မိဘ ၂-ပါး ပြောဆိုပုံကို သာဓက ထုတ်အပ်၏။

၅။ ဆီပွတ်ကျည်ပွေ့ ပြောနည်း
ဆီကို ရအောင် ပွတ်သည့်အခါတွင် အထပ်ထပ်အခါခါ ပွတ်ရသကဲ့သို့ အလိုရှိသော စကားကို အထပ်ထပ် ပြောဆိုခြင်းသည် "ဆီပွတ်ကျည်ပွေ့"ပြောနည်း မည်၏။
ဘုရားပိန္နဲတိုင်ကိစ္စ ဆွေးနွေးရာ၌ မကျည်းနှစ်လဲ ကောင်း+ကျွန်းလဲ ကောင်း၊ ရှားနှစ်လဲ ကောင်း+ကျွန်းလဲ ကောင်းဟု ပြောဆိုပုံကို သာဓက ထုတ်အပ်၏။

၆။ ဆင်ဝှေ့ရန်ရှောင် ပြောနည်း
ဆင်ဝှေ့မည်ဟု လိုက်လျှင် လွတ်ရာလွတ်ကြောင်း တိမ်းရှောင်က ချမ်းသာသကဲ့သို့ စကားအရာတွင်လည်း မိမိအဖို့ ဘေးရောက်မည့် စကားကို ရှောင်လွှဲ၍ ပြောဆိုခြင်းသည် "ဆင်ဝှေ့ရန်ရှောင်"ပြောနည်း မည်၏။
ရက်မအောက် မြေကြီးအထိ ရွှေချထားသော အိမ်ရှေ့မင်း၏ ကျောင်းမှ ရွှေများကို မြို့ဝန်က အဖျက်ခိုင်းရာ အိမ်ရှေ့မင်း စိတ်ဆိုးသည်ကို ပြေလည်အောင် လျှောက်ထားသော မြို့ဝန်၏ စကားကို သာဓက ထုတ်အပ်၏။

၇။ တောင်သူယာခုတ် ပြောနည်း
တောင်သူတို့သည် ယာခုတ်လျှင် ခြုံငယ်သစ်ပင်ငယ်တို့ကို ဦးစွာရှင်းလင်းခုတ်ထွင်ပြီးမှ သစ်ပင်ကြီးများကို လှဲသကဲ့သို့ စကားအရာတွင်လည်း ဦးစွာစကားငယ်ပြော၍ နောက်မှ စကားကြီးများကို ပြောခြင်းဖြင့် အနိုင်ယူခြင်းသည် "တောင်သူယာခုတ်"ပြောနည်း မည်၏။
အမတ်ကြီး လေးဦးနှင့် မဟောသဓာသုခမိန်တို့ ဥစ္စာနှင့် ပညာ ဘယ်ဟာက မြတ်သည်ဟူသော အငြင်းပွားပုံကို သာဓက ထုတ်အပ်၏။

၈။ ကြက်ဆုတ်ခွပ်ပစ် ပြောနည်း
ကြက်တို့၏ သဘောသည် ခွပ်မည်ပြုသောအခါ နောက်သို့ဆုတ်ဟန်ပြု၍ တကယ်ခွပ်သောအခါမှသာ စီး၍ခွပ်သကဲ့သို့ စကားအရာတွင်လည်း သူ့အလိုကို လိုက်တန်သရွှေ့ လိုက်ပြီးလျှင် စီးသာသောအခါမှ စီးလျက် ပြောသောစကားမျိုးသည် "ကြက်ဆုတ်ခွပ်ပစ်"ပြောနည်း မည်၏။
က၀ိသေတ္တု မဉ္ဇူသာကျမ်း၌ ဖော်ပြပါရှိသော တရုတ်ငရွှေကြည်၏ မီးလောင်ကိစ္စအတွက် တရုတ်သံများနှင့် အမတ်ကြီး ဦးပေါ်ဦးတို့ အပြန်အလှန် ပြောဆိုပုံကို သာဓက ထုတ်အပ်၏။

၉။ ရေစစ်ပမာ စကားပြောနည်း
ဓမ္မကရိုဏ်းခေါ်သော ရေစစ်ကို ရေတွင် နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်ဖြင့် ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တဘက်လူ၏စကားကို ပိတ်မိအောင် ပြောဆိုခြင်းသည် "ရေစစ်ပမာ စကားပြောနည်း"မည်၏။
သူငယ်လေးယောက်နှင့် သူအိုကြီးတို့ ယုံတမ်းစကား ပြောကြားပုံကို သာဓက ထုတ်အပ်၏။

၁၀။ ခက်တင်မောင်းနင်း ပြောနည်း
သူ့စကားကို ဟုတ်၏လည်း မဆို၊ မဟုတ်ဟုလည်း မဆိုဘဲ မတင်မကျ ပြောဆိုခြင်းသည် "ခက်တင်မောင်းနင်း" ပြောနည်း မည်၏။
ဤသူ ငါ့တူ မဟုတ်ဟု မည်သူပြောသနည်း-ဟု တောင်ဖီလာဆရာတော် ပြောကြားပုံကို သာဓက ထုတ်အပ်၏။

မှတ်ချက်။
စကားကြီး ၁၀-မျိုးအကြောင်းကို ပြဆိုသော ပုံသက်သေ သာဓက၀တ္ထုများကို မြန်မာ့စွယ်စုံကျမ်း အတွဲ (၃)တွင် အကျယ်တ၀င့် ဖော်ပြပါရှိသည်။ ထိုကျမ်း၌ လေ့လာကြည့်ရှုကြပါ။ အောက်ပါအောင်ပွဲရ ကဗျာကို ကျက်မှတ်ထားရာ၏။

အောင်ပွဲရ ကဗျာ
၁။ ရေကူးညာတင်၊ ပြောရိုးတွင်၊ ဉာဏ်ယှဉ်ပါက အောင်ပွဲရ။
၂။ ကောက်ပင်ရိတ်လှီး၊ ပြောဆိုနည်း၊ ဉာဏ်မှီးပါက အောင်ပွဲရ။
၃။ ရေစီးဖောင်ဆန်၊ ပြောဆိုဟန်၊ ဝေဖန်နှိုင်းဆ အောင်ပွဲရ။
၎။ အိုးတန်ဆန်ခတ်၊ ပမာဟပ်၊ ပြောတတ်ပါက အောင်ပွဲရ။
၅။ ဆီပွတ်ကျည်ပွေ့၊ ပြောဆိုလေ့၊ လက်တွေ့မှန်လှ အောင်ပွဲရ။
၆။ ဆင်ဝှေ့ရန်ရှောင်၊ ပမာဆောင်၊ လူ့ဘောင်လောက အောင်ပွဲရ။
၇။ တောင်သူယာခုတ်၊ ညွှန်းဖော်ထုတ်၊ မယုတ်မှန်လှ အောင်ပွဲရ။
၈။ ကြက်ဆုတ်ခွပ်ပစ်၊ ထုံးစနစ်၊ စင်စစ်မှန်လှ အောင်ပွဲရ။
၉။ ရေစစ်သောလား၊ ပမာထား၊ စကားဆိုက အောင်ပွဲရ။
၁၀။ ခက်တင်မောင်းနင်း၊ ပြောဆိုခြင်း၊ မယွင်းမှန်လှ အောင်ပွဲရ။

မော်လူး
ဆယ်စောင်တွဲ သင်တန်း မြန်မာပြန်ကျမ်း-မှ

Read more...

အမြတ်ဆုံးကို ကြည်ညိုလျှင် အမြတ်ဆုံးအကျိုးကို သင်ရရှိပါလိမ့်မည်...


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။

သာဓု... သာဓု... သာဓု...။


Read more...

လွမ်းမောမိသည့်နေ့ရက်လေးများ အပိုင်း(၅)

Sunday, 05 December 2010 17:43 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

Resized_IMG_0720

အရှင်နိပုဏာလင်္ကာရ(ဗာရာဏသီ)

နောက်တစ်ရက်မှာ စောစောလေးထပြီး နီပေါနိုင်ငံဘက်မှာရှိတဲ့ လုမ္ဗိနီကို ခရီးဆက် ကြပါတယ်။ နေ့ဆွမ်းအမှီ ရောက်တယ်လို့ ပြောကြတဲ့ အတွက် ဆွမ်းကို ထုပ်မယူ ဖြစ်တော့ပါဘူး၊ အိန္ဒိယ နယ်စပ်ကို ရောက်တော့ တော်တော်ကြီးတဲ့ ကျွန်းတောကြီးကို ဖြတ်ကြရတယ်၊ မျောက်တွေကလည်း ပေါမှပေါပဲ။ ကားရပ်ပြီး အစားအစာ ကျွေးရင် လူကို အန္တရာယ်ပြု တတ်တယ်လို့ သိရတဲ့အတွက် ကားပေါ်ကနေပဲ ငှက်ပျောသီးတွေ ပစ်ကျွေးကြတယ်။

Resized_IMG_0725နီပေါ အိန္ဒိယနယ်စပ် ဖြတ်ကျော်ခ အဖြစ် အသွားအပြန် အိန္ဒိယ ရှုပီး (၂၀၀၀)ပေးရတယ်၊ လုမ္ဗိနီမှာရှိတဲ့ မြန်မာကျောင်းကို နေ့ဆွမ်းအမှီပဲ ရောက်ရှိတယ်၊ နေ့ဆွမ်းစားအပြီး ခဏနားကာ ကပိလ၀တ္ထုမြို့တော်ဟောင်း နေရာကို သွားရောက် လေ့လာကြတယ်၊ မြို့တော်ဟောင်းနေရာဟာ လုမ္ဗိနီမှ အနောက်မြောက်(၁၀)မိုင်ခန့် ဝေးပြီး တောကျကာ လူပြတ်ပါတယ်၊ တစ်ခါတစ်ရံ လုယက်တတ်တယ်လို့ သိရပါတယ်၊ ဒါကြောင့် မိမိတို့လိုပဲ private လာရောက်ကြတဲ့ စင်္ကာပူက မအေးတို့ အဖွဲ့နှင့် အတူ သွားရောက်ကြပါတယ်၊ ဒီနေရာဟာ ဒီနေ့ခေတ်မှာတော့ နီပေါနိုင်ငံ တောလိဝှါမြို့နယ်မှာ တည်ရှိပြီး ပဒရီးယားလို့ ခေါ်ကြပါတယ်။

ကပိလရသေ့ရဲ့ သင်္ကန်းကျောင်းနေရာမှာ တည်ထားတဲ့ မြို့တော် ဖြစ်တာမို့ ကပိလ၀တ္ထုမြို့လို့ အမည်တွင်တာပါ၊ မြတ်စွာဘုရားရဲ့ ဖခမည်းတော် သုဒ္ဓေါဓနမင်းကြီး နန်းစိုက်ခဲ့ပြီး ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဒေ၀ဒဟတိုင်းသူ ယသော်ဓရာ နှင့် လက်ဆက်ကာ ၁၆-နှစ်သားမှ ၂၉- နှစ်သားအထိ ထီးနန်းစည်းစိမ် စံစားခဲ့တဲ့ မြို့တော် ဖြစ်ပါတယ်။ ၀ိဋဋူဘမင်းသား ဘုရင်ဖြစ်လာတဲ့အခါ ကျွန်မသားလို့ စော်ကားခံရတာကို ရန်ငြိုးထားပြီး အမျိုးဖြုတ် သတ်ဖြတ်နှိမ်နှင်းခဲ့တာမို့ သာကီဝင်မင်းမျိုး ပျောက်ခါနီး အထိ ဖြစ်ခဲ့ရတာပါ။Resized_IMG_0741

မြို့တော်ဟောင်းနေရာမှာ ဗောဓိပင် သစ်ပင်ကြီးတွေ ကြီးကြီး မားမားတွေ မြင်တွေ့ရပါတယ်၊ ဒီအပြင် အနောက်ဘက် ဂိတ်နေရာ နန်းတော်ဟောင်းနေရာ ဘုရားအလောင်းတော်တောထွတ်ခဲ့တဲ့ အရှေ့ တံခါးမုခ်တို့ကိုလည်း မြင်တွေ့ ရပါတယ်။ တောထဲမှာ ဖြစ်နေပေမဲ့ ရှေးဟောင်း အမွေအနှစ် နေရာအဖြစ် နီပေါအစိုးရက တန်ဖိုးထားကာ သိမ်းဆည်းထားပုံ ရှိပါတယ်။

မြို့တော်ဟောင်းနေရာမှ တဆင့် ဖခင် သုဒ္ဓေါဓနမင်းကြီးနဲ့ ဆွေတော် မျိုးတော်များ ဆောက်လုပ် လှူန်းခဲ့တဲ့ နိဂြောဓာရုံကျောင်းနေရာကို လေ့လာ ကြတယ်၊ နိဂြောဓ သာကီဝင် မင်းသားရဲ့ ဥယျာဉ်နေရာမှာ ဆောက်လုပ်ခဲ့တဲ့ ကျောင်းဖြစ်တာမို့ နိဂြောဓာရုံကျောင်းလို့ အမည်တွင်ခြင်းပါ၊ ဘုရားရှင်ဟာ မာန်မာန ကြီးမားလှကြတဲ့ သာကီဝင်မင်းမျိုးတို့ရဲ့ မာန်မာနကို ကျစေ လိုတဲ့အတွက် တန်ခိုးပြဋိဟာ ပြတော်မူပြီး စိုစေသူကို စိုစေပြီး မစိုစေသူကို လုံးဝ မစိုစေတဲ့ ပေါက္ခရ၀ဿမိုး ရွားသွန်းဖြိုးစေကာ ဒီကျောင်းတော်မှာပဲ ဝေဿန္တရာဇာတ်ကို ဟောတော်မူခဲ့ပါတယ်။

Resized_IMG_0726ဒီကျောင်းတော်မှာ ဘုရားရှင် (၁၅)၀ါမြောက် ၀ါကပ်တော်မူခဲ့တယ်၊ ညီတော်နန္ဒနှင့် သားတော် ရာဟုလာတို့ ရဟန်းပြုခဲ့ကြတယ်၊ တရားဒေသနာ များစွာကို ဟောကြားခဲ့ပါတယ်။ အရင်က ဖြစ်ရပ်ပေါင်းစုံခဲ့တဲ့ ကျောင်းတော် ကြီးဟာ ယနေ့ချိန်မှာတော့ ကျောင်းဆောင် ဟောင်းတစ်ဆောင်ပဲ တွေ့ရ ပါတယ်၊ ကျောင်းဝိုင်း တစ်ဝိုင်းလုံး သရက်ပင်တွေ ဝေေ၀ဆာဆာနှင့် သာသာ ယာယာရှိလှပါတယ်။

နိဂြောဓာရုံ ကျောင်းတော်ကနေ ဘုရားလောင်း မွေးဖွားရာ လုမ္ဗိနီကို သွားရောက်ကြပါတယ်၊ လုမ္ဗိနီ ရောက်တော့ မှောင်ရိပ်ပျိုးနေပါပြီ၊ ဦးစွာ ဘုရားလောင်း မွေးဖွားရာ အဆောက်အဦး အတွင်းက ခြေတော်ရာနှင့် အင်ကြင်းပင် ပေါက်ရာ နေရာတို့ကို ဖူးမြှင်ကြပါတယ်၊ အသောကမင်းကြီး နန်းစံနှစ် အနှစ်(၂၀) မှာ စိုက်ထူခဲ့တဲ့ ကျောင်းတိုင်ကြီးကိုလည်း တွေ့ရပါတယ်။ လက်ရှိကျောက်တိုင်မှာ ကျိုးနေတဲ့အတွက် ၁၀-ပေခန့်ပဲ မြင့်ကြရတော့တာပါ၊ စိုက်ထူတုံးက တိုင်ထိပ်မှာ မြင်းရုပ်ရှိတယ်လို့ မှတ်သားဖူးပါတယ်။ ကျောက်တိုင်အနီး ဘုရားအလောင်းတော် ဖွားလျှင်ဖွားခြင်း ခြေခုနှစ်လှမ်း ကြွလှမ်းတဲ့ အထိမ်းအမှတ်အဖြစ် တည်ထားတဲ့ စေတီအုပ်ခုံ လေးဆူကိုတွေ့ရပါတယ်။

မယ်တော် မာယာရေကန်ကလည်း ကြည်လင်လှပါတယ်၊ ဘုရား အလောင်းတော် ဖွားမြင်တဲ့အခါ ကောင်းကင်ယံမှ ရေပူ ရေအေး စမ်းနှစ်သွယ် စီဆင်းလာပြီး မယ်တော်နှင့် သားတော်ကို ရေသပ္ပါယ်ကာ သန့်ရှင်းစင်ကြယ် နွေးထွေး စေခဲ့ပါတယ်။ အဲဒီရေတွေ စီးဆင်းကျလာ မှုကြောင့် ဒီရေကန် ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်၊ ပတ်လည် ၀န်းကျင်မှာလည်း ကျောင်းတော်ရာ ဟောင်းများ စေတီငယ် အုပ်ခုံများစွာကို ဖူးမြှင်ရပါတယ်။Resized_IMG_0902

ဒီလုမ္ဗိနီဥယျာဉ်ဟာ လွန်ခဲ့တဲ့ နှစ် ၂၅၀၀-ကျော်က အင်ကြင်းပင်တွေနဲ့ ဝေဆာ နေခဲ့တဲ့နေရာပါ။ ကပိလ၀တ်နှင့် ဒေ၀ဒဟ တိုင်းပြည် နှစ်ခု အကြား တည်ရှိပါတယ်၊ မာယာဒေ၀ီ မိဘုရားကြီးဟာ ကိုယ်ဝန် အရင့်အမာနှင့် ဒေ၀ဒဟပြည် ဆွေတော် မျိုးတော် များအထံ အသွား လမ်းခရီးအကြားက ဒီလုမ္ဗိနီသာမော အင်ကြင်းတောမှာ ဘုရား အလောင်းတော်ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ အချိန်အားဖြင့် မဟာ သက္ကရာဇ် ၆၈-ခုနှစ်(ဘီစီ-၆၂၃) ကဆုန်လပြည့် သောကြာနေ့ဖြစ်ပါတယ်။

ဘုရားဖူးကြ မှတ်တမ်းတင် ကြအပြီးမှာတော့ အတော်ကို မှောင်နေပါပြီ၊ တည်ခိုမဲ့ မြန်မာကျောင်းနှင့်လည်း သိပ်မဝေးတာမို့ ဘုရားဈေးတန်းကို လှည့်လည်ကာ လက်ဆောင်လေးတွေ ၀ယ်ဖြစ်ကြတယ်၊ လရောင်လဲ ရှိနေတာကြောင့် အပြန်မှာ စကား တပြောပြောနဲ့ ပြန်လာဖြစ်ကြတယ်။ မြန်မာကျောင်း အနီးမှာ တည်ထားပူဇော်တဲ့ လောကမဏိ စူဠာစေတီ တော်ကိုလည်း ဖူးမျှော်ဖြစ်ခဲ့ကြတယ်၊ မနက်စောစော ခရီးဆက်ရ အုံးမှာမို့ စောစောပဲ အိပ်ရာဝင်ဖြစ်တယ်။

နောက်တစ်ရက် မနက် ငါးနာရီလောက် ထကြပြီး မိမိနဲ့ ဦးကုဏ်တို့ဟာ နေ့ဆွမ်းအတွက် ဆွမ်းချိုင့် စီစဉ်ကြတယ်။ ဒီနေ့လည်း အချိန် အတော်ကြာ မောင်းရမဲ့ ခရီးလမ်းးပါ၊ လုမ္ဗိနီကနေ သာဝတ္ထိကို ဆက်ရမှာပါ။ နံနက်၇-နာရီလောက်မှာ လုမ္ဗိနီကနေ စတင် ထွတ်ခွါပါတယ်၊ ၀န်းကျင်တစ်ခု လုံးလည်း ဆီးနှင်းတွေ လွှမ်းခြုံထားဆဲပါ။ အဆင်တပြေပဲ နီပေါဂိတ်ကို ဖြတ်ကျော်ပြီး အိန္ဒိယထဲကို ၀င်ခဲ့ကြတယ်၊ တစ်ခါတစ်ရံ နီပေါလမ်းဟာ ပြဿနာများပြီး တစ်နေကုန် လမ်းပိတ်တတ်လို့ ဘုရားဖူးတွေ စောင့်ကြရ တတ်ပါတယ်။

Resized_IMG_0834လမ်းဘေး တစ်လျှောက် လယ်ကွင်းတွေ ယာခင်းတွေ စိမ်းစိမ်း စို့စို့မို့ ကြည့်ရတာ မျက်စိပသာဒ ဖြစ်လှပါတယ်၊ စိတ်ကိုလည်း လန်းဆန်း ကြည်နူးစေပါတယ်။ မတူညီတဲ့ ဓလေ့တွေက လမ်းဘေးမှာ စားသောက်ဆိုင် ကြီးကြီး မားမားမရှိတာ၊ အပေါ့အလေး စွန့်ဖို့ သီးသန့်နေရာ မရှိတာတွေက ဘုရားဖူးခ ရီးသည်တွေအတွက် စိတ်အနှောက် အယှက်ဖြစ်စေပါတယ်။ ကားကလည်း အရှိန်နဲ့ မောင်းလာလိုက်တာ ၁၀-နာရီတောင်ခွဲခဲ့ပါပြီ၊ မစ္စတာIan က နေ့ဆွမ်းအတွက် အချိန်ကို သတိ ပေးပါတယ်၊ ဒါနဲ့ လမ်းဘေး ကားရပ်နားပြီး ဆွမ်းစားလို့ ကောင်းမဲ့နေရာကို ကားပေါ်ကနေပဲ မောင်းရင်း ရှာရင်း ရှာကြပါတယ်။ နေရာကို မတွေ့နိုင်အောင်ပါပဲ၊ သစ်ပင်တွေပေါပြီး အုပ်အုပ်မှိုင်းမှိုင်း နေရာတွေဆိုရင်လဲ မစင်ပုံတွေ များလွန်းတဲ့အတွက် အဆင်မပြေပါဘူး။ မြန်မာနိုင်ငံလိုသာဆိုရင် အိန္ဒိယမှာ စိမ်းစိမ်းစိုစိုနဲ့ အနားယူဖို့ ကောင်းတဲ့ နေရာတွေ သိပ်ကိုပေါတာပါ။

အချိန်ကလဲ ၁၁-နာရီကျော်လာပြီမို့ အရိပ်ကျိုးတိုး ကျဲတဲရှိတဲ့ သစ်ပင်တန်း လေးရဲ့အောက်မှာ ဆွမ်းစားဖို့ ဆုံးဖြတ်ကြပါတယ်။ ရွာနှင့်လဲ တော်တော်ဝေးတဲ့နေရာပါ၊ သတင်းစာတွေ ချခင်းကာ ဆွမ်းဟင်းတွေ ပြင်ဆင်ပြီး စားဖို့ အဆင်သင့်ဖြစ်နေမှ ဦးကုဏ်က သတိပေးပါတယ်။ ကြည့်လိုက်တော့ အန္တရာယ်တွေက မလွတ်ပြန်ပါဘူး၊ ပြင်ဆင်ပြီးပြီဆိုတော့ ဖြစ်သလိုပဲ စားလိုက်ကြပါတယ်။ ဦးသိရိန်က အရယ်အသွမ်း လေးတွေနဲ့ မှတ်တမ်းတင်သလို ဒေါ်အိကလည်း တဟားဟားရယ်ပါတယ်၊ ကောင်းမဲ့ ထင်တဲ့ လွတ်မယ်ထင်တဲ့ နေရာရွေးလိုက်ကာမှ မစင်ပုံတွေ ရှိနေပြန်တော့ မိမိမှာ ငိုရမလို ရယ်ရမလို ပါပဲ။ တူညီခဲ့ကြတာကတော့ အားလုံး အဆာပြေ လောက်ပဲ ထမင်းစားနိုင်ကြတာပါ။Resized_IMG_0884

ဆက်လက်ဖေါ်ပြပေးသွားပါမည်။

2010-ခု၊ဒီဇင်ဘာလ ၅-ရက်၊ တနင်္ဂနွေနေ့။

http://ashinsirinda.com/

မေတ္တာဥယျာဉ်

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP