* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, November 29, 2010

ခွင့်လွှတ်ခြင်းသည် အမျက်ဒေါသကို ထိန်းချုပ်ဟန့်တားရန် ကူညီသည်

အကျွန်ုပ်တို့ဟာ တစ်ဦးတစ်ယောက်က အကျွန်ုပ်တို့ကို အနာတရ ဖြစ်စေပြီးတဲ့နောက် - အရှက်တကွဲ အကျိုးနည်းစေပြီးတဲ့နောက်၊ ဒါမှမဟုတ် ရိုင်းပျစော်ကားပြီးတဲ့နောက် - ထိခိုက်မှုကို ကုစားဖို့အတွက် အမြဲတမ်းရှာဖွေကြပါတယ်။

Samuel Johnson က The Rambler - ဆိုတဲ့စာအုပ်မှာ ရေးသားခဲ့ပါတယ်။ အဲဒါကတော့ - ပညာရှိတဲ့သူဟာ ခွင့်လွှတ်ဖို့ အဆောတလျင် ပြုလုပ်ပါလိမ့်မယ်။ အကြောင်းကတော့ သူဟာ အချိန်ရဲ့ မှန်ကန်တဲ့ တန်ဖိုးကို သိပါတယ်။ သူဟာ မလိုလားအပ်တဲ့ စိတ်ဆင်းရဲမှုဒုက္ခများနဲ့ သေဆုံးဖို့ အဲဒီအရာကို ခံစားလိမ့်မယ်မဟုတ်ပါ- ဆိုတာ ဖြစ်ပါတယ်။

အခြားတစ်ဖက်တွင် ဒေါသဟာ သက်ဇိုးမရှည် ကြာရှည်မခံတဲ့ ရူးသွပ်မိုက်မဲမှုတစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ဒေါသ ကြီးထွားလာတဲ့အခါ သူ့ရဲ့ ဆင်ခြင်တုံတရားအသိညဏ်များက အပြင်ဘက်သို့ လွင့်ပါးစီးမျောပါသွားပါတော့တယ်။
ဒေါသူပုန်ထခြင်းနဲ့ဒေါသဟာ စိတ်ကို ထိန်းမနိုင်သိမ်းမရ ဖြစ်စေပါတယ်။ အမှန်တော့ ဒေါသဟာ အကြောင်းပြချက်မရှိဘဲ ဘယ်တော့မှ မဖြစ်ပါ။ ဒါပေမယ့် ကောင်းတဲ့သူတစ်ယောက်က အဲဒါကို ထောက်ခံ အားမပေးပါ။

ဒေါသတစ်မိနစ်ကို ထိန်းချုပ်ခြင်းဖြင့် တစ်ဦးတစ်ယောက်ဟာ ဘ၀တစ်ခုလုံးအတွက် နောင်တကို ရှောင်ရှားနိုင်ပါလိမ့်မယ်။ ခရစ်တော်လာဆုတောင်းပတ္တနာမှ “အကျွန်ုပ်တို့ကို ဆန့်ကျင်ကျူးလွန်ပြစ်မှားတဲ့ သူများကို အကျွန်ုပ်တို့က ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့ရဲ့ အမှားများကို အကျွန်ုပ်တို့ကို ခွင့်လွှတ်ပါ” လို့ ဆိုထားပါတယ်။

ပထမဆုံးခွင့်လွှတ်တဲ့သူဟာ အောင်ဆုကို အနိုင်ရရှိပါတယ်။ တကယ့်ကို ခွင့်လွှတ်ခြင်းဟာ လက်စားချေခြင်းထက် ပိုလို့ကောင်းပါတယ်။ လက်တင်စကားမှာ အကြံပြုထားတာကတော့ “အခြားသူများကို မကြာခဏ ခွင့်လွှတ်ပါ။ သင်ကိုယ်တိုင်တော့ ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့”ဆိုတာပါ။ ဒေါသထွက်ဖို့ လွယ်ကူလျင် ခွင့်လွှတ်ဖို့ ခက်ခဲတတ်ပါတယ်။

အခြားသူများဟာ ဇက်ကြိုးကို အနေတော်အံကိုက် ထိန်းကိုင်နေစဉ် အမြန်နှုန်းအရှိန်ကို ကောင်းစွာနားလည်သကဲ့သို့ ဒေါသတည်းဟူသော လှိမ့်နေတဲ့ရထားကို ချုပ်တည်းထိန်းထားတဲ့သူဟာ တကယ် စစ်မှန်တဲ့မောင်းနှင်သူ ဖြစ်ပါတယ်။ “သင် မဖွင့်ဟဘဲနှုတ်ဆိတ်နေတဲ့အခါ သင်ဟာ ဒေါသရဲ့အသာစီးရနေမှုကို အလျင်အမြန်ပြီးစီးသွားစေပါတယ်”။

လူတစ်ဦးတစ်ယောက်ဟာ ဒေါသထွက်တဲ့အခါ သူကိုယ်တိုင် အပြင်ဘက်ရောက်နေပါတယ်။ အကယ်၍ လူတစ်ယောက်ဟာ သူရဲ့နှလုံးသားထဲမှာ ဒေါသရှိနေခဲ့ပြီးဖြစ်မယ်ဆိုယင် သူဟာ နောက်ထပ် ရန်သူကို ကြောက်ဖို့ လိုအပ်ပါသေးသလား?

Book of Wisdom စာအုပ်မှာ Ben Sira က ကိုးကားခဲ့ပါတယ်။ သူဟာ သင်ပါးစပ်ကို ထောင်ချောက်ကဲ့သို့ ခုတုံးလုပ်ဖို့ အကြီးအကျယ်ရှုံ့ချတဲ့အတွက်ကြောင့် သင် ဒေါသမထွက်ပါနဲ့။ ဒေါသဟာ အမုန်းတရားကို မွေးမြူပါတယ်။ ခွင့်လွှတ်ခြင်းကတော့ ချစ်ခြင်းကို မွေးမြူပါတယ်။

“ငါ မင်းကို ခွင့်လွှတ်တယ်”လို့ ပြောဆိုခြင်းဟာ အကျွန်ုပ်တို့အမြဲတမ်းပြုလုပ်နိုင်တဲ့ များစွာအင်အားသြဇာပြည့်တဲ့အရာ ဖြစ်နိုင်ပါတယ်။ ခွင့်လွှတ်ခြင်းဟာ အညံ့ခံအရှုံးပေးခြင်းကို ဆိုလိုတာမဟုတ်ပါ။ ဒါဟာ အတူတကွ သွားကြပါစို့ - လို့ ဆိုလိုပါတယ်။

အကျွန်ုပ်တို့က ခွင့်လွှတ်လျင်ခွင့်လွှတ်ချင်း အကျွန်ုပ်တို့ဟာ စိတ်ခံစားမှုအရ အကျွန်ုပ်တို့ကို ထိခိုက်အနာတရ ဖြစ်စေတဲ့သူကို လက်ထိပ်ခတ်မထားနိုင်တော့ပါဘူး။ နောက်အကြောင်းတစ်ခုကတော့ ဒါဟာ အကျွန်ုပ်တို့ကို ထိခိုက်နာကျင်စေတဲ့အခါ အကျွန်ုပ်တို့တွေ့ကြုံခံစားရတဲ့ လုံးဝမတတ်နိုင်တဲ့ လက်ပိုက် ကြည့်နေရတဲ့ အခြေအနေအတွက် အစားထိုးလျော်ကြေးပေးတာ ဖြစ်ပါတယ်။

အကျွန်ုပ်တို့ဟာ ဒေါသတွေပြည့်နေတဲ့အခါ စိတ်လှုပ်ရှားမှု များစွာခံစားရနိုင်ပါတယ်။ ဒါပေမယ့် ခွင့်လွှတ်ခြင်းကတော့ အင်အားပါဝါနဲ့ပတ်သက်လို့ များစွာကြီးမားတဲ့ ခံစားမှုကို သွတ်သွင်းမွေးမြူပေးပါတယ်။ အကျွန်ုပ်တို့ခွင့်လွှတ်တဲ့အခါ အကျွန်ုပ်တို့ဟာ ရွေးချယ်ဖို့ အကျွန်ုပ်တို့ရဲ့ပါဝါကို ပြန်လည်ဆယ်တင် ပြန်သိမ်းယူပါတယ်။ တစ်ဦးတစ်ယောက်ဟာ ခွင့်လွှတ်မှုအတွက် ထိုက်တန်မှု ရှိ- မရှိ ဒါက အကြောင်းမဟုတ်ပါ။

Shakespeare က Coriolanus မှာ ရေးသားခဲ့ပါတယ်။ အဲဒါကတော့ “ဒေါသဟာ အကျွန်ုပ်တို့ရဲ့အသား ဖြစ်တယ်။ အကျွန်ုပ်ဟာ အကျွန်ုပ်ကိုယ်တိုင် တို့ကာ ပင့်ကာ စားတယ်” ဆိုတာ ဖြစ်ပါတယ်။ ဒေါသဖြစ်ဖို့ အကျွန်ုပ်တို့အပေါ်မှာ အခြားသူများရဲ့အမှားများကို ဖိတ်ခေါ်ကမ်းလှမ်းဖို့ ဖြစ်ပါတယ်။ ဒေါသူပုန်ထခြင်းက အားလုံးကို လက်နက်ဖြင့် ဖြည့်စွက်ထောက်ပံ့ပေးပါတယ်။

ခွင့်လွှတ်မှုဟာ ကိုယ်ရောစိတ်ပါ အပြည့်အ၀ ကောင်းပါတယ်။ ဆေးပညာအလိုအရ ဒေါသကို သိမ်းဆည်းထားတဲ့သူများဟာ သွေးတိုးရောဂါဖြစ်လွယ်ပါတယ်။ အနာရောဂါများနှင့်နှီးနွှယ်ဆက်စပ်နေပါတယ်။ အတိတ်က မအောင်မြင်ခဲ့တဲ့အခြေအနေများ- အရှက်တကွဲအကျိုးနည်းဖွယ်ရာအခြေအနေများက ပို၍ပို၍ ထိခိုက်နာကျင်စေပြီး သင်ရဲ့ကျန်းမာရေးအတွက် ဆိုးရွားစွာ ဖြစ်ပေါ်စေပါတယ်။ ဒါကို Dr Redfold Williams က ပြောထားတာ ဖြစ်ပါတယ်။

တစ်ဦးတစ်ယောက်ကို ဒေါသထွက်အောင်ပြုလုပ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို လွယ်လွယ်ကူကူ စိတ်ထဲစွဲထင် သတိတရရှိနေခြင်းက နှလုံးသားအတွက် ဖိအားများဖြစ်စေတယ်ဆိုတာကို အခိုင်အမာဆိုထားပါတယ်။ မြင့်မားတဲ့သွေးဖိအားများက သောကဗျာပါရကိုဖြစ်စေတဲ့ ဆန့်ကျင်ဘက်ဝေဒနာများကို ဆက်သွယ်ထားပြီး အခြားဘေးဥပဒ်များကို ကူးဆက်တိုးပွါးစေပါတယ်။

မခံသာတဲ့နာကျင်မှုများဟာ အနာတရဖြစ်စေဖို့ မိနစ်ပိုင်းမျှသာ အချိန်ရယူဖို့ လိုအပ်နိုင်ပေမဲ့ ပြစ်မှုကျူးလွန်ထားတဲ့သူကို တစ်ခါ တစ်ခါ ခွင့်လွှတ်ဖို့ကတော့ အချိန်များစွာ လိုအပ်ပါတယ်။

အစကနဦး အကျွန်ုပ်တို့ဟာ ဒေါသ- ၀မ်းနည်းမှု- ရှက်ခြင်းကဲ့သို့သော ဆန့်ကျင်ဘက် ဝေဒနာများကို တွေ့ကြုံရနိုင်ပါတယ်။ အဲဒီနောက်မှာတော့ အကျွန်ုပ်တို့ဖြစ်ပျက်တဲ့အရာကို နားလည်သဘောပေါက်ဖို့ ကြိုးစားပါတယ်။ နောက်ဆုံးမှာ စိတ်သစ်လူသစ်ဖြစ်တဲ့မျက်လုံးများမှတဆင့် အကျွန်ုပ်တို့ကို ထိခိုက်အနာတရဖြစ်စေတဲ့လူကို ကြည့်ရှု့ဖို့ အကျွန်ုပ်တို့ သင်ယူပါတယ်။

အချို့လူများဟာ ခွင့်လွှတ်ခြင်းရဲ့ နောက်ဆုံးအဆင့်ကို ဘယ်တုန်းကမှ မရောက်ခဲ့ပါဘူး။ ကလေးဘ၀မှာ သူတို့ချစ်တဲ့ သူတို့ယုံကြည်တဲ့သူများက အနာတရဖြစ်စေခဲ့တဲ့ထိခိုက်ခံခဲ့ရတဲ့ သူများဟာ အထူးသဖြင့် ကျပ်တည်းခက်ခဲတဲ့ဖြစ်စဉ်များကို တွေ့ရှိနိုင်ပါတယ်။ ဒါပေမယ့် တပိုင်းတစ်စဖြစ်တဲ့ ခွင့်လွှတ်ခြင်းများကတောင်မှ အကျိုးပြုနိုင်ပါတယ်။

ခွင့်လွှတ်ခြင်းဟာ အခြားသူများရဲ့ ပါဝင်ပတ်သက်ခြင်း ဒါမှမဟုတ် သတိမူမိခြင်းမရှိဘဲ ဖြစ်ပွားနိုင်ပါတယ်။ ခွင့်လွှတ်ခံရတဲ့သူများဟာ သူတို့က အကျွန်ုတို့ကို လွဲချော်မှားယွင်းခဲ့တယ်ဆိုတာ ဘယ်တော့မှ သဘောမပေါက်နိုင်ပါဘူး။ အဲသလိုမဟုတ်ယင်လည်း အကျွန်ုပ်တို့က သူတို့ကို ခွင့်လွှတ်တယ်ဆိုတာကို ဘယ်တော့မှ မသိပါဘူး။

အရေးကြီးတဲ့အရာက အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့ဒေါသကို လွှတ်လိုက်ဖို့ ဖြစ်ပါတယ်။ ထိခိုက်အနာတရ ဖြစ်ခဲ့တဲ့အတွေ့အကြုံများက တစ်ဖန် မတရားဖိနှိပ်မခံရဖို့ - အခြားသူများကို မတရားဖိနှိပ်ခြင်းမှ ရှောင်ကြဉ်ဖို့ အကျွန်ုပ်တို့ကို သင်ကြားပေးပါတယ်။

ခွင့်လွှတ်မှုဟာ အတွင်းငြိမ်းချမ်းရေးသို့ ဦးတည်ပါတယ်။ အကျွန်ုပ်တို့ဟာ ခွင့်လွှတ်ပြီးတဲ့အခါ အကျွန်ုပ်တို့ဟာ များစွာ ရယ်မောနိုင်ပါတယ်။ နက်နက်နဲနဲ ခံစားသိမြင်နိုင်ပါတယ်။ ပို၍ပို၍ အခြားသူများနဲ့ ဆက်စပ်လာပါတယ်။ အဲဒီနောက် အကျွန်ုပ်တို့က ထုတ်လုပ်လိုက်တဲ့ ကောင်းမွန်တဲ့စိတ်သဘောထားများက ကြီးကျယ်တဲ့ အနာရောဂါ ပျောက်ကင်းခြင်းဆီသို့တောင် ဦးတည်ပါတယ်။

အကျွန်ုပ်တို့ဟာ ခွင့်လွှတ်ခြင်းရဲ့အနာဂတ်ဆီသို့ ကြိုးပမ်းစွမ်းဆောင်ချင်သည့်တိုင်အောင် ဒါပေမယ့် ဘယ်လိုစတင်ရမယ်ဆိုတာ မသိပါ။ Daily Thoughts and Prayers စာအုပ်မှာ Swami Paramananda က ပေးထားတဲ့ ဒီအကြံနောက်ကို လိုက်နာနိုင်ပါတယ်။
တစ်စိမ်းတစ်ရံများဖြင့် အနည်းငယ်ကို ခွင့်လွှတ်ခြင်းက အဓိကအရေးပါတဲ့ ထိခိုက်နာကျင်မှုများကို ခွင့်လွှတ်ခြင်းနဲ့ပတ်သက်တဲ့ ခက်ခဲတဲ့အလုပ်များအတွက် အကျွန်ုပ်တို့ကို အဆင်သင့်ဖြစ်စေပါတယ်။

အကျွန်ုပ်တို့ဟာ ယုံကြည်စိတ်ချရတဲ့သူငယ်ချင်းများ ဒါမှမဟုတ် အတိုင်ပင်ခံအကြံပေးပုဂိုလ်များထံမှာ အကျွန်ုပ်တို့ရဲ့ ဒေါသများ စိတ်ထိခိုက်ရခြင်းများကို ဖော်ပြနိုင်ပါတယ်။ ဒါက နားထောင်ရခြင်းနဲ့ ပတ်သက်တဲ့ အားကောင်းလာတဲ့အတွေ့အကြုံများကို အကျွန်ုပ်တို့ကို လမ်းဖွင့်ပေးပါတယ်။ အကျွန်ုပ်တို့ဟာ နောက်ပိုင်း စိတ်မကောင်းဖြစ်ရမယ့်အရာကို ပြောဆိုရခြင်း ဒါမှမဟုတ် ပြုလုပ်ရခြင်းနဲ့ ပတ်သက်လို့ အန္တရာယ်မရှိတော့ဘဲ အကျွန်ုပ်တို့ရဲ့ ဝေဒနာကို လက်လွှတ်လိုက်နိုင်ပါတယ်။

ခေါင်းအုံးကိုလက်သီးနဲ့ထိုးသကဲ့သို့သော ဒေါသကိုလွှဲပြောင်းပေးလိုက်တဲ့ နည်းစနစ်များက ထောက်ကူအကျိုးပြုနိုင်ပါတယ်။ အကယ်၍ အကျွန်ုပ်တို့ဟာ စိတ်မကောင်းဝမ်းနည်းစရာအနေဖြင့် သိပ်များများစားစား ဒေါသမဖြစ်လျင် အကျွန်ုပ်တို့ဟာ နေ့စဉ်မှတ်တမ်းတစ်ခုကို ထိန်းထားသိမ်းထားနိုင်ပါတယ်။

ရပါတယ်……အန္တရာယ်ရှိစွာကြောက်ဖွယ်လိလိ မောင်းနှင်ခြင်းကဲ့သို့ - တံခါးများကို ဆောင့်နင်းခြင်းကဲ့သို့ ဒါမှမဟုတ် အရာဝတ္ထုများကို ရိုက်ချိုးခြင်းကဲ့သို့ ဤသို့သော ဆန့်ကျင်ဘက်အတွေးများနှင့် ဒေါသရဲ့ဖော်ပြချက်များကို အကျွန်ုပ်တို့ဟာ ရှောင်ရှားသင့်ပါတယ်။

အကျွန်ုပ်တို့ဟာ အပြစ်တင်ခြင်း ဒါမှမဟုတ် အရှုံးအနိုင်ကို ဆုံးဖြတ်ခြင်းမရှိဘဲ အဲဒါကို အကျွန်ုပ်တို့ တွေ့ကြုံခဲ့တဲ့အတိုင်း ဖြစ်ပျက်တဲ့အရာနဲ့ပတ်သက်တဲ့အမှန်တရားကို ရှင်းလင်းဖော်ပြနိုင်ပါတယ်။
“ငါတကယ် နားမလည်ဘူးဆိုတာ ငါခံစားမိတယ် ”- ဆိုတဲ့ “ ငါ ”-ဖော်ပြချက်- ထွက်ဆိုချက် စသည်ကို အသုံးပြုတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။

အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့အပေါ်မှာ လူတစ်ယောက်ရဲ့အပြုအမူနဲ့ပတ်သက်လို့ ထိရောက်တဲ့သက်ရောက် မှုကို ထုတ်ဖော်ပြောဆိုနိုင်- ပြန်လည်ပြောပြနိုင်ပါတယ်။ ပြဿနာများကို ဖြေရှင်းဖို့ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့ ခံစားချက်များကို ပြောဆိုရေးသားဖော်ပြနိုင်ပါတယ်။ အမူအရာဖြင့် ပြသနိုင်ပါတယ်။


Firoz Bakht Ahmed

Read more...

………, ……… and Death

Old Age, Sickness and Death

The story goes that the Buddha lived in three palaces, one for each season, and never travelled outside. In the palaces he was given every comfort, and wanted for nothing. The reason he was so protected was his father king Suddhodana had been told a prophesy that his son would either become a world conquering monarch, or a religious recluse. Naturally the father chose the former.

Yet one day the young Buddha to be, journeyed out of the palace against his father’s wishes. There he met with 4 Devadutta - heavenly messengers. (if you speak Thai you can note that ‘dutta’ is root of the Thai word for Embassy.)

First was an old man, the second was a sick man, and the third was a dead man. After these he saw a Samana – a religious recluse.

He had never seen an old person before, and asked his charioteer in shock what he was seeing. Same for each of the other messengers. This ‘shook’ him from complacency (samvaga), and began his spiritual yearnings.

Of course, we do not have to read the story literally. Yet a prince might well be over protected, and oblivious to the suffering of the world around him – epitomised in Marie Antoinette’s immortal advice to those starving for lack of bread – ‘then let them eat cake’.

Still, without these messengers what would cause someone to take up a practise? The Samvega is vital – one has to be stirred from complacency.

One suttas says just hearing about these four is enough for some people. For others you have to see it with your own eyes. The slower of wit wait until they affect ones family, and the slowest of all wait until they themselves are afflicted before experiencing the samvega. The Buddha was in the second group – he had to see it first.

To maintain this shaking up, monks and nuns around the world recite the lines ‘for frequent reflection’

    • I am of the nature to age, I have not gone beyond aging
    • I am of the nature to sicken, I have not gone beyond sickness
    • I am of the nature to die, I have not gone beyond dying

But what if humanity manages to cure sickness? What if we halt or even reverse the ageing process?

Aubrey de Grey presented a talk on TED some years ago suggesting just that. He says that it is not so far off in the future either – some people around today will be alive long enough to see reverses in ageing. Now scientists from Harvard report that they have managed to do just that with mice. Or at least their headline writers suggest that – reading through the article there are a number of reservations; reactivating cells that had naturally stopped splitting, could aggravate or even cause cancer. Also, what works in mice does not necessarily work in man.

Nonetheless, as our life expectancy grows, so too does the need to rejuvenate or replace ageing organs. If the above ever becomes a real treatment – how will we limit the world’s population? Will governments try to control (or tax) who gets to live – only allowing the great and good contributors to society to live double or triple lifespans (sounds like a film score for Tom Cruise to save the world again).

From the perspective of the 4 messengers would postponing our mortality lessen our samvega? The mythology goes that humans have more chance to practise Dhamma because our suffering and pleasure are evenly balanced. Too much happiness in a heavenly realm lessens the urgency – and this is borne out in this world; very few couples newly fallen in love come to learn meditation at temples. Too much suffering and one cannot control the faculties enough to meditate.

While the experiments only worked on mice so far bear in mind that, while we share 98% of our genes with chimps, we also share 95% with mice.

Read more...

ကျန်းမာရေး သုတ


( သင်္ဘောသီး အစွမ်း)
သင်္ဘောသီးဟာ အာဟာရဓာတ်ပေါတယ်။ အဆီကင်းတယ်။ အစာချေရာမှာ အထောက်အကူ ပြုပါတယ်။ အရွယ်အလတ်စား သင်္ဘောသီးမှည့် တလုံးဟာ သင် နေ့စဉ်လိုအပ်နေတဲ့ ဗီတာမင် စီ ရဲ့ ၂၅၀-ရာခိုင်နှုန်း၊ Folate ရဲ့ ၂၉-ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်ရဲ့ ၁၆-ရာခိုင်နှုန်းကို ဖြည့်ပေးနိုင်စွမ်းရှိပါတယ်။

( အပြုံးလေ့ကျင့်စဉ်)
စိတ်အနှောင့်အယှက်တခုခု ကြုံရတဲ့အခါ၊ ဒေါသထွက်ရတဲ့အခါ၊ ပင်ပန်း နွမ်းနယ်နေတဲ့အခါ အပြုံးလေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
- မတ်တတ်ရပ်ပါ။
- ပခုံးတွေကို လျှော့ချထားပါ။
- အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်ခုံးတွေ မြင့်တက်သွားတဲ့အထိ ပြုံးလိုက်ပါ။
နားနှစ်ဖက်ပါ ဘေးကို ဆန့်ထွက်သွားသလို ခံစားရပါလိမ့်မယ်။
- စက္ကန့် ၃၀-လောက်ကြာတဲ့အထိ ပြုံးနေတဲ့ ပုံစံ လုပ်ထားပါ။ စိတ်သောကတွေ အနည်းနဲ့အများ ဆိုသလို ပြေပျောက်သွားပါလိမ့်မယ်။

( ရင်သွေးလေးတွေ အသီးအရွက် ပိုစားဖြစ်အောင် )
ဟင်းသီးဟင်းရွက်တွေဟာ လူကြီးလူငယ်မရွေး ကျန်းမာရေးအတွက် အထူးကောင်းမွန်တာမို့ ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ထဲကို အသီးအရွက် တတ်နိုင်သလောက် များများဝင်အောင် ကျွေးပေးရပါမယ်။

- မနက်စာစားချိန်မှာ လတ်ဆတ်တဲ့ သစ်သီးစိတ် တစိတ်ကျွေးပါ။

- အသီးခြောက်တွေလည်း ကျွေးပါ။ အသီးခြောက် ပန်းကန်လုံးတ၀က်လောက် ကျွေးခြင်းဟာလည်း ထိုက်သင့်သလောက်တော့ အာဟာရဖြစ်စေပါတယ်။

- ရေခဲသေတ္တာထဲထည့်ထားတဲ့ ဟင်းသီးဟင်းရွက်အေးတွေကို ခေါက်ဆွဲပြုတ်တို့၊ ဟင်းချိုတို့ထဲ ထည့်ပြုတ်ပြီး ကျွေးပါ။ ဒါမှမဟုတ် သီးသန့်ကြော်ပြီးပဲကျွေးကျွေး၊ ပီဇာနဲ့ဆင်းဒ၀စ် မုန့်တွေထဲ ထည့်ကျွေးကျွေး နှစ်သက်သလို အသုံးချလို့ ရပါတယ်။

-စည်သွတ်ဘူးထဲထည့်ထားတဲ့ အသီးအရွက်တွေဟာလည်း (Expire date မလွန်ရင်ပေါ့) လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေနီးပါး အာဟာရဖြစ်ပါတယ်။

- ဗီတာမင် စီ အတွက်ကတော့ ရေ၊ ဒါမှမဟုတ် လက်ဖက်ရည်အေးထဲ သံပုရာရည် သို့မဟုတ်-ရှောက်ရည်ညှစ်ပြီး သောက်ခိုင်းပါ။

- ဖျော်ရည်ပုလင်းတွေ တိုက်မယ့်အစား လတ်လတ်ဆတ်ဆတ် သစ်သီးဖျော်ရည်တွေ သောက်ခိုင်းပါ။

( အာလူးကြော်နဲ့ ဗီတာမင် စီ )
အာလူးဟာ လိမ္မောသီးထက် ဗီတာမင် စီ ကြွယ်ဝပါတယ်။ ဒါပေမဲ့ အာလူးချောင်းကြော်ဆိုရင်တော့ အဆီဓာတ်များစွာပါဝင်တဲ့အတွက် နေ့စဉ်စားဖို့မသင့်ပါဘူး။ လက်သီးဆုပ်အရွယ် အာလူးတလုံးကို အကြွပ်ကြော်ထားတဲ့အကြော်မှာ အဆီ ၁၈-ဂရမ် ပါဝင်ပါတယ်။ တကယ်လို့ အာလူး အဲဒီအရွယ်ကိုပဲ ထောင်းပြီး ထောပတ်တို့ နို့တို့နဲ့ ကြော်ရင်တော့ အဆီ ၃-ဂရမ် ပါဝင်ပါတယ်။ Polyunsaturated ဆီတွေ သုတ်ပြီး မီးကင်ထားတဲ့ အာလူးဆိုရင် ဆီ ၅-၁၀ ဂရမ်အထိ ပါဝင်ပါတယ်။ မီးဖုတ်ထား၊ ပြုတ်ထား၊ ပေါင်းထားတဲ့ အာလူးမှာတော့ အဆီဓာတ် လုံးဝမပါဝင်ပါဘူး။ အဆိုးဆုံးကတော့ အာလူးပါးပါးလှီးကြော်ပါပဲ။ သူ ၁၀၀-ဂရမ်စားမိရင် ဆီ ၃၀-ဂရမ် သင့်ဝမ်းထဲရောက်သွားပြီဆိုတာ သတိပြုသင့်ပါတယ်။

( ကလေးငယ်နဲ့ စာအုပ် )
ငယ်ငယ်လေးကတည်းက စာအုပ်တွေနဲ့ အကျွမ်းတ၀င်ဖြစ်တဲ့ ကလေးတွေ ကြီးလာတဲ့အခါ စာရေးတာ၊ ဖတ်တာ၊ ဂဏန်းတွက်တာ တခြားကလေးတွေထက် ပိုကောင်းတယ်လို့ ယူနိုက်တက်ကင်းဒမ်းက သုတေသနပြုချက်တွေအရ သိရှိရပါတယ်။
ဒါကြောင့်
- သင့်ကလေးငယ်ကို စာဖတ်ပြဖို့ အချိန်သတ်သတ် ဖယ်ထားပါ။

- ဖတ်ပြတဲ့အခါ ကလေးသဘောကျအောင် ရီစရာတွေ ဖန်တီးပါ။ ဖတ်ပြတဲ့အသံ၊ မျက်နှာ အမူအရာ အမျိုးမျိုး လုပ်ပြပါ။

- ကလေး ခြောက်လသားအရွယ်လောက် ဆိုရင်ကို ဖတ်ပြလို့ရပါပြီ။ ကလေးတွေက အရုပ်လေးတွေ ကြည့်တာ၊ ထူးထူးဆန်းဆန်းအသံတွေ နားထောင်တာကို ငယ်ငယ်လေးကတည်းက စိတ်ဝင်စားပါတယ်။

- အိပ်ရာဝင်ခါနီးတိုင်း စာအုပ်တအုပ် ဖတ်ပြပါ။ အိပ်ခါနီးဖတ်ဖို့ စာအုပ်အများကြီး ပုံထားတာတော့ မဖြစ်ပါစေနဲ့။

( လိုက်ဖ်စတိုင်းလ် ၂၀၀၁-ခု ဖေဖော်ဝါရီလ)

ဖူးစာကံ၏ စီမံရာ

ဖူးစာကံကို ယုံပါလို့ ဆိုရာမှာ ဖူးစာကံ စီမံရာမှာ ကိုယ့်အလိုအတိုင်း ဖြစ်ချင်မှ ဖြစ်မှာ။ ကံကောင်းရင် အဆင်ပြေမယ်။ ကံဆိုးရင် စိတ်ဒုက္ခ ကိုယ်ဒုက္ခ ရောက်မယ်။ လင်ကံ ကောင်းတယ်၊ မယားကံ ကောင်းတယ်-ဆိုတဲ့ စကားတွေဟာ အိမ်ထောင်ရေးကိစ္စမှာ ကိုယ်ကြိုက်နှစ်သက်တာ ရတယ်လို့ အဓိပ္ပါယ်ကောက်မယ်ဆို ကောက်နိုင်ပါတယ်။

ကိုယ်က အစက ကြိုက်လို့ မဆိုနိုင်ပေမယ့် လူကြီးတွေ နေရာချပေးတာ အဆင်ပြေနေလို့ ဆိုတာမျိုးလည်း ရှိတယ်။ အိမ်ထောင်ရေး ကံကောင်းတာကို ဆိုလိုပါတယ်။ ဒါပေမယ့် ဖူးစာကံက တွဲပေးလိုက်တဲ့ လင်နှင့်မယား တချို့ကျပြန်တော့ သူတို့အလိုကျ ဖြစ်ချင်မှ ဖြစ်မယ်။ ယူလိုက်ပြီးခါမှ မတူတဲ့ အချက်တွေ တွေ့ရပြန်တယ်။ ကိုယ့်အကြိုက် ဖြစ်ရင် ဖူးစာကံ ကောင်းတယ်လို့ ဆိုနိုင်ပေမဲ့ ကိုယ့်အကြိုက် မဖြစ်ခဲ့ရင်တော့ ဖူးစာကံ အပေါ်မှာသာ အပြစ်ပုံချကြပေရော့။

အိမ်ထောင်ရေး ကိစ္စတွင်သာ မဟတ်ဘဲ တခြားကိစ္စတွေမှာလည်း ကံစီမံရာ ဖြစ်ကြရတာပါပဲ။ ရတာ မလို၊ လိုတာ မရ-ဆိုတဲ့ အဖြစ်မျိုး ကြုံတိုင်း မကောင်းဘူးလို့ မဆိုသာပါဘူး။ မလွှဲမရှောင်သာလို့ အိမ်ထောင်ပြုလိုက်ကြရတာတွေ အများအပြား ရှိကြရာမှာ အချစ်ကိစ္စနှင့်အိမ်ထောင်ရေးကိစ္စ ဆက်စပ်မိတာတွေရှိသလို မဆက်စပ်မိလို့ ပထမ အချစ်ကို ပစ်လိုက်ရတာတွေလည်း မနည်းလှပါဘူး။

ကံကြမ္မာ စီမံနေရာချပေးတာကို လက်ခံကြရာမှာ အဆင်မပြေတာတွေ ရှိနိုင်ပါတယ်။ ကံစီမံတာကို လက်မခံချင်လို့ ကိုယ့်ဘ၀ကိုယ် စီမံပြန်တော့လည်း ကံစီမံတာထက် ဆိုးချင်ဆိုးသွားမယ်။ ကံစီမံတာကို လက်ခံလိုက်ရာက အိမ်ထောင်ရေးကိစ္စမှာ အောင်မြင်သွားကြတာမျိုးလည်း ရှိပါတယ်။ လူကြီးတို့က နေရာချပေးတာကို လက်ခံလိုက်ရသူတိုင်း ဒုက္ခရောက်လိမ့်မယ်လို့ မဆိုနိုင်ပါဘူး။ ဒါကြောင့်မို့ ဘဘကြီးက ဖူးစာကံကို ယုံကြည်ပါ-လို့ ဆိုတာပါ။

ကိုယ့်အကြိုက်အတိုင်း လူကြီး စီမံတာတွေကို တော်လှန်ပြီး ချစ်သူနောက် လိုက်တိုင်းလည်း အောင်မြင်ပြီလို့ မဆိုသာပါဘူး။ နှစ်ယောက်သား ကိုယ့်ဘာသာကိုယ် စီမံလိုက်ကြပြီး လူးကြီးမိဘတွေက လက်ခံတာ ရှိသလို လက်မခံဘဲ ပစ်ထားတာတွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် ဘ၀ နေရေးမှာလည်း အောင်မြင်တာ ရှိတယ်။ ဘ၀နေရေး ပျက်စီးသွားတာတွေလည်း ရှိကြတယ်။

ဘဘကြီး လူငယ် ဘ၀မှာတုန်းက ၀တ္ထုကလေး တပုဒ် ဖတ်လိုက်ရတယ်။ ၀တ္ထုဇာတ်လမ်းကို ရေးရေးတော့ မှတ်မိနေသေးတယ်။ စာရေးဆရာက နယ်စွန်နယ်ဖျား တောရွာကလေးမှာ အသက်ကြီးရင့်နေပြီ ဖြစ်တဲ့ လင်မယား နှစ်ယောက်ကို တွေ့ရတယ်။ အဲဒီ အဘိုးကြီး အဘွားကြီးတွေဆီမှာ တည်းခိုရတယ်။ အဘိုးကြီးနှင့် အဘွားကြီးဟာ ဆင်းရဲလှတယ်။ သူတို့ဟာ အတိတ်မှာ ကောင်းစားခဲ့ကြပုံ ရတယ်။ စာရေးဆရာဆိုတာ စပ်စုချင်စိတ် ရှိတယ်လေ။ အဘိုးကြီး အပြင်သွားခိုက်မှာ အဘွားကြီးကို မေးကြည့်တယ်။ အဘွားကြီးက သူနှင့် သူ့ခင်ပွန်းတို့ရဲ့ ငယ်ဘ၀ကို ပြောပြတယ်။

သူတို့နှစ်ယောက်မှာ အဘွားကြီးရဲ့ ငယ်ဘ၀ဟာ ချမ်းသာတယ်။ သူ့အဘိုးကြီး ငယ်စဉ်ကတော့ ဆင်းရဲရှာတယ်။ ဆင်းရဲပေမယ့် အဘိုးကြီးဟာ ငယ်စဉ်ဘ၀မှာ ပညာတတ် တယောက်ဖြစ်တယ်။ အဘွားကြီးရဲ့ မိဘတွေကတော့ လူကုံထံတို့ရဲ့ သားတယောက်နဲ့ ပေးစားဖို့ စီစဉ်ကြတယ်။ ဒါပေမယ့် အဘွားကြီးက သူ့ချစ်သူနှင့် မလွဲချင်ဘူး။ အဘိုးကြီးက ချစ်အားကြီးပေမဲ့ ဘ၀ အခြေအနေ မလှလို့ အနစ်နာခံပြီး ခွဲကြဖို့ပြောတယ်။ အဘွားကြီးကတော့ စိတ်ခိုင်တယ်။ သူ့ချစ်သူနှင့် ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ ဘ၀တသက်တာ မခွဲဘူးလို့ သန္နိဋ္ဌာန်ချလိုက်ပြီး သူ့ချစ်သူကို တိုက်တွန်းပြီး အဝေးကို ပြေးခဲ့ကြတယ်။ ပျိုမြစ်နုနယ် အရွယ်ကစပြီး တသက်လုံး မိဘများ မသိနိုင်တဲ့ နယ်စပ် ရွာကလေးမှာ အေးချမ်းစွာ နေကြတယ်။ ကံကောင်းတယ်လို့ အဘွားကြီးက ဆိုတယ်။ သူတို့မှာ သားသမီး မပွားစီးလို့ အိုမင်းရင့်ရော်သည်အထိ နှစ်ယောက်သား အကြင်လင်မယားအဖြစ် သေတပန် သက်တဆုံးအထိ နေသွားကြတယ်။ စာရေးဆရာက စိတ်မချမ်းမသာနဲ့ သူ့ခရီးဆက်ဖို့ နှုတ်ဆက်ရာမှာ အဘွားကြီးက သားရယ် အဘွားတို့ကို တွေ့ခဲ့ရတဲ့အကြောင်း စာထဲ ထည့်မရေးလိုက်ပါနဲ့ကွယ်-လို့ မှာလိုက်တယ်။

ဒီအကြောင်းကို စာရေးဆရာက ၀တ္ထုလိုလို တကယ်လိုလို မတင်မကျနှင့် စာတပုဒ် ရေးလိုက်တယ်။ ဘဘကြီးကတော့ အဲဒီဝတ္ထုတိုလေး ဖတ်လိုက်ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပေမဲ့ အချစ်ကြောင့် ပြည့်စုံချမ်းသာတဲ့ ဘ၀ကို စွန့်ပစ်ပြီး ဆင်းရဲချို့တဲ့တဲ့ ဘ၀ကို သူ့ချစ်သူနှင့်အတူ စိတ်၏ချမ်းသာခြင်းဖြင့် နေတာကို အဘွားစွန့်စားတာ ကောင်တယ်-လို့ပဲ ဆိုရမလား၊ ဟာ အဘွားရယ် အခုလို အချစ်ကို ငဲ့ပြီး ဆင်းရဲတွင်း ဆင်းတာ မကောင်းပါဘူး-လို့ပဲ ပြောရမလား မဝေခွဲတတ်ခဲ့ပါဘူး။

သတ္တ၀ါတိုင်း ကံစီမံရာကို နာခံကြရတယ် ဆိုပေမဲ့ အချစ်နဲ့ ပတ်သက်တဲ့ ဖူးစာကံကိုတော့ သူ စီမံတဲ့အတိုင်း ငြင်းဆန်သင့်သလား၊ လက်ခံသင့်သလား။

အချစ်မပါသော အိမ်ထောင်ရေးကို မိမိဘ၀နေရေး ကောင်းအောင် လက်ခံရမလား၊ တော်လှန် ပုံကန်ပြီး တသက်လုံး အချစ်နှင့်အတူ အဆင်းရဲခံရမှာလား သမီးလေးတို့၊ သားလေးတို့၊ မြေးလေးတို့လည်း စဉ်းစားကြပါ။

တက်တိုး
(အပျိုစင် ၂၀၀၂-ခု ဖေဖော်ဝါရီလ)

Read more...

အမျိုးပျောက်မှာ စိုးကြောက်ပါတော့သည်.

အမျိုးပျောက်မှာ စိုးကြောက်ပါတော့သည်... (ဦးအေးချို- မဟာဝိဇ္ဇာ)



Read more...

ထင်မိထင်ရာ (၄)



အမ္ဗပါလီ

ထိုခေတ်ထိုအခါက လိစ္ဆ၀ီမင်းများ သဘောထားမကြီးမှုကြောင့်
အတ္တကြီးမားမှုကြောင့်
ခပ်ရိုင်းရိုင်းပြောရရင် အဝေမတည့်မှုကြောင့်
အမ္ဗပါလီအမျိုးသမီး ပြည့်တန်ဆာဘ၀သို့ရောက်သွားရတယ်။
အမ္ဗပါလီကို ပြည့်တန်ဆာလုပ်ခိုင်းပြီး သူမွေးခဲ့တဲ့နေရာဖြစ်တဲ့
(သူ့ကိုတွေ့ခဲ့တဲ့နေရာဖြစ်တဲ့) သရက်ခြံကိုလဲ လက်ဆောင်အဖြစ် အပိုင်စားပေးလိုက်တယ်တဲ့။

လူတိုင်း သူနဲ့မပျော်ပါးနိုင်အောင် သူနဲ့ပျော်ပါးခကြေးငွေကို
အမြင့်ကြီးသတ်မှတ်လိုက်တယ်။
အဲ့ဒီခေတ်အဲ့ဒီအခါတုန်းက သူနဲ့တစ်ခါပျော်ပါးလိုရင် အသပြာတစ်ရာပေးရသတဲ့။
အဲ့ဒီခေတ် အဲ့ဒီအချိန်က ငွေအသပြာတစ်ရာဟာ အတော်တန်ဘိုးကြီးဆိုဘဲ။
အသပြာတစ်ရာဟာ အင်မတန်မြင့်တဲ့ဈေးနှုန်းလို့ဆိုတယ်။
အခြေခံလူတန်းစား အလယ်အလတ်တန်းစားတွေ
အနားမသီနိုင်တဲ့ဈေးနှုန်းလို့ဆိုတယ်။

အဲ့ဒီခေတ် အဲ့ဒီအချိန်က ငွေအသပြာတစ်ရာကို
မြန်မာငွေကြေးနဲ့တော့ နှိုင်းယှဉ်ပြီး မစဉ်းစားနဲ့ပေါ့။
မြန်မာငွေဆိုလို့ မြန်မာပြည်က လောလောလတ်လတ်ရောက်လာတဲ့
သူငယ်ချင်း ဆရာတော်တစ်ပါးက မြန်မာငွေကြေးအကြောင်း တစ်စွန်းတစ်စပြောပြတယ်။
မြန်မာပြည်မှာ မြန်မာငွေ အလွန်ဖောင်းပွနေကြောင်း၊
ဖောင်းပွနေတယ်ဆိုပေမဲ့ လူအများစုလက်ထဲမှာတော့ ဖောင်းပွမနေကြောင်း၊
ဖောင်းတော့ ဖောင်းပွနေကြောင်းပြောပြပါတယ်။

ဒါ့အပြင် ငွေစက္ကူတွေကလဲ ညစ်ပတ်စုတ်ပြတ်နေလို့
ပလတ်စတစ်အိပ်လေးတွေနဲ့ ထည့်ပြီး သုံးနေရကြောင်း၊
ဒီလိုအဆင့်အထိရောက်နေပေမဲ့
လူအများစုဟာ နားလည်မှုပေးပြီး ညစ်ပေစုတ်ထေးနေတဲ့
ငွေစက္ကူလဲလှယ်သုံးစွဲတဲ့အပေါ်မှာ
အချင်းချင်း မငြိုငြင် မညည်းညူကြကြောင်း ပြောပြပါတယ်။

ဆက်ပြောတာက
ဒီလို အခြေအနေမျိုးမှာ
အိမ်တစ်အိမ်မှာ မိခင်တစ်ဦးက ၂၀၀ တန်ငွေစက္ကူအသစ်တစ်ရွက်ကို
သူ့ခလေး ကျောင်းသွားခါနီး မုန့်ဘိုးထုတ်ပေးတာ
ငွေစက္ကူအတုကြီးထုတ်ပေးရမလား ဆိုပြီး
မိခင် လုပ်သူကို မြည်တွန်တောက်တီး ပြန်လည်ပြောဆိုကြောင်း
ငွေစက္ကူအသစ်ကို ငွေစက္ကူအစစ်မထင်တော့ကြောင်း
သူငယ်ချင်းက သူတွေ့ခဲ့တဲ့ သူကြားခဲ့တဲ့
မြန်မာပြည်မှာ ဖြစ်နေတဲ့ ငွေစက္ကူဗဟုသုတကို ဖြန့်ဖြူးပါတယ်။

ရှိစေတော့။
အမ္ဗပါလီဟာ ပြည့်တန်ဆာပင်ဖြစ်လင့်ကစား
ဘုရားရှင်ကို အင်မတန်ကြည်ညိုတယ်။ ရိုသေကိုင်းရှိုင်းတယ်တဲ့။

တစ်နေ့
ဘုရားရှင်နဲ့သံဃာတော်များ ဝေသာလီကြွလာတာတယ်။
အမ္ဗပါလီရဲ့ သရက်ခြံထဲမှာ သီတင်းသုံးနေထိုင်နေတယ်။

ဒီသတင်းရတော့
အမ္ဗပါလီ ဘုရားရှင်ထံ ချက်ချင်း ထသွားတယ်။
တရားတော်များနာကြားတယ်။
နောက်နေ့အတွက် အဆင်ပြေမယ်ဆိုရင် ဆွမ်းကပ်လိုကြောင်း
တစ်လက်စတည်း လျှောက်ထားလိုက်တယ်။
ဘုရားရှင်ကလဲ အမ္ဗပါလီရဲ့ လျှောက်ထားချက်ကို လက်ခံလိုက်ပါတယ်။
အမ္ဗပါလီ အတော်လေးကို ၀မ်းသာသွားတယ်။

အမ္ဗပါလီလိုပဲ လိစ္ဆ၀ီမင်းသားတွေလဲ ဘုရားရှင် ဝေသာလီပြည်ရောက်လာပြီး
သရက်ခြံထဲမှာ သီတင်းသုံးနေနေတယ်ဆိုတာသိရတော့ သွားကြတယ်။

အမ္ဗပါလီလိုပဲ လိစ္ဆ၀ီမင်းသားတွေကလဲ ဘုရားရှင်ကို
နောက်နေ့အတွက် ဆွမ်းကပ်လိုကြောင်း လျှောက်ပါတယ်။

ဒါပေမဲ့ ပြည့်တန်ဆာမ ဖြစ်တဲ့ အမ္ဗပါလီက အရင်လျှောက်ပြီးသားဖြစ်လို့
လိစ္ဆ၀ီမင်းသားတွေ ကပ်မဲ့ဆွမ်းကို ငြင်းဆိုလိုက်ပါတယ်။

စဉ်းစားကြည့်ရင်
ပြည့်တန်ဆာမ ကပ်မဲ့ဆွမ်းနဲ့ မင်းညီမင်းသားတွေကပ်မဲ့ဆွမ်း
မင်းညီမင်းသားတွေကပ်မဲ့ဆွမ်းက ပိုကောင်းလောက်ပါတယ်။
ဖွယ်ဖွယ်ရာရာပိုဖြစ်လောက်ပါတယ်။

ဒါပေမဲ့ အရင်လျှောက်တဲ့သူကို ဘုရားရှင် ဦးစားပေးခဲ့ပါတယ်။
မျက်နှာကြီးရာ ဟင်းဖတ်မပါခဲ့ပါဘူး။

ဒါ့ကြောင့် ဘုရားရှင်ရဲ့တပည့်သား သံဃာတွေဖြစ်တဲ့
ကိုယ်တို့တတွေက ဘုရားရှင်ကျင့်သုံးခဲ့သလို
ဘုရားရှင်နည်းတူ ကျင့်သုံးသင့်ပါတယ်။

လိစ္ဆ၀ီမင်းသားတွေ ဘုရားရှင်ကိုလဲ ပင့်လို့မရရော၊
အမ္ဗပါလီနောက်ကို လိုက်ကြပါတယ်။
မနက်ဖန်အတွက် သူတို့ဘဲ ဘုရားရှင်နဲ့ သံဃာတော်တွေကို
ဆွမ်းကပ်ပါရစေလို့ အမ္ဗပါလီကို ပြောပါတယ်။
ဒါကို အမ္ဗပါလီ လက်မခံပါဘူး။

အသပြာတစ်သိန်းပေးပါ့မယ်၊ မနက်ဖန် သူတို့ဘဲ ဆွမ်းကပ်ပါရစေလို့
လိစ္ဆ၀ီမင်းသားတို့က အမ္ဗပါလီကို ငွေနဲ့ စည်းရုံးပြန်ပါတယ်။
မရပါဘူး။ အမ္ဗပါလီရဲ့ စေတနာသဒ္ဓါတရားက ခိုင်မာပြတ်သားပါတယ်။
ခပ်ပြတ်ပတ်ပြောဆိုပြီး မောင်းထုတ်လိုက်ပါတယ်။

ကုတ်ကုတ် ကုတ်ကုတ်နဲ့ထွက်သွားပြီး
ဇိတမှ ၀တ ဘော အမ္ဗကာယာ -
ဟေ့ကောင်တွေ၊ ဒီတစ်ချီတော့ ငါတို့ကို မိန်းမသားက အနိုင်ယူသွားပြီကွ လို့
ပြောဆိုကာ ထွက်ခွါသွားကြတယ်။

ဒီနေရာမှာ သတိပြုမိတာက
မျက်နှာကြီးရာ ဟင်းဖတ်မပါတတ်တဲ့
ဒို့ဘုရားရှင်ရဲ့ ဂုဏ်ထူးဝိသေသကို တွေ့ရပါတယ်။

နောက် ဘုရားရှင်ကို ဆွမ်းကပ်ခွင့်ရဘို့အရေး
ငွေအသပြာတစ်သိန်းကြီးများတောင် ပေးပြီး
အမ္ဗပါလီထံက တောင်းဆိုခဲ့တဲ့ လိစ္ဆ၀ီမင်းညီမင်းသားတို့ရဲ့
ဘုရားရှင်အပေါ် စေတနာ သဒ္ဓါတရားထက်သန်ပုံကိုလဲ တွေ့ရမှာဖြစ်ပါတယ်။

တစ်ခါပျော်ပါးခ အသပြာ တစ်ရာရတဲ့
ပြည့်တန်ဆာအမ္ဗပါလီ၊
အသပြာတစ်သိန်းပေးတာတောင်
ဘုရားရှင်နဲ့ သံဃာတော်တွေကို ဆွမ်းကပ်ဖို့အခွင့်အရေး
လက်လွှတ် အဆုံးရှုံးမခံနိုင်သူ။

ခြုံကြည့်လိုက်ရင်
အားလုံးဟာ ချီးကျူးစရာ စံပြပုဂ္ဂိုလ်တွေချည်းဘဲ။

အမ္ဗပါလီအတွက် ဒါတင်မကပါဘူး။
အမ္ဗပါလီဟာ ဘုရားရှင်ကို အလွန်ကြည်ညိုသူဖြစ်လာပြီး
သူ့သရက်ခြံထဲမှား ကျောင်းဆောက်လှူဒါန်းပါတယ်။
အလှူရေစက် လက်နဲ့မကွာ ဖြစ်လာပါတယ်။

နောက်ပိုင်း အမ္ဗပါလီမှာ သားတစ်ယောက်ထွန်းကားပါတယ်။
အဲ့ဒီသားတော်လဲ အရွယ်ရောက်တော့ ရဟန်းဘောင်ရောက်လာပါတယ်။
သားတော်ရဟန်းရဲ့ ဟောပြောပြသမှုကြောင့်
မယ်တော်အမ္ဗပါလီ ရဟန်းမ ၀တ်ဖြစ်လာပါတယ်။
နောက်ဆုံးတရားဘာဝနာ အားထုတ်ရင်း
ရဟန္တာမကြီးဖြစ်သွားပါတယ်။

တိုတောင်းလှတဲ့ တခဏတာဘ၀လေးမှာ
မြန်ဆန်ကြီးမားလွန်းတဲ့ အပြောင်းအလဲတွေ
တွေ့ခဲ့ရတဲ့အမ္ဗပါလီဘ၀ကို တွေးမိသလို ရေးမိတာပါ။

Read more...

Read more...

လူတိုင်းသိသင့်တဲ့ ဥပနိဿယ

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Resized_IMG_6485 သံယုတ္တနိကာယ် ကလျာဏမိတ္တ သုတ်မှာ အရှင်အာနန္ဒာက“ ကြီးပွားချမ်းသာဖို့၊ အသိပညာ အတတ်ပညာရဖို့၊ တရားထူး တရားမြတ် ရရှိဖို့တို့မှာ မိတ်ကောင်း ဆွေကောင်း များဟာ ထက်ဝက် (ငါးဆယ် ရာခိုင်နှုန်း)လောက် အရေးပါတယ်” လို့ထင်မိ ပါကြောင်း လျှောက်ထား တဲ့အခါ မြတ်စွာ ဘုရားရှင်က “ အာနန္ဒာ ဒီလို မပြောနဲ့၊ အာနန္ဒာ ဒီလိုမပြောနဲ့”လို့ နှစ်ခွန်းဆင့် တားမြစ် ပြီးတော့မှ “အာနန္ဒာ .. ငါဘုရား တည်းဟူသော ကလျာဏမိတ္တ ကိုမရခဲ့ရင် ပါရမီတွေ ဘယ်လောက်ပဲ ရင့်သန် ပြည့်စုံပါစေ သာဝကတွေ အို နာ သေ လွတ်ရာ နိဗ္ဗာန်ကို မရောက်နိုင်ဘူး၊

အခု ငါဘုရားဆိုတဲ့ကလျာဏမိတ္တကို အကြောင်းပြုပြီး မဂ်ဖိုလ် နိဗ္ဗာန်ကိုရပြီး အိုနာသေဘေးလွတ်သူတွေ လွတ်ကြ၊ ကုသိုလ်တရားတွေ တိုးပွား သူတိုးပွားကြ ဖြစ်တယ်မဟုတ်လား၊ ဒါကြောင့် ကလျာဏမိတ္တ(ပုဂ္ဂိုလ်ဥပနိဿယ)ဟာ ကောင်းကျိုးချမ်းသာရဖို့အတွက် ရာနှုန်းပြည့်အရေးပါတယ်”လို့ မိန့်ကြားတော်မူပါတယ်။

ဒီလောက်ဆိုရင် ပုဂ္ဂိုလ်ရဲ့ ဥပနိဿယသတ္တိကို ခန့်မှန်းသိလောက်ပါပြီ။ အစားအစာဘောဇဉ်နဲ့ ပတ်သက်လို့ကတော့ “တရားရှာ ကိုယ်မှာတွေ့” ဆိုတဲ့ မြန်မာစကားပုံကို ကြောင်းကျိုးဆက် အပြန်အလှန် နှလုံးသွင်းကြည့်လိုက်ရင်ပဲ ဘယ်လောက်ထိ ဥပနိဿယသတ္တိကြီးမားတယ်ဆိုတာ သဘောပေါက်လို့ရပါတယ်။

တရားရှာစရာ၊ တရားတွေ့စရာဆိုတာ ခန္ဓာကိုယ်တည်ရှိနေမှဖြစ်နိုင်တာပါ၊ ခန္ဓာကိုယ်ဆိုတာကလည်း “သဗ္ဗေသတ္တာ အာဟာရဌိတိကာ” ဆိုတဲ့အတိုင်း အစာအာဟာရရှိမှ ရပ်တည်နေနိုင်တာပါ၊ ဒါကို အပြန်အလှန်စဉ်းစားလိုက်ရင် အာဟာရဘောဇဉ်ရဲ့အရေးပါမှုကို သဘောပေါက်လောက်ပါပြီ။

ရာသီဥတုရဲ့ ဥပနိဿယဖြစ်မှုကလဲ သိပ်ပြီးထွေထွေထူးထူး ပြောစရာမလိုတော့ပါဘူး ဥတုမမျှတမှုကို အကြောင်းပြုပြီး အလုပ်အကိုင် ပျက်ကြရ တာ၊ အနာရောဂါထူပြောရတာစတဲ့ ကာယိကဒုက္ခပေါင်းစုံ ကြုံရသလို၊ ရာသီဥတု သာယာမျှတမှုကြောင့် ရွှင်လန်းတက်ြွကတဲ့ ကာယိကသုခနဲ့ပြည့်စုံပြီး ယောနိသောမနသီကာရ“စိတ်ထားကောင်း”ရှိသူတို့က လောကကောင်းမှု၊ ဓမ္မကောင်းမှုတွေမျိုးစုံအောင် ပြုလုပ်ကြသလိ အယောနိသော မနသီကာရ“ စိတ်ထားဆိုး”ရှိသူများအနေနဲ့လဲ မကောင်းမှုမျိုးစုံကို ပိုပြီး ထိထိရောက်ရောက်ကြီးပြုနိုင်ကြတာဟာ အလွန်သိသာထင်ရှားပါတယ်။

“သေနာသန”ဆိုတဲ့ နေထိုင်ရာအရပ်ဒေသ ကျောင်းကန်အရိပ်နေရာများဟာလဲ ကုသိုလ်အကုသိုလ်ဖြစ်ရေးအတွက် အားကြီးတဲ့ အကြောင်း တရား ဥပနိဿယသတ္တိရှိပါတယ်၊ မင်္ဂလာတရားတော်မှာလာတဲ့ “ပတိရူပ ဒေသဝါသ= ကုသိုလ်၊ပညာ၊ ဥစ္စာရဖို့၊ သင့်ရာဒေသအမြဲနေ” ဆိုတဲ့မင်္ဂလာ ဟာ ဒီသေနာသနဥပနိဿယသဘောကိုပြောတာပါ။

ရှင်ရဟန်းတို့ရဲ့ ရပ်တည်နိုင်မှုအတွက် အခြေခံအမှီလေးပါးဖြစ်တဲ့ “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးထဲက“ကျောင်း”ဆိုတာရယ်၊ လူတို့အတွက်အခြေခံ“အရေး”လေးမျိုးဖြစ်တဲ့ “စားရေး၊ ဝတ်ရေး၊ နေရေး၊ ကျန်းမာရေး”ထဲက “နေရေး”ဆိုတာရယ်တို့ဟာလဲ သေနာသန ဥပနိဿယရဲ့ အရေးပါမှုကို ဖော်ပြနေတာပါပဲ။

ကောင်းမှု ကောင်းကျိုးတို့အတွက် နေရာရဲ့အရေးပါမှုနဲ့ ကျေးဇူးတရားကို အလေးအနက်ထားရာမှာ မြတ်စွာဘုရားရှင်ရဲ့သတ္တဌာန စံနေတော် မူပုံကို အာရုံပြုကြည့်ရင် အလွန်အတုယူအားကျစရာကောင်းလောက်အောင် ထင်ရှားပါတယ်။

မြတ်စွာဘုရားရှင် ကဆုန်လပြည့်နေ့မှာ ဘုရားဖြစ်တော်မူပြီးနောက် ကဆုန်လပြည့်ကျော် (၁)ရက်နေ့မှာ ဥဒါန်း ကျူးရင့်တော်မူပြီး ဘုရားအဖြစ် ရောက်ခဲ့တဲ့ အပရာဇိတပလ္လင်တော်မှာပဲ ထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူကာ ...

“ငါသည် ဒီအပရာဇိတပလ္လင်ကိုရရှိဖို့ရန် ပါရမီဆယ်ပါးတို့ကိုမြောက်များစွာ သူမတူဖြည့်ကျင့်ဆည်းပူးရင်း လေးအသင်္ချေ ကမ္ဘာတစ်သိန်း ကာလ ကြာအောင် ကျင်လည်ခဲ့ရပြီ။ ဒီအပရာဇိတပလ္လင်ကိုရဖို့အတွက် ဦးခေါင်း၊ မျက်လုံး၊ နှလုံးသားတို့ကို ထုတ်လှူခဲ့ရပေါင်းလဲများလှပြီ။ ဇနီးမယားသမီးသား တို့ကို လှူခဲ့ရပေါင်းလဲများလှပြီ၊ ဒီပလ္လင်ဟာ ငါဘုရားရှင်ရဲ့ မာရ်ငါးပါးကိုတစမြွကင်း ပယ်ရှင်းအောင်မြင်တဲ့ နေရာပလ္လင်လဲဖြစ်ပေတယ်။ ဒီအပရာဇိတပလ္လင်မှာ ထိုင်နေပြီး ငါ့ရဲ့ဘုရားဖြစ်ရန် ကြံစည်တောင့်တ လိုလားအပ်သမျှတို့ပြည့်စုံခဲ့ပြီး။ ဒီလောက်ကျေးဇူးအထူးများလှတဲ့ ပလ္လင်တော်ပေါ်က ငါမထသေး ..”လို့ ကြံအောက်မေ့ပြီး ကုဋေအသိန်းမကများပြားလှတဲ့ အရဟတ္တဖိုလ် စတုတ္ထဈာန်သမာပတ်ကိုဝင်စားရင်း ပလ္လင်တော်ပေါ်မှာ ခုနှစ်ရက်ကြာ သီတင်းသုံးနေတော်မူပါတယ်။

အဲဒီနောက် ခုနှစ်ရက်တိတိလဲ “ဒီအပရာဇိတပလ္လင်တော်မှာ သဗ္ဗညုတရွှေဥာဏ်တော်ကြီးကို ရအပ်ခဲ့လေပြီတကား”လို့ စဉ်းစားဆင်ခြင် နှလုံးသွင်း ရင်း အပရာဇိတပလ္လင်တော်နဲ့ မဟာဗောဓိပင်ကို မမှိတ်သောမျက်လုံး “အနိမိသ”နဲ့ ကြည့်ရှုတော် မူနေပါတယ်၊ ဒါဟာ နေရာရဲ့ပကတူပနိဿယ ကျေးဇူးကို ဘုရားရှင်တို့ အလေးဂရုပြုတော်မူခဲ့တဲ့ သာဓကတွေပါ။

ပဥှာဝါရ ပဋ္ဌာန်းပါဠိတော်မှာ “ဥပသေဝိတ ပကတ” တရားများအဖြစ်နဲ့ “သုခံ၊ ဒုက္ခံ၊ ပုဂ္ဂလော၊ ဘောဇနံ၊ ဥတု၊ သေနာသနံ” ဆိုပြီး ခြောက်ခု လောက်ကိုသာ ဥပလက္ခဏ“နမူနာ”အဖြစ်နဲ့ ထုတ်ပြခဲ့ပေမယ့် မိမိအတွက် ကောင်းမှု၊ မကောင်းမှုတစ်ခုခုဖြစ် စေဖို့ တွန်းအားအနေနဲ့ဖြစ်ဖြစ်၊ ဆွဲအားအနေနဲ့ပဲဖြစ်ဖြစ်၊ လူဖျင်းလူညံ့များအတွက် ဆင်ခြင်အနေနဲ့ပဲဖြစ်ဖြစ် အထောက်အကူပြု ပေးနိုင်တဲ့အရာတိုင်း ဖြစ်ရပ်ကိစ္စတိုင်းဟာ “ ဥပသေဝိတ ပကတ ” တရားချည်းဖြစ်ပါတယ်။

(၁) အမှုကိစ္စပြုခါနီး (၂) အမှုကိစ္စပြုလုပ်ပြီးစ (၃) ခရီးသွားခါနီး (၄) ခရီးကပြန်ရောက်စ (၅) ဆွမ်းဘောဇဉ်ပြည့်ဝ အောင်မရမှု (၆) ဆွမ်းဘောဇဉ်ဝလင်ပြည့်အင့်မှု (၇) ရောဂါအနည်းငယ်ရရှိမှု (၈) ရောဂါပျောက်ကင်းစ“နာလန်ထ”ဆိုတဲ့အကြောင်းရှစ်ပါးတို့ဟာ ပျင်းရိသူအတွက် အလုပ်မလုပ်ဖို့ “ဆင်ခြင်” များဖြစ်သလို ကြိုးစားအားထုတ်လိုသူအတွက် “တွန်းအား” များဖြစ်တဲ့အတွက် “ဥပသေဝိတ ပကတ”များဖြစ်ပါတယ်၊ အလုပ်ပျက်ဖို့çဖြစ်ဖို့အတွက် အားကြီးတဲ့အကြောင်းတရားများပဲ ဖြစ်လို့ပါ။

ဒီလောက်ဆိုရင် ပကတူပနိဿယပစ္စည်းကို သဘောပေါက်လောက်ပြီဖြစ်သလို ဘယ်လောက်ထိ အရာကျယ်ဝန်းတယ် ဆိုတာလဲ ခန့်မှန်းလို့ ရလောက်ပါပြီ။

အထူးပြောလိုတာကတော့ “ဥပသေဝိတ ပကတ” တရားများထဲက ပုဂ္ဂိုလ်၊ ဘောဇဉ်၊ ဥတု၊ နေရာဆိုတဲ့ တရားများဟာမိမိအပေါ်ကျေးဇူး ကြီးမား သလို သုံးဆောင်မှီဝဲဆည်းကပ်သူများကလဲ ကျေးဇူးကိုသိပြီး ကျေးဇူးဆပ်ကြဖို့နဲ့ ကျေးဇူးမကန်းမိကြဖို့ပါပဲ။

ဒီတရားတွေထဲမှာ “ပုဂ္ဂိုလ်”ဖြစ်တဲ့ မိဘဘိုးဘွားတို့၊ ဆရာသမား မိတ်ဆွေသင်္ဂဟများတို့နဲ့ ရတနာသုံးပါးတို့ ပေါ်မှာတော့ ကျေးဇူးသိပြီး ကျေးဇူး ဆပ်ခဲ့ရင် ရနိုင်တဲ့ကောင်းကျိုးချမ်းသာတွေရော သာဓကတွေအများကြီးရှိသလို ကျေးဇူးပေးဆပ်ရမယ့် တာဝန်များနဲ့ပတ်သက်လို့လဲ သင်္ဂါလောဝါဒ သုတ်စသည်တို့မှာ ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားခဲ့လို့ သိသူများကြပါတယ်။

“ဘောဇဉ်”နဲ့ ပတ်သက်လို့လဲ ရှင်ရဟန်းတို့မှာတော့ ဘုဉ်းပေးသုံးဆောင်ခါနီးတိုင်း “ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး”ဆိုပြီး ဘောဇဉ်အပေါ် သစ္စာမဖောက်ဘူးဆိုတာကိုလဲ ဆင်ခြင်ပြီး ကတိပြုရတယ်။

ပြီးတော့ “လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျှက်၊ အသက်မျှတမ်း၊ မမောပန်းငြား”ဆိုပြီး ဘောဇဉ်ရဲ့ ကျးဇူး တရား ကိုလဲ အောက်မေ့ဆင်ခြင်ရတယ်။

ပြီးတော့မှ “ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုထ်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း”ဆိုပြီး ဘောဇဉ်ရဲ့ကျေးဇူးကို ဘယ်လိုပေးဆပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်ကို သစ္စာပြုဆင်ခြင်စားသုံးကြရ ပါတယ်။ လူလဲလူအလျှောက် အလားတူကျေးဇူးသိ သစ္စာစောင့်ကြရမှာပါ။

“သေနာသန”လို့ခေါ်တဲ့ “နေရာ” နဲ့ ပတ်သက်လို့ ရှင်ရဟန်းတို့မှာလဲ နေရာရဲ့ကျေးဇူးကိုဆင်ခြင်ပြီး နေရာမှာနေထိုင် သုံးစွဲခြင်းနဲ့ တန်အောင် ကျင့်ကြံပေးဆပ်ရမယ့် တာဝန်တွေဘုရားရှင်က ညွှန်ကြားပညတ်ခဲ့သလို လိုက်လဲလိုက်နာကြရပါတယ်။

လူတိုင်းအတွက်လဲပဲ နေရာကိုကျေးဇူးသိပြီး ကျေးဇူးဆပ်ရေးနဲ့ပတ်သက်လို့ ဆရာဇော်ဂျီရဲ့ “ သင်ဖွားရာမြေ၊ သင်တို့ မြေသည်၊ အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏၊ သင်၏မျိုးသား၊ စာစကားလည်း၊ ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏၊

သင်ဦးချ၍၊ အမျှဝေရာ၊ စေတီသာနှင့်၊ သစ္စာအရောင်၊ ဥာဏ်တန်ဆောင်လည်း၊ ပြောလျှက်ဝင်းလျှက် ကျန်စေသတည်း”ဆိုတဲ့ ကဗျာဟာ နေရာကိုကျေးဇူးဆပ်ဖို့အတွက် အလေးအနက်လမ်းညွှန်တိုက်တွန်းထားတာပါ။

မြန်မာစကားပုံတွေထဲက “အရိပ်နေနေ အခက်ချိုးချိုး မလုပ်ပါနဲ့”တို့၊ “သားရေပေါ်အိပ် သားရေနားစား မလုပ်ရ”တို့ ဆိုတဲ့ သတိပေးတားမြစ်ချက်များဟာ နေရာကိုကျေးဇူးမကန်းကြဖို့ သတိပေးနေတာပဲဖြစ်ပါတယ်။ ဒီ “ဥပသေဝိတ ပကတ” တရားတွေထဲမှာ လောကစည်း၊ ဓမ္မစည်းများအရ ကျေးဇူးကန်းသူမှာ အပြစ်တစ်စုံတစ်ရာ ရှိတယ်လို့ မထင်ရပေမယ့်၊ သဘာဝစည်းအရ ကျေးဇူးကန်းရင် ကျေးအစွပ်ဆုံးလို့ ဆိုရလောက်အောင် လက်ငင်းလက်တွေ့ ဒုက္ခပေးတတ်တဲ့တရားကတော့ “ဥတု”လို့ခေါ်တဲ့ ရာသီဥတု အပေါ်ကျေးဇူးကန်း သစ္စာဖောက်ကြခြင်းပါပဲ။

လူတော်တော်များများက ရာသီဥတုအပေါ် ကျေးဇူးသိရမယ်၊ သစ္စာစောင့်သိရမယ်ဆိုတာကို နားတောင်လည်မည့်ပုံမရ ကြပါဘူး၊ ဒါပေမယ့် ဒီနေ့ကမ္ဘာကြီးမှာ ရေခဲတွေပုံမှန်ထက်ပိုပြီး အရည်ပျော်ကြလို့တို့၊ ပင်လယ်ရေတွေ ပူနွေးညစ်နွမ်းလို့တို့ ကြောင့် ရေနေသတ္တဝါတွေ သေကြေပျက်စီးကြရတာ၊ နေရာရှား အစာရှားဖြစ်ကြရတာတွေ၊ မိုးခေါင်ရေရှားဒဏ်ကြောင့် ကုန်းနေ သတ္တဝါတွေ အစာငတ်ရေငတ်ဘေးနဲ့ တွေ့ကြုံခံစား နေရတာ တို့ကစပြီး လှိုင်းဘေး၊ လေဘေး၊ မုန်တိုင်းဘေးစတဲ့ သဘာဝဘေးဆိုးကြီးတွေ၊ ကမ္ဘာကြီးပူနွေးပြီး ကမောက်ကမ အမျိုးမျိုးတွေ တွေ့ကြုံခံစား နေကြရတာ အားလုံးတို့ဟာ “ရာသီဥတုကိုသစ္စာဖောက်တဲ့အတွက် ရာသီဥတုကဒဏ်ခတ်နေတာ ကျေးဇူးကန်းလို့ ကျေးစွပ်ကြတာတွေဖြစ်ပါတယ်။

“ ဥတုရာသီ တောကိုမှီ”ဆိုတဲ့ သတိပေးဆိုင်းဘုတ်ကြီးတွေဟာ ကမ္ဘာနဲ့အဝှမ်းနိုင်ငံတိုင်းမှာလိုလို ရှိနေမယ်ထင်ပါတယ်။

ဟုတ်ပါတယ် ရာသီဥတုဟာ မှီခိုစရာသစ်ပင်တောတောင် ပြည့်ပြည့်စုံစုံရှိတဲ့အခါမှာ အိုးနဲ့အိမ်နဲ့ အတည်တကျ နေထိုင်ကြသူတွေ လိုပဲ စည်းနဲ့ ကမ်းနဲ့ စနစ်တကျရှိတတ်ပါတယ်။ မှီခိုစရာ သစ်ပင်တောတောင်များ ပြုန်းတီးလာတဲ့အခါမှာတော့ အိုးခြေမဲ့၊ အိမ်ခြေမဲ့ ကလေကချေ၊ ကလေကဝ၊ အုတ်ကြားမြက်ပေါက်၊ ခြေသလုံးအိမ်ပါဆိုတဲ့ စရိုက်မျိုးနဲ့ ပရမ်းပတာစည်းမဲ့ကမ်းမဲ့ ထင်တိုင်းကြဲတတ်ကြတာပါ။မကြာသေးလှတဲ့ အချိန်ကအာရှဒေသ မှာ ပရမ်းပတာဖြစ်အောင် ထင်တိုင်းကြဲပြီး သောင်းကျန်းသွားကြတဲ့ ဆူနာမီတို့၊ နာဂစ်တို့ဆိုတာတွေဟာ သစ်ပင်တောတောင် အုပ်ထိန်းမှုကင်းမဲ့မှုကို အခြေခံခဲ့ကြတာ လို့ ပညာရှင်များကမှတ်ချက်ချတာ ကြာလိုက်ရပါတယ်။

ရာသီဥတုက တောကိုမှီသလိုပဲ ရေမြေတောတောင်၊ သစ်ပင်ပန်းမန်၊ ကောက်ပဲသီးနှံနဲ့ သက်ရှိအားလုံးတို့ကလဲ ဥတုရာသီအပေါ် မှီနေရတာ ဖြစ်လို့ ကိုယ့်ရဲ့တည်မှီရာကို မဖြိုဖျက်မိကြဘဲ ကောင်းမွန်သည်ထက်ကောင်းမွန်အောင် ကိုယ်စီအသိနဲ့ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးခြင်းဖြင့် ကျေးဇူးရှင်ဖြစ်တဲ့ ရာသီဥတုဥပနိဿယပစ္စည်းတရားကိုလည်း သစ္စာစောင့်သိကျေးဇူးပေးဆပ်ဖို့လိုအပ်ကြောင်း စပ်မိတုန်း အကြံပေး တိုက်တွန်း လိုက်ရတာပါ။

ဒီလောက်ဆို ဥပနိဿယပစ္စည်းနဲ့ပတ်သက်လို့ တော်လောက်ပါပြီ။ သဘာဝ ပကတူပနိဿယတရားတို့ သစ္စာ မဲ့ခြင်း၊ ကျေးဇူးကန်းခြင်းဘေးမှ ကင်းဝေးကြပါစေ။

လူတို့သစ္စာ စောင့်သိပြီး ကျေးဇူးဆပ်နိုင်ကြပါစေ။

၂၀၁၀၊ နိုဝင်ဘာလ ၂၈-ရက်၊ တနင်္ဂနွေနေ့

မေတ္တာဥယျာဉ်

Read more...

The Way to Nibbana (Part 17) - နိဗ္ဗာန်လမ်း (အပိုင်း ၁၇)

သောတာပန္န - အရိယာဟူသော ရေအလျဉ်သို့ ၀င်ရောက်ပြီးသူ

ကြွင်းကျန်သေးသော အနှောင်အဖွဲ့ ခုနစ်မျိုးကို သုတ်သင်ရန် သောတာပန်ပုဂ္ဂိုလ်သည် အလွန်ဆုံးအားဖြင့် ခုနစ်ဘ၀ ပဋိသန္ဓေ နေရ၏။ သောတာပန်သည် ဘုရား၊ တရား၊ သံဃာတို့ကို အကြွင်းမဲ့ သက်ဝင်ယုံကြည်၏။ မည်သည့် အကြောင်းကြောင့် ဖြစ်စေ ငါးပါးသီလကို မချိုးဖျက်တော့။ အရဟတ္တဖိုလ် ရရှိမည့်သူ ဖြစ်သောကြောင့် အပါယ် မလားတော့ပေ။

နိဗ္ဗာန်ကို လှမ်းမြင်နိုင်ခြင်း၏ အကျိုးဆက်ဖြစ်သာ သစ်လွင်သည့် ရဲရင့်မှုနှင့်အတူ “မြင့်မြတ်သော နိဗ္ဗာန်ခရီးသည်”သည် လျှင်မြန်စွာ တိုးတက်လေ၏။ ဥာဏ်အမြင်ကို ပြည့်စုံရင့်ကျက်စေကာ သကဒါဂါမ် (ကာမဘုံသို့ တစ်ကြိမ်သာ ပြန်လာသူ) ဖြစ်လေ၏။ ကာမဂုဏ် အပေါ် နှစ်သက်မှု (ကာမရာဂ)နှင့် ဒေါသ (ပဋိဃ)ဟူသော သံယောဇဉ် နှစ်မျိုးကို ခေါင်းပါးအောင် ပြု၍ ဒုတိယအဆင့် အရိယာ အဖြစ်သို့ ရောက်လေ၏။

ဘ၀၌ အရဟတ္တဖိုလ်သို့ မဆိုက်ရောက်လျှင် နောက်ထပ် တစ်ဘ၀သာ လူအဖြစ်ဖြင့် (ကာမဘုံ၌) ပဋိသန္ဓေ နေရတော့မည် ဖြစ်သောကြောင့် သကဒါဂါမ်ဟု ခေါ်၏။ စိတ်ဝင်တစား မှတ်သားဖွယ်ရာ အချက်တစ်ခုမှာ ဤသို့ ဖြစ်၏။ ဒုတိယ အရိယာမဂ်ကို ရရှိပြီးသော သူတော်မြတ်သည် သူ့သန္တာန်၌ အနမတဂ္ဂ အတိတ်သံသရာမှ ကပ်ပါလာသည့်၊ စွမ်းအားပြင်းသည့် အနှောင်အဖွဲ့ သံယောဇဉ် နှစ်မျိုးကို အားနည်းအောင်သာ ပြုစွမ်းနိုင်၏။ သူ့သန္တာန်၌ သိမ်မွေ့သောရာဂ၊ သိမ်မွေ့သော ဒေါသတို့ အခါအားလျော်စွာ ဖြစ်ပေါ်နိုင်သေး၏။

တတိယ အရိယာမဂ်ဖြစ်သော အနာဂါမ် (ကာမဘုံသို့ ပြန်မလာသူ) အဆင့်သို့ တက်ရောက်ခြင်းဖြင့် ထိုသံယောဇဉ် နှစ်မျိုးကို အပြီးအပြတ် သုတ်သင်နိုင်၏။ ကာမစ္ဆန္ဒကို အမြစ်ဖြတ်ထားပြီး ဖြစ်သောကြောင့် လူ့ဘုံသို့ ပြန်မလာတော့ပေ။ နတ်ပဋိသန္ဓေကိုလည်း မယူတော့ပေ။ သေသည့်နောက်၌ အနာဂါမ် ပုဂ္ဂိုလ်တို့ လားရောက်ရာ စင်ကြယ်သည့် အရိယဘုံ (သုဒ္ဓါဝါသ) ပဋိသန္ဓေ နေရ၏။ ထို ဘုံ၌ပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ သက်တမ်း ကုန်ဆုံးသည့်တိုင်အောင် နေရ၏။

လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အနာဂါမ် တည်သောအခါ ဧကစာရီ ကျင့်လေ၏။

အနာဂါမ် အရိယာသည် နောက်ဆုံးအဆင့် တိုးတက်မှုကို ပြုလေ၏။ ရူပဘ၀၌ တပ်မက်မှု (ရူပရာဂ) အရူပ ဘ၀၌ တပ်မက်မှု (အရူပရာဂ) ထောင်လွှားမှု (မာန) ပျံ့လွင့်မှု (ဥဒ္ဓစ္စ) နှင့် မသိမှု (အ၀ိဇ္ဇာ)ဟု ဆိုအပ်သော ကြွင်းကျန်နေသည့် သံယောဇဉ် ငါးမျိုးကို ချေဖျက်ကာ အရိယာမဂ်၏ နောက်ဆုံး အဆင့်ဖြစ်သော အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေ၏။

ဆက်လက် ကျင့်ကြံစရာ ရှိနေသေးသောကြောင့် သောတာပန်၊ သကဒါဂါမ် နှင့် အနာဂါမ်တို့ကို သေက္ခဟု ခေါ်ဆို၏။ ဆက်လက် ကျင့်ကြံစရာ မရှိတော့သောကြောင့် ရဟန္တာတို့ကို အသေက္ခ (ကျွမ်းကျင်သူ)များဟု ခေါ်ဆို၏။

ရဟန္တာပုဂ္ဂိုလ်၊ တိုက်ရိုက်အဓိပ္ပာယ်အားဖြင်း ထိုက်တန်သော ပုဂ္ဂိုလ်သည် ကံအသစ် ပြုလုပ်ဆည်းပူးခြင်း မရှိသောကြောင့် တစ်ဖန် ပဋိသန္ဓေ မနေရတော့ပေ။ [ရဟန္တာတို့၏ ဘုရားဟော တရားနာစသော ကောင်းမြတ်သည့် ဆောင်ရွက်မှုများကို ကိရိယာဟု ခေါ်၏။ သေက္ခနှင့် ပုထုဇဉ်တို့၏ ဆောင်ရွက်မှုများကို ကံဟု ခေါ်၏။ ဘာသာပြန်ဆိုသူ။] သူ၏ ပြန်လည် အကျိုးပေးနိုင်သော မျိုးစေ့တို့ကို ဖျက်ဆီးပြီး ဖြစ်၏။

ရဟန္တာ - သူတော်စင်

ရဟန္တာ ပုဂ္ဂိုလ်သည် ပြုသင့်သည်ကို ပြုပြီးပြီဟု သိ၏။ လေးလံသည့် ဒုက္ခ၀န်ထုပ်ကို နောက်ဆုံး အနေဖြင့် စွန့်ပစ်လိုက်ပြီဟု သိ၏။ တပ်မက်မှု ပုံစံမျိုးစုံ နှင့် မသိမှု အရိပ်အရောင် မှန်သမျှကို ချေမှုန်းလိုက်ပြီဟု သိ၏။ ပျော်ရွှင် ချမ်းမြေ့သော “နိဗ္ဗာန်ခရီးသည်”သည် ဖွဲ့ဆိုမပြနိုင်သည့် နိဗ္ဗာန်ချမ်းသာကို ခံစားရင်း နတ်ဗြဟ္မာတို့ထက် သာလွန်မြင့်မြတ်လျက် တည်ရှိနေ၏။ မချုပ်တီးနိုင်သည့် မက်မောမှုတို့မှ၊ လောက အညစ်အကြေးတို့မှ ဝေးကွာနေ၏။

အကျိုးပေးမည့် မျိုးဗီဇကို ကံသစ်ပြုခြင်းဖြင့် မထူထောင်သောကြောင့် ဘ၀ပဋိသန္ဓေသည် သူ့အပေါ် သက်ရောက်မှု မရှိတော့ပေ။

ရဟန္တာ ဖြစ်သော်လည်း ကိုယ်ခန္ဓာ ဆင်းရဲပင်ပမ်းမှုမှ မလွတ်မြောက်သေးပေး။ ဤသို့သော ၀ိမုတ္တိသုခ အတွေ့အကြုံသည် အစဉ်အမြဲ ဖြစ်ပေါ်နေသည် မဟုတ်သောကြောင့်၊ ခန္ဓာဝန်ကိုလည်း မပစ်ချရသေးသောကြောင့် ဖြစ်၏။

ရဟန္တာ ပုဂ္ဂိုလ်သည် မြင့်မြတ်သော ဘ၀ကို နေထိုင်ကျင့်သုံးနေပြီ ဖြစ်သောကြောင့်၊ ရည်ရွယ်ချက် ပြီးမြောက်ပြီ ဖြစ်သောကြောင့် ကျင့်ကြံဖွယ် မရှိတော့သူ အသေက္ခ မည်၏။ သောတာပန်မှ အနာဂါမ်အထိ၊ ကြွင်းသော အရိယာ ပုဂ္ဂိုလ်တို့သည် ဆက်လက် ကျင့်ကြံစရာ ရှိသေးသောကြောင့် သေက္ခ မည်၏။

ဤနေရာ၌ ရူပဈာန် နှင့် အရူပဈာန်များ ရထားသည့် အနာဂါမ် နှင့် ရဟန္တာတို့သည် ပစ္စုပ္ပန် ဘ၀၌ပင် ခုနစ်ရက်တိုင်တိုင် အနှောင့်အယှက် အတားအဆီး မရှိဘဲ နိဗ္ဗာန်ချမ်းသာကို ခံစားနိုင်ကြသည်ဟု ဆိုနိုင်၏။ ဤသို့ ခံစားသည်ကို ပါဠိဘာသာဖြင့် နိရောဓသမာပတ္တိဟု ခေါ်၏။ အရိယာ ပုဂ္ဂိုလ်သည် သမာပတ် ၀င်စားနေစဉ် ဒုက္ခအားလုံးမှ ကင်းလွတ်နေ၏။ နာမ်ခန္ဓာ ဖြစ်စဉ်များလည်း ရပ်စဲနေ၏။ စိတ်ဖြစ်စဉ်လည်း အခိုက်အတန့်အားဖြင့် ချုပ်ငြိမ်းနေ၏။

နိရောဓသမာပတ် ၀င်စားသူနှင့် သေသူတို့၏ ထူးခြားမှုကို ၀ိသုဒ္ဓိမဂ်၌ ဤသို့ ဖော်ပြထား၏။ “သူသေကောင်၌ ကာယစွမ်းအား ဖြစ်စဉ် (ဆိုလိုသည်မှာ အသက်ရှူမှု) စကားပြောဆိုမှု နှင့် စိတ်တို့ ကင်းဆိတ် ငြိမ်သက်နေရုံသာမက အသက်ဇီဝိန်လည်း ချုပ်ငြိမ်းနေ၏။ ကိုယ်ငွေ့လည်း ငြိမ်း၏။ နိရောဓသမာပတ် ၀င်စားသူ၌ အသက်ရှူမှု၊ လေ့လာစောင့်ကြည့်မှု နှင့် မှတ်သားမှု သညာတို့ ငြိမ်သက်နေပြီး ဣနြေ္ဒတို့သည် ကြင်လင်နေ၏။

လောကဝေါဟာရအားဖြင့် ပြောရလျှင် ဗုဒ္ဓဘာသာ အလိုအရ နိရောဓသမာပတ်သည် လက်ရှိဘ၀၌ ခံစားနိုင်သော အမြတ်ဆုံး ချမ်းသာပင် ဖြစ်ပေ၏။

နိဗ္ဗာန်ဟူသည် အဘယ်နည်း

နိဗ္ဗာန်သည် ဗုဒ္ဓဘာသာတို့၏ နောက်ဆုံးပန်းတိုင် ဖြစ်၏။

နိဗ္ဗာန်အကြောင်းကို မည်သို့ပင် ရှင်းလင်းအောင် သရုပ်ပေါ်အောင် ရေးသားသည် ဖြစ်စေ၊ နိဗ္ဗာန်၏ အကြွင်းမဲ့ အေးမြမှုကို သရုပ်ဖော် ရေးသားသည့် ဝေါဟာရများ မည်မျှပင် ပြောင်မြောက်နေပါစေ စာအုပ်တို့ကို ဖတ်ရှုရုံမျှဖြင့် နိဗ္ဗာန်ကို သဘောမပေါက်နိုင်ပေ။ နိဗ္ဗာန်သည် ပုံနှိပ်ဖော်ပြအပ်သော အရာ မဟုတ်ပေ။ ဆင်ခြင်တုံဥာဏ်ဖြင့် ဆုပ်ယူရမိကောင်းသော အရာလည်း မဟုတ်ပေ။ နိဗ္ဗာန်သည် ထိုးထွင်းသိမြင်မှု ဥာဏ်အမြင်ဖြင့်သာ နားလည်နိုင်သော လောကကို လွန်မြောက်သည့် အခြေအနေတစ်ခု (လောကုတ္တရဓမ္မ) ဖြစ်၏။

ဆင်ဆင်တုံဥာဏ် သက်သက်ဖြင့် နိဗ္ဗာန်ကို နားမလည်နိုင်ပေ။ နိဗ္ဗာန်ဟူသည် ယုတ္တိတန်သော ဆင်ခြင်တုံတရားဖြင့် ရအပ်ရောက်အပ်သော အရာ မဟုတ်သောကြောင့် ဖြစ်၏။ ဘုရားရှင်၏ မုခပါဌ် တရားတော်တို့သည် တကယ်ပင် ယုတ္တိတန်သော်လည်း ဗုဒ္ဓဘာသာ၏ နောက်ဆုံးပန်းတိုင်သည်ကား ယုတ္တိဗေဒနယ်ကို ကျော်လွန်၏။ သို့သော်လည်း ဘ၀၏ အပြုသဘောဆောင်သည့် သဘောလက္ခဏာ နှင့် အပျက်သဘောဆောင်သည့် သဘောလက္ခဏာတို့ကို ဆင်ခြင်ခြင်းဖြင့် ယုတ္တိရှိသော ကောက်ချက်တစ်ခု ထွက်ပေါ်လာ၏။ ပြုပြင် စီမံအပ်သော သင်္ခါရတရား တည်ရှိနေခြင်းနှင့် ဆန့်ကျင်ဘက်အားဖြင့် စိုးရိမ်ခြင်းကင်းသော၊ သေခြင်းကင်းသော၊ မပြုပြင် မစီမံအပ်သော အခြေအနေတစ်ခု တည်ရှိရပေမည်။

ဘုရားလောင်းသည် သုမေဓာ ရှင်ရသေ့ ဘ၀၌ ဤသို့ ဆင်ခြင်ကြောင်း ဇာတ်အဋ္ဌကထာ၌ ဖော်ပြထား၏။
“ဆင်းရဲရှိသော ချမ်းသာမည်သည်လည်း ရှိသကဲ့သို့
ဤအတူ ဘ၀ရှိသော် ဘ၀ကင်းခြင်းကိုလည်း အလိုရှိသင့်၏။
အပူရှိသော် ထို အပူမှ တစ်ပါးသော အအေးရှိသကဲ့သို့
ဤအတူ မီးသုံးမျိုး ရှိလတ်သော် မီးငြိမ်းရာ (နိဗ္ဗာန်)ကိုလည်း အလိုရှိသင့်၏။
မကောင်းမှု ရှိလတ်သော် ကောင်းမှုသည်လည်း ရှိသကဲ့သို့
ဤအတူပင်း ဇာတိရှိသော် ဇာတိမရှိရာ (နိဗ္ဗာန်)ကိုလည်း အလိုရှိသင့်၏။”

နာဒရထေရ် ၏ The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP