* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, November 28, 2010

Power ကူးစက်ခံရခြင်း (၁)


မြတ်စွာဘုရားရှင်က မင်္ဂလသုတ်တရားတော်မှာ “သမဏာနဉ္စ ဒဿနံ” လို့ ထည့်သွင်းဟောကြားခဲ့ပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်ယူရင်တော့ “ရဟန်းသံဃာတော်တို့ကို ဖူးတွေ့ရခြင်းဟာ မြတ်သော မင်္ဂလာ” ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာတုန်းက မနက်မိုးလင်းအိပ်ယာထလို့  အိမ်ပြင်ထွက်လိုက်တဲ့အချိန် ဆွမ်းခံကြွနေတဲ့ ကိုယ်တော်တစ်ပါးပါးကို လှမ်းပြီးဖူးတွေ့မိတိုင်း စိတ်ထဲမှာ အမြဲတမ်း အတိုင်းမသိကြည်ညိုစိတ်ဖြစ်လေ့ရှိပါတယ်။ သင်္ကန်းကို ညီညီညာညာ သေသေသပ်သပ် ၀တ်ရုံပြီး သပိတ်ကိုလွယ် ဖိနပ်မပါ ခြေဗလာနှင့် အေးအေးချမ်းချမ်း လှမ်းကြွသွားနေတဲ့ကိုယ်တော်ကိုကြည့်ပြီး ကိုယ်မလုပ်နိုင်သေးတဲ့အလုပ်တစ်ခုကို လုပ်နေတဲ့သူတစ်ဦးအဖြစ် စိတ်ထဲက အားကျမိသလို မြတ်စွာဘုရားရှင်လက်ထက်က အရှင်မြတ်ကြီးနှင့်သံဃာတော်တွေဆွမ်းခံကြွပုံကို အာရုံပြု ကြည်ညိုမိတတ်ပါတယ်။

ဆရာတော်တစ်ပါးကတော့ သူ့တရားတစ်ပုဒ်ထဲမှာ “သမဏာနဉ္စ ဒဿနံ” ရဲ့  အနက်အဓိပ္ပါယ်ကို ချဲ့ ယူလိုက်ပြီး “ငြိမ်းအေးသောသူများနှင့် တွေ့ဆုံရခြင်းဟာ မင်္ဂလာတစ်ပါး” ဖြစ်တယ်လို့  ဟောကြားထားတာကို မှတ်သားမိခဲ့ဖူးပါတယ်။

တောင်ပုလုဆရာတော်ကြီးသက်တော်ထင်ရှားရှိစဉ်က အမေရိကန်သာသနာပြုခရီးစဉ်မှာ နိုင်ငံခြားသားတချို့ က ဆရာတော်ကြီးတစ်ပါးတည်း နားနေချိန်တွေမှာ ဆရာတော်ကြီး အနီးအနားလေးမှာ ခဏလောက် ထိုင်ခွင့်ရဖို့ ခွင့်တောင်းကြတယ်တဲ့။ သူတို့ ဆရာတော်ကြီးကို စကားလည်းမပြောပါဘူး။ ဒီအတိုင်းလေး ဆရာတော်ကြီးနားထိုင်ချင်လို့ ပါလို့ ပြောကြပါတယ်။ ဘာလို့အနားနားသွားထိုင်ချင်ကြတာလဲလို့ မေးကြည့်တော့ ဆရာတော်ကြီးနားသွားထိုင်နေရတာ စိတ်ထဲ အေးချမ်းလို့ပါတဲ့။

ဒလိုင်းလားမားမိန့်ခွန်းပြောတဲ့အခါ ပရိတ်သတ်က သောင်းနှင့်ချီပြီး နားထောင်တတ်ပါတယ်။ တခါတလေ ဒလိုင်းလားမားက အင်္ဂလိပ်လို ပြောတာမဟုတ်ပဲ သူ့တိဗက်ဘာသာစကားနှင့် ပြောတာမျိုးလည်း ရှိတတ်ပါတယ်။ နားထောင်နေကြတဲ့သူတွေကို နားမလည်ပဲ ဘာလို့နားထောင်နေကြတာလဲလို့စုံစမ်းကြည့်တော့ သူ့စကားကိုနားမလည်ပေမယ့် သူ့ပြောပုံဆိုပုံနှင့် စကားသံတွေထဲမှာ မေတ္တာစေတနာဓာတ်တွေပါလို့မို့ သူ့ကိုကြည့်နေ သူ့အသံကိုကြားနေရတာကိုက စိတ်ချမ်းသာလို့ပါလို့  ပြောကြပါတယ်တဲ့။

ပူလောင်ပျာယာခပ်နေတတ်တဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ တခါတလေ အေးအေးချမ်းချမ်းနှင့် နေ့စဉ်ဘ၀ကို နေထိုင်သွားလာနေတဲ့သူတွေကို တွေ့မြင်ရတတ်ပါတယ်။ သူတို့ရဲ့  အသွင်အပြင်ကို ကြည့်လိုက်ရုံနှင့် ကြည့်မိတဲ့သူဆီကို အအေးဓာတ်က ကူးစက်ခံလိုက်ရတာမျိုးပါ။ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံ အေးချမ်းပြီး ဆက်ဆံရသူတိုင်းကို ဖော်ဖော်ရွေရွေ လှိုက်လှိုက်လှဲလှဲ ဆက်ဆံတတ်ကြပါတယ်။ ဒီတော့ သူတို့နှင့် စကားပြောလိုက်ရတဲ့သူ၊ ဒါမှမဟုတ် သူတို့ပြောစကားကို ကြားလိုက်ရတဲ့သူ၊ နောက်ဆုံးအဆင့် သူတို့ကို ခပ်လှမ်းလှမ်းက မြင်လိုက်ရတဲ့သူကိုတောင်မှ စိတ်ကျေနပ်မှုနှင့် အေးချမ်းမှုကို ပေးနိုင်ကြသူတွေပါ။

(ဆက်ရန်)

Read more...

ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၂၄-နိုဝင်ဘာ-၂၀၁၀)

မိုးသည်းထန်၍ မြေအောက်ရေမျက်နှာပြင် မြင့်တက်လာပြီး အုတ်မြစ်အောက်ခြေသို့ ရေဝင်လာမည်ဆိုက ဝင်လာသော ရေများကို အလွယ်တကူ ထုတ်ပစ်နိုင်ရန် ကျောက်စရစ်ခဲများ ခင်းခြင်းနှင့် ရေပိုက်များ ထည့်သွင်းခြင်း လုပ်ငန်းများကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က ဆောင်ရွက်နေကြစဉ်။





0 comments

Read more...

*မှတ်သားဖွယ်ရာအမေးအဖြေများ(၁၀)*

11/27/2010 တောသားလေး , Posted in , 1 Comment

တရားနာတာနဲ့တရားအားထုတ်တာဘယ်ဟာကကုသိုလ်ပိုရပါလဲ
အမေး။ ။အရှင်ဘုရား...တပည့်တော် မသိလို့ မေးပါရစေဘုရား။ တရားပွဲတွေမှာ တရားနာရုံနဲ့ ကုသိုလ်ရနိုင်ပါသလားဘုရား။
တရားတော်များကိုလဲ အမြဲတမ်း မနာကြားနိုင်ပါ။ တပည့်တော် သိချင်တာက တရားနာတာနဲ့ တရားအားထုတ်တာ ဘယ်ဟာက ကုသိုလ်ပိုရနိုင်လဲဆိုတာ သိချင်ပါတယ်ဘုရား။ ။
ဂျေညီညီ
နေရပ်မ်ရှိ

အဖြေ။ ။တရားပွဲတွေမှာ တရားနာရုံနဲ့ ကုသိုလ်ရနိုင်ပါတယ်။ တစ်ခါတုန်းက ဖားကလေးတစ်ကောင်ဟာ တရားဟောနေတဲ့အသံကို ဘာမှန်းမသိသော်လဲ နားထောင်ကောင်းကောင်းနဲ့ နားထောင်နေတဲ့အခိုက် ရုတ်တရက်သေဆုံးသွားပါတယ်။ ဖားကလေးဟာ သေတဲ့အခါ နတ်ပြည်မှာ ဖားနတ်သားဆိုပြီး နတ်သားသွားဖြစ်တယ်။ ဒါဟာ ဖားကလေးဘ၀ဖြစ်စဉ်က တရားတော် အသံကို နားထောင်မိရုံပဲ ရှိပါသေးတယ်။ လူုဖြစ်က ဆိုဖွယ်ရာမရှိတော့။ ဒါကြောင့် တရားနာတဲ့အခါ ကုသိုလ်ရတယ်လို့ပဲ ပြောရပါမယ်။
အမှန်တော့ တရားနာတာနဲ့ တရားအားထုတ်တာဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ တစ်ခါက ရဋ္ဌပါလသတို့သားဟာ ဘုရားရှင်ရဲ့တရားကို နာကြားရလို့ တရားတော်ကို မှန်မှန်ကန်ကန် နှလုံးသွင်းလိုက်နိုင်ပါတယ်။ ဒီလိုနဲ့ သူဌေးသားဟာ ရဟန်းဘ၀ရောက်ရှိပြီး တရားအားထုတ်လိုက်တာ ရဟန္တာဖြစ်တော် မူခဲ့ပါတယ်။ ဒါဟာ တရားနာခြင်းကြောင့် ရရှိလာတဲ့ အကျိုးတရားတွေပါပဲ၊ တရားအားထုတ်တဲ့သူဟာ “တရားနာလျှင် သဒ္ဓါရွှင် ပညာအသိတိုး”ဆိုတဲ့အတိုင်း တရားလဲနာရတယ်၊ တရားနာရတဲ့ အကျိုးတွေလဲ ဘုရားရှင် ဟောတော်မူထား တာရှိပါတယ်။

  • မကြားဖူးသေးသော တရားစကားများကို ကြားနာရခြင်း။
  • ကြားဖူးပြီးသားဆိုရင်ပိုပြီး နားလည်ခြင်း။
  • ယုံမှားသံသယကို ပယ်ဖျောက်နိုင်ခြင်း။
  • အယူဝါဒကိုဖြောင့်မတ်စွာယူနိုင်ခြင်း။
  • ယုံကြည်တဲ့စိတ် တိုးပွားခြင်း တို့ဖြစ်တယ်။ ဒါ့အပြင် တရားနာတာဟာ တရားအားထုတ်မှုအတွက် အထောက်အပံ့များစွာပေးပါတယ်။
ဘုရားရှင်လက်ထက်က ပဉ္စဂ္ဂဒါယကပုဏ္ဏား လင်မယားနှစ်ယောက်ရှိတယ်။ တစ်နေ့ဘုရားရှင်က ပုဏ္ဏားလင်မယားအိမ် ဆွမ်းခံကြွတယ်။ ဒီအချိန်မှာ ပုဏ္ဏားကြီးက ထမင်းစားနေတဲ့အခိုက်ဖြစ်တယ်။ စားပြီးလို့ တစ်ဝက်လောက်ကျမှ ဘုရားရှင်အိမ်ရှေ့ ဆွမ်းရပ်တာကို သိတဲ့အတွက် ဘုရားရှင်ထံသွားကာ “မြတ်စွာဘုရား… စားပြီးတစ်ဝက်ကျန်တာလဲ အလှူခံပါသလားဘုရား” လို့ ပုဏ္ဏားကမေးလျှောက်တော့ ဘုရားရှင်က “ဒို့အလှူခံတွေဆိုတာ ဦးဖျားဖျားအလှူခံလဲ လက်ခံပါတယ်၊ စားပြီးလို့တစ်ဝက်ကျန်တာလဲ အလှူခံပါတယ်” လို့မိန့်တော်မူတော့ ပုဏ္ဏားဟာ သူ့ပုဂံထဲက စားပြီးတစ်ဝက်သာ ကျန်တဲ့ထမင်းကို လောင်းလှူလိုက်ပါတယ်။ ပြီးတဲ့အခါ ပုဏ္ဏားက “အရှင်ဘုရား….အရှင်ဘုရား တရားဟောတဲ့အခါ ဘိက္ခု လို့ခေါ် ခေါ်ပြီးဟောတော့ ရဟန်းများသာ ပါတာလာဘုရား၊ တပည့်တော်တို့ လူဝတ်ကြောင်တွေလဲ မပါဘူးလား” မေးလျှောက်တယ်။ ဘုရားရှင်က ပုဏ္ဏားအား တရားဟောဖို့အတွက် ပုဏ္ဏားရဲ့ ရှေးပြုခဲ့တဲ့ကုသိုလ်တွေကို ဥာဏ်တော်နဲ့ ပြန်လည်ဆင်ခြင်တော်မူပါတယ်။ ပုဏ္ဏားလင်မယားဟာ တစ်ခုသော ဘ၀တုန်းက ရုပ်နာမ်နဲ့စပ်ပြီး တရားနာခဲ့ဖူးတာကို မြင်တော်မူပါတယ်။ ဒါနဲ့် ဘုရားရှင်က ပုဏ္ဏားအား ဘိက္ခုလို့ ခေါ်ရတဲ့ အကြောင်းအရင်းနဲ့အတူ ရုပ်နာမ်နဲ့စပ်တဲ့ တရားဒေသနာတော်ကို ဟောကြားတော် မူလိုက်ပါတယ်။ တရားအဆုံးမှာ ပုဏ္ဏားလင်မယား တရားထူးများ ရသွားကြပါတယ်။ ဒါဟာ အတိတ်ဘ၀က တရားနာခဲ့ရတဲ့ အကျိုးကျေးဇူးကြောင့် ဖြစ်တယ်။
ဒါနဲ့စပ်ပြီး ပါထေယျပါဠိတော်မှာ တရားရနိုင်တဲ့ အင်္ဂါလေးချက်ကို ဖေါ်ပြထားပါတယ်။ ဒါကိုသိရင် သဘောပေါက်သွားမှာပါ။ (၁)သူတော်ကောင်းကို မှီဝဲ ဆည်းကပ်ရမယ်။ (၂) သူတော်ကောင်းတရားကို နာကြားရမယ်။ (၃) ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတတ်ရမယ်။ (၄)မဂ်ဖိုလ်နိဗ္ဗာန်အားလျော်သော ကျင့်ဝတ်ရှိရမယ်။
(ပါထေယျပါဠိတော်၊နှာ၊၁၉၀)
ဒါကြောင့် ကုသိုလ်များအနက် မဂ်ကုသိုလ်တိုင်အောင် ရချင်တယ်ဆိုရင် အထက်ပါအင်္ဂါလေးချက်နဲ့အညီ နေထိုင်ကျင့်သုံးသွားပါမယ် ဆိုတာပြောရင်း………..။
ဆရာတော်ဦးကောဝိဒ(မြိတ်)
ဆရာတော် ဦးကောဝိဒ(မြိတ်) ရေးသားသော ဆိုဒ်မှာ တစ်ဆင့်ပြန်လည်ကူးယူပြီး စာဖတ်သူ ဓမ္မမိတ်ဆွေများကို မျှဝေလိုက်ခြင်း ဖြစ်ပါသည်။
ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Read more...

ထင်မိထင်ရာ (၂)


အမ္ဗပါလီ

အမ္ဗပါလီရဲ့ ဘ၀က စိတ်ဝင်စားစရာကောင်းသလို
စိတ်လှုပ်ရှားစရာလဲ ကောင်းပါတယ်။

အမ္ဗပါလီမှာ အဖေလဲ မရှိဘူး။ အမေလဲ မရှိဘူး။
တခြားလူသားတွေလို အမိဝမ်းတွင်းမှာ
ပဋိသန္ဓေတည်ပြီး မွေးဖွားလာတဲ့သူမဟုတ်ဘူးတဲ့။
သစ်ပင်၊ ကြာတိုက်စတဲ့ စိမ်းစိုတဲ့ အရာတွေကို အမှီပြုပြီး
တဖြေးဖြေးကြီးထွားလာကာ
၁၆ နှစ်သားအရွယ် လူထင်ရှားဖြစ် မွေးဖွားလာတာကို
ဥပပတ်ပဋိသန္ဓေလို့ ခေါ်တယ်။
အမ္ဗပါလီဟာ ဒီ ဥပပတ် ပဋိသန္ဓေနဲ့ မွေးဖွားလာသူဖြစ်တယ်ဆိုဘဲ။

စာပေလာအရပြောရရင်
အမ္ဗပါလီဟာ အရင့်အရင်ဘ၀တွေတုန်းက
ကုသိုလ်ကောင်းမှု မြောက်များစွာပြုလုပ်ခဲ့ပြီး
တစ်ခုသောဘ၀မှာ ရဟန်းမ (ဘိက္ခုနီ) တောင် ၀တ်ခဲ့ဘူးတယ်။
ရဟန်းမဘ၀တုန်းက စေတီတစ်ဆူကို သွားရောက်ဖူးမျှော်ပါတယ်။

စေတီယင်ပြင်ပေါ်မှာ ရဟန္တာမကြီးတစ်ပါး ချောင်းဆိုးရင်း
အမှတ်မထင် လွင့်စင်ကျသွားခဲ့တဲ့
သလိပ်ခဲကို (အမ္ဗပါလီဖြစ်မဲ့) ရဟန်းမက တွေ့တော့
`ဒီယင်ပြင်ပေါ်မှာ သလိပ်ခဲကို ဘယ်ပြည့်တန်ဆာမက ထွေးပစ်ခဲ့ရတာလဲ´လို့
ဆဲဆိုမည်တမ်းခဲ့ဘူးလို့
အခု အမ္ဗပါလီဘ၀မှာ ပြည့်တန်ဆာလာဖြစ်ရတာလို့ဆိုပါတယ်။

ဒါပေမဲ့
အမ္ဗပါလီလောင်း ရဟန်းမဟာ အဲ့ဘ၀တုန်းက ရဟန်းမကျင့်ဝတ်ဖြစ်တဲ့ သီလကို
ကောင်းကောင်းမွန်မွန်စောင့်ထိန်းကျင့်ကြံနေထိုင်ခဲ့ပြီး
`နောက်နောင်သော ဘ၀တွေမှာ အမိဝမ်းထဲမှာ ပဋိသန္ဓေ မနေရသည့်သူ ဖြစ်ရပါစေ´
လို့ ဆုတောင်းခဲ့တယ်လို့ စာပေမှာဆိုပါတယ်။

ဒါ့ကြောင့်
အခုနောက်ဆုံးဘ၀ (အမ္ဗပါလီ ဘ၀) မှာလဲ
အမိဝမ်းထဲမှာ ပဋိသန္ဓေမနေရဘဲ သရက်ခြံထဲက
သရက်ပင်တစ်ပင်မှာ (ဥပပတ်) ပဋိသန္ဓေနဲ့ လူလာဖြစ်ရတယ်တဲ့။
ဒါ့ကြောင့်သူကို အမ္ဗပါလီ လို့နာမည်မှည့်ခေါ်ထားတာတဲ့။
အမ္ဗပါလီ = သရက်ပင်က စောင့်ရှောက်မွေးမြူလာသူလို့ ဘာသာပြန်ရမယ်ထင်တယ်။

ဒီနေရာမှာ စဉ်းစားစရာတွေ အများကြီး။
လူနဲ့ တိရိစ္ဆာန် အကြား မတူတဲ့အချက်က
စဉ်းစားတတ်တဲ့ဦးဏှောက် အကြီးအသေးကွာဟမှုဖြစ်ပါတယ်။

စဉ်းစားကြည့်မိတာက
အိန္ဒိယနိုင်ငံမှာ သုံးနှစ်ကျော် လေးနှစ်နီးပါးနေဘူးလာတော့
စာပေဗဟုဿုတတင်မကဘဲ အိန္ဒိယလူနေမှု ပတ်ဝန်းကျင်ဗဟုဿုတတွေပါ ရလာတယ်။

အိန္ဒိယနိုင်ငံမှာ ယနေ့ထက်တိုင် မိန်းခလေးမွေးရင် သိပ်မပျော်ရွှင်ကြဘူး။
အကြောင်းအမျိုးမျိုးကြောင့် သမီးမိန်းခလေးကို မလိုချင်ကြဘူး။
သားယောက်ကျားလေးကိုဘဲ လိုချင်ကြတယ်။

ဒါ့ကြောင့် အိန္ဒိယနေခဲ့တဲ့ ကာလအတောအတွင်း
သမီးမိန်းခလေး ကလေးပေါက်စလေးတွေကို ရထားသံလမ်းပေါ်မှာ
ခြုံပုတ်တွေထဲမှာ စွန့်ပစ်ခဲ့တဲ့အကြောင်းတွေကို
သတင်းစာတွေထဲမှာ မကြာခဏဖတ်ရပါတယ်။

ပွင့်လင်းတဲ့ ၂၁ ရာစုမှာတောင်
သားမွေးဖွားလာခြင်းကိုသာ မိဘတွေကတောင့်တလိုချင်ကြပြီး
သမီးမိန်းခလေးမွေးဖွားလာတာကို မနှစ်မြို့ကြဘူးဆိုတော့
ဘုရားရှင်လက်ထက်မှာဆိုရင် အခြေအနေက ဒီထက်ပိုဆိုးနိုင်ပါတယ်။

ဆိုတော့ ဒီအမ္ဗပါလီကို ဒီလိုအကြောင်းနဲ့များ
သရက်ခြံထဲ စွန့်ပစ်လေရော့သလားလို့ စဉ်းစားမိပါတယ်။
စဉ်းစားမိတာကို ပြောတာပါ။
တခြားသစ်ပင်ကမွေးဖွားလာတာတွေလဲ ဒီလိုဘဲ စဉ်းစားမိပါတယ်။

Read more...

ထင်မိထင်ရာ (၃)


အမ္ဗပါလီ

သရက်ခြံစောင့်တဲ့သူလာတော့ အမ္ဗပါလီကို အိမ်ခေါ်သွားပြီး
မွေးမြူစောင့်ရှောက်ထားတယ်။
အရွယ်ရောက်လာတော့ အဲ့နေရာ အဲ့ဒေသမှာ ကြီးစိုးနေတဲ့
လိစ္ဆ၀ီမင်းသားတွေထံ ဆက်သလိုက်တယ်။

အမ္ဗပါလီက အတော်ချောမောလှပတယ်တဲ့။
ဆိုတော့ အဲ့နေရာမှာ ကြီးစိုးတဲ့ လိစ္ဆ၀ီမင်းသားတွေက
သူလိုချင် ငါလိုချင် သူလက်ထပ်ချင် ငါလက်ထပ်ချင်ဖြစ်ကုန်ရော။
ဘယ်လိုမှ ထိန်းမနိုင် သိမ်းမရဖြစ်နေတော့
နောက်ဆုံး တရားသူကြီးက အမ္ဗပါလီကို ပြည့်တန်ဆာအရာမှာ ထားလိုက်ပြီး
အလှည့်ကျ သုံးဆောင်စေဆိုပြီး စီရင်ချက်ချလိုက်တယ်။

ဆိုတော့
အမ္ဗပါလီ ပြည့်တန်ဆာဘ၀ရောက်သွားရခြင်းဟာ
ထိုခေတ် ထိုအခါက လူမှုရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေကြောင့် ဖြစ်တယ်။
သူ ပြည့်တန်ဆာဘ၀ မရောက်ချင်ဘဲ ရောက်သွားရခြင်းဖြစ်တယ်။
မရောက်သင့်ဘဲ ရောက်သွားရခြင်းဖြစ်တယ်။

ကိုယ့်နိုင်ငံတွင်းမှာလဲ ဒီလိုဘ၀မျိုး မရောက်ချင်ဘဲ မရောက်သင့်ဘဲ
ရောက်ကုန်ကြတာ အတော်များနေပြီလို့ သိရပါတယ်။
ကိုယ့်နိုင်ငံ ကိုယ့်အမျိုးသမီးတွေ အိမ်နီးချင်းထိုင်းနိုင်ငံမှာလဲ
ဒီလိုဘ၀မျိုးမရောက်ချင်ဘဲ မရောက်သင့်ဘဲ ရောက်နေကြတာ ဒုနဲ့ဒေးဆိုဘဲ။

ဟိုးအရင်တုန်းက ဂုဏ်သိက္ခာရှိရှိ ဣနြေ္ဒရရ ကိုယ့်နိုင်ငံတွင်းမှာ
နေထိုင်စားသောက်လုပ်ကိုင်လာခဲ့တဲ့ ကိုယ့်အမျိုးသမီးတွေ
ဘာဖြစ်လို့ ဒီလိုဘ၀မျိုး ရောက်သွားကြရတာလဲ။
ဒီလိုဘ၀မျိုးရောက်သွားရခြင်းရဲ့ အကြောင်းတရားက ဘာလဲ။
တရားခံက ဘယ်သူလဲ။

ဒါတင်မကဘူး။
ကိုယ်နေနေတဲ့ဒီနိုင်ငံမှာတောင် ကိုယ့်နိုင်ငံက အမျိုးသမီးတွေ
အတော်အခြေအနေဆိုးနေပြီဆိုတာ ကြားနေရတယ်။
ဒီအကြောင်းကို ဘလော့ဂ်တစ်ခုထဲမှာတောင်
ဒီလိုခေါင်းစဉ်နဲ့ ဒီလိုရေးထားတာ တွေ့လိုက်ရတယ်။

ပြည်ပရောက် မြန်မာအမျိုးသမီးစက်ရုံဝန်ထမ်းအများစု
မိဘမျက်ကွယ်တွင် ပျက်စီးမှုများရှိလာ

အမိနိုင်ငံနှင့် ကင်းကွာ၍ ပြည်ပနိုင်ငံများတွင်
သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာအမျိုးသမီးစက်ရုံ ၀န်ထမ်းအများစုမှာ
မိဘမျက်ကွယ်တွင် ပျက်စီးမှုများရှိလာကြောင်း သိရသည်။

ဒီကိုရောက်နေတဲ့ မြန်မာအမျိုးသမီးတွေ၊
အထူးသဖြင့် စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်နေတဲ့ မိန်းကလေးတွေပေါ့။
တချို့ ဆို မြန်မာပြည်မှာ အိမ်ထောင်ရှိကြလည်း ဒီရောက်ရင်ထပ်ပြီးတော့
Living together ပုံစံမျိုးအတူနေတာတွေရှိနေတယ်၊

ဒီမှာတော့ ပေါင်းသင်းကြပြီး ပြန်သွားတော့လည်း
ဘာမှမဆိုင်တော့သလိုမျိုးတွေရှိတယ်။

မြန်မာအမျိုးသမီးဆိုတဲ့ ဂုဏ် သိက္ခာကို မထိန်းသိမ်းကြတော့ဘူး။
တချို့ ဆို ကိုယ်ဝန်ရလာတယ်။ ဒီတော့မှ မြန်မာပြည်ပြန်တာတွေရှိတယ်၊
မိဘတွေကတော့ စိတ်ချလက်ချလွှတ်လိုက်တာပဲ။
ဒါပေမယ့် ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ မိန်းကလေးအများစုက
ပျက်စီးနေတာ တွေ့နေတယ်ဟု မလေးရှားနိုင်ငံတွင်
အလုပ်သွားရောက်လုပ်ကိုင်နေသူ ကိုမင်းဦးမျိုးက ပြောပြသည်။

ပြည်ပနိုင်ငံများတွင် မြန်မာနိုင်ငံမှ သွားရောက်အလုပ်လုပ်ကိုင်ကြသော
အမျိုးသမီးများမှာ ဟိုတယ်များ၊ စက်ရုံ အလုပ်ရုံများ၊ အိမ်အကူများ၊
စားသောက်ဆိုင်များတွင် လုပ်ကိုင်ခြင်းကပိုများကြောင်း
ပြည်ပအလုပ်အကိုင်အေဂျင်စီများက သိရသည်။

ပြည်ပကိုသွားတဲ့ မိန်းကလေးတွေက
အသက် ၂၃လောက်ကနေ ၃၈နှစ်ဝန်းကျင်ကများတယ်။
ကျွန်တော်တို့က သူတို့ကလျှောက်ရင်
သင့်တော်တဲ့ကုမ္ပဏီတစ်ခုခုနဲ့ ချိတ်ပေးတယ်။
အများစုကတော့ အိမ်အကူပိုင်းနဲ့
ဟိုတယ် Management ပိုင်းအတွက်သွားကြတယ်။
အလုပ်အတွက်ကတော့ အဆင်ပြေဖို့ တာဝန်ယူပေမယ့်
သူတို့ရဲ့ Biography ပိုင်းကိုတော့ ၀င်မစွက်ဖက်ဘူး။
မဆိုင်ဘူးလို့ ယူဆလို့ပါဟု ပြည်ပအလုပ်အကိုင်လက်မှတ်ရ
အေဂျင်စီတစ်ခုကပြောသည်။

ကျွန်မနဲ့ အလုပ်အတူလုပ်တဲ့အမျိုးသမီးဆိုရင် နယ်ဘက်ကလာတာ၊
သူနဲ့သူကောင်လေးက ကြိုက်တာသုံးနှစ် လောက်ရှိပြီတော့ ပြောတယ်။
တိုက်ခန်းတစ်ခုတည်း အတူနေတယ်၊
ကောင်လေးကို လက်ထပ်ဖို့ပြောတော့ ရှောင်နေတယ်။ စကားလွှဲတယ်၊
နောက်အိမ်ခဏပြန်မယ်ဆိုပြီး သွားလိုက်တာပြန်မလာတော့ဘူး။
မြန်မာအမျိုးသမီးတွေအနေနဲ့ ကိုယ့်ကို ကိုယ်ချစ်သူဘ၀မှာ
တန်ဖိုးထားသင့်တယ်။ စည်းတစ်ခုအတွင်းမှာပဲ ရှိသင့်တယ်။
ဘောင်မကျော်သင့်ဘူးဟု
လှိုင်မြို့ နယ်နေ မသင်းသင်းလှိုင်က ပြောပြသည်။

မိဘများအနေဖြင့် ငွေတစ်ခုတည်းကိုမကြည့်ဘဲ
မိမိသားသမီးအဆင့်အတန်း၊
ဂုဏ်သိက္ခာကို ငဲ့သင့်ကြောင်း၊ မြန်မာ အမျိုးသမီးများအနေနှင့်လည်း
မိမိကိုယ်ကို အလေးထားသင့်ကြောင်း၊
မြန်မာနိုင်ငံတွင် အစဉ်အလာအရ
နှစ်ဖက်မိဘသဘော တူညီပြီးမှသာ
ပုဆိုးတန်းတင်အကြင်လင်မယားအရာကို သတ်မှတ်သည့်အတွက်
ချစ်သူစုံတွဲများအနေဖြင့် အစဉ်အလာကို တန်ဖိုးထားသင့်ကြောင်း
ယဉ်ကျေးမှုတက္ကသိုလ်မှ ပါမောက္ခတစ်ဦးက အကြံပြုပြောကြားသည်။

@foreverfriends

Read more...

ဗာရာဏသီဆောင်းအမီ

ဆောင်းတစ်ထပ်
နှင်းတစ်ထပ်
မညှာမတာ ဟိမ၀န္တာအလွမ်းတစ်ထပ်

သံသရာတစ်ခုလုံးချမ်းတော့
ပါရမီနွေးနွေးလေးကိုပဲ
ဆွဲခြုံမိ..

ဟိုနားဒီနားတိုးစရာမလို
စကားလုံးအငွေ့လေးတွေ
မီးညှိ ၀ိုင်းဖွဲ့လိုက်ရုံ..။

ဓမ္မဂင်္ဂါ
၂၇-၁၁-၂၀၁၀


Read more...

November Road - နိုဝင်ဘာလမ်း

ခရီးရှည်လျှောက်မှ
လမ်းသစ်ရောက်မှာလား
ဒီလမ်းထိပ်မှာ ကမ္ဘာသစ်။

ဒီကမ္ဘာဟောင်းမှာ
ရက်မပြည့်နိုင်တဲ့ နိုဝင်ဘာတွေ
နိုဝင်ဘာပြီး နိုဝင်ဘာ
နိုဝင်ဘာပြီး နိုဝင်ဘာ
နိုဝင်ဘာတွေ အပ်ကြောင်းထပ်နေပေါ့။

နိုဝင်ဘာတွေ သိမ်ငယ်နေပြီ
နိုဝင်ဘာတွေ ချိနဲ့နေပြီ
လုံခြုံမှုက တုတ်နှောင်နေပြီ
ဆွံ့အခြင်းက စီးမိုးနေပြီ။

စီးမိုးနိုင်လွန်းတဲ့
သတ္တိ နဲ့ သိက္ခာ
သစ္စာ နဲ့ အကြင်နာ
ဇာတိပုညဂုဏ်မာန နဲ့ ဘုန်းတန်ခိုးလက်ရုန်း
ဖေဖေ့ရဲ့ အရာအားလုံးအတွက်
ကျေးဇူးကမ္ဘာပါ။

မြေကမ္ဘာအတွက်
အတိုးတွေ အညွန့်မတက်ခင်
လမ်းဖယ်ပေးပါ ဖေဖေ။



ငြိမ်းချမ်းကြပါစေ။

အကြင်နာနန်းတော် [http://www.akyinnarnantaw.co.cc/2010/11/blog-post_3234.html (27 November 2010)] မှ

Read more...

ရင်ဘတ်ထဲက ပေးစာ

သူငယ်ချင်း

သတိရသကွာ။ မင်းတို့အမြင်မှာ ငါ ရေနဲငါး ဖြစ်နေပြီလားကွာ။ ငါ့မှာရှေ့တက်ဖို့က အခြေအနေ မရှိဘူးလေ။ ငါးတစ်ကောင်လိုပေါ့။ ရှေ့အထက်မှာ ရေနည်းနေရင် အထက်ကို ဆက်တက်လိုက်ရင် အဆင်းမှာ အဲ့ဒီငါးအတွက် ဘယ်လိုဖြစ်မလဲ မင်းစဉ်းစားကြည့်။ ငါဟာ အဲ့ဒီအနေအထားပါ။ အဆုပ်အဆင်း တွေထက် ရပ်နေဖို့ ကြိုးစားနေရတာနဲ့ ငါ အချိန်တွေကို ဖြုန်းတီးနေတာမဟုတ်ဘူး သူငယ်ချင်း။ မင်းမြင်စေချင်တဲ့ ငါတို့သူငယ်ချင်းတွေ မင်းပြောနေကျ တန်းတူအဆင့်အတန်းဆိုတာ ငါနားလည်တာပေါ့ သူငယ်ချင်းရာ။ မင်းကတော့ ဆက်တိုးသင့်တယ်လို့ မင်းယူဆမှာပေါ့။ မင်းလျှောက်ရမယ့်လမ်းကို ကြိုတင်ရွေးထားတာဆိုတော့ မင်းအတွက် ဟုတ်ကောင်းဟုတ်မယ် သူငယ်ချင်း။ ငါ့အတွက်ကတော့ ရှေ့တစ်လှမ်းတိုးဖို့ နောက်တစ်လှမ်း နှစ်လှမ်းဆုတ်ခဲ့ရတာတွေ မင်းလည်းသိမှာပါ။ တစ်ကယ်တော့ ဘဝဆိုတာ မင်းပြောသလို သစ်နေဖို့ကို ဆက်တိုးဖို့ပဲ အရေးကြီးတာပါဆိုတာ ငါမမေ့ပါဘူး။ ဒီလောက်နဲ့ရပ်နေဖို့ဆိုတာ ဘယ်သူမှ ကိုယ့်တံခါးကို ကိုယ်ပိတ်ထားမှာမဟုတ်ဘူးဆိုတာ သူသူကိုယ်ကို နားလည်ကြမှာပါ။ အကြောင်းကြောင်းကြောင့်လို့ ကံကြမ္မာကို အလိုလို လက်ညှိုးထိုးကြတာ ဘယ်သူ့အပြစ်လဲကွာ။ အချိန်အခါနဲ့ အခြေအနေကို စောင့်ကြည့်ရမလိုပါပဲ ဟုတ်ဘူးလား။ တစ်ခါတစ်ရံ မလှုပ်သာ မလှည့်သာဘဝအနေအထားမျိုးမှာ။ ငါတို့သူငယ်ချင်းတစ်ယောက် ပြောသလိုပေါ့ စောင့်ကြည့်ရုံ သက်သက်နဲ့တော့ ဒါက ဒီလိုရှိတယ်လို့ လုပ်မပစ်ပါနဲ့တဲ့။ ဟုတ်တယ်နော် ငါတို့လည်း အဲ့ဒီလိုမျိုးတွေ ရှိခဲ့ဖူးတယ်။ ဒါကလည်း ထားခဲ့ရုံသက်သက်နဲ့တော့ အမှတ်တရမဖြစ်ခဲ့ကြပါဘူး။ အချင်းချင်း ပွင့်ပွင့် လင်းလင်းရှိဖိုဆိုတာ တစ်ကယ်လိုအပ်တဲ့ ကျင့်ထုံးတစ်နည်းပဲ။ မင်းကို ငါတို့က ခေတ်ရှေ့ပြေးလို့ သတ်မှတ်ထားတာလေ။ ကိုယ်တို့အချင်းချင်း စကားပြောလိုက်ရင် ငါတို့ ဘယ်အပေါက်က လိုက်ရ မလဲဆိုတာ ဖြစ်နေရတာ။ စာကို မင်းက တအားဖတ်တာကိုး။ မင်းရဲ့ကျေးဇူးနဲ့ ငါတို့တွေ စာတွေ ဖတ်ဖြစ်တယ်။ စာဖတ်ဖို့ ဝါသနာတွေပါလာတယ်။ စာတွေဖတ်ပြီး ရှေ့ဆက်အတွေးအခေါ်တွေကို ဆက်လက်ဆွေးနွေးကြတော့ မင်းရဲ့မျက်နှာ ပြုံးလို့။ မင်းကတွေးမှာပေါ့ ငါတို့တစ်တွေ ရှေ့ဆက်လုပ်ချင်တဲ့ အလုပ်တွေ အတွေးအခေါ်ညီညီနဲ့ လုပ်ကိုင်လို့ရပြီဆိုတာကိုပါ။ မင်းပြောနေကျ ငါတို့ အများအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ ခုတော့ ငါမှာလည်း ရှိနေပါပြီ သူငယ်ချင်း။ မင်း ဝမ်းသာတော့ မင်းရဲ့မျက်လုံးမှေးမှေးလေးနဲ့ ပြုံးနေကျ အပြုံးလေးနဲ့။ သတိရတယ်ဆိုတာ လက်တို့ပြီး ပြောရမှာ မဟုတ်ပါဘူး။ ဟုတ်တယ်နော် မင်းနဲ့ငါကြား ဖလင်တစ်ကွက်စာလောက် သတိရနေကြရင် မင်းမက်နေတဲ့ အိပ်မက်တွေ ငါမက်နေတာပါပဲ။ ဒါပဲကွာ ဆက်တွေးကြသေးတာပေါ့။


မင်းရဲ့
အဝေးက နီးနေတဲ့
သူငယ်ချင်း

Read more...

Dhamma Talk with Ajahn Pasanno

by Cittasamvaro

Tuesday 21st December

An Audience with Ajahn Pasanno

Abbot of Abhayagiri temple, California

at Baan Aree Library

Happily Ajahn Pasanno is back in Thailand again this cold season, and will give a talk in English for us at the great dhamma centre Baan Aree, near Ari BTS (map below).

The topic is still open. If you have a suggestion for a topic please enter it via the comment box at the end of this blog. We’ll pass 2 or 3 of the suggestions on to Ajahn Pasanno soon.

The event is free of charge and no need to book in advance. Donations will be passed on to Abhayagiri Temple, California. However, to guarantee a seat indoors, arrive early!

6:00 pm Arrive, gather and mingle (there’s a coffee shop at Baan Aree)

6:45 – 7:30 pm Dhamma Talk

7:30 – 8:15 Q&A

Venerable Ajahn Pasanno

Ven. Pasanno Bhikkhu took ordination in Thailand in 1974 and during his first year as a monk he was taken by his teacher to meet Ajahn Chah, with whom he asked to be allowed to stay and train. One of the early residents of Wat Pah Nanachat (International A-Pasanno Forest Monastery in NE Thailand), Ven. Pasanno became its abbot in his ninth year as a Bhikkhu. Under his leadership Wat Pah Nanachat developed considerably, both in physical size and in reputation. Ajahn Pasanno became a well-known and highly respected monk and Dhamma teacher in Thailand. On New Year’s Eve of 1997 Ajahn Pasanno moved to California to share the abbotship of the newly opening Abhayagiri Monastery, where he still resides.

Many of Ajahn Pasanno’s books or dhamma talks in both Thai and English are available on the internet. Some books from the Ajahn Chah lineage will be available for free distribution too.

Location

Baan Aree Library is a thriving dhamma site with library, meeting hall, and lots of excellent events organised in Thai. The Library itself is open daily from 9 am – 7 pm and has a few books in English, including much of the Tripitaka (Scriptures). The new Dhamma Hall is airconditioned and set in the attractive grounds, with many very reasonably priced vegetarian food stalls open in the daytime.

We owe a debt of gratitude to Baan Aree as the place where our Little Bangkok Sangha first started with the generous offering of great facilities free of charge for the English speaking community in Bangkok. Our group would not have gotten going otherwise.

Baan Aree has regular Dhamma meetings in Thai which are listed at their Thai website: http://baanaree.net/ .

The Library is directly on the Skytrain line. Go to Ari BTS station and walk back towards the victory monument about 20 meters and you should see the passage way to Baan Aree Library on the right hand side.

Do arrive early and meet with some of the regulars in the coffee shop in the compound. Baan Aree car park is accessible from the rear (Soi Ari 1) where you see the sign for ‘ BANANA FAMILY PARK ‘. Bus routes 8, 28, 29, 38, 54, 63, 74, 77, 108, 157, 177, 502, 503, 509, and 510 all pass by. Get out at Ari BTS Station.

Read more...

ကျန်းမာစေဖို့အားထုတ်စို့

အိနွိယနိုင်ငံ၏ နွေနှောင်းကာလာနေ့လည်ခင်းသည် ပူလောင်လွန်းလှသည်။ ကျွန်တော်တို့ ဇနီးမောင်နှံသည် ဗုဒ္ဓဂါယာအရပ်သို့ ဒုတိယအကြိမ်ခြေချမိခဲ့ကြပြန်ပြီဖြစ်သည်။ နယူးဒေလီမှတစ်ညနေ့နှင့် တစ်ည ခုတ်မောင်းလာခဲ့သော “မဟာဗောဓိ” ရထားကြီးသည် နောက်ဆုံးသက်ပြင်းရှည်ကြီးကို မှုတ်ထုတ်၍ ဂါယာ ဘူတာတွင်ရပ်နားလိုက်သည်။ အလုအယက်တိုးဝှေ့ရွေ့လျားနေသော လူအုပ်ကြီးအကြားတွင် “ ပညာသင်မြန်မာရဟန်း တော်များ ဗုဒ္ဓဘာသာပညာရေးဗိမာန်” မှ ဆရာတော် ဦးဂန္တသာရနှင့်အဖွဲ့သည် ကျွန်တော်တို့အား ဝှေ့ယမ်းလက်ပြရင်း စောင့်မျော်နေကြသည်။

ဒီတစ်ခေါက်အလာတွင် ရဟန်းတော်များ၏ကျန်းမာရေးကို ကြည့်ရှုပေးနိုင်ရန် စဉ်းစားမိသမျှ ဆေးဝါးများစုဆောင်းလာခဲ့သည်။ သဒ္ဒါတရားအားနည်းသော ရေခြားမြေခြားတွင် သာသနာတော် အဓွန့်ရှည်တည်တန့်ခိုင်မြဲ့ရေးအတွက် ပြင်းထန်သော ဇွဲလံ့လနှင့် ကြိုးစားပညာသင်ယူနေကြသော မြန်မာရဟန်းတော်များ၏ စိတ်ဓာတ်နှင့် ရည်မှန်းချက်ကို အထူးပင်လေးစားကြည်ညိုမိပါသည်။

ရောက်လျင်ရောက်ခြင်း ခရီးမဆိုက်ပင် အထုပ်အပိုးများကိုချ၍ ဗောဓိပင်နှင့် ရွှေပလ္လင်ပေါက်ရာ ဘူမိန်ာသန်နေရာမှန်သည့် မြေမွန်မြေမြတ်သို့ အပြေးအလွှားသွား ရောက်ဦးခိုက်လိုက်သည်။ နောက်တစ်ရက်တွင် ဒုလ္လဘရဟန်းဝတ်မည်ဖြစ်ပြီး ရဟန်းတော်များကို ပါလာသမျှဆေးဝါးများလှူဒါန်းရင်း ကျန်းမာရေးကို ကြည့်ရှုပေး မည်ဖြစ်သည်။

၂၀၀၉ ဇွန်လ ၂၄ရက်နေ့ နံနက် မိုးသောက်အလင်းရောက်အချိန်တွင် မြင့်မြတ်သော ရဟန်းဘဝသို့ကူးပြောင်းရောက်ရှိခဲ့သည်။ နေ့ဆွမ်းစားပြီးအချိန်တွင် ဥပဇ္ဇျာယ်ဆရာတော် ဒေါက်တာအရှင်အင်္ကုရနှင့် ကျန်းမာရေးအကြောင်းဆွေးနွေးမိကြသည်။

ဆရာတော်။ ။ ကျန်းမာဖို့ဟာ အဓိကဖြစ်တယ်ဆိုတာသိပေမဲ့ သံဃာများ ဘယ်လိုနေထိုင်စားသောက်ရမယ် ဆိုတာ သိပ်မသိကြဘူး။ နဲနဲလောက်ရှင်းပြပေးပါဦး။
ကျွန်ုပ်။ ။ မှန်ပါ၊ မျက်မှောက်ခေတ်ဆေးပညာအရရော တရားတော်အရပါ ကျန်းမာစေဖို့ အခြေခံအကြောင်းကြီးလေးချက်ရှိပါတယ် ဘုရား။ အဲ့ဒါတွေကတော့
၁။ဗီဇဓာတ်
၂။စိတ်ဓာတ်အခြေအနေ
၃။ရေမြေတောတောင်နှင့် ပတ်ဝန်းကျင်ရာသီဥတု
၎။ စားသောက်ရသော အဟာရတို့ဖြစ်ပါတယ် ဘုရား။
ဆရာတော်။ ။ ဗီဇဓာတ်ရဲ့ကျန်းမာရေးအပေါ်လွမ်းမိုးပုံကို ပြောပြပါဦး။
ကျွန်ုပ်။ ။ ဗီဇဓာတ်ဆိုတာ သတ္တဝါတစ်ခုစတင်ဖြစ်ပေါ်ဖွဲ့စည်းစဉ်က ရုပ်ပိုင်းနဲ့ စိတ်ပိုင်းကို ဆုံးဖြတ်ပြဋ္ဌာန်းလိုက်တဲ့ စွမ်းအင် သတ္တိတစ်မျိုးဖြစ်ပါတယ် ဘုရား။ တစ်ချို့လူတွေမှာ မွေးရာပါ နှလုံးရောဂါပါလာကြတယ်၊ မွေးရာပါသွေးတိုး ရောဂါပါလာကြတယ်၊ မွေးရာပါ သွေးကြောအဆီပိတ်တဲ့ရောဂါ ပါလာကြတယ်၊ အဲ့ဒါတွေဟာ ဗီဇဓာတ်ရဲ့ ပြဋ္ဌာန်းချက်တွေပါပဲ။
ဆရာတော်။ ။ အဲ့ဒီလိုဆိုရင် ဗီဇကြောင့်ရတဲ့အားနဲချက်ကို ပြုပြင်လို့မရတော့ဘူးလား။
ကျွန်ုပ်။ ။ ဒီလိုလဲ မဟုတ်ပါဘူးဘုရား။ ကံကို ဉာဏ်နဲ့ဝီရိယတို့က စောင့်ရှေက်နိုင်ပါတယ်။ ဥပမာ ဗီဇကြောင့် ရတဲ့သွေးတိုးရောဂါကို ဉာဏ်ဝီရိယစိုက်ထုတ်ပြီး သွေးတိုးစေမဲ့အစားအသောက်များကို ရှောင်ကျဉ်မယ်၊ သွေးတိုးစေမယ့် စိတ်အာရုံများကို သတိနဲ့စောင့်ရှောက်မယ်၊ ခန္ဓာကိုယ် အလေးချိန်ကိုထိမ်းသိမ်းစောင့်ရှောက်မယ် ဆိုရင် ကျန်းမာအောင်နေနိုင်ပါတယ်။ ဆိုလိုတာက ကံကဖန်တီးခဲ့တဲ့ မိမိရဲ့ ကမျန်းမာရေးအားနဲချက်ကို သိရှိပြီး ဘယ်လိုနေထိုင်ရမလဲဆိုတာ သိရှိဖို့ပါပဲ။ ယခုခေတ်ဆေးပညာမျာ သန္ဓေသားဖြစ်တည်စကတည်းက ဗီဇကိုပြောင်းလဲနိုင်တဲ့ ‘ဗီဇအင်ဂျင်နီယာ’ နည်းပညာတွေပေါ်ထွန်းနေပါပြီဘုရား။

ဆရာတော်။ ။ အားရှိစရာပါပဲ၊ စိတ်ရဲ့ ကျန်းမာရေးအပေါ်လွှမ်းမိုးပုံကိုပြောပြပါဦး။
ကျွန်ုပ်။ ။ မှန်ပါ၊ မြတ်စွာဘုရားရဲ့ သာသနာတော်ဟာ စိတ်ကိုဆုံးမဖို့၊ စောင့်ရှောက်ဖို့၊ လုံခြုံစေဖို့၊ ဆို့ပိတ်တားဆီးဖို့ အကြိမ်ကြိမ်အဖန်ဖန်ဟောကြားဆုံးမထားပြီးသားပါဘုရား။ အရှင်ဘုရားတို့လို မြတ်စွာဘုရားရဲ့သားတော်ရဟန်းသံဃာများအနေနဲ့ကတော့ ဝိနည်းအသွယ်သွယ် သိက္ခာပုဒ်အဖုံဖုံနဲ့ စိတ်ကိုစောင့်ရှောက်ထားပြီးသားဖြစ်လို့ စိတ်ပိုင်းဆိုင်ရာဟာ ကျန်းမာရေးအတွက် ပြဿနာသိပ်မရှိဘူးလို့ ထင်ပါတယ် ဘုရား။ တပည့်တော်တို့ လူတွေမှာတော့ စိတ်ပိုင်းဆိုင်ရာဟာ အလွန်ကြီးမားတဲ့ ပြဿနာကြီး တစ်ခုပါဘုရား။ အခြေခံငါးပါးသီလကို လုံခြုံအောင်စောင့်ထိန်းပြီး၊ လောဘ ဒေါသ မာနတရားတွေကို သတိနဲ့စောင့်ရှေက်နိုင်ရင် ကျန်းမာစွာအသက်ရှည်နိုင်တယ်လို့ ထင်မြင်ပါတယ်ဘုရား။
ဆရာတော်။ ။ မှန်ပါပေတယ်၊ ဒါကြောင့်လဲ မြတ်စွာဘုရားက အင်္ဂုတ္တရနိကယ်၊ အဒန္တဝဂ်မှာ “ရဟန်းတို့ ဆုံးမအပ်သော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှာဖြစ်သကဲ့သို့ ဤအတူများစွာ အကျိုးရှိခြင်းငှာဖြစ်သော အခြားတစ်ခုသော တရားကိုမျှငါမမြင်” လို့ ဟောကြားတော် မူခဲ့တာပဲ။ ဆက်ပြီးတော့ ပတ်ဝန်းကျင်ရာသီဥတုနဲ့ကျန်းမာရေးဆက်စပ်ပုံကို ပြောပြပါဦး။
ကျွန်ုပ်။ ။ အရေးကြီးတဲ့ ကိစ္စပါဘုရား။
ပတ်ဝန်းကျင်နဲ့ ရာသီဥတု တစ်ခုစီခွဲပြီး တင်ပြချင်ပါတယ် ဘုရား။
ပတ်ဝန်းကျင်ဆိုတာ နေထိုင်တဲ့ကျောင်း သင်္ခန်း၊ သောက်သုံးတဲ့ရေတို့ ပါဝင်ပါတယ်။ နေထိုင်တဲ့ပတ်ဝန်းကျန်ဟာ ကိုယ့်ကိုမလေးစားတောင်မှ အနှောက်အယှက်ပေးမဲ့ ပတ်ဝန်းကျင်မျိုး မဖြစ်ဖို့လိုပါတယ် ဘုရား။ အာရုံပျက်လောက်အောင်ဆူညံတဲ့ ပတ်ဝန်းကျင်မျိုး မဖြစ်ဖို့လဲ လိုပါတယ်ဘုရား။
ဆရာတော်။ ။ မှန်ပါပေတယ်။ ယခုကျောင်းကြီးမပေါ်ပေါက်မီကဆိုရင် ပညာသင်ရဟန်းများနေထိုင်ရ အလွန်ဆင်းရဲပါတယ်။ ရရာအရပ်ဒေသမှာ ဖြစ်သလို သီတင်းသုံးရတာမျိုးရှိပါတယ်။ မြန်မာပြည်လို သဒ္ဒါတရားထက်သန်တဲ့နေရာမျိုးဆိုရင်တော့က အကြောင်းမဟုတ်ပေဘူးပေါ့။ ယခုကျောင်းတော်ကြီးပေါ်ပေါက်လာပြီဖြစ်တဲ့အတွက် ရဟန်းများအတွက် များစွာ အဆင်ပြေသွားပြီဖြစ်ပါတယ်။ ကျောင်းတော်ကြီဖြစ်မြောက်အောင် လှူဒါန်းခဲ့ကြတဲ့ ဒကာ ဒကာမများအားလုံးရဲ့ စေတနာကို သာဓုအနုမောဓနာခေါ်ပါတယ်။
ဆက်ပြောပါဦး။
ကျွန်ုပ်။ ။ နေထိုင်ရတဲ့ကျောင်းသင်္ခန်းပါဘုရား။ မိုး၊ရေ၊လေ လုံခြုံဖို့၊ ပစ္စည်းပစ္စဝ လုံခြုံဖို့၊ လျှပ်စစ်၊ရေ အလွယ်တကူရရှိဖို့ - ဒါတွေဟာ ကျန်းမာရေးအတွက် အရေးကြီးတဲ့ ကိစ္စတွေပါဘုရား။
နောက်တစ်ခုက သောက်သုံးတဲ့ရေပါဘုရား။ အိန္ဒိယနိုင်ငံရဲ့ ရေပေးဝေတဲ့စနစ်ဟာကျန်းမာရေးနဲ့ ကိုက်ညီမှုရှိမရှိ မသိရပေမယ့် အိန္ဒယလူမျိုးတွေရဲ့ နေရာတကာမှ အလွယ်တကူ အပေါ့စွန့်တဲ့အလေ့အထဟာ သောက်သုံးရေအတွက် စိုးရိမ်ရပါတယ် ဘုရား။ ရထားလမ်းတလျှောက် နံနက်မိုးလင်းအချိန်မှာ လယ်ကွင်းစပ်တစ်လျှောက်လုံး တောထိုင်နေတဲ့ လူများစွာကိုလဲ ယိုသူမရှက် မြင်သူရှက်နဲ့တွေ့ခဲ့ရပါတယ် ဘုရား။ ဒါကြောင့် ရေကိုအနည်ထိုင်ပြီး ကြိုချက်သောက်နိုင်ရင် အကောင်းဆုံးပါပဲ ဘုရား။ နောက်ပြီး ပူပြင်းတဲ့ ယခုလိုရာသီမျိုးမှာ ရေ၊ဓာတ်ဆားရည်ကို တစ်နေ့အနည်းဆုံး ၂လီတာ သို့မဟုတ် ၃ လီတာ သောက်သင့်ပါတယ်ဘုရား။

ဆရာတော်။ ။ သင့်တော်ပါပပေတယ်။ နောက်ဆုံး အချက်ဖြစ်တဲ့ စားသောက်တဲ့အဟာရကိုပြောပါဦး။
ကျွန်ုပ်။ ။ အရေးအကြီးဆုံးပါပဲ ဘုရား။ ဖြစ်သလိုဆွမ်းဘုန်းပေးလို့ မဖြစ်ပါဘူးဘုရား။ တပည့်တော်လဲ အခုသံဃာတွေထဲမှာ အဟာရမပြည့်မှီတဲ့အချက်ကလေးတွေ တွေ့ရပါတယ်ဘုရား။ နေ့စဉ်ဘုန်းပေးတဲ့အထဲမှာ
၁။ အသားဓာတ်
၂။ အဆီဓာတ်
၃။ ကစီဓာတ်
၎။ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံဓာတ် တွေ့ပါဝင်ဖို့လိုပါတယ်ဘုရား။
အသားဓာတ်အနေနဲ့ကတော့ ကြက်၊ဝက်၊အမဲ၊ငါး နေ့တိုင်းစားရမယ် မဟုတ်ပါဘူး ဘုရား။ ဒီအရပ်ဒေသမှာပေါများတဲ့ နွားနို့၊ နို့ခဲ၊ ဒိန်ချဉ် နေ့စဥ ကော်ဖီပန်းကန်တစ်လုံး နှစ်လု့းစားမျှ ဘုန်းပေးဖို့လိုပါတယ် ဘုရား။ ဒီအရပ်ရဲ့ နို့ခဲဟင်းကလဲ အလွန်ထမင်းမြိန်ပါတယ် ဘုရား။ မဟုတ်လဲ ပဲကို နှစ်မျိုးသုံးမျိုး (ကုလားပဲ၊ မတ်ပဲ၊ ပဲနောက်) ရောပြီး ချက်စားဖို့ လိုပါတယ် ဘုရား။
အဆီဓာတ်အနေနဲ့ကတော့ ဟင်ျးက်ရင်းထည့်တဲ့ဆီဆိုရင် လုံလောက်ပါတယ်ဘုရား။ ဒီအရပ်ဒေသရဲ့ မုံညင်းဆီဟာတပည့်တော့တို့ မြန်မာပါးစပ်နဲ့တော့သိပ်အရာသာမတွေ့ပါဘူး။ စားနိုင်ရင်ကောင်းပါတယ် ။ စားအုန်းဆီထက်တော့ အန္တရယ်ကင်းပါတယ်။
ကစီဓာတ်ကတော့ ဆွမ်း၊ထမင်းပါဘုရား။
နောက်ဆုံး အရေးကြီးတာကတော့ ဟင်းသီးဟင်းရွက်နှင့်အသီးအနှံဓာတ်ပါဘုရား။ နေ့စဉ် ဆွမ်းထဲမှာ ဟင်းသီးဟင်းရွက်တစ်မျိုး ၊ နှစ်မျိုး ပါသင့်ပါတယ်လုရား။ ဟင်းနုနွယ်၊ မုန်လာဥ၊ ခရမ်းသီး၊ ပဲသီးတောင့်၊ ရွှေဖရုံသီး၊ ဂေါ်ဖီထုပ် ဒီမှာအလွန်ပေါပါတယ်ဘုရား။ အသီးအနှံဆိုတာကတော့ အစိမ်းစားနိုင်တဲ့အသီးအနှံကို ဆိုလိုပါတယ်ဘုရား။ ငှက်ပျော်သီး၊ သရက်သီး၊ သခွားသီး၊ သလဲသီး၊ ရှောက်ချိုသီး စသဖြင့် နေ့စဉ် တစ်မျိုးမျိုး စားသင့်ပါတယ် ဘုရား။
ဆရာတော်။ ။ ဒါတွေကို နေ့စဉ်နေ့တိုင်းသတိထားပြီးစားသောက်နေဖို့လက်တွေ့လွယ်ပါ့မလား။
ကျွန်ုပ်။ ။ လွယ်ပါတယ်ဘုရား။ ဥပမာအားဖြင့် နေ့စဉ်ဆွမ်းကို
၁။ ပဲဟင်းတစ်ခွက်
၂။ ပဲသီးတောင့်ပြုတ်နဲ့ငါးပိကြော်
၃။ ဒိန်ချဉ်နှင့်ငှက်ပျောသီး
(ဒါမှမဟုတ်)
၁။ ကြက်ဥ၊ဘဲဥကြော်
၂။ ရွှေဖရုံသီးချက်
၃။ သရက်သီးမှည့်
(ဒါမှမဟုတ်)
၁။နို့ခဲဟင်းတစ်ခွက်
၂။ ဟင်းနုနွယ်ဟင်းချို
၃။ သခွားသီးတို့စရာ တို့ဆိုရင် အဟာရပြည့်နိုင်ပါတယ်ဘုရား။
ဆရာတော်။ ။ ဒီလိုဆိုတော့လဲ လွယ်သားပဲ။ နောက်ထပ်ေ၇ာ ကျန်းမာအောင်နေထိုင်နည်းများရှိသေးလား။
ကျွန်ုပ်။ ။ ရှိပါတယ်ဘုရား။ အဲ့ဒါကတော့ ပုံမှန်လေ့ကျင့်ခန်းတစ်ခုခုလုပ်ဖို့ပါပဲ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးဟာ တစ်စတစ်စ သိသာထင်ရှားလာပြီ ဖြစ်တဲ့အတွက် အနောက်တိုင်း နိုင်ငံသူ နိုင်ငံသားတွေဟာ ပုံမှန်လေ့ကျင့်ခန်းကို လက်မလွှတ်ကြတော့ပါဘူး။
ဆရာတော်တို့ တပည့်တော်တို့အတွက်တော့ ဒီကိစ္စဟာအထူးအဆန်းမဟုတ်ပါဘူး။ မြတ်စွာဘုရားဟောကြားထားခဲ့ပြီးသားပါ။ အဲဒါကတော့ စင်္ကြန်လျှောက်ခြင်းပါပဲ။ ခရီးဝေးသွားနိုင်ခြင်း (အပင်ပန်းခံနိုင်ခြင်း)၊ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းခြင်း၊ အနာရောဂါကင်းစင်ခြင်း၊ အစာကြေညက်ခြင်း၊ သမာဓိရရှိခြင်းစသော အကျိုးကျေးဇူးများရရှိစေတယ် လို့ဟောကြားထားခဲ့ပါတယ်။ ဒါကြောင့်နေ့စဉ်အနည်းဆုံး နာရီဝက်၊ လေးဆယ့်ငါးမိနစ်ခန့် စင်္ကြန်လျှောက်ဖို့လိုပါတယ်။ ငွေကုန်ကြေးကျမများပဲ ထိရောက်သောလေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။
ဆရာတော်။ ။ အဖိုးတန်ပါပေတယ်။ သာဓု… သာဓု… သာဓု…။ ဦးပဉ္ဇင်းလဲ ဒုလ္လဘဝတ်ခိုက်မှာ ကြိုးစားပြီး တရားဘာဝနာများ အားထုတ်နိုင်ပါစေ။
ကျွန်ုပ်။ ။ ပေးတဲ့ဆုနဲ့ပြည့်ပါစေဘုရား…။

အပြင်ဘက်ကျောင်းဝန်ကျင်ရှိ လယ်ကွင်းများသည် နွေနေ့လည်ခင်းအောက်တွင် လောင်မြိုက်လျက် ရှိကြသည်။ လေပူဝှေ့ယမ်းရာမှ သဲ့သဲ့ပျံ့လွင့်လာသော ဗုဒ္ဓဂါယာ စေတီတော်ကြီးဆီမှ သရဏဂုံသုံးပါးပူဇော်သောတေးသံ တစ်ချက်တစ်ချက်ကိုကြား နေရသည်။ အတုမရှိသောမြတ်စွာဘုရား၏ ဂုဏ်တော် သည် ကြီးမားလှပါပေသည်။ တရားတော်ကို နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်တိုင်အောင် စဉ်ဆက်မပြတ် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ခဲ့သော သံဃာတော်များ၏ဂုဏ်တော် သည်လည်းကြီးမား လှပါပေသည်။ အိန္ဒိယနိုင်ငံရှိ မြန်မာပညာသင်ရဟန်းများ၏ သာသနာပြုရန် ရည်မှန်းသောစိတ်ဓာတ်နှင့် ဇွဲနဘဲတို့ကိုလဲ များစွာ ကြည်ညိုလေးစားမိပါသည်။

မြန်မာပညာသင်ရဟန်းများကိုယ်၏ကျန်းမာခြင်း၊စိတ်၏ချမ်းသာခြင်းနှင့်သာသနာအကျိုးကိုသယ်ပိုး နိုငကြပါစေဟုဆုမွန်ကောင်းတောင်းရင်းဤဆောင်းပါးဖြင့်ဦးခိုက်ကန်တော့လိုက်ရပါသည်။

တွဲဖက်ပါမောက္ခ ဒေါက်တာမောင်မောင်အေး
Associate Professor. Faculty of Medicine and Health Science. University Putra Malaysia. 43400. UPM. Serdang. Kuala Lumpur. Malaysia.
(ဒသမနှစ်ပတ်လည်စာစောင်မှ ကူးယူဖော်ပြပါသည်)

Read more...

Important New Dhamma Course

Some of my readers will have heard of Venerable Analayo, a German monk who embodies a rare balance of impeccable scholarship and solid meditation practice. Although Analayo is most well-known for his book Satipatthana; The Direct Path to Realization he has over the last few years, also produced a steady stream of extremely interesting articles on various aspects on the Dhamma. Unfortunately many of these articles are published in academic journals where they are not easily available to the average Buddhist reader. The good news is that now Ven. Analayo will be conducting an E-course on Buddhism. The main purpose of the course will be to introduce central themes of Buddhist thought from an historical-critical perspective through the medium of a comparative study of the early discourses. Extracts from the Madhyama Agama preserved in Chinese will be made available in English translation to participants, so that these can be compared with their Pāli counterparts, which mostly, but not exclusively, are found in the Majjhima Nikāya. The course will follow the order of the discourses in the Madhyama Agama so as to give the participants an opportunity for a first-hand impression of this collection, so far not available in translation in any European language. The coverage of the first chapters of this collection during the course held in 2011 will alternate between brief surveys of some discourses and in-depth studies of other discourses (see below for the discourses selected for this term). Anyone taking an intelligent interest in the Dhamma is bound to benefit from this course. Online registration starts on the 15 February 2011. For more information go to http://www.buddhismuskunde.uni-hamburg.de/index.php?id=121&L=0 0 comments

Read more...

ကယ်တင်သူနှင့် နစ်မြုပ်သူ...(ဗုဒ္ဓ၏ဥပမာတစ်ထောင်)


Read more...

ဒုက္ကရစရိယာဆိုတာ မိစ္ဆာဒိဋ္ဌိ အကျင့်လား

ဒကာ။ ။ အလောင်းတော်သိဒ္ဓတ္ထမင်းသားဟာ တောထွက်ပြီး ခြောက်နှစ်တို့ကာလပတ်လုံး ရုပ်အဆင်းတွေ ပျက်စီးကာ သေလုမတတ် ဆင်းရဲဒုက္ခအမျိုးမျိုးတွေ ခံစားပြီးတော့ ကျင့်ကြံအားထုတ်တာဟာ မှားသောအကျင့် မိစ္ဆာဒိဋ္ဌိ အလုပ်တွေသာဟု တချို့က ပြောဆိုဝေဖန်ကြတာ မှန်ပါသလား ဆရာတော်၊ စာပေက ဘယ်လိုများ လာရှိပါသလဲ။

ဆရာ။ ။ အင်း...ရုပ်အဆင်းတွေပျက် ၀မ်းဗိုက်သားက ကျောမှာကပ်ပြီး မျက်တွင်းကြီးကလည်း ချိုင့်ဝင်ကာ နံရိုးတွေအပြိုင်းအပြိုင်းထလျက် အရိုးအဆစ်တွေ ငေါ်ထွက်၍ နေသော်လည်း အစာအာဟာရ အနည်းငယ်မျှသာ စားသုံးကာ နေလေသည်၊ ၀ီရိယကို မလျှော့၊ ပိုမစားချေတဲ့။
ဤလုပ်ငန်းရပ်တို့ကား ပဓာနအလုပ် လူသာမန်တို့ ကျင့်ကြံအားထုတ်ရန် ခဲယဉ်းလှသောကြောင့် ဒုက္ကရစရိယာ အကျင့်ဟုခေါ်ဆိုသည်တဲ့။ အဲဒါ စာပေကလာတာပဲ။ ပဓာနအလုပ်ခေါ်တဲ့ မဂ်, ဖိုလ်, နိဗ္ဗာန်ရယူရေးကို ကျင့်လုပ်ရာ၌
(၁) အရေမျှသာ ကြွင်းပလေစေ၊
(၂) အကြောမျှသာ ကျန်ပလေစေ၊
(၃) အသား အသွေးတွေ ခန်းခြောက် သွားပလေစေ၊
(၄) အရိုးစုမျှသာ ကိန်းပလေစေ၊
ဤအလုပ်ကိုဖြင့် ငါအောင်မြင်အောင်ကြိုးစားတော့မည်ဆိုတဲ့ အင်္ဂါလေးပါးရှိတဲ့ ဇွဲ လုံ့လ ၀ီရိယမျိုးကိုပဓာနအလုပ် ဒုက္ကရစရိယာအကျင့်ဟုခေါ်တယ်။ အဲဒါလည်း စာပေကလာတာပဲ၊ မိစ္ဆာဒိဋ္ဌိ လို့ မဆိုပါဘူး။
အလောင်းတော်မြတ်သည် အာဟာရဓာတ် နည်းပါးလွန်း၍ ယိုင်လဲမူးမေ့ သွားခြင်းကိုမျှ အရေးမထား ဂရုမစိုက်ဘဲ ရွှေနန်းတော်ကြီးထဲ ပြန်သွားခံစံ အနားယူဖို့ကို လုံးဝ စိတ်မကူးပါချေတဲ့၊ အဲဒါတွေဟာ ကြည်ညိုစရာတွေပဲ၊ ဗုဒ္ဓ၀င်စာပေမှာလာတာ။
ဤမျှလောက်ဆင်းရဲဒုက္ခကြီးစွာရောက်နေသော်လည်း အားထုတ်မှု လျှော့ချမည်ဆိုတဲ့ စိတ်ဓာတ်ကား လုံးဝ မရှိချေတဲ့။ မဂ်, ဖိုလ်, နိဗ္ဗာန်(သဗ္ဗညုတဉာဏ်) ရရေးကိုသာ ရှေးရှုကြိုးစားလျက်ရှိသည်တဲ့၊ မိမိကိုယ်ကို သက်သာရန် အညှာပေးလိုသော အကြံအစည် စိတ်မျိုးကား မြူလောက်မျှ မဖြစ်ခဲ့ပါချေတဲ့။
အဲဒါ့ကြောင့် ဒီလိုကိစ္စလုပ်ငန်းရပ်ပဓာနကိစ္စမျိုးနဲ့စပ်ရင် သာမန်လူတယောက်သည် လက်တွေ့ကျင့်လုပ်ဖို့ စိတ်ကူးထဲမျှပင် မကူးမထည့်ဝံ့သော အလုပ်ကြီးမျိုးဖြစ်၍ ယင်းအကျင့်လုပ်ငန်းမျိုးကို (ဒုက္ကရစရိယာ) သာမန်လူတို့ ကျင့်လုပ်ဖို့ရာ ခဲယဉ်းသော အလုပ်အကျင့် ဟု ခေါ်ဆိုတယ်တဲ့။
ပဓာနအလုပ်ခေါ်တဲ့ နိဗ္ဗာန်ချမ်းသာကို ရှေးရှုရှာမှီးရာ၌ မနှိုင်းစံဝံ့အောင် မဆုတ်မနစ် ကျင့်ကြံအားထုတ်တော်မူသော လုပ်ငန်းရပ်ကြီးဖြစ်၍ အဲဒီ ဒုက္ကရစရိယာအလုပ်ကို မိစ္ဆာဒိဋ္ဌိ အကျင့်မျိုးထဲမှာ သွားမထည့်ရဘူးတဲ့၊ ဆရာမရှိဘဲ နိဗ္ဗာန်တရားကို အပြင်းအထန်ရှာမှီး ကျင့်ကြံခြင်းအခိုက်မို့လို့.....
သာမည လူတန်းစားတို့ ကျင့်ကြံလုပ်ကိုင်ရန် မဖြစ်နိုင်သော ခဲယဉ်းသော အလုပ်တမျိုးမို့ (ဒုက္ကရစရိယာ) ပဓာနအလုပ်လို့သာ မှတ်ကြပေတော့၊ အဲဒါပဲ၊ မိစ္ဆာဒိဋ္ဌိ အကျင့် မဟုတ်ပါဘူး။
ဒကာ။ ။ ကျေနပ်ကြပါတယ် ဆရာတော်၊ သူအချို့က မိစ္ဆာဒိဋ္ဌိ မှားသောအကျင့်ဟု ပြောဟောကာနေကြလို့ပါ ဘုရား၊ သူတို့ အဖွဲ့ထဲလဲ ဒကာကြီးတို့ မပါဝင်ကြပါဘူး။

Read more...

လွမ်းမောမိသည့် နေ့ရက်လေးများ(အပိုင်း၂)

Friday, 26 November 2010 20:51 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

Resized_IMG_0578ဘုရင် ဗိမ္ဗိသာရ အကျဉ်းထောင် နေရာကို လေ့လာနေတဲ့ အချိန် ဝမ်းနဲစရာ မြင်ကွင်း တွေက ကွက်ကွက် ကွင်းကွင်း Resized_IMG_0469 မြင်ရောင် လာစေတယ်။ သားအပေါ်မှာ အချစ် ကြီးပြီး ရက်စက် မှုတွေကို ခံခဲ့ရတဲ့ ဖခင် ဘုရင်ကြီးက ဘုရားရှင်ကို ဖူးမျှော်လို့ ရနိုင်တဲ့ နေရာမှာ သူ့ကို အကျဉ်းချဖို့ တောင်းဆို ခဲ့တယ်။ ဒါကြောင့် ဂိဇ္ဈကုဋ် တောင်ထိပ်က ဘုရားရှင်ကို လှမ်းပြီး ဖူးမြှင်လို့ ရနိုင်တဲ့ ဒီနေရာမှာ အကျဉ်း ချခဲ့တယ်။

Resized_IMG_0493ဘုရားကို လှမ်းဖူးလိုက် သမာပတ် ဝင်စားလိုက်နှင့် သောတာပန်ဘုရင်ကြီးဟာ လောကဓံကို ကြံ့ကြံ့ခံခဲ့တယ်။ ဒါအပြင် ခင်ပွန်းအပေါ်မှာ သစ္စာရှိပြီးဝတ္တရားကျေပွန်ခဲ့တဲ့ ဝေဒေဟီ မိဘုရား ရဲ့ ပုံရိပ်တွေ၊ မိမိဖခင်ကို အဖေရင်းလို တန်ဘိုး မထားနိုင်လောက်အောင် အာဏာရစ်မှုးကာ ကမ္ဘာတုန်အောင် ရက်စက်ပြ ခဲ့တဲ့ အဇာတသတ် မင်းသားရဲ့ ပုံရိပ်တွေဟာ တသီးကြီးပေါ်လာပြီး ရင်ကို နာကျင်စေပါတယ်။ အခုတော့ သမိုင်းရုပ်ကြွင်း တစ်ခုအဖြစ် ကျန်နေခဲ့ပြီပေါ့။

Resized_IMG_0480နေ့ဆွမ်းကိုတော့ မဏိယာမတ်အနီးက ကျယ်ဝန်းပြီးသန့်ရှင်းလှပတဲ့ ဇယပရကာဆ် ဥဒ္ဓယာန်း ပန်းခြံကြီးထဲမှာ စားခဲ့ကြတယ်။ ဆာကလည်းဆာ ဦးကုဏ်လက်ရာ ချဉ်ပေါင်ကြော်ကလည်း ကောင်းတော့ အားလုံး ခေါင်းမဖော်နိုင်လောက်အောင် မြိန်ခဲ့ကြတယ်။ စားပြီးတော့ နေရာကလည်း သန့်ရှင်း ခရီးပင်ပန်းမှုကလဲ ဖြစ်တော့ခေတ္တ အနားယူကြတယ်။Resized_IMG_0476

ပန်းခြံထဲက ထွတ်လာပြီး ကားပေါ်ပြန်တက်ကြတော့ တာဝန်ကျေ စိတ်ကောင်းရှိလှတဲ့ ကားဆရာလေးက တစ်ကားလုံးကို သန့်ရှင်းရေး လုပ်ထားတယ်။(ခရီးစဉ် တလျှောက်လုံး အားလုံးကို စိတ်ချမ်းသာအောင် တာဝန်ကျေခဲ့တဲ့ ကားဆရာလေးပါ။) ကားပေါ်ရောက်တော့ မစ္စတာ Ian နှင့်ဒေါ်အိတို့က သူတို့တစ်ရှုးနဲ့ ဂရုတစိုက် သန့်ရှင်းပြီး ကားပေါ်မှာ သိမ်းထားခဲ့တဲ့ ရေခဲ့မုန့် မြေအိုးခွက်လေးတွေက သန့်ရှင်းတဲ့အထဲ ပါသွားတယ်။ ပန်းခြံထဲ မဝင်ခင် သူတို့သုံးရောက် ရေခဲမုန့် ၀ယ်စားကြ တယ်။ရေခဲမုန့်ထည့်တဲ့ မြေအိုးလေးတွေက ပန်းဘောင်လေးတွေ အနား ကွက်ပြီး ၀ိုင်းဝိုင်း လုံးလုံးလေးနဲ့ အနုပညာလက်ရာ မြောက်လှပါတယ်။ ဒါကြောင့် စားပြီး လွင့်မပစ်ကြဘူး။ သန့်ရှင်းပြီး သိမ်းထားကြတာ။ ကားဆရာက သန့်ရှင်းရေး လုပ်တော့ အမှိုက်ထင်ပြီး လွင့်ပစ် လိုက်တာပေါ့။ သူတို့နှစ်ယောက်က နှမြှောလိုက်ကြတာ။ ပြောမဆုံးကြဘူး။ မစ်ဆယ်လီ ကတော့ သန့်ရှင်းပြီးသူဆွဲတဲ့ အိပ်ထဲ သိမ်းထားတော့ ကံကောင်း သွားတယ်၊သူကတော့ သူ့အိုးခွက်လေး ပါမသွားလို့ဆို့ပြီး ဝမ်းသာ အားရနဲ့ ပြောမပြီးဘူး။ နောက်တနေရာရောက်တော့ ဒီပုံစံ အိုးခွက်လေး လိုချင်လို့ဆိုပြီး ထပ်ဝယ်စားကြသေးတယ်။ ဒါပေမဲ့ ဒီပုံစံလို လှပတဲ့ အိုးခွက်လေးတွေတော့ မရခဲ့ကြ ဘူး။

ဆက်လက်ပြီး ဝေဠုဝန်ကျောင်းတော်ကြီးကို ၀င်ရောက်လေ့လာ ကြပါတယ်။ ကျောင်းတော်ဝန်းဟာ ကျယ်ဝန်းသန့်ရှင်းပြီး စိတ်ချမ်းမြေ့စရာ ကောင်းလှပါတယ်။ ဝေဠုဝန- ၀ါးတောဆိုတဲ့ နာမည်နှင့်လိုက်ဖက်အောင်ကို ၀ါးပင်တွေနဲ့ ပြည့်နေပါတယ်။ ပါဠိတော်တွေမှာတော့ ဝေဠုဝနေ ကလန္ဒက နိဝါပေ ဆိုပြီး တွဲဘက်ကာ ဟောထားပါတယ်။ ကလန္ဒကနိဝါပေ-ရှဥ့်နက် တို့အား အစာကျွေး၍ မွေးမြူရာဖြစ်သော၊ ဝေဠုဝနေ- ဝေဠုဝန်ကျောင်းတော် ၌၊ ဆိုပြီးတော့ တွေ့ရတာပါ။ Resized_IMG_0509

ကျောင်းတော်ဟောင်း အဆောက်အဦးတွေ ကိုတော့ မတွေ့ရတော့ပါဘူး။ ကျောင်းတိုက်အလယ်က သန့်ရှင်း ကြည်လင်ပြီး အပြာရောင်သန်းနေတဲ့ ရေတွေနှင့် သာယာလှပနေတဲ့ ကလန္ဒကရေကန်ကြီးကတော့ ထင်ထင်ရှားရှား ရှိနေပါတယ်။ နိုင်ငံတကာ ဘုရားဖူးတွေ ကန်ဘောင်ပေါ်မှာ အေးရိပ်ခို ကြပြီး ဘုရားဂုဏ်တော်တွေ အာရုံပြုကြ၊ သံဃာတွေ ရှင်းလင်းပြလို့ နာယူနေကြတာကိုလည်း တွေ့မြင်ရပါတယ်။ ဝေဠုဝန်- ၀ါးတောကျောင်း ဆိုတဲ့ သဘောကို နားလည်နေကြတဲ့ ဦးသိရိန် နဲ့ မိမိတို့ဟာ ၀ါးရုံလှလှကြီးတွေရဲ့ရှေ့မှာ တဖြတ်ဖြတ်ဓာတ်ပုံရိုက်ကြပြီး မှတ်တင်းတင်ကြပါတယ်။

Resized_IMG_0518အေးရိပ်ကောင်းလှတဲ့ ၀ါးခြုံကြီးရဲ့အောက် မြက်ခင်းပြင်ပေါ်မှာ ထိုင်ကာအနားယူကြပြီး ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို အာရုံပြုကြပါတယ်။ ဘုရား လောင်းသိဒ္ဓတ္တမင်းသားဟာ တောထွက်ရဟန်းပြုပြီး ရာဇဂြိုဟ်မြို့ကို ရောက်တဲ့အချိန် ဗိမ္ဗိသာရမင်းကြီးနှင့် တွေ့ပါတယ်။ မင်းကြီးက သဘောကြပြီး ထီးနန်းတစ်ဝက်အပ်ပေမဲ့ လက်မခံဘဲ ပယ်ချကာ ဘုရားဖြစ်ဖို့ကိုပဲ ဦးတည် ကျင့်ကြံခဲ့ပါတယ်။ သို့ပေမဲ့ ဘုရားဖြစ်က ရာဇဂြိုဟ်ကို ပထမဆုံး ကြွခဲ့မယ် ဆိုတဲ့ ကတိကိုတော့ ပေးခဲ့ပါတယ်။ ဒီကတိအတိုင်း ဓမ္မစကြာတရာဦး ဟောကြားပြီးတဲ့နောက် ရဟန်းပေါင်း တစ်ထောင်ခြံရံကာ ရာဇဂြိုဟ်ကို ကြွလာခဲ့ ပါတယ်။ ဘုရင်ကြီးကလည်း ဘုရားရှင်ကို လေးစားလှတဲ့အတွက် မာဂဓတိုင်း အထင်ကရ ပုဏ္ဏားသူကြွယ်တွေ တစ်သိန်းနှစ်သောင်းခြံရံကာ တခမ်း တနား ကြိုဆို ခဲ့ပါတယ်။ ဒီကြိုဆိုပွဲမှာ ဘုရားရှင်က မဟာနာရဒ ကဿပဇာတ်တော်ကို ဟောကြားခဲ့ပါတယ်။ ဘုရင်ကြီးနှင့်တကွ အခြံအရံ တစ်သိန်း တစ်သောင်း တို့ဟာ သောတာပန်တွေဖြစ်သွားကြပြီး ကျန်တဲ့ တစ်သောင်းကတော့ သရဏဂုံ မြဲတဲ့ ဥပါသကာတွေ ဖြစ်သွားခဲ့ကြပါတယ်။Resized_IMG_0527

သောတာပန်ဖြစ်သွားတဲ့ ဗိမ္ဗိသာရ ဘုရင်ကြီးဟာ နောက်ရက်အတွက် ဘုရားရှင်ကို ဆွမ်းစားပင့်ပြီး ဝေဠုဝန်ကျောင်းတော်ကြီးကို ရေစက်ချ လှူဒါန်းခဲ့ ပါတယ်။ ရေစက်ချ လှူဒါန်းပြီးသည်နှင့် တစ်ပြိုင်နက် ယူဇနာနှစ်သိန်းလေးသောင်း အထုရှိတဲ့ ဤကမ္ဘာမြေကြီးဟာ ကောင်းချီး ပေးသည့် အနေဖြင့် သွပ်သွပ်ခါ တုန်လှုပ်ခဲ့ပါတယ်။ ဇမ္ဗူဒိပ် တစ်ကျွန်းလုံးမှာ မြေကြီးလှုပ်တဲ့ တစ်ခုတည်းသော ကျောင်းအလှူဖြစ်ပါသတဲ့။ ဤသာသနာ တော် မှာလည်း ပထမဆုံးသော ကျောင်းအလှူဖြစ်ပါတယ်။

ဤကျောင်းတော်ကြီးအတွင်း ဘုရားရှင် သြ၀ါဒပါတိမောက် ပြတဲ့နေရာမှာ တည်ထားတဲ့ ရုပ်ပွား ဆင်းတုတော်မြတ်ကို ဖူးမျှော် ကြည်ညိုခဲ့ကြတယ်။ မိမိတို့လိုပဲ နိုင်ငံတကာ ဘုရားဖူးတွေ လက်ယာရစ် လှည့်ပတ်ပြီး ရွက်ဖတ်ပူဇော်နေကြတာကိုလည်း တွေ့မြင်ရတယ်။ ဒီနေရာမှာပဲ ဘုရားရှင်က “ မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊ဖြူအောင် စိတ်ကိုထား။” စတဲ့ ဂါထာသုံးပုဒ်နဲ့ ပထမဆုံးအကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူခဲ့တယ်။

ဤကျောင်းတော်မှာပဲ လက်ယာရံ လက်ဝဲရံ ဖြစ်လာကြမဲ့ ဥပတိဿနှင့် ကောလိတတို့ ဧဟိဘိက္ခူဖြစ်ခဲ့ကြပါတယ်။ သာသနာတော်မှာ ပထမဆုံးအကြိမ် သံဃာ့အစည်းအဝေးပွဲကြီးကျင်းပခဲ့တယ်။ ဘုရားရှင် (ပထမ၊ဒုတိယ၊တတိယ) သုံးဝါတိတိ ၀ါဆိုတော်မူခဲ့ပြီး ဒေသနာတော်များကို ဟောကြားကာ သတ္တ၀ါများစွာကို ကယ်တင်ခဲ့ပါတယ်။ ဘုရားရှင်ရဲ့ ဖြစ်စဉ်တွေ တစိမ့်စိမ့်တွေးမိလေ တသိမ့်သိမ့် ကြည်နူးစရာ ကောင်းလောက်အောင် သဒ္ဓါတရားတွေ တိုးပွားစေတဲ့နေရာမြတ်လည်း ဖြစ်ပါတယ်။

Resized_IMG_0504ဝေဠုဝန်ကျောင်းက အပြန်မှာတော့ မနီးမဝေး ဝေဘာရတောင်ခြေမှာ တည်ရှိတဲ့ ရေပူစန်းကို ၀င်ရောက်လေ့လာကြတယ်။ တပေါဒါမြစ်လို့ခေါ်တဲ့ မြောင်းငယ်ကို တံတားဖြင့် ဖြတ်ကူးသွားရပါတယ်။ ဒီမှာ ရေချိုးရင် ၉၆-ပါး ရောဂါပျောက်တယ်လို့ ယုံကြည်ကြပြီး ရေချိုးသူတွေ များပြား စည်ကား လှပပါတယ်။ ရေပူစမ်းအနီးမှာ အစားအသောက်ဆိုင်တွေ ကျုလယာဆိုင်တွေလည်း များပြားလှပါတယ်။ ရေချိုးတဲ့နေရာမှာ သုံးဆင့်ခွဲခြား သတ်မှတ် ထားပါတယ်။ ဇာတ်စနစ်ခွဲခြားမှု ပြင်းထန်တဲ့ နိုင်ငံဖြစ်လေတော့ ပထမဆုံး စဥ့်ပွန်များမှ စီးကျလာတဲ့ရေကို ဇာတ်မြင့်တို့ ချိုးကြရပါတယ်။ ဇာတ်မြင့်တွေ ချိုးပြီမှ ကျဆင်းလာတဲ့ရေကို အလယ်အလတ်တန်းစားတို့ ချိုးကြရပါတယ်။ နှစ်ဆင့်ချိုးပြီး အညစ်အကြေးနှင့်တကွ စီးကျလာတဲ့ ရေကိုမှ ဇာတ်နိမ့်တွေ ချိုးကြရတာပါ။ ရေချိုးဆိပ်တွေကိုလည်း သူ့နာမည်နဲ့သူ ပေးထားပါတယ်။ ပထမဆုံး ချိုးတဲ့နေရာကို ကြည့်တော့ချိုးချင်စရာ ရှိပေမဲ့ နောက်နှစ်ဆင့်ကတော့ အတော်ကို ညစ်ပတ်ပါတယ်။ ချိုးဖို့မပြောနဲ့ မြင်ရတာနဲ့တောင် စိတ်ပျက်စရာကောင်းလှပါတယ်။ သူ့အယူအဆနှင့်သူဆိုတော့လည်း ပျော်ပျော်ကြီး ချိုးနေလိုက်ကြတာ တိုးမပေါက်အောင်ပါပဲ။ မိမိတို့အဖွဲ့တော့ သူတို့ကို ကြည့်ပြီး တအံ့တသြ ဖြစ်ခဲ့ကြတယ်။Resized_IMG_4122

ဒီနေရာကို ရောက်တော့ ကြားဖူးတဲ့ ဖြစ်ရပ်လေးတစ်ခုကို ပြန်လည် သတိရမိပါတယ်။ ရှေးခေတ်က စာရေးဆရာတွေက မန္တလေးမြို့ ရွှေတစ်ချောင်း မြောင်းရဲ့ ကြည်လင်သန့်ရှင်းအေးမြပုံ၊ ရေချိုးပါက ၉၆-ပါးသော ရောဂါတွေ ပျောက်ကင်းပုံတွေကို စာတစ်တန် ပေတစ်တန်ဖွဲ့ပြီး အင်္ဂလိပ်လို မှတ်တမ်း တင် ရေးခဲ့ကြပါသတဲ့။ သူတို့ခေတ်ကတော့ အမှန်ဖြစ်မှာပေါ့။ မြန်မာနိုင်ငံကို အလည်လာရောက်တဲ့ နိုင်ငံခြားသား ဧည့်သည်တစ်ယောက်က သူ့စိတ် ထဲမှာ အဓိက သွားလည်ရမဲ့နေရာအဖြစ် ရွှေတစ်ချောင်းမြောင်းကိုလည်း ထည့်ထားပါတယ်။ သူ့စိတ်ထဲမှာ မန္တလေးရောက်ရင် ချောင်းထဲမှာ ပျော် ပျော်ကြီး ရေချိုးပြီး ချောင်းရေတွေ အ၀သောက်လိုက်မယ်ပေါ့။ ဂိုက်လုပ်တဲ့သူကို မန္တလေးရောက်ရင် ရွှေတစ်ချောင်းကို အဓိက ပို့ပေးဖို့ ပြောပါသတဲ့။ ဒီလိုနဲ့ မန္တလေး ရွှေတစ်ချောင်းမြောင်းလဲ ရောက်ရော ရေချိုးဖို့ မပြောနဲ့ ကမ်းဘေးကနေ တနိုးနိုး ပြောပြီး နှားခေါင်းပိတ်ထားသတဲ့လေ။

အခုခေတ် မှာ တော့ အမှိုက်တွေပြည့်ပြီး ညစ်ပတ်နေတဲ့ ရွှေတစ်ချောင်းမြောင်းဟာ အမြဲကို နံစော်နေတာပါ။

အခုလည်း ရာဇဂြိုဟ် ရေပူစမ်းလို့ နာမည်ကြီးလှတဲ့ ဒီနေရာမှာ ၉၆-ပါး ရောဂါပျောက်တယ်ဆိုရင်တောင် ရေချိုးဖို့ အတော်ကို အားယူရမှာပါ။

အဇာတသတ် ဘုရင် တည်ဆောက်ထားတဲ့ ရာဇဂြိုဟ် ခံတပ် မြို့သစ်နေရာနှင့် မြို့ဦးစေတီတို့ကိုလည်း ၀င်ရောက်ခဲ့ကြတယ်။ မြို့ဦး စေတီနေရာမှာ ဘာသာခြားတို့ သင်္ချိုင်းလုပ်ဖူးတော့ မဖျက်စီးဘဲ ထားတဲ့ ဂူတွေမြင်နေရတာကိုက စိတ်အနှောင်အယှက် ဖြစ်စရာပါ။ ရှေ့ဆက်ပြီး ကမ္ဘာကျော် လှတဲ့နာလန္ဒာတက္ကသိုလ်ကြီးကို ရောက်ခဲ့ကြတယ်။

Resized_IMG_0534ကမ္ဘာကျော်လှတဲ့ နာလန္ဒာ တက္ကသိုလ်ဟောင်းကြီးကတော့ အခုချိန်ထိ ခန့်ခန့်ညားညား တည်ရှိနေတုံးပါ။ အဆောက်အဦဟောင်း ကြီးတွေ ကြီးကြီး မားမားနှင့် ရဲတိုက်ခံတယ်ကြီး တစ်ခုလို ထင်ရ လောက်အောင် ကြီးကျယ်လှပါတယ်။ အဆောက်အဦးကြီးတွေကလည်း စေတီနှင့် ဇရပ်များ အတန်း တက္ကသိုလ်ကျောင်းဆောင်ကြီးများအတန်း နှစ်တန်းခွဲကာ ဆောက်လုပ်ထားလို့ လွန်စွာ စနစ်ကြလှပါတယ်။ များပြားလှတဲ့ အဆောက် အဦးကြီးတွေမှာ ဘုရားခန်း သံဃာတွေ သီတင်းသုံးတဲ့ အခန်း စာသင်တဲ့အခန်း ရေချိုးရာရေတွင်း စသည်ဖြင့် လေ့လာလို့ မကုန်နိုင်အောင်ပါပဲ။ ဒီတက္ကသိုလ်ကြီးကပဲ ကမ္ဘာကျော် ပညာရှင်များစွာ မွေးဖွားပေးခဲ့ပါတယ်။ သမိုင်းကောက်ကြောင်းတွေ ပြန်လည်တူးဖော်ကြည့်ရင် ၀မ်းသာစရာ ၀မ်းနဲစရာတွေနှင့် ပြည့်နေတဲ့ တက္ကသိုလ်ကြီးပါ။

ဤတက္ကသိုလ်ကြီးကို မဟာယာန၀ါဒကို စတင်တီထွင်သူ ပထမဆုံး တိုက်အုပ်ဆရာတော် နာဂအဇ္ဇုန ဆရာတော်က စတင်တည် ထောင်ခဲ့ပါတယ်။ ရာစုနှစ်ပေါင်းများစွာတိုင်အောင် ဂုတ္တမင်းဆက် အစဉ်ဆက်တို့ စောက်ရှောက်လှူဒါန်းခဲ့ကြပါတယ်။ ဘုရင်နန်းတော် ထက်တောင် ဒီတက္ကသိုလ်ကြီးက ကြီးကျယ်ပြီး လူသိများခဲ့ပါတယ်။ မင်းအဆက်ဆက်တို့ဟာ မိမိတို့လက်ထက် ကောင်းသထက်ကောင်းအောင် တက္ကသိုလ်ကြီးကို ပြန်လည်ပြုပြင် မွမ်းမံခဲ့ကြတာပါ။ အိမ်ခြေ နှစ်ထောင်ကျော်ရှိတဲ့ ရွာပေါင်း(၁၀၀)ကိုတောင် ကျောင်းတော်ကြီးကို လှူဒါန်းခဲ့ကြပါတယ်။ စာသင်ရဟန်း တစ်သောင်းကျော်အထိ ရှိခဲ့ပါတယ်။ သူတို့ရဲ့ ပညာရေးနှင့် နေထိုင်စားသုံးစားရိတ်စတဲ့ ကုန်ကျစားရိတ် အားလုံးကို မင်းအဆက်ဆက်တို့က ထောက်ပံ့ပေးခဲ့ကြတာပါ။

Resized_IMG_1081မဂိုဘုရင်များလက်ထက်မှာတော့ ရဟန်းတော်များကို ရက်ရက် စက်စက် သတ်ဖြတ်ကာ တက္ကသိုလ်ကြီးကိုလည်း မီးရှို့ဖျက်စီးခဲ့ကြပါတယ်။ ရဟန်းတော်ပေါင်းထောင်ပေါင်းများစွာ သွေးမြေကျခဲ့ကြတယ်။ တက္ကသိုလ် ကြီးကို ခံတပ်လုပ်ကာ တာခ်စစ်သားတွေက ကျောင်းတော်ကြီးမှ ရွှေငွေ ရတနာတွေကိုလည်း ယူငင်သွားကြတယ်လို့ မှတ်သားဖူးပါတယ်။ ၀မ်းသာစရာ ၀မ်းနဲစရာတွေနဲ့ ပြည့်နေတဲ့ တက္ကသိုလ်ကြီးရဲ့ ပုံရိပ်တွေပါ။

အခုချိန်ထိ မားမားမတ်မတ်နဲ့ ခန့်ညားနေတဲ့ စေတီတော်ကြီးကတော့ အရှင်သာရိပုတ္တရာ စေတီတော်ကြီးပါ။ သီရိဓမ္မာသောကမင်းကြီးရဲ့ ကုသိုလ်ဖြစ်ပါတယ်။ ပညာအရာ အသာဆုံးဧတဒက် လက်ယာတော်ရံ မထေရ်မြတ်ကြီးဟာ ဒီနေရာမှာ မွေးဖွားပြီး ဒီနေရာမှာပဲ ပရိနိဗ္ဗာန် စံခဲ့ပါတယ်။ မိမိ သားသ္မီးတွေ ခုနှစ်ယောက်တောင် သာသနာဘောင်မှာ ရဟန္တာ ဖြစ်နေကြပေမဲ့ မိခင်သာရီပုဏ္ဏေးမကြီးဟာ ဗုဒ္ဓဘာသာတောင် မဖြစ်သေးပါဘူး။ မထေရ်မြတ်ကြီးဟာ နောက်ဆုံးမိခင်ကြီးကို ကျေးဇူးဆပ်ဖို့ ဆိုပြီး မိမိ မွေးဖွားရာတိုက်ခန်းကို အရောက်ပြန်ခဲ့ပါတယ်။ ကြမ်းတမ်းလှတဲ့ သွေးသွန်ရောဂါ ခံစားနေရင်းက မိခင်ကြီးကို ကျေးဇူးဆပ် တရားဟောကာ သောတာပန်ဖြစ်စေခဲ့ ပါတယ်။ ဒီစေတီတော်ကြီး ရှေ့မှာပဲ သံဃာဂုဏ်ကို အာရုံပြုပြီး ပူဇော်ဖြစ်ခဲ့ ပါတယ်။

နာလန္ဒာတက္ကသိုလ်ဟောင်းကြီးကအပြန်မှာတော့ အိန္ဒိယ ရှေးဟောင်း ယဉ်ကျေးမှုဝန်းကြီးဌာနက အသစ်ဖွင့်လှစ်ထားတဲ့ နာလန္ဒာတက္ကသိုလ် အသစ်ကို ၀င်ဖြစ်ခဲ့တယ်။ အဲဒီမှာ မြန်မာရဟန်းတော်များစွာ ပညာသင် ကြားနေပါတယ်။ သူတို့ရဲ့ အဆောင်ကို ခေတ္တ၀င်ရောက်ကာ ဓာတ်ပုံ အမှတ် တရ ရိုက်ကြပြီး ပတ္တနားကို ခရီးဆက်ခဲ့ကြတယ်။

အရှင်နိပုဏာလင်္ကာရ (ဗာရာဏသီ)

ဆက်လက်ဖေါ်ပြပေးသွားပါမည်။

Read more...

အနန္တငါးပါး ဘုရားရှိခိုး

ဗုဒ္ဓဂုဏော အနန္တော၊
ဓမ္မဂုဏော အနန္တော၊
သံဃဂုဏော အနန္တော၊
မာတာပိတုဂုဏော အနန္တော၊
အာစရိယဂုဏော အနန္တော၊
ဣမေ ပဉ္စဂုဏံ အဟံ ၀န္ဒာမိ သဗ္ဗဒါ။

၁။ ဘုရားကို ရှိခိုးရန်။
ဗုဒ္ဓဂုဏော၊ အနန္တောဟု၊ ကျော်စောထင်ရှား၊ သုံးပါးရပ်သူ၊ နတ်,လူ, ဗြဟ္မာ၊ သတ္တ၀ါကို ၊ ခေမာသာခေါင်၊ နိဗ္ဗာန်သောင်သို့၊ ရွှေဖောင်မဂ္ဂင်၊ သင်္ဘောယာဉ်နှင့်၊ ကယ်တင်ဆောင်ယူ၊ ပို့တော်မူသည်၊ နတ်လူတို့ထိပ်ပန်း၊ ရဟန်းတို့ဆရာ၊ အစိန္တေယျာဟု၊ အနန္တဂုဏ်အင်၊ ကျေးဇူးရှင်ကို၊ အဟံ-အကျွန်ုပ်သည်၊ ၀န္ဒာမိ-ရိုသေမြတ်နိုး၊ လက်အုပ်မိုး၍၊ ရှိခိုးပါ၏ အရှင်ဘုရား။

၂။ တရားကို ရှိခိုးရန်။
ဓမ္မဂုဏော၊ အနန္တောဟု၊ တည်သောကမ္ဘာ၊ သတ္တ၀ါလူနတ်၊ အထပ်ထပ်ကို၊ လေးမြတ်ကြင်နာ၊ အ၀ိဇ္ဇာနှင့်၊ တဏှာသံယော၊ ကိလေသောမှ၊ ဆေးကြောသုတ်သင်၊ မြူမထင်အောင်၊ ရှောင်ကြဉ်ပေတတ်၊ တရားမြတ်ကို၊ အဟံ-အကျွန်ုပ်သည်၊ ၀န္ဒာမိ-သဒ္ဓါညွတ်ကျိုး၊ လွန်မြတ်နိုးလျက်၊ ရှိခိုးပါ၏ အရှင်ဘုရား။

၃။ သံဃာကို ရှိခိုးရန်။
သံဃဂုဏော၊ အနန္တောဟု၊ လောဘ, ဒေါသ၊ မောဟကင်းကွာ၊ တဏှာကာမ၊ ကိလေသနှင့်၊ ရာဂအမိုက်၊ နှစ်ခြိုက်မပျော်၊ မမွေ့လျော်ဘဲ၊ ရှင်တော်ဟောကြား၊ မြတ်တရားကို၊ မှတ်သားကြည်ညို၊ မဂ်,ဖိုလ်,နိဗ္ဗာန်၊ ရောက်ကြောင်းမှန်သည်၊ မြတ်မွန်ထေရ်ကျော်၊ သံဃာတော်တို့၊ ဂုဏ်တော်ကြီးစွ၊ အနန္တကို၊ အဟံ-အကျွန်ုပ်သည်၊ ၀န္ဒာမိ-သဒ္ဓါရွှင်မြူး၊ ဂုဏ်ရည်စူးလျက်၊ ကြည်နူးကြည်သာ၊ ရှိခိုးပါ၏ အရှင်ဘုရား။

၎။ မိဘကို ရှိခိုးရန်။
မာတာပိတုဂုဏော၊ အနန္တောဟု၊ အပြောကျယ်စွာ၊ သံသရာဝယ်၊ မာတာပိတ၊ မိနှင့်ဘတို့၊ ရေကြည် ကလလ၊ တည်ဦးစ(က)ပင်၊ ချို,ချဉ်,ပူစပ်၊ ရှင်းရှင်းပြတ်အောင်၊ မပြတ်ယုယ၊ မိဘတို့မှာ၊ စိုးရိမ်စွာဖြင့်၊ အစာဆိမ့်အေး၊ နို့ချိုပေး၍၊ မွေးသည့်မိခင်၊ ကျွေးဘခင်ကို၊ အဟံ-အကျွန်ုပ်သည်၊ ၀န္ဒာမိ-ဂုဏ်တွေရည်စူး၊ စိတ်ကြည်နူးလျက်၊ ရွှင်မြူသဒ္ဓါ၊ ရှိခိုးပါ၏ အရှင်ဘုရား။

၅။ ဆရာကို ရှိခိုးရန်။
အာစရိယဂုဏော၊ အနန္တောဟု၊ မိန့်ဟောအရ၊ ကောက်ယူပြသော်၊ နယနည်းနာ၊ အဖြာဖြာကို၊ လိမ္မာစေကြောင်း၊ မေတ္တာလောင်း၍၊ မကောင်းကိုကြဉ်၊ ကောင်းရာယှဉ်လျက်၊ နှုတ်မြွက်သံချို၊ ဆုံးမဆိုထား၊ အဟိုများစွာ၊ သံသရာဝယ်၊ သုံးသွယ်သောကပ်၊ လေးရပ်အပါယ်၊ ရှစ်သွယ်ရပ်ပြစ်၊ ဆိုးညစ်ယုတ်မာ၊ ပယ်စွန့်ခွာ၍၊ ခေမာဘုမ္မိ၊ ဘေးမရှိအောင်၊ နိဗ္ဗာန်သောင်သို့၊ ရောက်အောင်ပြညွှန်၊ သွန်သင်ပေတတ်၊ ဆရာမြတ်ကို၊ အဟံ-အကျွန်ုပ်သည်၊ ၀န္ဒာမိ-ဂုဏ်တွေရည်စူး၊ စိတ်ကြည်နူးလျက်၊ ရွှင်မြူးသဒ္ဓါ၊ ရှိခိုးပါ၏ အရှင်ဘုရား။

Read more...

သော့ချက်မိန့်ခွန်း

အင်ဒိုနီးရှားနိုင်ငံ ဆုမတြာကျွန်း ရွှေတိဂုံပုံစံတူစေတီတော် ပူဇော်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီးတွင် ဖတ်ကြားတင်သွင်းသော သော့ချက်မိန့်ခွန်း

ကြည်ညိုလေးစားရပါသော သံဃရာဇာ မထေရ်ကြီးများ
ဆရာတော်အရှင်မြတ်များ၊ အထူးဧည့်သည်တော်များ၊
ဓမ္မမိတ်ဆွေများနှင့် ဂုဏ်သရေရှိ လူကြီးမင်းများခင်များ---
ကမ္ဘာတ၀ှမ်းလုံးရှိ နိုင်ငံပေါင်းစုံမှ ထေရ၀ါဒ, မဟာယာန သံဃာတော် ၂၀၀၀နီးပါးနှင့် တပည့်ဒါယကာ ဒါယိကာမအပေါင်းတို့ စုဝေးရာ၌ သော့ချက်မိန့်ခွန်းပြောခွင့်ရတာဟာဖြင့် ဘုရားတပည့်တော်အတွက် အလွန် မွန်မြတ်တဲ့ အခွင့်ထူးတစ်ရပ် ဖြစ်ပါတယ်ဘုရား။

လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာကထဲက ဗုဒ္ဓဓမ္မ ပြန့်ပွားခဲ့ရာဟု တပည့်တော်များ ဂုဏ်ယူဝံ့ကြွားရသော ဆုမတြာ ခေါ် သုဝဏ္ဏဒီပ ရွှေကျွန်းသို့ ကြွရောက်လာသော လူကြီးမင်းအားလုံးကို ရှေးဦးစွာ ကြိုဆိုနုတ်ခွန်းဆက်ပါတယ်ဘုရား။
တနေရာတည်းမှာ သံဃာ ၂၀၀၀ နီးပါး စုစည်းနိုင်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံကြီး ကျင်းပနိုင်ခြင်းသည် အလုပ်အမှုဆောင်အဖွဲ့(Orgnizing Committee) ရဲ့ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ပါတယ်၊ အလွန်နှစ်သက် ၀မ်းမြောက်ဖွယ်ရာလည်းဖြစ်ရပါတယ်ဘုရား။ ရွှေတိဂုံစေတီတော်ပုံတူ တည်ဆောက်ပြီး အနေကဇာတင်ပူဇော်ပွဲမှာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံကြီးကို ထည့်လောင်း အားဖြည့် ကျင်းပလိုက်ခြင်းပဲ ဖြစ်ပါသည်ဘုရား။ သံဃာတော်များ ကြိမ်ဖန်များစွာ စုဝေးခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း၊ နှီးနှောဖလှယ်ခြင်းများကို ပြုလုပ်ခြင်းသည် သံဃာထုနှင့် သာသနာတော်အတွက် တိုးပွား စည်ပင်ကြောင်း ဖြစ်ပါသည်ဟူ၍ အပရိဟာနိယသုတ္တန်မှာ မြတ်ဗုဒ္ဓဟောကြားခဲ့ပါတယ်ဘုရား။

အင်ဒိုနီးရှားနိုင်ငံ၌ ကြီးကျယ် ခမ်းနားသော ရွှေတိဂုံစေတီပုံတူ တည်ဆောက်ပူဇော်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ သံဃာ့ညီလာခံကြီး ကျင်းပနိုင်ခြင်းသည် ဗုဒ္ဓဘာသာသမိုင်းမှာ သမိုင်းမှတ်တိုင်တခု ဖြစ်ပါတယ်ဘုရား။ ဒီလို ပူဇော်ပွဲကြီးနှင့် သံဃာ့ညီလာခံကြီး ကျင်းပနိုင်ခြင်းသည် မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံအကြား ခိုင်မာ ရင်းနှီးသော မိတ်ဆွေဖြစ်ခွင့် ရသလို ကမ္ဘာတ၀ှမ်းလုံးသို့ မြတ်ဗုဒ္ဓရဲ့ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး တရားတော်များကို ပို့ခွင့်ရတဲ့ အခွင့်ရေးကြီးတရပ်လည်း ဖြစ်ပါတယ်ဘုရား။ အလုပ်အမှုဆောင်အဖွဲ့(Orgnizing Committee) ရဲ့ ဆုမတြာကျွန်းပေါ်မှာ ကြီးကျယ် ခမ်းနားသော ရွှေတိဂုံစေတီပုံတူ တည်ဆောက်ပူဇော်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ သံဃာ့သမဂ္ဂကြီး ကျင်းပနိုင်ရန် စီမံနိုင်ခြင်းကို ဘုရားတပည့်တော် ရိုးသားစွာ ဂုဏ်ပြု ချီးကြူးပါတယ်ဘုရား။ ဘုရားတပည့်တော် နောက်တခု ဂုဏ်ပြု ချီးကြူး ကျေးဇူးတင်လိုသူတို့မှာ ဘရာစတာဂီ(Brastagi)မြို့မှာ ဘုရားဒကာကြီး Mr. Tongariodjo Angkasa, ရွှေတိဂုံစေတီ ပုံတူကို တည်ဆောက်ရာဝယ် အကြံဥာဏ်ပေးသော မန်နေဂျာ ဦးဝင်းဖေ၊ သူ၏ Metta Centre အဖွဲ့နှင့် Taman Alam Lumbini ရဲ့ အဖွဲ့တော်သားများဖြစ်ပါတယ်ဘုရား။

ယခုတော့ Mr. Tongariodjo Angkasa ရဲ့ သနားကြင်နာတဲ့ ကရုဏာစိတ်ဓာတ်၊ အလှူအတန်း ရက်ရောမှုနှင့် လူမှုရေးဆောင်ရွှက်မှုတို့ကို ချီးကြူးခွင့်ရရှိပါသည်ဘုရား။ အလုပ်အမှုဆောင်အဖွဲ့(Orgnizing Committee)ဟာ ရွှေတိဂုံပုံတူ စေတီတော်ကြီး၏ အစမှ အဆုံးထိ တည်ဆောက်ခြင်းကို ပြည်ထောင်စု မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာနနှင့် ပူပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါသည်ဘုရား။ တချိန်တည်းမှာပဲ သံဃာတော် ၂၀၀၀ နီးပါးကို ဆုမတြာကျွန်းပေါ်သို့ ပင့်ဆောင်ခြင်း သင့်လျော်လျောက်ပတ်သော အစားအစာ နေရာထိုင်ခင်းများ ဖန်တီးပေးခြင်း၊ လိုအပ်သည်များကို ဖြည့်ဆည်းပေးခြင်း, ဧည့်ခံဖျော်ပေးခြင်နှင့် သယ်ယူပို့ဆောင်ပေးခြင်းတို့သည် အထူးကောင်းမွန်တဲ့ စွမ်းဆောင်မှုများ ရှိလှပါသည်ဘုရား။ ဘုရားတပည့်တော်တို့ ယခုပြုလုပ်အားထုတ်ခဲ့သော ရွှေတိဂုံစေတီတော်ပုံတူ ပူဇော်ခြင်းနှင့် သံဃာ့ညီလာခံကြီး ကျင်းပပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ်တို့ကို သက်ရှိသတ္တ၀ါ အားလုံးတို့အား အမျှပေးဝေပါကုန်၏။

ကမ္ဘာကြီးရဲ့ ဒီအစိတ်ပိုင်းတခုပေါ်မှာ အလွန်ကြီးကျယ်ခန်းနားတဲ့ ရွှေတိဂုံစေတီတော်ပုံတူ စေတီတော်ကြီးတဆူ ပေါ်ပေါက်လာခြင်းဟာ ဘုရားတပည့်တော်အတွက် မယုံနိုင်လောက်အောင် အံ့သြမိပါတယ်ဘုရား။ အမှန်တကယ်တော့ ပေပေါင်း ၁၃၅ မြင့်တဲ့ ဒီပုံတူစေတီတော်ကြီးဟာ မြန်မာပြည်ကလွဲရင် ဒုတိယအကြီးဆုံးစေတီတော်ကြီးဖြစ်ပါတယ်။ အဘယ့်ကြောင့် လူတွေက မြန်မာပြည် အပြင်ဘက်မှာ ဒီလိုရွှေတိဂုံစေတီတော် ပုံတူကို တည်ဆောက် ပူဇော်ကြသလဲဆိုရင် ရွှေတိဂုံစေတီတော်ကြီးသည် သမိုင်းမှာရော ဘာသာရေးရဲ့ အရေးပါမှုမှာရော မွန်မြတ်ဆုံး ကြီးကျယ်ဆုံးသော စေတီးတော်ကြီးဆိုတာ ထင်ရှားပါတယ်ဘုရား။ ရွှေတိဂုံစေတီတော်ကြီးအတွင်းပိုင်းမှာ သက်တော်ထင်ရှားမြတ်ဗုဒ္ဓရဲ့ မွေတော် ၄ ဆူထည့်ပြီး ဌာပနာထားပါတယ်၊ ထိုမွေတော် ၄ ဆူတို့မှာ ကကုသန္ဓမြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်၊ ကောဏာဂမနမြတ်စွာဘုရား၏ ရေစစ်တော်၊ ကဿပမြတ်စွာဘုရာ၏ သင်္ကန်းတော်နှင့် ဂေါတမမြတ်စွာဘုရား၏ ဆံတော်များဖြစ်ပါတယ်ဘုရား။ ရွှေတိဂုံစေတီတော်ကြီးသည် ခရစ်မပေါ်မီ ထောင်စုများစွာကထဲက သာသနာတော်ကြီး အမှတ်သားတံဆိပ် တခု ဖြစ်ခဲ့ပါတယ်ဘုရား။ ရွှေမြန်မာက ရွေဘုရားကြိးသည် ဗုဒ္ဓသာသနာတော်အတွက် ကျက်သရေရှိ ခမ်းနားထည်ဝါစွာ တောက်ပလျက်ရှိပါသည်ဘုရား။ ရာစုနှစ်များစွားကထဲက မျိုးဆက်သစ်များက လက်ဆင့်ကမ်းလျက် မြတ်နိုးကော်ရော် ပူဇော်ခဲ့ကြပါတယ်ဘုရား။

ယခုအခါ အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းဆုမတြာကျွန်း Bratasgi မြို့မှာ နောက်ထပ် ရွှေတိဂုံပုံစံတူ စေတီတော်ကြီးတဆူကို တည်ထားကိုးကွယ်နေကြပါတယ်။ ဒီရွှေတိဂုံစေတီတော်ပုံတူကြီးကတော့ အင်ဒိုနီးရှားနိုင်ငံမှာ ဗုဒ္ဓသာသနာ နှစ်ပေါင်း ၅၀၀ ကျော်ကြာ ပျောက်ကွယ်သွားပြီးနောက် ပြန်လည်ပေါ်ပေါက်လာသော အထိမ်းအမှတ်ဖြစ်ပါလိမ့်မယ်ဘုရား။ မဟာပရိနိဗ္ဗာနသုတ်တော်မှာ မြတ်ဗုဒ္ဓက အရှင်အာနန္ဒာအား မိန့်မှာသလို မွန်မြတ်သော ဓာတ်တော်တို့သည် လူအများ ကိုးကွယ် အလေးမြတ်ပြုရာဖြစ်သော အလွန်ခမ်းနား ထည်ဝါသော ထိုရွှေတိဂုံစေတီတော်ကြီးသည် ဓာတ်တော် မွေတော်တွေအတွက် သင့်တင့်လျောက်ပတ်သော နေရာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့က မြောက်ပိုင်းဆုမတြာကျွန်းရှိ ဘရာစတာဂီမြို့ရဲ့ အလွန်ခမ်းနားကြီးကျယ်သော ပွဲကြီးတခုမှာ ၁၀၈ဆူသော ဓာတ်တော်မွေတော်တွေ, ၂၅၉၈ ဆူသော ဗုဒ္ဓရုပ်ပွားဆင်တုတော်များနှင့် ၃၀ သော ရဟန္တာဆင်းတုတော်များကို ရွှေတိဂုံစေတီတော်ပုံတူကြီးအတွင်းမှာ ဌာပနာသွင်း ပူဇော်ခဲ့ကြသည်။ ဒီဌာပနာသွင်းပူဇော်ပွဲကြီးကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌဆရာတော်နှင့် တိပိဋကဆရာတော်များက ဦးစီးကျင်းပခဲ့သည်။ နောက်ဆုံး အနေကဇာတင်ပူဇော်ပွဲကြီးပြီးမြောက် အောင်မြင်သောအခါ ရွှေတိဂုံစေတီတော်ပုံတူကြီးက အင်ဒိုနီးရှား ပြည်သူပြည်သားအပေါင်းတို့အား တရားတော်၏ ရောင်ခြည်တော်များ, ငြိမ်းချမ်းရေးနှင့် ကြီးပွားချမ်းသာခြင်းတို့ကို ပေးပါလိမ့်မည်။ ဤသို့အားဖြင့် ဆုမတြာကျွန်းက ရွှေတိဂုံစေတီတော်ပုံတူစေတီတော်ကြီးသည် မြန်မာနိုင်ငံတော်က အင်ဒိုနီးရှားနိုင်ငံသို့ ပေးလိုက်သော လက်ဆောင်ဖြစ်ပါသည်ဘုရား။ မြန်မာပြည်သူပြည်သားတွေကလည်း သူတို့ပြုလုပ် အားထုတ်ချင်သော ရွှေတိဂုံပုံတူစေတီတော် တည်ဆောက်လိုက်ရခြင်းဟူသော ကောင်းမှုများအတွက် အလွန့်အလွန် ပျော်ရွှင်ပြီး ၀မ်းမြောက်နုမော် သာဓုခေါ်နေကြပါသည်ဘုရား။

ရွှေတိဂုံပုံတူစေတီတော် စီမံကိန်းကြီးကို ပြုလုပ်ရာဝယ် ပြည်ထောင်စု မြန်မာနိုင်ငံတော်မှ သံဃာထု ၅ သိန်း၏ ကိုယ်စား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအထံမှ ကိုယ်ရောစိတ်ပါ အားတတ်သရော အထောက်အပံ့များ အကူအညီများ ရရှိပါတယ်ဘုရား။ ဒီစေတီတော်ကြီးသည် မြန်မာ အင်ဒိုနီရှား နှစ်နိုင်ငံတို့၏ ချစ်ကြည်ရေး အမှတ်အသားလည်း ဖြစ်ရပါသည်ဘုရား။ သမိုင်းမှတ်တမ်းများအရ ဆုမတြာကျွန်းသည် သုဝဏ္ဏဘူမိခေါ် ရွှေမြေ၏ တစိတ်တဒေသ တစ်နေရာဖြစ်ပါသည်။ ဆုမတြာကျွန်းသူ ကျွန်းသားများနှင့် အရှေ့တောင်အာရှရှိ ပြည်သူပြည်သားတို့သည် မြတ်ဗုဒ္ဓ၏အဆုံးအမ အောက်မှာ အတူ ကြီးပြင်းလာကြပါသည်ဘုရား၊ ဘီစီ ၃၃၀(330 BC) တုန်းက ကိုးတိုင်းကိုးဌာန သာသနာပြု အစီအစဉ်မှာ အသောကမင်းကြီးက သာသနာပြုရဟန်းတော်တပါးကို အဲဒီ ဆုမတြာကျွန်းသို့ စေလွတ်ခဲ့ပါတယ်ဘုရား။ ပထမ အေဒီ ရာစုနှစ်မှာ Javadwipa (Java) ဂျာဘားကျွန်းနှင့် Suvamedwipa (Sumatera ) ဆုမတြာကျွန်း ၂ ခုတို့သည် အလွန်ထင်ရှားသော ကျွန်းများဖြစ်သည်။ ပထမဆုံးအကြိမ် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်လာသော ဗုဒ္ဓဘာသာ ယဉ်ကျေးမှုများသည် ထေရ၀ါဒမူများ ဖြစ်ခဲ့ပါသည်ဘုရား။

အေဒီ ၄၂၃ တွင် ဗုဒ္ဓဘာသာသည် ဂျာဘားကျွန်းတွင် ပြန့်ပွား စည်ပင်ခဲ့သည်။ အေဒီ ၆၇၁ မှာတော့ တရုပ်လူမျိုး ခရီးသည် I-Tsing အပြောအရ ဆုမတြာကျွန်းက ဘောဇ (Bhoja) မှာ ရဟန်းတော် ၁၀၀၀ တို့သည် အိန္ဒိယနိုင်ငံ၌ မြတ်ဗုဒ္ဓဟောသည့် ဒေသနာမူရင်းအတိုင်း ဓမ္မကို လေ့လာသင်ယူနေခဲ့ကြပါသည်ဘုရား။ ဆုမတြာကျွန်းက အများစုသော ဗုဒ္ဓဘာသာဝင်တို့သည် ထေရ၀ါဒဗုဒ္ဓဘာသာဂိုဏ်းများဖြစ်ခဲ့ကြသည်။ အေဒီ ၇ ရာစုလောက်မှာ မဟာယာနဗုဒ္ဓဘာသာသည် ဆုမတြာကျွန်းသို့ ၀င်ရောက်လာပြီး ဂျာဗား (Java, Mtaram Kingdom) အထိ ရောက်လာခဲ့သည်။ သိရီဝိဇယ (Sriwijaya) မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားက Mataram တက္ကသိုလ်ကြီးနှင့် အိန္ဒိယနိုင်ငံ နာလန္ဒတက္ကသိုလ်ကြီး ၂ ခုတို့နှင့် အလွန်ရင်းနှီး ဆက်ဆံသော ဗုဒ္ဓတက္ကသိုလ်ကြီး တစ်ခု ရှိခဲ့ဖူးသည်။ Mataram ကို သေလိန္ဒြ (Syailendre) မင်းဆက်က အုပ်ချုပ်သည်၊ ထိုမင်းဆက်သည် ဗောရောဗုဒေါ ဘုရားနှင့် Mendut အပါဝင် အလွန်ထင်ရှားသော ဘုန်းတော်ကြီးကျောင်းများ ဘုရားကျောင်းများကို တည်ဆောက်ခဲ့သူဖြစ်သည်။

၁၄ ရာစုနှစ် Majapahit ခေတ်မှာ ဗုဒ္ဓဘာသာသည် အထွဋ်အထိပ်အထိ တိုးတက် စည်ပင်ခဲ့သည်။ နောက်ပိုင်းမှာတော့ ထို Majapahit ခေတ်က ဗုဒ္ဓဘာသာသည် တဖြည်းဖြည်း မှေးမှိန်ကာ အစ္စလာမ်ဘာသာက အစားထိုး နေရာယူခဲ့သည်။ ဒါပေမဲ့ ၂၀ ရာစုနှစ်ပိုင်းမှာတော့ ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် ဗုဒ္ဓဘာသာ ဥပါသကာ ဥပါသိကာတို့က ဗုဒ္ဓဘာသာကို ပြန်လည် ရှင်သန်စေခဲ့သည်၊ ပြန်လည် အသက်သွင်းခဲ့သည်။ လွန်ခဲ့သော နှစ် ၅၀ လောက်ကထဲက ဗုဒ္ဓဘာသာအဖွဲ့အစည်းများနှင့် ကောလိပ်များ တဖြည်းဖြည်း ပြန့်ပွား စည်ပင်လာခဲ့ပါသည်။ ယခုအခါ မြန်မာ, အင်ဒိုနီးရှား, သီရိလင်္ကာနှင့် ထိုင်းရဟန်းတော်များ၏ ကြိုးပမ်းအားထုတ်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ ထေရ၀ါဒဗုဒ္ဓဘာသာသည် လမ်းကြောင်းမှန်ပေါ်သို့ တဖန် အရှိန်အဟုန်မြင့်စွာ လှုပ်ရှားလျက်ရှိပါသည်။

ဘာသာတရားသည် ကမ္ဘာကြီးကို စည်းလုံးစေသည်၊ လူထုကို မခွဲခြား။ ဘာသာရေးသမိုင်းတခုအရ ဗုဒ္ဓဘာသာသည် အလွန်သိမ်မွေ့နုညံ့သည်၊ သနားကြင်နာ တတ်သော ကရုဏာရှိသည်၊ သီးခံ ခွင့်လွတ်တတ်သည့် ဘာသာဖြစ်ဖြစ်သည်။ မြတ်ဗုဒ္ဓတရားတော်က ပေးကမ်း စွန့်လွှတ်ခြင်းကို အားပေးသည်၊ စွန့်ကြဲပေးကမ်း ဝေငှခြင်း၏ ကောင်းကျိုးကို ပြောပြသည်၊ ချီးမွမ်းသည်။ သူများပစ္စည်း အပိုင် သိမ်းတာမျိုး လုံးဝ မရှိ။ ဗုဒ္ဓဘာသာက ညီညွတ်မှုကို ကြိုက်သည်၊ အငြင်းပွားမှုကို မနှစ်မြို့။ ဗုဒ္ဓဘာသာက အကူအညီလိုသူများကို အကူညီပေးသည်၊ ဆူပူသောင်းကြမ်း အကြမ်းဖက်မှုကိုတော့ ပြင်းထန်စွာ ရှုံ့ချသည်။ ဗုဒ္ဓဘာသာသည် တဦးချင်းသော်၎င်း အားလုံးကိုသော်၎င်း ငြိမ်းချမ်းအေးမြမှုကို အားပေးသည်၊ ချီးမွမ်းသည်။

ဗုဒ္ဓသာသနာတော်ကြီး၏ သမိုင်းမှတ်တိုင်ဖြစ်သော ဗောရောဗုဒေါ ဘုရားကြီးကဲ့သို့ ဆုမတြာရွှေကျွန်းမှာရော အခြားအခြားသော နေရာတွေမှာရော မြတ်ဗုဒ္ဓသာသနာ၏ မျိုးစေ့ကို စိုက်ပျိုးခဲ့လေပြီ။ ဗုဒ္ဓဘာသာသမိုင်းတလျှောက်မှာ ဗုဒ္ဓ, ဓမ္မ နှင့် သံဃာအမည်ဖြင့် စစ်ပွဲ တခါတလေတောင်မှ မရှိခဲ့ပါဘူး။ အလားတူ ဗုဒ္ဓဘာသာကြောင့် သွေးတစက်ကလေးမျှ မကျခဲ့ပါဘူးဘုရား။
ဆုမတြာရွှေကျွန်းပေါ်မှာ ကမ္ဘာ့နိုင်ငံသားများဖြစ်ကြသည်အားလျော်စွာ ကျွန်ုပ်တို့တတွေသည် နှစ်ပေါင်း ၂၀၀၀ ကျော်ကြာအောင် ညီအကို မောင်နှမ စိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ်နဲ့ တကယ့်အမှန်တရား တကမ္ဘာလုံး လိုက်နာရမည့် တရားများကို လေးစားလိုက်နာ ကျင့်သုံးနေခဲ့ကြပါတယ်။ ကရုဏာစိတ်ဓာတ် သီးခံခွင့်လွတ်ခြင်းစိတ်ဓာတ်တွေဟာ သိဒ္ဓတ္တဂေါတမဗုဒ္ဓ၏ ချီးမွမ်းဖွယ် နှစ်လိုဖွယ် အလေးထားဖွယ် ကောင်းသော အဆုံးအမပင်ဖြစ်ပါသည်။ သိဒ္ဓတ္ထဂေါတမဗုဒ္ဓကို လူသားအားလုံးအား ကမ္ဘာ့အလင်းရောင်နှင့် မျက်လုံးပေးသူ ဟူ၍၎င်း၊ အမှားအမှန်ခွဲခြားသော နည်းလမ်းများကို ပေးသူဟူ၍၎င်း ဂုဏ်ပြု ချီးကြူးကြသည်။ ဆာအဒ်ဝင်အာနိုး (Sir Edwin Arnold) က မြတ်ဗုဒ္ဓသည် အာရှအလင်းရောင် (the light of Asia)ဟူ၍ အမည်ပေးခဲ့သည်။ ဘာထရန်ရပ်ဆ် (Betrand Russel ) ကမူ မြတ်ဗုဒ္ဓကို ကမ္ဘာ့လူသား ယဉ်ကျေးမှုအားလုံးက ပိုင်ဆိုင်သည်ဟူ၍လည်း ပြောခဲ့သည်။ ဒလိုင်းလားမား (Dalai Lama)က မြတ်ဗုဒ္ဓသည် လူသားတွေအတွက် အလင်းရောင်ပဲ (The light of Mankind) ဟု ဆိုခဲ့သည်။

မြတ်ဗုဒ္ဓသည် လူသားတဦးတယောက်ချင်း၏ ဘ၀ပြဿနာကိုသော်၎င်း လူ့အဖွဲ့အစည်းများအကြား ပဋိပက္ခများ ဆန့်ကျင်မှုများကိုသော်၎င်း ဖြေရှင်းပေးနိုင်သော လူသားတယောက်ပင် ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏တရားတော်သည်သာလျင် လူသားတို့သန္တာန်မှာ အမြစ်တွယ်နေသော ရာဂ, ဒေါသ, မောဟ, တကိုယ်ကောင်းဆန်ခြင်းနှင့် အတ္တကြီးခြင်းစသော လူသားများ၏ အနာရောဂါများကို ကုသပေးနိုင်သည်။ သူ ကျင့်သုံးခံယူ လက်ခံထားသော မေတ္တာ, ကရုဏာ, မုဒိတာ နှင့် ဥပေက္ခာ ဟူသော ဗြဟ္မ၀ိဟာရတရားလေးပါးသည် ကမ္ဘာလောကကြီးအတွက် ငြိမ်းချမ်းခြင်း စည်းလုံးညီညွတ်ခြင်းတို့ကို ပေးနိုင်သော တခုတည်းသော လမ်းကြောင်းဖြစ်သည်၊ ထိုမှတပါး အခြားနည်းလမ်းမရှိ။
ထို့ကြောင့် မြတ်ဗုဒ္ဓသာသနာတော်ကြီး တိုးတက်စည်ပင် ၀ပြောလာဖို့ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံကြီးက အောက်ပါ ဦးတည်ချက် ၄ ရပ်တို့ကို ထုတ်ဖော်ပြလိုက်သည်။
၁။ ကမ္ဘာလောကကြီး၏ နေရာတိုင်းမှာ မြတ်ဗုဒ္ဓ၏ အဆုံးအမများ တိုးတက် ပြန့်ပွားရန်
၂။ ကမ္ဘာကြီး ငြိမ်းချမ်းဖို့ရန် ညီအကိုမောင်နှမ စိတ်ဓာတ်ဖြင့် လက်တွဲညီကာ အားထုတ်ရန်
၃။ ဗုဒ္ဓဘာသာဝင်များ ညီညွတ်ဖို့ရန်နှင့် ပူးပေါင်းဆောင်ရွက်ဖို့ရန် ခိုင်မာသော သန္နိဋ္ဌာန် ကတိ ရှိခြင်း
၎။ ရှေးက ဗုဒ္ဓနိုင်ငံတော်ဖြစ်ဖူးသော နိုင်ငံများမှာ ဗုဒ္ဓတရား ပြန်လည် အသက်ရှင်လာရန်၊ ပြန်လည်သက်ဝင် နိုးကြားလာရန် အားပေးခြင်း ထောက်ပံ့ခြင်း
၅။ မတူညီတဲ့ ဂိုဏ်းအသီးသီး ဘာသာရေးအဖွဲ့အသီးသီးကြားတွင် နားလည်မှု တံတား တည်ဆောက်ခြင်းနှင့် အပြန်အလှန် ယုံကြည်မှုတို့ ပိုမိုအားကောင်းလာစေခြင်း ခိုင်မာခြင်းများကို တိုးတက်လာစေခြင်းတို့ ဖြစ်သည်။

မြတ်ဗုဒ္ဓတရားတော်ကို အရှိအရှိအတိုင်း မူရင်းအတိုင်း လက်ခံထားသော ထေရ၀ါဒဗုဒ္ဓဘာသာဖြစ်သည့် နိုင်ငံတနိုင်ငံအနေနှင့်ကား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် သာသနာရေးဝန်ကြီးဌာနတို့က ဆုမတြာကျွန်း၌ ရွှေတိဂုံစေတီတော်ပုံတူ တည်ထားကိုးကွယ်ရာဝယ် များစွာသော အကူအညီများနှင့် လိုအပ်သည်များကို ထောက်ပံ့ပေးခဲ့သည်။ ရွှေတိဂုံစေတီတော်ပုံစံတူ ဒီဇိုင်းကိုတော့ ဒေါက်တာလှသန်းနှင့်အဖွဲ့က ရေးဆွဲသည်။ ၂၀၀၇ ခုနှစ် မတ်လ ၁၉ ရက် နံနက် ၉ နာရီ မင်္ဂလာအချိန်ခါတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကုမာရ (အဘိဓဇမဟာရဋ္ဌဂုရု) က အုဋ္ဌ်မြစ်ချမင်္ဂလာ ပြုပေးတော်မူခဲ့သည်။ ၂၀၀၉ စက်တင်ဘာလ ၉ ရက်နေ့က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော်နှင့် တိပိဋကဆရာတော်များက မြတ်ဗုဒ္ဓ၏ ဓာတ်တော်မွေတော်များကို ဌာပနာသွင်းသည့်ပွဲကျင်းပပေးခဲ့ပါသည်။ ၂၀၁၀ ခုနှစ် မေ ၃၀ ရက်နေ့မှာတော့ ထိုရွှေတိဂုံစေတီပုံတူတော်ကို ထီးတော်တင်လှူပွဲ ကျင်းပခဲ့ပါတယ်၊ ထိုပွဲသို့ ဘုရားဒါယကာကြီး Mr.Tongariodjo Angkasa, ဦးဝင်းဖေ, Mettar Centre အဖွဲ့, Taman Alam, Lumbini အဖွဲ့နှင့် အထွေထွေ ညွန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမြင့်တို့ တက်ရောက်ကြသည်။ ၂၀၁၀ နှစ် သြဂုတ်လ ၈ ရက်နေ့မှာ သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ ဦးဆောင်ပြီး ဓာတ်တော် ရတနာ လှူပွဲကျင်းခဲ့ပါတယ်။ ရွှေတိဂုံပုံတူစေတီတော်ကြီး၏ ထီးတော်တင်ပွဲအတွက် ပုလဲ, ရွှေအလံများ, ရွှေဘယက်, ရွှေခေါင်းလောင်း, ငွေခေါင်းလောင်းများ လှူဒါန်းတဲ့ပွဲ ကျင်းပဲခဲ့ခြင်းဖြစ်ပါတယ်။ သာသနာရေးဝန်ကြီးဌာနက ဆောက်လုပ်ရေးကော်မတီးအား လိုအပ်သော ဆောက်လုပ်ရေးပစ္စည်းများ ရုပ်ပွားဆင်းတုတော်များ၊ ငွေကြေး၊ အလံများနှင့်အခြားလိုအပ်တာများကို ဘုရားကြီးတည်ဆောက်ရေး အတွက် များစွာ အကူအညီပေးခဲ့ပါသည်ဘုရား။

မြန်မာ့ဗိသုကာပညာရှင်များ ပန်းရံများ, ပန်းပုဆရာများ, ပန်းချီဆရာများ, လက်သမားဆရာများ, လက်မှုပညာရှင်များ, ပန်းပုပညာရှင်များ, ပန်းတမော့ပညာရှင်များက ရွှေတိဂုံပုံတူစေတီတော်ကြီးကို ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးနှင့် တထပ်တည်းကျအောင် ပြုလုပ်နိုင်ခဲ့သည်။ ထိုပညာရှင်များ၏ ကျွမ်းကျင်စွာ တည်ဆောက်ထားမှုကြောင့် အမှန်တကယ် ရွှေတိဂုံစေတီတော်အစစ်ကြီးကို ဖူးမြင်းရသလို ခံစားမိပါသည်။ ထို့ကြောင့် ၂၀၁၀ ခု အောက်တိုဘာ ၃၀ ရက်နေ့က အပါး ၆၅၀ သော မြန်မာရဟန်းတော်များက အမိမြေက ရွှေတိဂုံစေတီတော်ကြီးဆီသို့ ဖူးရသလို ဆုမတြာကျွန်းပေါ်က ရွှေတိဂုံပုံတူစေတီတော်ကြီးဆီသို့ အားတက်သရော ၀မ်းပန်းတသာ ကြွရောက်ဖူးမြင်တော်မူခဲ့ကြသည်။ အခြားအခြားနိုင်ငံအသီးအသီးမှ ရဟန်းတော်များလည်း အလားတူ ခံစားချက်မျိုးရှိမည်ဟု ထင်မိပါသည်။
ဤ အလွန်မွန်မြတ်သည့် ပွဲတော်ကြီးသို့ ကြွရောက်တော်မူလာကြေသော ခရစ်ယာန်, မွတ်ဆလင်ဘာသာဝင် ညီအကိုမောင်နှမ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ အရင်ကဘာသာရေးပွဲတော်တွေမှာလည်း များစွာသော ဘာသာရေးအဖွဲ့ဝင်များကိုလည်း ယခုလို စုံစုံညီညီ ရှိခဲ့ဖူးပါသည်။ တကယ်တော့ တပည့်တော်တို့ဟာ လက်တွေ့အားဖြင့် အချင်းချင်း ယုံကြည့်မှုတွေရပြီး အောင်မြင်ခြင်းဖြစ်ပါတယ်ဘုရား။ Orgnizing Committee ရဲ့ ကိုယ်စား ဒီလိုတသက်အောက်မေ့ဖွယ်ရာ ပွဲကြီးကို ပြုလုပ်ပေးသော အင်ဒိုနီးရှား အစိုးရအား ရင်ထဲက လှိုက်လှိုက်လှဲလှဲကို ကျေးဇူးဥပကာရ တင်မိပါကြောင်းပါ ဘုရား။
အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့ဘာသာရေးသမဂ္ဂ၏ အုဋ္ဌ်မြစ်နှင့် လွတ်လပ်သော ကိုးကွယ်မှုကို ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်ဘုရား။ တပည့်တော်တို့ အားလုံး အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်ဝါဒ ခေတ်ကြီးမှာ ဒီလိုစိတ်ဓာတ်မျိုး တိုးတက်လာအောင် အထူးကြိုးစားရမှာ ဖြစ်ပါတယ်ဘုရား။ ဘုရားတပည့်တော်ဟာ တယောက်နှင့်တယောက် အမှားရှိက ခွင့်လွှတ်ခြင်း သည်းခံခြင်းဖြင့် ကမ္ဘာမြေကြီးပေါ်မှာ အတူနေနိုင်ဖို့ရန် ကြိုးစားရမှာပါဘုရား။ နိုင်ငံအချင်းအချင်း အပြန်အလှန် မိတ်ဆွေအဖြစ်ဆက်ဆံရာမှာ သည်းခံ ခွင့်လွှတ်ခြင်းဟူသော စိတ်ဓာတ်ကို ထားရှိရမှာဖြစ်ပါတယ်ဘုရား။ ဤကဲ့သို့သော ငြိမ်းချမ်းခြင်း ညီညွတ်ခြင်းဟူသော စိတ်ဓာတ်ဖြင့်သာ ကမ္ဘာကြီးကို လှပစေမှာဖြစ်ပြီး ကျွန်ုပ်တို့ နေသင့်နေထိုက်သော လှပသော ကမ္ဘာကြီးဖြစ်မှာပါဘုရား။

အနှစ်ချုပ်ပြီး ပြောရမယ်ဆိုရင် ကမ္ဘာကြီး ရင်ဆိုင်နေရသော နျူးကလီးယား, သဘာဝဘေးအန္တရာယ်, ဆင်းရဲငတ်မွတ်ခြင်း, ရောဂါဘယများ, စွမ်းအင်, အကြမ်းဖတ်ခြင်း, အစွန်းရောက်ခြင်းနှင့် စစ်မက်ရဲ့ ခြိမ်းခြောက်မှုစသော ပြဿနာတွေကို ဖြေရှင်းနိုင်ရန် အထက်ပါဆိုခဲ့သော နည်းကလွဲ၍ မရှိပါဘုရား။ ရွှေတိဂုံစေတီတော်ပုံတူ အနေကဇာတင်ပူဇော်ပွဲကြီးနှင့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီးသို့ တက်ရောက်လာကြသော ရဟန်းတော်များ ဥပါသကာ ဥပါသိကာမများသည် ယနေ့ပြုလုပ် ကျင်းပခဲ့သော အလွန်ကြီးကျယ်ခမ်းနားသော ပွဲကြီး၏အမှတ်တရများကို မိမိတို့ နိုင်ငံအသီးသီးသို့ သယ်ဆောင်သွားကြမည်ဟု ယုံကြည်မိပါသည်ဘုရား။ ရွှေတိဂုံစေတီပုံတူကို ပြုလုပ်ပူဇော်ကြခြင်းဖြင့် ဗောရောဗုဒေါ ဘုရားကြီးကို ဖူးမျှော်ခွင့်ရကြခြင်းသည် ဘုရားတပည့်တော်များအတွက် အလွန်မွန်မြတ်တဲ့ အခွင့်ရေးကြီးဖြစ်ပါသည်ဘုရား။ ဤကဲ့သို့ သမိုင်းမှတ်တိုင် စေတီတော်ကြီးကို တည်ထားကိုးကွယ်ရခြင်းဖြင့် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကို လူသားအားလုံးအတွက် ဆုတောင်းပေးပါတယ်ဘုရား။

အင်ဒိုနီးရှားနိုင်ငံတ၀ှမ်းလုံး မြတ်ဗုဒ္ဓ၏အဆုံးအမများ ထွန်းလင်းတောက်ပပါစေ။ အင်ဒိုနီးရှားနိုင်ငံသူ နိုင်ငံသား အားလုံး ချမ်းသာသုခများနှင့် အောင်မြင်မှုသရဖူများ ထာဝရ ပိုင်ဆိုင်နိုင်ပါစေ။

ဒေါက်တာမျိုးမြင့်
ညွန်ကြားရေးမှူးချုပ်

ဒေါက်တာမျိုးမြင့်၏ Keynote Speech ကို အတက်နိုင်ဆုံးအဆင်ပြေအောင် ဘာသာပြန်ဆိုထားသည်၊

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၁၁-၂၀၁၀

0 comments

Read more...

ကန္တာရထဲက ကာကီသီး



သစ်ပင် တော်တော် များများ ကပြောတဲ့ စကားလုံး တွေ ခံစားချက်တွေ ကို နားလည် အောင် ကြိုစားနေတဲ့ ကျွန်မဟာ လူတွေကိုလည်း သစ်ပင်နဲ့တူတဲ့အချက်တွေ အမြဲ နှိုင်းယှဉ် စဉ်းစားမိလေ့ရှိတတ်ခဲ့ပါတယ်..။ သရက်ပင်လို…လူများ…ဒူးရင်းပင်လိုလူများ.. ထန်းပင် အုန်းပင်လို လူများ…. ဖရဲသီး လိုလူများ သံပရာသီးလိုလူများ…..................အဲဒီများစွာထဲမှာ ကျွန်မ ကတော့ ကာကီသီး လို ဖြစ်ချင်ခဲ့မိပါတယ်…။

အီတလီမှာ ကာကီ သီး (KakiFruit) လို့ခေါ်တဲ့ သူ့ရဲ နောက်အင်္ဂလိပ်နာမည်တမျိုး ကတော့ Perismon ဖြစ်ပါတယ်…။ သိပ္ပံနာမည်ကတော့ (Diospyros digyna) ဖြစ်ပါတယ်…။ ရှေးဟောင်း ဂရိဘာသာစကား အရ ကတော့ Diospyros ဆိုတာ "the fruit of the gods" နတ်ဒေဝါ များရဲ့ အသီး လို့ အဓိပ္ပါယ်ရပါတယ်..။

နတ်ဒေဝါများ ရဲ့ အသီး လို့တင်စားချင်းငှာထိုက်တန်လောက်အောင် သူ့စရိုက်လေး အလေ့အထလေးတွေဟာ တကယ် ပဲချစ်စရာကောင်းလှ ပါတယ်..။သည် အပင် နဲ့ ဒီအသီး ဟာ ကျွန်မရဲ့စိတ်နှလုံးကိုတော်တော် ဖမ်းစားနိုင်စွမ်းရှိခဲ့လို့ သူ့အကြောင်းကို ရေးချင်နေခဲ့တာ ကြာ ပါပြီ……။ နိုဝင်ဘာ လဆိုတာ က သူအသီးသီးတဲ့ရာသီ..ရင့်မှည့်တဲ့အချိန် ရောက်နေတယ် ဆိုတာ ပြန်လည် စစ်ဆေးစရာ မလို ပဲ ကျွန်မ မှတ်မိနေခဲ့ပါတယ်…။

ကျွန်မ အီတလီနိုင်ငံမှ နေထိုင်ခဲ့စဉ်က နှစ်စဉ် နိုဝင်ဘာလရောက်တိုင်း ကျွန်မတို့နိုင်ငံတကာ ကျောင်းသား တွေဟာ ကျောင်းနဲ့ နီး တဲ့ Mercerata မြို့ကို နေထိုင်ခွင့်သက်တမ်းတိုး ဘို့သွားကြရပါတယ်..။ အဲလို သွားကြရ လေတိုင်း လမ်းတလျှောက်က အိမ်ဝိုင်းတွေထဲမှ တွေ့ နေကျဖြစ်ခဲ့လို့ပါ..။ အဲဒီရာသီတွေမှာ ဆိုရင် အပင်မှာ အရွက် တစ်ရွက်မှ မကျန်ပဲ အသီးတွေချည်း သာ ကျန်ပါတော့တယ်..။

ရွှေဝါရောင်းဝင်းပနေတဲ့အသီးတွေ ညွှတ်နေအောင်သီးနေတာ ကို မြင်ရတာ ငယ်ငယ် ကရောင်စုံချယ် ဘို့ ပေးထားတဲ့ ပန်းချီကား တစ်ချပ်လို…….မြင်ကွင်းက တိတိပပ လှ နေတော့တာ အမှန်ပါ..။ မက္ကဆီကို က ကျွန် မ သူငယ်ချင်းကတော့… ဗိုက်တာမင်နဲ့ ပရိုတင်း ကြွယ် ဝကြောင်းတဖွဖွ ပြောပြီး ဆင်းခူးဘို့ ကြိုး စားလေ့ရှိ တတ်ပါတယ်..။

မှည့်တဲ့ထိမစောင့်ပဲ ဝမ်းဗျင်းလေး ကို ခွဲစိတ်စားရတဲ့ အရသာကကို ကျွန်မပိုနှစ်သက်ပါတယ်…။ မှည့်သွား တော့လည်း ချိုမြိန်အေးမြတဲ့အရသာ က ဇွန်း နဲ့ ကော်စားရုံ ပါပဲ..။ အသီးမှာလည်း လွှတ်ပစ်စရာ အစေ့ မပါ တတ်သလို.. အခွံကိုလည်းစားလို့ရပါတယ်..။

။မကောင်းတာကို ဖယ်ထုတ်ပစ် မှ အတွင်း ကိုစားလို့ ကောင်းတတ်တဲ့ အသီးတွေလို မဟုတ်ဘဲ လွှင့်ပစ်ချင်စရာ ၊ ရွံမုန်းစရာ…ဘာမှ မရှိတဲ့ ကာကီသီးလေး လို လူ မျိုး ကျွန်မ ပတ်ဝန်းကျင်မှာ အမြဲရှာကြည့်တတ်ပါတယ်..။ ဒီလို သက်ရှိ အပင် မျိုး စိတ် လေးတစ်ခု ကတောင် ပတ်ဝန်းကျင်ကို အကျိုးပြုစေတယ်ဆိုရင် လူ ကသာ ဒီလို အလေ့အကျင့်တွေ ဖြစ်ခဲ့ရင် သူ့ရဲ့ ပတ်ဝန်းကျင်ဟာချိုမြငြိမ်းအေးမြ ရမှာ အမှန်ပါ…။

ဒီနေ့တော့ ကျွန်မ ခေတ္တ ရောက်ရှိနေတဲ့ အစ္စရေးနိုင်ငံ ရဲ့ စိုက်ပျိုးရေးနဲ့ Wastte Water Treatment ကိုလေ့လာဘို့ ကျွန်မတို့ တောင်ပိုင်း ကို လေ့လာရေးခရီးထွက်ရပါတယ်..။ အဝေးက နေကြည့်တော့ ဝင်းမှည့်နေတဲ့ အသီးတွေ ပြွတ်သိပ်နေတဲံ အပင် ငယ်ငယ် လေးတွေမို့ လိမ္မော်ခင်းတွေလို့ထင်နေခဲ့မိတာ…။ ကားပေါ်ကဆင်းတော့မှ ကျွန်မ ချစ်တဲ့ကာကီပင် များကို ဘွားကနဲတွေ့လိုက်ရ တော့ ကျွန်မ အလွန်ပျော်ရွှင်သွားခဲ့ရပါတယ်..။ အခင်းလိုက်စိုက်ပျိုးထားတဲ့ ခြံတစ်ခု ဖြစ်နေတာပါလား။

အီတလီမှာ က အလေ့ကျ ပေါက်တာလို အိမ်တွေ မှာ တစ်ပင်စ နှစ်ပင်စ တွေ့ရဘူးပါတယ်..။ ပြီးတော့ အပင်ကြီးတွေပါ..။ ဒီမှာ က သေချာ နိမ့်အောင် ကိုင်းဖြတ် ပြီး သီးအောင် ပြုစုပျိုးထောင်ထားတဲ့သဘော ပါပဲ..။ သက်တမ်းကတော့ ၇နှစ်၈နှစ်သားလောက်တွေရှိနေကြပါတယ်..။

တစ်ခါက ကာကီသီးလို လူမျိုး ကို အရင် ရှာဖွေ တယ် တိုင်းတာတယ်ရှိ ခဲ့ပေမဲ့.. အခုတော့ကိုယ်ကိုယ်တိုင် ကာကီပင်လို ဖြစ်အောင်လုပ်ဘို့လိုတယ်ဆိုတဲ့အတွေး ကလည်းခေါင်းထဲဝင်လာခဲ့ပါတယ်..။ ပျိုးထောင်မွေးမြူရင် ရနိုင်တယ် ဆိုတာ ကိုလည်း အသိ အမြင်ရှင်းလာသလို ခံစားရခဲ့ပါတယ်..။

အစ္စရေးနိုင်ငံဆိုတာက တကယ်တော့ သဲကန္တာရ ကြီးပါ..။ အဟာရဆိုတာကိုလည်း လူတွေသုံးတဲ့ ရေ ဆိုးတွေကို သန့်စင်ပြီး ပြန်အသုံးပြုထားတာ ဖြစ်ပါတယ်…။အပင်စားသုံးမဲအဟာရတွေကို မလိုအပ်တဲံ Heavy Metal တွေကို သန့်စင်ထားတာ ဖြစ်ပါတယ်..။ ရေငွေ့ပျံပြီး လေလွင့်မှုမရှိအောင်လည်း ပိုက်လိုင်း တွေမြှုပ်ပြီး Drip Irrigation လုပ်ကြတာ အင်မတန်တော်တဲ့လူမျိုးတွေပါ..။

စိုက်ထားတဲ့မျိုးက တကယ်တော့ တရုတ်ပြည် ကတင်သွင်းလာတာပါ… ။ ဒီမှာ မူရင်းဒေသ မဟုတ်ရှာပါဘူး…။ ဒါကို ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးနိုင်တယ် ဆိုတဲ့သူတို့ရဲ့ ဇွဲ၊ လုံ့လ ၊ဝီရိယ ၊တီထွင်ကြံဆမှုတွေ ၊ကြိုးစားအားထုတ်မှုတွေကို ကျွန်မ မလေးစားပဲမနေနိုင်ခဲ့ပါ..။

ရန်သူအာရပ်နိုင်ငံတွေ ဝိုင်းဝိုင်း လည်နေတဲ့ကြား မှာ ကာကွယ်ရေး ကိုလည်း သတိရှိပြီး ကိုယ် လုပ်စရာရှိတဲံအလုပ်ကို စူးစူးနစ်နစ် တစ်စိုက်မတ်မတ် ထူထောင်လုပ်ကိုင်ခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းကလည်း အထင်ကရ ရှိခဲ့တာပါ..။

ဘဝဆိုတာ ကောင်းမွန်တဲ့ ရေခံမြေခံ အဆင်သင့် နဲ့ ကြီး ထွားရှင်သန် ရတတ်သလို.. ကန္တာရလို ဆုံးရှုံး ခြောက်ခမ်း ၊ လောင်ကျွမ်းရတဲ့ ဘဝတွေ လည်းရှိတတ်ပါတယ်..။ ကြံ့ခိုင် မြဲမြံတဲ့ လက် အစုံနဲ့ ခံနိုင်ရည် တွေ..သတ္တိတွေ ၊ခွန်အားတွေဆိုတာ လက်တွဲဖေါ်တွေဖြစ်သင့်လှပါတယ်..။ လဲကျခဲ့သော်လည်း သဲတစ်ဆုပ် ကိုင်ပြီး ပြန်လည် ထမြောက်နိုင်ဘို့ သာအရေး ကြီး ပါတယ်..။

ဒုတိယ ကမ္ဘာစစ် အချိန်တုံးက နာမည်ကြီးထင်ရှား ခွန်အားတွေပေးခဲ့ဘူးတဲ့ Winston Churchill ရဲ့ Famous Speech ..ကို ကျွန်မ ပြန်လည်ရွတ်ဆိုဖြစ်ခဲ့ပါတယ်..။

(I have nothing to offer, but tear, blood, toil and sweat . We shall never surrender)

မျက်ရည်တွေ ၊ချွေးစက်တွေ..။ နီရဲတဲ့သွေးတွေ..။ သတ္တိခွန်အားတွေ ပေးဆက်ရင်း ဝန်းကျင်လောက ကို ချိုမြိန်အေးမြ အလှအပတွေ ဝေငှ ခွင့်ရနိုင် ကောင်းမယ် လို့တော့ မျှော်လင့်မိပါတယ်..။

ကန္တာရထဲက ကာကီသီး လေးတလုံးလိုပေါ့..။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP