* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, November 25, 2010

သင်ရဲ့အတွင်း မာရ်နတ်ကို တွန်းလှန်ပယ်ရှားပါ

လူသားသတ္တ၀ါများဟာ မိခင်မြေကမ္ဘာကို ပိုင်ဆိုင်ကြပါတယ်။ သင့်ကို ဒီနေရာမှာ မွေးဖွားပြီး သင်ဟာ ဒီဂြိုလ်ပေါ်မှာ ရှင်သန်ဖို့ လေ့လာသင်ယူပါတယ်။ ဒါပေမယ့် သင်ဟာ အရာရာကို အနိုင်ယူ သိမ်းပိုက်စိုးမိုးနိုင်ပြီးပြီဆိုတဲ့ စိတ်ရဲ့လှည့်စားမှုကို ခိုလှုံခွင့်ပေးခဲ့ပါတယ်။

လူသားသတ္တ၀ါဟာ အမြင့်မားဆုံးတောင်ထိပ်ကို တက်ပြီးပြီဆိုတာ၊ ပင်လယ်သမုဒ္ဒရာအောက်အနက်ဆုံးကို နားလည်သဘောပေါက်ပြီးပြီဆိုတာကို ဂုဏ်ယူမော်ကြွားနေကြပါတယ်။ ခေတ်သစ်တီထွင်မှုများဖြင့် အကျွန်ုပ်တို့ဟာ ငှက်ကဲ့သို့ ပျံသန်းနိုင်ကြပါတယ်။ ငါးထက်လျင်မြန်စွာ ကူးခတ်နိုင်စွမ်းရှိကြပါတယ်။ ရေအောက်မှာ အသက်ရှင်သန်လျက် ဆက်လက်တည်ရှိနေနိုင်စွမ်းရှိကြပါတယ်။

လူသားဟာ လမျက်နှာပြင်ပေါ်မှာ လမ်းတောင် လျှောက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လူသားသတ္တ၀ါများအနေဖြင့် အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ကိုယ်ကိုယ်တိုင်မှာရော အကျွန်ုပ်တို့ရဲ့ဝန်းကျင်ကမ္ဘာမှာပါ ငြိမ်းချမ်းရေး မရကြသေးပါဘူး။ တကယ်တော့ အကျွန်ုပ်တို့ဟာ ကြောင့်ကြဗျာပါရစိတ်များ ဖိအားများ တစ်ပုံတစ်ခေါင်းအောက်မှာ ဖြစ်ပါတယ်။ အချိန်တိုင်းမှာ အကျွန်ုပ်တို့ရဲ့အတွင်းအတ္တနဲ့ အပြင်းအထန်အားပြိုင်နေကြရပါတယ်။ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ဘ၀များကို ကြည့်ရှု့ကြည့်မယ်ဆိုယင် အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့ဝန်းကျင်ကမ္ဘာနဲ့ စစ်ပွဲများ ဖြစ်လုနီးပါး ရှိနေတယ်ဆိုတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ globalisation နဲ့ ပတ်သက်လို့ စကားလက်ဆုံကျနေကြပြီး နယ်နိမိတ်မရှိတော့တဲ့ ကမ္ဘာကြီးတစ်ခုကို အကျွန်ုပ်တို့ဟာ ချိန်ရွယ်ရည်မှန်းနေကြပါတယ်။ အခြားတစ်ဖက်မှာတော့ အကျွန်ုပ်တို့ဟာ သဘောထားသေးသိမ်စွာ အရေးမပါလှတဲ့အသေးအဖွဲ့များ၊ ကိုယ်ရေးကိုယ်တာအမြတ်အစွန်းများနဲ့ပတ်သက်လို့ အပူမီးတောက်နေကြရပါတယ်။

ဒီပြဿနာများကို အဖြေရှာဖို့အတွက်ကတော့ အကျွန်ုပ်တို့ရဲ့ပုံစံကျနေတဲ့အမြင်, ပုံသေအတွေးအခေါ်, အလေ့အထများကို ပြောင်းလဲ အလုပ်လုပ်ဖို့ အကျွန်ုပ်တို့ဟာ လိုအပ်ပါတယ်။ မြတ်ဗုဒ္ဓကတော့ အလိုဆန္ဒတွေကို စွန့်လွှတ်ခြင်းဖြင့် မွေးခြင်းနဲ့သေခြင်းဆိုတဲ့ သံသရာမှ လွန်မြောက်နိုင်တယ် - ဆိုတာကို မိန့်မြွက်ခဲ့ပြီး ဖြစ်ပါတယ်။

လူသားရဲ့အလိုဆန္ဒကို ပယ်သတ်နိုင်, ဖယ်ရှားရှင်းလင်းနိုင်ပါတယ်။ အဖန်ဖန်လေ့ကျင့်ခြင်းများဖြင့် ထိန်းချုပ်မှု အောက်မှာ အကျွန်ုပ်တို့ရဲ့စိတ်များကို သယ်ဆောင်နိုင်ပါတယ်။ ဆန့်ကျင်ဘက်အတွေးများနဲ့ အကျွန်ုပ်တို့နဲ့ပတ်သက်တဲ့ ဖြစ်တည်ခြင်းရဲ့ စိတ်ခံစားမှုများမှတဆင့် လွတ်မြောက်မှုရဲ့အခြေအနေကို ရရှိနိုင်ပါတယ်။

သို့ဖြစ်စေကာမူ အဲဒီအတွေးများနဲ့အလိုဆန္ဒများမှ လွတ်မြောက်စေဖို့ တစ်ဦးတစ်ယောက်ဟာ အဲဒါတွေကို ပထမဆုံး သိရပါ့မယ်။ ဒီနည်းလမ်းစည်းစနစ်များဖြင့် နာကျင်မှုဝေဒနာများကို အဆုံးသတ်စေပြီး စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရရှိနိုင်ပါတယ်။
ရှေးဦးလူသားမှ ခေတ်သစ်လူသားအထိ - အဲဒီနောက် သမိုင်းမတင်မီကာလ ဂူအောင်းလူသားမှ ယဉ်ကျေး ထွန်းကားတဲ့လူသားအထိ - ယဉ်းကျေးတိုးတက်လာခြင်းအပေါ် အကျွန်ုပ်တို့ရဲ့ အဆိုများ- အဆင့်ဆင့်ပြောင်း လဲဖြစ်ခြင်းနဲ့ပတ်သက်လို့ အကျွန်ုပ်တို့ရဲ့ ပြောဆိုချက်များ ရှိစေကာမူ- ကမ္ဘာကြီးဟာ အတွင်းမှာ နေထိုင်ဖို့ အန္တရာယ်ရှိတဲ့နေရာတစ်နေရာ ဖြစ်လာနေပါတယ်။

ဒါနဲ့ပတ်သက်လို့ အကြောင်းများစွာကို မှတ်သားနိုင်ပါတယ်။ လူတစ်ယောက်က ကမ္ဘာ့နယ်ပယ်အားလုံးရဲ့ ဘုရင်ဖြစ်ဖို့ တောင့်တလိုလားပါတယ်။ ဒါပေမယ့် ဒါဟာ တရားလွန်လွန်ကဲပြီး ဖြစ်နိုင်ခြေမရှိတာ ဖြစ်ပါတယ်။ သူက သူ့ရဲ့အမိန့်စာချွန်လွှာဟာ တကမ္ဘာလုံးကို ရိုက်ခတ်သင့်တယ်ဆိုတဲ့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် အဲဒီနောက် သူဟာ ပျင်းရိလာပြီး လုပ်ချင်ကိုင်ချင်စိတ်မရှိ ဖြစ်လာပါတယ်။

လူဟာ အခြားမျိုးစိတ်များထက် ဆိုးသွမ်းရက်စက်ပါတယ်။ ပိုလို့ သေသိမ်နိမ့်ကျပါတယ်။ အကျွန်ုပ်တို့ဟာ လူသားဆန်တာထက် များစွာပိုတဲ့ လူသားဖြစ်ပါတယ်။ အကျွန်ုပ်တို့က ကျော်လွှားဖို့ စဉ်းစားသင့်တယ် ဆိုတဲ့ ဒေါသ,အတ္တ, လောဘ, အမုန်းတရားနဲ့ မနာလိုခြင်းကဲ့သို့သော ဆန့်ကျင်ဘက် အရည်အသွေးများ အကျွန်ုပ်တို့မှာ ရှိပါတယ်။

အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့အသဲစွဲ ဖြစ်လာဖို့ အဲဒီအရည်အသွေးများကို လက်ခံခွင့်ပြုခဲ့ပြီးပါပြီ။ အကျွန်ုပ်တို့ဟာ စွမ်းနိုင်သည်ထက် ပိုမိုအင်အားကြီးမားတယ်လို့ ထင်ကြပါတယ်။ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ ငယ်ငယ်ဘ၀က ဖတ်ခဲ့ဖူးပြီးတဲ့ ဒဏ္ဍာရီဆန်တဲ့မကောင်းဆိုးဝါးကောင်းများထက် ထိထိရောက်ရောက် အကျွန်ုပ်တို့ရဲ့ စွမ်းရည်များကို အသုံးပြုခြင်းဖြင့် ဘာကိုမဆို အကျွန်ုပ်တို့က ဖျက်ဆီးနိုင်စွမ်းရှိတယ်လို့ အထင်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ ယနေ့ အကျွန်ုပ်တို့ဟာ ဒီကမ္ဘာဂြိုလ်ရဲ့မျက်နှာပြင်ရှိ သက်ရှိအားလုံးကို ပျက်ပြုန်းဖို့ စွမ်းနိုင်တဲ့ အလုံးအရင်းနဲ့ ဖျက်ဆီးနိုင်တဲ့ လက်နက်များကို ရရှိခဲ့ပြီး ဖြစ်ပါတယ်။

အကျွန်ုပ်တို့ဟာ လူသားတွေဖြစ်တဲ့အတိုင်း လူသားများကို လက်နက်တပ်ဆင်ထားပါတယ်။ အဲဒီနောက် အကျွန်ုပ်တို့ဟာ လက်များမပါဘဲ လူအများကို တိုက်ခိုက်ကြပါတယ်။ ဒီအရာအားလုံးက ၀မ်းနည်းပူဆွေခြင်းနဲ့ ပတ်သက်တဲ့ ရှောင်လွှဲလို့မရတဲ့ဝေဒနာများဖြင့် အကျွန်ုပ်တို့ကို ချန်ထားရစ်ခဲ့ပါတယ်။

ဒီနောက် အကျွန်ုပ်တို့ ဘာ့ကြောင့် ရင်ဖွင့်နေကြတာလဲ?

အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့ခံစားတတ်မှုအာရုံများမှ အကျွန်ုပ်တို့ရဲ့အမျက်ဒေါသကို လွှဲပြောင်းယူခွင့်ပြုပါတယ်။ အဲဒီနောက် အကျွန်ုပ်တို့က အဲဒါဟာ အကျွန်ုပ်တို့ကို ဘယ်တော့မှ လောင်ကျွမ်းလိမ့်မယ်မဟုတ်ဘူးလို့ စိတ်ချထားပါတယ်။ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့အတ္တကို ကျေနပ်စေဖို့ တိုက်ခိုက်ကြပါတယ်။ လူတစ်ယောက်ရဲ့ ပြင်းထန်လွန်းတဲ့ စွဲလမ်းခြင်းဥပါဒါန်က သူကိုယ်တိုင်နှင့်အတူ အရာရာကို ဖမ်းဆုပ်ဖို့၊ သူ့ရဲ့ လောဘကိုဖြည့်ဆည်းပေးဖို့ သူ့ကို တွန်းအားပေးပါတယ်။

ယနေ့ စီးပွါးဥစ္စာတစ်ခုတည်းက လူသားရဲ့ God ဖြစ်ပါတယ်။ အကျွန်ုပ်တို့ရဲ့စိတ်အတွင်းရှိ မလိုတမာစိတ်က ရည်မှန်းချက်ကို ဘယ်တော့မှ မအောင်မြင်စေပါဘူး။ အကျွန်ုပ်တို့ဟာ အဓိကအားဖြင့် အကျွန်ုပ်တို့ရဲ့ပါဝါများကို သက်သေပြဖို့ တိုက်ခိုက်ကြပါတယ်။ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ အိပ်ယာမှနိုးထတဲ့အခါ မနက်မိုးလင်းတိုင်း ဆုတောင်းကြပါတယ်။ ဒါပေမယ့် အဲဒါပြီးတဲ့နောက် အကျွန်ုပ်တို့ဟာ တစ်နေ့လုံး သားကောင်ကို ရှာဖွေကြပြန်ပါတယ်။

အိန္ဒိယတစ်ယောက် ဆုမွန်တောင်းတဲ့ ဆုတောင်းခြင်းများက ငြိမ်းချမ်းဖို့ တိုင်တည်ခြင်းများနှင့် အဆုံးသတ်ကြတယ်ဆိုတာ မှန်ပါတယ်။ “Om Sahnti, Shanti ” ထာဝရဘုရားသခင်! ငြိမ်းချမ်းကြပါစေ! နေရာတိုင်း ငြိမ်းချမ်းကြပါစေ!
အဲဒီနောက် အကျွန်ုပ်တို့ဟာ ဘာ့ကြောင့် စစ်အတွက် ငိုကြသလဲ?

အကျွန်ုပ်တို့ဟာ ကွပ်ကဲအုပ်ချုပ်ရန်အတွက် ငြိမ်သက်တည်ငြိမ်ဖို့ လိုအပ်ပါတယ်။ အကျွန်ုပ်တို့ဟာ ဒေါသကို ရင်ဆိုင်လျှက် စစ်ပွဲတစ်ပွဲကို ဆင်နွှဲရပါ့မယ်။ လောဘကို ဆန့်ကျင်ရင်ဆိုင်လျှက်…မသိခြင်းကို ဆန့်ကျင်၍ စစ်ပွဲတစ်ပွဲကို ဆင်နွှဲရပါ့မယ်။

အကျွန်ုပ်တို့ဟာ ငြိုးမာန်ဖွဲ့ခြင်းက ဘယ်တော့မှ အကျိုးကျေးဇူးမဖြစ်နိုင်ဘူးဆိုတာ သဘောပေါက်ရပါမယ့်။ အကျွန်ုပ်တို့ဟာ လက်စားချေလိုခြင်းရဲ့ ခံစားချက်ကို ထိန်းဖို့ သင်ယူရပါ့မယ်။ အကျွန်ုပ်တို့ဟာ တင်တိမ်ရောင့်ရဲခြင်းကို သင်ယူရပါ့မယ်။
ချမ်းသာခြင်းဟာ ဆိုးဝါးတဲ့စကားလုံးတစ်ခုမဟုတ်သလို ဆင်းရဲခြင်းဟာလည်း ဆဲရေးတိုင်ထွာတဲ့စကားတော့ မဟုတ်ပါ။ လူများဟာ ချမ်းလည်းချမ်းသာနိုင်တယ်။ ဆင်းလည်းဆင်းရဲနိုင်ပါတယ်။ အဲဒီလိုပါပဲ သူ့ရဲ့သူငယ်ချင်း မိတ်ဆွေများဟာလည်း နည်းပါးနိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့ရဲ့ကိုယ်ပိုင်အခြေအနေနဲ့လိုက်၍ ကျေနပ်ရောင့်ရဲမှုကို လေ့လာသင်ယူထားမယ်ဆိုယင် သူတို့ဟာ သူတို့နဲ့ပတ်သက်လို့ မနာလိုမှုများကို ဖြစ်စေလိမ့်မည်မဟုတ်ပါ။

ပျော်ရွှင်ဖို့ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ကိုယ်ကို မေ့ထားဖို့ သင်ယူရပါမယ့်။ အကျွန်ုပ်တို့ဟာ အတွင်းမှာ ပုန်းရှောင်နေတဲ့မာရ်နတ်ကို ရင်ဆိုင်ပြီး ဆင်နွှဲဖို့ စိတ်ပိုင်းဖြတ်သင့်ပါတယ်။ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့ အတွင်းကို ရှာဖွေသင့်ပါတယ်။ အကျွန်ုပ်တို့ဟာ ကမ္ဘာလောကကြီးနဲ့ ငြိမ်းချမ်းအောင် သင်ယူသင့်ပါတယ်။ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့အပေါင်းအဖော်များအကြား ကြည်နှုးပျော်ရွှင်မှုများကို ဖြန့်ဝေသင့်ပါတယ်။ ဒါဟာ အကျွန်ုပ်တို့အတ္တရဲ့ သန်မာကြံ့ခိုင်တဲ့ကြွက်သားအကြောအမျှင်များကို ကျေနပ်စေဖို့ အကျွန်ုပ်တို့ရဲ့ ဆုံးဖြတ်ချက်သန္နိဋ္ဌာန် ဖြစ်သင့်ပါတယ်။


J L Gupta

Read more...

တိတ္ထိဆရာကြီး ၆-ယောက်တို့အယူ...

ဗုဒ္ဓနိုင်ငံတော်

၆၂-ပါး အယူမှားတို့၏ အကြောင်းတရား...

တိတ္ထိဆရာကြီး ၆-ယောက်တို့အယူ...






Read more...

ဤမျှလောက်သောစည်းစိမ်သည်...

ဤမျှလောက်သောစည်းစိမ်သည် ငါတို့ေ၇အိမ်တစ်ခါတက်ကိုမျှ မတန်လေ။ ရေအိမ်တစ်ခါတက်လျှင်ပင် အသုဘကမ္မဠာန်းကို များစွာပွားသည် မဟုတ်တုံလော”

(နန်းကျောင်းဆရာတော်)

နန်းကျောင်းဆရာတော်ဆိုတဲ့ နာမည်ကို ငယ်ရွယ်စဉ်ကတည်းကကို ရင်းနှီးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငယ်ငယ်က သဒ္ဒါစသင်ရတော့ နန်းကျောင်းဆရာတော် ရေးတဲ့ နန်းကျောင်းမူ သဒ္ဒါကြီးနိဿယနဲ့ သင်ခဲ့ရတာကိုး။ အဲဒီကာလာတုန်းက နန်းကျောင်းဆရာတော်ဆိုတာ သဒ္ဒါကြီးနိဿယရေးတဲ့ဆရာတော်ပဲ ဆိုတာလောက်သာ သိခဲ့ရပါတယ်။ ဒီထက်ပိုပြီး မသိခဲ့ရပါဘူး။ နောက်အခါ ၀ါသနာအလျောက် သာသနာဝင်ကျမ်းတွေဖတ်ဖြစ်တော့မှပဲ နန်းကျောင်းဆရာတော် အကြောင်းကို သေချာသိရတော့တာပါ။ နန်းကျောင်းဆရာတော်က သဒ္ဒါကြိးနိဿယအပြင် တခြားကျမ်းများစွာကိုလည်း ပြုစုခဲ့ပါတယ်။ ဒါပေမယ့် တခြားကျမ်းစာတွေက ဒီနေ့ခေတ်မှာ အသုံးပြုတာ သိပ်ပြီးမတွေ့ရပါဘူး။ သဒ္ဒါကြီးနိဿယ ကတော့ ဒီနေ့ မျက်မှောက်အထိ စာချဆရာတော်တွေ၊ စာသင်သားတွေ တွင်တွင်ကျယ်ကျယ် သုံးနေရဆဲပါ။

သမိုင်းကြောင်း လိပ်ပတ်လည်သွားအောင် ရှေ့ပိုင်းသမိုင်းဖြစ်ကိုပါ နည်းနည်းထည့်ပြောပါရစေဦး။ အင်းဝနေပြည်တော်မှာ ထီးနန်းစိုက်နေတဲ့ သာလွန်မင်းတရားကြီးက စစ်ကိုင်းမှာ ရာဇမဏိစူဠအမည်ရတဲ့ ကောင်းမှုတော်ဘုရားကြီး တည်တော်မူပါတယ်။ တည်တော်မူပုံက သရေခေတ္တရာဒွတ္တဘောင်မင်းကြီး ကောင်းမှုတော် ခြောက်ဆူထဲက သရမာစေတီပုံကို အတုယူပြီး တည်တာပါ။ ပြီးတော့ စေတီရဲ့ အရှေ့အနောက် တောင်မြောက်မှာလည်း ကျောင်းတိုက်ကြီးလေးတိုက်ကို ဆောက်လုပ်လှူဒါန်းပြီး ရဟန်းသံဃာတော်တွေကို သီတင်းသုံးစေပါတယ်။ ဒါပေမယ့် သာလွန်မင်းတရားကြီးက စေတီတော်ကြီးရေစက်မချသေးခင်မှာပဲ နတ်ရွာစံခဲ့ပါတယ်။ ဒါကြောင့် ဖခင်ရဲ့အရိုက်အရာကို သားတော် မင်းရဲ့ရန္တမိတ်က (၁၀၁၀) ခုနှစ်မှာ ဆက်ခံခဲ့ပါတယ်။ ခမည်းတော်လက်ထက်မှာ မပြီးပြတ်သေးတဲ့ ကောင်းမှုအရပ်ရပ်ကို ပြီးပြတ်အောင် ဆက်ပြီးဆောင်ရွက်ခဲ့ပါတယ်။

နန်းသက်ရှည်ဇာတာ ပါမလာလို့မသိပါဘူး။ ၁၀၂၃ ခုနှစ်မှာ ” စစ်ကိုင်းသောတပန်နတ်ကြီး (၉၆) ပါး ပြောင်းသွားတော့မည်” ဆိုတဲ့ ကောလဟာလ တပေါင်တွေ ပေါ်လာပြီး မကြာမီမှာပဲ တရုတ်စစ်တွေရောက်လာပါတယ်။ ပြည်သူပြည်သားတွေ အထိတ်အလန့်ဖြစ်၊ ရဟန်းသံဃာ တော်တွေ ထိပါးပုတ်ခံရနဲ့ တိုင်းပြည်လည်း မငြိမ်မသက်ဖြစ်သွားပါတယ်။ ဒါကြောင့် ညီတော်ပြည်မင်းသားက တိုင်းသူပြည်သားတွေနဲ့ တိုင်ပင်ပြီး ထီးနန်းကို သိမ်းယူလိုက်ပါတယ်။

နန်းတက်တက်ချင်းပဲ ပရိယတ္တိ၊ ပဋိပတ္တိနဲ့ ထင်ရှားကျော်ကြားတဲ့ ဆရာတော်တွေကိုပင့်ပြီး နန်းတော်ထဲမှာ ဆွမ်းကပ်ပါတယ်။ ဆွမ်းစားပြီးတော့ ဆရာတော်တွေက အနုမောဒနာတရားဟော၊ တရားဆုံးလို့ သာဓုခေါ်အပြီးမှာ ပြည်မင်းက ” တပည့်တော်သည် အလိုမရှိဘဲလျက် အမှူးအမတ်အမှုထမ်း သူရဲသူခက်တို့က ကျွန်တော်တို့ ကိုးကွယ်၇ာမရှိပြီဟူ၍ အကြိမ်ကြိမ်လျှောက်ထားသောကြောင့် သံဃာအားကို ဘုရားမဆန်နိုင်ဆိုသကဲ့သို့ တပည့်တော် မင်းပြုရပါသည် လို့လျှောက်ပါတယ်။ ဒီတော့ တခြားဆရာတော်တွေက ” ကြံသော်လည်း ကံမရှိက မဖြစ်ရာ၊ မကြံသော်လည်း ကံကြီးက ဖြစ်ရာသည်” လို့ အလိုက်အထိုက် ပြန်မိန့်ကြပါတယ်။ နန်းကျောင်းဆရာတော်ကတော့ ချက်ချင်းဆိုသလိုပဲ ” ငါတို့အရာမဟုတ်၊ ညီတော် နောင်တော်နှစ်ပါး ဟုတ်၊ မဟုတ် အောက်အ၀ီစီရောက်မှ ငြင်းခုံကြပါလေ လို့ မိန့်တော်မူလိုက်ပါတယ်။

ဒီစကားကြားရသော ပြည်မင်းက နန်းကျောင်းဆရာတော်ကို ကြိတ်ပြီးကြည်ညိုနေပါတယ်။ နှုတ်ကတော့ ဖွင့်ပြီး မပြောပါဘူး။ ငါအတွက် အထူးကိုးကွယ်ရာတစ်ပါးပေပဲ ဟု ဆိုပြီး ရင်ထဲကပဲ အာရုံပြုထားလိုက်ပါတယ်။ အဲဒီကာလတုန်းက ဆရာတော်က မြောက်နန်းကျောင်းဆရာတော် ဆိုတဲ့ အမည်မတွင်သေးပါဘူး။ ဘွဲ့ရင်းဖြစ်တဲ့ အရှင်အဂ္ဂဓမ္မာလင်္ကာရဆိုတဲ့ အမည်ပဲရှိပါသေးတယ်။

ပြည်မင်းဘိသိတ်ခံပြီး မကြာခင်မှာ ဇာတာတော်မသန့်ဆိုပြီး သက်ငယ်ဟာ ယာယီနန်းဆောက်လုပ်ပြီး အဲဒီနန်းတော်မှာပဲ ဘုံဿဝတီသမုတ်ပြီး ခေတ္တစံနေပါတယ်။ သက်ငယ်ယာယီနန်းရဲ့ မြောက်နန်းဆောင်ကို မြောက်နန်းကျောင်းဆိုပြီး ဆောက်လုပ်ပါတယ်။ တောင်းနန်းဆောင်ကို တောင်နန်းကျောင်းဆိုပြီး ဆောက်လုပ်ပါတယ်။ ပြီးတော့မှ ဟိုယခင် ရင်ထဲကကျိတ်ပြီးကြည်ညိုထားတဲ့ အရှင်မဂ္ဂဓမ္မာလင်္ကာရကို စစ်ကိုင်းအိမ်ရှေ့ကျောင်းကပင့်ပြီး မြောက်နန်းကျောင်းကို တင်လှူတော်မူပါတယ်။ ( တခြားကြည်ညိုရာ ဆရာတော်တစ်ပါးကိုလည်း တောင်နန်းကျောင်းပင့်ပြီး တင်လှူပါတယ်)ဒီအခါကျမှ နန်းကျောင်းဆရာတော်ဆိုတဲ့ အမည်တွင်သွားတာပါ။ ဆရာတော်က အဲဒီမြောက်နန်းကျောင်း မှာပဲ ကျမ်းများစွာကို ရေးသွားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းကာလမှတော့ မြောက်နန်းကျောင်းဆရာတော်အမည်ထက် ”နန်းကျောင်းဆရာတော်” ဆိုတဲ့ အမည်တွင်ကျန်ရစ်ခဲ့တာ ဒီနေ့ခေတ်အထိပါပဲ။

အဲဒီအချိန်ကာလမှာပဲ နန်းကျောင်းဆရာတော်ရဲ့တပည့် နန်းကျောင်း၇ံမှာနေတဲ့ အရှင်ဇိနာရာမကို အိမ်ရှေ့မင်းက တံတားဦးလယ်ပြင်အရပ်မှာ ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းပါတယ်။ နန်းကျောင်းဆရာတော်မှာ အရှင်ဂုဏဂန္ဓဆိုတဲ့ တပည့်တစ်ပါးလည်း ရှိနေပါသေးတယ်။ အရှင်ဂုဏ၀န္ဓက ချင်းတွင်းရာဇာတိပါ။ အင်းဝမှာ စာသွားသင်ပြီး စာပေတတ်တော့ ဇာတိချင်းတွင်းရွာမှာပဲ ပြန်ပြီး ကျောင်းထိုင်နေပါတယ်။ဒါပေမယ့် တောရွာဆိုတော့ ပစ္စည်းလာဘ်လာဘရှားပါပြီး ဆင်းရဲငြိုငြင်စွာ သီတင်းသုံးနေရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ နန်းကျောင်းဆရာတော်က ” ချင်းတွင်းရွာမှာ အမျက်ကျောက်ကောင်းသာ ရှိတာမဟုတ်ဘူး၊ ပိဋိကတ်အိုးတစ်လုံးလဲ အသုံးအဆောင်မရပဲ ရှိနေတယ်လို့” ဘုရင်ကိုအမိန့်ရှိပါတယ်။ ပြည်ဘုရင်ကလည်း ဆရာတော့်စကားကြားတာနဲ့ အရှင်ဂုဏဂန္ဓကို တံတာဦးမှာ မှန်စီကျောင်း ဆောက်လုပ်လှူဒါန်းပေးပါတယ်။

ပြည်ဘုရင်ရဲ့တောင်းပန်ချက်ကြောင့်ပဲ ”ရာဇ၀င်”ဆိုတဲ့ ကျမ်းကိုလည်း ပြုစုပါတယ်။ နောင်မှာတော့ ”မြောက်နန်းရာဇ၀င်” ဆိုပြီး တွင်ကျန်ရစ်ခဲ့ပါတယ်။ နန်းကျောင်းဆရာတော်ဟာ ကျမ်းဂန်များစွာပြုစုရင်းနဲ့ တစ်ဖက်ကလည်း စာသင်သားများစွာကို စာပေပို့ချပေးပါတယ်။ ကျန်တဲ့အချိန်မှာတော့ ကမ္မဠာန်းဘာဝနာကို ပွားများနေလေ့ရှိတယ်လို့ ဆိုပါတယ်။ နန်းကျောင်းဆရာတော်က ပဉ္စင်းငယ်ဘ၀မှာ တောင်ဖီလာဆရာတော်ကြီးကို မီလိုက်ပါတယ်။ တောင်ဖီလာဆရာတော်ဘုရားကြီးက ရဟန်းပရိတ်သတ်စုံတဲ့ပွဲတစ်ခုမှာ ”အဂ္ဂဓမ္မာလင်္ကာတို့လည်း ငါတို့မရှိလျှင် ကျမ်းဂန် တတ်ပြုချေတော့မည်” လို့ အပျော်အပါးမိန့်တော်မူတော့ နန်းကျောင်းဆရာတော်လောင်းက ” အရှင်ဘုရားတို့မရှိလျှင် တပည့်တော်တို့ပင် ကျမ်းတတ်မဟုတ်ကုန်လော့” လို့ပြန်လျှောက်ခဲ့ပါတယ်။ စကားသာဓကရှိခဲ့တဲ့အတိုင်း ပြည်မင်းလက်ထက်မှာ ထင်ရှားတဲ့ ကျမ်းဂန်တတ် ဆရာတော်တစ်ပါးဖြစ်လာခဲ့ပါတယ်။

ဒီလိုနဲ့တစ်နေ့မှာ ရဟန်းလူထွက်ဖြစ်တဲ့ သတိုးမင်းကြီး( အမတ်ကြီး)ဟာ မှူးမတ်အဆောင်အရွက် အခင်းအကျင်းတွေနဲ့ ကျောင်းကိုရောက်လာ ပါတယ်။ တကယ်တော့ နန်းကျောင်းဆရာတော်ဟာလည်း ပြည်မင်းအမတ် နေမျိုးနော်ရထာရဲ့ သားဖြစ်လို့ အမတ်အမျိုးအနွယ်ထဲကပါ။ သတိုးမင်းကြီးက ဆရာတော်နဲ့ စကားတွေပြောင်းရင်း ပြန်ခါနီးကျတော့ သူရဲ့အခင်းအကျင်းအခြွေအရံတွေကိုပြပြီး အရှင်ဘုရား လူသာဖြစ်ရင် ဤမျှလောက်သော စည်းစိမ်ကို ရလိမ့်မည်လို့လျှောက်ပါတယ်။ ဒီတော့ နန်းကျောင်းဆရာတော်က

”ဤမျှလောက်သော စည်းစိမ်သည် ငါတို့ ရေအိမ်တစ်ခါတက်မျှကိုမတန်လေ၊ ရေအိမ်တစ်ခါတက်လျှင်ပင် အသုဘကမ္မဠာန်းကို များစွာပွားသည် အဟုတ်တုံလော” လို့ ပြန်မိန့်လိုက်ပါတယ်။ သာသနာမှာ ဒီနေ့အထိ ဥဒါန်းတွင်ရစ်ခဲ့တဲ့စကားတစ်ခွန်းပါ။

ဆရာတော်မိန့်ကြားစကားကို တစ်ဆင့်စကားနဲ့ ပြည်ဘုရင် ကြားသိရတော့ သူ့ဆရာတော်ကို ကြည်ညိုလို့မဆုံး ဖြစ်ပါသတဲ့။ ငါ့ဘ၀မှာ ဒီလိုဆရာတော် မျိုးရှိပါလား ဆိုပြီး အသက်ထက်ဆုံး ကြည်ညိုသွားပါတဲ့။ နန်းကျောင်းဆရာတော်ရဲ့ စကားတစ်ခွန်းဟာ ပြည်ဘုရင်အတွက် တွေးမိတိုင်း ကုသိုလ်ဇောတွေ စောဖြစ်ခဲ့ပါတယ်။ ဘာပဲပြောပြော ကိုယ့်ဘ၀မှာ ကုသိုလ်ဇောတွေစောဖြစ်ဖို့ ၀န်းကျင်ကောင်းတစ်ခုတော့ ရှိသင့်တာအမှန်ပါပဲ။

ကျမ်းကိုး

(၁) သာသနာလင်္ကာရစာတမ်း (မဟာဓမ္မသတ်ကြီး)

(၂) သီလ၀ိသောဓနီ ( တတိယ နံမော်ဆရာတော်)

(၃) နန်းကျောင်းဆရာတော် (ရဝေထွန်း)

ဥာဏ်လင်းဓမ္မစာပေ၊ ၈၄- ဒီဇင်ဘာ

(သူရဇ္ဇ၊ မတ်၊ ၂၀၀၁)


Best wishes

Ko Nyi

Read more...

သိရီမင်္ဂလာ စုပေါင်းညီညာ ကုသိုလ်ပုံရိပ်လွှာ

Saturday, 20 November 2010 18:35 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

၁၃၇၂-ခု၊တန်ဆောင်မုန်းလဆန်း(၁၄)ရက်၊ ၂၀၁၀-ခု၊နိုဝင်ဘာလ(၂၀)ရက်၊စနေနေ့ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သိရီမင်္ဂလာကျောင်းတိုက်မှာ ကျင်းပပြုလုပ်တဲ့ စုပေါင်းမဟာဘုံကထိန်ပွဲတော် ကုသိုလ်မှတ်တမ်း ပုံရိပ်လွှာများပါ။

Read more...

သ၀ဏ်လွှာ (၁)

ဒေါက်တာဘူတီစက်တီယာဝမ်၊ အမ်အက်စ်အေ
ဗုဒ္ဓဘာသာဆိုင်ရာ သာသနာရေးညွှန်ချုပ်
သာသနာရေးဝန်ကြီးဌာန၊ အင်ဒိုနီးရှားနိုင်ငံ၏သ၀ဏ်လွှာ


နမော ဗုဒ္ဓါယ
ဘုရား၏စောင့်ရှောက် ကူညီမှုကြောင့် ကျွန်ုပ်တို့သည် ရွှေတိဂုံပုံတူစေတီဖွင့်ပွဲ အခမ်းအနား အပါအ၀င် အင်ဒိုနီးရှားနိုင်ငံ အဖက်ဖက်မှတိုးတက်ထွန်းကားမှုအတွက် ကျွန်ုပ်တို့ ဆောင်ရွက်နိုင်ပေသည်။
ယခုအခမ်းအနားကြီးဖြစ်မြောက်အောင် တာဝန်ယူဆောင်ရွက်သည့် တာမန်အလမ် လုမ္ဗိနီအဖွဲ့ကြီး ကို ကျွန်ုပ်က ကျေးဇူးတင်ဂုဏ်ပြုလိုက်ပါသည်။

ဗုဒ္ဓဘာသာဝင်များအတွက် အလွန်သန့်စင်မွန်မြတ်သော ဘုရားစေတီတည်ထားရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဘုရားနှင့်ရဟန္တာတို့၏ မွေတော်ဓာတ်တော်များ အသုံးအဆောင်များကို ဌာပနာသွင်းပြီး လူအများကိုးကွယ်ပူဇော်ရန်ဖြစ်သည်။ အလွန်သန့်စင်မွန်မြတ်သော နေရာအဖြစ် ဘုရားစေတီတော် တို့သည် ရှိခိုးပူဇော်သူတို့၏စိတ်တွင် ကြည်ညိုသဒ္ဓါပေါ်ပေါက်စေပြီး ငြိမ်းချမ်းမှုနှင့်တည်ငြိမ်မှုကို ဖြစ်ပေါ် စေပါသည်။

ဘုရားစေတီတို့၏ သန့်စင်မွန်မြတ်မှုကို အနေကဇာတင် မင်္ဂလာအပါအ၀င် နည်းလမ်းမျိုးစုံဖြင့် ထိန်းသိမ်းထားနိုင်သည်။ သန့်စင်မွန်မြတ်မှုကို ထိန်သိမ်းရခြင်းမှာ ပူဇော်ကန်တော့သူတို့၏ ကိုယ်စိတ် အတွင်း ငြိမ်းချမ်းမှုကို ရရှိရန်ဖြစ်သည်။ ထိုကဲ့သို့ အတွင်းငြိမ်းချမ်းမှုကို ရမှသာ ကုသိုလ်တရား ပြုလုပ်လို စိတ်များ ပေါ်ပေါက်လာနိုင်သည်။
ဘုရားစေတီတို့အား အနေကဇာတင်သည့် အခမ်းအနားများကို အဓိပ္ပါယ်မဲ့ တန်ခိုးပြသော အခမ်းအနားများအဖြစ် မမှတ်ယူသင့်ပေ။ ထိုကဲ့သို့ စိတ်ထားပါက ဗုဒ္ဓမြတ်စွာဘုရားနှင့် ဘုရားလောင်း တို့ကို ကိုးကွယ်ကြည်ညိုလိုသော စိတ်ဓာတ်များ လျော့ပါးစေလိမ့်မည်။

ဘာသာရေးဆောင်ရွက်မှုများသည် ခေတ်ပြောင်းလဲသည်နှင့်အမျှ တစ်ချိန်နှင့်တစ်ချိန်မတူဘဲ ပြောင်းလဲလျက်ရှိသည်။ ထို့ကြောင့် တိုင်းပြည်ဖွင့်ဖြိုးရေး အထောက်အကူဖြစ်စေရန် ဘာသာရေး ဆောင်ရွက်မှုများကို အမြဲတမ်း အကောင်းအထည်ဖေါ်သင့်သည်။ ပြောင်းလဲတိုးတက်မှုများကို ကိုင်တွယ် ဖြေရှင်းရန် ကျွန်ုပ်တို့ အမြဲတမ်း အဆင်သင့်အနေအထားတွင် ရှိနေရမည်။

သာသနိကအဆောက်အဦးများ ပြောင်းလဲမှုသည် သိပ္ပံနှင့်နည်းပညာ ပြောင်းလဲမှုများနှင့်အညီ ဖြစ်စေရမည်။ ဆိုလိုသည်မှာ သာသနိက အဆောက်အဦးများသည် ၀တ်ပြုရုံသက်သက်သာမဟုတ်။ စီးပွါးရေးနှင့်အသိဉာဏ် ဖွင့်ဖြိုးတိုးတက်ရေး ဌာနများ ဖြစ်လာစေရမည်။ ထိုသာသနိက အဆောက်အဦးများသည် ဘာသာရေးနှင့်လူမှုရေးလှုပ်ရှားမှုများ ပေါင်းစည်းရာနေရာဖြစ်သည်။ ထို့ကြောင့် ၀တ်ပြုသူများ၏ စိတ်ချမ်းသာမှုအတွက် ထိုသာသနိက အဆောက်အဦးများသည် အဆင်ပြေချောမွတ်စေသော ပစ္စည်းများ၊ ဗိသုကာလက်ရာကောင်းများဖြင့် တန်ဆာဆင်တည်ဆောက်ထားခြင်းဖြစ်သည်။

ထို့ကြောင့် တာမန်အလမ် လုမ္ဗိနီအဖွဲ့နှုင့် စီမံခန့်ခွဲသူများကို ရွှေတိဂုံပုံတူစေတီကြီး တိုးတက် ကောင်းမွန်ရန်အတွက် အောက်ပါအတိုင်း မေတ္တာရပ်ခံလိုပါသည်။
(၁) စေတီတော်ကြီး၊ ဗုဒ္ဓမြတ်စွာဘုရားနှင့်တရားတော်ကို ကြည်ညိုစေရန်၊ ဖန်တီးပေးသော နေရာ အဖြစ် ဆောင်ရွက်ပေးရန်
(၂) ဘုရားကြည်ညိုကန်တော့သောသူများအချင်းချင်း ဆက်ဆံရေးကောင်းမွန်စေရန် စေတီတော် ကြီးကို မဏ္ဍိုင်ပြု၍ဆောင်ရွက်ပေးရန်
(၃) စေတီတော်ကြီးကို အကြောင်းပြု၍ ဆက်ဆံရေးကောင်းမွန်သောစိတ်ထားများ မွေးမြူခြင်းအား ဖြင့် ဘုရားဖူးများ၏ကိုယ်စိတ်အသွင်သဏ္ဍာန်ကို တိုးတက်ဖွင့်ဖြိုးစေရေးဆောင်ရွက်ပေးရန်
(၄) စေတီတော်ကြီးကို အကြောင်းပြု၍ လူမှုအဖွဲ့အစည်းများတွင် လူမှုရေးအသိစိတ်ဓာတ်များ ဖန်တီးပေးရေးဆောင်ရွက်ပေးရန်
အထက်ပါ အချက်များသည် ရွှေတိဂုံပုံတူစေတီတော်ကြီး အနေကဇာတင် အခမ်းအနားအတွက် မိန့်ခွန်းအပြည့်အစုံဖြစ်ပါသည်။ ကျွန်ုပ်တို့အား ဗုဒ္ဓ ဓမ္မ သံဃာတို့က ဦးဆောင်လမ်းပြနိုင်ပါစေ။

ကျေးဇူးတင်ပါသည်
ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာဘူဒီစက်တီယာဝမ်၊ အမ်အက်စ်စီ

သ၀ဏ်လွှာများကို ဆက်လက်ဖော်ပြသွားပါမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၁၁-၂၀၁၀

0 comments

Read more...

နောင်တသံသရာ



ကြံမိမှား၍
တရားနောင်တ နေခြည်ပသို့
ရခဲ့သည်လည်း များခဲ့ပြီ။

ဆိုးမိမှား၍
တရားနောင်တ နေခြည်ပသို့
ရခဲ့သည်လည်းများခဲ့ပြီ။

ပြုမိမှား၍
တရားနောင်တ နေခြည်ပသို့
ရခဲ့သည်လည်းများခဲ့ပြီ။

နောင်တကင်းရာ
မြတ်ချမ်းသာကို
ငါလျှင်ဘယ်နာမ်
ရပါအံ့ဟု
မျှော်ငံ့ခိုက်တွင်
နေမင်းဝင်သည်
မှောင်တွင်းစမ်း၍
လှမ်းရသော်။

~~~~~@@@~~~~

==============
ကိုရင်လေး
၂၄.၁၂.၂၀၁၀
==============

Read more...

မျက်ရည်ကျတဲ့နေ့


ကဗျာဖွဲ့လည်း မပီ
စာချဲ့လည်း မမီတဲ့အရာ
အမေ့မေတ္တာပါ…။

တဲစုပ်မှာပဲအိပ်
ဖဲထုပ်လို မှောက်လိုက်လှန်လိုက်
လောကဓံက
ဘယ်လောက်ပဲပုတ်ပုတ်
မတုန်လှုပ်တာ
အမေပါ…။

“အသိရှားရင် ရှားပါစေ
အမေ့သားရှိရင်
ပီတိစားပြီး
အားရှိနေပါတယ်” လို့
အမေပြောခဲ့တုန်းက

ကျွန်တော်…
မျက်ရည်ကျခဲ့ဖူးပါတယ်။

မောင်ကိုရင်
၂၀၁၀ - သာသနာ့တက္ကသိုလ် (မန်း) နှစ်လည်မဂ္ဂဇင်း

Read more...

The Writings Of The Great D. D.

Born in rural Goa in 1876, Dharmanand Damodar Kosambi (not to be confused with his equally brilliant son Damodar Dharmanand) came under the spell of the Buddha’s teachings during his adolescence. As described in his long autobiographical memoir, at an early age he set off on an incredible journey of austere self-training across the length and breadth of Britain’s Indian Empire, halting to educate himself at places connected with Buddhism. His sojourns included living in Sri Lanka to master Pali, in a cave in Burma, and in some viharas of North India - begging for his food all the way - as well as in Nepal and Sikkim which he reached after arduous, sometimes barefoot, treks. During these itinerant years Dharmanand acquired such mastery of the Pali Tipitaka that he was variously appointed to teach and do research at Calcutta, Fergusson Collage, Baroda, Harvard, and Leningrad. His Bhagwan Buddha (1940) remains to this day the most widely-read account of the Buddha’s life in Marathi. Two of his other great achievements were his editions of the Visuddhimaga and of the Subhasitaratanakosa which he did together with V. V. Gokhale. My own teacher, Ven. Matiwella Sangharatana, knew D. D. quite well and I distinctly recall him saying that he was one of the few Indian Buddhists he knew ‘who could think’ which might be a bit unfair. As a thinker Dharmanand blended Buddhist ethics, Mahatma Gandhi’s philosophy of truth and non-violence, and the ideals of socialism. He exchanged letters with the Mahatma, worked for his causes, and most extraordinarily, ended his life in the traditional Jain manner by voluntary starving himself to death at Sevagram ashram in 1947. The process took 30 days. Arguably, no Indian scholar’s life has been as exemplary as Dharmanand’s, or has approximated as closely the nobility and saintliness of the Mahatma’s. Despite his mastery of several languages, Dharmanand chose to write mainly in Marathi because of his strong region-specific commitment. Consequently, very few today even in India are familiar with his copious output in Buddhist studies, and fewer still with his contribution to social and political thought. By translating and marshalling his most significant writings, Meera Kosambi, shows the manifold dimensions of Dharmanand’s personality, and the profoundly moral character of his intellectual journeys. Her Introduction also contextualizes the life, career, and achievement of modern India’s greatest scholar-savants. The book includes for the first time a translation of Kosambi’s long autobiographical essay Nivedan.
0 comments

Read more...

သောင်းပြောင်းထွေလာ သံပေါက်စာများ အပိုင်း (၄)

“ပဲခူးမြို့ ရွှေသာလျောင်းရုပ်ပွါးတော်”

အကောင်းတွေ ချက်၊ ကျောင်းကိုထွက် နှစ်သက်မြိန်စွာစားကြတယ်။

ဒီလိုသာချက်၊ ကျောင်းကန်ထွက်၊ ပျော်ပွဲစားထွက်လို့သာဆိုချင်တယ်။

ကျောင်းကို ရောက်သော်၊ လူစုံနော် ဘယ်ပုံဘယ်ဒင်းပြောကြတယ်။

လုံးစုံမကျန် ပြောပြီးပြန် သီလခံကြတယ်။

မိရိုးဖလာ ရှိလို့သာ ဘာသာတရားယူကြတယ်။

ဥပုပ်ကိုစောင့်၊ စိတ်မဖြောင့် ကြောင့်ကြောင့်ကြကြရှိလှတယ်။

ဆိတ်ငြိမ်အရပ် တရားမှတ်၊ မပြတ်နေသင့်တယ်။

ဝါတွင်းဥပုပ်၊ လွန်ကြိုးကုတ် အားထုတ်သင့်လှတယ်။

(၁၃၂၄)ခုနှစ်၊ ဝါခေါင်လဆန်းတွင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် ကသစ်ဝိုင်ဆရာတော် ဘဒ္ဒန္တ ပဒုမ
ရေးသားသီကုံးအပ်သော သောင်းပြောင်းထွေလာ သံပေါက်စာများ
0 comments

Read more...

“ကြက်သားထက်တောင် ကြိုက်သေး”

ရမည်းသင်းမြို့ပေါ်ရှိ စာသင်တိုက်တစ်ခုတွင် ဦးဝံသသည် ဆွမ်းစာကျောင်းဘုန်းကြီးအဖြစ် တာဝန်ယူခဲ့သည်မှာ သုံးလခန့်ရှိပြီးဖြစ်သည်။ ဦးဝံသသည် ဒါယကာ ဒါယကာမများအပေါ် အပြောကောင်းသလို အမြှောက်လည်းကောင်းသည်။ ထို့ကြောင့် လှူမည့်တန်းမည့်သူများ မကြာခဏ ရောက်လာတတ်သည်။ တစ်နေ့ ရပ်ကွက်အတွင်းမှ အမျိုးသမီးတစ်ယောက် ဆွမ်းချိုင့်လာပို့ရာ အပြောကောင်းသော ဦးဝံသမှာ မြင်မြင်ချင်း လှမ်းနှုတ်ဆက်လိုက်သည်။
“ဟာ ဒကာမကြီး ဆွမ်းလာပို့တာလား”
“မှန်ပါဘုရား တပည့်တော် သဒ္ဓါဆွမ်းလာပို့တာပါဘုရား”
“အင်း သာဓုဗျာ သာဓု သာဓု-- ကဲ မှန်းစမ်း ဘာဟင်းတွေတုန်း”
“မှန်ပါ ကြက်သားဟင်းပါဘုရား”
“ဟေ ဟုတ်လား ဟန်ကြတာပဲ ကျောင်းက စာချဘုန်းကြီးတွေကို ကြက်သားနဲ့ မကပ်ရတာ ကြာပေါ့ဗျာ ကြက်သားထက် ကောင်းတဲ့ဟင်း မရှိတော့ဘူး”
“မှန်ပါဘုရား”ဟု ဒါယကာမကြီးမှာ ၀မ်းသာအားရဖြင့် ဆွမ်းဟင်းများလှယ်ပြီး ပြန်ရန် ကျောင်းအောက်ထပ်လှေကားအနီးမှ ဖိနပ်ဝင်ယူနေ၏။
မကြာမီ ဒါယကာမတစ်ယောက်ဆွမ်းချိုင့်လာပို့ပြန်၏။ ထုံးစံအတိုင်း နှုတ်ဆက်ပြန်၏။
“ဟာ ဒကာမကြီးဆွမ်းချိုင့်လာပို့တာလား”
“မှန်ပါဘုရား မွေးနေ့မို့ ဆွမ်းလာပို့တာပါဘုရား”
“သာဓုဗျာ သာဓု သာဓု ကဲ မှန်းစမ်း ဘာဟင်းတွေတုန်း”
“၀က်သားဟင်းပါအရှင်ဘုရား”
“ဟေ ဟန်ကျတာပဲ စာချဘုန်းကြီးတွေကို ၀က်သားနဲ့ကပ်ရတာပေါ့၊ ကျုပ်တို့က ၀က်သားဆို ကြက်သားထက်တောင် ကြိုက်သေးတယ်၊ ကြက်သားကမှ အရိုးထွင်နေရသေး”
ဦးဝံသသည် အရင်ကြက်သားဟင်းလာလှူသော ဒါယကာမကြီးပြန်သွားပြီထင်၍ နောက်ဝက်သားဟင်း လာပို့သော ဒါယကာမကြီးကို မြှောက်ပင့်၍ ပြောဆိုနေလေ၏။
လှေကားအနီးမှ ဖိနပ်ဝင်ယူနေသော ကြက်သားလှူသော ဒါယကာမကြီး ကြားသွားရာ
“ဘုန်းကြီးတန်မဲ့ တော်ကြာတစ်မျိုး ခုတစ်မျိုးပြောတတ်တဲ့ဘုန်းကြီး၊ နောက် အရှင်ဘုရားကျောင်းကို ဘယ်တော့မှ ဆွမ်းလာမပို့တော့ဘူး”ဟု ပြောကာ စိတ်ဆိုးထွက်သွားလေတော့သည်။ထိုဦးဝံသသည်လည်း နောက်တစ်ကြိမ် ထိုဒါယိကာမကြီးကို ပြန်လည်တွေ့ဆုံခွင့် မရတော့ချေ။

မှတ်ချက် ဥယျာဉ်တိုက်(ရန်ကင်းတောင်) အနှစ်(၂၀)ပုံရိပ် မဂ္ဂဇင်းမှ ထုတ်နှုတ်ပြင်ဆင်ရေးသားတင်ပြလိုက်ရပေသည်။

Read more...

The Way to Nibbana (Part 15) - နိဗ္ဗာန်လမ်း (အပိုင်း ၁၅)

နီဝရဏ သို့မဟုတ် ပိတ်ပင်တတ်သော တရားများ

“စိတ်၏ အညစ်အကြေးတို့သည် ဤ ငါးပါးတို့တည်း။ ယင်းအညစ်အကြေးတို့ဖြင့် ညစ်ပေသော စိတ်သည် နူးလည်းမနူးညံ့၊ ပြုလုပ်ခြင်းငှာလည်း အသင့်မဖြစ်၊ အရောင်လည်းမထွက်၊ ကြွပ်ဆပ်သောသဘောလည်း ရှိ၏၊ အာသ၀တရားတို့၏ ကုန်ခြင်းငှာ ကောင်းစွာလည်း မထားနိုင်။” (သံယုတ္တနိကာယ်)

နီဝရဏ (နီဝရ် = အတားအဆီး အပိတ်အဆို့)သည် ယောဂီ၏ တိုးတက်မှုကို ဟန့်တား၏။ နတ်ရွာနိဗ္ဗာန် ခရီး၌ အဆီးအတား ဖြစ်၏။ နီဝရဏကို “ဖုံးအုပ်တတ်သော တရား၊ လွှမ်းခြုံတတ်သော တရား၊ တားဆီးချုပ်ခြယ်တတ်သော တရား” အဖြစ်ဖြင့်လည်း ရှင်းပြအပ် ရှင်းပြနိုင်၏။

အပိတ်အပင် အဆီးအတား နီဝရဏ ငါးမျိုးရှိ၏။ ၎င်းတို့မှာ ကာမဂုဏ်ကို အလိုရှိခြင်း (ကာမစ္ဆန္ဒ)၊ မနှစ်မျို့ခြင်း (ဗျာပါဒ)၊ လေးလံထိုင်းမှိုင်းခြင်း (ထိနမိဒ္ဓ)၊ ပျံ့လွင့်ခြင်း နှင့် နောင်တပူပန်ခြင်း (ဥဒ္ဓစ္စကုက္ကစ္စ)၊ မဆုံးဖြတ်နိုင်ခြင်း (၀ိစိကိစ္ဆာ)တို့ ဖြစ်၏။

၁။ ကာမစ္ဆန္ဒ ဟူသည်မှာ အဆင်း အသံ အနံ့ အရသာ အထိအတွေ့ဟူသော နှစ်သက်ဖွယ် အာရုံတို့ကို လိုချင်တပ်မက်မှု သို့မဟုတ် ငြိကပ်တွယ်တာမှု ဖြစ်၏။ သတ္တ၀ါကို သံသရာဝဋ်၌ နှောင်ဖွဲ့တတ်သော သံယောဇဉ်တရား တစ်ခု အဖြစ်လည်း ဤ နီဝရဏကို သတ်မှတ်နိုင်၏။

သာမန်ပုဂ္ဂိုလ် တစ်ယောက်အနေဖြင့် မက်မောဖွယ်ရာ အာရုံဝတ္ထုတို့၏ ဆွဲဆောင်ဖြားယောင်းမှုကို ခံရမည်မှာ သေချာ၏။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု လျော့နည်းသောကြောင့် တွယ်တာတပ်မက်မှု ဖြစ်မလာအောင် မတားမြစ်နိုင်ပေ။ ဤ နီဝရဏကို ဈာန်အင်္ဂါတစ်ခုဖြစ်သော တည်ကြည်မှု (ဧကဂ္ဂတာ)ဖြင့် ဟန့်တားနိုင်၏။ သကဒါဂါမိမဂ်ဖြင့် ခေါင်းပါးစေအပ်၏။ အနာဂါမိမဂ်ဖြင့် လုံးဝအမြစ်ပြတ်အောင် သုတ်သင် ဖယ်ရှားအပ်၏။ ရူပရာဂ၊ အရူပရာဂ (ရူပဘ၀ကို တွယ်တာမှု၊ အရူပဘ၀ကို တွယ်တာမှု)တို့ကဲ့သို့ သိမ်မွေ့သည့် တွယ်တာမှုတို့ကို အရဟတ္တဖိုလ် ဆိုက်ရောက်ခြင်းဖြင့်သာလျှင် အမြစ်ဖြတ်နိုင်၏။

ကာမစ္ဆန္ဒကို သုတ်သင်ဖယ်ရှားရန် အကြောင်းခြောက်မျိုး ရှိ၏။ ၎င်းတို့မှာ (၁) အာရုံ၏ စက်ဆုပ်ဖွယ် အခြင်းအရာကို ဆင်ခြင်သိမှတ်ခြင်း၊ (၂) အသုဘဘာဝနာကို မပြတ်စူးစိုက် ရှုမှတ်ခြင်း၊ (၃) ဣနြေ္ဒကို ထိန်းချုပ်ခြင်း၊ (၄) အစားအစာ၌ အတိုင်းအရှည်ကို သိခြင်း၊ (၅) မိတ်ဆွေကောင်းရှိခြင်း၊ (၆) အကျိုးနှင့်ယှဉ်သော တရားစကားကို ကြားနာခြင်းတို့ ဖြစ်၏။

၂။ ဗျာပါဒဟူသည်မှာ စိတ်ဆိုးမှု သို့မဟုတ် အမျက်ထွက်မှုပင် ဖြစ်၏။ နှစ်သက်ဖွယ် အာရုံကြောင့် တပ်မက်မှု ဖြစ်၏။ မနှစ်သက်ဖွယ် အာရုံကြောင့် ဒေါသ ဖြစ်၏။ ဤကား ကမ္ဘာလောက တစ်ခုလုံးကို လောင်မြှိုက်နေသည့် အကြီးမားဆုံး မီးနှစ်မျိုးပင် ဖြစ်၏။ ၎င်းတို့သည့် မောဟ၏ ထောက်ပံ့မှုကို ယူ၍ လောက၌ရှိသော ဆင်းရဲဒုက္ခ အားလုံးကို ထုတ်လုပ်ဖန်တီး၏။ စိတ်ဆိုးဒေါသကို ဈာန်အင်္ဂါတစ်မျိုးဖြစ်သော ပီတိဖြင့် ဟန့်တားနိုင်၏။ ဗျာပါဒကို သကဒါဂါမိမဂ်ဖြင့် ခေါင်းပါးစေအပ်၏။ အနာဂါမိမဂ်ဖြင့် အမြစ်ပြတ် သုတ်သင်အပ်၏။

ဗျာပါဒကို သုတ်သင်ပယ်ရှားရန် အကြောင်းခြောက်မျိုး ရှိ၏။ ၎င်းတို့မှာ (၁) အာရုံကို မေတ္တာစိတ်ဖြင့် ဆင်ခြင်သိမှတ်ခြင်း၊ (၂) ထိုမေတ္တာဘာဝနာကို မပြတ် စူးစိုက်ရှုမှတ်ခြင်း၊ (၃) ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိ၏ဟု ရှုမြင်ခြင်း၊ (၄) ထိုအမြင်ကို စောင့်ထိန်းထားခြင်း၊ (၅) မိတ်ဆွေကောင်း ရှိခြင်း၊ (၆) အကျိုးနှင့်ယှဉ်သော တရားစကားကို ကြားနာခြင်းတို့ ဖြစ်၏။

၃။ ထိနဟူသည်မှာ စိတ်၏ အမှု၌ မခံ့ခြင်း သို့မဟုတ် ပျင်းရိခြင်း ဖြစ်၏။ စေတသိတ်တို့၏ အမှု၌ မခံ့ခြင်းသည် မိဒ္ဓမည်၏။ ထိုင်းမှိုင်းသောစိတ်သည် သစ်ပင်၌ တွဲခိုနေသော လင်းနို့ကဲ့သို့ ငြိမ်သက်၏။ တုတ်ချောင်း၌ ငြိကပ်နေသော သကာခဲကဲ့သို့ ဖြစ်၏။ မပြန့်မကျဲ မာကြောတောင့်တင်းသည့် ထောပတ်စိုင်ကဲ့သို့ ဖြစ်၏။ ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းမှုကို ထိနမိဒ္ဓဟု မမှတ်ယူသင့်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိနမိဒ္ဓကို ပယ်ပြီးသည့် ရဟန္တာတို့သည် ကိုယ်ခန္ဓာ ပင်ပမ်းနွမ်းနယ်မှုကို တွေ့ကြုံ ခံစားရသေးသောကြောင့် ဖြစ်၏။ ထိနမိဒ္ဓသည် နာမ်ခန္ဓာ ငြိမ်သက်မှုကို အားပေးပြီး အားသွန်စိုက်ထုတ်မှု (၀ီရိယ)နှင့် ဆန့်ကျင်ဘက် ဖြစ်၏။ ၎င်းတို့ကို ဈာန်အင်္ဂါများ ဖြစ်ကြသော ၀ိတက်၊ ၀ိစာရတို့ဖြင့် ဟန့်တားနိုင်၏။ အရဟတ္တဖိုလ် ဆိုက်ရောက်သည်နှင့် အမြစ်ပြတ်၏။

အကြောင်းခြောက်မျိုးတို့ဖြင့် ထိနမိဒ္ဓကို သုတ်သင်နိုင်၏။ ၎င်းတို့မှာ (၁) အစာအာဟာရ၌ အတိုင်းအရှည်ရှိခြင်း၊ (၂) ခန္ဓာကိုယ် အနေအထားပြောင်းခြင်း၊ (၃) အရောင်အလင်းကို အာရုံပြုခြင်း၊ (၄) ဟင်းလင်းပြင်၌ နေခြင်း၊ (၅) မိတ်ဆွေကောင်းရှိခြင်း၊ (၆) အကျိုးနှင့်ယှဉ်သော တရားစကားကို ကြားနာခြင်းတို့ ဖြစ်၏။

၎။ ဥဒ္ဓစ္စဟူသည် စိတ်မငြိမ်သက်မှု၊ စိတ်လှုပ်ရှားမှု ဖြစ်၏။ ဥဒ္ဓစ္စသည် အကုသိုလ်စိတ် အားလုံးနှင့် ယှဉ်၏။ မကောင်းမှု တစ်ခုခုကို စိတ်လှုပ်ရှားမှု၊ စိတ်မငြိမ်သက်မှုဖြင့် ပြုလုပ်သည်မှာ ထုံးစံပင် ဖြစ်၏။ ကုက္ကုစ္စဟူသည် စိုးရိမ်ပူပန်ခြင်းပင် ဖြစ်၏။ ကျူးလွန်မိသော မကောင်းမှု၊ မပြုလိုက်မိသော ကုသိုလ်ကောင်းမှုတို့အတွက် စိုးရိမ်ပူပန် နောင်တရခြင်းပင် ဖြစ်၏။ ကျူးလွန်မိသော မကောင်းမှုကို စိုးရိမ်ပူပန်ခြင်းဖြင့် မကောင်းကျိုးမှ မလွတ်မြောက်နိုင်ပေ။ အကောင်းဆုံးသော နောင်တမှာ ထို အကုသိုလ်ကို တစ်ဖန် မပြုလိုသော ဆန္ဒသာ ဖြစ်၏။

ဥဒ္ဓစ္စ ကုက္ကစ္စ နှစ်မျိုးလုံးကို ဈာန်အင်္ဂါ တစ်ခုဖြစ်သော ပီတိဖြင့် ဟန့်တားနိုင်၏။ (၁) အသိပညာ သို့မဟုတ် လေ့လာသင်ယူမှု၊ (၂) မေးမြန်းခြင်း သို့မဟုတ် ဆွေးနွေးခြင်း၊ (၃) ၀ိနည်းသိက္ခာ ထုံးတမ်းဥပဒေသကို သိနားလည်ခြင်း၊ (၄) မထေရ်ကြီးတို့ကို ပေါင်းဖော်ဆည်းကပ်ခြင်း၊ (၅) မိတ်ဆွေကောင်း ရှိခြင်း၊ (၆) အကျိုးနှင့်ယှဉ်သော တရားစကားကို ကြားနာခြင်းဟူသော အကြောင်းခြောက်မျိုးတို့ဖြင့် ဥဒ္ဓစ္စ ကုက္ကစ္စတို့ကို သုတ်သင်နိုင်၏။

၅။ ၀ိစိကိစ္ဆာဟူသည် သံသယ သို့မဟုတ် မဆုံးဖြတ်နိုင်ခြင်း ဖြစ်၏။ ပညာဆေးဝါး ကင်းမဲ့မှုသည် ၀ိစိကိစ္ဆာ မည်၏ (၀ိ = ကင်းမဲ့သော၊ စိကိစ္ဆ = ပညာ)။ ရှုပ်ထွေးသည့် တွေးခေါ်ကြံစည်မှုကြောင့် ဖြစ်ပေါ်လာသော စိုးရိမ်မှု၊ မကျေနပ်မှုကိုလည်း ၀ိစိကိစ္ဆာဟု ဆို၏ (၀ိ = ရှာဖွေခြင်း၊ ကိစ္ဆ = စိုးရိမ်မှု၊ မကျေနပ်မှု)။

ဘုရားစသည်တို့အပေါ် သံသယရှိမှုကို ၀ိစိကိစ္ဆာနီဝရဏဟု မဆိုလိုပေ။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာဝင် မဟုတ်သူတို့သည်ပင် ၀ိစိကိစ္ဆာကို တားမြစ်ပယ်ရှားပြီး ဈာန်ရနိုင်သောကြောင့် ဖြစ်၏။ သံယောဇဉ်ထိုက်သော ၀ိစိကိစ္ဆာသည် ဘုရားစသည်တို့အပေါ် သံသယရှိခြင်း ဖြစ်၏။ ပြုမူဆောင်ရွက်နေသည့် အမှုကိစ္စ တစ်ခုခု၌ မတည်မြဲခြင်း သဘောလက္ခဏာသည် ၀ိစိကိစ္ဆာနီဝရဏ မည်၏။ အဋ္ဌကထာ အဆိုအရ တစ်စုံတစ်ရာကို အရှိအမှန်အတိုင်း မဆုံးဖြတ်နိုင်ခြင်းသည် ၀ိစိကိစ္ဆာ မည်၏။ တစ်နည်းအားဖြင့် မပြတ်သားမှု ဖြစ်၏။

ဈာန်အင်္ဂါဖြစ်သော ဆင်ခြင်သုံးသပ်မှု ၀ိတက်ဖြင့် ၀ိစိကိစ္ဆာကို ဟန့်တားနိုင်၏။ သောတာပတ္တိမဂ် ရလျှင် ၀ိစိကိစ္ဆာ အမြစ်ပြတ်၏။

အကြောင်းခြောက်မျိုးဖြင့် ၀ိစိကိစ္ဆာကို သုတ်သင်နိုင်၏။ ၎င်းတို့မှာ (၁) ဓမ္မ နှင့် ၀ိနယကို သိခြင်း၊ (၂) ဆွေးနွေးခြင်း သို့မဟုတ် မေးမြန်းခြင်း၊ (၃) ၀ိနည်းသိက္ခာ ထုံးတမ်းဥပဒေသကို သိနားလည်ခြင်း၊ (၄) လွန်ကဲသော ယုံကြည်မှု သဒ္ဓါတရား ရှိခြင်း၊ (၅) မိတ်ဆွေကောင်း ရှိခြင်း၊ (၆) အကျိုးနှင့်ယှဉ်သော တရားစကားကို ကြားနာခြင်းတို့ ဖြစ်၏။

နာဒရထေရ် The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

Read more...

ဇယမင်္ဂလာမိုးကုတ်ရိပ်သာကျောင်းတိုက် (ကလမန်တီ) လစဉ်အလှူရှင်များ(၂)

(၁) ပါရမီရှင်ကိုဇွဲလှိုင်ဘွား+ အေးမြတ်မြတ်မို:၊သား မောင်ထက်အောင်ခန့်မိသားစု $100

(၂) ကိုထွန်းလင်းစိုး+မလှကျော့ဖြူ ၊ သားမိုကျော်သာ၊သမီး မရွေစင်လွန်း $100

(၃) ကိုစိုင်းစိုးလှိုင်+မစုစုအောင်၊ သားမောင်ဝေယံအောင် $30

(၄) ကိုမင်းထွန်း+မကေသီအောင်၊ သားအောင်မင်းဟိန်း၊သမီး မေဖူးပွင့် $50

(၅)ကိုသက်ထွန်းဦး+မသက်လျှာ $၅၀

(၆) မမြမြသင်း $50

(၇) ကိုမျိုးဇော်+မဆက်ဆက်ကျော်လူ $20

(၈) မစုဝေမွန်$20 (DRINKING WATER)

(၉) ဆရာမ၀င်းမွန်မွန်လွင် $50

(၁၀) ဆရာမယုသီရိထွန်း$3ဝ

(၁၁)ကိုစိုင်းစိုးမြတ်+မမေသန္တာမိုး $50

(၁၂) ကိုလှိုင်မြတ်ကျော်+ မခိုင်မာဝင်း $15

(၁၃) ကိုသန့်ဇင်+ မခင်ချောစု $30

((၁၄) ကိုကျော်စိုးရ+မနီိလာထွန်း $30

(၁၄)ကိုကောင်းထိုက်စိုး+မသိမ့်သိမ့်သောင်း $50

(၁၅) ဦးခင်မောင်လွင်+ဒေါ်မိမိလတ်၊သားသီဟမောင်$30

(၁၆)ကိုအောင်သူရ+မသန္တာလှိုင် s$၂၅

( ၁ ၅) ဦးလှိုင်မြင့်ဆွေ+ဒေါ်မြမြအေး မိသားစု$50

(16)ဦးလေးဝင်း+ဒေါ်ကြည်ကြည်ဝင်း$10

(17) ကိုခင်မောင်+ မညိုညိုစန်း။ သား စည်သူအောင်၊ ထက်ဖုန်းလွင်၊သမီး မအေးချမ်းခင် $၂၅

(18) ကိုအောင်ဇော်မိုး+မအေးအေးထက်။သား ကောင်းကျော်ဆန်း $၂၅

(19)ဦးအောင်ဇော်နိုင်ဦး+ဒေါ်မိမိခိုင်။ သား ဇော်လင်းထူး၊ သမီး ချမ်းမြေ့ဇော် $၂၀

(20)ကိုသိန်းကျော်+မဖြူဖြူမာ။ သား ထင်လင်းကျော်၊ ထက်ထူးကျော်၊ သမီး ဟန်
နွေဦးကျော်။ $၂၀

(21)ကိုလှမင်း+မဌေးနွယ်အောင်။ သမီး ယဉ်သူမင်း။ $၂၀

(22) ကိုအောင်နိုင်ဦး $ ၁၅

(23) ကိုဇော်လွင်ဦး+Ms Y Ling & Daughter Rebecca and Veronica, son

Sun Han Zaw $၁၅

(24) ကိုဘငြိမ်း+မအိအိထွေး။ သား ပြည့်စုံငြိမ်း $ ၁၅

(25)ကိုသူရဦး+မမေမေသော်။ သား မင်းသန့်ထက် သမီး အိမ့်ကြည်ဖြူ $ ၁၅

(26) ကိုဝင်းနိုင်+မအေးသိန်း မိသားစု $ ၁၀

(27)ကိုအောင်အောင်+မစန္ဒာ သမီး ဖြူစင်သန့် $ ၁၀

(28)ကိုထင်ကျော်+မညွန့်ညွန့်မော် မိသားစု $ ၁၀

(29) ကိုငွေဇော် မိသားစု $ ၁၀

(30) ကိုဝင်းထွန်း+မစန်းအေးခိုင် မိသားစု $ ၁၀

(31) ကိုနိုင်နိုင်အောင်+မအေးအေးမော် မိသားစု $၁၀

(32) ကိုချမ်းမင်း+မမီမီအောင် မိသားစု $ ၁၀

(33)မမြမြစံ $ ၁၀

(34) ကိုကျော်ဝင်းလှိုင်+မမေမေအောင် သား အောင်ဝေယံထက်
သမီး သန္တာသဇင် $ ၁၀
(35) မင်းလွင်မြင့် မိသားစု $ ၁၀

(36) မခင်အောင်ဆင့် $ ၁၀

(37) ကိုအောင်ပန်းလတ်+မခင်စန်းဝေ သမီး ဆုသဇင်၊ ဆုလက်ဝေ $ ၁၀

(38) ကိုလှဝင်းအောင်+မရီရီဖြင့် $ ၁၀

(39) မအေးမီမီထွန်း $ ၁၀

(40) မယဉ်ယဉ်ထွေး $ ၁၀

(41) မနန်းညိုမေအောင် $ ၁၀

(42) မခင်မမ $ ၁၀

(43) ဒေါ်တင်တင်အေးနှင့် သား သမီးတစ်စု $၁၀

(44) ကိုဆန်းဝင်း+မမေသက်ဘို။ သမီး သန့်သော်တာဝင်း သွန်ရတီဝင်း $၁၀

(45) ကိုဇော်ဇော်ထွဋ်+မသီသီဝင့်ဝါကို $ ၀၅

(46) ကိုအောင်လင်း+ဒေါ်လှလှဝင်း မိသားစု $ ၀၅

(47) နေမျိုးဦး+မစုရင်ထွေး။ သား နေလင်းဦး သမီး မြတ်ကေသီဦး $ ၀၅

(48) ကိုဆန်းဝင်း+မအေးအေးမင်း သား ရဲမင်းဆန်း $ ၀၅

(49) ကိုသန့်ဇင် မိသားစု $ ၀၅

(50) ကိုအောင်ဆန်းကို မိသားစု $ ၀၅

(51) ကိုသန်းထွဋ်ဦး+မမေမေသန်းဇင် $ ၀၅

(52) ကိုတင်လှ+မ၀င်း။ သမီး မကြူကြူမာ $ ၀၅

(53) ကိုမိုးကျော်သူ+မခင်ခင်မော် $ ၀၅

(54) ကိုထွန်းမြင့်ခိုင် မိသားစု $ ၀၅

(55) မမျိုးသန္တာခင် $ ၀၅

(56) ကိုဟိန်းလက်ဝင်း မိသားစု $ ၀၅

(57) ကိုထွန်းထွန်းဦး $ ၀၅

(58) ကိုဇော်ဝင်းနိုင် မိသားစု $ ၀၅

(59) မဇာဖြူဆင့် $5

(60) ကိုစိုးမြတ်+မသန်းသန်းဆွေ မိသားစု $ ၀၅

(60) ကိုစိုးမြတ်+မသန်းသန်းဆွေ မိသားစု $ ၀၅

(၆၁)ကိုသက်ထွန်းဦး+မသက်လျှာ $50

(၆၂) မအိသဉ္ဇာထွန်း $30

(၆၃) ကိုရဲမြင့်နိုင်+မအေးသီတာချို၊ကိုဝင်းမင်းသန်း+မနွယ်နွယ်ဦး

- ၊ကိုရွှေသွေး၊ ကိုလွမ်းမိုးအောင် တို့အဖွဲ့ $120


(၆၄) မစုစုလွင်၊မောင်လေး-အောင်မျိုးသူ $50

(၆၅) မမူယာစိုး+ မဖြူပြာစိုး $50

(၆၆) ကိုနေလင်း+မတိုးတိုးလွင် $50 (ဖခင်အတွက်ရည်စူးပြီး)

Read more...

စံပြ အလှူရှင်

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၄ ရက် တနင်္ဂနွေနေ့တွင် နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၌ (၁၆)ကြိမ်မြောက် စုပေါင်း ကထိန်ပွဲတော်ကို ကျင်းပခဲ့သည်။
ကထိန်ပွဲတော်၏ ပင်မ အလှူရှင်များမှာ Henry Chang နှင့် Mie Mie Wong မိသားစု ဖြစ်သည်။

ကထိန်ပွဲတော် မကျင်းပမီ လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး ဆောက်လုပ်ရန် အောက်ခြေအတွက် တူးထားသော မြေကွက်လပ်တွင် လောကချမ်းသာဆရာတော် အရှင်ဣန္ဒက အမှူးပြုသော သံဃာတော် (၉)ပါးတို့က ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ ပရိတ်ရေဖြင့် ပက်ဖျန်းခြင်းတို့ကို ဆောင်ရွက်တော်မူကြပါသည်။



















ဆရာတော် သံဃာတော်များကို နံနက် ၁၁ နာရီတွင် နေ့ဆွမ်း ဆက်ကပ်၍ ဧည့်ပရိတ်သတ်များအား ဒန်ပေါက်ထမင်း၊ အချိုမုန့်၊ ဖျော်ရည်များဖြင့် ဧည့်ခံ ကျွေးမွေးကြ၏။

မွန်းလွဲ ၁၂ နာရီခွဲတွင် ဓမ္မာရုံအတွင်း၌ နယူးဂျာစီရိပ်သာ၏ (၁၆)ကြိမ်မြောက် ကထိန်သင်္ကန်း စုပေါင်း ကပ်လှူခြင်းနှင့် ကထိန်ခင်းခြင်းတို့ကို ကျင်းပပါသည်။

ထိုနေ့က ကျင်းပသော နယူးဂျာစီရိပ်သာ၏ ကထိန်ပွဲတော် အခမ်းအနားမှာ ယခင် ကျင်းပလေ့ရှိသော အခမ်းအနား အစီအစဉ်များနှင့်မတူ တမူ ထူးခြား၏။ အခမ်းအနားအစီအစဉ်ကို နယူးဂျာစီရိပ်သာ၏ နာယကဆရာတော် အရှင်ပညာသီဟ ကိုယ်တိုင် ဆောင်ရွက်ပေး၏။

အခမ်းအနား မစတင်မီ ဆရာတော်က ကျွန်တော့အား ကထိန်လျာသင်္ကန်းများကို ဓမ္မာရုံ အဝင်ဝတွင် ခင်းကျင်းထားသော စားပွဲတစ်လုံးပေါ် တင်ထားစေ၏။ ပုံမှန်အားဖြင့် ယခင် ဝါဆို၊ ကထိန်ပွဲတော်များတွင် သင်္ကန်းအလှူရှင်များ၏ အမည်ကို ကျွန်တော်က ဖတ်ကြားပေးလျှင် အလှူရှင်ကိုယ်တိုင် ဆရာတော်များထံ ကိုယ်ထိလက်ရောက် ဆက်ကပ် လှူဒါန်းခြင်းမျိုးသာ ပြုလုပ်လေ့ရှိ၏။
ယခုမူ ကထိန်သင်္ကန်းကို ဓမ္မာရုံအတွင်းသို့ ဝင်လာသမျှ ဓမ္မမိတ်ဆွေ တစ်ဦးချင်းလက်သို့ သင်္ကန်းတစ်စုံစီ ပေးစေပါသည်။ ဆရာတော်က အလှူရှင်များအနေဖြင့် သွားစရာ လာစရာ ကိစ္စရှိ၍ အချိန်မရလျှင် ယခုပင် သင်္ကန်းဆက်ကပ်နိုင်ကြောင်း၊ သို့မဟုတ် သင်္ကန်းကို မိမိနှင့်အတူ ကိုင်ထားကြရန် မိန့်ကြားပါသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့တွင် ကထိန်သင်္ကန်းကပ်လှူခြင်းအပြင် အေဘီဘီအေအသင်း၏ အလုပ်အမှုဆောင်အဖွဲ့ လပတ်အစည်းအဝေး ပြုလုပ်ရန် အစီအစဉ်လည်း ရှိနေကြောင်း၊ အချိန်ကို ချွေတာသောအားဖြင့် အလှူရှင်များအားလုံး ကထိန်သင်္ကန်းကို တပြိုင်နက် ဆက်ကပ် လှူဒါန်းရန် စီစဉ်ရကြောင်း ဆရာတော်က ရှင်းပြသည်။

အစီအစဉ်အရ အခမ်းအနား စလျှင် ကိုဖိုးသားက ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းသား (ကလေးငယ်)များအား ဘုရားနှင့် သံဃာတော်များ ရှိရာသို့ မျက်နှာမူကာ နေရာယူစေသည်။ ထိုနောက် နမောတဿ အစချီသော ဘုရားရှိခိုးနှင့် ငါးပါးသီလကို မြန်မာ-အင်္ဂလိပ် တလှည့်စီ ရွတ်ဆို ပူဇော် ဆောက်တည်ကြသည်။

တဆက်တည်းမှာပင် နယူးဂျာစီရိပ်သာတွင် ကျင်းပခဲ့သော နိဗ္ဗာန်ဈေးရောင်းပွဲ၌ ဒေါ်မွှေးဦးစီးသော ထိုသင်တန်းသားများက ကောက်ခံပေးသည့် အလှူငွေဖြင့် အစားအစာများ ဝယ်ယူကာ မနာလပန်မြို့နယ်ရှိ Food Bank သို့ လှူဒါန်းပေးခဲ့ရာ Food Bank မှ တာဝန်ရှိသူတစ်ဦးက သင်တန်းသားများတစ်ဦးချင်းစီအား ဂုဏ်ပြုလက်မှတ် ပေးအပ်သည်။ ဂုဏ်ပြုလက်မှတ်ရပြီးသူ သင်တန်းသားက ဆရာတော်ဦးပညာအား ရှိခိုး ဦးချပြီး ဆရာတော်က ဆုပေး၏။

ထိုနောက် ကထိန်သင်္ကန်းကပ်လှူပွဲကို ဆက်လက် ကျင်းပ၏။
ပထမဦးစွာ ငါးပါးသီလခံယူရန် ကန်တော့ချိုးကို ဦးသောဘနက တိုင်ပေးပြီး ပရိတ်သတ်များက ညီညာဖျဖျ လိုက်ဆိုကြကာ ငါးပါးသီလ ခံယူ ဆောက်တည်ကြပါသည်။

ထိုနောက် ဆရာတော်များက မေတ္တသုတ်ပရိတ်တရားတော် ချီးမြှင့်ပါသည်။
ဆရာတော်ဦးပညာသီဟက ကထိန်သင်္ကန်း ကပ်လှူရခြင်းကြောင့် သံဃာတော်များ ရရှိသည့် အကျိုးတရား လေးပါး၊ ကထိန်သင်္ကန်း လှူဒါန်းသူများ ရရှိမည့် အကျိုးတရား လေးပါးတို့ကို တိုင်ပေးရာ အလှူရှင်များက လိုက်ဆိုကြပါသည်။

ထိုနောက် စေတနာရှင် ဓမ္မမိတ်ဆွေများက မိမိတို့ လက်ဝယ်၌ ရှိသော ကထိန်လျာသင်္ကန်းကို ဆရာတော်များအား ကပ်လှူကြပါသည်။

တတိယ အစီအစဉ်တွင် ဆရာတော်ဦးပညာသီဟက မိမိ၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် မဲဖောက်ပေးမည်ဟု မိန့်ကြားကာ ဦးကျော်သူမြတ်အား ငွေဖလားတွင် ထည့်ထားသည့် မဲလိပ်များကို ပရိတ်သတ်တို့အား တစ်ယောက်စီ မဲနှိုက်စေပါသည်။ ပေါက်မဲ ၁၀ မဲရှိပြီး၊ ပေါက်မဲတွင် You win! ဟု ရေးသားထား၏။ မဲပေါက်သူများ ဆရာတော်များ၏ ရှေ့သို့ သွားရောက်ကာ တန်းစီ နေရာယူစေသည်။

ထိုနောက် ဆရာတော်ဦးပညာသီဟက မုန့်ပုံးတွင် အသင့်ထည့်ထားသော စာအိတ် ၁၀ အိတ်ကို မဲပေါက်သူများအား တစ်ယောက်လျှင် တစ်အိတ်စီ ပေးစေပါသည်။ စာအိတ်များ ရပြီးသော် မဲပေါက်သူများကို ပရိတ်သတ်ဘက်သို့ မျက်နှာမူကာ ထိုင်စေပါသည်။ ထိုနောက် မဲပေါက်သူများအားလုံး တပြိုင်တည်း စာအိတ်ကို ဖွင့်ဖောက်စေသည်။

ရဟန်းပရိတ်သတ် လူပရိတ်သတ်တို့သည် မဲပေါက်သူများနှင့် ဖွင့်ဖောက်သည့် စာအိတ်တွင် ပါရှိမည့် ပစ္စည်းကို သိလိုစိတ်နှင့် စူးစိုက် ကြည့်နေကြသည်။ စာအိတ်ကို ဖွင့်လိုက်သောအခါ ဒေါ်လာတစ်ရာတန်ငွေစက္ကူများ အထပ်လိုက်ဖြစ်ကြောင်း တအံတသြ မြင်တွေ့ကြရ၏။
ဆရာတော်က ငွေစက္ကူများကို ရေတွက်စေသည်။
မဲပေါက်သူများက ရေတွက်ကြည့်ကြရာ တစ်ဦးစီ၌ ဒေါ်လာတစ်သောင်းစီ၊ ဆယ်ယောက်ပေါင်းသော် ဒေါ်လာတစ်သိန်း ရှိကြောင်း တွေ့မြင်သိကြရ၏။
ထိုအခါ ပရိတ်သတ်များအားလုံးမှာ ဟာကနဲ ဟင်ကနဲ ဖြစ်မတတ် ပါးစပ်အဟောင်းသားဖြင့် မှင်သက်နေကြကုန်၏။
မဲပေါက်သူများမှာလည်း ဒေါ်လာတစ်သောင်းသော ငွေစက္ကူများကို ကိုင်ထားရင်း ဝေခွဲမရသော မျက်နှာများဖြင့် တွေဝေနေကြ၏။

ဤတွင် ဆရာတော်ဦးပညာသီဟက မဲပေါက်သူများကို ဆရာတော်များဘက်သို့ ပြန်လည် မျက်နှာမူ နေရာယူစေသည်။

ထိုနောက် ဆရာတော်ဦးပညာသီဟက မဲပေါက်သူများကို တည်ဆောက်နေသော လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး၏ ပထမထပ် ဘုရားခန်းမဆောင်အတွက် မိမိကိုယ်စား လှူဒါန်းပေးကြရန် မိန့်ကြားပါသည်။

ဆရာတော်ဦးပညာသီဟက ထိုဘုရားခန်းမဆောင်တွင် မိမိဘွဲ့အမည်ဖြင့် လှူဒါန်းကြောင်း ကမ္ဗည်းထိုးပေးရန်၊ အကယ်၍ တစ်ဦးတစ်ယောက်က မိမိ ယခုလှူဒါန်းသည်ထက် တစ်ဒေါ်လာပိုကာ ဒေါ်လာတစ်သိန်းနှင့်တစ်ဒေါ်လာ လှူဒါန်းလာပြီး ဘုရားခန်းမဆောင်အတွက် လှူဒါန်း ကမ္ဗည်းတင်လိုက မိမိအနေဖြင့် နေရာဖယ်ပေးမည်ဖြစ်ကြောင်း ဆက်လက် မိန့်ကြား၏။

ဆရာတော်က မိမိ ယခုလှူဒါန်းသော ဝတ္ထုငွေမှာ ထီပေါက်၍လည်းကောင်း၊ အရောင်းအဝယ်စသည်ပြုပြီး အမြတ်အစွန်းရ၍လည်းကောင်း မဟုတ်ကြောင်း၊ မိမိအား ဒကာ ဒကာမများက နဝကမ္မအဖြစ် လှူသော ငွေများကို စုဆောင်း ရရှိထားခြင်းမှ လှူဒါန်းခြင်း ဖြစ်သည့်အကြောင်း၊ ထို့ကြောင့် ယခု မိမိပြုသော အလှူမှာ ဒကာ ဒကာမများက လှူသော ငွေဖြစ်၍ ဒကာ ဒကာမများ၏ အလှူဟုလည်း ဆိုနိုင်ကြောင်း ရှင်းလင်း မိန့်ကြား၏။

ဆရာတော်ဦးပညာသီဟသည် စေတီတော်နှင့် ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်တို့အတွက် လှူဒါန်းဖွယ်ရာ အမျိုးမျိုးကို အမြဲ ကြံဆကာ ဓမ္မမိတ်ဆွေများ လှူဒါန်းနိုင်စေရန် ကြိုးစားလေ့ရှိ၏။ တနည်းအားဖြင့် ဆရာတော်သည် စေတီတော်နှင့် ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီးအတွက် လိုအပ်သော ရန်ပုံငွေများ ရရှိစေရန်နှင့် ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့ ဒါနကုသိုလ် ရကြစေရန် ရည်ရွယ် လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။

ဆရာတော်ဦးပညာအနေဖြင့် ဒကာ ဒကာမများကိုသာ လှူရန် တန်းရန် တိုက်တွန်းနေခြင်း မဟုတ်ပါ။ မိမိကိုယ်တိုင်လည်း အများနှင့်မတူ တွန့်တို ပူပန်ခြင်း မရှိဘဲ ရက်ရက်ရောရော စွန့်လှူရဲကြောင်း စံပြအလှူတော်အဖြစ် သက်သေပြခဲ့၏။

တနည်းဆိုရလျှင် ငါပြောသလို လုပ်၊ ငါလုပ်သလိုလည်း လုပ် ဟု အပြောနှင့်အလုပ် ကိုက်ညီကြောင်း သာဓကပြခြင်း ဖြစ်ပေသည်။

ဆရာတော်ဦးပညာသည် စေတီတော်နှင့် ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တို့အတွက် အလှူငွေရရှိစေရန် ဖန်တီးပေးရုံသာမက ဆောက်လုပ်ရေးနှင့် အခြားသော လုပ်ငန်းများအတွက် ငွေကြေးသုံးစွဲရာတွင်လည်း စနစ်တကျ ချွေတာ၍ အလဟဿ မဖြစ်အောင် စိစစ် သုံးစွဲတတ်ပါသည်။

စေတီတော်နှင့် ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီးအတွက်သာမက အထွေထွေရန်ပုံငွေအတွက် အများက လှူဒါန်းသော အလှူငွေများကိုလည်း တတ်နိုင်သမျှ ခြိုးခြံ ချွေတာ စိစစ်၍ သုံးစွဲလေ့ ရှိပါသည်။

ဥပမာပြရသော် အေဘီဘီအေအသင်း၏ ပက္ခဒိန်ကို ဆရာတော်ဦးပညာကိုယ်တိုင် ဒီဇိုင်းဆွဲ၍ ဖန်တီးပြီး ပက္ခဒိန်မျက်နှာဖုံးကိုသာ အရည်အသွေးကောင်းလိုသောကြောင့် အပြင်တွင် အပ်၏။ အတွင်းသားများအတွက် စက္ကူဝယ်ကာ ကိုယ်တိုင် မိတ္တူကူး၊ ပက္ခဒိန်ဖြစ်အောင် ကိုယ်တိုင် ချုပ်၏။ ထိုသို့ ကိုယ်တိုင် ဆောင်ရွက်သဖြင့် ပက္ခဒိန်တစ်ခုအတွက် တစ်ဒေါ်လာခွဲခန့်သာ ကုန်ကျ၏။ အပြင်တွင် အပ်လျှင် ပက္ခဒိန်တစ်ခုအတွက် အနည်းဆုံး သုံးဒေါ်လာခန့် ကုန်ကျမည်ဖြစ်ရာ ပက္ခဒိန်တစ်ခုအတွက် တစ်ဒေါ်လာခွဲ၊ ပက္ခဒိန် ၁,၂၀၀ အတွက် ဒေါ်လာ ၁,၈၀၀ အကုန်အကျ သက်သာသွား၏။

ဆရာတော်ဦးပညာသည် ပက္ခဒိန်သာမက ဓမ္မစာအုပ်များကိုလည်း ကိုယ်တိုင် ပြုစု ရေးသား၊ ကိုယ်တိုင် ချုပ်လုပ် ထုတ်ဝေလေ့ရှိသည်ကို နယူးဂျာစီရိပ်သာသို့ ရောက်ဖူးကြသူတိုင်း သတိပြုမိကြပေလိမ့်မည်။ ဧည့်ခန်းအတွင်း စာအုပ်ဘီဒိုတစ်ခုတွင် စာအုပ်များကို ပြသထားပြီး စာအုပ်တစ်အုပ်၏ ကုန်ကျငွေကိုလည်း ဖော်ပြထား၏။ ထိုသို့ ဖော်ပြထားခြင်း၏ ရည်ရွယ်ချက်မှာ အလှူခံခြင်း မဟုတ်ဘဲ ကုန်ကျငွေကို သိသာရန် ဖြစ်ကြောင်း၊ မလိုအပ်ဘဲ ယူသူများအား သတိပေးရာရောက်ကြောင်း၊ ယူသူအနေဖြင့် တန်ရာတန်ဖိုး လှူဒါန်းလိုက လှူဒါန်းနိုင်ရန်အတွက်သာဖြစ်ကြောင်း သိရ၏။

နယူးဂျာစီရိပ်သာသည် အသစ်ထပ်မံဝယ်ယူထားသော ကပ်လျက် မြေကွက်အပါအဝင် ၇ ဧကခန့် ကျယ်ဝန်း၏။ နွေအခါ မြက်ရိတ်ခြင်း၊ ခြံစည်းရိုး သစ်ပင်များကို ရေလောင်းရခြင်း၊ ဘုရားရင်ပြင်တော်ပေါ်တွင် သန့်ရှင်းရေး ပြုလုပ်ရခြင်း စသော ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများမှာ တာဝန် မသေးလှပေ။ ပွဲတော်များရှိက ဦးစိန်မြင့်၊ ဦးကျော်သူမြတ်တို့ ရံဖန်ရံခါ လာရောက် မြတ်ရိတ်ပေးလေ့ ရှိ၏။ ကြားကာလများ၌ မြက်ရိတ်ရန် လိုအပ်လျှင် ဆရာတော်ဦးပညာကိုယ်တိုင် မြက်ရိတ်စက်ဖြင့် ရိတ်ရ၏။

နွေအခါ ရာသီအလိုက် ဘူးသီး၊ ကြက်ဟင်းခါးသီး၊ ပဲတောင့်ရှည်၊ ချဉ်ပေါင် စသည့် သီးပင် စားပင်များကိုလည်း ဆရာတော်သည် စိုက်ပျိုးလေ့ ရှိ၏။ စားသုံး၍ ရသည့် အနေအထားရောက်လျှင် ဒကာ ဒကာမများအား ပေးလှူ၏။

ဆရာတော်ဦးပညာသည် မိမိကျောင်းသို့ ရောက်လာကြသော ဘုရားဖူးဧည့်သည်၊ ရိုးရိုးဧည့်သည်များကို ဧည့်ဝတ်ကျေစွာ ဆက်ဆံလေ့ ရှိ၏။ မည်သူ့ကိုမှ မျက်နှာသာပေး ဆက်ဆံခြင်း မပြုဘဲ အားလုံးကို တပြေးညီညာ ဆက်ဆံ၏။

ဆရာတော်သည် ဝိနည်းသိက္ခာကို လေးစားသည်။ ရိုးသား တည်ကြည်မှုသည် ဆရာတော်၏ ကိုယ်ပိုင်ဟန် ဖြစ်သည်။ လိုအပ်သလောက်သာ ပြော၍ လုပ်စရာရှိသည်များကို အစီအစဉ်တကျ လုပ်ကိုင်တတ်၏။ တိကျမှုကိုလည်း အထူး လိုအား၏။ တခါတရံ အခန့်မသင့်လျှင်မူ အနည်းငယ် စိတ်တိုတတ်၏။

ဆရာတော်သည် ကျောင်းသို့ ရောက်လာသူ ဒကာ ဒကာမများကို အကုသိုလ် ပြုမိမှာ ဖြစ်မျာ အထူး စိုးရိမ်၏။ ထို့ကြောင့် အကုသိုလ်ဖြစ်စေမည့် အပြုအမူ၊ အနေအထိုင်ကို သတိထားရန် ကျောင်း၌ သတိပေး စာတန်းများ ရေးကပ်ထားတတ်၏။ အိမ်သာကိစ္စမှအစ ပစ္စည်းအထားအသို၊ အလေအလွှင့် မရှိအောင် သုံးစွဲရေး၊ သန့်ရှင်းရေးတို့အတွက် အသိပေးစာ သတိပေးစာတို့ကို ရေးကပ်ထားခြင်းမှာ ဒကာ ဒကာမများ ကောင်းကျိုးအတွက်သာ ဖြစ်၏။

နယူးဂျာစီရိပ်သာတွင် ဆရာတော်ဦးပညာနှင့် ဦးသောဘနတို့ သီတင်းသုံးပြီး ကျောင်းနှင့် ၇ ဧကကျယ်သည့် ခြံဝင်းကြီး တစ်ခုလုံး ပြုပြင် ထိန်းသိမ်းရသည့် တာဝန်များသာမက လောကချမ်းသာစေတီတော်၏ အဖက်ဖက်မှ ပြည့်စုံ၍ ပိုမို တင့်တယ်သပ္ပာယ်စေရန် ဆောင်ရွက်ရသည့် ကိစ္စရပ်များ၊ လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အင်ဂျင်နီယာ ဦးမောင်မောင်နှင့်အတူ အနီးကပ် ကြည့်ရှု ကြပ်မပေးရသော ကိစ္စရပ်များ၊ ကန်ထရိုက်များနှင့် ဆက်သွယ် ဆက်ဆံရသော ကိစ္စရပ်များဖြင့် တစ်ပါးတည်းက လေးငါးကိုယ်ခွဲ၍ လုပ်ကိုင်ပေးနေရသကဲ့သို့ဖြစ်ရာ ကိုယ်ရော စိတ်ပါ ပင်ပန်းလှသည့် လုပ်ငန်း တာဝန်များ ထမ်းဆောင်နေ၏။

အေဘီဘီအေအသင်းအနေဖြင့် ဆရာတော်ဦးပညာသီဟကဲ့သို့ ရဟန်းတစ်ပါးကို ကိုးကွယ် အားထားရခြင်းသည် လောကချမ်းသာစေတီတော်နှင့် ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး ငွားငွားစွင့်စွင့် တင့်တင့်တယ်တယ် ပေါ်ပေါက်လာစေရန် ကြီးမားသော စွမ်းအားတစ်ရပ်ကို ရရှိခြင်းဖြစ်သည်ဟု မိမိအနေဖြင့် လေးနက်စွာ ခံယူပါ၏။

ဆရာတော်ဦးပညာသည် ဝိနည်းတော်ကို လေးစား၍ အကျင့်သိက္ခာနှင့် ပြည့်စုံသော ရဟန်းတစ်ပါးဖြစ်ကြောင်း ဆိုခဲ့ပါပြီ။ ထို့အပြင် သာသနာအတွက် မဆုတ်မနစ်သော လုံ့လ ဝီရိယထားကာ လာရောက် ဆည်းကပ်ကြသော ဒကာ ဒကာမ ဓမ္မမိတ်ဆွေ သူတော်ကောင်းများအား ဒါန၊ သီလ၊ ဘာဝနာ စသော ကုသိုလ်တရားများ ကျင့်ကြံ ပွားများ အားထုတ်နိုင်ကြစေရန် ဟောကြား ပြသလျက် ရှိနေပါသည်။
ဆရာတော်ကိုယ်တိုင်လည်း နေ့စဉ် ဝတ်မပျက် ဘုရားဝတ်တက်၊ တရားရှုမှတ်ပွားများ၏။
ကောင်းသော လယ်ယာမြေတွင် ကောင်းသော မျိုးစပါးတို့ကို ကြဲချ စိုက်ပျိုးခဲ့သော် ထိုလယ်ယာမြေမှ ကောင်းမွန် သန်စွမ်းသော စပါးကောက်နှံတို့ကို ရိတ်သိမ်းရရှိနိုင်ပါမည်။
အလားတူစွာ အကျင့်သိက္ခာ သမာဓိနှင့် ပြည့်စုံသော ဘုန်းကြီး ရဟန်း သူတော်စင်တို့ကို ကိုးကွယ် ဆည်းကပ် လှူဒါန်းရခြင်းသည် သံသရာတွင် ကောင်းသော အကျိုးထူးများကို ရရှိခံစားရမည်မှာ မလွဲဧကန် ဖြစ်ပါသည်။

ဆရာတော်ဦးပညာက မိမိ အနှစ်နှစ် အလလက စုဆောင်းခဲ့သော ဝတ္ထုငွေတို့ကို ယခု ဆောက်လုပ်နေပြီဖြစ်သော လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီးအတွက် လှူဒါန်းခြင်းသည် ဒကာ ဒကာမများ နယူးဂျာစီရိပ်သာ၌ ချမ်းမြေ့ သက်သာစွာ တရားဓမ္မများ နာယူခြင်း၊ ဝိပဿနာဘာဝနာ ပွားများ အားထုတ်ခြင်းတို့ ပြုလုပ်နိုင်ရန် ရည်ရွယ် လှူဒါန်းခြင်းဖြစ်ကြောင်းလည်း မိန့်ကြား၏။

ထိုနောက် ဆရာတော်ဦးပညာက ယနေ့ ယခု ပြုကြသော ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်ချပေးပါသည်။
ဤကောင်းမှုသည် နိဗ္ဗာန်သို့ ကျေးဇူးပြုသော ကောင်းသော အထောက်အပံ့ဖြစ်ပါစေသတည်းဟု ဆုတောင်းကာ ရေစက်သွန်းချ အမျှပေးဝေပါသည်။

ကထိန်ပွဲတော်သို့ ကြွရောက်တော်မူလာကြသော ရဟန်းပရိတ်သတ်နှင့် လူပရိတ်သတ်တို့က ဆရာတော်ဦးပညာသီဟ၏ ကြီးမား မြင့်မြတ်လှသည့် ဤဒါနကုသိုလ်ကောင်းမှုအတွက် အလွန် ဝမ်းမြောက်ကြသည်။ အားကျ ကြည်နူးကြသည်။ ထိုပီတိအဟုန်ဖြင့် ပရိတ်သတ်အားလုံးက ဝမ်းမြောက်နုမော် သာဓု ခေါ်ဆိုကြပါသည်။

ဆရာတော်ဦးပညာသီဟသည် သက်ရှည် ကျန်းမာ၍ လူမျိုး ဘာသာ သာသနာ၏ အကျိုးကို ယခုထက် တိုးကာ ဆောင်ရွက်တော်မူနိုင်ပါစေဟု ဘုရားတပည့်တော် ရိုသေစွာ ဆုတောင်းလျက် ရှိခိုးဦးတိုက်လိုက်ပါသည် အရှင်သူမြတ်ဘုရား။

စောဝင်း
0 comments

Read more...

*မြောက်ဦးဆရာတော်ဘုရား- E-books*

မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ

Please click on the book to read
Please left click >> save link as to download

--
Note: If you can't read Myanmar Font, please download Zawgyi Font at http://www.mandalayalpha.com/image/ZFK-EG-WC.EXE


With Metta,

Webmaster
Dhammaransi.net


ဆရာတော်၏ ဂုဏ်ကျေးဇူးတို့အား လေးစားရိုသေစွာ ဦးထိပ်တင်လျက်
ဖိုးသား
Tags: ,

Read more...

ကထိန်အလှူ နဲ့ ဆွမ်းလောင်းပွဲ (၂၂.၁၁.၂၀၁၀)တနလာင်္နေ့

မင်္ဂလာပါရှင်။
စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း ၊သာသနာ့ဝေပုလ္လကျောင်းတိုက် ၊ ကထိန်အလှူပွဲကို နိုဝင်ဘာလ ၂၂ ရက်နေ့ (တနလာင်္နေ့) မှာကျင်းပပြုလုပ် လှူဒါန်းမှုပြုလုပ်ခဲ့ပါတယ်ရှင်။

၁၃၇၂ ခု တန်ဆောင်းမုန်းလပြည့်ကျော်(၁)ရက် ၂၂.၁၁.၂၀၁၀ တနင်္လာနေ့.....

ကထိန်အလှူအောင်ပွဲ နှင့် ဆွမ်းလောင်းလှူခြင်း(ဒေါ်နန်းသန္တာအောင်မိသားစု)

အရုဏ်-ကြက်သားကြာဇံချက်ဆွမ်း

နေ့ဆွမ်း-၀က်သား
ကုလားပဲနှပ်
သရက်ချဉ်
ပါလချောင်ကြော်တို့ဖြင့်လောင်းလှူပေးခဲ့ပါသည်။

အလှူရှင် ဒေါ်နန်းသန္တာအောင်မိသားစုမှ
သံဃာတော်များအား ဆပ်ပြာခဲ၊ဆပ်ပြာမှုန့်၊ခေါင်းရိတ်ဓါးများ လှူဒါန်းပေးခဲ့ပါသည်။

ကထိန် အလှူရှင်များဖြစ်ကြတဲ့...
(၁)ကိုကျော်သူရ (စင်္ကာပူ) သင်္ဃန်းတစ်စုံ (စင်္ကာပူဒေါ်လာ ၃၀၀)
(၂)ကိုထွန်းထွန်း (စင်္ကာပူ) မှ သင်္ဃန်း တစ်စုံ( ၅၀၀၀၀ ကျပ်)
(၃)ဒေါ်ကျင်အေး (စင်္ကာပူ) မှ သင်္ဃန်းတစ်စုံ (၂၈၀၀၀ ကျပ်)
(၄)အလှူရှင်မောင်နှမ တစ်စု (စင်္ကာပူ)မှ သင်္ဃန်းတစ်စုံ (၆၂၀၀၀ ကျပ်) တို့ကို ပါဝင်လှူဒါန်းမှုပြုခဲ့ကြပါတယ်ရှင်။

စင်္ကာပူမှ အလှူရှင်မောင်နှမတစ်စု၏အလှူငွေ ၆၂၀၀၀ ကျပ်မှာ ဒုတိယအကြိမ် ရေအေး ရေသန့်စက် အလှူငွေမှ ငွေ ၆၂၀၀၀ ကျပ် တိတိ ပိုထွက်လာသောကြောင့် မောင်နှမများအားလုံး၏ အလှူဖြစ်နိုင်စေရန် ကထိန်သင်္ဃန်းအလှူတွင် ပါဝင်လှူဒါန်းမှု ပြုခဲ့ခြင်း ဖြစ်တာကြောင့် အလှူရှင်မောင်နှမများအနေနဲ့ ၀မ်းသာစွာနဲ့ သာဓုခေါ်ဆိုနိုင်ကြပါတယ်ရှင်။

အလှူရှင်များ ပါဝင်လှူဒါန်းကြတဲ့ အလှူငွေများကို ကထိန်သင်္ဃန်းတစ်စုံစီ ကပ်လှူပူဇော်ပြီး ပိုငွေများကို ပဒေသာပင်အဖြစ်သီးပြီး ငွေပဒေသာပင်အဖြစ် လှူဒါန်းမှုပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်ရှင်။ဦးဇင်းမှ ငွေသားကထိန်အလှူငွေများကို သာသနာ့ဝေပုလ္လကျောင်းတိုက်အား အုတ်တံတိုင်းခတ်မည့် အလှူတွင် ပါဝင်လှူဒါန်းမည်ဖြစ်ပါကြောင်း ၊ကျောင်းတိုက်အား အုတ်တံတိုင်း ပေ ၅၀ ကျော်ကာရန်ရမှာ ဖြစ်ပြီး ကထိန်အလှူရှင် ဒေါ်နန်းသန္တာအောင်မှ တစ်ပေလျှင် ၁၅၀၀၀ ကျပ် ကုန်ကျမည့် အုတ်တံတိုင်းခတ်ခြင်းအလှူတွင် ပေ ၂၀ အတွက် လှူဒါန်းမှု ပြုခဲ့သလို ကထိန်အလှူရှင်များ၏ ငွေသားအလှူငွေများကိုလည်း အုတ်တံတိုင်းခတ်ရာတွင် ပါဝင်လှူဒါန်းမည်ဖြစ်ပါကြောင်း မိန့်ကြားသွားခဲ့တဲ့အတွက် အလှူရှင်များအနေနဲ့ အုတ်တံတိုင်းခတ်ခြင်းအလှူအတွက် ထပ်ဆင့် ကုသိုလ်ယူကာ သာဓုခေါ်ဆိုနိုင်ကြပါစေရှင်။

ကထိန်အောင်ပွဲအလှူ အခမ်းအနားကို နံနက် ၁၀း၀၀ နာရီတွင်
သြ၀ါဒဆရာတော်ကြီးများနှင့်ပင့်သံဃာတော်(၁၈)ပါးတို့အား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြပြီး နေ့ဆွမ်း
ကပ်လှူခဲ့ကြပါသည်။မန္တလေးမှ ဦးဘုန်း(ဓါတု)၊ဆရာမ ချောအိမာန်၊ ဆရာဇော်ခိုင်ဦး၊ ဒေါ်မမနိုင် (မြန်မာ့ရုပ်သေး)တို့မှ
အနုပညာဖြင့်ပရိတ်သတ်အားဖျော်ဖြေကြပြီး ဆရာဦးဘုန်းမှ စာပေဗဟုသုတဆိုင်ရာဟောပြောပေးပြီး
အခမ်းအနားကိုရုပ်သိမ်းလိုက်ပါသည်။
























အားလုံးပဲ ၀မ်းမြောက်စွာနဲ့ သာဓုခေါ်ဆိုနိုင်ကြပါစေရှင်။

WWKM

Read more...

Dana at MBMC

Lunch dana at MBMC - mum doing pindapata
Today, Amy and I took mum to MBMC for lunch Dana. We are fortunate to have the opportunity to give food dana to the Bhikkhus and also the samaneras as this week is the start of MBMC Samanera programme for 2010.
All of us did some offering as the Bhikkhus and Samaneras lined up for pindapata.
I met Keat Hoe, an 'old' friend from Peace House.

Sadhu! Sadhu! Sadhu!
Posted by Picasa

Read more...

*တန်ဖိုးအရှိဆုံး အချိန်*

11/24/2010 တောသားလေး , Posted in , 2 Comments


ဒီပို့စ်လေးကို ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ရေးသားသော ဘ၀ဆိုတဲ့ ကျောင်း စာအုပ်မှ ကောက်နုက်ပြီးတော့ ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။

  • “There” is no better than “here”.
ဟိုနေရာက ဒီနေရာထက် ပိုမကောင်းဘူး။ အနာဂတ်ဟာ ပစ္စုန်ပ္ပန်ထက် ပိုမကောင်းဘူး။
လူတွေမှာ အချိန်ရွှေ့တတ်တဲ့ အကျင့်ရှိတယ်။ အခု တရားအားမထုတ်သေးဘူး။ အခု အဆင်မပြေသေးဘူး။ နောက်မှ အဆင်ပြေတဲ့ အခါ အားထုတ်မယ်။ ဒကာကြီးတစ်ယောက်က ပြောတယ်- “တပည့်တော်က လုပ်ရင် အပြတ်လုပ်ချင်တာ။ ဒါကြောင့် ပင်စင်ယူပြီးမှ ရဟန်းဝတ်ပြီးတော့ တောထဲမှာ အပြတ်တရားကျင့်မယ်။ အခုတော့ လုပ်လည်း တကယ် ထိထိ ရောက်ရောက် လုပ်နိုင်မှာမဟုတ်လို့ မလုပ်သေးဘူး” သူက အဲဒီလို ပြောတယ်။ သူပြောတဲ့ အချိန်ထိအောင် နေရဖို့ သေချာသလား။
နေရရင်တောင် တကယ်လုပ်နိုင်တဲ့ အခြေအနေရှိပါ့မလား။ မပြောနိုင်ဘူး။ အခုလုပ်နိုင်သလောက် လုပ်နေတဲ့သူဟာ နောင်အခါ အခြေအနေ ပိုကောင်းရင် ပိုလုပ်မှာပဲ။ အခုမလုပ်ဘဲ အပြောကြီးနေတာဟာ မလုပ်ချင်တာကို ဖုံးတဲ့နည်းတစ်မျိုးပဲ။
ပစ္စုပ္ပန်ဟာ တန်ဖိုးအရှိဆုံးပါ။ အနာဂတ်ကို မျှော်ပြီး ပစ္စုန်ပ္ပန်ကို မဖြုန်းသင့်ဘူး။
  • A bird in the hand is worth two in the bush.
လက်ထဲမှာရှိတဲ့ ငှက်တစ်ကောင်ဟာ ချုံထဲက ငှက်နှစ်ကောင်လောက် တန်တယ်။
  • When your “there” has become a “here” you will simply obtain another “there” that will again look better than the “here”.
သင် မျှော်လင့်တဲ့ အနာဂတ်ဟာ ပစ္စုပ္ပန် ဖြစ်လာတဲ့အခါ သင့်မှာ အဲဒီပစ္စုပ္ပန်ထက် ပိုကောင်းတယ်လို့ ထင်ရတဲ့ နောက်ထပ် အနာဂတ်တစ်ခု ရဦးမှာပဲ။
မျှော်နေတာက ဆုံးမှာမဟုတ်တော့ဘူး။ လက်ရှိကို အကောင်းမထင်တတ်တာ လူ့ သဘာဝပါပဲ။ ဒါကြောင့် အချိန်ရွှေ့နေတာ၊ နေရာရွေးနေတာတွေ လုပ်မနေတော့ဘဲ အခု အချိန် အခုနေရာမှာပဲ ရသလောက် တရား အားထုတ်ပါ။ သတိနဲ့နေပါ။ ကိုယ့်စိတ်ကို သိနေပါ။
မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ မဟာသတိပဋ္ဌာနသုတ်ကို တကယ် သဘောပေါက်တဲ့သူဆိုရင် အချိန် မရွေးတော့ဘူး။ အချိန် မရွေး၊ နေရာမရွေး အားထုတ်လို့ ဖြစ်တယ်ဆိုတာ သိမယ်။ စကားပြောရင်းတောင် ရတယ်။ အလေ့အကျင့်ပဲ လိုပါတယ်။
  • ပျော်ဖို့ထက် ဘ၀ကို အဓိပ္ပာယ်ရှိရှိ နေဖို့က ပိုအရေးကြီးပါတယ်။
အဓိပ္ပာယ်ရှိရှိ နေနိုင်တဲ့သူဟာ ဘ၀ကို ကျေနပ်မှု ပိုရပါတယ်။ ကျေနပ်မှုဟာ လေးနက်တဲ့ ပျော်ရွင်မှုတစ်မျိုးပါပဲ။ ပျော်ဖို့သက်သက်ကို ဦးစားပေးတဲ့သူများမှာ လေးနက်မှုမရှိဘူး။ မကြာခင် စိတ်ဆင်းရဲမှုနဲ့ ကြုံရမယ်။ ပျော်တာကို အဓိကကျတဲ့ အလုပ်ကြီးတစ်ခုနေနဲ့ မလုပ်သင့်ဘူး။ ပျော်ဖို့ တမင်ကြိုးစား လေလေ ပျော်ဖို့ မလွယ်လေလေပါပဲ။ ပျော်ဖို့ဦးစားပေးကြတဲ့သူတွေ ဘ၀ ဇာတ်သိမ်း မကောင်းတာ တွေ့ရတယ်။ အဓိပ္ပာယ်ရှိရှိ နေချင်ရင် အမြဲတမ်း သတိနဲ့နေပါ။
သတိနဲ့ နေတဲ့သူ၊ သတိနဲ့ လုပ်တဲ့သူ၊ သတိနဲ့ ပြောတဲ့သူအတွက် အရာရာတိုင်းဟာ အဓိပ္ပာယ် ရှိပါတယ်။

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)

အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP