* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, November 9, 2010

ငြိမ်းချမ်းရေးစိတ်ဓာတ်


အပိုင်း(၁)

14th August 2009

"An eye for an eye
A tooth for a tooth."

ခပ်ပြင်းပြင်းစိတ်ရှိသူတို့က “မျက်လုံးတစ်ဖက်အတွက် မျက်လုံး” “သွားတစ်ချောင်းအတွက် သွားတစ်ချောင်း” ဟူသော လက်စားချေအယူအဆကို ခံယူကြသည်။ အချိန်၊ အခါ၊ အသက်အရွယ်၊ အခြေအနေတစ်ရပ်သည် အယူအဆတို့ကို အခါအားလျော်စွာ အပြောင်းအလဲပြု၏။ အရာအားလုံးသည် တစ်သမတ်သဘောမရှိ၊ “မတည်မြဲခြင်း” ဟူသည်သာ မှန်ကန်သောသဘောရှိသည်။

အိန္ဒိယနိုင်ငံကို လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက လွတ်လပ်ရေး၏ ဖခင်ကြီးဟု တင်စားခံရသည့် မဟတ္တမဂန္ဒီကြီးသည် "Non-violence" ဟူသည့် အကြမ်းမဖက်သည့် ငြိမ်းချမ်းရေးလမ်းစဉ် အယူအဆတစ်ရပ်ဖြင့် ဗြိတိသျှတို့ကို တော်လှန်ခဲ့သည်။ တစ်နိုင်ငံလုံး၏ ချစ်ခင်၊ လေးစား၊ ကြည်ညိုမှုတို့မှ ရရှိလာသော ဂန္ဒီကြီး၏ Personal Power သည် Constitutional Power, Authority Power, Military Power စသော အဘက်ဘက်ကပြည့်စုံသည့် Multi Power ပိုင်ရှင် ဗြိတိသျှတို့ကို တွန်းလှန်နိုင်ခဲ့သည်။ အိန္ဒိယတို့ လွတ်လပ်ရေးရခဲ့၏။ သင်ခန်းစာတစ်ရပ်မှာ Multi Power ကို Personal Power က ပြည်သူ့အား People Power အဖြစ် အောင်နိုင်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ၏ ပထမဆုံး ၀န်ကြီးချုပ်မှာ နေရူးဖြစ်လာသည်။ ဂန္ဒီကြီးသည် ၀န်ကြီးချုပ်နေရူး၏ ဆရာလည်းဖြစ်သည်။

ဗြိတိသျှတို့ကို အောင်နိုင်ခဲ့ပြီးသော်လည်း ဂန္ဒီကြီးက သူ၏အယူအဆကို မပြောင်းလဲခဲ့။ ၀န်ကြီးချုပ်ကို ပြောကြားခဲ့သော သူ့စကားမှာ မှတ်သားဖွယ်ရာကောင်းသည်။

"If an eye for an eye and a tooth for a tooth, then soon the world becomes blind and toothless."


ရင့်ကျက်သော၊ အမှန် ငြိမ်းချမ်းရေးစိတ်ဓာတ်ရှိသော၊ နိုင်ငံကောင်းကျိုးတစ်ခုတည်းကိုသာ Mission အဖြစ်ဆောင်ရွက်သော ဒဿနဖြစ်သည်။

“မျက်လုံးတစ်လုံးအတွက် မျက်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းနဲ့သာ လက်စားချေကြစတမ်းဆိုရင် ကမ္ဘာကြီးဟာ မျက်လုံးတွေကန်းပြီး သွားတွေရှိကြတော့မှာ မဟုတ်ဘူး”

မြင့်မြင့်ကြံ၊ မြင့်မြင့်ပျံ၊ ခေါင်းဆောင်လုပ်ကြမည့်သူများ မပစ်ပယ်သင့်သော အယူအဆဖြစ်သည်။


ဒေါက်တာနေဇင်လတ်

(ဆက်လက်ဖော်ပြပေးပါမည်။)

Read more...

ငြိမ်းချမ်းရေး အခွင့်အလမ်းတစ်ရပ် ပေးပါ , စစ်သို့ မသွားပါနဲ့

သည်းမခံနိုင်မှုဟာ ကြီးမားတဲ့အစိတ်အပိုင်းတစ်ရပ်သို့ ရောက်ရှိသွားတဲ့အခါ၊ စစ်မက်အတွက် အကြောင်းပြချက်များဟာ ငြိမ်းချမ်းရေးရဲ့မွန်မြတ်သန့်စင်မှုထက် ပိုမိုကြီးကျယ်လာတဲ့အခါ အဲဒီလိုအခါများမှာ စစ်ပွဲများ ပေါ်ပေါက်လာပါတယ်။ အသက်ရှင်နေထိုင်ရခြင်းရဲ့ တန်ဖိုးကို သိနားလည်မှုများ ပျက်ပြားဆုံးရှုံးသွားတဲ့အခါ ဒီအခါများမှာ စစ်ပွဲများ ဖြစ်ပေါ်လာပါတယ်။ ကမ္ဘာ့ခေါင်းဆောင်များဟာ ငြိမ်းချမ်းရေးကို သယ်ဆောင်ဖြန့်ဖြူးဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့်လဲ ဒါဟာ အဖွဲ့အစည်းများဆိုင်ရာ ကိစ္စတစ်ခုတော့ မဟုတ်ပါ။ စစ်ပွဲများကို စတင်တဲ့ လူသားသတ္တ၀ါများရဲ့ကိစ္စ ဖြစ်ပါတယ်။ စစ်ပွဲတစ်ခုဟာ ပြင်ပမှာ စတင်ခြင်းမတိုင်းမီ အတွင်းမှာ စတင်ပါတယ်။

အတွင်းကစစ်ပွဲဟာ အန္တရာယ် များလွန်းပါတယ်။ အကြောင်းကတော့ အဲဒါဟာ လုံးလုံးမငြှိမ်သက်နိုင်တဲ့ မီးတစ်ခု ဖြစ်နေလို့ပါ။ အတွင်းမှာ ငြိမ်းချမ်းရေးကို တိုက်ဆိုင်ကြုံတွေ့ရခြင်း မရှိကြတဲ့အတွက် စစ်ပွဲများစွာ တိုက်ခိုက်နေကြပါတယ်။ အကြောင်းကတော့ အဲဒါကို ဖွင့်ဟဖို့ လမ်းဖွင့် ပေးမထားလို့ပါ။

အကျွန်ုပ်တို့ဟာ တစ်စုံတစ်ခုကို ရှာဖွေနေပါတယ်။ ဒါကို အကျွန်ုပ်တို့က အောင်မြင်မှု၊ ငြိမ်းချမ်းရေး၊ ချစ်ခြင်းမေတ္တာတရား၊ ဒါမှမဟုတ် ငြိမ်သက်မှုလို့ ခေါ်နိုင်ပါတယ်။ ဒါဟာ မခြားနည်းတူအရာများ ဖြစ်ပါတယ်။ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ အလိုရှိတဲ့အရာများကို ကောင်းစွာမသိရှိကြတဲ့အခါ အကျွန်ုပ်တို့ရှာဖွေနေတဲ့အရာများမှာ အမည်နာမ များစွာ ရှိလာပါတော့တယ်။

အကျွန်ုပ်တို့ လိုအပ်တဲ့အရာကို ရှာဖွေဖို့ အကျွန်ုပ်တို့ဝန်းကျင်ကို ကြည့်ရပါမယ်။ အကျွန်ုပ်တို့ ရှာဖွေနေတဲ့အရာဟာ ဘယ်နေရာမှာ ရှာဖွေရမယ်ဆိုတာ သိရှိဖို့ ပထမဆုံးအနေနဲ့ အကျွန်ုပ်တို့ဟာ အဲဒါတွေ့ရှိနိုင်တဲ့နေရာကို ကိုယ်တိုင် စုံစမ်းဖို့ လိုအပ်ပါတယ်။ အတွင်းကို ရှု့ကြည့်ဖို့ အကျွန်ုပ်တို့ စဉ်းစားပြီးပြီလား?

အသက်ရှင်နေထိုင်ခြင်းဟာ လွယ်ကူတဲ့ လုပ်ငန်းတာဝန်တစ်ရပ်တော့ မဟုတ်ပါ။ အထူးသဖြင့် အဲဒါနဲ့ပတ်သက်လို့ အကောင်းဆုံးကို လိုချင်တယ်ဆိုယင်ပါ။ အကျွန်ုပ်တို့ဟာ အဲဒီအရာကို တူးဖော်ကြည့်ရပါမယ်။ တူးဖော်ကြည့်ခြင်းဟာ တကယ်တော့ ခက်ခဲပါတယ်။ အကျွန်ုပ်တို့ လိုအပ်တဲ့အရာများကို ထုတ်ယူပြီး ကျန်ရှိတဲ့ မလိုအပ်တာတွေကို ချန်ထားရပါမယ်။ ငြိမ်းချမ်းရေးအတွက် တူးဖော်ကြည့်ချင်တယ်ဆိုယင် အကျွန်ုပ်တို့ဟာ တန်ဖို့ရှိတဲ့အရာများကို ရှာဖွေရယူပြီး တန်ဖိုးမဲ့ အရာများကိုတော့ စွန့်ပစ်ခဲ့ရပါမယ်။ အကျွန်ုပ်တို့ ရှာဖွေနေတဲ့အရာများဟာ အကျွန်ုပ်တို့ရဲ့ပြင်ပမှာ မဟုတ်ဘဲ အကျွန်ုပ်တို့ရဲ့ အတွင်းမှာ ဖြစ်ပါတယ်။ ဒါဟာ အမြဲတမ်းရှိခဲ့ပြီး ဖြစ်သလို့ နောင်မှာလဲ တစ်လျှောက်လုံး ရှိနေဆဲ ဖြစ်မှာပါ။

တင့်တိမ်ရောင့်ရဲကျေနပ်မှုဟာ ကောင်းတယ်ဆိုပေမယ့် ဒါဟာ ရုတ်တရက်ဖြစ်လာတာ တစ်ခု မဟုတ်သလို ငြိမ်းချမ်းရေးက ကောင်းတယ်ဆိုရာမှာလည်း မတော်တဆ တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်ပါ။ ငြိမ်းချမ်းရေးဟာ ဤနေရာမှာပင် ရှိနှင့်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ လူသားသတ္တ၀ါအားလုံးရဲ့နှလုံးသားမှာ တည်မှီနေတဲ့အရာပါ။ ငြိမ်းချမ်းရေးဟာ သုံးဆောင်ခံစားရမယ့်အရာ ဖြစ်ပါတယ်။ အကျွန်ုပ်တို့မှာရှိတဲ့ မယုံကြည်နိုင်လောက်အောင် တကယ်ထူးခြားတဲ့ပါဝါများစွာထဲက တစ်ခုကတော့ အကျွန်ုပ်တို့ ခံစားသုံးဆောင်နိုင်တဲ့အရာပဲ ဖြစ်ပါတယ်။ အဲဒီခံစားသုံးဆောင်မယ့်ပါဝါရဲ့ရှေ့က ငြိမ်းချမ်းရေးကို နေရာတကျထားတဲ့အခါ အကျွန်ုပ်တို့ဟာ ငြိမ်းချမ်းရေးကို သုံးဆောင်ခံစားရပါတယ်။ ကျေးဇူးတရား၊ ချစ်ခြင်းမေတ္တာ၊ စာနာနားလည်မှုများ ဖြည့်ဆည်းပေးဖို့ အကျွန်ုပ်တို့ဟာ ဒီနေရာမှာပဲ ရှိပါတယ်။ အကျွန်ုပ်တို့ဟာ အလွန်မှောင်မိုက်နေတဲ့ညမှာတောင် အရမ်းထွန်းလင်းတောက်ပတဲ့ မီးအိမ်ကို အတွင်းသို့ ကိုင်ဆောင်သယ်ယူလာပါတယ်။ အဲဒါဟာ အကျွန်ုပ်တို့ရဲ့ကမ္ဘာကို အလင်းရောင်နဲ့ ပြည့်အောင်ဖြည့်ပေးနိုင်ပါတယ်။

အဲဒီအလင်းရောင်ကို တွေ့ရှိဖို့ စောင့်မျော်နေပါတယ်။ ငြိမ်းချမ်းရေးဟာ ကွဲပြားခြားနားအောင် မလုပ်ပါ။ အကျွန်ုပ်တို့ ချမ်းသာသည်ဖြစ်စေ၊ အကျွန်ုပ်တို့ ဆင်းရဲတယ် ဆိုပါစေ၊ ဒါမှမဟုတ် အကျွန်ုပ်တို့ဟာ ဘယ်ဘာသာတရားကိုတော့ ပိုင်ဆိုင်နေသည်ဆိုပါဦး အဲဒီငြိမ်းချမ်းရေးက အရေးစိုက်လိမ့်မယ် မဟုတ်ပါ။ အကျွန်ုပ်တို့နေထိုင်တဲ့ ဘယ်တိုင်းပြည်ကိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးက ဂရုမစိုက်ပါဘူး။ ဆုံဆည်းရဖို့ ငြိမ်းချမ်းရေးက စောင့်မျော်နေပါတယ်။ စောင့်ကြည့်နေပါတယ်။ အကျွန်ုပ်တို့ဘ၀များကို ခွဲခြားကန့်သတ်တဲ့ အကြောင်းကိစ္စ အားလုံးက နောက်တစ်ကြိမ် ဒါမှမဟုတ် ထပ်ကာထပ်ကာ တစ်ခုလုံးကို ခံစားသုံးဆောင်ရဖို့ စောင့်မျော်နေခြင်းကို သီးသန့်ခွဲခြားမပစ်ပါ။ နှလုံးသားမှာ ဒွန်တွဲမနေတော့တဲ့အခါ၊ အတွင်းမှာ ရုန်းကန်လှုပ်ရှားခြင်းကို ဖြေရှင်းပြီးတဲ့အခါ အဲဒီအခါများမှာ ငြိမ်းချမ်းရေးဟာ ဖြစ်လာပါတယ်။

ငြိမ်းချမ်းရေးဟာ နှလုံးသားသို့ ရောက်ရှိလာတဲ့အခါ ကြည်လင်အေးချမ်းမှုက တစ်ပါတည်း လိုက်ပါလာပါတယ်။ ချစ်ခြင်းမေတ္တာဟာ အတွင်းမှာ ပြည့်လျှံလာပြီး အထိန်းအကွပ်မဲ့ ၀င်ရောက်လာပါတော့တယ်။ ကြည်နူးအားရစရာများကို ချုပ်တည်းဆုပ်ကိုင် မထားနိုင်တော့ပါ။ ဒါဟာ သဘာဝကျပြီး တရားနည်းလမ်းတကျ ဖြစ်တဲ့အတွက်ကြောင့် ပေါက်ကွဲပြည့်လျှမ်းလာခြင်းပဲ ဖြစ်ပါတယ်။ ဒါသည်ပင် ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေးကို ခံစားဖို့ လိုအပ်ပါတယ်။ ချစ်ခြင်းမေတ္တာတရားကို ခံစားမိဖို့ လိုအပ်ပါတယ်။ အမှန်သစ္စာကို ရယူသုံးဆောင်ဖို့ လိုအပ်ပါတယ်။ အကျွ်နုပ်တို့ဟာ အသက်ရှင်နေထိုင်သမျှ ကာလပတ်လုံး အကောင်းများကို ခံစားသုံးဆောင်ဖို့ ပျော်ရွှင်ကြည်နူးမှုများကို သတိပြုခံစားမိဖို့ လွမ်းဆွတ်တမ်းတမှုများက အစဉ်ထာဝရ ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါတွေ ရှိနေသမျှ ဘ၀တစ်လျှောက်လုံး အဲဒီအရာတွေကို ရှာဖွေဖော်ထုတ်ဖို့ မြေတောင်မြှောက်ပေးဖို့ကလည်း လိုအပ်ချက်တစ်ခုအဖြစ် ရှိနေဦးမှာပါ။

ဘ၀ဟာ ခရီးတစ်ခုပါ။ အကျွန်ုပ်တို့ဟာ ဘ၀လို့ခေါ်တဲ့ ရထားတစ်စီးထဲက ခရီးသွားများ ဖြစ်ပါတယ်။ အကျွန်ုပ်တို့ဟာ “ယခု” လို့ ခေါ်တဲ့ အခိုက်အတံ့တစ်ခုအတွင်းမှာ အသက်ရှင်နေထိုင်ကြရပါတယ်။ ဘ၀ခရီးဟာ သွားမည့်နေရာ ခရီးပန်းတိုင်မပါဘဲ အလွန်ကိုပဲ လှပသာယာပါတယ်။ ဒီဘ၀ခရီးနဲ့ပတ်သက်လို့ အကျွန်ုပ်တို့ကို သံလိုက်အိမ်မြှောင်တစ်ခုကို ပေးအပ်ပြီးပါပြီ။ အဲဒီသံလိုက်အိမ်မြှောင်ဟာ ဖြည့်ဆည်းပေးရမယ့် ကျေပွန်အောင် ဆောင်ရွက်ပေးရမယ့် ပြင်းပြတဲ့အာသာဆန္ဒ, ဆာလောင်မွတ်သိပ်မှုဆိုတာပဲ ဖြစ်ပါတယ်။ အကျွန်ုပ်တို့ရဲ့ ဆာလောင်မွတ်သိပ်မှု အာသာဆန္ဒကို ငြှိမ်းသတ်ပြေပျောက်စေဖို့ လမ်းစရှာဖွေရန် စတင်တဲ့ နေမှာပဲ ဘ၀ရဲ့ စစ်မှန်တဲ့ခရီးကို အကျွန်ုပ်တို့ စတင်နေတာ ဖြစ်ပါတယ်။ ဒီစူးစမ်းရှာဖွေမှုဟာ အထက်တန်းကျ အလွန် မြင့်မြတ်တဲ့အရာတစ်ခုပါ။

ရာစုနှစ်များစွာအတွက် လှုံ့ဆော်မှုအသံတစ်ခုကို အော်ပြောပြီးပါပြီ။ အဲဒါကတော့ “ သင် ရှာဖွေနေတဲ့အရာဟာ သင့်ရဲ့ အတွင်းမှာပါ။ သင့်ရဲ့ အမှန်သစ္စာဟာ သင့်ရဲ့အတွင်းမှာပါ။ သင့်ရဲ့ ငြိမ်းချမ်းရေးဟာ သင့်ရဲ့ အတွင်းမှာပါ။ သင့်ရဲ့ပျော်ရွှင်မှုဟာ သင့်ရဲ့အတွင်းမှာပါ” လို့ ဆိုတာပဲ ဖြစ်ပါတယ်။ အကျွန်ုပ်တို့ရဲ့နှလုံးသားထဲမှ ငြိမ်းချမ်းရေးက ကြီးထွားစည်ပင်ဖို့ ပွင့်ဖူးဝေဆာဖို့ သဲကန္တာရအတွင်းမှာ စောင့်မျော်နေတဲ့ မျိုးစေ့တစ်စေ့ကဲ့သို့ ဖြစ်ပါတယ်။ အကျွန်ုပ်တို့ဟာ အတွင်းပိုင်းမှာ ဖူးပွင့်ဝေဆာဖို့ ဒီမျိုးစေ့ကို လမ်းဖွင့်ပေးလိုက်တဲ့အခါ ငြိမ်းချမ်းရေးဟာ အပြင်ပန်း အပေါ်မှာ ဖြစ်ပေါ်ဖို့ အလားအလာ ရှိသွားပါတော့တယ်။ အကျွန်ုပ်တို့ဟာ ငြိမ်းချမ်းရေး အခွင့်အလမ်းတစ်ရပ် ပေးရပါ့မယ်။ အကျွန်ုပ်တို့ဟာ ငြိမ်းချမ်းရေး အခွင့်အလမ်းတစ်ရပ် ပေးမှာပါလား?

Prem Rawat
(၇-၁၁-၂၀၁၀)

Read more...

Heads Coming into Head - ဦးခေါင်းထဲဝင်လာသည့်ဦးခေါင်းများ


"သူက ခေါင်းမာတယ်။ ခေါင်းကောင်းတယ်။ သူ့နိုင်ငံ တိုးတက်တာပေါ့။" စင်္ကာပူခေါင်းဆောင် Lee Kuan Yewကို မိတ်ဆွေတစ်ယောက်က အကဲဖြတ် မှတ်ချက်ပေးပါတယ်။ မနေ့တစ်နေ့ကပါ။ စင်္ကာပူခေါင်ဆောင်ကြီးအကြောင်း အပွန်းတတီး မရှိလှပေမယ့် မိတ်ဆွေရဲ့ စကားနဲ့ ဆက်စပ်ပြီး ခေါင်းတွေအကြောင်း စဉ်းစားမိပါတယ်။ စတုကင်္ဂုတ္တရပါဠိတော်ထဲကလို စက်လှည့်ကြည့်မိတာပါ။

၁။ တစ်ချို့ခေါင်းက မာလည်းမာတယ် ကောင်းလည်းကောင်းတယ်။
၂။ တစ်ချို့ခေါင်းက မာတော့မမာဘူး ဒါပေမယ့် ကောင်းတယ်။
၃။ တစ်ချို့ခေါင်းက မာလည်းမမာဘူး ကောင်းလည်း မကောင်းဘူး။
၎။ တစ်ချို့ခေါင်းက ကောင်းတော့မကောင်းဘူး ဒါပေမယ့် မာတယ်။

ဒီ ခေါင်းလေးမျိုးနဲ့ လူလေးမျိုးဟာ သာမန်အခြေအနေမှာ ရှိနေတာဆိုရင် သူတို့ရဲ့ ဖြစ်တည်မှုက လောကအပေါ် သက်ရောက်အား မပြင်းထန်လှပါဘူး။ သူတို့ ခေါင်းဆောင်နေရာ ရောက်သွားရင်တော့ သူတို့ခေါင်းဆောင်တဲ့ အ၀န်းအ၀ိုင်းပေါ်မှာ ကောင်းတဲ့ သက်ရောက်မှုတွေ၊ မကောင်းသော သက်ရောက်မှုတွေ ပြင်းပြင်းထန်ထန် ကျရောက်ပါတယ်။

မာပြီးကောင်းတဲ့ ခေါင်းတစ်လုံးကြောင့် စင်္ကာပူနိုင်ငံ တိုးတက်တာဖြစ်တယ်လို့ မိတ်ဆွေက မှတ်ချက်ချခဲ့ပါတယ်။ အဲ့ဒီမိတ်ဆွေ မွှေးပေးခဲ့တဲ့ အတွေးမီးက မငြိမ်းနိုင်သေးပါ။ မမာဘဲ ကောင်းတဲ့ ခေါင်းတွေ၊ မာလည်းမမာ ကောင်းလည်းမကောင်းတဲ့ ခေါင်းတွေ၊ မကောင်းဘဲ မာတဲ့ ခေါင်းတွေ။ ခေါင်းမျိုးစုံက တစ်အိမ်တစ်မိသားစု အဆင့်ကနေ တစ်ကျွန်းတစ်နိုင်ငံ တစ်ကမ္ဘာအဆင့်အထိ ကမ္ဘာကြီးထဲမှာ ခေါင်းဆောင်တွေ ဖြစ်နေကြပါတယ်။ ဘယ်လိုဘယ်လို ခေါင်းတွေက ဘယ်လိုမိသားစု ဘယ်လိုနိုင်ငံတွေကို ဘယ်လိုဘယ်ပုံ ခေါင်းဆောင်နေကြပါသလဲ။ ဘယ်အ၀န်းအ၀ိုင်းပေါ်မှာ ဘယ်လို သက်ရောက်မှုတွေ ကျရောက်နေပါသလဲ။ ကိုယ်နဲ့မဆိုင်လှတဲ့ ဘာသာရပ် ကမ္ဘာ့ကြီးရဲ့ အရေးအရာ ဖြစ်နေတော့ ခွဲခြမ်းစရာ သရုပ်သကန်က ကြီးကျယ်ကြီးလွန်းနေတာမို့ ခေါင်းသေးသေးလေး ပူလာပါပြီ။ ဆက်မတွေးနိုင်တော့ပါ။

English Exercise
အင်္ဂလိပ်စာလေ့ကျင့်ခန်း

တစ်ချို့ ခေါင်းကောင်းသည်။
Some are smart.
တစ်ချို့ ခေါင်းမာသည်။
Some are stubborn.
တစ်ချို့ ခေါင်းဆောင်နေကြသည်။
Some are leading.
တစ်ချို့ ခေါင်းချင်းဆိုင်နေကြသည်။
Some are discussing.
တစ်ချို့ ခေါင်းကိုက်နေကြသည်။
Some have head-ache.
တစ်ချိ့ ခေါင်းညိတ်နေကြသည်။
Some are nodding.
တစ်ချို့ခေါင်းခါနေကြသည်။
Some are refusing.
တစ်ချို့ ခေါင်းချသွားပြီ။
Some died.

Read more...

Report: Ajahn Jayasaro II

by Cittasamvaro

Tuesday 2nd November 2010 we hosted Ajahn Jayasaro for a Dhamma talk in English at the Tavana Hotel.

In what was arguably our biggest event so far, about 230 people attended – certainly the largest crowd we have had together at one time. Many were regulars for different Little Bangkok Sangha events. But in addition there were quite a few people from the Tavana Dhamma group (they meet twice a month for talks in Thai), and also a good few Thai’s who are supporters of Ajahn Jayasaro.

What was the talk about?

We asked a number of people afterwards – one person said it was connecting right effort and the Four Noble Truths, while another said it kept coming back to meditation. One person was distracted from the beginning about the idea that we should not praise kids for academic excellence (which is ego enforcing) but rather focus on praising effort and participation. Another said he did not know what the talk was about, but it was all good.

To be fair Ajahn Jayasaro had said he would drift in and out of the title topic, so there was something for everyone there. Everyone had a very good impression, and many expressed interest in joining the trips up to Pak Cong to see him next year.

The topic was “What we Should Have Learned in School”. There was, as anticipated, some issue over the word ‘learned’. Being British I should have spelt (spelled) it with a ‘t’ – learnt. But the American way is with an ‘ed’. Figuring that the British would know you can use either, but the Americans would think ‘spelt’ incorrect, I opted for the US spelling. Funny that several Thai people said it was incorrect…

There has been some interest in the recording of the talk. There are however, lots of Ajahn Jayasaro’s talks already on the internet. If there is particular reason, or enough interest we can put the sound file up … but otherwise, Dhammatube has endless great talks by Tahn Jayasaro and other well known speakers. It does take a bit of computer work to edit the sound file, do noise reduction and then host the file somewhere. Bill Z. offered to do this if there is interest enough.

Photos of the event can be seen here .

While he is semi-retired now Ajahn Jayasaro does a few public talks a year at the Intercontinental Hotel, to huge audiences, in Thai. He also does a talk in Thai twice a month in Pak Chong, where he lives. Additionally he is fairly busy supporting a few different programs, and the Wat Pah Pong Sangha as a whole. Otherwise he stays alone at his hermitage. Anyone interested in having more contact with him are asked to attend the public talks and events.

We are very happy that Ajahn Jayasaro has shown interest in giving our Sangha in Bankgok this support – he is invited to give talks and retreats thousands of times a year by different groups, which he has to decline. He said afterwards of our efforts to do provide Dhamma in English “it’s about time someone did something like this..”

Donations forwarded on the night came to 21 700 baht. The ballroom, coffee and cake were kindly provided by the Tavana Hotel – while we do things free of charge please remember to contribute something to the hosts to show support and appreciation. We were not charged for the room (no way we could ever afford such a room) but as a group we need to try not to leave the whole burden of the costs to the hosting venue.

The next trip to Pak Chong for a Dhamma Talk with Ajahn Jayasaro is planned for mid-to-late February, and it will be announced once the date has been set.

In the meantime, there will be a Dhamma Talk with Ajahn Pasanno, who was formerly co-abbot with A. Jayasaro on Tuesday 21st December at Baan Aree. Details to be announced soon. Photos from September (so far....)

Read more...

Dana at Lunas Buddhist Hermitage

Lunch dana at Lunas Buddhist Hermitage

Today Amy and I go to Lunas Buddhist Hermitage for lunch dana. This is because BMBMC had no lunch dana as Sayadaw U Vimala was invited by MBMC for their Kathina Day celebration.

We arrived early at the hermitage and managed to listen to Dhamma talk by Sayadaw Dr U Sunanda. Sayadaw give a Dhamma talk on Mangala Sutta. In the Dhamma talk, Sayadaw explain the first 4 blessings found in the Sutta.

Read more...

မဟောသဓာအပိုင်း- ၃၂ "ဥမင်ခရီး"

ထိုအခါ မဟောသဓာသည် 'ဤမင်းကြီးကား အလွန်ပညာနည်း၏။ ပညာရှိသော ယောက်ျား၏ ဂုဏ်ထူးကို မသိတတ်၊ အနည်းငယ် စိတ်ပင်ပန်းအောင် ပြုပြီးမှ အားကိုးရာ နည်းလမ်းကို ရွက်ဆောင်မည်' ဟူ၍ ကြံစည်ပြီးလျှင်-

"အရှင်မင်းကြီး၊ တစ်ဆယ့်ရှစ်ခေါဘဏီရှိသော စစ်တပ်ကြီးဖြင့် ဤမြို့ငယ် မြို့ကျဉ်းကို ဝန်းရံထားသည့် အရေးကို အဘယ်လူသား ပညာရှိသည် လွတ်မြောက်အောင် ကြံဆောင်နိုင်ပါမည်နည်း။ ဆင်ပျံ၊ မြင်းပျံများရှိလျှင်ကား အရှင်မင်းကြီးကို လွတ်မြောက်အောင် သယ်ဆောင်နိုင်ကြပေမည်။ အကျွန်ုပ်ကား မိုးပျံ မြေလျှိုးနိုင်သော တန်ခိုးရှိသူ မဟုတ်သဖြင့် လွတ်မြောက်အောင် မကြံဆောင်နိုင်ပါ" ဟု လျှောက်တင်၏။

ထိုအခါ မင်းကြီးသည် စကားဆိုစရာ မရှိတော့သဖြင့် ငြိမ်ဆိတ်နေလေသည်။ အားကိုးရာ မမြင်တော့သဖြင့် သုခမိန် လေးယောက်ထံမှ အကြံဉာဏ်များ ရလိုရငြား မေးမြန်းစုံစမ်းကြည့်သည်။ သုခမိန် လေးယောက်တို့သည် လွတ်မြောက်ရာလမ်းကို မညွှန်းပြနိုင်ကြ။

သိန်းအမတ်က အသက်သေရမည့်အတူတူ ရန်သူ့အသတ်ကို မခံဘဲ ဤတဲနန်းမြို့ကို မီးတိုက်ပြီး အချင်းချင်း သတ်၍ သေကြလျှင် သင့်မည်" ဟု လျှောက်တင်၏။ ပက္ကုသ်အမတ်က "အဆိပ်သောက်၍ သေကြလျှင် သင့်မည်" ဟု လျှောက်တင်၏။ ကာမိန္ဒအမတ်က "ကြိုးဆွဲချ၍ သေကြလျှင် သင့်မည်" ဟု လျှောက်တင်၏။ ဒေဝိန္ဒအမတ်က "သိန်းအမတ် ပြောသကဲ့သို့ အချင်းချင်းသတ်သေကြလျှင် သင့်မည်" ဟု လျှောက်တင်၏။

သူတို့၏ စကားကို ကြားရသောအခါ မင်းကြီးသည် လွန်စွာ စိတ်မချမ်းမသာ ဖြစ်မိ၏။ "ငှက်ပျောပင်၊ လက်ပံပင်တို့မှ အနှစ်ကို ရှာ၍ မရနိုင်သကဲ့သို့ ဤဘေးဒုက္ခမှ လွတ်မြောက်ရန် နည်းလမ်းကို ဤသူတို့ထံမှ ရှာ၍ မရနိုင်ပါတကား။ ယခု ငါ၏ ကိုယ်သည် ပန်းပဲဖိုကဲ့သို့ အလွန် ပူလောင်နေချေပြီ။ ငါ၏ နှလုံးသည်လည်း နွေကာလ နေပူခိုက် လွင်တီးခေါင်၌ မီးလျှံဝိုင်းမိသော သူကဲ့သို့ ပူလောင်နေလေပြီတကား" ဟူ၍ မြည်တမ်း၏။

ဤတွင် မဟောသဓာသည် "မင်းကြီးကား လွန်စွာ စိတ်ပင်ပန်းနေရှာပြီ။ စိတ်သက်သာရာ ရအောင် ငါမလုပ်လျှင် နှလုံးကွဲ၍ နတ်ရွာစံလိမ့်မည်" ဟု တွေးပြီးလျှင်-
"အရှင်မင်းကြီး၊ ကြောက်ရွံ့တော် မမူပါနှင့်။ လနှင့်နေတို့ကို ရာဟု ဖမ်းထားရာမှ လွတ်မြောက်စေသကဲ့သို့၊ ညွံအိုင်ထဲ၌ ကျွံနစ်နေသော ဆင်ပြောင်ကြီးကို ကျွံနစ်ရာမှ လွတ်မြောက်စေသကဲ့သို့၊ ပခြုပ်ထဲမှ မြွေကို အချုပ်မှ လွတ်မြောက်စေသကဲ့သို့၊ လှောင်ချိုင့်ထဲမှ ငှက်ကို အနှောင်အဖွဲ့မှ လွတ်မြောက်စေသကဲ့သို့၊ ပိုက်ကွန်ထဲမှ ငါးတို့ကို ငြိတွယ်ရာမှ လွတ်မြောက်စေသကဲ့သို့ အကျွန်ုပ်သည် အရှင်မင်းကြီးကို ဗိုလ်ပါနှင့်တကွ ရန်သူ့ဘေးမှ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ပါက အကျွန်ုပ်၏ ပညာသည် အဘယ်မှာလျှင် အသုံးကျတော့အံ့နည်း။ အရှင်မင်းကြီး၊ ဤအရပ်သို့ အကျွန်ုပ် ကြိုတင်၍ လာခြင်းမှာ မည်သည့်အတွက် လာသည်ဟု ထင်ပါသနည်း။ ဘေးဒုက္ခမှ လွတ်မြောက်အောင် လာခြင်းသာ ဖြစ်သည်။ စိုးကြောက်တော် မမူပါနှင့်"
ထိုအခါတွင်မှ ဝိဒေဟရာဇ်မင်းကြီးသည် "ငါ့အသက် မသေရတော့ပြီး" ဟု ဆိုကာ စိတ်သက်သာရာ ရသွားသည်။ မှူးမတ် ဗိုလ်ပါအားလုံးလည်း ဝမ်းမြောက် ရွှင်လန်းသွားကြတော့သည်။

သိန်းအမတ်က မဟောသဓာအား "ကျွန်ုပ်တို့အားလုံးကို ဘေးရန်မှ လွတ်မြောက်အောင် ဆောင်ကြဉ်းမည်ဆိုသည်မှာ အဘယ်နည်းဖြင့် ဆောင်ကြဉ်းပါမည်နည်း" ဟု မေးသည်။

မဟောသဓာက "ဥမင်ခရီးဖြင့် ခေါ်ဆောင်ပါမည်။ သွားရန် ပြင်ဆင်ကြပါကုန်လော့" ဟု ပြောသည်။ တစ်ဆက်တည်းပင် လုလင်တို့အား ဥမင်တံခါးကို ဖွင့်ရန် စေခိုင်းလိုက်လေသည်။

ထို့နောက် မင်းကြီးအား "အရှင်မင်းကြီး၊ သွားရန် အချိန်တော်ပါပြီ။ ကြွတော်မူပါ" ဟု လျှောက်တင်၏။ ဥမင်ခရီးလမ်းဖြင့် သွားရမည်ဆိုသဖြင့် သိန်းအမတ်သည် ပေါင်းထုပ်ကို ချွတ်၍ ပုဆိုးကို ခါးတောင်းကျိုက်လိုက်လေသည်။

ထိုအခါ မဟောသဓာက "ဥမင်ထဲသို့ ငုံ့လျှိုးဝင်ရန် မလိုပါ။ ဆင်စီးလျက်ပင် ဝင်လိုက ဝင်နိုင်ပါသည်။ ဆရာသေနက စိတ်ကြိုက် အဝတ်တန်ဆာ ဆင်ပြီး ရှေ့ကသွားပါ" ဟု ဆို၏။

မင်းကြီးအမှူးပြုသော သုခမိန်များနှင့် မှူးမတ် ဗိုလ်ပါတို့သည် ဥမင်တွင်းသို့ ဝင်မိသောအခါ အံ့သြမဆုံး ရှိကြသည်။ အခင်းအကျင်း အပြင်အဆင်တို့မှာ လွန်စွာ ခမ်းနားလှသည်။ နတ်မြို့ကြီးပမာ ဖြစ်နေလေသည်။ မင်းကြီးသည် ဥမင်ကြီးကို ကြည့်ရှုအံ့သြနေသဖြင့် မဟောသဓာက "မင်းကြီး ကြွတော်မူပါ။ မင်းကြီး ကြွတော်မူပါ" ဟု မကြာခဏ သတိပေးနေရပေသည်။

ဝိဒေဟရာဇ်မင်းကြီး ကြွလာကြောင်းကို သိသောအခါ မယ်တော်စလာကဒေဝီ၊ မိဖုရားကြီး နန္ဒာဒေဝီ၊ သားတော် ပဉ္စာလစန္ဒာ၊ သမီးတော် ပဉ္စာလစန္ဒီတို့ကို ထိန်းသိမ်း စောင့်ရှောက်နေကြသည့် လုလင်များသည် ထိုမင်း ၄-ပါးကို ဥမင် အပြင်သို့ ထုတ်ကြသည်။ ဂင်္ဂါမြစ်ကမ်းရှိ မင်းကွန်းအပေါ်၌ တင်ထားကြသည်။

မယ်တော် တလာကဒေဝီ စသူတို့သည် ဥမင်မှ ထွက်လာသော ဝိဒေဟရာဇ်မင်းကြီးနှင့် မဟောသဓာတို့ကို မြင်သောအခါကျမှ မိမိတို့၏ ဖြစ်ရပ်မှန်ကို သိကြသည်။

"ငါတို့ကား ရန်သူ့လက်သို့ ရောက်နေကြပြီ။ ငါတို့ကို လာခေါ်သူတို့မှာ မဟောသဓာ၏ လူများ ဖြစ်လိမ့်မည်" ဟု ဆိုကြသည်။ သေဘေးကို ကြောက်လန့်သဖြင့် ဟစ်အော် ငိုကြွေးကြသည်။

ထိုအချိန်၌ စူဠနီဗြဟ္မဒတ်မင်းကြီးသည် ဂင်္ဂါမြစ်နှင် တစ်ဂါဝုတ်ဝေးသော နေရာ၌ ရောက်ရှိနေသည်။ ထို့ကြောင့် နန္ဒာဒေဝီတို့၏ ငိုကြွေးသံကို အဝေးမှ ကြားရလေသည်။ သို့ရာတွင် နန်းတော်တွင် အစောင့်များဖြင့် ထားခဲ့သည်ဖြစ်သောကြောင့် 'နန္ဒာဒေဝီတို့၏ အသံနှင့် တူပါပေသည်' ဟု မှူးမတ်တို့အား မေးလိုသော်လည်း မမေးဝံ့။ မှူးမတ်တို့ ပြက်ရယ်ပြုမည်ကို စိုးသဖြင့် နှုတ်ဆိတ်နေလိုက်လေသည်။

မင်းကွန်း၌ မဟောသဓာသည် ပဉ္စာလစန္ဒီမင်းသမီးကို မိဖုရားအဖြစ် ဘိသိက်သွန်းသည်။ ဝိဒေဟရာဇ်မင်းကြီးအား "အရှင်မင်းကြီး၊ ပဉ္စာလစန္ဒီမင်းသမီးကို မိဖုရားကြီးအရာ၌ ထား၍ ဥဒုမ္ဗရဒေဝီနည်းတူ ချစ်မြတ်နိုးစွာ မြှောက်စားတော်မူပါ။ ယောက္ခမဖြစ်သူ နန္ဒာဒေဝီ မိဖုရားကြီးကိုလည်း မယ်တော်အရာထား၍ ပြုစုတော်မူပါ။ ယောက်ဖဖြစ်သူ ပဉ္စလာစန္ဒာမင်းသားကိုလည်း ညီတော်ရင်း အရာထား၍ မြှောက်စားတော်မူပါ" ဟု လျှောက်ထားသည်။

မင်းကြီးကလည်း "ချစ်သား မဟောသဓာ၊ သင့်လျှောက်ထားသည့်အတိုင်း ကျင့်ဆောင်ပါမည်" ဟု ဝန်ခံလေ၏။

ထို့နောက် မဟောသဓာသည် ဝိဒေဟရာဇ်မင်းကြီးတို့အား ဂင်္ဂါမြစ်ကြောင်းခရီးဖြင့် မိထိလာသို့ ထွက်ခွာသွားစေသည်။ မိမိမူကား မလိုက်ပါ။ ထိုအခါ မင်းကြီးက "ချစ်သား မဟောသဓာ၊ လှေပေါ်သို့ အမြန်တက်လော့။ အဘယ်ကြောင့် ကမ်းပေါ်၌ ရပ်နေသနည်း။ မိထိလာပြည်သို့ ပြန်ကြပါစို့" ဟု ခေါ်ဆောင်၏။

(မဟောသဓာအပိုင်း- ၃၃ "စစ်သူကြီးမဟောသဓာ၏ စိတ်ထားနှင့်စွမ်းရည်" ဆက်တင်ပါမည်)

Read more...

*ရှင်ရာဟုလာကိုပေးတဲ့ သြ၀ါဒ*

11/07/2010 တောသားလေး , Posted in , 0 Comments

အပြု (ကာယကံ)

ပြုမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။
ပြုဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။
ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။
ပြုပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။
ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။

အပြော (၀စီကံ)

ပြောမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။
ပြောဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။
ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။
ပြောပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။
ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။

အတွေး (မနောကံ)

တွေးမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှားရှောင်ကြဉ်ပါ။
တွေးဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။
ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှားရှောင်ကြဉ်ပါ။
တွေးပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။
ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှားရှောင်ကြဉ်ပါ။

ချမ်းမြေ့ဆရာတော် (ဓမ္မကဗျာပဒေသာ စာအုပ်မှ)

ဓမ္မမိတ်ဆွေများအားလုံး အပြု၊ အပြော၊ အတွေးများ ရှောင်ရှားနိုင်သူများ ဖြစ်ကြပါစေ။
တောသားလေး

Read more...

With the Good (သူတော်ကောင်းနှင့်)

One should associate only with the good;
With the good one should foster intimacy.
Having learnt the true Dhamma of the good,
One becomes better, never worse.
Sabbhireva samasetha
Sabbhi kubbhetha santhavam
Satam saddhamma pannaya
Seyyo hoti na papiyo

Samyutta Nikaya - 1:15
Photo: Google search

Read more...

လူတိုင်းအတွက် ပဋ္ဌာန်း(ဥပနိဿယ)

Monday, 08 November 2010 11:56 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

ပဋ္ဌာန်းကျမ်းကြီး သို့မဟုတ် ပဋ္ဌာန်း(၂၄)ပစ္စည်းတို့နဲ့ ပတ်သက်ပြီး လူတိုင်း သိသင့်တဲ့ အခြေခံ ကလေးတွေကို လူတိုင်း နားလည်Resized_IMG_5851လောက်တဲ့ အသုံးအနှုန်း စကားလုံးသုံးပြီး လူတိုင်းနဲ့ နီးစပ် လောက်တဲ့ သာဓက ကလေးတွေနဲ့ ရေးတဲ့စာဖြစ်လို့ ဒီကြောင်း အရာများကို “လူ့ပဋ္ဌာန်း”လို့ ခေါင်းစဉ် ပေးခဲ့ ပါတယ်။

ဒီလိုပေးရတာလဲ မိမိက တမင် ထွင် လိုက်တာတော့ မဟုတ်ပါဘူး၊ ပဋ္ဌာန်းဒေသနာတော်ကို လူတိုင်းနားလည်သင့်သလောက်

စတင်ဟောကြားပေးတော်မူခဲ့တဲ့ မိုးညှင်းဆရာတော်ဘုရားကြီးရဲ့ ဟောစဉ်များထဲမှာ ..သူသူငါငါက မြင်သမျှ ကြားသမျှတွေကို {ငါမြင်တယ်၊ ငါကြားတယ်}လို့ သုံးနေကြတာတွေက အကြောင်းအကျိုး အစစ်အမှန်တွေ ကွယ်ပျောက်နေတဲ့အတွက် အဲဒါက {ငါပဋ္ဌာန်း}တွေ။

စာသင်တိုက်ကြီးတွေမှာ သံဃာတော်အရှင်မြတ်တွေ ရွတ်ဖတ်သင်ကြားနေကြတဲ့ ‘ရူပါယတနံ စက္ခုဝိညာဏဿ အာရမ္မဏ ပစ္စယေန ပစ္စယော’ စတဲ့ ပါဠိတော်ကြီးတွေကတော့ ‘စာပဋ္ဌာန်း’တွေပေါ့။ အခု တို့ဟောမဲ့ပဋ္ဌာန်းကတော့ အဘိဓမ္မာ အကြောင်း အကျိုးနဲ့ရော ကျမ်းဂန်တွေနဲ့ရောလဲ လွတ်မသွားရအောင် ရပ်သူရွာသားတိုင်းလဲ နားလည်ရအောင်ဟောတာဖြစ်လို့ ‘ရွာပဋ္ဌာန်း’ ပေါ့လို့ ဟောကြားခဲ့တာကို တွေ့ရပါတယ်။

ဆရာတော်ကြီးကတော့ ကျေးလက်မှာပဲ သီတင်းသုံးတာဆိုတော့ ရပ်သူရွာသားကို အဓိကထားပြီး ‘ရွာပဋ္ဌာန်း’လို့ အမည်ပေးခဲ့တာ၊ အခုမိမိတို့ခေတ်မှာတော့ အဘိဓမ္မာတရားတွေဟာ ရပ်သူရွာသားများသာမကတော့ဘူး မြို့ပြတွေမှာအထိ အတော့်ကို တွင်ကျယ်လာပြီဖြစ်နေလို့ ရပ်ရွာမြို့ပြအားလုံးမှာရှိကြတဲ့ လူအားလုံးအတွက်ရည်ရွယ်ပြီး ‘လူ့ပဋ္ဌာန်း’လို့ အမည်ပေးခဲ့တာပါ၊

အခုတော့ တချို့က အဲဒီ ‘လူ့ပဋ္ဌာန်း’ဆိုတာ ကိုပဲ ဘုရားရှင်ပဋ္ဌာန်းမဟုတ်တဲ့ တခြားပဋ္ဌာန်းတစ်မျိုးဆိုတဲ့ အဓိပ္ပါယ် ပေါက်သလိုလိုထင်ပြီး တယ်ဘဝင်ကျပုံမရကြဘူး၊ ဒါနဲ့ .. ရိုးရိုးလေးပဲ ‘လူတိုင်းအတွက် ပဋ္ဌာန်း’လို့ ခေါင်းစီး ပြောင်းပေးလိုက်ရပါတယ်။

အခုဆိုရင် ဥပနိဿယပစ္စည်းအကြောင်းရောက်လာပါပြီ၊ ‘ဥပနိဿယ’ဆိုတာ မြန်မာလိုတော့ ‘အားကြီးသော မှီရာအကြောင်း’လို့

တိုက်ရိုက်ပြန်ဆိုရမှာပါ။ ‘အားကြီးသော အကြောင်း’ ဆိုတာ အကျိုးတရားတွေ မလွဲမသွေဖြစ်ပေါ်လာလောက်အောင်အထိ ကြီးမားတဲ့ အစွမ်းသတ္တိရှိတဲ့ အကြောင်းတရားလို့ ဆိုလိုပါတယ်။

ပဋ္ဌာန်း(၂၄)ပစ္စည်းထဲမှာတော့ ဒီ ‘ဥပနိဿယပစ္စည်း’ဟာ အတော်ကို အရာကျယ်ဝန်းတဲ့အတွက် ‘မဟာပစ္စယ’လို့ အဋ္ဌကထာ များက ဖွင့်ပြပါတယ်၊ ‘ဧရာမ အကြောင်းတရားကြီး’လို့ ဆိုလိုတာပေါ့။ ဘယ်လောက်ထိ အရာကျယ်သလဲဆိုရင်တော့ (၂၄) ပစ္စည်းထဲကကျန်တဲ့ ပစ္စည်းတရားတွေနဲ့ အကြောင်းအကျိုးဆက်လို့ မရနိုင်တဲ့ကိစ္စတွေ၊ ဖြစ်ရပ်တွေ မှန်သမျှဟာ ‘ဥပနိဿယ’ပစ္စည်းရဲ့ အကျိုးတရားတွေဖြစ်တယ်လို့ဆိုလိုက်ရင် မှားကိုမမှားနိုင်ပါဘူး၊ မိမိတို့ စာသင်သားဘဝမှာ စာမေးပွဲတွေဖြေစဉ်ကဆိုရင် ပဋ္ဌာန်းနည်းနဲ့ပတ်သက်လို့မေးသမျှပုစ္ဆာတွေကို တခြားပစ္စည်း စဉ်းစားလို့မရရင် ‘ဥပနိဿယ’ ပစ္စည်းဆိုပြီး လုံးတုတ်လိုက်တာ မှန်နေတာပဲ။

ဥပနိဿယဆိုတဲ့ အသံကိုကြားလိုက်ရတဲ့အခါ ဗုဒ္ဓဘာသာဝင်တော်တော်များများကြားဖူးနားဝရှိနေတဲ့ သပ္ပူရိသူပနိဿယ ဆိုတဲ့ စကားလေးကိုလဲ သတိရကောင်းရကြမလားပဲ၊ သမ္ပတ္တိစက်လေးပါးထဲမှာ ပါတာလေ၊ ဟုတ်ပါတယ်၊ သပ္ပူရိသူပနိဿယ ဆိုတာ သပ္ပူရိသ နဲ့ ဥပနိဿ ကို တွဲစပ်ထားတဲ့ပုဒ်ပါ။ အမှန်ကတော့ ‘သပ္ပူရိသူပနိဿယ’ သာမကပါဘူး သမ္ပတ္တိစက်လေးပါး လုံးဟာ ဥပနိဿယပစ္စည်း တွေချည်းပါပဲ။ (လယ်တီ- ဓာတ်ကမ္မဋ္ဌာန်းကျမ်း ပေါင်းချုပ် -ဒု ၄၄၃)

သမ္ပတ္တိစက်လေးပါးဆိုတာကိုလဲ ပြန်ပြီး နှလုံးသွင်းနိုင်အောင် နည်းနည်းထည့်ပြောပါဦးမယ်၊ သိပ်ပြီး ခက်ခက်ခဲခဲကြီး မှတ်စရာတော့ မဟုတ်လှပါဘူး၊ မင်္ဂလသုတ်မှာပါတဲ့ ‘ပတိရူဒေသဝါသ’စတဲ့ မင်္ဂလာသုံးပါးတည်းကို သပ္ပူရိသူပနိဿယဆိုတာတစ်ပါး ထည့် လိုက်ရုံပါပဲ၊ အစဉ်အတိုင်းရေတွက်ရင်တော့ ..

(၁) ပုဗ္ဗေကတ ပုညတာ = ကြိုတင်ပြုဖူးသော ကောင်းမှုရှိခြင်း။

(၂) ပတိရူပဒေသဝါသ = သင့်လျှော်တဲ့ အရပ်ဒေသမှာနေရခြင်း။

(၃) သပ္ပူရိသူပနိဿယ = သူတော်ကောင်းအမှီအခိုရရှိခြင်း။

(၄) အတ္တသမ္မာပဏိဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်နိုင်ခြင်းဆိုတဲ့ လေးပါးပါပဲ။

○ ○ ○ ○ ○ ○ ○ ○ ○ ○ ○ ○ ○ ○

ရှေးကပြုဖူးတဲ့ကံတွေ အားကြီးခြင်းဟာလဲ ဥပနိဿယပစ္စည်းပါပဲ၊ နတ်ပြည်မှာနတ်တွေဟာ ဘာမှအလုပ်အကိုင်မလုပ်ရဘဲ

နေစရာ ဘုံဗိမာန်တွေလဲ အသင့်၊ စားစရာဝတ်စရာတွေဆိုလဲ ပဒေသာပင်တွေပေါက်လို့ အသင့်ယူပြီးသုံးရုံပဲ ဆိုတာမျိုးတွေ၊ (ကံဟောင်းစားလူပျင်းကြိုက်အကျိုးတွေပေါ့လေ၊ ဒါကြောင့်လဲ လူပြည်မှာသာ လူစွမ်းကောင်းအာဇာနည်ဆိုတာရှိပြီး နတ်ပြည်မှာ နတ်စွမ်းကောင်းအာဇာနည်ရယ်လို့ မရှိတာဖြစ်မှာပေါ့) ငရဲဘုံသားတွေမှာ ချမ်းသာသုခဆိုတာ ကြားခွင့်တောင်မရ နိုင်လောက် အောင် ဘက်စုံဆင်းရဲမှုတွေ ခံစားနေရတာတို့ ဆိုတာတွေဟာ ရှေးကံဟောင်းက ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုပေးတဲ့ အကျိုးတွေပဲပေါ့၊ ဒါကို ကမ္မဥပနိဿယ (ကမ္မ+ဥပနိဿယ)လို့ ခေါ်ပါတယ်။

နေရာကောင်းတဲ့အတွက် အလုပ်အကိုင် အစစအဆင်ပြေနေတယ်ဆိုတွေဟာလဲ ဥပနိဿယပစ္စည်းတွေပါပဲ၊ နေရာကောင်းဆိုလို့ ကိုလိုနီခေတ်က မြန်မာပြည်မှာ တာဝန်ထမ်းဆောင်သွားဖူးတဲ့ အင်္ဂလိပ်အရာရှိတစ်ဦးက မြန်မာပြည်နဲ့ မြန်မာလူမျိုးတို့အပေါ် ချီးမွမ်းကန်ကျောက် လုပ်ထားတဲ့ မှတ်တမ်းတစ်ခုအကြောင်းလဲ ကြားရဖူးတယ်။ သူ့မှတ်ချက်က ကျေးဇူးတင်ချင်စရာလို့ ဆိုရမလား၊

ဆဲချင်စရာလို့ ဆိုရမလားတော့မသိဘူး၊ သူမှတ်ချက်ပြုပုံကတော့ ...

မြန်မာပြည်ရဲ့ မြေဆီဩဇာဟာ ဘယ်လောက်ကောင်းသလဲဆိုရင် မြန်မာတောင်သူလယ်သမားတွေဟာ ခေတ်မီစက်ယန္တရား

ဆိုတာ လုံးဝမပါဘဲ မိရိုးဖလာသစ်တုံးကို တုတ်ပြားလေးတွေတပ်ထားတဲ့ ထွန်တုံးဆိုတာကို နွားနဲ့ရုန်းခိုင်းပြီး ဟိုခြစ်ဒီဆွဲလုပ်တဲ့

စိုက်ပျိုးရေးနဲ့ပဲ စားနိုင်သောက်နိုင်ဖြစ်နေကြတာ၊ ယားတတ်တဲ့လူကိုလက်နဲ့ အသာအယာကလိထိုးလိုက်ရုံနဲ့ ရယ်မော လာသလိုပဲ၊ မြန်မာမြေကြီးကလဲ အဲသလို တုတ်ချောင်းကလေးတွေနဲ့ထိုးခြစ် စိုက်ပျိုးလိုက်တာနဲ့ပဲ အသီးအပွင့်တွေကို တခစ်ခစ်ရယ်မောပြီး ဖောဖောသီသီ သီးပွင့်ပေး နေတော့တာ။

သူတို့မြေနဲ့ သူတို့တတွေ လုပ်ကိုင်စားသောက်နေပုံကိုကြည့်ပြီး သူတို့ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကျောင်းတွေက ဆွမ်းတော်တင်တဲ့

ပလ္လင်နားမှာ နေထိုင်စားသောက်နေတဲ့ ခွေးကြီးတွေကို သတိရစရာပဲ၊ အဲဒီခွေးကြီးတွေဟာ တခြားခွေးတွေလို ပင်ပင်ပန်းပန်း တောလိုက် ပြေးလွှား ဘာမှကြိုးစားစရာမလိုဘူး၊ ဘုရားကျောင်းနား တခြားတိရစ္ဆာန်ကပ်လာတဲ့အခါ ချောက်သလိုလှန့်သလို ဟောင်သံကလေးပေးလိုက်၊ ပြီးရင် ဇိမ်နဲ့ပြန်မှိန်းနေလိုက်၊ စားချိန်တန်တော့ ဆွမ်းတော်ကျ အကောင်းစားတွေစားလိုက်နဲ့ ဇိမ်ကိုကျလို့။

အဲဒီလိုပဲ မြန်မာပြည်စိုက်ပျိုးရေးသမားတွေဟာလဲ တခြားနိုင်ငံသားတွေလို အပင်ပန်းခံကြိုးစားစရာမလိုဘဲနဲ့ကို စားဝတ်နေရေးက ပြေလည်နေတာ တဲ့။ သူပေးတဲ့ ဥပမာကြီးက ကြမ်းလွန်း ရိုင်းလွန်းသလိုလိုဖြစ်နေတော့ သူ့စာကချီးမွမ်းတာလား၊ ကန်ကျောက်တာလားဆိုတာ ခွဲခြားရ ခက်နေတဲ့အတွက် မိတ်ဆွေလား ရန်သူလားဆိုတာလဲ ခွဲခြားရခက်ကောင်း ခက်နေမှာပေါ့နော ‘ဟုတ်တာဆို နာလိုခံခက်’ ဆိုတာမျိုးကြီးများ ဖြစ်နေကြမလားပဲ။

ဒါပေမယ့် ‘ချွတ်ယွင်းချက်များကို ထောက်ပြသူဟာ မြှောက်ချသူထက် မိတ်ဆွေကောင်းပီသတယ်’ဆိုတဲ့ ခံယူချက်မြင့်မြတ် သူတို့အနေနဲ့ကြည့်မယ်ဆိုရင် ‘ မြန်မာမြေဟာ ပထမတန်းစား ပတိရူပဒေသကြီးဖြစ်လို့ စီမံခန့်ခွဲမှုတွေ အသိပညာနဲ့ ဇွဲလုလ္လတွေသာ ကမ္ဘာ့အဆင့်မှီအောင် ကြိုးစားလိုက်မယ်ဆိုရင် မြန်မာဟာ ကမ္ဘာကိုလွှမ်းမိုးနိုင်လောက်တယ်’ လို့ ထောက်ပြလိုက်သလို ဖြစ်တဲ့အတွက် အပျင်းကြီးအလွယ်လိုက်ရင်း အသိÓဏ်ငိုက်မျဉ်းနေသူများကို လှုပ်နိုးပြီးလိုအပ်ချက် တွေကို မီးမောင်းထိုးပြလိုက်တာဖြစ်တဲ့အတွက် မိတ်ဆွေကောင်းတစ်ယောက်လို့ မှတ်ချက်ချနိုင်လိမ့်မယ်ထင်ပါတယ်။ ဒါကတော့ ကောင်းမှုçဆိုးမှု၊ ကောင်းကျိုးçဆိုးပြစ်တွေမှာ နေရာတစ်ခုရဲ့ အားကြီးတဲ့အကြောင်းတရားဖြစ်ပုံ ဒေသူပနိဿယ(ဒေသ+ဥပနိဿယ)ပါ။

သပ္ပူရိသူပနိဿယ ဆိုတာကတော့ သမ္ပတ္တိစက်လေးမျိုးထဲမှာ အရေးအကြီးဆုံးလို့ဆိုရင် မှားမယ်မထင်ပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ သံယုတ္တနိကာယ်၊ ကလျာဏမိတ္တသုတ်မှာ အရှင်အာနန္ဒက မြတ်စွာဘုရားကို ] လောကမှာ .. အမျိုးကောင်း

သားသမီးတွေ ကောင်းကျိုးချမ်း သာအဖြာဖြာနဲ့ ပြည့်စုံဖို့အရေးမှာ မိတ်ကောင်းဆွေကောင်း (အပေါင်းအသင်း ဆရာသမား) တို့ဟာ

ထက်ဝက် (၅၀) ရာနှုန်းလောက်အရေး ကြီးတယ်လို့ ထင်ပါတယ်ဘုရား} ဆိုပြီး လျှောက်ထားတဲ့အခါ မြတ်စွာဘုရားရှင်က ..

“ အာနန္ဒာ ... ဒီလိုမပြောနဲ့ .. အာနန္ဒာ ... ဒီလိုမပြောနဲ့” လို့ နှစ်ခွန်းဆင့် တားမြစ်ပြီးတော့မှ ]လောကမှာ ကောင်းကျိုးချမ်းသာနဲ့

ပြည့်စုံဖို့အတွက် ကလျာဏမိတ္တဟာ ရာနှုန်းပြည့်အရေးပါတယ်။်

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

မှတ်ချက်။ ဆက်လက်ဖေါ်ပြပေးသွားပါမည်။

Read more...

သူ ပေါက်သွားသည်

သူ ပေါက်သွားသည်လို့  ပြောလိုက်ရင် အဓိပ္ပါယ်က နှစ်မျိုးပေါက်သွားတယ်။ ဟိုလို ပေါက်သွား တာရယ်၊ ဒီလို ပေါက်သွားတာရယ်။ အဲ... ဒီလိုပြောလိုက်တော့လည်း ပိုမရှင်း ဖြစ်သွားလိမ့်ဦးမယ် နဲ့ တူတယ်။ ရှင်းအောင် ပြောရရင် အရူးစိတ်ပေါက်တာမျိုးရယ်၊ တကယ် တရားဘောကို သာမန် သဘောပေါက်တာနဲ့  တရားထူးပေါက်တာရယ်လို့  နှစ်မျိုးပေါ့။


၁၇ နှစ်သား ဂျာမန် ကောင်လေးက ကျောင်းလာပြီး ဗုဒ္ဓဘာသာ အကြောင်းလေ့လာဖို့  နှစ်ပတ် အချိန်ပေးပါတယ်။ နှစ်ပတ်မပြည့်သေးခင် ဟိုကထိန်သွားလည်း သူက နောက်က ကပ္ပိယ အနေနဲ့  လိုက်။ ဒီကထိန်သွားလည်း သူကလည်း လိုက်ပေါ့လေ။ ကထိန် မသွားခင်က သူတရားထိုင်တာ မညောင်းတော့ဘူး၊ တစ်ခါမှ မပျော်ဖူးတဲ့ အရသာမျိုး ခံစားရတယ်တဲ့။ ဘယ်လိုခံစားရသလဲဆိုတော့ သူပြောတာကိုလည်း ပါးစပ်က တအားကြီး မဖေါ်ပြတတ်။ သို့ သော် မျက်နှာကတော့ ပင်ပန်းတဲ့ အရိပ်ရောင် မရှိလေသလော လို့ တောင် ထင်မိရဲ့ ။ လူငယ်၊ သွေးနုသားနု ခွန်အားပြည့်ချိန်လည်း ဖြစ်မှာပေါ့လေ။

အော်... စီးပွါးရေး ၊ ပညာရေး ၊ အချစ်ရေး ၊ ဓမ္မရေး ။ အရေးမှန်သမျှ လောကီ လောကုတ်ဟာ အရွယ် ငယ်တုန်းက ကိုယ်ထင်သလို လုပ်ရင် လုပ်သလိုမျိုးကို ဖြစ်ပါ့လားဆိုတာ သူ့ ကို ကြည့်ပြီးလည်း သဘောပေါက်နိုင်ပါတယ်။

တကယ် မပျင်းမရိနဲ့  နံနက် ၆နာရီထိုးမှ ည ၉ နာရီထိ သူ့ မှာ တကယ့်ကို အားတက်သရော ရှိပုံများ။ ပြောစကားကိုလည်း နားကလည်းထောင် ၊ စိတ်ကလည်းမှတ် ၊ မေ့လည်း မမေ့ပစ်ပါ့လားလို့ တောင် ထင်မိရဲ့ ။ ( မတော်မရှိ ငါ့တပည့်ကွ၊ တော်ရင်ကိုယ့်ဟာ ၊ မတော်ရင် သူ များဟာ..)။

ကိုယ်က အနည်းငယ် ပြောလိုက်တာနဲ့  ပေါက်လွယ်ပါ့လား။ တစ်နေ့ သားမှာတော့ ကထိန်တစ်ခုကို သွားပါတယ်။ ဘုန်းကြီး တစ်ပါးက သူ့ ကို မေးတယ်။ မင်း ဒီပွဲမှာ ကြည့်ရတာ ပျော်ရဲ့ လားပေါ့။ သိပ်မပျော်လှဘူးတဲ့။ ပလစ် ပလစ် ပလစ် ၊ ပလာ ပလာ ပလာနဲ့  ညံပွက်နေတာပဲတဲ့။ ဘာတွေမှန်းကို မသိဘူးတဲ့။

ဟော.. သူက ဒီလို ပြောတော့ ဘာသာရေးနဲ့  ပျော်ရွှင်တာဟာ ရောသွားတာပါကွာ။ ဒါက လူတွေက ဒီလို ပျော်တာကို ပြောနေကြတာကို သဘောကျတာကွ။ မင်းသိတဲ့ အတိုင်းပဲလေကွာ ၊ ဒါက လူ့ ထုံးစံပဲ ။ ဘာသာရေးနဲ့ တော့ မဆိုင်ဘူး။ ဘာသာတိုင်းမှာ ရှိတယ်ကွ။ လို့  တစ်ပါးက ထပ်ရှင်း လိုက် တော့လည်း အင်း... သူလည်း လက်ခံသွား ပါတယ်။

နောက်တစ်ခု သူမရှင်းတာ တစ်ခုကိုလည်း ပြောပါတယ်။ ပရိတ်ရွတ်ပြီးတော့ ရေကို ပက်ဖြန်းတာ တစ်မျိုးကြီးလို ဖြစ်နေတယ် တဲ့၊ အခြားဘာသာမှာလည်း ဟိုးလီးဝါးတား နဲ့  သွားတူတယ်တဲ့။ သူကိုယ်တိုင်က ဒီ ရေမျိုးလောက်ပဲ နားလည်သွားပါတယ်။ ပရိတ်ရွတ်တာ ဖတ်တာကိုတော့ သူ လက်ခံတဲ့ သဘောကို ပြောပါတယ်။ သို့ သော် လူတွေကို ဖြန်းပေးတဲ့ ပုံစံမျိုး သူမကြိုက်သယောင် ပြောပါတယ်။


ဟော လုပ်ပြန်ပြီ ။ ဒီနေ့  ညနေခင်း ဘုရားဝတ်ပြု ၊ တရားထိုင်ပြီးချိန်။ သံဃာတွေကို ဖျော်ရည်ကပ်ဖို့  ပြောလိုက်တော့နားလည် ပါးလည်စွာ သင်ထားတဲ့ အတိုင်း သေချာကပ်ပါတယ်။ ဘုန်းကြီးဆိုတော့ လည်း ကိုယ့်အတွက် ထည့်ပြီးချိန်မှာ သူများကိုလည်း ကိုယ်ချင်းစာ ဗိုက်ချင်း စာနာပြီး သူ ပင်ပန်း နေတာ လိုအပ်လေမလား အထင်နဲ့  သောက်ပါဦးလား မေးမိပါတယ်။ ဖျော်ရည်အတွက် လောဘ မရှိတော့ဘူးတဲ့။
အောင်မာ. သူက လုပ်ချလိုက်ပီ။
ဖျော်ရည်အတွက် လောဘ မရှိပါဆိုပါလား...

နောက်သလို ပြောင်သလိုနဲ့  ရယ်ပြီးပြောပါတယ်။

အဲဒါနဲ့  သူ သဘောပေါက်အောင် တစ်ပါးက သောက်တယ် သောက်တယ် လို့ မှတ်သောက်ရင် ဒါတရားမှတ်ခြင်းပဲပေါ့။ နောက်တစ်ပါးကလည်း အေးကွ။ ဒါက လောဘ ဖြစ်မယ်ဆို ဖြစ်စရာ ၊ မင်းကတော့ လောဘမဖြစ်ဘူး။ တို့ ကတော့ သောက်ချင်လို့  မဟုတ်ဘူး၊ ဗိုက်ကို ပေးတာ ၊ ဒါန လုပ်တာကွ လို့  ။ သူ့ ကိုပြန်ပြီး ရယ်သလိုလို တကယ်ပြောလိုက်ပါတယ်။

သူပေါက်သွားသည်။
သူပေါက်သွားသည်။


မှတ်ချက်။ ။ ဒိုင်ယာရီစာအုပ်မှာ မဆန့် လို့ 
ဘလော့ပေါ်မှာ ရေးတင်လိုက်ပါသည်။
အတွေ့ ကြုံမျှဝေခြင်းလည်း ပါဝင်ပါသည်။

မြတ်ရောင်နီ
( ၀၈ ၊ ၁၁ ၊ ၂၀၁၀ )


Read more...

နိုဝင်ဘာ ၉ ရက်နေ့ တရားအစီအစဉ်များ။

မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၁၇း၀၀ နာရီ အထိ...

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူသော.....

၁)ကိုယ့်ကိုကိုယ်သုံးသပ်နည်း တရားတော်
၂)ပုဂ္ဂိုလ်လေးမျိုးခွဲခြားပြခြင်း
၃)မာဂဏ္ဍီပရပုဇ် ၀တ္ထု(၁)
၎)မာဂဏ္ဍီပရပုဇ် ၀တ္ထု (၂)
၅)မာဂဏ္ဍီပရပုဇ် ၀တ္ထု (၃)
၆)မာဂဏ္ဍီပရပုဇ် ၀တ္ထု (၄)
၇)ဖြစ်ကောင်းသော၊မဖြစ်ကောင်းသော တဏှာ မာန တရားတော်
၈)လုပ်ငန်းအစနှင့်အဆုံးကိုပြသည့် တရားတော်
၉)အလုပ်စဉ် ၀ိပဿနာ တရားတော်
၁၀)အားထုတ်နည်းသုံးမျိုးအကြောင်း
၁၁)ဥာဏ်သုံးပါးခွဲပြပုံ

၁၂)၀ိပဿနာလုပ်မှဒိဋ္ဌိပြုတ်မယ်တရားတော်
၁၃)ကိလေသာဖယ်နည်းနိသျှည်း
၁၄)ဒီခန္ဓာစွန့်ပြီးနောက်ခန္ဓာရခြင်းသည် အရေးကြီးဆုံးအပြစ်သင့်ပုံ


တရားတော်များကိုလွှင့်ကြားပေးသွားပါမည်။

စစ်မှန်သော တရားများကို နာကြားအားထုတ်ကြခြင်းဖြင့် သတ္တ၀ါ အားလုံးတို့သည်
အလုံးစုံသော တရားထူး တရားမြတ်များကို
လျင်မြန်စွာ ရရှိနိုင်ကြပါစေ။

Read more...

မလေးရှားကနေ ဘေးစကားတွေ ပြောမယ်

အသစ်မတင်တာ နည်းနည်း ကြာသွားတယ်။ ခရီးသွားရင်းဆိုတော့ စာလည်း ဟုတ်တိပတ်တိ မရေးဖြစ်ဘူး။ ခရီးသွားရတာဖြစ်တဲ့အတွက် နေရာအသစ်၊ ၀န်းကျင်အသစ်ဆိုတော့ စိတ်က စာရေးဖို့ အဆင်သင့် ဖြစ်မနေခဲ့ဘူး။ တွေတွေဝေေ၀လိုလို၊ ထိုင်းထိုင်းမှိုင်းမှိုင်းလိုလို။ ဆိုတော့ စိတ်က မသွက်တော့ စာကလည်း နည်းနည်းတော့ လေးနေလိမ့်မယ်။ မနှစ်က မလေးရှားကို ခရီးတစ်ခေါက် ထွက်ဖြစ်ခဲ့တယ်။ အဲဒီတုန်းကတော့ အလည်သက်သက်ခရီး၊ ဘာအလုပ်မှ မရှိခဲ့ဘူး။ ဒီနှစ်တော့ အလုပ်လေးနည်းနည်းပါလာတယ်။ မနှစ်က သွားပြီးသားဖြစ်တာရယ်၊ အခြားအခြားသော အကြောင်းတွေရယ်ကြောင့် တကယ်ဆို ဒီခရီးကို သိပ်မသွားချင်တော့ပါဘူး။ ခရီးထွက်တယ်ဆိုတာ ရှိတော့ ရှိသင့်ပါတယ်။ ခရီးထွက်ခြင်းအားဖြင့် အတွေ့အကြုံများစွာ ရရှိနိုင်ပါတယ်။ ငယ်ငယ်ကတည်းက ခရီးထွက်ရတာ ၀ါသနာကြီးပါတယ်။

မနှစ်ကတော့ ခရီးက အသစ်ဆိုတော့ စိတ်ကလည်း နည်းနည်းလှုပ်လှုပ်ရှားရှားပေါ့။ ဒီနှစ်တော့ သိပ်မထူးလှပါဘူး။ ရန်ကုန်မန္တလေး ခရီးသွားရသလိုပါပဲ။ အောက်တိုဘာ ၂၆-ရက်နေ့မှာ လေယာဉ်လက်မှတ် သွားဖြတ်ခဲ့တယ်။ နိုဝင်ဘာ ၄-ရက်နေ့က လက်မှတ်ဈေးကလည်း မဆိုးဘူးဆိုတော့ ဖြတ်လိုက်တယ်။ သွားမယ့်ရက်အရင် တစ်နေ့က သူငယ်ချင်းတစ်ပါးက သူနဲ့ ရင်းနှီးတဲ့ မလေးရှားနိုင်ငံ၊ မလကာမြို့က တရုတ်ဒကာတစ်ယောက် လင်္ကာကို ရောက်နေတယ်၊ သွားတွေ့ချင်တယ်၊ လိုက်ခဲ့ပါဆိုတော့ လိုက်သွားခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် သူကလည်း မလေးရှားကို ၄-ရက်နေ့ သွားမယ်၊ ဖလိုက်ချင်းလည်း သွားတူနေတယ်။

၃-ရက်နေ့က သိပ်မအိပ်လိုက်ရဘူး။ မနက် ၅-နာရီကျော်လောက်မှာ လေဆိပ်ကို သူငယ်ချင်းတွေနဲ့ ထွက်ခဲ့တယ်။ တော်တော်လေး အိပ်ချင်နေတယ်။ ဒါပေမယ့် ကိုယ့်စိတ်ထဲ ပျော်မွေ့နေတဲ့ လင်္ကာကို ခွဲခွါရတော့မယ်ဆိုတော့ စိတ်ထဲမှာ အနည်းငယ်တော့ ၀မ်းနည်းသလိုလို ဖြစ်မိတာတော့ အမှန်ပါပဲ။ မိုးလေးက တစ်ချက်တစ်ချက် တဖျပ်ဖျပ်၊ တဖွဲဖွဲ ကျလို့နေတယ်။ “အခုလို ကားလေးနဲ့ မိုးဖွဲဖွဲလေး သွားရရင် စာရေးချင်စိတ်ပေါက်တယ်”လို့ ပြောတတ်တဲ့ အဝေးရောက် သူငယ်ချင်းကို သတိမရဘဲ မနေနိုင်ဘူး။ တစ်နာရီကျော်ခန့် သွားပြီးတဲ့နောက်မှာ သီရိလင်္ကာရဲ့ ဘန္ဒြာနိုက်ကေးလေဆိပ်ကို ရောက်ပါတယ်။ လေဆိပ်ထဲ အင်မီဂရေးရှင်းမှာပဲ မလကာပြန်မယ့် တရုတ်ဒကာကို တွေ့တယ်။ သူက အိတ်တွေ ကူသယ်ပေးပါတယ်။ ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေး စကားပြောတတ်တဲ့ တရုတ်ဒကာက ခင်မင်စရာအတော်ကောင်းပါတယ်။

လေဆိပ်ထဲ အချိန် ၁-နာရီကျော်လောက် ရတယ်ဆိုတော့ စကားတွေ ပြောဖြစ်ပါတယ်။ နာရီဝက်လောက် စကားပြောပြီးတော့ သူက မေးပါတယ်။ အခု အရှင်လာတာ မနက်အစောကြီးဆိုတော့ မနက်အိပ်ယာထ ဘာတွေ ရွတ်ဖတ်သရဇ္ဈာယ်ပြီးပြီလဲတဲ့။ ငါ မရွတ်ဘူး၊ ဒါပေမယ့် ငါက ဘုရားဂုဏ်တော်ကို အမြဲပွားတယ်လို့၊ နောက်ပြီး ငါက သတိပဋ္ဌာန်ကို အထိုက်အလျောက် လုပ်ပါတယ်လို့၊ အခု မင်းနဲ့စကားပြောတဲ့အချိန်၊ စကားပြောရပ်သွားတဲ့အချိန်တွေမှာ ငါ ငြိမ်ငြိမ်သက်သက် ထိုင်နေတာကို သတိပြုမိမှာပေါ့လို့ ပြောလိုက်ရတယ်။ အဲဒီတော့ သူက “ငါက မင်းအိပ်နေတယ် ထင်နေတာ”လို့ ပြောပါတယ်။

သူက မဟာယာနကျမ်းစာ စာအုပ်တွေ ထုတ်ပြပါတယ်။ သူက အဲဒီစာအုပ်တွေကို သွားလေရာ ယူသွားတယ်။ အမြဲတမ်း မပျက်မကွက် ရွတ်ဖတ်နေပါတယ်လို့ ပြောတယ်။ သူနဲ့ ကပ်ထိုင်တာဆိုတော့ တရုတ်ဘာသာနဲ့ ရွတ်နေတဲ့ ဘုရားစာအသံလေးတွေကို နားစွင့်မိပါတယ်။ ပထမတစ်အုပ်က အမိတာဘာဘုရားရှိခိုးစာအုပ်ပါ။ အမိတာဘာဆိုတာ ဗုဒ္ဓဘာသာဂိုဏ်းကွဲတစ်ခု ဖြစ်ပါတယ်။ အမိတာဘာဘုရားကို အကြိမ်များစွာ ရှိခိုးရင် သုခ၀တီလို့ခေါ်တဲ့ နိဗ္ဗာန်ဘုံကို ရောက်တယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီဘုံမှာ အိုနာသေဘေးတွေ မရှိတော့ဘူးလို့ ဆိုပါတယ်။ နောက်တစ်အုပ်ကတော့ ဘုရားလောင်းတွေရဲ့ အဓိဋ္ဌာန်တွေပါတဲ့ စာအုပ်ပါ။ ဒီစာအုပ်ကတော့ လင်္ကာတက္ကသိုလ်စာသင်ခန်းမှာ အထိုက်အလျောက်လေ့လာခဲ့ဖူးတော့ သိနေပါတယ်။ ဘုရားလောင်းရဲ့ အဓိဋ္ဌာန်တွေက အတော်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါတွေလည်း သူရွတ်ဖတ်ပြီးချိန်မှာ ပြောဖြစ်ခဲ့ပါတယ်။

လေဆပ်ပေါ်ရောက်တာနဲ့ အိပ်ငိုက်တော့တာပဲ။ ဒါပေမယ့်တစ်ချက်တစ်ချက် တိမ်တွေထဲ တိုးဝင်လိုက်တဲ့ တဒုတ်ဒုတ်အသံကြောင့် လန့်နိုးနေရတယ်။ နာရီဝက်ခန့် ကြာတဲ့အခါ ကိုယ့်ထိုင်ခုံရှေ့မှာ ထမင်းတစ်ပွဲရောက်နေခဲ့ပါတယ်။ ဘယ်အချိန်က ဘယ်သူချပေးသွားတယ်ဆိုတာ မသိလိုက်ဘူး။ စနိုးတာဝါလေးတောင် ပါသေးရဲ့။ အဲယားအေးရှလေကြောင်းက အစားအသောက်မကျွေးပါဘူးပေါ့။ တွေးနေမိတာ။ ဘေးဘီ ကြည့်လိုက်တော့ နောက်ခုံတန်းက တရုတ်ဒကာက ပြုံးပြတယ်။ စားပါ၊ သူချပေးတာလို့ အရိတ်အမြွတ်ပြောပြတယ်။ အရုဏ်ဆွမ်း မစားခဲ့ရတော့ ကြိုက်တာတွေရော၊ မကြိုက်တာတွေပါ အကုန်လွေးပစ်လိုက်တယ်။

အစားအသောက်ပြီးသွားတော့ နည်းနည်း လန်းဆန်းသွားတယ်။ ပြီးမှ လေယာဉ်ပြတင်းကနေ အပြင်ကို ကြည့်မိတယ်။ လှလိုက်တဲ့ တိမ်တွေ၊ တိမ်တွေက အဖြူရောင်သာ မဟုတ်ရင် တောတောင်အထပ်ကြီးတွေလိုပဲ။ ဟိုး … အဝေးက တိမ်စိုင်ကြီးတွေက တောင်တွေလိုပဲ။ စိတ်ထဲမှာ သမာဓိလေး ရအောင် ဂုဏ်တော်ပွားလိုက်၊ တိမ်တွေ ကြည့်ပြီး စိတ်ကူးတွေ ကွန်မြူးလိုက်။ ဒီတိမ်တွေထဲမှာ လျှောက်သွားရရင် ဘယ်လောက်ကောင်းမလဲလို့လည်း တွေးမိတယ်။ ဒီလေယာဉ်ကြီးများ ပျက်ကျသွားလိုက်ရင်လို့လည်း တွေးမိတယ်။ လေယာဉ်စက်ခန်းထဲသွားပြီး လေယာဉ်မှူးလုပ်၊ လေယာဉ်ကြီးကို ဇောက်ထိုးမိုးမျှော် လျှောက်မောင်းပစ်လိုက်ရင်လို့လည်း တွေးမိတယ်။ ဟိုး … အဝေးက တိမ်စိုင်တွေရဲ့ကြားမှာ တစ်ခါတစ်ရံ အတိတ်တွေ၊ တစ်ခါတစ်ရံ အနာဂတ်တွေ ပူစီဖောင်းလေးတွေလို ပေါ်လာလိုက် ပျောက်သွားလိုက်။ ဘ၀ဆိုတာလည်း ဒီလိုပါပဲ၊ နေ့စဉ်လှုပ်ရှားမှုလေးတွေထဲမှာ ပူစီဖောင်းလေးတွေလို၊ ရေပွက်လေးတွေလို ပလုံစီနေခဲ့တဲ့ အဖြစ်အပျက်လေးတွေ။ အချို။ အခါး။ အပျော့။ အကြမ်း၊ ရသတွေ စုံလို့ပေါ့။

အဲဒီတိမ်တွေထဲက အတွေးထဲမှာ ချဉ်ခြင်းတပ်ခဲ့ဆုံးကတော့ ဖုန်းလေးတစ်လုံးပေါ့။ ဖုန်းလေးနဲ့သာ စကားပြောခွင့်ရရင် ကဗျာတွေ၊ စာတွေ ၀ါသနာထုံတဲ့ သီဟိုဠ်က သူငယ်ချင်းတွေနဲ့ စကားပြောမယ်။ တိမ်ထဲက ဒြဗ်မဲ့ပုံရိပ်လေးတွေ လှမ်းပို့မယ်။ သီဟိုဠ်က ချစ်ရတဲ့ ခွေးမြီးတိုမလေးတွေ နေကောင်းလားပေါ့။ ကိုယ်တို့ မျက်စိမှတ် ရှာဖွေရေးခရီးထွက်ခဲ့ရာ ညောင်ပင်ကြီးက အရွက်တွေ ကြွေနေဆဲလားပေါ့။ မေးကို မေးရမယ်။ အမေ့ဆီကိုလည်း လှမ်းဖုန်းဆက်မယ်။ သား တိမ်တွေထဲ ရောက်နေတယ်ပေါ့။ ပြီးတော့ …. ပြီးတော့ …. ဖုန်းတွေ ဆက်မယ်။ စကားတွေ ပြောမယ်။ ကဗျာတွေ ရွတ်မယ်။
မလေးရှား စံတော်ချိန် ၂း၂၃ မိနစ်မှာ ကွာလာလမ်ပူ လေဆိပ်ကို ရောက်တယ်။ တိမ်ထဲက အတွေးတွေက
ဟိုး … အထက်ကောင်းကင်က တိမ်တွေထဲမှာ နေခဲ့တယ်။ ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက်တယ်။ မြေကြီးပေါ်လမ်းလျှောက်ရတာ မနူးညံ့ဘူး။ “ဘန်ဒေ၊ ဘန်ဒေ လက်စ်ဂိုး”ဆိုမှ အိတ်ကို ဆွဲလိုက်တယ်။ တရုတ်ဒကာက အိတ်တွေ သယ်ပေးတယ်။ သူက မြန်မြန်လျှောက်ဖို့ ပြောတယ်။ အားလုံးကို ကြည့်လိုက်တော့လည်း သွက်လက်နေလိုက်ကြတာ။ သူ့ထက်ငါ ဦးအောင် အလုအယက် ပြေးလွှားလို့နေတယ်။ လေဆိပ်ရောက်တာနဲ့ ခြေသလုံးဖွေးဖွေးတွေ စတွေ့တာပဲ။ “အဲဒါကြောင့် ခရီးမသွားချင်တာ”လို့ ကိုယ့်ကိုကိုယ် ပြန်ပြောနေမိတယ်။ “ဟ မဟုတ်သေးဘူးလေ၊ ဒါတွေကို မင်း ကျော်လွှားရမယ်။ သတိ၊ ဟုတ်တယ်လေ၊ အဲဒီ သတိနဲ့ ကျော်လွှားရမယ်”။ ကိုယ့်ကိုကိုယ် သတိပေးနေမိပြန်ပါတယ်။ ပြောင်းပြန်စီးတဲ့ မြစ်တစ်စင်းရဲ့ ရေလျဉ်ကြောမှာ ကိုယ်ကိုဖော့လိုက်လာခဲ့တယ်။ ဒါမှ ငါကွလို့ မာန်တက်လိုက်မိလေသလား မသိ။ နောက်ကို ပြန်ကြည့်လိုက်တော့ ကိုယ်ကျော်ခဲ့တဲ့ တောင်တွေ၊ ချုံနွယ်ပိတ်ပေါင်းတွေ အများကြီးပဲလေ။ တစ်ခါတစ်ရံ ဆူးခြစ်ရာလေး အနည်းငယ်၊ လဲကျလို့ ပွန်းပဲ့ဒဏ်ရာအနည်းငယ်၊ အနည်းငယ်လေးတွေက လွဲပြီး သန့်ရှင်းလွတ်လပ်စွာ ခရီးဆက်နိုင်ခဲ့ပါတယ်။

အင်မီဂရေးရှင်းမှာလည်း ရှောရှောရှူရှူပါပဲ။ တစ်လတံဆိပ်တုံး ထုပေးလိုက်တယ်။ တရုတ်ဒကာက ၀ိုင်သောက်မလား။ အမောပြေတယ်လို့ ပြောတယ်။ မသောက်ချင်ဘူး။ သောက်လို့လည်း မသင့်ဘူးလို့ ပြောလိုက်တယ်။ ကော်ဖီခါးခါးတစ်ခွက် သောက်မယ်လို့ပြောတော့ ရောက်လာတယ်။ ခါးလိုက်တဲ့ ကော်ဖီ။ ကောင်းလိုက်တဲ့ အရသာ။ လန်းဆန်းသွားတယ်။ ကိုယ်သွားမယ့်နေရာကို လိုက်ပို့မယ် ပြောသေးတယ်။ လာကြိုတဲ့ မြန်မာဒကာလေး ရောက်လာလို့ လမ်းခွဲလိုက်တယ်။ လိပ်စာကဒ်၊ ဖုန်းနံပါတ်ပေးလိုက်တယ်။ ကျောင်းရောက်တာနဲ့ ဆက်ဖို့ ပြောတယ်။ ပြီးတော့ ရှာမတွေ့တော့ဘူး။

ပရုတော့ မဖတ်နိုင်ဘူး…ဆက်လက်ရေးသားပါအုံးမယ်
0 comments

Read more...

ဆရာတော် မြန်မာပြည်သို့ ခေတ္တပြန်လည် ကြွရောက်တော်မူမည်…

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်းနှင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာကျောင်းတိုက်၊ သီရိဇေယျုံ ကျောင်းတို့၏ ပဓာန နာယကဆရာတော် အရှင်ဝိစိတ္တ (မနာပဒါယီ)သည် ၁၁ - ၁၁ - ၂၀၁၀ ရက်၊ ကြာသ ပတေးနေ့တွင် မြန်မာပြည်သို့ ခေတ္တပြန်လည် ကြွရောက်တော်မူကာ မြန်မာပြည်ရှိ တရားဟော၊ တရားပြ၊ စာရေးစာချ၊ သင်တန်းပို့ချမှု လုပ်ငန်းများကို ပြုလုပ်တော်မူမည် ဖြစ်ပါသည်။

ဆရာတော် မရှိသည့်အခိုက်တွင် ကျောင်းတော်နှင့် ပတ်သက်သည့် ကိစ္စအ၀၀ကို ကျောင်းအကျိုးဆောင် အဖွဲ့အား လွဲအပ်ထားပြီး ဖြစ်သဖြင့် ဗုဒ္ဓဘာသာ မြန်မာများအနေဖြင့် ဘုန်းတော်ကြီးကျောင်းတွင် သာရေးနာရေး ကိစ္စများကို ဆောင်ရွက်လိုပါက ကျောင်းအကျိုးဆောင် အဖွဲ့များနှင့် တိုင်ပင်ညှိနှိုင်းကာ လိုအပ်သလို လုပ်ဆောင်နိုင်ပါကြောင်းနှင့် ကျောင်းတော်အတွက် လစဉ်လှူဒါန်းနေသူများ အနေဖြင့်လည်း မိမိတို့၏ လစဉ်လှူဒါန်းမှုများကို ပုံမှန်လှူမြဲအတိုင်း ဆက်လက်လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

မြန်မာပြည်၌ ဆရာတော်သည် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာကျောင်းတိုက်ရှိ သိရီဇေယျုံကျောင်းတွင် သီတင်းသုံးနေထိုင်မည် ဖြစ်ပါသဖြင့် ဆရာတော် မြန်မာပြည်တွင်ရှိခိုက် ဆရာတော်ထံ ဆက်သွယ်လိုသူများ၊ ဘာသာရေးနှင့် ပတ်သက်သည်များကို မေးမြန်းလျှောက်ထားလိုသူများသည် အထက်ပါလိပ်စာနှင့် ဖုန်းနံပါတ် ၃၈၃-၇၉၆ တို့ကို ဆက်သွယ်နိုင်ကြောင်း သိစေအပ်ပါသည်။

ဆရာတော် မြန်မာပြည်မှ ပြန်ကြွလာမည့် ရက်ကိုကား အတိအကျ သိရသည့်အခါ ထပ်မံအကြောင်းကြား ဖော်ပြပါမည်။

Read more...

ကိုရန်အောင် မွေးနေ့အလှူပွဲ

ယနေ့သာသနာသက္ကရာဇ် ၂၅၅၄ ခု တန်ဆောင်မုန်းလဆန်း(၃)ရက် ၈.၁၁.၂၀၁၀ ရက် တနင်္လာနေ့ ကိုရန်အောင် မွေးနေ့အလှူပွဲ။
အရုဏ် မုန့်ဟင်းခါးဆွမ်း
နေ့ဆွမ်းလောင်း
ဆွမ်း၊ ပဲ၊ ၀က်သား၊ သရက်ချဉ်နှင့် ဘာလချောင်ကြော်
ယနေ့ဒါယကာကြီးကိုရန်အောင် မွေးနေ့အလှူပွဲတွင် ထေရ်ကြီးဝါကြီးမထေရ်ကြီး တစ်ပါးအား
ဦးကောဝိဒမှ သင်္ကန်းဒွိစုံ ကပ်လှူခဲ့ပါသည်။
ဝေယျာဝစ္စများကတော့
သာမဏေများနှင့် ကိုကျော်၊ မောင်စိုးလင်းအောင်၊ မောင်ဖိုးချစ်နှင့် ကျောင်းသား ၄ဦးတို့ ဖြစ်ကြပါသည်။

ဒါယကာကြီး ကိုရန်အောင်မွေးနေ့မှစ၍ အစစအရာရာအဆင်ပြေ အောင်မြင်ပြည့်စုံ၍
စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောကအကျိုးများ သယ်ပိုးဆောင်ရွက်နိုင်
ပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။..














အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

Read more...

အမှတ်တရ ကထိန်






Read more...

Doubly Interesting

Here is a blog and a video news item, both of them worth watching by anyone interested in the good Dhamma. The first is about the Swiss nun Venerable Ariya Nani who understands that offering help to others need not necessarily hinder your meditation. It is a rather inspiring example of what we need more of in Buddhism – metta with its sleeves rolled up. The video is a brief examination of the progress of the Dhamma is the USA.
http://ven-ariya.blogspot.com/.
http://www.youtube.com/watch?v=_U5mVC5N2Pc

Read more...

ကောသလမင်း၏ အိပ်မက် (၁၆)ချက်

သိပြီးသားသူများလည်းထပ်မံလေ့လာနိုင်အောင်မသိသေးသောသူများလည်းသိရှိလာအောင်တင်ပြလိုက်ခြင်းဖြစ်ပါသည်။

(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌
ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟုမြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင်ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။
(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည်
ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင်အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။
(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ
စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက်ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။
(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာမတတ်နိုင်သည်ကို မြင်မက်ပါသည်။နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသောရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာခန့်ထားကြလတ္တံ့။
ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကိုစွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍
နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွတိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။
(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည်
နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို
မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။
(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက်
မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။
ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့
သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။
(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။
ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင်
ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည်ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊
အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊
အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း
အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ
မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။
(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။
လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး
အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍
ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော
အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို
မြင်မက်ပါသည်။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။
ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ
လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ
ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ
မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။
(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ်
ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည်
ကြည်လင်၏ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊
ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော
အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ
တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌
မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။
ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍
ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။
(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ
အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင်မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။
(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော
ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း
စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြိုအိမ်ကြားတို့၌ ငါဘုရား၏ တရားတော်
ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ်စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သောစန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။
(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး
စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ်အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍တည်ကုန်လတ္တံ့။
(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏
စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည်
ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။
(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။
အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသောအရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကားဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။
(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါတိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသားတို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော
ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန်လတ္တံ့။
(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ပြေးကြသည်ကို မြင်မက်ပါသည်။နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှားဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာအရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင်
ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက်အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့်စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍
အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည်အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင်ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်းလွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP