* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, November 6, 2010

နိဗ္ဗာန် ဘယ်မှာလဲ


ဆရာတော်
အခု ဒကာကြီးက နိဗ္ဗာန်ဆိုတဲ့တရားဟာ အဟုတ်အမှန်ရှိကြောင်းကို
ယုံယုံကြည်ကြည်နဲ့လက်ခံပါပြီဆိုတော့ ဦးပဉ္ဇင်းက နိဗ္ဗာန်ဆိုတဲ့တရားဟာ
ဘယ်နေရာမှာ ရှိပါသလဲဆိုတဲ့ ဒုတိယအဆင့် မေခွန်းကို ဖြေကြားရဦးမယ်။

အထက်က ဦးပဉ္ဇင်းရှင်းပြခဲ့တဲ့အချက်အလက်များအရ
နိဗ္ဗာန်ဆိုတဲ့တရားကိန်းဝပ်ဘို့ရာ
နေရာဌာနရှိလို့ မဖြစ်တော့ဘူး။
အကယ်၍ နေရာဌာနတစ်ခုရှိခဲ့လျှင်
ထိုနေရာဌာနရဲ့ မူလဗီဇတရားရှိရမယ်။
မူလဗီဇတရားရှိတာနဲ့ တပြိုင်နက်
ထိုတရားဟာ ပျက်စီးချုပ်ငြိမ်းသွားရမယ်။

အမှန်ကတော့ နိဗ္ဗာန်ဆိုတဲ့တရားဟာ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယောဆိုတဲ့
မဟာဘုတ်ကြီးလေးပါးနဲ့ ဘာမျှ မပတ်သက်ဘူး။ ကင်းလွတ်တယ်။
ဒီမဟာဘုတ်ကြီးလေးပါးနဲ့ ကင်းလွတ်လိုက်တာနဲ့ တပြိုင်နက်
ဘာတရားမျှ မရှိဘူး။ ဘာရုပ်ဝတ္ထုမျှ မရှိဘူး။
ဘာအသွင်သဏ္ဍာန်မှလဲ မရှိဘူး။ ဘယ်နေရာဌာနမှလဲ မရှိဘူး။
ဒီမဟာဘုတ်ကြီးလေးပါးစုပေါင်းဖြစ်ပေါ်ရတဲ့တရားဟူသမျှမှာ
ပျက်စီးချုပ်ငြိမ်းရတာချည်းဘဲ။

ဘာပြုလို့လဲဆိုတော့
စတင်ဖြစ်ပေါ်ခြင်း (ဇာတိ)၊ တိုးတက်ဖွံ့ဖြိုးခြင်း၊ ပျက်စီးယိုယွင်းခြင်း၊
ချုပ်ငြိမ်းခြင်းဆိုတဲ့တရားတွေဟာ
ဒီမဟာဘုတ်ကြီးလေးပါးတို့ရဲ့ မူလဗီဇကပါလာတဲ့ သဘောတွေဖြစ်လို့ဘဲ ဒကာကြီး။

ဒါကိုကြည့်ခြင်းအားဖြင့် နိဗ္ဗာန်ဆိုတဲ့တရားတည်ရှိဘို့အတွက်
နေရာဌာနဆိုတာ မလိုဘူးဆိုတဲ့အချက်ဟာ ထင်ရှားသွားပြီ ဒကာကြီး။

ဒကာကြီး
ဒီလို နိဗ္ဗာန်ဆိုတဲ့တရားကိန်းဝပ်ဘို့နေရာဌာနရယ်လို့ မရှိရင်
ဒီတရားဟာ ဘယ်လိုလုပ်ပြီး ရှိနိုင်ပါ့မလဲဘုရား။

ဆရာတော်
ကဲ ဒါဖြစ်ရင် ဒကာကြီးကို ဦးပဉ္ဇင်းက ပြန်မေးရအုံးမယ်။

ဒကာကြီး
မှန်ပါ့ဆရာတော်

ဆရာတော်
လောကမှာ ဥာဏ်ပညာဆိုတဲ့တရားရှိပါသလား ဒကာကြီး

ဒကာကြီး
ရှိပါတယ်ဆရာတော်

ဆရာတော်
ဒကာကြီး ဒီဥာဏ်ပညာဆိုတဲ့တရားကို မြင်ဘူးသလား

ဒကာကြီး
မမြင်ဘူးပါဘူးဆရာတော်။
ဒီတရားဟာ မမြင်နိုင်၊ မမြင်အပ်တဲ့တရားပါဆရာတော်။

ဆရာတော်
ဒါဖြင့်ရင် ဒီဥာဏ်ပညာဆိုတဲ့တရားဟာ ရှိတယ်လို့ ဒကာကြီး ဘယ်လိုလုပ်ပြီး သိပါသလဲ။

ဒကာကြီး
ဥာဏ်ပညာဆိုတဲ့တရားကို စိတ်အာရုံနဲ့ သညာသဘောနဲ့ သိပါတယ်ဆရာတော်။

ဆရာတော်
ဥာဏ်ပညာဆိုတဲ့တရားဟာ အဘယ်အရပ် အဘယ်ဒေသမှာ ကိန်းဝပ်ပါသလဲ ဒကာကြီး။

ဒကာကြီး
ဥာဏ်ပညာဆိုတဲ့တရားဟာ ဘယ်နေရာ ဘယ်ဌာနမှ မကိန်းဝပ်ပါဘူးဘုရား၊
ဒါပေမဲ့ အဲဒီတရားဟာ ပေါ်ပေါက်လိုက် ပျောက်ကွယ်လိုက်
တဖန်ပေါ်ပေါက်လိုက်နဲ့ အစဉ်တစိုက်ဖြစ်ပျက်နေပါတယ်ဘုရား။

ဆရာတော်
လေဆိုတဲ့တရားဟာ ရှိပါသလား။

ဒကာကြီး
လေဆိုတဲ့တရားဟာ ရှိပါတယ်။ ဒီလေဆိုတဲ့တရားမရှိဘဲနဲ့
တပည့်တော်တို့ဟာ အသက်ရှင်မနေနိုင်ပါဘူးဆရာတော်။

ဆရာတော်
ဒကာကြီး လေကို မြင်ရသလား
ဒကာကြီး
မမြင်ရပါဘူးဆရာတော်။ လေဟာ မြင်နိုင်တဲ့တရား မဟုတ်ပါဘူး။
ဆရာတော်
လေဟာ ရှိတယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သိအောင်လုပ်သလဲ ဒကာကြီး
ဒကာကြီး
လေကို တပည့်တော်တို့ရဲ့ ခန္ဓာကိုယ်အတွင်းမှာရော၊ အပြင်မှာပါ
လေရဲ့အားကို စမ်းသပ်တွေ့ထိခြင်းအားဖြင့်
လေဆိုတဲ့တရားဟာ တကယ်ရှိတယ်ဆိုတာ သိရပါတယ်ဆရာတော်။

ဆရာတော်
ဒါဖြင့် လေဟာ ဘယ်မှာ ကိန်းဝပ်နေပါသလဲဒကာကြီး။
ဒကာကြီး
ဥာဏ်ပညာဆိုတဲ့တရားလိုပါဘဲ ဆရာတော်၊
လေဟာလဲ အဆက်မပြတ် ဖြစ်ပေါ် ကွယ်ပျောက်နေတဲ့တရားပါဘဲ ဘုရား။

ဆရာတော်
ဥာဏ်ပညာတို့၊ လေ တို့ဆိုတဲ့တရားတွေဟာ တကယ်တမ်းရှိပါလျက်နဲ့
ဘယ်နေရာ ဘယ်ဒေသမှာ ကိန်းဝပ်လျက်ရှိတယ်လို့ မပြနိုင်သလိုဘဲ
နိဗ္ဗာန်ဆိုတဲ့တရားဟာလဲ တကယ်ရှိသော်လဲ
ဘယ်နေရာ ဘယ်ဒေသမှာ ကိန်းဝပ်တယ်လို့ မပြနိုင်ဘူး ဒကာကြီး။
ဥာဏ်ပညာဆိုတဲ့တရားနဲ့ လေဆိုတဲ့တရားတို့
တကယ်တမ်းရှိတယ်ဆိုတာကို
အာရုံခံစားခြင်း၊ တွေ့ထိခြင်းဆိုတဲ့သဘောတို့နဲ့သာ သိနိုင် နားလည်နိုင်သလို
နိဗ္ဗာန်ဆိုတဲ့တရားဟာ တကယ်ရှိတယ်ဆိုတာကိုလဲ
အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ရနေကြတဲ့ ပုဂ္ဂိုလ်များရဲ့
လောကုတ္တရာဥာဏ်၊ အာသ၀က္ခယဥာဏ်တို့ဖြင့်သာ
သိမြင် နားလည်နိုင်တယ်။ ကဲ၊ ဒကာကြီး ကျေနပ်ပြီလား။

ဒကာကြီး
ကျေနပ်ပါပြီဆရာတော်၊ ဥာဏ်ပညာနဲ့ လေဆိုတဲ့တရားတွေလိုဘဲ
နိဗ္ဗာန်ဆိုတဲ့တရားဟာ တကယ်ရှိသော်လဲ
ဘယ်နေရာ ဘယ်ဌာနမှာ ကိန်းဝပ်တယ်လို့ ပြလို့
မဖြစ်နိုင်တာကိုလဲ သဘောပေါက်ပါပြီဆရာတော်။

အရှင်အရိယဓမ္မ ၏ ဗုဒ္ဓ၀ါဒပြဿနာမျာ
photo: google search

Read more...

လျှောက်တတ်ပါစေ





လျှောက်တတ်ပါစေ ဆိုပြီး လျှောက်နည်း သင်ပေးတဲ့
ဘုန်းဘုန်းကြီး တစ်ပါး မြစ်ကမ်းနံဘေး မှာ
တပည့်ကို ကြီးကြပ်မတ်စောင့်ရှောက်ကာ ထိုင်နေပုံ





သားအရွယ် ခပ်ငယ်ငယ် တပည့်လေးကို
သေချာ ကျနစွာ နေရာရွေးပြီး
လက်တွေ့  ခြေတွေ့ 
သတိမွေ့ စေဖို့ 
တစ်နာရီ လေ့ကျင့် ခန်း ပြုလုပ်ပုံ





ဆရာ မခိုင်းပါ။
ကိုယ့်အထင် ကိုယ့်အတွေးနဲ့ 
ထူးလေမလားဆိုပြီး စမ်းသပ်သည့် တပည့်ငယ်
ခြေဖမျက်ခန့် နစ်သည့် ရေထဲဝယ် ခြေတစ်ဖက်ကျခဲ့


လျှောက်တတ်ပါစေ

လျှောက်တတ်ပါစေ ဆိုတာနဲ့  ပတ်သက်လို့
လျှောက်တာက နှစ်မျိုး ရှိပါတယ်။

၁။ ဘုန်းကြီးသံဃာမျာရဲ့ အမေး စကားကို ပြန်လည် လျှောက်တာကလည်း လျှောက်တာပဲ။ အဲဒါက တော့ မြန်မာလို - ဘူး တယ် ကိုဖျောက် ၊ ပါကိုလျှောက် ၊ လျှောက်တတ်ပါရစေ ဆိုတဲ့ အတိုင်း မြန်မာ စကားကို မဟုတ်ဘူး။ ဟုတ်တယ် - ဆိုတဲ့ စကားထဲမှာ ဘူး နဲ့  တယ် ကို ဖျောက်ပြီး ပါ ကိုထည့် ကာ ဟုတ်ပါဘုရား။ မဟုတ်ပါဘုရား၊ မှန်ပါ ဘုရား ၊ မမှန်ပါဘုရား လို့  လျှောက်တတ်ရ တယ်။ ( ရှေး )

ကိုင်း.. မြန်မာဘာသာ စကားကို ပြောတာပါ။ အခြားဘာသာ စကားကျ ဘယ်လိုလုပ်ပါ့မလဲ ၊ ဟုတ် ရင် ၊ မှန်ရင် အင်္ဂလိပ်လို Yes ၊ ဂျာမန်ဘာသာလို Ja ဒီနှစ်လုံးထဲ၊ မဟုတ်ရင် မမှန်ရင် No ၊ Nein ဖြစ်တယ်။ ဘူးလည်မပါ၊ တယ်လည်းမပါ။ ပါလည်းမထည့် ဘယ်လိုလျှောက်လျှောက် ဘုန်းကြီးနဲ့ စကားပြောရာမှာ ယဉ်ကျေးတယ် လို့  ပြောရမှာပေါ့၊ ရိုင်းတယ်လို့  ထူးပြောလို့ မရဘူး။

မြန်မာစကားကို မြန်မာယဉ်ကျေးမှုအတိုင်း ဘုန်းကြီးနဲ့  စကားပြောတဲ့အခါ လျှောက်တတ်ရင်တော့ ယဉ်ကျေးတယ်ပေါ့ ၊ အဲလို လျှောက်တတ်သူပေါ့လေ။ အဲဒါ ပါးစပ်နဲ့  လျှောက်တာပါ။

၂။ခုပြောချင်တာ တစ်ခုကလည်း လျှောက်တာပဲ၊ နောက်တစ်မျိုးဖြစ်တဲ့ ခြေဖြင့် လမ်းလျှောက်ခြင်း ပါပဲ။ လမ်းလျှောက်တာကလည်း သာမန် လမ်းလျှောက်ခြင်း ၊ တရားသတိနဲ့  လမ်းလျှောက်ခြင်း ဆိုပြီး နှစ်မျိုးပါ။ သာမန်လျှောက်တာကတော့ သာမန်မို့  မပြောတော့ပါဘူး။ တရားသတိနဲ့  လျှောက် ပုံကို ပြောပြချင်တာပါ။

အစ တရားသတိနဲ့  လျှောက်တဲ့အခါမှာတော့ ဘယ်နဲ့  ညာ လှမ်းတာကိုပဲ လှမ်းတဲ့ ခြေလှမ်းတိုင်းကို သိနေဖို့ လျှောက်ရုံပါပဲ။ အဲဒါမှ အဆင်ပြေမှု ရှိပါမယ်။ သတိနဲ့  မိတ်ဆက်ထားတာ ဖြစ်ပါတယ်။


အဲဒီနောက် နဲနဲလေး သတိ အားကောင်းလာပြီ ဆိုတာနဲ့  ညာဘက် ခြေထောက်လှမ်းချင်တယ် ဆိုရင် ပထမဆုံး ခြေကို ကြွရပါတယ်။ ခြေမကြွခင် ကြွချင်တယ် ၊ ကြွချင်တယ် လို့  စိတ်ကို သတိနဲ့ မှတ်၊ ကြွပြီဆိုရင် ကြွနေတယ် ကြွနေတယ်လို့ မှတ် ၊ လှမ်းချင်တဲ့စိတ်ကိုလည်း လှမ်းချင်တယ် ၊ လှမ်း ချင်တယ်လို့  သိရမယ်။ ပြီးတော့ လှမ်းနေတယ် လှမ်းနေတယ် ဆက်မှတ်ပါ။ အဲဒီနောက်မှာတော့ ခြေလှမ်းကို အောက်သို့ ချမယ် ဆိုရင်လည်း ခြေလှမ်းအောက်ချချင်တယ် အောက်ချချင်တယ် မှတ်ပါ။ ပြီးတော့မှာ ခြေလှမ်းအောက်ချတယ်အောက်ချတယ်လို့  ခြေတစ်လှမ်းမှာ စိတ်ခြောက်မျိုး ထိ ဖြစ်အောင် မှတ်နိုင်အောင် အသေးစိပ်မှတ်လို့  ရပါတယ်။

အဲဒီလို လမ်းလျှောက်မှတ်တဲ့ နေရာမှာ ကိုယ်သတ်မှတ်ထားတဲ့ ဧရိယာမှာ ခေါက်တုံ့ ခေါက်ပြန် မရှည်လွန်း မတိုလွန်းလမ်း လျှောက်ရပါမယ်။ လျှောက်မည့်နေရာက ခလုတ် ဆူးညောင့် ရှင်းသန့် နေဖို့  လိုပါတယ်။ လူလာ သူလာ နည်းသည့် ၊ သို့ မဟုတ် လူမရှိသည့် ၊ ရှိသော်လည်း မဆူညံသည့် နေရာမျိုးကို ရွေးချယ်သင့်ပါတယ်။ ရွေးချယ်ရင် ပိုမို ကောင်းပါတယ်။

ဒီလို အကြောင်းရာတွေကို သားအရွယ်လောက်ရှိတဲ့ တရားစိတ်စားသူလေးကို ထိုက်တန်စွာ ရှင်းပြခဲ့ပါတယ်။ သူ အသက်က ၁၇ နှစ်သားရှိသေးတယ်။ ဗုဒ္ဓဘာသာကို စိတ်ဝင်စားတဲ့ တရား သမားလေး ။ တကယ်ပြောတဲ့အတိုင်းလိုက်နာလို့  ပြောရတာ ထိုက်တန်တာပါ။

သူကျောင်းသို့  ရောက်လာပါတယ်။ သူက တကယ့်ကို ဘာသာရေးကို စိတ်ဝင်စားသူလေးပါ။ သူ့ ကို မေးကြည့်တော့ ဘယ်အချိန်ကစပြီး လေ့လာခဲ့ သလဲမေးတော့ သူ့ အသက် ၁၃ နှစ်အရွယ်မှာ စပြီး ဘာသာရေးရာကို စိတ်ဝင်စားစေခဲ့ပါသတဲ့။ အော် အံ့စွာ့။ အစ္ဆရိယံ ၀တ- ကိုယ့်မှာ ဒီအရွယ် ဒီစိတ်မျိုး မဖြစ်ဖူး ၊ သူ့ မှာ အဖြစ်ထူးလို့  အံ့ပေစွာ့။

သူက မျိုးရိုးစဉ်လာ ကိုးကွယ်ခဲ့တဲ့ ဘာသာ တစ်ခုကို ဆုပ်ကိုင် ထားတာမဟုတ်ဘူး။ နီးစပ်တဲ့ ဘာသာတရားတွေ မှန်သမျှ အကုန် လေ့လာ ဖတ်ပြီးသားပါ။ သူ့ အပြောအရ ၅ဘာသာ တတ်နိုင် သရွေ့ ဖတ်ပြီး သား ဖြစ်တယ်လို့  ဆိုပါတယ်။ လျှောက်ပါတယ်။

ခုလေ့လာနေဆဲ ဘာသာကတော့ ဗုဒ္ဓဘာသာပေါ့။ သူ့ ကို ဗုဒ္ဓဘာသာ သို့  သက်ဝင်စေခဲ့တဲ့ စာရေး ဆရာကြီးကတော့ Herman Hesse လို့  ပြောပါတယ်။ အခြား လူတော်တော်များလည်း ဒီဂျာမန် စာရေးဆရာကြီးရဲ့ ကျေးဇူးအနန္တကြောင့် ဗုဒ္ဓဘာသာ သို့  စိတ်ဝင်စား ကြတယ်လို့  သိရပါတယ်။

သူဟာ တကယ်တော့ စာသင် ကျောင်းသား တစ်ယောက်ဘဲ ရှိသေးတယ်။ ကျောင်းမှာ သူ ပြောမည့် ခေါင်းစဉ်ကဗုဒ္ဓဘာသာ အကြောင်း။ သူတကယ် လက်တွေ့ သိလိုတာနဲ့  လာခဲ့တာ ဖြစ်တယ်။ သူ့ ရဲ့  ကျောင်းက တစ်ပတ် ပိတ်ပါတယ်။ သို့ သော် သူရဲ့  ဆရာမရဲ့  ခွင့်ပြုချက်တောင်းခံပြီး အနီးနား ကပ်ခါ လေ့လာရေး အတွက် နှစ်ပတ် လေ့လာခွင့်ရပြီး ကျောင်း ဒေးယောဂီ အဖြစ် လာရောက်နေတာပါ။


သူဟာ မနက်ခင်း ပဋ္ဌာန်းတရားကို ခြောက်နာရီ အမီ လာရောက်ပြီး နာယူပါတယ်။ ပြီးမှ သံဃာတော် တွေကို အရုဏ်ဆွမ်း ဆွမ်းကပ်ပြီးသည်မှစလို့  တစ်နေကုန် ကျောင်းသန့် ရှင်းခြင်း ၊ တရားစာဖတ်ခြင်း ၊ တရားထိုင်ခြင်း ၊ တရားလမ်းလျှောက်ခြင်းများ ပြုလုပ်ပါတယ်။ ည ၉နာရီမှ သူတည်းခိုရာ အိမ်သို့  ပြန်ကာ ညအိပ်စက် အနားယူခြင်းဖြစ်ပါတယ်။

ဒီလိုနဲ့  သူ့ ကို လမ်းလျှောက် တရားမှတ်နည်းနဲ့  အတူ ၊ နေရာ- ဆိုတာ ဒီလိုနေရာကို ရွေးဆိုပြီး လူ အသွား အလာ မရှိတဲ့ မြစ်ဘေးရှိ လမ်းသွယ်လေးကို ညွှန်ပြခဲ့ပါတယ်။ လက်တွေ့ လည်း ပြခဲ့ပါတယ်။ ညနေပိုင်းဆို ဆရာဘုန်းကြီး ကိုယ်တိုင် ကြီးကြပ်ကာ တစ်နာရီ တိတိ လုပ်ဖြစ်တယ်ပေါ့။

မနက်ခင်းပိုင်းမှာ တရားထိုင်ပြီးချိန်မှာတော့ သူ တစ်ယောက်ထဲ လွှတ်လိုက်ပါတယ်။ အံ့သြစရာ တစ်ခုက သူက ဘယ်လိုလုပ်ပြီး သမာဓိအား ကောင်းမလဲ ဆိုတာကို သူကိုယ်တိုင်လည်း လေ့လာ၊ မသိတဲ့အခါမှာ ဆရာကိုလည်း မေးလျှောက်ပါတယ်။

မနက်ခင်း တစ်ခုမှာတော့ ပိုပြီး သမာဓိရလေမလားလို့  ဆိုပြီး မြောင်းသေးသေးမှာ ရှိတဲ့ အသား တစ်လုံးတန်း ထားသည့်အပေါ်မှာ သမာဓိကို ထူထောင်ခဲ့ပါသတဲ့။ ပြီးတော့ သူက အောက်သို့  ချော်မကျအောင် သမာဓိက ပိုပြီး စူးစိုက်ရတယ် ။ ဒါကြောင့်မို့  တရားမှတ်တယ် ထင်ကြောင်း ပြောပါ တယ်။ ပြီးတော့ သတိလွတ်သွားတယ်တဲ့။ ဘေးက အသံနားထောင်လိုက်တာနဲ့  သူရေထဲကို ခြေထောက်တစ်ဖက် ကျသွားတယ်။ ရေကလည်း ခြေဖမျက်ရုံ သာသာလေးပါ။ ဒါနဲ့  ကျောင်း ပြန်ရောက်တော့ ရေစိုခဲ့ကြောင်း ပြောပြ လျှောက်ထားပါတယ်။ ဒါက ဆရာ မသင်ဘဲ ကိုယ့်ဖာသာ ထွင်တာကိုး။ သူလည်း မှားမှန်း သိသွားတာပေါ့လေ။

နေ့ ခင်းဘက် ရောက်တော့. ဆရာဘုန်းကြီးက မေးပါတယ် ။ မင်းဘယ်နေရာမှာ ချော်ကျခဲ့သလဲပေါ့။ သူကနေရာကိုပြပါတယ်။ အေးကွာ ၊ ထပ်လမ်းလျှောက် လိုက် ၊ အဲဒီနေရာသွားပါ ၊ ဓာတ်ပုံရိုက် မယ်။ အေး... ကောင်းပြီ ငါတပည့်။ တကယ်တော့ မင်းက အမှတ်မှားနေတယ်ကွယ့်။ အောက်ကျလိမ့်မယ် စိုးရိမ်တဲ့စိတ်နဲ့  လျှောက်နေတာကိုက မငြိမ်းချမ်းတော့ဘူး။ သမာဓိက တစ်ခြမ်းပဲ့နေပြီ။ ဘုန်းဘုန်း ပြောတဲ့ နေရာဆို ငါတပည့်လေး စိုးရိမ်စိတ် မရှိ ၊ လွတ်လပ်စွာနဲ့ ပဲ လျှောက်နိုင်တာပေါ့ကွယ်။ နားလည်တယ်နော် လို့  မေးလိုက်တော့ နားလည်ပါပြီ ဘုရားလို့  လျှောက်ပါတယ်။

အဲဒါကြောင့် ကဲကွာ ...
လျှောက်တတ်ဖို့ က လိုတယ်ကွနော်။

မောင်မင်းကြီးသားက
တရားသတိနဲ့  လျှောက်တော့ လျှောက်တာပဲ ။
အမှတ်ထဲမှာ စိုးရိမ်စိတ်ပါတာမို့ 
နေရာမမှန်တာနဲ့ ပဲ သမာဓိ မတက်ဘူးပေါ့ကွယ်။
ကဲ... နောက်ဆို သတိထား ငါတပည့်။

လျှောက်တတ်ပါစေနော်။


၁။ လျှောက်တတ်ပါစေ...
၂။ လျှောက်တတ်ပါစေ...

မြတ်ရောင်နီ
( ၀၄၊ ၁၁ ၊ ၂၀၁၀ )



Read more...

Report: Dhamma Talk Series 2010

by Cittasamvaro

2010 Talk Series Graphic

This year’s Dhamma Talk Series finished at the end of October. We had met for 6 weeks at the Pharmaceutical Association of Thailand, for Talks and some meditation.

I arrange this set of events each year, mainly due to the absence of other Dhamma programs in Bangkok. It takes a lot of work – basically every day for at least 3 months it requires attention – doing all the graphics for the website, clickable icons, email flyers, posters, and alerting the newspapers trying to get them to post the information free of charge. The actual talks are the least of the job! In October we had, marginally, the busiest month ever on the blog with 7952 hits – partly due to the Talks Series, with a boost from the huge interest in the Ajahn Jayasaro talk in November.

While other teachers we invite do talks vaguely on this or that subject, the intent of a series is to give highly specific subjects, with notes for further investigation. If anyone is new, they should get a good overview. For those who know Buddhism, we can go into different topics in more detail than usual.

Most monks prefer to stay quiet in their rooms. It’s a big thing to put yourself in the firing line, inviting a crowd to come and listen to you … in fact one friend of mine, a monk in the forest lineage for a total of 18 years, did not contact me last time he was in Bangkok. When I found out he was here (the day before he left) I chided him for not letting me know he was in town. Well, he was afraid I’d pressure him into giving a talk! Several senior monks, even abbots, I have invited, but they do not wish to step outside of their comfort zones. It is different going out in public rather than doing things in the familiar environment of your own temple.

The usual plan is to do a series of talks, and take donations. All the money goes to Dr Holly who keeps it on behalf of the group, and is not given to any individuals or myself. We then use that money to pay for expenses through the year, such as paying for vans or room hire on the times when there are not enough donations on the day to cover costs, or else paying for transport or inviting other teachers to give talks. With the teachers we invite, there is usually a donation box on the day for their expenses too.

For the most part we do not have to pay much out, thanks to the generous offering of facilities by various groups; we can do things for free most of the time. Still, these venues usually accept donations too, so as a group we need to try and support them. Generally the price of a Starbucks coffee is plenty.

This year we had to pay for the venue, at 3000 baht per time. Khun Tiwarat gave us 3000 baht to cover one session. Sadhu! Dr Holly reports :

Total collected, including K. Tiwarat’s 3000 came to 31.600 Baht Biggest nights were #4 and #5 when we took in the exact same amount, 6,910. . . weird.
From the 31,600, we laid 18K on the Pharma folks for room hire, plus 900 for water, and we gave monk taxi money of about 700 each night, total 4,100 Baht.
Balance earned, in the can: 9,610 Baht.

Together with previous balance that makes 26,380: not chopped liver!

This is plenty to keep us going for another year.

click for the photo album

Talk topics ranged from faerie tales (Rumplestiltskin being the main one), ‘Story Arcs’ and breaking the habit of mind that drifts into unconscious behaviour, to the psychology of learning. Throughout all was the theme of mindfulness, along with specific talks on Dukkha, Kamma … and a few other things. Some people are coming new to Buddhism, while others are old hands and want specifics.

topics of the talks

Since we had been holding meditation weekly on Mondays, I figured to spend more time talking, and skip the meditation each week after the talk – but several people commented that we should definitely keep the meditation before or after the talk. We can do that next year.

In the meantime, when any known teachers are passing through Bangkok we can invite them. Ajahn Pasanno is here in December, HH Phakchok Rinpoche in Jan, and Ringu Tulku in Feb. Plus the first ever second annual picnic – which is now a definite feature.

Thanks to everyone who helped out in different ways, even if it was just coming along and supporting. It is a big help when regular faces are welcoming to newcomers – lets try to be a friendly and welcoming group! Rubby did a great job managing everything, and thanks to the monks too for joining in.

Notes on the talks :

Week One – A Matter of Mindfulness

Week Two – The Gatekeeper

Week Three – The Queen Who Woudl Cover Her Kingdom with Leather

Week Four – The Name of the Helper

Week Five – The Future of Karma

Week Six – The End of the World

Some of the weeks we got a sound recording, and some of the weeks we got a video (took several attempts to figure out the video settings). Right now it takes a bit too long to edit, and re-encode into smaller files to post up on Youtube…. The sound files need splitting, filtered for noise reduction, and resynchronised with the video file … all takes time. Maybe for next year.

The next task, when time permits, is a revamp of the Littlebang blog.

Pandit Bhikkhu

Read more...

ဖြုန်းတီးမှု များပြားလေလေ အကြမ်းဖက်မှု ကြီးမားလေလေ

ကြီးမားကျယ်ပြန့်တဲ့ အိန္ဒိယရဲ့ ထင်ရှားတဲ့ကျမ်း မဟာဘာရတက ပြောထားပါတယ်။ အဲဒါကတော့ “အဟိံသ ဒါမှမဟုတ် အကြမ်းမဖက်ခြင်းဟာ ခမ်းနားကြီးကျယ်လွန်းတဲ့ ဓမ္မ ဖြစ်တယ်” ဆိုတာပါပဲ။ အဟိံသဟာ တိုင်းတစ်ပါးသားတို့ရဲ့ စိုးမိုးချယ်လှယ်မှုအောက်မှ တိုင်းပြည် လွတ်မြှောက်ဖို့ M K ဂန္ဓီကို ကူညီခဲ့တဲ့ လွန်စွာ ထိရောက်တဲ့ နည်းလမ်းထဲက တစ်ခုအပါအ၀င်လည်း ဖြစ်ပါတယ်။

အဟိံသ-ဆိုတဲ့စကားလုံးဟာ သတ်ဖြတ်ခြင်း၊ အနာတရဖြစ်ခြင်း၊ ထိခိုက်ခြင်းလို့ အဓိပ္ပါယ်သက်ရောက်တဲ့ ဆန်စခရစ်ကြိယာ “ဟိံသ်” မှ ဆင်းသက်လာပါတယ်။ ဒီအကြမ်းဖက်တဲ့ ညွှတ်ယိမ်းမှု၊ သက်ရောက်မှု မရှိတော့ခြင်းဟာ အဟိံသပဲ ဖြစ်ပါတယ်။ အကြမ်းမဖက်ခြင်းနဲ့ပတ်သက်လို့ လက်တွေ့ကျင့်သုံးနိုင်မှုဟာ အကြမ်းဖက်မှုနဲ့ အဲဒီရဲ့ အကြောင်းရင်မြစ်များဆိုင်ရာကို တတ်သိနားလည်ခြင်းကြောင့်လို့ ယူဆသတ်မှတ်ပါတယ်။ အကြမ်းဖက်ခြင်းရဲ့ အခြေခံအကြောင်းတရားဟာ ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ ပြည့်စုံခြင်းဖြင့် ထူးခြားတဲ့ သွင်ပြင်လက္ခဏာကို ဖော်ပြတဲ့ စစ်မှန်တဲ့သဘာဝနဲ့ပတ်သက်လို့ မသိနားမလည်မှုမှာ တည်ရှိပါတယ်။ ဒီမသိနားမလည်မှုဟာ မလုံခြုံမှု၊ အတ္တဆန်မှု၊ အမုန်းတရား၊ ရန်လိုမှုနဲ့ ပြိုင်ဆိုင်လိုခြင်းဆီသို့ အကျိုးသက်ရောက် စေပါတယ်။

မသိနားမလည်မှုဟာ သူ့ရဲ့ကိုယ့်ကျိုးအတ္တဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန် အကြမ်းဖက်ခြင်းကို ကျင့်သုံးဖို့ လူသားကို မောင်းနှင်တွန်းပို့ပါတယ်။ “အသက်ရှင်နေထိုင်တဲ့သတ္တ၀ါများကို ထိခိုက်နာကျင်အောင် မလုပ်ပါနဲ့ ” လို့ ကျမ်းဂန်များက အကြံပြုထားတာဟာ ဒီအကြောင်းတရားအတွက် ဖြစ်ပါတယ်။ အကြောင်းကတော့ မိမိကိုယ်ကို မထိခိုက်စေလိုတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အကျွန်ုပ်တို့ဟာ မိမိတို့ မပြုလုပ်လိုတဲ့ အရာကို အခြားသူများကိုလည်း မပြုလုပ်စေသင့်ပါဘူး။ ဒီနည်းလမ်းဖြင့် အဟိံသဟာ စကြ၀ဠာရဲ့ စီစဉ်ညွှန်ကြားချက်ကို ကာကွယ်ပေးဖို့ မရှိမဖြစ် စကြ၀ဠာဆိုင်ရာဥပဒေတစ်ခု ဖြစ်လာပါတယ်။

အကြမ်းဖက်ခြင်းမှာ အပြုအမူ၊ အပြောအဆို၊ အတွေးများဆိုတဲ့ အဆင့် ၃-ဆင့် ရှိပါတယ်။ အပြုအမူအဆင့်မှာတော့ အကြမ်းမဖက်ခြင်းဟာ အပြည့်အ၀ မဖြစ်နိုင်ပါဘူး။ အကြောင်းကတော့ အကြမ်းဖက်ခြင်းရဲ့ အချို့အတိုင်းအတာများဟာ ဘ၀ရဲ့ အသက်ရှင်ရပ်တည်နေနိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်နိုင်ပါတယ်။ စားခြင်း၊ ကြော်လှော်ချက်ပြုတ်ခြင်း၊ လမ်းလျှောက်ခြင်းနဲ့ သန့်ရှင်းရေးစတဲ့ အိမ်တွင်းဝေယျာဝစ္စအလုပ်များမှာတောင် အရွယ်ပမာဏ အလွန်သေးငယ်တဲ့ ဇီဝသက်ရှိ အမျိုးအစားများကို စတေးခြင်းများ ပါဝင်နေပါတယ်။ ဒါ့ကြောင့် ဒီအဆင့်မှာ အဟိံသကို ကျင့်သုံးမှုအပိုင်းဟာ တုံးလုံးဗလာဖြစ်တဲ့ အနိမ့်ဆုံးထိ အကြမ်းဖက်မှုကို လျော့နည်းအောင်လုပ်ဖို့ အဓိပ္ပါယ်သက်ရောက်ပါလိမ့်မယ်။

အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့အတွက် လိုအပ်ချက်များ တိုး၍တိုး၍လာလေလေ၊ အဲဒီနောက် အကျွန်ုပ်တို့ဟာ ဖြုန်းတီးမှု များပြားလာလေလေ အကြမ်းဖက်မှု ကြီးမားလာလေလေ- ဆိုတာပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ သိနားလည်တာတစ်ခုကတော့ မိမိရဲ့လိုအပ်ချက်များစွာကို ဖြတ်တောက်ပြီး တတ်နိုင်ယင်တတ်နိုင်သလောက် ရိုးရှင်းတဲ့ဘ၀မှာ နေထိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဂန္ဓီရဲ့အထောက်အထားမှာတော့ သူဝတ်ဆင်ထားတဲ့ လံကွတ်တီက ဒီအယူအဆကို သင်္ကေတအမှတ်အသား ပြုထားတာပဲဖြစ်ပါတယ်။

အစားအစာများနဲ့စပ်လျဉ်းလို့ သက်သက်လွတ်စားတဲ့ဝါဒကို ရွေးချယ်ခြင်းဟာ အဟိံသနဲ့ပတ်သက်လို့ ထုတ်ဖော်ပြသမှု တစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီအရာများမှာတောင် အသက်ဇီဝရှိ သစ်ပင်များကို ဖျက်ဆီးခြင်းများ ပါဝင်နေပါတယ်။ သည့်အပြင် အကျွုန်ုပ်တို့ဟာ စကားလုံးများမှတဆင့် အခြားသူများကို ထိခိုက်နာကျင်စေနိုင်ပါတယ်။ ဘဂ၀ါဂီတမှာ Sri Krishna က ပြောသည်မှာ “ ချိုသာတဲ့၊ မှန်ကန်ပြီး အကျိုးလည်းရှိတဲ့၊ နာကျင်မှုကို မဖြစ်စေတဲ့ စကားများကို သုံးစွဲပြောဆိုခြင်းဟာ စကားလုံးများနဲ့ပတ်သက်လို့ ခြိုးခြံချွတာရေးကို ဖြစ်စေတယ် ” ဆိုတာပါပဲ။

စကားလုံးများရဲ့အဆင့် အဟိံသထက် စိတ်ရဲ့အဆင့် အဟိံသက ပိုလို နုးညံ့သိမ်မွေ့ပါတယ်။ အခြားသူများအတွက် ထိခိုက်နာကျင်စေတဲ့ အတွေးများကို စိတ်ထဲသိုဝှက်ထားခြင်းများဟာလည်းပဲ အကြမ်းဖက်ခြင်းပဲ ဖြစ်ပါတယ်။ အချိန်များစွာ လက်သင့်ခံထားတဲ့အခါ အကြမ်းဖက်ခြင်းက အပြောအဆို အပြုအမူများမှတဆင့် ထွက်ပေါက်ကို ရှာဖွေဖို့ ဦးတည်သွားပါတယ်။ စိတ်ထဲမှာ စကားလုံးများ အပြုအမူများကို ထုတ်လုပ် ဖြစ်ပေါ်စေပြီး ဒါဟာ အတွေးစိတ်ကူးထဲမှာ အကြမ်းဖက်ခြင်းဖြစ်ပွားတဲ့နေရာလည်း ဖြစ်ပါတယ်။ ဒ့ါကြောင့် ပထမဆုံး ခြေလှမ်းဟာ စိတ်ရဲ့အတွင်း အကြမ်းဖက်မှုကို ထိန်းသိမ်းဟန့်တားဖို့ ဖြစ်ပါတယ်။

ဒါကိုပြုလုပ်ဖို့နည်းလမ်းတစ်ခုကတော့ အဆက်မပြတ် ထပ်ကာထပ်ကာ အပြုသဘောဆောင်တဲ့အတွေးများနဲ့ စိတ်ကို ဖြည့်တင်းထားဖို့ပဲ ဖြစ်ပါတယ်။ ဥပမာကတော့ အချို့သူများအဖို့ သူ့ရဲ့စိတ်မှာ ဒေါသများ၊ အမုန်းတရားများ၊ မနာလိုမှုများ ဖိစီးပြည့်လျှံနေမယ်ဆိုယင် အကြမ်းဖက်မှုဆီသို့ယိမ်းယိုင်နေတဲ့ စိတ်ကို ဆေးကြေားပစ်ဖို့ အကျွနုပ်တို့ဟာ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ လိုက်လျောခြင်းဆိုတဲ့ ခံစားထိတွေ့မှုများဖြင့် စိတ်မှာ ဖုံးလွှမ်းထားနိုင်ပါတယ်။

မှန်ကန်တဲ့သဘာဝကို မသိနားမလည်းမှုက အတွေး၊ အပြောအဆိုနဲ့ အပြုအမူအဆင့်များမှာ အကြမ်းဖက်ဖို့ အကျိုးဆက်ကို ဖြစ်ပေါ်စေပါတယ်။ ဒ့ါကြောင့် စကားလုံးဝေါဟာရရဲ့ စစ်မှန်တဲ့ အနက်အဓိပ္ပါယ်မှာ အသိပညာဟာ အဟိံသပဲ ဖြစ်ပါတယ်။ ကိုယ်၊ နှုတ်၊ စိတ် သုံးခုလုံးမှာ အဟိံသကို လက်တွေ့ ကျင့်သုံးခြင်းဟာ အသိပညာကို ရရှိဖို့အတွက် လမ်းခင်းပေးထားခြင်းပဲ ဖြစ်ပါတယ်။

အဟိံသနဲ့ပတ်သက်တဲ့ ကိရိယာတန်ဆာပလာကတော့ ရဲဘော်ရဲဘက်သတ္တ၀ါများ၊ တိရိစ္ဆာန်များ၊ ပိုးမွှားများ၊ သစ်ပင်များနဲ့ ဖန်တီးခံအရာအားလုံးအပေါ် ခံစားတုံ့ပြန်နိုင်မှုလို့ ယူဆသတ်မှတ်ပါတယ်။ အခြားသူများရဲ့ လိုအပ်ချက်များနဲ့ပတ်သက်လို့ နားလည်သဘောပေါက်မှုနဲ့ သူတို့ကို ဖြည့်ဆည်းပေးဖို့ ဖန်တီးယူရတဲ့ အားထုတ် ကြိုးပမ်းမှုများဟာ မိမိရဲ့ကိုယ်ပိုင်လိုအပ်ချက်များမှ အစတေးခံ စွန့်လွှတ်အနစ်နာခံရမှုများ လိုအပ်ပါတယ်။ အဟိံသဟာ ခမ်းနားကြီးကျယ်လွန်းတဲ့ ဓမ္မတော့မဟုတ် အဲဒါဟာ ဓမ္မမျှသာ ဖြစ်တယ်- ဆိုတာပါပဲ။


Swami Viditatmananda Saraswati

Read more...

သောက်လက်စကော်ဖီခွက်ထဲက ကဗျာ

ရေးလက်စတွေ ခဏခေါက်ထားလိုက်တယ်။
သောက်လက်စကော်ဖီခွက်ကို ချပြီး ဖတ်လက်စ ကဗျာကိုပဲ ဆက်ဖတ်မိတယ်။ ''ညီလေး ဖတ်ဖို့ '' ဆိုပဲ။

ဘ၀က မျိုသိပ်မှုတွေနဲ့ ကျင့်သားရခဲ့တာ
ကြာလှပေါ့...
ကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့
ငါတို့ အမျိုးတွေ ပြောလေ့ရှိတယ်
အဲဒါ မဟုတ်ဘူးနော်၊
လူဆိုတာ ရတနာပဲ ညီလေး။


ကျောပိုးအိပ်ထဲ
စာအုပ်တွေ အပြည့်သိပ်ထည့်
ခေါင်းငိုက်စိုက်ချလို့
စာချည်းပဲကျက်မနေနဲ့။

ဘ၀မှာ
ဘယ်သူ့ကိုမှ မထိခိုက်ဘူး၊
ကိုယ့်အတွက်လည်း နစ်နာမသွားဘူးဆိုရင်ပေါ့
မင်းကြိုက်တာလုပ်ပစ်လိုက်စမ်း
ဦးထုပ်မဆောင်းတဲ့
ဆိုင်ကယ်မောင်းသမားကို ဖမ်းသလို
ငါ မင်းကို လက်လှမ်းတားမှာ မဟုတ်ဘူး။

ဒါပေမယ့်
လှောင်ကန်ထဲ အထည့်ခံထားရတဲ့
ငါးကလေးတွေရဲ့ ဒုက္ခကို စာနာတတ်ဖို့
မင်း စာများများဖတ်ဖို့တော့ လိုလိမ့်မယ်။

ကမ္ဘာ့မြေပုံကြီးရှေ့ချပြီး
တူအောင်အဆွဲကျင့်နေရုံနဲ့
မင်းနဲ့ ကမ္ဘာကြီးနီးလာမှာ မဟုတ်ဘူး
ဒဏ်ရာတွေနဲ့ မိတ်ဆွေဖွဲ့နေရတဲ့
ငါတို့ဝန်းကျင်မှာ
လူသားအချင်းချင်းစာနာတတ်အောင်
မင်းစာများများဖတ်စေချင်တယ်။

အသက်ရှူကျပ်နေတဲ့ ငါတို့ကမ္ဘာမြေမှာ
ငါးကလေးတစ်ကောင်ရဖို့အတွက်
ဘယ်တော့မှ တီမတူးနဲ့ ညီလေး၊
လူဆိုတာ သွေးနဲ့ကိုယ် သားနဲ့ကိုယ်
ဖွဲ့စည်းတည်ဆောက်ထားတာမဟုတ်လား

ငါဆွဲလက်စ ဖဲချပ်ဟာ
မင်းအတွက်လက်ခံတဲ့အခါ
အမှန်တရားဆိုတဲ့ နံပါတ်ကလွဲပြီး
ဘာနဲ့မှ ဆေးပေးမီးယူမလုပ်ပစ်နဲ့နော်....။


ကဗျာက ဒါပါပဲ။
ဒါပဲဆိုပေမယ့် သောက်လက်စ ကော်ဖီကတော့ အေးခဲသွားတယ်။
စီးကရက်မသောက်တတ်တာပဲ ခပ်ကောင်းကောင်း။
နှုတ်ခမ်းမီးလောင်သွားမှာ စိုးလို့၊
အဖွဲ့အစည်း တစ်ခုက ထုတ်ဝေတဲ့ နှစ်လည်စာစောင်ကို အမှတ်တမဲ့ လှန်လှောရင်း ငြိယှက်သွားစေတဲ့ ကဗျာ။
ကဗျာရေးသူက 'ကိုသစ် (ကေတုမတီဆောင်)' တဲ့၊
ကဗျာရေးသူရဲ့ အမည်ကို မကျက်မိပေမယ့် ရင်ထဲမှာ ၀မ်းစာအတော်များများ ဒါမှမဟုတ် ၀န်ထုပ်ဝန်ပိုးတစ်ခုကို
နှလုံးသားနဲ့ ထမ်းထားတာ သေချာနေပါတယ်။
ညီလေးဖတ်ဖို့ တဲ့။
မရင့်ကျက်သေးတဲ့ လူငယ်တစ်ယောက်ကို ညီလေး လို့ ခေါ်ရင် ခုဖတ်နေမိတဲ့သူလည်း ညီလေး ပေါ့။

(၂)


ဘ၀က မျိုသိပ်မှုတွေနဲ့ ကျင့်သားရခဲ့တာ
ကြာလှပေါ့...
ကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့
ငါတို့ အမျိုးတွေ ပြောလေ့ရှိတယ်
အဲဒါ မဟုတ်ဘူးနော်၊
လူဆိုတာ ရတနာပဲ ညီလေး။

ကဗျာရဲ့ အစပိုဒ်က မောင်းနှင်လိုက်တဲ့ အတွေးတွေက ငယ်စဉ်က စာသင်ဇရပ်လေးဆီ ကျောင်းပြန်တက်သွားကြပါတယ်။
ကြိမ်လုံးဝင့်သံတွေ၊ အော်ဟစ် ကြိမ်းမောင်းသံတွေကြားမှာ အားငယ်စိုးရွံစွာ ရုန်းထနေရတဲ့ ကလေးငယ်တစ်ယောက်ရဲ့ အိပ်မက်တွေကို ပြန်ထူပေးချင်နေမိပါရဲ့။
စေတနာဆိုတဲ့ ဝေါဟာရကို ကရုဏာဒေါသောတွေနဲ့ မသဲမကွဲ ရောထွေးပစ်တတ်တဲ့ စာသင်ခန်းတွေကို အကြိမ်ကြိမ်ဖြတ်သန်းခဲ့ရတဲ့ ညီလေးဟာ ကဗျာဖတ်သူကိုယ်တိုင်ဖြစ်နေခဲ့ပါရောလား။
ကဗျာရေးသူကိုယ်တိုင်ကရော။

ကြိုးကိုင်ကြမ်းမှ လိမ္မာသတဲ့လား။
မဟုတ်ဘူး မဟုတ်ဘူး။
လွှတ်ချလိုက်၊
လွှတ်ချပစ်လိုက်။
လက်ဆင့်မကမ်းချင်ပါနဲ့တော့။
ကဗျာဆရာနဲ့ အတူ ရောယောင်အော်မိတယ်၊

လူဆိုတာ ဘာသာစကားရှိတယ်။
ဘာသာစကားမရှိတဲ့ ခိုင်းနွားတစ်ကောင်ဆိုရင်တောင် 'ဟိတ်' ဆိုတဲ့ အသံကို ဘာသာပြန်တတ်တာပါပဲ။
''လူသားတစ်ယောက်နဲ့ တစ်ယောက်
နုညံ့ခြင်းပြိုင်ပွဲ မရှိတာကိုတော့ ကျွန်တော်က ရယ်သွမ်းသွေးလိုလှပါတယ် '' ဆိုတဲ့ ကဗျာဆရာကြီး မောင်ချောနွယ်ရဲ့ စကားက ပိုပြီး အမှတ်ရစရာပါ။


မျက်ရည်တွေေ၀၀ါးနေတဲ့ကြားထဲ
အဲဒီ ကြိမ်လုံးတွေနောက်ကို ၀င်ပုန်းကြည့်ချင်ခဲ့ပါတယ်။
လူဆိုတာ ရတနာပဲ တဲ့။
မိဘဆရာတွေကို ထိထိရှရရှ လွမ်းမိသွားပါတယ်။

ပြီးတော့ မပြောဖြစ်ခဲ့ပဲ(ပြောခွင့်လည်း မရခဲ့ပဲ) ရင်ဘတ်ထဲမှာ တငွေ့ငွေ့လောင်ခဲ့တဲ့စကားတွေကိုတော့ နောက်ထပ်မျိုးဆက်တစ်ခုရဲ့ နှလုံးသားထဲ ဆက်လောင်မြိုက်ဖို့ ချန်မထားလိုတော့တာ သေချာသွားပါတယ်။


(၃)

ကျောပိုးအိပ်ထဲ
စာအုပ်တွေ အပြည့်သိပ်ထည့်
ခေါင်းငိုက်စိုက်ချလို့
စာချည်းပဲကျက်မနေနဲ့။

ကျောင်းမှန်မှန်တက် စာမခက်။ စာမှန်မှန်ကျက် အတန်းတက်။ နံရံပေါ်က တွန်းတွန်းတိုက်တိုက် ကန်ချက်တွေကို အလူးအလဲ ပုတ်ထုတ်ဖို့ ကုန်းထ။ ညီလေးက ကျောပိုးအိပ်ထဲကို စာအုပ်တွေ အပြည့်အသိပ် ထည့်ပြီးချိန်မှာ ညီလေးကိုလည်း စာသင်ခန်းတွေထဲ အပြီးအပိုင် ထိုးထည့်ခံလိုက်ရတော့တာပါပဲ။
ညီလေးကိုယ်တိုင်က စာသင်ခန်းတွေထဲ တိုးဝင်သွားတာလား၊
တစ်စုံတစ်ရာက တွန်းပို့လိုက်တာလား။
ဘာပဲဖြစ်ဖြစ် ဒီနေ့ထိ ညီလေးက စာသင်ခန်းထဲမှာ။
ပြီးတော့ ညီလေးကိုယ်တိုင်ကလည်း သင်ခန်းစာဖြစ်သွားခဲ့သေးရဲ့။
ဟောဒီမှာ
သင်တန်းဆင်းလက်မှတ်တွေ များလားတယ်၊
မတောက်တခေါက် သိတာတွေ များလာတယ်။
မသေချာတာတွေ များလာတယ်။
ပန်းတိုင်တွေ များလာတဲ့အထိ အန္တရာယ်ကြီးထွားစေတဲ့ အဲဒီသင်ရိုးဆန်လွန်းတဲ့ နေ့ရက်တွေထဲမှာ
ညီလေးရေ အမှန်တကယ်ရော ပျော်ပါရဲ့လားကွယ် ။

ဘ၀မှာ
ဘယ်သူ့ကိုမှ မထိခိုက်ဘူး၊
ကိုယ့်အတွက်လည်း နစ်နာမသွားဘူးဆိုရင်ပေါ့
မင်းကြိုက်တာလုပ်ပစ်လိုက်စမ်း
ဦးထုပ်မဆောင်းတဲ့
ဆိုင်ကယ်မောင်းသမားကို ဖမ်းသလို
ငါ မင်းကို လက်လှမ်းတားမှာ မဟုတ်ဘူး။

လူတွေရဲ့ စိတ်နဲ့ စာရိတ္တထက် ဗဟိဒ္ဓကိုပဲ တို့မီးရှို့မီးလုပ်တတ်တဲ့ အကန့်အသတ်တွေကို ဖောက်ထွက်နိုင်ဖို့၊ အဲဒီ သူပြောလူပြောလူ့ကျင့်ဝတ်တွေထဲ ရောယောင်ပြီး လူဖြစ်မရှုံးဖို့ ။
၂၁ ရာစုကို ၂၁ ရာစုအတိုင်းနေတတ်ဖို့တော့ အတိအကျလိုအပ်တယ်။
စိတ်ကိုသာ လှပအောင် ၀တ်ဆင်တတ်ရင် အပေါ်ယံအကြောင်အကျားတွေက ဘယ်လိုမှ သိမ်ငယ်စရာမရှိဘူး။

ဒါပေမယ့်
လှောင်ကန်ထဲ အထည့်ခံထားရတဲ့
ငါးကလေးတွေရဲ့ ဒုက္ခကို စာနာတတ်ဖို့
မင်း စာများများဖတ်ဖို့တော့ လိုလိမ့်မယ်။

ကမ္ဘာ့မြေပုံကြီးရှေ့ချပြီး
တူအောင်အဆွဲကျင့်နေရုံနဲ့
မင်းနဲ့ ကမ္ဘာကြီးနီးလာမှာ မဟုတ်ဘူး
ဒဏ်ရာတွေနဲ့ မိတ်ဆွေဖွဲ့နေရတဲ့
ငါတို့ဝန်းကျင်မှာ
လူသားအချင်းချင်းစာနာတတ်အောင်
မင်းစာများများဖတ်စေချင်တယ်။

အရေးကြီးတယ်၊
အရေးကြီးနေတယ်။
အရေးတကြီး ဖြစ်နေတယ်။
ကမ္ဘာကြီးရဲ့ နာမကျန်းမှုတွေကြား လူတွေ စာရိတ္တဆင်းရဲလာကြတယ်။
ကိုယ့်ရိုးသားခွင့်ကို သူတစ်ပါးဆီမှာလက်ဖြန့်တောင်းနေကြရတယ်။
တစ်ယောက်ရဲ့ ရပိုင်ခွင့်ကို တစ်ယောက်က တံခါးပိတ်ပစ်လိုက်ကြတယ်။
ကမ္ဘာတစ်ခြမ်းက စစ်ပွဲတစ်ပွဲဟာ
ကမ္ဘာတစ်ခြမ်းက ငတ်မွတ်ခေါင်းပါမှုဟာ
ကမ္ဘာတစ်ခြမ်းက ငလျင်နဲ့ မုန်တိုင်းတွေဟာ
ကိုယ့်ရဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာလောက် အရေးမကြီးဘူး တဲ့။
တကယ်က အဲဒီလို မဟုတ်ဘူးနော်။
ကမ္ဘာပြုမိုးတွေ ရွာဖို့ ညီလေးရဲ့ လက်တွေကို ဆေးကြောထား၊
ကမ္ဘာပြုပန်းတွေ ပွင့်ဖို့ ညီလေးရဲ့ စိတ်တွေကို ပျိုးထား။
ကမ္ဘာမြေကို သင်ယူဖို့တော့ ညီလေးကိုယ်တိုင်ရဲ့ အရေးပေါ်ကိစ္စ။
ကဗျာဆရာနဲ့အတူ။
ညီလေးနဲ့အတူ ကမ္ဘာမြေရဲ့ စာမျက်နှာတွေကို ဖတ်ကြရမှာပါ။

အသက်ရှူကျပ်နေတဲ့ ငါတို့ကမ္ဘာမြေမှာ
ငါးကလေးတစ်ကောင်ရဖို့အတွက်
ဘယ်တော့မှ တီမတူးနဲ့ ညီလေး၊
လူဆိုတာ သွေးနဲ့ကိုယ် သားနဲ့ကိုယ်
ဖွဲ့စည်းတည်ဆောက်ထားတာမဟုတ်လား

ငါဆွဲလက်စ ဖဲချပ်ဟာ
မင်းအတွက်လက်ခံတဲ့အခါ
အမှန်တရားဆိုတဲ့ နံပါတ်ကလွဲပြီး
ဘာနဲ့မှ ဆေးပေးမီးယူမလုပ်ပစ်နဲ့နော်....။

ကော်ဖီက အေးစက်သွားပြီမို့ ကဗျာကိုပဲ မော့ချပစ်လိုက်တယ်။

ဓမ္မဂင်္ဂါ

၁၃-၀၈-၂၀၁၀

Read more...

“အမှိုက်တွေတော့ ရှင်းသွားပြီ ခွေးချီးတွေပဲ ကျန်တော့တယ်”

မုံရွာမြို့တွင် ဇောတိကအမည်ရှိ စာသင်တိုက်ကြီးတစ်တိုက်ရှိလေသည်။ ထိုစာသင်တိုက်ကြီးသည် အလွန်အင်မ တန်မှ နာမည်ကြီးသည်။ ဘာကြောင့်နာမည်ကြီးသလဲ အကြောင်းကို ရှာရသော် ထိုတိုက်ကြီးကို အုပ်ချုပ်တော် မူသော ဆရာတော် ကြီးသည်ကား ပရိယတ်အရည်အသွေးပြည့်ဝသည်။ စာချကောင်းတော်မူသည်။ ကိုယ်ကျင့် သီလနှင့် ပြည့်စုံတော်မူသည်။ အုပ်ချုပ်မှုလည်း အလွန်ကောင်းသည်။ ဆရာတော်ကြီးသည် တပည့်တစ်ပါးစည်း ကမ်းဖောက်ဖျက်သည်ကိုပက်ပင်းတွေ့ပါက အကြွေးမထား ချက်ချင်းဆုံးမတော်မူသည်။ ဘက်မလိုက် မှန်ကန်စွာ ဆုံးမလေ့ရှိသည့်အတွက် တပည့်ရဟန်းသံဃာတော်များက ဆရာတော်ကြီးကို ချစ်ကြောက်ရိုသေကြသည်။ ထိုဆရာတော်ကြီးသည်ကား စာပေနှင့် စည်းကမ်းပိုင်းသာမက စကားပြောလည်းအလွန်အင်မတန်မှကောင်း ကြောင်းနာမည်ကြီးသည်။တစ်နေ့ ဆရာတော်ကြီး၏ တပည့်အချို့တို့သည်
“ဆရာတော်ဘုရား တပည့်တော်တို့ကို ဇာတိရပ်ရွာသို့ မိဘများကို တွေ့ရန် ခေတ္တခဏ ပြန်ခွင့်ပြုတော်မူပါ ဘုရား”ဟုလျှောက်ကြလေသည်။ ထိုအခါ စကားပြောကောင်းသော ဆရာတော်ကြီးက
“အေး အေး ပြန်ကြပေါ့ကွာ၊ မင်းတို့တတွေ ရွာပြန်တော့ ငါ့ကျောင်းအတွင်း အမှိုက်တွေရှင်းသွားတာပေါ့ကွာ”ဟု
မိန့်ကြားလိုက်လေသည်။ ထို့သို့ ဆရာတော်ဘုရားကြီးက တသက်တာ မှတ်သားလောက်သော သြ၀ါဒပေး သည်ကို ဘေးတွင် ထိုင်ကာ နားထောင်နေကြသော ရွာမပြန်ကြသော တပည့်အချို့က
“အွန်း ဆရာတော်ကြီးက ရွာပြန်တဲ့ ကိုယ်တော်တွေတော့ အမှိုက်တွေနဲ့ နှိုင်းပြီး ပြောနေပြီ၊ ဒို့တတွေတော့ တော်သေးတယ်၊ ရွာမပြန်လို့ပေါ့၊ ရွာပြန်ရင် အမှိုက်ထဲ အထည့်ခံနေရအုံးမယ်၊ ခုတော့ ဒို့တတွေ ကောင်းတဲ့ စာ ရင်းပါသွားတာပေါ့”ဟု တီးတို တီးတိုး ပြောကာ ပျော်နေကြလေ၏။ သို့သော် ထိုကိုယ်တော်လေးများ၏ ပျော်ရွှင် မှုသည် သိပ်မကြာလိုက်ပါ။ ဆရာတော်ကြီး မိန့်ကြားတော်မူလိုက်သော စကားကြောင့် ရုပ်ချည်းပျောက်ကွယ်
သွားရလေသည်။ အဘယ်ကြောင့် ဆိုရသော်ကား ဆရာတော်ကြီးက
“အွန်း ကျောင်းမှာ ခွေးချီးတွေဘဲ ကျန်တော့တယ်”ဟု မိန့်ကြားလိုက်သောကြောင့်ပေတည်း။
မိမိသည် ထိုဆရာတော်ကြီး၏ စကားကို သဘောကျသဖြင့် တသက်တာ မှတ်သားထားလေသည်။ ထိုစကား ကိုတော့ တစ်တစ်နေရာရာ အသုံးချလိုက်အုံးမည်ဟု ကြံစည်ထားလေသည်။
စင်္ကာပူ၏ တစ်နေ့သော နေ့၏ နေ့လည်ခင်းတွင်ပင်ဖြစ်သည်။ မိမိသည် အလွန်ပင်ပန်းသဖြင့် အနားယူလို စိတ်ဖြစ်ပေါ်ပြင်းပြစွာ ဖြစ်ပေါ်ခဲ့သည်။ သို့သော် အနားမယူနိုင်ခဲ့ပါ။ ဘေးမှ ရန်ကုန်မှ ကြွလာသော ဆရာတော် သုံးပါးသည် စင်္ကာပူမြို့ထဲကြွရန် စကားပြောရင်း သူတို့၏ ဒကာကို စောင့်နေသောကြောင့်ပေတည်း။ မကြာ လိုက်ပါ။ မျှော်နေသော ဒါယကာရောက်လာသည့်အတွက် ထိုဆရာတော်များက
“ဦးဇ၀နရေ တပည့်တော်တို့ မြို့ထဲသွားလည်လိုက်အုံးမယ်လေ၊ အရှင်ဘုရား အေးအေးဆေးဆေး အနားယူ လို့ရတာပေါ့”ဟု ပြောသောအခါ မိမိက
“ကောင်းပါတယ် ဆရာတော်တို့ရယ်၊ တပည့်တော်လဲ ကောင်းကောင်း အနားယူလို့ ရတာပေါ့၊ နေအုံး၊ ဒီနေရာ စပ်မိလို့ ဆရာတော်ကြီးဦးဇောတိကက သူ၏ တပည့်များကို မိန့်တဲ့ သြ၀ါဒလေးပြောရအုံးမယ်”ဆိုကာ မိမိသည် ဆရာတော်ကြီး၏ အထက်ပါမိန့်ကြားချက်ကို ဖောက်သည်ချလိုက်လေသည်။ ထိုအခါ ဆရာတော်တို့သည် အလွန်ပင် ရယ်ကြလေသည်။ ထို့နောက် မိမိက ဆက်လက်ကာ ပြောလိုက်သည်ကား
“ခုလဲ ကိုယ်တော်တို့ သွားတော့ အမှိုက်တွေရှင်းသွားတာပေါ့ဘုရား”ဟု ပြောလိုက်ရာ ထိုဆရာတော်သုံးပါး တို့သည် တဟားဟားရယ်ကြလေသည်။ ဘေးက ကိုယ်တော်လေးများကလဲ
“ဟုတ်တယ် ဟုတ်တယ်”ဟု ထောက်ခံကာ ရယ်ကြလေသည်။ သို့သော် မိမိတို့အဖွဲ့သည် ရယ်လို့မှ မပြီးဆုံးသေး ပါ အပြင်ကြွမည့် ကိုယ်တော်များထဲမှ ကိုယ်တော်တစ်ပါးက
“တပည့်တော်တို့အမှိုက်တွေလဲ အပြင်သွားတော့မယ်၊ ခွေးချည်းတွေလဲ ကောင်းကောင်းနေခဲ့ကြ”ဟု ပြောကာ ကြွသွားကြလေတော့သည်။ ထိုအခါမှ ပိုမိုပွဲကျကာ အခန်းတစ်ခန်းလုံး ရယ်ရွှင်မှုတို့ဖြင့် ဖုံးလွှမ်းသွားလေ၏။ အဆုံးမတော့ “ဟုတ်မလားဟူ၍ ဆရာတော်ကြီး၏ စကားကို အသုံးချကြည့်လိုက်သည်။ သို့သော် အကယ်စင်စစ် ခွေးချည်းဖြစ်ကျန်ခဲ့သည်ကား မိမိတို့အဖွဲ့ပင်ဖြစ်သည်။ ထို့ကြောင့် ပညာရှင်များမိန့်ဆိုကြသည်။ အခြားသူကို လက်ညှိုထိုးပြောလျှင် ကျန်သုံးချောင်းသည်ကား မိမိကို ပြန်လည်ထိုးနေကြောင်း၊ လေညာကို ပစ်လိုက်သော ဖုံမှုန့်သည်ကား မိမိဆီသို့ ပြန်လည်ရောက်
ရှိလာကြောင်း၊ ယခုလည်း မိမိသည် ဟုတ်မည်အထင်ဖြင့် ပြောလိုက်သော စကားသည် မိမိဆီသို့ ပြန်လည် ရောက်ရှိလာ၏။
“အော် သတိထားစရာပါတကား”

0 comments

Read more...

သူနှင့်တွေ့မှငါ့ဘဝ


သူနှင့်တွေ့မှ
ငါ့ဘ၀သည်
လှပသာယာလာခဲ့သည်။

သူနှင့်တွေ့လျှက်
ငါ့စိတ်စဉ်သည်
ကြည်လင်အေးမြရပါသည်။

သူရယ် ငါရယ်..
လောကအလယ်မှာ
ခင်မင်မြတ်နိုး
ချစ်စနိုး၍
ချစ်မိုးထန်သော်
ပြစ်မျိုးအရာ
ဝေးမကွာလိမ့်။

သူတို့ဆိုသည်ကား
အခြားအဟုတ်
ကြာကမုတ်မှ
ဖွင့်ထုတ်အပ်စွာ
မြတ်ဗုဒ္ဓ၏
“ဓမ္မ”မည်သာ
မြိုက်တရား ။ ။
~~~~~@@@~~~~~
==================
ကိုရင်လေး
(၁၁. ၅. ၂၀၁၀)
================

Read more...

ဒေသန္တရ ခရီးသွားမှတ်တမ်း (၁၂)...

တိမ်တွေနဲ့ ထိလုနီး တောင်ကြားတွေ အထဲက ချန်ဂို
အိန္ဒိယ-တရုတ် နယ်စပ်နားက စစ်ဆေးရေးဂိတ် ကို ဖြတ်ပြီး ချန်ဂို(Chango) ရွာဆီကို ကားလေးနဲ့ ရောက်လာပြီ။ ရွာကတော့ အိန္ဒိယ မြောက်ပိုင်း ဟီမာရှယ် ပရာဒေ့ရှ် (Himachal Pradesh) ပြည်နယ်၊ ကင်နော (Kinnaur) ခရိုင်အထဲမှာ ရှိတာပါ။
ချန်ဂို (Chango) ရွာမှာ တည်းခိုခန်းတော့ မရှိဘူး။ တစ်ရွာလုံးက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တော့ ဘုန်းကြီးကျောင်း ရှိမှာပဲ။ ရွာသား တစ်ဦးက ဘုန်းကြီးကျောင်းကို လိုက်ပို့ပေးမယ် ဆိုတော့ ၀မ်းသာသွားရတယ်။ ပြီးတော့ အဲဒီ ဘုန်းကြီးကျောင်းမှာ အလှူပွဲကလည်း ရှိနေသေးတယ် ဆိုပဲ။ ဒါဆိုရင်တော့ စာရေးသူ ပိုပြီးတော့ ၀မ်းသာသွားရပြန်ပြီ။ ဆွမ်းအတွက် အဆင်ပြေပြီပေါ့။

အလှူပွဲ ရှိတဲ့ ကျောင်းကို ရောက်ပြီ
ဘုန်းကြီးကျောင်းက ရွာရဲ့ တောင်ပေါ်မှာ ရှိနေတာဆိုတော့ ရွာအောက်ကနေ လမ်းတော်တော် လျှောက်ရသား။ ကျောင်းပေါ်ကို စာရေးသူလည်း ရောက်သွားရော အလှူပွဲ ရှိနေတဲ့ အတွက် လူတွေနဲ့ စည်ကားနေကြတယ်။ အလှူပွဲကတော့ သုံးရက် ဆက်တိုက်မှာ ဒီနေ့ကတော့ နောက်ဆုံးနေ့ပဲ လို့ သိရတယ်။
စာရေးသူ ရောက်သွားတဲ့ အချိန်မှာ ရဟန်းတွေရော သီလရှင်တွေပါ ဘုရားခန်း ဓမ္မာရုံအထဲမှာ ဂါထာ မန္တာန်တွေ ရွတ်ဖတ်နေတဲ့ အချိန် ဖြစ်နေတယ်။ စာရေးသူကို ဓမ္မာရုံ အထဲက ရဟန်းတွေ ရှိတဲ့နေရာဘက်မှာ သီတင်းသုံး ထိုင်နေဖို့ နေရာပေးတယ်။
စာရေးသူလည်း နံဘေးက သက်တော်၊ ၀ါတော် ကြီးတဲ့ဆရာတော် တစ်ပါးကို ရိုရိုသေသေ ရှိခိုးပြီး အဲဒီ ဆရာတော် နံဘေးမှာ ထိုင်လိုက်တယ်။ အဲဒီ ဘုန်းကြီးကျောင်းမှာ ရွတ်ဖတ်နေကြတာက ဘင်ခရာ ဗုံတွေနဲ့ လင်းကွင်းတွေ တီးကြတယ်။ ခရာတွေလည်း မှုတ်ကြတယ်။ ဗုံတွေနဲ့ ခရာတွေကို တီးတာက တီးချင်တိုင်း တီးလို့ မရဘူး။ သူတို့တွေ ရွတ်ဖတ်နေတဲ့ စည်းချက်မှန်မှန် အသံတွေနဲ့ လိုက်ဖက်ညီအောင် တီးမှုတ် ကြရတာ။ ရှင်းရှင်းပြောရရင် ဘုရားစာ ရွတ်ဖတ်ကြတာ တီးဝိုင်းပါ ပါတယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်။
လားမားကြီး တစ်ပါးက အမြင့်တစ်နေရာကနေ ဦးဆောင်ပြီး ရွတ်ဖတ်တယ်
တစ်နာရီလောက် တီးမှုတ်ရင်း ရွတ်ဖတ်ပြီးကြတာနဲ့ ဆွမ်းဘုဉ်းပေးဖို့အတွက် စာရေးသူကို ပင့်ဖိတ်တယ်။ စာရေးသူလည်း ဆွမ်းဘုဉ်းပြီး ရွာသားတွေနဲ့ မိတ်ဆက် စကားပြောမိတယ်။ အဲဒီအချိန်မှာ ဘောင်းဘီရှည်နဲ့ အင်္ကျီလက်ရှည် ၀တ်ထားတဲ့ ရွာသားတစ်ယောက်က အိမ်ကို ပြန်တော့မယ့် အကြောင်း စာရေးသူကို ပြောရင်း လာနှုတ်ဆက်တယ်။ အခု လာနှုတ်ဆက်တဲ့ ရွာသားကို စာရေးသူ တော်တော်လေးကို ရင်းရင်းနှီးနှီး မြင်ဖူးနေတယ်။ သူကလည်း စာရေးသူကို ရင်းရင်းနှီးနှီး နှုတ်ဆက်နေတယ်။
နေပါဦး… ဘယ်မှာ မြင်ဖူးပါလိမ့်!!!
သြော်… အခုမှ မှတ်မိပြီ။ ဘုရားခန်းအထဲမှာ စာရေးသူက တရိုတသေ ရှိခိုး ဦးချခဲ့တဲ့ ဘုန်းကြီးပါလား။ ဘယ်လို ဖြစ်တာပါလိမ့်။ ဘုရားခန်းမှာတုန်းကတော့ သင်္ကန်းဝတ်နဲ့ ရွတ်ဖတ်နေပြီးတော့။ အခုက ဘောင်းဘီရှည်နဲ့။ စာရေးသူအတွက် စဉ်းစားရ ကြပ်သွားရပြီ။ အခုပဲ ဘုန်းကြီးဝတ်ကနေ လူထွက်လိုက်တာလား ပေါ့။

ဗုံတွေလည်း စည်းနဲ့ဝါး ကိုက်အောင် တီးရသေးတယ်
ဒီကိစ္စ စာရေးသူလည်း ဒီအတိုင်း မနေနိုင်တော့ဘူး။ စပ်စုကြည့်မှ ရတော့မယ်။ တခြားရွာသားတွေကို မေးလိုက်တော့ အဲဒီ ဘုန်းကြီးက ကျေးရွာလားမား (Village Lama)။ ကျန်တဲ့ ဟိုဘုန်းကြီးတွေက ဘုန်းကြီးကျောင်းလားမား (Monastery Lama)။ ကျေးရွာလားမား မှာက အိမ်ထာင်ရှိတယ်၊ ဘုန်းကြီးကျောင်းလားမား ကျတော့ အိမ်ထောင် မရှိဘူး တဲ့လေ။
အင်း… အစောနက တွက်လို့ မရတဲ့ ပုစ္ဆာ အခုမှပဲ အဖြေထွက်တော့တယ်။ တိဗက်ဗုဒ္ဓဘာသာ မှာ အဓိက ဂိုဏ်းကြီး လေးဂိုဏ်း (ဂီလုဂိုဏ်း၊ စကြားဂိုဏ်း၊ ကကျွိဂိုဏ်း၊ ငီးမားဂိုဏ်း) အထဲက အိမ်ထောင်ပြုလို့ ရတဲ့ ငီးမားဂိုဏ်းက ဘုန်းကြီးဟာ ကျေးရွာလားမား ဖြစ်လိမ့်မယ်။ စာရေးသူလည်း အဲဒီ ဘုန်းကြီး အကြောင်းကို အသေးစိတ် မမေးရဲဘူးလေ။ သူများနေရာမှာ ရောက်နေတာ ဆိုတော့ ရောက်တဲ့နေရာက လူတွေနဲ့ အတတ်နိုင်ဆုံး အဆင်ပြေအောင် နေရမှာ။
လေမှုတ် တူရိယာတွေကို သီလရှင်လေးတွေက မှုတ်တတ်သား
ရွာသားတွေလည်း ဘုန်းကြီးကျောင်းမှာ စားသောက်ပြီးသွားကြတာနဲ့ ရွာထဲကို ဆင်းသွားကုန်ကြပြီ။ ဘုန်းကြီးကျောင်း တစ်ခုလုံးလည်း ဆူညံသံတွေ တိတ်ဆိတ်သွားပြီ။ ဟင်… ဘုန်းကြီးတွေ တစ်ပါးမှ မတွေ့တော့ပါလား? ဘုန်းကြီးတွေက ဘယ်ကို ကြွသွားကုန်တာလဲ လို့ စာရေးသူ က သီလရှင်လေး တစ်ပါးကို မေးကြည့်တော့ အဲဒီ သီလရှင်လေးက တော်တော်ဝေးတဲ့ တောင်ကုန်းထိပ်ကို လက်ညှိုးထိုးပြရင်း -
အဲဒီ လားမားကြီးတွေက သူတို့ သီတင်းသုံးနေထိုင်တဲ့ ဟိုး… ဘက်ခြမ်း တောင်ကုန်းထိပ်က ဘုန်းကြီးကျောင်းကို ပြန်ကြွကုန်တာလေ
ဒါဆိုရင် ဒီ ဘုန်းကြီးကျောင်းမှာက ဘယ်ဘုန်းကြီးတွေ သီတင်းသုံးကြတုန်း?
ဒါက ဘုန်းကြီးကျောင်း မဟုတ်ပါဘူး။ သီလရှင်ကျောင်းပါ လားမားကြီး
စာရေးသူလည်း အံ့သြပြီး စိတ်ပျက်သွားရပြီ။ ဘုန်းကြီးကျောင်း ဆိုရင်တော့ စာရေးသူအတွက် သီတင်းသုံးဖို့ အဆင်ပြေမှာပဲလို့ တွေးခဲ့တာလေ။ အခုတော့ ဘယ်ကိုသွားရမှန်း မသိတော့ဘူး။
ဟေ… ဒါဆိုရင် ဦးပဉ္ဇင်းက ဘယ်မှာများ သီတင်းသုံးလို့ အဆင်ပြေနိုင်မှာလဲကွဲ့?
တပည့်တော်တို့ရဲ့ ကျောင်းမှာ လားမားကြီးအတွက် အဆောင် အခန်း ရှိတယ်လေ။ အဲဒီမှာ သီတင်းသုံးလို့ ရပါတယ်
ဟူး…. တော်ပါသေးရဲ့
စာရေးသူလည်း သက်ပြင်းရှည်ကြီးကိုချရင်း နေစရာပေးတဲ့ သီလရှင်တွေကိုပဲ ကျေးဇူးတင်နေမိတော့တယ်။

ဘုန်းကြီးကျောင်း လားမားကြီးတွေနဲ့ အတူ
လေအေးတွေကလည်း တောင်ထိပ်မှာ တော်တော်ကို တိုက်တာ။ နွေရာသီမှသာ ဒီ ချန်ဂိုမှာ သီလရှင်တွေက လာပြီး နေထိုင်ကြတယ်။ ဆောင်းရာသီ ဆိုရင်တော့ အေးလွန်းအားကြီးတော့ သီလရှင်တွေ အကုန်လုံးနီးပါး သိပ်မအေးတဲ့ တခြားမြို့ကို ပြောင်းနေကြရတာ တဲ့။
ညနေ နေ၀င်ပြီ ဆိုတာနဲ့ အအေးက အရမ်းကို ကြမ်းလာပြီ။ ရွာက ပင်လယ် ရေမျက်နှာပြင် အထက် ၃၆၅၈ မီတာ ရှိတယ်။ ပေနဲ့ ဆိုရင်တော့ ၁၂၀၀၁.၃၁ ပေ မြင့်တယ်။ ဒါကြောင့် နွေရာသီလည်း အေးနေတာပဲ။ ရွာတစ်ရွာလုံးလည်း တိတ်ဆိတ်။ သီလရှင် ကျောင်းလည်း တိတ်ဆိတ်လို့ သွားပြီ။
ဒါကတော့ ကျေးရွာလားမားကြီးနဲ့ အတူ
နံနက်ခင်း သူရိန်နေမင်းကြီး မပေါ်လာခင် အရုဏ်ဦး လင်းရောင်ခြည် အောက်မှာ ပန်းသီးစိုက်ခင်းတွေက စိမ်းစိုပြီး လန်းဆန်းနေတာကို တွေ့လိုက်ရတယ်။ နွေရာသီ ဆိုပေမဲ့လည်း မြူတွေကတော့ အုံ့ဆိုင်းနေတာပဲ။ စာရေးသူလည်း နံနက်ခင်းမှာ ကုဋီ (အိမ်သာ) လိုက်ရှာရတော့တယ်။ မနေ့ကလည်း ကုဋီ ဘယ်မှာ ရှိလဲ ဆိုတောကို မေးမထားလိုက်မိဘူး။
သီလရှင်လေး တစ်ပါးကို တွေ့တော့ မေးလိုက်တယ်။ သီလရှင်လေးကတော့ ဟိုးဘက်မှာ ရှိတယ် ဆိုပြီး စာရေးသူကို လမ်းညွှန်ပြလိုက်တာပဲ။ ဒါနဲ့ စာရေးသူလည်း ကုဋီ ရှိရာကို ခပ်သုတ်သုတ်လေး သွားမိတာပေါ့။
ဟောဗျာ… သူတို့ အိမ်သာက ဘယ်လိုပါလိမ့်။ လေဟာပြင်ကုဋီ ဖြစ်နေပါလား။ အကာအရံလည်း မရှိ။ သီလရှင်လေးတွေလည်း ဒီအတိုင်း အိမ်သာတက်နေကြတယ်။ စာရေးသူလည်း အိမ်သာနား ခပ်လှမ်းလှမ်းကို ရောက်နေပြီ။ ဒုက္ခပါပဲ… စာရေးသူလည်း အိမ်သာဆီကို ဆက်မသွားတော့ဘဲ အမြန် ပြန်လှည့် လာခဲ့ရတော့တယ်။
ကျောင်းအထဲကို ရောက်တော့ သီလရှင်လေးတွေကို တွေ့တာနဲ့
ဆရာလေးတွေရဲ့ အိမ်သာက လေဟာပြင်မှာ ဒီလိုပဲလား? ဦးပဉ္ဇင်းက ဘယ်လို သွားလို့ ရမှာတုန်း?
အခုမှ သီလရှင်လေးတွေလည်း ပြုံးစိစိ ဖြစ်နေကြပြီး အကာအရံ ပါတဲ့ အိမ်သာကို ညွှန်းပေးလိုက်တော့တယ်။
အောင်မယ်လေးလေ ငါ့နှယ် တော်ပါသေးရဲ့။ အကာအကွယ်ပါတဲ့ ကုဋီ ရှိနေသေးလို့သာပေါ့” လို့ စိတ်ထဲမှာ တွေးမိတော့တယ်။ ကျောင်းက အခိုင်အမာ အုတ်ကျောင်းကြီး ဆောက်ထားပြီးတော့ အိမ်သာကျတော့ လေဟာပြင် လုပ်ထားကြတယ်။ လူနေမှု အဆင့်အတန်း လိုနေသေးတာပဲ။ မြန်မာနိုင်ငံမှာတောင် ကျေးလက် တောရွာတွေမှာ ဟိုတုန်းက အိမ်သာတွေ အစား၊ အခု ရေလောင်း ယင်လုံအိမ်သာတွေ သုံးစွဲလာကြတာကို တွေ့နေရပြီ။ ကျန်းမာရေး ဗဟုသုတတွေ တိုးပွားလာတယ်လို့ ပြောရမှာပဲ။

ရွာသားတွေရဲ့ အကျွေးအမွေး
ကိုယ်လက်သန့်စင် ကိစ္စ၀ိစ္စ ပြီးတာနဲ့ အရုဏ်ဆွမ်း ဘုဉ်းမယ် လုပ်တော့ စာရေးသူရဲ့ နှုတ်ခမ်းတွေ အအေးဒဏ်ကြောင့် ကွဲနေပြီး အရေခွံတွေ ကွာထွက်နေတယ်။ ဆွမ်းဘုဉ်းဖို့တောင် နှုတ်ခမ်းက သိပ်မလွယ်ဘူး။ ဒါနဲ့ lip-care ဆိုတဲ့ နှုတ်ခမ်းခြောက်၊ နှုတ်ခမ်းကွဲတာ ကာကွယ်တဲ့ ဆေးကို နှုတ်ခမ်းမှာ လိမ်းထားရတော့တယ်။
နံနက်ပိုင်းမှာ ဘုရားခန်း ဓမ္မာရုံ အထဲကို ၀င်ပြီးတော့ လေ့လာမိတယ်။ ဘုရားခန်းမှာလည်း ရုပ်တုတော်တွေက စုံလို့ ပါပဲ။ နောင်ပွင့်မယ့် ဘုရားအလောင်း အရိမေတ္တယ ထိုင်တောင်မူ ရုပ်တုတော်ကလည်း ဘုရားခန်း အလယ်မှာ အကြီးဆုံး တည်ထားတယ်။ ဦးခေါင်းတော်မှာလည်း အချွန်အတက်တွေနဲ့လေ။
ဘုရားခန်း မှန်ပုံးလေးတွေ အထဲမှာလည်း နတ်ဘုရားတွေရော၊ နတ်ဘုရားမတွေနဲ့အတူ လာမားကြီးတွေရဲ့ ရုပ်တုတော်တွေရော စုံနေတာပဲ။ လာမားကြီးတွေရဲ့ ရုပ်တုတော်တွေမှာလည်း အချွန်အတက်တွေ ပါတာပဲ။ သူတို့ကိုယ် သူတို့ကလည်း ဘုရားအလောင်းတော်တွေ ဆိုပြီး အမည်ခံနေကြတာကိုး။


နံနက်ခင်း နေခြည်အောက်က ပန်းသီးစိုက်ခင်းများ
မဟာယာန ဗုဒ္ဓဘာသာက ဘုရားအလောင်း ကို ကိုးကွယ်တဲ့ ၀ါဒပါ။ ဂေါတမမြတ်စွာဘုရားရဲ့ ပုံတော်ကိုတော့ မတွေ့ဘူး။ အမှန်တော့ အခုခေတ်မှာ ပွင့်ပြီး ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားတော်တွေက အကုန် ရှိနေတုန်းပဲ။ အဲဒီ အတိုင်း ကျင့်ကြံအားထုတ်သွားရင် နိဗ္ဗာန်ဆိုတာ ရောက်ကို ရောက်မှာ။ နောင်ပွင့်မယ့် ဘုရားလည်း သစ္စာလေးပါး မြတ်တရားတွေကိုပဲ ဟောမှာ။ တရားကတော့ အားလုံး အတူတူပဲလေ။ မဟာယာန ဗုဒ္ဓဘာသာက မပွင့်သေးတဲ့ ဘုရားကို ပဲ အလေးတယူ ပြုနေကြတယ် ဆိုတော့ တမျိုးတော့ ဖြစ်နေတာပဲ။
အခုလက်ရှိ ဆေးဆရာက ဆေးညွှန်းပေးထားတဲ့ ဆေးတွေကို မသောက်ချင်ဘဲ ဘယ်အချိန်မှ ရောက်လာမယ်မှန်း မသိတဲ့ ဆေးဆရာကို စောင့်နေသလို ဖြစ်နေပြီ။ အဲဒီတော့ ရောဂါက ပိုဆိုးလာဖို့ပဲ ရှိတယ်။ လက်ရှိ ရှိနေတဲ့ ရောဂါကိုသာ လက်ရှိဆေးနဲ့ ပျောက်အောင် ကုထားနိုင်မှသာ စိတ်အချရဆုံးပါပဲ။ နောက်လာမယ့် ဆေးဆရာလည်း ဒီဆေးညွှန်းကိုပဲ ပေးမှာလေ။

ဘုရားခန်းက အရိမေတ္တယ ဘုရားအလောင်း ထိုင်တော်မူပုံတော်
ဘုရားခန်း အထဲက ရုပ်တုတွေ အထဲမှာ နတ်ဘုရားတစ်ပါးက အမျိုးသမီး တစ်ဦးနဲ့ ကာမယှက်စပ်နေတဲ့ ရုပ်တုကိုလည်း တွေ့လိုက်ရတယ်။ ဘယ့်နှယ့်… ဘုရားခန်းထဲမှာ အဲဒါတွေလည်း လာထားရတယ်လို့။ စာရေးသူ ရောက်ဖူးတဲ့ တချို့ တိဗက် ဘုန်းကြီးကျောင်းတွေ မှာ ဆိုရင် အဲဒီ လိုမျိုး ရုပ်တုကို အကြီးကြီး ထုလုပ်ထားတာ။ မမြင်အပ်တဲ့ နေရာကိုတော့ ပိတ်စပိုင်းလေးနဲ့ ဖုံးအုပ်ထားတာ တွေ့ရတယ်။ အခု စာရေးသူ ရောက်နေတဲ့ ကျောင်းမှာတော့ ရုပ်တုက နည်းနည်း သေးလို့လား မသိဘူး။ ဘာနဲ့မှ မဖုံးထားဘူး။ သူတို့ရဲ့ ဗုဒ္ဓဘာသာက ဘယ်လိုမှန်းကို ပြောလို့တောင် မတတ်တော့ဘူး။
နေ့ပိုင်းမှာ သီလရှင်လေးတွေလည်း တစ်နေကုန် ဗုဒ္ဓစာပေတွေကို သင်နေကြရတာ။ သူတို့သင်ယူနေတဲ့ ဗုဒ္ဓစာပေကို တိဗက်ဘာသာ စာပေနဲ့ လေ့လာ သင်ယူရတယ်။ ဒါကြောင့် အဲဒီ သီလရှင်တွေက တိဗက် ဘာသာစကားကို ကောင်းကောင်း ပြောနိုင်ကြတယ်။ လောကီရဲ့ အာရုံတွေကို အတတ်နိုင်ဆုံး စွန့်လွှတ်ပြီးတော့ သာသနာ ပြုနေကြရတာပဲ။ လေးစား ကြည်ညိုမိပါတယ်။
သူတို့လေးတွေကို ကြည့်ပြီး စာရေးသူလည်း မြန်မာပြည်ကို မြင်ယောင်မိတယ်။ မြန်မာပြည်မှာလည်း ဗုဒ္ဓစာပေတွေကို ရဟန်းတွေ၊ သီလရှင်တွေက အလွတ်ကျက်မှတ်ပြီး အာဂုံဆောင်နိုင်အောင် အားထုတ်နေကြတာဟာ ဗုဒ္ဓရဲ့ တရားတော်တွေကို မပျောက်မပျက်အောင် သာသနာပြု လုပ်ငန်း လုပ်နေကြတာပါပဲ။ သိပ်ကို ကြည်ညိုစရာ ကောင်းပါတယ်။
တောင်စောင်း နံဘေးက လေဟာပြင် ကုဋီ
သီဟိုခေတ်တုန်းက ဆိုရင် ရဟန်းတွေဟာ ဆွမ်းအခက်အခဲ ကြုံတော့ မြစ်ကမ်းနံဘေး သဲသောင်ပြင်မှာ ရေပါတဲ့ သဲတွေကို ၀မ်းဗိုက်ပေါ် တင်ပြီး ဗုဒ္ဓတရားတော်တွေကို ရွတ်ဖတ်ရင်း မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ခဲ့ကြတာ။ ဆွမ်းက သိပ်မဘုဉ်းပေးရတော့ ၀မ်းက ပူတဲ့ အပူကို သက်သာအောင် လုပ်ရတာပါ။ တကယ့် သာသနာ့ အာဇာနည် ရဟန်းတွေ ပါပဲ။
အခု ချန်ဂိုရွာက သီလရှင်လေးတွေက ညနေဆိုရင် ကျောင်းဝင်း ပတ်ပတ်လည်က ပန်းသီးစိုက်ခင်းထဲမှာ ရေလောင်းတဲ့သူက လောင်း၊ မြက်ရှင်းတဲ့သူက ရှင်းနဲ့ စိုက်ခင်းအလုပ်ကို လုပ်ကြရပြန်တယ်။ အဲဒီ ပန်းသီးစိုက်ခင်းက ထွက်လာတဲ့ ပန်းသီးကို ရောင်းချပြီး ရလာတဲ့ ၀င်ငွေကို ကျောင်းအတွက် လိုအပ်တာကို စီမံကြရတယ်။ မဟာယာန ဗုဒ္ဓဘာသာ နိုင်ငံတွေမှာက သီလရှင်တွေက ဈေးရောင်းပြီး ၀င်ငွေ ရှာနေကြရပြီး ဘ၀ရပ်တည် နေကြရတာကိုလည်း ကြားသိရတယ်။
မြူနှင်းတွေကြားက တာဝန်ကျေပြွန်နေတဲ့ ဖိုးလမင်းကြီး
မြန်မာနိုင်ငံ အပါအ၀င် သီရိလင်္ကာ၊ ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီယား စတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ ငါးနိုင်ငံကျတော့ ရဟန်းနဲ့ သီလရှင်တွေ စီးပွားရှာစရာ မလိုပါဘူး။ ဒကာ၊ ဒကာမတွေရဲ့ လှူဒါန်းကြတဲ့ အင်အားနဲ့ပဲ သာသနာကို တည်ဆောက်နိုင်ကြတယ်။ ရဟန်းတွေ ဆိုတာက လောဘ အလိုကို လိုက်နေလို့ ဘယ်ဖြစ်မလဲ။ ရှိတာလေးနဲ့ တင်းတိမ်ပြီး ရဟန်းတရားကို အားထုတ်နိုင်ကာမှ ရဟန်း ပီသမှာပေါ့။
တကယ်လို့ ရဟန်းနဲ့ သီလရှင်တွေသာ စီးပွားရေး လုပ်ကြတော့မယ် ဆိုရင် လူတွေနဲ့ တန်းတူ စီးပွားရှာတာ ဖြစ်တဲ့အတွက် လူတွေရဲ့ အကြည်အညို ပျက်စရာတွေ ဖြစ်ကုန်မှာပါ။ စီးပွား အပြိုင် ဖြစ်လာကြပြီကိုး။ ပြီးတော့လည်း စီးပွားရှာနေကြရတဲ့ အတွက်လည်း ဗုဒ္ဓစာပေတွေကို လေ့လာကျက်မှတ် ဖို့ အချိန်ဆိုတာ ဘယ်ပေးနိုင်ပါတော့မလဲ။ ရဟန်းတရား အားထုတ်ဖို့ ဆိုရင်တော့ ဝေလာဝေးပဲ။
အဲဒါဆိုရင် သာသနာ ပျက်နေပြီလို့ ပြောလို့ ရနေပြီ။
ရဟန်းကလည်း ရဟန်းအလုပ်လုပ်၊ လူတွေကလည်း လူအလုပ်တွေလုပ် ဆိုရင် ပြဿနာ ရှိမှာ မဟုတ်ဘူး။ ရဟန်းက လူတွေရဲ့ အလုပ်တွေမှာ ၀င်ပြီး လိုက်ပါ၊ လိုက်လုပ် နေရင်တော့ လူတွေက ရဟန်းတွေကို အကြည်ညိုပျက်ပြီး သာသနာ ပျက်ဖို့ပဲ ရှိတယ်။ ရဟန်းကလည်း ရဟန်းတာဝန်၊ လူကလည်း လူ့တာဝန် သာသနာအတွက် တာဝန် ကိုယ်စီ ယူထားကြမယ် ဆိုရင် ဗုဒ္ဓသာသနာတော်ဟာ ဆက်ပြီး ရှင်သန်နေမှာပါ။
ကောင်းကင်က လမင်းကြီးလည်း ည မြူနှင်းမှုံတွေ ကိုထိုးဖောက်ရင်း အင်အားအပြည့်နဲ့ ချန်ဂို ရွာလေးကို အလင်းရောင်တွေ ပေးပြီး အကျိုးပြုနေတယ်။ လမင်းကြီးလည်း သူ့ရဲ့ တာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်နေဆဲပဲ။
စာရေးသူလည်း သာသနာတော်အတွက် လုပ်ဆောင်စရာ ရဟန်းတာဝန်တွေကို နိုင်တဲ့ဘက်က ဆက်ပြီး လုပ်ဆောင်ရမယ်။ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ပြေမှာ သာသနာ ဆက်ပြီး ထွန်းတောက်နေဖို့ ဒီထက်ပိုပြီး ကြိုးစားရဦးမယ်။
လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတော်တွေကို ဖြည့်ဆည်းခဲ့ပြီး သတ္တ၀ါတွေ အကျိုးကို ဆောင်ရွက်ပေးခဲ့တဲ့ မြတ်စွာဘုရားရဲ့ ကျေးဇူးတော်တွေကို တတ်စွမ်းတဲ့ဘက်က ဆပ်ရဦးမယ်လေ…..

Read more...

ကျွန်ုပ် ဤသို့ကျင့်ရမည်...

Read more...

ပျောက်ဆုံးသွားသော ပန်းပွင့်များ...

Read more...

ဒါလည်းပဲ ပြီးသွားမှာပါပဲ…

အရာအားလုံးဟာ မမြဲခြင်းသဘော ရှိ၏” ဆိုတဲ့ ဘုရားစကား ကြားမိတဲ့အခါ တစ်ခါတစ်လေ စာသင်သား ဘ၀က အင်္ဂလိပ်စာ ဆရာကြီးတစ်ယောက် ပြောလေ့ပြောထ ရှိတဲ့ အင်္ဂလိပ် စကားလေးကိုလည်း သွားသွားပြီး သတိရမိပါတယ်။ ဆရာကြီးက စာသင်တဲ့အခါတိုင်း “ This too will pass” ဆိုတဲ့ စကားလုံးလေးကို ရေးရေးပြီး သူ့အတွေ့အကြုံလေးတွေနဲ့ ချိန်ထိုးကာ ပြောပြလေ့ရှိပါတယ်။ ပြီးတော့ သူက “အရှင်ဘုရားတို့ သိတဲ့အတိုင်းပဲဘုရား… လောကမှာ ဘာမှမြဲတာမရှိဘူး၊ ဖြစ်ပြီးရင်ပျက်တတ်တဲ့ သဘောရှိပါတယ်၊ ဒါကြောင့် တပည့်တော်ကတော့ ဘာလေးပဲဖြစ်ဖြစ်၊ ဘာနဲ့ပဲ ကြုံကြုံ ကိုယ့်ကိုယ်ကို ဖြေလေ့ရှိတာကတော့ “ဒါလည်းပဲ ပြီးသွားမှာပါပဲ” ဆိုတဲ့ ဖြေဆေးပဲ ဘုရား”လို့ လျှောက်လေ့ရှိပါတယ်။ ဆရာကြီးပြောတဲ့ “ဒါလည်းပဲ ပြီးသွားမှာပါပဲ” ဆိုတဲ့ စကားလုံးလေးက ဆရာကြီး စာသင်တဲ့အခါတိုင်း သုံးနေကျဖြစ်သလို လက်တွေ့ဘ၀မှာလည်း တကယ်မှန်နေတာ ဆိုတော့ တစ်ခုခု ဖြစ်တိုင်းဖြစ်တိုင်း “ဒါလည်းပဲ ပြီးသွားမှာပါပဲ”လို့ ကိုယ့်ကိုယ်ကို ဖြေသိမ့်နေမိပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒါလည်းပဲ ပြီးသွားမှာပါပဲလို့ ပြောလေ့ရှိတဲ့ ဆရာကြီးလည်း စာတွေလိုက်သင်ပြရင်း ရုတ်တရက် အသက်ဆုံးသွားရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ သူဆုံးတော့ သူ့အသုဘကို လိုက်ပို့ရင်း သူပြောလေ့ပြောထရှိတဲ့ “ဒါလည်းပဲ ပြီးသွားမှာပါပဲ”ဆိုတဲ့ စကားလေးကို သတိရကာ “အင်း… ဒီလိုနဲ့ပဲ ဆရာကြီးလည်း ဘ၀တစ်ခု ပြီးသွားတာပါပဲလား”လို့ သံဝေဂဉာဏ်နဲ့ သတိပြု ဆင်ခြင်ဖြစ်ခဲ့ပါသေးတယ်။ ဒါက ဒါလည်းပဲ ပြီးသွားမှာပါပဲဆိုတဲ့ စကားကို မကြာမကြာ ပြောလေ့ရှိတဲ့ လွန်ခဲ့တဲ့ (၇)နှစ်လောက်က ဆရာကြီးရဲ့ အဖြစ်အပျက်လေး တစ်ခုပါ။

အခုအချိန်မှာတော့ အသက်ကလည်း ရလာ၊ အတွေ့အကြုံလည်း တဖြည်းဖြည်း များများလာနေတာ ဖြစ်တဲ့အတွက် “ဒါလည်းပဲ ပြီးသွားမှာပါပဲ” ဆိုတဲ့ စကားရဲ့ မှန်ကန်မှုတွေက လက်တွေ့ဘ၀မှာ ဆက်ကာဆက်ကာ ပြပြလာတာကို သတိပြုလာမိပါတယ်။ ကောင်းတာပဲ ဖြစ်ဖြစ်၊ ဆိုးတာပဲ ဖြစ်ဖြစ် အမြဲတစ်သမှတ်တည်း ရှိမနေဘဲ အချိန်တန်ရင် ပြောင်းလဲသွားတတ်တဲ့ သဘောရှိနေတဲ့အတွက် အကောင်းပဲ ကြုံကြုံ၊ အဆိုးပဲ ကြုံကြုံ ကိုယ့်ကိုယ်ကို လုံအောင် အားပေးဖြေသိမ့်စရာ တစ်ခုခုအဖြစ် “ဒါလည်းပဲ ပြီးသွားမှာပါပဲ”လို့ သတိပြု ဆင်ခြင်တတ်တဲ့ အလေ့အကျင့်လေးကို လုပ်ဖြစ်နေမိပါတယ်။ အထူးသဖြင့် အဆိုးတွေနဲ့ ကြုံတဲ့အခါ “ငါသေတဲ့အထိတော့ ဒီအဆိုးတွေ ဒီအတိုင်း တစ်သက်လုံး ရှိသွားမှာ မဟုတ်ပါဘူး၊ အချိန်တန်ရင်တော့ ပြီးသွားမှာပါပဲ”လို့ ကိုယ့်ကိုယ်ကို သတိပေးရင်း အဆိုးတွေကို အနိုင်ယူနိုင်အောင် အကောင်းတွေကို ဖိလုပ်ကာ ဖြေဆည်မိနေမိတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဘယ်သူမဆို ကိုယ့်ရဲ့လက်တွေ့ဘ၀ကို သတိပြု ကြည့်မိကြမယ်ဆိုရင် ဘာမှမမြဲဘူးဆိုတာ ကောင်းကောင်းသိနိုင်ကြပါတယ်။ ဘယ်လောက်ပဲ ကောင်းနေတဲ့ ဘ၀ပေး အခြေအနေတွေ ဖြစ်နေပါစေ၊ ဘယ်လောက်ပဲ အဆိုးဆုံးကို ရောက်နေတဲ့ အခြေအနေတွေ ဖြစ်နေပါစေ အချိန်တန်တော့လည်း ပြီးသွားကြတာ ပါပဲ။ ဒါပေမယ့် အဲဒီပြီးသွားတဲ့ အချိန်မှာ ကိုယ်က အဆိုးနဲ့ ပြီးမလား၊ အကောင်းနဲ့ ပြီးမလား ဆိုတာကိုတော့ လိမ်မာပါးနပ်မှုနဲ့ ရွေးချယ်တတ်ဖို့ လိုပါတယ်။ ကုသိုလ်နဲ့ပြီးမလား အကုသိုလ်နဲ့ ပြီးမလားဆိုတာကိုတော့ စိစစ်တတ်ဖို့ လိုပါတယ်။ ပြီးတော့ပြီးတာပဲ ဒါပေမယ့် မကောင်းတဲ့ အပြီးဆိုရင်တော့ မကောင်းတာတွေနဲ့ ထပ်ပြီးနီးနေဦးမှာပဲဆိုတာ သတိပြုမိဖို့ လိုပါတယ်။

ဒီနေရာမှာ “အချိန်တန်ရင်”ဆိုတဲ့ စကားလေးက အရမ်းကို တာသွားပါတယ်။ အရမ်းလည်း ကျယ်ပြန့်သလို အရမ်းလည်း အဓိပ္ပါယ်ပြည့်ဝပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါလည်းပဲ ပြီးသွားမှာပါပဲ ဆိုပေမယ့် အခုလုပ်၊ အခုဖြစ်၊ အခုပြီးသွားတာတော့ မဟုတ်ပါဘူး။ အချိန်တန်လာတဲ့ အခါမှပဲ ပြီးသွားမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ ကမ္မ၀ါဒ ရှုထောင့်က ပြောမယ်ဆိုရင်တော့ အကျိုးပေးချိန်တန်မှ အကျိုးသက်ရောက်တတ်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်ချို့ မကောင်းတာတွေပဲ လုပ်နေတတ်ပေမယ့် ကောင်းတာတွေ ဖြစ်နေ၊ ကြီးပွားတာတွေ၊ အောင်မြင်တာတွေ ဖြစ်နေပြီး တစ်ချို့ကျတော့ ကောင်းတာတွေ လုပ်နေရဲ့သားနဲ့ မကောင်းတဲ့အဖြစ်၊ မကောင်းတဲ့ အကျိုးပေးတွေနဲ့ ကြုံတွေ့နေရတတ်တာ ဖြစ်ပါတယ်။ ဒါဟာ ကောင်းမှုမကောင်းမှုရဲ့ အကျိုးသက်ရောက်မှုဟာ မရှိတာမဟုတ်ဘဲ အချိန်မကျသေးလို့ မဖြစ်သေးတာ၊ အကျိုးသက်ရောက်မှု မရှိသေးတာဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ အချိန်ကျလာတဲ့ အခါဆိုရင်တော့ ဘယ်လိုပုဂ္ဂိုလ် ဘယ်လိုအရာတွေနဲ့မှ တားဆီးမရနိုင်ဘဲ သူ့အလိုလို တစ်ခုပြီးတစ်ခု ဖြစ်ဖြစ်လာ၊ ပြီးရင် ပျက်ပျက်သွားတော့တာ ဖြစ်ပါတယ်။ အဲဒီလို အချိန်တန်လို့ ဖြစ်ပျက်သွားတတ်တဲ့ သဘောကိုပဲ နောက်ဆုံးတော့ “ဒါလည်းပဲ ပြီးသွားတာပါပဲ”လို့ ကောက်ချက်ချ ဖြေသိမ့်ကြတော့တာ ဖြစ်ပါတယ်။

တစ်လောက ကျောင်းအတူတက်ခဲ့တဲ့ ဂျပန်မိတ်ဆွေ တစ်ယောက်နဲ့တွေ့လို့ ဟိုဟိုဒီဒီစကားပြောကြရင်း စကားစပ်လို့ ဘုန်းဘုန်းက “ဘ၀မှာ ဘာပဲဖြစ်ဖြစ် ကိုယ်ဖြစ်ချင်သလို ဖြစ်လို့မရဘဲ တစ်ခါတစ်လေ သူဖြစ်ချင်သလို ဖြစ်သွားတတ်တဲ့အကြောင်း၊ ဒီလို ဖြစ်ဖို့အတွက်လည်း အချိန်တစ်ခုလိုကြောင်း အချိန်တန်မှ ဖြစ်တတ်တဲ့အကြောင်း…” စသဖြင့် ပြောပြတော့ အဲဒီမိတ်ဆွေဟာ သူ့အဖြစ်အပျက်တွေနဲ့ သွားတိုက်ဆိုင်နေလို့လား မသိဘူး အားရ၀မ်းသာနဲ့ အရမ်းမှန်တဲ့အကြောင်း အခုလို အားပေးစကားလေးတွေ ပြောပြတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း ပြောလာပါတယ်။ ပြီးတော့ သူ့ရဲ့အတွေ့ အကြုံလေးတွေကိုလည်း ပြောပြပါတယ်။ “သူလည်းပဲ တစ်ခါတစ်လေ မျှော်လင့်ချက်ကြီးကြီး၊ ကြိုးစားမှုကောင်းကောင်းနဲ့ မအိပ်မနေ ကြိုးစားပေမယ့် ဖြစ်မလာတဲ့ အခါတွေ ရှိတတ်ကြောင်း၊ အဲဒီလို အခါမျိုးမှာ စိတ်အရမ်း ခံစားရပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့အထိ ဖြစ်ဖူးကြောင်း၊ ခုတော့ တဖြည်းဖြည်း နားလည်လာကာ တစ်ခါတစ်လေ ကိုယ်ဖြစ်ချင်သလို မဖြစ်တဲ့ သဘောတွေ ရှိတယ်ဆိုတာ ခံစားမိကြောင်း အရှင်ဘုရား ပြောတာတွေဟာ အမှန်တွေပဲ ဖြစ်ကြောင်း” သူက ဆက်ပြောပါတယ်။

တကယ်တော့ ဒီဂျပန်မိတ်ဆွေဟာ ဘယ်ဘာသာမှ မကိုးကွယ်တဲ့ ဘာသာမဲ့တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းကိုတော့ လေးစားမှုနဲ့ ရင်းနှီးနေပြီး ဘ၀မှာ ဒုက္ခတွေကြုံတိုင်း ရင်ဖွင့်လေ့ရှိသူ တစ်ယောက် ဖြစ်ပါတယ်။ အဲဒီလို အခါတိုင်းလည်း ဘုန်းဘုန်းက ဗုဒ္ဓအဆုံးအမ လေးတွေကို ပြောပြပြီး စိတ်ဖြေဆေးလေးတွေ ပေးနေမိပါတယ်။ အဲဒါပါပဲ။ ပြောရမယ်ဆိုရင် အတက်အကျ အနိမ့်အမြင့်တွေရဲ့ သဘောမှာ ဘာပဲဖြစ်ဖြစ် အချိန်တန်ရင်း ပြီးသွားတတ်တယ်ဆိုတာဟာ ဘာသာရှိ ဘာသာမဲ့နဲ့ မဆိုင်ဘဲ လောကမှာရှိတဲ့ လောကသားတိုင်း ကြုံရတတ်တယ်ဆိုတာကို ပြောချင်တာ ဖြစ်ပါတယ်။ သဘာဝဓမ္မဟာ သူ့သဘောတရား အတိုင်းဖြစ်နေတာ ဖြစ်တဲ့အတွက် ယူတတ်မယ်ဆိုရင် ဗုဒ္ဓဘာသာဝင်တွေလည်း ရယူနိုင်နားလည်နိုင်သလို ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေလည်း နားလည်သဘောပေါက်နိုင်ပါတယ်။ အရာရာ ဘာမှတစ်သမှတ်တည်း မရှိတဲ့ သဘောဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက်ရော ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေ အတွက်ပါ မလွဲမသွေ မှန်ကန်နေတဲ့ သဘောပဲ ဖြစ်တယ်ဆိုတာ ဘယ်သူမဆို ကိုယ့်ရဲ့လက်တွေ့ဘ၀လေးတွေနဲ့ ချိန်ထိုးပြီး သိနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို သိလာတဲ့အခါ အချိန်တန်ရင် ဒါလည်းပဲ ပြီးသွားမှာပါပဲဆိုတာ သတိပြုမိလာမှာ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ့်စိတ်ကိုယ် ဖြေဆည်လာနိုင်မှာ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ တရားဦး ဒေသနာတော်ဖြစ်တဲ့ ဓမ္မစက္က ပ၀တ္တနသုတ်ကို ကြည့်မယ်ဆိုရင်လည်း ဗုဒ္ဓဘုရားရှင်က ဖြစ်ခြင်းပျက်ခြင်း၊ တွယ်တာခြင်း ချုပ်ပျောက်ခြင်း သဘောတရားကို အများကြီး အလေးပေး ဟောကြားထားတာကို တွေ့နိုင်ပါတယ်။ ဗုဒ္ဓရဲ့ တရားတော်ကိုနာပြီး အရှင်ကောဏ္ဍည သန္တာန်မှာ ဉာဏ်အမြင် ဖြစ်ပေါ်လာတဲ့ အချက်က “ယံကိဉ္စိ သမုဒယ ဓမ္မံ၊ သဗ္ဗံ တံ နိရောဓ ဓမ္မံ”ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီစကားရဲ့ ဆိုလိုရင်းက “ဖြစ်ခြင်းသဘောရှိသည့် တရားအားလုံးသည် ချုပ်ခြင်းသဘောရှိ၏” လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ဖြစ်ပြီးရင် ပျက်၊ ပေါ်ပြီးရင် ပျောက်၊ တွယ်ပြီး ပျယ်တတ်တဲ့ သဘောကို ညွှန်းလိုတာ ဖြစ်ပါတယ်။ စာစကားနဲ့ပြောတော့ အကြောင်းဖြစ်ရင် အကျိုးဖြစ်ပြီး အကြောင်းချုပ်ရင် အကျိုးချုပ်တတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါဟာ ဘာမှမမြဲဘဲ အချိန်တန်ရင် ပြီးသွားမယ်ဆိုတဲ့ အဓိပ္ပါယ်ကိုလည်း ဆောင်စေပါတယ်။ ဒါကြောင့် ဒီလို မမြဲခြင်းသဘောတွေမှာ မမြဲဘူး၊ ဘာပဲဖြစ်ဖြစ် အချိန်တန်ရင် ပြီးသွားမှာပဲ ဆိုတဲ့ သဘောတရားလေးတွေကို အစစ်အမှန် နားလည်ပြီး အကောင်းပဲဖြစ်ဖြစ်၊ အဆိုးပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် လက်တွေ့ ကြုံလာတဲ့အခါ ဖြေဆည်နိုင်ကြမယ်ဆိုရင် ဘ၀မှာ နေထိုင်ရတာ သက်သောင့်သက်သာ ဖြစ်တယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

ဒီတော့ကား ဒီနေရာမှာ အဓိက သိစေချင်တာက လောကမှာ ဘယ်အရာမဆို အမြဲမရှိ အခိုက်အတန့် လောက်သာ ဖြစ်ပျက်တတ်တဲ့ သဘောဖြစ်ပြီး နောက်ဆုံးအချိန်တန်လာတဲ့ အခါမှာ အကောင်းပဲ ဖြစ်ဖြစ်၊ အဆိုးပဲဖြစ်ဖြစ် အပြောင်းအလဲ တစ်ခုနဲ့ပဲ အဆုံးသတ်သွား တတ်တယ်ဆိုတာ သိစေလိုတာ ဖြစ်ပါတယ်။ ကောင်းတဲ့အရာတွေပဲ ဖြစ်ဖြစ်၊ ဆိုးတဲ့အရာတွေပဲ ဖြစ်ဖြစ် အချိန်တစ်ခုကို ဖြတ်သန်းပြီးတဲ့အခါ ပြောင်းလဲသွားတတ်တဲ့ သဘောရှိတယ်ဆိုတာ နားလည်စေလိုတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အချိန်ပိုင်း အခိုက်အတန့်သာ ဖြစ်တဲ့အတွက် အဲဒီအခိုက်အတန့်ကို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားပြီး အကောင်းတွေ လာတဲ့အခါ ဒါလည်းပဲ ပြီးသွားမှာ၊ အဆိုးတွေ ကြုံတဲ့အခါ ဒါလည်းပဲ ပြီးသွားမှာကို ကောင်းကောင်း သဘောပေါက်ကာ ကိုယ့်ကိုယ်ကို သက်သောင့်သက်သာဖြစ်အောင် ကြိုးစားကြစေလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် လူတိုင်းလူတိုင်း ဘ၀မှာ အကောင်းအဆိုးဆိုတဲ့ အလှည့်အပြောင်းတွေနဲ့ မဖြစ်မနေ ကြုံတွေ့နေကြတာ ဖြစ်တဲ့အတွက် ဒီလို အလှည့်အပြောင်းတွေနဲ့ ကြုံတွေ့တဲ့အခါ မတုန်မလှုပ် ခံနိုင်ရည်ရှိစေဖို့ ဘာပဲကြုံကြုံ အခိုက်အတန့်လောက်သာ တည်တံ့တဲ့ သဘောရှိပြီး ဖြစ်ပြီးရင် ပျက်တတ်တဲ့ သဘောဆိုတာ သတိပြုဆင်ခြင်ရင်း အကောင်းတွေနဲ့ပဲ ကြုံကြုံ၊ အဆိုးတွေနဲ့ပဲ တွေ့တွေ့ နောက်ဆုံးတော့ ဒါလည်းပဲ ပြီးသွားမှာပါပဲ ဆိုတဲ့ ဖြေဆည်ရာအတွေးနဲ့ ဖြေနိုင်အောင် ကြိုးစားကာ ရိုးသားတဲ့စိတ်ထား၊ တည်ကြည်တဲ့တရား၊ မပြောင်းလဲတဲ့ ကိုယ်ကျင့်တရားများနဲ့ ကိုယ့်ကိုယ်ကိုသာ အကျိုးများအောင် လေ့ကျင့်ကြပါလို့ စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတော့တယ်။

Read more...

Pouring of water

Pouring of water when transfering of merits after a dana had been performed is a Buddhist custom which BMBMC had not put into practice, said Sayadaw U Vimala. According to the Buddhist scriptures, the act of pouring water had been mentioned, one notably when King Bimbisara had to transfer merits to his past relatives after the king had forgotten to do so when he had offered the a monastery to the Buddha.
Posted by Picasa

Read more...

ဦးဝင်းသန်း၊ မအိသိင်္ဂီတို့အား ရည်စူး၍ ဒေါ်ခင်သိန်းဝင်း (မြစ်ကြီးနား) မိသားစု ကောင်းမှု

သာသနာသက္ကရာဇ် ၂၅၅၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက် သောကြာနေ့။ ၅-၁၁-၂၀၁၀။

အရုဏ်ဆွမ်း - အုန်းနို့ခေါက်ဆွဲ (သံဃာကုန်+ သီလရှင် အပါး ၁၀၀)
အလှူရှင် -ကွယ်လွန်သူ ဦးဝင်းသန်း၊ မအိသိင်္ဂီတို့အား ရည်စူး၍ မြစ်ကြီးနားမြို့နေ ဒေါ်ခင်သိန်းဝင်း မိသားစု ကောင်းမှု သီလရှင် အပါး ၁၀၀ ဘောပင်အလှူ
ဝေယျာဝစ္စဒါန
-သာမဏေများ၊
-ဦးကျော်
-မောင်စိုးလင်းအောင်

သံဃာတွေကို နံနက် ၅ နာရီ ၁၅ မိနစ်မှာ အရုဏ်ဆွမ်း စကပ်ပါတယ်။ သီလရှင်ဆရာလေးများကို နံနက် ၈ နာရီမှာ ကပ်ပါတယ်။

အုန်းနို့ခေါက်ဆွဲဆွမ်းကို သံဃာတွေ နှစ်နှစ်ခြိုက်ခြိုက် ဘုဉ်းပေးကြပါတယ်။ သံဃာတွေ ဆွမ်းကပ်ပြီးတော့ မနက် ၈ နာရီ ကြွလာမယ့် သီလရှင် ဆရာလေးတွေအတွက် ပွဲပြင်ထားချိန်မှာ ထပ်ကြွလာတဲ့ သံဃာက မကုန်သေးတော့ သံဃာသာမဏေတွေကို ဝမ်းမြောက်ဖွယ် ကပ်ပြီးရင်း ကပ်နေရတယ်။

ကော်နက်ရှင်အရမ်းဆိုးနေလို့ အလှူဓာတ်ပုံတွေကို ခုထိ မရသေးပါ။ ဓာတ်ပုံတွေ ရတာနဲ့ တင်ပေးသွားပါမယ်။

အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

Read more...

*ဘ၀အသွင်၊ အလှယဉ်စေဖို့၊ ဓမ္မတွေနဲ့ ဆင်ကြစို့*

ငါတို့နေရာ၊ ဤကမ္ဘာ၊ တဏှာအုပ်စိုးသည်၊ တဏှာစေရာ၊ မနေသာ၊ ဖွေရှာဆက်ရသည်။

ငါ၏ကိုယ်မှာ၊ ဒေါသ၀င်က၊ ၀င်လာဒေါသ၊ အနိုင်ရအောင်၊ ဒေါသကင်းစင်၊ ဘုရားရှင်အား၊ ငါလျှင်ကြည်ညိုမိပါ၏။

ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌၊ တည်စေမင်း။

ရေကြည်ခြမ်းမျှ၊ ဒေါသမသင့်၊ အကျင့်သီတင်း၊ ကောင်းခြင်းသည်လျှင်၊ တန်ဆာဆင်၏။

လေထန်တိုင်းသာ၊ ပွင့်ကြွေပါမူ၊ ဘယ်မှာပန်းများ ကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ၊ ကမ်းပြိုပါမူ၊ ဘယ်မှမြေကြီး ကျန်မည်နည်း။
ကျရှုံးတိုင်းသာ၊ ငိုရပါမူ၊ ဘယ်မှာမျက်ရည် ကျန်မည်နည်း။

ညည်းညူမရှိ၊ မြဲဂတိနှင့်၊
သတိမမေ့၊ ချိန်နေ့သိပြန်၊
မျက်လန်ကြောဆွဲ၊ မရှိဘဲနှင့်၊
သေလည်းမတောင့်တင်း၊ ပုပ်နံ့ကင်းသည်၊
ကျိုးရင်းဝိပဿနာ တန်ခိုးတည်း။
(တော်ကူးဆရာတော်ဘုရား)

တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊
ချက်ကာထမင်း၊ ကျွေးလှူခြင်းထက်၊
မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊
ကြိမ်သုံးခါမျှ၊
မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊
ဘုရားမြတ်စွာ၊ မိန့်ခွန်းတည်း။
(မဟာစည် ဆရာတော်ဘုရား)

ဖြစ်ပျက်နှစ်ဖြာ၊ မမြင်ပါဘဲ၊
တစ်ရာအသက်၊ ရှည်သည်ထက်လည်း၊
ဖြစ်ပျက်နှစ်တန်၊ ရုပ်နှင့်နာမ်ကို၊
အမှန်မြင်လျက်၊ ဉာဏ်စဉ်တက်၍၊
တစ်ရက်တာမျှ၊ သက်ရှည်ရသော်၊
လောကလူ့ရွာ၊ ကောင်းမြတ်သာသည်၊
မြတ်စွာဗုဒ္ဓ မိန့်ခွန်းတည်း။
(မဟာစည် ဆရာတော်ဘုရား)

မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်းချမ်းသာသည်။ (မဟာစည် ဆရာတော်ဘုရား)

မစင်လူးလျှင်၊ အေးကြည်လင်သည့်၊ ရေစင်ရှိလျက်၊ မဆေးရက်၊ ရေတွက်မဟုတ်ပေ။
ရန်သူဝိုင်းထား၊ ထိုယောက်ျားကား၊ ပြေးသွားဖို့ရာ၊ လမ်းပေါက်သာလျက်၊ ပြေးမထွက်၊ လမ်းတွက်မဟုတ်ပေ။

ကိုယ်ကျိုးစွန့်ပြီး၊ သူ့အကျိုးလုပ်တာ လူမိုက်၊
သူရောကိုယ်ရော၊ အကျိုးရှိတာလုပ်တာ လူလိမ္မာ။ (ပိုင်းလော့ဆရာတော်ဘုရား)
(မြတ်စွာဘုရားအလောင်းတော် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ပုံကို ကြည့်ပါ။ သူများအကျိုးဆောင်ရင်း မိမိ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရဖို့အတွက် အပေးနဲ့ထပ်တူပျော်တဲ့ ပီတိကို အရယူသွားရင်း သူရောကိုယ်ရော အကျိုးရှိတာတွေချည်း ရွက်ဆောင်ခဲ့ပါတယ်။ ဒီနေ့ခေတ် ငါကတော့ မိသားစု စားဝတ်နေရေးအတွက် လုပ်နေရတာ၊ ဟိုအရေး၊ ဒီအရေး ကိစ္စတွေနဲ့ ရှုပ်နေတာ.. တရားတောင် အားမထုတ်နိုင်ပါဘူး ဆိုပြီး ကိုယ်ကျိုးစွန့်တဲ့ သူတွေကတော့ လူမိုက်လား၊ လူလိမ္မာလား စဉ်းစားသာ ကြည့်ပေတော့။)

လူမိုက်နဲ့ ပညာရှိ တခြားသွားရှာမနေပါနဲ့၊ ကိုယ့်သန္တာန်မှာကို ဖြစ်နေတာ၊ အချိန်ပိုင်းလူမိုက်၊ အချိန်ပိုင်း ပညာရှိ။

သင်္ဂဟတရား လေးပါး - ချစ်ဖွယ်စကား၊ ပေးကမ်းငြား၍၊ စီးပွားဆောင်လင့်၊ ကိုယ်တူကျင့်၊ မှတ်လင့် သင်္ဂဟာ။

ကာမ,ပျင်းရိ၊ မွတ်သိပ်ဘိနှင့်၊
လိုရှိတဏှာ၊ အိပ်ငိုက်ကာဖြင့်၊
ဘယာဘီရု၊ ယုံမှုကိစ္ဆာ၊
ပယ်ခွါကျေးဇူး၊ ပျော်မြူးခြွေရံ၊
အတ္တုက္ကံသန၊ ဆယ်ပါးပြသည်၊
မှတ်လင့်မာရ်စစ် ဆယ်ပါးတည်း။
ဘယာဘီရု = ကြောက်စိတ်ပေါ်တာ (ဒေါသပဲ)
အတ္တုက္ကံသန = သူများနှိမ့်ချ၊ ကိုယ့်ကိုယ်ကို မြှင့်တင်ခြင်း
(ဤဆယ်ပါးကို ကိလေသာ သုံးဆင့်နဲ့ချိန်- အကြမ်း၊ အလတ်၊ အနု)

ဟိုဘက်,ဒီဘက်၊ ရေလယ်ချက်နှင့်၊ ကျွန်းထက်မတင်၊ လူပင်မဆယ်၊ နတ်မဆယ်ဘဲ၊ ၀ဲဝယ်မမြုပ်၊ ဆွေးမပုပ်သော်၊ သမုဒ်ပင်လယ်၊ ရောက်လိမ့်မယ်။ (ဒါရုက္ခန္ဓော ပမသုတ် - ဆရာတော် ဦးဃောသိတ)

ဤကိုယ်ကာယ၊ တစ်လံမျှ၌
နှစ်ဝနာမ်ရုပ်၊ ဖြစ်၍ချုပ်၏
နာမ်ရုပ်နှစ်ပါး၊ အလွတ်ထား၍
ဤကားလိပ်ပြာ၊ ဤကားငါနှင့်
ဤမှာဇီဝ၊ ဤအတ္တဟု
ညွှန်ပြဖို့ရာ၊ မရှိပါသည်
ခန္ဓာနာမ်ရုပ် မျှပါတကား။

နာမ်ရုပ်တရား၊ ဤနှစ်ပါးလည်း
ရှည်လျားကာလ၊ မတည်ကြဘဲ
ခဏဖြစ်လျက်၊ ခဏပျက်၍
နှိပ်စက်ခြင်းရာ၊ လိုမပါဘူး
သဘာဝအား၊ ဤသုံးပါးကြောင့်
ဖြစ်ပွားသမျှ၊ အနိစ္စသည်
ဒုက္ခ အနတ္တပါတကား။
(မင်းကွန်းဆရာတော်ဘုရား)

-----------------------------------------------

သစ္စာလေးပါး လင်္ကာ (မင်းကွန်းဆရာတော်ဘုရား)

၁။ ပဋိသန္ဓေ၊ အိုနာသေဟု၊ လေးထွေရင်းမြစ်၊ ဒုက္ခဖြစ်၏၊ မချစ်ယှဉ်တွဲ၊ ချစ်သူကွဲနှင့်၊ လိုလည်းမရ၊ အကျဉ်းပြသော်၊ ပဉ္စဥပါဒါန်၊ ငါးခန္ဓာ၊ သစ္စာဒုက္ခ မှန်မောလှ။ (မှန်မောလှ = မှန်ပေ၏။)

၂။ ဒုက္ခဖြစ်ကြောင်း၊ မကောင်းတဏှာ၊ သုံးပါးမှာ၊ သစ္စာသမုဒယ မှန်မောလှ။

၃။ တဏှာချုပ်ရာ၊ နိဗ္ဗာန်မှာ၊ သစ္စာနိရောဓ၊ မှန်မောလှ။

၎။ နိဗ္ဗာန်ရောက်ကြောင်း၊ ကောင်းသောအသိ၊ ကောင်းဘိအကြံ၊ ကောင်းသံဆိုပြော၊ ကောင်းသောအပြု၊ ကောင်းမှုသက်မွေး၊ ကောင်းရေးလုံ့လ၊ ကောင်းထသတိ၊ ကောင်းဘိတည်ကြည်၊ ဤရှစ်မည်၊ သွန်ညီမဂ္ဂ မှန်မောလှ။
(နံပါတ်တစ်နဲ့ နှစ်ကို စီးဖြန်းပြီးတိုင်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပါလားလို့ ဆင်ခြင်ပြီး နိဂုံးအဆုံးသတ်ပေးပါ။)

--------------------------------------------------

အိုဘယ့်လူသား၊ ငမိုက်သားတို့
သင်ကားအ၀ိဇ္ဇာ၊ ပိတ်ဖုံးကာ၍
ငါးဖြာအာရုံ၊ ဒုက္ခဘုံကို
အကုန်မမြင်၊ အကောင်းထင်လျက်
ခုံမင်တပ်မက်၊ တွယ်ကာဖက်လျက်
အောက်ထက်သံသာ၊ စုန်ဆန်ကာဖြင့်
တဏှာလက်သည်၊ ထင်တိုင်းခြယ်၍
အေးတယ်မရှိ၊ ဆင်းရဲဖိသည်
ဝဋ်၏သားကောင်၊ လုံးလုံးတည်း။

ဝဋ်၏သားကောင်၊ ဒုက္ခဘောင်မှ
လွတ်အောင်ရုန်း၍၊ ချမ်းတာတွေ့ဖို့
မမေ့ရုပ်နာမ်၊ ဖြစ်ပျက်ဟန်ကို
အမှန်ဉာဏ်ညှိ၊ ဖြစ်တိုင်းသိလော့။

ဝီရိနှစ်တန်၊ ရှို့မြှိုက်တံဖြင့်
ဆယ်တန်ကိလေ၊ လောင်ကျွမ်းကြေအောင်
မသေမနာ၊ မအိုပါခင်
တက်သုတ်နှင်လျက်
စောလျင်မြန်စွာ၊ ရှို့မြှိုက်ပါလော့။


နောင်ခါကာလ၊ ချိန်လွန်ရဟု
နောင်တ, တကြီး၊ သင်မညည်းနဲ့။

ဇနီးမယား၊ သမီးသားနဲ့
လင်သားအိမ်ယာ၊ အဖြာဖြာကို
ငဲ့ကာဖက်နှေး၊ အချိန်ရွေးက
သေဘေးသင့်ကို၊ ဦးလိမ့်မယ်။

ဆိုး,ဆိုးမှန်းသိ လူဆိုးပညာရှိ။
ညံ့,ညံ့မှန်းသိ လူညံ့ပညာရှိ။
ဆိုးနေပါလျက် ကောင်းတယ်ထင်၊ ဆိုးမြဲဆိုးမှာပင်။
ညံ့နေပါလျက် တော်တယ်ထင်၊ ညံ့မြဲညံ့မှာပင်။

ထင်ပေါ်ကျော်စောမှု၊ ပစ္စည်းဥစ္စာ.. တွေဟာ ဘေးထွက်ပစ္စည်း၊ အနှစ်သာရက ဘာလဲဆိုရင် တစ်ဖက်သား နှလုံးအေးအောင် ဖန်တီးပေးပြီး ခံစားရတဲ့ ပီတိလေးပဲ၊ အပေးနဲ့ ထပ်တူပျော်တဲ့ ပီတိလေးပါပဲ။

နည်းနည်းချစ်ရင် နည်းနည်းပေးတယ်။
များများချစ်ရင် များများပေးတယ်။
တအားချစ်ရင် အသက်ပါပေးတယ်။
(မေတ္တာကို ပြောတာပါပဲ။)

ကိုယ်ရထားတဲ့ဘ၀ တန်ဖိုးရှိမှန်းလည်း သိပစေ၊ တစ်ချက်မှ မချော်စေနဲ့၊ ကျသွားရင် တက်လမ်းမမြင်ဘူး။ (ပိုင်းလော့ဆရာတော်ဘုရား)

ခန္တီတရား၊ သည်းခံငြား၊ စိတ်ထားမည်သို့ ဖြည့်သနည်း။
လူမိုက်အမှု၊ ငါပြန်ပြုလျှင်၊ သူလိုငါလည်း၊ လူမိုက်ပဲဟု၊ စိတ်ထဲတွေးဆ၊ အေးမြမြနှင့်၊ ဒေါသမထွက်၊ စိတ်မပျက်၊ သက်သက်အနာခံသတည်း။
(ခန္တီ ပရမံ တပေါတိ တိက္ခာ)

ပြီးခဲ့တဲ့အတိတ်၊ လာမယ့် အနာဂတ်သည် တကယ်မှ မရှိတာ..၊ အခုတွေးလို့ အခုပေါ်တာကို အတိတ်၊ အနာဂတ် လုပ်နေတာ..။

အနာဂတ်အတွက် ပုံစံတော့ချ၊ သို့သော် ဖြစ်ချင်မှဖြစ်မယ်၊ ဖြစ်ချင်ရာ ဖြစ်လိမ့်မယ်။ (ဒါမှ အနတ္တသေဘာ - သဗ္ဗေဓမ္မာ အနတ္တာ)

အကျိုးတရားကို မပွားပါနဲ့၊ အကြောင်းတရားကိုသာ တည့်အောင်လုပ်ပါ။ (အကျိုးတရားကို ပွားတာက - ကာမစ္ဆန္ဒ၊ ရမလာမှာ စိုးတာက - ဗျာပါဒ)

---------------------------------------------

မသိခြင်းငါးပါးနဲ့ အသက်ရှင်နေရတဲ့ ဘဝ

အသက်,အနာ၊ ချိန်အခါ
စွန့်ရာ,လားဂတိ။
ရေတွက်ပိုင်းခြား၊ ဤငါးပါး
အများမှန်မသိ။

-------------------------------------------

အကုသိုလ် အကျိုးပေးတယ်ဆိုတာ တခြားမဟုတ်ဘူး၊ မဟုတ်တာကိုမှ ကြိုက်လာတာ၊ မကောင်းတာကိုမှ လုပ်ချင်လာတာ.. (တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရား)

ဒိဋ္ဌိမဖြုတ် ဒါနလုပ် ဒုက္ခတွေ့လိမ့်မည်။
ဒိဋ္ဌိမဖြုတ် သီလလုပ် ဒုက္ခတွေ့လိမ့်မည်။
ဒိဋ္ဌိမဖြုတ် ဘာဝနာလုပ် ဒုက္ခတွေ့လိမ့်မည်။
ဒိဋ္ဌိမဖြုတ် ၀ိပဿနာလုပ် ဒုက္ခတွေ့လိမ့်မည်။
(တောင်လေးလုံး ဆရာတော် ဘုရားကြီး)

------------------------------------------------

ဒိဋ္ဌိဖြုတ်နည်း သုံးမျိုး (စာလို ပရိညာသုံးပါး)

အသိဖြုတ် - ဉာတပရိညာ
အပွားဖြုတ် - တိရဏပရိညာ
အပယ်ဖြုတ် - ပဟာနပရိညာ

ဖြစ်ပျက်မမြင်သေးဘဲ ဖြုတ်တာ - အသိဖြုတ်
ဖြစ်ပျက်မြင်ပြီးဖြုတ်တာ - အပွားဖြုတ်
ဖြစ်ပျက်အဆုံး မြင်ပြီးဖြုတ်တာ - အပယ်ဖြုတ်

---------------------------------------------

ဒိဋ္ဌိသက္ကာ၊ မကွာသမျှ၊
လူတွင်စကြာ၊ နတ်မှာသိကြား၊
မိုးဖျားဗြဟ္မာ၊ ဖြစ်တုံပါလည်း၊
ခန္ဓာပြိုကွဲ၊ ကုသိုလ်စဲက၊
ဖောက်လွဲပယ်ရွာ၊ ရောက်မြဲသာတည်း။

********************************************

လေးစားစွာဖြင့်
ဖိုးသား

11/6/2010, SAT:, 5:13:54 PM

Read more...

မဟောသဓာအပိုင်း- ၃၁ "ကေဝဋ်၏ အကြံဆိုး"

ကေဝဋ်ပုဏ္ဏားသည် မှန်ကြည့်တိုင်း နဖူးတွင် အမာရွတ်ကို မြင်နေရသည်။ ထိုအခါ မဟောသဓာ အပေါ် အခဲမကျေနိုင်။ လက်စားချေရန် အမြဲကြံနေသည်။

တစ်နေ့တွင် အကြံရသွားသည်။ ဝိဒေဟရာဇ်မင်းကြီးကို စူဠနီဗြဟ္မဒတ်မင်းကြီး၏ သမီးတော် ပဉ္စာလစန္ဒီနှင့် ဖြားယောင်းမျှားခေါ်မည်။ မဟောသဓာလည်း အတူလိုက်ပါလိမ့်မည်။ ထိုအခါ နှစ်ဦးစလုံးကို သုတ်သင်ပစ်မည်ဟူ၍ ကြံစည်သည်။ ထို့နောက် စူဠနီဗြဟ္မဒတ်မင်းကြီးကို ပြာသာဒ် အထက်ထပ်သို့ ခေါ်သည်။ သူ၏အကြံကို ပြောပြသည်။

"အရှင်မင်းကြီး၊ ယခု အကြံမှာ အလွန်ကောင်းသော အကြံဖြစ်ပါသည်။ ဝိဒေဟရာဇ်မင်းကြီးကို ကိလေသာ ကာမဂုဏ်ဖြင့် ဖြားယောင်းပြီး မဟောသဓာနှင့် တကွ သုတ်သင်ရန် ဖြစ်သည်။ အရှင့်သမီးတော် ပဉ္စာလစန္ဒီသည် ရုပ်ဆင်းအင်္ဂါ လွန်စွာ ချောမောလှပသူ ဖြစ်ပါသည်။ သမီးတော်၏ အလှကို စာဆိုတော်တို့အား တေးကဗျာ ရေးဖွဲ့စေမည်။ ထိုတေးကဗျာတို့ကို မိထိလာပြည်တွင် သွားရောက် သီဆိုစေမည်။ ဝိဒေဟရာဇ်မင်းကြီးသည် ကြားရဖန် များသောအခါ သမီးတော်ကို တပ်မက်လာလိမ့်မည်။ ထိုအခါ မိထိလာပြည်သို့ ကျွန်ုပ်သွားမည်။ အရှင်မင်းကြီးက နှစ်ပြည့်တစ်ပြည် ရွှေလမ်းငွေလမ်း ဖောက်သည့်သဘောဖြင့် သမီးတော်ကို ဆက်သလိုကြောင်း ပရိယာယ်ဖြင့် ဆိုမည်။ နေ့ကောင်း ရက်သာ ရွေးချယ် ချိန်းချက်မည်။ 'ငါးမျှားချိတ်ကို မမြင်၊ ငါးစာကိုသာ မြင်သောငါး' ကဲ့သို့ ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓာနှင့်အတူ လာလိမ့်မည်။ ထိုအခါ သင်းတို့နှစ်ဦးကို သုတ်သင်ပြီး အောင်သေအောင်ပွဲကြီး ပြုလုပ်မည်"

စူဠနီဗြဟ္မဒတ်မင်းကြီးက "ဆရာ့အကြံ ကောင်းလှသည်။ ဤအတိုင်း အမြန်လုပ်ပါ" ဟု ဆို၏။

ဤတိုင်ပင်သည့် စကားများကို စူဠနီဗြဟ္မဒတ်မင်းကြီး၏ အိပ်ရာစောင့် သာလိကာမလေးသည် ကြားသိလေသည်။

စူဠနီဗြဟ္မဒတ်မင်းကြီးသည် စာဆိုတော်တို့အား ဆုလာဘ်များစွာပေး၍ သမီးတော် ပဉ္စာလစန္ဒီ၏ အလှကို ကဗျာဖွဲ့ဆိုစေသည်။ ထို့နောက် အဆိုတော်များနှင့် သဘင်အနုပညာရှင်တို့အား မိထိလာပြည်သို့ သွား၍ သီဆိုစေသည်။ ထို့ပြင် ငှက်ကြီးများကို ဖမ်း၍ လည်တွင် ချူဆွဲစေလျက် ညဥ့်လူခြေတိတ်ချိန်တွင် ငှက်များနှင့်အတူ သစ်ပင်ပေါ်တက်၍ သီချင်းဆိုစေသည်။ ထို့နောက် ငှက်ကြီးများကို လူမနိုးခင် လွှတ်စေသည်။ ဤသို့ ပြုခြင်းမှာ ပဉ္စာလစန္ဒီမင်းသမီး၏ အလှကို နတ်များကပါ သီဆို ချီးကျူးကြသည်ဟု ထင်စေရန် ဖြစ်သည်။ ထို့နောက် တစ်ဖန် ဤမျှလောက် ချောမောလှပသော ပဉ္စာလစန္ဒီမင်းသမီးသည် ဝိဒေဟရာဇ်မင်းကြီးနှင့်သာ ထိုက်တန်ကြောင်း ရေးစပ်ထားသော သီချင်းများကိုလည်း ဆိုစေပြန်သည်။ ထိုထိုသီချင်းများကို ကြားရသောအခါ ဝိဒေဟရာဇ်မင်းကြီးသည် လွန်စွာ နှစ်သက် သဘောကျသွားသည်။ အဆိုတော် သဘင်သည်တို့ကို ခေါ်၍ ဆုလာဘ်များစွာ ပေးလေသည်။

ထိုသတင်းကို ကြားရသောအခါ ကေဝဋ်ပုဏ္ဏားသည် မိထိလာသို့ နေ့ရက်ချိန်းရန် သွားရောက်သည်။ မိထိလာပြည်သူ ပြည်သားတို့သည် ထိုအကြောင်းကို ဝမ်းမြောက်ဝမ်းသာ ပြောဆိုနေကြသည်။ ဝိဒေဟရာဇ်မင်းကြီးလည်း ဝမ်းမြောက်မဆုံး ရှိနေသည်။

မဟောသဓာကမူ ကေဝဋ်ပုဏ္ဏားလာခြင်းကို သံသယ ဖြစ်မိသည်။ အကောင်းလာခြင်း မဟုတ် ဟု ထင်မိသည်။ အကြောင်းမှန်သိရန် စူဠနီဗြဟ္မဒတ်မင်းထံ စေလွှတ်ထားသည့် မိမိ၏ သူလျှိုထံ စုံစမ်းမေးမြန်းသည်။ သူလျှိုက "မင်းကြီးနှင့် ကေဝဋ်ပုဏ္ဏားတို့သည် နန်းပြာသာဒ် အထက်ထပ်၌ တိုင်ပင်ကြခြင်းဖြစ်၍ အကြောင်းမှန်ကို မသိရပါ။ မင်းကြီး၏ အိပ်ရာစောင့် သာလိကာမကလေးသည်သာ သိနိုင်စရာ အကြောင်းရှိပါသည်" ဟု ပြန်ကြားလိုက်လေသည်။

မဟောသဓာထံ ကေဝဋ်ပုဏ္ဏားသွာခြင်း

မဟောသဓာသည် ကေဝဋ်ပုဏ္ဏား၏ အကြံကို မသိရသေး။ ထို့ကြောင့် ရန်ဘက်ဖြစ်သူအား မိမိ၏ အနေအထားကို သိမြင်ခွင့်ပေးရန် မသင့်ဟု ခံယူမိသည်။ သို့ဖြင့် မြို့တံခါးမှ နန်းတော်အထိ ကေဝဋ်ပုဏ္ဏားလာမည့် လမ်းတစ်လျှောက်လုံးနှင့် နန်းတော်မှ မိမိအိမ်သို့ လာမည့်လမ်းကို ဘေးနှစ်ဖက်တွင် ဖျာများဖြင့် ကာရံထားသည်။ အပေါ်ကလည်း ဖျာမိုးထားသည်။ ဤသို့ မြို့အခြေအနေကို မမြင်စေချင်၍ ပြုလုပ်ထားသည်ကို ကေဝဋ်ပုဏ္ဏား မသိရအောင်လည်း စီမံထားသည်။ လမ်းကို တန်ဆာဆင်သောအနေဖြင့် ပန်းချီကားများ ရေးဆွဲထားသည်။ တံခွန်၊ ကုက္ကားများ စိုက်ထားသည်။

ကေဝဋ်ပုဏ္ဏားသည် မဟောသဓာ၏ အကြံကို မရိပ်မိ။ ဝိဒေဟရာဇ်မင်းက မိမိကို ကြိုဆိုသောအားဖြင့် လမ်းကို ပြင်ဆင်ထားသည်ဟုသာ ထင်နေသည်။

သူသည် နန်းတော်သို့ ရောက်သောအခါ ဝိဒေဟရာဇ်မင်းကြီးအား လက်ဆောင်ပဏ္ဏာများ ဆက်သသည်။
"အကျွန်ုပ်တို့၏ မင်းကြီးသည် ပဉ္စာလရာဇ်ပြည်နှင့် ဝိဒေဟရာဇ်ပြည်တို့ကို နှစ်ပြည့်တစ်ပြည် ရွှေလမ်း၊ ငွေလမ်း ဖောက်ရန် သမီးတော် ပဉ္စာလစန္ဒီကို အရှင်မင်းကြီးအား ဆက်သလိုပါသည်။ နေ့ရက် ချိန်းဆိုရန် ကျွန်ုပ် လာရောက်ရခြင်း ဖြစ်ပါသည်" ဟု ဆို၏။

ဝိဒေဟရာဇ်မင်းကြီးလည်း လွန်စွာ ဝမ်းမြောက် ဝမ်းသာ ဖြစ်သွားသည်။
"မဟောသဓာသုခမိန်ထံ သွားတွေ့ပါ။ ယခင်က ဖြစ်ခဲ့သည့် အပြစ်များကို ကျေအေးအောင် ပညာရှိ အချင်းချင်း ဆွေးနွေးတိုင်ပင်ပါ" ဟု မိန့်တော်မူသည်။
"ကောင်းပါပြီ အရှင်" ဟူ၍ ကေဝဋ်က မဟောသဓာအိမ်သို့ သွားလေသည်။

မဟောသဓာသည် ကေဝဋ်ပုဏ္ဏားကို စကားလက်ခံ မပြောလိုပေ။ ထို့ကြောင့် ထောပတ်သစ်သီးကို သောက်၍ အိပ်နေလေသည်။ အခန်းထဲ၌လည်း ညောင်စောင်း၊ ခုတင်၊ ထိုင်ခုံ စသည်တို့ကို မခင်းကျင်းထား။ သိမ်းဆည်းထားသည်။ ထို့ပြင် ကြမ်းပြင်နှင့် နံရံတို့ကိုလည်း နွားချေးအစိုများ လိမ်းကျံထားသည်။

ကေဝဋ်ပုဏ္ဏားသည် မဟောသဓာထံ ရောက်သောအခါ ထိုင်စရာ မရှိ ဖြစ်နေသည်။ နွားချေးလိမ်းထားသော ကြမ်းပြင်ပေါ်၌ မတ်တတ်ရပ်လျက်ပင် နှုတ်ဆက်သည်။ မဟောသဓာကလည်း ပြန်၍ နှုတ်ဆက်စကား ပြောမည်ပြုသည်။ ထိုအခါ အစောင့်အရှောက်များက မဟောသဓာ လျှို့ဝှက်စွာ မှာကြားထားသည့်အတိုင်း ပြုသည်။ "အရှင့်သားသည် ယနေ့ အလွန်တက်သော ထောပတ်သစ်ကို သောက်ထားပါသည်။ စကား မပြောပါနှင့်" ဟု တားမြစ်သည်။ ကေဝဋ်ပုဏ္ဏားကိုလည်း ပြန်သွားရန် အမူအရာဖြင့် ပြကြသည်။

ကေဝဋ်ပုဏ္ဏားက "ကျွန်ုပ် ပြန်မည်" ဟု မဟောသဓာကို နှုတ်ဆက်သည်။ အစောင့်အရှောက်များက "စကားကျယ်ကျယ် ပြောရသလော" ဟု ဆိုကာ ရိုက်နှက် တွန်းထိုး၍ ဆွဲထုတ်ကြလေသည်။

မေတ္တာရပ်ခံချက်။

လောလောဆယ် ကျမရဲ့ပို့စ်ကို ဆက်တင်ဖို့အတွက် အခက်အခဲတစ်ခု ဖြစ်နေပါတယ်။ စာမျက်နှာ ၈-မျက်နှာလောက် ကြားမှာပျောက်နေတာကြောင့် ကျမအမျိုးမျိုးကြိုးစားပြီး အွန်လိုင်း ဘာသာရေး ဘလော့ဂ်တွေမှာ ရှာဖွေပါသေးတယ်။ စာအုပ်အသစ်ရှာဖို့ရာလည်း အခက်အခဲရှိတာကြောင့် နည်းနည်းကျော်ပြီးရေးရတော့မယ့် အခြေအနေကို စာဖတ်သူ မိတ်ဆွေများ နားလည်ပေးပြီး သည်းခံကျော်ဖတ်ပေးပါရန် လေးစားစွာမေတ္တာရပ်ခံပါတယ်ရှင်။
အွန်လိုင်းမှာရှာရင်း-မဟောသဓာဇာတ်တော် အပါအဝင် ကျန်ဇာတ်တော်ကြီးများကို အသံဖြင့်နားဆင်နိုင်စေရန်
http://www.myanmar.tisarana.info/adhammas4.html ကို စာဖတ်သူ အများလည်း သိရှိပြီးဖြစ်ပါလိမ့်မယ်။

ခင်မင်လေးစားစွာဖြင့်
ဇွန်မ

(မဟောသဓာအပိုင်း- ၃၂ "ဥမင်ခရီး" ဆက်တင်ပါမည်)

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP