* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, November 1, 2010

တရားတော်များ



မင်္ဂလာတိုက်ဆရာတော် ဥူးသုမင်္ဂလ ဟောကြားတော်မူသော တရားတော်များ

Download
အက္ခရာမပါတဲ့စာ (၁)(သုဝဏ္ဏ၊စစ်ကိုင်းစာသင်တိုက်-၂၊၉၊၂၀၁၀)
အက္ခရာမပါတဲ့စာ (၂)(သုဝဏ္ဏ၊စစ်ကိုင်းစာသင်တိုက်-၂၊၉၊၂၀၁၀)
အိပ်သူနဲ့နိုးသူ ( ကျိုက်ထို ၁၀.၉.၂၀၁၀)
အလိုလိုဘာရမလဲ (ရွှေပြည်သာ ၉.၉.၂၀၁၀)


ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

Read more...

ပုတီးစိပ်လျှင် သိထားသင့်သော အချက်များ

ပုတီးစိပ်ခြင်း(၂)မျိုး

၁။ သာမန်ပုတီးစိပ်ခြင်း
(ကုသိုလ်ရနိုင်သည့် အခွင့်အရေးကောင်းကို လက်လွတ်မခံဘဲ နေရာမရွေး၊
အချိန်မရွေး ပုတီးစိပ်ခြင်းမျိုးကို ဆိုလိုသည်။)
၂။ အဓိဋ္ဌာန် ပုတီးစိပ်ခြင်း
(ပုတီးစိပ်ခြင်းကို သီးခြားလုပ်ငန်းတစ်ခုအဖြစ် သပ်သပ်အချိန်ပေးပြီးအဓိဋ္ဌာန်
ကျ၍ ကျကျနန စိပ်ခြင်းမျိုးဖြစ်ပါသည်။)
.....................................................................................................
ပုတီးမစိပ်မီ ကျင့်ဝတ်(၁၀)ပါး

၁။ ဆာလောင် မွတ်သိပ်မှုကင်းအောင် တစ်ခုခုစားထားပါ။
၂။ ကိုယ်ခန္ဓာ အ၀တ်အစား သန့်ပြန့်ပါစေ၊ ပုတီးစိပ်သောနေရာလည်း သန့်ရှင်းပါစေ။
၃။ မိမိနှင့် သင့်လျော်သော အချိန်ကို ရွေးပါ။
၎။ နေရာစနစ်တကျယူပြီးမှ ပုတီးစိပ်အလုပ်ခွင် စပါ။
၅။ သရဏဂုံ သီလ ခံယူ ဆောက်တည်ပါ။
၆။ မေတ္တာပို့ပါ။
၇။ မေတ္တာပို့ပြီးနောက် ဘုရားပင့်ပါ။
၈။ ဘုရားကို မိမိခန္ဓာကိုယ်ကို လှူဒါန်းလိုက်ပါ။
၉။ ပုတီးစိပ်ရန် ကမ္မဋ္ဌာန်း တောင်းပါ။
၁၀။တတ်နိုင်သလောက် အဓိဋ္ဌာန်ပြုပါ။
..............................................................................................................
ပုတီးစိပ်စဉ် ကျင့်ဝတ်(၅)ပါး

၁။ ကိုယ်ကိုမတ်၍ တင်ပလ္လင်ခွေ သို့မဟုတ် ပုဆစ်ဒူးတုပ်ထိုင်ပါ။
၂။ ပုတီးကို လက်နှစ်ဖက်ဖြင့် ကိုင်စိပ်ပါ။
၃။ ယုံယုံကြည်ကြည် စိပ်ပါ၊ မိမိအနှစ်သက်ဆုံး အရာတစ်ခုခုကို စိပ်ပါ၊
သမာဓိရရန် ကြိုးစားပါ။
၎။ ပုတီးစိပ်နေဆဲကာလမှာ အကျိုးတရားကို မျှော်လင့်သည့် လိုချင်စိတ်လုံးဝမထားရပါ။
၅။ မဆိုင်သည့် စိတ်ကူးတွေ ၀င်လာလျှင် အမြန်ဖယ်ရှားပစ်ပါ။
...............................................................................................................
ပုတီးစိပ်ပြီး ကျင့်ဝတ်(၂)ပါး

၁။ မိမိစိပ်ခဲ့သည့် လုပ်ငန်းကို ပြန်လည်ဆင်ခြင် သုံးသပ်ပါ။
၂။ နိဗ္ဗာန်ကို ဆုတောင်းပါ။

ဓမ္မဒါန။ ။ထူးဝေယံဖြိုး (သန့်ဝေယံ)

Read more...

*ပယ်လေးတန် ခံလေးပါး*

Monday, November 01, 2010 တောသားလေး , Posted in , 1 Comment


မြတ်စွာဘုရားရှင် ၀ါတော်(၂၀) ပထမဗောဓိကာလအတွင်းမှာ အမြဲတမ်းပြုစုလုပ်ကျွေး မည့်သူ မရှိသေးပါဘူး။ မြတ်စွာဘုရားရှင် သက်တော်ကြီးရင့်လာချိန်တွင် အလျဉ်းသင့်သလို လိုက်ပါသည့် နောက်တော်ပါ ရဟန်းတချို့က မြတ်စွာဘုရားရှင် စကားတော်ကို နားမထောင်ဘဲ ထင်ရာလုပ်တတ်သည့်အတွက် အဆင်မပြေ ဖြစ်သည်ကို သံဃာ ပရိသတ်အလယ်မှာ မိန့်ကြားတော်မူပါသည်။

မြတ်စွာဘုရားရှင် မိန့်ကြားသည့်အခါ အရှင်သာရိပုတ္တရာ အမှူးရှိသော ရှစ်ကျိပ်သော တပည့်ကြီးတွေက အနီးကပ် ပြုစုခွင့်ကို တောင်းခံခဲ့သော်လည်း ခွင့်မပြုဘဲ ပယ်ချတော်မူခဲ့ပါတယ်။ အရှင်အာနန္ဒာ တစ်ပါးတည်းသာ မတောင်းဆိုဘဲ ခပ်ဆိတ်ဆိတ် ထိုင်တော်မူနေပါသည်။ ကျန်ရှိတဲ့ ရဟန်းတော်တွေက ၀ိုင်းဝန်းတိုက်တွန်းသောအခါ အရှင်အာနန္ဒာက “ငါရှင်တို့ တောင်းမှ ရတဲ့ ရာထူး ဌာန ဆိုတာ ဘာလုပ်ဖို့လဲ။ တကယ်လို့ မြတ်စွာဘုရားရှင် အလိုရှိရင် “ အာနန္ဒာ ငါဘုရားကို ပြုစုလုပ်ကျွေးစေ လို့ မိန့်တော်မူလိမ့်မယ်” ဟု ပြန်လည် ပြောကြားတော် မူသောအခါ မြတ်စွာဘုရားရှင်က “ချစ်သား ရဟန်းတို့ အာနန္ဒာဟာ သူတစ်ပါးတိုက်တွန်းမှ ငါဘုရားကို ပြုစုလုပ်ကျွေးမည့်သူ မဟုတ်ပါဘူး။ သူ့ဘာသာ အလိုလို သိရှိနားလည်ပြီး ငါဘုရားကို ပြုစုလုပ်ကျွေးပါလိမ့်မယ်လို့” မိန့်ကြားတော်မူပါတယ်။
ထိုအခါမှ အရှင်အာနန္ဒာက ထတော်မူပြီး အောက်ပါအချက်များကို ခွင့်ပြုတော်မူမှသာ အရှင်ဘုရား၏ အလုပ်အကျွေး ရာထူးကို လက်ခံတော်မူမည်ဟု တောင်းဆိုတော်မူပါသည်။
(က) အရှင်အာနန္ဒာ၏ တောင်းဆု-(၄) ပါး
၁။ ဘုရားရှင်အတွက် အရှင်အနန္ဒာက လက်ခံလိုက်သော ဆွမ်းကို ဘုရားရှင်မှ လက်ခံတော်မူခြင်း။
၂။ ဘုရားဖူးလာကြသော တိုင်းတပါးသား၊ ဇနပုဒ်သားတို့အား ရောက်မဆိုက်ပင် ဘုရားဖူးခွင့်ရစေခြင်း။
၃။ ယုံမှားသံသယဖြစ်လျှင်ဖြစ်ခြင်း ဘုရားရှင်ထံချဉ်းကပ်မေးလျှောက်ခွင့်ရခြင်း။
၎။ မျက်ကွယ်၌ ဟောခဲ့သောတရားများကို ပြန်လာဟောကြားပေးခြင်း။
(ခ) အရှင်အာနန္ဒာ၏ ပယ်ဆု-(၄) ပါး
၁။ ဘုရားရှင်မှ သင်္ကန်းပေးခြင်း။
၂။ ဆွမ်းပေးခြင်း။
၃။ တကျောင်းတည်းအတူ သီတင်းသုံးခြင်း။
၎။ ဘုရားရှင်အား ပင့်ဖိတ်သောဆွမ်းကို အတူလိုက် ဘုန်းပေးခြင်း။
ဤဆုရှစ်ပါးဟာ ကိုယ်ကျိုးစီးပွားလို့ ထင်ရတဲ့ အခွင့်အရေး(၄) ခုကို ပယ်ပြီး၊ အများ အကျိုးစီးပွားကို တာဝန်ယူနိုင်တဲ့ အခွင့်အရေး(၄) ခုကို တောင်းဆိုခဲ့သောကြောင့် “ပယ်လေးတန်၊ ခံလေးပါး” ဆိုပြီး သာသနာတော်မှာ ထင်ရှားတော်မူခဲ့ပါသည်။ အရှင်အာနန္ဒာမထေရ်၏ နှလုံးရည်ဟာ သူမတူအောင် မြင့်မြတ်တော်မူပြီး မိမိကိုယ်တိုင် ကောင်းပြီး သူတစ်ပါးကိုလည်း တော်စေလို ကောင်းစေလိုသော အတုယူထိုက်သည့် စိတ်ဓါတ်ပိုင်ရှင် “သူတော်ကောင်းပုဂ္ဂိုလ်” အစစ်အမှန် တစ်ဦးပင်ဖြစ်ပါသည်။ အရှင်အာနန္ဒာ မထေရ်မြတ်၏ ဂုဏ်ရည်ကို ဒီပိုစ်လေးနဲ့ ဦးခိုက် ပူဇော်လိုက်ပါတယ်။
ကျမ်းကိုး
၁။ အင်္ဂုတ္ထိုရ် အဋ္ဌကထာ (ပထမတွဲ)
၂။ အပါဒါန် အဋ္ဌကထာ (ပထမတွဲ)
၃။ ထေရဂါထာ အဋ္ဌကထာ (ဒုတိယတွဲ)
၎။ မဟာဝဂ္ဂ အဋ္ဌကထာ
၅။ ပါထက၀ဂ္ဂ အဋ္ဌကထာ
၆။ သံယုတ် အဋ္ဌကထာ (ပထမတွဲ)
၇။ ဓမ္မပဒ အဋ္ဌကထာ (ပထမတွဲ)
၈။ မဟာဗုဒ္ဓ၀င်ကျမ်း (ဆဋ္ဌမတွဲ)
အားလုံးသော ဓမ္မမိတ်ဆွေများလည်း သူတော်ကောင်း ပုဂ္ဂိုလ် အစစ်အမှန်ဖြစ်အောင် အားထုတ်နိုင်ကြပါစေ။
တောသားလေး

Read more...

ကထိန်အာနိသင်များ (အပိုင်း ၃)

ကထိန်အာနိသင် (၃)

တတိယအကျိုးအာနိသင်က ဂဏဘောဇနသိက္ခာပုဒ်ကို လိုက်နာကျင့်သုံးစရာ မလိုတာ ဖြစ်ပါတယ်။

ဂဏဘောဇနသိက္ခာပုဒ် -
အချိန်အခါကို ကြဉ်၍ ဂဏဘောဇဉ်ကို သုံးဆောင်ခြင်းကြောင့် ပါစိတ်အာပတ်သင့်၏။ ထိုဂဏဘောဇဉ်ကို သုံးဆောင်ရာ၌ ဤဆိုလတ္တံ့သည်ကား အချိန်အခါတည်း။ နာဖျားသောအခါ၊ သင်္ကန်းလှူသောအခါ၊ သင်္ကန်းချုပ်သောအခါ၊ အဓွန့်ရှည်သော ခရီးသို့ သွားသောအခါ၊ လှေစီးသောအခါ၊ အခါကြီး၊ ရဟန်းက ဆွမ်းလှူသောအခါ။ ဤကား ထိုဂဏဘောဇဉ်ကို သုံးဆောင်ရာ၌ အချိန်အခါတည်း။” (ပါစိတ်ပါဠိတော်မြန်မာပြန်)

ရှင်ဒေ၀ဒတ်နဲ့ နောက်လိုက်နောက်ပါ ရဟန်းတစ်စု ဆွမ်းရှာမှီးပုံ အချိုးမပြေတာကို အကြောင်းပြုပြီး ဒီသိက္ခာပုဒ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။ ရဟန်းဆိုတာ “ဘိက္ခု(တောင်းစားသူ)” ဆိုပေမယ့် ရဟန်းတွေရဲ့ တောင်းနည်းဟာ သိမ်မွေ့ရပါတယ်။ ယဉ်ယဉ်ကျေးကျေး ပြောရရင် အလှူခံတာပါ။ ဒါကို “အရိယပရိယေသန (အရိယာတို့ရဲ့ ရှာမှီးခြင်း)”လို့ခေါ်ပါတယ်။ ဆွမ်းလာပို့တဲ့သူ၊ ဆွမ်းပင့်ကပ်တဲ့သူ၊ ဆွမ်းချက်ကပ်တဲ့သူ မရှိဘူးဆိုရင် ဆွမ်းရဖို့အတွက် တစ်အိမ်ဆင်း တစ်အိမ်တက် အိမ်ရှေ့မှာ သပိတ်ပိုက်ပြီး တိတ်တိတ်လေး ရပ်နေရပါတယ်။ ဆွမ်းလာလောင်းရင် လက်ခံ။ မလောင်းရင် အသာတကြည် ပြန်ကြွရုံပါပဲ။ အတွန့်တက်တာ၊ အရိပ်ပြတာ၊ ဇွတ်တောင်းတာတွေ မလုပ်ရပါဘူး။ ရှင်ဒေ၀ဒတ်တို့ အုပ်စုက ဒီလိုမဟုတ်ဘဲ ၀မ်းရေးအတွက် ဣနြေ္ဒမဲ့အောင် တောင်းရမ်းကြလို့ ဒီသိက္ခာပုဒ် ဖြစ်ပေါ်လာတာပါ။

ဒီသိက္ခာပုဒ်အရ ရဟန်းတော်တွေဟာ ဂဏဘောဇဉ်ကို မဘုဉ်းပေးကောင်းပါဘူး။ ဂဏဘောဇဉ်ဆိုတာကို ပါစိတ်ပါဠိတော်(စာ-၁၀၁)မှာ ဒီလို ဖွင့်ဆိုပြပါတယ်။ “ဂဏဘောဇဉ်မည်သည် အကြင်အရပ်၌ ရဟန်းလေးပါးတို့ကို ဘောဇဉ်ငါးပါး တို့တွင် တစ်ပါးပါးသော ဘောဇဉ်ဖြင့် ပင့်ဖိတ်သောကြောင့် သုံးဆောင်ကုန်၏။ ဤသည်လျှင် ဂဏဘောဇဉ်မည်၏။” တဲ့။

ပါစိတ်အဋ္ဌကထာ (စာ-၇၉)မှာ ဒီလို ဖွင့်ဆိုပါတယ်။ လေးပါး လေးပါးထက်များတဲ့ ရဟန်းတစ်စု အုပ်စုဖွဲ့ပြီး မအပ်စပ်တဲ့နည်းနဲ့ တောင်းလို့ရတဲ့ဆွမ်း (“ထမင်း၊ မုယောမုန့်၊ မုန့်လုံး၊ ငါး၊ စမဲဟင်းလျာ”ဆိုတဲ့ ဒီသိက္ခာပုဒ်မှာပါတဲ့ ဘောဇဉ်ငါးမျိုးထဲက တစ်မျိုးမျိုး)ကို ဂဏဘောဇဉ်လို့ ခေါ်ပါတယ်။ ရဟန်းတော်တွေဘက်က တောင်းတာမဟုတ်ဘဲ လူဒကာဒကာမတွေက ရဟန်းတစ်စုကို မအပ်စပ်တဲ့ အခေါ်အဝေါ်နဲ့ ပေးလှူတဲ့ဆွမ်းကိုလည်း ဂဏဘောဇဉ်လို့ ခေါ်တာပါပဲ။ ဒီနေရာမှာ “ဆွမ်း”လို့ ခေါ်ဝေါ်သုံးစွဲရင် အပ်စပ်တဲ့ အခေါ်အဝေါ်၊ “ထမင်း”စတဲ့ လူတွေခေါ်နေကျ နာမည်ကို ခေါ်ဝေါ်သုံးစွဲရင် မအပ်စပ်တဲ့ အခေါ်အဝေါ် ဖြစ်ပါတယ်။

ဒီသိက္ခာပုဒ်ကို မကျင့်သုံးဘဲ နေနိုင်တဲ့ အချိန်အခါ ခုနစ်မျိုး ရှိပါတယ်။ “နာဖျားသောအခါ၊ သင်္ကန်းလှူသောအခါ၊ သင်္ကန်းချုပ်သောအခါ၊ အဓွန့်ရှည်သော ခရီးသို့ သွားသောအခါ၊ လှေစီးသောအခါ၊ အခါကြီး၊ ရဟန်းက ဆွမ်းလှူသောအခါ။”တဲ့။ ဒီခုနစ်မျိုးထဲမှာ “သင်္ကန်းလှူသောအခါ”ဆိုတာ ကထိန်သင်္ကန်းလှူတဲ့အခါ၊ ကထိန်ရာသီ၊ ရဟန်းတော်များ ကထိန်အာနိသင်တွေ ခံစားခွင့်ရှိတဲ့ ငါးလ (သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ကနေ တပေါင်းလပြည့်အထိ) ဖြစ်ပါတယ်။ “အခါကြီး”ဆိုတာ နေရာဒေသ တစ်ခုခုမှာ ရဟန်းနှစ်ပါး သုံးပါးဆွမ်းခံရင် ပြည့်ပြည့်စုံစုံ ရနိုင်တယ်၊ ဒီထက် ပိုလာလို့ ရဟန်းလေးပါး ဖြစ်လာမယ်ဆိုရင်ကို ဆွမ်းမလုံလောက်တော့ဘူး။ အဲလိုအခါမျိုး ကြပ်တည်းနေတဲ့ အခါမျိုး ဖြစ်ပါတယ်။ ကျန်တဲ့ အချိန်အခါ ငါးမျိုးကတော့ ထင်ရှားပါတယ်။ အထူး ရှင်းပြစရာ မလိုပါဘူး။

ဒီနေ့ခေတ် ရဟန်းတော်တွေ မအပ်စပ်တဲ့ ဂဏဘောဇဉ်ကို ခံယူမိ၊ ဘုဉ်းပေးမိမယ့် အခြေအနေ ဘယ်လိုလဲ ကြည့်ရအောင်။ အနည်းဆုံး ရဟန်းလေးပါး တစ်ပေါင်းတည်း ခံယူမှ ဂဏဘောဇဉ် ဖြစ်တယ်လို့ ဆိုပါတယ် (ဂဏ = ဂိုဏ်းဏဂ၊ အုပ်စု)။ ဒီနေ့ခေတ်မှာ ရဟန်းတော်တွေ တစ်ပါးတည်း ဆွမ်းခံကြွတာ များပါတယ်။ ဒီတော့ ရဟန်းလေးပါး တစ်ပေါင်းတည်း ဆွမ်းခံမိယူဖို့ တော်တော်ခက်ပါတယ်။ တစ်ချို့ကျောင်းတိုက်ကြီးတွေမှာ တန်းဆွမ်းကြွတဲ့ဓလေ့ ရှိပါတယ်။ အဲဒီလို ကြွတဲ့နေရာမှာလည်း ဆွမ်းခံကြွကြတဲ့ ကိုယ်တော်တွေက ဣနြေ္ဒရရ တိတ်တိတ်ဆိတ်ဆိတ် ကြွကြတာ၊ ဆွမ်းလောင်းတဲ့ သူတွေကလည်း ကြည်ညိုသဒ္ဓါပွားပြီး တိတ်တိတ်လေး လောင်းလိုက်ကြတာ ဖြစ်တဲ့အတွက် မအပ်စပ်တဲ့ အခေါ်အဝေါ်တွေ ပါလာဖို့ မဖြစ်နိုင်သလောက်ပါပဲ။ အိမ်မှာ ဆွမ်းပင့်ကပ်တယ်ဆိုရင်တော့ လေးပါး လေးပါးထက်ထက်ပိုများတဲ့ ရဟန်းတော်တွေ စုမိနိုင်ပါတယ်။ မအပ်စပ်တဲ့ အခေါ်အဝေါ်တွေ ပါလာနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုဆွမ်းကပ်ပြီ ဆိုကတည်းက ယဉ်ယဉ်ကျေးကျေး ပြောတတ်ဆိုတတ်ကြတာသာ များပါတယ်။ ဆွမ်းကပ်တဲ့ အလှူရှင်က နုံနုံအအ ဖြစ်နေရင်တောင်မှ နားလည်တဲ့ တစ်ယောက်ယောက်က ကြားဝင်ပြီး အကျိုးဆောင်ပေးတတ်ကြပါတယ်။ ဒါ့ပြင် ကထိန်အာနိသင် (၁)မှာတုန်းက ပြောခဲ့သလိုပေါ့။ အများစုဖြစ်တဲ့ သာမန်ရဟန်းတော်တွေအတွက် ဆွမ်းစားကွမ်းစာဆိုတာ ကြုံတောင့်ကြုံခဲ ကိစ္စပါ။ တစ်ပါး နှစ်ပါး သုံးပါး ပင့်တဲ့ ဆွမ်းစားမျိုး ရံဖန်ရံခါ ကြုံရတတ်ပေမယ့် လေးပါး ငါးပါး သံဃာများများပင့်တဲ့ ဆွမ်းစားဆိုတာ တော်တော်ရှားပါတယ်။ ဒီနေ့ခေတ် ရဟန်းတော်တွေ ဂဏဘောဇဉ်ကို ဘုဉ်းပေးမိဖို့၊ ဒီသိက္ခာပုဒ်ကို အထူးတလည် စောင့်ထိန်းဖို့ အခြေနေ အခွင့်အလမ်း တော်တော်နည်းပါတယ်။

ဒီတော့ ဒီသိက္ခာပုဒ်တွေကို ကျင့်သုံးစရာမလိုဘူးဆိုတဲ့ ကထိန်အကျိုး ကထိန်အာနိသင်ကရော ရဟန်းတော်တွေအတွက် ထူးထူးခြားခြား အသုံးဝင်ပါသလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။

ထားပါတော့။ အသုံးဝင်ဝင် မ၀င်ဝင်၊ အရေးပါပါ မပါပါ အခွင့်အရေးဟာ အခွင့်အရေးပဲ ဆိုပါစို့။ ရဟန်းတော်တွေရတဲ့ နံပါတ်သုံး ကထိန်အကျိုး ကထိန်အာနိသင်ကို “စိတ်လိုလက်ရ အပြစ်ကင်းကင်း ဆွမ်းဘုဉ်းပေးနိုင်ခြင်း”လို့ပဲ ကျဉ်းကျဉ်းရှင်းရှင်း မှတ်လိုက်ကြပါစို့။
(ဆက်ပါအုံးမယ်။)

Read more...

သီတင်းကျွတ်မီးထွန်းပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပွဲတော်

Read more...

သံကိစ္စသာမဏေအကြောင်း

The Story of Samanera Samkicca

While residing at the Jetavana monastery, the Buddha uttered Verse (110) of this book, with reference to Samanera Samkicca.

On one occasion, thirty bhikkhus each took a subject of meditation from the Buddha and left for a large village one hundred and twenty yojanas away from Savatthi. At that time, five hundred robbers were staying in a thick jungle, and they wanted to make an offering of human flesh and blood to the guardian spirits of the forest. So they came to the village monastery and demanded that one of the bhikkhus be given up to them for sacrifice to the guardian spirits. From the eldest to the youngest, each one of the bhikkhus volunteered to go. Among the bhikkhus, there was also a young samanera by the name of Samkicca, who was sent along with them by Thera Sariputta. This samanera was only seven years old, but had already attained arahatship. Samkicca said that Thera Sariputta, his teacher, knowing this danger in advance, had purposely sent him to accompany the bhikkhus, and that he should be the one to go with the robbers. The bhikkhus felt very bad for having let the young samanera go. The robbers made preparations for the sacrifice ; when everything was ready, their leader came to the samanera, who was then seated, with his mind fixed on jhana concentration. The leader of the robbers lifted his sword and struck hard at the young samanera, but the blade of the sword curled up without cutting the flesh. He straightened up the blade and struck again ; this time, it bent upwards right up to the hilt without harming the samanera. Seeing this strange happening, the leader of the robbers dropped his sword, knelt at the feet of samanera and asked his pardon. All the five hundred robbers were amazed and terror-stricken; they repented and asked permission from Samkicca to become bhikkhus. He complied with their request.

The young samanera accompanied by five hundred new bhikkhus returned to the village monastery and the thirty bhikkhus felt very much relieved and happy on seeing him. Then Samkicca and the five hundred bhikkhus continued on their way to pay respect to Thera Sariputta, his teacher, at the Jetavana monastery. After seeing Thera Sariputta they went to pay homage to the Buddha. When told what had happened, the Buddha said, “ Bhikkhusm, if you rob or steal and commit all sorts of evil deeds, your life would be useless, even if you were to live a hundred years. Living a virtuous life even for a single day is much better than a hundred years of a life of depravity.”

Then the Buddha spoke in verse as follows:

Verse 110. Better than a hundred years in the life of an immoral person who has no control over his senses, is a day in the life of a virtuous person who cultivates Tranquility and Insight Development Practice.

At the end of the discourse, the five hundred bhikkhus attained arahatship.

Read more...

မြက်ရိပ်သမား


တစ်နေ့
ကောင်လေးတစ်ယောက် စတိုးဆိုင်လေးမှာ ဆိုဒါ လာဝယ်တယ်၊
ဝယ်ရင်းနဲ့ ဖုန်းတစ်ခါလောက် ခေါ်ခွင့်ပြုဖို့ ဆိုင်ရှင်ကို ခွင့်တောင်းတယ်၊

ဆိုင်ရှင်က ဖုန်းဆိုင်မဟုတ်ကြောင်း
သို့သော် တစ်ခေါက်တော့ ခေါ်ခွင့်ပြုမည်ဖြစ်ကြောင်း ပြန်ပြောပါတယ်၊
ဆိုင်ရှင်က ကောင်လေးဖုန်းပြောသံကို နားထောင်နေတယ်၊
ကောင်လေးက တစ်ဘက်က အဒေါ်ကြီးတစ်ယောက်နဲ့ ပြောနေပုံရတယ်၊

“အဒေါ်ခင်ဗျား၊ အဒေါ့်ခြံထဲက မြက်ခင်းရိတ်တဲ့အလုပ် ကျွန်တော့်ကို ပေးပါလားခင်ဗျာ”

တစ်ဘက်က ပြန်ပြောတယ်၊
“တို့က တစ်ခြားတစ်ယောက်ကို အလုပ်ခန့်လိုက်ပါပြီကွယ်”

“အဒေါ်ရယ်၊ ကျွန်တော် အဒေါ့်ခြံကို အဒေါ် စိတ်တိုင်းကျဖြစ်အောင် ကြိုးစားပြီး ရိတ်ပေးပါမယ်၊
ဈေးကိုလဲ အခုလက်ရှိ လုပ်ပေးနေတဲ့သူ ယူတဲ့ ဈေးနှုန်းရဲ့တစ်ဝက် ဈေးဘဲ ကျွန်တော်ယူပါ့မယ်”

တစ်ဘက်ကလဲ ပြန်ဖြေပါတယ်
“အခုလက်ရှိ သူ့ခြံကို ရိတ်ပေးနေတဲ့သူဟာ သူ့စိတ်တိုင်းကျ လုပ်ပေးပြီးသား
သူကျေနပ်ပြီးသားဖြစ်ပါတယ်” တဲ့။

ဒီတစ်ခါတော့ ကောင်လေးက ပိုပြီး ချိုသာ အောက်ကျို့တဲ့လေသံနဲ့
“အဒေါ်ရယ်….. ကျွန်တော် အဒေါ့်ခြံကို မြက်လဲရိတ်ပေးမဲ့အပြင် တစ်ခြံလုံးကို
တံမြက်စည်း လှည်းပေးပါ့မယ်၊ လမ်းတွေကိုလဲ သန့်ရှင်းရေးလဲ လုပ်ပေးပါ့မယ်၊
ဒီလိုဆို နောက် တစ်ပတ် တနင်္ဂနွေနေ့ရောက်ရင်
အဒေါ်ခြံဟာ ဒီတစ်နယ်လုံးမှာ ဘယ်သူမှ မမှီတဲ့
အလှဆုံးနဲ့ အသန့်ရှင်း အသပ်ရပ်ဆုံး ခြံတစ်ခုဖြစ်လာမှာပါ၊
ကျွန်တော့ကို အလုပ်ခန့်ပါ အဒေါ်ရယ်”

တစ်ဘက်ကလဲ အလုပ်မခန့်ကြောင်းကိုသာ ပြန်ပြောပါတယ်၊
ကောင်လေးက ကျေကျေနပ်နပ်ကြီး ပြုံးလိုက်ပြီးတော့ ဖုန်းကိုချလိုက်ပါတယ်၊

ကောင်လေးရဲ့ ဖုန်းပြောသံကို အစအဆုံး နားထောင်နေတဲ့ ဆိုင်ရှင်က
ကောင်လေးဆီ လျှောက်လာပြီး
“ကောင်လေး၊ ဦးက မင်းရဲ့စိတ်ထားလေးကို သဘောကျတယ်၊
မင်းရဲ့အကောင်းဆုံးလုပ်ပေးချင်တတ်တဲ့သဘောထားကို လေးစားတယ်၊
ဒါကြောင့် ဦးလေး မင်းကို အလုပ်တစ်ခုခု ပေးချင်တယ်၊
မင်း ဘယ်လိုသဘောရလဲ”

“ကျေးဇူးတင်ပါတယ် ဦးလေးရယ်၊ ကျွန်တော့ အတွက် အလုပ်မလိုပါဘူး၊
ကျွန်တော် လုပ်ပေးလိုက်တဲ့အလုပ်ကို အလုပ်ရှင်က ကျေနပ်မှုရှိမရှိ
ကျွန်တော် ပြန်ဆန်းစစ် ကြည့်တာပါ၊
ခုနက ကျွန်တော်နဲ့ ဖုန်းပြောတဲ့ အဒေါ်ကြီးက
ကျွန်တော် အခု အလုပ် လုပ်ပေးနေတဲ့ အလုပ်ရှင်ပါ”

@forward mail
photo: google search

Read more...

ဘလော့ပြေးခြင်း

(၁)
တိဘက်တက္ကသိုလ်ပရိဝုဏ်ထဲမှာ အ၀ါရောင်သင်္ကန်းဆင်မြန်း မြန်မာရဟန်တော်ဆောင်းထီးတစ်လက်နဲ့ ၀င် ထွက်သွားနေတတ်တဲ့သူ့ကို တိဘက်လားမားကြီးတွေနဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေက ဗာရ မားပါဠိဂုရုဂျီ (မြန်မာပါဠိဆရာ)အဖြစ် သိနေခဲ့ကြပါတယ်၊ တွေ့တဲ့အခါတိုင်း“ဘန္တေဂျီ”လို့ တခုတ်တရ နှုတ် ဆက်လေ့ရှိပါတယ်။ သူ့အနေနဲ့ တိဘက်တက္ကသိုလ် အသိုင်းအ၀ိုင်းထဲမှာ ပျော်မွေ့နေမိတာ အသေအချာပါပဲ။
စာသင်ချိန်တွေကတော့ အဓိကကြည်မွေ့စရာဖြစ်ခဲ့ပါတယ်။ စာသင်သားဘ၀က ကျောင်းတက်ချိန် အမြဲလစ် ခဲ့တဲ့ သူက ဆရာ ဘ၀မှာတော့ အချိန်မှန်ဖို့ အားစိုက်ခဲ့ပါတယ်။ (ကိုယ်က ပြောရမှာကိုး)။ စာသင်ချိန်က တစ်နေ့သုံးကြိမ်ပါ။
၁၀း၁၅-၁၁း၀၀ (ပိဋကတ်စာပေကောက်နှုတ်ချက်)
၁၂း၃၀-၀၁း၀၀( အဘိဓမ္မတ္ထသင်္ဂဟ)
၀၂း၃၀-၀၃း၃၀ (ပါဠိအထူးသင်တန်း)


တိဘက်တက္ကသိုလ်စာသင်ဆောင်

ဒါပေမယ့် တကယ်ပြောရပြီဆိုတော့လည်း မသက်သာလှပေဘူး၊ ဘာပဲဖြစ်ဖြစ် အပြောသမားဘ၀ကို ရွေးချယ်ခဲ့မိတဲ့ သူအတွက် အပြောသမားဖြစ်လာတာ ကျေနပ်စရာပါ။ အပြောသမားတွေကြောင့် ကမ္ဘာမြေဟာ သိမ်မွေ့လာရခြင်းပေပဲ၊ ဗုဒ္ဓကိုယ်တော်တိုင်လည်း “ သွာက္ခာတော ဓမ္မော” လို့ ရဲရဲမိန့်တော်မူလေ့ ရှိပါတယ်။ အပြောဟာ အလုပ်ပဲလို့ မသိသူတွေအတွက်တော့ အပြောသမားဆိုတာကို နာလေ့ရှိပါတယ်။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်မှ အနှိုင်းမဲ့ အပြောသမားကြီးဖြစ်ရတဲ့ ဗုဒ္ဓကို အခါခါ ဦးညွတ်မိပါရဲ့။

(၂)

အကြောင်းသိမိတ်ဆွေရဟန်းတော်တစ်ပါးကတော့ ထေရ၀ါဒအရိပ်ထင်အောင် သင်္ကန်ရုံကြီးတလွှားလွှား၊ မြန်မာယောင်ဆောင်ထားတဲ့ ဂျပန်ထီးကြီးတကားကားနဲ့ ဗာရာဏသီနွေထဲ တဖားဖားပေမယ့် တကြွားကြွား ဖြစ်နေတဲ့ သူ့ကို “ ကျောင်းတက်ပျင်းတဲ့ ပုဂ္ဂိုလ်မှ ကျောင်း ဆရာလာဖြစ်ရတယ်လို့” ဆိုပြီး သူ့ကို ထော မနာပြုပါတယ်။ တတ်နိုင်ပေဘူး၊ သူက အိပ်ရာထဲမှာ ခွေပြီး တစ်ကမ္ဘာလုံးက တက္ကသိုလ်စာသင်ခန်းတွေဆီ စနည်းနာလှည့်နေခဲ့တာမှ မမြင်ကြဘဲလေ။(အဟမ်း) အဲဒီမိတ်ဆွေရဟန်းတော်ကပဲ ဓမ္မဂင်္ဂါအတ္ထုပ္ပတ္တိတော်ကြီး ရေးသားခွင့်တောင်းနေတာကို ပယ်ချလိုက်ရပါတယ်။

“ ဓမ္မဂင်္ဂါ မည်သာနာမ ထင်ရှားလှသော ဆရာတော်သည် ငယ်စဉ်ကပင် မိဘဆရာသမားစကား မြေ၀ယ်မကျ နားထောင်တတ်ခြင်း၊ ဆရာသမားများ သင်ကြားပို့ချသည့်အတိုင်း နာယူမှတ်သားလေ့ရှိခြင်း၊ ရိုးရာမပျက် ခေတ်အမြင်နွှယ်ယှက်သော သင်နည်းကို တွယ်ဖက်လျက် ပိဋကတ်စာပေ၌သာ တစိုက်မတ်မတ် အားထုတ် လေ့ရှိခြင်း၊ ”

သူ့မိတ်ဆွေရေးရင် ဒီလို ဟုတ်ချင်မှ ဟုတ်ပေမကိုး။ ဒါကြောင့်ပဲ ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိတော်ကြီးကို မျက်စိမှိတ်လွှတ်လိုက်ရပေတာပဲ။

တိဘက်တက္ကသိုလ်စာကြည့်တိုက်
တက္ကသိုလ်စာသင်ခန်းတွေ ဖြတ်သန်းခဲ့သမျှမှာ ကျောင်းလစ်မှန်တဲ့ ကျောင်းသားတစ်ယောက်အဖြစ် အခိုင် အမာရပ်တည်နိုင်ခဲ့ပါတယ်။ ဂုဏ်ယူစရာ မဟုတ်ပေမယ့် သူညံ့ခဲ့တာလည်း ဟုတ်ချင်မှ ဟုတ်မယ် ။ သူ စိတ်ကူး တည့်ရာလက်လှမ်းမီရာ ဖတ်ခဲ့သမျှ စာတွေက တက္ကသိုလ်ပြဌာန်းစာတွေအဖြစ်ပြန်ဆုံရတာကိုး။ (အင်း ကိုယ် တိုင်ကြွားက အကျယ်ကြွားဖြစ်တော့မယ်)၊

စည်းကမ်းလိုက်နာချင်ပေမယ့် သူက သင်ခန်းစာအသစ်တွေကိုပဲ သင်ယူချင်ခဲ့ပါတယ်။ သင်ခန်းစာတွေထဲမှာ ကွန့်မြူးခွင့်မရဘဲ မွန်းကြပ်လာတဲ့အခါ “ အလုပ်မရှိ ကျောင်းပြေး” ကြွေးကြော်သံပေးခဲ့ရပါတော့တယ်။ ကျောင်း ပြေးတဲ့အကျိုးက ကြီးပါတယ်။ ၀ိဇ္ဇာတန်းစာမေးပွဲမှာ အမှတ်ကောင်းပေမယ့် မဟာဝိဇ္ဇာလောင်းမဖြစ်ဘဲ နယ် စပ်ကို သာသနာပြုအဖြစ်နဲ့ ဂျောင်းခဲ့ပါရတော့တယ်။

တကယ်တော့ အဲဒါတွေဟာ သူ့အတွက် မဟာတန်းတက်ခွင့်ထက် ကျယ်ပြောတဲ့ လောကမျက်နှာပြင်နဲ့ ထိတွေ့ခွင့်ရစေခဲ့ပါတယ်။ အရှုံးထင်ခဲ့မိပေမယ့် ခုမှ အမြတ်မှန်းသိခဲ့ရတော့တာပါ။ မဟာတန်းမ၀င်အောင် ကျောင်းပြေးမိတာကိုပဲ အခုတော့ ကျေးဇူးတင်နေမိပါပြီ။ သူက မန္တလေးပျော်ရဟန်းပေမို့ မဟာတန်းသာ တက်ခွင့်ရခဲ့မယ်ဆိုရင် “ရတနာပုံ”သီချင်းဥခွံထဲက ထွက်နိုင်ဖွယ်မမြင်တော့ပေဘူး။

(တက်မိတဲ့တက္ကသိုလ်တိုင်းမှာ ကျောင်းပြေးချန်ပီယံတော့ ဖြစ်ခဲ့တာချည်းပါပဲ။ ကျောင်းပြေးခဲ့ဖူးတဲ့ တက္ကသိုလ် များကို အမှတ်တရဖော်ပြလိုက်ပါတယ်။ ) ထေရ၀ါဒတက္ကသိုလ်ကျောင်းတက်ဖော် သြစတေးလျရဟန်းတော် တစ်ပါးကတော့ ''Teachers come, you do not come. You do come no teacher comes" “ဆရာလာသော် သင်မပေါ်။ သင်ပေါ်လာငြား ဆရာနား၏” လို့ တံဆိပ်ကပ်လိုက်ပါသေးတယ်။

(၃)
တိဘက်တက္ကသိုလ်မှာတော့ ဆရာမို့ ကျောင်းပြေးမရ၊ သူတက်နေတဲ့တက္ကသိုလ်မှာတော့ ပါရဂူကျမ်းပြု တွေအတွက် အခြားတက္ကသိုလ်တွေမှာလို နေ့စဉ် သို့မဟုတ် လစဉ် လက်မှတ်ထိုးဖွယ်တာဝန်မရှိလေတော့ ကျောင်းပြေးတဲ့အရသာက မထူးခြား၊ ဒီတော့ အကြောင်းပြချက်မယ်မယ်ရရမရှိဘဲ သူ့ကိုယ်ပိုင် ဘလော့ဂ် ကနေပဲ နှစ်ရက်တိတိပြေးမိပါတော့တယ်။ ကျောင်းပြေးမရတော့ ဘလော့ပြေး။ သံသရာဆုံး အောင်တော့ မပြေး ချင်သေး။


မန္တလေးသာသနာ့တက္ကသိုလ်(ဓမ္မဂင်္ဂါလစ်ထွက်ခဲ့ဖူးရာမုခ်ဦး)
(၁၉၉၆-၁၉၉၉)


ထေရ၀ါဒတက္ကသိုလ်ပင်မဆောင်
(၂၀၀၁-၂၀၀၆)
(ကျောင်းလစ်ပေမယ့် ဒီပင်မဆောင်ကြီးမှာရှိတဲ့ စာကြည့်တိုက်ကိုတော့ ရောက်အောင်သွားပြီး စာအုပ်အနှောင့်မှာရေးထားတဲ့ စာအုပ်နာမည်တွေလိုက်ကျက်၊ အမှာစာနဲ့ မာတိကာတွေ လိုက်ဖတ်ခဲ့)


ဗာရာဏသီသက္ကတတတ္ကသိုလ်
(၂၀၀၆---)

Read more...

ဘုရားပွင့်တော်မှုရခြင်း...................

လောကတွင် ဘုရားရှင်တော် ပွင့်ထွန်းတော်မူခဲ့ခြင်း၏ အဓိကရည်ရွယ်ချက်မှာ သတ္တ၀ါများကို သံသရာဆင်းရဲမှ လွတ်မြောက်စေရေးပင် ဖြစ်ပါသည်။ သို့အတွက်ကြောင့်ပင် လောကလူသားများ အတွက် မနေမနား ဟောပြောပြသခြင်းဖြင့် လေးဆယ့်ငါးဝါကာလကို ကုန်လွန်စေခဲ့ပါသည်။ လောကရှိ လူသားတို့၏ ကြီးပွါးကြောင်း၊ လောကရှိ လူသားတို့ ချမ်းသာပါစေကြောင်းနှင့် လောကလူသားတို့ အပေါ်တွင် သနားကြင်နာတော်မူခဲ့ပါသည်။ ကြီးပွါးသူတိုင်း ကိုယ်စိတ်ချမ်းသာမှု မရကြ သကဲ့သို့ပင်၊ ကိုယ်စိတ်ချမ်းသာသူတိုင်းလည်း ကြီးပွါးကြသည်ချည်း မဟုတ်ပါ။ လောကီ ကြီးပွါးချမ်းသာနှင့် ကိုယ်စိတ်ချမ်းသာမှုကို ရကြပါသော်လည်း သံသရာမှ ထွက်မြောက်ရာ နိဗ္ဗာန်ကို မရကြသူကလည်း များလှလေသည်။ လောကလူသားတို့ ကြီးပွါးဖို့အတွက် မြတ်စွာဘုရားရှင်သည် ပညာအပေါ် အမှီပြုလျှက် တရားတော်များကို ဟောကြားရပြီး ကိုယ်စိတ်ချမ်းသာမှုအတွက်ကိုမူ ပေးကမ်းစွန့်ကြဲမှု၏ ကောင်းကျိုးတရားများကို ညွှန်ပြလျှက် ဆုံးမရပါသည်။ ကြီးပွါးချမ်းသာနှင့် ကိုယ်စိတ်ချမ်းသာမှုကို ရကြပါသော်လည်း သတ္တ၀ါများအနေဖြင့် အရိယာမဖြစ်သေးသမျှ ကာလပတ်လုံး သံသရာတစ်ခွင်ဝယ် မြုပ်မျောကြီး ဖြစ်နေကြပါမည်။ ထိုကဲ့သို့ မနစ်မြော စေရန်အတွက် မြတ်စွာဘုရားရှင်သည် သားတော်ရာဟုလာနှင့် ပမာမခြား ရင်ဝယ်သားကဲ့သို့ သတ္တ၀ါများကို သနားတော်မူပြီး မေတ္တာရှေးရှုကာ ဆောင်ရွက်တော်မူခဲ့ပါသည်။

လူအများ ချမ်းသာစေရန် မြတ်စွာဘုရားရှင် ပွင့်တော်မူသည်ဟု ဆိုသော်လည်း လူတိုင်းအတွက် တော့မဖြစ်ပါ။ သံသရာ တစ်ဖက်ကမ်းသို့ ကူးသွားနိုင်ခဲ့သူ နည်းနည်းသာ ရှိခဲ့သည်ဟု ဓမ္မပဒတွင် ဘုရားရှင်ကိုယ်တ်ာတိုင် မိန့်တော်မူပါသည်၊ နခသိခသုတ်တွင်မူ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သူသည် လက်သည်းပေါ်တွင် တင်ထားသည့် မြေမှုံ၏ အရေအတွက်မျှသာရှိပြီး မပြုနိုင်သူများမှာ ကြွင်းကျန်သော မြေကြီးထု၏ ပမာဏရှိသည်ဟု မိန့်တော်မူသည်ကို ထောက်ဆလျှင် သိသာလှပါသည်။ မကျွတ်ထိုက်သူသည် မြတ်စွာဘုရားရှင်ကို ဖူးမြင်ရသည်ဖြစ်ပါစေ တရားထူးကို မရနိုင်ပါ။ မြတ်စွာဘုရားရှင်ကို သက်တော်တော်ထင်ထင်ဖူးမြင်ရလျှင် ကျွတ်တမ်းဝင်မည်ဟု တစ်ချို့က ယူဆ နေကြပါသည်။ မြတ်စွာဘုရားရှင်ကို ဖူးမြင်ရသည်ပင် ဖြစ်စေဦး ကျွတ်တမ်းဝင်နိုင်လောက်သည့် ပါရမီဓာတ်ခံ မပြည့်စုံပါလျှင် နိဗ္ဗာန်ကို မရနိုင်ပါ။ ဘုရားကိုဖူးမြင်ခဲ့ရပြီး အသိထူး ဥာဏ်ထူး မရခဲ့ကြသူများလည်း မနည်းလှပါပေ။ ဘုရားရှင်ကို မဖူးရသေးဘဲ အရိယာဖြစ်သူ တစ်ချို့လည်း ရှိခဲ့ဖူးပါသည်။ လိုရင်းမှာ မြတ်စွာဘုရား ဟောကြားတော်မူသော တရားလမ်းစဉ်အတိုင်း ကျင့်သုံးမိဖို့ အရေးကြီးပါသည်။ သက်တော်ထင်ရှား ဘုရားကို ဖူးမြင်ရခြင်းနှင့် စေတီတော်ကို ဖူးမြင်ရခြင်း နှစ်မျိုးတွင် ကြည်ညိုသည့် စိတ်ထားအတူတူထားပြီး ကျင့်သုံးတတ်ပါက ကုသိုလ်စိတ်ဖြစ်ခြင်းမှာ အတူတူပင် ဖြစ်ပါသည်။ ကုသိုလ်စိတ်ကသာ ကောင်းသော ဘုံဘ၀သို့ ပို့ဆောင်ပေးပါသည်။ စေတီနှင့် ဘုရားရှင်က နိဗ္ဗာန်သို့ ပို့ပေးသည် မဟုတ်ပါ။ ဘုရားရှင်ကသာ ကောင်းသောဘုံသို့ ပို့ဆောင်ပေးတတ်သည် ဆိုပါက ကံနှင့် ကံ၏ အကျိုးတရားကို ပယ်မြစ်သလိုပင် ဖြစ်သွားပါမည်။ ဘုရားလက်ထက်က ဘုရားကို ဖူးမြင်ရပြီး ကြည်ညိုစိတ် မထားကြသူတွေ အများပင် ရှိခဲ့ကြပါသည်။

တရားကိုမြင်က ဘုရားဖူးပြီးသား ဖြစ်သည်

ပညာဦးစီးပြီး မဟာကရုဏာတော်ဖြင့် အများသူငါတို့အား သနားတော်မူသော မြတ်စွာဘုရား ရှင်သည် မေတ္တာစိတ်ဖြင့် လူ၊ နတ်အများတို့၏ အကျိုးကို သည်ပိုးဆောင်ရွက်တော်မူသည့်အခါ ကျင့်စဉ်ကို ညွှန်ပြပြီးလျှင် တရားကို လက်တွေ့ကျင့်ကြံရန် တိုက်တွန်းတော်မူပါသည်၊ တရားကို မြင်ပါမှ ဘုရားကို မြင်ပါသည်ဟု ဟောတော်မူပါသည်။ တရားကို မြင်ရန်မှာလည်း အခြေခံဖြစ်သော သီလကို လုံခြုံစေရပါသည်။ သီလပြည့်စုံမှ စိတ်တွင်ကြံစည်သမျှ ခရီးပေါက် ပြီးမြောက်ပါသည်။ သီလကို ဖြည့်သောအခါတွင် သမာဓိနှင့် ပညာပါ တစ်ဆက်တည်း ပါဝင်လာပါသည်၊ သီးခြားစီ ဖြည့်ကျင့် နေရသည် မဟုတ်ပါ၊ သီလပါရမီနှင့် ပညာပါရမီကို အဘယ့်ကြောင့် နှစ်ခုကွဲပြား နေရပါသနည်းဟု မေးဖွယ်ရှိနေပါသည်။ အမှန်မှာ သီလပါရမီကို ဖြည့်ကျင့်သော အခါတွင်လည်း ပညာပါသကဲ့သို့ပင်၊ ပညာပါရမီကို ဖြည့်ကျင့်ရာတွင်လည်း သီလပါရမီ ပါဝင်ရပါသည်။ သီလနှင့် ပညာ အပြန်အလှန် ဆေးကြောကြသည်ဟု ဆိုပါသည်။

ပညာဦးစီးပြီး အများအကျိုးကို ဆောင်ရွက်ချင်သူသည် သီလကို လုံခြုံသူဖြစ်ရပါမည်။ သီလ၏ အမြင့်ဆုံး စံနုန်းမှာ မှတ်သားစရာ ကောင်းပါသည်။ လက်ခြေအင်္ဂါနှင့် အသက် ဆုံးရှုံးစရာကြုံလာပါက လက်ခြေကို ဆုံးရှုံးခံရပါမည်၊ ထိုနည်းတူ အသက်နှင့် သီလကို လုံခြုံအောင်ထိန်းသိမ်းရမည်ဆိုပါက သီလကိုသာ လုံခြုံစေရပြီး သီလအတွက် အသက်ကို စွန့်ရပါမည်။ သီလသည် ပိုပြီး မြတ်နိုး အပ်သောကြောင့် ဖြစ်ပါသည်။ ဒါနပြုရသည်နှင့် နိုင်းယှဉ်ပါက သီလကို စောင့်ထိန်းရသည်မှာ အနည်းငယ် ပိုခက် တတ်ပါသည်။ သီလလုံခြုံစေရန် အထိန်းကိရိယာမှာ သတိဖြစ်ပါသည်။ ဘာသာပေါင်းစုံသည် ဒါနကို ဟောပြောသည်ကများပြီး သီလအတွက်မူ အနည်းငယ်မျှကိုသာ ဟောပြောကြပါသည်။ သီလကို ပြည့်စုံစေရန် အရေးကြီးဆုံး လိုအပ်ချက်မှာ သတိဖြစ်ပြီး ထိုသတိသည် ပိုသွားသည်ဟူ၍ မရှိပါ။ တစ်ခြားသော သဒ္ဓါ၊ ပညာ၊ ၀ီရိယနှင့် သမာဓိ တို့က တစ်ခုချင်း လွန်ကဲ သွားတတ်ကြပြီး ထိုကဲ့သို့ ဖြစ်သွားပါကလည်း အစွန်းမလွတ်သဖြင့် လမ်းဖြောင့်သို့ မရောက်နိုင်ပဲ ဖြစ်ရပါသည်။ ထို့ကြောင့်ပင် ”သတိ တစ်လုံးအမြဲသုံး အဆုံးနိဗ္ဗူရောက်” ဟု စာရေးသူ၏ ငယ်ဆရာတော်ကြီးက အမြဲမပြတ် သွန်သင်အပ်ခြင်းဖြစ်ပေမည်။ အဆုံးအမကိုလည်း ကြားယောင်နေ မိပါသည်။ သတိသည် အလိုအပ်ဆုံး ဖြစ်သဖြင့်လည်း မဟာသတိပဋ္ဌာနသုတ်ဟု မဟာတပ်ပြီး ညွှန်းဆိုထားခြင်းပင် ဖြစ်ပါသည်။ ထိုသုတ်တွင် ကိုယ်၊ စိတ်၊ ဝေဒနာနှင့် ဓမ္မလေးခု ကိုခွဲခြားပြဆိုပြီး တစ်ခုချင်းစီ၏ အသေးစိတ်ကို နားလည်ရမည့် အချက်များကိုလည်း နာမည်များစွာဖြင့် ဖေါ်ပြထားပါသည်။ သတိကို ကောင်းမွန်စွာ ထားနိုင်ပါက ယခုဘ၀တွင်ပင် နိဗ္ဗာန်ကိုရမည် ဖြစ်ကြောင်း အာမခံ ချက်ပေးထားသည်ဖြစ်ရာ လက်တွေ့ကြုံမှ ယုံကြည် မည်ဖြစ်ကြသော ခေတ်လူသားများသည် ဟုတ်မဟုတ် စမ်းသပ် ကြည့်သင့်ပေသည်။ မြတ်စွာဘုရားသည် ယုံကြည်ရန် မစည်းရုံးဘဲ တရားတော်ကို လက်တွေ့ ကျင့်ကြံကြည့်ရန်သာ တိုက်တွန်းပြီး အကျိုးများပါက တစ်ဘ၀လုံး တရားသဖြင့် တရားနှင့် နေတတ်၊ ထိုင်တတ်၊ သွားလာတတ် စေရန်ဖြစ်ပါသည်။

သတိနှင့် ပတ်သက်ပြီး ကောင်းကျိုးရနိုင်ပုံကို နာမည် အမျိုးမျိုးပေးပြီး ဟောကြားထားပါသည်။ သတိကို သုတ္တန်ဒေသနာတော်များတွင် အပ္ပမာဒဟူသော အမည်ဖြင့် ဟောကြားတော်မူပြီး မြတ်ဗုဒ္ဓ၏ အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ ဟူသော စကားတော်သည် နောက်ဆုံး ဟောသော တရားတော်အဖြစ် ထင်ရှားပါသည်။ ထိုတရားကို မြတ်စွာဘုရားသည် ဆွမ်းခံရာမှ ပြန်ကြွလာသောအခါလည်း နေ့စဉ်မပြတ် ဟောကြားတော်မူသည်ဟု ဆိုပါသည်။

ဓမ္မပဒတွင်လည်း အပ္ပမာဒ၀ဂ်ဟူသော အမည်တစ်ခုပေးပြီး သတိ၏ ကောင်းကျိုးကို ဟောပြ တော်မူပါသည်။

အပ္ပမာဒ၀ဂ်တွင် သတိကို ၀တ္ထုအမျိုးမျိုးဖြင့် အဋ္ဌကထာဆရာက သရုပ်ဖေါ် ပေးထားပါသည်။ အပ္ပမာဒသည် နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သလို မသေဆေးလည်း ဖြစ်ပါသည်။

အပ္ပမာဒသည် အခြံအရံနှင့် အကျော်စော တိုးတက်ရေးအတွက် ဖြစ်သည်ဟုလည်းကောင်း၊ အပ္ပမာဒသည် သြဃလေးဖြာကို ကျော်ဖြတ်ပြီး အရတ္တဖိုလ်သို့ ရောက်ကြောင်းဖြစ်သည်။ ထို့ပြင် အပ္ပမာဒသည် ကျယ်ပြန့်သော ချမ်းသာကို ဖြစ်စေလျှက် သောကအပေါင်းမှလည်း ကင်းဝေးစေသည်။ အပ္ပမာဒသည် လျှင်မြန် သွက်လက်သည်၊ သံယောဇဉ်ကို ဖြတ်နိုင်သည်ဟုလည်းကောင်း ဟောထားပါသည်။

အပ္ပမာဒကို နိဗ္ဗာန်နှင့် နီးစွာရှိသဖြင့် ပညာရှင်များကလည်း ချီးမွမ်းကြပြီး ကျင့်သုံးအပ်သည့် တရားဖြစ်သည်ဟု ဟောတော်မူပါသည်။

သတိတရားနှင့် ကောသလဘုရင်

မြတ်ဗုဒ္ဓသည် ကောသလဘုရင်အား သတိနှင့် ပတ်သက်ပြီး ကောင်းကျိုးကို ဟောကြား တော်မူထားပါသည်။ တစ်နေ့တွင် ကောသလဘုရင်သည် မြတ်စွာဘုရားရှင်ထံသို့ ရောက်လာခဲ့ပြီး သူသည် ယခုအခါ ကျန်းကျန်းမာမာ ဖြင့်နေရပါကြောင်း လျောက်ထားခဲ့ပါသည်။ လျောက်ထားသည့် အကြောင်းအရာများသည် စုံလင်လှပါသည်။ သားသမင်နှင့် မြင်းများကို အပြေးလိုက်ပြီး ဖမ်းနိုင်ပြီကြောင်း၊ တူတော်မောင် အဇာတသတ်မင်းနှင့် စစ်ခင်းနေခြင်းကိုလည်း စေ့စပ်ဆွေးနွေးခြင်းဖြင့် အဖြေရှာနိုင် ခဲ့သဖြင့် ၀မ်းသာရပါကြောင်း လျောက်ထားသည့်အပြင် ပျောက်ဆုံးသွားခဲ့သည့် နန်းတွင်း ပတ္တမြားရတနာကို ပြန်လည် တွေ့ရှိခဲ့ခြင်း၊ ဘုရားရှင်နှင့် ဆွေမျိုးတော်စပ်အောင် ပြုလုပ်နိုင်ခဲ့ခြင်းစသည့် လောကီရေးရာ ၀မ်းသာစရာ များကိုလည်း ဗုဒ္ဓထံ လျောက်ထားခဲ့ပါသည်။ အဓိက လျောက်ထားရခြင်း အကြောင်းမှာ ဘုရင်သည် အစားအသောက်နှင့် ပတ်သက်ပြီး မဆင်မခြင် သုံးဆောင်လေ့ရှိပြီး စားသောက်သည့် ပမာဏမှာလည်း အလွန်များပြားသဖြင့် အသားတွေသာ တိုးပွါးလာခဲ့ပြီး မည်သည့်အရာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင် ဖြစ်ခဲ့ရပြီး ဥာဏ်တုံးသူ ဖြစ်ခဲ့ရပါသည်။ ထိုအကြောင်းကို သိထားသော ဘုရားရှင်က ဘုရင်၏ အနီးအပါးတွင် ပြုစုလုပ်ကျွေးသော ရှင်ဘုရင်၏ တူတော်စပ်သူ သုဒသနအမည်ရှိ လုလင်အား နည်းကောင်းတစ်ခုကို သင်ယူစေခဲ့ပြီး ရှင်ဘုရင် ပွဲတော်တည်ကာနီးတွင် ဂါထာတစ်ပုဒ်ကို ရွတ်ဖတ်စေခဲ့ပါသည်။

ရွတ်ဖတ်ခအတွက် ငွေတစ်ထောင်ကို ဘုရင်ကြီးက တူတော်မောင်ကို ချီးမြောက်ပေးခဲ့ပါသည်။ ရွတ်ဖတ်သံကို အမြဲမပြတ် ကြားရသော ရှင်ဘုရင်သည် သတိတွေ တိုးပွါးလာခဲ့ပြီး အစားအသောက်တွင် ထိန်းချုပ်နိုင်သည့် အဆင့်တစ်ခုသို့ ရောက်လာခဲ့ပါသည်။ ထိုအဆင့်သို့ ရောက်လာခဲ့သဖြင့် ဘုရင်သည် ကျန်းမာရေးကောင်းမွန်ပြီးလျှင် ပေါ့ပေါ့ပါးပါး ဖြစ်လာခဲ့ပါသည်။ သို့ဖြစ်၍ မြတ်စွာဘုရားရှင်ထံသို့ ၀မ်းမြာက်စကားကို လျောက်ထားရန်အတွက် ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။

မြတ်စွာဘုရားရှင်က ရှင်ဘုရင်အား အမြဲသတိရှိနေသူအတွက် အစားအသောက် မှားမည်ကိုလည်း စိုးရိမ်ဖွယ်မလိုဘဲ သတိနှင့် ယှဉ်စားသောက်နေ မည်ပင် ဖြစ်ကြောင်း ဟောတော်မူလျှက် ဝေဒနာလည်းကင်း၊ အိုမင်းရင့်ရော်ခြင်းမှလည်း ဝေးလိုလျှင် သတိကို အမြဲရှိနေပါဟု ဆုံးမတော်မူပါသည်။

သတိတရားနှင့် ရဟန်းတော်များ

သတိသည် အလွန်အသုံးဝင်ပြီး သတိနှင့် နေသောသူကို မြင့်မြတ်စွာနေသူဟု အပြောဆိုခံရပါသည်။ သတိသည် သွား၊ ရပ်၊ ထိုင်၊ လျောင်း လေးပါးသော ဋ္ဌာနတို့တွင် လိုအပ်ပါသည်။ ထို့ကြောင့် မေတ္တာပွါးများသော သူအား သတိ ရှိနေရမည်ဖြစ်ကြောင်း မေတ္တသုတ်တွင် မြတ်ဗုဒ္ဓက ဟောကြားတော် မူထားပါသည်။

သက်ရှည်ကျန်းမာခြင်းသည် လိုအပ်သော အရာဖြစ်ပါသော်လည်း သတိနှင့် ဥာဏ်မပါသော အသက်ရှည်မှုသည် တန်ဖိုးမရှိ အချီးနှီးသာ ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်က ကျန်းမာရေးကို အလေးပေး၍ တစ်နှစ်လျှင် နှစ်ကြိမ်တိုင်တိုင် ဘုရားရှင်အား ဖူးမျှော်လေ့ ရှိကြသော ရဟန်းတော်တို့အား ” ရဟန်းတို့ ကျန်းမာကြပါရဲ့လား၊ တစ်ဦးနှင့် တစ်ဦး သင့်သင့်မြတ်မြတ် ဖြစ်ကြ ပါရဲ့လား၊ ဘုဉ်းပေးသုံးဆောင် ကြသည့်အခါတွင်လည်း ဆွမ်းကွမ်းကိစ္စ အဆင်ပြေကြ ပါရဲ့လား ” ဟု မေးလေ့ရှိပါသည်။ နှစ်ကြိမ် ဘုရားဖူးသည်ဆိုရာဝယ် ၀ါကပ် ၀ါဆိုခါနီး တစ်ကြိမ်၊ သီတင်းဝါလ ကျွတ်သောအခါ တစ်ကြိမ်ကို ဆိုလိုပါသည်။ ပထမအကြိမ် ဘုရားဖူးကြခြင်း အကြောင်းမှာ တရားအားထုတ်လိုသဖြင့် တရားနည်းကို ဘုရားရှင်ထံမှ တောင်းယူကြပါသည်။ ၀ါကျွတ်သော အခါတွင်မူ ရက်ကိုးဆယ် ကြိုးစားအားထုတ် သဖြင့်ရလာသော တရားထူးများကို ၀မ်းသာစွာ လျောက်ထားလို၍ ဖြစ်ပါသည်။

ဤနေရာတွင် ကျန်းမာရေး၊ တစ်ဦးနှင့် တစ်ဦး အဆင်ပြေစွာနေထိုင်ရေး၊ ဆွမ်းဘုဉ်း ပေးသုံး ဆောင်သည့် အရာဋ္ဌာနတို့တွင် သတိ နှင့် ပညာအရေးကြီး ကြောင်းကို သိနားလည်စေရန်အတွက် မြတ်စွာဘုရားရှင်က ၀ိနည်း ဒေသနာတော်တွင် ဟောကြားတော် မူပြီးဖြစ်ပါသည်။ သို့အတွက်ကြောင့် သတိကို ကျန်းမာစေကြောင်း ဆေးကောင်း တစ်လက်၊ မအိုစေကြောင်း နည်းကောင်းတစ်ခု ဟုမှတ်ယူသင့်ပါသည်။

ဆောင်းပါးမှတ်စု

၁။ ဓမ္မပဒအဋ္ဌကထာ၊ အပ္ပမာဒ၀ဂ်

၂။ သုတ္တနိပါတပါဠိတော်

၃။ ဒီဃနိကာယ၊ မဟာဝဂ္ဂပါဠိ၊ မဟာသတိပဋ္ဌာနသုတ်

၎။ သာရတ္ထဒီပနီဋီကာ

၅။ ကောသလသံယုတ္တ

ဆောင်းပါးရေးသူ၏အာဘော်

သတိ၏ အရေးပါပုံကို သိရှိပြီး ကောင်းကျိုးအမျိုးကို ရရှိစေရန် ရည်သန်ပါသည်။

ဆရာတော် ဒေါက်တာအရှင်နန္ဒက

ဓမ္မဒူတကျောင်း၊ ဘူဖျောင်းရပ်ကွက်

အင်ချွန်းမြို၊တောင်ကိုရီးယား

Read more...

(10)ကြိမ်မြောက် အဇူဇာပဋ္ဌာန်းပွဲ 10.26.10 အရုဏ်ဆွမ်းကပ်လှူတဲံ ကုသိုလ်ပုံရိပ်မှတ်တမ်း ဗွီဒီယို

Tuesday, 26 October 2010 16:36 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ LA အဇူဇာကျောင်း၌ ကျင်းပပြုလုပ်သော (၁၀)ကြိမ်မြောက် အသံမစဲပဋ္ဌာန်းပူဇော်ပွဲဝယ်၊ 10.26.2010 နံနက် အရုဏ်ဆွမ်းကုသိုလ်ရှင် ဦးစန်းလှိုင်+ ဒေါ်သန်းသန်းဝင်းမိသားစုတို့ရဲ့ ကုသိုလ်ပြု ပုံရိပ်မှတ်တမ်းလေးပါ။

Read more...

ကထိန်သမိုင်းအကြောင်းသိကောင်းစရာ


မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေထိုင်တော်မူ စဉ် ပါဝေယျကတိုင်းသား ရဟန်း (၃၀)တို့သည် အရညကင်ဓုတင် ပိဏ္ဍပါတ်ဓုတင် ပံသုကူဓုတင်တို့ကို ဆောင်ကြလေသည်။ ထိုရဟန်းတို့သည် မြတ်ဗုဒ္ဓကို ဖူးမြင်ရန် သာဝတ္ထိပြည်သို့ ကြွလာကုန်၏။ သို့သော် ၀ါဆိုရက်ကို မမှီလိုက်ကြသည့်အတွက် သူတို့သည် ခရီအကြားဖြစ်သော သာကေတမြို့၌ ၀ါကပ်ကြရလေကုန်၏။ ထိုရဟန်းတို့သည် ”ငါတို့၏ အနီးဖြစ်သော ဤသာကေတမြို့မှ ခြောက်ယူဇနာအရပ်၌ မြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူ၏။ ငါတို့သည် မြတ်စွာဘုရားကို ဖူးမြော်ခွင့်မရကုန်”ဟု မပျော်ပိုက်ပဲ ၀ါဆိုကြရကုန်၏။ထိုရဟန်းတို့သည် သုံးလလွန်၍ ၀ါကျွတ်ပ၀ါရဏာပြုပြီးနောက် မြတ်ဗုဒ္ဓကို ဖူးမြင်ရန် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းသို့ ကြွတော်မူခဲ့ကြသည်။ လမ်းခရီးတွင်း မိုးကြီးသည်းထန်စွာရွာသွန်းသည့်အတွက်အကြောင့် သူတို့၏ သင်္ကန်းများသည် မိုးရေစိုစွတ်ကုန်ကြသည်။ သင်္ကန်းအပိုမပါရှိသည့်အတွက် သင်္ကန်းအစိုများဖြင့်သာ ကြွလာခဲ့ရလေသည်။ ထိုမျှမက သူတို့သည် ရွံ့နွံများထဲမှ ရုံးကန်၍ ဆင်းရဲကြီးစွာဖြင့် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းသို့ ရောက်လာကြရလေကုန်သည်။ ထိုအခါ မြတ်စွာဘုရားသည်
”ရဟန်းတို့ ခန့်ကျန်းသာလို့မာပါစ၊ မျှတကြပါရဲ့လား၊ အချင်းချင်း ငြင်းခုံမှု မဖြစ်သည်၍ ချမ်းသာစွာ ၀ါဆိုခဲ့ကြပါကုန်၏လော့၊ ဆွမ်းကွမ်းကော ပြည့်စုံကြပါရဲ့လား၊”ဟူ၍ မေးတော်မူသောအခါ ရဟန်းများသည်
”တပည့်တော်တို့တတွေ ကျန်းမာကြပါတယ် ဘုရား၊ မျှတကြပါတယ်ဘုရား၊ အချင်းချင်းညီညွတ်စွာ နေခဲ့ကြပါတယ်ဘုရား၊ ဆွမ်းကွမ်းလည်း ပြည့်စုံပါတယ်ဘုရား၊ တပည့်တော်တို့တတွေ မြတ်စွာဘုရားကို ဖူးမြော်ရန် သာဝတ္ထိပြည်သို့ လာကြတဲ့အခါ
ဝါဆိုရက်မမှီတဲ့အတွက် ခရီးအကြား သာကေတမြို့၌ ၀ါကပ်ခဲ့ကြရပါတယ်ဘုရား၊၀ါကပ်ပြီးလို့ ပ၀ါရဏာပြုပြီးလို့ မြတ်စွာဘုရားကို ဖူးမြင်ရန် သာဝတ္ထိပြည် လာကြတဲ့အခါ လမ်းခရီးတွင် မိုးကြီးသည်းထန်စွာ ရွာတဲ့အတွက် လမ်းခရီးတစ်လျှောက် မိုးစိုသော သင်္ကန်းများဖြင့် လာခဲ့ကြရပါသည်ဘုရား၊ထို့ပြင် ဘုရားတပည့်တော်တို့သည် ပင်ပန်းဆင်းရဲစွာ မိုးထဲလေထဲ ရွံ့နွံ ဗွက်တို့ကို ဖြတ်ကျော်ပြီးလာခဲ့ရပါသည်ဘုရား”ဟုလျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားသည် ထိုပါဝေယျကတိုင်းသား ရဟန်းတော်အပါးသုံးဆယ်တို့ကို အကြောင်းပြုကာ ကထိန်လျှာသင်္ကန်းကို ခွင့်ပြုတော်မူပါသည်။

ကထိန်ဆိုသည်
ဗုဒ္ဓါဒီဟိ ကထီယတေ သိလာဃတေ ပသံသီယတေတိ ကထိနံ
ဘုရားအစရှိသော သူတော်ကောင်းတွေက ကထိနစီဝရဒါနကို ကောင်းပေစွ ကောင်းပေစွ မြတ်ပေစွဟု ချီးမွမ်းအပ်တဲ့အတွက်ကြောင့် ကထိန်လို့ခေါ်သည်။
ချီးမွမ်းခြင်းအကြောင်းသုံးချက်
၁ သံဃိကဒါနဖြစ်သောကြောင့်လည်းကောင်း
၂ အထူးသဃိကဒါနဖြစ်သောကြောင့်လည်းကောင်း
၃သံဃာတော်အရှင်မြတ်တို့၏ အာပတ်ကို သုတ်သင်နိုင်သော ဒါနဖြစ်သောကြောင့်လည်းကောင်း
ဘုရားအစရှိသော အရိယာသူတော်ကောင်းတွေက အထူးအားဖြင့် ချီးမွမ်းတော်မူပါတယ်။
(၁) သံဃိကဒါနဖြစ်သောကြောင့်
ကထိန်ကမ္မ၀ါစာဖတ်ကြတဲ့အခါ “ဣဒံ သဃဿ ကထိနစီဝရံ ဥပ္ပန္နံ”
လို့ ကမ္မ၀ါစာမှာ ပါပါတယ်။ အဲဒီထဲမှာ ”သံဃဿ ဥပ္ပန္နံ”ဟူသည် သံဃာတော်
အရှင်သူမြတ်များရဲ့ အထံမှာဖြစ်ပေါ်တယ်လို့ဆိုပါတယ်။ ဒီစကားကိုထောက်
သောအားဖြင့် ကထိနဒါနကို သံဃိကဒါနလို့ဆိုနိုင်ပါတယ်။ သံဃိကသင်္ကန်းနဲ့သာ
ကထိန်ခင်းလို့ရပါတယ်၊ ဒီလိုသံဃိကဒါနဖြစ်သောကြောင့် ကထိနစီဝရဒါနကို ဘုရား
အစရှိတဲ့ သူတော်ကောင်းတွေက ချီးမွမ်းကြတာပါ။ပုဂ္ဂလိကဒါနထက်မြတ်နေလို့ ဒီ
ကထိနစီဝရသံဃိကဒါနကို အထူးဝိသေသပြု ချီးမွမ်းခြင်းဖြစ်ပါတယ်။
တစ်နှစ်မှ တစ်လ၊ တစ်လမှ တစ်ရက်၊ တစ်ရက်မှာလဲ တစ်ကျောင်းတည်း လှူလို့ရတယ်
တစ်ကျောင်းမှာ တစ်ရက်ပဲလှူလို့ရတယ်။ တခြားဒါနထက် ထူးခြားနေတယ်။အမြဲလှူလို့
မရ အချိန်ကာလအားဖြင့်သာ လှူဒါန်းရသော ဒါနဖြစ်သောကြောင့် ဘုရားစသော သူတော်ကောင်းများက ချီးမွတ်တော်မူကြပါတယ်။
(၂)အထူးသံဃိကဒါနဖြစ်သောကြောင့်
ကထိနစီဝရဒါနကို ပထမ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှစ၍ သီတင်းကျွတ်လပြည့်ကျော် တစ်ရက် မဟာပ၀ါရဏာနေ့၌ ပုရိမ၀ါကျွတ်လို့ ၀ါမကျိုးမပြတ်တဲ့ သံဃာတော်တွေသာ ဒီကထိန်သင်္ကန်းကို အလှူခံခွင့်ရှိတယ်။
”အနုဇာနာမိ ဘိက္ခဝေ ၀ဿံဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ”
ဆိုလိုသည်မှာ ၀ါဆိုသံဃာတွေကိုသာ ကထိန်ခင်းခွင့်ပြုထားတယ်။ ကထိန်သင်္ကန်းလှူသူတွေကလဲ ဒီကထိန်ခင်းခွင့်ရှိတဲ့ ရဟန်းတော်တွေကိုသာ ကထိန်ခင်းခွင့်ပြုထားတယ်။ ဒါကြောင့် ဒီကထိနဒါနကို ထူးခြားတဲ့ဒါနလို့ပြောတာ။
ဒီလို ထူးခြားတဲ့ သံဃိကဒါနဖြစ်လို့ ဘုရားအစရှိသော သူတော်ကောင်းတို့က ချီးမွမ်း
ကြတာဖြစ်ပါတယ်။
(၃) သံဃာတော်အရှင်သူမြတ်တို့၏ အာပတ်ကို သုတ်သင်သော ဒါန
ရဟန်းတော်များမှာ မြတ်ဗုဒ္ဓပညတ်ထားတဲ့ သိက္ခာပုဒ် အကျဉ်းအားဖြင့် ၂၂ရ သွယ်၊ အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော်ရှိနေပါတယ်။ ဒီသိက္ခာပုဒ်တွေကို ကြူးလွန်ရင်
အာပတ်သင့်တယ်။ သို့သော် ကထိန်သင်္ကန်းကို အလှူခံကြတဲ့ သံဃာတော်များဟာ မြတ်ဗုဒ္ဓက ချမှတ်ထားသော သိက္ခာပုဒ်ငါးမျိုးမှ လွတ်ငြိမ်းခွင့်ရရှိနိုင်ပါတယ်။
ထိုလွတ်ငြိမ်းချမ်းသာခွင့် ငါးပါးဟူသည်ကား
(က) ရဟန်းသည် မပန်းကြားပဲ ဒါယကာအိမ်သို့ သွားနိုင်ခြင်း
(ခ) တိစီဝရိတ်အဓိဋ္ဌာန်တင်သော သင်္ကန်းကို မယူပဲ သွားနိုင်ခြင်း
(ဂ) ဂဏဘောဇဉ်ကို စားနိုင်ခြင်း
(ဃ)အလိုရှိသော အဓိဋ္ဌာန် ၀ိကပ္ပမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
(င) ထိုကထိန်ခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အားသာ ဖြစ်ရခြင်း တို့ပင်ဖြစ်သည်။ ကထိန်အာနိသင်ရသော ကာလသည်ကား သီတင်းကျွတ်လပြည့်တစ်ရက်နေ့မှ တပေါင်းလပြည့်အထိ ငါးလတိုင်တိုင်ဖြစ်ပေသည်။ထို့ကြောင့် ကထိန်ကို ဘုရားအစရှိသော သူတော်ကောင်းများက ကောင်းပေစွ ကောင်းပေစွဟု ချီးမွမ်းတော်မူကြပါပေကုန်သည်။
ထိုသို့သော အကြောင်းများကို ထောက်ဆကာ ရှေးဆရာတော်ကြီးများက ”ဘုရားမှာတော့စိန်၊ ကျောင်းမှာတော့သိမ်၊ သင်္ကန်းမှာတော့ကထိန်”ဆိုပြီး ဆိုရိုးစကားပြုထားကြသည်။


ကထိန်သင်္ကန်းအလှူရှင်များ ရရှိသော အကျိုးငါးပါး
(၁) မိမိတို့ အလိုရှိအပ်သော အရပ်များသို့ အတားအဆီး အချုပ်အချယ်မရှိဘဲ သွားနိုင်ခြင်း၊
(၂) ကိုယ်ပိုင်ပစ္စည်းများကို ထားလိုရာ ထားနိုင်ခြင်း၊
(၃) အမျိုးမျိုးသော အ၀တ်အစား အစာအသောက်များနှင့် ပြည့်စုံခြင်း၊
(၄) အစာအသောက်နှင့်ပတ်သက်၍ ဘယ်သောအခါမှ ဘေးမဖြစ်ခြင်း၊
(၅) စည်းစိမ်ဥစ္စာပေါများခြင်းတို့ပင်ဖြစ်သည်။

ကထိန်ခင်းခြင်းအဓိပ္ပာယ်
ကထိန်သင်္ကန်းလှူရှင်များသည် “သံဃဿ ဒေမ”ဟု ဆိုကာ လှူဒါန်းလိုက်သော သင်္ကန်းကို သံဃာတော်များက သိမ်ထဲမှာရှိတဲ့ ကထိန်သင်္ကန်းအလှူခံမည့်ကျောင်းမှာ ရှိသော ရဟန်းတော်တစ်ပါးကို သံဃာအများသဘောတူမှုနဲ့ ရွေးချယ်ပြီး ထိုကထိန်လျာသင်္ကန်းကို ကမ္မ၀ါစာနှင့် ရွတ်ဖတ်ကာ ပေးကြရပါသည်။ ထိုကထိန်သင်္ကန်းကို ရရှိသော ရဟန်းသည် မိမိကျောင်းတိုက်ကို ပြန်ပြီး ကထိန်ခင်းရပါသည်။ ကထိန်ခင်းဟူသည် စွန့်သင့်သော သင်္ကန်းကို စွန့်၊အဓိဋ္ဌာန်တင်သင့်သော သင်္ကန်းကို အဓိဋ္ဌာန်တင်ကာ လက်ရှိရရှိလာသော သင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်သည်ကို ဆိုလိုပါသည်။

ကထိန်သင်္ကန်းကို ခွင့်ပြုတော်မူရခြင်း၏ ရည်ရွယ်ချက်
ရဟန်တော်များဟာ လိုက်နာရန်အလို့ငှာ မြတ်ဗုဒ္ဓက ချမှတ်ထားသော ၀ိနည်းစည်းကမ်းငါးမျိုးကို အချိန်ကာလအတိုင်းအတာတစ်ခုအတွင်း မလိုက်နာဘဲ ကင်းလွတ်ခွင့်ရအောင် ဆောင်ရွက်နိုင်ရန်အတွက် ကထိန်ခင်းခြင်းဖြစ်သည်။

ညှပ်မကြီး
ညပ်မကြီးဟူသည် တန်ဖိုးရှိသော ပစ္စည်းများကို စီးထားသောအ ပဒေသာပင်အကြီးစားကြီးကို ဆိုလိုသည်မဟုတ်။ကထိန်နှင့်ပတ်သက်သော စကားလုံးသည်ကား ဥတ်ဖြစ်သည်။ ဥတ္တိဆိုသော စကားလုံးမှ ဆင်းသက်လာသည်။”ဥတ္တိဒုတိယကမ္မ၀ါစာ”ရွတ်ဆိုပြီး ကထိန်ခင်းထိုက်သော ရဟန်းကို ကထိန်သင်္ကန်းပေးရသည်။ထို့ကြောင့် ထိုကထိန်သင်္ကန်းကို ”ဥတ်”သင်္ကန်းဟူ၍ဆိုပါသည်။ ဥတ်သင်္ကန်းဟူသည် ရဟန်းများအသုံးပြုတော်မူနေသော အပေါ်ရုံသင်္ကန်း၊ အောက်ပိုင်းသင်္ကန်းနှင့် နှစ်ထပ်သင်္ကန်း၊ ထိုသုံးထည်တွင် တထည်ထည်ကို ဆိုလိုပါသည်။

မျက်မှောက်ခေတ်ကထိန်
ယနေ့ မြန်မာပြည်တွင် မျက်မှောက်ခေတ်ကထိန်များကို ကြည့်လျှင် ရှုမြင်ရသူတို့၏ စိတ်ဝယ် အလွန်အင်မတန်မှ ကြည်နူးစရာကောင်းလှပေသည်။သီတင်းကျွတ်လပြည့်ကျော်တစ်ရက်မှ တန်ဆောင်မုန်းလပြည့်အထိ ကထိန်ပွဲကျင်ပရာ တစ်လတာကာလအဖြစ်သတ်မှတ်ကြကာ မြန်မာတစ်နိုင်ငံလုံး အနယ်နယ် အရပ်ရပ်မှာ ကထိန်ပွဲများကို စည်းကား သိုက်မြိုက်စွာ ကျင်းပကြသည်။ ရပ်ကွက်အလိုက်၊ အသင်းအလိုက်၊ ဌာနအလိုက်စသည်ဖြင့် မြို့ရော တောမပါမကျန် ကထိန်ပွဲကို စည်းကားသိုက်မြိုက်စွာကျင်းပနေကြသည်။ တန်ဖိုးရှိသော ပဒေသာပင်အကြီးစားကြီးများကို စီးကာ အတီးအမှုတ် အကအခုံများဖြင့် လှည့်လည်အပူဇော်ခံကြသည်။ရည်ရွယ်ချက်သည်ကား ကြည့်ရှုသူ ဗုဒ္ဓဘာသာဝင်တို့ သဒ္ဓါတရားတိုးပွားနိုင်စေရန်အလို့ငှာဖြစ်သည်။ ထိုပဒေသာပင်များ၏ ကြီးကျယ်ခမ်းနားမှုကို ကြည့်သောအားဖြင့် မြန်မာလူမျိုးများ၏ သဒ္ဓါတရားကောင်းမှုသည်ကား အထူးပြောဖွယ်မလိုတော့ပေ။ သို့သော် စိတ်မကောင်းစရာတစ်ခုသည်ကား အချို့သော အလှူရှင်အချို့သည်ကား ကထိန်၏ အဓိပ္ပာယ်ကိုကား တိတိကျကျ မသိတော့ချေ။ ပဒေသာပင်ကြီးတွေစီး၊ ဆိုင်းတွေ ဗုံတွေနှင့် လှည့်လည်ပြီး နောက်ဆုံး ဘုန်းကြီးကျောင်းကို ထိုပဒေသာပင်ကြီးတွေပို့လိုက်သည်ကိုပင် ကထိန်ဟုထင်မှတ်နေကြသည်။ ဆရာတော်များဟောကြားတော်မူသော တရားတော်များကိုပင် မနာယူနိုင်တော့ပေ။အဘယ်ကြောင့်ဆိုသော် တစ်နေကုန် မမောနိုင် မပန်းနိုင် တီးမှုတ်ကခုန်မှုခဲ့ကြသောကြောင့်ပေတည်း။ အကာဖြစ်သော တီးမှုတ်ကခုံမှုတွေနှင့် အဆုံးသတ်ပြီး၊ အနှစ်ဖြစ်သော ဆရာတော်များဟောသော ကထိန်အကြောင်းသိကောင်းစရာ တရားများကိုကား မနာယူနိုင်တော့ပေ။ ထိုကြောင့် ငွေကုန်လူပန်းဖြစ်နေလေ၏။ ဤသည်ပင်လျှင် အထူးသတိပြုစရာအချက်ဖြစ်ပေသည်။မိမိတို့ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဤကဲ့သို့ မဖြစ်မူ၍ တစ်နှစ်မှ တစ်ခါ ကြုံခဲလှသော ဤကထိန်ပွဲရာသီအတွင်း အကာမပါမူ၍ အနှစ်သက်သက်ဖြစ်သော အလုပ်ကို လုပ်နိုင်ကြပါစေဟု တိုက်တွန်းရင်း မိမိ၏ ဆောင်းပါးကို နိဂုပ်ချုပ်လိုက်ရပေသည်။

Read more...

သဘောကျသည်



ဈေးနှုန်းများကပ်ထား





ငွေပုံး
ဈေးနှုန်းကပ်နှင့် ရောင်းကုန်




ရောင်းကုန်ပစ္စည်းများ
သဘောကျသည်
အေးတဲ့ ရာသီမို့  ကျောင်းထဲမှာပဲ ကုပ်နေလို့ မရ။
အပြင်ထွက် လမ်းလျှောက်ပေးမှ အအေးဒဏ် ခံနိုင်တယ်။
ကျန်းမာရေးအရလည်း ညီညွတ်တယ်။
ဘုန်းကြီး မမြင်ဖူးသူတွေလည်း မြင်ကြပေါ့လေ။
အဲဒါကြောင့်လည်း အပြင်လမ်းလျှောက်ထွက်တယ်ပေါ့။
( အကြောင်း ပြချက်၊ အကြောင်းပြချက် ...)

မြို့ ကို ပတ်လိုက်တာ တစ်နေရာမှာတော့ -
ကိုယ်မမြင်ဘူးတဲ့
ဈေးရောင်းနည်း စနစ်ကို တွေ့ ပါတယ်။

မြို့ ထဲမှာလို စက်ကိရိယာနဲ့  ခိုးမရအောင် ကင်မရာစက်လည်းမရှိ။

ဈေးနှုန်းကိုသာ ကပ်ထားတာပါတယ် ။

ကိုယ်ကျင့်သိက္ခာ မကောင်းဘူးဆိုရင် -
ပေးတဲ့ ငွေ ထက် ပစ္စည်းကို ပိုပြီးလည်း ယူချင်ယူမယ်။

အလကား အလစ်သုတ်ပြီးတော့လည်း ယူချင်ယူမယ်။
ယူလို့ လည်း ရနိုင်ပါတယ်။ လူရှင်းတာကို။

ဒါပေမယ့် ဒီမှာတော့ ဈေးနှုန်းကို

၅ယူရို ၆ယူရို ၇ယူရို အစားစား ရေးထားတာတွေ့ ရတယ်။
ရေးထားတဲ့အတိုင်း ငွေပုံးထဲ ထည့်ပြီး
တန်ရာတန်ကြေး ပေးဝယ်ယူကြတယ်။

( သူတို့ က ပိုက်ဆံပေါတာမို့  မခိုးတာလို့ တော့
မမှတ်ထင်စေချင်။ ပိုက်ဆံ ပေါတိုင်း ၊ ထောတိုင်း
ကိုယ်ကျင့် သိက္ခာ မလုံနိုင်ပါ။ ခိုးနည်းအမျိုးမျိုးရှိပါတယ်။
နီးစပ်ရာ သတိထားကြည့်ပါလေ။)


တကယ်တော့ သူတို့  တစ်တွေမှာ သူများဟာ ခိုးတာနဲ့ ပါတ်သက်လို့ 
မခိုးတာ အကျိုးရှိတယ် ၊ ခိုးရင် အပြစ် ဖြစ်တယ် - လို့ 
ဘုရားဟောတဲ့ တရားတော်အတိုင်း
တိတိကျကျ
သိလို့ တော့ မဟုတ်လောက်ဘူး။

သူတို့ ရဲ့  ယဉ်ကျေးမှုနဲ့  ပတ်ဝန်းကျင်ကိုက
ကိုယ်ကျင့်တရား ၊ ကိုယ့်သိက္ခာကို ပျက်ပြားတဲ့ အလုပ်ပဲ။

ခိုးတာ အဆိုးဆုံး အလုပ်ပဲ လုပ်လို့ 
သူတို့  ခံယူထားကြ ၊ သိနေကြလို့ ပဲ ယူဆပါတယ်။

အကျိုး အပြစ်ကို ကြည့်လိုက်ပါဦးလေ-
သူများပစ္စည်းကို တစ်နည်းနည်းနဲ့  ခိုးခဲ့ဘူးသူသည်-

၁။ မွဲတတ်ခြင်း
၂။ဆင်းရဲတတ်ခြင်း
၃။ငတ်မွတ်ခြင်း
၎။အလိုရှိသော အရာကို မရနိုင်ခြင်း
၅။စည်းစိမ် ပျက်စီးတတ်ခြင်း
၆။ရေ မီး သူခိုး အမွေခံ သားသမီးဆိုး မင်းဆိုး ဟူသော
ရန်သူမျိုးငါးပါး၏ ဖျက်စီးမှုကြောင့် ဥစ္စာပျက်ပြားရခြင်း
ဤ မကောင်းကျိုးများကို ရတတ်၏

ဆောင်- အဒိန္နာဒါ ၊ ခိုးမိပါမူ ၊ ဥစ္စာနည်းမွဲ ၊ ဆင်းရဲငတ်ဘိ၊
လိုရှိမရ ၊ ဘောဂပျက်စီး၊ ရေး-မီး-သူခိုး၊ မွေခံဆိုးနှင့် ၊
မင်းဆိုးအပြား ၊ ရန်မျိုးငါးကြောင့် ၊ ပျက်ပြားဥစ္စာ ၊ ပြစ်များစွာသည်၊
ရှောင်ခါ အပြန်အကျိုးတည်း။

ရတနာ့ဂုဏ်ရည်- ( ၂၀၆ )
တောင်မြို့  ၊ မဟာဂန္ဓာရုံဆရာတော်


ဒီလိုကို အကျိုး အပြစ် မသိပါဘဲ

ကိုယ်ကျင့်တရား ကိုယ်သိက္ခာကို ပျက်ပြားတဲ့ အလုပ်ပဲ။
ခိုးတာ အဆိုးဆုံး အလုပ်ပဲ လုပ်လို့ 
သူတို့  ခံယူထားကြ ၊ သိနေကြလို့ ပဲ မယူတာကိုပဲ
သဘောကျသည်။

ဒီ အလုပ်မျိုးကို ကိုယ်တိုင် မလုပ်ပါက
ကိုယ့်ကိုယ်လည်း သဘောကျစရာ ကောင်းသလို
အများလည်း ဒီအလုပ်မျိုး မလုပ်တဲ့သူကို
သဘောကျကြပါမယ်။

သဘောကျသည်
သဘောကျသည်

မြတ်ရောင်နီ

( ၃၁ ၊ ၁၀ ၊ ၂၀၁၀ )

Read more...

အဝေးအနီး အရေးမကြီးပါ။ အရေးကြီးသည်မှာ…

“နီးတကျက်ကျက် ဝေးတစ်သက်”ဟူသော မြန်မာစကားပုံ တစ်ခုရှိ၏။ လူတို့သည် နီးနေသည့်အခါတွင် အချင်းချင်း အဆင်မပြေဖြစ်ကာ မကြာခဏ ခိုက်ရန်ဖြစ်လျက် တကျက်ကျက်ဖြင့် မတည့်ဖြစ်ကြသော်လည်း ဝေးနေသည့်အခါတွင်ကား သံယောဇဉ်တရားဖြင့် အချင်းချင်း စောင့်ရှောက်ကာ အစဉ်ထာဝရ တစ်သက်သာ ချစ်တတ်ကြကြောင်း ဆိုလိုခြင်း ဖြစ်ပေ၏။ မှန်၏။ လူအတော်များများသည် အဝေးပေါင်းကောင်းလှ၏။ ခဏတာကြုံတွေ့ကြသည့် အခိုက်အတန့်တွင် အဆင်ပြေပြေ ရှိလှ၏။ သူ့အကြောင်းကိုယ်မသိ ကိုယ့်အကြောင်း သူမသိကြသဖြင့်လည်း ကြီးကြီးမားမား ပြဿနာ မရှိလှပေ။ အတူတကွ အနီးတွင် နေကြသည့်အခါတွင်ကား တစ်လပင် မပြည့်သေး အဆင်မပြေမှုများက စလာခဲ့၏။ အနေနီးသဖြင့် မတူညီသည့် အကျင့်စရိုက်များကို သိခွင့်ရလာ၏။ စရိုက်မတူသည့်အပြင် အလိုက်လည်းမတူ၊ အကြိုက်လည်း မတူကြသဖြင့်လည်း အခိုက်ပင်ဖြစ်သော်ငြား မကြိုက်လိုသည့် သဘောများက တစ်ဦးနှင့်တစ်ဦးကြား အထင်အရှား ဖြစ်လာခဲ့ကြ၏။ သို့ဖြင့် တကျက်ကျက်နှင့် မတည့်အတူ နေကြရသည့် အဖြစ်သို့ ရောက်သွားခဲ့ကြ၏။

သို့ဆိုလျှင် ဤသို့ အချင်းချင်း အဆင်မပြေ တကျက်ကျက် ဖြစ်ကြခြင်းသည် အနေနီးသဖြင့် ဖြစ်ကြခြင်းလော…၊ အနေဝေး သူများသည် အမှန်စင်စစ် တစ်သက်တာ ချစ်နိုင်ကြ၏လော စသဖြင့် တွေးစရာဖြစ်လာ၏။ တစ်ဦးနှင့်တစ်ဦး တစ်သက်တာ ချစ်နိုင်စေရန် ဝေးနေရမည်လော၊ သို့မဟုတ် ဝေးဝေးနေကာ တစ်သက်တာ ချစ်ကြည့်ကြမည်လော စသဖြင့်လည်း စဉ်းစားဖွယ် ဖြစ်ပါ၏။ အချို့က ဤသို့ဖြစ်ခြင်းသည် မည်သူမည်ဝါကြောင့် ဖြစ်သည်၊ မည်သည့်နေရာတွင် ရောက်နေ၍ဖြစ်သည် စသဖြင့် ဆိုတတ်၏။

အမှန်စင်စစ် ထိုသို့ဖြစ်ခြင်းသည် နေရာဒေသ အဝေးအနီးစသည်များကြောင့် မဟုတ်ပေ။ လူတစ်ဦးချင်းတွင် ရှိနေသည့် မကောင်းသည့် အရာများကြောင့်သာ ဖြစ်ပါ၏။ ယျေဘုယျအားဖြင့် လူသည် အတ္တကြီးသူ ဖြစ်၏။ အရာရာတွင် မိမိအတွက်သာ ကြည့်တတ်၏။ ထို့အတူ မာနလည်းကြီး၏။ အရာရာတွင် မိမိသာ အမှန်ဟု တစ်ယူသန်တတ်၏။ ထို့အပြင် ဣဿာ၊ မစ္ဆရိယလည်း အားကြီး၏။ မိမိထက်သာလျှင် မနာလိုဖြစ်ပြီး မိမိနှင့် ပတ်သက်သည်များတွင် ၀န်တိုတတ်၏။ ထိုသို့ အတ္တ၊ မာန၊ ဣဿာ၊ မစ္ဆရိယတရားများ အားကြီးသဖြင့် လူသည် အချင်းချင်း အပြိုင်အဆိုင် အနိုင်လိုကြ၏။ ပြိုင်လာပြီဆိုလျှင်ကား မှားသည်မှန်သည် မခွဲခြားဘဲ အလွဲသွားတတ်မြဲ ဖြစ်၏။ မိမိပြိုင်လျှင် တစ်ဘက်ကလည်း ပြိုင်လာမည် ဖြစ်သဖြင့် နှစ်ဘက်ပြိုင်ဖြစ်ကာ မရှက်နိုင်ဘဲ အနိုင်ကြဲတတ်ကြ၏။ ဤသို့ဖြင့် လူတို့သည် တစ်ဦးနှင့်တစ်ဦး ကြည့်မရသည့် အဖြစ်သို့ ရောက်ကြရ၏။

အရင်းစစ်လျှင် လူအချင်းချင်း အဆင်မပြေ ဖြစ်ကြခြင်းသည် အနေးနီး၍ မဟုတ်သကဲ့သို့ အနေဝေး၍လည်း မဟုတ်ပေ။ လူတိုင်းလူတိုင်း တစ်ဦးချင်းတွင် ရှိနေကြသည့် အတ္တ၊ မာန၊ ဣဿာ၊ မစ္ဆရိယ စသည့် တရားများကြောင့်သာ ဖြစ်ပေ၏။ အထူးသဖြင့် မေတ္တာတရား ခေါင်းပါး၍သာ ဖြစ်ပေ၏။ လူသည် အတ္တ၊ မာနစသည် အားကြီးလာလျှင် အပြိုင်အဆိုင် ပြုတတ်သော်လည်း မေတ္တာတရား ရှိနေသေးလျှင် ထင်သလောက် အဆိုးကြီး မဖြစ်တတ်ပေ။ မေတ္တာတရားပါ ခေါင်းပါးလာလျှင်ကား မေတ္တာမယှဉ်သည့် အတ္တမာန ဒေါသတရားများဖြင့်သာ လူသည် အဆုံးစွန် အဆိုးဆုံးအထိ ပေါက်ကွဲသွားတတ်၏။ မေတ္တာတရားမရှိလျှင် ပြိုင်ဆိုင်မှုကို တွန်းအားပေးတတ်သကဲ့သို့ မေတ္တာတရား ထားနိုင်ကြလျှင် ပြိုင်ဆိုင်မှုများ ကင်းပသွားတတ်၏။ အပြိုင်ကင်းလျှင် အဆင်မပြေမှု ကင်းနိုင်သကဲ့သို့ အဆင်မပြေမှု ကင်းနေလျှင် အတူတွဲကာ မြဲလာကြမည်သာ ဖြစ်ပါ၏။

မစိုးရိမ်ဆရာတော်ကြီး၏ မေတ္တာနှင့် စပ်လျဉ်းသည့် ဆုံးမစကားလေးကို သတိရမိ၏။ ဆရာတော်ကြီးက “တန်းတူတွေ့လျှင်၊ မေတ္တာဝင်၊ မ၀င်နိုင်က၊ ပြိုင်တတ်တယ်။ ပြိုင်မယ့်အစား၊ မေတ္တာပွား၊ စိတ်ထားပြုပြင် ပြောင်းပါမယ်”ဟု ဆုံးမပေးထား၏။ ပုထုဇဉ်ပုဂ္ဂိုလ်များ အဖို့ မေတ္တာတရားသည် အထူးလိုအပ်၏။ မေတ္တာ၏ သဘောသည် ချစ်ခြင်း၊ အကျိုးလိုလားခြင်း သဘောကို ညွန်းဆိုသကဲ့သို့ မေတ္တာစစ် မေတ္တာမှန်သည် အကြားမရှိခြင်း၊ အခြားမရှိခြင်း လက္ခဏာကိုဆောင်၏။ မေတ္တာရှိနေလျှင် တစ်ဦးနှင့်တစ်ဦး အကျိုးစီးပွားကို ဆောင်နေကြမည်ဖြစ်ကာ မည်သူမည်ဝါ စသည် ခွဲခြားမှု မရှိသဖြင့် မည်သူနှင့်ဖြစ်စေ ငြင်းခုံခိုက်ရန်ဖြစ်ဖွယ်မရှိ အရာရာတွင် အဆင်ပြေပြေ ရှိနေကြမည်သာ ဖြစ်၏။ မေတ္တာဓာတ်များ ရှိနေလျှင် အနီးနေသူများနှင့်လည်း အဆင်ပြေသကဲ့သို့ အဝေးနေသူများနှင့်လည်း အဆင်ပြေနေကြမည်သာ ဖြစ်ပါ၏။

မျက်မှောက်ခေတ် လူအတော်များများ တစ်ဦးနှင့်တစ်ဦး အဆင်မပြေမှုများနှင့် ငြင်းခုံခိုက်ရန်ဖြစ်မှုများ အဖြစ်များ ကြခြင်းသည် မေတ္တာတရား ခေါင်းပါးကြ၍သာ ဖြစ်၏။ တစ်ဦးနှင့်တစ်ဦး မေတ္တာမရှိကြသည့်အခါ ချစ်တာလည်း မရှိကြဘဲ သစ္စာပါ မသိကြသည်အထိ ဖြစ်ကုန်တတ်၏။ အတူနေ အနေနီးသူအချင်းချင်း အကျိုးလိုလားမှု မေတ္တာ ကင်းလာကြသည့်အခါ အဆိုးကိုသာ ဖြစ်စေတတ်ကြ၏။ တစ်ဦးတစ်ယောက်အပေါ်တွင် မေတ္တာမရှိ ဖြစ်လာလျှင်ကား ထိုသူမည်သို့ပင် ကောင်းနေပါစေ အကောင်းမမြင်တတ်ဘဲ ဖြစ်တတ်၏။ အကောင်းမမြင်လျှင် မကောင်းထင်တတ်ပြီး အစောင်းအမြင်ဖြင့် မပေါင်းချင်သည်အထိ ဖြစ်လာတတ်၏။ ထို့အတူ အနေဝေးသူများ အချင်းချင်းလည်း မေတ္တာကင်းခြင်း မဖြစ်ကြရန် လိုအပ်လှ၏။ မေတ္တာဖြင့် နေနေကြလျှင်၊ မေတ္တာပို့ကာ အကျိုးကို လိုးလားနေကြလျှင် ဝေးနေသော်လည်း နီးနေတတ်ကြ၏။ မေတ္တာသည် မရောက်နိုင်သည့် နေရာမရှိသကဲ့သို့ မဖောက်နိုင်သည့် အရာလည်း မရှိလှပေ။ စစ်မှန်သည့် မေတ္တာစိတ်ဖြင့် မေတ္တာဓာတ်များ ထားနိုင်ကြမည် ဆိုပါက မေတ္တာဓာတ်ဖြင့် မထွန်းပေါက်နိုင်သည့် အရာ၊ မေတ္တာရောင်ဖြင့် ရောင်ပြန်မဟပ်နိုင်သည့် အရာ မရှိသည်သာ ဖြစ်ပါ၏။ ထို့ကြောင့် အနေနီးသူများ ဖြစ်စေ၊ အနေဝေးသူများပင် ဖြစ်စေ မေတ္တာဓာတ်ဖြင့် ချစ်ခင်ခြင်းနှင့် အကျိုးလိုလားခြင်းကို တည်ဆောက်ကာ ချမ်းသာမှုကို ရယူကြရန် တိုက်တွန်းကြခြင်း ဖြစ်ပါ၏။

မေတ္တာခြုံလျှင် လုံနိုင်သကဲ့သို့ မေတ္တာအားကြီးလျှင် ရန်သူပင်လျှင် မိတ်ဆွေဖြစ်ကာ နူးညံ့ပျော့ပြောင်းလာတတ်၏။ မေတ္တာစစ် မေတ္တာမှန်သည် ရန်သူမိတ်ဆွေ မခွဲခြားသဖြင့်လည်း စစ်မှန်သည့် စေတနာဖြင့် အသေချာ ပွားနိုင်လျှင် မိမိအပေါ် မလိုမုန်းထားသူကိုပင် အပြုံးအားဖြင့် အနိုင်ယူနိုင်၏။ မေတ္တာခြုံထားသူကို မည်သို့သောသူကပင် အနိုင်ရအောင် မတိုက်ခိုက်နိုင်၊ မလွှမ်းမိုးနိုင်ပေ။ မေတ္တာပန်းကုံး ဆင်မြန်းသုံးနိုင်လျှင် အနီးနေသူများနှင့်လည်း အဆင်ပြေနိုင်သကဲ့သို့ အဝေးရောက်နေသူများနှင့်လည်း အဆင်ပြေနိုင်၏။

စာရေးသူ၏ ပတ်ဝန်းကျင်တွင်လည်း မေတ္တာဓာတ်ကို လက်တွေ့ပွားများ အားထုတ်ကြည့်မိသည့် အတွက်အဆင်ပြေသွား သူများအကြောင်း တစ်စေ့တစ်စောင်း ကြားသိရ၏။ ဒကာလေး အချို့သည် မြန်မာပြည်မှ ဘုမသိဘမသိဖြင့် သူများနိုင်ငံတွင် အလုပ်လုပ်ရန် ရောက်လာခဲ့၏။ ရောက်ရောက်ချင်းပင် စကားနားမလည်မှု၊ ယဉ်ကျေးမှု မတူညီမှု၊ အကျင့်စရိုက်မတူညီမှု စသည်များကြောင့် အခက်အခဲ အမျိုးမျိုး ကြုံကာဒုက္ခ ရောက်ရကြောင်း အထူးသဖြင့် မိမိထက်အလျှင် စောရောက်နေသည့် ရွှေခံမြန်မာကြောင့်လည်း စိတ်ဖိစီးမှုများ ကြုံရကြောင်း စသဖြင့် လျှောက်လာသဖြင့် စာရေးသူမှ မေတ္တာပွားများကြည့်ရန် အကြံပြုဖြစ်၏။ မေတ္တာပွားသည့်အခါ မိမိကိုယ်ကို အလျင်စပွားပြီး နောက်ကိုယ်စောင့်နတ်၊ အခန်းစောင့်နတ်၊ စက်ရုံအလုပ်ရုံစောင့်နတ် စသည်များကိုလည်း ပွားများကာ မိမိ၏ စက်ရုံသူဋ္ဌေး၊ လုပ်ဖော်ကိုင်ဖတ် စသူများကိုလည်း တစ်ဦးချင်း စိတ်ဖြင့်မြင်အောင်ကြည့်၍ အမှန်ပင် အကျိုးလိုလားသည့် သဘောဖြင့် ပွားများကြည့်ရန်၊ အထူးသဖြင့် မိမိနှင့် ကတောက်ကဆ ဖြစ်နေသည့် ကိုရွှေမြန်မာအားလည်း စစ်မှန်သည့် စေတနာမေတ္တာဖြင့် ဒေါသအာဃာတ မပါသည့်စိတ်ဖြင့် မေတ္တာပွားကြည့်ရန် အကြံပြုဖြစ်၏။ ထိုဒကာလေးများလည်း ယုံယုံကြည်ကြည်ဖြင့် စိတ်ပါလက်ပါ ပွားများကြည့်သည့်အခါ တစ်ပတ်အကြာမှာပင် ထူးထူးခြားခြား အကျိုးတရားများ ရရှိလာကာ အားလုံး၏ချစ်ခင်မှု၊ အရေးပေးမှုများအထိ ဖြစ်ခဲ့ကြောင်း ပြန်လည် လျှောက်ထားလာကြ၏။ ယခုအခါတွင်ကား အဆင်ပြေမှုများဖြင့် ချမ်းသာနေသည်ဟု ဆို၏။

ဒကာတစ်ယောက်ဆိုလျှင်လည်း နှစ်ပေါင်းမြောက်များစွာ ကွဲကွာနေသည့် အဝေးရောက် ပုဂ္ဂိုလ်တစ်ယောက် အကြောင်း သတင်းရလို၊ အဆက်အသွယ် ရလိုသဖြင့် မည်သို့မည်ပုံ ပြုလုပ်သင့်ကြောင်း အကြံတောင်း လျှောက်ထားလာသဖြင့် စာရေးသူမှ ထိုသူအား အာရုံပြကာ မေတ္တာသာ စူးစူးစိုက်စိုက် ပွားများလိုက်ရန် အကြံပြုဖြစ်ခဲ့၏။ ထိုဒကာလေးလည်း စေတနာအမှန်ဖြင့် အာရုံတွင် မြင်အောင်ကြည့်ကာ ပွားများခဲ့၏။ မေတ္တာပို့သမှုကို နေ့စဉ်လုပ်လာ၍ နှစ်ပတ်ခန့်ကြာသည့်အခါ ထူးထူးခြားခြား အဆက်အသွယ် ရလာကာ မေတ္တာ အပို့ခံရသူသည်လည်း တစ်ပတ်လုံးလုံး ထိုဒကာလေးကို သတိတရ ဖြစ်မိနေကြောင်း တစ်ဆင့်စကားဖြင့် ပြန်သိခဲ့ရ၏။ တိုက်ဆိုင်သည်ဖြစ်စေ၊ မတိုက်ဆိုင်သည် ဖြစ်စေ မေတ္တာအစွမ်း၏ ထူးခြားမှုကား အထင်အရှားပင် ဖြစ်ပါ၏။

အထက်ပါ ဒကာလေးများ၏ အဖြစ်များကို ပြန်လည်ကြားသိရသည့်အခါ မေတ္တာ၏ အခြားမရှိ၊ အကြားမရှိသည့် သဘောကို ကောင်းစွာခံစားမိခဲ့၏။ မေတ္တာသည် အနီးတွင်လည်း ထူးခြားမှုနှင့် အဆင်ပြေမှုကို ဖြစ်စေသကဲ့သို့ အဝေးတွင်လည်း အခြားမရှိ ကောင်းမြတ်သည့် သက်ရောက်မှုကို ဖြစ်စေခဲ့၏။ လူအချင်းချင်း မေတ္တာထားနိုင်လျှင် လှည့်ပတ်ခြင်းလည်းကင်း၊ အထင်သေးမှုလည်းကင်း၊ ဆင်းရဲမှုလည်း ကင်းနိုင်ကြမည်သာ ဖြစ်၏။ မေတ္တာဓာတ်သည် အချင်းချင်း အနိုင်ယူလိုမှု၊ နှိပ်စက်လိုမှု ဒေါသကို သက်သာစေနိုင်ကာ အေးငြိမ်းမှုကို ဖြစ်စေသဖြင့် မေတ္တာထားနိုင်သမျှ လောကဆက်ဆံရေးလည်း အဆင်ပြေ ကောင်းမွန်နေကြမည်သာ ဖြစ်ပါ၏။ ထို့ကြောင့် လူအချင်းချင်း အပြိုင်းကင်းစေရန် မေတ္တာတရား လက်ကိုင်ထားကြပါဟု တိုက်တွန်းကြခြင်း ဖြစ်ပါ၏။

ဆိုလိုသည်မှာ လူအတော်များများ တစ်ဦးနှင့်တစ်ဦးကြား အဆင်မပြေ ဖြစ်ကြရခြင်းသည် အနီးတွင် အတူတကွ ရှိနေကြ၍ မဟုတ်သကဲ့သို့၊ အစဉ်ပြေနေကြခြင်းသည်လည်း အဝေးတွင် ရှိနေကြ၍ မဟုတ်ဘဲ တစ်ဦးချင်းတွင် ရှိနေကြသည့် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မစ္ဆရိယစည့် တရားများ အားကြီးလာမှုနှင့် ငြိမ်းချမ်းမှုကို ဖြစ်စေတတ်သည့် မေတ္တာတရား ခေါင်းပါးလာမှုများကြောင့်သာ ဖြစ်ကြောင်း ဆိုလိုပါ၏။ မေတ္တာတရား မရှိကြလျှင် လူအချင်းချင်း ပြိုင်ဆိုင်လာတတ်ပြီး ပြိုင်ဆိုင်လာလျှင် အနိုင်ရလိုမှုလည်း အားကြီးလာသဖြင့် သူ့ကိုယ်နှိပ် ကိုယ့်သူနှိပ်ကာ ပြိုင်လာခြင်းကြောင့် မညီညွတ်မှုကို ပိုမိုဖြစ်စေတတ်ကြောင်း၊ မေတ္တာတရား ထားနိုင်ကြလျှင်ကား အချင်းချင်း နှိပ်စက်ခြင်းကင်းကာ ငြိမ်းချမ်းခြင်းကို ဖြစ်စေမှာ အမှန်ပင်ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် လူတို့သည် နေရသည့်အခိုက်အတန့်တွင် တစ်ဦးနှင့်တစ်ဦး အဆင်ပြေပြေ ရှိကြစေရန် အနီးနေသူ ဖြစ်စေ၊ အဝေးရောက်သူ ဖြစ်စေ မည်သူမဆို နားလည်မှုနှင့် မေတ္တာစုကို ပေါင်းစပ်ကာ ကောင်းမြတ်သည့် စိတ်ထားဖြင့် သူ့တပါးအပေါ် အထင်သေးမှု၊ ညှင်းစဲမှု၊ ဆင်းရဲစေလိုမှုများ မဖြစ်ကြစေဘဲ အကျိုးလိုလားသည့် စိတ်ဖြင့် အနီးတွင်ရှိသူတွင်ဖြစ်စေ အဝေးရောက်နေသူတွင် ဖြစ်စေ မေတ္တာတရား ထားနိုင်အောင်သာ ကြိုးစားကြရန်နှင့် လူအချင်းချင်း ခွဲခြားမှုနှင့် အဝေးအနီး အကြားမရှိမှုကို ဖြစ်စေသည့် မေတ္တာတရားကိုသာ လက်ကိုင်ထားနိုင်ရန် ကြိုးစားကြရမည်သာ ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း မင်းကွန်းဆရာတော်ဘုရားကြီး၏ မေတ္တာပို့ဆောင်ပုဒ်လေးဖြင့် နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ပါသည်။
-လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ…
-အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ…
-ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ…

Read more...

The End of the World

by Cittasamvaro

Notes and quotes on the talk

‘The End of the World’

at the Pharmaceutical Association of Thailand, Dhamma Talk series 2010

After reading and hearing a little about the mystical side of religion – from Christianity, Hinduism, Sufism, Buddhism or others – one gets an inkling that there is a fundamentally different experience to the normal way of life.

What’s Real

A Buddhist model that explains it, and there are countless other models that can be used, is the six sense model. The idea is that the yogi starts the path with what can actually be known. And that is very little compared to the ‘world’. All you can know is the 6 data streams that are your senses. Five common senses, and also thought – which is considered to ba a sense because it can be ‘experienced’. If you could not sense it, you’d have no idea what you are thinking, hence it is counted as a sense, even though it is of a different kind to the other senses.

Doing meditation one finds that the attention jumps between the senses incessantly. You think you cannot do meditation because the mind is so unruly. Actually this is already the first insight – seeing the mind from the ‘non-self’ aspect i.e. that the mind does not do as you wish.

The attention gets absorbed in one of the senses, in some activity and you lose the presence of mindfulness. The mind comes back, and you ‘recollect’ yourself. Making a distinction between the times of recollection/mindfulness/awareness and the times when the attention is lost makes these two modes clearer. While you are recollected, you see whatever state the mind is in. It takes a long time for yogis to really trust that the ‘knowing’ of mindfulness, the quality of attention, is what is important rather than the particular state of mind.

Therefore, in Buddhism, the ‘World’ is equated to the ‘Six Senses’.

This would not make sense to a non-meditator … The world seems vast and complicated. How can it be reduced to just the arising and ceasing of the senses in the present moment? Yet this is actually what you can know.

Creating the World

Human beings give ‘permanence’ to objects and ideas in the world.

If you hurt your toe, you feel pain for a few hours; in the worldly view. But in the six sense view, you see your mind picking up on the pain, reacting, and then passing on to some other distraction. Every so often the mind returns to the pain, and considers it to have been there all along. It gives permanence to the pain, even though the actual experience is of it intermittent.

You relate to the pain in the toe as if it were there the whole time, but really it only ‘hurts’ when you put conscious attention on it.

This is ‘object permanence’ - a term in psychology. We create a whole world of objects. Wife/husband, house, job, self, identity, car, hobbies …. your whole world is made of objects that you necessarily relate to as ‘real’ and ‘permanent’. In fact, though you don’t think about them in this way, even roads, telephones, time – everything in society, you relate to as being there, being real. Your constructs are the filters of how you relate to the world and your expectations of it.

All this is sensible and necessary. No one could function on a level higher than a simple animal, if we did not create a world in this manner. It is a good thing.

However, the yogi view, watching things arise and cease, paying attention to the impermanent aspect, starts to deconstruct the ‘world’.

The world, the world – how far does this saying go?

What is transitory by nature is called the world in the Ariyan sense. And what is transitory by nature?

The eye, forms, eye consciousness … the ear, sounds, hearing consciousness … [nose, tongue, body] The mind, mind states, mind consciousness are transitory by nature.

Pleasant unpleasant or indifferent feeling which arise from sense contact – that also is transitory by nature.

Samyutta Nikaya, 2nd 50 (Ch IV) ‘Transitory’

The ‘Real World’

This view of the world does not mean that it does not exist. We might say the world is ‘delusion’ but it is not ‘illusion’. Floods famine, disease, as well as the beautiful aspects of the objective world are all real, and not to be ignored, or dismissed as somehow a grand illusion. Yet subjectively, it is our own delusion.

He who has seen the arising of the world, cannot say it is not real.

He who has seen the ceasing of the world, cannot say that it is real.

This delusion is generated and led by your thinking – or in modern terms, your constructs.

What is it by which the world is led? What is that whereby it plagues itself?

And what is that above all other things, that brings everything beneath its sway?

It is by thoughts the world is led, by its thoughts it ever plagues itself.

And thought it is above all other things, that brings everything beneath its sway.

The World S. I p57 (pts trans)

Cessation of the World

So the ‘World’ is reduced to the six senses - which is all you can experience and know directly. Holding the mind steady in mindfulness you do not let it get lost in a sense .. that is you can feel the mind go out and get lost in some sound, thought or feeling. Maintaining mindfulnss, the mind recollects itself (ekabhava) bit by bit. You experience spots and glimpses when the mind brightens and comes home. At those points it is self luminous, and not caught up with any object of mind. It is not thunderbolts and lightning, but the experience grows.

All the mystic traditions have to pass through this point. Anything else is another idea to hold onto, another mantra, tantra or other object in which to absorb the mind. There is no enlightenment without reaching the end of the world.

Rohitassa was a yogi who had attained the ability to [astral] travel at will, or at least so he claimed.

he was told:

Not to be reached by travelling is the world’s end

Yet there is no release for man from suffering

unless he reaches the world’s end. Then let a man

become a world knower, wise, a world-ender

Let him be one who lives the holy life

knowing the end of the world through being calmed

Then he does not long for this world or any other

Note:

The reason for this topic is the common ‘new age’ idea that you create your own world, that reality depends on your thinking. The corollary of this is you should fix your thinking to attract to you what you want.

While the ‘create your own world’ is not incongruous with Buddhism, it is still Samsara, the world of birth, death and delusion. The whole delusory world of your constructs comes tumbling down if it is cut at the right place.

The Zen commentary about the vines covering the mansions …. it is somewhat cryptic, but here goes:

Blind old futzer, down in a dark cave thick with a maze of vines and creepers. He comes back and sits stark naked in the weeds. Pity about poor Master Fu. He’s going to lose his lovely mansions. And don’t say these words are cold and indifferent, that they have no taste. One bellyful eliminates hunger till the end of time.

That is from Hakuin’s commentary on the Heart Sutra.

Read more...

စိတ်ဖိစီးမှု ဒဏ်များအား ၁၀-မိနစ်အတွင်း ဖြေဖျောက်နည်း

ဤဆောင်းပါးတွင် ကိစ္စများမြောင် လူတို့ဘောင်၌ နိစ္စဓူဝ လူတို့အား နှိပ်စက်ကလူ ပြုနေသော ဖိစီးမှုဒဏ် (Stress) များက လူတို့၏ ကျန်းမာရေးအပေါ် မည်သို့ သက်ရောက်ကာ ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပုံ၊ ထိုဖိစီးမှု ဒဏ်များအား အချိန်အနည်းငယ် ပေးရုံဖြင့် ဖြေဖျောက်ပုံများကို ရေးသားဖော်ပြထားပါသည်။

ပြဿနာကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဖိစီးမှုဒဏ်တည်းဟူသော သဲကန္တာရအလယ်တွင် အေးမြ တိတ်ဆိတ်သော အိုအေဆစ်ငယ်ကလေးကို တွေ့ရှိရုံမျှဖြင့် စိတ်၏ အေးချမ်း တည်ငြိမ်မှုကို ရရှိစေပြီး သင်၏ အသက်ကိုပင် ကယ်တင်နိုင်မည် ဖြစ်ပါသည်။

ဖိစီးမှုဒဏ် တောက်လျှောက် သက်ရောက်ခြင်းသည် သင်၏နှလုံး ကျန်းမာရေးကို အန္တရာယ် ဖြစ်စေရုံမျှမက နှလုံးသွေးကြောများ အတွင်း ပိတ်ဆို့မှုကို ပိုမို ဖြစ်ပေါ်စေနိုင်ပါသည်။
ထို့အပြင် ဖိစီးမှု ဟော်မုန်း (Stress Hormone) ၏ ပမာဏမှာ ခန္ဓာကိုယ်အတွင်း အမြင့်တက်လာကာ ခန္ဓာကိုယ်၏ ခုခံမှုစနစ်ကို အားလျော့စေနိုင်ပါသည်။ ထို့ကြောင့် အအေးမိခြင်း၊ တုပ်ကွေးမိခြင်း၊ အစာအိမ် ရောဂါ၊ အအေးဒဏ်ကြောင့် အနာများ ဖြစ်ပေါ်ခြင်း၊ ပန်းနာ ရင်ကျပ်နှင့် ကင်ဆာရောဂါ စသည်တို့ အားလုံးမှာ ဖိစီးမှု ဟော်မုန်းပမာဏ မြင့်တက်လာခြင်းနှင့် ဆက်စပ်မှု ရှိနေကြောင်း လေ့လာတွေ့ရှိကြရပါသည်။ ထို့အပြင် အသက်အရွယ် ကြီးရင့်လာသော အခါ၌ မှတ်ဉာဏ်စွမ်းအားကိုပင် ကျဆင်းစေနိုင်ပါသည်။

လူ အတော်များများက သူတို့ သိပ် အလုပ်များသဖြင့် ဖိစီးမှုဒဏ်များကို လျှော့ချရန် အချိန်မပေးနိုင်ကြောင်း ပြောတတ်ကြပါသည်။
ဤဆောင်းပါးတွင် ဖိစီးမှု ဒဏ်များကို မည်သည့်နေရာတွင် မဆို လျှော့ချနိုင်သော နည်း၊ မိနစ် အနည်းငယ် ပေးရုံမျှဖြင့် အကျိုးရှိနိုင်သော နည်း ခုနစ်နည်းကို ဖော်ပြပါသည်။

ရှေ့လာမည့်အပတ်တွင် နေ့တိုင်း ဖော်ပြပါ နည်းခုနစ်နည်းအနက် တနည်းနည်းကို ကြိုးစား၍ စမ်းသပ်ကြည့်ပါ။ သင်၏ ဖိစီးမှုဒဏ် မီတာ မြင့်တက်လာသည့် အခါတိုင်း ဖော်ပြမည့် နည်းနှစ်ခု သို့မဟုတ် သုံးခုကို လက်ကိုင်ထား လေ့ကျင့်နိုင်ဖို့ အရေးကြီးသည်ကို မမေ့ပါနဲ့။

(မိနစ်အနည်းငယ်မျှ ဘာမျှ မလုပ်ဘဲ နေပါ)
တနေ့တွင် အနည်းဆုံး ငါးမိနစ် သို့မဟုတ်-၁၀-မိနစ်ခန့် ဘာမှမလုပ်ဘဲ ငြိသက်စွာ ထိုင်နေရန်။ သင့်ပတ်ဝန်းကျင်မှ အသံများကို နားစွင့်ရန်။ သင်၏ စိတ်လှုပ်ရှားမှုများ၊ သင်၏ လည်ပင်းကြော၊ ပခုံး၊ လက်မောင်းနှင့် ရင်ဘတ်ကြွက်သားများ အတွင်းမှ တင်းမာနေမှုများကို လျော့ချရန် အာရုံစိုက်ရန်။

ဖိစီးမှု ပညာရှင် Robin-Gueth က လူတွေအတွက် ဒါက သိပ်လုပ်ဖို့မလွယ်တဲ့ အလုပ်ပဲ၊ ကျုပ်တို့က ကျုပ်တို့လုပ်လိုက်တဲ့ အလုပ်ရဲ့ အကျိုးကျေးဇူးကိုပဲ ရယူနေချင်ကြတာ၊ ဘာမှ မလုပ်ဘဲ ထိုင်နေဖို့ ဆိုတာ လက်တွေ့မှာ သိပ်မလွယ်လှဘူးဟု ဆိုသည်။

ငြိမ်သက်စွာ ထိုင်နေခြင်းဖြင့် နှလုံးခုန်နှုန်း (Heart Rate) နှင့် သွေးပေါင်ချိန် (Blood Pressure) အား လျော့ကျသွားစေပါသည်။ ဖိစီးမှုဒဏ်၏ သက်ရောက်မှုကို သိသိသာသာကြီး ခံရသော အချက်နှစ်ခုအား တန်ပြန် လျော့ကျသွားစေသည်ဟု ဆိုနိုင်၏။ ထိုအခါ နိစ္စဓူဝ အဖြစ်အပျက်များ အပေါ် မိမိ၏ ထိတွေ့လေ့လာ သုံးသပ်ဆင်ခြင်မှုများအပေါ် ကောင်းသောအကျိုး သက်ရောက်မှုများ ရှိစေမည် ဖြစ်၏။ လေ့လာချက်များအရ ဖိစီးမှုဒဏ် အသက်ရောက်ဆုံး အခြေအနေများမှာ အဖြစ်အပျက်များအား မထိန်းသိမ်နိုင်မှုများကြောင့် ဟု ဆိုကြပါသည်။

မက်ဆက်ချူးဆက်ပြည်နယ် ဆေးတက္ကသိုလ်ကြီးမှ စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ကြီး James Carmody က ကျူပ်တို့ဟာ အတိတ်ကိုလည်း မပြောင်းလဲနိုင်၊ အနာဂတ်ကိုလည်း ကြိုတင် မှန်းဆလို့မရ၊ ကျုပ်တို့ ထိန်းသိမ်းနိုင်တာ တခုကတော့ ဒီနေ့ ပစ္စပ္ပုန်ကိုသာပါပဲ၊ အခု ကျုပ်တို့ရဲ့ အစီအစဉ်များ လူတွေက လေ့ကျင့်မှုရလာနိုင်ရင် သူတို့ဟာ အခြေအနေ တရပ်ကို ဘယ်လို ထိန်းသိမ်းနိုင်မယ် ဆိုတာကို သဘောပေါက်လာကြမှာပါ-ဟု ရှင်းပြခဲ့ပါသည်။

(အားပါးတရ ရယ်မောပါ)
အလွယ်တကူ ရယ်မောနိုင်သော အရာများ သင့်အနီးမှာ ရှိပါစေ။ ဥပမာ-ရယ်စရာ ရုပ်ပြဇာတ်လမ်း အပိုင်းအစကလေးများ၊ သို့မဟုတ်-သင့် သားသမီး၊ မိတ်ဆွေများထံမှ ပျော်ရွှင်ဖွယ်ရာ ပေးပို့သော အသံများ (E-mail သို့မဟုတ်-တယ်လီဖုန်းဖြစ်စေ) စသည်၊ သို့မဟုတ်-သင်၏ ဖေးဘရိတ်ရုပ်မြင်သံကြားမှ ရယ်မောဖွယ် အစီအစဉ် တခုခုအား ကြည့်ရှုခြင်း။ တနေ့တာလုံး မကြာခဏ ဖော်ပြပါ ရယ်မောဖွယ်ရာများနှင့် ထိတွေ့နိုင်ပါစေ။

သုတေသီ Berk ၏ လေ့လာချက်များအရ ကောင်းကောင်း ရယ်မောခြင်းကြောင့် ဖိစီးမှု ဟော်မုန်းဖြစ်သော ကော်တီစောလ် (Cortisol) ၏ ပမာဏ ကျဆင်းသွားကာ ခုခံမှုအားကိုလည်း တိုးမြှင့်စေနိုင်ကြောင်း၊ ထို့အပြင် အားရပါးရ ဗိုက်ကြွက်သားများ နာသည့်တိုင် ရယ်မောခြင်း၏ ကောင်းသောအကျိုး သက်ရောက်မှုမှာ ၂၄-နာရီအထိပင် ကြာရှည်ခံနိုင်ကြောင်း။

ရယ်စရာ လိုက်ရှာလျှင်ပင် စိတ်၏ တည်ငြိမ်မှုကို ရရှိနိုင်ကြောင်း၊ ၂၀၀၂-ခုနှစ်၌ Berk ၏ လေ့လာမှုတွင် ရယ်မောဖွယ် ဗီဒီယို အစီအစဉ် တခုအား ကြည့်ရှုရန် လုပ်အားပေး အချို့ကို ကြိုတင်ပြောပြ စမ်းသပ်ရုံနှင့်ပင် သူတို့၏ အမူအရာများမှာ အထူး ကောင်းမွန်လာကြပြီး သူတို့၏ ဖိစီးမှုဒဏ်များအားလည်း တချိန်တည်းမှာ လျော့ကျစေနိုင်ကြောင်း တွေ့ရှိရပေသည်။

(ဂီတကို နားဆင်ပါ)
အလုပ်မှာ ခက်ခက်ခဲခဲ ရင်ဆိုင်ရပြီ ဆိုလျှင် ဂန္ထ၀င်ပဲ ဖြစ်ဖြစ်၊ ကျေးလက် သို့မဟုတ်-ဂျပ်ဇ်ဂီတပဲ ဖြစ်ဖြစ် နားသောတ ဆင်လိုက်ပါ။
သြစတေးလျ နိုင်ငံ၊ မဲလ်ဘုန်း ယူနီဗာစီနီတွင် အစမ်းသပ်ခံ အုပ်စုနှစ်စု ခွဲလိုက်၏။ တစုက တိတ်ဆိတ်ငြိမ်စက်စွာဖြင့် အလုပ်လုပ်ရန်၊ ကျန်တစုက တေးဂီတကို နားဆင်ရင်း အလုပ်လုပ်ရန်၊ ဖိစီးမှုဒဏ်က တိတ်ဆိတ်စွာ အလုပ်လုပ်နေသူများ၏ နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်ကို မြင့်တက်စေ၏။ တေးဂီတ နားဆင်သူများမှာတော့ အခြေအနေ တည်ငြိမ်ကာ ပြောင်းလဲမှု မရှိ။ သူတို့ အလုပ်လုပ်ရတာ သက်သောင့်သက်သာ ရှိလှကြောင်းပင် အစီရင်ခံ ပြောကြားလာကြပါသည်။

သင် နားမထောင်သင့်သော ဂီတဟူသည် ရှိပါသလား။ အချို့က ဂန္ထ၀င် (Classical) ဂီတကို ပို၍ နားဝင်လက်ခံကြ၏။ အချို့က မကြိုက်။ မည်သို့ပင်ဖြစ်စေ မည်သည့်တေးဂီတကို လက်ခံ လက်ခံ၊ ဖိစီးမှုဒဏ်အား လျှော့ချရန်မှာ အဓိက ရည်ရွယ်ချက် ဖြစ်ကြောင်း အလာဘာမား ပြည်နယ် တက္ကသိုလ်မှ စိတ္တဗေဒ ပညာရှင် Elise Labbe-က ပြောကြားခဲ့ပါသည်။

( ပျော်ရွှင်စရာ တွေးတောပါ)
မည်သည့် နေရာမှ ဖြစ်စေ၊ သင် နှစ်နှစ်ကာကာ ချစ်မြတ်နိုးသူ တဦးကိုဖြစ်စေ၊ အကြောင်းအရာ တခုကိုဖြစ်စေ ၁၅-စက္ကန့်မှ ငါးမိနစ် အထိ အာရုံ စူးစိုက်လိုက်ပါ။ သို့မဟုတ်-ပျော်ပွဲစားထွက်ရာမှ မြင်ကွင်း တခုခုကို ပြန်လည် စဉ်းစားလိုက်ပါ။ သို့မဟုတ် သင်နှင့် ကမ္ဘာကြီး အတွက် အပြုသဘောဆောင်သည့် စာပိုဒ် တပိုဒ်သည်ပင်လျှင် အလုပ်ဖြစ်စေနိုင်ပါသည်။

ဥပမာ-သင့်ထံအမှတ်တရ ပို့လိုက်သော greeting card ကတ်ပြားလေးမှ စာသားလေး တခုသည်ပင်လျှင် သင်၏ စိတ်ချမ်းမြေ့မှုကို ပေးစေနိုင်ပါသည်။ ပျော်စရာတွေးခြင်း၊ အတွေးများအား တည်ငြိမ်စေခြင်းများက ဖိစီးမှုဒဏ်ကြောင့် ဖြစ်ပေါ်သော ဇီဝကမ္မ ပြောင်းလဲမှုများအား တန်ပြန်သက်သာစေနိုင်ပါသည်။

အနုတ်လက္ခဏာပြ စိတ်လှုပ်ရှားမှုများ ဖြစ်သည့် အခဲမကျေနပ်မှုများ၊ မကျေနပ်မှုများ၊ ဒေါသများ၊ နာကြည်းမှုများက လူတို့အား နှိပ်စက်ကလူပြုသော ဖိစီးမှုဒဏ်များ အရင်းခံများပင် ဖြစ်ပါသည်။ မိမိနှင့် အဆင်မပြေ စိတ်တိုင်းမကျသူ တဦးဦး အကြောင်း စဉ်းစားလိုက်လျှင် ဖိစီးမှု ဟော်မုန်းများက ခန္ဓာကိုယ်၏ ဖွဲ့စည်းမှု စနစ်အား ပျက်စီးစေနိုင်ပါသည်။ သို့သော် မိမိ နှစ်သက်သူ အကြောင်းကို ဖြစ်စေ၊ အဖြစ်အပျက် တခုကို ဖြစ်စေ စဉ်းစားလိုက်လျှင်မူ ယင်းနှင့်ဆန့်ကျင်ဘက် အကျိုးရှိမှုကိုသာ ဖြစ်စေမည် ဖြစ်ပါသည်။

(လမ်းလျှောက်ပါ)
ထိုင်နေရာမှ ထ၍ မည်သည့်နေရာ ရောက်ရောက် ၁၀-မိနစ်ခန့် အပြင်ထွက် လမ်းလျှောက်ပါ။
လူအတော်များများက လမ်းလျှောက်ခြင်းသည် စိတ်ကိုတည်ငြိမ်စေသည်ဟု ယူဆကြပါသည်။ ယခု ယင်းအယူအဆကို သိပ္ပံပညာရှင်များက သက်သေပြနိုင်ပြီ ဖြစ်၏။
၂၀၀၂-ခု ခုနှစ်တွင် စတင်းဖို့ဒ် ဆေးတက္ကသိုလ်မှ သုတေသန ပြုချက်အရ Dementia ခေါ် မှတ်ဉာဏ် ချို့ယွင်းသည့် ဦးနှောက်ဆိုင်ရာ ရောဂါရှင် အချို့တွင် ရက်သတ္တ တပတ်လျှင် လေးကြိမ် လမ်း-စတင် လျှောက်ကျင့်သူများ၌ စိတ်သက်သာမှု ရရှိပြီး ကောင်းမွန်စွာ အိပ်ပျော်ကြောင်း တွေ့ရှိကြရပါသည်။ ထို့အပြင် စိတ်ဖိစီးမှုဒဏ် ကင်းစင်သည့်အခါတွင် သူတို့၏ သွေးပေါင်ချိန် (Blood Pressure) မှာလည်း တည်ငြိမ်မှု ရှိကြောင်း တွေ့ကြရပါသည်။

ထို့ကြောင့် နာရီဝက်ခန့် အချိန်ပေးပါ။ ချွေးထွက်ခံစရာမလိုပါ။ သင့်တွင် ဖိစီးမှုဒဏ်များ ရှိနေသည့်အခါတိုင်း ငါးမိနစ်၊ သို့မဟုတ်-၁၀-မိနစ်ခန့် လမ်းလျှောက်ထွက်လိုက်ပါ။ သုတေသန ပြုချက်များအရ ဖိစီးမှုဒဏ် အရှိန်အဟုန် များများ သက်ရောက်လာသည့် အခါတိုင်း မိနစ် အနည်းငယ်ခန့်မျှ မိမိ၏စိတ်ကို တည်ငြိမ်အောင် ကြိုးစားခြင်းသည် အထူး အကျိုးကျေးဇူးရှိနိုင်ကြောင်း ထောက်ပြကြပါသည်။

(အသက်ကို ဖြည်းဖြည်း ရှူပါ)
ငါးမိနစ်ခန့် အသက်ကို ဖြည်းဖြည်း ရှူပါ။ တမိနစ်လျှင် ခြောက်ကြိမ်ခန့် ၀မ်းဗိုက် ကြွက်သားများကို လှုပ်ရှားစေခြင်းဖြင့် အသက်ကို ဖြည်းဖြည်း ရှိုက်၍ ရှူရန်၊ နောက်တနည်း လွယ်လွယ်ပြောရလျှင် ငါးစက္ကန့်မျှ အတွင်း အသက်ကို ရှူသွင်းပြီး နောက်ထပ် ငါးစက္ကန့်မျှ အတွင်း အငက်ကို ရှူထုတ်ရန်။

ကျွန်ုပ်တို့ တစုံတရာကြောင့် စိတ်အနှောက်အယှက် ဖြစ်နေချိန်တွင် အသက်ရှူခြင်းမှာ တိမ်၍ မြန်လာတတ်၏။ ထိုအခါ အသက်ကို အားပါးတရ ရှူရှိုက်လိုက်သော အခါ၌ ပခုံးကြွက်သားများ ဆန့်တန်းသွားပြီး တင်းနေသော ကြွက်သားများကို လျော့ကျသွားစေပါသည်။

အသက်ကို ဖြည်းညင်းစွာ ရှူခြင်းဖြင့် မမျှော်လင့်သော အကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။ (၂၀၀၁-ခုနှစ် နိုင်ငံတကာ သုတေသနပြုချက်)။
သုတေသီများက တစုံတဦးသည် ယောဂ (Yoga) လေ့ကျင့်ခန်း ပြုလုပ်စဉ်သော်၎င်း၊ ဘုရားရှေ့တွင် ဆုတောင်းမှု ပြုလုပ်စဉ်သော်၎င်း၊ သူ၏ အသက်ရှူသွင်း ရှူထုတ်မှုမှာ စောစောက ဖော်ပြခဲ့သလို ငါးစက္ကန့်မျှစီ ရှိကြောင်း၊ ယင်း အသက်ရှူသွင်း ရှူထုတ်မှု ဖြစ်စဉ် ၁၀-စက္ကန့်မျှ ကြာမြင့်ခြင်းသည် သွေးပေါင်ချိန် ၁၀-စက္ကန့်လျှင် တကြိမ် အနည်းငယ် အတက်အကျ ရှိခြင်း သဘာဝဖြစ်စဉ်နှင့် သွား၍ ကိုက်ညီမှု ရှိသည်ကို တွေ့ရပေသည်။

ထိုကဲ့သို့ အသက်ရှူခြင်းဖြစ်စဉ်နှင့် နှလုံးသွေးကြော အဖွဲ့အစည်း၏ လှုပ်ရှားမှုတို့ သဟဇာတ ဖြစ်ခြင်းသည် ခန္ဓာကိုယ်၏ တည်ငြိမ်မှုကို အားပေးပြီး နှလုံးကျန်းမာရေးကိုလည်း ပိုမို တိုးတက်ကောင်းမွန်စေသည်ဟု ဆိုကြပါသည်။
အကယ်၍ သင်သည် စိတ်တိုစရာ အဖြစ်အပျက်များနှင့် ပြည့်နှက်နေသော နေ့တနေ့ကို ဆုံတွေ့ရပြီ ဆိုပါစို့။ သင်၏ လက်ပတ်နာရီ၊ သို့မဟုတ်-စာပွဲတင်နာရီ မှန်ပေါ်တွင် အဖြူရောင် ဆေးစက်ငယ် တခုချ၍ ယင်းဆေးစက် အမှတ်ငယ်အား စိုက်ကြည့်ပြီး အသက်ကို ခပ်နက်နက် အချိန်ကြာကြာ ရှူရှိုက်ခြင်းကို နှစ်ကြိမ် သုံးကြိမ်မျှ ပြုလုပ်ပါ။ သင်၏ စိတ်တည်ငြိမ်မှုကို အံ့သြဖွယ်ရာ ရရှိပါလိမ့်မည်။

(အကြောလျှော့ပြီးမှ အိပ်ရာမှ ထပါ)
နံနက်ခင်း အိပ်ရာထ နိုးစက် မြည်ပြီးနောက် အိပ်ရာမှ ချက်ချင်း မထသေးဘဲ ငါးမိနစ်ခန့် အချိန်ယူ အကြောလျှော့ပါ။ ခြေချောင်းလေးများကို ပထမဦးစွာ ခပ်ပြင်းပြင်း လှုပ်ရှားပြီးမှ ဖြည်းဖြည်းချင်း လျှော့ချရန်။ ထိုမှတဆင့် ခြေထောက်၊ ခြေသလုံး၊ ပေါင်နှင့် တင်ပါးဆုံ ကြွက်သားများကို အဆင့်ဆင့် လှုပ်ရှားစေပြီးမှ အနားယူ လျှော့ချပါ။ မျက်နှာမှ ကြွက်သားများ လျော့ကျသည်အထိ အပေါ်ကို တဖြည်းဖြည်း တက်လာရန်။

ဖိစီးမှု ကျွမ်းကျင်ပညာရှင် Gueth က ပြောသည်မှာ သင်၏ တနေ့တာကို စိတ်ပူပန်မှုဖြင့် စတင်ခဲ့ပါက တနေ့ တာပတ်လုံး ယင်းဒဏ်ကို သင် ခံနေရမည် ဖြစ်၏။ ယင်းဖိစီးမှု ဒဏ်များအား သင်၏ အိပ်ရာသို့ ယူဆောင်သွားခဲ့ပါက သင် အိပ်မပျော် ဖြစ်မည်။ ထိုအခါ အခြေအနေက ပို၍သာ ဆိုး၍လာမည် ဖြစ်သည်။ ထိုအခါ အိပ်ရေးပျက်ခြင်းကြောင့် ဖိစီးမှု ဟော်မုန်း (Stress Hormone) များ ခန္ဓာကိုယ်အတွင်းတွင် ပို၍ မြင့်တက်လာမည်ဖြစ်၏။ ထို့ကြောင့် တနေ့တာ၏ အစနှင့် အဆုံးတွင် မိမိ၏ စိတ်ကို တမိနစ် သို့မဟုတ်-နှစ်မိနစ်ခန့် သိသိသာသာ လျှော့ချအနားပေးရန် လိုအပ်ပါသည်။

ယင်းထိရောက်သော နည်းနာအား Progressive relaxation ဟု ခေါ်တွင်ကြ၏။
အမေရိကန် ပြည်ထောင်စု မစ်စီစီပီ တောင်ပိုင်း ယူနီဗာစီတီ တခုမှ ၂၀၀၂-ခုနှစ် လေ့လာမှု တရပ်တွင် လုပ်အား
ပေးလူ ၄၆-ယောက်အား အထက်ဖော်ပြပါ အကြောလျှော့ချခြင်း နည်းနိသျှအား လေ့ကျင့်စေရာ သူတို့၏ နှလုံးခုန်နှုန်းများ သိသိသာသာ လျော့ကျသွားခြင်း၊ ဖိစီးမှုဒဏ်များအား ခံနိုင်ရည်ရှိပြီး ကော်တီစောလ် ခေါ် ဖိစီးမှု ဟော်မုန်းပမာဏ လျော့ကျသွားခြင်းများ တွေ့ရှိကြရ၏။

ရှယ်လီဝေးလ်က ကျွန်မတော့ တနေ့လုံး အလုပ်များလို့ ချာလပတ် ရမ်းနေတာပဲ၊ တကယ်တော့ ကျွန်မရဲ့ တနေ့တာကို အဲဒီလို မစလိုက်ချင်ပါဘူး။ ဒါကြောင့် ကျွန်မရဲ့ စိတ်အာရုံထဲမှာ ရှုပ်ထွေးလို့ မလာအောင် ငါးမိနစ်လောက် အမြဲ အချိန်ယူပြီး စိတ်ကို တည်ငြိမ်အောင် ကြိုးစားတယ်။ ဒီလို အမြဲဖြစ်အောင် ကြိုးစားရတာ တကယ်တော့ မလွယ်လှပါဘူး၊ ဒါပေမဲ့ ဒီလို လေ့ကျင့်တာဟာ ကျင့်သားလည်း ရသွားရော အားလုံး အိုကေပါပဲ-ဟု ပြောခဲ့ပါသည်။

ဒေါက်တာဇော်သန်း
(အပျိုစင် ၂၀၀၄-ဧပြီလ)

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP