* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, October 27, 2010

စားစားသွားသွား

EatingEatingGoingGoing - စားစားသွားသွား

Image from (27 Oct 2010): http://fc08.deviantart.com/fs44/f/2009/093/6/e/A_Random_Abstract_Wallpaper_by_piandaoist.png
အမှောင်တွေများ။
ပင်မှည့်ဆည်းဆာစား နာရီများ။
အရောင်တွေများ။
သက်တံ့ရောင်စဉ်စား အဖြူများ။
ကလောင်တွေများ။
ရောင်စုံအမှောင်စား ကဗျာများ။

Read more...

အမျိုးသမီးများအတွက် အမေရိကားမှာ ဘိက္ခုနီသာသနာ ထူထောင်ပြီ

ရဟန်းဘ၀ကို ရချင်လှပါတယ် ဆိုတဲ့ အမျိုးသမီးတွေအတွက် စိတ်ဝင်စားစရာဖြစ်မှာပါ....။ ကွယ်ပျောက် သွားပြီးဖြစ်တဲ့ ဘိက္ခုနီသာသနာကို ပြန်လည်ထူထောင်ဖို့ ၀ိနည်းလမ်းကြောင်းအရ မဖြစ်နိုင်တော့ဘူး လို့ မကြာသေးမီက မြန်မာနိုင်ငံအထူးသံဃ၀ိနိစ္ဆယအဖွဲ့က ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါတယ်။ အာရှနိုင်ငံရှေးရိုး အစဉ်အလာ သံဃာ့ အဖွဲ့အစည်းတွေကလည်း ဘိက္ခုနီသာသနာဆိုတာကြီးကို လက်ခံဖို့ ငြင်းဆန်နေကြတုန်း ပါပဲတဲ့။

ဘာပဲဖြစ်ဖြစ် ကမ္ဘာတစ်ခြမ်းဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိယ်ဂျယ်လိစ်မှာတော့ လွန်ခဲ့တဲ့ အောက်တိုဘာလ (၁၀)ရက်နေ့က ဘိက္ခုနီရဟန်းခံပွဲကြီးကို သမိုင်းဝင်အပြည်ပြည်ဆိုင်ရာဘိက္ခုနီရဟန်းခံပွဲကြီး အဖြစ် ကျင်းပခဲ့ပါသတဲ့..။

ကနေဒါသူတစ်ယောက်က အနာဂါရိက(ရှစ်ပါးသီလခံယနေ့ခေတ်သီလရှင်များနှင့် အဆင့်တူ) အဖြစ်ခံယူပြီး အမေရိကန်ဖွားအမျိုးသမီးနှစ်ယောက်ကလည်း သာမဏေရီ(သာမဏေကို ကိုရင်လို့ ခေါ်တော့ သာမဏေရီကို မယ်ရင်လို့များ ခေါ်ရလေမလား)အဖြစ် သာသနာဘောင်ကို ၀င်ရောက်ခဲ့ကြပါသတဲ့။

အဓိကအားဖြင့် ဘိက္ခုနီ(ဘိက္ခုကို ရဟန်းဆိုတော့ ဘိက္ခုနီကိုတော့ ရဟန်းမပေါ့) အဖြစ်ခံယူကြခဲ့တဲ့ သာမဏေရီများကတော့ သီရိလင်္ကာဖွား တစ်ဦး၊ ဗီယက်နမ်ဖွားသုံးဦးနဲ့ မြန်မာဖွား တစ်ဦးတို့ဖြစ်ကြပါသတဲ့။ ဒီပွဲကို ဦးဆောင် ဦးရွက်ပြုတော်မူတာက သီရိလင်္ကာသံဃာ့အဖွဲ့လို့ သိရပါတယ်။(အင်းမြန်မာလည်း သမိုင်းဝင်သွားပြန်ပေါ့)

ဒီဘိက္ခုနီသာသနာနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ မှတ်ချက်မပေးတော့ဘဲ သတင်းအဖြစ်ဖော်ပြလိုက်ပါတယ်..။ မူရင်းသတင်း


Read more...

ကုသိုလ်ရရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေး…

မကြာသေးခင်က စင်္ကပူမှာရှိတဲ့ ရဟန်းဒကာမ တစ်ဦးနဲ့ စကားပြောဖြစ်တော့ ရဟန်းဒကာမက “အရှင်ဘုရား တပည့်တော်ကို အသိတစ်ယောက်က ‘တခြားဘာသာတွေမှာတော့ ဆုတောင်းတာ၊ ရှိခိုးတာနဲ့ ကျမ်းစာရွတ်တာ ဒီလောက်ပဲ ရှိတယ်၊ ဗုဒ္ဓဘာသာမှာကတော့ ဘုရားရှိခိုးတာ၊ ပုတီးစိတ်တာ၊ မေတ္တာပို့တာ၊ ဂုဏ်တော်ပွားတာ၊ ပရိတ်ပဋ္ဌာန်း ဓမ္မစကြာရွတ်တာ၊ ဂုဏ်တော်ပွားတာ၊ တရားထိုင်တာ၊ ၀ိပဿနာရှုတာ စသဖြင့် စုံနေတာပဲ၊ ဘာတွေဘယ်လိုကွာပြီး၊ ဘယ်လိုအကျိုးထူးတွေ ရှိတယ်၊ ဘာကြောင့် ဒီလောက် နည်းစနစ်တွေ အမျိုးမျိုး ဖြစ်နေရတယ်ဆိုတာ သိရင်ပြောပြပါလား’လို့ မေးဖူးပါတယ်ဘုရား..၊ အဲဒါ သူ့အမေးကို တပည့်တော်လည်း ကောင်းကောင်း နားမလည်သလို အတိအကျလည်း ဖြေမပေးနိုင်လို့ အရှင်ဘုရားကို အကူအညီ တောင်းတာပါဘုရား၊ အချိန်ရရင် စာတစ်ပုဒ်လောက်ရေးပြီး အင်တာနက်မှာ တင်ပေးပါဘုရား…” လို့ လျှောက်ဖူးပါတယ်။ ဘုန်းဘုန်းလည်း “ကောင်းပါပြီ.. ဒကာမ၊ အချိန်ရရင် ရေးပြီးတင်ပေးပါမယ်”လို့ ပြောပြီး မရေးဖြစ်ပဲ နေခဲ့တာ ခုမှပဲ “ကုသိုလ်ရရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေး”ဆိုတဲ့ ဒီခေါင်းစဉ်လေးနဲ့ ရေးတင်ဖြစ်ပါတယ်။

တခြားဘာသာတွေမှာ ဘယ်လိုနည်းစနစ်တွေ ရှိတယ်ဆိုတာ တိတိကျကျ မပြောနိုင်ပေမယ့် ဗုဒ္ဓဘာသာမှာ ရှိနေတာတွေကတော့ သူမေးသလို အမျိုးမျိုးအဖုံဖုံ ရှိနေတာ မဟုတ်ပါဘူး။ အမည်နာမတွေကြောင့် အမျိုးမျိုး ရှိနေတယ်လို့ ထင်ရပေမယ့် ဗုဒ္ဓဘာသာမှာ ဒါတွေက ကုသိုလ်ဖြစ်ရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေးဆိုတဲ့ ကျင့်ကြံပွားများ အားထုတ်ခြင်းမှာပဲ သွားပြီးအကျုံးဝင်ပါတယ်။ စာလိုပြောရင်တော့ သမထကျင့်စဉ် သို့မဟုတ် ၀ိပဿနာကျင့်စဉ် တစ်ခုခုထဲမှာ အကျုံးဝင်တယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ ဒီနည်းတွေဟာ စိတ်ကို တခြားအပြင်ကိလေသာ အာရုံတွေရဲ့ လွှမ်းမိုးမှုကနေ ကာကွယ်စေ၊ စိတ်အစဉ် ငြိမ်းချမ်းစေ၊ ကုသိုလ်ဖြစ်စေ၊ အတွင်းကိလေသာတွေကို အပြီးပိုင် ပယ်သတ် ကာကွယ် နိုင်စေတတ်တဲ့ အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ဒီကျင့်စဉ်တွေကို ကျင့်ကြံအားထုတ်ကြတာ ဖြစ်ပါတယ်။ အမည်နာမ အမျိုးမျိုး ရှိနေပေမယ့် အချုပ်ကတော့ သမထကျင့်စဉ်နဲ့ ၀ိပဿနာ ကျင့်စဉ်တွေပဲ ဖြစ်ပါတယ်။

ဒီနည်းစနစ်နှစ်ခုထဲက သမထကျင့်စဉ်ဆိုတာ အာရုံတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ အကြိမ်ကြိမ်ပွားများပေးတဲ့ ကျင့်စဉ်ဖြစ်တဲ့အတွက် ဘုရားရှိခိုးတာ၊ တရားတော်တွေကို ရွတ်ဖတ်သရဇ္ဈာယ်တာ၊ မေတ္တာပို့တာ၊ ဂုဏ်တော်ပွားတာ စတာတွေဟာ ဒီသမထကျင့်စဉ်ထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ အသေးစိပ်ပြောရရင် ဘုရားဂုဏ်တော်ပွားတာဟာ ဗုဒ္ဓါနုဿတိ ဘာဝနာဖြစ်ပြီး ပရိတ်ပဋ္ဌာန်း ဓမ္မစကြာစတဲ့ ဘုရားတရားတော်တွေကို ရွတ်ဖတ်ပူဇော်တာ ဓမ္မာနုဿတိ ဘာဝနာဖြစ်ကာ မေတ္တာပွားတာ စတာတွေကတော့ မေတ္တဘာဝနာ စသဖြင့် ဖြစ်ပါတယ်။ ဒီလို ဗုဒ္ဓနုဿတိ စတာတွေဟာ သမထကျင့်စဉ်ထဲမှာ အကျုံးဝင်ပြီး ပွားများအားထုတ်၊ ရွတ်ဖတ်သရဇ္ဈာယ်နေတဲ့ အခိုက်မှာ စိတ်တည်ကြည်မှု၊ ကုသိုလ်ရစေမှု၊ စိတ်ငြိမ်းချမ်းမှု၊ သဒ္ဓါတရားတိုးပွားမှု၊ ပီတိတရား တိုးပွားမှု စတဲ့ အကျိုးထူးတရားတွေကို ရရှိစေနိုင်ပါတယ်။ ဒါပေမယ့် ဒီကျင့်စဉ်များဟာ အာရုံတစ်ခုတည်းမှာကိုပဲ ထပ်ကာထပ်ကာ လေကျင့်ပေးတဲ့ သမာဓိကျင့်စဉ် ဖြစ်နေတဲ့အတွက် ကျင့်ကြံအားထုတ်၊ ရွတ်ပွားသရဇ္ဈာယ်တဲ့ အခိုက်အတန့်မှာတော့ ကိုယ့်သန္တာန်မှာ လောဘဒေါသစတဲ့ ကိလေသာတရားများ၊ အပူမီးများ ကင်းငြိမ်းနေနိုင်ပါတယ်။ ဆက်တိုက်လုပ်နိုင်ရင် ဆက်တိုက်ငြိမ်းနေမှာ ဖြစ်ပေမယ့် အကြွင်းမဲ့ ပယ်သတ်တဲ့ ကျင့်စဉ်မဟုတ်တဲ့အတွက် မကျင့်ဘဲ နေတဲ့အခိုက်မှာ တခြားကိလေသာ အာရုံတွေနဲ့ တွေ့တဲ့အခါမှာ ဒီကိလေသာတွေဟာ ပြန်ပေါ်လာတတ်ပါတယ်။

ဒီလို သဘောတွေ ရှိနေတဲ့အတွက် တစ်ချို့က ညစဉ်ညတိုင်း ဘုရားရှိခိုး၊ ပရိတ်ပဋ္ဌာန်းတွေရွတ်၊ မေတ္တာတွေ ပို့နေပေမယ့် အမူအရာတွေ၊ အပြောအဆိုတွေ၊ အနေအထိုင်တွေက ပြောင်းလဲမသွားဘဲ ရှိနေတတ်ပါတယ်။ အဲဒီလို သူတွေကိုကြည့်ပြီး တစ်ချို့က “သူ့လောက်ဘုရား တရားလုပ်တာ သူပဲ ရှိတယ်၊ လောဘ၊ ဒေါသ၊ မောဟကြီးလိုက်တာလဲ မပြောပါနဲ့…”လို့ ပြောလေ့ရှိတတ်ပါတယ်။ ကိလေသာတွေကို အကြွင်းမဲ့ မပယ်သတ် နိုင်သေးလို့ကတော့ ဘုရားရှိခိုး၊ ဂုဏ်တော်ပွားနေ၊ ပရိတ်ပဋ္ဌာန်းရွတ်တာတွေ လုပ်နေပေမယ့်လည်း ကိလေသာတွေက ပြန်ပေါ်နေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြောဆိုကဲ့ရဲ့ တတ်တဲ့သူတွေ အနေနဲ့လည်း ကိုယ်ကိုယ်တိုင် သူ့လောက်မလုပ်နိုင်တာတွေနဲ့ ချိန်ထိုးပြီးတော့ ဘုရားတရားလုပ်ပြီး အမူအရာ မပြောင်းတဲ့သူတွေ ရှိရင်လည်း နားလည်ပေးဖို့ လိုပါတယ်။

ဒီလိုဆိုတော့ ဂုဏ်တော်ပွားတာ၊ မေတ္တာပို့တာ စတဲ့ သမထအလုပ်တွေဟာ ထူးထူးခြားခြား အကျိုးတရား မရှိဘူးလို့တော့ မသတ်မှတ်ဖို့ လိုပါတယ်။ သမထကျင့်စဉ်တွေဟာ ကိလေသာ အပူမီးတွေကို အပြီးပိုင် အကြွင်းမဲ့ မပယ်သတ်နိုင်ပေမယ့် စိတ်အစဉ်ငြိမ်းချမ်းမှု၊ ကိလေသာတွေကို အချိန်အတိုင်းအတာ တစ်ခုအထိ ခွာထားနိုင်မှု၊ ဈာန်အဘိညာဉ် ရမှု၊ ကုသိုလ်ဖြစ်ကာ ကောင်းတဲ့သုဂတိဘ၀တွေမှာ ဖြစ်စေမှုတွေအထိ အကျိုးထူးတရားကို ဖြစ်စေတယ်ဆိုတာတော့ အသေအချာပဲ ဖြစ်ပါတယ်။ ဒီအကျင့်ဟာ နိဗ္ဗာန်အထိ တိုက်ရိုက်မျက်မှောက် ပြုနိုင်ဖို့ ခက်ပေမယ့် ဒီအကျင့်တွေနဲ့ပဲ သေတဲ့အထိ နေသွားနိုင်မယ်ဆိုရင် ကောင်းတဲ့သုဂတိ ဘ၀တွေမှာ ပြန်လည်ဖြစ်စေတယ် ဆိုတာလည်း သံသယဖြစ်စရာ မရှိတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တစ်ချို့ဆိုရင် လက်တွေ့လုပ် လက်တွေ့ထူးခြားမှုကို ဖြစ်စေတဲ့အတွက် ၀ိပဿနာ ကျင့်စဉ်ထက် သမထကျင့်စဉ်ကို ပိုပြီးသဘောကျ နှစ်သက်တတ်တာတွေ ရှိပါတယ်။ သမထကျင့်စဉ်ရဲ့ ထူးခြားမှုက ဘယ်သူမဆို နည်းစနစ်မှန်ကန်စွာ အားထုတ်နိုင်မယ်ရင်ဆိုရင် သမာဓိ တည်ကြည်လာတာနဲ့အမျှ နိမိတ်လက္ခဏာတွေ ပေါ်လာပြီး စိတ်အစဉ် ပေါ့ပါးမှု၊ ငြိမ်းချမ်းမှု စတဲ့ ထူးခြားမှုတွေကို ဖြစ်စေတာပဲ ဖြစ်ပါတယ်။ သို့သော် သမထကျင့်စဉ်ဟာ လက်တွေ့ဘ၀ ပစ္စုပ္ပန်ငြိမ်းချမ်းမှု၊ ချမ်းသာမှုကို ဖြစ်စေပေမယ့် တကယ့်ကိလေသာ ကုန်ခမ်းပြီး အစစ်အမှန် ငြိမ်းချမ်းရာဖြစ်တဲ့ သန္တိသုခ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ အတွက်တော့ ၀ိပဿနာ ကျင့်စဉ်ကို ကျင့်ကြံပွားများ အားထုတ်နိုင်မှပဲ ရနိုင်ဖြစ်နိုင်ပါတယ်။

ဝိပဿနာ ကျင့်စဉ်ဟာ သတ္တ၀ါတွေကို ဒုက္ခပေးနေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသာတရားများကို အကြွင်းအကျန်မရှိ ပယ်သတ်နိုင်တဲ့ ကျင့်စဉ်တစ်ခုဖြစ်ပြီး သတိကို အထူးပြု လေ့ကျင့်ပေးတဲ့ ကျင့်စဉ်လည်း ဖြစ်ပါတယ်။ ၀ိပဿနာရဲ့ သဘောက ရုပ်နာမ်တွေရဲ့ အဖြစ်အပျက်ကို သတိကပ်ကာ ဉာဏ်နဲ့ရှုမှတ်ပေးရတဲ့ သဘောဖြစ်တဲ့အတွက် စိတ်မှာပဲ ဖြစ်ဖြစ် ရုပ်မှာပဲ ဖြစ်ဖြစ် ပေါ်သမျှ ဖြစ်သမျှကို ပေါ်စဲပေါ်ခိုက် ဖြစ်စဲဖြစ်ခိုက်မှာ ပေါ်တဲ့အတိုင်း ဖြစ်တဲ့အတိုင်း မလွတ်တမ်း လိုက်ပြီးသိမှတ် ပေးနေပါက ရုပ်နာမ်ရဲ့ မမြဲခြင်းသဘော၊ ဆင်းရဲခြင်းသဘော၊ အစိုးမရခြင်း သဘောတွေကို ခန္ဓာကိုယ်တွေ့ဉာဏ်နဲ့ အရှိအတိုင်း အမှန်အတိုင်း သိမြင်လာကာ ကိုယ့်ရဲ့အတွင်း သန္တာန်မှာ ရှိနေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသာမီးတွေကို တဖြည်းဖြည်း ငြိမ်းလာအောင် ငြှိမ်းသတ်လာစေပါတယ်။

အမှတ်သတိကို မလွတ်စေဘဲ စိတ်မှာဖြစ်တတ်တဲ့ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ ရာဂစိတ်၊ တွေးစိတ်၊ ကြံစိတ်၊ မနာလိုတဲ့စိတ်၊ ၀န်တိုတဲ့စိတ် စသဖြင့် ဘယ်လိုစိတ်မျိုးပဲ ဖြစ်ဖြစ် ပေါ်လာရင် ပေါ်လာတဲ့အတိုင်း လိုက်လိုက်ပြီးသိမှတ်ပေးတာ၊ ခန္ဓာကိုယ်ကို အမှီပြုပြီး ဖြစ်တတ်တဲ့ ပူတာ၊ အေးတာ၊ နာကျင့်ကိုက်ခဲတာ၊ ငြိမ်းချမ်းတာ၊ မငြိမ်းချမ်းတာ စတဲ့ ခံစားချက် ဝေဒနာများကို ခံစားတဲ့အတိုင်း လိုက်လိုက်သိမှတ်ပေးတာ၊ ခန္ဓာကိုယ်ရဲ့ သွား၊ လာလှုပ်ရှားမှု မှန်သမျှကိုလည်း သွားလာလှုပ်ရှားတဲ့အတိုင်း လိုက်လိုက်သိမှတ်ပေးတာ၊ ရုပ်ရဲ့သဘောတရား၊ နာမ်ရဲ့သဘောတရား၊ ဓာတ်ရဲ့သဘောတရား၊ အမှန်သစ္စာရဲ့ သဘောတရား စသဖြင့် သဘာဝဓမ္မဖြစ်တဲ့ သဘောတရားတွေကိုလည်း အရှိအတိုင်း၊ သဘာဝဓမ္မအတိုင်း သိမှတ်ပေးတာ စတာတွေဟာ အတွင်းကိလေသာတွေကို အပြီးပိုင် ပယ်သတ်နိုင်အောင် လေ့ကျင့်အားထုတ်ပေးတဲ့ နည်းစနစ်ဖြစ်တဲ့အတွက် သတိပဋ္ဌာန် ၀ိပဿနာနည်းမှာ အကျုံးဝင်ပြီး ဒီနည်းစနစ်ကို မပြတ်အားထုတ်နိုင်ပါက ဉာဏ်စဉ်အဆင့်ဆင့် မြင့်တက်ကာ နောက်ဆုံး ကိလေသာတရားများကို အပြီးပိုင် ပယ်သတ်လို့ သန္တိသုခ နိဗ္ဗာန်ကို မျက်မှောက်ပြုစေတဲ့အထိ တိုက်ရိုက်ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။

ဝိပဿနာကျင့်စဉ်ဟာ လက်တွေ့လိုက်နာ ကျင့်ကြံအားထုတ်ဖို့ ခက်ခဲပေမယ့် ကြိုးစားပမ်းစား မလျော့တဲ့ ၀ီရိယနဲ့ အားထုတ်ကြမယ်ဆိုရင်တော့ ဒီဘ၀မှာပဲ သိသိသာသာ ကိလေသာတွေကို ပါးလာအောင် ခွာနိုင်ပြီး ကိုယ်နှုတ်စိတ် အမူအရာတွေဟာ ထူးခြားစွာ နူးညံ့လာစေမှာ ဖြစ်ပါတယ်။ ပါရမီအရှိန်နဲ့ သတိပညာဝီရိယ အားတွေပေါင်းစပ်ကာ အားထုတ်နိုင်မယ်ဆိုရင်တော့ ဉာဏ်စဉ်များအဆင့်ဆင့် တက်ကာ ကိလေသာတွေကိုလည်း တစ်ခုပြီးတစ်ခု အကြွင်းမရှိ ပယ်သတ်စေနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံး အမြင့်ဆုံးဖြစ်တဲ့ အရဟတ္တမဂ်ဉာဏ် အဆင့်ထိ ရရှိနိုင်ပြီဆိုရင်တော့ ကိလေသာအားလုံးကို အပြီးပိုင် ပယ်သတ်နိုင်ပြီး ဒီဘ၀မှာပဲ နိဗ္ဗာန်ကို မျက်မှောက်ပြုစေနိုင်တော့တာ ဖြစ်ပါတယ်။ ဒါက ၀ိပဿနာ ကျင့်စဉ်ရဲ့ လက်တွေ့ကျတဲ့ အကျိုးနဲ့ ကျင့်စဉ်သဘောတရားပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ဆိုလိုတာက ဗုဒ္ဓဘာသာမှာ ဗုဒ္ဓဘာသာတွေအတွက် ဘုရားရှိခိုးတာ၊ ပုတီးစိပ်တာ၊ ဂုဏ်တော်ပွားတာ၊ မေတ္တာပို့တာ၊ တရားထိုင်တာ စသဖြင့် အမည်အမျိုးမျိုးနဲ့ နည်းအမျိုးမျိုး ရှိနေတယ်လို့ ထင်ရပေမယ့် ဒါတွေအားလုံးဟာ ကုသိုလ်ရဖို့၊ စိတ်တည်ငြိမ်ဖို့နဲ့ ကိလေသာကို ခွာနိုင်ဖို့အတွက် ပွားများအားထုတ်ရတဲ့ နည်းစနစ်ဖြစ်ပြီး သမထအကျင့်နဲ့ ၀ိပဿနာအကျင့် တစ်မျိုးမျိုးမှာပဲ သွားပြီး အကျုံးဝင်နေကြောင်း ဆိုလိုတာဖြစ်ပါတယ်။ အမည်နာမ အမျိုးမျိုး ရှိနေပမယ့် ရည်ရွယ်ချက်ကတော့ ကုသိုလ်ရဖို့၊ စိတ်ငြိမ်းချမ်းဖို့နဲ့ ကိလေသာ ပယ်ခွာဖို့ကိုသာ ရည်ရွယ်ကြောင်း သိစေလိုတာ ဖြစ်ပါတယ်။

စိတ်အစဉ်ဟာ လွှတ်ထားရင် လွှတ်ထားတဲ့အလျောက် ကိလေသာတရားများ တိုးပွားမှု၊ ကိလေသာတရားတွေရဲ့ လောင်မြိုက်မှုကို ခံစေ၊ ဖြစ်စေတဲ့အတွက် ဒီကိလေသာရန်က ကာကွယ်ဖို့အတွက် စရိုက်အမျိုးမျိုး၊ အကျင့်အမျိုးမျိုး ရှိနေတဲ့ လူတွေအနေနဲ့ ကိုယ့်အကျင့်စရိုက်၊ စိတ်နေသဘောထားနဲ့ ကိုက်ညီမယ့် အကျင့်တစ်ခုခုကို ကျင့်နိုင်ဖို့အတွက် ဗုဒ္ဓမြတ်စွာဘုရားက “စိတ်ကိုဒီလိုလည်း ထိန်းနိုင်တယ်၊ ဒီလိုလည်း လေ့ကျင့်နိုင်တယ်၊ ဒီလိုလည်း အားထုတ်နိုင်တယ်၊ ဒီလိုအားထုတ်ရင် ဒီလောက်အကျိုးတရား ဖြစ်စေပြီး၊ ဒီလိုအားထုတ်နိုင်ရင်တော့ ဒီလောက်အကျိုးထူးကို ဖြစ်စေတယ်” ဆိုတာကို ဟောကြားပြသတော် မူခြင်းဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဝင်များ အနေနဲ့ ဗုဒ္ဓဘာသာမှာ အမည်နာမတွေကြောင့် ဘယ်လိုနည်းတွေနဲ့ ဘယ်လိုအကျင့်တွေ ဘယ်ဘောက်ပဲ ရှိနေတယ်လို့ ဆိုပေမယ့် ရည်ရွယ်ချက်ကတော့ ကုသိုလ်ရရေး၊ စိတ်ငြိမ်းချမ်းရေး၊ ကိလေသာ ပယ်ခွာရေးကိုပဲ ရည်ရွယ်တာ ဖြစ်တာကြောင့် သမထနည်းပဲ ဖြစ်ဖြစ်၊ ၀ိပဿနာနည်းပဲ ဖြစ်ဖြစ် ကိုယ်နဲ့ကိုက်ညီမယ့် ကိုယ်လုပ်နိုင်တဲ့ နည်းကိုသာ ယုံကြည်မှု သဒ္ဓါတရား၊ ကြိုးစားအားထုတ်မှု ၀ိရိယတရား လက်ကိုင်ထားပြီး လုပ်နိုင်မယ်ဆိုရင် ကုသိုလ်လည်းရ၊ စိတ်လည်းငြိမ်းချမ်းပြီး နောက်ဆုံး ၀ိပဿနာကျင့်စဉ်အားနဲ့ ကိလေသာတရားကို အပြီးပိုင် ပယ်သတ်နိုင်တဲ့အထိ အကျိုးထူးကို ဖြစ်စေမှာဖြစ်တဲ့အတွက် ဘုရားရှိခိုးတာပဲ ဖြစ်ဖြစ်၊ မေတ္တာပို့တာပဲ ဖြစ်ဖြစ်၊ ပရိတ်ပဋ္ဌာန်း ဓမ္မစကြာ ရွတ်တာပဲ ဖြစ်ဖြစ်၊ ဂုဏ်တော်ပွားတာပဲ ဖြစ်ဖြစ်၊ ပုတီးစိပ်တာပဲ ဖြစ်ဖြစ်၊ တရားမှတ်တာပဲ ဖြစ်ဖြစ် စသဖြင့် ဘာပဲဖြစ်ဖြစ် လုပ်ဖြစ်အောင်၊ လုပ်နိုင်အောင် လုပ်ကြဖို့ပဲ ဖြစ်ပါကြောင်း၊ လုပ်နိုင်ရင်တော့ လုပ်နိုင်သလောက်ာ အကျိုးထူးကို ဖြစ်စေမှာ အသေအချာပဲ ဖြစ်ပါကြောင်း အသိပေးစကား ပါးလိုက်ရပါတော့တယ်။

Read more...

သီတင်းကျွတ်

ကရုဏာမီးပုံးလေးထဲ
သံသရာအမောတွေ
ထွန်းညှိ

နိုဝင်ဘာမှာ
တကယ်ပြန်လာလေမလား တဲ့
သားလည်း မပြောနိုင်သေးပါဘူး အမေရယ်...
အိပ်မက်နှစ်တစ်သန်းစာ
မုန်တိုင်းတွေ

ခြားပဲခြားနိုင်တတ်လွန်းလို့

ဘာပဲဖြစ်ဖြစ်
အဲဒီနေ့က
အမေ့အိမ်မှာ
လင်းသွားတဲ့ အလွမ်း
တယ်လီဖုန်းလေးက ထမ်းထားရရှာတယ်.....။

ဓမ္မဂင်္ဂါ
(၂၇-၁၀-၂၀၁၀)



Read more...

ထန်းလျက် မကျွေးနဲ့


ဘုရားရှင်က ပဉ္စ၀ဂ္ဂီငါးဦးတို့ကို
ဇာတိဒုက္ခ - ပဋိသန္ဓေတည်နေရခြင်းဆင်းရဲ
(Birth is suffering) ကို ပြောပြပြီး
ဇရာပိ ဒုက္ခာ - အိုခြင်းကလဲ ဆင်းရဲတယ်
(Decay is suffering) လို့ ဆက်ပြောပါတယ်။

ဒီအိုခြင်းဆင်းရဲကလဲ အတော်လေး ထင်သာမြင်သာရှိပါတယ်။
လူတိုင်းနီးပါး အိုတဲ့အကြောင်း၊ အသက်ကြီးတဲ့အကြောင်းကို မပြောလိုကြပါဘူး။
မေးခွန်းတွေထဲမှာ အသက်ဘယ်လောက်ရှိပြီလဲ ဆိုတဲ့မေးခွန်းကို
မဖြေချင်ဆုံးပဲလို့ ဒကာမကြီးတစ်ယောက်ပြောဘူးတာ ကြားဘူးပါတယ်။

ဒီမေးခွန်းကို ဒကာကြီးတွေ ဒကာမကြီးတွေတင် မဖြေချင်တာ မဟုတ်ပါဘူး။
အချို့ဘုန်းကြီးများလဲ မဖြေချင်ကြပါဘူး။
ဒကာမကြီးတစ်ယောက်က ဘုန်းကြီးတစ်ပါးကို သက်တော်ဘယ်လောက်လဲလို့ မေးတော့
ဒကာမကြီး၊
ဘုန်းကြီးကို ထညက် (ထန်းလျက်) လဲ မကျွေးနဲ့၊
အသက်လေးမမေးနဲ့ လို့ ပြောတာကို နားနဲ့ဆတ်ဆတ်ကြားဘူးပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ အသက်ကတော့ ကြီးလာတာအမှန်ပါ။
အိုလာတာကို လက်ခံရမှာပါ။

အချို့ ဒီလို အိုခြင်း ဇရာသဘောကို လက်မခံချင်လို့
ဇရာကို ကာကွယ်ဘို့ အမျိုးမျိုးကြိုးစားကြတယ်။
မျက်နှာပေါ်က အရေးအကြောင်းတွေကို ဖုံးကွယ်ဘို့ မိတ်ကပ်တွေလိမ်းကြတယ်။
ဆံဖြူတာကို သူတပါးမသိအောင် အနက်ရောင်ဆိုးကြတယ်။
(ဘုန်းကြီးတွေကျတော့ သုံးရက်တစ်ခါ ခေါင်းရိပ်တယ်။ ဖြူတာသိမှာစိုးလို့)
ဇရာကို ခေတ်ပေါ်ပစ္စည်းတွေနဲ့ ငယ်ဟန်ပြုလိုကြတယ်။
ဒါပေမဲ့ နောက်ဆုံးတော့ ဇရာကပဲ အနိုင်ယူသွားတာပါ။

အသက်ကြီးလာသည်နှင့်အမျှ မျက်စိအမြင်တွေက နဂိုကလောက် မကြည်လင်တော့ဘူး။
နားအကြားတွေကလဲ နဂိုကလောက် အဆင်မပြေတော့ဘူး။
အနံ့တွေကိုလဲ နဂိုကလောက် မခံစားနိုင်တော့ဘူး။
အရင်တုန်းက ဘာနဲ့စားစား ကောင်းနေတဲ့ လျှာကလဲ အခုဆို စားပွဲအပြည့် ဟင်းမျိုးစုံနဲ့စားနေရပေမဲ့ အဆင်မပြေတော့ဘူး။
အရင်လောက်အရသာမရှိတော့ဘူး။
ကိုယ်ခန္ဓာကလဲ ညောင်းတတ်လာပြီ၊ ကိုက်တတ်လာပြီ၊
ဒါတွေက ဇရာရဲ့သဘောတွေပါ၊
ဒါ့ကြောင့် ဇရာ - အိုခြင်းကလဲ ဒုက္ခလို့ ဘုရားရှင်ဟောခဲ့တာပေါ့။

ဘုရားရှင်က
ဗျာဓိပိ ဒုက္ခော၊ နာခြင်းသဘောကလဲ ဒုက္ခ (ဆင်းရဲတယ်)
(Disease is suffering) လို့ ဆက်ဟောပါတယ်။
နာခြင်းက ဒုက္ခဆိုတာကတော့ အတော်ထင်ရှားပါတယ်။

အတွေ့အကြုံအရပြောရရင်
လူတစ်ဦးတစ်ယောက် နာမကျန်းဖြစ်ပြီဆိုရင်
ဘယ်လောက်ကောင်းကောင်း ဘာကိုမှ မစားချင်တော့ဘူး။
ဘယ်ကိုမှ မသွားချင်တော့ဘူး။
ရှိတဲ့အစားအစာတွေ၊ အသုံးအဆောင်တွေက ကိုယ့်နဲ့ မဆိုင်တော့သလို ခံစားရတယ်။
ဖြစ်နေတဲ့ရောဂါကို ရှိတဲ့စည်းစိမ်ချမ်းသာနဲ့ ဖြစ်နိုင်ရင် လဲပလိုက်ချင်တယ်။


နောက် ဘုရားရှင်က
မရဏမ္ပိ ဒုက္ခံ - သေခြင်းသဘောကလဲ ဆင်းရဲတယ်တဲ့၊
(Death is suffering)
အငယ်တုန်းက စာချဘုန်းကြီးတစ်ပါးက စာချရင်း
“ကိုယ့်လူတို့၊ သေခါနီး အသက်ထွက်ခါနီးရင် အတော်အခံရခက်တယ်ဗျ” လို့
ပြောဘူးတယ်။
စာချဘုန်းကြီးကို “ဘုန်းကြီးက ဘယ်လိုလုပ်သိတုန်း” လို့ မမေးရဲလို့ မမေးခဲ့ရပါဘူး။

ဘာပဲဖြစ်ဖြစ်၊ သေခါနီးကာလမှာ ပင်ပန်းဆင်းရဲမှာတော့ သေချာတယ်။
ကိုယ်တော့ တခါတလေ “မသေရင် ကောင်းမှာ” လို့တောင် စဉ်းစားမိပါတယ်။
လူတိုင်း တစ်နေ့ သေရမှာဆိုတာ သိပေမဲ့
ဘယ်သူမှ မသေချင်ကြပါဘူး။
သေခြင်းစကားနဲ့စပ်ပြီး လူတွေ ပြောလဲ မပြောချင်ကြဘူး။
ကြားလဲ မကြားချင်ကြပါဘူး။
သေရမှာ အတော်ကြောက်ကြပါတယ်။
သေရင် ကိုယ်ရှာထားခဲ့သမျှ ထားခဲ့ရမှာကိုး။
ကိုယ်ချစ်တဲ့သူနဲ့လဲ ခွဲခွါရမှာကိုး။

သေခြင်းဒုက္ခနဲ့စပ်လို့ ဟိုတလောက ဒကာလေးတစ်ယောက်ပြောသွားတဲ့စကားကို
သတိရမိတယ်။
ဒီနိုင်ငံမှာ အများစုရဲ့ မိဘနဲ့သားသမီးဆက်ဆံရေးက သိပ်မနွေးထွေးလှကြောင်း၊
သားသမီးက စက်ရုံပိုင်ရှင်ကြီးဖြစ်နေပြီး သူ့စက်ရုံမှာဘဲ
သူ့အဖေအရင်းခေါက်ခေါက်ကို မဖြစ်စလောက်လခပေးကာ
တံမြက်စည်းလှည်းခိုင်းတာတွေ တွေ့ရကြောင်း၊
အဲ့ဒီသားသမီးအရင်းတွေက ဖအေကွယ်လွန်ခါနီးငါးရက်လောက်အလို
ဆေးရုံက ပြန်ခေါ်လာပြီး ကူးတို့ခကို
အိပ်ကပ်ထဲကြိုထည့်ပေးထားကာ ကုတင်ပေါ်မှာ ပစ်ထားကြကြောင်း၊
ဖအေလုပ်သူက ကုတင်ပေါ်မှာ မျက်စိလေး ကလည်ကလည်နဲ့
သေမဲ့ရက်ကို စောင့်နေရကြောင်း၊ သားသမီးအရင်းခေါက်ခေါက်တွေက
အားပေးမှု နှစ်သိမ့်မှု ဘာမှ မလုပ်ကြောင်း
ဗမာဒကာလေးတစ်ယောက်က လာပြောပြဘူးပါတယ်။

သေခြင်းတရားနဲ့ရင်ဆိုင်ရတဲ့အချိန်
မပြုစုမစောင့်ရှောက်တဲ့သားသမီးတွေနဲ့များဆို ပိုပြီး ဆင်းရဲမှာပါ။
သေခြင်းဆင်းရဲ အတော်ကြောက်စရာကောင်းပါတယ်။

အပ္ပယေဟိ သမ္ပယောဂေါ ဒုက္ခော -
ကိုယ်မချစ် မနှစ်သက်သူတို့နဲ့ အတုနေရတာလဲ ဒုက္ခပါဘဲ တဲ့။
(To be united with the unpleasant is suffering)
ကိုယ်မချစ်တဲ့ ကိုယ်နဲ့သဘောထားမတိုက်ဆိုင်လို့
ကိုယ်သဘောမကျတဲ့ မနှစ်သက်တဲ့သူနဲ့အတူနေရတာလဲ
အတော်ဆင်းရဲပါတယ်။
အတော်မှန်တဲ့စကားပါ။ ဒီဒုက္ခ လူတိုင်းတွေ့ကြုံဘူးပါတယ်။

နိုင်ငံရပ်ခြားလာပြီး ကျောင်းတက်၊ စီးပွါးရှာနေသူတွေအဖို့
ကိုယ့်အခန်းဖော် (Roommate),
Flat တစ်ခုတည်းမှာ အတူနေဖော် (Flatmate) ဆိုတာတွေကို
ရွေးချယ်ပိုင်ခွင့် မရှိပါဘူး။ အဆင်ပြေသလို ကြည့်နေကြရတာပါ။
ဝါသနာမတူတဲ့စရိုက်မတူတဲ့သူ တစ်ခန်းထဲမှာ အတူနေရရင်
အတော်စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရပါတယ်။

ဘုရားရှင်က ဆက်ပြီး
ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော - ချစ်ရသူတို့နှင့် ကွေကွင်းနေရခြင်းကလဲ
ဆင်းရဲဒုက္ခတစ်မျိုးပဲလို့ ဟောပါတယ်။
(To be separated from the pleasant is suffering)
ကိုယ်ချစ်တဲ့ ကိုယ်သဘောကျတဲ့သူတွေနဲ့ အတူမနေရတာလဲ တကယ့်ဒုက္ခပါ။

ယမ္ပိစ္ဆံ နလဘတိ၊ တမ္ပိ ဒုက္ခံ - လိုချင်တာကို မရတာလဲ ဒုက္ခပါဘဲ တဲ့။
(Not to get what one desires is suffering)

တချို့စကားကပ်တဲ့သူတွေက
ချစ်တဲ့သူနဲ့ ကွေကွင်းရခြင်းကို ဆင်းရဲဒုက္ခလို့ ပြောရင်
ချစ်တဲ့သူနဲ့ အတူနေရတာ (သုခ) ချမ်းသာတယ်ပေါ့ဘုရား လို့ ပြောတတ်ကြတယ်။
ဆင်းရဲတာပါဘဲ။ ဒီခန္ဓာကို ရုပ်အတ္တဘောကြီးရှိနေတာကိုက
ဒုက္ခပါဘဲလို့ ဘုရားရှင်က ဆက်မိန့်ပါတယ်။
ပါဠိလိုတော့ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ တဲ့။
(In brief the five aggregates of attachment are suffering)
ဟုတ်ပါတယ်။ နေ့တဓူဝ ဒီခန္ဓာကိုကြီးကို ဖြည့်ဆည်းပေးနေရတဲ့

ဆင်းရဲဒုက္ခ က စဉ်းစားလေ ကြီးမှန်းသိလေပါဘဲ။

Read more...

မိဘမေတ္တာစန်းသော်တာနဲ့ ပမာနှိုင်းဆို မနှိုင်းလိုဘူး




မိဘမေတ္တာ၊ စန်းသော်တာနှင့် ၊ပမာနှိုင်းဆို မနှိုင်းလိုဘူး။ ထိုစန်းတိမ်လွှာဖုန်းသောကြောင့်။
မိဘမေတ္တာ၊ပန်းရွှေကြာနှင့်၊ပမာနှိုင်းဆို မနှိုင်းလိုဘူး။ ထိုပန်းနေမှာနွမ်းသောကြောင့်။
မိဘမေတ္တာ စန်းရေပြာနှင့် ပမာနှိုင်းဆို မနှိုင်းလိုဘူး။ထိုစန်းနေမှာနွမ်းသောကြောင့်။

တနေ့က စင်ကာပူသူ တကာမလေးတစ်ယောက်နဲ့ စကားစမြည်ပြောဆိုရင်း သူ့မှာသားလေးမွေးဖွား
လာရင်ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးဆီမှာ novice monk (ရှင်သာမဏေ)၀တ်ပြီး လောကုတ္တရာ
ပညာသင်ယူဖြစ်အောင်စိစဉ်မယ်လို့စိတ်ကူးထားကြောင်း၊သူများတကာလိုသားလေးကိုပညာတတ်ဖြစ်
အောင်သင်ပေးပြီးသားလေးရဲ့အထောက်အပံ့ကိုမှီခိုမယ်စသည်စိတ်ကူးမရှိပါကြောင်းပြောလာပါတယ်။
သူလူ့လောက ကြီးက မထွက်ခွါမီ သားလေးအတွက် အာမခံတွေလုပ်ပေးသွားမှာပါလို့ပြောလို့ မိခင်
ကောင်းတစ် ယောက်ရဲ့မေတ္တာ ကိုတွေ့မြင်လိုက်ရသေးတယ်။
လွန်ခဲ့သော(၂)နှစ်ခန့်ကရန်ကုန်ကိုကိစ္စတစ်ခုနဲ့အပြန် Jetstar flight ပေါ်မှာ မိမိထိုင်ခုံအနီးမှာ
အမျိုး သမီးတစ်ဦးသည်(ဲ၃)နှစ်အရွယ်သားလေးတစ်ဦးကိုပွေ့ကာ၊ဖက်ကာ အမေကစကားလေးပြော
လိုက်၊ သား လေးကတီတီတာတာပြောလိုက်နဲ့ မြင်နေရတော့ မိမိက စိတ်ဝင်စားမိတာနဲ့မေးမြန်း
ကြည့်တော့ သူမပြောပြပါတယ်။၊သူမဟာစင်္ကာပူမှာအလုပ်လုပ်နေတဲ့အင်ဂျင်နီယာတစ်ယောက်ဖြစ်
ကြောင်း၊သားလေးကိုမွေးပြီးကတည်းကဟင်္သတမြို့ရှိမိဘများထံမှာအပ်နှံထားခဲ့တာ၊ယခုတလော့သားလေး
ကိုအောက်မေ့တာ နဲ့စင်ကာပူကိုခဏမှာယူပြီးပြုစုခဲ့ပြီးနောက်၊ယခု မြန်မာပြည်ကို ပြန်ပို့ဖို့သွား ကြောင်း ရှင်းပြပါတယ်၊

ဒါနဲ့စကားစမြည်ပြောကြတော့၊သူမကသားလေးကိုရန်ကုန်မှာဘဲသူမအမေအဖေလက်ကို လွဲအပ်ကာ၊
ညနေ fligltနဲ့စင်္ကာပူကိုပြန်လာခဲ့မယ်လို့ပြောပါတယ်၊၊မိမိကတကာမလေး "သားလေးကိုတော်
တော်ချစ်တာပဲနော်"လို့ပြောတော့၊ဘုန်းဘုန်းရယ်ဘယ်လိုပြောလိုက်ပါလိမ့်၊မိမိသားပဲ မချစ်ပဲနေပါ့မ
လား။ ဘယ်ခွဲချင် ပါမလဲ၊ ဘ၀ဆိုတာ ပျော်ရာ မှာမနေရ၊တော်ရာမှာပဲနေရတယ် ဆိုသလိုသားလေးနဲ့ဝေးနေ ရတာမပျော်ပါဘူး၊

နောက်တော့ လဲအကြောင်း ညီညွတ်ရင်သားလေးကို စင်ကာပူခေါ်ပြီးကျောင်းထားပေးဖို့ကြိုးစား
ပါ့မယ်။ သားလေး ပညာတတ်ဖြစ် အောင်သင်ပေးမယ်၊ပြီးတော့လူ့လောကမှာတင့်တင့်တယ်တယ်
ထားခဲ့မှာ ပေါ့ဘုရားစသည်ဖြင့်မေတ္တာ၊ကရုဏာအပြည့်ဖြင့်ပြောပြနေသောမိခင်ကလေး တစ်ဦးနဲ့
စကားပြော ခွင့်ကြုံခဲ့တာ Changi Airport မှထွက်ပြီး မြန်မာပြည် နယ်နိမိတ် မရောက်မချင်းပါပဲ ။

တကာမလေးက မေးခွန်းများမေးသောမိမိကို ခင်မင်ရင်းနှီးသလိုဖြစ်ပြီး စင်ကာပူပြန်ရင်လာလည်
ချင်တယ၊်လိပ်စာ ဖုန်းနံပါတ်လေးမေးမြန်းပြန်တော့ ရှားရှားပါးပါးပါလာသော
လိပ်စာကဒ် တစ်ခုပေးလိုက်ပါတယ်။
တကာမလေးကဘုန်းကြီးနာမည်မဖတ်တတ်လို့ဖတ်ပေးပြိးနောက်၊အရှင်ဘုရားကဘွဲ့တွေ
အများကြီးရထားတာပဲ။မိမိကလည်းရယ်စရာလုပ်ပြီးဘွဲ့လား၊ဗွက်လားတော့မသိဘူး၊ရအောင်တော့ဆယ်
စုနှစ်များစွာအချိန်ပေးခဲ့ရပါတယ်၊တကာမလေးက ကိုယ့်သားလေးကဒီလိုဖြစ်ရင် ဘယ်လောက်
ကောင်း မလဲနော် စသည်ဖြင့်ပြောလာတဲ့အခါ ၊ မိမိရဲ့အမေလည်း သူ့လိုဝမ်းသာမှာလိုပဲတွေးမိပြန်
တော့ တကာမလေးကိုမေးမြန်းကြည့်တယ်၊တို့အမေအတော်ဝမ်းသာမှာပဲနော်တကာမလေး၊
ဘုန်းဘုန်းရယ်ပြောစရာလိုသေးလား။

မိမိကပြောလိုက်သေးတယ် တို့အမေကစာသိပ်မတတ်ဘူး၊ဒါကြောင်းဝမ်းသာရမှန်းလဲသိ
မှာမဟုတ်ဘူး၊ကိုယ်တိုင်လည်းပြုပြင်ပေးစရာဆုံးမစရာသိပ်မလို့ဘဲနဲ့ကိုယ့်လမ်းကိုယ်လျှောက်ခဲ့တာ
လည်းဖြစ်တော့တကာမလေးနဲ့မတူလောက်ပါဘူး၊
တကာမလေးကကန့်ကွက်ပါတယ၊်အရှင်ဘုရားအမေကိုတွေ့ရင်ပြောပြလိုက်မယ်နော်တဲ့၊တွေ့လည်းတွေ့မှာ
မဟုတ်ဘူး၊ပြောလည်းမနေပါနဲ့တကာမလေးရာစသည်ဖြင့်ပြောခဲ့ပါတယ်။

မိဘမေတ္တာကိုနားလည်နေသူမိခင်ကလေးတစ်ယောက်အနေဖြင့်၊ခေတ်ပညာတတ်တစ်ဦးကမိဘမေ
တ္တာကိုအသိအမှတ်မပြုသလိုသဘောမျိုးပြောလိုက်တာကို၊မခံချိမခံသာဖြစ်နေပုံရပါတယ်၊ တကယ်တော့
စာရေးသူဟာ ပညာရေးကဏ္ဍမှာဒေါက်တာ(ပါရဂူ) ဖြစ်ရင်ဖြစ်မယ်၊ မိဘမေတ္တာစာနာထောက်ထား
ကရုဏာသနားစသည် မှာ primary အဆင့်လောက်မရှိပါတကားလို့အထင်သေးလိမ့်မည်ထင်ပါသည်။

အမှတ်မထင်မင်္ဂလာဒုံလေယာဉ်ကွင်းဆင်းသက်ဖို့နီးလာတဲ့အခါ မိုးသက်လေပြင်း ကျရောက်လာသည်၊
လေယာဉ်ကြီးဆင်းလို့မရဖြစ်နေပြန်ပါတယ်၊လေယာဉ်ကြီးဟာမိုးသားတွေကြားမှာအပတ်ပေါင်းများ
စွာကွေ့ပတ်ဝဲပျံနေပါတယ်။အလားတူ India Airline မှတစ်စီး၊(China Airline မှတစ်စီးကိုလည်း
မိမိတို့ flight ရဲ့အောက်နားက၀ဲပျံ နေကြ တာကိုတွေ့ မြင်နေရ တယ်။မိမိအနီးမှ သားအမိ
နှစ်ဦးက တော့တစ်ဦး နှင့်တစ်ဦးပွေ့ဖက်ကာဘုရားတလိုက်၊ဆုတောင်းလိုက်နဲ့ သောက၊ဗျာ
ပါဒတွေများနေကြပါတယ်၊မိမိအနီးမှပါလာသောရဟန်းတော်တစ်ပါးဆိုရင်ကြောက်လန့်ပြီး
မျက်နှာတွေပျက်ပြီးလက်မှိုင်ချကာကမ္ဘာပျက်ခါနီးအလားကြောက်လန့်တုန်လှုပ်နေကြတာတွေ့
ရပါတယ်၊

မိမိကတော့ဘာကြောင်းလဲမသိကြောက်စိတ်ပေါ်မလာမိခဲ့ပေ၊ဘာကြောင်းလဲတော့မသိ အနီးအနား ရှိမြန်မာပြည်ဖွားခရီးသည်များကိုလှည့်ကြည့်မိသည်၊အများစုကတော့တုန်လှုပ်ချောက်ချား
ကုန်ကြပေပြီ၊ ကိုယ်နဲ့လေယာဉ်ပေါ်မှအခြား passengers တွေဟာလူသား တွေချည်းပဲ မဟုတ်လား၊ကိုယ်ကမကြောက်ပေမယ့်သူများတွေကြောက်ရွံ့ထိတ်လန့်စိတ်ပူနေလိုက်ကြတာ
သူတို့မျက်နှာလေးတွေကပြနေပါပြီ၊

မိမိကရွတ်ဖတ်နေကျ ပရိတ်ပဌာန်းတွေရွတ်ပေးပြီးနောက် နာရီဝက်ခန့်ကြာတဲ့အခါ ရာသီဥတုသာယာ
စပြုလာပြီး pilot က announcement လုပ်ပါတယ်၊ Our flight is going to start landing ...စသည်ဖြင့်ကြားရတဲ့အခါမှမျက်လုံးလေးတွေတောက်ပ၀ိုင်းစက်လာကြပါတယ်၊ နောက်တော့
လေယာဉ် ကြီးဟာလုံခြုံချောမွေ့စွာနဲ့ရန်ကုန်လေဆိပ်ကိုဆင်းသက်နိုင်ခဲ့ပါတယ်။

မိမိရုတ်တရက်သတိရမိတာက ဟိုတစ်ချိန်က တွံတေးတူးမြောင်းမှာ တိုးအေး ဆိုတဲ့ သင်္ဘော
နစ်မြုပ်လို့ပြန်လည်ဆယ်ယူတဲ့အခါ မိခင်အရိုစုတစ်ခုက သားငယ် အရိုးစုတစ်ခုကို ရင်မှာ
ပိုက်လျက် တွေ့ရပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် မေမေ စင်္ကာပူကိုလာလည်သောနေ့မှာပဲတကာမလေးကျောင်းကိုလာလည်တာနဲ့ဆုံကြ ပါတယ်၊ မိမိကအရုပ်မလှသော်လည်း အမေကသိပ်ချောပါတယ်၊ တကာမလေးက အံ့သြတကြီးနဲ့

အော်.. တကယ်အမေရင်းပဲလားတဲ့၊ရုပ်ချင်းတော့ဆင်တယ်၊မိမိတို့သားအမိက ဘာမှပြန်မဖြေဘဲပြုံးစိစိ လုပ်နေကြပါတယ်၊ ဧည့်သည်တစ်ယောက်ရောက်လာတာနဲ့ မိမိလည်းအမေနှင့်တကာမလေးကိုတစ် နေရာမှာထားကာထွက်လာခဲ့ပါတယ်၊တကာမလေးဟာဟာအမေကိုအကြာကြီးဘာတွေပြောနေပါလိမ့်
ခန့်မှန်းသာကြပါတော့။

တရားနှလုံးနည်းနည်းသွင်းကြစို့...
ကဏှရသေ့ဇာတ်တော်ကို ဘုရားရှင်ဟောတော်မူရခြင်းအကြောင်းမှာ တနေ့သောအခါ ဘုရားရှင်
သည်ညီတော်အာနန္ဒာနဲ့ဒေသစာရီကြွချီနေတုန်းမြေနက်ရောင်ရှိနေရာတစ်ခုရောက်လာကြတော့၊
ဘုရားရှင်ပြုံးတော်မူပါသတဲ့၊ နောက်ကလိုက်နေတဲ့ညီတော်အာနန္ဒာက ဘုရားရှင်ပြုံးတော်
မူတာကို သွားတော် ရောင်ခြည်တော်ကွန့်မြူးလို့သိလိုက်ရတယ်၊

ဒါနဲ့ အကျိုးအကြောင်းမေးမြန်းတော့ဘုရားရှင်က ဒီနေရာ လေးမှာ ရသေ့ကလေးဖြစ်ခဲ့တဲ့
အကြောင်း၊ ဈာန်အဘိညာဉ် ရလာလို့၊ သိကြားမင်းနေရာ မြကျောက်ဖြာ မာကျောလာ
လို့သိကြားမင်း ကိုယ်တိုင်ဆင်းသက်လာပြီး interview လုပ်ခဲ့ရကြောင်း
မိန့်တော်မူပါတယ်၊ သူရဲ့ရည်ရွယ်ချက် ကိုထုတ်ဖေါ်ပြောဆိုရာ၊
ငါသည်ဘယ်ဘ၀မှာမှ ဘယ်သူ့ကိုမှမချစ်ရပါလို၊ ငါသည်ဘယ်ဘ၀မှာမှဘယ်
သူ့ကိုမှ မမုန်းရပါလ၊ိုငါသည် ဘယ်ဘ၀မှာမှ ဘယ်သူ့ကိုမှအမျက်မထွက်ရပါလို၊ ငါသည်
ဘယ်ဘ၀မှာမှ ဘယ်သူ့ကိုမှ မဆဲဆော်ရပါလို၊ဟူသတတ်၊၊

(ဒုတိယပိုင်းမျှော်)

Read more...

2010 (10)ကြိမ်မြောက် အဇူဇာပဋ္ဌာန်းပွဲ ဖွင့်ပွဲနေ့ မှတ်တမ်းဓာတ်ပုံများ

unday, 24 October 2010 20:11 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ LA အဇူဇာကျောင်းမှာ ကျင်းပပြုလုပ်တဲ့ 2010=(၁၀)ကြိမ်မြောက်ကျင်းပပြုလုပ်သည့် အသံမစဲပဋ္ဌာန်းပွဲ ဖွင့်ပွဲနေ့ မှတ်တမ်းဓာတ်ပုံများဖြစ်ပါတယ်။

Read more...

ကံယုံသူများ သတိပြုစရာ

ဗုဒ္ဓဘာသာဝင်တိုင်း ကံ-ကိုယုံကြည်ကြသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များက ပြောတတ်ကြသည်။ ကံကောင်းလျှင် ချမ်းသာမည်။ ကံမကောင်းလို့ ဆင်းရဲသည်။ ကံကောင်းလျှင် အောင်မြင်မှာပေါ့-စသည်ဖြင့် ပြောတတ်ကြသည်။ ထိုသို့ပြောကြသည်မှာ အတိတ်ကံအပေါ် လုံးဝပုံချသည့် သဘောရှိနေကြသည်။ အတိတ်ကံကို ယုံကြည်လွန်းကြသည်။ ထို့ကြောင့်ပင် ပစ္စုပ္ပန်ကံ၏ အရေးကြီးမှုကို မေ့လျော့နေတတ်ကြသည်။ မိမိတို့၏ဘ၀ကို အတိတ်ကံ၏ ပြဋ္ဌာန်းခံဘ၀ဖြင့် နေနေတတ်ကြသည်။

ဤကိစ္စနှင့်ပတ်သက်၍ မြတ်စွာဘုရားလက်ထက်က မှတ်သားဖွယ်အဖြစ်အပျက်နှစ်ခု ရှိခဲ့သည်။ အဖြစ်အပျက်တခုမှာ ဤသို့ဖြစ်ပါသည်။ ဘုရားရှင်နှင့်တကွ သံဃာတော်အရှင်မြတ်များကို အလှူပေးသည့်ပွဲကြီးတခု ရှိခဲ့သည်။ ထိုပွဲသို့ စားကြွင်း စားကျန်တောင်းစားရန် သူတောင်းစားများလည်း လာကြသည်။ ဘုရားရှင်သည် ဆွမ်းဘုဉ်းပေးပြီး ပြန်အကြွတွင် သူတောင်းစားလင်မယားကို မြင်တွေ့သည့်အခါ လျှောက်လှမ်းနေရာမှ ခေတ္တတုံ့ဆိုင်းသွားခဲ့ပါသည်။ ယင်းသို့ တုံ့ဆိုင်းသွားသည့်အဖြစ်ကို အရှင်အာနန္ဒာ သိလို၍ လျှောက်ထားသည့်အခါ ဘုရားရှင်က ဤသို့မိန့်ကြားခဲ့ပါသည်။

ချစ်သား အာနန္ဒာ၊ ထိုသူတောင်းစား လင်မယားသည် ပထမအရွယ်တွယ် လုံ့လပြုကာ ပစ္စည်းရှာဖွေခဲ့ပါက ဇမ္ဗူဒိပ်ကျွန်းတွင် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ကြရမည်ဖြစ်သည်။
အကယ်၍ ပထမအရွယ်တွင် လုံ့လမပြုခဲ့ဘဲ ဒုတိယအရွယ်တွင် လုံ့လပြုကာ ပစ္စည်းဥစ္စာ ရှာဖွေခဲ့မည်ဆိုပါက ဤတိုင်းနိုင်ငံတွင် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ကြရမည်ဖြစ်သည်။
အကယ်၍ ဒုတိယအရွယ်တွင် မရှာဖွေခဲ့ဘဲ တတိယအရွယ်တွင် ရှာဖွေခဲ့ကြမည်ဆိုပါက ဤမြို့ရွာတွင် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ကြရမည်ဖြစ်သည်။
ဤသို့လျှင် အတိတ်ကံများ ပါကြသူများဖြစ်ပါလျက် အရွယ်သုံးပါးလုံး လုံ့လပြုကာ ပစ္စည်းဥစ္စာ မရှာဖွေခဲ့ကြသဖြင့် ယခုလို တောင်းစားနေကြရခြင်းဖြစ်သည်ဟု ဟောကြားခဲ့ပါသည်။

နောက်ဖြစ်ရပ်တခုမှာ ဤသို့ဖြစ်ပါသည်။
ပုဂ္ဂိုလ်တဦးသည် ဗေဒင်ပညာရှိကြီးထံ ဗေဒင်မေးခဲ့ရာ ဤပုဂ္ဂိုလ်သည် ဤဘ၀တွင် ရွှေထီးဆောင်းရမည် ဧကန်ဟု ပြောကြားခဲ့ပါသည်။ ထိုခေတ်က ရွှေထီးဆောင်းရသည်မှာ ရှင်ဘုရင်များသာဖြစ်၍ ဤပုဂ္ဂိုလ်သည် ဘုရင်ဖြစ်မည်ဟု သွယ်ဝိုက်ကာ ပြောလိုက်ခြင်းဖြစ်သည်။

ဤပုဂ္ဂိုလ်သည် ၀မ်းမြောက်ဝမ်းသာဖြင့် ငါ-တနေ့ ရွှေထီးဆောင်းရတော့မည်-ဟု ယုံကြည်ကာ ပျော်ပျော်ပါးပါးနေလာခဲ့ပါသည်။ လုံ့လပြုကာ ပညာရှာခြင်း၊ ဥစ္စာရှာခြင်း လုံးဝမပြုတော့ဘဲ သောက်စားပျော်ပါး၍သာ နေခဲ့ရာ တဖြည်းဖြည်းမကျန်းမမာ ဖြစ်လာခဲ့ပါသည်။ နောက်ဆုံးတွင် လမ်းဘေးတနေရာ နေပူကျဲကျဲအောက်တွင် မှောက်လျက်လဲကာ အသက်ငင်နေရှာပါသည်။ ရှင်ဘုရင်ကြီး တိုင်းခန်းလှည့်လည်လာရာ ထိုပုဂ္ဂိုလ်နေပူကျဲကျဲ အသက်ငင်နေသည်ကို မြင်၍ သေရတော့မည့် နောက်ဆုံးအချိန်တွင် အရိပ်ရသွားပါစေဟု စေတနာပြုကာ ရွှေထီးတလက်ဖြင့် ဆောင်းပေးစေခဲ့ပါသည်။

ဤဖြစ်စဉ်ဖြစ်ရပ်နှစ်ခုကို ဆင်ခြင်ကြည့်ပါက ကံကိုသာ ရိုးမယ်ဖွဲ့ကာနေခြင်း၏ အမှားကို မြင်တွေ့နိုင်ပါသည်။ ထို့ကြောင့်ပင် ရှေးလူကြီးများက ကံကိုယုံ၍ ဆူးပုံမနင်းရန်-အထပ်ထပ်မှာကြားခဲ့ပါသည်။ ကံကိုယုံကြည်သည် ဆိုရာတွင် အတိတ်ကံရော ပစ္စုပ္ပန်ကံကိုပါ တွဲဖက်ယုံတတ်ကြဖို့ လိုပါမည်။ တနည်းပြောရလျှင် ကံဆိုသည်မှာ အတိကံနှင့် ပစ္စုပ္ပန်ကံ နှစ်ခုရှိသည်ကို သတိပြုသင့်လှပါသည်။ အရိုးဆုံးနှင့် အရှုင်းဆုံး ဥပမာပေးရလျှင် ထီပေါက်မည့် ကံပါလာစေကာမူ လက်တွေ့ ထီမထိုးလျှင် ထီပေါက်မည်မဟုတ်ပါ။

မိမိတို့ကိုးကွယ်သော ဘုရားရှင်ကိုယ်တိုင် ဘ၀များစွာ ပါရမီတွေဖြည့်ဆည်းလာပြီးနောက် ဘုရားဖြစ်မည့် နောက်ဆုံးဘ၀တွင် မဇ္ဈိမပဋိပဒါအကျင့်ကို လက်တွေ့ကျင့်ကြံအားထုတ်ကာ ဘုရားအဖြစ်ကို ရောက်ခဲ့ခြင်းဖြစ်ပါသည်။ ငါ ဘုရားဖြစ်မှာပဲဟု ထိုင်စောင့်နေခြင်းမျိုး မရှိခဲ့ပါ။ ဆိုလိုသည်မှာ ဘုရားဖြစ်ရန် အတိတ်ကံ မည်မျှပါလာသည်ဖြစ်စေ ပစ္စုပ္ပန်ဘ၀ ကျင့်ကြံအားထုတ်မှု ပြုသည့်အခါမှသာ ဘုရားအဖြစ်ကို ရောက်ခဲ့ခြင်း ဖြစ်ပါသည်။

အနှစ်ချုပ်ရပါက ကံကို ယုံကြည်သည်ဆိုရာဝယ် အတိတ်ကံ၏ ပြဋ္ဌာန်းခံဘ၀ဖြင့် ယုံမနေကြဘဲ ပစ္စုပ္ပန်ဘ၀တွင် ရိုးသားကြိုးစားကာ လုံ့လ၀ီရိယရှိကြမှသာ ကိုယ်လိုရာပန်းတိုင်သို့ ရောက်ကြရမည် ဖြစ်သည်ကို သတိပြုသင့်ကြပါသည်။

စိုးဝင်း(ချောက်)
(မြတ်မင်္ဂလာ ၂၀၁၀-မတ်လ)

Read more...

ငါသည်ကား တစ်ထပ်တည်းသောဆွမ်းကိုသာစားသည်တဲ့...

ဒီအကျိုးတွေ ရမယ်တဲ့...

တစ်ခါတစ်ရံ လိုက်နာကြည့်ပါလား...




Read more...

သဘာဝဟာ သဘာဝပါ




လူငယ် ၊ လူကြီး




လူသေ

သဘာဝဟာ သဘာဝပါ

သဘာဝဆိုသည်မှာ သဘောတရားပင်ဖြစ်ပါတယ်။
သဘောတရားဆိုသည်မှာလည်း
တရားသဘောပင် ဖြစ်ပြန်ပါရောလား။

၁။လူငယ်ဖြစ်လာသည်။ လူကြီးဖြစ်လာသည်။ သေရပြန်သည်။
၂။ခံစားစရာတွေ ခံစားသည်။
၃။မှတ်သားစရာတွေ မှတ်သားသည်။
၎။ပြောင်းလဲမှုတွေ ဒရစပ်ဖြစ်နေသည်။
၅။သိစရာတွေကလည်း သိနေသည်။

ရဟန်းငယ် ဘ၀က ရန်ကုန် ၊ မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ပညာသင်ယူ နေထိုင်ခဲ့စဉ် သဘာဝကို သဘာဝမှန်း သိစေဖို့ ရာဘုရားဝတ်ပြုရာဝယ် မှတ်မှတ်သားသား ဆောင်ပုဒ်က ခုတော့ ပြန်စဉ်းစား မိပါတယ်။ ဟိုတုန်းကတော့ စာအတိုင်း ဆိုဖြစ်တာကများတယ်။ သဘာဝကို သဘာဝပဲလို့ သိစေ ဖို့ရာ ထည့်ထားတာပဲလို့  စဉ်းစားတာ က အတော်လေး ရှားခဲ့တယ်။ ငယ်သေးတာကိုလို့  ကိုယ့်ကိုယ်ကို လျှော့လျှော့ပေါ့ပေါ့ တွက်မိပါတယ်။

အတော်လည်းကောင်းပါတယ်။ တိုတိုလေးနဲ့  ထိရောက်တဲ့ ဆောင်ပုဒ်တစ်ပုဒ်ပါ။ ဒါ့ထက်လည်း မခြီးမွမ်းတတ်တော့ပါဘူး။ အဲဒါလေးကို မှတ်သား ကြည့်ကြပါစို့ လား-

ဆောင်ပုဒ်-
၁။ဖေါက်ပြန်သော ငါ ၊ မရှိပါ ၊ ရုပ်သာ ဖေါက်ပြန်သည်။
၂။ခံစားသော ငါ ၊ မရှိပါ ၊ ဝေဒနာ ခံစားသည်။
၃။မှတ်သားသော ငါ ၊ မရှိပါ ၊ သညာ မှတ်သားသည်။
၎။ပြုပြင်သော ငါ ၊ မရှိပါ ၊ သင်္ခါ ပြုပြင်သည်။
၅။သိတတ်သော ငါ ၊ မရှိပါ ၊ ၀ိဉာဏ် သူသိသည်။

သဘာဝကို သဘာဝမှန်းသိလျင်
ယထာဘူတလည်းကျပါတယ်။
သဘာဝကလည်းကျပြီးသားပေါ့။

ထပ်မံကာ ကိုယ်နားလည်သလိုလေး အကျယ်ချဲ့ ရှင်းလင်းပါရစေ-


၁။ကလေးဘ၀ကတည်းက တစ်ရွေ့ ရွေ့ နဲ့  ကြီးပြင်းလာတာ သို့ မဟုတ် ဖေါက်ပြန်လာတဲ့ ခန္ဓာကိုယ် ဆိုတဲ့ ရုပ်တရားကြီးဟာ သူ့ အလိုလို သူ့ သဘာဝ အရကို ဖေါက်ပြန်လာတာ၊ ကြီးပြင်းလာတာပါ။ ငါမိုလို့  ၊ သူမိုလို့  ကြီးပြင်းလာတာ ဖေါက်ပြန်လာတာမှ မဟုတ်ပဲ။ ဒါကိုဘဲ ငါကကြီးလာပြီ။ ငါ အို လာပြီ။ ငါလေးကို ရှေ့ တန်းတင် ထင်တတ်ကြပါတယ်။ ပြောတတ်ကြပါတယ်။ မသိမသာ ငါလေး တဖြေးဖြေးလျှော့ပြီး ရုပ်သဘောတရားအရ သဘာဝကိုက ရပ်နေဖို့ မဟုတ်၊ ဖေါက်ပြန်တတ်တယ်။ ကြီးပြင်းလာရတဲ့ သဘော ရှိတယ်လို့  သိလိုက်ရင် ငါလေးတွေ နည်းနည်းလျှော့သည်မှစလို့  တစ်ဖြေးဖြေး သက္ကာယဒိဋ္ဌိ ပြုတ်သည့်အထိ ရှင်းရှင်း ဖြစ်လာနိုင်ပါတယ်။
ဒါက ရုပ်ဆိုတဲ့ ခန္ဓာကိုယ်နဲ့ ပါတ်သက်လို့ ပေါ့။

၂။အဲဒီအတိုင်းပါပဲ လူတိုင်းဆိုသလို တစ်ခါတစ်လေ ပျော်စရာတွေ့ တယ်။ ပျော်လိုက်တာ ပြောမနေ ပါနဲ့ ။ ဘာနဲ့ မှ မလဲနိုင်ပါဘူး ဆိုသည့်အထိပေါ့။ တစ်ခါတစ်လေကျတော့ သေတောင် သေလိုက်ချင် တာတဲ့။ ဘ၀က စိတ်ပျက်စရာ ပေါလှပါဘိသနဲ့ ။ ပျော်တော့ စာအလို သောမနဿ ဝေဒနာ။ မပျော်လို့  စိတ်ပျက်တော့ ဒေါမနဿ ဝေဒနာ။ ပျော်တာမဟုတ် မပျော်တာမဟုတ်တဲ့အခါလည်း ရှိပြန်တယ်။ သာမန်ပဲ။ အဲဒါကိုတော့ ဥပေက္ခာ ( အုပစ်ခါ ) ဝေဒနာ လို့  စာက ခေါ်ပါတယ်။ အဲဒီ ခံစားတဲ့ အလုပ်က လည်း ငါ ကလုပ်လို့  ရတာမဟုတ်သလို ၊ ငါ ခံစားတာတော့ တကယ်တမ်း မဟုတ်ပါ။ ခံစားခြင်းဆိုတဲ့ ဝေဒနာ သဘောကိုက သူ့ အလုပ်ကို သူ လုပ်သွားတာပါ။ ဒါကို ငါထည့် နေမိပြန်တော့ သက္ကာယဒိဋ္ဌိတွေ တရုန်းရုန်း တ၀ုန်းဝုန်း သောင်းကြမ်းကြပြီပေါ့။ ဒါကြောင့် ပျော် ၊ မပျော် ခံစားတဲ့ အခိုက်တန့် လေးမှာ ဝေဒနာက ခံစားခြင်း အလုပ်ကို လုပ်နေတာပါ့လားလို့  ဝေဒနာ အပေါ် ငါလေးတွေ နည်းနည်းချင်းလျှော့လိုက်ရင် နည်းနည်းချင်း သက္ကာယဒိဋ္ဌိတွေလည်း ပြုတ်သည်အထိ ရှင်းရှင်းလင်းလင်း ဖြစ်နိုင်တယ်ပေါ့။ ဒါက ဝေဒနာနဲ့ ဆိုင်ရာ ပါတ်သတ်လို့ ပေါ့။

၃။ကောင်းတာကိုလည်း မှတ်သားကြတယ်။ မကောင်းတာကိုလည်း မှတ်ထားကြတယ်။ ငါ မှတ် ဉာဏ်ကောင်းတယ် ၊ ငါ မှတ်ဉာဏ်မကောင်းဘူး- တဲ့။ မှတ်ဉာဏ်ဆိုပေမယ့် ဒီနေမှာတော့ မှတ်တာ မှန်သမျှ စာအလို သညာကို ဆိုရပါ့မယ်။ သညာကိုယ်တိုင်က မှတ်တတ်တဲ့ သဘော သဘာဝရှိ တယ်။ ငါက မှတ်နေတာ မဟုတ်ဘူး။ သညာကို မှတ်ခိုင်းထားတာ။ ငါ့ကိုငါ မှတ်လို့  မရပါဘူး။သညာ ရဲ့  အလုပ်ပဲဖြစ်တယ်။ အဲဒီ မှတ်တဲ့ အလုပ်မှန်သမျှကို ငါမှတ်တာ မဟုတ်ဘူး၊ ငါ့မှတ်ဉာဏ် မဟုတ် ပါ့လား၊ သညာရဲ့  သဘာဝက မှတ်ပေးနေတာပါ့လားလို့  သိပြီဆိုတာနဲ့  ငါလေးတွေ နည်းနည်း လျှော့သည်မှစလို့  တစ်ဖြေးဖြေး သက္ကာယဒိဋ္ဌိ ပြုတ်သည့် အထိ ရှင်းရှင်း ဖြစ်လာနိုင်ပါ တယ်။ ဒါက မှတ်သားဆိုတဲ့ သညာနဲ့  ပါတ်သက်လို့ ပေါ့။

၎။အရာအားလုံးဟာ ပြောင်းလဲသွားနေတာပါ။ ရုပ်ကလည်း ပြောင်းလဲသလို ၊ ခံစားမှုတွေကလည်း တစ်ခု တည်း အငြိမ်မနေပါဘူး။ မှတ်သားမှုတွေ၊ အသိတွေကလည်း ဒီအတိုင်းပဲ ပြောင်းလဲနေတာ ပါပဲ။ ပြောင်းလဲတာဟာ သင်္ခါရရဲ့  အလုပ်ပါ။ ငါကိုယ်တိုင် လုပ်လို့ မရ။ ငါက လုပ်နေတာမဟုတ်ဘူး။ ငါသာ လုပ်ရရင် ရုပ်ကိုလည်း အမြဲလှအောင် ပြောင်းလဲအောင်ပဲ လုပ်မှာ။ ခံစားမှုကိုလည်း ပျော်ရွှင်မှု တစ်ခုပြီး တစ်ခု ခံစားနေလိုက်မှာ။ မှတ်သားစရာတွေ၊ အသိတွေလည်း ဒီအတိုင်းပဲ ကောင်းသထက် ကောင်းဖို့ ပဲ ပြောင်းလဲ ပစ်ချင်ကြမှာပဲ။ ခုတော့ သင်္ခါရ ကိုယ်တိုင် သူ့ သဘောအရ ပြောင်းလဲရမည့် တာဝန်မို့  သူ့ အလုပ် မလစ်ဟင်းအောင် ပြောင်းလဲနေတဲ့ သဘောပါပဲ။ အဲလောက်လေး သိပြီဆိုတာ နဲ့  ငါလေးတွေ နည်းနည်း လျှော့သည်မှစလို့  တစ်ဖြေးဖြေး သက္ကာယဒိဋ္ဌိ ပြုတ်သည့် အထိ ရှင်းရှင်း ဖြစ်လာနိုင်ပါတယ်။ ဒါက သင်္ခါရဆိုတဲ့ ပြောင်းလဲမှုနဲ့  ပါတ်သက်လို့ ပေါ့။

၅။အရာရာကို သိနိုင်တာ၊ သိနေတာက စိတ်ဆိုတဲ့ ၀ိဉာဏ်ပါပဲ။ စိတ်မရှိရင် ဘာမှမသိတော့ပါဘူး။ ခံစားနေတာလည်း သိမှာမဟုတ်ဘူး၊ မှတ်သားထားတာလည်း သိမှာမဟုတ်ပါဘူး။ ပြောင်းလဲတာ လည်း သိမှာမဟုတ်ဘူး။ စိန္တေတီ တိ စိတ္တံ၊ သို့ မဟုတ် ၀ိဇာနာတီတိ ၀ိညာဏံ ဆိုတဲ့ ဂရမ်မာ ဆရာ အလိုကလည်း သိတတ်လို့ ကို စိတ် ၊ ၀ိဉာဏ်လို့  ဖွင့်ဆိုပါတယ်။ ဒီလိုဆိုတော့ သိနေတာက ငါက သိနေတာမဟုတ်။ ငါက သိတတ်တာမဟုတ်။ စိတ် ဆိုတဲ့ ၀ိဉာဏ်က သိနေတာ။ ငါသိတယ်၊ ငါတတ် တယ် ထင်တဲ့ ငါပါနေ တဲ့ စိတ်လေးကို ငါသိတာ မဟုတ်ဘူး။ စိတ်ကလေးက သိနေတာပါလား လို့  သဘောတရားကို နားလည် သဘောပေါက်ပြီဆိုတာနဲ့  ငါလေးတွေ နည်းနည်း လျှော့သည်မှစလို့  တစ်ဖြေးဖြေး သက္ကာယဒိဋ္ဌိ ပြုတ်သည့် အထိ ရှင်းရှင်း ဖြစ်လာနိုင်ပါတယ်။ ဒါက သိတတ်တယ်ဆိုတဲ့ စိတ် ၀ိဉာဏ် နဲ့  ပါတ်သက်လို့ ပေါ့။

ဒါကိုပဲ ခန္ဓာ ငါးပါး လို့  ခေါ်ပြီး ၊
အဲဒီအပေါ်မှာ ငါ စွဲ မစွဲဖို့ 
သက္ကာယဒိဋ္ဌိ ဖြုတ်တဲ့ ပြုတ်စေတဲ့ သဘာဝ
သဘောတရားလို့  မှတ်သားလို့  ရပါတယ်။

အဲ... စာဖတ်လို့  သိသွားတဲ့ အသိကတော့ သညာ အသိပေါ့နော်။ တကယ်တမ်းသိမှ တကယ် အသိ ပေါ့။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ် ဖြစ်ရမည်- ဆိုတဲ့ အတိုင်းပါပဲ တကယ် အလုပ်ကို လုပ်မှ သာ သက္ကာယဒိဋ္ဌိကတော့ ရှင်းရှင်းလင်းလင်း ဗွင်းဗွင်းကိုပဲ ပြုတ်နိုင်မည်ဟု ထင်မိပါကြောင်း ကိုယ် နားလည်သလို လေး အကျယ်ချဲ့ ကာ ရှင်းလင်းလိုက်ပါတော့တယ်။

မြတ်ရောင်နီ
( ၂၆ ၊ ၁၀ ၊ ၂၀၁၀ )


Read more...

စာသင်နည်းများ

နိဒါန်း
ဒီပို့စ်လေးက ‘‘အရှင်ဘုရား ရဟန်းတော်တွေသည် B.A, M.A, Ph.D ဘွဲ့တွေ၊ ဓမ္မာစရိယစတဲ့ ဘွဲ့တွေ ရဘို့ရန် အသည်းအသန် ကြိုးစားနေကြပါတယ်ဘုရား။ အဲဒီဘွဲ့တွေကို ဘယ်ရည်ရွယ်ချက်နဲ့ ရဖို့ ကြိုးစားနေကြပါသလဲဘုရား။ ထိုဘွဲ့တွေကကော မဂ်ဖိုလ် နိဗ္ဗာန်ကို အထောက်အကူပြုပါသလားဘုရား’’ ဟုသော စာဖတ်ပရိသတ်တစ်ယောက်ရဲ့ သီတဂူစတားထံ ပေးစာဖြစ်ပါတယ်။ မေးထားတဲ့မေးခွန်းက အတော်ကြာသွားပါပြီ၊ စာရေးသူ ပူနေးတက္ကသိုလ် ကျောင်းတက်စဉ်က ကျောင်းတက်နေရသဖြင့် ထိုမေးခွန်းကို မဖြေမိလိုက်ဘဲ အခုမှပြန်တွေ့တာနဲ့ ရေးဖြစ်သွားခြင်းဖြစ်ပါတယ်။

စာပေမှာ စာသင်နည်း ၃ မျိုးပြထားပါတယ်။ ထို ၃မျိုးလုံးက လောကမှာ ဖြစ်တတ်တဲ့သဘာဝလေးတွေကို ပြထားသဖြင့် စိတ်ဝင်စားစရာ ကောင်းသလို မှတ်သားထားသင့်တဲ့ အချက်လေးတွေလည်းဖြစ်ပါတယ်။ စာသင်သားတိုင်းမှာ ကိုယ်ပိုင် ရည်ရွယ်ချက်လေးတွေ ရှိကြပါတယ်။ ထိုရည်ရွယ်ချက်ဖြင့် လိုချင်တဲ့ ပန်းတိုင်းဆီသို့ မရောက်ရောက်အောင် အားခဲကြခြင်းဖြစ်ပါသည်။ ထိုရည်ရွယ်ချက်မရှိဘဲ ပန်းတိုင်သို့ ရောက်ဖို့ရန် အလွန် နှေးကွေးပါလိမ့်မယ်။ ရည်ရွယ်ချက် (ဆန္ဒာဓိပတိ) ရှိမှ အလုပ်လုပ်လိုစိတ် ကြိုးစားချင်စိတ် ပိုမိုအားကောင်းပြီး ရည်ရွယ်ချက်ပန်းတိုင်သို့ ဖြောင့်ဖြူးစွာနှင့် အလျှင်အမြန်ရောက်နိုင်မှာ ဖြစ်ပါသည်။ တဦးနှင့်တဦး ရည်ရွယ်ချက်သည် တူညီကြလိမ့်မည်မဟုတ်၊ စရိတ်လက္ခဏာတွေ ကွဲပြားသည်အားလျှော်စွာ ရည်ရွယ်ချက်တွေလည်း ကွဲပြားသွားနိုင်ပါသည်။ သို့သော် စာပေက မည်သို့ ရည်ရွယ်ပြီး စာသင်သင့်သည်ကို ပြဆိုထားပါသည်။

စာသင်နည်း ၃ မျိုး
၁။ အလဂဒ္ဒူပမာ ပရိယတ္တိ
၂။ ဘဏ္ဍာဂါရိက ပရိယတ္တိ
၃။ နိဿရဏ ပရိယတ္တိ

၁။ အလဂဒ္ဒူပမာ ပရိယတ္တိ ဆိုသည်မှာ- စာပေသင်ခြင်း တရားနာခြင်းဖြင့် ဘုရားတရားတော်များကို တတ်မြောက် နားလည်သည်ရှိသော် ငါ့ကို လူတွေက ချီးကြူးဂုဏ်ပြုကြလိမ့်မည်၊ ပစ္စည်းဥစ္စာ ပူဇော်မှုကို လည်း ရလိမ့်မည် စသည်ဖြင့် မာန်မာနကို ဖြစ်စေ၊ လောဘ စသော အကုသိုလ်တို့ကို ဖြစ်စေသော စာသင်နည်းမျိုးဖြစ်သည်။ ဤသည်ကို မြွေဖမ်းမတတ်ခြင်းကြောင့် မြွေက မိမိကို ပြန်ပေါက်သတ်သလို မိမိ သင်ယူသော စာပေ၊ ပညာများက မိမိကို ပြန်နစ်နာစေသည်၊ ဆုံးရှုံးစေသည်။

ဆိုလိုသည်မှာ- ဘုရားတရား စကားတော်များကို ကြွားဝါလို၍ လာဘ်လာဘကို မျှော်ကိုး၍ သင်ယူခြင်း၊ သင်ယူထားသော စာပေဖြင့် သူတပါးကို ချိုးနှိမ်လို၍ စသော အတ္တုက္ကံသန- မိမိကိုယ်ကို ချီးမွမ်း (ကြွားဝါ)၊ ပရ၀မ္ဘန-သူတပါးကို ချိုးနှိမ်လို၍ သင်ယူခြင်းနှင့် တပါးသူ၏ ရန်ကို ကာကွယ်လိုခြင်းမျိုး စသည်တို့ကို စာပေက အလဂဒ္ဒူပမာ ပရိယတ္တိ-မြွေဖမ်းခြင်းနှင့် တူသော စာသင်နည်းဟု ဆိုသည်။ ဤစာသင်နည်းမျိုးကား အကျိုးလုံးဝမရှိ၊ အပါယ် ၄ပါး အစာသာ ဖြစ်သည်။ ဒုတိယ စာသင်နည်းက ဘဏ္ဍာဂါရိက ပရိယတ္တိ ဖြစ်သည်။

၂။ ဘဏ္ဍာဂါရိက ပရိယတ္တိ ဆိုသည်မှာ စကြာမင်း၏ ဘဏ္ဍာစိုးနှင့်တူသော ရဟန္တာပုဂ္ဂိုလ်များ၏ စာသင်နည်းမျိုးဖြစ်သည်။ ဘဏ္ဍာတိုက်စောင့် ဘဏ္ဍာစိုးပမာ စာပေပရိယတ္တိတွေကို မပျောက်ပျက်ရလေအောင် ထိန်းသိမ်းစောင့်ရှောက်သော စာသင်နည်းမျိုးဖြစ်သည်။ ကိုယ်ကျိုးမရှိ၊ မဂ် ဖိုလ် ကို တိုက်ရိုက် မရနိုင်သည့် နည်းဖြစ်သည်။ ဆိုလိုသည်ကား ကိုယ်ကျိုးကို စွန့်၍ သာသနာ အရှည် တည်တံ့ရေးကို ရည်ရွယ်၍ စာသင်နည်းမျိုးဖြစ်သည်၊ ယနေ့ မြန်မာနိုင်ငံရှိ စာသင်တိုက်ကြီးများ အချို့ကဲ့သို့ပင် ဖြစ်ပါသည်။ တတိယ စာသင်နည်းကတော့ နိဿရဏ ပရိယတ္တိ ဖြစ်သည်။

၃။ နိဿရဏ ပရိယတ္တိ ဆိုသည်မှာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ရေးကို ရှေးရှု၍ သင်ကြားခြင်းမျိုးကိုဆိုလိုသည်၊ အကျိုးရှိသော စာသင်နည်းဖြစ်၍ မဂ် ဖိုလ် နိဗ္ဗာန်ကို ရနိုင်သော စာသင်နည်းဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံရှိ ပရိယတ္တိကို အခြေခံသော ၀ိပဿနာ ကမ္မဋ္ဌာန်းတိုက်များကဲ့ သို့ ဖြစ်ပါသည်။
နိဿရဏ ပရိယတ္တိ= နိဿရဏ- ၀ဋ်ဆင်းရဲမှ လွတ်မြောက်ခြင်းငှါ၊ ပရိယတ္တိ- သင်ယူခြင်း။ နိဿရဏ ပရိယတ္တိ ၀သေနာတိ အဒ္ဓါ ဣမံ ပရိယတ္တိံ နိဿာယ ၀ဋ္ဋဒုက္ခတော နိဿရိတုံ လဗ္ဘာတိ ဧ၀ံ နိဿရဏ ပရိယတ္တိဝသေန။ (သံ၊ဋီ၊၁၊၃၀၃)
‘‘ ငါသည် စာပေများကို တတ်မြောက်ပြီးပါက ထိုတရားတော်အတိုင်း သီလ သမာဓိ ၀ိပဿနာ ပညာများကို အစဉ်အတိုင်း ဖြည့်ကျင့်ကာ မဂ် ဖိုလ် နိဗ္ဗာန်ကို ရစေအံ့၊ မျက်မှောက် ပြုလတံ့’’ ဟု ရည်စူးကာ ပရိယတ္တိစာပေများကို သင်ယူခြင်းသည် အကျိုးရှိ၏ မဂ်ဖိုလ် နိဗ္ဗာန်ကို ရောက်စေနိုင်သော စာသင်နည်းဖြစ်၏။

ပေါဋ္ဌိလ မထေရ်ကြီးသည် စာပေကို ထုံလိုမွှေ ရေလိုနှောက်နိုင်သလို စာပေလောက၏ အထွဋ်အထိပ်သို့ရောက်အောင် တတ်မြောက်၏၊ သို့သော် မြတ်ဗုဒ္ဓက ထိုမထေရ်အား တုစ္ဆ တုစ္ဆ (အချီးနှည်း အချီးနှည်း) ဟူ၍သာ ရှုံ့ချသော လေသံဖြင့် ခေါ်၏။ (ဒေါသဖြင့် ခေါ်ဝေါ်ခြင်းမျိုးမဟုတ်၊ မဟာကရုဏာဖြင့် အကျိုးကို မျှော်ကိုး၍ ဤကဲ့သို့ခေါ်ခြင်းဖြစ်သည်)။ ထိုမထေရ်သည် ပရိယတ္တိ အထွဋ်အထိပ်သို့ ရောက်ပါသော်လည်း သူ သင်ကြား တတ်မြောက်ထားသည့်အတိုင်း မကျင့်ရသေး အားမထုတ်ရသေးသည့် အတွက် မြတ်ဗုဒ္ဓက ထိုကဲ့သို့ တုစ္ဆ တုစ္ဆ ဟုခေါ်သည်။ (တုစ္ဆ ဟူသည် empty ဘာမျှ မရှိဟုသော အဓိပ္ပါယ်ရှိ) ထို့ကြောင့် စာပေတတ်မြောက်ပြီး ရပ်မနေဘဲ နိဿရဏ ဖြစ်ဖို့ရန်အတွက် ဆက်လက် အားထုတ်ရပေတော့သတည်း။

စာပေသင်ကြားစဉ်

စာပေသင်ကြားစဉ်မှာလည်း ကိုယ့်သန္တာန်မှာ အလွန်မွန်မြတ်သော စိတ်ကို မွေးမြူးသင့်၏၊ ‘‘ ငါ စာပေ ပညာတွေ တတ်မြောက်ပြီးဖြစ်ပါက ငါတတ်သည့်ပညာဖြင့် အများအကျိုးအတွက် ဆောင်ရွက်မည်၊ အများသူငါ သတ္တ၀ါတွေ ကိုယ်စိတ် နှစ်ပါး ချမ်းသာအောင် ဆောင်ရွက်မည်။ ငါတတ်သော ပညာသည် ငါတစ်ယောက်စာအတွက် မဟုတ်ဘဲ အများအကျိုးအတွက် ဖြစ်စေရမည်ဟူသော ရည်ရွယ်ချက်များဖြင့် ပညာကို ဆည်းပူးသင့်၏။
ဤသို့အားဖြင့် စာပေ ပရိယတ္တိနှင့် အခြား စာပေ အတတ်ပညာများကို သင်ယူရာဝယ် ဘွဲ့ ဒီဂရီများ ရဘို့ သက်သက် မဟုတ်ဘဲ လွတ်မြောက်ရေးနှင့် အများအကျိုးအတွက်ကို ရှေးရှုသော စာပေသင်ကြားနည်းနှင့် ယောနိသော မနသိကာရ- ရည်ရွယ်ချက်ကောင်းဖြင့် ရအပ်သော ထို ဘွဲ့ ဒီဂရီများသည်လည်း အကျိုးရှိသဖြင့် (မဂ် ဖိုလ် နိဗ္ဗာန် ကို အကျိုးပြုသဖြင့်) ရသင့် ရထိုက်သော ဘွဲ့ ဒီဂရီများဟူ၍ ဆိုနိုင်ပါသည်။

ကျမ်းကိုးများ-
(က) ၀ိပဿနာ အခြေခံနှင့် အမေးအဖြေ (ဦးပဂျီငို)
(ခ) ပါဠိပဒ ပိဋက ကျမ်းညွှန်း
(ဂ) သရုပ်ပြ အဘိဓာန် (အရှင်သြဘာသာဘိသ၀ံသ)
(ဃ) မူလပဏ္ဏာသ အဋ္ဌကထာ
(င) ပါရာဇိကဏ် အဋ္ဌကထာ
(စ) ဓမ္မပဒအဋ္ဌကထာ

ရွှင်လန်းချမ်းမြေ့ပါစေ။

သီတဂူစတား
၂၆-၁၀-၂၀၁၀

0 comments

Read more...

Naga Serpents, Devas and fireballs

by Cittasamvaro

Meditation and yoga teacher Marisa, just returned from a trip to see the famous Naga fireballs that rise form the Mekong river at this time of the year.

Naturally, the Thais have a supernatural explanation about the Naga of the river creating this strange occurence.

While it is easy to dismiss this particular event, in fact Nagas do play a genuine part in Buddhism. According to the cosmology (and you don’t have to believe it ….) there are heaven and hell realms, as well as strange inbetween creatures … one of these is the Naga, a fiery dragon that lives either in the sky or underground.

Mythologists have pointed out that the naga/dragon appears in practically every ancient mythology, across continents and eons. It must be based on something experienced by these different cultures … One theory is that asteroids, or even Venus, has appeared in our sky with a long flowing electric discharge tail. It would appear as a bright sphere, with a fiery tail snaking behind it. Certainly this would explain the ubiquitous dragon.

Marisa has written a longer, and more detailed account of the Thai version of the Naga, from her recent research trip.

I just spent a week in Nongkhai to celebrate the holiday of Ook Phansa and view the famous Naga fireballs that appear each year mysteriously out of the Mekong River. Ook Phansa is celebrated on the full moon in the 10th lunar month of the last day of the Buddhist rainy season period and the day that the Buddha came back to earth from his trip to heaven where he visited his deceased mother. It is also the time of year when pleasant cool weather replaces the rain and the rice becomes ripe for November harvests. A Buddhist nun replied to my question about the connection between the rain and great Naga in a sweet riddle, “Where does the water on the earth come from? The rain. Where does the rain come from? The earth.”

Read more...

အောက်တိုဘာလ ၂၇ ရက်နေ့ တရားအစီအစဉ်များ။

မန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၂၂း၀၀ နာရီ အထိ...
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ အရှင်ဇနကာဘိဝံသ ဟောကြားတော်မူသော
၁။ အခြေပြု ပဌာန်း တရားတော် အပိုင်း (၁) မှ (၁၇) အထိ
သီတဂူဆရာတော် အရှင်ဉာဏိဿရ ဟောကြားတော်မူသော
၁။ သမဏာနဉ္စဒဿနံ
၂။ ကာလေနဓမ္မသာကစ္ဆာ တရားတော်များကို

လွှင့်ကြားပေးသွားပါမည်။

စစ်မှန်သော တရားများကို နာကြားအားထုတ်ကြခြင်းဖြင့် သတ္တ၀ါ အားလုံးတို့သည်
အလုံးစုံသော တရားထူး တရားမြတ်များကို
လျင်မြန်စွာ ရရှိနိုင်ကြပါစေ။

Read more...

ရန်လိုမှုများ ဖယ်ရှားခြင်း

ငြိမ်းချမ်းမှုဟာ အကြမ်းဖက်ခြင်းရဲ့ ပျက်ကွက်ခြင်းမျှသာ မဟုတ်။ အဲဒါဟာ သူ့ ရဲ့ ရင်းမြစ်များ၊ စိတ်မှာ စွဲထင် နေတဲ့အရာများနဲ့တကွ ရန်လိုမှုရဲ့ ပြီးပြည့်စုံတဲ့ ရပ်နားခြင်းပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာပညာရပ်နယ်ပယ်မှာ စိတ်ရဲ့အခြေအနေ၊ လုံဝငြိမ်းချမ်းမှုဆိုတဲ့အဓိပ္ပါယ်အတွက် နိဗ္ဗာန်ဝေါဟာရကို သုံးစွဲလေ့ရှိပါတယ်။

ဘာသာရေးများရဲ့ ကျင့်သုံးမှုပန်းတိုင်ဟာ လွတ်မြောက်ခြင်းဖြစ်ပေမယ့် အခြားပန်းတိုင်များလည်း ရှိပါသေးတယ်။ သင်ဟာ အခြားသတ္တ၀ါများရဲ့ကောင်းကျိုးကို တွေးတောရပါမယ့်။ အာရုံခံစားနိုင်, အာရုံမခံစားနိုင် ၊ အသိရှိ, မရှိ နှစ်ခုလုံးရဲ့ ကောင်းကျိုးအတွက် အလုပ်လုပ်ရပါမယ်။ အသုံးဝင်ရပါမယ်။ အနန္တစကြ၀ဠာအတွက် ကောင်းကျိုးကို ဆောင်ရွက်ခြင်းဟာ မြတ်ဘုရားသာသနာရဲ့ တကယ့်အနှစ်သာရဖြစ်တဲ့ သတင်းစကားပဲ ဖြစ်ပါတယ်။

စစ်မှန်တဲ့ဘ၀တစ်ခုအတွက် ကျယ်ပြန့်တဲ့အတွေးအခေါ်များနဲ့ စံနမူနာကောင်းများကို ဘယ်လို အသုံးချမလဲ? အဦးအစဟာ အလေးထားရမယ့်အရာကို ရင့်ကျက်စေဖို့ပါ။ အဲဒီနောက် ကိုယ်ပိုင် အမြင်များထက် အခြားသူများရဲ့အမြင်များကို ထည့်သွင်းစဉ်းစားဖို့ပါ။ ပထမဆုံးလိုအပ်ချက်ဟာ အမြင်များကို ကျဉ်းမြောင်းစွာကန့်သတ်မထားဘဲ ကျယ်ပြန့်စွာ ရှု့မြင်သုံးသပ်ဖို့ပါ။

ရန်လိုမှု၊ တိုက်ပွဲ၊ ပြိုင်ပွဲရဲ့ သဘောထားတစ်ခုကို ရပ်တည်ထားလျင် အကောင်းဆုံးစံများဟာ ဘယ်လောက် မြင့်မားနေပါစေ အရေးကိစ္စမဟုတ်တော့ပါ။ အဲဒါတွေဟာ လက်တွေ့အားဖြင့် နေရာတစ်ခုခုကိုမှ ဦးတည်စေလိမ့်မည်မဟုတ်ပါ။ သဘောတရား၊ ဘာသာရေးနဲ့ ဖီလိုဆိုဖီအမြင်များဟာ သင်ကြားထားတဲ့ ဘာသာရပ်များပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို နေ့စဉ်ဘ၀ရဲ့အပြုအမူထဲ ရယူသယ်ဆောင်လာရပါမယ်။ ဘာသာရေး ဒါမှမဟုတ် ဖီလိုဆိုဖီနဲ့ဆက်စပ်တဲ့အခြေအနေများ တိုးတက်လာဖို့အတွက်တောင် မှန်ကန်တဲ့သဘောထားဟာ အနှစ်သာရပဲ ဖြစ်ပါတယ်။

ရန်မလိုမှုနဲ့ အကြမ်းမဖက်မှုများဟာ ကြောင်းကျိုးမဲ့တဲ့ ပျော့ပျောင်းညင်သာမှု ဒါမှမဟုတ် ကျိုးနွံနာခံမှု ဖြစ်သင့်တယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။ ဘာသာရေးများကတောင် ကြောင်းကျိုးမဲ့စွာ ရန်လိုလာတဲ့သူများနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာကို သင်ကြားပေးပါတယ်။ ဗုဒ္ဓဘာမှာတော့ ဒါကို ကျွမ်းကျင်ပိုင်နိုင်မှုရဲ့ လက်တွေ့ လုပ်ဆောင်ခြင်းလို့ ခေါ်ပါတယ်။ မြတ်ဗုဒ္ဓက အမြဲတမ်းကျိုးနွံရမယ်ဆိုတာကို မိန့်မထားပါ။ သဘောထား မတိုက်ဆိုင်သူများနှင့်အပေးအယူလုပ်ရာမှာ ကျွမ်းကျင်သင့်ပါတယ်။ အဲဒီနောက် သဘောထားဟာ မှန်ကန်တယ်၊ ညင်သာတယ်၊ ဖော်ရွေတယ်၊ ပြိုင်ပွဲလဲမဟုတ် တိုက်ပွဲလဲမဟုတ်ဘူးဆိုယင် အဲဒီအပေးအယူလုပ်ခြင်းဟာ အမြဲတမ်းအောင်မြင်နိုင်ပါတယ်။

ဗုဒ္ဓဘာသာက ဓမ္မဟာ အစ အလယ် အဆုံး သုံးခုလုံးမှာ ကောင်းတဲ့အရာဖြစ်တယ်လို့ ဆိုပါတယ်။ အလားတူ ငြိမ်းချမ်းမှုနှင့်ညီညွတ်မှုအတွက် သင့်တော်တဲ့အခြေအနေကို မဖန်တီးတဲ့အခါ အတွင်း, အပြင် နှစ်ခုလုံးမှ ငြိမ်းချမ်းမှုနဲ့ ညီညွတ်မှုဟာ ရောက်မလာနိုင်ပါ။ အဲဒီနောက် အကျွန်ုပ်တို့ထံမှလာတဲ့ မလိုလားအပ်တဲ့ အပြုအမူများက ငြိမ်းချမ်းဖို့လမ်းညွန်ထားတဲ့အခြေအနေများကို နှောင့်ယှက်လို့မရအောင် သတိထားဂရုစိုက်ရပါမယ်။ ငြိမ်းချမ်းမှု,ညီညွတ်မှုစံများနဲ့ လိုက်လျောညီထွေဖြစ်သင့်တဲ့ သတ္တ၀ါတစ်ခုလုံးလို့ ဆိုလိုတဲ့ အတွင်း အပြင် ကမ္ဘာအကြား ညီညွတ်မှုများ ရှိသင့်ပါတယ်။

ငြိမ်းချမ်းမှုဟာ တံခါးမများ၊ ပြတင်းပေါက်များကို ပိတ်ထားယုံ၊ အထဲသို့ဝင်လာတဲ့ အနှောင့်အယှက်အသံများကို ခွင့်မပြုယုံမျှဖြင့် ရရှိလာနိုင်တဲ့ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခြေအနေတစ်ခုတော့ မဟုတ်ပါ။ စစ်မှန်တဲ့ ငြိမ်းချမ်းမှုရဲ့စမ်းသပ်စစ်ဆေးချက်ဟာ နှောင့်ယှက်နေတဲ့လေထု ဖြစ်ပေမယ့် ငြိမ်သက်မှုကို ထိန်းထားနိုင်စွမ်းရှိတဲ့ အခါမျိုးမှာ ရောက်လာပါတယ်။

ဆန့်ကျင်ဘက်အနေအထားအတွင်းမှာပဲ ငြိမ်သက်မှုကို ထိန်းသိမ်းရခြင်းအတွက် လျိုဝှက်ချက်ရှိပါသလား? အဖြေကတော့ မိမိရဲ့စိတ်ကို တိုးတက်စေဖို့ ဖြစ်ပါတယ်။ လူသားရဲ့စိတ်ကို မြှင့်တင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ဆက်စပ်နေတဲ့ ဘာသာရပ်နဲ့ပတ်သက်လို့ ပြောဆိုခြင်းများပဲ ဖြစ်ပါတယ်။ အဆင့်များစွာ ရှိနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ တိုးတက်လာခြင်းရဲ့ စစ်မှန်တဲ့ အရိပ်လက္ခဏာဟာ မာန်စွယ်ကျိုးလာပြီး အကျွန်ုပ်တို့ ပတ်လည်ရှိ အရာဝတ္ထုများနဲ့ပတ်သက်လို့ တစ်ဦးကိုတစ်ဦး အမှီပြုနေတဲ့သဘာဝကို သတိမူ သိရှိလာနေတာပဲ ဖြစ်ပါတယ်။

တိဘက်တန် ဗုဒ္ဓဘာသာကပြောတဲ့ စကားပုံတစ်ခုကတော့ - အတိတ်က သင်ပြုခဲ့တဲ့အပြုအမူနဲ့ ပတ်သက်လို့ သင်သိချင်ယင် သင်ရဲ့မျက်မှောက်ခန္ဓာကိုယ်ကို ကြည့်ရှု့ပါ။ သင်ရဲ့အနာဂတ်ကံကြမ္မာနဲ့ပတ်သက်လို့ သင်သိချင်ယင် သင်ရဲ့ယခုလက်ရှိစိတ်ကို စောင့်ကြည့်ပါ။ - ဒါ့ကြောင့် အကောင်းဆုံးမနက်ဖြန်ဖြစ်ဖို့ မှန်ကန်တဲ့ သဘောထားနဲ့ အကောင်းဆုံးယနေ့ လူ့အဖွဲ့အစည်းအတွက် တွေးပါ၊ အလုပ်လုပ်ပါ- ဆိုတာပဲ ဖြစ်ပါတယ်။

Lama Doboom Tulku

Read more...

တာဒိဂုဏ်ဆိုတာ ဘာတွေလဲ

ဒကာ။ ။ မြတ်စွာဘုရားသခင်အား ချီးကျူးပူဇော်စကားပြောကြားတဲ့အခါ တာဒိဂုဏ်နဲ့ ပြည့်စုံတော်မူသောဘုရား၊ တာဒိလက္ခဏာနဲ့ ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားဟု ပါရှိသော်လည်း တာဒိဂုဏ်နဲ့ တာဒိလက္ခဏာကို သေချာစွာ မသိကြ၍ ရှင်းပြပေးပါဦး ဆရာတော်။

ဆရာ။ ။ အင်း… တာဒိဂုဏ် အင်္ဂါလက္ခဏာတော်နဲ့ စပ်ပြီး မဟာနိဒ္ဒေသပါဠိတော် ၈၈-၃၆၅-တို့၌ အင်္ဂါလက္ခဏာ ငါးပါးနဲ့ လာရှိတာ တွေ့ရတယ်၊ အကျယ်-အဲဒီမှာ ကြည့်ကြပေတော့။
(၁) ကောင်းသော မကောင်းသော လောကဓံတရားရှစ်ပါးတို့နဲ့ တွေ့ကြုံတဲ့ အခါ ကိုယ်တော်မြတ်၏ စိတ်သည် နိမ့်တုံမြင့်တုံမရှိ ပကတိညီမျှလျက်သာ တည်နေ၏ တဲ့။
(၂) ထောင့်ငါးရာ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်စွာ စွန့်လွှတ်ပြီး ဖြစ်၏ တဲ့။
(၃) သြဃလေးဖြာ သံသရာ ရေအလျဉ်ကို လွန်မြောက်စွာ ကူးခတ်ပြီး ဖြစ်၏ တဲ့။
(၄) ရာဂစသော မီးတစ်ဆယ့်တပါးတို့မှ ငြိမ်းချမ်းအေးမြပြီးသူဖြစ်၏ တဲ့။
(၅) သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ စသော ဂုဏ်အပေါင်းတို့ဖြင့် ထုတ်ပြပြောဆို ချီးမွမ်း၍ မကုန်နိုင်အောင်သော ဂုဏ်တော် ကျေးဇူးတော်အပေါင်းတို့နှင့် ပြည့်စုံတော်မူသော အတုမရှိ ပုဂ္ဂိုလ်မြတ် ဖြစ်၏ တဲ့။
ကဲ…အဲဒါတွေဟာ တာဒိဂုဏ်တော်၏ လက္ခဏာတွေပါပဲ၊ အဲဒီ ဂုဏ်တော်တွေကို ထုတ်ဆိုထုတ်ဆိုကာ ရှိခိုးကြတာ ဖြစ်တယ်။
ဒကာ။ ။ မှန်ပါ့၊ ခုမှပဲ ရှင်းရှင်းလင်းလင်း သိရတော့တယ် ဘုရား၊ ယခုလို သိရတာ ၀မ်းသာလှပါတယ် ဆရာတော်။

Read more...

ဒကာကြီးထံ ပေးစာ...

ဒကာကြီး…
ဦးပဉ္ဇင်း စာရေးလိုက်ပါတယ်။ ဒေလီမှာ ဆောင်းရာသီ ၀င်နေပြီ ဆိုတော့ ရာသီဥတုက အေးလာပြီ။ တချို့ ဦးပဉ္ဇင်းတွေတော့ နေမကောင်းလို့ ဆေးခန်း သွားနေကြရတယ်။ မြန်မာပြည်ရဲ့ ရာသီဥတုနဲ့ ဒေလီရဲ့ ရာသီဥတုက သိပ်မတူဘူး။ ဒေလီမှာက ပူရင်လည်း အရမ်းပူ။ အေးရင်လည်း အရမ်းအေးတာ။ ဦးပဉ္ဇင်းလည်း ဆေးကို ကြိုတင်ပြီး သောက်နေရတယ်။ အခန်းထဲမှာတော့ အပူပေးတဲ့စက် (Heater) ဖွင့်ပြီး နေနေရတယ်။
ဒကာကြီးလည်း ကျန်းမာရေးကို ဂရုစိုက်ပါ။ ဆေးစစ်ဖို့တော့ မမေ့ပါနဲ့။ တရားအားထုတ်ဖို့အတွက် အသက်ရှင်နေဖို့ လိုသေးတယ်။ အသက်သေတာက ပြဿနာ မဟုတ်ဘူး။ ဘ၀တိုင်းက သေလာကြတာပဲ။ ခန္ဓာရလာရင်တော့ သေကြမှာပါပဲ။ ဘုရားသာသနာနဲ့ ကြုံတဲ့ အခါလေးမှာ မသေခင် တရားထူးရအောင် အားမထုတ်နိုင်ခဲ့မှာက အဓိက ပြဿနာပါပဲ။
ဦးပဉ္ဇင်းကတော့ အမြဲတမ်းလိုလို တရားအားထုတ်ဖြစ်အောင် ကြိုးစားပါတယ်။ ရဟန်းဝတ်ရခြင်းရဲ့ ရည်ရွယ်ချက် က အဲဒါပါပဲ။ ဒုက္ခပေးလှတဲ့ သံသရာ ၀ဋ်ဆင်းရဲကို အမြန်ဖြတ်ဖို့ လိုတယ်။ တစ်ခါတလေ ကျောင်းအားလပ် ရက်တွေ ဆိုရင် ဦးပဉ္ဇင်းရဲ့ အခန်းထဲမှာပဲ တရားစခန်းလို့ သဘောထားပြီး တစ်နေကုန် တရားပဲ ထိုင်နေတော့တယ်။ ကိုယ်ပိုင် တရားစခန်းလို့ပဲ သတ်မှတ်ရမှာပေါ့။
ဘာသာရေး စာပေတွေ လေ့လာလိုက်စား နေသေးတာကလည်း သာသနာအတွက် နိုင်တဲ့ဘက်က အကျိုးပြုသွားချင်သေးလို့ပါ။ အများအကျိုးအတွက်လည်း လုပ်ရသလို မိမိအကျိုးအတွက်လည်း လုပ်ရတာပေါ့။ ရှေးဆရာတော်ကြီးတွေလည်း အများအကျိုးအတွက်ကို လုပ်ခဲ့လို့ ဗုဒ္ဓသာသနာတော်ဟာ အခုလက်ရှိ အချိန်ထိ ကျန်နေတာ။ အဲဒီ ကျေးဇူးတွေကြောင့် ဦးပဉ္ဇင်းတို့နဲ့ ဒကာ၊ ဒကာမတွေဟာ တရားတော်တွေကို လေ့လာနိုင်တာ။
မြတ်စွာဘုရားနဲ့ ရှေးဆရာတော်ကြီးတွေသာ နောင်လာနောင်သားတွေအတွက် မကြည့်ဘဲ သူတို့အတွက်ချည်းပဲ အားထုတ်သွားကြမယ် ဆိုရင် သာသနာတော်ဟာ အခုအချိန်ထိ ဘယ်ကျန်တော့မလဲ။ မြတ်စွာဘုရားကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဘုရားသာသနာတော်ကို အနာဂတ်အတွက် ကျန်ခဲ့အောင်လည်း လုပ်ရသလို မိမိအတွက်လည်း တရားအားထုတ် ရတာပေါ့။ ၃၁ ဘုံ အထဲက လူ့ပြည်မှာပဲ တရားအားထုတ်နိုင်တဲ့ အခွင့်အရေး အပြည့်အ၀ ရတာမို့ အဲဒီ အခွင့်အရေးကို ကောင်းကောင်း အသုံးချရမယ်။
ဒကာကြီးကတော့ အရင်တွေ့တုန်းကနဲ့ နှိုင်းစာရင် အခုက တရားအားထုတ်တဲ့ နေရာမှာ တော်တော် အားနည်းသွားတာကို တွေ့ရတယ်။ တရားအားထုတ်တယ် ဆိုတာက တရားထိုင်မှ မဟုတ်ပါဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်က ကိလေသာ နည်းအောင် လုပ်နေတာဟာ တရားအားထုတ်တာပါပဲ။ ပုထုဇဉ်မှန်သမျှ ကိလေသာ ကျော့ကွင်းထဲကနေ ရုန်းမထွက်နိုင်သေး တာကတော့ မှန်ပါတယ်။ ဒါပေမဲ့ ပုထုဇဉ်ထဲမှာ အသိဉာဏ် ရှိတဲ့သူ မှန်သမျှဟာ အဲဒီ ကျော့ကွင်းထဲကနေ ရုန်းထွက်နေကြပါပြီ။
သေခြင်းတရားကို မဆင်ခြင်နိုင်သေးတဲ့ လူတွေကတော့ ကိလေသာ နယ်ထဲမှာပဲ ပျော်နေတတ်ပါတယ်။ သေခြင်းတရားကို နှလုံးမသွင်းနိုင်သေးတဲ့ လူတွေဟာ သေနေတာနဲ့ အတူတူပါပဲ။ ဒကာကြီးလည်း ဘ၀မှာ အသက်သေမယ့် အရေးနဲ့ ကြုံခဲ့တဲ့ အကြိမ်တွေလည်း တော်တော်များခဲ့မှာပါပဲ။ ကုသိုလ်ကံ ကောင်းခဲ့လို့သာ အခုအချိန်ထိ အသက်ရှင်နေသေးတာ။
အသက်ရှင်နေတုန်းလေးနဲ့ သွားနိုင်လာနိုင် ကျန်းမာရေး ကောင်းနေတုန်းမှာ တရားအလုပ်ကို ကောင်းကောင်းလုပ်နိုင်မှာ။ နောင်တစ်ချိန်ဆိုရင် ခန္ဓာကိုယ်က ဘာဖြစ်လာမယ် ဆိုတာ ဘယ်သူမှ အတပ် မပြောနိုင်ဘူး။ ကိုယ့်ဒူးကိုတောင် မယုံရတဲ့ ဘ၀တွေပါ။ ဒီနေ့ည မိုးချုပ်ရင် ဒီနေ့ အသက်ရှင်ခဲ့တယ် ဆိုတာကို ပြောနိုင်ပေမဲ့ မနက်ဖြန်မှာ အသက်ရှင်နေဦးမလား ဆိုတာ အာမခံချက် မပေးနိုင်ဘူး။
ဒကာကြီးလည်း အခုက ကျန်းမာရေး ကောင်းနေသေးလို့ ကိုယ်က ဘာပဲ လုပ်လုပ် ကိုယ့်ခန္ဓာက သည်းခံနိုင်နေသေးတယ်။ ကိုယ့်ခန္ဓာက မိမိကို သည်းမခံနိုင်တော့တဲ့ အချိန်ကျရင်တော့ ကိုယ်ပဲ ဒုက္ခရောက်တော့မှာ။ အခုဆိုရင် ဒကာကြီးက အရက်တွေ တော်တော် ပြန်သောက်လာပြီ။ အရက်သောက်ပြီးရင် ဒကာကြီးရဲ့ စိတ်ကို သိပ်မထိန်းနိုင်ဘဲ ဒေါသတွေ ပိုပြီး ကြီးလာတာ ဒကာကြီး သတိထားမိလားတော့ မသိဘူး။ အရက်မူးလာရင် အမှားတွေကို လုပ်မိအောင် စိတ်တွေ တက်ကြွလာတတ်တယ်။ အမှားတွေကိုလည်း လုပ်မိလိမ့်မယ်။ အရက်မူးနေတဲ့ လူတစ်ယောက်ဟာ ဘုရား ကျောင်းကန် သွားပြီး ဥပုသ် သီတင်း ဆောက်တည်ချင်တဲ့ စိတ်ဆိုတာ ဘယ်ရှိပါလိမ့်မလဲ။
ဒကာကြီး ဒေါသကြီးတတ်တာ ဦးပဉ္ဇင်း သိပါတယ်။ ဒါပေမဲ့ ဒေါသက အရင်ကထက် မနည်းလာသေးဘူး ဆိုရင်တော့ တရားသဘောမှာ အားနည်းနေသေးလို့ပေါ့။ ဒေါသက ကိုယ့်ကိုယ်ကိုလည်း ဒုက္ခရောက်တတ်သလို သူတစ်ပါးကိုလည်း ဒုက္ခရောက်စေပါတယ်။ ဒေါသကြောင့် ဒုက္ခရောက်ကြရတဲ့ ပုဂ္ဂိုလ်တွေ တော်တော်များများကို ဦးပဉ္ဇင်းတွေ့ဖူးပါတယ်။ အဲဒီ အနောက်ကို မလိုက်မိဖို့ သတိထားရမှာက ကိုယ်ကိုယ်တိုင်ရဲ့ တာဝန်ပါ။ ကိုယ့်ဒေါသကြောင့် မိသားစု စိတ်ဆင်းရဲမှုတွေလည်း မဖြစ်စေနဲ့ပေါ့။ ကိုယ့်ကို သူတစ်ပါး ကဲ့ရဲ့မှာ ဆိုတာထက် ကိုယ့်ရဲ့ သားသမီး၊ ကိုယ့်မိသားစုက ကဲ့ရဲ့မှာကိုတော့ လုံးဝ မဖြစ်စေပါနဲ့။
သူတစ်ပါး ဆိုတာက အချိန်ကာလ အတိုင်းအတာ တစ်ခုအထိပဲ တွေ့ကြုံရတာ။ မိသားစုကတော့ မသေမချင်း တွေ့နေကြရမှာ။ ဒါကြောင့် သားသမီးတွေ မကဲ့ရဲ့ဖို့ အရေးကြီးတယ်။ ဒကာကြီးက စံပြအဖြစ် နေထိုင်တတ်မှ သားသမီးတွေရဲ့ စံနမူနာကောင်း ဖြစ်မှာပါ။ ဒါမှသာ သားသမီးတွေကိုလည်း ဒကာကြီးက ဆိုဆုံးမတဲ့အခါကျရင် အဓိပ္ပာယ် ရှိတော့မှာပါ။
ပြီးခဲ့တဲ့ နွေရာသီက ဒကာကြီးရဲ့အိမ်ကို ရောက်တုန်းက ဒကာကြီး အရက်မူးပြီး ဒေါသတွေ ဖြစ်တာကို ကြည့်ရင်း ဦးပဉ္ဇင်း တော်တော်လေးကို စိတ်မကောင်း ဖြစ်မိတယ်။ အဲဒီ စိတ်မကောင်း ဖြစ်မိတာက ဦးပဉ္ဇင်းအတွက် မဟုတ်ပါဘူး။ ဒကာကြီးနဲ့ မိသားစုအတွက်ပါ။ ဒကာကြီးတို့ မိသားစုကို ပျော်ပျော်ရွှင်ရွင်နဲ့ အေးအေးချမ်းချမ်းလေး ဖြစ်စေချင်တာကတော့ ဦးပဉ္ဇင်း ရဲ့ စစ်မှန်တဲ့ ဆန္ဒပါ။
ဦးပဉ္ဇင်းက ဒကာကြီးကို ပြောပြနေတာတွေက ဆရာ လုပ်တာ မဟုတ်ပါဘူး။ ဖြစ်သင့်တာတွေကို ပြောပြနေတာပါ။ ရဟန်းနဲ့ ဒကာ ဆိုတာက အမှားအယွင်းတွေကို တစ်ဦးနဲ့ တစ်ဦး ညှိနှိုင်းပြီး ပြုပြင်ကြဖို့ ပါပဲ။ ရဟန်းက မှားတဲ့ အခါလည်း ရှိချင်ရှိမယ်။ ဒကာ မှားတဲ့ အခါလည်း ရှိချင်ရှိမယ်။ ရဟန်းမှားရင်လည်း ဒကာတွေက ရိုရိုသေသေနဲ့ လျှောက်ထား ပြုပြင်ပေးရသလို ဒကာမှားရင်လည်း ရဟန်းတွေက လေးလေးစားစားနဲ့ ဟောပြောပြရတာပဲ။ ဒါမှ သာသနာ ဆိုတာ ပိုပြီးတော့ ပီပြင်လာမှာပါ။ ဦးပဉ္ဇင်းဘက်က မှားရင်လည်း ဒကာကြီး လျှောက်ထား ပြုပြင်ပေးနိုင်ပါတယ်။ ဦးပဉ္ဇင်းဘက်က ပြုပြင်ပါ့မယ်။
တရားအားထုတ်တဲ့ အခါမှာ မာန်မာနကို ချထားဖို့ အရမ်းကို လိုအပ်ပါတယ်။ မာန ခံ နေရင် တရားမရနိုင်ပါဘူး။ ဘယ်သူပဲ ကိုယ့်ကို တရားဟောပြီး တရားကျအောင် ဘယ်လိုမှ လုပ်လို့ မရနိုင်အောင် တားဆီးထားတာက မာန ပါ။ မာနက တော်တော် ကြောက်ဖို့ ကောင်းပါတယ်။ ဒါကြောင့် ဦးပဉ္ဇင်းတို့လည်း မာနတွေကို ကျအောင် လုပ်ပြီး တရားအားထုတ်ရတာပါ။
လူတွေက ပြောတတ်ကြတယ် ဒီတရားတွေကို တို့က သိပြီးသားတွေပါကွာ တဲ့။ အမှန်တကယ်တော့ ဦးပဉ္ဇင်းတို့ ဒကာကြီးတို့တွေဟာ တရားတွေကို တကယ် မသိကြသေးပါဘူး။ တကယ် မသိကြသေးလို့သာ အကုသိုလ်ကို လုပ်နေကြသေးတာ။ တရားတွေကို တကယ်သာ သိသွားကြပြီ ဆိုရင် ဘယ်အကုသိုလ်ကိုမှ မလုပ်ကြတော့ဘူးလေ။ ဒါကြောင့် တရားတွေကို တကယ်သိအောင် လုပ်ကြရမှာပါ။ တကယ်သိအောင်လည်း ကျင့်ကြံအားထုတ်ကြရမှာပါ။
ကလေးတွေဟာ အကုသိုလ်ကို အကုသိုလ်မှန်း မသိကြတော့ ကျူးလွန်တတ်ပါတယ်။ လူကြီး ကျတော့ အသိဉာဏ် ရင့်ကျက်သွားပြီ ဖြစ်တဲ့အတွက် မကျူးလွန်ကြတော့ပါဘူး။ တကယ်လို့ ဦးပဉ္ဇင်းတို့၊ ဒကာကြီးတို့ဟာ အကုသိုလ်ကို ကျူးလွန်နေသေးတယ် ဆိုရင်တော့ လူကြီး မဖြစ်သေးပါဘူး။ ကလေး အဆင့်မှာပဲ ရှိနေပါသေးတယ်။ အသက်ကြီးတိုင်း လူကြီး အဆင့်လို့ သတ်မှတ်လို့မှ မရဘဲကိုး။ လူတစ်ယောက်ရဲ့ အသိပညာဉာဏ်နဲ့ ကျင့်ကြံအားထုတ်မှု အပိုင်းအပေါ်မှာ မူတည်ပြီး လူကြီးအဆင့် ကလေးအဆင့်ကို ခွဲခြားသတ်မှတ်ရတာပါ။ ဦးပဉ္ဇင်းတို့တွေ အသက်လည်းကြီး လူကြီးအဆင့်လည်း ဖြစ်ဖို့ လိုတယ်။
သံသရာမှာ ကိုယ့်အထုပ်ကိုယ်ပြင် ကိုယ့်ရိက္ခာကိုယ်ပိုးပြီး ကိုယ့်လမ်းကို သွားနေကြရတဲ့ ဘ၀လမ်းခရီးတွေမှာ ကိုယ့်ကုသိုလ်၊ အကုသိုလ်တွေနဲ့ ကိုယ်ကိုယ်တိုင်ပဲ လျှောက်လှမ်း နေကြရတာပါ။ ကိုယ်လုပ် ကိုယ်ဖြစ် ကိုယ်ခံ နေရတဲ့ လောကကြီးပါ။ တစ်ပါးသူ ဆိုတာက လမ်ညွှန်းပြဖို့၊ တိုက်တွန်းဖို့လောက်ပဲ ရပါတယ်။ တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ ကြုံရတာက ကိုယ်ကိုယ်တိုင်ပါပဲ။
မြတ်စွာဘုရား မရှိတော့တဲ့ နောက်ပိုင်း အခုလက်ရှိမှာ ဗုဒ္ဓရဲ့ တရားတော်တွေကို ထိန်းသိမ်း စောင့်ရှောက်ပေးနေကြတဲ့ ပုဂ္ဂိုလ်တွေက သံဃာတော်တွေပါပဲ။ သံဃာတော်တွေကိုလည်း တတ်နိုင်တဲ့ ဖက်ခြမ်းကနေ ထောက်ပံ့ပြီး စောင့်ရှောက်ပေးပါ။ ရတနာ သုံးပါးကို ကြည်ညိုတတ်မှ အရိယာဆိုတာ ဖြစ်လာမှာပါ။ ဒါကြောင့် တရားစာအုပ်တွေ များများ ဖတ်ပေးပါ။ ဆရာတော်တွေရဲ့ တရားခွေတွေကိုလည်း များများ နာယူပေးပါ။
ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးတော်တွေကို အမြဲတမ်း စိတ်မှာမှန်းပြီး ပိုပြီး ပိုပြီး သဒ္ဓါတရားအား ကောင်းလာအောင်၊ ကြည်ညိုတဲ့စိတ်တွေ တိုးပွားလာအောင် လုပ်ပါ။ ရတနာသုံးပါးကို ကြည်ညိုသဒ္ဓါစိတ်တွေ တိုးလေလေ အကုသိုလ်ကို ရှောင်ပြီး ကုသိုလ်ကို ပိုပြီး လုပ်လာလေလေ ဖြစ်လာပါလိမ့်မယ်။ နို့မို့ဆိုရင် မေ့မေ့လျော့လျော့နဲ့ နေမိတတ်တယ်။ မေ့ရင် လျော့တတ်တယ် ဆိုတာကို ဦးပဉ္ဇင်းတို့ အမြဲ သတိရှိနေရမယ်။
သတိလက်လွတ် မေ့လျော့နေတဲ့ အချိန်တွေမှာ ဆိုရင် လူတွေက အကုသိုလ်တွေကို ဟိရီ၊ သြတ္တပ္ပ ဆိုတဲ့ အရှက် အကြောက် ကင်းမဲ့စွာနဲ့ လုပ်နေမိတတ်တယ်။ ပညာရှိ သူတော်ကောင်းတွေကတော့ မကောင်းမှုတွေကို ရှက်တတ်၊ ကြောက်တတ်သွားလို့ ရှောင်ရှားကုန်ကြပြီ။ ဒါကြောင့် ဦးပဉ္ဇင်းတို့ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀တစ်လျှောက်လုံးကို ပြန်ပြီးတော့ သုံးသပ်ကြည့်ရင် ကောင်းမှု၊ မကောင်းမှုတွေနဲ့ ရောပြွန်းနေခဲ့ရတယ်။
အခုအချိန်က စပြီးတော့ ၀ိပဿနာ ကျင့်စဉ်တွေနဲ့ မကောင်းမှုတွေကို စစ်ထုတ်ပြီး ကောင်းမှုတွေကို အရောင်တင် ချယ်မှုန်းသွားကြဖို့ပဲ လိုတော့တယ်။
ဒကာကြီးလည်း အတတ်နိုင်ဆုံး ငါးပါးသီလ လေးကိုပဲ ထိန်းနိုင်အောင် ကြိုးစားပေါ့။ ဘယ်အသက်အရွယ် အတိုင်းအတာအထိ ဦးပဉ္ဇင်းတို့ အသက်ရှင် နေကြရဦးမယ် ဆိုတာကို မသိနိုင်သေးဘူး။
သေခြင်းတရားက မိမိရဲ့ အနီးလေးမှာ ရှိနေတယ် ဆိုတာ ဦးပဉ္ဇင်းတို့ သတိထားရမယ်။ ဒီနေ့နဲ့ မနက်ဖြန် နှစ်ခုမှာ ဒီနေ့က ပိုနီးနေပေမဲ့ ဒီနေ့နဲ့ နောက်ဘ၀ နှစ်ခုမှာတော့ သေမင်း စောင့်နေတဲ့ နောက်ဘ၀က အနီးဆုံး ဖြစ်နေတယ် ဆိုတာကို အမြဲ နှလုံးသွင်းပြီး ရတနာသုံးပါးနဲ့ ကံ ကံရဲ့ အကျိုးကို ယုံကြည်စွာနဲ့ တရားတွေကို နေ့ညမပြတ် အားထုတ်နေနိုင်ပါစေလို့ ဒကာကြီးအတွက် အမြဲတမ်း ဆုတောင်းပေးနေပါတယ်။
အသေမဦးခင် ဉာဏ်ဦးဖို့ လိုတယ် ဒကာကြီး။
ဒကာကြီးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ မိမိအကျိုး၊ သာသနာရဲ့အကျိုး များစွာကို ထမ်းဆောင်နိုင်ပါစေ။

*** မသေခင်၊ ဉာဏ်ယှဉ် တရားမြင် ***
*** နိဗ္ဗာန် မသွေ၊ ရောက်ပါစေ….. ***

အရှင်ဉာဏဒီပ
ဒေလီတက္ကသိုလ်၊ အိန္ဒိယ

Read more...

Does Religion Make People Better?

I have just read for the umpteenth time that ‘morality only become meaningful with religion’ and that ‘without religion everything becomes permissible’, and of course the word ‘religion’ is almost always used to mean belief one or another deity or god. I have long had trouble with these claims, not because I dislike religion but because I like and take an interest in history. I know of few historical facts demonstrating that religious devotion made people better or that being non-religious made people worse. I have just read parts of Nelson Mandela’s Conversations With Myself – letters he wrote and notes he made during his long incarceration. Some parts are this absorbing book are painful to read. The loneliness, the separation from his family, the isolation and the physical hardship caused him, as you would expect, terrible distress. That he didn’t give in to despair as the long years, the slow decades, rolled by says something about his incredible conviction. But it also made me question even more the often-repeated and widely accepted claims mentioned above.
Just a few facts. Apartheid, one of the most wicked and inhuman ideologies of the 20th century, was the brainchild of a group of deeply religious people, the Afrikaans. According to Wikipedia, and I’ve read the same claim elsewhere, Afrikaans have long had the highest rate of consistent churchgoing of any group of people in the world. D. F. Malan who set up the apartheid system in 1948 had studied theology and was an ordained Protestant minister. His successor Hendrick Verwoerd had doctorates in and theology and psychology cum laude and was likewise a conspicuously pious man. Even those Afrikaans who had no part in establishing apartheid were quite happy to benefit from it, endorse it and vote for those who implemented it – as they regularly attended church – churches that were racially segregated after the Churches Native Laws Amendment Act of 1957. And as apartheid met with more and more resistance from people like Nelson Mandela, pious Afrikaans lied, bribed, fixed elections and stacked courts in their favor; they beat, tortured and murderrd their opponents to keep apartheid going. The Truth and Reconciliation Commission even established that P. W Botha had ordered the bombing of the South African Council of Churches headquarters in Johannesburg.
To dismiss Malan’s, Verwoerd’s and the others’ piety as insincere and self-serving would be to ignore facts. Even their most bitter opponants acknowledged that they were staunchly religious men who prayed and read the Bible regulary. In fact, it was probably their firm, albeit it misguided, belief that they were doing what God had ordained that made them so determined to uphold apartheid. Oh, and just so one particular religion doesn’t get all the thumping, it is equally true that other South African Christians opposed apartheid with a similar determination, and that I know of deeply religious Sinhalese Buddhists who excused and justified some of the worst cruelty of Sri Lanka's civil war.
Nelsen Mandela on the other hand, who is quite irreligious, stood up to apartheid long before it was popular to do so, endured decades of cruel imprisonment (and they really were cruel to him) and emerged from this martyrdom seemingly without any ill-will and with a readiness to engage with and forgive his former tormentors. So does ‘morality only become meaningful with religion’ and is it true that ‘without religion everything becomes permissible’? I see no evidence for this. People can be deeply and devotedly religious and commit great evil. Likewise, someone could be without any conventional religious conviction and yet have the highest standards of morality and integrity. So it’s not just religious conviction that makes the difference but something or some things else. What?
3 comments

Read more...

မဟောသဓာအပိုင်း- ၂၁

0005052Kph0.jpg

ပြဿနာလေးချက် အဖြေလေးချက်

မင်းကြီးသည် မဟောသဓာ၏ စကားကို ကြားရသောအခါ လေးစားမြတ်နိုးသွားသည်။ ထို့ကြောင့် မဟောသဓာအား ထီးဖြူစိုက်ထားသော ရာဇပလ္လင်ပေါ်၌ ထိုင်စေသည်။ မိမိမူကား ကြမ်းပြင်ပေါ်၌ ထိုင်သည်။ ထို့နောက် နတ်သမီးမေးသော ပြဿနာလေးချက်ကို တစ်ချက်စီမေးသည်။ မဟောသဓာကလည်း ပိုင်နိုင်စွာဖြင့် တစ်ချက်စီ ဖြေဆိုပြသည်။

"သုခမိန်၊ ပထမပြဿနာမှာ လက်၊ ခြေတို့ဖြင့် မျက်နှာကို ပုတ်ခတ်၏။ သူ့ကို ယင်းသို့ပုတ်ခတ်သည့် အတွက် ချစ်နေရသည်။ သူကား မည်သူနည်း"
"အရှင်မင်းကြီး၊ နို့စို့အရွယ် ရင်သွေးငယ်ကို ဆိုခြင်းဖြစ်ပါသည်။ နို့စို့အရွယ် ရင်သွေးငယ်သည် မိခင်က ရင်ခွင်ပိုက်၍ ချော့မြှူသောအခါ မြူးရွှင်လျက် လက်၊ ခြေတို့ဖြင့် မိခင်ကို ပုတ်ခတ် ကန်ကျောက်သည်။ ဆံပင်ကို ဆွဲသည်။ လက်သီးဆုပ်ကလေးဖြင့် မိခင်၏ မျက်နှာကို ထုသည်။ ယင်းသို့ ပုတ်ခတ်သည့် အတွက် မိခင်တို့က ချစ်မဝနိုင်အောင် ဖြစ်နေရပါသည်"

"သုခမိန်၊ ဒုတိယပြဿနာမှာ နှုတ်ကဆဲရေး၏။ သို့ရာတွင် သူမလာမည်ကိုလည်း စိုးရိမ်သည်။ သူ့ကိုပင် ချစ်နေရသည်။ သူကား မည်သူနည်း"
"အရှင်မင်းကြီး၊ ဤပြဿနာမျာ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ရှိသော သားကလေးကို ဆိုခြင်းဖြစ်ပါသည်။ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ရှိသော သားသည် မိခင်ဖြစ်သူက လယ်တောသို့ ဖြစ်စေ၊ ဈေးဆိုင်သို့ ဖြစ်စေ အသွားခိုင်းလျှင် မုန့်ပေးမှ သွားမည်ဟု ပြောပါသည်။ မုန့်ပေးလိုက်သောအခါ ခိုင်းရာသို့ မသွား၊ တော်ရာတွင် အခြားကလေးများနှင့် ကစားနေပြီး နောက်မှ ပြန်လာပါသည်။ မိခင်က ထပ်၍ သွားခိုင်းသောအခါ ပြောင်ပြပြီး ထွက်ပြေးပါသည်။ ထိုအခါ မိခင်က မြည်တွန် ဆဲရေးပြီး တုတ်ကိုင်၍ လိုက်ပါသည်။ ယင်းသို့ နှုတ်က ဆဲရေးသော်လည်း စိတ်ထဲက မပါပါ။ နေဝင်၍ အိမ်ပြန်မလာလျှင် 'ငါ့သားသည် ငါဆဲရေး ခြိမ်းခြောက်သောကြောင့် အိမ်မှ ထွက်ပြေးရှာသည်။ ယခု အချိန်တန်သော်လည်း ပြန်မရောက်လာသေး။ အဘယ်အရပ်၌ ရှိနေပါသနည်း' ဟု စိုးရိမ်ပူပန်စွာ လှည့်လည် ရှာဖွေပါသည်။ နောက်ဆုံး ဆွေမျိုးအိမ်တွင် သားငယ်ကို တွေ့မြင်သောအခါ မျက်ရည်ကျလျက် သားငယ်၏ နဖူးဆံစတို့ကို နမ်းရှုပ်ပါသည်။ "ချစ်သား၊ မိခင် ဆဲရေးသည်ကို စိတ်ဆိုးသလော" ဟု ဆိုကာ ချော့မော့၍ အိမ်သို့ခေါ်ဆောင်သွားပါသည်"

"သုခမိန်၊ တတိယပြဿနာမှာ မဟုတ်မမှန် စွပ်စွဲပြောဆို၏။ မခံချင်အောင် မဟုတ်မမှန် ပြောတတ်၏။ ယင်းသို့ ပြောသည့်အတွက်ပင် သူ့ကို ချစ်နေရသည်။ သူကားမည်သူနည်း"
"အရှင်မင်းကြီး၊ ဤပြဿနာကား ညားခါစ ဇနီးမောင်နှံကို ဆိုခြင်းဖြစ်ပါသည်။ ညားခါစ ဇနီးမောင်နှံတို့သည် သင်သည် ငါ့အပေါ်၌ ချစ်စိတ် မရှိ၊ အခြားသူတစ်ယောက်အပေါ်၌သာ ချစ်စိတ်ရောက်နေသည် စသည်ဖြင့် မဟုတ်မမှန် စွပ်စွဲကာ မခံချင်အောင် ပြောဆိုတတ်ကြသည်။ ဤသို့ ပြောဆိုလျက်နှင့်ပင် အချင်းချင်း အလွန်ချစ်နေကြရပါသည်"

"သုခမိန်၊ စတုတ္ထပြဿနာမျာ ထမင်း၊ အဖျော်၊ အဝတ်အစား၊ အိပ်ရာနေရာ စသည်တို့ကို ယူဆောင်၏။ ယင်းသို့ ယူဆောင်သွားသည့်အတွက်ပင် သူ့ကို ချစ်ခင်မြတ်နိုး လေးစားနေရသည်။ သူကားမည်သူနည်း"
"အရှင်မင်းကြီး၊ ဤပြဿနာကား အကျင့်သီလရှိသော ရဟန်း ပုဏ္ဏားတို့ကို ဆိုခြင်းဖြစ်ပါသည်။ သဒ္ဓါတရားရှိသော သူတို့သည် ရဟန်း ပုဏ္ဏားတို့ကို မိမိတို့အား ဆွမ်းဘောဇဉ် စသည်ကို အလှူခံလျှင်လည်း ဝမ်းသာကြသည်။ ပေးလှူကြသည်။ အကယ်၍ အလှူမခံဘဲ မိမိဘာသာ လှူသော ပစ္စည်းတို့ကို ထိုရဟန်း ပုဏ္ဏားတို့က သုံးဆောင်လျှင်လည်း ဝမ်းသာကြပါသည်"

ဤသို့လျှင် ထီးချက်စောင့် နတ်သမီးမေးသော ပြဿနာတစ်ချက်စီကို မင်းကြီးက ပြန်မေးသည်။ မဟောသဓာသုခမိန်ကလည်း တစ်ချက်စီကို သေချာစွာ ရှင်းလင်းဖြေကြားသည်။ ပြဿနာတစ်ချက် ဖြေပြီးတိုင်း ထီးချက်စောင့်နတ်သမီးသည် ကိုယ်တစ်ပိုင်းပြလျက် မဟောသဓာအား ကောင်းချီးပေးသည်။ နတ်ပန်းနံ့သာတို့ဖြင့် ပူဇော်သည်။ နောက်ဆုံးဖြစ်သည့် စတုတ္ထပြဿနာကို ဖြေပြီးသောအခါ၌ကား ထီးချက်စောင့်နတ်သမီးသည် မဟောသဓာကို ကောင်းချီးလည်းပေးသည်။ ရတနာ ခုနှစ်ပါးကိုလည်း ရတနာကလပ်ဖြင့် ထည့်၍ ပူဇော်လေသည်။

မင်းကြီးသည်လည်း မဟောသဓာသုခမိန်အား ရှေးကထက်တိုး၍ ပူဇော်သည်။ စစ်သူကြီးအရာကိုလည်း ပေးလိုက်လေသည်။

(မဟောသဓာအပိုင်း- ၂၂ "သုခမိန်ငါးဦး ပြဿနာ" ဆက်တင်ပါမည်)

☺ပြီးပါပြီရှင်...။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP