* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, October 22, 2010

တရားဦး


ပဉ္စ၀ဂ္ဂီငါးဦး (ရဟန်းငါးပါးအစု) နဲ့
ဘုရားအလောင်း တရားအတူကျင့်ခဲ့ဘူးပါတယ်။
ဘုရားအလောင်းနဲ့ ဒီပဉ္စ၀ဂ္ဂီငါးဦး တောထဲမှာ
တရားအတူကျင့်စဉ် သဘောထားကွဲလွဲခဲ့တယ်။

ပဉ္စ၀ဂ္ဂီငါးဦးက
ခန္ဓာကိုယ်ကို ညှင်းပမ်းနှိပ်စက်ပြီး
ကျင့်ကြံမှသာ ဘုရားဖြစ်နိုင်တယ်လို့ တရားသေစွဲကိုင် ယုံကြည်တယ်။
ဘုရားအလောင်းကတော့
ခန္ဓာကိုယ်ကို ညှင်းပမ်းနှိပ်စက်တဲ့အကျင့်မျိုးစုံကို
ကျင့်ကြံသင့်သလောက် ကျင့်ကြံပြီးပြီ။
ဒါပေမဲ့ ဘုရားဖြစ်ဖို့အတွက် လမ်းစ မမြင်ဘူး။
ဒါ့ကြောင့် အလျှော့အတင်းလုပ်ကြည့်ဘို့စိတ်ကူးတယ်။

ဒီအတွက် အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ) ကို
ကျင့်မယ်လို့ ဆုံးဖြတ်ချက်ချတယ်။
ဒီလိုလမ်းကြောင်းပြောင်းတဲ့ဘုရားအလောင်းကို
ပဉ္စ၀ဂ္ဂီငါးဦးက အထင်သေးသွားတယ်။
ဘုရားအလောင်းနဲ့သူတို့ သဘောထားအယူအဆတွေ ကွဲလွဲကုန်တယ်။

သဘောထားကွဲလွဲတဲ့သူနဲ့အတူနေနေရရင်လဲ ရေရှည်အဆင်ပြေမယ် မထင်ဘူး။
သဘောထားအယူအဆတွေ ကွဲလွဲကုန်မှတော့
အတူမနေတာ အကောင်းဆုံးပဲ လို့
ဘုရားအလောင်းစဉ်းစားမိဟန်တူပါရဲ့။
ခွဲထွက်ပီး တရားအားထုတ်တယ်။
နောက်ဆုံး ဘုရားဖြစ်သွားတာပဲ။

ဘုရားဖြစ်ပြီး ဘုရားရှင် ပဉ္စ၀ဂ္ဂီရဟန်းတို့ဆီ သွားတော့
သူတို့ရင်ထဲမှာ နဂိုရှိရင်းစွဲ အထင်သေးအမြင်သေးဓာတ်ခံက
ဘုရားအပေါ်မှာ ရှိနေပါသေးတယ်။
ဒါ့ကြောင့် ဘုရားရှင် အဝေးက ကြွလာတာကို မြင်တော့
သူတို့အချင်းချင်း တိုးတိုး တိုးတိုးနဲ့ အထင်သေး အမြင်သေးစကားတွေ
ပြောနေခဲ့ကြသေးတာပဲမဟုတ်လား။
သူတို့အချင်းချင်းပြောတဲ့စကားကို ကြည့်၊

ကိုယ့်လူတို့။
ရဟန်းဂေါတမကို ဘုရားဖြစ်အောင် တကယ်ကျင့်မယ် ထင်ခဲ့တာ။
အထင်နဲ့အမြင်တခြားစီပဲ၊
သူတရားအားထုတ်တာ ဘာအတွက်လဲ။
လာဘ်လာဘ ပေါများဘို့အတွက်ပဲ။
အခု ပြန်လာပြီ ဒို့ဆီကို။
ခရီးဦးကြိုမနေနဲ့ကွာ၊ သူ့ဟာသူ အဆင်ပြေတဲ့နေရာမှာ ကြည့်ထိုင်လိမ့်မယ်တဲ့။

တကယ်တမ်း ဘုရားရှင်သူတို့အနားရောက်လာတော့
ကောင်းကောင်းမွန်မွန် ကြိုဆိုကြပါတယ်။

ဒါပေမဲ့ သူတို့က ဘုရားရှင်ကို
ငါ့ရှင်ဂေါတမ၊ ငါ့ရှင်ဂေါတမ နဲ့ ခေါ်ဝေါ်ပြောဆိုကြတယ်။
သာသနာတော်မှာ ငါ့ရှင် ဆိုတဲ့စကားလုံးကို
ကိုယ်နဲ့ရွယ်တူနဲ့ ကိုယ့်ထက်ငယ်သူတို့အတွက် သုံးတာ။

ဘုရားရှင်က
ဟေး၊ ငါ့ကို ငါ့ရှင်လို့မခေါ်နဲ့။ ငါက ဘုရားဖြစ်နေပြီ လို့ပြောရတယ်။
ပဉ္စ၀ဂ္ဂီငါးဦးတို့ မယုံပါဘူး။
အလွယ်လမ်းလိုက်သွားတဲ့သူ ဘုရားမဖြစ်နိုင်ပါဘူးပေါ့။

ဘုရားရှင်ကလဲ ငါဘုရားဖြစ်နေပြီကွဲ့။
မယုံဘူး။
ဘုရားရှင် သုံးကြိမ်သုံးခါပြောတာတောင် သူတို့မယုံပါဘူး။
မယုံတော့ ဘုရားရှင်က သူတို့ကို ဒီလို ပြောလိုက်တယ်။

ကဲ၊ မေးစမ်းပါရစေ၊
ငါ မင်းတို့ကို ဘုရားမဖြစ်ပါဘဲ ငါဘုရားဖြစ်ပြီလို့
အရင်တုန်းက ဘယ်နှခါများ ပြောခဲ့ဘူးလို့လဲ၊
အခုဟာက ငါတကယ်ဘုရားဖြစ်လို့ ဖြစ်ပြီ ပြောနေတာပါ

ဒီလိုပြောလိုက်တော့မှ လက်ခံသွားတာ။
ဘုရားဖြစ်တာကို လက်ခံတော့
ကဲ၊ ငါတရားဟောမယ်ဆိုပြီး
ဓမ္မစက္ကပ၀တ္တနသုတ်တော်ကို ဟောတော်မူပါတယ်။

ဒီသုတ်ကို မြန်မာတို့က ဓမ္မစကြာတရားတော် လို့ သိကြတယ်။
မြတ်စွာဘုရားရှင်ရဲ့ ပထမဦးဆုံးဟောတဲ့တရားဖြစ်ပါတယ်။
တရားဦးပေါ့။ တရားဦးဖြစ်သည့်အားလျှော်စွာ
ပိဋကတ်စာပေမှာ အင်မတန်အရေးကြီးတဲ့ သုတ်တစ်သုတ်လဲဖြစ်ပါတယ်။
ပိဋကတ်သုံးပုံရဲ့ အနှစ်ချုပ်လို့လဲ ဆိုနိုင်တယ်။
အဆီအနှစ်တွေချည်းပဲ။

ပိဋကတ်သုံးပုံစလုံးမဖတ်ဖူးချင်နေ၊
ဒီသုတ်ကိုတော့ သေချာနားလည်အောင် ဖတ်၊ မှတ်သင့်တယ်။

ဗုဒ္ဓဘာသာဆိုတာ ဘာလဲ၊ ဗုဒ္ဓဘာသာကျင့်စဉ်က ဘာလဲဆိုတာကို
ဒီသုတ်တော်မှာ ရှင်းရှင်းလင်းလင်း တိတိကျကျ ရဲရဲဝံ့ဝံ့ ပြဆိုထားတာ တွေ့ရတယ်။

တချိန်တုန်းက (လူသေလူဖြစ်နဲ့) နာမည်ကြီးခဲ့တဲ့ ဆရာတော်ဦးဥက္ကဋ္ဌကတော့
ဒီဓမ္မစက္ကပ၀တ္တနသုတ်နဲ့ (ဒုတိယမြောက်သုတ်ဖြစ်တဲ့)
အနတ္တလက္ခဏသုတ် နှစ်သုတ်သာ
မြတ်စွာဘုရားရဲ့ တရားတော် စစ်စစ်ဖြစ်ကြောင်း
သူ့ယုံကြည့်ချက်ကို စာအုပ်တစ်အုပ်ထဲမှာ ရေးခဲ့ဘူးတယ်။

ဘုရားရှင် ကဆုန်လပြည့်နေ့မှာ ဘုရားအဖြစ်သို့ရောက်ပြီး
ဒီဓမ္မစကြာတရားကို ၀ါဆိုလပြည့်နေ့မှာဟောပါတယ်။
ဒီသုတ်တော်မှာ အဲ့ဒီအချိန်က အိန္ဒိယနိုင်ငံမှာခေတ်စားနေတဲ့
ရေပန်းစားနေတဲ့ အစွန်းရောက်ဝါဒကျင့်စဉ်နှစ်မျိုးကို
မကျင့်နဲ့လို့ အရင်ဆုံး ဒဲ့ပြောထည့်လိုက်တယ်။

အစွန်းရောက်ဝါဒ နှစ်မျိုးက
(၁) ကာမသုခလ္လိကာနုယောဂ နဲ့
(၂) အတ္တကိလမထာနုယောဂတို့ဖြစ်တယ်။

ကာမသုခလ္လိကာနုယောဂဆိုတာ
အမြဲတမ်း ကာမချမ်းသာကို လိုလားတောင့်တနေတဲ့အကျင့်ကို ပြောတာ။
ဒီအကျင့်ကို ဘုရားရှင်က ယုတ်ညံ့တဲ့အကျင့်၊ ရွာသူရွာသားတို့အကျင့်၊
ပုထုဇဉ်တို့အကျင့်၊ မြင့်မြတ်သူတို့ ရှောင်ကြဉ်သောအကျင့်၊
အကျိုးအမြတ်မရသောအကျင့်လို့ ပြောပြပါတယ်။

The Buddha described this extreme as
base, vulgar, worldly, ignoble and profitless.

အတ္တကိလမထာနုယောကဆိုတာ
(ကိလေသာနည်းလို့နည်းငြားကျင့်နေတဲ့၊ စိတ်ပူပန်မှု လျော့လို့လျော့ငြားကျင့်နေတဲ့)
အမြဲတမ်း ကိုယ့်ကိုယ်ကို ညှင်းပမ်းနှိပ်စက်နေတဲ့အကျင့်ကို ပြောတာ။
ဒီအကျင့်ကို ဘုရားရှင်က ဆင်းရဲခြင်းကိုဖြစ်စေတတ်တဲ့အကျင့်၊
မြင့်မြတ်သူတို့ ရှောင်ကြဉ်သောအကျင့်၊
အကျိုးအမြတ်မထွက်သောအကျင့်လို့ ပြောပြပါတယ်။

The Buddha remarks that it is painful, ignoble and profitless.

နံပါတ် (၁) အကျင့်က ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကို နှောင့်နှေးစေပြီး
နံပါတ် (၂) အကျင့်က အသိဥာဏ်စွမ်းရည်ကို
အားနည်းစေပါတယ်။ ယုတ်လျော့စေပါတယ်။

The formar retards one’s spiritual prograss,
the latter weakens one’s intellect.

ဒီအကျင့်နှစ်မျိုးကို အကြောင်းအကျိုး နားဝင်အောင် ပြောပြပြီး
ကျင့်ရမဲ့ အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ) တရားတော်ကို ဆက်ဟောပြပါတယ်။
မဇ္ဈိမပဋိပဒါ ဆိုတာ ဘုရားရှင်ကိုယ်တော်တိုင် ကျင့်ခဲ့တဲ့အကျင့်၊ ပညာမျက်စိ၊
ဥာဏ်မျက်စိတို့ကို ရအောင် ဆောင်နှင်းပေးတတ်တဲ့အကျင့်ဖြစ်တယ်။

ဒါ့အပြင် မဇ္ဈိမပဋိပဒါလမ်းစဉ်ကို ကျင့်ရခြင်းရည်ရွယ်ချက်က
သစ္စာလေးပါးကို သိဘို့နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုဘို့ဖြစ်တယ်။
ဒါ့ကြောင့် သစ္စာလေးပါးကို တကယ်သိလိုသူ၊ နိဗ္ဗာန်ကို ရလိုသူ၊
မျက်မှောက်ပြုလိုသူ မည်သူမဆို မဇ္ဈိမပဋိပဒါကျင့်စဉ်ကို ကျင့်ရမှာ ဖြစ်တယ်။

မဇ္ဈိမပဋိပဒါကျင့်စဉ်မှာ အချက် (၈) ချက်ရှိတယ်။

Read more...

နယူးဂျာစီကျောင်း တည်ဆောက်ရေးလုပ်ငန်းများ (၂၁-အောက်တိုဘာ-၂၀၁၀)

နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့၊ မဟာစည်သတိပဋ္ဌာန်ရိပ်သာတွင် မြို့နယ်လမ်းနှင့် ရိပ်သာလမ်းတို့ ဆက်သွယ်ခြင်း၊ လမ်းဘေးတွင် မြေများ ပြန်ဖို့ပြီး မြက်များ ပြန်စိုက်ပေးခြင်း စသည်တို့ကို ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့၌ ဆက်လက် ဆောင်ရွက်နေကြစဉ်။







0 comments

Read more...

Abbhidhammar Day (အဘိဓမ္မာ အခါတော်နေ့ ဖိတ်ကြားလွှာ)

Posted on 20 October 2010 by Dhammaloka

All Dhamma families are invited to attend Abhidhammar Day celebration, on October 23, 2010, Saturday 8 pm.

အဘိဓမ္မာ အခါတော်နေ့ အခမ်းအနားသို့  ကြွရောက်ရန် ဖိတ်ကြားခြင်း

ဖတ်ရန် (to read invitation)

Read more...

*စိတ်လျှော့အပန်းဖြေခြင်း၊ နစ်နေသော စိတ်*


ခန္ဓာကိုယ် တစ်နေရာရာမှာ နာကျင်မှု ရှိနေလျှင် တုံ့ပြန်မှုအဖြစ် တစ်နေရာရာမှာ တင်းမာမှု ဖြစ်ပေါ်လာတတ်သည့် သဘောရှိ၏။ အခါအားလျော်စွာ (အချိန်ကို ပိုင်းခြား၍) ခန္ဓာကိုယ် တစ်ခုလုံးကို အပိုင်းလိုက် အပိုင်းလိုက် အကြောလျှော့၍ အပန်းပြေအောင် လေ့ကျင့်သင့်သည်။ ခန္ဓာကိုယ်ပေါ်တွင် အလိုမကျသော၊ မနှစ်မြို့ခဲ့သော အာရုံ အထိအတွေ့များကို တုံ့ပြန်သောအားဖြင့် တင်းမာမှုများ စုခဲနေတတ်သည်။ ထိုစုဆောင်းထားသော (စုခဲနေသော) တင်းမာမှုများကို စိတ်လျှော့ အကြောလျှော့သော နည်းဖြင့် ပျောက်သွားအောင် လုပ်သင့်သည်။ ထိုသို့လုပ်ပြီးနောက် တရားပြန်ထိုင်ပြီး ဖြစ်ပျက်အစဉ်ကို ရှုမှတ်လျှင် ပို၍ လွယ်ကူပါသည်။

တစ်နာရီလုံးလုံး မိမိ၏ ထိုင်နေသောပုံစံကို လုံးဝ အပြောင်းအလဲ မပြုဘဲ ထိုင်မည်ဟု ကြံစည်လျှင် အဓိဋ္ဌာန်တင်ပြီး ထိုင်ပါ။ ဤအဓိဋ္ဌာန် ပြုမှုသည် နည်းလမ်းများစွာဖြင့် စိတ်၏ အင်အားများကို တိုးတက် ဖြစ်ပေါ်စေပါသည်။ ၀ီရိယနှင့် သမ္မပဓာန်လုံ့လ အလွန် အားကောင်းလာရကား ခန္ဓာကိုယ်မှာလည်း အလွန်ငြိမ်သက်မှု လေးနက်အားကောင်းလျက် ရှိသည့်အတွက် စိတ်တည်ငြိမ်မှု သမာဓိနှင့် သတိပဋ္ဌာန်တရားလည်း အားသန်လာပေ တော့၏။

အများအားဖြင့် ခန္ဓာကိုယ်သည် သက်တောင့်သက်သာ မရှိမှု၊ မနှစ်မြို့ဖွယ် ဝေဒနာ အနည်းငယ် ခံစားရလျှင် အနည်းငယ် အနေအထိုင် ပုံစံပြောင်းပြီး (ဣရိယာပုတ်ကို ပြင်ပြီး) သက်သာအောင် နေလေ့ရှိ၏။ ထိုကဲ့သို့ သက်တောင့်သက်သာ မရှိလျှင် ဣရိယာပုတ်ကို ပြင်ပြီး နေလေ့ရှိသော အဖြစ်ကို အမှတ်မထင် မသိမသာ ပြုလျက်သာ နေခဲ့ကြ၏။ အထိုင်အနေ မသက်မသာ အနည်းငယ် ဖြစ်လာသည်နှင့် အမှတ်တမဲ့ အနေအထိုင်ကို ပြင်လိုက်ကြ၏။ တစ်နာရီလုံးလုံး အနေအထိုင် (ဣရိယာပုတ်) မပြောင်းဘူးဟု အဓိဋ္ဌာန် ပြုလိုက်သောအခါ ကျွန်ုပ်တို့သည် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာသော မနှစ်သက်ဖွယ် ဝေဒနာများကို လိုက်၍ တုံ့ပြန်ကာ ဣရိယာပုတ်ကို ပြုပြင်နေခဲ့ခြင်း သဘောကို အမှတ်မဲ့ အမှုမဲ့နေ၍ မရတော့ချေ။ ထို့ကြောင့် အဓိဋ္ဌာန်ကို နာရီတိုးပြီး ထိုင်နိုင်သည်။ တစ်နာရီ အဓိဋ္ဌာန်ကို ခက်ခက်ခဲခဲ မထိုင်ရတော့ဘူး၊ ထိုင်ရတာ သက်တောင့်သက်သာ ရှိသွားပြီ၊ အနေအထိုင် ကျသွားပြီဆိုလျှင် နောက်ပိုင်း၌ တရားထိုင်သော အချိန်တိုင်းမှာ အဓိဋ္ဌာန်ဖြင့် ထိုင်နိုင်သွားပါတော့သည်။

သမာဓိ တိုးပွားလာသည်နှင့် အမျှ စိတ်သည် တစ်ခါတစ်ရံဝယ် နှစ်သက်ဖွယ် အိပ်မက် မက်နေသလိုလို အခြေအနေတစ်ခုသို့ ဆိုက်ရောက်သွားတတ် ပါသည်။ ထိုသို့ ဖြစ်ခြင်းကို စိတ်နစ်ခြင်း (နစ်မျောသောစိတ် sinking mind) ဟု ခေါ်ပါသည်။ ထိုအဆင့်သို့ ရောက်ပြီဆိုလျှင် သင်သည် အချိန်ကြာမြင့်စွာ တရားထိုင်နိုင်ပြီ။ သတိကိုတော့ လက်လွတ်မသွား ပါစေနှင့်။ အစဉ် နိုးကြားသောစိတ် ရှိနေပါစေ။ ဆိုခဲ့သည့်အတိုင်း အိပ်မက် မက်နေသလို ခံစားရသော စိတ်အခြေအနေသို့ ရောက်သွားသောအခါ သတိကို ပိုပြီး ထက်မြက်နေအောင် အားထုတ်ပါ။ ထိုအခါ ဖြစ်ပျက်နေသမျှ ကိစ္စ အ၀၀ကို ကောင်းစွာ ရှင်းရှင်းလင်းလင်း သိရှိနေပါလိမ့်မည်။ ထိုနည်းဖြင့် ဉာဏ်သည် တိုးတက် ဖြစ်ပေါ်လာပါသည်။ စိတ်ထဲမှာ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသော အတွေးစဉ်ကို လည်းကောင်း၊ အာရုံများကို လည်းကောင်း၊ ၀င်လိုက်ထွက်လိုက် ဖြစ်နေသော ၀င်သက် ထွက်သက် လေကိုလည်းကောင်း၊ စိတ်အခြေအနေ အားလုံးကိုလည်းကောင်း ထိတွေ့ခံစား သိမြင်နေရပါသည်။ သို့သော် စိတ်ကို လုံးလုံးလွတ်သွားသော ဈာဉ်၌ တည်နေအောင် လွှတ်မထားပါနှင့်။ တရားအထိုင် သိပ်ကြာလာလျှင် စိတ်နစ်မှု (ဈာဉ်) မကြာမကြာ ဖြစ်တတ်သည်။ သတိ မလစ်ပါစေနှင့်။ သတိကို မြဲနေပါစေ။ သတိပဋ္ဌာန်သည် ဉာဏ်ပညာ ဖြစ်မှု၏ အခြေခံ ဖြစ်ပါသည်။ သတိကို မြဲစေလျက် ရှင်းလင်းပြတ်သားသော နေခြင်းဖြင့် နေပါ။

-----------------------------------------------

ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ဝိပဿနာ မှ..

-----------------------------------------------

စိတ်လျှော့ အပန်းဖြေမှုနှင့် ဆက်နွယ်သော ဆရာတော် ဦးဇောတိက၏ တရားတစ်ပုဒ်နှင့် ဈာဉ်နှင့် ပတ်သတ်သော ဆရာတော် အရှင်ဇေယျပဏ္ဍိတ (ပိုင်းလော့ ဆရာတော်ဘုရား) ၏ တရားတစ်ပုဒ် တို့ကိုလည်း ပူးတွဲ နာယူ ကြည်ညိုနိုင်ရန် တင်ပေးလိုက်ပါတယ် ခင်ဗျာ..။

၁။ ငြိမ်းချမ်းရေးတရား - ဆရာတော် ဦးဇောတိက (mediafire မှာ ဒေါင်းလို့မရရင် ifile.it မှာ ဒေါင်းပါ။)

http://www.mediafire.com/?6z301yhn2y6ghpk

http://ifile.it/r49lctm



၂။ ဈာဉ်ကို အရှုခံထား၍ ရှုမှတ်ပုံ - ပိုင်းလော့ ဆရာတော်ဘုရား

http://www.mediafire.com/?jd530vkssvl1sux

http://ifile.it/o64v9xg



လေးစားစွာဖြင့်
ဖိုးသား

10/21/2010, THUR:, 8:00:36 PM
Tags: ,

Read more...

ယနေ့ စင်္ကာပူ ဇယမင်္ဂလာမိုးကုတ်ရိပ်သာတွင်နေ့ဆွမ်းလှူဒါန်းနေကြစဉ်

Read more...

အောက်တိုဘာလ ၂၂ရက်နေ့ တရားအစီအစဉ်များ။

မန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၂၄း၀၀ နာရီ အထိ...
သီတဂူဆရာတော် အရှင်ဥာဏိဿရ ဟောကြားတော်မူသော
၁။ ဒါနဉ္စ
၂။ ဓမ္မစရိယာ
၃။ ဉာတကာနဉ္စသင်္ဂဟော
၎။ အန၀ဇ္ဇာနိကမ္မာနိ
၅။ အာရတီဝိရတီပါပါ
၆။ မဇ္ဇပါနာစသံယမော
၇။ အပ္ပမာဒေါစဓမ္မေသု
၈။ ကတညုတာမင်္ဂလာ
၉။ ကာလေနဓမ္မသ၀နာ
၁၀။ သောဝစဿတာမင်္ဂလာ
၁၁။ သမဏာနဉ္စဒဿနံ
၁၂။ ကာလေနဓမ္မသာကစ္ဆာ တရားတော်များကို

လွှင့်ကြားပေးသွားပါမည်။

စစ်မှန်သော တရားများကို နာကြားအားထုတ်ကြခြင်းဖြင့် သတ္တ၀ါ အားလုံးတို့သည်
အလုံးစုံသော တရားထူး တရားမြတ်များကို
လျင်မြန်စွာ ရရှိနိုင်ကြပါစေ။

Read more...

တစ်ကိုယ်တော် မဟာပဋ္ဌာန်းပွဲ




တစ်ကိုယ်တော် မဟာပဋ္ဌာန်းပွဲ

သာသနာနှစ် ၂၅၅၄ ခုနှစ်
မြန်မာနှစ် ၁၃၇၂ခုနှစ်
ဒုတိယ၀ါဆိုလပြည့်ကျော် ( ၂ ) ရက် နေ့ မှသည်
သီတင်းကျွတ်လဆန်း ( ၁၃ )ရက်နေ့ အထိ

28July - 21October 2010


ရေးထားတဲ့ ဒိုင်ယာယီ စာအုပ်ကို ပြန်ကြည့်လိုက်တော့-
ယနေ့  ပဋ္ဌာန်းစရွတ်ပါသည်။ (ဂျူလိုင် ၂၈ ဒိုင်ယာယီစာအုပ်)။
ဝါတွင်းကာလမှာ ပဋ္ဌာန်းအကျယ် ငါးအုပ်ကို ပြီးအောင်
ရွတ်ဖတ်ပူဇော်မည် မှန်းထားပါသည်။
လူ အပေါင်း နတ်အပေါင်း တို့ အားလည်း အမျှပေးဝေပါ၏။
အနှောက်ယှက်ကင်းစွာ ၇ွတ်ဖတ်ပြီးမြောက်ရပါလို၏။

ဒါကတော့ မှတ်တမ်းစာအုပ်ထဲက ၀ါတွင်းကာလ
လုပ်ဆောင်ချက်များစွာထဲက တစ်ခု လုပ်ဆောင်
မယ် ရည်မှန်းထားတဲ့ အလုပ်တစ်ခုပါ။
လုပ်ဆောင်တာတွေကများပါ့။

ဘာကြောင့်ရွတ်ဖတ်တာလဲ ။ ကိုယ့်ကိုယ်မေးကြည့်တော့လည်း ရွတ်ဖတ်ချင်တဲ့ စိတ်ပေါက်လို့  ရွတ်ဖတ်ပူဇော်တာပါ။ မှတ်တမ်း ကိုကြည့်ကလည်း ရည်ရွယ်ချက်မပါ။ အနှောက်ယှက်ကင်းစွာ ၇ွတ်ဖတ်ပြီးမြောက်ရပါလို၏။ ဒီလောက်ပဲ။

သိနေတာ တစ်ခုကတော့ ရွတ်ဖတ်တာ အရသာရှိတာ တစ်ခုပဲ။
ပြန်သုံးသပ်ကြည့်တော့လည်း အချိန်ရတုံး၊ အခွင့်ရတုံးလေး
ပဋ္ဌာန်း
ဆိုတာ ပူဇော်ခွင့်ရတာ ဆိုတာပဲ။

ပြီးတော့-
တိပိဋကတွေကို
အလွတ်တောင် ကျက်ကြသေးတာပဲ၊
ကိုယ်က ကြည့်ရွတ်ဖတ်ရတာပဲဟာ၊

ဒီလောက်တော့ ပူဇော်ရရင် လေ့လာရရင် ကောင်းမှာပဲ လို့ 
စိတ်ကူးတာကလည်း တစ်ကြောင်းပေါ့။

အများက သိနေတာကလည်း အန္တရာယ် ကင်းတယ်။
လာဘ်ပွင့်တယ်။ စီးပွါးရေးသမားဆိုလည်း
စီးပွါးရေးကောင်းတယ်။ လှချင်ပချင်သူဆိုလည်း
ပဋ္ဌာန်းရွတ်ဖတ်ရတာ စိတ်ကြည်လို့  လှပါသတဲ့။
ချစ်သူခင်သူလည်း ပေါပါသတဲ့။ အကျဉ်းချုပ်
လူတိုင်း နားလည်တာကတော့ ကောင်းတာဖြစ်ပြီး၊
မကောင်းတာမဖြစ်ဘူး ဆိုတာပါပဲ။

ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ သုံးလ ပြည့်လုကာနီးပါး ၀ါတွင်းကာလ မဟာပဋ္ဌာန်း ပူဇော်ပွဲကို တစ်ကိုယ်တော်ပဲ ဒီဘ၀မှာ ပထမဆုံး အကြိမ် ရွတ်ဖတ်ခြင်းဖြစ်ပါတယ်။ (အရင် ဘ၀ကတော့ မပြောတတ်ဘူး၊ ထားတော့ )။

ဒီလို ရွတ်ဖတ်တဲ့အခါမှာ အချိန်ကို ဘယ်အချိန်ရွတ်မယ်လို့ သတ်မှတ်လို့ 
မရဘူး။ တစ်နေ့  တစ်နာရီတော့ အနည်းဆုံး ထားရွတ်မယ် မှန်းပြီး
ရွတ်ခဲ့ပါတယ်။ မရတာက အလုပ်က မထင်မှတ်ဘဲ ရှိလာတာကြောင့်ပါပဲ။

ဝါတွင်းကာလ နှစ်ခါ နယ်ဝေးကိုလည်း ခရီးထွက်ရတယ်။ အလှူပင့်လို့  ၊
တရားပွဲမို့  နဲ့  အကြောင်းအမျိုးမျိုးကြောင့် သွားရတယ်။ အဲဒီလို
အခါမျိုးမှာ ပဋ္ဌာန်းရွတ်ဖတ်တာကို နားထားရပါတယ်။

သို့ သော် ခရီးပြန်လာရင်တော့ အကျွေးဆပ်သည့်အနေ
အစားသောက် ကောင်းကောင်း ဘုဉ်းပြီး ၊
အားရှိသည့် နေ့ ဆိုရင်တော့ ၂ နာရီထိ ဆက်တိုက်
ရွတ်ဖတ်ဖြစ်ပါတယ်။

တစ်ခါတစ်လေကျတော့ ခရီးမသွားခင် အကျွေး မတင်အောင် ကြိုတင်ပြီး ၃နာရီထိ ထန်းညက်နဲ့  ရေသန့် ဗူး ရှေ့ မှာချကာ တစ်ကြိမ်ပြီးလိုက် ရေလည်းသောက်၊ ထန်းလျက်လေးခဲကာ ရွတ်ခဲ့တာ ဟာလည်း အမှတ်တရ နေ့ ရှိပါတယ်။

ဒီလိုနဲ့  ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒ ၊ အနှောက်ယှက်ကင်းစွာ
ပြီးမြောက်ရပါလို၏ ဆိုတာလည်း ပြီးမြောက်
လို့ သွားပြီ။ အောင်မြင်သွားတယ်ပေါ့။

ဤကဲ့သို့ ရွတ်ဖတ်ရာမှာ ပဋ္ဌာန်းစာအုပ်များ မရှိတာကြောင့် ကွန်ပျူတာကို အသုံးပြုကာ ဆရာကြီး ဂိုအင်ဂါ နှင့် တပည့်များ ဖန်တီးထားတဲ့ ဆဋ္ဌသင်္ဂါယနာ စီဒီကို အသုံးပြုကာ ရွတ်ဖတ်ရပါတယ်။ ဆရာကြီးနှင့်တကွ အားလုံးသော ဖန်တီးပြုလုပ်ထားတဲ့သူများကို ကျေးဇူးတင်ပါ၏

ဒီလို လရှည် ရက်ရှည် တစ်ကိုယ်တော် ရွတ်ဖတ်ပူဇော်လိုက်ရတဲ့ ကုသိုလ်ကောင်းမှု အဖို့ ဘာဂ အ၀၀ကို မိမိနှင့်အတူ ကျေးဇူးကြီးမား မိဘ ဆရာသမား ဘိုးဘွား ၊ မိဘပမာ အထူးတလည် ပြုစုထောက်ပံ့ကြသော ရဟန်း ဒကာ ဒကာမ နှင့် ပစ္စည်းလေးပါးကို ထောက်ပံ့သည့် ဒကာ ဒကာမများ ၊ ဆွေမျိုးများ၊ မိတ်ဆွေအပေါင်းသင်းများ၊ ဘလော့စာဖတ်ပရိသတ်များ ၊ ချစ်သူခင်သူ ၊ မုန်းသူများပါမကျန် အားလုံးတို့ အား အမျှပေးဝေပါ၏။

အရပ်လေးမျက်နှာ စောင့်ရှောက်ကြကုန်သော ဓတရဋ္ဌ ၊ ၀ိရူဠက ၊ ၀ိရူပက္ခ ၊ ကုဝေရ နတ်မင်းကြီးလေး ပါး။ ဘူတာ ၊ ဒေ၀ါ ၊ နာဂါ ၊ ယက္ခ များ။ ငရဲမင်း လူမင်း နတ်မင်း သိကြာမင်း နှင့်တကွ သုံးဆယ့် တစ်ဘုံ ကျင်လည်ကြကုန်သော နာနာဘာဝ ၀ိနာဘာဝ ရှိရှိသမျှ သတ္တ၀ါအပေါင်းတို့ အားလည်း အမျှဝေပါ၏ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ကြပါစေကုန်သတည်း။

ကုသိုလ် အမျှ အမျှ အမျှ
ယူတော်မူကြပါကုန်လော...( သုံးကြိမ် )


မှတ်ချက်။ ။ ကုသိုလ်မှတ်တမ်း နှင့် အမျှဝေခြင်းသက်သက်ပါ။

မြတ်ရောင်နီ

( ၂၁ ၊ ၁၀ ၊ ၂၀၁၀ )

Read more...

လူထဲက သမိုင်း၊ သမိုင်းထဲက လူ


(၁)

“လူက သမိုင်းကို ဖန်တီးတာလား၊ သမိုင်းက လူကို ဖန်တီးတာလား”

(၂)

ဖြစ်တည်မှုပဓာန၀ါဒီ ယန်းပေါဆတ်က “ဖြစ်တည်မှုသည် အနှစ်သာရထက် ရှေ့ကျတယ်”ဆိုတဲ့ စကားနဲ့ ပြင်သစ်ပြည်သူတွေကို လှုပ်နှိုးလိုက်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ “လူဆိုတာ ထာဝရဖန်ဆင်းရှင်တစ်ဦးဦးက ဖန်ဆင်းထားပြီး အရာရာကို သူကပဲ ကြိုတင် စီမံကိန်း ချထားပြီးသားဖြစ်တယ်”လို့ ယူဆနေတဲ့ ပြဋ္ဌာန်းခံဝါဒီများကို တုန်လှုပ်သွားစေခဲ့တယ်။ “ဖြစ်တည်မှု”ဆိုတာ လူသားတွေ၊ တိရစ္ဆာန်သတ္တ၀ါတွေနဲ့ အရာဝတ္ထုများရဲ့ ပကတိတည်ရှိမှုပဲ ဖြစ်တယ်။ အဓိကဆိုလိုရင်းကတော့ ဒီနေရာမှာ လူသားပဲ ဖြစ်တယ်။ အနှစ်သာရဆိုတာကတော့ အဲဒီဖြစ်တည်မှုတွေကနေ သတိ၊ ၀ီရိယ၊ ဉာဏ်ပညာတွေနဲ့ ထုတ်လွှတ်ပေးလိုက်တဲ့ အရာပဲ ဖြစ်တယ်။ အများစုက လောကထဲမှာ ဖြစ်လာတဲ့အရာရာတိုင်းဟာ သူ့ဟာသူပဲ ဖြစ်နေတယ် သို့မဟုတ် တန်ခိုးရှင်တစ်ဦးဦး စီမံတဲ့အတိုင်း ဖြစ်နေတယ်လို့ ဆိုတယ်။

ယန်းပေါဆတ်ကတော့ လူဆိုတဲ့ ဖြစ်တည်မှု ရှိလာပြီဆိုရင် အနှစ်သာရလို့ဆိုတဲ့ အောင်မြင်ခြင်း၊ ကျရှုံးခြင်းစတဲ့ အနှစ်သာရအဖြစ်အပျက်တွေ အားလုံးကို မိမိတို့ စိတ်တိုင်းကျ ပြုပြင်ဖန်တီးယူလို့ ရနိုင်တယ်လို့ ဆိုတယ်။
အဲဒီအခါက ပြင်သစ်လူငယ်တွေဟာ နာဇီတွေ ပြုသမျှ နုနေရတယ်။ ဒါကို ဘယ်လိုမှ တွန်းလှန်လို့ မရဘူးဆိုပြီး လက်မှိုင်ချနေကြတဲ့အခါ ဖြစ်နေတယ်။ သူ့စကားကြောင့် ဘယ်သူမဆို ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးနိုင်တယ်လို့ လက်ခံပြီး အားတက်သွားခဲ့ကြတယ်။ ဒီတော့ ပြောချင်တာက ဘယ်အရာပဲဖြစ်ဖြစ် အရာအားလုံးဟာ လူက ဖန်တီးလို့ ဖြစ်လာတာ။ လူသည် ပထမ၊ အဖြစ်အပျက်သည် ဒုတိယ။ လူသည် ဖန်ဆင်းရှင်၊ အရာအားလုံးသည် ဖန်ဆင်းခံ။ ဒီတော့ သမိုင်းဆိုတာ လူသားတွေရဲ့ ကံ၊ ဉာဏ်၊ ၀ီရိယများထဲက ထွက်ကျလာတဲ့ ပုံရိပ်တစ်ခုသာ ဖြစ်ပါတယ်။

(၃)

တစ်နေ့က သီရိလင်္ကာသားတစ်ယောက်နဲ့ သူငယ်ချင်းတွေ စကားပြောနေကြတယ်။ သူငယ်ချင်းတွေ အားလုံးက မြန်မာနိုင်ငံအကြောင်း ပြောနေကြတယ်။ လက်ရှိအခြေအနေတွေအပေါ် စိတ်ပျက်မိကြောင်း၊ မတရားဖိနှိပ်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ၊ …..တွေ၊ …. များစွာ ဖြစ်နေကြောင်း ပြောဖြစ်နေကြတယ်။ အခုလည်း မြန်မာနိုင်ငံက ပညာရှင်ဆိုတဲ့ သူတွေကပါ ဆိုးဝါးတဲ့အာဏာရှင်များဘက် ရပ်တည်နေကြကြောင်း၊ အများပြည်သူကောင်းစားရေးအတွက် ကိုယ့်အသက်နဲ့ မိသားစုဆင်းရဲပင်ပန်းမှုတွေကို စတေးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ ထောင်ထဲမှာ ဘာအပြစ်မှ မရှိဘဲ နှစ်ပေါင်းများစွာ အကျဉ်းချခံနေရကြောင်းများကိုလည်း စိတ်ပါလက်ပါ ပြောနေကြတယ်။ အဲဒီလို ပြောနေစဉ်မှာ သီရိလင်္ကာသားက “မင်းတို့ နိုင်ငံမှာ လူဦးရေ ဘယ်လောက်ရှိလဲ”လို့ မေးတယ်။ “သန်း ၅၀-ကျော်၊ ၆၀-နီးပါး”လို့ဆိုတော့ “စစ်သားကရော ဘယ်လောက်ရှိလဲ”လို့ မေးတယ်။ “၅-သန်းခန့် ရှိမယ်ထင်တယ်”လို့ ဖြေလိုက်တော့ “ဟာ …. ဒါဆို မင်းတို့ ညံ့တာပေါ့”လို့ ပြောလိုက်တယ်။

(၄)

လောကီအောင်မြင်မှုပဲဖြစ်ဖြစ်၊ လောကုတ္တရာအောင်မြင်မှုပဲဖြစ်ဖြစ် ပြင်းပြတဲ့ ယုံကြည်မှုနဲ့ ဇွဲလုံ့လ ရှိမှ ဖြစ်ပါတယ်။ ပြင်းပြတဲ့ ယုံကြည်မှုဆိုတာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ်ယုံကြည်တဲ့ လမ်းစဉ်ကို ဖောက်လွှဲဖောက်ပြန် မလုပ်တာကို ဆိုလိုပါတယ်။
မြန်မာလူမျိုးတွေမှာ ဒီလို ယုံကြည်ချက်မျိုး ခိုင်ခိုင်မာမာ ရှိသူတွေက နည်းလွန်းတယ်။ အခြေအနေနဲ့အချိန်အခါအပေါ်မှာ အလိုက်သင့် စီးမျောရင်း အတ္တတွေကို ရှေ့တန်းတင်သွားကြတာများတယ်။ အများအကျိုး ပရဟိတဆိုတာကို ရှေ့တန်းတင်လို့ ဒုက္ခရောက်သူတွေအတွက် သနားကြင်နာမှုတွေ ပြရမယ့်အစား ငါ၊ ငါ့အိမ်၊ ငါ့မိသားစု၊ ငါ့ဆွေမျိုး စိတ်ချမ်းသာရေးကိုပဲ ရှေ့တန်းတင်ကြတယ်။ ဦးစားပေးကြတယ်။ “အများအကျိုး၊ တိုင်းပြည်အကျိုး ဆောင်ရွက်မယ်”လို့ စိတ်ကူးရှိတဲ့ လူငယ်တိုင်းဟာ အားပေးမခံရဘူး။ “အားလုံး ဒုက္ခရောက်ကုန်တော့မှာပဲ၊ မင်းအတွက် ဘာအကျိုး ရှိမှာလဲ၊ မင်းမိဘတွေ စိတ်ဆင်းရဲစေမယ့် အလုပ်ကို မလုပ်ပါနဲ့”လို့ တားမြစ်ကြတယ်။ ကဲ့ရဲ့ကြတယ်။ ရှုတ်ချကြတယ်။ အပိုအလုပ်တွေ လုပ်နေသူတစ်ယောက်ဆိုတဲ့ အကြည့်မျိုးနဲ့ နှာခေါင်းရှုံ့ခံကြရတယ်။ အများပြည်သူကောင်းကျိုးအတွက် အမှန်တရားဘက်က ရှေ့တန်းတင် လုပ်ဆောင်မယ့်သူတစ်ယောက်ကို “မင်းအတွက် ဘာအကျိုးရှိမှာလဲ”လို့ သွားမေးသူဟာ ဘယ်လောက် မိုက်မဲနေပြီလဲ။

(၅)

အများပြည်သူအကျိုး သယ်ပိုးဆောင်ရွက်သူကို ကဲ့ရဲ့ ရှုတ်ချတဲ့ လူမျိုးလောက် တုံးတဲ့၊ ညံ့တဲ့၊ အတဲ့ လူမျိုး ဘယ်မှာများ ရှိသေးသလဲ။ အများအကျိုး ထမ်းဆောင်လို့ ဒုက္ခရောက်နေသူတွေကို မေ့ထားရက်တဲ့ လူမျိုးလောက် အံ့သြစရာကောင်းတာ ဘယ်မှာများ ရှိနေသေးလဲ။ ဗုဒ္ဓဘာသာဆိုတာ အရာရာကို တစ်စုံတစ်ယောက်က ပြုပြင်ဖန်တီးတယ်ဆိုတဲ့အယူအဆကို ပယ်ပါတယ်။ ဗုဒ္ဓ၀ါဒအရ ဖြစ်တည်မှုဟာ အနှစ်သာရထက် ရှေ့ကျပါတယ်။ ကိုယ့်ကံကြမ္မာအတွက် သူရဲကောင်း မျှော်နေတာ၊ တစ်စုံတစ်ယောက်ထံမှာ ၀ကွက်အပ်ထားတာဟာ ဗုဒ္ဓဘာသာမဟုတ်ဘူးလို့ တွေးနေမိပါတယ်။

အခြေအနေတွေက ဘယ်လိုပဲ ဖြစ်နေပါစေ ပြင်းပြတဲ့ ယုံကြည်ချက်နဲ့ ကြိုးပမ်းလိုစိတ်များရှိခဲ့ရင် မအောင်မြင်ခဲ့ရင်တောင်မှ လူ့ဘ၀မှာ နေရကျိုး နပ်ပါတယ်။ အသက်ရှင်ရကျိုး နပ်ပါတယ်။ သိက္ခာရှိပါတယ်။ ငါချမ်းသာရေး၊ ငါအောင်မြင်ရေး၊ ငါ့ဆွေးမျိုးတွေ အဆင့်အတန်းမြင့်ရေးကိုသာ ရှေ့တန်းတင်ပြီး အများအကျိုး ဆောင်ရွက်သူကို ကဲ့ရဲ့ပြစ်တင်တတ်တဲ့ လူမျိုးတွေမှာ သိက္ခာတရားဆိုတာ မရှိပါဘူး။ လူ့အဆင့်အတန်း မရှိပါဘူး။ လူစစ်စစ်ဖြစ်ချင်တယ်ဆိုရင် အမှန်တရားကို မထောက်ခံရဲရင်တောင်မှ ကဲ့ရဲ့ရှုတ်ချမှုတွေ မပြုလုပ်မိဖို့ လိုအပ်တယ်။ “ပသံသိတဗ္ဗံ ပသံသန္တိ၊ ဂရဟိတဗ္ဗံ ဂရဟန္တိ - ချီးကျူးထိုက်သူကို ချီးကျူးတယ်၊ ကဲ့ရဲ့ထိုက်သူကို ကဲ့ရဲ့တယ်”ဆိုတာဟာ ဗုဒ္ဓဘုရားရှင်ရဲ့ နှုတ်မြွတ်စကား ဖြစ်ပါတယ်။ လက်ရှိရပ်တည်ချက်ဟာ အားနည်းကောင်း အားနည်းနေပေမယ့် ကြိုးစားရင် ကြိုးစားသလောက် ဖြစ်နိုင်တယ်ဆိုတာကို သဘောပိုက်ထားဖို့ လိုပါတယ်။

(၆)

ရှေးအခါက အိန္ဒိယမှာ ဘုရင်တစ်ပါး ရှိတယ်။ သူ့နာမည်က ၀ိက္ကမာဒိတျလို့ ခေါ်တယ်။ ငယ်ငယ်တုန်းက တော်တော်လေး ဆင်းရဲတယ်။ သူ့ဖခင်က လက္ခဏာဆရာကို ပြတယ်။ သူ့ပုံစံက ငပျော့လေး၊ ပိန်တာရိုးလေးဆိုတော့ လက္ခဏာဆရာ ပြောရခက်သွားတယ်။ သူ့ရဲ့ ကြန်အင်လက္ခဏာအရဆိုရင် သူ့ဘ၀ဟာ ဘယ်လိုမှ ကောင်းလာနိုင်စရာ အခြေအနေ မရှိဘူး။ ဒါပေမယ့် သူဟာ တစ်နေ့မှာ တိုင်းပြည်ရဲ့ ဘုရင်တစ်ပါး ဖြစ်လာခဲ့တယ်။

တစ်နေ့တော့ သူ ငယ်ငယ်က ပြခဲ့တဲ့ လက္ခဏာဆရာနဲ့ တွေ့တယ်။ လက္ခဏာဆရာက “အရှင်မင်းကြီး … လက္ခာဏာပါ အကြောင်းအရာများနဲ့ အရှင်မင်းကြီးရဲ့ လက်ရှိဖြစ်နေမှုများ အဘယ့်ကြောင့် ဆန့်ကျင်နေရသလဲဆိုတာ ကျွန်ုပ်သိပါပြီ။ ခေတ်က လူကို ဖန်တီးတာ မဟုတ်၊ လူကသာ ခေတ်ကို ဖန်တီးတာပါ။ အရှင်မင်းကြီးရဲ့ လုံ့လ၀ီရိယက အရှင်မင်းကြီးရဲ့ လက်ဝါးမှာပါတဲ့ လက္ခဏာကို ပြောင်းလဲပစ်တာပါ အရှင်မင်းကြီး”လို့ လျှောက်တင်လိုက်တယ်။

မိမိတို့တစ်တွေဟာလည်း ၀ိက္ကမာဒိတျထုံး နှလုံးမူသင့်ပါတယ်။ လေညှင်းလေး တိုက်ရုံနဲ့ ပြိုလဲမယ့် သီဝရီတွေနဲ့ စိတ်ရဲ့ လွတ်လပ်မှု၊ ကိုယ်ရဲ့ လွတ်လပ်မှု၊ ဘယ်လွတ်လပ်မှုမှ ရမှာ မဟုတ်ဘူး။ တချို့က တော်တယ်။ ထက်မြက်တယ်။ ဒါပေမယ့် လူ့ကျင့်ဝတ်၊ လူ့သိက္ခာတရား၊ လူသားချင်း ကိုယ်ချင်းစာနာမှု တစ်ချက်မှ မရှိကြဘူး။ လောကကြီးဆိုတာ ကိုယ်တော်၊ ကိုယ်ထက်မြက်လို့ ကိုယ်ကြီးပွားရုံနဲ့ ပြီးတာမဟုတ်ဘူး။ ကိုယ့်စွမ်းအားတွေနဲ့ လူသားချင်းစာနာမှုတွေကို ပေါင်းစပ်ပြီး အမှန်တရားဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးမှ လူသားပီသပါတယ်။ သိက္ခာရှိပါတယ်။

(၇)

တစ်စုံတစ်ယောက်ရဲ့ သမိုင်းဟာ တစ်စုံတစ်ယောက်ရဲ့ လက်ထဲမှာသာရှိပြီး နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းဟာလည်း အဲဒီနိုင်ငံမှာ မှီတင်းနေထိုက်သူအားလုံးရဲ့ လက်ထဲမှာ ရှိနေပါတယ်။

Read more...

မေတ္တာ

* အချင်းချင်း မေတ္တာနဲ့နေကြ၊ ၀ိုင်းဝန်းကြပါ။
* ငါးပါးသီလ လုံခြုံအောင်နေကြပါ။
* ဘုရားရှိခိုးကြတာလည်း သြကာသနဲ့တင် မပြီးကြနဲ့။
* တကယ်ဗုဒ္ဓအစစ်၊ ဘုရားအစစ်ကိုရည်မှန်းပြီး အာရုံပြုကြပါ။
* ဘုရားဂုဏ်တော်တွေကို ပေါ်ထင်အောင် အာရုံပြုကြပါ။
* ကမ္ဘာသူ ကမ္ဘာသား ဝေနေယျသတ္တ၀ါတွေကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ နက်နက်ရှိုင်းရှိုင်း မေတ္တာပို့သကြပါ။

အရှင်ဇနကာဘိဝံသ
မဟာဂန္ဓာရုံ ဆရာတော်

Read more...

သီတင်းကျွတ်လ


သီတင်းကျွတ်လသည် မြန်မာတို့ ၏ (၁၂) လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။
ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ
မွန်းတည့်ကြသည် ။ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus ) ဖြစ်ပါသည် ။ သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုးကြသည် ကိုတွေ့ရပါသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟု လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာထောင်မတ်သောလဟု လည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။

မြန်မာတို့ သည့် စိတ်ရင်းရိုးသား တည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ
စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို
ပုဂံခေတ် အနော်ရထာမင်းတရား နှင့်ရှင်အရဟံ မထေရ်မြတ်တို့၏ ကျေးဇူးတရားကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ
ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ တရားတော်များနှင့်
လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှုဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော ၊
ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကိုခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများ ဖြစ်ကြပါသည် ။ ဤစိတ်ဓာတ်များ အရင်းခံဖြင့် (၁၂) လရာသီရှိသည့်အနက် အခါကြီး၊ ရက်ကြီးနေ့များတွင် ရတနာသုံးပါးအား ရည်စူး၍ ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြပါသည် ။

သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ (၁၂) လရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည့် အစဉ်အလာမှာ
ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ်အခါကပင် ဖြစ်ပါသည် ။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော
သန္တုဿီတနတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူသည် ။
သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ပတ္တမြားစောင်းတန်းများဖြင့် စီခြယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။
ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူးမီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ပန်း၊ ရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည် ။
တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည် ။ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင်
မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲ ဖြစ်သည် ။

သီတင်းကျွတ် လပြည့်နေ့တွင် ပုရိမ၀ါမှ ထမြောက်ကြသော သံဃာတော်အရှင်မြတ်များ သည် မိမိတို့အချင်းချင်း အပြစ်ကြီးငယ်ရှိပါက သည်းခံခွင့်လွတ်ရန်၊ လမ်းမှန်ကိုညွန်ပြရန်၊ သွန်သင်ဆုံးမရန် တောင်းပန်ကြပြီး ပ၀ါရဏာပြုကြပါသည်။
ထို့ကြောင်း သီတင်းကျွတ် လပြည့်နေ့ကို ပ၀ါရဏာနေ့ဟုလည်း ခေါ်ကြပါသည်။

ထို့အတူ မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာလူမျိုးတို့သည်လည်း မိမိထက်အသက် ဂုဏ်ဝါကြီးသူ၊မြင့်မြတ်သူ၊ ရိုသေလေးစားထိုက်သူတို့အပေါ် အပြစ်ကြီးငယ်များရှိပါက သည်းခံခွင့်လွတ်ကြရန် ငယ်သူ ၊ နိမ့်ကျသူတို့က ပူဇော်ကန်တော့လေ့ ရှိကြသည်။

ထို့ပြင် ဤထူးမြတ်သော ၀ါကျွတ်သော အချိန် အခါသမယတွင် မိမိတို့တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို ပူဇော်ကန်တော့လေ့ရှိကြ၏ ။
ထို့ကြောင့် ၀ါကျွတ်ကာလသည် မြန်မာတို၏
တစ်ဦးကို တစ်ဦး ရိုသေလေးစားတတ်သော သဘော ၊
မာန်မာနကို နှိမ့်ချတတ်သော သဘော၊
အပြန်အလှန် မေတ္တာစေတနာ ထားတတ်သောသဘော စသည်ဖြင့် အမျိုးကောင်း သားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက် ကိုဖော်ကျူး ပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် အချိန်အခါ ဖြစ်ပါသည်၊၊
သို့ဖြစ်ရာ မြန်မာပြည်များအားလုံး
ကောင်းသောအကြံ ၊
မှန်သောအကျင့် ၊
သင့်သောအယူ ၊
ဖြူသောနှလုံး ၊
သူတော်ထုံး´ တို့ ဖြင့် သီတင်းကျွတ် မီးထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေ..ဟု ဆန္ဒပြုလိုက်ပါသည်။ ။
ဖော်ပြပါကဲ့သို့ သီတင်းကျွတ်ကာလ၏ ပျော်ရွှင် ချမ်းမြေ့.သာယာပုံကို ရှေးစာဆိုတစ်ဦး၏ ကဗျာတစ်ပုဒ်ဖြင့် နိဂုံးချုပ်လိုက်ရပါသည်။

ဆီမီးရယ်ထိန် ၊
အိုင်မင်းရေကြည်က .. ၊
ကြာငါးမည် ငုံအာစွင့်တယ်.. ၊
ဖူးပွင့်ချိန်ခါ .. ။
အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊
လင်းလာတဲ့
ငွေတာရိန်ရယ်.. ၊
ပြာမှိန်လျက် မြူချေဆိုင်း .. ။
ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊
မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊
မျိုးမြန်မာတိုင်း။ ။


http://www.dhammaflavour.netမှ

Read more...

Reincarnation - လူဝင်စား

Image taken from (19 Oct '10):http://unitedmindset.com/dimi_arhontidis/wp-content/uploads/2008/12/drug-free-zone-david-fuhrer.jpg
Bhante, recently I received an email with a link to view reincarnation. I'm very amazed and and wished to understand it better from a Buddhist point of view. How do we explain reincarnation? Is it cuti-cittas or some other things that lead to the reincarnation? Would appreciate if Bhante could enlighten me on this subject.
With metta & mudita
Uttara Chiam
According to the Dictionary reincarnation is defined as "Rebirth of the soul in another body." As you know, according to Buddhism, there's no soul. That is why there's no reincarnation in Buddhism. However, according to Buddhism, all beings are to die and to be reborn in samsara which is the circle of death and rebirth, before they attain nibbana. There are those who can remember their previous lives. Thus this reincarnation can be defined as "Rebirth of a person who can remember his/her previous life or lives."
Remembering previous life is called pubbenivasanussatinana in Pali. This supernormal knowledge (abhinnana) is obtained by meditation. It is through this knowledge that the Buddha saw His previous lives and others’ in samsara. Many discourses of the Budddha showed different kinds of past lives lived by different beings, for example jataka stories, thera stories, theri stories and peta stories. These were discovered by the Buddha and his disciples who possessed supernormal knowledge.
Moreover, previous life or lives may be discovered by ordinary people with a knowledge known as jattissaranana in Pali. This can be translated as “knowing previous life.” This is not supernormal but normal, only rarely found.
In the Tipitaka we find several people who can remember their previous lives and those who can see the previous life or lives of other people. Here are some examples. In the Dhammapada-atthakatha (Sukarapotika-vatthu, verses 338-343), Maha Anuruddha, resident monk of Kotipabbata Monastery, and other monks went round for their alms in Maha Punna Village. Then, on seeing a Lady named Sumana, wife of a minister, he told other monks: “Friends, it is wonderful that a young female piglet can become wife of a minister.” When she heard the Venerable, the lady remembered her 12 previous lives including a Brahma, human being, hen and female pig.
And in the Manorathapurani (Annatitthiyasuttavannana, Anguttara-nikaya-atthakatha), a baby boy was born with the knowledge of his past life (jatissaranana). He always cried loudly whenever he was touched by his mother because he knew that he was killed by her in their four previous lives. Thus he was brought up by his grandmother. In a past life, the son and the mother were husband and wife. Then the wife committed adultery with her brother-in-law, the younger brother of the husband. To hide their wicked act, they assassinated the husband. The husband was reborn as a snake in the house of his ex-wife due to his attachment to her. The snake always attempted to get physical contact with her by falling down upon her. Finally it was killed by her. Again, it was reborn in the house as a dog and it followed her wherever she went. Finally it was also killed by her. Again it was reborn in the house as a calf (a young bull) and it also followed her all the time. It was again killed by her. Finally, when the husband was conceived in the womb of his ex-wife, it was the grandmother who discovered the reason for his crying whenever his mother touched him.
The attached link captures yet another story of a boy who knew about his previous life. However, majority of the people cannot remember their previous lives. Why is it so? It is explained that experiences of their past lives were forgotten due to the severe experiences they encountered when they died or when they were in their mothers’ wombs or when they were born. This explanation is logical. Some people do forget the earlier experiences of their present lives after being traumatized in severe accidents such as a traffic accident. Some, however could still remember their previous lives despite their encounters. The reason is that their previous lives' experiences had such great impact that they cannot be forgotten. The ability to remember the past experiences must be supported by other conditions such as "reminders". As in the above story of Lady Sumana, she was reminded of her previous lives by Thera Maha Anuruddha.
It should be noted that two persons in two successive lives are neither the same nor different. At that moment of re-linking (patisandhi), the earliest moment of a new life, mind and matter (nama and rupa) occur. Mind and matter of a person are not transferred from one life to another. They arise anew in the present life, but they are conditioned by past kamma. Relationship of the two persons is compared with that of sound and its echo, and object and its reflection in a mirror.
With Metta,
Ashin Acara
Taken from:
http://www.mangalavihara.org.sg/Questions%20and%20Answers/GP02/GP02%20QA06.html

Related:

Read more...

ဘိနပ်စီးထားတဲ့ မြစ်

(၁)
ကဗျာဆရာနေမျိုး၏ သွားတုတပ်ထားတဲ့ ပင်လယ်ကဗျာခေါင်းစီးကို မိတ္တူပွားလိုက်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံ ကိုယ်ပိုင်စကားလုံးများကို ချွေတာသင့်တာပဲ မဟုတ်လား။ တကယ်တော့ မိတ္တူပွားခြင်း၊ ကော်ပီပွားခြင်း ဆိုသည်ကလည်း လောကလိုအပ်ချက်တစ်မျိုးပင်ဖြစ်သည်။ ဂေါတမဗုဒ္ဓအရှင်မြတ်ကြီး ကိုယ်တော်တိုင် ပါရမီ အဆင့်ဆင့်ဖြည့်၍ ဘုရားရှင်အဆူဆူ၏ မဇ္ဈိမပဋိပဒါကို ဖော်ထုတ်ခဲ့လေသည်ပဲ။ ဘာပဲဖြစ်ဖြစ် ကဗျာဆရာ နေမျိုး၏ ကဗျာခေါင်းစီးနှင့် နီးကပ်လွန်းအောင် သူက ကူးချလိုက်ပြီ။

သူပထမကြီးတန်း ဒုတိယအကြိမ်ကျရှုံးသည့်နှစ်တွင် မတ္တရာမြို့လေးသို့ သူရောက်သွားခဲ့သည်။ စာမေးပွဲကလည်း ထိုက်ထိုက် တန်တန်ကျခဲ့ခြင်းဖြစ်၍ သူက ထိခိုက်ရှနာမဖြစ်။ သို့သော် သူ့ဖခင်က မကျေလည်။ ကဗျာစာအုပ်များ။ မဂ္ဂဇင်းဘုတ်အုပ်များနှင့် ရောရောထွေးထွေးနေသော သူ့ကို မကြည်လင်။ လူထွက်ချင်လည်း ထွက်၊ ဒါမှမဟုတ်ရင် စာကျက်။ သူက နှစ်ခုစလုံးကို စိတ်မ၀င်စား။း)း) ။ သို့သော် သူ့ဖခင်က သူ့ကို ရွာဆွေမျိုးရပ်ဆွေမျိုး ဆရာတော်များရှိရာ မတ္တရာမြို့လေးသို့ ပို့လိုက်သည်။

ခက်သမှ သိပ်ခက်သွားသည်။ ရေငတ်နေသောသူ့ကို သူ့ဖခင်က ရေတွင်းထဲ ပစ်ချလိုက်ခြင်းပင်ဖြစ်သည်။ မတ္တရာမြို့သစ်စာသင်တိုက်ငယ်လေးမှ ကျောင်းထိုင်ဆရာတော်နှင့် စာချဆရာတော်များက စာအုပ်ချစ်သူများ ဖြစ်နေကြလေသည်။ သူက ပထမကြီးတန်းတွင် တစ်ပါးတည်းဖြစ်နေသည်။ အတန်းကြီး၍ ဘာသာရပ်များ သည့်အတွက် ဆရာတော်နှစ်ပါးလုံးထံတွင် စာတက်ရသည်။

အမှန်တကယ်တော့ သူက စာမကျက်၍ စာမေးပွဲမအောင်သော်လည်း စာဝါများကိုတော့ အဖွင့်ကျမ်းများမှ လွဲ၍ သင်ရိုးညွန်းတမ်းစုံအောင် မန္တလေး မစိုးရိမ်တိုက်သစ်နှင့် ၀န်းသိုမြို့ ရေ၀န်းကျောင်း၊ မှန်ကျောင်းနှင့် ခန္တီးစာသင်တိုက်မှ စာချဆရာတော်များထံတွင် တက်ရောက်သင်ယူထားပြီးဖြစ်လေသည်။ သို့သော် ယမိုက်နှင့် ပဌာန်းလို အဘိဓမ္မာကျမ်းများကိုတော့ ကျောင်းထိုင်ဆရာတော်ထံတွင် မွမ်းမံသင်ယူရသေးသည်။ ကျောင်းထိုင် ဆရာတော်သည် အတန်းစုံအဘိဓမ္မာည၀ါကျမ်းများကို ပို့ချပေးသည်။ ကျန်သည့် အတန်းစုံစာဝါများကိုတော့ စာချဆရာတော်က တစ်ပါးတည်း ဒိုင်ခံပို့ချပေးသည်။

(၂)
ဆရာတော်နှစ်ပါးလုံးက မန္တလေးမိုးကောင်းတိုက်မှ နာမည်ကျော်စာချဆရာတော်ကြီးအရှင်ပဏ္ဍိစ္စာဘိဝံသ၏ တပည့်ရင်းကြီးများဖြစ်၍ စာပေတတ်ပွန်သည်နှင့် အမျှ စာပေပို့ချရာတွင်လည်း စေတနာပါသလောက် ဂုဏ်မြောက်အောင် ပို့ချပေးနိုင်ကြလေသည်။ ထိုဆရာတော်နှစ်ပါး၏ ထူးခြားချက်နှင့် ၀ါသနာကို ရိပ်စား မိလာသောအခါ သူပျော်သွားလေသည် ။ ကျောင်းထိုင်ဆရာတော်၏ စာအုပ်စင်တွင် ဂန္ထ၀င်နှင့် သရုပ်မှန် စာအုပ် စာပေများသာ ရှိသည်။ ဆရာကြီးစစ်ကိုင်းဦးဘိုးသင်း၏ ငမဲကျွန်ဝတ္ထုကြီး၊ ဆရာသိန်းဖေမြင့်၏ တက်ဘုန်းကြီးနှင့် တက်ဘုန်းကြီးဝတ္ထုကို ချေပရေးသားထားသော ဘုန်းကြီးယောက်ဖစသော ၀တ္ထုများကို ကျောင်းထိုင်ဆရာတော့်စာအုပ်စင်မှ သူဖတ်ခဲ့ရသည်။

စာချဆရာတော်၏ စာအုပ်စင်မှာတော့ နတ်ရှင်နောင်၏ ရတုပေါင်းချုပ်မှသည် မော်ဒန်ကဗျာ ကော်ပီစာအုပ်များထိ ရှိနေသည်။ မြသန်းတင့်နှင့် မောင်ထွန်းသူတို့၏ ဘာသာပြန်ဝတ္ထုများ။ မျက်စိထဲ စွဲနေသည်က ဘုန်းမြင့်(မန္တလေး)၏ ကာရာဗင်ဘာသာပြန်ဝတ္ထု။ လင်းဝေမြိုင်၏ ကုတ်အင်္ကျီ၊ဖေမြင့်၏ လူနာဆောင် (၁၆) တို့ဖြစ်သည်။

ဂီတကို မြတ်နိုးခုံမင်ရာတွင်လည်း ကျောင်းထိုင်ဆရာတော်က ကျောင်းတွင် အလှူအတန်းအစုအမှုရှိလျှင် မြန်မာသံတေးစစ်စစ်များကိုသာ ဖွင့်စေသည်။ သို့သော် စာချဆရာတော်က ဇော်ဝင်းထွဋ်၊ ရဲသွင်နဲ့ ဟယ်ရီလင်းဖြစ်နေပြီ။ ဟယ်ရီလင်းက ရင်ဘတ်ထဲက အသံဆိုတာကြီးကို မကြာမခဏ ချီးပပြောဆိုလေ့ရှိသည်။ မဇ္ဈိမလှိုင်းက ကိုနေ၀င်းတို့အဖွဲ့ ရေးသော သီချင်းများကို ကြိုက်သည်။ ကျောင်းမှာ တောသီချင်းတွေ မဖွင့်ကြနဲ့ကွာ ဟု ပြောတတ်သည်။ သို့သော် တွံတေးသိန်းတန်ကြီးကိုတော့ ကျေးလက်ဂန္ထ၀င်ကြီးအဖြစ် လေးစားတတ်ပြန်လေသည်။

စာချဆရာတော်သည် စာပေနှင့် တေးဂီတကို မွေ့ထုံကာ အနေငြိမ်းချမ်းလှသည်ကို သူအားကျ ငေးမောဖြစ်ခဲ့သည်။ အဖုံးအကာ မာယာကင်းလှသည့် ရိုးရှင်းသော ရဟန်းဘ၀ကို ပိုင်ဆိုင်ရယူထားလေသည့် စာချဆရာတော်သည် ယခုတိုင် သူ့စိတ်နှလုံးမှီခိုအားထားရာ ဖြစ်နေလေသေးသည်။ စာချဆရာတော်က မန္တလေးရောက်တိုင်း မျက်သွယ်ကဖေးတွင် ထိုင်ပြီး ခင်မောင်တိုးကြီးတို့အုပ်စုကို မျှော်တတ်သည် ဟု ကြားဖူးသလို ရန်ကုန်ရောက်လျှင်လည်း လေထန်ကုန်းမှာ တာရာမင်းဝေ၊ မင်းခိုက်စိုးစန် တို့နှင့် စကားပြောရန် စိတ်ဝင်စားလေသည်။ စာချဆရာတော်၏ အခန်းနံရံတွင် သစ္စာနီ၏ နေထိုင်ခြင်းမိတ္တူကဗျာကို ရေးကူး ချိတ်ဆွဲထားလေသည်။

(နောက်နှစ်အနည်းငယ်ကြာတွင်မူ သူနှင့် တစ်ရွာတည်းဘွားဖြစ်သော စာချဆရာတော်သည် ကျေးဇူးရှင်ရွာဦး ကျောင်းဆရာတော်ကြီး ပျံလွန်သောအခါ မလွဲမရှောင်သာ ရွာဦးကျောင်းခနိုခနဲ့လေးကို ဦးဆောင်ရ တော့သည်။ ထိုအချိန်က ရွာတွင် ကျောင်းအမွေဆက်ခံမည့်သူက သူနှင့် စာချဆရာတော်နှစ်ပါးသာ ရှိလေသည်။ စာချဆရာတော်က ပညာသင်လက်စ သူ့အတွက် အနာခံလိုက်ခြင်းဖြစ်သည်။ ယခု စာချ ဆရာတော်သည် ပန်းခင်းပျိုးထားသော ရွာဦးကျောင်းလေးတွင် အခြေခံအဆောက်အဦများကို ဖန်တီးလျက် ကျေးလက်ကို ပြုစုသွန်းလောင်းနေလေသည်။ ၀ိပဿနာတရား။ သံမဏိကြက်ခြေဂီတ(IC)၊ ပန်းချီဆွဲခြင်းနှင့် စာသင်ကလေးငယ်များကြားတွင် ပျော်မွေ့နေသည်။)

(၃)
သူသည် ထိုစာသင်တိုက်လေးတွင် ခြောက်လတာမျှသာ ဖြစ်သန်းခဲ့ရာတွင် ဘ၀အတွက်လှေကားထစ်တွေ ရခဲ့သည်ကို ကျေးဇူးတင်နေသည်။ သူက ထိုစာသင်တိုက်လေးသို့ သီတင်းဝါလကျွတ်ပြီးချိန်တွင် ရောက်ရှိ သွားခဲ့ခြင်းဖြစ်သည်။ စာသင်တိုက်တစ်တိုက်သို့ ရောက်ဦးစ စာသင်သားတို့ ထုံးစံအတိုင်း သူက ကျောင်းထိုင်ဆရာတော်နှင့် စာချဆရာတော်များ ကျေနပ်စေရန် အချိန်ပြည့် စာကျက်ပြလေသည်။ (အပြဖြစ်သည်။) နောက်ပိုင်း ကျောင်းတွင် နေသားကျသွားသည့်အခါမှ အရှိန်ကို တဖြေးဖြေးလျှော့ချသွားမည်။ အင်း ကြီးပွားဦးမှာပဲး)...။

သို့သော် သူ့အကြံကို သိနေကြသည့်အလား ဆရာတော်နှစ်ပါးလုံးက သူမထင်မှတ်သည့် အကွက်ကို ဖန်တီးလိုက်ကြသည်။ စာသင်သားသံဃာများစုံသည့် ဆွမ်းစားဝိုင်းမှာ လူသိရှင်ကြား ထုတ်ဖော် ပြောလိုက်ခြင်းဖြစ်သည်။ "ငါတို့မြို့မှာ ပထမကြီးတန်းမအောင်တာ ကြာပြီ။ ဒီနှစ်တော့ တစ်ပါးတော့ သေချာပြီ" တဲ့။ တည့်တည့်ကို ထိသွားခြင်းဖြစ်သည်။ စာကျက်တာကိုလည်း ချီးမွမ်းပြီးသား ပန်းတိုင်ကို ချမှတ်ပေးပြီးသား။ စာမေးပွဲကို သူမဖြစ်မနေ အောင်မြင်အောင် ကြိုးစားရပါလေတော့မည်။

ထိုမြို့လေးတွင် စာမေးပွဲက အောင်ချက်ကောင်းလှသည်တော့ မဟုတ်ပါ။ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်းနှင့် ပထမကြီးတန်းဟု အခြေခံအတန်းလေးတန်းရှိရာတွင် ပထမကြီးတန်း အောင်မြင်သူ မရှိသည်မှာ (၁၀ ) နှစ်ကို တော်တော်စွန်းပြီ ဟု သိရသည်။ အားပျက်စရာကောင်းလှချည့်။ သို့သော် ဆရာတော်နှစ်ပါးကလည်း သူ့ကို အမြဲ တည့်မတ်ပေးနေခဲ့သည်။ သူ့ဘ၀င်ကို ဆွပေးနေခဲ့သည်။ ဆရာတော်နှစ်ပါးတာဝန်ကျေခဲ့ပါလေသည်။

ထိုနှစ်က သူ့နာမည်ကို ပထမကြီးတန်းအောင်စာရင်းတွင် မျဉ်းတစ်ကြောင်းတည်းဖော်ပြထားလေသည်။ သူ ထိုမြို့လေးမှ ထွက်လာပြီးနောက် ပညာရေးစနစ်ပြောင်းလဲ သွားသည့် ဆယ့်လေးနှစ်ခန့်တွင်မှ ပထမကြီးတန်း အောင်မြင်သူရှိလာသည် ဟု သိရသည်။ သူ၏ ပျင်းပုံပျင်းရိုးနှင့်တော့ ပထမကြီးတန်းကို အောင်မြင်ဖို့မလွယ်...။ ဆရာတော်နှစ်ပါး၏ သူ့အကြော သူမနောကို သေချာစောကြော ထိန်းမတ် နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

အမှန်တကယ် သူ့အကြောကို ပိုသိသည်က အနီးကပ်နေရသော စာချဆရာတော်ဖြစ်သည်။ ဥပုသ်နေ့တစ်ရက်တွင် စာချဆရာတော်က အတန်းစုံစာသင်သားများကို စာစီစာကုံးရေးခိုင်းပါသည်။ သူက ၀န်းသိုမြို့၊ ခန္တီးစာသင်တိုက်တွင် စာရေးဆရာဘုန်းတော်ကြီး အရှင်ဇ၀န(မြစေတီ)၏ ကြီးကြပ်မှုဖြင့် စာစီစာကုံးများစွာကို ရေးဖူးပြီးဖြစ်၍ စာချဆရာတော်က သူ့ဝါသနာကို လင်းသွားခြင်းဖြစ်သည်။

ထိုစာစီစာကုံးလေ့ကျင့်သော ကော်ပီစာအုပ်ဟောင်းလေးတွင် သူ့ကိုယ်ပိုင်ကဗျာများကိုလည်း တွေ့သွားသည်။ မောင်စိန်ဝင်း(ပုတီးကုန်း)ဟန်များကို တုပထားခြင်းဖြစ်သည်။ မင်း တော်တော်လုပ်ရဦးမယ် တဲ့။ နေဦး မင်းကို ငါ ကဗျာတွေ ဖတ်ခိုင်းရဦးမယ် တဲ့။ သူ့စာအုပ်စင်မှ ကော်ပီဗလာစာအုပ်များ ထုတ်ချလာသည်။ လစဉ်ထုတ် မဂ္ဂဇင်းများမှ ခေတ်ပေါ်ကဗျာများဖြစ်သည်။ (ဥပုသ်နေ့တိုင်း မဂ္ဂဇင်းစာအုပ်များမှ ကဗျာများကို လက်ရေး လှသည့် ကိုရင်များက ကူးပေးကြရသည်။)

ထိုညနေမှ စ၍ ဥပုသ်နေ့ညနေတိုင်း သို့မဟုတ် ဆရာတပည့်နှစ်ဦးသား လက်စုံကျသည့်အခါတိုင်း (သူက အတန်းကြီးသမားမို့ တစ်ခါတစ်ရံ စကားပြောခွင့်ပေးထားသည်။) ခေတ်ပေါ်မော်ဒန်ကဗျာများကို ပို့ချ လေတော့သည်။ မှတ်မှတ်ရရ ကဗျာဆရာမ မအိ၏ ကဗျာတစ်ပုဒ်နှင့် စသည်။ ကဗျာခေါင်းစဉ်ကို မမှတ်မိ။ စာသားအကုန်မမှတ်မိ...။

အိပ်မက်ပဲ အမေရယ်
အိပ်မှတော့ မက်မှာပေါ့ တဲ့။

စာချဆရာတော်က သူ့ကို ကြည့်ကာ "ကဲ ဘာတဲ့လဲကွ အဓိပ္ပါယ်က " ဟုမေးသည်။ သည်လိုတွေးပြီး ဖတ်ရမည်ဟု သူမသိခဲ့။ အသံသာသောကဗျာများ၊ စကားလုံးများ၏ နောက်ကွယ်က အဓိပ္ပါယ်ကို တစ်ခါမှ မတိုက်ချွတ်မိခဲ့။ သူငေးနေမိသည်။ ''ကွာ မင်းကလည်း အချစ်ပဲ အမေရယ် ချစ်မှတော့ လွမ်းရမှာပေါ့ လို့ ကောင်မလေးက ပြောလိုက်တာကွ'' ဟု ဖွင့်ဆိုချလိုက်သည်။ သူလည်း ကြည်နူးသွားသည်။ အော် ဂလိုကိုး...။

နောက်တစ်ပုဒ်ကတော့ ကဗျာဆရာနေမျိုး၏ ''သွားတုတပ်ထားတဲ့ ပင်လယ်" ဖြစ်သည်။ "အတော့်ကို ကောင်းတယ်မောင် '' တဲ့။ '' ကဗျာမဖတ်ဘဲ ကဗျာခေါင်းစဉ်နဲ့ကို တန်လှပြီ "တဲ့။ သူကတော့ သွားအတုကြီးနဲ့ ပင်လယ်ထဲ မြုတ်နေသည် ။ ဘာမှ မမြင် .. ဘာမှ မလင်း...။ စာချဆရာတော်ကတော့ ကောင်းလိုက်တာ တဲ့။

"ဘ၀ကို လူတွေက ပင်လယ်နဲ့ နှိုင်းလေ့ရှိသကွ။ ပြီးတော့ သမုဒ္ဒရာ ၀မ်းတစ်ထွာဆိုတာလည်း ရှိသေးကွာ...။ ဘယ်တော့မှ ပြည့်တယ် လို့ မရှိဘူး။ အမြဲတမ်းဖြည့်ဆည်းနေရတာကွ။ ဘ၀ဟာ ပင်လယ်ပေါ့ကွာ...။ သွား ဆိုတာကတော့ ၀ါးဖို့ပဲ ...။ ခက်တာက သွားက အတုကြီးတဲ့ကွ.။ ကိုယ့်သွားနဲ့ ကိုယ်ဝါးတာနဲ့ သွားအတုကြီးနဲ့ ၀ါးတာ ဘယ်ဟာက ပိုကောင်းမယ် ထင်သလဲ..။ "

"ဘ၀မှာ လူတွေ ကြည့်လိုက်တော့ ကိုယ့်သွားနဲ့ ကိုယ်ဝါးခွင့်မရကြတဲ့ လူတွေ တစ်နေ့တစ်ခြားများများလာတယ်ကွ၊ ကိုယ်ပိုင်ဘ၀၊ ကိုယ်ပိုင်ယုံကြည်ချက်၊ ကိုယ်ပိုင်ရိုးသားခွင့်တွေ ပျောက်ဆုံးနေတာကို ကဗျာဆရာက ပြောချင်တာကွ။ သူ့ဂုဏ်သိက္ခာ သူ့ပညာနဲ့ ထိုက်တန်တဲ့ ရပ်တည်ခွင့်သာ ရှိမယ်ဆိုရင် ဆရာဝန်ကလည်း အသပြာဆရာဝန်ဘယ်ဖြစ်ချင်ပါ့မလဲကွာ။ ၀မ်းစာသာ လုံလောက်မယ်ဆိုရင် ကျောင်းဆရာမလေးကလည်း တပည့်တွေရဲ့ ဆရာမဖြစ်ချင်တာပေါ့ကွာ..။"

စာချဆရာတော်၏ စကားများနောက်သို့ သူမျောသွားသည်။ ရိုးသားခွင့် ပျောက်ဆုံးနေတဲ့ ဘ၀ ....သွားတုတပ်ထားတဲ့ ပင်လယ်...။ ယင်းသို့ဖြင့် စာချဆရာသည် သူ့၏ ကဗျာပိုးကို မွေးမြူပေးသလိုပင် '' စာကျက်ရတာ စိတ်ညစ်ညူးတဲ့ အခါ ကဗျာတွေ ဖတ်ပေါ့ကွာ '' ဟု တစ်ဘက်လှည့်ဖြင့် စာကျက်ခိုင်းခဲ့ဖူးလေသည်။

ယမန်နေ့က သူဘိနပ်တစ်ရံဝယ်ဖြစ်သည့် အကြောင်းကို သူက ရေးချင်သည်။
ဘာပဲဖြစ်ဖြစ် ပင်လယ်တွေ သွားအတု တပ်ထားချိန်မှာ မြစ်ကလည်း ဘိနပ်ကို ကောက်စီးလိုက်ပါသည်။
အင်း ဘိနပ်ကရော စစ်မှ စစ်ရဲ့လား....။

ဓမ္မဂင်္ဂါ
၂၁-၁၀-၂၀၁၀


Read more...

Atisa's Tomb

During my first visit to Tibet I missed it. In fact, I couldn’t find anyone who had even heard of it. So before my most recent trip I did all the required research about Atisa’s tomb and even that proved more difficult than I had expected. Gyurme Dorje’s popular Tibet Handbook has much to say about the nearby Nyetang Dolma Lhakhang but is silent about the tomb. Most other guidebooks proved to be equally unhelpful. Nonetheless, I eventually found it. Nyetang Dolma Lhakhang is on the main road about 20 miles out of Lhasa heading west and it seems most tourists stop to have a look at it judging by the large car park in front. If you cross the road and walk down a dusty track for about half a mile you come to a small, rather shabby village not far from the banks of the Kyi Chu River. Locals stared opened-mouthed at us but when I said I would like to see ‘Jowo Jey’ someone ran off to get the key and on his return we entered what looked like a very ancient but recently renovated temple. There, in the middle of the main hall, was a large stupa, drum-shaped on a high square base – the actual tomb of one of the last great Indian Buddhist pandits and the man who had an critically important role to pay in the revival and spread of Buddhism in Tibet during the 11th century. Atisa is still lauded in Tibet, his works are still studied but his tomb is neglected and little-known. Sir Charles Bell’s The Religion of Tibet has a photo of the tomb as it appeared in the 1920s (page 58) but even at that time, as he attests, it was rarely visited. At that time the drum of the tomb was painted, as the old photo shows. Now it has been recently whitewashed and is covered with plastic, apparently to protect it from water leaking through the roof. During the height of the Cultural Revolution it is said the Bangladesh Government quietly let the Chinese know that they would appreciate it if the tomb was not destroyed, Atisa still being famous in that country. I and my companions circumambulated the tomb and then chanted the Metta Sutta in honor of this remarkable son of the Buddha.
1 comments

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP