* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, October 17, 2010

*အသက်ရှည်ကြောင်း ကျင့်ဝတ်တရားများ*

Written by တောသားလေး 2 အကြံပြုပါသည်။ Posted in:

ဘုရားလောင်း ဓမ္မပါလ အမျိုးအနွယ်တို့ ကျင့်ကြံခဲ့သော ကျင့်ဝတ်တရားများဖြစ်ပါသည်။ ထိုကျင့်ဝတ်များသည် အနာရောဂါ ကင်းရှင်းပြီး အသက်ရှည်စေရန်အတွက် ကောင်းမြတ်သော အကျင့်သီလများပင် ဖြစ်ပါသည်။ ကျင့်ဝတ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁) ကိုယ့်အသတ်သာ အသေခံမယ်၊ သူတစ်ပါးအသက်ကို မသတ်ခြင်း။
(၂) အခြားအိမ်ရာကို ပြစ်မှားဖို့ မဆိုထားနှင့်၊ ပြစ်မှားလိုသော စိတ်ဖြင့်ပင် မကြည့်ခြင်း။
(၃) ဘယ်သောအခါမှ လိမ်ညာမပြောခြင်း၊ ရယ်ရွင်လိုသောစိတ်ဖြင့်ပင် မုသားမပြောခြင်း။
(၄) ဘယ်သောအခါမှ သူများပစ္စည်းကို မခိုးခြင်း၊ မယူခြင်း။
(၅) သူယုတ်ကိုသာ စွန့်ပယ်၊ သူတော်ကောင်းကို မစွန့်ပယ်ခြင်း၊ လူမိုက်တို့နှင့် အလာပ သလာပ မပြောခြင်း၊ ထို့သို့ပြောရန်လည်း မနှစ်သက်ခြင်း။ (ကာယကံ၊ ၀စီကံ၊ မနောကံ မကောင်းတဲ့သူဟာ လူမိုက်ဖြစ်ပါတယ်)
(၆) ဒါနပြုခါနီးမှာ နှစ်သက်ရွှင်လန်းမှုတွေဖြစ်ခြင်း၊ ပြုပြီး ပြုဆဲမှာလည်း ဖြစ်ခြင်း။ (သူတော်ကောင်း သမဏ၊ ဗြဟ္မဏ၊ သူတောင်းစား၊ ဝေရာဝစ္စ အလှူခံတွေကို လှူဒါန်းခြင်း)
(၇) လင်ကလည်း အခြားအမျိုးသမီးအပေါ် လွန်ကျူးခြင်းမရှိ၊ မိန်းမကလည်း အခြားအမျိုးသားအပေါ် လွန်ကူးခြင်းမရှိ။
(၈) သေရည်သေရက် သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။
(၉) သုစရိုက် (၁၀)ပါးလုံးကို အိမ်သားအားလုံး ကျင့်ကြံပွားများကြခြင်း။
(ဓမ္မပါလဇာတ်တော်)

အားလုံးသော ဓမ္မမိတ်ဆွေများ အသက်ရှည် အဆင်းလှပြီး အနာကင်းမဲ့ကြပါစေ။
တောသားလေး

Read more...

*တောင်ခြစ် မြောက်ခြစ် မှတ်စုများ-၁ ဆရာတော် ဥူးသုမင်္ဂလ တရားတော်များမှ*


ဒုက္ခခြောက်ပါး တရားတော်

၁။ ဒုက္ခသိမှုသည် နံပါတ်တစ် (ဆင်းရဲတာ=ဒုက္ခ)

လောကကြီးပျက်နေပြီတဲ့.. ရမ်းမပြောနဲ့၊ ကိုယ့်ကိုယ်ကို ပြန်ကြည့်ဦး..
(စိတ္တေန နိယတေ လောကော)

သိတဲ့အတိုင်းလည်း ကျင့်ရမယ်၊ ကျင့်တဲ့အတိုင်းလည်း သိရမယ်။

သိကြံတတ်သော သဘောအစု ဖြစ်ပျက်မှု = ၀ိညာဏက္ခန္ဓာ
ဒွါရ = အာရုံဝင်ရာ တံခါးပေါက်

၂။ ဒုက္ခဖြစ်ကြောင်း သိမှု နှစ်နံပါတ်

ဒုက္ခ ဘယ်သူ့ကြောင့် ဖြစ်တာလဲ..? (သမုဒယကြောင့်..၊ တဏှာကြောင့်)

၃။ ဒုက္ခ၏ ထူးခြားပုံ (ဒုက္ခခြောက်ပါး)

နှေးနှေးဒုက္ခ၊ မြန်မြန်ဒုက္ခ
ကြီးကြီးဒုက္ခ၊ သေးသေးဒုက္ခ
ဆေးကုလို့ မရတဲ့ဒုက္ခ၊ ဆေးကုချိန် မရတဲ့ဒုက္ခ

နှေးနှေးဒုက္ခ = တရားထိုင်ရင်း နာလာတာ၊ ကျင်လာတာ။ နောက်တစ်မျိုး တဖြည်းဖြည်း အတိုးတက်လာတာ။
မြန်မြန်ဒုက္ခ = စက်ဘီးနဲ့ ကားနဲ့ တိုက်သလိုမျိုး
ကြီးကြီးဒုက္ခ = နာဂစ်မုန်တိုင်းကဲ့သို့
သေးသေးဒုက္ခ = နှာစေး ဖျားနာ
ဆေးကုလို့ မရတဲ့ဒုက္ခ = ရုပ်ကဲ့သို့သောအရာ.. အမြဲဖောက်ပြန်နေတာ
ဆေးကုချိန် မရတဲ့ဒုက္ခ = (မမှတ်လိုက်မိပါ)
(ဒီဒုက္ခတွေ သိအောင် လုပ်ရမှာ)

------------------------------------------------
ပျက်ဖို့အတူတူ မဖြစ်နဲ့တော့ဟ..။

ဂင်္ဂါသဲမျှ၊ ပွင့်မှုများသား၊
ဗုဒ္ဓဝေနေ၊ များသင်္ချေတို့၊
သင်္ချေတန်ခိုး၊ ဘုန်းတော်မိုးလျက်၊
စိုးမိုးအာဏာ၊ စီမံပါလည်း၊
ဘယ်ခါမနိုင်၊ ခွင့်မပိုင်ဘူး..။

ဖြစ်ပြီးတော့ပျက်၊ ကြည့်လိုက်တော့မရှိ၊ ဘာမရှိတာလဲ..? ကြည့်တဲ့ဟာ မရှိတာ..။

********************************************

သန့်စင်ရေး တရားတော်

ကဲ.. သရေကန်မလား.. တစ်ခါတည်း အနိုင်ကန်မလား..
(တရားနဲ့ယှဉ်ပြီး စဉ်းစားပါ..)

မရှိလို့ မမြင်တာလား.. မကြည့်လို့ မမြင်တာလား..

ခွေးနှစ်ကောင် ကိုက်လို့ရိုက်.. ခွေးသုံးကောင် ဖြစ်သွားမယ်..
------------------------------

၁။ အကြမ်းစား ကိလေသာကို သီလနဲ့ ပယ်
၂။ အလတ်စား ကိလေသာကို သမာဓိနဲ့ပယ်
၃။ အနုစား ကိလေသာကို ပညာနဲ့ပယ်..

သတိဆိုတာ မြန်မာလို အောက်မေ့တာ..၊ ဘယ်လို အောက်မေ့မလဲ..? တရားနဲ့လျော်စွာ အောက်မေ့တာ..။

ဖြောင့်တော့ဖြောင့်.. ကန့်လန့်ကြီးတော့ ခံမထားနဲ့..

****************************************************

ချမ်းသာရေး တရားတော်

သူများအားကိုး၊ ခါးချိုး နလံမထူ..။

ကိုယ်လုပ်ရင် လုပ်သလောက်ပဲ ရမယ်.. (တရားက)

ဣဿာ၊ မစ္ဆရိယကြောင့် ဆင်းရဲနေကြတာ..

မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်းချမ်းသာမည်။ (မဟာစည် ဆရာတော်ဘုရား)

ဘယ်တရားကိုပဲ ဆင်ခြင် ဆင်ခြင်၊ ဘယ်အရာကိုပဲ သုံးသပ် သုံးသပ်၊ အကြောင်းရှာတဲ့နည်းနဲ့ သုံးသပ် ဆင်ခြင်ပါ။

***************************************************

စောင့်ရှောက်တတ်သူ တရားတော်

No sorry, no thank you

အသုံးချမှ အသုံးကျတယ်၊ အသုံးကျမှလည်း တန်ဖိုးရှိတယ်..

ကိုယ်ကိုယ်တိုင် စွမ်းအားမရှိဘဲနဲ့ သူများအကျိုး ဆောင်ချင်လို့ကတော့..

မကောင်းတာလုပ်ပြီး ကောင်းကျိုးပေးတယ်လို့ ဘယ်သောအခါမှ မရှိ..။

ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ မလုပ်နဲ့လေ..
မကောင်းကောင်းအောင် လုပ်ရမှာ..။

***********************************************

မှာတမ်းတော် တရား

အမောင့်မေ့ပြစ် အမောင်သာဆိုင်တယ်.. အမောင်ပဲ ခံရမယ်..။

သေဖို့အိပ်လိုက်.. သေဖို့ စားလိုက်နဲ့တော့ အချိန်မကုန်စေနဲ့..။

အပြင်ကရန်သူက ကာလို့ရတယ်.. ပူးသတ်နေတာက ကြောက်ဖို့ကောင်းတယ်..။

မကောင်းတဲ့ကြားက ရုန်းထွက်ရတာမှ တန်ဖိုးရှိတာ..။

ဝေဒနာနဲ့ ငါနဲ့ မရောစေနဲ့..။

--------------------------------------------

သံယောဇဉ် = တဏှာ၊ ဥပါဒါန်နဲ့ အ၀ိဇ္ဇာ (ကိလေသာ သုံးပါး) (အကျိုး)
သံယောဇနိယ = သားအာရုံ၊ သမီးအာရုံ (သံယောဇဉ် တွယ်စရာ) (အကြောင်း)
ပဋိစ္စသမုပ္ပါဒ်နဲ့ ပြောရင် ဝေဒနာနဲ့ တဏှာမှာ ဝေဒနာက သံယောဇနိယ

----------------------------------------------------

နွားနှစ်ကောင်ကို ကြိုးတစ်ချောင်းတည်းနဲ့ ချည်တော့ ဘယ်ကောင်ရုန်းရုန်း နာပြီလေ..
ကြိုးဆိုတာ = ဥပါဒါန်လေးပါး (သံယောဇဉ်ထဲမှာပါ)

သာသနာတော်ကြီးကို ကောင်းမှန်းသိလို့ အကျိုးဆောင်တာ.. တွယ်စရာ မလိုဘူး..။

---------------------------------------------------------

သံယောဇဉ်နေရာကို ဉာဏ်သွင်း..။

ဉာဏ်ဓါးနဲ့ ဖြတ်တယ်ဆိုပြီး ဓါးတုံးကြီးနဲ့လည်း လိုက်လှီးမနေနဲ့ဦးနော်..။

**********************************************************

လေးစားရိုသေစွာဖြင့်
ဖိုးသား

10/16/2010, SAT:, 1:26:19 AM သီတင်းကျွတ်လဆန်း ၈-ရက် (ဥပုသ်နေ့)

Read more...

မင်္ဂလာ နံနက်ခင်း

“နံနက်ခင်းတွင် ကိုယ် နှုတ် စိတ် သုံးပါးဖြင့် ကောင်းသော အကျင့် သုစရိုက်ကို ကျင့်သူအား ကောင်းသော နံနက်ခင်း (သုပုဗ္ဗဏှ) ဖြစ်သည်” ဟု အင်္ဂုတ္တရနိကာယ် တိကနိပါတ် ပုဗ္ဗာဏှသုတ်တွင် ခပ်ကျဉ်းကျဉ်း ဟောကြားထားပါသည်။ ကိုယ်နှုတ်စိတ်သုံးပါးဖြင့် ကောင်းအောင် ကျင့်ကြံသူအတွက် နေ့ကောင်းရက်သာ ရွေးချယ်နေရန်မလို။ ထို့သို့ ကျင့်ကြံနေသမျှ အခါခပ်သိမ်း နက္ခတ်ကောင်းနှင့် ပြည့်စုံနေသည်။ အခွင့်အလမ်းကောင်းများလည်း လမ်းပွင့်နေသည်ဟု ဆိုလိုသည်။

သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။
သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။

(ထိုသို့ သုစရိုက်နှင့် ပြည့်စုံနေသော နံနက်ခင်းသည်)
နက္ခတ်ကောင်း, မင်္ဂလာကောင်း, မိုးသောက်ကောင်း, ထခြင်းကောင်း
ခဏကောင်း, အချိန်ကောင်း ဖြစ်သည်။
မြတ်သောအကျင့်ရှိသူအား ကောင်းသောပူဇော်ခြင်း ဖြစ်သည်။

ပဒက္ခိဏံ ကာယကမ္မံ၊ ၀ါစာကမ္မံ ပဒက္ခိဏံ။
ပဒက္ခိဏံ မနောကမ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။

မြတ်သော ကာယကံ, မြတ်သော ၀စီကံ၊
မြတ်သော မနောကံ၊ မြတ်သော ရည်ရွယ်ဆောက်တည်မှု ဖြစ်ပါစေ။

ပဒက္ခိဏာနိ ကတွာန၊ လဘန္တတ္ထေ ပဒက္ခိဏေ။
တေ အတ္ထလဒ္ဓါ သုခိတာ၊ ၀ိရုဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

ကောင်းမြတ်ခြင်းတို့ကို ပြုခြင်းကြောင့်၊ ကောင်းမြတ်သော အကျိုးတရားတို့ ရ၏။
သင့်အား ထိုကောင်းမြတ်သော အကျိုးစီးပွားတို့ ရရှိပါစေ။
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ၍ ဗုဒ္ဓသာသနာတွင် တိုးတက်ကြီးပွားကြပါစေ။
အလုံးစုံသော ဆွေမျိုးတို့နှင့် အတူတကွ အနာရောဂါကင်း၍ ချမ်းသာခြင်းသို့ ရောက်ကြပါစေ။

ပရိတ်ကြီး ၁၁-သုတ်၏ နောက်ဆုံး ပုဗ္ဗာဏှသုတ်တွင် ဤဂါထာ သုံးပုဒ်ကို ထည့်သွင်းထားပါသည်။ ကောင်းသော နံနက်ခင်း, ကောင်းသော နေ့လည်ခင်း, ကောင်းသော ညချမ်းဖြစ်စေရန် ကိုယ်နှုတ်နှလုံး သုံးပါးဖြင့် သုစရိုက်တရားများကို ကျင့်ကြံကြရန် တိုက်တွန်းထားခြင်း ဖြစ်ပါသည်။

စာညွှန်း။
၁။ အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ မင်္ဂလ၀ဂ်၊ ပုဗ္ဗာနသုတ် (အံ-၃-၁၅၆)
၂။ ဆယ်စောင်တွဲသင်တန်း မြန်မာပြန်ကျမ်း - ဆရာတော်ဦးပညာသာမိ (မာဂဓီ-သာစည်)

Read more...

မီးထွန်းပွဲနှင့် ဝါကျွတ်ကန်တော့ပွဲ - အရှင်မဟောသဓပဏ္ဍိတ

“သီတင်းကျွတ်လ”သည် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက် အထွတ်အမြတ်ပြုအပ်သော ‘လ’ ဖြစ်သည်။

ဝါဆိုလမှ စ၍ ဝါတွင်းသုံးလတိုင်တိုင် သီတင်းသီလဆောက်တည်ကျင့်သုံးခဲ့ကြရာမှ ကျွတ်လွတ်ပြီဟူသော အထိမ်းအမှတ်ဖြင့် “သီတင်းကျွတ်လ”ဟု ခေါ်တွင်ခဲ့ကြဟန် တူပေ၏။

ထို့ပြင် ဗုဒ္ဓသားတော် ရှင်ရဟန်းတို့အနေဖြင့် ဝါတွင်းသုံးလ ဒေသစာရီ ကြွချီမှု မရှိဘဲ တမိုးခို တဝါဆို သီတင်းသုံးခဲ့ရာမှ ကျွတ်လွတ်သော ‘လ’ဖြစ်၍လည်း “သီတင်းကျွတ်လ”ဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေဖြင့် တခြားသောလများ၌ ဥပုသ်သီလ မစောင့်သုံးနိုင်စေကာမူ ဝါတွင်းသုံးလ၌ကား လဆန်း-လဆုတ် ရှစ်ရက်၊ လပြည့်-လကွယ်နေ့များတွင် ကြိုးစား၍ ဥပုသ်စောင့်သုံးကြသည်က များပေသည်။

မြန်မာ့ကျေးလက်ဒေသများတွင် သာမန် နေ့ရက်များ၌ ဖြစ်သလို ချက်ပြုတ်စားကြ ရောင့်ရဲတင်းတိမ်ကြသော်လည်း ဥပုသ်နေ့မျိုးတွင်ကား ဘုရားရှင်နှင့် ရဟန်းသံဃာတော်များအား ဦးဦးဖျားဖျား ဆွမ်းကပ်လှူကြရမည်ဖြစ်၍ ပံ့သကူ အမဲသား ငါး ဟင်းလျာများကို ဆီရွှဲရွှဲနှင့် ချက်ပြုတ်လာလေ့ရှိကြသည်။ မန်ကျည်းသီးစိမ်းကို ညက်ညက်ထောင်း၍ လယ်ပုစွန်လုံးနိုင်နိုင်နှင့်၊ တခါတရံ ငါးခူနှင့် နှပ်၍လည်းကောင်း၊ ပဲကြီးနှပ်ဆီပြန်ချက်နှင့်လည်းကောင်း ဥပုသ်ထမင်းစားရသည်မှာ အရသာရှိလှပါဘိသည်။

ကျေးရွာမှ လုံမငယ် အပျိုချောတသိုက်တို့ကလည်း ကျောင်းသို့ လာလာသမျှ ဥပုသ်စောင့်သူရော ဥပုသ်မစောင့်သူများကိုပါ လဖက် ဆေးလိပ် ကမ်းခြင်း၊ ချိုချဉ် မုန့်ပဲသရေစာ ဝေငှခြင်း စသည်ဖြင့် ပကာသန မပါဘဲ တနိုင်ဒါန ပြုလုပ်လေ့ရှိကြရာ ရွာဦးကျောင်း၌ စည်ကားသိုက်မြိုက်လျက် ရှိသည်။

ဤလိုပွဲမျိုးတွင် အကိုကာလသားတို့ကလည်း လက်လွတ်မခံဘဲ လုံမငယ်အရှက်အိုးတို့ကို ကျိပ်ပိုး,ပိုးရန် ရောက်ရှိနေတတ်ကြပေသည်။

ဤကဲ့သို့လျှင် ဝါတွင်းသုံးလ၌ လူကြီးလူငယ်အားလုံး ကျောင်းကန်ဘုရားသွားခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်းဖြင့် ဘဝပျော်ရွှင်မှု၊ စိတ်နှလုံး အေးချမ်းသာယာမှုကို ရရှိကြလေသည်။

သီတင်းကျွတ်လပြည့်နေ့သို့ ရောက်ပြီဆိုလျှင်ကား “သီတင်းကျွတ်မီးထွန်းပွဲတော်”ကို ခြိမ့်ခြိမ့်သဲသဲ နွှဲပျော်ကြလေသည်။

ညနေရီ နေဝင်ဖြိုးဖျအချိန်တွင် ပန်းစည်းများ၊ ဖယောင်းတိုင်နှင့် ဆီမီးခွက်များကို ကျောင်းသား ကျောင်းသူကလေးများ၊ လုံမငယ်များက ကိုင်ဆောင်၍ ရှေ့မှ စီတန်း ထွက်လာသည်။
အပျိုခေါင်းလုပ်သူ အမျိုးသမီးများ၏ခေါင်းဆောင် အပျိုကြီးမမတဦးက အားလုံး စီစဉ် ညွှန်ကြားပေးသည်။

ထိုနောက် အိုးစည်ဝိုင်းအက၊ ဒိုးပတ်ဝိုင်းအကနှင့် ပတ်ခြောက်ဝိုင်းအကတို့က နောက်မှ တီးမှုတ် ကခုန် လိုက်ပါလာကြသည်။
ပတ်ခြောက်ဝိုင်းအကမှာ မင်းသားတလက်၊ မင်းသမီးတလက်၊ နှဲမှုတ်သူတယောက်၊ လင်းကွင်းတီးသူတယောက်၊ ဒိုးပတ်တီးသူနှင့် မောင်းဆိုင်းတီးသူနှစ်ယောက်၊ ဝါးလက်ခုပ်တီးသူ နှစ်ယောက်၊ အားလုံး ရှစ်ယောက် ပါဝင်သည်။
ဤတီးမှုတ်ကခုန်သူများကို ကာလသားခေါင်းလုပ်သူက ဦးဆောင် စီမံပေးသည်။

ရွာဦးကျောင်းတွင် သုံးပတ်မျှ စီတန်းလှည့်လည် ကခုန်ပြီးနောက် ပန်းဆီမီးများကို ကျောင်းတိုက်တွင်းရှိ စေတီတော်တွင် ညှိထွန်း ပူဇော်လိုက်ကြသည်။
လူငယ် ကာလသားတသိုက်က ဗျောက်အိုးဖောက်ခြင်း၊ မီးရှူးမီးပန်းများလွှတ်ခြင်းနှင့်အတူ သူတို့ ကြိုတင်ပြုလုပ်လာသည့် ဆင်ရုပ် မြင်းရုပ် ဘိုးသူတော်ရုပ်သဏ္ဌာန် မီးပုံးပျံများကို ကောင်းကင်သို့ အပြိုင်အဆိုင် လွှတ်တင်လိုက်ကြလေသည်။

ထိုနောက် လူကြီးလူငယ်အားလုံး ကျောင်းဘုန်းတော်ကြီးထံ ငါးပါးသီလခံယူ၍ “အဘိဓမ္မာအခါတော်နေ့”ကို ဆက်လက် ကျင်းပကြလေသည်။
သွက်လက်၍ ထက်မြက်ချက်ချာသော ကျောင်းသူကျောင်းသားကလေးများနှင့် အပျိုရွယ် လက်ရွေးစင်ကလေးမလေးများက အဘိဓမ္မာခုနစ်ကျမ်းအကျဉ်းချုပ်ကို ပြိုင်တူ ရွတ်ဖတ် ပူဇော်ကြလေသည်။
ကျန်လူများက ရိုသေစွာ နာယူကြ၍ သာဓုခေါ်ဆိုကြသည်။

ဤ “အဘိဓမ္မာအခါတော်နေ့” ကျင်းပရခြင်းသည်လည်း သီတင်းကျွတ်လ၏ ထူးခြားသော ဘာသာယဉ်ကျေးမှုပွဲတော်တရပ်ပင် ဖြစ်လေသည်။
မြန်မာ့ယဉ်ကျေးမှုပွဲတော်များ ကျင်းပနေခြင်းမှာ အဓိပ္ပာယ်မဲ့ မဟုတ်ချေ။
ဘာသာရေး၊ ယဉ်ကျေးမှုမှ ဆက်နွယ်လာသော ပွဲတော် အစဉ်အလာများ ဖြစ်သည်။

ဗုဒ္ဓမြတ်စွာသည် သက်တော်ထင်ရှားရှိစဉ်က ဝါတွင်းသုံးလမျှ တာဝတိံသာသို့ ကြွ၍ ‘မယ်တော်မိနတ်’ကို အဘိဓမ္မာ နို့ဖိုးဆပ်ဒေသနာ ဟောကြားတော်မူခဲ့သည်။
သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာခုနစ်ကျမ်းဟောပြီး၍ မယ်တော်မိနတ်လည်း တရားထူးရကာ သောတာပန် အရိယာအဖြစ်သို့ ဆိုက်ရောက်ခဲ့လေသည်။
ဤသို့လျှင် ဗုဒ္ဓမြတ်စွာသည် ဓမ္မရေစင်တိုက်ကျွေး၍ မယ်တော်ကျေးဇူးကို ဆပ်ပြီးနောက် နေဝင်ဖြိုးဖျ အမှောင်ပျိုးစအချိန်တွင် တာဝတိံသာနတ်ပြည်မှ သင်္ကဿမြို့သို့ ပြန်လည် ကြွရောက်တော်မူခဲ့သည်။

နတ်ဗြဟ္မာတို့ ဖန်ဆင်းသည့် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း သုံးသွယ်အနက် ဝဲယာတွင် နတ်ဗြဟ္မာတို့ ခြံရံလျက် အလယ်ပတ္တမြားစောင်းတန်းမှ နေ၍ ဗုဒ္ဓမြတ်စွာ ပြန်လည် ဆင်းသက်တော်မူခဲ့ပါသည်။

သင်္ကဿမြို့သူမြို့သားတို့သည်လည်း မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော်ခြောက်သွယ်၊ နတ်ဗြဟ္မာတို့၏ တန်းဆာအရောင်တို့ဖြင့် ထွန်းပြောင်ဝင်းဝ အသရေစုံခသည့် ရှင်တော်မြတ်ဘုရားကို ဖူးမဝ ရှုမဆုံး ပီတိလုံးလှိုက်ဖိုကြွလျက် မြေပြင်မှ မီးတုတ် မီးပန်းတို့ဖြင့် ဝှေ့ရမ်းပူဇော်ကြကာ အားပါးတရ ကြိုဆိုခဲ့ကြလေသည်။
ဤသာဓကကို ထုံးမူ၍ “သီတင်းကျွတ်မီးထွန်းပွဲ”ကို အစဉ်ပင် ဆင်နွှဲလာခဲ့ကြခြင်း ဖြစ်ပေသည်။

ဤ ဗုဒ္ဓမြတ်စွာ၏ မိဘကျေးဇူး တန်ဖိုးထား၍ ကျေပွန်အောင် ဆပ်တော်မူခဲ့ပုံ၊ အဘိဓမ္မာ နို့ဖိုးဆပ်ဒေသနာ ဟောကြားတော်မူခဲ့ပုံကို ထုံးသာဓကမူ၍ သီတင်းကျွတ်အခါသမယတွင် ရဟန်းသံဃာများ၊ မိဘဘိုးဘွားများနှင့် ဆရာသမားတို့အား ပူဇော်ကန်တော့ပွဲကို မြန်မာတိုင်းရင်းသားတို့ ဆင်နွှဲခဲ့ကြလေသည်။

သီတင်းကျွတ်ချိန်တွင် တရပ်တကျေး နယ်အဝေးသို့ သွားရောက် အမှုထမ်းနေရသူများပင် မိဘရပ်ထံ ခွင့်နှင့်ပြန်လာကာ အိမ်သူသက်ထား သမီးသားစုံစွာဖြင့် မိဘဘိုးဘွားတို့ကို ပူဇော် ကန်တော့ကြမြဲဖြစ်သည်။

နိုင်ငံရပ်ခြား တိုင်းတပါးသို့ အကြောင်းကြောင်းတို့ကြောင့် ရောက်ရှိနေကြရသူတို့သည် ဤကဲ့သို့သော သီတင်းကျွတ်ပွဲတော် အချိန်အခါမျိုးတွင် အမိမြန်မာပြည်ကို တမ်းတ မှန်းဆ လွမ်းကြရစမြဲပင် ဖြစ်ပါသည်။

မြန်မာစာပေပညာရှင် ဆရာကြီးဦးဝန် (မင်းသုဝဏ်)သည် ပညာတော်သင်ဘဝဖြင့် ပြင်သစ်ပြည်သို့ ရောက်ခိုက်တွင် -

သူတကာ ကန်တော့ပွဲတွေနှင့်
ညီအကို မောင်နှံတွဲပါလို့
ရွာထဲမှာ လူရောက်ပြချိန်မို့
စာဆိုမှာ လာလိုလှသော်လည်း
မှန်းဆရုံသာ”ဟု ဝါကျွတ်ချိန် အမိမြန်မာပြည်သို့ ပြန်လာလိုပါလျက် မပြန်နိုင်သေး၍ မှန်းဆ လွမ်းတခဲ့ရပုံကို ဖော်ကျူးခဲ့ဖူးပါသည်။

နို့ချိုဖိုးအတွက် တဝါတချိ ရှာစုပြီးလျှင် ပြန်လာနိုင်မည်ဖြစ်၍ သားစာဆိုလူညိုလှကို လွမ်းစရာ ခန်းသာဝဆီက ဆီးကြိုဖို့ အမိမြန်မာပြည်သို့ ဝါကျွတ်ကန်တော့ပန်း ဆင်မြန်း ဖွဲ့သီခဲ့ပါသည်။

ယနေ့ တိုင်းတပါးသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသူ နိုင်ငံသားတို့သည်လည်း ရောက်ရာဒေသတွင် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများကို ထိန်းသိမ်းလျက် ဘာသာရေး ဓလေ့ထုံးများကို လိုက်နာ ကျင့်သုံးကာ နို့ချိုဖိုးအတွက် အမိမြန်မာပြည်သို့ ဝါကျွတ်ကန်တော့ပန်း ဆင်မြန်းနိုင်ရန် ရည်သန်ကြိုးစား အလေးထားလျက်ရှိကြောင်း ဆရာမင်းသုဝဏ်၏ ကဗျာပိုဒ်ကလေးဖြင့် နိဂုံးချုပ်လိုက်ရပေသည်။

မိမြန်မာ
နေရပ်ကို ငါခွာလို့
တရပ်ရွာ တမြေခြားမှာလ
ဖဝါးယာဉ်သာပြုပါလို့
ရှာစုသည် နို့ချိုဖိုးပါပဲ
သည်တဝါ သည်တမိုးကိုတော့
ကြိုးစားကာ စာဆိုခဲ့လျှင်ဖြင့်
သုံးမကုန် ကန်တော့ပွဲရယ်နှင့်
ရွာထဲမှာ လူရောင်ပြနိုင်လိမ့်
သားစာဆို လူညိုလှကိုလ
လွမ်းစရာ ခန်းသာဝဆီက
အပြန်ကို စရန်နှင့်တပေတော့
ဝေးက ပန်တောင်း။

(၁၉၉၂ ခုနှစ် နိုဝင်ဘာလထုတ် လောကချမ်းသာစာစောင် အတွဲ-၂ အမှတ်-၃တွင် ဆရာတော် အရှင်မဟောသဓပဏ္ဍိတ ရေးသားခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)

(ဆရာတော် အရှင်မဟောသဓပဏ္ဍိတသည် ၂၀၁၀ ခုနှစ် ဧပြီလတွင် လေဖြတ်ရောဂါ ခံစားခဲ့ရပြီး၊ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က မြန်မာပြည်သို့ ပြန်လည် ကြွရောက်သွားခဲ့ကာ စစ်ကိုင်းမြို့ ဝေဇယန္တာကျောင်း၌ အနားယူ သီတင်းသုံးမည့်အကြောင်း သိရ၏။)

+++++

အမိမြန်မာပြည်အဖို့

ဝါကျွတ်ကန်တော့ပန်း

(ပြင်သစ်မှာ ရေး)

မလာဖြစ်နိုင်ဘု

ဝါခေတ် တခါကုန်တော့

မီးရောင်စုံ ကျွတ်သီတင်းကိုလ

ရင်တွင်းက ပူဆာဆာ။

သူတကာ ကန်တော့ပွဲတွေနှင့်

ညီအစ်ကို မောင်နှံတွဲပါလို့

ရွာထဲမှာ လူရောင်ပြချိန်မို့

နေညိုမှာ မေအို တရှာလိမ့်

စာဆို လာလိုလှသော်လည်း

မှန်းဆရုံသာ။

နတ်ညီနောင် စားဖိုကြားဆီက

မွန်းစာဆို ဘယ်ကိုသွားတယ်လို့

လှေကားကို သူတို့မေးပြန်တော့

ဆိုတေးသံ မကြားတာဖြင့်

တဝါ နှစ်ဝါသို့ လျားပေါ့လို့

လှေကားက အဖြေလာ

စာဆိုမောင့် ငယ်ပေါင်း။

မိမြန်မာ

နေရပ်ကို ငါခွာလို့

တရပ်ရွာ တမြေခြားမှာလ

ဖဝါးယာဉ်သာပြုပါလို့

ရှာစုသည် နို့ချိုဖိုးပါပဲ

သည်တခါ သည်တမိုးကိုတော့

ကြိုးစားကာ စာဆိုခဲလျှင်ဖြင့်

သုံးမကုန် ကန်တော့ပွဲရယ်နှင့်

ရွာထဲမှာ လူရောင်ပြနိုင်လိမ့်

သားစာဆို လူညိုလှကိုလ

လွမ်းရာ ခန်းသာဝဆီက

အပြန်ကို စရန်နှင့် တ,ပေတော့

ဝေးက ပန်တောင်း။

မင်းသုဝဏ်

(၁၉၃၈)
0 comments

Read more...

မဟောသဓာဇာတ် အပိုင်း- ၁၄

0005052Kph0.jpg

ဆိတ်နှင့်ခွေး
တစ်နေ့သ၌ ဝိဒေဟရာဇ်မင်းကြီးသည် နံနက်စာ ပွဲတော်တည်၏။ ထို့နောက် နန်းတော်ဆောင်၌ လမ်းလျှောက်ရင်း ပြတင်းပေါက်၌ ခေတ္တရပ်ကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုအခါ ဆိတ်နှင့်ခွေးတို့ သင့်မြတ်စွာ အဆွေ ခင်ပွန်းဖွဲ့နေကြသည်ကို အံ့ဖွယ် မြင်တွေ့ရသည်။

စင်စစ် ဆိတ်နှင့်ခွေးတို့သည် မသင့်မြတ်ကြ။ ရန်ဘက်ဖြစ်ကြသည်။ သို့ရာတွင် တစ်နေ့သ၌ ဆိတ်သည် ဆင်တင်းကုပ်သို့ သွား၍ ဆင်စာမြက်ကို စားသည်။ ဆင်ထိန်းသိသသောအခါ ရိုက်လွှတ်လိုက်သည်။ ဆိတ်သည် ပြေးခဲ့ပြီး မင်းကြီး၏ အိမ်တော်နံရံကို မှီ၍ အိပ်နေသည်။ ထိုနေ့မှာပင် ခွေးသည်လည်း စားတော်ကဲအလစ်တွင် စားဖိုအိမ်သို့ဝင်ကာ အမဲဟင်းကို ခိုးစားသည်။ စားတော်ကဲ သိသောအခါ ခွေးကို ရိုက်လွှတ်သည်။ ခွေးလည်း ထွက်ပြေးလာရာ ဆိတ်နေသောနေရာသို့ ရောက်လာသည်။ ဤတွင် အချင်းချင်းစကားဆိုရာမှ အကျိုးအကြောင်း သိသွားသည်။ ထိုအခါ ဆိတ်၏ အကြံပေးချက်အရ ခွေးသည် ဆင်တင်းကုပ်သို့ သွား၏။ ခွေးသည် မြက်စားတတ်သူမဟုတ်သဖြင့် ဆင်ထိန်းက ဘေးမဲ့ပေးထားသည်။ ဤတွင် ခွေးက အလစ်တွင် ဆင်စာမြက်ကို ချီယူလာပြီး ဆိတ်ကိုပေးသည်။ အလားတူပင် ဆိတ်ကလည်း စားဖိုအိမ်သို့ သွားသည်။ ဆိတ်သည် အမဲဟင်း စားတတ်သူ မဟုတ်သဖြင့် စားတော်ကဲက ဘေးမဲ့ ပေးထားပြန်သည်။ ဤတွင် ဆိတ်သည် အလစ်၌ အမဲဟင်းကို ခိုးယူလာပြီး ခွေးကိုပေးသည်။ ဤသို့ဖြင့် ဆိတ်ကလည်း မြက်ကိုစားရသည်။ ခွေးကလည်း အမဲဟင်းကို စားရသည်။ သို့ဖြင့် သူတို့နှစ်ကောင်သည် အဆွေခင်ပွန်း ဖြစ်နေကြလေသည်။

ထိုအကြောင်းကို မင်းကြီးမသိ။ ဆိတ်နှင့်ခွေးတို့ မိတ်ဆွေဖြစ်နေကြသည်ကို အံ့မဆုံးဖြစ်နေသည်။ ဤအကြောင်းကို ပြဿနာလုပ်ပြီး ပညာရှိများကို မေးအံ့ဟု ကြံစည်သည်။ နောက်တစ်နေ့ ညီလာခံတွင်-

"သုခမိန်တို့၊ ဤလောက၌ မည်သည့်အခါကမျှ အဆွေခင်ပွန်း အဖြစ် မပေါင်းသင်းဖူးသော ရန်ဘက် သတ္တဝါ နှစ်ဦးသည် ယခုအခါ အဆွေခင်ပွန်း ဖွဲ့နေကြသည်။ အကြောင်းရင်းကို ငါသိချင်သည်။ ယနေ့ နံနက်စာ စားပြီးချိန်၌ ဖြေကြားရမည်။ မဖြေနိုင်လျှင် တိုင်းပြည်မှ နှင်ထုတ်မည်" ဟု မိန့်တော်မူသည်။

သိန်း၊ ဒေဝိန်း၊ ကာမိန်း၊ ပက္ကုသ် တည်းဟူသော သုခမိန်ကြီး ၄-ယောက်မှာ မည်သို့မျှ မဖြေနိုင်။ အခက်ကြုံတွေ့နေကြသည်။ မဟောသဓာသုခမိန်မူ တစ်ရက်လောက် အချိန်ရလျှင် အဖြေမှန်ကို ဖော်ထုတ်နိုင်စရာရှိသည်ဟု တွေးပြီးလျှင် သိန်းအမတ်လည်း မဟောသဓာ၏ အလိုကိုသိသဖြင့်-
"အရှင်မင်းကြီး၊ ကျွန်ုပ်တို့ စဉ်းစားပြီးမှ ဖြေဆိုပါမည်။ ကျွန်ုပ်တို့အား ၁-ရက်မျှ အချိန်ပေးတော်မူပါ" ဟု လျှောက်ထား၏။

မင်းကြီးက "ကောင်းပြီ။ ငါ ၁-ရက် အချိန်ပေးမည်။ စဉ်းစားပြီးမှ ဖြေဆိုကြ။ မဖြေနိုင်လျှင် သင်တို့ကို တိုင်းပြည်မှ နှင်ထုတ်မည်" ဟု မိန့်တော်မူသည်။

သုခမိန်း ၅-ယောက်တို့သည်လည်း မင်းကြီးရှေ့မှ ပြန်လာကြသည်။ မဟောသဓာသည် အိမ်သို့မပြန်သေး။ ဥဒုမ္ဗရဒေဝီမိဖုရားကြီးထံသို့ သွား၍ ယမန်နေ့က မင်းကြီးဘယ်အရပ်၌ နေသည်ကို စုံစမ်း၏။ မိဖုရားက- "မင်းကြီးသည် ယမန်နေ့က နန်းတော်အဆောင်၌ စင်္ကြံလျှောက်ရင်း ပြတင်းပေါက်၌ အချိန်တန်ကြာစွာ ရပ်နေသည်" ဟု ဆို၏။ မဟောသဓာလည်း ထိုပြတင်းပေါက်သို့ သွား၍ စုံစမ်းကြည့်ရှု၏။ ထိုအခါ ဆိတ်နှင့်ခွေးတို့ အဆွေခင်ပွန်း ဖွဲ့၍ နေသည်ကို တွေ့မြင်သွားသည်။ မင်းကြီးသည် ဤဆိတ်နှင့်ခွေးတို့ကို မြင်သဖြင့် ပြဿနာပြုလုပ်၍ မေးကြောင်း အတပ်သိသွားသည်။ စိတ်လက်ကြည်သာစွာဖြင့် အိမ်သို့ ပြန်ခဲ့သည်။

ပက္ကုသ်အမတ်၊ ကာမိန်းအမတ်၊ ဒေဝိန်းအမတ်တို့မူ မည်သို့မျှ မကြံတတ်သဖြင့် သိန်းအမတ်ကြီးအိမ်သို့ သွားကြသည်။ အကြံတောင်းကြသည်။ သိန်းအမတ်ကြီးလည်း မတတ်နိုင်။ နောက်ဆုံးတွင် မဟောသဓာသည် သူတို့ထက် အသိဉာဏ်ကျယ်သူ ဖြစ်သည်ဟုဆိုကာ အားကိုးတကြီးဖြင့် မဟောသဓာထံ သွားကြလေသည်။

မဟောသဓာလည်း ပညာရှိရုံမက သဘောထားကြီး၍ စိတ်ထားမြင့်မြတ်သူ ဖြစ်သည်။ 'ဤသူတို့ကို ငါမကယ်ပါက ၄-ယောက်လုံးပင် ပြည်နှင်ဒဏ် ခံရတော့မည်။ သူတို့မရှိပါက ငါသည် မင်းကြီး၏ ချီးမြှောက် ပူဇော်မှုကို ပိုမိုခံရမည်။ သို့ရာတွင် ဤသူ ၄-ယောက်မှာ ပျက်စီးရှာတော့မည်။ သူတို့မပျက်စီးရလေအောင် ငါ ကူမတော့မည်' ဟု ဆိုကာ အဖြေဖြစ်ရုံ တစ်ယောက်တစ်မျိုးစီ သင်ကြားပေးလိုက်သည်။

နောက်တစ်နေ့ ညီလာခံတွင် မင်းကြီးကမေးသောအခါ သိန်းအမတ်က "အရှင်မင်းကြီး၊ လူတို့သည် ဆိတ်၏ အသားကို နှစ်သက်စွာ စားကြသည်။ ခွေး၏ အသားကိုကား မစားကြပါ။ ယင်းသို့ အသားချင်း မတူကြပါလျက် ဆိတ်နှင့်ခွေးတို့သည် အဆွေခင်ပွန်း ဖွဲ့ကြသည်ဖြစ်ရာ၏" ဟု ဖြေဆိုသည်။

ပက္ကုသ်အမတ်က "အရှင်မင်းကြီး၊ လူတို့သည် ဆိတ်၏အရေကို မြင်းကုန်းနှီးလုပ်ကြ၏။ ခွေး၏ အရေကိုကား မြင်းကုန်းနှီးမလုပ်ကြပါ။ ယင်းသို့ အရေခြင်း မတူကြပါလျက် ဆိတ်နှင့်ခွေးတို့ အဆွေခင်ပွန်း ဖွဲ့သည်ဖြစ်ရာ၏" ဟု ဖြေဆို၏။

ကာမိန်းအမတ်က "အရှင်မင်းကြီး၊ ဆိတ်သည် ကောက်လိမ်သော ဦးချိုရှိ၏။ ခွေးကား ဦးချိုမရှိပါ။ ထို့ပြင် ဆိတ်သည် မြက်ကိုသာစား၏။ ခွေးကား အသားကို စားပါသည်။ ယင်းသို့ မတူပါလျက် ဆိတ်နှင့်ခွေးတို့ အဆွေခင်ပွန်း ဖွဲ့သည်ဖြစ်ရာ၏" ဟု ဖြေဆိုသည်။

ဒေဝိန်းအမတ်က "အရှင်မင်းကြီး၊ ဆိတ်သည် မြက်သစ်ရွက်ကို စား၏။ သူတစ်ပါးကို ဖမ်းယူ၍ မစား။ ခွေးကား မြက်သစ်ရွက်ကို မစား။ ယုန်၊ ကြောင်စသည်တို့ကို ဖမ်း၍စားတတ်၏။ ယင်းသို့ မတူပါလျက် ဆိတ်နှင့်ခွေးတို့သည် အဆွေခင်ပွန်း ဖွဲ့ကြသည် ဖြစ်ရာ၏" ဟု ဖြေဆိုလေသည်။

သုခမိန် ၄-ယောက်တို့သည် မဟောသဓာ နှုတ်တိုက်သင်ပေးလိုက်သည့်အတိုင်း ရွတ်ဆို လျှောက်တင်ခြင်းသာ ဖြစ်သည်။ အနက် အဓိပ္ပာယ်ကိုကား မသိကြချေ။ သို့ရာတွင် မင်းကြီးကမူ သုခမိန်တို့သည် အနက်အဓိပ္ပာယ်ကို သသောကြောင့် ဖြေဆိုနိုင်ကြခြင်း ဖြစ်သည်ဟု မှတ်ထင်လေသည်။

ထို့နောက် မဟောသဓာကိုမေးရာ မဟောသဓာက "အရှင်မင်းကြီး၊ ဆိတ်သည် ခွေးအတွက် စဖိုအိမ်မှ အမဲကို အမှတ်မဲ့ ယူဆောင်ပေးသည်။ ခွေးကလည်း ဆိတ်အတွက် ဆင်တင်းကုပ်မှ မြက်ကို အမှတ်မဲ့ ယူဆောင်ပေးသည်။ ဤသို့ ဆိတ်နှင့်ခွေး အချင်းချင်း တစ်ဦးအစာ တစ်ဦး ယူဆောင်ပေးကာ အဆွေခင်ပွန်း ဖွဲ့ကြသည်ကို မင်းကြီး မြင်တော်မူခြင်း ဖြစ်ရာသည်" ဟု လျှောက်၏။

မင်းကြီးလည်း အလွန်နှစ်သက်ရသဖြင့် သုခမိန် ၅-ယောက်အား အဿတိုရ်မြင်းကသောရထား တစ်စီးစီ၊ ၇ွာတစ်ရွာစီ ချီးမြှင့်လေသည်။

သုခမိန် ၄-ယောက်တို့သည် မိမိတို့အစွမ်းဖြင့် သိသည်မဟုတ်၊ မဟောသဓာ သင်ပေးသောကြောင့်သာ ဖြေဆိုနိုင်ခြင်းဖြစ်သည်ကို ဥဒုမ္ဗရဒေဝီ သိသည်။ ထို့ကြောင့် မင်းကြီးက ညီတူညီမျှ ချီးမြှောက်သည်ကို မကျေနပ်။ ထိုအကြောင်းကို လျှောက်ထားသည်။ ထိုအခါ မင်းကြီးက ချီးမြှောက်ပြီးဖြစ်၍ မပြင်သာပြီ။ နောက်တစ်ကြိမ် ပြဿနာအသစ်တစ်ခု မေးပြီး မဟောသဓာကို ထိုက်တန်အောင် ချီးမြှင့်ရတော့မည်ဟု ဆိုလေ၏။

(မဟောသဓာဇာတ် အပိုင်း- ၁၅ ဆက်တင်ပါမည်)

Read more...

၁၂.၁၀.၂၀၁၀ အလှူပွဲ။








၁၂.၁၀.၂၀၁၀ ရက်နေ့အလှူပွဲဖြစ်ပါတယ်။ အာရုဏ်ကြက်သားကြာဇံချက်ကပ်လှူခဲ့ပါတယ်။ အလှူရှင်တစ်ဦးမှဦးဇင်းထံသို့ဖုန်းဆက်သွယ်ပြီး လှူဒါန်းပေးရန်ဦးဇင်းထံသို့မေးပို့ထားပြီဖြစ်ကြောင်း။ လှူဒါန်းပေးပါရန်ဆက်သွယ်လာပါသည်။ သို့သော် ယနေ့အချိန်အထိဆက်သွယ်မှုမပြုလုပ်သေးပါ။ ဖုန်းနံပါတ်မှာလည်း unkown ဖြစ်နေပါသဖြင့် မည်သည့်နိုင်ငံမှဆိုတာ မသိရပါ။ နေ့ဆွမ်းအလှူရှင်ကတော့ ဦးဇော်လင်း၊ ကိုအောင်ချို၊ စီဇာတို့မွေးနေ့အလှူပွဲဖြစ်ပါတယ်။ ယနေ့တွင် ဆပ်ပြာမှုန့်အလှူရှင်ကတော့ မခင်ငြိမ်းချမ်းဦး (မလေးရှား)မှဖြစ်ပါတယ်။ ခေါင်းရိတ်ဓါးအလှူရှင်ကတော့ ကိုကျော်ဦး+မသီတာ မိသားစု (ဒိန်းမတ်) မှဖြစ်ပါတယ်။ ဗလာစာအုပ်အလှူရှင်ကတော့ မိဘများကိုအမှုထား၍ ဒေါ်တင်တင်လှိုင်မိသားစုမှဖြစ်ပါတယ်။ အလှူရှင်ဒေါ်တင်တင်လှိုင်ကိုယ်တိုင် မြန်မာပြည်ရောက်နေချိန်မှာ ကိုယ်တိုင်လာရောက်လောင်းလှူပါတယ်။ ဒေါ်တင်တင်လှိုင်မှ ချောကလက်များလည်းလှူဒါန်းပါတယ်။ ဒေါ်တင်တင်လှိုင်မှ အောင်မြေဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် ရေသန့်ရေအေးစက်တစ်လုံးလည်း လှူဒါန်းခဲ့ပါတယ်။ လှူဒါန်းမှုအစုစုအတွက် စစ်ကိုင်းမြစကြာပရိယတ္တိစာသင်တိုက်ဆရာတော် မှ အနုမောဒနာတရားချီးမြင့်၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပါတယ်။ ဒေါ်တင်တင်လှိုင်နှင့်အတူ အလှူရှစ်တစ်ဦးဖြစ်သော ဒေါ်နန်းအေးမွန်မိသားစု (ရှမ်းပြည်မြောက်ပိုင်း)မှလည်း ဘောပင်များလှူဒါန်းခဲ့ပါတယ်။


WWKM(အမှတ်တရလေးများ)

Read more...

သူများပြောလို ကိုယ့်ကိုယ်ကို

သူများပြောလို ကိုယ့်ကိုယ်ကို


၁၅၈။ အတ္တာနမေ၀ ပဌမံ ၊ ပတိရူပေ နိဝေသယေ၊

အထည မနုသာသေယျ၊ န ကိလိေဿယျ ပဏ္ဍိတော။

( ဓမ္မပဒ ၊ အတ္တ၀ဂ်၊ ဥပနန္ဒသကျပုတ္တတ္ထေရ၀တ္ထု )


၁။ သူများပြောလို ၊ ကိုယ့်ကိုယ်ကို ၊ ထိုဂုဏ်ရှိပါစေ။

ထိုသို့ ရှိငြား ၊ ခြားတစ်ပါး ၊ ပြောကြားကြပါလေ။

၂။ မရှိခဲ့သော် ၊ ကိုယ့်ပြန်ဆော် ၊ ရန်သော် ဖြစ်ပွါးစေ။
ကဲ့ရဲ့ သံလျင်း ၊ ဆက်ကာညှင်း ၊ မယွင်း တွေ့ ရသလေ။

၃။ ကိုယ့်မှာ ဂုဏ်ထား ၊ ပြောလေငြား ၊ လူများ ချစ်ခင်စေ။
ခြီးမွမ်းသံလည်း ၊ ထပ်ခါတွဲ ၊ ရမြဲ ရပါလေ။

ဘာသာပြန် စပ်ဆို
ဘုန်းဘုန်းဘိုတေ - ၂၀၁၀





မှတ်ချက်။ ။ ဓမ္မပဒ အဋ္ဌကထာကို ကြည့်ရှုလေ့လာကာ

သံပေါက် လင်္ကာ စပ်ဆိုလိုက်ပါသည်။


မြတ်ရောင်နီ
( ၁၃ ၊ ၁၀ ၊ ၂၀၁၀ )
.

Read more...

သွေးစစ်ခြင်းဖြင့် ကင်ဆာရောဂါ ပျံ့နှံ့မှု ရှိ-မရှိ သိရှိစေမည်

မျိုးရိုးဗီဇကို အခြေခံသော သွေးစမ်းသပ်စစ်ဆေးမှု ပြုခြင်းက ဝေဒနာရှင်တွင် ကင်ဆာပျံ့နှံ့မှု ရှိ၊ မရှိ သို့မဟုတ် ပြန်လည်ဖြစ်ပေါ်မှု ရှိ၊ မရှိ သိနိုင်သည့် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်စေမည် ဖြစ်သည်ဟု အမေရိကန် သုတေသနပညာရှင်တို့က ပြောကြားခဲ့ကြောင်း သိရသည်။ သွေးစစ်ဆေးစမ်းသပ်မှုပြုခြင်းက အဖုအကျိတ်များကို စမ်းသပ်စစ်ဆေးမှု ပြုစေနိုင်မည် ဖြစ်ပြီး ဆရာဝန်တို့ကို ကင်ဆာရောဂါ ကုသရာတွင် အထောက်အကူပြုစေမည် ဖြစ်သကဲ့သို့ အချို့သော ကင်ဆာဝေဒနာရှင်တို့ကို ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနှင့် ဓာတုဗေဒ ဆေးဝါးများဖြင့် ကုသခြင်းတို့မှ ကင်းလွတ်စေလျက် ပိုမို ထက်မြက်သော ကုထုံးဖြင့် ကုသမှု ပေးနိုင်လိမ့်မည် ဖြစ်သည်ဟု ဆိုသည်။

မျိုးရိုးဗီဇကို အခြေခံသော သွေးစစ်ဆေးစမ်းသပ်မှုက နည်းပညာဆိုင်ရာ အလျင်အမြန် တိုးတတ်ခြင်းတည်းဟူသော အကျိုးကျေးဇူးကို ရရှိမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းက အလွန်ကုန်ကျစရိတ်များ၍ အချိန်ယူ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်တစ်ရပ်လည်း ဖြစ်သည်ဟု ဆိုသည်။

ဘဲလ်တီမိုးရှိ ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ဒေါက်တာဘတ်ဗိုဂဲလ်စတိန်းကမူ ယင်းသည် လူနာတစ်ဦးစီအတွက် ဖန်တီးမှုပြုလုပ်ထားသည့် ကုသမှုတစ်မျိုးလည်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။ သုတေသန ပညာရှင်တို့က သာမန်တစ်ရှူးနှင့် ကင်ဆာ ဖြစ်နေသော တစ်ရှူးခြောက်စုံကိုယူ၍ တစ်ခုစီ၏ မျိုးရိုးဗီဇဆိုင်ရာ သင်္ကေတတို့ကို အသေးစိတ် စစ်ဆေးစမ်းသပ်မှု ပြုလျက်ရှိကြောင်း သိရသည်။

Ref: The Flower News


အင်တာနက်မှ ကူးယူဖော်ပြသည်

မေတ္တာဖြင့် မော်လူး

Read more...

မင်္ဂလာဆောင်မှသည်

ပါပသ္မိံရမတိ မနော=စိတ်သည် မကောင်းမှု၌ မွေ့လျော်လေ့ရှိ၏။

စိတ်၏အာရုံပြုမှုနှင့်ပတ်သက်၍ သတိပြုနေမိခဲ့သည်မှာ အတော်ကြာပါပြီ။ အထူးသဖြင့် သာရေး နာရေးကိစ္စတို့ ကြုံကြိုက်သော အခါတို့တွင်ပို၍ သတိပြုမိ၏။ ထိုထို သာရေးနာရေး အမှုတို့တွင် အလှူရှင်တို့သည် သူတို့၏ စိတ်အစဉ်ကို တရားအာရုံအပေါ်၌ ထားနိုင်ခဲလှသည်ကို မကြာခဏ လေ့လာတွေ့ရှိရ၏။ ထိုသို့ လေ့လာနေမိခြင်း သည်ပင် စာရေးသူ၏စိတ်အစဉ်သည်လည်း တရားအပေါ် ထားနိုင်ခဲလှသည်ကို ဖော်ပြဝန်ခံရာရောက်၏။

မင်္ဂလာဆွမ်းကျွေးတစ်ခု၌ ကြုံခဲ့ရပုံကို ပြောပြချင်ပါသည်။

မင်္ဂလာဦးဇနီးမောင်နှံမောင်တို့သည် ရဟန်းတော်များကို အရုဏ်ဆွမ်းဆက်ကပ်၏။ ပြီးလျှင် နှစ်ဘက်မိဘ ဆွေမျိုး များနှင့်အတူ မင်္ဂလာတရားတော်ကို နာယူကြလေသည်။ ငှါးရမ်းထားသော ဓာတ်ပုံဆရာက ရှုထောင့်အမျိုးမျိုး မှနေ၍ ဓာတ်ပုံရိုက်ယူ၏။ ဗွီဒီယိုဆရာက ပို၍ဆိုး၏။လက်ဟန်ခြေဟန် အမျိုးမျိုးပြကာ သတို့သား သတို့သ္မီးတို့အား မည်သို့နေပေးပါ စသဖြင့် ခဏခဏ ညွှန်ကြား နေလိုက်ချေသေး၏။ ဆလိုက်မီးထိုးသမားကလည်း ကင်မရာမင်း ညွှန်ကြားသည့်အတိုင်း ရဟန်းတော်များဘက်သို့ လည်းကောင်း၊ သတို့သား သတို့သ္မီးတို့ဘက်သို့လည်းကောင်း၊ နှစ်ဘက်မိဘများသို့လည်းကောင်း၊ လက်ဖွဲ့များများ ဖွဲ့မည်ထင်ရသော ဆွေကြီးမျိုးကြီးတို့ ရှိရာသို့လည်းကောင်း ခဏခဏပြောင်းလဲကာ ဆလိုက်မီးဖြင့် လှမ်းလှမ်းထိုး လေသည်။

အလှူရှင်တို့၏စိတ်သည် တရားတော်အပေါ်၌ မညွတ်စေနိုင်ကြတော့။ ဗွီဒီယိုရိုက်နေသူဆီသို့သာ အရောက်များ နေလေတော့သည်။ သတို့သားသည် သူ့တိုက်ပုံကို ခဏခဏပြုပြင်၏။ သတို့သ္မီးသည် ကိုယ်နေဟန်ထား ခဏ ခဏ ပြောင်း၏။ နှစ်ဘက်မိဘများသည် သတို့သားကိုတို့လိုက် သတို့သ္မီးကိုတို့လိုက်ဖြင့် သတိပေးနေကြသယောင် ရှိ၏။ ကင်မရာမင်းတို့သည် ရံခါ "ကန်တော့ပါရဲ့ဘုရား၊ ကန်တော့ပါရဲ့ဘုရား"ဟု ခပ်တိုးတိုး လျှောက်ထားရင်း သံဃာတော်တို့ကြားကို ရောက်ရောက်လာ၏။ သူတို့၏စိတ်သည် တရားအာရုံထက် ကင်မရာအာရုံ၌ မွေ့လျော်နေခဲ့ ကြသည်မှာ အသေအချာပင်ဖြစ်တော့၏။ (အရုဏ်ဆွမ်း ဆက်ကပ်စဉ် သူတို့၏ အိုက်တင်အမျိုးမျိုး မည်သို့ရှိလိမ့် မည်ကို အထူးဖော်ပြရန်လိုတော့မည် မဟုတ်သကဲ့သို့ သူတို့၏စိတ်အနေသည် ဆွမ်းဆက်ကပ်မှုအပေါ် မည်မျှ လောက် အလေးအနက် ရှိမည်မရှိမည်ကိုလည်း ဖော်ပြရန်လိုတော့မည်မထင်ပါ။)

-------------------------------------------------------------------------------------------------------------------

စိတ်သည် ထိုထိုအာရုံ၌ ကျက်စားကျင်လည်လေ့ရှိ၏၊ အာရုံတစ်ခုမှ အာရုံတစ်ခုသို့ ကူးပြောင်း ကျက်စားလေ့ရှိ၏။ သို့ရာတွင် အာရုံတစ်ခု၌ ကျက်စားနေသောစိတ်သည် မပျက်မစီးဘဲ နောက်အာရုံတစ်ခုကို ကူးပြောင်းကျက်စား ခြင်းမျိုးကားမဟုတ်။ (ရှေ့တွင်ရှင်းလင်း ဖော်ပြပေးပါမည်)

သတိဖြင့် ထိန်းချုပ်နိုင်ခြင်း၊ ပညာဖြင့် ပဲ့ကိုင်နိုင်ခြင်းသာ မရှိပါမူ စိတ်ဟူသည် မကောင်းမှု၌သာ မွေ့လျော်လေ့ ရှိပါ၏။ ကောင်းကျိုးတရား မဖြစ်ထွန်းစေနိုင်သော အာရုံတို့၌သာ ကျင်လည်လေ့ရှိပါ၏။ သမရိုးကျ ဆွမ်းကျွေးတို့၌ ကြုံရလေ့ရှိပုံကို ဆက်လက်ဖော်ပြလိုပါသည်။

တရားဟောပုဂ္ဂိုလ်သည် တရားဟောနေ၏။ အလှူရှင်မိသားစုတို့သည် တရားတော်ကိုကောင်းစွာ နာယူနေကြ၏။ ထိုအခိုက် အခါလည်သားကလေးသည် သူ့မိခင်ရင်ခွင်မှ အတင်းလျှောဆင်း၏။ ခလေးအမေ၏ စိတ်သည် တရားအပေါ် မတိမ်းညွတ်နိုင်တော့။ ကလေးသည် အဖေလုပ်သူထံရောက်သွား၏။ ထိုမှ ကလေးသဘာဝ ခိုးခိုးခစ်ခစ်ရယ်၏။ သူတို့အားလုံး၏စိတ်သည် တရားအာရုံမှ သွေဖယ်၍ ကလေးငယ်ထံသို့သာ ရောက်သွားကြလေသည်။ ကလေးကို လက်ဝါးကာပြသူက ကာပြ၏။ ပြုံးပြသူက ပြုံးပြ၏။ ကလေးကိုမျက်စပစ်ပြ၍ အချင်းချင်းလည်း ပြုံးပြ ကြ၏။ သူတို့သည်လည်း စိတ်ကို တရားအာရုံအပေါ်သို့သာ သက်ရောက်နေအောင် သတိဖြင့် ထိန်းချုပ်နိုင်ခြင်း၊ ပညာဖြင့် ပဲ့ကိုင်နိုင်ခြင်း အားနည်းလှသူများဖြစ်ကြချေ၏။ စာရေးသူသည်လည်း တရားအာရုံထက် သူတို့အပေါ် ၌သာ များစွာအာရုံစိုက်ခဲ့မိသောကြောင့် သူတို့နှင်နှင် သတိပညာ မပြည့်ဝခဲ့သူသာဖြစ်ကြောင်း ထပ်မံဝန်ခံရပါ၏။

-------------------------------------------------------------------------------------------------------------------

သေခါနီးကြုံကြရပုံကိုလည်း ယေဘုယျအားဖြင့် ဖော်ပြလိုပါသေးသည်။ စာရေးသူသည် မိမိအဘွားအရင်း အပါအဝင် ရောဂါကြောင့် သေရတော့မည့် သေခါနီးလူတစ်ချို့၏ အခြေအနေတို့ကို အနီးကပ် လေ့လာခဲ့ဖူးပါသည်။ လူနာသည် သေခါနီးဖြစ်၍ ဝေဒနာကိုပြင်းစွာ ခံစားနေရ၏။ အသက်ရှူပြင်း၏။ မိသားစုစုံညီနေ၏။ ဘာသာရေး ဗဟုသုတ ရှိသူတစ်ချို့က လူနာ၏ နားနားတွင်ကပ်၍ သူပြုခဲ့ဖူးသော ကောင်းမှုအကြောင်းတို့ကို အသာအယာ ပြောပြနေကြ၏။ စိတ်မထိန်းနိုင်သော သားသ္မီးဆွေမျိုးတို့၏ ကြိတ်၍ကြိတ်၍ ရှိုက်သံတို့ ဟိုမှသည်မှ ထွက်ပေါ် လာတတ်၏။ အိမ်အောက်ဘက်မှ တစ်ချို့က မိမိတို့စိတ်ထင်ရာကို ဆွေးနွေးနေကြ၏။ လူနာ၏ အဝေးရောက် သားသ္မီးတို့ အကြောင်းလည်းပါ၏။ လူနာ၏ရောဂါအကြောင်း၊ စီးပွါးပိုင်ဆိုင်မှုအကြောင်းလည်းပါ၏။ လူစိမ်းအဝင်အထွက် များသောကြောင့် ခွေးဟောင်သံတို့လည်း ဆူညံနေ၏။ သေခါနီးလူနာ၏စိတ်သည် အဘယ်ကို အာရုံညွတ် လေမည်နည်း။

ဖော်ပြပါအခြေအနေတို့ကား လုပ်ကြံရေးသားမှု ဘာတစ်ခုမျှပါသည်မဟုတ်။ သူသူငါငါ မျက်တွေ့တွေ့နိုင်ကြသည့် အခြေအနေတို့ချည်းသာဖြစ်ပါ၏။ သူသူငါငါသည်လည်း မလွဲမသွေ သေရမည့်သူများချည်းသာဖြစ်၏။ တရားအပေါ် (သို့မဟုတ်) ကြည်ကြည်နူးနူး ကိုယ်ပြုခဲ့ဖူးသော ကောင်းမှုတစ်ခုခုအပေါ် အာရုံပြုမိသောစိတ်သည် မည်မျှ အေးချမ်းကြောင်းနှင့် ငိုကြွေးနေသော အသံတို့အပေါ် အာရုံပြုမိသောစိတ်၊ ခွဲရတော့မည့် သူတို့အပေါ် အာရုံပြုမိသောစိတ်တို့သည် မည်မျှပူလောင်ကြောင်းကိုလည်း အားလုံးအသိပင်ဖြစ်ပါ၏။

အလေ့အကျင့်မရှိသောစိတ်သည် တရားသံကြားနေရပါလျှက် ဗွီဒီရိုရိုက်နေသည့်အပေါ်သာ တိမ်းညွတ်နေသော သတို့သားတို့၏စိတ်ကဲ့သို့လည်းကောင်း၊ ဆော့နေသောကလေးငယ်အပေါ်၌သာ တိမ်းညွတ်နေသော အလှူရှင် မိသားစုတို့၏ စိတ်ကဲ့သို့လည်းကောင်း၊ သူများ၏ ဟန်ပန်အနေအထားတို့ကိုသာ လိုက်လံအကဲခတ်နေမိသော စာရေးသူ၏ စိတ်အစဉ်ကဲ့သို့လည်းကောင်း ဖြစ်တတ်ပါချေ၏။

---------------------------------------------------------------------------------------------------------------------------

စိတ်၏ဖြစ်စဉ်သည် အလွန်လျင်မြန်လှ၏။ အာရုံတစ်ခုကို အာရုံပြုဖြစ်ပေါ်၍ ထိုအာရုံကို အာရုံပြုရင်းပင်လျှင် ချုပ်ပျောက်၏။ နောက်စိတ်အသစ်သည်လည်း ထိုအာရုံကိုပင် ဆက်လက်အာရုံပြု၍ အသစ်ဖြစ်ပေါ်လာပြန်၏။ ထိုစိတ်အသစ်သည်လည်း ထိုအာရုံကို အာရုံပြုရင်းပင်လျှင် ချုပ်ပျောက်၏။ ထိုသို့ အာရုံတစ်ခုတည်း၌ အာရုံပြု၍ ဖြစ်လိုက် ပျက်လိုက်ဖြင့် ဖြစ်နေရင်းက ထိုအာရုံ၌ အာရုံပြုဖြစ်ပေါ်ချုပ်ပျောက်နေသော စိတ်အစဉ်ပြတ်တောက်၍ နောက်အာရုံတစ်ခုဆီ၌ အာရုံပြုကာ ဖြစ်ပေါ်ချုပ်ပျောက်သော စိတ်အစဉ်တစ်မျိုး ဖြစ်ပေါ်လာသည်ကိုပင် "စိတ်သည် ထိုထိုအာရုံ၌ ကျက်စား ကျင်လည်လေ့ရှိ၏၊ အာရုံတစ်ခုမှ အာရုံတစ်ခုသို့ ကူးပြောင်း ကျက်စားလေ့ ရှိ၏။"ဟု ဆိုရပေသည်။

သတိဖြင့် ထိန်းချုပ်နိုင်ခြင်း၊ ပညာဖြင့် ပဲ့ကိုင်နိုင်ခြင်းသာ မရှိပါမူ စိတ်ဟူသည် မကောင်းမှု၌သာ မွေ့လျော်လေ့ ရှိ၏။ ကောင်းကျိုးတရား မဖြစ်ထွန်းစေနိုင်သော အာရုံတို့၌သာ ကျင်လည်လေ့ရှိ၏။ အညံ့စားအာရုံကိုသာ အာရုံပြုလေ့ရှိ၏။ နှလုံးသွင်းမမှန်မှုကို ဖြစ်စေတတ်၏။

သတိဖြင့် ထိန်းချုပ်နိုင်ခြင်း၊ ပညာဖြင့် ပဲ့ကိုင်နိုင်ခြင်းသာ ရှိပါမူ စိတ်ဟူသည် ကောင်းမှု၌သာ မွေ့လျော်လေ့ ရှိ၏။ ကောင်းကျိုးတရား ဖြစ်ထွန်းစေနိုင်သော အာရုံတို့၌သာ ကျင်လည်လေ့ရှိ၏။ အမြတ်စားအာရုံကိုသာ အာရုံပြုလေ့ ရှိ၏။ နှလုံးသွင်းမှန်မှုကို ဖြစ်စေတတ်၏။

ထို့ကြောင့် ထိုထိုအာရုံတို့၌ကျက်စားလေ့ရှိသော စိတ်ကို သတိ,ပညာတို့ဖြင့် ထိန်းချုပ်ကာ အာရုံကောင်းများ၌ အာရုံပြုတတ်လေ့ရှိအောင် များများလေ့ကျင့်ထားသင့်ကြ၏။ ငိုသံရီသံတို့ကို ဖောက်ထွက်ကာ တရားနှလုံးသွင်း ခြင်း၊ ကြည်ကြည်နူးနူးပြုခဲ့ဖူးသော ကောင်းမှုတို့၌ တိမ်းညွတ်စေခြင်း စသည်ဖြင့် လေ့ကျင့် ပေးထားသင့်ကြ၏။ မည်သည့်နေ့၌ မည်သို့သော အခြေအနေမျိုးတွင် မည်သို့သေရအံ့သည်ကို မည်သူသိအံ့နည်း။

အရှင်ဝိသာရဒ (ရမ္မာဝတီ) Last Updated on Thursday, 14 October 2010 22:35

Read more...

လယ်တစ်ကွက်၊ ပေါက်တူးတစ်လက်နဲ့ ရဟန်းလူထွက်…

သံယောဇဉ်ဆိုတာကလည်း အခက်သား။ စွဲမိပြီဆိုရင် ဘာမဟုတ်တာလေး အပေါ်မှာလည်း စွဲလမ်းမိပြီး ဖြတ်ဖို့ခက်တတ်တဲ့ သဘောရှိပါတယ်။ ပစ္စည်းဥစ္စာ တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ နေရာဒေသ တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ အလုပ်အကိုင် တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ ပုဂ္ဂိုလ်တစ်ဦးဦးကိုပဲ ဖြစ်ဖြစ် နေ့စဉ် မြင်နေတွေ့နေ ရင်းနှီးနေတော့ မရှိရင်၊ မမြင်ရင်ကိုပဲ စိတ်ထဲမှာ တစ်ခုခု လိုနေသလို ဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်လေ အဲဒီပစ္စည်းဝတ္ထုလေး တစ်ခုခုများ ဖြစ်သွားတဲ့အခါ ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲကို ဖြစ်တတ်တဲ့ သဘောလေးတွေ ရှိနေတတ်သလို တစ်ခါတစ်လေလည်း ကိုယ့်ပစ္စည်းလေး တစ်ခုခုကို တစ်ယောက်ယောက်ကို ပေးပြီးမှ နှမြောတသ ဖြစ်ကြရတာတွေလည်း ရှိတတ်ပါတယ်။ လူပုဂ္ဂိုလ်လည်း ဒီလိုပါပဲ။ နေ့စဉ်မြင်နေတွေ့နေကျ ဖြစ်တဲ့အခါ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် တစ်နေရာရာရောက်ပြီး ကွဲကွာသွားကြတဲ့ အခါမှာတော့ မြင်ချင်တွေ့ချင် နေတတ်ပြန်ပါတယ်။ ဒါတွေဟာ တကယ်တော့ တွယ်တာမှု သံယောဇဉ်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒီသံယောဇဉ်ဟာ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ အရာလေးတွေမှာကိုပဲ ဖြတ်မရအောင် စွဲလမ်းနေတတ်တာတွေ ရှိတတ်ပါတယ်။ တစ်ချို့လည်း ကြံဖန်ပြီး သံယောဇဉ် တွယ်နေတတ်ပါတယ်။ နေရာဒေသဆိုလည်း ငယ်ငယ်တည်းက နေ့ခဲ့တဲ့ နေရာလေးဖြစ်နေလို့၊ ပစ္စည်းဥစ္စာဆိုလည်း မိဘအမွေဖြစ်လို့၊ ဘယ်သူက ပေးထားတာဖြစ်လို့၊ ဘယ်လို ရှာထားရတာလေးဖြစ်လို့၊ လူပုဂ္ဂိုလ်ဆိုလည်း ဘယ်သူ့သားသမီး၊ ဘယ်သူနဲ့ ပတ်သက်နေသူ ဖြစ်လို့ စသဖြင့် အကြောင်းပြချက် အမျိုးမျိုးနဲ့ကို တွယ်တာနေတတ်ကြတာ ဖြစ်ပါတယ်။ တစ်ချို့လည်း သံယောဇဉ်တွယ်တာကို တခြားအရာလေးတွေနဲ့ ဖုံးကွယ်ပြီး ဒါတွေက ဒီအတိုင်းထားလို့ မရလို့၊ ဒီမှာက ဘယ်သူမရှိရင် မဖြစ်လို့၊ ဒီအလုပ်တွေက ဘယ်သူလုပ်မှ ဖြစ်မှာမို့ စသဖြင့် ပရိယာယ်တစ်မျိုး၊ အကြောင်းပြချက် တစ်မျိုးမျိုးနဲ့ ဖြတ်ဖို့မကြိုးစားဘဲ အဲဒီသံယောဇဉ် တောထဲမှာပဲ တိုးနေတာတွေ ရှိတတ်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လို အကြောင်းမျိုးပဲပြပြ နောက်ဆုံး ကောက်ချက်ချလိုက်တော့ သံယောဇဉ်ကြောင့်ပဲဆိုတာ ထင်ရှားလှပါတယ်။

တစ်လောကတောင် ဘုန်းဘုန်းရဲ့ ခမည်းတော်ကြီးနဲ့ စကားပြောဖြစ်တော့ ဘုန်းဘုန်းက “ဒကာကြီး… အသက်အရွယ်လည်း ရလာပြီ၊ ရိပ်သာသွားပြီး တရားလေးဘားလေး အားထုတ်ဦးမှနော်…”လို့ ပြောတော့ ဒကာကြီးက “ဟာ… အရှင်ဘုရားနယ်၊ အရှင်ဘုရားလည်း သိတဲ့အတိုင်းပဲ၊ အိမ်မှာက အရှင်ဘုရားအမေနဲ့၊ ညီမတွေရယ်ပဲ ရှိတာ၊ ပြီးတော့ ဆိုင်ကလည်း ရှိသေးတယ်၊ တပည့်တော် မရှိလို့ မဖြစ်ပါဘူး၊ တရားတော့ အားထုတ်ချင်ပါတယ်၊ ခက်တာက ဒီမှာကလည်း လွှတ်ထားလို့ မရဘူး၊ နောက်တော့ အားထုတ်ထာပေါ့ ဘုရား…” ဆိုပြီး သူ့အကြောင်းပြချက်နဲ့ သူ၊ သူ့တွယ်တာမှု သံယောဇဉ်တွေနဲ့ ရုန်းမထွက်နိုင်တာကိုပဲ ဘယ်သူကြောင့်၊ ဘာကြောင့်လို့ ကာကွယ်ပြောဆို နေတော့တာ ဖြစ်ပါတယ်။ ဒါတောင် ပြောတဲ့သူ့သားက ဘုန်းကြီးဖြစ်နေလို့။ လူသာဆိုရင် “မင်းက အဖေလား…၊ ငါက အဖေလား…”လို့ ပြန်မေးမှာ သေချာပါတယ်။ တစ်ခါတစ်လေ မိဘတွေမှာ မိဘဆိုတဲ့ မာနလေးတွေ ရှိနေပြန်တော့ သားသမီးတွေက ပြောလာရင် သိပ်လက်ခံချင်ကြတာ မဟုတ်ပါဘူး။ မှန်ပေမယ့် ငါဆိုတဲ့ မာနလေးတွေခံနေတော့ သိပ်လက်မခံချင်သလို ဖြစ်တတ်တာတွေလည်း ရှိတတ်ပါတယ်။

ထားပါတော့။ ပြောချင်တာက သံယောဇဉ်အကြောင်းပါ။ ပုထုဇဉ်တွေမှာက ဖြစ်ရာဘ၀၊ ရောက်ရာနေရာမှာ တွေ့ရာသူတွေနဲ့ ရှိရာပစ္စည်းတွေ အပေါ်မှာ ကြံဖန်ပြီး သံယောဇဉ်တွယ်တတ်တဲ့ သဘောတွေ ရှိနေတာဆိုတော့ ဒီသံယောဇဉ်တွေကို ဖြတ်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပါ။ သာမန်လူတွေ မပြောနဲ့ ပါရမီရှင်ဖြစ်တဲ့ ဘုရားရှင်တောင်မှ ပါရမီဖြည့်စဉ် အတိတ်ဘ၀ တစ်ခုမှာ လယ်တစ်ကွက်၊ ပေါက်တူးတစ်လက်နဲ့၊ ကွမ်းစားဝက်လောက်ရှိတဲ့ ပြောင်းစေ့လေးတွေ အပေါ်မှာ သံယောဇဉ်တွယ်မိလို့ ရသေ့ရဟန်းဘ၀ကို (၇)ကြိမ်တိုင်တိုင် ၀င်လိုက်ထွက်လိုက် လုပ်ခဲ့ရဖူးတယ်လို့ မိန့်တော်မူပါတယ်။ လယ်တစ်ကွက်၊ ပေါက်တူးတစ်လက်နဲ့ ပြောင်းတစ်ဝက်ကြောင့် ရဟန်းလူထွက်ဘ၀ကို အကြိမ်ကြိမ် ကျင်လည်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက သာသနာပ ကာလဖြစ်တဲ့အတွက် ရဟန်းဆိုပေမယ့် ရသေ့ရဟန်းဘ၀ပေါ့။

လွန်ခဲ့ပြီးတဲ့ အတိတ်ဘ၀၊ ဗာရဏသီပြည်မှာ ဗြဟ္မဒတ်မင်း အုပ်ချုပ်နေချိန်က ဖြစ်ပါတယ်။ ဒီတုန်းက ဘုရားလောင်းဟာ ကုဒါလပဏ္ဍိတဆိုတဲ့ အမည်နဲ့ သာသနာပ ရသေ့ရဟန်းအဖြစ်နဲ့ ဟိမ၀န္တာမှာနေပြီး ကမ္မဋ္ဌာန်း တရားအားထုတ်သူ တစ်ယောက်ဖြစ်ပါတယ်။ ကုဒါလပဏ္ဍိတဟာ ရသေ့ရဟန်းဘ၀နဲ့ နေပေမယ့် ရာသီပြောင်းလို့ သီးနှံစိုက်ပျိုးချိန် ရောက်တဲ့အခါ လူ့ဘ၀မှာထားခဲ့တဲ့ အသွားတုံးး ပေါက်တူးတစ်လက်နဲ့ တစ်ကွမ်းစားဝက် (တစ်စလယ်ဝက်) လောက်ရှိတဲ့ ပြောင်းမျိုးစေ့ကို သတိရ တွယ်တာနေပြီး ပြောင်းမျိုးကို မပြတ်စေဖို့ လူထွက်ကာ လယ်တစ်ကွက်မှာ ပြန်စိုက်ပျိုးပါတယ်။ အဲဒီစိုက်ပျိုးထားတဲ့ ပြောင်းကိုအမျိုးမျိုး ပေါင်းသင်ထိန်းသိမ်းလို့ အချိန်တန် ရိတ်သိမ်းချိန်ကျတဲ့အခါ တစ်ကွမ်းစားဝက်လောက် မျိုးစေ့ကို ချန်ထားပြီး ကျန်တာတွေကို စားသုံးပါတယ်။ စိုက်ပျိုးရိတ်သိမ်းမှု ပြီးတော့ အလုပ်မရှိဘဲ ဖြစ်နေတဲ့အခါ ကုဒါလပဏ္ဍိတဟာ လူ့ဘ၀မှာနေလို့ ဘာအကျိုးမှမရှိ ရသေ့ရဟန်း ၀တ်တာကောင်းပါတယ်လို့ အကြံဖြစ်ပြီး တစ်ခါ တောထွက်ကာ ရသေ့ရဟန်းဝတ်ပြန်ပါတယ်။

ဒီလိုနဲ့ တစ်ကွမ်းစားဝက်ရှိတဲ့ ပြောင်းမျိုးစေ့နဲ့ အသွားတုံး ပေါက်တူးတစ်လက်ကြောင့် ကုဒါလပဏ္ဍိတဟာ ခြောက်ကြိမ်တိုင်တိုင် ရသေ့ရဟန်းဝတ်လိုက် လူထွက်လိုက် ဖြစ်နေခဲ့ပါတယ်။ ခုနှစ်ကြိမ်မြောက်တဲ့ အခါမှာတော့ ကုဒါလပဏ္ဍိတမှာ အကြံတစ်ခု ဖြစ်ပါတယ်။ ကုဒါလပဏ္ဍိတက “ငါဟာ ဒီပေါက်တူးတုံး တစ်လက်၊ ပြောင်းစေ့တစ်ဝက်ကို အကြောင်းပြုပြီး ရသေ့ရဟန်းဝတ်လိုက်၊ လူထွက်လိုက် ဖြစ်လာတာ ခြောက်ကြိမ်မြောက်လို့ ခုနှစ်ကြိမ်တောင် ရောက်လာခဲ့ပြီ၊ ဒီဘာမဟုတ်တဲ့ ပစ္စည်းဝတ္ထု အပေါ်မှာ တွယ်တာမိတဲ့ သံယောဇဉ်ကြောင့် တရားလည်း ကောင်းကောင်းအားမထုတ်ဖြစ်ဘဲ အချိန်တွေပဲ ကုန်လွန်စေခဲ့ရတယ်၊ ဒီပစ္စည်းတွေ မရှိမှပဲ အေးတော့မှာ ဖြစ်တယ်…”လို့ အကြံဖြစ်ပြီး အဲဒီပစ္စည်းတွေကို စွန့်ပစ်ဖို့ ဂင်္ဂါမြစ်ကမ်းနားသွားကာ စွန့်ပစ်ပါတယ်။ ဒါပေမယ့် စွန့်ပစ်တဲ့ နေရာကို မျက်စိနဲ့ မြင်တွေ့နေရတဲ့အတွက် ပစ္စည်းအပေါ် တွယ်တာတဲ့ သံယောဇဉ်ကြောင့် တစ်ခါပြန်ပြန်ပြီး ကောက်ယူနေခဲ့ပြန်ပါတယ်။ နောက်ဆုံး မဖြစ်တော့ဘူးလို့ စဉ်းစားပြီး ပြောင်းမျိုးကို ပုဆိုးပိုင်းနဲ့ထုတ်၊ ပေါက်တူးရိုးမှာချည်၊ မျက်စိကိုမှိတ်၊ ခေါင်းပေါ်မှာ သုံးကြိမ်လှည့်ယမ်းပြီး ဂင်္ဂါမြစ်ထဲကို ပစ်ချလိုက်ပါတယ်။ အဲဒီလို စွန့်ပစ်လိုက်တော့မှပဲ ကျသွားတဲ့ နေရာကို မတွေ့တော့တာ ဖြစ်ပါတယ်။ ဒီတော့မှ ကုဒါလပဏ္ဍိတဟာ “အောင်ပြီ၊ အောင်ပြီ”လို့ သုံးကြိမ်တိုင်တိုင် အသံပြု ဟစ်ကြွေးလိုက်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ရဲ့အောင်ပြီဆိုတဲ့ အသံကို စစ်အောင်ရာက ပြန်လာတဲ့ ဗာရဏသီမင်းက ကြားပြီး ရသေ့ထံသွားကာ “အရှင်ရသေ့… အကျွန်ုပ်ဟာ ရန်သူကို စစ်တိုက်ပြီး အောင်မြင်လာခဲ့ပါပြီ၊ အရှင်ရသေ့က ဘာကိုအောင်တာလဲ..”လို့ မေးတဲ့အခါ ကုဒါလပဏ္ဍိတက “အရှင်မင်းကြီး.. အရှင်မင်းကြီး အောင်တော်မူခဲ့တာဟာ သူခိုးဓားပြစတဲ့ ရန်သူတွေကို အောင်နိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဒီလို သူခိုးဓားပြ စသူတွေကို အောင်နိုင်ခြင်းဟာ အစစ်အမှန် အောင်နိုင်ခြင်း မဟုတ်ပါဘူး၊ အချိန်တန်ရင် သူတို့က အရှင်မင်းကြီးကို တစ်ခါပြန်ပြီး အောင်နိုင်ရင်လည်း အောင်နိုင်ပါသေးတယ်၊ အကျွန်ုပ်ရဲ့ အောင်နိုင်ခြင်းကတော့ ကိုယ်တွင်းမှာ ဖြစ်နေတဲ့ လောဘဆိုတဲ့ ခိုးသူဓားပြ၊ တွယ်တာမှုဆိုတဲ့ သံယောဇဉ် ခိုးသူဓားပြကို အောင်နိုင်ခြင်း ဖြစ်တဲ့အတွက် အကောင်းဆုံး၊ အမြတ်ဆုံး အောင်နိုင်ခြင်းပဲ ဖြစ်ပါတယ်၊ ဒါကြောင့် အောင်ပြီအောင်ပြီလို့ ဟစ်ကြွေးခြင်း ဖြစ်ပါတယ်..” စသဖြင့် ပြောကြားကာ တရားစကား ဟောာကြားလိုက်ပါတယ်။ ဒီအခါမှာ ဗာရာဏသီမင်းလည်း သတိသံဝေဂရကာ ရသေ့ရဟန်းပြုသွားပါတယ်။ ဗာရဏသီမင်း ရသေ့ရဟန်းပြုသွားသံကို ကြားတဲ့အခါ ခုနှစ်ပြည်ထောင်မင်းတို့လည်း လိုက်ပြီးရသေ့ ရဟန်းပြု သွားကြပါတော့တယ်။ (ကုဒ္ဒါလဇာတက (သို့) ကုဒါလဇာတက) ဒါက ဘုရားရှင် ဟောကြားတော်မူတဲ့ ဘုရားလောင်း ကုဒါလပဏ္ဍိတ ရသေ့ရဲ့ အတိတ်ဇာတ်ကြောင်းပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်လာ ဘုရားလောင်း ကုဒါလပဏ္ဍိတရဲ့ အဖြစ်ကိုကြည့်ရင် တွယ်တာမှု သံယောဇဉ်ရဲ့ ဒုက္ခကြီးမားပုံကို ကောင်းကောင်းသဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။ သံယောဇဉ်ဟာ တန်ဘိုးရှိတဲ့ အရာမှာပဲ ဖြစ်ဖြစ်၊ တန်ဘိုးမရှိတဲ့ အရာမှာပဲ ဖြစ်ဖြစ်၊ ချမ်းသာတဲ့သူမှာပဲ ဖြစ်ဖြစ်၊ ဆင်းရဲတဲ့သူမှာပဲ ဖြစ်ဖြစ်၊ ရုပ်ရည်အဆင်း ရှိတဲ့သူမှာပဲ ဖြစ်ဖြစ်၊ မရှိတဲ့သူမှာပဲ ဖြစ်ဖြစ် မြင်နေတွေ့နေ၊ ကြားသိနေရင် ဖြစ်တတ်တဲ့ သဘောရှိတယ်ဆိုတာ ပေါက်တူးတစ်လက်နဲ့ ပြောင်းစေ့ဝက်ကြောင့် ဒုက္ခဖြစ်ခဲ့ရတဲ့ ဘုရားလောင်း ရသေ့ရဲ့အဖြစ်က သက်သေပြနေခဲ့ပါတယ်။ အဲဒီအတွင်း သံယောဇဉ်ကို အနိုင်မယူနိုင်ပါက အပြင်အရာတွေကို ဘယ်လောက်ပဲ အောင်နိုင်ပါစေ အစစ်အမှန် အောင်နိုင်မှု မဟုတ်ကြောင်းကို ဘုရားလောင်းရဲ့ တရားစကားက မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါတယ်။ သေချာတာကတော့ အတွင်းတွယ်တာမှု သံယောဇဉ်ကို ပယ်သတ် အနိုင်ယူခြင်းကသာ အကောင်းအဆုံး ချမ်းသာတစ်ခုဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒါကြောင့် သတ္တ၀ါတွေရဲ့ ဘ၀မှာ ဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့နေကြရတာတွေဟာ တွယ်တာမှု သံယောဇဉ်ကြောင့်သာဖြစ်ပြီး ဒီတွယ်တာမှုကို မဖြတ်နိုင်သေးသမျှ ပေါက်တူးတစ်လက်၊ ပြောင်းစေ့ဝက်ကို အကြောင်းပြုပြီး ဒုက္ခအကြိမ်ကြိမ် ဖြစ်ခဲ့ရတဲ့ ဘုရားလောင်း ရသေ့ရဟန်းလို အဖြစ်မျိုးနဲ့ ကြုံတွေ့ကာ ဒုက္ခပင်လယ် ဝေနေကြရဦးမှာ ဖြစ်တဲ့အတွက် ဒီလို ဒုက္ခမျိုးကနေ ရုန်းထွက်နိုင်အောင် ကိုယ့်ရဲ့သတိ ပညာ ၀ီရိယတရားများ လက်ကိုင်ထားကာ “ကိုယ်တွင်းမှာ ရှိနေတဲ့ လောဘဆိုတဲ့ သူခိုးဓားပြ၊ တွယ်တာမှု သံယောဇဉ်ဆိုတဲ့ သူခိုးဓားပြများကို အောင်နိုင်ခြင်းဟာ အကောင်းအဆုံး အမြတ်ဆုံး အောင်နိုင်ခြင်းပဲ ဖြစ်တယ်…”ဆိုတဲ့ ကုဒါလပဏ္ဍိတရဲ့ တရားစကားအတိုင်း ကိုယ့်သန္တာန်မှာရှိတဲ့ တွယ်တာမှု သံယောဇဉ်ကို ကိုယ်ကိုယ်တိုင်ပဲ ဖြတ်နိုင်အောင် ကြိုးစားကြပါလို့ အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။ သံယောဇဉ်ဟာ ရှိရင်ရှိသလို၊ များရင်များသလို အဲဒီသူကို အနိုင်ယူ လောင်မြိုက်ကာ ဒုက္ခဖြစ်စေတဲ့အတွက် ဘယ်အရာ၊ ဘယ်ပုဂ္ဂိုလ်အပေါ်မှ သံယောဇဉ်ထားတာ မကောင်းကြောင်း အသိပေးစကားပါးရင်း မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ စကားအတိုင်း “သံယောဇဉ် အမျှင်မတန်းစေဖို့ ရှင်ခန်းသာ ဖြတ်လိုက်ကြပါစို့…”လို့…။

Read more...

ကုသိုလ်ပြုက ကုသိုလ်ရ

၁၆.၉.၂၀၁၀ ရက်နေ့ မှာစစ်ကိုင်းမြို့၊စစ်ကိုင်းတောင်ရိုး၊သောတာပန်ရပ်
လေးကျွန်းမာန်အောင် ဘုရားပွဲတော်ကြီးကျင်းပပါတယ်။ ဘုရားပွဲမှာ တရားပွဲဓမ္မသဘင်များ
စာပေဟောပြောပွဲများ ဆွမ်းလောင်းပွဲများနှင့်စည်ကားစွာကျင်းပပါတယ်။
ဘုရားပွဲမှာ ဆွမ်းကြီးလောင်းပွဲအတွက် ဦးဇင်းတို့စစ်ကိုင်းတောင်ရိုးဆွမ်းလောင်း
အသင်းအနေဖြင့် ပဒေသာပင်တစ်ခုလှူဒါန်းလိုပါတယ်။ အဲဒါနဲ့
ဦးဇင်းဒါယိကာမကြီး ဒေါ်ဥမ္မာဌေး ထံသို့ဖုန်းဆက်ခဲ့ပါတယ်။
ဦးဇင်းတို့ဆွမ်းလောင်းအသင်းမှ ပဒေသာပင်တစ်ခုလှူဒါန်းလိုကြောင်း ။
ဒါယိကာမကြီးမှ ဒါယိကာမကြီးမ၀ါဝါခိုင်မင်းဆီလည်းဆက်သွယ်လိုက်ပါ
ဦးဆို၍ ဒါယိကာမကြီးမ၀ါဝါခိုင်မင်းထံသို့ဖုန်းဆက်ခဲ့ပါတယ်။ ဖုန်းကခေါ်ရခက်
``တယ်လီဖုန်းဆက်သွယ်မှုလိုင်းများမအားသေးပါရှင်´´ ဆိုတာကိုပဲထပ်ခါတစ်လဲလဲ
ပြောနေပါတယ်။တစ်ခါမှာတော့ဖုန်းက၀င်သွားပါတယ်။ဒါယိကာမကြီးလည်းမအားဘူးထင်တယ်။
ဖုန်းကမကိုင်လိုက်ဘူး။ ဒီလိုနဲ့ခဏနားပြီးထပ်ခေါ်မယ်လုပ်တော့
ဦးဇင်းတယ်လီဖုန်းကိုတယ်လီဖုန်းဘေမဆောင်လို့
``လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းအား ပေးဆောင်ရန်ကြွေးကျန်ရှိပါသဖြင့်
ဌာနမှယာယီပိတ်ထားပါသည်” ဆိုပြီး ပြောပြန်တော့ မဆက်သွယ်ခဲ့လိုက်၇ပါ။
ဦးဇင်းလည်း သင်္ကန်းတစ်စုံနဲ့အတူ လိုအပ်သောပစ္စည်းများဝယ် ယူ၍
ပဒေသာပင်တစ်ခု
အမြန်ဆုံးဖြစ်အောင်စီစဉ်ခဲ့ပါတယ်။

အဆိုပါအလှူအတွက် စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းမှတစ်နှစ်အတွက်အလှူရှင်များ
မိမိတို့အလှူအတွက်သာဓုခေါ်ဆိုနိုင်စေရန်ဓါတ်ပုံနှင့်တကွဖော်ပြပေးလိုက်ပါသည်။

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းအနေဖြင့် ဆွမ်းလောင်းလှူရာတွင်
သင်္ကန်းလိုအပ်သောသံဃာတော်များအားသင်္ကန်းစီစဉ်ပေးခြင်း၊သပိတ်လိုအပ်သော
သံဃာတော်များအားသပိတ်စီစဉ်ပေးခြင်းစသော သံဃာတော်များလိုအပ်ချက်ကို
တတ်စွမ်းသရွှေ့ဖြည့်ဆည်းလှူဒါန်းပေးနေခဲ့ပါသည်။
ဦးဇင်းတို့သဒ္ဓမ္မပါလကျောင်းတိုက် ၊စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းမှ
စာရေးတံမဲတစ်မဲ ရရှိခဲ့ပါသည်။ အဆိုပါမဲမှ သီးစုံပဒေသာပင်ဟုခေါ်သော
ပဒေသာပင်တစ်ခုမဲပေါက်ခဲ့ပါသည်။ သင်္ကန်း ၅ စုံပါသောပဒေသာပင်ကြီးတစ်ခုအား
မဲပေါက်ခဲ့ခြင်းဖြစ်ပါသည်။
ကုသိုလ်ပြုဆောင်ရွက်ချက်များသည်ကုသိုလ်အကျိုးကိုသာ
ချက်ချင်းလက်တွေ့ခံစားရပါသည်။

ဓမ္မပဒတွင် ထမင်းတစ်နပ်စားဖို့အတွက် သုံးနှစ်တိတိကျွန်ခံရသော
အမျိုးသားတစ်ဦးအကြောင်းကို ဓမ္မဒါနအဖြစ်ဖော်ပြပေးလိုက်ပါသည်။
သူစားချင်သောထမင်းတစ်နပ်မှာလည်း ရိုးရိုးထမင်းမဟုတ်။
ထိုခေတ်ကပင်တစ်သိန်းတန်သောထမင်းမျိုးဖြစ်၏။
ရှေးလွန်လေပြီးသောအခါ ဗာရာနသီပြည်၌ သူုဌေးကြီးတစ်ဦးတွင်
သားတစ်ယောက်ရှိ၏။ ဂန္ဓဟုခေါ်၏။ သူ့ဖခင်ကွယ်လွန်သောအခါ
ဘဏ္ဍာစိုးကသူ့ဆွေစဉ်မျိုးဆက် ဥစ္စာဘဏ္ဍာများကို စာရင်းဇယားနှင့်တကွအပ်နှံ၏။
သူပိုင်ဆိုင်သော ဘဏ္ဍာတိုက်ထဲမှ
ရွှေငွေရတနာပစ္စည်းများအပုံလိုက်ကြီးကိုကြည့်၍ ဂန္ဓသူဌေးသည် ယခုလိုတွေး၏။
ငါ၏မိဘဘိုးဘွားများကား ဥာဏ်ပညာနည်းပါးကြ၏။ မိမိရှာထားသော ပစည်းများကို
သည်အတိုင်းထားခဲ့ကြ၏။ ငါးကား ငါပိုင်သောပစ္စည်းများကိုတစိုးတစိမျှမထားဘဲ
အကုန်ယူငင်၍ သွားအံ့။ သူသည် ထိုသို့ကြံစည်ပြီး
လပြည့်နေ့တိုင်းမည်သူမျှမစားနိုင်သည့် တစ်သိန်းတန်ထမင်းကိုစားလေ့ရှိ၏
သူထမင်းစားပွဲကျင်းပနေစဉ် လာရောက်ကြည့်ရှုနိုင်ရန် တစ်မြို့လုံးကို
စည်တီးပြီး လှည့်လှည်ကြေငြာစေ၏။ ထမင်းစားခါနီး ရေချိုးရန် တစ်သိန်းတန်
ဖန်ရေချိုးအိမ်ကိုဆောက်၏
တစ်သိန်းတန်ဖန်အင်းပျဉ်ဝယ်ထိုင်ပြီး နံ့သာရေ (၁၆) လုံးတို့ဖြင့်
ရေချိုးသည်။ပြီးလျှင် တစ်သိန်းတန် ထမင်းစားဆောင်ပေါ်သို့တက်၍
တစ်သိန်းတန်ဖန်ပလ္လင်၌ ထိုင်သည်။ ပြီးလျှင် တစ်သိန်းတန်
ပန်းကန်ခွက်ယောက်များထဲသို့ တစ်သိန်းတန်ထမင်း၊ဟင်းတို့ကိုထည့်ပြီးစား
သောက်လေ့ရှိသည်။
ဤနေရာတွင် မေတ္တာရှင်ဆရာတော် ရေးသားသော လူဖြစ်ရခြင်း၏အဓိက
ရည်ရွယ်ချက်စာအုပ် မှ မှတ်သားစရာတစ်ချိုကိုထုတ်နှုတ်ဖော်ပြလိုက်ပါသည်။
မသူတော်သည် သောက်စားသုံးဖြုန်းခြင်းဖြင့် ဥစ္စာစည်းစိမ်ကို
မိမိအတွက်အရယူသည်။ သူတော်ကောင်းသည်ဒါနပြုခြင်းဖြင့်
ဥစ္စာစည်းစိမ်ကိုမိမိအတွက်
အရယူသည်။
ဤဒဿနကိုကြည့်ခြင်းဖြင့် ဂန္ဓသူဌေးသားသည် သူပိုင်သောပစ္စည်းများကို
မသူတော်နည်းဖြင့် အရယူနေခြင်းသာဖြစ်သည်။ ဗုဒ္ဓသည် အလောင်းတော်ဘ၀ကတည်းက
မိမိပိုင်ဥစ္စာစည်းစိမ်ကို သံသရာအထိ အရယူနည်းကိုသင်ပြပေးခဲ့သည်။
အလောင်းတော်သုမေဓါသူဌေးဘ၀ဖြစ်စဉ်က မိဘဘိုးဘွားများထားခဲ့သော
စည်းစိမ်ဥစ္စာများကို သံသရာအထိအကုန်ယူဆောင်တော့မည်ဟုတွေးပြီး
ဘဏ္ဍာတိုက်တံခါးများ ကိုဖွင့်လှစ်လိုက်သည်။
ပြီးလျှင်မြို့ထဲသို့စည်တီးစေသည်။ သုမေဓါသူဌေးပိုင်သော
ဥစ္စာရွှေငွေများကိုမည်သူမဆို အလိုရှိသလောက် လာရောက်ယူနိုင်သည်။ ဤကား
သူတော်ကောင်းများ၏ဥစ္စာစည်းစိမ်ကို မိမိအတွက် ယူဆောင်နည်းပင်ဖြစ်၏။
တစ်ခုသော လပြည့်နေ့၌ ဂန္ဓသူဌေး၏
တစ်သိန်းတန်ထမင်းစားပွဲကြီးကျင်းပရာတွင်လာရောက်ကြည့်ရှုသူများထဲတွင်
ယနေ့မှမြို့သို့တက်လာပြီး ထင်းရောင်းသော ဆင်းရဲနုံခာလှသည့်
တောသားတစ်ယောက်လည်းပါ၏။ ထိုတောသားသည်ထမင်းဟင်းတို့၏ အနံ့ကိုရသောအခါ
မစားရမနေနိုင်ဖြစ်လာ၏။ ထို့ကြောင့်သူ့ကိုလိုက်ပို့သော မြို့မှ မိတ်ဆွေကို
အကူအညီတောင်း၏။
“သူငယ်ချင်း ငါ့တော့ဒီထမင်းတစ်လုပ်တစ်ဆုပ်ကိုမှ မစားရရင် သေရတော့မယ်။
သူဌေးကြီးထံ ထမင်းတစ်လုပ် တစ်ဆုပ် တောင်းပေးပါ”
တံတွေးတမျိုမျို ပါးစပ်တပြင်ပြင် ဖြင့်ဖြစ်နေသော တောသားမိတ်ဆွေကို
ကြည့်၍ မြို့သားမိတ်ဆွေသည် အတော်သနာသွားရရှာ၏။ ထို့ကြောင့်အရဲစွန့်ပြီး
သူဌေးကြီး ကြားလောက်အောင် လှမ်းအောင်လေတော့သည်။
“ သူဌေးကြီးခင်ဗျား၊ ကျွန်တော့် မိတ်ဆွေက သူဌေးကြီး
ယခုစားနေတဲ့ထမင်းဟင်း ကို တစ်လုပ်တစ်ဆုပ်မှ မစားရရင်
အသက်သေတော့မလောက်ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော့်မိတ်ဆွေအသက်ကိုကယ်
သောအားဖြင့်ထမင်း တစ်လုပ်တစ်ဆုပ်ကို စွန့်ကြဲပါခင်ဗျား”
ဆင်းရဲသား၏ ကရုဏာသံဖြင့် တောင်းခံမှုကို သူဌေးကြီးက အသပြာဖြင့် တုံ့ပြန်လိုက်သည်။
ထမင်းတစ်နပ်အတွက် သုံးနှစ်ကျွန်ခံရသူ

“ဤထမင်းအားလုံးသည်တစ်သိန်းတန်သောကြောင့် တစ်လုပ်တစ်ဆုပ်ဆိုလျှင်ပင်
ငါးရာလည်းဟုတ်သည်။ တစ်ထောင်လည်းဟုတ်သည်။ ထို့ကြောင့် တောင်းလာသူတိုင်းကို
အလကားမကျွေးနိုင်။ ဤ ထမင်းမျိုးတစ်နပ်စားချင်လျှင် ငါ၏ထံတွင်
သုံးနှစ်ကျွန်ခံရမည်။ အမှုကိစ္စများကို သုံးနှစ်တိတိ
မခိုမကပ်လုပ်နိုင်လျှင် သုံးနှစ်ပြည့်သောနေ့တွင် ယခုလို ထမင်း
တစ်နပ်ကိုကျွေးမည်”
တောသားကားထိုထမင်းတစ်နပ်အတွက် အသက်ပင် အသေခံဖို့ ၀န်မလေးရာ
သုံးနှစ်ကျွန်ခံဖို့အတွက် အလွယ်တကူပင်သဘောတူလိုက်လေသည်။
ဥစ္စာအတွက်ကျွန်ခံခြင်း
မဟုတ်ဘဲ ထမင်းတစ်လုပ်၊တစ်နပ်အတွက် ကျွန်ခံသူဖြစ်သောကြောင့်
သူ့ကိုဘတ္တဘတိကဟုခေါ်ကြသည်။ ဘတ္တဘတိက= ထမင်းတစ်လုပ်အတွက်ကျွန်ခံသူ။

ဘတ္တဘတိက သည်သုံးနှစ်ပြည့်သည်အထိ ဂန္ဓသူဌေးထံတွင် ကျွန်ခံ၏။
သုံးနှစ်ပြည့်သောအခါ ဂန္ဓသူဌေးကဲ့သို့ပင်တစ်သိန်းတန်
ထမင်းပွဲကြီးကိုစားရန် ပြင်ဆင်ပေးထား၏။ နံသာရေများချိုးပြီးထမင်းစားရန်
တစ်သိန်းတန်ပလ္လင်ပေါ် ထိုင်လိုက်စဉ်မှာပင် ဂန္ဓမာဒနတောင်မှ
ပစ္စေကဗုဒ္ဓါတစ်ပါးသည် ဘတ္တဘတိက ရှေ့လာပြီးဆွမ်းရပ်လေ၏။
ဘတ္တဘတိကတွင် သဒ္ဒါလည်းရှိသည်။စေတနာလည်းရှိသည်။ ငါ့ကိုလှူသည့်အတွက်
ကျောင်းကျိုးအနန္တ ရမည်ဟုသိမြင်တော်မူသောကြောင့် ယခုလိုကြွလာခြင်းဖြစ်သည်။
ဘတ္တဘတိကကား ဥစ္စာဆင်းရဲသောလည်း အတွေးအခေါ်ကားချမ်းသာသူဖြစ်၏။
“ငါသည် အတိတ်ဘ၀က ဒါနကုသိုလ် မရှိခဲ့သောကြောင့် တစ်နပ်စာထမင်းအတွက်
သုံးနှစ်ကျွန်ခံရခြင်းဖြစ်သည်။ ဤထမင်းကို ယခုစားသောက်လျှင် ငါ့ကို
တစ်ရက်သာ ချမ်းသာအောင်စောင့်ရှောက်မည်။အကယ်၍ မစားဘဲ
မထေရ်မြတ်ကိုလှူခဲ့လျှင်ကား ထိုဒါနကုသိုလ်သည်
ငါ့အားကမ္ဘာပေါင်းများစွာချမ်းသာအောင် စောင့်ရှောက်ပေလိမ့်မည်”
ဤသို့တွေးပြီး သုံးနှစ်ကျွန်ခံမှရသောတစ်နပ်စာထမင်းကို
မထေရ်မြတ်အားလောင်းလှူလိုက်လေသည်။ ထို့နောက်ဦးချ၍ ယခုလိုဆုတောင်း၏။
“အရှင်ဘုရား ဤကုသိုလ်ကြောင့်ဖြစ်ရာဘ၀တွင်စည်းစိမ်ဥစ္စာများ
ပေါများချမ်းသာရပါလို၏။ အရှင်ဘုရားတို့သိမြင်အပ်သော တရားထူး၊တရားမြတ်
ကိုလည်း သိမြင်ရပါလို၏”
“သင်တောင်းသောဆုလျှင်မြန်စွာပြည့်ပါစေသတည်း” ဟုမထေရ်မြတ်က
ဆုပေးပြီးလျှင် ဂန္ဓမာဒနတောင်သို့ပြန်ကြွလေ၏။ဤလူအပေါင်းသည်
ဂန္ဓမာဒနတောင်သို့ရောက်အောင်ငါ့ကို ကြည့်ရှူလျှက်တည်ပါစေသတည်းဟု
အဓိဋ္ဌာန်လိုက်သဖြင့် အလှူရှင် ဘတ္တဘတိက နှင့်ပရိတ်သတ်များ
သည်မထေရ်မြတ်ပြန်ကြွသည့်အတိုင်း အမှတ်သညာဖြင့် မြင်နေကြရ၏။
ဂန္ဓမာဒနတောင်သို့ ရောက်သောအခါ ရှိနှင့်သောပစ္စေကဗုဒ္ဓါများနှင့်အတူ အပါး
ငါးရာတို့သည် တစ်သိန်းတန်ဆွမ်းကို အညီအမျှဘုန်းပေးကြရပေ၏။ ဘတ္တဘတိက၏
ပြုနိုင်သောအမှုကို မြင်ရသော ပရိတ်သတ်များ၏ချီးမွမ်းသံသည် ပဲ့တင်ထပ်မျှ
မြည်ဟီးသွား၏။
ဂန္ဓသူဌေးကြီးသည် ထိုအကြောင်းကိုကြားသောအခါ ဘတ္တဘတိကကို ခေါ်၍ ယခုလိုပြော၏။
“ ဘတ္တဘတိက - ငါသည် စည်းစိမ်ဥစ္စာများစွာရှိသော်လည်း တစ်စုံတစ်ခုကိုမှ
မလှူဖူးချေ။ သင်၏ ခက်ခဲသော ဒါနမှုကား အံ့ဖွယ်ရှိပါပေစွ။ အသပြာတစ်ထောင်ယူ၍
ထိုကုသိုလ် အဖို့ကိုငါ့အား အမျှပေးပါ”
ဘတ္တဘတိကလည်း ၀မ်းမြောက်ဝမ်းသာနှင့် အမျှပေး၏။ ဂန္ဓသူဌေးသည်
နှမျှောကစေးနှဲသူဖြစ်သော်လည်း မိမိထက်သာသောသူကို ချီးမွမ်းနိုင်၏။
မိမိထက် တကယ်သာသူကို တွေ့မြင်ရပါလျှက် မချီးမွမ်းနိုင်ခြင်းသည်
ဝဏ္ဏမစ္ဆရိယကြောင့်ဖြစ်သည်။
ဝဏ္ဏမစ္တ္ဆရိယဟူသည် သူတစ်ပါး၏ ကောင်းသတင်းကို ၀န်တိုခြင်းပင်ဖြစ်၏။
ထိုဝဏ္ဏမစ္ဆရိယ ရှိသူများသည် ဖြစ်ရာဘ၀၌ အရုပ်ဆိုး အကျည်းတန်ဖြစ်တတ်၏။
လူမှုရေး၊စီးပွားရေး၊ ဘာသာရေး၊ အရာရာဌာနအားလုံး၌ အောင်မြင်မှုမရသူများသည်
ကဲ့ရဲ့ပြစ်တင်ဖို့သာသတိရပြီး ချီးမွမ်းထောမနာပြုဖို့
မေ့လျှော့နေသူများသာဖြစ်သည်။
ဂန္ဓသူဌေးသည် လေးစားကြည်ညိုသောကြောင့် ဘတ္တဘတိကအား
စည်းစိမ်ချမ်းသာတစ်ဝက်ကို ခွဲ၍ပေးလေသည်။ မင်းကြီးသည်လည်း
ထိုသတင်းကိုကြားသောအခါ အသပြာတစ်ထောင်ပေး၍ ကုသိုလ်ကိုသာဓုခေါ်ပြီးလျှင်
ကြီးကြယ်သော စည်းစိမ်ချမ်းသာကိုချီးမြင့်၍ သူဌေးကြီးအရာကိုပေးလေသည်။
ထိုသူဌေးသားဘ၀မှစုတေသောအခါ နတ်ပြည်၌ ကာလရှည်ကြာ
စည်းစိမ်ချမ်းသာများကိုခံစားပြီးလျှင် ယခုဘုရားသာသနာ၌ အရှင်သာရိပုတ္တရာ
အမျိုးသူဌေးကတော်ဝမ်းတွင် ပဋိသန္ဓေနေသည်။
မွေးဖွားပြီးခုနှစ်နှစ်အရွယ်မှာပင် ရှင်ပြုကာ ထိုအရွယ်မှာပင်
ရဟန္တာဖြစ်ခဲ့လေသည်။ ဘွဲ့အမည်မှာ သုခသာမဏေဖြစ်သည်။
(ဓမ္မပဒ၊ သုခသာမဏေ ၀တ္ထု)


IMG_0703.JPG

IMG_0708.JPG

IMG_0709.JPG

IMG_0710.JPG

IMG_0729.JPG

IMG_0768.JPG

IMG_0782.JPG

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းမှမဲပေါက်သောပဒေသာပင်.JPG

ဆရာတော်ဦးဆေကိန္ဒ.JPG

ဆွမ်းလောင်းအသင်းမှမဲနိုက်စဉ်.JPG

Prev: မြရတနာ ဆရာ၊ဆရာမလစာအလှူရှင်များနှင့် ကိုဇော် ဦးဆောင်သောအလှူရှင်များ ရှင်ပြုပေးကြသောကိုရင်များ

Read more...

သီတင်းကျွတ်လပြည့်

သီတင်းကျွတ်လတွင် ကြာမျိုးငါးပါးတို့ ပွင့်လန်းလေ့ရှိသည်.......
သီတင်းကျွတ်လပြည့်နေ့၏ ထူးခြားသော ၀ိသေသတစ်ရပ်မှာ
ပ၀ါရဏာပွဲ ဆင်ယင်ကျင်းပခြင်းဖြစ်သည်။ ပ၀ါရဏာ ဟူသောပါဠိ အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်း
တောင်းပန်တိုက်တွန်းခြင်း မည်ပါသည်။

မြတ်စွာဘုရားရှင်သည် သာဝတ္တိပြည် ဇေတ၀န်ကျောင်းတွင် သီတင်းသုံးတော်မူစဉ်
ကောသလတိုင်း၊ ဇနပုဒ်တွင် ၀ါဆိုတော်မူကြသည့် ရဟန်းများသည် အချင်းချင်းစကားမပြောကြစတမ်းဟု
ကတိက၀တ်ထား၍နေခြင်းကို ပြေပျောက်ရန်၊ အကျင့်သိက္ခာနှင့် စပ်လျဉ်း၍ သံဃာအချင်းချင်း
သံသယဖြစ်နေလျှင် မြုံမထားဘဲ တစ်ပါးနှင့်တစ်ပါးဖောထုတ်၍ ပွင့်ပွင့်လင်းလင်း
ဝန်ခံပြီး အပြစ်ထင်ရှားရှိလျှင် အပြစ်ရှိသူက ၀န်ခံလျက် ပြုပြင်နေပါမည်ဟု ကတိပေးရန်အတွက် ပ၀ါရဏာ
ပြုခြင်းကို ပညတ်တော်မူခဲ့ခြင်းလည်းဖြစ်သည်။

သံဃာတော်များ အချင်းချင်းအပြန်အလှန် ဖိတ်ကြားတိုက်တွန်းခြင်း ပြုလုပ်သောပွဲကို
ပ၀ါရဏာပွဲ ဟုခေါ်သည်။ မြတ်စွာဘုရားမိန့်ကြားပညတ်တော်မူခဲ့သည့်အချိန်မှစ၍
ယခုအထိ ရဟန်းသံဃာတော်တို့သည် သီတင်းကျွတ်လပြည့်နေ့သို့ရောက်တိုင်း
ပ၀ါရဏာ ပွဲတော်ကိုကျင်းပခဲ့ကြသည်။ ဗုဒ္ဒဘာသာဝင်သူတော်စင်တို့ကလဲ
သိမ်ဆင်းလောင်းခြင်း၊ ဆွမ်းကပ်စာရေးတံမဲနှင့် သံဃာ့ဒါနဆွမ်းကြီးလောင်းလှူပွဲများကို
ပြုလုပ်ကြသည်။

သီတင်းကျွတ်လပြည့်နေ့သည် အဘိဓမ္မာအခါတော်နေ့ဖြစ်သည်။ ယနေ့မှစတင်ရေတွက်ခဲ့သည်
ရှိသောလွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ကျော်ခန့်ကဖြစ်သည်။

မြတ်စွာဘုရားရှင်သည် သာဝတ္တိပြည်တွင် တန်ခိုးပြာဋိဟာပြတော်မူပြီးနောက် မယ်တော်မိနတ်သားအား
အဘိဓမ္မာတရားဟောကြားရန် ခြေလှမ်းနှစ်လှမ်းတည်းဖြင့် တာဝတိသာနတ်ပြည်သို့တတ်ရောက်
သောအခါ မယ်တော်သန္တုဿိတနတ်သားအမှူးပြုသော စကြ၀ဋ္ဌာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်း
ခညောင်းရောက်ရှိလာကြကုန်၏။ ရှင်တော်ဘုရားသည် အဘိဓမ္မာတရားတော်ကို ခုနှစ်ဝါမြောက် ၀ါဆို
လပြည့်မှ ၀ါတွင်းသုံးလပတ်လုံး နေ့ညမစဲဟောကြားတော်မူခဲ့သည်။

သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာခုနှစ်ကျမ်း အမြိုက်တရားဟောကြားတော်မူခြင်း ပြီးဆုံးသည်။
သို့ဖြစ်၍ ထိုနေ့အခါသမယကို အဘိဓမ္မာနေ့မြတ်အဖြစ်အစဉ်အလာပူဇော်ကျင်းပခဲ့ကြသည်။

ထိုသုံးလမျှအတွင်း မြတ်စွာဘုရားသည်နေ့စဉ်နေ့တိုင်း အနောဒတ္တအိုင်တွင် ရေသန့်စင်ခြင်းပြုတော်မူသည်။
ထိုစဉ်အဘိဓမ္မာတရားတော်တို့ကို လက်ယာတော်ရံ အရှင်သာရိပုတ္တရာမထေရ်အား ဟောကြားပေးတော်မူသည်။
အရှင်သာရိပုတ္တရာမထေရ်ကလည်း မိမိ၏တပည့်ရဟန်းငါးရာတို့အား တဖန်ပြန်လည်ဟောကြားတော်မူခဲ့သည်။
ဤသို့ဖြင့် တာဝတိသာနတ်ပြည်တွင် မြတ်စွာဘုရားဟောကြားသောဓမ္မဒေသနာများသည် လူ့ပြည်တွင်လည်း
အရှင်သာရိပုတ္တရာမထေရ်နှင့် တပည့်ရဟန်းငါးရာတို့ကို အကြောင်းပြု၍ စည်ပင်ပြန့်ပွားလာခဲ့သည်။

ထိုသို့လူ့ပြည်-နတ်ပြည် နှစ်ဌာနလုံးတွင် ဟောကြားခဲ့သော အဘိဓမ္မာတရားတော်ကြီးသည်
သီတင်းကျွတ်လပြည့်နေ့တွင် ဆုံးခန်းတိုင်အောင်ပြီးဆုံးခဲ့၍ ထိုနေ့တွင်မြတ်စွာဘုရားသည်
နတ်၊ ဗြဟ္မာတို့ခြံရံလျက် နတ်ပြည်မှ နတ်၊ဗြဟ္မာတို့ဖန်ဆင်းပေးသော ရွှေစောင်းတန်း၊ ငွေစောင်းတန်း
ပတ္တမြားစောင်းတန်းတို့ဖြင့် ဆင်းသက်တော်မူခဲ့သည်။ လူတို့သည် ဆီမီး၊ နံ့သာ၊ ပန်း၊ ပေါက်ပေါက်တို့ဖြင့်
မြတ်စွာဘုရားကိုဝမ်းမြောက်ဝမ်းသာ ကြိုဆိုပူဇော်ကန်တော့ကြရာမှ သီတင်းကျွတ်မီးထွန်းပွဲတော်လည်း
ဖြစ်ပေါ်လာရခြင်းဖြစ်ပါတော့သည်။

* အောင်မြင့်မြတ်(ပြည်ရွှေဘို)


0 အကြုံပြုဆွေးနွေးနိုင်ပါသည်။

Read more...

မိုးဆုံးမိုးဖျားမှာ နေခဲ့တော့ ဂင်္ဂါ

(၁)

ဝါး........။

နံနက်စောစော အိပ်ရာက နိုးနေသည်။ ကမ္ဘာတစ်ခြမ်းက မိတ်ဆွေများ၏ နှုတ်ဆက်သံကို သူကြားနာနေခဲ့သည်။ ဆယ်စုနှစ်တစ်ခုနီးပါးမတွေ့ရတာ ကြာပြီဖြစ်သော မိတ်ဆွေများကို ပြန်တွေ့ရသည်က ကြည်နူးစရာဖြစ်သည်။ ခြင်တစ်ကောင်က အမှောင်ကို ကွယ်ပြီး သူ့လက်မောင်းကို မိမိရရ ကိုက်လိုက်သေးသည်။ ငယ်စဉ်ကိုရင်လေးဘ၀က ဖတ်မိသမျှလေးနှင့် ကမ္ဘာတစ်ခြမ်းအကြောင်း သူက ခပ်တည်တည်ပြောတော့ '' ကြီးကြီးကျယ်ကျယ်ကွယ် "ဟု ဦးဇင်းတစ်ပါးက သူ့ကို ချစ်စနိုးခေါင်းခေါက်တာ ခံရဖူးသည်။ ခုလည်း သူက ကမ္ဘာတစ်ခြမ်းအကြောင်း ပြောမိပြန်သည်။ ခေါင်းကို ပြန်ပွပ်သပ်မိသေး၏။

စိုစိမ့်စိမ့်ရှိသလို ခံစားမိသည်နှင့် သူ့အခန်းကျဉ်းလေး၏ ပြတင်းတံခါးကို ဖွင့်လိုက်တော့ အားပါး လျှပ်တပြက်မိုးစက်များ....။ ဗာရာဏသီမှာ မိုးတွေ ရွာနေပါပေါ့လား။ သည်နှစ် ဗာရာဏသီတွင် မုတ်သုံနောက်ကျခဲ့သည်။ ရောက်လာတော့လည်း ခပ်ကြဲကြဲ။ ပူအိုက်လောင်မြိုက်မှုနှင့် လျှပ်စစ်မီးမလုံလောက်မှုကြားတွင် သူက ကျဉ်းကြပ်စွာပင် အသည်းကွဲဖြစ်အောင် ကွဲလိုက်သေးသည်။ ပုဂ္ဂလိကနှင့် အများဆိုင်စာမျက်နှာပေါ်က မျက်ရည်များ၊ ရိုးစင်းနားလည်လွယ်သော ဘာသာစကားများ...။ ခုလည်း မိုးတွေ ရွာနေပြန်ပြီ။

(၂)

ဗာရာဏသီရောက် မြန်မာရဟန်းတစ်ပါး၏ ဒိုင်ယာရီတွင် ဟိုခြစ် ဒီခြစ် ပရဟိတစာမျက်နှာများ ရှိသည်။ ဤသည်မှအပ ဘာမှမထူးခြား...။ စာသင်ခန်းနှင့် စာအုပ်။ မိတ်ဆွေရဟန်းတော်များ ချက်ပြုတ်ထားသော ဟင်းလျာ။ မဇ္ဈိမ၏ ရာသီပွဲတော်ဂီတများ။ သည်နေ့ရက်များတွင် ကျောင်းများ ရုံးများ ပိတ်ထားသည်။ ဒူရဂါနတ်သမီးပူဇော်ပွဲရာသီဖြစ်သည်။

ဗာရာဏသီလမ်းမများတွင် မဏ္ဍပ်ကြီးငယ်များ ထိုးကာ ပွဲတော်ကို တိုးဝှေ့ကျင်းပနေသည်။ ဒူရဂါနတ် သမီးဆိုသည်က ငယ်စဉ်က သိနှင့်ပြီးသော လက်ချောင်းများစွာ ပါသည့် ကာလီမယ်တော်ပင်ဖြစ်သလို သျှီဝနတ်ဘုရား၏ ကြင်ယာတော် ပရ၀တီလည်း ဖြစ်သည်။ မဟာပိန္နဲ ဟု လူသိများသည့် ဆင်နတ်မင်း ဂဏေသ၏ မယ်တော်အဖြစ်လည်း ထင်ရှားသည်။ ဟိန္ဒူရိုးရာ နတ်ဗြဟ္မာများက ကိုယ်ခွဲအမျိုးမျိုးရှိကြလေသည် ပဲ။

သူ ဗာရာဏသီရောက်သည့်နှစ်က ဒူရဂါပူဇာပွဲတော်ထဲတွင် ပိတ်မိနေခဲ့သေးသည်။ မြို့တော်တစ်ခုလုံး ရွှေပြည်ကြီးမှာ ကထိန်ပွဲလှည့်သလိုမျိုး ဒူရဂါနတ်သမီး၏ ရုပ်ပုံပန်းချီကားချပ်များ၊ ကြီးမားသော ရုပ်ထု ရုပ်လုံးများကြီးကို ကားများ၊ အော်တိုရှစ်ရှောများ၊ အချို့က ထမ်းစင်များဖြင့် သယ်ယူလှည့်လည်ကာ ဂင်္ဂါမြစ်ကမ်းပါးဆီမှာ စုဝေးကြသည်။ ဂင်္ဂါမြစ်အတွင်းမှာ ဒူရဂါနတ်သမီးကို မျှောကြသည်။ ကကြ ခုန်ကြ သီဆိုတီးမှုတ်ကြနှင့် မြို့တော်တစ်ခုလုံး မဇ္ဈိမ၏ ရိုးရာဗုံသံများ ဖုံးလွှမ်းနေတော့သည်။

ဒူရဂါနတ်သမီး၏ သင်္ကေတက ကျား သို့မဟုတ် ခြင်္သေ့ကို စီးနင်းကာ လက်နက်အမျိုးမျိုးနှင့် ကြာပန်းကို ကိုင်ဆွဲထားသည်။ တည်ကြည်သော အပြုံးရိပ်ထင်နေမည်။ သူမ၏ လက်များကလည်း မုဒြာဟန်အမျိုးမျိုးကို ဖော်ဆောင်ထားလေမည်။ သူမက အကြောက်အရွံ့ကင်းမှု၊ သည်းခံခြင်းနှင့် ရယ်သံများကို ကိုယ်စားပြုသည်။ ဒူရဂါနတ်သမီးသည် မဇ္ဈိမနတ်လောကတွင် ထိပ်သီးစာရင်းဝင်ဖြစ်သည်။ ဗြဟ္မာ၊ ဗိဿနိုးနှင့် သျှီဝတို့၏ စွမ်းအားများစုစည်းရာမှ ပေါ်ထွက်လာသည့် အလင်းပင်လယ်မှ မွေးဖွားလာသော နတ်သမီးဖြစ်သည်။ ကျွဲယောင်ဖန်ဆင်းလာသည့် နတ်လောကတစ်ခုလုံး၏ ရန်သူအသုရာနတ်ဆိုးကို နှိမ်နင်းနိုင်ခဲ့သဖြင့် နတ်လောကတစ်ခုလုံး၏ ကယ်တင်ရှင်တစ်ဆူလည်း ဖြစ်လေသည်တဲ့။

ဒူရဂါပူဇာပွဲတော်က လေးရက်တိတိကြာမည်။ သူလည်း ကျောင်းပိတ်ရက်(၅) ရက်ရထားသည်မို အေးအေးလူလူ ဖြစ်နေသည်။ ဗုဒ္ဓဂယာမှာ ဖွင့်လှစ်နေသည့် ဒေါက်တာနေဇင်လတ်၏ သင်တန်းကို သွားရောက်တက်ဖို့ စိတ်ကူးမိသေးသည်။ီ သို့သော် စိတ်ကူးထက်မပိုခဲ့။ လွန်ခဲ့သော နှစ်ရက်က ဘုရားဖူးရောက်လာသည့် ဆရာနေဇင်လတ်နှင့် မိဂဒါဝုန်မြက်ခင်းစိမ်းလမ်းပေါ်လျှောက်ရင်း ဘီစီခြောက်ရာစုရှုမျှော်ခင်းအချို့ဆီသို့ ရောက်ဖြစ်ခဲ့ကြသေးသည်။

ဒူရဂါပူဇာပွဲတော်ရက်များအတွင်း ဗာရာဏသီဟိန္ဒူတက္ကသိုလ်မှ မိတ်ဆွေရဟန်းတော်များကတော့ ကျောင်းပိတ်ရက် (၁၀) ရက်ကြီးများပင် ရကြလေသည် တဲ့။ ယမန်နေ့က သူနေထိုင်ရာမိဂဒါဝုန် အခန်းလေးထဲသို့ မိတ်ဆွေ ရဟန်းတော်အချို့ ရောက်လာကြသေးသည်။ ကျောင်းပိတ်ရက်များအတွင်း မိဂဒါဝုန်ကို လာရောက် လည်ပတ်ကြခြင်းဖြစ်သည်။ ဟိန္ဒူတက္ကသိုလ်နှင့် မိဂဒါဝုန်က ဗာရာဏသီတောင်ဖျားနှင့် မြောက်ဖျား၊ (၁၄ ) ကီလိုမီတာဝေးသည်မို့ မိတ်ဆွေများ ဆုံနှိုင်ခဲသည်။ ရေမပျက်မီးမပျက် အင်တာနက်ကော်နက်ရှင် ချက်ချက်ချာချာ ရှိလှသော ဟိန္ဒူတက္ကသိုလ် နိုင်ငံတကာအဆောင်ကို စွန့်ခွာ၍ ရေးမီးအစုံ ပြာဋိဟာကင်းလှသော မိဂဒါဝုန်ကို ဆန်တက်ရသည်မှာ မိတ်ဆွေရဟန်းတော်များအတွက် နေက္ခမ္မ ပါရမီဖြည့်ခြင်းတစ်မျိုးဖြစ်နိုင်သည်။

နောက်လမှာလည်း သီတင်းဝါလကျွတ်သည့် ဒီပါဝလီ ရောင်စုံ မီးထွန်းပွဲတော်ကြီးလာဦးမည်။ ကိုးကွယ်စရာ နတ်ဗြဟ္မာများစုဝေးလွန်းသည့် အိန္ဒိယတွင် ရာသီပွဲတော်များက စိတ်လွန်းလှသည်။ ထင်ရှားသည်နှင့် တိုးတိတ်ခြင်းသာ ကွာခြားသည်။ ပြီးတော့လည်း နိုင်ငံ့ပြက္ခဒိန်ပေါ်က လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့မျိုးသာမက ကျေးဇူးရှင်များကို အမှတ်ရသည့် ဗုဒ္ဓနေ့၊မဟတ္တမဂန္ဓီနေ့၊အမ်ဘေဒကာနေ့၊ နေရူးမွေးနေ့ဆိုတာမျိုးတို့လည်း ရှိသေးသည်။ ထိုရုံးပိတ်ကျောင်းပိတ်ရက်တို့ကို ကာမိစေရန် စနေနေ့မှာလည်း ရုံးတက် ကျောင်းတက်ကြရသည်။

ဘာပဲ ဖြစ်ဖြစ် သည်နေ့ မိုးရွာတော့ ဒူရဂါပူဇာပွဲတော်ကို ထိခိုက်နိုင်သည်။ မဇ္ဈိမသားတို့က နွေအပူကို အံတုနိုင်သလောက် မိုးအစိုဓါတ်ကိုတော့ မြတ်နိုးကြဟန်မတူ။ မိုးရွာသည်နှင့် လမ်းများ ရှင်းသွားတတ်သည်။

(၃)

မကြာမီမှာ ဟိုးအဝေးက ဟိမ၀န္တာဆီးနှင်းများ နိုဝင်ဘာသစ်ရွက်စိမ်းများပေါ် ခြေသံပြင်းပြင်းနှင့် ချွတ်နင်းဝင်ရောက်လာချေတော့မည်။ သူ့အခန်းလေးသည်လည်း ခိုက်ခိုက်တုန်အောင် ချမ်းရှာပေတော့မည်။ ဂင်္ဂါမြစ်ရေကတော့ ဒူရဂါပူဇာပွဲတော်ရက် နောက်ပိုင်းတွင် သည်းသည်း လှုပ် စီးနိုင်တော့မည် မဟုတ်။ မိုးရွာသလောက်သာ မြစ်ရေက စီးရမည်။

ခု မိုးဆုံး မိုးဖျားမှာ ဂင်္ဂါ ရောက်နေပြီ။

နေရစ်တော့ ဂင်္ဂါ....။ မိုးက ထားခဲ့ပေမယ့် ဂင်္ဂါက သွယ်မိပြီ၊ ပင်လယ်ရောက်အောင် လွှင့်တော့မည်။ ကယောင်ချောက်ခြားအော်သံတစ်ခုကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။

( မြစ်ကတော့ စီးလာမယ် ပင်လယ်တွေ ကြိုကြ)

ဓမ္မဂင်္ဂါ

၁၆-၁၀-၂၀၁၀

Read more...

သုံး၍မကုန်သော ရတနာတုံး ရတနာခဲများ(၂)

ရဟန်းသညာ မပျောက်စေနဲ့

စစ်ကိုင်းရောက်တော့ စစ်ကိုင်းက ဆရာသမားများကို ကန်တော့ရပြန်သည်။ ပထမဦးစွာ ဇေယျာဝံသ ကျောင်းဆရာတော်ကို ကန်တော့သည်။ ဆရာတော်သည် စာရေးသူနှင့် ညီအစ်ကို တော်စပ်ပြီး စာရေးသူအား ငယ်စဉ်ဘ၀မှစ၍ အစစအရာရာ ပြုပြင်ထိန်းကျောင်းပေးတော်မူခဲ့သည်။ ဆရာတော်က သြ၀ါဒပေး တော်မူသည်မှာ-


'' တို့များ ဆရာတော်ဘုရားကြီးက ပြည်ပပညာတော်သင် သွားတာကို သိပ်ပြီးတော့ သဘော တွေ့တာမဟုတ်ဘူး။ ဖွဲဝင်ဆန်ထွက်ဖြစ်မှာစိုးရိမ် လို့တဲ့။ မင်းက ခေတ်အလိုက် ဟိုကို သွားရမှာ ဆိုတော့ ဟိုမှာ နေတဲ့အခါ ရဟန်းသညာ မပျောက်ဘို့ လိုတယ်။ ငါ ရဟန်းပါလားဆိုတဲ့ အသိစိတ် ရှိနေဘို့လိုတယ်။ ငါကတော့ ပိုက်ဆံမရှိလို့ ဘာမှ မပေးလိုက်နိုင်ဘူး။ ဒါပေမင့် မင်းပြန်လာရင် အမေရိက သွားနိုင်အောင် အမေရိက က ငါ့ဒကာ ဒကာမတွေနဲ့ ဆက်သွယ် ပေးမယ်။ ဒါတော့ ငါလုပ်ပေးနိုင်ပါလိမ့်မယ် ''


စာရေးသူ မျက်ရည်ဝဲရပြန်ပြီ။ ဆရာသမားတို့၏ စေတနာ မေတ္တာသည် နှိုင်းဆ၍ မရနိုင်အောင် ကြီးမားလှပါတကား။ တို့များ ဆရာတော်ကြီးဆိုသည်မှာ စာရေးသူ၏ အဘိုး တော်စပ်သူ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု စစ်ကိုင်း ပထမဂန္ဓာရုံဆရာတော်ကြီးကို ဆိုခြင်းဖြစ်သည်။ ဆရာတော်ကြီးသည် ၀ိနည်းတရား အလွန်လေးစားတော်မူပြီး ရှားမှရှားသော ရဟန်းကောင်း တစ်ပါးအဖြစ်ဖြင့် ဘ၀တစ်ခုကို ကျော်ဖြတ်သွားတော်မူခဲ့သည်။ မှတ်မိပါသေးသည်။ ငယ်စဉ်က ဆရာတော်ဘုရားကြီး ထံစာတက်စဉ်-


'' ငါက မင်းတို့ကို ငါ့ထက် တော်တတ်သူတွေဖြစ်စေချင်တာ။ နိုင်ငံတကာကို လှည့်လည်ပြီး သာသနာပြုနိုင်တဲ့ အခြေအနေအထိ ဖြစ်စေချင်တာ ''


-ဟု မကြာခဏ မိန့်ကြားတော်မူလေ့ရှိသည်ကို သတိရနေမိပါသေးသည်။ ယခု ပညာတော် သင် ခရီးသည် ဆရာတော်ဘုရားကြီးဖြစ်စေချင်သော ပြည်ပ သာသနာပြု လုပ်ငန်း၏ အစခရီးဖြစ်သည်ဟု ဆိုက မှားမည်မဟုတ်ပါ။ တပည့်၏ ပညာတော်သင်ခရီး ပြီးစီး အောင်မြင်အောင် မစချီးမြှောက်တော်မူပါ ဘုရား။

Read more...

ဆေးခန်းဖွင့်ပြီ

၁၃၇၂ ခု သီတင်းကျွတ်လဆန်း လဆန်း ၇ ရက် (၁၅-၂-၂၀၁၀) က ပြည်ကြီးတံခွန်မြို့နယ် အောင်ပင်လယ် ဟ ၁၂ ရပ်ကွက်မှာ ရေဘေးနောက်ဆက်တွဲ လူနာများအတွက် ယာယီဆေးခန်း ဖွင့်လှစ်ပါသည်။

ဆေးခန်းအတွက် ခုံရှည်များက ကိုရီး (ကိုကြီး)ကောင်းမှု ဖြစ်ပြီး ပြည်သူ့ဆေးရုံကြီးက လက်ထောက်ဆရာဝန် ဒေါက်တာအေးအေးမာနဲ့ စေတနာရှင်ဆရာဝနတစ်ဦး (အမည် မသိရသေး) ဖြစ်ပါသည်။ ဆေးဝါးတွေကို ဒိန်းမတ်နိုင်ငံမှ မနိုးနိုးမောင် ဦးဆောင်တဲ့ စေတနာရှင်များက လှူဒါန်းကြပါသည်။

ဒီနေ့ လူနာ ၃၀ ကုပေးခဲ့ရပြီး နောက်ရက် ဆရာဝန်အင်အား ထပ်တိုးဖို့ ကြိုးစားနေပါသည်။


လူနာအင်အားများပြီးဆရာဝန်အင်အားနည်းနေသဖြင့် ဆရာဝန်များ၊ လုပ်အားဒါန ကုသိုလ်ယူ
လိုသူများ၊ လိုအပ်သောဆေးဝါးများ ထပ်မံလှူဒါန်းလိုသူများ ၀၉၂၁၁၀၂၀၂၊ ၀၉၆၈၁၃၈၁၁၊ သို့ဆက်သွယ်နိုင်ကြပါသည်။
မန္တလေးမြို့သို့ဆေးဝါးပစ္စည်းများ ပေးပို့လှူဒါန်းလိုသူများ
လမ်း၈၀ ၂၆.၂၇ လမ်းကြားရွှေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး ၀၂-၆၁၆၈၇ သို့ဆက်သွယ်နိုင်ကြပါသည်။

အီးမေးမှဆက်သွယ်လိုသူများ kovida9@gmail.com
ဦးကောဝိဒ (စစ်ကိုင်း)- +9592110202 kovida9@gmail.com

သို့ ဆက်သွယ်နိုင်ကြပါသည်။

ဆွမ်းလောင်းရာမှာ ကိုကြီးလှူထားတဲ့ ခုံရှည်တွေကို ဆေးခန်းမှာ လူနာခုံအဖြစ် အသုံးချ






Read more...

အောက်တိုဘာလ ၁၇ ရက်နေ့တရားအစီအစဉ်များ.၊

မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၂၄း၀၀ နာရီအထိ...
ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိမဟာဓမ္မကထိက ဗဟုဇနဟိတဓရ

အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇအဂ္ဂမဟာပဏ္ဍိတ အရှင်ဦးဥာဏိဿရ ဟောကြားတော်မူသော

၁) ဗုဒ္ဓရတနာ့ ဂုဏ်ရည် တရားတော်အပိုင်း (၁)

၂) ဗုဒ္ဓရတနာ့ ဂုဏ်ရည် တရားတော်အပိုင်း (၂)

၃) ဗုဒ္ဓရတနာ့ ဂုဏ်ရည် တရားတော်အပိုင်း (၃)

၎) ဗုဒ္ဓရတနာ့ ဂုဏ်ရည် တရားတော်အပိုင်း (၄)

၅) ဗုဒ္ဓရတနာ့ ဂုဏ်ရည် တရားတော်အပိုင်း (၅)

၆) ဗုဒ္ဓရတနာ့ ဂုဏ်ရည် တရားတော်အပိုင်း (၆)

၇) ဗုဒ္ဓရတနာ့ ဂုဏ်ရည် တရားတော်အပိုင်း (၇)

၈) ဗုဒ္ဓ ဓမ္မ အကျဉ်းချုပ် တရားတော်

၉) မြတ်ဗုဒ္ဓ ၏ ဘ၀လမ်းညွှန်တရားတော်

၁၀) ဗုဒ္ဓ ဓမ္မ သံဃာ့ လမ်းညွှန်တရားတော်

၁၁) ဗုဒ္ဓ ဖြစ်စဉ် နှင့် ဓမ္မ္မ္မဖြစ်စဉ် တရားတော်

၁၂) သီလ ကထာတရားတော်

၁၃) ပညာ ကထာတရားတော်

၁၄) ဒါန ကထာ တရားတော်

၁၅) သဗ္ဗမင်္ဂလာ တရားတော်

၁၆) ပါရမီ ၁၀ ပါး တရားတော်များကို

လွှင့်ကြားပေးသွားပါမည်။

တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏

ငြိမ်းအေးရာတရားထူး၊တရားမြတ်များကို ရှာတွေ့နိုင်ကြပါစေ။

Read more...

ဒေါသ၏ သဘော (၂)...

(ဒေါသ၏ သဘော (၁)... မှ အဆက်)
ဣဿာနှင့် တွဲ၍ ဖြစ်တတ်သော စိတ်သည် မစ္ဆရိယ ဖြစ်သည်။ ထို မစ္ဆရိယ စိတ်ကို ၀န်တိုသည်၊ သ၀န်တိုသည်၊ သ၀န်ကြောင်သည် စသည်ဖြင့် အဓိပ္ပာယ် ဖွင့်ဆိုနိုင်သည်။ မစ္ဆရိယ သည် မိမိ ငွေကြေး ချမ်းသာ သကဲ့သို့ တစ်ပါးသူကို မချမ်းသာစေချင်ခြင်း၊ မိမိ လှပ သကဲ့သို့ တစ်ပါးသူကို မလှပစေချင်ခြင်း၊ မိမိ ရာထူး တိုးသကဲ့သို့ တစ်ပါးသူကို ရာထူး မတိုးစေချင်ခြင်း၊ မိမိ ပညာ တတ်သကဲ့သို့ တစ်ပါးသူကို မတတ်စေချင်ခြင်း စသည့် သဘောကို ဆောင်ထားပေသည်။ ဆိုလိုသည်မှာ မိမိနှင့် တန်းတူ မဖြစ်စေချင်ခြင်း ပင် ဖြစ်သည်။
ထိုအပြင် မိမိ ပစ္စည်း၊ ဥစ္စာကို နှမြောခြင်းလည်း မစ္ဆရိယစိတ်၏ သဘော လက္ခဏာ ဖြစ်သည်။ မိမိက ချမ်းသာသော်လည်း သူတစ်ပါးကို ပေးရမည်ကို နှမြောတတ်သည်။ မိမိတွင် ရှိသော ရာထူးကိုလည်း မစွန့်လွှတ်နိုင်ဘဲ ထိုရာထူးလေးမှာပင် တွယ်ကပ် နေချင်သည်။ မစ္ဆရိယသည် သူတစ်ပါးအား ပေးရမည်ကို နှမြော နေခြင်းကို ဆိုလိုပေသည်။
ဣဿာနှင့် မစ္ဆရိယ တို့၏ သဘောသည် တူသယောင်ယောင် ရှိနေသော်လည်း အနည်းငယ် ကွာခြားပေသည်။ ဣဿာသည် သူတစ်ပါး ကြီးပွားတိုးတက်၊ ချမ်းသာနေသည်ကို ကြည့်ပြီး အလိုလို နေရင်း ဖြင့်ပင် မနာလို ဖြစ်နေခြင်း ဖြစ်သည်။ မစ္ဆရိယသည် မိမိတွင် ရှိသော စည်းစိမ်၊ ဥစ္စာ၊ ရာထူးများကို သူတစ်ပါးနှင့် မမျှဝေလိုခြင်း၊ ဆက်ဆံခြင်း မဖြစ်စေလို ခြင်း ဖြစ်သည်။
ထို့ထက် ပို၍ ရှင်းအောင် လင်းရလျှင် ဣဿာသည် သူတစ်ပါးကို မကောင်းစားစေလိုခြင်း ဖြစ်ပြီး မစ္ဆရိယသည် မိမိကိုယ်သာ ကောင်းစားစေလိုခြင်း ဖြစ်သည်။
စီးပွားရှာခြင်း၊ ပညာရှာခြင်း၊ အားကစား ယှဉ်ပြိုင်ခြင်း၊ နိုင်ငံရေး ယှဉ်ပြိုင်ခြင်း စသည်တို့တွင် အပြိုင်အဆိုင် ပြုလုပ်ခြင်းသည် ကောင်းပေသည်။ မိမိသည် သူတစ်ပါးထက် ပို၍ သာလွန် ကောင်းမွန်အောင် ယှဉ်ပြိုင်သင့်သည်။ သို့သော် မိမိထက် သူတစ်ပါးက သာလွန် ကောင်းမွန် သွားမည်ကို မနာလိုခြင်း ဣဿာစိတ်၊ ကိုယ်တစ်ဦးတည်း သာလျှင် ပို၍ သာလွန်ချင်သော မစ္ဆရိယစိတ် တို့ လုံးဝ မရှိသင့်ပေ။
သို့သော် သောတာပန် ပုဂ္ဂိုလ်များတွင် ကိလေသာ ဆယ်ပါး အထဲမှ ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ တို့ကို အကြွင်းမဲ့ ပယ်ပြီးသည့် အပြင် ဒေါသ အုပ်စု အထဲမှ ဣဿာနှင့် မစ္ဆရိယ စိတ်များလည်း လုံးဝ မရှိတော့ပေ။ အနာဂါမ် အဆင့်သို့ ရောက်လျှင် ဒေါသစိတ်သည် လုံးဝ မရှိတော့ပေ။ ထိုကြောင့် အနာဂါမ်များသည် ဒေါသ လုံးဝ မထွက်တော့ပေ။
ဒေါသ၏ သဘောကို စေ့စေ့စပ်စပ် လေ့လာကြည့်သောအခါ လူများကို ကောင်းကျိုးပေးသည့် အကွက် တစ်ကွက်မှ မတွေ့ရပေ။ ဒေါသသည် စိတ်ကိုပင် ဆိုးစေရုံမက ရုပ်ကိုလည်းပဲ ဆိုးစေသည်။ လူကိုပင် မဆိုထားနှင့် တိရိစ္ဆာန်များပင်လျှင် ဒေါသထွက်လာလျှင် ရုပ်ဆိုးလာကြသည်။ သိပ္ပံပညာရှင်များ တွေ့ရှိမှုတွင် စိတ်ချမ်းသာနေသော လူများ၏ ရုပ်ကလာပ်စည်း ဆဲလ်များသည် ဖြစ်နှုန်းများပြီး ပျက်နှုန်းနည်းသည်။ ဒေါသထွက် စိတ်ဆင်းရဲနေသော လူများ၏ ရုပ်ကလာပ်စည်း ဆဲလ်များသည် ပျက်နှုန်းများပြီး ဖြစ်နှုန်းနည်းသည်။ ထိုကြောင့် ဒေါသသည် လူကို လျှင်မြန်စွာ ရုပ်ဆိုးစေသည်၊ အိုလာစေသည် ဆိုသည့် အချက်များသည် မှန်ကန်နေပေသည်။
ဒေါသအုပ်စုတွင် နောက်တစ်ခု ကျန်နေသေးသည့် စေတသိက်သည် ကုက္ကုစ္စ ဖြစ်သည်။ ကုက္ကုစ္စကို သင့်လျှော်အောင် ဘာသာပြန်ရလျှင်မူ ပြုမိခဲ့သော မကောင်းမှု ဒုစရိုက်၊ မပြုမိခဲ့သော ကောင်းမှု သုစရိုက် တို့ကို နောင်တ တစ်ဖန် ပူပန်ခြင်း သဘောပင် ဖြစ်သည်။ လူများသည် မကောင်းမှုများ ပြုလုပ်ခဲ့လျှင်လည်း ပြန်ပြီး ကုက္ကုစ္စ ဖြစ်တတ်။ ကောင်းမှုများကို မပြုလုပ်ခဲ့မိရင်လည်း ထိုနည်းတူစွာပင် ကုက္ကုစ္စ ဖြစ်တတ်ပေသည်။
ထို ကုက္ကုစ္စသည် စိတ်ကို ပူလောင်စေတတ်သည်။ အမှန်ဖြစ်ရမည်မှာ ပူလောင်နေခြင်းသည် အကုသိုလ် မီးကို ရှို့နေခြင်းနှင့် တူပေသည်။ မှားယွင်းစွာ ပြုခဲ့မိသော၊ မှန်ကန်စွာ မပြုခဲ့မိသော အကြောင်းအရာများကို သင်ခန်းစာအဖြစ် အသိဉာဏ်နှင့် ပြန်လည် သုံးသပ်ပြီး ပညာယူနိုင်မှသာ လမ်းမှန်ကို ရောက်ပေမည်။ ဖြစ်ပြီးသည့် ကိစ္စများကို ညည်းတွားနေယုံနှင့် ပြီးမည် မဟုတ်ပေ။ အမှားကိုမြင် အမှန်ကို ပြုပြင်မှသာ အရာရာတိုင်းသည် အောင်မြင်မည် ဖြစ်သည်။ ထိုကြောင့် ကုက္ကုစ္စကို သတိ ဉာဏ်ပညာဖြင့် ပယ်ရှားရပေမည်။
ဣဿာ၊ မစ္ဆရိယနှင့် ကုက္ကုစ္စ စိတ် သုံးခုသည် ဒေါသအုပ်စုတွင် အဘယ်ကြောင့် ပါဝင်နေသနည်း ဟု ဆိုလာလျှင် ၄င်းတို့သည့် မိမိကိုယ်ကိုလည်း ပျက်စီးစေတတ် သလို သူတစ်ပါးကိုလည်း ပျက်စီးစေသောကြောင့် ဖြစ်သည်။ သူတစ်ပါးကို မနာလိုမှု ဣဿာ၊ မိမိနှင့် တန်းတူ ဖြစ်လာမည်ကို ၀န်တိုမှု မစ္ဆရိယ ၊ စိတ်ပူပင်သောက ကုက္ကုစ္စ စသည့် စိတ်များ အားလုံးတို့သည် မိမိအပြင် သူတစ်ပါးကိုလည်း ပျက်စီးစေသောကြောင့် ဒေါသအုပ်စုတွင် ပါဝင်နေခြင်း ဖြစ်သည်။
ဒေါသ၏ သဘောသည် နက်နဲလွန်းပေသည်။ ဒေါသသည် အကုသိုလ်များ အထဲတွင် မိမိရော သူတစ်ပါးပါ ဒုက္ခ အပေးဆုံး ဖြစ်သည်။ လူများသည် ဒေါသ အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် သိထားမှသာ အကုသိုလ် နည်းအောင် လုပ်ဆောင် နိုင်ပေလိမ့်မည်။ အဘယ်ကြောင့် ဆိုတော့ နေ့စဉ်နှင့် အမျှ ဒေါသနှင့် နပန်း လုံးနေကြရသည်။
ထိုကြောင့် ဒေါသ ဆိုသော ဆင်ရိုင်းကြီးကို သတိဆိုသော ချွန်းဖြင့် အမြဲတမ်း ကြပ်မတ် ထိန်းချုပ်၍ ဒေါသစိတ် နည်းနိုင်သမျှ နည်းအောင်၊ ဒေါသ စိတ် မဖြစ်လာအောင် ကြိုးစား ကျင့်ဆောင်ဖို့ လိုပေသည်။ ဒေါသထွက်သည်နှင့် ထွက်ထွက်ချင်း သတိနှင့် သိအောင် လုပ်ရမည်။ ထိုအခါ ထွက်နေသော ဒေါသသည် သတိစွမ်းအားကြောင့် ရပ်တန့်သွားပေလိမ့်မည်။ သတိစိတ်ကြောင့် ဒေါသစိတ် အစဉ်တန်းသည် ပြတ်တောက်သွားပြီး အကုသိုလ် နည်းသွားပေလိမ့်မည်။
ဤကဲ့သို့ သတိဖြင့် ဒေါသကို သတ်ရင်း သတ်ရင်းဖြင့် အကုသိုလ်ကင်းလာပြီး ကုသိုလ်တရားများ တိုးပွားလာကာ ဒုက္ခကင်းငြိမ်းရာ နိဗ္ဗာန်သို့ အရောက်လှမ်းနိုင် ပေတော့မည်။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP