* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, October 5, 2010

နတ်တို့မှာတမ်း စကားဆန်း

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၃ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ စနေနေ့ အဘိဓမ္မာသင်တန်းနှင့် ဆည်းဆာ တရားပွဲတို့ကို ကျင်းပ ပြုလုပ်မြဲ ပြုလုပ်ကြ၏။

၂၀၀၉-၂၀၁၀ ခုနှစ် အဘိဓမ္မာသင်တန်းမှာ ယခင်အပတ်တွင် နောက်ဆုံးသင်ခန်းစာကို ပို့ချခဲ့ပြီး ဖြစ်၏။
ထို့ကြောင့် ၂၀၁၀ ခုနှစ် အောက်တိုဘာလ၏ စနေနေ့ ပထမ သုံးပတ် (အောက်တိုဘာ ၂, ၉, ၁၆)တို့တွင် အဘိဓမ္မာသင်ခန်းစာများကို ပြန်လည် လေ့လာခြင်းနှင့် အောက်တိုဘာလ ၂၃ ရက် စနေနေ့၊ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့တွင် အဘိဓမ္မာအခါတော်နေ့ကို ကျင်းပ ပြုလုပ်ရေးအလုပ် ပြင်ဆင်မှုများ ပြုလုပ်ကြမည် ဖြစ်၏။

ယခုအပတ် အောက်တိုဘာလ ၂ ရက် စနေနေ့တွင် ရှေးဦးစွာ မွန်းလွဲ ၃ နာရီမှ ၄ နာရီခွဲထိ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားတွင် ရွတ်ဆို ပူဇော်ကြမည့် လင်္ကာများ၊ အဘိဓမ္မာခုနစ်ကျမ်း ပါဠိတော် ကောက်နုတ်ချက်များကို စနစ်တကျ ရွတ်ဆို ပူဇော်နိုင်ရန် လောကချမ်းသာဆရာတော်က သင်ကြား ပို့ချပေး၏။

ထိုနောက် အဘိဓမ္မာ စိတ်ပိုင်းကို လောကချမ်းသာဆရာတော်ကပင် ၄၅ မိနစ်ခန့် ပြန်လည် ပို့ချပေး၏။ အထူးသဖြင့် မူလပဋ္ဌာန်းဆရာတော်ဘုရားကြီး၏ ဇယားကို ကြည့်တတ်ပြီး၊ ဆိုရိုးများကို ဆိုတတ်နိုင်အောင် ရှင်းလင်း သင်ပြပေး၏။

+++++

လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို ညနေ ၆ နာရီတွင် ကျင်းပရာ အရှင်စက္ကိန္ဒက ယခင်အပတ်တွင် ဟောကြားခဲ့သော “နတ်တို့မှာတမ်း စကားဆန်း” တရားတော်ကို အဆုံးသတ် ဟောကြား ချီးမြှင့်၏။

ပုဗ္ဗနိမိတ်ငါးပါး ထင်ပုံ

နတ်များမှာ စုတေခါနီးကာလ လူတို့၏ ရက်အားဖြင့် ၇-ရက်ခန့် အချိန်ကာလ၌ ပုဗ္ဗနိမိတ်ငါးပါးကို တွေ့မြင်ကြရ၏။

(၁) ပန်ဆင်ထားသော ပန်းများ ညှိုးနွမ်းခြင်း။
(၂) ဝတ်ထားသော အဝတ်များ ညစ်နွမ်းခြင်း။
(၃) လက်ကတီးကြားတို့မှ ချွေးများ ထွက်ခြင်း။
(၄) အိုမင်းသည့် ရုပ်များ ပေါ်လာခြင်း။
(၅) ပျင်းရိ ငြီးငွေ့လာခြင်း။

ဤ ပုဗ္ဗနိမိတ် ငါးပါးကို တွေ့မြင်ရသည့် နတ်သည် ၇-ရက်ခန့် ကြာလျှင် နတ်ဘဝမှ စုတေတော့၏။
နတ်ဘဝမှ မစုတေမီ အခြား မိတ်ဆွေနတ်များက သုံးခွန်းသော မှာတမ်းစကားကို ဆိုလေ့ရှိကြ၏။

၁။ ဣတော ဘော သုဂတိ ဂစ္ဆ = ဤနတ်ပြည်လောက နတ်ဘဝက စုတေလျှင် သုဂတိဘဝသို့ ရောက်အောင် သွားပါ။
(နတ်ပြည်ဘဝ၊ စုတေက၊ သုဂတိသို့ သွားပါလေ။)

၂။ သုဂတိ ဂန္တွာ သုလဒ္ဓ လာဘံ လဘ = သုဂတိဘုံဘဝသို့ ရောက်လျှင် အကောင်းဆုံး ရတနာများကို ရအောင် ယူပါ။
(သုဂတိမှာ၊ ရသင့်တာ၊ ရတနာများ ရပါစေ။)

၃။ သုလဒ္ဓလာဘံ လဘိတွာ သုပ္ပတိဋ္ဌါတော ဘဝါမိ = ရသင့်ရထိုက်တဲ့ ရတနာကောင်းများ ရပြီးလျှင် ကိုယ့်သန္တာန်မှာ မြဲမြန်တည်တံ့ ခိုင်ခန့်အောင် လုပ်ပါ။

(ရရှိပြီးသား၊ ရတနာများ၊ ပျောက်ပျက်မသွား တည်ပါစေ။)

(နတ်တို့မှာတမ်း၊ စကားဆန်း၊ ထူးဆန်းလှပေ ဤသုံးထွေ။)



တရားပွဲပြီးသော် ၁၀ မိနစ်ခန့် တရားရှုမှတ် ပွားများကြပြီး ကောင်းမှုကုသိုလ် အဖို့အစုစုတို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

Read more...

ဗုဒ္ဓ၀ါဒရှု့ထောင့်မှ လူ့ သဘာဝနှင့်ပဋိပက္ခ (၅)

(၇) ပဋိပက္ခ၏ တန်ဖိုးနှင့် အရေးပါမှု

ဗုဒ္ဓဘာသာက တစ်ခါတစ်ရံ ပြစ်မှုဟာ ပဋိပက္ခမှ ဖြစ်ပွားလာတယ်ဆိုတာကို ငြင်းခုံပါလိမ့်မယ်။ အခြားတစ်ဖက်မူ များစွာသောအခြေအနေတွင် ပဋိပက္ခက လူသားနှင့် လူ့အဖွဲ့အစည်းအတွက် အကျိုးတရားများဆီသို့ ဦးတည်ပါတယ်။




(က) ပဋိပက္ခသည် မိမိကိုယ်ကိုယ် တိုးတက်မှုဆီသို့ ဦးတည်သည်။

ဘုရားလောင်းသိဒ္ဓတ္ထဟာ တရားထူးရရှိသည့်အထိ တောထွက်ရခြင်းအတွက် အကြောင်းများစွာ ရှိပါတယ်။ ဒီနေရာမှာ သူ့စိတ်ထဲမှ ပဋိပက္ခဟာ သူဒီဆုံးဖြတ်ချက်ကို ပြုလုပ်ဖို့အတွက် အရေးကြီးတဲ့အကြောင်းတစ်ခု ဖြစ်ပါတယ်။

ပိဋကအလိုအရ မြတ်ဗုဒ္ဓဟာ ရဟန်းဖြစ်ခြင်းမတိုင်မီ “ လူသားသတ္တ၀ါဟာ ဘာ့ကြောင့် မွေးဖွားသလဲ၊ ဘာ့ကြောင့် အိုသလဲ၊ ဘာ့ကြောင့် နာသလဲ၊ ဘာ့ကြောင့် သေသလဲ” ဆိုတဲ့ အရေးကြီးတဲ့မေးခွန်းများစွာကို ထိပ်တိုက်ရင်ဆိုင်ရပါတယ်။ သူရဲ့ဖခမည်းတော် သုဒ္ဓေါဒနဟာ စောစောပိုင်းကလေးဘ၀ ဤကဲ့သို့သော မေးခွန်းများကို မေးခွန်းထုတ်ခြင်းမှ သူ့ကို တားမြစ်ဟန့်တားရန် ကြိုးစားခဲ့ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် သူ့ဘ၀ရဲ့အလှည့်အပြောင်းဖြစ်တဲ့ အလွန်အရေးကြီးတဲ့ ဒီမေးခွန်းများက မှန်ကန်သောပျော်ရွှင်မှုအတွက် ဖြစ်စေခဲ့ပါတယ်။ သူဟာ အကြိမ်ကြိမ် ဒီမေးခွန်းကို ဖြေကြားရန် ကြိုးစားသော်လည်း ရဟန်းတစ်ပါးနှင့် တွေ့ဆုံခဲ့သည့်တိုင် ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ သို့သော် သည်တွေ့ဆုံမှုရဲ့ရလဒ်က သူဟာ ရဟန်းတစ်ပါးအဖြစ်သို့ ရွေးချယ်စေဖို့ ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမကြာမီ သူဟာ ပဋိပက္ခ၏ အခြေအနေတွင် သဟဇာတဖြစ်ခြင်း (နိဗ္ဗာန်) ရှိနိုင်တယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ “ ဒီနေရာမှာ ဒုက္ခရှိတယ်၊ မနှစ်မြို့ဖွယ်ဖြစ်တယ်” ဆိုတာကို ပြောဆိုလျက် အိမ်မှ တောသို့ ထွက်ခွါလာတဲ့ ယသသတိုးသားနဲ့ သည်ကိစ္စက တူညီဟန်ရှိပါတယ်။ သူဟာ မြတ်ဘုရားကို တွေ့ရတဲ့အခါ သူ့ရဲ့ အတွင်းစိတ်မှာ ပဋိပက္ခများ ရှိခဲ့ပြီး ဖြစ်ပါတယ်။




(ခ) ပဋိပက္ခသည် နိုင်ငံရေးတိုးတက်မှုဆီသို့ ဦးတည်သည်။

ပဋိပက္ခဟာ နိုင်ငံရေးရဲ့အခြေခံ ဖြစ်ပါတယ်။ အကြောင်းကတော့ အတိတ်ပဋိပက္ခများတွင် ပုံမှန်အားဖြင့် လူအဖွဲ့အစည်းအတွင်း ဖြစ်ပေါ်ခဲ့သောအရာများက တိုင်းပြည်တည်ထောင်ခြင်းဆီသို့ ဦးတည်ပါတယ်။ အဂ္ဂညသုတ်အလိုအရ ဘုရင်စနစ်ကို တည်ထောင်ခြင်းဟာ ပဋိပက္ခနှင့်စပ်ဆက်ပါတယ်။ အကြောင်းကတော့ လူအများဟာ နေထိုင်ရေး၊ စိုက်ပျိုးရေးမွေးမြူရေးကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ ရှိပါတယ်။

ဒီအခြေအနေတွင် သူတို့ဟာ အတူတကွ စုရုံးပြီး “စိုက်ပျိုးရေးအတွက် ခွဲဝေသင့်တယ်။ နေထိုင်ရေးအတွက် မြေနေရာကို ခွဲခြားသင့်တယ်”ဆိုတာကို သုံးသပ်ဆုံးဖြတ်ခဲ့ကြပါတယ်။ သို့သော်လည်း ၄င်းတို့ထဲမှ အချို့က ပထမဆုံးသဘောတူညီချက်ကို လိုက်ပါနိုင်စွမ်းမရှိခဲ့ပါ။ လိုအပ်ချက်ထက် ရုပ်ပိုင်းဆိုင်ရာများကို လိုချင်သော သူများက သူတို့အိမ်နီးနားချင်းများရဲ့ ဆန်စပါးများကို ခိုးယူခဲ့ကြပြီး သူတို့ကိုယ်ပိုင်ပစ္စည်းများကိုတော့ သိမ်းဆည်းရန် ကြိုးစားခဲ့ကြပါတယ်။ တစ်ဦးတစ်ယောက်က မပေးတဲ့ အခြားပစ္စည်းများကိုလည်း ခိုးယူခဲ့ကြပါတယ်။

နောက်များမကြာမီ သူတို့ဟာ ထပ်ခါထပ်ခါ အငြင်းပွါးခဲ့ကြပါတယ်။ အကြောင်းက သူတို့အထဲကအချို့ဟာ ခွဲဝေခြင်းဖြင့် စီမံထားပြီးတဲ့မြေများကို ထိန်းသိမ်းမထားနိုင်ခဲ့ကြပါ။ အခြားသောအုပ်စုများက ဤကဲ့သို့ ပြောဆိုကြပါတယ်။ “ သင်ဟာ သင့်ရဲ့ကိုယ်ပိုင် ဥစ္စာများကို ထိန်းသိမ်းထားပြီး ခွင့်ပြုချက်မရတဲ့ အခြားသူများရဲ့ ဥစ္စာများကို ယူတဲ့အတွက် သင်ဟာ အမှားများကို ပြုလုပ်ခဲ့တယ်။ နောင်မှာ သင်ဟာ အဲသလို မပြုမူသင့်”ဆိုတာကို ပြောဆိုကြပါတယ်။

နောက်ထပ် ပဋိပက္ခက ပိုမိုကျယ်ပြန့်လာပြီး အကြမ်းဖက်ခြင်းသို့ ဦးတည်ခဲ့ပါတယ်။ လူအများဟာ အချင်းချင်း တိုက်ခိုက် ဖျက်ဆီးကြပါတယ်။ ဒါ့ကြောင့် ၄င်းတို့အထဲမှ အချို့က အကြံပြုပါတယ်။ “ ငါတို့အုပ်စုထဲမှာ ခိုးခြင်း၊ ပြစ်တင်ခြင်း၊ လိမ်ညာခြင်းနှင့် လက်နက်ဖြင့် ဖျက်ဆီးခြင်းစတဲ့ မကောင်းမှုတွေဟာ ဖြစ်ပွါးနေတယ်။ ဒါ့ကြောင့် ငါတို့ဟာ ငါတို့ရဲ့စည်းမျဉ်းဥပဒေနှင့်အညီ အမှားပြုလုပ်တဲ့သူများကို စေ့စပ်ညှိနှိုင်းနိုင်၊ အကြံပေးနိုင်၊ အပြစ်ပေးနိုင်တဲ့ တစ်ဦးတစ်ယောက်ကို ခန့်အပ်တာဝန်ပေးသင့်တယ်။”

သည်အကြံပြုချက်အရ သူတို့ဟာ သူတို့အုပ်စုတွင်မှ သင့်တော်တဲ့တစ်စုံတစ်ယောက်ကို ရွေးချယ်ခဲ့ပြီး ညီမျှစွာ လယ်ယာစပါးများကို ခွဲဝေရန် ဘုရင်အဖြစ် ရွေးကောက်ခဲ့ကြပါတယ်။ ဒီနေရာမှာ ဆက်စပ်စဉ်းစားရာတွင် ရှင်ဘုရင်ဟာ စိုက်ပျိုးရေးသမား ဖြစ်ပါတယ်။ သူ့ရဲ့အလုပ်ဟာ ဆန်းစပါးကို ခွဲဝေရန်နှင့် နုညံ့စွာ အဖွဲ့ဝင်များအတွက် မြေကိုခွဲဝေရန် ဖြစ်ပါတယ်။




(ဂ) ပဋိပက္ခသည် ၀ိနည်းကို တည်ထောင်ခြင်းဆီသို့ ဦးတည်သည်။

ဝိနည်းဟာ ဗုဒ္ဓရဟန်းတော်များအတွက် သူတို့၏စိတ်မှ ပြင်းပြမှုများကို ဖယ်ရှားရန် လိုက်နာကျင့်သုံးရမည့် အခြေခံဖြစ်ပြီး ဥပဒေစည်းမျဉ်းများ ဖွဲ့စည်းပါဝင်ပါတယ်။

မည်သို့ပင်ဆိုစေ ၀ိနယကို တည်ထောင်ခြင်းဟာ မြတ်ဗုဒ္ဓ၏ဆန္ဒအရ ဖြစ်ပွါးပေါ်ပေါက်လာတာမဟုတ်။ သို့သော် ရဟန်းများရဲ့အမှားအယွင်းအပေါ်မှာ အခြေခံထားပါတယ်။ မြတ်ဗုဒ္ဓကမိန့်သည်မှာ “ သံဃာနှင့် အဖွဲ့အစည်းအတွင်း ရဟန်းတော်များက အမှားကို ပြုလုပ်ပြီးသည့်တိုင်အောင် ၀ိနည်းကို မတည်ထောင်ခဲ့ဘူး” ဆိုတာ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက မဟာဝီရနှင့်ပတ်သက်၍ သိရှိခဲ့တဲ့အချက်ရှိပါတယ်။ မဟာဝီရဟာ သူရဲ့နောက်လိုက်တပည့်များအတွက် ဥပဒေသများကို မချမှတ်ခဲ့။ ဒီရလဒ်အဖြစ် သူသေလွန်ပြီးတဲ့အခါ တပည့်ဖြစ်သူများဟာ ဥပဒေများကို သိရှိနားလည်ခြင်း မရှိခဲ့ကြပါ။ အဲဒီနောက် အမြင်များနှင့် ကျင့်သုံးမှုများက ခြားနားသွားပြီး သူရဲ့နောက်လိုက် တပည့်များဟာ ပဋိပက္ခ ဖြစ်ပေါ်လာပါတယ်။ ခိုက်ရန်ဖြစ်ခြင်းများရဲ့အဆုံး အခြားအုပ်စုမှ ခွဲထွက်ခဲ့ကြပါတယ်။ ဒီအချက်များက မြတ်ဗုဒ္ဓဟာ ရဟန်းများအတွက် ဥပဒေများကို ချမှတ်ရန် ရည်းညွှန်းနေပါတယ်။

သူရဲ့ပုဂ္ဂလိကဆိုင်ရာ ကုဋီဆောက်လုပ်ရန်အတွက် ပြည်သူပိုင်သစ်သားများကို ယူဆောင်ခဲ့တဲ့ ဓနိယရဟန်း ဖြစ်ရပ်များမှာ ဥပမာကောင်းများရှိပါတယ်။ ရလဒ်အဖြစ် ဘုရင်ဗိမ္ဗိသာရနှင့် ရွာသားများက သူ့ကို အပြစ်တင်ကြပါတယ်။ ဒီဖြစ်ရပ်မှာ မြတ်ဗုဒ္ဓက ၀ိနည်းစည်းမျဉ်းကို ချမှတ်ပါတယ်။ အဲဒါကတော့ - ကုဋီဆောက်လုပ်ရန် ပြည်သူလူထုရဲ့သစ်များကို ခိုးယူခဲ့တဲ့ ရဟန်းဟာ အာပတ်သင့်စေရမည်။ ရဟန်းအဖြစ် ဆုံးရှုံးစေရမည်- ဆိုတာ ဖြစ်ပါတယ်။ အခြားဖြစ်ရပ်မှာတော့ သံဃာ့အဖွဲ့အစည်းကို ဖျက်ဆီးရန်ကြိုးစားတဲ့ ရဟန်းဟာ သံဃာဒိသေသ်အာပတ်သင့် စေရမည်-ဆိုတာပါ။

အထက်ပါ ဆွေးနွေးချက်များမှ ၀ိနည်းဥပဒေသများကို သတ်မှတ်ပေးခြင်းဖြင့် အလားတူရည်မှန်းချက်များက အဖွဲ့အစည်းအတွင်း ပဋိပက္ခများကို ကိုင်တွယ်စီမံရန်ဖြစ်တယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။ ပထမဖြေရှင်းမှုဟာ သံဃာ့အုပ်စုအတွင်း ပဋိပက္ခကို ဖြေရှင်းပါတယ်။ ဒုတိယဖြေရှင်းမှုဟာ လူအုပ်စုများအတွင်း ပြဿနာများကို ဖြေရှင်းပါတယ်။ ဒါ့အပြင် ဥပဒေနှင့်စပ်လျဉ်း၍ ဖြစ်ရပ်များစွာတွင် ဤအရာက ပဋိပက္ခဆီသို့လည်း ဦးတည်နိုင်ပါတယ်။

ဖော်ပြပါပြောဆိုချက်များနှင့်စပ်လျဉ်း၍ မြတ်ဗုဒ္ဓ၏ကိစ္စတွင် သူချမှတ်ပေးထားတဲ့ဥပဒေများဟာ အလွန်ပြောင်းလွယ်ပြင်လွယ်ရှိပြီး ရွေ့ပြောင်းမရတဲ့အရာလည်း မဟုတ်ပါ။ ဒီကိစ္စကို ထည့်သွင်းစဉ်းစားရာတွင် ချမှတ်ထားတဲ့ဥပဒေများဟာ အချို့ရဟန်းများကပြုလုပ်ပြီးတဲ့ အမှားများကို ဖုံးကွယ်တဲ့ပြဿနာရပ် တစ်ခုတော့မဟုတ် - ဆိုတာ နားလည်သဘောပေါက်ရန် အလွန်အရေးကြီးပါတယ်။ မြတ်ဗုဒ္ဓက အသစ်ဥပဒေများကို ချမှတ်ပါလိမ့်မယ်။ သည်အရာဟာ အနုပညတ္တိရဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

Read more...

မဟောသဓာဇာတ် အပိုင်း-၇

0005052Kph0.jpg

သားခိုးအမှု

တစ်နေ့သ၌ မိန်းမတစ်ယောက်သည် သားငယ်ကို ပိုက်ချီလျက် မဟောသဓာ စီရင်သော ရေကန်သို့ ရောက်လာသည်။ သူသည် သားငယ်ကို ရှေးဦးစွာ ရေချိုးပေးသည်။ ထို့နောက် မိမိ မျက်နှာသစ်ရန်အတွက် သားငယ်ကို အဝတ်ပေါ်၌ သိပ်ထားပြီးလျှင် ရေကန်သို့ ဆင်းသည်။

ထိုအခြင်းအရာကို ဘီလူးမတစ်ယောက် တွေ့မြင်သွားသည်။ ဘီလူးမသည် သားငယ်ကို စားချင်သဖြင့် မိန်းမအသွင် ဖန်ဆင်းလာသည်။

"အဆွေမ၊ သည်သူငယ်သည် ချစ်ကြင်နာဖွယ်ရှိ၏။ သင့်သားပေလော့"
"မှန်ပါသည်။ ကျွန်ုပ်၏သားဖြစ်ပါသည်"
"ထိုသူငယ်ကိုချီ၍ ကျွန်ုပ်နို့တိုက်စမ်းပါရစေ"

သူငယ့်အမိလည်း သဘောရိုးထင်၍ "တိုက်ပါလော့" ဟုဆိုသည်။ ဘီလူးမသည် သူငယ်ကို ပိုက်၍ နို့တိုက်ဟန်ဆောင်ကာ ခိုးယူထွက်ပြေးလေသည်။

သူငယ့်အမိလည်း "သင် ငါ့သားကိုယူ၍ အဘယ်သို့ သွားမည်နည်း" ဟု ဆိုလျက် ပြေးလာ၏။ ဘီလူးမလက်ကို ကိုင်ဆွဲ၏။

ဘီလူးမက "ဤသူငယ်ကား သင့်သား မဟုတ်။ ငါ့သားတည်း" ဟု ဆိုကာ မပေးဘဲထား၏။ နှစ်ဦးငြင်းခုံကြလျက် မဟောသဓာ ကစားရာ တံခါးဝသို့ ရောက်လာ၏။ လူအများလည်း ဝိုင်းဝန်းလာကြသည်။

ဘီလူးမက "အရှင့်သား၊ ကျွန်ုပ်သားကို ကျွန်ုပ်ပိုက်ချီလျက် ခရီးသွားပါသည်။ ထိုစဉ် ထိုမိန်းမက သူ့သားကို ယူသည်ဟု စွပ်စွဲပါသည်။ ကျွန်ုပ်သည် ထိုမိန်းမကို လုံးဝမသိကျွမ်းပါ" ဟု ဆို၏။

သူငယ့်အမိက "အရှင့်သား၊ ထိုသို့မဟုတ်ပါ" ဟု ဆို၍ ဖြစ်ပျက်ပုံ အလုံးစုံကို ဟုတ်တိုင်း ပြန်ကြား၏။

မဟောသဓာသည် စကားနှစ်ခွန်းကို ကြားပြီးနောက် မိန်းမနှစ်ဦးကို အကဲခတ် ကြည့်ရှုသည်။ ဘီလူးမနှင့် သူငယ့်အမိကို ခွဲခြားသိမြင်သွားသည်။ သို့ရာတွင် အများသိအောင် စီရင်ပြမည်ဟု ကြံသည်။ "သင်တို့၊ ငါ့အဆုံးအဖြတ်ကို လိုက်နာမည်လော" ဟု မေးသည်။ "လိုက်နာပါမည်" ဟု နှစ်ဦးလုံးကလည်း ဝန်ခံကြသည်။

ဤတွင် မဟောသဓာသည် မြေ၌ စည်းသားသည်။ စည်းပေါ်၌ သူငယ်ကို သိပ်ထားစေသည်။ ထို့နောက် ဘီလူးမအား သူငယ်၏ လက်တို့ကို ကိုင်စေသည်။ သူငယ်၏ အမိအား သူငယ်၏ ခြေတို့ကို ကိုင်စေသည်။ အသင့်ရှိကြသော် "သင်တို့နှစ်ယောက် ကလေးကို လုကြလော့။ လု၍ နိုင်သောသူသည် သားရှင်ဖြစ်စေ" ဟု ဆို၏။

မိန်းမနှစ်ယောက်လည်း မဟောသဓာ ဆိုတိုင်း လုကြသည်။ သူငယ်သည် အလွန်နာကျင်သဖြင့် သည်းစွာငိုသည်။ အမိသည် သူငယ်၏ ဖြစ်အင်ကို မရှုရက်။ မိမိ၏ နှလုံး ကွဲအံ့သကဲ့သို့ စိတ်ထိခိုက်သည်။ ထို့ကြောင့် သူငယ်၏ ခြေတို့ကို လွှတ်လိုက်သည်။ ရပ်လျက် ညှိုးငယ်စွာ နေ၏။

ဤတွင် မဟောသဓာက ပရိသတ်အား "အချင်းတို့၊ အမိနှင့်သူစိမ်းတွင် သားကို မည်သူက ချစ်သနည်း" ဟု မေးသည်။

ပရိသတ်က "အရှင့်သား၊ အမိသာလျှင် သားကိုချစ်၏" ဟု ဆိုကြ၏။

ထိုအခါ ပရိသတ်ကို မဟောသဓာ မေးပြန်သည်။

"အချင်းတို့၊ ယခု သူငယ်ကို လုယူနိုင်သောမိန်းမသည် ထိုသူငယ်၏ မိခင်လော။ သို့တည်းမဟုတ်၊ မလုနိုင်သော မိန်းမသည် ထိုသူငယ်၏ မိခင်လော။ သင်တို့ အသို့ထင်ကြသနည်း"

"အရှင့်သား၊ သူငယ်နာကျင်သည်ကို မရှုရက်သဖြင့် လွှတ်လိုက်သော မိန်းမသည်သာလျှင် သူငယ်၏ မိခင်ဖြစ်မည်ဟု အကျွန်ုပ်တို့ ထင်ပါသည်"

"အချင်းတို့၊ သင်တို့အထင် မှန်ပေသည်။ သူငယ်နာကျင်သည်ကို ရှုစိမ့်သော မိန်းမသည် ခိုးသူမဖြစ်သည်။ ထိုခိုးသူမကို သင်တို့ သိကြသလော"
"အရှင့်သား၊ ကျွန်ုပ်တို့ မသိကြပါ"
"အချင်းတို့၊ ထိုမိန်းမသည် လူမဟုတ်။ ဘီလူးမတည်း။ ဤသူငယ်ကို စားလို၍ ခိုးယူခြင်းဖြစ်သည်"
"အရှင့်သား၊ အဘယ့်ကြောင့်သိသနည်း"
"အချင်းတို့၊ ရှုကြလော့။ ဤခိုးသူမသည် မျက်တောင်လည်း မခတ်။ မျက်ထောင့်လည်း နီ၏။ သူငယ်ကိုလည်း သနားချစ်ခင်ခြင်း လုံးဝမရှိ"

ဤသို့ဆိုကာ မဟောသဓာက ဘီလူးမအား "သင် အဘယ်သူနည်း။ မှန်တိုင်း ပြောလော့" ဟု မေး၏။

ဘီလူးမလည်း မကွယ်မဝှက်နိုင်။ ဟုတ်တိုင်းမှန်ရာ ဝန်ခံရပေသည်။ မဟောသဓာလည်း ဘီလူးမအား "နောင် ဤကဲ့သို့ မကောင်းမှုကို မပြုပါလေနှင့်" ဟူ၍ ဆိုဆုံးမ၏။ ငါးပါးသီလ၌ တည်စေလျက် လွှတ်လိုက်၏။

သူငယ့်အမိလည်း "အရှင့်သား၊ ဤသူငယ်တွင် အကျွန်ုပ်၏ မွေးသောအသက် မရှိပြီ။ အရှင့်သားပေးသော အသက်သာ ရှိတော့သည်" ဟုဆိုကာ ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းသည်။ "အရှင့်သားသည် သက်တမ်းတစ်လျှောက်လုံး သက်တော်ရှည်စွာ နေရပါစေသတည်း" ဟု ဆုတောင်း၍ သားငယ်ကို ပိုက်ချီလျက် အိမ်သို့ ပြန်သွားသည်။

ဝိဒေဟရာဇ် မင်းကြီး၏ အမတ်သည် ဤအခြင်းအရာကို လျှောက်စာတင်၍ မင်းကြီးအား လျှောက်ထားစေပြန်သည်။ မင်းကြီးလည်း မဟောသဓာကို ခေါ်ယူရန် သေနကအမတ်ကြီးကို ရှေးနည်းအတူ တိုင်ပင်ပြန်သည်။ သေနကအမတ်ကြီးကလည်း ရှေးနည်းအတူ ဟန့်တားပြန်သည်။ ဤတွင် မင်းကြီးက "ထပ်မံစုံစမ်းလေဦး" ဟု အမတ်ထံ စေလိုက်ရပြန်လေသည်။

(မဟောသဓာဇာတ် အပိုင်း-၈ "ငမည်းကွနှင့် ငကျောရှည် အမှု" ဆက်တင်ပါမည်)

☺ပြီးပါပြီရှင်...။

Read more...

*မြတ်ဆရာ*

Written by တောသားလေး 1 အကြံပြုပါသည်။ Posted in:


ဒီနေ့ အောက်တိုဘာ(၅) ရက်နေ့ ဆရာများနေ့ဖြစ်ပါတယ်။ ဒီပိုစ်လေးကို ဆရာများနေ့ အမှတ်တရ အနေဖြင့် ကျေးဇူးရှင် ဆရာသမားတို့အတွက် မှန်းဆတမ်းတကာ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။
ကျွန်တော့်ဘ၀မှာ လက်ဦးဆရာများဖြစ်သော မိနှင့်ဖ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ လောကီ၊ လောကုတ္တရာဆရာ အလွန်များပြား လွန်းလှပါတယ်။ ကျွန်တော်ငယ်ငယ် လွန်ခဲ့တဲ့(၂၂) နှစ်လောက်က “၀” လုံးကစ “က” ၊ “ ခ” ဘယ်လိုရေးရတယ်ဆိုပြီး စိတ်ရှည်သည်းခံစွာ သင်ကြားပေးခဲ့သော ဆရာ၊ဆရာမများ၏ ကျေးဇူးကြောင့် ယနေ့ ဒီပိုစ်လေးကို ရေးနိုင်၊ စာပေများကို ဖတ်နိုင်ပြီး သူငယ်ချင်းများကို ပြည်လည်မျှဝေနိုင်တာ ဖြစ်ပါတယ်။ အဲဒီဆရာသမားများအားလုံး၏ ကျေးဇူးကြောင့် တောရွာမှနေပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ပညာများကိုလည်း အဆင့်အဆင့် ဆည်ပူးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ပန်းပုပညာရှင် တစ်ယောက်ဟာ အရုပ်လေးများကို ရူချင်စဖွယ်ဖြစ်အောင် ထုဆစ်သလို ဆရာ၊ဆရာမများကလည်း မိမိထံရောက်လာသော အကြမ်းထည်လေး အမျိုးမျိုးကို လိုရာပုံရောက်အောင် လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမပေးတတ်ကြပါတယ်။ ဘယ်ကလေး ဘယ်လိုစရိုက်ရှိတယ် ဘယ်လိုသွန်သင် ဆုံးမပေးရမယ်ဆိုတာကိုလည်း ပုဗ္ဗာစရိယမိနှင့်ဖ နဲ့ ဆရာသမားများက ကောင်းစွာသိပါတယ်။ “စေတနာ၊ ၀ါသနာ၊ အနစ်နာ” ဆိုတဲ့ နာသုံးနာကို အခြေခံပြီး သွန်သင်ဆုံးမကာ “ဆရာထက် တပည့်လက်စောင်းထက်” အောင် ဆရာစားမချန် ပညာများကို သင်ကြားပေးကြပါတယ်။ အဲဒီလိုသင်ကြားပေးကြတာ သူတို့အတွက် မိမိတပည့်ထံမှာ ဘာမျှော်လင့်ချက်မှမရှိဘဲ မိမိပြုစုပျိုးထောင် ပေးလိုက်သော ပန်းလေးများ ထာဝရ လန်းဆန်းနေတာကို အမြဲမြင်ချင်လို့သာ ဖြစ်ပါတယ်။ ထို့ကြောင့် “တပည့်မရှား၊ တပြားမရှိ၊ ပီတီကိုစားအားရှိ” နေသူများဖြစ်တယ်လို့ ဆရာများအတွက် ဆောင်ပုဒ်လေး တောင်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
ဆရာဂုဏ်ကျေးဇူးကို မာဃဒေ၀ လင်္ကာသစ်တွင်လည်း “ရှေးရှုမေတ္တာ ၊ ဂရုဏာနှင့် ၊ နာနာကျင်ကျင် ၊ အပြစ်မြင်တိုင်း ၊ ၀မ်းတွင်းမသို ၊ ဟုတ်တိုင်းဆို၍ ၊ ကျိုးလိုစိတ်က ၊ ဆုံးမတတ်သူ ၊ ဆရာဟူလော့” ဟူ၍ ဖွဲ့ဆိုထားပါတယ်။ အဲဒီလိုဂုဏ်ကျေးဇူးတွေများပြား လွန်းလှတဲ့အတွက် မြတ်စွာဘုရားရှင်က အနန္တော အနန္တငါးပါး ထဲမှာလည်းထည့်သွင်း ထားခဲ့ခြင်းဖြစ်ပါတယ်။
လောကီနယ်ပယ်တွင်သာမက လောကုတ္တရာနယ်ပယ်တွင်လည်း ယနေ့တရားဓမ္မများကို ကျွန်တော်တို့ နာယူနိုင်ခြင်း၊ ပဉ္စ၀ဂ္ဂီငါးပါးမှ အစပြု၍ သံဃာဆိုတာဖြစ်ပေါ်လာပြီး ကိုးကွယ်ဆည်းကပ်ခွင့် ရခြင်းဟာလည်း တုနှိုင်းမဲ့တဲ့ မြတ်စွာဘုရားရှင် ဆရာသခင်ကျေးဇူးရှင်၏ ဂုဏ်ကျေးဇူးတော်ကြောင့်ဘဲ ဖြစ်ပါတယ်။
ပစ္စုပ္ပန် သံသရာကောင်းကျိုး နှစ်ဖြာလုံးအတွက် သူတော်ကောင်း ဆရာသမားများကို ရှာဖွေရာတွင်လည်း
“ရိုသေချစ်ထိုက်၊ ချီးမွမ်းထိုက်နှင့်၊ လွဲမိုက်ဆုံးမ၊
မေးသမျှခံ၊ ဓမ္မံနက်နဲ၊ ဟောနိုင်မြဲ၍၊ ကျိုးနဲမတန်၊
ခုနှစ်ခန်းနှင့်၊ ပြည့်လျှမ်းညီညာ၊ ဤဆရာ၊ ရှာဖွေတပည့်ခံ”
ဟု မာဃဒေ၀လင်္ကာတွင် ညွန်ကြားထားပါတယ်။
ဆရာများ၏ ကျေးဇူးဟာ အလွန်ကြီးမားလှတဲ့အတွက် ဘယ်စာပန်းချီမှ ရေးသီဖွဲ့လို့လည်း မဆုံးနိုင်ပါဘူး။ အဲဒီလို ကျေးဇူးကြီးမားလှတဲ့ ကျွန်တော်အား ငယ်စဉ်အရွယ်မှစ၍ ယခုအချိန်ထိသင်ကြား ဆုံးမပေးကြသော လက်ဦးဆရာ မိနှင့်ဖ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ များအားလုံးကို အဝေးတစ်နေရာမှ ကိုယ်တိုင် ရောက်မလာနိုင်သော်လည်း စိတ်မှရည်မှန်းကာ ဤပိုစ်လေးဖြင့် ကန်တော့ပန်းဆင်လိုက်ပါတယ်။ ဆရာသမားများအားလုံး ကျန်းမာချမ်းသာကြပါစေ။
“တို့ဆရာကြီး ကျန်းမာပါစေ” ဆိုတဲ့ သီချင်းလေးပါ။ သူငယ်ချင်းများအားလုံးလည်း ငယ်စဉ်က ရွာကျောင်းလေးနဲ့ ဆရာများအတွက် အလွမ်းပြေသီချင်းလေး နားဆင်နိုင်ပါတယ်ခင်ဗျာ။
video

ဓမ္မမိတ်ဆွေများ သူငယ်ချင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေ။

တောသားလေး

Read more...

*ဖြောင့်ချက်*

ကြွက်ကလေးက သွားတော့မယ်.. လက်ပြနေပြီ..။ လွတ်မြောက်ရာလမ်းကို လှမ်းတော့မယ်။ ဒါပေမယ့် ငါကတော့ ဘ၀သံသရာ ထောင်က ဘယ်တော့များမှ လွတ်မြောက်မှာလဲ။ လွတ်မြောက်အောင်ကော ရုန်းမှာလား။ ရုန်းချင်စိတ်ကော ရှိရဲ့လား..။

~~~~~~~~~~~~~~~~~~~~~~~

တွယ်တာစေမယ့်စကားတွေ
မပြောပါနဲ့လား..
(ကြားလည်းမကြားချင်)
တွယ်ထားရတာ
ပင်ပန်းလွန်းလို့..။

အရောင်ပါတဲ့စကားတွေ
မသုံးပါနဲ့လား..
(ပြောလည်းမပြောချင်)
အရောင်မဲ့တဲ့ စကားတွေ
ရင်ဘတ်ထဲမှာ ကိန်းချင်လို့..။

အဖြေမပါတဲ့ပုစ္ဆာတွေ
မမေးပါနဲ့လား..
(တွေးလည်းမတွေးချင်)
အဖြေပေးထားတဲ့ ပုစ္ဆာတောင်
တွက်ရခက်နေလို့..။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘာပဲပြောပြော အတွယ်အတာတွေကနေ လွတ်ချင်စိတ်၊ ကိလေသာ အရောင်ကင်းတဲ့ စကားတွေ ပြောလိုစိတ်၊ ဘုရားရှင် အဖြေပေးထားတဲ့ လွတ်မြောက်မှုကို ခံစားလိုစိတ်နဲ့ "ဖြောင့်ချက်" တော့ ပေးလိုက်မိရဲ့..။

*****************************************

လေးစားစွာဖြင့်
ဖိုးသား
10/3/2010, SUN:, 1:15:45 PM
Tags:

Read more...

The Way to Nibbana (Part 9) - နိဗ္ဗာန်လမ်း (အပိုင်း ၉)

လူဝတ်ကြောင်ဘ၀ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း

သို့သော် လူတစ်ယောက်ကို မြင့်မြတ်စေသည်မှာ အပြင်အပ အသွင်အပြင် မဟုတ်၊ အဇ္ဈတ္တစင်ကြယ်မှု နှင့် စံပြုထိုက်သော နေထိုင်ရှင်သန်မှုသာ ဖြစ်ပေသည်။ ဗဟိဒ္ဓ အသွင်ပြောင်းလဲမှု မဟုတ်၊ အဇ္ဈတ္တ အသွင်ပြောင်းလဲမှု ဖြစ်ရမည်။ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးအတွက် လူ့ဘောင်ကို ရှောင်ခွာရန်၊ ရသေ့ရဟန်း ပြုရန် အမှန်ပင် လိုအပ်၏။ ရဟန်းဘ၀သည် နာမ်ခန္ဓာ တိုးတက်မြင့်မားရေး၌ ထိရောက် လွယ်ကူစေသည်မှာ သံသယပွားစရာ မရှိပေ။ သို့သော် လူဝတ်ကြောင်သည်လည်း အရဟတ္တဖိုလ်ပေါက် ပြီးမြောက်နိုင်ပေသည်။

အာရုံဆွဲဆောင်မှုများ အကြား၌ လူဝတ်ကြောင်ဖြင့် အရဟတ္တဖိုလ်ပေါက် ဆိုက်ရောက်သူသည် ပတ်ဝန်းကျင်၌ အာရုံအနှောင့်အယှက် ကင်းမဲ့စွဲ နေထိုင်လျက် အရဟတ္တဖိုလ်ဆိုက်သော ရဟန်းထက် ပို၍ ချီးကျူးထိုက်ပေ၏။

ဝတ်ကောင်းစားလှများ တန်ဆာဆင်လျက် ဆင်ပေါ်မှာ ထိုင်နေစဉ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့သော အမတ်တစ်ဦးကို အကြောင်းပြု၍ အောက်ပါအတိုင်း ဘုရားရှင် မိန့်တော်မူခဲ့သည်။
“အကြင်သူသည် ကိလေသာ ငြိမ်း၏။ ဣနြေ္ဒကို ဆုံးမပြီး ဖြစ်၏။ မဂ်လေးပါးဖြင့် မြဲ၏။ မြတ်သောအကျင့် ရှိ၏။ အလုံးစုံသော သတ္တ၀ါတို့၌ လက်နက်ကို ပယ်ချထားသည်ဖြစ်၍ မေတ္တာဖြင့် အညီအမျှကျင့်၏။ ထိုသူသည် အ၀တ်တန်ဆာ ဆင်စေကာမူ မကောင်းမှုကို အပပြုသူ ‘ဗြဟ္မဏ’မည်၏၊ ကိလေသာငြိမ်းသူ ‘သမဏ’မည်၏၊ ကိလေသာကို ဖျက်ဆီးပြီးသူ ‘ဘိက္ခု’မည်၏။”

ဤကဲ့သို့ လောကကို မစွန့်ခွာဘဲ လူဝတ်ကြောင်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုခဲ့သူတို့၏ ဖြစ်ရပ် မြောက်များစွာ ရှိခဲ့၏။ သာသနာတော်၌ အလွန်ကိုင်းရှိုင်းသူ၊ ရက်ရောသူ သာသနာဒါယကာ အနာထပိဏ်သည် သောတာပန်ဖြစ်၏။ သာကီဝင်မင်းသား မဟာနာမ်သည် သကဒါဂါမ် ဖြစ်၏။ အိုထိန်းသည် ဃဋိကာရသည် အနာဂါမ် ဖြစ်၏။ သုဒ္ဓေါနမင်းသည် ရဟန္တာ အဖြစ်ဖြင့် ပရိနိဗ္ဗာန် ပြုခဲ့၏။

ရဟန်းတော်

ရဟန်းမည်သည်
- ပါတိမောက္ခသံဝရသီလဟူသော ၀ိနည်းသီလ အခြေခံသိက္ခာပုဒ်များ၊
- ဣန္ဒြိယသံဝရသီလဟူသော ဣနြေ္ဒကို စောင့်ထိန်းခြင်းသီလ၊
- အာဇီဝပါရိသုဒ္ဓိသီလဟူသော အသက်မွေးဝမ်းကြောင်းမှုနှင့်စပ်သော စောင့်ထိန်းမှုသီလ၊
- ပစ္စယသန္နိဿိတသီလဟူသော ဘ၀ရပ်တည်ရေး အသုံးအဆောင်တို့၌ ဆင်ခြင်နှလုံးသွင်း ရသော သီလဟူသည့် စတုပါရိသုဒ္ဓိသီလကို စောင့်ထိန်းရ၏။

ဤသီလလေးမျိုးကို နိဗ္ဗာန်ရောက်ကြောင်း အကျင့်လမ်းဖြစ်သည့် ၀ိသုဒ္ဓိခုနစ်ပါး၌ တစ်ပါး အပါအ၀င်ဖြစ်သော သီလ၀ိသုဒ္ဓိ (ကိုယ်ကျင့်ဖြူစင်ခြင်း)ဟု တစ်ပေါင်းတည်း ခေါ်ဆို၏။

သာသနာ့ဘောင်သို့ ၀င်ရောက်ပြီး (ဥပသမ္ပဒ) ရဟန်းမြတ်အဖြစ် ခံယူသောသူကို ဘိက္ခုဟုခေါ်၏။ “ဘိက္ခု”ဟူသော ပါဠိစကားလုံး၏ အဓိပ္ပာယ်ကို ခြုံငုံမိသော မြန်မာစကား မရှိပေ။ “ဘုန်းတောင်းယာစကာ”ဟု အနီးစပ်ဆုံး မြန်မာဘာသာပြန်နိုင်၏။ ခွက်လက်စွဲ၍ တောင်းစားသူဟူသော အဓိပ္ပာယ်ကား မဟုတ်ပေ။ လှူဒါန်းအပ်သော ဆွမ်းကိုမှီ၍ အသက်မွေးသူဟု ဆိုလို၏။

ရဟန်းတစ်ပါးအတွက် တစ်သက်တာအဓိဋ္ဌာန် မရှိပေ။ မြင့်မြတ်သော ဘ၀ကို နေထိုင်ကျင့်သုံးနိုင်ရေး အတွက် ကိုယ့်ဆန္ဒနှင့်ကို အလိုရှိသလောက် ကာလအပိုင်းအခြားဖြင့် ရဟန်းပြုနိုင်၏။ သာသနာ့ဘောင်ကို အချိန်မရွေး စွန့်ခွာခွင့် ရှိသည်။

ရဟန်မည်သည် အသေးစား သိက္ခာပုဒ်များ(အဓိကရဏသမထ)အပြင် ၂၂၀သော သိက္ခာပုဒ်တို့ကို ကျင့်သုံးရ၏။ အစင်ကြယ်ဆုံး ဗြဟ္မစရိယအကျင့်၊ ခိုးဝှက်ခြင်း၊ သတ်ဖြတ်ခြင်း၊ တရားထူးရကြောင်း မဟုတ်မမှန် ကြွားဝါခြင်းတို့နှင့် သက်ဆိုင်သော သိက္ခာပုဒ်လေးမျိုးကို တင်းတင်းကြပ်ကြပ် စောင့်ထိန်းရ၏။ သိက္ခာပုဒ် လေးခုအနက် တစ်ခုခုကို ကျူးလွန်ဖောက်ဖျက်လျှင် ပါရာဇိကကျ၏။ ရဟန်းအဖြစ်သည် အလိုအလျောက် ပျက်လျော ချုပ်ငြိမ်းသွား၏။ အကယ်၍ ဆန္ဒရှိလျှင် သာသနာ့ဘောင်လို့ ၀င်ရောက်၍ ရှင်သာမဏေ ပြုနိုင်၏။ အခြားသော သိက္ခာပုဒ်များနှင့် စပ်လျဉ်း၍ကား ကျူးလွန်သည့် သိက္ခာပုဒ်နှင့် လျော်ညီစွာ သင့်ရောက်သော အာပတ်ကို ကုစားမှုများ ပြုလုပ်ရ၏။

ရဟန်းတစ်ပါး၏ ထူးခြားသော သွင်ပြင်လက္ခဏာများမှာ စင်ကြယ်ခြင်း၊ ဗြဟ္မစရိယကို အပြည့်အ၀ ကျင့်သုံးခြင်း၊ အလိုဆန္ဒအလျောက် ခေါင်းပါးစွားကျင့်ခြင်း၊ နှိမ်ချခြင်း၊ ရိုးဖြောင့်ခြင်း၊ ကိုယ့်အားကိုယ်ကိုးခြင်း၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်ခြင်း၊ သည်းခံခြင်း၊ သနားကြင်နာတတ်ခြင်း၊ ရက်စက်မှု ကင်းမဲ့ခြင်းတို့ ဖြစ်၏။

ရဟန်းပြုခြင်းသည် သို့မဟုတ် လောကီသာယာဖွယ်နှင့် လောကီမျှော်မှန်းချက်တို့ကို စွန့်ခွာခြင်းသည် နိဗ္ဗာန်ရရေးအတွက် ထိရောက်သော နည်းလမ်းတစ်ခုသာ ဖြစ်၏။ သို့သော် ရဟန်းပြုရုံမျှဖြင့် ပြုဖွယ်ကိစ္စ ပြီးဆုံးသည်ကား မဟုတ်သေးပေ။
နာဒရထေရ် The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

Read more...

အကြွေးမဆပ်ရင် သံသရာမှာဘယ်လိုခံရမလဲ

အမေး။ ။အရှင်ဘုရား…..တပည့်တော်က လူတယောက်မှာ အကြွေးရဖို့ရှိပါတယ်။ အကြွေးယူတဲ့သူက ပြန်ပေးရမှာစိုးလို့ မသိသလိုလုပ်နေ ပါတယ်။ တပည့်တော် စိတ်ထဲကသိကအောက်ဖြစ်မိပါတယ်ဘုရား။ ရှင်းရှင်းပြောရရင် အကြွေးယူတဲ့သူကို ခွင့်မလွတ်ချင်ဘူးဘုရား။ ဒါဆိုရင် သံသရာမှာ အကြွေးဆပ်ရမဲ့သူက ဘယ်လိုဖြစ်နိုင်ပြီး၊ တပည့်တော်က ခွင့်မလွတ်နိုင်တဲ့အတွက် ဘယ်လိုဖြစ်မှာပါလဲဘုရား။
မျိုးမင်းထွန်း
မြိတ်

အဖြေ။ ။ အကြွေးမဆပ်ဘဲ သေဆုံးသွားရင် သံသရာမှာ အကြွေးဆပ်ရတတ်ပါတယ်။ အထူးသဖြင့်အပါယ်ကျရောက်တတ်ပါတယ်။ အကြွေးပေး သူက ခွင့်မလွတ်ဘဲ ဒေါသအာဃာတတရားထားနေမယ်ဆိုရင်လဲ အပါယ်ကျတတ်ပါတယ်။ ဒေါသအာဃာတဆိုတာ မထားကောင်းပါဘူး။ ဘုရားရှင်လက်ထက်က ဒေါသအာဃာတကြောင့် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်သတ်ရင်း တစ်ဘ၀ပြီးတစ်ဘ၀ ဖြစ်ခဲ့သေခဲ့ရတယ်ဆို တဲ့အကြောင်းကို ဓမ္မာပဒအဋ္ဌကထာ ကာဠယက္ခိနီဝတ္ထုဖြင့် သိနိုင်ပါတယ်။တကယ်လို့ ခွင့်လွတ်မယ်ဆိုရင်တော့ စိတ်ထားကောင်းတဲ့အတွက် ဘ၀သံသရာမှာ ကျင်လည်ရပေမဲ့လဲ ခုနင်ကလို ဒုက္ခမဖြစ်နိုင်ပါ။
ဒီတော့ အကြွေးပေးတဲ့ သူက ခွင့်လွတ်တာဖြစ်စေ၊ ခွင့်မလွတ်တာဖြစ်စေ အကြွေးမဆပ်လိုက်ရဘဲ သေသွားမယ်ဆိုရင် အပါယ်လေးပါး အနက်တစ်ပါးပါးကျရောက်တတ်ပြီး သံသရာမှာ ပုံစံအမျိုးမျိုးနဲ့ အကြွေးပြန်ဆပ်ရတတ်ပါတယ်။
ဒါနဲ့စပ်လို့ တောင်တွင်းကြီးမြို့ရဲ့အနောက်မြောက်ဘက် ဆယ်မိုင်လောက်အကွာမှာ ချောင်းဆုံရွာဆိုတာရှိတယ်။ အိမ်ခြေလေးရာ လောက်ရှိတယ်။ ဒီရွာမှာ ငညိုနဲ့ကံကြီးဆိုတဲ့သူငယ်ချင်းနှစ်ယောက်ရှိတယ်။သူတို့ဟာ ကွမ်းထမ်းအလုပ်ကို လုပ်ကိုင်ကြတယ်။ တစ်နေ့ ကွမ်းထမ်း ရောင်းရာကပြန်အလာ စားစရာဆန်မရှိတော့တဲ့အတွက် ကံကြီးက သူငယ်ချင်းဖြစ်သူ ငညိုဆီမှာ ဆန် တစ်စလယ်ချေးပြီး ချက်စားပါတယ်။ ဒီလိုနဲ့ ကံကြီးဟာ အကြွေးယူထားတဲ့ဆန်ကို အဆင်ပြေတဲ့တစ်နေ့ပြန်ဆပ်ဖို့ စိတ်ကူးထားပါတယ်။ အကြွေးပြန်မဆပ်သေးမီမှာပဲ ပိုးထိလို့ သေဆုံးသွားရှာတယ်။ ဒီတုန်းကသူတို့အသက်ဟာ ၂၀ ၀န်းကျင်လောက်ပဲရှိပါဦးမယ်။
ဒီလိုနဲ့ ငညိုအိမ်မှာ ကြက်သွားဖြစ်တယ်။ သေခါနီး အကြွေးယူထားတဲ့ ဆန်တစ်စလယ်ကို စွဲသွားဟန်တူပါတယ်။ ကြက်လေးဟာ တိုက် ကြက်ဖြစ်တဲ့အတွက် ငညိုက အခြားကြက်တွေနဲ့တိုက်တယ်။ သုံးကြိမ်တိတိအနိုင်ရခဲ့ပါတယ်။ ဒါဟာ ကံကြီးတစ်ဖြစ်လဲ ကြက်လေးဟာ သူ့သခင် ငညိုကို ကြက်တိုက်ပြီး အကြွေးပြန်ဆပ်နေရတာပါ။ ဒီလိုနဲ့ လေးကြိမ်မြောက် ကြက်တိုက်ရာမှာ ပြိုင်ဘက်ကြက်က အသက်ကလဲကြီး၊ အားကလဲ ကြက်လေးထက်အများကြီးသာတာဆိုတော့ ရှုံးသွားပါတယ်။ အဲဒီမှာ ငညိုက ကြက်တိုက်ရှုံးတဲ့အတွက် သူ့ကြက်ရဲ့ ခြေနှစ်ချောင်းကိုကိုင်ပြီး ရိုက်သတ်လိုက်တယ်။ ကြက်လေး မသေမရှင်ဖြစ်နေတဲ့အချိန်မှာ ငညိုရဲ့နွားမတစ်ကောင်က ကြက်လေးကို လာနမ်းပါတယ်။ အဲဒီမှာပဲ ကြက်ကလေးသေပြီး နွားမ၀မ်းမှာ သွားဖြစ်တယ်။ အချိန်တန်တော့ နွားမလေးတစ်ကောင်ပေါက်လာတယ်။ အရွယ်ကြီးအတော်အတန်ကြီးလာတဲ့အခါ ငညိုသူငယ်ချင်းများက လေးကျပ်နဲ့ပေးဝယ်ပြီး နွားမကလေးကို သတ်စားလိုက်ကြတယ်။ ဒီလိုနဲ့ လှီးဖြတ်ပြီး အမဲဖျက်နေတဲ့အချိန်မှ တောင်တွင်းကြီးက စာရေးကြီးနဲ့စာရေးကတော်တို့ရောက်လာတယ်။ သေခါစနွားမကလေးရဲ့အသား တဆတ်ဆတ်တုံနေတာကို ကြည့်ပြီး နွားမကလေးအပေါ်မှာ ကရုဏာသက်မိကြတယ်။
စာရေးကတော်က “ငါ့နွားသာဆိုရင် မသတ်ဘူး၊ သူ့အလိုလိုပဲသေပါစေ၊ သေရင်လဲ အခုလိုမျိုးမရောင်းစားဘူး၊ မြေမြုပ်ပင့်မယ်” လို့ သနားကရုဏာစိတ်နဲ့ပြောပါတယ်။ ဒါနဲ့ မကြာမီမှာပဲ စာရေးကတော်ကြီးမှာ ကိုယ်ဝန်ရလာပါတယ်။ အချိန်တန်တော့ သားယောင်္ကျားလေး မွေးပါ တယ်။ သားကလေးဟာ ခုနှစ်နှစ်အရွယ်အထိ စကားလုံးဝမပြောပါဘူး။ တစ်နေ့တော့ ဖခင်က “ သား မင်းကစကားလဲမပြောဘူး။ ဒီနေ့အဖေတို့လခထုတ်ရမယ်လေ၊ လခထုတ်ပြီးရင် အ၀တ်လှလှလေးတွေ သားအတွက်ဝယ်လာခဲ့မယ်” ဆိုပြီး ညနေပြန်လာတဲ့အခါ “သားကလေး..ဒီမှာသားအတွက်အ၀တ်လှလှလေးတွေလေ ယူပါ။ ပီးတော့ စကားလဲပြောပါလားသားကလေး” လို့ အဖေဖြစ်သူက မေးတော့ သားကလေးက “ ငညို ဆန်တစ်စလယ်” လို့ပြောပါတယ်။ တိုတိုပြောရရင် အဖေက “သားရယ် သားကသာ စကားပြောပါ။ ဆန်တစ်စလယ်မက ဆန်တစ်အိပ် အကြွေးဆပ်ပေးပါ့မယ်” လို့ သားအားပြောသတဲ့။
ဒီလိုနဲ့ သားကလေးဟာ ငညိုအိမ်ကို အခုပဲသွားပြီး အကြွေးဆပ်ချင်တယ်ဆိုလို့ တဲ့အတွက် အဖေက ဆန်တစ်အိတ်ကို လှည်းပေါ်တင် ပြီး သားကလေးလမ်းညွန်တဲ့အတိုင်းလာလိုက်တာ ချောင်းဆုံရွာကို ရောက်လာတယ်။ ရွာထဲရောက်တော့ ဒီက၀င် ဟိုကထွက် ဆိုပြီး သားကလေး ညွန်တဲ့လမ်းအတိုင်း လာခဲ့ရာ ဦးညိုအိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတော့တယ်။ အိမ်ထဲက လူကြီးတစ်ယောက်ထွက်လာတယ်။ အဖေက “ဒါက ဦးညိုဟုတ်ပါသလားခင်ဗျ” ဆိုတော့ ဦးညိုက “ဟုတ်ပါတယ်ချင်ဗျာ၊ အိမ်ထဲကို ကြွကြပါ” လို့ ပြောတော့ ကလေးလေးက “ဟဲ့..ငညို…မင်းငါ့ကို မှတ်မိသေးရဲ့လား” လို့ပြောတော့ သူ့အဖေလောက်ရှိတဲ့ငါ့ကိုများ ဒီလိုပြောရကောင်းလားဆိုပြီး ဦးညိုက စိတ်ဆိုးနေတော့ တယ်။
ဒိအချိန်မှာ စာရေးကြီးက “ ဦးညိုရေ စိတ်မဆိုးပါနဲ့ ဒီကလေးမှာ ထူးခြားတဲ့အကြောင်းရှိတယ်” လို့ ဦးညိုအားပြောကာ တောင်းပန်ရှာပါ တယ်။ အိမ်ပေါ်ရောက်တဲ့အခါ ကလေးက… “ ဟေ့ ..ငညို မင်းကငါ့ကို မမှတ်မိတော့ဘူးလား၊ ဟိုတုန်းက ကွမ်းထမ်းပြီးရောင်းကြတယ် ငါက မင်းဆီမှာ ဆန်တစ်စလယ်ချေးဖူးတယ် ။ အကြွေးမဆပ်ခင်မှာပဲ ငါပိုးထိလို့သေခဲ့ရတယ်။ မင်းအိမ်မှာကြက်ဖြစ်ရတယ်။ ကြက်ဖြစ်တဲ့အခါ မင်းကို သုံးပွဲအထိနိုင်အောင် ငါခွပ်ပေးခဲ့ပေမဲ့ လေးကြိမ်မြောက်မှာ အားမတန်လို့ ငါရှုံးခဲ့တယ်။ မင်းက ငါ့ကို ရှုံးရကောင်းလားဆိုပြီး ရိုက်သတ်တယ်။ ငါမသေမရှင်ဖြစ်နေချိန်မှာ မင်းအိမ်က နွားမကြီးက ငါ့ကိုလာနမ်းတယ်။ ဒီလိုနဲ့နွားမကြီးဝမ်းမှာဖြစ်ရပြီး မွေးလာတော့ နွားမကလေးဖြစ်ခဲ့ရတယ်။
အရွယ်ရောက်တော့ မင်းတို့ကငါ့ကို သတ်စားကြတယ်။ အဲဒီချိန်မှာ စာရေးကြီးနဲ့စာရေးကြီးကတော်တို့ရောက်လာပြီး သနားစရာစကား ပြောသွားပါတယ်။ နွားမဘ၀ကသေတော့ အခု ဟောဒီအမေအဖေရဲ့သားကလေးလာဖြစ်ရပါတယ်။ အခုမင်းအကြွေးဆန်တစ်စလယ်ပြန်ဆပ်ဖို့ လာတာ” လို့ ကံကြီးတစ်ဖြစ်လဲ ကလေးက ပြောပါတယ်။ ပြောသမျှအားလုံးက မှန်နေတဲ့အတွက် ဦးညိုဟာ သူပြုခဲ့သမျှတွေကို သတိရပြီး ငိုကြွေး ရှာပါတယ်။ (ဒီအကြောင်းကို ဦးညိုကိုယ်တိုင် ရေစကြိုမြို့နယ်က ဦးဘသွင်ကို ၁၃၁၃ ခုနှစ်လောက်မှာ ပြောကြားလိုက်ကြောင်း သိရပါတယ်)။
(ဓမ္မာစရိယဦးဌေးလှိုင်ရဲ့ ရတနာသုံးပါးကျေးဇူး)
အကြွေးမဆပ်ရင် ဘ၀သံသရာမှာ အထက်ပါသာဓကလို ကြက်ခွပ်ပီးတော့ပဲဖြစ်စေ၊ အခြားတစ်မျိုးမျိုးနဲ့ဖြစ်စေ အကြွေးပြန်ဆပ်ရတတ် တယ်ဆိုတာပါပဲ၊ သံဝေဂအမြင် ရှင်သန်ပြီး တိုတောင်းလှတဲ့လူ့ဘ၀လေးမှာ ကောင်းအောင်နေတတ်၊ပြောတတ်၊တွေးတတ်ပါစေလို့ပြောရင်း…

Read more...

IF

စိတ်ဓာတ်ခွန်အားကို ဖြစ်စေတဲ့ ကမ္ဘာကျော်ကဗျာတွေထဲက ထိပ်တန်းကဗျာတစ်ပုဒ်ဖြစ်တဲ့ if - ဆိုတဲ့ သည်ကဗျာကို ဒီနေရာမှာ တင်ထားခဲ့တာ အတော်ကြာပါပြီ။ အခုမှ ပြန်လည်ဆန်းသစ်လိုက်ရခြင်း အကြောင်းက - VOA - ၀ိုင်းတော်သူတွေ စုပေါင်းရွတ်ဆိုထားတဲ့ if-ကဗျာရွတ်သံနှင့် ပူးတွဲ နားဆင်ဖတ်ရှုနိုင်စေဖို့ပါ။


မေတ္တာဖြင့် ... အရှင်ဥတ္တရ (ခေတ္တ-အိန္ဒိယ)


IF.....
IF you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or being lied about, don't deal in lies,
Or being hated, don't give way to hating,
And yet don't look too good, nor talk too wise:

If you can dream - and not make dreams your master;
If you can think - and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two impostors just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build 'em up with worn-out tools:

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breathe a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: 'Hold on!'

If you can talk with crowds and keep your virtue,
' Or walk with Kings - nor lose the common touch,
if neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And - which is more - you'll be a Man, my son!

(by Rudyard Kipling)

အကယ်၍...
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .

ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .

ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . .

အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် . . .

ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင် . . .

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့်ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် . . .

ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် . . .

ပြီးတော့တခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် . . .

အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် . . .

အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် . . .

အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် . . .

ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်၊ မာန သွေး မကြွဘူးဆိုရင် . . .

အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် . . .

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် . . .

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် . . .

ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။ ။

(ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုသည်)

[မူရင်း အင်္ဂလိပ်ကဗျာကို ... www.kipling.org.uk - မှ ကူးယူဖော်ပြပြီး မြန်မာပြန်စာသားကို မဆုမွန်ဘလော့ဂ် -မှ ကူးယူဖော်ပြပါသည်။]

Read more...

Notes on ‘The Gatekeeper’

by Cittasamvaro

n’atti santipara.m sukha.m -there is no happiness greater than peace

nibbaana.m parama.m sukha.m – nibbana is the ultimate happiness.

Notes for the Dhamma talk "The Gatekeeper" at the Pharmaceutical Association of Thailand 30th September 2010

******

Mindfulness/Absorption

Human being s love to be absorbed in something. The feeling of being with the body and mind without an object of attention to absorb into is uncomfortable. So people seek out some interesting conversation, book, music …. or if there is nothing available, just to sit thinking thinking … Take a look around a bus or a plane – everyone is either busy with something or else lost in a dream world.

The more interesting the absorption the better. The happier you are, in the conventional sense of the word.

By absorption is meant something to absorb or sink attention into. You lose awareness of yourself for a while, and only pay attention outside via the senses. TV is a great example. It is actually restful – studies show you burn fewer calories watching TV than by doing nothing at all.

By contrast, being ‘mindful’ you are aware of yourself as well as your action. If you are thinking, you know that you are thinking – not just what you are thinking about. If you are walking – you know that you are walking, rather than being absorbed in a line of thought. If you have desire, you don’t just know the object of desire, but are aware of the feeling of desire too – you know that you are ‘desiring’.

Meditation

You can see this process most clearly in meditation. The mind sticks with the object for a few brief moments, and then wonders off to something else. You don’t even realise that you have lost attention sometimes for 10 minutes or longer. At the point where you notice/remember that what you were doing – that is mindful. You bring your attention back to the object and then next you observe that 5 more minutes have passed and you were absorbed in some line of thinking. Or a sound arises and you can’t stay with yourself – you have to pay attention, reach out with the mind, attention, liking/disliking and then thinking.

Being mindful you hear the sound but remain with attention on yourself, on your object. Though you can feel the pull of the sound (or thought, feeling in the body etc..) you keep awareness home.

Isn’t it interesting how the mind automatically slips away, always in search of some kind of absorption? The sitting practise is interrupting the mind all the time. Whatever you are getting absorbed in, interrupt the process, and take a direct look.

Getting Accustomed

This aspect of your experience that is awareness, is pointed out as something important. It is the main tool in Buddhism for generating wisdom. The teaching is, if you develop this tool, it will take you all the way to enlightenment. You develop it by paying attention to the feeling of awareness, by being mindful. When you pay attention and interest to something it grows.

Though it can feel a little uncomfortable at first (it can even make you feel short of breath), when you get used to it, being mindful is a very sweet way to be. It gets so that the awareness is much more real than being lost in lines of thought or other focus. Most people who have practised mindfulness feel that always being absorbed in something is more like a dreamworld in comparison.

It does not mean you can’t do anything – you can still read books, find conversations, watch a movie, go to work. But there is a new, unseen quality at work behind it all. People around will probably not notice much of a change as you carry on doing the things you always have done ….

It is something to be practised. If you think it through it might now seem too attractive, or the beauty of it will probably not be apparent.

It is also something real. There is no dogma here. You don’t have to believe anything. You are not jumping on an ideological bandwagon of some kind. Your views and opinions in fact, also come under the scrutiny of mindfulness. They are also to be observed.

The Gatekeeper

This is the metaphor the Buddha gave for the quality of mindfulness, which pertains to the third of the great (non-Buddhist) philosophical questions that are

  • what is the highest good
  • who am I
  • what should I do

The original, so you can see what these suttas look like, is:

A 7.63

Just as the royal frontier fortress has a gate-keeper — wise, experienced, intelligent — to keep out those he doesn’t know and to let in those he does, for the protection of those within and to ward off those without; in the same way a disciple of the noble ones is mindful, highly meticulous, remembering & able to call to mind even things that were done & said long ago. With mindfulness as his gate-keeper, the disciple abandons what is unskillful, develops what is skillful, abandons what is blameworthy, develops what is blameless, and looks after himself with purity….

Just as the royal frontier fortress has ramparts — high & thick & completely covered with plaster — for the protection of those within and to ward off those without; in the same way a disciple of the noble ones is discerning, endowed with discernment leading to the arising of the goal — noble, penetrating, leading to the right ending of suffering. With discernment as his covering of plaster, the disciple of the noble ones abandons what is unskillful, develops what is skillful, abandons what is blameworthy, develops what is blameless, and looks after himself with purity. With this seventh true quality is he endowed.

The gatekeeper metaphor is very sharp. The gatekeeper (or you might prefer the idea of the bouncer at a club!) does not have to worry about how things are going in the city. The tax policy, the criminal justice system, the transport system … all he does is keep watch on the gate. In the same way, you do not have to sort out your ‘ego’, or fix up your personality/character. You don’t need psychology. Afterall, deciding you are not perfect, and thinking up schemes to change into a new ‘you’ is more ego at the end of the day. All you need to is pay attention in the present moment. Let your neurosis, childhood, fears, and other character flaws look after themselves.

‘Who am I’ doesn’t really matter here. Your character will work itself out. And it becomes clear ‘What I should do’.

Yardstick

As for the phrase above ‘skillful’ and ‘unskillful’ – the pail word is ‘kusala’ and ‘akusala’, more usually translated as ‘wholesome’ and ‘unwholesome’.

Note that this is not good/bad or good/evil. Something that is ‘unskilful’ is what leads away from the goal, or away from the purification of mind. But that does not mean that it is wrong or evil. Watching a movie is not going to develop any wholesome quality, but it is not wrong. Reading a newspaper is not immoral in anyway, but it tends towards absorption, and leans away from mindfulness. It does not mean you cannot read newspapers – good meditators read and do things all the time. Other things may be ‘good’ but not necessarily ‘skilfull’ – you might be able to think of some such thing (social work for instance???). The point is that there is room for your own judgement. You have to decide for yourself based on you motivations what is kusala/akusala. The important point is not to rely just on thinking for such a judgement. Thinking is very flawed – the hijackers who flew planes into the Twin Towers genuinely thought they were doing something good and right, and that they would be getting a swift reward in heaven. Thinking is necessary, but not the best tool.

What other criteria is there for deciding what the Gatekeeper lets pass and what is rejected?

It is not a Buddhist teaching per se, but there are 3 ways to judge, all based on watching with mindfulness, rather than figuring things out with views and opinions.

1. The effects on the mind.

If you look carefully into the mind with meditation, you will likely come across some peaceful states as you watch the breathing. But quite quickly after that, the only things you see are the bad aspects of your ego-self. You see your defense mechanisms, neurosis, defilements (kilesa), endless obsessive thinking, dullness, greed/hatred/delusion and so on. Don’t worry – this is normal. All this stuff is in your head, but you never paid attention before.

When faced with a particular object of attention – ask quietly does this line of thought or action tend to increase the maelstrom in the mind, or reduce it. Usually the answer is pretty clear.

2. The effects on the body

Every attachment in the mind has a corresponding tightness of the body. It is most easily felt in the face. If you are mindful you can feel the face muscles shifting with every thought.

But much deeper lines of stress lie in the body – shoulders, stomach, back, neck…. Actually as you learn to rest the mind free from sense desire, these knots of tension start to fall out. Often they take a long time and can be quite tormenting as the body unwinds. A skilled meditator can stop, take a few inner breaths, and let the body tell them if some line of thought, speech or action is leading towards peace and stillness or not.

3. Comparison with purity

If one is able to concentrate the mind, states of very beautiful stillness can be attained. Here the mind is coming together and unifying (ekabhava), and once it is free from desiring, and free to some extent from the other hindrances of agitation, doubt, drowsiness, and anger, the meditator can feel very happy. This stillness, purity or unification of mind is a good point of comparison for judging what is skillful or unskillful.

Right Efforts

Now the teaching on the Four Right Efforts should be quite clear.

The first two are

  • to abandon unwholesome states that have arisen
  • to prevent unwholesome states from arising

Note that this is working with one thing at a time. The Gatekeeper does not care where the states come from, or hunt through the past using psychological models. You stay besed 100% in the present moment, and only worry about what is there right in front of you.

This is useful to remember when dealing with negativity. Giving up smoking for instance is a big think – people can take years to get into the right place to do this. But with the Gatekeeper method, you only need to deal with what is right in front of you. A small desire …. and it is gone. Once you see the end of a desire, then even though the desire comes back again it will have lost some of its hold on you.

You can’t solve the problem of your childhood, of your family, of your work – but you can watch one thing at a time as it appears right in front of you. It takes a bit of trust to use this method rather than trying to figure out solutions to life’s problems.

The other two Right Efforts are

  • to arouse wholesome states that have not arisen
  • to maintain wholesome states that have arisen

Pretty simple teaching, but direct and effective if you are vigilant. You don’t have to change the world, just be mindful.

A full breakdown of the Right Efforts however, is the topic of another talk….

Read more...

မိန်းခေးရေ

အဲ့ဒီနေ့က မိန်းခေးဆီ
ဖုန်းဆက်ဖြစ်တယ်
“စိမ်းဖန့်ဖန့် မျက်နှာတွေကြား
ပျော်ရဲ့လား အစ်ကို” တဲ့
မေးလိုက်တဲ့ မေးခွန်းပါ။

မိန်းခေးရေ
အစ်ကို ပျော်ပါဘူး
မိသားစုနဲ့ ဝေးနေရတဲ့ဘဝ
ဘယ် နေသားကျတယ်ဆိုတာ ရှိပါ့မလဲ။

မိန်းခေးရေ
နင်က အမေ့လိုပဲ
ပြတ်ပြတ်နဲ့လိုရင်းပြောတယ်
ဒါနဲ့ အမေ့ကို လွမ်းဖြစ်ပြန်ရော။

မိန်းခေးရေ
သတိရတယ်
“အဖေရော နေကောင်းလား” ဆိုတော့
“ကောင်းတယ်..........အငြိမ်မနေတာ ခက်တယ်” တဲ့
ယောက်ဖကလည်း အဲ့လို ပြောဖူးတယ်
ဟုတ်တော့လည်း ဟုတ်တယ်
အဖေက ဆွေမျိုးမက်တယ်
အလှမ်းဝေးတဲ့ ဆွေမျိုးတွေဆီ သွားရတာအမော။

“အဖေစိတ်ချမ်းသာအောင် ထားပါဟ” ဆိုတော့
မိန်းခေးက
“ဟင်း......ဟင်း” တဲ့
အမေ့လို ရွဲ့ရီ ရီတာမလားမသိ
“ထားပါတယ်....ထားပါတယ်” တဲ့
အဖေက ၇၅နှစ်ကျော်ပြီကိုး။

မိန်းခေးရေ
နင်က ကံကောင်းတယ်နော်
အဖေ့အရိပ်အောက်မှာ
အမြဲတမ်းနေခွင့်ရတယ်
ငါကတော့
ဓါးအိမ်မရှိတဲ့ ဓါးတစ်ချောင်းလို
နည်းနည်းနီးလိုက်
ဝေးဝေးရောက်သွားလိုက်
အဝေးရောက်လွမ်းနေခြင်းနဲ့
လွမ်းနေတတ်ပါပြီ။

မိန်းခေးရေ
အဖေနဲ့ မိန်းခေးကို
ငါ လွမ်းတယ်
တစ်ယောက်တည်း ခရီးလွန်သွားတဲ့
အမေ့ကိုလည်း လွမ်းတယ်။


မှတ်ချက်။ ။(ကျနော့် တစ်ဦးတည်းသော ညီမလေးနေတဲ့ရွာမှာ ကိုယ့်အောက်ကညီမလေးကို မိန်းခေး(မိန်းကလေး)လို့ ချစ်စနိုးနဲ့ခေါ်ကြတယ်)

Read more...

အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာအသင်း တတိယအကြိမ် အစည်းအဝေး

အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာအသင်း ကြားဖြတ် အစည်းအဝေးကို ၃-၁၀-၂၀၁၀ တနင်္ဂနွေနေ့ နေ့လည် ပိုင်းက ပူနေးမြို့ ပူနေးတက္ကသိုလ် အသင်း၏ တည်ရာဌာနဖြစ်သည့် ဗုဒ္ဓ၀ိဟာရကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ အသင်း၏ ဥက္ကဋ္ဌ ဘန္တေသုဒဿန၊ သင်တန်းနည်းပြ အရှင်ကုသလ၊ အသင်း၏ အထွေထွေ အတွင်းရေးမှူး ဆရာ ဆန်ဂျေး တန်ဘာဂရိတ်၊ ထိုင်းနိုင်ငံ ပီအိပ်ခ်ျဒီ ကျောင်းသား မစ္စတာ ဥတန်း၊ အိန္ဒိယနိုင်ငံ ပီအိပ်ခ်ျဒီကျောင်းသူ မစ် အာခ်ျ တို့တက်ရောက်ကြသည်။ ယခုအခါ တက္ကသိုလ်၏ အစမ်းစာမေးပွဲများ ကျင်းပနေ ချိန်ဖြစ်၍ အခြား အသင်းသားများ တက်ရောက်နိုင်ခြင်း မရှိကြပေ။

အစည်းအဝေးကို နေ့လည် ၁၂ နာရီအချိန်တွင် နမောဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး အခမ်း အနားမှူး ဆရာ ဆန်ဂျေးက အစည်းအဝေး ခေါ်ယူရခြင်းအကြောင်း နှင့် စည်းဝေးရမည့် အဓိက အကြောင်း အရာများကို ပြောပြသည်။ ဆရာဆန်ဂျေး တင်ပြပြောဆိုသည်မှာ-

ဒေလီမှ မြန်မာရဟန်းတော်များက အသင်း၏ လုပ်ဆောင်ချက်များကို သဘောကျ၍ အဖွဲ့ခွဲတစ်ခုအနေဖြင့် ဒေလီတွင် သင်တန်းများ ပို့ချရန် တောင်းဆိုမှုများ ပြုလာကြောင်း။ ထိုအတွက် အသင်းကြီးအနေဖြင့် မည်ကဲ့သို့ ကူညီပံ့ပိုးမှုများပြုလုပ်ရမည်ကို အကြံပြုတင်ပြကြစေလိုကြောင်း၊ ထိုနှင့် တစ်ဆက်တည်း မြန်မာ ရဟန်းတော် များ သီတင်းသုံးကြသည့် ဟိုက်ဒရာဘတ်၊ ပန်ဂျတ်၊ ဗာရာဏသီ၊ ဗုဒ္ဓဂယာ စသည့် အခြား နေရာများတွင်လည်း သင်တန်းများ တိုးချဲ့ဆောင်ရွက်ဖို့ အစီအစဉ်များ ဖြစ်လာနိုင်ကြောင်း။ ထိုအတွက် အကြံပြုတင်ပြကြဖို့ ယခုလို အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါကြောင်း ပြောဆိုသည်။

ဒေလီအဖွဲ့ခွဲအတွက် အဖွဲ့၏ စည်းမျဉ်းဥပေသများ၊ ပြဓာန်းကျမ်းစာများကို ပေးပို့ပေးရမည်ဖြစ်ကြောင်း။ အဖွဲ့၏ ရုံးစိုက်ဌာနသည် ဘုန်းတော်ကြီးကျောင်း ဖြစ်သင့်ကြောင်း။ ထိုအတွက် အိန္ဒိယနယ်ခံ ပုဂ္ဂိုလ်များက ပါဝင်ဆောင် ရွက်ရန် လိုအပ်ကြောင်း။ နေရာ ဌာနအခက်အခဲဖြစ်က ဥက္ကဋ္ဌ (ကျောင်းသား) ၏ အခန်းသည်ပင် ရုံးဌာန နှင့် သင်တန်းဌာန ပြုလုပ်နိုင်ကြောင်း၊ သစ်ပင်အောက်။ မြက်ခင်းပြင်များသည်လည်း သဘာဝ သင်တန်းဌာန များဖြစ်ပါကြောင်း။ နေရာဌာနအတွက်နှင့် အသင်း၏ အဓိက လုပ်ငန်းဖြစ်သည့် သင်တန်းချပို့ သင်ကြားမှုများ နှောက်နှေးကြန့်ကြာမှု မဖြစ်သင့်ကြောင်း။ အလားတူ အခြားနေရာများ၌ သင်တန်းအဖွဲ့ခွဲများ တိုးချဲ့ဆောင် ရွက်ခြင်းကို ကြိုဆို အားပေးရမည်ဖြစ်ကြောင်း စသည် ဆွေးနွေး အကြံပြုကြသည်။

အဖွဲ့ခွဲအတွက် တာဝန်ခံ ဆောင်ရွက်ကြမည့် ဒေလီ( တက္ကသိုလ်) ရှိ မြန်မာရဟန်းတော် အရှင် ဇဋိလာလင်္ကာရ နှင့် မစ္စတာ အာမိုလ် မဒမီ တို့ထံ တိုက်ရိုက်ဆက်သွယ်၍ အကြောင်းကြားကြသည်။ ၄င်းတို့ နှစ်ဦးလုံးထံမှ ဒေလီ အဖွဲ့ခွဲကို ဖြစ်မြောက်အောင် ဆောင်ရွက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အကြောင်းပြန်ကြသည်။

အစည်းအဝေးကို နေ့ ၁း၁၅ မိနစ်အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။


ုKM

(၄-၁၀-၂၀၁၀)

Read more...

ကုမုဒြာတွေပွင့်တဲ့ည အပိုင်း (၆)

၂ ခုမြောက် ရဟန်းပြုရကျိုး
မြတ်စွာဘုရား ထိုထက်အဆင့်မြင့်သော ရဟန်းပြုခြင်းရဲ့အကျိုး ကျေးဇူးကို မိန့်ကြားတော်မူပါအုံး ဆိုတော့ ပရိသတ်ရေ အလွန်ရှည်လျားစွာသော သုတ္တန်ကြီးကို ဘုန်းကြီးတို့ သုံးလုံးထဲနဲ့ခြုံပြောမယ်။ အဲဒီသုတ္တန် ကြီးတစ်ခုလုံးကို ဘာအဓိပ္ပါယ်မှမပြောဘဲနဲ့ ပါဠိရှိသလောက်ပါဠိကြည့် အရှိအတိုင်းမှန်မှန်လေး ရွတ်ဖတ်သွားရင် နှစ်နာရီပိုပိုလေးရွတ်ရမယ်၊ ပါဠိချည်းလျှောက်ရွတ်၊ ဘာမှမပြောနဲ့ အဓိပ္ပါယ်ပါပြောမယ်ဆိုရင် (၁ဝ) ရက် (၁၅) ရက်ပြောရမယ်။
ခု ဘုန်းကြီးက သုံးလုံးထည်းနဲ့ဟုတ်လား၊ (၅)မိနစ်လောက်အတွင်း ပြီးအောင်ပြောမယ်၊ ဘာလဲဆိုတော့ နောက်ရလာတဲ့အကျိုးကျေးဇူးက သီလ ရယ် သမာဓိရယ် ပညာရယ်၊ ခုနက မြတ်စွာဘုရား ပထမစစချင်းပြောလိုက် တာက သီလ သမာဓိ ပညာ မပါသေးဘူး၊ ရဟန်းပြုရုံလေးပြုထားတဲ့ပုဂ္ဂိုလ် သီလ သမာဓိ ပညာကိုပရိသတ်ရေ ဘုရားကထည့်မပြောသေးဘူး၊ ဒီလောက်ပဲ ရဟန်းပြုရုံမျှပြုထားတာကိုပဲ ဘုရင်ကို သူရှိခိုးဖို့ မလိုတော့ဘူး၊ ဘုရင်ကပဲ ထိုရဟန်းကို ရှိခိုးရမယ်တဲ့ ဒီလိုဖြစ်သွားတယ်၊ ဘုရင်ကြီးကို သူက ထောက်ပံ့စရာမလိုတော့ဘူး၊ ဘုရင်ကပဲ သူ့အလုပ်သမားရဟန်းကို သူက ထောက်ပံ့ရမယ်။ အဲဒီလိုလေး ကွာသွားတယ်၊ အခုတက်လာရတဲ့ ပရိသတ်ရေ သီလအကျင့် ဘာအကျင့်လဲ။ သီလအကျင့်ပါဘုရား။

ဒီကနေ့ ဘုန်းကြီးတို့ပရိသတ် သီလဆိုတာ ဘာလဲလို့ဆိုလို့ရှိရင် ဒီလိုလေးမှတ်ထား၊ ကိုယ်အမူအရာကို ထိန်းသိမ်းသောစည်းကမ်း၊ နှုတ်အမူအရာကို ထိန်းသိမ်းသောစည်းကမ်း၊ အသက်မွေးလုပ်ငန်းကို သန့်ရှင်းအောင် ထိန်းသိမ်းသောစည်းကမ်း၊ ဒီသုံးခုပဲ။
(၁) က ဘာထိန်းသိမ်းသလဲ။
ကိုယ်အမူအရာကို ထိန်းသိမ်းသောစည်းကမ်းပါဘုရား။
BODILY DISCIPLINE TO CONTROL THE BODILY ACTION NOT THE COMMIT ANY EVIL. မကောင်းမှုမှန်သမျှ ဘာမှမလုပ်နဲ့ မလွန်ကျူးမိအောင် ထိန်းထားတဲ့စည်းကမ်း၊ ပါဏာတိပါတာ ဝေရမဏိ စသည်က ဒါ စည်းကမ်း။ နောက်ပါးစပ်ကို ထိန်းသိမ်းတဲ့စည်းကမ်း မုသာဝါဒါဝေရမဏိ၊ ပိသုဏဝါစာဝေရမဏိ ဒါတွေမဟုတ်လား။ မှန်ပါဘုရား။

အေးနောက်တစ်ခါ သက်မွေးမှုလုပ်ငန်းကို ထိန်းသိမ်းပေးတဲ့ စည်းကမ်း (၁) အဆိပ်ရောင်းဝယ်ပြီးတော့ အသက်မမွေးနဲ့။
(၂) လက်နက်နဲ့အသက်မမွေးနဲ့။
(၃) အသားစားသတ္တဝါတွေနဲ့ အသက်မမွေးနဲ့
(၄) ပြည့်တန်ဆာလုပ်ဖို့ အမျိုးသမီးတွေ ရောင်းဝယ်ပြီးတော့ အသက်မမွေးနဲ့၊ ကျေးကျွန်လုပ်ဖို့ ယောက်ျား မိန်းမအရောင်းအဝယ် မလုပ်နဲ့ ဒါမျိုးတွေ။
(၅) ယစ်မူးစေတတ်တဲ့ ပစ္စည်းတွေရောင်းဝယ်လို့အသက်မမွေးနဲ့။ အဲဒါတွေက သက်မွေးလုပ်ငန်းရဲ့စည်းကမ်းချက် အခြေခံငါးခုနော်။ အကျယ် တဝင့်တော့ရှိပါတယ်။ ဒီသုတ္တန်မှာ အကျယ်ဟောတယ်။
(၁) ကိုယ်ကိုထိန်းတဲ့စည်းကမ်း။
(၂) နှုတ်ကိုထိန်းတဲ့စည်းကမ်း။
(၃) အသက်မွေးလုပ်ငန်းကိုထိန်းတဲ့စည်းကမ်း။
အဲဒီ discipline လို့ခေါ်တဲ့စည်းကမ်းမှန်သမျှက ဒါသီလ၊ အဲဒီလိုစည်းကမ်းကောင်းတဲ့ပုဂ္ဂိုလ်ဟာ ပရိသတ်ရေ သူ့မှာ ကာယကံလွန်ကျူးတဲ့အပြစ်၊ ဝစီကံလွန်ကျူးတဲ့အပြစ် သူ့မှာ ရှိသေးလား။
မရှိတော့ပါဘုရား။

စည်းကမ်းတကျ နေတဲ့ပုဂ္ဂိုလ်ဟာ အပြစ်ကင်းတယ်၊ ဘာဖြစ်လဲ။
အပြစ်ကင်းပါတယ်ဘုရား။
အပြစ်ကင်းတာကို ပါဠိလိုပြောရင် ''အနဝဇ္ဇ'' ပြောပါ။
''အနဝဇ္ဇပါဘုရား''။

အရသာဆိုတာ
စည်းပွား ဥစ္စာ ရာထူး အာဏာ တောင်လိုမောက်၍နေစေကာမူ ရထားတဲ့ထိုစီးပွား ဥစ္စာ ရာထူး အာဏာတွေဟာ နောက်က လွန်ကျူးထားတဲ့ အပြစ်တွေက တစ်ပုံကြီးနဲ့ဆိုလို့ရှိရင် အဲဒီပုဂ္ဂိုလ်ရဲ့စီးပွား ဥစ္စာ ရာထူး အာဏာကိုခံစားနေရတာဟာ အရသာမရှိဘူး။ ပရိသတ်ရေ ဘာကပိုပြီးတော့ အရသာရှိသလဲ။ အပြစ်ကင်းတဲ့ဘဝဟာ အရသာပိုရှိတယ်။ ဘာလဲ။ အပြစ်ကင်းတဲ့ဘဝ အရသာပိုရှိပါတယ်ဘုရား။
စားစရာမရှိလို့ ထမင်းရည်ဆားခတ်ပြီးတော့ သောက်နေရစေကာမူ အဲဒီထမင်းရည်ထဲမှာ ဘာအပြစ်မှမပါဘူးဆိုရင် ဒါအရသာထွက် တယ်။
မှန်ပါဘုရား။
အဲဒီချမ်းသာမျိုးကိုခေါ်ရင် မှတ်ထား ''အနဝဇ္ဇသုခ'' ဘာသုခလဲ။
အနဝဇ္ဇသုခပါဘုရား။
အပြစ်ကင်းသောချမ်းသာ၊ ဘယ်ကရသလဲ သီလကရတယ်၊ ဒကာတော်မင်းကြီး သီလကိုစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ဟာ အပြစ်ကင်းတဲ့ချမ်းသာကိုရတယ်။ နားလည်နိုင်ဖို့ရန် ဒါ တစ်ချို့လူတွေအတွက် ခက်လိမ့်မယ်။ အပြစ်ကင်းလို့ရှိရင် ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချနေတဲ့ဥစ္စာလေးကိုက ဒါ အရသာရှိတယ်။
ပရိသတ်ရေ ဘယ်အထဲဝင်သွားသွား ဘာအပြစ်မှမရှိရင် ဘာမှ ပူစရာမလိုဘူး။ အေး ဘယ်အကြောင်းကြောင့်မှ နှလုံးစိတ်ဝမ်း မအေးချမ်းဘဲနဲ့ နောက်ကြောင်းကိုပြန်တွေးပြီးတော့ ကုက္ကုစ္စဆိုတဲ့ပူပန်မှုဖြစ်စရာ ဘာမှ မရှိရင် ဒါချမ်းသာတယ်၊ အဲဒါကို အားလုံး ''အနဝဇ္ဇသုခ'' ပြောကြည့်ပါ။
အနဝဇ္ဇသုခပါဘုရား။

ဒကာတော်မင်းကြီး သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ရဲ့ချမ်းသာခြင်းသည် အနဝဇ္ဇသုခဆိုတာ အပြစ်ကင်းတဲ့ ချမ်းသာကိုရတယ်၊ အဲဒါဟာ ဒုတိယံ သန္ဒိဋ္ဌိကံ သာမညဖလံ ရဟန်းပြုခြင်းကြောင့်ရလာတဲ့ ဒုတိယအကျိုးက တော့ အနဝဇ္ဇသုခပါပဲ။ ဘာကိုကျင့်လို့ရတယ်။
သီလကိုကျင့်လို့ရပါတယ်ဘုရား။
သီလကိုကျင့်သုံးခြင်းကြောင့် ပရိသတ်ရေ ဘာသုခရနိုင်သလဲ။
အနဝဇ္ဇသုခပါဘုရား။

ဟာ သေပြီးသည်မှနောက်ဘဝအသက်ရှင်တယ်၊ အနာကင်းတယ်၊ ကျန်းမာတယ်၊ စီးပွားတက်တယ်၊ အဲဒါတွေတော်တော်ဝေးသေးတယ်၊ အခု ဒီဘဝမှာ မသေခင်ရနေတာက အနဝဇ္ဇသုခ၊ သူ့အတွက်အနှောက်အယှက် ဘာမှမရှိတော့ဘူး။
ဒကာတော်မင်းကြီး အဲဒီသုခမျိုးကိုရချင်လျှင် သီလကိုဆောက်တည်၊ ရဟန်းဘဝ ဒီချမ်းသာရတယ်ကွယ့်။ ထို့ထက်လွန်သော သန္ဒိဋ္ဌိက သာမညဖလ ဘာရှိသေးလဲ မြတ်စွာဘုရားမိန့်တော်မူပါ။

ဒုတိယ ကျင့်စဉ် (သို့) သမာဓိ
ဒကာတော်မင်းကြီး ဒုတိယကျင့်စဉ်က သမာဓိ(သို့မဟုတ်) သမထ ပရိသတ်ကြီး ဒုတိယကျင့်စဉ်ကဘာလဲ။
သမာဓိပါဘုရား။
သမာဓိဆိုတာ ဘာလဲလို့မေးရင် ပရိသတ်ရေ စိတ်၏စည်းကမ်း လို့မှတ်ကြပါ၊ ဘာများလဲ။
စိတ်၏စည်းကမ်းပါဘုရား။
MENTAL DISCIPLINE စိတ်ကိုစည်းကမ်းတကျထိန်းနိုင်တဲ့ ပုဂ္ဂိုလ်ချမ်းသာတယ်၊ ခုနကတော့ ကိုယ်နဲ့နှုတ်ကိုထိန်းတာက သီလ၊ ကိုယ်နဲ့နှုတ်ကို ထိန်းတော့ ကာယကံလည်း အပြစ်ကင်းတယ်၊ ဝစီကံလည်းအပြစ် ကင်းတယ်၊ အနဝဇ္ဇသုခရတယ်တဲ့။ ဒါပေမဲ့ စိတ်ကို မထိန်းနိုင်တော့ စိတ်ချည်ပဲသတ်နေ၊ စိတ်နဲ့ချည်း လွန်ကျူးနေတာတွေ ဖြစ်နိုင်တယ်၊ စိတ်ထဲက အကြိမ်ကြိမ်ပရိသတ်ရေ ဟိုလူဒီလူကို သတ်ဖူးတဲ့လူတွေ ကိုယ့်ဟာကိုယ် ပြန်တွေးကြည့်ရှိရင်ရှိမှာ။
ဟာ လှလှပပလေး အမျိုးသားလေးတစ်ယောက်တွေ့လိုက်ရင် အမျိုး သမီးကလည်း စိတ်နဲ့ အမျိုးသမီးလှလှလေးတွေ့လိုက်ရင် အမျိုးသားတွေကလည်း စိတ်နဲ့နော်၊ ကာမေသုမိစ္ဆာစာရ ဖြစ်ချင်ဖြစ်နိုင်တယ်၊ ဟုတ်လား။
မှန်ပါ့ဘုရား။

အဲဒီတော့ မျောက်လိုဖြစ်နေတဲ့စိတ်၊ ပရမ်းပတာ ဟိုအပင်ခုန် ဒီ အပင်ခုန် မျောက်လေး၊ နှာခေါင်းကြိုးမရှိတဲ့ နွားလိုဖြစ်နေတဲ့စိတ်၊ ဟိုခြံ ဒီ ခြံအကုန်စား၊ ဟိုအပြေးမြန်တဲ့ မြင်းလိုဖြစ်နေတဲ့စိတ်၊ ရွာလယ်ခေါင်ရောက် လာတဲ့တောသမင်လို ချောက်ချားနေတဲ့စိတ်၊ အဲဒီစိတ်ကို ဘာနဲ့ထိန်းလဲ ဆိုတော့ သမထနဲ့ထိန်းတယ်။ ဘာနဲ့ထိန်းသလဲ။
သမထနဲ့ထိန်းပါတယ်ဘုရား။
ဝီရိယနဲ့သတိ စိတ်ကို ထိန်းလို့ ဒီစိတ်က တစ်နေရာတည်းမှာမြဲလို့ ငြိမ်သွားပြီဆိုတော့မှ သမာဓိကဝင်လာတယ်၊ အဲဒါကို သမာဓိကိုခေါ်တာ စိတ်၏ စည်းကမ်းတဲ့၊ ဘာလဲ။
စိတ်၏စည်းကမ်းပါဘုရား။
MENTAL DISCIPLINE အဲဒီတော့ တစ်ခုတည်းသောအာ ရုံပေါ်မှာ ဝီရိယ သတိ သမာဓိနဲ့ ထိန်းထားတဲ့အတွက်ကြောင့် စိတ်သည် ငြိမ်နေပြီဆိုရင် အဲ ခေတ်လိုပြောရရင် ဒီပုဂ္ဂိုလ်စိတ်မများတော့ဘူးပေါ့၊ ဘာဖြစ်သလဲ။ စိတ်မများတော့ပါဘုရား။

စိတ္တ၀ိဝေကသုခ

တစ်အာရုံထဲမှာ တစ်စိတ်ထဲမှာနေတယ်၊ အာရုံအားလုံးလည်းဆိတ် ငြိမ်သွားတယ်၊ စိတ်တွေလည်း တခြားမလိုအပ်တဲ့ စိတ်တွေလည်း ကင်းဆိတ်သွားတယ်၊ အဲ မလိုအပ်သော အာရုံတွေနဲ့မလိုအပ်တဲ့ စိတ်တွေကင်းပြီးတော့ တစ်အာရုံထဲ တစ်စိတ်ထဲနေတာကို စိတ္တဝိဝေကခေါ်တယ်၊ ခေါ်ကြည့်ပါ။
စိတ္တဝိဝေကပါဘုရား။ MENTAL SECLUSION အာရုံတွေ့ကင်းပြီးတော့ ငြိမ်ပြီး တစ်စိတ်တည်းဖြစ်တယ်။ အဲဒီလိုတစ်စိတ်တည်း တစ်အာရုံတည်းနေတဲ့ ချမ်းသာကိုခေါ်ရင် ဝိဝေကသုခ၊ ဘာသုခလဲ။
ဝိဝေကသုခပါဘုရား။

ဟိုနတ်ပြည်ခြောက်ထပ်က နတ်စည်းစိမ်တက်ခံစားရတဲ့ချမ်းသာနဲ့ အဲဒီအာရုံတို့မှာ ကင်းနေပြီးတော့ တစ်စိတ်တည်း တစ်အာရုံတည်းနေတဲ့ချမ်းသာ ယှဉ်ကြည့်ရင် တစ်စိတ်ထဲ တစ်အာရုံထဲချမ်းသာက ပိုပြီးတော့ မြိန်ယှက်ဖွယ်ကောင်းတယ်တဲ့၊ ဒါကို ဝိဝေကသုခ ခေါ်ပါတယ်။
ဒကာတော်မင်းကြီး သမထ (သို့မဟုတ်) သမာဓိကျင့်သဖြင့် အာရုံငါးပါးဆိတ်သွားတဲ့ အတွက်ကြောင့်မို့လို့ တစ်အာရုံထဲ တစ်စိတ်ထဲနေတဲ့ ပုဂ္ဂိုလ်ရဲ့ချမ်းသာ ဝိဝေကသုခသည်၊ ပရိသတ်ကြီး ဘာသုခ။
ဝိဝေကသုခပါဘုရား။
အဲဒီ ဝိဝေကဇံ ပီတိသုခံ - ဝိဝေကကြောင့်ဖြစ်လာတဲ့ ဒီချမ်းသာခြင်းဟာ ငြိမ်းချမ်းခြင်းဟာ။ ဒုတိယံ - နှစ်ခုမြောက်သော။ သန္ဒိဋ္ဌိကံ သာမညဖလံ - ရဟန်းဘဝမှလက်တွေ့ မျက်မှောက်ကိုယ်တိုင်ရနိုင်တဲ့အကျိုးတရားပါပဲလို့။ သတ္ထာ - နတ်လူတို့ဆရာဘုရားရှင်သည်။ ဗျာကရောသိ - ကောင်းစွာမသွေ ဖြေကြားတော်မူလိုက်ပါပေသတည်း။
သာဓု သာဓု သာဓုပါဘုရား။

ပရိသတ်ရေ မမေ့စေနဲ့ သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဘာသုခရလဲ။
အနဝဇ္ဇသုခရပါတယ်ဘုရား။
သမာဓိပြည့်စုံတဲ့ပုဂ္ဂိုလ်ဘာချမ်းသာရလဲ။
ဝိဝေကသုခပါဘုရား။
ဝိဝေကသုခ မျက်မှောက်ထင်ထင်ရနိုင်တာ၊ သေပြီးတဲ့အထိစောင့် စရာမလိုဘူးတဲ့။ NO DEED TO WAIT AFTER DEAD, EVERY BODY CAN ATTAIN DISABUSE IN THIS EVERY LIFE. မျက် မှောက်ဘဝမှာ ဒါမျိုးကိုရတယ်၊ သီလ သမာဓိ မြတ်စွာဘုရား ထို့ထက်ပို သော သန္ဒိဋ္ဌိက သာမညဖလ ရှိပါသေးသလား။
ရှိတယ် ဒကာတော်မင်းကြီး။
ဘုန်းကြီးက သမာဓိတစ်လုံးတည်းပြောတယ်၊ ပထမဈာန်သမာဓိ၊ ဒုတိယဈာန်သမာဓိ၊ တတိယဈာန်သမာဓိ၊ စတုတ္ထဈာန်သမာဓိ ဈာန်လေး ပါးကို အဆင့်ဆင့်ပြောတယ်။ ပြီးတော့မှ ဘာပြောလဲဆိုတော့ လောကီ အဘိညာဉ်ငါးပါး ဘုရားက ဒီလောက်အသေးစိတ်ပြောတယ်၊ ဘုန်းကြီးတို့ ပရိသတ်ကလည်း ဒီလောက်အသေးစိတ်စရာမလိုဘူး။

အပိုင်း (၇)ဆက်ပါဦးမည်။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
သီတဂူစတား
၃၀-၉-၂၀၁၀

0 comments

Read more...

ဖြစ်မှဖြစ်ရလေ အမယ်မင်းရယ်…

လွန်ခဲ့တဲ့ သုံးရက်လောက်က ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ ပြောစရာကိစ္စလေးတွေ ရှိတာနဲ့ အွန်လိုင်းကနေချိန်းပြီး အသုံးပြုလေ့ မရှိတဲ့ ဂျီထော့ခ်(Gtalk)ကို ဖွင့်ဖြစ်ခဲ့ပါတယ်။ ဖွင့်ဖွင့်ချင်းပဲ “ဟယ်လို အစ်ကို…၊ အစ်ကိုက ကိုရီးယားကလား…”ဆိုတဲ့ နှုတ်ဆက်အမေးနဲ့ အတူ အွန်းလိုင်းပေါ်က ချက်တင်းတစ်ခု ၀င်လာပါတယ်။ မြန်မာပြည်ဘက်က ကလေးမလေးတစ်ယောက် ဖြစ်မှာပါ။ “ကိုရီးယားကတော့ ဟုတ်ပါတယ်၊ အစ်ကိုတော့ မဟုတ်ဘူး၊ ဘုန်းဘုန်းတစ်ပါးပါ”လို့ ဘုန်းဘုန်းက ပြန်ပြီး စာပြန်ရိုက်တော့ “မနောက်ပါနဲ့ အစ်ကိုရယ်..” ဆိုပြီး မယုံဘဲ ဇွတ်အတင်းကို အစ်ကိုလုပ်နေလို့ ဘုန်းဘုန်းမှာ အဲဒီဂျီထော့ခ်ကနေ ပြန်ထွက်လိုက်ရပါတယ်။ နောက်မှပဲ ချိန်းထားတဲ့ကိစ္စကို ဖုန်းနဲ့ပြောလိုက်ရပါတယ်။ အဲဒါ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်ပါ။ ကိုရီးယားနိုင်ငံကုဒ်နဲ့ အွန်လိုင်းပေါ် တက်လာတော့ ဘုန်းဘုန်းလို့ ပြောတာလည်း မယုံဘဲ အစ်ကိုပဲ လုပ်နေတော့ ကြာရင် ဘုန်းဘုန်းလည်း အစ်ကိုဖြစ်မှာစိုးတာနဲ့ အွန်လိုင်းချက်တင်း (chatting)တွေ မ၀င်ဖြစ်တာ အမှန်ပါပဲ။ အဲဒီချက်တင်းရောဂါက အမယ်မင်းတွေတင် မဟုတ်ပါဘူး။ အမောင်မင်းတို့ကလည်း စွဲနေကြတာဆိုတော့ အကြောနပ်နေတဲ့ သူတွေကလည်း ဒီချက်နဲ့ပဲ အလုပ်ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။ ဒီချက်တင်းကြောင့် စံရတဲ့သူတွေ ရှိသလို ခံရတဲ့သူတွေကလည်း မနည်းလှပါဘူး။

တစ်နေ့ကတောင် ကျောင်းမှာဆွမ်းလာကပ်တဲ့ ဒကာလေးတွေထဲက တစ်ယောက်နဲ့ သူ့သူငယ်ချင်း အကြောင်း စကားစပ်ရင်း ပြောဖြစ်ကြပါသေးတယ်။ ဒီဒကာလေး ပြောပြချက်အရ သူ့သူငယ်ချင်းဟာ ကိုရီးယားမှာ အလုပ်လုပ်ရာကနေ အခုမြန်မာပြည် ပြန်ရောက်သွားပြီး နဲနဲခပ်ကြောင်ကြောင် ဖြစ်သွားတယ်လို့ ဆိုပါတယ်။ သူမြန်မာပြည် ပြန်မသွားခင်က အွန်လိုင်းချက်တင်းဝင်ရင်း မြန်မာပြည်က ဒကာမတစ်ယောက်နဲ့ အွန်လိုင်းမှာ ချစ်သူတွေဖြစ်ပြီး နောက်သူက မြန်မာပြည် ခဏပြန်တဲ့အချိန် အွန်လိုင်းမှာ တွေ့ခဲ့တဲ့ အဲဒီဒကာမလေးနဲ့ လက်ထပ်လိုက်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် လက်ထပ်ထားတဲ့ စာချုပ်စာတမ်းစတာတွေကို ဒီဒကာမလေးကပဲ သိမ်းထားပါတယ်။ ဒကာလေးက မြန်မာပြည်မှာ ခဏနေပြီး ကိုရီးယားကို ပြန်ရောက်လာပါတယ်။ ကိုရီးယားကို ရောက်လာတော့လည်း မြန်မာပြည်မှာ ရှိခဲ့တဲ့ ဒကာမနဲ့ အဆက်အသွယ် မပြတ်လုပ်ကာ အဲဒီဒကာမက စင်္ကာပူမှာ သွားအလုပ် လုပ်ချင်တယ်ဆိုလို့ စင်္ကာပူကို အကုန်အကျခံပြီး ပို့ပေးဖြစ်တယ်တဲ့။ ပထမတစ်ခါက ရီဂျက်ထိတဲ့အတွက် နောက်တစ်ခါ ထပ်ပို့ရတော့ ပိုက်ဆံတွေလည်း တော်တော်ကုန်သွားတယ်လို့ ဆိုပါတယ်။

သူတို့တိုင်ပင်ထားတာက ဒကာမလေးကို စင်္ကာပူကို အရင်ပို့ပြီး သူလည်းမြန်မာပြည်ပြန်၊ မြန်မာပြည်ကနေ စင်္ကာပူရောက်သွားတဲ့ ဒကာမလေးရဲ့ ခေါ်စာနဲ့အတူ သူလည်းစင်္ကာပူ လိုက်သွား၊ စင်္ကာပူမှာ အတူတူ အလုပ်လုပ်ကာ နေထိုင်ကြဖို့လို့ ဆိုပါတယ်။ ဒါနဲ့ သူလည်း ကိုရီးယားကနေ မြန်မာပြည် ပြန်သွားခဲ့ပါတယ်။ ဒါပေမယ့် တကယ်လက်တွေ့ကျတော့ သူ့စိတ်ကူးတွေ ပြောင်းပြန်ဖြစ်ကုန်တယ်တဲ့။ ဒကာမက စင်္ကာပူရောက်ပြီး သူနဲ့ပတ်သက်တဲ့ အဆက်အသွယ်တွေ၊ အကုန်ဖြတ်ပြီး အစဖျောက်ပစ်လိုက်တယ်လို့ ဆိုပါတယ်။ သူ့ခမျာ ကိုရီးယားကလည်း ပြန်ထွက်လို့မရ၊ သူရှာပြီး ပို့ထားတဲ့ ငွေကြေးတွေကလည်း သူ့နဲ့သူ့အဖေတို့လုပ်တဲ့ အလုပ်မှာ အလိမ်ခံရ၊ စင်္ကာပူကို ထွက်သွားတဲ့ အွန်လိုင်းချစ်သူကလည်း အဆက်အသွယ်ဖြတ်ဆိုတော့ အားလုံး ဒုက္ခရောက်သွားပြီး နောက်ဆုံးတော့ စိတ်ဖိစီးမှုတွေနဲ့အတူ အခုလို ကြောင်တောင်တောင် ဖြစ်သွားတာလို့ ဆိုပါတယ်။ ဒါက ဒကာလေးတစ်ယောက် ပြောပြတဲ့ သူ့သူငယ်ချင်းအကြောင်း လက်တွေ့အဖြစ်အပျက်လေး တစ်ခုပဲ ဖြစ်ပါတယ်။

အဲဒါပါပဲ။ အွန်လိုင်းချက်တင်းက စခဲ့တဲ့ ဇာတ်လမ်းတစ်စိပ်တစ်ဒေသ ဆိုတာ။ ဘယ်အလုပ်မဆို ကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်း ရှိတတ်တယ်ဆိုတဲ့ သဘောမှာ ဒီလိုအွန်လိုင်း ချက်တင်းနဲ့ပတ်သက်တဲ့ အကောင်းအဆိုးတွေကလည်း ရှိတတ်ပါတယ်။ ကောင်းတဲ့အချက်တွေ ရှိသလို ဆိုးတဲ့အချက်တွေလည်း ရှိပါတယ်။ ပြည်ပနိုင်ငံ အသီးသီးမှာ သွားရောက်ပြီး အလုပ်ကို ကြိုးစားပမ်းစား လုပ်နေကြတဲ့ မြန်မာဒကာလေးတွေဟာ တကယ်တမ်းပြောရရင် မအားလပ်ကြပါဘူး။ အဲဒီလို မအားတဲ့အတွက် သူ့တို့မှာ သမီးရည်စားထားဖို့ အချိန်လည်း မရှိကြပါဘူး။ တဖြည်းဖြည်း အသက်ကလည်း ရလာ၊ ဘ၀ကျင်ဖော်အတွက် ကလည်း မရှိသေး၊ ရွှေပြည်တော်ပြန်ဖို့ကလည်း မဖြစ်သေးတဲ့အချိန်မှာ ချစ်သူရည်းစား ရှာဖို့အတွက်က ဒီအွန်လိုင်းချက်တင်းကို အသုံးပြုပြီး ရှာတာဟာ အကောင်းဆုံး ဖြစ်နေသလို ဖြစ်ပါတယ်။ ဒီလိုပဲ တစ်ဘက်မှာရှိတဲ့ မြန်မာမိန်းကလေးတွေ အတွက်ကလည်း အမျိုးသမီးတို့သဘာဝ ထိန်းထိန်းသိမ်းသိမ်း နေရတာ၊ မြန်မာ့ယဉ်ကျေးမှု အဆင်အလာတွေ ရှိနေတာ စတာတွေကြောင့် သမီးရည်စား ရှာဖို့ဆိုတာ လွတ်လပ်မှုမရှိဘဲ အခုလို အွန်လိုင်းချက်တင်းကနေ တစ်ဆင့်အွန်လိုင်းပေါ်မှာ တွေ့ကြဆုံကြ၊ ရင်းနှီးကြရာက ချစ်သူရည်းစာဘ၀ ရောက်ကြရတာတွေလည်း ရှိကြပါတယ်။ ဒီလို အွန်လိုင်းကတစ်ဆင့် ချစ်သူဖြစ်ပြီး နောက်စိတ်တူကိုယ်တူနဲ့ ဘ၀ကို အတူလက်တွဲ တည်ဆောက်သွား ကြတာတွေလည်း ရှိပါတယ်။ အဲဒီလို သူတွေအတွက်တော့ အွန်လိုင်းချက်တင်းဆိုတာ မြားနတ်မောင်ပါပဲ။ ဒါမျိုးဆိုရင်တော့ အွန်းလိုင်း ချက်တင်းအလုပ်ဟာ ကျေးဇူးများတယ်လို့ ပြောလို့ရပါတယ်။

ဒါပေမယ့် တစ်ချို့ကတော့ အဲလိုမဟုတ်ပါဘူး။ ဒီအွန်လိုင်းချက်တင်းကို အသုံးချပြီး လုပ်စားနေကြတာတွေ ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မြန်မာပြည်ဘက်မှာ ရှိနေကြတဲ့ မိန်းကလေးတစ်ချို့ဟာ အင်တာနက်ဆိုင်တွေမှာ ထိုင်ပြီး ပြည်ပမှာရှိတဲ့ အမောင်တွေနဲ့ ချက်တင်းမှာဆုံကြ၊ တွေ့ကြ၊ မိတ်ဆက်ကြနဲ့ နောက်ဆုံး အွန်လိုင်းချစ်သူတွေ အဖြစ်ရောက်အောင် ကြိုးစားပြီးမှ ပြည်ပမှာ ရှိတဲ့ အမောင်တွေဆီကနေ အိမ်မှာဘာဖြစ်လို့၊ ဘယ်လိုဖြစ်လို့၊ အဖေကဘာဖြစ်လို့၊ အမေက ဘယ်လိုဖြစ်လို့ စတဲ့အပြောတွေနဲ့ လုပ်ကြံဖန်တီး ပြောဆိုပြီး ဘာပို့ပေးဖို့ ညာပို့ပေးဖို့ တောင်းဆိုကြတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ အမောင်ယောက်ျားများကလည်း ကရုဏာတရား အားကြီးကြတော့ မာတုဂါမလေးတွေရဲ့ ပြောစကားတွေမှာ သနားကရုဏာတွေပိုပြီး ပို့ပေးရတာတွေလည်း မနည်းဘူးလို့ ဆိုပါတယ်။ တစ်ခါတစ်လေ ပစ္စည်းဥစ္စာ၊ ငွေကြေးလေးတွေ ပို့ရလို့ ကုန်တာတွေတောင် မဟုတ်တော့ဘူး။ အွန်လိုင်းကနေ ချက်ရတာ အားမရလို့ ဖုန်းနဲ့ပါ ပြောဖြစ်ကြတဲ့အတွက် ဆောင်လိုက်ရတဲ့ ဖုန်းဘေ (phone bill) တွေကလည်း တော်တော်ထိတယ်လို့ ဆိုပါတယ်။ ဘုန်းဘုန်းတို့နဲ့ သိတဲ့ဒကာလေး တစ်ယောက်ဆို အဲဒီလို အွန်လိုင်းက ဖြစ်ခဲ့တဲ့ ဒကာမလေးကို စွဲလမ်းပြီး အလုပ်လုပ်နေရင်းတောင် ဖုန်းတွေတဂွမ်ဂွမ် ဆက်ဖြစ်နေလို့ အဲဒီလမှာ ဖုန်းဘေရှင်းရတာ သိန်းနှစ်ဆယ်လောက် ကျသွားတယ်လို့ ဆိုပါတယ်။ ယုံနိုင်စရာမရှိပေမယ့် တကယ်ဖြစ်ခဲ့တာဆိုတော့ ပြောမယုံ ကြုံဖူးကြသူတွေကတော့ သိနေကြမှာ ဖြစ်ပါတယ်။

ဒီအဖိုအမဆိုတဲ့ ဓာတ်သဘောကလည်း စွဲလမ်းတတ်တဲ့ သဘောရှိတဲ့အတွက် စမိရင် ဖြတ်ရခက်တတ်ပါတယ်။ အဝေးမှာ ဖြစ်နေပေမယ့် စိတ်ခံစားချက်က ရှိနေကြတော့ အွန်းလိုင်းကနေ တစ်ဆင့်တွေ့ဆုံ၊ ရေးသား၊ ပြောဆို နေကြရတာကိုပဲ အရသာတစ်ခုဖြစ်ကာ စွဲလမ်းနေကြတာတွေ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်လိုတာက တစ်ကြောင်း၊ အပျော်သဘော စမ်းချင်ကြတာက တစ်ကြောင်း၊ အလုပ်မရှိ၊ အချိန်ပိုတွေ ရှိနေတာက တစ်ကြောင်း စတဲ့စတဲ့ အကြောင်းတွေကြောင့် ပြည်တွင်း၊ ပြည်ပမှာ ရှိနေကြတဲ့ အမောင်မင်း၊ အမယ်မင်းတွေဟာ ချက်တင်းဝင်ကာ အလုပ်ကိုယ်စီ ရနေကြတာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကောင်းတာတွေရှိသလို ဆိုးတာတွေလည်း ရှိတတ်တဲ့အတွက် ကိုယ်ကိုယ်တိုင်ပဲ အလွန်အကျွံမဖြစ်အောင် ထိန်းသိမ်းကြဖို့ပဲ ဖြစ်ပါတယ်။ ဘယ်အလုပ်မဆို အစွန်းရောက်သွားရင် ဒုက္ခဖြစ်တတ်တဲ့ သဘောရှိတဲ့အတွက် အစွန်းမရောက်အောင် ကိုယ်ကိုယ့်ကို သတိပြုဆင်ခြင်ကြဖို့ပဲ ဖြစ်ပါတယ်။ Globalization ခေတ်ကြီးမှာ ကမ္ဘာအရပ်ရပ်မှာ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေရှိတာ ကောင်းပေမယ့် တစ်ဦးနဲ့တစ်ဦး ရိုးသားမှုနဲ့ ရိုင်းပင်းမှု ရှိကြဖို့တော့ လိုပါတယ်။ အလိမ်အကောက်တွေနဲ့ ဟန်ဆောင်လိမ်ညာမှု မရှိဘဲ စိတ်စေတနာ ကောင်းတွေနဲ့ မိတ်ကောင်းဆွေကောင်းတွေ ဖြစ်အောင် ကြိုးစားဖို့ လိုပါတယ်။ A friend in need is a friend indeed လို့ဆိုသလို မိတ်ကောင်းဆွေကောင်းဆိုတာ မရှိအတူ ရှိအတူ သဘောမျိုး ဖြစ်နေကြဖို့ လိုပါတယ်။ အဲဒီလို တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ကျေးဇူးပြုနေကြမယ်ဆိုရင် ဘယ်နေရာ၊ ဘယ်ဒေသမှာမဆို အသိအကျွမ်း ရှိနေကြတာ အကောင်းဆုံး ဖြစ်ပါတယ်။

ထားပါတော့။ ပြောချင်တာက ဘုန်းဘုန်းရဲ့ အတွေ့အကြုံကို အခြေခံတဲ့ အွန်းလိုင်းချက်တင်း အကြောင်းပါ။ အွန်းလိုင်းချက်တင်းနဲ့ ပတ်သက်တဲ့ သတိပြုစရာ အချက်လေးတွေပါ။ အမောင်တို့အမယ်တို့ အွန်လိုင်းချက်တင်း ၀င်ကြတဲ့အခါ ကောင်းတာတွေရှိသလို ဆိုးတာတွေလည်း ရှိတတ်တဲ့အတွက် အကောင်းတွေကိုယူပြီး အဆိုးတွေကို မယူမိအောင် ဂရုပြုကြဖို့ပါ။ အွန်လိုင်းချက်တင်း လုပ်တဲ့အခါ တစ်ဘက်သူကို သေသေချာချာ စုံစမ်းကြည့်ကြဖို့ပါ။ အွန်လိုင်းပေါ်မှာ တွေ့တာလေးတွေနဲ့ အယုံအကြည် မလွန်မိကြဖို့ပါ။ တစ်ခါတစ်လေ အွန်လိုင်းမှာ တွေ့ကြတဲ့သူတွေဟာ အိမ်ထောင်ရှိသူတွေ ရှိသလို၊ မရှိသူတွေလည်း ရှိပါတယ်။ ချစ်သူရည်စားရှိသူတွေ ရှိသလို မရှိသူတွေလည်း ရှိတတ်ပါတယ်။ အိမ်ထောင်ရှိသူတွေကလည်း မရှိသလို လိမ်ညာတတ်ကြသလို ချစ်သူရည်စား ရှိထားသူတွေကလည်း မရှိသလို လိမ်ညာပြီး ကိုယ့်ဆီက ရသမျှယူစား ချူစားတတ်တာတွေ ရှိတဲ့အတွက် အမောင်တို့အမယ်တို့ အနေနဲ့ ချက်ရာကနေ ရှက်စရာတွေ မဖြစ်အောင် သတိတရားနဲ့ အသိမမှားကြဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အွန်လိုင်းချက်တင်းတွေ အပေါ်မှာ အစွဲလမ်းကြီး စွဲလမ်းနေကြတဲ့ အမောင်တို့အမယ်တို့ အနေနဲ့ စွဲလမ်းရာမှ ဘေးမဖြစ်ကြစေဖို့၊ ဘာမှတိတိကျကျ မသိရသေးတဲ့ တစ်ဖက်သူအပေါ်မှာ အယုံအကြည် လွယ်ပြီး အလိမ်အညာတွေနောက် ကောက်ကောက်မပါမိကြစေဖို့၊ ကိုယ့်အနေနဲ့လည်း ခဏတာ သာယာမှုအပေါ်မှာ ဘ၀နှစ်ခါ မနာမိကြစေဖို့ စတာစတာတွေအတွက် ချက်လည်းချက် ပျက်လည်းမပျက်အောင် နှစ်ဦးနှစ်ဘက် ရိုးသားမှုနဲ့အတူ အကျိုးများအောင် ပြုကြဖို့တိုက်တွန်းရင်း ချက်တာပဲဖြစ်ဖြစ်၊ တော့တာပဲဖြစ်ဖြစ် ဘယ်လိုကိစ္စမျိုးမှာမဆို အလွန်အကျွံမဖြစ်အောင် သတိပြုကြပါလို့ စေတနာထား မေတ္တာအားဖြင့် အသိပေးစကား ပါးလိုက်ရပါကြောင်း….။

Read more...

သီတဂူဆရာတော် ဟောကြားသည့် အင်းစိန် ထောင်တွင်းတရား အမှတ် (၄)

အမှတ် -၁၆-
video

အမှတ် -၁၇-
video

အမှတ် -၁၈-
video

အမှတ် -၁၉-
video
ပြီးပါပြီ။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ...

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP