* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, October 3, 2010

၁၀။ မဟောသဓာဇာတ် (အပိုင်း-၅)

0005052Kph0.jpg

လည်ရွဲအမှု

တစ်ခါသော် သူဆင်းရဲမ တစ်ယောက်သည် သူချမ်းသာမများကဲ့သို့ ရွှေ၊ ငွေ၊ ကျောက်များကို ခြယ်သော လည်ရွဲဘယက်တို့ကို မဆင်နိုင်ရှာ။ ချည်ရောင်စုံဖြင့် ထိုးချုပ်သော ချည်လည်ရွဲကိုသာ ဆင်ရရှာသည်။

တစ်နေ့သ၌ ထိုမိန်းမသည် မဟောသဓာ တည်ထားသော ရေကန်သို့ ဆင်း၍ ရေချိုးမည်ပြုသည်။ ရေကန်သို့ မဆင်းမီသူမသည် ထိုချည်လည်ရွဲကို လည်မှချွတ်သည်။ အဝတ်အစားများပေါ်၌ တင်ထားသည်။ ထို့နောက်မှ ရေကန်သို့ ဆင်းသည်။

ထိုစဉ် မိန်းမငယ် တစ်ယောက်သည် ထိုလည်ရွဲကို မြင်သော် လိုချင်စိတ် ဖြစ်ပေါ်လာသည်။ ထိုလည်ရွဲကို ကောက်ယူပြီးလျှင်-

"အစ်မ၊ ဤလည်ရွဲသည် အလွန်လှပတင့်တယ်၏။ ထိုးချုပ်ရန် ချည်မည်မျှ ကုန်သနည်း။ ဤလည်ရွဲကဲ့သို့ ကျွန်မလည်း ထိုးချုပ်ချင်ပါသည်။ ခဏ ကြည့်ပါရစေ" ဟု ဆို၏။

လည်ရွဲရှင် မိန်းမကလည်း သဘောရိုးဖြင့် ဆိုသည်ထင်၍ "ကောင်းပြီ၊ ကြည့်ပါလော့" ဟု ဆို၏။

ထိုအခါ မိန်းမငယ်သည် လည်ရွဲကို မိမိလည်၌ ဆင်၍ လျင်မြန်စွာ ပြေးလေ၏။

လည်ရွဲရှင် မိန်းမလည်း နောက်မှလျင်မြန်စွာ လိုက်၏။ မိသောအခါ-
"အဘယ့်ကြောင့် ငါ့လည်ရွဲကို ယူပြေးရသနည်း" ဟု ဆို၌ မိန်းမငယ်၏ တဘက်ကို ဆွဲထား၏။

မိန်းမငယ်လည်း "ငါ့လည်ရွဲကို ငါဆင်၍ ထားသည်။ အဘယ့်ကြောင့် ရှင်မ၏ လည်ရွဲခိုးသူဟု စွပ်စွဲ ဆွဲငင်ရသနည်း" ဟု ဆို၍ ရုန်းကန်၏။

ရွာသူရွာသား အပေါင်းကလည်း ဝန်းရံလာကြ၏။ ထိုအမှုသည် မဟောသဓာထံ ရောက်လာ၏။ မဟောသဓာသည် သူတို့နှစ်ဦး၏ အမူအယာကို ကြည့်ရုံမျှဖြင့် မည်သူ သူခိုး၊ မည်သူ လည်ရွဲရှင် ဖြစ်သည်ကို အတပ်သိလိုက်၏။ သို့ရာတွင် အများသိအောင် သက်သေပြမည် ကြံ၍ စစ်ဆေး မေးမြန်း၏။

မဟောသဓာသည် ရှေးဦးစွာ ခိုးသူမကို မေးမြန်း၏။

"သင်၏ လည်ရွဲကို မည်သည့်နံသာရည်ဖြင့် မပြတ် သုတ်လိမ်းပါသနည်း"
"အမွှေးပေါင်းစုံဖြင့် လုပ်သော နံ့သာပေါင်းဖြင့် နေ့တိုင်း အမြဲသုတ်လိမ်းပါ၏"

ထို့နောက် လည်ရွဲရှင် မိန်းမကို မေးပြန်သော်-
"အရှင့်သား၊ ဆင်းရဲသူ ကျွန်ုပ်မှာ နံ့သာပေါင်း ဘယ်မှာ ရနိုင်မည်နည်း။ အကျွန်ုပ်သည် ဤလည်ရွဲကို သျှစ်သျှားပွင့်ဖြင့်သာ နေ့တိုင်းးမပြတ် သုတ်လိမ်းပါ၏" ဟု ဆို၏။

မဟောသဓာလည်း ထိုမိန်းမနှစ်ယောက်၏ စကားကို ပရိသတ်တို့အား မှတ်သားစေ၏။ ထို့နောက် ရေခွက်ကို ဆောင်ယူစေ၍ ထိုရေခွက်၌ လည်ရွဲကို နှစ်စေ၏။ ပြီးသော် အနံ့၌ ကျွမ်းကျင်သော လူတစ်ယောက်ကို ခေါ်သည်။ မည်သည့်အနံ့ နံသည်ကို သိရအောင် နမ်းစေ၏။

ထိုသူသည် ရေစိုသော လည်ရွဲကို နမ်းသောအခါ သျှစ်သျှားပွင့်နံ့ ရ၏။ ထို့ကြောင့် "အရှင့်သား၊ ဤ လည်ရွဲ၌ နံ့သာပေါင်းနံ့ မရှိ။ သျှစ်သျှားပွင့်နံ့သာ လှိုင်၏။ မိန်းမငယ်စကား မမှန်။ ဒုတိယ မိန်းမစကား မှန်၏" ဟု ပြန်ကြား၏။

မဟောသဓာလည်း ခိုးသူမအား "သင့်ဥစ္စာဟု သင်ဆိုသည်။ လည်ရွဲက သင့်ကို ခိုးသူမဟု ထုတ်ဖော်ပြနေပြီ။ သင်အသို့နည်း" ဟု မေး၏။

ခိုးသူမလည်း မလိမ်ညာနိုင်။ မိမိခိုးယူကြောင်း ဝန်ခံရ၏။ ထိုအခါ မဟောသဓာနှင့် ဖွားဖက်တစ်ထောင်တို့သည် ခိုးသူမကို ဆုံးမလွှတ်လိုက်၏။ လည်ရွဲရှင်အား လည်ရွဲကို ပြန်ပေးလိုက်၏။

ထိုအကြောင်းကို မင်းကြီး စေလွှတ်ထားသော အမတ်သိလျှင် အဖြစ်အပျက် အလုံးစုံကို လျှောက်စာတင်၍ မင်းကြီးကို ကြားလျှောက်စေ၏။

ဝိဒေဟရာဇ်မင်းကြီးလည်း နှစ်သက်ခြင်းဖြစ်၏။ သေနကအမတ်ကြီးအား ခေါ်၍ "မဟောသဓာ သုခမိန်ကို ဆောင်ယူချိန်သင့်ပြီ မဟုတ်ပါလော" ဟု တိုင်ပင်တော်မူ၏။

သေနကအမတ်ကြီးကလည်း "အရှင်မင်းကြီး၊ ဤမျှလောက်ဖြင့် သုခမိန် မခန့်လောက်သေး။ ငံ့တော်မူပါဦးလော့" ဟု ဆို၍ ဝန်တိုစိတ်ဖြင့် တားမြစ်ပြန်လေ၏။

(မဟောသဓာဇာတ် အပိုင်း-၆ "ချည်လုံးခိုးမှု" ဆက်တင်ပါမည်)

Read more...

*တူနှစ်ကိုယ်ကြား ကျင့်ဝတ်များ*

Written by တောသားလေး 3 အကြံပြုပါသည်။ Posted in:


ကျွန်တော်ဒီပို့စ်လေးကို တင်ဖြစ်တာမေးမှာ လာပြီးဆွေးနွေးထားလို့ပါ။ ကျွန်တော်လည်း အချစ်ဆိုတာကို နားလည်လို့တော့မဟုတ်ပါဘူး။ မိန်းကလေးနဲ့ယောင်္ကျားလေး ချစ်သူဖြစ်လာကြရင် ထားရှိရမယ့် စောင့်စည်းရမယ့် အချက်လေးတွေကို ဘလော့မှာတင်ပေးပါလားလို့ ဆွေးနွေးလာပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အခြားအနောက်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့မတူပါဘူး။ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုက ကမ္ဘာမှာ အယဉ်ကျေး အသိမ့်မွေ့ဆုံးလို့ဆိုနိုင်ပါတယ်။ မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့် ဆက်ဆံရေးကိုဘဲကြည့်ကြပါ။ အနောက်နိုင်ငံတွေမှာက အသက်(၁၈) ပြည့်ရင် လူငယ်တွေဟာ မိဘအုပ်ထိန်းမှုကလွတ်ပြီး boy friend ဆိုပြီးထားကြပါတယ်။ Living together နေကြပါတယ်။ ကလေးတစ်ယောက်နှစ်ယောက်ရပြီးမှ လက်ထပ်မင်္ဂလာကိုပြုကြပါတယ်။ အဲဒီအချက်တွေဟာ ကျွန်တော်တို့အတွက် အတုမယူသင့် မယူထိုက်ပါဘူး။ မြန်မာယဉ်ကျေးမှုနဲ့ လုံးဝဆန့်ကျင်နေပါတယ်။ ခေတ်ကြီးဘယ်လိုဘဲ ပြောင်းလဲတိုးတက်နေပါစေ ယဉ်ကျေးမှုကတော့ ပြောင်းလဲမသွားသင့်ပါဘူး။ ကိုယ်ယဉ်ကျေးမှုကို ကိုယ်မှမထိန်းရင် ဘယ်သူကထိန်းပေးမှာလဲ။
ချစ်သူနှစ်ဦးဖြစ်လာရင် ဖြူစင်သောမေတ္တာနှင့် သစ္စာရှိစွာချစ်သွားနိုင်ဖို့ဘဲဖြစ်ပါတယ်။ ယောင်္ကျားလေး ဘက်မှလည်း ကိုယ့်ချစ်သူကို အမေလိုသဘောမထားနိုင်ရင်တောင်မှ အစ်မလို ညီမလို နှမလေးတစ်ယောက်လို သဘောထားပြီး ချစ်သွားနိုင်ရပါမယ်။ ကိုယ်ကြောင့်ကိုယ့်ရဲ့ချစ်သူ အများအမြင် ပတ်ဝန်းကျင်မှာ တန်းဖိုးနိမ့်မသွားစေချင်ပါဘူး။ကိုယ်ဘက်က စည်းမကျော်ဘဲ ဖြူစင်စွာနဲ့ချစ်သွားသင့်ပါတယ်။ ငါနှမ ငါသမီးလေးသာဆိုရင်တော့ ဆိုတဲ့အတွေးမျိုးလေးကို တွေးပြီးတန်ဖိုးထားသင့်ပါတယ်။ အဲဒီလိုစိတ်လေများနဲ့ ချစ်ခဲ့ကြရင် စိတ်သဘောထား မညီမညွတ်လို့ လမ်းခွဲခဲ့ကြရင်တောင်မှ နှစ်ဦးနှစ်ဖက်အတွက် ကောင်းသောလမ်းခွဲခြင်းဘဲဖြစ်ပါတယ်။ နောင်အခါ ပြန်လည်ဆုံတွေ့ကြသောအခါ အကောင်းဆုံး မိတ်ဆွေအဖြစ်ပြန်လည် ဆုံဆည်းနိုင်ပါတယ်။
မိန်းကလေးများ အနေဖြင့်လည်း ကိုယ့်ချစ်သူက တန်ဖိုးထားတာကို တန်ဖိုးရှိအောင် နေတတ်ရန်လိုပါတယ်။ “ခြေတလှမ်း ကုဋ္ဋေတစ်သန်းတန် ” “ မိန်းမတို့ကုနြေ္ဒ ရွေပေးလို့မရ” ဆိုတဲ့ စကားပုံတွေရှိပါတယ်။ မြတ်စွာဘုရားရှင်လက်ထက်တော်က ကျောင်းအစ်မကြီး ၀ိသာခါသည် မိန်းကလေးတို့အတွက် စံပြုထိုက်သူဖြစ်ပါတယ်။ ၀ိသာခါ (၁၆) နှစ်သမီး အရွယ်တုန်းက လှပပြီးအဖိုးတန်သော အဆင်တန်ဆာများကို ၀တ်စားဆင်ယင်ပြီး ရေချိုးဆိပ်သို့ အဖော်ငါးရာနဲ့အတူသွားစဉ် မိုးရွာသဖြင့် အဖော်မိန်းမငါးရာတို့က နီးရာဇရပ်သို့ပြေးလွား မိုးခိုခဲ့သော်လည်း သူမကား မပြေးမလွား ခြေလှမ်းများဖြင့်သာ လျောက်လှမ်းပြီးသွားခဲ့ပါသည်။ ၀ိသာခါက မိန်းမတို့ကုနြေ္ဒကို ကောင်းစွာသိထားလို့ဘဲ ဖြစ်ပါတယ်။
အဲဒါတွေက ၀ိသာခါခေတ် ခေတ်ဟောင်းမှာ ကျန်ခဲ့ပြီ ခုကအိုင်တီခေတ် အနောက်နိုင်ငံတွေမှာ ဘယ်လိုဝတ်တယ် ဘယ်လိုနေတယ်လို့တော့ မပြောလိုက်ပါနဲ့။ သူတို့က သူတို့နိုင်ငံနဲ့ သူတို့ယဉ်ကျေးမှုဘဲဖြစ်ပါတယ်။ အဲဒီလိုနိုင်ငံတွေမှာတောင်မှ မိန်းကလေးတွေရော ယောင်္ကျားလေးတွေရော သူနေရာနဲ့သူ ယဉ်ကျေးစွာ ၀တ်စားဆင်ယင်တာကို တွေ့ရပါတယ်။ ကလပ်တတ်တဲ့ ၀တ်စုံနဲ့ လမ်းမှာ ကျောင်းမှာမတွေ့ရပါဘူး။ အခြေအနေရ ခေတ်ရေစီးကြောင်း အတိုင်းပြောင်းလဲ နေထိုင်သင့်သော်လည်း ကိုယ့်ရဲ့ယဉ်ကျေးမှုကိုတော့ မမေ့သင့်ပါဘူး။ ယဉ်ကျေးမှုပျက်စီးရင် လူမျိုးပါပျက်စီးသွားနိုင်ပါတယ်။
မိန်းကလေးတစ်ယောက်ဟာ ပန်းလေးတစ်ပွင့်လိုပါဘဲ။ ပန်းလေးက လှပစွာဖူးပွင့်နေတဲ့အချိန်မှာ ချူချင်သူတွေ ၀ိုင်းဝိုင်းလည်နေမှာဘဲဖြစ်ပါတယ်။ အဲဒီပန်းလေး ပိုးကိုက်လို့နွမ်းသွားရင်တော့ ဘယ်သူမှ တန်ဖိုးထားမြတ်နိုးကြမှာ မဟုတ်ပါဘူး။ စာရေးဆရာမဂူး ရေးခဲ့ပြောခဲ့တဲ့ စကားလေးပါ။“ မိန်းကလေးတွေက ယောင်္ကျားလေးတွေကို ယုံကြည်စိတ်ချစွာနဲ့ အချစ်ကိုယုံပြီး ကြိုးနဲ့ချည်နှောင်မိရင် အဲဒီကြိုးဟာ ချည်တဲ့သူကိုဘဲ ပြန်ပြီးအချည်ခံရတတ်ပါတယ်။” တဲ့ မှတ်သားစရာလေးဖြစ်ပါတယ်။
အိမ်ထောင်ပြုလို့ လင်ယောင်္ကျားအိမ်ကို လိုက်သွားသော ၀ိသာခါကို ဖခင်ကြီးက မှာလိုက်တဲ့ စကားဆယ်ခွန်းကလည်းမှတ်သားစရာဖြစ်ပါတယ်။ ဒါကတော့အိမ်ထောင်ပြုရင် သိမှတ်စရာလေးပါ။
၁။ အတွင်းမီးကိုအပြင်သို့ မထုတ်ဆောင်အပ်။
၂။ အပြင်ဘက်ဖြစ်သော မီးကိုအတွင်းဘက်သို့ မသွင်းအပ်။
၃။ ပေးကမ်းသောသူအားသာလျှင် ပေးကမ်းအပ်၏။
၎။ မပေးကမ်းသောသူအား မပေးကမ်းအပ်။
၅။ ပေးကမ်းသောသူအား လည်းကောင်း၊ မပေးကမ်းသောသူအားလည်းကောင်း၊ ပေးကမ်းအပ်၏။
၆။ ချမ်းသာစွာ နေထိုင်အပ်၏။
၇။ ချမ်းသာစွာ စားသောက်အပ်၏။
၈။ ချမ်းသာစွာအိပ်အပ်၏။
၉။ မီးကိုရိုသေစွာလုပ်ကျွေးအပ်၏။
၁၀။ အိမ်တွင်းနတ်ကို ရိုသေမြတ်နိုးစွာရှိခိုးအပ်၏။ ဟုမှားကြားလိုက်ပါတယ်။
ဆိုလိုချင်တဲ့အဓိပ္ပာယ်လေးကတော့-
နံပါတ်(၁) ကိုယ်ရဲ့ ယောက္ခမ ခင်ပွန်းတို့၏ အိမ်တွင်းရေးစကားများကို တစ်ဖက်အိမ်များသို့ မပြောဆိုအပ်။
နံပါတ်(၂) တစ်ခြားအိမ်နီးချင်းများက ကိုယ့်ယောက္ခမ ခင်ပွန်းအကြောင်း အတင်းစကားပြောဆိုလျှင် ထိုစကားကို ယောက္ခမ ခင်ပွန်းတို့အား ပြန်လည်၍မပြောဆိုအပ်။
နံပါတ်(၃) ဥစ္စာပစ္စည်းတို့ကို ပြန်လည်ပေးဆပ်နိုင်သော သူတို့ကိုသာ ပေးကမ်းအပ်၏။
နံပါတ်(၄) ဥစ္စာပစ္စည်းတို့ကို ချေးငှားပြီး ပြန်လည်တောင်းဆိုသောအခါ မပေးသောသူများကို မပေးကမ်းအပ်။
နံပါတ်(၅) ဆင်းရဲချို့တဲ့သော ဆွေမျိုးမိတ်ဆွေတို့ကို ပြန်လည်ပေးနိုင် မပေးနိုင် အထိုက်အလျောက် ချီးမြှင့်ပေးကမ်းအပ်၏။
နံပါတ်(၆) ထိုင်နေစဉ် ယောက္ခမ ခင်ပွန်းလာသည်ကိုမြင်လျှင် ဆက်လက်ထိုင်ခြင်းငှာမနေအပ်။
နံပါတ်(၇) ယောက္ခမ ခင်ပွန်းတို့၏ ရှေးဦးစွာ မစားသောက်အပ်။
နံပါတ်(၈) ယောက္ခမ ခင်ပွန်းတို့၏ ရှေးဦးစွာ မအိပ်အပ်။
နံပါတ်(၉) ယေက္ခမကို ကိုယ့်ရဲ့မိဘလို ချစ်ကြောက်ရိုသေရမည်။
နံပါတ်(၁၀) ခင်ပွန်း၏မိခင်ဖခင်နှင့် ခင်ပွန်းကို နတ်ကဲ့သို့ ရိုသေမြတ်နိုးစွာ ကြည့်ရှု့နေထိုင်ရမည် ဟုဆိုလိုပါသည်။ အဲဒီအချက်ဆယ်ချက်ကို ၀ိသာခါကျင့်ကြံနေထိုင်ခဲ့လို့ ယောက္ခမနှင့်ခင်ပွန်း၏ ချစ်ခင်လေးစားမှု ပတ်ဝန်းကျင်၏ချီးမွမ်းမှုကို ခံရသည်မှာ မြန်မာမိန်းကလေးတို့အတွက် စံထားစရာ အတုယူစရာပင်ဖြစ်ပါသည်။
ဒီနေရာမှာ အလျဉ်းသင့်လို့ ကျွန်တော် ကာမေသုမိစ္ဆာစာရကံနှင့် စပ်လျဉ်း၍ ၀ိသုဒ္ဓါရုံ ဆရာတော်ဘုရားက ယောက်ျားများ မသွားလာအပ်သော ယောက်ျားတစ်ပါးနှင့် မစပ်သော ကျမ်းဂန်လာ အဂမနိယ မိန်းမအပြား နှစ်ဆယ်ကိုဖော်ပြထားတဲ့ လင်္ကာလေးကိုဖော်ပြလိုက်ပါတယ်။ လင်္ကာလေးကတော့ မာ၊ ပိ၊ မာပိ၊ ဘနှင့်ဘာ၊ ဉာ၊ ဂေါ၊ ဓမ်၊ သ၊ သာ ၊ ခ၊ ဆန်၊ ဘော၊ ပ၊ ဩ၊ ဩ၊ ခ၊ ကမ္မ၊ ဒါ၊ မုဟာ ဖြစ်ပြီး အဓိပ္ပာယ်မှာ-
မာ-မာတုရက္ခိတာ=မိခင်စောင့်ရှောက်သောမိန်းမ၊
ပိ- ပိတုရက္ခိတာ = ဖခင် စောင့်ရှောက်သေ မိန်းမ၊
မာပိ- မာတာပိတုရက္ခိတာ= မိဘနှစ်ပါးလုံး စောင့်ရှောက်သော မိန်းမ၊
ဘ- ဘဂိနီရက္ခိတာ = အစ်မ, ညီမ စောင့်ရှောက်သော မိန်းမ၊
ဘာ- ဘာတုရက္ခိတာ= မောင်ကြီး, မောင်ငယ် စောင့်ရှောက်သော မိန်းမ၊
ဉာ- ဉာတိရက္ခိတာ= ဆွေမျိုး စောင့်ရှောက်သော မိန်းမ၊
ဂေါ - ဂေါတ္တရက္ခိတ = အနွယ်တူ စောင့်ရှောက်သော မိန်းမ၊
ဓမ် - ဓမ္မရက္ခိတာ = တရားကျင့်ဖော် စောင့်ရှောက်သော မိန်းမ၊
ဤရှစ်ယောက်သော မိန်းမများကား ကာမပိုင် လင်မရှိသော မိန်းမများတည်း၊ မိမိ၏ ကာမကို မိမိသည်သာပိုင်၏ ။
သ- သပရိဒဏ္ဍာ = မင်းပြစ်မင်းဒဏ် မကင်းသော မိန်းမ၊
သာ - သာရက္ခာ = အစောင့်အရှောက်ရှိသော မိန်းမ၊
ဓ - ဓနက္ကီတာ = ဥစ္စာဖြင့်ဝယ်ထားသော မယား၊
ဆန် - ဆန္ဒ၀ါသိနီ = အလိုတူ၍ သူ့အိမ်လိုက်နေသော မယား၊
ဘော - ဘောဂ၀ါသိနီ = အသုံးအဆောင်ဖြင့် အလိုတူသော မယား၊
ပ - ပဋ၀ါသိနီ = အ၀တ်တန်ဆာဖြင့် အလိုတူသော မယား၊
ဩ - ဩဒပတ္တကိနီ = ရေခွက်၌ လက်ဆုံချ ထိမ်းမြားသော မယား၊
ဩ - ဩဘတစုမ္ဗဋာ = ခေါင်းခု ချအပ်သော မယား၊
ဓ - ဓဇဟဋာ = သုံ့ပန်းမယား၊
ကမ္မ - ကမ္မကာရီဘရိယာ = အမှုလုပ် မယား၊
ဒါ - ဒါသီဘရိယာ = ကျွန်မယား၊
မုဟာ - မုဟုတ္တိကာ = ခဏမျှ ပေါင်းဖော်အပ်သော မယား ။
အခုဖော်ပြခဲ့တာက ယောက်ျားများ မသွားလာအပ် အကယ်၍ သွားလာသော် ကာမေသုမိစ္ဆာ စာရကံ ထိုက်တဲ့ မိန်းမ နှစ်ဆယ် ဖြစ်တယ်၊ အဂမနီယ ဆိုတဲ့ ပါဋ္ဌိက (မသွားမလာ အပ်) လို့ ဆိုလိုတယ်ကွယ့် လို့ရှင်းပြထားပါတယ်။
မိန်းမတို့၏ အပါယ်ကျကြောင်း ငါးပါးကိုလည်း-
“မိန်းမတို့အား၊ များယေဘုယျ၊ အပါယ်ကျသည့်၊ ပါပယုတ်မာ၊ တရားမှာလည်း၊ သဒ္ဒ္စါမရှိ၊ ဟီရိမကပ်၊ သြတ္တပ်ကင်းပ၊ ကောဓာကြီးစွာ ၊ ပညာမဲ့ငြား၊ ငါးပါးတည်း။” ဟု မာဃဒေ၀ လင်္ကာသစ်မှာ ယခုလို ဖွဲ့ဆိုထားပါတယ်။
အိမ်ထောင်ပြုရာတွင် တစ်သက်မှာ တစ်မင်္ဂလာသာ ဖြစ်တာမို့
“အိမ်ထောင်မှုဘုရားတည်၊ဆေးမင်ရည်စုတ်ထိုး၊ဤသုံးချက်တစ်ကယ်မပိုင်လျှင်နောင်ပြင်ရင်ခက်သည့်အမျိုး”
ဆိုတဲ့အတိုင်း ကိုယ်ရဲ့ပါရမီဖြည့်ဘက် အိမ်ထောင်ဖက်ကို ရွေးချယ်ရာတွင် ယောင်္ကျားလေး ဘက်ကလည်း စောင့်စည်းရမည့်စည်းများ၊ မိန်းကလေးဘက်ကလည်း ကိုယ်ရဲ့တန်ဖိုးထားရမယ့် အကျင့်သိက္ခာများကို စောင့်ထိန်းပြီး တစ်ဦးနှင့်တစ်ဦး ဖြူစင်သော မေတ္တာဖြင့်သာ ရွေးချယ်သွားကြရင်ဖြင့် အားလုံးအတွက် အကျိုးရှိသွားမှာ ဖြစ်ပါတယ်။ နောင်တဆိုတာ နောက်မှရတာ မကောင်းပါဘူး။ မဖြစ်ခင်က ကြိုတင်ပြီး အသိဥာဏ်လေးနဲ့ ဆင်ခြင်တုံ သတိတရားလေးကို ထားရမှာဖြစ်ပါတယ်။ ကိုယ်ကြောင့် ကိုယ်မိဘ ဆွေမျိုးအသိုင်းအ၀ိုင်း မျက်နှာငယ်ရတဲ့ အဖြစ်မျိုးမဖြစ်ရအောင် ကြိုးစားကြရပါမယ်။
နိဂုံးချုပ်အနေဖြင့် ကိုယ်တကယ် တန်ဖိုးထား ချစ်မြတ်နိုးသူကို တွေ့ခဲ့ရင် မြန်မာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ မိသားဖသားပီပီ တောင်းရမ်းလက်ထပ် ထိမ်းမြားပြီး တစ်အိုးတစ်အိမ် ထူထောင်၍ ရာသက်ပန် ရိုးမြေကျ သစ္စာရှိစွာဖြင့် ပေါင်းသင်းပြီး အကြင်လင်မယားနှစ်ယောက် အမျိုး၊ ဘာသာ၊ သာသနာနှင့် တိုင်းပြည်အကျိုးကို ထမ်းဆောင်ရင်း သာယာလှသော သီရိမင်္ဂလာအိမ်လေးကို တည်ဆောင်နိုင်ကြပါစေလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ ကျွန်တော်ရေးသားရာတွင် အမှားများပါခဲ့ရင် ဓမ္မမိတ်ဆွေ ညီအစ်ကို မောင်နှမတို့ ခွင့်လွတ် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဒီပို့စ်လေးကို Pdf အဖြစ် ဒီနေရာလေးမှာ ဒေါင်းလော့လုပ်နိုင်ပါတယ်ခင်ဗျာ။

ပွင့်သောပန်းတိုင်း လန်းဆန်းပြီး စမ်းရေလို ထာဝရအေးချမ်းကြပါစေ။

အားလုံးကို ခင်မင်လေးစားလျှက်
တောသားလေး

Read more...

ကလေးများနေ့ ဆုတောင်း

စင်္ကာပူ ကလေးများနေ့မှာ...
အမိ ၀မ်းကြာတိုက်ထဲမှ ကလေးများ
မိစုံဘစုံရှိ ကလေးများ၊ မိမစုံ ဘမစုံကလေးများ
(ကိုယ်ရောစိတ်ပါ) ကျန်းမာသော ကလေးများ၊ မကျန်းမာသော ကလေးများ
(ကိုယ်ရောစိတ်ပါ) ချမ်းသာသော ကလေးများ၊ မချမ်းသာသော ကလေးများ
လူဖြစ်ခွင့်ရသော ကလေးများ၊ လူဖြစ်ခွင့်မရသော ကလေးများ အားလုံးကို
လူပီသသော လူကြီးများဖြစ်ကြပါစေလို့
ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။

ဖြူချင်ဖြူလည်း မဲချင်မဲပေါ့ ဒို့ငြိမ်းချမ်းစွာ ကွဲလွဲမယ်


မြန်မာနိုင်ငံ ကလေးများနေ့မှာ ဖေဖေါ်ဝါရီလ(၁၃)ရက်၊ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) ဖြစ်ပါတယ်။
The World Conference for the Well-being of Children in Geneva, Switzerland proclaimed June 1 to be International Children's Day in 1925.

Read more...

*အလှည့်*

ဆရာတော် ဦးသုမင်္ဂလ ဟောကြား ဆုံးမတော်မူတဲ့ *အလှည့်* တရားတော် ဖြစ်ပါတယ် ခင်ဗျာ..။ မှတ်သားဖွယ်၊ ဆင်ခြင်ဖွယ်၊ လိုက်နာဖွယ် အဆုံးအမ များစွာနဲ့ အဖိုးမဖြတ်နိုင်တဲ့ တရားတစ်ပုဒ်ပါပဲ။ ဒီ အဆုံးအမ များစွာထဲကမှ ကျွန်တော့်ရင်ကို လှုပ်ခတ်သွားစေတဲ့ အဆုံးအမကတော့ ဆရာတော် လျှပ်တပြတ် မိန့်ကြားလိုက်တဲ့

"ကောင်းတဲ့ အကျိုးပေးတွေ မလာသေးဘူး ဆိုရင်တော့ ကိုယ်တကယ် မကောင်းသေးဘူးလို့သာ မှတ်ထားလိုက်ပေတော့"

ဆိုတဲ့ အဆုံးအမပါ။ ကျွန်တော်ဆိုတဲ့ ကောင်ကလည်း ကောင်းတာဆိုလို့ ဘာမှ မယ်မယ်ရရ မလုပ်ရသေးဘူး၊ ကိုယ့်ကိုယ်ကို အထင်ကြီး၊ ကောင်းတာတွေပဲ လိုချင်တတ်တဲ့ ကောင်ဆိုတော့ ဒီအဆုံးအမက heart မထိဘဲ ခံနိုင်ရိုးလား..။ အားလုံးပဲ နာယူကြည်ညိုလို့ လိုက်နာမှတ်သား ကျင့်ကြံကြရအောင် လားဗျာ..။



လေးစားရိုသေစွာဖြင့်
ဖိုးသား
Tags:

Read more...

အနာဂတ်ပန်းဥယျာဉ်

ကျွန်မ ရဲ့ ဘဝ တွင်အပျော်ရွင်ဆုံးအချိန်ကို ပြပါဟု ဆိုလာခဲ့ပါလျှင်…. ကောင်းစွာ လေ့လာပြင်ဆင်ထားသော သင်္ခန်းစာကို ပို့ချနေရသောအချိန်နှင့် ထိုသင်္ခန်းစာ အတွင်း ပျော်ဝင်စီးမြောကာ စိတ်အားထက်သန် နေသော တပည့်တို့ရဲ့ မျက်လုံးများစွာထဲမှ ရွှန်းလက် တောက်ပမှု ကို မြင်တွေ့ရသော အချိန်ဖြစ်ပါတယ်..။

ဤ ကဲ့သိုသောအချိန်မှာ မိမိကိုယ်ကို ကျေနပ် ကြည်နူးရမှုထက် သာလွန်သော ခံစားချက် ဘဝမှာ မရှိခဲ့သေးပါ…။ အကြီးကျယ်ဆုံး ဗိသုကာ တစ်ဦးလို… အနူးညံ့ဆုံး အနုပညာရှင် တစ်ဦးလို… အနစ်နာခံနိုင်ဆုံး အလုပ်သမားတစ်ဦးလို… စေတနာ အကောင်းဆုံး အလှူရှင်တစ်ဦးလို၊ အပေးဆပ်နိုင်ဆုံး မေတ္တာရှင်တစ်ဦးလို ခံစားချက်မျိုးနဲ့ တူတယ် ဆိုတာ ကျွန်မလို ဘဝ တူ ဆရာ ဆရာမများ ခံစားဘူးကြပါလိမ့်မည်..။

ဤသို့သော ပျော်ရွှင်မှုမျိုးကို ကျွန်မ ၁၈နှစ်တာ ရရှိခဲ့ဘူးပါတယ်..။ နောက်တော့ အမိမြေနဲ့ ဝေး သော နေရာတွင် ၆နှစ်တာ ရောက်ရှိနေရချိန်မှာ အလွမ်းတဆုံး အရာသည်ကား ပန်းဥယျာဉ်နှင့်တူတဲ့ စာသင်ခန်း များဖြစ်ခဲ့ရ ပါတယ်…..။

အခုတော့လည်း အမိမြေကို ပြန်လည် ရောက်ရှိခဲ့ရပါပြီ…။ ကျွန်မတည်ဆောက်လိုသော ဥယျာဉ်တစ်ခုကို တည်ဆောက် ခွင့်ရခဲ့ပါပြီ..။

တနင်္ဂနွေ ဓမ္မစာပေသင်တန်းကျောင်း ဆိုတော့ ဓမ္မရဲ့ အေးမြမှုပါ လွှမ်းခြုံ ဖြစ်ခဲ့ပါတယ်..။ ဓမ္မရဲ့ ငြိမ်းအေးသန့်စင်မှု နဲ့ ယှဉ်တဲ့ပီတိ ဆိုတာ လွန်ခဲ့သော ၁၈-နှစ် တာကာလက ပီတိ တို့ထက် သာလွန် ကောင်းမြတ် နေပြန်တာကို သတိထားမိ ပါတယ်..။

ခံစားမှု တို့ ဖြင့် ဆုံးဖြတ်လုပ်ကိုင် ၍ ပြီးပြည့်စုံမှုမရှိနိုင်…။ ကိုယ်တိုင် လေ့လာသင်ယူမှုနှင့် အတူ စနစ် တကျတိုးတက်စေလိုသော စေတနာဖြင့် ကျွန်မ သည် ကျေးဇူးတော်ရှင် ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ ဆရာတော်ဘုရားထံ ရောက်ရှိနာခံခဲ့ ပါတယ်..။ ဆရာတော်ဘုရားက ယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်း တက်ရောက် စေလိုကြောင်း မိန့်ကြားကာ ဆရာတော် ရေးသားစုစည်းထားတဲ့ ယဉ်ကျေးလိမ္မာ သင်္ခန်းစာ စာအုပ် ၁၂၀ ကိုပေးလှူ ခဲ့လို့ အလှူခံရရှိခဲ့ပါတယ်..။

ပြီးခဲ့တဲ့အပတ် စက်တင်ဘာ ၁၉ မှ ၂၃ ရက်နေ့အထိ ယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်းကို ကျွန်မသည် တပည့်အဖြစ် တက်ရောက်ခဲ့ပါတယ်..။ ကျေးဇူးတော်ရှင် ဓမ္မဒူတအရှင်ဆေကိန္ဒ ဆရာတော်ဘုရားရဲ့ တပည့်ဒါယိကာ အသိုင်း အဝိုင်း အတွင်းက ရှိုင်းဟုပ် ကုမ္ပဏီရုံး၊ သင်တန်းခန်းမ မှာ ဖြစ်ပါတယ်..။ သင်ကြားပို့ချတဲ့ ဆရာ ဆရာမတွေကတော့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ သာသနာပြုတက္ကသိုလ်မှ ဆရာမ ဒေါ်အေးအေးသန်း ၊ ဆရာမဒေါ်မြမြဆွေ နှင် ဆရာ ဦးဝင်းလှိုင်တို့ပဲ ဖြစ်ပါတယ်..။

ဆရာတော်ဘုရား ရဲ့ မေတ္တာ စေတနာ ကြိုးပမ်း အားထုတ်မှုတွေကြောင့် ဆရာတော် ဖွင့်လှစ်တဲ့ ကလေးတရားစခန်းဟာ မြန်မာမှာ အအောင်မြင်ဆုံး စခန်းတွေအဖြစ် အမြို့ အမြို့အနယ်အနယ်မှာ ထင်ရှားနေတယ်ဆိုတာ ကျွန်မ သိလိုက်ရပါတယ်..။ စခန်းဝင်ဘို့ စာရင်းသွင်းတာ ကို မနက် ၄-နာရီ မှာ ထတန်း စီပြီးပေးရတာ.. ကလေးတွေရော မိဘတွေပါ တစ်ခဲနက် အားပေးကြတာ တွေကိုလည်း ကြားသိမြင်သိပါ..။

သားသားတို့က ကလေးပါ.. မီးမီးတို့က ကလေးပါ။

ကလေးဆိုတာ မဆိုးပါ.. ကလေးဆိုတာ မသိပါ.. ကလေးဆိုတာ နားမလည်ပါ..။

နားလည်အောင်သာပြောပေးပါ…။ နားထောင်ချင်အောင်ပြောပေးပါ..။

ဆိုတဲ့ သင်တန်းက ကဗျာလေးကတော့ ကလေး တွေ ရဲ့ သနားစဖွယ် တောင်းဆိုချက်လို ခံစားရပါတယ်..။ ဤလောက မှာ မချစ်တတ်သောမိဘ နှင့် အချစ်ငတ်သော သားသမီး များစွာ ရှိကြပေလိမ့်မည်..။ သင်္ခန်းစာ အပြင် မေတ္တာ များပါ ပေးဝေနိုင်ဘို့ လိုအပ် လိမ့်မယ်ဆိုတာ လူကြီးများကသတိမူ ရပေ လိမ့်မည်။

သတိမမူမိသော လူကြီးထဲတွင် ကျွန်မလည်း ပါကောင်းပါခဲ့ပါလိမ့်မယ်။ ကျွန်မရဲ့သားသားနဲ့ မီးမီး ကတော့ မေမေရေ.. မြင်းမိုရ်တောင် လက်မှတ်ရထားတိုင်း အမိန့်မပေးပါနဲ့လို့ တောင်းဆိုခဲ့ဘူးကြပါတယ်..။ နားမထောင် သေးဘူးဆိုရင်တော့ နားထောင်ချင်အောင် မပြော မိခဲ့လေသလား.. တွေးတောဆင်ခြင်စရာပါပဲ။

တစ်ခါက ရင်အုပ်မကွာ ဆိုတဲ့ စကားမှ ကင်းလွတ်နေသော အမေအတွက်လည်း နားလည် ခွင့်လွှတ်ပါရန်ကျွန်မက ပြန်လည်တောင်းဆိုရပေလိမ့်မယ်။

သားငယ်ငယ်၊ သမီးငယ်ငယ်

ဘုရားရှိခိုးအိပ်ပါကွယ်။

ဘုရားမှာဘာတွေရှိ…ဂုဏ်တော်ကိုးပါးရှိ။

ဂုဏ်တွေရှိလို့တို့ဘုန်းကြွယ်…ဘာတွေဖြည့်ကျင့်တယ်။

စွန့်ခြင်းငါးသွယ် ၊အကျင့်သုံးပါး ၊ ပါရမီတွေ ဖြည့်ကျင့်ပွား။

လောကသားတို့အကျိုးငှာ။ ဗုဒ္ဓလမ်းစဉ်အတုခိုးပါ။

ဂုဏ်ရှိတာကို အတုခိုးတော့၊ ရှိခိုးတယ်လို့ခေါ်တာပေါ့။

သည်ကဗျာလေးကတော့ ရှိခိုး တယ် ဆိုတာ ဘာကိုခေါ်တာလဲ ၊ ဂုဏ်တော်ကိုးပါး၊ စွန့်ခြင်ကြီးငါးပါး၊ အကျင့် သုံးပါး၊ ပါရမီ ၁၀-ပါးတို့ကို ကလေးတို့ အတုယူထိုက်အောင် မိတ်ဆက်ပေးသင့်တဲ့ ကဗျာလေး ပါ….။ ကလေး တွေအတွက် သိပ်ကောင်းတဲ့ ဗုဒ္ဓါနုဿတိဘာဝနာ ဖြစ်စေမှာအမှန်ပါ။

ိုလွှမ်းတို့နယ်ကလူငယ် သားသမီးများသည်

တစ်ပတ်တစ်ချိန်မှာ သင်တန်းတက်ရောက်ခြင်းသည်

အတိုင်းအဆ မသိဘဲတို့ယဉ်ကျေးပေသည်။

အာရှမှာ မြန်မာကသာ လိမ္မာယဉ်ကျေးကြသည်။

မျိုးဆက်သစ်တို့ စိတ်ထဲမှာ ယဉ်ကျေးမှ နိုင်ငံတိုးတက်မည်။

သင်တန်းများဖွင့်လှစ်ခြင်းသည်…..လူငယ်တွေလိမ္မာတိုးတက်စေဘို့ ဖြစ်ပါသည်။

သင်တန်းများတက်ရောက်ခြင်းသည် နိုင်ငံလူမျိုး နဲ့ဘာသာ အကျိုးရှိမည်။

မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည် သီချင်း အလိုက်နဲ့ တူတဲ့ ဒီသီချင်းလေးကတော့ ညီညွတ်တက်ကြွစေပါတယ်..။ကလေးများမပြော နဲ့ ကျွန်မသည် ပင်လျှင် သင်ယူရင်းဖြင့်ပျော်ရွှင်ခဲ့ရတယ်..။

ကလေးကလေး အထင်မသေးနဲ့

ကလေးကလူကြီးဖြစ်တာ…ကလေးကောင်းမှလူကြီးကောင်းမှာ

လူကြီးကောင်းမှ အားလုံးကောင်းမှာ။

ရယ်လို့ ရွှေဥမင်ဆရာတော်ဘုရားကြီက မိန့်ဆိုခဲ့တာ ကို ရိုသေစွာ ခံယူကျင့်သုံးလျက် နိုင်ငံ ၊လူမျိုးနဲ့ ဘာသာ အကျိုးရှိရုံသာမက သံသရာ အကျိုးပါရှိစေမယ်ဆိုတာ မမှိတ်မသုံ ယုံကြည့်မိပါတော့တယ်..။


ဤစာစုဖြင့် ယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်း အမှတ်စဉ် (၇) သင်တန်းဆရာဆရာမများ၊ သင်တန်းသားများသို့ အမှတ်တရ… ဂုဏ်ပြုရေးသား အပ်ပါတယ်။

Read more...

ဒုက္ခ များစွာထဲက ဒုက္ခတစ်ခု



ဒုက္ခ ဒုက္ခ



♫ dukkha dukkha.=သုခ သုခ
dukkha dukkha =ဒုက္ခ ဒုက္ခ
ဘာကိုဆိုလိုတာလဲဘရာ့..နားမလည် လိုက်မမှီကြောင်းပါ...
တပည့်တော်..
မီးမီး..

ဒုက္ခ ဆိုမှတော့ ဒုက္ခပဲပေါ့။
သုခမှ မရှိဘဲကိုး။
ဘ၀ ရှိသရွေ့  ဒုက္ခဝေ့နေမည်သာ။

ပစ္စည်း ချမ်းသာတဲ့ ဘ၀ ဆိုသော်ငြား

မသိသေးသူတို့  သုခ အမှားပို ထင်တတ်သည်။

ဆင်းရဲ သူတို့ က ဒုက္ခပေါ် ဒုက္ခ ဆင့်ကာ

ထင်လွယ် မြင်လွယ်နိုင်ပါသည်။

ဒုက္ခကိုဒုက္ခမှန်း သိအောင်လုပ်ပါလေ။

ဘုန်းဘုန်း

ဒုက္ခ များစွာထဲက ဒုက္ခတစ်ခု

မကြာသေးသော ဟိုတစ်နေ့ လေးကပေါ့။
status message မှာ ဒုက္ခဒုက္ခ ဆိုပြီး ကျောက်တုံးနဲ့ လုပ်
ထားတဲ့
ငိုင်နေတဲ့ပုံလေးကို တင်ထားလိုက်ပါတယ်။ တင်ထားခြင်း အကြောင်းက
လည်း ကိုယ်က လည်း ကိုယ့်အလိုကျ မဖြစ်တဲ့နေ့ တစ်ခုနဲ့  ကြုံမိလို့ 
ဆုံမိလို့ ဆိုပါတော့။


ကိုယ်စဉ်းစားမိတာက သာမန်ကာ လျှံကာလေးပါ။ ကိုယ့်အလိုမကျတာလောက်နဲ့  ဒုက္ခ ဒုက္ခလို့  ပြောဖြစ် ရေးဖြစ်တာပါ။ ခုပြောမှာက ဘုရား ဟောဖေါ်ညွှန်ပြတဲ့ မဟာသတိပဋ္ဌာန်သုတ်ထဲက ဒုက္ခများစွာထဲက ဒုက္ခ တစ်ခုကိုပေါ့။ ယံ ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ ပါဠိ အဖွင့်ပါ။ ဆိုလိုတာက လိုတာ မရ ဒုက္ခ ပေါ့။

ဘုရားရှင် ဟောဖေါ်ညွန်ပြထားတဲ့ လိုတာမရ ဒုက္ခ- က ကိုယ့် စိတ်တိုင်းမကြတိုင်း ဒုက္ခလို့ ညီးတွား တတ်ကြ တဲ့ ဒုက္ခလောက်ကိုသာ ရည်ညွှန်းဟောထားတာ မဟုတ်ပါလား။ ပါဠိတော် ကို ပြန်ပြီး ချဲ့ ပြောထားတာကို ပြန်ကြည့်လိုက်တော့ ကိုယ်ညီးတွားတာဟာ မဆိုစလောက် ဒုက္ခသေးသေးပါ။

ပါဠိတော်က ဆိုလိုတဲ့ လိုတာမရ ဒုက္ခ ဆိုထားတာဟာ-
၁။ဇာတိဆိုတဲ့ သတ္တ၀ါတစ်ခု ဖြစ်လာတယ် ဆိုတာကို အင်မတန်ဆင်းရဲပါလား ၊ ဒုက္ခလို့  မြင်လာပြီး ၊ အဲဒီ ဒုက္ခကို နောက်ထပ် မဖြစ်ရရင် ကောင်းမှာပဲလို့  စိတ်ထဲက လိုချင်တောင့်တ ပြောဆိုရုံနဲ့ မရ။ အဲဒီလို ဒုက္ခကို ဒုက္ခလို့  သိလျက်သားနဲ့  မြင်လျက်သားနဲ့  ဇာတိဆိုတဲ့ ဒုက္ခ၊ ဒုက္ခဆိုတဲ့ ဇာတိ ပြန်ထပ် ရလာတာဟာလည်း လိုတာမရ ဒုက္ခ- တဲ့။

၂။ ဇာတိရလာတော့ မလွဲမသွေ အိုရပါတယ်။ မအိုချင်လို့ ကို မရတဲ့ ဓမ္မတာ ဖြစ်နေတာမို့  အိုရတာပါ။ ပျိုမြစ်ခြင်းရဲ့  လမ်းဆုံးဟာ အိုဖို့ ပါပဲ။ အလှလည်းအို ၊ ဗလလည်းအို ၊ မျက်စိလည်းအို ၊ နားလည်းအို အားလုံး တစ်ကိုယ်လုံး ညီတူညာတူ အိုရတာပါပဲလေ။ အိုတဲ့ ယိုယွင်းတဲ့ အရာကို ဘယ်သူကမှ မလိုချင်တာတော့ သဘာဝပေပဲ။ သို့ သော် အိုရမည့်သဘောကို ငါ ဒီအအိုမရချင်ဘူး၊ ဟိုအအိုကို မရချင်ဘူး၊ နောက်ပိတ်ဆုံး ဘယ်အအိုမှ မရချင်ဘူးရယ်လို့  စိတ်ထဲကတောင့်တောင့်တတ နေရုံနဲ့  အအိုက မလွတ်ပါလား။ အဲလို အအိုမှ လွတ်ချင်လိုက်တာလို့  ပြောမရတာကိုက လိုတာမရ ဒုက္ခပါ။

၃။ဇာတိ ရလာလို့  ပြောပြော၊ ဇရာ ထောင်းထောင်းလို့  ဆိုဆို ဗျာဓိ ဆိုတဲ့ တရားကလည်း မနေ ပေါင်။ လူငယ် လူကြီး မရွေး နာမှု ဖျားမှုက မရှောင် ၊ သူ့ အလုပ်ကို သူ့ လုပ်ဆောင်သွားတာပဲ။ သူလုပ်တဲ့ အလုပ်က မျက်နှာကြီးငယ်ကို မလိုက်ပါလား။

ငါ့နှယ် ငါက ငယ်ငယ် ရွယ်ရွယ် ရောဂါ ထူလိုက်တာ၊ ကြီးမှ ဖြစ်ပါတော့လား၊ ကြီးတဲ့သူကလည်း ငါ ကျန်းမာရေး ဂရုစိုက်ရဲ့ သားနဲ့ ကို ငါ့ ရောဂါ ရလာတယ် လို့ ။ ဘာကြောင့်များပါလိမ့် ဆိုပြီး လူငယ် လူကြီး အသီးသီးဟာ သဘောတရားကို မျက်နှာလွဲပြီး စဉ်းစားရင်တော့ သိပ်ပင်ပန်းလှပါ တယ်။

ရောဂါဆိုတာ ဘယ်သူမှ မဖြစ်ချင်တဲ့ အရာပါ။ သေသာသေလိုက်ချင်တယ်။ ဒီရောဂါကို မခံစားချင်
တော့ဘူးလို့ တောင် ပြောကြဆိုကြသေးတယ်။ တကယ်တော့ သေချင်လို့ မဟုတ်ပါဘူး။ ရောဂါက ပျောက်ကင်းလိုတာဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါကလည်း ဒီအတိုင်း ငါ့ ရောဂါမရှိရပါလို၏ လို့  စိတ်ထဲ တောင့်တရုံနဲ့  မရနိုင်တဲ့ လိုတာ မရ ဒုက္ခပါပဲ။

၎။မရဏဆိုတဲ့ သေခြင်းတရားကလည်း ဇာတိ ဖြစ်လို့  မရဏ ပျက်ရတယ် ဆိုတာကတော့ ရှင်းပါ တယ်။ ဗုဒ္ဓကျမ်းဂန် အတော်များများမှာလည်း ယံ ကိဉ္စိ သမုဒယဓမ္မံ ၊ သဗ္ဗံ တံ နိရောဓမ္မံ - ဆိုတာ တွေ့ ရပါတယ်။ ဆိုလိုတာက ဖြစ်သမျှ အားလုံး ၊ ချုပ်ပျက်ဆုံး ၏ လို့  ပြောတာပါ။

သေတာတောင်မှ ငယ်ငယ်ရွယ်ရွယ်သေလျင် ယူကြုံးမရဖြစ်ကြတယ်။ အသက်ကြီးလို့ သေရင်တော့ သေပျော်ပါပြီ။ သက်တမ်းစေ့ပြီပဲ။ သိပ်ဝမ်းနည်းစရာ မလိုပါဘူးလေ- လို့  ဖြေသိမ့်တွေးကြတယ်။

တကယ်တမ်း သေရမည့်ပုဂ္ဂိုလ်က ကိုယ့်အလုပ်တွေ ကျေနပ်အောင်လုပ်ပြီး သေပျော်ပါပြီ လို့  ပြောချင်ပြောကြပါမယ်။ သို့ သော် အဲဒီ သေရမှာကိုတော့ တရားကို တကယ် အဆင့်မြင့်မြင့် မသိသေးရင် တကယ် သေပျော်ပြီ ဆိုသော်ငြား တကယ် အစစ်ပျော်နိုင်တယ်လို့  မထင်မိပါ။

ဓမ္မပဒ ဒေသနာတော်မှာ သဗ္ဗေ ဘာယန္တိ မစ္စုနော- ပါတဲ့။ ဆင်အာဇာနီ ၊ မြင်းအာဇာနီ ၊ နွားလား ဥသဘ နှုင့် ရဟန္တာ အဆင့်မှ တစ်ပါး သေခြင်းတရားကို အားလုံး ကြောက်ကြပါသတဲ့။

ကြောက်တယ်လို့  ယူဆမှတော့ အဲဒီ သေရမှာကို ဘယ်သူမှ လိုချင်မှာ မဟုတ်တာတော့ သေချာပါ တယ်။ သေရမှာကြောက်လို့  သေရမှာကိုလည်း လွတ်ချင်ကြမှာပေါ့။ သေရမှာကိုလည်း စိတ်ထဲက လွတ်ရစေဆိုပြီး ပြောရုံ ဆိုရုံကတော့ မရနိုင်ပါ။ အဲလို မရတာဟာလည်း လိုတာ မရ ဒုက္ခပါပဲ။

၅။လူတိုင်းဆိုသလို စိုးရိမ်စရာ သောက၊ ငိုကျွေးရခြင်း ပရိဒေ၀ ၊
ကိုယ်ဆင်းရဲခြင်း ၊ ပင်ပန်းခြင်း ဒုက္ခ၊
စိတ်ဆင်းရဲခြင်း ဒေါမနဿ ၊
ပြင်းပြင်းထန်ထန်ကို ၀မ်းနဲပက်လက်ဖြစ်ရခြင်း ဥပါယာသ ဆိုတာကို

တစ်ခုမဟုတ် တစ်ခု တွေ့ ရနေတာပါပဲ။

ဘယ်သူမှ စိုးရိမ်မှုတွေ မရှိချင်၊ မငိုချင်၊ ကိုယ်မဆင်းရဲချင် ၊ မပင်ပန်းချင်၊ စိတ်မဆင်းရဲ မပင်ပန်းချင်၊ ၀မ်းနဲ ပက်လက်မဖြစ်ချင်ကြပါဘူး။မလွဲသာ မရှောင်သာ မတိမ်းသာ မယိမ်းသာ ဆိုသလို တွေ့ ကို တွေ့ နေရတာ လူတိုင်းဆိုသလိုပါပဲ။ စီးပွါးရေး ၊ လူမှုရေး၊ ဘာသာရေး ကြောင့်ဖြစ်ဖြစ်၊ ချစ်သူနဲ့ ခွဲခွါရလို့ ဖြစ်ဖြစ်၊ မချစ်တဲ့သူနဲ့ တွဲခါ နေရလို့ ဖြစ်ဖြစ် ၊ တစ်ခုခုသော လိုအပ်ချက်တွေကြောင့် သောက စတာတွေ ဖြစ်လာရတာပါ။

ကောင်းကွက် တစ်ချက်မှ မရှိတဲ့ သောက စတဲ့ အရာတွေကို လူတိုင်းပဲ အလိုမရှိ၊ မတွေ့ ကြုံလိုကြ ပါဘူး။ မဆုံလိုကြပါဘူး ။ အလိုမရှိ ၊ မတွေ့ ကြုံ ၊ မဆုံလိုသော်လည်း တွေ့ ကြရ ဆုံကြရ နေပြန်ပါ တယ်။ အဖြောင့် တိုက်ရိုက် ပြောရရင် အဲဒါတွေက လွတ်မြောက်လိုတယ်ပေါ့။ စိတ်ထဲကနေပြီး ဒီလို သောက ပရိဒေ၀ စတာ တွေကနေပြီး လွတ်မြောက်ရရင် ကောင်းမှာပဲလို့  လိုတာကို ဆုတောင်းရုံနဲ့  တောင်းရုံနဲ့ တော့ မရနိုင်ပါ။ အဲလို ကိုယ်စိတ်ကြံတိုင်း ကိုယ့်အလို မရတာကလည်း လိုတာမရ ဒုက္ခပါပဲ။

ပါဠိတော်မှာ မြတ်စွာဘုရားရှင် ဟောကြားထားတာက တကယ့်ကို နက်ရှိုင်းလှတဲ့ ဒုက္ခ အစစ်ပါ။ ကိုယ်တင် ထားတဲ့ ဒုက္ခ ဒုက္ခ ဆိုတဲ့ အဓိပ္ပါယ်က ကိုယ့်အလိုမကျတဲ့ ဒုက္ခ မွှားမွှားသေးပါလား။

ခုတော့ ဘုရားရှင်ဟောထားတဲ့ အတိုင်း ဒုက္ခများစွာထဲက ဒုက္ခ တစ်ခု
ကို ပြန်လည် သုံးသပ် ကြည့်ရှု
ပြီးတော့ လူအများ သိစေချင်တာနဲ့  ဒုက္ခ
များစွာထဲက ဒုက္ခ တစ်ခု ဆိုပြီး ကိုယ်နားလည်သလို ပြန်ချရေး လိုက်ပါတော့ တယ်။



မှတ်ချက်။ ။ ဒကာမ ဒေါ်မီးမီး ဆိုသူက
ဒုက္ခဆိုထားတာကို နားမလည် ၊ လိုက်မမီကြောင်း

ပြောထားသည်မို့  ကိုယ်ကလည်း စာရေးဖို့ 
အကြောင်းရှာကာ ရေးလိုက်ခြင်းဖြစ်ပါသည်။



ကျမ်းကိုး- ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ် မဟာသတိပဋ္ဌာန်သုတ် ၊ ဒုက္ခသစ္စနိဒ္ဒေသ ဓမ္မပဒ အဋ္ဌကထာ ၊ ဒဏ္ဍ၀ဂ် ၊ ဆဗ္ဗဂ္ဂိယ ၀တ္ထု နှင့် ထိုထိုကျမ်းလာ ကျမ်းဂန်များစွာ

မြတ်ရောင်နီ
( ၃၀ ၊ ၀၉ ၊ ၂၀၁၀ )


Read more...

တစ်ခါမြင် စာမျက်နှာများ

ဟူး.............ဆိုတဲ့
သက်ပြင်းချသံတွေ
ဘယ်လောက်ထိ ကြားနေရအုံးမလဲ
ကျနော်နဲ့ ကျနော့်ဝန်းကျင်။

ပြီး...ပြည့်...စုံ ဘဝတဲ့
ဘယ်မှာလဲ
ဘယ်တော့လဲ
ဘယ်နေ့လဲ........
နေ့စွဲပြောင်းနေတဲ့ အဲ့ဒီ လဲ...တွေနဲ့ပဲ
ဘဝဟာ အဖာအထေးကိုဖြစ်လို့။

နေ့ပြန်တိုးတွေနဲ့ ရင်းနှီးထားရတဲ့ဘဝ
ဘယ်မှာ ဘယ်လို ဘယ်နည်းနဲ့
ပျော်မွေ့နေနိုင်မှာလဲ။

ကောင်းကင်ရေ
ကျေှးဇူးပြုပြီး နေဝင်မစောပါနဲ့
အမှောင် ခဏ ခဏကျနေမှာကို
စိုးရိမ်လွန်း...လွန်းလို့ပါ။

သက်တမ်းရှည်ဖို့ ကြိုးစားနေတဲ့ မြွေပွေး
အဆိပ်တွေ များမလာဖို့
တကယ်တော့ ဘဝဆိုတာ
သေမယ့်သူနဲ့
သတ်မယ့်သူ ရှိရင် ပြီးပါတယ်တဲ့
လိုမှမလိုတာ
ဘယ်အရာဟာ ဘယ်လောက်ထိ
မြဲနေမှာမို့လို့လဲ။

ဒါပါပဲ
သမိုင်းမရှိတဲ့ နေ့စွဲကိုတော့
ဘယ်သူမှ စာမျက်နှာ ကျော်မဖတ်ကြဘူး။

Read more...

လင်္ကာဝီကျွန်း (၂)


ပီနန်းကျောင်းမှာ တစ်ညအိပ်ပြီး နောက်နေ့မနက် ၈နာရီ ၁၅ မိနစ်မှာ
လင်္ကာဝီကျွန်းကို ဘုတ်သင်္ဘောနဲ့ ခရီးဆက်ဖြစ်တယ်။
မနက် ၈ နာရီ ၁၅ မိနစ် ပီနန်ကျွန်းက စထွက်တာ၊
သင်္ဘောခရီး။ မလေးရှားငွေ ၆၀ ကျတယ်။ မလေးရှားငွေ ၆၀ ပေးရတာနဲ့စာရင်
သင်္ဘောက အကောင်းကြီးတော့ မဟုတ်ဘူး။
ဒါပေမဲ့ မြန်မာပြည်က ငယ်ငယ်တုန်းက ရန်ကုန်က သန်လျင်ကို သွားတဲ့
သင်္ဘောတွေနဲ့တော့ တခြားစီပဲ လို့ပြောစရာလိုမယ်မထင်ဘူး။


၁၁ နာရီ ဆွမ်းစားမီ လင်္ကာဝီကျွန်းကို ရောက်တယ်။
မြန်မာပြည် ရန်ကုန်၊ ကြည့်မြင်တိုင်ကလာပြီး
လင်္ကာဝီကျွန်း၊ စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၃၀ ၀န်းကျင်ရှိတဲ့
မောင်ဇေယျာကျော်ဝင်း ဆိုတဲ့ဒကာလေး ကားနဲ့လာကြိုတယ်။
ဆွမ်းစားချိန်ဆိုတော့ ထမင်းဆိုင် အရင်ပို့တယ်။
မွတ်စလင်ကုလားဆိုင်၊ ဘူဖေး (buffet) ဆိုင်၊
မွတ်စလင်ကုလားဆိုင်မှာ ပထမဦးဆုံးစားဘူးတာပဲ။
ဟင်းတွေကတော့ စုံပါတယ်။
ဒါပေမဲ့ လတ်ဆပ်မှု၊ သန့်ရှင်းမှုတော့ သိပ်မရှိလှဘူး။


စားသောက်ပြီး ဟိုတယ်မသွားခင် အရင်ဆုံး လင်္ကာဝီကျွန်းရောက်ရင် မဖြစ်မနေသွားရမဲ့
မာစုရီ (Mahsuri) နေရာကို သွားတယ်။
မာစုရီဆိုတာက အမျိုးသမီးတစ်ယောက်နာမည်။ သူက ရွာသူကြီး (ရှင်ဘုရင်) ရဲ့ ဇနီး။
ပုံထဲ ဗွီဒီယိုထဲကြည့်ခဲ့ရတာတော့ အတော်ချောမောလှပတယ်။
သူ့ခင်ပွန်းဖြစ်တဲ့ရှင်ဘုရင် ရှေ့တန်းစစ်သွားတိုက်တော့
စစ်သူကြီးတစ်ယောက်ကို မာစုရီကို စောင့်ရှောက်ဖို့ ထားခဲ့တယ်။

မနာလိုတဲ့ ရွာသူလုံမေတို့က
မာစုရီကို စစ်သူကြီးနဲ့ ဖောက်ပြန်တယ် ဆိုပြီး ရှင်ဘုရင်ပြန်လာတော့ ပြောကြတယ်။
ဂုံးတိုက်ကြတယ်ပေါ့။
ဆင်ခြင်ဥာဏ် တွေးခေါ်ဥာဏ်ဘာမှ မရှိတဲ့ ရှင်ဘုရင်က
မစူးစမ်း မဆင်ခြင် မစုံစမ်းပဲ မာစုရီကို သေဒဏ်ပေးတယ်။

မာစုရီကို မကွပ်မျက်မီ မာစုရီက ကြိမ်စာဆိုခဲ့တယ်။
မဖောက်ပြန်ဘဲ ဖောက်ပြန်တယ်လို့ စွပ်စွဲတဲ့လူတွေနေတဲ့ ဒီလင်္ကာဝီကျွန်းမှာ
နောင် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် ဘာပင်မှစိုက်လို့ မရပါစေသား၊
ဘာစီးပွါးရေးမှ လုပ်လို့ မရပါစေသား လို့ ကြိမ်စာတိုက်ခဲ့တယ်။
သူကြိမ်စာတိုက်ခဲ့သလို လင်္ကာဝီကျွန်းမှာ ဘာမှ စိုက်လို့မရခဲ့ဘူးတဲ့။
ဘာစီးပွါးရေးမှ မဖြစ်ထွန်းခဲ့ဘူးတဲ့။

မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီ လက်ထက်ရောက်မှ
ကြိမ်စာတိုက်ထားတဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ပြည့်တဲ့အချိန်ရောက်လာလို့
ပြန်လည်စီကားလာတာလို့ ဆိုပါတယ်။
အခုတော့ အတော်လေး စီကားနေပါဘီ။ လင်္ကာဝီကျွန်းကို ကမ္ဘာက သိနေပါဘီ။

မာစုရီဇာတ်လမ်းနဲ့စပ်လို့ပြောရအုံးမယ်။
မွတ်စလင်ဘာသာမှာ အိမ်ထောင်ကျပြီးသား မိန်းမတွေဖောက်ပြန်တာကို
ပြင်းပြင်းထန်ထန် နှိပ်ကွပ်လေ့ရှိပါတယ်။
ဟိုတလောက အီရန်နိုင်ငံမှာ မိန်းမတစ်ယောက်ဖောက်ပြန်လို့
ပြစ်ဒဏ်အနေနဲ့ Stoning to Death လို့ခေါ်တဲ့
မသေမချင်း ဖောက်ပြန်တဲ့အမျိုးသမီးကို ကျောက်ခဲနဲ့ ၀ိုင်းပေါက်တဲ့ပြစ်ဒဏ်ချမှတ်ပါတယ်။

မြန်မာပြည်မှာလဲ ဒီလိုပြစ်ဒဏ်မျိုး မရှိပါစေနဲ့လို့ ဆုတောင်းမိတယ်။
ကျောက်ခဲနဲ့ဝိုင်းပေါက်နေရတာနဲ့ အလုပ်လုပ်ချိန်ကို ရှိမှာ မဟုတ်တော့ဘူး။

မာစုရီနေရာကနေ ပင်လယ်ထဲက လည်ပတ်စရာနေရာတွေကို သွားဘို့ လှေဆိပ်ကို သွားရတယ်။
လှေဆိပ်မှာ လှေတစ်စီး စင်းလုံးငှားရင် မလေးရှားငွေ ၂၅၀ ပေးရတယ်။
အများနဲ့ ရောလိုက်ချင်ရင်တော့ တစ်ယောက် ၃၀ ပေးရတယ်။

လှေစင်းလုံးငှားပြီး ပထမဆုံး Palau Dayang Bunting ဆိုတဲ့နေရာကို သွားတယ်။
အဲ့နေရာက ကျွန်းလေးတွေ ၀ိုင်းရံနေပြီး
အလယ်တည့်တည့်မှာ ရေအိုင်သဘောမျိုးဖြစ်နေတာ။
ထူးခြားတာက
အဲ့ရေအိုင်ထဲက ရေက ရေငံမဟုတ်ပဲ ရေချိုဖြစ်နေတာ။


ဒီရေအိုင်မှာ ဒီထက် ထူးဆန်းတဲ့အဖြစ်အပျက် ရှိခဲ့ဘူးတယ်။
ရှေးရှေးတုန်းက လက်ထပ်ပြီး နှစ်ပေါင်း ၁၉ နှစ်ကြာသည်အထိ ခလေးမရတဲ့
လင်မယားအတွဲတစ်တွဲ ဒီရေအိုင်ကိုလာလည်ကြတယ်တဲ့။
လာလည်ပြီး ဒီရေအိုင်ထဲက ရေကို လင်ရော မယားပါ သောက်ဖြစ်ကြတယ်။
ဒီအိုင်ထဲက ရေကို သောက်ပြီးမှ သူတို့လင်မယား ခလေးရတယ်တဲ့။

ဒါ့ကြောင့် ခလေးမရတဲ့ အိမ်ထောင်သည်တွေ
ဒီအိုင်ကိုလာပြီး ရေသောက်လေ့ရှိကြတယ်လို့ ဆိုတယ်။
ကဲ၊ အိမ်ထောင်ကျပြီး ခလေးမရတဲ့သူတွေ ဒီအိုင်ကို အရောက်သွားပြီး
အိုင်ထဲကရေ သွားသောက်ပေတော့။

အဲဒီအိုင်ကနေပြီး လှေသမားက ဟိုဟိုဒီဒီလိုက်ပို့ရှာပါတယ်။
သိန်းငှက်တွေ ပေါတဲ့နေရာ၊ သဲဖြူကျွန်း စသည်ဖြင့်။
သဲဖြူကျွန်းက ပင်လယ်ရေချိုးလို့ ကောင်းတဲ့နေရာပေါ့။
သဲဖြူကျွန်းမှာ နိုင်ငံခြားသား (အထူးသဖြင့်) အနောက်နိုင်ငံသားတွေ အတော်တွေ့ရတယ်။
သူတို့တတွေကို ကြည့်ပြီး အခု ဘာမင်ဂန်မှာ သီတင်းသုံးသာသနာပြုနေတဲ့
ဆရာတော် ဒေါက်တာဥတ္တရဥာဏကို သတိရမိတယ်။


သူအိန္ဒိယမှာ ပညာသွားသင်တုန်း မြန်မာပြည်ကို အလည်ပြန်လာတော့
အိန္ဒိယနိုင်ငံအကြောင်းပြောပြရင်း
ကိုယ့်လူတို့၊ အိန္ဒိယနိုင်ငံကို လာရင်
Neither, Nor
Either, Or
ဗိုက်သားပေါ်လေးတွေ တွေ့ရလိမ့်မယ် လို့ ထည့်သွင်းပြောသွားတာ သတိရမိတယ်။
လင်္ကာဝီကျွန်းမှာတော့ အနောက်တိုင်းသူ လှပျိုဖြူတွေ
ဗိုက်သားပေါ်ရုံတင် မကတော့ပါလား။

Read more...

အမှန်တရား လေးပါး

ဒီတပတ်မှာတော့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး အခြေခံအကျဆုံး သိသင့်သိထိုက်တဲ့အကြောင်းအရာကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးလိုက်ပါတယ်။

ဗုဒ္ဓဆိုတာ မြန်မာလိုတော့ သိသောသူ-လို့ ဆိုလိုပါတယ်။
လူတိုင်းသိတဲ့အသိနဲ့ ဗုဒ္ဓရဲ့အသိက မတူပါဘူး။
ဗုဒ္ဓသိတာက အရာအားလုံးကို နက်နက်နဲနဲ ဝေခွဲပြီးသိတော်မူတာပါ။
ဗုဒ္ဓ ဘာတွေများ သိသလဲဆိုတော့-

အမှန်တရားလေးပါးကို နက်နက်နဲနဲ ဝေခွဲပြီး သိတော်မူပါတယ်။
၁။ ဆင်းရဲခြင်း အမှန်တရားကို သိတော်မူတယ်။
၂။ ဆင်းရဲကြောင်း အမှန်တရားကို သိတော်မူတယ်။
၃။ ဆင်းရဲငြိမ်းရာ အမှန်တရားကို သိတော်မူတယ်။
၎။ ဆင်းရဲငြိမ်းရာသို့ရောက်ကြောင်း အမှန်တရားကို သိတော်မူတယ်။
ဒီအမှန်တရားလေးပါးကို ပိုင်းခြားထိုးထွင်းပြီး သိတော်မူတဲ့အတွက် ဗုဒ္ဓလို့ခေါ်ကြပါတယ်။

ဗုဒ္ဓသည် အမျိုးအားဖြင့်-မင်းမျိုး။
ဇာတ်အားဖြင့်-သာကီဝင်။
အနွယ်အားဖြင့်-ဂေါတမ။
လူအမည်အားဖြင့်-သိဒ္ဓတ္ထ။
ဗုဒ္ဓရဲ့ဘွဲ့တော်က အနွယ်ကို အစွဲပြုပြီး ဂေါတမလို့ အမည်တွင်၏။
လောကအားလုံးရဲ့ အကျိုးအားလုံးကို ပြီးစီးစေနိုင်လို့ သိဒ္ဓတ္ထ-လို့ အမည်တွင်ပေသည်။

Read more...

တောရွာ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး၏ ရစ်သမ်

(၁)
တောရွာလေးရဲ့ ကျောင်းထိုင်ဘုန်းကြီးရဲ့ တစ်နေ့တာ ဘ၀လေးကတော့ ပုံမှန်ပါပဲ။ အရှေ့ကနေထွက်မယ် အနောက်ကနေ၀င်မယ်။ ခေါက်ရိုးကျိုးနေတဲ့ လည်ပတ်မှုတွေအတိုင်း အလိုက်သင့်စီးမျောလို့။ အာရုံဆွမ်းကို ပဲနီပြုပ်၊ ငပိကြော်၊ အရင့်အရင်နေ့တွေက ကျန်တာလေးများကို စုပေါင်းပြီး နွေးထားတဲ့ ဟင်းပေါင်းတစ်ခွက်၊ ဒါနဲ့ပဲ အသက်ဆက် နေရတာကိုက ရွာကျောင်းဘုန်းကြီးရဲ့ဘ၀...............။

နိစ္စဓူဝအလုပ်ဖြစ်တဲ့ တံမျက်စည်းလှည်း၊ ဘုရားသောက်တော်ရေကပ်၊ ပန်းကပ်.... အင်း ကျောင်းထိုင်ဘုန်းကြီး တစ်းပါးရဲ့ ဘ၀က ဥစ္စာစောင့်နဲ့မထူးပါလား..၊ သူများတကာလှူဒါန်းထားတဲ့ ကျောင်းကန်ဘုရားတွေကို စောင့်နေရတာပဲ။ အင်းလေ ဒီလိုနဲ့နေလာတာလဲ ဆယ်စုနှစ် ဟိုဘက်တောင် တော်တော်လေး စွန်းနေပေါ့ကိုး...။

ဘုန်းကြီးဘုရား ချက်စူ တပည့်တော်ကို အနိုင်ကျင့်နေပါတယ်ဘုရား...။

ကဲ ဒီကမြင်းမသားတွေက တစ်မှောင့်၊ ဘုရားဝေယျာဝစ္စ ကောင်းကောင်းမလုပ်ရဘူး။ ဟိုမျောက်မူးလဲ ချက်စူ ဘာမွှေပြန်ပြီလဲမသိဘူး။ ဒီကောင်ကလဲ အတော်ဆိုးတဲ့ကောင် ကျောင်းသားလေး ငါးယောက်ရှိတာ တည့်အောင် မနေဘူး။ ပြဿနာ အလွန်ရှာတက်တယ်။

အဟမ်း.. အရိုက်ခံချင်လို့လားကွ ဟေ...။ ကိုရင်တွေကော ဆွမ်းခံသွားချိန်ရောက်ပြီမို့လား.. ကဲကဲ ခေါင်းလောင်းထိုးကြတော့ (ခေါင်းလောင်းထိုးခြင်းမှာ ရွာတွင်းသို့ ဆွမ်းခံဝင်ခြင်းကို ရှေ့ပြေး အသိပေးခြင်း ဖြစ်၏။) နေမပူခင် ဆွမ်းခံဝင်ကြ...။

အင်း အိမ်မှာ ခိုင်းမရသေးလို့ ကျောင်းလာပို့ထားတဲ့ မျောက်မူးလဲ ငါးကောင်နဲ့ ကိုရင်ပိစိကွေး သုံးပါး။ ရိုက်ပစ်လို့ကလဲ မဖြစ်။ ထွက်ပြေးကုန်ရင် တောက်တိုမယ်ရ ခိုင်းစရာမရှိဖြစ်ပြီး တောရဘုန်းကြီး စစ်စစ်ဖြစ်တော့မယ်။ ဟင်း ခက်ပါတယ်။ စာသင်လို့လဲမရတော့ စာသံကြားရင် တီကို ဆားနဲ့တို့သလို ဖြစ်ကုန်ရော။ နောက်နေ့ ကျောင်းမလာတော့ဘူး။ ဒီတော့ ချော့မော့ ပြီး ပျော်အောင်ထားနေရတယ်..။

ငယ်ဘ၀ကို တမ်းတမိသား။ ဆရာတော် ဦးကိတ္တိ လက်ထက်၊ မိမိတို့ငယ်စဉ်ဘ၀မှာတော့ ကျောင်းသားတွေ ကျောင်းသူတွေ ပေါမှပေါ။ နေ့စဉ်စာအံသံ၊ ဆော့ကစားသံတွေနဲ့ ကျောင်းကြီးဟာ အရမ်းစည်ကားခဲ့တာပေါ့။ သင်ပုန်းကြီးကို ကျေညက်အောင်တတ်ပြီးမှ မင်္ဂလာသုတ်၊ ပရိတ်ကြီးစတာတွေ သင်ပေးလိုက်တာ ဒီကျောင်းထွက်ဆိုရင် မြန်မာစာကတော့ ဒေါင်းဒေါင်းပြေးပဲ။ ဂဏန်းသင်္ချာကလဲ မညံ့ပေဘူး။ မိဘတွေကိုယ်တိုင်က သားသမီးတွေကို ပညာတတ်စေချင်လို့ လာရောက်အပ်နှံထားတော့ ဆရာတော်လဲ သင်ကြား ပေးရတော့တာပဲ။ အခုကတော့ ပညာသင်ပေးစေချင်လို့ မဟုတ်ဘူး။ ခိုင်းမရသေးလို့ အိမ်မှာ ရှုပ်လို့ လာပို့ထားတဲ့သဘော။ ကလေးထိန်းကျောင်းလိုကို ဖြစ်လို့...။

ဟိုးအရင်ကတော့ အတန်းကျောင်းနဲ့ ဘုန်းကြီးကျောင်း နှစ်မျိုးစလုံးကို ထားကြတယ်။ ခေတ်ပညာရော ဘာသာရေးအသိရော စုံတော့ ယဉ်ကျေးကြတာပေါ့။ ခုခေတ်ကတော့ အတန်းကျောင်းက လေးတန်း အောင်ရင်ပဲ စာတတ်ပြီထင်ပြီး မထားတော့ဘူး။ ရပ်ထဲရွာထဲ ဘုန်းကြီးတွေ့လို့ ရိုသေရမှန်းမသိဘူး။ သူငယ်ချင်းတွေ့သလိုပဲ။ ရိုသေသမှုပြုရမယ်ဆိုတာ သိကို မသိတော့တဲ့ခေတ်။ အိမ်မှာ ခိုင်းချင်ရာခိုင်းလို့ ရပြီဆိုရင် ဘုန်းကြီးကျောင်းလဲ လှည့်မကြည့်ချင် ကြတော့ဘူး။ သေစာရှင်စာလေးတောင် တတ်ခွင့် မရကြတော့တာ ရင်နာစရာပဲ။

ကလေးတစ်ယောက်ကို ခိုင်းလို့ လက်ရှိရလာမဲ့ အကျိုးကိုပဲ မြင်တက်တဲ့ မိဘတွေကလဲ အများသားပဲ။ ပညာတတ်တော့ကော ဘာလုပ်မှာလဲ ငယ်တုန်း ထန်းတက်သင်၊ ထယ်ထိုးတာသင်၊ အဲဒါတတ်ရင်တော်ပီပေါ့ ဆိုတဲ့ မိဘမျိုးတွေချည်းပဲ။ ခက်လိုက်တဲ့ ရွာသားတွေ..။ ကလေးတွေကလဲ ရပ်ထဲရွာထဲမှာ လက်ယားလက်ယား နေရတာကိုပဲ ပျော်နေတယ်ဆိုတော့ စာဘက်ကို စိတ်ဝင်စားမှုက နည်းသွားပြီပေါ့။ အရင်ခေတ်တွေကတော့ ဘုန်းကြီးကျောင်းစာ ဘာကုန်မှ ကျောင်းထွက်ရမယ်၊ မကုန်မချင်း အလုပ်မခိုင်းဘူး ဆိုတဲ့ခေတ်က ပြတိုက်ထဲ ရောက်သွားပြီကိုး...။


(၂)

အရဟတာဒိ န၀ဂုဏေဟိ အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့် ..........။

အင်း ကိုရင်ကျောင်းသားတွေတောင် ဘုရားဆွမ်းတော်ကပ်နေပြီ။ နေ့ဆွမ်းစားချိန်တောင် ရောက်ပြန်ပေါ့။ အင်း ဆွမ်းစား ကျောင်းကို ကြွမှပဲ။

ဆွမ်းပွဲကြည့်လိုက်တော့ သုံးနှစ်မိုးခေါင်ထားတဲ့ အရပ်လိုပဲ ခြောက်ကပ်ကပ်။ ဆွမ်းဝတ်ကျတဲ့ အိမ်ကလှူလိုက်တဲ့ ကြက်ဥဟင်း၊ ငရုပ်ကြော်၊ သရက်ချဉ် သုံးခွက်။ အသားဟင်းလေး တစ်ခွက်ပါဘို့က တော်တော်မလွယ်တဲ့ကံပဲ။ ဒီလိုပါပဲလေ ဖြစ်သလို ဘုဉ်းပေးလာရတဲ့ ရက်တွေကလဲ ထပ်နေပေါ့။ ကျေးလက်မှာ သံဃာတွေမပျော်တာ အစားအသောက် ချို့တဲ့တာလဲ ပါလိမ့်မယ် ထင်ရဲ့။ ခေတ်သစ်ရဟန်းလေးတွေက မြို့ပြထဲကို တိုးဝင်ဖို့ပဲ စိတ်ကူးတော့တယ်။ ရွာရဲ့ ပံ့ပိုးမှုကလည်း အရင်ကလို့ မဟုတ်တော့ဘူးလေ။ ကိုယ်တိုင်တောင် မျက်စေ့လည်ပြီး ကျောင်းထိုင်ဘုန်းကြီး လာဖြစ်နေတာ။ ကိုယ့်ရပ် ကိုယ့်ရွာလဲဖြစ်။ မြို့ကိုလဲ မပြန်ချင်တော့တာနဲ့ ကိုယ့်ရွာမှာကိုယ်ပဲ သောင်တင် နေတော့တာ။

သာရေးနာရေးအတွက် လိုအပ်ချက်လေးကြောင့် ပင့်ထားရသလိုဖြစ်နေတဲ့ တောရွာကျောင်းထိုင် ဘုန်းကြီးဘ၀က တကယ့်တကယ်တော့ ခုတ်ဖြတ်ထားတဲ့ သစ်တုံးကြီးလိုပဲ။ အညွန့်မထွက်နိုင်တော့ပဲ ဆွေးဆွေးလိုက်လာမှာ သေချာနေတယ်။ အထက်မဂ်လဲ မရ အောက်မဂ်လဲဆုံး ဆိုတဲ့ကိန်းဆိုက်ရတာပဲ (ဤနေရာတွင် အထက်မဂ် အောက်မဂ်ကို အကျယ်မရှင်းတော့ပါ သင့်သလိုယူဆပါကုန်)။ အင်း ဒီလိုနဲ့ပဲ တစ်ဖြးဖြေး အိုပြီးသေရမှာပေါ့လေ။ ဒါတွေဟာ တောရွာ ကျောင်းထိုင်များရဲ့ မထူးခြားတဲ့ ဖြစ်တည်ခြင်းတွေပါပဲ။

်ဒီလိုနဲ့ နေ့ဆွမ်းကိစ္စပြီးလို့ ပုတီးလေးစိတ်၊ စာလေးဖတ်၊ တရားလေးမှတ်ရင်း ခေါက်ရိုးကျိုး ဘ၀ကြီးကို ၀တ်ရုံနေရတာပါပဲ။


(၃)
ဂျိန်း..

မိုးချိန်းသံတွေ၊ အလို မိုးတွေတောင် ညို့နေပါပေါ့လား။

ဟေး ကိုရင်တွေ၊ ကျောင်းသားတွေ တံခါးတွေလိုက်ပိတ်စမ်း၊ မိုးရွာတော့မယ်ထင်ရဲ့..။

အင်း ဒီမိုးလေးရွာရင်တော့ ရွာသူရွာသားတွေ ကောက်ပဲသီးနှံ အဆင်ပြေတန်ကောင်းရဲ့။ မနှစ်က ဒီလမှာပဲ မိုးချိန်းပြီး မရွာတော့ ထွန်ချပြီး ကြဲပတ်ထားတဲ့ မျိုးလေးတွေ အကုန်ဆုံးရောမို့လား။ ဂီတနတ်သန် ကိုစောညိမ်းသီချင်းလိုပေါ့.. ဘာတဲ့.. အနောက်တောင်ဆီက ရွာမည်ဟန်ပြင် မိုးသက်လေနှင့် မုန်းတိုင်းဆင့်လျှင် စစ်မျက်နှာဖွင့် တိမ်ခိုးလွင့်ကာနှင်.. ဆိုလား။ ရွာမဲ့မိုးတိမ်တွေလဲ လွင့်ကုန်တယ်ဆိုပါလား။ ချိန်းပြီး မရွာတာတော့ ဆိုးတာပေါ့။

ငယ်ငယ်က ကျက်မှတ်ခဲ့ဖူးတဲ့ ကဗျာလေးကလဲ တစ်မျိုးပဲ .. မရွာပဲ မဲလိုက်ပါနဲ့ မိုးမိုက်မောင် ပိန်းပိတ်လို့မှောင် ရွာမယောင် ဟန်ဆောင်နှင့် သူမြူး ရွှေမိုးညို မြောက်ကို ယိမ်းတယ် ချိန်းသင့်ပါဘူး.. တဲ့ (မှားနေလျှင်ပြင်ဖတ်ပါ)။ အနောက်ကလဲ ချိန်းတာပဲ၊ တောင်ကလဲ ချိန်းတာပဲ ဒီအချိန်ရောက်ရင် အရပ်လေးမျက်နှာက ချိန်းနေတာပဲ။ မရွာတာပဲရှိမယ် ချိန်းတော့ ချိန်းနေတာပဲ။ ရွာသားတွေတော့ ပြောထားရသေးတယ် မသေချာပဲ မျိုးမချမိဖို့ မနှစ်က ဒီလမှာပဲ မျိုးစေ့တွေ ဆုံးပြီးပြီလေ။

အင်းလေ ဘယ်တတ်နိုင်မလဲလေ၊ နေ၀င်လို့ ညရောက်ပြီဆိုတော့လဲ ဘုရားလေးဝတ်ပြု၊ ဂုဏ်တော်လေးပွား ရွာသူရွာသားများ အပေါ် မေတ္တတရားလေးပို့လွှတ်ပေးရတော့မှာပေါ့။ ရွာသူရွာသာတွေ အဆင်ပြေနေတာ မြင်ရမှ ကိုယ်လဲ စိတ်ချမ်းသာမှာလေ။ ရွာသူရွာသားတွေ စိတ်ချမ်းသာမှလဲ ကိုယ်လဲ နှစ်နှစ်ကာကာ ပျော်ရွှင်နိုင်မှာလေ။

ယဿာ နုဘာဝတော ယက္ခာ

နေ၀ ဒေဿန္တိ ဘီသနံ

ယဥှိစေ၀ နုယုဉ္ဇန္တော

.......................


Read more...

ရေဘေး-လူသားချင်းစာနာမှုအကူအညီ ပေးကြပါရန်

ရေလွှမ်းမိုးခံလိုက်ရတဲ့ ပြင်ဦးလွင် ကားလမ်းဘေး ကျေးရွာတွေက မိသားစုတွေ ဆန်နဲ့ အခြေခံစားကုန်များ အရေးပေါ် လိုအပ်နေပါတယ်။ လူသားချင်းစာနာမှု အကူအညီ ပေးလိုသူများ ဆန်၊ ပဲ၊ ဟင်းချိုမှုန့်၊ ငါးပိ၊ ငရုတ်၊ ကြက်သွန် စသည် မိမိတို့ ဆန္ဒရှိသလို ပေးပို့ လှူဒါန်းကြစေလိုပါကြောင်း နှိုးဆော်လိုက်ရပါတယ်။

ငွေသား ပေးပို့လှူဒါန်းပါကလည်း ဆန် ဘယ်နှစ်ပြည်/ဘယ်နှစ်အိတ်စာ (သို့မဟုတ်) လှူဒါန်းလိုတဲ့ ကုန်ခြောက် အမျိုးအမည်ကို ပြောပြပြီး ပေးလှူရင် ကျေးရွာများသို့ ချက်ချင်း သွားရောက်ဝေငှပေးမှာ ဖြစ်ပါတယ်။

ဝေငှပေးခဲ့တဲ့ လှူဒါန်းမှုများနဲ့ နေ့ရက်၊ လှူဒါန်းမှုမှတ်တမ်း ဓာတ်ပုံများကို အလှူရှင်ထံ ချက်ချင်း ပြန်လည်ပို့ပေးပြီး ဆွမ်းလောင်းအသင်း ဆိုက်မှာလဲ ချက်ချင်း တင်ပြပေးသွားပါမယ်။

ဒီအချိန်မှာ ဆန်တစ်ပြည်ပဲဖြစ်စေ၊ ပဲတစ်ဗူးပဲဖြစ်စေ အလွန်အရေးကြီး လိုအပ်နေပြီ ဖြစ်တဲ့အတွက် မိမိတို့ လှူဒါန်းနိုင်မှုပမာဏ နည်းပါးမှာကို ကြောင့်ကြစရာ မလိုဘဲ ဘယ်လောက်နည်းနည်း တတ်နိုင်သလောက် ရေဘေးသင့် မိသားစုများကို ထောက်ပံ့နိုင်ကြပါတယ်။ ရသမျှ အရေးပေါ် ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

လှူဒါန်းလိုတဲ့ ကုသိုလ်ရှင်များ အောက်ပါ စေတနာ့အကျိုးဆောင်များထံ ဆက်သွယ်နိုင်ကြပါတယ်။

ဦးကောဝိဒ (စစ်ကိုင်း) (၀၀၉၅-၉၂၁၁၀၂၀၂) kovida9@gmail.com
ကိုဖြိုး၊ ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်း ရောင်းဝယ်ရေး၊ မန္တလေး)၊ +9592013811
ကိုရန်အောင် (USA) aungyan@gmail.com
Julydream (စင်ကာပူ) JulyDream0707@gmail.com
မဝါဝါခိုင်မင်း (ရန်ကုန်) nanwarwarmg2009@gmail.com
မဥမ္မာဌေး(ရန်ကုန်) dimpletwo@gmail.com

Read more...

ပုထုဇဉ်အွန်လိုင်း

စကားလုံး ပွင့်ဖို့
စိတ်ကို
ပျိုး

အသံသာပေမယ့်
အနံ့မပါတဲ့
ဂါထာတွေ
အဆီတ၀င်းဝင်း ရွတ်ဆိုခဲ့ကြသပေါ့..
ဒီလိုနဲ့
ထေရ န၀ မဇ္ဈိမနှစ်များ

စာပုလွေဟောင်းလေးလား
ဂုဏ်တော်ပုတီးလေးလား
ယပ်တောင်လေးလား
လိုဏ်ဂူကျဉ်းကျဉ်းလေးလား..

ဘာပဲဖြစ်ဖြစ်
လူ့သက်တမ်းထက်
စာအုပ်သက်တမ်းနဲ့
နေခဲ့ကြရ

ဒီလိုနဲ့
ပတ်စ်ပို့စာအုပ်လေး
အဖုံးသစ်ထပ်ထပ်ဖုံးမိကြရသေး

ကဲကွယ်
အမြစ်ချင်းတူမှတော့
အပင်ချင်း မကွဲပါရစေနဲ့တော့...

ဝေစုရဗီဇာမှာ
ပရဟိတကဗျာလေး ရေးလိုက်တယ်...။

ဓမ္မဂင်္ဂါ
၂-၁၀-၂၀၁၀

Read more...

G-mail တစ်ခု ဝယ်ချင်သူ

နွေရာသီကျောင်းပိတ်ရက် မြန်မာနိုင်ငံသို့အလည်ပြန်ဖြစ်သည့်အချိန် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကလေးတစ်ခုပါ။ အခုခေတ်သည်ကား နည်းပညာခေတ်ဖြစ်နေသည် နည်းပညာ၏ပံပို့မှု့ကြောင့် ကိစ္စအတော်များများ အချိန်ကုန်လူပန်းသက်သာ၏၊ လျှပ်တစ်ပြက်အတွင်းမှာ ကမ္ဘာကြီးနှင့် တိုက်ရိုက်ဆက်သွယ် စကားပြောနိုင် ထိတွေ့နိုင်ပြီး ၊ ကမ္ဘာကြီးမှာ ဘာဖြစ်နေသည်ကိုလည်း မြင်တွေ့နိုင်ပြီဖြစ်သည်။


စာရေးသူတို့နိုင်ငံသည်ကား ဖွံ့ဖြိုးမှုအားနည်းသော်လည်း နည်းပညာပိုင်ဆိုင်ရာမှာ ညံ့သည်ဟု မဆိုင်နိုင်သေးပေ၊ သို့သော်လည်း ပြည်တွင်းက မြန်မာအများစုမှာ ကွန်ပျုတာနှင့် ပတ်သတ်၍ အခေါ်အဝေါ်များကိုမူ အင်္ဂလိပ်အသံထွက်အတိုင်း တိုက်ရိုက်ယူ၍ပြောဆိုသုံးစွဲကြ၏၊ တစ်ခြားနိုင်ငံများတွင် သူ့ဘာသာစကားတစ်ခုကို တတ်လျှင်ပင်လုံလောက်သော်လည်း၊ မြန်မာနိုင်ငံသားများအတွက် မလုံလောက်သေးပေ၊ တစ်ခြားနိုင်များတွင် မည်သည့်ပစ္စည်ပင်ထုတ်ထုတ် သူ့ဘာသာစကားဖြင့် ထည့်သွင်းထားသောကြာင့် မိမိ မိခင်ဘာသာစကား တစ်ခုကိုတတ်လျှင် အလုပ်ဖြစ်ပြီ။

အစစအရာအရာ ထိမ်းချုပ်ခံထားရသောမြန်မာပြည်မှ လူအများစုသည် မျက်စိပိတ် နားပိတ်လျှက် ကမ္ဘာကြီး၏ ပြင်ပတစ်နေရာကို ရောက်နေသကဲ့သို့ဖြစ်နေသည် ။
ထိုင်း၊ မလေးရှား စသော အိမ်နီးချင်း နိုင်ငံများတွင် ဟန်ဖုန်းကိုလူတိုင်း ကိုင်နိုင်သကဲ့သို့၊ အင်တာနက်ကိုလည်း ဖုန်းသုံးလို့ရသော နေရာတိုင်းတွင် သုံးနိုင်သည် ဖုန်းမှတစ်ဆင့်သော်လည်းကောင်း မော်ဒန်ကဒ်စနစ်ဖြင့် သော်လည်းကောင်းသုံးနိုင်၏၊ သို့သော် မြန်မာနိုင်ငံတွင်းမှာမူ ဖုန်းကိုင်နိုင်လျှင် သူဌေးဟု လူအများမှတ်ထင်နေကြတုန်းသာ ရှိသေး၏၊ ထင်လောက်အောင်လည်း ဟန်းဖုန်းကိုင်နိုင်သူများမှာ ငွေကြေးတတ်နိုင်သူများသာ၊ သာမန်လူများကိုင်နိုင်ဖို့ မဖြစ်နိုင်သေးချေ၊ အင်တာနက်ဆိုလျှင်လည်း မြို့ကြီးပြကြီးများလောက်တွင်သာ ကော်နယ်ရှင်ကျခြင် အစိုးရထိန်းချုပ်ခြင်း စသောချုပ်ချယ်ကန့်သတ်မှု များစွာဖြင့်သာ သုံးစွဲနိုင်၏၊

သို့သော်လည်း Google Talk တစ်ခုမှလွဲ၍၊ အခြား ဗဟုသုတဆိုင်ရာ ဝက်ဆိုဒ်များကိုမူ ဖွင့်မရသလောက် ဖြစ်ချေ၏၊ အင်တာနက်သုံးခြင်းသည် ကောင်လေးနှင့် ကောင်းမလေးများ Q ခြင်းမျှလောက်သာ ထင်မှတ်နေတုန်း ရှိသေး၏၊ ပြည်ပရောက် မိမိတို့သူငယ်ချင်းများ ပို့ပေးသော ဖတ်မှတ်စရာ သတင်းများကိုသာ မိမိတို့ မေးထဲမှာ မရ မက ဖွင့်ကာ ဖတ်နေရတုန်းရှိသေး၏။
တစ်နေ့- စာရေးသူတို့အိမ်နားက အင်တာနက်ကဖေးတွင် အင်တာနက်သွားသုံးစဉ် တောမှ လူကြီးတစ်ယောက်သည်၊ မလေးရှားတွင် အလုပ်လုပ်နေသော သားနှင့် စကားပြောရန်ရောက်ရှိလာလေသည်။

စာရေးသူသည်လည်း သူ့ကိုကြည့်လျှက် အကဲခပ်နေမိသည်၊ ဆိုင်ပိုင်ရှင်နှင့် တစ်ခြားအသိတစ်ဦးမှ အကူအညီပေးမှု့ကြောင့် အွန်လိုင်းက ဂျီတော့ပ်ဖြင့်ပင်လျှင်၊ ကော်နယ်ရှင်ကျလိုက် တက်လိုက် ခက်ခက်ခဲခဲ ပြောနေရှာလေသည်။
တောကလာသော ထိုလူကြီးသည် ကော်နယ်ရှင် ကျသွားသည်ကိုလည်းမသိ တက်လာသည်ကိုလည်း မသိပဲ ပြောချင်တိုင်း ပြောနေလေ၏၊ ဘေးမှလူများက ကော်နယ်ချင်ကျနေတယ် ခဏစောင့်ပါဦးဆိုမှ ရပ်လိုက်သည၊် တော်ကြာနေ ကော်နယ်ရှင်တက်လာသောအခါ ပြန်စကားပြောပြန်သည် ဤကဲ့သို့ ပြောလိုက်ရသည်ကို အလွန်အင်မတန်မှ ပီတိသောမနဿဖြစ်နေသော တောကလူကြီးသည် ဆိုင်ရှင်ကိုလှမ်းမေးလိုက်ပုံမှာ။

ငါ့တူ.. အဘ ဂျီးမေးလ်တစ်လုံးလောက်ဝယ်ချင်တယ်ကွာ ဘယ်လောက်ပေးရမလဲ သားနဲစကားပြောချင်ရင် တစ်ခါတစ်ခါ မြို့ကိုလာရတာမလွယ်ဘူးကွဲ့…….ဟူ၍ ဖြစ်လေတော့သတည်း။

အော်…….မြန်မာပြည်မှာ သူ့လို ဂျီးမေလ်းတစ်ခုလောက် ၀ယ်ထားချင်သူတွေ အများကြီး ရှိကြမှာပါ ဟု တွေးမိလေသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံက လူတော်တော်များများ သူများနိုင်ငံမှာ အလုပ်ထွက်လုပ်နေကြရပြီးလေ၊ သူတိုသားသမိးတွေကို တွေ့ချင် မြင်ချင် စကားပြောချင်ကြမှာပေါ့။

ဗမာပြည်ကပြန်အလာ ထိုင်းနိုင်ငံကိုရောက်ပြန်တော့လည်း မိမိ၏ မိတ်ဆွေ မင်းထက်တစ်ယောက် အိမ်ကို ရောက်လာပြန်သည်။
အင်္ဂလိပ်စာလုံးဝ မတတ်သော်လည်း၊ မိတ်ဆွေအပေါင်းသင်းများ၏ အကူအညီအကြောင့် ကွန်ပျုတာ အင်တာနက်များကို အထိုက်အလျှောက်သုံးစွဲနိုင်သော မောင်မင်းထက်သည် သူသိချင် တတ်ချင်သော အရာများအား၊ မရှက်မကြောက် မေးတတ်သူပီပီ အင်တာနက်မှ ဒေါင်းလုပ်လုပ်တာကို သူပြောလိုက်ပုံက၊

ကိုယ့်လူရယ်… ဟု စချီကာဖြင့်၊ အင်တာနက်က ဒေါင်းမင်းဘယ်လို လုပ်ရတယ် ဆိုတာရယ် မြန်မာလိုင်းကို ဘယ်ကဖမ်းရတယ်ဆိုတာရယ်ကို၊ ခဏသင်ပေးစမ်းပါတဲ့၊ မြန်မာပြည်တွင်နေခဲ့စဉ်က ရေဒီယိုကိုသာ သုံးဖူးခဲ့သော တောသားလေးမောင်မင်းထက်တစ်ယောက၊် အင်တာနက်က မြန်မာလိုင်းကို ဖမ်းဖို့ပြောလာလေပြီတကား။
ကဲ… ကိုယ့်လူတို့ရယ်… မရယ်ချင်ကြနဲ့နော် ဘာတွေကွာသလဲလို့သာ စဉ်စားပေးကြပါတော့။

သူငယ်ချင်းတစ်ယောက်၏ အတွေ့အကြုံကို မိမိ၏ အတွေ့အကြုံများဖြင့် ပေါင်းစပ်ကာ တင်ပြလိုက်ခြင်းဖြစ်ပါသည်။

လာအားပေးတာ ကျေးဇူးတင်ပါတယ်..

Read more...

ဧဟိဘိက္ခု ရဟန်းအဖြစ်ဟာ ဘယ်အဆင့်တန်း ရှိသူများအတွက်လဲ

ဒကာ။ ။ မြတ်စွာဘုရားလက်ထက်၌ ဧဟိဘိက္ခုရဟန်းအဖြစ် ရယူသူများအတွက် အဆင့်အတန်း သတ်မှတ်ချက်များ ထားရှိပါသေးသလား ဆရာတော်၊ စာပေကျမ်းဂန်က ဘယ်လိုများ ဆိုပါသလဲ ဘုရား။
ဆရာ။ ။ အင်း…. ဧဟိဘိက္ခုရဟန်းဆိုတာ တန်ခိုးတော်ဖြင့်ပြီးစီးတဲ့ (ဣဒ္ဓိ မယ) သပိတ်, သင်္ကန်း ပရိက္ခရာမျိုးဖြစ်တယ်၊ ယင်းရဟန်းအဖြစ်မျိုးကို ရရှိဖို့ အဆင့် အတန်း အကြောင်းက သုံးပါးရှိတယ်လို့ မှတ်ရမည်။
၁။ ရှေးဘ၀က ပရိက္ခရာ ရှစ်ပါး ပေးလှူခဲ့ဖူးသူဖြစ်ရခြင်း။
၂။ ယခုလက်ရှိဘ၀သည် (ပစ္ဆိမဘဝိက) နောက်ဆုံးဘဝသား ဖြစ်ရခြင်း။
၃။ ယောက်ျားမြတ်အစစ် ဖြစ်ရခြင်း။
ယင်းအဆင့်အတန်းအကြောင်းသုံးပါးနှင့် ပြည့်စုံရင် မြတ်ဘုရားက ဧဟိဘိက္ခု ခေါ်တော်မူတာနဲ့ ၀ါတော်ခြောက်ဆယ်ရသော မထေရ်ကြီးကဲ့သို့ သင်္ကန်းဝတ်ပြီးသား ဖြစ်သွားတာပဲ၊ စာပေကျမ်းဂန်အဆိုကတော့…..
မြတ်စွာဘုရားသခင်၏ အဖ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးဟာ ဘုရားသခင်၏ ဖခင်အရင်းဖြစ်ကာ ပစ္ဆိမဘဝိကသားဖြစ်ပေမဲ့ ပရိက္ခရာရှစ်ပါး မပေးလှူခဲ့ဖူးလို့ ဧဟိဘိက္ခု ရဟန်းဘ၀ကို မရပဲ လူသားအဖြစ်နဲ့ ပရိနိဗ္ဗာန် ၀င်စံရရှာသည်။
ပက္ကုသာတိ ဘုရင်မင်းတရားကြီးသည် မြတ်စွာဘုရား၏ တရားတော်ကို နာယူကာ အနာဂါမ်ဖြစ်သော်လည်း ပစ္ဆိမဘဝိကသားမဟုတ်သေး၍ မြတ်ဘုရားက ဧဟိဘိက္ခု ခေါ်တော်မမူဘဲ သင်္ကန်းရှာခိုင်းလိုက်ရာ နွားဝှေ့၍ အမှိုက်ပုံထဲမှာ စုတိ ကျသွားရရှာသည်၊ ကဲ…အဲဒါတွေဟာ စာပေက လာတာတွေပဲ ကျေနပ်ရဲ့လား။
ဒကာ။ ။ ဒီလို ကျကျနန သေချာစွာ သိရလို့ ကျေနပ်နှစ်သက်လှပါတယ် ဆရာတော်။

Read more...

Batchelor And Buddhism

In his long career Stephen Batchelor has moved from Buddhism, to skeptical Buddhism, to complete skepticism and now to something that isn’t Buddhism at all but which, for unaccountable reasons, he is still insists on calling Buddhism. I can quite understand why Batchelor initially revolted against the closed system of Gelupa scholasticism but in his book Buddhism Without Belief he pretty much made a break with Buddhism as a Buddhist would usually recognize it. Pity really. I read his earlier books with interest, having a bit of a skeptical streak myself, but after Buddhism without Belief I decided not to bother with his writings any more. So I have not read his most recent offering, Confessions of a Buddhist Atheist, but here is a review of it by Allan Wallace which includes (to me) a thoroughly sensible critique of Batchelor’s so-called Buddhism.
http://www.mandalamagazine.org/archives/mandala-issues-for-2010/october/distorted-visions-of-buddhism-agnostic-and-atheist/

Read more...

ကန္နီကမ္မဋ္ဌာန်း အားထုတ်နည်း

ကန္နီနည်း သို့မဟုတ် မောင်းထောင်မြေဇင်းနည်းအကြောင်းနှင့် သမထ၊ ၀ိပဿနာရှုမှတ်ရာတွင် သိသင့်သိထိုက်သော အခြေခံများကို ကိုယ်တွေ့နှင့်ယှဉ်၍ ရေးသားတင်ပြထားပါသည်။


Read more...

ငါဂေါ နာဂီ ဒု အောက်တိုဘာ

(၁)

သူ တိဘက်တက္ကသိုလ်ပရိဝုဏ်အတွင်းမှ ထွက်လာတော့ ညနေလေးနာရီခွဲရှိပြီ။ ထီးတစ်ချောင်းကို ထမ်း လွယ်အိတ်တစ်လုံးကို လွယ် ကွန်ကရိလမ်းလေးအတိုင်း သူလျှောက်လာခဲ့သည်။ တက္ကသိုလ်စာကြည့် တိုက်ရှေ့မှ ဖြတ်လျှောက်လာသည့်တိုင် စာကြည့်တိုက်ထဲသို့ မ၀င်ဖြစ်။ ဒီနေ့တစ်နေ့လုံး စာဖတ်ရတာတွေ များသွားပြီ။

စက်တင်ဘာလ တစ်ခုလုံး စာရေးဖို့ တွန့်ဆုတ်နေခဲ့သည် သို့မဟုတ် ငြီးငွေ့နေသည်။ နံနက်ခင်းတိုင်း သူသည် စောစီးစွာ အိပ်ရာနိုးထစေရန် မိုဘိုင်းဖုန်းမှ နှိုးစက်နာရီကို အားကိုးရမြဲဖြစ်သည်။ ဗာရာဏသီတွင် သူက အိပ်ရာမြဲလေသူတစ်ဦးတော့ မဟုတ်ခဲ့။ သူနေထိုင်ရာ မိဂဒါဝုန်လမ်းရှိ အခန်းလေးနှင့် (၇) ကီလိုမီတာခန့် ဝေးကွာသည့် သက္ကတတက္ကသိုလ်အဆောင် သို့မဟုတ် ဗာရာဏသီမီးရထား ဘူတာရုံကြီးအနီးရှိ ဆေးဝင်္ကဘာမြန်မာ ဘုန်းတော်ကြီးကျောင်းတွင် အိပ်စက်တတ်လေသည်။ (ဗာရာဏသီတွင် မြန်မာ ဘုန်းတော်ကြီးကျောင်း ငါးကျောင်းရှိသည်၊ မိဂဒါဝုန်မြန်မာကျောင်း၊ ဆေးဝင်္ကဘာ မြန်မာကျောင်း၊ မဇ္ဈိမသုခ ဖောင်ဒေးရှင်းကျောင်း၊ ဓမ္မစကြာရိပ်သာကျောင်းနှင့် ဆီဂရာမြန်မာကျောင်းတို့ ဖြစ်သည်။)

ဆေးဝင်္ကဘာ(သို့) သက္ကတတက္ကသိုလ်အဆောင်တွင် အိပ်စက်မိပြီဆိုလျှင် မနက်စောစော မိဂဒါဝုန်လမ်းဆီ တိဘက်တက္ကသိုလ်စာသင်ချိန်အမီ ထပြေးရတတ်သည်။ အော်တိုသုံးဘီးကားလေးတစ်စီး အဆင်သင့်ငှါးရမ်းခွင့် ရဖို့ ဆုတောင်းရသေးသည်..။

ရွှေပြည်ကြီးမှာ နေစဉ်က သူသည် ဤမျှ ၀ီရိယကောင်းခဲ့သည်တော့ မဟုတ်ခဲ့။ မဟာယာနဗုဒ္ဓဘာသာ အ၀ိုင်းအ၀ိုင်းထဲရောက်နေသည့် ထေရ၀ါဒရဟန်းတစ်ပါးဟူသော တွန်းအားကြောင့်သာ သူ့ကိုယ်သူ ရှေ့တိုး နေမိခြင်းသာ ဖြစ်သည်။ သူ့အကြောင်းသိသူများ၏ စကားဝိုင်းတွင် သူသည် ပျင်းရိလေးတွဲ့သော ခပ်ညံ့ညံ့တစ်ဦးအဖြစ် စာရင်းပေါက်ခဲ့ပြီး ဖြစ်ပါသည်။

လွန်ခဲ့သောနှစ်က သူကိုယ်တိုင် နှစ်ခြိုက်လိုလားစွာ ဘလော့လေးတစ်ခုကို ဖွင့်မိခဲ့သည်။ သူသည် ဂင်္ဂါကို ဧရာဝတီလောက် မမြတ်နိုးသည့်တိုင် ဗာရာဏသီနေ့ရက်များနှင့် လိုက်လျောညီထွေဖြစ်စေရန် ဓမ္မဂင်္ဂါ ဟူသော အမည်ကို ရွေးချယ်ဖြစ်သွားသည်။ နောက်များမှာတော့ ဓမ္မဂင်္ဂါသည် သူ အဦးအစအသုံးပြုသော အမည်မဟုတ်မှန်း သိသွားရပြန်သည်။ ကာလကတ္တားအခြေစိုက် ၀ိပဿနာဂုရုကြီး အက်စ်ဂိုအင်ကာ၏ ကမ္မဋ္ဌာန်း ရိပ်သာ ခွဲအမည်ဖြစ်နေခဲ့လေသည်။

မည်သို့ဆိုစေ သူသည် ဂင်္ဂါကို ကူးခတ်မိခဲ့ပြီ။

(၂)

နေ့စဉ်ပင် တစ်နေ့တာပါဠိသင်တန်းသုံးကြိမ်အတွက် သင်ခန်းစာပြင်ဆင်ရသည်။ မနက် (၈း၀၀)နာရီတွင် ဥပစာတန်း (က)အတွက် ခုဒ္ဒကနိကာယ်၊ ခုဒ္ဒပါဋ္ဌပါဠိကို ပို့ချသည်။ ရွှေပြည်ကြီးတွင် အကြိမ်ကြိမ်ရွတ် ဖတ်ခဲ့ရသော မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တသုတ်၊ တိရောကုဋသုတ်၊ နိဓိကဏ္ဍသုတ်များကို ပို့ချရသည် ဆိုသော်လည်း ဂါထာများကို စစ်စစ်ပေါက်ပေါက် အင်္ဂလိပ်ဘာသာဖြင့် ရှင်းပြရသည်က ချွေးပြန်သည်။ သင်တန်းသားက ငါးယောက်သာဖြစ်သည်။ လားမားရဟန်းတော်သုံးပါး၊ ရုရှားကျောင်းသားတစ်ယောက်နှင့် ဂျမူးကက်ရှမီးယားပြည်နယ်က လာဒက်ကျောင်းသူလေးတစ်ယောက်ဖြစ်သည်။ သည်ရက်ပိုင်းမှာ တုတ်ကွေး ရောဂါကြောင့် လားမားရဟန်းတစ်ပါးနှင့် လာဒက်ကျောင်းသူလေးက ကျောင်းမတက်နိုင်။ သို့နှင့် သင်ခန်းစာအသစ်လည်း မပို့ချဖြစ်။ မေတ္တသုတ်ကိုပဲ ပြန်နွှေးပေးဖြစ်သည်။

၈း၄၅ နာရီတွင် တက္ကသိုလ်စာသင်ခန်းမှ သူ့အခန်းလေးရှိရာသို့ ပြန်လာမြဲဖြစ်သည်။ အင်္ဂလိပ်စာ သင်တန်းတက်မည့် မိတ်ဆွေမြန်မာရဟန်းတော်များက သူငှါးရမ်းနေထိုင်ရာ အဆောင်ရှေ့တွင် အဆင်သင့် စောင့်နေကြသည်။ သူ့အခန်းလေးက သင်တန်းသားရဟန်းတော်များအတွက် ကျဉ်းမြောင်းသည်မို့ အဆောင်ရှေ့မြက်ခင်းပြင်သည်ပင် သင်တန်းခန်းမဖြစ်သွားသည်။

ကမ္ဘာကျော်ဘင်္ဂါလီစာဆိုကြီး ရာဗိန္ဒြာနတ် တဂိုး၏ သျှန္တိနိကေတန်တက္ကသိုလ်ကြီးနှင့် နိုဘယ်ဆုရ မဟာကရုဏာ ရှင် မာသထရီဆာ၏ ကိုလ်ကတ္တားမြို့တော်ရှိ လူမှုဝန်ထမ်းပညာရေးစင်တာကြီးသည် သစ်တစ်ပင်ရင်း ၀ါးတစ်ပင်ရင်း စာသင်ခန်းမှ စတင်ခဲ့သည်ဟု ဆိုပါသည်။( သူကတော့ ရွှေပြည်ကြီးပြန်ရောက်လျှင် အကဲဒမစ်ခ် စင်တာအဆောက်အဦးကြီး ခမ်းနားစွာ တည်ဆောက်ပြီးမှ သင်တန်းစတင်ရန် တွေးနေမိသည်ကို ပြန်သုံးသပ်နေရသည်။ )

တနင်္ဂနွေနေ့မှ လွဲ၍ အခြားအကြောင်းထူးမရှိလျှင် သင်တန်းဖျက်လေ့မရှိပါ။ ၉း၄၅ နာရီတွင် သူ့အင်္ဂလိပ်စာ သင်တန်းပြီးသွားသည်။ ၁၀း၀၀ နာရီမှ ၁၁း၀၀ နာရီအထိ သူ့ကိုယ်ပိုင်အချိန်ဖြစ်သည်။ ၀က်ဘ်ဆိုဒ်အချို့ကို ဖွင့်ကာ သတင်းစာမျက်နှာများကို ၀င်ရောက်ဖတ်ရှုဖြစ်သည်။ ပြုံးလိုက် မဲ့လိုက်....သံဝေဂယူဖြစ်သော အချိန်ဖြစ်သည်။

၁၁း၀၀ နာရီထိုးသည်နှင့် သီတင်းသုံးဖော်ရဟန်းတို့ လက်စွမ်းလက်စရှိသမျှ ချက်ပြုတ်ထားသော နေ့လည်စာ ကို စားခွင့်ရပါသည်။ (သူနှင့် အတူနေထိုင်ကြသည့် ရဟန်းတော်များက ဟင်းချက်ဂုရုကြီးများဖြစ်သည်။ သူကတော့ နာမည်ပျက်မည့်အတူတူ နာမည်အပျက်မခံတော့ပါ။ အိမ်း အိမ်း။)

၁၁း၃၀ နာရီတွင် တက္ကသိုလ် ဥပစာအကြိုတန်း(က)တွင် အခြေခံပါဠိသဒ္ဒါနှင့် ဇာတက၀တ္ထုမိတ်ဆက်ပို့ချရန် အပြေးသွား ရပြန်သည်။ ပါဠိဘာသာကို ပထမဆုံးမိတ်ဆက်ပေးရသော အတန်းဖြစ်၍ ဂရုစိုက်ရသည်။ ကျောင်းသားက လေးယောက်သာ ရှိသည်။ နီပေါလ်ကျောင်းသားတစ်ယောက်၊ အရုဏာချယ်လ်ပြည်နယ်သား ကျောင်းသားတစ်ယောက်နှင့် တိဘက်လားမားနှစ်ပါးတို့ဖြစ်သည်။ ယနေ့တော့ သူသည် ရွှေပြည်ကြီးမှ ထေရ၀ါဒရဟန်းတော်များဆွမ်းခံချိန်အကြောင်းကို ပြောပြဖြစ်သည်။ သပိတ်ဟူသော ဝေါဟာရကို ရှင်းပြရာမှ ဆင့်ပွားသွားခြင်းဖြစ်သည်။ မဟာယာနကျောင်းသားများအတွက် အထူးအဆန်းဘာသာရပ်တစ်ခုဖြစ်နေသည်။ ၁၂း၃၀ တွင် သင်တန်းပြီးသွားသည်။

၁၂း၃၀ သင်တန်းပြီးသည်နှင့် သူ့ပါဠိဌာနပါမောက္ခ ဆူရိန္ဒြာကုမားရ်ကြီးက စောင့်နေသည်။ ယနေ့ တက္ကသိုလ်ပထမခြောက်လပတ်အတွက် မေးခွန်းများအပြီးသတ် တင်သွင်းရမည့်နေ့ဖြစ်သည်။ သူ့စိတ်ဝယ် ထင်မြင်နေမိသည်က သူပို့ချသည့်အတန်းကို သူကိုယ်တိုင်မေးခွန်းထုတ်ခွင့်ရမည် ဟုပင်။ သို့သော် သူ့နာမည်ဖြင့် လိပ်မူရောက်ရှိလာသည်က ပါမောက္ခ ဆူရိန္ဒြာကူးမားရ်ပို့ချနေသည့် ဥပစာတန်း(ခ)အတွက် မေးခွန်းထုတ်ရန်ဖြစ်နေသည်။ သူ့ပို့ချနေသည့် ဥပစာအကြိုတန်း(က)အတွက် ပါမောက္ခ ဆူရိန္ဒြာကူးမားရ်က မေးခွန်းထုတ်မည်။ ဥပစာတန်း(က)အတွက်တော့ ဗာရာဏသီဟိန္ဒူတက္ကသိုလ်မှ ပါမောက္ခတစ်ဦးက မေးခွန်းထုတ် မည်ဟု သိရသည်။ အားလုံးဖြေနိုင်ကြပါစေ။ စာမေးပွဲက ဒီဇင်ဘာမှာ ကျင်းပမည်မို့ နှစ်လခန့်လိုပါသေးသည်။

(၂)

၁း၃၀ နာရီတွင် သူတက်ရောက်နေသော တိဘက်ဘာသာစကားသင်တန်း စတင်ပါသည်။ တိဘက်သင်တန်းက တစ်ပတ်လျှင် သုံးရက်ဖြစ်သည်။ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များဖြစ်သည်။ သင်တန်းပို့ချသည့် ပါမောက္ခတိဘက်လားမားကြီးက လေ့ကျင့်ခန်းလုပ်ခိုင်းသည်။ '' ဂုရုဂျီး ငါ့ဂေါ နာဂီ ဒု'' ( ဂုရုကြီးရေ ငါ့ခေါင်းတော့ သိပ်ရှုပ်သွားပြီ) ဟု သူပြောသောအခါ ခင်မင်ဖွယ်ကောင်းသည့် လားမားကြီးက တသိမ့်သိမ့်ရယ်မောလေသည်။ (တိဘက်လားမားကြီးက လူရွှင်တော်အကယ်ဒမီဦးမိုးဒီကြီးနှင့် တူလှသည်။)

(ငါက ငါ၊ ဂေါက ခေါင်း-ဂေါင်းဖြစ်သည်) တိဘက်ဘာသာစကားက မြန်မာနှင့် သင်ပုန်းကြီးတူလှသည်။ မြန်မာဆိုရိုးလိုပင် ဆိုရသည်။ မြန်မာက က ငသတ်ဆိုသလိုပင် တိဘက်ကလည်း က ငတတ် ဟုဆိုရသည်။ မြန်မာက က ၀ဆွဲဆိုသလိုပင် တိဘက်ကလည်း က ၀ဆိုး ဟု ဆိုရသည်။မြန်မာက က ယပင်း ကျ ဆိုရသလိုပင် တိဘက်က က ယတတ် ကျ ဆိုရသည်။ မြန်မာက က လုံးကြီးတင် ကိ ဆိုရသလို တိဘက်က က ဂေကု ကိ ဟု ဆိုရသည်။

တိဘက်စာသင်ဘက်များက ဒဿနိကဗေဒပါမောက္ခဟောင်းဆရာကြီးတစ်ဦး၊ နိုင်ငံရေးသိပ္ပံကထိက ဆရာတစ်ဦးနှင့် အင်္ဂလိပ်စာတွဲဘက်ပါမောက္ခဆရာမတစ်ဦးတို့ဖြစ်သည်။ တိဘက်လားမားကြီးက ဟိန္ဒီလို ပို့ချလိုက် အင်္ဂလိပ်လို ရှင်းပြလိုက်ဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားကတော့ သူ့အတွက် ရည်ရွယ်သည်။ လားမားကြီးက ရိုးသားပွင့်လင်းစွာပင် အင်္ဂလိပ်ဝေါဟာရအချို့ မသိသောအခါ ဆရာမနှင့် ပါမောက္ခ ဟောင်းကြီးကို မေးမြန်း လေ့ရှိသည်။ နွေးထွေးသော စာသင်ခန်းဖြစ်သည်။

ဤတက္ကသိုလ်တွင် ဆရာ ဆရာမများကြား ခွဲခြားဆက်ဆံမှုမျိုးရှိသည်ကို ယနေ့အထိ မတွေ့ရ။ ပါမောက္ခများ၊ ကထိကများကြားဆက်ဆံရေးသည် ပွင့်လင်းလွတ်လပ်သည်။ ဟိတ်ဟန်းလည်း နည်းပါးကြသည်။ အမှန်တကယ် ဆိုလျှင် သူက ဧည့်သည်မျှသာ ဖြစ်သည်။ ဆရာမက အိမ်ထောင်သည် ဘင်္ဂါလီ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူ့ကို '' ဘန္တေဂျီး ဟဆ်မုခ်ဟဲ '' ဟု အမြဲပြောတတ်သည်။ မျက်နှာချိုသည်ဟု ဘာသာပြန်ခွင့်ပြုကြပါ။ ရင်းနှီးသူများဘာသာပြန်လျှင် တစ်မျိုးအနက် ထွက်နိုင်သောကြောင့်ဖြစ်သည်။

သင်တန်းချိန်က တစ်နာရီသတ်မှတ်ထားသော်လည်း အမြဲတမ်း နှစ်နာရီခွဲခန့်ကြာတတ်လေသည်။ မဇ္ဈိမသား တို့ကတော့ ပြောလည်း ပြောနိုင်ကြသည်။ နားလည်း နားထောင်နိုင်ကြပေသည်။ သူ့မှာသာ ရွှေပြည်ကြီးသားပီပီ အတိုကြိုက် အမြန်ကြိုက် အလွယ်ကြိုက်...။ တိဘက်သင်တန်းတက်နေစဉ်မှာပင် သူပို့ချရမည့် ပါဠိအထူးသင်တန်းချိန်ရောက်လာသည်။ ၂း၃၀ နာရီ ။

သင်တန်းသားက စာရင်းအရ (၇)ယောက်ရှိသော်လည်း တကယ့်သင်တန်းသားက သူ့တပည့်ရင်း နှစ်ယောက်သာ မြဲနေသည်။ ဥပစာကြိုတန်း က နီပေါလ်ကျောင်းသားနှင့် ဥပစာတန်းက ရုရှားကျောင်း သားဖြစ်သည်။ တပည့်ကျောင်းသားနှစ်ယောက်၏ ပါဠိဘာသာစိတ်ဝင်စားမှုနှင့် အားထုတ်မှုကို အသိအမှတ်မပြုဘဲ နေ၍ မရတော့ပါ။ အချိန်တိုတိုအတွင်းမှာပင် ပါဠိဝါကျတည်ဆောက်ပုံများကို နားလည် သွားကြသည်။ တပည့် ချွန်ထက်လျှင် ဆရာအနေဖြင့် မချောင်လည်ကြောင်း သိကြလိမ့်မည်။ ငယ်စဉ်က ဆရာဘုန်းတော်ကြီး၏ "သံသယများတဲ့ တပည့်ကို ဂရုစိုက်ရတယ်'' ဆိုသော သြ၀ါဒကို အမှတ်ရသည်။ ဘာသာရပ်တစ်ခုကို စူးစိုက်လေ့လာသည့် တပည့်အတွက် သံသယများ တိုးပွားသည်။ သိလိုသော အရာတို့ များလာသည်။ ဆရာက အဆင်သင့်ဖြစ်ဖို့ အရေးကြီးသည် တဲ့။

ပါဠိဝါကျများနှင့် ရင်းနှီးကျွမ်းဝင်လာပြီဖြစ်သော ဤကျောင်းသားနှစ်ယောက်အတွက် ယခုတစ်ပတ်မှ စတင်ကာ ဓမ္မပဒအဋ္ဌကထာကို သူပို့ချဖြစ်ခဲ့သည်။ ယခုအထိတော့ အခက်အခဲ မရှိသေး။ လွန်ခဲ့သောတစ်ပတ်ကတော့ ဗာရာဏသီဟိန္ဒူတက္ကသိုလ်တွင် တက်ရောက်နေသည့် မိတ်ဆွေရဟန်းတော် စွန်းလွန်းအရှင်သောဘနာလင်္ကာရထံမှ အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီး၏ အဋ္ဌကထာအခြေပြုဖိုင်လ်လေးတစ်ခု ပေးပို့ထားသည်။ ကိုးကားရည်ညွှန်းနိုင်ရန်ဖြစ်သည်။

ပထမဆုံး ယမက၀ဂ်၊ စက္ခုပါလမထေရ်ဝတ္ထုကို စတင်ဖတ်ကြသည်။ ထေရ၀ါဒနှင့် မရင်းနှီးသော တပည့်ကျောင်းသားများကို ပါဠိဘာသာစကားကိုသာမက ထေရ၀ါဒနောက်ခံသမိုင်းကိုပါ ပြန်လှန်နေရသည်။ စက္ခုပါလ၀တ္ထုဖွဲ့တည်ရာ သာဝတ္ထိမြို့ကြီးအကြောင်း၊ အနာထပိဏ်သူဌေးကြီးနှင့် ၀ိသာခါဒကာမကြီးတို့၏ ဇေတ၀န်နှင့် ပုဗ္ဗာရုံကျောင်းတော်ကြီးများ။ ပုထုဇဉ်နှင့် အရိယာသာဝကတို့၏ ထူးခြားချက်။ ဘုရားရှင်တို့ ဖြည့်ဆည်းရသည့် ပါရမီဆယ်ပါးနှင့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအရေအတွက်ကာလများ..။

သာဝတ္ထိမြို့၏ လူဦးရေ (၇)ကုဋေရှိကြောင်းနှင့် (၅)ကုဋေက အရိယာသာဝကများဖြစ်ကြောင်း၊ ပုထုဇဉ်မှာ (၂)ကုဋေမျှသာ ရှိကြောင်း ရှင်းပြသောအခါ ကျောင်းသားနှစ်ဦးလုံးက သူ့ကို မော့ကြည့်သည်။ အနာထပိဏ် သူဌေးကြီးနှင့် ၀ိသာခါဒကာမကြီးတို့ ဘုရားကျောင်းတော်သို့ လာသည့်အခါ ကိုရင်ငယ်လေးများ ပြေးလွှားကာ မုန့်တောင်းနေကြသည့်မြင်ကွင်းကိုတော့ ကြည်နူးစွာပင် စာသင်ခန်းထဲမှ ဆရာတပည့်များ လှမ်း မျှော်ကြည့်ဖြစ်ကြသည်။

(၄)

စာမရေးတာ ကြာပြီနော် ဟု ဆိုလာကြသည့် မိတ်ဆွေအချို့အတွက် ကောက်ခြစ်မိသော ၀ါကျအချို့သာ ဖြစ်သည်။ တစ်ဘက်ဆည်ကန်တွင် ဆောင့်တိုးဝင်ရောက်လာသည့် တောင်ကျချောင်းရေလိုပင် စကားလုံးအချို့ သူ့နှလုံးသားဗဟိုချက်တွင် တဒုတ်ဒုတ်ထိနေသည်။ သို့သော် သူသည် ယမန်နှစ်က စီးဆင်းအားကို လိုက်မမီနိုင်အောင် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သိမ်းဆည်းနေရသည်။ ခေါင်းတွေ ရှုပ်လိုက်တာ...(ငါဂေါ နာဂီ ဒု)

ဓမ္မဂင်္ဂါ

၁-၁၀-၂၀၁၀

တကယ်ပါ (ဂေါ နာဂီ ဒု)

Read more...

ချမ်းမြေ့ဆရာတော်၏ အော်ရီဂွန်ပြည်နယ်၊ Portland ဓမ္မခရီးစဉ် မှတ်တမ်းဓာတ်ပုံများ

Monday, 27 September 2010 18:17 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ Portland မြို့ - သိရီမင်္ဂလာကျောင်းတိုက်သို့ ချမ်းမြေ့ဆရာတော်ဘုရားကြီး 2010-ခု၊ စက်တင်ဘာလ ၂၆ ရက်နေ့ ဓမ္မခရီးစဉ်အဖြစ် ကြွရောက်ချီးမြောက်စဉ် အမှတ်တရ မှတ်တမ်းတင်ဖြစ်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံများပါ၊

Read more...

သင်္ကန်းအရောင်ဘယ်လိုသတ်မှတ်ပါလဲ

အမေး။ ။မြတ်စွာဘုရားက သင်္ကန်းအရောင်ကို ဘယ်လို သတ်မှတ်ခဲ့ပါသလဲဘုရား၊ ၀ိနည်းတော်နဲ့ကိုက်ညီတဲ့ သင်္ကန်းနဲ့အရောင်ကို သေချာစွာ ရှင်းပြပေးတော်မူပါဘုရား။
ကိုညီညီအောင်
မင်းဘူးမြို့နယ်၊ မကွေးတိုင်း၊

အဖြေ။ ။ သင်္ကန်းအရောင်နဲ့ပတ်သက်ပြီး ဘုရားရှင်လက်ထက်တော်က ဘယ်အရောင်ဝတ်ရမယ်ဆိုတာ အတိအကျ မဖေါ်ပြထားပေမဲ့ မဟာဝါ စီဝရက္ခန္ဓကမှာ မအပ်တဲ့သင်္ကန်းအရောင် ခြောက်မျိုးကို ဘုရားရှင်က ပညတ်ထားတာတွေ့ရတယ်။ မ၀တ်အပ်တဲ့သင်္ကန်းအရောင်ခြောက်မျိုးက..
(၁)အလုံးစုံ ညိုမောင်းတဲ့အရောင်။ (၂) အ၀ါရောင်။ (၃) အနီရောင်။ (၄) မည်းနက်တဲ့အရောင်။ (၅) ကင်းခြေများကျောကုန်းအရောင်။ (၆) ဖက်ရွက်ရော်လို ဖျော့တော့တဲ့အရောင်များဖြစ်ကြတယ်။ဒီ ခြောက်မျိုးဟာ သင်္ကန်းအတွက်မအပ်တဲ့အရောင်များဖြစ်ပါတယ်။
နားလည်အောင်တစ်ပါးစီ ပြောရရင် ညိုတယ်ဆိုတာ ဆံပင်နက်ညိုမဟုတ်ပါဘူး။ ကောင်းကင်အရောင် ပြာညိုမျိုးဖြစ်တယ်။ဒါကြောင့် သင်္ကန်းအပြာရောင် မဆိုးအပ်ဘူး။ မောင်းတယ်ဆိုတာက အမဲ အပြာ အနီ သုံးရောင်စပ်ထားတဲ့ မဉ္ဇိဋ္ဌ အနီဖျော့ ပန်းရောင်ကိုခေါ်တယ်။ ဒီပန်းရောင်လဲ မဆိုးအပ်ဘူး။ ပီးတော့ အ၀ါရောင်ဆိုတာက ၀ါရွှေတဲ့အရောင်၊ ဖြစ်တယ်။ ဒီဝါရွှေတဲ့အရောင်လဲ မအပ်ပါဘူး။ အနီရောက်ဆိုတာက ဒီနေရာမှာ နီလွန်းတဲ့အရောင်ဖြစ်တယ်၊ လယ်ခေါင်ရမ်းပွင့်အရောင်နဲ့နှိုင်းပြထားပါတယ်။ ယခုအခါ ကြက်သွေးအရောင်၊ ငါးရှဉ့်သွေးအရောင်များလို့ခေါ်နေကြတဲ့အရောင်များဖြစ်တယ်။ ထိုအရောင်ကိုလဲမဆိုးကောင်းပါဘူး။ နောက်တစ်ခု နက်သောအရောင်ဆိုတာကို ဆင်ပုတီးစေ့အဆင်းနဲ့နှိုင်းထားပါတယ်။ ဆင်ပုတီးစေ့ဟာ မီးသွေးလိုမည်းနက်နေတဲ့အတွက် သင်္ကန်းကို မီးသွေးအရောင်လဲ မဆိုးသင့်ပါဘူး။ ပီးတော့ ကင်းခြေများရဲ့ကျောကုန်း အရောင်ဖြစ်တယ်။ ကင်းခြေများရဲ့ကျောကုန်းအရောင်နဲ့စပ်လို့ပြောရရင် မြန်မာပြည်မှာတော့ ဒေသနဲ့ရာသီဥတု မတူညီမှုကြောင့် အရောင်များပြောင်းလဲတာတွေ တွေ့ရပါတယ်။ ဧရာဝတီဒေသမှာဖြစ်တဲ့ ကင်းခြေများနဲ့ အောက်ပြည် အောက်ရွာမှ ဖြစ်တဲ့ ကင်းခြေများရဲ့အရောင် မတူညီကြပါဘူး။ ဧရာဝတီဘက်မှာဆိုရင် ကင်းခြေများရဲ့ကျောကုန်းအရောင်ဟာ အများအားဖြင့် မည်း(မဲ)နေတာတွေ့ရပါတယ်။ အချို့ကင်းခြေများအရောင်က အစိမ်းဖက်ကို လုပြီး အစိမ်းပုပ်ရောင်မျိုး ဖြစ်တယ်။ စာရေးသူတို့ တနင်္သာရီတိုင်းဒေသ အတွင်းမှာတော့ ကင်းခြေများရဲ့ကျောကုန်းအရောင်ဟာ နီညိုဖြစ်တယ်။ ဒီနီညိုရောင်သင်္ကန်းမျိုးက ယခုမြန်မာပြည်မှာ အများဆုံးဝတ်ကြတဲ့သင်္ကန်း အရောင်မျိုးဖြစ်တယ်။ အမှန်တော့ မြန်မာပြည်မှာရှိတဲ့ ကင်းခြေများရဲ့အရောင်ဟာ အမျိုးမျိုးရှိကြတဲ့အတွက် တစ်ထစ်ချ သတ်မှတ်လို့မရပါဘူး။ ဘုရားရှင်ပညတ်တော်မူခဲ့တာက မဇ္ဈိမဒေသ ဖြစ်တယ်ဆိုတာ သတိထားမဲ့အချက်တစ်ခုပါ။
ဒါကြောင့် အိန္ဒိယဒေသတစ်ခွင်မှာ ရှင်သန်လေ့ရှိတဲ့ ကင်းခြေများရဲ့ကျောကုန်းအရောင်ကို ယူရင်ပိုပြီးတိကျပါလိမ့်မယ်။ ဒါဖြင့် အိန္ဒိယဒေသမှာဖြစ်တဲ့ ကင်းခြေများရဲ့ကျောကုန်းအရောင်က ဘာအရောင်လဲလို့မေးရင် တိတိပပ မပြောနိုင်ပါ။ ဒါကြောင့် ပညာရှိများ အရောင်အတိအကျကို ကျမ်းဂမ်မှာတွေ့ခဲ့ရင် ဖေါ်ပြပေးတော်မူကြဖို့ မျှော်လင့်ပါတယ်။ နောက်တစ်ခုက ဖက်ရွက်ရော်လို ဖျော့တော့တဲ့အရောင် ဖြစ်တယ်။ အခုဖေါ်ပြခဲ့တာတွေက မအပ်စပ်တဲ့သင်္ကန်းအရောင်ခြောက်မျိုးဖြစ်ပါတယ်။
တစ်ခါ အပ်စပ်တဲ့အရောင်ကို ပြောရရင် အနီ၊ အညို၊ အ၀ါ ရောယှက်ပြီး မနီလွန်း မညိုလွန်းသောအရောင်ရှိတဲ့သင်္ကန်းကို ဘုရားရှင်နဲ့ တပည့်ရဟန်းများ ၀တ်ရုံတော်မူကြတယ် လို့ အဂ္ဂမဟာပဏ္ဍိ ဘဒ္ဒန္တ ကုဏ္ဍလမထေရ် ရေးသားပြုစုတော်မူတဲ့ မဟာသုတဒီပနီကျမ်းမှာ ဖေါ်ပြထားပါတယ်။ ထိုဖေါ်ပြချက်ဟာ ဘုရားရှင် တားမြစ်တော်မူခဲ့တဲ့ မအပ်စပ်တဲ့သင်္ကန်းအရောင်ခြောက်မျိုးမှာ မပါတဲ့အတွက် သင့်မြတ်လှပါ ကြောင်း။
ဝိနည်းတော်နဲ့အညီ သင်္ကန်းပုံသဏ္ဍာန်
သင်္ကန်းကို လယ်ကန်သင်းလို လယ်ကွက်ပုံစံ ခွင့်ပြုတော်မူခဲ့ပါတယ်။ ဒါနဲ့စပ်လို့ ဘုရားရှင်ဟာ တစ်နေ့ ရာဇဂြိုဟ်ပြည်မှ ဒက္ခိဏဂီရိဇန ပုဒ်ကို ဒေသစာရီကြွချီတော်မူရာ လမ်းခလပ်မှာ မဂဓတိုင်းသားတို့ရဲ့ လယ်ကန်သင်းပြုလုပ်ထားပုံကို မြင်တော်မူပါတယ်။ လေးထောင့်ကန်လယ်ကွက်နှစ်ကွက်ရဲ့အကြားမှာ လမ်းကလေးတစ်ခုရှိနေတယ်။ ဒါဟာ လယ်ကွက်နှစ်ခုရဲ့ကြားမှာ လယ်ကိုရေသွင်းဖို့ ဖွဲ့ထားတဲ့ ရေမြောင်းငယ်ဖြစ်တယ်။ စနစ်တကျဖွဲ့ထားတဲ့ မာဂဓတို့ရဲ့လယ်မြေကွက်ကို မြင်တောမူတဲ့အတွက် ဘုရားရှင်က “အာနန္ဒာ….မာဂဓတို့ရဲ့လယ်ကန်သင်းကို တွေ့တယ်မဟုတ်လား” လို့မေးတောမူပါတယ်။ အရှင်အာနန္ဒာက “မြင်ပါတယ်ဘုရား”လို့လျှောက်ထား တယ်။ ထိုအခါဘုရားရှင်က “ အာနန္ဒာ……..မာဂဓတို့ရဲ့လယ်ကန်သင်းပုံစံမျိုး သင်္ကန်းကို စီရင်နိုင်မလား” မေးတော်မူတော့ “ စီရင်နိုင်ပါတယ် ဘုရား” လို့ အရှင်အာနန္ဒာက ပြန်လည်လျှောက်ထားတယ်။ ရာဇဂြိဟ်ပြည်ပြန်ရောက်တော့ သင်္ကန်းကို လယ်ကွက်ပုံစံဖြတ်တောက်ပြီး ချူပ်လုပ်ပါ တယ်။ ချုပ်လုပ်ပြီးတဲ့သင်္ကန်းကို ဘုရားရှင်အား ပြတော်မူတဲ့အခါ ဘုရားရှင်က ရှင်အာနန္ဒာအားချီးမွန်းတော်မူပါတယ်။ အဲဒီမှာ ဘုရားရှင်က မဖြတ်တဲ့သင်္ကန်းကို မသုံးဆောင်ရ ဖြတ်ထားတဲ့ ဒုကုဋ်၊ ကိုယ်ရုံသင်္ကန်းများ၊သင်းပိုင်များကိုသာ သုံးဆောင်ရမယ်လို့ ခွင့်ပြုတော်မူပါတယ်။
သင်္ကန်းကို အပိုင်းပိုင်းဖြစ်အောင်ဖြတ်ပြီး လယ်ကွက်ပုံစံလို ချုပ်လုပ်ရမယ်လို့ဆိုလိုပါတယ်။ သင်္ကန်းကို မဖြတ်ဘဲ ပြောင်ချောထားပြီး အနားလုံးကာ ချုပ်ဝတ်လို့မရဘူးလား၊ ဘာကြောင့် လယ်ကွက်လို ဖြတ်ချုပ်ပြီးမှ ၀တ်ခွင့်ပြုရတာလဲလို့ မေးစရာ တစ်ခုရှိပါတယ်။
လယ်ကွက်ပုံသဏ္ဍာန် ဖြတ်ချုပ်ရတဲ့အကြောင်းက (၁) သူခိုးဓားမြများက သင်္ကန်းကိုမျက်စိကျပြီး အန္တရာယ်ပြုမှာစိုးတာကတစ်ကြောင်း။ (၂) စနစ်တကျချုပ်ထားတဲ့အတွက် ကြည်ညိုဖွယ်ဖြစ်တာကတစ်ကြောင်း။ (၃) ရဟန်းတော်များဟာ ကောင်းမှုမျိုးစေ့တို့ရဲ့တည်ရာ လယ်ယာမြေနဲ့တူ တယ်ဆိုတဲ့အဓိပ္ပါယ်ကို ဆောင်တာကတစ်ကြောင်း ဒီအကြောင်းသုံးမျိုးကြောင့် သင်္ကန်းကို လယ်ကွက်ပုံစံလေးထောင့်အပိုင်းများ ပိုင်းဖြတ်ပြီး ချုပ်လုပ်စေခြင်းဖြစ်ပါတယ်။
သင်္ကန်းရဲ့ အလျား x အနံ ပမာဏ
ဘုရားရှင်ရဲ့သင်္ကန်းတော်ပမာဏနဲ့သင်္ကန်းတော်ပမာဏထက်သာလွန်တဲ့သင်္ကန်းမျိုးကို သုံးဆောင်ရင် ပါစိတ်အာပတ်သင့်စေလို့ပညတ် ချက်ရှိပါတယ်။ဒါကြောင့်ရဟန်းတော်များရဲ့သင်္ကန်းဟာ ဘုရားရှင်ရဲ့သင်္ကန်းတော်အောက် ငယ်ရပါမယ်။ ဘုရားရှင်ရဲ့သင်္ကန်းတော်ပမာဏက အလျား ၉ ထွာ၊ အနံ ၆ ထွာဖြစ်တယ်။
တစ်ခါသင်္ကန်းရဲ့ အတိုဆုံးပမာဏကို ပထမကထိနသိက္ခာပုဒ် ကင်္ခါမှာ ဧကသီ၊သင်္ကန်းကြီးအတွက် အလျား ငါးတောင် တောင်ဆုပ်၊ အနံ သုံးတောင် တောင်ဆုပ်။ သင်းပိုင်အတွက် အလျားက ဧကသီအတိုင်း ငါးတောင် တောင်ဆုပ်၊ အနံ က နှစ်တောင် လို့ဆိုထားပါတယ်။ အကြီးဆုံးပမာဏက ဘုရားရှင်ရဲ့သင်္ကန်းတော်အောက်ပမာဏရှိရင် သုံးဆောင်အပ်ပါတယ်။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP