* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, September 20, 2010

*ပါရမီဖြည့်သူ၌ ရှိထိုက်သောတရား*

Written by တောသားလေး 1 အကြံပြုပါသည်။ Posted in:

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ကိုယ်တစ်ယောက်တည်းအတွက်မဟုတ်ပဲ အများအတွက် ကိုယ်ကျိုး မငဲ့ဘဲ ပါရမီဖြည့်သူ၌ ရှိထိုက်သောတရားတို့ကို အောက်ပါအတိုင်းဟောကြားတော်မူခဲ့ပါသည်။
၁။ သတ္တ၀ါတို့အပေါ်၌သနားမှု- ဂရုဏာ
၂။ အကျိုးလိုလားမှု- မေတ္တာ
၃။ ကယ်တင်နိုင်သူဖြစ်လိုသော- ဆန္ဒ
၎။ ကြံစည်စဉ်းစားမှု- ဥာဏ်ပညာ
၅။ ကြိုးစားမှု- ၀ီရိယ
၆။ မိမိဆိုင်ရာ ကိစ္စအရပ်ရပ်၌ မလစ်လပ်မှု- သတိ
၇။ စိတ်မပြောင်းမှု- သမာဓိ
၈။ ဤသို့ကြိုးစားလျှင် ရည်ရွယ်ချက်ထမြောက်အောင်မြင်နိုင်သည်ဟု ယုံကြည်မှု- သဒ္ဓါ
၉။ မိမိစိတ်ကိုလှုံ့ဆော်ပေးသော- စေတနာ။
ဤတရားများသည် ပါရမီဖြည့်ခြင်း၊ ပြည့်လည်းပြည့်ခြင်း၏ အကြောင်းရင်းဖြစ်ကြပါသည်။

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး

အားလုံးသောဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Read more...

သံဝေဂလင်္ကာ

ငါတို့နေရာ၊ ဤကမ္ဘာ၊ တဏှာ အုပ်စိုးသည်။
တဏှာစေရာ၊ မနေသာ၊ ဖွေရှာ ဆက်ရသည်။
ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွါ သွားရမည်။
တကယ့်အရေး၊ တကယ်ဘေး၊ ဘယ်သွေး ဘယ်သား မကယ်ပြီ။
ငါနှင့်ရွယ်တူ၊ ငါ့အောက်လူ၊ ကြီးသူသေကြ များလှပြီ။
ခဏမစဲ၊ အိုစမြဲ၊ ကိုယ်လဲ သေဘက် နီးခဲ့ပြီ။
ဇရာမီးတောင်၊ ကိုယ်ထဲလောင်၊ သေအောင်မြှိုက်တော့သည်။
မသေရခင်၊ သွားလမ်းစဉ်၊ ကြိုတင်ပြင်သင့်ပြီ။
ဒါနသီလာ၊ ဘာဝနာ၊ လမ်းသာထွင်လိမ့်မည်။
မဂ္ဂင်ယာဉ်ကြီး၊ အမြန်စီး၊ ခရီးထွက်တော့မည်။
3 ရေးသားခဲ့ရန်

Read more...

ဝိပဿနာနှင့် စိပ်ပုတီး

ယခုအခါ ၀ိပဿနရာတရားစခန်း အများစုတွင် ယောဂီများ ပုတီးမစိပ်ကြရန် စည်းကမ်းချက် သတ်မှတ်ထားသည်ကို တွေ့ရသည်။ သင့်ပါပေသည်။ တရားစခန်းတွင် တရားအားထုတ်ရေးသည်သာ အဓိကဖြစ်သည်။ တနေ့လုံးလိုလို တရားအားထုတ်ရသဖြင့် ပုတီးစိပ်ချိန် မပေးနိုင်ပေ။ တရားရှုနည်းကိုသာ အဓိက လေ့လာဆည်းပူး အားထုတ်ရမည်ဖြစ်သဖြင့် ပုတီးစိပ်ရန် မလိုအပ်ပေ။ ထိုစည်းကမ်းချက်ကို ကျွန်ုပ်တို့ သဘောပေါက်နားလည်၍ ထောက်ခံခြင်းပြုအပ်ပါသည်။

သို့ရာတွင် တရားစခန်းပြီးဆုံး၍ မိမိတို့နေအိမ်များသို့ ပြန်ရောက်ကြသောအခါ အချို့က စိပ်ပုတီးကို စွန့်လိုက်ကြသည်ကို ၀မ်းနည်းဖွယ် တွေ့ရသည်။ စင်စစ် နေအိမ်၌ တရားအားထုတ်မှုကို တစ်နာရီ နှစ်နာရီ စသဖြင့် တစ်ကြိမ် နှစ်ကြိမ်သာ ကြိုးကြားကြိုးကြား ပြုကျင့်နိုင်ကြသည်။ ဤသို့သော အခြေအနေမျိုးတွင် ပုတီးစိပ်ရန် မလိုတော့ဟု ယူဆကာ ပုတီးကို စွန့်ပယ်လိုက်ကြသည်မှာ ၀မ်းနည်းဖွယ်ဖြစ်သည်။ ၀ိပဿနာတရား အားထုတ်သူသည် စိပ်ပုတီးကိုင်ဆောင်ရန် မလိုတော့ ဟူ၍ အချို့ ခံယူနေကြသည်ကို ၀မ်းနည်းဖွယ် မြင်တွေ့နေရသည်။

မူလအစက စိပ်ပုတီးသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များ အသုံးပြုသော အသုံးအဆောင်ကား မဟုတ်ပေ။ ဗြဟ္မဏ၀ါဒနှင့် မဟာယာနတို့မှ ဆက်နွယ်လာသည့် တန္တရ၊ မန္တရ ဂိုဏ်းဝင်များ၏ ကိုယ်ပိုင် အသုံးအဆောင်သာ ဖြစ်သည်။ သို့ရာတွင် ရှေးထေရ၀ါဒ ဗုဒ္ဓဘာသာဝင် မြန်မာကြီးတို့သည် တန္တရ၊ မန္တရ ဂိုဏ်းတို့၏ ပုတီး အသုံးပြုနည်းကို အတုယူပြီး တီထွင်မှုပြုခဲ့ကြသည်။ မိမိတို့ကိုးကွယ်သည့် ဘာသာအရ ဘုရားဂုဏ်စသည့် ဂုဏ်တော်များကို ပွားများရာတွင် ဂုဏ်တော်အရေအတွက်ကိုလည်း သိရ၊ စိတ်တည်ကြည်မှုလည်း ရအောင် စိပ်ပုတီးကို အသုံးပြုခဲ့ကြသည်။ စိပ်ပုတီးအကူအညီဖြင့် ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများခဲ့ကြသည်။ နောက်ပိုင်းတွင် ဂုဏ်တော်များ ပွားများမှု၌သာမက အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော လက္ခဏာရေးသုံးပါးကို ဆင်ခြင်သည့်အခါတွင်လည်း စိပ်ပုတီးကို တိုးချဲ့ အသုံးပြုခဲ့ကြသည်။ ပုဂံခေတ်ကတည်းက ကျွန်ုပ်တို့၏ ဘိုးဘွားများ ပြုလာခဲ့သော အစဉ်အလာကောင်းပင် ဖြစ်သည်။

ထိုအစဉ်အလာကောင်းကို ပစ်ပယ်မည်ဆိုလျှင် အလွန်ဝမ်းနည်းဖွယ်သာ ဖြစ်ပေမည်။ တရားစခန်းများမှအပ အခြားနေရာများတွင် မည်သို့ပင် ၀ိပဿနာတရားကို အားထုတ်စေကာမူ အားလပ်ချိန်တွင် စိပ်ပုတီးကိုတော့ လက်စွဲ ပြုသင့်ပေသည်။ ၀ိပဿနာအားထုတ်မှုတွင် အလွန်ထင်ရှားကျော်ကြားသော လယ်တီဆရာတော် ဘုရားကြီး၏ ဓာတ်ပုံအချို့ကို ရှုပါ။ လက်တွင် စိပ်ပုတီးကိုင်ထားသည်ကို တွေ့မြင်နိုင်ပါသည်။

အလားတူပင် အနာဂါမ်ဆရာသက်ကြီး၏ ဓာတ်ပုံကိုလည်း ရှုပါ။ လက်ထဲတွင် စိပ်ပုတီးကိုင်ထားသည်ကို တွေ့မြင်နိုင်ပါသည်။(အချို့က ထိုအချက်ကို ပယ်ဖျက်လိုသဖြင့် ယခုခေတ်၌ လယ်တီဆရာတော်ဘုရားကြီးနှင့် အနာဂါမ်ဆရာသက်ကြီးတို့၏ ဓာတ်ပုံများကို ပြန်လည်ကူးယူ ပုံနှိပ်ရာ၌ စိပ်ပုတီးကို ကွန်ပျူတာဖြင့် ပယ်ဖျောက်ထားသည်ကို ၀မ်းနည်းဖွယ် တွေ့နေရပေသည်။)

စိပ်ပုတီးနှင့်ပတ်သက်၍ စစ်ကိုင်းတောင် အနောက် ပရက္ကမဆရာတော်ဘုရားကြီး အဆုံးအမကို အကျဉ်းချုပ် တင်ပြလိုပါသည်။ ဆရာတော်ကြီးသည် ၀ိပဿနာတရားကို အံ့ချီးဖွယ်ကောင်းလောက်အောင်ပင် အားထုတ်တော်မူသော ဆရာတော်ကြီး ဖြစ်သည်။ တနေ့တွင် ဆရာတော်ကြီး၏ မနီးမဝေး၌ ဒကာသုံးဦး စုဝေး စကားပြောနေကြသည်။ စကားဝိုင်း တစ်နာရီခန့် ကြာသောအခါ ဆရာတော်ကြီးက ထိုသုံးယောက်ကိုခေါ်၍-မင်းတို့ကွယ်၊ ကလေးတွေလဲ မဟုတ်ဘဲနဲ့ ပြောရမှာ ၀န်လေးလိုက်တာ၊ စကားများနေကြလို့ ဖြစ်ပါ့မလားကွယ်၊ တော်ရုံပြောရ တော်ကြရော့ပေါ့။ စကားပြောနေမယ့်အစား ပုတီးများစိပ်နေကြရင် ဘယ်လောက်ကောင်းမလဲ ကွယ်-ဟု ဆုံးမတော်မူသည်။

ထိုအထဲတွင် ၀ိပဿနာတရား အားထုတ်လေ့ရှိသော ပုဂ္ဂိုလ်တဦးလည်း ပါသည်။ ထိုပုဂ္ဂိုလ်က ၀ိပဿနာ အားထုတ်နေသူသည် ပုတီးစိပ်ရန် မလို-ဟု ခံယူထားသည်။ ထိုပုဂ္ဂိုလ်အား အထူးရည်ရွယ်လျက် ဆရာတော်ကြီးက ၀ိပဿနာ မည်မျှပွားများ အားထုတ်နေနေ ပုတီးကိုတော့ လက်မလွတ်ရဘူးကွယ့်။ အင်္ဂုတ္တိုရ် ဧကနိပါတ် အဋ္ဌကထာမှာ ဘယ်ကမ္မဋ္ဌာန်း စီးဖြန်းစီးဖြန်း ငြီးငွေ့လာရင် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းရမယ်။ ဗုဒ္ဓါနုဿတိပွားများလို့ စိတ်ကြည်လင်လာတဲ့အခါကျမှ မိမိအားထုတ်နေကျ ကမ္မဋ္ဌာန်းကို ပြည်လည်ပွားများ အားထုတ်ရမယ်။

ဥပမာ-ခွန်အားဗလနှင့်ပြည့်ဝတဲ့ သစ်ခုတ်သမားယောက်ျားဟာ သစ်ပင်မပြတ်ခင် ရဲတင်းကျိုးပဲ့သော် ပန်းပဲသို့ ပြန်လည်ပြုပြင်ပြီး သစ်ပင်ကို ပြန်လည်ခုတ်ရသလိုပါပဲ။ အဲဒီတော့ ပန်းပဲနှင့်တူတဲ့ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို လွှင့်ပစ်ထားလို့ မရဘူးကွယ့်။ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းတဲ့အခါမှာလဲ ပုတီးနဲ့က ပိုပြီး သမာဓိရတယ်။ ဒါကြောင့် ဗုဒ္ဓါနုဿတိကို လက်မလွတ်သလို ပုတီးကိုလဲ လက်မလွှတ်ရဘူးကွယ့်။ ဟူ၍ ရှင်းပြမိန့်တော်မူခဲ့ပေသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ၀ိပဿနာတရားကိုလည်း အားထုတ်ကြရပါမည်။ စိပ်ပုတီးကိုလည်း မပစ်ပယ်သင့် ကြပါ။ အရာရာတွင် အစွန်းမရောက်ဘဲ မဇ္ဈိမပဋိပဒါတည်းဟူသော လမ်းမှန်ကို ကျင့်သုံးတော်မူနိုင်ကြပါရန် တင်ပြအပ်ပါသည်။

(မြတ်မင်္ဂလာ ၂၀၀၃-ခု မတ်လ)

အနောက်ပရက္ကမ ဆရာတော်ကြီးနှင့် စိပ်ပုတီး

စစ်ကိုင်းတောင် အနောက်ပရက္ကမဆရာတော်ကြီး ဘဒ္ဒန္တ၀ဏ္ဏာစာရ (၁၂၆၈-၁၃၃၇) သက်တော်ထင်ရှားရှိစဉ်က ဖြစ်သည်။

တစ်နေ့တွင် အနောက်ပရက္ကမချောင်၌ ဘိုးသက်ရှည်၊ ဘိုးလုံး၊ ဦးကျော်စိုးတို့သည် ဆရာတော်နှင့် မနီးမဝေးတွင် စုဝေးစကားပြောနေကြ၏။ စကားဝိုင်း တစ်နာရီခန့်ကြာသောအခါ ဆရာတော်ကြီးက ထို ၃-ယောက်ကိုခေါ်၍ "မင်းတို့ကွယ်၊ ကလေးတွေလည်း မဟုတ်ဘဲနဲ့ ပြောရမှာ ၀န်လေးလိုက်တာ၊ စကားများနေကြလို့ကွယ် ဖြစ်ပမလား။ တော်ရုံပြောကြ တော်ကြရော့ပေါ့။ စကားပြောနေမယ့်အစား ပုတီးများစိပ်နေကြရင် ဘယ်လောက်ကောင်းမလဲ ကွယ်"ဟု ကရုဏာရောယှက်ပြီး ညည်းညူသံပါ ဖက်၍ မိန့်မြွက်ပြောဆို၏။

သို့ပြောဆိုရာမှ ဆရာတော်ကြီးက မောင်လုံး ပုတီးပါလား-ဟုမေး၏။ ဘိုးလုံးသည် ပုတီးမကိုင်သည်မှာ နှစ်အတော်ကြာပြီဖြစ်၏။ သူသည် ၀ိပဿနာယောဂီတဦးဖြစ်၍ ပုတီးမကိုင်၊ ၀ိပဿနာ ကမ္မဋ္ဌာန်းချည်း ဦးစားပေးထိုင်၏။ ထို့ကြောင့် ပုတီး ပါမလာ။ ဆရာတော်ကြီးက မေးနေပြန်တော့လည်း ပုတီးမကိုင်ကြောင်း မလျှောက်ဝံ့၍ ပုတီးရှိပါတယ်ဘုရား-ဟု လျှောက်ထား၏။

ဆရာတော်ကြီးက ရှိရင် ပါသလား-ဟု မေး၏။ ဘိုးလုံးလည်း ကွယ်ဖုံး၍ မရတော့မှန်း သိသဖြင့် အိမ်မှာရှိပါ တယ်ဘုရား-ဟု လျှောက်၏။ ဆရာတော်ကြီးက အေး မင်းလိုဖြင့်ကွယ် ဈေးထဲမှာ ပုတီးတွေအများကြီး ရှိတာပေါ့-ဟု မိန့်တော်မူပြီး အရွယ်ကြီးလာရင် ပုတီးဆောင်ရမယ်။ ၀ိပဿနာ မည်မျှပွားများအားထုတ်နေနေ၊ ပုတီးကိုတော့ လက်မလွှတ်ရဘူး။ အင်္ဂုတ္တိုရ် ဧကနိပါတ် အဋ္ဌကထာမှာ ဘယ်ကမ္မဋ္ဌာန်း စီးဖြန်းစီးဖြန်း ငြီးငွေ့လာရင် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းရမယ်။ ဗုဒ္ဓါနုဿတိပွားများလို့ စိတ်ကြည်လင်လာတဲ့အခါကျမှ မိမိအားထုတ်နေကြ ကမ္မဋ္ဌာန်းကို ပြန်ပွားများအားထုတ်ရမယ်။

ှုဥပမာ-ခွန်အားဗလနဲ့ပြည့်ဝတဲ့ သစ်ခုတ်သမားယောက်ျားဟာ သစ်ပင်မပြတ်ခင် ရဲတင်းကျိုးပဲ့တဲ့အခါ ပန်းပဲမှာ ပြန်လည်ပြုပြင်ပြီး သစ်ပင်ကို ပြန်လည်ခုတ်ရသလိုပါပဲ။ အဲဒီတော့ ပန်းပဲနဲ့တူတဲ့ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို လွှတ်ပစ်ထားလို့မရဘူးကွဲ့။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းတဲ့အခါမှာလည်း ပုတီးနဲ့က ပိုပြီး သမာဓိရတယ်။ ဒါကြောင့် ဗုဒ္ဓါနုဿတိ လက်မလွှတ်သလို ပုတီးကိုလည်း လက်မလွှတ်ရဘူး-ဟု အမိန့်ရှိ၏။

ဘိုးလုံးကို ဆုံးမပြီးလျှင် ဆရာတော်ကြီးက ဦးကျော်စိုး-အား ပုတီးပါလား-ဟု မေး၏။ ဦးကျော်စိုးက လည်ပင်းမှပုတီးကို ကပျာကသီဖြုတ်၍ ပြလေ၏။ ဆရာတော်ကြီးသည် ဦးကျော်စိုးအားလည်း ပုတီးစိပ်ရန် တိုက်တွန်းပြန်၏။ ထို့နောက် ဘိုးသက်ရှည်အား ပုတီးပါလား-ဟု မေးပြန်၏။

ဘိုးသက်ရှည်ကလည်း မရှိပါဘုရား-ဟု ရိုးသားစွာ လျှောက်၏။ အရင်ကရှိပါတယ်၊ ဘယ်ရောက်သွားလို့လဲ-ဟု ထပ်မံမေးပြန်၏။ ဘိုးသက်ရှည်က ရှဥ့်ချီသွားလို့ပါဘုရား-ဟု အမှန်ကို လျှောက်ထားလိုက်၏။ ဆရာတော်ကြီးက ဒါဖြင့် မောင်ရီ-လာလျှင် ပုတီးမှာလိုက်။ ပုတီးက ရှိမှဖြစ်မယ်-ဟု မိန့်တော်မူလေသည်။

အကိုး။ ။ စစ်ကိုင်းတောင် အနောက်ပရက္ကမဆရာတော်၏ ဖြစ်စဉ်နှင့် ကျင့်စဉ်များ။(အရှင်စာရိန္ဒ၊ ဓမ္မာစရိယ)

မင်းစောထက်
(မြတ်မင်္ဂလာ ၂၀၀၉-ခု ဒီဇင်္ဘာလ)

(မင်္ဂလာသတင်းစဉ် မှ ပြန်လည်ကူးယူ ဖော်ပြပါသည်။)

Read more...

ဝေဿန္တရာဇာတ် အပိုင်း-၈

0005052Kph0.jpg

ဇူဇကာပုဏ္ဏားသည် ဇာလီနှင့်ကဏှာဇိန်တို့ မိမိလက်ဝယ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဇာလီ၏ ညာဘက်လက်နှင့် ကဏှာဇိန်၏ ဘယ်ဘက်လက်ကို နွယ်စဖြင့် ပူး၍ ချည်နှောင်လိုက်သည်။ နွယ်စတစ်ဖက်ကို ကိုင်လျက် ဝေဿန္တရာမင်းကြီး၏ မျက်မှောက်၌ပင် ကြိမ်ဖြင့် ရိုက်နှက် ခေါ်ဆောင်သွားလေ၏။

တစ်နေရာသို့ ရောက်သောအခါ ဇူဇကာပုဏ္ဏားသည် ချိုင့်ခွက်တစ်ခုကို နင်းမိသဖြင့် ခြေချော်၍ လဲလေ၏။ ဇာလီတို့ကို တုပ်ထားသော နွယ်သည်လည်း ကျွတ်သွားလေ၏။ ထိုအခါ မောင်နှမ နှစ်ယောက်သည် ဝေဿန္တရာမင်းကြီးထံသို့ ငို၍ ပြေးလာကြလေသည်။

ဇာလီမင်းသားသည် ဝေဿန္တရာကို ရှိခိုးလျက် "ခမည်းတော်ဘုရား၊ အကျွန်ုပ်တို့ မသွားမီ မယ်တော်ကို ဖူးမြင်သွားပါရစေ။ မယ်တော် ပြန်ရောက်သောအခါတွင်မှ ပုဏ္ဏားနောက်သို့ လိုက်ပါရစေ" ဟု တောင်းပန်၏။

ကဏှာဇိန်ကလည်း "ခမည်းတော်ဘုရား၊ ဤပုဏ္ဏားသည် သူယုတ်လက္ခဏာ ၁၈-ပါးနှင့် ပြည့်စုံနေပါသည်။ လူသားစား ဘီလူး ဖြစ်မည်ထင်ပါသည်။ ထိုကြောက်ဖွယ် သတ္တဝါကြီးက အတင်းဆွဲခေါ်နေသည်ကို ခမည်းတော် အဘယ်ကြောင့် လျစ်လျူရှုနေပါသနည်း။ မိဘတို့မည်သည် သားသမီးတို့ ဒုက္ခရောက်လျှင် မကြည့်ရက်နိုင်ကြပါ။ ခမည်းတော်ကား ကြည့်ရက်နိုင်လေသည်" ဟူ၍ ငိုကြွေးလျှောက်ထား၏။

ဇာလီမင်းသားကလည်း "ခမည်းတော်ဘုရား၊ အကျွန်ုပ်ကိုသာ လှူတော်မူပါ။ နှမတော်ကလေးမှာ မည်သည့် ဆင်းရဲ ဒုက္ခကိုမျှ မသိရှာသေးပါ။ မယ်တော်ကို မမြင်ရလျှင် ငိုကြွေးမြည်တမ်းလျက် လမ်းခရီးမှာပင် သေရှာပါလိမ့်မည်။ အကျွန်ုပ်ကိုသာ လှူပြီး နှမတော်ကလေးကို မလှူပါနှင့် ဘုရား" ဟူ၍ တောင်းပန်၏။

ဝေဿန္တရာမင်းကြီးသည် မည်သို့မျှ မဆိုနိုင်၊ ဆိတ်ဆိတ်ပင်နေ၏။ ထိုစဉ် ဇူဇကာပုဏ္ဏားကြီး လိုက်လာ၏။ မောင်နှမ နှစ်ဦးကို ရိုက်နှက်၍ ဆွဲခေါ်သွားပြန်၏။ ဝေဿန္တရာမင်းကြီးသည် သောကမီး တောက်လောင်လျက် ရှိ၏။ လွန်စွာ တုန်လှုပ်ချောက်ချားလျက် ကျောင်းသင်္ခမ်းထဲသို့ ဝင်၍ ငိုကြွေး မြည်တမ်း၏။ ငိုကြွေးမြည်တမ်းရာမှ 'ဤ ပုဏ္ဏားသည် ငါ့သားတော်တို့ကို အလွန်ညှင်းဆဲ နှိပ်စက်နေပြီ။ ငါ သည်းမခံနိုင်၊ ယခုပင် လိုက်၍ ပုဏ္ဏားကို သတ်ပြီး သားတော်၊ သမီးတော်တို့ကို ပြန်ခေါ်မည်' ဟု အကြံဖြစ်သည်။ လေးကိုယူ၍ သန်လျက်ကို ကိုင်လျက် လိုက်မည်ပြု၏။

သို့ပြုရာမှ 'အလှူဒါနကို ပေးလှူပြီးမှ နောက်တစ်ဖန် ပူပန်နေခြင်းသည် သူတော်ကောင်းတို့၏ သဘောမဟုတ်ချေတကား' ဟု မိမိကိုယ်ကို ပြန်၍ ဆုံးမ၏။ ကျောင်းသင်္ခမ်း အဝရှိ ကျောက်ဖျာပေါ်၌ ငေးမှိုင်ထိုင်နေ၏။

ထိုအခိုက် ဇူဇကာပုဏ္ဏားသည် ဒုတိယအကြိမ် ခြေချော်၍ လဲပြန်၏။ မောင်နှမတို့သည် ခမည်းတော်ထံ ပြန်ပြေးလာကြ၏။ ဇူဇကာက အတင်းပြေးလိုက်လာသည်။ ရိုက်နှက်၍ ဆွဲခေါ်သွားပြန်လေသည်။

ထိုအချိန်၌ မဒ္ဒီဒေဝီသည် ညက အိပ်မက် မကောင်းသဖြင့် ယနေ့စောစော ပြန်မည်ဟု ဆိုကာ သစ်သီးတို့ကို ရှာဖွေလေသည်။ အဆင်မပြေ။ အတိတ်နမိတ်လည်း မကောင်း။ သို့ဖြင့် စိတ်လက် မကြည်မသာဖြင့် ပြန်လာ၏။ ထိုအခါ နတ်သားသုံးယောက်သည် ခြင်္သေ့၊ ကျား၊ သစ် အသွင်ဖန်ဆင်းကာ လမ်းခရီး၌ ပိတ်ဆို့ ထားကြသည်။ နတ်တို့က 'နေမဝင်မီ ကျောင်းသင်္ခမ်းသို့ မဒ္ဒီ ပြန်ရောက်ပါက သားသမီးတို့ကို မတွေ့လျှင် ခြေရာခံ၍ တောတောင်အနှံ့ လိုက်ရှာတော့မည်' ဟုဆိုကာ ဆီးတားထားခြင်းဖြစ်သည်။

မဒ္ဒီဒေဝီသည် အခြားလမ်းမှ ကွေ့သွားရန် မဖြစ်သဖြင့် ခြင်္သေ့၊ ကျား၊ သစ်တို့အား လမ်းဖယ်ပေးရန် ရှိခိုးတောင်းပန်၏။ နေဝင်သောအခါကျမှ ဖယ်သွားကြလေသည်။

မဒ္ဒီဒေဝီသည် အလွန်နောက်ကျမှ ကျောင်းသင်္ခမ်းသို့ ရောက်သွားသည်။ အခါတိုင်းဆိုလျှင် သားသမီးတို့သည် ကျောင်းသင်္ခမ်း စင်္ကြံဦးသို့ ပြေးထွက်လာကြသည်။ မိခင်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြမြဲဖြစ်သည်။ ယခုကား ဇာလီလည်း ပေါ်မလာ။ ကဏှာဇိန်ကိုလည်း မမြင်။ မည်သည့်အသံမျှလည်း မကြားရ။ မဒ္ဒီသည် စိုးရိမ်ပူပန်ကာ ငိုကြွေးမြည်တမ်းလျက် ဝေဿန္တရာမင်းကြီးထံ ပြေးသွားသည်။

ဝေဿန္တရာမင်းကြီးသည် တစ်ကိုယ်တည်း တိတ်ဆိတ်စွာ ထိုင်နေသည်။ မဒ္ဒီဒေဝီက "အရှင်မင်းကြီး၊ အကြောင်းအသို့နည်း။ သားတော် သမီးတော်တို့ကို မမြင်ပါတကား" ဟူ၍ မေးလျှောက်၏။

မဒ္ဒီဒေဝီက ပူပန်စွာ မေးလျှောက်သောလည်း ဝေဿန္တရာမင်းကြီးကား ဖြေကြားခြင်း မပြု။ ထိုအခါ မဒ္ဒီဒေဝီက "အရှင်မင်းကြီး၊ သားသမီးတို့ကို မမြင်ရသဖြင့် အလွန်စိတ်သောက ဖြစ်နေရသော အကျွန်ုပ်ကို အရှင်မင်းကြီးက စကားမပြောဘဲ နေပြန်သည်။ သားသမီးကို မတွေ့ရသော ဒုက္ခထက် အရှင်မင်းကြီးက စကားမပြောသဖြင့် ခံစားရသည့် ဒုက္ခက ပို၍ ဆိုးလှပါသည်။ ယနေ့တစ်ညလုံး အရှင်မင်းကြီး စကားမပြောဘဲ နေတော်မူလျှင် နံနက်မိုးသောက်သောအခါ ကျွန်ုပ် အသက်ကင်းမဲ့လျက် ရှိသည်ကို အရှင်မြင်တော်မူရပါလိမ့်မည်" ဟူ၍ ဆို၏။

ထိုအခါ ဝေဿန္တရာမင်းကြီးက 'အဖြစ်မှန်ကို ချက်ချင်းပြောလျှင် မဒ္ဒီဒေဝီသည် သောကကို မထိန်းနိုင် ဖြစ်တော့မည်။ မခံသာသော စကားကို ရှေးဦးစွာ ပြောမည်။ ထို့နောက်မှ သောက သက်သာအောင် ပြု၍ အဖြစ်မှန်ကို ပြောမည်' ဟု ကြံပြီးလျှင် ဤသို့ဆို၏။

"မဒ္ဒီဒေဝီ၊ သင်သည် လှပတင့်တယ် ချောမောလှသည်။ တောထဲတွင် လှည့်လည်ကျက်စားနေသော မုဆိုး၊ ရသေ့၊ ဝဇ္ဇာဓိုရ် စသူတို့ အများအပြားရှိသည်။ သင်နှင့် ထိုသူတို့ မည်သို့ဖြစ်ပျက်ခဲ့သည်ကို မည်သူသိနိုင်အံ့နည်း။ နံနက်စောစောက သစ်သီးရှာထွက်သွားရာ ပြန်ရောက်ချိန်တန်လျက် ပြန်မရောက်။ ယခု နေဝင်ပြီးနောက် လထွက်ချိန်ရောက်မှ ပြန်လာသည်။ အသို့ပါနည်း"

မဒ္ဒီဒေဝီသည် သားရဲများ အနှောင့်အယှက် ပြုသောကြောင့် နောက်ကျရပုံကို ရှင်းပြသည်။ "သည်းခံတော်မူပါ" ဟု တောင်းပန်သည်။ ဝေဿန္တရာမင်းကြီးက မည်သို့မျှ မပြော။

မဒ္ဒီဒေဝီသည် ဝေဿန္တရာမင်းကြီး မည်သည့်စကားမျှ မဆိုသောအခါ ကျောင်းသင်္ခမ်း အပြင်သို့ ထွက်သွားသည်။ သားတော်နှင့် သမီးတော်တို့ကို ဝန်းကျင်အနှံ့ လိုက်လံရှာဖွေသည်။ သားတော် သမီးတ်ာတို့ သွားတတ်သော သစ်ပင်၊ ရေကန်၊ တောင်ကုန်း စသည်တို့တွင် ရှာဖွေသည်။ မတွေ့။ ထိုအခါ ကျောင်းသင်္ခမ်းသို့ တစ်ဖန်ပြန်လာပြီး ရှာပြန်သည်။ မတွေ့။ ထိုအခါ "သင်မင်းကြီးသည် ထင်းတို့လည်း ခွဲမထား၊ မီးကိုလည်း မွှေးမထားပါတကား" ဟု ပြစ်တင်စကား ဆိုသည်။

ထို့နောက် "ငါသည် ဝေဿန္တရာမင်းကြီးကို အလွန်ချစ်၏။ ရှေးက တစ်စုံတစ်ရာ စိတ်မချမ်းသာစရာ ကြုံရလျှင် ဝေဿန္တရာမင်းကြီး၏ မျက်နှာကိုမြင်လိုက်ရသောအခါ စိတ်ဆင်းရဲမှု ပျောက်ကင်းခဲ့သည်။ ယခု ဝေဿန္တရာမင်းကြီး၏ မျက်နှာကို မြင်ရသော်လည်း စိတ်ဆင်းရဲမှုတို့ မပျောက်ပါတကား" ဟု ဆို၏။ ဤသို့ဆိုသော်လည်း ဝေဿန္တရာမင်းကြီးက တစ်စုံတစ်ရာ ပြန်မပြော။ ထိုအခါ မဒ္ဒီဒေဝီသည် ဒယီးဒယိုင်ဖြင့် ပြန်ထွက်သွားသည်။ ပထမ ရောက်ခဲ့သောနေရာများသို့ပင် သွား၍ ရှာပြန်လေသည်။

ဤသို့ဖြင့် အပြင်သို့ ထွက်ရှာလိုက်၊ ကျောင်းသင်္ခမ်းသို့ ပြန်ရှာလိုက်နှင့်။ သုံးကြိမ်တိုင်အောင် တစ်ညလုံး လိုက်၍ ရှာသည်။ တတိယ အကြိမ်မြောက်၍ ကျောင်းသင်္ခမ်းသို့ ပြန်လာသောအခါ၌ကား အရုဏ်တက်လာလေပြီ။ မဒ္ဒီဒေဝီသည် ဝေဿန္တရာမင်းကြီးထံသို့ သွားသည်။ မင်းကြီးရှေ့သို့ အရောက်တွင် မိန်းမောမူးဝေ၍ လဲကျသွားရှာလေသည်။

(ဝေဿန္တရာဇာတ် အပိုင်း-၉ ဆက်တင်ပါမည်)

Read more...

ဗုဒ္ဓ၀ါဒရှု့ထောင့်မှ လူ့သဘာဝနှင့်ပဋိပက္ခ (၁)



(၁) နိဒါန်း

မျက်မှောက်ကမ္ဘာတွင် ယဉ်ကျေးမှုများ၊ ဘာသာစကားများနှင့် ဘာသာရေးများ ကွဲပြားခြားနားမှုများက လူတစ်ဦးနှင့်တစ်ဦး အုပ်စုတစ်စုနှင့်တစ်စုအကြားတွင် ပဋိပက္ခကို ဖြစ်ပေါ်လာစေရန် အလွန်လွယ်ကူစေပါတယ်။ လူသားသတ္တ၀ါများနှင့် လူ့အဖွဲ့အစည်းများ၌ ပဋိပက္ခဖြစ်ခြင်း၏အကြောင်းမှာ များပြားစွာရှိပါတယ်။ အမှန်အားဖြင့် စပ်ဆက်စဉ်းစားကြည့်ပါက ပဋိပက္ခဟာ လူသားဘ၀တွင် သဘာဝဖြစ်စဉ်နှင့် မရှိမဖြစ်လိုအပ်သော အရာဝတ္ထုများ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အချို့ပညာရှင်များအလိုအရ စောစောပိုင်းအချိန်များကတည်းကပင် လူသားများနှင့်လူ့အဖွဲ့အစည်းများဟာ အမြဲတမ်း ပဋိပက္ခရှိခဲ့ပြီး ဖြစ်ပါတယ်။ အမှန်အားဖြင့် ခြားနားသော လူအဖွဲ့အစည်း ပတ်ဝန်းကျင်တွင် သူတို့ကို မွေးဖွါးလာကတည်းက ထိုပဋိပက္ခကို ရှောင်လွှဲ၍ မရနိုင်ခဲ့ပါဘူး။ အဲဒီအတွက် ပဋိပက္ခဟာ ကောင်းသလား ဆိုးသလားဆိုတဲ့ မေးခွန်းများကို ဖြစ်ပေါ်စေပါတယ်။

ပဋိပက္ခ-သဘောတရားအရ ပြောဆိုပြီးခဲ့တဲ့အတိုင်း လူသားဟာ သူ၏လူ့အဖွဲ့အစည်းအတွင်း တစ်စုံတစ်ခုသော စံနှုန်းကို ပုံဖော်သော လူမှုရေးသတ္တ၀ါ ဖြစ်ပါတယ်။ လူများဟာ သူတို့ရဲ့အလိုဆန္ဒများကို ကျေနပ်မှုရရှိရန်အတွက် ရုပ်ပိုင်း ဆိုင်ရာရင်းမြစ်များကို ရှာဖွေဖိုး ကြိုးစားပါတယ်။ တချိန်တည်းမှာပဲ သူတို့ရဲ့အလိုဆန္ဒသဘာဝကို ပြည့်ပြည့်၀၀ နားမလည်းသမျှကာလပတ်လုံး သူတို့ဟာ အကန့်အသတ်မရှိတဲ့ လိုအပ်ချက်များ ရှိလာပါတယ်။ အကျိုးဆက်အဖြစ် သူတို့ဟာ ပဋိပက္ခမှဖြစ်ပေါ်သော ဒုက္ခ၏ ထောင်ချောက်ထဲသို့ ကျရောက်သွားပါတော့တယ်။

နိုင်ငံရေးပညာရှင်အချို့ကမူ ပဋိပက္ခ၏ရင်းမြစ်များဟာ စိတ်ကူးယဉ်ဝါဒနှင့် စီးပွါးရေးပြဿနာများမှ အကြောင်းပြု၍ ဖြစ်ပေါ်လာတာမဟုတ် ယဉ်ကျေးမှုအခြေခံအုတ်မြစ်မှ ဖြစ်ပေါ်လာသည်ဟု သူတို့၏အမြင်ကို ပေးကြပါတယ်။ သူတို့ ကောက်ချက်ချတာကတော့ ထိုအရာဟာ လူမှုတိုးတက်မှု၏သဘောထားကွဲလွဲခြင်း ဖြစ်တယ်ဟု ဆိုပါတယ်။ အချို့နိုင်ငံရေးပညာရှင်များကလည်း အမျိုးသားရေးဝါဒ၊ မိမိယဉ်ကျေးမှုကို ဗဟိုပြုစံထားသောဝါဒနှင့် ဘာသာရေးများဟာ ပဋိပက္ခနှင့်အကြမ်းဖက်မှု၏ရင်းမြစ်ဖြစ်တယ် ဆိုတာကို အခိုင်အမာ ပြောဆိုကြပါတယ်။

ဒီနေရာမှာ ငြိမ်းချမ်းသောဘာသာတရားဆိုတဲ့ ဗုဒ္ဓဘာသာက ပဋိပက္ခဟာ လူသားများနှင့်လူ့အဖွဲ့အစည်းများရဲ့ သဘာဝဖြစ်စဉ်ဖြစ်တယ်ဆိုတာကို သဘောတူ မတူ ဆိုတဲ့အပိုင်းပါ။

မြတ်ဗုဒ္ဓက “ငါဟာ ဒုက္ခနှင့်ဒုက္ခ၏ကုန်ဆုံးခြင်းကိုသာလျင် ဟောကြား၏”ဟု မိန့်ဆိုထားပါတယ်။ သည်အဓိပ္ပါယ်အရ ပဋိပက္ခဟာ ဒုက္ခ၏ပုံစံတစ်ခုဖြစ်ပြီး လူသားတို့ဟာ ထိုအရာကို သင်ယူသင့်သည်၊ နားလည်သင့်သည်၊ ကိုင်တွယ်ဖြေရှင်းသင့်သည်ဆိုတာကို နားလည်နိုင်ရမည် ဖြစ်ပါတယ်။

(၂) ပဋိပက္ခဆိုတာ ဘာလဲ

ဆွေးနွေးမှုရဲ့သော့ချက်ဖြစ်တဲ့ ပဋိပက္ခဆိုတဲ့ စကားလုံးကို ဖွင့်ဆိုခြင်းဖြင့် စတင်ကြည့်မယ်ဆိုလျင် တိုက်ခိုက်ခြင်း၊ စစ်ပွဲ၊ သဟဇာတမဖြစ်ခြင်း၊ အတိုက်အခံပြုခြင်းတို့ ဖြစ်ပါတယ်။ အကျိုးဆက်အားဖြင့် တိုက်ခိုက်ရန်၊ ငြင်းခုံရန်၊ နောက်ဆုံး အချင်းချင်း သတ်ဖြတ်ဖို့အတွက်တောင် တကယ်ခြားနားထားတဲ့ ယုံကြည်ချက်၊ အခြေအနေ၊ လိုအပ်ချက်၊ အကျိုးစီးပွါးများရှိနေတဲ့ အုပ်စု၊ လူ နှစ်ဦးတို့အတွက် ပဋိပက္ခကို အသုံးပြုပါတယ်။

အချို့နေရာမှာတော့ ပဋိပက္ခကို မနာခံမှု၊ အကြမ်းဖက်မှုနှင့် ဇွတ်အတင်းလုပ်မှု-ဟု ဆိုနိုင်သည့် ခုခံတော်လှန်ခြင်းကို ဆိုလိုပြီး ငြင်းခုံခြင်း၊ ဆန့်ကျင်ခြင်းဖြစ်တဲ့ ကန့်ကွက်ချက်များကိုလည်း ဆိုလိုပါတယ်။ အချို့ကလည်း ပဋိပက္ခ-ကို လူသားရဲ့အပြုအမူနှင့်ဆက်စပ်သည်ဟု ပြောဆိုပါတယ်။ ပဋိပက္ခဟာ သူတို့ရဲ့ အကျိုးစီးပွါးကို ဆန့်ကျင်၍ အလုပ်လုပ်နေတဲ့ အခြားသောအုပ်စုများရှိတယ်ဆိုတာကို သူတို့ဟာ သက်ဆိုင်နေ နားလည်နေသောကြောင့် ဖြစ်ပါတယ်။ သို့ဖြစ်၍ ပဋိပက္ခဟာ အခြေအနေ၊ အပြုအမူနှင့်အတူတကွ သွားပါတယ်။ ဒါ့ကြောင့် သူတို့ဟာ အကြောင်းအကျိုးဆက်သွယ်မှုမှာ တည်ရှိတယ်ဆိုတာကို အကြံပြုကြပါတယ်။

ဗုဒ္ဓဒေသနာတော်များတွင် ပဋိပက္ခအတွက် အသုံးပြုတဲ့ဝေါဟာရများမှာ ၀ိဝါဒ၊ ကလဟ၊ ၀ိရောဓ၊ ၀ိရုဒ္ဓ၊ ပဋိက္ခိပ၊ ၀ိပရီတ စသည်တို့ဖြစ်ပါတယ်။ လူများ၊ အုပ်စုများဟာ တန်ဖို့း၊ အချက်အလက်၊ စိတ်ဝင်စားမှု၊ ဖွဲ့စည်းတည်ဆောက်ပုံအမြင်များနှင့် ပတ်သက်၍ သဘောထားကွဲနိုင်ပါတယ်။ ဒီပြဿနာများကို မဖြေရှင်းနိုင်တဲ့အခါ၊ အကောင်းဆုံးဖြေရှင်းချက်ကို မရှာဖွေနိုင်တဲ့အခါ ပဋိပက္ခဟာ ဖြစ်ပေါ်လာပါတယ်။ တနည်းအားဖြင့် ပဋိပက္ခဟာ အခြားသောသူများ၏ အမြင်များ၊ ရုပ်ပိုင်းဆိုင်ရာရင်းမြစ်များနှင့် ဆန့်ကျင်၍ တစ်ဦးတစ်ယောက်၏ ကိုယ်ပိုင် စိတ်ဝင်စားမှုကို ကာကွယ်ရန်ကြိုးစားခြင်းမှ ပထမဆုံးအနေဖြင့် ပုံမှန်ဖြစ်ပေါ်လာပါတယ်။ အဲဒီကာကွယ်မှုကို အမှန်တကယ် အောင်မြင်အောင် မပြုလုပ်နိုင်တဲ့နေရာများမှာ အချို့လူများ၊ အုပ်စုများဟာ တစ်ဦးကိုတစ်ဦး သဟဇာတမဖြစ်ခြင်း၊ တိုက်ခိုက်ခြင်း၊ ထိခိုက်ခြင်းများ ဖြစ်ပေါ်စေမှာပါ။

အကျဉ်းချုပ်ရလျင် အောက်ပါအတိုင်း ပဋိပက္ခကို ရှင်းလင်းပြနိုင်ပါတယ်။
(၁) အပြုသဘောဆောင်သည့် အတွေးအခေါ်တွင် ပဋိပက္ခဟာ တွေးခေါ်ခြင်းကို ဖန်တီးရန် ဦးတည်သောအရာဖြစ်ပြီး ယေဘုယျအားဖြင့် အသင်းဝင်းများ၊ လူ့အဖွဲ့အစည်းများရဲ့တိုးတက်မှုကို ဦးတည်ပါတယ်။
(၂) သူ့ရဲ့ဆန့်ကျင်ဘက်အဓိပ္ပါယ်တွင် ပဋိပက္ခဟာ အသင်းအဖွဲ့အစည်းများက စီမံအုပ်ချုပ်နိုင်မှု မရှိသောအရာဖြစ်ပြီး အဲဒီနောက် အကြမ်းဖက်ခြင်း၊ ခိုက်ရန်ဖြစ်ခြင်းများဟာ အကျိုးဆက်အနေနဲ့ အတူတကွ ပါလာပါလိမ့်မယ်။

Read more...

Rock-Man

As a solid rock is not shaken
by the wind
Even so the wise are not ruffled
by praise or blame.
Dhammapada

Read more...

Live Questions and Answers (10)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

13 Sep 10, 12:30 AM
ထက်
(၁) တပည့်တော် သိတဲ့သူ အချို့က 'သူတပါးအပေါ် မကောင်းတာ မလုပ်ဖူး' ဆိုတာနဲ့တင် ပြီးနေပါတယ် ဘုရား။ ဒါနကတော့ လုပ်ပါတယ် ဘုရား။ သီလကတော့ ငါးပါးသီလပါ အထူးတလည်တော့ မစောင့်ပါဘူး ဘုရား။ ဘာဝနာကတော့ ပုတီးစိပ် ဂုဏ်တော်ပွါးပါတယ် ဘုရား။ ဝိပဿနာ တရား မနာ အားမထုတ်ပါ ဘုရား။ လူကြီးတွေဆိုတော့ စိတ်ဆိုးမှာစိုးတာ ပြောရခက်ပါတယ် ဘုရား။ အနည်းဆုံး စိတ်ထားမှန် အယူမှန်စေချင် ပါတယ်ဘုရား...။

မနာပဒါယီ>>>ထက်
(၁) ၀ိပဿနာ ဘာဝနာကို ပွားများအားထုတ်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့က ပင်ကိုယ်သဒ္ဓါတရားရယ်၊ ပါရမီရယ်တွေကြောင့် ၀ိပဿနာတရား အားထုတ်တာထက် တစ်ခြားကုသိုလ်တွေကို လုပ်ရတာ ပိုဝါသနာ ပါလေ့ရှိပါတယ်။ အဲဒီလို အခါမျိုးမှာ ကိုယ့်အနေနဲ့ကတော့ ၀ိပဿနာ ဘာဝနာအားထုတ်ဖို့ တိုက်တွန်းတဲ့အခါ ကိုယ့်ကိုယ်တိုင်လည်း အပြစ်မဖြစ်အောင် လူကြီးသူမတွေလည်း အကုသိုလ် မဖြစ်အောင် အတတ်ဆုံး သင့်လျော်သလို တိုက်တွန်းပြောဆို လုပ်ဆောင်တာ ကောင်းပါတယ်။ တစ်ခါတစ်လေ အချိန်အခါမသင့်၊ ကျွတ်ချိန်မသင့်သေးရင်လည်း ဘယ်သူက ဘယ်လောက်ပြောပြော မရတတ်ဘဲ သူ့အချိန်ကျရင် သူ့အလိုလို ပြောင်းလဲလာတတ်တာတွေ ရှိတတ်တဲ့အတွက် တိုက်တွန်းတဲ့ကိုယ်ကပဲ နှစ်ဘက်အပြစ်မဖြစ်အောင် လုပ်ဆောင်သင့်ပါတယ်။ တဖက်ကပြန်ကြည့်တော့လည်း ၀ိပဿနာ တရားသာ အားမထုတ်တာ ကျန်တဲ့ ကံငါးပါးလုံတာတို့၊ မကောင်းမှု မလုပ်တာတို့၊ ဂုဏ်တော်ပွားတာတို့ လုပ်လေ့ရှိတဲ့အတွက် ဒီဘ၀မှာ တရားထူး မရနိုင်ပေမယ့် သံသရာမှာ သုဂတိဘ၀မှာ ဖြစ်ဖို့ အားတွေအများကြီး ဖြစ်စေတဲ့အတွက် ဖြေမယ်ဆိုရင် ဖြေလို့ရပါတယ်။ ဘယ်သူတွေ ဘယ်လောက်ပဲ တိုက်တွန်းပါစေ ကာယကံရှင်ကိုယ်တိုင်က အဓိကပဲ ဖြစ်တဲ့အတွက် တိုက်တွန်းပြုပြင်သူ အနေနဲ့ကတော့ စွမ်းနိုင်သလောက်နဲ့ပဲ ကျေနပ်နိုင်အောင် ကြိုးစားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ထက်
(၂) တပည့်တော်ကလည်း ခုမှ တရားနာဖြစ်ရုံပါဘုရား။ မှန်မှန်အားထုတ်ဖြစ်အောင် သတိထားပြီး ကြိုးစားနေပါတယ် ဘုရား။ တပည့်တော်တို့ တရားနာ အားထုတ်တဲ့အခါ တပါးသူတွေ အကုသိုလ်မဖြစ်အောင် ဘယ်လိုရှောင်ပြီး ပြောဆိုသင့်ပါသလဲဘုရား...။

မနာပဒါယီ>>>ထက်
(၂) တရားနာ၊ တရားအားထုတ်တာ သူများတွေ အကုသိုလ် မဖြစ်အောင် ဘယ်လိုလုပ်သင့်တယ် ဆိုတာထက် ကိုယ့်ကိုယ်ကို အကုသိုလ်မဖြစ်အောင် အရင်လုပ်ကြည့်သင့်ပါတယ်။ သူများကို ဂရုစိုက်တာထက် ကိုယ့်ကိုယ်ကို ဂရုစိုက်တာ ပိုကောင်းပါတယ်။ သူများကို ပြင်တာထက် ကိုယ့်ကိုယ်ကို အရင်ပြင်တာက ပိုသင့်ပါတယ်။ တရားအားထုတ်တဲ့အတွက် သူများတွေက ဘယ်လိုပဲ ပြောဆိုနေထိုင် ဆက်ဆံကြပါစေ ကိုယ်ကိုယ်တိုင်က အဲဒါတွေ အပေါ်မှာ လိုက်ပြီး အကုသိုလ် မဖြစ်မိစေဖို့၊ ဘာပဲဖြစ်ဖြစ် သီးခံနိုင်အောင် ကြိုးစားဖို့ အရေးကြီးပါတယ်။ တရားအားမထုတ်ခင်က ကိုယ့်ရဲ့အမူအရာတွေကို တရားအားထုတ်ပြီးတဲ့နောက် ပြောင်းနိုင်အောင် ကိုယ့်ကိုယ်ကို အရင်ကြိုးစားကြည့်သင့်ပါတယ်။ တရားအားထုတ်ကြည့်တဲ့ နောက်ပိုင်း ကိုယ့်ရဲ့ ကာယကံ၊ ၀စီကံ၊ မနောကံတွေဟာ သိသိသာသာ ပြောင်းလဲနူးညံ့လာတယ်၊ အရင်က ဖြစ်တတ်တဲ့ မကောင်းတဲ့ အမူအကျင့်လေးတွေကို ထိန်းသိမ်းလာနိုင်တယ်ဆိုရင် ကိုယ့်ကိုကြည့်တဲ့ သူတပါးတွေကလည်း အလိုလို ပြောင်းလဲလာပါလိမ့်မယ်။ ကိုယ်က အမှန်အကန် နူးညံ့ပျော့ပြောင်းလာတဲ့သူ ဖြစ်လာတယ်ဆိုရင် သူတပါးတွေကလည်း ကိုယ့်ကိုကြည့်ပြီး အကုသိုလ်ဖြစ်ကြမှာ မဟုတ်ကြပါဘူး။ ကိုယ့်ဘက်က အတတ်နိုင်ဆုံး ပြုပြင်ကြည့်လို့မှ သူတပါးတွေက မပြောင်းဘဲ ရှိနေတယ်ဆိုတော့ သဗ္ဗေသတ္တာ ကမ္မဿကာလို့ပဲ သဘောထားရမှာ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ်ကိုယ်တိုင် အကုသိုလ် မဖြစ်မိဖို့ပဲ ဖြစ်ပါတယ်။

ထက်
(၃) ပဋိစ္စသမုပ္ပါဒ်သဘောကို နားမလည်ရင် မိစ္ဆာဒိဋ္ဌိလို့ ခေါ်တာလား ဘုရား တရား သံဃာ အပြင်တခြား ယုံကြည်တာကို မိစ္ဆာဒိဋ္ဌိလို့ခေါ်တာလား ဘုရား။ မိစ္ဆာ ဒိဋ္ဌိဆိုတာ ရှင်းပြပေးပါဘုရား။

မနာပဒါယီ>>>ထက်
(၃) မိစ္ဆာဒိဋ္ဌိဆိုတာ မှားယွင်းဖောက်ပြန်ပြီး မြင်တာကို ပြောတာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ကံကံရဲ့ အကျိုးကိုပယ်ပြီး လွဲမှားစွာ ယုံကြည်မှုလို့ နားလည်ထားနိုင်ပါတယ်။ နဲနဲချဲ့ပြောမယ်ဆိုရင် ခန္ဓငါးပါးမှာ တစ်ပါးပါးကို အတ္တဟု စွဲလမ်းတတ်တဲ့ သက္ကာယဒိဋ္ဌိလို အယူမျိုး၊ နောက်နောက်ဘ၀၌ အကျိုးမရှိဟု အကျိုးဝိပါက်ကို တားမြစ်လေ့ရှိတဲ့ နတ္ထိကဒိဋ္ဌိလို အယူမျိုး၊ သတ္တ၀ါတွေဟာ သေရင်ပြတ်ပြီ ဘာမှ မရှိတော့ဘူးလို့ အယူရှိတဲ့ ဥစ္ဆေဒဒိဋ္ဌိလို အယူမျိုး၊ အကြောင်းလည်းမရှိ အကျိုးလည်းမရှိဟု အကြောင်းအကျိုး နှစ်မျိုးလုံးကို တိုက်ရိုက်ပယ်တဲ့ အဟေတုကဒိဋ္ဌိလို အယူမျိုး၊ ကောင်းမှု မကောင်းမှုကို ပြုသော်လည်း ပြုအပ်သည်မမည်၊ ပြုရာမရောက်လို့ အကြောင်ကံကို တားမြစ်တတ်တဲ့ အကြိယဒိဋ္ဌိလို အယူမျိုးကို မိစ္ဆာဒိဋ္ဌိ အယူလို့ ပြောတာဖြစ်ပါတယ်။ စာပေမှာတော့ ဒိဋ္ဌိအမျိုးမျိုးကို ဖွင့်ပြထားပေမယ့် အဓိက ကမ္မပထမြောက်တဲ့ အယူတွေကတော့ နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊ အကြိယဒိဋ္ဌိသုံးမျိုးပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုအကြောင်းအကျိုး၊ ကံကံရဲ့ အကျိုးတွေကို ပယ်တဲ့အယူဝါဒမျိုးကို ဒီနေရာမှာ မိစ္ဆာဒိဋ္ဌိလို့ ဆိုခြင်းဖြစ်ပါတယ်။

ထက်
(၄) အရှင်ဘုရား တပည့်တော် အလုပ်အားတဲ့အခါ အသံကြားတာ မြင်တာ လှုပ်ရှားတာ စိတ်မှာစဉ်းစားတာဖြစ်ဖြစ် ဖြစ်ပြီး ပျက်သွား ဆင်ခြင်ရင် ဝိပဿနာလား သတိပဋ္ဌာန်လား ဘုရား။ ဘယ်လို ကွဲလဲ ဆိုတာ ရှင်းပြပေးပါ ဘုရား...။

မနာပဒါယီ>>>ထက်
(၄) ၀ိပဿနာနဲ့ သတိပဋ္ဌာန်ဆိုတာ ဝေါဟာရ အသုံးအနှုန်းပဲ ကွဲပြားတာ ဖြစ်ပါတယ်။ ဆိုလိုရင်းအဓိပ္ပါယ်က အတူတူပါပဲ။ သတိပဋ္ဌာနသုတ်မှာ လာတဲ့နည်းအတိုင်း ရုပ်နာမ်တွေရဲ့ အဖြစ်အပျက်တွေကို အရှိအတိုင်း အမှတ်သတိ မလွတ်စေဘဲ ရှုမှတ်ပွားများနေတာကိုပဲ ၀ိပဿနာ ရှုမှတ်တယ်လို့ ဆိုတာဖြစ်ပါတယ်။ ဒါကြောင့် တစ်ချို့က ဒီလိုတရားအားထုတ်တာကို သတိပဋ္ဌာန် ၀ိပဿနာနည်းလို့ ဆိုကြတာ ဖြစ်ပါတယ်။ ဝေါဟာရ အဓိပ္ပါယ်အရ ပြောမယ်ဆိုရင်တော့ ၀ိပဿနာဆိုတာ အထူးထူးအပြားပြား မြင်တာကြည့်တာ ရှုမှတ်တာ၊ တစ်နည်းအားဖြင့် ရုပ်နာမ်တရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုမှတ်တာလို့ အဓိပ္ပါယ်ရပြီး သတိပဋ္ဌာန် ဆိုတာကတော့ သတိကပ်ပြီးတည်တာ၊ သတိမလွတ်တာ၊ သတိကို ကောင်းစွာဆောက်တည်တာလို့ အဓိပ္ပါယ်ရပါတယ်။ အာရုံအမျိုးမျိုးကို မြင်တယ်ကြည့်တယ်ဆိုတာ သတိရှိမှ မြင်နိုင်ကြည့်နိုင်မှာ ဖြစ်သလို ရုပ်နာမ်မှာ ဖြစ်ပျက်တာတွေကို ကြည့်ဖို့ဆိုတာလည်း သတိကို ကောင်းစွာဆောက်တည်မှသာ မြင်နိုင်ကြည့်နိုင်မှာ ဖြစ်တဲ့အတွက် အချုပ်ပြောရင် ၀ိပဿနာပဲ ဖြစ်ဖြစ်၊ သတိပဋ္ဌာန်ပဲ ဖြစ်ဖြစ် ရုပ်နာမ်တို့ရဲ့ အဖြစ်အပျက်ကို ဖြစ်စဲဖြစ်ခိုက် ပေါ်စဲပေါ်ခိုက်မှာ အရှိအတိုင်း သတိနဲ့ လိုက်လိုက်ပြီး သိမှတ်ပေးနေမှုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ပြောချင်တာကတော့ မေးခွန်းရှင်မေးသလို အသံကြားတာ မြင်တာ လှုပ်ရှားတာ စိတ်မှာစဉ်းစားတာဖြစ်ဖြစ် ဖြစ်ပြီး ပျက်သွား ဆင်ခြင်ရင်တာတွေဟာ သတိပဋ္ဌာန်လို့ ဆိုလည်းဖြစ်သလို ၀ိပဿနာလို့လည်း ဆိုလည်းရတဲ့ သတိပဋ္ဌာန် ၀ိပဿနာနည်းပဲ ဖြစ်တယ်ဆိုတာပါပဲ။

ထက်
(၅) အရှင်ဘုရား လူကြီးမိဘတွေကို တရားအားထုတ်ဖို့ တရားနာဖို့ကို သိရဲ့နဲ့ မပြောရင် ပြောလို့မရရင် မပြောတော့ဘူးဆိုရင် ကျေးဇူးမဆပ်ရာရောက် ပါသလားဘုရား။ စိတ်စေတနာက အဓိကဆိုပေမယ့် အပြောမတတ်တော့ တပည့်တော်ရော လူကြီးတွေပါ အကုသိုလ်ဖြစ်မှာ စိုးပါတယ် ဘုရား...။

မနာပဒါယီ>>>ထက်
(၅) မိဘကျေးဇူးဆပ်နည်း အမျိုးမျိုး ရှိတဲ့အထဲမှာ တရားနဲ့ ကျေးဇူးဆပ်ခြင်းကတော့ အကောင်းဆုံး နည်းပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ မိဘတွေက ပင်ကိုယ် ဓာတ်ခံက သဒ္ဓါတရား နည်းတတ်သလို၊ ပါရမီလည်း နည်းတတ်တဲ့အတွက် တရားနဲ့ ပတ်သက်ပြီး ပြောမရတာတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ သားသမီးက ဘယ်လိုပဲပြောပြော နားမ၀င်တတ်ဘဲ ကြာရင်အပြစ်တောင် ဖြစ်တတ်ပါတယ်။ သူတို့ကိုယ်တိုင် အချိန်ကျလာလို့ သိလာမှပဲ အကျိုးသက်ရောက်မှု ရှိမှာပါ။ ကိုယ့်အနေနဲ့ကတော့ ကုသိုလ်လုပ်ဖြစ်အောင်၊ တရားအားထုတ်ဖြစ်အောင် တစ်ဘက်တစ်လမ်းကပဲ တိုက်တွန်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလို တရားနဲ့ ပတ်သက်ပြီး ကျေးဇူးမဆပ်နိုင်တဲ့ အတွက် မိဘကျေးဇူးကို ဆပ်ရာမရောက်ဘူးလို့ ပြောလို့ မရပါဘူး။ သားသမီးဝတ်တရားနဲ့ အညီပံ့ပိုး လုပ်ဆောင်ပေးနေတာလည်း လောကကြောင်းအရ ကျေးဇူးဆပ်တာလို့ ပြောနိုင်ပါတယ်။ မိဘကျေးဇူးကို အကျေဆပ်ဖို့ကတော့ တရားနဲ့ ဆပ်မှပဲ ကျေနိုင်တယ်လို့ ပြောလို့ရပေမယ့် တစ်ခြားလောကကြောင်းအရ လိုအပ်သလို ပြုစုလုပ်ကျွေး ဆောင်ရွက်ပေးတာတွေလည်း ကျေးဇူးဆပ်နေတာပဲ ဖြစ်ပါတယ်။ တရားဘာဝနာ အားထုတ်ဖို့ မပြောနိုင်ပေမယ့် ဒါနလုပ်နိုင်အောင် သီလဆောက်တည်နိုင်အောင် တခြားကုသိုလ် တစ်မျိုးမျိုး လုပ်နိုင်အောင် ပံ့ပိုးထောက်ပံ့ပေးတာလည်း ကျေးဇူးဆပ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခြေအနေကိုကြည့်ပြီး လောကကြောင်းအရ ကျေးဇူးဆပ်လို့ရတဲ့အခါ လောကကြောင်းအရ ကျေးဇူးဆပ်ပြီး ဓမ္မကြောင်းအရ ကျေးဇူးဆပ်လို့ရတဲ့အခါ ဓမ္မကြောင်းအရ ကျေးဇူးဆပ်ကြည့်ပါလို့ အကြံပြုလိုပါတယ်။

Read more...

အသိကလေးကပ်၍

ကြေးစည်သံချို၊ သတိကိုလှုပ်နှိုး
မေတ္တာမိုးရွာ နံနက်ခါ။

ဆည်းလည်းသံချို၊ စိတ်ကို လှုပ်နှိုး
သဒ္ဒါမိုးရွာ နေ့လယ်ခါ။

ခေါင်းလောင်းသံချို၊ ရင်ကိုလှုပ်နှိုး
ပီတိမိုးရွာ ညနေခါ။

ဘုရားအရိပ်၊ တရားရိပ်မှာ
တနေ့တာလုံး၊ ကျိုးရှိသုံး၍
နှလုံးမွေ့လျော်၊ သိစိတ်ဖော်
လူဖြစ်တော်စွ၊ တခဏ။

ဘဝချိန်တို၊ နေမညိုမီ
ကိုယ်စီရိက္ခာ၊ အပြည့်ပါအောင်
အခါမလပ်၊ အသိကပ်
အမြတ်ယူနိုင်ကြစိမ့်လေး။

ကြည်အောင် (အင်္ဂပူ)

Read more...

လူ့ချမ်းသာ...

ကျေးဇူးတော်ရှင်၊ အမရပူရ၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ
ရေးသားပြုစုသည်။



Download - ပြုလုပ်ရန်

Read more...

ကျနော်နဲ့ခေတ်အဆက်ဆက်ဂီတများ

နားပါတဲ့ သတ္တဝါအတွက်
ဂီတနဲ့ကင်းဝေးခွင့်ရှိသလားဆိုတာ
ကျနော် ဘယ်လိုဆင်ခြင်ပေးရပါ့။

ယဉ်ကျေးမှုဆိုတာ ခံစားချက်တွေလား
အဲ့ဒီအတိုင်းဆို
ကျနော် ကျောက်ထွင်းအက္ခရာတွေဖြစ်မှာပါ။

တစ်ချို့ပြောကြတယ်
အနီးဆုံးဆိုတာဂီတပဲ
အဝေးဆုံးဆိုတာလည်း ဂီတပဲတဲ့
ကျနော် ဘယ်လမ်းကို လိုက်ရပါ့။

လမ်းညွှန်ပေးမည့်သူရှိရင်
ကျနော် ဖြစ်ကောင်းဖြစ်လိမ့်မယ်
အရပ်ကူပါ လူဝိုင်းပါဆိုတာမျိုးလိုပေါ့။

တကယ်ဆို
ဖြစ်သင့်တာက
ကျနော့်ကို ဂီတအဆက်ဆက်
နားဆင်ခွင့်ပြုပါ။

Read more...

ပါဠိနေ့တွင် ဖတ်ကြားသည့် ပါဠိစာတမ်းငယ်


၁၇- ၉-၂၀၁၀ နေ့က အိန္ဒိယနိုင်ငံ မဟာရဋ္ဌစတိတ် ပူနေးမြို့ ပူနေးတက္ကသိုလ်တွင် ၃ ကြိမ်မြောက် ဆင်ယင်ကျင်းပအပ် သည့် ပါဠိအထိမ်းအမှတ်နေ့တွင် မြန်မာ ရဟန်းတော် အရှင်ကုသလ ပါဠိစာတမ်းဖတ်ကြားစဉ်



ပါဠိဒိဝသော

အယံ ကာလော သုမင်္ဂလော ။

အဇ္ဇ ပါဠိဒိဝသော ပန ဗုဒ္ဓ၀ေဿ ပဉ္စပညာသာဓိကေ ဒွိသဟဿပဉ္စသတေ ၀ဿန္တဥတု ဘဒြမာသဇုဏှပက္ခန၀မီယံ သုက္က၀ါရေ ---ဃဋိယံ ---၀ိဃဋိယံ--အနုဃဋိယံ ဟောတိ။

မယံ ပူနေးနာမ တက္ကသိလာယံ ၀ိရစိတံ ၀ိသေသဘူတံ ဣမံ ပါဠိသဘံ အာဂစ္ဆန္တာနံ အာစရိယာနံ စ သိဿာနံ စ ၀ိသေသတော ပဋိမန္တိကာနံ အတိထိနံ စ အာရောဂျတ္ထာယ ၀ါ အဘယတ္ထာယ ၀ါ ကာယစိတ္တသုခတ္ထာယ ၀ါ ပတ္ထယာမ။

အဓုနာ ဣမာယ ပါဠိသဘာယံ ပါဠိဘာသံ ကထိတုံ ဩကာသံ လဘိတွာ စ သဗ္ဗေ သပ္ပုရိသဘူတေ တုမှေ ပဿိတွာ စ အတိဝိယ ပမောဒါမ။

အဟံ ပန မရမ္မရဋ္ဌတော ဗုဒ္ဓသာဝကေသု ဘိက္ခုသမူဟေသု အညတရော အာယသ္မာ ကုသလော နာမ ဟောတိ။ ဣမံ ဣန္ဒြိယရဋ္ဌံ ပါဠိဘာသံ ၀ါ ဘာသန္တရံ ၀ါ ပရိယာပုဏိတုံ စေ၀ ဥဂ္ဂဏှိတုံ စ အာဂစ္ဆိံ။

ဣဒါနိ ပန ပူနေးနဂရေ ပူနေးနာမ တက္ကသိလာယံ ပါဠိဌာနေ ဒုတိယသံဝစ္ဆရေ အမ်အေ ၀ှယာယံ အာလိယံ အာစရိယာနံ စေ၀ ပါမောက္ခာနံ စ သန္တိကေ ဗုဒ္ဓ၀စနံ ဘာသန္တရဘူတာယ အင်္ဂလိသဘာသာယ ဂဏှာမိ။

အမှာကံ ပါဠိဌာနေ နာနာရဋ္ဌတော စေ၀ နာနာနဂရတော စ အာဂန္တွာ နာနာဒေသိယသိဿာ နာနာသိပ္ပံ ဥပစိနန္တိ စေ၀ ဥဂ္ဂဏှန္တိ စ။ ဣဒါနိ တေ သိဿာ ပညာသာဓိကာ သတာ ဟောန္တိ။

အာစရိယာ ပန ဣဓ စုဒ္ဒသ ဟောန္တိ။ တေသု ပန အာစရိယေသု ဒေ၀ကာ နာမ ဒိသာပါမောက္ခော စ ပရဒီ ဂိုခလေ နာမ ပါမောက္ခော စ ပိင်္ဂလဒေ၀ီ နာမ ပါမောက္ခာ စ နိမလ ကုလာကနိဒေ၀ီ နာမ ပါမောက္ခာ စ လတာ ချတရာဒေ၀ီ နာမ ပါမောက္ခာ စ ဆန်းဂျေး -တန်ဘဂိတ်နာမ အာစရိယော စ ဥဇ္ဖောကုမာရော နာမ အာစရိယော စ အနုရုဒ္ဓါ နာမာဒိ အာစရိယာ စ ဟောန္တိ။

တေ အာစရိယာ သကသက၀ိသယေသု ကုသလာ ဟုတွာ သိဿာနံ သုဋ္ဌု သိက္ခာပေန္တိ ၀ိညာပေန္တိ။ အထစာပရံ တေ အာစရိယာ သပုတ္တဘရိယေဟိ ဂဟဋ္ဌ၀ိနယံ ပူရယန္တာ နိစ္စံ ပဉ္စသီလံ ရက္ခန္တာ ဂေဟေ နိဝသန္တိ။ တသ္မာ အပရေ မနုဿာ သန္တာ သပ္ပုရိသာတိ ၀ဒန္တိ။

ပါဠိဌာနေ သိဿကာ ဗုဒ္ဓပါဝစနသင်္ခါတံ တေပိဋကံ သဗ္ဗေနသဗ္ဗံ မုချတ္ထေန သိက္ခန္တိ စေ၀ ဥဂ္ဂဏှန္တိ စ။ တေသု ပန ပိဋကေသု အဘိဓမ္မပိဋကော အတိသုခုမော စေ၀ အတိဂမ္ဘိရော စ ဟုတွာ သိက္ခာပေတုံ အတိဒုက္ကရော စ။ တသ္မာ ပုဗ္ဗကာလေ တံ ပိဋကံ ၀ိတ္ထာရေန န သက္ကာ ဥဂ္ဂဏှာပေတုံ။ ဣဒါနိ ပန ပစ္စက္ခကာလေ အဘိဓမ္မတ္ထသင်္ဂဟံ တဿ သံဝဏ္ဏနာဘူတေန အဘိဓမ္မတ္တ၀ိဘာဝိနီနာမိကာယ ဋီကာယ သဒ္ဓိံ သိက္ခာပေန္တိ။ တသ္မာ အဓုနာ ပါဠိဌာနံ အတိဝိယ ပရိပုဏ္ဏံ ၀ိဇ္ဇာလယဌာနံ ဟောတိ။

အနာဂတကာလေ ပန ဣမသ္မိံ ပါဠိဌာနေ အဘိဓမ္မပိဋကော အဓိကဘာသာ ဟုတွာ နာနာရဋ္ဌတော သိဿကာ စ အညေ မနုဿာ စ သိဂ္ဂဏှိတုံ စေ၀ သာကစ္ဆိတုံ စ ဣဒံ ပါဠိဌာနံ အာဂမိဿန္တိ။

ကိဉ္စာပိ ဣဒါနိ အမှာကံ သမ္မာသမ္ဗုဒ္ဓေါ ပရိနိဗ္ဗုတော ဟုတွာ သာဇီဝသမ္မာသမ္ဗုဒ္ဓံ ဒဿိတုံ ဩကာသံ န လဘန္တိ။ အထ ခေါ ပန ဣမသ္မိံ လောကေ ဗုဒ္ဓပါဝစနဘူတာနိ စတုသဟဿာ-ဓိကာနိ အဋ္ဌသတသဟဿာနိ ဓမ္မက္ခန္ဓာ အ၀သိဿန္တိ။ ဗုဒ္ဓကာလတော ဟိ ယာဝဇ္ဖတနာ သာဋ္ဌကထေဟိ တေ ဓမ္မက္ခန္ဓာ အတိသုဒ္ဓါ ကေ၀လပရိပုဏ္ဏာ ဟောန္တိ။ တေ ဧကန္တေန ပန စတုသဟဿာဓိကာနိ အဋ္ဌသတ သဟဿဂဏနဘူတာ သမ္မာသမ္ဗုဒ္ဓါ ဟောန္တိ။ ၀ိသေသတော ဟိ ဧကော ဓမ္မက္ခန္ဓော ဧကော ဗုဒ္ဓေါ ဟောတိ။ တသ္မာ ပစ္စက္ခကာလေ မယံ ဗဟူ သမ္မာသမ္ဗုဒ္ဓေ သဗ္ဗေန သဗ္ဗံ ဒဿိတုံ ပဿိတုံ အတိသုန္ဒရံ ဩကာသံ လဘန္တိ။ တေန ၀ုတ္တံ ဘဂ၀တာ သယံ " ယော ဝေါ အာနန္ဒ မယာ ဓမ္မော စ ၀ိနယော ဒေသိတော ပညတ္တော သော ဝေါ မမစ္စယေန သတ္ထာ '' တိ ဒီဃနိကာယေ မဟာဝဂ္ဂပါဠိယံ မဟာပရိနိဗ္ဗာနသုတ္တေ။

အာစရိယာ စေ၀ သိဿကာ စ ဗုဒ္ဓပါဝစနာနိ ၀ိရိယဗလေန ဒိဝသေ ဒိဝသေ သိက္ခာပေန္တိ စေ၀ ဥဂ္ဂဏှန္တိ စ။ တသ္မာ ဗုဒ္ဓ၀စနံ ဥဂ္ဂဏှန၀သေန တေ မယံ သမ္မာသမ္ဗုဒ္ဓံ ဒိဝသေ ဒိဝသေ ဒိဿန္တိ စေ၀ ပဿန္တိ စ။ ယထာ ဗုဒ္ဓေါ ဇေတ၀န၀ိဟာရေ နိစ္စံ ၀ိဟရတိ အမှာကမ္ပိ ပါဠိဌာနေတိ ၀ဒိတုံ ၀ဋ္ဋတိ။ တသ္မာ သမ္မာသမ္ဗုဒ္ဓံ ဒဿိတုံ ဣစ္ဆန္တာစေ၀ သပ္ပုရိသဘူတာ စ သောတုဇနာ ဣမံ ပါဠိဌာနံ အာဂန္တွာ ပရိယာပုဏိတုံ အတိဝိယ ၀ဋ္ဋတိ။

အမှာကံ ဗုဒ္ဓကာလေ မနုဿာ ပါဠိဘာသံ ယေဘုယျေန ၀ဒန္တိ။ စတုသစ္စဓမ္မေ ဒေသိယမာနေ သမ္မာသမ္ဗုဗုဒ္ဓါ စေ၀ ဗုဒ္ဓသာဝကသာဝိကာ စ ပါဠိဘာသယေ၀ ၀ဠေဇေန္တိ။ သာ ပန ပါဠိဘာသာ မူလဘာသာတိ ၀ါ အရိယဘာသာ ဟောတီတိ အာစရိယာ ၀ဒန္တိ။ ကသ္မာ? အရိယပုဂ္ဂလေဟိ ၀ဠဉ္ဖနဘာဝတော စေ၀ ပုထုဇ္ဖနာနံ ပုဂ္ဂလာနံ အရိယဘာဝံ ပါပနတော စ။

နေရုတ္တိကာ ဟိ အာစရိယာ ပါဠိဝစနဿ အတ္ထံ ဧ၀ံ ၀စနတ္ထံ ကရောန္တိ။ ပါတိ ရက္ခတီတိ ပါဠိ။ တေန ၀စနတ္ထေန ပါ ဓာတုတော ဠိ-ပစ္စယဘာဝံ ဒေဿတိ။ တေန ၀ုတ္တံ အာစရိယမောဂ္ဂလာနတ္ထေရေန '' ပါတော ဠီတိ သုတ္တံ'' မောဂ္ဂလာနဗျာကရဏေ။ အယံ ပန ပါဠီတိ ပဒံ ဧကပဒံ ကတွာ ၀ိဘဇတိ။ ဒွိပဒတော ပန ဧ၀ံ ၀စနတ္ထံ ၀ိဘဇန္တိ--ပကဋ္ဌာနံ ဗုဒ္ဓပါဝစနာနံ အာဠိ တန္တီတိ။ ဣဒံ ပန ပ+အာဠီတိ ပဒစ္ဆေဒံ ကတွာ ပကဋ္ဌာနံ အာဠီတိ ၀စနတ္ထံ ကရောန္တိ။ တံ ဒုတိယနယံ ပါဠိဝိဒူ ၀ဏ္ဏေန္တိ ပသံသေန္တိ။

ပရမ္ပရာ ဟိ ဗုဒ္ဓသာဝကာ ဘိက္ခူ ဗုဒ္ဓပါဝစနဿ အတ္ထံ ပါဠိဘာသာယမေ၀ ၀ါစာပယတော ရက္ခန္တိ။ တသ္မာ ပါဠိဘာသာ ပရိသုဒ္ဓေါ အနာကုလော ဂမ္ဘီရတ္ထော ဟောတိ။ နိဗ္ဗာနံ ဟိ အတ္ထိကေဟိ ကုလပုတ္တေဟိ ဗုဒ္ဓပါဝစနံ ပါဠိဘာသံ ဥဂ္ဂဏှိတုံ ပရိယာပုဏိတုံ အရဟတိ။ ကသ္မာ? ဗုဒ္ဓပါဝစနသင်္ခါတာယ ပါဠိဘာသာယ အရိယဓမ္မသင်္ခါတံ နိဗ္ဗာနံ ပါပနတော။ အာစရိယ ကစ္စာယနတ္ထေရော စ ကစ္စာယနဗျာကရဏေ ဧ၀ံ ၀ဒတိ '' အတ္ထော အက္ခရသညာတော။ သဗ္ဗ၀စနာနမတ္ထော အက္ခရေဟေ၀ သညာယတေ၊ အက္ခရ၀ိပတ္တိယံ ဟိ အတ္ထဿ ဒုန္နယတာ ဟောတိ။ တသ္မာ အက္ခရကောသလ္လံ ဗဟူပကာရံ သုတ္တန္တေသု ''

အဓုနာ မမ ၀စနံ နိဋ္ဌာပေဿာမိ။ ဣဒါနိ မမ ၀စနနိဂမနကာလေ သဗ္ဗသတ္တေသု မေတ္တံ စိတ္တံ ဖရိတွာ ဗုဒ္ဓမတ္တညုဿ အာစရိယမဟာဗုဒ္ဓဃောသဿ ဂါထာယော ၀ဒိဿာမိ။

စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ဓမ္မေ ဟောန္တု သဂါရ၀ါ။

သဗ္ဗေပိ သတ္တာ ကာလေန၊ သမ္မာ ဒေဝေါ ပ၀ဿတု။

ယထာ ရက္ခိံသု ပေါရာဏာ၊ သုရာဇာနော တထေ၀ိမံ။

ရာဇာ ရက္ခတု ဓမ္မေန၊ အတ္တနောဝ ပဇံ ပဇံ။

အာယသ္မာ ကုသလော

အမ်အေ ဒုတိယသံဝစ္ဆရေ

ပူနေး တက္ကသိလာယံ၊ ပါဠိဌာနေ

ဣန္ဒြိယရဋ္ဌေ၊ မဟာရဋ္ဌဌာနေ

၁၇-၉-၂၀၁၀

Read more...

(ကုသိနာရုံ ပင်မျိုးစုံသည့် ရဂုံသာမော အင်ကြင်းတော) အရှည်တွင် သံသရာ၊ အခြေ ကတော့..တဏှာ သံသရာကို တိုအောင်ဖြတ်၊ တဏှာကို သေအောင်သတ် တောင်တွင်လျှင်

Friday, 17 September 2010 07:34 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

ထိုင်းနိုင်ငံမြောက်ပိုင်း၊ လမ်းပန်မြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းများ၏ သမိုင်းအကျဉ်းကို ရိုက်ကူးတင်ပြထားတာပါ၊ မိမိ နေခဲ့ဘူးတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း၊ လမ်းပန်မြို့၊ ၀ပ်ပါဖန်ကျောင်းတိုက် ခေါ် သာသနဇောတိကာရုံကျောင်းတိုက် သတိတရ ပါ။

သတိတရ လင့်ပေးပို့တဲ့ လန်းပန်မြို့၊ ၀ပ်ထာမအိုးကျေုာင်းက အရှင်ဇနကအား ကျေးဇူးအထူးတင်ပါသည်။


Read more...

သက်တော်ရှစ်ဆယ် ၀ါလေးဆယ့်ငါး မရပ်မနားဘဲ










(ကုသိနာရုံ ပင်မျိုးစုံသည့် ရဂုံသာမော အင်ကြင်းတော)

အရှည်တွင် သံသရာ၊ အခြေ ကတော့..တဏှာ
သံသရာကို တိုအောင်ဖြတ်၊ တဏှာကို သေအောင်သတ်
တောင်တွင်လျှင် မြင့်မိုရ်၊ မြင်းတွင်လျှင် သတိုးဂုဏ်..ရှိရာဆိုခဲ့မည်
မြင့်မိုရ်ကို ပုံပြုလို့ ကုသိုလ်ကို များအောင်စု, ကောင်းမှုကို များအောင်ကြံ
သတ္တ၀ါ ကောင်းမကောင်း ..အကြောင်းကံ.. ကသာ စီမံတော့သည်
ကံသာလျှင် အမိ, ကံသာလျှင် အဖဆိုတာကတော့ လောကစကား
ဥာဏ်သာလျှင်.. အမိ ဥာဏ်သာလျှင် အဖဆိုတာ ကတော့..ဂေါတမ ဘုရားရှင်ရဲ့ တရား
ဟောပြလို့ ထားခဲ့တာက--
*ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တရာမိဝေါ…၊ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ*။
ဘိက္ခဝေ.. စစ်ပါးနပ်တဲ့ ချစ်သားမြတ်တို့
ဟန္ဒ.. သက်တော်ရှစ်ဆယ် ၀ါလေးဆယ့်ငါး မရပ်မနားဘဲ
တရာရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော် မူခဲ့ရသဖြင့်
ခန္ဓာတော် ရိနွမ်း၍, ငါကိုယ်တော် အရှင်မြတ်, တကယ်ပင် ပင်ပန်းခဲ့ရ လေပြီ
ဒါနိ.. ဣဒါနိ- ယခုအခါ ကာလ၌(၀ါ)ကုသိနာရုံ ပင်မျိုးစုံသည့်
ရဂုံသာမော အင်ကြင်းတောဝယ် မြောက်သို့ ဦးခေါင်းပြုကာ
ထေရ်ပေါင်းခြံရံ.. နန်းနိဗ္ဗာန်သို့.. ၀င်စံ မည့်ဆဲဆဲ ချိန်ခါထဲ၌
သြော်… ရင်သွေးရတနာ သားသက်လျာဟု, ကရုဏာသက်ထား သင်ချစ်သားတို့အား..
အာမန္တယာမိ ..သတိတရား၊ အသိ မမှားရအောင်လို့, ထင်ထင် ရှားရှားကြီး မိန့်ကြားတော် မူခဲ့ပါအံ့
သင်္ခါရာ.. အစဉ်ထာဝရ ဘင်မှာကျပြန်တော့.ခင်မင်စရာ တစ်စက်ကယ်မျှ မရှိပါတဲ့.ဒီဓမ္မာရုံ အဘိသင်္ခါရ တရားတို့သည်
ဝယဓမ္မာ… ပျက်စီးခြင်းသဘော ရှိကြပါပေကုန်၏
ဝယဓမ္မာ… လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲနဲ့ အဖြစ်ကလည်း မစဲ.. အပျက်ကလည်း မစဲနိုင်တာမို့
ထိတ်စရာတမျှ အ၀ိဇ္ဇာက စတာကြောင့်..
ဟေ.. ယောဂီတို့ရေ.. စိတ်သာ ချကြပေတော့
အနိစ္စ ၀တတို့ပါတကား၊ ဒုက္ခ၀တ တို့ပါတကား… အနတ္တ.. ၀တတို့ပါတကား
အပ္ပမာဒေန.. မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရား တို့ဖြင့်..
သမ္ပာဒေထ.. ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါ ကုန်လော့
သမ္ပာဒေထ.. မြင်ရာမှာလည်းမမေ့နဲ့၊ ကြားရာမှာလည်း မမေ့နဲ့၊ စားရာမှာလည်း မမေ့နဲ့၊ သွားရာမှာလည်း မမေ့နဲ့၊ နံရာမှာ လည်းမမေ့နဲ့..ထိရာ တွေ့ရာ သိရာတို့မှာလည်း မမေ့လိုက်ကြပါနဲ့, မေ့တတ်တဲ့ ၀ါသနာတွေကို.. မေ့တတ်တဲ့ ၀ါသနာတွေကို…
တစ်နေ့မကြာ.. မကြာ သတိသွင်းကြ လေကုန်လော့
သြော်.. ဒီကနေ့ တရားတော်နာ ကြွရောက် လာကြကုန်သော.. တရားနာပရိသတ်အပေါင်း သင် သူတော်ကောင်းတို့သည်
အပ္ပမာဒခေါ် သူတော်ကောင်း တရားတို့ကို ကျင့်ကြံနိုင်ကြပါစေ ကုန်ရာသတည်း…။
----------------------------------------
မေတ္တာနိသာကရော လောကေသမ္မာ ဘာတု သုခံကရော
မေတ္တာသီ တလရံသီဟိ သုခန္တု ဖုသိတာပဇာ.

လောကေ– သတ္တ၀ါအလီလီ ခိုမှီပေါလတ် လောကဓါတ် ကမ္ဘာအတွင်း၌
မေတ္တာနိသာကရော – မေတ္တာအေးလူ ဖွေးဖြူပ၀င်း ငွေလမင်းကြီးသည်
သမ္မာ – သတ္တ၀ါတတွေ အေးမြစေဖို့ အသရေ ရွှန်းကာ ကောင်းမွန်စွာဖြင့်
သုခံကရော - သူလည်းဝမ်းသာ ငါလည်းရွှင်ပြုံး နှလုံးစိတ်ဝမ်း လန်းလာယခုချမ်းသာကိုပြုလျှက်
ဘာတု – ရန်လည်းကင်းဝေး ဘေးလည်းမခ အအေးရဖို့ ရွှန်းမြအသရေ ထွန်းပပါစေသတည်း
(မေတ္တာသီတလရံသီဟိ – မေတ္တာဖွေးလျှ အအေးဓါတ်ဆောင်သည့် အရောင်အ၀ါတို့ဖြင့် / သည်)၂ ၄င်း
ဖုသိတာ – ဖုံဖုံလွှမ်းထုံ မွှမ်းမလပ် တွေ့ထိအပ်ကုန်သော
ပဇာ – ကမ္ဘာခေတ်ဘွေ အထွေတွေ၌ တည်နေများစွာသတ္တ၀ါတို့သည်
သုခန္တု - ကိုယ်စိတ်အေးကာ ဘေးရန်ကွာ၍ ၀မ်းသာတကွ ချမ်းသာကြပါ စေကုန်တော့သတည်း။
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
တရားချစ်ခင်သူတော်စင်အပေါင်းကျန်းမာချမ်းသာကြပါစေ…

Read more...

စက်တင်ဘာလ ၂၀ ရက်နေ့ တရားအစီအစဉ်များ

မန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၂၄း၀၀ နာရီအထိ...
ဆရာတော် အရှင်ဇ၀န ဟောကြားတော်မူသော
၁။ မိတ်ဆွေနှင့်ရန်သူ
၂။ ဥာဏ်ထက်ဒါန၊ ဥာဏ်ပျက်ဒါန
၃။ ဆရာကောင်းကိုရှာဖွေခြင်း
၎။ ဘာသာတန်ဖိုး
၅။ အပါယ်တံခါးပိတ်
၆။ ဒါနအစွမ်းအံ့မခမ်း
၇။ စုန်လမ်း ဆန်လမ်း
၈။ ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်
၉။ ကိုးဆယ့်တစ်ကမ္ဘာက၀ဋ်ကြွေး
၁၀။ တစ်ဦးကစေတနာ၊ တစ်ဦးကမေတ္တာ
၁၁။ ကံကောင်းအောင်ကြိုးစားနည်း

မင်းကွန်းဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသ ဟောကြားတော်မူသော

၁။ မရဒွါဇသုတ်
၂။ ကောသမ္ဘီပါသီတိဿသာမဏေ ပဉ္စဥပါသကာဝတ္ထု
၃။ မိလက္ခသုတ်မှ မရဏသတိသုတ်
၎။ ၀ိသာခါဥပါသိကာ ၀တ္ထု
၅။ မိဠတသုတ်တော်-အဋ္ဌိကသုတ်
၆။ ကုလမကသုတ်/သဒ္ဓမ္မပဋိရူပကသုတ်
၇။ စူဠတဏှာသင်္ခါယသုတ်/မာရကဇ္ဇဏီသသုတ်
၈။ ကကစူပမသုတ်/နိဝါပသုတ်
၉။ ခေါမဒုတသုတ်
၁၀။ အဗျာကတသုတ်
၁၁။ ၀ဂ္ဂိလသုတ် တရားတော်များကို

လွှင့်ကြားပေးသွားပါမည်။


စစ်မှန်သော တရားများကို နာကြားအားထုတ်ကြခြင်းဖြင့်
သတ္တ၀ါ အားလုံးတို့သည် အလုံးစုံသော တရားထူး တရားမြတ်များကို
လျင်မြန်စွာ ရရှိနိုင်ကြပါစေ။

Read more...

The Way to Nibbana (Part 4) နိဗ္ဗာန်လမ်း (အပိုင်း ၄)

မေတ္တာတရား ကျင့်သုံးနည်း

ဤမေတ္တာကမ္မဋ္ဌာန်း ကျင့်သုံးရေးအတွက် လက်တွေ့ အသုံးတည့်သည့် အကြံပြုချက် အချို့ကိုသာ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

မိမိကိုယ်ကို ရှေးဦးစွာ မေတ္တာပွားသင့်၏။ ကိုယ့်ကိုယ်ကိုယ် မေတ္တာပွားရာ၌ ပျော်ရွင် ငြိမ်းချမ်းဖွယ်ရာ အပြုသဘောဆောင်သည့် စိတ်ကူးများထဲ၌ ကိုယ်ရောစိတ်ပါ နှစ်မြှုတ်ထားသင့်၏။ မည်သို့မည်ပုံ ငြိမ်းချမ်းနိုင်မည်၊ မည်သို့မည်ပုံ ပျော်ရွှင်နိုင်မည်၊ မည်သို့မည်ပုံ ဒုက္ခ သောက ဒေါသတို့မှ လွတ်မြောက်နိုင်မည်တို့ကို တွေးကြံစဉ်းစားသင့်၏။ အားထုတ်သူသည် ဒေါသဖြစ်ခွင့်မရအောင် နေနည်းကို လေ့လာမိပြီး ထိုသို့နေတတ်အောင်လည်း ကြိုးစားလာ၏။ သူသည် ရက်စက်ကြမ်းကြုတ်သည့် ပတ်ဝန်းကျင် လှုပ်ခပ်မှု လှိုင်များနှင့် အန္တရာယ်ဖြစ်စေနိုင်သော အတွေးတို့ကို မေတ္တာဖြင့် ဖယ်ရှားပစ်၏။ အကုသိုလ်ကို ကုသိုလ်ဖြစ်အောင် ဒေါသကို အဒေါသဖြစ်အောင် ပြောင်းပြန်လှန်ပစ်၏။ သည်းခံတတ်လာ၏။ မည်သူ့အပေါ်မှ ဒေါသ မဖြစ်မိအောင် အစွမ်းကုန် ကြိုးစားလာ၏။ နေ့စဉ်ဘ၀၌ မေတ္တာတရားကို ကျင့်သုံးခြင်းဖြင့် သူကိုယ်တိုင် ပြုံးပျော်လျက် သူတစ်ပါးကိုလည်း ရွှင်ပြုံးစေကာ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ ပျော်ရွှင်မှုများ ပြန့်နှံ့စေ၏။

မေတ္တာပွားသူသည် အပြည့်အ၀ ငြိမ်းချမ်း၍ အမုန်းတရား ကင်းစင်လာသောအခါ သူတစ်ပါးထံသို့ မေတ္တာပို့လွှတ်ရန် လွယ်ကူ၏။ သူမပိုင်ဆိုင်သော အရာကို သူတစ်ပါးထံသို့ မပေးပို့နိုင်ပေ။ သူတစ်ပါးကို ပျော်ရွှင်အောင် မလုပ်ဆောင်မီ ရှေးဦးစွာ သူကိုယ်တိုင် ပျော်ရွှင်နိုင်ရပေမည်။ သူ့ကိုယ်သူ ပျော်ရွှင်အောင် လုပ်နည်းကိုင်နည်းများကို သိထားသင့်ပေ၏။

ထို့နောက် မေတ္တာပွားသူသည် ချစ်ခင်နှစ်သက် အပ်သူများထံသို့ မေတ္တာပို့လွှတ်၏။ စုပေါင်း၍ အားလုံးထံသို့လည်းကောင်း၊ တစ်ဦးစီ တစ်ယောက်စီ ထံသို့လည်းကောင်း မေတ္တာပို့လွှတ်၏။ ချစ်နှစ်သက်အပ်သူများ ငြိမ်းချမ်းပျော်ရွှင်ကြစေရေး၊ ဆင်းရဲဒုက္ခ ရောဂါဘယ စိုးရိမ်သောက စိတ်ဆိုးဒေါသတို့မှ ကင်းဝေးကြစေရေး ဆန္ဒပြုလျက် မေတ္တာပို့သ၏။

ဆွေမျိုးနှင့် မိတ်ဆွေတို့ထံသို့ မေတ္တာဖြန့်ကျက်ပြီးနောက် သာမန်ပုဂ္ဂိုလ်များထံသို့လည်း မေတ္တာဓာတ်များ ပို့လွှတ်၏။ ချစ်ခင်နှစ်သက် သူများအပေါ် မေတ္တာစိတ် ထားရှိသကဲ့သို့ပင် သာမန်ပုဂ္ဂိုလ်တို့ ပျော်ရွှင်ငြိမ်းချမ်းရေး အတွက်လည်း အစစ်အမှန်ပင် ဆန္ဒရှိ၏။ ထိုပုဂ္ဂိုလ်များ ငြိမ်းချမ်း ပျော်ရွှင်ကြစေရေး၊ ဆင်းရဲဒုက္ခ ရောဂါဘယ စိုးရိမ်သောက စိတ်ဆိုးဒေါသတို့မှ ကင်းဝေးကြစေရေး ဆန္ဒပြုလျက် မေတ္တာပို့သ၏။ အနည်းငယ် ခက်ခဲသည့်ကိစ္စ ဖြစ်သော်လည်း နောက်ဆုံး၌ မလိုလားအပ်သူများ (ရှိခဲ့လျှင်) ထံသို့လည်း အလားတူပင် မေတ္တာပို့သင့်၏။ မေတ္တာတရားကို ကျင့်သုံးခြင်းဖြင့် မလိုလားအပ်သူဟု ယူဆထားသူများ အပေါ်၌ မိတ်ဆွေစိတ် ထားရှိနိုင်ခဲ့လျှင် မေတ္တာရှင်၏ အောင်မြင်မှုသည် ပို၍ ကြီးမြတ်၏။ ချီးလည်း ချီးကျူးထိုက်၏။ အဘယ့်ကြောင့်ဆိုသော် ရန်လိုမုန်းထားသူတို့ အလယ်၌ ရန်လိုအမုန်း ကင်းစင်စွာ နေထိုင်နိုင်ရေး ဘုရားရှင် ဟောကြားတော် မူခဲ့သောကြောင့် ဖြစ်ပေသည်။

မိမိကိုယ်ကို အစပြု၍ ဘာသာဝါဒ အသားရောင် သို့မဟုတ် လိင် မခွဲခြားဘဲ၊ သနားစဖွယ် သတ္တ၀ါတို့ကိုပါ ပါဝင်စေလျက်၊ မိမိကိုယ်ကို သတ္တ၀ါ အားလုံးတို့နှင့် ထပ်တူပြုနိုင်သည့်တိုင်အောင်၊ မည်သို့သော ခွဲခြားမှုကိုမျှ မပြုဘဲ သတ္တ၀ါ အားလုံးထံသို့ မေတ္တာဖြန့်ကျက်သင့်၏။ မေတ္တာရှင်သည် စကြ၀ဠာဖွဲ့စည်းမှု တစ်ခုလုံးထဲသို့ ပေါင်းစည်းပျော်ဝင် သွား၏။ အားလုံးနှင့် တစ်သားတည်း ဖြစ်သွား၏။ တစ်ကိုယ်ကောင်းစိတ်၏ လွှမ်းမိုးမှုကို မခံရတော့ပေ။ ခွဲခြားမှုဝါဒ၏ အသွင်သဏ္ဌာန် အားလုံးကို လွန်မြောက်၏။ သီးခြားအခန်းထဲ၌ ကိုယ့်ကိုယ်ကိုယ် လှောင်ပိတ်မထားတော့ပေ။ အမျိုးဇာတ် အတန်းအလွှာ နိုင်ငံရေး လူမျိုးရေး သို့မဟုတ် ဘာသာရေး အယူစွဲမှုတို့၏ သြဇာလွှမ်းမိုးမှုကို မခံရတော့ပေ။ တစ်လောကလုံးကို မိခင်နိုင်ငံအဖြစ် မှတ်ယူနိုင်၏။ ဘ၀ပင်လယ် အတွင်းရှိ သတ္တ၀ါ အားလုံးတို့ကို အပေါင်းအဖော်အဖြစ် သတ်မှတ်နိုင်၏။

ကရုဏာ

လူကို သိမ်မွေ့စေသော ဒုတိယ သူတော်ကောင်းတရားမှာ သနားကြင်နာမှု (ကရုဏာ) ဖြစ်ပေသည်။ တစ်ပါးသူတို့ ဒုက္ခရောက်ရသောအခါ နှလုံးသားကို တုန်လှုပ်ခံစားစေတတ်သော တရားအဖြစ် ထိုကရုဏာကို ဖွင့်ဆိုအပ်၏။ သို့မဟုတ် သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို ချုပ်ငြိမ်းစေသော တရားပင်ဖြစ်၏။ ကရုဏာ၏ ၀ိသေသလက္ခဏာမှာ သူတစ်ပါးတို့၏ ပူဆွေးသောကကို ဖယ်ရှားပေးလိုခြင်း ဖြစ်၏။

ကရုဏာရှင်တို့၏ နှလုံးသားသည် ပန်းထက်နူးညံ့၏။ ထိုသူတို့သည် တစ်ပါးသူ၏ ဆင်းရဲဒုက္ခကို ဖြေလျှော့မပေးနိုင်မချင်း အားရကျေနပ်စွာ အနားမယူကြ။ အနားလည်း မယူနိုင်ပေ။ တစ်ခါတစ်ရံ သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို ဖြေဖျောက်ရန် အလို့ငှာ အသက်ကိုပင် စတေးကြလေ၏။ အစာရေစာ ပြတ်လပ်နေသော ကျားမနှင့် ကျားငယ်တို့ကို ကယ်တင်ရန်အတွက် ဘုရားလောင်း အသက်စွန့်တော်မူခဲ့သော ဗျ ဂ္ဃိ ဇာတ်တော်ကို သာဓကအဖြစ် ထုတ်ဆောင်ပြနိုင်ပေသည်။

ပရဟိတစိတ်ဓာတ်ဖြင့် သူတစ်ပါးအတွက် သက်စွန့်ကြိုးပမ်း ထမ်းရွက်ဖြစ်အောင် တွန်းအားပေးသည်မှာ ကရုဏာပင် ဖြစ်ပေသည်။ အစစ်အမှန် ကရုဏာ ပြည့်ဝသူသည် သူ့အတွက် အသက်ရှင်နေသည် မဟုတ်။ သူတစ်ပါးအတွက် အသက်ရှင်နေ၏။ ကရုဏာရှင်သည် အတုံ့အလှည့် မျှော်လင့်မထားဘဲ၊ ကျေးဇူးတင်ခံရမည်ကိုပင် မမျှော်လင့်ဘဲ သူတစ်ပါးကို အလုပ်အကျွေးပြုရန် အခွင့်ရှာနေတတ်၏။

မည်သူ့ကို ကရုဏာပွားအပ်သနည်း

ကျွနိုပ်တို့ ပတ်ဝန်းကျင်၌ ကရုဏာပွားထိုက်သူ များစွာရှိ၏။ မည်သည့်ဘာသာကို ယုံကြည်ကိုးကွယ်သည်ဖြစ်စေ မည်သည့်မျိုးနွယ်မှ ပေါက်ဖွားလာသည်ဖြစ်စေ ဆင်းရဲသူ မပြည့်စုံသူ နာမကျန်းသူ ကူကယ်ရာမဲ့သူ အထီးကျန်သူ ခိုးကိုးရာမဲ့သူ ဥာဏ်ပညာမဲ့သူ ဆိုးသွမ်းသူ မစင်ကြယ်သူ စည်းကမ်းမရှိသူတို့သည် ကြင်နာတတ်သော မြင့်မြတ်သော ယောက်ျားမိန်းမတို့၏ သနားကရုဏာကို တောင်းခံနေကြသူ တစ်ချို့ပင် ဖြစ်၏။

တစ်ချို့နိုင်ငံများ ရုပ်ဝတ္ထု ချမ်းသာ၍ နာမ်ပိုင်းဆိုင်ရာ ချို့တဲ့နေကြ၏။ တစ်ချို့နိုင်ငံများ နာမ်ပိုင်းဆိုင်ရာ ကြွယ်ဝ၍ ရုပ်ဝတ္ထုပိုင်း၌ ဆင်းရဲနေကြ၏။ သနားစဖွယ် ဤအခြေအနေ နှစ်မျိုးလုံးကို ရုပ်ပိုင်းမှာရော နာမ်ပိုင်းမှာပါ ကြွယ်ဝသူတို့က ငဲ့ညှာရပေမည်။

ကံအကြောင်း မလှ၍ ဘ၀လိုအပ်ချက် မြောက်များစွာ ချို့တဲ့နေကြသူ လူဆင်းရဲတို့ကို ရိုင်းပင်းရေးမှာ ကြွယ်ဝသူတို့၏ အရေးအကြီးဆုံး တာဝန် ဖြစ်ပေသည်။ အလျှံပယ် ကြွယ်ဝသူတို့ အနေဖြင့် သူတို့၏ အပိုအလျှံများကို ဆင်းရဲသူ လိုအပ်နေသူတို့အား အခက်အခဲ မရှိဘဲ ပေးစွန့်နိုင်ကြသည်မှာ သေချာ၏။

တစ်ခါသော် ကျောင်းသားလူငယ် တစ်ယောက်သည် သူ၏ တံခါးခန်းဆီးစကို ဖြုတ်၍ သူဆင်းရဲ တစ်ယောက်ကို ပေး၏။ “မေမေရယ် . . . တံခါးပေါက်တွေက အေးတာချမ်းတာကို မခံစားတတ်ပါဘူး။ လူဆင်းရဲတွေကမှ တကယ်ခံစား နေတာပါ”ဟု သူ့အမေကို ပြောနေသည့် လူဆင်းရဲလေးကို ပေးလိုက်ခြင်း ဖြစ်၏။ ဤသို့ ကြင်နာတတ်သော လူသားတို့၏ သဘာဝကို အလွန်ပင် ချီးကျူးထိုက်၏။

အထူးသဖြင့် အာရှတိုက်မှာ ရှိနေသော ဖွံ့ဖြိုးဆဲ နိုင်ငံများကို စွမ်းနိုင်သလောက် အကူအညီ ပေးရေးအတွက် ချမ်းသာသော အချို့နိုင်ငံများက ဆင်းရဲသားထောက်ပံ့ရေး အသင်းအဖွဲ့မျိုးစုံ ဖွဲ့စည်းနေကြသည်မှာ ကျေနပ်ဝမ်းမြောက်ဖွယ်ရာပင် ဖြစ်ပေသည်။ နိုင်ငံ အားလုံးတို့၌ ဆင်းရဲသူ မပြည့်စုံသူတို့ကို အစွမ်းကုန် ကူညီရန်အတွက် ယောက်ျား မိန်းမနှင့် ကျောင်းသူကျောင်းသားတို့ အလှူရှင်အသင်းများ ဖွဲ့စည်းထားကြလေပြီ။ ဤအရေးကိစ္စ၌ သာသာရေး အသင်းအဖွဲ့များလည်း သူ့တို့ဆိုင်ရာ တာဝန်ကို အရိုးရှင်းဆုံး နည်းလမ်းဖြင့် ထမ်းရွက်ကြပေသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံတို့၌ ဘိုးဘွားရိပ်သားများ မိဘမဲ့ဂေဟာများနှင့် အခြားသော အလားတူ ကုသိုလ်ဖြစ် အဖွဲ့အစည်းများ လိုအပ်နေပေသည်။

နာဒရထေရ် ၏ The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

Read more...

ဗုဒ္ဓဘာသာဝင်အမေရိကန်သမ္မတလိုပြီ တဲ့



America Needs a Buddhist President
ဆိုပဲ..။ စာအုပ်တစ်အုပ်ရဲ့ အမည်ပါ.. ။ စိတ်ဝင်စားအောင် လုပ်ထားလေတော့ စိတ်ဝင်စားမိလေသပေါ့ ။ အမေရိကန်မှာ ဗုဒ္ဓဘာသာဝင်က သမ္မတကြီးဖြစ်ဦးမယ်ဆိုရင်တော့ ရွှေတိဂုံပုံတူစေတီကြီးတစ်ဆူ ထပ်ဖူးရ ချည်သေးရဲ့ပေါ့။ သံဃမဟာနာယကအသစ် ဖွဲ့လို့ ပါရင် အိမ်ဖြူတော် ဆွမ်းစားကြွ.....။ စကားလက်အိုဟာရာ တို့ရဲ့ ဂျောဂျီယာပြည်နယ်မှာ တောစခန်းရိပ်သာကြီးတည်ထောင်ဖို့ မြေဧက ငါးထောင်လောက် ၀ယ်....။ မြေပဲစိုက်တောင်သူတွေ နဲ့ ၀ါဂွမ်းစိုက်တောင်သူတွေ အလုပ်လက်မဲ့ဖြစ်တာထက် ကျောင်းဒကာမစ္စတာ ဘီဂိတ်ကြီးသာ လှူမယ်တန်းမယ်ဆို ကျောင်းဒကာရဲ့ သဒ္ဓါတရားကို ငဲ့ရပေမကိုး။ အမေရိကားမှာ လူရိုသေ ရှင်ရိုသေလုပ်ထားမှ.။

အသောကကြီးဧကရာဇ်ကြီး ဗုဒ္ဓဘာသာဝင်ဖြစ်တော့လည်း ဇာတ်ဝင်ခန်းက ခပ်ရိုးရိုး..။ ပညာတတ်ဖို့ပဲ လိုတာ...။ နိဂြောဓသာမဏေလေးက တတ်လိုက်တဲ့ ပညာ ..။ အရိယိုလော်ဂျီပညာရှင်( Ariyology) (တက္ကသိုလ်တွေမှာ ဌာနတစ်ခုအနေနဲ့ မဖွင့်ရသေးတဲ့ အရိယာပညာ)၊ ပုဂံခေတ်မှာ အနော်ရထာကြီးရဲ့ ရှေ့မှောက် ဘွားကနဲရောက်လာတဲ့ ရဟန္တာအရှင်အရဟံကလည်း အချင်းအဆင်း လင်းပါဘိသနဲ့...။

အင်း ခုနေ အမေရိကားက သမ္မတကြီးရဲ့ အိမ်ဖြူတော်မှာ ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးအနေနဲ့ သာသနာပြုသာ ကြွရမယ်ဆိုရင် ....

အော် အနောက်တိုင်းသားတွေကို သာသနာ ဘယ်လိုပြုရမယ်ဆိုတာတော့ မတွေး ..။ ၀ါရှင်တန်ဒီစီမှာ ကျောင်းမြေကွက်ချပေးဖို့ အရင်တွေးမိသေး...။ တော်တော်ခက်တဲ့ ကိုယ်တော်..။(အဲ ငါ့ကိုယ်နော်)

စာအုပ်လေးကို ရှိမယ်အမှတ်နဲ့ ၀က်ဘ်ဆိုဒ်စာမျက်နှာကို ကလစ်ခ်ကြည့်လိုက်တော့ ၀ယ်ရန် တဲ့...။ ငယ်ငယ်တုန်းက အဘိုးလေးဦးဇင်းကြီးကို သွားပြီး သတိရမိ သေးတော့တယ်။ ကိုရင်လေးတွေ ကျောင်းသားလေးတွေကို ညညတွေမှာ ၀တ်ဖြည့်ခိုင်းပါတယ်။ နင်းနှိပ်ပေးရတာပါပဲ။ ဇာတ်နိပါတ် ပုံပြင်တွေ ပြောပြတတ်ပါတယ်။

မြို့သွားရင်လည်း ကိုရင်ကျောင်းသားလေးတွေအတွက် မုန့်လေး ဘာလေး ကပ္ပိ(၀ယ်)လာတတ်ပါတယ်။ ဒါပေမယ့် ပါလာတဲ့ မုန့်တွေကို ချက်ချင်းမပေးဘဲ ဝေ့၀ိုက်ပြီး ဒီလိုမျိုးပြောပြခဲ့တာ အမှတ်ရပါတယ်။ ကလေးဆိုတော့ မြို့က ပြန်လာတဲ့ ဦးဇင်းကြီးရဲ့ သင်္ကန်းစနဲ့ချုပ်ထားတဲ့ လွယ်အိတ်ထောင်ကြီးထဲမှာ မုန့်တွေပါလာမယ် ဆိုတဲ့ အထင်လေးနဲ့ ဦးဇင်းကြီးနားမှာ ၀ိုင်းမျှော်ရတာပါ။ မင်းတို့ အတွက် မုန့်ဝယ်ဖို့သွားတာ ဆေးဆိုင်ဝင်မေးတော့ မုန့်မရောင်းဘူး ကွ တဲ။ အဲဒါနဲ့ မုန့်ဆိုင်သွားရတာပေါ့ကွာ ။ ဒါပေမယ့် မုန့်ဆိုင်ရောက်တော့လည်း ပိုက်ဆံနဲ့မှ ရောင်းမယ်လို့ ပြောပြန်ရောဟေ့ တဲ့။ ဒါပေမယ့်ကွာ ငါက မင်းတို့ ကျွေးချင်တော့ ပိုက်ဆံနဲ့ ဆိုလည်း ပိုက်ဆံနဲ့ပေါ့ကွယ် ဆိုပြီး ၀ယ်လာရသဟေ့ တဲ့..။ အင်း


အခုလည်း ပိုက်ဆံနဲ့မှ ရောင်းမှာ ဆိုတော့..
ဝယ်ပြီးတဲ့သူများ ကော်ပီလေး မျှပါ။(မှတ်ချက် အလှူခံခြင်းမဟုတ်ပါ..)
မူရင်းဆိုဒ်က ဒီမှာ ပါ

Read more...

လွမ်းမိပါသည် မိုးရာသီ

Friday, 17 September 2010 18:29
rice
စာပေတွေမှာ ဘယ်လကနေ ဘယ်လအထိ ဘယ်ရာသီဥတုသတ်မှတ်ကြသည်မှာ သူတို့အတွက် ပမာပြု စရာ မဟုတ်။ သည်နယ် တစ်ဝိုက် တွင် ကဆုန်လအတွင်း ဟိုရွာမှသည်ရွာ၊ သည်ရွာမှဟိုရွာ ကူးကာခိုင်းနွားတွေ ၀ယ်ကြ ရောင်းကြသူတို့ ခြေရာချင်း ထပ်တတ်ကြ စမြဲ ဖြစ်၏။ နံယုန်လတွင် လယ်ကိုဝင်ကြရသည်မဟုတ်ပါလား။
နံယုန်လ။
သည်လတွင်- အဘိုးဦးညို၏ဥယျာဉ်ခြံမှ ပိန္နဲသီးမှည့်တွေနာနတ်သီးမှည့်တွေလည်း ရောင်းကုန်သလောက် ရှိတတ်၏။ ကြိုက်သူ လာ ရောက် စားသောက်နိုင်သော ရွာအရှေ့ဘက်ကျောင်းတောင်ပေါ်မှ လက်ကျန်သရက် သီးများလည်း မှည့်ဝင်း လာတတ်ကြ၏။ အနောက်တောင် ဆီက မိုးရိပ်ကလေးများ ဆင်လာပြီဆိုလျှင် မိုးလည်း ရွာ၊ လေလည်းပါလာတတ် စမြဲဖြစ်၏ ။
ထိုအခါမျိုးတွင် ကလေး တစ်သိုက် ကျောင်းတောင် တစ်ဝိုက်ဆီသို့ သူ့ ထက်ငါ အပြေးတက်တတ် ခဲ့ကြစမြဲပင် ဖြစ်၏ ။ လက်ကျန် သရက်သီး မှည့်လေးတွေ ကြွေတတ်ချေသည် မဟုတ်ပါလား။

ထွန်တုံးထွန်သွား ခိုင်းနွားတွေကလည်း စုံခဲ့ကြပြီ။ ခိုင်းနွားကြီးများမှာလည်း မျက်သားမွှေးမွှေးကလေးများဖြင့် အားရနေခဲ့ကြလေပြီ။ ထွန်ယက်နိုင်လောက်သည့် မြေအနေအထားလည်းရောက်ခဲ့ပြီ။ နံယုန်လပြည့်ကျော်လျှင် လယ်ယာ လုပ်ငန်း စခဲ့ကြပြီ ဖြစ်ပါသည် ။ မှတ်မိသလောက် တောက်လျှောက်ဆိုသမှ တောက်လျှောက် လယ်တဲကိုဖျက် ရွာကိုတက်သည်အထိ နားရက်ဟူ၍ မရှိနိုင်ခဲ့ကြ။ မရှိခဲ့ကြရ။ ကောင်းလိုက်သည့်မိုးလေ ။ ရွှေမိုးငွေမိုး, မိုးသီတာပုလဲ, ဂုဏ်ပုဒ်တွေတသီကြီးဆွဲပေးခဲ့ ကြရဖူးပေ၏။
သည်လိုမိုးကာလအတွင်း ကန်ရေနွေးနွေးလေးချိုးချင်သူတို့မှအပ ရေကန်ကို ရောက်ပေါက်သူ နည်းပါးပါဘိခြင်း။ ရေတံလျှောက်မှ ရေကိုခံ၊ ချိုးရန် သုံးရန်ပူစရာမလို။ လုံမပျိုတို့ဦးခေါင်း ရေအိုးတွေနဲ့ကွဲကြရတဲ့ ကာလ ဆိုရင် လည်း ဟုတ်ပေသပေါ့။ ၀ါဆိုလကုန်စ ပြုပြီ ဆိုလျှင်ပင် ပျိုးပင်တွေစိမ်းလဲ့လဲ့တို့မှာ နွဲ့ယိမ်းကာက နိုင်ကြ ချေပြီ တည့်။ ဗုဒ္ဓဘာသာတို့ပီပီ ၀ါတွင်းကာလ ဥပုသ်ရက် တွေမှာ ကျောင်းကန်တွေလည်း ဥပုသ်သည်တွေနဲ့ စည်ကား ခဲ့ပေသပေါ့။
ယခုတလော နှစ်တွေမတော့ သည်လိုမဟုတ်နိုင်ကြရှာတော့ပြီ။ မိုးသီတာပုလဲက အဘယ်အငြိုးနဲ့ မုန်းမုန် ပျိုးရက်လေသည်မသိ။ မင်းမတရား၍လား၊ သဘာဝသယံဇာတတွေကိုရသလောက်တူးဖော် သုံးစွဲနေကြ၍လား၊ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေပိုများလာ၍လား ၊ သစ်တော သစ်ပင်တွေ ပြုန်းတီးလာ၍လား မဆိုတတ်ပြီ။
မိုးရိပ်ဆင်ပါလျှက် မိုးမရွာခဲ့ ။ ရွာခဲ့သော်လည်း ဖုန်ထနေသည့်လမ်းကို ရေဖြန်းသလောက်သာ။ ရွာမယ့်ရွာပြန် တော့လည်း အိမ်တွေရေနစ် အိုးအိမ်ကိုပစ်ပြီးပြေးကြရသည်အထိ။ ဒီမိုး ဒီရေသည် ဒီလူတွေ အပေါ် အငြိုး အတေး တစ်ခုခုရှိလေယောင်တကား။
တစ်ချို့ကမင်းကိုအပြစ်တင်၊ တစ်ချို့က သဘာဝသယံဇာတတွေကြောင့်လို့ထင်စား၊ တစ်ချို့က ကောသလမင်း တရားရဲ့ အိပ်မက် အကြောင်း ပြောပြီး ညည်းတွားနေကြရှာတယ်။ ဘာကြောင့်ပဲ ဖြစ်ဖြစ် ရွာသင့်ချိန်မှာ မရွာတဲ့ မိုးကို အပြစ်မဆိုသာ တော့ပြီ ။ မရွာသင့်ချိန်မှာ ရွာတဲ့ မိုးကိုလည်း အပြစ်မတင် လိုတော့ပြီ ။ ပြုပြင်ရခက်တဲ့ သဘာဝတရားကို သဘာဝတရားတစ်ခု အနေနဲ့ နားလည်ပေးလိုက်ရုံသာရှိတော့သည်။
သို့သော်----၊ ကိုယ်တိုင်ထွန်ယက် စိုက်ပျိုးစရာ မလိုဘဲ ဆန်အကောင်း စားနေကြရသူတွေရဲ့ တစ်နေ့တစ်ခြား တိုးပွါး လာနေ ကြသည့် ဒေါသ အာဃာတများ၊ ပြုပြင်နိုင်ခွင့်ရှိပါလျှက် မပြုပြင်နိုင်၊ မပြုပြင်လိုကြသည့် အတ္တမာနရှင်များ၊ ၎င်းများ-------၊ ၎င်းများ------တို့ကိုဖြင့် ယနေ့တိုင် နားမလည်နိုင်သေးပါ။( လွမ်းမိပါသည် မိုးရာသီ။)
("သမ္မာ ဒေဝေါ ပ၀ဿတု")
Last Updated on Sunday, 19 September 2010 12:04

Read more...

On the 26th of last month Raimon Panikkar passed away at the ripe old age of 92. Panikkar was probably Catholicism’s most well-known, most learned and most articulate proponent of ‘dialogue between men of living faiths’. Over the decades he wrote dozens of books and countless articles urging Catholics to dialogue with and learns from Eastern religions, mainly Hinduism and Buddhism. In some ways he was uniquely placed for this endeavor having had a Hindu father and a Catholic mother and being educated at Benares Hindu University. Some of his more notable works are The Silence of God: The Answer of the Buddha (1989), The Unknown Christ Of Hinduism: Towards An Ecumenical Christophany (1981) and Espiritualidad Hindu: Sanatana Dharma (2006). One of his oft quoted sayings is, ‘I left Europe (for India) as a Christian, I discovered I was a Hindu and returned as a Buddhist, without ever having ceased to be a Christian’. I can’t say I ever read anything by him that suggested that he was a Buddhist, although many of his ideas did sound like Christian (or perhaps better ‘theistic’) concepts wrapped up in Buddhist terminology. Inter-religious dialogue is a good thing if it takes place in an atmosphere of mutual respect and if the benefits are shared by all parties. But myself, I sometimes have trouble shaking off the impression that another strategy lies behind dialogue, at least for some people. In her obituary of Raimon Panikkar published in Time (20,9,2010) Amy Sullivan writes, ‘Some Catholics saw (Panikkar’s) work as dangerously radical. But to his students and many admirers, Panikkar was a prophet whose teachings helped Christianity spread like wildfire throughout the non-Western world’. Now I’m not sure I would agree that Christianity is growing that fast, but it certainly is in the ascendant in Asia, including in traditional Buddhist countries. Could this be the unspoken rationale behind some dialogue?
Whatever the case, Panikkar was a deeply spiritual man and a very warm, open one as well. And he could be most interesting to listen to. Here is parts of a dialogue he engaged in on the subject of love.

Read more...

ဗုဒ္ဓဘာသာဝင်တို့ နေ့စဉ်ပြုအပ်သောအရာ

(၁) ရေချမ်းကပ်လှူခြင်း။
သတ္တ၀ါတို့၏ကျေးဇူးတော်ရှင် သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင်
ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရားရှင်အား သက်တော်ထင်ရှား ရှိသည့်
အလားစိတ်တွင်မှတ်ယူကာ လိုသလိုအသုံးပြုနိုင်ရန် ရည်စူး၍ ကပ်လှူခြင်း။
အကျိုးကိုလို၍ ကပ်လှူပူဇော်ခြင်း မဟုတ်သော်လည်း အကျိုးကျေးဇူးတို့အား
သိရှိစေရန် ဖော်ပြအပ်ပါသည်။ ရေအကျိုး(၁၀)ပါးကို စာဖတ်သူများ သိရှိပြီး
ဖြစ်ပါသည်။ ယင်းတို့မှာ
(၁) လျင်မြန်ခြင်း၊
(၂) သန့်ရှင်းစင်ကြယ်ခြင်း၊
(၃) ကျော်ကြားလူသိများခြင်း၊
(၄) ဆာလောင်မွတ်သိပ်မှု ကင်းခြင်း၊
(၅) အခြွေအရံများခြင်း၊
(၆) အသက်ရှည်ခြင်း၊
(၇) အဆင်းလှခြင်း၊
(၈) ချမ်းသာကြီးခြင်း၊
(၉) ခွန်အားဗလ ကြီးမားခြင်း၊
(၁၀) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။

(၂) ဆွမ်းကပ်လှူခြင်း။
ရေချမ်းကပ်လှူသကဲ့သို့ မိမိစိတ်တွင်နှလုံးသွင်း၍ ကပ်လှူပါ။ ဆွမ်း၊
သစ်သီးတို့အား နေလွဲညစာ မကပ်မိစေရန် အထူးသတိထားစေလိုပါသည်။ နေလွဲညစာဆိုရာ၌
ရှစ်ပါးသီလတွင်ပါရှိသော ၀ိကာလဘောဇနာ ဆိုသော သီလကိုမမေ့သင့်အပ်ပေ။
အထူးသတိထားရှောင်ကျဉ်ပါလေ။ သို့ရာတွင် တင် ပြစရာလေးတော့ ရှိနေခဲ့ပါသည်။
ကျွန်တော်မြန်မာလူမျိုးများ အနေဖြင့် သာမာန် ဧည့်သည် လာရောက်ရင်တောင်
သစ်သီး၊ မုန့်စသည်တို့ကို စားသုံးရန် အဆင် သင့်
ပြုလုပ်ပြီးမှဧည့်ခံလေ့ရှိပါတယ်
။ ဒါတောင်ဂုဏ်သရေရှိလူကြီး မဟုတ်သေး ပါဘူး။ ယခုမှာ သတ္တ၀ါတို့၏ကျေးဇူးတော်ရှင် သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင်
ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရားရှင်အား သက်တော် ထင်ရှား ရှိသည်ဟု
ကပ်လှူတာ မဟုတ်ပါလား။ ဤသည်ကို သစ်သီးဆို အလုံး လိုက်ကြီး၊ မုန့်ဆိုလျှင်
အိတ်ကမခွာထား။ ညနေအထိထားလို့ထား။ တစ်ချို့ သစ်သီးကိုအုန်းပြီး
မှည့်မှစွန့်ကြတယ်။ စက္ခုအမြင် မတင့်တယ်စရာပါ။ စာဖတ် သူများ မသိရှိသေးက
ပြင်ဆင်နိုင်ရန် တင်ပြအပ်ပါသည်။ အမှားကိုသိလို့ အမှန် ကိုပြင်တာလူတော်ပေါ့။
ဆွမ်းလှူသဖြင့် ရရှိနိုင်သော အကျိုးတရား (၅)မျိုး ကိုလည်း အင်္ဂုတ္တိုရ်
ပါဋ္ဌိတော် ဘောဇနသုန်တွင် ပြဆိုထားပါသည်။ ၄င်းတို့မှာ (၁) အသက်ရှည်ခြင်း၊
(၂) အဆင်းလှခြင်း၊
(၃) ကိုယ်စိတ်ချမ်းသာခြင်း၊
(၄) ခွန်အားဗလ ကြီးမားခြင်း၊
(၅) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။

(၃) ဘယ်သွားသွား၊ ဘယ်လာလာ၊ ဘာလုပ်လုပ် သရဏဂုံရွတ်ဆိုဆောက်တည်ခြင်း။
အရဟံဂုဏ်တော် ရွတ်ဆိုပွားများခြင်း။
အသင့်အတင့်အမှန်အတိုင်း နှလုံးသွင်း၍(ယောနိသော မနသိကာရ)၊ လူတိုင်းကို
ပီယစက္ခု ချစ်ခင်သောအမြင်ဖြင့်ကြည့်ကာ မိမိ၏နှလုံးအိမ်ထဲတွင် ဘုရား၊ တရား၊
သံဃာ တို့၏ဂုဏ်တော်များကို မြင်ရောင်၍ ဘုရား၊ တရား၊ သံဃာမှတပါး
ကိုးကွယ်ရာမရှိပါဟု မှတ်ယူကာ သရဏဂုံကို ရွတ်ဖတ်ပွားများခြင်း။
အရဟံ= (က) ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊
(ခ) စိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကိုပြုတော်မမူသော မြတ်စွာဘုရား၊
(ဂ ) ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။ ဟူ၍ အရဟံဂုဏ်တော်ကို
တစ်ဆင့်ထက်တစ်ဆင့်မြင့်၍ ပွားများခြင်း။ ဤကဲ့သို့ သရဏဂုဏ်ဆောက်တည်ခြင်းသည်
ကျောင်းဆောက်လှူဒါန်း၍ ကျောင်းဒကာ ဖြစ်သည်ထက်မြတ်၏။ ဤသို့ပွါးများရာတွင်
ကမ္မဋ္ဌာန်း(၄၀)မှ အနုဿတိ(၁၀)ပါးတွင် ပါဝင်သော ဗုဒ္ဓနုဿတိ ကမ္မဋ္ဌာန်းရှုရာလည်း
ရောက်ပါတယ်။

(၄) ညအိပ်ယာဝင်တိုင်း ငါးပါးသီလ၊ ရှစ်ပါးသီလ စသဖြင့် ခံယူ၍ ဘုရားဝတ်ပြု၊
မေတ္တာပွားပြီးမှ အိပ်စက်ခြင်း။
သာမာန်ဘုရားဝတ်ပြုပြီးမှ အိပ်စက်တာထက်စာရင် သီလစောက်တည် မေတ္တာ ပို့ပြီးမှ
အိက်စက်ရင်ပိုပြီး သီလစင်ကြယ်ပါတယ်။ မေတ္တာအကျိုး(၁၁)မျိုး ကို
လည်းရရှိစေပါတယ်။
(၁) ချမ်းသာစွာ အိပ်ရခြင်း။
(၂) ချမ်းသာစွာနိုးရခြင်း။
(၃) အိပ်မက်ဆိုးတို့ကို မမြင်မက်ခြင်း။
(၄) နတ်အပေါင်းက စောင့်ရှောက်ခြင်း။
(၅) လူအများချစ်ခင်ခြင်း။
(၆) မီးဘေးမသင့်နိုင်ခြင်း။
(၇) အဆိပ်၊လက်နက် မသင့်နိုင်ခြင်း။
(၈) စိတ်တည်ကြည်ခြင်း။
(၉) မျက်နှာကြည်လင်ခြင်း။
(၁၀) တွေဝေစွာမသေရခြင်း။
(၁၁) သေလွန်လျှင် ဗြဟ္မာ့ပြည်ရောက်နိုင်ခြင်း ဟုပြဆိုထားပါတယ်။

ဤအချက်တို့သည် ဗုဒ္ဓဘာသာလူမျိုးများ အနေဖြင့် ငယ်စဉ် ကလေးဘ၀က
သိရှိပြီးသားဖြစ်ပါသည်။ သို့သော်ဤအချက်တို့ကို စာဖတ်သူများ ငယ်စဉ်မှစ၍
ယခုအချိန်ထိ ဘယ်နှစ်ကြိမ်လုပ်ဖူးပြီလဲဆိုသော အတွေး လေးတော့
ဝင်စေချင်မိပါသည်။ နွားတစ်ကောင်အသက်ကြီးလာလေ သူရဲ့ဦး ချိုရှည်လာလေ၊
လူတစ်ယောက်အသက်ကြီးလေ သူရဲ့တဏှာကြီးလေပါ။အသားတိုးသလော

က် တဏှာတိုးသလောက၊်
တရားအသိမတိုးရင် လူကြီး လာသော်လည်း ကလေးတွေးသာသာရယ်ပါ။ သတိအကြောင်း၊ ၀ိပဿနာ
အကြောင်းတွေ ဖောင်ဖောင်ကြီးပြောနေပေမဲ့ စိတ်နေစိတ်ထားရော ကိုယ်ကျင့်
တရားနဲ့ကိုယ်နှုတ်အမူအရာရော ပြောင်းလဲတိုးတက်လာမှုမရှိဘူးဆိုရင် အဲဒီ လူဟာ
ချူန်းပြီးမရွာတဲ့မိုးနဲ့တူတူပါပဲ။ အဲဒီတော့ ဗုဒ္ဓဘုရား၏တရားတော်အတိုင်း
နေ့စဉ်ပြုအပ်သော၊ နေစဉ်ပြုအပ် သော၊ စောင့်ထိန်းအပ်သော၊ ရှောင်ကျဉ်အပ်သော
တရားတော်တို့ကို အချိန်နှင့် အမျှ ကျင့်သုံးကြပါစို့။ ပုထုဇဉ်
တို့၏သဒ္ဓါတရားသည် ထာဝရ မခိုင်မြဲနိုင်လို့ ဆိုထားပေရာ
ဗုဒ္ဓဘာသာဝင်သူတော်စဉ်အပေါင်း ဤကဲ့သို့ ကပ်လှူခြင်း၊ ပွားများခြင်းအားဖြင့်
သဒ္ဓါတရားရင့်သန်၍ ၀ိပဿနာတရားတော်ကို ကျင့်ကြံကြိုး ကုတ် အားထုတ်၍
နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သော သူတော်ကောင်း၊ သူတော်မြတ်များ
ဖြစ်ကြပါစေ။ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်စေရန် ရည်သန်၍
ဓမ္မဒါနပြုအပ်ပါသည်။ သတ္တ၀ါအချင်းချင်း ပီယစက္ခုဖြင့် ကြည့်ရှုနိုင်ကြပါစေ။

Read more...

သင်ဘာရည်ရွယ်ချက်နဲ့ လူဖြစ်နေသလဲ

အားလုံးသော လူတိုင်း လူတိုင်းကိုပေါ့ ဘာရည်ရွက်ချက်နဲ့ လူဖြစ်နေသလဲ?
လူဖြစ်ရခြင်းရဲ့ ရည်ရွက်ချက်က ဘာလဲ? လို့မေးရင် တိကျမှန်ကန်စွာ
ဖြေနိုင်ဖို့တော့ ခက်ခဲမယ် ထင်ပါရဲ့

ဥပမာ ဆိုပါစို့
လူတစ်ယောက်ကို မေးမယ် သူက ဆရာဝန်ကြီး လုပ်မယ်၊ တစ်ယောက်က အင်ဂျင်နီယာ၊
တစ်ယောက်က ဂျာနယ်လစ် တစ်ယောက်က သတင်းစာဆရာ ဘာ ညာ စသဖြင့်ပေါ့ သူတို့တွေ
အားလုံးရဲ့ ရည်ရွက်ချက်တွေ မတူညီတာကို တွေ့ရပါလိမ့်မယ်။ တူညီမူ မရှိဘဲ
ထွက်လာပါလိမ့်မယ်။ ကဲ ဒီလိုဆိုရင် လူတစ်ထောင်ရှိရင် ရည်ရွက်ချက် တစ်ထောင်
ထွက်လာနိုင်တာ ပေါ့နော်။

လူသားတိုင်းမှာ မရှိမဖြစ်တဲ့ ရည်ရွယ်ချက် ရှိသင့်တာပေါ့။ အဲဒီ ရည်ရွက်ချက်က
လူသားအားလုံးနဲ့ ဆိုင်တဲ့ common ဖြစ်တဲ့ ရည်ရွက်ချက် ဖြစ်ရမယ်။ အဲဒီ
ရည်ရွက်ချက်က ဘာလဲဆိုလို့ရှိရင် တို့များရဲ့ ဗုဒ္ဓ ဘုရားရှင်က ဟောထားပါတယ်။
အားလုံးလဲ သိကြ၊ ရဖူးကြမှာပါ ပရိတ်ကြီးးထဲက ရတနာ့ သုတ်ထဲမှာ ပါပါတယ်။

လောကတ္ထစရိယ၊ ဥာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယာတိ တိေဿာ စရိယာယော......လို့

လောကတ္ထစရိယ- ဆိုတာ

Read more...

Ph.D. Program (ဒေါက်တာဘွဲ့)




မာတိကာ

၁။ ရည်ရွယ်ချက်
၂။ ခေါင်းစဉ်ရွေးချယ်ခြင်း
၃။ ကျမ်းစာရေးရာ၌ အသုံးပြုရမည့်ဘာသာစကား
၎။ Ph.D. ၀င်ခွင့်ရရန် အနည်းဆုံးလိုအပ်သော ပညာအရည်အချင်း
၅။ ၀င်ခွင့်ရယူခြင်း
၆။ Supervisor ရွေးချယ်ခြင်း
၇။ Ph.D. ကျမ်းစာတင်သွင်းခြင်း
၈။ လူတွေ့စစ်ဆေးခြင်း
၉။ Ph.D. ဘွဲ့ရယူခြင်း
၁၀။ ဘွဲ့အပ်နှင်းခြင်း

၁။ ရည်ရွယ်ချက်
Sitagu International Buddhist Academy သည် ဗုဒ္ဓတရားတော်ကို ထေရ၀ါဒနည်းကျကျဖြန့်ချိရန် ရည်ရွယ်သည်အားလျော်စွာ Ph.D. Program ကိုလည်း ထိုရည်ရွယ်ချက်အတိုင်း ရေးဆွဲအကောင်အထည်ဖော်သည်။

၂။ ခေါင်းစဉ်ရွေးချယ်ခြင်း
ဆဋ္ဌသင်္ဂါယနာမူ ပါဠိတော် အဋ္ဌကထာ ဋီကာကို အခြေခံ၍ Philosophical, Historical, Psychological, Cultural, Social, Archaeological နှင့် Linguistic အစရှိသော ရှုထောင့်အမျိုးမျိုးမှ ထေရ၀ါဒဗုဒ္ဓဘာသာနှင့်သက်ဆိုင်သော ခေါင်းစဉ်တစ်ခုခု ဖြစ်ခြင်း။
(သို့မဟုတ်)
ထေရ၀ါဒနှင့် မဟာယာနဗုဒ္ဓဘာသာကို အထက်ဖော်ပြ ပါရှုထောင့်များမှ နှိုင်းယှဉ်လေ့လာသော ခေါင်းစဉ်တစ်ခုခုဖြစ်ခြင်း။
(သို့မဟုတ်)
ထေရ၀ါဒဗုဒ္ဓဘာသာနှင့် Hindu, Christian, Islam, Jainism စသောဘာသာကြီးတို့ကို အထက်ပါရှုထောင့်များမှ နှိုင်း ယှဉ်လေ့လာသော ခေါင်းစဉ်တစ်ခုခုဖြစ်ခြင်း။

၃။ ကျမ်းစာရေးရာ၌ အသုံးပြုရမည့်ဘာသာစကား
ကျမ်းစာရေးရာ၌ အသုံးပြုရမည့်ဘာသာစကားမှာ English (သို့မဟုတ်) ပါဠိဘာသာဖြစ်သည်။

၎။ Ph.D. ၀င်ခွင့်ရရန် အနည်းဆုံးလိုအပ်သော ပညာအရည်အချင်း
(က) S.I.B.A. မှ M.A. ဘွဲ့ရရှိခြင်း၊
(သို့မဟုတ်)
(ခ) ပြည်တွင်းပြည်ပရှိ English Media ဖြင့် သင်ကြားသော တက်္ကသိုလ်ကြီးတစ်ခုခုမှ M.A. ဘွဲ့ကိုရရှိပြီး ပြည်တွင်းပြည်ပတက္ကသိုလ် တစ်ခုခု၌ Philosophical, Historical, Psychological, Cultural, Social, Archaeological နှင့် Linguistic အစရှိ သောဘာသာရပ် တစ်ခုခုကို သုတေသနလုပ်ခြင်း (သို့) သင်ကြားပို့ချခြင်းအတွေ့အကြုံ အနည်းဆုံးနှစ် နှစ်ရှိပြီးနောက် Sitagu International Buddhist Academy က ကျင်းပပေးသော English အရည် အချင်းစစ်စာမေးပွဲ (ရေးဖြေနှင့်လူတွေ့)ကို အောင်မြင်ခြင်း။

၅။ ၀င်ခွင့်ရယူခြင်း
အထက်ပါအရည်အချင်းနှင့်ပြည့်စုံသော Candidate များသည် အောက်ပါအစီအစဉ်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ပြီးပြည့်စုံစေ၍ ၀င်ခွင့်ရယူရမည်ဖြစ်သည်။

(က) မိမိကို Supervise လုပ်မည့ှ်Supervisor ၏သဘောတူညီမှုကို ရယူခြင်း၊
(ခ) Supervisor ၏ခွင့်ပြုချက်ဖြင့် ခေါင်းစဉ်ရွေးချယ်ကာ တက္ကသိုလ်သို့တင်ပြ၍ သဘောတူညီချက်ရယူခြင်း၊
(ဂ) မိမိရေးသားမည့်ကျမ်းစာမိတ်ဆက်စာတမ်းကို စာမျက်နှာ(၅)မျက်နှာထက်မနည်းစေပဲ ရေးသားတင်ပြ၍ တက္ကသိုလ်၏ ခွင့်ပြုချက်ရယူခြင်း၊

၆။ Supervisor ရွေးချယ်ခြင်း
Ph.D. Candidate တစ်ဦးကို Supervise လုပ်မည့် Supervisor တစ်ဦးသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်။

(က) တက္ကသိုလ်တစ်ခုခုမှ ဗုဒ္ဓစာပေနှင့်ပတ်သက်သော ခေါင်းစဉ်ဖြင့်သောလည်းကောင်း၊ Philosophical, Historical, Psychological, Cultural, Social, Archaeological နှင့် Linguistic အစရှိသော ဘာသာ ရပ်တစ်ခုခုနှင့်ပတ်သက်သော ခေါင်းစဉ်တစ်ခုခု ဖြင့်သော်လည်းကောင်း Ph.D. ဘွဲ့ရရှိထားပြီး ဖြစ်ရမည်၊
(ခ) ထေရ၀ါဒရဟန်းတော်ဖြစ်ရမည်၊
(ဂ) အနည်းဆုံး ဓမ္မာစရိယအောင်ပြီးသူဖြစ်ရမည်၊
(ဃ) S.I.B.A. ၌ လက်ရှိပါမောက္ခရာထူးတာဝန်ကို ထမ်းဆောင်နေဆဲ (သို့မဟုတ်) ထမ်းဆောင်ခဲ့သူ (ပါမောက္ခရာထူး တာဝန်ထမ်းဆောင်စဉ်အတွင်း အဝေးသို့ တာဝန်ထမ်းဆောင်ရန် S.I.B.A. က တာဝန်ပေးစေလွှတ်ခြင်းခံရသူ) ဖြစ်ရမည်၊
(င) S.I.B.A က Supervisor လုပ်နိုင်ခွင့်တာဝန်ကို တရားဝင်ပေးအပ်ထားသူ ဖြစ်ရမည်။

၇။ Ph.D. ကျမ်းစာတင်သွင်းခြင်း
တင်သွင်းသည့်ကျမ်းစာသည် S.I.B.A. က သတ်မှတ်ပေးထားသော စည်းမျဉ်းစည်းကမ်းများနှင့် ညီရမည်။ (စည်းမျဉ်း စည်းကမ်းများကို နောက်ဆက်တွဲအနေဖြင့်ဖော်ပြရန်) ၀င်ခွင့်ရရှိသည့်နေ့မှစ၍ ၃-နှစ်ထက်မစော ၅-နှစ်ထက် နောက်မကျစေပဲ တင်သွင်းနိုင်ရမည်။ (၅-နှစ်ပြည့်သည်အထိ ကျမ်းစာကို မတင်သွင်းနိုင်ပါက နောက်ထပ်အသစ်ထပ်မံ၍ ၀င်ခွင့် ရယူရမည်ဖြစ်သည်။) ရေးသားပြီးသောကျမ်းစာကို ၅ မူကူး၍ S.I.B.A. နှင့် အခြားတက္ကသိုလ်တစ်ခုခု၌ လက်ရှိပါမောက္ခတာဝန် ထမ်းဆောင်နေသော (သို့) ထမ်းဆောင်ခဲ့သော Ph.D. ဘွဲ့တစ်ခုခုရရှိပြီးသော S.I.B.A. က သတ်မှတ်ပေးထားသော ပုဂ်္ဂိုလ်များအနက် တက္ကသိုလ် က ရည်ညွှန်းသည့်ပုဂ္ဂိုလ် ၂- ဦးသို့ တင်ပြပြီး ထောက်ခံချက်ရ ယူရမည်။ ရေးသားပြီးသောကျမ်းစာ ၅ မူအနက် ၃ မူကို Ph.D. Candidate ကိုယ်တိုင်တစ်မူ သိမ်းထားပြီး Supervisor အတွက် တစ်မူ တက်္ကသိုလ်စာကြည့်တိုက်သို့ တစ်မူပေးအပ်ရမည်။

၈။ လူတွေ့စစ်ဆေးခြင်း
တက္ကသိုလ်က သတ်မှတ်ပေးသောရက်၌ တက္ကသိုလ်က ဖိတ်ကြားထားသော ပါမောက္ခများနှင့် တွေ့ဆုံ၍ လူတွေ့စစ်ဆေး ခြင်းခံရမည်။

၉။ Ph.D. ဘွဲ့ရရှိခြင်း
Supervisor ၏ ထောက်ခံချက်ဖြင့် တက္ကသိုလ်သို့တင်ပြလာသော ကျမ်းစာကို Internal and External Examiners များလက်ခံ၍ အဆင့်အတန်းမီကြောင်း ထောက်ခံလက်မှတ်ရေးထိုးပါက လူတွေ့စစ်ဆေးခြင်းကို ခံယူပြီး လူတွေ့စစ်ဆေးသော ပါမောက္ခအားလုံးက စာတမ်းတင်သွင်းသူသည် တင်သွင်းသော စာတမ်းဖြင့် Ph.D. ဘွဲ့ကို ပိုင်ဆိုင်သင့်ကြောင်း တညီတညွတ်တည်း ထောက်ခံချက်ကိုရရှိပါက ကျမ်းစာတင်သွင်းသူသည် ထိုကျမ်းစာဖြင့် Ph.D. ဘွဲ့ကို ပိုင်ဆိုင်သင့်ကြောင်း တက်္ကသိုလ်က အသိအမှတ်ပြုမည်။

၁၀။ ဘွဲ့အပ်နှင်းခြင်း
လူတွေ့အဆင့်အထိအောင်မြင်ပြီးသော ကျမ်းစာတင်သွင်းသူကို ယာယီအောင်လက်မှတ် ထုတ်ပေးထားပြီး တက္ကသိုလ်က နှစ်စဉ်ကျင်းပသော ဘွဲ့နှင်းသဘင်တွင် ဘွဲ့လက်မှတ်ပေးအပ် မည်ဖြစ်သည်။ ဘွဲ့လက်မှတ်ကို ကိုယ်တိုင်သော်လည်းကောင်း၊ အဝေးရောက် စာတိုက်မှတဆင့်သော်လည်းကောင်း ထုတ်ယူနိုင်ပါသည်။


သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ Program များပြီး၏။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
သီတဂူစတား
၁၉-၉-၂၀၁၀

0 comments

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP