* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, September 18, 2010

ပစ္စည်းပိုင်း - ပဋ္ဌာန်းနည်း (၁)

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၄ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် စနေနေ့တိုင်း သင်ကြား ပို့ချသော အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ သင်တန်းကို ဆက်လက် သင်ကြားပို့ချရာ သင်တန်းအပတ်စဉ် (၄၉)နှင့် (၅၀)(ပစ္စည်းပိုင်း - ပဋ္ဌာန်းနည်း ၁ နှင့် ၂)တို့ကို လေ့လာ သင်ယူ မှတ်သားကြရ၏။

ပဋ္ဌာန်းနည်း အဓိပ္ပာယ်များ

ပဋ္ဌာနဟူသော ပုဒ်ကို စွဲ၍ ပဋ္ဌာန်းဟု ခေါ်ဆိုကြသည်။
အထူးထူးအပြားပြား များစွာကုန်သော ပစ္စည်းတို့၏ ဖြစ်ရာဖြစ်သောကြောင့် ပဋ္ဌာန်းမည်၏။

တနည်းအားဖြင့် - ကုသိုလ်စသော သင်္ခတတရားတို့ကို ဟေတုပစ္စည်း အစရှိသည်တို့၏ အစွမ်းဖြင့် ဝေဖန်ရာဖြစ်သောကြောင့် ပဋ္ဌာန်းမည်၏။

ပစ္စည်း = အကျိုးတရားများ ဖြစ်ပေါ်အောင်၊ ဖြစ်ပြီးတရားကို တည်တံ့ခိုင်မြဲအောင် ကျေးဇူးပြုတတ်သော စိတ်,စေတသိက်,ရုပ်,နိဗ္ဗာန်,ပညတ်ဟု ဆိုအပ်သော အကြောင်းတရားများကို ပစ္စည်းဟု ခေါ်၏။

ပစ္စယုပ္ပန် = အကြောင်းကြောင့် ဖြစ်ရသော စိတ်,စေတသိက်,ရုပ်ဟူသော အကျိုးသင်္ခတတရားများကို ပစ္စယုပ္ပန်ဟု ခေါ်၏။

ပစ္စနိက် = ပစ္စည်းတရားပင်ဖြစ်သော်လည်း ပစ္စယုပ္ပန်၌ မပါဝင်သော တရားမျိုးကို ပစ္စနိက်ဟု ခေါ်၏။

သတ္တိ = ထင်ရှားမဖြစ်ပေါ်သေးသော်လည်း ဖြစ်စွမ်းနိုင်၏၊ ပြုစွမ်းနိုင်၏ ဟူသော သဘောဖြစ်၏။

ဗျတ္တိ = သတ္တိအားလျော်စွာ ထင်ရှားဖြစ်ပေါ်လာ၊ ပြုလာသော သဘောဖြစ်၏။

ပစ္စယ = ပစ္စယသဒ္ဒါသည် ဥပကာရက အနက်ရှိ၏။ ဥပကာရကဆိုသည်ကား ကျေးဇူးပြုတတ်သည်၊ ထောက်ပံ့ချီးမြှောက်တတ်သည်ဟု ဆိုလိုသည်။ ကျေးဇူးပြုဆိုသည်မှာ မိမိထင်ရှားရှိနေခဲ့လျှင် မိမိနှင့်စပ်ဆိုင်သော တရားတို့သည် မဖြစ်ပေါ်သေးလျှင်လည်း ဖြစ်ပေါ်ကြကုန်၏၊ ဖြစ်ပေါ်ပြီးရှိလျှင်လည်း တည်တံ့နိုင်ကြကုန်၏၊ တည်ပြီးသော တရားတို့သည်လည်း အဆင့်ဆင့် ကြီးပွား စည်ပင်ရန် အခြေအနေသို့ ရောက်ကြကုန်၏ ဟူသော သဘောမျိုးကို ကျေးဇူးပြုမှု ဆိုသည်။

+++++

ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်

ဟေတုပစ္စယော
အာရမ္မဏပစ္စယော
အဓိပတိပစ္စယော
အနန္တရပစ္စယော
သမနန္တရပစ္စယော
သဟဇာတပစ္စယော
အညမညပစ္စယော
နိဿယပစ္စယော
ဥပနိဿယပစ္စယော
ပုရေဇာတပစ္စယော
ပစ္ဆာဇာတပစ္စယော
အာသေဝနပစ္စယော
ကမ္မပစ္စယော
ဝိပါကပစ္စယော
အာဟာရပစ္စယော
ဣန္ဒြိယပစ္စယော
ဈာနပစ္စယော
မဂ္ဂပစ္စယော
သမ္ပယုတ္တပစ္စယော
ဝိပ္ပယုတ္တပစ္စယော
အတ္ထိပစ္စယော
နတ္ထိပစ္စယော
ဝိဂတပစ္စယော
အဝိဂတပစ္စယောတိ။

ပစ္စယုဒ္ဒေသော နိဋ္ဌိတော။

+++++

ဟေတုပစ္စည်း

အမြစ်သဖွယ် ကျေးဇူးပြုသောတရား၊ ရေသောက်မြစ်သည် သစ်ပင်အား အစဉ်ကြီးပွား၍ စည်ကားအောင် ကျေးဇူးပြုဘိသကဲ့သို့ ဟိတ် ၆-ပါးတို့သည် အတူတကွဖြစ်သော စိတ်,စေတသိက်,စိတ္တဇရုပ်,ပဋိသန္ဓေကမ္မဇရုပ်တို့အား ကြီးပွား ခိုင်မြဲစေရန် အကြောင်းမူလသတ္တိဖြင့် ကျေးဇူးပြုတတ်ကြ၏။

“ရေသောက်မြစ်နှယ်၊ ကျေးဇူးကြွယ်၊ ကြီးကျယ်ကြောင်းရင်းများ”

ပစ္စည်းတရား = လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ဟိတ် ၆-ပါး။

ပစ္စယုပ္ပန်တရား = သဟိတ်စိတ် (၇၁)ပါး၊ မောဟမူဒွေး၌ မောဟကြဉ်သော စေတသိက် (၅၂)ပါး၊ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေကမ္မဇရုပ်။

+++

အာရမ္မဏပစ္စည်း

အာရုံဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ ကြိုးတန်း တောင်ဝှေးတို့သည် အားအင်ချိနဲ့သော သူတို့အား ဆွဲကိုင်ရာအဖြစ်ဖြင့် ကျေးဇူးပြုဘိသကဲ့သို့ အာရုံ ၆-ပါးတို့သည် စိတ်,စေတသိက်တို့အား ဆွဲကိုင် မှီတွယ်ရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်ကြ၏။

“ဆွဲကိုင်မှီတွယ်၊ ကျေးဇူးကြွယ်၊ ခြောက်သွယ် ခေါ်အာရုံ”

ပစ္စည်းတရား = ပစ္စုပ္ပန်,အတိတ်,အနာဂတ်ဖြစ်သော စိတ် (၈၉)၊ စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ကာလဝိမုတ်ဖြစ်သော နိဗ္ဗာန်, ပညတ်။

ပစ္စယုပ္ပန်တရား = စိတ် (၈၉)၊ စေတသိက် (၅၂)။

+++

အဓိပတိပစ္စည်း

အကြီးအမှူးပြု၍ ကျေးဇူးပြုတတ်သော တရား၊ စကြာဝတေးမင်းသည် တစ်ပါးသောသူတို့၏ ကြီးမှူးသော သတ္တိကို မြစ်၍ တိုင်းနိုင်ငံသားတို့အား အစိုးရသော အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် အဓိပတိပစ္စည်း မည်၏။
အဓိပတိပစ္စည်းသည် (၁) အာရမ္မဏာဓိပတိ၊ (၂) သဟဇာတာဓိပတိဟု ၂-ပါး အပြား ရှိ၏။

“စကြာဘုန်းလူ၊ အုပ်စိုးမူသို့၊ ပြိုင်တူမရှိ၊ အုပ်စိုးဘိ၊ အဓိပတိ ခေါ်သတည်း”

အာရမ္မဏာဓိပတိ ပစ္စည်းတရား = အလေးအမြတ် ပြုအပ်သော ဣဋ္ဌဖြစ်သော နိပ္ဖန္နရုပ် (၁၈)၊ ဒေါသမူ ဒွေး၊ မောဟမူ ဒွေး၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ်ကြဉ်သော စိတ် (၈၄)၊ ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ဝိစိကိစ္ဆာကြဉ်သော စေတသိက် (၄၇)၊ နိဗ္ဗာန်။

အာရမ္မဏာဓိပတိ ပစ္စယုပ္ပန်တရား = အလေးအမြတ် ပြုတတ်သော လောဘမူစိတ် ၈-ခု၊ မဟာကုသိုလ်စိတ် ၈-ခု၊ မဟာကြိယာဉာဏသမ္ပယုတ်စိတ် ၄-ခု၊ လောကုတ္တရာစိတ် ၈-ခု၊ ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ဝိစိကိစ္ဆာ, အပ္ပမညာ ကြဉ်သော စေတသိက် (၄၅)ပါး။

သဟဇာတာဓိပတိ ပစ္စည်းတရား = သာဓိပတိဇော ၅၂-ခု၌ ရှိသော ဆန္ဒ, ဝီရိယ၊ သာဓိပတိ တိဟိတ်ဇော ၃၄-ခု၌ ရှိသော ဝီမံသ၊ သာဓိပတိဇော ၅၂-ခုဟု ဆိုအပ်သော စိတ္တာဓိပတိအားဖြင့် အဓိပတိ တရားကိုယ် ၃-ပါး, ၄-ပါးတို့တွင် တစ်ပါးပါး။

သဟဇာတာဓိပတိ ပစ္စယုပ္ပန်တရား = အဓိပတိပစ္စည်းကို ရသောအခါ အဓိပတိတရားကိုယ် ကြဉ်သော သာဓိပတိဇော ၅၂၊ ဝိစိကိစ္ဆာကြဉ်သော စေတသိက် ၅၁၊ သာဓိပတိ စိတ္တဇရုပ်။

+++

အနန္တရပစ္စည်း

အခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ စကြာဝတေးမင်းကြီး၏ နတ်ရွာလားခြင်းသည် သားကြီးရတနာအား အဘိသိက်သွင်းခြင်းငှာ ကျေးဇူးပြုသကဲ့သို့ မိမိချုပ်ဆုံးပြီးနောက် အခြားမဲ့၌ စိတ်,စေတသိက် တရားတို့ ဖြစ်ပွားအောင် ရွက်ဆောင်သမှု ကျေးဇူးပြုသော တရားသည် အနန္တရပစ္စည်း မည်၏။

“ခြားမဲ့နာမ်တွေ၊ ဖြစ်ပေါ်စေ၊ မှတ်လေ နန္တရ”

ပစ္စည်းတရား = ရဟန္တာတို့ စုတိကြဉ်သော ရှေးရှေးသော စိတ် (၈၉)၊ စေတသိက် (၅၂)၊ ပဝတ္တိပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး။

ပစ္စယုပ္ပန်တရား = ရဟန္တာတို့ စုတိနှင့်တကွ နောက် နောက်သော စိတ် (၈၉)၊ စေတသိက် (၅၂)၊ ပဝတ္တိပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး။

(အနန္တရပစ္စည်း၊ သမနန္တရပစ္စည်း၊ အနန္တရူပနိဿယပစ္စည်း၊ နတ္ထိပစ္စည်း၊ ဝိဂတပစ္စည်းတို့၏ ပစ္စည်းတရား, ပစ္စယုပ္ပန်တရားတို့မှာ အတူတူပင် ဖြစ်၏။)

+++

သမနန္တရပစ္စည်း

ကောင်းစွာ အခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ စကြာဝတေးမင်းကြီး၏ ရဟန်းပြုခြင်းသည် သားကြီးရတနာအား မင်းအဖြစ်ကို ရစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ နောက်စိတ်အား ကောင်းစွာ အခြားမရှိသောအားဖြင့် ကျေးဇူးပြုသော တရားသည် သမနန္တရပစ္စည်း မည်၏။

အနန္တရပစ္စည်းနှင့် သမနန္တရပစ္စည်းတို့သည် သံသဒ္ဒါမျှသာ ထူး၏။
သဘောအနက်အားဖြင့်ကား အထူးမရှိ။
သို့သော် ဝေနေယျသတ္တဝါတို့၏ အလိုအားလျော်စွာ ၂-မျိုးခွဲ၍ ဟောတော်မူ၏။

+++

သဟဇာတပစ္စည်း

ဆီမီးသည် မိမိနှင့် အတူတကွဖြစ်သော အလင်းဓာတ်အား တကွဖြစ်၍ ကျေးဇူးပြုသကဲ့သို့ မိမိနှင့်တကွ ဖြစ်ကုန်သော ပစ္စယုပ္ပန်တရားတို့အား တကွဖြစ်သည်အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် သဟဇာတပစ္စည်း မည်၏။

“အတူဖြစ်ရန်၊ ကျေးဇူးသန်၊ အမှန် သဟဇ”

ပစ္စည်းတရား = (၁) အချင်းချင်းအားလည်းကောင်း၊ အချင်းချင်း နာမက္ခန္ဓာ စိတ္တဇရုပ်, ပဋိသန္ဓေ ကမ္မဇရုပ်အားလည်းကောင်း တပ်သော အလုံးစုံသော စိတ် ၈၉၊ စေတသိက် ၅၂၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး။ (၂) အချင်းချင်းအားလည်းကောင်း၊ ဥပါဒါရုပ်အားလည်းကောင်း တပ်သော စိတ္တဇ မဟာဘုတ်၊ ပဋိသန္ဓေ ကမ္မဇမဟာဘုတ်၊ ဗာဟိရ မဟာဘုတ်၊ အာဟာရဇ မဟာဘုတ်၊ ဥတုဇ မဟာဘုတ်၊ အသညသတ် ကမ္မဇ မဟာဘုတ်၊ ပဝတ္တိ ကမ္မဇ မဟာဘုတ်အားဖြင့် မဟာဘုတ် လေးပါး။ (၃) အချင်းချင်းအား တပ်သော ပဉ္စဝေါကာရပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္ထု။

ပစ္စယုပ္ပန်တရား = (၁) အချင်းချင်းမှ ထောက်အပ်သော အလုံးစုံသော စိတ် ၈၉၊ စေတသိက် ၅၂၊ ပဝတ္တိပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး။ (၂) အချင်းချင်းမှ ထောက်အပ်သော ဥပါဒါရုပ်နှင့်တကွသော အလုံးစုံသော မဟာဘုတ် လေးပါး။ (၃) အချင်းချင်းမှ ထောက်အပ်သော ပဉ္စဝေါကာရပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္ထု။

+++

အညမညပစ္စည်း

အချင်းချင်း ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ သစ်သား ၃-ခုကို ထောင်၍ ထားရာ မလဲမပြိုအောင် အချင်းချင်း ကျေးဇူးပြုသကဲ့သို့ ရုပ်နာမ်အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သောကြောင့် အညမညပစ္စည်း မည်၏။

“အချင်းချင်းပြန်လှန်၊ ပြုလေပြန်၊ မှတ်ရန် အညမညတည်း”

ပစ္စည်းတရား = အချင်းချင်းအား တပ်သော အလုံးစုံသော စိတ် ၈၉၊ စေတသိက် ၅၂၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး။ အချင်းချင်းအား တပ်သော မဟာဘုတ် လေးပါး။ အချင်းချင်းအား တပ်သော ပဉ္စဝေါကာရပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္ထု။

ပစ္စယုပ္ပန်တရား = အချင်းချင်းမှ ထောက်အပ်သော အလုံးစုံသော စိတ် ၈၉၊ စေတသိက် ၅၂၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး။ အချင်းချင်းမှ ထောက်အပ်သော အလုံးစုံသော မဟာဘုတ် လေးပါး။ အချင်းချင်းမှ ထောက်အပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္တု။

အတူတကွဖြစ်၍သာ ကျေးဇူးပြုလျှင် သဟဇာတ မည်၏။ အတူတကွလည်းဖြစ် အချင်းချင်း အပြန်အလှန်လည်း ဖြစ်၍ ကျေးဇူးပြုလျှင် အညမညပစ္စည်း မည်၏။
ဤကား သဟဇာတနှင့် အညမညပစ္စည်း ၂-ပါးတို့၏ အထူးတည်း။

+++

နိဿယပစ္စည်း

မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ မြေကြီးသည် သစ်ပင်စသည်တို့၏ တည်ရာအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ကားဘောင်ရှိ အဝတ်ပုဆိုးသည် ပန်းချီဆေး၏ မှီရာဖြစ်သကဲ့သို့လည်းကောင်း၊ ပစ္စယုပ္ပန်တရားတို့၏ မှီရာတည်ရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် နိဿယပစ္စည်း မည်၏။

နိဿယပစ္စည်းသည် သဟဇာတနိဿယ၊ ပုရေဇာတနိဿယ ဟူ၍ ၂-ပါး အပြား ရှိ၏။
ထို ၂-ပါးတို့တွင် သဟဇာတနိဿယသည် သဟဇာတနှင့် တူ၏။
ပုရေဇာတနိဿယသည် ဝတ္ထုပုရေဇာတနိဿယ၊ ဝတ္ထာရမ္မဏပုရေဇာတနိဿယအားဖြင့် ၂-ပါး အပြား ရှိ၏။

“မှီရာဖြစ်စေ၊ ဖြစ်တုံပေ၊ မှတ်လေ နိဿယ”

ဝတ္ထုပုရေဇာတနိဿယ ပစ္စည်းတရား = ပဝတ္တိအခါ ဆဝတ္ထုရုပ်။ တနည်းကား မဇ္ဇျိမာယုကဖြစ်၍ အတီတဘဝင်နှင့် ဥပါဒ်ပြိုင်သော ပဉ္စဝတ္ထု။ ပဋိသန္ဓေအစရှိသော ရှေးရှေးသော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု။ နိရောဓသမာပတ်မှ ထသောအခါ ရှေ့စိတ္တက္ခဏ တစ်ချက်ခန့် ကာလ၌ဖြစ်သော ဟဒယဝတ္ထု။ မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ရေသော် ၁၇-ချက်မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု။

ဝတ္ထုပုရေဇာတနိဿယ ပစ္စယုပ္ပန်တရား = ပဉ္စဝေါကာရဘုံ၌ဖြစ်သောအခါ အရူပဝိပါက် ၄-ခု ကြဉ်သော သတ္တဝိညာဏဓာတ် ၈၅-ခု၊ စေတသိက် ၅၂။

ဝတ္ထာရမ္မဏပုရေဇာတနိဿယ ပစ္စည်းတရား = မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ ရေသော် ၁၇-ချက်မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု။

ဝတ္ထာရမ္မဏပုရေဇာတနိဿယ ပစ္စယုပ္ပန်တရား = မရဏာသန္နအခါ မနောဒွါရာဝဇ္ဇန်း၊ ကာမဇော ၂၉၊ တဒါရုံ ၁၁၊ အဘိညာဉ် ဒွေး၊ ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ဝိရတီ, အပ္ပမညာ ကြဉ်သော စေတသိက် ၄၄။

+++

ဥပနိဿယပစ္စည်း

အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ မိုးသည် သတ္တဝါဟူသမျှနှင့် ၎င်းကို မှီကာ ကြီးပွား ပေါက်ရောက်ကြသော သစ်ပင်တို့၏ အားကြီးသော မှီရာဖြစ်သလို သာမညမှီရာဖြစ်သော နိဿယထက် အားကြီးသော မှီရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် ဥပနိဿယ မည်၏။

ဥပနိဿယပစ္စည်းသည် အာရမ္မဏူပနိဿယ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယအားဖြင့် ၃-ပါး ရှိ၏။
ထိုတွင် အာရမ္မဏူပနိဿယသည် အာရမ္မဏာဓိပတိနှင့် တူ၏။
အနန္တရူပနိဿယသည် အနန္တရနှင့် တူ၏။

အာရုံ အနန္တရတို့နှင့် မရေရာသည်တိုင်အောင် ပင်ကိုယ်ပကတိ သဘောသက်သက်ဖြင့်ပင် အားကြီးလှသော မှီရာအကြောင်းဖြင့် ကျေးဇူးပြုတတ်သောကြောင့် ပကတူပနိဿယ မည်၏။

“အားကြီးမှီရာ၊ ပြုတုံပါ၊ မှတ်ပါ ဥပနိဿယ”

ပကတူပနိဿယ ပစ္စည်းတရား = ဗလဝဖြစ်သော ပစ္စုပ္ပန်, အတိတ်, အနာဂတ်ဖြစ်သော စိတ် ၈၉၊ စေတသိက် ၅၂၊ ရုပ် ၂၈၊ ပစ္စည်းထိုက်သော အချို့သော ပညတ်။

ပကတူပနိဿယ ပစ္စယုပ္ပန်တရား = ပစ္စုပ္ပန်ဖြစ်သော စိတ် ၈၉၊ စေတသိက် ၅၂။

+++

ပုရေဇာတပစ္စည်း

ရှေး၌ ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ ကမ္ဘာဦးက ပေါ်ပေါက်ခဲ့သော နေလတို့သည် ယခုတိုင် ထင်ရှားရှိကာ ၎င်းတို့ နောက်မှ ဖြစ်ပေါ်သော သတ္တဝါတို့အား အအေးအပူ အလင်းရောင်ပေးကာ ကျေးဇူးပြုသလို ပစ္စယုပ္ပန်တရားမှ ရှေးဦးစွာ ဖြစ်နှင့်၍ တည်လင့်သည်အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် ပုရေဇာတပစ္စည်း မည်၏။

ပုရေဇာတပစ္စည်းသည် အာရမ္မဏပုရေဇာတ၊ ဝတ္ထုပုရေဇာတ၊ ဝတ္ထာရမ္မဏပုရေဇာတ ဟု ၃-ပါး ရှိ၏။

“ရှေး၌ပုံသေ၊ ဖြစ်ခဲ့ပေ၊ မှတ်လေ ပုရေဇ”

အာရမ္မဏပုရေဇာတ ပစ္စည်းတရား = ပစ္စုပ္ပန် နိပ္ဖန္နရုပ် ၁၈။

အာရမ္မဏပုရေဇာတ ပစ္စယုပ္ပန်တရား = ပဉ္စဝေါကာရဘုံ၌ အာရမ္မဏပုရေဇာတပစ္စည်းကို ရခိုက်ရနေဖြစ်သော ကာမစိတ် ၅၄၊ အဘိညာဉ် ဒွေး၊ အပ္ပမညာကြဉ်သော စေတသိက် ၅၀။

ဝတ္ထုပုရေဇာတပစ္စည်းသည် ဝတ္ထုပုရေဇာတနိဿယနှင့် တူ၏။

ဝတ္ထာရမ္မဏပုရေဇာတပစ္စည်းသည် ဝတ္ထာရမ္မဏပုရေဇာတနိဿယနှင့် တူ၏။

+++

ပစ္ဆာဇာတပစ္စည်း

နောက်မှ ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ ရှေးက ပေါက်နှင့်ကာ ကြီးပွားနေသော သစ်ပင်အား နောက်မှ သွန်းလောင်းအပ် ရွာအပ်သော မိုးရေသည် စည်ပင် ကြီးပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ သတ္တဝါတို့၏ သန္တာန်မှာ နောက်နောက်၌ ဖြစ်သော စိတ်တို့သည် ရှေးရှေး၌ ဖြစ်၍ ဌီအနေအားဖြင့် ထင်ရှားရှိသာ ရုပ်တို့အား တည်ခိုင် သန်စွမ်းစေသောအားဖြင့် ကျေးဇူးပြုတတ်သော သဘောသည် ပစ္ဆာဇာတပစ္စည်း မည်၏။

“သတ္တိရှိနေ၊ ဌီရုပ်တွေအား၊ စိတ်စေနှစ်ဖြာ၊ နောက်နောက်လာ၊ တည်ငှာ ပစ္ဆာဇ”

ပစ္စည်းတရား = ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် ၄-ခု ကြဉ်သော ပထမဘဝင် အစရှိသော နောက် နောက်သော စိတ် ၈၅ ခု၊ စေတသိက် ၅၂။

ပစ္စယုပ္ပန်တရား = ပဋိသန္ဓေအစရှိသော ရှေးရှေးသော စိတ်နှင့်အတူ ဥပါဒ်၍ ရုပ်၏ ဌီသို့ ရောက်သော ဧကဇကာယ၊ ဒွိဇကာယ၊ တိဇကာယ၊ စတုဇကာယ။

+++

အာသေဝနပစ္စည်း

အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ ရှေးရှေး၌ ထုံအပ်သော နံ့သာသည် နောက်နောက်၌ ထုံအပ်သော နံ့သာအား အဆင်းအနံ့ကို လွန်စွာ ပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေးရှေး၌ သင်အံသော ကျမ်းဂန်သည် နောက်နောက်၌ သင်အံသော ကျမ်းဂန်အား သင်ကြားလေ့ကျက် ဆောင်ရွက်လွယ်ကူစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေးရှေးဖြစ်သော ဇောတို့သည် အခြားမဲ့ဖြစ်သော နောက်နောက်ဇောတို့အား ကျေးဇူးပြုတတ်သောကြောင့် အာသေဝနပစ္စည်း မည်၏။

“ရှေးဇောအစု၊ ဇာတ်တူမှုကြောင့်၊ ကု,အကုပါ၊ ကြိယာတစ်ဖန်၊ နန္တရံ၊ ပွားဟန် သေဝန”

ပစ္စည်းတရား = ဇာတ်တူအဆုံးဇော ကြဉ်သော ရှေးရှေးသော လောကီဇော ၄၇၊ စေတသိက် ၅၂။

ပစ္စယုပ္ပန်တရား = ပထမဇော, ဖိုလ်ဇော ကြဉ်သော နောက်နောက်သော ဇော ၅၁-ပါး၊ စေတသိက် ၅၂-ပါး။

+++

ကမ္မပစ္စည်း

မိမိကြောင့် ဖြစ်ကုန်သော ရုပ်နာမ်တရားတို့ကို ပြုပြင် စီရင်တတ်သော စေတနာသည် ကမ္မပစ္စည်း မည်၏။
သစ်ပင်၏ အမြစ်သည် သစ်ပင်နှင့်တကွဖြစ်၍ ထိုသစ်ပင်အား မြဲမြံခိုင်ခန့်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ထို့အတူ စေတနာသည် သဟဇာတ်ဖြစ်သော နာမ်ရုပ်တို့အား ကျေးဇူးပြု၏။ (ဤကား သဟဇာတကမ္မ အဖို့)။

သဟဇာတကမ္မ ပစ္စည်းတရား = စိတ် ၈၉ ၌ ရှိသော စေတနာ။

သဟဇာတကမ္မ ပစ္စယုပ္ပန်တရား = စိတ် ၈၉၊ စေတနာကြဉ်သော စေတသိက် ၅၁၊ စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်။

ကောင်းစွာ လှန်း၍ ကောင်းစွာ စီရင်အပ်သော မျိုးစေ့သည် အညွန့်ကို ဖြစ်စေခြင်းငှာ အမူအရာ လုံ့လ၏အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ ထို့အတူ အတိတ်ဖြစ်သော ကုသိုလ်,အကုသိုလ်စေတနာသည် ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်တို့အား အမူအရာ လုံ့လ၏အဖြစ်ဖြင့် ကျေးဇူးပြု၏။ (ဤကား နာနာက္ခဏိကကမ္မ အဖို့)။

နာနာက္ခဏိကကမ္မ ပစ္စည်းတရား = အတိတ်ဖြစ်သော ကုသိုလ်, အကုသိုလ် စေတနာ ၃၃-ခု။

နာနာက္ခဏိကကမ္မ ပစ္စယုပ္ပန်တရား = ဝိပါက်စိတ် ၃၆-ပါး၊ စေတသိက် ၃၈-ပါး၊ ပဋိသန္ဓေကမ္မဇရုပ်၊ အသညသတ် ကမ္မဇရုပ်၊ ပဝတ္တိ ကမ္မဇရုပ်။

+++

ဝိပါကပစ္စည်း

အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ မှည့်ရင့်မှုသို့ ရောက်သော သစ်သီးသစ်ပွင့်တို့သည် အရှိန်အစွမ်း ကုန်ခန်းကာ ဗျာပါရ လုံးဝမရှိတော့ဘဲ သိမ်မွေ့နုံ့နှေးသော သဘောသို့ ရောက်ကြသလို နာနာက္ခဏိကကမ္မပစ္စည်းမှ ရင့်ကျက်မှုသဘော ဖြစ်ကုန်သော ဝိပါက်တို့သည် မိမိကိုယ်တိုင်က ကံမျိုးဖြစ်ခြင်းကြောင့် ဗျာပါရလုံးဝမရှိ ငြိမ်းအေးကာ တကွဖြစ်ဘက် တရားတို့ကိုလည်း အရှိန်အဟုန် ဗျာပါရကင်းလျက် ငြိမ်းအေးဖို့ရာ ကျေးဇူးပြုသောတရားသည် ဝိပါကပစ္စည်း မည်၏။

ပစ္စည်းတရား = အချင်းချင်းအားလည်းကောင်း၊ အချင်းချင်း နာမက္ခန္ဓာ စိတ္တဇရုပ်, ပဋိသန္ဓေ ကမ္မဇရုပ်အားလည်းကောင်း တပ်သော ဝိပါက် ၃၆၊ စေတသိက် ၃၈၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး၊ ဟဒယဝတ္ထုအား တပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ။

ပစ္စယုပ္ပန်တရား = အချင်းချင်းမှ ထောက်အပ်သော ဝိပါက် ၃၆၊ စေတသိက် ၃၈၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး၊ ဝိပါက် နာမက္ခန္ဓာမှ ထောက်အပ်သော စိတ္တဇရုပ်, ပဋိသန္ဓေ ကမ္မဇရုပ်၊ ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာမှ ထောက်အပ်သော ဟဒယဝတ္ထု။

+++

အာဟာရပစ္စည်း

ထောက်ပံ့ခိုင်စေသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ ပစ္စယုပ္ပန်ဖြစ်ကုန်သော ရုပ်နာမ်တရားတို့အား ထောက်ပံ့ခိုင်စေတတ်သည်အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် အာဟာရလေးပါးသည်။ အာဟာရပစ္စည်း မည်၏။

“ထောက်ပံ့ခိုင်တွယ်၊ ကျေးဇူးကြွယ်၊ လေးသွယ် အာဟာရ”

အာဟာရပစ္စည်းသည် ရုပ်အာဟာရ၊ နာမ်အာဟာရအားဖြင့် ၂-ပါး အပြား ရှိ၏။

ရုပ်အာဟာရ ပစ္စည်းတရား = စတုသမုဋ္ဌာနိက သြဇာ။

ရုပ်အာဟာရ ပစ္စယုပ္ပန်တရား = ကလာပ်တူသြဇာကြဉ်သော ကလာပ်တူကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကရုပ်။

နာမ်အာဟာရ ပစ္စည်းတရား = ဖဿ, စေတနာ, ဝိညာဏ်ဟု ဆိုအပ်သော နာမ်အာဟာရ တရားကိုယ် ၃-ပါး။

နာမ်အာဟာရ ပစ္စယုပ္ပန်တရား = စိတ် ၈၉၊ စေတသိက် ၅၂၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်။

+++

ဣန္ဒြိယပစ္စည်း

အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ တစ်ပြည်တည်း၌ အထူးထူးသော တာဝန်ကို ဆောင်ရွက်ကြသော မင်းတို့သည် တစ်ပါးသော မင်းတို့၏ ကြီးကဲသော သတ္တိကို မမြစ်မူ၍ အသီးအသီး မိမိတို့၏ အရာ၌သာ အစိုးရသည်၏အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ နာမ်ဣနြေ္ဒတရားကိုယ် ရှစ်ပါး အစရှိသည်တို့သည်လည်း တစ်ပါးသည် တစ်ပါး၏ သတ္တိကို မမြစ်မူ၍ မိမိတို့၏ အရာ၌သာ အစိုးရသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုသော တရား။

ဣန္ဒြိယပစ္စည်းသည် သဟဇာတိန္ဒြိယ၊ ပုရေဇာတိန္ဒြိယ၊ ရူပဇီဝိတိန္ဒြိယအားဖြင့် ၃-ပါး ရှိ၏။

သဟဇာတိန္ဒြိယ ပစ္စည်းတရား = ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ပညာဟု ဆိုအပ်သော နာမ်ဣနြေ္ဒတရားကိုယ် ၈-ပါး။

သဟဇာတိန္ဒြိယ ပစ္စယုပ္ပန်တရား = စိတ် ၈၉၊ စေတသိက် ၅၂၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်။

ပုရေဇာတိန္ဒြိယ ပစ္စည်းတရား = မဇ္ဇျိမာယုကဖြစ်၍ အတီတဘဝင်နှင့် ဥပါဒ်ပြိုင်သော စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထု။

ပုရေဇာတိန္ဒြိယ ပစ္စယုပ္ပန်တရား = ဒွေးပဉ္စဝိညာဏ် ၁၀၊ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇။

ရူပဇီဝိတိန္ဒြိယ ပစ္စည်းတရား = ရုပ်ဇီဝိတိနြေ္ဒ။

ရူပဇီဝိတိန္ဒြိယ ပစ္စယုပ္ပန်တရား = ရုပ်ဇီဝိတိနြေ္ဒကြဉ်သော ကလာပ်တူကမ္မဇရုပ် ၉-ခု။

+++

ဈာနပစ္စည်း

ကပ်၍ ရှုတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ ကသိုဏ်းစသော အာရုံသို့ ကပ်၍ ကြံခြင်း၊ လက္ခဏာရေးသုံးပါးသို့ ကပ်၍ ကြံခြင်း အစွမ်းအားဖြင့် ကပ်၍ အာရုံကို ကြံတတ်ကုန်သောအားဖြင့် ဝိတက်အစရှိသည်တို့သည် ဈာနပစ္စည်း မည်၏။

ပစ္စည်းတရား = ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာဟု ဆိုအပ်သော ဈာန်တရားကိုယ် ငါးပါး။

ပစ္စယုပ္ပန်တရား = ဒွေးပဉ္စဝိညာဏ် ၁၀ ကြဉ်သော စိတ် ၇၉၊ စေတသိက် ၅၂၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်။

+++

မဂ္ဂပစ္စည်း

သုဂတိဘုံ၊ ဒုဂ္ဂတိဘုံ၊ နိဗ္ဗာန်ဘုံသို့ ဆိုက်ရောက်စေနိုင်သော လမ်းခရီးသဘောသတ္တိအားဖြင့် ကျေးဇူးပြုတတ်ကုန်သော သမ္မာဒိဋ္ဌိစသော တရားတို့သည် မဂ္ဂပစ္စည်း မည်၏။

ပစ္စည်းတရား = ပညာ၊ ဝိတက်၊ ဝိရတီ(၃)၊ ဝိရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ဒိဋ္ဌိဟု ဆိုအပ်သော မဂ္ဂင်တရားကိုယ် ၉-ပါး။

ပစ္စယုပ္ပန်တရား = သဟိတ်စိတ် ၇၁၊ စေတသိက် ၅၂၊ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေကမ္မဇရုပ်။

+++

သမ္ပယုတ္တပစ္စည်း

နို့ရည်၊ တင်လဲ၊ ထောပတ်၊ ပျားသကာဟူသော စတုမဓူအရသာသည် အချင်းချင်း နှီးနှောသည်ဖြစ်၍ ကျေးဇူးပြုသကဲ့သို့ နာမ်ခန္ဓာလေးပါးသည်လည်း အချင်းချင်း မကွေမကွာ ယှဉ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

ပစ္စည်းတရား = အချင်းချင်းအား တပ်သော အလုံးစုံသော စိတ် ၈၉၊ စေတသိက် ၅၂၊ ပဝတ္တိပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး။

ပစ္စယုပ္ပန်တရား = အချင်းချင်းမှ ထောက်အပ်သော အလုံးစုံသော စိတ် ၈၉၊ စေတသိက် ၅၂၊ ပဝတ္တိပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး။

+++

ဝိပ္ပယုတ္တပစ္စည်း

အချို အချဉ် အစပ် အငန် အဖန် အခါး ဟူသော အရသာ ၆-ပါးသည် အချင်းချင်း မနှီးနှော မယှဉ်သောအားဖြင့် ကျေးဇူးပြုသကဲ့သို့ နာမ်နှင့်ရုပ်တို့၏ အချင်းချင်း မယှဉ်သည်၏အဖြစ်ဖြင့် ကျေးဇူးပြုသော တရား။

ဝိပ္ပယုတ္တပစ္စည်းသည် သဟဇာတဝိပ္ပယုတ်၊ ပုရေဇာတဝိပ္ပယုတ်၊ ပစ္ဆာဇာတဝိပ္ပယုတ်အားဖြင့် ၃-ပါး အပြား ရှိ၏။

သဟဇာတဝိပ္ပယုတ္တ ပစ္စည်းတရား = ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် ၄-ခု၊ ဒွေးပဉ္စဝိညာဏ် ၁၀၊ ရဟန္တာတို့၏ စုတိစိတ်ကြဉ်သော စိတ် ၇၅၊ စေတသိက် ၅၂၊ ပဝတ္တိပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး၊ အချင်းချင်းအား တပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္ထု။

သဟဇာတဝိပ္ပယုတ္တ ပစ္စယုပ္ပန်တရား = နာမက္ခန္ဓာမှ ထောက်အပ်သော စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ်။ အချင်းချင်းမှ ထောက်အပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္ထု။

ပုရေဇာတဝိပ္ပယုတ်သည် ဝတ္ထုပုရေဇာတနိဿယ နှစ်ပါးနှင့် တူ၏။

ပစ္ဆာဇာတဝိပ္ပယုတ်သည် ပစ္ဆာဇာတနှင့် တူ၏။

+++

အတ္ထိပစ္စည်း

ရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ မြေကြီး ဟိမဝန္တာတောင်တို့သည် မိမိထင်ရှားရှိခိုက် မိမိအပေါ် ပေါက်ရောက်ကြသော ထိုထိုသစ်ပင် ဆေးပင်စသည်တို့အား သြဇာထက်မြက်အောင် စိမ်းရွှင်အောင် ထောက်ပံ့သလို မိမိထင်ရှားရှိခိုက် ထင်ရှားရှိနေသော တရားတို့အား ထောက်ပံ့မှုဖြင့် ကျေးဇူးပြုသော တရား။

အတ္ထိပစ္စည်းသည် (၁) သဟဇာတတ္ထိ၊ (၂) ပုရေဇာတတ္ထိ၊ (၃) ပစ္ဆာဇာတတ္ထိ၊ (၄) အာဟာရတ္ထိ၊ (၅) ဣန္ဒြိယတ္ထိအားဖြင့် ၅-ပါး အပြား ရှိ၏။

ထို ၅-ပါးတို့တွင် သဟဇာတတ္ထိသည် သဟဇာတ ၃-ပါးနှင့် တူ၏။
ပုရေဇာတတ္ထိသည် ပုရေဇာတ ၂-ပါးနှင့် တူ၏။
ပစ္ဆာဇာတတ္ထိသည် ပစ္ဆာဇာတနှင့် တူ၏။
အာဟာရတ္ထိသည် ရုပ်အာဟာရနှင့် တူ၏။
ဣန္ဒြိယတ္ထိသည် ရူပဇီဝိတိန္ဒြိယနှင့် တူ၏။

+++

နတ္ထိပစ္စည်း

မီးရောင်၏ ချုပ်ငြိမ်းမှုသည် အမှောင်ဖြစ်ရန် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ညဥ့်ကုန်မှုသည် နေထွက်ရန် ကျေးဇူးပြုသကဲ့သို့လည်းကောင်း မိမိတို့ချုပ်မှုဖြင့် နောက်စိတ်များ ဥပါဒ်ဖြစ်ပေါ်ရန် ထင်ရှားမရှိဘဲ ကျေးဇူးပြုသော တရား။

ပစ္စည်းတရား, ပစ္စယုပ္ပန်တရားတို့မှာ အနန္တရပစ္စည်းနှင့် အတူတူ ဖြစ်၏။

+++

ဝိဂတပစ္စည်း

နေဝင်ခြင်းသည် လထွက်ရန် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ နေဝင်ခြင်းသည် အမှောင်ဖြစ်ရန် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ မိမိတို့ ကင်းချုပ်မှုဖြင့် နောက်နောက်တရားဖြစ်ပေါ်ရန် ကင်း၍ ကျေးဇူးပြုသော တရား။

ပစ္စည်းတရား, ပစ္စယုပ္ပန်တရားတို့မှာ အနန္တရပစ္စည်းနှင့် အတူတူ ဖြစ်၏။

+++

အဝိဂတပစ္စည်း

မဟာသမုဒ္ဒရာသည် မိမိကို မှီ၍ နေကုန်သော ငါးလိပ်မကန်းစသည်တို့အား ပီတိသောမနဿကို ပွားစေခြင်းငှာ မကင်းသောအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ မိမိမကင်းမချုပ်သေးဘဲ ပစ္စုပ္ပန်ရှိဆဲအနေအားဖြင့် ကျေးဇူးပြုသော တရား။

ပစ္စည်းတရား, ပစ္စယုပ္ပန်တရားတို့မှာ အတ္ထိပစ္စည်းနှင့် အတူတူ ဖြစ်၏။

+++

နတ္ထိနှင့် ဝိဂတ အထူး

ဥပါဒ်,ဌီ,ဘင်ချုပ်ပြီး၍ ကင်းဆိတ်မှုသဘောသည် နတ္ထိသဘော။
ချုပ်ကာမျှဖြစ်သော သဘောသည် ဝိဂတသဘော။

+++

အတ္ထိနှင့် အဝိဂတ အထူး

ပရမတ္ထသဘာဝ ခဏိကပစ္စုပ္ပန် မဖောက်မပြန် မိမိသဘော ထင်ရှားရှိနေသည်အဖြစ်ဖြင့် ကျေးဇူးပြုမှုသည် အတ္ထိသဘော။
ပရမတ္ထသဘောမကင်း ချုပ်ခြင်းသို့ မရောက်သေးသော သဘောဖြင့် ကျေးဇူးပြုမှုသည် အဝိဂတသဘော။

+++

အာရမ္မဏာဓိပတိနှင့် အာရမ္မဏူပနိဿယ အထူး

အလေးအမြတ် ပြုအပ်သည်၏ အဖြစ်မျှဖြင့် ကျေးဇူးပြုခြင်းသည် အာရမ္မဏာဓိပတိပစ္စည်း မည်၏။
အလေးအမြတ် ပြုအပ်သည်၏ အဖြစ်တွင် လွန်ကဲ အားကြီးသော အကြောင်း၏ အဖြစ်ဖြင့် ကျေးဇူးပြုခြင်းသည် အာရမ္မဏူပနိဿယပစ္စည်း မည်၏။

+++

အနန္တရနှင့် အနန္တရူပနိဿယ အထူး

မိမိတို့၏ အခြားမဲ့၌ လျောက်ပတ်သော စိတ္တုပ္ပါဒ်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်သော သတ္တိရှိသော တရားသည် အနန္တရပစ္စည်း မည်၏။
အားကြီးသော အကြောင်း၏ အစွမ်းဖြင့် ကျေးဇူးပြုခြင်းငှာ စွမ်းနိုင်သော သတ္တိသည် အနန္တရူပနိဿယပစ္စည်း မည်၏။

+++

နိဿယနှင့် ဥပနိဿယ အထူး

သာမညဖြစ်သော မှီရာအကြောင်းသည် နိဿယပစ္စည်း၊
ဝိသေသဖြစ်သော အားကြီးသော မှီရာဖြစ်သော အကြောင်းတရားသည် ဥပနိဿယပစ္စည်း မည်၏။

ဥပမာ-သလေးထမင်းဖြစ်ရန် အကြောင်းများတို့တွင် ထမင်းချက်သမား၊ ထမင်းအိုး၊ ထင်းမီးစသော အကြောင်းတို့သည် နိဿယပစ္စည်းမျှသာ ဖြစ်ကုန်၏။

သလေးမျိုးစေ့၊ သလေးစပါး၊ လယ်ခင်း၊ မိုးရေတို့သည်သာလျှင် ထမင်း၏ ဥပနိဿယပစ္စည်း ဖြစ်နိုင်ကြကုန်၏။
သလေးမျိုးစေ့ စသည်တို့ကြောင့်သာ ထမင်းချက်သမားနှင့် ထမင်းအိုးစသည်တို့သည် သလေးထမင်းဖြစ်အောင် အစွမ်းထုတ်နိုင်ကြကုန်၏။

+++

ဧကဇကာယ၊ ဒွိဇကာယ၊ တိဇကာယ၊ စတုဇကာယ

ပဋိသန္ဓေစိတ်၏ ဥပ္ပါဒက္ခဏ၌ဖြစ်သော ကမ္မဇရုပ်သည် ဧကဇကာယ မည်၏။
ပဋိသန္ဓေစိတ်၏ ဌီကာလ၌ဖြစ်သော ကမ္မဇ, ဥတုဇရုပ်သည် ဒွိဇကာယ မည်၏။
ပဋိသန္ဓေနောင် ပဌမဘဝင်စိတ်၏ ဥပ္ပါဒက္ခဏ၌ဖြစ်သော ကမ္မဇ, ဥတုဇ, စိတ္တဇရုပ်သည် တိဇကာယ မည်၏။
အာဟာရဇရုပ် ဖြစ်ပေါ်သောအခါ ကမ္မဇ, ဥတုဇ, စိတ္တဇ, အာဟာရဇရုပ်သည် စတုဇကာယ မည်၏။

+++++

Read more...

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၃၀)

ဝေဒနာဦးစီးသော ရှုနည်း

တဖန်ဝေဒနာကို ဦးစားပေး၍ ရှုသော ဒိဋ္ဌေဒိဋ္ဌမတ္တံ နည်းလမ်းရှိသေး၏။ အပြင်မှ တိုက်ခတ်သော ရူပါရုံ၊ သဒ္ဒါရုံစသည်တို့နောက်သို့မလိုက်ဘဲ၊ မိမိကိုယ်၌ ခံစားလျက်ရှိသော ဝေဒနာကို ရှုလိုသည်ဆိုအံ့။ မည်သည့်အချိန်အပိုင်းအခြား၌ဖြစ်စေ၊ သတ္တ၀ါသည် ဝေဒနာ တစ်မျိုးမျိုးကို ခံစားလျက်သာရှိ၏။ သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ သောမနဿသော်လည်းကောင်း၊ ဒေါမနဿသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း၊ တစ်ခုသောအချိန်အပိုင်းအခြားတွင် တစ်မျိုးမျိုး ခံစားလျက်ရှိ၏။ သုခဝေဒနာသည် မည်သို့ရှိလေသနည်းဟု အခြောက်တိုက်တွေးတောမှန်းဆနေရန်မဟုတ်။ ပစ္စုပ္ပန်တည့်တည့် ဆတ်ဆတ် ခံစားလျက်ရှိသော ဝေဒနာကို ရှုရန်ဖြစ်သည်။ မည်သည့်အနာရောဂါမျှ မရှိသော သူတစ်ယောက်သည်ပင် ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်လျက် မိမိကိုယ်၌ ခံစားလျက်ရှိသော ဝေဒနာတစ်ခုခုကို ရှာတတ်လျှင် တွေ့မည်သာဖြစ်၏။ တစ်စုံတစ်ရာ ဘာမျှမဖြစ်ပါဟုဆိုလျှင် ဥပေက္ခာဝေဒနာမျိုးဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။ ဘာမျှမဖြစ်ဆိုသော ဥပေက္ခာဝေဒနာဟူသည် ဘယ်လိုရှိနေသနည်းဟု မိမိကိုယ်၌ စူးစိုက်ရှာလိုက်လျှင် တွေ့ရမည်သာ ဖြစ်လေသည်။ ဥပေက္ခာဝေဒနာ ခံစားပုံကို တစ်ကြိမ်တွေ့အောင် ရှာတတ်ပြီးနောက် အာရုံပြုတိုင်း တွေ့လိမ့်မည်သာဖြစ်၏။

ထို့နောက်တွင် ၀မ်းသာခြင်း၊ ဒေါသဖြစ်ခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းစသော ဝေဒနာများသည် တစ်လှည့်တစ်ပတ်စီ ပြောက်ကျားပြောက်ကျား ရံဖန်ရံခါ ပေါ်လာတတ်သည်ဖြစ်ရာ ပေါ်လာတိုင်း၊ ပေါ်လာတိုင်း ပစ္စုပ္ပန်တည့်တည့် သတိနှင့်ရှုခြင်းသည် ယောဂီ၏အလုပ်ဖြစ်၏။ စိတ္တနုပဿနာအလုပ်သည် စိတ်သဘာဝကို ယထာဘူတကျကျ သိစေရန်အတွက်ဖြစ်သကဲ့သို့ ဝေဒနာကိုရှုခြင်းသည်လည်း ဝေဒနာ၏သဘာဝကို ထိုးထွင်းသိမြင်စေရန်ဖြစ်၏။ ဝေဒနာတို့၏ပြောင်းလဲပုံ၊ အခိုက်အတန့်မျှ ပေါ်လာပုံ၊ အမြဲမဟုတ်ပုံ၊ ကိုယ်ပိုင်ပစ္စည်းမဟုတ်ပုံတို့ကို ထိုးထွင်းသိမြင်စေရန်အတွက်ဖြစ်၏။ ဤစကားသည် ယုတ္တိတန်မတန် စဉ်းစားသင့်လှသည်။

ဝေဒနာပျောက်အောင်ရှုသော်လည်း

အချို့ သောယောဂီများသည် မိမိတို့ကိုယ်၌ နာကျင်ကိုက်ခဲခြင်းတည်းဟူသော ဒုက္ခဝေဒနာကို ပေါ်လာအောင် ထိုင်ပြီးသည့်နောက်မှ ၄င်းဝေဒနာကို စိုက်၍ရှုကြ၏။

ဝေဒနာ၏သဘာဝကို ထိုးထွင်း၍ သိမြင်ခြင်းမဟုတ်ဘဲ၊ ဒုက္ခဝေဒနာကို ဒုက္ခဟုထင်လာအောင် ရှုခြင်းအားဖြင့် အကျိုးများ မများ စဉ်းစားထိုက်ပေသည်။

ဤဝေဒနာကို နိုင်နိုင်နင်းနင်း ရှုမှတ်လိုက်သောအခါ၌ ဝေဒနာပျောက်သွားသည်ဟု ဆိုကြသည်။ ဟုတ်ကား ဟုတ်ပါပေလိမ့်မည်။ သို့ရာတွင် ၄င်းဝေဒနာပျောက်သွားခြင်းသည် ပညာ၏အစွမ်းသတ္တိကြောင့်မဟုတ်။ သမာဓိ၏ အစွမ်းသတ္တိမျှသာ ဖြစ်ပေလိမ့်မည်။ ဝေဒနာပျောက်သွားခြင်းနှင့် ပတ်သက်၍ အိန္ဒိယပြည်၌ ဖကေးကုလားများ ကျစ်စန္ဒီနတ်ပူးသူများမှစ၍ လောက၌ အနည်းနည်းအဖုံဖုံ ရှိကြခြင်းကို ထောက်ခြင်းဖြင့် ဝေဒနာပျောက်သည်ဆိုရုံမျှနှင့် အထင်ကြီးထိုက်သည် မထင်ပေ။

ကမ္မဋ္ဌာန်းထိုင်ရင်း ကိုက်ခဲနာကျင်လာသည်ဆိုကတည်းက စိတ်ကြောင့်ဖြစ်သောဝေဒနာ (psychological cause) ဖြစ်တန်ရာပေရာ၊ စိတ်၌တည်သော သမာဓိအစွမ်းဖြင့် ပျောက်ကင်းနိုင်သည်ဆိုခြင်းမှာ ထူးဆန်းလှသည် မဟုတ်ပေ။ မည်သို့ဆိုစေ ဤနည်းဖြင့် ဝေဒနာကို ရှုခြင်းသည် ဗုဒ္ဓဟောတော်မူခဲ့သည့် ဝေဒနာနုပဿနာရှုနည်းနှင့် ကိုက်မကိုက် ညီမညီ ဆင်ခြင်စဉ်းစားသင့်လှသည်။ မည်သည့်ပုဂ္ဂိုလ်က မည်ကဲ့သို့ဟောပြစေကာမူ၊ ဗုဒ္ဓ ‘တား’ ထားခဲ့သော (ဓမ္မ)မျဉ်းကြောင်းနှင့် မလွတ်အောင် သတိပြုကြပါမှ မှန်းရွယ်ရာသို့ ရောက်နိုင်ကြပေလမ့်မည်။

ဓမ္မာနုပဿနာသမား၏ အမြင်

ထို့ပြင်တ၀လည်း သတိနှင့်ယှဉ်သော စိတ်ရှိသည်ဖြစ်၍ ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအားဖြင့် မြင်ခြင်း၊ ကြားခြင်းစသည်တို့၌ ပစ္စုပ္ပန်တည့်တည့်ထားနိုင်သည့်အခါ၊ (ဉာဏ်ကြီးသောပုဂ္ဂိုလ် ဖြစ်ခဲ့လျှင်) ခန္ဓာ၊ အာယတန၊ ဓာတ် စသည်တို့၏ သဘာဝအချင်းအရာတို့သည် ဉာဏ်ထဲတွင်ထင်မြင်လာ၍ ဓမ္မာနုပဿနာသတိပဋ္ဌာန်ဖြစ်နိုင်ပေသည်။ ဖြစ်ပုံမှာကား သတိနှင့်ယှဉ်သော စိတ်ရှိစေဖို့လေ့ကျင့်၍ ရင့်ကျက်လာသောအခါတွင် ထိုပုဂ္ဂိုလ်မျိုးသည် အသံကြားလိုက်သောတစ်ခဏ၌ ပစ္စုပ္ပန်တည့်တည့်ရှုနေရင်း အပြင်မှ သဒ္ဒဓာတ် (လေလှိုင်းဆိုချင်ဆို)နှင့် အတွင်းမှ သောတအကြည်ဓာတ်တို့ တိုက်ခိုက်မိခြင်းကြောင့် အသံကိုကြားသော၊ သို့မဟုတ် သိသော သောတ၀ိညာဉ်စိတ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကြားတတ်သော ငါကောင်ရှိသည်မဟုတ်။ အသံချုပ်ပျောက်သည်နှင့် တပြိုင်နက် ၄င်းအသံကို သိတတ်သော ကြားစိတ်ကလေးသည်လည်း ချုပ်ပျောက်လေတော့သည် စသည်ဖြင့် (စာဆိုမဟုတ်) ဉာဏ်ထဲတွင် ရှင်း၍မြင်လာရသည်။

၎င်းဉာဏ်အမြင်ပေါ်လာခြင်းသည် စိတ်ကူးကြံစည်ခြင်းဖြင့် ပေါ်လာခြင်းမဟုတ်။ လက်ငင်းကြားလိုက်ရသော ပစ္စုပ္ပန်တည့်တည့်အာရုံကို အစွဲပြုပြီး ဖြစ်ပေါ်လာရသော ဉာဏ်ဖြစ်လေသည်။ စိတ်ကူးကြံစည်သော ဉာဏ်မျိုးမှာ ပစ္စုပ္ပန်တည့်တည့်ဟု မဆိုနိုင်သောကြောင့် ၀ိပဿနာဉာဏ်မဟုတ်ဘဲ၊ စိန္တာမယဉာဏ်မျိုးသာ ဖြစ်နိုင်ပေသည်။ အတွင်းနှင့်အပြင် တိုက်ခတ်မှုကြောင့် ၀ိဉာဉ် (အသိစိတ်) ဖြစ်ပေါ်လာရသည်ဟု ယခင်က ကြားသိဖူးသူဖြစ်လျှင်လည်း အသံကြားခိုက်တွင် စိတ်ထဲ နှလုံးထဲမှ ထပ်လောင်း၍ လှိုက်လှိုက်လှဲလှဲ သဘောကျပြီး ဖြစ်ပုံပျက်ပုံကိုလည်း ထင်းလင်းစွာ သိလိုက်ရသည်။

ဤသည်ကား ပထမတန်း ဉာဏ်ပညာကြီးသူတို့၏ အမြင်ဖြစ်သည်ဟု စာဆိုရှိပေရာ ကျွန်ုပ်မှာ စိတ္တနုပဿနာအတိုင်းသာလျှင် မြင်ရဖူးသူဖြစ်လေသည်။ ဤမျှလောက်ဆိုလျှင် ဒိဋ္ဌေဒိဋ္ဌမတ္တံ လမ်းစဉ်အတိုင်း အားထုတ်လိုသူများအဖို့  အထောက်အပံ့ဖြစ်လောက်ပြီဟု ယုံကြည်ပေသည်။

သတိအရေးအကြီးဆုံး

ဒိဋ္ဌေဒိဋ္ဌမတ္တံ ကျင့်စဉ်အကြောင်းနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းကြသော ပုဂ္ဂိုလ်များနှင့် စမ်းသပ်အားထုတ်လိုသော ပုဂ္ဂိုလ်များအား အထူးသိစေလိုသော အချက်တစ်ခု တင်ပြလိုသေးသည်။ “သဒ္ဓါရက္ခတိ သီလံပိ” အစချီသော ပါဠိတော်အရမှာ သီလကို သဒ္ဓါက စောင့်၏။ သီလနှင့် သဒ္ဓါကို ပညာက စောင့်၏။ သီလ၊ သဒ္ဓါနှင့် ပညာတို့ကို သတိက စောင့်၏ ဟု ဗုဒ္ဓဟောတော်မူသည်။ (သင်က စောင့်သော အရာဟူ၍ တစ်ခုမျှ မပါချေ။)


စမ်းသပ်ကြည့်ပါ။ သတိနှင့်ယှဉ်သောစိတ်၊ သို့မဟုတ် သတိဦးစီးသောစိတ် ဖြစ်နေသည့် အခိုက်အတန့်အတွင်း၌ သီလလည်းလုံခြုံ၍ သဒ္ဓါနှင့်ပညာတို့လည်း တွဲဖက်လျက်ရှိသည်ဟု ဗုဒ္ဓဟောတော်မူခြင်းကို သဘောပေါက်ပါလိမ့်မည်။ သတိနှင့်ယှဉ်သောစိတ် ဖြစ်နေသည့်အခိုက်အတန့်အတွင်း၌သာ လုံခြုံသည်။ သတိလွတ်သော တခဏ၌ သီလချိုးဖောက်နိုင်သည်ဟု စောဒကတက်သူရှိခဲ့လျှင် သတိ လက်မလွတ်အောင် လုပ်ရန်သာရှိသည်။

လိုရင်းအချုပ်မှာ သတိနှင့်ယှဉ်သောစိတ် ဟူသည်မှာ မည်ကဲ့သို့ဖြစ်သည်ဟု နားလည်စေရန် တစ်စက္ကန့်မျှဖြစ်စေ၊ စမ်းသပ်ကြိုးစားကြည့်၍ သဘောပေါက်သည်နှင့် တစ်ပြိုင်နက် အချိန်ဆန့်ယူရန်သာ လိုတော့သည်ဟူလို။

Read more...

ဝေဿန္တရာဇာတ် (အပိုင်း-၅၊ ၆၊ ၇ )

ဝေဿန္တရာမင်းကြီးလည်း ဖြစ်ပျက်ပုံ အလုံးစုံကို ပြောပြသည်။ ထိုအခါ ဆွေတော်မျိုးတော်တို့က "အရှင်မင်းကြီး၌ အပြစ်မရှိပါ။ အလိုရှိရာ အမိန့်ရှိပါ။ ကျွန်ုပ်တို့ ကောင်းစွာ ဧည့်ဝတ်ပြုပါရစေ။ သည်အတွင်း အရှင့်ခမည်းတော် သိဉ္စည်းမင်းကြီးထံသို့ ကျွန်ုပ်တို့ သွားမည်။ အရှင့်အား ပြည်တော်သို့ ပြန်ခေါ်ရန် တောင်းပန် လျှောက်ထားပါမည်" ဟူ၍ ဆိုကြသည်။

ထိုအခါ ဝေဿန္တရာမင်းကြီးက "ကျွန်ုပ်ကို တိုင်းပြည်မှ နှင်ထုတ်ခြင်းမှာ ခမည်းတော်၏ သဘောသက်သက် မဟုတ်ပါ။ ပြည်သူတို့၏ ဆန္ဒအရ ဖြစ်ပါသည်။ အကယ်၍ ကျွန်ုပ်ကို တိုင်းပြည်မှ နှင်မထုတ်လျှင် ခမည်းတော်ကိုပင် မင်းအဖြစ်မှ ဖယ်ရှားကြပါလိမ့်မည်။ ခမည်းတော်သည် ပြည်သူတို့၏ အလိုကို မလွန်ဆန်နိုင်ပါ။ ချစ်လျက်နှင့်ပင် ကျွန်ုပ်ကို နှင်ထုတ်ရခြင်း ဖြစ်ပါသည်။ သင်တို့သွား၍ တောင်းပန်လျှောက်ထားသော်လည်း အခွင့်ရလိမ့်မည် မဟုတ်ပါ" ဟူ၍ ရှင်းလင်းပြောပြ၏။

ဆွေတော်၊ မျိုးတော်တို့က "ယင်းသို့ဖြစ်လျှင် ဤစေတတိုင်း၌ မင်းလုပ်တော်မူပါ" ဟူ၍ ဆိုကြ၏။

ဝေဿန္တရာမင်းကြီးက "ကျွန်ုပ်သည် တိုင်းပြည်မှ နှင်ထုတ်ခံထားရသူ ဖြစ်သည်။ မင်းလုပ်လိုသော ဆန္ဒမရှိပါ။ အကယ်၍ ဤပြည်၌ မင်းပြုလျှင်လည်း သိဝိတိုင်းသားတို့ လိုလားကြမည် မဟုတ်။ သင်တို့နှင့် စိတ်ဝမ်းကွဲကာ မသင့်မတင့် ဖြစ်ကြပေတော့မည်။ ကျွန်ုပ်တစ်ယောက်အတွက် အများပြည်သူတို့ကို မထိခိုက်စေလိုပါ။ ဝင်္ကပါတောင်သို့သာ ကျွန်ုပ် သွားပါအံ့" ဟု ဆို၏။

ဤသို့လျှင် ဝေဿန္တရာမင်းကြီးက လက်မခံသဖြင့် ဆွေတော် မျိုးတော်တို့သည် ဝေဿန္တရာတို့ မိသားစုအား အထူးပြုစုကြသည်။ ဝေဿန္တရာတို့လည်း ထိုဇရပ်၌ပင် တစ်ညအိပ်သည်။ နောက်တစ်နေ့ စောစောတွင် ခရီးဆက်ကြသည်။ ဆွေတော်မျိုးတော်တို့က ခရီးလမ်းကို ညွှန်ကြားလိုက်ကြလေသည်။

နောက်ဆုံးတွင် ဝေဿန္တရာ၊ မဒ္ဒီဒေဝီနှင့် သားတော်၊ သမီးတော်တို့သည် ဝင်္ကပါတောင်ဝှမ်းသို့ ရောက်ရှိလာကြသည်။ သိကြားမင်းသည် သာယာသော နေရာတစ်ခု၌ ကျောင်းသင်္ခမ်း နှစ်ဆောင်ကို အသင့်ဖန်ဆင်းပေးထားသည်။ ရသေ့ ပရိက္ခရာတို့ကိုလည်း အသင့်ပြင်ထားသည်။

ဝေဿန္တရာမင်းသည် ကျောင်းသင်္ခမ်းသို့ ရောက်သောအခါ ရသေ့ရဟန်းပြုသည်။ မဒ္ဒီဒေဝီလည်း ရသေ့အသွင် ဝတ်သည်။ သားတော်ဇာလီနှင့် ကဏှာဇိန်တို့ကိုလည်း ရသေ့ငယ်ကလေးများအသွင် ဝတ်ပေးသည်။ ကျောင်းသင်္ခမ်းတစ်ခုတွင် ဝေဿန္တရာမင်းကြီးက သီးခြားနေသည်။ အခြားကျောင်းသင်္ခမ်းတွင် မဒ္ဒီဒေဝီနှင့် သားတော်သမီးတော်တို့ နေသည်။

မဒ္ဒီဒေဝီက ဝေဿန္တရာမင်းကြီးအား "အရှင်၊ ကျောင်းသင်္ခမ်း၌သာ သားတော်သမီးတော်တို့နှင့် နေတော်မူပါ။ အကျွန်ုပ်သည် နေ့စဉ် သစ်သီးရှာဖွေ၍ လုပ်ကျွေးပြုစုပါမည်" ဟု လျှောက်ထား၏။ ဝေဿန္တရာကလည်း လက်ခံတော်မူ၏။

ထိုနေ့မှစ၍ မဒီဒေဝီသည် နေ့စဉ် စောစောထသည်။ သောက်ရေ၊ သုံးရေ ခပ်သည်။ မင်းကြီးအား မျက်နှာသစ်ရေ၊ တံပူတို့ကို ပေးသည်။ ကျောင်းသင်္ခမ်းကို တံမြက်လှည်းသည်။ ထို့နောက် သားတော် သမီးတော်တို့ကို မင်းကြီးထံထား၍ တောသို့ သစ်သီးရှာ ထွက်လေသည်။ ညနေချမ်းအခါသို့ ရောက်သောအခါ မဒ္ဒီဒေဝီသည် သစ်သီးများကို ယူဆောင်၍ ပြန်လာသည်။ ရင်သွေးများကို ရေချိုးပေးသည်။ ထို့နောက် သူတို့သည် ကျောင်းသင်္ခမ်းတံခါးဝ၌ သစ်သီးတို့ကို အတူစားကြသည်။ စား၍ ပြီးသောအခါ မဒ္ဒီဒေဝီသည် ရင်သွေးများကို ခေါ်ကာ မိမိကျောင်းသင်္ခမ်းသို့ သွားရောက်နေထိုင်သည်။

ဤသို့လျှင် သူတို့သည် ဝင်္ကပါတောင်၌ အေးငြိမ်းစွာ နေလာကြသည်မှာ ၇-လမျှ ကြာခဲ့လေပြီ။

ထိုအချိန်၌ ကလိင်္ဂတိုင်းဒုန္နိဝိဌ အမည်ရှိသော ပုဏ္ဏားရွာ၌ ဇူဇကာအမည်ရှိသော ပုဏ္ဏားသည် သားမယားမရှိ၊ တစ်ဦးတည်းနေထိုင်၏။ သူသည် အလှူလှည့်လည်ခံသဖြင့် အသပြာတစ်ရာ ရ၏။ ထိုအသပြာတစ်ရာကို ပုဏ္ဏားတစ်ဦးထံ အပ်နှံထားလေသည်။

ထိုနောက် နှစ်အတန်ကြာမှ ပြန်တောင်းသောအခါ ငွေကို သိမ်းထားသော ပုဏ္ဏားသည် ပြန်မပေးနိုင်တော့ပေ။ ထို့ကြောင့် အမိတ္တာပုံ အမည်ရှိသော သမီးကို ဇူဇကာပုဏ္ဏားအား ပေးလိုက်လေသည်။

ဇူဇကာပုဏ္ဏားကား သက်ကျားအိုဖြစ်သည်။ ရုပ်ရည်ကြမ်းတမ်းသည်။ အမိတ္တာပုံကား ငယ်ရွယ် နုပျိုသည်။ လှပသည်။ ဇူဇကာပုဏ္ဏားသည် ဝမ်းမြောက်ဝမ်းသာဖြင့် အမိတ္တာပုံကို ခေါ်လျက် မိမိရွာသို့ ပြန်လာလေသည်။

အမိတ္တာပုံသည် ဇူဇကာပုဏ္ဏားအား ချစ်မြတ်နိုးစွာဖြင့် ကောင်းစွာ လုပ်ကျွေးပြုစုသည်။ အမိတ္တာပုံ၏ ဝတ္တရား ကျေပွန်ပုံတို့ကို မြင်သောအခါ အခြားပုဏ္ဏားငယ်တို့သည် မိမိတို့၏ မယားတို့ကို မကျေမနပ် ဖြစ်လာကြ၏။

"အမိတ္တာပုံသည် အဆင်းလည်းလှ၊ အရွယ်လည်း နုပျိုသည်။ သို့ပါလျက် သက်ကျားရွယ်အို ဇူဇကာကြီးအား ကောင်းစွာပြုစု လုပ်ကျွေးပေသည်။ သင်တို့ကား ထိုသို့မဟုတ်။ ငါတို့နှင့် အရွယ်တူ မျှပါလျက် ဘာကြောင့် မပြုစုကြပါသနည်း" ဟူ၍ ဆူပူကြိမ်းမောင်း ကြ၏။

ထိုအခါ ထိုရွာရှိ ပုဏ္ဏေးမတို့သည် အမိတ္တာပုံကို မလိုလားကြ။ ရွာ၌ မနေနိုင်အောင် ပြုကြသည်။ သူတို့သည် ရေခပ်သွားရာ၌ အမိတ္တာပုံကို တွေ့လျှင် "သင်သည် အရွယ် ငယ်သော်လည်း သက်ကျားအိုကြီးနှင့် ပေါင်းသင်းနေရသည်။ သင့်မိဘတို့သည် ဘာကြောင့် သင့်ကို သက်ကျားအိုကြီးနှင့် ပေးစားရသနည်း။ သက်တူရွယ်တူ လင်ကို ရှာမရ၍လော။ လင်အိုကြီးနှင့် ပေါင်းနေရခြင်းထက် သေရသော်မှ ကောင်းသေး၏" စသည်ဖြင့် အမျိုးမျိုး ပြောဆိုကြ၏။

အမိတ္တာပုံလည်း လွန်စွာရှက်လှသဖြင့် ငို၍ ပြန်လာ၏။ ဇူဇကာအား အကြောင်းစုံ ပြောပြ၏။ ဇူဇကာက "ယနေ့မှစ၍ သင်ရေခပ် မသွားနှင့်တော့။ ငါပင် ရေခပ်မည်" ဟု ဆို၏။

အမိတ္တာပုံက "ကျွန်ုပ်တို့အမျိုးသည် လင်ကို စေခိုင်းသော အမျိုးမဟုတ်။ ခိုင်းစေရာ ကျွန်သာ ရှာပေးပါ။ ရှာမပေးနိုင်လျှင် သင်၏အိမ်၌ ကျွန်ုပ် မနေတော့ပြီ" ဟု ဆို၏။

ဇူဇကာက "ငါသည် ကျွန်မွေးနိုင်လောက်အောင် ကြွယ်ဝချမ်းသာသူ မဟုတ်ပါ။ ငါ ကိုယ်တိုင်ပင် ကိစ္စကြီးငယ်ကို ပြုလုပ်ပေးပါမည်" ဟု ဆိုသည်။ အမိတ္တာပုံက "ဝေဿန္တရာမင်းကြီးသည် ဝင်္ကပါတောင်၌ နေသည်ဟု ကြားသည်။ မင်းကြီးထံသွား၍ ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို အလှူခံပါချေ" ဟူ၍ ဆို၏။

ဇူဇကာလည်း အမိတ္တာပုံ၏ အကြံကို နှစ်သက်သွားသည်။ ဝေဿန္တရာမင်းကြီး၏ သားနှင့်သမီးကို အလှူခံ၍ ကျွန်ပြုစေခိုင်းမည်ဟု အကြံဖြစ်ပေါ်၏။ သို့ဖြင့် ဇနီးအား သတိဝီရိယဖြင့် နေထိုင်းရန် မှာကြားသည်။ ထို့နောက် သိဝိတိုင်း၊ စေတုတ္တရာပြည်သို့ ရှေးရှုထွက်ခွာသွားသည်။ စေတုတ္တရာပြည်မှ တစ်ဆင့် အခက်အခဲအမျိုးမျိုးကို ကျော်လွှားကာ ဝင်္ကပါတောင်သို့ အရောက်သွားလေသည်။

ဇူဇကာသည် ဝေဿန္တရာမင်းကြီးတို့ နေထိုင်ရာ ကျောင်းသင်္ခမ်းအနီးသို့ ရောက်သောအခါ ချက်ချင်းမသွားပေ။ 'ယခု မိုးချုပ်ပြီ၊ မဒ္ဒီဒေဝီသည် သစ်သီးရှာရာမှ ပြန်ရောက်နေလိမ့်မည်။ မိန်းမတို့သည် အလှူဒါနပြုရာ၌် အနှောင့်အယှက် ပေးတတ်သည်။ဝေဿန္တရာက ငါ့အား သား သမီးတို့ကို လှူလိုက်သော်လည်း မဒ္ဒီဒေဝီက နှောင့်ယှက်လျှင် ပျက်လိမ့်မည်။ သို့ဖြစ်၍ နက်ဖြန်ခါ မဒ္ဒီဒေဝီ သစ်သီးရှာထွက်မှ ကျောင်းသင်္ခမ်းသို့သွားမည်။ ဝေဿန္တရာမင်းကြီးထံ သားသမီးတို့ကို အလှူခံပြီး မဒ္ဒီဒေဝီ ပြန်မရောက်မီ ခေါ်ဆောင်သွားမည်' ဟူ၍ ကြံစည်၏။ သို့ဖြင့် ဇူဇကာသည် ကျောင်းသင်္ခမ်းနှင့် မနီးမဝေး တစ်နေရာ၌ အိပ်စက်နေ၏။


0005052Kph0.jpg

နံနက်သို့ရောက်သောအခါ မဒ္ဒီဒေဝီသည် နေ့စဉ်ပြုနေကျ ဝတ္တရားတို့ကို ပြုလုပ်သည်။ ထို့နောက် သား၊ သမီးတို့ကို ပွေ့နမ်းရှုပ်လျက် "သားတော်၊ သမီးတော်တို့၊ ညက မယ်တော် အိပ်မက်မကောင်းပါ။ သတိဖြင့် နေကြပါ" ဟု မှာကြားသည်။ ဝေဿန္တရာမင်းကြီးကိုလည်း "သားတော်၊ သမီးတော်တို့ကို ဂရုစိုက် စောင့်ရှောက်တော်မူပါ" ဟု မှာကြားသည်။ ထို့နောက် သစ်သီးရှာ ထွက်သွားလေသည်။

ဇူဇကာပုဏ္ဏားလည်း 'ယခုအချိန်တွင် မဒ္ဒီဒေဝီသည် သစ်သီးရှာ သွားလောက်ပြီ' ဟု ဆိုကာ ကျောင်းသင်္ခမ်းသို့ ချဉ်းကပ်သွား၏။ ဝေဿန္တရာမင်းကြီးသည် ဇူဇကာကို မြင်သော် ဝမ်းမြောက်ဝမ်းသာ ကြိုဆို၏။ မင်းကြီးအဖို့ ဤတောအရပ်၌ နေသည်မှာ ၇-လ ရှိပြီ။ လူစိမ်းသူစိမ်း ဟူ၍ တစ်ယောက်မျှ မမြင်တွေ့ရ။ ဇူဇကာကို မြင်ရသည်မှ ပထမဆုံး အကြိမ်ပင် ဖြစ်သည်။ ဇူဇကာအား ဧည့်ဝတ်ပြုကာ သစ်သီး စသည်တို့ကို ကျွေးမွေး၏။

ဇူဇကာက "အရှင်မင်းကြီး၏ သားတော်၊ သမီးတော်တို့ကို အလှူခံရန် လာပါသည်။ အကျွန်ုပ်အား အရှင့်သားတော်၊ သမီးတော်တို့ကို အခိုင်းအစေအဖြစ် ထားရှိရန် လှူတော်မူပါ" ဟူ၍ ဆို၏။

ဝေဿန္တရာလည်း အလှူပြုရမည်ဖြစ်သဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၏။ "ပုဏ္ဏားကြီး၊ သားတော်၊ သမီးတော်တို့ကို သင့်အား ငါလှူ၏။ သင် ခေါ်သွားပါ။ သို့ရာတွင် သူတို့၏ မိခင်သည် သစ်သီးရှာ သွားနေခိုက်ဖြစ်သည်။ ညနေချမ်း အချိန်ကျမှ ပြန်ရောက်လိမ့်မည်။ ယနေ့တစ်ည ဤသင်္ခမ်းကျောင်းမှာ အိပ်ပါဦး။ နက်ဖြန်နံနက်ကျမှ သားတော်၊ သမီးတော်တို့ကို ခေါ်ဆောင် သွားပါလော့" ဟူ၍ ဆို၏။

ဇူဇကာက "အရှင်မင်းကြီး၊ မိန်းမတို့မည်သည်ကား လှူဒါန်းမှု၌ အနှောင့်အယှက် ပြုတတ်၏။ သူတို့၏ မိခင်ပြန်မလာမီပင် ခေါ်ဆောင်သွားလိုပါသည်။ သားတော်၊ သမီးတော်တို့ကို ခေါ်ပေးတော်မူပါ" ဟူ၍ ဆို၏။

ဝေဿန္တရာမင်းကြီးက "ကောင်းပြီ၊ ယနေ့ပင် သားတော်၊ သမီးတော်တို့ကို သင်ခေါ်ဆောင်သွားပါ။ သူတို့ကို သူတို့၏ အဘိုးဖြစ်သူ သိဉ္စည်းမင်းကြီးထံ ပို့ပါ။ သူတို့အဘိုးသည် သင့်အား ဥစ္စာများစွာ ပေးလိမ့်မည်" ဟူ၍ ဆို၏။

ဇာလီနှင့်ကဏှာဇိန်တို့ မောင်နှမသည် အနီးတွင် ရှိကြသည်။ ပုဏ္ဏားကြီးက မိမိတို့ကို ကျွန်အဖြစ် ခိုင်းစေရန် ခေါ်သွားမည်ဟု ပြောဆိုသည်ကို ကြားရသောအခါ လွန်စွာထိတ်လန့် ကြောက်ရွံ့ကြသည်။ ကျောင်းသင်္ခမ်း နောက်ဖေးသို့ တိတ်တဆိတ် ထွက်ပြေးကြသည်။ ထို့နောက် ချုံပုတ်တစ်ခုထဲသို့ ပြေးဝင်ကာ ပုန်းကြသည်။ သို့ရာတွင် ချုံပုတ်မှာ မလုံမလဲဟု ယူဆကာ ရေကန်သို့ ပြေးကြပြန်သည်။ ရေကန်သို့ ရောက်သောအခါ မောင်နှမနှစ်ယောက်သည် ရေကန်ထဲသို့ ဆင်းကြသည်။ ကြာဖက်ကို ဆောင်းလျက် ရေထဲ၌ ပုန်းနေကြလေသည်။

ဇူဇကာပုဏ္ဏားသည် မောင်နှမနှစ်ယောက်ကို မမြင်သောအခါ ဝေဿန္တရာကို အထင်မှားသွားသည်။ မိမိသည် မောင်နှမနှစ်ယောက်ကို ဘိုးတော်ထံ ခေါ်မသွားဘဲ ကျွန်ပြုရန် ခေါ်သွားမည် ဆိုသဖြင့် မင်းကြီးက မထည့်လို၊ ထွက်ပြေးခိုင်းပြီး မသိဟန်ဆောင်နေသည်ဟု ထင်မှတ်သည်။ "အရှင်မင်းကြီးသည် သားတော်၊ သမီးတော်တို့ကို လှူမည်ဆိုသော်လည်း ယခုထွက်ပြေး ပုန်းရှောင် ခိုင်းထားသည်။ သင်မင်းကြီးလောက် ဖောက်လှဲဖောက်ပြန် မမှန်မကန်ပြုသူသည် လောကမှာ ရှိမည်မထင်" ဟူ၍ မခန့်လေးစား စော်ကား ပြောဆိုသည်။

ဝေဿန္တရာမင်းကြီးကား သည်းခံတော်မူသည်။ "ပုဏ္ဏားကြီး၊ မစိုးရိမ်လင့်၊ သားတော် သမီးတော်တို့ကို ခေါ်ပေးမည်" ဆိုကာ သွားရောက် ရှာဖွေသည်။ နောက်ဆုံး၌ ရေကန်ထဲသို့ ဆင်းသောခြေရာတို့ကို မြင်သွားသည်။

"ချစ်သားဇာလီ၊ ခမည်းတော်ထံ လာပါ။ ခမည်းတော်၏ ပါရမီကို ကူညီဖြည့်ပါ။ ပုဏ္ဏားကြီးက ခမည်းတော်ကို အထင်လွဲမှားနေပြီ။ ပုဏ္ဏားကြီး၏ စကားကြောင့် ခမည်းတော်၏ နှလုံးသား ပူလောင်နေပါသည်။ ခမည်းတော်၏ နှလုံးအေးမြအောင် ခမည်းတော်၏ စကားကို နားထောင်ပါ" ဟု လှမ်း၍ ပြောဆို၏။

ဇာလီသည် ခမည်းတော်၏ စကားကို ကြားသောအခါ "ပုဏ္ဏားကြီးသည် ငါ့ကို ပြုလိုရာ ပြုစေတော့။ ခမည်းတော့်စကားကို နားထောင်တော့မည်" ဆိုကာ ဦးခေါင်းကို ဖော်၍ ရေထဲမှ တက်လာသည်။ ခမည်းတော်၏ လက်ယာဘက် ခြေဖမိုးပေါ်တွင် မျက်နှာမှောက်လျက် ခြေမျက်စိကို ဖက်၍ ငိုကြွေးရှာလေသည်။

မင်းကြီးလည်း အလားတူပင် သမီးတော်ကဏှာဇိန်ကို ခေါ်ပြန်သည်။ ကဏှာဇိန်လည်း ရေထဲမှ တက်လာသည်။ ခမည်းတော်၏ လက်ဝဲဘက် ခြေဖမိုးပေါ်တွင် မျက်နှာမှောက်လျက် ခြေမျက်စိကို ဖက်ကာ ငိုကြွေးရှာလေသည်။

ဤသို့ သားတော်ဇာလီနှင့် သမီးတော်ကဏှာဇိန်တို့ ငိုကြွေးကြသောအခါ ဝေဿန္တရာမင်းကြီးသည် မျက်ရည်ကျမိလေသည်။ သို့ရာတွင် စိတ်ကို တင်းလိုက်သည်။ "ချစ်သားဇာလီ၊ ခမည်းတော်၏ ဒါနပါရမီကို ကူညီဖြည့်ဆည်းပါ" ဟူ၍ မေတ္တာရပ်ခံသည်။

ထို့နောက် "ချစ်သားဇာလီ၊ သင်တို့မောင်နှမကို ဤပုဏ္ဏားအား ကျွန်အဖြစ် လှူလိုက်သော်လည်း ထာဝရကျွန် လုပ်ရမည် မဟုတ်ပါ။ သင်ချစ်သားသည် ကျွန်အဖြစ်မှ လွတ်မြောက်လိုပါက ပုဏ္ဏားအား ရွှေစင်ပိဿာတစ်ထောင်ပေးလျှင် သင်သည် ကျွန်အဖြစ်မှ လွတ်စေ။ သမီးတော် ကဏှာဇိန်ကား ရုပ်ဆင်းလက္ခဏာ မြတ်သူ မိန်းကလေးဖြစ်သည်။ ရွှေစင်ပိဿာတစ်ထောင် ဟု တန်ဖိုးဖြတ်လိုက်လျှင် အမျိုးယုတ်သော သူတို့သည် ပုဏ္ဏားအား ရွှေစင်ပိဿာတစ်ထောင် ပေး၍ သမီးတော်ကို ရွေးနုတ်ယူလိမ့်မည်။ ထို့နောက် အမျိုးရောစပ်ခြင်းကို ပြုကြလိမ့်မည်။ သို့ဖြစ်၍ ဘုရင်တို့သာ ရွေးနုတ်ယူနိုင်သည့် တန်ဖိုးသတ်မှတ်ရမည်။ ဆင်၊ မြင်း၊ နွား၊ ကျွန်ယောက်ျား ကျွန်မိန်းမ၊ ရွှေစင်ပိဿာ အလုံးစုံ တစ်ရာစီ ငါသတ်မှတ်သည်။ ထိုတန်ဖိုးကို ဘုရင်မင်းများမှ တစ်ပါး မည်သူမျှ ပေးနိုင်လိမ့်မည် မဟုတ်။ သို့ဖြစ်၍ သမီးတော်ကဏှာဇိန်သည် ကျွန်အဖြစ်မှ လွတ်မြောက်လိုလျှင် ကျွန်ယောက်ျား တစ်ရာ၊ ကျွန်မိန်းမ တစ်ရာ၊ ဆင်တစ်ရာ၊ မြင်း တစ်ရာ၊ နွားလားဥသဘ တစ်ရာ၊ ရွှေစင်ပိဿာ တစ်ရာပေးက ကျွန်အဖြစ်မှ လွတ်စေ" ဟု ဆိုကာ တန်ဖိုးဖြတ်လိုက်လေသည်။

ထို့နောက် သားတော်၊ သမီးတော်တို့ကို ကျောင်းသင်္ခမ်းသို့ ခေါ်သွားသည်။ ကရားဖြင့် ရေကိုခပ်သည်။ "သားသမီးကို လှူသောအလှူသည် သဗ္ဗညုတဉာဏ်ရရှိရေးအတွက် အထောက်အပံ့ ဖြစ်စေသတည်း" ဟု ဆုတောင်းကာ ဇာလီနှင့် ကဏှာဇိန်တို့ကို ဇူဇကာပုဏ္ဏားအား ရေစက်သွန်းချ၍ လှူဒါန်းလိုက်၏။ ထိုအခါ မဟာပထဝီမြေကြီးသည် ပြင်းထန်စွာ တုန်ဟည်းလျက် ငလျင်ကြီး လှုပ်လေ၏။

(ဝေဿန္တရာဇာတ် အပိုင်း-၈ ဆက်တင်ပါမည်)

Read more...

မဟာဗုဒ္ဓ၀င်အကျဉ်း

“သုံးသွယ်ရွှေနန်း သူစံမြန်း”


“အရှင်မင်းကြီး၊ အရှင်မင်းကြီးရဲ့ သားတော်သိဒ္ဓတ္ထမင်းသားလေး အရွယ်ရောက်လာတဲ့အခါမှာ သူအို၊ သူနာ၊ သူသေနဲ့ ရဟန်းများကို မြင်တွေ့ပြီး နန်းတော်ကနေ ထွက်ခွာကာ ရဟန်းပြု၍ ဆင်းရဲခြင်းအဆုံးဖြစ်တဲ့အရာကို ရွာဖွေပါလိမ့်မယ်” ဆိုတဲ့ အသိတရသေ့ကြီးနဲ့ ကောဏ္ဍညပညာရှိတို့ရဲ့ နိမိတ်ဖတ်ခဲ့တဲ့ အသံကို ဘုရင်သုဒ္ဓေါဓနရဲ့ စိတ်ထဲမှာ အမြဲကြားယောင်နေပါတယ်။ ဒါကြောင့်လည်းပဲ သိဒ္ဓတ္ထမင်းသားလေးရဲ့ ဆင်းရဲခြင်းရဲ့ အဆုံးဖြစ်တဲ့ အရာကို ရှာဖွေချင်နေတဲ့ စိတ်ဆန္ဒဟာ ဘုရင်သုဒ္ဓေါဓန မင်းကြီးကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

ဒီလိုအတွေးမျိုးကို ရှင်းလင်းဖယ်ထုတ်မပစ်နိုင်ဘူးဆိုရင် သိဒ္ဓတ္ထမင်းသားလေးဟာ မကြာခင်မှာ တိုင်းပြည်နဲ့ နန်းတော်ကို စွန့်ခွာပြီးထွက်သွားမှာကို ဘုရင်သုဒ္ဓေါဓန စိုးရိမ်ကာ တွေးတောပြီး ကြောက်ရွံ့နေပါတယ်။ တကယ်လို့ သိဒ္ဓတ္ထမင်းသားလေးသာ နန်းတော်ကိုစွန့်ခွာ တောအရပ်ကို ထွက်ခွားသွားမယ်ဆိုရင် သူ့ရဲ့အရိုက်အရာနန်းတော်နဲ့ အမျိုးအနွယ်ကို ဆက်ခံမယ့်သူ၊ ဆက်လက်ထိမ်းသိမ်းမယ့်သူ မရှိမှာကိုလည်း စိုးရိမ်နေပါတယ်။ သိဒ္ဓတ္ထမင်းသားလေးရဲ့ နန်းတော်က ထွက်ခွာချင်နေတဲ့ စိတ်ဆန္ဒကို ပြောင်းလဲပစ်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ နန်းတော်မှာ ပျော်ရွှင်မှု့တွေ ကာမဂုဏ်စည်းစိမ်တွေနဲ့သာ အပြည့်အ၀ ခံစားသုံးဆောင်လို့ ရနိုင်အောင်ထားနိုင်ဖို့ လိုအပ်တယ်ဆိုတာကို ဘုရင်သုဒ္ဓေါဓန တွေးမြင်သဘောပေါက်ထားပါတယ်။ သူရဲ့ ဆန္ဒအောင်မြင်ပြည့်ဝဖို့ ပထမဆုံးအနေနဲ့ ခမ်းနားထည်ဝါပြီး ရှု့ချင်စဖွယ်ကောင်းတဲ့ အသစ်ဖြစ်တဲ့ နန်းတော်ကြီးသုံးဆောင်ကို သိဒ္ဓတ္ထမင်းသားလေးအတွက် ထည်ဆောက်ဖို့ စီစဉ်လိုက်ပါတယ်။ သိဒ္ဓတ္ထမင်းသားလေး အသက် တစ်ဆယ့်ခြောက်နှစ်အရွယ်မှာပါ။
ပထမနန်းတော်ကတော့ သင်းပျံ့မွှေးကြိုင်သော သစ်မွှေးများနဲ့ ဆောက်လုပ်လိုက်ပါတယ်။ ဒီနန်းတော်လေးရဲ့ ဘေးပတ်ပတ်လည်မှာ နွေးထွေးစေမယ့် လေပြေလေးများ ရစေဖို့၊ သင်းပျံ့တဲ့ ပန်းရနံ့လေးများ ခံစားရရှိစေဖို့ အတွက်နဲ့ သက်သောင့်သက်သာ ငြိမ်းချမ်းပျော်ရွှင်စွာ ကြည်နှုးနိုင်စေဖို့အတွက် စိတ်ကိုကြည်နှုးစေမယ့် အရာမှန်သမျှကို အပြည့်အ၀ အစွမ်းကုန် ဖန်တီးပေးထားပါတယ်။ ဒီပထမ နန်းတော်ကတော့ သိဒ္ဓတ္ထမင်းသားလေး အေးမြတဲ့ ဆောင်းရာသီအတွက် စံမြန်းနေထိုင်ဖို့ပါပဲ။
ဒုတိယနန်းတော်ကတော့ သိဒ္ဓတ္ထမင်သားလေး ပှုပြင်းတဲ့နွေရာသီရောက်ရင် စံမြန်းဖို့အတွက် တောက်တောက်ပြောင်ပြောင် အရောင်တလက်လက်နဲ့ ပြုပြင်မွန်းမံထားတဲ့ စကျင်ကျောက်များနဲ့ ပြုလုပ်ဖန်တီးထားပါတယ်။ တတိယနန်းတော်ကတော့ အစိမ်းရောင်ကြွေပြားများနဲ့အတှု အုတ်ခဲများနဲ့ကာရံထားပြီး မိုးရာသီရောက်ရင် စံမြန်းဖို့အတွက် ပြုလုပ်ဖန်တီးဆောက်တည်ထားပါတယ်။
ဘုရင်သုဒ္ဓေါဓနဟာ နန်းတော်သုံးဆောင်တို့ရဲ့ ပတ်ပတ်လည် ၀န်းကျင်မှာ ထာဝရ စိမ်းစိုလှပ အေးမြ မွှေးပျံ့နေစေမယ့် ဥယျာဉ်တစ်ခုကို ဆောက်လုပ်စေပါတယ်။ ပန်းဥယျာဉ်ကြီးထဲမှာ အရောင်မျိုးစုံတဲ့ ကြာပန်းများနဲ့အတူ အေးစိမ့်ကြည်လင်နေတဲ့ ရေကန်များကိုလည်း ဆောက်လုပ်ပေးထားစေပါတယ်။ ဒီဥယျာဉ်က သိဒ္ဓတ္ထမင်းသားလေးအတွက် လမ်းလျှောက်တဲ့အခါမှာဖြစ်ဖြစ်၊ စီးတော်မြင်းကို စီးနင်းနေတဲ့အခါဖြစ်ဖြစ်၊ စိတ်ပျော်ရွှင်စေမယ့် အရာဟူသမျှ ဘာကိုပဲ ပြုလုပ်လုပ် ပြုလုပ်တဲ့အခါမျိုးမှာ အမြဲတမ်းပျော်ရွှင်နေနိုင်အောင်အတွက်၊ ပြုလုပ်နိုင်ဖို့အတွက် လိုအပ်မှု့မရှိအောင် ဖြည့်စည်းပေးထားတာပါ။
ဒီလိုနဲ့ နှစ်တွေဟာ လျှင်မြန်စွာ ကုန်ဆုံးလာတာနဲ့အမျှ သိဒ္ဓတ္ထမင်းသားလေးဟာလည်း အခုဆို အရွယ်ရောက်လာကာ ချောမောလှပတဲ့ မင်းသားလေးတစ်ပါးဖြစ်လာပါတယ်။
ခမည်းတော် ဘုရင်သုဒ္ဓေါဓနဟာ သိဒ္ဓတ္ထမင်းသားလေး နန်းတော်ကနေ ထွက်ခွာပြီး ဆင်းရဲခြင်းများရဲ့ အဆုံး၊ စစ်မှန်တဲ့ ပျော်ရွှင်မှု့တွေကို ရှာဖွေဖို့ အခွင့်အရေးမရရှိအောင် ခမ်းနားထည်ဝါလွန်းလှတဲ့ ရမ္မ၊ သုဘ၊ သုရမ္မ ဆိုတဲ့ နန်းတော်ကြီးသုံးဆောင်ကို ဆောက်လုပ်ကာ အရာရာတိုင်းအတွက် လိုအပ်မှု့မရှိအောင် ဖြည့်ဆည်းပေးထားပါတယ်။ ပြီးတော့ နုပျိုလှပတဲ့ မောင်းမိဿံ အခြွေအရံများကိုလည်း လုပ်ကျွေး ခစားထားစေသလို ဖျားနာတဲ့သူ၊ အိုမင်းတဲ့သူများကိုလည်း နန်းတော်အတွင်းမှာ မမြင်ရလေအောင် စီမံထားပါတယ်။ “သေခြင်းတရား” ဆိုတဲ့ အသံကိုပင် မပြောမိဖို့ အမိန့်တော် ထုတ်ထားတာပါ။
ဘုရင်သုဒ္ဓေါဓနဟာ သားတော် သိဒ္ဓတ္ထမင်းသားလေးကို တစ်လောကလုံးကို အစိုးရတဲ့ စင်္ကြာဝတေးမင်းကြီးပဲ ဖြစ်စေချင်ပါတယ်။ ဘုရားအဖြစ်ကို သူမလိုလားတာ အမှန်ပါ။ သို့ပေမယ့်လို့ သိဒ္ဓတ္ထမင်းသားလေးဟာ ခမ်းနားထည်ဝါလှတဲ့ နန်းတော်ကြီးသုံးဆောင်မှာ စံနေရပေမယ့်လို့ တကယ်မပျော်ရွှင်ခဲ့ပါဘူး။ အမြဲတမ်းပဲ စစ်မှန်တဲ့ ပျော်ရွှင်မှု့ကို ရှာဖွေဖို့ စဉ်းစားတွေးကြံနေခဲ့တာပါ။ စစ်မှန်တဲ့ ပျော်ရွှင်မှု့ဆိုတာ ဆင်းရဲဒုက္ခဟူသမျှ လုံးဝကို မရှိတဲ့နေရာပဲဖြစ်ပါတယ်။ ဆင်းရဲဒုက္ခများ မရှိတဲ့နေရာကတော့ နိဗ္ဗာန်ပဲ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ပျော်ရွှင်မှု့ကို ရှာဖွေချင်တဲ့ ဆန္ဒရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ကတော့ လူသားအားလုံး၊ သက်ရှိသတ္တ၀ါအားလုံး အတွက်ပါပဲ။ ဒါဟာ လောကနဲ့ လူသားအကျိုးကို ကြီးမြတ်တဲ့ ကရုဏာတော်နဲ့အတူ အနစ်နာခံကာ ကောင်းကျိုးများကို ပေးဆပ်ချင်ကြတဲ့ မြင့်မြတ်သူတို့ရဲ့ မြင့်မြတ်တဲ့ စိတ်ဆန္ဒနဲ့ လုပ်ရပ်များပဲ ဖြစ်ပါတယ်။
(ဥယျာဉ်မှုးလေး)

Read more...

'Animal Release'

‘Animal release’ (fang sheng) is a term used by Chinese Buddhists to refer to the practice of purchasing animals that are due to be slaughtered and letting them go. While the rationale for this practice is the Buddha’s teaching of kindness and compassion to all creatures, even the most humble, the earliest evidence of the practice actually comes from the Pali Tipitaka. According to the Vinaya, a monk once came across a pig caught in a hunter’s trap and feeling compassion for its plight he released it. By the convention of the time he was guilty of theft. When the matter was brought to the Buddha’s intention he said that from the perspective of the Dhamma the monk had committed no offence because he had acted ‘out of compassion’ (karunnena, Vin.III,62).
The Chinese Buddhist tradition of animal release has its origins in the Suvarnabhasottama Sutra (Chinese Jin guang ming), composed in the early centuries of the Common Era. According to this work, a merchant’s son named Jalavahana, while traveling through a forest wilderness during summer, came across a pond in which the fish were struggling to survive in the rapidly evaporating water. All around the pond crows, cranes and jackals had gathered waiting to snap up the unfortunate fish. Moved by compassion and determined to save the fish Jalavahana cut some foliage and placed it in the pool hoping to shield the water from the sun and prevent its evaporation. When this proved ineffective, he traced the empty stream bed that had provided water to the pool and found that the water had been diverted from it by a great hole that appeared in the bed of the stream. Unable to block this hole himself he approached the king, told him of the situation and asked for some elephants, which the king gave him. Jalavhana’s ingenuity and efforts eventually paid off and he was able to fill the pond with water and save the fish.
When the Suvarnabhasottama Sutra was translated into Chinese the story of Jalavahana in particular had a powerful influence on people’s attitude towards animals. Soon, rather than releasing animals on an individual basis the custom developed of releasing large numbers animals in elaborate public ceremonies. The first person to organize such events was the monk Chih-I (538-97). In time, many temples came to provided ponds where people could release fish and tortoises, lofts for pigeons and pastures for goats, cows and horses.

Sadly, today ‘animal release’ practice frequently takes the form of a mere ritual more destructive to life than life-saving. In countries with significant Chinese communities a whole industry of capturing wild birds simply so they can be released has developed. The birds are taken from their natural environment, shipped to the cities and set free in the ‘concrete jungle’ where they often soon die. Temple ponds are commonly so crowded that the fish and tortoises lead diseased and miserable lives. According to environmentalists the two leading threats to the Asian Temple Turtle (Heosemys annandalii, so-called because it is favored by Chinese Buddhists for ‘release’) are the restaurant market and the temple trade. Several of the more progressive temples here in Singapore now try to educate the Buddhist public about the proper way to practice animal release or even prohibit the practice within their premises.

1 comments

Read more...

(ယနေ့နေ့လည်)ဇယမင်္ဂလာမိုးကုတ်ရိပ်သာ ၌ တရားစခန်းဝင်နေကြမည့်ပါရမီရှင်ယောဂီများ






တရားစခန်းဝင် ယောဂီများအတွက်လည်း ကြီးမားလှစွာသောသဒ္ဒါတရားဖြင့်

ပါရမီရှင် ဦးတင်စိုးမိသားစုမှ ကြက်သားပလာတာဖြင့် ကျွေးမွေးဧည့်ခံ လှုဒါန်းပါမည် ။


(၁)ကိုမိုးမြင့်မောင်မောင်
(၂) ဒေါ်ထွေး
(၃) ဒေါ်မြချစ်
(၄) မအေးသန္တာ
(၅) မသက်ထက်စု
(၆) ဒေါ်စိန်လှဖြူ
(၇) ဦးဖြူသာဝင်း
(၈) ဦးသန်းလင်း
(၉) ဒေါက်တာလဲ့လဲ့မိုး
(၁၀)ဒေါ်ခင်စန်းမြင့်
(၁၁)ဒေါ်အေးအေးခင်
(၁၂)ဒေါက်တာ ညိုညိုဝင်း
(၁၃)ဒေါ်ရှမ်းမေ
(၁၄)ဒေါ်ခင်ဝင်း
(၁၅)မအေးအေညွန့်
(၁၆)ဒေါ်ခင်ခင်
(၁၇)ဦးအောင်ကြည်
(၁၈)ဒေါ်ကြည်ကြည်ဝင်း
(၁၉)မသိန်းသိန်း
(၂၀)မသွယ်သွယ်စိုး
(၂၁)မခင်နွယ်
(၂၂)မသက်ထွန်း
(၂၃)ဒေါ်လှမြင့်
(၂၄)ဒေါ်သောင်းသောင်း
(၂၅) မ နန်း
(၂၆) ဒေါ်မြင့်မြင့်
(၂၇)ဒေါ်မြင့်မြင့်သန်း
(၂၈)ဦးတင်စိုး
(၂၉)ဒေါ်တင်တင်ပု
(၃၀)မ မေသူသူဇော်
(၃၁)ဒေါ်နင်းလဲ့ရည်
(၃၂)ဒေါ်ဝါဝါ
(၃၃)မအေးအေးသော်
(၃၄)မမြင့်မြင့်အေး
(၃၅)မအေးအေးလှိုင်
(၃၆)ဒေါ်ခင်နွယ်
(၃၇)မစမ်းစမ်းမော်
(၃၈)မထွန်းမာကြည်
(၃၉)မအေးအေးလှိုင်
(၄၀)မသင်းသန့်အေး
(၄၁)မမြမြသင်း
(၄၂)ဒေါ်အယ်နီ
(၄၃) ဒေါ်ဆွေဆွေသန်း
(၄၅)ဒေါ်သွယ်သွယ်ဝင်း
(၄၆)နန်းကြူကြူခိုင်
(၄၇)မိုးသူဇာကြိုင်
(၄၈)မစန္ဒာအေး
(၄၉)ပွင့်လေးညို
(၅၀)နန်းသူသူအောင်
(၅၁)နန်းမို့မို့အောင်
(၅၂)ဒေါ်ခင်သီတာကျော်
(၅၃)ဒေါ်စုစုအောင်
(၅၄)ဒေါ်ကေသီအောင်
(၅၅)ဒေါ်တင်တင်မြင့်(ဒေါ်နီ)
(၅၆)ဒေါ်ဝင်းပပစိုး
(၅၇)မမင်းပပစိုး နှင့် ရာနှင့်ချီသောယောဂီများ နေ့စဉ် သို့မဟုတ် ရနိုင်သမျှအချိန်လေးတွင် နာကြား သင်ယူကျင့်ကြံပွားများလျှက်ရှိကြပါသည်။

ကမ္ဘာတစ်ဝန်းလုံးရှိ ဗုဒ္ဓဘာသာမြန်မာနိုင်ငံဖွား ဆွေတော်၊မျိုးတော်များ ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေ။

သတင်းနှင့်ပြန်ကြားရေဌာန
ဇယမင်္ဂလာဗုဒ္ဓဝိဟာရ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ
စင်္ကာပူနိုင်ငံ

Read more...

Accept


If you find truth
(in any religion, philosophy or science)
Then accept that truth
(without any prejudice).


A.1: 189

Read more...

ဧကစာသစ်ပင်

(၁)
ဗာရာဏသီမုတ်သုန်အနံ့ကို ရပြီ၊ သူ့အခန်းလေး၏ မှန်ပြတင်းတံခါးချပ်များကို မိုးစက်တို့ တဖျောက်ဖျောက် ထိမှန်နေကြသည်။ နာရီနှိုးစက်မကျမီ သူနိုးထလာသည်။ စက်တင်ဘာလမှ စတင်ကာ မိဂဒါဝုန်နေ့ရက်များ အေးချမ်းတော့မည်ကို ကြည်နူးသွားသည်။ ရှည်လျားသော မဇ္ဈိမနွေရက်များနှင့် လမ်းခွဲလိုက်ပြီ။

သူ့သီတင်းသုံးဖော်ရဟန်းများကတော့ ဆက်လက် ဘ၀င်ကျနေကြဆဲ...။ မိတ်ဆွေရဟန်းတော်များက ပါရဂူဘွဲ့ အတွက် ကျမ်းတင်ရန် နီးကပ်လာပြီမို့ ညရေးညတာများကို အားကိုးတကြီးတွယ်ဖက်လာကြသည်။ သို့နှင့် နံနက်ခင်း အိပ်ရာထချိန်ကို နောက်ဆုတ် လေ့ရှိကြသည်။

သူကတော့ စာသင်ခန်းများဆီ အချိန်မီ ရောက်ဖို့အတွက် အိပ်စက်ချိန်များကို ကန့်သတ်နေရသည်။ မောဟကို ခပ်ပါးပါးနှိပ်ကွပ်နေရသည်။ ငယ်စဉ်ကတော့ ဆရာဘုန်းတော်ကြီး၏ ခေါင်းခေါက်သံ တခွပ်ခွပ်ကြားမှပင် တမှေးလောက်ရအောင် ငိုက်လိုက်ဦးမည်။ ခုတော့ ကိုယ်ရွေးတဲ့လမ်းပဲ လျှောက်.... လျှောက် ...ဆက်လျှောက်....။

ဆယ်ပေသာသာ အခန်းလေးထဲတွင် ရဟန်းတော်သုံးပါး စုပြုံတိုးဝှေ့ ကျိန်းစက်ရခြင်းက နွေးထွေးမှုတစ်ခု ဖြစ်သည်။ မိတ်ဆွေရဟန်းတော်များက အခန်းတစ်ခန်း သတ်သတ်ငှါးထားသော်လည်း သူ့အခန်းလေးထဲမှာ ကြပ်ညပ်စွာ နေရသည့်အရသာကို ခုံမင်နေကြသည်။ သူသည်လည်း ထိုနည်းနှင်နှင်ပင်....။ လွတ်မြောက်မှုကို ရှာနေခိုက် ဧကစာရီအကျင့်က အေးချမ်းကြည် မွေ့ဖွယ်ကောင်းသော်လည်း ပညာရှာဖွေခိုက် ဆွေးနွေး တိုင်ပင်ဖော်ရှိခြင်းက တန်ဖိုးတစ်ခုဖြစ်ပြန်သည်။ (အိုက်စပ်ပူလောင်သော မဇ္ဈိမနွေရက်များကို စာအုပ်များကို ဖွရင်း၊ စာအုပ်များအကြောင်း မုဒိတာပွားရင်း ကုန်ဆုံးစေခဲ့ကြသည်။ သူက မိတ်ဆွေရဟန်းတော်များ ရွှေပြည်ကြီးမှ တခုတ်တရ မှာယူထားသော စာအုပ်များကို ကပ်ရပ်ကာ ဖတ်မှတ်ခွင့်ရခဲ့သည်။ )

အကယ်တန္တု အထီးကျန်စွာ ဖြတ်သန်းရခြင်းကို သူက နှစ်ခြိုက်မှု မရှိခြင်းသာ ဖြစ်သည်။ နောင်တစ်ချိန်မှာတော့ ဧကစာရီဘ၀ကို မြတ်နိုးတတ်အောင် မလွဲမသွေ ကျင့်ရပေလိမ့်မည်။ (အဓိဋ္ဌာန်သဘောမပါသည့် စကားလုံးအတွက် အားမရပြန်ပါ။)

အစုအဖွဲ့ကို စွန့်ခွာ၍ အဖော်မမှီး တစ်ကိုယ်တည်း ကျင့်သုံးခြင်းကို ဧကစာရီ၊ အစုအဖွဲ့က စွန့်ပစ်ချန်ထား တစ်ကိုယ်တည်းအဖော်မဲ့ရခြင်းကိုတော့ အထီးကျန်မှု ဟု ဖွင့်ဆိုကြလေသည်ပဲ။ တစ်ကိုယ်တည်း မနေဖူးသေးတာတော့ သေချာသည်။ ပရိယတ္တိစာပေနယ်ဆိုသည်ကလည်း တစ်ကိုယ်တည်း နေရသည် မဟုတ်...။ ပညာမပြည့်စုံသည့်အခိုက် ဆရာရှာဖွေရသည်။ ဆရာဖြစ်ပြန်တော့လည်း တပည့်များ အတွက် ငဲ့ကွက်ရပြန်သည်။

အော် မိမိကိုယ်ကိုယ် ငဲ့ညှာနေခြင်းပါပဲ...။ လှည့်စားမှု (၀ဉ္စနာ)တရားများအကြောင်း မှတ်သားဖူးလေတော့ တစ်ခုခုနှင့်တော့ ငြိနေမှာ သေချာလှသည်။ အပေါင်းအဖေါ်မက်ခြင်း(သင်္ဂဏိကာရာမတာ) ကို ဖုံးကွယ်ရန် တပည့်အပေါင်းကို ချီးမြှောက်ခြင်း (ဂဏာနုဂ္ဂဟ ကရဏတာ) ဖြင့် မိမိစိတ်ကို လှည့်စားဖန်တီးလေ့ရှိသည် တဲ့။ အပြောမက်ခြင်း (ဘဿာရာမတာ) ကိုတော့ တရားစကား ပြောကြားနေရသည်ကို ပျော်မွေ့ခြင်း (ဓမ္မဒေသနာဘိရတိ) တံဆိပ်လေး ကပ်ပစ်လိုက်သည်။ ဟိုနေရာပါ ဒီနေရာပါ လူရာဝင်လိုသည့် (ကမ္မာရာမတာ)ကိုတော့ ကုသိုလ်ကောင်းမှုတွင် မွေ့လျော်ခြင်း(ပုညကမ္မတာ) မျက်နှာဖုံးလေး စွပ်ထားလေ့ရှိ တတ်ပြန်သည်ဆိုပဲ။

ဘာပဲဖြစ်ဖြစ် အစုအဝေးထဲမှာ ပေါင်းရုံးပျော်မွေ့ချင်သည်က ပိုကဲနေတတ်သည်။ ရုံးစုစုရှိလျှင် တိုးတိုးဝှေ့ဝှေ့။ စာသင်ခန်းနှင့် တရားဟောပလ္လင်တွေ့လျှင်လည်း ဂဏာမငြိမ်တတ်။ တစ်နေ့တစ်နေ့ ဆောင်ရွက်ရန် စိတ်ကူးစာရွက်ပေါ်က အချိန်ဇယားများကလည်း ခပ်စိပ်စိပ်.။

(၂)

ဗုဒ္ဓအရှင်ကိုယ်တိုင်သည်ပင် နေက္ခမ္မပါရမီအကျင့်မြတ်ဖြင့် ရိုးစင်းဖြောင့်မတ်သော ဧကစာရီနေ့ရက်များကို မွေ့လျော်တော်မူခဲ့ဖူးသည်။ ဥရုဝေလတောအုပ်လေးထဲမှ မြို့ပြသို့ ပြန်ဝင်လာသောအခါ အရှင်မြတ်သည် ရွေ့လျားရှင်သန်နေသော ကြာဖြူပန်းတစ်ပွင့်ဖြစ်နေသည်။ ရွှံ့နွံထဲက ကြာမျိုးစေ့များကို ပွင့်စေခဲ့သည်။ အရိယာကြာဖြူပန်းများ ပွင့်သော ခေတ်များစွာ၏ မုခ်ဦးကို အရှင်မြတ်ကိုယ်တိုင် ဖွင့်လှစ်ခဲ့သည်။

အရှင်မြတ်က တစ်နေရာတည်းမှာ ကျောက်ချရပ်နားနေလေ့ရှိသည့် ရေသေအိုင်မဟုတ်။ အမြဲတမ်းစီး ဆင်းနေသည့် ဓမ္မမြစ်တစ်စင်းဖြစ်နေသည်။ ကောသလ၊ မဂဓနှင့် ကောသမ္ဘီလို တိုင်းကြီးပြည်ကြီး မြို့ရွာကြီးများတွင် အရှင်မြတ်အတွက် ကျောင်းတော်ဝိဟာကြီးများ ခမ်းနားစွာ ရှိနေသည်။ အရှင်မြတ်က သပိတ်တစ်လုံး သင်္ကန်းသုံးထည်နှင့် အဇ္ဈတ္တဧကစာလမ်းကို လျှောက်ပြနေသည်။ မြို့ပြရွှေရောင် ငွေရောင် အဆောင်အယောင်နှင့် ပရိသတ်အသိုင်းအ၀ိုင်းများကို မခုံမင်...။ ခိုနားဖို့ အရိပ်သာ ဖြစ်လိုသည်။ ကပ်ငြိခွင့် မပေး၊ သစ်ပင်သည် ငှက်ကို မကပ်ငြိ....။ ငှက်ကလည်း သစ်ပင်ကို ခိုလှုံရုံမျှသာ....။ အထီးတည်းဧကစာသစ်ပင်တွင် ကုဋေကုဋာငှက်များ နားခိုသွားသည်။ သစ္စာအသီးအပွင့်များကို စားကာ ပြန်ထွက်သွားသည်။ သစ်ပင်က သစ်ပင်....ငှက်က ငှက်.....။

အရှင်မြတ်၏ အဂ္ဂမဟာသာဝက၊ မဟာသာဝကအဆူဆူတို့သည် အရှင်မြတ်နည်းတူ မွှေးမြသော ကြာဖြူ ပန်းများအဖြစ် ရွှံနွံနှင့် မငြိကပ်၊ ကြာဖြူမျိုးစေ့ပွားနေခဲ့ကြသည်သာ ဖူးတွေ့ရသည်။ တစ်နေရာရာမှာ ကျောက်ချငြိကပ်သွားသည်ကို မမှတ်သားစဖူး....။ သာရိပုတ္တ၊ မောဂ္ဂလာနနှင့် မဟာကဿပ ထေရ်အရှင်တို့ ကျောင်းထိုင်ဆရာတော်များဖြစ်မသွားကြ....။ အဓိပတိမဟာနာယက၊ နာယကချုပ်၊ ပဓာနနာယကစသော ဝေါဟာရများနှင့် ရင်းနှီးမသွားခဲ့ကြ....။ သပိတ်လေးကို လွယ်.....သင်္ကန်းသုံးထည်ကို လွှမ်း သာသနာလမ်းဖောက်နေရသော အခါသမယပေပဲမို့လည်း ဖြစ်နိုင်သည်........။



(၃)

ခေတ်အဆက်ဆက်လင်းလက်ခဲ့သည့် (ပရိယတ်မကင်းသော) ပဋိပတ်ဝန်ဆောင် ဧကစာတောမှီဆရာ တော်ကြီးများအကြောင်း ဖတ်မှတ်ရသည့်အခါ အားကျ ကြည်ညိုမှု ဖြစ်ဖူးသည်။ သို့သော် ထိုဧကစာရီအကျင့်က လွယ်ကူဟန်တော့မရှိပါ။ ဘုရားရှင်တို့ကျင့်သုံးသော ဧကစာမျိုးကို ကျင့်နိုင်လျင်တော့ တောနှင့် မြို့သည် ကွာခြားတော့မည်မဟုတ်။

ယနေ့ခေတ် ဧကစာကျင့်သုံးလိုကြသည့် သူတော်သူမြတ်တို့အတွက် ပရိသတ်ဆိုသည်က အန္တရာယ် တစ်မျိုးဖြစ်သည်။ ထိုပရိသတ်ကြောင့်ပင် လေးစားထိုက်သည့် ဆရာတော်ကြီးအချို့ ဧကစာရီကျင့် သုံးတော့မည်ဟု ကြွေးကြော်ထွက်ခွာပြီးသည့်တိုင် တောရစခန်းမှ မြို့ပြသို့ ပြန်ဝင်ကပ်လာရသည်မျိုး ကြုံဖူးကြားဖူးသည်။ သို့မဟုတ် ဧကစာကျင့်သုံးနေထိုင်ရာ တောရစခန်းများသည်ပင် ပညာဖြန့်ဖြူးရာ စာသင်တိုက်၊ သို့မဟုတ် ယောဂီတို့ တရုံးရုံးစုဝေးရာ ရိပ်သာကြီးများဖြစ်သွားကြရပြန်သည်။

လယ်တီဆရာတော်ကြီးသည်လည်း ၀ိညာဉ်နယ်မြေဟု နာမည်ကြီးသည့် ဖုန်းဆိုးတောမြေရိုင်းတစ်ခုဆီ လွတ်မြောက်ရာတရားရှာဖွေရန် ထွက်ခွာသွားခဲ့ဖူးသည်။ သို့သော် သိက္ခာသုံးရပ်ဆွဲအားမြင့်မားသည့် ဆရာတော်ကြီးသည် ဧကစာရီကျင့်သုံးခွင့်နှင့် လွဲချော်ခဲ့ရ၏။ သစ်ပင်ကောင်းမိတော့ ငှက်တစ်သောင်းက ရောက်လာကြသည်။ အခက်အလက်တွေ ဝေေ၀စိုစိုမို့ ခိုချင်သူတို့ များခဲ့သည်။ သို့နှင့် ဖုန်းဆိုးတောမြေသည် ပရိယတ္တိစာပေ သင်ယူပို့ချရာ ၀ိဇ္ဇာလယတစ်ခုဖြစ်လာခဲ့ရသည်။ ထိုသို့ဖြင့် လယ်တီကျောင်း တိုက်ကြီးပေါ် လာသည်ဟု မှတ်သားခဲ့ရသည်။

သို့သော် လယ်တီဆရာတော်ကြီးက ဘုရားရှင်နှင့် သာဝကအရှင်မြတ်တို့၏ ဧကစာလမ်းကို လိုက်နာလိုသည့် ရဟန်းတော်တစ်ပါးဖြစ်သည်။ ကျောက်ချရပ်နားမိသည့် လယ်တီကို စွန့်ခွာနိုင်အောင် ကြိုးစားသည်။ ပရိသတ်ရွှံနွံနှင့် ငြိကပ်မှုမရှိသော ရွေ့လျားနေသည့် ကြာဖြူပန်းအဖြစ် မိမိကိုယ်ကိုယ် ပြန်လည်စိုက်ပျိုးနိုင်ခဲ့သည်။

(၄)

သူ့အခန်းလေးမှ ထွက်ခွာချိန် နံနက် ၇း၄၀... ကော်ဖီတစ်ခွက်နှင့် ဘီစကွတ်မုန့်နှစ်ခုကို ခပ်သုတ်သုတ် လွေးခဲ့ရသည်။ စာသင်ခန်းထဲရောက်တော့ တပည့်များ၏ “ တရှိ ဒေလေ့ ( မင်္ဂလာပါ)” ဟူသောနှုတ်ဆက်သံသည် နှလုံးသားကို သိမ်းကျုံးယူငင်နိုင်စွမ်းရှိသည်။ သူသည် သစ်ပင်တစ်ပင်ဖြစ်ရန် နှစ်ရှည်လများ စိုက်ပျိုးနေခဲ့သည်။ သူ့အခက်အလက်များ စိမ်းမြဝေဆာနေပြီလား ...။ ခပ်ကြဲကြဲအရိပ်များကို သူမြင်နေရဆဲဖြစ်သည်।

သူစဉ်းစားမိသည်က သစ်ပင်က သစ်ပင် ....ငှက်က ငှက် ပရိုဂရမ်ကို လက်မှတ်ထိုးနိုင်ပြီလား ဟူသည်ပင်.....။ “ ပါရဂူဘွဲ့ရတော့မယ် ။ ဘယ်မှာ နေမလဲ ငါ့ရှင်” ဟူသော မေးခွန်းထက် “ ဘာလုပ်မှာလဲ” ဟူသော မေးခွန်းကို ဖြေဆိုရသည်က ပို၍ သစ်ပင်တစ်ပင်နှင့် တူပေမည်။

အင်း လွယ်တော့မလွယ်မှန်းသိသား...။ ဧကစာသစ်ပင်များဆီ ငေးနေမိသေးတော့သည်။

ဓမ္မဂင်္ဂါ
၁၇-၉-၂၀၁၀

Read more...

သားသ္မီးကြောင့်.....!



“ရှိတာ ဒုက္ခလား၊ မရှိတာ ဒုက္ခလား၊
အများက မရှိတာ ဒုက္ခတဲ့၊
ပညာရှင်တွေကတော့ ရှိတာ ဒုက္ခလို့ဆိုပါတယ်”၊၊

မြတ်စွာဘုရားရှင် သာဝတ္ထိပြည်မှာနေစဉ် ညတစ်ညတွင် နတ်သားတစ်ယောက် ရောက်လာပြီး၊ ဘုရား ရှင်ကို လူ့ဘ၀ လူတစ်ယောက်အတွက် နှစ်သက်ရခြင်း၏ အကြောင်း၊ ချမ်းသာရခြင်း၏ အကြောင်း များကို လျှောက်ထားလေသည်၊၊
မြတ်စွာဘုရား လောကမှာ “သားသ္မီးများများ ရှိသူဟာ သားသ္မီးကြောင့် နှစ်သက်ရပါတယ်၊ ချမ်းသာရ ပါတယ်၊၊ ကျွဲနွားများများ ရှိသူဟာလည်း ကျွဲနွားတို့ကြောင့် နှစ်သက်ရပါတယ်၊ ချမ်းသာရပါတယ်၊၊ လူသားတို့မှာ ချမ်းသာ၏တည်ရာ“ဥပဓိ”ဆိုတာ ရှိရပါတယ်၊“ဥပဓိ”မရှိတဲ့သူဟာ မနှစ်သက်ရ၊ မချမ်း သာပါဘူး”
ဒီနေရာမှာ “ဥပဓိ”ဆိုတဲ့ ပါဠိစကားလုံးလေးရဲ့ အနက်အဓိပ္ပါယ်က“တည်ရာ”လို့ အဓိပ္ပါယ်ရပါတယ်၊ ဘာရဲ့တည်ရာလဲဆိုတော့ ချမ်းသာရဲ့တည်ရာပါ၊၊ ချမ်းသာခြင်းဟာ ဘယ်မှာတည်တာလဲဆိုတော့ သားသ္မီးများမှာ တည်ပါတယ်၊၊ ကျွဲနွားများမှာလည်း တည်ပါတယ်၊ ရတနာရွှေငွေ ပစ္စည်းများမှာလည်း တည်ပါတယ်၊၊

ရှေးခေတ်က စက်မှုမထွန်းကားသေးတော့ လယ်ယာလုပ်ကိုင်ကြတဲ့နေရာနဲ့၊ တစ်မြို့ကနေ တစ်မြို့ကို ခရီးသွားတဲ့အခါမှာ ကျွဲနွားနဲ့ ကထားတဲ့ လှည်းစသည်တွေနဲ့ သွားကြရပါတယ်၊၊ ဒါကြောင့် ကျွဲနွားများများ ရှိသူဟာ လယ်ယာလုပ်ကိုင်စားလို့ရတဲ့အတွက် ချမ်းသာရတယ်၊ လှည်းစတဲ့ယဉ်အ ဖြစ် သုံးလို့ရတဲ့အတွက်လည်း ချမ်းသာရတယ်ပေါ့၊၊ ဒီနေ့ခေတ်မှာတော့ စက်မှုထွန်းကားလာ တော့ ကားကောင်းကောင်း ရှိတာဟာ ချမ်းသာခြင်းရဲ့ အကြောင်းတခုလို့ ဆိုရမှာပါ၊၊
နတ်သားတစ်ယောက်က မြတ်စွာဘုရားကို လျှောက်ထားတဲ့ သူရဲ့အမြင်အရ ချမ်းသာခြင်းရဲ့အကြောင်း များဖြစ်ပါတယ်၊၊ သာမာန်အားဖြင့် ကြည့်မယ်ဆိုရင်လည်း ဒီနတ်သားလျှောက်တာလေးဟာ အမှန်ပါ ပဲ၊၊ သားသ္မီးမရှိတဲ့ မိသားစုဆိုတာ ခြောက်ခြောက် ကပ်ကပ်နဲ့ တကယ်ကိုပျင်းစရာ ကောင်းပါတယ်၊ ပျော်စရာ မရှိဘူးပေါ့၊၊ ကားလေးမှ မရှိပြန်ရင်လည်း ဘယ်မှသွားမဖြစ်နဲ့ ပျော်စရာနည်းပါး ပါတယ်၊၊ ရ တနာ ရွှေငွေစတဲ့ ပစ္စည်းဥစ္စာမရှိတဲ့သူများသည်လည်း မချမ်းသာကြရပါဘူး၊၊

နတ်သားပြောတဲ့ ချမ်းသာခြင်းရဲ့ အကြောင်းများကို အနှစ်ချုပ်ကြည့်ရင် လောကမှာ ဥပဓိရှိသူများသည် ချမ်းသာကြရတယ်၊၊ ဥပဓိမရှိသူဟာ မချမ်းသာသူလို့ ကောက်ချက်ချနိုင်ပါတယ်၊၊ ဥပဓိဆိုတာ--ချမ်းသာခြင်းအားလုံးရဲ့ တည်ရာဖြစ်တဲ့ သားသ္မီး၊ ကားစတဲ့ အသုံးပြုစရာ ယဉ်နှင့်၊ ရတနာ ရွှေငွေ တို့ကိုခေါ်ပါတယ်၊၊ ထပ်ပြီး အသေးစိတ်ကြည့်ရ ရင်--သားသ္မီးကြောင့် မိဘတွေချမ်းသာ ကြရတယ်၊ ကား ကောင်းကောင်းရှိလို့ ကားပိုင်ရှင်တွေ ချမ်းသာ ကြရတယ်၊ ရတနာ ရွှေငွေပေါတဲ့ သူဌေးတွေ ချမ်းသာကြရတယ်လို့ ဆိုလိုတာပါ၊၊

နတ်သားက မြတ်စွာဘုရားကို Theory တစ်ခုကို တင်ပြ ဆွေးနွေးနေတာ ဖြစ်ပါတယ်၊၊ နတ်သား ဆွေးနွေးတင်ပြနေစဉ်မှာ မြတ်စွာဘုရားက တစ်စုံတစ်ရာ မထောက်ခံသလို ငြင်းပယ်ခြင်းလည်း မပြုပါဘူး၊၊ အလေးအနက် နတ်သားရဲ့ တင်ပြချက်ကို သုံးသပ်နေခဲ့ပါတယ်၊၊ နတ်သား ဆွေးနွေး တင်ပြအပြီးမှာတော့ မြတ်စွာဘုရားရှင်က ဤကဲ့သို့ တဖန်ပြန်ပြီး ဆွေးနွေးတော်မူပါတယ်၊၊
နတ်သား လောကမှာ“သားသ္မီးများများရှိသူဟာ သားသ္မီးကြောင့် ပူပန်ရတယ်၊ ဆင်းရဲရတယ်၊၊ ကျွဲနွား များများ ရှိသူဟာလည်း ကျွဲနွားကြောင့် ပူပန်ရတယ်၊ ဆင်းရဲရတယ်၊၊ လူသားတို့မှာ ဆင်းရဲခြင်းရဲ့ တည် ရာ“ဥပဓိ”ဆိုတာရှိတယ်၊၊ အဲဒီ“ဥပဓိ”ရှိနေသူဟာ ပူပန်ရတယ်၊ ဆင်းရဲ ရတယ်၊၊”

အယူအဆနှစ်ခုက လုံးဝဆန့်ကျင်နေတာကို တွေ့ရမှာဖြစ်ပါတယ်၊၊ နတ်သား ယူဆတာက သားသ္မီးနှင့် ကျွဲနွား(ကား)၊ ရွှေငွေရတနာဥစ္စာရှိမှ လောကမှာ ချမ်းသာသူဖြစ်ပြီး၊ ဘုရားရှင် ယူဆတာက သားသ္မီး နှင့်ကျွဲနွား (ကား)၊ ဥစ္စာမရှိသူသာ လောကမှာ ချမ်းသာသူလို့ ဖြစ်နေပါတယ်၊၊
လက်ရှိနေ့စဉ်ဘ၀မှာ တကယ်ဖြစ်နေတာနဲ့ ယှဉ်ကြည့်ရင် ဘယ်အယူအဆက မှန်တယ်ဆိုတာကို သိရမှာ ဖြစ်ပါတယ်၊၊ သားသ္မီးကြောင့် ဖြစ်ပေါ်တတ်တဲ့ ချမ်းသာမှုနဲ့ သားသ္မီးကြောင့် ဖြစ်ပေါ်တတ်တဲ့ ဆင်းရဲမှု ဘယ်ဟာပိုများလဲဆိုတာကို မိဘဖြစ်သူများအားလုံး သိကြမှာပါ၊၊ မြန်မာစကားမှာတော့ သားယောကျာင်္းရှိတဲ့ မိဘများအတွက် “ငယ်စဉ်က သား၊ ကြီးသော် ကျား”လို့ ဆိုထားတာက သတိပေးနေပါတယ်၊၊ သ္မီးမိန်းကလေးရှိတဲ့ မိဘများအတွက်တော့ “ငယ်က သ္မီး၊ ကြီးတော့ မီး”လို့ ဆို ထား ပြန်ပါတယ်၊၊ ယနေ့ခေတ်မှာပေါ်နေတဲ့ စကားတစ်ခုကလည်း သားသ္မီးနှင့် ပတ်သက်တဲ့ မိဘတွေရဲ့ ခံစားမှုကို ထင်ဟပ်ဖော်ပြနေပါသေးတယ်၊ “သားသ္မီး ရတနာ မဟုက်ဘူး၊ သားသ္မီးရတာ နာ”ပါတဲ့၊(ရတာ- နာ)၊၊
ရှေးခေတ်က ပေါ်ခဲ့တဲ့ သားသ္မီးနဲ့ ဆက်စပ်တဲ့ မိဘများခံစားချက် ဆိုရိုးစကားများရော၊ ယနေ့ခေတ်မှာ ပေါ်နေတဲ့ ဆိုရိုးစကားများကိုရော ကောက်ချက်ချကြည့်ရင် သားသ္မီးကြောင့် မိဘများစိတ်ချမ်းသာရ သည်ထက် စိတ်ဆင်းရဲကြရသည်က ပိုများကြောင်း တွေ့နိုင်ပါတယ်၊၊ တကယ်ကြ မိဘများဟာ သားတစ်ယောက် သ္မီးတစ်ယောက် လူလောကထဲရောက်လာဖို့အတွက် အသက်နဲ့ရင်းခဲ့ကြတာပါ၊၊ မိဘများရဲ့ တခြားကျေးဇူးတွေကတော့ ပြောနေရင်-“ရွှေဖလားပေါ် ငွေအနားကွတ် ”ဆိုသလိုဖြစ်နေ မှာပါ၊၊ မိဘများကျေးဇူးကို အပြည့်စုံပြောနိုင်ဖို့တော့ မဖြစ်နိုင်ပါဘူး၊၊ ဒါကြောင့်လည်း မိဘကျေးဇူးကို မြင်းမိုရ်တောင်နဲ့ တင်စားတာတို့၊ မဟာပထ၀ီမြေကြီးနဲ့ တင်စားတာတို့ကို စာပေများမှာတွေ့ရပါတယ်၊၊ ဤမျှကျေးဇူးရှိခဲ့တဲ့ မိဘများသည် သားသ္မီးကြောင့် သူတို့ဘ၀အရွယ်ရင့်မှာ ထပ်ပြီး စိတ်ဆင်းရဲကြရ အုံးမယ်ဆိုရင် အရပ်စကားတစ်ခုလိုပဲ “မတန်ဘူး” လို့ပြောရမလိုပါပဲ၊၊ ဒီလိုသားသ္မီးမျိုးများ ရှိထားတဲ့ မိဘများဟာ ဒုက္ခအသီး သီးတတ်တဲ့ သစ်ပင်ကို စိုက်ထားမိသလို ဖြစ်နေမလားပါ၊၊

ကျွဲနွားကြောင့် မည်မျှစိတ်ဆင်းရဲ ရတယ်ဆိုတာကိုတော့ မြို့ကြီးသားတို့ သိကြမှာမဟုက်ပါဘူး၊ ကျေး တောအရပ်က လယ်သမား ယာသမားကြီးတွေတော့ သိကြပါတယ်၊၊ ကျွဲနွားနေရာမှာ အစားဝင် လာတဲ့ ကားကြောင့် ဒုက္ခဖြစ်ကြရတာကိုတော့ ကားရှိသူတိုင်း အသိပါ၊၊ ကားရှိလို့ သွားချင်ရာ အလွယ်တကူ သွားလာနိုင် အဆင်ပြေပေမဲ့ ဒီကားကြောင့်ပဲ အခြုတ်ရောက်ရ ဂတ်ရောက်ရ၊ အဆင်မသင့်ရင် ထောင်ထဲအထိ စံကြရတဲ့ ဒုက္ခအကြီးစားများကို ကားပိုင်ရှင်တို့ လက်တွေ့သိ နေကြပါတယ်၊၊
ရတနာ ရွှေငွေကြောင့် ပိုင်ရှင်များ ချမ်းသာရသည်ထက် စိတ်ဆင်းရဲရပုံများကတော့ ပတ်ဝန်းကျင်မှာ မကြားချင် မမြင်ချင်မှ အဆုံးပါပဲ၊၊ တန်ဖိုးကြီးလွန်းတဲ့ ပစ္စည်းရှိလေ ဒုက္ခများလေပါပဲ၊၊ စိန်ထည်ပစ္စည်း များကို တစိမ်းလက်ထဲအပ်မိလို့ စိတ်ဆင်းရဲရရုံမက အသက်ကိုပါ ရန်ရှာခံရတာကို အရှင် အင်တာ နက် သတင်းများမှာ ဖတ်လိုက်ရပါတယ်၊၊ ဒါတွေဟာ အများထင်နေကြတဲ့ “ပစ္စည်းဥစ္စာကြောင့် ဘ၀ ချမ်းသာတယ်”ဆိုတဲ့ အယူအဆကို မမှန်ကန်ကြောင်း သက်သေပြချက်တွေ ဖြစ်နေပါတယ်၊၊
အနှစ်ချုပ်ကြည့်ရရင် ဘ၀တစ်ခုမှာ ချမ်းသာတယ်ဆိုတာ သားသ္မီးကြောင့် မဟုက်သလို၊ ပစ္စည်းဥစ္စာ ရတနာကြောင့်လည်း မဟုက်ဘူးဆိုတဲ့ အဖြေကိုရပါတယ်၊၊ ဒီလိုသာဆိုရင် သားသ္မီးဆိုတာ မိဘအ တွက် ဒုက္ခသက်သက်လားလို့ မေးရမလိုဖြစ်နေပါတယ်၊ အဲလိုလည်း မဟုက်ပါဘူး၊၊ သိင်္ဂါလသုတ်မှာ မြတ်စွာဘုရားရှင်က မိဘတာဝန်ငါးမျိုးနှင့် သားသ္မီးများ တာဝန်ငါးမျိုးဆိုတာကို သင်ပြပေးထားပါ တယ်၊၊
သားသ္မီးများသည် မိမိတို့ရဲ့ မိဘအပေါ်မှာ ကျေရမဲ့တာဝန်ငါးမျိုးကို ကျေအောင်ကြိုးစား ကြမယ်ဆိုရင် မိဘများအမှန်တကယ် စိတ်ချမ်းသာကြရမှာပါ၊၊

သားသ္မီးများရဲ့ တာဝန်ငါးမျိုးကို လေ့လာကြည့်ရ အောင်ပါ---
(၁) ကျွေးမွေးစောင့်ရှောက်ရခြင်း (ဘတော နေ ဘရိဿာမိ)
(၂) ၀တ်ကြီး၊ ၀တ်ငယ်ပြုပေးရခြင်း ( ကိစ္စံ နေသံ ကရိဿာမိ)
(၃) အမျိုးကို စောင့်စည်းရခြင်း (ကုလ၀ံသံ ဌပေဿာမိ)
(၄) အမွေခံထိုက်တဲ့ သားသ္မီးဖြစ်အောင် နေတတ်ရခြင်း ( ဒါယဇ္ဇံ ပဋိပဇ္ဇာမိ)
(၅) မိဘများ ကွယ်လွန်ပြီးသောအခါ ကုသိုလ်ပြု၍ အမျှပေးဝေရခြင်း (ပေတာနံ ကာလင်္ကတာနံ ဒက္ခိဏံ အနုပ္ပဒဿာမိ)


အထက်မျာ တင်ပြထားတဲ့ သားသ္မီးတာဝန်ငါးမျိုးကို ရှေးခေတ်ပညာရှင်များက မြန်မာကဗျာလေး ဖွဲ့သီထားတာကို မြန်မာကလေးတိုင်းပင် အလွတ်ရနေကြပါတယ်---
ကျွေးမွေး မပြက်၊
ဆောင်ရွက် စီမံ၊
မွေခံထိုက်စေ၊
လှုမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ် ကျင့်ဖွယ်သားတို့တာ၊၊

သားသ္မီးတာဝန်ငါးမျိုးကိုသာ သားသ္မီးတိုင်း ကျေအောင်ကြိုးစားကြမယ်ဆိုရင် အပေါ်မှာတုန်းက တင်ပြထားခဲ့ စာဆိုများကို ဤကဲ့သို့ ပြောင်းလွဲရမှာ ဖြစ်ပါတယ်--
သားယောကျာင်္းလေးရှိတဲ့ မိဘများအတွက် “ငယ်က သား၊ ကြီးတော့ အား”လို့ ဂုဏ်ယူနိုင်ပြီး၊ သ္မီးမိန်းကလေး ရှိကြတဲ့ မိဘများအတွက်တော့ “ငယ်က သ္မီး၊ ကြီးတော့ ထီး”လို့ အားကိုးကြရမှာ ဖြစ်ပါတယ်၊၊
သားသ္မီးများ အနေဖြင့် မိမိတိုရဲ့ တကယ့်လက်ဦးကျေးဇူးရှင် မိဘများကို မိမိကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ မဖြစ်စေဘဲ၊ မိမိကို အကြောင်းပြုပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်စေနိုင်ကြမယ်ဆိုရင် တကယ်ကို မင်္ဂလာရှိတဲ့ သားသ္မီးအလိမ္မာများ ဖြစ်လာမှာ အသေအခြာပါ၊၊ တကယ်ကြ သားသ္မီးဖြစ်ကြတဲ့ မိမိကိုယ်တိုင်လည်း တနေ့မှာ မိဘနေရာရောက်လာမှာကို သတိပြုကြရမှာ ဖြစ်ပါတယ်၊၊ မိမိကို မိမိမွေးဖွားသန့်စင်မည့် သားသ္မီးက ဒုက္ခပေးမှာကို သားသ္မီး မမွေးဖွားသေးတဲ့ အပျို လူပျိုများပင် သဘောကြနိုင်ကြမယ် မဟုက်ပါဘူး၊၊
အရှင့်ရဲ့ စာဖတ်ညီကို မောင်နှစ်မများအားလုံး မိဘကို အားဖြစ်စေတဲ့ သားရတနာများ၊ မိဘကို အရိပ်မိုးပေးတဲ့ သ္မီးအလိမ္မာ ရတနာလေးများ ဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့ တိုက်တွန်း၊ ဆုတောင်းရင်း “သားသ္မီးကြောင့်…”ဆိုတဲ့ စာတမ်းလေးကို အဆုံးသတ်လိုက်ပါတယ်၊၊

အရှင်ကေ၀လ(အလင်း စက်)
(၁၇.၉.၂၀၁၀)

(မှတ်ချက်/ နန္ဒတိသုတ်၊ သံ၊၊ သိင်္ဂါလသုတ်၊ ပါထိက၀င်္ဂ ပါဠိ၊ ဒီ၊၊ တို့ကို ကိုးကား၍ ဤစာတမ်းကို ရေး သားပါသည်၊၊)

Read more...

အချစ်လဲမစောနဲ့ အပြစ်လဲမပြောနဲ့

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

(ဟေတု - အာရမ္မဏ)

အဘိဓမ္မာသဘော သက်သက်ဖြစ်တဲ့ ပဋ္ဌာန်းပစ္စည်း တရားတွေကို မှန်းဆပြီး အာရုံပြုနိုင်ဖို့ အတွက် အဋ္ဌကထာဆရာ အစရှိတဲ့ ရှေးဆရာ မြတ်များက လောက ဥပမာများနဲ့ ခိုင်းနှိုင်းဖွင့်ပြ ကြတော်မူကြပါတယ်၊ ဒီလိုခိုင်းနှိုင်း တာဟာလည်း အနုမာနသဘောနဲ့ မှန်းဆ ကြည့်နိုင်ရုံလောက် ပါပဲ၊ တကယ်တော့ ပရမတ္ထ သဘောနဲ့ လောကဝေါဟာရ ပညတ်သဘောတို့ဟာ ထပ်တူထပ်မျှ တူညီမှု ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ မှန်းဆပြီး ခိုင်းနှိုင်းတယ် ဆိုရာမှာလဲ ရှုမြင် တဲ့မြင်ထောင့် ကွဲပြားသလို မြင်ကွင်းကလဲ ပြောင်းလဲ သွားတာမို့ ခိုင်းနှိုင်းမှုများလဲ ပြောင်းလဲ သွားပါလိမ့်မယ်။ မြင်ထောင့်နဲ့ မြင်ကွင်း အလိုက် မြင်ရပုံကို ဘယ်လိုပဲ ခိုင်းနှိုင်းထားထား ဒါဟာ မှန်းဆ ကြည့်နိုင်ရုံမျှသာ ဖြစ်တယ်ဆို တာကိုတော့ သဘောပေါက် ထားရပါလိမ့်မယ်။ ဒါကို အလေးအနက် ပြောနေ ရတာကတော့ တချို့က ဥပမာကို အသေကိုင်ပြီး ပရမတ္ထ သဘောတွေကို ကိုယ်လိုချင်သလို ဆွဲယူတာတို့ ကြံစည် သင့်တဲ့အတိုင်း အတာကို ကျော်လွန်ပြီး အတွေးလွန် ကြတာ တို့ ကြုံရတတ်လို့ပါ။

အခုပြောမယ် ဟေတုပစ္စည်းနဲ့ အာရမ္မဏ ပစ္စည်းတို့ကိုလဲ တစ်ခုချင်း အလိုက် အဋ္ဌကထာဆရာ ဥပမာပေးခဲ့တာက ဟေတု ပစ္စည်းက ရေသောက်မြစ်နဲ့ တူတယ်၊ အာရမ္မဏပစ္စည်းက တောင်ဝှေး ကြိုးတန်းနဲ့ တူတယ်လို့ဆိုပါတယ်။ အာရမ္မဏပစ္စည်းကို တောင်ဝှေး ကြိုးတန်းနဲ့ တူတယ်ဆိုတာက သက်ရှိလောကရဲ့ အခြေခံဖြစ်တဲ့ ရုပ်တရားနဲ့ နာမ်တရား နှစ်မျိုးထဲမှာ သိမှတ် ခံစား ကြံစည်မှုဆိုတဲ့ နာမ်တရားတွေဟာ သူတို့ချည်း သက်သက်ဖြစ် ပေါ်နိုင်စွမ်းမရှိဘဲ ဆိုင်ရာ အာရုံတစ်ခုခုကို အာရုံပြုပြီးတော့မှသာ ဖြစ်နိုင်ကြတဲ့ တရားတွေဖြစ်ပါတယ်။ လောကမှာ ပင်ကိုယ်အစွမ်း သတ္တိနဲ့ ထထိုင်ရပ်သွားဆိုတဲ့ ဣရိယာပုထ် လေးပါးကို ပြုနိုင်စွမ်းမရှိကြသူ (မသန်မစွမ်းသူ)များဟာ တောင်ဝှေး ကြိုးတန်း တစ်ခုခုကို စွဲကိုင်အားပြုပြီးမှ ထခြင်း ထိုင်ခြင်း စသည်ကို ပြုလုပ်နိုင်ကြသလို သိမှုစတဲ့နာမ် တရားတွေဟာလဲ ဆိုင်ရာအာရုံတစ်ခုခုကို စွဲမှီအားပြုပြီးမှသာ ဖြစ်နိုင်ကြတာကို အကြောင်းပြုပြီး အာရမ္မဏ ပစ္စည်းဖြစ်တဲ့ အာရုံခြောက်ပါးတို့ကို တောင်ဝှေး ကြိုးတန်းနဲ့ ဥပမာပေးထားတာပါ။


တခြား မြင်ထောင့် တစ်မျိုးဖြစ်တဲ့ ဟေတုပစ္စည်း ဘက်ကနေ ကြည့်မယ်ဆိုရင်တော့ ရေသောက်မြစ် ခြောက်သွယ်နဲ့ပမာတူတဲ့ ဟိတ်ခြောက်ပါးဆိုတာ နာမ်တရားများပဲဖြစ်တဲ့အတွက် အာရုံခြောက်ပါးထဲက တစ်ပါးပါးကို အာရုံပြုမှီစွဲပြီးမှသာဖြစ်နိုင်တဲ့ တရား မျိုးဖြစ်ပါတယ်။ ဒါကြောင့် ဟိတ်ခြောက်ပါးဟာ သစ်ပင်တို့ရဲ့ရေသောက်မြစ်နဲ့ ပမာတူတယ်ဆိုရင် အာရုံခြောက်ပါးတို့ဟာ ရေသောက် မြစ်ရဲ့တည်မှီရာ မြေကြီးအထုနဲ့ ပမာတူတယ်လို့ ဆိုရပါလိမ့်မယ်။

အရင်တစ်ပတ်က ပြောခဲ့တဲ့အတိုင်း မြေကြီးဟာ ဘယ်အပင်အတွက် ဘယ်လိုအရသာကိုပေးမယ်ဆိုတဲ့ သီးသန့် ရည်မှန်းပြီးပေးတဲ့ ခွဲတမ်းဆိုတာမရှိဘူး။ အပင်တို့ကို ရေသောက်မြစ်က စုပ်ယူတဲ့ အတိုင်းသာ အရသာကို ရကြတာ ဖြစ်သလို အာရုံခြောက်ပါး တို့ဟာလည်း ဘယ်ပုဂ္ဂိုလ်အတွက်မှ ကုသိုလ်ဖြစ်စေç အကုသိုလ်ဖြစ်စေဆိုတဲ့ ခွဲတမ်းမရှိဘူး။ သတ္တဝါတို့ သန္တာန်မှာ အနုသယသဘော ပါရမီဓာတ်ခံ သဘောနဲ့ ရှိနေတဲ့ ဟိတ်ခြောက်ပါး ရေသောက်မြစ်များက ဦးဆောင်ရယူတဲ့အတိုင်းသာ ကုသိုလ်တရား အကုသိုလ်တရားများ ဖြစ်ပေါ်ကြရတာပါ။(အကုသိုလ် ရေသောက်မြစ်များကို အနုသယ၊ ကုသိုလ်ရေသောက်မြစ်များကို ပါရမီဓာတ်ခံ လို့ ပြောဆိုသုံးစွဲရပါတယ်)

ဒါကြောင့် အာရုံခြောက်ပါးတို့အပေါ်မှာ အချစ်လဲမစောနဲ့၊ အပြစ်လဲမပြောနဲ့၊ စစ်ကြောသုံးသပ်ပြီး မိမိရည်မှန်း ချက်ပြီး မြောက်အောင်သာ အသုံးချ တတ်ကြပါလို့ သတိပေးချင်ပါတယ်။

○ ○ ○ ○ ○ ○ ○ ○ ○ ○ ○

မျိုးစေ့နဲ့ ရေသောက်မြစ်

အာရမ္မဏ ပစ္စည်းအကြောင်း အကျယ်တဝင့်မပြောသေးမှီ ဟေတုပစ္စည်းနဲ့ ဆက်စပ်ပြီး စဉ်းစားစရာလေးတွေကို ထပ်ပြော ချင်ပါသေးတယ်။

သစ်ပင်တို့ရဲ့ အခွံအခေါက် ပင်စည် ရွက်ပွင့် အသီးအစေ့စသည်တို့မှာ ဖြစ်ပေါ်လာတဲ့ အရသာ အမျိုးမျိုးတို့ဟာ ရေသောက်မြစ်က တဆင့် မြေထဲကနေ စုပ်ယူပေးတဲ့ မြေဆီ ဓာတ်များ ပဲဖြစ်တယ်ဆိုတာ သဘောပေါက်ပြီးတဲ့အခါ အဲဒီအပင်တို့ရဲ့ ရေသောက်မြစ် တွေကကော အချိုဓာတ်ကို စုပ်ယူတဲ့ ရေသောက်မြစ်၊ အချဉ်ဓာတ်ကို စုပ်ယူတဲ့ ရေသောက်မြစ် စသည် ဘာဖြစ်လို့ ကွဲပြားကြသလဲ ဆိုတာ စဉ်းစားမိကြမှာပဲ၊ ပြီးတော့ ဒါဟာ မျိုးစေ့ထဲမှာတည်ရှိနေတဲ့ ဗီဇသတ္တိအားလျော်စွာ ကွဲပြားကြ တာပဲလို့လဲ သဘောပေါက် ကြမှာပါ။

ဒီလိုဆိုရင် သတ္တဝါတွေဟာ အာရုံခြောက်ပါးနဲ့ တွေကြတဲ့အခါ တစ်ချို့က လောဘစတဲ့ အကုသိုလ် မြစ်တွေဦးစီးပြီး အကုသိုလ် တရားတွေဖြစ်အောင် သုံးသပ်ကြတာတို့၊ တဟချို့က အလောဘစတဲ့ ရေသောက်မြစ်တွေနဲ့ ကုသိုလ်တွေဖြစ်အောင် သုံးသပ်ကြတာတို့ဟာလည်း သူတို့ရဲ့ ပဋိသန္ဓေစိတ်ဆိုတဲ့ ဗီဇမှာ အနုသယသဘော ပါရမီ ဓာတ်ခံသဘောနဲ့ပါရှိလာတဲ့ သတ္တိ အားလျော်စွာ ဖြစ်ကြတယ် ဆိုတာကို သဘောပေါက် ကြရမှာဖြစ်ပါတယ်။

ဒီနေရာမှာ အထင်ရှားဆုံး သာဓကအဖြစ် သာကီဝင်မင်းသားချင်း အတူတူဖြစ်တဲ့ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားနဲ့ ဒေဝဒတ်တို့ရဲ့ ပဋိသန္ဓေ ဗီဇဓာတ်နှစ်ခုကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ မြတ်စွာဘုရား အလောင်းတော်ဟာ သုမေဓာ သူဌေးသား ဘဝကတည်းက မိမိပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို အများအတွက် စွန့်လွှတ်ခဲ့တယ်၊ ရသေ့အဖြစ်နဲ့ ဈာန်အဘိညာဉ် ရရှိပြီးချိန်မှာ ဒီပင်္ကရာဘုရားရှင်နဲ့ နောက်ပါ သံဃာတော်တေ ကြွလာမယ့်လမ်းကို အများ စုပေါင်း ပြင်ဆင် နေချိန်နဲ့ ကြုံတွေ့တဲ့အခါ ရွံ့ညွန် တွေထူထပ်တဲ့ ဗွက်အိုင်ကြီးကို သူတစ်ပါးတွေ မပြင်လိုဘဲ ရှောင်ဖယ်ထားတာ သိလို့ အဲဒီအခက်ခဲ ဆုံးနေရာကို သူက တာဝန်ယူပြုပြင်တယ်၊ ဒီလိုပြုပြင်ရာ မှာလဲ ရရှိထားတဲ့ တန်ခိုး အဘိညာဉ်ကို အသုံးမပြုဘဲ ပင်ကိုယ်ကာယစွမ်း အားနဲ့ပဲ ကြိုးစားပြင်တယ်၊ ဘုရားရှင်နဲ့နောက်ပါ သံဃာတော်တွေြွကလာချိန်မှာ ခန္ဓာကိုယ် တစ်လျားစာလောက် ရွံ့ဗွက်ကို ဖို့လို့မပြီးတဲ့အခါ ကိုယ်ကို အလျားစင်းပြီး တံတားခင်းပေးခဲ့တယ်။ နိယတဗျာဒိတ်ကို မရမီကတည်းက စွန့်လွှတ်စိတ် အနစ်နာခံ စိတ်ထက်သန် ခဲ့တယ်လို့ ဆိုလိုတာပါ။

ဒီပင်္ကရာ ဘုရားရှင်နဲ့တွေ့လို့ နိယတဗျာဒိတ်ကို ရရှိပြီးတဲ့ နောက်မှာတော့ အထူးပြောစရာ မလိုတော့ပါဘူး။ စွန့်လွှတ်တဲ့ အလောဘ စိတ်ဓာတ်၊ ခွင့်လွှတ် သည်းခံနိုင်စွမ်းတဲ့ အဒေါသ စိတ်ဓာတ်၊ မတွေမဝေ စဉ်းစားသုံးသပ်တဲ့ အမောဟစိတ်ဓာတ်တွေ ဘဝစဉ်ဆက် ပွား များထုံမွှမ်းခဲ့တာပါ။

နောက်ဆုံး ဘုရားဖြစ်မယ့် ဘဝမရောက်မီ တုသိတာ နတ်ဘုံမှာ ဖြစ်တဲ့အခါ စကြဝဠာ တစ်သောင်းမှာရှိကြတဲ့ နတ်ဗြဟ္မာတွေက “လူနတ်ဗြဟ္မာသတ္တဝါ အပေါင်းကိုကယ်တင်ဖို့အတွက် လူ့ပြည်မှာပဋိသန္ဓေနေပြီး ဘုရားဖြစ်တော်မူပါ (ဘုရားဖြစ်အောင် ကျင့်တော်မူပါ) သတ္တဝါတွေကို ကယ်တင်တော်မူပါ” လို့ ဝိုင်းပြီး တောင်းပန်ကြတယ်။ အလောင်းတော် နတ်သားက ဘုရားဖြစ်ချိန် သင့်မသင့် အချိန်ကာလ၊ တည်နေရာကျွန်း၊ အရပ်ဒေသ၊ ဖြစ်သင့်တဲ့အမျိုးအနွယ်၊ မယ်တော်ရဲ့သက်တမ်းဆိုတဲ့ ကြည့်ခြင်းကြီး ငါးမျိုးတို့ကို ကြည့်ပြီးအချက်အလက် ပြည့်စုံတာကို သိပြီးတဲ့အခါ “သတ္တဝါတွေ ချမ်းသာစေဖို့ (ဒုက္ခက လွတ်မြောက်ဖို့)အတွက် လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေတော့မယ်၊ ဘုရားဖြစ်အောင် အားထုတ်မယ်၊ သတ္တဝါတွေ ချမ်းသာစေရမယ်”ဆိုတဲ့ မေတ္တာစိတ် အပြည့်နဲ့ နတ်ဗြဟ္မာအပေါင်းတို့ရဲ့ တောင်းပန်စကားကို လက်ခံလိုက်တယ်။ လူ့ပြည်ရွာဆင်းပြီး ပဋိသန္ဓေနေဖို့ ဆုံးဖြတ်လိုက်တယ်၊ လက်ရှိရရှိခံစားနေရတဲ့ နတ်စည်းစိမ်တွေကို ဘာမှထည့် မတွက်ဘူး၊ ကိုယ်ကျိုးအတွက် မစဉ်း စားဘူး၊ စွန့်လွှတ်တဲ့ အလောဘစိတ်၊ ခွင့်လွှတ်တဲ့ အဒေါသစိတ်၊ မေတ္တာစိတ်၊ လောကအကျိုးကို ချင့်ချိန်သုံးသပ်တဲ့ အမောဟစိတ်အပြည့်နဲ့ ဆုံးဖြတ်ပြီး နတ်သက်ကိုစွန့်ချွေကာ လူပြည်မှာ ပဋိသန္ဓေတည်နေခဲ့ပါတယ်၊ အဲဒါ နောက်ဆုံးဘဝ ဘုရားအလောင်း သိဒ္ဓတ္ထ မင်းသားရဲ့ ပဋိသန္ဓေ ဗီဇဓာတ်ဖြစ်ပေါ်လာပုံပါပဲ။


ပဋိသန္ဓေကိုဖြစ်စေတဲ့ ကံတွေအားလုံးဟာ စွန့်လွှတ်တဲ့အလောဘ၊ ခွင့်လွှတ်တတ် မေတ္တာထားတတ်တဲ့ အဒေါသ၊ သုံးသပ် ဆုံးဖြတ်နိုင်စွမ်းတဲ့ အမောဟဆိုတဲ့ အမြတ်စားရေသောက်မြစ်သုံးခုအတွက် ပြည့်စုံ လုံလောက်တဲ့ ပဋိသန္ဓေဗီဇဓာတ်ဖြစ်ပါတယ်၊

ဒါကြောင့်လဲ ဆိုင်ရာဋ္ဌာနများကို အမှီပြုပြီး ဆိုင်ရာအာရုံတို့နဲ့ တွေ့ကြုံရတဲ့အခါတိုင်း စွန့်လွှတ်စရာ၊ ခွင့်လွှတ်စရာ ဆင်ခြင်သုံးသပ်စရာအဖြစ်နဲ့သာ စုပ်ယူနိုင်ခဲ့တာဖြစ်လို့ အာရုံကို အချစ်စောခြင်းဆိုတဲ့ ကာမသုခလ္လိကာ နုယောဂ အစွန်း၊ အာရုံကို အပြစ်ပြောခြင်းဆိုတဲ့ အတ္တကိလမထာ နုယောဂအစွန်းတို့ကို လွန်မြောက်ပြီး အာရုံတို့ရဲ့ သဘောအမှန်ကို သိမြင်နိုင်စွမ်းရှိတဲ့ မဇ္ဈိမပဋိပဒါ လမ်းမှန်ကိုတွေ့ရှိ ကာ သဗ္ဗညုတ ဘုရားရှင် အဖြစ် ရောက်ရှိတော်မူခဲ့တာပါ။

သဗ္ဗညု ဘုရားရှင်အဖြစ် ရောက်ရှိတဲ့အခါမှာတော့ ပဋိသန္ဓေ ဗီဇဓာတ်မှာ ကတည်းက အလေ့ အထုံရင့်သန်လာခဲ့တဲ့ စွန့်လွှတ်မှု အလောဘရေသောက်မြစ်၊ ခွင့်လွှတ်မှု မေတ္တာဓာတ်အပြည့်ပါတဲ့ အဒေါသ ရေသောက်မြစ်၊ သိသင့်သိထိုက်တဲ့ တရားတို့ကိုသာမက တရားကို သိနိုင်စွမ်းရှိတဲ့ ဝေနေယျတို့ရဲ့ ပါရမီဓာတ်ခံအလို အဇ္ဈာသယ တို့ကိုပါ သုံးသပ် သိမြင်နိုင် စွမ်းရှိတဲ့ အမောဟ ရေသောက်မြစ်တို့ဟာ အတိုင်းထက်အလွန် သန်စွမ်းကြီးမား တော်မူကြလို့ လောကီအာရုံ ကာမဂုဏ်တို့ကို စွန့်လွှတ်နိုင်ဆုံးပုဂ္ဂိုလ်လဲဖြစ်၊ ဒေဝဒတ်နဲ့ သားတော် ရာဟုလာ၊ စိဉ္စမာနနဲ့ ယသော်ဓရာ၊ ဝိသာခါ ကျောင်းအမနဲ့ မာဂဏ္ဍီသူဌေးသမီးတို့ အပေါ်မှာပင် နှစ်မျိုးမပြား တစ်သားတည်း သဘောထားနိုင်တဲ့ မဟာကရုဏာသခင်၊ ကျွတ်ထိုက်တဲ့ ဝေနေယျတို့ကို ဆင်ခြင်သိမြင်ရာမှာ ရှင်တော်မြတ်ကိုယ်တိုင် ချေချွတ်မှ တရားအသိရမည့် နောက်ဆုံး မျက်မှောက်ဘဝက သုဘဒ္ဒပရဗိုရ်အထိ အြွကင်းအကျန်မရှိ သိနိုင်စွမ်းတဲ့ ပုဂ္ဂိုလ်မြတ်အဖြစ်နဲ့ အများနဲ့မဆက်ဆံတဲ့ သီးသန်ဉာဏ်တော်များကို ပိုင်ဆိုင်တဲ့ အသာဓာရဏ ဉာဏ်တော်ရှင်ကြီး ဖြစ်တော်မူရတာပါ။

ပါရမီဖြည့်စဉ် ကာလ တစ်လျှောက်ကစပြီး နောက်ဆုံး ဘုရားဖြစ်မူတဲ့အထိ ဘုရားရှင်ကို အမြဲတမ်း ရန်လိုဆန့်ကျင်ခဲ့တဲ့ ရှင်ဒေဝဒတ်ရဲ့ ဗီဇဓာတ်ကို ကြည့်မယ်ဆိုရင် ရွဲကုန်သည် ဘဝကတည်းက သူတစ်ပါးပစ္စည်းကို အချောင်ရလိုတဲ့ လောဘတရား ကြီးမားခဲ့သူ၊ အမှန်အကန် လုပ်တဲ့ ဘုရားအလောင်းကြောင့် သူအချောင်ရဖို့ ကြိုးစားခဲ့တဲ့ ရွှေခွက် မရခဲ့တာကို အကြောင်းပြုပြီး ဘုရားအလောင်းကို သံသရာရှည်သရွေ့ ဘယ်ဘဝမှာမဆို ရန်ငြိုးအာဃာတထားခဲ့သူ အမှန်တရားကို လက်မခံနိုင်သလို အမှန်တရား သိရှိဖို့ ဘယ်တော့မှ စိတ်ဝင်စားခြင်းမရှိအောင် မောဟထူခဲ့သူဖြစ်တယ်။

ဒါကြောင့်လည်း ဘုရား အလောင်းတော်နဲ့ တွေ့ဆုံရတဲ့ ဘဝတိုင်းမှာ ဘုရားအလောင်းက သူ့အပေါ်ဘယ် လောက်ကောင်းကျိုး ပြုထားထား အမြဲကျေးဇူး ကန်းတတ်သူ၊ ရက်စက်ခဲ့သူအဖြစ်နဲ့ ရပ်တည်ခဲ့ပါတယ်၊ ကျေးဇူးကန်းမှု ရက်စက်မှုတို့ကြောင့် အရှင်လတ်လတ် မြေမြိုပြီး အဝီစိငရဲအထိ ကျရောက်ခဲ့တဲ့ဘဝတွေ အများကြီး ကြုံခဲ့ပေမယ့်လည်း ဘယ်တော့မှနောင်တမရဘဲ လောဘ၊ ဒေါသ၊ မာန်မာန တွေနဲ့သာ ဘဝတိုင်းကျင်လည်ခဲ့ပြီး ဒီကံတွေနဲ့ ထုံးမွှမ်းထားတဲ့ အနုသယ ဓာတ်အပြည့်ရှိတဲ့ ဗီဇပဋိသန္ဓေနဲ့ နောက်ဆုံးဆုံတွေ့ရတဲ့ ဘဝမှာ တစ်မျိုးတစ်နွယ်တည်း ညီအစ်ကိုဝမ်းကွဲအဖြစ် လာရောက်ဆုံတွေ့ကြပါတယ်။

ရှည်လျားလှတဲ့ သံသရာမှာ တစ်အောင့် တစ်ခဏ အားကျ ဆည်းပူးခဲ့ဖူးတဲ့ လောကီ အဘိညာဉ်ဓာတ်ခံလေးနဲ့ အဲဒီလို ဘဝမှာပြုခဲ့ဖူးတဲ့ ကံကောင်း အထောက်အပံ့ကြောင့် ဘုရင့်သားတော်ဖြစ်ခဲ့တယ်၊ တခြားသာကီဝင်မင်းသား ငါးဦးတို့နဲ့အတူ သာသနာဘောင်လဲ ရောက်ခဲ့တယ်။ ကြိုးစားအားထုတ်မှုကြောင့် လောကီအဘိညာဉ်အထိတောင် ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

ခန့်မှန်းကြည့်ရတာကတော့ ဘဝတစ်ခုခုမှာ လောကီ အဘိညာဉ် အစွမ်းပြတဲ့ မထေရ်တစ်ပါးပါးကို တွေ့ဖူးပါလိမ့်မယ်၊ မြင်ရသူတွေက တအံ့တဩငေးမော အားကျကြည်ညို ကြတာကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါလိမ့်မယ်၊ အများရဲ့ အထင်ကြီးလေးစားမှုကို ခံယူလို တဲ့စိတ်ထားနဲ့ပဲ အဲဒီမထေရ်မြတ်ထံမှာချဉ်းကပ်ပြီး ရဟန်းတရားနဲ့ အဘိညာဉ်အခြေခံ သမထ တရားများ ကိုလည်း ပွားများလေ့လာခဲ့ဖူး ပါလိမ့်မယ်၊ အဲဒီလိုကံတွေရဲ့ အကျိုးပေးခွင့်အရ အခုနောက်ဆုံး တွေ့ရတဲ့ဘဝမှာ မင်းသားလဲဖြစ် သာသနာ့ဘောင်လဲရောက် လောကီ အဘိညာဉ်အထိလဲ အားထုတ်ရရှိခဲ့တယ်လို့ ခန့်မှန်းကြည့်နိုင်ပါတယ်။

ဒါပေမယ့် သူလေ့လာဆည်းပူးခဲ့တဲ့ ကောင်းမှုများဟာ လူတွေအထင်ကြီး လေးစားခြင်းကိုခံလိုတဲ့ လောကီကျိုး အတွက်သာ ရည်ရွယ်ချက်ခဲ့တာဖြစ်ပြီး ကိလေသာ ကင်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ရည်ရွယ်ခဲ့တာ မဟုတ်လို့ အမြင့်ဆုံးကို ရည်မှန်းတဲ့ ပါရမီတော့မဟုတ်ခဲ့ ပါဘူး။ လောဘ ဒေါသစတဲ့ ကိလေသာ ဓာတ်တွေဟာ ပါရမီစစ်စစ်ဆိုတဲ့ ဓာတ်ကောင်းနဲ့ အစားမထိုးနိုင်သေးသမျှ လောကီကျိုး အတွက် ရည်မှန်းပြုလုပ်တဲ့ ကုသိုလ်ဆိုတာ ခွေးမြီးကောက်ကို စွပ်တဲ့ ကျီတောက်လောက်ပဲ ရှိတာမျိုးဖြစ်လို့ ဒီကုသိုလ် ကျီတောက်ဖြုတ် လိုက်တာနဲ့ တပြိုင်နက် မူလကအလေ့အလာသန်ခဲ့တဲ့ လောဘ ဒေါသ မာန်မာနတွေကလည်း ထောင်ထလာမြဲဖြစ်ပါတယ်။

ဒေဝဒတ်ဟာ သူရဲ့ကုသိုလ်ဓာတ်ခံ ရှိသလောက် အစွမ်းကုန် လောကီအဘိညာဉ်ကို ရပြီးလို့ ကုသိုလ်ကံ ကျည်တောက်ပြုတ် သွားတဲ့အခါမှာတော့ ခွေးမြီးကောက် ပမာဖြစ်တဲ့ ပင်ကိုဓာတ်ခံ လောဘ ဒေါသ မောဟတရားများဟာ ဇာတိရုပ်ပြလာပါတော့တယ်။

ဒါကြောင့်လဲ ဘုရားရှင် သာသနာတော်ကြီးနဲ့ ကြုံတွေ့ပြီး သာသနာတွင်း သားရဟန်း အဖြစ်ကိုရခဲ့ပေမယ့် သာသနာတွင်း သားရဟန်း တော်တို့ရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ကိလေသာ အာသဝေါကုန်ခန်းတဲ့ ရဟန္တာအဖြစ်ကို အားမကျဘဲ ရဟန္တာအရှင်မြတ်ကြီးတွေကို ဒကာ ဒကာမတွေက လေးစားကြည်ညိုပူဇော်ကြတဲ့ လာဘသက္ကာရတွေနဲ့ ထင်ပေါ်ကျော်ကြားမှုတွေကို အားကျပြီးနည်း မျိုးစုံနဲ့ရဖို့ ကြိုးစား ခဲ့ပါတယ်။

ဒါဟာ သူရဲ့ပဋိသန္ဓေ ဗီဇဓာတ်မှာ ကမ္ဘာနဲ့ချီပြီး ထုံမွှမ်း တည်ဆောက်ထားတဲ့ ဓာတ်ခံများအတိုင်း ဆိုင်ရာ ရေသောက်မြစ်တွေ သန်စွမ်းလာတဲ့သဘောပါပဲ။

အာရုံချင်း တူပါလျှက် ဗီဇဓာတ်ခံအတိုင်းဆိုင်ရာ ရေသောက် မြစ်တွေ သန်စွမ်းပြီး အာရုံတို့ရဲ့အရသာကို စုပ်ယူကြပုံနဲ့ ပတ်သက်လို့ ရှင်ဒေဝဒတ်နဲ့အတူ ရဟန်းပြုကြတဲ့ သာကီဝင်မင်းသားတို့ကို နှိုင်းယှဉ်ကြည့်ရင် ပိုပြီးသိသာတယ်။

သူတို့ ခြောက်ဦးလုံးသာသနာ့ဘောင်ကို တစ်နေ့တည်း အတူဝင်ရောက်လာကြတယ်၊ ဘုရား၊ တရား၊ သံဃာဆိုတဲ့ အာရုံတွေ၊ ဘုရားရှင်နဲ့ အရိယာ အရှင်သူမြတ်တို့ရဲ့ တရားဓမ္မနဲ့ အေးချမ်း မွေ့လျှော်နေကြပုံတွေ၊ လူနတ်ဗြဟ္မာ သတ္တဝါတို့က လေးမြတ်ကော်ရော် ပူဇော်ကြပုံတွေစတဲ့ အာရုံတွေကို အားလုံးအတူတူ တွေ့ကြမြင်ကြတာပါပဲ။

အဲဒီအထဲမှာ အရှင်ဘဒ္ဒိယ၊ အရှင်အနုရုဒ္ဓ၊ အရှင်အာနန္ဒာ၊ အရှင်ပဂု၊ အရှင်ကိမိလတို့က ကမ္ဘာပေါင်းတစ်သိန်းလောက် စွန့်လွှတ်တဲ့ အလောဘဓာတ်၊ ခွင့်လွှတ်သည်းခံတဲ့ အဒေါသဓာတ်၊ အမှားအမှန် အတုအစစ်ကို ဆန်းစစ်ဝေဖန်နိုင်စွမ်းတဲ့ အမောဟဓာတ်တွေနဲ့ ထုံမွှမ်းလာခဲ့တဲ့ ပါရမီရှင်တွေပီပီ သူတို့ရဲ့ဗီဇဓာတ်မှာ အလောဘ အဒေါသ အမောဟ ရေသောက်မြစ်တွေ အားကောင်းတဲ့ သတ္တိအပြည့် ရှိကြတဲ့အတွက် သူတို့မြင်တွေ့ ကြားသိရသမျှ အာရုံတွေထဲက ဘုရားအစရှိတဲ့ အရိယာ အရှင်မြတ်တို့ရဲ့ လောကီအာရုံတို့ကို မငြိမတွယ် စွန့်ပယ်နိုင်ပုံနဲ့ ဖလသမာပတ်တို့နဲ့ ချမ်းချမ်းသာသာ နိဗ္ဗာန်ကို အာရုံပြုတော်မူနိုင်ကြပုံကို စုပ်ယူအားကျ အတုယူ ကြပါတယ်။

ဘာမဆို မိမိအတွက်သာကြည့်ပြီး နှစ်သက်ရာ အာရုံမှန်သမျှကို ရတဲ့နည်းနဲ့အရယူဖို့၊ မကျေနပ်တဲ့ အရာတိုင်းကို ဒေါသ အာဃာတနဲ့ တုံ့ပြန်ဖို့ ဘယ်အရာကိုမှ ရှေ့နောက်တိုင်းထွာ စဉ်းစားလေ့မရှိဘဲ မဆင်မခြင် စိတ်ထင်တိုင်းပြုမူဖို့ အလေ့သန်ခဲ့တဲ့ အရှင်ဒေဝဒတ် ကတော့ သူ့ရဲ့ဗီဇဓာတ်မှာ လောဘ ဒေါသ မောဟ ရေသောက်မြစ်တွေ ထက်သန်အားကောင်းဖို့ သတ္တိ အပြည့်ရှိသူပီပီ သူတွေ့မြင်ရတဲ့ အာရုံတွေထဲက မဂ်ဖိုလ် နိဗ္ဗာန်ဆိုတဲ့ အာရုံကို လုံးဝစိတ်မဝင်စားဘဲ အချွေအရံ ပရိသတ်နဲ့ လာဘ်လာဘတွေကိုသာ စိတ်ဝင်စားစုပ်ယူ မိလို့ နောက်ဆုံးမှာ သံဃာကိုသင်းခွဲတဲ့ သံဃဘေဒက ကံ၊ ဘုရားကို သွေးစိမ်း တည်အောင်ပြုတဲ့ လောဟိတုပ္ပါဒက ကံဆိုတဲ့ ပဉ္စာနန္တ ရိယကံကြီးနှစ်ခုကို ကျူးလွန်ပြီး အရှင်လတ်လတ်မြေမြိုကာ အဝီစီအထိ ကျရောက်သွားရပါတယ်။

ဒါကြောင့်လဲ အရှင်ဒေဝဒတ်ဟာ ရဟန်းတော်ဖြစ်ပါလျှက် အသက်ကိုစွန့်ရတဲ့အချိန်မှာ “ရဟန်းပီပီ ပျံလွန်တော်မူတယ်” လို့ သုံးခွင့်မရရှာဘဲ နစ်တော်မူတဲ့ ရဟန်းတော် တစ်ပါးအဖြစ် ပိဋကတ် စာပေမှာ ထင်ထင်ရှားရှား မှတ်တမ်းဝင် သွားရပါ တော့တယ်။

အာရမ္မဏပစ္စည်းအကြောင်း ဆက်လက်ဆွေး နွေးပါဦးမယ်။

မှတ်ချက်။ ။ တောင်စွန်း ဓမ္မဘေရီဆရာတော်ရဲ့ ပဋ္ဌာန်းပို့ချချက် ဆောင်းပါးများကို အခန်းဆက်အနေနဲ့ အလျင်းသင့်သလို ဆက်လက် ဖေါ်ပြပေးသွားပါမည်။ စောင့်မျှော် ဖတ်ရှုနိုင်ပါကြောင်း သတင်းပါးအပ်ပါသည်။

မေတ္တာဥယျာဉ်

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP