ကရုဏာလက်များ ကမ်းလင့်ပေးပါ...

စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com

Thursday, September 16, 2010
သာယာကုန်းဆရာတော်နှင့် လောကချမ်းသာဆရာတော်
သာယာကုန်းဆရာတော်၏ ဘွဲ့သည် ဦးဝိစာရိန္ဒ ဖြစ်၏။
မွန်ပြည်နယ်၊ မုဒုံမြို့၊ သာယာကုန်းကျေးရွာကြီးမှာ မဟာစည်သြဝါဒခံ သတိပဋ္ဌာန်သာသနာ့ရိပ်သာကို စတင် တည်ထောင်ကာ ပဋိပတ္တိသာသနာပြုချိန်မှ စပြီး “သာယာကုန်းဆရာတော်”ဟူ၍ တပည့် ဒကာများက ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်၏။
ဆရာတော်သည် သာယာကုန်းရိပ်သာအပြင် ကျိုက်ထီးရိုး ရေမြောင်ကြီးစခန်း မဟာစည်သာသနာ့ရိပ်သာ၊ မြဝတီမြို့ ကားကြီးစခန်းအနီးရှိ မဟာစည်သာသနာ့ရိပ်သာတို့ကိုလည်း ဦးစီး တည်ထောင် ဖွင့်လှစ်ထား၏။
ရိပ်သာသုံးခုလုံးမှာ ပဋိပတ္တိ သာသနာပြုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နေသည်ကို မိမိကိုယ်တိုင် လေ့လာ တွေ့ရှိရ၏။
သို့ဖြစ်၍ ဆရာတော်၏ သာသနာပြုလုပ်ငန်း အရည်အချင်းများကို အထူးပင် ကြည်ညိုလေးစားမိပါ၏။
သာယာကုန်းဆရာတော်သည် စာရေးသူနှင့် ရင်းနှီးသော ဓမ္မမိတ်ဆွေ ဆရာတော်တစ်ပါး ဖြစ်သည်။
မိမိတို့ နှစ်ပါးလုံးပင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးထံမှာ တရားအားထုတ်ခဲ့ကြသော ပဋိပတ္တိတပည့်များ ဖြစ်ကြသောကြောင့် ဓမ္မမိတ်ဆွေများဟု ဆိုခြင်း ဖြစ်သည်။
မိမိသည် ၁၉၉၀ ခုနှစ်လောက်မှာ ဆရာတော်နှင့် စတင် သိရှိခွင့် ရခဲ့၏။
ဆရာတော်သည် ထိုအချိန်၌ ရန်ကုန်မြို့ မဟာစည်ရိပ်သာကြီးတွင် နာယကဆရာတော်တစ်ပါးအဖြစ် တာဝန်ယူနေ၏။
မိမိသည် အမေရိကန်မှ မြန်မာပြည်သို့ ပြန်သောအခါမှာ မဟာစည်ရိပ်သာကြီး၌ တည်းခိုသဖြင့် ဆရာတော်နှင့် သိရှိ ရင်းနှီးခွင့် ရခြင်း ဖြစ်၏။
တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုသည် ဘဝခရီးမှာ အထောက်အကူ များစွာ ဖြစ်နိုင်သောကြောင့် ဆရာတော်နှင့် ရင်းနှီးခဲ့ခြင်းအကြောင်းများကို အနည်းငယ် ပြောပြချင်ပါသည်။
ရပ်ဆွေရပ်မျိုး ဖြစ်ခြင်းသည် ရင်းနှီးခြင်း အကြောင်းတစ်ခု ဖြစ်၏။
ဆရာတော်သည် ပခုက္ကူမြို့နယ်၊ မြိုင်မြို့အနီး ရွာကလေးတစ်ရွာဇာတိ ရွှေညာသား ဖြစ်၏။
မိမိသည် မြောင်းမြဇာတိ၊ အောက်သားဖြစ်သော်လည်း မိမိ၏ မိဘများသည် ပခုက္ကူမြို့နယ်၊ ပေါက်မြို့၊ စဖဲရွာဇာတိ အညာသူအညာသားများ ဖြစ်ကြ၏။
ဤကဲ့သို့ အညာသားမျိုးနွယ်ချင်း တူညီမှုသည် ရင်းနှီးခြင်း အကြောင်းတစ်ခု ဖြစ်၏။
လူတစ်ယောက်၏ ခင်မင် မြတ်နိုးစရာ စိတ်နေသဘောထားသည်လည်း ရင်းနှီး ခင်မင်စေခြင်း အကြောင်းတစ်ခု ဖြစ်၏။
ဆရာတော်သည် (လူအများ မုန်းစေသည့်) မာန်မာန နည်းပါးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။
ဟန်ကြီးပန်ကြီးနှင့် နေသည်ကို မတွေ့ရပါ။ အားလုံးနှင့် ပြေလည်အောင် ဆက်ဆံ၏။
ပရိသညူ - ပရိသတ်သဘောကို နားလည်သူ ဖြစ်၏။
သူတပါးအား လိုအပ်သော အကူအညီကို တတ်နိုင်သမျှ အကူအညီ ပေးတတ်၏။
ဤအချက်များသည် ကြီးပွားလိုသူတို့၏ အရည်အချင်းကောင်းများ ဖြစ်၏။
မိမိသည် အမေရိကန်မှ မြန်မာပြည်သို့ ခေတ္တ ပြန်လာသောအခါ ဆရာတော်သည် သူ၏ ဆူဘရူ (Subaru) ကားကလေးကို လိုလျှင် ယူသုံးဖို့ မိမိအား ဖိတ်မံထား၏။
ထို့ကြောင့် ရန်ကုန်မြို့ထဲမှာ ကိစ္စရှိလျှင် မိမိအဖို့ သွားရေးလာရေး အဆင်ပြေလှ၏။
နောက်တစ်နှစ် ဇွန်လထဲမှာ ရန်ကုန်သို့ ရောက်ခဲ့ပြန်၏။
ရန်ကုန်မိုးနှင့် တိုးနေသဖြင့် ရိပ်သာထဲမှာ ကုတ်ပြီး အချိန်ဖြုန်းနေခဲ့ရ၏။
ထို့ကြောင့် မိုးနည်းသော အညာအရပ်ကို ခရီးထွက်ဖို့ စိတ်တွေ ဖြစ်နေခဲ့မိ၏။
“ဂမိကစိတ္တံ အနာဝရဏီယံ”ဟု ဆိုသည့်အတိုင်း ခရီးသွားချင်စိတ်ကို တားမရ ဖြစ်နေခဲ့၏။
ကားတစ်စင်း ငှားပြီး အညာဒေသကို လှည့်လည်ဖို့ စဉ်းစားနေခဲ့မိ၏။
ထိုအချိန်မှာ သာယာကုန်းဆရာတော်သည် မိမိအား ‘သူ၏ ကားကလေးကို ယူသွားလိုက ယူသွားပါ’ဟု ဖိတ်မံလာပြန်သဖြင့် ရေဆာနေတုန်း မိုးရွာသလို ဝမ်းသာသွား၏။
ဓာတ်ဆီဖိုး စိုက်ရုံပဲ ရှိသည်။ ကားငှားစရာ မလိုတော့ပါ။
တပည့် ရှမ်းဒကာလေးနှင့် မြေးကလေး မောင်မောင်ဦးတို့ နှစ်ယောက်က မိမိ၏ ပါရမီကို ကူညီ ဖြည့်သောအားဖြင့် ကားမောင်းပြီး လိုက်ပို့ပေးခဲ့ကြ၏။
သို့ဖြစ်၍ မိုးရာသီအချိန်မှာ အညာဒေသ သဘာဝအလှကို တစ်သက် မမေ့လောက်အောင်ပင် တွေ့ကြုံ ခံစားခဲ့ရ၏။
မိုးရာသီမှာ အညာဒေသ၌ မိုးသင့်ရုံ ရွာသည်။ အောက်ပြည်ဒေသလို မိုးသည်းထန်စွာ မရွာပါ။
နှမ်းခင်း၊ ပြောင်းခင်း၊ ပဲခင်း စိုက်ပျိုးရေးသီးနှံများဖြင့် စိမ်းလန်း စိုပြေနေသည်။
အညာဒေသ၏ သဘာဝအလှကား သာတောင့်သာယာ ရှိလှပါ၏။
သာယာကုန်းဆရာတော်သည် ပြည်တွင်း၌ သာသနာပြု အတွေ့အကြုံ ရှိပါ၏။
ပြည်ပသာသနာပြု အတွေ့အကြုံရှိလျှင် အမျိုး,ဘာသာ,သာသနာတော်အတွက် ပိုပြီး ဆောင်ရွက်နိုင်မည်ဟု မိမိအနေဖြင့် စေတနာဖြစ်မိပါသည်။
ထို့ကြောင့် အမေရိကန်ကို ကြွပြီး တရားဟော တရားပြလိုသော ဆန္ဒရှိလျှင် တပည့်တော် တတ်နိုင်သမျှ ကူညီပါမည်ဟု လျှောက်ထားခဲ့၏။
ဖြစ်နိုင်ရင်တော့ ကြွရောက်လိုပါသည်ဟု ပြောသဖြင့် မိမိ နယူးယောက် ပြန်ရောက်သောအခါ အမှုဆောင်ပုဂ္ဂိုလ်များနှင့် တိုင်ပင်ပြီး ဆရာတော်အား နယူးယောက်သို့ ပင့်ဖိတ်ရန် စီစဉ်ခဲ့ပါသည်။
၂၀၀၄ ခုနှစ်၌ မိမိ မြန်မာပြည်သို့ ခေတ္တ ပြန်လာပြီး၊ အပြန်ခရီးတွင် သာယာကုန်းဆရာတော်နှင့် ဒေးစွန်ပါဆရာတော် ဦးပညာဝရတို့ကို မိမိနှင့်အတူ အမေရိကန်သို့ ပင့်ဆောင်ခဲ့ပါသည်။
နှစ်ပါးလုံးပင် နယူးယောက် လောကချမ်းသာဘုရားကျောင်းမှာ ဝါဆိုကြသည်။
သာယာကုန်းဆရာတော်သည် ဝါတွင်းမှာ ပရိသတ်အား သတိပဋ္ဌာန်တရား ဟောကြား၍ ဝါကျွတ်သောအခါ ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိစ်၊ ဆီယာတဲလ်မြို့များရှိ မြန်မာကျောင်းများသို့ ကြွရောက်ကာ မြန်မာဒကာဒကာမများအား တရားဟော တရားပြသခဲ့ပါသည်။ အနောက်နိုင်ငံသား တရားနာသူများတော့ မရှိပါ။ အနောက်နိုင်ငံသားများကို စိတ်ဝင်စားအောင် အင်္ဂလိပ်လို ကိုယ်တိုင် ဟောနိုင်ရင်၊ ဒါမှမဟုတ် ဘာသာပြန်ကောင်းကောင်းနှင့် ဟောနိုင်ရင်တော့ တရားနာသူ တရားကျင့်သူများ ရှိနိုင်ပါသည်။
မိမိအနေဖြင့် ဆရာတော်အား ပြည်တွင်းပြည်ပ သာသနာပြုပုဂ္ဂိုလ် ဖြစ်လာစေရန် ကူညီခြင်းပါ။
နိုင်ငံခြားမှာ အောင်မြင်စွာ သာသနာပြုလိုသော ပုဂ္ဂိုလ်များသည် မိမိတို့၏ အရည်အချင်းကို မြင့်လာအောင် ကြိုးစားသင့်ကြ၏။
ဓမ္မကို အလေးဂရုပြုသူများ၊ ဘာသန္တရစကားကို အသင့်အတင့် တတ်ကျွမ်းသူများ ဖြစ်အောင် ကြိုးစားဖို့တော့ လိုအပ်ပါ၏။
ဆရာကောင်းကို အမှီရပြီး ဆရာ့လမ်းစဉ်ကို လိုက်နာသူသည် ကြီးပွားတိုးတတ်၏။
သာယာကုန်းဆရာတော်သည် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးဟူသော ဆရာကောင်းကို အမှီရရှိပြီး ဆရာတော်ဘုရားကြီး၏ နည်းနာနိဿျဖြင့် သတိပဋ္ဌာန်တရားတော်ကို ကျင့်ကြံ ဟောကြား ပြသနေသောကြောင့်သာ သူ၏ဘဝ၌ အထိုက်အလျောက် တိုးတက် အောင်မြင်ရခြင်းပါ။
ကိုယ်ပိုင် အရည်အချင်းမျှလောက်ဖြင့် ယခုလို အောင်မြင်မှု မရနိုင်ပါဟု ပြောဆို ဝန်ခံလေ့ ရှိ၏။
မှန်ပါ၏။ “ဘုရားပင် အမှီရှိမှ ပွင့်နိုင်၏”ဟူသော စကားရှိသည် မဟုတ်ပါလော။
စာရေးသူကိုယ်တိုင်လည်း ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးကို မှီရသောကြောင့် သာသနာတော်နှင့် ပတ်သက်ပြီး အထက်တန်းကျကျ သာသနာပြုနည်း ရရှိခဲ့ခြင်း ဖြစ်၏။
သာယာကုန်းဆရာတော်သည် သက်တော် (၇၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စိန်ရတုပွဲ ကျင်းပရန် ပြင်ဆင်နေ၏။
သူ၏ ဇာတိရပ်မြေမှာ ဤစိန်ရတုပွဲကို ကျင်းပမည်ဟု ဆို၏။
မိမိအားလည်း ယင်းပွဲကြီးကို ပါဝင် ဆင်နွဲစေလို၏။
ဝမ်းသာပါ၏။
ကျန်းမာရေး အဆင်ပြေလျှင် တက်ရောက်ချင်ပါ၏။ အားပေးလိုပါ၏။
ဆရာတော်၏ စိန်ရတုပွဲ ကျင်းပနိုင်ခြင်းကိုလည်း ဂုဏ်ယူပါ၏။
အကြောင်းမှာ ဘဝခရီး၌ အတ္တဟိတ ပရဟိတ ကောင်းကျိုးများကို စွမ်းစွမ်းတမံ ဆောင်ရွက်သူများသာ ပြုလုပ်နိုင်သော ပွဲများ ဖြစ်သောကြောင့်ပါ။
မိမိကိုယ်တိုင် ဆရာသမားကောင်းထံ နည်းခံ၍ တရားကျင့်ခြင်းဟူသော အတ္တဟိတ၊ အများအတွက် တရားအားထုတ်နိုင်ရန် ရိပ်သာများ တည်ထောင် ဖွင့်လှစ်ပေးခြင်းဟူသော ပရဟိတ လုပ်ငန်းများသည် ဘုရားရှင် နှစ်သက်တော်မူသည့် သာသနာပြု ပရဟိတလုပ်ငန်းများ ဖြစ်ကြ၏။
ဒုလ္လဘတရားငါးပါး လင်္ကာဖြင့် ဤဆောင်းပါးကို နိဂုံးချုပ်ပါ၏။
လောကချမ်းသာ အရှင်ဣန္ဒက
(နယူးယောက်)
ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၂၈)
ကျွန်ုပ်တွေ့သော စိတ်သဘာဝ (၆)
လွန်ခဲ့သော ဇွန်လအတွင်းက ရန်ကုန်သို့ရောက်ခဲ့သည်တွင် ကျွန်ုပ်၏ (ရှုမ၀) ဆောင်းပါးများနှင့် ပတ်သက်၍ စာဖြင့် ရေးသား မေးမြန်းကြသော ပုဂ္ဂိုလ်များနှင့် တွေ့ရသဖြင့် ဓမ္မမိတ်ဆွေသစ်များ တိုးပွားခဲ့သည်။ ၄င်းပုဂ္ဂိုလ်များမှာ စာရေးဆရာ၊ ၀တ်လုံတော်ရ၊ ပင်စင်စားအရာရှိ စသည့် စဉ်းစားဉာဏ်သုံးသောအပိုင်း (intelligentsia) မှစ၍ ၄င်းတို့စိတ်ဝင်စားခြင်းအတွက် ၀မ်းသာမိသည်။ ၄င်းတို့အပြင် ရိပ်သာများ၌ တရားအားထုတ်လျက်ရှိသော ပုဂ္ဂိုလ်များလည်း ပါဝင်ကြသဖြင့် အားတက်မိသည်။ တစ်ယောက်သော တရားသမား (ကမ္မဋ္ဌာန်းသမား)ကမူ ကျွန်ုပ်၏ ဆောင်းပါးများသည် တရားသမားလောက၌ ဗုံးဆန်ပေါက်ကွဲ (bomb shell) သကဲ့သို့ ရှိပါပေသည်ဟု ပြောပြသည်။ ဆိုလိုသော အဓိပ္ပါယ်မှာ သဘောတူလက်ခံနိုင်သော အချက်အလက်များလည်းရှိ၍ သဘောမတူနိုင်သော အချက်များလည်း ရှိစေကာမူ မည်သည့်နည်းနှင့်မဆို အလန့်တကြားဖြစ်အောင် နှိုးပေးလိုက်သည်ဟု ပြောလိုရာရောက်၏။ သို့ဆိုလျှင် ဆောင်းပါးများရေးရသော ကျွန်ုပ်အဖို့ရာ၌ ရေးရကျိုးနပ်သည်ဟု ယူဆရပေသည်။
စမ်းသပ်ကြည့်သူများ ရှိခြင်း
ကျွန်ုပ်၏ဆောင်းပါးများကို ဖတ်ရသော ဓမ္မမိတ်ဆွေအချို့ က “ဒိဋ္ဌေဒိဋ္ဌမတ္တံ” တည်းဟူသော လုပ်ငန်းစဉ်ကို နှစ်သက်သဘောကျ၍ စမ်းသပ်ရန်ကြိုးစားပါသော်လည်း အလွန်တရာ ခက်ခဲသော အလုပ် (herculean task) ဖြစ်နေသည်ကို တွေ့ရကြောင်း၊ သို့ပါ၍ မည်ကဲ့သို့ အစပြုရပါမည်ကို သိလိုပါကြောင်း ပြောကြသည်။ ကျွန်ုပ်မှာ တရားဟောတတ်သူ တစ်ယောက်လည်းမဟုတ်၊ နှုတ်ဖြင့်ပြောရခြင်းထက် စာဖြင့်ရေးရခြင်းကို အားကိုးတက်သူဖြစ်၍ တတ်နိုင်သမျှ နှုတ်ဖြင့်ပြောပြပြီးနောက် စာဖြင့် ရေးပြပါဦးမည်ဟု ကတိပြုခဲ့သည်။ ထိုမိတ်ဆွေများနှင့်တကွ ကျွန်ုပ်၏ဆောင်းပါးများ၌ စိတ်ဝင်စားကြသော အခြားစာဖိတ်ပရိတ်သတ်များအတွက်ပါ ရည်ရွယ်လျက် ကျွန်ုပ်၏ လုပ်ပုံလုပ်နည်းကို ဤနေရာမှ တင်ပြလိုက်ရပါသည်။
သတိအရေးကြီးခြင်း
တစ်စုံတစ်ခုသော အရာဝတ္ထုကို မြင်သည့်အခါ မြင်ရုံနှင့် မပြီးဘဲ ဘာဝတ္ထု၊ ညာဝတ္ထုဖြစ်သည်၊ မည်သူမည်ဝါဖြစ်သည်။ အသံတစ်ခုကို ကြားလိုက်ရသည့်အခါ ကြားရုံနှင့် မရပ်ဘဲ ဘာသံ ညာသံ၊ ဘယ်သူ့အသံဖြစ်သည် စသည်များဖြင့် ရှည်လျားစွာ မလိုက်စေဖို့ အခက်အခဲ အကြီးအကျယ် တွေ့ရခြင်းကား ဟုတ်ပေလိမ့်မည်။ ဤသို့ဖြစ်ရခြင်းမှာ သတိပေါ့လျော့မှုကြောင့်ဖြစ်သည်ဟု ၀န်ခံကြမည်ဖြစ်သော်လည်း၊ ထိုကဲ့သို့ မပေါ့လျော့ရအောင်၊ သို့မဟုတ် သတိမလစ်စေရအောင် စောင့်ထိန်းဖို့ အခက်အခဲရှိပြန်လေသည်။ ၀ိပဿနာအလုပ်ဟူသည်မှာ သမထအလုပ်များကဲ့သို့ သမာဓိဦးစီးသော အလုပ်မဟုတ်၊ သတိဦးစီးသော အလုပ်ဖြစ်၍ သတိမွေးမြူဖို့ အထူးအရေးကြီးလှသည်။ သတိမွေးမြူပုံ မွေးမြူနည်းနှင့်ပတ်သက်၍ ကျွန်ုပ်၏လက်တွေ့တစ်ခုကို တင်ပြပါမည်။
သတိနှင့်ယှဉ်သောစိတ်
နာမ်ခန္ဓာလေးပါး ရှိသည့်အနက် သိရုံကလေးသက်သက်မျှဖြစ်သော ၀ိဉာဏက္ခန္ဓာ (consciousness) နှင့် သင်္ခါရက္ခန္ဓာတွင် တစ်ခုအပါအ၀င်ဖြစ်သော သတိစေတသိက်တို့ကို ရှေးဦးစွာနားလည်ဖို့ အရေးကြီးသည်။ တစ်စုံတစ်ခုကိုမြင်၍ ဘာကောင် ညာကောင်ဟု သိခြင်းသည် ၀ိဉာဏက္ခန္ဓာ သက်သက်မဟုတ်တော့။ သညာက္ခန္ဓာ ပူးတွဲလျက် ရှိလေပြီ။ ဘာကောင် ညာကောင်ထိအောင် မသိစေဖို့ ထိန်းထားရန်မှာ ‘ငါ’ ၏ အလုပ်မဟုတ်၊ သတိစေတသိက်၏ အလုပ်ဖြစ်သည်။ ‘ငါ’ သည် ဘာမျှတတ်နိုင်သည် မဟုတ်ချေ။ နာမ်ခန္ဓာလေးပါးတို့ စုပေါင်းအလုပ်လုပ်နေကြသော ‘စိတ်’မျှသာဖြစ်သည်။ ထို့ကြောင့် ရှေးဦးစွာကြိုးစားရန်မှာ သိရုံကလေးသက်သက်မျှဖြစ်သော ၀ိဉာဏက္ခန္ဓာ(consciousness) ကို သတိတည်းဟူသော စေတသိက်နှင့် ပူးကပ်ထားရမည်။ တစ်စုံတစ်ခုကို မြင်လိုက်ရပြီးသည့်နောက်တွင်မှ ဘာကောင် ညာကောင် မသိစေရအောင် ကြိုးစားမည်ဆိုလျှင် လွန်စွာခက်ခဲမည်ဖြစ်သော်လည်း ထိုကဲ့သို့မမြင်မီ ပူးကပ်ထားမည် ဆိုပါမူကား မည်သည့်နည်းမဆို အရှည်ကြီးမလိုက်အောင် တတ်နိုင်ရာပေသည်။ ဤသို့ဆိုခြင်းဖြင့် သတိတရားကို တစ်စက္ကန့်မျှ လက်မလွတ်စေဘဲ၊ စိတ်နှင့်ယှဉ်တွဲ ပူးကပ်ထားရမည်ဟူလို။
ဖြည်းဖြည်း ကျင့်ယူရပုံ
ဤစာကို အမှတ်မဲ့ဖတ်သူများက “မည်သို့ ထူးသေးသနည်း၊ သတိထားရသော အလုပ်ချင်းအတူတူပင် မဟုတ်ပါလော” ဟု မေးချင်ကြပေလိမ့်မည်။ ထူးပါသည်။ အများကြီးထူးပါသည်။ တစ်စုံတစ်ခုကို မြင်ပြီးမှ ဘာဘာညာညာမသိဖို့ ချုပ်ကိုင်ရခြင်းသည် မမြင်မီကတည်းက သတိစောင့်သောစိတ်၊ သို့မဟုတ် သတိနှင့် ယှဉ်သောစိတ်ရှိသဖြင့် အရှည်မလိုက်အောင် ထိန်းရခြင်းထက် အဆများစွာ ပို၍ခက်ခဲပါသည်။ ပထမ၌ သတိယှဉ်သောစိတ်ကို အစဉ်မပြတ် ဖြစ်စေနိုင်သည်မဟုတ်။ အခြားသောနည်းများဖြင့် ကမ္မဋ္ဌာန်းထိုင်ကြသကဲ့သို့ ကုလားထိုင်ပေါ်တွင် ထိုင်ရင်း အိပ်ရာပေါ်တွင် လဲလျောင်းရင်း၊ ငါးမိနစ် ဆယ်မိနစ်စသဖြင့် လေ့ကျင့်ရပါသည်။ သတိယှဉ်သော သိမှု (စိတ်) ဟူသည်ကို နားလည်အောင် ကြိုးစားပြီးနောက် သဘောပေါက်၍ စမ်းသပ်ကြည့်သောအခါတွင် ယုတ်စွအဆုံးအားဖြင့် အသံတစ်ခု နှစ်ခုမျှကို အရှည်ကြီးမလိုက်ဘဲ၊ ကြားကာမတ္တဟူသော အနေမျိုးထားနိုင်သည်ကို တွေ့ရပါလိမ့်မည်။ ထို့နောက်တွင် တစ်မိနစ်လုံးလုံး၊ နှစ်မိနစ်လုံးလုံး စသည်ဖြင့် တိုးတက်ခြင်း ရှိလာသည်ကို တွေ့ရပါလိမ့်မည်။
(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)
ဆက်လက်ဖတ်ရှုရန်
သဒ္ဓါကိုပညာကွပ်ပါလို့..
Tuesday, September 14, 2010

ဗုဒ္ဓမြတ်စွာရဲ့အဆုံးမတွေကို လိုက်နာကျင့်ကြံတဲ့သူတွေဟာ ဘုရားရှင်ဟောပြခဲ့တဲ့အဆုံးမတွေအတိုင်း ကိုးကွယ်တတ်ဖို့ဟာ အင်မတန်မှ အရေးကြီးလှပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သူပြောတာတွေသာအမှန်၊ သူပြောတာတွေသာ မျက်စိမှိတ်ယုံ၊ သူ့ကိုသာကိုးကွယ်၊ တခြားသူတွေပြောတာတွေ ဘာမှမစဉ်းစားနဲ့လို့ မဆုံးမခဲ့ပါဘူးနော်။ ကာလာမသုတ်တော်မှာ ဘုရားရှင်က- ကာလာမတို့- ပြောသံကြားရုံနဲ့လည်း မယုံနဲ့၊ ရှေးရိုးစဉ်ဆက်စကားရယ်လို့လည်း မယုံနဲ့၊ အဲသလို ဖြစ်ဖူးသတဲ့လို့လည်း မယုံနဲ့၊ ကိုယ့်ဘာသာ တွေးမိကြံမိတာလောက်လေးနဲ့လည်း ဟုတ်မှန်တယ်ထင်ယုံနဲ့လည်း မယုံနဲ့၊ ကိုယ့်ခံယူထားချက်နဲ့ တူတယ်ဆိုရုံနဲ့လည်း မယုံနဲ့၊ ကိုယ်ယုံကြည်ရိုသေတဲ့သူရဲ့စကား ဆိုပြီးတော့လည်း မယုံနဲ့၊ သူများပြောတိုင်းလည်း မှန်ပြီလို့ မယုံနဲ့၊ အစဉ်အလာ လက်ခံခဲ့ကြလို့လည်း မယုံနဲ့၊ စာပေကျမ်းဂန်ထဲမှာပါတယ်လို့လည်း မယုံပါနဲ့.. အဆုံးမကို ကိုယ်တိုင်ကျင့်ကြံလိုက်နာကာ ကိုယ်ပိုင်အသိဥာဏ်နဲ့ အထပ်ထပ် ချင့်ချိန်ပြီး အကြောင်းအကျိုးခိုင်မာမှုရှိမှယုံပါ လို့ ဟောကြားခဲ့ပါတယ်။ ဒီအဆုံးမကို ကြားနာလိုက်ရတယ်ဆိုရင်ကို.. ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ယုံကြည်ကိုးကွယ်မှုကို ဘယ်လောက်အထိ တန်ဖိုးထားသလဲဆိုတာဟာ သိသာထင်ရှားနေပါတယ်။
ဒီတော့ ဗုဒ္ဓဘာသာဝင်များအနေနဲ့လည်း ဘုရားဆုံးမခဲ့တဲ့အဆုံးမတွေအတိုင်း လိုက်နာကျင့်ကြံမယ်ဆိုရင် မှန်းယုံရမ်းယုံ မျက်စိမှိတ်ယုံတာမျိုး မလုပ်မိဖို့လိုအပ်ပါတယ်။ ဗုဒ္ဓရဲ့အဆုံးမတွေကို လိုက်နာကျင့်သုံးနေတဲ့သူတွေဟာ Freedom-ဆိုတဲ့ လွတ်လပ်မှုရှိရမယ်.. Fairness-ဆိုတဲ့ တရားမျှတမှုရှိရမယ်.. Fearless-ဆိုတဲ့ ကြောက်လန့်မှုလည်း ကင်းဝေးရပါမယ်။ လွတ်လွတ်လပ်လပ် တွေးခေါ်ပိုင်ခွင့်မရှိရင် အမှန်တရားကို ဘယ်လိုမှမြင်နိုင်စွမ်းမရှိသလို.. တရားမျှတမှုမရှိရင်လည်း ဘယ်တော့မှ တရားနည်းလမ်းကျတဲ့အဆုံးမတွေ မဖြစ်နိုင်ပါဘူး။ ကြောက်လန့်မှုအရ ကိုးကွယ်ရပြီဆိုရင်တော့ မတရားမှုကို ခေါင်းငုံပေးနေတဲ့ ကိုးကွယ်မှုမျိုးပဲ ဖြစ်နေတော့မှာပါ။ ဘာသာတစ်ခုကို ကိုးကွယ်ရတာ လွတ်လပ်မှုမရှိဘူး၊ မျှတမှုမရှိဘူး၊ ကြောက်လန့်မှုမကင်းဘူးဆိုရင် ကိုးကွယ်မှုရဲ့အနှစ်သာရဆိုတာ ဘယ်မှာရှာလို့ရနိုင်မှာလဲ။
ကိုးကွယ်မှုရဲ့အနှစ်သာရကိုသိဖို့အတွက်ဆိုရင်.. ပထမဆုံးအနေဖြင့် သဒ္ဓါတရားကို ကိုယ်ပိုင်အသိဥာဏ်နဲ့ ထိုးထွန်းသိမြင်စေနိုင်တဲ့ အသိတရားလိုအပ်ပါတယ်။ သဒ္ဓါဆိုတာ ယုံကြည်မှုပါ။ ယုံကြည်တယ်ဆိုတဲ့နေရာမှာ ယုံနဲ့ကြည်ဆိုတဲ့ နှစ်ပိုင်းရှိပါတယ်။ ဘာကိုယုံပြီး ဘာကိုကြည်မှာလဲ။ ဗုဒ္ဓဘာသာဝင်တိုင်းမှာ သဒ္ဓါဆိုတဲ့ ယုံကြည်မှုရှိရမယ့် ယုံကြည်မှု(၅)မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ (၁)ဘုရား၊ (၂)တရား၊ (၃)သံဃာ၊ (၄)ကံ (၅)ကံရဲ့အကျိုးဆိုတဲ့ ငါးမျိုးပဲဖြစ်ပါတယ်။ အဲ့ဒီ့ငါးမျိုးအပေါ်မှာ မိမိအသိဥာဏ်နဲ့ အကြောင်းအကျိုးဆက်စပ်သိမြင်နိုင်တဲ့ ယုံကြည်မှုမျိုးရရှိမှသာ စစ်မှန်တဲ့သဒ္ဓါတရားကို ရရှိမှာဖြစ်ပါတယ်။ စစ်မှန်တဲ့သဒ္ဓါတရားရရှိမှလည်း မိမိစိတ်အစဉ်မှာ ဘုရားရှင်ရဲ့အဆုံးမတွေကို ကြည်လင်ပြတ်သားစွာ ကိုယ်ပိုင်အသိဥာဏ်နဲ့ ထိုးထွင်းသိမြင်လာနိုင်မှာပါ။ ယုံကြည်မှုကိုအစစ်အမှန် သိနိုင်ဖို့အတွက် ဘေးနားကနေ အမှားအမှန်၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားဆုံးဖြတ်ပေးနိုင်မယ့် ပညာဥာဏ်ရှိဖို့ဟာလည်း အဓိကကျပါတယ်။
သဒ္ဓါတရားသက်သက်နဲ့ပဲ သဒ္ဓါစစ်သဒ္ဓါမှန်ကို မရနိုင်သလို… ပညာတစ်ခုထဲနဲ့လည်း စစ်မှန်တဲ့ယုံကြည်ကိုးကွယ်မှု မဖြစ်နိုင်ပါဘူး။ ဥပမာအားဖြင့်.. ရတနာတစ်ခုကို မိမိကိုယ်ပေါ်မှာ ၀တ်ဆင်မယ်ဆိုရင် ရတနာကြီးသက်သက်ပဲ ၀တ်ဆင်လို့မရနိုင်တဲ့အတွက် ဘေးနားကနေသီပေးတဲ့ကြိုးတွေ၊ ကွပ်ပေးတဲ့အနားသတ်လေးတွေ ကွပ်ပေးရပါတယ်။ ထိုသို့ကွပ်ပေးမှလည်း မိမိကိုယ်ပေါ်မှာ တန်ဖိုးရှိစွာဖြင့် လှပစွာဆင်မြန်းနိုင်မှာပါ။ ဒီလိုပါပဲနော်။ စစ်မှန်တဲ့သဒ္ဓါတရားရှိဖို့အတွက်ဆိုရင် ဘေးနားကနေ ပညာဆိုတဲ့ အထိန်းကွပ်လေးနဲ့ ထိန်းကွပ်ပေးမှသာ မိမိရဲ့ရင်ထဲမှာ စစ်မှန်တဲ့ကိုးကွယ်မှုမျိုးကို ရနိုင်မှာပါ။ စစ်မှန်တဲ့ကိုးကွယ်မှုရရှိဖို့ ယုံကြည်ရမယ့်သဒ္ဓါတရားငါးမျိုးမှာ အဓိကအကျဆုံးကတော့ တရားကို ပညာနဲ့အရင်ဆုံး အနားကွပ်ခြင်းပါပဲ။ ဘာလို့တရားကို အရင်ဆုံးအနားကွပ်ပေးရလဲဆိုတော့.. ဘုရားရှင်က ဟောပြဆုံးမပေးခဲ့ပါတယ်.. ငါဘုရားကိုတကယ်မြင်ချင်ရင် တရားကိုသိမြင်အောင်လုပ်ဆိုတာပါ။ တရားမြင်မှ ဘုရားရှင်ရဲ့ကျေးဇူးကိုမြင်နိုင်မှာပါ၊ ဘုရားရှင်ရဲ့ကျေးဇူးမြင်တတ်မှလည်း သံဃာတော်အရှင်သူမြတ်တွေရဲ့ ကျေးဇူးတရားကို တန်ဖိုးထားတတ်လာမှာဖြစ်ပါတယ်။ ဘုရား၊ တရား၊ သံဃာမြင်ပြီဆိုရင်ဖြင့် ကံနဲ့ကံရဲ့အကြောင်းအကျိုးဆက်စပ်မှုတွေကို သေချာနားလည်သွားမယ်ဆိုတာလည်း မလွဲပါဘူးနော်။ အဓိကအနေနဲ့ စစ်မှန်တဲ့သဒ္ဓါတရားရှိဖို့အတွက် တရားမြင်ဖို့ပါပဲ။
တကယ်တရားကိုမြင်သွားတဲ့သူဟာ ရတနာသုံးပါးမှတစ်ပါး ကိုးကွယ်ရာမရှိဘူးဆိုတာ သူကိုယ်တိုင် အသိဥာဏ်နဲ့လက်ခံယုံကြည်သွားတတ်ပါပြီ။ (၃၇)မင်းတွေ၊ ကွမ်ရင်တွေ၊ ဘိုးတော်တွေ မယ်တော်တွေ၊ ဖန်ဆင်းရှင်တွေ၊ ဗေဒင်ဆရာတွေ၊ ဓါတ်ရိုက်ဓါတ်ဆင်တွေ၊ နေ့နံပြသဒါးတွေကို မကိုးကွယ်ပါနဲ့လို့လည်း ပြောစရာမလိုတော့ပါဘူး။ မကိုးကွယ်လို့သတ်ပြစ်မယ်ဆိုရင်တောင်မှ သူသေရဲသွားပါပြီ။ ဒီလိုမျိုးစစ်မှန်တဲ့ ကိုးကွယ်မှုမျိုးကိုရရှိဖို့ သဒ္ဓါကိုပညာနဲ့ထိန်းကွပ်ပေးမှလည်း ရနိုင်မှာပါ။ သဒ္ဓါတွေတအားများနေပြီး အမှားအမှန်ဝေဖန်ဆုံးဖြတ်နိုင်တဲ့ ပညာဥာဏ်မရှိသေးဘူးဆိုရင်တော့ ဘယ်လောက်ပြောပြော ဘယ်လောက်ဟောဟော လမ်းမှန်ကိုလည်း မရောက်နိုင်သေးပါဘူး.. နောက်ပြီး သူများနေတဲ့ သဒ္ဓါတရားတွေဟာလည်း အသိဥာဏ်ကင်းမဲ့တဲ့သဒ္ဓါတရားတွေ ဖြစ်နေလို့ပါပဲ။ ဒ့ါကြောင့်.. သဒ္ဓါစစ်သဒ္ဓါမှန်တွေဖြစ်နိုင်ကြစေဖို့ ပညာဆိုတဲ့အထိန်းကွပ်လေးနဲ့ အမြဲထိန်းကွပ်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း..။
ဝေဿန္တရာဇာတ် (အပိုင်း-၄၊ ၅)
အရှင်မင်းကြီး၊ ဟိမဝန္တာဝယ် နေရာသင်္ခမ်းကျောင်း ဆောက်လုပ်၍ နေသောအခါ ပန်းနံ့သာ လိမ်းပန်လျက် ကခုန်ရွှင်ပျော်ကြသော သားငယ်၊ သမီးငယ်တို့ မျက်နှာကို မြင်ရလျှင် ပြည့်စည်းစိမ်ကို အောက်မေ့မှုတို့ ပြေပျောက်ရပါလိမ့်မည်။ သားမျိုးစုံလင်သော ဟိမဝန္တာမြိုင်တောခွင်ဝယ် ......
တင့်တယ်လှသော ဆင်ပြောင်ကြီးတို့ အနီးအပါးမှ ဖြတ်သန်းသွားသည်ကို မြင်တွေ့ရသဖြင့်လည်း ပြည့်စည်းစိမ်ကို အောက်မေ့မှုတို့ ပြေပျောက်ရပါလိမ့်မည်။ သားရဲဖြင့် ပြည့်သော တောစုံမြိုင်ခန်း၌ သစ်ခက်၊ အညွန့်၊ အဖူးတို့ ယှက်ကူးနေသော သိစ်ရိပ်ကို ခိုလျက် တောအရေး၏ တင့်တယ်ခြင်းကို မျှော်ရှုကာ သွားကြရလျှင် ရွှေနန်းရွှေဘုံကို အရှင်ဘယ်မှာ အောက်မေ့တော့မည်နည်း။ ညနေချမ်း အခါဝယ် မြစ်သို့ ဆင်းသက်လာသော သမင်၊ စိုင်၊ ဖား၊ သား အပေါင်းတို့ကို မြင်လျှင်လည်း အရှင်ဘယ်မှာ ပြည်နန်းသာကို သတိရတော့မည်နည်း။ ကိန္နရီ၊ ကိန္နရာတို့ မြူးပျော် ပျံဝဲသီဆို ကခုန်သည်ကို မြင်ကြားလျှင်လည်း ရွှေပြည်နန်းကို အရှင်ဘယ်မှာ လွမ်းဆွတ်တော့မည်နည်း။ ညဥ့်အခါဝယ် ခင်ပုပ်၊ ဇီဝဇိုး၊ ကြိုးကြာ၊ ဥဒေါင်း တို့၏ ရင့်ရူကြွေးသော ငှက်တေးသံသာသည် အရှင့်အတွက် ဖျော်ဖြေစရာ ရပါလိမ့်မည်။ နွေဦးရောက်လျှင် ပိတောက်၊ အင်ကြင်း၊ စွယ်တော်၊ ကံ့ကော်၊ စကား၊ ချရား၊ ပုန်းညက်တို့ ပင်လုံးညွတ်အောင် ပွင့်ဝတ်ဆင်သည်ကို တွေ့မြင်လျှင် အရှင် ပျော်မြူး ရွှင်လန်းရပါလိမ့်မည်" စသည်ဖြင့် အားပေး ပြောဆိုလျှောက်ထား၏။
ဝေဿန္တရာမင်းကြီးလည်း မဒ္ဒီဒေဝီနှင့် သားတော်၊ သမီးတော် တို့ကို ဟိမဝန္တာသို့ အတူခေါ်ဆောင် သွားရန် သဘောတူလိုက်လေ၏။ ဝေဿန္တရာမင်းကြီး ပြည်မှထွက်ခွာရမည့်သတင်းသည် တစ်နန်းတော်လုံး ပျံ့နှံ့သွားသည်။ မယ်တော် ဖုဿတီမိဖုရားကြီးနှင့်တကွ နန်းတွင်းသူ၊ နန်းတွင်းသား အာလုံး ဝမ်းနည်းပူဆွေးကာ ငိုကြွေးကြသည်။
နောက်တစ်နေ့သို့ ရောက်သောအခါ ဝေဿန္တရာမင်းကြီးသည် အလှူမဏ္ဍပ်သို့ သွားသည်။ ဆင်ခုနှစ်ရာ၊ မြင်းခုနှစ်ရာ၊ ရထားခုနှစ်ရာ၊ သတို့သမီးခုနှစ်ရာ၊ နွားမခုနှစ်ရာ၊ ကျွန်ယောက်ျားခုနှစ်ရာ၊ ကျွန်မိန်းမခုနှစ်ရာ စသည်ဖြင့် ခုနှစ်ရာခုနှစ်လီသော အလှူကြီးကို ကိုယ်တိုင် ကြပ်မတ်လှူဒါန်းသည်။ လှူဒါန်းစဉ် "ဤ အလှူသည် သဗ္ဗညုတဉာဏ်၏ အထောက်အပံ့ ဖြစ်စေသတည်း" ဟု လက်အုပ်ချီ၍ ဆုတောင်းသည်။ ထိုအခါ မဟာပထဝီ မြေကြီးသည် မြည်ဟည်း၍ ငလျင်ကြီး လှုပ်ပြန်လေ၏။
ထို့နောက် ဝေဿန္တရာမင်း၊ မဒ္ဒီဒေဝီနှင့် သားတော်၊ သမီးတော်တို့သည် ခမည်းတော် မယ်တော်တို့ကို ရှိခိုးကန်တော့ကာ မြင်းလေးကောင်ကသော ရထားဖြင့် ထွက်ခွာသွားကြသည်။ ထိုစဉ် အလှူကြီးကို မမီလိုက်သော ပုဏ္ဏားလေးယောက်တို့သည် မြင်းတို့ကို အလှူခံမည်ဆိုကာ လိုက်လာကြသည်။ မဒ္ဒီဒေဝီက ပုဏ္ဏားလေးယောက်တို့ လိုက်လာကြောင်း လျှောက်ထားသောအခါ ဝေဿန္တရာမင်းကြီးသည် ရထားကို ရပ်လိုက်သည်။
ပုဏ္ဏားလေးယောက်လည်း မကြာမီ ရောက်လာသည်။ မြင်းတို့ကို အလှူခံသည်။ ဝေဿန္တရာလည်း မြင်းလေးကောင်ကို ရထားမှ ဖြုတ်၍ တစ်ယောက်တစ်ကောင်စီ လှူလိုက်သည်။ ထိုအခါ နတ်သားလေးယောက်သည် စိုင်လေးစီးအသွင် ဖန်ဆင်းလျက် ရထားထမ်းပိုးခွင်သို့ ဝင်၍ ရုန်းကြသည်။ ထိုစဉ် ပုဏ္ဏားတစ်ယောက် ပေါ်ပေါက်လာသည်။ ရထားကို အလှူခံပြန်သည်။ ဝေဿန္တရာကလည်း ထိုပုဏ္ဏားအား ရထားကို လှူလိုက်သည်။ ထိုအခါ စိုင်းလေးစီး (နတ်သားလေးယောက်) ကွယ်ပျောက်သွားလေသည်။
ထိုနေရာမှစ၍ မင်းကြီးက သားတော်ဇာလီကို ချီလျက်၊ မဒ္ဒီဒေဝီက သမီးတော် ကဏှာဇိန်ကို ချီလျက် ခြေကျင် သွားကြရလေ၏။
ဝေဿန္တရာနှင့် မဒ္ဒီဒေဝီတို့ မိသားစုသည် ရှေးဦးစွာ သုဝဏ္ဏဂီရိတာလတောင်သို့ ရောက်သည်။ ထိုမှတစ်ဖန် ကောန္တိမာရမြစ်၊ ထိုမှတစ်ဖန် အဉ္စနဂီရိတောင်၊ ထိုမှ တစ်ဖန် တုဏ္ဏဝိနာလိ ဒဏ္ဍပုဏ္ဏားရွာ၊ ထိုမှတစ်ဖန် စေတတိုင်း၊ မဒ္ဒရာဇ်ပြည်သို့ ရောက်လာကြသည်။ မဒ္ဒရာဇ်ပြည်ကား ဝေဿန္တရာ၏ ဦးရီး၊ မဒ္ဒီဒေဝီ၏ ဖခမည်းတော် မယ်တော်များ စံရာပြည် ဖြစ်သည်။
ဝေဿန္တရာနှင့် မဒ္ဒီဒေဝီသည် မဒ္ဒရာဇ်ပြည်သို့ ရောက်သောအခါ မြို့ထဲသို့မဝင်။ မြို့ပြင်ရှိ ဇရပ်ပေါ်၌သာ နေကြသည်။ မကြာမီပင် သူတို့ရောက်ရှိနေကြောင်းကို မဒ္ဒရာဇ်မင်းကြီး သိရှိသွားသည် ချက်ချင်းပင် ဆွေတော်၊ မျိုးတော်များသည် စိုးရိမ်ပူပန်ကာ ဇရပ်သို့ ပြေးလာကြသည်။ အကျိုးအကြောင်း မေးကြသည်။
ဝေဿန္တရာမင်းကြီးလည်း ဖြစ်ပျက်ပုံ အလုံးစုံကို ပြောပြသည်။ ထိုအခါ ဆွေတော်မျိုးတော်တို့က "အရှင်မင်းကြီး၌ အပြစ်မရှိပါ။ အလိုရှိရာ အမိန့်ရှိပါ။ ကျွန်ုပ်တို့ ကောင်းစွာ ဧည့်ဝတ်ပြုပါရစေ။ သည်အတွင်း အရှင့်ခမည်းတော် သိဉ္စည်းမင်းကြီးထံသို့ ကျွန်ုပ်တို့ သွားမည်။ အရှင့်အား ပြည်တော်သို့ ပြန်ခေါ်ရန် တောင်းပန် လျှောက်ထားပါမည်" ဟူ၍ ဆိုကြသည်။
ထိုအခါ ဝေဿန္တရာမင်းကြီးက "ကျွန်ုပ်ကို တိုင်းပြည်မှ နှင်ထုတ်ခြင်းမှာ ခမည်းတော်၏ သဘောသက်သက် မဟုတ်ပါ။ ပြည်သူတို့၏ ဆန္ဒအရ ဖြစ်ပါသည်။ အကယ်၍ ကျွန်ုပ်ကို တိုင်းပြည်မှ နှင်မထုတ်လျှင် ခမည်းတော်ကိုပင် မင်းအဖြစ်မှ ဖယ်ရှားကြပါလိမ့်မည်။ ခမည်းတော်သည် ပြည်သူတို့၏ အလိုကို မလွန်ဆန်နိုင်ပါ။ ချစ်လျက်နှင့်ပင် ကျွန်ုပ်ကို နှင်ထုတ်ရခြင်း ဖြစ်ပါသည်။ သင်တို့သွား၍ တောင်းပန်လျှောက်ထားသော်လည်း အခွင့်ရလိမ့်မည် မဟုတ်ပါ" ဟူ၍ ရှင်းလင်းပြောပြ၏။
ဆွေတော်၊ မျိုးတော်တို့က "ယင်းသို့ဖြစ်လျှင် ဤစေတတိုင်း၌ မင်းလုပ်တော်မူပါ" ဟူ၍ ဆိုကြ၏။
ဝေဿန္တရာမင်းကြီးက "ကျွန်ုပ်သည် တိုင်းပြည်မှ နှင်ထုတ်ခံထားရသူ ဖြစ်သည်။ မင်းလုပ်လိုသော ဆန္ဒမရှိပါ။ အကယ်၍ ဤပြည်၌ မင်းပြုလျှင်လည်း သိဝိတိုင်းသားတို့ လိုလားကြမည် မဟုတ်။ သင်တို့နှင့် စိတ်ဝမ်းကွဲကာ မသင့်မတင့် ဖြစ်ကြပေတော့မည်။ ကျွန်ုပ်တစ်ယောက်အတွက် အများပြည်သူတို့ကို မထိခိုက်စေလိုပါ။ ဝင်္ကပါတောင်သို့သာ ကျွန်ုပ် သွားပါအံ့" ဟု ဆို၏။
ဤသို့လျှင် ဝေဿန္တရာမင်းကြီးက လက်မခံသဖြင့် ဆွေတော် မျိုးတော်တို့သည် ဝေဿန္တရာတို့ မိသားစုအား အထူးပြုစုကြသည်။ ဝေဿန္တရာတို့လည်း ထိုဇရပ်၌ပင် တစ်ညအိပ်သည်။ နောက်တစ်နေ့ စောစောတွင် ခရီးဆက်ကြသည်။ ဆွေတော်မျိုးတော်တို့က ခရီးလမ်းကို ညွှန်ကြားလိုက်ကြလေသည်။
နောက်ဆုံးတွင် ဝေဿန္တရာ၊ မဒ္ဒီဒေဝီနှင့် သားတော်၊ သမီးတော်တို့သည် ဝင်္ကပါတောင်ဝှမ်းသို့ ရောက်ရှိလာကြသည်။ သိကြားမင်းသည် သာယာသော နေရာတစ်ခု၌ ကျောင်းသင်္ခမ်း နှစ်ဆောင်ကို အသင့်ဖန်ဆင်းပေးထားသည်။ ရသေ့ ပရိက္ခရာတို့ကိုလည်း အသင့်ပြင်ထားသည်။
ဝေဿန္တရာမင်းသည် ကျောင်းသင်္ခမ်းသို့ ရောက်သောအခါ ရသေ့ရဟန်းပြုသည်။ မဒ္ဒီဒေဝီလည်း ရသေ့အသွင် ဝတ်သည်။ သားတော်ဇာလီနှင့် ကဏှာဇိန်တို့ကိုလည်း ရသေ့ငယ်ကလေးများအသွင် ဝတ်ပေးသည်။ ကျောင်းသင်္ခမ်းတစ်ခုတွင် ဝေဿန္တရာမင်းကြီးက သီးခြားနေသည်။ အခြားကျောင်းသင်္ခမ်းတွင် မဒ္ဒီဒေဝီနှင့် သားတော်သမီးတော်တို့ နေသည်။
မဒ္ဒီဒေဝီက ဝေဿန္တရာမင်းကြီးအား "အရှင်၊ ကျောင်းသင်္ခမ်း၌သာ သားတော်သမီးတော်တို့နှင့် နေတော်မူပါ။ အကျွန်ုပ်သည် နေ့စဉ် သစ်သီးရှာဖွေ၍ လုပ်ကျွေးပြုစုပါမည်" ဟု လျှောက်ထား၏။ ဝေဿန္တရာကလည်း လက်ခံတော်မူ၏။
ထိုနေ့မှစ၍ မဒီဒေဝီသည် နေ့စဉ် စောစောထသည်။ သောက်ရေ၊ သုံးရေ ခပ်သည်။ မင်းကြီးအား မျက်နှာသစ်ရေ၊ တံပူတို့ကို ပေးသည်။ ကျောင်းသင်္ခမ်းကို တံမြက်လှည်းသည်။ ထို့နောက် သားတော် သမီးတော်တို့ကို မင်းကြီးထံထား၍ တောသို့ သစ်သီးရှာ ထွက်လေသည်။ ညနေချမ်းအခါသို့ ရောက်သောအခါ မဒ္ဒီဒေဝီသည် သစ်သီးများကို ယူဆောင်၍ ပြန်လာသည်။ ရင်သွေးများကို ရေချိုးပေးသည်။ ထို့နောက် သူတို့သည် ကျောင်းသင်္ခမ်းတံခါးဝ၌ သစ်သီးတို့ကို အတူစားကြသည်။ စား၍ ပြီးသောအခါ မဒ္ဒီဒေဝီသည် ရင်သွေးများကို ခေါ်ကာ မိမိကျောင်းသင်္ခမ်းသို့ သွားရောက်နေထိုင်သည်။
ဤသို့လျှင် သူတို့သည် ဝင်္ကပါတောင်၌ အေးငြိမ်းစွာ နေလာကြသည်မှာ ၇-လမျှ ကြာခဲ့လေပြီ။
(ဝေဿန္တရာဇာတ် အပိုင်း-၆ ဆက်တင်ပါမည်)

စာ နှင့် သိက္ခာ
ဟိုးတုန်းက....။ ကိုရင်ဘ၀ကပေါ့။ မှတ်သားခဲ့ဘူးတဲ့ ဆောင်ပုဒ် တစ်ပုဒ်ကို စဉ်းစားပြီး ဆောင်းပါး ရေးချင်စိတ်ပေါ်လာပါတယ်။ အကြောင်းရာကလည်း အများသိသင့်တဲ့ အကြောင်းရာဖြစ်တယ်လို့  ယူဆမိတာကိုး။ အဲဒီဆောင်ပုဒ်က အဓိက စာချဘုန်းကြီးများ၊ စာသင်သောတုဇန သံဃာများကို အားရှိစေတဲ့ စကားပါ။
စာတန်ခိုး
စာချ စာသင် အလုပ်ခွင်ဝယ် ၊
နေ့ စဉ်မွေ့ လျော် များသူတော်တို့ ၊
ရွှင်ပျော်လုံ့ လ သဒ္ဓါကြွ၍ ၊
ဉာဏစင်ဖြူ သင်ချ မူကား၊
ထိုသူ စီးပွါး သုတများသဖြင့် ၊
စဉ်းစားဉာဏ်ကြွယ် အမြင်ကျယ်၏၊
မကွယ်စေကာ ကိလေသာလည်း၊
သူငါ ယုတ်ကြမ်း ဖြစ်စတမ်းသို့ ၊
ဗရမ်းဗတာ ဖြစ်မလာဘဲ ၊
ဣဿာ မစ္ဆေရ မထကြွဘူး၊
ရာဂ ဒေါသော မာန မောတို့ ၊
အပြောကျယ်ကျယ် သေးငယ်ငယ်မှ၊
စ၍ပဟာန် တဒင်္ဂန်ဖြင့်၊
ဝိက္ခ မ္ဘန ပယ်နိုင်ကြသည်၊
သင်ချ အကျိုး စာတန်ခိုး။
( တောင်မြို့ ဆရာတော်၊
သမ္မောဟ၀ိနောဒနီအဋ္ဌကထာ)
သီလ သမာဓိ နဲ့ ပညာ တို့ ဖြစ်ပါတယ်။
ဒိုင်ယာလော့ဂ်
ဘလော့မှာ စာရေးသူ။ ။ ဟုတ်တယ်နော်?။
ဘလော့မှာ စာဖတ်သူ။ ။ ဟုတ်၊ ဟုတ်၊ ဟုတ်။
အဟမ်း... ဟမ်း ...ဟမ်း
...................................................................
မြတ်ရောင်နီ
( ၁၅၊ ၀၉ ၊ ၂၀၁၀ )
ပညာကို ဟမ်ဘာဂါလိုရောင်းနေတဲ့ ခေတ်
ဒီကနေ့ပညာသင်ကြားရေးစနစ်က စီးပွားရေးလုပ်ငန်းကြီးတွေအတွက်
ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးရုံသက်သက်ဖြစ်နေပြီး
တက္ကသိုလ်တွေဟာလည်း ဘွဲ့ရလုပ်သားတွေအစုလိုက် အပြုံလိုက်
မွေးထုတ်ပေးတဲ့ စက်ရုံကြီးတွေဖြစ်နေပြီ။
ဂဏန်းတွက်စက်ပျက်ရင် ဈေးမရောင်းတတ်
အမေရိကန်ပညာရေးလောကမှာ တစ်နေ့တခြားကျယ်သထက်
ကျယ်အောင်ကြားနေရတဲ့ ညည်းညူသံတွေဖြစ်ပါတယ်။
ဂဏန်းတွက်စက်ပျက်သွားတာနဲ့ ဈေးမရောင်းတတ်တဲ့ အရောင်းဈေးသည်တွေ၊
သူများရေးထားတဲ့ ပြဋ္ဌာန်းစာအုပ်မရှိရင် စာမသင်တတ်တော့တဲ့ ကျောင်းဆရာတွေ၊ ဘလူးပရင့်မရှိရင် ဘာမှမလုပ်တတ်တဲ့ အင်ဂျင်နီယာတွေ၊
အသင့်ဖော်စပ် ထုတ်လုပ်ပေးထားတဲ့ ဆေးဝါးတွေမရှိရင် လေချုပ်လေအောင့်ဖြစ်တဲ့
လူနာအတွက် လေဆေးလေးတောင် စပ်ပြီး ကုမပေးနိုင်တဲ့ ဆရာဝန်တွေပဲ များနေတယ်။ ကိုယ့်ဦးနှောက်နဲ့ကိုယ် စဉ်းစားတွေးခေါ်ပြီး လုပ်နိုင်ကိုင်နိုင်တဲ့
ပညာတတ်တွေ ရှားပါးသထက် ရှားပါးလာနေတယ်။
အခုကျောင်းတွေက ထွက်လာတာတွေက စာတတ်သူတွေချည်းပဲ။
ပညာတတ်မပါဘူးလို့ ပြောကြဆိုကြတာတွေလည်း မကြာမကြာကြားရတယ်။
အမေရိကန်မှာတင် မဟုတ်ဘူး။
နိုင်ငံပေါင်းစုံက ပညာရပ်နယ်ပယ်အားလုံးလိုလိုမှာ
ပြောဆိုညည်းတွားနေကြတဲ့ အသံတွေညံနေပါတယ်။
အစိုးရတွေက ဈေးတွက် တွက်ကြ
ပညာကိုတန်ဖိုးထားသူတိုင်းက ပညာရေးကိုစီးပွားရေးလုပ်ငန်းကြီးများလို သဘောထားလုပ်ကိုင်နေကြတာကို မနှစ်မြို့ကြဘူး။
တက္ကသိုလ်ဆရာတွေက မော်တော်ကားရောင်းသမားလို ကမ္ဘာလှည့်ပြီး
ကျောင်းကြော်ငြာရင်း နိုင်ငံတကာကျောင်းသားတွေ
စုဆောင်းနေတာကိုလည်း နှာခေါင်းရှုံ့ကြတယ်။
ပညာရေးကို စီးပွားရေးရဲ့လက်အောက်ခံအဖြစ် သဘောထားလာကြတာကို
တော်တော်ကို စက်ဆုပ်ကြတယ်။ စက်ဆုပ်ပေမယ့်လည်း ဘာမှမတတ်နိုင်ကြဘူး။ နိုင်ငံတိုင်းနိုင်ငံတိုင်းရဲ့ အစိုးရတွေ ကိုယ်တိုင်က ဘာမဆို 'ဈေးတွက်' တွက်ပြီး ဈေးရောင်းဈေးဝယ်လုပ်သလို လုပ်နေကြတာဆိုတော့
ပညာရှင်တွေ လက်မှိုင်ချနေကြရတော့တယ်။
ပညာကို ဟမ်ဘာဂါလိုရောင်း
ပညာကို ရှူးဖိနပ်ရောင်းသလို၊ ဟမ်ဘာဂါနဲ့ ကိုကာကိုလာရောင်းသလို
သဘောထားနေကြတော့ ပညာရဲ့တန်ဖိုးဟာတစ်နေ့တခြား ကျဆင်းလာခဲ့ရတယ်။
လူတွေဟာ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားတွေးခေါ်ပြီး ဆုံးဖြတ်ချက်ချဖို့ထက်
ကွန်ပျူတာဆီက အဖြေထုတ်ယူဖို့လောက်သာ အားသန်ကြတယ်။
ဒါမှမဟုတ်လည်း စာအုပ်တွေထဲက သဘောတရားတွေနဲ့ ဖော်မြူလာတွေကိုပဲ အားကိုးကြတယ်။ လူ့ဦးနှောက်ဟာ ကွန်ပျူတာလောက်တောင် အသုံးမကျတော့သလိုဖြစ်လာတယ်။ ဒီလိုနဲ့ကြာလာတော့ လူ့ဦးနှောက်နဲ့သတ်မှတ်တဲ့ လူ့တန်ဖိုးတွေနဲ့ လူသားစံနှုန်းတွေအားလုံးလိုလိုဟာ ယုတ်လျော့ကျဆင်းပြီး စံချိန်မမီဖြစ်ကုန်ကြတော့တယ်။
အိမ်ထောင်စနစ်
လူတွေနဲ့ပတ်သက်တဲ့ အိမ်ထောင်ဆိုတာပဲကြည့်။ ကမ္ဘာဦးအစက
လင်ရယ်၊မယားရယ်၊ အိမ်ထောင်ရယ်ဆိုတာမရှိဘူး။
ယောက်ျားမိန်းမတွေဟာ နွားအုပ်ကြီးထဲကနွားတွေလိုပဲနေကြတယ်။
ရေကြည်ရာ မြက်နုရာ အုပ်စုလိုက်ရွှေ့ပြောင်းသွားလာ နေထိုင်ကြတယ်။
နောက်တော့ စိုက်ပျိုးစားသောက်လာတတ်ပြီး အခြေတကျရွာတည်နေလာကြတယ်။
အဲဒီတော့မှ လင်ရယ်၊ မယားရယ်လို့ သတ်သတ်မှတ်မှတ်နဲ့ အိုးအိမ်တည်ဆောက်နေထိုင်တယ်။ အဲဒီအဆင့်ကို ယဉ်ကျေးလာတဲ့အဆင့်(Civilized)လို့သတ်မှတ်တယ်။
ဒါတောင် တစ်လင်တစ်မယားမဟုတ်သေးဘူး။ စစ်နိုင်လို့ ဖမ်းဆီးခေါ်ဆောင်လာတဲ့ မိန်းမတွေကို ယောက်ျားတွေက မယားအဖြစ်ထားတဲ့အတွက် ယောက်ျားတစ်ယောက်နဲ့ မယားအများအပြားနေလာကြတယ်။ နောင်ယဉ်ကျေးမှု အဆင့်မြင့်သထက်မြင့်လာမှ တစ်လင်တစ်မယားစနစ်ကို ဥပဒေတွေဘာတွေပြုပြီး ပြဋ္ဌာန်းသတ်မှတ်ခဲ့ကြတယ်။
အဖော်ဆိုတဲ့နေနည်း
ဟော အခုတော့ အိမ်ထောင်ဆိုတာ လူသားများရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်တဲ့အချုပ်အနှောင်လိုဖြစ်တယ်။ ခေတ်မမီတော့ဘူး။
ဘယ်သူ့ဘယ်သူမှ ချုပ်နှောင်မထားတဲ့ အတူနေချင်စိတ်ရှိတဲ့အခိုက် အတူနေ၊ နေချင်စိတ်မရှိတဲ့အခါ ကိုယ့်ဟာကိုယ်နေဆိုတဲ့ အယူအဆကို လက်ခံကျင့်သုံးပြီး 'အဖော်'(Companion)လို့ ခေါ်ကြတဲ့ နေနည်းမျိုးနဲ့နေထိုင်ကြတာတွေ အနောက်နိုင်ငံတွေမှာ တော်တော်လေးကျင့်သုံးနေကြတယ်။ ပြင်သစ်ကတွေးခေါ်ပညာရှင်ကြီး နှစ်ယောက်ဖြစ်တဲ့ ယန်းပေါဆတ်နဲ့ ဆီမွန်ဒီဘူဗွားတို့ဆိုရင် လက်မထပ်ဘဲနဲ့ တစ်သက်လုံး (Life companion) ဆိုပြီးနေသွားကြတယ်။ တချို့ကတော့ အတူနေပြီး ကလေးတစ်ယောက် နှစ်ယောက်မွေးပြီးမှ လက်ထပ်တာမျိုးလည်းရှိတယ်။ အိမ်ထောင်နဲ့ မိသားစုဆိုတဲ့ နှုန်းစံတွေ ပြောင်းလဲသွားပုံကိုပြောတာပါ။
ဆန့်ကျင်ဘက်ထိပြောင်းလဲ
မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်ပုံဆိုရင်လည်း စစ်မဖြစ်မီ ခေတ်ကဆိုရင်
ခြေမျက်စိဖုံးတဲ့ ဂါဝန်ရှည်ပွပွကြီးတွေကို အတွင်းက ရင်စည်းကျပ်ကျပ်ခံပြီး ၀တ်ကြတာပါ။ မိန်းကလေးရဲ့ အပျိုစင်ဘ၀ကိုလည်း အသက်နဲ့ထပ်တူ တန်ဖိုးထားကာကွယ် စောင့်ရှောက်ကြပါတယ်။ လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိလာတဲ့ မိန်းကလေးမျိုးဆိုရင်ရွာကနေ နှင်ထုတ်တဲ့အထိတောင် ကဲ့ရဲ့ရှုတ်ချလေ့ရှိတယ်။
ဟော အခုခေတ်တော့ ၀တ်ပုံဆင်ပုံတွေ လျှပ်ပေါ်လော်လီကြပုံတွေများ ပြောတောင်မပြတတ်တော့အောင် ကမ်းကုန်နေကြပါပြီ။
အလယ်တန်းရွယ် ဆယ့်သုံးဆယ့် လေးနှစ်သမီးအချင်းချင်း အပျိုစင်အဖြစ်ရှိနေသေးတယ်ဆိုရင် ကဲ့ရဲ့ကြသတဲ့။ လူမှုရေးပေါင်းသင်း ဆက်ဆံရေးညံ့ဖျင်းတယ်ဆိုပြီး ဝေဖန်ကြသတဲ့။ လူ့တန်ဖိုးတွေပြောင်းလဲသွားပုံကို ကြည့်ပါဦး။ ဆန့်ကျင်ဘက်သဘော ဖြစ်သွားတဲ့အထိကို ပြောင်းကုန်ကြတာ မဟုတ်လား။
အနုတ်လက္ခဏာများများ
လူမှုရေးနယ်ပယ်အတွင်းက တန်ဖိုးတွေနဲ့ နှုန်းစံတွေပြောင်းလဲမှု အတော်များများဟာ အပေါင်းလက္ခဏာဆောင်တာကနည်းနည်း၊ အနုတ်လက္ခဏာဆောင်တာကများများ ဖြစ်နေတာတွေ့ရတယ်။ စိတ်ဓာတ်နဲ့ စရိုက်တွေကလည်း မယုံနိုင်လောက်တဲ့ အထိကို ကြမ်းကြုတ်ခက်ထန်ကုန်ကြတယ်။ အရူးတစ်ယောက်ကိုယ်မှာ ယမ်းထုပ်တွေပတ်ချီပေးပြီး ဈေးထဲလျှောက်ပြေးနေတုန်း အဝေးထိန်းခလုတ်နှိပ်ဖောက်ခွဲတာမျိုး ဘယ်ခေတ်ကရှိခဲ့ဖူးလို့လဲ။ ခရီးသည်တွေအပြည့်ပါတဲ့ လေယာဉ်ပျံကြီးတွေကိုအပိုင်စီးပြီး လူနေအဆောက်အအုံကြီးကို ဝင်ဆောင့်တာမျိုးလည်း ဘယ်တုန်းကကြားဖူးလို့လဲ။ မောင်းသူမဲ့လေယာဉ်ပျံပေါ် ဗုံးတွေတင်ပြီး မူလတန်းကျောင်းကလေးပေါ် ကျကျ၊ ဆေးရုံပေါ်ကျကျ၊ ကျချင်တဲ့နေရာ ကျ။ မကောင်းသူထိပ် ကောင်းသူထိပ်ဆိုပြီး ဗုံးကြဲချတာမျိုးရော ဘယ်အခါကကြားဖူးလို့လဲ 'ရက်စက်မှု အပေါင်းသရဖူဆောင်းတော့သည်' လို့ကိုပြောရတော့မယ့် ခေတ်ကြီးပဲ။
ပညာမတတ်ဘွဲ့ရတွေ တစ်ပုံကြီး
အနုတ်လက္ခဏာတွေများပြီး ဆုတ်ကပ်ကြီးဖြစ်နေရတဲ့ အဓိကအကြောင်းရင်းကတော့ လူသားတွေ ဥာဏ်ရည်ယုတ်လျော့ကျဆင်းလာတာပဲ ဖြစ်လိမ့်မယ်လို့ ယူဆတယ်။ နိုင်ငံတိုင်းလိုလိုမှာပဲ စာမေးပွဲအောင်ပြီး ဘွဲ့လက်မှတ်ရဖို့လောက်ကိုသာ ကျောင်းတွေနဲ့ တက္ကသိုလ်တွေက အာရုံစိုက်လုပ်နေကြပြီး ကိုယ်ပိုင် ဥာဏ်နဲ့ဆင်ခြင်စဉ်းစားနိုင်တဲ့ အသိဥာဏ်ပညာမြင့်မားဖို့ကို လျစ်လျူရှုထားခဲ့ကြတယ်။ ရလဒ်က ပညာမတတ်တဲ့ ဘွဲ့ရတွေ တစ်ပုံကြီးပေါ်ထွက်လာတာပဲ ဖြစ်တယ်။
သူတို့တစ်တွေဟာ သူများရေးထားတဲ့ စာတွေအလွတ်ကျက်ပြီး စာမေးပွဲအောင်လာကြတာပဲရှိတယ်။ လက်တွေ့မှာတော့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘာတစ်ခုမှကိုင်တွယ် ဖြေရှင်းနိုင်ကြတာ မဟုတ်ဘူး။
ပြဇာတ်မင်းသာလို တရားဟောသင့်ပါသလား
အေးသီတာဝင်း
MCC မြိတ်
အဖြေ။ ။ တရားဟောတဲ့နေရာမှာ အသံရှည်ဖြင့် ဆွဲငင်ပြီး တရားမဟောကောင်းပါ။ ဘာကြောင့်လဲဆိုရင်..အသံရှည်ဆွဲငင်ဟောကြားတဲ့ အတွက် ဘုရားရှင်ရဲ့အလိုတော်နဲ့ဆန့်ကျင်နေတဲ့အပြင် အပြစ်ငါးပါး ဖြစ်လို့ပါပဲ။ အပြစ်ငါးပါးက…
(၁) မိမိအသံ၌ မိမိသာယာခြင်း။
(၂) တရားနာသူတို့က တရားကိုမမက်၊အသံကိုသာတပ်မက်ကြခြင်း။
(၃)ပညာရှိသူတို့က ကဲ့ရဲ့အပြစ်တင်မှုကို ခံရခြင်း။
(၄) အသံကောင်းအောင်လုံ့လပြုရသဖြင့် သမာဓိပျက်ရခြင်း။
(၅) နောက်နောက်ပုဂ္ဂိုလ်တို့ အတုလိုက်၍ ဟောကြားမှုတို့ကြောင့် သာသနာပျက်ကွယ်ရခြင်း တို့ဖြစ်ကြပါတယ်။
(အဂုင်္တ္တိုရ်ပါဠိတော်၊ နှာ၊၂၁၉၊ ဋ္ဌ ၊ ၇၈)
ပြီးတော့ တရားကို အသံလုပ်ပြီးဟောတဲ့နေရာမှာ အသံကိုပဲချီးမွန်းခံရတယ်။ တရားကတော့ပျောက်သွားတယ်။ တရားဖက်မလည်တော့ ဘဲ ၊ တဏှာဖက်ကို လည်သွားတယ်။ ဒါနဲ့စပ်လို့ ဘုရားရှင်လက်ထက်တော်အခါက ဆဗ္ဗဂ္ဂီ လို့ခေါ်တဲ့ စောင့်စည်းမှုမရှိကြတဲ့ ရဟန်းတစ်စု ရှိကြတယ်။ ထိုရဟန်းတစ်စုဟာ တရားဟောတဲ့အခါ အသံလုပ်ပြီးဟောကြတယ်။ ဒါကို တွေးတတ်တဲ့လူများက “ဒီရဟန်းတွေဟာ တရားတော်ကို သီချင်းဆိုသလို ဆိုကြတယ်” လို့ ကဲ့ရဲ့ကြပါတယ်။ ဒီကဲ့ရဲ့တဲ့သတင်းဟာ နောက်ဆုံး ဘုရားရှင်ထံရောက်သွားတယ်။ ထိုအခါ ဘုရားရှင်က “ရဟန်းတို့…အသံရှည်ဆွဲပြီး သီချင်းသံဖြင့် တရားတော်ကို သီဆိုမဟောအပ်၊ တကယ်လို့ ဟောပါက ထိုရဟန်းအား ဒုက္ကဋ် အာပတ်သင့်စေ” လို့ သိက္ခာပုဒ်ပညတ်တော်မူခဲ့ပါတယ်။ ဒါကြောင့် တရားတော်ကို သီချင်းဆိုသလို အသံလုပ်ဟောနေကြတဲ့ရဟန်းတော်များဟာ ဘုရားစကားတော်ကို ဆန့်ကျင်တဲ့အတွက် အပြစ်ဖြစ်ပါတယ်၊ မဟောကောင်းဘူးဆိုတာဖြေကြားပေးလိုက်ပါတယ်။
စာရေးသူ- ဦးကောဝိဒ(မြိတ်) | ရက်စွဲ- Thursday, September 16, 2010
A Hole In The Heart

http://records.photodharma.net/?p=1448
သမားကိုင်ဆေးစွမ်းကောင်းများ
ကျွန်တော်များ၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင်များလက်ထက် ဘိုးစဉ်ဘောင်ဆက်မှ ဆင်းသက်လာသော ဆေးနည်း၊ ဆေးအမည်များ ဖြစ်ပါသည်။ ကျွန်ုပ်တို့တတွေသည် ဤတိုင်းပြည်တွင် မွေးဖွား၍ ဤတိုင်းပြည်၏ တော၊ တောင်၊ ရေ၊ မြေ သဘာဝအလျောက် ကြီးပြင်းလာကြသူများဖြစ်သည့် အားလျော်စွာ ဤတိုင်းပြည်အတွင်းရှိသော သစ်ပင်များမှရသည့် အသီး၊ အပွင့်၊ အခေါက်၊ အရွက်၊ အမြစ်တို့မှ ရုက္ခဗေဒဆေးများ၊ တော၊ တောင်၊ ရေ၊ မြေတို့မှ သဘာဝအလျောက်ထွက်ရှိသော ဆေးပစ္စည်းများနှင့် ဖော်စပ်ထားသော တိုင်းရင်းဆေးများကို သုံးစွဲခြင်းအားဖြင့် ရောဂါဝေဒနာများ ပျောက်ကင်းချမ်းသာကြမည်ဖြစ်ပါသည်။
ကျွန်တော်များ၏ တိုင်းရင်းဆေးသည် ဝေဒနာတခု အမြစ်ပြတ် ပျောက်ကင်းမသွားသည့်တိုင် အထူးသက်သာမှုရရှိနိုင်ပါသည်။
ဘေးထွက်ဆိုးကျိုး (Side Effect) မဖြစ်စေနိုင်ပါ။ အချို့ဆေးများဆိုလျှင် ရောဂါအမြစ်ပြတ် ပျောက်ကင်း၍ အလားတူဝေဒနာမျိုး လုံးဝမဖြစ်တော့ပါ။ တခုတင်ပြလိုသည်မှာ ဆေးကို စွဲစွဲမြဲမြဲ သုံးစွဲရန်လိုပါသည်။
အချို့ပုဂ္ဂိုလ်များသည် ဆေးကို နှစ်ရက် သုံးရက်ခန့်စားပြီး မထူးခြားဟုဆိုကာ ဆက်မစားဘဲ ရပ်ပြစ်လိုက်ခြင်းမျိုးလည်း ရှိပါသည်။ တိုင်းရင်းဆေးဆိုသည်မှာ စွဲစွဲမြဲမြဲစားကြည့်မှ တဖြည်းဖြည်း သက်သာပျောက်ကင်းသွားသည်လည်း ရှိပါသည်။ ထို့ကြောင့် ဆေးဖော်စပ်၍ စားမည်ဆိုပါက ဆေးတဖုံလုံးကုန်အောင် စားသုံးမှသာလျှင် သက်သာပျောက်ကင်း ချမ်းသာမည်ဖြစ်ပါသည်။
ပထမဦးစွာပြမည့် ဆေးနည်းကောင်းများမှာ အနာဂတ်ကာလ ကျွန်ုပ်တို့တိုင်းပြည်အား ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ပေးကြမည့် သားကောင်း သမီးကောင်း ရတနာလေးများအတွက် ဖော်ပြသွားမည်ဖြစ်ပါသည်။
ဆေးနည်း အမှတ် (၁)
ဆရာကြီး ဦးသိုက်ထွန်း၏ သူငယ်နာပေါင်းချုပ်ဆေး
၁။ ဆိပ်ဖူး+လင်းနေ ၁-ကျပ်သားစီ
၂။ တြိကဋုက်သုံးပါး ၁-ကျပ်သားစီ
၃။ နွားမြေရင်း+ကလောဆန် ၁-ကျပ်သားစီ
၎။ အမဲတစို့+ဝါးတစို့ ၁-ကျပ်သားစီ
၅။ ဣဿရမူလီ+ကြက်ဆူရိုးနီမြစ် ၁-ကျပ်သားစီ
၆။ မုန်ညက်ဆန်+ကြက်ဆူရွက် ၁-ကျပ်သားစီ
၇။ ကန့်ထိုက်+ဆေးဒန်း ၁-ကျပ်သားစီ
၈။ ရှိန်းခို+သားလှကျေးဇူး ၁-ကျပ်သားစီ
၉။ ဝက်မြေရင်းခေါင်း ၁-ကျပ်သား
၁၀။ မုန်ညင်းခေါင်း ၁-ကျပ်သား
စသည်တို့ ဖြစ်ပါသည်။
ဆေးဖော်စပ်ပုံ-
အထက်ပါဆေးအမည်အားလုံးကို အမှုန့်ပြုပြီး ဆန်ပုံးရည်ဖြင့်ရော၍ စရနယ်ပါ။ ၄င်းနောက် ၁ဲ-သားခန့် အလုံးလေးများပြုလုပ်ပြီး အရိပ်တွင် ခြောက်အောင်လှန်းပါ။ ၄င်းနောက် လေလုံသောပုလင်းတွင် ထည့်ထားကာ အေး၍ခြောက်သွေ့သောနေရာတွင် ထားပါ။
ဆေး၏အကျိုးသွား-
ကလေးသူငယ်နာ၊ ဝမ်းဖောဝမ်းရောင်၊ ကိုယ်ပူဖျား၊ အသည်းခြောက်၊ ရေငတ်စသည်တို့ဖြစ်ပါက ကွမ်းရွက်သတ္တုရည် (သို့) ပြုတ်ရည်ဖြင့်၎င်း၊ ကြောင်ပန်းရွက်၊ လင်းနေရွက် စသည်တို့ဖြင့်၎င်း ရောစပ်ကာ တိုက်ကျွေးနိုင်ပါသည်။
ဆေးအသုံးပြုပုံ-
ကလေးများ ထိတ်လန့်ပြီးငိုသော် ဆေးတလုံးတိုက်ပြီး အခြားသောဆေးတလုံးကို ကျောက်ပျဉ်တခု စင်ကြယ်အောင်ဆေး၍ သွေးပြီးလျှင် မျက်စဉ်းခတ်ပေးပါ။ ကောင်းစွာအိပ်ပျော်သွားပေမည်။ ကလေးအရွယ်ကိုလိုက်၍ ဆေးလုံးတလုံးမှ နှစ်လုံးထိ တိုက်ကျွေးနိုင်ပါသည်။
(မှတ်ချက်) စရနယ်ဆိုသည်မှာ အားလုံးရော၍ စုပေါင်းပြီး နယ်ခြင်းကို ခေါ်ပါသည်။
သတ္တုရည်ဆိုသည်မှာ အစိမ်းကို ထုထောင်းပြီး အရည်ကိုညှစ်ယူခြင်း ဖြစ်ပါသည်။
ဆေးနည်း အမှတ် (၂)
ဆရာကြီးဦးရှိန်၏ သူငယ်နာ ချွဲအန်ဆေး
၁။ ဇာတိပ္ဖိုလ်သီး ၂-ပဲသား
၂။ လေးညင်း ၂-ပဲသား
၃။ စမုန်နက်မီးသင်း ၄-ပဲသား
၎။ ဒုတ္ထာ ၈-ပဲသား
၅။ ကျောက်ချဉ် ၁-ကျပ်သား
စသည်တို့ ဖြစ်ပါသည်။
ဆေးဖော်စပ်ပုံ-
အထက်ပါဆေးစုကို ညက်စွာအမှုန့်ပြုပြီး လေလုံသောပုလင်း၌ ထည့်ကာ အေး၍ခြောက်သွေ့သောနေရာတွင် ထားပါ။
ဆေး၏အကျိုးသွား-
ကလေးသူငယ်များ ချွဲကျပ်ခြင်း၊ ချွဲပိတ်ဆို့၍ အသက်ရှူကျပ်ခြင်း၊ လူးလဲခြင်း စသည်တို့ ပျောက်ကင်းစေပါသည်။
ဆေးအသုံးပြုပုံ-
၁။ တလ နှစ်လသားအရွယ် ဆန်စေ့တစေ့ခန့် တိုက်ပါ။
၂။ သုံးလ လေးလ ငါးလသားအရွယ် ရွေးစေ့တစေ့ခန့် တိုက်ပါ။
၃။ ခြောက်လအထက် တနှစ်သားအရွယ်ထိ ရွေးကြီးခန့်တိုက်ပါ။
ဆေးတိုက်ပြီး မကြာမီ ချွဲများ၊ အန်ထုတ်ကာ သက်သာပျောက်ကင်း သွားပါမည်။
ဆေးနည်း အမှတ် (၃)
ဆရာကြီး ဦးသီလ၏ သွေးဝမ်းပျောက်ဆေး
၁။ အခွံချွတ်ပြီး ရာတန်စေ့ ၁၅-ကျပ်သား
၂။ ပဉ္စကာနီသီး ၅-ကျပ်သား
၃။ ဇာတိပ္ဖိုလ်သီး ၅-ကျပ်သား
စသည်တို့ဖြစ်ပါသည်။
ဆေးဖော်စပ်ပုံ-
အထက်ပါဆေးစုကို အမှုန့်ပြုပြီး လေလုံစွာထည့်ကာ အေး၍ခြောက်သွေ့သောနေရာတွင် ထားပါ။
ဆေးအကျိုးသွား-
အပူလွန်၍ ဝမ်းသွားခြင်း၊ သွေးဝမ်းပါခြင်း၊ ဝမ်းဖောဝမ်းရောင်၊ ဝမ်းကိုက်ဖြစ်ခြင်း၊ ဝမ်းရစ်နာပြီး အရိအရွဲ ပါခြင်း၊ အစားမှား၍ ဝမ်းသွားခြင်းများအပြင် လူကြီးများ ဒူလာဝမ်း၊ မီးယပ်ဝမ်းများပါ ပျောက်ပါသည်။ ၄င်းပြင် အမျိုးသမီးများ သွေးလွန်ခြင်းကို ထိန်းချုပ်ပေးနိုင်ပါသည်။
ဆေးအသုံးပြုပုံ-
ကလေးငယ်များ အသက်လိုက်၍ ရွေးလေးခန့်(ပဲဝက်ခန့်) မှ ရွေးကြီးတစေ့ ၁ဲ-သားခန့် သကြားအနည်းငယ် ရော၍တိုက်ပါ။ တနေ့ ၃-ကြိမ်တိုက်ပေးပါ။ (ရေကျက်အေးဖြင့် တိုက်ရပါမည်)
လူကြီးများ ၁ဲ-သားမှ ၂-သားထိ၊ သကြားတဇွန်းဖြင့်ရော၍ သောက်ပါ။
ဆေးနည်း အမှတ် (၄)
ရွှေတလေး လေဆန်နာပျောက်ဆေး
၁။ မင်းကိုကာဥ အခြောက် ၁၀-ကျပ်သား
၂။ ရှိန်းခို (မြန်မာ) ၃-ကျပ်သား
ဖြစ်ပါသည်။
ဆေးဖော်စပ်ပုံ-
မင်းကိုကာဥအခြောက်ကို ထုထောင်း၍ ရေနွေးတပန်းကန်တွင် ရှိန်းခို ၃-ကျပ်သားထည့်၍ ဖျော်ထားပြီး ထုထားသည့် မင်းကိုကာဥ ထည့်ပါ။ ၄င်းနောက် မီးဖြင့် လှော်ပါ။ ခြောက်လျှင် ပြန်စိမ်ပါ။ မီးဖြင့် လှော်ပါ။ ထိုကဲ့သို့ ရေကုန်သည်အထိ စိမ်လိုက်၊ လှော်လိုက်လုပ်ပြီး အမှုန့်ပြုပါ။ လေလုံသောပုလင်းတွင်ထည့်ပြီး ခြောက်သွေ့သော နေရာတွင်ထားပါ။
ဆေးအကျိုးသွား-
ကလေးသူငယ်များ လေထိုး၊ လေအောင်ခြင်း၊ ဝမ်းသက်၍ လေနာခြင်း၊ ရင်ခေါင်းတောင့်တင်းခြင်း၊ ခြေဖျား၊ လက်ဖျားများ အေးခြင်း၊ ကော့ကန်၍နေခြင်း၊ နို့မစို့ဘဲ နေခြင်း၊ နို့အန်ခြင်း စသည်တို့ကို ပျောက်ကင်းစေနိုင်ပါသည်။
ဆေးအသုံးပြုပုံ-
၁-လမှ ၂-လထိ ပဲဝက်ခန့် တိုက်ပါ။
၃-လမှ တနှစ်ထိ ၁-ဲသားခန့် တိုက်ပါ။
၁-နှစ်မှ ၅-နှစ်ထိ ၂ဲ-သားခန့် တိုက်ပါ။
နံနက်တကြိမ် ညတကြိမ် ရေအေးဖြင့် တိုက်နိုင်ပါသည်။
ဆေးနည်း အမှတ် (၅)
ကလေးအဖျားပျောက်ဆေး-
၁-ဆိပ်ဖူး ၁-ကျပ်သား
၂။ လင်းနေ ၁-ကျပ်သား
၃။ ဣဿရမူလီ ၁-ကျပ်သား
၎။ နွားမြေရင်း ၁-ကျပ်သား။
၅။ ရှိန်းခို ၁-ကျပ်သား
၆။ ဆေးဒန်း ၁-ကျပ်သား
၇။ ကန့် ၁-ကျပ်သား
စသည်တို့ ဖြစ်ပါသည်။
ဆေးဖော်စပ်ပုံ-
အထက်ပါ ဆေးစုများကိုညက်စွာအမှု့န်ပြုပြီး လေလုံသော ပုလင်းတွင် ထည့်၍ထားပါ။
ဆေးအကျိုးသွား-
ကလေးများကျောပူ ခေါင်းပူထခြင်း၊ ကိုယ်ပူ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ချွဲကျပ်ခြင်း၊ လေထိုးလေအောင့်၊ လေနာခြင်း စသည်တို့ ပျောက်ကင်းစေနိုင်ပါသည်။
ဆေးအသုံးပြုပုံ-
ကလေးတလသားမှ လေးနှစ်သားအထိ အသက်ကိုလိုက်၍ ချိန်ဆပြီး တိုက်ကျွေးနိုင်ပါသည်။ အနည်းဆုံး ပဲဝက်မှ ၂ဲ-သားထိ တိုက်ပါ။ ကိုယ်ပူ၍ ဖျားသော် ကွမ်းရွက်ပြုတ်ရည်ဖြင့် နံနက်-ည ၂-ကြိမ် တိုက်ပါ။
လေထိုး၊ လေအောင့်၊ လေနာ၊ ချောင်းဆိုး၊ ချွဲကျပ်သော် သနပ်ခါးဖြင့် သွေး၍လိမ်းပေးပါ။ သောက်ဆေး လိမ်းဆေး၊ အုပ်ဆေး အဖြစ် ဉာဏ်ရှိသလို သုံးစွဲနိုင်ပါသည်။
ရှေ့ဆောင်တင်ဆွေ
(မြဝတီမဂ္ဂဇင်း ၂၀၀၃-ခု ဧပြီလ)
“အချစ်လဲမစောနဲ့ အပြစ်လဲမပြောနဲ့”
Wednesday, 15 September 2010 09:07 | Written by Administrator | PDF | | Print | | E-mail
အချစ်လဲမစောနဲ့ အပြစ်လဲမပြောနဲ့
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
(ဟေတု - အာရမ္မဏ)
အဘိဓမ္မာသဘော သက်သက်ဖြစ်တဲ့ ပဋ္ဌာန်းပစ္စည်း တရားတွေကို မှန်းဆပြီး အာရုံပြုနိုင်ဖို့ အတွက် အဋ္ဌကထာဆရာ အစရှိတဲ့ ရှေးဆရာ မြတ်များက လောက ဥပမာများနဲ့ ခိုင်းနှိုင်းဖွင့်ပြ ကြတော်မူကြပါတယ်၊ ဒီလိုခိုင်းနှိုင်း တာဟာလည်း အနုမာနသဘောနဲ့ မှန်းဆ ကြည့်နိုင်ရုံလောက် ပါပဲ၊ တကယ်တော့ ပရမတ္ထ သဘောနဲ့ လောကဝေါဟာရ ပညတ်သဘောတို့ဟာ ထပ်တူထပ်မျှ တူညီမှု ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ မှန်းဆပြီး ခိုင်းနှိုင်းတယ် ဆိုရာမှာလဲ ရှုမြင် တဲ့မြင်ထောင့် ကွဲပြားသလို မြင်ကွင်းကလဲ ပြောင်းလဲ သွားတာမို့ ခိုင်းနှိုင်းမှုများလဲ ပြောင်းလဲ သွားပါလိမ့်မယ်။ မြင်ထောင့်နဲ့ မြင်ကွင်း အလိုက် မြင်ရပုံကို ဘယ်လိုပဲ ခိုင်းနှိုင်းထားထား ဒါဟာ မှန်းဆ ကြည့်နိုင်ရုံမျှသာ ဖြစ်တယ်ဆို တာကိုတော့ သဘောပေါက် ထားရပါလိမ့်မယ်။ ဒါကို အလေးအနက် ပြောနေ ရတာကတော့ တချို့က ဥပမာကို အသေကိုင်ပြီး ပရမတ္ထ သဘောတွေကို ကိုယ်လိုချင်သလို ဆွဲယူတာတို့ ကြံစည် သင့်တဲ့အတိုင်း အတာကို ကျော်လွန်ပြီး အတွေးလွန် ကြတာ တို့ ကြုံရတတ်လို့ပါ။
အခုပြောမယ် ဟေတုပစ္စည်းနဲ့ အာရမ္မဏ ပစ္စည်းတို့ကိုလဲ တစ်ခုချင်း အလိုက် အဋ္ဌကထာဆရာ ဥပမာပေးခဲ့တာက ဟေတု ပစ္စည်းက ရေသောက်မြစ်နဲ့ တူတယ်၊ အာရမ္မဏပစ္စည်းက တောင်ဝှေး ကြိုးတန်းနဲ့ တူတယ်လို့ဆိုပါတယ်။ အာရမ္မဏပစ္စည်းကို တောင်ဝှေး ကြိုးတန်းနဲ့ တူတယ်ဆိုတာက သက်ရှိလောကရဲ့ အခြေခံဖြစ်တဲ့ ရုပ်တရားနဲ့ နာမ်တရား နှစ်မျိုးထဲမှာ သိမှတ် ခံစား ကြံစည်မှုဆိုတဲ့ နာမ်တရားတွေဟာ သူတို့ချည်း သက်သက်ဖြစ် ပေါ်နိုင်စွမ်းမရှိဘဲ ဆိုင်ရာ အာရုံတစ်ခုခုကို အာရုံပြုပြီးတော့မှသာ ဖြစ်နိုင်ကြတဲ့ တရားတွေဖြစ်ပါတယ်။ လောကမှာ ပင်ကိုယ်အစွမ်း သတ္တိနဲ့ ထထိုင်ရပ်သွားဆိုတဲ့ ဣရိယာပုထ် လေးပါးကို ပြုနိုင်စွမ်းမရှိကြသူ (မသန်မစွမ်းသူ)များဟာ တောင်ဝှေး ကြိုးတန်း တစ်ခုခုကို စွဲကိုင်အားပြုပြီးမှ ထခြင်း ထိုင်ခြင်း စသည်ကို ပြုလုပ်နိုင်ကြသလို သိမှုစတဲ့နာမ် တရားတွေဟာလဲ ဆိုင်ရာအာရုံတစ်ခုခုကို စွဲမှီအားပြုပြီးမှသာ ဖြစ်နိုင်ကြတာကို အကြောင်းပြုပြီး အာရမ္မဏ ပစ္စည်းဖြစ်တဲ့ အာရုံခြောက်ပါးတို့ကို တောင်ဝှေး ကြိုးတန်းနဲ့ ဥပမာပေးထားတာပါ။
တခြား မြင်ထောင့် တစ်မျိုးဖြစ်တဲ့ ဟေတုပစ္စည်း ဘက်ကနေ ကြည့်မယ်ဆိုရင်တော့ ရေသောက်မြစ် ခြောက်သွယ်နဲ့ပမာတူတဲ့ ဟိတ်ခြောက်ပါးဆိုတာ နာမ်တရားများပဲဖြစ်တဲ့အတွက် အာရုံခြောက်ပါးထဲက တစ်ပါးပါးကို အာရုံပြုမှီစွဲပြီးမှသာဖြစ်နိုင်တဲ့ တရား မျိုးဖြစ်ပါတယ်။ ဒါကြောင့် ဟိတ်ခြောက်ပါးဟာ သစ်ပင်တို့ရဲ့ရေသောက်မြစ်နဲ့ ပမာတူတယ်ဆိုရင် အာရုံခြောက်ပါးတို့ဟာ ရေသောက် မြစ်ရဲ့တည်မှီရာ မြေကြီးအထုနဲ့ ပမာတူတယ်လို့ ဆိုရပါလိမ့်မယ်။
အရင်တစ်ပတ်က ပြောခဲ့တဲ့အတိုင်း မြေကြီးဟာ ဘယ်အပင်အတွက် ဘယ်လိုအရသာကိုပေးမယ်ဆိုတဲ့ သီးသန့် ရည်မှန်းပြီးပေးတဲ့ ခွဲတမ်းဆိုတာမရှိဘူး။ အပင်တို့ကို ရေသောက်မြစ်က စုပ်ယူတဲ့ အတိုင်းသာ အရသာကို ရကြတာ ဖြစ်သလို အာရုံခြောက်ပါး တို့ဟာလည်း ဘယ်ပုဂ္ဂိုလ်အတွက်မှ ကုသိုလ်ဖြစ်စေç အကုသိုလ်ဖြစ်စေဆိုတဲ့ ခွဲတမ်းမရှိဘူး။ သတ္တဝါတို့ သန္တာန်မှာ အနုသယသဘော ပါရမီဓာတ်ခံ သဘောနဲ့ ရှိနေတဲ့ ဟိတ်ခြောက်ပါး ရေသောက်မြစ်များက ဦးဆောင်ရယူတဲ့အတိုင်းသာ ကုသိုလ်တရား အကုသိုလ်တရားများ ဖြစ်ပေါ်ကြရတာပါ။(အကုသိုလ် ရေသောက်မြစ်များကို အနုသယ၊ ကုသိုလ်ရေသောက်မြစ်များကို ပါရမီဓာတ်ခံ လို့ ပြောဆိုသုံးစွဲရပါတယ်)
ဒါကြောင့် အာရုံခြောက်ပါးတို့အပေါ်မှာ အချစ်လဲမစောနဲ့၊ အပြစ်လဲမပြောနဲ့၊ စစ်ကြောသုံးသပ်ပြီး မိမိရည်မှန်း ချက်ပြီး မြောက်အောင်သာ အသုံးချ တတ်ကြပါလို့ သတိပေးချင်ပါတယ်။
○ ○ ○ ○ ○ ○ ○ ○ ○ ○ ○
မျိုးစေ့နဲ့ ရေသောက်မြစ်
အာရမ္မဏ ပစ္စည်းအကြောင်း အကျယ်တဝင့်မပြောသေးမှီ ဟေတုပစ္စည်းနဲ့ ဆက်စပ်ပြီး စဉ်းစားစရာလေးတွေကို ထပ်ပြော ချင်ပါသေးတယ်။
သစ်ပင်တို့ရဲ့ အခွံအခေါက် ပင်စည် ရွက်ပွင့် အသီးအစေ့စသည်တို့မှာ ဖြစ်ပေါ်လာတဲ့ အရသာ အမျိုးမျိုးတို့ဟာ ရေသောက်မြစ်က တဆင့် မြေထဲကနေ စုပ်ယူပေးတဲ့ မြေဆီ ဓာတ်များ ပဲဖြစ်တယ်ဆိုတာ သဘောပေါက်ပြီးတဲ့အခါ အဲဒီအပင်တို့ရဲ့ ရေသောက်မြစ် တွေကကော အချိုဓာတ်ကို စုပ်ယူတဲ့ ရေသောက်မြစ်၊ အချဉ်ဓာတ်ကို စုပ်ယူတဲ့ ရေသောက်မြစ် စသည် ဘာဖြစ်လို့ ကွဲပြားကြသလဲ ဆိုတာ စဉ်းစားမိကြမှာပဲ၊ ပြီးတော့ ဒါဟာ မျိုးစေ့ထဲမှာတည်ရှိနေတဲ့ ဗီဇသတ္တိအားလျော်စွာ ကွဲပြားကြ တာပဲလို့လဲ သဘောပေါက် ကြမှာပါ။
ဒီလိုဆိုရင် သတ္တဝါတွေဟာ အာရုံခြောက်ပါးနဲ့ တွေကြတဲ့အခါ တစ်ချို့က လောဘစတဲ့ အကုသိုလ် မြစ်တွေဦးစီးပြီး အကုသိုလ် တရားတွေဖြစ်အောင် သုံးသပ်ကြတာတို့၊ တဟချို့က အလောဘစတဲ့ ရေသောက်မြစ်တွေနဲ့ ကုသိုလ်တွေဖြစ်အောင် သုံးသပ်ကြတာတို့ဟာလည်း သူတို့ရဲ့ ပဋိသန္ဓေစိတ်ဆိုတဲ့ ဗီဇမှာ အနုသယသဘော ပါရမီ ဓာတ်ခံသဘောနဲ့ပါရှိလာတဲ့ သတ္တိ အားလျော်စွာ ဖြစ်ကြတယ် ဆိုတာကို သဘောပေါက် ကြရမှာဖြစ်ပါတယ်။
ဒီနေရာမှာ အထင်ရှားဆုံး သာဓကအဖြစ် သာကီဝင်မင်းသားချင်း အတူတူဖြစ်တဲ့ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားနဲ့ ဒေဝဒတ်တို့ရဲ့ ပဋိသန္ဓေ ဗီဇဓာတ်နှစ်ခုကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ မြတ်စွာဘုရား အလောင်းတော်ဟာ သုမေဓာ သူဌေးသား ဘဝကတည်းက မိမိပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို အများအတွက် စွန့်လွှတ်ခဲ့တယ်၊ ရသေ့အဖြစ်နဲ့ ဈာန်အဘိညာဉ် ရရှိပြီးချိန်မှာ ဒီပင်္ကရာဘုရားရှင်နဲ့ နောက်ပါ သံဃာတော်တေ ကြွလာမယ့်လမ်းကို အများ စုပေါင်း ပြင်ဆင် နေချိန်နဲ့ ကြုံတွေ့တဲ့အခါ ရွံ့ညွန် တွေထူထပ်တဲ့ ဗွက်အိုင်ကြီးကို သူတစ်ပါးတွေ မပြင်လိုဘဲ ရှောင်ဖယ်ထားတာ သိလို့ အဲဒီအခက်ခဲ ဆုံးနေရာကို သူက တာဝန်ယူပြုပြင်တယ်၊ ဒီလိုပြုပြင်ရာ မှာလဲ ရရှိထားတဲ့ တန်ခိုး အဘိညာဉ်ကို အသုံးမပြုဘဲ ပင်ကိုယ်ကာယစွမ်း အားနဲ့ပဲ ကြိုးစားပြင်တယ်၊ ဘုရားရှင်နဲ့နောက်ပါ သံဃာတော်တွေြွကလာချိန်မှာ ခန္ဓာကိုယ် တစ်လျားစာလောက် ရွံ့ဗွက်ကို ဖို့လို့မပြီးတဲ့အခါ ကိုယ်ကို အလျားစင်းပြီး တံတားခင်းပေးခဲ့တယ်။ နိယတဗျာဒိတ်ကို မရမီကတည်းက စွန့်လွှတ်စိတ် အနစ်နာခံ စိတ်ထက်သန် ခဲ့တယ်လို့ ဆိုလိုတာပါ။
ဒီပင်္ကရာ ဘုရားရှင်နဲ့တွေ့လို့ နိယတဗျာဒိတ်ကို ရရှိပြီးတဲ့ နောက်မှာတော့ အထူးပြောစရာ မလိုတော့ပါဘူး။ စွန့်လွှတ်တဲ့ အလောဘ စိတ်ဓာတ်၊ ခွင့်လွှတ် သည်းခံနိုင်စွမ်းတဲ့ အဒေါသ စိတ်ဓာတ်၊ မတွေမဝေ စဉ်းစားသုံးသပ်တဲ့ အမောဟစိတ်ဓာတ်တွေ ဘဝစဉ်ဆက် ပွား များထုံမွှမ်းခဲ့တာပါ။
နောက်ဆုံး ဘုရားဖြစ်မယ့် ဘဝမရောက်မီ တုသိတာ နတ်ဘုံမှာ ဖြစ်တဲ့အခါ စကြဝဠာ တစ်သောင်းမှာရှိကြတဲ့ နတ်ဗြဟ္မာတွေက “လူနတ်ဗြဟ္မာသတ္တဝါ အပေါင်းကိုကယ်တင်ဖို့အတွက် လူ့ပြည်မှာပဋိသန္ဓေနေပြီး ဘုရားဖြစ်တော်မူပါ (ဘုရားဖြစ်အောင် ကျင့်တော်မူပါ) သတ္တဝါတွေကို ကယ်တင်တော်မူပါ” လို့ ဝိုင်းပြီး တောင်းပန်ကြတယ်။ အလောင်းတော် နတ်သားက ဘုရားဖြစ်ချိန် သင့်မသင့် အချိန်ကာလ၊ တည်နေရာကျွန်း၊ အရပ်ဒေသ၊ ဖြစ်သင့်တဲ့အမျိုးအနွယ်၊ မယ်တော်ရဲ့သက်တမ်းဆိုတဲ့ ကြည့်ခြင်းကြီး ငါးမျိုးတို့ကို ကြည့်ပြီးအချက်အလက် ပြည့်စုံတာကို သိပြီးတဲ့အခါ “သတ္တဝါတွေ ချမ်းသာစေဖို့ (ဒုက္ခက လွတ်မြောက်ဖို့)အတွက် လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေတော့မယ်၊ ဘုရားဖြစ်အောင် အားထုတ်မယ်၊ သတ္တဝါတွေ ချမ်းသာစေရမယ်”ဆိုတဲ့ မေတ္တာစိတ် အပြည့်နဲ့ နတ်ဗြဟ္မာအပေါင်းတို့ရဲ့ တောင်းပန်စကားကို လက်ခံလိုက်တယ်။ လူ့ပြည်ရွာဆင်းပြီး ပဋိသန္ဓေနေဖို့ ဆုံးဖြတ်လိုက်တယ်၊ လက်ရှိရရှိခံစားနေရတဲ့ နတ်စည်းစိမ်တွေကို ဘာမှထည့် မတွက်ဘူး၊ ကိုယ်ကျိုးအတွက် မစဉ်း စားဘူး၊ စွန့်လွှတ်တဲ့ အလောဘစိတ်၊ ခွင့်လွှတ်တဲ့ အဒေါသစိတ်၊ မေတ္တာစိတ်၊ လောကအကျိုးကို ချင့်ချိန်သုံးသပ်တဲ့ အမောဟစိတ်အပြည့်နဲ့ ဆုံးဖြတ်ပြီး နတ်သက်ကိုစွန့်ချွေကာ လူပြည်မှာ ပဋိသန္ဓေတည်နေခဲ့ပါတယ်၊ အဲဒါ နောက်ဆုံးဘဝ ဘုရားအလောင်း သိဒ္ဓတ္ထ မင်းသားရဲ့ ပဋိသန္ဓေ ဗီဇဓာတ်ဖြစ်ပေါ်လာပုံပါပဲ။
ပဋိသန္ဓေကိုဖြစ်စေတဲ့ ကံတွေအားလုံးဟာ စွန့်လွှတ်တဲ့အလောဘ၊ ခွင့်လွှတ်တတ် မေတ္တာထားတတ်တဲ့ အဒေါသ၊ သုံးသပ် ဆုံးဖြတ်နိုင်စွမ်းတဲ့ အမောဟဆိုတဲ့ အမြတ်စားရေသောက်မြစ်သုံးခုအတွက် ပြည့်စုံ လုံလောက်တဲ့ ပဋိသန္ဓေဗီဇဓာတ်ဖြစ်ပါတယ်၊
ဒါကြောင့်လဲ ဆိုင်ရာဋ္ဌာနများကို အမှီပြုပြီး ဆိုင်ရာအာရုံတို့နဲ့ တွေ့ကြုံရတဲ့အခါတိုင်း စွန့်လွှတ်စရာ၊ ခွင့်လွှတ်စရာ ဆင်ခြင်သုံးသပ်စရာအဖြစ်နဲ့သာ စုပ်ယူနိုင်ခဲ့တာဖြစ်လို့ အာရုံကို အချစ်စောခြင်းဆိုတဲ့ ကာမသုခလ္လိကာ နုယောဂ အစွန်း၊ အာရုံကို အပြစ်ပြောခြင်းဆိုတဲ့ အတ္တကိလမထာ နုယောဂအစွန်းတို့ကို လွန်မြောက်ပြီး အာရုံတို့ရဲ့ သဘောအမှန်ကို သိမြင်နိုင်စွမ်းရှိတဲ့ မဇ္ဈိမပဋိပဒါ လမ်းမှန်ကိုတွေ့ရှိ ကာ သဗ္ဗညုတ ဘုရားရှင် အဖြစ် ရောက်ရှိတော်မူခဲ့တာပါ။
သဗ္ဗညု ဘုရားရှင်အဖြစ် ရောက်ရှိတဲ့အခါမှာတော့ ပဋိသန္ဓေ ဗီဇဓာတ်မှာ ကတည်းက အလေ့ အထုံရင့်သန်လာခဲ့တဲ့ စွန့်လွှတ်မှု အလောဘရေသောက်မြစ်၊ ခွင့်လွှတ်မှု မေတ္တာဓာတ်အပြည့်ပါတဲ့ အဒေါသ ရေသောက်မြစ်၊ သိသင့်သိထိုက်တဲ့ တရားတို့ကိုသာမက တရားကို သိနိုင်စွမ်းရှိတဲ့ ဝေနေယျတို့ရဲ့ ပါရမီဓာတ်ခံအလို အဇ္ဈာသယ တို့ကိုပါ သုံးသပ် သိမြင်နိုင် စွမ်းရှိတဲ့ အမောဟ ရေသောက်မြစ်တို့ဟာ အတိုင်းထက်အလွန် သန်စွမ်းကြီးမား တော်မူကြလို့ လောကီအာရုံ ကာမဂုဏ်တို့ကို စွန့်လွှတ်နိုင်ဆုံးပုဂ္ဂိုလ်လဲဖြစ်၊ ဒေဝဒတ်နဲ့ သားတော် ရာဟုလာ၊ စိဉ္စမာနနဲ့ ယသော်ဓရာ၊ ဝိသာခါ ကျောင်းအမနဲ့ မာဂဏ္ဍီသူဌေးသမီးတို့ အပေါ်မှာပင် နှစ်မျိုးမပြား တစ်သားတည်း သဘောထားနိုင်တဲ့ မဟာကရုဏာသခင်၊ ကျွတ်ထိုက်တဲ့ ဝေနေယျတို့ကို ဆင်ခြင်သိမြင်ရာမှာ ရှင်တော်မြတ်ကိုယ်တိုင် ချေချွတ်မှ တရားအသိရမည့် နောက်ဆုံး မျက်မှောက်ဘဝက သုဘဒ္ဒပရဗိုရ်အထိ အြွကင်းအကျန်မရှိ သိနိုင်စွမ်းတဲ့ ပုဂ္ဂိုလ်မြတ်အဖြစ်နဲ့ အများနဲ့မဆက်ဆံတဲ့ သီးသန်ဉာဏ်တော်များကို ပိုင်ဆိုင်တဲ့ အသာဓာရဏ ဉာဏ်တော်ရှင်ကြီး ဖြစ်တော်မူရတာပါ။
ပါရမီဖြည့်စဉ် ကာလ တစ်လျှောက်ကစပြီး နောက်ဆုံး ဘုရားဖြစ်မူတဲ့အထိ ဘုရားရှင်ကို အမြဲတမ်း ရန်လိုဆန့်ကျင်ခဲ့တဲ့ ရှင်ဒေဝဒတ်ရဲ့ ဗီဇဓာတ်ကို ကြည့်မယ်ဆိုရင် ရွဲကုန်သည် ဘဝကတည်းက သူတစ်ပါးပစ္စည်းကို အချောင်ရလိုတဲ့ လောဘတရား ကြီးမားခဲ့သူ၊ အမှန်အကန် လုပ်တဲ့ ဘုရားအလောင်းကြောင့် သူအချောင်ရဖို့ ကြိုးစားခဲ့တဲ့ ရွှေခွက် မရခဲ့တာကို အကြောင်းပြုပြီး ဘုရားအလောင်းကို သံသရာရှည်သရွေ့ ဘယ်ဘဝမှာမဆို ရန်ငြိုးအာဃာတထားခဲ့သူ အမှန်တရားကို လက်မခံနိုင်သလို အမှန်တရား သိရှိဖို့ ဘယ်တော့မှ စိတ်ဝင်စားခြင်းမရှိအောင် မောဟထူခဲ့သူဖြစ်တယ်။
ဒါကြောင့်လည်း ဘုရား အလောင်းတော်နဲ့ တွေ့ဆုံရတဲ့ ဘဝတိုင်းမှာ ဘုရားအလောင်းက သူ့အပေါ်ဘယ် လောက်ကောင်းကျိုး ပြုထားထား အမြဲကျေးဇူး ကန်းတတ်သူ၊ ရက်စက်ခဲ့သူအဖြစ်နဲ့ ရပ်တည်ခဲ့ပါတယ်၊ ကျေးဇူးကန်းမှု ရက်စက်မှုတို့ကြောင့် အရှင်လတ်လတ် မြေမြိုပြီး အဝီစိငရဲအထိ ကျရောက်ခဲ့တဲ့ဘဝတွေ အများကြီး ကြုံခဲ့ပေမယ့်လည်း ဘယ်တော့မှနောင်တမရဘဲ လောဘ၊ ဒေါသ၊ မာန်မာန တွေနဲ့သာ ဘဝတိုင်းကျင်လည်ခဲ့ပြီး ဒီကံတွေနဲ့ ထုံးမွှမ်းထားတဲ့ အနုသယ ဓာတ်အပြည့်ရှိတဲ့ ဗီဇပဋိသန္ဓေနဲ့ နောက်ဆုံးဆုံတွေ့ရတဲ့ ဘဝမှာ တစ်မျိုးတစ်နွယ်တည်း ညီအစ်ကိုဝမ်းကွဲအဖြစ် လာရောက်ဆုံတွေ့ကြပါတယ်။
ရှည်လျားလှတဲ့ သံသရာမှာ တစ်အောင့် တစ်ခဏ အားကျ ဆည်းပူးခဲ့ဖူးတဲ့ လောကီ အဘိညာဉ်ဓာတ်ခံလေးနဲ့ အဲဒီလို ဘဝမှာပြုခဲ့ဖူးတဲ့ ကံကောင်း အထောက်အပံ့ကြောင့် ဘုရင့်သားတော်ဖြစ်ခဲ့တယ်၊ တခြားသာကီဝင်မင်းသား ငါးဦးတို့နဲ့အတူ သာသနာဘောင်လဲ ရောက်ခဲ့တယ်။ ကြိုးစားအားထုတ်မှုကြောင့် လောကီအဘိညာဉ်အထိတောင် ရရှိပိုင်ဆိုင်ခဲ့ပါတယ်။
ခန့်မှန်းကြည့်ရတာကတော့ ဘဝတစ်ခုခုမှာ လောကီ အဘိညာဉ် အစွမ်းပြတဲ့ မထေရ်တစ်ပါးပါးကို တွေ့ဖူးပါလိမ့်မယ်၊ မြင်ရသူတွေက တအံ့တဩငေးမော အားကျကြည်ညို ကြတာကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါလိမ့်မယ်၊ အများရဲ့ အထင်ကြီးလေးစားမှုကို ခံယူလို တဲ့စိတ်ထားနဲ့ပဲ အဲဒီမထေရ်မြတ်ထံမှာချဉ်းကပ်ပြီး ရဟန်းတရားနဲ့ အဘိညာဉ်အခြေခံ သမထ တရားများ ကိုလည်း ပွားများလေ့လာခဲ့ဖူး ပါလိမ့်မယ်၊ အဲဒီလိုကံတွေရဲ့ အကျိုးပေးခွင့်အရ အခုနောက်ဆုံး တွေ့ရတဲ့ဘဝမှာ မင်းသားလဲဖြစ် သာသနာ့ဘောင်လဲရောက် လောကီ အဘိညာဉ်အထိလဲ အားထုတ်ရရှိခဲ့တယ်လို့ ခန့်မှန်းကြည့်နိုင်ပါတယ်။
ဒါပေမယ့် သူလေ့လာဆည်းပူးခဲ့တဲ့ ကောင်းမှုများဟာ လူတွေအထင်ကြီး လေးစားခြင်းကိုခံလိုတဲ့ လောကီကျိုး အတွက်သာ ရည်ရွယ်ချက်ခဲ့တာဖြစ်ပြီး ကိလေသာ ကင်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ရည်ရွယ်ခဲ့တာ မဟုတ်လို့ အမြင့်ဆုံးကို ရည်မှန်းတဲ့ ပါရမီတော့မဟုတ်ခဲ့ ပါဘူး။ လောဘ ဒေါသစတဲ့ ကိလေသာ ဓာတ်တွေဟာ ပါရမီစစ်စစ်ဆိုတဲ့ ဓာတ်ကောင်းနဲ့ အစားမထိုးနိုင်သေးသမျှ လောကီကျိုး အတွက် ရည်မှန်းပြုလုပ်တဲ့ ကုသိုလ်ဆိုတာ ခွေးမြီးကောက်ကို စွပ်တဲ့ ကျီတောက်လောက်ပဲ ရှိတာမျိုးဖြစ်လို့ ဒီကုသိုလ် ကျီတောက်ဖြုတ် လိုက်တာနဲ့ တပြိုင်နက် မူလကအလေ့အလာသန်ခဲ့တဲ့ လောဘ ဒေါသ မာန်မာနတွေကလည်း ထောင်ထလာမြဲဖြစ်ပါတယ်။
ဒေဝဒတ်ဟာ သူရဲ့ကုသိုလ်ဓာတ်ခံ ရှိသလောက် အစွမ်းကုန် လောကီအဘိညာဉ်ကို ရပြီးလို့ ကုသိုလ်ကံ ကျည်တောက်ပြုတ် သွားတဲ့အခါမှာတော့ ခွေးမြီးကောက် ပမာဖြစ်တဲ့ ပင်ကိုဓာတ်ခံ လောဘ ဒေါသ မောဟတရားများဟာ ဇာတိရုပ်ပြလာပါတော့တယ်။
ဒါကြောင့်လဲ ဘုရားရှင် သာသနာတော်ကြီးနဲ့ ကြုံတွေ့ပြီး သာသနာတွင်း သားရဟန်း အဖြစ်ကိုရခဲ့ပေမယ့် သာသနာတွင်း သားရဟန်း တော်တို့ရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ကိလေသာ အာသဝေါကုန်ခန်းတဲ့ ရဟန္တာအဖြစ်ကို အားမကျဘဲ ရဟန္တာအရှင်မြတ်ကြီးတွေကို ဒကာ ဒကာမတွေက လေးစားကြည်ညိုပူဇော်ကြတဲ့ လာဘသက္ကာရတွေနဲ့ ထင်ပေါ်ကျော်ကြားမှုတွေကို အားကျပြီးနည်း မျိုးစုံနဲ့ရဖို့ ကြိုးစား ခဲ့ပါတယ်။
ဒါဟာ သူရဲ့ပဋိသန္ဓေ ဗီဇဓာတ်မှာ ကမ္ဘာနဲ့ချီပြီး ထုံမွှမ်း တည်ဆောက်ထားတဲ့ ဓာတ်ခံများအတိုင်း ဆိုင်ရာ ရေသောက်မြစ်တွေ သန်စွမ်းလာတဲ့သဘောပါပဲ။
အာရုံချင်း တူပါလျှက် ဗီဇဓာတ်ခံအတိုင်းဆိုင်ရာ ရေသောက် မြစ်တွေ သန်စွမ်းပြီး အာရုံတို့ရဲ့အရသာကို စုပ်ယူကြပုံနဲ့ ပတ်သက်လို့ ရှင်ဒေဝဒတ်နဲ့အတူ ရဟန်းပြုကြတဲ့ သာကီဝင်မင်းသားတို့ကို နှိုင်းယှဉ်ကြည့်ရင် ပိုပြီးသိသာတယ်။
သူတို့ ခြောက်ဦးလုံးသာသနာ့ဘောင်ကို တစ်နေ့တည်း အတူဝင်ရောက်လာကြတယ်၊ ဘုရား၊ တရား၊ သံဃာဆိုတဲ့ အာရုံတွေ၊ ဘုရားရှင်နဲ့ အရိယာ အရှင်သူမြတ်တို့ရဲ့ တရားဓမ္မနဲ့ အေးချမ်း မွေ့လျှော်နေကြပုံတွေ၊ လူနတ်ဗြဟ္မာ သတ္တဝါတို့က လေးမြတ်ကော်ရော် ပူဇော်ကြပုံတွေစတဲ့ အာရုံတွေကို အားလုံးအတူတူ တွေ့ကြမြင်ကြတာပါပဲ။
အဲဒီအထဲမှာ အရှင်ဘဒ္ဒိယ၊ အရှင်အနုရုဒ္ဓ၊ အရှင်အာနန္ဒာ၊ အရှင်ပဂု၊ အရှင်ကိမိလတို့က ကမ္ဘာပေါင်းတစ်သိန်းလောက် စွန့်လွှတ်တဲ့ အလောဘဓာတ်၊ ခွင့်လွှတ်သည်းခံတဲ့ အဒေါသဓာတ်၊ အမှားအမှန် အတုအစစ်ကို ဆန်းစစ်ဝေဖန်နိုင်စွမ်းတဲ့ အမောဟဓာတ်တွေနဲ့ ထုံမွှမ်းလာခဲ့တဲ့ ပါရမီရှင်တွေပီပီ သူတို့ရဲ့ဗီဇဓာတ်မှာ အလောဘ အဒေါသ အမောဟ ရေသောက်မြစ်တွေ အားကောင်းတဲ့ သတ္တိအပြည့် ရှိကြတဲ့အတွက် သူတို့မြင်တွေ့ ကြားသိရသမျှ အာရုံတွေထဲက ဘုရားအစရှိတဲ့ အရိယာ အရှင်မြတ်တို့ရဲ့ လောကီအာရုံတို့ကို မငြိမတွယ် စွန့်ပယ်နိုင်ပုံနဲ့ ဖလသမာပတ်တို့နဲ့ ချမ်းချမ်းသာသာ နိဗ္ဗာန်ကို အာရုံပြုတော်မူနိုင်ကြပုံကို စုပ်ယူအားကျ အတုယူ ကြပါတယ်။
ဘာမဆို မိမိအတွက်သာကြည့်ပြီး နှစ်သက်ရာ အာရုံမှန်သမျှကို ရတဲ့နည်းနဲ့အရယူဖို့၊ မကျေနပ်တဲ့ အရာတိုင်းကို ဒေါသ အာဃာတနဲ့ တုံ့ပြန်ဖို့ ဘယ်အရာကိုမှ ရှေ့နောက်တိုင်းထွာ စဉ်းစားလေ့မရှိဘဲ မဆင်မခြင် စိတ်ထင်တိုင်းပြုမူဖို့ အလေ့သန်ခဲ့တဲ့ အရှင်ဒေဝဒတ် ကတော့ သူ့ရဲ့ဗီဇဓာတ်မှာ လောဘ ဒေါသ မောဟ ရေသောက်မြစ်တွေ ထက်သန်အားကောင်းဖို့ သတ္တိ အပြည့်ရှိသူပီပီ သူတွေ့မြင်ရတဲ့ အာရုံတွေထဲက မဂ်ဖိုလ် နိဗ္ဗာန်ဆိုတဲ့ အာရုံကို လုံးဝစိတ်မဝင်စားဘဲ အချွေအရံ ပရိသတ်နဲ့ လာဘ်လာဘတွေကိုသာ စိတ်ဝင်စားစုပ်ယူ မိလို့ နောက်ဆုံးမှာ သံဃာကိုသင်းခွဲတဲ့ သံဃဘေဒက ကံ၊ ဘုရားကို သွေးစိမ်း တည်အောင်ပြုတဲ့ လောဟိတုပ္ပါဒက ကံဆိုတဲ့ ပဉ္စာနန္တ ရိယကံကြီးနှစ်ခုကို ကျူးလွန်ပြီး အရှင်လတ်လတ်မြေမြိုကာ အဝီစီအထိ ကျရောက်သွားရပါတယ်။
ဒါကြောင့်လဲ အရှင်ဒေဝဒတ်ဟာ ရဟန်းတော်ဖြစ်ပါလျှက် အသက်ကိုစွန့်ရတဲ့အချိန်မှာ “ရဟန်းပီပီ ပျံလွန်တော်မူတယ်” လို့ သုံးခွင့်မရရှာဘဲ နစ်တော်မူတဲ့ ရဟန်းတော် တစ်ပါးအဖြစ် ပိဋကတ် စာပေမှာ ထင်ထင်ရှားရှား မှတ်တမ်းဝင် သွားရပါ တော့တယ်။
အာရမ္မဏပစ္စည်းအကြောင်း ဆက်လက်ဆွေး နွေးပါဦးမယ်။
မှတ်ချက်။ ။ တောင်စွန်း ဓမ္မဘေရီဆရာတော်ရဲ့ ပဋ္ဌာန်းပို့ချချက် ဆောင်းပါးများကို အခန်းဆက်အနေနဲ့ အလျင်းသင့်သလို ဆက်လက် ဖေါ်ပြပေးသွားပါမည်။ စောင့်မျှော် ဖတ်ရှုနိုင်ပါကြောင်း သတင်းပါးအပ်ပါသည်။
မေတ္တာဥယျာဉ်
ဇယမင်္ဂလာမိုးကုတ်ရိပ်သာ ၌ တရားစခန်းဝင်နေကြသော ပါရမီရှင်ယောဂီများ
(၂) ဒေါ်ထွေး
(၃) ဒေါ်မြချစ်
(၄) မအေးသန္တာ
(၅) မသက်ထက်စု
(၆) ဒေါ်စိန်လှဖြူ
(၇) ဦးဖြူသာဝင်း
(၈) ဦးသန်းလင်း
(၉) ဒေါက်တာလဲ့လဲ့မိုး
(၁၀)ဒေါ်ခင်စန်းမြင့်
(၁၁)ဒေါ်အေးအေးခင်
(၁၂)ဒေါက်တာ ညိုညိုဝင်း
(၁၃)ဒေါ်ရှမ်းမေ
(၁၄)ဒေါ်ခင်ဝင်း
(၁၅)မအေးအေညွန့်
(၁၆)ဒေါ်ခင်ခင်
(၁၇)ဦးအောင်ကြည်
(၁၈)ဒေါ်ကြည်ကြည်ဝင်း
(၁၉)မသိန်းသိန်း
(၂၀)မသွယ်သွယ်စိုး
(၂၁)မခင်နွယ်
(၂၂)မသက်ထွန်း
(၂၃)ဒေါ်လှမြင့်
(၂၄)ဒေါ်သောင်းသောင်း
(၂၅) မ နန်း
(၂၆) ဒေါ်မြင့်မြင့်
(၂၇)ဒေါ်မြင့်မြင့်သန်း
(၂၈)ဦးတင်စိုး
(၂၉)ဒေါ်တင်တင်ပု
(၃၀)မ မေသူသူဇော်
(၃၁)ဒေါ်နင်းလဲ့ရည်
(၃၂)ဒေါ်ဝါဝါ
(၃၃)မအေးအေးသော်
(၃၄)မမြင့်မြင့်အေး
(၃၅)မအေးအေးလှိုင်
(၃၆)ဒေါ်ခင်နွယ်
(၃၇)မစမ်းစမ်းမော်
(၃၈)မထွန်းမာကြည်
(၃၉)မအေးအေးလှိုင်
(၄၀)မသင်းသန့်အေး
(၄၁)မမြမြသင်း
(၄၂)ဒေါ်အယ်နီ
(၄၃) ဒေါ်ဆွေဆွေသန်း
(၄၅)ဒေါ်သွယ်သွယ်ဝင်း
(၄၆)နန်းကြူကြူခိုင်
(၄၇)မိုးသူဇာကြိုင်
(၄၈)မစန္ဒာအေး
(၄၉)ပွင့်လေးညို
(၅၀)နန်းသူသူအောင်
(၅၁)နန်းမို့မို့အောင်
(၅၂)ဒေါ်ခင်သီတာကျော်
(၅၃)ဒေါ်စုစုအောင်
(၅၄)ဒေါ်ကေသီအောင်
(၅၅)ဒေါ်တင်တင်မြင့်(ဒေါ်နီ)
(၅၆)ဒေါ်ဝင်းပပစိုး
(၅၇)မမင်းပပစိုး နှင့် ရာနှင့်ချီသောယောဂီများ နေ့စဉ် သို့မဟုတ် ရနိုင်သမျှအချိန်လေးတွင် နာကြား သင်ယူကျင့်ကြံပွားများလျှက်ရှိကြပါသည်။