* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, September 9, 2010

*သည်းခံခြင်းမင်္ဂလာတရား*

Written by တောသားလေး 1 အကြံပြုပါသည်။ Posted in:

သည်းခံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။ ဘယ်ကိစ္စမဆိုအတတ်နိုင်ဆုံး သည်းခံစိတ်၊ ကိုယ်ချင်းစာနာ စိတ်ကလေး ထားရှိနိုင်ရမှာဖြစ်ပါတယ်။အဲဒါမှသာမဖြစ်သင့်တာတွေ မဖြစ်ရမှာဖြစ်ပါတယ်။ သည်းမခံနိုင်၍ ခိုက်ရန်ဒေါသတွေဖြစ်ပွားကြရင်ဖြင့် နှစ်ဦးနှစ်ဖက်လုံး အနည်းနှင့်အများ အကျိုးယုတ်ရမှာဘဲဖြစ်ပါတယ်။
သည်းခံခြင်းဖြင့် အရာရာကိုအောင်နိုင်ပါသည်။လူတိုင်းသိပြီးသားဖြစ်တဲ့ ဥတ္တရာသူဌေးသမီးနဲ့သီရိမာ ဇာတ်လမ်းမှာလည်း သည်းခံခြင်းကြောင့် အောင်မြင်ခဲ့တာကိုအထင်အရှားရှိပါတယ်။ မြတ်စွာဘုရားရှင်က သည်းခံခြင်းကြောင့်ဖြစ်ရမယ့် အကျိုးနှင့်အပြစ်ကိုလည်း အောက်ပါအတိုင်းဟောကြားတော်မူခဲ့ပါသည်။
သည်းမခံခြင်းအပြစ်
၁။ လူအများမချစ်မနှစ်သက်ခံရခြင်း၊
၂။ ကြမ်းကြုတ်ခြင်း၊
၃။ စိတ်နှလုံးမသာယာဖြစ်ခြင်း၊
၎။ တွေဝေလျက်သေရခြင်း၊
၅။ သေပြီးသည့်နောက် ငရဲသို့လားရခြင်းတို့ဖြစ်ပြီး။
သည်းခံခြင်းအကျိုးကျေးဇူး
၁။ လူအများချစ်ခင်နှစ်သက်ခြင်း၊
၂။ မကြမ်းကြုတ်ခြင်း၊
၃။ နှလုံးမသာမယာမဖြစ်ခြင်း၊
၎။ မတွေဝေဘဲသေရခြင်း၊
၅။သေပြီးသည့်နောက် ကောင်းသောလားရာဖြစ်သော နတ်ပြည်သို့ ရောက်ရခြင်းတို့ဖြစ်ပါသည။် ဟုမြတ်စွာဘုရားရှင်က ဟောကြားတော်မူခဲ့ပါသည်။
(အဂုင်္တ္တိရ်၊ ဒုတိယ အက္ခန္ထိသုတ်)
သည်းခံခြင်းဆိုတာ ငုံခံခြင်းမဟုတ်ပါဘူး။ မေတ္တတရားကိုအခြေခံပြီး ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ ကိုယ်ကို ထိပါးစော်ကားတဲ့အခါ ဒေါသနဲ့မတုန့်ပြန်ဘဲ မေတ္တာတရားဖြင့် သည်းခံလိုက်ခြင်းဖြစ်ပါတယ်။ အဲဒီလိုလုပ် တာအရှုံးပေးပြီး ငုံ့ခံလိုက်တာမဟုတ်ပါဘူး။ အဲဒီလိုမျိုးသည်းခံတဲ့စိတ်မျိုးဆိုတာ တော်တော်ကိုမွေးယူရမှာ ဖြစ်ပါတယ်။ သူကဘာပြောလို့ ငါကလည်းပြန်လုပ်ပြန်ပြောမယ်ဆိုရင် နှစ်ဦးနှစ်ဖက်လုံးမှာ အကျိုးမရှိပါဘူး။ အဲဒီလိုသည်းခံလိုက်တဲ့အတွက် မဖြစ်သင့်တာတွေဖြစ်မလာသလို တစ်နေ့တွင် အဲဒီသူကလည်းနားလည် သဘောပေါက်သွားလိမ့်မှာဖြစ်ပါတယ်။အများအတွက် တစ်စုံတစ်ခုအကျိုးရှိမယ်ဆိုရင် ကိုယ့်အတွက်နည်း နည်းထိခိုက်သွားလည်း သည်းခံလိုက်ခြင်းဖြင့် ဖြူစင်မြင့်မြတ်သော လူသားဖြစ်အောင် ကျွန်တော်တို့အားလုံး ကြိုးစားကြပါစို့လို့ ပြောရင်းနိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။
အားလုံးသောဓမ္မမိတ်ဆွေများ သည်းခံခြင်းခန္ဓီတရားကိုလက်ကိုင်ထားနိုင်ကြပါစေ။

Read more...

ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ နှင့် ဦးကိတ္တိသာရ (ဦးပဉ္ဖင်းကျော်ဟိန်း) တို့ တရားဆွေးနွေးခြင်း

Read more...

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၄)

http://www.ashinkusala.com/အရှင် ကုသလသာမိ (ပျော်ဘွယ်) မှ ကူးယူဖော်ပြပါသည်။
မြို့စားကြီး၏ သုတေသန (၄)

သေတဗျမြို့သူမြို့သားများ တဖြည်းဖြည်း ပိုမို စည်ကားလာသည်။ မြို့စားကြီးနှင့်အရှင်ကုမာရကဿပတို့ အယူအဆရေးရာများ အပြိုင်အဆိုင် ပြောဆိုနေကြောင်း သေတဗျမြို့နယ်တစ်ဝိုက်ကို တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။ များပြားလှသော ပရိသတ်များမှာ ဆူညံမှုမရှိဘဲ တိတ်ဆိတ်စွာ နားစိုက်နေခဲ့ကြလေသည်။ တိတ်ဆိတ်မှုများထဲမှ ပါယာသိမြို့စားကြီး၏ သြဇာပြည့်ဝသော အသံက ပေါ်ထွက်လာခဲ့ပြန်သည်။

“အရှင်..ကျွန်ုပ်အယူအဆကို မပြောင်းနိုင်သေးပါ။ ကျွန်ုပ်လေ့လာထားသည်များ ရှိပါသေးတယ်။ တစ်ခါက သေဒဏ်အပေးခံရတဲ့ သူခိုးတစ်ယောက်ကို စဉ်းအိုးထဲမှာ ထည့်၊ စဉ်းအိုးကို အလုံပိတ်ပြီး အပြင်ကနေ မီးတိုက်ခိုင်းပါတယ်။ မီးတိုက်နေတဲ့အချိန်မှာ ကျွန်ုပ်က အပြင်ကနေ စောင့်ကြည့်နေပါတယ်။ အဲဒီစဉ်းအိုးထဲကနေ အသက်ဆိုတဲ့ အကောင် ထွက်သွားတာကို မမြင်မတွေ့ရပါဘူး။ ဒါကြောင့် တမလွန်ဘ၀ဆိုတာ မရှိဘူးလို့ ပြနေတာပါပဲ”

ဤနေရာတွင် အသက်ဆိုတဲ့အကောင် ထွက်သွားတာကို မတွေ့ရဘူးဆိုသော စကားသည် ထိုခေတ်အခါက လူအများစု ယုံကြည်နေသော အတ္တ၀ါဒ အငွေ့အသက်ပင် ဖြစ်သည်ဟု ထင်ပါသည်။ အတ္တ၀ါဒအရ အတ္တဟူသော အကောင်ကလေး၊ ၀ိညာဏ်ကလေးသည် သတ္တ၀ါသေသည့်အခါ တစ်ဘ၀မှ တစ်ဘ၀သို့ ကူးပြောင်းကျင်လည်နေသည်ဟု ယုံကြည်ကြသည်။ ထိုအတ္တဟူသောအကောင်ကို တွေ့လျှင် “နောက်ဘ၀ရှိတယ်၊ နောက်ဘ၀ကို ကူးတယ်”ဟု ယုံကြည်နိုင်စရာ ရှိပါသည်။ ထို့ကြောင့် မြို့စားကြီးအနေဖြင့် “အတ္တ၊ အသက်၊ ၀ိညာဏ်ဟူသော ကူးတတ်သောအရာမရှိလျှင် အကူးခံရနိုင်သော တမလွန်ဘ၀မရှိ”ဟု ဆုံးဖြတ်ကောက်ချက်ချလိုက်ပုံ ရပါသည်။

သို့ရာတွင် အရှင်ကုမာရကဿပကား ဤပွိုင့်(ပါယာသိမြို့စားကြီး၏အားနည်းချက်)ကို ထောက်ပြဝေဖန်ခြင်း မပြုခဲ့ပါ။ အခြားဥပမာတစ်မျိုးဖြင့် ပြောပြခဲ့သည်။

အရှင်ကုမာရကဿပ၏ ဥပမာ (၇)

“မြို့စားကြီး ဒီလိုဆိုရင် သင့်ကို ဥပမာတစ်ခု ပြောအုံးမယ်။ သင် ကြိုက်သလို ဖြေပါ”

“ကောင်းပါပြီ၊ မေးပါ”

“သင် အိပ်တဲ့အခါ ပျော်ရွှင်ကြည်နူးဖွယ်ရာ ဥယျာဉ်တွေ၊ ရေကန်တွေနဲ့ အခြားကြည်နူးစရာလေးတွေကို အိပ်မက်ဖူးသလား”
“မက်ဖူးပါတယ်၊ တစ်နေ့က ဥယျာဉ်ထဲမှာ မောင်းမမိဿံအခြွေအရံတွေနဲ့ ဥယျာဉ်ထဲမှာ နေတုန်း အိပ်မက်မက်တာကို အမှတ်ရပါတယ်”

“သင် အိပ်မက်နေတဲ့အချိန်မှာ အခြွေအရံတွေဟာ သင့်ဘေးမှာ ရှိနေသလား”

“ရှိပါတယ်”

“သင့်ဘေးမှာ ရှိနေတဲ့ အခြွေအရံတွေဟာ သင့် အသက်ထွက်သွားတာ၊ ၀င်သွားတာကို မြင်ရသလား”

“မမြင်ရပါဘူး”

“ဒီလိုဆိုရင် သင်ပြောတဲ့ သူခိုးအသက်ထွက်တာကိုလည်း ဘယ်လိုလုပ် မြင်နိုင်ပါ့မလဲ၊ မြို့စားကြီး … သင့်အယူအဆကို ပြောင်းပါတော့”

“မပြောင်းနိုင်ပါဘူး။ ဒီဥပမာလောက်နဲ့ ကျွန်ုပ်အယူအဆကြီးကို ပြောင်းလဲမပစ်နိုင်ပါဘူး။ ကျွန်ုပ်မှာ ပြောစရာအကြောင်းတွေ ရှိပါသေးတယ်”

အရှင်ကုမာရကဿပ၏ ဤဥပမာသည်လည်း မြို့စားကြီးကို မဆွဲဆောင်နိုင်ခဲ့ပါ။ အမှန်အားဖြင့်လည်း အလွန်လေးနက်သော ဥပမာမဟုတ်သေးဟု ထင်မိသည်။ အရှင်ကုမာရကဿပအနေဖြင့် “အိပ်မက်မက်ခြင်းဟူသည် အသက်က အပြင်သို့ ထွက်ပြီး အိပ်မက်နယ်ထဲသို့ သွားရောက်ခြင်းဟု ဆိုလိုနေရော့သလား”ဟုပင် သံသယဖြစ်မိပါသည်။ အမှန်အားဖြင့် အိပ်မက်မက်ခြင်းဟူသည်မှာ အသက်က အပြင်သို့ ထွက်သည် မဟုတ်ပါ။ အိပ်မက်မက်သူ၏ စိတ်အစဉ်တွင် ထင်မြင်မိခြင်းပင် ဖြစ်ပါသည်။

အိပ်မက်ခြင်းအကြောင်းများ

ဤနေရာ၌ သမ္မောဟ၀ိနောဒနီအဋ္ဌကထာနှင့် မဟာနိဒ္ဒေသပါဠိတော် လာ အိပ်မက်မက်ခြင်း အကြောင်း ၆-ပါးကို ဗဟုသုတအဖြစ် ဖော်ပြလိုသည်။ ၎င်းတို့မှာ
(၁) လေဓါတ်ပျက်၍ မက်ခြင်း (၀ါတိက)
(၂) သည်းခြေပျက်၍မက်ခြင်း (ပိတ္တိက)
(၃) သလိပ်ပျက်၍မက်ခြင်း (သေမှိက)
(၄) နတ်တို့ လှည့်ပတ်၍မက်ခြင်း (ဒေ၀တူပ သံဟရတ)
(၅) လေ့ကျက်သုံးဆောင်ဖူး၍ မက်ခြင်း (သမုဒါစိဏ္ဏတ)
(၆) ပုဗ္ဗနိမိတ်ဖြစ်လတ္တံ့ကိုမြင်မက်ခြင်း (ပုဗ္ဗနိမိတ္တ) တို့ဖြစ်ပါသည်။ မိမိတို့ မြင်မက်တတ်သောအိပ်မက်များကို ဂရုစိုက်ကြည့်နိုင်ပါသည်။
အိပ်မက်ကိုလည်း ရဟန္တာများ မမြင်မက်ကြတော့ပါ။ သမ္မောဟ၀ိနောဒနီအဋ္ဌကထာတွင် အိပ်မက်သောအချိန်ကို စိတ်ဝင်စားဖွယ်ရာ တင်ပြထားသည်။

အိပ်မက်မက်ချိန်

အများအားဖြင့် “အိပ်မက် ဘယ်အချိန်မှာ မက်သလဲ”ဟု မေးလျှင် “အိပ်မက်ပါဆို အိပ်နေတဲ့အချိန်မှာ မက်တာပေါ့”ဟု ဖြေကြပေလိမ့်မည်။ အထက်ပါ ကျမ်းဂန်အဆိုအရ မဟုတ်ပါ။ အိပ်နေသောအချိန်မှာ အိပ်မက်မက်သည် မဟုတ်။ ပျော်တစ်ဝက် နိုးတစ်ဝက်၊ သို့မဟုတ် အိပ်မပျော်တပျော် အချိန်တွင် အိပ်မက်ပါသည်။ “မျောက်အိပ်ခြင်းနှင့်တူသော အိပ်ခြင်းမျိုး ရှိနေချိန်တွင် အိပ်မက်သည်”ဟု ဆိုထားသည်။ ခေတ်သစ်သုတေသနသမားများ လေ့လာကြည့်ကြပါကုန်။ ဤနေရာတွင်ကား အိပ်မက်အကြောင်း အဓိက ပြောလိုရင်းမဟုတ်၍ ဤမျှသာ။ ဆိုလိုသည်မှာ အိပ်မက်သည် အရှင်ကုမာရကဿပပြောသကဲ့သို့ အသက်က ၀င်လိုက်ထွက်လိုက် မဟုတ်သည်ကို ဝေဖန်တင်ပြလိုရင်း ဖြစ်ပါသည်။

မြို့စားကြီး၏ သုတေသန (၅)

“အရှင်… အကျွန်ုပ် သုတေသနလုပ်ကြည့်ထားတာ ရှိပါသေးတယ်။ သေဒဏ်ပေးခံရတဲ့ သူခိုးကို ခန္ဓာကိုယ်ကို တစ်ခုမှ အပျက်အစီး မဖြစ်စေဘဲ၊ နည်းနည်းမှ မပွန်းမပဲ့စေဘဲ သတ်ခိုင်းပါတယ်။ ပြီးတော့ အလေးချိန်ကို ချိန်ကြည့်ပါတယ်။ အဲဒီလို ချိန်ကြည့်တော့ မသေခင် (အသက်မထွက်ခင်)က ခန္ဓာကိုယ်က သေပြီးနောက် (အသက်ထွက်ပြီးနောက်) ခန္ဓာကိုယ်ထက် ပိုပေါ့နေတယ်။ သေပြီး(အသက်ထွက်ပြီး)ခန္ဓာကိုယ်က အလေးချိန် အများကြီး ဖြစ်နေတယ်။ ဒါကြောင့်မို့ တမလွန်ဘ၀ဆိုတာ မရှိဘူး”

သာမန်ဖတ်ကြည့်ရင် နားမလည်နိုင်စရာ ဖြစ်နေသည်။ ခန္ဓာကိုယ်အလေးချိန် များသွားခြင်းနှင့် ပေါ့နေခြင်းဖြင့် အဘယ့်ကြောင့် တမလွန်ဘ၀မရှိဟု ယူဆလိုက်ရသနည်း။ မြို့စားကြီး ယူဆပုံမှာ ဤသို့ ဖြစ်ပါသည်။

“မသေခင်က လူ့ခန္ဓာသည် ခန္ဓာကိုယ်နှင့်အသက် နှစ်မျိုးတွဲနေသည်။ သေသောအခါ ခန္ဓာကိုယ် တစ်မျိုးသာရှိပြီး အသက်က မရှိတော့ပါ။ သို့ဖြစ်၍ လေးမည့်လေးလျှင် ခန္ဓာကိုယ်နှင့်အသက် နှစ်မျိုးတွဲနေသော အနေအထားက လေးရပေမည်။ အသက်မရှိတော့သော ခန္ဓာကိုယ်က အလေးချိန် ပိုများစရာ အကြောင်းမရှိချေ။ သို့ဖြစ်၍ ဟိုဘ၀ သည်ဘ၀ ပြေးလွှားကျင်လည်တတ်သော အသက်ကောင်ဟူ၍ မရှိ။ ဟိုဘ၀ သည်ဘ၀ပြေးသွားတတ်သော အသက်ကောင်ဟူ၍ မရှိလျှင် ရှေ့ဘ၀၊ နောက်ဘ၀ဟူ၍လည်း ရှိမည်မဟုတ်”ဟု ကောက်ချက်ချလိုက်ပုံ ရပါသည်။

မြို့စားကြီး၏အတွေးအခေါ်များမှာ ဗုဒ္ဓ၀ါဒသဘောတရားနှင့် အလွန်းဝေးနေပြီး မိမိ ထင်ရာမြင်ရာ တွေးခေါ်ထားချက်များပေါ်တွင် အခြေခံနေသည်ဟု ဆိုရပေမည်။ မည်သို့ဆိုစေ မြို့စားကြီး၏ သူများပြောတိုင်း မယုံတတ်သော စရိုက်နှင့် လက်တွေ့ကျမှ ယုံကြည်တတ်သောစိတ်ဓာတ်မျိုးကိုကား ချီးကျူးရမည်သာ ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်....

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

Read more...

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၂၃)

ဥဒါဟရုဏ် ဆောင်ခြင်း

လထဲ၌ ယုန်ရုပ်ပုံသဏ္ဍာန်ရှိသည်ဆို၍ ကျွန်ုပ်သည် လပြည့်ဝန်းကြီးကို နှစ်ပေါင်းများစွာ စိုက်ကြည့်ခဲ့ဖူး၏။ ယုန်ကောင်နှင့်တူသော မည်သည့်သဏ္ဍာန်ကိုမျှ မတွေ့ရချေ။ အသက် ၅၀ကျော်သည်တွင်မှ တစ်ညသ၌ ကျွန်ုပ်သည် ကုလားထိုင်ပေါ်တွင် ပက်လက်လှန်ရင်း လမင်းကို အမှတ်မဲ့ လှမ်းကြည့်လိုက်မိရာ နားရွက်ကလေးထောင်လျက်ရှိသော ယုန်၏သဏ္ဍာန်ကို ဘွားခနဲမြင်လိုက်ရသည်။ တစ်သက်လုံး တမင်တကာရှာစဉ်က မတွေ့ရ။ အမှတ်မဲ့ကြည့်လိုက်မိကာမှ တွေ့ရတော့သည်ဆိုကာ အံ့သြမိပါသေးသည်။ ထို့နောက်၌မူ လဆီသို့ လှမ်းကြည့်လိုက်သည့်အခါတိုင်း နားရွက်ထောင်သော ယုန်တစ်ကောင်၏ ပုံသဏ္ဍာန်သည် ကွင်းခနဲ ကွက်ခနဲ ပေါ်ထွက်လျက်ရှိသည်နှင့် ယခင်ကတစ်သက်လုံး မမြင်ခဲ့မိခြင်းအတွက်ပင် အံ့သြမိသေးသည်။ ဥဒယဗ္ဗယဉာဏ် အစစ်မှာလည်း ဤကဲ့သို့ပေတည်း။ တစ်ကြိမ်တစ်ခါမြင်ဖူးသည်ဆိုလျှင် သတိနှင့်စိုက်၍ရှုလိုက်တိုင်း ဖြစ်ချည်ပျက်ချည်ဟူသော သဘောတရားသည် စိတ်ထဲတွင် ရှင်းခနဲ ကွင်းခနဲ ထင်လာစကောင်းသည်။

တပ်အပ်သေချာ သိအောင်လုပ်ပါ

မြန်မာပြည်တွင် ဗုဒ္ဓသာသနာတော်နှင့်ပတ်သက်၍ ၀မ်းနည်းဖွယ်သော အချက်အလက်များ တွေ့ရှိရခြင်းကို ဖော်ပြလိုသေးသည်။ သတ္တ၀ါ၏ သန္တာန်တွင် လောဘ၊ ဒေါသ၊ မောဟတရားများ ကိန်းအောင်းလျက်ရှိသည်ဟု လူတိုင်းပြောကြ၏။ လောဘဆိုလျင် လောဘမူစိတ် ရှစ်ခုရှိသည်ဟုဆိုကာ ပါဠိလိုရေတွက်ပြနိုင်သည်။ ဒေါသဆိုလျင် ဒေါသမူ ဒွေး ရှိသည်ဆိုကာ ရေတွက်ပြနိုင်သည်ဆိုလျှင် လူတော် လူတတ် လုပ်၍နေကြ၏။ ထိုထက် (ယခုနောက်ပိုင်းတွင်) လောဘစိတ် ဖြစ်သည်ဆိုလျှင် လောဘစိတ်ဖြစ်နေသည်ဟု သိစေရမည်။ ဒေါသစိတ်ဖြစ်သည်ဆိုလျှင်လည်း ထိုနည်းအတူ သိစေရမည်ဟူသော သြ၀ါဒမျိုး ထွန်းကားလာပေသည်။ သို့ရာတွင် လောဘစိတ်ဖြစ်လျက်ရှိသော အခိုက်အတန့်၌ လောဘဟူသည်မှာ မည်ကဲ့သို့သောသဘောတရားမျိုး ပေတကားဟူ၍ လက်တွေ့သိမြင်နိုင်စေခြင်းငှာ မိမိ၏အတွင်းဘက်သို့ လှည့်ကြည့်ပြီး နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးစုံစမ်းသော အလေ့အကျင့်မျိုးကား ကြားရခဲလှသည်။ ဒေါသမှာလည်း ထိုနည်းအတူပင်။ လောဘဟူသည်မှာ လိုချင်တတ်သောသဘောကလေးဟူ၍ သိလျှက်ပင် လုံလောက်ပြီကဲ့သို့ မှတ်ထင်နေကြ၏။ လိုချင်သော အခြင်းအရာကလေးသည် မိမိ၏ သဏ္ဍာန်၌ ဖြစ်ပေါ်နေခြင်းကို တပ်တပ်အပ်အပ် အတိအကျ သဘောပေါက်အောင် ရှာကြည့်ခြင်း၏ တန်ဖိုးရှိခြင်းကို ဤနေရာ၌ ညွှန်လိုက်ရသည်။

အတိအကျ မဆုံးဖြတ်နိုင်

ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအရ အားထုတ်ခြင်းအတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် မည်သည့်အခြေသို့ ရောက်သည်ကို အကဲဖြတ်ပါသနည်းဟု ရင်းနှီးသော မိတ်ဆွေများက မေးတတ်ကြသည်။

ဗုဒ္ဓ သက်တော်ထင်ရှားရှိတော်မူစဉ်က ၀ိသာခါကား သောတာပန်တည်း၊ အနာထပိဏ်ကား သောတာပန်တည်လေပြီ။ စိတ္တသူကြွယ်ကား အနာဂါမ်တည်း...စသည်ဖြင့် ကိုယ်တော်တိုင် အတိအလင်း ဆုံးဖြတ်ပေးတော်မူသည့်အတွက်ကြောင့် အတိအကျ သိနိုင်ကြရခြင်းဖြစ်သည်။ မထင်ရှားသော အခြားပုဂ္ဂိုလ်များမှာ တရားထူးရသည်ဟု ကိုယ့်ဟာကိုယ် ယုံကြည်သော်လည်း အရိယာဟုတ်မဟုတ်ကို ဗုဒ္ဓကိုယ်တော်တိုင် ဆုံးဖြတ်ပေးခြင်းမရှိခဲ့လျှင် မည်သူမျှ အတိအကျ ပြောနိုင်မည် မဟုတ်ချေ။ သောတာပန်ဖြစ်ခဲ့လျှင် ကိုယ့်ဟာကိုယ်သိရမည်ဟု အချို့ ကပြောကြ၏။ စင်စစ်မှာ ‘သိခြင်း’ မဟုတ်၊ ‘ထင်ခြင်း’ သာ ဖြစ်သည်။

ဤခေတ်၌ ကိုယ့်ကိုယ်ကိုယ် သောတာပန်ဟူ၍ ယူဆနေကြသော်လည်း (၀န်ကြီးချုပ်ဦးနုကမူ မြန်မာပြည်တွင် အရိယာတွေ ထောင်သောင်းရှိနေပြီဟု သီဟိုဠ်၌ ကြွားခဲ့စေကာမူ) ချဉ်းကပ်စုံစမ်းသည့်အခါ ကျွန်ုပ်အသင့်အတင့်ကျေနပ်သူ တစ်ယောက်တလေ တွေ့ရတိုင်း မကျေနပ်သူ ဆယ်ယောက်မက တွေ့ရသည်။ ကိုယ့်ဟာကိုယ်သောတာပန်ဟုယူဆလျှင် သောတာပန်ဖြစ်သည်ဆိုပါက ဦးနုပြောသလို အရိယာတွေ မှိုလိုပေါက်နေပေတော့မည်။ ကျွန်ုပ်အဖို့ရာ၌ကား သူတပါးနည်းတူ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသော အလှည့်အပတ် ရှိတတ်သော်လည်း ကာမရာဂနှင့် ဒေါသကို စွန့်ပစ်နိုင်သော အဆင့်အတန်းသို့ မရောက်မချင်း အတိအကျ မဆုံးဖြတ်သေးဘဲ (pending) တန်းလန်းထားရဦးမည်သာ ဖြစ်ပါသတည်း။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)


Read more...

သောက်ဆေးကိုလိမ်းဆေးလုပ်ရင်ဖြင့်

Wednesday, September 8, 2010


ကျွန်တော်တို့တွေဖျားတဲ့နာတဲ့အခါမှာ ရောဂါအကြီးအသေးပေါ်မူတည်ပြီးတော့ ဆရာဝန်ဆီ သွားရောက် ကုသကြရတာရှိသလို ကိုယ့်ဆီမှာရှိတဲ့ ဆေးဝါးဓါတ်စာလေးနဲ့လည်း ပျောက်ကင်းသက်သာအောင် ကုသကြရပါတယ်။ ရောဂါဖြစ်လာပြီဆိုရင် ဆေးမသောက် ဆေးမစားပဲနဲ့တော့ မသက်သာနိုင်ပါဘူး။ ရောဂါအကြီးအသေးပေါ်မူတည်ပြီးတော့ ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ကြရပါတယ်။ အဓိကကတော့ ဘယ်လိုနည်းနဲ့ကုကု ရောဂါပျောက်ဖို့ဆိုတဲ့စိတ်တစ်ခုနဲ့ သောက်စရာဆေးဆိုရင် မသောက်ချင်သောက်ချင် ရောဂါသက်သာအောင် သောက်ပေးကြရတာရှိသလို လိမ်းကြံပေးမှသက်သာမယ့်ဆေးဆိုရင်လည်း လိမ်းကြံပေးကြရပါတယ်။ အဲ့ဒီ့လိုကုသပေးတဲ့နေရာမှာ သောက်စရာဆေးကို လိမ်းစရာအဖြစ် အစားထိုး အသုံးပြုလို့ မရသလို.. လိမ်းကြံစရာဆေးကိုလည်း သောက်စရာအဖြစ်အစားထိုးလို့ မရပြန်ပါဘူး။ သူ့နေရာနဲ့သူ သောက်သင့်တဲ့ဆေးကိုသောက်၊ လိမ်းကြံသင့်တဲ့ဆေးကို လိမ်းကြံပေးမှသာ ရောဂါသက်သာပျောက်ကင်းမှာဖြစ်ပါတယ်။

ဆေးအကြောင်းလေးပြောမိတော့ သီတဂူဆရာတော်ဘုရားကြီး ဟောပြဆုံးမတဲ့ အဆုံးအမလေးတစ်ခု သတိရမိပါတယ်။ “ဗုဒ္ဓရဲ့အဆုံးအမတွေကို လိုက်နာကျင့်သုံးတဲ့သူတွေဟာ သောက်ဆေးကို လိမ်းဆေးလုပ်သလိုမျိုး အသုံးပြုကြရင်ဖြင့် ဆေးရဲ့အနှစ်သာရ ဆေးရဲ့အာနိသင် ဆေးရဲ့အကျိုးကျေးဇူးကို သိနိုင်မှာမဟုတ်ဘူး”ဆိုတဲ့ အဆုံးအမလေးပါပဲ။ ဆရာတော်ဘုရားကြီးရဲ့ အဆုံးမဟာ အင်မတန်မှ လေးနက်တန်ဖိုးရှိလွန်းလှပါတယ်။ ဗုဒ္ဓရဲ့အဆုံးအမတွေကို အပေါ်ယံကြည့်ပြီး ကိုးကွယ်နေရုံ၊ တွေးတောနေရုံ၊ ပါးစပ်ကရွတ်နေရုံနဲ့ အနှစ်သာရရဲ့တန်ဖိုးကို နားလည်နိုင်မှာမဟုတ်ဘူးဆိုတာကို ဆရာတော်ဘုရားကြီးက သိစေချင်တာပါ။ ဗုဒ္ဓမြတ်စွာဆုံးမပေးသွားတဲ့ အဆုံးအမတွေဟာ အပေါ်ယံလေးရွတ်နေရုံ သိနေရုံနဲ့တင် ကျေနပ်နေရမယ့် လက်ခံနေရမယ့် အဆုံးအမတွေမဟုတ်ပါဘူး။ အသိနဲ့အကျင့်ထပ်တူညီနိုင်အောင် ကျင့်ကြံပြီး သဒ္ဓါနဲ့ပညာညီမျှစွာပေါင်းစပ်နိုင်မှသာ အဆုံးအမရဲ့ တန်ဖိုးရှိမှုတွေကို နားလည်စေနိုင်မှာပါ။ သောက်ရမယ့် ဆေးကိုမသောက်ပဲ လိမ်းဆေးလုပ်နေရင်ဖြင့် ဘာအကျိုးမှမရှိနိုင်သလို ဗုဒ္ဓရဲ့အဆုံးအမတွေကို ဗုဒ္ဓဘာသာ အဖြစ်ခံယူရုံသာ ကိုးကွယ်မှုပြုနေမယ်ဆိုရင်ဖြင့် မိရိုးဖလာဗုဒ္ဓဘာသာဝင်အဆင့်မှာပဲ ရပ်တန့်နေတော့မှာပါ။

ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓမြတ်စွာဘုရားကို ကိုးကွယ်ကြတယ်ဆိုတာ ဘာအတွက် ကိုးကွယ်ကြတာလဲ..။ အားကိုးအားထားစရာအဖြစ် ကိုးကွယ်တာလား၊ လာဘ်လာဘတွေရလို့များ ကိုးကွယ်တာလား၊ မကိုးကွယ်ရင် ဒဏ်ခတ်မယ်ဆိုလို့များ ကိုးကွယ်တာလားဆိုတာ မေးကြည့်မိပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားကို ကိုးကွယ်တဲ့ သူတွေဟာ လုပ်ချင်သလောက် အကုသိုလ်အပြစ်တွေလုပ်ပြီး ဗုဒ္ဓမြတ်စွာဘုရားထံလာပြီး ကျေအေးပေးပါ လို့ ဆုတောင်းရင်လည်း ဗုဒ္ဓမြတ်စွာဘုရားက ကျေအေးမပေးနိုင်ပါဘူး။ ကိုယ်ပြုသမျှ မကောင်းမှု ကိုယ်ပြုသမျှ ကောင်းမှုတွေဟာ ကိုယ်နဲ့ပဲဆိုင်တယ်လို့ ဗုဒ္ဓကဟောကြားခဲ့ပါတယ်။ ငါဘုရားကို ကိုးကွယ်နေရုံနဲ့မပြီးဘူး အဓိကက “အတ္တာဟိအတ္တနောနာထော” ဆိုတဲ့အဆုံးအမအတိုင်း မိမိကိုယ်သာကိုးကွယ်ရာဆိုပြီးတော့ ဟောပြဆုံးမပေးခဲ့တာပါ။ ဒီလိုဆိုရင် ကိုယ်လုပ်တဲ့အကုသိုလ်တွေလည်း ဗုဒ္ဓကမကျေအေးပေးနိုင်ဘူး၊ ကိုယ့်ကိုယ်ကိုလည်း ကိုးကွယ်ခိုင်းတယ်ဆိုရင် ဗုဒ္ဓမြတ်စွာဘုရားကိုကိုးကွယ်နေတာဟာ ဘာအတွက်ကိုးကွယ်နေတာလဲ။

တကယ်တော့ ဗုဒ္ဓမြတ်စွာဘုရားကို ကိုးကွယ်တယ်ဆိုတာ ဗုဒ္ဓဆုံးမခဲ့တဲ့အဆုံးအမတွေကို လိုက်နာ ကျင့်ကြံဖို့အတွက် ကိုးကွယ်တာပါ။ ဗုဒ္ဓမြတ်စွာဘုရားကိုကိုးကွယ်ပြီး ဗုဒ္ဓရဲ့အဆုံးအမတွေကို မလိုက်နာ မကျင့်သုံးဖူးဆိုရင်ဖြင့် အဲ့ဒီ့သူဟာ သောက်ဆေးကို လိမ်းဆေးလုပ်နေတာပါပဲလို့ ပြောချင်မိပါတယ်။ ဗုဒ္ဓရဲ့အဆုံးအမတွေကို သိသာသိပြီး လိုက်နာမကျင့်သုံး မကျင့်ကြံတဲ့သူတွေဆိုတာဟာလည်း သောက်ဆေးကို လိမ်းဆေးလုပ်နေတဲ့သူတွေပါ။ “အသိသာရှိပြီး အကျင့်မပါတဲ့သူမျိုးဟာ ဘာမှမသိတာနဲ့အတူတူပါပဲ” လို့ သီတဂူဆရာတော်ဘုရားကြီးက မိန့်ကြားတော်မူပါတယ်။ သိသလိုလိုနဲ့ တကယ်မကျင့်တဲ့သူဟာလည်း တကယ်မသိသေးလို့ပါပဲ။ တကယ်သိတဲ့သူဟာလည်း တကယ်မကျင့်ပဲနဲ့ကို မနေနိုင်ပြန်ပါဘူး။ ငါသိတော့သိတယ် မကျင့်နိုင်သေးလို့ပါဆိုတာဟာ တကယ်ကျင့်နိုင်လောက်တဲ့အသိတရားသူ့မှာ မရှိသေးလို့ပါပဲ။ ဒါမို့လို့လည်း သီတဂူဆရာတော်ဘုရားကြီးက “ဗုဒ္ဓသာသနာသည် အသိသမားတွေ အတွက် အရာမရောက် အကျင့်သမားမှသာ အရာရောက်သည်” လို့ ဟောပြဆုံးမပေးခဲ့တာပါ။

ဆရာတော်ဘုရားကြီးရဲ့အဆုံးအမဟာ အသိသမားတွေအတွက် အသိမှာတင်လမ်းဆုံးပြီး အကျင့်မပါတော့ရင် လမ်းမှန်းကိုမရောက်စေနိုင်ဘူးဆိုတာ သိရှိအောင်ဖော်ပြပေးတာပါပဲ။ ဒါပေမယ့် ဗုဒ္ဓရဲ့အဆုံးအမ သာသနာမှာ အကျင့်တစ်ခုထဲနဲ့လည်း မပြည့်စုံသေးပြန်ပါဘူး။ ထိုအကျင့်တရားကို နည်းမှန်လမ်းမှန်နဲ့ထောက်ပံ့ပေးနိုင်မယ့် အသိတရားဆိုတာလည်း လိုအပ်ပါသေးတယ်။ အဓိက ကတော့ သိနေရုံနဲ့လည်းအရာမရောက် ကျင့်နေရုံနဲ့လည်းမပြည့်စုံနိုင်သေးဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ သိရှိထားတဲ့ အသိတရားနဲ့ လိုက်နာကျင့်ကြံတဲ့ အကျင့်တရားဟာ ကိလေသာကိုငြိမ်းအေးစေနိုင်မှသာ ဗုဒ္ဓရဲ့အဆုံးအမကို ထပ်တူကျင့်သုံးရာကျနေမှာပါ။ ဗုဒ္ဓရဲ့အဆုံးအမတွေကို လိုက်နာကျင့်သုံးတဲ့နေရာမှာ သဒ္ဓါနဲ့ ပညာညီမျှစွာကျင့်သုံးပြီး အသိနဲ့ အကျင့် ထပ်တူကျမှလည်း လမ်းမှန်ကို ဆိုက်ရောက်နိုင်မှာပါ။ သဒ္ဓါဆိုတဲ့ယုံကြည်မှု၊ ပညာဆိုတဲ့ အမှားအမှန် အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြမ်းစီစစ်နိုင်မှုဆိုတဲ့ အသိတရားတွေလိုအပ်ပါတယ်။ သဒ္ဓါပညာညီမျှမှလည်း အသိနဲ့အကျင့်ထပ်တူညီနိုင်မှာပါ။

အချို့တွေ သဒ္ဓါများတော့ တလွဲကြည်ညိုကြတယ်။ ဘယ်သူပြောတာဖြစ်ဖြစ် သူများကကောင်းတယ် လို့ပြောတာနဲ့ မျက်စိမှိတ်ယုံကြတယ်။ အချို့တွေ ပညာများပြားကြတယ်.. ဒါဟုတ်မှဟုတ်ပါ့မလားဆိုပြီး အကျင့်မပါတဲ့အသိတွေနဲ့ အပေါ်ယံလေ့လာပြီး အမှားအမှန်ကို ဆုံးဖြတ်ကြတယ်။ အချို့တွေကျတော့ စာတွေတအားသိ တအားတတ်ပြီး အကျင့်မပါတဲ့အတွက် စာအပေါ်မှာ လက်တစ်လုံးခြားလုပ်လာကြတယ်။ အဲ့ဒီလို သဒ္ဓါနဲ့ပညာမညီမျှတဲ့အသိတရားတွေနဲ့ဆိုရင် အကျင့်တရားတွေဟာလည်း ကိလေသာကို ငြိမ်းအေး ပေးစေနိုင်မှာ မဟုတ်ပြန်ပါဘူး။ ဆရာဝန်တွေဆေးပေးတိုင်းလည်း ပျောက်မှာပဲဆိုပြီး ရမ်းသောက်လို့ မရသလိုပါပဲ.. ဆေးကိုဘယ်အချိန်မှာသောက်ရတာလဲ.. ဘယ်လိုသောက်ရတာလဲ ဘာနဲ့မတည့်ဘူးလဲဆိုတဲ့ ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဥာဏ်ရှိဖို့လည်း အရေးကြီးပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားရဲ့ဝါဒဟာ မျက်စိစုံမှိတ်ပြီး ယုံကြည်ခိုင်းတဲ့ဝါဒမျိုးမဟုတ်သလို၊ အစမ်းသပ်မခံရဲတဲ့ အဆုံးအမမျိုးလည်း မဟုတ်ပါဘူး။ ဗုဒ္ဓရဲ့ဝါဒကိုက ၀ိဘဇ္ဇဆိုတဲ့ ဝေဖန်ပိုင်းခြားပြီးမှ လိုက်နာကျင့်သုံးရမယ့်ဝါဒမျိုးပါ။ တရားတော်ရဲ့ဂုဏ်တော်မှာပါရှိတဲ့ သန္ဒဋ္ဌိတဂုဏ်- ကျင့်ကြံသူအတွက် မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ရှုမြင်နိုင်ခြင်း၊ ဧဟိပဿိက- တရားနှင့်ပတ်သက်ပြီး လာပါ ရှုပါ ကျင့်ကြံပါဟု ရဲရဲဝံ့ဝံ့ဖိတ်ခေါ်ရဲခြင်းဆိုတဲ့ တရားတော်ရဲ့ဂုဏ်တော်တွေကသက်သေခံနေပါတယ်။ အဓိက ကတော့ သောက်ဆေးကိုလိမ်းဆေးမလုပ်ပဲ သောက်ဆေးအတိုင်းသောက်မယ်ဆိုရင်ဖြင့် ဆေးရဲ့အာနိသင်ကို သိရှိလာမှာပါပဲ။ အဓိက ကတော့ ဆေးသောက်ဖို့ပါ။ ဆေးမှသောက်မကြည့်ပဲ ပျောက်ပါ့မလားဆိုရင်ဖြင့် ဘယ်သောအခါမှ မပျောက်ကင်းနိုင်ပါဘူး။ အနာနဲ့ဆေးတည့်အောင်မသုံးပဲ အပေါ်ယံပဲ တင်ကြည့်မယ်ဆိုရင်လည်း ဆေးဝါးဓါတ်စာရဲ့အကျိုးအာနိသင်ကို ခံစားနိုင်မှာမဟုတ်ပြန်ပါဘူး။ အဓိကကတော့ ဆေးသောက်ကြည့်စေချင်တာပါ။ ဆေးသောက်ကြည့်လို့တကယ်ပျောက်ပြီဆိုရင်လည်း ဘယ်သူပြောပြော မပြောပြော ရောဂါဖြစ်ရင် ဒီဆေးကို သူသောက်ကို သောက်သုံးသွားတော့မှာပါပဲ။ အဓိက ကတော့ သောက်ဆေးလေးကို လိမ်းဆေး မလုပ်မိဖို့ပါပဲ..။

Read more...

Only for Those


Only he,
who thinks
he is able, is able.

Read more...

“ကရုဏာက အကြောင်းကောင်းဖို့, ဉာဏ်ပညာက အကျိုးကောင်းဖို့”

Wednesday, 08 September 2010 09:56 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

လူသားတစ်ဦးအတွက် မြင့်မြတ်ရာသို့ သွားရာလမ်းခရီးမှာ မလွဲမသွေ လှမ်းတက်ရမယ့် လှေကား သုံးထစ် ရှိပါတယ်။ အဲဒါတွေက--

စိတ်ကောင်းရှိမှု၊ အသိဉာဏ်ကြီးမြင့်မှုနဲ့အများအကျိုးပြုမှုတို့ပဲ ဖြစ်ပါတယ်။

စိတ်ကောင်းရှိမှု ဆိုတာဟာ ကရုဏာတရားရဲ့ သင်္ကေတဖြစ်သလို အသိဉာဏ် ကြီးမြတ်မှုက ပညာ စေတသိတ်ရဲ့ လက္ခဏာ ဖြစ်ပါတယ်။ ကရုဏာ တရားနဲ့ ပညာတို့ရဲ့ လက်တွေ့ ပေါင်းစပ်မှု အင်အားကြောင့် ဖြစ်ပေါ်လာတဲ့ လောက ကောင်းကျိုး သယ်ပိုးမှု တွေကတော့ အများ အကျိုးပြုမှုရဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ ကရုဏာတရားဟာ အများရဲ့ ကိုးစားရာဖြစ်ပြီး ပညာတရားက မိမိရဲ့ ကိုးစားရာ ဖြစ်ပါတယ်။ သနား ကြင်နာခြင်းနဲ့ သူတစ်ပါးကို စောင့်ရှောက် တတ်သူဟာ မိမိကိုလည်း စောင့်ရှောက်ရာ ရောက်ပါတယ်။

ဒါကြောင့်မို့ အများအကျိုးပြု ၀န်ဆောင်မှုလုပ်ငန်း ဆောင်ရွက် သူတိုင်းမှာ ရှိသင့်ရှိထိုက် ရှိရမယ့် စိတ်အရည် အသွေး ဟာ ကရုဏာနဲ့ ပညာတရားပဲ ဖြစ်ပါတယ်။ ကရုဏာနဲ့ ပညာတရား နှစ်ပါးပြည့်စုံရင် တကယ့် စစ်မှန်တဲ့ အများအကျိုး သယ်ပိုးနိုင်သူ ဖြစ်တော့တာပါပဲ။

တစ်ကိုယ်ကောင်း၊ တစ်ခုကောင်း ဆန်တဲ့စိတ် အလျှင်းမမွေးဘဲ အများအကျိုး သူတစ်ပါးအကျိုး ပဓာနထားပြီး လောကကို ချစ်ခင် ကြင်နာခြင်းဟာ ကရုဏာရဲ့ သင်္ကေတ ဖြစ်ပါတယ်။

ငါ၊ ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့နိုင်ငံ၊ ငါ့လူမျိုး စတဲ့ ကျဉ်းမြောင်းတဲ့ အတ္တစည်းဝိုင်းကို ကျော်လွန်ပြီး သတ္တ၀ါအားလုံးကို ဘောင်မဲ့ အကန့် အသတ်မဲ့ ချစ်တတ် ခင်တတ် ကြင်နာတတ်ဖို့ နားလည်သူဟာ ကရုဏာ တ၇ားကို နားလည်သူ ဖြစ်ပါတယ်။

ကရုဏာ တရားရှိရင် အများအကျိုးပြု ၀န်ဆောင်မှုလုပ်ငန်း ရွက်ဆောင်ရာမှာ ထက်ဝက် အင်အား ရှိလာပါတယ်။ ကရုဏာတရား ရှိပါမှ လောကအတွက် တာဝန် ထမ်းဆောင်လိုစိတ် ရှိမှာဖြစ်ပြီး ဆောင်ရွက်ရာ မှာလည်း မိမိ အကျိုးစီးပွားကို ပဓာနမ ထားဘဲ အများရဲ့ အကျိုး စီးပွားကို အဓိကထားပြီး ကိုယ်ကျိုးစွန့် အနစ်နာခံကာ ဖြူစင်ရိုးသားတဲ့ စိတ်ထား သက်သက်နဲ့ ဆောင်ရွက် လာနိုင်မှာ ဖြစ်ပါတယ်။

လောဘ၊ ဒေါသ၊ မောဟစတဲ့ စိတ်တွင်း အမိုက်မှောင်တွေကို ဖယ်ရှားကာ အသိဉာဏ် အလင်း ရခြင်းဟာ ပညာရဲ့ သင်္ကေတ ဖြစ်ပါတယ်။ အကျိုးမရှိ မသင့်လျော်တာတွေကို ရှောင်ရှားပြီး အကျိုးရှိ သင့်တော် တာတွေကို ဆောင်ပွားဖို့ နားလည်သူဟာ ပညာရှိသူ ဖြစ်ပါတယ်။

ပညာရှိရင် အများ ကောင်းကျိုးပြု ၀န်ဆောင်လုပ်ငန်း ဆောင်ရွက်၇ာမှာ နောက်ထက်ဝက် အင်အား ပြည့်စုံလာပါတယ်။

ပညာပြည့်စုံမှပဲ ကရုဏာရဲ့ စေ့ဆော်မှုအရ လောကအတွက် ဆောင်ရွက်မှု မှန်သမျှမှာ အမှန်တကယ် အကျိုးရှိ၊ မရှိကို စိစစ် ရွေးချယ် နိုင်မှာဖြစ်ပြီ အများ အကျိုးပြုလုပ်ငန်းကို ဗန်းပြကာ ထင်ပေါ် ကျော်ကြားလိုမှု၊ ကိုယ်ကျိုးစီးပွား ရှာလိုမှု စတဲ့ အလိုဆိုးတွေကို ပယ်သတ်ပြီး အထက်တန်းကျတဲ့ ပန်းတိုင်ကို ရည်စူးကာ အများ အကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်မှာလည်း ဖြစ်ပါတယ်။

လောကီ အကျိုးစီးပွားကို ဆောင်ရွက် တော့မယ်ဆိုရင် ကရုဏာ တရားလောက် ကြီးမားတဲ့ အားစွမ်းအင်မရှိ၊ လောကုတ္တရာ အကျိုးစီးပွား ဆောင်ရွက် တော့မယ်ဆိုရင် ပညာ တရားလောက် ကြီးမားတဲ့ အားစွမ်းအင်မည်သည် မရှိလို့ ကျန်းဂန်တွေမှာ ဖော်ပြကြပါတယ်။

တကယ်တော့ လောက အကျိုးစီးပွား ဆောင်ရွက်ရာမှာ ကရုဏာက ရှေ့ဆောင်ဦးစီပြီး လောကုတ္တရာ စီးပွား ဆောင်ရွက်ရာမှာတော့ ပညာက ဦးဆောင်ပြဌာန်းပါတယ်။

ဒါကြောင့်မို့ လောကီ၊ လောကုတ္တရာ အကျိုးနှစ်မျိုးလုံးကို ဆောင်ရွက်နိုင်ဖို့ဆိုရင် ကရုဏာနဲ့ ပညာ နှစ်မျိုးလုံးကို လိုအပ်တာ ဖြစ်ပါတယ်။

အမှန်မှာတော့ မြင့်မြတ်တဲ့ လုပ်ငန်း ဟူသမျှဟာ ကရုဏာ ပညာတွေနဲ့ ၀န်းရံရစမြဲ ဖြစ်ပါတယ်။ ဘယ်လို လုပ်ငန်း မျိုးကိုပဲ ဖြစ်ဖြစ် ပြုလုပ် ဆောင်ရွက်သူမှာ ကရုဏာနဲ့ ပညာရှိဖို့ လိုပါတယ်။

ဥပမာစကား နှိုင်းယှဉ်ပြောရရင် ဒင်္ဂါးပြားတစ်ပြားမှာ ခေါင်းနဲ့ပန်း နှစ်ဖက်စလုံးပါမှ အသုံးပြုလို့ ရပါတယ်။ အဲဒီလိုပါပဲ အများ အကျိုးပြု ၀န်ဆောင်လုပ်ငန်း ဆောင်ရွက်လိုတဲ့ စိတ် စေတနာမှာလည်း ကရုဏာနဲ့ ပညာဟာ ခေါင်းနဲ့ပန်းလို နှစ်ဖက်စလုံး ပါရှိရပါတယ်။

အဲဒီလို ပါရှိမှလည်း လောကအတွက် အကျိုးရှိ အသုံးဝင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်လာနိုင်သလို အများကလည်း မြတ်နိုး တန်ဖိုး ထားစရာလည်း ဖြစ်လာနိုင်ပါမယ်။

လူတစ်ယောက်ဟာ ကရုဏာရှိပြီး ပညာကင်းမဲ့နေရင် နှလုံးလှ လူမိုက် ဖြစ်နေတတတ်ပြီး ကရုဏာမဲ့ကာ ပညာရှင် ဖြစ်နေရင်လည်း နှလုံးသားမဲ့ ပညာရှင် ဖြစ်နေတတ်ပါတယ်။ အများကောင်းကျိုးပြု ၀န်ဆောင် လုပ်ငန်းဆိုတာ နှလုံးလှ ပညာရှင်တွေကသာ အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါတယ်။

အခု ဒီအကြောင်းနဲ့ ဆက်စပ်ပြီး ဇာတ်တော်တစ်ခုကို ပြောပြချင်ပါတယ်။ အဲဒီ ဇာတ်တော်ဟာ ငါးရာ့ငါးဆယ်၊ ဧကနိပါတ်၊ အတ္တကာမ၀ဂ်မှာပါတဲ့ အာရာမဒူသက အမည်ရပါတယ်။

မျက်မှောက်အားကိုးမိလို့ ကိုယ်ကျိုးနည်းရသူ

တစ်ခါတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံနေစဉ် ဘုရားအလောင်းတော်ဟာ ပညာရှိ အမျိုးသားတစ်ဦး လာဖြစ်ပါတယ်။

ဗာရာဏသီပြည်မှာ နက္ခတ်ပွဲ သဘင်ဆင်နွဲချိန် ရောက်လာတိုင်း မြို့တွင်းကို စည်ကားလေ့ရှိပါတယ်။ နက္ခတ်ပွဲ သဘင်မှာ မြို့တော်သူ မျြို့တော်သားတိုင်းက ၀တ်ကောင်း စားလှ ၀တ်ဆင်ကာ ပါဝင်ဆင်နွဲ ပျော်ရွှင် မြူးတူး တတ်ကြပါတယ်။

ဘုရင့်ဥယျာဉ်တော်ကို စောင့်ရှောက်တဲ့ အမှုထမ်းတွေလည်း အများနည်းတူ နက္ခတ်သဘင်ပွဲ ပါဝင်ဆင်နွဲချင်ကြပါတယ်။

ဒါပေမယ့် သူတို့မှာ နေ့စဉ် နေ့တိုင်း ဥယျာဉ်တော် ထဲမှာရှိတဲ့ သစ်ပင်ငယ်များနဲ့ ပန်းပင်တွေကို ရေလောင်းရမယ့် တာဝန်က ရှိနေပါတယ်။ ဒီတာဝန်ကလည်း လစ်ဟင်း ပျက်ကွက်လို့ မရပါဘူး။ နက္ခတ်သဘင်ပွဲ မဆင်နွှဲဘဲ မနေနိုင်တဲ့ ဥယျာဉ်မှုးကြီးဟာ နောက်ဆုံးမှာတော့ ဥယျာဉ်တော်ထဲမှာ ဘေးမဲ့ပေးထားတဲ့ မျောက်တွေကို အကူအညီ တောင်းဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

ဥယျာဉ်မှုးဟာ မျောက်အုပ်ထဲက အကြီးဆုံး မျောက်ကြီးထံ ချဉ်းကပ်ပြီး…

“အချင်း မျောက်ကြီး၊ ဒီ ဥယျာဉ်ဟာ သင်တို့အတွက် သိပ်ပြီး ကျေးဇူးများပါတယ်၊ ဥယျာဉ်ထဲမှာ ရှိသမျှအသီး အပွင့်တွေကို သင်တို့ပဲ စားသုံးနေကြတာပဲ။ ဒါကြောင့် ကျွန်ုပ် နက္ခတ်ပွဲ သွားနေတုန်းမှာ ကျွန်ုပ်ကိုယ်စား ဥယျာဉ်ထဲက သစ်ပင်ငယ်နဲ့ ပန်းပင်တွေကို ရေလောင်း ထားလိုက်ကြပါ” လို့ မေတ္တာရပ်ခံတယ်။

ဥယျာဉ်မှုးရဲ့ မေတ္တာ ရပ်ခံချက်ကို မျောက်ကြီးကလည်း လိုလို လားလား လက်ခံပြီး စိတ်ချ လက်ချ နက္ခတ်သဘင်ပွဲသွားဖို့ ပြောကြားလိုက်ပါတယ်။

ဒါနဲ့ ဥယျာဉ်မှုးလည်း ရေးပုံး၊ ရေခွက်တွေကို မျောက်ကြီးထံပေးအပ်ပြီး နက္ခတ်သဘင် ကျင်းပရာကို ထွက်ခွာ သွားပါတယ်။

ရေလောင်းနေကျ အချိန် ရောက်တဲ့အခါ မျောက်ကြီးက မျောက်တွေကို အစည်းအဝေးခေါ်ပြီး-

“အချင်းမျောက်တို့၊ ဥယျာဉ်မှုးက တာဝန် ပေးထားတဲ့အတွက် ဒီပွဲတော်ရက် အတွင်းမှာ ငါတို့ဟာ ဒီဥယျာဉ်ကို ရေလောင်း ကြရလိမ့်မယ်၊ ဒီတော့ ရေမလောင်းခင်မှာ အရေးကြီးတဲ့ အချက်တစ်ခုကို သတိပေးရဦးမယ်၊ ခုလို နွေရာသီမှာ ရေဆိုတာ အင်မတန် အရေးကြီးတယ်၊ နောက်နောင်အခါ ရေအခက်အခဲ မရှိရအောင် ခုနေက တည်းက ရေကို ချွေတာထားမှ ဖြစ်မယ်။ ဒါကြောင့် ဥယျာဉ်ထဲက သစ်ပင်ငယ်တွေကို ရေမလောင်းခင်မှာ အရင်းနှုတ်ကြည့်ရမယ်၊ ပြီးမှ အမြစ်ရှည်တဲ့ အပင်ကိုသာ ရေများများ လောင်းပြီး အမြစ်တိုတဲ့ အပင်တွေကို ကျတော့ ရေနည်းနည်းပဲ လောင်းရမယ်။ ဒါမှသာ ရေကို အကျိုးရှိရှိ သုံးရာရောက်မယ်” လို့ အဆုံးအမပေးပါတယ်။

မျောက်တွေကလည်း မျောက်ကြီး ပြောကြား ထားတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်နာလုပ် ဆောင်ကြပါတယ်။

အဲဒီအချိန်မှာ အလောင်းတော် ပညာရှိအမျိုးသားဟာ နောက်လိုက် ငယ်သားတွေနဲ့အတူ ဥယျာဉ် တော်ထဲကို ရောက်ရှိ လာကြပါတယ်။ အလောင်းတော်ဟာ မျောက်တွေ ဘာကြောင့် သစ်ပင်ငယ်တွေ ကို နုတ်ပြီးမှ ရေလောင်းနေသလဲ ဆိုတာကို စူးစမ်းပါတယ်။

နောက်ဆုံး မျောက်ကြီးရဲ့ ညွန်ကြားချက်အရ ဒီလို ဖြစ်နေကြောင်း သိလိုက်ရတဲ့အခါ နောက် လိုက်ငယ်သားတွေကို--

“အို..အမောင်တို့၊ မျောက်တွေ လုပ်ပုံကိုသာ ကြည့်ပါလေတော့။ ပညာမဲ့တဲ့သူဟာ စေတနာကောင်း ပေမယ့် ရလဒ်ကောင်းကို ရအောင် မဆောင်ရွက်နိုင်ဘူး၊ အကျိုးရှိအောင် ဆောင်ရွက်၇င်း အကျိုးမဲ့ကိုသာ ဖြစ်စေနိုင်တယ်။ မကျွမ်းကျင်တဲ့ သူဟာ အများကြီးပွားအောင် မလုပ်ဆောင်နိုင်ဘူး” လို့

ဥပမာပေး ဆုံးမစကား ပြောကြားကာ ဥယျာဉ်တော်အတွင်းက ထွက်ခွာသွားပါတယ်။

ဒီဇာတ်တော်ဟာ ရည်ရွယ်ချက်စေတနာ ကောင်းမွန်ပေမယ့် အကောင် အထည် ဖေါ်ရာမှာ လိမ္မာ ကျွမ်းကျင်မှုမရှိရင် ရလဒ်ကောင်း မပေါ်ထွက်လာ နိုင်တာကို ပညာပေးလိုလို့ ဟောကြား တော်မူခဲ့တဲ့ ဇာတ်ဝတ္ထုတစ်ခုပါ။

ဒီဇာတ်ဝတ္ထုနဲ့ အလားတူ ဖခင်ဖြစ်သူရဲ့ ဦးခေါင်းပေါ်က ခြင်ကို ပုဆိန်ဖြင့်ထူသူ သားမိုက်နဲ့ မိခင်ရဲ့ ကိုယ်ပေါ်မှာ နားနေတဲ့ ယင်ကောင်တွေကို ကျဉ်ပွေ့နဲ့ ရိုက်မောင်းသူ သမီးမိုက်တွေရဲ့ အကြောင်းကို ဟောပြ ထားတဲ့ မကသဇာတ်နဲ့ ရောဟိဏီ ဇာတ်ဝတ္ထုတွေလည်း ရှိပါသေးတယ်။

တကယ်တမ်း လူအများကို အလုပ်အကျွေး ပြုချင်သူတွေဟာ ရည်ရွယ်ချက် စိတ်စေတနာကောင်း သာမက ထွက်ပေါ်လာမယ့် ရလဒ်ရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကိုပါ အမှန်အတိုင်း ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိ ဉာဏ်နဲ့ ပြည့်စုံရပါတယ်။ ကရုဏာက အကြောင်းကောင်းဖို့ အာမခံပြီး ဉာဏ်ပညာက အကျိုးကောင်းဖို့ တာဝန်ယူပါတယ်။

ပရဟိတ အကျိုးဆောင်သူတွေဟာ ကရုဏာတရား ခေါင်းပါးရင် ကိုယ်ကျိုးရှာတတ်ပြီး အသိဉာဏ် နည်းပါးရင် အမှား အယွင်း များတတ်ပါတယ်။

ဒါကြောင့်မို့ ကရုဏာနဲ့ ပညာနှစ်ပါးစုံမှ ပရဟိတသမား ပီသပါတယ်။ အများအကျိုး၊ လောကအကျိုး၊ သာသနာတော်အကျိုးကို ဖြူဖြူစင်စင် အောင်အောင်မြင်မြင် သယ်ပိုး ရွက်ဆောင်နိုင်ပါတယ်။

တော်ဝင်နွယ်

မဏိဇောတ မဂ္ဂဇင်း

Read more...

ဝိစိတ္တသာရာဘိဝံသ ၀ိနိစ္ဆယ စောဒနာ သောဓနာ အမှတ် ၁၂...

Read more...

သူတော်ကောင်းတို့ပျော်စံရာ

သတ္တလောကကြီးအတွင်း ရှိကြတဲ့လူ၊နတ်၊ဗြဟ္မာ၊သတ္တ၀ါစတာတွေဟာ ဘုံဌာနအသီးသီးမှာ အကြောင်းအားလျော်စွာဖြစ်နေကြရ တယ်။ ဖြစ်ပေါ်ရာဘုံဌာနတွေမှာလဲ သတ္တ၀ါတွေဟာ သူ့ဟာနဲ့သူ မွေ့လျော်ပျော်ပိုက်နေကြတယ်။ ဇာတ်တော်ထဲက ဥပရိဒေ၀ီမိဖုရားဆိုရင် သေပီးတဲ့နောက် နောက်ချေးပိုးမအဖြစ်နဲ့တိရစ္ဆာန်ဘုံသွားဖြစ်တယ်။ ဒီဘုံမှာပဲ သူမနောက်ချေးပိုးမဖြစ်ရတာ ပျော်နေပါတယ်။ ထို့အတူ မစင်တွင်းဟာ လူအနေနဲ့ကြည့်ရင် စက်ဆုတ်ရွံရှာဖွယ်ဖြစ်ပေမဲ့ ပိုးလောက်တွေအတွက် နတ်ဘုံတမျှထင်မှတ်မှားနေဟန်တူပါတယ်။ လူ့ဘုံမှာဆိုရင်လဲ လူတန်းအစားအသီးသီးရှိကြတဲ့အနက် လူယုတ်မာက သူ့ကျင်လည်နေရတဲ့ဘ၀ကို သူပျော်ပိုက်သလို သူတော်ကောင်းများက လဲသူတို့ကျင်လည်ရတဲ့ဘ၀မှာပဲ မွေ့လျော်ပျော်ပိုက်နေကြပါတယ်။
ဒါနဲ့ပတ်သက်ပြီး……..

အခါတစ်ပါးမြတ်စွာဘုရားဟာ နဠေရု အမည်ရှိတဲ့ တမာပင်ရင်းမှာ သီတင်းသုံးနေတဲ့အခိုက် မဟာရာဒအမည်ရှိတဲ့ အသူရိန်က မြတ်စွာဘုရားအား“မြတ်စွာဘုရား….မြတ်စွာဘုရားရဲ့တပည့်သာဝကတွေဟာ သာသနာတော်မှာ ဘာ့ကြောင့်များ ပျော်မွေးနေနိုင်ကြတာလဲ ဘုရား”လျှောက်ထားပါတယ်။ အသူရိန်ရဲ့စိတ်ထဲမှာ ဘုရားသာသနာဆိုတာ လူတိုင်းမပျော်နိုင်ဘူး၊ အလွန်ကြပ်တည်းတဲ့နေရာဖြစ်တယ်၊ စာပတွေသင်အံကျက်မှတ်လေ့လာတဲ့အလုပ်နဲ့၊ သင်ထားတဲ့အတိုင်း ကျင့်သုံးခြင်းဆိုတဲ့အလုပ်ရယ် ဒီအလုပ်နှစ်ခုပဲရှိတယ်။ ငါတို့အသူရိန်တွေနဲ့ လူနတ်များမှာတော့ ကာမဂုဏ်အာရုံခံစားနေရလို့ ပျော်မွေ့နေတယ်ဆိုတာထားလိုက်တော့ ဘုရားသားတော်ရဟန်းတွေမှာကျတော့ ၀ိနည်းစည်းကမ်းဥပဒေတွေကတင်းကြပ်လွန်းတဲ့အပြင် ကာမဂုဏ်အာရုံတွေကို ကင်းနိုင်သမျှကင်း အောင်နေရတာဆိုတော့ ရဟန်းတော်များ သာသနာတော်မှာ ဘာ့ကြောင့်ပျော်နေကြတာလဲဆိုတာကို သိချင်တာနဲ့ ဘုရားရှင်အား မေးလိုက်ဟန်တူပါတယ်။
ထိုအခါ မြတ်စွာဘုရားက “မဟာရာဒ….မဟာသမုဒ္ဒရာကြီးမှာ အံ့ဖွယ်ရှစ်ပါးနဲ့ပြည့်စုံနေတဲ့အတွက် မဟာသမုဒ္ဒရာအတွင်းမှာ အသူရာတွေပျော်မွေ့နေနိုင်ကြတယ်။ ဒီလိုပါပဲ ငါဘုရားရှင်ရဲ့သာသနာတော်ကြီးဟာလဲ အံ့ဖွယ်ရှစ်ပါးနဲ့ပြည့်စုံနေတဲ့အတွက် ငါဘုရားရဲ့တပည့် သား သာဝကတွေ ပျော်မွေ့နေနိုင်ကြတယ်” လို့ မိန့်တော်မူပြီး မဟာသမုဒ္ဒရာရဲ့အံ့ဖွယ်ရှစ်ပါးနဲ့ နိုင်းယှဉ်ကာ ဘုရားရှင်ရဲ့သာသနာတော် အံ့ဖွယ် ရှစ်ပါးအကြောင်းကို မိန့်တော်မူခဲ့ပါတယ်။
(၁)အစဉ်နက်ဝှမ်း
မဟာသမုဒ္ဒရာကြီးဟာ ကမ်းစပ်ကစပြီး အစဉ်အတိုင်း တဖြေးတဖြေးနဲ့နက်ရှိုင်း နက်ရှိုင်းပီးတော့သွားတယ်။ ဒါဟာ သမုဒ္ဒရာရဲ့ပထမ အံ့ဖွယ်တစ်ပါးပါပဲ။ ဒီလိုပါပဲ သာသနာတော်မှာလဲ ဒါန၊သီလ၊သမထ၊၀ိပဿနာပညာစတာတွေဟာ တဖြေးဖြေးနက်ရှိုင်းနက်ရှိုင်းသွားပါတယ်။ နားလည်အောင်ပြောရရင် လူတွေမှာ သီလဆောက်တည်ကျင့်သုံးတယ်ဆိုတာ ယုံကြည်မှုသဒ္ဓါရှိလို့ပါ။ သဒ္ဓါတရားမှလဲ ပညာမပါတဲ့ယုံကြည်မှု ကို ‘ပသာဒသဒ္ဓါ’ လို့ခေါ်တယ်။ ဒီယုံကြည်မှုကနေ အဆင့်မြင့်တဲ့ သြကပ္ပနသဒ္ဓါဆိုတဲ့ ပညာပါတဲ့ယုံကြည်မှုမျိုးဖြစ်လာတယ်။ ပီးတော့ အာဂမသဒ္ဓါ..တဲ့၊သူက ဘုရားအလောင်းသူတော်ကောင်းတို့မှာသာဖြစ်လေ့ရှိတဲ့သဒ္ဓါမျိုးပါ။ နောက်ဆုံးသဒ္ဓါတရားကျတော့ မဂ်ဖိုလ်နိဗ္ဗာန် မျက် မှောက်ပြုပြီး ရတနာသုံးတန်ကံနဲ့ကံအကျိုးကိုချွင်းချက်မရှိ ယုံကြည်မှုခိုင်မြဲသွားတဲ့ ‘အဓိဂမသဒ္ဓါ’ဖြစ်တယ်။ ဒီလိုပဲ လူတွေမှာသဒ္ဓါတရားဟာ တဖြေးဖြေးနဲ့ အဆင့်မြင့်ပြီး နက်ရှိုင်းနက်ရှိုင်းပြီးတော့သွားတယ်။
နောက်တစ်ခုက သီလသာသနာ ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီးတော့ ငါးပါးသီလ၊ရှစ်ပါးသီလ၊ကိုးပါးသီလ၊ဆယ်ပါးသီလ ဒါက လူတွေကျင့်သုံးသင့်တဲ့သီလတွေပါ။ သာမဏေများကျင့်သုံးသင့်တဲ့သာမဏေသီလ၊ ရဟန်းသီလဆိုပြီး ငါးပါးသီလကနေ၊ ရဟန်းသီလတိုင် အောင် တဖြေးဖြေး အဆင့်မြင့်လာတာဟာ သီလသာသနာကြီးနက်ရှိုင်းနက်ရှိုင်းလာခြင်းပါ။ ဒီနေရာကြုံတုန်းပြောရအုံးမယ်။ သီလဆိုတာ သူ့နယ်ပယ်နဲ့သူစောင့်ထိန်းရပါတယ်။ လူအဖြစ်နဲ့ သာမဏေသီလ သွားကျင့်လို့မရသလို၊ လူအဖြစ်နဲ့ ရဟန်းသီလ သွားကျင့်လို့မရပါဘူး။ တစ်ခါက လူပုဂ္ဂိုလ်ဆရာကြီးတစ်ဦး လူအဖြစ်နဲ့ ရဟန်းသိက္ခာပုဒ်ကို ကျင့်သုံးတယ်ဆိုတာ ကြားလိုက်ရတယ်။ ဒါမဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။ သတိထားသင့်တဲ့အကြောင်း ပြောရခြင်းဖြစ်ပါတယ်။
သီလနဲ့စပ်လို့ ရှစ်ပါးသီလ ဆိုတာ ယနေ့ ပရိသတ်များ ဆောက်တည်နေကြတဲ့ဥပုသ်သီလဖြစ်တယ်။ ဒီသီလနဲ့စပ်ပြီး ဒကာမတစ်ဦးက သနပ်ခါးလိမ်းပြီး သီလယူရင် အပြစ်ရှိ-မရှိ မေးဖူးပါ တယ်။
ရှစ်ပါးသီလမှာ ဌာနာ စကားလုံးပါတဲ့ သိက္ခပုဒ်နှစ်ခုရှိတယ်။ ဒါက အကုသိုလ်ဖြစ်နိုင်တဲ့အကြောင်းသာရှိပါသေးတယ်။ ဒါကြောင့် သနပ်ခါးလိမ်းစဉ်မှာလဲ အပြစ်မရှိပါ၊ သနပ်ခါးလိမ်းပြီး သီလယူတဲ့အချိန်မှာလဲ အပြစ်မရှိသေးပါ။သီလယူပြီးရင်သာ အပြစ်ရှိတာပါ။ဒါကြောင့် မလွဲမရှောင်သာလို့ သနပ်ခါးလိမ်းပြီး သီလာယူတယ်ဆိုရင် သီလယူပြီးတဲ့အခါမှာ မျက်နှာက သနပ်ခါးကို ဖျက်ပစ်လိုက်ဖို့ပါပဲ လို့ သီလနဲ့စပ်တဲ့ အဖြေကို ဖြေခဲ့ရပါသေးတယ်။ ပီးတော့ ရှစ်ပါးသီလကနေ တဆင့် နက်ရှိုင်းသွားတာ ဘယ်ရောက်တုန်းဆိုတော့ ကိုးပါးသီလဆိုတာရှိသေးတယ်။ ကိုးပါးသီလနဲ့စပ်ပြီး တကယ်တန်းစစ်ကြည့်ရင် ရှစ်ပါးသီလကတော့ သီလပါပဲ။ သူကကိုယ်နဲ့နှုတ်ကို စောင့်ထိန်းတာပါ။ မေတ္တာဘာဝနာကျတာ့ စိတ်နဲ့ပွားရတဲ့အတွက် သီလမဟုတ်ပါဘူး။ သိထားရမှာက ရှစ်ပါးသီလခံယူပြီး မေတ္တာနဲ့နေမယ်လို့ ဆိုလိုက်တာပါပဲ။ ဒါကို ခေါ်ရလွယ်အောင်ဆိုပြီး ကိုးပါးသီလ လို့ဆိုလိုက်ခြင်းဖြစ်ပါတယ်။
ဒီလိုပါပဲ သီလများလဲ တဖြေးဖြေးအဆင့်မြင့် နက်ရှိုင်းလာသလို သမာဓိတရားလဲ ဥပစာရသမာဓိ၊အပ္ပနာသမာဓိ၊ ပဌမဈာန်၊ဒုတိယဈာန်စလို့ တဖြေးဖြေးနက်ရှိုင်းလာတာတွေ့ရတယ်။ ဒီကနေတဆင့် ၀ိပဿနာပညာ၊မဂ်ပညာ၊ဖိုလ်ပညာ၊ သောတာပန်၊သကဒါ ဂါမ်၊အနာဂါမ်၊ရဟန္တာတိုင်အောင် တဖြေးတဖြေးနဲ့နက်ရှိုင်းလာတယ်။ တရားများကျင့်သုံးပြီး တဖြေးဖြေးနက်ရှိုင်းလာကြတဲ့အတွက် ဘုရားသား တော်ရဟန်း၊သာမဏေများဟာ သာသနာတော်မှာ ပျော်မွေ့နေကြပါတယ်။
(၂)ကမ်းကိုမလွန်
မဟာသမုဒ္ဒရာကြီးရဲ့ရေများဟာ မိုးများတဲ့အတွက် ရေတွေ ကမ်းစပ်အထက်သို့လွန်သွားတယ်ဆိုတာမရှိပါဘူး။ ဒါဟာ ဒုတိယမြောက် မဟာသမုဒ္ဒရာကြီးရဲ့အံ့ဖွယ်တစ်ပါးဖြစ်ပါတယ်။ ဒီလိုပါပဲ ဘုရားသားတော်ရဟန်း၊သာမဏေများဟာ ငါဘုရားပညတ်ထာတဲ့သီလကို လွန်ပြီးတော့ မကျင့်ကြဘူး၊ သီလမချိုးဖေါက် ကြပါဘူး။ သီလကိုလွန်ပြီးတော့ မကျင့်ဘူး။ အသက်ဆိုတဲ့အကြောင်းကြောင့် သီလလပျက်တယ်လို့မရှိပါ။ ဘုရားရှင်လက်ထက်တော်က ခိုးသားများဟာ သူတို့နေထိုင်တဲ့တောထဲကို ရဟန်းတော်တစ်ပါး ရောက်လာတယ်။ အဲဒီမှာသူခိုးခေါင်းဆောင်က ဒီရဟန်းကို ပန်လွတ်လိုက်ရင် ငါတို့တောအုပ်မှာရှိကြောင်း သတင်းပေါက်ကြားသွားနိုင်တယ်။ ဒါကြောင့်ရဟန်းကို နှုတ်ပိတ်တဲ့အနေနဲ့ နွယ်ကြိုးတစ်ချောင်းနဲ့လက်ကိုတုတ်ပြီး ဖမ်းထားလိုက်ပါတ်ယ်။ သူခိုးတွေလဲ ဒီနေရာမနေတော့ပဲအခြားနေရာကို ထွက်သွားပါတယ်။ မကြာမီ တောမီးလောင်ပါတယ်။ရဟန်းတော်ဟာ တုတ်ထားတဲ့ကြိုးကိုဖြတ်ပြီး မီးလွတ်ရာပြေးရင် အသက်ချမ်းသာနိုင်တယ်။ဒါပေမဲ့နွယ်မြက်က ရှင်သန်ဆဲရှိနေတဲ့အတွက် ရဟန်းတော်ဟာ ရှင်သန်နေတဲ့နွယ်ကြိုးကို ဖြတ်မယ်ဆိုရင် ပါစိတ်အာပတ်သင့်မယ်။ ငါအာပတ်တော့အသင့်မခံဘူး။ သေချင်သေပါစေ လို့တွေးပြီးနေလိုက်တယ်။ မကြာခင်မှာပဲ ရဟန်းတော်လေးဟာ တောမီးကြီးရဲ့ဝါးမျိုမှုကိုခံလိုက်ရတဲ့အတွက် ပျံတော်မူရရှာပါတယ်။ ဒါဟာ အသက်ဆိုတဲ့အကြောင်းကြောင့် သီလအပျက်မခံတာပါပဲ။ ဒါကြောင့်လဲ သာသနာတော်တွင်းမှာ ရဟန်းသာမဏေ များ ပျော်မွေ့နေနိုင်ကြပါတယ်။
(၃)ရွံဖွယ်ဆယ်ပစ်
မဟာသမုဒ္ဒရာကြီးအတွင်းမှာ ရွံ့ဖွယ်ဖြစ်တဲ့ကောင်ပုပ်တွေ အမှိုက်သရိုက်တွေရှိနေမယ်ဆိုရင် ထိုအသေကောင်ပုပ်၊ အမှိုက်သရိုက် များကို သမုဒ္ဒရာလှိုင်းလုံးတွေက ကမ်းပေါ်ရောက်အောင် ရိုက်ခတ်လိုက်ကြတဲ့အတွက် သမုဒ္ဒရာကြီးဟာ သန့်ရှင်းနေပါတယ်။ ဒါဟာ မဟာသမုဒ္ဒရာကြီးရဲ့ တတိယမြောက် အံ့ဖွယ်တစ်ပါးဖြစ်တယ်။ ဒီလိုပါပဲ ဘုရားရှင်ရဲ့သာသနာတော်တွင်းမှာလဲ ဒုဿီလဆိုတဲ့အကျင့်ပျက်တဲ့ ပုဂ္ဂိုလ်တွေရှိနေရင် သာသနာတွင်းမှာနေရတော့ပါ။ ပါရာဇိကလေးပါးအနက်တစ်ပါးပါးနဲ့ ငြိစွန်းသူဟာ သာသနာမှာမနေရတော့ဘူး။ လူထွက်ရပါ တယ်။ တကယ်လို့လူမထွက်ရင်လဲ သင်္ကန်းဝတ်ထားပေမဲ့ အော်တိုမစ်တစ်လူဖြစ်သွားပါပြီ။ ဒါကြောင့်သာသနာမှာ သီလရှိတဲ့ရဟန်းသာမဏေ များသာ နေကြရတယ်။ တစ်ခါက ပါဋိလိပုတ်ပြည့်ရှင် ဘုရင်အာသောကမင်းဟာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်အကူအညီဖြင့် သာသနာအတွင်း အုတ်ရောရော၊ ကျောက်ရောရောဖြစ်နေတဲ့၊ အယူဝါဒကွဲများ၊ရဟန်းအတုယောင်များကို လူထွက်စေရာ သာသနာသန့်ရှင်းခဲ့ ပါတယ်။ မြန်မာသက္ကရာဇ်၃၇၉ခုနှစ်၊ ဘုရင်အနော်ရထာမင်းဟာ ရှင်အရဟံအကူအညီကိုယူကာ အရည်းကြီးများကို ဖယ်ရှားပြီး ဘုရားသာသနာ တော်ကြီးကို သန့်ရှင်းစေခဲ့ပါတယ်။၁၃၄၂ခုနှစ်၊ ဂိုဏ်းပေါင်းစုံသံဃအစည်းအဝေးကြီးမှာ ၀ိဝါဒမတူညီတဲ့ရဟန်းသာမဏေများကို ဖယ်ရှားလူထွက်စေကာ သာသနာတော်ကြီးသန့်ရှင်းအောင်ပြုလုပ်ခဲ့တယ်။ဒါကြောင့်လဲ သန့်ရှင်းတဲ့ဘုရားသာသနာတော်ကြီးအတွင်းမှာ အကျင့် သီလရှိတဲ့သူများသာ ပျော်မွေ့နေနိုင်ကြပါတယ်။
(၄)တစ်မည်ဖြစ်ခြင်း
ဧရာဝတီမြစ်ကရေကို ဧရာဝတီမြစ်ရေလို့ခေါ်ကြတယ်။ အခြားသောမြစ်ကရေတွေဆိုရင်လဲ အခြားမြစ်ရဲ့နာမည်နဲ့ခေါ်ကြတယ်။ ဒါပေမဲ့ အဲဒီမြစ်အသီးသီးကစီးဆင်းလာတဲ့မြစ်ရေတွေဟာ မဟာသမုဒ္ဒရာအတွင်းရောက်သွားတယ်ဆိုရင် မဟာသမုဒ္ဒရာရေ လို့ အမည်တစ်မျိုးပဲ ရပါတယ်။ ဒါဟာ မဟာသမုဒ္ဒရာကြီးရဲ့ စတုတ္ထမြောက်အံ့ဖွယ်ဖြစ်ပါတယ်။ ဒီလိုပါပဲ သူဌေးသား၊ဆင်းရဲသား၊ကုန်သွယ်လူတန်းစားမျိုးစုံက အမျိုးကောင်းသားများဟာ ရဟန်းသာမဏေဖြစ်လာကြပြီဆိုရင် သာကီဝင်မင်းသားဘုရားသားတော် ရဟန်းတော် တို့ဆိုပြီး အမည်တစ်မည်သာ ရပါတယ်။
(၅)မယွင်းမတိုး
မဟာသမုဒ္ဒရာကြီးဟာ မိုးများစွာ ရွာသွန်းလို့လဲ ပြည့်လျှံခြင်းမရှိသလို မိုးခေါင်လို့လဲ လျော့ကျသွားခြင်းမရှိပါဘူး။ ဒါဟာ မဟာသမုဒ္ဒ ရာကြီးရဲ့ ပဉ္စမမြောက် အံ့ဖွယ်ဖြစ်ပါတယ်။ ဒီလိုပါပဲ ရှေးရှေးဘုရားအလောင်း အရိယာသူတော်ကောင်းများ မရေမတွက်နိုင်အောင် နိဗ္ဗာန်စံဝင်သွားကြပေမဲ့ နိဗ္ဗာန်ဟာ ဘယ်သောအခါမှ ပြည့်လျှံသွားတယ်ဆိုတာမရှိသလို နိဗ္ဗာန်စံဝင်မဲ့သူနည်းပါးပေမဲ့လဲ နိဗ္ဗာန်ဟာ လျော့သွားခြင်းမရှိပါဘူး။
(၆)ဆယ်မျိုးရတနာ
မဟာသမုဒ္ဒရာကြီးရဲ့အလယ်ဗဟို အနက်ရှိုင်းဆုံးနေရာ သမုဒ္ဒရာရေအောက်ကြမ်းပြင်မှာ ရတနာဆယ်မျိုးတို့ စုဝေးတည်ရှိနေပါတယ်။ ဒါဟာ မဟာသမုဒ္ဒရာကြီးရဲ့ ဆဋ္ဌမမြောက် အံ့ဖွယ်ဖြစ်ပါတယ်။ဒီလိုပါပဲ ဘုရားသာသနာတော်အတွင်းမှာလဲ တန်ဖိုးမဖြတ်နိုင်တဲ့ဘုရားရတနာ၊ တရားတော်ရတနာ၊သံဃာတော်ရတနာများ စုဝေးတည်ရှိနေပါတယ်။
(၇)ရသာဆားတူ
မြစ်ချောင်းများကရေများဟာ အရသာမျိုးမျိုးရှိကြတယ်။ဒါပေမဲ့ မဟာသမုဒ္ဒရာရေကတော့ ငံတဲ့အရသာတစ်မျိုးသာရှိတယ်။ဒါဟာ မဟာသမုဒ္ဒရာကြီးရဲ့ သတ္တမမြောက်အံ့ဖွယ်ဖြစ်ပါတယ်။ ဒီလိုပါပဲ သာသနာတော်မှာလဲ ဆင်းရဲဒုက္ခမှ လွတ်မြောက်ခြင်းဆိုတဲ့ ၀ိမုတ္တိရသတစ်ပါး သာလျှင် ရှိပါတယ်။
(၈) ကြီးသူနေရာ
မဟာသမုဒ္ဒရာကြီးအတွင်းမှာ ကြီးမားတဲ့ငါးကြီးတွေ၊နဂါးတွေ၊ဂန္ဓဗ္ဗနတ်တွေသာနေထိုင်ကြပါတယ်။ ဒါဟာ မဟာသမုဒ္ဒရာရဲ့အဋ္ဌမ မြောက် အံ့ဖွယ်ဖြစ်ပါတယ်။ဒီလိုပါပဲ ဘုရားရှင်သာသနာတော်အတွင်းမှာလဲ သောတပန်၊သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာဆိုတဲ့အရိယာပုဂ္ဂိုလ်များ သာ နေထိုင်တော်မူနိုင်ကြပါတယ်။
မဟာသမုဒ္ဒရာကြီး အံ့ဖွယ်ရှစ်ပါးနဲ့ပြည့်စုံနေတဲ့အတွက် အသုရာတွေဟာ မဟာသမုဒ္ဒရာအတွင်း ပျော်မွေ့နေနိုင်ကြတယ်။ ဒီလိုပါပဲ၊ ဘုရားသာသနာတော်ကြီးဟာ ဖေါ်ပြခဲ့ပြီးတဲ့အံ့ဖွယ်ရှစ်ပါးနဲ့ပြည့်စုံနေတဲ့အတွက် ရဟန်းသာမဏေများ သာသနာတော်အတွင်း ပျော်မွေ့နေနိုင် ကြတယ်။ ဒါကြောင့် သာသနာတော်ကြီးဟာ အရိယာသူတော်ကောင်းတို့ရဲ့ပျော်စံရာ ဗိမာန်ကြီးလို့ တင်စားရေးသားလိုက်ရပါတော့တယ်။
မှတ်ချက်။ ။သမုဒ္ဒရာကြီးအံ့ဖွယ်ရှစ်ပါးနဲ့လျော်အောင် သာသနာ့အံ့ဖွယ်ရှစ်ပါးရှိတယ်ဆိုပေမဲ့ တကယ်တော့ သာသနာတော်ကြီးရဲ့ အံ့ဖွယ်များဟာ ရှစ်ပါးမကတဲ့အပြင် တစ်နှစ်သုံးလေး ဂဏန်းရေးလို့တောင်မှမရ၊ ရေတွက်လို့မရနိုင်တဲ့ အံ့ဖွယ်တွေ နဲ့ပြည့်စုံနေပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ
ဦးကောဝိဒ(မြိတ်)

Read more...

ကိုယ့်အထွာနဲ့ကိုယ်ပေါ့


အခါတစ်ပါး၌ ကြောင်လိုက်၍ပြေးလာသော ကြွက်တစ်ကောင်နှင့် မုတ်ဆိုးလိုက်၍ပြေးလာသော
ဆင်တစ်ကောင်တို့ တွေ့ကြရာ တစ်ကောင်နှင့် တစ်ကောင်စကားလက်ဆုံကျကြလေတော့သည်။
ဆင်ကြီး ပြောလိုက် ပုံက ငါ့မှာ မုတ်ဆိုးလိုက်လို့ပြေးလိုက်ရတာ တစ်ထွာလောက် စုတ်သွားတာ
ပဲတဲ့။ ကြွက်ကလည်းငါမှာ လည်း ကြောင်လိုက်လို့ပြေးရင်းနှင့် ဟိုငြိ ဒီငြိနဲ့ တစ်
ထွာလောက် စုတ်သွားတာပဲတဲ့။ သူ့အထွာနဲ့ သူမှန်တော့ မှန်နေတာပဲ။ ဘယ်သူ့အထွာက ကျယ်သလဲ
ဆိုတာ ခန့်မှန်းကြပေတော့။

လူဆိုတာ သူ့အကျိုးပေးနဲ့သူဆိုတာအမှန်ပါပဲ။ စာရေးသူသည် မည်သည့်အရာကိုမှ အလွယ်တကူမရ
ခဲ့ဘူးသေးပါ။ အမြတ်ဆုံးသာသနာဘောင်ကိုရောက်ခဲ့သော်လည်း စွန့်စားခဲ့ရသည်။ မနားမနေ
ကြိုးစားရသည်။အသက်နှစ်ဆယ်လောက်မှ မျိုးရိုးမှာလည်းမရှိတဲ့ သာသနာ့ဝန်ထမ်း အဖြစ်ကိုခံ ယူခဲ့တော့လည်း ဘာမှအဆင်ပြေတာမတွေ့ခဲ့ပါ။ မဖြစ်ဖြစ်အောင်သာလုပ်ခဲ့ ရပါတယ်။ အများတွေသိပ်ခက်တဲ့ စာမေးပွဲတွေကိုတစ်ပွဲပြီးတစ်ပွဲအောင်မြင် ပြင်ဆင်ခဲ့တယ်။ အများတကာလို ဦးလေးဘုန်းကြီးကျောင်း၊ရွာကဘုန်းကြီးကျောင်း၊ဆရာအမွေပေးလို့ရတဲ့ကျောင်းဆိုတာလည်းကြား
ပင်မကြားဘူးပါ။ အကြောင်းတရားကြောင့်အကျိုးတရားဖြစ်တယ်လို့ဆိုရမလား?
မိုးလွန်မှ ထွန်ချပြောရမလား မသိ၊ အကုန်မှန်လောက်ပါတယ်။

ဗုဒ္ဓစာပေမူလတန်း၊ ပဌမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊ ဓမ္မာစရိယတန်း၊ သာသနာ့တက္ကသိုလ်၊ဓမ္မာစရိယတန်းတို့အပြင၊် ဘီအေ စသည်သာမက မိမိတို့ဒေသမှ မကြားဘူးသော နိုင်ငံခြားကိုသာသနာပြုပညာတော်သင်စသည်အလီလီကြံစည်အားထုတ်ခဲ့လေသည်။ နိုင်ငံခြားသာသနာပြုကျောင်းတော်မှာ သင်တန်းဖြစ်လာခဲ့သော်လည်း အချို့က ပြောလာကြတယ်။ '' ဘာလုပ်ဖို့လာတက်တာလဲ? ကိုယ်ဒေသမှာ ကိုယ်နေသင့်တယ်'' စသည်ဖြင့် အမျိုးမျိုးပါပဲ။ ဒါပေမဲ့ ရာဟုလာက နောက်ဆုတ်ရိုးထုံးစံမရှိ။
၂၀၀၀ ခုနောက်ပိုင်းနိုင်ငံခြားရောက်လာတဲ့အခါ " ဘယ်တော့ပြန်သွားမလဲ၊ ရောက်ဖူးရင် နောက်မလာ
နဲ့တော့။ နိုင်ငံခြားမှာနေချင်ရင် ပါရမီရှိမှရမယ်စသည်ဖြင့် အပေါ်စီးကပြောတာကိုလည်းခံခဲ့ရပါတယ်။ မှတ်မိပါသေးတယ်။ တစ်ခါမှာ မိမိက Bus 30 Tampanies MRT ရောက်ကြောင်းပြောမိလို့ အရှင်ဘုရား ခုတောင် ဗီဇာမကုန်သေးလားလို့ ချက်ချင်းငေါက်တာကိုလည်း ခံလိုက်ရပါတယ်။ယခုဘ၀ အကြောင်း အခန်းလိုက်တင်ပြနေတာ စင်းလုံးချောအပြစ်ကင်းတယ်လို့ ဘယ်ရှိမပါ့လဲ။လူဆိုတာ ဒီလိုပဲပြုပြင် သွားရတာပါပဲ ။ရှေးဟောင်းနှောင်းဖြစ်တွေကို သင်ခန်းစာယူခဲ့ရပါတယ်။

အိန္ဒိယကကြွလာတဲ့ ဘုန်းကြီးတစ်ပါးအတွက် စင်္ကာပူကကျောင်းတစ်ကျောင်းမှာ တစ်ရက်နှစ်ရက်တည်းခိုဘို့ ရောက်နှင့်ပြီးတစ်ပည့်တစ်ဦးနှင့် စီစဉ်ထားခဲ့ပေမယ့် တကယ်ရောက်လာတဲ့အခါ တံခါးးဖွင့်မပေးလို့ ကျောင်းခြံစည်းရိုးနားမှာညအမှေင်ထဲ ငုတ်တုတ်ထိုင်နေခဲ့ကြရတယ်။ ရာဟုလာချက်ချင်းဆုံးဖြတ်လိုက် ကာ သီရိလင်္ကာ ဘုန်းကြီးတွေဟာ ပိုပြီးသဘောကောင်းတယ်။သွားပြောရင်ရလောက်တယ်ဆိုပြီး တက္ကစီဖြင့် လိုက်သွားကြတယ်။ စိန်မိုင်ကယ်ကျောင်းက ကုလားဘုန်းကြီးကလက်ခံပေးပါတယ်။

သူတို့လက်မခံတာသူတို့ရွေးချယ်ပိုင်ခွင့်ပါပဲ။ကိုယ်ကလည်းသူတို့ကိုဘာမှလုပ်ပေးဘူးတာမရှိခဲ့ပါဘူး။
ဘဝလမ်းခရီးမှာ ရွေးချယ်စရာ လမ်းတစ်ခု ပဲရှိတယ်။ ကိုယ့်အားကိုယ်ကိုးရုံပါပဲ။ဒါက ကိုယ်အတွက် တစ်ခုတည်းသောလမ်းစဉ်ပါ။ ပဋ္ဌာန်းနည်းနဲ့ဆက်စပ်လိုက်ရင်တော့ နတ္ထိပစ္စည်း၊ ဝိဂတပစ္စည်း- ကင်းပြီးတော့ ကျေးဇူးပြုတတ်တယ်စသည်ဖြင့်သဘောပေါက်လိုက်ရင်လောကကြီးမှာ အားလုံးဟာကျေးဇူးရှင်တွေ ပဲဖြစ်ကြပါတယ်။

မြန်မာရဟန်းတစ်ပါးအနေဖြင့် နိုင်ငံခြားမှား ပညာသင်ဘို့ဆိုတာ စိတ်မကူးရဲစရာပါ။ ရှိတဲ့ဒေါ်လာ
(u$1000)လောက်လေးနဲ့ ချွေချွေတာတာရပ်တည်ခဲ့ရပါတယ်။ computer နှင့်ဖုန်းဆိုတာ မသုံးနိုင်ခဲ့ပါဘူး။ ပညာသင်ထောက်ပံ့ရေးအသင်းဆိုတာလည်း ကိုယ့်အတွက် အရေးမပါ ။ Buddhist and Pali University
မှာ MA တက်တဲ့နှစ်က စက်တင်ဘာမှာ စဖွင့်တဲ့ course မို့ပညာသင်အထောက်အပံ့ နာမည် မျှသာရကြသည်။ နောက်နှစ် Kelaniya University မှာ MA တက်တဲ့အခါ BPU တက္ကသိုလ်မှာ အထောက်အပံ့ရဖူးပြီးသားဖြစ်လို့ စာရင်းထဲမှာ မပါပြန်။ ငွေသုံးစရာမရှိလို့ ရှိတဲ့ရေခဲသေတ္တာကိုရောင်းခဲ့ရာ ပညာသင်ထောက်ပံ့ရေးအဖွဲ့က အလှုရှင်တစ်ဦးက ဈေးသုံးပုံတစ်ပုံလောက်သာ ပေးဝယ်ပြီး သီဟိုဠ်ကျောင်းမှာလှုဒါန်းသွားသေးတယ်။

ယနေ့ရာဟုလာထောက် ပံ့လှုဒါန်းနေသော ကိုလံဘိုကျာင်းတိုက်နှင့် ဆက်စပ်သူတွေဟာ မိမိတို့အပေါ်မှာ သိပ်ရက်စက်ခဲ့ကြပါတယ်။ ကျဉ်းမြောင်းတဲ့နေရာမှာလာခဲ့ကြတာမို့လားမသိ သိပ်ပြီး အယူသည်းကြ၊ ကျဉ်းမြောင်းကြပါတယ်။ သူတို့ရဲ့သစ္စာခံတပည့်မဟုတ်ရင် သိပ်ဒုက္ခပေးတတ်ကြတယ်။ ဒီနေ့ အဲဒီပုဂ္ဂိုလ်တွေ ဗေဒင်စကားနဲ့ပြောရရင် မြေလူးကိန်းဆိုက်သွားကြပါပြီ။ ဒါလည်း ကိုယ့်လမ်းကိုယ်သွားကြရတာမို့ စိတ်မကောင်းဖြစ်စရာမရှိပါ။ သတ္တဝါကောင်းမကောင်း အကြောင်းကံက စီမံပါသည်။(ဆက်ရန်)

Read more...

The Benefits of Meditation and Sacrifice

The rainy season retreat has begun. It is a time for offering robes to monks and for making special efforts toward gaining a better understanding of Buddhist values. In Burma, we look upon members of the sangha (the Buddhist religious order) as teachers who will lead us along the noble eightfold path. Good teachers not merely give scholarly sermons, they show us how we should conduct our daily lives in accordance with right understanding, right thought, right speech, right action, right livelihood, right effort, right mindfulness and right concentration.

Not long ago before my house arrest in 1989, I was granted an audience with the venerable U Pandita, an exceptional teacher in the best tradition of great spiritual mentors whose words act constantly as an aid to a better existence. U Pandita, the hole teacher, spoke of the importance of right speech. Not only should one speak only the truth, one's speech should lead to harmony among beings, it should be kind and pleasant and it should be beneficial. One should follow the example of the Lord Buddha who only spoke words that were trustful and beneficial, even if at times such speech was not always pleasing to the listener.

The holy teacher also urged me to cultivate mindfulness. Of the five spiritual faculties (ie, faith, energy, concentration, wisdom, and mindfulness), it is only mindfulness that can never be in excess. Excessive faith without sufficient wisdom leads to blind faith, while excessive wisdom without sufficient energy leads to undesirable cunning. Too much energy combined with weak concentration leads to indolence. But as for mindfulness, it is in excess, but always in deficiency. The truth and value of this Buddhist concept that holy teacher U Pandita took such pains to impress on me became evident during my years of house arrest. Like many of my Buddhist colleagues, I decided to put my time under detention to good use by practicing meditation. It was not an easy process. I did not have a teacher and my early attempts were more than a little frustrating. There were days when I found my failure to discipline my mind in accordance with prescribed meditation practices so infuriating I felt I was doing myself more harm than good. I think I would have given up but for the advice of a famous Buddhist teacher, that whether or not one wanted to practice meditation, one should do so for one's own good.
So, I gritted my teeth and kept at it, often rather glumly. Then my husband gave me a copy of Sayadaw U Pandita's book, "In this Very Life, the Liberation Teachings of the Buddha."

By studying this book carefully, I learned how to overcome difficulties of meditation and to realize its benefits. I learned how practicing meditation led to increased mindfulness in every day life and again and again. I recalled the holy teacher's words on the importance of mindfulness with appreciation and gratitude.
In my political work, I have been helped and strengthened by the teachings of members of the sangha. During my very first campaign trip across Burma, I received invaluable advice from monks in different parts of the country. I Prome, a holy teacher told me to keep in mind the hermit Sumedha, who sacrificed the possibility of early liberation for himself alone and underwent many lives of striving that he might save others from suffering. So must you be prepared to strive for as long as might be necessary to achieve good and justice, exhorted the holy teacher.

In a monastery at Pakokku, the advice that an abbot gave to my father when he went to that town more than 40 years ago was repeated to me: "Do not be frightened every time there is an attempt to frighten you, but do not be entirely without fear. Do not become elated every time you are praised, but do not be entirely lacking in elation."
In other words, while maintaining courage and humility, one should not abandon caution and healthy self-respect.
When I visited Natmauk, my father's home town, I went to the monastery where he studied as a boy.

There the abbot gave a sermon on the four causes of decline and decay: failure to recover that which had been lost; omission to repair that which had been damaged; disregard of the need for reasonable economy; and the elevation to leadership of those without morality and learning. The abbot went on to explain how these traditional Buddhist views should be interpreted to help us build a just and prosperous society in the modern age.

Of the words of wisdom I gathered during that journey across central Burma, those of a 91-year-old holy teacher of Sagaing are particularly memorable. He sketched out for me how it would be to work for democracy in Burma.

"You will be attacked and reviled for engaging in honest politics," pronounced the teacher, "But you must persevere. Lay down an investment in suffering and you will gain bliss."

Aung San Suu Kyi, Bangkok Post, September 1996.

Read more...

Five Regrets of the Dying

by Cittasamvaro

The following inspirational email has been going around lately. The topic is one we practise in Buddhism – mindfulness of you own mortality. Such recollection is supposed to help order your priorities, not make you depressed. If you have ever faced your own death through unfortunate circumstance, you will know that it really makes you mindful, appreciative, and less prone to petty gripes.

Top Five Regrets of the Dying
By Bronnie Ware Platinum Quality Author

For many years I worked in palliative care. My patients were those who
had gone home to die. Some incredibly special times were shared. I was
with them for the last three to twelve weeks of their lives.

People grow a lot when they are faced with their own mortality. I
learned never to underestimate someone’s capacity for growth. Some
changes were phenomenal. Each experienced a variety of emotions, as
expected, denial, fear, anger, remorse, more denial and eventually
acceptance. Every single patient found their peace before they
departed though, every one of them.

When questioned about any regrets they had or anything they would do
differently, common themes surfaced again and again. Here are the most
common five:

1. I wish I’d had the courage to live a life true to myself, not the
life others expected of me.

This was the most common regret of all. When people realise that their
life is almost over and look back clearly on it, it is easy to see how
many dreams have gone unfulfilled. Most people have had not honoured
even a half of their dreams and had to die knowing that it was due to
choices they had made, or not made.

It is very important to try and honour at least some of your dreams
along the way. From the moment that you lose your health, it is too
late. Health brings a freedom very few realise, until they no longer
have it.

2. I wish I didn’t work so hard.

This came from every male patient that I nursed. They missed their
children’s youth and their partner’s companionship. Women also spoke
of this regret. But as most were from an older generation, many of the
female patients had not been breadwinners. All of the men I nursed
deeply regretted spending so much of their lives on the treadmill of a
work existence.

By simplifying your lifestyle and making conscious choices along the
way, it is possible to not need the income that you think you do. And
by creating more space in your life, you become happier and more open
to new opportunities, ones more suited to your new lifestyle.

3. I wish I’d had the courage to express my feelings.

Many people suppressed their feelings in order to keep peace with
others. As a result, they settled for a mediocre existence and never
became who they were truly capable of becoming. Many developed
illnesses relating to the bitterness and resentment they carried as a
result.

We cannot control the reactions of others. However, although people
may initially react when you change the way you are by speaking
honestly, in the end it raises the relationship to a whole new and
healthier level. Either that or it releases the unhealthy relationship
from your life. Either way, you win.

4. I wish I had stayed in touch with my friends.

Often they would not truly realise the full benefits of old friends
until their dying weeks and it was not always possible to track them
down. Many had become so caught up in their own lives that they had
let golden friendships slip by over the years. There were many deep
regrets about not giving friendships the time and effort that they
deserved. Everyone misses their friends when they are dying.

It is common for anyone in a busy lifestyle to let friendships slip.
But when you are faced with your approaching death, the physical
details of life fall away. People do want to get their financial
affairs in order if possible. But it is not money or status that holds
the true importance for them. They want to get things in order more
for the benefit of those they love. Usually though, they are too ill
and weary to ever manage this task. It is all comes down to love and
relationships in the end. That is all that remains in the final weeks,
love and relationships.

5. I wish that I had let myself be happier.

This is a surprisingly common one. Many did not realise until the end
that happiness is a choice. They had stayed stuck in old patterns and
habits. The so-called ‘comfort’ of familiarity overflowed into their
emotions, as well as their physical lives. Fear of change had them
pretending to others, and to their selves, that they were content.
When deep within, they longed to laugh properly and have silliness in
their life again.

When you are on your deathbed, what others think of you is a long way
from your mind. How wonderful to be able to let go and smile again,
long before you are dying.

Life is a choice. It is YOUR life. Choose consciously, choose wisely,
choose honestly. Choose happiness.

Read more...

B.A. Program (ဘီအေတန်း)

မာတိကာ
၁။ ရည်ရွယ်ချက်၊
၂။ B.A. ၀င်ခွင့်ရရန် အနည်းဆုံးလိုအပ်သောပညာအရည်အချင်း၊
၃။ ၀င်ခွင့်ရယူခြင်း၊
၎။ ပညာသင်နှစ်နှင့် ပြဌာန်းဘာသာရပ်များ၊
၅။ B.A. ဘွဲ့ရရှိခြင်း၊
၆။ ဘွဲ့အပ်နှင်းခြင်း၊

၁။ ရည်ရွယ်ချက်
Sitagu International Buddhist Academy သည် ဗုဒ္ဓတရားတော်ကို ထေရ၀ါဒနည်းကျကျဖြန့်ချိရန် ရည်ရွယ်သည့်အားလျော်စွာ B.A. Program ကိုလည်း ထိုရည်ရွယ်ချက်အတိုင်း ရေးဆွဲ အကောင်အထည်ဖော်သည်။

၂။ ၀င်ခွင့်ရရန်အနည်းဆုံးလိုအပ်သော ပညာအရည်အချင်း

(က) အခြေခံပညာအထက်တန်းစာမေးပွဲအောင်မြင် ပြီး၊ S.I.B.A. မှကျင်းပသော English နှင့် ဗုဒ္ဓဓမ္မ Diploma (Advanced) တန်းများကို အောင်မြင်ခြင်း၊
(သို့မဟုတ်)
(ခ) ပထမကြီးတန်းအောင်မြင်ပြီး၊ S.I.B.A. က ကျင်း ပသော English နှင့် ဗုဒ္ဓဓမ္မ Diploma (Advanced) တန်းများကို အောင်မြင်ခြင်း၊
(သို့မဟုတ်)
(ဂ) ဓမ္မာစရိယဘွဲ့ရရှိပြီး၊ S.I.B.A.က ကျင်းပသောအရည် အချင်းစစ်စာမေးပွဲကို အောင်မြင်ခြင်း၊
(ဃ) ပြည်တွင်းပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး၊ S.I.B.A. ကကျင်းပသော ပညာအရည်အချင်းစစ် စာမေးပွဲကို အောင်မြင်ခြင်း၊

၃။ ၀င်ခွင့်ရယူခြင်း၊

အထက်ပါပညာအရည်အချင်းနှင့်ပြည့်စုံသော ကျောင်းသား/ကျောင်းသူတို့သည် Registration ရုံးသို့ ကိုယ်တိုင်သွား ရောက်၍ အောက်ပါ အချက်အလက်များကို ကိုယ်နှင့်တပါတည်း ယူဆောင်လျက် ပုံစံသွင်းကြရမည်။
(က) အမှတ်စဉ်-၂-(က, ခ, ဂ, ဃ)ပါ စာမေးပွဲအောင် လက်မှတ်မူရင်းနှင့် အမှတ်စာရင်း၊
(ခ) Passport Size ဓာတ်ပုံ (၄)ပုံ၊
(ဂ) သာသနာဝင် (သို့) သာသနာ့နွယ်ဝင် (သို့) Valid Passport and Visa မူရင်း၊

၎။ ပညာသင်နှစ်နှင့် ပြဌာန်းဘာသာရပ်များ၊

B.A. သင်တန်းကာလကို ၄-နှစ် သတ်မှတ်ထားသည်။ တစ်နှစ်လျှင် စာသင်ချိန်(၉)လ သတ်မှတ်ထားသည်။ ဤ S.I.B.A.၌ Supplementary or Re-exam လုံးဝမရှိပါ။ B.A. တန်းအတွက် ပြဌာန်းထားသော Subjects တို့ကို Courses of Studies စာအုပ်၌ လွယ်လင့်တကူ ရှာဖွေဖတ်ရှုနိုင်ပါသည်။

၅။ B.A. ဘွဲ့ရရှိခြင်း၊
B.A. စာမေးပွဲများကို တစ်နှစ်လျှင် တစ်ကြိမ်ကျင်းပပြု လုပ်မည်ဖြစ်ပြီး B.A. ဘွဲ့ကို အောက်ပါအရည်အချင်းနှင့်ပြည့်စုံ သူ ကျောင်းသား/ကျောင်းသူများအား အပ်နှင်းမည်ဖြစ်သည်။
(က) နှစ်စဉ်ကျောင်းတက်ချိန် ၇၅% အနည်းဆုံးရှိရမည်။
(ခ) စာမေးပွဲများ၌ ရမှတ်အနည်းဆုံး ၄၅% စီရှိရမည်။
(ဂ) B.A. သင်တန်းမှ ဘာသာရပ်တိုင်းအတွက် Seminar (သို့) Presentation (သို့) Internal Exam တစ်နှစ်လျှင်သုံးကြိမ်၊ တစ်ကြိမ်လျှင် စုစုပေါင်း အမှတ်(၂၀)စီပေး၍ကျင်ပးပြီး ထိုမှရသောပျမ်းမျှ အမှတ်နှင့် အတန်းတင်စာမေးပွဲကို စုစုပေါင်းအမှတ် (၈၀)ပေး၍ ကျင်းပပြီး ထိုမှရသောရမှတ်ကို ပေါင်းယူကာ စုစုပေါင်းရမှတ် အနည်းဆုံး ၄၅% ကို အောင်မှတ်အဖြစ်သတ်မှတ်သည်။

၆။ ဘွဲ့အပ်နှင်းခြင်း၊
အမှတ်(၅)ပါဝင်သော အရည်အချင်းများနှင့် ပြည့်စုံသော ကျောင်းသား/ကျောင်းသူများကို B.A. ယာယီအောင်လက်မှတ်နှင့် အမှတ်စာရင်းထုတ်ပေးထားပြီး တက္ကသိုလ်ကကျင်းပသော ဘွဲ့နှင်းသဘင်၌ ဘွဲ့လက်မှတ်များကို အပ်နှင်းမည်ဖြစ်သည်။ ဘွဲ့လက်မှတ်များကို လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှ တဆင့်သော်လည်းကောင်း ထုတ်ယူနိုင်သည်။

Undergraduate B.A Degree on Buddhism
Subjects: The subjects are divided intio two as major and minor.

Major Subjects


(a) Vinaya
(b) Suttanta (selected suttas)
(c) Abhidhamma ( Manual of Abhidhamma)
(d) Patipatti (The path of purification)
(e) Pali (Pali Grammar)
(f) English (High school English Grammar)
Minor Subjects
(a) History of Buddhism (Myanmar, Sirilankar, India etc)
(b) Buddhist Culture and Arts
(c) Buddhist Philosophy (Samayantara) India Philosophy

Note: All subjects are curried out with English. ( ဘာသာရပ် အားလုံးတွက် အင်္ဂလိပ်စာကို မီဒီယာ အဖြစ် အသုံးပြုထားသည်။

Levels


First Year
Second Year
Third Year
Fourth Year

M.A Degree on Buddhism (အမ်အေ) တန်းတို့၏ Program များကို ဖော်ပြသွားပါမည်။
အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။

သီတဂူစတား
၈-၉-၂၀၁၀

Read more...

စက်တင်ဘာလ ၉ ရက်နေ့ တရားအစီအစဉ်များ။

မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၂၄း၀၀ နာရီအထိ...
ဖားအောက်တောရ ဆရာတော်ကြီး ဟောကြားတော်မူသော
အာနန္ဒတ္ထေရအပါဒါန် တရား အပိုင်း (၁) မှ (၂၄) အထိ

လွှင့်ကြားပေးသွားပါမည်။

စစ်မှန်သော တရားများကို နာကြားအားထုတ်ကြခြင်းဖြင့်
သတ္တ၀ါ အားလုံးတို့သည် အလုံးစုံသော တရားထူး တရားမြတ်များကို
လျင်မြန်စွာ ရရှိနိုင်ကြပါစေ။

Read more...

စိတ်အားဖြည့် စကားစုလေးများ (၉)….

မနာပဒါယီ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ်ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး တစ်ဆင့် ပြန်လည် မျှဝေနိုင်ကြပါစေ…

ကုသိုလ်ကောင်းမှုမှာ အသက်အရွယ်မရှိ…
ကောင်းမှုကုသိုလ် အနှစ်သာရဆိုတာ အသက်အရွယ်နဲ့ မဆိုင်ဘဲ တစ်ဦးတစ်ယောက်ချင်းရဲ့ သဒ္ဓါတရားနဲ့ ရယူလိုမှု၊ ကိုယ့်ကိုယ်ကို ထိန်းသိမ်းပြုပြင်လိုမှု၊ ကြိုးစားအားထုတ်မှုတွေနဲ့ပဲ ရရှိနိုင်အောင် ကြိုးစားရတဲ့ အရာ ဖြစ်တဲ့အတွက် ငယ်တဲ့သူတွေလည်း ငယ်တဲ့အလျောက် ကြိုးစားရယူနိုင်ကြသလို ကြီးတဲ့သူတွေလည်း ကြီးတဲ့အလျောက် ကြိုးစားရယူနိုင်ကြမှာ ဖြစ်ပါတယ်။ အသက်ငယ်ပေမယ့် အသိရှိပြီး ထိန်းသိမ်းပြုပြင်နိုင်မယ် ဆိုရင် အနှစ်ရှိတဲ့ ဘ၀ဖြစ်နိုင်ပြီး အသက်ကြီးပေမယ့် အသိမရှိ ကြိုးစားအားထုတ်မှုလည်း မရှိဘဲ မကောင်းတဲ့ အလုပ်တွေ၊ မကောင်းတဲ့ အာရုံတွေမှာ ပျော်ကောင်းတုန်း၊ မိုက်ကောင်းတုန်းဆိုရင်တော့ ကြီးပြီးအနှစ်မရှိ၊ အနံ့မကောင်းတဲ့ ကြက်သွန်နီလို ဘ၀မျိုးပဲ ဖြစ်နေကြမှာ ဖြစ်ပါတယ်။

လမ်းညွန်သူနဲ့ ကျင့်ကြံသူ…
မကောင်းတဲ့ အလုပ်တွေမှာ ပျော်ကောင်းနေ၊ အသက်အရွယ် ရလာပေမယ့် ကုသိုလ်တရားတွေမှာ ကြိုးစားအားထုတ်ဖို့ သတိမရ ဖြစ်နေသူတွေကို အများကြီး ကြုံဖူးနေပါတယ်။ တစ်ခါတစ်ရံ ကြုံကြိုက်တဲ့အခါမှာ အသိပေးစကား၊ တိုက်တွန်းစကား ပြောကြားပေးနေပေမယ့် သူတို့ကိုယ်တိုင်က သံဝေဂမရ၊ သူတို့ကိုယ်တိုင်က ကုသိုလ်တရားတွေအပေါ်မှာ ရယူလိုစိတ်မရှိ၊ အားထုတ်လိုစိတ် မရှိဘဲ ဖြစ်နေကြလေတော့ ဘုန်းဘုန်းတို့လည်း ရသမျှလောက်ပဲ ဟောပြောပြုပြင် ပေးနေရတော့တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာက လမ်းညွှန်ပေးသူနဲ့ လက်တွေ့လိုက်နာ ကျင့်ကြံသူဆိုတာ သူ့အလုပ်ပဲ သူလုပ်နိုင်တာ ဖြစ်လို့ ဘုန်းဘုန်းတို့ အနေနဲ့ကတော့ လမ်းညွန်ပေးရုံ၊ ဟောပြောပေးရုံ၊ တိုက်တွန်းပေးရုံလောက်ပဲ လုပ်ပေးနိုင်မှာ ဖြစ်ပြီး လက်တွေ့ကျင့်ကြံမှု အပိုင်းမှာတော့ သူတို့တစ်ဦးချင်း အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။

အကောင်းဆုံးနည်း...
လူတိုင်းလူတိုင်း တစ်ခါတစ်လေ ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ ဘယ်လိုပဲ ပေါင်းသင်းနေထိုင် ပြုပြင်ပေမယ့် ပြုပြင်လို့ မရသူများ၊ လိုက်လျောလို့ မရသူများ၊ အဆင်ပြေအောင် ဆက်ဆံလို့ မရသူများ ရှိတတ်ပါတယ်။ အဲဒီသူတွေကြောင့် ကိုယ့်မှာ စိတ်ပန်းလူပန်း ဖြစ်ကြရပြီး နေ့စဉ်နှင့်အမျှ သူတို့ကို အကြောင်းပြုကာ အကုသိုလ်များသာ ဖြစ်နေကြတာကို ကြုံဖူးကြမှာ ဖြစ်ပါတယ်။ ပုထုဇင်တွေရဲ့ သဘာဝအရ အဆင်မပြေ ဖြစ်ကြပြီဆိုရင် တဘက်သူ ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော အကောင်းမြင်တတ်တဲ့ သဘောမရှိဘဲ မကောင်းဘက်ကပဲ တွေးနေမိတတ်ပါတယ်။ မကောင်းအမြင်နဲ့ မကောင်းတွေးထင်နေရင် မကောင်းတဲ့ အကုသိုလ်ပဲ ဖြစ်နေကြမှာ ဖြစ်တဲ့အတွက် မချစ်မနှစ်သက်သူ၊ အဆင်မပြေသူများနဲ့ ရှောင်လွဲမရ အတူတကွ နေထိုင်ရသူများ အနေနဲ့ နေ့စဉ်နှင့်အမျှ အကုသိုလ် ဖြစ်ဖို့ပဲ များနေကြမှာ ဖြစ်ပါတယ်။ အဲဒီလို အခါမျိုးမှာ တဘက်သူကို ကိုယ့်အလိုကျ၊ ကိုယ့်စိတ်တိုင်းကျ ဖြစ်စေဖို့ ကြိုးစားမနေဘဲ ကိုယ်ကိုယ်တိုင် အကုသိုလ်မဖြစ်ဘဲ နေနိုင်အောင်ပဲ ကြိုးစားသင့်ပါတယ်။ အဆင်မပြေသူ၊ မချစ်မနှစ်သက်သူ၊ ဆုံးမပြုပြင်လို့ မရသူများကို အကုသိုလ်မဖြစ်အောင် ကြိုးစားရာမှာ အကောင်းဆုံးနည်းကတော့ ဥပေက္ခာပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ သူတို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာ မှန်သမျှ ဘယ်လိုအကြောင်းအရာပဲ ဖြစ်ဖြစ် လိုက်ပြီး ခံစားမနေဘဲ လျစ်လျူရှုကာ သဗ္ဗေသတ္တာ ကမ္မဿကာလို့ နှလုံးသွင်း နေလိုက်ခြင်းကသာ ကုသိုလ်မရပေမယ့် အကုသိုလ်မဖြစ်တဲ့ အမှန်ကန်ဆုံး၊ အကောင်းဆုံး နည်းတစ်ခုပဲ ဖြစ်ပါတယ်။

အကောင်းမြင်တတ်ပါစေ...
တကယ်တော့ အကောင်းမြင်တတ်ခြင်းဟာ အပြစ်အဖြစ်သက်သာတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် လူတိုင်းလူတိုင်း ကိုယ်စီအားနည်းချက်များ ရှိတတ်ကြတဲ့အတွက် အဲဒီအားနည်းချက်ကို ကြည့်ပြီး ဆက်ဆံကြမယ်ဆိုရင်တော့ ဆက်ဆံရေး အဆင်ပြေဖို့ မလွယ်လှပါဘူး။ ပြီးတော့ အဆိုးမြင်တတ်တဲ့ အကျင့်လေးတွေ ရှိနေပြန်တဲ့အခါ မကောင်းတဲ့ အတွေးအမြင်က အရင်ဆုံး နေရာယူထားတဲ့အတွက် ဘယ်သူ့ကိုကြည့်ကြည့် မကောင်းတဲ့အချက်၊ အားနည်းတဲ့ အချက်ကိုပဲ တွေ့နေရမှာ ဖြစ်ပါတယ်။ အဲဒီလို အားနည်းချက်နဲ့ မကောင်းတဲ့အချက်ကို ကြည့်မိမယ်ဆိုရင်တော့ ကိုယ့်အနေနဲ့ တဘက်သူအပေါ် အကောင်းမြင်ပေးဖို့ မလွယ်လှဘဲ မကောင်းတဲ့ အတွေးအမြင်များနဲ့ အကုသိုလ် အပြစ်များပဲ ဖြစ်ပေါ်တတ်တဲ့ သဘောရှိပါတယ်။ ဒါဟာ အကောင်းမြင်တတ်တဲ့ အကျင့်မရှိဘဲ အဆိုးကိုသာ ကြည့်တတ်တဲ့အတွက်ကြောင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကောင်းမြင်တတ်ရင် အပြစ်အဖြစ် သက်သာတဲ့အတွက် အကောင်းမြင်နိုင်အောင် ကြိုးစားသင့်ကြောင်း ဆိုခြင်း ဖြစ်ပါတယ်။

ကိုယ့်အလုပ်ကိုယ်စစ်ပါ…
လူတိုင်းလူတိုင်း ကိုယ်လုပ်တဲ့ အလုပ်တွေ အပေါ်မှာ အပြစ်ဖြစ်မဖြစ် စိစစ်ကြည့်ကြဖို့ လိုပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်အတွက်ရော သူတပါးအတွက်ပါ အပြစ်ကင်းတယ်၊ အကျိုးရှိတယ်ဆိုရင် ဒီအလုပ်ဟာ ကောင်းတဲ့အလုပ်ဖြစ်ပြီး ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူများအတွက်လည်း အကျိုးမရှိတဲ့အပြင် လုပ်သမျှ အပြစ်တွေပဲ ဖြစ်နေတယ်ဆိုရင် ဒါဟာ မကောင်းတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ အလုပ်တစ်ခုဟာ ကောင်းရင် ကုသိုလ်ဖြစ်ပြီး မကောင်းရင် အကုသိုလ်ဖြစ်ပါတယ်။ အကောင်းလုပ်ရင် အပြစ်ကင်းပြီး မကောင်းလုပ်ရင် အပြစ်တွင်း ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အပြစ်မကင်းဘဲ မကောင်းကျိုးပေးတတ်တဲ့ အကုသိုလ် အလုပ်တွေကို ရှောင်ကြဉ်ပြီး အပြစ်ကင်းကာ ကောင်းကျိုးဖြာစေမယ့် ကုသိုလ်အလုပ်တွေမှာ တတ်နိုင်သမျှ ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

အကျိုးပေးကောင်းတာ မဟုတ်…
တစ်ချို့က အကုသိုလ်နဲ့ အကျိုးပေးတယ်၊ လောင်းကစားနဲ့ အကျိုးပေးတယ်လို့ ဆိုကာ အကုသိုလ်အလုပ်၊ မကောင်းတဲ့ အလုပ်တွေကို ပျော်ပျော်ပါးပါး လုပ်နေတတ်တာ ရှိပါတယ်။ ဒါဟာ အကျိုးပေးတာ မဟုတ်ပါဘူး။ အကျိုးယုတ်နေစေတာ ဖြစ်ပါတယ်။ အပြစ်တွေ ဖြစ်နေစေတာ ဖြစ်ပါတယ်။ အချိန်မတန်သေးတဲ့အတွက် ဒီအပြစ်တွေကို မခံရသေးပေမယ့် အချိန်တန်ရင်တော့ ဘုရားလည်း မကယ်နိုင်လောက်အောင် အပြစ်နဲ့အတူ မကောင်းကျိုးကို ခံရမှာ ဖြစ်ပါတယ်။

မရှိတာထက် မသိတာခက်…
“မရှိတာထက် မသိတာခက်”ဆိုတဲ့ ဆိုရိုးစကား တစ်ခုရှိပါတယ်။ ပစ္စည်းဥစ္စာ မရှိတာထက် အသိဉာဏ်မရှိတာက ပိုခက်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဘာသာတရား ရှုဒေါင့်က ပြောမယ်ဆိုရင် မရှိတာဟာ ဒါနကြောင့်ဖြစ်ပြီး မသိတာဟာ ပညာကြောင့်လို့ ပြောနိုင်ပါတယ်။ ဒါနမပါတော့ မရှိဖြစ်နေပြီး ပညာမပါတော့ မသိဖြစ်နေတတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါနမပါတဲ့သူတွေဟာ ဖြစ်လေရာဘ၀တွေမှာ မွဲနေတတ်ပြီး ပညာမပါတဲ့ သူတွေကတော့ ဖြစ်လေရာဘ၀မှာ အသိမရှိဖြစ်ကာ မောဟအမှောင် ဖုံးနေတတ်ပါတယ်။ အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်ပြီး စိတ်ထင်ရာ လုပ်နေမိတတ်ပါတယ်။ ပိုဆိုးတာက ကုသိုလ်ကို ကုသိုလ်လို့ မသိ၊ အကုသိုလ်ကို အကုသိုလ်လို့ မသိတာက ပိုဆိုးပါတယ်။ တစ်ခြားအရာတွေမှာ မသိတာထက် ကုသိုလ်အကုသိုလ်ကို မသိတာက အဆိုးဆုံးဖြစ်ပြီး အပြစ်ပိုကြီးကြောင်း ဗုဒ္ဓအဘိဓမ္မာ သဘောအရ လေ့လာ စမ်းစစ်ကြည့်နိုင်ပါတယ်။

မကောင်းတဲ့အလုပ်ရဲ့ သဘော…
မကောင်းမှု အကုသိုလ်ရဲ့ သဘောက အဲဒီမကောင်းတဲ့အလုပ်ကို လုပ်ပါများလာတဲ့အခါ မကောင်းမှုကို မကောင်းမှုလို့ မမြင်တော့ဘဲ သာမန်နေ့စဉ် ထမင်းစား ရေသောက်အလုပ်တစ်ခု အဖြစ် ထင်လာတတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် မကောင်းမှု အကုသိုလ်ဟာ အသေးလေးဆိုပြီး အထင်မသေးပါနဲ့လို့ ဗုဒ္ဓဘုရားရှင် မိန့်တော်မူတာ ဖြစ်ပါတယ်။

အကုသိုလ်အားလုံးရဲ့ တရားခံ…
မဟုတ်တာကို ပြောတတ်တဲ့သူတစ်ယောက်ဟာ မလုပ်နိုင်တဲ့ အကုသိုလ်ဆိုတာ မရှိဘူးလို့ ဆိုသလို ပါးစပ်က မဟုတ်တာတွေ ပြောလာတတ်ပြီဆိုရင် အဲဒီသူဟာ မကောင်းတဲ့ အလုပ်ကိုလည်း အလွယ်တကူ လုပ်ဖြစ်တတ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က သားတော် ရာဟုလာကို “ချစ်သား ရာဟုလာ မုသားဆိုလျင် ရယ်ဖွယ်မျှပင် မပြောနဲ့” လို့ မိန့်တော်မူတာ ဖြစ်ပါတယ်။ ဒီလို နှုတ်ကိုမစောင့်စည်းဘဲ အလွယ်တကူ ကျူးလွန်တတ်တဲ့သူတွေဟာ သူ့စကားနဲ့သူ့ကိုပြန်ပြီး ထိခိုက်စေကာ စကားနောက် တရားပါကုန်တတ်တဲ့အတွက် စကားပြောတဲ့အခါ ကောင်းတဲ့တရားတွေပါအောင် ပြောဆိုကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ဘယ်လိုလူဖြစ်ချင်လဲ…
လူ့ဘ၀ကို ရလာပေမယ့် ရရှိလာတဲ့ လူ့ဘ၀မှာ ကိုယ့်ရဲ့အပြုအမူ၊ အပြောအဆို၊ အတွေးအကြံတွေကြောင့် လူဟာ လူငရဲသားလည်း ဖြစ်သွားနိုင်၊ လူပြိတ္တာလည်း ဖြစ်သွားနိုင်၊ လူတိရစ္ဆာန်လည်း ဖြစ်သွားနိုင်၊ လူသားစင်စစ်လည်း ဖြစ်နေနိုင်တဲ့အတွက် ဒီလူလေးမျိုးထဲက ကိုယ်ကဘယ်လို လူမျိုးဖြစ်ချင်လဲဆိုတာ ရွေးချယ်ပြီး ကိုယ်ဖြစ်ကိုယ်ခံရတဲ့ ဘ၀မှာ ကိုယ်ရွေးချယ်ရာ ကိုယ်စံရမှာဖြစ်လို့ ရွေးချယ်မှု မမှားကြဖို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ရွေးချယ်မှုမှားရင် လူဟာလည်း အဆင့်နိမ့်သွားတတ်တဲ့အတွက် အမှန်ရွေးချယ်ပြီး လူပီသတဲ့ အဆင့်မြင့်လူဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။ မကောင်းတဲ့ အကုသိုလ် ဒုစရိုက်များနဲ့ ပျော်မွေ့နေတာတွေကြောင့် လူမပီသတဲ့လူ၊ လူတိရစ္ဆာန်၊ လူပြိတ္တာစတဲ့ လူတွေဘ၀ကို မရောက်စေကြဘဲ ကိုယ်ကျင့်သီလနဲ့ ကုသိုလ်သုစရိုက်တွေမှာ ပျော်မွေ့တတ်တဲ့ လူပီသတဲ့ လူစင်စစ်များ ဖြစ်အောင် အသိသတိနဲ့ ကြိုးစားအားထုတ်ကြဖို့ အကြံပြုလိုရင်း ဖြစ်ပါတယ်။

Read more...

တနင်္လာဆွမ်းပတ်အလှူ ( ၆ - ၉ - ၂ဝ၁ဝ )


၁၃၇၂ ခု ၀ါခေါင်လပြည့်ကျော် (၁၂)ရက်၊ တနင်္လာနေ့ ( ၆.၉.၂ဝ၁ဝ )

အရုဏ် မုန့်ဟင်းခါးဆွမ်းအလှူရှင် မခင်ငြိမ်းချမ်းဦး (မလေးရှား) ကောင်းမှုဖြစ်ပါတယ်....၊

နေ့ဆွမ်းအလှူရှင်များကတော့ -

ဆွမ်း + ပဲ - ကိုဖြိုး၊ ကိုထက် (ရွှေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး)

ဆီ - ဒေါ်ချို (ကုန်မျိုးစုံရောင်းဝယ်ရေး ရွှေဘိုမြို့)

ဝက်သား + မျှစ်ချဉ်၊ အစိမ်းကြော်၊ ပုစွန်ခြောက် +ငါးရုတ်သီးကြော် - ကိုရန်အောင်၊ ဂျူလိုင်ဒရင်း၊ မ၀ါဝါခိုင်မင်း တို့ ဦးဆောင်သောအလှူရှင်များအဖွဲ့ကောင်းမှုဖြစ်ပါတယ်ရှင်...၊

ဆပ်ပြာမှုန့်အလှူရှင် - မေတ္တာရှင်ဆွမ်းအမတစ်ဦး (နော်ဝေ) မှဖြစ်ပါတယ်။
သံဃာတော်အပါး (၃၂ဝ) ခန့်ကြွတော်မူပါတယ်။

ဝေယျာဝစ္စများကတော့ - ဒေါ်ကြည်ဌေး၊ ငြိမ်းအိထွေး၊မပွေး၊ မောင်စိုးလင်းအောင်၊ ကိုကျော်၊ ကွန်ပျူတာ သင်တန်းသားနှစ်ဦး နှင့်ဒါယကာကြီးတစ်ဦး တို့ဖြစ်ကြပါတယ်။

အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...









Read more...

“မမြဲသော ပုထုဇဉ်တို့၏ သဒ္ဓါတရား”

တစ်ခါက ခရီးသည်တင်သင်္ဘောတစ်စီးသည် ဧရာဝတီမြစ်ကြောင်းအတိုင်းစုန်းဆင်းလာလေသည်။ ပုဂံညောင်ဦး မြို့အနီးရောက်သောအခါ ထိုသင်္ဘောကြီးသည် ရုတ်တရက်တိမ်းမှောက်သွားရာ ခရီးသည်များသည် ကယ်ပါယူပါ တစာစာဖြင့် အော်ဟစ်ကြလေသည်။ ထိုအထဲတွင် ဒါယကာတစ်ဦးသည်ကား
“ရွှေစည်ခုံဘုရားကြီးကယ်တော်မူပါဘုရား၊ တပည့်တော်၏ အသက်ကို ကယ်လျှင် ရွှေပြားသုံးပြား လှူပါမည် ဘုရား” ဟု ထူးဆန်းစွာ အော်နေလေသည်။ “အော် ဒါယကာတော်သည်ကား မြတ်စွာဘုရားရှင်ကိုယ်တော် မြတ်ကြီးကိုပင် လာဘ်လာဘဖြင့် မျှားပြီး ကယ်ခိုင်းနေပြန်ပြီ”။ ထို့သို့အော်ရင်း ဒါယကာတော်သည် ကံအား လျှော်စွာပင် သစ်တုံးတစ်တုံးကို ရရှိသွားလေသည်။ ထို့သို့ ဒါယကာတော်သည် သစ်တုံးကို ရရှိသွားသောအခါ
“ရွှေစည်ခုံဘုရားကြီးကယ်တော်မူပါဘုရား၊ တပည့်တော်၏ အသက်ကို ကယ်လျှင် ရွှေပြားနှစ်ပြားလှူပါမည်ဘု ရား”ဟုလျှောက်ထားပြန်သည်။ သို့သော် နဂိုက ရွှေပြားသုံးပြားလှူမည်ပြောသော ဒါယကာတော်၏ စေတနာ သည်ကား အဘယ့်ကြောင့်ရယ်မသိ တစ်ပြားလျှောက်သွားလေပြီ၊
ဒါယကာတော်သည် ကယ်ပါယူပါ တစာစာ အော်ရင်း ကမ်းခြေ၏အနီးအနားသို့ ရောက်လာလေသည်။ထိုအခါ ဒါယကာတော်အော်လိုက်သည်ကား
“ရွှေစည်ခုံဘုရားကြီးကယ်တော်မူပါဘုရား၊ ဘုရားတပည့်တော်၏ အသက်ကို ကယ်လျှင် ရွှေပြားတစ်ပြားလှူပါ မည်ဘုရား၊”ဟု လျှောက်ထားပြန်လေသည်။ ရွှေစည်းခုံဘုရားကြီးကို လှူမည်ဖြစ်သော ရွှေပြားသည်ကားတစ် ပြားသာကျန်တော့လေသည်။
ထိုသို့အော်ဟစ်ရင်း ကူးလာရာ အဆုံးတွင် ကမ်းခြေသို့ ရောက်ရှိသွားလေတော့သည်။ ထိုအခါ ဒါယကာတော် ရွှေစည်းခုံဘုရားကြီးကို လျှောက်ထားလိုက်သည်ကား
“အို ရွှေစည်းခုံဘုရားကြီးဘုရား တပည့်တော်အရှင်ဘုရားကို ရွှေပြားလှူမယ်လို့ လျှောက်ထားမိတာဟာ ယောင်ပြီး လျှောက်ထားမိတာပါဘုရား”ဟူ၍ပင် ဖြစ်သတည်း။ ဒါကြောင့်လည်း မြတ်ဗုဒ္ဓက “ပုထုဇဉ်တို့၏ သဒ္ဓါ တရားသည်ကား မမြဲပေ”ဟု ဟောတော်မူပေ၏။ မြတ်ဗုဒ္ဓ၏ စကားတော်သည်ကား လက်တွေ့ကျလှပါပေ၏။ ယုတ္တိရှိလှပါပေ၏။
သဒ္ဓါတရားမမြဲမှုနှင့်ဆက်စပ်လာသဖြင့် မိမိရွာမှ သဒ္ဓါတရားမမြဲသော ဒါယကာတစ်ဦး၏ အကြောင်းကို တင်ပြ ပေအံ့။
မိမိရွာတွင် ဦးစံညွန့်ဟုအမည်ရှိသော ဒါယကာတစ်ဦးရှိလေသည်။ တစ်နေ့သော ဥပုသ်နေ့တွင် သူသည် ချဲထီ ထိုးလေသည်။ ထို့သို့ချဲထီထိုးစဉ်
“ကျုပ်က ချဲထီပေါက်ရင် ယခုအသစ်ဆောက်နေတဲ့ ရွာဦးကျောင်းကြီးအတွက် အလှူတော်ငွေတော်တော်များ များထည့်မယ်၊ ပြီးတော့ သမီးပေါက်စကို ကျောင်းတက်ဘို့အတွက် စက်ဘီးတစ်စီဝယ်ပေးမယ်၊ ပြီးတော့ နို့စား နွားမတစ်ကောင်ကိုလဲ ၀ယ်ထားမယ်၊”ဟု အခြားသော ဥပုသ်သည်များကို သူ၏ မမြင်ရသေးသော အနာဂတ်အစီအစဉ်များကို ပြောပြနေလေ၏။ ကြားရသည်ကား သာဓုအကြိမ်ကြိမ်ခေါ်ရန်ပင် ကောင်းလှပါပေ ၏။မကြာလိုက်ပါ၊ ချဲထီထွက်ပါလေပြီ၊ ကံအားလျှော်စွာပင် ဒကာဦးစံညွန့်တစ်ယောက်ချဲထီပေါက်ပါလေပြီ။ ချဲထီထွက်သောနေ့သည်ကား ဥပုသ်နေ့ဖြစ်ရာ ဦးစံညွန်တစ်ယောက်အလွန်ပင် ပျော်နေလေသည်။ သူသည် “ခုကျနော် ချဲထီ(၅၀၀)ဘိုးပေါက်တယ်၊ သမီးပေါက်စအတွက် စက်ဘီးဝယ်မယ်၊ ပြီးတော့ နို့စားနွားမတစ် ကောင်ဝယ်မယ်၊ ကျန်တဲ့ငွေကိုတော့ စီးပွားရေးလေး ဘာလေးလုပ်မယ်။” သူ၏ အနာဂတ်အစီအစဉ်များကို ဥပုသ်များသည်ကို ပြောပြန်လေ၏။ ထိုအခါ ဥပုသ်သည်များက
“စံညွန် အစက မင်းပြောတော့ ကျောင်းဆောင်သစ်အတွက် ငွေလှူမယ်ဆို၊ ခုတော့ မပါတော့ပါလား၊ ဘယ်လို ဖြစ်ပြန်တာလဲကွ” ဟု ၀ိုင်းဝန်းအပြစ်တင်ကြလေ၏။ ထိုအခါ စံညွန်က
“ခင်ဗျားတို့ကလဲဗျာ ကျောင်းကြီးဆောက်တာ အနည်းဆုံး နှစ်နှစ်တော့ ကြာအုံးမှာပါ၊ နောက်တစ်ခါပေါက်တော့ လှူတာပေါ့ဗျ”ဟု ပြောကာ ကျောင်းအတွက်အလှူငွေလှူဘို့ရန်ပင် ငြင်းဆန်သွားလေသည်။ စံညွန်တစ်ယောက် ချဲထီပေါက်သဖြင့် ပျော်နေလေသည်။ သို့သော် ချဲဒိုင်းသည်ကား သူ၏ ပေါက်သောငွေကိုကား လာရောက်မပေး သေးချေ၊ မကြာလိုက်ပါ၊ အကြောင်းအကျိုးအစုံကို သိလိုက်ရပါပြီ။ ဦးစံညွန့်ထိုးသော ချဲဒိုင်သည် မလျှော်နိုင် သဖြင့် ထွက်ပြေးပြီဖြစ်ကြောင်း ကြားသိလိုက်ရလေသည်။ ထိုနေ့မှစကာ ဦးစံညွန်တစ်ယောက် ဥပုသ်ကိုပင် မစောင့်နိုင်တော့ပေ။ ဥပုသ်သည်များက ကောက်ချက်ချကြသည်ကား
“ဒီကောင် ချဲထီပေါက်ငွေ မရမှာလဲ မပြောနဲ့၊ သူရဲ့သဒ္ဓါတရားကိုက မမြဲတာ၊ ကျောင်းအတွက် ငွေလှူမယ်ပြော ပြီး လှူမှ မလှူတာ”ဟူ၍ပင်ဖြစ်သတည်း။
0 comments

Read more...

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၆)


အရှင်ကုမာရကဿပ၏ ဥပမာ (၁၁)

ထိုကဲ့သို့ မြို့စားကြီး၏ မထင်မှတ်သောစကားကို ကြားလိုက်ရသောအခါ အရှင်ကုမာရကဿပက အောက်ပါဥပမာဖြင့် ခပ်နာနာ နှိပ်ကွပ်လိုက်သည်။

“မြို့စားကြီး သင် လှည်းသမားနှစ်ဦး ပုံပြင်ကို ကြားဖူးသလား။ လှည်းသမားခေါင်းဆောင်နှစ်ဦး ရှိတယ်။ တစ်ဦးစီမှာ နောက်လိုက်လှည်းသမား ၅၀၀-စီ ရှိကြတယ်။ တစ်ဦးက ဆင်ခြင်ဉာဏ်ရှိတယ်။ ပါးပါးနပ်နပ် လုပ်ဆောင်တတ်တယ်။ အခြားတစ်ဦးကတော့ ဆင်ခြင်ဉာဏ်မရှိဘူး၊ မိုက်မိုက်မဲမဲ လုပ်ဆောင်တတ်တယ်။ တစ်နေ့မှာ တစ်ရက်တည်း ခရီးအတူသွားရဖို့ ဖြစ်လာတယ်။ အဲဒီတော့ ပထမလှည်းသမားက စဉ်းစားတယ်။ “လှည်းအစီး ၁၀၀၀-လုံး ခရီးအတူ သွားလို့တော့ မဖြစ်နိုင်ဘူး။ အစားအသောက်၊ ရေ…စတဲ့ အခက်အခဲတွေ ဖြစ်နိုင်တယ်”ပေါ့။ အဲဒီတော့ သူတို့ နှစ်ဦး ညှိနှိုင်းကြတယ်။ ဘယ်သူအရင် ခရီးထွက်မလဲပေါ့။ အဲဒီတော့ ဆင်ခြင်ဉာဏ်နည်းတဲ့ ဒုတိယလှည်းသမားက “ငါ အရင်သွားရင် သူများ မစားရသေးတဲ့ ဟင်းသီးဟင်းရွက်တွေ စားရမယ်။ ငါတို့ နွားတွေကလည်း သူများနွားတွေ မစားရသေးတဲ့ ကောင်းပေ့ဆိုတဲ့ ဦးဦးဖျားဖျား မြတ်တွေကို စားရမယ်။ မပျက်မစီးဖြစ်နေတဲ့ လမ်းတွေနဲ့လည်း သွားရမယ်။ ဟိုရောက်ရင်လည်း အခြားကုန်သည်တွေ မရှိသေးတဲ့အတွက် ကုန်ပစ္စည်းတွေကို စိတ်ကြိုက်ဈေးခေါ်နိုင်တယ်”လို့ စဉ်းစားပြီး “ကျွန်ုပ်အရင် သွားမယ်”လို့ ပြောလိုက်တယ်။

ဒီတော့ ပထမလှည်းသမားက စိတ်ထဲမှာ အတော်ကျေနပ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတွေးတာက “ဒုတိယအဖွဲ့အနေနဲ့ သွားလို့ရှိရင် ပထမသွားထားတဲ့ လှည်းသမားတွေ ခူးစားထားတဲ့ ဟင်းသီးဟင်းရွက်ပင်တွေက တို့သွားချိန်ရောက်ရင် အညွန့်လေးတွေ ပေါက်နေမယ်။ တို့က ဟင်းသီးဟင်းရွက် အညွန့်လေးတွေသာ စားရမယ်။ ငါတို့ နွားတွေလည်း ပထမနွားတွေ စားထားတဲ့မြတ်ပင်ကပေါက်လာတဲ့ မြတ်နုလေးတွေကို စားရမယ်။ ပထမသွားသူတွေက ရေမရှိတဲ့အရပ်မှာ ရေကန်တွေ တူးထားခဲ့မှာဖြစ်လို့ ရေအတွက် ပူစရာမလိုဘူး။ ပျက်စီးနေတဲ့ လမ်းတွေကို ဖို့သွားကြမယ်၊ ပြင်သွားကြမယ်။ ဒီတော့ လမ်းတွေကလည်း ညီညာနေလိမ့်မယ်။ နောက်ပြီး ကုန်သည်တွေနဲ့ ဈေးစကားပြောရတယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ အခုတော့ ပထမလှည်းသမားတွေ ထားသွားခဲ့တဲ့ ဈေးနှုန်းအတိုင်း ငါတို့ ရောင်းနိုင်ကြလိမ့်မယ်”လို့ တွေးထားတာမို့လို့ပါ။

တစ်နေ့တော့ ဆင်ခြင်ဉာဏ်မရှိတဲ့ လှည်းသမားက အရင်ခရီးစသွားတယ်။ ကန္တာရအလယ်ကို ရောက်တော့ ဘီလူးတွေက လှည်းသမားဟန်ဆောင်၊ မိုးရေတွေ စိုရွှဲနေတဲ့ပုံ ဖန်ဆင်းပြီး လှည်းသမားတွေကို ရေတွေ သွန်ပစ်ဖို့ ရှေ့မှာ မိုးတွေ ရွာနေလို့ ရေတွေပေါကြောင်း ဖြားယောင်းကြပါတယ်။ ဆင်ခြင်ဉာဏ်မရှိတဲ့ လှည်းသမားဟာ တပည့်တွေကို ရေတွေသွန်ပစ်ဖို့ ပြောလိုက်ပါတယ်။ ရှေ့ကို သွားရင်းနဲ့ ရေပြတ်လပ်ပြီး ဘီလူးတွေက အလွယ်တကူ စားသောက်လိုက်ကြပါတယ်။

ဒုတိယသွားတဲ့ ဆင်ခြင်ဉာဏ်ရှိတဲ့လှည်းသမားကတော့ ရက်အနည်းငယ် ခွာပြီး နောက်ကနေ ခရီးထွက်ပါတယ်။ ကန္တာရအလယ်ရောက်တော့ ဘီလူးတွေက အထက်ပါနည်းအတိုင်း ဖြားယောင်းကြပါတယ်။ ဒီတော့ လှည်းမှူးက စဉ်းစားပါတယ်။ ကန္တာရအလယ်မှာ မိုးရွာတယ်၊ ရေရှိတယ်ဆိုတာ ဘယ်တုန်းကမှ မကြားခဲ့ဖူးဘူး။ အရိပ်လည်း မထွက်ကြဘူး။ ဧကန္တ ဒီလူတွေဟာ လူစင်စစ်မဟုတ်ဘဲ ဘီလူးတွေပဲ ဖြစ်ရမယ်လို့ ကောက်ချက်ချလိုက်ပါတယ်။ ပြီးတော့ “ရေတွေကို သူ့အမိန့်မရဘဲ သွန်မပစ်ရ”လို့လည်း အမိန့်ထုတ်လိုက်ပါတယ်။ ဒီတော့ တပည့်လှည်းသမားတွေက စောဒက တက်ကြတယ်။ “ရေအိုးတွေ သယ်ပြီး ခရီးသွားရတာ ပင်ပန်းတယ်။ သူတို့ကြည့်ရတာ ရှေ့မှာ တကယ်ပဲ ရေရှိပုံရတယ်။ အ၀တ်တွေကလည်း စိုနေတယ်။ လှည်းဘီးတွေမှာလည်း ရွှံ့တွေ ပေကျံနေတယ်။ ကြာပန်းတွေတောင် ကိုင်လို့။ ဒီတော့ ရေတွေကို သွန်ပစ်သင့်တယ်”လို့ လှည်းမှူးကို ပြောပါတယ်။ ဒီတော့ လှည်းမှူးက အစည်းအဝေးတစ်ခု လုပ်ပါတယ်။

“ကန္တာရအလယ်မှာ မိုးရွာတယ်လို့ ကြားဖူးတဲ့သူ ဘယ်သူ ရှိသလဲ”

“ဘယ်သူမှ မကြားဖူးကြပါ”

“မိုးသက်လေပြင်းအနံ့ကို ဘယ်အရပ်လောက်ကနေ မြင်ရတယ်လို့ ကြားဖူးသလဲ”

“တစ်ယူဇနာလောက်နေ မြင်ရပါတယ်”

“ကဲ အခု မိုးသားတိမ်လိပ်တွေကို ဘယ်သူမြင်ရသလဲ”

“ဘယ်သူမှ မမြင်ပါ”

“နောက်ပြီး လျှပ်စီးလျပ်တာကို ဘယ်အရပ်လောက်ကနေ မြင်ရသလဲ”

“၄ ယူဇနာ၊ ၅ ယူဇနာလောက်နေ မြင်ရပါတယ်”

“အခု လျှပ်စီးလျပ်တာကို မြင်တဲ့သူရှိလား”

“မရှိပါဘူး”

“နောက် မိုးကြိုးပစ်သံကို ဘယ်အရပ်လောက်ကနေ ကြားရတတ်သလဲ”

“၃ ယူဇနာ၊ ၄ ယူဇနာလောက်ကနေ ကြားရတတ်ပါတယ်”

“ကဲ အခု မိုးကြိုးပစ်သံကို ကြားမိတဲ့သူ ဘယ်နှစ်ယောက်ရှိသလဲ”

“တစ်ယောက်မှ မရှိပါ လှည်းမှူးကြီး”

အထက်ပါအတိုင်း ယုတ္တိကျကျ ဉာဏ်ပညာပါပါနဲ့ သုံးသပ်ပြောဆိုပြပြီး ရေတွေကို သွန်မပစ်ဖို့ စည်းရုံးနိုင်ခဲ့တယ်။ ဒီတော့ ဘီလူးတွေ စားတာကို မခံခဲ့ကြရဘူး။

ဒီတော့ မြို့စားကြီး လမ်းမှန်ပေါ်ကို ဉာဏ်ပညာရှိရှိနဲ့ လျှောက်လှမ်းတဲ့သူဟာ သူကိုယ်တိုင်လည်း ချမ်းသာရတယ်၊ သူ့ကို မှီခိုနေတဲ့သူတွေကို ချမ်းသာစေတယ်။ သင်ကတော့ အဆင်ဉာဏ်ကင်းမဲ့ပြီး လမ်းမှားကို ဆက်လျှောက်နေရင် ပထမသွားတဲ့ ဆင်ခြင်မဲ့တဲ့ လှည်းသမားလိုပဲ ဖြစ်တော့မယ်။ သင်ကိုယ်တိုင်အတွက်လည်း မကောင်းဘူး။ သင့်ကို မှီခိုကိုးစားနေသူတွေလည်း မကောင်းဘူး။ အဲဒီတော့ သင့်ရဲ့ မိုက်မဲတဲ့ အယူအဆကြီးတွေကို ပြောင်းလိုက်ပါတော့လား”

ထိုကဲ့သို့ အရှင်ကုမာရကဿပက ခပ်ပြင်းပြင်း စကားလုံးများဖြင့် ပြောလိုက်သော်လည်း မြို့စားကြီးက သူ့အယူအဆကို မပြောင်းနိုင်ကြောင်း၊ အထက်တွင် ဆိုခဲ့သောအကြောင်းပြချက်များဖြင့် ပြန်လည်တုန့်ပြန်ခဲ့သည်။ ဥပမာအသစ်၊ သုတေသနအသစ်များဖြင့် ပြန်လှန်ငြင်းခုံခြင်းကား မပြုလုပ်တော့ပေ။

အရှင်ကုမာရကဿပ၏ ဥပမာ (၁၂)

ထိုကဲ့သို့ ညင်ညင်သာသာဆိုလိုက်၊ ပြင်းပြင်းထန်ထန်ပြောလိုက်ဖြင့် မည်သို့မျှ ပြောမရသောအခါ အရှင်ကုမာရကဿပက ထိုဥပမာများထက် ပိုမိုပြင်းထန်သော ဥပမာဖြင့် ထပ်မံပြောဆိုခဲ့သည်။

“မြို့စားကြီး သင်လုပ်ပုံက မစင်ထုပ်သယ်သူလို ဖြစ်နေပြီ”

“ဘယ်လိုကြောင့် ကျွန်ုပ်က မစင်ထုပ်သယ်သူနဲ့ တူရမှာလဲ”

“ပြောပြမယ် မြို့စားကြီး နားထောင်၊ တစ်ခါက အမျိုးသားတစ်ဦးဟာ ၀က်တွေကို မွေးပြီး စီးပွားလုပ်တယ်။ တစ်နေ့တော့ အခြားမြို့ကို ခရီးသွားတယ်။ တစ်နေရာရောက်တော့ နေရာအနှံ့အပြားမှာ မစင်ခြောက်တွေကို တွေ့ရတယ်။ ဒါနဲ့ ဒီမစင်ခြောက်တွေကို ငါ ၀က်စာလုပ်ရရင်ကောင်းမှာပဲလို့ တွေးပြီး အပေါ်ရုံအ၀တ်ကိုဖြန့်ပြီး မစင်ခြောက်တွေကို သယ်သွားသွားပါတယ်။
တစ်နေရာရောက်တော့ မထင်မှတ်ဘဲ မိုးကြီးသည်းထန်စွာ ရွာချလိုက်ပါတယ်။ ဒီတော့ ထိုအမျိုးသားခေါင်းပေါ်မှာ ရွက်ထားတဲ့ မစင်တွေက အရည်ပျော်ပြီး တစ်ကိုယ်လုံးကို မစင်တွေ ပေလူးကုန်ပါတယ်။ လမ်းမှာတွေ့တဲ့ အခြားသူတွေက -ဒီလူ ရူးများနေရော့သလား၊ မစင်ထုပ်ကြီးကို ညစ်ပတ်ပေရေစွာနဲ့ ထမ်းလာတယ်-လို့ ပြောကြတယ်။ အဲဒီအခါ ထိုအမျိုးသားက - ငါက ရူးနေတာ မဟုတ်ဘူး။ သင်တို့ကသာ ရူးနေတာ။ ငါက ဒီမစင်ခြောက်တွေကို ၀က်စာလုပ်မလို့ သယ်လာတာ-လို့ ပြောပါတယ်။
မြို့စားကြီး သင်ဟာလည်း ဒီအမျိုးသားလိုပဲ။ ကိုယ့်အတွက် ဘာအကျိုးမှ မရှိနိုင်တဲ့ ဒီအယူအဆမှားတွေကို အရှက်မရှိ သယ်လာနေသေးတယ်”ဟု နှိပ်ကွပ်လေသည်။

ထိုဥပမာဖြင့် ပြောသော်လည်း အထက်တွင် ဆိုခဲ့သောအကြောင်းပြချက်များ (သူများတွေ ကဲ့ရဲ့မှာစိုးလို့၊ အရှင့်ကို အရှုံးမပေးချင်လို့ စသည်)ဖြင့် သူ့အယူအဆများကို မပြောင်းနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

အရှင်ကုမာရကဿပ၏ ဥပမာ (၁၃)

အရှင်ကုမာရကဿပသည် နောက်ထပ် ဥပမာတစ်ခုဖြင့် မြို့စားကြီးကို ဆိုပြန်လေသည်။

“မြို့စားကြီး သင်ဟာ မသမာနည်းနဲ့ ကစားတဲ့ ညစ်ပတ်တဲ့ အန်ကစားသမားနဲ့ တူနေပြီ”

“ဘယ်လိုဖြစ်လို့လဲ”

“ပြောပြမယ် နားထောင်၊ တစ်ခါက အန်ကစားပွဲကြီးတစ်ခုရှိတယ်။ အန်ကစားသမားတွေထဲမှာ ကစားသမားတစ်ဦးဟာ ရှုံးနိုင်တဲ့အန်ကို ပါးစပ်ထဲ မျိုမျိုပြီး ကစားတယ်။ အဲဒီလို ညစ်ပတ်ပြီးကစားတော့ သူကချည်းပဲ နိုင်နေတယ်။ ဒါကို ရိပ်မိတဲ့သူတစ်ဦးက သူ ပါးစပ်ထဲမျိုတာကို တွေ့သွားတယ်။ အဲဒီတော့ အန်တွေကို အဆိပ်လိမ်းပြီးတော့ ကစားတယ်။ ဒီအခါမှာ ညစ်ပတ်တဲ့အန်သမားဟာ အန်တွေကို မျိုပြန်တယ်။ ထိုအခါ အဆိပ်သုတ်လိမ်းသူ အန်သမားက - အဆွေ သင်ဟာ ရှုံးမည့်အန်ကို မျိုမျိုပြီး ကစားတယ်။ အဲဒီအန်တွေမှာ အဆိပ်တွေ လိမ်းထားတာကို သင်က မသိဘူး။ ယုတ်မာညစ်ပတ်တဲ့အန်သမား အန်တွေကို မျိုပါအုံး၊ ထပ်ထပ်မျိုပါအုံး၊ သင်ဟာ အဆိပ်ဒဏ်ရာနဲ့ ပြင်းပြင်းထန်ထန် ခံစားရလိမ့်မယ်-လို့ ပြောပါတယ်။

မြို့စားကြီး သင်ဟာလည်း အဲဒီညစ်ပတ်တဲ့ အန်သမားလိုပဲ မကောင်းတဲ့အယူအဆတွေကို မျိုမိနေပြီ။ သင့်အယူအဆတွေကို ပြောင်းလိုက်ပါတော့လား”ဟု တိုက်တွန်းပြန်လေသည်။

ထိုကဲ့သို့ ခပ်နာနာ ခပ်ပြင်းပြင်း ဥပမာများဖြင့် နှိပ်ကွပ်ပါသော်လည်း မြို့စားကြီးမှာ အပြုံးမပျက်။ မပြောင်းလဲနိုင်ကြောင်းသာ ထပ်ပြောဆိုနေခဲ့လေသည်။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP