ကရုဏာလက်များ ကမ်းလင့်ပေးပါ...

စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com

Tuesday, September 7, 2010
ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၂၁)
သိပုံခြင်း ခြားနားသည်
သိသည်ဆိုသော်လည်း သာမန်အသိနှင့် မဂ်ပေါက် ဖိုလ်ပေါက် ထိုးထွင်း၍သိသော အသိတို့ ၏ ခြားနားပုံကို ဖော်ပြလိုသေးသည်။
လူသတ္တ၀ါသည် သေသောအခါ ပုပ်တတ်ခြင်းကို လူတိုင်းသိ၏။ ထို့ ကြောင့် “အပုပ်ကောင်” ဟုပင် ပြောစမှတ် ပြုတတ်ကြ၏။ သေပြီးနောက် ပုပ်တတ်သည်ကို သိသောကြောင့် မြန်မြန်ခေါင်းသွင်းဖို့  စီမံကြ၏။ သို့ သော် သေသောအခါ၌ ပုပ်တတ်သည်ဟု လူတိုင်းသိသော်လည်း မပုပ်မီကလေး အတောအတွင်း၌ နှစ်သက်သာယာဖွယ် ကောင်းသည်ဆို၍ ပွေ့ ဖက်ချင်တတ်ကြသည်။ အနာဂါမ်မဂ်ဆိုက်ပြီးသော ပုဂ္ဂိုလ်သည်လည်း ပုပ်တတ်သောသဘောကို မြင်သည်။ သို့ သော် ခြားနားခြင်းရှိသည်မှာကား ပုထုဇဉ်နှင့် သောတာပန်၊ သကဒါဂါမ်ပုဂ္ဂိုလ်များသည် မပုပ်သေးမီ အခိုက်အတန့် တွင် နှစ်သက်သာယာဖွယ်ဟူ၍ မြင်တတ်ကြသည်ဖြစ်ရာ၊ အနာဂါမ်ပုဂ္ဂိုလ်မူကား ယခုပုပ်သည်ဖြစ်စေ၊ မပုပ်သည်ဖြစ်စေ ပုပ်တတ်သောသဘောရှိသည့် ကိုယ်ကာယကြီး ဆိုကတည်းက တခဏတာမျှ နှစ်သက်သာယာဖွယ် မဟုတ်ဟူ၍ သိမြင်သွားတော့သည်။ သိပါသည်၊ မြင်ပါသည် ဆိုသော်လည်း အပေါ်ယံသိခြင်းနှင့် ထိုးဖောက်၍ သိမြင်ခြင်းတို့ ၏ ခြားနားချက်ကား ကြီးကျယ်လှသည်။
စာထဲကစကားလုံး မသုံးခြင်း
ဓမ္မကထိက ဆရာတော်ကြီးတစ်ပါးက ကျွန်ုပ်၏ ဆောင်းပါးများကို ဖတ်ရှုပြီးနောက် “ဒကာကြီးရဲ့  အရေးအသားကတော့ ရှင်းပါပေသည်။ သို့ သော် နိရောဓ သဘောတရားအကြောင်းကို မဖော်ပြသည့်အတွက် သတိပေးလိုသည်” ဟု မိန့် တော်မူဖူးသည်။ ကျွန်ုပ်ကား စာထဲမှ အခေါ်အဝေါ် အသုံးအနှုန်းများကို ယူမသုံးဘဲ၊ ကျွန်ုပ်တွေ့ မြင်သော အခြင်းအရာကို အရပ်သုံးစကားဖြင့် တမင်ဖော်ပြခြင်း ဖြစ်သည်။ နံပါတ်(၁)ဆောင်းပါး၌ တကယ်မရှိပါဘဲလျက် တကယ်ထင်နေရသော အခြင်းအရာ၏ လှည့်စားပုံကို ဖော်ပြ၍ နောက်ဆုံးတွင် အဟုတ်တကယ်ရှိသော သဘာဝကို တွေ့ ရသိရသည်ဟု ဖော်ပြခဲ့သည်။ စာလိုရေးလျှင် သင်္ခတသဘာဝနှင့် အသင်္ခတသဘာဝသို့  ကူးပြောင်းသိမြင်ရသည်ဟု ဆိုရမည်ဖြစ်သည်။ သို့ သော် အရပ်သားနားလည်အောင် ရေးရခြင်းဖြစ်သည့်ပြင် စာထဲက စကားလုံးကို ယူသုံးလျှင် သံယောင်လိုက်ခြင်းဖြစ်သည်ဟု စွပ်စွဲခြင်းလည်း ခံရတတ်သည်။ သို့ သော် တကယ်ရှိခြင်း၊ တကယ်မရှိခြင်းအကြောင်းကို ဥဒါဟရုဏ်ဆောင်၍ ဖော်ပြပါဦးအံ့။
ပြောင်းပြန်ဖြစ်သော သဘော
လူတစ်ယောက်သည် တစ်နေရာရောက်၍ အဝေးသို့ လှမ်းကြည့်လိုက်သောအခါ အနက်လုံးကြီးတစ်လုံးကို မြင်ရသည်ဟု ထင်၏။ ကြည့်လိုက်တိုင်း မြင်ရ၍ အနက်လုံးကြီး ရှိနေသည်ဟူ၍ပင် မှတ်ထင်၏။ တစ်နေ့ သ၌ ထိုလူသည် အနီးသို့  ချဉ်းကပ်ကြည့်သောအခါ မိမိမှတ်ထင်သကဲ့သို့  အနက်လုံးကြီး မဟုတ်ဘဲ၊ အထက်ကောင်းကင်၌ လွှမ်းထားသည့် အဖြူထည် မျက်နှာကျက်ကြီးတွင် အပေါက်ကြီးဖြစ်နေခြင်းမျှသာ ဖြစ်သည်ဟု သိမြင်ရ၏။ ထိုအခါ၌ကား အနက်လုံးပျောက်၍ မျက်နှာကျက် ရောက်လာခဲ့လေပြီ။ အနက်လုံးကြီးရှိနေသည်ဟု ထင်မှတ်ခဲ့သောအခါ၌ မျက်နှာကျက်ကိုမမြင်၊ မျက်နှာကျက်ရှိနေသည်ဟူ၍လည်း မသိခဲ့။ အနက်လုံးကြီးပျောက်ပြီး ဟောင်းလောင်းပေါက်ကြီးမြင်ခါမှ မျက်နှာကျက်ပေါ်လာတော့သည်။ အဟုတ်တကယ်မရှိသောအရာ (အနက်လုံး) ရှိနေသည်ဟု မှတ်ထင်နေသမျှ ကာလပတ်လုံး မျက်နှာကျက်ကို မမြင်နိုင်ချေ။ မျက်နှာကျက်ကား တကယ်ရှိသော အရာဖြစ်၍ အနက်လုံးကား တကယ်ရှိသည်မဟုတ်။ မှတ်ထင်ရခြင်းမျှသာဖြစ်သည်။ မျက်နှာကျက်ကို မြင်သည်နှင့် တစ်ပြိုင်နက်၊ အနက်လုံးကြီး ကွယ်ပျောက်သွားပြီး ဟောင်းလောင်းကြီး မြင်တွေ့ ရမည်ဖြစ်သည်။ မျက်နှာကျက်ကိုမြင်၍ အနက်လုံး ကွယ်ပျောက်သွားခြင်းသည် နိရောဓ (လောကချုပ်ခြင်း) ဖြစ်သည်ဟု စဉ်းစားဉာဏ်ရှိသူတို့  နားလည်ကြစေကုန်ရာသည်။ ဤသည်ကား ပြောင်းပြန်ဖြစ်ခြင်းဟု ဆိုအပ်သော သဘာဝပေတည်း။
(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)
စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း စက်တင်ဘာ ၊ အောက်တိုဘာလ အလှူရှင်များစာရင်း။
စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း အလှူရှင်များ ၊
စက်တင်ဘာလ.၂၀၁၀
1.(၆.စက်တင်ဘာလ.၂၀၁၀)တနလာင်္နေ့
မခင်ငြိမ်းချမ်းဦး(မလေးရှား)
အာရုံဆွမ်းအလှူ
2.(၁၁.စက်တင်ဘာ.၂၀၁၀)စနေနေ့
ကွယ်လွန်သူဖခင်ကြီး ဦးသန်းမောင် အားရည်စူး၍
မခိုင်ဇာမောင် (စင်္ကာပူ) မှ
နေ့ဆွမ်းအလှူ ။
3.(၁၃.စက်တင်ဘာလ.၂၀၁၀)တနလာင်္နေ့
ဒေါ်ရီ မွေးနေ့အလှူ
(အာရုံဆွမ်း+နေ့ဆွမ်း+သီလရှင်အပါး၁၀၀ )အတွက်
စုစုပေါင်းအလှူငွေ ၂၂၀၀၀၀ ကျပ်။
4.(၂၀.စက်တင်ဘာ.၂၀၁၀)တနလာင်္နေ့
နှစ်ဘက်မိဘများကိုအမှူးထား၍ ကိုသက်မြင့်ဦး+မကေသီလွင်
သမီး လွင်မာမင်း (စင်္ကာပူ)မှ
(အာရုံဆွမ်းအလှူ)
အောက်တိုဘာ.၂၀၁၀
1.(၄.အောက်တိုဘာလ.၂၀၁၀)တနလာင်္နေ့
မခင်ငြိမ်းချမ်းဦး(မလေးရှား)
အာရုံဆွမ်းအလှူ
2.(၉.အောက်တိုဘာ.၂၀၁၀)စနေနေ့
ကွယ်လွန်သူ အဖိုး အဖွားများအား ရည်စူး၍
မစံပယ် ကောင်းမှူး။
(နေ့ဆွမ်းအလှူ)
3.(၁၁.အောက်တိုဘာ.၂၀၁၀)တနလာင်္နေ့
နှစ်ဘက်မိဘများကိုအမှူးထား၍ ကိုသက်မြင့်ဦး+မကေသီလွင်
သမီး လွင်မာမင်း (စင်္ကာပူ)မှ
(အာရုံဆွမ်းအလှူ)
4.(၁၂.အောက်တိုဘာ.၂၀၁၀)အဂါင်္နေ့
ဦးဇော်လင်း ၊ ကိုအောင်ချို နှင့် စီဇာ တို့၏မွေးနေ့အလှူ။
(နေ့ဆွမ်းအလှူ)
ဆက်သွယ်လှူဒါန်းရန်....
ဦးကောဝိဒ (စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း ၊ဖုန်း ၀၉၂၁၁၀၂၀၂)
ဝါ၀ါခိုင်မင်း (မြန်မာ ၊ဂျပန်) nanwarwarmg2009@gmail.com ဖုန်း- ၀၁ ၇၃၀၉၅၈၅၁ ၊ ၀၁ ၅၃၂၀၀၄
ကိုရန်အောင် (USA) aungyan@gmail.com
ကိုဇူလိုင် (စင်္ကာပူ) julydream0707@gmail.com
Posted by WWKM at 4:26 PM 0 comments
Labels: စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း
Read more...ဒီဂရီ အထူအပါး
ရေကန်တစ်ကန်ကို ကြည့်လျှင် တံငါက ငါးဖမ်းရမည့်နေရာကို မြင်ရသည်ဆို၏။ မုဆိုးက သားကောင်ရေသောက်ဆင်းမည့် နေရာကို မြင်သည်။
ဆရာဘုန်းကြီးက ခရီးသွားလာရင်း ကုဋီက မစင်ပုံများကို ရှုမိတုန်းက သံဝေဂရအောင်သာ ရှုလိုက်သည်၊ မစင်အတွက် နှလုံးမသာမယာ မဖြစ်ခဲ့ဟု တစ်ခါက အမိန့်ရှိသည်။ ရာသီဥတု ပူလို့အေးလို့ အပြစ်တင်မိသလားဟု တပည့်များကို စစ်သည်။ အဲဒီလို အပြစ်တင်နေသေးရင် နေရာမကျသေးဘူး ဟု မိန့်သည်။ ကျွန်တော်တို့ကတော့ ခပ်ရိုးရိုးပါပဲ။ ပူလည်းစိတ်ညစ် အေးလည်းစိတ်ညစ်သည်။ ဆူသံပူသံတွေ ကြားရတာ များလွန်းတော့လည်း စိတ်တိုသည်။ ဒါနဲ့ မြို့စွန်က စွန်းလွန်းဂူကျောင်းမှာ ဆယ်ရက်သွားနေသည်။ တိတ်ဆိတ်လွန်းသည်ဟု ထင်ပြန်သည်။ ဆူသံပူသံကို ကြားချင်လာ၍ ခုနစ်ရက်မြောက်နေ့တွင် အိမ်ကိုဖုန်းဆက်တော့သည်။
မြတ်စွာဘုရားကို ဖူးတွေ့ရလျှင် တိတ္ထိတို့က အကုသိုလ်စိတ်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့က ကုသိုလ်စိတ် ကြည်ညိုစိတ် ဖြစ်သည်။ နှလုံးသွင်းကွာသွား၍လည်း ဖြစ်မည်။ စရိုက် ၀ါသနာ တို့အရ ကွာခြားသွား၍လည်း ဖြစ်မည်။ တံငါက တံငါသည် မြင်သလို မြင်သည်။ မုဆိုးက မုဆိုးလို မြင်သည်။ သူတော်ကောင်းက သူတော်ကောင်းလို မြင်သည်။ ပါရမီရင့်သူက ပါရမီရင့်သူလို မြင်သည်။ ကျွန်တော်တို့ကဲ့သို့ သူလိုကိုယ်လိုလူက သူလိုကိုယ်လိုပဲ မြင်သည်။ဆရာကြီးဦးရွှေအောင်နှင့် အရှင်ဒေါက်တာသီလာနန္ဒာဘိဝံသ၏ ကျေးဇူးအားဖြင့် ထိုအမြင်များကိစ္စ၊ နှလုံးသွင်းခြင်းကိစ္စကို နားလည်ရသည်။ ကိုယ့်ဟာကိုယ် ထွင်းဖောက်ပြီး မြင်နိုင်မလားဟု စဉ်းစားသည်။ မမြင်နိုင်။
ကိုယ့်ဟာကိုယ် ကြုံရသည်။ ကြုံရသမျှကိုတော့ အမျိုးအစားခွဲဖို့မတတ်။ ကျောင်းတုန်းက လက်ဖျံရိုးနှစ်ချောင်း အိမ်ကိုယူသွားမိတုန်းက အမေတို့က ဆူသည်။ ကျွန်တော်တို့က လက်ဖျံရိုးကို လေ့လာစရာ ပစ္စည်းဟု မြင်သည်။ အမေတို့က လူအရိုးဟု မြင်သည်။ အသက်ကြီးတော့ မိတ်ဆွေတွေရှိလာသည်။ မိတ်ဆွေ တစ်ယောက်ကနေ နှစ်ယောက်ရှိလာသည်။ မိတ်ဆွေ တစ်ယောက်က အခြားတစ်ယောက်ကို ရန်သူဟု မြင်သည်။ ကျွန်တော်က မိတ်ဆွေဟုမြင်သည်။ ဘာကြောင့် အမြင်မတူရသနည်း။ အဖြေကို မတွေ့။
စဉ်းစားသည်။ နားမလည်။ မစဉ်းစား။ နားမလည်။
အဲဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက် သေကုန်သည်။ ရန်သူဟု မြင်သူလည်း သေသည်။ မိတ်ဆွေဟု မြင်သူလည်း သေသည်။ မိတ်ဆွေ၏ မိဘတွေလည်း သေသည်။ မိတ်ဆွေ၏ အသိတွေလည်း သေသည်။ ထူးခြားသောနှစ်ကား တတိယနှစ်အပြီး အိမ်ကိုပြန်သောနှစ် ဖြစ်သည်။ တစ်လအတွင်း လေးလောင်းဆက်တိုက် ကြုံသည်။ အဲဒီတုန်းကတော့ ပင်လယ်ဝံပုလွေထဲက လာဆင်၏ စကားက စွဲနေသည်။
"သေခြင်းထက် ရှင်ခြင်းက ကျက်သရေရှိတယ်။"
ဟုတ်ပြီ။ ကျွန်တော်တို့ မသေအောင် တိုက်ပွဲဝင်သွားဖို့ လိုမည်။ ဆုံးရှုံးလျှင် အနိုင်ရသူ၏ အပြစ် မဟုတ်။ ရှုံးသူ၏ အပြစ်။ နိုင်သောသူသာ ထာဝရမှန်သည်။ အမေရိကန်သည် ဂျပန်ကို စစ်မနိုင်ခဲ့လျှင် နာဂါဆာကီကို ဒုတိယအကြိမ် အနုမြူဗုံး ကြဲချမှုနှင့် စစ်တရားရုံးသို့ ရောက်ရမည်။ နိုင်အောင်တိုက်ခဲ့၍ သူက တပြန်တရားစွဲခွင့်ရသည်။ ဟုတ်ပြီ။ ကျွန်တော်တို့ အသက်ရှင်အောင် ကြိုးစားရမည်။ မဆုံးရှုံးအောင် ကြိုးစားရမည်။ အသက်ရှင်ဖို့ နိယာမများသည် ရှိအံ့။ ထိုနိယာမများကို ကျွန်တော်တို့ သင်ယူရမည်။ သင်ယူနေတုန်း အသက်ဆုံးခါမှ ဆုံးရော ကျွန်တော်တို့ နောက်ဆုံးအချိန်အထိ ကြိုးစားမှ လူ့တာဝန်ကျေမည်။ အဲဒါက ဟိုတုန်းက အတွေးအခေါ်များ ဖြစ်၏။
ထိုအတွေးအခေါ်များထဲက အားလုံးကို စွန့်ပယ်ခြင်းမပြုခဲ့။ အနိုင်ရဖို့ မည်သည့်ညစ်ပတ်သည့် နည်းကို မဆို သုံးခွင့်ရသည်ဆိုတာကတော့ မကြိုက်လို့ ပယ်လိုက်သည်။ သို့သော် ကြိုးစားသင့်သည်ကို အသက်ဆုံးသည်ထိ ကြိုးစားမှ လူ့တာဝန်ကျေသည်ဟူသော မာန်ကို ခုထိစွဲလန်းနေတုန်း ဖြစ်သည်။ လာဆင်က ဦးနှောက်ကင်ဆာနှင့်ကို နောက်ဆုံးအချိန်အထိ ရုန်းကန် တိုက်ပွဲဝင်သွားသည်။ ကျွန်တော်တို့မှာ ပျော့ညံ့သော ညည်းညူပြစ်တင်ခြင်းမျိုးထက် အဲဒီလို မာန်မျိုးရှိဖို့လိုမည် စဉ်းစားလာပြန်သည်။ သို့သော် တက္ကသိုလ် နောက်ဆုံးနှစ်များအတွင်း ထူးခြားသော ပြောင်းလဲခြင်းကား ရုန်းကန်ခြင်းသည် အနိုင်ရဖို့ချည်း သက်သက် မဟုတ်ဟု မြင်လာခြင်း ဖြစ်သည်။ ရုန်းကန်ခြင်းသည် လူ့ဂုဏ်သိက္ခာအတွက်သာ ဖြစ်သည်။
ဘာသာတရားနှင့် ပတ်သက်ပြီး ကြိုးစားလျှင် ကြိုးစားသလောက် လက်ငင်းသိသာ အကျိုးပေးသော ဘာသာတရားကို စိတ်ဝင်စားလာသည်။ ဟုတ်သည်။ ဦးဆန်းလွင်ကြောင့် ဖြစ်သည်။ အကာလိကော အခါမလင့်အကျိုးပေးသည် ဆိုတာက မဂ်ရတာနှင့် ဒုတိယစိတ်က ဖိုလ်စိတ်ကို တန်းရတာကို ဆိုလိုသည်ဟု ဆရာတော်များက ရှင်းပြသည်။ တစ်ဖက်က ကြည့်ပြန်တော့ နှာသီးဖျားမှာ စိတ်ကိုထားလိုက်တာနှင့် သမာဓိရသည်နှင့် ချမ်းသာခြင်း၊ ၀မ်းသာခြင်း၊ တည်ကြည်ခြင်းများကို ခံစားရသည်။ ဒါကလည်း အခါမလင့် အကျိုးပေးတာပဲ ဖြစ်ရမည် ဟု တွက်သည်။ စိတ်ချမ်းသာတော့ ရုပ်ပါကြည်သည်။ ပေါင်းသင်းဆက်ဆံရာမှာ အဆင်ပြေသည်။ အဆင်ပြေလျှင် တရားကို မေ့သည်။ အဆင်မပြေလျှင် ပြန်သတိရသည်။
ပုထုဇဉ်တို့က ၀ါးပင်လို ယိမ်းတတ်သည်တဲ့။ မိုးကုတ်ဆရာတော်ဘုရားက အမိန့်ရှိသည်။ ဒီဘ၀မှာ သူတော်ကောင်း၊ နောက်ဘ၀မှာ လူယုတ် ဖြစ်ချင်ဖြစ်နိုင်သည်တဲ့။ ဟုတ်မှာပါပဲ။ ကျွန်တော်တို့ကို တည့်တည့်ဟောတာ ဖြစ်မည်။ အဲလိုနဲ့ ဗဟုသုတလေး ရှိလာတော့ တရားဟောချင်လာသည်။ ကိုယ်က ဗဟုသုတရှင်ဆိုတော့ လေက နည်းနည်းမာသည်။ တရားမာနကို သတိထားနော် တပည့် တဲ့။ ဆရာဘုန်းတော်ကြီးက သတိပေးသည်။ အခြားမာနထက် တရားမာနက ဆိုးပါသတဲ့။
အင့်ဟင်။ ကိုယ့်ခြေထောက် ကိုယ့်နှလုံးသား ကိုယ့်ဦးခေါင်း အကုန်ကြည့်သည်။ ဒီတစ်သက် တရားရှင် ဖြစ်နိုင်မည် မထင်ပါ။ တရားကို စောင့်ရှောက်သူ ဖြစ်မည်မထင်ပါ။ တရားဓမ္မကို မြတ်နိုးသူတော့ ဖြစ်ကောင်း ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် ကျေနပ်သူ အဖြစ်လောက်တော့ ရှိနေတတ်သည်။ အစ္စလာမ်ဘာသာဝင်များ၏ ရှစ်ဖို့တစ်ဖို့ အလှူကိုလည်း ကျေနပ်သည်။ ခရစ်ယာန်ဘာသာဝင်များ၏ ၀ဲဘက်ပါးကိုရိုက်လျှင် ယာဘက်ပါးကို ထိုးပေးလိုက်ပါ ဆိုတာကိုလည်း ကျေနပ်သည်။ ဘာသာတရား အလိမ်အညာများအတွက် ပြောသင့်လို့ ပြောလျှင်လည်း ကျေကျေနပ်နပ်နှင့်ပဲ ၀တ္တရားအရ ပြောသည်ဟု မှတ်ယူလိုက်သည်။
အဲဒီလို စဉ်းစားလိုက်တော့ ရာသီဥတု ပူတာကို စိတ်ညစ်တာ နည်းနည်းလျော့သွားသည်။ အေးတာလည်း စိတ်ညစ်တာ လျော့သွားသည်။ လျော့သွားရုံမျှ ဖြစ်ပြီး လုံးလုံးပျောက်သွားတာ မဟုတ်သောကြောင့် နေရာတော့မကျသေး။ သို့သော် ပလီပလာ တွေးတတ်သူပြီပြီ ရေးရေးတော့ သဘောမျှ ပေါက်လိုက်ပြီဟု ကိုယ့်ဖာသာလှည့်စားသည်။
သြော် တံငါက တံငါလို မြင်ပေမှာပဲ။
သြော် မုဆိုးက မုဆိုးလို မြင်ပေမှာပဲ။
ကိုယ့်ဖာသာပဲ ကြည့်လေ။ ဒုတိယနှစ်တုန်းက ၇၅ ဒီဂရီက ခု ၁၅၀ ဖြစ်ပြီ။ မျက်မှန်ချွတ်လျှင် အဝေးကို ခပ်ဝါးဝါးသာ မြင်သည်။ ၀ါးတာချင်းအတူတူ ငယ်ငယ်က ၀ါးတာက တော်သေး။ ခု ၀ါးတာက ပိုဆိုးလာသည်။ ဒါ လောကဝေါဟာရအရ ကိုယ့်မျက်လုံးတစ်ခုတည်းရဲ့ မတူတဲ့အမြင်။
ဒါတွေ သူငယ်ချင်း မိတ်ဆွေများကို ပြောပြတော့ တစ်ယောက်က ဇရာ ဇရာ ဟုရေရွတ်သည်။ အခြားတစ်ယောက်က သန္တတိသင်္ခါရ ဟုချဲ့ထွင်သည်။ ဆရာကြီးဦးရွှေအောင်၏ ဆောင်းပါးခေါင်းစဉ်အရ အမြင်များပြောင်းလဲခြင်းလည်း ဖြစ်သည်ဟု တစ်ယောက်က ရွဲ့သည်။
ဒီဂရီအထူအပါး ကွာသွားသည်ဟု ခနဲ့သူက ခနဲ့သည်။
ဘာပဲဖြစ်ဖြစ် ဒီလူတွေဟာ အတူတူ "လူ"ချည်းပါပဲ ဟူသော ကြားဖူးနားဝ ဒဂုန်တာရာ၏ စကားကို သဘောတကျရှိတာကြောင့် သူတို့ဘာပြောပြော ပြောသမျှ သဘောကျ၏ဟု လုပ်နေလိုက်သည်။ သို့သော် အမှန်သဘောကျတာလား နေသေးသပ ချုံထဲက ချိုသွေးတမြမြ လုပ်နေတာလား ဆိုတာကိုတော့ စာရေးသူကျွန်တော်ကိုယ်တိုင် မှ လွဲ၍ မည်သူမျှ သိမည်မထင်။ ကျွန်တော်ဟူသော သူကိုယ်တိုင်ပင်လျှင် သူ့စိတ်ဖြစ်သမျှ အကုန်သိနိုင်ပါ့မလား စဉ်းစားစရာ ရှိနေသည်။ ဘာပဲ ဖြစ်ဖြစ် ဖြစ်သင့်တာကို သူကား ပြောချလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ ယောကျာ်းကောင်းက သူ့စကား သူထိန်းသိမ်းလိမ့်မည်။ ယောကျာ်းညံ့ကား ထိန်းမည်မဟုတ်။ သူ့စကား သူ ဘယ်မျှ တန်ဖိုးထားသလဲဆိုတာကို အချိန်က ဆုံးဖြတ်လိမ့်မည်။ စောင့်ကြည့်ဖို့လိုမည်ဟု သူ့ကိုယ်သူ နားလည်လိုက်ပါသည်။

နှီးဘုရားကြီးများ ပူဇော်နိုင်ရန် ပညာဒါနပြု၍ လက်ခံနေပြီ
(၂၂-၆-၂၀၁၀)နေ့နံနက်ပိုင်း(၉)နာရီတွင် အမှတ်(စီ-၄၂၀)၊ ၁၆လမ်း၊ ကံသာရပ်ကွက်၊ မကွေးမြို့၊ ပန်းချီဆရာ မကွေးကံညွန့်ရဲ့ သမီးမွေးနေ့ပွဲဖိတ်လို့သွားခဲ့ပါတယ်။ ပန်းချီဆရာ မကွေးကံညွန့်ဆိုတာ ယခင်တစ်ခေတ် တခါက ဇာတ်သဘင်လောကမှာ ဂိတ်ရှိုးကြီးတွေကို ရေးဆွဲပြီး နာမည်ကြီးခဲ့သူတစ်ဦပါ။ အဲဒီအခါက အထက်မြန်မာပြည် မန္တလေးမြို့ ဇာတ်ရာသီမှာ တရုပ်တန်းဇာတ်ရုံမှာ ပန်းချီခန်းဖွင့်ထားပါခဲ့ပါတယ်။ အောက်မြန်မာပြည် ရန်ကုန်ဇာတ်ရာသီချိန်မှာ မြေးနီကုန်း ပဒုမ္မာဇာတ်ရုံမှာ ပန်ချီခန်းဖွင့်ပြီး လုပ်ကိုင် နာမည်ကြီးခဲ့သူ တစ်ဦဖြစ်ကြောင်း သတင်းရရှိခဲ့ရပါတယ်။
ယနေ့တော့ သူရဲ့ အလုပ်ခန်းမှာ ထူးထူးခြားခြား အမြင့်(၄)ပေ၊ အနံ(၃)ပေ ရှိတဲ့ ရွှေရောင်တစ်ဝင်းဝင်းနဲ့ ကြာပန်း ပလ္လင်ပေါ်က နှီးဖြင့်ပြုလုပ်ထားသော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ဖူးမျှော်ခဲ့ရပါတယ်။ သတင်းသမား ပီပီ စပ်စုမေးမြန်းခဲ့ရပါ တော့တယ်..။
ပန်းချီဆရာ မကွေးကံညွန့်ရဲ့ ပြောကြားချက်များကတော့….
မြန်မာပြည်မှာ နှီးဘုရားများကို စတင်ပြုလုပ်သူမှာ ရှမ်းဆရာကြီးတစ်ဦးလို့သိခဲ့ရပါတယ်။ ရှမ်းဆရာကြီးကို တစ်ခါမှ မမြင်၊မတွေ့မိပါ။ စစ်ကိုင်းတောင်မှာ ရှိတဲ့ သူပြုလုပ်တည်ထားတဲ့ နှီးဘုရားကြီးကစလို့ ကျွန်တော် အလွန်သဘောကျပြီး စတင်စိတ်ဝင်းစားခဲ့ရပါတယ်။ ရှမ်းဆရာကြီးဟာ ကျွန်တော့ရဲ့ ပထမ မြင်ဆရာကြီးပါ။ အခြားမြို့တွေမှာ ပူဇော်ထားတဲ့ နှီးဘုရားတွေကိုလဲ သွားရောက်ကြည့်ရှု လေ့လာခဲ့ပါတယ်။ အများအားဖြင့် ကိုယ်လုံးတော် များက အချိုးအစားမကျတာတွေကိုသာ တွေ့မြင်ရပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ သာမန်လူများရဲ့ ကိုယ်ခန္ဓာအချိုးအစားအတိုင်းကျစေအောင် ဆောင်ရွက်ခဲ့ပါတယ်။ များသောအားဖြင့်
ပန်းပုဆရာများထက် ကျွန်တော်တို့ ပန်းချီဆရာများက ပုံဖော်ရာမှာ သာမန်သဘာဝအတိုင်း မြင်တတ်ကြ ပါတယ်။ (ဥပမာ။ ။ လူရဲ့ခေါင်းအရွယ်အစားဟာ ဘယ်ပခုံးမှ ညာပခုံးအတွင်း ခေါင်းသုံးလုံးစာသာရှိနေရပါ့မယ်။)
ဒီနှီးတွေကတော့ စလင်းမြို့ကထွက်တဲ့ ကြသောင်းဝါး ဆယ်လုံးကိုသာ သုံးခဲ့ရပါတယ်။ အဲ တွဲဖက်သုံးရတာက လွှစာမှုန့်များများရယ်..၊ ATMကော်ရယ်..၊ ရွှေမင်ရောင်ဆေးဗူးတွေရယ်၊ ဘုန်းကြီးကျောင်းမှ
သက္ကန်းစုတ်တွေရယ်ကို စနစ်တကျ အသေးစိတ်အချိန်ယူပြီး လုပ်ခဲ့ပါတယ်။
စတင်လုပ်တဲ့ရက်ကစပြီး ယနေ့အထိဆိုရင်(၂)လခွဲကြာပါပြီ..။ နောက်(၃)ရက်ဆိုရင်တော့ အချောသတ်လို့ အားလုံးပြီးပါတယ်။ အရွယ်အစားကတော့ ကြိုက်သလို အကြီးကြီးတွေရော အသေးတွေပါ အမျိုးမျိုးပြုလုပ်ပူဇော်နိုင်ပါတယ်။
ပိုးလုံးဝမစားအောင် ကတော့ အသုံးပြုမဲ့ နှီးတွေကို ဆေးရွက်ကြီးရေစိမ်ပေးထားပါတယ်။ အတွင်းက ဘောက်ခလောင်းကြီထဲမှာလဲ ဆေးရွက်ကြီးအရည်တွေရော၊ တခြားပိုးမကိုက်စေတဲ့ ပိုးသတ်ဆေးတွေကိုပန်းပြီး
အောက် ခြေမှာ ထပ်သားနဲ့အလုံပိတ်ထားပေးပါတယ်။ အချိုးအစားပုံစံကျအောင်ကတော့ အောက်က နှီးဘုရားအသေးလေးကို ပဏာမ အစမ်းပုံစံပြုလုပ်ပါတယ်။ အဲဒီ ဆင်တုအသေးလေးရဲ့ အချိုးအစားအတိုင်း ဆင်တုတော် အကြီးကြီးကို ထပ်တူပြုလုပ်ခဲ့တာပါ။ ဈေးနှုန်းတန်ဘိုးကိုတော့ ကျွန်တော် မသတ်မှတ်ရသေးပါဘူး။
အလှူအတန်းကိစ္စဆိုတော့ အတတ်နိုင်ဆုံးအဆင် ပြေအောင် လက်ခံဆောင်ရွက် ပေးသွားမှာပါ။ ကျွန်တော်ယခင်က ပန်းချီပညာနဲ့ စီးပွားရှာခဲ့စဉ်ကလဲ ငွေရေး ကြေးရေကိုအဓိကမထားခဲ့ပါဘူးဗျာ။ ယခုလည်း ဘုရားအလုပ်နဲ့ ကျွန်တော့်ပညာကို ကုသိုလ်ယူချင်တဲ့ သဘောပါ။
ယခုပြုလုပ်ပြီးတဲ့ ဘုရားဆင်းတုကိုယ်တော်ကြီးကိုလဲ မကွေးမြို့၊ မဲထီးလမ်း၊ ဈေးရပ်မှာရှိတဲ့ ပုည၀တီကျောင်း၊ မိုးကုတ်ဓမ္မရိပ်သာ ဘုရားခန်းမှာ လှူဒါန်းပူဇော်ထားမှာပါ။ ပန်းချီ မကွေးကံညွန့်+ဒေါ်လှလေး
နှင့် သား၊သမီး၊ မြေး၊မိသားတစ်စုကောင်းမူ လို့ကဗ္ဗည်းထိုးလှူဒါန်း ထားပါတယ်။
မန္တလေးမြို့ကိုနှီးဘုရားအတွက် ကျွန်တော့်ကို ဆက်သွယ်မယ်ဆိုရင်
ပန်းချီ မင်းဟန် နှင့် အောင်အောင်
၂၆ ဘီလမ်း၊ ရွှေလောင်းညွှန့်ရပ်၊
မန္တလေးမြို့ ကိုဆက်သွယ်နိုင်ကြောင်း ပန်ချီဆရာ မကွေး ကန်ညွှန်ထံက သတင်းရရှိခဲ့ပါတယ်။
မန်းတောင်ရိပ် ဂျာနယ်မှ တဆင့်ပြန်လည်တင်ပေးပါသည်။
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ စက်တင်ဘာလ(၅)ရက်။ Read more...
စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဆိုတာ ပရမတ္တတရား ဟုတ်ရဲ့လား
ဒကာ။ ။ “စိတ် စေတသိက် ရုပ် နိဗ္ဗာန် လေးတန် ပရမတ်” ဟု လယ်တီဆရာတော်ဘုရားကြီးများ ပရမတ္တတရားလေးပါးကို သင်ကြားပေးကြပါတယ်။
ဒါပေမဲ့ စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဆိုတာ ပရမတ္တတရား မဟုတ်ဘူး၊ ပညတ်သာဖြစ်တယ်လို့ ဆရာအချို့က ဆိုကြပါတယ်၊ ဘယ်ဟာကို အမှန်ယူရမှာလဲ ဆရာတော်။
ဆရာ။ ။ အင်း…နှစ်မျိုးစလုံး မှန်တာချည်းပဲလို့ မှတ်ယူရမည်။
ဒကာ။ ။ အမှန်ယူပုံကို အနည်းငယ် ရှင်းပြပေးပါဦး ဆရာတော်၊ ဘယ်လိုမှန်တာလဲ ဘုရား။
ဆရာ။ ။ ပရမတ်ဆိုတာက (၁) အပြောပရမတ်၊ (၂) သဘောပရမတ်၊ နှစ်မျိုးရှိတယ်။
စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဆိုတာက အမည်နာမ အပြောပရမတ်ဖြစ်တယ်၊ အဲဒီ ပရမတ် အမည်ကို ဖော်ထုတ်မပြောဘဲနဲ့တော့ ဘယ်တော့မှ မဖြစ်နိုင်ဘူးပဲ၊ ဒါကြောင့် ပရမတ်တရားရဲ့ အမည်နာမကလေးတွေကို သတ္တဝါများနားလည်အောင် ထုတ်ဖော်ဟောပြောရလို့ အပြောပရမတ်လို့ ဆိုရင်လည်း မှန်တာပဲ။
ဟာ…စိတ် စေတသိက် ရုပ် နိဗ္ဗာန်….ဆိုတာ အမည်နာမ ပညတ်သာဖြစ်တယ်၊ ပရမတ်မဟုတ်ပါဘူးလို့ ဆိုရင်လည်း မှန်တာပဲ၊ အမည်ပညတ်တွေပဲကိုး။
ပရမတ် အစစ်ဆိုတာက သူ့ရဲ့ပြီးစီးမှုသဘောတရား ကိရိယာကလေး သက်သက်မျှကိုသာ ယူရတာဖြစ်တယ်။
ဒကာ။ ။ ပေါ်လွင်အောင် ရှင်းပြပါဦး ဆရာတော်၊ ဒကာကြီးနားလည်အောင် တိုတိုကျဉ်းကျဉ်းနဲ့ပေါ့ ဘုရား။
ဆရာ။ ။ စိတ်ပရမတ် ဆိုတာက အာရုံကိုသိခြင်း၊ ညွတ်ခြင်း သဘောကလေး သက်သက်မျှကိုသာ ဆိုတာ၊ စိတ်ဟာ ပညတ် အမည်မျှသာပဲ။
စေတသိက်တွေထဲကလည်း ဝေဒနာဟာ ပညတ်အမည်ပဲ၊ ပရမတ်အစစ်က ခံစားခြင်းသဘော ကိရိယာကလေးမျှသာ ဖြစ်တယ်။
သညာဟာလည်း ပညတ်အမည်သာပဲ၊ ပရမတ်အစစ်ကတော့ မှတ်သားခြင်းသဘော ကိရိယာကလေးကို ဆိုတာ ဖြစ်တယ်။
စေတနာစေတသိက် ဆိုတာလည်း နာမပညတ်ပဲ၊ ပရမတ်အစစ်ကတော့ အလုပ်ဖြစ်မှု စေ့ဆော်ခြင်းသဘော ကလေးမျှသာ ဖြစ်တယ်။
ရုပ်ဆိုတာလည်း နာမပညတ်မျှသာပဲ၊ ပရမတ်အစစ်က ဖေါက်ပြန်ပြောင်းလဲမှု သဘော ကလေးမျှ သက်သက်ပဲ။
နိဗ္ဗာန်ဆိုတာလည်း အမည်ပညတ်ပဲ၊ ပရမတ်အစစ်ကတော့ နိစ္စ သုခ အမြဲငြိမ်းအေးချမ်းသာမှု သဘော ကိုဆိုတာပဲ၊ ကဲ….ကျေနပ်ရဲ့လား၊ ပရမတ်ဆိုတာ အမည်နာမ အထည်ဒြပ် မရှိဘူး၊ သဘောကလေးသက်သက်ကို ယူရတယ်။
ဒကာ။ ။ မှန်ပါ့၊ သဘောပေါက် ကျေနပ်ပါပြီ ဆရာတော်။ Posted by Thama Meggin at 11:34 AM
တရားပွဲဖိတ်ကြားခြင်း
အရှင်တေဇောဘာသ ( မြင်းခြံ )
ယနေ့  သာသနာ နှစ် ၂၅၅၄ခု ၊ မြန်မာ နှစ် ၁၃၇၂ခုနှစ် ၊ ၀ါခေါင်လပြည့်ကျော်( ၁၂) ရက် ၊ ၂၀၁၀ခု၊ စက်တင်ဘာလ ၆ ရက် ၊ တနလာင်္နေ့  ညနေ ၇ နာရီမှ ည ၉ နာရီထိ အောက်ပါနေရာတွင် သီလနှင့်ဆိုင်ရာ တရားတော်များကိုဟောကြားသွားပါမည်။
တရားတော် နာယူနိုင်ရန် အသိပေး ကြေငြာလိုက်ပါသည်။
နေရာ- Thailändsches Restaurant Thantawan
Genovevaweg31 ( Ecke Willibaldstrße)
80689 München
မြတ်ရောင်နီ
( ၀၆ ၊ ၀၉ ၊ ၂၀၁၀)
.
ဥပုသ်သယ်
* ရှေးဦးစွာကွယ်၊ ဥပုသ်သယ်၊ ကိုယ်ဝယ် သီလရှိရမည်။
* သီလသိက္ခာ၊ ရှိ၍လာ၊ ဘာဝနာကို ပွားရမည်။
* ဘာဝနာသီလ၊ ပြည့်စုံမှ၊ ခေါ်ရ ဥပုသ်သည်။
မင်ကွန်းမင်းသားကြီးအား အုတ်ဖိုဆရာတော်ဘုရားကြီး ပေးသော ဂါထာ
ဆရာတော်ကြီးသည် ၁၁၇၉-ခုနှစ် တပေါင်းလဆန်း ၅-ရက်၊ တနင်္ဂနွေနေ့၌ ဟင်္သာတခရိုင်၊ သာရဝေါမြို့ ကလေးမှ နှစ်မိုင်ကွာသော ရွာကလေး၌ ဖွားမြင်တော်မူသည်။ ခမည်းတော် ဦးရွှေပန်း၊ မယ်တော် ဒေါ်လေးတို့ ဖြစ်ကြသည်။ ဟင်္သာတမြို့ ရန်ကုန်မြို့တို့ရှိ ဆရာတော်ကြီးများထံမှသာမက အမရပူရ ဗားကရာဆရာတော်ကြီး၊ အင်းဝ-မြသိန်းတန် ဆရာတော်ကြီး၊ စစ်ကိုင်း ထူပါရုံဆရာတော်ကြီးများထံတွင် ပရိယတ္တိစာပေများကို သင်ယူခဲ့သည်။ မြန်မာပါဠိဘာသာတို့ကိုသာမက သက္ကတဘာသာကိုပါ ကောင်းစွာ တတ်ကျွမ်းသည်။ မင်းတုန်းမင်းကြီးက မန္တလေးမြို့တွင် သီတင်းသုံးရန် လျှောက်ထားသော်လည်း လက်မခံခဲ့။ ထိုစဉ်က အောက်မြန်မာနိုင်ငံကို နယ်ချဲ့အင်္ဂလိပ်တို့ သိမ်းပိုက်ထားရာ သာသနာရောင် မှေးမှိန်သော အောက်ပြည်၊ အောက်ရွာသို့ကြွ၍ ကြိုးစားပမ်းစားပင် သာသနာပြုတော်မူသည်။ အုတ်ဖို (ယခု အင်္ဂပူမြို့) သို့ ပြောင်းရွှေ့သီတင်းသုံးသည်မှစ၍ အုတ်ဖိုဆရာတော်ဟု ထင်ရှားခဲ့သည်။
ဆရာတော်ကြီးသည် ၁၂၄၂-ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာသို့၎င်း၊ ၁၂၄၉-ခုနှစ်တွင် သီရိလင်္ကာသို့၎င်း ဘုရားဖူးကြွရောက်တော်မူခဲ့သည်။
ဆရာတော်ကြီးသည် ကျမ်းပေါင်း ၁၀၀-ကျော် ပြုစုခဲ့သည်။ မေတ္တာစာ အမျိုးမျိုး၊ ရတုကဗျာ အမျိုးမျိုးတို့ကိုလည်း ရေးသားပြုစုတော်မူခဲ့သည်။
ဆရာတော်ကြီးသည် ၁၂၆၇-ခုနှစ် တပေါင်းလဆုတ် ၂-ရက်နေ့ သက်တော် ၈၈-နှစ်တွင် ပျံလွန်တော်မူခဲ့သည်။
၁၂၄၂-ခုနှစ်က အိန္ဒိယပြည်၊ ဗုဒ္ဓဂယာသို့ ကြွရောက်ဖူးမြော်၍ အပြန်တွင် ဆရာတော်ကြီးသည် သင်္ဘောစီးရန် ကာလကတ္တားမြို့၌ ခေတ္တစောင့်ဆိုင်းနေတော်မူသည်။ ထိုအချိန်၌ မြင်ကွန်းမင်းသားကြီးသည် ဗာရာဏသီမြို့တွင် အကျယ်ချုပ်ဖြင့်နေရစဉ် အုတ်ဖိုဆရာတော်ကြီး အိန္ဒိယသို့ ကြွလာတော်မူသည်ကို ကြားသိရသဖြင့် အကြီးတော်တယောက်ကို စေလွှတ်လျှောက်ထားစေသည်။
တပည့်တော်သည် ယခုအခါ သွားလိုရာသို့ မသွားရ၊ နေလိုရာ၌ မနေရ၊ အလွန်ကျပ်တည်းလှပါသောကြောင့် အရှင်ဘုရားထံ ကိုယ်တိုင်လာရောက်၍ ရှိမခိုးနိုင်ပါ။ အရှင်ဘုရားကဲ့သို့သော သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသည့် အရှင်မြတ်များကို ရှိခိုးရပါက အချုပ်အနှောင်မှ လွတ်ကင်းလိမ့်မည်ဟု နှလုံးပိုက်မိပါသည်။ ထို့ကြောင့် အရှင်မြတ်ဘုရား၊ တပည့်တော်ထံ ကြွလာတော်မူ၍ ရှိခိုးပူဇော်ခြင်းကို ခံယူတော်မူပါဘုရား-ဟု ပင့်လျှောက်စာနှင့်တကွ ပင့်လျှောက်လာသည်။
ထိုအခါ ဆရာတော်ကြီးက ယခုအခါ မြန်မာပြည်သို့ပြန်ရန် တပည့်အပေါင်းနှင့်တကွ သင်္ဘောလက်မှတ်များယူပြီး ဖြစ်၍ ဆရာ မလိုက်နိုင်ပြီ။ ဆရာ့ကို ရှိမခိုးရသော်လည်း ကျဉ်းမြောင်းခြင်း၊ အချုပ်အနှောင် ခံရခြင်းတို့မှ လွတ်ကင်းချမ်းသာအောင် ဆရာက ဘုရားဟောဂါထာကို ပေးလိုက်မည်။ ယင်းဂါထာကို နေ့ညဥ့်မပြတ် ရွတ်ဖတ်သရဇ္ဈာယ်လေ-ဟု လနတ်သား၊ နေနတ်သားတို့ ဘုရားရှင်ကို ရှိခိုးရွတ်ဆိုသော နမော တေ- ဂါထာ-ကို ရေးသားပေးတော်မူလိုက်လေသည်။
မြင်ကွန်းမင်းသားကြီးလည်း နမော တေ-ဂါထာကို မပြတ်ရွတ်ဖတ်သရဇ္ဈာယ်လေသောကြောင့် အကျယ်ချုပ်ထားရာ ဗာရာဏသီမြို့မှ ထွက်မြောက်နိုင်၍ ထိုစဉ်က ပြင်သစ်အစိုးရပိုင် ချန်တာနဂိုရ်မြို့သို့ ရောက်လေသည်။ ချန်တာနဂိုရ်မှ တဖန် ပြင်သစ်ပိုင် ကွန်ဟီချာရီမြို့၊ ထိုမှတဖန် ယိုးဒယား (ထိုင်း)၊ ထိုမှတဖန် ပြင်သစ်ပိုင် ဆေးဂုံမြို့သို့ ရောက်သည်။ ထိုမြို့၌ပင် နေထိုင်၍ သက်တော် ၇၈-နှစ်တွင် ကွန်လွန်လေသည်။
( နမော တေ ဂါထာ )
နမော တေ ဗုဒ္ဓ ၀ီရတ္ထု၊ ၀ိပ္ပမုတ္တောသိ သဗ္ဗဓိ။
သမ္ဗာဓပ္ပဋိပန္နောသ္မိ၊ တဿ မေ သရဏံ ဘ၀။
( မျန်ကန်တိကျစွာ အသံထွက်နည်း )
နမော တေ ဗုတ်ဓ ၀ီရတ်ထု၊ ၀ိပ်ပမုတ်တောသိ သတ်ဗဓိ။
သမ်ဗာဓပ်ပဋိပန်နောသမိ၊ တတ်သ မေ သရဏံ ဘ၀။
( အနက် မြန်မာပြန်)
ကြီးမြတ်သော လုံ့လ၀ီရိယ ရှိတော်မူသော ရှင်တော်မြတ်ဘုရား။
ရှင်တော်မြတ်ဘုရားအား ရှိခိုးခြင်း ဖြစ်ပါစေသတည်း။ (၀ါ) ရှိခိုးပါ၏ဘုရား။
ရှင်တော်မြတ်ဘုရားသည် ကိလေသာစသော ဒုက္ခအနှောင်အဖွဲ့ အားလုံးတို့မှ အပြီးတိုင် လွတ်မြောက်တော်မူပေ၏။
ဘုရားတပည့်တော်သည် အကျဉ်းအကျပ်သို့ ရောက်၍နေရသည် ဖြစ်ပါ၏။
ရှင်တော်မြတ်ဘုရားသည် အကျဉ်းအကျပ်ရောက်၍နေသော ဘုရားတပည့်တော်၏
ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာ ဖြစ်တော်မူပါ။
အကိုး။ ။ (၁) မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၅။ (၂) အံ့ဖွယ်အုတ်ဖိုဆရာတော်ကြီးနှင့် အံပဖွယ် နမော တေ ဂါထာ။
(တသက်လှ ပခုက္ကူ)
မင်းဉာဏ်ဝေ
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဒီဇင်္ဘာလ)
iFish Story

စက်တင်ဘာ ၇ ရက်နေ့ တရားတော် အစီအစဉ်များ
မြန်မာစံတော်ချိန် ၀၀း၀၀နာရီမှ ၁၆း၀၀နာရီအထိ...
ဆရာတော် ဦးသုမင်္ဂလ ဟောကြားတော်မူသော
တရားတော်များကို
လူ့ပဋ္ဌာန်း
(ဟေတုပစ္စည်း)
“ဘုံမြေကြီးနှင့် ရေသောက်မြစ်ခြောက်သွယ်”
“ပဋ္ဌာန်း ဒေသနာတော်ကြီးဟာ အလွန်ကြီးကျယ်”တယ်လို့ ပြောရတာက အတိုင်းအတာပမဏ ကြီးမားတာကြောင့် သက်သက် မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်ကို ပယ်ရှားနိုင်တဲ့ အစွမ်းသတ္တိကိုက ကြီးမားလို့ပါ။
ပဋ္ဌာန်းဒေသနာတော်ရဲ့ အနှစ်ချုပ်က“ပစ္စယေနပစ္စယော”ဆိုတဲ့အတိုင်း သက်ရှိသက်မဲ့ သင်္ခါရ ဓမ္မဟူသမျှဟာ အကြောင်း အကျိုး ဆက်စပ်ပြီးတော့သာ ဖြစ်တယ်။ အသင်္ခတဖြစ်တဲ့ နိဗ္ဗာန်ကလွဲယင် ဘယ်အရာမှ အကြောင်းနဲ့ ကင်းပြီး မဖြစ်နိုင်သလို အရဟတ္တဖိုလ် မရောက်သေားသမျှ အကြောင်းရှိလျက် အကျိုးမပေး ဆိုတာလည်း မရှိဘူးလို့ သိစေလိုရင်းဖြစ်ပါတယ်။
ဒီလိုသိရှိ ခံစားနိုင်တဲ့ ပုဂ္ဂိုလ်များဟာ သတ္တ၀ါတွေကို သံသရာဝဋ်နယ်က ရုန်းမထွက်နိုင်အောင် တုပ်နှောင်ထားတဲ့ အခိုင်မာဆုံး ကြိုးကြီးများလို့ ဆိုရမည့်….
(၁)“ကောင်းကျိုး ဆိုးပြစ်ဆိုတာ ဘာအကြောင်းမှမရှိ၊ သူ့အလိုလို ဖြစ်ချင်သလိုဖြစ်နေကြခြင်း သာဖြစ်တယ်”ဆိုတဲ့ အဟေတုကဒိဋ္ဌိ အယူမှား။
(၂) “ကောင်းမှုဆိုးမှု ဘာတွေပဲပြုနေပြုနေ ကောင်းကျိုးနဲ့ ဆိုးပြစ်ကို ပေးနိုင်စွမ်းမရှိကြဘူး။ ဘာပဲ ပြုပြု ပြုတယ်မမည်ဘူး”ဆိုတဲ့ အကိရိယဒိဋ္ဌိ အယူမှား။
(၃)ကောင်းမှုဆိုးမှုတို့မှာ ကောင်းကျိုး ဆိုးပြစ်ဆိုတာ ရှိကိုယ်မရှိဘူးလို့ယူတဲ့ နတ္ထိကဒိဋ္ဌိ အယူ မှားဆိုတဲ့ သာသနာတော်နဲ့ အဆန့်ကျင်ဆုံး အယူမှားကြီးသုံးမျိုးကို “ပစ္စယေနပစ္စယော”ဆိုတဲ့ ပဋ္ဌာန်း ဒေသနာတော်က ဖယ်ရှား သုတ်သင်နိုင်စွမ်းရှိပါတယ်။
အကြောင်းနဲ့ အကျိုးကို လက်ခံယုံကြည်ခြင်းဟာ အရိုင်းခေတ်က အယဉ်ခေတ်ကို ပြောင်းလဲ တိုးတက်စေခြင်းရဲ့ အဓိက အခြေခံတ၇ားဖြစ်လို့ ကမ္ဘာပြုတ၇ားလို့လဲ ဆိုနိုင်ပါတယ်။ ဒီစွမ်းရည်သတ္တိ ဟာ ပဋ္ဌာန်းဒေသနာတော်ကြီးကို “ကြီးကျယ်မြင့်မြတ်ပါပေတယ်” ပြောနိုင်ခြင်းရဲ့ ပိုပြီးအရေးပါတဲ့ အကြောင်းတရားလို့ ဆိုနိုင်ပါတယ်။
“ဟေတုပစ္စည်း ရေသောက်မြစ်ခြောက်သွယ်”
ဒီကြီးကျယ်တဲ့ ပဋ္ဌာန်းဒေသနာတ်ာကြီးမှာ အခြေခံ အကျဉ်းချုပ်အဖြစ် ပြထားတဲ့အကြောင်းတရား (၂၄)ခု (နှစ်ဆယ့်လေးပစ္စည်း)ရှိတဲ့အထဲက ပထမဆုံးအကြောင်း(ပစ္စည်း)တရားက “ဟေတုပစ္စည်း” ဖြစ်ပါတယ်။
ဟေတုပစ္စည်းအမည်ရတဲ့ ဟိတ်တရားခြောက်ပါးရှိတယ်။
လောဘ= လိုချင်တပ်မက်စွဲလန်းတဲ့သဘော။
ဒေါသ= စိတ်တို၊ စိတ်ဆိုး၊ အမျက်ထွက်၊ ရန်ငြိုးဖွဲ့တဲ့ သဘော။
မောဟ= တွေဝေတဲ့သဘော၊ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့တာ အမှားအမှန် ဝေဖန်တတ်တာစတဲ့ “မသိ၊ မလိမ္မာ၊ ဉာဏ်တုန်းတာ၊ အ၀ိဇ္ဇာမောဟ”ဆိုတာ အဓိပ္ပာယ်တူ ပရိယာယ်တွေပါပဲ။ ဒီသုံးပါးက အကုသိုလ် တရားတို့ရဲ့ အခြေခံဖြစ်လို့ “အကုသိုလ် ဟိတ်သုံးပါး”လို့ ခေါ်ပါတယ်။
ဒီတရားများရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ကုသိုလ် ဟိတ်သုံးပါးကို-
အလောဘ= မလိုချင်တဲ့သဘော၊ အဒေါသ=အမျက်မထွက်တဲ့သဘော၊ အမောဟ= မတွေဝေတဲ့ သဘောလို့ အတိုချုပ် မြန်မာပြန်ထားပေမယ့် တကယ်စေတနာ ပါပါနဲ့ ဒီတရားတွေဖြစ်ဖို့ ဆိုရင်တော့
အလောဘ= စွန့်လွှတ်နိုင်စွမ်းရှိတဲ့သဘော၊
အဒေါသ= ခွင့်လွှတ်နိုင်စွမ်းရှိတဲ့သဘော၊
အမောဟ= စဉ်းစားဝေဘန် ခွဲခြမ်းနိုင်တဲ့သဘောလို့ ပြောမှ ပိုမှန်ပါလိမ့်မယ်။ ပစ္စည်းတစ်ခုကို ကိုယ် မကြိုက်တတ်လို့ မလိုချင်တာဟာ အလောဘ မဟုတ်သေးပါဘူး။ လူတိုင်းကြိုက်တတ်တဲ့ ပစ္စည်း( အာရုံဝတ္ထုအကုန်)ကို စေတနာရှိရှိ အသိဓာတ်ခံနဲ့ စွန့်လွှတ်နိုင်စွမ်းရှိတာကမှ အလောဘဖြစ်မှာပါ။
အဒေါသဆိုတာလဲ အလားတူပါပဲ။ ကိုယ်နားမလည်လို့ ဘာမှန်းမသိတဲ့အတွက် ဘယ်လိုမှ စိတ်တို စိတ်ဆိုးမဖြစ်ရုံနဲ့ အဒေါသ မဟုတ်သေးပါဘူး။ နားလည် သဘောပေါက်ပြီး သည်းခံခွင့်လွှတ် နိုင်တာကမှ အဒေါသပါ။
အမောဟဆိုတာကတော့ ဝေဖန်သုံးသပ်၊ ဆုံးဖြတ် နိုင်စွမ်းဆိုတဲ့ တတ်သိလိမ္မာ မှုများကို ဆို လိုတာ ဖြစ်ပါတယ်။ လယ်တီဆရာတော်ဘုရားကြီးကတော့ “အသိ၊အလိမ္မာ၊ ဉာဏ်ပညာ၊ ၀ိဇ္ဇာ အမောဟ”လို့ဆိုပါတယ်။
ဒီဟိတ်တရား ခြောက်ပါးကို အဋ္ဌကထာဆရာက ရေသောက်မြစ်နဲ့ ဥပမာပေးပါတယ်၊ ဒါကြောင့် ပထမရွှေကျင် သာသနာပိုင်ဆရာတော်ကြီးရဲ့ ၂၄ပစ္စည်း အနက်မြန်မာပြန်မှာ-
ဟေတုပစ္စယော= ရေသောက်မြစ်လျှင် ယင်းသစ်ပင်ကို စိမ်းရှင်ညွန့်ဝေ၊ စည်ပင်စေထ၊ ထောက်ပံ့မသို့”လို့ ဆိုတာပါ။ သတ္တ၀ါတွေက သစ်ပင်ကြီးနဲ့တူတယ်။ ဟိတ်ခြောက်ပါးက ယင်းသစ်ပင်ကြီးရဲ့ ရေသောက်မြစ်ခြောက်ခု ဖြစ်တယ်လို့ ဥပမာပြုတာပါ၊ အကုသိုလ်ရေသောက်မြစ် သုံးခု၊ ကုသိုလ် ရေသောက်မြစ်သုံးခုပေါ့။ ရေသောက်မြစ် ဆိုတာရှိရင် စွဲမှီထောက်တည်ရာ မြေပြင် ဆိုတာလဲ ရှိရမှာပါ။ မြေပြင်ဘယ် ဟာလဲဆိုတာ “အာရုံခြောက်ပါး”လိုပဲ ပြောရပါလိမ့်မယ်။
ဒါကြောင့် ဟေတုပစ္စည်း ဘက်ကထောက်ဆလိုက်ရင် အာရမ္မဏပစ္စည်းက မြေပြင်နဲ့ တူတယ် လို့ ဆိုရပါလိမ့်မယ်။ (တစ်ခြားတူညီတဲ့ ဥပမာ တစ်မျိုးဖြစ်သွားပါလိမ့်မယ်။)
ဒီတော့ ဥပမေယျဖြစ်တဲ့ ဟေတုပစ္စည်းရဲ့ သဘောကို ရိပ်စားရှိဖို့အတွက် ဥပမာနဘက်ကို အရင်အကဲခတ်ကြည့်ရပါလိမ့်မယ်။
မြေကြီးဆိုတာ အရာဝတ္ထုအားလုံးရဲ့ တည်မှီရာဖြစ်သလို နွယ်မြက်သစ်ပင် အားလုံးတို့ရဲ့ ဘုံမိ ခင်ကြီးလို့လည်း ဆိုနိုင်ပါလိမ့်မယ်။ ဘယ်အပင်ကိုမှ ကန့်ကွက်ခြင်းမရှိသလို “ဘယ်အပင်က ဘယ်လို အရသာကို စုပ်ယူစေ”ဆိုတဲ့ ကန့်သတ်ခြင်း၊ ဘက်လိုက်ခြင်းလည်း မရှိပါဘူး။
ဒါပေမယ့် မြေကွက်ကလေး တစ်ခုအတွင်းမှာ အတူတူ ပေါက်နေကြတဲ့ သစ်ပင်တွေကတော့ ငရုတ်ပင်က”အစပ်သီး” သီးတယ်။ သံပုရာပင်က“အချဉ်သီး”သီးတယ်၊ ကြောင်လျှာပင်က“အခါးသီး” သီးတယ်၊ ဖရဲပင်က“အချိုသီး”သီးတယ်၊ စပယ်ပင်က အပွင့်မွှေးတယ်။ ပဒိုင်းပင်က အပွင့်နံတယ်၊ တချို့က အသက်ရှည်စေတယ်။ အဲဒါ ဘာကပေးတဲ့ အကျိုးတရားတွေလဲ၊ မြေကြီးကဘက်လိုက်ပြီး မမျှမတ ခွဲတမ်းခ ပေးတာလားဆိုတာ စဉ်းစားကြည့်လိုက်ယင် မြေကြီးက ဘယ်အပင်ကိုမှ ဘက်မလိုက်ဘူး။ ဆိုင်ရာ ဆိုင်၇ာ အပင်တွေရဲ့ ရေသောက်မြစ်က စုပ်ယူတဲ့အတိုင်း ပင်စည်အခက် အရွက် အပွင့်အသီးတွေမှာ ရသ၀ိပါက ဂုဏ်သတ္တိတွေ ဖြစ်ပေါ်သွားခြင်းသာ ဖြစ်တယ်ဆိုတာ သိသာ ပါတယ်။
အဲဒီအတိုင်းပါပဲ။ ပတ်ဝန်းကျင်မှာ မြင်ကြား တွေ့သိရသမျှ အာရုံတွေဆိုတာလဲ ဘယ်သူကိုချစ် စေ၊ ဘယ်သူ့ကိုမုန်းစေ၊ ဘယ်သူအတွက် ကုသိုလ်ဖြစ်စေ၊ ဘယ်သူအတွက် အကုသိုလ်ဖြစ်စေ၊ ဘယ်သူအတွက် အပါယ်ဆင်းရဲ ရောက်ကြောင်း အထောက်အပံ့ဖြစ်စေ၊ ဘယ်သူကိုကြတော့ လူနတ် နိဗ္ဗာန် သုံးတန်ချမ်းသာရရာ ရကြောင်းဖြစ်စေဆိုတဲ့ ခွဲတမ်းချပေးခြင်း ဘက်လိုက်ခြင်း မရှိပါဘူး။ ဒါပေမယ့် ဒီအာရုံတွေကို အာရုံပြုပြီးတော့ တချိ့မှာ မုန်းတီးစိတ်၊ တချို့မှာ ချစ်ခင်စိတ်၊ တချို့မှာ ကုသိုလ်၊ တချို့မှာ အကုသိုလ်၊ တချို့ အပါယ်ရောက်ကြောင်း၊ တချို့ နိဗ္ဗာန်ရောက်ကြောင်းတွေ ဖြစ်ကြရတာလည်း အားလုံး အကဲခတ်မိ ကြပါလိမ့်မယ်၊ အဲဒါ ဘာကြောင့် ဖြစ်တာလဲ…..။
အဲဒါ ဟိတ်ခြောက်ပါးဆိုတဲ့ ရေသောက်မြစ် ခြောက်သွယ်တို့က ကိုယ်အားသန်ရာ အလိုက်စုပ် ယူမှု ကွဲပြားကြလို့ပဲ။ အာရုံတစ်မျိုးတည်းအပေါ်မှာပဲ လောဘ ရေသောက်မြစ်သန်သူက လောဘဖြစ် စရာလို့ ရှု့မြင်ခံရပြီး လောဘနဲ့ယှဉ်တဲ့ အကုသိုလ်တွေ ဖြစ်ကြတယ်။ ကျန်တဲ့ ဟိတ်တရား တွေကလည်း အလားတူပါပဲ။ ကိုယ်သန်ရာက ရှုမြင်စုပ်ယူကြပြီး ဆိုင်ရာကုသိုလ် အကုသိုလ်တွေဖြစ် ကြတာပါ။ အဲဒီလို ကျေးဇူးပြုပေး တတ်တဲ့အတွက် ဒီဟိတ်တရား ခြောက်ပါးတို့ကို ရေသောက်မြစ်နဲ့ တူတယ်လို့ ဥပမာပေးတာပါ။
ဆိုင်ရာရေသောက်မြစ်တို့ကို သန်မာစေတဲ့ မြေသြဇာနှစ်မျိုး
ရေသောက်မြစ် ခြောက်သွယ် အုပ်စုနှစ်ခုရှိရာမှာ ဘယ်လိုပုဂ္ဂိုလ်မျိုးမှာ ဘယ်ရေသောက်မြစ် အုပ်စု သန်မာ အားကောင်း တတ်သလဲဆိုတာနဲ့ ပတ်သက်လို့ အဋ္ဌကထာဆရာက ရေသောက်မြစ်များ သန်မာစေတဲ့ မြေသြဇာနဲ့ တူတဲ့ အကြောင်းတရား နှစ်မျိုးကိုလည်း ရှင်းပြပါတယ်။
“အယောနိသောမနသိကာရ”လို့ခေါ်တဲ့ တွေ့ကြုံရတဲ့ အာရုံအပေါ်မှာ အကျိုးသင့်အကြောင်း သင့် ဆက်စပ်ပြီး သင့်တင့်မျှတအောင် နှလုံးသွင်းမှုမရှိဘဲ အကျိုးအကြောင်းမဲ့ ပရမ်းပတာနှလုံးသွင်း တတ်သူ( စိတ်ကောင်းမထားတတ်သူ)ရဲ့ သန္တာန်မှာ လောဘ ဒေါသ မောဟဆိုတဲ့ အကုသိုလ်ရေ သောက်မြစ် သုံးသွယ်တို့ သန်မာအားကောင်းပြီး အကုသိုလ်တရားများ ဖြစ်စေပါတယ်။ “ယောနိသော မနသိကာရ”လို့ခေါ်တဲ့ တွေ့ကြုံသမျှ အာရုံတို့အပေါ်မှာ အကျိုးသင့် အကြောင်းသင့် ဆက်စပ်ပြီး သင့်တင့်မျှတအောင် နှလုံးသွင်းတတ်သူ( စိတ်ကောင်းထားတတ်သူ)တို့ရဲ့ သန္တာန်မှာ အလောဘ အဒေါသ အမောဟဆိုတဲ့ ကုသိုလ်ရေ သေက်မြစ်သုံးသွယ်တို့ သန်မာအားကောင်းပြီး ကုသိုလ်တရား များ ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။
ဥပမာ အရက်မူးသမား တစ်ယောက်ယောက်က အေးအေးဆေးဆေး ထိုင်နေကြတဲ့ လူအုပ် တစ်အုပ်ကို ဆဲရေး တိုင်းထွာ ပြုလုပ်တယ်ဆိုပါစို့။
လောဘ ရေသောက်မြစ်သန်သူက ခုလိုသေရည် သေရက်သောက်တာဟာ စိတ်လွတ်ကိုယ် လွတ်နေချင်သလိုနေ ပြောချင်သလို ပြောရဲတဲ့အတွက် ပျော်စရာ ကောင်းတယ်လို့ သဘောထား အားကျအတုလိုက်မယ်။
ဒေါသရေသောက်မြစ် သန်သူကတော့ ရန်စ စော်ကားတယ်ဆိုပြီး တုံ့ပြန်ရန်ပြုဖို့ ခံယူပြီး ဒေါသနဲ့ တုံ့ပြန်တယ်။
မောဟ ရေသောက်မြစ် သန်သူကတော့ အဆိုး အကောင်း အကျိုးအကြောင်းဘာမျှ မသိတဲ့ အတွက် ဘာမှ တုံ့ပြန်မှုမပြုဘဲ ဖာသိဖာသာပဲနေမယ်။ ဖြစ်ပေါ်ပုံ သုံးမျိုး သုံးစားကွဲပေမယ့် ဒီသုံးမျိုး(သုံးဦး)လုံးဟာ အယောနိသော မနသိကာရ= အကျိုးအကြောင်း သင့်တင့်မှန်ကန်အောင် နှလုံးမသွင်းနိုင်မှု (စိတ်ကောင်းမထားတတ်မှု)”ချင်းကတော့ အတူတူပဲဖြစ်ပါတယ်။
အလောဘ ရေသောက်မြစ် သန်သူကတော့ ဒီလို မူးယစ်သောက်စားခြင်းဟာ အရှက် အကြောက်ကင်းမဲ့ စေတဲ့အတွက် ရှောင်ကြဉ် စရာလို့ ခံယူစွန့်လွှတ်မယ်။
အဒေါသ ရေသောက်မြစ် သန်သူကတော့ ဒီလို မူးယစ်နေခြင်းဟာ သူ့ရဲ့ ကိလေသ၀ဋ်နဲ့ တူမျှ တဲ့ ၀ိပါက၀ဋ်ကို ခံစား နေရတာဖြစ်လို့ ဒုက္ခကို ခံစားနေရတဲ့ ဒုက္ခိတ သတ္တ၀ါတစ်ဦးအဖြစ် ရှုမြင်ပြီး သည်းခံခါင့်လွှတ်မယ်။ သနားစိတ်ဖြစ်ပေါ်မယ်။ (ဒုက္ခိတ သတ္တ၀ါဆိုတာက ကရုဏာတရားရဲ့ အာရုံ ဖြစ်ပါတယ်)
အမောဟ ရေသောက်မြစ် သန်သူကတော့ မူးယစ်ခြင်းကြောင့် ကုသိုလ်တရားများ မေ့လျှော့ တယ်၊ အရှက် အကြောက်ကင်းပြီး မပြုသင့်တာကို ပြုသွားတဲ့အတွက် ဒုစရိုက်တရားကို ကျိုးလွန်တတ်တယ်။ ဒီအတွက် ပစ္စုပ္ပန်မှာ ကဲ့ရဲ့ဖွယ်ဖြစ်သလို အနာဂတ်မှာလဲ ဆိုးကျိုး ဒုက္ခအမျိုးမျိုး ကို ခံစားရမယ့် အမှုမျိုးဖြစ်တယ်လို့ ကြောင်းကျိုး အဆင့်ဆင့်အထိ ဆင်ခြင်သိမြင်ပြီး သောက်စား မူးယစ်ခြင်းကို ရှောင်ကြဉ်မယ်။ ရှုမြင်သုံးသပ်ပုံ ကွဲပြားပေမယ့် ဒီသုံးမျိုး(သုံးဦး)လုံးဟာ “ယောနိသော မနသိကာရ= အကျိုးအကြောင်း သင့်တင့် မှန်ကန်အောင် နှလုံးသွင်းနိုင်မှု(စိတ်ကောင်းထားတတ်မှု) ခင်းအတူတူပဲ ဖြစ်ပါတယ်။
သဘာဝဖြစ်စဉ်ကို သုံးသပ် ဆင်ခြင် ကြည့်မယ်ဆိုယင် ခံစားမှု(ဝေဒနာ)ကိုသာ အဓိကထားပြီး ဆုံးဖြတ်ခြင်းကြောင့် အယောနိသောမနသိကာရဖြစ်တယ်။ ဆင်ခြင် သုံးသပ်မှု(သတိပညာ) ရှေ့သွား ပြုပြီး ဆုံးဖြတ်ခြင်းကြောင့် ယောနိသောမနသိကာရ ဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။ ဒီရေသောက်မြစ် ခြောက်သွယ်ကတော့ အကုသိုလ် ရေသောက်မြစ်များဟာ အာရုံကိုစုပ်ယူရာမှာ ဘယ်တော့မှ ၀တယ် ပြည့်တယ်လို့မရှိဘူး။ ကုသိုလ် ရေသောက်မြစ်များက အာရုံကိုစုပ်ယူရာမှာ ပြည့်ဝစေတယ်ဆိုတဲ့ အဆုံး အကန့်အသတ်ရှိတယ်။
ဟုတ်ပါတယ်။ ဒေ၀ဒတ်ရဲ့ အလောင်းဟာ ရွဲကုန်သည်ဖြစ်ခဲ့စဉ်က ဘုရားအလောင်း ရွဲကုန်သည် တရားသဖြင့်ရတဲ့ ရွှေခွက်ကို မတရားရလိုတဲ့ လောဘနဲ့ မရတဲ့အတွက် ရန်ငြိုးဖွဲ့တဲ့ ဒေါသ ရေသောက်မြစ်များ သန်မာစေရမယ်ဆိုပြီး အစဉ်တစိုက် ကျင့်သုံးရခဲ့တာ အခုနောက်ဆုံး ဘုရားရှင်နဲ့တွေ့ရတဲ့ ဘ၀မှာလဲ မြတ်စွာဘုရားရှင်ရဲ့ အရိုက်အရာကို ရလိုတဲ့ လောဘနဲ့ ရန်ငြိုးဖွဲ့ပြီး ဘုရားရှင်ကို အသက်သေစေအောင်အထိ ကျောက်မောင်းဆင်ပြီး လှိမ့်ချတာတို့ လေးသမားများကို စေလွှတ်ပြီး လုပ်ကြံခိုင်းတာတို့ နာလာဂီရိဆင်နဲ့ တိုက်ခိုင်းတာတို့ လုပ်ခဲ့တယ်။ အ၀ီစိ ကျခါနီးမှာတော့ ဒီရန်ငြိုးနဲ့ ဒီလောဘ ဒေါသရေသောက်မြစ်တွေရဲ့ ဆိုးကျိုးကို အလှအပကြီး ခံစားရလို့ နောင်တရပြီး ၀န်ချတောင်းပန်သွားတဲ့အတွက် ရန်ငြိုးဆိုတဲ့ ဒေါသရေသောက်မြစ်ကြီး တော့ဖြင့် ဆက်လက်သန်စွမ်း စရာမရှိတော့ဘူးလို့ ထင်ရပါတယ်။
အလားတူပါပဲ။ စိဉ္စမာန အလောင်းဟာလည်း ပရဗိုဇ်မဘ၀က သူ့အပေါ် ဘုရားအလောင်းက အရှက်ခွဲခဲ့တာကို အကြောင်းပြုပြီး ဘ၀တိုင်း အရှက်ခွဲမယ်ဆိုတဲ့ ရန်ငြိုးအာဃာတ(ဒေါသအပြင်းစား) ရေသောက်မြစ်ကြီး တိုးသည်ထက်တိုးအောင် ကြိုးစားခဲ့တာ ဘုရားဖြစ်တဲ့ ဘ၀ရောက်တော့လည်း မဖွယ်မရာစွပ်စွဲ အရှက်ခွဲတုံးပါပဲ၊ သူ့အပြစ်နဲ့သူ အ၀ီစိ ရောက်သွားတဲ့အထိလည်း ဒီရန်ငြိုး ဒေါသ ရေသောက်မြစ်ဟာ ပြည့်ဝပြီး ကျေနပ်ပြီလို့ မရှိသေးပါဘူး။ အခုချိန်မှာတောင် အ၀ီစိထဲမှာ အသက်ရှုခွင့် လေးများ ခဏရခဲ့ရင် မြတ်စွာဘုရားကို ကျိန်ဆဲကောင်း ကျိန်ဆဲနေဦးမလား လို့ ထင်ရတယ်။
မောဟ ရေသောက်မြစ် ဆိုတာကတော့ လောဘ ဒေါသ ရေသောက်မြစ်များနဲ့ အမြဲပူးပေါင်းပြီး အာရုံကို စုပ်ယူဖက်ပါ။ တကယ်လို့ မောဟရေသောက် မြစ်ချည်း တသီး တခြားကြီးထွား သန်မာနေသူ ဆိုရင်တော့ ဘာပြောစရာရှိမလဲ “ကာလနဂါးကြီး မေ့ဆေးထိုးထားသလို”လို့ပဲ ပြောရ တော့မှာပါ။
အလောဘ အဒေါသ အမောဟ ရေသောက်မြစ်များကတော့ ဒီလိုမဟုတ်ပါဘူး၊ အာရုံငါးပါး ကာမဂုဏ် တရားတို့ကို အကြွင်းမဲ့ ပယ်စွန့်နိုင်တဲ့အခါ အလောဘ ရေသောက်မြစ် ပြည့်ဝသွားတယ်။ သတ္တ၀ါအားလုံး အပေါ်မှာ အကြွင်းမဲ့ မေတ္တာထားနိုင်တဲ့အခါ အဒေါသ ရေသောက်မြစ် ပြည့်ဝပါတယ်။
အရဟတ္တမဂ်ဉာဏ်နဲ့ ကိလေသာ ၀ဋ်မြစ်အားလုံး ပယ်ရှင်းပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ အချိန်မှာ အမောဟဆိုတဲ့ ပညာရေသောက်မြစ်လည်း အထွဋ်အထိပ်ရောက် ပြည့်ဝသွားပါတယ်။
မလိုလားအပ်တဲ့ ရေသောက်မြစ်များ အားနည်းပြီး လိုလားအပ်တဲ့ ရေသောက်မြစ်များ ကြီးထွားရေးအတွက် အဓိက အရေးကြီးတာကတော့ “ယောနိသော မနသိကာရ”လို့ခေါ်တဲ့ စိတ်ကောင်း ထားတတ်မှုပါ။ ဒါကြောင့်လဲ မထေရ်မြတ်များက--
“စိတ်ကောင်းထားတတ်ဖို့က အဓိက”လို့ ဆိုဆုံးမတော် မူခဲ့တာ ဖြစ်ပါလိမ့်မယ်။ စိတ်ကောင်း ထားနိုင်ကြပါစေ။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
Read more...ဂင်္ဂါလမ်းအကြို
အမေးအမြန်းထူပြီး အငြင်းသန်တဲ့ မဇ္ဈိမသားတွေနဲ့ အတူ သင်ရတာ သူ့အတွက် နည်းနည်းစိတ်ရှည်နိုင်အောင် ကြိုးစားရတာကလွဲပြီး အကျိုးများတယ် လို့ဆိုရမှာပါ။ သင်တန်းသားတွေက ဘာသာရပ်ဆိုင်ရာ ပါမောက္ခတွေချည်းပဲမို့ ထောင့်(ဒေါင့်) စေ့အောင် မေးတတ်ကြလေတော့ သင်တန်းပို့ချတဲ့ ပါမောက္ခ တိဘက်လားမားကြီးရဲ့ အဖြေကို စောင့်ပြီး မှတ်သားရုံပါပဲ။ သူက တစ်ခုမှ ထမေးစရာမလိုတော့ဘူး။
တစ်ခါတစ်ခါ အသံထွက်ပြဿနာမှာတော့ တော်တော်လေးကို စိတ်ရှည်ရတတ်ပါတယ်။ မဇ္ဈိမသားတွေမှာ စ၀ဂ်လို့ခေါ်တဲ့ စလုံး ဆလိမ် ဇကွဲ ဈမျဉ်းဆွဲ ဆိုတဲ့ အက္ခရာတွေရဲ့ မြန်မာတွေ ထွက်တဲ့အသံမျိုးမရှိတာပါ။ မဇ္ဈိမသားတွေက စ၀က်အက္ခရာတွေကို စကို ကျ၊ ဆကို ချ၊ ဇကို ဂျ၊ စ်ကို ဃ် လို့ အသံထွက်ကြလေတာကိုး။ တိဘက်က မြန်မာဘာသာစကားမှာလို စ ဆ ဇ အက္ခရာအသံတွေရှိသလို ဟိန္ဒိဘာသာမှာ ရှိတဲ့ ကျ ချ ဂျ ဆိုတာလည်း ရှိနေပြန်ပါတယ်။
တိဘက်လားမားကြီးက အလွန်ပဲ စိတ်ရှည်ပါတယ်။ ဥပဓိရုပ်ကြီးကလည်း ခင်မင်စရာကြီး ။ ရွှေပြည်ကြီးက လူရွှင်တော် ဒကာမိုးဒီကြီးနဲ့ တစ်ထေရာတည်း။ ဟာသလည်း ပြောတတ်တယ်၊ ရယ်ရင်လည်း ဗိုက်ကြီး ပွတ်ပြီးရယ်တတ်သေးရဲ့။ များသောအားဖြင့် ဟိန္ဒီလို သင်ပါတယ်။ သူ့ကို ငဲ့ပြီး အင်္ဂလိပ်လိုလည်း ရှင်းပြပါ သေးတယ်။ ဒီလိုနဲ့ ဟိန္ဒီစကားပါ နားရည်ဝလာသလို ဖြစ်လာပါတယ်။(တတ်ကျွမ်းဖို့တော့ ယူဇနာများစွာ ဝေးပါသေးတယ်။ ရွာပြန်ရောက်ရင်တော့ ရွာကအမျိုးတွေအတွက် တစ်ဘာသာထပ်တိုးပြီး ဆယ့်နှစ်ဘာသာ တတ်တဲ့ မောင်ပဉ္ဇင်း ဆယ့်သုံးဘာသာတတ်ပြီ ဖြစ်တော့မယ် ထင်ရဲ့။) ဒါပေမယ့် သင်တန်းချိန်က နှစ်နာရီအပြည့်ဆိုတော့ မချောင်လှပေဘူး။ မနက်က ၈း၀၀ နာရီကတည်းက သင်တန်းတွေက ဆက်နေခဲ့တာပါ။ တစ်ပတ်မှာ သုံးရက်တည်းမို့သာ တော်ပေတယ်လို့ ဆိုရမယ်။
ဒီနေ့နေ့လည် ၂း၃၀ နာရီမှာ သူ့ရဲ့ ပါဠိအထူးသင်တန်းစပါတယ်။ သင်တန်းသား အဲ သင်တန်းသူက တစ်ယောက်တည်းပါ။ ဒီနေ့ ပုံမှန်တက္ကသိုလ်သင်တန်းတွေ ဆင်းချိန်မှာမှ စာသင်ချိန်ဇယား ကြေငြာတာမို့ သူ့ဆီမှာ သင်တန်းတက်ဖို့ စာရင်းပေးထားတဲ့ ကျောင်းသားကျောင်းသူတွေတောင် သတင်းအဆက်ပြတ်ပြီး ရောက်မလာနိုင်ခဲ့ပါဘူး။ မဇ္ဈိမကတော့ နှေးကွေးလေးလံစွာ ရွေ့လျားတတ်တာ ဓလေ့တစ်ခုဖြစ်နေခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် ထုံးစံအတိုင်း နမော တဿ သုံးကြိမ်ရွတ်ပြီး စတင်ခဲ့ပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ ရေးလက်စလေးတွေနဲ့ ကြိုကြားကြိုကြား ဝေးနေဦးမှာပါ။ ချစ်လှစွာသော ကွန်ပြူတာ တော်လေးက ဗာရာဏသီဟိန္ဒူတက္ကသိုလ်က မိတ်ဆွေရဟန်းတော်တစ်ပါးရဲ့ ဆားဗစ်စ်မှာ စံမြန်းနေပါတယ်။ အမာထည် ထိသွားတယ်လို့ ဆိုပါတယ်။ ထိမယ်ဆိုလည်း ထိလောက်စရာပေပဲ။ ဂင်္ဂါစီးဆင်း ဖို့ အပျော့ထည်တွေရော အမာထည်တွေရော တစ်နှစ်နီးပါး မနားတမ်း ညှစ်ထုတ်ခဲ့ရတာကိုး။ တစ်နှစ်အာမခံမကုန်သေးတော့ မျှော်လင့်ချက်ရှိပါသေးတယ်။ ခုလည်း ရှင်သစ္စာရဲ့ ကွန်ပြူတာလစ်တုန်း ဂင်္ဂါလမ်းလေးကို ဆက်ရေးဖြစ်ပါတယ်။
ဂင်္ဂါလမ်း(အဆက်)
အရှေ့ပိုင်းရှမ်းပြည်နယ်မြို့တော် ကျိုင်းတုံကို ခေမရဋ္ဌ်ဟု ဒေသခံတို့က ဂုဏ်တင်ကြလေသည်။ထိုခေမရဋ္ဌ်နေ့ရက်များသည် သူ့ဒိုင်ယာရီတွင် စိမ်းလန်းနေခဲ့၏။ သူသည် စာသင်ခန်းလေးထဲတွင် ငြိမ်ဆိတ်စွာထိုင်ကာ အချိန်တန်လျှင် တက်ကြွပျော်ရွှင်စွာ ကျောင်းခေါ်ချိန်အမီ ရောက်လာကြမည့် တပည့်ငယ်များကို စောင့်မျှော်ရင်း ခေမရဋ္ဌ်နေ့ရက်များကို အလွယ်တကူ ဖြတ်သန်းနိုင်ခဲ့သည်။ တစ်ခါတစ်ရံ အခါ၊ လားဟူ တိုင်းရင်းသားသွေးချင်းတို့၏ ဝေးလံသီခေါင်မတ်စောက်လှသော တောင်ပေါ်ရွာလေးများဆီ လှည့်လှည်ရင်း အဖြူထည်ယဉ်ကျေးမှုကို ခံစားရသည်ကလည်း မမေ့ရက်နိုင်စရာ အတွေ့အကြုံတစ်မျိုးပင် ဖြစ်သည်။
စိတ်အဖြူ၊ စကားလုံးအဖြူ၊ နေထိုင်မှုအဖြူများ............။ လတ်ဆတ်သော အပြုံးများကတော့ အချိုဆုံးဖြစ်လိမ့်မည်။ တောင်ပေါ်ရောက်ဖို့ မြူခိုးဝေေ၀ တိမ်ခိုးစိုစို လျှိုမြောင်ချောက်ကြား လမ်းကျဉ်းလေးများကို တွယ်ကပ်တိုးတက်ရသည်မှာ အင်ဒီယာနာဂျုံးဆန်လွန်းလှပါသည်။ သပိတ်ကလေးလွယ်၊ ယတ်တောင်ကလေးထမ်း သာသနာလမ်းဖောက်ခဲ့ရသော နေ့ရက်များ မဟုတ်ခဲ့ပြီ။ ကျောပိုးအိပ်ကိုလွယ် ဘွတ်ဖိနပ်ကို စီး ခရီးတွင်အောင် သွားခဲ့ရသည်။ မြို့ပြရဟန်းတို့ ပြောသော သာသနာပြုဝေါဟာရနှင့်တော့ အလှမ်းကွာဝေးနေပေလိမ့်မည်။ သူလည်း စိတ်ကူးယဉ်ခဲ့မိတာပါပဲ။
လေတဟူးဟူး မြူးကြွနေသည့် တောင်ထိပ်သာသနာပြုကျောင်းလေးသို့ ခြေချမိသည်နှင့် အမောပြေစရာ ရိုးရာအရိုင်းဂီတ၊ ထူးခြားသော တောတွင်းပုလွေသံနှင့် မီးပုံပွဲများ.....။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ကို စတင်ရွတ်ဖတ်သံများ...။ မည်သို့ဖြစ်စေ ကြည်နူးဖို့ကောင်းခဲ့သည်ကတော့ အသေချာပင်။
သာသနာပြုသက်တမ်းနှစ်နှစ်ပြည့်လေသောအခါ လိုအပ်ချက်များနှင့် ကြမ်းရှနေသေးသည့် သူ့ပညာရေးအနာအဆာများကို ပွတ်သပ်မိပြန်သည်။ သို့ဖြင့် မျှော်လင့်ချက် အရောင်များတောက်ပနေသည့် တပည့်ငယ်များ၏ မျက်လုံးများနှင့် ခေမရဋ္ဌ်စာသင်ခန်းလေးကို ကျောခိုင်းခဲ့ရပြန်သည်။ အမှန်တကယ် သူ့အနေဖြင့် သာသနာပြုရဟန်းတော်တစ်ပါး၏ ဘ၀ကို ပျော်ဝင်မိလေသည်ကတော့ အမှန်ပင်ဖြစ်သည်။ သို့သော် လမ်းဆုံးမဟုတ်သေး ဟု သူ့အိပ်မက်ကို ပုတ်နှိုးခဲ့ရသည်။
သာသနာပြုဘက်မိတ်ဆွေရဟန်းတော်များ၊ သင်တန်းသားသင်တန်းသူတပည့်များနှင့် နှစ်နှစ်တာ သာသနာပြုကာလများအတွင်း ပြုစုစောင့်ရှောက်ခဲ့ကြသည့် ကုသိုလ်ရှင်များကို နှုတ်ဆက်စကားပြောရသည်က ထိရှလွန်းပါသည်။ မိတ်ဆွေသာသနာပြုရဟန်းတော်များက သူ့ဘွဲ့နှင်းသဘင်ခရီးအတွက် ပြည့်စုံအောင် ဖြည့်ဆည်းပေးလိုက်ကြသည့် ကျေးဇူးကို သူမမေ့၊ တပည့်များက သူ့ကို နှုတ်ဆက်ကန်တော့ကြချိန်မှာတော့ ဆုပေးဖို့ မေ့နေခဲ့သေးသည်။ ပါရီမှာဖြစ်ဖြစ် ဆုံကြသေးတာပေါ့ ဟု ခပ်သောသောလေးဖြစ်အောင် ပြောခဲ့ဖူးသည်ကိုတော့ အမှတ်ရနေဆဲပင်။
ပိဋကတ်ဆိုတာကို နားလည်ကြည့်ခြင်း (၂)
တောင်း၊ ခြင်းတောင်းဖြစ်တယ်။
ဘာသာရေးကျမ်း ဆိုတဲ့အဓိပ္ပါယ်နဲ့ မြတ်စွာဘုရားရှင်ကိုယ်တိုင်
ကေသမုတ္တိသုတ်မှာ မိန့်ကြားခဲ့တယ်။
အရောင်တောက်စေတဲ့ သုတ်တစ်သုတ်ဖြစ်ခဲ့တယ်။
မြတ်စွာဘုရား၏ သြ၀ါဒစကား ဖြစ်ခဲ့တယ်။
ဒီကေသမုတ္တိသုတ်ကြောင့်
ဗုဒ္ဓဘာသာအတွက်
ဗုဒ္ဓဘာသာဝင်တို့ ခေါင်းမော့နိုင်ခဲ့တယ်။
ကိုးကွယ်ယုံကြည်မှုအပေါ်
သဘောထားအမြင်များဟာ
ဘာသာရေးသုတေသီတို့ လက်ဖျားခါရလောက်အောင် ကောင်းခဲ့တယ်။
ဘာသာရေးယုံကြည်ချက် လွတ်လပ်မှုကို
လွန်ခဲ့သော ဟိုး နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက
မြတ်စွာဘုရားက အပြည့်အ၀ ပေးထားခဲ့ပြီးပြီ။
(ဘာသာရေးကျမ်းကြီးများကို ကိုးကားပြော၍လည်း မှန်လှပြီ မထင်လေနှင့်။)
လို့ ပါတဲ့ ကေသမုတ္တိသုတ်ကို
မြန်မာလိုရော အင်္ဂလိပ်လိုပါ အကျဉ်းဖော်ပြပေးလိုက်သည်။
အခါတစ်ပါး၌ ကောသလပြည် ကေသပုတ္တိမြို့ငယ် တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ဤမြို့နေလူအပေါင်းကို ကာလာမအမျိုးအနွယ်များဟု ခေါ်တွင်ကြလေသည်။
၎င်းတို့မြို့သို့ ဗုဒ္ဓရောက်ရှိလာကြောင်း ကြားသောအခါ
ကာလာမအမျိုးသားတို့သည်
ဗုဒ္ဓထံသို့ ဆည်းကပ်၍ ဤသို့လျှောက်ထားကြကုန်၏။
သူတို့သည် သူတို့၏ အယူဝါဒများကိုသာ ရှင်းလင်းပြကြ၍ ထင်ရှားစေကုန်ကြပါသည်။
သူတပါး၏ အယူဝါဒများကို မထီလေးစား ပြုကြပါသည်။
ရှုတ်ချကြပါသည်။ ပစ်ပယ်ကြပါသည်။
သူတို့ကလည်း သူတို့၏အယူဝါဒများကိုသာ ရှင်းလင်းပြကြ၍ ထင်ရှားစေကုန်ကြပါသည်။
အခြားသူများ၏ အယူဝါဒများကို မထီလေးစားပြုကြပါသည်။
ရှုတ်ချကြပါသည်။ ပစ်ပယ်ကြပါသည်။
မည်သူက အမှန်စကားပြော၍
မည်သူက မမှန်တရားဟောသွားကြသည်ကို
မဝေခွဲနိုင်အောင် အစဉ်စိတ်ရှုတ်ပွေကာ
သံသယဖြင့် တွေဝေလျက် ရှိကြရပါသည်ဘုရား။
ယုံမှားဖွယ်ရာကိစ္စတွင် သံသယဖြစ်ပေါ်လာသောကြောင့်
သင်တို့သည် ယုံမှားသံသယရှိသင့်ကြပေသည်။
စိတ်ရှုတ်ပွေခြင်း ဖြစ်သင့်ကြပေသသည်။
ယခု ရှုကြပေလော့ ကာလာမအမျိုးသားတို့။
သတင်းစကားကို ကြားရုံမျှဖြင့် နားမယောင်နှင့်။
အစဉ်အလာဖြစ်ပေသည်ဟူ၍လည်း လက်မခံနှင့်။
လူပြော သူပြော တစ်ဆင့်စကားကိုလည်း မယုံလေနှင့်။
ဘာသာရေးကျမ်းကြီးများကို ကိုးကားပြော၍လည်း မှန်လှပြီ မထင်လေနှင့်။
တက္ကနည်းနှင့် ဆင်ခြင်ကြံဆ ယူရုံမျှကိုလည်း နားမယောင်လေနှင့်။
ပုံပန်းအမြင် သဏ္ဌာန်ကြည့်၍လည်း မဆုံးဖြတ်နှင့်။
ရော်ရမ်းမှန်းဆ ယူရသောသဘော ထင်မြင်ချက်ကိုလည်း အမှန်ဟု မမှတ်ယူနှင့်။
ဖြစ်နိုင်ကောင်း၏ဟု ထင်မြင်ရရုံဖြင့်လည်း မယုံကြည်ပါလေနှင့်။
အသင်တို့ ကိုးကွယ်ဆည်းကပ်ရာ ဆရာသမားဖြစ်ပေသည်ဟူသော သဘောကြောင့်လည်း
မှန်လှပြီဟု တထစ်ချ မမှတ်ကြကုန်ရာ။
အချို့သောအကြောင်းတရားသည်
အကုသိုလ်ဖြစ်သည်၊
မမှန်ကန်၊
မကောင်းကျိုးကို ဖြစ်စေသည်ဟု
သင်တို့ ကိုယ်တိုင်ကိုယ်ကျ သိရှိ၏။
ထိုအကြောင်းတရားများကို စွန့်ပယ်ကြကုန်လော့။
ကုသိုလ်ဖြစ်သည်၊
မှန်ကန်သည်၊
ကောင်းကျိုးကို ဖြစ်စေသည်ဟု
အသင်တို့ကိုယ်တိုင် ကိုယ်ကျသိ၏။
ထိုအကြောင်းတရားများကို နှစ်သက်စွာလက်ခံ၍
လိုက်နာ ကျင့်ကြံကြပေတော့။
Do not believe what you hear just
because you have heard it for a long time.
Do not follow tradition blindly merely
because it has been practiced in that way for many generations.
Do not be quick to listen to rumours.
Do not confirm anything just
Because it agrees with your scriptures.
Do not foolishly make assumptions.
Do not abruptly draw conclusions
by what you see and hear.
Do not be fooled by outward appearances.
Do not hold on tightly to any view or idea just
because you are comfortable with it.
Do not accept as fact anything that
you yourself find to be logical.
Do not be convinced of anything out of respect and deference
to your spiritual teachers.
You should go beyond opinion and belief.
You can rightly reject anything which when accepted, practiced and perfected leads to more aversion, more craving and more delusion. They are not beneficial and are to be avoided.
Conversely, you can rightly accept anything which when accepted and practiced leads to unconditional love, contentment and wisdom. These things allow you time and space to develop a happy and peaceful mind.
This should be your criteria on what is and what is not the truth; on what should be and what should not be the spiritual practice.
ရည်ညွှန်း။
အံ ၁၊ ၁၈၉
ဦးဟုတ်စိန် ပါဠိ မြန်မာအဘိဓာန်
ဦးကိုလေး၊ မြတ်ဗုဒ္ဓဒေသနာ
“နှစ်ခါ ကံဆိုးသော ဆရာတော်”
ဒီအဖြစ်အပျက်ကလေးသည်ကား ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အတွင်းက တကယ်ဖြစ်ရပ်က လေးတစ်ခု ဖြစ်သည်။ လှိုင်သာယာမြို့အတွင်းဝယ် စာသင်တိုက်တစ်တိုက်မှ ဆရာတော်ကြီးတစ်ပါးသည် နံနက်ဆွမ်းဘုဉ်း ပေးရန်အလို့ငှာ ကျောင်းတိုက်အနီးမှ အိမ်တစ်အိမ်သို့ ဆွမ်းစားကြွသွားသည်။ ဆရာတော်ကြွသွားသော အိမ်သည်ကား မပြီးပြတ်သေးသော အကာအရံ မကာရသေးသော နှစ်ထပ်အိမ်ဖြစ်သည်။ ဆရာတော်များကြွလာ မည်ဖြစ်သဖြင့် အိမ်ရှင်များသည် ယာယီအားဖြင့် ကန့်လန့်ကာများဖြင့် အိမ်ကို ကာရံထားသည်။ ဆရာတော်သည် ရောက်လျှင် ရောက်ချင်း
“ဆွမ်းမကပ်မီ ငါ့ကို ရေနွေးကြမ်းကပ်ကွာ”ဟု မိန့်တော်မူကာ ရေနွေးကို ဘုဉ်းပေးပြီးနောက် အိမ်၏ နောက်ကာကို မှီလိုက်လေသည်။ ဆရာတော်မှီလိုက်သော နောက်ကာသည်ကား ကန့်လန့်ကာသာဖြစ်သဖြင့် ဆရာတော်သည် အိမ်ပေါ်မှ အောက်သို့ ၈ျွမ်းထိုးကျသွားလေသည်။ကံဆိုချင်းတော့ ဆရာတော်၏ ဦးခေါင်းသည် ရေအနည်းရှိသော ကန်အတွင်း ရွံ့ညွန်အတွင်းဝယ်စိုက်နေလေတော့သည်။ မြင်ကွင်းကား မကောင်းလှပေ၊ ဆရာတော်၏ မြင်ကွင်းကို မြင်ကြရသော ဆွမ်းအမနှင့် အမျိုးသမီးများပင်သည် ရုတ်တရက် နောက်ဆုတ် လိုက်ကြရသည်။ ၊ သို့ဖြစ်သဖြင့် ဆွမ်းဒကာနှင့် အမျိုးသားများသည်သာဆရာတော်၏ နောက်သို့ လိုက်ကာ ရွံ့ညွှန်အိုင်အတွင်းမှ ဆရာတော်ကို ဆယ်ယူကြရလေသည်။ဦးခေါင်းအနည်းငယ်ကွဲသွားသည်မှ တစ်ပါးအခြား ဒဏ်ရာအကြီးအကျယ်မရလိုက်ပေ။ ထို့နေမှစ၍ ဆရာတော်ကြီးသည် အရှက်ရကာ ဘယ်ဆွမ်းကပ် ဘယ်အလှူ ပွဲမှ မလိုက်တော့ဟူ၍ ဆုံးဖြတ်ချက်ချလိုက်လေသည်။
သို့သော်လည်း မကြာလိုက်ပါ၊ ဆရာတော်၏ ဒဏ်ရာသည်ပင် မပျောက်သေးပေ။ သူ၏ အရင်းနှီးဆုံး ဆွမ်းဒကာ တစ်ယောက်သည် ရုတ်တရက် ကားတိုက်မှုဖြင့် ဆုံးသွားလေသည်။ ကျန်ရစ်သော ဇနီးသည်နှင့် သားသမီးများ သည် ဆရာတော်အား အသုဘရှုရန်လာရောက်ပင့်ဆောင်လေသည်။ ဘယ်ပွဲမှ မလိုက်ဟု ဆုံးဖြတ်ချက်ချ ထားသော ဆရာတော်သည် ရင်းနှီးသော ဒကာ ဒကာမများဖြစ်နေသည်ကတစ်ကြောင်း နာရေးဖြစ်သည် ကတစ်ကြောင်း မကြွလို့တော့မကောင်းဘူးဟု စဉ်းစားကာ ကြွမည်ဟု အာမခံလိုက်လေသည်။ သို့ဖြစ်သဖြင့် ဆရာတော်သည် ဒကာတော်၏ အသုဘပွဲသို့ ကြွသွားလေသည်။ ဆရာတော်သည် ရောက်လျှင်ရောက်ချင်း သီလစတင်ပေးနေပါပြီ။သီလပေးနေစဉ် ရုတ်တရက် ဘယ်ကလာသည်မသိ ၀ုန်းကနဲဆိုသော အသံကြီး ပေါ်ပေါက်လာလေသည်။ ထိုအသံကြီးနှင့်အတူ အလောင်းကောင်ကြီးသည်လည်း ၀ုန်းကနဲထလာလေသည်။ ရှေ့တည့်တည့်ရှိ အလောင်းကောင်ကြီးထလာသည်ကို မြင်လိုက်ရသော ဆရာတော်သည် “သရဲခြောက် တယ်ဟေ”ဟု ငယ်သံပါအောင် အော်ကာ သီလကိုပင် ဆုံးအောင်မပေးတော့မူ၍ ရုတ်တရက် ထွက်ပြေးသွား လေတော့သည်။ ဆရာတော်ကြီးပြေးတော့ အခြားဒကာ ဒကာမတို့သည်လည်း
“ဆရာတော့ ပြေးပြီ ဒကာလဲပြေးမှ”ဟု ဆိုကာ ထွက်ပြေးသွားကြလေတော့သတည်း။
မှတ်ချက် ==နောက်မှ အလောင်းကောင်ကြီးထလာရခြင်းအကြောင်းကို သိကြရလေသည်။ ကားတစ်စီသည် ရုတ်တရက်ဘ၇ိတ်ကို မထိန်းနိုင်သဖြင့် အိမ်၏ အောက်ထပ်ကို ၀င်ရောက်တိုက်မိသွားလေသည်။ ကားတိုက် မိသော နေရာသည်ကား အလောင်းကောင်၏ အောက်တည့်တည့်ဖြစ်လေရာ အလောင်းကောင်ထောင်သွား ခြင်းဖြစ်လေသည်။ အမှန်စင်စစ်သူရဲခြောက်ကားမဟုတ်ပေ။ သို့သော် ဆရာတော်ကြီးသည်ကား ကံနှစ်ခါ ဆိုးသဖြင့် ဘယ်တော့မှ အလှူပွဲများကို မလိုက်တော့ဟု ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချလိုက်လေတော့ သတည်း။
Posted by AShin Javana at 11:08 PM 0 comments
သင်… ဘယ်လိုလူလဲ…
ကိုယ်ဘယ်လိုလူလဲဆိုတာ တိုင်းတာဖို့အတွက် စာပေမှာလာတဲ့ လူအမျိုးအစားများအကြောင်း သိထားဖို့ လိုပါတယ်။ ၀ိမာန၀တ္ထုအဋ္ဌကထာမှာ လူအမျိုးအစားလေးမျိုးရှိကြောင်း ခွဲခြားပြထားတာ တွေ့ရပါတယ်။ အဋ္ဌကထာမှာ ဖွင့်ပြတဲ့ လူလေးမျိုးက
၁။ မနုဿနေရယိက = လူငရဲသား
၂။ မနုဿပေတ = လူပြိတ္တာ
၃။ မနုဿတိရစ္ဆာန = လူတိရစ္ဆာန်
၎။ ပရမတ္ထမနုဿ = လူစင်စစ် ဆိုတဲ့ လူလေးမျိုးပဲ ဖြစ်ပါတယ်။ ဒီလူလေးမျိုးရဲ့ ဖွင့်ဆိုချက် အကျယ်ကိုလည်း အဋ္ဌကထာမှာ ဆက်လက်ဖွင့်ဆို ရှင်းပြပါတယ်။
(၁) မနုဿနေရယိကခေါ် လူငရဲသားဆိုတာ “လူသားစင်စစ်ဖြစ်ပေမယ့် သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ သူ့သားမယား ဖျက်စီးခြင်း စတဲ့ မပြုသင့် မပြုထိုက်တဲ့ အမှုတွေကို ပြုလုပ်တဲ့အတွက် မင်းအစိုးရ စသည်တို့က အပြစ်နဲ့အညီ လက်ခြေဖြတ်ခြင်း စတဲ့ အပြစ်ဒဏ်တွေနဲ့ အပြစ်ပေးခံရတဲ့ အတွက်ကြောင့် ဆင်းရဲဒုက္ခ ကြီးစွာခံစားနေရတဲ့ သူမျိုး” ကို ဆိုကြောင်း၊
(၂) မနုဿပေတခေါ် လူပြိတ္တာဆိုတာ “လူသားစင်စစ်ဖြစ်ပေမယ့် အတိတ်ဘ၀က ပြုလုပ်ခဲ့တဲ့ မကောင်းမှုကြောင့် အစားအစာ အ၀တ်အထည် မရှိဘဲ ရှားရှားပါးပါး ဖြစ်နေရတဲ့အပြင် ဆာလောင်မွတ်သိပ်ခြင်း နှိပ်စက်ခံနေရတဲ့အတွက် ဆင်းရဲပင်ပန်းမှုနဲ့အတူ ရပ်တည်ရာမရဖြစ်ကာ ကတိမ်းကပါး ပြေးလွှားရှာဖွေ လှုပ်ရှားနေရတဲ့ သူမျိုး”ကို ဆိုကြောင်း၊
(၃) မနုဿတိရစ္ဆာနခေါ် လူတိရစ္ဆာန်ဆိုတာ “လူလူချင်း အတူတူ ဖြစ်ပေမယ့် သူတပါးကို အမှီပြုကာ အသက်မွေးနေရပြီး သူတပါးရဲ့ တာဝန်ဝတ္တရားတွေကို လုပ်ကိုင်ဆောင်ရွက်ပေးရင်း မနေမနား သွားလာလှုပ်ရှား နေရတဲ့သူနဲ့ လောကဥပဒေတွေကို ချိုးဖောက်တဲ့အတွက် အစိုးရဥပဒေတွေနဲ့အညီ အပြစ်ပေးခံရမှာကို ကြောက်လန့်ပြီး ခိုးကြောင်ခိုးဝှက်နဲ့ ဟိုဟိုဒီဒီ ထွက်ပြေးတိမ်းရှောင်ကာ အသက်ရှင်နေရုံ နေထိုင်စားသောက်ရုံကလွဲပြီး အခြားအရာတွေ အပေါ်မှာ အကြောင်းအကျိုး ဟုတ်မဟုတ် မစဉ်းစားနိုင်ဘဲ ဒုက္ခကြီးကြီးနဲ့ လှည့်လည်ပြေးလွှားနေရတဲ့ သူမျိုး”တို့ကို ဆိုကြောင်း၊
(၄) ပရမတ္ထမနုဿခေါ် လူစင်စစ်ဆိုတာ “ကိုယ့်အကျိုးစီးပွားကိုသိပြီး ကံကံရဲ့အကျိုးကို ယုံကြည်ကာ မကောင်းမှုပြုလုပ်ရမှာ ရှက်ကြောက်ခြင်းဆိုတဲ့ ဟိရိသြတ္တပ္ပနဲ့ ပြည့်စုံလျက် သတ္တ၀ါတွေအပေါ်မှာ သနားခြင်းရှိတဲ့အပြင် သံဝေဂနဲ့အညီ မကောင်းမှုမှရှောင်ကာ ကောင်းမှုကိုဆောင်ရင်း ကုသိုလ်ဖြစ်ကြောင်း တရားတွေနဲ့ ပြည့်စုံနေတဲ့ သူမျိုး”ကို ဆိုကြောင်း စသဖြင့် လူလေးမျိုးရဲ့ အဖွင့်ကို အဋ္ဌကထာမှာ ရှင်းလင်းဖော်ပြထားပါတယ်။ ဒါက စာပေမှာလာတဲ့ လူလေးမျိုးအကြောင်း ခွဲခြားမှုပဲ ဖြစ်ပါတယ်။
စာပေအဖွင့်တွေနဲ့အညီ ဒီနေ့ခေတ် လူတွေရဲ့ အခြေအနေကို ချိန်ထိုးကြည့်တဲ့အခါ လူစင်စစ်ဖြစ်ဖို့ အတော် မလွယ်လှတာကို တွေ့ရပါတယ်။ တစ်ချို့လူတွေဟာ လက်တွေ့သူတို့ လုပ်ဆောင်နေတဲ့ အလုပ်တွေကြောင့် လူ့ဘ၀ကိုရကာ လူဖြစ်နေပေမယ့် လူမစစ်ဘဲ ဖြစ်နေတာကို တွေ့ရတတ်ပါတယ်။ အကျဉ်းထောင်တွေ၊ ရဲဘက်စခန်းတွေကို ကြည့်လိုက်ရင် ဒီလိုလူမျိုးတွေကို အများအပြား တွေ့နိုင်ပါတယ်။ လူဖြစ်နေပေမယ့် ကိုယ့်လုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် ခံစားနေရတဲ့ အပြစ်ဒဏ်တွေက ငရဲပြည်မှာ ငရဲဒဏ်ခံရသလို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ အဖြစ်ပါ။ တစ်ခါတစ်လေ ထောင်ကျဖူးတဲ့ သူတွေရဲ့ ပြောစကားအရ ထောင်ထဲမှာ စစ်ဆေးမေးမြန်း ပြောဆိုပြုမှုတာတွေဟာ လူသားတစ်ယောက်ကို ဆက်ဆံပြုမှုတဲ့ ပုံစံမျိုးမဟုတ်ဘဲ အမျိုးမျိုး နှိပ်စက်ညှင်းပန်း ခံနေရတာတွေဟာ ငရဲပြည်ထက်တောင် ဆိုးနေသလို ဖြစ်တယ်ဆိုတာ ကြားသိရပါတယ်။ တစ်ဘက်က ပြန်တွေးကြည့်တော့ ဘယ်သူမပြု မိမိမှုဆိုသလို ကိုယ့်လုပ်ရပ်ကပဲ ကိုယ်ကို ဒီလို ဖြစ်စေခဲ့တာဆိုတော့ ဒါဟာ လူဖြစ်ပေမယ့် လူလိုမနေရဘဲ လူငရဲသားလို ဖြစ်နေရတဲ့ အဖြစ်ရဲ့ တန်ပြန်မှုပါပဲ။
တစ်ချို့ကျတော့လည်း လူ့ဘ၀ကို ရလာပေမယ့် အတိတ်က အကုသိုလ်ကံကြီးလေတော့ စားရမဲ့ သောက်ရမဲ့ ဖြစ်ကာ နေစရာ၊ ၀တ်စရာမရှိတဲ့ ဘ၀နဲ့ ဆင်းရဲအမျိုးမျိုးကို ခံစားနေရတတ်ပါတယ်။ ပြိတ္တာတွေရဲ့ ဘ၀လို မြင်နေရပေမယ့် မဆင်ရတဲ့ ဘ၀၊ သိနေရပေမယ့် မရှိတဲ့ဘ၀၊ များနေပေမယ့် မစားရတဲ့ ဘ၀မျိုး ဖြစ်နေတတ်ပါတယ်။ စားရပြန်တော့လည်း မ၀တ၀၊ ၀တ်ရပြန်တော့လည်း မလုံ့တလုံ့ ဖြစ်နေတာလည်း ရှိတတ်ပါတယ်။ ဒီကြားထဲ ဟိုရှောင်ဒီရှောင်ရတဲ့ ရောဂါတစ်ခုခုသာ ရထားလိုက်ပြီ ဆိုရင်တော့ ရှိပေမယ့်လည်း မစားနိုင်၊ မသောက်နိုင်တဲ့ ဘ၀လို ဖြစ်တတ်ပါတယ်။ တစ်ခါက ဆီးချိုသွေးချိုရောဂါနဲ့အတူ ကင်ဆာရောဂါပါ ခံစားပြီး နောက်ဆုံး ဒီရောဂါတွေကြောင့်ပဲ သေဆုံးသွားတဲ့ ရဟန်းဒကာကြီး တစ်ဦးက မသေခင် ရောဂါတွေ ခံစားနေရတဲ့ သူ့ဘ၀ကို ငြီးငြူရင်း “အရှင်ဘုရားရေ… တပည့်တော်မှာလည်း ရောဂါတွေက စုံလှတော့ စားချင်တိုင်း မစားရဘဲ ဟိုဟာရှောင်ရ၊ ဒါရှောင်ရနဲ့ အရှင်လတ်လတ် ပြိတ္တာဖြစ်နေရသလိုပါပဲ ဘုရား…” လို့ လျှောက်ဖူးတာကို သတိရမိပါတယ်။ ဒကာကြီးပြောသလိုဘဲ ဘ၀ဟာ တစ်ခါတစ်လေ လူသားစင်စစ် ဖြစ်နေပေမယ့် ပြိတ္တာဆန်ဆန် ဖြစ်နေရတာတွေလည်း ရှိတတ်ပါတယ်။ တကယ်တော့ ရောဂါထူပြောတာကိုက အကုသိုလ်ရဲ့ အကျိုးဆက်ပဲ ဖြစ်နေတာဆိုတော့ ဒီလိုရောဂါတွေနဲ့ အသက်ရှင်နေရတဲ့ လူ့ဘ၀ဟာလည်း ပြိတ္တာဆန်ဆန်လို ဖြစ်နေပြန်ပါတယ်။
နောက် တစ်ချို့သူတွေကျပြန်တော့လည်း ကိုယ့်အတွက် ဘာမှမလုပ်နိုင်ဘဲ သူများအတွက် ရုန်းကန်လှုပ်ရှား ပေးရင်း ကုသိုလ်လည်း မလုပ်နိုင်၊ ကြောင်းကျိုးဆင်ခြင်မှုလည်း မပြုနိုင်ဖြစ်ကာ ပင်ပင်ပန်းပန်း သူများရဲ့ အလုပ်အကြွေးဘ၀နဲ့ပဲ ဘ၀ကို အဆုံးသတ် သွားရတာတွေလည်း ရှိပြန်ပါတယ်။ ပိုဆိုးတာက အသိဉာဏ်မရှိ၊ ကုသိုလ်အကုသိုလ်ကို မသိဘဲ သူများခိုင်းသမျှ လုပ်၊ သူများပြောသမျှ နားထောင်၊ သူများကျွေးသမျှ စားပြီး ဘ၀တစ်ခုလုံး သူများအတွက် ကုန်ဆုံးနေကြရတဲ့ အဖြစ်ပါ။ ဒီလိုဘ၀မျိုးဟာလည်း လူဖြစ်လာပေမယ့် အသိဉာဏ်မရှိ၊ ကုသိုလ်အကုသိုလ်ကို မသိလေတော့ စားလိုက်၊ အိမ်လိုက်၊ ကာမဂုဏ်မှီဝိုက်၊ သူများအတွက် ပေးဆပ်လိုက်နဲ့ တကယ့်ကိုပဲ တိရစ္ဆာန်လို ဖြစ်နေရတဲ့ ဘ၀ပါ။ ဒီလိုသူတွေရဲ့ ဘ၀ဟာ လူဖြစ်ပေမယ့် လူတိရစ္ဆာန်လို ဖြစ်နေတဲ့ဘ၀လို့ ပြောရမလို ဖြစ်နေပါတယ်။
တကယ်တော့ ရခဲတဲ့ လူ့ဘ၀ကို ရလာပြီးမှတော့ အမြင့်ဆုံး ပန်းတိုင်အနေနဲ့ ကိလေသာကုန်ခမ်း နိဗ္ဗာန်နန်းအထိ တက်လှမ်းနိုင်အောင် ကြိုးစားကြဖို့ လိုအပ်လှပါတယ်။ အဲဒီလိုမှ မလုပ်နိုင်သေးရင်လည်း လူသားစင်စစ် တစ်ယောက်အဖြစ်နဲ့ ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းစားရေးအတွက် ကောင်းတာလေးတွေတော့ လုပ်ကြဖို့ လိုပါတယ်။ မကောင်းမှုကိုရှောင်ပြီး ကောင်းမှုဆောင်ကာ ကိုယ်ကျင့်သီလကို လုံအောင်ထိန်းပြီး ရတနာသုံးပါးနဲ့ ကံကံရဲ့ အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရားနဲ့ ပြည့်စုံအောင် ကြိုးစားကြဖို့ လိုပါတယ်။ မကောင်းမှု ဒုစရိုက်အမှုတွေကို ရှောင်ပြီး ကောင်းတဲ့သုစရိုက် အမှုတွေနဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်အောင် အားထုတ်သင့်ပါတယ်။ ကုသိုလ်၊ အကုသိုလ်နဲ့ အကြောင်းအကျိုးကို သိတဲ့ လူသားတစ်ယောက်အဖြစ်နဲ့ ဘ၀ကို ရပ်တည်နိုင်အောင် ဆောင်ရွက်သင့်ပါတယ်။ ဒီလို နေနိုင်မှလည်း လူဟာလူပီသတဲ့လူ၊ ပရမတ္ထလူ ဖြစ်လာမှာ ဖြစ်ပါတယ်။
ဆိုလိုတာက လူ့ဘ၀ကို ရလာပေမယ့် ရရှိလာတဲ့ လူ့ဘ၀မှာ ကိုယ့်ရဲ့အပြုအမူ၊ အပြောအဆို၊ အတွေးအကြံတွေကြောင့် လူဟာ လူငရဲသားလည်း ဖြစ်သွားနိုင်၊ လူပြိတ္တာလည်း ဖြစ်သွားနိုင်၊ လူတိရစ္ဆာန်လည်း ဖြစ်သွားနိုင်၊ လူသားစင်စစ်လည်း ဖြစ်နေနိုင်တဲ့အတွက် ဒီလူလေးမျိုးထဲက ကိုယ်ကဘယ်လို လူမျိုးဖြစ်ချင်လဲဆိုတာ ရွေးချယ်ပြီး ကိုယ်ဖြစ်ကိုယ်ခံရတဲ့ ဘ၀မှာ ကိုယ်ရွေးချယ်ရာ ကိုယ်စံရမှာဖြစ်လို့ ရွေးချယ်မှု မမှားကြဖို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ရွေးချယ်မှုမှားရင် လူဟာလည်း အဆင့်နိမ့်သွားတတ်တဲ့အတွက် အမှန်ရွေးချယ်ပြီး လူပီသတဲ့ အဆင့်မြင့်လူဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။ မကောင်းတဲ့ အကုသိုလ် ဒုစရိုက်များနဲ့ ပျော်မွေ့နေတာတွေကြောင့် လူမပီသတဲ့လူ၊ လူတိရစ္ဆာန်၊ လူပြိတ္တာစတဲ့ လူတွေဘ၀ကို မရောက်စေကြဘဲ ကိုယ်ကျင့်သီလနဲ့ ကုသိုလ်သုစရိုက်တွေမှာ ပျော်မွေ့တတ်တဲ့ လူပီသတဲ့ လူစင်စစ်များ ဖြစ်အောင် အသိသတိနဲ့ ကြိုးစားအားထုတ်ကြဖို့ အကြံပြုလိုရင်း ဖြစ်ပါတယ်။
ဒါကြောင့် ဘာပဲဖြစ်ဖြစ် လူ့ဘ၀ဆိုတာ အဆင့်မြင့်တဲ့ ဘ၀ဖြစ်တဲ့အပြင် လူ့ဘုံဟာလည်း (၃၁)ဘုံမှာ အကောင်းဆုံ သုဂတိဘုံ ဖြစ်တဲ့အတွက် အကောင်းဆုံးဘုံနဲ့ အဆင့်မြင့်ဆုံး ဘ၀ကို ရရှိထားကြတဲ့ လူသားများအနေနဲ့ ရရှိထားတဲ့ ဘ၀ကို မကောင်းတဲ့ အကုသိုလ် ဒုစရိုက်အမှုများမှာ ပျော်မွေ့တတ်တဲ့ ငရဲသားနဲ့ တူတဲ့လူ၊ ပြိတ္တာနဲ့ တူတဲ့လူ၊ တိရစ္ဆာန်နဲ့ တူတဲ့လူများအဖြစ် မရောက်သွားစေဖို့နဲ့ ခဲခဲရင်းရင်း ရလာတဲ့ ဘ၀ကို တန်ဘိုးရှိအောင် အသုံးချကာ မကောင်းမှုရှောင်ပြီး ကောင်းမှုဆောင်တဲ့ လူပီသတဲ့ လူစင်စစ်ဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း ကိုယ်ကိုယ်ကို “သင်… ဘယ်လိုလူလဲ”ဆိုတဲ့ အမေးတစ်ပုဒ် မေးစမ်းထုတ်ပြီး လူမပီသသေးရင်လည်း လူပီသအောင် ကြိုးစားကြဖို့ မေတ္တာရှေ့ထား အကြံကောင်း ပါးလိုက်ရတော့ပါတယ်…။ အားလုံး… လူစင်စစ် ဖြစ်နိုင်ကြပါစေ…။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။ အချိန် 1:54 PM
စုစည်းထားမှု = တွေးမိသမျှ
Read more...စင်္ကာပူ ဟောင်ပါ သမီးဒေါ်အမာ (၉၆-နှစ်) ကွယ်လွန်းခြင်း
04,09,2010 စနေနေ့ နံနက် 4:16 နာရီအချိန်တွင် ဘဝတစ်ပါးပြောင်းရွှေ့ကွယ်လွန်သွားလေပြီ ။
မနေ့ည 10:00 နာရီကျော်မှာ မိမိတို့ကျောင်းမှ သံဃာတော် 4 ပါးကြွရောက်ပြီး အသုဘရှု့မှတ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံဘွား ခင်မင်ရင်းနီးကြသော ဓမ္မမိတ်ဆွေများက ကူညီစောင့်ရှောက်လျက်ရှိကြပါတယ် ။
မကြာခင်က ကျားပန်း ပရုတ်ဆီအကြောင်းဆောင်းပါးလေး တစ်ပုဒ်ရေးဖူးသေးတယ်။ ယခုကွယ်လွန်သွားတာကတော့ အဲဒီဆောင်းပါးထဲက ဒေါ်သိင်္ဂီရဲ့အမေပါပဲ ။ ကျားပန်းပရုတ်ဆီ ပန်းခြံကို
လာလည်ရင် ကျားခေါင်းပါတဲ့ကားအနီးက စင်္ကာပူအစိုးရကပ်ထားတဲ့ပုံဟာ ဒီဒကာမကြီးရဲ့ပုံဖြစ်ပါတယ်။
ယနေ့(6,09,2010) တနင်္ဂလာနေ့ မှာ အခမ်းအနားဖြင့် စင်္ကာပူနိုင်ငံ Mandai သုဿာန်၌ သဂြိုဟ်မည်ဖြစ်၍ကမ္ဘာတစ်ဝန်းလုံးရှိ ခင်မင်ရင်းနီးသော မိတ်ဆွေများအား အသိပေးလိုက်ရပါသည် ။
ကွယ်လွန်သူ ကျားပန် ဟောင်ပါရဲ့သမီး အသူဘရှု့ရန်နေရာ
Blk-38, Sin Mning Drive,( Near Kong Meng Sam. Monastery)
# 1-537-545 . Singapore 575712.
မီးသင်္ဂြိုဟ်ခြင်းကိစ္စ
နေရာ ။ Mandai Crematorium hall-2
အချိန် ။ 4:30 PM
နေ့ရက် ။ 06-09-2010 (Monday)
ရှင်ပြုပွဲနှင့် ဒိုင်နမို ရေစက်ခန်း အလှူများ
စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းမှ Dr.Nyan+မ၀ါဝါခိုင်မင်း သမီးလေး မေမြတ်နိုးခိုင် မွေးနေ့အလှူ
ပွဲဆွမ်းလောင်းပွဲ ပြီးချိန် နံနက် ၈ နာရီမှစတင်ဆောင်ရွက်ခဲ့ပါသည်။
နှင့်စစ်ကိုင်းမြို့ မြစကြာ ပရိယတ္တိစာသင်တိုက် ပဓါန နာယက ဆရာတော်
ဦးဣန္ဒကာဘိဝံသ တို့ကြွရောက်ချီးမြင့်ပေးခဲ့ကြပါသည်။ ပထမဦးစွာ www.zaw357.net
ဒါယကာကိုဇော် ဦးဆောင်သော အလှူရှင်များအဖွဲ့မှ ကိုရင် ၅ ပါးနှင့်သီလရှင်တစ်ပါးတို့အတွက် လှူဒါန်းခဲ့
ကြပါသည်။ ထို့နောက် လှူဒါန်းမှုအစုအစုအတွက်ရေစက်သွန်းချအမျှပေးဝေကြပါသည်။
အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...
“ပရိနိဗ္ဗာန် ပြုပြီးသော မြတ်ဗုဒ္ဓကို ပှုဇော်လို့ အကျိုးတရားရနိုင်ပါသလား”
တစ်နေ့ ဓမ္မဒှုတ ဆရာတော်အရှင်ဆေကိန္ဒ သံဃာတော်များသင်တန်းပွဲမှာ ဟောကြားထားတဲ့ တရားတော်ထဲမှာ ဆရာတော်က မြန်မာနိုင်ငံမှာ Private School ပုဂ္ဂလိက ကျောင်းတွေ များစွာပေါပေါက်လာတဲ့အတွက် ဗုဒ္ဓဘာသာ နိုင်ငံအနေနဲ့ ဘယ်လိုအကျိုးတရားတွေရရှိနိုင်တဲ့အကြောင်း ဆိုကျိုးတရားတွေဖြစ်ပေါ်စေနိုင်တဲ့အကြောင်းကို Government School အစိုးရကျောင်းနဲ့ နှိုင်းယှဉ်ပြီး ပြောပြသွားတဲ့ စကားတစ်ခွန်းကို စာရေးသူ နာကြားလိုက်ရပါတယ်။ ဆရာတော်ဘုရားက Private School တွေကို အထူးသဖြင့် တစ်ခြားနိုင်ငံက နိုင်ငံခြားသားများပဲ ပိုင်ဆိုင်တာများပါတယ်။ မြန်မာနိုင်ငံကို ပုဂ္ဂလိကကျောင်းတွေမှာ ထူထောင်ခြင်းရဲ့ ရည်ရွယ်ချက်က အသိပညာမကြွယ်ဝသေးတဲ့ ဗုဒ္ဓဘာသာကလေးတွေကို သူတို့ရဲ့ Teaching Methods တွေနဲ့ Convert to their religion သူတို့ရဲ့ဘာသာကို ကူးပြောင်းလာအောင် ပြောပြသင်ကြားပေးတယ်။ ပြီးတော့ ဒီပုဂ္ဂလိကကျောင်းတွေကို ချမ်းသာတဲ့ အသိုင်းအ၀ိုင်းများသာတက်ရောက်နိုင်ပြီး ဆင်းရဲတဲ့သူများ မတက်ရောက်နိုင်တဲ့အကြောင်းကို ရှင်းပြထားတာပါ။ သူတို့ရဲ့ Private School တည်ထောင်ရခြင်းရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ဒီ Teaching Method တစ်ခုတည်းကို သင်ဖို့ပါပဲ။
အရှင်နာဂသေနက “မင်းမြတ်၊ ဒီဥပမာအတိုင်းပါပဲ၊ ဘုရားရှင်သည် သီလ၊ သမာဓိ၊ ပညာ၊ အရဟတ္တဖိုလ်၊ ပေစ္စ၀က္ခဏာဥာဏ်တော်တို့ဖြင့် မွှမ်းထုံထားအပ်တဲ့ ဓာတ်တော် ရတနာတိုကိုလည်းကောင်း၊ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာဟူသော သာသနာတော်ကိုလည်းကောင်း ကိုယ်စားတော်ထားတော်မှုခဲ့၍ အနုပါဒိသေသနိဗ္ဗာန် ၀င်စံတော်မှုပါတယ်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ပြုတော်မှုသွားပါသော်လည်း လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော စည်းစိမ်ချမ်းသာကို ရရှိခြင်းကား ပြတ်တောက်မသွားပါဘူး။ စည်းစိမ်ချမ်းသာကို ရလိုသူတို့သည် ဓာတ်တော်ရတနာတိုကို ပှုဇော်၍လည်းကောင်း၊ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာသုံးဖြာသော သာသနာတော်တို့၏ အဆုံးအမများကို လိုက်နာကျင့်သုံး၍လည်းကောင်း လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရရှိကြပါတယ်။ ဒါကြောင့် ပရိနိဗ္ဗာန် ပြုတော်မှုပြီးဖြစ်တဲ့ ဘုရားရှင်အား ပှုဇော်ခြင်းသည် အကျိုးရှိသည်သာဖြစ်ပါတယ်၊ အကျိုးတရားများ ရရှိနိုင်သည်သာ ဖြစ်ပါတယ် မင်းကြီး။” လို့ ဥပမာနဲ့တကွ ရှင်းလင်းဖြေကြားထားပါတယ်။
နောက် မြေကြီးဟာ သူ့အပေါ်မှာ မျိုးစေ့အားလုံး အပင်ပေါက်ပါစေဆိုတဲ့ သာယာမှု့မျိုးမရှိပေမယ့် မျိုးစေ့များဟာ မြေကြီးပေါ်မှာ အပင်ပေါက်လာကြတယ်။ သန်စွမ်းကာ ပင်စည်အနှစ်တည်ရှိလာကြတယ်။ အပွင့် အခက် အသီးများ ဝေဆာလာကြတာဟာ ဘာကြောင့်ပါလဲလို့ မေးမြန်းပါသေးတယ်။ ဒီတော့ မင်းကြီးက မြေကြီးဟာ အပင်ပေါက်လာစေရန် သာယာခြင်းမရှိပေမယ့်လို့ ပေါက်လာလေသမျှ အပင်များ၏ တည်ရာဋ္ဌာနဖြစ်တဲ့အတွက် အခက် အပွင့် အသီးများ ဝေဆာလာရခြင်းဖြစ်တဲ့အကြောင်း မင်းကြီးက ပြန်လျှောက်ထားပါတယ်။ “မင်းမြတ်၊ မြေကြီးကဲ့သို့ ဘုရားရှင်ကို မှတ်သားထိုက်ပါတယ်။ မြေကြီးဟာ တစ်စုံတစ်ခုသော အပင်ကိုမျှ သာယာခြင်းမရှိသလို မြတ်စွာဘုရားရှင်ဟာလည်း တစ်စုံတစ်ခုသော ပှုဇော်သက္ကာရကိုမျှ သာယာတပ်မက်မှု့မရှိပါဘူး။ မသာယာတဲ့ မြေကြီးပေါ်၌ အပင်မျိုးစုံတို့ ပေါက်ရောက်ရှင်သန်လာကြသလိုပါပဲ သာယာခြင်း ကင်းစွာ ပရိနိဗ္ဗာန် ပြုတော်မှုပြီးဖြစ်တဲ့ မြတ်စွာဘုရားရှင်၏ သီလ၊ သမာဓိ၊ ပညာ များနဲ့ မွှမ်းထုံထားတဲ့ ဓာတ်တော်များကို ပှုဇော်ခြင်းဖြင့် အကျိုးတရားများ ရရှိနိုင်သလို၊ မြတ်ဗုဒ္ဓဟောကြားထားခဲ့တဲ့ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ သုံးဖြာသော သာသနာတော်၏ အဆုံးအမများကို လိုက်နာကျင့်ကြံခြင်းဖြင့်လည်း ကုသိုလ်တရားများ တိုးပွားကာ ကောင်းမွန်တဲ့ အကျိုးတရားများ ရရှိနိုင်ပါတယ်။ မင်းကြီး၊ ကုသိုလ်သည် အမြစ်နဲ့တူပါတယ်။ သမာဓိသည် ပင်စည်နဲ့တူပါတယ်။ သီလသည် အကိုင်းအခက်နဲ့တူပါတယ်။ ၀ိမုတ္တိသည် အပွင့်နဲ့တူပါတယ်။ မဂ်ဥာဏ် ဖိုလ်ဥာဏ်တို့သည် အသီးနှင့်တူကြပါတယ်။ ဒီအကြောင်းတရားတွေကြောင့် ပရိနိဗ္ဗာန် ပြုတော်မှုပြီးဖြစ်တဲ့ မြတ်စွာဘုရားရှင်ကို ကိုးကွယ်ခြင်းဟာ၊ ပှုဇော်ခြင်းဟာ ကောင်းကျိုးတရားများ ရရှိပါတယ်” လို့ လိုက်နာမှတ်သား သိရှိကာ လိုက်နာကျင့်တတ်ဖို့ ကောင်းမြတ်တဲ့ အဖြေပေးတော်မှုခဲ့ပါတယ်။
ဟုတ်ပါတယ်၊ စာရေးသူတို့ရဲ ဗုဒ္ဓဘာသာရဲ့ အဖိုးအထိုက်တန်ဆုံး အရာများဟာ အနာဂတ်ကြယ်ပွင့်များဟာ ကလေးသူငယ် မျိုးဆက်သစ်တွေပါပဲ။ ဒီနိုင်ငံ၊ ဒီဘာသာ၊ ဒီသာသနာကို အနာဂတ်မှာ ဒီကလေးသူငယ်လေးတွေရဲ့ လက်ထက်မှာတည်ရှိမှာပါ၊ ကျန်ရစ်မှာပါ။ ဒီတော့ ဒီနိုင်ငံ၊ ဒီဘာသာ၊ ဒီသာသနာကို သန့်ရှင်း၊ ပြန့်ပွား၊ တည်တံအောင် ထမ်းဆောင်မယ့် အနာဂတ်မျိုးဆက်သစ်များကို သွေးသစ်လောင်းပေးသင့်ပါတယ်။ အသိပညာများရရှိအောင် သင်ကြားပေးသင့်ပါတယ်။ လမ်းမှန်ကို လျှောက်လှမ်းတတ်အောင် ညွှန်ပြပေးရပါမယ်။ ဒါမှလည်း နိုင်ငံနဲ့ ဘာသာ သာသနာတည်တံ့နိုင်ပြီး ဘာသာ သာသနာကနေ မြတ်ဗုဒ္ဓရဲ့ ဟောပြ လမ်းညွှန်ဟောပြထားတဲ့ စစ်မှန်တဲ့ တရားဓမ္မများကို လိုက်နာ၊ကျင့်ကြံပြီးတော့ ကောင်းကျိုး ချမ်းသာများကို ရရှိပြီး ဗုဒ္ဓဘာသာတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို ရရှိနိုင်မယ်ဖြစ်ပါတယ်။