* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, September 5, 2010

နှစ်သက်မိသော ဇင် ပုံပြင်များ (၂၀)

The Moon Cannot Be Stolen

Ryokan, a Zen master, lived the simplest kind of life in a little hut at the foot of a mountain. One evening a thief visited the hut only to discover there was nothing in it to steal.

Ryokan returned and caught him. "You may have come a long way to visit me," he told the prowler, "and you shoud not return emptyhanded. Please take my clothes as a gift."

The thief was bewildered. He took the clothes and slunk away.

Ryokan sat naked, watching the moon. "Poor fellow, " he mused, "I wish I could give him this beautiful moon."

Read more...

ဗုဒ္ဓဂါယာ ၀ါတွင်း ၃လ ဆွမ်းအလှူရှင်များ စာရင်း။

၁(.၂၇. ဇူလိုင်လ.၂၀၁၀ - အဂါင်္နေ့)

မနှင်းယုလွင် (ဒူဘိုင်း) မှ
(အာရုံဆွမ်း+နေ့ဆွမ်+ဖျော်ရည်)အလှူတို့အတွက် တစ်နေ့တာ အလှူငွေ ၁၀၀၀၀၀ ကျပ် ။ (ဆရာတော်ထံ အလှူငွေလွှဲပြီး။)

၂.(၂၈ .ဇူလိုင်လ.၂၀၁- ဗုဒ္ဓဟူးနေ့)

ကိုမျိုးဦး+မခိုင်ခင်ဝင်း (စင်္ကာပူ) မှ
(အာရုံဆွမ်း+နေ့ဆွမ်+ဖျော်ရည်အလှူ)တို့အတွက် တစ်နေ့တာ အလှူငွေ
၁၀၀၀၀၀ ကျပ် ။ (အလှူငွေ လက်ခံရရှိပြီး)

၃.(၂၉. ဇူလိုင်လ.၂၀၁-ကြာသပတေးနေ့)

အလှူရှင်တစ်ဦး (နော်ဝေ ) မှ
(အာရုံဆွမ်း+နေ့ဆွမ်+ဖျော်ရည်)အလှူတို့အတွက် တစ်နေ့တာ အလှူငွေ
၁၀၀၀၀၀ ကျပ် ။

၎ (.၃၀ .ဇူလိုင်လ.၂၀၁၀-သောကြာနေ့ )

မဇာခြည်သိမ့်သိမ့် (စင်္ကာပူ) မှ
အာရုံဆွမ်းအလှူ အတွက် အလှူငွေ ၃၀၀၀၀ ကျပ။

ကိုစိုင်းဥာဏ်လင်းဆွေ +မလွင်လွင်အောင် မိသားစု ( စင်္ကာပူ ) မှ
နေ့ဆွမ်းအတွက် အလှူငွေ ၅၀၀၀၀ ကျပ်။ (အလှူငွေ လက်ခံရရှိပြီး)

မအေးဇာနွယ် (စင်္ကာပူ) မှ
ဖျော်ရည်အလှူအတွက် အလှူငွေ ၂၀၀၀၀ ကျပ်။ (အလှူငွေ လက်ခံရရှိပြီး)

၅. (၃၁.ဇူလိုင်လ.၂၀၁၀- စနေနေ့ )

ဦးစိန်ထိုက် + ဒေါ်အေးအေးသန်း ၊ သမီး သန်းသန်းမြင့် မိသားစု (စင်္ကာပူ) မှ
(အာရုံဆွမ်း+နေ့ဆွမ်+ဖျော်ရည်)တို့အတွက် တစ်နေ့တာ အလှူငွေ ၁၀၀၀၀၀ ကျပ် ။ (အလှူငွေ လက်ခံရရှိပြီး)

၆.(၁.သြဂုတ်လ.၂၀၁၀-တနင်္ဂနွေနေ့)

ကိုထွန်းထွန်း (စင်္ကာပူ) မှ
(အာရုံဆွမ်း+နေ့ဆွမ်+ဖျော်ရည်)အလှူတို့အတွက် တစ်နေ့တာ အလှူငွေ ၁၀၀၀၀၀ ကျပ် ။ (အလှူငွေ လက်ခံရရှိပြီး)

၇.(၂.သြဂုတ်လ.၂၀၁၀-တနလာင်္နေ့ )

မမေသန်းထိုက် (စင်္ကာပူ)မှ
အာရုံဆွမ်းအလှူအတွက် အလှူငွေ ၃၀၀၀၀ ကျပ်။ (အလှူငွေ လက်ခံရရှိပြီး)

Mr. Zephyr (စင်္ကာပူ)မှ
နေ့ဆွမ်း ၊ဖျော်ရည်အလှူအတွက် အလှူငွေ စင်္ကာပူဒေါ်လာ ၉၀ ။ (အလှူငွေ လက်ခံရရှိပြီး)

၈.(၃.သြဂုတ်လ.၂၀၁၀-အဂါင်္နေ့)

ဦးဇော်ထွန်း+ဒေါ်ချိုချို ၊သမီး ခင်စိမ့်ဝင့် (ဘန်ကောက်) မှ အာရုံဆွမ်းအတွက် အလှူငွေ ၃၂၀၀၀ ကျပ်။ (အလှူငွေ လက်ခံရရှိပြီး)

ဦးလှဖုန်းမြင့် + မချိုမော်ဟန် ၊သမီး မသဲသက်ဇော် ၊မစိမ့်နှင်းမွန် မိသားစု (ဘန်ကောက်)မှ
ဖျော်ရည်အလှူအတွက် အလှူငွေ ၂၀၀၀၀ ကျပ်။(အလှူငွေ လက်ခံရရှိပြီး)

၉.(၂၃.သြဂုတ်လ.၂၀၁၀-တနလာင်္နေ့)

ဒေါက်တာမြတ်ဥာဏ် +ဒေါ်ဝါ၀ါခိုင်မင်း ၊သမီးလေး မေမြတ်နိုးခိုင် မိသားစုမှ
သမီးလေး မေမြတ်နိုးခိုင် မွေးနေ့အလှူ အဖြစ်
အာရုံဆွမ်းအတွက် အလှူငွေ ၃၀၀၀၀ ကျပ်။ (အလှူငွေ လက်ခံရရှိပြီး)

ဦးဘိုနီ+ဒေါ်ခင်ခင် ၊သမီး တင်မိုးနီ မိသားစု (စင်္ကာပူ )မှ
မွေးနေ့အလှူအဖြစ်
နေ့ဆွမ်း ၊ ဖျော်ရည်အလှူအတွက် အလှူငွေ ၇၀၀၀၀ ကျပ်။

၁၀.(၂၄.သြဂုတ်လ.၂၀၁၀-အဂါင်္နေ့ )

ဦးဘိုနီ+ဒေါ်ခင်ခင် ၊သမီး တင်မိုးနီ မိသားစု (စင်္ကာပူ )မှ
အာရုံဆွမ်းအလှူအတွက် အလှူငွေ ၃၀၀၀၀ ကျပ်။

၁၁.(၂၅.သြဂုတ်လ.၂၀၁၀-ဗုဒ္ဓဟူးနေ့)

ကိုလှအောင် +မထားထားမြင့် ၊သား-ကျော်စိုးဟန် ၊သမီးလေး ငုသဒ္ဒါလှိုင် မိသားစု (ဂျပန်)မှ
အာရုံဆွမ်းအလှူအတွက် အလှူငွေ ၃၀၀၀၀ ကျပ်။

၁၂.(၂၇.သြဂုတ်လ.၂၀၁၀-သောကြာနေ့)

ဦးသန်းအောင် +ဒေါ်ခင်တင့် မိသားစု (စင်္ကာပူ) ၊ ဦးဝင်းနိုင်+ဒေါ်ညိုညိုဝင်း မိသားစု (စင်္ကာပူ) တို့မှ
နေ့ဆွမ်း နဲ့ ဖျော်ရည်အလှူ တို့အတွက် အလှူငွေ ၇၂၀၀၀ ကျပ်။ (အလှူငွေ လက်ခံရရှိပြီး)

၁၃.(၂၈.သြဂုတ်လ.၂၀၁၀- စနေနေ့)

ဒေါက်တာသွဲ့သွဲ့မိသားစု (စင်္ကာပူ) ၊ဦးနေရောင်+ဒေါ်ခင်သန်းရီ မိသားစု (စင်္ကာပူ) ၊
ဦးဇော်ဝင်း+ဒေါ်လှလှဆန်း မိသားစု (စင်္ကာပူ) ၊ ဦးရဲမြင့်+ဒေါက်တာမေရင်ရင်သန်း မိသားစု (စင်္ကာပူ)၊
ဦးဂျင်မီစိုး+ဒေါ်မာဂရက် မိသားစု (စင်္ကာပူ) တို့မှ
(အာရုံဆွမ်း+နေ့ဆွမ်+ဖျော်ရည်)တို့အတွက် တစ်နေ့တာ အလှူငွေ ၁၀၈၀၀၀ ကျပ် ။ (ဆရာတော်ထံ အလှူငွေလွှဲပြီး)

၁၄.(၁၇.စက်တင်ဘာလ.၂၀၁၀-သောကြာနေ့ )

ဂျပန်ကောင်လေး (ဂျပန်) မှ
(အာရုံဆွမ်း+နေ့ဆွမ်+ဖျော်ရည်)တို့အတွက် တစ်နေ့တာ အလှူငွေ ၁၀၀၀၀၀ ကျပ် ။ (အလှူငွေ လက်ခံရရှိပြီး)

၁၅.(၂၇.အောက်တိုဘာလ.၂၀၁၀-ဗုဒ္ဓဟူးနေ့)

ဒေါက်တာမြတ်ဥာဏ် +ဒေါ်ဝါ၀ါခိုင်မင်း ၊သမီးလေး မေမြတ်နိုးခိုင် မိသားစု (SAKURA DENTAL CLINIC) မှ
မွေးနေ့အလှူအဖြစ်
(အာရုံဆွမ်း+နေ့ဆွမ်+ဖျော်ရည်)တို့အတွက် တစ်နေ့တာ အလှူငွေ ၁၀၀၀၀၀ ကျပ် ။

၁၆.(၃၁.အောက်တိုဘာ.၂၀၁၀-တနင်္ဂနွေနေ့)

ဦးသာဥာဏ်+ဒေါ်အေးအေးမြတ် သား၊သမီး၊မြေး တစ်စု (တောင်ကြီး)မှ
(အာရုံဆွမ်း+နေ့ဆွမ်+ဖျော်ရည်)တို့အတွက် တစ်နေ့တာ အလှူငွေ ၁၀၀၀၀၀ ကျပ် ။

၁၇.ဦးညိုထွန်း+ဒေါ်ခင်လဲ့ မိသားစု နှင့် ဦးအေးချို+ဒေါ်စပယ် မိသားစု (ဂျပန်) မှ (အာရုံဆွမ်း+နေ့ဆွမ်+ဖျော်ရည်)တို့အတွက် တစ်နေ့တာ အလှူငွေ ၁၀၀၀၀၀ ကျပ် ။


ဗုဒ္ဓဂါယာ ၀ါတွင်း ၃ လ ဆွမ်းအလှူများကို လှူဒါန်းနိုင်ကြပါလျှင်....

အာရုံဆွမ်းအတွက် ( ၃၀၀၀၀ ကျပ်)
နေ့ဆွမ်းအတွက် ( ၅၀၀၀၀ ကျပ်)
ဖျော်ရည်အတွက် ( ၂၀၀၀၀ ကျပ်)
(အာရုံဆွမ်း+နေ့ဆွမ်း+ဖျော်ရည်) တစ်နေ့တာ အလှူအတွက်(၁၀၀၀၀၀ ကျပ်)

အလှူငွေ တစ်သိန်းနှင့် အထက်အလှူရှင်များသည်…

ဝါ၀ါခိုင်မင်း
SAKURA DENTAL CLINIC
အမှတ် ၅၂-က ၊ ပထမထပ်၊
ရန်ကုန်-အင်းစိန်လမ်းမကြီး
စံရိပ်ငြိမ် ၃ လမ်းထောင့်
လှည်းတန်း ၊ ကမာရွတ်မြို့နယ်
ရန်ကုန်မြို့။
Ph.၀၁ ၅၁၂၀၀၄ ၊ ၀၉၅ ၃၇၆၂၆၀
(E. mail - nanwarwarmg2009@gmail.com)သို့တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ကြပါသည်။

စင်္ကာပူမှ အလှူငွေ တစ်သိန်းအောက် အလှူရှင်များအနေဖြင့် အလှူငွေများကို …

ဘိုဘို (မိုးကုတ်သား) bobohan25@gmail.com သို့ဆက်သွယ်ပြီး လှူဒါန်းနိုင်ကြပါကြောင်း ၊နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်း လိုက်ရပါသည်ရှင်။

မေတ္တာဖြင့်

ဝါ၀ါခိုင်မင်း
--

Read more...

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၃)


http://www.ashinkusala.com/အရှင်ကုသလသာမိ (ပျော်ဘွယ်) မှ ကူးယူဖော်ပြပါသည်။
အရှင်ကုမာရကဿပ၏ ဥပမာ (၃)


“ကဲ…မြို့စားကြီး ဒီလိုဆိုရင် သင့်ကို ဥပမာတစ်ခု ပြောမယ်၊ ပညာရှိဆိုတာ ဥပမာတွေနဲ့ပြောတဲ့စကားကို သဘောပေါက်ကြတယ်”
ဤတွင် “ပညာရှိဆိုတာ ဥပမာတွေနဲ့ပြောတဲ့စကားကို သဘောပေါက်ကြတယ်”ဟူသော စကားကို သတိပြုစေချင်ပါသည်။ ရှေ့က ဥပမာပေးတော့မည့်အခါမျိုးတွင် ဤစကားရပ်မပါခဲ့ပါ။ တစ်နည်းအားဖြင့် အနည်းငယ် မခံချင်အောင် ထည့်လိုက်သောစကားဖြစ်သည်ဟု ထင်သည်။

“အမိန့်ရှိပါ”

“ယောက်ျားတစ်ယောက်ဟာ မစင်တွင်းထဲကို ကျသွားခဲ့တယ် ဆိုပါစို့။ သူ့ကို မစင်တွင်းကနေ ထုတ်ပြီး အကြိမ်ကြိမ် အထပ်ထပ် ရေချိုးပေးမယ်။ အမွှေးနံ့သာတွေနဲ့ လိမ်းကျံပေးမယ်။ ၀တ်ကောင်းစားလှတွေ ဆင်ယင်ပေးမယ်။ ပြီးတာနဲ့ ပြသာဒ်ကြီးအထက်မှာ စားကောင်းသောက်ဖွယ်တွေ၊ လောကီစည်းစိမ်တွေ ခံစားဖို့ အဆင်သင့်လုပ်ထားတဲ့ဆီကို ခေါ်သွားပြီး ကာမဂုဏ်တွေ ခံစားစေမယ်။ အဲဒီအချိန်မှာ အဲဒီယောက်ျားဟာ မစင်တွင်းကို ပြန်သွားလိုတဲ့ စိတ်ဆန္ဒ ရှိအုံးမလား”

“မစင်တွင်းဆိုတာ ညစ်ပတ်စုတ်ပဲ့တဲ့နေရာပဲ။ အခုနေနေရတာက စင်ကြယ်သန့်ရှင်းပြီး ခံစားစရာ ကာမဂုဏ်အာရုံတွေ ပြည့်နေတဲ့နေရာဖြစ်တော့ မစင်တွင်း ပြန်သွားချင်တဲ့စိတ် ဘယ်လိုလုပ် ရှိတော့မလဲ”

“ဟုတ်တယ်၊ မြို့စားကြီး..ဒီဥပမာလိုပဲ ကောင်းရာကောင်းကျိုးတွေ လုပ်ဆောင်ပြီး နတ်ပြည်ရောက်သွားတဲ့သူဆိုတာလည်း ဒီလိုပဲပေါ့။ လူ့အဖြစ်ဆိုတာ နတ်တွေအတွက်တော့ ရွံရှာဖွယ်ဖြစ်တယ်၊ ညစ်ညမ်းတယ်။ ဒါကြောင့် နတ်ပြည်ကနေ သင့်ဆီလာပြီး ဘယ်လိုလုပ် ပြန်လာပြောချင်စိတ် ရှိပါတော့မလဲ၊ ဒါကြောင့် သင့်အယူအဆကို ပြောင်းလိုက်ပါတော့။ တမလွန်ဘ၀ရှိတယ်လို့ ယုံကြည်လိုက်စမ်းပါ”
“တမလွန်ဘ၀ရှိတယ်လို့ မယုံကြည်နိုင်ပါ။ ကျွန်ုပ်မှာ အကြောင်းပြစရာ သုတေသနလုပ်ထားတာတွေ ရှိပါသေးတယ်”

မြို့စားကြီး၏ သုတေသန (၃)

ဤနေရာတွင် ပြောကြားသော မြို့စားကြီး၏စကားမှာ ရှေ့တွင် ဆိုခဲ့သောစကားနှင့် သိပ်မထူးခြားလှပါ။ ရှေ့စကားရပ်တွင် ကောင်းမှုကုသိုလ်များ လုပ်ဆောင်ပြီး သေသူသည် နတ်ပြည်သို့ ရောက်နိုင်သည်ဟု ဆိုသော်လည်း သူနတ်ပြည်ရောက်ကြောင်း သတင်းစကား ပြန်မပြောလာသည်ကို ပြောခဲ့သည်။ ဤတွင်ကား ကောင်းမှုကုသိုလ်များ လုပ်လျှင် အချို့ရဟန်းများက တာဝတိံသာနတ်ပြည်သို့ ရောက်သည်ဟု ဆိုသည်။ နတ်ပြည်ဟူသော သာမညစကားရပ်နှင့် တာဝတိံသာဟူသော ၀ိသေသစကားရပ်သာ ကွာခြားပါသည်။ ထုံးစံအတိုင်း ထို့ကြောင့် တမလွန်ဘ၀မရှိဟု ယူဆကြောင်း အရှင်ကုမာရကဿပကို ပြောခဲ့သည်။

အရှင်ကုမာရကဿပ၏ ဥပမာ (၄)

ယင်းသို့ ပြောကြားချက်ကို အရှင်ကုမာရကဿပက အောက်ပါအတိုင်း ဆက်လက်ရှင်းပြသည်။ ဆွေးနွေးချက်များက တဖြည်းဖြည်း လေးလေးနက်နက် ဖြစ်လာခဲ့သည်။

“မြို့စားကြီး… ဒီလိုဆိုရင် သင်နားလည်အောင် ပြောပြမယ်။ တာဝတိံသာနတ်ပြည်အကြောင်းကို သင် ဘယ်လောက် သိသလဲ”

“မသိပါဘူး”

“သင် မသိရင် ပြောပြမယ်။ တာဝတိံသာနတ်ပြည်ဆိုတာ အဲဒီမှာ ၁-ရက်က လူ့ပြည်သက်တမ်းနဲ့ဆိုရင် နှစ် ၁၀၀-ရှိတယ်။ အဲဒီတော့ တာဝတိံသာကို ရောက်သွားတဲ့သူဟာ ငါတော့ ၂-ရက်၊ ၃-ရက်လောက် နတ်စည်းစိမ်ခံစားလိုက်အုံးမယ်။ ပြီးမှ လူ့ပြည်က ပါယာသိမြို့စားကြီးဆီ သွားပြီး အကြောင်းကြားလိုက်မယ်လို့ စိတ်ကူးပြီး ၂-ရက်၊ ၃-ရက် စည်းစိမ်ခံစားပြီး သင့်ဆီ လာပြောလို့ ဖြစ်ပါ့မလား”

“မဖြစ်ပါဘူး။ သူ ၁-ရက်လောက် နတ်စည်းစိမ်ခံစားလိုက်ရင် ကျွန်ုပ်က သေလွန်ပြီး ဖြစ်နေပါလိမ့်မယ်”

“ဒီလို သိရင် တမလွန်ဘ၀မရှိဆိုတဲ့ အယူအဆကို စွန့်လွှတ်လိုက်ပါတော့”

“မစွန့်လွှတ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရှင်က တာဝတိံသာနတ်တွေရဲ့ ၁-ရက်က လူ့ပြည်သက်တမ်းနဲ့ နှစ် ၁၀၀-ရှိတယ်လို့ ပြောနေတယ်။ အဲဒါလို ရှိတယ်လို့ ဘယ်သူက ပြောတာလဲ။ သူများပြောတိုင်း မယုံတတ်ပါ။ လက်တွေ့ဖြစ်မှသာ ယုံပါမယ်”

အရှင်ကုမာရကဿပ၏ ဥပမာ (၅)

“အော် သင်က လက်တွေ့ပြမှ လက်တွေ့သိမှသာ အရှိတရားကို လက်ခံမယ်ဆိုတဲ့သဘောလား”

“ဟုတ်ပါတယ်… ကျွန်ုပ်က ကိုယ်တိုင် ယုံကြည်နိုင်လောက်တဲ့ အတွေ့အကြုံမျိုးရှိမှ လက်ခံတတ်ပါတယ်”

“ဒါဆိုရင် သင့်ကို ဥပမာတစ်ခု ပြောပြမယ်။ အမိဝမ်းထဲမှာကတည်းက ကန်းနေတဲ့ သူတစ်ယောက်ရှိတယ်ဆိုပါစို့။ သူဟာ လောကကြီးထဲရောက်လာတော့ အဖြူ၊ အနီ၊ အစိမ်း…စသည်ကို ဘာမှန်း မသိနိုင်တော့ဘူး။ မြင်နိုင်စွမ်းကလည်း သူ့မှာ မရှိဘူး။ တစ်နေ့တော့ တစ်ယောက်ယောက် ဒါက အနီရောင်၊ ဒါက အပြာရောင်လို့ လာပြောမယ်။ အဲဒီအချိန်မှာ သူက အနီဆိုတာ မရှိပါဘူး၊ အပြာဆိုတာ မရှိပါဘူးလို့ ပြောမယ်။ သင်လက်ခံမလား”

“လက်မခံပါဘူး။ အနီ..အပြာအရောင်တွေဟာ တကယ်ရှိနေတာပဲ”

“အေး…ဒီလိုဆိုရင် သင်ဟာ ၀မ်းတွင်းကန်းပဲ။ သင်ဟာ သင့်မျက်စိနဲ့ မမြင်ရတိုင်း မရှိဘူးလို့ ပြောနေတယ်။ ဒါဟာ ၀မ်းတွင်းကန်းသူနဲ့ ဘာမှ မထူးခြားဘူး။ နတ်ပြည်ဗြဟ္မာ့ပြည်ဆိုတာတွေဟာ မံသစက္ခုဆိုတဲ့ သာမန်မျက်စိနဲ့ မြင်ရတာတွေ မဟုတ်ဘူး။ ထိုက်သင့်တဲ့ အကျင့်တွေကို ကျင့်ပြီး ဒိဗ္ဗစက္ခုလို့ဆိုတဲ့ အရာအားလုံးကို အတားအဆီးမရှိ မြင်နိုင်တဲ့ မျက်စိနဲ့မှသာ တွေ့မြင်နိုင်တာ ဖြစ်တယ်။ သင်ဟာ ၀မ်းတွင်းကန်းလို မပြောပါနဲ့လား။ သင့်အယူအဆကို ပြောင်းလိုက်ပါတော့”

တမလွန်ဘ၀ပြဿနာစကားဝိုင်းက အနည်းငယ် ပြင်းပြင်းထန်ထန် ဖြစ်လာခဲ့သည်။ အရှင်ကုမာရကဿပကလည်း စကားလုံးခပ်ပြင်းပြင်းများဖြင့် ဥပမာများ တန်ဆာဆင်ကာ ပြောသည်။ မြို့စားကြီးကလည်း အားမနာတမ်း တုန့်ပြန်ပြောဆိုသည်။ အရှင်ကုမာရက အထက်ပါအတိုင်း ပြောကြားသည့်အခါ မြို့စားကြီးက အောက်ပါအတိုင်း ဆက်လက် ချေပသည်။

မြို့စားကြီး၏ ချေပချက်

“အရှင်က ဒီလိုပြောရင် ကျွန်ုပ်ကလည်း ပြောစရာ ရှိပါတယ်။ အရှင်တို့ ရဟန်းတွေ အကျင့်သီလတွေကို စောင့်ထိန်းကြတယ်။ ကောင်းမှုတွေ အများကြီး ပြုကြတယ်။ သေလို့ ရှိရင် ဒီဘ၀ထက် အစစအရာရာ သာလွန်တဲ့ နတ်ပြည်ဗြဟ္မာ့ပြည်ကို ရောက်နိုင်တယ်ပေါ့။ အဲဒီလို ရောက်ပြီး နတ်စည်းစိမ်ဗြဟ္မာမင်းစည်းစိမ်တွေ ခံစားလို့ ရတယ်ပေါ့။ ဒီလို ပိုမိုကောင်းမြတ်တဲ့ နတ်စည်းစိမ်ဗြဟ္မာ့စည်းစိမ်တွေ ခံစားရမယ်မှန်း ကျိန်းသေ သိတယ်ဆိုရင် ကိုယ့်ကိုကိုယ် သတ်သေလိုက်ကြပါလား။ အရှင်တို့ ဒီလောက် သေချာနေမှတော့ လူ့ဘ၀ရဲ့ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားနေရတာတွေကို စွန့်လိုက်ကြပါလား၊ မသေချာလို့ ကိုယ်ကိုကိုယ် သတ်မသေရဲကြတာပေါ့။ ကိုယ့်ကိုကိုယ် သတ်သေတယ်ဆိုတာ လွယ်လွယ်လေးပါ။ အဆိပ်သောက်ပြီးလည်း သေနိုင်တယ်။ ဓားနဲ့ကိုယ့်ကိုကိုယ် ခုတ်ပြီးတော့လည်း သေနိုင်တယ်၊ ကြိုးဆွဲချပြီးလည်း သေနိုင်တယ်။ ချောက်ကမ်းပါးကနေ ခုန်ချပြီးတော့လည်း သေနိုင်တာပဲ။ အခု အရှင်တို့ သမဏတွေထဲက ဘယ်သူတွေ အဲဒီလို သတ်မသေကြတာလဲ။ နတ်ပြည်ဗြဟ္မာ့ပြည်ရောက် မရောက် သေသေချာချာ မသိလို့သာ မသေကြတာပေါ့။ ဒါကြောင့်ပဲ ကျွန်ုပ်က တမလွန်ဘ၀ဆိုတာ မရှိဘူးလို့ ယုံကြည်နေတာပါ”

မြို့စားကြီး၏ ဤသို့သော ပြောဆိုချက်နှင့် ခပ်ဆင်ဆင် စကားမျိုးကို ရှရှားစာရေးဆရာကြီး လီယိုတော်လ်စတွိုင်းလ်ကလည်း ပြောဆိုဖူးလေသည်။ သူက “ဂေါတမဗုဒ္ဓဟာ လောကကြီးဟာ ဒုက္ခသစ္စာအတုံးအခဲကြီးလို့လည်း ပြောသေးတယ်။ ကိုယ့်ကိုကိုယ်ကျတော့ သတ်မသေဘူး”ဟု ဆိုသည်။ သူ့စကားအတိုင်းပင် တော်လ်စတွိုင်းသည် နောင်အခါ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့လေသည်။

အရှင်ကုမာရကဿပ၏ ဥပမာ (၆)

“သင်က ဒီပြောတော့ ဥပမာတစ်ခု ထပ်ပြောရတာပေါ့။ ယောက်ျားတစ်ဦးမှာ မယား ၂-ယောက်ရှိတယ်။ မယားတစ်ယောက်မှာက ၁၀-နှစ်၊ ၁၂-နှစ်အရွယ် သားတစ်ယောက်ရှိတယ်။ နောက်မယားတစ်ယောက်မှာက ကိုယ်ဝန်လွယ်ထားရတယ်။ တစ်နေ့မှာ သားလေးက အမွေပေးဖို့ ပြောလာတယ်။ သားလေးကို အမွေပေးလိုက်ရင် ကိုယ်ဝန်သည်မိခင်မှာ ဘာခံစားခွင့်မှ မရှိတော့ဘူး။ သားရဲ့ မိခင်တစ်ယောက်ပဲ ခံစားခွင့်ရှိတယ်။ အဲဒီတော့ ကိုယ်ဝန်သည်မိခင်က -သူ ကလေးမွေးပြီးတဲ့အထိ စောင့်ပါအုံး၊ သားလေးမွေးရင် အမွေကို တစ်ယောက်တစ်ဝက်စီ ခွဲယူရမယ်။ သမီးမွေးခဲ့ရင် သားလေးရဲ့ အခိုင်းအစေအဖြစ် ပေးမယ်-လို့ ဆိုပါတယ်။ ဒါပေမယ့် သားဖြစ်သူက အမွေကို အခုပဲ ပေးဖို့ အတင်းပြောနေတယ်။ ဒါနဲ့ ကိုယ်ဝန်သည်မိခင်ဟာ ဓားနဲ့မိမိဗိုက်ကို ခွဲပြီးတော့ သားလေးလား၊ သမီးလေးလား ကြည့်တယ်။ ဒါပေမယ့် မွေးဖွားချိန်ကို မစောင့်နိုင်ဘဲ ဒီလိုလုပ်လိုက်တော့ ဒီဓားဒဏ်ရာနဲ့ပဲ သေဆုံးသွားရတယ်”

“တော်တော်အသိဉာဏ်မရှိတဲ့ အမျိုးသမီးလို့ ဆိုရမှာပေါ့”

“ဟုတ်တယ်။ အသိဉာဏ်မရှိတဲ့ အမျိုးသမီးပဲ။ ဒါပေမယ့် ငါတို့ ရဟန်းတွေဟာ နောက်ဘ၀မှာ ဒီထက်ပိုမိုကောင်းမွန်တဲ့အခြေအနေရှိနေတာကို သိပေမယ့် အချိန်အခါကို သိလို့ ကိုယ့်ကိုကိုယ် သတ်မသေကြဘူး။ မိမိတို့ ရရှိထားတဲ့ အသိဉာဏ်ပညာနဲ့ လူ့လောကကောင်းကျိုးတွေ အများကြီး သယ်ပိုးပေးတယ်။ အချိန်အခါစေ့လို့ (သေချိန်တန်လို့) သေရတဲ့အခြေအနေ၊ အချိန်အခါအထိ စောင့်ကြတယ်။ ဒါကြောင့် သတ်မသေကြတာပါ။ အခုတော့ သင်က အချိန်မစေ့သေးဘဲ ဗိုက်ခွဲတဲ့ အမျိုးသမီးလိုပဲ မိုက်မဲတဲ့အတွေးမျိုးကို တွေးနေတယ်။ မြို့စားကြီး သင့်အယူအဆကို ပြောင်းလိုက်ပါတော့”

အရှင်ကုမာရကဿပက ထိုကဲ့သို့ ပြောသော်လည်း မြို့စားကြီး ပါယာသိမှာ နည်းနည်းမှ ဖြုံပုံမရဘဲ သူစမ်းသပ်ခဲ့သော သုတေသနများကို ဆက်လက်ပြောကြားခဲ့လေသည်။

ဆက်လက်ဖော်ပြပါမည်.....

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

Read more...

မောရသုတ် (Video)

Saturday, September 04th, 2010 | Author: admin

Read more...

ပဋိစ္စသမုပ္ပါဒ် အမေး-အဖြေ (ပဋိစ္စသမုပ္ပါဒ်အရသာ-ညောင်လေးပင်တောရဆရာတော်)

လွယ်ကူသော မေးခွန်းများ

(၁) မေး - ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ အဘယ်မျှ ရှိသနည်း၊ ကာလ အဘယ်မျှ ရှိသနည်း၊ ဝဋ် အဘယ်မျှ ရှိသနည်း၊ ခြင်းရာ အဘယ်မျှ ရှိသနည်း၊ အစပ် အဘယ်မျှ ရှိသနည်း၊ အလွှာ အဘယ်မျှ ရှိသနည်း၊ မူလ အဘယ်မျှ ရှိသနည်း။

ဖြေ - ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ ၁၂-ပါး၊ ကာလ ၃-ပါး၊ ဝဋ် ၃-ပါး၊ ခြင်းရာ ၂၀၊ အစပ် ၃-ပါး၊ အလွှာ ၄-ပါး၊ မူလ ၂-ပါး ရှိပါသည်။

(၂) မေး - အင်္ဂါ ၁၂-ပါးကို ရေပြပါ။
ဖြေ - အင်္ဂါ ၁၂-ပါးမှာ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ ဇာတိ၊ ဇရာ-မရဏ တို့ ဖြစ်ပါသည်။

မေး - ကာလသုံးပါး ရေပြပါ။
ဖြေ - ကာလသုံးပါးမှာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဟူ၍ သုံးပါး ဖြစ်ပါသည်။

မေး - အတိတ်ကာလ အင်္ဂါ ၂-ပါးကို ရေပြပါ။
ဖြေ - အတိတ်ကာလ အင်္ဂါ ၂-ပါးမှာ အဝိဇ္ဇာနှင့် သင်္ခါရတို့ ဖြစ်ပါသည်။

မေး - အနာဂတ်ကာလ အင်္ဂါ ၂-ပါး ရေပြပါ။
ဖြေ - အနာဂတ်ကာလ အင်္ဂါ ၂-ပါးမှာ ဇာတိနှင့် ဇရာ-မရဏတို့ ဖြစ်ပါသည်။

မေး - ပစ္စုပ္ပန်ကာလ အင်္ဂါ ၈-ပါး ရေပြပါ။
ဖြေ - ပစ္စုပ္ပန်ကာလ အင်္ဂါ ၈-ပါးမှာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝတို့ ဖြစ်ပါသည်။

မေး - ဝဋ်သုံးပါး ရေပြပါ။
ဖြေ - ဝဋ်သုံးပါးမှာ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်တို့ ဖြစ်ပါသည်။

မေး - ကိလေသဝဋ်သုံးပါး ရေပြပါ။
ဖြေ - ကိလေသဝဋ်သုံးပါးမှာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ ဖြစ်ပါသည်။

မေး - ကမ္မဝဋ်နှစ်ပါး ရေပြပါ။
ဖြေ - ကမ္မဝဋ်နှစ်ပါးမှာ သင်္ခါရနှင့် ကမ္မဘဝတို့ ဖြစ်ပါသည်။

မေး - ဝိပါကဝဋ်ရှစ်ပါး ရေပြပါ။
ဖြေ - ဝိပါကဝဋ်ရှစ်ပါးမှာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဥပပတ္တိဘဝ၊ ဇာတိ၊ ဇရာ-မရဏတို့ ဖြစ်ပါသည်။

(၃) မေး - အဝိဇ္ဇာ, သင်္ခါရကို ယူလျှင် အဘယ်ကို ယူရသနည်း။ တဏှာ, ဥပါဒါန်, ဘဝကိုယူလျှင် အဘယ်ကို ယူရသနည်း။ ဇာတိ, ဇရာမရဏကို ယူလျှင် အဘယ်ကို ယူခြင်း ဖြစ်သနည်း။
ဖြေ - အဝိဇ္ဇာ, သင်္ခါရကို ယူလျှင် လွန်လေပြီးသော အတိတ်အကြောင်းကို ယူရ၏။ တဏှာ, ဥပါဒါန်, ဘဝကို ယူလျှင် ယခုဖြစ်ဆဲ ပစ္စုပ္ပန်အကြောင်းကို ယူရ၏။ ဇာတိ, ဇရာမရဏကို ယူလျှင် နောင်ဖြစ်လတံ့ အနာဂတ်အကျိုးကို ယူခြင်း ဖြစ်၏။

(၄) မေး - ခြင်းရာနှစ်ဆယ်ကို ရေပြပါ။
ဖြေ - ခြင်းရာနှစ်ဆယ်မှာ အတိတ်အကြောင်းငါးပါး၊ ပစ္စုပ္ပန်အကျိုးငါးပါး၊ ပစ္စုပ္ပန်အကြောင်းငါးပါး၊ အနာဂတ်အကျိုးငါးပါး ဖြစ်ပါသည်။

(၅) မေး - အစပ်သုံးပါး ရေပြပါ။
ဖြေ - အစပ်သုံးပါးမှာ သင်္ခါရနှင့်ဝိညာဏ်အကြား တစ်စပ်၊ ဝေဒနာနှင့်တဏှာအကြား တစ်စပ်၊ ဘဝနှင့်ဇာတိအကြား တစ်စပ်တို့ ဖြစ်ပါသည်။

(၆) မေး - အဝိဇ္ဇာမူလသည် အဘယ်အထိ ဆောင်သနည်း။
ဖြေ - အဝိဇ္ဇာမူလသည် ဝေဒနာအထိ ဆောင်ပါသည်။

(၇) မေး - အဝိဇ္ဇာမူလဆောင်ရာ၌ အင်္ဂါ, ကာလ, ဝဋ်, ခြင်းရာ, အစပ်, အလွှာ, မူလ အဘယ်မျှ ရှိသနည်း။
ဖြေ - အဝိဇ္ဇာမူလဆောင်ရာ၌ အင်္ဂါ ၇-ပါး၊ ကာလ ၂-ပါး၊ ဝဋ် ၃-ပါး၊ ခြင်းရာ ၁၀-ပါး၊ အစပ် တစ်ပါး၊ အလွှာ ၂-ပါး၊ မူလ တစ်ပါး ရှိပါသည်။

(၈) မေး - တဏှာမူလသည် အဘယ်အထိ ဆောင်သနည်း။
ဖြေ - တဏှာမူလသည် ဇရာမရဏအထိ ဆောင်ပါသည်။

(၉) မေး - တဏှာမူလ ဆောင်ရာ၌ အင်္ဂါ, ကာလ, ဝဋ်, ခြင်းရာ, အစပ်, အလွှာ, မူလ အဘယ်မျှ ရှိသနည်း
ဖြေ - တဏှာမူလ ဆောင်ရာ၌ အင်္ဂါ ၅-ပါး၊ ကာလ ၂-ပါး၊ ဝဋ် ၃-ပါး၊ ခြင်းရာ ၁၀-ပါး၊ အစပ် တစ်ပါး၊ အလွှာ ၂-ပါး၊ မူလ တစ်ပါး ရှိပါသည်။

+++++

အားထုတ်၍ လေ့လာရန် မေးခွန်းများ

(၁) မေး - ဇရာ-မရဏသည် အင်္ဂါတစ်ပါးဟု ဆို၏။ နှစ်ပါး မဟုတ်လော၊ အဘယ့်ကြောင့် တစ်ပါးဟု ဆိုသနည်း။
ဖြေ - ဇရာ-မရဏသည် မိမိသဘောအားဖြင့် ရင့်ခြင်းနှင့် ပျက်ခြင်း နှစ်ပါး ဖြစ်ပါသည်။ သို့ရာတွင် အင်္ဂါအားဖြင့် တပေါင်းတည်း ပြု၍ ဟောပါသည်။ ထို့ကြောင့် အင်္ဂါတစ်ပါးဟု ဆိုရပါသည်။

(၂) မေး - ‘ကိ-သုံး’၊ ‘ကံ-နှစ်’၊ ‘ဝိပါက်-ရှစ်’ကို ဆယ့်နှစ်ဖြစ်အောင် ပေါင်းပြပါ။
ဖြေ - ‘ကိ-သုံး’ဟူသည် ကိလေသဝဋ် သုံးပါးဖြစ်၍ သုံးပါးလုံး ကျပ်ပြည့် ဖြစ်ပါသည်။ ‘ကံ-နှစ်’ကား ကမ္မဝဋ်နှစ်ပါး ကျပ်ပြည့် မဟုတ်ပါ။ တစ်ပါးခွဲသာ ရှိပါသည်။ (ဝါ) တစ်ကျပ်ခွဲသာ ရှိပါသည်။ ‘ဝိပါက်-ရှစ်’ကား ဝိပါကဝဋ်ရှစ်ပါး ကျပ်ပြည့် မဟုတ်ပါ။ ခုနစ်ပါးခွဲ (ဝါ) ခုနစ်ကျပ်ခွဲသာ ရှိပါသည်။ ထို့ကြောင့် ကိလေသဝဋ်သုံးကျပ်၊ ကမ္မဝဋ်တစ်ကျပ်ခွဲ၊ ဝိပါကဝဋ်ခုနစ်ကျပ်ခွဲ ဖြစ်၍ ပေါင်း ၁၂-ကျပ် (ဝါ) ၁၂-ပါး ဖြစ်ပါသည်။

(၃) မေး - ကမ္မဘဝနှင့် ဥပပတ္တိဘဝ ထူးပုံ အကျဉ်းဖော်ပြပါ။
ဖြေ - ကမ္မဘဝသည် အကြောင်းကမ္မဝဋ်၊ ဥပပတ္တိဘဝသည် အကျိုးဝိပါကဝဋ်။ ဤသို့ အကြောင်း-အကျိုး ထူးပါသည်။

(၄) မေး - ဘဝနှစ်ပါး ကြောင်းကျိုးထူးပုံ သိသာအောင် ဖော်ပြပါ။
ဖြေ - ကမ္မဘဝသည် ယခုဘဝအားထုတ်သော ကံဖြစ်၍ နောက်ဘဝပဋိသန္ဓေကို ဖြစ်စေ၏။ ဥပပတ္တိဘဝသည် ထိုအကြောင်းကံကြောင့် နောက်ဘဝ၌ အကျိုးပဋိသန္ဓေနာမ်ရုပ်ဖြစ်၍ ဖြစ်၏။ ဤသို့ ဖြစ်စေသော ကံနှင့် ဖြစ်သော အကျိုးဟု ထူးပါသည်။

(၅) မေး - အဝိဇ္ဇာ, သင်္ခါရကို ယူလျှင် အဘယ့်ကြောင့် တဏှာ, ဥပါဒါန်, ဘဝကိုလည်း ယူရသနည်း။
ဖြေ - အဝိဇ္ဇာ, သင်္ခါရနှင့် တဏှာ, ဥပါဒါန်, ဘဝသည် အတူဖြစ်ဖက် ဖြစ်သောကြောင့် ယူရပါသည်။ တနည်းကား - ကိလေသာချင်းတူ, ကံချင်းတူသောကြောင့် တစ်ခုကို ယူလျှင် တစ်ခုကိုလည်း ယူရပါသည်။

(၆) မေး - ကိလေသာချင်း တူပုံကို ဖော်ပြပါ။
ဖြေ - အဝိဇ္ဇာလည်း ကိလေသာ၊ တဏှာ, ဥပါဒါန်လည်း ကိလေသာ၊ ကိလေသာချင်း အတူတူ ကိလေသဝဋ်သုံးပါး ဖြစ်ပါသည်။

(၇) မေး - ကံချင်း တူပုံကို ဖော်ပြပါ။
ဖြေ - သင်္ခါရလည်း ကံ၊ ကမ္မဘဝလည်း ကံ၊ ကံချင်းအတူတူ ကမ္မဝဋ်နှစ်ပါး ဖြစ်ပါသည်။

(၈) မေး - ဇာတိ, ဇရာမရဏကို ယူလျှင် အဘယ်ကြောင့် ဝိညာဏ်စသော ငါးပါးကို ယူခြင်း ဖြစ်သနည်း။
ဖြေ - ဂုဏ်နှင့်ဒြပ်ဖြစ်၍ ခွဲ၍ မရပါ။ တနည်းကား-ဌာနီနှင့် ဌာနဖြစ်၍ ခွဲ၍ မရပါ။ တနည်း-ဝိပါက်ချင်း တူ၍ ခွဲ၍ မရပါ။ ထိုသို့ ခွဲ၍ မရသောကြောင့် ယူခြင်း ဖြစ်ပါသည်။

(၉) မေး - ဂုဏ်နှင့်ဒြပ် ဖြစ်ပုံကို ခွဲပြပါ။
ဖြေ - ဇာတိ, ဇရာမရဏသည် ဝိညာဏ်စသော ငါးပါး၏ ဂုဏ်ဖြစ်ပါသည်။ ဝိညာဏ်စသော ငါးပါးသည် ဇာတိဂုဏ်, ဇရာမရဏဂုဏ်နှစ်ပါး၏ တည်ရာဒြပ် ဖြစ်ပါသည်။

(၁၀) မေး - ဌာနီနှင့် ဌာနဖြစ်ပုံကို ခွဲပြပါ။
ဖြေ - ဇာတိ, ဇရာမရဏသည် ဝိညာဏ်စသော ငါးပါး၌ တည်တတ်သော ဌာနီဖြစ်ပါသည်။ ဝိညာဏ်စသော ငါးပါးသည် ဇာတိ, ဇရာမရဏ၏ တည်ရာဌာန ဖြစ်ပါသည်။

(၁၁) မေး - ဝိပါက်ချင်း တူပုံမျှ ဖော်ပြပါ။
ဖြေ - ဝိညာဏ်စသော ငါးပါးလည်း ဝိပါက်၊ ဇာတိ, ဇရာမရဏလည်း ဝိပါက်၊ ဝိပါက်ချင်း အတူတူ ဝိပါကဝဋ်ရှစ်ပါး၌ ပါဝင်ပါသည်။

(၁၂) မေး - ဘဝနှစ်ပါးတို့တွင် ကမ္မဘဝကို အဘယ်ခြင်းရာ၌ တိုက်ရိုက် ယူသနည်း။
ဖြေ - ကမ္မဘဝကို အတိတ်အကြောင်း၊ ပစ္စုပ္ပန်အကြောင်းတို့၌ တိုက်ရိုက် ယူပါသည်။

(၁၃) မေး - ဥပပတ္တိဘဝကို အဘယ်ခြင်းရာ၌ တိုက်ရိုက် ယူသနည်း။
ဖြေ - ဥပပတ္တိဘဝကို အဘယ်ခြင်းရာမှာမှ တိုက်ရိုက် မယူပါ။ အနာဂတ်အကျိုး ဇာတိ၌သာ ပါဝင်ပါသည်။

(၁၄) မေး - သင်္ခါရနှင့် ဝိညာဏ်အကြားသည် အဘယ်နှင့် အဘယ် စပ်သည်ဟု သုံးနည်းလောက် စပ်ပြပါ။
ဖြေ - သင်္ခါရနှင့် ဝိညာဏ်အကြားသည် အတိတ်နှင့် ပစ္စုပ္ပန် စပ်သည်၊ အကြောင်းနှင့် အကျိုး စပ်သည်၊ အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုး စပ်သည်၊ သုံးနည်း။

(၁၅) မေး - ဝေဒနာနှင့် တဏှာအကြားသည် အဘယ်နှင့် အဘယ် စပ်သည်ဟု သုံးနည်းလောက် စပ်ပြပါ။
ဖြေ - ဝေဒနာနှင့် တဏှာအကြားသည် ပစ္စုပ္ပန်နှင့် ပစ္စုပ္ပန် စပ်သည်၊ အကျိုးနှင့် အကြောင်း စပ်သည်၊ ပစ္စုပ္ပန်အကျိုးနှင့် ပစ္စုပ္ပန်အကြောင်း စပ်သည်၊ သုံးနည်း။

(၁၆) မေး - အလွှာလေးပါးတို့တွင် ပဌမအလွှာကို နှစ်ပါးဟူ၍လည်းကောင်း၊ ငါးပါးဟူ၍လည်းကောင်း နှစ်နည်းဆိုသည်။ အဘယ်ပုံ ယူသနည်း။
ဖြေ - ပဌမအလွှာကို အင်္ဂါ ၁၂-ပါးအားဖြင့် ယူလျှင် နှစ်ပါး၊ ခြင်းရာ ၂၀ အားဖြင့် ယူလျှင် ငါးပါးဟု ဆိုရပါသည်။

(၁၇) မေး - အဝိဇ္ဇာ, သင်္ခါရကို မြင်ရလျှင် အတူဖြစ်ဖက် တဏှာ, ဥပါဒါန်, ဘဝလည်း ပုန်းလျက် အနီး၌ ရှိပုံကို ဥပမာဆောင်ပြပါ။
ဖြေ - ကျပ်ပြား၌ ခေါင်းကို မြင်ရလျှင် တစ်ဘက်၌ မမြင်ရသော်လည်း ပန်းရှိသည်ဟူ၍လည်းကောင်း၊ ပန်းကို မြင်ရလျှင်လည်း တစ်ဘက်၌ ခေါင်းရှိသည်ဟူ၍လည်းကောင်း ရိပ်မိရပါသည်။ ထို့အတူ အဝိဇ္ဇာ, သင်္ခါရကို မြင်ရလျှင် အတူဖြစ်ဖက် တဏှာ, ဥပါဒါန်, ဘဝကိုလည်း အနီး၌ ပုန်းနေသည်ဟု ရိပ်မိရပါသည်။

(၁၈) မေး - ဇာတိ, ဇရာမရဏဟူသော ဂုဏ်နှစ်ပါးကို ယူလျှင် ဝိညာဏ် စသော ဒြဗ်ငါးပါးကိုလည်း ယူခြင်းသာ ဖြစ်၏။ ငါးပါးဟု ဆို၏။ ဂုဏ်နှစ်ပါးနှင့် ဒြဗ်ငါးပါးကို ပေါင်းလျှင် ခုနစ်ဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ငါးပါးဖြစ်သနည်း။
ဖြေ - ဂုဏ်အင်္ဂါနှစ်ပါးနှင့် ဒြဗ်အင်္ဂါငါးပါးကို ပေါင်းလျှင် အင်္ဂါအရေအတွက်အားဖြင့်သာ ခုနစ်ပါး ဖြစ်ပါသည်။ ဒြဗ်အားဖြင့်ကား ငါးပါးသာ ဖြစ်ပါသည်။ ဂုဏ်အားဖြင့်ကား နှစ်ပါးသာ ဖြစ်ပါသည်။ သည်နေရာမှာ ဒြဗ်ကို ရည်၍ ငါးပါးဖြစ်ပါသည်။

(၁၉) မေး - ဂုဏ်နှစ်ပါးနှင့် ဒြဗ်ငါးပါး ပေါင်းရာ၌ ၇-ပါးဖြစ်ပုံ၊ ၅-ပါးဖြစ်ပုံ၊ ၂-ပါးဖြစ်ပုံကို ဥပမာဆောင်ပြပါ။
ဖြေ - ဖြူဖြူ, ဝဝ ဂုဏ်နှစ်ပါးရှိသော လူငါးယောက်ဟု ဆိုရာ၌ ဂုဏ်,ဒြဗ်ကို မငဲ့ဘဲ ‘နှစ်’သင်္ချာနှင့် ‘ငါး’သင်္ချာ ပေါင်းလျှင်သာ ‘၇’ ဖြစ်ပါသည်။ လူအရေအတွက်ကား ၅-ယောက်သာ ဖြစ်ပါသည်။ ဂုဏ်အားဖြင့် ‘ဖြူဖြူ’ ‘ဝဝ’ ဂုဏ်နှစ်ပါးသာ ဖြစ်ပါသည်။ ထို့အတူ ဖြစ်ခြင်းဂုဏ်၊ ရင့်၍ပျက်ခြင်း ဂုဏ်နှစ်ပါးရှိသော ဝိညာဏ်စသော ဒြဗ်ငါးပါး၌လည်း သင်္ချာသာ ၇-ခု၊ ဒြဗ်ကား ၅-ယောက်၊ ဂုဏ်ကား နှစ်ပါးသာ ဖြစ်ပါသည်။

(၂၀) မေး - ဂုဏ်ကို ယူလျှင် ဒြဗ်ကိုလည်း ရသည်၊ ဒြဗ်ကို ယူလျှင် ဂုဏ်ကိုလည်း ရသည်ဟု ဆိုရာ၌ ဥပမာဆောင်ပြပါ။
ဖြေ - အညှာရှိသော သစ်သီး၌ အညှာကို ယူလျှင် သစ်သီးကိုလည်း ရပါသည်။ သစ်သီးကို ယူလျှင် အညှာကိုလည်း ရပါသည်။ ထို့အတူ ဂုဏ်နှစ်ပါးရှိသော ဒြဗ်ငါးပါး၌ ဂုဏ်ကို ယူလျှင် ဒြဗ်ကိုလည်း ရပါသည်။ ဒြဗ်ကို ယူလျှင် ဂုဏ်ကိုလည်း ရပါသည်။ [ဖြူဖြူ, ဝဝတို့ လာကြဟု ခေါ်လျှင် ငါးယောက် လာကြပါသည်။ ငါးယောက်လာကြဟု ခေါ်လျှင် ဖြူဖြူ, ဝဝတို့ လာကြပါသည်။ ထို့အတူ ဟူ၍လည်း ဖြေအပ်၏။]

(၂၁) မေး - အဝိဇ္ဇာ, သင်္ခါရကို ယူလျှင် တဏှာ, ဥပါဒါန်, ဘဝကိုလည်း ယူရသည်။ ငါးပါးဟု ဆိုရာ၌ အဘယ့်ကြောင့် ငါးပါးဖြစ်သနည်း။ နှစ်ပါး, သုံးပါး တစ်ခုခု မဖြစ်ပြီလော။
ဖြေ - အဝိဇ္ဇာ, သင်္ခါရကာ ဒြဗ်နှစ်ပါး။ တဏှာ, ဥပါဒါန်, ဘဝကား ဒြဗ်သုံးပါး။ ဤသို့ ဒြဗ်နှစ်ပါးနှင့် ဒြဗ်သုံးပါး ဖြစ်၍ ဖြစ်ချင်းပေါင်းသောကြောင့် ဒြဗ်ငါးပါး ဖြစ်ပါသည်။ နှစ်ပါး, သုံးပါး တစ်ခုခု မဖြစ်ကောင်းပါ။

(၂၂) မေး - ဝဋ်သုံးပါးကို အကြောင်းဝဋ် အကျိုးဝဋ် ခွဲပြပါ။
ဖြေ - ကိလေသဝဋ်, ကမ္မဝဋ်သည် အကြောင်းဝဋ်၊ ဝိပါကဝဋ်သည် အကျိုးဝဋ်ဖြစ်ပါသည်။

(၂၃) မေး - အကြောင်းဝဋ်အဘယ်မျှ အကျိုးဝဋ်အဘယ်မျှ ရှိသနည်း။
ဖြေ - အတိတ်အကြောင်းငါးပါး၊ ပစ္စုပ္ပန်အကြောင်းငါးပါးအားဖြင့် အကြောင်းဝဋ်ဆယ်ပါး ရှိပါသည်။ ပစ္စုပ္ပန်အကျိုးငါးပါး၊ အနာဂတ်အကျိုးငါးပါးအားဖြင့် အကျိုးဝဋ်ဆယ်ပါး ရှိပါသည်။

(၂၄) မေး - သတ္တဝါတို့အား ရှေးဘဝ နောက်ဘဝရှိပုံကို အဘယ်ကို ထောက်ဆ၍ သိနိုင်သနည်း။
ဖြေ - ပုဗ္ဗန္တဘဝစက်၊ အပရန္တဘဝစက် နှစ်ပါးကို ထောက်ဆ၍ သိနိုင်ပါသည်။

(၂၅) မေး - ပုဗ္ဗန္တဘဝစက်၊ အပရန္တဘဝစက်ဟူသော စကား၏ အဓိပ္ပာယ်ကို ရှင်းပြပါ။
ဖြေ - ရှေးအစွန်း ရှေးအစ ရှေးဘဝမှ လည်လာသော စက်ဝိုင်းသည် ပုဗ္ဗန္တဘဝစက် မည်၏။ နောက်အစွန်း နောက်အစ နောက်ဘဝသို့ လည်သွားသော စက်ဝိုင်းသည် အပရန္တဘဝစက် မည်၏။

(၂၆) မေး - အဝိဇ္ဇာကို အဘယ့်ကြောင့် အစစွာ ဟောသနည်း။
ဖြေ - ပဓာနခေါင်းဆောင်ကြီး ဖြစ်သောကြောင့် အဝိဇ္ဇာကို အစစွာ ဟောပါသည်။

(၂၇) မေး - ပဓာနခေါင်းဆောင်ကြီးဖြစ်ပုံကို ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာသည် ဒုဂ္ဂတိဘဝသို့ ရောက်ကြောင်း အကုသိုလ်ကံ၏ ခေါင်းဆောင်၊ တဏှာသည် သုဂတိဘဝသို့ ရောက်ကြောင်း ကုသိုလ်ကံ၏ ခေါင်းဆောင် အသီးသီးဖြစ်လျက် အဝိဇ္ဇာသည် တဏှာ၏ ဖြစ်ကြောင်း ခေါင်းဆောင်လည်း ဖြစ်သေးသည်။ ဤသို့ အဝိဇ္ဇာသည် ပဓာနခေါင်းဆောင်ကြီး ဖြစ်ပါသည်။

(၂၈) မေး - နက်ယောင်ပြင်းထန် နက်နဲမှန်ပုံကို ရေလေးမျိုးဖြင့် ရှင်းပြပါ။
ဖြေ - ဖက်ပုပ်အိုင်ရေသည် တိမ်သော်လည်း နက်ယောင် ထင်သည်။ ကြည်လင်သော စမ်းအိုင်ရေသည် နက်သော်လည်း တိမ်ယောင် ထင်သည်။ အိုးခွက်၌ ရေသည် တိမ်လျက် တိမ်ယောင် ထင်သည်။ သမုဒ္ဒရာရေသည် နက်လျက် နက်ယောင် ထင်သည်။ ဤသို့ ရေလေးမျိုး ရှိ၏။ ပဋိစ္စသမုပ္ပါဒ်ကား နက်လျက် နက်ယောင် ထင်သည်။ တစ်မျိုးတည်းသာ ရှိသည်။ လေးမျိုး မရကောင်းပါ။

(၂၉) မေး - ရှစ်ဌာန၌ တွေဝေသော မောဟဟုဆိုရာ၌ ရှစ်ဌာနကို ရေပြပါ။
ဖြေ - ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ၊ ပုဗ္ဗန္တ၊ အပရန္တ၊ ပုဗ္ဗန္တာပရန္တ၊ ပဋိစ္စသမုပ္ပါဒ်၊ ဤကား တွေဝေရာ ရှစ်ဌာနဖြစ်ပါသည်။

(၃၀) မေး - ဒုက္ခသစ္စာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ၃၁-ဘုံ ခန္ဓာ နာမ် ရုပ် ဒုက္ခကို သုခဟု မှတ်ထင်ခြင်းသည် ဒုက္ခသစ္စာ၌ တွေဝေခြင်း မည်ပါသည်။

(၃၁) မေး - သမုဒယသစ္စာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ဒုက္ခ နာမ်ရုပ်ဖြစ်ကြောင်း တဏှာဟူသော လောဘကို သုခဖြစ်ကြောင်းဟု မှတ်ထင်ခြင်းသည် သမုဒယသစ္စာ၌ တွေဝေခြင်း မည်ပါသည်။

(၃၂) မေး - နိရောဓသစ္စာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ဒုက္ခမကင်းသော ဘုံဘဝတစ်ခုခုကို ဒုက္ခကင်းရာ နိဗ္ဗာန်ဟု မှတ်ထင်ခြင်းသည် နိရောဓသစ္စာ၌ တွေဝေခြင်း မည်ပါသည်။

(၃၃) မေး - မဂ္ဂသစ္စာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - မဂ္ဂင်ရှစ်ပါးမှ တပါးသော အကျင့်ကို နိဗ္ဗာန်ရောက်ကြောင်း အကျင့်ဟု မှတ်ထင်ခြင်းသည် မဂ္ဂသစ္စာ၌ တွေဝေခြင်း မည်ပါသည်။

(၃၄) မေး - ပုဗ္ဗန္တ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - သံသရာ၏ ရှေးအစွန်းဖြစ်သော အတိတ်ဘဝ အတိတ်ခန္ဓာရှိသည်ဟု မသိခြင်းသည် ပုဗ္ဗန္တ၌ တွေဝေခြင်း မည်ပါသည်။

(၃၅) မေး - အပရန္တ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - သံသရာ၏ နောက်အစွန်းဖြစ်သော အနာဂတ်ဘဝ အနာဂတ်ခန္ဓာရှိသည်ဟု မသိခြင်းသည် အပရန္တ၌ တွေဝေခြင်း မည်ပါသည်။

(၃၆) မေး - ပုဗ္ဗန္တာပရန္တ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - သံသရာ၏ ရှေးအစွန်း အတိတ်ဘဝ ခန္ဓာကိုလည်းကောင်း၊ နောက်အစွန်း အနာဂတ်ဘဝ ခန္ဓာကိုလည်းကောင်း နှစ်ခုလုံး၌ ရှိသည်ဟု မသိခြင်းသည် ပုဗ္ဗန္တာပရန္တ၌ တွေဝေခြင်း မည်ပါသည်။

(၃၇) မေး - ပဋိစ္စသမုပ္ပါဒ်၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - အဝိဇ္ဇာကြောင့် သင်္ခါရသာ ဖြစ်သည်၊ သင်္ခါရကြောင့် ဝိညာဏ်သာ ဖြစ်သည်၊ ဤသို့ စသည်ဖြင့် ဝဋ်ဒုက္ခသက်သက် ကြောင်းကျိုးဆက်၍ ဖြစ်သည်ကို ငါဖြစ်သည်၊ သူဖြစ်သည်၊ သူ့ကြောင့် ဖြစ်သည်၊ ငါ့ကြောင့် ဖြစ်သည်၊ ချမ်းသာသည်၊ အစိုးရသည်၊ ငါ့ကိုယ်ငါ့ဟာ ဖြစ်သည်၊ အကြောင်းမရှိ အလိုလိုဖြစ်သည်၊ အလိုလို ပြတ်သည် စသည်ဖြင့် မှတ်ထင်ခြင်းသည် ပဋိစ္စသမုပ္ပါဒ်၌ တွေဝေခြင်း မည်ပါသည်။

(၃ဂ) မေး - ငါးဌာန၌ တွေဝေသူသည် သင်္ခါရသုံးပါးကို ပြုသည်ဟု အဋ္ဌကထာ ဆိုသည်။ ထိုငါးဌာန ရေပြပါ။
ဖြေ - စုတိ၊ ပဋိသန္ဓေ၊ သံသရာ၊ သင်္ခတလက္ခဏာ၊ ပဋိစ္စသမုပ္ပါဒ၊ ဤကား ငါးဌာန ဖြစ်ပါသည်။

(၃၉) မေး - စုတိ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ရုပ်နာမ်တို့၏ အကြောင်းအားလျော်စွာ ပျက်ခြင်းသည် မရဏ မည်၏။ စုတိ မည်၏။ ဤအနေမျှ သိရမည်ကို သတ္တဝါသေသည်၊ ငါ့သား ငါ့သမီး သေသည်ဟု လွန်ကဲ၍ သိခြင်းသည် စုတိ၌ တွေဝေခြင်း မည်ပါသည်။

(၄၀) မေး - ပဋိသန္ဓေ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ရုပ်နာမ်တို့၏ အကြောင်းအားလျော်စွာ ဖြစ်ခြင်းသည် ဇာတိ မည်၏။ ပဋိသန္ဓေ မည်၏။ ဤအနေမျှ သိရမည်ကို သတ္တဝါ မွေးဖွား၏။ ငါ့မှာ သားသမီးဖြစ်၏ဟု လွန်၍ ကဲ၍ သိခြင်းသည် ပဋိသန္ဓေ၌ တွေဝေခြင်း မည်ပါသည်။

(၄၁) မေး - သံသရာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ခန္ဓာ, အာယတန, ဓာတ်တို့၏ ကြောင်းကျိုးဆက်စပ် မပြတ်ဖြစ်ခြင်းသည် သံသရာ မည်၏။ ဤအနေမျှ သိရမည်ကို သူသူငါငါ သတ္တဝါအပေါင်းသည် တစ်ဘဝမှ တစ်ဘဝသို့ သွား၏၊ လာ၏၊ ကူးပြောင်း၏ စသည်ဖြင့် လွန်၍ ကဲ၍ သိခြင်းသည် သံသရာ၌ တွေဝေခြင်း မည်ပါသည်။

(၄၂) မေး - သင်္ခတလက္ခဏာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - စိတ်ဟူသော သင်္ခတတရားသည် သိခြင်း လက္ခဏာ ရှိ၏။ စေတသိက်ဟူသော သင်္ခတတရားသည် ထိခြင်း ခံစားခြင်း စသော လက္ခဏာ ရှိ၏။ ရုပ်ဟူသော သင်္ခတတရားသည် ကြမ်းတမ်းခြင်း, ယိုစီးခြင်း, ပူအေးခြင်း, ထောက်ပံ့ခြင်း စသော လက္ခဏာ ရှိ၏။ ဤကား သဘာဝလက္ခဏာ မည်၏။ စိတ်, စေတသိက်, ရုပ်ဟူသော သင်္ခတတရား သုံးပါးလုံးသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရှိ၏။ ဤကား သာမညလက္ခဏာ မည်၏။ ဤသို့ သဘာဝလက္ခဏာ၊ သာမညလက္ခဏာ နှစ်ပါးကို မသိဘဲ ငါ့ကိုယ်ဖြစ်၏၊ ငါ့ဟာဖြစ်၏၊ ငါဖြစ်၏၊ မြဲ၏၊ တင့်တယ်၏ စသည်ဖြင့် လွန်ကဲ၍ သိခြင်းသည် သင်္ခတလက္ခဏာ၌ တွေဝေခြင်း မည်ပါသည်။

(၄၃) မေး - ပဋိစ္စသမုပ္ပါဒ်၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - မေးခွန်း-၃၇ အဖြေ၌ ဖော်ပြပြီး ဖြစ်၏။

(၄၄) မေး - ငါးဌာန တွေဝေသူသည် သင်္ခါရသုံးပါးကို ပြုသည်ဟု ဆိုရာ၌ ပြုပုံကို ဥပမာဆောင်ပြပါ။
ဖြေ - ခရီးညွှန်ကင်း အလင်းမရ မျက်မမြင် ဒုက္ခိတသည် လမ်းကောင်း လမ်းဆိုး အရမ်းတိုး၏။ ထို့အတူ ငါးဌာနတွေဝေသူသည် ကုသိုလ် အကုသိုလ် အရမ်းတိုး၍ ပုညာဘိသင်္ခါရစသော သင်္ခါရသုံးပါးကို ပြုပါသည်။

(၄၅) မေး - အဘယ်အခါ၌ ထိုမျက်မမြင် ဒုက္ခိတအဖြစ်မျိုးမှ လွတ်မည်နည်း။
ဖြေ - သစ္စာလေးပါးသိသောအခါ၌ အဝိဇ္ဇာအမြစ်ပြတ်၍ မျက်မမြင် ဒုက္ခိတအဖြစ်မျိုးမှ လွတ်နိုင်ပါသည်။

(၄၆) မေး - သင်္ခါရသုံးမျိုး စုံလင်အောင် ခွဲပြပါ။
ဖြေ - ကာမကုသိုလ် စေတနာရှစ်ခု၊ ရူပကုသိုလ် စေတနာငါးခုသည် ပုညာဘိသင်္ခါရ ၁၃-ခု မည်ပါသည်။ အကုသိုလ် စေတနာ ၁၂-ခုသည် အပုညာဘိသင်္ခါရ ၁၂-ခု မည်ပါသည်။ အရူပကုသိုလ် စေတနာလေးခုသည် အာနေဉ္ဇာဘိသင်္ခါရ ၄-ခု မည်ပါသည်။ တနည်းကား - ကာမကုသိုလ်, အကုသိုလ် စေတနာ ၂၀ သည် ကာယဒွါရ၌ ဖြစ်သောအခါ ကာယသင်္ခါရ ၂၀ မည်ပါသည်။ ထို ၂၀ သည် ဝစီဒွါရ၌ ဖြစ်သောအခါ ဝစီသင်္ခါရ ၂၀ မည်ပါသည်။ လောကီကုသိုလ်, အကုသိုလ် စေတနာ ၂၉-ခုလုံးသည် မနောဒွါရ၌ ဖြစ်သောအခါ စိတ္တသင်္ခါရ ၂၉-ခု မည်ပါသည်။

(၄၇) မေး - လောကီဝိပါက် ၃၂-ခုကို သိသာရုံ ရေပြပါ။
ဖြေ - အကုသလဝိပါက် ၇-ခု၊ ကာမကုသလဝိပါက် ၁၆-ခု၊ (ဝါ) အဟိတ်ရှစ်, သဟိတ်ရှစ်, ပေါင်း ၁၆-ခု၊ ရူပဝိပါက် ၅-ခု၊ အရူပဝိပါက် ၄-ခု၊ ဤသို့ လောကီဝိပါက် ၃၂-ခု ဖြစ်ပါသည်။

(၄၈) မေး - သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ရာ၌ ပဋိသန္ဓေဝိညာဏ် ၁၉-ခု ဖြစ်ပုံ ဘုံနှင့် တွဲပြပါ။
ဖြေ - ဥဒ္ဓစ္စကြဉ်သော အကုသိုလ်စေတနာ ၁၁-ခုကြောင့် အပါယ် ၄-ဘုံ၌ ဒုဂ္ဂတိအဟိတ် ပဋိသန္ဓေတစ်ခု ဖြစ်ပါသည်။ ကာမကုသိုလ်စေတနာ ၈-ခုကြောင့် ကာမသုဂတိ ခုနစ်ဘုံ၌ သုဂတိအဟိတ် ပဋိသန္ဓေတစ်ခု, ဒွိဟိတ် ပဋိသန္ဓေ လေးခု, တိဟိတ် ပဋိသန္ဓေ လေးခု, ပေါင်း ၉-ခု ဖြစ်ပါသည်။ ရူပကုသိုလ်စေတနာ ၅-ခုကြောင့် အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ ရူပပဋိသန္ဓေ ၅-ခု ဖြစ်ပါသည်။ အရူပကုသိုလ် စေတနာ ၄-ခုကြောင့် အရူပ ၄-ဘုံ၌ အရူပပဋိသန္ဓေ ၄-ခု ဖြစ်ပါသည်။

(၄၉) မေး - သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ရာ၌ ပဝတ္တိဝိညာဏ် ၃၂-ခုမျှ ဖြစ်ပုံ တွဲပြပါ။
ဖြေ - အကုသိုလ်စေတနာ ၁၂-ခုကြောင့် အကုသလဝိပါက် ၇-ခု ဖြစ်ပါသည်။ ကာမကုသိုလ်စေတနာ ၈-ခုကြောင့် အဟိတ် ၈, သဟိတ် ၈ အားဖြင့် ကာမကုသလဝိပါက် ၁၆-ခု ဖြစ်ပါသည်။ ရူပကုသိုလ်စေတနာ ၅-ခုကြောင့် ရူပဝိပါက် ၅-ခု ဖြစ်ပါသည်။ အရူပကုသိုလ် စေတနာ ၄-ခုကြောင့် အရူပဝိပါက် ၄-ခု ဖြစ်ပါသည်။

(၅၀) မေး - ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ ဘုံနှင့် တွဲပြပါ။
ဖြေ - အရူပဝိပါက် ဝိညာဏ် ၄-ခုကြောင့် အရူပ ၄-ဘုံ၌ နာမ်သာ ဖြစ်ပါသည်။ ရှေးကာမဘုံက ပြုခဲ့သော ရူပပဉ္စမဈာန်ကုသိုလ်ကံ ဝိညာဏ်တစ်ခုကြောင့် အသညသတ်တစ်ဘုံ၌ ရုပ်သာ ဖြစ်ပါသည်။ ကြွင်းသော ပဋိသန္ဓေဝိညာစ် ၁၅-ခု, ပဝတ္တိဝိညာဏ် ၂၀-ခုကြောင့် ကြွင်း ၂၆-ဘုံ၌ နာမ်နှင့်ရုပ် ဖြစ်ပါသည်။

(၅၁) မေး - နာမ်ရုပ်ကြောင့် သဠာယတနဖြစ်ပုံ ဘုံနှင့် တွဲပြပါ။
ဖြေ - အရူပ ၄-ဘုံ၌ နာမ်ကြောင့် မနာယတနတစ်ပါးသာ ဖြစ်ပါသည်။ အသညသတ်တစ်ဘုံ၌ ရုပ်ကြောင့် အာယတနတစ်ပါးမျှ မဖြစ်ပါ။ ကြွင်း ရူပ ၁၅-ဘုံ၌ နာမ်ရုပ်ကြောင့် စက္ခာယတန, သောတာယတန, မနာယတန သုံးပါးသာ ဖြစ်ပါသည်။ ကာမ ၁၁-ဘုံ၌ နာမ်ရုပ်ကြောင့် စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတန, မနာယတနဟု ၆-ပါး ဖြစ်ပါသည်။

(၅၂) မေး - အာယတန ၆-ပါးကြောင့် အစဉ်အတိုင်းဖြစ်သော ဖဿ ၆-ပါး ရေပြပါ။
ဖြေ - စက္ခုသမ္ဖဿ၊ သောတသမ္ဖဿ၊ ဃာနသမ္ဖဿ၊ ဇိဝှါသမ္ဖဿ၊ ကာယသမ္ဖဿ၊ မနောသမ္ဖဿ၊ ဤကား အစဉ်အတိုင်း ဖဿ ၆-ပါး ဖြစ်ပါသည်။

(၅၃) မေး - ဖဿ ၆-ပါးကြောင့် အစဉ်အတိုင်းဖြစ်သော ဝေဒနာ ၆-ပါး ရေပြပါ။
ဖြေ - စက္ခုသမ္ဖဿဇာဝေဒနာ၊ သောတသမ္ဖဿဇာဝေဒနာ၊ ဃာနသမ္ဖဿဇာဝေဒနာ၊ ဇိဝှါသမ္ဖဿဇာဝေဒနာ၊ ကာယသမ္ဖဿဇာဝေဒနာ၊ မနောသမ္ဖဿဇာဝေဒနာ၊ ဤကား အစဉ်အတိုင်း ဝေဒနာ ၆-ပါး ဖြစ်ပါသည်။

(၅၄) မေး - ဝေဒနာ ၆-ပါးကြောင့် စဉ်တိုင်းဖြစ်သော တဏှာ ၆-ပါး ရေပြပါ။
ဖြေ - ရူပတဏှာ၊ သဒ္ဒတဏှာ၊ ဂန္ဓတဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာ၊ ဤကား စဉ်တိုင်း တဏှာ ၆-ပါး ဖြစ်ပါသည်။

(၅၅) မေး - ဖဿကြောင့် ဝေဒနာသုံးပါး ဖြစ်ပုံကို ခွဲပြပါ။
ဖြေ - ဣဋ္ဌာရုံ ဖဿအကောင်းစား တွေ့ထိလျှင် ကိုယ်စိတ်ချမ်းသာသော သုခဝေဒနာ ဖြစ်ပါသည်။ အနိဋ္ဌာရုံ ဖဿအညံ့စား တွေ့ထိလျှင် ကိုယ်စိတ်ဆင်းရဲသော ဒုက္ခဝေဒနာ ဖြစ်ပါသည်။ မဇ္ဈတ္တာရုံ ဖဿအလတ်စား တွေ့ထိလျှင် လျစ်လျူရှုသော ဥပေက္ခာဝေဒနာ ဖြစ်ပါသည်။

(၅၆) မေး - ဝေဒနာကြောင့် တဏှာဖြစ်ပုံကို ရှင်းပြပါ။
ဖြေ - သုခဝေဒနာ-ချမ်းသာစွာ ခံစားရလျှင် အဖန်ဖန် ခံစားလိုသော တဏှာဖြစ်ပါသည်။ ဥပေက္ခာဝေဒနာ-လျစ်လျူရှုကာ ခံစားရလျှင် အညံ့မဟုတ်သောကြောင့် အဖန်ဖန် ခံစားလိုသော တဏှာဖြစ်ပါသည်။ ဒုက္ခဝေဒနာ-ဆင်းရဲစွာ ခံစားရလျှင်ကား ဘယ်အခါ အာရုံကောင်းကောင်း ခံစားရပါအံ့နည်းဟု လှမ်း၍ တောင့်တသော တဏှာဖြစ်ပါသည်။

(၅၇) မေး - အနိဋ္ဌာရုံ အာရုံဆိုးဆိုးကို မထွေးနိုင် မစွန့်နိုင် မြိန်ရှက်စွာ ခံစားနိုင်သလား။
ဖြေ - အနိဋ္ဌာရုံ အာရုံဆိုးဆိုးကို ဒုက္ခဝေဒနာဖြင့် ခံစားရသောအခါ မကျေနိုင် မချမ်းနိုင်၊ ငါ့ကို သင်းတို့ မကောင်းကြံကြတယ်၊ သေခမ်းရှင်ခမ်း ဖြတ်မယ်၊ မကျေဘူးဟဲ့ စသည်ဖြင့် တစ်သက်လုံး မထွေးနိုင် မစွန့်နိုင် မြိန်ရှက်စွာ သေသည်အထိ ခံစားကြတာ လောကမှာ ထင်ရှားပါသည်။

(၅၈) မေး - ဝေဒနာကြောင့် တဏှာသည် သတ္တဝါတိုင်းအား ဖြစ်သလော။
ဖြေ - ရဟန္တာအား ဝေဒနာဖြစ်ခြင်းကြောင့် တဏှာ ဆက်၍ မဖြစ်ပါ။ ပုထုဇဉ်အားသော်လည်း ဗဟုသုတရှိ၍ ယောနိသော မနသိကာရ-သင့်အောင် နှလုံးသွင်းလျှင် တဏှာ မဖြစ်ပါ။ အယောနိသော မနသိကာရ-မသင့်အောင် နှလုံးသွင်းသူတို့အားသာ ဝေဒနာဖြစ်တိုင်း တဏှာ ဆက်၍ ဖြစ်နိုင်ပါသည်။

(၅၉) မေး - ကာမ, ဘဝ, ဝိဘဝ ဟူသော တဏှာသုံးပါးကို ထင်ရှားအောင် ရှင်းပါ။
ဖြေ - ကာမအာရုံ စုံမက်သော တဏှာသည် ကာမတဏှာ မည်ပါသည်။ သဿတဒိဋ္ဌိနှင့်ယှဉ်သော တဏှာသည် ဘဝတဏှာ မည်ပါသည်။ (ဝါ) ရူပဘဝ, အရူပဘဝကို စုံမက်သော တဏှာသည် ဘဝတဏှာ မည်ပါသည်။ ဥစ္ဆေဒဒိဋ္ဌိနှင့်ယှဉ်သော တဏှာသည် ဝိဘဝတဏှာ မည်ပါသည်။ (ဝါ) နိဗ္ဗာန်မဟုတ်ဘဲ နိဗ္ဗာန်ဟု စုံမက်သော နိရောဓတဏှာသည်လည်း ဥစ္ဆေဒဒိဋ္ဌိနှင့်ယှဉ်သော ဝိဘဝတဏှာပင် ဖြစ်ပါသည်။

(၆၀) မေး - ဥပါဒါန်လေးပါးကို ထင်ရှားအောင် ရှင်းပြပါ။
ဖြေ - ကာမအာရုံ၌ စွဲလမ်းသော ကာမတဏှာသည် ကာမုပါဒါန် မည်ပါသည်။ အလှူသည် အကျိုးမရှိ စသည်ဖြင့် စွဲလမ်းသော ဒိဋ္ဌိဆယ်ပါး ဒိဋ္ဌိ ၆၂-ပါးသည် ဒိဋ္ဌုပါဒါန် မည်ပါသည်။ သီလ-တိရိစ္ဆာန်တို့၏ အလေ့ဖြင့် + ဗတ-တိရစ္ဆာန်တို့၏ အကျင့်ဖြင့် + ပရာမာသ-နိဗ္ဗာန်ရသည်ဟု သုံးသပ်သော ဒိဋ္ဌိသည် သီလဗ္ဗတုပါဒါန် မည်ပါသည်။ ရုပ်သည် အတ္တ၊ ရုပ်ရှိသော အတ္တ စသည်ဖြင့် စွဲလမ်းသော သက္ကာယဒိဋ္ဌိ ၂၀ သည် အတ္တဝါဒုပါဒါန် မည်ပါသည်။ စွဲလမ်းသော တဏှာတစ်ခု၊ ဒိဋ္ဌိသုံးခု ဖြစ်ပါသည်။

(၆၁) မေး - သင်္ခါရ ၂၉-ခုနှင့် ဘဝဂါမိကံ ၂၉-ခုတို့တွင် သင်္ခါရ ၂၉-ခုကို ရေပြပါ။
ဖြေ - လောကီကုသိုလ်, အကုသိုလ် စေတနာ ၂၉-ခုသည် သင်္ခါရ ၂၉-ခု မည်ပါသည်။ (ဝါ) ပုညာဘိသင်္ခါရ ၁၃-ခု၊ အပုညာဘိသင်္ခါရ ၁၂-ခု၊ အာနေဉ္ဇာဘိသင်္ခါရ ၄-ခုသည် သင်္ခါရ ၂၉-ခု မည်ပါသည်။ (ဝါ) ကာယသင်္ခါရ ၂၀၊ ဝစီသင်္ခါရ ၂၀၊ စိတ္တသင်္ခါရ ၂၉-ခုသည် သင်္ခါရ ၂၉-ခု မည်ပါသည်။ စေတနာစေတသိက်တစ်ခုသာ သင်္ခါရ မည်ပါသည်။

(၆၂) မေး - ဘဝဂါမိကံ ၂၉-ခုကို ရေပြပါ။
ဖြေ - လောကီကုသိုလ်, အကုသိုလ် ၂၉-ခု၌ ရှိသော စိတ်, စေတသိက်အားလုံးသည် ဘဝဂါမိကံ ၂၉-ခု မည်ပါသည်။

(၆၃) မေး - ဥပပတ္တိဘဝမည်သော ဘဝကြီးကိုးပါးကို ရေပြပါ။
ဖြေ - ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ - သုံးပါး၊ သညီဘဝ၊ အသညီဘဝ၊ နေဝသညီနာသညီဘဝ - သုံးပါး၊ ဧကဝေါကာရဘဝ၊ စတုဝေါကာရဘဝ၊ ပဉ္စဝေါကာရဘဝ - သုံးပါး၊ ဤကား ဥပပတ္တိဘဝမည်သော ဘဝကြီးကိုးပါး ဖြစ်ပါသည်။

(၆၄) မေး - ကာမဘဝဟူသည် အဘယ်နည်း။
ဖြေ - ကာမ ၁၁-ဘုံ၌ ဝိပါက်နာမ် ကမ္မဇရုပ် ဖြစ်ခြင်းသည် ကာမဘဝ မည်ပါသည်။

(၆၅) မေး - ရူပဘဝဟူသည် အဘယ်နည်း။
ဖြေ - ရူပ ၁၆-ဘုံ၌ ဝိပါက်နာမ် ကမ္မဇရုပ် ဖြစ်ခြင်းသည် ရူပဘဝ မည်ပါသည်။

(၆၆) မေး - အရူပဘဝဟူသည် အဘယ်နည်း။
ဖြေ - အရူပ ၄-ဘုံ၌ ဝိပါက်နာမ် ဖြစ်ခြင်းသည် အရူပဘဝ မည်ပါသည်။ ရုပ်မဖြစ်ပါ။

(၆၇) မေး - သညီဘဝဟူသည် အဘယ်နည်း။
ဖြေ - သညီ ၂၉-ဘုံ၌ ဝိပါက်နာမ် ကမ္မဇရုပ် ဖြစ်ခြင်းသည် သညီဘဝ မည်ပါသည်။ နာမ်မဖြစ်ပါ။

(၆၈) မေး - အသညီဘဝဟူသည် အဘယ်နည်း။
ဖြေ - အသညီတဘုံ၌ ကမ္မဇရုပ်ဖြစ်ခြင်းသည် အသညီဘဝ မည်ပါသည်။ နာမ်မဖြစ်ပါ။

(၆၉) မေး - နေဝသညီနာသညီဘဝဟူသည် အဘယ်နည်း။
ဖြေ - နေဝသညီနာသညီတဘုံ၌ ဝိပါက်နာမ်ဖြစ်ခြင်းသည် နေဝသညီနာသညီဘဝ မည်ပါသည်။ ရုပ်မဖြစ်ပါ။

(၇၀) မေး - ဧကဝေါကာရဘဝဟူသည် အဘယ်နည်း။
ဖြေ - ဧကဝေါကာရဘုံ၌ ကမ္မဇရုပ်ဖြစ်ခြင်းသည် ဧကဝေါကာရဘဝ မည်ပါသည်။ နာမ်မဖြစ်ပါ။

(၇၁) မေး - စတုဝေါကာရဘဝဟူသည် အဘယ်နည်း။
ဖြေ - စတုဝေါကာရ ၄-ဘုံ၌ ဝိပါက်နာမ်ဖြစ်ခြင်းသည် စတုဝေါကာရဘဝမည်ပါသည်။ ရုပ်မဖြစ်ပါ။

(၇၂) မေး - ပဉ္စဝေါကာရဘဝဟူသည် အဘယ်နည်း။
ဖြေ - ပဉ္စဝေါကာရ ၂၆-ဘုံ၌ ဝိပါက်နာမ် ကမ္မဇရုပ် ဖြစ်ခြင်းသည် ပဉ္စဝေါကာရဘဝ မည်ပါသည်။

(၇၃) မေး - ဇာတိ,ဇရာ, မရဏသည် ရန်သူသုံးဦးနှင့် တူ၏ဟု အဋ္ဌကထာဆိုသည်။ ရန်သူနှင့်တူပုံ ရှင်းပြပါ။
ဖြေ - ဇာတိသည် တစ်ဘဝမှ တစ်ဘဝသို့ ဆောင်၏။ တောနက်ထဲသို့ ချော့ခေါ်သော ပထမရန်သူနှင့် တူပါသည်။ ဇရာသည် ရောက်ရာဘဝ၌ ချက်ချင်း အိုမင်းရင့်ရော်အောင် နှိပ်စက်၏။ တောနက်ထဲ ရောက်လျှင်ရောက်ချင်း မထနိုင်အောင် ရိုက်သော ဒုတိယရန်သူနှင့် တူပါသည်။ မရဏသည် ဇရာဒုက္ခသင့်သူကို ခန္ဓာပျက်အောင် အသေသတ်၏။ တောနက်ထဲ၌ မထနိုင်သူကို ဦးခေါင်းဖြတ်သော တတိယရန်သူနှင့် တူပါသည်။

(၇၄) မေး - သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ၊ ဤငါးပါးကို အင်္ဂါ၌ အဘယ့်ကြောင့် မပြသနည်း။ ပဋိစ္စသမုပ္ပါဒ်မှ လွတ်သလော။
ဖြေ - သောကစသော ငါးပါးသည် ပဋိစ္စသမုပ္ပါဒ်မှ အလွတ်မဟုတ်ပါ။ ဇာတိ၏ အကျိုးဖျားမျှ ဖြစ်ပါသည်။ အကျိုးရင်း မဟုတ်ပါ။ ထို့ကြောင့် အင်္ဂါ၌ မပြပါ။

(၇၅) မေး - အကျိုးဖျားမျှဖြစ်ပုံ ဖော်ပြပါ။
ဖြေ - သောကစသော ငါးပါးသည် ဇာတိကြောင့်လည်း ဖြစ်ပါသည်။ ဇရာကြောင့်လည်း ဖြစ်ပါသည်။ မရဏကြောင့်လည်း ဖြစ်ပါသည်။ ထိုမှတပါးသော အကြောင်းကြောင့်လည်း ဖြစ်ပါသည်။ ဘုံအားဖြင့် ကာမ ၁၁-ဘုံ၌သာ အမြဲဖြစ်ပါသည်။ ဗြဟ္မာ ၂၀ ၌ မဖြစ်ပါ။ ထို့ကြောင့် ဇာတိ၏ အကျိုးဖျားမျှဖြစ်သည်ဟု ဆိုရပါသည်။

(၇၆) မေး - အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရသည် ပဋ္ဌာန်းနည်း အဘယ်ပစ္စည်းသတ္တိဖြင့် ဖြစ်နိုင်သနည်း။
ဖြေ - အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရသည် ပဋ္ဌာန်းနည်း ဟေတု, အာရမ္မဏ, အဓိပတိ, အနန္တရ, သဟဇာတ, ဥပနိဿယ, အာသေဝန စသော ပစ္စည်းသတ္တိများစွာဖြင့် ဖြစ်ပါသည်။

(၇၇) မေး - အာရမ္မဏသတ္တိဖြင့် အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရဖြစ်ပုံကို ဖော်ပြပါ။
ဖြေ - ရှေးက ဖြစ်ခဲ့ပြီးသော အကုသိုလ် အဝိဇ္ဇာကို စဉ်းစားမိတိုင်း အာရုံပြု၍ လောဘ ဒေါသတို့ ဖြစ်လာသောအခါ အာရမ္မဏသတ္တိဖြင့် အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရ ဖြစ်ပါသည်။

(၇၈) မေး - အဓိပတိသတ္တိဖြင့် ဖြစ်ပုံကို ဖော်ပြပါ။
ဖြေ - ရှေးရှေးဖြစ်ပြီး အကုသိုလ် အဝိဇ္ဇာကို “အဖိုးတန်လိုက်တာ၊ သိပ်နေရာကျတာပဲ” စသည်ဖြင့် အလေးပြု၍ သာယာသောအခါ အဓိပတိသတ္တိဖြင့် အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရ ဖြစ်ပါသည်။

(၇၉) မေး - ဥပနိဿယသတ္တိဖြင့် ဖြစ်ပုံကို ဖော်ပြပါ။
ဖြေ - ရှေးရှေးဖြစ်ပြီး အကုသိုလ် အဝိဇ္ဇာကို အခြေခံပြု၍ “မည်သည့်ရပ်ရွာမှာ လူမိုက်ဗိုလ်လုပ်ခဲ့တာ ငါကွ” စသည်ဖြင့် နောက်ထပ် လောဘ ဒေါသတို့ ဖြစ်လာသောအခါ ဥပနိဿယသတ္တိဖြင့် အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရ ဖြစ်ပါသည်။

(၈၀) မေး - ဟေတုစသော ကြွင်းသတ္တိဖြင့် ကျေးဇူးပြုသောအခါ ဖြစ်ပုံ အကျဉ်းဖော်ပြပါ။
ဖြေ - ဟေတု, သဟဇာတသတ္တိ စသည်ဖြင့် ကျေးဇူးပြုသောအခါ အကြောင်း အဝိဇ္ဇာနှင့် အကျိုး အကုသိုလ်သင်္ခါရသည် ပြိုင်တူ ဖြစ်ပါသည်။ အနန္တရ, အာသေဝနသတ္တိ စသည်ဖြင့် ကျေးဇူးပြုသောအခါ အခြားမရှိ နီးကပ်စွာ ဖြစ်ပါသည်။

(၈၁) မေး - အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ရာ၌ သင်ကြားရသောနည်း သုံးနည်းကို ရေတွက်ပြပါ။
ဖြေ - အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ရာ၌ အဝိဇ္ဇာကို ရွက်လျက် ဖြစ်ပုံ တစ်နည်း၊ အဝိဇ္ဇာကို ခုန်ကျော်လျက် ဖြစ်ပုံ တစ်နည်း၊ အဝိဇ္ဇာကို နင်းလျက် ဖြစ်ပုံ တစ်နည်း၊ ဤသို့ သုံးနည်း သင်ကြားရပါသည်။

(၈၂) မေး - အဝိဇ္ဇာကို ရွက်လျက် ကုသိုလ်သင်္ခါရ ဖြစ်ပုံ ရှင်းပြပါ။
ဖြေ - သံသရာဘေး မဆင်ခြင် လူနတ်စည်းစိမ်ကို ကောင်းလှပြီ ထင်၍ လိုချင်တောင့်တလျက် ကုသိုလ်ပြုသောအခါ ဥပနိဿယသတ္တိဖြင့် အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ပါသည်။ ထိုအခါ အဝိဇ္ဇာကို ဦးခေါင်းထက် ရွက်လျက် ကုသိုလ်ရှင်အား ကုသိုလ်ဖြစ်ပါသည်။

(၈၃) မေး - အဝိဇ္ဇာကို ခုန်ကျော်လျက် ကုသိုလ်သင်္ခါရ ဖြစ်ပုံကို ရှင်းပြပါ။
ဖြေ - မိမိ သူတပါး ပြုခဲ့သော အကုသိုလ်အဝိဇ္ဇာကို “အပါယ်ဘေး သံသရာဘေး အပြစ်ပေးလတ္တံ့”ဟု ဆင်ခြင်၍ ထိုအပြစ်မှ လွတ်ပါစေခြင်းငှာဟု ကုသိုလ်ပြုသောအခါ ဥပနိဿယသတ္တိဖြင့် အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ပါသည်။ ထိုအခါ အဝိဇ္ဇာကို ခုန်ကျော်လျက် ကုသိုလ်ရှင်အား ကုသိုလ်ဖြစ်ပါသည်။

(၈၄) မေး - အဝိဇ္ဇာကို နင်းလျက် ကုသိုလ်သင်္ခါရ ဖြစ်ပုံကို ရှင်းပြပါ။
ဖြေ - မိမိပြုမိသော အကုသိုလ်အဝိဇ္ဇာကို ဉာဏ်ဖြင့် သိမ်းဆည်း၍ အနိစ္စ ဒုက္ခ အနတ္တဟု ဝိပဿနာ နိုင်နိုင်နင်းနင်း ရှုသောအခါ အာရမ္မဏသတ္တိဖြင့် အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ပါသည်။ ထိုအခါ အဝိဇ္ဇာကို နင်းလျက် ကုသိုလ်ရှင်အား ကုသိုလ်ဖြစ်ပါသည်။

(၈၅) မေး - အဝိဇ္ဇာမကင်း မိုက်မဲခြင်းကြောင့် ကုသိုလ်ပြုသည်ဆိုလျှင် အများအားဖြင့် မကျေနပ်နိုင်။ ထို့ကြောင့် အဝိဇ္ဇာဦးစီးသော အဝိဇ္ဇာရွက်ထားသော ကုသိုလ်ရှင်ကို ဥပမာဖြင့် ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာဦးစီးသော ရွက်ထားသော ကုသိုလ်ရှင်သည် ညစ်ကြေးပေလို့ ညွန်အိုင်ရေ ချိုးလျှင် တိုး၍ ညစ်ကြေးပေသလို မိုက်လို့ ဘဝစည်းစိမ် တောင့်တပြီး ကုသိုလ်ပြုလျှင် တိုး၍ မိုက်မဲသွားနိုင်ပါသည်။

(၈၆) မေး - အဝိဇ္ဇာခုန်ကျော်သော ကုသိုလ်ရှင်ကို ဥပမာဖြင့် ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာခုန်ကျော်သော ကုသိုလ်ရှင်သည် ညစ်ကြေးပေလို့ ရေကောင်းရေသန့် ချိုးလျှင် ညစ်ကြေးကင်းသွားသလို မိုက်လို့ အမိုက်လွတ်အောင် ခုန်ကျော်၍ ကုသိုလ်ပြုလျှင် အမိုက်အမဲ ကင်းသွားနိုင်ပါသည်။

(၈၇) မေး - အဝိဇ္ဇာနင်းထားသော ကုသိုလ်ရှင်ကို ဥပမာဖြင့် ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာကိုနင်းထားသော ကုသိုလ်ရှင်သည် အိုက်လွန်းလို့ ရေအေးအေး ချိုးလျှင် အအိုက်ပျောက်သလို မိုက်လွန်းလို့ အမိုက်ကို နင်း၍ ဝိပဿနာကုသိုလ် နင်းပြုလျှင် အမိုက်ပျောက်သွားနိုင်ပါသည်။

(၈၈) မေး - ကုသိုလ်သည် အဘယ်သို့သောသူအား ဖြစ်သည်၊ အဘယ်သို့သောသူအား မဖြစ်ဟု ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာရှိ၍ မိုက်ရိုင်းလွန်းသူတို့အားသာ ကုသိုလ်ဖြစ်ပါသည်။ အဝိဇ္ဇာကင်း၍ မမိုက်ရိုင်းသူတို့အား ဘယ်ကုသိုလ်မျှ မဖြစ်ပါ။ ကုသိုလ်အစား ကြိယာသာ ဖြစ်ပါသည်။

(၈၉) မေး - အဝိဇ္ဇာ အမိုက်မရှိသူ ရှိသူတို့ကို ခွဲပြပါ။
ဖြေ - ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာ၊ ဤသုံးယောက်အား အဝိဇ္ဇာအမိုက် မရှိပါ။ ပုထုဇဉ်, သောတာပန်, သကဒါဂါမ်, အနာဂါမ်၊ ဤလေးယောက်အား အဝိဇ္ဇာအမိုက် ရှိပါသေးသည်။

(၉၀) မေး - ဒါန သီလစသော ကောင်းမှုပြုပါလျက် ကုသိုလ်မရသူ ရသူ ခွဲပြပါ။
ဖြေ - ဒါန သီလစသော ကောင်းမှုပြုလျှင် ပုထုဇဉ်မှ အနာဂါမ်အထိ လေးယောက်သာ ကုသိုလ်ရနိုင်ပါသည်။ ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာတို့မှာ ကုသိုလ်မရနိုင်ပါ။ ကြိယာစိတ်ကိုသာ ရနိုင်သည်။

(၉၁) မေး - ကုသိုလ်နှင့် ကြိယာ ထူးခြားပုံကို ဖော်ပြပါ။
ဖြေ - ကုသိုလ်သည် မျိုးအောင်သော သစ်စေ့နှင့် တူပါသည်။ သံသရာထဲ၌ ဇာတိ ဇရာ မရဏ သစ်ပင်ကို ပေါက်ရောက်စေနိုင်ပါသည်။ ကြိယာသည် မျိုးမအောင်သော သစ်စေ့နှင့် တူပါသည်။ သံသရာထဲ၌ ဒုက္ခပင်တို့ကို မပေါက်ရောက်စေနိုင်ပါ။ တနည်းအားဖြင့် အမိုက်မကင်းသူအား ဖြစ်သော ကုသိုလ်သည် အမိုက်ကို ဖျက်ဆီးသော မဂ်လေးပါးဖြစ်အောင် တတ်နိုင်ပါသည်။ အမိုက်ကင်းသူအား ဖြစ်သော ကြိယာသည် အမိုက်ကို ဖျက်ဆီးသော မဂ်လေးပါးဖြစ်အောင် မတတ်နိုင်ပါ။ သို့ရာတွင် မဂ်လေးကြိမ်ဖြင့် အမိုက်ကို ဖျက်ဆီးပြီးသူအား နောင်ဖျက်ဆီးစရာ အမိုက်မရှိတော့ပါ။ မဂ်ဖြစ်ဖို့ မလိုတော့ပါ။

(၉၂) မေး - ကုသိုလ်သည် ဇာတိစသော ဒုက္ခကို ဖြစ်စေသည်ဟူ၍လည်းကောင်း၊ မဂ်လေးပါးဖြစ်အောင် တတ်နိုင်သညဟူ၍လည်းကောင်း မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဆိုထားသည်။ ပယ်ရမည်လော၊ ကျင့်ရမည်လော။
ဖြေ - ကုသိုလ်ကို မပယ်အပ်ပါ။ ကျင့်ရပါသည်။ ယခုမှ ဇာတိကြောက်လို့ ကုသိုလ်ပယ်သော်လည်း ဇာတိမလွတ်နိုင်သေးပါ။ အကုသိုလ်ကို ပြုလျှင်လည်း ဇာတိဖြစ်နိုင်ပါသည်။ ဇာတိဖြစ်စေသော ကုသိုလ်များကိုလည်း များစွာ ပြုထားပြီး ရှိကြပါသည်။ အကြိမ်ကြိမ် တွေ့ပြီး တွေ့ဆဲ တွေ့လတ္တံ့သော ဇာတိတို့ကို သတိသမ္ပဇညကင်းလျက် အလန့်တကြား မကြောက်သင့်ပါ။ မဂ်လေးပါးဖြစ်အောင် တတ်နိုင်သော ကုသိုလ်ကို အားထုတ်၍ ကျင့်အပ်ပါသည်။ တစ်ကြိမ်မျှ မတွေ့ဖူးသော မဂ်ဖြစ်ပါသည်။ ထိုမဂ်ရလျှင် အဝိဇ္ဇာအမိုက် ကင်း၍ ဇာတိစသော ဒုက္ခမှ အပြီးတိုင် လွတ်ကင်းနိုင်ပါသည်။

(၉၃) မေး - မဂ်နှင့်ဆက်သွယ်လျှင် ဇာတိဘေးရှိသော ကုသိုလ်ကို မပယ်အပ်ပုံ ကျင့်အပ်ပုံကို ဥပမာဆောင်ပြပါ။
ဖြေ - သမုဒ္ဒရာအတွင်း သင်္ဘောပျက်၍ ထောက်တည်ရာ မရသော သူ၏ အနီးသို့ ဆင်သေကောင်ပုပ်ကြီး ရောက်လာသည်ဖြစ်အံ့၊ ပုပ်စော်နံသော ရွံစရာဘေးရှိသော်လည်း ကမ်းပါးအရောက် ယက်သွားနိုင်သည်ဟု သိလျှင် တက်စီးရမည် ဖြစ်ပါသည်။ ထို့အတူ ဇာတိဘေး စသည်ဖြင့် ပုပ်စော်နံ ရွံစရာ ကုသိုလ် ဆင်သေကောင်ပုပ်ကို မဂ်လေးပါး ကမ်းပါးအရောက် ယက်သွားနိုင်သည်ဟု သိသော ထောက်တည်ရာ မရသေးသော အမျိုးကောင်းသားသည် အားထုတ်ကာ တက်စီးရပါသည်။

(၉၄) မေး - ဤဘဝစက်သည် ဇရာ မရဏ၌ မပြတ်ဘဲ အဘယ်သို့ ပြန်၍ ဆက်သနည်း။
ဖြေ - ဇရာ မရဏ၌ မပြတ်ဘဲ သောကစသည်တို့လည်း ဖြစ်ကုန်၏။ ထိုအခါ နုပျိုလို အသက်ရှည်လိုသော ကာမာသဝ စသည်တို့လည်း ဖြစ်ကုန်၏။ အာသဝနှင့် တွဲလျက် အဝိဇ္ဇာလည်း ဖြစ်ပြန်၏။ ဤသို့ ဇရာမရဏကြောင့် အဝိဇ္ဇာဖြစ်၍ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်သဖြင့် ဘဝစက် ပြန်၍ ဆက်ပါသည်။

(၉၅) မေး - ဤဘဝစက်မှ ထွက်နိုင်အောင် အဘယ်အင်္ဂါကို ဖျက်ရသနည်း။
ဖြေ - ဤဘဝစက်မှ ထွက်နိုင်အောင် အဝိဇ္ဇာနှင့် တဏှာဟူသော မူလ အင်္ဂါနှစ်ပါးကို ဖျက်ရပါသည်။

(၉၆) မေး - ဒါန သီလ စသော ကုသိုလ်ဖြင့် နိဗ္ဗာန်ရပုံကို ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာ တဏှာကို အားနည်းအောင် ပြုသော ဒါန သီလစသော ကုသိုလ်သည် ဥပနိဿယသတ္တိဖြင့်လည်းကောင်း၊ အနန္တရသတ္တိဖြင့်လည်းကောင်း မဂ်ကို ဖြစ်စေနိုင်ပါသည်။ ထိုမဂ်သည် နိဗ္ဗာန်ကို အာရုံပြုလျက် အဝိဇ္ဇာ တဏှာကို အမြစ်ဖြတ်ပါသည်။ အဝိဇ္ဇာအကြွင်းမဲ့ချုပ်လျှင် သင်္ခါရချုပ်ခြင်း စသည်ဖြင့်လည်းကောင်း၊ တဏှာအကြွင်းမဲ့ချုပ်လျှင် ဥပါဒါန်ချုပ်ခြင်း စသည်ဖြင့်လည်းကောင်း ဒုက္ခအစု ချုပ်ငြိမ်း၍ နိဗ္ဗာန်ရပုံကို ဟောပါသည်။ အဝိဇ္ဇာ တဏှာကို အားပေးလျက်ဖြစ်သော ကုသိုလ်ဖြင့်ကား နိဗ္ဗာန်မရနိုင်ပါ။

(၉၇) မေး - အဝိဇ္ဇာ တဏှာကို အားပေးသော ဝဋ္ဋနိဿိတကုသိုလ်ထက် ကြောက်ဖွယ်တရား ရှိသေးသလော၊ အဘယ်မှာ ရှိသေးသနည်း။
ဖြေ - ဝဋ္ဋနိဿိတကုသိုလ်သည် အဝိဇ္ဇာ တဏှာ မူလကို အားပေးရုံသာ ဖြစ်ပါသည်။ မူလကား မဖြစ်ပါ။ အကုသိုလ်တရားကား ထိုမူလနှစ်ပါးကို အားလည်းပေးသည်။ မူလလည်း ဖြစ်ပါသည်။ ထို့ကြောင့် ဝဋ္ဋနိဿိတကုသိုလ်ထက် အကုသိုလ်သည် ပို၍ ကြောက်ဖွယ် ဖြစ်ပါသည်။ (ဝဏ္ဍိတမာနီ) ပညာလွန်သူတို့အား အကုသိုလ်ကို အပြစ်များစွာ မဆိုဘဲ ဝဋ္ဋနိဿိတကုသိုလ်ကို ပို၍ အပြစ်များစွာ ဆိုကြပါသည်။

ဤတွင် ပဋိစ္စသမုပ္ပါဒ် အမေး-အဖြေ ပြီး၏။

+++++
စာကိုး
ညောင်လေးပင် တောရကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ “ပဋိစ္စသမုပ္ပါဒ်အရသာ” မှ
0 comments

Read more...

ခရီးသွား မှတ်တမ်း




Detmold မြို့ 
Thailand stark in Lippe
ပွဲတော်
ဂျာမဏီနိုင်ငံသားတို့  ဘုရားရှင်ကို
ပုခုံးပေါ်မှာထမ်းပြီး ပင့်ဆောင်ကြပုံ




ဘုရားပွဲတော်မှာ
မြန်မာရဟန်းတော် နှစ်ပါးက
သပိတ်ကိုယ်စီဖြင့်
ဆွမ်းကြီးလောင်း မှာ အလှူခံစဉ်




ဖွယ်ဖွယ်ရာရာ ထိုင်း ပဏီတ ဘောဇဉ်များ
ဘုဉ်းပေးပြီးစဉ်





ယူရို လေးသိန်း တန် Wat Hannover
ဟန်းနိုဘာမြို့ ၊ ထိုင်း ဘုန်းကြီးကျောင်းသို့ 
လှည့်ပတ်ကြည့်ရှုစဉ်





Hamburg
ဟမ်းဘာဂ် မြို့ ရှိ
မြန်မာမိသားစုတစ်စုက
အလုပ်မအားလပ်တဲ့ကြားက
ဒါနအားတွေ အပီပြင်ထည့်နေကြပုံ





ကိုယ်တိုင် ချက်ပြုတ်မအားတာနဲ့ 
စားသောက်ဆိုင်မှာ
ဂျာမန် ဖုထ် ဆွမ်းများ ကပ်လှူစဉ်



ဆွမ်းဒါယကာကြီးက
စီးပွါးရေး အချက်ချာကျတဲ့ ဟမ်းဘာဂ်မြို့ ရဲ့ 
သဘောင်္ဆိပ်ကို လှည့်လည်ကာ ပြသစဉ်





အာရှ ဘုန်းဘုန်းတို့ ကို ဆွမ်းကပ်ပါတယ်။
သက်သတ်လွတ်ဆွမ်းဟင်းများနှင့်အတူ။






သူ့ ရဲ့  အိမ်ကို စိတ်ဝင်စားလို့ တမင်္ဂလာ ဓာတ်ပုံ ရိုက်ယူခဲ့ပါတယ်။ သူ့ အိမ်ရဲ့  အပေါ်ထပ်မှာ အဝေးမှ သံဃာတော်တွေ ကြွလာတဲ့အခါ တည်းခိုးဖို့  အာဂန္တုက ( ဧည့်သည် ) ရဟန်းတော် အခန်းနဲ့  တရားထိုင်ဖို့ ရာ သီးသန့် ထားတာ တွေ့ ပါတယ်။ ဗုဒ္ဓဘာသာ ဆိုင်ရာ စာအုပ်တွေက လည်း စာကြည့်တိုက်အလား များပြားလှပါတယ်။ ပြီးတော့ တီဗွီ မထားပါဘူး။ တရားထိုင်တာ အနှောက်ယှက်ဖြစ်လို့ တဲ့။ တရားနာဖို့ ပဲ စီဒီ ထားကြောင်း ရှင်းပြပါတယ်။



မှတ်ချက်။ ။ခရီးစဉ် အတွေ့ ကြုံနှင့် ပါတ်သက်ပြီး အချိန်ရသည့်အခါ ရေးသားသွားပါမည်။ လောလောဆယ် မှတ်တမ်း ဓာတ်ပုံများကို သာ ၀ါသနာပါသူတို့ အဖို့  တင်ပြခြင်း သက်သက်ပါ။

မြတ်ရောင်နီ
( ၀၃ ၊ ၀၉ ၊ ၂၀၁၀ )
.

Read more...

ဂင်္ဂါလမ်း














(၁)

မဇ္ဈိမသံသရာကို သူဖွင့်ဆိုရလေတော့မည်။ ၂၀၀၆ ခု သြဂုတ်လ ၂၅ ရက် နံနက် ၁၁း၀၀ နာရီ။ ရန်ကုန် အပြည်ပြန်ဆိုင်ရာလေဆိပ်တွင် အိပ်မက်အထုပ်အပိုးများ၊ မျှော်လင့်ချက်ဝန်စည်စလွယ်များနှင့်အတူ ပေါ့ပါးစွာ မိတ်ဆွေများကို နှုတ်ဆက်လိုက်ပါသည်။

လွန်ခဲ့သောလအနည်းခန့်အထိ သူသည် ကျေးလက်ဆန်သော မြို့ပြတွင် ရှင်ငယ် ရဟန်းငယ်လေးများ၏ အားထားရာ ပရိယတ်ဆရာတစ်ဆူအဖြစ် ပျော်မွေ့နှစ်ခြိုက်စွာ ဖြတ်သန်းဂုဏ်ယူမိလေသည်။ သို့သော် သူဖတ်မှတ်လေ့လာနေသော စာပေကျမ်းဂန်နှင့် ဘာသာတရား၏လာရာလမ်းကိုတော့ အခါခါမျှော်ငေးမိတတ် ခဲ့လေသည်။ အော် မဇ္ဈိမလမ်း....။

မြန်မာနိုင်ငံသာသနာတော်၏ အထင်ကရစာသင်တိုက်ကြီးများနှင့် တက္ကသိုလ်ပရိဝုဏ်များထဲ အကြိမ်ကြိမ် လျှောက်ခွင့်ရနေသည့်တိုင် သူ၏ နိုင်ငံတကာပညာရေး အိပ်မက်ကတော့ အေးစက်နေဆဲပင်။ မည်သို့ဖြစ်စေ သူ့အိပ်မက်များကို မထင် မှတ်စွာ ၀ုန်းကနဲ ပက်ဖြန်းနိုးထစေသူတို့ပေါ်လာသည်။ ရွာမှ ကျောင်းဆရာဟောင်း တစ်ဦးက အစကို ဆွဲထုတ်ခြင်းပင်ဖြစ်သည်။

(၂)

သူ မန္တလေးသာသနာ့တက္ကသိုလ်တွင် စာအုပ်များကြားထဲ တိုးဝင်နေစဉ် ထိုကျောင်းဆရာရောက်လာခဲ့ဖူးသည်။ သူ့အခန်းလေးထဲတွင် စာအုပ်များနှင့် ဟောင်းနွမ်းနေသောအသုံးအဆောင်အချို့မှ လွဲ၍ ပိုင်ဆိုင်မှုချို့တဲ့လှ ကြောင်းသိသွားသည်ဟု ကျောင်းဆရာက သူ့ကို ပြန်ပြောပြခဲ့သည်။

ကျောင်းဆရာက သာမန်ကျေးလက်မိသားစုမှ မွေးဖွားကြီးပြင်းလာရသည့် သူ့လို ရဟန်းတစ်ပါးအတွက် တိုးတိတ်စွာ စာအုပ်စာပေကိုသာ အားကိုးဆုပ်ကိုင်ထားသည်မှာ သဘာဝကျလှသည် ဟု ဆိုသေးသည်။ ကျောင်းဆရာစကားအရ သူက ရပ်ရွာနှင့် မိဘကို ဒုက္ခမပေးဘဲ (ရပ်ရွာနှင့် မိဘကလည်း သူ၏ ကြိုးစားအား ထုတ်မှုနှင့် အနာဂတ်အလားအလာ မသိဘဲ) ကျေနပ်လောက်သောရလာဒ်များဖန်တီးနေသည်ကို ကျောင်းဆရာ တစ်ယောက်၏ အမြင်ဖြင့် မှတ်သားမိခဲ့သည်ဟု ဆိုပါသည်။

အမှန်တကယ်ပင် ထိုစဉ်က သူနှင့်အတူ ကျောင်းဝင်ခွင့်စာမေးပွဲအောင်မြင်ခဲ့ကြသည့် ရဟန်းတော်များ၏ ပထမဆုံးကျောင်းဝင်နေ့ရက်က ပုံရိပ်ကို သူကြည်နူးနေခဲ့ပါသေးသည်။ ရပ်ရွာမှ ဆရာဘုန်းကြီး သို့မဟုတ် မိဘဆွေမျိုးများ ၊ ဂုဏ်ယူပီတိဖြစ်နေကြသည့် ရဟန်းဒကာ ဒကာမမိသားစု သို့မဟုတ် ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းကြသူများက ကားကြီးကားငယ် အသွယ်သွယ်ဖြင့် လိုက်ပို့ကြသည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ကြသည့် သူတို့၏ တပည့်ရဟန်း သားရဟန်းများ၏ အနာဂတ်အတွက် တက်ကြွနေသော ထိုပုဂ္ဂိုလ်တို့၏ ပီတိကို သူမြင်နေရသည်။

သူ့မိဘ သူ့ဆရာ သူ့ဒကာများလည်း ထိုပုဂ္ဂိုလ်များလိုပင် ဂုဏ်ယူချင်ကြမှာပါပဲ။ သို့သော် သူက မည်သူ့ကိုမှ အကြောင်းမကြားဖြစ်ခဲ့။ သူ့အသိုင်းအ၀ိုင်းလေးကို တစ်နေ့နေ့မှာတော့ သူဘာလုပ်နေသည်ကို ပြောပြဖြစ် လိမ့်မည်ထင်ပါသည်။ သို့မဟုတ် သူတို့ တစ်နည်းနည်းဖြင့် သိသွားကြပါလိမ့်မည်။

သူအတွက်တော့ ဘာမှမဆန်းကြယ်ပါ။ သာသနာ့တက္ကသိုလ်နေ့ရက်များမတိုင်မီ မန္တလေးမြို့တော်၏ နာမည်ကျော်စာသင်တိုက်ကြီးဖြစ်သည့် မစိုးရိမ်တိုက်သစ်တွင် ကျောတစ်နေရာစာရှာဖွေလျှောက်ထားကာ ခြစ်ခြစ်ကုတ်ကုတ် နေထိုင်ပညာသင်ယူ နေစဉ်ကလည်း မည်သူ့ကိုမှ အပူမကပ်ခဲ့။

ရပ်ရွာသို့ ပြန်သည့်အခါတိုင်း မိဘဆွေမျိုးများကို ဘာလိုသည်ဟု အရိပ်အမြွက်မဟခဲ့စဖူး။ ဟလည်း ဟရက်စရာမရှိ။ မိုးခေါ်သံသာ ကြားရပြီး ဖားအော်သံမကြားရသော ရပ်ဝန်းက လူများ၏ ကြေကွဲဖွယ်ရာ ဒရမ်မာဇာတ်လမ်းဇာတ်ကွက်တို့ကို သူက ခံစားမိခဲ့ပြီးဖြစ်လေသည်။

လွန်ခဲ့သော ၁၉၉၆ ခုနှစ်များဆီက ကျောင်းဆရာ၏ အတွေးတွင် သူ့ပုံရိပ်ကို မည်သို့ ကောက်ကြောင်း ရေးခြစ်ခဲ့သည်တော့မသိ။ သူကတော့ သူ၏ ညှိုးငယ်ချို့တဲ့လှသော နေ့ရက်လမ်းကြောင်းများတွင် မိတ်ဆွေ သီတင်းသုံးဖော်တို့၏ လက်ခုပ်သံများ၊ သုတရသစာမျက်နှာများနှင့်အတူ တက္ကသိုလ် စာသင်ခန်းများကိုသာ ဖက်တွယ်အားကိုးဖြစ်လေသည်။







ရာစုသစ်မစတင်မီမှာပင် သူ၏ သာသနာ့တက္ကသိုလ်နေ့ရက်များကုန်ဆုံးသွားသည်။ တက္ကသိုလ်တွင် လေးနှစ်တာ ပညာသင်ယူခွင့်ရပြီးသည့်ရဟန်းတစ်ပါးအနေဖြင့် (အကယ်၍ မဟာတန်းဝင်ခွင့် မရခဲ့လျှင် ) နယ်စပ်ဒေသတွင် ၂ နှစ်တာ သာသနာပြုတာဝန်ထမ်းဆောင်ရန် သတ်မှတ်ချက်ရှိလေသည်။ သူက မဟာတန်းတက်ရန် အခွင့်အလမ်းမသာခဲ့ပါ။ နိုင်ငံခြားဘာသာစကားတစ်ခုခုကို အရူးအမူးသင်ယူကာ ရှေးဟောင်းယဉ်ကျေးမှုဇုံထဲသို့ ရောက်လာသမျှ နိုင်ငံခြားသားဧည်သည်များနှင့် တွတ်ထိုးလေ့ရှိသော သူ့အတွက် ကျောင်းခေါ်ချိန်နောက်ကျသော နေ့ရက်တို့ များပြားခဲ့ခြင်းက မဟာတန်းနှင့် ဝေးကွာစေခဲ့လေသည်။ (အခြားအကြောင်း တရားများလည်း ရှိနေနိုင်ပါသည်။)

သို့သော် သာသနာပြုရဟန်းတစ်ပါးအဖြစ် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တိုင်းရင်းသားပေါင်းစုံတို့၏ အပြုံးများဆီ ရွက်လွှင့်ခဲ့ရခြင်းသည်ပင် ဆုမြတ်တစ်ပါးဖြစ်ခဲ့လေသည်။ သူ တာဝန်ကျသည်က ပြည်နယ်မြို့တော်ဖြစ်သည့် ကျိုင်းတုံ၏ ထေရ၀ါဒဗုဒ္ဓသာသနာပြုဌာနဗဟိုတွင် ဖြစ်သည်။ ယခင်လများဆီက သူသည် သာမန်သာသနာ့ တက္ကသိုလ်ကျောင်းသားမျှသာဖြစ်ခဲ့သည်။ ယခု သူက သာသနာပြုရဟန်းတော် တစ်ပါးဖြစ်နေပြန်လေသည်။

ဘာသာခြားတို့ကြားဝယ် တိုင်းရင်းသားဘာသာစကားများသာ တွင်ကျယ်သည့် ဤရပ်ဝန်းတွင် ကိုယ့်စကားလုံး ကိုယ်တာဝန်ယူရမည်မှာ သေချာလှကြောင်း သူက သတိရှိနေခဲ့ရသည်။ တစ်ခါတစ်ရံတွင် သာသနာပြု ပုဂ္ဂိုလ်များအနေဖြင့် (မည်သည့် ဘာသာဖြစ်စေ)အဖွဲ့အစည်းအချို့၏ အသုံးပြုခြင်းကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ခံရတတ်ပါသည်။

ယခု သာသနာပြုရဟန်းတော်ဆိုသော ခေါင်းစဉ်အောက်တွင် ရောက်ရှိနေပြီဖြစ်သည့် သူ့အတွက် စကားလုံး တစ်လုံးကို တရားဝင်ထုတ်ဖော်ပြောရန် အရေးကြုံသည့်အခါတိုင်း အစွန်းလွတ်လမ်းစဉ်ကို မှီခိုရလေသည်။ ဘာပဲဖြစ်ဖြစ် သူက ရောက်စနေ့ရက်များတွင် စာပေသင်ကြားပို့ချခြင်းတာဝန်ကိုသာ မည်သူမျှ တာဝန်မပေးဘဲ ဖန်တီးရယူခဲ့ပါသည်။ သာသနာပြုဌာနတွင် ဘာသာစကားသင်တန်းလေးတစ်ခု ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

သူ့သင်တန်းလေးတွင် ဘာသာမရွေး လူမျိုးမရွေး တက်ခွင့်ရှိသည်။ သင်တန်းလျှောက်လွှာပုံစံဖြည့်စရာမလို ။ သင်တန်းပျက်ခွင့် တိုင်စရာမလို ။ (သူကိုယ်တိုင်သည်ပင် ကိုယ်နှစ်သက်၍ စိတ်လိုလက်ရရှိမှသာ သင်တန်း ခန်းမများကို တိုးဝင်ဖြစ်ခြင်းကြောင့် သူ့တပည့်များအတွက် ထွက်ပေါက်တစ်ခုကို လွယ်လွယ်ကူကူ ဖွင့်ပေးထား ခြင်းဖြစ်လေသည်။)

သူ၏ သာသနာပြုသင်တန်းကျောင်းလေးသည် နွေးနွေးထွေးထွေး ရှိလှသည်။ တက္ကသိုလ်ဝင်တန်းဖြေပြီးစနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသော လူငယ်အများစုသာ အတက်များသည့်အတွက် ပို၍ သစ်လွင်တောက်ပ နေလေသည်။ သင်တန်းတက်နေသည့် ကလေးများက မော်ဒန်ကဗျာနှင့် ရော့ခ်သီချင်းများအကြောင်း လွတ်လပ်စွာ ပြောဆိုငြင်းခုန်ကြသည်.။ သို့မဟုတ် ရင်ခုန်ကြတာလည်း ဖြစ်နိုင်သည် ။ သူက ဗြဟ္မစိုရ် တရားနှင့် ဗုဒ္ဓခေတ် စိတ်ထားမြင့်မြတ်သူတို့အကြောင်း မျှဝေဖြစ်သည်။

အမှန်တကယ် သူဖွင့်လှစ်ထားသည့် သင်တန်းလေးသည် ဘာသာစကားသင်တန်းလေးသက်သက်မျှသာ မဟုတ်။ ဗြဟ္မစိုရ်တရားနှင့် လူသားဝါဒအကြောင်း သတင်းကောင်းဖြန့်ချီရာ အသိုက်အမြုံလေးတစ်ခု ဖြစ်အောင် မျှော်လင်ခဲ့ဖူးသည်မှာ ပြန်တွေးတိုင်း လွမ်းစရာ။







သူဖွင့်နေသော ဘာသာစကားသင်တန်းလေး၏ အသံသည် ပတ်ဝန်းကျင်ရပ်ကွက်လေးများမှ အရွယ်စုံကလေး ငယ်တို့၏ နှလုံးသားကပင် ကြားရလေသည်။ သို့နှင့် သူ၏ ပုံမှန်ညနေခင်းသင်တန်းလေးအပြင် အခြေခံ ပညာတန်းစုံကလေးငယ်တို့၏ အပိုကျူရှင်ကျောင်းလေးပါ ထပ်တိုးလာလေသည်။ စာကို အိပ်မက်မက်သည်ထိ ကြိုးစားလေ့ရှိသော ကလေးများအတွက် သူပါ နောက်တစ်နေ့သင်မည့် သင်ခန်းစာများကို အိပ်မက် ထည့်မက်ရသည်မျိုးလည်း ရှိခဲ့သလို သူ့ကျောင်းလေးကို ကစားကွင်းတစ်ခုအဖြစ် မြူးတူးခုန်ပေါက်လေ့ရှိသော မျောက်ရှုံးလေးများကို ( ကလေးများနှင့် မည်သည့်အခါမှ လက်ပွန်းတတီးမနေခဲ့ဖူးသော သူ့အတွက်) နောက်တစ်နေ့တွင် ဘယ်လိုချော့မော့ထိန်းကျောင်းရမလဲ ဟူသော အတွေးများဖြင့် အိပ်စက်မရဖြစ်ရသည် မျိုးလည်း ရှိခဲ့သေးသည်။

တကယ်ဆိုတော့ သာသနာပြုတာဝန်ထမ်းဆောင်ရသည့် နှစ်နှစ်တာကာလအတွင်း ချစ်လှစွာသော ကလေးငယ် တို့၏ လွတ်လပ်ပွင့်လင်းသော ရယ်သံများ တစ်ခါတစ်ရံတွင် နားကွဲလုလုငိုသံများကြားတွင် သူပျော်ခဲ့ပါသည်။ (နောင်၈နှစ်ခန့်ကြာသောအခါမှ ပြန်တွေ့ရသည့် ထိုစဉ်က အလယ်တန်း ကျောင်းသူတပည့်မတစ်ယောက်က “ အဲဒီအချိန်တွေက စာသင်ရတာ ဘုန်းဘုန်းစိတ်ပျက်မသွားဘူးလား” ဟူသော အမေးကို သူက မဖြေဘဲ တိုးတိတ်စွာ ပြုံးနေဖြစ်ပါသည်။) ကိုယ့်ရွေးချယ်မှုကို ကိုယ်တိုင်လက်မှတ်ရေးထိုးရန် သူက သွေးကြောင်တတ်သူ မဟုတ်ခဲ့ပါ။

ညနေခင်းသင်တန်းနှင့် ကျူရှင်ကျောင်းလေးဖြင့် မအားလပ်အောင် ဖြစ်နေရသည်တွင်မှ ပြည်နယ်အဆင့် ဗုဒ္ဓဘာသာသင်တန်းပေါင်းစုံတို့၏ သင်တန်းခန်းမများဆီက ဖိတ်စာများ သူ့အမည်ဖြင့် ရောက်လာပြန် လေသည်။ တက္ကသိုလ်စာသင်နှစ်များဆီက စာသင်ခန်းများနှင့် လွဲချော်ခဲ့ဖူးသောသူ့ဆီကို သာသနာပြုရဟန်း ဘ၀မှာတော့ စာသင်ခန်းများက တစ်ရစ်ပြီး တစ်ရစ် တိုးဝင်လာခဲ့လေတော့သည်။

ထိုသင်တန်းလေးများနှင့် ရှုပ်ထွေးပျော်ဝင်စဉ်မှာပင် သာသနာပြုကျောင်းလေးကို အခြားသာသနာပြုရဟန်း တော်များနှင့်အတူ ရှင်ငယ်ရဟန်းငယ်များအတွက် ပရိယတ္တိစာသင်တိုက်လေးအဖြစ် ဖော်ဆောင်ရပြန်ပါသည်။ ငယ်ရွယ်သောကိုရင်လေးများကို ထိန်းကျောင်းပဲ့ပြင်ရသော တာဝန်သည် မလွယ်ကူလှကြောင်း သူကိုယ်တိုင် ဆရာတစ်ယောက်ဖြစ်လာသောအခါမှ သိလာရတော့သည်။ သူသည်လည်း ငယ်စဉ်က ဆရာသမားများ၏ ကြိမ်လုံးများစွာကို အပိုင်စားရခဲ့သည်မဟုတ်ပါလား။ ကိုယ်တိုင်က ဆရာဖြစ်လာသောအခါ ငယ်စဉ်က စိုးရွံ့ခဲ့သော ကြိမ်လုံးကြီးကို ကိုင်တွယ်အသုံးပြုရမှာ မ၀ံ့မရဲဖြစ် ရသည်။

Read more...

Not Only

မျှရယ်သာမဟုတ်

Read and consider.
Write and present.
Hear and listen.
Speak and explain.
Look and see.
Watch and observe.
Breathe and smell.
Eat and taste.
Touch and feel.
Think and mind.

ဖတ်ပြီးတော့ စဉ်းစား။
ရေးပြီးတော့ တင်ပြ။
ကြားလည်းကြား နားလည်းဆင်။
ပြောလည်းပြော ရှင်းလည်းပြ။
ကြည့် မြင်အောင်ကြည့်။
ကြည့် စူးစိုက်ကြည့်။
ရှူ။ အနံ့ခံရှူ။
စား။ အရသာခံစား။
တွေ့ထိ။ ခံစား။
တွေး။ စိတ်စိုက်တွေး။
0 comments

Read more...

အကြင်နာ ဆေးတစ်ခွက်

ဒီကနေ့ ဘာအတန်းမှ မရှိတာနဲ့ ပူနေးတက္ကသိုလ်တွင် ကျောင်းတက်နေသော သူငယ်ချင်းများ၏ ဘလော့ဂ်များကို ပူနေးအလွမ်းပြေ သွားရောက် လည်ခဲ့သည်။ ကိုကောင်းမွန်၊ အရှင်ဇ၀န၊ မေမေ့လပြည့်ဝန်း၊ အရှင်နာဂ၀ံသာလင်္ကာရ တို့၏ ဆိုဒ်များကို လေ့လာရင်း အရှင်နာဂဆိုက်မှ သီတဂူဆရာတော်ကြီး၏ ဂိလာန အပေါ် ပြုစုပုံကို မြင်လိုက်သဖြင့် အလွန်ဝမ်းသာလွန်းလို့ ကူးယူပြီ တဖန် တင်ပြလိုက်ပါသည်။

အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် ဝေဇယန္တာဆရာတော် အရှင်မဟောသဓပဏ္ဍိတ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး၏ အုပ်ချုပ်ရေးမှူးဆရာတော်) စာရေးဆရာ စစ်ကိုင်း မင်းရှိန်သည်..မကျန်းမမာဖြစ်နေသည်မှာ ငါးလနီးနီးရှိပါပြီဖြစ်ပါသည်။ လေဖြက်ရောဂါဟု သိရပါသည်။


အကြင်နာ ဆေးတစ်ခွက်

အားဆေးတစ်ခွက်

ကြင်ကြင်နာနာဖြင့် မကျန်းမာနေသူအား စောင့်ရှောက်ခြင်းသည်..နာမကျန်းဖြစ်နေသူအတွက် လွန်စွာမှ တန်းဘိုးဖြတ်မရနိုင်သောအရာဖြစ်ပေသည်....။ချိုသာ နူးညံ့သောအားပေးစကားကို ကြားရသဖြင့်..နာမကျန်းသူအတွက် အားဆေးဖြစ်ရသည်ကို ကိုယ်တိုင်တွေ့ကြုံဘူးကြပေမည်..ကိုယ်၏ စောင့်ရှောက်ခြင်း နုတ်၏စောင်မခြင်းဖြင့် လုနာကို သက်သာရာရစေသည်...ရောဂါနှိပ်စက်သဖြင့် အားငယ်နေရသော လူမမာအတွက်..ကျွန်ုပ်တို့ ကူညီသင့်ကြပေသည်...ထိုကဲသို့ ပြုလုပ်ခြင်းသည်...စိတ်ကောင်းရှိသော သူတို့မှသာ လုပ်နိုင်ပေသည်။


သီတဂူဆရာတော်နှင့် အရှင်မဟောသဓပဏ္ဍိတ
ယခုအခါ သီတဂူဆရာတော်သည်..အမေရိကန်ပြည်ကို ရောက်နေခိုက် လေဖြတ်ရောဂါခံစားနေရသော ဝေဇယန္တာဆရာတော် အရှင်မဟောသဓပဏ္ဍိတ(၀ါရှင်တန်)အား...ကြင်ကြင်နာနာ ဂရုစိုက်နေပုံမှာ ဂိလာန ရဟန်းတွေအတွက် အားဆေးတစ်ခွက်ဖြစ်သလို မြင်ရသူတိုင်းအတွက် ကြည်နူးစရာဖြစ်ရပေသည်။

အရှင်နာဂ၀ံသာလင်္ကာရ (ပူနေး )ဆိုဒ်မှ ကူးယူပြီး ဖော်ပြပါသည်။

အကြင်နာတရား ပွားများနိုင်ကြပါစေ။
သီတဂူစတား
၅-၉-၂၀၁၀

0 comments

Read more...

ကင်ဆာရောဂါကို ကာကွယ်နိုင်သော အသီးအနှံ ၁၀-မျိုး

(၁) ဂေါ်ဖီထုပ်
ဂေါ်ဖီထုပ်တွင် ထုံး၊ သံ၊ ပိုတက်ဆီယံ၊ ဆိုဒီယမ်၊ ဖော့စဖတ်ရတ် အစရှိသော သတ္ထုဓာတ်များစွာ ပါဝင်သည်။ ထို့ပြင် ဗီတာမင် အေဓာတ်၊ ဗီတာမင် ဘီ-၁၊ ဘီ-၂ ဓာတ်၊ ဗီတာမင် စီဓာတ်များလည်း ပါဝင်သည်။ ထိုဓာတ်များသည် ကင်ဆာရောဂါဖြစ်ပွားမှုကို တားဆီးကာကွယ်နိုင်သည်။ ဂေါ်ဖီထုပ်ကို ရေသေချာစွာဆေး၍ အစိမ်းလိုက် စားသုံးခြင်းသည် အာဟာရဓာတ်ကို ပြည့်ဝစွာ ရရှိနိုင်သည်။

ဂေါ်ဖီထုပ်နည်းတူ ပန်းဂေါ်ဖီစိမ်း၊ Brussel ခေါ် ကွမ်းသီးဂေါ်ဖီထုပ်၊ ပဲပင်ပေါက်၊ ကိုက်လန်၊ မုန်လာဥ စသည့် ဟင်းသီးဟင်းရွက်များသည်လည်း ကင်ဆာရောဂါကို ကာကွယ်ပေးသည်။ ထိုဟင်းသီးဟင်းရွက်များထံမှ ရရှိသော အင်ဇိုင်းများသည် ကင်ဆာဖြစ်စေနိုင်သော ကာစီနိုဂျင်များကို ပယ်ဖျက်ပေးနိုင်သည်။

( ၂ ) မုန်လာဥ ၀ါ
မုန်လာဥ ၀ါသည် အများအားဖြင့် ဥရောပတိုက်နှင့် ဟိမ၀န္တာအနောက်ပိုင်းဒေသများ၌ တွေ့ရသည်။ ဥတိုနှင့် ဥရှည် ဟူ၍ နှစ်မျိုးရှိသည်။
မုန်လာဥ ၀ါ-သည် ဆေးလိပ်သောက်သုံးသူများတွင် တွေ့ရသော ကင်ဆာရောဂါကို ပျောက်ကင်းစေနိုင်သည်။ ထို့ပြင် စိတ်ပင်ပန်းမှု၊ ပန်းနာရောဂါ ဖြစ်မှု၊ ဖျဉ်းရောဂါစွဲမှုတို့ကို ပျောက်ကင်းစေသည်။ မုန်လာဥ ၀ါ-ထဲတွင် ပါရှိသော ဓာတ်သဘာဝများသည် သွေးထဲရှိ ကိုလက်စထရောများကို ဖိချပေးပြီး အူမကြီးကင်ဆာနှင့် ပတ်သက်သည့် ပြဿနာများကိုလည်း ဖြေရှင်းပေးသည်။

သို့ရာတွင် မုန်လာဥ ၀ါ-ကို စားသုံးသော်လည်း ဆေးလိပ်၊ စီးကရက်များကို ဆက်လက်သောက်သုံးနေပါက မုန်လာဥ၀ါ၏ အကျိုးအာနိသင်ကို ကောင်းစွာရရှိမည် မဟုတ်ချေ။


( ၃ ) ငရုတ်နှင့် ငရုတ်ကောင်း
ပူစပ်သော အရသာရှိသည့် ငရုတ်သီးနှင့် ငရုတ်ကောင်းစေ့များသည် ဆေးလိပ်အသောက်များမှုကြောင့် အဆုတ်ကင်ဆာဖြစ်မည့် ဘေးအန္တရာယ်များကို ကာကွယ်ပေးနိုင်သည်။ ပင်ပန်းမှုကြောင့် ဖြစ်ပေါ်လာသော နာကျင်ကိုက်ခဲမှုများကိုလည်း ပျောက်ကင်းစေသည်။

ထို့ပြင် ငရုတ်၊ ငရုတ်ကောင်းများသည် သလိပ်ကို ကြေစေသည်။ အပူအပုပ်ကို ကြေစေသည်။ နို့ရည်ကိုလည်း ထွက်စေသည်-ဟု အိန္ဒိယဆေးကျမ်းများ၌ ဆိုထားသည်။

( ၄ ) ရှောက်သီး၊ သံပရာသီး
ရှောက်သီး၊ သံပရာသီး အစရှိသော အသီးအနှံများတွင် ပါဝင်သော ဓာတ်သဘာဝများသည် ကင်ဆာဆဲလ်များ ပွားများအောင် ဆောင်ရွက်နေသော ကိုယ်ခန္ဓာအတွင်းရှိ ကာစီနိုဂျင်များကို ဖယ်ရှားပေးသည်။ ရှောက်သီး၊ သံပရာသီးများတွင် ပါဝင်သော Limonnene ဓာတ်နှင့် Glucarase ဓာတ်များသည် ကင်ဆာရောဂါကို ကာကွယ်တိုက်ဖျက်ပေးသည်။

Limonene ဓာတ်များကို တရုတ်နံနံ၊ ဖာလာ၊ ကရဝေးနှင့် စမုန်နက်တို့တွင်လည်း တွေ့ရသည်။

( ၅ ) ကြက်သွန်ဖြူ နှင့် ကြက်သွန်နီ
ကြက်သွန်ဖြူ နှင့် ကြက်သွန်နီများထဲတွင် ပါဝင်သော Allium ကွန်ပေါင်းများသည် စူးရှသောအနံ့ အရသာကို ဖြစ်စေနိုင်သည်။ သို့ရာတွင် ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့သည် ခန္ဓာကိုယ်အတွင်းရှိ အင်ဇိုင်းဓာတ်များကို မြှင့်တင်ပေးပြီး ကင်ဆာဖြစ်စေသော ကာစီနိုဂျင်များကို ချေဖျက်ပေးသည်။

ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ဆံပင်တွင် ပွတ်ပေးပါက ဆံပင်မည်းနက်စေသည်ဟု မြန်မာ့ဆေးကျမ်းများ၌ ဖော်ပြထားသည်။

( ၆ ) စပျစ်သီး
စပျစ်သီးထဲတွင် ကင်ဆာရောဂါကို တိုက်ဖျက်နိုင်သော အင်ဇိုင်းများကို ထုတ်လုပ်ပေးသည်။ အက်စစ်ဓာတ်များ ပါဝင်သည်။ ပန်းသီး၊ စတော်ဘယ်ရီသီးနှင့် ရက်စဘယ်ရီသီးများထဲတွင်လည်း ထိုအက်စစ်ဓာတ်များ ပါဝင်သည်။

စပျစ်သီးသည် ရေငတ်ခြင်း၊ လေနာရောဂါ၊ မူးဝေခြင်း၊ ကိုယ်ပူနာ၊ သတိမေ့လျော့ခြင်းများကို ပျောက်ကင်းစေသည်။

( ၇ ) ဖရဲသီး၊ သခွားသီး
ကင်ဆာရောဂါကို ကာကွယ်နိုင်သော အသီးအနှံများထဲတွင် ဖရဲသီး၊ သခွားသီးတို့လည်း ပါဝင်သည်။ ဖရဲသီး၊ သခွားသီးများထဲတွင် ကင်ဆာရောဂါကို တိုက်ခိုက်နိုင်သော ဓာတ်သဘာဝကွန်ပေါင်းများ အပြည့်အ၀ ပါဝင်နေသည်။

တရုတ်ပြည်၌ သခွားသီးကို အသည်းရောဂါ၊ ကင်ဆာနှင့် မိန်းမသားများ ဓမ္မတာထိန်းညှိရေး ကိစ္စများတွင် အသုံးပြုကြသည်။

သခွားသီးသည် ရေငတ်ခြင်း၊ မောပန်းခြင်းများကို ပျောက်ကင်းစေရုံသာမက နှလုံးနှင့်ပတ်သက်သော ရောဂါများ ကုသရာ၌လည်း အသုံးဝင်သည်။

( ၈ ) ပဲပိစပ်
ပဲပိစပ်သည် လူ့ခန္ဓာကိုယ်အတွင်းရှိ ကင်ဆာဆဲလ်များကို မျိုးပွားအောင် ပြုလုပ်ပေးသော သွေးများကို ဖြတ်တောက်ပေးသည်။ ပဲပိစပ်တွင် Genistien ဓာတ်သဘာဝ ပြည့်ဝစွာ ပါဝင်သည်။ ထိုဓာတ်သည် ကင်ဆာရောဂါ မဖြစ်ပွားအောင် ကာကွယ်ပေးသည်။

ပဲပိစပ်သည် အမျိုးသမီးများတွင် ဖြစ်ပွားသော ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာများ ဖြစ်ပွားနိုင်မှုကို လျော့နည်းစေသည်။ ပဲပိစပ်တွင် ပါဝင်သော Genistien ဓာတ်သည် အမျိုးသမီးများကို အကျိုးပြုသော အီစထရိုဂျင်ဓာတ်များနှင့် တူညီသည်။

တို့ဟူး၊ ပဲကျပ်ပျဉ်၊ ပဲနို့်ရည်၊ မြေပဲ၊ လူဆန်ပဲပင်နှင့် ဒေါက်ခွရွက်တို့ထဲလည်း Genistien ဓာတ်များ ပါဝင်သည်။ ပဲပိစပ်ကို ပုန်းရည်ကြီးပြုလုပ်ရာတွင် အသုံးပြုသည်။ (ပဲကျပ်ပျဉ်သည် ပဲငါးပိ၊ ပဲငံပြာရည်တို့ ပြုလုပ်ကြသော ပဲတမျိုးဖြစ်သည်။)

( ၉ ) လက်ဖက်
လက်ဖက်ရွက်၊ လက်ဖက်ခြောက်များထဲတွင် လူကို အကျိုးပြုတတ်သော ဓာတ်များပါဝင်သည်။ ခန္ဓာကိုယ်အတွင်းရှိ ပုံမှန်ဆဲလ်များမှ ကင်ဆာဆဲလ်အဖြစ်သို့ ကူးပြောင်းပြီး တိုးပွားလာမည့် အခြေအနေကို လက်ဖက်တွင် ပါဝင်သော ပိုလီဖီနောလ် ဓာတ်သဘာဝများက မပြန့်ပွားအောင် တားဆီးပေးသည်။ ကင်ဆာဖြစ်စေနိုင်မည့် ကာစီနိုဂျင်များကိုလည်း ဖယ်ရှားပေးသည်။

လက်ဖက်တွင် ကက်ဖိန်းခေါ် ဓာတ်တမျိုးနှင့် တယ်နင်ခေါ် ဓာတ်တမျိုး ပါဝင်သည်။ ယင်းဓာတ်များသည် လူကို ရွှင်လန်းစေသည်။ သို့ရာတွင် ယင်းဓာတ်ကို များများစားမိပါက အာရုံကြောများကို ထိခိုက်စေနိုင်သည်။

( ၁၀ ) ခရမ်းချဉ်သီး
ခရမ်းချဉ်သီးသည် အသီးအနှံများထဲတွင် ဗီတာမင်ဓာတ် အကြွယ်ဝဆုံးဖြစ်သည်။ လူများကို ရောဂါတိုးပွားအောင် ဖန်တီးပေးသော ဖရီရယ်ဒီကယ် အညစ်အကြေးများကို ဖယ်ရှားပေးသည့် ဗီတာမင်စီဓာတ်သည် ခရမ်းချဉ်သီးထဲတွင် အများဆုံး ပါဝင်နေသည်။ ခရမ်းချဉ်သီးနီထဲတွင် ကင်ဆာဖြစ်စေသော အက်စစ်များကို ဖယ်ရှားပေးသည့် Pcoumaslic အက်စစ်နှင့် Chlorogenic အက်စစ်များ ပြည့်ဝစွာ ပါဝင်နေသည်။
အကိုး။ ။ (၁) အင်တာနက် (၂) နာနာနယ အာဟာရစွယ်စုံကျမ်း (ဇီဝဌာယီ ဦးစံလှ)။

သက်ဝေဦး (ဆေး-၁)
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဒီဇင်ဘာလ)

Read more...

မွမ်ဘိုင်းမြို့၊ ဗုဒ္ဓဘာသာညီလာခံတွင် တင်သွင်းသောစာတမ်းခေါင်းစဉ်များ





သုတေသီများလေ့လာရန်အတွက် မွမ်ဘိုင်းမြို့၊ ဗုဒ္ဓဘာသာညီလာခံတွင် တင်သွင်းသော စာတမ်းခေါင်းစဉ်များကို ဖော်ပြလိုက်ပါသည်။



Session I: India
(1) Textual Sources of the Vipassana Meditation: With Special Reference to the Meditation Technique Introduced By S.N. Goenka ( Prof. Mahesh Deokar)
(2) The Nature And Role of Adhimukti in the Sarvastivada Teaching of Meditative Praxis (Prof. K.L. Dhammajoti)
(3) Texts on Vipassana and the Tradition of Practicing it in the U Ba Khin Way (Prof. Angaraj Choudhary)
(4) ' Belly Meditation' and Other Matters: Did They Know More Than the Bhddha? A Study of the (Mid-Twentieth Century) Controversy over New Burmese Method of Vipassana Meditation (Prof. Asanga Tilakratne)

Session II: Srilanka
(1) Buddhist Meditation in Srilanka (Prof. Sumana Ratnayaka)
(2) A Search for Ethics of War In Theravada Buddhism (Prof. Mahinda Deegalle)

Session III: Thailand
(1) Meditation Practice During the Dvaravati Period (6th -9th Century A.D.) (Ajarn Maechee Vimuttiya)
(2) Buddhist Meditation In Thailand: A New Interpretation (Prof. Somparn Promta)
(3) Buddhist Meditation For Psychotherapy (Ajarn Songmart Suwannart)

Session IV: Cambodia and Laos
(1) Mental Illness in Buddhist Perpspective (Ven. SinKong)
(2) Oudern Phetchamphone (Ven. Sayadej Vongsopha)

Session V: Japan
(1) Santideva's Theory of Meditation: Tranquility (Samatha) and Insight (Vipasyana) in the Early Rescension of the Buddisattavacaryavatara (Prof. Akira Saito)
(2) "Meditation As Moral Training: Reading Dogen's "Shoakumakusa" (…………) in the Light of his Meditation Manuals" (Prof. Gereon Kopf)
(3) The Tradition of Japanese Zen Buddhism (Prof.Mitsuko Yorizumi)
(4) On Esoteric Meditation of Shingon Buddhism and The Mahavairocanabhisambodhisutra (Prof. Chisho Namai)

Session VI: China
(1) Early Yogacara and Visualisation (Prof. Charles Willemen)
(2) Meditation Method in Mohe Zhiguan - The Ten Modes of Contemplation (Prof. Fa Qing)
(3) A Comparison of the Transformation Tableaux on the Amitayus Visualization Sutra and on the Favor Repayment Sutra (Prof. Nobuyoshi Yamabe)
(4) On the Tiantai Vision of Buddhahood: The Threefold Contemplation in One Mind (Prof. Haiyan Shen)

Session VII: Korea
(1) The Digitization of Hanguk Bulgyo Chonso and Korean Seon Texts (Prof. Hwang Soonil)
(2) Buddhist Meditation Movement Among Lay People in Contemporary Korea (Prof. Pori Park)

Session VIII: Tibet
(1) The Applicability of Arya Nagarjuna's Philosophy to Meditation (Prof. Geshe Dorji Damdul)
(2) Meditation on Compassion in the Tibetan Tradition: Between Withdrawal and Activity (Prof. Achim Bayer)
(3) Annual Rains Season Retreat at DGL Nunnery in Himachal (Ven. Jetsunma Tenzin Palmo)

Session IX: Vietnam
(1) ……………………………………………………………………………..(Thich Giac Toan)
(2) The Application of Buddhist Doctrine in Daily Life (Thich Buu Chanh)
(3) Inner Freedom: A Spiritual Journey for Jail Inmates (Thich Nhat Tu)
(4)………………………………………………………………………….(Thich Giac Hoang)
(5) Buddhist Meditation: Leading to a Peaceful Life (Bhikkhuni Thich Nu Tinh Van)

Session X: Burma (Myanmar)
(1) The Power of Seeing Within Leading to Liberation (Ven. Dhammapiya Sayadaw)
(2) Vipassana in Burma: Scriptural learning vs practice, text vs context (Prof. Gustaaf Houtman)
(3) Mangala Sutta: Its Implication for Meditation Practice (Ven. Che Kinda)

Read more...

နယ်စပ်နာဂတောင်တန်းဒေသ သာသနာပြုဘဝ


သားတို့အားမာန်
ထေရဝါဒ
ဖ-ဘုရားသာသနာ
လ-စန္ဒာကမ္ဘာလွှမ်း
ငြိမ်းချမ်းမည်သာ
ထွန်းပြန့်ဖို့ ဒေသစာ
ခြေချကာ ကြွမြဲ
ယပ်သပိတ်တွေ ယူဆောင်ထမ်းပါလို့
မြတ်စိတ်စေ ဖြူရောင်သန်းစွာနဲ့
ရပ်ဆိတ်ငြိမ် တောင်ပြာတန်းကိုကွယ်
လှမ်းပျော်ဝံ့ရဲ။
ကဗျာဆရာမိုးပြို(မင်းပြား)၏ “သားတို့အားမာန်”ကဗျာလေးကို သတိရမိသည်။ သာသနာပြုရဟန်းတော်
များသည် သက်စွန့်ဆံဖျား ဝေးလံသီခေါင်သော တောင်တန်းမြေဒေသမှာ ကွဲလွဲခြားနားသည့် ရာသီသဘာ
ဝဒဏ်ကိုကြံ့ကြံ့ခံရင်း သာသနာတော်စည်ပင် ပြန့်ပွါးထွန်းကားရေးအတွက် ဆင်းရဲမှုကိုပဓာနမထားဘဲ သာ
သနာ့အာဇာနည်များပီသစွာ ဘုရားရှင်ရဲ့သာသနာ့တာဝန်ကို မချွတ်ထမ်းဆောင်ပါမည်ဟူသော သာသနာ
စိတ်ဓာတ်ဖြင့် သာသနာပြုနေကြသည်။
ဘုရားရှင်၏ သာသနာတော်တည်းဟူသော မိုးရေမိုးပေါက်များကို ဗုဒ္ဓဘာသာ သူတော်ကောင်းများတည်းဟူ
သော စဉ့်အိုး၊ ရေကန်များနှင့်ခံပြီး သာသနာတော်တည်းဟူသော ရေမရှိသည့်နေရာဒေသများတွင် အေးမြ
ကြည်လင်သော သာသနာ့ရေများ၊ မိုးရေများ ရရှိအောင် ဖြန့်ဝေရမည့်တာဝန်မှာ ဗုဒ္ဓဘာသာဝင်တိုင်းတို့၏
တာဝန်တစ်ရပ်ပင် မဟုတ်ပါလား။
နယ်စပ်နာဂတောင်တန်းဒေသတွင် သာသနာပြုလုပ်ငန်းတာဝန်သည်လွယ်ကူသော လုပ်ငန်းတာဝန်တစ်ရပ်
တော့ မဟုတ်ပေ။ တောင်ပေါ်ဒေသသည် ဒေသ၊ ဘာသာ၊ စကား ဓလေ့၊ စရိုက်အာုးဖြင့် ကွဲပြားခြားနား
သည့်အတွက် သာသနာပြုရဟန်းတော်များသည် ဦးစွာပထမ ဒေသခံတို့၏ ဘာသာစကားကို လေ့လာသင်ယူရသည်။ သူတို့၏ဘာသာစကားကို တတ်ကျွမ်းပါမှ သူတို့၏သဘောသဘာဝကို နားလည်ပြီး
ကိုယ်ပြောသမျှ စကားများမှာလည်း ထိရောင်အောင်မြင်မှုများ ရှိလာပေသည်။ ဒေသခံတို့၏ ဘာသာစကား
ကို တတ်ကျွမ်းလျှင် သူတို့ကလည်း ပိုမိုခင်မင်ရင်းနှီးလာကြ၏။ ကိုယ်တိုင်သာသနာပြုနေရသော နေရာဒေ
သ၏ ဘာသာစကားကို တတ်ကျွမ်းမှုမရှိလျှင် ကိုယ်ပြောသည်ကိုလည်း သူတို့နားမလည်၊ သူတို့ပြောသည့်စ
ကားကိုလည်း ကိုယ်နားမလည်အလွန်ပင် အခက်အခဲတွေ့ရတတ်သည်။
စာရေးသူသည် သာသနာပြုလုပ်ငန်းကို ကလေးများကို စာပေသင်ကြားရေးလုပ်ငန်းကစတင်ပြီး သူတို့ထံမှာ
လည်း သူတို့ဘာသာစကားကို သင်ယူသည်။ ဝါတွင်းသုံးလ သင်ယူလိုက်လျှင်အတော်အတန် နားလည်လာ
သည်။ စာရေးသူ၏တစ်နေ့တာ လုပ်ငန်းမှာ မနက် ရ-နာရီမှစ၍ ၁၀-နာရီခွဲအထိ ကလေးများကို စာတစ်ချိန်
သင်ပေးပြီး နေ့လယ် ၁-နာရီမှ မွန်းလွဲ သုံးနာရီအထိ နောက်ထပ်စာတစ်ချိန်သင်ပေးသည်။ ကလေးများကို
စာသင်ပြီးချိန်မှစ၍ ညနေ ငါးနာရီအထိ ကျက်မှတ်သင့်၊ ကျက်မှတ်ထိုက်သောစာများကို ကျက်မှတ်ပြီး ကလေးများ အတွက် ကဗျာလင်္ကာများကိုရေးစပ်၍ စာရေးသည်။ ၆-နာရီမှ ၇-နာရီအထိ ပရိတ်ပဋ္ဌာန်းများ
ကို ရွတ်ဖတ်သရဇ္ဈာယ်ပြီး တရားအလုပ်ကို လုပ်သည်။ ၇-နာရီခွဲလျှင် ကလေးများနှင့်ကျောင်းသူကျောင်း
သားများ ကျောင်းသို့ ဘုရားရှိခိုးရန် ရောက်လာကြသည်။
ဘုရားရှိခိုးလာတိုင်း သူတို့လေးတွေကို ချိုချဉ်သကြားလုံးများဝေငှပေးပြီး ဘုရားရှိခိုးနေ့တိုင်းလာရန် ပြောပြ
ရသည်။ မကြာမကြာလည်း လက်ဖက်ရည်များ ဖျော်တိုက်ရ၏။ ဘုန်းကြီးကျောင်းမှာ လက်ဖက်ရည်ဖျော်
တိုက်မည်ဟု ပြောသံကြားလျှင်ကလေးများမှာ အုန်းအုန်းကျွတ်ကျွတ်သောင်းသောင်းဖြဖြ ဘုန်းကြီးကျောင်း
သို့ဘုရားရှိခိုးရန်လာကြသည်။နေ့တိုင်းကထက် ပိုများ၏။သကြားလုံးလည်းကုန်သွားပြီ၊လဖက်ရည်ကလည်း
မတိုက်သည့်ရက်က ကြာနေပြီဆိုလျှင် ကလေးများမှာ ဘုရားရှိခိုးအလာနည်းလာသည်။ ထို့ကြောင့် ကလေး
များကို မကြာမကြာ သွားရေစာများ ကျွေးမွေးရသည်။ အစားအသောက်များကို စားရလျှင် ပျော်တတ်သည်
မှာ ကလေးတို့၏ သဘာဝတစ်ရပ်ပင်ဖြစ်၍ ကလေးများကို အကျွေးအမွေးကျွေးပြီးမှ ဘာသာရေးစကားများ
ကို သွတ်သွင်းပေးရသည်။
ဘုရားရှိခိုးပြီးပြီဆိုလျှင် (၃၈)ဖြာ မင်္ဂလာကဗျာများနှင့် လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ဘုရားရှိခိုး
လင်္ကာများကို သင်ပေးသည်။ တစ်ရက်ခြား ဘုရားဇာတ်တော်များနှင့် ပတ်သည့်ပုံပြင် တစ်ပုဒ်စီ ဘာသာ
ပြန်နှင့် ပြောပြပေးသည်။ ဘုရားရှင်အကြောင်းကို သိရှိစေရန်လည်း ဘုရားရှင်ရဲ့ဖြစ်တော်စဉ်ကို ခုနစ်နေ့
ဘုရားရှိခိုးလင်္ကာများကို ရွတ်ဆိုခိုင်းပြီး ရှင်းပြပေးသည်။ “ဒီနေ့ဘုရားရှင် အကြောင်းနှင့်ပတ်သက်ပြီး အ
မည် ငါးခုကို အလွတ်သင်ပေးလိုက်မယ်၊ မနက်ဖြန် ဘုရားရှိခိုးလာတဲ့အခါ မေးလို့အမည်မှန်ဖြေနိုင်တဲ့သူ
ကို ပိုက်ဆံကျပ် ၂၀-ဆုချမည်” ဆိုပြီး ဘုရားရှင်၏ဘွဲ့တော်က အရှင်ဂေါတမ အလောင်းတော်က သိဒ္ဓတ္ထ
စသည်ဖြင့် အမည်ငါးခုကို နှုတ်တိုက်အလွတ်သင်ပေးလိုက်သည်။
နောက်နေ့ ဘုရားရှိခိုးလာသည့်အချိန်မှာ အမည်တစ်ခုကိုအဖြေနိုင်တဲ့သူကို ပိုက်ဆံ ၂၀-ကျပ်စီပေးရသည်။
မေးသည့်အခါ အမှန်ဖြေနိုင်သည့်သူကို ပိုက်ဆံပေးလိုက်ပြီဆိုလျှင် ကလေးများက လက်ခုပ်သြဘာတီးပြီး
အားပေးကြသည်။ ကလေးများမှာလည်းသူတို့အချင်းချင်း စကားပြောသူကပြေကြ၊ ရယ်သူကရယ်ကြနှင့် အလွန်ပျော်ကြသည်။အန္တရာယ်ကင်းဂါထာများကိုလည်း သူ့ရက်နှင့်သူ အလှည့်ကျသင်ပေးသည်။ ကလေးများမှာအမျိုးစုံသင်ပေးထား၍ အန္တရာယ်ကင်းဂါထာများနှင့် ရတနာသုံးပါးပတ်သက်သည့် ကဗျာလင်္ကာများကို အတော်လေးအလွတ်ရကြသည်။ ကလေးများမှာကား ရတနာသုံးပါး၏အကြောင်းအရာများကို သိရှိရသောအခါ ရတနာသုံးပါးပေါ်တွင် ကြည်ညိုလေးစား ရိုသေကိုင်းရှိုင်းလာကြသည်။ ကလေးများသည် ဆော့ကစားနေသည့်အချိန်မှာလည်း သမ္ဗုဒ္ဓေဂါထာကိုရွတ်ဆိုပြီး ကစားနေကြ၍ ပီတိဖြစ်မိသည်။ ကလေးတစ်ယောက်ဆိုလျှင် ဘုရားရှင်မွေးဖွါးသည့် ကပ္ပိလဝတ်မြို့တော်အကြောင်းကို ပြောပြထား၍ သူ့စိတ်ထဲတွင် ကပ္ပိလဝတ်မြို့အမည်ကို မှတ်မိနေပြီး ဆိုလို့ကောင်းတယ်ထင်ပါရဲ့ “ကပ္ပိလဝတ်၊ ကပ္ပိလဝတ်” နှင့် ခဏခဏရွတ်ဆိုနေသည်ကို တွေ့ရသည်။ ဘုရားရှိခိုးလာသည့်အချိန်များမှာလည်း သူတို့ဒေသထွက် တောပန်း၊တောင်ပန်းများကိုယူဆောင်လာကြပြီး ဘုရားရှင်အား ဘုရားပန်းများ ဆက်ကပ်လှူဒါန်းကြလေပြီ။
ကလေးများမှာ ညနေဘုရားရှိခိုးလာတိုင်း ဘုရားရှိခိုးအပြီးတွင် အောက်ပါကဗျာလေးကို နေ့တိုင်းရွတ်ဆိုခိုင်း
သည်။


*ညအခါမှာ ဘုရားရှိခိုးလို့
ပျော်နေကြတဲ့ ငါတို့တွေ
ကုသိုလ်ရကြမယ်။
*ကုသိုလ်ရကာ အန္တရာယ်ကင်း၍
ဘေးရန်ရှင်းလို့ နေနိုင်တယ်
*ဒါကြောင့်ကွယ် ဒါကြောင့်ကွယ်
ဘုရားရှိခိုး နေ့တိုင်းသွားကြမယ်။


ကဗျာလေးကိုရွတ်ဆိုပြီးတာနှင့် တစ်ပတ်မှာတစ်ရက် ငါးမိနစ်ခန့်မျှ တရားထိုင်းခိုင်းသည်။ ကလေးများမှာ
တရားထိုင်ခိုင်းပြီးလျှင် သိပ်မထိုင်ချင်ကြ။ ဒါပေမဲ့ ချော့မော့ပြောပြ၍ သကြားလုံးပေးပြီးမှ တရားထိုင်ခိုင်းရသည်။
(ဆက်ပါအုံးမည်)
စာရေးသူ-သစ္စာရောင်ခြည်
(၄-၉-၂၀၁၀)

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP