* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, September 3, 2010

ပစ္စည်းပိုင်း - ပဋိစ္စသမုပ္ပါဒ်နည်း (၂)

“ကောင်းပြီ ... တစ်ခုပြောစရာလိုသေးတယ်။
အဲဒါကတော့ အကျဉ်းပဲ ပြောမယ်။
ဒီမှာ ပြောထားတာက အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်။
သင်္ခါရကြောင့် ဝိညာဉ်၊
ဝိညာဏ်ကြောင့် နာမ်ရုပ် စသည်ဖြင့် ပြောထားတဲ့အခါကျတော့
အကြောင်းတစ်ခု အကျိုးတစ်ခုဆိုတဲ့ အဓိပ္ပာယ်မျိုး ဖြစ်မနေဘူးလား။

ဗုဒ္ဓဘာသာမှာက အကြောင်းတစ်ခု အကျိုးတစ်ခုဆိုတဲ့ ဝါဒ၊
အကြောင်းတစ်ခု အကျိုးအများကြီးဆိုတဲ့ ဝါဒ၊
အကျိုးတစ်ခု အကြောင်းအများကြီးဆိုတဲ့ ဝါဒ၊
ဒီ ၃-ခုကို လက်မခံဘူး။

Multiplicity of cause and effect - များစွာသော အကြောင်းကြောင့် များစွာသော အကျိုးဖြစ်တယ်။
ဒါကို လက်ခံတယ်။
အဲဒါလေး မှတ်ထားရမယ်။

အကြောင်းတစ်ခုကြောင့် အကျိုးတစ်ခုဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာက လက်မခံဘူး။
အကြောင်းများစွာ စုပေါင်းပြီးတော့ ဖြစ်တဲ့အခါမှာလည်း အကျိုးများစွာ ဖြစ်တယ်။ ဒီအယူဝါဒကို ဗုဒ္ဓဘာသာ လက်ခံတယ်။

ဒါပေမယ်လို့ ထင်ရှားတဲ့အကြောင်း၊ သူများနဲ့ မဆက်ဆံတဲ့အကြောင်းတွေကို ပြောချင်တဲ့ ပြချင်တဲ့အတွက်ကြောင့်မို့ ဒီမှာ အဝိဇ္ဇာကြောင့် သင်္ခါရ၊ သင်္ခါရကြောင့် ဝိညာဏ် စသည်ကို ပြောတာ။

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်ဆိုတာ စဉ်းစားကြည့်လေ။
သင်္ခါရဆိုတာ ကံ မဟုတ်လား။
ကံဆိုတာ စေတနာ၊ စေတနာဆိုတာ စေတသိက်။
အဲဒီ စေတသိက်ဟာ စိတ်မဖြစ်ရင် မဖြစ်နိုင်ဘူး။ အဲဒီတော့ စိတ်ကလည်း အကြောင်းတစ်ခုအနေနဲ့ ပါတာပဲ။
တစ်ခါ ဒီစိတ်ကလည်း အာရုံမရှိဘဲနဲ့ ဖြစ်ပါ့မလား၊ မဖြစ်ဘူး။
အာရုံရှိပြီဆိုပါတော့၊ မှီရာဝတ္ထုရုပ် မရှိဘဲနဲ့ ဖြစ်ပါ့မလား၊ မဖြစ်ဘူး။
အဲသလို အာရုံအကြောင်းတို့၊ မှီရာဝတ္ထုအကြောင်းတို့၊ သမ္ပယုတ်အကြောင်းတို့ ဒါတွေ အားလုံးစုံမှ သင်္ခါရက ဖြစ်တာ။
အဝိဇ္ဇာဆိုတဲ့ အကြောင်းတစ်ခုတည်းကြောင့် သင်္ခါရဖြစ်တာ မဟုတ်ဘူး။

ဒါပေမယ်လို့ အဝိဇ္ဇာက ပြဋ္ဌာန်းတဲ့အတွက်ကြောင့် အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်လို့ ဒီလို ဟောတော်မူတယ်။

ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်မှာ ဟောထားတာဟာ အဲဒီလို ထင်ရှားရာကို ယူပြီးတော့ ဟောထားတာ ဖြစ်တယ်။
အဝိဇ္ဇာတစ်ခုတည်းကြောင့် သင်္ခါရတစ်ခုတည်း ဖြစ်တယ်၊ သင်္ခါရတစ်ခုတည်းကြောင့် ဝိညာဏ်တစ်ခုတည်း ဖြစ်တယ်၊ ဝိညာဏ် သူ့ချည်းသက်သက်ကြောင့် နာမ်ရုပ်ဖြစ်တယ်လို့ ဒီလို မမှတ်ရဘူး။
တခြား အကြောင်းတွေလည်းပဲ ရှိသေးတယ်။
ဆိုင်ရာ အာရုံတို့၊ ဝတ္ထုတို့၊ ယောနိသောမနသိကာရတို့ ဘာတို့ပေါ့လေ။
အဲဒီအကြောင်းတွေကြောင့် အကျိုးဖြစ်တယ်လို့ အဲဒါကိုလည်း မှတ်ရမယ်။

(အရှင်သီလာနန္ဒာဘိဝံသ)

+++++

၂၀၁၀ ခုနှစ် သြဂုတ်လ ၂၈ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်များသင်တန်း အပတ်စဉ် (၄၈) ပစ္စည်းပိုင်း - ပဋိစ္စသမုပ္ပါဒ် သင်ခန်းစာ ဒုတိယပိုင်းကို နာယူ သင်ယူ မှတ်သားကြရ၏။

ရှေးဦးစွာ လောကချမ်းသာဆရာတော်က ပဋိစ္စသမုပ္ပါဒ်ကို ကာလ၊ အင်္ဂါ၊ အခြင်းအရာ၊ အစပ်၊ ဝဋ် စသည်ဖြင့် ဝေဖန်ပုံများကို ရှင်းလင်း သင်ကြားပေး၏။
ထိုနောက် ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အသံသွင်း ပို့ချချက် သင်ခန်းစာကို နာယူ မှတ်သားကြရသည်။

+++++

လင်္ကာ

‘မူလနှစ်ဖြာ’
‘သစ္စာနှစ်ခု’
‘လေးခုအလွှာ’
‘အင်္ဂါတစ်ဆယ့်နှစ်ပါး’၊ တရားကိုယ်များနှင့်
‘သုံးပါးအစပ်’
နှစ်ရပ်မူလ
‘ဝဋ်သုံးဝ’နှင့်
‘ကာလသုံးဖြာ’
‘ခြင်းရာနှစ်ဆယ်’
ဤရှစ်သွယ်ကို
အလွယ်ကျက်မှတ်
သိစေအပ်သည်
သံသရာမှ လွတ်ကြောင်းတည်း။

+++++

အင်္ဂါ ၁၂-ပါး

အဝိဇ္ဇာ
သင်္ခါရ
......
ဝိညာဏ်
နာမ်ရုပ်
သဠာယတန
ဖဿ
ဝေဒနာ
.....
တဏှာ
ဥပါဒါန်
ဘဝ
.....
ဇာတိ
ဇရာ မရဏ

+++++

မူလ ၂-ပါး (မူလနှစ်ဖြာ/နှစ်ရပ်မူလ)

(၁) အဝိဇ္ဇာ

သံသရာရှေ့ပိုင်း၏ ဝဋ်မြစ် (မောဟ)။
အတိတ်အကြောင်းမှ စ၍ ပစ္စုပ္ပန်အကျိုးတိုင်အောင် ဖြစ်သော အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဟူသော ရှေ့ပိုင်းဘဝစက်၏ မူလသည် အဝိဇ္ဇာ ဖြစ်၏။

(၂) တဏှာ

သံသရာနောက်ပိုင်း ဝဋ်မြစ်။
ပစ္စုပ္ပန်အကြောင်းမှ စ၍ အနာဂတ်ဘဝအကျိုးတိုင်အောင် ဖြစ်သော တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ မရဏဟူသော နောက်ပိုင်းဘဝစက်၏ မူလသည် တဏှာ ဖြစ်၏။

+++++

သစ္စာ ၂-ပါး

အတိတ်အကြောင်း အဝိဇ္ဇာ၊ သင်္ခါရနှင့်
ပစ္စုပ္ပန်အကြောင်း တဏှာ၊ ဥပါဒါန်၊ ဘဝတို့သည် သမုဒယသစ္စာ

ပစ္စုပ္ပန်အကျိုး ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာနှင့်
အနာဂတ်အကျိုး ဇာတိ၊ ဇရာ မရဏတို့သည် ဒုက္ခသစ္စာ

+++++

အလွှာ ၄-ပါး

(၁) အတိတ်အကြောင်း တစ်လွှာ = အဝိဇ္ဇာ၊ သင်္ခါရ၊ (တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ)။
(၂) ပစ္စုပ္ပန်အကျိုး တစ်လွှာ = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။
(၃) ပစ္စုပ္ပန်အကြောင်း တစ်လွှာ = တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ (အဝိဇ္ဇာ၊ သင်္ခါရ)။
(၄) အနာဂတ်အကျိုး တစ်လွှာ = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။

+++++

အစပ် ၃-ပါး

(၁) ဟေတုဖလအစပ် = သင်္ခါရနှင့် ဝိညာဏ်အကြားသည် အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုး တစ်စပ်။
(၂) ဖလဟေတုအစပ် = ဝေဒနာနှင့် တဏှာအကြားသည် ပစ္စုပ္ပန်အကျိုးနှင့် ပစ္စုပ္ပန်အကြောင်း တစ်စပ်။
(၃) ဟေတုဖလအစပ် = ကမ္မဘဝနှင့် ဇာတိအကြားသည် ပစ္စုပ္ပန်အကြောင်းနှင့် အနာဂတ်အကျိုး တစ်စပ်။

+++++

ဝဋ် ၃-ပါး

ဝဋ် = အကြောင်းပြီး အကျိုး၊ အကျိုးပြီး အကြောင်းဟု အကြောင်းအကျိုး မပြတ်ဘဲ ချာချာလည်နေအောင် လည်ပတ်နေသော တရား။

(၁) ကိလေသဝဋ် = အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်။
(၂) ကမ္မဝဋ် = သင်္ခါရ၊ ကမ္မဘဝ။
(၃) ဝိပါကဝဋ် = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဥပပတ္တိဘဝ၊ ဇာတိ၊ ဇရာ မရဏ။

+++++

ကာလ ၃-ပါး (အဓွန့် ၃-ပါး)

(၁) အတိတ်အဓွန့် (အတိတ်ကာလက ဖြစ်ခဲ့သော တရားများ) = အဝိဇ္ဇာ၊ သင်္ခါရ ၂-ပါး။
(၂) ပစ္စုပ္ပန်အဓွန့် (ပစ္စုပ္ပန်ကာလ၌ ဖြစ်သော တရားများ) = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ ၈-ပါး။
(၃) အနာဂတ်အဓွန့် (အနာဂတ်၌ ဖြစ်မည့် တရားများ) = ဇာတိ၊ ဇရာ မရဏ ၂-ပါး။

+++++

အခြင်းအရာ ၂၀-ပါး

အတိတ်အကြောင်း ၅-ပါး တစ်လွှာ၊ ပစ္စုပ္ပန်အကျိုး ၅-ပါး တစ်လွှာ၊ ပစ္စုပ္ပန်အကြောင်း ၅-ပါး တစ်လွှာ၊ အနာဂတ်အကျိုး ၅-ပါး တစ်လွှာဟူသော အလွှာလေးရပ်ရှိ တရားပေါင်း ၂၀ သည်ပင် အာကာရ အခြင်းအရာ ၂၀ မည်၏။

+++++

အဝိဇ္ဇာ၏ အကြောင်းရင်း

အဝိဇ္ဇာ၏ အကြောင်းရင်းသည် အာသဝတရား (အာသဝေါတရား) ၄-ပါး ဖြစ်၏။
သတ္တဝါများသည် အာသဝတရား (လောဘ၊ ဒိဋ္ဌိ၊ မောဟ)ရှိနေခြင်းကြောင့်သာ သောကစသည်တို့ ဖြစ်နေရခြင်း ဖြစ်သည်။
ဤသို့ သောကစသည်တို့ ဖြစ်ရခြင်းတွင် အဝိဇ္ဇာသဝသည် အဓိကအကြောင်း ဖြစ်ပြီး၊ ၎င်းကို အကြောင်းပြု၍ သောကစသည်တို့နှင့်အတူ နောက်နောက် အဝိဇ္ဇာများ ထပ်ဖြစ်ရခြင်းကြောင့် အဝိဇ္ဇာ၏ အကြောင်းမှာ အာသဝတရား ဖြစ်၏။

ပဋိစ္စသမုပ္ပါဒ် လည်ပုံ

သတ္တဝါများသည် လူ၊ နတ်၊ ဗြဟ္မာ စသော ဘဝအမျိုးမျိုး၊ ရုပ်နာမ် ခန္ဓာအမျိုးမျိုးဖြင့် ပုံစံအမျိုးမျိုး ကျင်လည်နေကြရခြင်းမှာ ဗြဟ္မာ ဗိဿနိုး အစရှိသော တန်ခိုးရှင်တို့၏ ဖန်ဆင်းမှုကြောင့် မဟုတ်ဘဲ အဝိဇ္ဇာနှင့် တဏှာတည်းဟူသော ဝဋ်မြစ် မူလ ၂-ပါးကြောင့် ဖြစ်၏။

ဤဝဋ်မြစ် ၂-ပါးကို အခြေခံ၍ ကျန်တရားစုများဖြစ်သော သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ် စသည့် တရားများသည်လည်း ဆက်စပ်၍ အကြောင်းအကျိုးမပြတ် လည်ပတ်ကြရလေသည်။

ဤသို့ဖြင့် မိမိတို့ ရရှိထားသော ရုပ်နာမ်စုကို အရင်းတည်၍ နောက်ရုပ်နာမ်သစ် ရစေရန် အဝိဇ္ဇာစသော အကြောင်းတရားများကို ကြောင်းကျိုးဆက်စပ် ပြုလုပ်ခြင်းဖြင့် သံသရာတစ်ခွင်တွင် ဘဝအမျိုးမျိုး၊ ခန္ဓာအမျိုးမျိုး ကျင်လည်နေရခြင်း ဖြစ်သည်။

ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ် ပျက်ကိန်း

သစ်ပင်၌ ရေသောက်မြစ် ပြတ်လျှင် တစ်ပင်လုံး ပျက်စီးသကဲ့သို့ အဝိဇ္ဇာ၊ တဏှာတည်းဟူသော ရေသောက်မြစ် ၂-ခုကို အရဟတ္တမဂ်တည်းဟူသော ဓား သန်လျက်ဖြင့် ဖျက်ဆီးလိုက်သောအခါ သင်္ခါရတရားများသည် အပြီးတိုင် ချုပ်ငြိမ်း၍ အဖန်ဖန် လည်ပတ်နေရသော ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီး ပျက်လေသည်။

+++++

လင်္ကာ

အဝိဇ္ဇာနှင့် တဏှာ အရင်းခံ
ဥပါဒါန်
ကံကြောင့် ရုပ်နာမ်ပေါ်
အပင်မှ မျိုး
မျိုးမှ အပင်
အမျှင်မပြတ်
ဆက်စပ်သည့်ဟန်
ကံကြောင့် နာမ်ရုပ်
နာမ်ရုပ်ကြောင့် ကံ
အဖန်ဖန် ဖြစ်ပြန်နည်းအလျော်
ဗြဟ္မာသိကြား စသည်များက
ထင်ရှားပြုပြင်
စီရင်ဖန်ဆင်း
အကြောင်းရင်းကြောင့်
လူနတ်များစွာ
သတ္တဝါတို့
ဖြစ်လာရမှု မဟုတ်ဟု
ဉာဏ်ဖြင့် ရှု၍ မျှော်။

+++++

နည်း ၄-ပါး

ဤပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကို ၄-ရပ်သော နည်းဖြင့် အသီးအသီး ဆင်ခြင်လိုက်သောအခါ ပုဂ္ဂိုလ်သတ္တဝါ သူတပါး ယောက်ျားမိန်းမ မရှိတော့ကြောင်း ကောင်းကောင်းကြီး သိမြင်လျက် သဿတ၊ ဥစ္ဆေဒစသော ဒိဋ္ဌိတို့မှ ကင်းစင်နိုင်သောကြောင့် ဧကတ္တနည်း၊ နာနတ္တနည်း၊ အဗျာပါရနည်း၊ ဧဝံ ဓမ္မတာနည်း ဟူသော နည်း ၄-တန်ဖြင့် အဖန်ဖန် ဆင်ခြင်ကြရာ၏။

ဧကတ္တနည်း

“သန္တာန်အစဉ် အမျှင်မပြတ် တစ်စပ်တည်း တစ်ဆက်တည်း”ဟု သိရသောနည်းသည် “ဧကတ္တနည်း” မည်၏။

ဧကတ္တနည်းအရ “မျိုးစေ့မှ အညှောက်ထွက်၍ သစ်ပင်ကြီးအဖြစ်သို့ ရောက်အောင် သန္တာန်အစဉ် အမျှင်မပြတ်သကဲ့သို့ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်၏။
ရှေးရှေး သင်္ခါရကြောင့် ယခုဘဝ ဝိညာဉ်သစ် ဖြစ်၏” စသည်ဖြင့် အစဉ်မပြတ် ဆက်စပ်နေပုံကို ဆင်ခြင်သောအခါ “ဤဘဝ ဤသတ္တဝါ ဤခန္ဓာအစဉ်သည် ဤဘဝဆုံးလျှင် ပြတ်၏။ နောက်ဘဝ နောက်သတ္တဝါ နောက်ခန္ဓာမျိုး ဖြစ်ပြန်၏”ဟု ယူမှားသော ဥစ္ဆေဒဒိဋ္ဌိသည် အလိုအလျောက် ကင်းပျောက်တော့၏။

နာနတ္တနည်း

သန္တာန်အစဉ် အမျှင်မပြတ်သော်လည်း အဝိဇ္ဇာ၏ သဘောက တစ်မျိုး၊ သင်္ခါရသဘောက တစ်မျိုး ဤသို့ စသည်ဖြင့် သဘောလက္ခဏာချင်း ကွဲလွဲကြသည်ဟု သိရသော နည်းသည် နာနတ္တနည်း မည်၏။

ဤနာနတ္တနည်းအရ အဝိဇ္ဇာနှင့် သင်္ခါရတို့ မတူပုံ၊ သင်္ခါရနှင့် ဝိညာဉ်တို့ မတူပုံ၊ အသစ်အသစ် အကြောင်းနှင့် အသစ်အသစ် အကျိုးတို့ တစ်မျိုးပြီးတစ်မျိုး ဖြစ်ပုံကို ဆင်ခြင်လိုက်သောခအခါ မပျက်မစဲ အမြဲတည်သည်ဟု ယူမှားသော သဿတဒိဋ္ဌိသည် အလိုအလျောက် ကင်းပျောက်တော့၏။

အဗျာပါရနည်း

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ရာ၌ “ငါသည် သင်္ခါရကို ဖြစ်စေမည်”ဟု အဝိဇ္ဇာဝယ် ကြောင့်ကြဗျာပါရ မရှိ။ သင်္ခါရကြောင့် ဝိညာဉ်ဖြစ်ရာ၌လည်း “ငါသည် ဝိညာဉ်ကို ဖြစ်စေမည်”ဟု သင်္ခါရဝယ် ကြောင့်ကြဗျာပါရ မရှိ။ ဤသို့ စသည်ဖြင့် အကျိုးတရားကို ဖြစ်စေဖို့အရေး၌ အကြောင်းတရားစုဝယ် ကြောင့်ကြဗျာပါရ မရှိပုံကို သိရသောနည်းသည် အဗျာပါရနည်း မည်၏။

ဤနည်းအရ ဆင်ခြင်လိုက်သောအခါ အကြောင်းတရား အကျိုးတရားတို့ ဘာသိဘာသာ ဖြစ်နေပုံကို သိမြင်ရသဖြင့် “ဤ ကမ္ဘာလောကကြီးနှင့်တကွ သတ္တဝါတွေကို ထာဝရဘုရား စသူတို့က ဖန်ဆင်းပေးနေသည်”ဟူသော ဣဿရ နိမ္မာနဝါဒသည်လည်းကောင်း၊ “မိမိခန္ဓာကိုယ်တွင်း၌ ထိုထိုအမှုကို ပြုလုပ်တတ် ခံစားတတ်သော အတ္တရှိ၏”ဟု စွဲလမ်းတတ်သော အတ္တဝါဒသည်လည်းကောင်း အလိုအလျောက် ကင်းပျောက်တော့၏။

ဧဝံဓမ္မတာနည်း

ဤသို့ အဝိဇ္ဇာစသော အကြောင်းကြောင့် သင်္ခါရစသော အကျိုးများ၏ ဖြစ်ရခြင်းသည် ထုံးစံ ဓမ္မတာပင်တည်းဟု သိရသော နည်းသည် ဧဝံဓမ္မတာနည်း မည်၏။

ဤဧဝံဓမ္မတာနည်းအရ ဆင်ခြင်သောအခါ ချိုဆိမ့်သော နို့ရည်ကြောင့် ချဉ်သော နို့ဓမ်း ဖြစ်ရခြင်း၊ နှမ်းကြောင့် ဆီဖြစ်ရခြင်း၊ ကြံကြောင့် ကြံရည်ဖြစ်ရခြင်းများသည် ထုံးစံဓမ္မတာပင် ဖြစ်၍ သဲမှ ဆီမထွက်နိုင်၊ ကြံမှ နို့ရည်မထွက်နိုင်ခြင်းများသည် ဓမ္မတာပင် ဖြစ်သကဲ့သို့ ထို့အတူ “အဝိဇ္ဇာကြောင့် သင်္ခါရသာ ဖြစ်ခြင်း၊ သင်္ခါရလည်း အဝိဇ္ဇာကြောင့်သာ ဖြစ်ခြင်း၊ တစ်စုံတစ်ခု အကြောင်းမရှိဘဲ ဘာသိဘာသာ မပေါ်လာနိုင်ခြင်း၊ မဆိုင်သောအကြောင်းကြောင့်လည်း မဆိုင်သော အကျိုးမဖြစ်နိုင်ခြင်းသည် ဓမ္မတာပင် ဖြစ်သည်တကား”ဟု စဉ်းစားလိုက်သောအခါ “အားလုံးတရားမှာ ဆိုင်ရာအကြောင်းမကင်း”ဟု သိတတ်သော သဟေတုကအယူပေါ်လာရကား “အကြောင်းမဲ့သက်သက် ဖြစ်တတ်သည်”ဟု ယူမှားသော အဟေတုကဒိဋ္ဌိနှင့် “ကုသိုလ် အကုသိုလ်ကို ပြုသော်လည်း ပြုရာမရောက်၊ အကျိုးမရ နိရတ္တကသာဟု ယူမှားသော အကြိယဒိဋ္ဌိ”များသည် အလိုအလျောက် ကင်းပျောက်တော့၏။

တိုက်တွန်းချက်

ဗုဒ္ဓဘာသာဝင် ဖြစ်၍ အရာရာ၌ စဉ်းစားလေ့ရှိသူတို့သည် “ကမ္ဘာလောကကြီးသည် အချိန်ကျလျှင် ပျက်စီး၏။ ပျက်ပြီးနောက် ကမ္ဘာပြုမိုး ရွာသည်က စ၍ တဖန် ဖြစ်ပေါ်လာ၏”ဟူသော ကျမ်းစာအရ ဖြစ်ချည်ပျက်ချည် အတည်မကျပုံကို ယုံကြည်နိုင်ကြသော်လည်း “ဘယ်တုန်းက စ၍ ဖြစ်ခဲ့ပါလိမ့်မည်နည်း”ဟု တဆင့် စဉ်းစားလေ့ရှိကြပြန်၏။

သတ္တဝါများအတွက် “အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ” စသည်ကို ယုံကြည်နိုင်သော်လည်း “ဘယ်တုန်းက စခဲ့ပါလိမ့်မည်နည်း”ဟူ၍ကား စဉ်းစားလျက်ကြပင်တည်း။
ထိုကဲ့သို့ စဉ်းစား၍ မဆုံးဖြတ်နိုင်သောအခါ “ကမ္ဘာလောကကြီးနှင့် သတ္တဝါတွေသည် အကြောင်းမဲ့သက်သက် ဖြစ်တတ်၏။ ဖြစ်ဖို့ရန် အစမှာ အကြောင်းမရှိ”ဟူသော အဟေတုကဒိဋ္ဌိတွင်းသို့ တချို့ သက်ဆင်းကြလေသည်။
တချို့ကား “ဖန်ဆင်းတတ်သူ တစ်ယောက်,ယောက်တော့ ဧကန် ရှိဦးမှာပဲ”ဟူသော ဣဿရနိမ္မာနဝါဒကို သဘောတူသလို ရှိပြန်၏။

ဗုဒ္ဓဘာသာကျမ်းစာများ၌ “မိမိဉာဏ် မပိုင်၍ မကြံနိုင်သော လောက၊ အကြောင်းအရာ ကမ္ဘာ၏ဖြစ်ပုံကို မကြံလေနဲ့၊ ကြံဖန်များလျှင် အသိဉာဏ် အမှန်မရက ရူးသွပ်တတ်သည်”ဟု မိန့်မှာတော်မူ၏။

ထို့ကြောင့် ဤပဋိစ္စသမုပ္ပါဒ် စက်ရဟတ်လည်ပုံကိုသာ နည်း ၄-ဖြာ ဖြန့်ခင်း၍ သန့်ရှင်းအောင် အထပ်ထပ် စဉ်းစားလျှင် ထိုသံသရာ ထိုကမ္ဘာလောကကြီးနှင့် မိမိခန္ဓာအစဉ်၏ အစမရှိကြောင်းကို ကောင်းကောင်း ရှင်းလင်းပါလိမ့်မည်။

ထိုပဋိစ္စသမုပ္ပါဒ်ကို ရှင်းလင်းစွာ မထွင်းဖောက်နိုင်သေးဘဲ သံသရာမှ ထွက်မြောက်နိုင်သူကား အိပ်မက်ထဲမှာပင် မရှိခဲ့ကြဖူးပါချေ။
သို့အတွက် သံသရာမှ မြန်စွာ ထွက်မြောက်ဖို့ရာ ဤဘဝစက်ဝိုင်းကို ကသိုဏ်းရှုသလို အထပ်ထပ် ကြည့်ရှု ဆင်ခြင်၍ ထင်မြင်အောင် အားထုတ်ကြပါကုန်။

+++++

အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်စက္ကိန္ဒက “သတိပဋ္ဌာန် ၄-ပါးနှင့် ဝိပလ္လာသ”တရားတော်ကို ဟောကြား ချီးမြှင့်၏။



သတိပဋ္ဌာန်

လွန်လွန်ကဲကဲ၊ အာရုံထဲ၌၊ စွဲမြဲတည်ဘိ၊ ထိုသတိ သတိပဋ္ဌာန်ခေါ်။
(အခြေပြုသင်္ဂြိုဟ်)

သတိ‘တစ်’သာ
ဖြစ်တုံပါလည်း
ယူရာအာရုံ
၎-ပါးစုံခဲ့
ယူပုံခြင်းရာ
၎-မျိုးသာတည်း
ပယ်ခွာကိစ္စ
ဖြစ်ပြန်ကလျှင်
၎-ပါးပင်မို့
တို့ရှင်ပင်စော
၎-မျိုးဟောသည်
မှတ်လော သတိပဋ္ဌာန်တည်း။

ယူရာအာရုံ ၄-မျိုး = ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ

ယူပုံ (ရှုပုံ) အခြင်းအရာ ၄-မျိုး = အသုဘ၊ ဒုက္ခ၊ အနိစ္စ၊ အနတ္တ

ထင်မှားမှုကို ပယ်ခြင်းကိစ္စ ၄-မျိုး = သုဘ၊ သုခ၊ နိစ္စ၊ အတ္တ

(၁) ကာယာနုပဿနာသတိပဋ္ဌာန်သည် ဆံပင်၊ အမွေး စသော ကောဋ္ဌာသ ပညတ်ကို အာရုံပြု၏။ ထိုကောဋ္ဌာသပညတ်ကို အသုဘ အခြင်းအရာ ပေါ်လာအောင် အထပ်ထပ် ရှုသောအခါ အသုဘ = မတင့်တယ် ရွံရှာဖွယ်ဖြစ်သော အခြင်းအရာ ထင်လာ၏။ ထို့ကြောင့် ကာယာနုပဿနာသည် သုဘဝိပလ္လာသကို ပယ်ရှားခြင်းကိစ္စ ရှိ၏။

(၂) ဝေဒနာနုပဿနာသတိပဋ္ဌာန်သည် ဝေဒနာ(သုခ၊ ဒုက္ခ၊ ဥပေက္ခာ)တို့ကို ရှုသောအခါ အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရပုံကို မြင်သဖြင့် ကြောက်မက်ဖွယ်သော ဒုက္ခဟူ၍ ထင်လာ၏။ ထို့ကြောင့် ဤဝေဒနာနုပဿနာသည် ရုပ်နာမ်တို့၌ သုခဟု မှတ်ထင်သော သုခဝိပလ္လာသကို ပယ်ရှားခြင်းကိစ္စ ရှိ၏။

(၃) စိတ္တာနုပဿနာသတိပဋ္ဌာန်သည် ဤစိတ်ကာ သရာဂစိတ်၊ ဤစိတ်ကား ဒေါသစိတ် စသည်ဖြင့် ခွဲခြားလျက် အနိစ္စအခြင်းအရာ ထင်လာအောင် အဖန်ဖန် ရှုတတ်သော သတိသည် စိတ္တာနုပဿနာသတိပဋ္ဌာန် မည်၏။ ဤသတိပဋ္ဌာန်ဖြင့် စိတ်ကို ခွဲခြားလျက် ဆင်ခြင်သောအခါ စိတ်အမျိုးမျိုး ပြောင်းလဲ ဖြစ်ပျက်နေပုံကို သေချာစွာ သိရသဖြင့် အနိစ္စအခြင်းအရာ လွန်စွာ ထင်၏။ ထို့ကြောင့် စိတ္တာနုပဿာနသတိပဋ္ဌာန်သည် နိစ္စဝိပလ္လာသကို ပယ်ရှားခြင်းကိစ္စ ရှိ၏။

(၄) ဓမ္မာနုပဿနာသတိပဋ္ဌာန်ဆိုရာ၌ ဓမ္မဟု သာမညဆိုသော်လည်း ရူပက္ခန္ဓာကို ကာယာနုပဿနာဖြင့်၊ ဝေဒနက္ခန္ဓာကို ဝေဒနာနုပဿနာဖြင့်၊ ဝိညာဏက္ခန္ဓာကို စိတ္တာနုပဿာနာဖြင့် ရှုပြီး ဖြစ်သောကြောင့် ဓမ္မအရ သညာ၊ သင်္ခါရက္ခန္ဓာ ဓမ္မများကိုသာ ယူခွင့်ရှိတော့သည်ဟု ယူရမည်။ ထိုဓမ္မတို့ကို အနတ္တအခြင်းအရာ ထင်လာအောင် အဖန်ဖန် အာရုံပြုလျက် ရှုသောအခါ အရာရာကိစ္စတို့၌ ထိုပရမတ္ထဓမ္မများသာ ရွက်ဆောင်နေကြောင်း သိရ၍ စီမံနိုင်သော အတ္တကောင် ဝိညာဉ်ကောင် လိပ်ပြာကောင် မရှိဟူသော အနတ္တအခြင်းအရာ လွန်စွာ ထင်လာသည်။ ထို့ကြောင့် ဓမ္မာနုပဿနာသတိပဋ္ဌာန်သည် အတ္တဝိပလ္လာသကို ပယ်ရှားခြင်းကိစ္စ ရှိ၏။

လောကချမ်းသာ စနေနေ့တရားပွဲ ပြီးသော် ၁၅ မိနစ်ခန့် တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ်တို့ကို အားလုံးသော သတ္တဝါတို့အား အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

+++++
စာကိုး
မိုးကုတ်ဝိပဿနာ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းနှင့် လင်္ကာများ
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”
ဆုထူးပန်ဆရာဟန်၏ “ဆုထူးပန်အဘိဓမ္မာ”

Read more...

*အရိပ်သုံးပါး တရားတော်- အရှင်ဝီရိယ (တောင်စွန်း)*





လေးစားရိုသေစွာဖြင့်
ဖိုးသား

Read more...

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၉)

ရှင်းရှင်းလင်းလင်း သိရသောအချက်

အထက်ပါ ပုစ္ဆာများကို (အရေးကြီးသည်အလျောက်) ဖြေဆိုခဲ့ပြီးပြီဖြစ်၍ ဤနေရာတွင် စိတ်သဘာဝနှင့်သက်ဆိုင်သော အကြောင်းအရာများကို ဆက်လက်ဖော်ပြရဦးမည်။ “ဒိဋ္ဌေဒိဋ္ဌမတ္တံ” ဟူသော သြ၀ါဒအရ ကျင့်သုံးအားထုတ်သည့်အခါ (ယခင်တစ်ပတ်က ဖော်ပြခဲ့သည့်အတိုင်း) အိပ်မက်လောကနှင့် ဒိဋ္ဌလောက အပြန်အလှန် ကူးသန်းနေတတ်သော စိတ်သဘာဝကို တွေ့ မြင်ရပေလိမ့်မည်။ အိပ်မက်လောကထဲ၌ မျောပါလျက်ရှိရာမှ တစ်ချက်တစ်ချက် သတိရ၍ ရုပ်သိမ်းလိုက်သောအခါများတွင် လောဘစိတ်ဖြစ်ခဲ့မိခြင်း၊ အလိုမကျသည့် ဒေါမနဿစိတ် ဖြစ်ခဲ့မိခြင်းများကို “တန်းလန်းကြီးမိ” နေခြင်းများလည်း ကြုံရပေလိမ့်မည်။ သို့ သော်သတိရလိုက်သည်နှင့် တပြိုင်နက် ထိုစိတ်ဆိုးစိတ်မိုက်များ ပျောက်ပြယ်သွားခြင်းကိုလည်း ကြုံရပေလိမ့်မည်။

ထိုအခြင်းအရာကို ရံဖန်သုံးသပ်မိရာတွင် သီလရှိသော ပုဂ္ဂိုလ်၊ သီလမရှိသော ပုဂ္ဂိုလ်ဟူ၍ စင်စစ်ရှိသည်မဟုတ်၊ ဆိုးချည်တစ်ခါ ကောင်းချည်တစ်လှည့်ဖြင့် အမျိုးမျိုးသော အာရုံတို့ နှင့် ထိတွေ့ ပြီး အိပ်မက်နေသော စိတ်ကလေးမျှသာ ရှိချေသည်တကားဟု စဉ်းစားမိပေလိမ့်မည်။ သို့ ဆိုလျှင် သီလစင်ကြယ်သော ပုဂ္ဂိုလ်ကြီးတစ်ဦး တစ်ယောက် အမြဲတစေ ရှိနေဘိသကဲ့သို့  မှတ်ထင်ကြသော အထက်ပါပြဿနာမှာ ယောဂီ၏စိတ်ထဲတွင် ရှင်းရှင်းကြီး လင်းသွားနိုင်ဖွယ်ရာ ရှိပေသည်။

လုံး၍ ရိုက်ကြခြင်း

ကျွန်ုပ်တို့ မြန်မာပြည်၌ တရားအားထုတ်ခြင်း၊ တရားနှလုံးသွင်းခြင်းနှင့် ပတ်သက်၍ လုပ်ရိုးလုပ်စဉ် လုပ်တတ်ကြသော နည်းလမ်းတစ်ခုအရ လက္ခဏာရေးသုံးပါးကို ဆင်ခြင်သုံးသပ်ရမည်ဟု ဆိုကြသည်။ အချို့ လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရွတ်ဆိုကာ စိပ်ပုတီး အပတ်တစ်ရာ၊ တစ်ထောင်စသည်ဖြင့် စိပ်တတ်ကြသည်။ အချို့ လည်း မမြဲခြင်းကို ရှုဆို၍ ရှုတတ်ကြသည်။ စိပ်ပုတီးစိပ်ခြင်းတည်းဟူသော သမထအလုပ်ကိုထားပါဦး၊ ၀ိပဿနာအလုပ်ဟု ဆိုကြသော မမြဲခြင်းကို ရှုသည့်အလုပ်နှင့် ပတ်သက်၍ ဖော်ပြလိုပေသည်။

မမြဲသောသဘော (အနိစ္စ)ကို ရှုသည့်အခါ “ဘယ်သင်းမမြဲခြင်းကို အာရုံပြုပါသနည်း” ဟု မေးလျှင် “အားလုံး မမြဲတာပေါ့၊ ကြားကြားသမျှ၊ မြင်မြင်သမျှဟာတွေ အားလုံးမမြဲတာချည်းပေါ့” ဟု ဖြေဆိုတတ်ကြပေသည်။ ဤနည်းဖြင့် “လုံး၍ရိုက်” ကြခြင်းကြောင့် မိမိရရ မရှိသဖြင့် ခရီးမရောက်ခဲ့ခြင်း ဖြစ်လေသည်။

နိဗ္ဗာန်နှင့် ဝေးခဲ့ခြင်း

“လုံး၍ရိုက်” သော နည်းမျိုးဖြင့် ခရီးပေါက်နိုင်သည်ဆိုလျှင် အနောက်တိုင်းမှ လောကဓါတ်ဆရာကြီးများလည်း အရိယာ ဖြစ်ကုန်ကြပေတော့မည်။ အင်္ဂလန်ပြည်၌ မကြာသေးမီက ပေါ်ထွန်းလာသည့် ဟွိုင်း(လ်) Hoyle အမည်ရှိ လူငယ်တစ်ယောက်မှာ အသက်၂၀ကျော်ကလေးမျှသာ ရှိသေးသော်လည်း စကြာဝဠာကြီး ဖြစ်ပုံပျက်ပုံ၊ တည်ထွန်းလာပုံ၊ အဖန်တလဲလဲ ဖြစ်ချည်ပျက်ချည် ရှိနေပုံများကို ရေးသားဖော်ပြထားလိုက်ပုံမှာ ယုတ္တိယုတ္တာရှိလှသောကြောင့် ၀ါရင့်သော လောကဓာတ်ဆရာကြီးများကပင် ဟုတ်လောက်သည်ဟု လက်ခံချင်ကြလေသည်။ ယင်းသို့ ဆိုလျှင် ထိုသူငယ်သည် လောကကြီး၏ အတည်အမြဲ မဟုတ်ခြင်းကို အသေးစိတ်သိ၍ အနိစ္စသဘောတရားကို မြင်လေပြီဟု ပြောစရာဖြစ်နေပေလိမ့်မည်။

လောကကြီးတစ်ခုလုံး (စကြာဝဠာအနန္တ)၏ မတည်မြဲခြင်းကို မြင်သည်ဆိုလျှင် လောကထဲတွင် သတ္တ၀ါတွေလည်း ပါဝင်သောကြောင့် သတ္တ၀ါတွေလည်းမမြဲ၊ မိမိလည်းမမြဲဟူ၍ သိမြင်တော့မည် မဟုတ်ပါလော - ဟူ၍ပင် ဆိုနိုင်ဖွယ်ရာရှိသည်။ သို့ သော်... ဤသို့ ကားမဟုတ်ချေ။

စကြာဝဠာ အနန္တသည် မမြဲဟူ၍ စဉ်းစားမိသော်လည်း ငါတည်းဟူသော ထင်မှတ်မှုကလေးကား တည်မြဲလျက်ပင် ရှိနေရပေမည်။ ထို့ ကြောင့် ကြားကြားသမျှ၊ မြင်မြင်သမျှ မမြဲဟူ၍ ဆင်ခြင်သုံးသပ်ကာမျှနှင့် သက္ကာယဒိဋ္ဌိ မကင်းကွာနိုင်သဖြင့် နိဗ္ဗာန်မရကောင်းသလောက် (တစ်ခေတ်က) မှတ်ယူလာခဲ့ကြခြင်း ဖြစ်လေသည်။

ယထာဘူတကျဖို့ လိုခြင်း

ယင်းသို့ ဆိုလျှင် မည်ကဲ့သို့ ပြုလုပ်ပါမှ အနိစ္စသဘော တကယ်ထင်၍ သက္ကာယဒိဋ္ဌိ ကင်းကွာနိုင်ပါမည်နည်း။ “အားလုံးမမြဲ၊ ဘယ်ဟာမှ မမြဲ” ဟု ဆင်ခြင်သုံးသပ်သောသူသည် သို့ မဟုတ် အထက်ပါလူငယ်ကဲ့သို့  တွေးတောမှန်းဆသောသူသည် ရုပ်သဘာဝ၊ နာမ်သဘာဝကို ယထာဘူတကျကျ သိမြင်ခြင်းမဟုတ်ဘဲ ၀ါးလုံးရှည်နှင့်သိမ်းရိုက်ပြီး အားလုံးမမြဲဟု ယူဆနေခြင်းမျှသာ ဖြစ်သည်။ “မမြဲဘူး၊ မမြဲဘူး” ဟူ၍ တစ်သက်ပတ်လုံး နှလုံးသွင်းစေကာမူလည်း ရုပ်သဘာဝ၊ နာမ်သဘာဝကို ယထာဘူတကျကျ မသိမြင်သမျှ ကာလပတ်လုံး အနိစ္စသဘောကို အဟုတ်တကယ် မမြင်နိုင်ချေ။

ဤတွင် သိတတ်သော သဘောကလေးသည် စိတ်ဖြစ်သည်ဟူ၍ သိရုံမျှနှင့်လည်း စိတ်အကြောင်းကိုသိလေပြီဟု မဆိုနိုင်ချေ။ လုပ်ရမည့်အလုပ်ကား ရုပ်သဘာဝ သို့ မဟုတ် နာမ်သဘာဝကို ယထာဘူတကျကျ သိအောင် အကြိမ်ကြိမ်အထပ်ထပ် သုံးသပ်ဆင်ခြင်ရန်မျှသာဖြစ်၏။ စင်စစ်မှာ ရုပ်တရားသို့ မဟုတ် နာမ်တရားတို့ သည် အနိစ္စ သို့ မဟုတ် ဒုက္ခ သို့ မဟုတ် အနတ္တ သဘောတရားတို့ ၏ အထိမ်းအမှတ် (လက္ခဏာ)မျှသာ ဖြစ်လေရကား၊ ရုပ်တရား သို့ မဟုတ် နာမ်တရားကို နည်းနာကျကျ ရှုဆင်ခြင်တတ်လျှင် အနိစ္စ သို့ မဟုတ် ဒုက္ခ သို့ မဟုတ် အနတ္တ သဘောတရားကို တစ်ကြိမ်တစ်ခါတွင် ဘွားကနဲ မြင်လာရပေမည်။ ရုပ် သို့ မဟုတ် နာမ်ကို အမှန်အတိုင်းသိလျှင် အနိစ္စကို မြင်တော့သည် ဟူလို။

ပစ္စုပ္ပန်အလုပ်

ရုပ်တရား သို့ မဟုတ် နာမ်တရားကို နည်းနာကျကျ ဘယ်ကဲ့သို့  ရှုဆင်ခြင်ရပါမည်နည်း။

ဝိပဿနာအလုပ် ဟူသည်မှာ ပစ္စုပ္ပန်တရားသက်သက် ဖြစ်သည်ဟု ရှေးဦးစွာ နားလည်သင့်သည်။ ဟိုနေရာ ဟိုဌာန၌၊ ဟိုတုန်းက မမြဲခြင်းကို ဆင်ခြင်ခြင်းထက် ယခုချက်ချင်းလက်ငင်း အဖြစ်အပျက်ကို မြင်ပါမှ နှလုံးသို့ ခိုက်နိုင်သည်။ တရားမြင်ခြင်း ဟူသည်မှာ အပေါ်ယံက အလုပ်မဟုတ်၊ နှလုံးသို့  (ဘ၀င်သို့ ) ခိုက်သောအလုပ်မျိုးဖြစ်သည်ကို သမ္မာသတိ ပုဂ္ဂိုလ်များအကြောင်းတွင် ဗုဒ္ဓဟောတော်မူခဲ့သည်။ ပစ္စုပ္ပန်အလုပ် ဖြစ်သည်ဆိုလျှင် “ဒိဋ္ဌေဒိဋ္ဌမတ္တံ” ဟူသော အလုပ်ကဲ့သို့  ပစ္စုပ္ပန်တည့်တည့်အပေါ်၌ စိတ်ကိုထားဖို့  အရေးတကြီး ဟောတော်မူသော သြ၀ါဒသည် ပိဋကတ်သုံးပုံလုံးတွင် ရှားလိမ့်မည်ထင်မိသည်။ စမ်းသပ်လေ့ကျင့်လိုက်သည်နှင့် တပြိုင်နက် ပစ္စုပ္ပန်သက်သက် အလုပ်တရားဖြစ်ခြင်းကို သဘောပေါက်နိုင်ကြပေမည်။


(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

ဆက်လက်ဖတ်ရှုရန်

Read more...

သြဂုတ်လ နေ့ ဆွမ်း အလှူ ရှင်များ






၁။ မြန်မာ ဒါယကာ မိသားစုများနှင့် ထိုင်း ဒါယကာမိသားစုများ
၂။ ကူပွန်ဖြင့် မစ်ဂရိုင်း နေ့ ဆွမ်း ခံ
၃။ဒေါ်နာတကံ ထိုင်း
၎။ဒေါ်စုံကြိုင်း ထိုင်း
၅။ မနေ့ က လက်ကျန် နဲ့  ဒေါ်အင်ဒိရ ( အိန္ဒိယ) အာလူးဆွမ်း
၆။ဒေါ်ယုအိ မိသားစု နဲ့ အခြား ထိုင်းဒကား သားများရဲ့ မွေးနေ့ 
၇။ ဒေါက်တာဒေါ်နှင်းဆီ မိသားစုရဲ့  ကူပွန်ဒါန
၈။ဘုံဘေ အိန္ဒိယ စားသောက်ဆိုင်
၉။ထိုင်း ဒကာမများ စုပေါင်း
၁၀။လုယာမော ထိုင်းစားသောက်ဆိုင်
၁၁။မစ်ဂရိုင်း ဆိုင်ကြွ
၁၂။ဒေါ်သီရိ ( သီ၇ိလင်္ကာ )
၁၃။ကိုဆေးရှား ပီရူး
၁၄။လုယာမော ထိုင်း စားသောက်ဆိုင်
၁၅။ ထိုင်း ဒါယကာ ဒါယကာမများ စုပေါင်းဒါန
၁၆။ မစ်ဂရိုင်း ဆိုင်ကြွ အလှူခံ
၁၇။ဒေါ်နာတကံ ထိုင်း
၁၈။ လက်ကျန် ကြာဇံ ဆွမ်း
၁၉။ကိုဆေးရှား ပီရူး ဆွမ်းလောင်း
၂၀။ကိုဆေးရှား အိမ်မှာ ကြွ ဘုဉ်း
၂၁။နွမ်းဘာဂ် စုနှင့် ရွှေ မြန်မာ မိသားစု များ
၂၂။လုယာမော ထိုင်း စားသောက်ဆိုင်
၂၃။ ဒေါက်တာ ဒေါ်နှင်းဆီ မိသားစုရဲ့  ကူပွန်ဒါန
၂၄။ဒေါ်နာတကံ ထိုင်း
၂၅။ဒေါက်တာ ဒေါ်နှင်းဆီမိသားစု ရဲ့  ကူပွန်ဒါန
၂၆။ မစ်ဂရိုင်း ကူပွန်ဖြင့် ဆိုင်ကြွ
၂၇။ မြန်မာဆာမ် မိသားစု
ချက်ကျောင်းမှာ ဒေါက်တာ ကိုဂျာမိသားစု
၂၈။ဒေါ်နာတကံ ထိုင်း
၂၉။ထိုင်း ပွဲတော်မှာ Detmold မြို့ ထိုင်းဒါယကာ/ မ များ
၃၀။ကိုသန်းစိုး+ မအေးမြင့်မော် ဟန်းဘာဂ်
၃၁။ Jensen ဂျာမဏီ မိသားစု



သာဓုခေါ်နိုင်ရန် နေ့ ဆွမ်း ဒါယကာ စာရင်းကို တင်ပြလိုက်ပါသည်။

သာဓုခေါ်လျင် ကုသိုလ် တစ်ဝက် ရသည် ဟု ကြားဖူးပါသည်။
ထိုကဲ့သို့  ကုသိုလ် တစ်ဝက် မရသော်မှ
ဝမ်းမြောက်လျင် မုဒိတာ ဗြဟ္မစိုရ်တော့ ဖြစ်မည်ပင်။
ဗြဟ္မစိုရ်တရား ပွါးများသည့်အနေ သာဓုခေါ်လိုက်ကြပါစို့ ...
ဝမ်းမြောက်စွာ သာဓု ခေါ်နိုင်ကြ စေရာသတည်း။


မြတ်ရောင်နီ
( ၀၂ ၊ ၀၉ ၊ ၂၀၁၀ )

Read more...

သွေးအလှူ ပီတိ

ကျွန်တော်သည် ငယ်စဉ်ကပင် သွေးလှူဒါန်းရန် ၀ါသနာပါသည်။ အသက် ၁၇-နှစ်အရွယ်တွင် ငယ်သေးသောကြောင့် လှူခွင့်ရမည့် နေ့ရက်များကို စောင့်မျှော်နေပါသည်။ တနေ့တွင် အကိုဖြစ်သူက သူသွေးလှူမည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟို အမျိုးသားသွေးလှူဘဏ်သို့ ကျွန်တော့်အား ခေါ်ဆောင်သွား ပါသည်။ သွေးလှူခန်းမထဲသို့ ရောက်သောအခါ သွေးလှူဒါန်းနေသော သံဃာတော်များ၊ အစိုးရ အမှုထမ်း၊ အရာထမ်းများ၊ ကျောင်းသားကျောင်းသူများ၊ အသက်အရွယ်ကြီးသော ဦးဦး၊ ဒေါ်ဒေါ် အရွယ်များ လူမျိုးဘာသာ မရွေး သွေးလှူနေသည်ကို တွေ့ရသောအခါ စိတ်ထဲတွင် ကြည်နူးပြီး ၀မ်းသာအားရရှိပါသည်။

အကိုဖြစ်သူ သွေးလှူပြီးသောအခါ ကျွန်တော်နှင့်အတူ အိမ်ပြန်ကြပါသည်။ အိမ်ပြန်ရောက်၍ သွေးလှူရှင် အကို၏ ကဒ်ပြားကို ယူကြည့်သောအခါ အကိုသည် အသက် ၂၅-နှစ်အရွယ်တွင် သွေးအကြိမ်ပေါင်း ၁၅-ကြိမ် လှူဒါန်းပြီးသည်ကို တွေ့ရသည်။
၂၀၀၈-ခုနှစ် နိုဝင်ဘာလ ၁၄-ရက်နေ့သည် ကျွန်တော့်အတွက် မမေ့နိုင်သော နေ့တနေ့ ဖြစ်ပါသည်။ ထိုနေ့သည် ကျွန်တော်၏အသက် ၂၀-ပြည့်သောနေ့ဖြစ်ပြီး ကျွန်တော် သွေးစတင်လှူဒါန်းသောနေ့လည်း ဖြစ်ပါသည်။ သွေးလှူဒါန်းရန် အကြောင်းပေါ်ပေါက်လာပုံမှာလည်း ဤသို့ဖြစ်သည်။ အိမ်နီးချင်းအမျိုးသမီးတဦး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်တင်ပို့ရသည်။ ဤတွင် သွေးသွင်းရမည်ဖြစ်၍ သွေး ၃-ပုလင်းလိုအပ် နေကြောင်း ကျွန်တော်တို့ မိသားစုထံ အကြောင်းကြားပါသည်။ ထိုအခါ ကျွန်တော်နှင့် လူနာရှင်၏ ခင်ပွန်း၊ ကျွန်တော့်အကိုနှင့် သူ့သူငယ်ချင်းတဦး စုစုပေါင်း ၄-ဦး အမျိုးသား သွေးလှူဘဏ်သို့ သွားကြပါသည်။

ကျွန်တော်သည် ပထမဆုံး သွေးလှူရမည်ကို ၀မ်းလည်းသာသည်။ ကြောက်လည်းကြောက်နေမိသည်။ ကျွန်တော့်ကို ကျန်းမာရေးနှင့် သွေးသားသန့်စင်ရေး ရှိ-မရှိ စမ်းသပ်စစ်ဆေးသောအခါ အားလုံး ကောင်းမွန် သဖြင့် သွေးလှူဒါန်းခွင့်ရရှိပါသည်။ ၂၅-မိနစ်ခန့်အကြာတွင် သွေးလှူဒါန်းမှု ပြီးစီးသွားပါသည်။ တာဝန်ကျဆရာ ဆရာမများသည် ကျွန်တော့်ကို ကော်ဖီတခွက်နှင့် မုန့်များ တိုက်ကျွေးပါသည်။ အားဆေးတထုပ်နှင့် သွေးလှူရှင် ကဒ်ပြားတခုလည်း ပေးပါသည်။ ကဒ်ပြားတွင် လှူဒါန်းသည့် ခုနှစ်နေ့စွဲနှင့် အေဘီသွေးအမျိုးအစား ဖြစ်ကြောင်းလည်း ပါရှိပါသည်။

ထိုကဒ်ပြားလေးကိုကြည့်ပြီး ကျွန်တော်သည် ၀မ်းသာပီတိ ဖြစ်ရပါသည်။ သတင်းစာထဲတွင် ဖော်ပြခံရသော အကြိမ် ၉၀၊ အကြိမ် ၁၀၀-သွေးလှူရှင်ပုဂ္ဂိုလ်များသည်လည်း ကျွန်တော်ကဲ့သို့ပင် ၀မ်းသာမှုပီတိများ ခံစားရလိမ့်မည်ဟု ထင်မိပါသည်။

ညီညီလွင် (ရေကြောင်းဦးစီးဌာန)
(မြတ်မင်္ဂလာ ၂၀၀၉-ခု နိုဝင်ဘာလ)

Read more...

မုဒိတာလမင်း

Thursday, 02 September 2010 18:47 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

moon

မုဒိတာလမင်း

ကြယ်တွေလတွေကို ငေးကြည့်မိဖို့ မေ့နေခဲ့တာ ကြာနေခဲ့ပါပြီ။ ဒီည ၁၂ နာရီကျော်ကျော်မှာ ရှားရှားပါးပါး ဖြစ်တောင့်ဖြစ်ခဲ ကောင်းကင်းမှာ လနှစ်စင်းသဏ္ဌာန် တွေ့ရမယ်ဆိုလို့ အခန်းထဲက ထွက်ကာ ကောင်းကင်ကို မော့ကြည့်ဖြစ်တယ်။ သူတို့ပြောသလို လနှစ်စင်းလိုတော့ မတွေ့ရပါဘူး။ အောက်မှာလည်း အလင်းရောင်ကရှိနေ၊ နောက်ပြီး ကောင်းကင်ကြီးကလည်း ကိုယ်ငယ်ငယ်က ကိုယ့်မွေးရပ်မြေက ကောင်းကင်မှာလို ကြယ်တာရာ တွေက မစုံလင်လေတော့ တခုခု လိုနေသလို ခံစားမိတယ်။ အထူးသဖြင့်တော့ ကြယ်တွေလတွေအကြောင်း တခုတ်တရ ပြောပြတတ်တဲ့ အသံတစ်သံ ပျောက်နေသလို ဖြစ်နေလို့ လစ်ဟာနေသလို ထင်မိတယ်။

(၁)‎

ကြယ်တာရာတွေ စူးစူးဝါးဝါးငုံ့ကြည့်နေတဲ့ ကဝေည

မေမေ့ ... ကို ကျွန်တော်သတိရလိုက်တာ ... ‎
ညဥ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာ လူးလာပျံသန်း
လရောင်ကိုတောင်ပံနဲ့ တဖျန်းဖျန်းရိုက်ကြတယ် ... ။

လောကအတုမှာ ... လူသားအတုတစ်ယောက်

ကိုယ့်ပေါက်ချွန်းကိုယ်ထမ်းပြီး လမ်းလျှောက်နေတယ်
မေမေ ... ‎
ကျွန်တော့်အတွက်တော့ မေမေ့ရင်ခွင်ဟာ
သောကကင်းဝေးတဲ့ ငြိမ်းချမ်းရေး “နယ်”ပါ
အခု ... ဘယ်မှာလဲ
ဘယ်မှာလဲ ... ။

မြူမှုန်မိုးနှင်းတွေက ရွှေရောင်တ၀င်းဝင်းတောက်

မေမေ့အုတ်ဂူကို စောင့်ရှောက်ကြလိမ့်မယ်
ကောင်းရာဘုံသို့သွား အားလုံးကို မေ့ထားခဲ့ပါတော့
မေမေ ... ။

(တာရာမင်းဝေရဲ့ ခေါင်းလောင်းသံစာတမ်း-မှ။ www. planet.com ကနေ ကူးယူဖော်ပြပါတယ်)

ကြယ်တွေလတွေအကြောင်းကို ကဗျာဖွဲ့သူတွေက ဖွဲ့ကြတယ်။ သီချင်းသီသူတွေကလည်း သီကြတယ်။ နက္ခတ်တာရာတွေအကြောင်း စိတ်ဝင်စား သူတွေကလည်း သူတို့အမြင်နဲ့သူတို့ နက္ခတ်ဆိုင်ရာ အဓိပ္ပါယ် အမျိုး မျိုးဖွင့်ကြတယ်။ ဗေဒင်ဆရာတွေကလည်း ဂြိုဟ်တွေ နက္ခတ်တွေအကြောင်း ပြောတတ်ကြတယ်။ နောက်ဆုံး နာမည်ရွေးတာတောင်မှပဲ ဘယ်နေ့ဘယ်ရက်မှာ မွေးတယ်။ ဘာနက္ခတ်နဲ့ယှဉ်တယ်ရယ်လို့ လတွေကြယ်တွေနဲ့ မလွတ်နိုင်စွာ အမည်ပေးကြ၊ ရွေးတတ်ကြတယ်။ လူတစ်ယောက်ရဲ့ဘဝအတွက် ကြယ်လတွေက ဘယ် လောက်တောင် ပါဝင်ပတ်သက်မှုရှိတယ်၊ လွှမ်းမိုးချယ်လှယ်နိုင်တယ်ဆိုတာ တိတိကျကျ မသိပေမယ့် လူသား တွေကြားမှာ ကြယ်တာရာတွေက တော်တော် နေရာ ယူထားတာကိုတော့ သေသေချာချာကို ပြောနိုင်ပါတယ်။

ကိုယ့်ဘဝမှာလည်း ကြယ်တာရာတွေ၊လတွေက တော်တော်အရေးပါတဲ့နေရာမှာ ရှိပါတယ်။ ကြယ်တွေလတွေက တခါခါမှာ ကိုယ့်ဘဝ အမှောင်ည များအတွက် လမ်းပြတွေဖြစ်သလို တခါခါမှာတော့လည်း ကိုယ့်စိတ်ကို လှပစွာထားတတ်အောင် ချယ်သတတ်တဲ့ ပန်းချီဆရာ တွေဖြစ်နေတတ်တယ်လို့လည်း ခိုင်ခိုင်မာမာ ယုံကြည် မိပြန်တယ်။ ဟောဟိုကြယ်တန်းက မောင်ရင်ဆိုင်းထမ်း၊ ဟိုကြယ်စုကတော့ ဖျောက်ဆိပ်ကြယ်၊ ဟိုး မြောက် ဖက်ဆီက အတောက်ပဆုံးကြယ်ကြီးကတော့ ဓူဝံကြယ်လို့ ခေါ်တယ်။ ဟိုမှာမြင်ရတယ်မဟုတ်လား။ ဘဲပုံ ကြယ်၊ ဟောဟို ဖက်မှာတော့ လိပ်တစ်ကောင်။ ကောင်းကင်တခွင် တောက်ပစွာလင်းလက်နေတဲ့ ကြယ်တွေကို လက်ညှိုးထိုးလို့ ကြယ်တွေအကြောင်း ပြောပြတတ်တဲ့ အဖွားဟာ ခုနေခါမှာ ကြယ်တစ်လုံးလုံးဆီမှာများ ရောက်နေလေမလားလို့ တွေးမိပါတယ်။ တကယ်ပါ၊ ကြယ်တွေလတွေသာ ဒီကမ္ဘာမှာ မရှိခဲ့ဘူးဆိုရင် ကိုယ်ဟာ လှပစွာ စိတ်ကူးယဉ်တတ်သူတစ်ဦးလည်း ဖြစ်လာမယ် မဟုတ်ပါဘူး။

လကိုမော့ကြည့်မိတော့ ကဗျာတစ်ပုဒ် မဟုတ်ပေမယ့် ကိုယ့်အတွက်တော့ ကဗျာတစ်ပုဒ်လို ဖြစ်နေခဲ့တဲ့၊ ဝတ္ဃု တစ်ပုဒ် မဟုတ်ပေမယ့်လည်း မရိုးနိုင်စွာ ဖတ်မဝတဲ့ ဝတ္ထုတစ်ပုဒ်လို ဖြစ်နေတဲ့အကြောင်းက ကြည်နူးဆွတ်ပျံ့ ဖွယ်ရာ ဖြစ်လာရပြန်တယ်။ ဒီညကောင်းကင်မှာ တကယ်မြင်ရတဲ့မြင်ကွင်းက လနှစ်စင်း မဖြစ်ခဲ့ပေမယ့် ရင်တွင်း မှာသာခဲ့တဲ့လမင်းကြောင့် တကယ့်ကို လနှစ်စင်းဖြစ်ခဲ့ရတဲ့ညပါ။

ပိန်းပိတ်အောင် မှောင်လွန်းတဲ့ လမိုက်ညများမှာ ကောင်းကင်ကို လက်ညှိုးညွှန်လို့ ငါ့မြေး ဟိုမှာကြည့်စမ်း၊ ခု မြင်ရတဲ့ကြယ်တွေရဲ့ အလင်းက လသာညမှားမှာ မြင်ရတဲ့ ကြယ်တွေရဲ့ အလင်းထက် ပိုလင်းတယ် မဟုတ် လား။ ဒီလိုပဲပေါ့မြေးရယ်။ တခါခါ ကိုယ့်ဘဝမှာ အရာအားလုံး ပိန်းပိတ်အောင် အမှောင်ကျနေပြီဆိုလျင် ကိုယ့် မှာရှိတဲ့ အလင်းရောင်က ပိုတောက်ပလာတတ်တာ။ ငါ့မြေးကြီးလာရင်လည်း ဘဝမှာ ပိန်းပိတ် အောင် မှောင် တဲ့အချိန်မျိုးလည်း ရှိလာနိုင်တယ်။ အဲဒီအခါကျရင် ငါ့မြေးမှာရှိတဲ့ အစွမ်းအစကို ထုတ်ပြခွင့်ရတာပဲလို့ တွေးပြီး အမှောင်ဘဝကို ရဲရဲရင့်ရင့် ရင်ဆိုင်ရမယ် လို့ အဖွားက ပြောတတ်တယ်။ ဒီလိုပြောချိန်များမှာ အမှောင်ကြားက တောက်ပနေတတ်တဲ့ အဖွားရဲ့မျက်လုံးရောင်ဟာ ကောင်းကင်မှာမြင်ရတဲ့ အတောက်ပဆုံးကြယ်ရဲ့အလင်းထက် ပိုပြီးလင်းလက်နေသလို ထင်မိတယ်။ အဲဒီအလင်းက ကိုယ့်ကိုခွန်အားတွေ ပေးသလိုလည်း ခံစားခဲ့မိတယ်။

ကိုယ့်အရွယ် တော်တော်လေး ရလာတဲ့အထိ အမှောင်ညတွေကိုတွေ့ရလို့ အလင်းမဲ့ဖြစ်နေ တတ်တဲ့အခါမျိုးမှာ အဖွားပြောတဲ့ ကြယ်ရဲ့အလင်းရောင်အကြောင်းကို သတိရမိတတ်တယ်။ သတိရမိတိုင်းလည်း ကောင်းကင် တခွင်ကိုမော့ကြည့်လို့ အတောက်ပဆုံး ကြယ်တစ်လုံးကို ရှာနေမိတတ်တယ်။ ဒီအတောက်ပဆုံး ကြယ်တစ် လုံးဆီမှာ အဖွားရဲ့ မျက်လုံးတစ်စုံများ တွေ့နိုင်လေမလားလို့ ထင်နေမိတာ ကိုလည်း ကိုယ်ဝန်ခံရမှာပါ။

ခုတော့လည်း ထာဝရ အလင်းမမဲ့တဲ့ အရပ်မှာ နေနေခဲ့တာ နှစ်တော်တော်ကြာလာခဲ့ပြီမို့ အမှောင်ညဆိုတာကို တောင်မှ သတိမထားဖြစ်ခဲ့ တော့ပါဘူး။ သို့ပေမယ့် ဘဝရဲ့ အခက်အခဲတစ်ခုခုနဲ့ တွေ့လေတိုင်းတော့ ကြယ်တွေ အကြောင်း ပြောတတ်တဲ့ အဖွားရဲ့စကားကို ပြန်လည် ကြားယောင်မိတတ်ပါတယ်။ ဒီညမှာလည်း ကောင်းကင်က အတောက်ပဆုံးကြယ်တစ်လုံးကို ရှာဖွေနေဖြစ်ခဲ့တယ်ဆိုတာ ပြောပြနေဖို့ လိုမယ်မဟုတ်ဘူးပေါ့လေ။

လမိုက်ညများမှာ ကြယ်တွေအကြောင်းပြောတတ်တဲ့အဖွားက လသာညများမှာဆိုရင်ဖြင့် လအကြောင်းကို တဖွဲ့ တနွဲ့ ပြောတတ်ပြန်တယ်။ ရွှေလမှာ ယုန်ဝပ်လို့ ဆန်ဖွတ်သည့် အဖိုးအို၊ ဟောကြည့်ပါဆို၊ ဆိုသာဆို ပိုမိုသည့် စကား၊ ကလေးငယ် အငိုတိတ်အေင် အရိပ်ယောင်ပြတယ် ဖိုးလနတ်သား-ဆိုတဲ့ ကလေးကဗျာတစ်ပုဒ် အဖွား နှုတ်ကရွတ်ဆိုတာကို မကြာမကြာ ကြားရတတ်တယ်။ လသာညများမှာ သီချင်းတကြော်ကြော်နဲ့ မောင်း ထောင်းဆန်ဖွတ် လုပ်လေ့ရှိတဲ့ အညာတောရွာဓလေ့မှာ ဆန်ဖွတ်သည့်အဖိုးအိုဆိုတဲ့ ဒီကလေးကဗျာလေးဟာ ပိုမိုအဓိပ္ပါယ်ပြည့်ဝ နေလေသလားတော့ မဆိုနိုင်ဘူးပေါ့။ လပြည့်ညများမှာ ထိန်ထိန်သာနေတဲ့ လကိုကြည့်လို့-မြေးဟိုမှာကြည့်၊ အဖိုးအိုက မောင်းထောင်းနေတာ၊ အမယ်ကြီး(အဖွားအို)က ရှေ့မှာဆန်ပြာလို့။ တွေ့တယ် မဟုတ်လား၊ ညိုဒုတ်(ခွေး)ကြီးကလည်း အဖွားအိုဘေးမှာ ဆောင့်ကြောင့်ထိုင်လို့ဆိုပြီး ရှင်းပြတတ်တယ်။ လထဲမှာတွေ့ရတဲ့ အမဲရောင်အရိပ်က အဖွားပြောပြတော့လည်း တကယ့်ကိုမှ ဆန်ဖွတ်ဆန်ပြာသူတွေ၊ ညိုဒုတ် တွေဖြစ်လို့။ ကလေးဘဝရဲ့ ကြယ်လပုံပြင်တွေဟာ ပြန်လည်သတိရလေတိုင်း တကယ့်ကိုမှ လွမ်းမောဖွယ် အပြည့်နဲ့ပါ။

လအကြောင်းပြေပြတတ်တဲ့ အဖွားစကားထဲမှာ အထူးသတိရနေမိတတ်ကတော့ လရဲ့မုဒိတာ စိတ်ထားကိုပါ။ သက်မဲ့လရဲ့ မုဒိတာစိတ်ထား ဆိုတာကို ဆန်းနေမလားတော့ မသိဘူးပေါ့။ ဒါပေမယ့် အဖွားပြောတတ်တဲ့ လရဲ့ မုဒိတာစိတ်ထားကိုတော့ ကလေးငယ်ငယ်အရွယ်ကတည်းကစလို့ ကိုယ်ကတော့နှစ်သက်သဘောကျနေမိ တယ်။

တိမ်တိုက်တွေ သူ့ကိုဖုံးအုပ်လာရင်လည်း 'လ က' စိတ်မဆိုးတတ်ဘူး။ သူကတော့ လူကောင်းပဲ၊ သူ့အတွက်ပဲ အလင်းရောင်ပေးမယ်၊ သူကတော့ လူဆိုးမို့ အလင်းရောင် မပေးဘူးလို့ ခွဲခြားတတ်တဲ့ စိတ်ထား လမင်းမှာ မရှိဘူး။ သူက ရှင်ဘုရင်ကြီးမို့၊ သူကတော့ သူတောင်းစားမို့ဆိုပြီး သူ့အလင်းကို ပိုပိုလိုလို မဖြစ်စေဘူး။ နောက်ပြီး သူ့အလင်းက ဘယ်သူ့ကိုမှ မပူလောင်စေဘူးလေ။ ကိုယ်ပေးနိုင်တဲ့ တစ်စုံတစ်ရာဟာ အခြားသူတွေအတွက် အပူ မဖြစ်စေဖို့လည်း အရေးကြီးတယ်။ လမင်းက ပိုးစုန်းကြူရဲ့အလင်းလေးပဲဆိုပြီး ပျက်ရယ်မပြုသလို နေမင်း ကြီးရဲ့အလင်းပဲ ဆိုပြီးလည်း မနာလိုမရှုဆိတ် မရှိဘူး။ နေ့အချိန် နေမင်းကြီးထွက်လာတော့ သူကအသာအယာ သူ့အလင်းကို ရုပ်သိမ်းပေးလိုက်တာပဲ။ လမင်းကြီးက တကယ့်ကိုမှ မုဒိတာကြီးတယ်လေ။ သူထက်သာတဲ့ အလင်းတွေရောက်လာတော့လည်း လမင်းကြီးက မနာလိုဖြစ်မနေဘူး။ သူတို့ကို လင်းခွင့်ပေးလိုက်တာပဲ။

နောက်ပြီး လမင်းကြီးကို ကြည့်ပါလား။ အမြဲပြုံးနေတယ်လေ။ ငါ့မြေးလည်း လမင်းလိုစိတ်ထားနဲ့ အမြဲတမ်းပြုံး နေနိုင်အောင် ကြိုးစားရမယ်။ ငါ့မြေးကြောင့် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မပူလောင်စေရဘူး။ နောက်ပြီး လမင်းကြီးလိုပဲ ငါ့မြေးလည်း ဟိုလူ့ကိုသာစေ၊ ဒီလူ့ကိုနာစေဆိုတဲ့ စိတ်ထားမျိုး မရှိစေရဘူး။ လကွယ်ညများမှာ အခွင့်မရလို့ မသာရတာကို စိတ်ညစ်မနေပဲ အခွင့်ရတဲ့ လသာညများမှာ လမင်းကြီးက အစွမ်းကို ထိန်ထိန်သာ တာပဲလေ။ ဒါဟာ လရဲ့အလှပဲပေါ့ မြေးရယ်။ မြေးလဲ လမင်းကြီးလို အေးမြခြင်းတွေ၊ အလင်းတွေကို အများကြီး ပေးနိုင်အောင် ကြိုးစားရမယ်-ရယ်လို့ ဘဝနဲ့လကို ယှဉ်တွဲပြကာ ပြောတတ်တဲ့အဖွားစကားသံတွေကို နားထဲမှာ ထင်ထင်ရှားရှား ပြန်လည် ကြားယောင်မိတယ်။ ကိုယ့်စိတ်ကိုသိလို့များ လမင်းကတဆင့် အဖွားက ခုလိုစကား ဆိုလေသလားလို့လည်း တွေးမိလိုက်သေးတယ်။

အေးမြခြင်းတွေ၊ ညီမျှခြင်းတွေ၊ အလင်းတွေပေးတတ်တဲ့လမင်းအကြောင်းနဲ့အတူ "မုဒိတာလမင်း"ဆိုတဲ့ စကားလုံးလေးက ကိုယ့်နှစ်လုံးသားက တဆင့် နှုတ်ဖျားကိုရောက်လာတယ်။ အခြားဘယ်အရာတွေကိုမှ ပိုင်ဆိုင်ဖို့ လိုလိုလားလား မရှိတတ်ပေမယ့် မနာလိုဝန်တိုခြင်းကင်းတဲ့ စိတ်ထား ကောင်းတစ်ခုကိုတော့ ပိုင်ဆိုင်တဲ့ လူသား တစ်ဦးဖြစ်ချင်တယ်။ အထူးသဖြင့်တော့ အဖွားမျှော်လင့်ခဲ့သလို လမင်းကြီးလို အလင်းတွေ အေးမြခြင်း တွေကို အများကြီး မပေးနိုင်သည့်တိုင် ကိုယ်ဟာ လူသားတွေအတွက် နဲနဲလေးဖြစ်စေဦးတော့ အေးမြတဲ့ အလင်းရောင် ပေးသူတစ်ယောက်လည်းပဲ ဖြစ်ချင်နေမိတယ်။ ။

မုဒိတာလမင်း (Mudita Moon)

Read more...

The Buddha & The Lotus

As the lotus is born in the water
and grows up beneath the water,
Yet remains undefiled by the water,
fragrant and beautiful,
Just so the Buddha is born in the world,
grows up and dwells in the world,
But like the lotus unstained by water,
He is not defiled by the world.
Thg: 700-701

Read more...

၈၀,၀၀၀ ခန့်ထိ လက်ခံမည်ဟု လီရှန်လွန်းက ပြောကြား

စင်ကာပူ စီးပွားရေး အလျင်အမြန် ပြန်လည်ဦးမော့လာသောကြောင့် အိမ်ခြံမြေဈေးကွက် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ယခုအခါ ဈေးကွက်ကို ထိန်းချုပ်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် အလုပ်လုပ်ကိုင်သော လူဦးရေ၏ သုံးပုံနှစ်ပုံနီးပါးထိ ရှိလာသော နိုင်ငံခြားသား အလုပ်သမားများကိုလည်း ကန့်သတ်သွားမည် ဖြစ်ကြောင်း ၀န်ကြီးချုပ် လီရှန်လွန်းက သြဂုတ်လ ၃၀ ရက်နေ့တွင် ကြေညာခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံခြားသား အလုပ်သမား ၁၀၀,၀၀၀ လက်ခံမည်ဟု အစောပိုင်းက ခန့်မှန်းထားမှုကို ၈၀,၀၀၀ ခန့်ထိသာ လက်ခံမည်ဟု လီရှန်လွန်းက ပြောကြားခဲ့သည်။ ''ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ကျွန်တော်တို့ အလျင်အမြန်ပဲ ရှေ့ကို ရွေ့လျားနိုင်ပါတယ်။ ဒါပေမယ့် ဒီအရှိန်ကို လျော့ချပြီး ကျစ်လျစ်ခိုင်မာအောင် လုပ်ရမယ့် အချိန်လို့ ထင်ပါတယ်။ တစ်နှစ်လူဦးရေ ၁၀၀,၀၀၀၊ ၁၅၀,၀၀၀ လောက် တိုးနေတဲ့နှုန်းနဲ့ ဆက်သွားလို့ မရနိုင်ပါဘူး''ဟု လီရှန်လွန်းက ပြောကြားခဲ့သည်။

ဈေးနှုန်းများ မြင့်တက်လာပြီး လုပ်အားခ ဖိအား မြင့်တက်လာသော စင်ကာပူတွင် နိုင်ငံခြားသား အလုပ်သမားများ အရေးသည် မကျေနပ်မှုများအား ပိုမိုမြင့်တက်လာစေနေသည်။ နိုင်ငံခြားသား အလုပ်သမားများကို အခြေအနေအရ ထပ်မံ လက်ခံသွားမည် ဖြစ်သော်လည်း အရေအတွက်ကို ကန့်သတ်သွားမည် ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။ နိုင်ငံခြားသား ကာယအလုပ်သမားများကို ခန့်အပ်ပါက အလုပ်ရှင်များသည် အစိုးရကို လစဉ် အခွန် စင်ကာပူဒေါ်လာ ၃၀၀ (အမေရိကန် ဒေါ်လာ၂၂၂) ခန့်ထိ ပေးရမည်ဟုလည်း လီရှန်လွန်းက ပြောကြားခဲ့သည်။

Read more...

“Don't hot”

ယခုဆယ်စုနှစ်အတွင်း သံဃာတော်အရှင်သူမြတ်များသည် နိုင်ငံခြားသို့ ကြွရောက်ကာ ပညာသင်ကြားကြသည်မှာ အတော်ပင်များလာလေပြီ။ ဤသည်မှာ မြတ်ဗုဒ္ဓ၏ သာသနာတော်တိုးတက်လာစေရန်အတွက် အဓိကအကြောင်း တစ်ရပ်ဖြစ်ပေသည်။ အလွန်အင်မတန်မှပင် ၀မ်းမြောက်စရာပင်ဖြစ်ပေသည်။ သို့သော် အချို့သော သံဃာတော် များသည် အင်္ဂလိပ်စာကောင်းကြပြီ အချို့သော သံဃာတော်များသည်ကား အင်္ဂလိပ်စာကို ကြီးမှ သင်ကြရသည့် အတွက် အခက်အခဲတွေ့ကြလေသည်။ သို့ဖြစ်သဖြင့် အင်္ဂလိပ်စကားပြောသောအခါ အတွေ့အကြုံမရှိသေး သည့်အတွက် အဆင်ပြေသလိုပြောကြရသည်။ တစ်နှစ်က ပြည်ပတွင် ပညာသင်နေသော ကိုယ်တော်လေးတစ်ပါး သည် စင်္ကာပူနိုင်ငံသို့ အလည်ကြွရောက်လာသည်။ စင်္ကာပူနိုင်ငံတွင် တစ်လနေပြီးနောက်သူသည် မလေးရှား နိုင်ငံသို့ ဆက်လက်ခရီးကြွချီရမည်ဖြစ်ရာ သူငယ်ချင်းများက
“ကိုယ်တော်မလေးရှားအင်မီဂရေရှင်းဌာနအရာရှိတွေက ဘုန်းကြီးဆိုရင် တော်တော်ရစ်တယ်နော်၊ အဲဒါသတိ ထားပြီး သူတို့မေးတာကို သေချာနားထောင်ပြီးမှ ဖြေပါ၊ ဟိုတလောက ကိုယ်တော်တစ်ပါး သုံးခါမေးတာ နားမလည်မလို့ အရာရှိတစ်ယောက်က ဆဲလွှတ်တယ်၊ ဆဲရုံတင်မကဘူး၊ ဗီဇာတောင်မပေးဘူးကိုယ်တော်ရေ၊ သတိထားပါ”ဟု သတိပေးကြလေသည်။ သို့သော်ကိုယ်တော်လေးက ထိုသို့သတိပေးသည်ကို ဂရုမစိုက်သော လေသံဖြင့်လည်းကောင်း သူမှာနိုင်ငံခြားအတွေ့အကြုံတွေတော်တော်ရှိပြီးသားဟူ၍လည်းကောင်း သိရှိစေရန် အလို့ငှာ လူကြားသူကြားတွင်
“Don't hot, don't h0t”ဟု ကြယ်လောင်စွာ အင်္ဂလိပ်လိုပြောချလိုက်လေတော့သည်။ ကိုယ်တော်လေး ပြောလိုက်သော အသုံးကို အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ ပြောတတ်သော နားထောင်သူများ ပင်
“ဒီကိုယ်တော်က Don't hot, Don't hot နဲ့ပြောသွားတယ်၊ ဘာအဓိပ္ပာယ်နဲ့ ပြောသည်မသိ၊”ဟု ဇဝေဇ၀ါများပင်ဖြစ်သွားကြလေသည်။ နောက်ပိုင်းမှ ကြားရသူ ပညာရှင်များက သဘောပေါက်ကြသည်။
သူပြောလိုသည်မှာ
“သူ၏ မလေးရှား ခရီစဉ်အတွက် ဘာမှ စိတ်မပူနဲ့လို့ ပြောလိုသည်ကို D0n't worry , don't worry ဟူ၍ပြောမည့်အစား စိတ်မပူပါနဲ့ကို မြန်မာအတွေးဖြင့် Don't hot, don't hotဟူ၍ ပြောချလိုက်သောအခါ ပညာရှင်များဇဝေဇ၀ါဖြစ်မည်ဆိုလျှင်လည်း ဖြစ်ကောင်းပေရာ၏။အော် မှတ်သားဖွယ်ရာပါပေသည်တကား။
မှတ်ချက် စိတ်မပူပါနဲ့ကို Don't worry.ဟု အများပြောကြပေ၏။ စိတ်မပူပါနဲ့ကို Don't hotဟု ပြောလိုက်ခြင်းသည် ဂရမ္မာလည်းမှား၊ အသုံးလည်းမှာသည်ဟုထင်မြင်မိ၏။ အော် မိမိကပင် ဥာဏ်မမှီရော့လေ သလား၊ သို့မဟုတ် ကိုယ်တော်လေး၏ အသုံးကပင် မြင့်နေရော့သလားတော့မသိ မှန်ကန်သော အသုံးကို ပညာရှင်များကသာ ဆုံးဖြတ်ပေးကြပါတော့ဟူ၍ တိုက်တွန်းလိုက်ရပေသည်။
နော်ဆရာတော်တစ်ပါးရှိသေးပေသည်။ ထိုဆရာတော်သည်ကား နိုင်ငံခြားနေသည်မှာလည်း အတော်ကြာပြီဖြစ် လေသည်။ သူသည် သူ့ကိုယ်သူလည်း အင်္ဂလိပ်စာအတော်ပင်တတ်နေပြီဟူ၍ အထင်တစ်လုံးရှိထားသူ ပင်ဖြစ် သည်။ တစ်နေ့ နိုင်ငံခြားသား တက္ကစီမောင်းသမားနှင့် အလ္လာပသလ္လာပစကားပြောကြရာက ဖုန်းတော့ ပစ်ဆီသည်သို့ ရောက်သွားလေသည်။ ဆရာတော်က သူ၏ ဖုန်းဟာငွေအလွန်စားကြောင်းကို နိုင်ငံခြားသားအား
“My phone eats a lot of money”ဟု ပြောကြားလိုက်လေသည်။ အင်္ဂလိပ်စာတတ် ကားဒရိုင်ဗာသည်ပင် နောက်စီလည်သွားလေ၏(မျက်စိလည်သွားလေ၏)။ မှတ်သားဖွယ်ရာပါပေတည်း။
နောက်အဖြစ်အပျက်တစ်ခုသည်ကား တစ်နေ့ မြန်မာကျောင်းသို့ အင်္ဂလန်နိုင်ငံမှ ပညာရှင်တစ်ယောက်ရောက် ရှိလာသည်။ သူသည် သူနှင့်ရင်းနှီးသော မြန်မာကိုယ်တော်တစ်ပါးကို တွေ့ရန်ရောက်ရှိလာသည်။ ကံဆိုးချင်တော့ ထိုဆရာတော်နှင့် ပက်ပင်သွားတိုးသည်။ သူသည် အင်္ဂလိပ်စကား ကျွမ်းကျင်စွာ ပြောတတ် ကြောင်းကို မြန်မာသံဃာတော်များကို သိစေချင်သည်။ သို့ဖြစ်သဖြင့် သူသည် အင်္ဂလန်နိုင်ငံသားကို ဘာကိစ္စနှင့် လာသလဲဆိုသည်ကို သွားရောက်မေးမြန်းလေသည်။ နိုင်ငံခြားသားက သူသည် သူ၏ သူငယ်ချင်းဖြစ်သော မြန်မာရဟန်းတော်ကို တွေ့လိုကြောင်းပြောကြားလေသည်။ ထိုအခါ ဆရာတော်က ခဏနေအုံးကို
“moment, moment, ကို မြန်မာအသံဖြင့်“ မိုးမင်း မိုးမင်း”ထွက်လေတော့ အင်္ဂလိပ်စာဘိုးအေ အင်္ဂလန်နိုင်ငံခြားသားကြီးပင် နောက်စိလည်သွားလေ၏(မျက်စိလည်သွားလေ၏)ထိုသို့ မိုးမင်း မိုးမင်း ပြောသံကို ဘေးမှ သံဃာတော်များက ကြားသောအခါ
“ဆရာတော် မိုးမင်းတင်ပဲလား၊ မိုးဝင်းကော မပါဘူးလား” ဟု စကြသောအခါ ဆရာတော်စိတ်ဆိုးပြီး ဖိနပ်ဖြင့် လိုက်ပေါက်သဖြင့် စကြနောက်ကြသော ကိုယ်တော်လေးများသည်ပင် ထွက်ပြေးကြရလေသည်။ ဆရာတော် သည်ကား သူ၏ အမှားကို ဘယ်တော့မှ မှားသည်ဟု ၀န်ခံလေ့မရှိ။ တစ်နေ့ အင်္ဂလိပ်စာအကြောင်းပြောကြရာ ဆရာတော်က
“အင်္ဂလန်ကကောင်တွေ အင်္ဂလိပ်စာ နားလည်းတယ်၊ ကျွမ်းတယ်နဲ့ပြောကြတယ်၊ ဟိုတစ်နေ့က အင်္ဂလန်က ကောင်တစ်ကောင် ငါမေးတာ ဘာမှနားမလည်ပါဘူးကွာ”ဟု သူ၏ အမှားကို ၀န်မခံမူ၍ တဖက်လူကို ပုတ်ချ ပြောပြန်လေ၏။ ဆရာတော်သည်ကား ဘဲဖင်ကွဲရင် ကွဲပေ့စေ၊ သူ၏ ဘဲဥအကြီးစားကြီးကိုကား လျှော့မည် မဟုတ်တော့ချေ။

Read more...

မွမ်ဘိုင်းမြို့ - ဗုဒ္ဓဘာသာညီလာခံ ဖွဲ့စည်းပုံနှင့် အခန်းအနားအစီအစဉ်များ






၂-နှစ် ၁-ကြိမ်ကျင်းပသော ၆-ကြိမ်မြောက် ဗုဒ္ဓဘာသာ ကမ္မဌာန်းနည်းများ (ကျမ်းစာလေ့လာမှု၊ ရိုးရာအစဉ်အလာနှင့် လက်တွေ့ကျင့်သုံးမှု) အပြည်ပြည်ဆိုင်ရာ ညီလာခံနှင့်စပ်သော ဖွဲ့စည်းပုံနှင့် အခန်းအနား အစီအစဉ်များကို အောက်ပါအတိုင်း လေ့လာတွေ့ရှိရပါသည်။

(Sixth Bi-Annual International Conference Buddhist Meditaion: Texts, Tradition and Practice at Somaiya Vidyavihar 3rd to 5th September, 2010 )

(က) ဦးဆောင် ကမကထ စီစဉ်သူများ (Organised by)

(1) K.J. Somaiya Cetre For Buddhist Studies (ဗုဒ္ဓဘာသာဌာန၊ ကေ ဂျေ စောမယကောလိပ်၊ မွမ်ဘိုင်းမြို့၊ အိန္ဒိယနိုင်ငံ)
(2) India Council For Cultural Relations (ယဉ်ကျေးမှုဌာန၊ အိန္ဒိယနိုင်ငံ)
(3) Nava Nalanda Mahavihara (န၀နာလန္ဒာတက္ကသိုလ်၊ ဗီဟာပြည်နယ်၊ အိန္ဒိယနိုင်ငံ)
(4) Vietnam Buddhist University, Hanoi (ဗုဒ္ဓဘာသာတက္ကသိုလ်၊ ဟနွိုင်းမြို့၊ ဗီယက်နမ်နိုင်ငံ)


(ခ) နာယကများ (Patrons)

(1) Shri Samir Somaiya (Chairman) (ကေ ဂျေ စောမယကောလိပ်ကို တည်ထောင်သူမှာ သူဌေးကြီး K.J. Somaiya ဖြစ်သည်။ ၄င်းကွယ်လွန်ပြီးနောက် သားဖြစ်သူ PUJYA SHANTILAL KARAMSHI SOMAIYA (S.K. Somaiya) က အမွေဆက်ခံသည်။ (၂၉-၁၂-၁၉၂၇ + ၁- ၁-၂၀၁၀) ၈၃-နှစ်ဖြစ်သော S.K. Somaiya သည် သြစတေးလျနိုင်ငံတွင် အနိစ္စရောက်ပြီး သောကြာနေ့တွင် မွမ်ဘိုင်းသို့ရောက်ရှိကာ စနေနေ့ ၊ ညနေ ၅-နာရီတွင် အသုဘအခန်းအနားကို ကျင်းပပြုလုပ်သည်။ တနလာင်္နေ့၊ ညနေ ငါးနာရီတွင် အောက်မေ့မှု(နောက်ဆုံးအရိုအသေပြုခြင်း) အခမ်းအနားကို မွမ်ဘိုင်းမြို့၊ NEHRU CENTRE AUDITORIUM-တွင် ကျင်းပသည်။ ဤအခန်းအနားသို့ မြန်မာရဟန်းတော်များ တက်ရောက်ခွင့်ရခဲ့သည်။ S.K. Somaiya ကွယ်လွန်သောအခါ သားဖြစ်သူ တတိယမျိုးဆက် Shri Samir Somaiya က ယခုအခါ အမွေဆက်ခံလျှက် ရှိသည်။)

(2) Indian Council For Cultural Realtions (Autonomous Body, Ministry of External Affairs, Govt. of India)


(ဂ) အကြံပေးကော်မတီ (Advisory Committee)

(1) Ven. Prof. Thich Tri Quang (Rector, Vietnam Buddhist University, Hanoi)
(2) Shri V. Ranganathan (Hon. Secretary)


(ဃ) အဖွဲ့ဝင်များ (Members)

(1) Dr. Ravindra Panth (ပါမောက္ခချုပ်၊ န၀နာလန္ဒာတက္ကသိုလ်၊ ဗီဟာပြည်နယ်၊ အိန္ဒိယနိုင်ငံ)
(2) Ven. Dr. Thich Nhat Tu
(3) Ven. Dr. Khammai Dhammasami (ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ Ph.D (Oxford)။ ( ဆရာတော်ဘုရားသည် ပဉ္စမအကြိမ်မြောက် ဗုဒ္ဓဘာသာညီလာခံသို့ ကြွရောက်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။)
(4) Dr. Charles Willemen
(5) Ven. Geshe Dorje Damdul

(6) Dr. Meena Talim ( Retired Professor and Head of the Department of Ancient Indian Culture and Pali, St. Xavier’s College, Mumbai. First person to be awarded Ph.D in Pali from University of Mumbai (1960). A guide for Ph.D. in Ancient Indian Culture and Pali, University of Mumbai. Guided post-doctoral projects of the scholars from University of Mumbai and Pune University. Honorary Professor at K.J. Somaiya Centre for Buddhist Studies, Visting Professor at University of Mumbai for M.A. and M. Phil.
(ရေးသားပြီးသော စာအုပ်များ။ ။ Buddhavmso (1969), Woman as Depicted in Early Buddhist Literature(1972), Bagh Painting-Identification and Interpretation(2002), Edicts of King Asoka – A New Vision, Unidentified Frescoe Paintings of Ajanta, Written seven books for children-out of which King Asoka won N.C.H.T.(1975 ), Contributed 75 research papers to indological magaxzine, national and international semenars. Science of Medicine and Surgery in Buddhist India (2009))

(7) Dr. A.P. Jamkhedkar
(8) Dr. N.N. joshi
(9) Dr. Sharada Sanghavi (University of Mumbai, - ဆရာကြီးဂိုအင်ကာ၏ အပြည်ပြည်ဆိုင်ရာ ကမ္မဌာန်းရိပ်သာ- အီဂတ်ပူရီ - အဖွဲ့ဝင်(trustee))


(င) စီစဉ်သူများ (Organising Committee)

(1) Dr. Supriya Rai (Convenor) (စည်းရုံးရေးမှုး)
(2) Dr. (Mrs) Parineeta Deshpande (လက်ထောက် ဒါရိုက်တာ၊ ဗုဒ္ဓဘာသာဌာန၊ ကေဂျေစောမယကောလိပ်)
(3) Dr. (Mrs) K. Sankarnarayan (ဒါရိုက်တာ၊ ဗုဒ္ဓဘာသာဌာန၊ ကေဂျေစောမယကောလိပ်)


မှတ်ချက်။ ။ဤကေဂျေစောမယကောလိပ်၌ ဌာနများစွာရှိရာတွင် engineering ဌာနနှင့် management ဌာနတို့မှာ အခြားဌာနတို့ထက် ပိုမိုထင်ရှားသည်။ ကေ ဂျေစောမယကောလိပ်ရှိ ဗုဒ္ဓဘာသာဌာနမှာ - မွမ်ဘိုင်းတက္ကသိုလ်နှင့် ချိတ်ဆက်ထားသော ဌာန ဖြစ်သည်။ ထူးခြားသည်မှာ ကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့ အဆင့်မြှင့် ပြောင်းလဲရန် စီစဉ်လျှက်ရှိကြောင်း သိရှိရပြီး ကောလိပ်ကြီး၏ နှစ် (၅၀)ပြည့် ရွှေရတုနှင့်လည်း တိုက်ဆိုက်လျှက် ရှိနေပါသည်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++



အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံအခန်းအနားအစီအစဉ်များ
******************************************


6th Biannual International Conference On Buddhist Meditation: Texts, Tradition and Practice

Jointly organized by

K.J Somaiya Centre for Buddhist Studies,

Indian Council For Cultural Prlations, (Government of India, New Delhi),

Nava Nalanda Mahavihara, Nalanda,

Vietname Buddhist University, Hanoi Vietnam,

Departments of Philosophy & Pali (University of Mumbai)

From : 3rd September- 5th September 2010
Venue: 4th Floor, SIMSR, Somaiya Campus

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++


6th Biannual International Conference On Buddhist Meditation: Texts, Tradition and Practice
Venue : 4th Floor, SIMSR
Inaugural Session Programme 3rd Semptember 2010



9.00 a.m. to 9.30 a.m. Registration


9.30 a.m. to 9.37 a.m. Campus Prayer and Buddhist Prayer Staff of K.J.S.C.B.S.


9.37 a.m. Lighting the Lamp Dignitaries
Sanskrit Invocation Dr.(Mrs.)Parineeta Deshpande


9.40 a.m. Welcome Address Shri. V. Ranganathan
Homn. Secretary
Somaiya Vidyavihar


9.50 a.m. About K.J.S.C.B.S. Dr. (Mrs.) K. Sankarnarayan

About Vietnam Buddhist University Dr. Thich Nhat Tu

About Nava Nalanda Mahavihara Dr. Ravindra Panth


10.00 a.m. Release of Conference Proceedings and
Inaugural Address H.E. Devanand Konwar
Governor of Bihar


10.15 a.m. Blessings by Ven. Ashin Nanissara
Chacellor Sitagu International , Buddhist Academy,

Ven. Dr. Thich Giac Toan
Vice president, Vietnam Buddhist Sangha


10.25 a.m. Address by the Guest of Honour Shri. Suresh Goel
Director General, l.C.C.R.


10.35 a.m. Book Release & Speech by the Guest of Honour Dr.B.L. Mungekar
Member of Rajya Sabha


10.45 a.m. Key note Address Prof. Kiyozumi Ishil
President Komazawa University, Japan


11.30 a.m. Presidential Address Shri. Samir Somaiya
Vice President Somaiya Vidyavihar


11.45 a.m. Taken of appreciation Dr. Sudha Vyas
Vote of Thanks Dr. Parvati Venkatesh


***********************************************************************************


Session Details 1st Day
Freday, 3rd September 2010
Venue: 3rd Floor, Seminar Hall, SIMSR
Afternoon Session
Seesion I: India



1.0 p.m. – 2.45 p.m.

Chairperson: Prof. P.L. Dhar, Co.Chair: Prof. Baidyanath Labh
(1) Prof. Mahesh Deokar
(2) Prof. K. L Dhammajoti
(3) Prof. Angraj Chaudhary
Chairpersons’ Remarks


Session II: Srilanka
2: 45 p.m. – 4. 30 p.m

Chairperson: Prof. KTS Sarao, Co-Chair: Prof. P.P. Gokhale
(1) Prof. Sumana Patnayayaka
(2) Prof. Asanga Tilakratne
(3) Ven. Dr. Mahinda Deegalle


Session III: Thailand
4.30 p.m. – 6.15 p.m.

Chairperson : Prof. Mahinda Deegalle, Co – Chair: Amarjiva Lochan
(1) Ajarn Dr. Maechee Vimuttiya
(2) Prof. Somparn Suwannarat
(3) Ajarn Dr. Songmart Suwannarat
Chairpersons’ Remarks


6.30 p.m. – 7.30 p.m. : Cultural Programme
Dept. of Culture, Maharashtra Government


7.30 p.m. – 9.00 p.m. Dinner at Somaiya Campus

_++++++++++++++++++++++++++++++++++++++++++++++++++++++++++



Scssion Details
2nd day
Saturday, 4th September 2010
Jointly with K.J. Somaiya College of Arts & Commerce
Venue: 3rd Floor, Seminar Hall, SIMSR


9.00 a.m. – 10.00.:
Panel Discussion:
“Theravada meditation with a focus on Buddhaghosa”


Chairperson: Prof. Asanga Tilakratne Co-chair: Dr. Shyam Tagade
(1) Ven. Dr. Dhammpiya
(2) Nun. Dr. Ajahn Maechee Vimuttiya
(3) Ven. Dr. Che Kinda
(4) Prof. Gustaaf Houtman
(5) Ven. Dr. Mahinda Deegalle
(6) Prof. Angraj Chaudhary
Chairpersons’ Remarks


Session IV: Cambodia and Laos
10.10 a.m. – 11.50. a.m.

Chairperson: Dr. Mangala Chinchore Co-chair: Prof. Somparn Promta
(1) Ven. Dr. Sinkong
(2) Dr. Oudern Phetchamphone
(3) Ven. Dr. Sayadej Vongsopha
Chairpersons’ Remarks


11.50 a.m. – 12.45 p.m. : Lunch Break

Seesion V: Japan
12:45 p.m. – 3.00 p.m.

Chairperson: Prof. Kiyozumi Ishii, Co-chair: Prof. Charles Willemen
(1) Prof. Akira Saito
(2) Prof. Gereon Kopf
(3) Prof. Mitsuko Yorizumi
(4) Ven. Dr. Chisho Namai
Chairpersons’ Remarks


Session VI: China
3:00 p.m.- 5.15 p.m

Chairperson: Prof. Akira Saito, Co-chair: Prof. Anita Sharma
(1) Prof. Charles Willemen
(2) Prof. Fa Qing
(3) Prof. Nobuyoshi Yamabe
(4) Prof. Haiyan Shen
Chairpersons’ Remarks


Session VII: Korea
5.15 p.m. – 6.30 p.m

Chairperson: Prof. Mitsuko Yorizumi, Co-chair: Prof. Rana
(1) Prof. Hwain Soonil
(2) Prof. Pori Park
Chairpersons’ Remarks


6.30 p.m.- Dinner at the Somaiya Bungalow

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++


Session Details
3rd day
Saturday, 5th September 2010
Jointly with K.J. Somaiya Degree College of Arts & Commerce & Science
Venue: 3rd Floor, Seminar Hall, SIMSR


9.00 a.m. – 10.00 a.m.:
Panel Discussion: “ Mahayana Meditation with a focus on Dogen”


Chairperson: Prof. Kiyozumi Ishii, Co-chair: Ven. Sudhammacara
(1) Prof. Charles Willemen
(2) Prof. Mitsuko Yorizumi
(3) Prof. Gereon Kopf
(4) Prof. Fa Qing
(5) Ven. Dr. Chisho Namai
Chairpersons’ Remarks


10.00 a.m.- 10.10 a.m. Tea Break

Session VIII: Tibet
10.10 a.m. – 11.50 a.m

Chairperson: Ven. Dr. Chisho Namai Co- chair: Prof. Andrea Loseries
(1) Ven. Dr. Geshe Dorji Damdul
(2) Prof. Achim Bayer
(3) Bhikkhuni Jetsunma Tenzin Palmo
Chairpersons’ Remarks


11.50 a.m. -12.45 p.m.: Lunch

Session IX: Vietnam
12.45 p.m. – 3.30 p.m.

Chairperson: Prof. J.K Sharma Co-chair: Dr.Lalit Shyam
(1) Thich Giac Toan
(2) Thich Buu Chanh
(3) Thich Nhat Tu
(4) Thich Giac Hoang
(5) Bhikkhuni Thich Nu Tinh Van


Session X: Burma (Myanmar)
3.30 p.m.- 5.15 p.m.

Chairperson: Prof. Ravindra Panth Co-chair: Prof. Mahesh Deokar
(1) Ven. Dr. Dhammapiya Sayadaw
(2) Prof. Gustaaf Houtman
(3) Ven. Dr. Che Kin da
Chairpersons’ Ramarks


5.15 p.m.-5.30 p.m. Tea Break


VALEDICTORY SESSION
Venue: 4th Floor, Auditorium, SIMSR
5.30 p.m. – 7.00 p.m.


Chairperson: Dr. Meena V. Talim
(Hon. Professor, K.J. Somaiya Centre for Buddhist Studies)
Will release the book
Philosophy of Aesthetiics


Valedictory Address

Ven. Ashin Nannissara
(Chancellor of Sitagu International Buddhist Academy, Myanmar)


Observations by the Participants


Concluding Ramarks:
Dr. (Mrs.) K. Sankarnarayan
(Director, K.J. Somaiya Centre for Buddhist Studies)


Departure for Trip to Bhedsa, Karla, Bhaje, Kondane.

Read more...

သောင်းပြောင်းထွေလာ သံပေါက်စာများ အပိုင်း (၃)

ပဲခူးမြို့မှ သမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်

ဖိုးစစ် မျိုးမှန်၊ တရားသံ၊ မြန်မြန်အိပ်သည့်ခေတ်။

ခုခေတ်ကာလ ညာ(လိမ်)ပေးမှ၊ သဘာဝကျသည့်ခေတ်။

ကျင့်ဝတ်တရား ဆုံးမငြား၊ နားခါးလေသည့်ခေတ်။

ကိုယ်လည်း မသိ ကျင့်နတ္ထိ၊ သိသူရှားသည့်ခေတ်။

တရားသံကြား ဝေးက သွား၊ ရှောင်ရှားလေသည့်ခေတ်။

ရုပ်ရှင် ဇာတ်ပွဲ ထိုရုံထဲ၊ မစဲလေသည့်ခေတ်။

မင်္ဂလာတရား ထိုစကား၊ ခေါင်းပါးလေသည့်ခေတ်။

သက်ကြီးစကား သယ်ငယ်ကား၊ ပယ်ရှားလေသည့်ခေတ်။

မဟုတ်မမှန် ခွန်းတုံ့ပြန်၊ နှုတ်လှန်ထိုးသည့်ခေတ်။

အစစ်ကိုရှောင် အတုဆောင်၊ ယောင်ဆောင်ပေါသည့်ခေတ်။

ဆေးဝါးကုသူ ရဟန်းမူ၊ လှူသူပေါသည့်ခေတ်။

ဗေဒင်ဓါတ်ရိုက် နတ်စိမ်းတိုက်၊ အကြိုက်တွေ့သည့်ခေတ်။

သံသရာ နောင်ရေး ဘေးမတွေး၊ လှူပေးလေသည့်ခေတ်။

ကျောင်းဝင်းမြိုင်မြိုင်၊ ရေဒီယိုကိုင်၊ ကျောင်းထိုင်လေသည့်ခေတ်။

သံသရာကျွတ်တန်း၊ မရည်မှန်း၊ ရဟန်းခံလေသည့်ခေတ်။

သင်္ကန်းသပိတ်၊ ကျောင်းတွင်းသိပ်၊ ပိတ်၍ထားသည့်ခေတ်။

တပည့်တပန်း မပေးကမ်း၊ ငမ်းငမ်းတက်သည့်ခေတ်။

ကျောင်းထိုင်ဆရာတော် အမည်ပေါ်၊ ဂုဏ်နော်များသည့်ခေတ်။

ဓာတ်စက်မပါ အလှူမှာ ဆရာ-ပါမကြိုက်သည့်ခေတ်။

အိုးစည်ဗုံမောင်း တပြောင်းပြောင်း၊ ကျောင်းမှာဆူသည့်ခေတ်။

ဒကာလျှောက်ကြား ထိုစကား၊ မှန်ပါ့ဘုရားလိုက်သည့်ခေတ်။

တောလက်ကျေးရွာ ကျောင်းတိုင်းမှာ စာပေရှားသည့်ခေတ်။

ဘုရားအကြိုက် ငါမလိုက်၊ ဒကာအကြိုက်လိုက်သည့်ခေတ်။

ဆရာကျေးဇူး၊ ဂုဏ်အထူး၊ မေ့မူးလေသည့်ခေတ်။

မိဘနှစ်ပါး ပုဂ္ဂိုလ်များ ပစ်ထားလေသည့်ခေတ်။

အရက်ထိုထို သောက်စားမြို၊ ဆိုရှယ်ကျသည့်ခေတ်။

ရောင်းရေး ဝယ်ရေး မှန်မပေး၊ အလေးခိုးသည့်ခေတ်။

ပိတ်ဖြူစလွယ် အရပ်လည်၊ ဆန် လည်တောင်းသည့်ခေတ်။

(၁၃၂၄)ခုနှစ်၊ ဝါခေါင်လဆန်းတွင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် ကသစ်ဝိုင်ဆရာတော် ဘဒ္ဒန္တ ပဒုမ
ရေးသားသီကုံးအပ်သော သောင်းပြောင်းထွေလာ သံပေါက်စာများ

Read more...

သီဟိုဠ်ပြည်သို့၊၊ ၊၊

ဤအရှင် ငယ်စဉ်ကပင် သီဟိုဠ်ပြည်ဆိုတဲ့ နာမည်တစ်ခုကို ပုံပြင်စာအုပ်များနှင့်၊ သမိုင်းစာအုပ်များထဲ တွင် မကြာခဏတွေ့ခဲ့ရဘူးသည်၊၊ သီဟိုဠ်ပြည် ဘယ်မှာရှိသည်ကိုတော့ မသိခဲ့၊ နာမည်က ပါဠိလိုလို မြန်မာလိုလို ဟင်ဒီလိုလို ထူးခြားနေတော့ သမိုင်းပုံပြင်များထဲက တိုင်းပြည်တစ်ခုသာ ဖြစ်ရမည်၊ အပြင်မှာ တကယ်ရှိသော တိုင်းပြည်တစ်ခုမဟုက်ဟု အထင်ရှိခဲ့သည်၊၊
ဟုတ်တော့ ဟုတ်သည်၊ သီဟိုဠ်ဆိုတဲ့နာမည်က ကျွန်းနိုင်ငံလေးတစ်ခုကို မြန်မာမှုပြုထားတဲ့ နာမည်လေး ဖြစ်နေတယ်ဆိုတာကို အတော်ကြာမှသိခဲ့ရသည်၊၊ မြတ်စွာဘုရားလက်ထက်တော်က သည်တိုင်းပြည်ကို နာဂဒီပ=နဂါးပြည်၊ ယက္ခဒီပ=ဘီလူးများနေသော တိုင်းပြည်၊စသည်ဖြင့် အသုံးပြုပါသတဲ့၊၊ နောင်တော့ တမ္ပဒီပ၊ လင်္ကာဒီပ၊ စတဲ့နာမည်တွေကိုလည်း အသုံးပြုခဲ့ကြောင်း စာဟောင်းမှတ်တမ်းများတွင် လေ့လာရမိသည်၊၊ ယ္ခုလွပ်လပ်ရေး ရပြီးသောအခါတွင် သီရိလင်္ကာနိုင်ငံဟု ကမ္ဘာကိုကြေငြာခဲ့ပါသည်၊၊ ဤမျှနာမည်တွေ များသော နိုင်ငံလေးသည် လင်္ကာဒီပဟူသော နာမည်ဖြင့် မြန်မာစာပေထဲတွင် အတိုင်းတစ်ခုအထိ နေရာယူထားသည်ကို သမိုင်းလေ့လာသူတိုင်း သိကြပါသည်၊၊ အဘယ့်ကြောင့်ဆိုသော် မြန်မာ့အမျိုးသားယဉ်ကျေးမှု ပြဇာတ်ကြီးဖြစ်သော ရာမာယဏဇာတ်တော်ကြီးသည် လင်္ကာဒီပဟု ဟိုရှေးတချိန်ကခေါ်တွင်ခဲ့သော သီရိလင်္ကာနိုင်ငံတွင် အထင်ကရဖြစ်ပွားခဲ့သော ဇာတ်လမ်းကြီးတစ်ခုဖြစ်ခဲ့သောကြောင့် ဖြစ်ပါသည်၊၊
ထိုဇာတ်လမ်းကြီးထဲတွင် ပါဝင်သောနေရာဖြစ်သည့် သိန်းဃိုကျွန်း၊ ဒဿဂီရိဘီလူးမင်း၏ နန်းတော်နေရာ၊ စသည်များသို့ ဤအရှင်လေ့လာရေး ရောက်ခဲ့ဘူးသည်၊၊ Sithaeliya ဒေသဟု ခေါ်ပါသည်၊၊ ယ္ခုအခါအမှတ်အသား ဘုရားကျောင်းလေးတစ်ခုမှအပ အဆောက်အဦ တစ်စုံတစ်ရာကိုမတွေ့ရတော့ဘဲ၊ ထူထပ်သည့် တောတောင်ကြီးများအဖြစ်သာ တွေ့ရတော့သည်၊၊ သီဟိုဠ်ပြည်ဆိုသည်ကို မသိစဉ်က မသိခဲ့သော်လည်း၊ သိမည် သိတော့ ကိုယ်တိုင်နေထိုင်ပြီး၊ ပညာသင်ခွင့်ရသည်အထိပင် ဖြစ်သည်၊၊ အံ့သြစရာပါ၊၊ သီရိလင်္ကာနိုင်ငံသည် သေးငယ်သောကျွန်းနိုင်ငံလေး တစ်ခုမျှသာဖြစ်ပါသည်၊၊ အိန္ဒိယပင်လယ်ထဲတွင် တည်ရှိပြီး၊ လူဦးရေးသန်း(၂၀)မျှသာရှိပါသည်၊၊ အကျယ်အ၀န်းအလျားမိုင်(၂၇၀)နှင့်၊ အနံမိုင်(၁၄၀)ဖြစ်ပြီး၊ အကျယ်မိုင်(၂၅၃၃၂)သာကျယ်ဝန်းပါသည်၊၊ မြေပြင်ဆိုသည်ထက် မတ်စောက်သော တောင်များက ပိုများသော ကျွန်းတခုဖြစ်သည်၊၊
ဒေသခံလူမျိုးများမှာ ယဉ်ကျေးပျူငှာပြီး၊ သည်းခံစိတ်အားကြီးသော၊ မေတ္တာစိတ်ကောင်းသော လူမျိုးများလည်း ဖြစ်ပါသည်၊၊ ကမ္ဘာ့အလယ်တွင် ငြိမ်းချမ်းသော နိုင်ငံလေးတခုအဖြစ် ကမ္ဘာ့လှည့်ခရီးသည်များနှင့် နေရာအနှံ့တွင် စည်ကားနေတတ်ပါသည်၊၊ ရာသီဥတုမှာ မပူလွန်း၊ မအေးလွန်းဘဲ၊ သာယာလှပ စိမ်းလန်းစိုပြေနေသည့် နိုင်ငံတစ်ခုအဖြစ် အင်တာနက်မှတ်တမ်းများတွင် ဖော်ပြကြပါသည်၊၊ သီဟိုဠ်လူမျိုးတို့သည် ထေရာဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး၊ ဒေသခံနတ်ဒေ၀တာများကိုလည်း ပူဇော်ပသလေ့ရှိပါသည်၊၊ သီရိလင်္ကာနိုင်ငံ၏ ပညာရေးမှာ ပါဠိအခြေခံသော Religious Education ဖြစ်ပြီး၊ ရုံးသုံးဘာသာ စကားအဖြစ် သီဟဠဘာသာစကားကို အသုံးပြုကြပါသည်၊၊ သီဟဠဘာသာစကားထဲတွင် ပါဠိစကားလုံးက ရှစ်ဆယ်ရာခိုင်နှုံးပါဝင်ကြောင်း လည်း လေ့လာသိရှိရပါသည်၊၊ ထို့ကြောင့်ပင် “ပါဠိစာပေအစ သီရိလင်္ကာ က”ဟု ဒေါက်တာဝေါပိုလာရာဟုလာ၏ “Humour in Pali Literature And other Essays” စာအုပ်ထဲတွင် ရေးသားထားပါသည်၊၊ မြတ်စွာဘုရားရှင်၏ စကားတော်များကို ပါဠိစာပေ အက္ခရာအရေးအသားဖြင့် အစဆုံးဤကျွန်းနိုင်ငံလေးမှာပင် စတုတ္ထသင်္ဂါယနာ တင်ခဲ့ကြရပါသည်၊၊ မြတ်စွာဘုရားရှင်သည် သီရိလင်္ကာနိုင်ငံသို့ သက်တော်ထင်ရှားရှိစဉ်က သုံးကြိမ်တိုင်ကြွရောက်၍၊ သာသနာမျိုးစေ့ချတော် မူခဲ့ကြောင်း ပါဠိစာပေမှတ်တမ်းများတွင် လေ့လာရပါသည်၊၊


+ပထမအကြိမ် ဘုရားရှင် သီရိလင်္ကာသို့ကြွတော်မူခြင်း+
မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ရောက်တော်မူအပြီး ကိုးလအကြာ မဟာသက္ကရာဇ်(၁၀၈) ခု တန်ခူးလပြည့်နေ့တွင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှ နာဂဒီပခေါ် သီဟိုဠ်ကျွန်း၊ သီရိလင်္ကာသို့ ကြွတော်မူခဲ့ပါသည်၊၊ ထိုအချိန်က ဤကျွန်းတွင် လူသားတို့မနေထိုင်ကြသေးဘဲ “ယက္ခ”ဟုခေါ်သော ဘီလူးများ နေထိုင်သည်ဟု မှတ်တမ်းများက ဆိုပါသည်၊၊ နာဂဒီပကျွန်း၏ အလယ်တွင် မဟာနာဂါဟုခေါ်တွင်သော ပန်းဥယျာဉ်ကြီးတခုရှိပါသည်၊၊ ဘီလူးတို့စုပေါင်း ပျော်ရွှင်ရာနေရာလည်း ဖြစ်သည်၊၊ တနေ့ ထိုပန်းခြံကြီးအတွင်း များစွာသော ဘီလူးတို့ပျော်ပွဲဆင်နွှဲနေစဉ် သည်းထန်သော မိုးကြီးနှင့်၊ မုန်တိုင်းများကျရောက်ပြီး၊ ၀န်းကျင်တစ်ခုလုံး ပိန်းပိတ်မှောင်အတိဖြစ်သွားပါသည်၊၊ ဘီလူးများအားလုံး ကြောက်လန့်တကြားပြေးသူပြေး၊ အော်ဟစ်ငိုယိုသူက ငိုယိုကြပြီး၊ အားကိုးရာမဲ့ ကြောက်လန့်ကုန်ကြပါသည်၊၊
ထိုအချိန်တွင် အမှောင်ထဲမှ အသံတစ်ခုပေါ်လာပါသည်၊၊ “အို..ဘီလူးအပေါင်းတို့…ငါ့အားထိုင်စရာ နေရာတစ်ခု ပြင်ဆင်ပေးမည်ဆိုလျင် သင်တို့အပေါ်ကျရောက်နေသော ဤဒုက္ခမှ ငါကယ်တင်ပေးမည်”၊၊ အသံကိုကြားရသောအခါ ဘီလူးများဝမ်းသားပြီး၊ ဤဒုက္ခမှ ကယ်တင်ပေးလျင် ထိုင်စရာနေရာ တခုတင်မက နာဂဒီပတစ်ကျွန်းလုံးကိုပင် ပေးပါကြောင်း ပြန်လည်ဖြေကြလေသည်၊၊ မိုးလေများအားလုံး ရပ်တန့်သွားပြီး၊ ပတ်ဝန်းကျင်တစ်ခုလုံး အလင်းရောင်ဖြင့် ပြန်လည်သာယာလာ ပါသည်၊၊ ဘီလူးများ မြတ်စွာဘုရားရှင် အေးဆေးတည်ငြိမ်စွာ သီတင်းသုံးထိုင်နေတော်မူသည်ကို ဖူးတွေ့ကြရပါသည်၊၊ မြတ်စွာဘုရားရှင်သည် ဘီလူးများအား သရဏဂုံသုံးပါး၌ တည်စေပြီး၊ တရားတော်များကို ဟောကြားပြသတော်မူပါသည်၊၊ ထိုဘီလူးများအထဲတွင် မဏိအက္ခိကအမည်ရှိ နဂါးမင်းနှင့်၊ သုမနနတ်သားတို့သည် သောတာပန်တည်ခဲ့ကြလေသည်၊၊ သုမနနတ်သားအား မြတ်စွာဘုရားမှ ဆံတော်တစ်ဆုပ် ချီးမျှင့်တော်မူခဲ့ပါသည်၊၊ ဘုရားရှင်ပြန်လည် ကြွချီသွားသောအခါ ထိုဆံတော်တစ်ဆုပ်နှင့် နဂါးတို့အားတရားဟောစဉ်က ထိုင်တော်မူခဲ့သော ပလ္လင်တော်ကိုဌာပနာပြီး စေတီတစ်ဆူကို တည်ခဲ့ကြပါသည်၊၊ ထိုစေတီကိုယ္ခုအခါ “ရာဇာယတန မဟိယင်္ဂဏစေတီ” ဟုခေါ်ပါသည်၊၊ ယနေ့တိုင် ဖူးတွေ့နိုင်ပါသည်၊၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးသောအခါ ဤစေတီ တော်ကြီးအတွင်း လက်ဝဲညှတ်ရိုးဓာတ်တော်ကို ဌာပနာထားကြောင်းလည်း သမိုင်းမှတ်တမ်းအရ သိရ ပါသည်၊၊


+ဒုတိယအကြိမ် ဘုရားရှင် သီရိလင်္ကာသို့ကြွတော်မူခြင်း+
မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ရောက်တော်မူအပြီး၊ (၅)၀ါအရတွင် နာဂဒီပကျွန်းသို့ ဒုတိယအကြိမ် ကြွတော်မူခဲ့ပါသည်၊၊ ထိုအချိန်က နာဂဒီပတွင် မဟာဒရမင်း နတ်ရွာစံပြီး၊ သားတော် စူဠဒရမင်း သားနှင့်၊ ဦးရီးတော် မဟောဒရတို့ ပတ္တမြားနန်းပလ္လင်လုရာက ပြည်တွင်းစစ်ဖြစ်နေသော အချိန်ဖြစ်သည်၊၊ မြတ်စွာဘုရားရှင်သည် နှစ်ဘက်စစ်ပွဲ၏ အလယ်တည့်တည့်ကောင်းကင်ယံတွင် ရပ်တန့်တော်မူပြီး၊ တရားတော် ဟောကြားတော်မူပါသည်၊၊ နှစ်ဘက်စစ်သည်တို့ လက်နက်များကိုယ်စီချပြီး၊ တရားတော်နာယူကာ၊ စစ်ပြေငြိမ်းကြရပါသည်၊၊ စစ်သည်အပေါင်းနှင့် ပရိသတ်တို့အား သရဏဂုံ သီလ၌ တည်စေပြီး၊ သာသနာမျိုးစေ့ကို ချတော်မူခဲ့ပါသည်၊၊ ထိုနေရာတွင် ယ္ခုအခါစေတီငယ်တစ်ဆူ တည်ရှိပြီး၊ စေတီတော်၏အမည်မှာ “နာဂဒီပစေတီ”ဟုဖြစ်ပါသည်၊ ဂျဖနာ=Jaffnaအရပ်တွင် တည်ရှိပြီး၊ ကိုလမ်ဘိုမြို့တော်မှ ကီလိုမီတာ(၄၀၀)ခန့်ဝေးပါသည်၊၊ ထိုစေတီအထဲတွင် ဘုရားရှင်က နှစ်ဘက်စစ်သည်တို့ကို စစ်ပြေငြိမ်းစေပြီးရာ၊ မြေထက်ပလ္လင်ပေါ်တွင် ထိုင်တော်မူပြီး တရားတော်ဟောစဉ်က ထိုင်တော်မူခဲ့သော ပတ္တမြားပလ္လင်တော်နှင့်၊ နာဂဒီပသို့ကြွလာစဉ်က သမိဒ္ဓိမည်သော နတ်သားသည် မြတ်စွာဘုရားရှင်အား လင်လွန်းပင်ကို ထီးတော်အဖြစ် မိုးလာရာက ပါလာသော လင်လွန်းပင်ကိုဌာပနာထားသည်ဟု မှတ်သားရပါသည်၊၊


+တတိယအကြိမ် ဘုရားရှင် သီရိလင်္ကာသို့ကြွတော်မူခြင်း+
မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ရောက်တော်မူအပြီး (၈)၀ါအရတွင် နာဂဒီပကျွန်းရှင် မဏိအက္ခိက နဂါးမင်း၏ ဖိတ်မံချက်ဖြင့် နာဂဒီပကျွန်း ကလျာဏီမြစ်ကမ်းသို့ နောက်ပါသံဃာတော် ငါးရာနှင့်အတူ ကြွတော်မူခဲ့ပါသည်၊၊ မဟာသက္ကရာဇ်(၁၁၁)ခု၊ ကဆုန်လပြည့် ၀ိသာခါနက္ခတ်နှင့် စန်းမြတ်ယှဉ်သော နေ့ဖြစ်ပါသည်၊၊ (ကဆုန်လပြည့်ကျော်(၂)ရက်နေ့ဟုလည်း မူကွဲရှိပါသည်၊၊) ကလျာဏီမြစ်ကမ်းအနီး တောင်ပူစာတွင် မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူပြီး၊ တရားတော်များကို ဟောကြားတော်မူပါ သည်၊၊ မြတ်စွာဘုရားရှင်နှင့် သံဃာတော်များပြန်လည်ကြွသွားသောအခါ မဏိအက္ခိက နဂါးမင်းသည် ဘုရားရှင်ထိုင်တော်မူခဲ့သော ပလ္လင်တော်နှင့် အသုံးအဆောင်များကို ဌာပနာပြီး စေတီတော်ကြီး တစ်ဆူကို တည်ထားကိုးကွယ်ခဲ့ပါသည်၊၊ စေတီတော်၏အမည်မှာ “ကလျာဏီစေတီ”ဟုဖြစ်ပါသည်၊၊ မြတ်စွာဘုရားရှင်သည် ကလျာဏီမြစ်အရပ်မှတဖန် သုမနနတ်မင်း၏တောင်းပန်မှုကြောင့် သမန္တကူဋတောင်သို့ကြွတော်မူပြီး၊ ခြေတော်ရာတစ်ဆူကို ချတော်မူခဲ့ပါသည်၊၊ ယ္ခုအခါ “စရိပါဒ”တောင်ဟု ခေါ်တွင်ပါသည်၊၊ ခြေတော်ရာကိုလည်း ယနေ့တိုင်ဖူးတွေ့နိုင်ပါသည်၊၊ ကိုလမ်ဘိုမြို့တော်နှင့် ကီလိုမီတာ(၁၅၀)ခန့်ဝေးပါသည်၊၊ မြန်မာနိုင်ငံကျိုက်ထီးရိုးတောင်နှစ်ဆနီးနီး တက်ရသော တောင်ဖြစ်သည်၊၊ ဤမျှပင်ပမ်းသော စရိပါဒတောင်နှင့် ပတ်သက်၍သီရိလင်္ကာတွင် စကားတစ်ခုရှိပါသည် “စရိပါဒကို မတက်ဘူးရင် အ- ရာရောက်တယ်၊ နှစ်ခေါက်တက်ပြန်ရင်လည်း အ- ရာရောက်တယ်” ဟုဖြစ်သည်၊၊( အ.ရာရောက်သည်၊ ဖျင်းရာရောက်သည်)
သီရိလင်္ကာနိုင်ငံ(သီဟိုဠ်ကျွန်း)သို့ မြတ်စွာဘုရား သုံကြိမ်တိုင်ကြွရောက်တော်မူ၍ သာသနာမျိုးစေ့ ချခဲ့ပုံကို ဤအရှင်၏ဆိုက်ကို ကြည့်ကြတဲ့ စာဖတ်သူများအတွက် များစွာသော အထောက် အထားကျမ်းများကို ကိုးကားရှာဖွေ၍ ရေးသားတင်ပြလိုက်ပါသည်၊၊ အရှင်ကိုယ်တိုင် သွားရောက်လေ့လာမှု မှတ်တမ်းများကိုလဲ အသုံးပြုရေးသားပါသည်၊၊ အမှားတစ်စုံတစ်ရာ တွေ့ရှိလျင် ဤအရှင်၏(u.zin.kay.wa.la@gmail.com)မှ ဆက်သွယ်ထောက်ပြပေးဖို့ တောင်းပန်လိုပါသည်၊၊ စေတနာအရင်းခံ၍ ရေးသားခြင်းသက်သက်သာ ဖြစ်ပါသည်၊ သိလွန်း၊တတ်လွန်း၍ ရေးသားခြင်း မဟုက်ကြောင်း ၀န်ခံပါသည်၊၊ စာဖတ်မိတ်ဆွေများအားလုံး ဘ၀နှင့်ဆန္ဒ တစ်ထပ်တည်းဖြစ် ကြပါစေ………………!

အရှင်ကေ၀လ(အလင်း စက်)
(၂.၉.၂၀၁၀)

Read more...

သို့သော် ထိုသို့သော်များ

ဗာရာဏသီမြို့တော်သည် နှင်းမိုးစက်တို့ဖြင့် စိုစွပ်လျက်ရှိသည်။အေးစိမ့်သောလေထုတွင် နှင်းစက်များ ဝေ့နေ၏။ သူအိပ်ရာထနောက်ကျခဲ့ချေသည်။ ညဦးပိုင်းဆီက မိတ်ဆွေရဟန်းတစ်ပါး၏အခန်းက ဆွဲယူလာသည့် ဒေါ်ခင်မျိုးချစ်၏ “ ကဲ ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ” စာအုပ်က သူ့ကိုယ်ပိုင်အချိန်များကို အတွေးများထပ်ဖြည့်ပေးလိုက်ပြန်သည်။ သည်စာအုပ်က သူ့အတွက် အသစ်တော့ မဟုတ်ခဲ့။ တတိယအကြိမ် မြောက်ပြန်ဖတ်ရခြင်းဖြစ်သည်။

ဆရာမကြီး၏ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော Colourful Myanmar, King among Men , Flowers, and Festivals, Gift of Laughter စာအုပ်များကို မန္တလေးသာသနာ့တက္ကသိုလ်မှာ တက်နေစဉ်က သူ၏ ထော့နင်းထော့နင်းအင်္ဂလိပ်စာလေးဖြင့် ဖတ်ခဲ့ဖူးသည်။ သူ့တွင် ရှိသော အဘိဓါန်များက ဆရာမကြီး၏ ခက်ခဲနက်နဲစွာ ကြိုကြိုကြားကြားသုံးနှုံးထားသောဝေါဟာရများကို အနက်မပေးနိုင်ခဲ့။ သူဝယ်ထားသည်က ရှေ့ဆောင်အင်္ဂလိပ်-မြန်မာအဘိဓါန်၊ အောက်စဖို့ဒ်နှင့် လောင်းမဲင်န် အိပ်ဆောင်အဘိဓါန်များသာ။

ဟုတ်ဟုတ် မဟုတ်ဟုတ် ဖတ်ချင်ရာကို ဖတ်ရမှ စိတ်ဘ၀င်ကျတတ်သောသူက ၀ါဆိုသင်္ကန်းတစ်စုံနှင့် ကထိန်သင်္ကန်းတစ်စုံကို အဘိဓါန်စာအုပ်ထူထူကြီးများဖြစ်အောင် ဖန်တီးရချေသည်။ သို့နှင့် သူ၏ စာအုပ်စင်တွင် Oxford Advanced Learner's Dictionary နှင့် Webster New World Dictionary စာအုပ်များရောက်လာကြလေသည်။ ဖတ်ပေရော ဒေါ်ခင်မျိုးချစ်။ ထစ်ထစ်ငေါ့ငေါ့ စိတ်အားလျော့အောင် ခက်သောစာများပေတကား။

အရှင်ဇနကာဘိဝံသသည်ပင် သူ၏ ပထမဆုံးရေးသားသည့် “ ရတနာ့ဂုဏ်ရည်” ကျမ်းစာလေးထုတ်ဝေဖြန့်ချီဖို့ ဆရာတော့်ကိုယ်ပိုင်စာအုပ်ဘီဒိုလေးတွေ ခွဲစိတ်ခဲ့ရသည်ဟုမှတ်သားဖူးသည်။ တောင်မြို့ဆရာတော်လောင်းလျာ အရှင်ဇနကလေးသည်လည်း ပံ့ပိုးသူမရှိရှာ၊ ကိုယ်တိုင်သာ ဖြေရှင်းခဲ့ရဖူးလေသည်ပဲ။ ယခုတော့ အရှင်ဇနကာဘိဝံသအမည်တော်ပါသမျှ ထူထူးပါးပါး ဘုတ်အုပ်တော်များက စာအုပ်စင်တိုင်း၏ အရောင်ကို လင်းစေတော့သည်ပဲ။ အော် တောင်မြို့ဆရာတော်လို အရင့်အမာကြီးပင် ဤသို့`ဤပုံဖြစ်ခဲ့တုံသေး၏ရှင့်။ ဓမ္မဂင်္ဂါလို နုံချာသောမောင်ရှင်ကား အဘယ်မှာလျှင် ဆိုဖွယ်ရာရှိအံ့နည်း။

သူ့ကိုထောက်ပံ့နေသော ကျောင်းထိုင်ဆရာတော်များဖြစ်ကြသည့် ဦးလေးဘုန်းကြီးနှင့် နောင်တော် ရဟန်းတို့က ရှေးရိုးစွဲဝါဒီ(Conservative)များဖြစ်ကြသည်။ သူတက္ကသိုလ်ဝင်ခွင့် အောင်မြင်ခြင်းသည် ထိုကျေးဇူးရှင်များအတွက် ၀မ်းမြောက်ဖွယ်မဟုတ်။ အသိအမှတ်ပြုရန် စာမျက်နှာမဟုတ်ခဲ့ချေပြီ။

ကျေးဇူးရှင်များ၏ အမြင်တွင် သူ့အား သကျသီဟဓမ္မာစရိယမှလွဲ၍ အခြားမည်သည့်ခေါင်းစဉ်အောက်ကိုမှ တိုးမ၀င်စေလို။ စာအုပ်စာပေ၊ ဘာသန္တရနှင့် နိုင်ငံခြားသာသနာပြုဆရာတော်များ၏ အတ္ထုပ္ပတ်ဆွဲအားတို့ဖြင့် ပိပြားကိုင်းညွတ်နေသောသူက သကျသီဟနှင့် မနီးနိုင်တော့ကြောင်းသိနေလေသည်။ သူက စာကျက်လည်း အလွန်ပျင်းသည်။ တစိမ့်စိမ့်တွေးတော ဖတ်မှတ်ရသောရသကို သူက ခုံမင်တတ်လေသည်။ သကျသီဟ ဆိုသည်က တစာစာအော်ကာ စာကိုသာ အိပ်မက်ရသောစာမေးပွဲဖြစ်ချေ၏။

သို့နှင့် သူက သကျသီဟနှင့် ပြတ်ပြတ်သားသားလမ်းခွဲမှ ဖြစ်မည် ဟု ကျေးဇူးရှင်များအား အသိမပေးဘဲ တစ်ကိုယ်တော်ဆုံးဖြတ်ကာ တက္ကသိုလ်ဝင်စာမေးပွဲကို ၀င်ဖြေဖြစ်ခဲ့သည်။အမှန်တကယ် တက္ကသိုလ်ဝင်စာမေးပွဲ ဆိုသည်မှာလည်း လွယ်လွယ်ကူကူအောင်တတ်သောစာမေးပွဲတော့ မဟုတ်ခဲ့။စာဖြေသူ (၇၀၀)ခန့်မှာမှ (၇၀) ခန့်ကိုသာရွေးချယ်ခြင်းဖြစ်လေသည်။ “တက္ကသိုလ်ဝင်ခွင့်အောင်ပြီ” သတင်းစကားဖြင့် ရွာအပြန်လမ်း လှချေပြီ ဟူသောအတွေးများက မှန်းဆသလောက် မပေါက်ခဲ့။ ငါ့ရှင် မောင်ပဉ္ဇင်းရွေးတဲ့လမ်း မောင်ပဉ္ဇင်းသာ လျှောက်ချေဘိလော့။ လမ်းစရိပ်မျှကိုပင် အနိုင်နိုင်၊ငေးမှိုင်ကာ ပြန်ခဲ့ရဖူးချေသည်။ အော် ခဲကတ်သော နေ့ရက်များအစပေတကား။ ရဟန်းဒကာဆိုသည်ကိုလည်း သူက အရိပ်အမြွက်ပင် မဟရဲ။ “လိုအပ်လျှင် အလှူခံပါ” ဟူသော ဖိတ်မန်ချက်ရှိသော်လည်း လိုအပ်သည့်အချိန်မှာ လှူဖို့ရန် အသင့်ရှိမနေခဲ့လျှင် ဟူသောအတွေးက တောင်းရမ်းခြင်းကို နှောင့်နှေးစေတော့သည်။

သို့သော် ထိုသို့သော်သည် သူ့အတွက် လှပသောသို့သော်ဖြစ်ချေ၏။ သူ့ကို နားလည်သော မိတ်ဆွေရဟန်းတစ်ပါးအခိုင်အမာရှိခဲ့ပါလေသည်။ ထိုမိတ်ဆွေရဟန်းက ပညာပါရမီအားနည်းဟန်ရှိသည်။ အထိုက်အလျောက်စာကြိုးစားမှုရှိသောလည်း စာမေးပွဲမအောင်ခြင်းဖြစ်၍ ပါရမီဆိုသည်ထက် စာမေးပွဲကံမကောင်းခြင်းဖြစ်မည်။ ထိုမိတ်ဆွေရဟန်းကို မစိုးရိမ်တိုက်သစ်သို့ သူခေါ်လာခဲ့သည်။

မိတ်ဆွေရဟန်းက ဘုန်းကံကြီးမားသည်။ ရဟန်းသံဃာများပြား၍ ဆွမ်းကွမ်းခက်ခဲသော မန္တလေးလို မြို့ကြီးတွင် သူ့မိတ်ဆွေရဟန်းက ဆွမ်းခံ ထွက်ဖွယ်မလို။ ဆွမ်းချိုင့်နေ့စဉ်လှူမည့် ဒကာမရှိသည်။ စာကိုသာ ကြိုးစားကာသင် အိုအရှင်ပေါ့။ မိတ်ဆွေရဟန်းကလည်း အထူးကြိုးစားရှာပါသည်။ အတန်းပိုင်ဆရာကပင် လေးစားကာ အတန်းမော်နီတာ ခန့်ခဲ့သည်။ မည်သို့ပင်ကြိုးစားသော်လည်း စာမေးပွဲအောင်စာရင်းက မိတ်ဆွေ ၏ ဘွဲ့အမည်ကို နှစ်စဉ်ပင် ချန်ထားခဲ့ချေ၏။ မော်နီတာခမျာ စာမေးပွဲ တ၀ုန်းဝုန်းကျရှာပြီ။

ထိုသို့ဖြင့် မိတ်ဆွေရဟန်းက သူ့ကို “ ငါ့ရှင်သာ ပညာနယ်ပယ်မှာ လူတွင်ကျယ်လုပ်ပေတော့ ။ ငါတမူကား ရွာသူတို့ရပ်ဌာန် ပြန်၍သာ ရှိစုမဲ့စု သာသနာပြုတော့မည်။ သင့်အရေးအရာ ငါတာဝန်ယူမည်” တဲ့။ တကယ်လည်း မိတ်ဆွေရဟန်း ရွာပြန်သွားခဲ့သည်။ ဆွမ်းချိုင့်အလှူရှ့င်ဒကာမကိုလည်း သူ့အတွက် ငဲ့ကွက်ဖိတ်ကြားပေးခဲ့သည်။

မကြာမီမှာပင် သူ့မိတ်ဆွေရဟန်းက စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့လေးတစ်မြို့အနီးက ရွာလေးတစ်ရွာတွင် ကျောင်းထိုင်ဆရာတော်လေးဖြစ်လာသည်။ သူ့တက္ကသိုလ်နေ့ရက်များ၏ လိုအပ်ချက်များကို မိတ်ဆွေရဟန်း က ဖြည့်ဆည်းပေးခဲ့သည်။ သူ့မိတ်ဆွေ၏ ရွာလေးသို့ ကျောင်းပိတ်ရက်တိုင်း ရောက်ဖြစ်ခဲ့သည်။ ထိုနေ့ရက်များတွင် သူ့ကို ကျောင်းပင် လွှဲအပ်ထားသည်။ အိပ်နေကျအိပ်ရာကိုပင် သူ့အား ဖယ်ပေးခဲ့သည်။

ဘယ်စာစောင်မှ မထည့်ဖြစ်သောသူ့စာများ၏ အမာခံပရိသတ်လည်း ဖြစ်ခဲ့သည်။ သူရွတ်ပြသော ဂန္ထ၀င်နှင့် မော်ဒန်ကဗျာအမျိုမျိုးကို အူ့မြူးစွာ နားထောင်တတ်သည်။ “လုပ်ပါဦးဟ” ဟုလည်း အကြိမ်ကြိမ် တွန်းတတ်လေသည်။ ဦးရွှေအောင်စာအုပ်များအကြောင်းလည်း ပြောဖြစ်ကြသည်။ အတ္တထက် ပရကို ဗဟိုပြုရေးအတွေးအခေါ်များကို မိတ်ဆွေရဟန်းတော်က လိုက်နာကျင့်သုံးတတ်လေသည်။ ရွာကလေးက သာမက အနီးဝန်းကျင်နှင့် မြို့လေးကပင် မိတ်ဆွေရဟန်းကို ချစ်ခင်ကြသည်။

ထို့နောက် သူက သာသနာ့တက္ကသိုလ်နေ့ရက်များ ပြီးဆုံးကာ ကွင်းဆင်းသာသနာပြုရေးအစီအစဉ်အရ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကျိုင်းတုံဗဟိုသာသနာပြုဌာနမှာနှစ်နှစ်တာ ကြာသွားခဲ့သည်။ သာသနာပြုကာလ အတွင်း သူဖွင့်လှစ်ခဲ့သော အသုံးချဗုဒ္ဓဘာသာနှင့် အင်္ဂလိပ်စကားပြောသင်တန်း။ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအတွက် အဆင့်မြင့်ဗုဒ္ဓဘာသာသင်တန်းများ၊ နာယကဒိုင်အဖြစ် သူဆောင်ရွက်ခဲ့သော ပရိတ်ကြီးပါဠိ၊ ပဌာန်းဒေသနာတော်နှင့် ဓမ္မစကြာရွတ်ဖတ်ပြိုင်ပွဲများ။ သူပုစ္ဆကနှင့် စာစစ်ဆရာတော်အဖြစ် ဆောင်ရွက်ခဲ့သော ပါဠိပထမပြန်စာမေးပွဲများ၊ လားဟူ အခါ ၀ လီရှော စသောတိုင်းရင်းသားများ ရှိရာတောင်ပေါ်သာသနာပြုဌာနတွေဆီ သွားရသည့် အတွေ့အကြုံများအကြောင်းကို သူ့မိတ်ဆွေရဟန်းအား စာတစ်စောင်ပေတစ်တန်ရေးကာ ပြောပြဖြစ်ခဲ့သည်။

သာသနာပြုကာလအပြီး ကမ္ဘာအေးကုန်းမြေတက္ကသိုလ်ဘွဲ့နှင်းတက်တော့လည်း သူ့မိတ်ဆွေက လိုအပ်သည် များကို ပံ့ပိုးပေးခဲ့သည်။ “ဆက်လုပ်ကွာ” ဟူသောမိတ်ဆွေရဟန်း၏ စကားက ရန်ကုန်အပြည်ပြည် ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဝင်ခွင့်စာဖြေခန်းသို့ သူ့ကို ပို့ပေးပြန်လေသည်။ သူ့ကိုယ်တိုင်ကလည်း ပညာရေးနယ်ထဲမှာ ပျော်ချင်သေးသည်မဟုတ်လား။

ထေရ၀ါဒတက္ကသိုလ်ကျောင်းပိတ်ရက်တစ်ခုမှာတော့ သူ့မိတ်ဆွေက “ သူတကာတွေ နိုင်ငံခြား တက္ကသိုလ်ဆိုတာ သွားတက်ကုန်ကြပြီ၊ ငါ့ရှင်ကော မကြွသေးဘူးလား။ တတ်နိုင်သမျှ ငါစိုက် ထုတ်ရပေမပ ”တဲ့။ သူစဉ်းစားတွေဝေသွားသည်။ ဟုတ်ပ။ ထေရ၀ါဒတက္ကသိုလ်တက်နေရင်း သူက စာချဆရာတစ်ပါးအဖြစ်လည်း ဆောင်ရွက်နေသည်။ တရားဟောပလ္လင်များပေါ်သို့လည်း တက်ဖြစ်၏။

စာဖတ်သောသူ့တရားကို နာကြသည့် တရားနာပရိသတ်အချို့က နိုင်ငံတကာအတွေ့အကြုံတွေများနေပြီဟု ထင်ကြသည်။ သူ့အနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် သာသနာပြုတာဝန်ထမ်းဆောင်နေစဉ်ကပင် အလွန်နီးကပ်သော အိမ်နီးချင်းနိုင်ငံနယ်နိမိတ်သို့ ခြေမချဖူးခဲ့။ သူစဉ်းစားရချေမည်။ မြန်မာနိုင်ငံမှာတော့ တက္ကသိုလ်တွေစုံချေပြီ။ နိုင်ငံတကာတက္ကသိုလ်တစ်ခုခု၏ စာသင်ခန်းများကိုတော့ အမှန်တကယ် စိတ်ဝင်စားပါသည်။ သူ့မိတ်ဆွေရဟန်းက သူ့ကို လေးလေးနက်နက် စိုက်ကြည့်နေချေ၏။

သို့သော် ထိုသို့သော်က သူ့အတွက် ကြေကွဲဖွယ်ရာ သတင်းကို ၀ါဆိုမိုးစက်များနှင့်အတူ ယူဆောင်လာခဲ့သည်။ နွေရာသီ ကျောင်းပိတ်ရက်တစ်ခုလုံး သူနှင့်အတူ သွားအတူ လာအတူ စားအတူ တပူးတွဲတွဲရှိနေခဲ့သော သူ့မိတ်ဆွေကျေးလက်က ကျောင်းထိုင်ဘုန်တော်ကြီးလေးကွယ်လွန်ရှာပြီတဲ့။
နှလုံးသွေးကြောပြတ်သောရောဂါတဲ့။
မိတ်ဆွေကိုယ်တိုင်ပင် သူ့မှာ ဘာရောဂါရှိမှန်းမသိဘဲ လွန်သွားခဲ့ခြင်းတဲ့။

မနက်ခင်းဆီကပင် ရွာကျောင်းလေး၏ ပရိဝုဏ်အတွင်းမှာ သန့်ရှင်းရေးများလုပ်နေခဲ့သည်တဲ့။ ဆွမ်းစားခါနီးမှ ရင်ဘတ်အောင့်လို့ ဆိုင်ကယ်ခရီးဆယ့်ငါးမိနစ်အကွာအဝေးက မြို့လေးကို ထွက်သွားခဲ့သည်တဲ့။ ရွာလမ်းမအတိုင်း ဆိုင်ကယ်လ်နောက်မှာ ထိုင်ရင်းတွေ့သမျှ ရွာသူရွာသားတွေကို နှုတ်ဆက်သွားခဲ့သေးသည် တဲ့။ ညနေပြန်လာခဲ့မယ် ဟုပင် မှာသွားခဲ့ပါသေးသတဲ့။ ညနေပိုင်းမှာတော့ အမှန်တကယ် သူ့မိတ်ဆွေက သူချစ်သောရွာလေးကို ပြန်ခဲ့ပါလေသည်။ သို့သော် စကားမဲ့ အသက်မဲ့ ခန္ဓာအိမ်တစ်ခုအဖြစ်သာ...။ ဆေးရုံသို့ရောက်ပြီး မကြာမီ သူ့မိတ်ဆွေ ရုတ်တရက်ကွယ်လွန်သွားခဲ့ရှာပါသည်။

ထိုစဉ်က မိတ်ဆွေအတွက် “နေက္ခမ္မလရောင်” ဟူသော စာလေးတစ်ပိုင်းတစ်စရေးခြစ်ကာ အလွမ်းဖြေခဲ့ဖူးပါသည်။
အော် လွန်ခဲ့သော ခြောက်နှစ်ခန့်က အဖြစ်အပျက်များ။

ခုတော့ သူ့မိတ်ဆွေ၏ အိပ်မက်များကို သူက ဆက်မက်နေခဲ့သည်။ နိုင်ငံခြားတက္ကသိုလ်တစ်ခုမှာ ပါရဂူကျောင်းသားတစ်ယောက်ဖြစ်နေပြီ။ ထိုမျှသာမက နိုင်ငံခြားတက္ကသိုလ်တစ်ခု၏ ကထိကဆရာတစ်ဆူ အဖြစ်ပင် ခန့်အပ်လွှာကို သူကိုင်ထားမိလေပြီ။မည်သို့ဆိုစေ “ ငါ့ရှင်ရဲ့ စာတွေ စာမျက်နှာတွေပေါ်မှာ ဖတ်ချင်ပါသေးတယ်” ဟူသောမိတ်ဆွေစကားကိုတော့ဖြည့်ဆည်းရချေဦးမည်။ မိတ်ဆွေရဟန်းက သူ့ကို အဘယ်မျှထိမျှော်လင့်ထားခဲ့ပါသလဲ။

အော် နှင်းတွေဝေမှဖြင့် ဟိုး မန္တလေးသာသနာ့တက္ကသိုလ်နေ့ရက်များဆီက အထက်အညာတွင် လုပ်သည့်“ခေါပုတ်”တွေ၊ ကောက်ညှင်းဆန်အိပ်တွေ ကိုယ်တိုင်သယ်ပိုးကာ အညာရထားဆိုက်ရောက်ချိန် နံနက် ဝေလီဝေလင်း ဆောင်းနှင်းမြူတွေကြား သူ့အခန်းဝကို ရောက်လာတတ်လေသည့် မိတ်ဆွေရဟန်းတော်၏ ပုံရိပ်များ။
လူချစ်လူခင် လူကြည်ညိုများသော။ လူတွေအားလုံးကို ပြုံးရွှင်ကြည်မြစွာကူညီတတ်သော သူ့မိတ်ဆွေ၏ လားရာဂတိကတော့ အလင်းရှိရာဘက်သို့သာ ဦးတည်ပါလိမ့်မည်။

ဓမ္မဂင်္ဂါ
(လွန်ခဲ့သော ဆောင်းရာသီက ရေးဖြစ်ခဲ့သော မှတ်စု)

Read more...

သမာနတ္တတာစီးဆင်းမှု

၁-က

'' The days of a lonely wolf are ending."

"သင်းကွဲဝံပုလွေတစ်ကောင်ရဲ့ နေ့ရက်များကုန်ဆုံးသွားပါပြီ"တဲ့။

ရာစုသစ်ထောင့်ချိုးမှာ စီးစီးပိုးပိုး ကြားလိုက်ရတဲ့ အသံတစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာမြေရဲ့ နံရံအသီးသီးမှာ ရုတ်ရုတ်သဲသဲ စိန်ခေါ်မှုတွေက ဆူနာမီ(Tsunami) လှိုင်းတံပိုးတွေလို ကြောက်မက်ဖွယ် ရှုပ်ထွေးမြင့်တက်လာခဲ့ကြပါတယ်။ တိမ်းရှောင်ပုန်းလို့ မလွတ်နိုင်တော့ပါဘူး။ ဆန်းသစ်တီထွင်မှုတွေ လျှံကျနေတဲ့ နည်းပညာခေတ်ရဲ့ လိုအပ်ချက်အသစ်စက်စက်တွေက လူသားတစ်ယောက်ရဲ့ နေ့စဉ်ဒိုင်ယာရီကို မလူးလွန့်သာအောင် ချည်နှောင်ထားလိုက်ကြပါပြီ။

တစ်နေ့ထက်တစ်နေ့ လေးလံပုံကျလာတဲ့ လူနေမှုဘ၀ပုံစံသစ်ကလည်း လူသားတစ်ဦးချင်းစီရဲ့ ခံနိုင်စွမ်းရည်ကို အမျိုမျိုးစမ်းသပ်နေတဲ့ ဖိအားတစ်ခုဖြစ်လာခဲ့ပါတယ်။ အလုံးအဖန်ကျုံ့ဝင်သွားပေမယ့် အရေးအရာတွေ နက်ရှိုင်းပြန့်ကားလာတဲ့ ကမ္ဘာ့ကွန်ရက်ကြီးထဲမှာ တစ်ဦးတစ်ယောက်ကောင်းနဲ့တော့ ခြေဖျားထောက်ချင်လို့မရနိုင်တော့ပါဘူး။

နှစ်ဆယ့်တစ်ရာစုကို သူရဲကောင်းလွန်ခေတ်(Post Heroic Era)လို့ ညွှန်းဆိုနေကြရပါပြီ။

၁-ခ

ပုဂ္ဂိုလ်ရေးကိုးကွယ်မှု(Personal Cult)ကို ဗဟိုပြုစံထားပြီး တစ်ဦးတစ်ယောက်တည်းရဲ့ အရည်အသွေးနဲ့ ၀န်ဆောင်မှုကိုသာ အားပြုလည်ပတ်နေတဲ့ ပုဂ္ဂလိက၀ါယမစနစ်ဟာ ကျယ်ပြန့်တဲ့ နယ်ပယ်ချဲ့ထွင်မှုနဲ့ ခိုင်မာတဲ့ အနာဂတ်မျိုးဆက်ကို ဖော်ဆောင်ဖွဲ့ စည်းနိုင်မှာ မဟုတ်ပေဘူး။ အသင်းအဖွဲ့လိုက် ဆောင်ရွက်ခြင်းလို့ အဓိပ္ပါယ်ရတဲ့ Team-work ဆိုတဲ့ စကားကို ဒီနေ့ ကျယ်ကျယ် လောင်လောင် ပြောနေကြရပါပြီ။

အုပ်စုဖွဲ့ဆောင်ရွက်ခြင်းကသာ အမြင့်မားဆုံးပန်းတိုင်နဲ့ အကျယ်ပြန့်ဆုံးအင်အားကို ဆွတ်ခူးနိုင်မှာ ဖြစ်သလို စွမ်းရည်ပြည့်မျိုးဆက်ကိုလည်း လက်ဆင့်ကမ်းမွေးမြူနိုင်ခဲ့မှာ ဖြစ်ပါတယ်။

နံနက်ခင်းတံခါးချပ်ကို တွန်းဖွင့်ကြည့်လိုက်တဲ့အခါ အရောင်အသွေးမတူပေမယ့် အုပ်စုဖွဲ့ပျံသန်းနေတဲ့ ငှက်တွေကို တစ်အုပ်ကြီးတွေ့ရသလိုဟိုးအဝေးဆီက ဧကစာငှက်တွေရဲ့ သင်းကွဲတေးကိုလည်း ကြားနေရပြန်ပါတယ်။

၁-ဂ

ဘီစီခြောက်ရာစု အိန္ဒိယပြည်ကြီးရဲ့ နယ်ပယ်အနှံ့မှာ ညီညွတ်တဲ့သံဃာ့အဖွဲ့အစည်းကြီးရဲ့ ၀န်ဆောင်မှုကို အားပြုပြီး ကျယ်ပြန့်တဲ့ ဗုဒ္ဓနိုင်ငံတော်ကို တည်ထောင်နိုင်ခဲ့တဲ့ သကျမုနိအရှင်ဟာ အသင်းအဖွဲ့လိုက်ဆောင်ရွက်မှု Team-work ရဲ့ အားသာချက်ကို ယုံကြည်တော်မူခဲ့သလို မျိုးဆက်သစ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း အားထားတော်မူခဲ့ကြောင်း ထင်ရှားလှပါတယ်။

မျက်မှောက်ခေတ်တိုင်အောင် သာသနာ့မီးရှုးတိုင်ကို လက်ဆင့်ကမ်းထွန်းညှိသွားမယ့် ညီညွတ်ခိုင်မာတဲ့ မျိုးဆက်သစ်ဝန်ဆောင် သံဃာတော်များကို မွေးမြူချန်ရစ်ထားတော်မူနိုင်ခဲ့ခြင်းက အရှင်မြတ်ရဲ့ " သမဂ္ဂါနံ တပေါ သုခေါ '' ဆိုတဲ့ ပူပေါင်းဆောင်ရွက်ရေး (Working-together) ဥပဒေသကို လေးမြတ်နက်ရှိုင်းစေခဲ့ပါတယ်။

ဒီလို ပြည့်ဝအောင်မြင်လှတဲ့ အသင်းအဖွဲ့လိုက် ဆောင်ရွက်မှုလမ်းစဉ်ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းရဲ့ အဓိကသော့ချက်ကတော့ အရှင်မြတ်ကျင့်သုံးခဲ့တဲ့ သမာနတ္တတာ သင်္ဂဟတရားမြတ်ပဲဖြစ်ပါတယ်။

(၁)မြတ်နိုးဖွယ်လက်ဆောင်ပေးကမ်းမှု(ဒါန) (၂)စကားချိုချိုပြောဆိုဧည့်ခံမှု(ပေယျဝဇ္ဇ) (၃)သူတစ်ပါးအရေးကို ကိုယ့်အရေးလို သဘောထားကူညီဆောင်ရွက်ပေးမှု(အတ္တစရိယ)နဲ့ (၄)ကိုယ်နဲ့ထပ်တူပြု ဆက်ဆံတတ်မှု (သို့) ကိုယ်နဲ့တန်းတူရည်တူ နေရာပေးတတ်မှု(သမာနတ္တတာ) ဆိုတဲ့ သင်္ဂဟတရားလေးပါးဟာ လူတွေကို ချစ်ကြည်အောင်သိမ်းသွင်းရေးနဲ့ အသင်းအဖွဲ့တွေ ညီညွတ်အောင် စုစည်းရေးမှာ ကျင့်သုံးဖို့ အရှင်မြတ်ကိုယ်တော်တိုင် သိင်္ဂါလဆိုတဲ့ အမျိုးကောင်းသားတစ်ယောက်ကို ညွှန်ပြခဲ့တဲ့ နည်းလမ်းကောင်းများပဲ ဖြစ်ပါတယ်။

စတုတ္တမြောက်သင်္ဂဟတရားကတော့ လိုက်နာကျင့်သုံးဖို့ အခက်အခဲဆုံးဖြစ်သလို အသင်းအဖွဲ့လိုက် ဆောင်ရွက်မှုရဲ့ မဟာဗျူဟာအမြောက်ဆုံး အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

အရင်းအမြစ်မတူတဲ့ ပုဂ္ဂိုလ်တွေများစွာနဲ့ ဖွဲ့စည်းထားတဲ့ ထုထည်ကောင်းကောင်း အသင်းအဖွဲ့ကြီးတွေက အစ သွေးရင်းသားရင်းတွေပဲ ပါဝင်တဲ့ မိသားစု အသိုက်အမြုံသေးသေးလေးအထိ အကျုံးဝင်နေတဲ့ ဆက်ဆံရေးနယ်ပယ်မှာ တစ်ဦးနဲ့တစ်ဦး မြတ်နိုးချစ်ကြည်စွာ လက်ဆောင်တွေ ဖလှယ်ခဲ့ကြဖူးပါတယ်။ ချိုသာအေးမြတဲ့စကားလုံးတွေ အပြန်အလှန်သွန်းလောင်းခဲ့ကြဖူးပါတယ်။ သူ့အရေးမှာလည်း ကိုယ့်သွေးတွေနွေးခဲ့ကြဖူးမှာပါပဲ။

ဒါပေမယ့် တကယ့်ကို ဒါပေမယ့်ပါပဲ၊ အဲဒီဆက်ဆံရေးမှာ သမာနတ္တတာ ပျော်ဝင်မှုတွေ သိပ်သည်းဆများခဲ့ကြပါသလား။မိဘက သားသမီးကို၊ အကိုကြီးအမကြီးက ညီလေး ညီမလေးကို၊ ဆရာက တပည့်ကို၊ အကြီးအကဲက လက်အောက်ငယ်သားကို ၊ မိတ်ဆွေက လုပ်ဖော်ကိုင်ဖက်ကို ထိုက်သင့်တဲ့အချိန်မှာ ထိုက်သင့်တဲ့ နေရာပေးဖို့ တွန့်ဆုတ်ခဲ့ကြလေသလား။ ရေလောင်းခဲ့ပြီးပါမှ အညွှန့်တက်ဖို့ မှီတိုင်ကိုတော့ ကွယ်ဝှက်ခဲ့ကြလေသလား။ ဒီလိုနဲ့ မျိုးဆက်တွေ ဆွံ့အသွားခဲ့ကြရတော့တာပါပဲ။ နှစ်တစ်ရာတိုင်အောင် ရှင်သန်နိုင်တဲ့ အသင်းအဖွဲ့ဆိုတာ ရှားပါးပစ္စည်းတစ်ခုပမာ ဓမ္မတာဖြစ်ခဲ့ပါပြီ။ လောကဟိတ နဲ့ လောကသုခဆိုတဲ့ လောကကောင်းစားရေး လောကချမ်းသာရေးရည်ညွှန်းချက်သာ အလေးထားတော်မူခဲ့တဲ့ ဗုဒ္ဓအရှင်ရဲ့ စိတ်နှလုံးတော်မှာတော့ သမာနတ္တတာ ပန်းမြတ်တွေ ဖွေးဖွေးလှုပ်အောင် ပွင့်တော်မူခဲ့ကြပါလေရဲ့။

၂-က

ဗုဒ္ဓအရှင်မြတ်ဟာ ကိုယ်တော်တိုင် သဗ္ဗညုတဥာဏ်အလင်းပွင့်တော်မူပြီးတဲ့နောက် စကြာဝဠာရင်ဘတ်ထဲက အတ္တ၀င်ရိုးကြီးကို ဆွဲနှုတ်လို့ အနတ္တဒေသနာကို ရဲဝံ့စွာ ကြေငြာတော်မူခဲ့တဲ့ မိဂဒါဝုန်နေ့ရက်တွေမှာ ပဉ္စ၀ဂ္ဂီငါးဦးနဲ့အတူ ယသသတို့သားအုပ်စုကို ရှေးဦးအရိယာများအဖြစ် သစ္စာအလင်းမြှင့်ပေးတော်မူခဲ့သလို အရည်အချင်းပြည့် သာသနာပြုရဟန်းတော်များအဖြစ် ကိုယ်တော်နဲ့ ထပ်တူ အသိအမှတ်ပြုခန့်အပ်တော်မူခဲ့ပါတယ်။

အရည်အသွေးနဲ့ ၀န်ဆောင်အားမှာ အတုမဲ့ဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုထက် သံဃာ့ညီညွတ်မှုအားကိုသာ ရှေ့တန်းတင်ခဲ့တဲ့ ဗုဒ္ဓအရှင်ဟာ တရားဟောဓမ္မာသနပလ္လင်ကို ကိုယ်တော်မြတ်မူပိုင် မပြုလုပ်ခဲ့လေဘူး။ လောကသားတိုင်းရဲ့ နှလုံးသားဖုန်းဆိုးတောမှာ စိမ်းလန်းတဲ့ ဓမ္မသစ်ပင်တွေ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေးသာအရှင်မြတ်ရဲ့ အန္တိမပန်းတိုင်ဖြစ်ခဲ့ပါတယ်။

“ ရဟန်းတို့ ခရီးထွက်ကြ၊ အများစုအကျိုးစီးပွားချမ်းသာ ၊လောကကို စောင့်ရှောက်ဖို့နဲ့ နတ်လူတို့ကောင်းစားရေးအတွက်။ လမ်းကြောင်းတစ်ခုတည်း နှစ်ပါးတွဲ မသွားကြလေနဲ့၊ အစအလယ်အဆုံး သုံးပါးလုံး ကောင်းမြတ်၊ အနက်အဓိပ္ပါယ် အတ္ထ၊သဒ္ဒဖွဲ့စည်းမှု အားလုံးပြည့်စုံ၊ စင်ကြယ်ပုံမြင့်မားတဲ့ အကျင့်တရားကို ထင်ရှားအောင်ပြသကြ။”

အနာဂတ်မြော်ခေါ်ချက်တွေ ပဲ့တင်ထပ်နေတဲ့ သာသနာပြုမိန့်ခွန်းတော်ဟာ သန္တရသမြစ်ကြီး တစ်ကမ္ဘာလုံး စီးဆင်းဖို့ ဖြစ်ခဲ့တယ်။

မိစ္ဆာဝါဒအမျိုးမျိုးနဲ့ ဖြားယောင်းအုပ်စုဖွဲ့ ၊ သံသရာမိုက်ကြေးခွဲလို့ ရောင်စုံဘုရားတွေ ကိန်းခန်းကြီးနေကြချိန်မှာ ဗုဒ္ဓအရှင်ကတော့ ရိုးရှင်းစွာ သာဝကတွေနဲ့ထပ်တူပဲ သာသနာပြုလမ်းကြောင်းတစ်ခုကို ရွေးချယ်လို့ ထီးတည်း ဧကစာရီ ကြွတော်မူခဲ့ပါလေရဲ့။

ဒီလိုနဲ့ တရွေ့ရွေ့ ထွက်ခွာသွားတဲ့ ရဟန်းမြတ်တို့ရဲ့ စွန့်စားမှုကဲသော သာသနာပြုလမ်းကြောင်းမှာ ဧကရာဇ်မင်းမြတ်တို့ရဲ့ နန်းပြသာဒ်ဥကင်မှသည် သူဖုန်းစားတို့ရဲ့ အမှိုက်သရိုက်တောအထိ သစ္စာတံခွန် ဓမ္မအလံတော်တွေ တလူလူလွင့်ခဲ့ကြဖူးပေါ့။

၂-ခ

မဇ္ဈိမဒေသရဲ့ နာလန္ဒာညနေချမ်းတစ်ခုဆီမှာလည်း တောပန်းတောင်ပန်းတွေက စီစီရီရီ ဖူးပွင့်လို့၊
မြေနဲ့သင်းသင်း လမ်းကလေးက ဖြူးဖြူးမှုံမှုံ ဖြောင့်ရှင်းလို့၊
အိပ်တန်းပြန်ငှက်တွေက မဂဓတေးသွားအလိုက် မြူးထူးကခုန် ပျံသန်းလို့......။

ဗုဒ္ဓအရှင်မြတ်ဟာ ပိပ္ပလိရဟန်းပျိုကို တွေ့ဆုံဖို့ စောင့်ကြိုနေခဲ့တာပါ။
သံသရာအနှောင်အဖွဲ့ စီးပွားချမ်းသာနဲ့ မယားအလှကို ကျောခိုင်းပြီး တရားရှာဖို့ ထွက်လာတဲ့ ပိပ္ပလိကို ဘုရားရှင်ကိုယ်တော်တိုင်က ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို စောင့်ကြိုနေခဲ့ပါရောလား။
ပါရမီရှင်ကြီးတွေရဲ့ ပထမဆုံးတွေ့ဆုံခန်းဟာ တိုးတိတ်ဆိတ်ငြိမ်ပေမယ့် ခမ်းနားထည်ဝါတဲ့ အဓိပ္ပါယ်တွေနဲ့ သိပ်သည်းနေခဲ့ပါတယ်။

ပိပ္ပလိရဟန်းပျိုက ဗုဒ္ဓအရှင်မြတ်အတွက် ပုခုံးထက်က သူ့ကိုယ်ပိုင်အဖိုးတန်ကမ္ဗလာကို မြတ်နိုးစွာ ဖြန့်ခင်းပေးလိုက်ပါတယ်။
ဗုဒ္ဓအရှင်မြတ်ကလည်း သုသာန်တစပြင်က ကိုယ်တော်တိုင် ကောက်ယူချုပ်စပ်ဖာထေးထားတဲ့ ပံ့သကူသင်္ကန်းတော်ကို ပိပ္ပလိရဟန်းပျိုရဲ့ ပုခုံးထက်မှာ နှစ်လိုစွာ လွှမ်းတင်ပေးလိုက်ပါတယ်။

ပရိဘောဂစေတီထိုက်တဲ့ ဗုဒ္ဓအရှင်ရဲ့ ပံ့သကူသင်္ကန်းတော်ကို ၀တ်ရုံခွင့်ဆိုတာ ဒီဘဒ္ဒကမ္ဘာမှာ ပိပ္ပလိရဟန်းတစ်ပါးတည်းသာ ခူးဆွတ်ခွင့်ရခဲ့တဲ့ ထူးမြတ်သောဆုပါပဲ။
အဲဒီသင်္ကန်းတော်ကို ကိုးကွယ်ပူဇော်ဖို့မဟုတ်ဘဲ ၀တ်ရုံဖို့ အပ်နှင်းခဲ့ခြင်းက ကိုယ်တော်မြတ်ရဲ့ သမာနတ္တတာကျင့်သုံးမှုကို လင်းလင်းချင်းချင်းဖြစ်စေခဲ့ပါတယ်။

တကယ်တော့ ပိပ္ပလိရဟန်းပျိုက သူ့ရဲ့ အဖိုးထိုက်တန်လှတဲ့ ကမ္ဗလာကိုသာ ဖြန့်ခင်းပေးလိုက်တာမဟုတ်ဘဲ သူ့ဘ၀တစ်ခုလုံးကိုပါ သာသနာအတွက် ရိုကျိုးလေးမြတ်စွာ နှင်းအပ်လိုက်ခြင်းဖြစ်ပါတယ်။ ဗုဒ္ဓအရှင်မြတ်ကလည်း ပိပ္ပလိရဟန်းပျိုရဲ့ ပုခုံးထက်မှာ ပံ့သကူသင်္ကန်းတော်ကိုသာ လွှမ်းတင်ပေးလိုက်တာမဟုတ်ဘဲ အနာဂတ်သာသနာတော်ကြီးတစ်ခုလုံးကိုပါ ယုံကြည်ရဲရင့်စွာ လွှဲအပ်လိုက်ခြင်း ဖြစ်ပါတယ်။
ဗုဒ္ဓအရှင်နဲ့ ပိပ္ပလိရဟန်းတို့ရဲ့ ဆက်နွယ်မှုမှာ သမာနတ္တတာ ကြိုးတစ်မျှင်ဟာ ခိုင်မြဲခဲ့ပါပြီ။

ပိပ္ပလိရဟန်းပျိုဟာ အရှင်မဟာကဿပအဖြစ် အရောင်တောက်ပတဲ့ ကြယ်ဖြူကြီးတစ်လုံးအဖြစ် သာသနာ့မိုးကောင်းကင်မှာ လင်းပထွန်းသစ်ခဲ့ပါတယ်။
ဗုဒ္ဓအရှင်မြတ် ပရိနိဗ္ဗာန်ပြုတော်မူတဲ့အခါမှာတော့ ပံသကူသင်္ကန်းတော်ဟာ သာသနာ့သရဖူသဖွယ် ဖြစ်လာခဲ့ပါတယ်။ ပံသကူသင်္ကန်းလွှဲအပ်ခံထားရတဲ့ အရှင်မဟာကဿပမထေရ်မြတ်ဟာလည်း သံဃာ့အကြီးအမှူးအဖြစ် သံဃာထုတစ်ရပ်လုံးရဲ့ သဘောတူညီစွာ တင်မြှောက်ခြင်းကို ခံယူရရှိခဲ့ပြီး ဖရိုဖရဲ ပြန့်ကျဲ ကွဲအက်သွားနိုင်တဲ့ သာသနာ့အခြေအနေအရပ်ရပ်ကို တည်ငြိမ်စုစည်းညီညွတ်အောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ပထမဆုံးကျင်းပခဲ့တဲ့ သံဃာ့ညီလာခံ (ပထမသံဂါယနာ) ဟာ ဗုဒ္ဓအရှင်မြတ်ရဲ့ သမာနတ္တတာကျင့်သုံးမှုကြောင့်သီးပွင့်လာတဲ့ ပြယုဂ်ကောင်းတစ်ခုဖြစ်သလို ဗုဒ္ဓအရှင်ယုံကြည်အားကိုးစွာ နေရာပေးချီးမြောက်ခဲ့တဲ့ အရှင်မဟာကဿပနဲ့ သံဃာတော်အရှင်မြတ်တို့ရဲ့ စုပေါင်းဆောင်ရွက်မှုကို အခြေခံတဲ့ အနှိုင်းမဲ့ ရလဒ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP