* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, August 25, 2010

သြဂုတ်လ ၂၅ ရက်နေ့တရားအစီအစဉ်များ..........

မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၁၇း၀၀ နာရီအထိ...

ပဲခူး အောင်သုခ ဆရာတော် ဟောကြားတော်မူသော
ဝိပဿနာတရားစခန်း အပိုင်း(၅) မှ အပိုင်း (၂၀) အထိ



ဆရာတော် ဦးသုမင်္ဂလ ဟောကြားတော်မူသော
၁။ ခန္ဓာငါးပါး သူသတ်ယောက်ျား

၂။ အနုရာဓဥပမာပြ ဒိဌိဖြုတ်

၃။ မဟာတဏှာသင်္ခါရသုတ်

၎။ သေနည်းသင်တရားတော်

၅။ ယမတရဟန်းဥပမာပြ တရားတော်များကို


လွှင့်ကြားပေးသွားပါမည်။
မြတ်ဗုဒ္ဓ၏ အဆုံးအမတရားတော်များကို နာကြားခြင်းအားဖြင့်
အေးချမ်းသာယာမှုကို ရှာတွေ့နိုင်ကြပါစေ။

Read more...

အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၃)

ဘုန်းကံကြီးမားခြင်း၏ အကြောင်းတရားများ

ပစ္စုပ္ပန်တိုင်း အလေးထားကာ မေတ္တာတရားဖြင့် ပျော်ရွှင်ကြည်နူးစွာ ပြုလုပ်သင့်သော ဘုန်းကြီးခြင်း၏ အကြောင်းတရားသည် ဆယ်ပါးရှိပါသည်။ ၄င်းတို့ မှာ-

(၁) ဒါန - စွမ်းသမျှသော ပစ္စည်းဥစ္စာဖြင့် နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၂) သီလ - ဖြူစင်သောကိုယ်ကျင့်တရားဖြင့် နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၃) ဘာဝနာ - မြင့်မြတ်သောစိတ်ထားများ မွေးမြူပွားများ၍ နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၄) အပစာယန - သက်ရှိ၊ သက်မဲ့ လောကတစ်ခုလုံးအပေါ် ရိုသေမှု၊ လေးစားမြတ်နိုးမှုဖြင့် နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၅) ဝေယျာဝစ္စ - ကိုယ်ထိလက်ရောက်အပင်ပန်းခံ၍ နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၆) ပတ္တိဒါန - မိမိ၏ဖြူစင်သောကောင်းမှုများကို သူတစ်ပါးအားမျှဝေတိုက်တွန်းမှုဖြင့် နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၇) ပတ္တာနုမောဒန - သူတစ်ပါးတို့ ၏ ဖြူစင်သောကောင်းမှုများကို အားပေးဝမ်းမြောက်မှုဖြင့် နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၈) ဓမ္မသ၀နာ - ဗုဒ္ဓဒေသနာတော်နှင့် မြင့်မြတ်မှန်ကန်သော အသိပညာတို့ ကို လေ့လာနာယူ၍ နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၉) ဓမ္မဒေသနာ - ဗုဒ္ဓဒေသနာတော်နှင့် မြင့်မြတ်မှန်ကန်သော အသိပညာတို့ ကို သူတစ်ပါးတို့ ကို ဟောပြောပို့ ချသင်ကြားပေးလျှက် နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း
(၁၀) ဒိဋ္ဌိဇုကမ္မ - ကမ္မနိယာမနှင့် အထက်ပါ (၉)ပါးတို့ ကို လေးနက်စွာ ဖြောင့်မှန်စွာ နားလည်သိမြင်သဘောပေါက်လျှက် နိုင်ငံ၊ လောက၊ သာသနာကောင်းကျိုးကို ဆောင်ရွက်ခြင်း

အထက်ပါဆယ်ပါးသော ကောင်းမှုတရားတို့ ကို ပစ္စုပ္ပန်တိုင်း စွမ်းနိုင်သမျှ ပျော်ရွှင်ဝမ်းမြောက်စွာ ကျင့်သုံးနေပါလျှင် နိုင်ငံရေးဆောင်ရွက်သူတို့ သည် အလောင်းတော်မဟောသဓာကဲ့သို့ ပင် မိမိတို့ စွမ်းရည်အလျှောက် ဘုန်းရှိန်တောက်လာမည်။ နိုင်ငံနှင့် လောကကောင်းကျိုးကို တနေ့ တခြား တိုးပွားဆောင်ရွက်လာနိုင်မည် ဖြစ်ပါသတည်း။

အညတြသုတေသီတစ်ဦး

ရွှေရတု
အတွဲ ၉၊ အမှတ် (၁၀)
ဖေဖော်ဝါရီလ၊ ၂၀၁၀။

(ဆက်လက်ဖော်ပြပေးသွားပါမည်။)

အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ
အတုမဲ့ နိုင်ငံရေးသုခမိန် မဟောသဓာ အပိုင်း(၂)

ဆက်လက်ဖတ်ရှုရန်

Read more...

သာရောပမသုတ် (အကာပယ်ပစ် အနှစ်ကိုရှာ) (အပိုင်း ၃)

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ

ဘုရား ကိုယ်တိုင်လည်း ဟောပြီးသား.. အနှစ်သာရ က ဘာလဲဆိုရင် အချိန်မရွေး လွတ်မြောက်မှုပဲ.. သဘောပေါက်လား.. သီလပိုင်းကလည်း ဘာအတွက်လည်း ဆိုရင် လွတ်မြောက်ဖို့ အတွက်ပဲ.. သမာဓိကလည်း ဘာအတွက်လည်း ဆိုရင် လွတ်မြောက်ဖို့ အတွက်ပဲ.. အဲဒီအတွက်သာ ဘုရားဟောတာ.. ဒါမှသာ တဏှာအစပ် ပြတ်မှ ဇာတိ မလာမှာကိုး.. နားလည်ပြီနော်.. မဟာသာရောပမ သုတ္တန်မှာ ဟောထားပြီးသား.. ဒါလည်းပဲ ဘုန်းကြီးတို့ လူကော၊ ရဟန်းကော သတိထားရမယ့် အချက်ပဲနော.. တစ်နေ့ ဘုရားက ရဟန်းတွေကို အမိန့်ရှိတယ်၊ တရားကို မှတ်ကြတဲ့.. ငါဘုရား ရှိတုန်းမှာ ကြိုးစားမှတ်ကြ၊ ငါဘုရား မရှိမှ နောင်တတဖန် မဖြစ်ကြနဲ့လို့ အမိန့်ရှိတယ်။ ဒေ၀ဒတ်ကြီး အကြောင်းပြုပြီးတော့ကာ ဘုရားဟောတဲ့ တရား.. မဟာ သာရောပမ သုတ္တန် ဆိုတာရှိတယ်..

တစ်နေ့တဲ့ သစ်ပင်ရဲ့ အနှစ် ကို ရှာတဲ့ ပုဂ္ဂိုလ်တစ်ယောက် အနှစ်ကို မသိဘဲနဲ့ကာ တောထဲသွားတယ်.. သစ်ပင်တွေ့တဲ့ အခါမှာ သူက အခက်အရွက် ကလေးတွေကို အနှစ်ထင်ပြီး ပြန်လာတယ်တဲ့.. ဒါ တစ်ယောက်ပေါ့နော.. ချစ်သားတို့.. အနှစ်နဲ့မှပြီးမယ့် ကိစ္စမှာ ပြီးပါ့မလားလို့ မေးတော့.. ပြီးပါ့မလား.. မပြီးဘူးနော်.. တစ်ခါ နောက်တစ်ယောက်လည်း သွားပြန်တယ်.. သူလည်း အနှစ် မသိဘူးတဲ့.. သူကျတော့ အပွေးလေးတွေ ကို အနှစ်ထင်ပြီး ခွါလာတယ်.. ဒီတစ်ယောက်က ဘာတုန်း.. အပွေး.. နောက်တစ်ယောက်ကလည်း အနှစ်မသိဘူး.. တစ်ခါ အခေါက် ကလေးကို အနှစ်ထင်ပြီး ခွါလာတယ်.. မှတ်ထားနော်.. နောက်တစ်ယောက် ကျတော့ကာ အကာ ရောက်သွားပြီ.. တော်တော် ကောင်းပြီ.. အကာကိုလည်း အနှစ်ထင်ပြီး ခွါလာတယ်.. အနှစ် မရောက်သေးဘူးနော်.. နောက်ဆုံး တစ်ယောက်ကျမှ အနှစ်ကို သိလို့ အနှစ် ကို ယူလာတယ်တဲ့..

ဘယ်နှစ်ဦးလဲ.. ငါးဦး.. ပထမက အခက်အရွက်၊ ပြီးတော့ အပွေး၊ အခေါက်၊ အကာ၊ အနှစ် မရောက်သေးဘူးနော်.. အနှစ် က နောက်ဆုံးမှ ရောက်တာ..

အဲဒီလိုပဲ.. ဘုရား သာသနာမှာကွယ်.. ပထမ အခက်အရွက် ကိုခူးတဲ့ သာသနာတွင်း ပုဂ္ဂိုလ် ရှိတယ်တဲ့.. ဘုရားရှင် မိန့်တာက အခက်အရွက် ကို ခူးကြတယ်တဲ့.. ဘာလဲ ဆိုတော့.. လာဘ်လာဘ အပူဇော် အကျော်စော တဲ့.. စပြီ ဆိုကတည်းကိုက လာဘ်လာဘ ဗဟိဒ္ဒ အခြွေရံ အကျော်စောကို အနှစ်ထင်တာတဲ့.. ငါက ထင်ပေါ် ကျော်စောတယ်၊ ငါက ကျောင်းကြီး အကြီးကြီး၊ ဖုန်း ဘယ်လောက်.. မျိုးစုံ ကြွားတာ.. အဲဒါတွေကို အနှစ်သာရ ထင်ပြီးတော့ကာ၊ ပန်းတိုင် ထင်ပြီးတော့ကာ အားထုတ်ကြတာ.. ကျောင်းကြီး ဆောက်ပြီးပြီ၊ ကားတွေ ပိုင်မယ်၊ ဖုန်းတွေ ပိုင်မယ်.. ဘုန်းကြီးတဲ့ သံဃာတစ်ပါး.. ဘုန်းကြီးတဲ့ ရဟန်း.. ဘုန်းကြီးတဲ့ ယောဂီ.. အမျိုးမျိုးပေါ့နော.. လာဘ်ပသက္ကာ အပူဇော် အကျော်စောကိုပဲ အဆုံး ထင်ပြီးတော့ကာ ပန်းတိုင် ထင်ပြီးတော့ ကျင့်ပြီးတော့ “ငါသာလျှင် ပြည့်စုံတယ်.. သူများက မပြည့်စုံဘူး ဆိုပြီး နှိမ့်ချတာ” ကိုယ့်ကိုယ်ကို မာန်ရစ်ပြီးတော့ တင်နေတယ်တဲ့.. အဲဒါဟာ အခက်အရွက် ခူးတဲ့ ပုဂ္ဂိုလ်.. ဘာမှ အနှစ် မရောက်ဘူးတဲ့..

နောက် ဒုတိယ တစ်ဆင့်.. သီလ ကို စောင့်ထိန်းတဲ့ ပုဂ္ဂိုလ်.. သီလကို ဩော်.. လာဘ်လာဘတွေ အရေးမကြီးဘူး.. သီလမြဲဖို့ အဓိကပဲ ဆိုပြီး သီလကို အားစိုက်တာ.. စိုက်တော့ သီလမှာ လုံနေတဲ့ အခါကျတော့.. မာန တက်သွားတယ်.. သီလမာန.. “ငါသာ သီလလုံတာ.. ဒင့်ဖြင့် ပုဂ္ဂိုလ်တွေက ငါ့လို မဟုတ်ဘူး.. ဖိုးသူတော်လောက်ပဲ အောက်မေ့တာ” တစ်ဖက်သားကို သီလ မလုံဘူးဆိုပြီး နှိမ့်ချတာ.. ကိုယ့်ကိုယ်ကို မြှင့်တင်တာ.. အဲမှာ သောင်တင်ပြန်ရော.. သဘောပေါက်လား.. ပြောရရင် မျက်မှောင်ကုတ် ကြည့်တာပေါ့.. သီလ မလုံတဲ့သူတွေကို မျက်မှောင်ကုတ် ကြည့်တာ.. သင်္ကန်းရုံတာလေး စောင်းရင်တောင် မှပဲ.. ကိုယ်က တည့်ထားတော့ မျက်မှောင်ကုတ် ကြည့်တယ်ဆိုတာ မာန တက်တာ.. သဘောပေါက်လား.. နားလည် ခွင့်လွှတ်စိတ် မရှိတော့ဘူး.. သီလ သဘောတရားကလည်း ဘာအတွက် ဆိုတာ သိမထားတာ.. ၀ိမုတ္တိ ရောက်ဖို့ အတွက် ဘုရားက လမ်းခင်းထားတာပဲ ရှိသေးတယ်.. သာသနာမှာ ဆိုရင် အပွေးလေး ခွါတာ.. တဲ့.. ဘာခွါတာတုန်း.. အပွေး ခွါတာနော်..

တစ်ခါ တစ်ဆင့်တက်.. ဒါက ဘာလဲ ဆိုရင် ပညာ ၀ိမုတ္တိ သွားဖို့အတွက် ဘုရားက ဟောတဲ့ တရားနော်.. သာသနာတော်ကြီး ခိုင်မြဲဖို့ အတွက်ကတော့ သီလက အဓိကပေါ့.. ၀ိနည်းက အဓိကပေါ့.. သဘောပေါက်လား.. ရေရှည်ခိုင်ဖို့ ထားနော်.. သို့သော် လုပ်ငန်းခွင် ကျတော့ကာ.. ကြည့်လိုက်တော့ အပွေး လောက်ပဲ ရှိတယ်လို့ ဘုရားက ပြတာ.. ၀ိမုတ္တိ လုပ်ငန်းစဉ်မှာကျတော့ ဘာခေါ်လဲ.. အပွေး အဆင့်ပဲထား.. သာသနာ အရှည်တည်ဖို့ကျတော့ စည်းကမ်း မို့လို့.. စည်းကမ်းဘောင် ရှိမှ သာသနာက နှစ်ပေါင်းများစွာ ခိုင်မှာ.. ဒါက တစ်ပိုင်း.. သဘောပေါက်လား.. ဒါလည်း မြဲအောင် ကြိုးစားရ မှာပဲနော်.. အဲ ဒါပေမယ့်လို့ လုပ်ငန်းခွင် ကျတော့ ၀ိမုတ္တိ လမ်းကြောင်းကျတော့.. ဘုရားက ဘယ်လို ပြတုန်း.. သာသနာမှာဆို အပွေးပဲ ရှိသေးတယ်.. အကာတောင် မရောက်သေးဘူး.. အခေါက်တောင် မရောက်သေးဘူး..

တစ်ချို့ကျတော့ သီလကလည်းပဲ ဘာမှ မဟုတ်သေးဘူး.. ထပ်တိုးပြီး တစ်ဆင့် တက်ရဦးမယ်.. ကမ္မဋ္ဌာန်းတွေ ပွားရဦးမယ်.. ဆိုပြီး ကမ္မဋ္ဌာန်းကို အားစိုက်တော့ကာ သမာဓိတွေ မြဲပြီး.. အားကောင်းလာတော့ ကြည်လင်တော့ကာ.. ဘေးလူတွေကို ကြည့်ပြီး.. “ငါ့လို ကမ္မဋ္ဌာန်း မပွားကြဘူး” သူများနှိမ့်ချ.. ကိုယ့်ကိုယ်ကို မြှင့်တင်.. သောင်တင်နေပြန်ရော.. နားလည်မလား.. အဲဒီမှာလည်း တစ်ခါ အဲဒါ အခေါက် ခွါတာ.. နားလည်ပြီနော်.. မျက်စိ မလည်နဲ့နော်.. ရှိတယ်နော်.. ဒါ သတိထားပါ..

တစ်ခါ တစ်ဆင့်တက်လိုက်တော့ကာ သမာဓိ ဈာန် ပါ ရပြီတဲ့ အဘိဉာဉ် တန်ခိုးပါ ရပြီတဲ့.. ဒေ၀ဒတ်ကြီးလို.. သဘောပေါက်လား.. လောကီ အဘိဉာဉ် ဈာဉ်တွေ ရပြီး အကြားအမြင်တွေ ရတယ်.. ဖောက်မြင်တယ်.. အားအင်တွေ ကောင်းပြီး ကောင်းကင် ပျံနိုင်တယ်.. အားရှိသွားတာ.. အဲဒီတော့ကာ မာန တက်ပြီးတက်ပြီးတော့ “ဒင့်ဖြင့် ပုဂ္ဂိုလ်တွေက တကယ်မှ မကျင့်ဘဲ.. ငါ့လိုဘယ်ရမလဲ. ငါသာ ပျံနိုင်တာ” ဆိုပြီးတော့ တစ်ဖက်သား နှိမ့်ချ.. ကိုယ့်ကို မြှင့်တင်ပြီးတော့ မာန တက်ပြီးတော့ အဲမှာ သောင်တင်နေ ပြန်ရော.. အဲဒါ ကပ်နေပြီနော်.. အကာ ရောက်နေပြီ.. အနှစ်နား ကပ်နေပြီ.. အလှည့် လိုတော့တာနော်.. အဲဒီမှာ တစ်ခါ သွားပြန်တာပဲ.. တစ်ချို့ရှိတယ်.. နာရီပေါင်းများစွာ ထိုင်နိုင်တယ်.. သမာဓိ ကောင်းတာကိုး.. အကြာကြီး ထိုင်ပြီး.. ငြိမ်ပြီး အေးချမ်းနေပြန်တယ် ဆိုရင်ပဲ အထိုင်ကျနေတာပဲ.. “ငါက အထိုင်နိုင်ဆုံး.. ဒင့်ဖြင့်လူက ငါ့လို မထိုင်နိုင်ဘူး” ဆိုပြီး.. မာန်တက်တာ.. အဲဒီမှာ သောင်တင်တာ အများကြီးပဲ.. သဘောပေါက်လား.. လူများရင် ထိုင်ကြပြီ.. လေးငါး ဆယ်ရက်.. တစ်ချို့ လေးငါးရက်.. လေးငါးနာရီ ထိုင်ကြပြန်ပြီ.. မသိမသာ မာန်တက်တာ မသိဘူး..

အမှန် ဒီအကျင့်က သူများသိအောင် ကျင့်တာမှ မဟုတ်ဘဲနဲ့.. ကိုယ့်ကိုယ့်ကို စောင့်ရှောက်တဲ့ အလုပ်.. ဘုရားဟောမှာ မထေရ်တစ်ပါး.. ရဟန်းတာနေပြီ.. ရှင်ဘုရင် ပင့်တာ မလိုက်ချင်တော့ ရှင်ဘုရင် ကြွတဲ့ အချိန် ကုတင်ပေါ်မှာ ၀မ်းလျားမှောက်ပြီး.. တုတ်နဲ့ မြေကြီး ခြစ်ပြနေတာ.. ဘုရင်က တွေ့တော့ “ဟင်” ဆိုပြီး ပြန်သွားရော.. အဲတော့ ဘေးက သံဃာတွေက အရှင်ဘုရား ဘယ်လိုလုပ်လိုက် တာတုန်း.. သာသနာ ကြည်ညိုရာ မဖြစ်တော့ဘူးပေါ့.. ဆိုပြီး ၀ိုင်းပြောကြတာ.. အေးကွယ်.. သာသနာ ကြည်ညိုဖို့က ငါ့တာဝန်ထား ဆိုပြီး အဓိဋ္ဌာန်ပြီးတော့က ပရိနိဗ္ဗာန် ပြုသွားကော..

နောက်ပြီး ရဟန်းတစ်ပါး.. စာချရင်းနဲ့ ရဟန်းတာနေတာ.. ဒါပေမယ့် ရဟန္တာ ဖြစ်နေတာ လူမသိကြဘူး.. အရှင်ဘုရား ကျောင်း ခေါင်မိုးထက်မှာ အခေါင်းနှစ်ခေါင်း ဆန်းဆန်း ကြယ်ကြယ် ရောက်နေပါတယ် ဆိုတော့.. အော် အော် အော်.. ဘုန်းရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ရောပြီး အပူဇော် ခံရမှာပေါ့ဆိုပြီး သင်္ကန်းလေး ရုံပြီး ကောင်းကင် ပျံသွားရော.. နောက်ပြီး အခေါင်းထဲ ၀င်လိုက်တာ ပရိနိဗ္ဗာန် ပြုသွားရော.. အခေါင်း တစ်ခေါင်းက ခုန ပျံလွန်တော်မူ သွားတဲ့.. မြေကြီး တုတ်နဲ့ခြစ်တဲ့ ရဟန္တာရဲ့ အခေါင်း.. အခေါင်း နှစ်ခေါင်းက အပေါ်မှာ တံ့နေတာနော်.. ဘယ်သူမှ ချလို့ မရဘူး.. ဘုရင်ကိုယ်တိုင် ကန်တော့မှ ကျတယ်.. သဘောပေါက်လား.. သာသနာကို ကြည်ညိုအောင်လည်း လုပ်တော့ လုပ်ပစ်ခဲ့တာပဲ..

အဲတော့ သတိထားရမှာ ဘာလဲ ဆိုတော့.. သူများ အထင်ကြီးအောင် ဟန်ဆောင်ပြီးတော့ ထိုင်တာမျိုး မလုပ်ရဘူးနော်.. သိမ်မွေ့တဲ့ မာန.. မာန.. ငါအကြာကြီး ထိုင်နိုင်တာပဲ.. ဆိုပြီး မာနနဲ့ ထိုင်တော့ ကောင်းပါ့မလား.. မလုပ်နဲ့.. သဘောပေါက်လား.. သူများသိအောင်.. သိမ်မွေ့တဲ့ မာနနော်.. ငါထိုင်တာ သူများသိအောင်၊ ငါကျင့်တာ သူများ သိအောင်.. ညဘက်က ငါ ဘယ်နှစ်နာရီ ကြာအောင် ပွားမိတာ.. မကြွားနဲ့.. သဘောပေါက်လား.. တစ်ချို့က ညက ငါ ဓုတင် ဆောက်တည်တာ.. သူများကို သိအောင် ကြွားတယ်.. ကြွားစရာ အလုပ်မှ မဟုတ်ဘဲနဲ့နော်.. သဘောပေါက်လား.. အဲဒါကိုက သိမ်မွေ့တဲ့ မာန.. ငါဘယ်လောက် ထိုင်နိုင်တယ် ဆိုတာလည်း ကောင်းပါ့မလား.. လုပ်မပြရဘူးနော်.. ဆုံးမပြီးသား. ဆရာတော်တွေ ၀ိသုဒ္ဓိမဂ်မှာ.. ဆုံးမပြီးသားနော်.. ဓုတင် ဆောက်တည်တာ တောင်မှ သူများ အသိမခံရဘူး..

ရဟန်းနှစ်ပါး ရှိရာမှာ.. တစ်ပါးက ကျောမချ ဓုတင်ကို တစ်သက်လုံး အဓိဋ္ဌာန် ထားတာ.. အဲဒါ ညကျရင် ထိုင်နေပြီ.. ညကျရင် တုံးလုံး မလှဲဘူး.. ထိုင်နေပြီနော်.. အဲဒါ တစ်ပါးက အိပ်တာ.. မိုးရွာတော့ လျှပ်လက်တဲ့ အခါ နိုးတော့ ကြည့်လိုက်တဲ့အခါ.. ထိုင်လျက် သွားတွေ့တာ.. အရှင်ဘုရား.. ဓုတင် ဆောက်တည်တာလား ဆိုတော့ လှဲလိုက်တယ်.. မပြောဘူး.. ဆောက်တည်တယ် မပြောဘူး.. တုံးလုံးလှဲလိုက်တယ်.. သူများ အသိမခံဘူး.. ဘာမှ မပြောဘဲ လှဲအိပ်လိုက်တယ်.. နောက်မှ သူ့အလုပ်သူ ပြန်လုပ်တာ.. ဓုတင် ဆောက်တည်တာ တောင်မှ အသိမခံဘူး.. အဲလို ဖြစ်ရမယ်တဲ့.. နားလည်တယ်နော်.. ကိုယ်ကျင့်တာကို သူများ သိစေချင်တဲ့ စေတနာလေး ပါတာကိုက သိမ်မွေ့တယ်နော်.. သူများနှိမ့်ချ ကိုယ့်ကို မြှင့်တင်တဲ့ မာန.. သိမ်မွေ့တယ်နော်.. ပါမနေဘူးလား.. အဲမှာ သောင်တင်တတ်တယ်.. နားလည်ကြရဲ့လား.. သဘောပေါက် တယ်နော်.. အရေးကြီး တယ်နော်.. အဲတော့ကာ.. အထိုင်ပြိုင်တာလည်း ဘုန်းကြီးက သတိပေးပါတယ်.. မပြိုင်ကြပါနဲ့.. တစ်ချို့ နာရီတောင် ပြိုင်တယ်.. နာရီပေါင်း ဘယ်လောက် ထိုင်ထားတာ..

အဲလို မဟုတ်ဘူးနော်.. ဘုရား ဟောတာက.. ဘယ်လို ပုံစံဖြစ်ဖြစ်.. အမူအယာ တိုင်းမှာ တဏှာအစပ် ပြတ် မပြတ် သိအောင် ကြိုးစားရမယ်.. ဖြတ်တတ်ရမယ်.. တုံးလုံးလှဲရင်းလည်း မသေနိုင် ဘူးလား.. မေးပါဦးမယ်.. ကဲ.. တစ်နိုင်ငံလုံးမှာ သေတဲ့ မသာကို တွက်လိုက်.. တစ်ရာမှာ တစ်ယောက် ဆိုသလိုနော်.. ရှာကြည့်လိုက်.. ထိုင်သေတဲ့ မသာက နည်းမနေဘူးလား.. လဲသေတဲ့ မသာက များပါတယ်နော်.. တုံးလုံးလှဲရင်း တရားကျင့်လို့ မရနိုင်ဘူးလား.. တုံးလုံး လှဲရင်ပဲ တစ်ချို့က တရားကျင့်တယ် မထင်ဘူးလေ.. တုံးလုံးလှဲရင်းလည်း တရားကျင့်လို့ ရပါတယ်.. သဘောပေါက်လား.. ဒါ သက်သာသော ဣရိယာပုတ် ခေါ်တယ်.. ညာတော့ မညာနဲ့ပေါ့.. တရားကျင့်တယ် ဆိုပြီး အိပ်တော့ မအိပ်နဲ့ပေါ့.. အဲဒါတော့ ညာလို့ မရဘူးပေါ့နော်.. ရှိဘူးတယ်.. ဘုန်းဘုန်းတို့ တောသွားတော့.. ဘုန်းဘုန်းနဲ့အတူ တစ်ပါးပါတယ်.. အဲဒီ ကိုယ်တော်ကြီးက သူက ခပ်ပျော်ပျော် နေတာကိုး.. အဲဒါ နေ့ခင်းဘက် အိပ်ချင်တော့.. ကျောင်းသားကို မှာတယ်.. ဘုန်းကြီး မေးလို့ရှိရင် တရားထိုင်နေတယ် ပြောလိုက်တဲ့.. အဲဒါ ကျောင်းသားက တင်ပါ့ဘုရား ဆိုတော့ သူက ၀င်အိပ်တာ.. ဧည့်သည်လာတော့ ကလေးက ချောင်းကြည့်တယ်.. ကလေးက မညာတတ်ဘူး.. အဲဒါ ချောင်းကြည့်တော့ အိပ်နေတာ တွေ့တော့.. ဘုန်းဘုန်း ဘာလုပ်နေလဲ ဆိုတော့.. တရား ကျိန်းနေတယ်တဲ့..  ထိုင်တယ် မပြောဘဲ တရားကျိန်းနေတယ်တဲ့.. အခုလည်းပဲ တရား မကျိန်းကြနဲ့ ပေါ့နော်.. အဲတော့ ညာတော့ မညာကြနဲ့ ပေါ့နော်.. တုံးလုံးလှဲလည်းပဲ.. အိပ်တော့ တကယ် မအိပ်နဲ့ပေါ့နော်.. တရား ကြိုးစားပေါ့.. နားလည်ပြီလား.. ဒီတော့ကာ ဘုရားဟောတာက အင်မတန် ဖြောင့်စင်းဖို့..

ဒါဖြင့်ရင် သာသနာရဲ့ အနှစ်သာရ ကို ရှာတဲ့ နေရာမှာ.. လာဘ်လာဘ ပူဇော်တာတွေ နာမည် ကြီးတာက.. သာသနာမှာ ဘာခေါ်လဲ.. အခက်အရွက်၊ နားလည်မလား.. သီလမှာ သောင်တင်တာ ကျတော့.. အပွေး၊ ကမ္မဋ္ဌာန်းတွေမှာ မြဲတာက.. အခေါက်၊ အဘိဉာဉ် တန်ခိုးပါ ရတဲ့ ပုဂ္ဂိုလ်ကျတော့.. အကာ ပဲ ရှိသေးတယ်တဲ့.. ဒါဖြင့်ရင် အဓိက အနှစ်က ဘာလဲ ဆိုတော့.. အချိန်မရွေးနော်.. လွတ်မြောက်နေဖို့ ပါ။ လွတ်မြောက်မှုကို ဘုရားက လိုချင်တာ.. နားလည်ပြီလား.. အချိန်မရွေး၊ ကာလ မရွေးမှာ.. ဉာဏ်တည့် လွတ်မြောက်မှု သဘောတရား ရဖို့သာ အနှစ်သာရ.. ကျန်တာတွေက ရှေ့ကနေ လမ်းခင်းထားတာ ခေါ်တယ်..

သို့သော် သီလသည် သာသနာရဲ့ အသက်ပါနော်.. သီလကိုလည်း အရှည်တည်အောင် အားလုံး စောင့်စည်းကြရ မှာပေါ့.. သို့သော် အလုပ်ခွင် ကျတော့ကာ မာန ထားရမှာလား.. သီလ မာန မထားရဘူး.. ဖြတ်သွားရ မှာနော်.. ဒါ သတိထားပါ.. “သူများ နှိမ့်ချ ကိုယ့်ကို မြှင့်တင်” တဲ့ မာနမျိုး မဖြစ်စေရဘူးတဲ့.. သဘောပေါက်လား.. သေချာမှတ်ကြနော်.. အဲတော့ ဒီမှာ ဘုန်းကြီးတို့ သတိပေးနေကြတယ်.. သိမ်မွေ့တယ်နော်.. တရားအတင်း ဆိုတာလည်း ပေါ်တတ်တယ်.. တရားအတင်း ဆိုတာလည်း ရှိတတ်တယ်.. ခဏခဏ ဘုန်းဘုန်း ပြောဘူးပါတယ်.. တောင်ငူနယ်မှာ ကလေးတွေ ပြောတာကို တစ်ဆင့် မှတ်ရတာ.. ဗလီ သွားတတ်တော့ ညီအစ်ကို နှစ်ယောက်.. အဲမှာ ညီက ပြန်လည်း ပြန်ရော.. အိမ်ရောက်တော့ အဖေကို တိုင်တယ်.. “အဖေ အဖေ.. အစ်ကိုရယ်တဲ့.. ဘုရားရှိခိုးတာ ဘုရားဆီမှာ စိတ်မရှိဘူး.. ဟိုကြည့် ဒီကြည့်နဲ့တဲ့” “မင်း ဘယ်က မြင်တာတုန်း” ဆိုတော့ “ကျွန်တော် သူ့ကြည့်နေတာတဲ့”  သဘောပေါက်လား.. သူကော ဘုရားဆီမှာ စိတ်ရှိလား.. မရှိဘူးလေ..

တစ်ချို့ရှိတယ်နော်.. ယောဂီတွေ အချင်းချင်း အတင်းပြောကြတာ.. ယောဂီတွေက ရိပ်သာမှာ လာပြီး စကားတွေ များနေကြတာ.. တရားလည်း မထိုင်ဘူး.. လို့ ပြောကြတယ်.. ပြောတဲ့သူကော ထိုင်လား.. 

တစ်ချို့ ပြောတယ်နော်.. အမလေး.. ရိပ်သာနဲ့ မတူဘူး.. စကားတွေ များနေကြတာပဲ.. တရားလည်း မလုပ်ကြဘူး ပြောတော့.. ပြောတဲ့ ပုဂ္ဂိုလ်ကကော.. သူကော ထိုင်လား ဆိုတော့.. ဒီအချိန်မှာ မထိုင်လို့ ပြောတာ.. ဟို ရိုးရိုးတန်းတန်း ပြောတဲ့ ပုဂ္ဂိုလ်က မေ့မေ့ လျော့လျော့ ပြောတာမို့လို့ တော်သေးတယ်.. သူက သူများအပေါ် အထင်သေး ပြောတာ.. ပိုတောင် ညံ့သေးတယ်.. သဘောပေါက်လား.. သူက မာနနဲ့ပြောတာ ပိုတောင် ညံ့သေးတယ်.. နားလည်တယ်နော်.. သတိထားနော်.. သိမ်မွေ့လွန်း အားကြီးလို့ ပြောနေတာနော်.. တစ်ဖက်သား နှိမ့်ချ.. ကိုယ့်ကို မြှင့်တင်တာ အင်မတန် သိမ်မွေ့တာ.. သဘောပေါက်လား.. နားလည်တယ်နော်.. ရိပ်စားမိလား.. အဲတော့ ကိုယ့်ကိုယ်ကို သတိထား.. မမှားစေနဲ့နော်..

အင်မတန် ဆိုးတာ.. သီလလေး မြဲထားလို့ ရှိရင်လည်း တင်းထားပြီးတော့ကာ.. ဒင့်ဖြင့် ပုဂ္ဂိုလ်က ငါ့ထက်နိမ့်တယ်လို့ မြင်သွားရင်ကော ကောင်းလား.. မကောင်းဘူး.. အဲဒီမှာ ခံရတာပဲ.. သဘောပေါက်လား.. နားလည်တယ်နော်.. အားလုံးကို နားလည် ခွင့်လွှတ်ထားပါ.. သူမသာ ကိုယ်မသာပဲ  ဘာမှ မထူးပါဘူးနော်.. နားလည်ကြတယ် မှတ်လား.. အဲတော့ကာ သူလည်း မှားမှာပဲ.. ကိုယ်လည်း မှားမှာပဲ.. မောဟ မကင်းသေးရင် အမှားက ဘယ်ရမလဲ.. ရှိမှာပေါ့.. စံကင်း ဆရာတော်ဘုရားကြီး ပြောသလို “သူမှားလည်း ကိုယ်ပြင်၊ ကိုယ်မှားလည်း အပြင်ခံ” ဒီလိုစိတ် မွေးရမှာနော်.. ယှဉ်ပြိုင်ပြီးတော့ကာ မာနနဲ့ ဆက်ဆံရမှာလား.. အဲဒီ မာနမျိုး မ၀င်ရဘူးနော်.. သတိထားကြ.. ပြင်ကြနော်.. ကဲ.. ဆက်ရအောင်..

တကယ့် အရှိ သဘောတရားကတော့ ၀ိမုတ္တိ ခေါ်တယ်နော်.. ကာလသုံးပါး လွတ်ပြီးတော့ ချုပ်ငြိမ်းနေတာပဲ.. အခု ပြောရင်း ဆိုရင်း ကဲ.. ကြားသိ၊ တွေးသိ၊ သိသဘောတွေဟာ.. အပေါင်းအားဖြင့်နော်.. လောင်ပြီးတော့ကာ ပြီးဆုံး မနေဘူးလား.. အချိန်ထားလိုက်၊ အချိန် ထားလိုက်နော်.. ကုန်မနေဘူးလား.. ကုန်တဲ့ အချိန်က ပြန်လာပါ့မလား.. မလာဘူးနော်.. ခုန ပြောတဲ့ အသံတွေ၊ အသိတွေ လိုချင်တယ်.. ရမလား.. ဘယ်တော့မှ မရတော့ဘူး.. ကဲ ခုနပြောတဲ့ ခံစားမှုတွေ လိုချင်တယ်.. ရမလား.. ကဲ အသက်ရှူလိုက်တဲ့ ခံစားမှုကော ပြန်လိုချင်တယ်.. တစ်ပေါင်းတည်း နော်.. ထုတ်လိုက်တဲ့ ခံစားမှုကိုလည်း ပြန်လိုချင်တယ်.. ရမလား.. မရဘူးလေ.. ခံစားမှုနောက်မှာ အရိပ်ပါ ပါသွားတာနော်.. အရိပ်ကို ထူးပြီးတော့ လုပ်မနေနဲ့.. သဘောပေါက်လား.. တစ်ပေါင်းတည်း ပါတာ.. ပျောက်အောင်လည်း မကြိုးစားနဲ့.. နားလည်ပြီလား.. သူ့သဘော အတိုင်းပဲ.. ပျောက်တာလည်း ရှိပြီးသား.. ပျောက်အောင်လို့ ငါနဲ့ အားမစိုက်နဲ့နော်.. အမှန်သိ လိုက်ရင် သူ့ဟာသူ ပျောက်နေလိမ့်မယ်.. ဒါဖြင့် ကဲ ထပ်ရှူမယ်.. ရှူဆဲကာလ ပေါ်သမျှ ခံစားမှုနဲ့ အရိပ်တွေကို ပြန်လိုချင်တယ်.. ရမလား.. မရှိတော့ဘူးလေ.. သဘောပေါက်လား.. ကဲ ထပ်ပြီး တစ်ခါ ထုတ်လိုက်ပြန်တယ်.. အဲမှာ ရှိတဲ့ ခံစားမှုတွေကို မြဲအောင် ခိုင်အောင် ရပ်ထားမယ်.. ရလား.. ပြန်လိုချင်လို့ကော ရလား.. ပြီးဆုံးနေတာပဲ ရှိတယ်.. နားလည်ပြီနော်.. အချိန်နဲ့ ယှဉ်ထားတာကိုး..

သုတ္တန်က ဘာတုန်း.. ဘဒ္ဒေကရတ္တ သုတ္တန် နော်.. မနက်ဖြန် သဘက်ခါ စိတ်မချရဘူး.. ဒီနေ့ပဲ လုပ်ပါ.. ဘုရားက ဆုံးမခဲ့တာနော်.. အင်မတန် ရှင်းအောင် ဟောပစ်ခဲ့တာ.. နားလည်ပြီလား.. ဒါကြောင့် နတ်တွေ ကြိုက်လွန်းလို့ ဘုရားက လေးခါတောင် ဟောရတာကိုး.. အတိတ်ခန္ဓာ အစဉ်မလိုက်ပါနဲ့.. ပြီးဆုံးခဲ့ပြီ.. အနာဂတ်ခန္ဓာ မတောင့်တပါနဲ့.. မလာသေးဘူး.. ခု ပေါ်ဆဲ ခန္ဓာကကော.. ရေမှာ အရုပ်ရေးသလို၊ ရဲနေတဲ့ သံအိုးကင်းပေါ် ရေစက်ကျသလို.. ထိရင်းပျောက်၊ သိရင်းပျောက်၊ လောင်ရင်းကုန်.. ပြီးဆုံးနေတာ.. ဒါ ခန္ဓာငါးပါးကို ရှုတဲ့နေရာမှာ ဒီနည်းက အမြင့်ဆုံးပဲ.. ဘုရားပေးတာ.. အဲဒါ ဘုရားပြောတဲ့ ၀ယဓမ္မာ သင်္ခါရာ.. ဒါနဲ့မှ သဘောပေါက်ကြ လိမ့်မယ်.. ရပြီလား.. ကိုယ်လုံးထဲက ရွရွမွမွ ရှုတာ ဟုတ်ရဲ့လား.. မဟုတ်ဘူးလေ.. ကိုယ်လုံးကြီး အထည်ထင်ထား ကတည်းကိုက ငြိမ်နေပြီလေ.. ငါ့ကိုယ်လုံးလို့ ထင်ထား ကတည်းကိုက ဒိဋ္ဌိ ပါမနေဘူးလား.. ငါ့ကိုယ်ထဲက လက်ခြေတွေ လိုက်ပြီး ချာလပတ် ရမ်းနေတာပဲ.. ဘယ်တော့ ဆုံးမလဲ.. ငါနဲ့ တိုက်တာကိုး.. မျက်နှာက ငါ ထင်ထားတာကိုး.. အဲလိုဆိုရင်တော့ လည်နေမှာပဲ.. သေအောင်ရှု၊ နိဗ္ဗာန် မပေါ်ဘူး.. သဘောပေါက်လား.. နားလည်တယ်နော်..

ပြန်ပြောမယ်နော်.. ၀ိပဿနာ ရှုတာက ရှေ့စိတ် နောက်စိတ် စကားပြောခဲ့တယ်လေ.. မိုးကုတ် ဆရာတော် ဘုရားကြီးက ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာဟေ့ လို့ မပြောခဲ့ဘူးလား.. ပြောခဲ့ပြီးသား.. အစဉ် ကိုပြောခဲ့ပြီးသား.. ပုစ္ဆာသင်္ချာ တွက်သလိုပဲ..

တစ်ခေါက် ပြန်ပြောမယ်နော်.. ငါးဆယ် အမြှောက် လက္ခဏာ လေး.. ညီမျှခြင်း.. ကဲ ဘာအဖြေ ပေါ်တုန်း.. မနောမှာ ဘာပေါ်လာတုန်း.. ပေါ်တယ်နော်.. အဲတော့ ပြောတဲ့ အသံထဲမှာ အဖြေပါလား.. မနော ပေါ်ပေါ်ချင်းကော အဖြေပေါ်လား.. မပေါ်ဘူး.. နောက်စိတ် အစုကနော်.. နှစ်ရာ ဆိုတဲ့ ပုံလေး ပေါ်မလာဘူးလား.. ပေါ်လာတာ.. အဲဒါ ပညာအလင်းက ဖော်ပေးတာ.. ငါမဟုတ်ဘူး.. အဲဒီအတိုင်းပဲ အသက် ဒီလို ရှူလိုက်ပြီ ဆိုတာနဲ့ ကိုယ်မှာ ထိတာနဲ့ မနောမှာ ပေါ်တာ.. ပေါ်တာကို ခေါင်းမဟုတ်ကြောင်း၊ လက်လို့ မဟုတ်ကြောင်း၊ စကား မပြောကြောင်း.. တံလျှပ်လို ကြည့်ပြီး တရိပ်ရိပ် ကုန်ဆုံးကြောင်း ကြည့်တာက.. ပညာအလင်း.. နားလည်ပြီလား.. အဲဒီအတိုင်း ရှုတာပါ..

တဏှာဆိုတာ အဲဒီ အာရုံကို ဆက်တာ.. အကောင်ထင်ပြီး ဆက်တာက တဏှာ.. ဆက်တော့မှ ငါ့ခေါင်း၊ ငါ့ကိုယ်၊ ငါဘယ်လို နေချင်တာ၊ ငါဘယ်လို ဖြစ်ချင်တာ.. ဆိုရင် ဥပါဒါန်.. နားလည်ပြီလား.. အဲလို အားစိုက်လိုက်တာနဲ့ ရင်ထဲမှာ တင်းပြီး တွန်းအားထွက်ရင် ဓါတ်ရိပ် ဓါတ်ခိုးပြောင်းပြီး တော့ကာ ကမ္မဘ၀ ပဲ.. မကျေမနပ်ဆိုရင် မျက်နှာက ငြှိုးကျပြီး ပူလောင်နေရင် အပါယ် ဇာတိပဲ.. ပြန်ပြောမယ်နော်.. သေချာမှတ်ကြ.. ကိုယ့်ကိုယ်ကို ပြန်ပြီး မကျေမနပ် ဖြစ်နေလို့ မျက်နှာ ငြှိုးကျသွားလည်း ဘာခေါ်လဲ.. အပါယ်ဇာတိ ဖြစ်နေတာပဲ.. ညံ့တာ.. ပူလောင်တယ် ဆိုကတည်းက ညံ့နေပြီ.. အားမရရင် ပူလောင်ပြီ ဆိုကတည်းက ဘာတုန်း.. အပါယ် ဇာတိပဲ.. ဓါတ်ရိပ်ဓါတ်ခိုး ညံ့နေပြီ.. အမှန်က မျက်နှာ အမြဲတမ်း ရွှင်လန်းနေမှ ကောင်းတာ.. ကုသိုလ်သမား ဆိုတာ ရင်ထဲအေးပြီး အမြဲတမ်း ရွှင်လန်းနေရမှာ.. နားလည်လား.. တစ်နေ့ တစ်နေ့ မျက်နှာ ငြှိုးနေပြီ ဆိုရင်.. အဲဒီ ငြှိုးနေတာကိုက အပါယ်ဇာတိ ဖြစ်နေတာ.. ကိုယ့်ကိုယ်ကို ဒါကြောင့်မို့ အရှုံး မခံနဲ့နော်.. အမြဲတမ်း ပြုံးနိုင်အောင် ကြိုးစားရမှာ..

တဏှာဆိုတဲ့ သဘောတရားက တခြား မဟုတ်ဘူး.. ပေါ်တဲ့အာရုံ၊ မြင်ဖူးတဲ့ အဆင်း၊ ကြားဖူးတဲ့ အသံ၊ နံဖူးတဲ့ အနံ့၊ စားဖူးတဲ့ အရသာ၊ တွေ့ဖူးတဲ့ အတွေ့အထိ.. ပုံရိပ်တွေ ပါပဲနော်.. အဲဒါကို အကောင်အထည် ထင်လိုက်တဲ့ ဒိဋ္ဌိရှိတော့မှ.. ငါထင်တော့မှ တဏှာက ဆက်တာ.. သဘောပေါက်လား.. သူ့သဘောတရား အမှန်ကတော့ ကာလနဲ့ ယှဉ်ပြီး တရိပ်ရိပ်နဲ့ ကုန်ဆုံးဖို့ ပေါ်လာတာ.. ပျောက်ဖို့ ပေါ်တာ.. စကားပြောတာ ပါလား.. မပါဘူး.. တောင်းဆိုချက် ရှိပါ့မလား.. မရှိဘူးနော်.. အဲဒီအတိုင်း သိနေမယ်ဆိုရင် ဒါက ၀ိမုတ္တိ ခေါ်တယ်.. အနာဂတ်လည်း မဟုတ်၊ အတိတ်ကော ဟုတ်လား.. မဟုတ်ဘူးနော်.. ပစ္စုပ္ပန်ကော တင်လား.. လွတ်မြောက်နေတယ်.. အဲဒီရောက်အောင် သွားဖို့ကို ဘုရားက သင်တာ.. နားလည်ပြီနော်.. ဒါ အဓိက သာသနရဲ့အနှစ်ပဲလို့ ဘုရားက ဆုံးမတာ.. ဒါကလိုရင်းပဲလို့ ဘုရားက အမိန့်ရှိတာ.. ဒေ၀ဒတ်ကြီးက အဲဒီ လိုရင်း မရောက်ဘဲနဲ့ ဈာဉ်အဘိဉာဉ်မှာ သောင်တင်ပြီးတော့ ငရဲ ကျသွားတာကိုး.. သဘောပေါက်လား.. နားလည်တယ်နော်.. ဒီအဆင့်ရောက်မှ စိတ်ချရမှာ.. သီလမှာ တင်လည်းပဲ အနှစ် ရောက်ပ့ါမလား.. မရောက်.. သို့သော် သီလသည် သာသနာရဲ့အသက်ဆိုတော့ စောင့်စည်းရမယ်နော်.. လုပ်ငန်းခွင်မှာတော့ ဒါ အပွေး လောက်ပဲ ရှိတယ်လို့ မှတ်ထားရမှာ.. သီလ မာနလည်း မထားရဘူးနော်..

********************************

ပိုင်းလော့ ဆရာတော်ဘုရား ဟောကြားတော်မူသော ကိလေသ သံယောဇဉ်ဆယ်ပါး ပယ်ပုံ တရားတော်မှ ထုတ်နုတ်ရေးသား ပူဇော်ပါသည်..။ အဖြူရောင်မေတ္တာ (http://www.apymt.com/2010/07/blog-post_11.html) မှ ထပ်ဆင့် ကူးယူဖော်ပြပါသည်။

သာရောပမသုတ် (အကာပယ်ပစ် အနှစ်ကိုရှာ)
သာရောပမသုတ် (အကာပယ်ပစ် အနှစ်ကိုရှာ) (အပိုင်း ၂)

0 comments Links to this post

Read more...

ကျေးဇူးတော်ရှင် ဆားတောင်ဆရာတော်ဘုရားကြီး၏ ထေရုပတ္တိနှင့် ကိုယ်တွေ့ ဖြစ်ရပ်များ

ကျေးဇူးတော်ရှင် ဆားတောင်ဆရာတော်ဘုရားကြီး၏ ထေရုပတ္တိတော်

Biography Of Ven. Sar Taung Sayadawgyi

(ကိုကျော်ဇေလှ (http://www.dhammaknowledge.co.cc) ထံမှ အီးမေးလ်ဖြင့်လက်ခံရရှိတဲ့ဖိုင်ကို ပြန်လည်ဝေမျှပူဇော်ခြင်းဖြစ်ပါသည်။ )

ဆရာတော်ကြီး၏ အန္တိမဈာပနပုံတော်များနှင့် ဗွီဒီယိုကလစ်ဖိုင်များ
ဆက်လက်ဖတ်ရှုရန်

Read more...

*ငှက်ငယ်သို့*

အလင်းမရ၊ ကျဉ်းမြမြဖြင့်
မလှအဆင်း၊ ဥခွံတွင်းမှာ
သက်ဆင်းကာနေ၊ တွေဝေေ၀နှင့်
အမေမွေးရာ၊ ထိုကမ္ဘာဝယ်
ငှက်ငယ်တစ်ကောင်၊ မိုးမှောင်မှောင်..။

မှောင်မိုက်အတိ၊ လင်းမရှိသည့်
တင်းကြပ်ပိတ်လှောင်၊ ဥခွံဘောင်တွင်း
ဝပ်ဆင်းခယ၊ ကျဉ်းကြပ်လှစွာ
နေရရှာသော အိုငှက်ငယ်…

ထိုဥခွံတွင်း၊ မှောင်ခံတွင်းမှာ
ပျော်နိုင်လေလား၊ ပျော်နေလား..။

ပိတ်လှောင်မှုကင်း၊ လွတ်လပ်ခြင်းဆင့်
အလင်းရှိရာ၊ လွတ်မြောက်ရာသို့
မသွားချင်လား၊ သွားချင်လား..။

ထိုဥခွံနန်း၊ သင်စံမြန်းရာ
မှောင်ကမ္ဘာကို၊ ၀ဠာထင်မှတ်
သင်နှစ်သက်လျက်၊ ကြပ်ကြပ်မြတ်နိုး
မခွဲရိုးရှင့်၊ စွဲ,ပိုးဝင့်ချေ
နေမြဲနေသော်
သင်ဆက်မျှော်မှန်း၊ ဘ၀လမ်းသည်
ဝဲခန်းတွင်မြုပ်၊ ဒိုက်မှော်အုပ်၍
မလှုပ်ဝိုးတ၀ါး၊ ရေပြင်အလား..။

ဘ၀င်မကျ၊ ဘ၀မပြောင်
ဥခွံဘောင်နေ ငှက်ငယ်ရေ..

ကြည်စေဘ၀၊ တိမ်စင်လပမာ
မှောင်မှလွန်မြောက်၊ အလင်းပေါက်လို
သင်ရောက်လိုက..
ကျွတ်ဆတ်လှစွာ၊ ဥခွံလွှာကို
တွန်းကာလှုပ်ရှား၊ ရုန်းကန်အားဝင့်
နှုတ်သီးဖြင့်ဖောက်၊ ပြင်ပရောက်အောင်
သင်သည်ဖောက်ခွဲထွက်ချေလော့..။

အရှင်ဉာဏိကာဘိဝံသ http://www.nyanoo.com/ ရေးသားသော ငှက်ငယ်ဒဿန ကို ဖတ်မိ၍ ဤကဗျာအား ရေးဖြစ်ပါ၏။

လေးစားစွာဖြင့်
ဖိုးသား

8/24/2010, TUE:, 3:23:13 PM

Read more...

Future of Doctor-Patient Online Relationship

ဆေးဘက်ဆိုင်ရာ အမေးအဖြေတွေကို လုပ်ချင်လားလို့ မေးတယ်။ မလုပ်ချင်ဘူး။

မလုပ်ချင်တဲ့ အကြောင်းက ပုံရိပ်ယောင် လောကမှာ ဖိုရမ်တွေ ဘလော့ဂ်တွေမှာ ဆေးပညာအမေးအဖြေတွေ လုပ်ကြတာတွေ့ဖူးတယ်။ ကိုယ်တိုင်လည်း မေလ်းကတဆင့် Medical Check-up တွေ အကုန်တောင်းကြည့်ပြီး တစ်ခွန်းစ နှစ်ခွန်းစ အကြံဥာဏ်ပေးဖူးတယ်။ လေ့လာကြည့်တော့ တွေ့ရသလောက်က ဖြေကြားလေ့ရှိတဲ့ ဆရာဝန်တွေက ရိုးရိုးဆရာဝန်ဘွဲ့ရတွေကနေ သက်ဆိုင်ရာပါရဂူတွေ၊ ပါရဂူတန်းကျောင်းသားတွေ အထိ ပါတတ်တယ်။ သူတို့ရဲ့ ဆေးဘက်ဆိုင်ရာ အမြင်တွေဟာ အတော်တန်ဖိုးရှိတယ်။

ပုံရိပ်ယောင်လောကက မေးမြန်းသူတွေက အဲဒီအမြင်တွေကို ဘယ်လိုတန်ဖိုးသတ်မှတ်ရမလဲ မသိကြဘူး။ တခါတလေ စိတ်ရှုပ်ထွေးဟန်တူစွာနဲ့ လျစ်လျူရှုလေ့ရှိတယ်။ တချို့က သူငယ်ချင်းပြောပြောပြီး၊ ပျော်စေပျက်စေ မေးကြတာတွေတောင် ရှိတယ်။

မေးမြန်းသူက သူ့ရဲ့ လက္ခဏာတွေကို တင်ပြတဲ့အခါ ဆရာဝန်က ရောဂါရာဇ၀င်နဲ့ ဆက်စပ်တဲ့ မေးခွန်းတွေ ပြန်မေးရလေ့ရှိတယ်။ အဲဒီလို မေးမြန်းတဲ့အခါ အဖြေမပေးဘဲ ရှောင်ထွက်သွားတာ ကြုံရတယ်။ (အဲဒီလို ရောဂါရာဇ၀င်ကို ပြန်မေးတဲ့အခါမှ အဖြေမပေးဘဲ ရှောင်ထွက်သွားတာမျိုးကို ကိုယ်တိုင်လည်း ကြုံဖူးတယ်။ အဲဒီလိုကြုံရလို့ ရောဂါရာဇ၀င်မေးမြန်းတဲ့ ကိုယ့်မေးခွန်းကိုတောင် ရှက်ရှက်နဲ့ ပြန်ဖျက်ခဲ့ရတယ်။ )အမှန်တော့ လူနာရဲ့ ရောဂါရာဇ၀င်ကို မယူဘဲ ဆေးဘက်ဆိုင်ရာ အကြံဥာဏ်ပေးလို့ မဖြစ်နိုင်တာတွေ အများကြီးရှိပါတယ်။ နိုင်ငံခြားက ဆရာဝန်တွေလည်း အတွေ့အကြုံရဖို့အတွက်နဲ့ (စေတနာရှိလို့ ကူညီတတ်လို့ ) အလကားပဲတင်း ဖြေပေးတတ်တဲ့ ဖိုရမ်တွေရှိပါတယ်။ အဲဒီမှာလည်း အဲဒီလိုပဲ တကယ်လိုအပ်လာတဲ့အခါ ရောဂါရာဇ၀င်တွေ အကုန်ပြန်ပေး၊ စစ်ထားတဲ့ ရလဒ်တွေကို ပြန်တောင်းပြီးမှ အကြံဥာဏ်ပေးရတာပဲ။ ဒါတောင်မှ လူနာက အမှန်အတိုင်း မဖြေလို့ အကြံဥာဏ်ပေးလို့ မဖြစ်နိုင်တာတွေ ရှိပါတယ်။

" အသည်းကင်ဆာအကြောင်း ရေးပေးပါ"ဆိုလို့ ရေးပေးရတာက ပြဿနာမရှိဘူးပေါ့။ "ဆရာခင်ဗျား။ ကျွန်တော် အသားတွေဝါနေတယ် ဘာဖြစ်လို့ရှိရင် အသားဝါတတ်ပါသလဲ"လို့ မေးမြန်းပြီဆိုရင် မေးမြန်းခံရတဲ့ ဆရာဝန်ဟာ သေချာပေါက် ရောဂါရာဇ၀င်ကို ပြန်မေးရပါပြီ။ အဲဒီလိုမေးပြီဆိုရင် အပြန်အလှန် မေးကြမြန်းကြရင်း ဆောင်းပါး ဆယ်ပုဒ်စာလောက်တော့ ရေးကြရတော့တယ်။ အနည်းဆုံး သုံးနာရီလောက်စီ အချိန်ပေးရပါတယ်။ တကယ်တော့ မမြင်ရတဲ့ လူနာပြောသမျှကို ယုံကြည်ဖို့ဆိုတာ မလွယ်ပါဘူး။ မမြင်ရတဲ့ လူနာဖြေတဲ့ အဖြေတွေကို မြင်ရတဲ့လူနာထက် နှစ်ဆလောက် သုံးသပ်ရပါတယ်။ တချို့က မိသားစုဆရာဝန်ကို ပြစ်တင်ဖို့ ဒါမှမဟုတ် တရားစွဲဖို့ အွန်လိုင်းမှာ ဗဟုသုတ လာရှာတာ ရှိပါတယ်။ သူက အစွန်းလေးတွေထားပြီး မေးခွန်းထုတ်ပါတယ်။ ပြည့်စုံတဲ့ ရောဂါရာဇ၀င်ကို မယူခဲ့ရင် အပြင်မှာ တကယ်တမ်းကုနေတဲ့ ဆရာဝန်ကို အပြစ်ဖို့မိစရာပါပဲ။

အဲဒါနဲ့ ယူကျု မှာ တင်ထားတဲ့ လက်ချာတွေက တဆင့် သိရတဲ့ အိန္ဒိယလူမျိုး ဒေါက်တာ နာဂျက်ဗ် ကြီးကို ဆေးပညာဆိုင်ရာ အကြံဥာဏ်တောင်းတာတွေကို ဖေ့စ်ဘွတ်ခ်မှာ တွေ့ဖူးတယ်။ လေးစားရတဲ့ ဆရာသမားပီပီ သူဘယ်လိုတုန့်ပြန်သလဲ လေ့လာကြည့်မိတယ်။ ဆရာကြီးက သာမန်အချိန်မှာ သဘောကောင်းပေမယ့် ဒီနေရာမှာ လုံးဝအားမနာဘူး။ ဘာတစ်ခွန်းမှ ပြန်မဖြေဘူး။ မှန်တယ်။ မမြင်ရတဲ့ လူနာကို ရောဂါရာဇ၀င်မမေးမြန်းဘဲ၊ လူနာကို တိုက်ရိုက်ကုသနေတဲ့ (မိသားစု) ဆရာဝန်ရဲ့ ဆေးဘက်ဆိုင်ရာအမြင်ကို မသိရဘဲ၊ laboratory tests တွေရဲ့ ရလာဒ်တွေကို မသိရဘဲ ဆေးမကုသအပ်ဘူး ။ ယေဘုယျဆန်တဲ့ ဆေးဘက်ဆိုင်ရာ အကြံဥာဏ်နဲ့ ဗဟုသုတတွေ ရေးပေးမယ် ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် များသောအားဖြင့် မေးမြန်းသူတွေဟာ အခွင့်အရေးကို ဖြုန်းတီးပစ်တာ တွေ့ရတယ်။ များသောအားဖြင့် ဆေးဘက်ဆိုင်ရာ အကြံဥာဏ်တောင်းပြီးရင် အကျိုးအကြောင်း အဆိုးအကောင်း feedback ပြန်ပေးလေ့မရှိဘူး။ ကျေးဇူးစကား မဆိုတတ်တာက အများစုပဲ။ ဒါပေမယ့် ကျေးဇူးတင်စကားက သိပ်အရေးမကြီးဘူး။ အပြန်အလှန် လေးစားသမှုနဲ့ သင့်တင့်လျောက်ပတ်တဲ့ ဆက်ဆံမှုတွေရှိဖို့က အရေးကြီးတယ်။ ပုံရိပ်လောကမှာ အဲဒီ doctor-patient relationship ကို တည်ဆောက်ဖို့က မလွယ်ဘူးလို့ ယူဆရတယ်။

တချို့ ခေတ်လွန်အတွေးအခေါ် ရှိတဲ့သူတွေက "မင်းလည်း ပရော်ဖက်ရှင်နယ် တို့လည်းပရော်ဖက်ရှင်နယ်၊ မင်းကိုဘာလို့တို့က ထူးပြီးလေးစားရမှာတုန်း" လို့ ပြောကြတယ်။ အပြင်မှာ ဆေးကုတဲ့ ပရော်ဖက်ရှင်နယ်က ပိုက်ဆံရတယ်။ ပုံရိပ်လောကမှာ အဖြေပေးတဲ့ဆရာဝန် ဒါမှမဟုတ် ကုသိုလ်ဖြစ်ဆေးခန်းက ဆရာဝန်က ပိုက်ဆံမရဘူး။ ဒါလည်းပဲ "အတွေ့အကြုံရတဲ့အတွက် အလုပ်နဲ့ဆိုင်ပြီး နှစ်ဘက်စလုံးအတွက် အကျိုးရှိတယ်"လို့ သဘောထားကြီးတဲ့ ဆရာဝန် (တနည်းအားဖြင့် အားနာတတ်တဲ့ ဆရာဝန်မိတ်ဆွေ) ကတော့ ဖြေမြဲဖြေပေးကြမှာပါပဲ။ ဖြေပေးကြတဲ့အခါမှာ အလုပ်ကိုတန်ဖိုးထားတဲ့ ပရော်ဖက်ရှင်နယ်ပီသတဲ့ ဆရာဝန်ဟာ ဦးနှောက်နဲ့ အချိန်ကို အတော်အတန် အသုံးချရမှာပဲ။ တခါတလေ မေးမြန်းတဲ့ရောဂါဟာ ကိုယ့်ရဲ့ အထူးပြုမဟုတ်တဲ့အခါ မိတ်ဆွေတွေ ဆရာသမားတွေရဲ့ မေးငေါ့တာကို ခံပြီး သူတို့ဆီက ထပ်ဆင့်အကြံဥာဏ်တွေကို အလကားပဲတင်း တောင်းကြရတာပဲ။ ဒါကြောင့် အဲဒီလို ပြတ်ပြတ်သားသား ပြောကြေးဆိုရင်တော့ လူထဲက လူသားဖြစ်တဲ့ ဆရာဝန်တွေဟာ ဖုန်းနဲ့ဖြေပေးရုံနဲ့ နာရီဝက်ကို ဒေါ်လာ ၇၀ လောက်ရတဲ့ ကိုယ့်အကြံဥာဏ်တွေရဲ့ ငွေကြေးတန်ဖိုးကို စိတ်တွက် မတွက်မိဘဲ နေဖွယ်မရှိ။

တချိန်က အရှိန်အဟုန်နဲ့ အားကြိုးမာန်တက်ခဲ့သူတွေဟာ အလကားပဲတင်း ကိစ္စတွေမှာ နောက်ဆုတ်သွားခဲ့တယ်။ အတိုင်းအတာ တစ်ခုအထိ နောက်ဆုတ်တာဟာ မသင့်လျော်ဘူးလို့ ပြောလို့မရပါဘူး။ နည်းပါးတဲ့ဗဟုသုတနဲ့ ပြုတဲ့ ဝေဖန်ရေးတွေ၊ လူ့ကျင့်ဝတ်ကို လျစ်လျူရှုမှုတွေ၊ အပြန်အလှန် ယုံကြည်မှုကင်းမဲ့လာမှုတွေ ဟာ ရလဒ်ကောင်းတွေကို ဖန်တီးနိုင်လေ့ မရှိဘူး။

ဒီ အမြင်ပါတဲ့ စာစုဟာ နားလည်မှု တည်ဆောက်ရေးအတွက် အဖြစ်မှန်ကို တင်ပြထားတာ ဖြစ်ကြောင်း အနာဂတ်မှာ သတိပြုမိပါလိမ့်မယ်။

Read more...

ပရဟိတသည် ငါ့အတွက် မဖြစ်စေရ ဆိုသော ပုလဲဆရာတော်











ပရဟိတသည် ငါ့အတွက် မဖြစ်စေရ ဆိုသော ပုလဲဆရာတော်

စာရေးသူ သြဂုတ်လထဲက မန္တလေးမြို့ကိုရောက်ခဲ့ပါတယ်။ စာရေးဆရာ တက္ကသိုလ် တေဇာလင်းနဲ့အတူ မဟာအောင်မြေမြို့နယ်၊ ချမ်း/မြောက် သီတာအေး(၉၀၁)ရပ်ကွက်က မဟာမင်းထင်တိုက်၊ မိုးကုတ်ဓမ္မရိပ်သာ၊ သာမဏေကျော်စာသင်တိုက် ကိုရောက်ခဲ့ကြပါတယ်။ ဦးစီးပဓာန နာယက၊ ဓမ္မကထိကဗဟုဇနဟိတဓရ ကမ္မဋ္ဌာနာစရိယ နယ်လှည့်ဓမ္မကထိက ဘဒ္ဒ န္တပညာဝံသ ပုလဲဆရာတော် ကျောင်းကိုရောက်ခဲ့ပါတယ်။ ဆရာတော်မှ ပုလဲ ပရဟိတ ဖောင်ဒေးရှင်း တည်ထောင်ပြီး သာသနာအကျိုး။ အများအတွက်ကောင်းကျိုးများ ဆောင်ရွက်တော်မူနေကြောင်း ပြောကြား၍ သတင်းရယူခဲ့ပါတယ်။ ပုလဲဖောင်းဒေရှင်းမှ ဆောင်ရွက်ပေးနေသော ဗီးနိုင်းထောင်ဘုတ်ကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီပရဟိတ ဖောင်ဒေးရှင်းကိုစတင်ထားတာတော့ကြာခဲ့ပါပြီ။ ပရဟိတလုပ်ငန်း(၅)မျိုး ကိုတစ်ပေါင်းတည်း ဆောင်ရွက်ပေးနေပြီဆိုတာကတော့ (၄-၈-၂၀၁၀) နေ့ကစတင် တည်ထောင်ကြော်ငြာအသိပေး လိုက်ခြင်းဖြစ်ကြောင်း ပုလဲဆရာတော်မှပြောကြားတော်မူပါတယ်။ ယခုလုပ်ဆောင်ချက်များ အပြင် အခြားလိုအပ် ချက်များကိုလည်း တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြားသိရပါတယ်။ ဘယ်နယ်၊ ဘယ်အရပ်က မဆို လာရောက် အကူ အညီတောင်းခံနိုင်ပါကြောင်း ပုလဲဆရာတော်မှ ပြောကြားတော်မူပါတယ်။ ပုလဲဆရာတော်ရဲ့ လက်ကိုင်ဖုန်းနံပါတ်က(၀၉-၂၀၃၅၄၁၅)၊နှင့်(၀၂-၉၁၀၀၇၆၄၆)၊(၀၂-၉၁၀၀၅၇၁၃)၊(၀၂-၉၁၀၀၅၀၃၀) များသို့ဆက်သွယ်နိုင် ကြောင်းသိရပါတယ်။

ဆောင်ရွက်လျှက်ရှိသော ပရဟိတ လုပ်ငန်းစဉ်များမှာ

(၁)။ သီတာအေး ၉၀၁၊ ၉၀၂ ရပ်ကွက်များသို့ နေ့စဉ် ရေဂါလံ(၈၀၀၀)ကျော် လှူဒါန်းလျှက်ရှိသော “ဇနသုခ”ရေအလှူတော်။
(၂)။ ဆေးရုံများ၊ လူမှုရေးအဖွဲ့များ၊ သံဃာတော်များအား လှူဒါန်းလျှက်ရှိသော “ဇနသုခ” ရေသန့်အလှူတော်။
(၃)။ မီးဘေးသင့် ပြည်သူများအား ဆန်၊ဆီ၊ ပဲ အစရှိသည်တို့ လှူဒါန်းသော “ဇနသုခ” လူမှုကူညီရေး စီမံကိန်း။
(၄)။ သားဦး၊ သမီးဦး မွေးဖွားရန် အခက် အခဲရှိသော မိခင်လောင်းတို့အား ငွေကြေးထောက်ပံ့ကူညီသော “သားမျှော်မိခင်” ထောက်ပံ့ရေးစီမ့ကိန်း။
(၅)။ မန္တလေးမြို့ရှိ သံဃာတော်များ ဆွမ်းခံခြင်းကိစ္စ လွယ်ကူချောမွေ့စေရန် သံဃာတော်တို့အား အကြို၊ အပို့ ပြုလုပ်၍ ကုသိုလ်ပြုလျှက်ရှိသော “သမဏသုခ” ဆွမ်းခံကြိုပို့ယာဉ် စီမံကိန်း။ များကိုဆောင်ရွက်လျှက်ရှိပါသည်။
ယခု ၀ါတွင်းကာလမှာ ဥပုဒ်နေ့မှအပ အခြားရက်များတွင် နေ့စဉ် နေ့လည်(၃)နာရီကနေ (၄)နာရီအထိ သံဃာတော်များကို ပဋိစ္စသမုပ္ပါဒ် ဟောနည်းပြောနည်း သင်တန်း ပို့ချနေတာ မြင်တွေ့ခဲ့ပါတယ်။ သင်တန်းဆရာတော်များကတော့ ပုလဲဆရာတော်နဲ့အတူ စာရေးဆရာ တက္ကသိုလ်တေဇာလင်း တို့ပို့ချပါတယ်။ စကားပြောနည်း ဟောနည်းများကိုတော့ စာရေးဆရာ ဦးဘုန်း(ဓာတု) မန္တလေး နှင့် စာရေးဆရာ ဇော်ခိုင်ဦး တို့နှစ်ဦးက စနေနေ့တိုင်းမှာ ကူညီဒါနပြု ပေးတာလဲ မြင်တွေ့ခဲ့ရလို့ သတင်းရယူခဲ့ပါတယ်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု။သြဂုတ်လ(၂၄)ရက်နေ့။

Read more...

တို့  ရွာ အလှူ ပွဲ ခြိမ့်ခြိမ့်သဲ




နွန်းဘာဂ် မြို့  ဘူတာရောက်တယ် ဆိုရင်ဘဲ
ဒကာလေးက ဓာတ်ပုံ ရိုက်ပါတယ်။





မြို့ ရဲ့  နန်းတော် မြို့ ရိုး တံတိုင်းကို နောက်ခံထားပြီး
ထပ်မံ ရိုက်ရှိပါတယ်။




အိမ်ခြံ ၀န်း အ၀င်မှာလည်း
မှတ်တမ်း အဖြစ် ဓာတ်ပုံ




ဟိုရှေးအခါတုံးကတော့ ပါဒေါဒကံ - ခြေဆေးရေ ပေါ့။
ခုခေတ်မှာတော့ သံဃာ ကြွလာတယ်ဆိုရင်ပဲ
အိမ်အ၀င်မှာ ခြေထောက်ကို သန့် ရှင်းပြီး
ကုသိုလ် လုပ်ကြလေတယ်။





အိမ်ထဲ ရောက်ပြီ ဆိုတာနဲ့ ပဲ
ကိုယ်ရဲ့ ရွာက ခုမှ ပြန်တွေ့ ရတဲ့ ဆွေမျိုးတွေ
စိတ်ရှိ ( ပါးစပ်ရှိ ) ပျော်တပြုံးပြုံး ရှိကြလေရဲ့ 




ပြင်ထားတာက ဟိုတယ် မိုတယ် ပုံစံမျိုး





ရိုးရာမပြတ် သံဃဿ ဒေမ လုပ်ပြီး
နိဗ္ဗာန်ရည်မှန်း လှူကြပါတယ်။




အချိုပွဲ ခဲဖွယ်ဘောဇဉ်တွေက စုံလွန်းလို့ 
ဂျာမန် သမ္မတ ထက်တောင် စုံနေသေးတယ် လို့ 
တစ်ပါးက ပြောပါလေရော..။



ဆွမ်း အနုမောဒနာ တရားနာ၊
ပစ္စယနိဒ္ဒေသ ပဋ္ဌာန်းတရား နာပြီး
သာဓုခေါ် ရေစက်ချ ခဲ့ပါတယ်။


တို့ ရွာ အလှူပွဲ ခြိမ့်ခြိမ့်သဲ ဆိုသည်မှာ တို့ ရွာ က လူတွေရဲ့  အလှူဖြစ်ပါတယ်။ တို့ ရွာ အလှူပွဲ ဆိုတာ ကလည်း နိုင်ငံ အသီးသီးဆိုတာတွေက ကမ္ဘာ့ရွာ လို့  ဆိုကြတာမို့  တို့ ရွာ အလှူပွဲ ဆိုလိုက်တာပါ။ ကိုယ့် ရွှေရွာက ရွှေညီ အကို မိသားစုတွေပါ။ တစ်ဦးက မတည်ပြီး ဆွမ်းကပ်လိုက် တာနဲ့  အနီးမှာ ရှိတဲ့ ညီအကို မောင်နှမ တွေက ဒါန စုပေါင်း လုပ်ကြတယ်။ ခြိမ့်ခြိမ့်သဲ အလှူ တစ်ခု အောင်မြင်သွားခဲ့ပါတယ်။


မှတ်တမ်း ဓာတ်ပုံ များ ကြည့်လည်းကြည့် ၊
လုပ်ပုံ လုပ်နည်းလည်း အတုယူစေတတ်ရန်
ရည်ရွယ်ကာ တင်လိုက်ပါတယ်။

ဝါသနာပါရင် က လို့ ရတယ်။
အဲ... ၀ါသနာပါရင် ကြည့်လို့ ရတယ်ပြောတာပါ။

ပြီးတော့ လည်း သာဓုခေါ်လို့ ရပါတယ်။

မြတ်ရောင်နီ
( ၂၄ ၊ ၀၈ ၊ ၂၀၁၀ )

Read more...

အစ္ဆရာသင်္ဃာတ



အဋ္ဌိကာနိ ပုဉ္ဇကိတာနိ
( အရိုးစု တို့ ပါတကား )

အရိုးစုပုံကို တွေ့ ရင် စိတ်ဝင်တစား ကြည့်ပါတယ်။ ပြီးတော့ တစ်ခဏလေးပဲ ဖြစ်ဖြစ် ငါလည်း ဒီလိုပဲလို့  ဆင်ခြင်မိတဲ့အခါ ဆင်ခြင်ဖြစ်သွားတယ်ပေါ့ ။ အဲဒါကြောင့်လည်း ဘုန်းကြီးကျောင်း တစ်ကျောင်းကို အလည်အပတ် ရောက်ရှိတဲ့အခါ တမင်္ဂလာ ဓာတ်ပုံ ရိုက်ယူခဲ့ပါတယ်။

ငါလည်း ဒီလိုပဲ လို့  ၀ိပဿနာ အားထုတ်မယ် ဆိုရင်ရင် အနိစ္စ ဒုက္ခ အနတ္တ ပွါးသလိုမျိုး တရားအားထုတ် နည်း တစ်မျိုးပါပဲ။ မဟာသတိပဋ္ဌာန်သုတ် ကာယာနုပဿနာ န၀သိဝထိက ပဗ္ဗ အခန်းမှာ သော ဣမမေ၀ ကာယံ ဥပသံဟရတိ ' အယမ္ပိ ခေါ ကာယော ဧ၀ံဓမ္မော ဧ၀ံဘာဝီ ဧ၀ံအနတီတောတိ။ တဲ့။

ဆိုလိုတာက သင်္ချိုင်းသွားလို့  အရိုးစုမြင်မြင် အသွေး အသား အကျော ဦးခေါင်းအခွံ ၊ ကျောရိုး ခါးရိုး ၊ ပေါင်အရိုး ဘယ်အရိုးကို မြင်မြင်ပေါ့လေ မြင်လေတိုင်း ပွါးများသင့်တာက ငါလည်း ဒီလိုပါပဲ၊ ဒီလိုသဘောရှိတယ်။ ငါလည်း ဒါကိုလွန်မြောက်လို့  မရဘူး လို့  စိတ်ထဲမှာ လက်ဖျောက် တစ်ချက် လေး ဖြစ်တာနဲ့ ပဲ အကျိုးက အတော်လေးကို ကြီးမားကြောင်း အဂုင်္တ္တရနိကာယ န၀က နိပါတ် ဝေလာမသုတ်မှာ ဆိုထားပါတယ်။

ဘယ်လောက်ကြီးမားသလဲ ဆိုတာ ပြောရရင်တော့ ကိုယ်တတ်နိုင်တဲ့ ပစ္စည်းတွေကို အစွမ်းကုန် အိတ်သွန် ဖာမှောက်၊ သို့ မဟုတ် ထမင်းရေ ချောင်းစီး မောင်းတီးပြီး လှူလှူ၊ သို့ တည်းမဟုတ် စာအလို မြစ်ရေ တသွင်သွင်စီးသလိုမျိုး သာမန် ပုဂ္ဂိုလ်လူများစွာကို လှူတာဟာ သောတာပန် တစ်ဦးကို လှူသလောက် အကျိုးက မကြီးမား။

သောတာပန်တစ်ရာ လှူတာထက် သကဒါဂါမ် တစ်ဦးကို လှူတာက ပိုပြီး အကျိုးကြီးမားတယ်။
အဲဒီအတိုင်းပဲ သကဒါဂါမ် တစ်ရာ ထက် အနာဂါမ် တစ်ဦး...
အနာဂါမ် တစ်ရာ ထက် ရဟန္တာ တစ်...
ရဟန္တာ တစ်ရာထက် ပစ္စေကဗုဒ္ဓါတစ်...
ပစ္စေကဗုဒ္ဓါတစ်ရာထက် သမ္မာသမ္ဗုဒ္ဓတစ်...
သမ္မာသမ္ဗုဒ္ဓတစ်ထက် ဗုဒ္ဓပ္ပမုခ ဘုရားအမှူရှိသံဃာများစွာ..
ထို့ ထက် သံဃိက ကျောင်း ဆောက်လုပ် လှူဒါန်းခြင်း...
ထို့ ထက် ကြည်လင်စိတ်ထားနဲ့  သရဏဂုဏ်ဆောက်တည်ခြင်း...
ထို့ ထက် ငါးပါး သီလ ဆောက်တည်ခြင်း...
ထို့ ထက် နွားနို့ တစ်ခါ ညှစ်စာ မေတ္တာပို့  ပွါးများခြင်း...
ထို့ ထက် အစ္ဆရာသင်္ဃာတ- လက်ဖျောက်တစ်ချက် ကာလအတွင်းလေ အနိစ္စသညာ ကိုယ့်ကိုယ်ကို မမြဲပါလား၊ ငါလဲ ဒီလို သဘောရှိပါလားဆိုတဲ့ ၀ိပဿနာဟာ အကျိုးကြီးမားပါ တယ်။

အစ္ဆရာသင်္ဃာတ - တစ်ချက်လေးဟာ အချိန်မကြာဘူး ဆိုပေမယ့် ကိုယ့်ခန္ဓာကို မဆင်ခြင်ဖြစ် တာ များပါမယ်။ များနိုင်ပါတယ်။

ကုန်ကျမှုများစွာထက် သာလွန်တဲ့ လက်ဖျောက်တစ်ချက်လေး ပွါးများမှု အနိစ္စသညာကို ဘာလို့  မေ့ထားသင့်ပါသလဲ ။ ပွါးများဖြစ်အောင် ဆင်ခြင်သင့်ပါတယ်။

ဒါကြောင့် ဘယ်အရိုးပဲ တွေ့ တွေ့  ၊ တွေ့ မြင်လိုက်တိုင်း အနိစ္စသညာကို ပွါးများရင်ဖြင့် အကျိုး လည်းကြီး နိဗ္ဗာန်လည်းနီး ၊ သောကမီးလည်းငြိမ်း၊ ဒုက္ခဘ၀ဇာတ်လမ်းသိမ်းနိုင်တာမို့  ပွါးများကြဖို့ ရာ ရေးသားလိုက်ပါတော့တယ်။


အစ္ဆရာသင်္ဃာတ- လက်ဖျောက်တစ်ချက်
အစ္ဆရာသင်္ဃာတ- လက်ဖျောက်တစ်ချက်
အစ္ဆရာသင်္ဃာတ- လက်ဖျောက်တစ်ချက်


ကျမ်းကိုး-
မူလပဏ္ဏာသ မဟာသတိပဋ္ဌာန်သုတ်၊ စာ-၇၃၊၄၊၅

အဂုင်္တ္တရနိကာယ န၀က၊ ဝေလာမသုတ်၊ ၁၉၅၊၆၊၇


မြတ်ရောင်နီ
( ၂၅ ၊ ၀၈ ၊၂၀၁၀ )


.

Read more...

ဘုန်းကံရှိသူတို့၏ အလုပ်

မေတ္တာ ကရုဏာ အလှူတော်

အကြောင်းအမျိုးကြောင့် ဆင်းရဲဒုက္ခ ရောက်နေသူများကို မေတ္တာ ဖြင့် စောင့်ရှောက်ခြင်း ကရုဏာဖြင့် ယုယခြင်း။ ပြည့်စုံသူတို့အား မုဒိတာပွားခြင်းတို့ သည် မြင့်မြတ်သော သူတော်သူမြတ်များ၏ လမ်းစဉ် ကျင့်စဉ် ဖြစ်သည်။ အစားအစာ အ၀တ် အထည် ဆေးပစ္စည်းကဲ့သို့သော ရုပ်ဝတ္ထုပစ္စည်းများဖြင့် ထောက်ပံ့ခြင်း Misnistry (အာမိသာနုဂ္ဂဟ) နှင့် မေတ္တာစကား အားပေးစကား ဓမ္မတို့ဖြင့် စိတ်ဓာတ်ခွန်အားပေးခြင်း (Missionary (ဓမ္မာနုဂ္ဂဟ) တို့ဖြင့် ချီးမြှောက်ခြင်းသည် ဘုန်းကံရှိသူတို့၏ အလုပ်ဖြစ်သည်။

သီတဂူဆရာတော်ကြီးသည် မေတ္တာအခါနေ့အဖြစ် မေတ္တာကရုဏာအလှူတော်ကြီး ပြုလုပ်မည်ဖြစ်ကြောင်း ဓမ္မစည်ကြီး ရိုက်တီးကာ ကိုယ်ကိုယ်တိုင် ပါဝင်ဦးဆောင်ကာ တပည့် ဒကာ ဒကာများကိုပါ ပါဝင်စေခဲ့သည်။ ၂၁-၈-၂၀၁၀၊ ၀ါခေါင်လဆန်း (၁၁)ရက် နေ့က သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူ တပည့်ဒကာ ဒကာမများက အင်းစိန်ထောင်ရှိ ထောင်ဝန်ထမ်းနှင့် အကျဉ်းသား ကိုးထောင် (၈၀၀၀) ကျော်တို့အား နေ့စာ ညစာတို့နှင့် အခြား အသုံးအဆောင်များကို ပေးကမ်းခြင်းဖြင့် မေတ္တာကရုဏာတော်အလှူကြီး ပြုလုပ်ခဲ့ပါသည်။

ထို အကျဉ်းသား ၈၀၀၀ ကျော်တို့အား-

၁။ ဒံပေါက် (နေ့လည်စာ)
၂။ ထမင်း (ညစာ)
၃။ ကြက်ကြော်
၎။ ပါလချောင်ကြော်
၅။ ငါးပိကြော်
၆။ ငါးပိထောင်း
၇။ ပန်းသစ်တော်၊ ငှက်ပျောသီး
၈။ ပဲကြော်၊ ပဲလှော် အမျိုးမျိုး
၉။ သရက်သီးသနပ်
၁၀။ ကော်ဖီမစ်
၁၁။ ဆပ်ပြာ
၁၂။ အချိုရည်
၁၃။ မြန်မာဆေးပစ္စည်း
၁၄။ အင်္ဂလိပ်ဆေးပစ္စည်း
၁၅။ ဘီစကစ်
၁၆။ မျက်သုပ်ပ၀ါ

စသည်တို့ဖြင့် တစ်ယောက်တစ်ယောက်စီအတွက် ၁၆ မျိုးစီသော အထုပ်အပိုးများ ထုပ်ကာ ၂၀ ရက်နေ့က ကားကြီးကားငယ်များဖြင့် အင်စိန်ထောင်တွင်းသို့ ကြိုတင်ပို့ထားကြရပါသည်။ ၁၉၊ ၂၀ ရက်များတွင် တစ်ယောက်စီအား ဝေငှရန်အတွက် အထုပ်များထုပ်ရန် သီတဂူအထောက်အကူပြု အဖွဲ့များမှ စည်ကားသိုက်မြိုက်စွာ လုပ်အားဒါနပြုကြသည်မှာလည်း ကြည်နူးစရာပင်။

၂၁-၈-၂၀၁၀ နေ့ မနက် ၇ နာရီးကစပြီး အစာအာဟာရများ ဝေငှ လှူဒါန်းရန် သီတဂူသာသနာပြု အဖွဲ့များသည် သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုဗိမာန်တော်မှ အင်းစိန်ဗဟိုထောင်ဆီသို့ ထွက်ခွါကြသည်။ အမျိုးသားဆောင် ၅၊ အမျိုးသမီးဆောင်-၄၊ အမျိုးသမီးချုပ်ဆောင် စသည်တို့ဖြင့် ထမင်းကျွေးရန်မှာ ဌာနပေါင်းများစွာတို့ဖြင့် ခွဲခြားထားသည်။

ထောင်တွင်းတရားပွဲ

နေ့လည် (၂) နာရီတွင် ထောင်တွင်းရှိ ရိပ်သာတွင် ဆရာတော်ကြီးက တရာရေးအေး တိုက်ကျွေးခဲ့ပါသည်။ ၅၀၀ ကျော်သော အကျဉ်းသားများ တရားနာကြားခွင့်ရကြသည်။ ထိုတရားနာခွင့်ရသော အမျိုးသား အကျဉ်းသားမျာသည် အပြာရောင် ၀တ်စုံများ ၀တ်ဆင်ရပြီး အမျိုးသမီးအကျဉ်းသားများကတော့ အပေါ်အဖြူရောင်နှင့် ထမီကိုတော့ သျှားအနှစ်အရောင် (ယောဂီအရောင်)များဝတ်ဆင်ရသည်။ ထောင်တွင်းရှိ အကျဉ်းသားနှင့် ထောင်ဝန်ထမ်းများကလည်း ဆရာတော်ကြီးအား သင်္ကန်း ထီး ဘိနပ်နှင့် အခြားပစ္စည်းများကို စုပေါင်းကာ အလှူဒါန ပြုခွင့်ရကြသည်။

ထိုထောင်တွင်းရိပ်သာဓမ္မာရုံတွင် ဆရာတော်ကြီးက အယောဃရဇာတ်တော်ကို ဟောကြားခဲ့သည်။ ထိုဇာတ်တော်တွင် မင်းသားလေးကို ဘီလူးဘေးအန္တရာယ်မှ ကာကွယ်ရန် သံလှောင်အိမ်ကြီးထဲတွင် ပိတ်ထားရသည်။ ဆရာတော်ကြီးက ထိုဇာတ်တော်ကို အခြေခံပြီး အကျဉ်းသားများအား အားပေးစကားပြောသည်မှာ‘‘ ထောင် ဆိုတာ အနိုင်ထက် စီးနှင်း ညှင်းပန်းနိပ်စက်ရာ ဌာနမဟုတ်၊ လူတစ်ယောက်ရဲ့ ဘ၀ သို့မဟုတ် စိတ်ဓာတ် ပြောင်းလဲပေးရာ (recreation center) ဖြစ်သည်’’ ‘‘မင်းတို့တတွေကိုလည်း ဒီဌာနကြီးက မင်းတို့ဘ၀အတွက် recreation ပြုလုပ်ပေးရာ ဌာနကြီးဖြစ်တယ်’’၊ ကိုယ့်ဘ၀ကို နုညံ့သိမ်မွေ့တဲ့ ဘ၀ဆီသို့ ပြောင်းလဲနိုင်ဘို့ မိန့်ကြားတော်မူခဲ့တယ်။

ဘုန်းကံရှိသူ

ဤအလှူပွဲကြီးကို ကြည့်ပြီး စိတ်ထဲမှာ အတွေးတစ်ခု ၀င်လာသည်။ ဤကဲ့သို့သော ထူးခြားပြီး ခက်ခဲတဲ့အလုပ်မျိုးကို ဘုန်းကံရှိသူတို့သာ ပြုနိုင်ပါတကား။ ဤမျှလောက် များပြားသော လူအင်အား (men power)၊ စိတ်ဓာတ် (mind power)၊ ပစ္စည်းအင်အား ( material power) နှင့် သိန်းပေါင်း ခြောက်ရာကျော် (၆၀,၀၀၀,၀၀၀) ကျပ် (money power) တို့ကို စုစည်းနိုင်ခြင်းသည်လည်း ဘုန်းကံရှိသူများပြုနိုင်တဲ့ အလုပ်ဖြစ်ပါသည်။

ဆရာတော်ကြီး အမြဲပြောသည့်စကားထဲမှာ ‘‘ ဘုန်းကံဆိုတာ အလုပ်ကွ၊ ဘုန်းကြီးက ဘုန်းကြီးတာမဟုတ်ဘူး သာသနာက ဘုန်းကြီးတာ၊ ဘုန်းကြီး သာသနာအတွက် အလုပ်ကျွေးပြုနေတာပါ၊ အလုပ်လုပ်ပေးနေတာပါ’’ ဟူ၍ပင်ဖြစ်ပါသည်။ ဆရာတော်ကြီး၏ အလုပ်တွေကြည့်ပြီးအားကျနေမိသည်၊ ဆရာတော်ကြီး ဘာလုပ်လုပ် နောက်က အုံနှင့်ကျင်းနဲ့ လိုက်လာတဲ့ ပရိသတ်ကြီးက ပါလာသည်၊ ပရိသတ်ကြီးကလည်း ဆရာတော်ကြီး အလုပ်မှန်သမျှတွေကို နောက်ကနေ ပံ့ပိုးပေးဖို့ လက်မနှေး ချက်ချင်းပါဝင်သည် အဆင်သင့်ဖြစ်နေသည်၊ ဤကား ဆရာတော်ကြီး၏ အလုပ် ဘုန်းကံပင်ဖြစ်သည်ထင်ပါသည်။

အဲဒီလောက် လူအုပ်ကြီးက ဆရာတော်ကြီး၏ အလုပ်တွေကို လိုလေသေးမရှိအောင် ပါဝင်လှူးဒါန်းနေခြင်းသည် ဆရာတော်ကြီး၏ မွန်မြတ်သော အလုပ်ကြောင့်သာ ဖြစ်သည်ဟူ၍ မှတ်ချက်ချလိုက်ပါသည်။ သာသနာပြုခွင့်ရခြင်းကိုက ဘုန်းကံရှိသော ကြောင့်ဖြစ်သည်။ဘုန်းကံရှိသော အလှူရှင်အားလုံး၏ မွန်မြတ်သော အလှူဒါနများကို သာဓု အကြိမ်ကြိမ် ခေါ်လိုက်ပါသည်။


၂၁-၈-၂၀၁၀

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

သီတဂူစတား
0 comments

Read more...

ဥခွံထဲက ငှက်ငယ်

Tuesday, 24 August 2010 16:31 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

အရှင်ဉာဏိကာဘိဝံသ

(ကာလီဖိုးနီးယားတက္ကသိုလ်)

အသက်အရွယ်လည်း ကြီးရင့်၊ အမျိုးနွယ်လည်းမြတ်၊ အသိုင်းအဝိုင်းကြားမှာလည်း ထင်ပေါ်ကျော် ကြားတဲ့ ပုဏ္ဏားကြီး တစ်ယောက် မြတ်ဗုဒ္ဓအထံ ရောက်ရှိလာခဲ့တယ်။ သူ့အမည်က ဝေရဉ္ဇတဲ့။

ဂေါတမဟာ အရွယ်သာငယ်ပေမယ့် မာန်မာနကြီးသူ။ ကိုယ့်ထက် အသက်သိက္ခာကြီးရင့်သူတွေကို လည်း အရိုအသေ ပေးရကောင်းမှန်းမသိ။ တော်တော်ရိုင်းသူလို့ သူကကြားထားခဲ့တာ။ အဲဒီကြားမှုက ခုကိုယ်တိုင်ဆုံလိုက်ရတော့ ကြားထား တာတွေက မှန်ပေသား။

ငါ့လို သက်ကြီးရွယ်အို ပုဏ္ဏားတစ် ယောက်ကိုတောင် အရိုအသေမပေးခဲ့ဘူး။ ဂေါတမကိုတော့ ပြစ်တင်စောဒနာမှ တော်တော့မယ်ဆိုတဲ့ အတွေးနဲ့ ဝေရဉ္ဇက မြတ်ဗုဒ္ဓကို - အိုဂေါတမ၊ သင့်ကို လူအများက ပြောကြတယ်။ သင်ဟာ အရွယ် ငယ်သလောက် မာန်မာနကြီးရင့်သူ။ အသက်သိက္ခာကြီးသူတွေကိုလည်း ရိုသေရကောင်းမှန်း မသိသူ။ ဧည့်ဝတ်မကျေသူလို့ ငါကြားသိထားခဲ့တာ။ ခုကြားသိထားတဲ့အတိုင်း မှန်ပေသား-လို့ ပြစ်တင်စကား ပြောကြားခဲ့တယ်။


ဒီတော့ ဗုဒ္ဓက-အိုဝေရဉ္ဖပုဏ္ဏား၊ မိခင်ကြက်မရဲ့ ရင်ငွေ့ထုံမှုကြောင့် ရှစ်လုံး၊ ဆယ်လုံး၊ ဒါမှမဟုတ် တစ်ဆယ့်နှစ်လုံးစတဲ့ ကြက်မြုံတွင်းရှိ ကြက်ဥတွေထဲက ခြေလက်နှုတ်သီးကို အရင်းပြုကာ ဥခွံကို ဖောက်ခွဲကာ ဦးစွာပထမဆုံးထွက်လာတဲ့ ကြက်ငယ်ကို ပေါက်ဖွားလာသမျှ ကြက်ငယ်များထဲမှာ အကြီးလို့ ဆိုရမလား၊ ဒါမှ မဟုတ်၊ အငယ်လို့ ဆိုရမလားလို့ အမေးရှိတော့ ဝေရဉ္ဖာပုဏ္ဏားကြီးက အိုဂေါတမ ပထမဆုံး ဥခွံကိုဖောက်ထွက်ကာ ပေါက်ဖွားလာတဲ့ ကြက်ငယ်ကို ကြက်ငယ်အားလုံး ထဲမှာ အကြီးလို့ ဆိုရမည့်အကြောင်း ပြန်လည်လျှောက်ကြားတယ်။ ဒီတော့ ဗုဒ္ဓက-ပုဏ္ဏားကြီး နည်း တူပဲပေါ့။ မှန်မှန်ကန်ကန် မသိတတ်ပေမယ့် မမှန်မကန်ဆိုလျင်ဖြင့် သိတတ်ပြန်တဲ့ အဝိဇ္ဇာဆိုတဲ့ မောဟဥခွံ ဖုံးကာထားတဲ့ သတ္တဝါတွေရဲ့အလယ်မှာ အဲဒီအဝိဇ္ဇာဥခွံ အဖုံးအကာကို ဦးစွာပထမဆုံး ဖောက်ထွက်ကာ ဝိဇ္ဇာအလင်းရောင်ကို ဦးစွာမြင်တဲ့ ငါဘုရားကိုလည်း အားလုံးထဲမှာ အကြီးဆုံးလို့ ဆိုရကြောင်းကို ရဲရဲဝံ့ဝံ့ မိန့်တော်မူလိုက်တယ်။

ဝေရဉ္ဇနဲ့ မြတ်ဗုဒ္ဓ အပြန်ပြန်အလှန်လှန် စကားတွေ ပြောဆိုဆွေးနွေးအပြီး ဝေရဉ္ဇပုဏ္ဏားကြီးက မြတ် စွာဘုရား အသက်အရွယ်အရ အရှင်ဂေါတမက အငယ်ဖြစ်ပေမယ့် အရှင်က ဝိဇ္ဇာဉာဏ်အလင်းကို အလျင်ရသူမို့ အရှင်သာလျင် အကြီးဖြစ်ပါပေတယ်။ အကျိုးအကြောင်းပြ ဆုံးမတော်မူတဲ့ အရှင်ဘုရား ရဲ့ စကားများကလည်း မျက်စိလည်လမ်းမှားနေသူကို လမ်းမှန်ကို ညွှန်ပြပေးသလို၊ မှောက်ထားတဲ့ အိုး ကို လှန်ပြလိုက်သလို၊ အမှောင်ကြားမှာ စမ်းတဝါးဝါးနဲ့ မမြင်ဝိုးဝါးဖြစ်နေသူကို မီးရှူးတန်ဆောင် ထွန်း ညှိပြသလိုက်သလို အလွန်မှ ရှင်းလင်းလှပါပေရဲ့၊ ကောင်းမွန်လှပါပေရဲ့။ ဒီနေ့ကစလို့ အသက်ထက်ဆုံး အကျွန်ုပ်အား တပည့်ရင်းချာာတစ်ဦးအဖြစ် မှတ်ယူတော်မူပါ၊ တပည့်တော်အိမ်သို့ ကြွရောက်ပြီးလည်း ဆွမ်းအလှူခံယူတော်မူပါ-လို့ လျှောက်ကြားတဲ့အကြောင်း ဖတ်ရတယ်။

ငယ်စဉ် ရဟန်းဖြစ်စ ဓမ္မာစရိယတန်းအတွက် ဝိနည်းပိဋကတ်လာ ပါရာဇိကဏ်ကျမ်းစာကို သင်ယူ စဉ်က ဒီအကြောင်းအရာလေး ဖတ်လိုက်ရတော့ နှစ်သက်သဘောကျ ဖြစ်မိလိုက်တာ၊ ပြောမပြတတ် နိုင်အောင်ပါပဲ။ ဗုဒ္ဓမိန့်တော်မူတဲ့ အဝိဇ္ဇာဥခွံဆိုတဲ့အကြောင်းကို အဝိဇ္ဇာအခွံအကာ ထူထူထဲထဲ ရှိနေ ဆဲမို့ ရေးရေးလေး သဘောပေါက်ဟန်ရှိခဲ့ပေမယ့် နှစ်နှစ်ခြိုက်ခြိုက်တော့လည်း နားမလည်နိုင်ခဲ့ပါဘူး။ သို့ပေမယ့် ဥပမာဖြစ်တဲ့ ကြက်ဥများနဲ့ ကြက်မြုံတစ်ခုရဲ့ အသွင်သဏ္ဍာန်ကတော့ တွေ့မြင်နေကြအရာမို့ ပြည့်ပြည့်ဝဝ နားလည်နိုင်ခဲ့ပါတယ်။ဒါကြောင့် အကွယ်အကာဥခွံကြောင့် ပိန်းပိတ်အောင် မှောင်နေပြီး မလှုပ်နိုင်လောက်အောင် ကျဉ်းကျပ်လွန်းတဲ့ ဥခွံတွင်းမှာ နေထိုင်ရတဲ့ ငှက်ငယ်လေးတွေအကြောင်း စဉ်းစားမိလိုက်လို့လည်း ငှက်လေးတွေကို သနားစိတ် ဖြစ်ခဲ့မိလိုက်ပါသေးတယ်။

တကယ်တော့ ဗုဒ္ဓအလိုအရဆိုလျင်တော့ အဝိဇ္ဇာဥခွံထဲက ဖောက်မထွက်နိုင်သေးသူမှန်သမျှ အကောင်တောင် မပေါက်သေးတဲ့ အနေအထားမို့ ကိုယ့်ကိုယ်ကိုပြန်ကြည့်တော့ ငယ်တယ်လို့တောင် မှ မဆိုနိုင်သေးတဲ့ သဘောပေါ့။ ဥခွံအမှောင်ထဲက သတ္တဝါတစ်ကောင်မို့ သနားစတမ်းဆိုလျင်ဖြင့် ကိုယ့်ကိုယ်ကိုယ်ပင် သနားလှချည်ရဲ့ ဆိုတဲ့ စကားလို ကိုယ့်ကိုယ်ကို သနားရမယ့် အနေပေါ့လေ။

ရဟန်းဆိုတာ ငှက်တစ်ကောင်ပမာ အတောင်သည်သာ ဝန်ရှိစွာ လွတ်လပ်ပေါ့ပါးစွာ တွယ်ရာမဲ့ စိတ် ထားနဲ့ ကျင်လည်ကာ နေထိုင်တတ်ရမယ်တဲ့။အတွယ်ကင်းခြင်းနဲ့ ဝန်ပေါ့ခြင်းကို ငှက်တစ်ကောင်ဘဝ နဲ့ နှိုင်းလို့ မိန့်ကြားထားခဲ့ဖူးတာ။

တနေ့မှာတော့ မဟေသီမဂ္ဂဇင်းထဲကနေ အမှတ်မထင် ကဗျာလေးတစ်ပုဒ်ဖတ်လိုက်ရတယ်။ ကဗျာက ငှက်၏ ဒဿနတဲ့။

ငှက်၏ ဒဿန

ဥခွံထဲ

လေလည်းမတိုး

နေပြောက်မထိုး

စိုးရွံ့ ကြောက်ဆဲ၊

နေ့ရက်စေ့မြောက်

ဥခွံပေါက်သည်

ရောက်ခြည်သစ်

ချစ်တတ်ပြီ။ ။

စမ်းစမ်းတင် (မဟေသီ ၁၉၉၁)

မဟေသီမှာ ဖတ်ခဲ့ရကတည်းက မှတ်မှတ်သားသားရှိနေခဲ့လို့ အလွတ်ရနေမိတဲ့ ကဗျာတစ်ပုဒ်။ မမေ့ မပျောက်နိုင်လောက်ဖူးဆိုတာ သေချာနေပေမယ့် ပိုပြီးသေချာစေဖို့ မှတ်စုစာအုပ်ထဲ ကူးရေးထားခဲ့ တာ။ ဒါပေမယ့် နေရာအရွှေ့အပြောင်းကြောင့် ကူးရေးထားတဲ့ မှတ်စုစာအုပ်လေးက နေရာဟောင်း နဲ့အတူ ပျောက်လွင့်လို့သွားခဲ့ပေမယ့် ဦးနှောက်ထဲမှာ အမှတ်ထင်ထင်ရှိနေခဲ့တဲ့ ကဗျာလေးကတော့ ထင်ကျန်ကာ ရှင်သန်လို့နေဆဲပေါ့။ ဒီကဗျာလေးကို မှတ်မိနေမိတာက ကဗျာနောက်က ဒဿန ကြောင့်ပါ။ သာမန်ကြည့်ရင် ငှက်ကလေး တစ်ကောင်ရဲ့ ဘဝအစဖြစ်စဉ်ကို ရေးဖွဲ့ထားဟန်။ သို့ပေမယ့် ငှက်တစ်ကောင်ရဲ့ ဒဿနဆိုတဲ့ ဒီကဗျာလေးဟာ ငှက်တစ်ကောင်အကြောင်းဆိုတာထက် သတ္တဝါ တစ်ဦး၊ ဒါမှမဟုတ်လည်း လူတစ်ယောက်အကြောင်း ပြောပြနေတယ်ဆိုတာကို ကဗျာဖတ်သူတိုင်း သိကြမှာပါပဲ။

ကျပ်တည်းကျဉ်းမြောင်းလှတဲ့ ဥခွံထဲမှာ လေလည်းမတိုး၊ နေလည်း မထိုးတဲ့ ဘဝနဲ့ နေနေတဲ့ ဥခွံ ထဲက ငှက်လေး။ ဥခွံက ကွယ်ကာထားတော့ သူ့ဘဝဟာ ပိုမိုလုံခြုံနေတယ်လို့ ခံစားမိလေမလား။ ဘဝဆိုတာ ဥခွံတစ်ခုထဲလောက်သာ ကျယ်ပြန့်တယ်လို့ ထင်ကောင်းလည်း ထင်နေမှာ။ မှောင်မိုက် မိုက်မှာ ကျဉ်းမြောင်းကျပ်တည်းစွာ နေထိုင်ရခြင်းဆိုတာ ဘဝရဲ့အဆုံးသတ်မဟုတ်ဘူးဆိုတာ စဉ်းစား ကောင်းမှလည်း စဉ်းစားမိမှာ။ နေမတိုး လေမခ၊ မကြောင့်မကျ နေနေရခြင်းဆိုတာ လှပတဲ့အရာလို့ မဆင်ခြင် မစဉ်းစားပဲ ယုံကြည်နေရင်လည်း ယုံကြည်နေမှာပေါ့။ နောက်ပြီး ပြင်ပကမ္ဘာကြီးထဲကို ထွက် ကြည့်ရမှာကိုလည်း စိုးရွံ့ကြောက်လန့် ဖြစ်ကောင်းလည်းဖြစ်နေမှာပေါ့လေ။

ငှက်တစ်ကောင်ရဲ့ ဒဿနအကြောင်းကို နှစ်ခြိုက်သဘောကျမိနေခဲ့တာ ကြာလှတဲ့ ကိုယ်ကိုယ်တိုင်က တော့ တကယ့်ဥခွံထဲက ငှက်ငယ်တစ်ကောင်နှယ်။ နေခြည်မထိုး၊ လေပြည် မတိုးတဲ့ ဘဝမျိုးနဲ့ နေနေ ရတာကို နှစ်သက်သဘောကျနေခဲ့တာ။ နေခြည်မထိုးလို့ အလင်းမဲ့၊ လေပြည် မတိုးလို့ အချင်းမဲ့ဖြစ်နေ တာကိုတောင်မှပဲ သတိမထားမိနိုင်လောက်အောင်ပါပဲ။ ကိုယ်ကိုယ်တိုင် ဥခွံထဲက ငှက်တစ်ကောင် ပမာ ဖြစ်နေတာကို သတိမထားမိနိုင်လောက်အောင်ပါပဲ။ မြေမှာလျှောက်ဖို့ ခြေထောက်တွေ၊ လေမှာ ပျံဖို့ တောင်ပံတွေနဲ့ အစာကောက်ဖို့ နှုတ်သီးတွေရှိနေတာကို မေ့ထားလို့။ မသုံးပဲထားတဲ့ ခြေထောက် အားနဲ့ ပျံဝဲမကြည့်တဲ့ အတောင်တွေရဲ့အဟုန်ကို ဘယ်လုံပုံနဲ့ သိနိုင်ပါ့မလဲ။ ပျံမှသွားမှ အစွမ်းအစကို သိနိုင်မယ် မဟုတ်လား။

ဥခွံထဲမှာဆိုလျင်တော့ ကိုယ့်ဘဝ ပိုမိုလုံခြုံတန်ကောင်း လုံခြုံမှာပါ။ ဒါပေမယ့် ငှက်တစ်ကောင်ဆိုတာ ဥခွံထဲမှာ အစဉ်ထာဝရ နေနေရုံနဲ့ ဘဝအလှက ပြည့်စုံသွားနိုင်တာမှ မဟုတ်တာ။ ဥခွံထဲမှာချည်း ကိန်းအောင်းနေသင့်တာမျိုးမှလည်း မဟုတ်တာ။ ချိန်တန်စေ့ရောက်လျင်ဖြင့် ငှက်ဆိုတာ ပေါက်ရ စမြဲပဲ မဟုတ်လား။ ကောင်းကင်ကျယ်ကျယ်ထဲမှာ လေဟုန်ဆန်ဖို့ သဘာဝကိုက တောင်ပံတစ်စုံ ဖန်တီးလို့ ပေးထားတယ်လေ။ ဥခွံထဲမှာသာ ဘဝကို ကုန်ဆုံးသွားမယ်ဆိုလျင် အတောင်တစ်စုံ ဖန်တီး ပေးထားခြင်းဆိုတာ ငှက်တစ်ကောင် အတွက် အပိုသက်သက်သာ ဖြစ်လေမှာပေါ့။ အကျဉ်းအမှောင် ကို ကြောက်လျင်ဖြင့် အကျယ်နဲ့ အလင်းကို ကွယ်ကာထားတဲ့ အခွံအကာကို ဖောက်ထွင်းလို့ ထွက်ရ မယ်လေ။

အပြင်လောကထဲကို ထွက်လာတဲ့ ငှက်တစ်ကောင်အတွက် လေဆန်ကိုလည်း ပျံတန်ပျံရမယ်။ နေဒဏ်ကိုလည်း ခံတန်ခံရမယ်။ လေတိုးလို့ အတောင်ကျိုးကောင်းလည်း ကျိုးမယ်၊ နေထိုးလို့ အရောင် ညှိုးကောင်းညှိုးမယ်။ စိုးရွံ့စရာ အနန္တနဲ့ အပျံသင်စ ငှက်တစ်ကောင်ရဲ့ဘဝဟာ အစစ လှပ ကောင်းမှလည်း လှပလိမ့်မယ်။ သို့ပေမယ့် ဥခွံဝကနေ စလို့ မြင်ရတဲ့ အလင်းစနဲ့ လတ်ဆတ်တဲ့ လေပြေတစဟာ ကောင်းကင်ကျယ်ကျယ်ထဲကို ပျံသန်းမယ့် ငှက်တစ်ကောင်ရဲ့ ဘဝအစအတွက် အင်အားစုတစ်ခုတော့ ဖြစ်မှာအသေအချာပါပဲ ဆိုတဲ့အတွေးနဲ့ ဥခွံထဲကနေ ဖောက်ထွက်ဖို့ ခြေ တစ်လှန်း စလိုက်တယ်။ ကမ္ဘာလောကကြီးက ကိုယ့်ကိုယ် အစိမ်းသက်သက် ငှက်တစ်ကောင်အဖြစ် ရက်စက်စွာ ဥပေက္ခာပြုလိမ့်မယ်တော့ မဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက်လေးတစ်ခုနဲ့ပေါ့လေ။

ဗုဒ္ဓမိန့်ကြားတဲ့ အဝိဇ္ဇာဥခွံကို ဖောက်မထွက်နိုင်သေးသည့်တိုင် ဘဝတစ်ခုအတွက် ကန့်သတ်မှုဖြစ်စေ တဲ့ အခွံအကာ အလွှာအထပ်ထပ်ကိုတော့ ကျော်ဖြတ်ကာ ဖောက်ထွက်လို့ ကြည့်ရမယ်လေ။ ငှက်ဆို တာ တစ်ပင်တစ်ကိုင်းထဲမှာတွယ်ကာ အစဉ်နားနေတတ်တဲ့ သတ္တဝါမျိုးမှ မဟုတ်တာ။ နားလည်း နားနေလို့ သင့်တာမျိုးမှလည်း မဟုတ်တာ။ ။

Read more...

ဝါခေါင်လပြည့်နေ့ (သို့) မေတ္တာအခါတော်နေ့…

ဒီနေ့ကတော့ မြန်မာ့ပြက္ခဒိန် သတ်မှတ်ချက်အရ ၁၃၇၂ခုနှစ်၊ ၀ါခေါင်လပြည့်နေ့ သို့မဟုတ် မေတ္တာအခါတော်နေ့ပဲ ဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုဟာ ဗုဒ္ဓဘာသာကို အခြေခံထားတဲ့ ယဉ်ကျေးမှုလို့ ပြောလို့ရလောက်အောင် မြန်မာနိုင်ငံရဲ့ လအသီးသီးမှာလည်း ဘာသာတရားကို အခြေခံထားတဲ့ နေ့ထူးနေ့မြတ်များ ရှိနေပါတယ်။ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့၊ ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ စသဖြင့် သတ်မှတ်ကြသလို ၀ါခေါင်လပြည့်နေ့ကိုလည်း မေတ္တာအခါတော်နေ့လို့ သတ်မှတ်ကာ ကုသိုလ်ကောင်းမှု အထူးထူးကို ပြုလုပ်ကြပါတယ်။ ဒီဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သတ်မှတ်တာကတော့ ဗုဒ္ဓလက်ထက်က ဗုဒ္ဓဘုရားရှင် ဟောတော်မူတဲ့ မေတ္တာသုတ်ကို အကြောင်းပြုပြီး သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ ဒီမေတ္တာသုတ်ကို ၀ါခေါင်လပြည့်နေ့မှာ ဟောတော်မူခဲ့တာ ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ မြန်မာဗုဒ္ဓဘာသာများက ၀ါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။

ဒီမေတ္တာသုတ်ကို ဟောရခြင်းရဲ့ အကြောင်းကို ဗုဒ္ဓစာပေတွေမှာ ဖော်ပြပါရှိပါတယ်။ စာပေအဖွင့်တွေအရ ဗုဒ္ဓလက်ထက်က ရဟန်းတော်များဟာ ၀ါဆိုခါနီး ရောက်တဲ့အခါ အားထုတ်စရာ ကမ္မဋ္ဌာန်း တစ်ခုခုကိုယူပြီး တောရွာတောအုပ် စတဲ့အရပ်တွေမှာ ၀င်ရောက်ပြီး ၀ါတွင်းကာလ တရားဓမ္မနဲ့ ကမ္မဋ္ဌာန်း အလုပ်များ အားထုတ်လေ့ ရှိတယ်ဆိုတာ သိရပါတယ်။ ဒီအစဉ်အလာအတိုင်း မထင်မရှား ရဟန်းငါးရာဟာလည်း ကမ္မဋ္ဌာန်းကိုယူပြီး ဟိမ၀န္တာအနီး တောအုပ်တစ်ခုသို့ ၀င်ရောက်ကာ နီးစပ်ရာ သစ်ပင်များအောက်မှာ ကမ္မဋ္ဌာန်း တရား အားထုတ်ကြပါတယ်။ ဒီအခါမှာ အဲဒီ သစ်ပင်အသီးသီးမှာရှိတဲ့ ဘုမ္မစိုး၊ ရုက္ခစိုးစတဲ့ နတ်တွေဟာ သီလသမာဓိနဲ့ ပြည့်စုံတဲ့ ရဟန်းတော်များ ရောက်လာတဲ့အတွက် သစ်ပင်တွေအပေါ်မှာ မနေသာတော့ပဲ ဒုက္ခရောက်ကြရပါတယ်။ ဒီလိုဒုက္ခရောက်တော့ အဲဒီဘုမ္မစိုး၊ ရုက္ခစိုးစတဲ့ နတ်တွေဟာ ကြောက်မက်ဖွယ်ရာ အမျိုးမျိုးနဲ့ ရဟန်းတော်များ နေလို့မရအောင် ချောက်လန့်တဲ့အတွက် ရဟန်းတော်များဟာ ကြောက်ကြောက်လန့်လန့်ဖြစ်ကာ တရားလည်း အားထုတ်မရဖြစ်ပြီး နောက်ဆုံးဝါတွင်းကြီးမှာပဲ ဘုရားရှင်ထံ ပြန်ရောက်လာကာ အကျိုးအကြောင်း လျှောက်ပြကြပါတယ်။ ဘုရားရှင်က ရဟန်းငါးရာကို မေတ္တာသုတ်ကို သင်ပေးပြီး မေတ္တာပို့ရင်း ကမ္မဋ္ဌာန်း အားထုတ်ကြဖို့ ညွန်ကြားပေးလိုက်ကာ အဲဒီတောအုပ်ကို ပြန်စေပါတယ်။ ရဟန်းတော်များလည်း ဘုရားရှင် ညွန်ကြားတဲ့အတိုင်း မေတ္တာပို့သတဲ့အတွက် ရုက္ခစိုး၊ ဘုမ္မစိုးနတ်တွေဟာ ရဟန်းတော်များရဲ့ မေတ္တာကိုယူရင်း တစ်ဖန်ပြန်ပြီး ရဟန်းတော်များကို စောင့်ရှောက်တဲ့အတွက် ကမ္မဋ္ဌာန်းတရားကို အေးအေးဆေးဆေး အားထုတ်ခွင့်ရခဲ့ ကြတယ်လို့ စာပေမှာ ဖော်ပြပါတယ်။

ဘုရားရှင်ဟာ အဲဒီရဟန်းငါးရာကို မေတ္တာသုတ်ကို သင်ပေးရင်း မေတ္တာတရားတော်ကို ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမေတ္တာရား ဟောကြားတော်မူတဲ့နေ့ကို အစွဲပြုပြီး မြန်မာဗုဒ္ဓဘာသာတွေဟာ ၀ါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။ ဘုရားရှင် ဟောကြားတော်မူတဲ့ မေတ္တာသုတ်ဟာ ဒီနေ့ပရိတ်ကြီး ၁၁သုတ်မှာပါတဲ့ မေတ္တာသုတ်ပဲ ဖြစ်ပါတယ်။ ပိဋကတ်တော်မှာတော့ ခုဒ္ဒကနိကာယ်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီမေတ္တာသုတ်လာ မေတ္တာပွားနည်းကိုပဲ တိပိဋက မင်းကွန်းဆရာတော် ဘုရားကြီးက “လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ” စသဖြင့် အလွယ်တကူ မေတ္တာပွားနိုင်အောင် လင်္ကာဆောင်ပုဒ်လေးများနဲ့ လူအများကို ရွတ်ပွားစေခဲ့တာ ဖြစ်ပါတယ်။

ဆရာတော်ကြီးရဲ့ မေတ္တာပွားနည်းကိုယူပြီး ဘုန်းဘုန်းတို့လည်း တရားဟောတဲ့အခါ ငါးပါးသီလ ပေးပြီးတာနဲ့ ဒီမေတ္တာပွားနည်းကို ရှေ့ကချပေးရင်း ပွားစေခဲ့ပါတယ်။ အထူးသဖြင့်
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ…
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ…
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ…
ဆိုတဲ့ အပိုဒ်လေးတွေကို ထပ်ခါထပ်ခါ ရွတ်ပွားစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ခေတ် လူအတော်များများဟာ ဘယ်မှာနေနေ၊ ဘယ်သူနဲ့တွေ့တွေ့ ဒီမေတ္တာဓာတ်တွေ ကင်းနေကြတာကို တွေ့နေမြင်နေရလို့ပဲ ဖြစ်ပါတယ်။ လူအချင်းချင်း မေတ္တာထားဖို့ နေနေသာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ရင် ဘယ်လိုလှည့်ပတ်လိုက်ရမလဲ၊ ဘယ်လို နှိမ်ချလိုက်ရမလဲ၊ ဘယ်လို ဒုက္ခပေးလိုက်ရမလဲ… လို့ချည်းပဲ စဉ်းစားနေကြတော့ မေတ္တာတရားတွေလည်း ခေါင်းပါးပြီး၊ ရန်ငြိုးဖွဲ့ကြ၊ နိုင်ထက်စီးနင်းလုပ်ကြ၊ ညှင်းပန်းနှိပ်စက် လုပ်ကြတာတွေပဲ များနေတော့တာ ဖြစ်ပါတယ်။ ဒီလို မေတ္တာတရားတွေ ခေါင်းပါးလာကြတဲ့အတွက် လောကကြီးမှာ ဘယ်နိုင်ငံပဲကြည့်ကြည့် ငြိမ်းချမ်းမှုမရှိဘဲ တစ်ဦးနဲ့တစ်ဦး တိုက်ကြခိုက်ကြတာတွေပဲ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လူအချင်းချင်း အတူတူ တစ်ဦးအပေါ်တစ်ဦး ရိုးသားကြဖို့၊ လေးစားကြဖို့၊ ချမ်းသာကိုပေးကြဖို့ မေတ္တာတရား များများထားကြပါလို့ ဆိုကြခြင်း ဖြစ်ပါတယ်။

သိကြတဲ့အတိုင်း မေတ္တာဆိုတာ ချစ်ခင်ခြင်း၊ အကျိုးလိုလားခြင်း သဘောကို ဆောင်တဲ့အတွက် လူအသီးသီးမှာ ဒီမေတ္တာတရားတွေ များများရှိလေ တစ်ဦးနဲ့တစ်ဦး အကျိုးတရားတွေကို များများဆောင်လေ၊ တစ်ဦးချမ်းသာအောင် တစ်ဦးက စောင့်ရှောက်ကြလေ ဖြစ်ကြမှာပါ။ “မေတ္တာဆိုတာ အလျားအနံ မရှိပေမယ့် အသွားအပြန်တော့ ရှိတယ်”ဆိုတဲ့ စကားလိုပဲ မေတ္တာဓာတ်ဟာ မမြင်နိုင်တဲ့ အစွမ်းတွေ ရှိတဲ့အတွက် ကိုယ်ကသူတပါးကို မေတ္တာထားလေလေ သူတပါးကလည်း ကိုယ်ကိုမေတ္တာနဲ့ ပြန်တုံ့ပြန်လေ ဖြစ်မှာပါ။ ကိုယ်ကိုယ်တိုင်က အရင်ဆုံး မေတ္တာထားနိုင်မှ သူတပါးကလည်း ကိုယ့်ကိုပြန်ပြီး မေတ္တာထားလာမှာ ဖြစ်ပါတယ်။ ဒီလို တစ်ဦးနဲ့တစ်ဦး အပြန်အလှန် မေတ္တာထားပြီး သူ့အကျိုး မပျက်စီးအောင်၊ သူတပါးဒုက္ခ မရောက်အောင် နေနိုင်ကြမယ်ဆိုရင် လောကကြီးမှာ ရန်သူဆိုတာ ရှိမှာမဟုတ်ဘဲ ငြိမ်းချမ်းမှုတွေနဲ့ အေးမြနေကြမှာ ဖြစ်ပါတယ်။ ဒီတော့ကား ဘယ်သူတွေ ဘယ်လိုပဲ ဖြစ်ကြပါစေ။ ကိုယ်ကစပြီး သူတပါးအပေါ်ကို မေတ္တာထားနိုင်အောင် ကြိုးစားပြီး မေတ္တာစိတ်လေးတွေနဲ့ နေထိုင်ပြောဆို ပြုမူဆက်ဆံနိုင်အောင် လေ့ကြည့်ကြဖို့ လိုပါတယ်။ ကိုယ်ကမေတ္တာ အားကောင်းလာရင် ရန်သူတောင်မှ ကိုယ့်ကိုပြန်ပြီး မေတ္တာနဲ့ တုံ့ပြန်လာမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အခုလို မေတ္တာအခါတော်နေ့မှာ အားလုံးရဲ့ သန္တာန်မှာ မေတ္တာစိတ်လေးတွေ ကိန်ပြီး ဒေါသလေးတွေ ငြိမ်းကြစေဖို့၊ တစ်ဦးနဲ့တစ်ဦး မေတ္တာလေးတွေ ထားကြည့်ကြဖို့၊ တစ်ဦးချင်းရဲ့ စိတ်မှာ ဘယ်သူ့ဘယ်သူ အပေါ်မှ လှည့်ပတ်ခြင်း၊ ညှင်းစဲခြင်း၊ ဒုက္ခပေးခြင်း စတဲ့ မကောင်းတာတွေ မကိန်းရအောင် ကောင်းတဲ့စိတ်ထားလေးတွေ ထားနိုင်ကြဖို့ မေတ္တာများများ ပွားကြည့်ကြပါလို့ မေတ္တာအခါတော်နေ့ကို သက်သေပြုကာ မေတ္တာတရား ပို့သပေးရင်း အသိပေးစကား ပါးလိုက်ရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလို မေတ္တာ အခါတော်နေ့လေးမှာတော့ မှတ်မှတ်ရရ အနေနဲ့ ဘုရားရှင်ဟောတော်မူခဲ့တဲ့ ဒီမေတ္တာပို့လေးကို ရွတ်နိုင်သမျှရွတ်ပွားရင်း ကိုယ့်သန္တာန်မှာ အခိုက်အတန့်ပဲ ဖြစ်ဖြစ် မေတ္တာဓာတ်များ ကိန်းစေဖို့ မေတ္တာဘာဝနာ ပွားကြည့်ကြပါလို့ တိုက်တွန်းရင်း မေတ္တာသုတ်ကို မြန်မာဆောင်ပုဒ်ပြု သီးကုံးပေးထားတဲ့ မင်းကွန်းဆရာတော်ကြီးရဲ့ မေတ္တာပို့လေးကို တင်ပြလိုက်ပါတယ်။ အားလုံး တစ်ဦးအပေါ်တစ်ဦး မေတ္တာစိတ်နဲ့ ဆက်ဆံပေါင်းသင်းနိုင်ကြပါစေ…။

၁။ လုံးစုံများစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၂။ ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၃။ မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၎။ ဝေးနေ၊ နီးနေ၊ နှစ်ထွေများစွာ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၅။ ဘ၀ဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၆။ ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၈။ ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

Read more...

“The Full Moon Day of War Khaung”

This day(25. 8. 2010) is the full moon day of Wa Khaung. We Buddhists regard the full moon day of Wa Khaung as an auspicious day of Metta (loving-kindness) (Metta A Khar Taw Nayt). Why do we Buddhists regard this day as the Metta (loving-kindness) Auspicious day? I am going to explain to my Dhamma fellows the reason why we Buddhists regard this day as an auspicious day of Metta (loving-kindness).

According to Suttanipata commentary of Kuddaka Nikaya, while residing at Jatavana monastary in Savatthi, the Buddha spoke Metta Sutta, with reference to the five hundred monks.On one occasion, the five hundred monks learnt meditation method under the Buddha. The Buddha taught the objects of meditation them according to their temperaments. As soon as they got the objects of meditation from the Buddha, they went to Himavanta Mountain to practise meditation and they went into monsoon retreat there. After that, some monks practised meditation under the trees and some monks engaged in the course of meditation inside the caves. When Vipassana meditation was practised by the monks, the spirits who had been living in the caves got out of caves and the spirits who were in the trees got down from the trees. They have done so for a long time. As a result of it, they got angry with them and made them frighten with the dreadful visible form, sound and foul odour. The monks who were being harassed by the ghosts could not continue to stay there. Thus, they went back to Jatavana monastery in Savatthi even a period of Vassa(War Twin Kar La). When the Buddha asked them “Why do you come back here during rainy season?” they explained to the Buddha their experiences. When the Buddha knew of it very well, He expounded them the Metta Sutta (Loving-kindness meditation)
which can be loved and looked after by the spirits and gave them the object of Metta.

Having got it, they went back to Himalaya Mountain and went into the second monsoon retreat (Du Ti Ya War) there. And then, they cultivated the Metta meditation to all beings including the spirits who are living in the trees and caves. When the spirits knew that the five hundred monks were cultivating Metta meditation to all of them, they helped the five hundred monks to meditate easily. So the five hundred monks could practiced Metta meditation happily and easily. Through it (Metta meditation), they noticed the arising and disappearing of the five aggregates (Khan Dar Ngar Par ). As they kept meditating on the arising and disappearing of the five aggregates (Khan Dar Ngar Par ), they gradually attained the two high developedstages of Vipassana knowledge, namely Yathabhutanana (knowledge according to reality) and Nibbindanana(the knowledge of disgust); and eventually they gained the Arahattamagganana
(Path knowledge) during rainy retreat. When we search for the reason why the five hundred monks attained to Arahants, it was because of the basic Metta meditation.That day which the Buddha taught the Metta Sutta the five hundred monks was the full moon day of Wa Khaung. That is why we Buddhists regard the full moon day of Wa Khaung as an auspicious day of Metta (loving-kindness) (Metta A Khar Taw Day). At an auspicious day of Metta, loving-kindness (the full moon day of War Khaung), we should practised Metta meditation.

The Meaning of Metta
In this case, I am going to explain to you about Metta(loving-kindness) The term of Mettā has been translated as "loving-kindness," "friendliness," "benevolence," "amity," "friendship," "good will," "kindness," "love," "sympathy," and "active interest in others." It is one of the ten pāramitās of the Theravāda school of Buddhism, and the first of the four Brahmavihāras. The mettā bhāvanā ("cultivation of mettā") is a popular form of meditation in Buddhism. The object of mettā meditation is loving kindness (love without attachment). Traditionally, the practice begins with the meditator cultivating loving kindness towards themselves, then their loved ones, friends, teachers, strangers, enemies, and finally towards all sentient beings. Commonly, it can be used as a greeting or closing to a letter or note. Buddhists believe that those who cultivate mettā will be at ease because they see no need to harbour ill will or hostility. Buddhist teachers may even recommend meditation on mettā as an antidote to insomnia and nightmares. It is generally felt that those around a mettā-full person will feel more comfortable and happy too. Radiating mettā is thought to contribute to a world of love, peace and happiness. Mettā meditation is considered a good way to calm down a distraught mind by people who consider it to
be an antidote to anger. According to them, someone who has cultivated mettā will not be easily angered and can quickly subdue anger that arises, being more caring, more loving, and more likely to love unconditionally. Recent neurological studies have shown that compassion meditation can increase one's capabilities for empathy by changing activity in brain areas and increase the subject's ability to understand the mental and emotional states of othersas well as deal more effectively with external stressors.

The Various kinds of way for Radiating Metta
In the Khuddaka Nikaya's Paṭisambhidāmagga, traditionally ascribed to Ven. Sariputta, is a section entitled Mettākathā (Ps. 2.4, "Metta Instruction").In this instruction, a general formula (below, in English and Pali), essentially identical to the aforementioned Cunda Kammaraputta Sutta verse (especially evident in the Pali), is provided for radiating metta:
"May all beings be
free from enmity, affliction and anxiety,
and live happily." Sabbe sattā
averā abyāpajjā anīghā
sukhī attānaṃ pariharantu.
In addition, this instruction categorizes twenty-two ways in which "the mind-deliverance of lovingkindness" (mettācetovimutti) can be radiated as follows:
• five ways of "unspecified pervasion" (anodhiso pharaṇā):
6. all beings (sabbe sattā )
7. all breathing things (sabbe pāṇā bhāvapariyāpannā)
8. all creatures (sabbe bhūtā bhāvapariyāpannā)
9. all persons (sabbe puggalā bhāvapariyāpannā)
10. all with a personality (sabbe attabhāvapariyāpannā)
• seven ways of "specified pervasion" (anodhiso pharaṇā):
8. all women (sabbā itthiyo)
9. all men (sabbe purisā)
10. all Noble Ones (sabbe ariyā)
11. all non-Noble Ones (sabbe anariyā)
12. all deities (sabbe devā)
13. all humans (sabbe manussā)
14. all born in lower realms (sabbe vinipātikā)
• ten ways of "directional pervasion" (disā-pharaṇā):
11. of the eastern direction (puratthimāya disāya)
12. of the western direction (pacchimāya disāya)
13. of the northern direction (uttarā disāya)
14. of the southern direction (dakkhīṇāya disāya)
15. of the eastern intermediate direction (puratthimāya anudisāya)
16. of the western intermediate direction (pacchimāya anudisāya)
17. of the northern intermediate direction (uttarā anudisāya)
18. of the southern intermediate direction (dakkhīṇāya anudisāya)
19. of the downward direction (heṭṭhimāya disāya)
20. of the upward direction (uparimāya disāya).
Moreover, the directional pervasions can then be applied to each of the unspecific and specific pervasions. For instance, after radiating metta to all beings in the east (Sabbe puratthimāya disāya sattā ...), one radiates metta to all beings in the west and then north and then south, etc.; then, one radiates metta to all breathing things in this fashion (Sabbe puratthimāya disāya pāṇā ...), then all creatures, persons,and so forth until such is extended for all those born in the lower realms.In the Metta Sutra, the Buddha has expounded the nature of love in Buddhism. ‘Just as a mother would protect her only child even at the risk of her own life, even so, let one cultivate a boundless heart towards all beings. Let his thoughts of boundless love pervade the whole world, above, below and across without any obstruction, without any hatred, without any enmity.’ If we can radiate Metta to all beings so, we are sure to get the benefits of radiation of Metta.
The Benefits of Radiation of Metta
He who practices ‘METTA’ sleeps happily & sleeps immediately on closing his eyes.
As he goes to sleep with a loving heart, he awakes with an equally loving heart.
He will not have bad dreams, either he falls into ‘ deep sleep’ or have pleasant dreams.
He becomes dear to all human beings. As he loves other, so do others love him.
He becomes dear to non-human beings as well. Animals are also attracted to him.
He becomes immune from poison fire & weapons. These do not affect him.
'METTA’ leads to quick mental concentration.
Invisible deities protect him because of the power of his ‘METTA’.
‘METTA’ tends to beautify his facial expressions. His face becomes serene.
He dies peacefully. Even after death, his serene face reflects his peaceful death. Since a person
with ‘METTA’ dies happily, he will be born in a blissful state. He will be born is a ‘Brahmin realm.’
I conclude my Dhamma message here while I admonish all of my Dhamma fellows “Please radiate your Metta to all beings from the full moon day of Wa Khaung(Metta A Khar Taw Nayt) onward if you want to get the benefits of radiation of Metta”. May all of my Dhamma fellows and all livingbeings be free from enmity, affliction and anxiety, and live happily!
0 comments

Read more...

မျက်နှာသာ မပေးလေရော့သလား မိုးရယ်

မနှစ်က နေရဉ္ဇရာ(အထက်)
ယခုနှစ် နေရဉ္ဇရာ
..............................

မိုး
အပြစ်တော့မဆိုရက်ပါ
ယခင်နှစ်တွေကဆို
သြဂုတ်လမှာ
သဲကြီးမဲကြီး
ဂယာနယ်မှာ
မိုးတွေရွာလို့
နေရဉ္ဇရာ မြစ်ပြင်ကျယ်ဟာလည်း
အလျှံပေ ရေတွေနဲ့
ကြည့်မဆုံး ရှုမဝ
ပသာဒရှုခင်းက
ညှို့ယူဆွဲဆောင်နေခဲ့တယ်။
ခုတော့…
သြဂုတ်လတောင် ကုန်တော့မယ်
အရွာကျဲတဲ့ မိုး
ဘယ်များရောက်နေပါလိမ့်
သဘာဝကပဲ ရှောင်လွှဲနေတာလား
မိုးကပဲ မျက်နှာသာမပေးတာလား
နေရဉ္ဇရာ မြစ်ပြင်ကျယ်မှာ
ရေမှုန် ရေပေါက်တွေကင်းပျောက်
ခြောက်သွေ့ဒဏ်ကို သူခံရင်း
မျက်ရည်စက်တွေနဲ့ သူငိုနေ
မိုးကိုပဲတမ်းတနေမိတယ်။
မျက်နှာသာ မပေးလေရော့သလား မိုးရယ်
သစ္စာရောင်ခြည်
၂၄-၈-၂၀၁၀

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP