ကရုဏာလက်များ ကမ်းလင့်ပေးပါ...

စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com

Wednesday, August 18, 2010
*အရုဏ်တက်မှ နေထွက်ပါတယ် (အရှင်ဆေကိန္ဒ)*
စဉ် | တရားအမည် | တရားနာရန် |
၁ | အပိုင်း(၁) | Download |
၂ | အပိုင်း(၂) | Download |
၃ | အပိုင်း(၃) | Download |
၎ | အပိုင်း(၄) | Download |
၅ | အပိုင်း(၅) | Download |
၆ | အပိုင်း(၆) | Download |
၇ | အပိုင်း(၇) | Download |
၈ | အပိုင်း(၈) | Download |
၉ | အပိုင်း(၉) | Download |
၁၀ | အပိုင်း(၁၀) | Download |
၁၀။ အရုဏ်တက်မှ နေထွက်ပါတယ် တရားတော်
http://ifile.it/oyt4un8/
ဖိုးသား
Posted by sonesiyar.blogspot.com at 11:46 PM
Labels: တရားတော်များ (အရှင်ဆေကိန္ဒ) comments (0)
Read more...သမုစ္စည်းပိုင်း - သဗ္ဗသင်္ဂဟ
..... သစ္စာ ၄-ပါးနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့် ပထမ ဒုက္ခလာသလဲ?၊ ဒုက္ခပြီးတော့ သမုဒယ၊ သမုဒယပြီးတော့ နိရောဓ၊ နိရောဓပြီးတော့ မဂ္ဂဟောသလဲ? ဆိုတာကို နားလည်ဖို့ ကောင်းတယ်။
ဘာကြောင့်လည်းဆိုတော့ သစ္စာနဲ့ပတ်သက်ပြီးတော့ စကားပြောစရာတွေက များတယ်။
အဲဒီတော့ လင်္ကာလေး ဖတ်ပြမယ် နော်။
လောကီမှာ သာယာစရာ တွေ့ပြီးတော့ လူတွေက ပျော်ပါးနေကြတယ်။
ဒီသတ္တဝါတွေကို ဒါဟာ ဒုက္ခပဲလို့ တရားသံဝေဂရသွားအောင် ဆိုပြီးတော့ ဒုက္ခသစ္စာကို မြတ်စွာဘုရားက ဟောတော်မူတယ် တဲ့။
ဒီဒုက္ခကလည်း အကြောင်းကင်းပြီးတော့ ဖြစ်တာ မဟုတ်ဘူး တဲ့။
“မဟာဗြဟ္မ၊ ထာဝရဟု၊ ဘုရားတစ်သင်း၊ မဖန်ဆင်းတည့်၊ ထန်ပြင်းသော့သွမ်း၊ တဏှာစွမ်းကြောင့်၊ ပရမ်းပတာ၊ ဖြစ်ကြရာဟော၊ သမုဒယော။” တဲ့။
တဏှာကြောင့် ဖြစ်တဲ့ အကြောင်းကို မြတ်စွာဘုရား ဟောတော်မူတယ် တဲ့။
ကောင်းပြီ။ ဒုက္ခတော့ သိပါပြီ။ ဒုက္ခလွတ်တာများ မရှိဘူးလားလို့ ရတက်ဖြာတဲ့ အခါမှာ။
ဒါဟာ စိတ်သက်သာရာ ရအောင် ဆိုပြီးတော့ နိရောဓသစ္စာကို တတိယမြောက် ဟောတော်မူတယ်။
“နိဗ္ဗာနနန်း၊ ရောက်ဖို့မှန်းက၊ ဤလမ်းဖြင့်တက်၊ ဤမဂ်ကိုပွား၊ မိန့်သည့်လားသို့၊ လေးပါးမြောက်တွင်၊ မဂ်လမ်းထွင်သည်၊ ဟောစဉ်လက်ရိုး ဆူဆူတည်း။” တဲ့။
နိရောဓသစ္စာပြီးတော့ နိဗ္ဗာန်ရောက်ချင်ရင် ဒါတွေ ကျင့်ကြ၊ ဒီလမ်းလိုက်ကြပါလို့ ပြောဖို့ရန် မဂ္ဂသစ္စာကို ဟောတော်မူသည်။
ဒါက သစ္စာ ၄-ပါး။
(အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက် အပတ်စဉ် ၄၆ မှ)
+++++
အလုံးစုံသော တရားအစုတို့ကို ပြဆိုသော အပိုင်း ဖြစ်၏။
ဤအပိုင်းတွင် ခန္ဓာငါးပါး၊ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါး၊ သစ္စာ ၄-ပါး တို့ကို ပြ၏။
ခန္ဓာကို ခန္ဓာရိုးရိုးနှင့် ဥပါဒါနက္ခန္ဓာ ဟူ၍ နှစ်မျိုး ခွဲပြီး ပြ၏။
ခန္ဓာ = ခန္ဓ (ပါဠိ) = အပေါင်းအစုရှိသော တရားမျိုး
အပေါင်းအစုဆိုရာ၌ ထိုထို တရားမှာ -
ကာလ ၃-ပါး = အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကွဲပြားမှု
အဇ္ဈတ္တ၊ ဗဟိဒ္ဓ = အတွင်း/မိမိသဏ္ဍာန်၊ အပ/သူတပါးသဏ္ဍန်၌ဖြစ်သော တရားဟု ခွဲခြားနိုင်မှု
ဒူရ၊ အာသန္န = ဝေးခြင်း/အသိခက်ခြင်း၊ နီးခြင်း/သိလွယ်ခြင်း ကွဲပြားမှု
ဟီန၊ ပဏီတ = ယုတ်ညံ့ခြင်း၊ မြတ်ခြင်း ကွဲပြားမှု
သြဠာရိက၊ သုခုမ = ကြမ်းတမ်းခြင်း/သိလွယ်ခြင်း၊ သိမ်မွေ့ခြင်း/အသိခက်ခြင်း ကွဲပြားမှု စသည် ရှိ,မရှိကို ကြည့်၍ ရှိလျှင် ခန္ဓာဖွဲ့၏။
ရုပ် ၂၈-ပါးထဲက စက္ခုပသာဒ တစ်ခုတည်းကို ခန္ဓာ ခေါ်၍ ရ၏။ သောတပသာဒ တစ်ခုတည်းကို ခန္ဓာ ခေါ်၍ ရ၏။
(၁) ရူပက္ခန္ဓာ = ရုပ် ၂၈-ပါး
(၂) ဝေဒနာက္ခန္ဓာ = ဝေဒနာစေတသိက်
(၃) သညာက္ခန္ဓာ = သညာစေတသိက်
(၄) သင်္ခါရက္ခန္ဓာ = ဝေဒနာ သညာမှ ကြွင်းသော စေတသိက် ၅၀
(၅) ဝိညာဏက္ခန္ဓာ = စိတ် ၈၉-ပါး
ရုပ်, သင်္ခါရ, ဝိညာဏတို့သည် အပေါင်းအစု ရှိကြ၍ ရူပက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာဟု ဆိုသင့်သော်လည်း တစ်ပါးတည်းသာဖြစ်သော ဝေဒနာ၊ သညာကို အဘယ့်ကြောင့် ခန္ဓာဟု ခေါ်ဆိုအပ်ပါသနည်းဟူမူ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခဝေဒနာဟူ၍လည်းကောင်း၊ စက္ခုသမ္ဖဿဇာသညာ, သောတသမ္ဖဿဇာသညာ, ဃာနသမ္ဖဿဇာသညာ, ဇိဝှါသမ္ဖဿဇာသညာ, ကာယသမ္ဖဿဇာသညာ, မနောသမ္ဖဿဇာသညာဟူ၍လည်းကောင်း၊ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဒူရ, အာသန္န, ဟီန, ပဏီတ, သြဠာရိက, သုခုမဟုဆိုအပ်သော ၁၁-ဌာန၌ ဖြစ်ကုန်သော ဝေဒနာအချင်းချင်း၊ သညာအချင်းချင်း ပေါင်း၍ ယူအပ်သောကြောင့် ခန္ဓာဟု ဆိုအပ်ပါသည်။
ဥပါဒါန်နှင့် စွဲလမ်း၍ ရသော ခန္ဓာမျိုးကို ဥပါဒါနက္ခန္ဓာဟု ခေါ်၏။
ဥပါဒါန်တရားတို့၏ အာရုံဖြစ်ကုန်သော ခန္ဓာတို့သည် ဥပါဒါနက္ခန္ဓာ မည်၏။
တရားကိုယ်မှာ ဝိညာဏုပါဒါနက္ခန္ဓာ၌ လောကီစိတ် ၈၁-ပါးကို ကောက်သည်သာ ထူး၏။
(၁) ရူပုပါဒါနက္ခန္ဓာ = ရုပ် ၂၈-ပါး
(၂) ဝေဒနုပါဒါနက္ခန္ဓာ = လောကီစိတ်မှာ ယှဉ်သော ဝေဒနာစေတသိက်
(၃) သညုပါဒါနက္ခန္ဓာ = လောကီစိတ်မှာ ယှဉ်သော သညာစေတသိက်
(၄) သင်္ခါရုပါဒါနက္ခန္ဓာ = လောကီစိတ်မှာ ယှဉ်သော ဝေဒနာ, သညာမှ ကြွင်းသော စေတသိက် ၅၀
(၅) ဝိညာဏုပါဒါနက္ခန္ဓာ = လောကီစိတ် ၈၁
လောကီ, လောကုတ္တရာ အကုန်လုံး ပေါင်း၍ ပြလိုတော်မူသောကြောင့် မြတ်စွာဘုရားသည် ခန္ဓာဒေသနာကို ဟောတော်မူ၏။
လောကီတရားသက်သက်ကို ပြလိုတော်မူသောကြောင့် မြတ်စွာဘုရားသည် ဥပါဒါနက္ခန္ဓာကို ဟောတော်မူ၏။
ဝိပဿနာရှုစရာ အာရုံအနေဖြင့် ပြလိုတော်မူရင်း ဖြစ်၏။
အာယတန၏ အဓိပ္ပာယ်မှာ ရှည်လျားလှစွာသော ဝဋ်ဆင်းရဲကို ဖြစ်စေတတ်သောကြောင့် အာယတန မည်၏။
(၁) စက္ခာယတန (စက္ခုပသာဒရုပ်)
(၂) သောတာယတန (သောတပသာဒရုပ်)
(၃) ဃာနာယတန (ဃာနပသာဒရုပ်)
(၄) ဇိဝှါယတန (ဇိဝှါပသာဒရုပ်)
(၅) ကာယာယတန (ကာယပသာဒရုပ်)
(၆) မနာယတန (စိတ် ၈၉-ပါး)
(၇) ရူပါယတန (ရူပါရုံ)
(၈) သဒ္ဒါယတန (သဒ္ဒါရုံ)
(၉) ဂန္ဓာယတန (ဂန္ဓာရုံ)
(၁၀) ရသာယတန (ရသာရုံ)
(၁၁) ဖောဋ္ဌဗ္ဗာယတန (ပထဝီ, တေဇော, ဝါယောဟုဆိုအပ်သော ဖောဋ္ဌဗ္ဗာရုံ)
(၁၂) ဓမ္မာယတန (စေတသိက် ၅၂၊ သုခုမရုပ် ၁၆၊ နိဗ္ဗာန်)
တစ်ဦးတစ်ယောက်သော သတ္တဝါတို့၏ အလိုသို့ မလိုက်ပါမူ၍ မိမိ၏ သဘောကိုသာလျှင် တည့်တည့်မတ်မတ် ဆောင်ရွက်တတ်သောကြောင့် ဓာတ် မည်၏။
ပါဠိလို တိုက်ရိုက်အဓိပ္ပာယ်မှာ မိမိ၏ ပင်ကိုယ်သဘောကို ဆောင်တတ်သည်ဟု အဓိပ္ပာယ်ရ၏။
(၁) စက္ခုဓာတ် (စက္ခုပသာဒရုပ်)
(၂) သောတဓာတ် (သောတပသာဒရုပ်)
(၃) ဃာနဓာတ် (ဃာနပသာဒရုပ်)
(၄) ဇိဝှါဓာတ် (ဇိဝှါပသာဒရုပ်)
(၅) ကာယဓာတ် (ကာယပသာဒရုပ်)
(၆) မနောဓာတ် (ပဉ္စဒွါရာဝဇ္ဇန်း + သမ္ပဋိစ္ဆိုင်း ၂)
(၇) ရူပဓာတ် (ရူပါရုံ)
(၈) သဒ္ဒဓာတ် (သဒ္ဒါရုံ)
(၉) ဂန္ဓဓာတ် (ဂန္ဓာရုံ)
(၁၀) ရသဓာတ် (ရသာရုံ)
(၁၁) ဖောဋ္ဌဗ္ဗဓာတ် (ဖောဋ္ဌဗ္ဗာရုံ)
(၁၂) ဓမ္မဓာတ် (စေတသိက် ၅၂၊ သုခုမ ၁၆၊ နိဗ္ဗာန်)
(၁၃) စက္ခုဝိညာဏဓာတ် (စက္ခုဝိညာဏ် ၂)
(၁၄) သောတဝိညာဏဓာတ် (သောတဝိညာဏ် ၂)
(၁၅) ဃာနဝိညာဏဓာတ် (ဃာနဝိညာဏ် ၂)
(၁၆) ဇိဝှါဝိညာဏဓာတ် (ဇိဝှါဝိညာဏ် ၂)
(၁၇) ကာယဝိညာဏဓာတ် (ကာယဝိညာဏ် ၂)
(၁၈) မနောဝိညာဏဓာတ် (မနောဓာတ် ၃ နှင့် ပဉ္စဝိညာဏ်ဒွေး မပါ၊ ကျန် စိတ် ၇၆-ပါး)
(၁) စက္ခုဝိညာဏဓာတ်
(၂) သောတဝိညာဏဓာတ်
(၃) ဃာနဝိညာဏဓာတ်
(၄) ဇိဝှါဝိညာဏဓာတ်
(၅) ကာယဝိညာဏဓာတ်
(၆) မနောဓာတ်
(၇) မနောဝိညာဏဓာတ်
မနောဓာတ်သည် ဝိညာဏဓာတ်မဟုတ်သော်လည်း စိတ်ဖြစ်နေသောကြောင့် တခြား ဝိညာဏဓာတ်များနှင့် ပေါင်း၍ ဝိညာဏဓာတ်ဟု ခေါ်ခြင်း ဖြစ်၏။
တိတိကျကျဆိုသော် မနောဓာတ်သည် မနောဓာတ်သာ ဖြစ်၏။
မနာယတန(စိတ် ၈၉)မှ ဓာတ်အဖြစ် ၇-ပါး ခွဲခြားဖော်ပြခြင်း ဖြစ်၏။
သစ္စာဆိုသည်မှာ အမှန်တရားကို ဆို၏။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ပြောသည့်အတိုင်း ဟုတ်မှန်ခြင်းကို ဆို၏။
(၁) ဒုက္ခသစ္စာ
လောကီစိတ် ၈၁၊ လောဘကြဉ်သော စေတသိက် ၅၁၊ ရုပ် ၂၈ - ဤ တေဘူမိကဖြစ်သော ဝဋ်တရားသည် ဒုက္ခသစ္စာ မည်၏။
(၂) သမုဒယသစ္စာ
ဒုက္ခ၏ အကြောင်းဖြစ်သော တဏှာဟူသော လောဘစေတသိက်သည် သမုဒယသစ္စာ မည်၏။
(၃) နိရောဓသစ္စာ
ဒုက္ခ၊ သမုဒယ နှစ်ပါးတို့၏ ချုပ်ရာချုပ်ကြောင်းဖြစ်သော နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။
(၄) မဂ္ဂသစ္စာ
နိရောဓသို့ရောက်ကြောင်း မဂ်စိတ် ၄-ခု၌ ရှိသော မဂ္ဂင်တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။
သစ္စာ ၄-ပါးမှ လွတ်ခြင်းကို သစ္စဝိမုတ်ဟု ခေါ်၏။
အဘိဓမ္မာနည်းအရ မဂ်စိတ္တုပါဒ် ၂၉ (မဂ်စိတ် ၄-ပါးကို လက္ခဏာတူသဖြင့် တစ်ပါးတည်း ပြု၍ ၎င်းနှင့်ယှဉ်သော စေတသိက် ၂၈-ပါးကို ပေါင်းသော် မဂ်စိတ္တုပါဒ် ၂၉ ဖြစ်၏။)၊ ဖိုလ်စိတ္တုပါဒ် ၃၇ (ဖိုလ်စိတ် ၄-ပါးကို လက္ခဏာတူသဖြင့် တစ်ပါးတည်း ပြု၍ ၎င်းနှင့်ယှဉ်သော စေတသိက် ၃၆-ပါးကို ပေါင်းသော ဖိုလ်စိတ္တုပါဒ် ၃၇ ဖြစ်၏။)တို့သည် သစ္စာ ၄-ပါး၌ မပါဝင်သဖြင့် သစ္စာ ၄-ပါးမှ လွတ်၏။
ဒုက္ခသစ္စာထဲမှာ လောကီစိတ်သာ ပါ၏။ လောကုတ္တရာစိတ် မပါ။
သမုဒယသစ္စာမှာ လောဘစေတသိက် ဖြစ်၏။
နိရောဓသစ္စာမှာ နိဗ္ဗာန် ဖြစ်၏။
မဂ္ဂသစ္စာမှာ မဂ်စိတ် ၄-ပါး၌ ရှိသော မဂ္ဂင် ၈-ပါး ဖြစ်၏။
ထို့ကြောင့် မဂ်စိတ္တုပါဒ် ၂၉ နှင့် ဖိုလ်စိတ္တုပါဒ် ၃၇ တို့သည် သစ္စာ ၄-ပါးမှ လွတ်၏။
သုတ္တန်နည်းအလိုမူ သစ္စာ ၄-ပါးမှ လွတ်သောတရား လောကမှာ မရှိဟု အဋ္ဌကထာ၌ ပြဆို၏။
အထူးမှတ်ဖွယ်တစ်ခုမှာ ဒုက္ခသစ္စာအကြောင်း ပြောသောအခါ သက်ရှိကိုသာ ရည်ရွယ် ပြောဆိုရ၏။ သက်မဲ့နှင့် မဆိုင်ပေ။
+++++
စာကိုး
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”
ဓမ္မဟေဝန် ဝိပဿနာ အလှူတော်
၁၀ ရက်စခန်းက ၁၃-၈-၂၀၁၀ ကနေ ၂၂-၈-၂၀၁၀ ဖြစ်တာမို့ အဘိုးအဘွားတွေ သြဂုတ်လ ၁၂ ရက်နေ့ ညနေမှာ ရိပ်သာ စဝင်ကြတယ်။ အကျိုးဆောင် ကမကထပြုပေးသူက ဓမ္မဟေဝန်က ကိုဇော်နိုင်ထွန်း (ဖုန်း -၀၇၃၀၁၃၅၃၀) နဲ့ မိတ်ဆွေများ ဖြစ်ပါတယ်။
ရိပ်သာဝင် အားထုတ်မယ့် လူကြီးများက
၁။ ဦးနီ အသက် (၈၀) ရွာသစ် ငုရွှေဝါလမ်းမကြီး
၂။ ဦးစိန်ဝင်း (၇၁) နှစ်၊ ၄ -၆၇ ရွာသစ် ငုရွေဝါလမ်းမကြီး
၃။ ဒေါ်ထွေး (၇၀) အမှတ် (၆၂) ၀ပ်ရှော့လမ်း ထောက်ကြန့်လမ်းဆုံပိုင်း
၎။ ဒေါ်ကြည်ကြည်ဆွေ (၇၀) ၃-၅၉၇ မြမဉ္ဖူလမ်း
၅။ ဒေါ်သန်း (၇၀) ကမာရွတ် ၆၂ သီရိလမ်း
၆။ဒေါ်တင်ရီ (၇၅)နှစ် ရွေပြည်သာ
၇။ ဦးကျော်ငြိမ်း (၇၂) နှစ် ရွာသစ်ကွင်းစပ်
၈။ ဦးအောင်ခင် (၈၄) နှစ် ကိုးလုံးကွင်း ကြက်ဖြူကန် မှော်ဘီ
၉။ ဒေါ်ညွန်ရွေ (၆၄) နှစ် ၁၁- ခတ္တလမ်း ဂူကြီးကုန်း
၁၀။ ဒေါ်မေလွင် (၆၇)နှစ် စစ်တောင်းလမ်း ရွေပြည်သာ
အဖွဲ့ခွဲအမှတ် (၁၃၆) မိုးကုတ်ဝိပဿနာ ဂူကြီးကုန်းကျောင်းတိုက်၊ ထောက်ကြံ့ 
ဝါတွင်း / ၀ါပ ကျင်းပပြုလုပ်မည့် တရားစခန်းပွဲများ
ဝါဆိုလစခန်းပွဲ - ၀ါဆိုလဆန်း (၃) ရက်မှ ၀ါဆိုလဆန်း (၁၂) ရက်ထိ၊
အသံတိတ်စခန်းပွဲ - ၀ါဆိုလပြည့်ကျော် (၃) ရက်မှ ၀ါဆိုလပြည့်ကျော် (၁၂) ရက်ထိ၊
ဝါခေါင်လစခန်းပွဲ - ၀ါခေါင်လဆန်း (၃) ရက်မှ ၀ါခေါင်လဆန်း (၁၂) ရက်ထိ၊
အသံတိတ်စခန်းပွဲ - ၀ါခေါင်လပြည့်ကျော် (၃) ရက်မှ ၀ါဆိုလပြည့်ကျော် (၁၂) ရက်ထိ၊
တော်သလင်းလစခန်းပွဲ - တော်သလင်းလဆန်း (၃) ရက်မှ တော်သလင်းလဆန်း (၁၂) ရက်ထိ၊
အသံတိတ်စခန်းပွဲ - တော်သလင်းလပြည့်ကျော် (၃) ရက်မှ တော်သလင်းလပြည့်ကျော် (၁၂) ရက်ထိ၊
သီတင်းကျွတ်လစခန်းပွဲ - သီတင်းကျွတ်လဆန်း (၃) ရက်မှ သီတင်းကျွတ်လဆန်း (၁၂) ရက်ထိ၊
ဒီဇင်ဘာစခန်းပွဲ - ဒီဇင်ဘာ (၂၄) ရက်မှ ဇန်န၀ါရီလ (၂) ရက်ထိ၊
သင်္ကြန်စခန်းပွဲ - အင်္ဂလိပ်ရက် ဧပြီ (၁၁) ရက်မှ ဧပြီ (၂၀) ရက်ထိ
အာရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ အချိုပွဲများ လှူဒါန်းလိုပါက အမှုဆောင်အဖွဲ့နှင့် ဆက်သွယ်လှူဒါန်း နိုင်ပါသည်။ Read more...
ဆေးပညာသမိုင်းမှတ်စု (၂)
လူ့သမိုင်းတစ်လျှောက်လုံးမှာ ပလိပ်ရောဂါဟာ လောကကို သိမ့်သိမ့်အတုန်ခဲ့ဆုံး ရောဂါ ဖြစ်နိုင်ပါတယ်။ အငြင်းပွားနေရဆဲ ဖြစ်ပေမယ့် သမိုင်းတလျှောက်မှာ ပလိပ်ရောဂါဟာ အနည်းဆုံး ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီး(Pandemic) သုံးခုနဲ့ ကပ်ရောဂါငယ်(endemics) အမြောက်အမြား ဖြစ်ခဲ့တယ်။ ကပ်ရောဂါကြီးဆိုတာက ကမ္ဘာနှင့်အ၀ှန်း တက်ညီလက်ညီ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်တဲ့ ကူးစက်နိုင်တဲ့ ကပ်ရောဂါမျိုးပါပဲ။
ပထမဆုံး ကပ်ရောဂါကြီးအနေနဲ့ ပြန့်ပွားမှုဟာ ခရစ်ပေါ်ပြီး အေဒီ ငါးရာစုနဲ့၊ ခြောက်ရာစုအတွင်း အရှေ့အလယ်ပိုင်းဒေသကနေ မြေထဲပင်လယ်ဒေသမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လူဦးရေစုစုပေါင်းရဲ့ ငါးဆယ်ရာခိုင်နှုန်းနီးပါး သေကြေပျက်စီးခဲ့တယ်။ ဒုတိယအကြိမ်ဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီး (Pandemic) ဟာ ၈ ရာစုကနေ ၁၄ ရာစုအထိ ဥရောပတလွှားမှာ ဖြစ်ပွားခဲ့ပြီး လူဦးရေစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကို သတ်ဖြတ်ခဲ့တယ်။ တတိယ ကပ်ရောဂါကြီးကတော့ ၁၈၅၅ မှာ တရုတ်ပြည်မှာ ဖြစ်ပွားခဲ့တယ်။
၁၉ ရာစု ( ၁၈၉၄ ခုနှစ်)မှာ အလက်ဇန္ဒရေရာဆင် (Alexandre Yersin) က ပလိပ်ရောဂါကို ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားပိုးကို ရှာတွေ့ခဲ့တယ်။ ပလိပ်ရောဂါကို ခုခံနိုင်တဲ့ သွေးရည်ကြည်ကို ရှာတွေ့တယ်။ ကြွက်ကိုယ်ပေါ်က သန်းနဲ့ ကြွက်နဲ့ ပလိပ်ရောဂါ ဆက်စပ်မှုကို အဆိုပြုခဲ့တယ်။
သူ့ကိုအစွဲပြုပြီး ပလိပ်ရောဂါပိုးကို ယာစီးနီးယား ပတ်စ်တစ် (Yersinia Pestis) လို့ခေါ်တယ်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီးတွေကြောင့် ပလိပ်ရောဂါဟာ တိုက်ကြီး ၇ တိုက်စလုံးမှာ ( သြစတေးလျတိုက်မှာတော့ မရှိဘူးလို့ ယူဆကြတယ်။ )အခိုင်အမာ အမြစ်စွဲထားပြီးသား ဖြစ်နေတယ်။ ကျောက်ရောဂါနဲ့ မတူတာက ပလိပ်ရောဂါဟာ ကျောက်ရောဂါလို ကမ္ဘာပေါ်က လုံးဝ အမြစ်ပြတ်အောင်လုပ်ဖို့ မဖြစ်နိုင်ဘူး။ အဲဒီရောဂါပိုးဟာ သန်းနဲ့ချီတဲ့ တိရိစ္ဆာန်တွေ ဘီလီယံနဲ့ချီတဲ့ သန်းတွေ လှေးတွေပေါ်မှာ ရှိနေတုန်းပဲ ဖြစ်တယ်။ ဒီရောဂါဟာ ကန္တာရ၊ တောင်တန်းဒေသ၊ တောတွင်းဒေသ၊ လွင်ပြင်ဒေသ အားလုံးရဲ့ မူပိုင်ရောဂါဖြစ်တယ်။
ပလိပ်ရောဂါဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း အိန္ဒိယနဲ့ အာဖရိကဒေသတွေမှာ ခေါင်းထောင်ထ လာခဲ့တယ်။ ဒါကြောင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီးအသွင်နဲ့ တိုးတက်ဖြစ်ထွန်းလာမှာကို စိုးရိမ်နေကြရတယ်။ ရာသီဥတုပူနွေးလာတာဟာ ပလိပ်ရောဂါပြန့်ပွားဖို့ အကြောင်းတစ်ချက် အနေနဲ့ပါဝင်တယ်။ တချို့လေ့လာမှုတွေက ၁ ဒီဂရီ စင်တီဂရိတ်တက်တိုင်း လူနဲ့တိရိစ္ဆာန်ကို ကူးစက်ဖို့ ၅၀ ရာခိုင်နှုန်းမြင့်တက်တယ် ဆိုတယ်။ လူဦးရေထူထပ်တာ သန့်ရှင်းမှုမရှိတာတွေကလည်း အားပေးတြ့အချက်တွေ ဖြစ်တယ်။ နောက်ထပ် လူတွေစိတ်ဝင်စားရတဲ့အကြောင်းက ပလိပ်ရောဂါပိုးကို ဇီဝလက်နက်အဖြစ် အသုံးပြုလို့ရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သမိုင်းကြောင်းအရ တာတာတွေဟာ ကပ်ဖာ(Kaffa)ကို ၀ိုင်းရံထားတုန်းက ပလိပ်ရောဂါဖြစ်တဲ့လူတွေရဲ့ အလောင်းကို မြို့တော်တံတိုင်းကို ကျော်၊ မြို့ထဲရောက်အောင် ပစ်တင်ပြီး တိုက်ခိုက်ခဲ့ဖူးတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တပ်တွေက ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်တဲ့အခါ ပလိပ်ရောဂါပိုးတွေကို ထည့်သွင်းပြီး အသုံးပြုခဲ့ဖူးတယ်။
စစ်အေးကာလအတွင်းမှာ ဆိုဗီယက်တွေက ဆေးဒဏ်ခံနိုင်တဲ့ ပလိပ်ရောဂါပိုးကို စမ်းသပ်အောင်မြင်တယ်။ အဲဒီပိုးဟာ ကြွက်သန်းမလိုဘဲ လေထဲကနေ ပြန့်ပွားနိုင်တယ်။ လေကနေ ပြန့်ပွားတဲ့အတွက် အရေပြားထက်စာရင် အဆုတ်ကို အရင်ကူးစက်ပြန့်ပွားတယ်။
ဇီဝဓာတုလက်နက်ပညာရှင်တွေကတော့ ပလိပ်ရောဂါပိုးမွှား လက်နက်ဟာ ထိပ်တန်း လက်နက်တစ်ခုပဲလို့ ပြောကြတယ်။ သူဟာ အမေရိကန် နိုင်ငံ ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဗဟို (Central for Disease Control and Prevention) ရဲ့ Category A ထဲမှာ အခြား ကူးစက်မြန်ရောဂါများဖြစ်တဲ့ ထောင့်သန်း (Anthrax )၊ ဘောတူလစ်ဇမ် Botulism၊ ကျောက်ရောဂါ( Smallpox ) တူလာရီးမီးယား ( Tularemia )၊
နဲ့ ဟဲမိုးရားဂျစ်ဖီဗာ ဖြစ်နိုင်တဲ့ ဗိုင်းရပ်စ် Viral hemorrhagic fevers (filoviruses [e.g., Ebola, Marburg] and arenaviruses [e.g., Lassa, Machupo] တို့နဲ့အတူ ပါဝင်တယ်။

ဘ၀ရဲ့ အဓိပ္ပါယ်
what is the meaning of life?
10:14 AM not now , later on.
အဲဒီ့ ရက်ကြာနေတဲ့  အကြွေးကို မနေ့ က အဓိကကတော့ အဓိကပါပဲ လို့  ဆိုတဲ့ ခေါင်းစဉ်လေးနဲ့  နဲနဲလေး ဆောင်းပါးရေးခဲ့ပါတယ်။ အဲဒါကိုပဲ သူ့ ကို ဒါပဲ ဘ၀ အဓိပ္ပါယ်က လို့  ဒီနေ့ အဖြေ အထူး မရှာပဲ အဖြေ အကြွေးဆပ် လိုက်ပါတယ်။
10:02 AM me: The meaning of life is what http://yaungni-oo.blogspot.com/
10:03 AM အောင်: thanks. brother phone.
me: . It is help to read and it is better answer of life for what you wanted that you hope.
10:04 AM အောင်: thanks a lot. how have you been?
10:05 AM me: The answer would be similar to your question.
အောင်: yes. I am going to read now.
10:06 AM me: Okay . go a head please, read on and on !
အောင်: thank you so much for your kindness.
10:07 AM me: How do you think of it what I wrote ?
အောင်: still going on. I have not finished yet
me: You may some words what you are going to say.
10:13 AM me: okay lah?
အောင်: very ok. you still need to explain to me
me: Thanks for your kind reading.
အောင်: THE LA, DAR NA AND PIN NYAR.
me: Thela is Morality. good deeds.
10:15 AM moral rule.
တကယ်တမ်း သီလ ဒါန ပညာ ဆိုတာ Sila , Samadhi , Panna လို့ ရေးရပါတယ်။
me: စာရိတ္တ ဆိုတာ ကိုယ့်ဆိုင်ရာ ၀တ္တရားကျေပွန်အောင် လုပ်ဖို့ ပဲ။
အောင်: I think I better write down.
me: သားသမီးကျင့်ဝတ် ၊ မိဘကျင့်ဝတ်။ ဆရာကျင့်ဝတ် ၊ တပည့်ကျင့်ဝတ်။
10:17 AM ခင်ပွန်းကျင့်ဝတ်၊ ဇနီးသည် ကျင့်ဝတ်။ ဘုန်းကြီးကျင့်ဝတ် ၊ ဒါယကာကျင့်ဝတ် စတာ တွေပေါ့နော်။ ၀ါရိတ္တ သီလ ဆိုတာကတော့ ၅ ပါးသီလ ၊ ၈ ပါးသီလ ၊စောင့်ထိန်းရှောင်ကြဉ်ရတဲ့ သီလ။
အောင်: tinba.
me: အကျဉ်းချုပ် ဖြည့်ကျင့်ရတဲ့ သီလ နဲ့ ၊ ရှောင်ကြဉ်ရတဲ့ သီလပေါ့ကွယ်။
10:19 AM ဒါန ဆိုတာကတော့ ၊ ပေးတာပါပဲ ၊ စွန့် လွတ်တာပေါ့။
အောင်: tinba
me: လှူတယ် စွန့် လွတ်တာလို့ နှစ်မျိုး သုံးလို့ ရပါတယ်။ ကိုယ့်ထက် သိက္ခာရှိမြတ်မြတ်သူတို့ ကိုတော့ ဒါန- လှူတာပေါ့။ တိရစ္ဆာန် တွေ ကျွေးတာ မွေးတာကို တော့ စာဂ စွန့် ကြဲ တယ် ဆိုရမှာ ပေါ့နော်။
10:23 AM အောင်: I do not have sar ga dar na.
me: မရှိသေးဘူးဆိုရင် လုပ်ပေါ့။
( သူဆိုလိုတာက တိရစ္ဆာန်မရှိတာကို ဆိုလိုဟန်မတူ၊ ငါးကန် လိပ်ကန် ၊ ခိုကျွေးတာတို့ ကျွေးရမည့် တိရစ္ဆာန် မရှိတာပဲဖြစ်မည် ထင်ပါတယ်။ တိရစ္ဆာန်မရှိတဲ့ တိုင်းပြည်မရှိပါဘူး၊)
10:24 AM me: ငါးကျွေးတာတို့  လိပ်စာကျွေးတာတို့ ဖြစ်ဖြစ်-
အောင်: aww
if so I did in Mandalay.
me: သို့ မဟုတ် ဒုက္ခရောက်တဲ့ လူတွေကို ပေးရင်လည်း ၊ စာဂ သဘောပဲလေ။
အောင်: aww. now I understand.
me: တစ်ခါ တစ်လေ အလှူခံတာ တွေ့ မယ်ပေါ့
အောင်: not only animal?
me: ဆူနာမီ လိုမျိုးဖြစ်ဖြစ်၊ ငလျင် လှုပ်လို့ ပဲ ဖြစ်ဖြစ်ပေါ့။
အောင်: yes. I got it.
me: ဒါန ဆိုတာ လူတိုင်း သတ္တ၀ါတိုင်းကို ပေးတာလို့ ပဲ မှတ်ပါလေ။
ပညာ ဆိုတာကတော့ အသိ ပညာ အတတ်ပညာပေါ့ကွယ်။ ပထမဆုံး ဗဟုသုတ ရှိအောင် လုပ်ရတယ်။ စာဖတ်ရတယ် ၊ တရားနာရတယ် ၊ ဟောပြောပွဲလည်း နားထောင်ရတယ်။
me: အေးပါဗျာ။
အောင်: if not I am still blurr.
10:30 AM me: ဗလာ ဗလာ ပြောတာလား။
အောင်: inn lay. tinba.
me: အဲ ဗလာ အလွတ်မထားနဲ့ တော့။
အောင်: tinn par
me: ဘ၀ ရဲ့ အဓိပ္ပါယ်ကိုမေးလို့  ဖြေပီးပီနော်။
10:31 AM အောင်: I need to look for it
me: အဓိပ္ပါယ်ရှိအောင်နေပါတော့ ညီမတော်ရေ။
အောင်: ya. I will have to be so.
me: သာဓုပါ ဗျာ။
10:32 AM အောင်: please teach me a bit by bit.
I really want to know.
me: အင်းလေ ၊ ဒါက ဘရားသား ဘုန်းဘုန်း တာဝန်ပေါ့ဗျာ။
အောင်: I am getting old already.
me: လိုက်နာဖို့  ကျင့် သုံးဖို့ ပဲ ကြိုးစားပါ။
အောင်း: I need to know. yes.
me: ဟုတ်ပါတယ်၊ ကျင့်သုံးမယ်စိတ်ထားရှိတဲ့ အချိန်က မနှောင်းသေးပါဘူး။
ဟုတ်ပီနော် ၊ အလုပ်တစ်ခုကို စလုပ်ပါ ၊ ဆက်လုပ်ပါ ၊ ပြီးအောင်လုပ်ပါ။
အောင်: yes. you are very clever in talking.
( အင်း မြှောက်နေပြန်ပြီ၊ ဒီက အလိုလိုမှ အလိုလို...)။
10:34 AM like phyoe.
( ဖြိုး ဆိုသူက ကိုယ့်ရဲ့  ရွာက ညီမ၊ အောင်က ရွာကညီမနဲ့ စပ်ပြီး သိရတဲ့ သူပါ)။
me: အင်းပေါ့။
အောင်: like U kavid also.
( ဥူးက၀ိ က ကိုယ့်ရဲ့  ရွာက သူငယ်ချင်း သီတဂူ ဒေါက်တာက၀ိ).
10:35 AM အောင်: all of you are very clever in talking.
me: ဓာတ်တူ တွေ တွေ့ တာပေါ့ဗျာ။
အောင်: ya.
me: မေးတဲ့ မေးခွန်းကလည်း အဆင်ပြေပါတယ်၊ ဘလော့ပေါ်မှာတော့ ရောက်လိမ့်အုံးမယ်။
အောင်: your article is also nice . that is good idea.
me: အင်း ...ဒါလည်း Article လုပ်လိုက်အုံးမယ်။
အောင်: ya. easy to understand.
me: ညီမ နာမည်တော့ မထည့်ပဲ အောင် လို့ တော့ ထည့်လိုက်မယ်လေ.။
me: ဟုတ်ပီနော်
အောင်: up to you
me: ကျေးဇူးပါပဲ
အောင်: no. I must say. thanks to you.
me: ညီမ လို မသိသေးတဲ့ သူတွေကိုလည်း သိစေချင်တယ်လေ။
10:41 AM ရပါတယ်ဗျာ။ အမေးရှိလို့  အဖြေဖြစ်လာတာကိုးဗျ။
အောင်: if so I have to save in my thumb drive after you wrote.
10:42 AM I just want to collect everything about Buddha for my next generations.
me: အင်း ကောင်းတာပေါ့။
11:08 AM ဆွမ်းဒကာ ဒကာမတွေလာနေလို့ ။
အောင်: ok .go ahead
ဒီလိုနဲ့  ဆွမ်းဒကာ ဒကာမတွေ လာတာနဲ့ ပဲ ဘိုင်တောင် မလုပ်ပဲ နားလိုက်ပါတော့တယ်။ သူက လည်း နိုင်ငံခြား ရောက်နေတာ ကြာလေတော့ အနီးကပ် ရင်းရင်းနီးနီး ပွင့်ပွင့်လင်းလင်း မေးရ မည့် ဥူးဇင်း ဘုန်းကြီး ရှိဟန်မတူ။ သူနေတဲ့  နေရာမှာ ဘုန်းကြီးတွေများပေမယ့် မေးရမှာကို ၀န်လေးဟန်တူရဲ့ ။ သူကတော့ သူတကယ် မသိသေးတာ ကိုလည်း မသိသေးပါ ဘူးလို့  ပွင့်လင်း ရိုးသားစွာ ပြောင်ပဲ ပြောပါတယ်။ တကယ်လည်း ကိုယ်တိုင်လည်း သိချင်တယ်၊ နောင်လာ နောက်သား လေးတွေ အတွက်လည်း သူကိုယ်တိုင် ပြောပြချင်နေသူပဲ။ ရှင်းပြဖို့  ကိုယ့်အတွက် ဒီမေးခွန်း က ဖြစ်ပေါ်လာတာပါ။ ခုတော့ သူလို လူများ ရှိခဲ့ရင်လည်း သိကြစေရောပေါ့ လို့  ဆန္ဒနဲ့  ဆောင်းပါး အဖြစ် ရေးတင်လိုက်ပါတော့တယ်။
မှတ်ချက်။ ။ ဘ၀ရဲ့  အဓိပ္ပါယ် နှင့် ဘ၀ သစ္စာ ဆိုတာ ဆရာကြီး နန္ဒာသိန်းဇံ အသေချာ တိကျစွာ ရေးထားပါ တယ်။ ခုဟာကတော့ ကိုယ့်ရဲ့  ထင်မြင်ချက်နဲ့  ကိုယ့်ရဲ့ နားလည်မှု အတိုင်းလေးကိုပဲ လူငယ်လူရွယ် နားလည်ဖို့  ရေးလိုက်တာပါ။ ဒါထက် မြင့်ချင်ရင် အမြင့်ကို ဆက်ဖတ်ပါလေ။
Read more...
ချမ်းသာအစု
* ထိုကုသိုလ်မျိုး၊ ထပ်ကာတိုး၊ ပံ့ပိုးပြုသင့်ရာ။
* မပြုနိုင်ခိုက်၊ ကုသိုလ်၌၊ စိတ်စိုက်စွဲနေပါ။
* ကုသိုလ်ကောင်းမှု၊ အကြောင်းဟု၊ ဆည်းစု ချမ်းသာမှာ။
ဓမ္မပဒ
အိပ်စက်ခြင်း ၄-မျိုး
ရဟန်းတို့ လောက၌ သက်ရှိပုဂ္ဂိုလ်များ၏ အိပ်စက်ခြင်း ၄-မျိုးရှိသည်။ ယင်းတို့မှာ-
(၁) ပြိတ္တာတို့၏ အိပ်ခြင်း။
(၂) ကာမဂုဏ်ခံစားသူတို့၏ အိပ်ခြင်း။
(၃) ခြင်္သေ့တို့၏ အိပ်ခြင်း။
(၄) မြတ်စွာဘုရား၏ အိပ်ခြင်း-ဟူ၍ ၄-မျိုးရှိသည်။
ထို ၄-မျိုးတို့တွင်
(၁) ပြိတ္တာတို့သည် များသောအားဖြင့် ပက်လက်အိပ်ကြကုန်၏။
(၂) ကာမဂုဏ်ခံစားသူတို့သည် များသောအားဖြင့် လက်ဝဲနံပါးဖြင့် အိပ်ကုန်၏။
(၃) သာကောင်တို့၏ မင်းဖြစ်သော ခြင်္သေ့မင်းသည် ခြေတဖက်ဖြင့် အခြားခြေတဖက်ကို အနည်းငယ်လွန်ကာ တင်ထားပြီး ပေါင်အတွင်း အမြီးကိုထား၍ လက်ဝဲနံပါးဖြင့် စောင်း၍ အိပ်ကုန်၏။
(၄) ပထမဈာန်အစရှိသော ဈာန်တို့ကို ၀င်စာေးနခြင်းကို မြတ်စွာဘုရား၏ အိပ်စက်နားနေခြင်း-ဟု ခေါ်သည် ဟု ဟောတော်မူသည်။
ကျမ်းကိုး။ ။ အင်္ဂုတ္တရ၊ စတုက္ကနိပါတ်၊ အာပတ္တိဘယ၀ဂ်၊ သေယျာသုတ်။
ဦးငွေအောင်မွန်
ကိုယ်ပန်းပေမယ့် စိတ်လန်းပါတယ်…
တကယ်တော့ ဂယောင်ဂီဒို ဂွန်ဂျူးဆိုတာ တရားမ၀င် မြန်မာအလုပ်သမား အများစု နေတဲ့နေရာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှသာ တရားဝင် အလုပ်သမား အသစ်လေးတွေ ရောက်လာတာ ဖြစ်ပါတယ်။ တစ်ချို့ မြန်မာတွေဆို အခြေအနေအရ တရားမ၀င် အလုပ်သမား ဘ၀နဲ့ ဆယ်နှစ်ကျော်အထိ ရှိနေကြတဲ့သူတွေ ဖြစ်ပါတယ်။ အိမ်ပြန်ချင်ပေမယ့် မပြန်နိုင်သေးတဲ့သူတွေပါ။ ရွှေပြည်တော်ကလည်း မျှော်တိုင်းဝေး ဆိုသလို ဖြစ်နေတာကိုး။ အဲဒီလို ခိုးကြောင်ခိုးဝှက် အဖြစ်နဲ့ နေနေကြပေမယ့် မြန်မာတွေရဲ့ ချစ်စရာ စိတ်ထား၊ ထက်သန်တဲ့ သဒ္ဓါတရားတွေကြောင့် ကုသိုလ်ကောင်းမှုကိုတော့ တတ်နိုင်သမျှ လုပ်ဖြစ်ကြပါတယ်။ သူ့ရာသီအလိုက် အများပေါင်းစုပြီး ကောင်းမှုလေးတွေ လုပ်ဖြစ်ကြပါတယ်။ အခုလည်း အကြီးတွေရော၊ အငယ်တွေရော၊ အိုတာတွေရော မအိုတာတွေရော စုပေါင်းပြီး မြန်မာဆိုင်မှာ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနဲ့ အထူးတရားပွဲ ကျင်းပဖြစ်ခဲ့ပါတယ်။
ဒီပွဲကို လွန်ခဲ့တဲ့ ၁၉၈၉ခုနှစ်လောက် ကတည်းက ကိုရီးယားကို ရောက်ရှိသာသနာပြုနေတဲ့ အဲဒီ ဂယောင်ဂီဒို၊ နမ်ယမ်းဂျူမြို့မှာရှိတဲ့ ဆရာတော် ဦးစန္ဒိမာရယ်၊ ဘုန်းဘုန်းရယ် ကြွရောက်ပြီး ပရိတ်တရား ချီးမြှင့်ကာ ဘုန်းဘုန်းရဲ့ တရားပွဲ ဟောပြောပေးဖြစ်ခဲ့ပါတယ်။ ဒယ်ဂူးကျောင်းမှာဆိုရင် ပရိတ်သတ် အခြေအနေကို ကြည့်ပြီးဘုန်းဘုန်း အနေနဲ့ အများဆုံး မိနစ်သုံးဆယ်၊ လေးဆယ်လောက်ပဲ တရားဟောဖြစ်ခဲ့ပေမယ့် အဲဒီနေ့ကတော့ အဝေးက ဘုန်းကြီးတွေကို တကူးတက ပင့်ထားတာရယ်၊ တစ်နှစ်မှ လေးငါးကြိမ်လောက်ပဲ အထူးပွဲအနေနဲ့ ကျင်းပပြုလုပ်ဖြစ်ကြ တာတွေရယ်ကြောင့် တရားပွဲကို တစ်နာခွဲလောက် ဟောပြောပေးဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓဓမ္မနဲ့ လက်တွေ့ဘ၀ အဖြစ်အပျက်လေးတွေကို ချိန်ထိုးပြီး မငိုက်လည်းမငိုက်၊ မပျင်းလည်းမပျင်းအောင် ရယ်စရာလေးများနှောပြီး တရားဟောပေးတဲ့အတွက် တစ်နာရီခွဲကို အားလုံးပြီးမှန်းမသိ ပြီးခဲ့ကြပါတယ်။ တရားပွဲပြီးလို့ တရားနာပရိတ်သတ်အချင်းချင်း ပြောနေကြတဲ့ ဘုန်းဘုန်းရဲ့ ဟောတရားတွေကို ပြန်ကြားရတော့ စိတ်ထဲမှာ ပီတိတရားနဲ့ လန်းဆန်းခဲ့ပါတယ်။ ခန္ဓာကိုယ်မှာ ချွေးတလုံးလုံးနဲ့ နုံးချိနေပေမယ့် ရင်ထဲမှာတော့ ပီတိစကားလုံးတွေနဲ့ ပြုံးမိနေပါတယ်။
ဒီထက်ပိုပြီး ပြုံးစရာက အဲဒီမြန်မာဆိုင်ဖွင့်ထားတဲ့ မြေအောက်ထပ် နေရာလေးအကြောင်း ကြားလိုက်ရတာပဲ ဖြစ်ပါတယ်။ မြန်မာဒကာလေးတွေ အပြောအရ ဒီမြန်မာဆိုင်ဖွင့်ထားတဲ့ မြေအောက်ထပ်ဟာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းနဲ့ ခရစ်ယာန် စာသင်ကျောင်းရဲ့ အဆောက်အဦ မြေအောက်ထပ်ပဲ ဖြစ်ပါတယ်။ ဟုတ်မှာပါ။ ဘုန်းဘုန်းတရား ဟောနေချိန်မှာတောင်မှ အပေါ်ထပ်က ကမ္ဘောဒီယား ကလေးတွေရဲ့ ကျမ်းစာရွတ်သံလေးတွေ ကြားလိုက်ရပါသေးတယ်။ အခုမြန်မာဆိုင် နေရာလေးဟာ ပထမတော့ ခရစ်ယာန် သာသာနပြု အဖွဲ့က မြန်မာတွေကို စည်းရုံးတဲ့ အနေနဲ့ ဒီနေရားလေးကို စပေါ်ရော လစာပါပေးပြီး ငှါးပေးထားတယ်လို့ ဆိုပါတယ်။ နောက်တော့ တစ်နှစ်ကျော် နှစ်နှစ်နီးပါး အမျိုးမျိုး စည်းရုံးပြီး ခရစ်ယာန်ဖြစ်အောင် ကြိုးစားပေမယ့် မြန်မာဗုဒ္ဓဘာသာ တစ်ယောက်မှ ခရစ်ယာန် ဖြစ်မလာတဲ့အတွက် နောက်ဆုံးသူတို့ လက်လျော့ပြီး အခန်းကို စပေါ်တော့ တင်ပေးမယ်၊ လခတော့ ကိုယ့်ဖာသာကိုယ် ပေးဆိုပြီး ဆက်ထားထားတဲ့အတွက် ဒီအခန်းနဲ့ ဒီနေရာမှာ အခုလို မြန်မာဗုဒ္ဓဘာသာတွေ ဒီလို အလှူပွဲ၊ တရားပွဲ၊ တွေ့ဆုံပွဲလေးတွေ လုပ်ဖြစ်တယ်ဆိုတာ သိခဲ့ရပါတယ်။
သူတို့ပြောတာတွေ နားထောင်ပြီး ဘုန်းဘုန်းရင်ထဲမှာ ကျေနပ်မိတယ်ဆိုတာ အဲဒါပါပဲ။ ဘုန်းဘုန်းပင်ပန်းပေမယ့် စိတ်လန်းတယ်ဆိုတာ မြန်မာဗုဒ္ဓဘာသာတွေရဲ့ ဒီခိုင်မာတဲ့ သဒ္ဓါတရားကြောင့်ပါပဲ။ တရားဟောတုန်းကတောင် ဘုန်းဘုန်းထည့် ဟောပေးဖြစ်ပါသေးတယ်။ “မြန်မာဗုဒ္ဓဘာသာ တစ်ယောက်ဟာ ဘယ်နေရာမှာပဲ ရောက်ရောက် အလှူဒါန လုပ်ရတာကို ၀ါသနာပါတာဟာ အထူးပြောစရာ မရှိတဲ့အကြောင်း၊ အခြေအနေအရ ဗုဒ္ဓတရားတွေအတိုင်း တစ်ထပ်တည်းကျအောင် လိုက်ပြီးမလုပ်နိုင်သေးပေမယ့် အနှစ်သာရရှိပြီး ယုတ္တိကျတဲ့ တရားတော်တွေဆိုတာ သိထားတဲ့အတွက် ဘယ်သူကလာပြီး ဘယ်လိုစည်းရုံးပေမယ့်လည်း ဘာသာပြောင်းသွားတယ်ဆိုတာ မရှိသလောက်ပဲဆိုတဲ့ အကြောင်း၊ ဒီလို စိတ်ဓာတ်နဲ့ ယုံကြည်မှုသဒ္ဓါတရားဟာ မြန်မာဗုဒ္ဓဘာသာတွေ အတွက် ဂုဏ်ယူစရာ ဖြစ်ကြောင်းနဲ့ ဆက်လက်ပြီး ဒီလိုစိတ်ထားကောင်းတွေ မပျောက်ပျက်အောင် ကြိုးစားထိန်းသိမ်းဖို့ အကြောင်း” တရားဟောရင်း ပြောဖြစ်ခဲ့ပါတယ်။
ဟုတ်ပါတယ်။ အခုလည်း ကြည့်ပါဦး။ အဆောက်အဦ တစ်ခုတည်းမှာကိုပဲ ကိုးကွယ်တဲ့ ဘာသာတူတဲ့ နိုင်ငံချင်း ဖြစ်နေတဲ့ မြန်မာနဲ့ ကမ္ဘောဒီယားတွေရဲ့ မတူညီမှုတွေက မြန်မာတွေက အောက်ထပ်မှာ ဘုန်းကြီးပင့်ပြီး အလှူအတန်းလုပ်၊ တရားနာနေကြပေမယ့် ထေရ၀ါဒ ဗုဒ္ဓဘာသာ နိုင်ငံသား ကမ္ဘောဒီယားတွေကတော့ အပေါ်ထပ်မှာ သမ္မာကျမ်းစာတွေနဲ့ ထာဝရဘုရားသခင်ကို ကောင်းချီးပေးနေကြတာ တွေဟာ မတူညီ၊ မခိုင်မြဲတဲ့ သဒ္ဓါတရားရဲ့ ကွာခြားမှုကို အထင်အရှား ဖြစ်စေခဲ့ပါတယ်။
တရားပွဲပြီးလို့ ဆိုးလ်ဘူတာကို အပြန်မှာ ဘူတာအထိ လိုက်ပို့တဲ့ ဂွန်ဂျူးမြန်မာအဖွဲ့ ဥက္ကဋ္ဌ ဒကာနဲ့ စကားစမြီပြောရင်း ဥက္ကဋ္ဌက “ဒီနေ့ အရှင်ဘုရားဟောသွားတဲ့ တရားကို တပည့်တော် စာရေးပြီး ဖြန့်ချင်ပါတယ်ဘုရား၊ တပည့်တော်တို့ အနေနဲ့ ဒီနေရာ ဒီဌာနလေးမှာ နေထိုင်ရင်း ဘာသာရေးရော၊ လူမှုရေးရော၊ သာရေးနာရေးရော၊ မြန်မာပြည်မှာရှိတဲ့ လိုအပ်တဲ့ ပရဟိတ အရေးတွေရော တတ်နိုင်သမျှ ကြိုးစား လုပ်ဆောင်နေပါတယ်ဘုရား၊ နောက် ပွဲရှိတိုင်း အရှင်ဘုရားကို ပင့်ချင်ပါတယ်ဘုရား၊ ခုန အရှင်ဘုရား တရားဟောရင် မိန့်သွားသလိုပဲ တပည့်တော်တို့ အနေနဲ့ ဗုဒ္ဓဘာသာကို စွန့်လွှတ်ဖို့ဆိုတာ ဘယ်လိုမှကို စိတ်ကူးလို့ ရမှာ မဟုတ်ဘူးဘုရာ..၊ ဒါဟာ အရှင်ဘုရားတို့ သာသနာပြု ရဟန်းတော်များရဲ့ ကျေးဇူးကြောင့်ပါပဲ ဘုရား…” စသဖြင့် လျှောက်ထားပါသေးတယ်။ ၀မ်းသာမှုနဲ့အတူ ဥက္ကဋ္ဌ လျှောက်သမျှ နားထောင်ရင်း ဆိုးလ်ဘူတာရောက်တော့ သူတို့ကို နှုတ်ဆက်ပြီး ဆိုးလ်ဘူတာကနေ အမြန်ကျီဆန် ရထားနဲ့ ဒယ်ဂူးမြို့ကို ပြန်ကြွလာခဲ့ပါတယ်။
ရထားစီးပြီး ပြန်လာရင်း ရထားပေါ်မှာ ဂယောင်ဂီဒို၊ ဂွန်ဂျူးမြို့က တရားပွဲနဲ့ မြန်မာဗုဒ္ဓဘာသာတွေရဲ့ ဒါနအားနဲ့ သဒ္ဓါတရားအားကို စဉ်းစားနေဖြစ်ခဲ့ပါသေးတယ်။ ရာသီဥတုဒဏ်နဲ့ ခရီးဝေးမှုဒဏ်တွေကြောင့် ခန္ဓာကိုယ်ဟာ ပင်ပန်းနွမ်းနယ်နေပေမယ့် မြန်မာဗုဒ္ဓဘာသာတွေရဲ့ သဒ္ဓါတရားအား၊ ရတနာသုံးပါး အပေါ် အလေးထားမှုအား၊ ရဟန်းသံဃာတွေအပေါ် လိုလေးသေးမရှိ ထောက်ပံ့ပူဇော်မှု အားတွေကြောင့် စိတ်ထဲမှာတော့ ပီတိတရားနဲ့ အတူ လန်းဆန်းနေခဲ့ပါတယ်။ ပြီးတော့ ရင်ထဲက ပီတိတရားကြောင့်လားမသိ ပါးစပ်ကပါ မကြားတကြား ရွတ်နေမိတာက “ကိုယ်ပန်းပေမယ့် စိတ်လန်းပါတယ်၊ ကိုယ်ပန်းပေမယ့် စိတ်လန်းခဲ့ပါတယ်” ဆိုတဲ့ စကားပဲ ဖြစ်နေပါတော့တယ်။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။ အချိန် 10:56 AM
တိဗက်စကားနဲ့ ငါတို့ဓလေ့

လောလောဆယ်ဆယ်သင်ရိုးစာအုပ်အနေနဲ့ သီဟိုဠ်ကျွန်းထုတ်စာအုပ်နှစ်အုပ်က အလုပ်ဖြစ်နေပါတယ်။ Pali Primer Lily de Silva, M.A, Ph.D နဲ့ Pali Made Easy by Venerable Balangoda Ananda Maitreya ဆိုတဲ့ “ပါဠိပရိုင်မာ”နဲ့ “အလွယ်သင်ပါဠိ” စာအုပ်တွေပါပဲ။ လေးလလောက်အချိန်ယူလိုက်ရင် ပါဠိ ပိဋကတ်တော်တွေကို အဘိဓာန်အကူအညီနဲ့ ဖတ်နိုင်လောက်အောင်ထိ တာဝန်ယူထားတဲ့ နည်းစနစ်တွေပါပဲ။
ခုဆို မွန်ဂိုကျောင်းသားတစ်ယောက်က ပိဋကတ်ကျမ်းစာဖတ်နေပါပြီ။ ဖတ်တာမှ မြန်မာအက္ခရာရေးကျမ်းစာကို ဖတ်တာပါ။“ထေရ၀ါဒပိဋကတ်ကျမ်းစာအပြည့်အစုံဖတ်ချင်တယ်ဆိုရင် မြန်မာအက္ခရာဖတ်တတ်ရမယ်” လို့ သြ၀ါဒပေးလိုက်မိတာ မောင်မင်းကြီးသားလေးက သင်ပေးပါဦး ဆိုလေတော့ မြန်မာအက္ခရာရေးထုံး သင်ပေးရ ပါသေးတယ်။ ခုတော့ ထော့နဲ့ထော့နဲ့ ဖတ်နေပါပြီ။ ပါဠိဘာသာအတွက် မြန်မာအက္ခရာက ဗျည်း(၃၃)လုံး သရ (၈)လုံးပဲ ရှိတာဆိုတော့ သင်ရတာအဆင်ပြေပါတယ်။ ခဏချင်း မြန်မာအက္ခရာတွေနဲ့ ကျွမ်းဝင်သွား ပါတယ်။ ရေးချတို့ ယပင်း ရရစ်တို့ကတော့ နည်းနည်းရှင်းရသပေါ့လေ။ ခါ-ဂါ-ငါ-ဒါ-ပါ-၀ါ လိုမျိုးလေးတွေပေါ့။
ဖြစ်ချင်တော့ ဒီရက်ပိုင်းအတွင်းမှာ တက္ကသိုလ်က ဆရာဆရာမတွေအတွက် ဖွင့်ပေးတဲ့ တိဗက် ဘာသာစကားသင်တန်းကို တက်ဖြစ်သွားပါတယ်။ တိဗက်အက္ခရာတွေ ရေးမိဖတ်မိမှ မြန်မာအက္ခရာ ရေးထုံးတွေနဲ့ တော်တော်လေးတူတာကို တွေ့ရတယ်။ ဒါပေမယ့် တိဗက်က ထောင့်ချိုး၊ မြန်မာက စက်ဝိုင်း။
ပြီးတော့ တိဗက်က အက္ခရာတွေ လျှော့ထားတာတွေ့ရတယ်။ ဗျည်းက (၃၀)၊ သရက (၄)လုံး။ ကြည့်ပါ။
က ခ ဂ င
စ ဆ ဇ ည
တ ထ ဒ န( ဋ ၀ဂ်မပါ)
ပ ဖ ဗ မ
ယ ရ လ ဝ
သ ဟ အ
(ထူးတာက မြန်မာမှာ မရှိတဲ့ အသံတွေကို ကိုယ်စားပြုတဲ့ အက္ခရာအပို ၇ လုံးပါနေတယ်၊ ဖတ်ရတာလည်း ခက်ပါ့။)
သရကတော့ ဣ ဥ ဧ သြ ဆိုတဲ့ လေးလုံးပါ။
မြန်မာမှာ ယပင်း ရရစ်ရှိသလို တိဘက်မှာလည်း ရှိပါတယ်။ တိဘက်စာ သင်တာ ခုဆို သုံးရက်ရှိသွားပါပြီ။ အက္ခရာကလည်း မူလအက္ခရာ၊ ရှေ့ဆက်အက္ခရာ၊ နောက်ဆက်အက္ခရာ၊ အဆင့်အက္ခရာဆိုပြီး အမျိုးမျိုးရှိ လေတော့ သင်ပုန်းကြီးဖတ်စာကိုက တစ်ပတ်လောက်အချိန်ယူရမယ့်သဘောပါပဲ။ ဘာပဲဖြစ်ဖြစ် မွန်ဂိုကျောင်း သားကို မြန်မာအက္ခရာရေးထုံးရှင်းပြတဲ့အခါမှာတော့ တိဗက်အက္ခရာနဲ့နွှယ်ပြီး ပြောလို့ရသွား ပါတယ်။ မွန်ဂိုကျောင်းသားလေးက တိဗက်ဘာသာစကားလည်း ကျွမ်းကျင်သူမို့ သူက ဆရာ တင်ထား ရပြန်ပါတယ်။
စာသင်ခန်းထဲမှာ ကုလားဆရာ ဆရာမတွေချည်းမို့ သင်တန်းဆရာဖြစ်တဲ့ ပါမောက္ခတိဗက်လားမားကြီးက ဟိန္ဒီလို ပြောသင်ပါတယ်။ သူ့အတွက် ဘာသာစကားနှစ်ခုကို အလိုလိုသင်နေရသလိုပါပဲ။ လားမားကြီးသင်တာက နည်းနည်း၊ သင်တန်းသားဆရာဆရာမတွေ ပြောကြဆိုကြမေးကြမြန်းကြတာက ခပ်များများပါ။ ကုလားဆိုတဲ့ အမျိုးကလည်း စကားပြောသန် အငြင်းသန်တဲ့ အမျိုးပေမို့ သူ့အတွက် ဟိန္ဒီစကားနား ထောင်စွမ်းရည်ကတော့ လိုအပ် တာထက် ပိုနေပါသေးတယ်။ သင်တန်းသားက စုစုပေါင်းမှ (၇)ဦးတည်းပါ။ ဒါပေမယ့် လူမျိုးတော့ စုံပါတယ်။ ဘင်္ဂါလီ၊ရာဂျစတန်၊တမီးလ်၊ နီပေါလ်လူမျိုး ဆရာဆရာမ တွေပါပဲ၊လူမျိုးမတူကြပေမယ့် ဟိန္ဒီစကားကိုပဲ ပြောကြတာပါ။ သင်ရိုးညွှန်းတမ်းစာအုပ်က ဟိန္ဒီ၊ ရှင်းပြတာ ကလည်း ဟိန္ဒီမို့ သူ့အတွက် အနည်းငယ်ခက်ခဲပေမယ့် စိန်ခေါ်မှုတစ်ရပ်အဖြစ် အားထည့်ဖြစ် ပါတယ်။
တိဘက်စကားအချို့(သုံးရက်သင်ခန်းစာဗဟုသုတအလိုအရ)က မြန်မာစကားနဲ့ တူတာကို တွေ့လာရပါ တယ်။ ဥပမာ ငါ၊ လမ်း၊ မီး၊ ငါး(ဂဏန်း) ဆိုတဲ့ဝေါဟာရတွေက တိဗက်စကားနဲ့ အတူ တူဖြစ် နေတာကလား။ မနက်ခင်းမှာ စာသင်ခန်းထဲ ၀င်တော့ သူ တိဗက်စာသင်နေမှန်း သိကြတဲ့ တပည့်တွေက နှုတ်ဆက်ကြပါတယ်။
“ငါတို့ ဒလေ့”
သူ့နားထဲမှာတော့ “ငါတို့ ဓလေ့”လို့ ကြားလိုက်ရပါသကော။ “ဘာတုန်းဟ” ဆိုတော့ “ကောင်သောနံနက်ခင်း”ပါတဲ့။
အဲဒါနဲ့ သူက ဆက်မေးမိပြန်ပါတယ်။ “ငါတို့ ဓလေ့”က “ကောင်းသောနံနက်ခင်းပါ” ဆိုတော့ “နင်တို့ ဓလေ့” က ဘာတုန်းဆိုတော့ ”ကောင်းသော နေ့လည်ခင်းပါ”တဲ့၊ အေးရော။
(အမှန်တကယ်အသံထွက်က ”နင်ဂို့ ဒလေ့” ထင်ပါတယ်။)
၁၆-၀၈-၂၀၁၀
အသိတရား (၁၄) ချက်
လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။
၂။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။
၃။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။
၎။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည်
မိမိဧ။် မနာလို ၀န်တိုသော စိတ်ကြောင့်ဖြစ်သည်။
၅။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည်
မိမိဧ။် စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။
၆။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည်
မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။
၇။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည်
မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။
၈။
လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်းသည်
မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ်သည်။
၉။
လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည်
မိမိဧ။် ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။
၁၀။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည်
မိမိဧ။် ကျန်းမာရေး ကောင်းမွန်ခြင်း ဖြစ်သည်။
၁၁။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေးသံသရာဖြစ်သည်။
၁၂။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည်
မိမိဧ။် သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။
၁၃။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည်
မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ်ဖြစ်သည်။
၁၄။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။
အားလုံးရွှင်လန်းကြပါစေ......
ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာဝင်တို့၏ ကု မ္ဘမေလာ(Kumbh Mela)ရေချိုးပွဲတော်








ဧကရာဇ်မင်းတစ်ပါးဖြစ်တဲ့ ဘုရင်ဟရ်သျှဝါဓနဟာ ကလိင်္ဂတိုင်းကို စစ်အောင်မြင်ခဲ့ပြီးနောက်ဓမ္မသဘင်ကြီးတစ်
ဓမ္မသဘင်ရဲ့သဘာပတိမှာတော့ တရုပ်နိုင်ငံသား ဟုယင်ဆန်ဖြစ်ပါတယ်။ အဲဒီအချိန်ဟာ တရုပ်ပြည်မှ ဟုယင်
ဓမ္မသဘင်အဆောင်ရဲ့တံခါးဝမှာ ဟုယင်ဆန်ရေးသားထားတဲ့ တရားဆောင်းပါးတစ်ခုကို ကပ်ထားပါ တယ်။
ဓမ္မသဘင်ပွဲသို့ တက်ရောက်လာကြတဲ့ ပညာရှင်တွေဟာ ဟုယင်ဆန်ရဲ့စိန်ခေါ်ထားမှုကို တစ်ဦးတစ် ယောက်
ကြားလျင်ကြားချင်း ဘုရင်ကြီး ဟရ်သျှဝါဓနဟာ အောက်ပါအမိန့်တော်ကိုထုတ်ပြန်ပါတယ်။
“တစ်စုံတစ်ယောက်ဟာ ဓမ္မာစရိယ၊ ဓမ္မဂုရုဟုယင်ဆန်အား ထိခိုက်နစ်နာစရာ အပြုအမူတစ်စုံတစ်ရပ်
ကိုလွန်ကျုးလာပါက အဲဒီသူဟာမင်းပြစ်မင်းဒဏ်ကို ခံရမယ်။ ဓမ္မဆရာ ဟုယင်ဆန်အား သတ်ဖြတ်ရန်ကြိုး
စားမယ့်သူဟာ သေဒဏ်ပေးခံရမယ်။ ဓမ္မဆရာအား နှုတ်ဖြင့် ပြစ်မှားရန်ကြိုးစားသူဟာ မင်းဒဏ်အဖြစ် လျှာဖြတ်ခံရမယ်။ ဒီအမိန့်တော်ကို ငါဘုရင်မင်းမြတ် စိတ်ရင်းစေတနာမှန်နဲ့ ထုတ်ပြန်ပြဋ္ဌာန်းထားတာကို နားလည် သဘောပေါက်ရန်လိုအပ်ပါတယ်။ တရားဓမ္မဆိုင်ရာ ဒဿန အတွေးအခေါ်တွေကို လွတ်လပ်စွာ
ဆွေးနွေး အကြံပြုပိုင်ခွင့်ရှိကြောင်းကို သဘောထားကြေငြာစာတမ်းမှာရေးသား၍ အမိန့်ထုတ်ပြန်ပြဌာန်း
လိုက်ပါတယ်။”
ဓမ္မသဘင်ရဲ့နောက်ဆုံးနေ့မှာ သဘာပတိ ဟုယင်ဆန်က နိဂုံးချုပ်တရားမိန့်ခွန်းပြောကြားနေစဉ် ဓမ္မသဘင်အဆောင်မှာ မီးလောင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဘုရင်ကြီး ဟရ်သျှဝါဓနုကိုလည်း ဓားမြောင်နဲ့ထိုး
ရန် ကြံစည်မှုတစ်ရပ်ဖြစ်ပွါးခဲ့ပါတယ်။ကြံစည်သူကို မင်းချင်းယောက်ျားတို့ကချက်ချင်းပဲ ဖမ်းစီးခဲ့ကြပါတယ်။
ဘုရင်ကြီးအား လုပ်ကြံရန်ကြိုးစားခဲ့သူကို သေဒဏ်ပေးခဲ့ပြီး အဲဒီလုပ်ကြံမှုမှာ ပါဝင်ကူညီခဲ့သူတွေကို ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။
ဗုဒ္ဓဘာသာကို အားတက်သရောအားပေးချီးမြောက်လေ့ရှိတဲ့ ဘုရင်ကြီး ဟရ်သျှဝါဓနဟာ (Allahabat)
အဲလာဟာဘတ်မြို့ရဲ့အနီး တရိဝေဏီလို့ခေါ်တဲ့ ဂင်္ဂါမြစ်၊ ယမုနာမြစ်၊ အစိရဝတီမြစ်တို့ဆုံတဲ့နေရာမှာ ဓမ္မသဘင်ပွဲတော်ကြီးတစ်ခုကို(၅)နှစ်တစ်ကြိမ် ကျင်းပပြုလုပ်သွားရန်စီမံခဲ့ပါတယ်။ ဓမ္မသဘင်ပွဲကြီး ကျင်း ပတဲ့နှစ်တိုင်းမှာ ဘုရင်ကြီးဟာ အလှူအဒါန်းတွေကို အကြီးအကျယ်ရက်ရက်ရောရော လှူဒါန်းလေ့ရှိပါ တယ်။
ဓမ္မသဘင်ပွဲကြိးမှာ ဘုရင်ကြီးဟာ တိုင်းပြည်လုံခြုံရေးဆိုင်ရာ ဘဏ္ဍာငွေမျှကိုသာကျန်ထား၍ကျန်တဲ့ဘဏ္ဍာ
ငွေအာလုံးကို တရားဒေသနာပြန့်ပွါးလုပ်ဆောင်ရေးအတွက် လှူဒါန်းခဲ့ပါတယ်။ဓမ္မသဘင်ပွဲကြီးကျင်းပရတာ
ကို အားရဝမ်းသာဖြစ်ပြီး မိမိမှာဝတ်ဆင်ထားတဲ့မင်းဝတ်ရတနာတွေကိုလည်း လှူဒါန်းခဲ့ပါတယ်။
အဲဒီဓမ္မသဘင်ကြီးကို (၇၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါတယ်။အိန္ဒိယဗုဒ္ဓဘာသာသမိုင်းမှာ အလွန်
စည်ကားတဲ့ ဓမ္မသဘင်ကြီးတစ်ခုပါပဲ။ အဲဒီအချိန်ကစ၍ ပြုလုပ်ခဲ့တဲ့ဓမ္မသဘင်အစီအစဉ်တွေရဲ့ပုံသဏ္ဍာန်
ကိုအချိန်ကာလကြာလာတာနဲ့အမျှ ဟိန္ဒူဘာသာဝင်တွေက ပြောင်းပစ်ခဲ့ကြပတယ်။ အဲဒီအစီအစဉ်တွေကို
ယခု ဟိန္ဒူဘာသာဝင်တွေက “ကု မ္ဘမေလာ” ရေချိုးပွဲတော်အဖြစ်ပြောင်းလဲ၍ ကျင်းပခဲ့ကြပါတယ်။ ဟိန္ဒူ
ဘာသာဝင်တွေဟာ ကု မ္ဘမေလာပွဲတော်ကြီးကို အများအားဖြင့် ဆောင်းရာသီ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ
တွေမှာ ကျင်းပလေ့ရှိပါတယ်။
အနယ်နယ်အရပ်ရပ်က ဟိန္ဒူဘာသာဝင်တွေ၊ ဆာဒူးတွေ၊ ဂျိန်းဘာသာဝင်တွေ၊ ဂျိန်းဘုန်းကြီးတွေ၊ ပုဏ္ဏားတွေ သိန်းချီ၍ မြစ်ဆုံမှာ လာရောက်ရေချိုးကြပါတယ်။ ရေချိုးရတဲ့ရည်ရွယ်ချက်ကတော့ “People(Hinduism) believe that the Sangarn, meeting place of three rivers (Ganga, Yamuna and Sararwati) is a sacred place. It has religious significance. After taking bath at Sangarn, our wrong (evil) deeds will be removed away”. ဟိန္ဒူဘာသာဝင်တွေ ဂဂါင်္၊ ယမုနာ၊ အစိရဝတီ မြစ်သုံးခုဆုံတဲ့နေရာကို အထွဋ်အမြတ်နေရာတစ်ခုဖြစ်တယ်လို့ ယုံကြည်ကြပြီး အဲဒီနေရာဟာ ဘာသာရေး
နဲ့ ပတ်သတ်လို့အရေးပါတဲ့နေရာဖြစ်ပါတယ်။ အဲဒီမြစ်သုံးခုဆုံတဲ့နေရာမှာ ရေချိုးလိုက်တဲ့အခါ မကောင်းမှူ
အကုသိုလ်တွေ အားလုံးပပျောက်သွားတယ်လို့ယုံကြည်ကြပါတယ်။ ကု မ္ဘမေလာပွဲတော်ဖြစ်ပေါ်လာရခြင်း
ရဲ့သမိုင်းဖြစ်ရပ်မှန်ကို သိရှိနားလည်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေကတော့ ကု မ္ဘမေလာ ရေချိုးပွဲတော်ကြီးကို
လက်ခံယုံကြည်နိုင်ဖွယ်မရှိပါ။
ဂင်္ဂါမြစ်ကမ်းနားက ဒဿန
စာရေးသူ ဗာရာဏသီမြို့ သက္ကတတက္ကသိုလ်မှာပညာသင်ယူခဲ့စဉ် တိဗက်ပြည်မှကျောင်းလာတက်
တဲ့ကျောင်းသားတွေ၊ အိန္ဒိနိုင်ငံပြည်နယ်အချို့မှ ကျောင်းလာတက်တဲ့ကျောင်းသားတွေ၊မွန်ဂိုလီယားနိုင်ငံမှ
ကျောင်းလာတက်တဲ့ကျောင်းတွေနဲ့ ကျောင်းပိတ်ရက် နေ့လည်ပိုင်းတွေမှာ ဘာသာရေးအကြောင်းတွေကို
ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။အဲဒီထဲမှာဟိန္ဒူဘာသာဝင်တွေကအကုသိုလ်စင်ကြည်သွားအောင်မြစ်ရေချိုးတာနဲ့
ပတ်သက်လို့ မဟာယနဗုဒ္ဓဘာသာဝင်မွန်ဂိုလီးယားကျောင်းသားတစ်ယောက် ပြောဖူးတာလေးကိုသတိရ
လာမိတယ်။
တစ်နေ့မှာ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဂင်္ဂါမြစ်ကိုသွားရောက်လည်ပတ်ခဲ့တယ်တဲ့။ ဂင်္ဂါမြစ်ထဲမှာ ရေချိုးနေတဲ့ ဟိန္ဒူဘာသာဝင်တစ်ယောက်ကိုတွေ့တဲ့အခါ အဲဒီသူက ဟိန္ဒူဘာသာဝင်ကိုမေးသတဲ့။ ခင်ဗျားဟာ ဒီလောက်အေးတဲ့ရာသီမှာ ဘာလို့မြစ်ထဲမှာ ဆင်းပြီးရေးချိုးနေတာလဲလို့။ အဲဒီအခါ ဟိန္ဒူဘာသာဝင်ကပြန်ပြောတယ်။ ဒီလိုရေချိုးတာဟာ အလကားရေချိုးနေတာမဟုတ်ဘူး။ အကုသိုလ်အ
ညစ်အကြေးတွေ စင်ကြယ်သွားအောင်ရေချိုးနေတာပါလို့ပြောသတဲ့။ ဒီလိုဆိုတော့ ဗုဒ္ဓဘာသာဝင်က ဗုဒ္ဓဘာသာတရားတော်အရ ခင်ဗျားတို့ဘာသာက တော်တော်အယူမှားနေတယ်လို့ပြောတော့ ဟိန္ဒူဘာသာ
ဝင်က စိတ်ဆိုးသွားတာပေါ့။
အဲဒီနောက်မှာဟိန္ဒူဘာသာဝင်က သူတို့ဘာသာကကောင်းကြောင်း၊ ဗုဒ္ဓဘာသာမကောင်းကြောင်းကို အကျယ့်တဝင့်ပြောပါလေရော့။ ဗုဒ္ဓဘာသာဝင်ဟာ စကားပြောနေစဉ်မှာ ညစ်ပတ်နောက်ကျုနေတဲ့ ဂင်္ဂါမြစ်ရေကိုရေသန့်ဘူးနဲ့သွားခပ်ထည့်ပြီး ရေသန့်ဘူးရဲ့အပြင်ဖက်ကို လက်နဲ့ပွတ်တိုက်နေတော့တယ်။ ဒီလိုလုပ်နေတာကို ဟိန္ဒူဘာသာဝင်ကမြင်တော့ ဒါဘာလုပ်နေတာလဲလို့မေးသတဲ့။ အဲဒီအခါ “ရေကြည်လာအောင် ပွတ်တိုက်ပေးနေတာလေ”လို့ပြောလိုက်တော့ ဟိန္ဒူဘာသာဝင်က “ခင်ဗျားရူးနေတာလား။ ပုလင်းထဲက နာက်ကျုနေတဲ့ရေကို ပုလင်အပြင်ကနေပွတ်တိုက်ပေးရုံနဲ့ ကြည်လင်ရော့ ထုံးစံရှိသလား”လို့ပြောတော့တာပေါ့။ အဲဒီအခါကျမှ ဗုဒ္ဓဘာသာဝင်က ဟိန္ဒူဘာသာဝင်ကိုပြန်ပြီး မေးလိုက်တယ်။ ခင်ဗျားရဲ့အတွင်းသဏ္ဍာန်မှာရှိနေတဲ့ စိတ်ဆိုး စိတ်မိုက် အကုသိုလ်အညစ်အကြေးတွေကို အပြင်ကဂင်္ဂါမြစ်ရေကိုချိုးရုံနဲ့ စင်ကြယ်သွားရော ထုံးစံရှိသလားလို့မေး လိုက်တော့ အဲဒီအခါကျမှ ဟိန္ဒူဘာသာဝင်ဟာ သဘာဝဓမ္မကိုနားလည်သွားပြီး ဗုဒ္ဓဘာသာဝင်အဖြစ်သို့ကူး ပြောင်းခဲတယ်တဲ့။
Ref: The eight places of Buddhist written by Sadra Sena Bauddh
သစ္စာရောင်ခြည်
၁၇-၈-၂၀၁၀