* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, August 11, 2010

နယူးဒေလီဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသလျှက်ရှိသော ရဟန်းတော်၏ ကျန်းမာရေးသတင်း


ရဟန်းတော်၏ ဆရာဝန်ပြောပြချက်အရ ဦးနှောက်ရောင်နေခြင်းနှင့် ကျောက်ကပ်မှာ ကောင်းစွာ အလုပ်မလုပ်နိုင်ကာ ဖျားနာလျှက်ပင်ရှိနေပါသည်။ သွေးချိုမှာလည်း (၂၅၀) ကျော်တွင် ရှိနေပါသည်။ ထို့ကြောင့် အရေးပေါ်ခန်း၌ နောက်ထပ် (၁၀)ရက် ခန့် ဆက်နေရဖွယ် ရှိပါကြောင်းကို အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့၏ ဥက္ကဋ္ဌဆရာတော်ထံမှ သတင်း ရရှိထားပါသည်။

သို့ပါသောကြောင့် စေတနာသုံးတန်ပြဋ္ဌာန်း၍ ရဟန်းတော်အား ပါဝင်လှူဒါန်းကူညီလိုပါက အောက်ပါ ဖုန်းနံပါတ်များနှင့် အီးမေလိပ်စာများသို့ ဆက်သွယ်လှူဒါန်းကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။

လေးစားစွာဖြင့်
ဝိမုတ္တိရသအဖွဲ့သားများ


ဆက်သွယ်လှူဒါန်းရန်...
ဥက္ကဋ္ဌဆရာတော်= ၀၀-၉၁-၉၉၃၄၂၆၆၂၉၈
pannasami2005@gmail.com
အထွေထွေအတွင်းရေးမှူး=၀၀-၉၁-၉၆၂၁၆၆၁၆၅၆
vicitta.modern@gmail.com

Read more...

*တောင့်တ၍မရကောင်းသောအရာငါးမျိုး*

Written by တောသားလေး 1 အကြံပြုပါသည်။ Posted in:


မြတ်စွာဘုရားရှင်သည် လောက၌မည်သူမဆို တောင့်တ၍မရကောင်းသော အရာငါးမျိုးတို့ကို အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါသည်။
ရဟန်းတို့ သမဏဖြစ်စေ ဗြဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မဖြစ်စေ လောက၌ မည်သူမဆို
၁။ အိုတတ်သောသဘောတရားသည် “မအိုပါစေလင့်” ဟူ၍လည်းကောင်း၊
၂။ နာတတ်သောသဘောတရားသည် “မနာဖျားစေလင့်” ဟူ၍လည်းကောင်း၊
၃။ သေတတ်သော သဘောတရားသည် “မသေပါစေလင့်” ဟူ၍လည်းကောင်း၊
၎။ ကုန်တတ်သော သဘောတရားသည် “မကုန်ဆုံးပါစေလင့်” ဟူ၍လည်းကောင်း၊
၅။ ပျက်စီးတတ်သော သဘောတရားသည် “မပျက်စီးပါစေလင့်”ဟူ၍လည်းကောင်း၊
တောင့်တ၍မရကောင်းသောအရာများဖြစ်ပေသည်ဟု ဟောကြားတော်မူခဲ့ပါသည်။
(အဂုင်္တ္တိရ်၊ ပဉ္စက၊ ဌာနသုတ်)
အားလုံးသောဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Read more...

*သတိပဋ္ဌာန် ကြွေးကြော်သံ*

အရှင်ဝေဠုရိယ (ရုရှားသာသနာပြု ဆရာတော်)

ဒုတိယ ၀ါဆိုလကွယ်နေ့ (၁၀-၈-၂၀၁၀၊ အင်္ဂါနေ့) တွင် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ဆရာတော် အရှင်ဝေဠုရိယ ဟောကြား ချီးမြှင့်တော်မူသော သတိပဋ္ဌာန် ကြွေးကြော်သံ တရားတော်

အပိုင်း(၁)



အပိုင်း(၂)



လေးစားရိုသေစွာဖြင့်
ဖိုးသား

Read more...

မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲ

၂၀၁၀ ခုနှစ် သြဂုတ်လ ၈ ရက် တနင်္ဂနွေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲကို ကျင်းပ ပြုလုပ်၏။

နံနက် ၉ နာရီမှ ၁၀ နာရီခွဲအတွင်း စုပေါင်း ရဟန်းခံပွဲနှင့် ရဟန်းတော်များအား သိမ်ဆင်းလောင်းလှူပွဲကို ပြုလုပ်၏။

နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်း၊ အချိုမုန့်၊ သစ်သီးများဖြင့် ကပ်လှူ ပူဇော်ကြ၏။

နံနက် ၁၁ နာရီတွင် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပြီး၊ နေ့လယ်တွင် ဧည့်ပရိသတ်များအား နေ့လယ်စာ မြန်မာထမင်းဟင်း၊ အချိုမုန့်များ၊ သစ်သီးများဖြင့် ဧည့်ခံ ကျွေးမွေး၏။

ဆွမ်းနှင့် နေ့လယ်စာ အလှူရှင်မှာ ဒေါက်တာတင်မြင့်နှင့် ဒေါက်တာခင်ခင်လှ၊ သား - ဒေါက်တာ Alvin Htut မိသားစုတို့ ဖြစ်၏။

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ဝေယျာဝစ္စအဖွဲ့သူအဖွဲ့သားများကလည်း နယူးယောက် မန်ကျည်းဖျော်ရည်အေးဖြင့် ဧည့်ခံ၏။

မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးများကို မဇ္ဈိမဂုဏ်ရည်ဆရာတော်၊ ဘုန်းကြီး ဦးအဘယာလင်္ကာရနှင့် လောကချမ်းသာဆရာတော်တို့က ဟောကြား မြွက်ဆိုသွားကြပြီး၊ မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲ အနုမောဒနာတရားတော်ကို မဇ္ဈိမဂုဏ်ရည်ဆရာတော်က ဟောကြား ချီးမြှင့်၏။

မဇ္ဈိမဂုဏ်ရည်ဆရာတော်၏ ပူဇော်တရား

လောကချမ်းသာဆရာတော်က မဟာစည်ထေရ ဂုဏပူဇာ လင်္ကာများ တိုင်ပေး

ဘုန်းကြီး ဦးအဘယာလင်္ကာရ၏ ပူဇော်တရား

လောကချမ်းသာဆရာတော်၏ ပူဇော်တရား

မဇ္ဈိမဂုဏ်ရည်ဆရာတော်၏ အနုမောဒနာတရား

ထိုနောက် ချမ်းမြေ့ဆရာတော်ဘုရားကြီးက သြဝါဒစကား မြွက်ကြား ချီးမြှင့်ကာ အားလုံးသတ္တဝါတို့ ချမ်းမြေ့စေကြောင်း မေတ္တာ ပို့သခဲ့လေသည်။

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သြဝါဒ




0 comments

Read more...

လှတယ်နော်..... ဗုဒ္ဓေါ




ကိုယ့်ကျောင်းရောက်မှဘဲ ဓာတ်ပုံ ရိုက်ထားသည့်
တရုတ်ပုတီးနဲ့  တရုတ် အဘိဓမ္မာ စာအုပ်






သင်တန်း တက်စဉ်က
သူ ၀တ်ပြီး အလှဆင်ထားတဲ့
ပုတီး သဖွယ် အလှတန်ဆာလေး

( ဒါလည်း ကျောင်းရောက်မှ အလားတူ ပုတီးလေး)


ဂျာမန်သင်တန်းမှာ လူမျိုးများစွာနဲ့  အတူတက်ခဲ့တော့ အတွေ့ ကြုံလေးတွေ ရတယ်၊ သူတို့ ကို လည်း ကိုယ့်ရဲ့  ဗုဒ္ဓဘာသာ အကြောင်း မသိမသာ တစ်မျိုး ၊ သိသိသာသာ တစ်မျိုးဆိုသလို ပြောပြခွင့် ရခဲ့တယ်။ အဲလို ပြောလိုက်ရတာသည်ပင် ကိုယ့်ရဲ့  အလုပ်လို့  ခံယူထားပါတယ်။

တစ်နေ့ မှာတော့ ကိုယ့်ဘေးမှာ ကပ်လျက်ထိုင်နေတဲ့ တရုတ်မလေးက သင်တန်းကာလ အတွင်း မှာ သူရယ် ဗီယက်နမ်မရယ် ဘေးမှာရှိတာများတာမို့  ပိုပြီး ခင်မင်ဖြစ်ပါတယ်။ သူက အစိုးရရဲ့  အထောက်ပံ့နဲ့ ပညာတော်သင်နဲ့  လာရောက်တဲ့ သူငယ်ချင်းမလေး။

အစိုးရက ထောက်ပံ့လို့  ဒီရောက်လာရတယ်ဆိုတော့ ကိုယ်က တွက်ကြည့်မိပါတယ် ၊ ဒီကလေးမ လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာတော်သင် လာနိုင်တာ တော်တယ်ပေါ့။ ပြောလို့  ဆိုလို့ လဲ ကောင်း တဲ့ သူငယ်ချင်းမလေး။

သူလည်း ကိုယ့်ကို ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးလို့  ကောင်းကောင်းသိနေတော့ ခင်ခင်မင်မင် လည်း ရှိတယ်။ သူ့ ဘယ်ဘာသာ ကိုးကွယ်သလဲတာ့ မသိပါဘူး၊ မေးလည်း မမေးမိဘူး၊ သူကလည်း ပြောမပြပါဘူး။


ဒါပေမယ့် သူက စကားစပြီးပြောလာတာက သူ့ အဖွားက ဗုဒ္ဒဘာသာတဲ့။ အသားတွေ မစားဘူး၊ သက်သက်လွတ်စားတာတဲ့။ ဗုဒ္ဓဘာသာဆိုတာ သူနားလည်ထားတာက သက်သက်လွတ် စား ရမယ်လို့  နားလည်ပုံပေါ်တယ်။

ပြီးတော့ သူက ကိုယ့်ဘက်လှည့်မေးပါလေရော။ ဘုန်းဘုန်းရော ဘုဉ်းပေးလားပေါ့၊ (ဆီလျော် အောင် ဘာသာပြန်လိုက်တာနော်)။ အင်း...ဘုဉ်းတာပေါ့ဗျာ လို့  ပြန်ဖြေလိုက်တယ်။

သူက ထပ်မေးပြန်ပါရော။ စားကောင်းလား၊ စားလို့ ရလားပေါ့။ ရပါတယ်။ ဘုန်းကြီးဆိုတာ ဒကာ ဒကာမ လှူတာ ဘုဉ်းပေးရတာမို့  အားလုံး စားရတာပေါ့ဗျာ။
အဲ... မစားကောင်းတဲ့ အသားကြီး ဆယ်မျိုး ဆိုတာ ရှိတယ်ဗျ။

( ဆောင်ပုဒ်) လူ ခွေး မြင်း ဆင်၊ သစ် ကျားလျင်၊
ခြင်္သေ့ ၀ံ အောင်း မြွေ။

( သူ့ ကို တော့ ဆောင်ပုဒ် ဆိုမပြပါဘူး၊
ကိုယ့်စိတ်ထဲ ပြန်ဆိုကြည့်တာပါ။)


လူသား၊ ခွေးသား၊ မြင်း ၊ ဆင် ၊ ကျားသစ် ၊ ကျား ၊ ခြင်္သေ့ ၊ ၀ံ ၊ အောင်း ၊ မြွေသားဆိုတာတွေကို မစားကောင်းဘူး။

လူသားက ဇာတ်တူသားမို့ လေ၊ ဆင် ၊ မြင်းကတော့ ရတနာသားမို့ ။ ကျားသစ်၊ ကျား ၊ ခြင်္သေ့ ၊ ၀ံ ၊ အောင်း၊ မြွေသားကတော့ အန္တရယ်ကောင်တွေ ဆိုတော့ သူတို့  အသားကို စားရင် အနံ့ ရပြီး သိသတဲ့။ အန္တရာယ်ပြန်ပေးမှာ စိုးလို့  မစားကောင်းတာ။ ခွေးသားကတော့ ရွံ စရာမို့  မစားရတာ ဆိုတာကို အကြောင်းလေးပြပြီး ပြောခဲ့ပါတယ်။

ဒီလိုတော့ ရှိတယ်။ မစားကောင်းတဲ့ အသား ဆယ်မျိုး ဆိုပေမယ့် မစားကောင်း အသားက တစ်ခြား သုံးမျိုးလည်း ရှိသေးတယ်။

ဆိုပါစို့  .. ခု စစ်စတားက ( ယူက ) ဘုန်းဘုန်းအတွက် ဆွမ်းဖိတ်မံပြီး မနက်ဖန် ကြက်သားဟင်း ကပ်မယ်၊ အိမ်မှာ ကြက်မွေးထားတယ်၊အဲလို ပြောပြောဆိုဆို တိုက်ရိုက်ပြောလို့ ဖြစ်ဖြစ်၊ တစ်ဆင့် ဘုန်းဘုန်း အတွက် အဲဒီကောင်မလေးက သတ်ကပ်တာလို့  တစ်ဆင့်ပြောလို့  ကြားတာဖြစ်ဖြစ် မစားကောင်းဘူး။

ကိုယ်ရှေ့ မှာ ကိုယ့်အတွက် သတ်နေပါလား မြင်နေရတဲ့ အသားမျိုးလည်း မစားကောင်းဘူး၊
ပြီးတော့ မနေ့ က အိမ်မှာ ကြက်ဘယ်နှစ်ကောင်ရှိတာ ဒီနေ့  တစ်ကောင်ရော့သွားတယ်၊ ငါ့အတွက်များ သတ်ပြီး ကပ်တာလေလား ဆိုပြီး ယုံမှားသံသယဖြစ်ရင်လည်း မစားကောင်းပါဘူး။

လွယ်လွယ်ပြောကြတာတော့ မြင်သား၊ ကြားသား ၊ ယုံမှားသား ဆိုတဲ့ အသား သုံးမျိုးကို မစား ကောင်း ဘူးပေါ့ကွယ်။

အားလပ်စ် ကလား? ၊( ဂျာမန်လို သူ့ ကို ပြန်မေးလိုက်ပါတယ်၊)။ အားလုံးရှင်းတယ်နော်။ သူက ရှင်းပါတယ်တဲ့။ အိမ်နီးနားချင်း နိုင်ငံက ဆိုတော့ ဂျာမန်လို ပြောလိုက် ဂျာမန်လို စကားလုံး မသိ တဲ့ အခါ အင်္ဂလိပ်လို ပြောလိုက်နဲ့ သူတော့ နားလည်သွားတယ်။ အသားကြီး ဆယ်မျိုးလို့  ပြောခဲ့ ပေမယ့် သူ့ ကိုတော့ ဆယ်မျိုးလုံး မပြောခဲ့ပါဘူး၊

ထင်ရှားတဲ့ ဆင် မြင်း ကျား ခွေး လူ လောက် အဓိက ရှင်းပြရတာ။ အဲဒါ ရှင်းပြီးတော့ ကိုယ်က လည်း သူ့ ကို ရှင်းပြရင်း သူ့ လက်ကို ကြည့်မိတယ်။ ပြီးတော့ စကားစလိုက်တယ်၊ လှတယ် နော်။ အဲဒါ ဘာလေးလဲပေါ့။ တစ်ခါတစ်လေ သိသော်လည်း ကိုယ်ပြောလိုရာ ရဖို့  အတွက် စကားက ခေါ်ရသေးတယ်လေ။

သူကလည်း ကိုယ်ပြောလိုက်တဲ့ လက်မှာ ပတ်ထားတဲ့ လှတပတလေးကို ကိုယ့်ကို ပြပါတယ်။ အေးဗျာ။ ရွှန်း..။ လှတယ်ဗျာ။ တကယ်ပဲ။ ( လှတယ်လို့ ပြောရင် ဘယ်သူ စိတ်ဆိုးလိမ့်မလဲနော်)။

ဒါလေးကိုလေ- တစ်ခါတရံ စာမေးပွဲ နီးလို့  စိတ်အေးအေး ဆေးဆေး ဖြစ်ချင်ရင် ဒီလိုလုပ်ပါ့လား၊ ၀င်လေ - ဗုဒ္ဓေါ၊ ဒါမှ မဟုတ် ထွက်လေ ဗုဒ္ဓေါ တစ်ခုခုပေါ့ဟာ။ စိတ်ထဲက တစ်ခါ ဆိုပြီးတိုင်း အဲဒီ အလုံးလေးကို တစ်လုံးမှတ်ထား၊ ကိုယ်မှန်းထားတဲ့ အတိုင်း တစ်ပါတ်ဆို တစ်ပါတ်၊ နှစ်ပတ်ဆို နှစ်ပတ် စသဖြင့်ပေါ့နော်။

အဲ... ဗုဒ္ဓေါ ဆိုတာ ဘာလဲတဲ့။ အင်း .. ဗုဒ္ဓေါ ဆိုတာ အမှန်တရားကို အားလုံး သိတဲ့ မြတ်စွာဘုရား ပေါ့။ ပုံမြင်ဘူးတယ်မဟုတ်လား။ ဒီမယ် ကြည့်ဆိုပြီး အိတ်ထဲမှာ ရှိတဲ့ ပါဠိသင်တန်း ကြေငြာ စာ ရွက် မှာ ပါတဲ့ ဘုရားပုံကို ပြလိုက်ပါတယ်။ သူလည်း သိသွားတယ်ပေါ့။

လက်ကလည်း စာနဲ့  အင်္ဂလိပ်လို ရှင်းပြပြီး
ရေး
ပြလိုက်ပါတယ်။ ပါးစပ်ကလည်း ဆိုပြရသေး။

အဲလိုလေး လုပ်တဲ့အခါ လေကိုလည်း ပုံမှန်လေး ရှုပါ ၊ ရှိုက်ပါ။ မျက်စိလေး မှိတ်ပြီး လုပ်ကြည့်စမ်း ပါ။ တကယ် စိတ်ညိမ်သွားမယ်။ အေးချမ်းသွားမယ်။ စာမေးပွဲ အတွက် ဘာမှ မပူပန် တော့ ဘူး။ စာမကျက်ခင်ပေါ့လေ။

တစ်ခါတစ်လေ ပရော်ဘလမ်တွေ ရှိရင်လည်း
အဲဒါကိုပဲ လုပ်ကြည့်ပါ။ တကယ်ကောင်းတာ။
အဓိက လေကို ပုံမှန်ရှု ပုံမှန်သွင်းလုပ်ရတာပေါ့လေ။


ပါးစပ်ကလည်း ပြော၊ လက်ကလည်း ပုတီးကို စိပ်တတ်အောင် ဒီလိုလေး ဆိုတာ ပြခဲ့ပါတယ်။
သူကလည်း ၊ ( ယ ၊ ဂု ထ် ။ အိခ်ျ မာခယ်။ ) ယာဂုအိ မာတယ် မဟုတ်ဘူးနော်။ အဲ..အဲဒါက...။ ဂျာမန်လို ပြောတာလေ။ တင်ပါ့ဘုရား၊ တပည့်တော် လုပ်ကြည့်သေးတာပေါ့လို့  ပြောတာပါ။

စိတ်ထဲမှာတော့ သာဓု ခေါ်မိသား ။ သူ့ ကို ပြောလိုက်တဲ့ လှတယ်နော် ဆိုတဲ့ အလှဆင် လက် ပတ်လေးကို တကယ့် အစစ် လှပတဲ့ ပုတီးသဖွယ် ဗုဒ္ဓေါ နဲ့  တွဲစေခဲ့တာမို့  လှတယ်နော် ဗုဒ္ဓေါ လို့  ဆိုလိုက်ပါတော့တယ်။


မှတ်ချက်။ ။ သံဃာတော်များ မစားကောင်းသော
အသားမှာ အသားကြီး ဆယ်မျိုးနှုင့် မြင်သား၊

ကြားသား၊ ယုံမှားသားဖြစ်သည်။
ကျန်အသားများ စားကောင်းပါသည်။


မနေ့ က ကုသိုလ်ဖြစ်အောင် ဘယ်လိုလုပ်မလဲ ခေါင်းစဉ်ပေးခဲ့ပြီး ကိုယ်ရဲ့ အတွေ့ ကြုံကို ပြောပြခဲ့ပါ တယ်။ သဒ္ဓါ တရားက အရေးကြီးကြောင်း သဒ္ဓါတရားရှိရင် ယုံကြည်ရင် ကုသိုလ် ဖြစ်ဖို့  နည်းတစ်ခုကို သက်သေ အဖြစ် တရားဟောသည့်အထဲ ထည့် ပြောခဲ့ပါတယ်။ ပြီးတော့ ဟိုတစ်နေ့ က ကိုယ်ဝန်သည် ဗီယက်နမ်ကို သရဏဂုမ် ရွတ်ဖို့ အကြောင်းလည်း ထည့်ပြောသေးတယ်။ လက်တွေ့ ဆန်တာ ကြိုက်တတ်ကြတဲ့ လူမျိုးများမို့ လက်တွေ့ ဖြစ်ခဲ့တာကို ပြောရခြင်းဖြစ်ပါတယ်။



မြတ်ရောင်နီ
( ၁၀ ၊ ၀၈၊ ၂၀၁၀ )

Read more...

အကောင်းမြင်ဝါဒနှင့် ယောနိသော မနသိကာရ…

ဝေါဟာရ တစ်ခု၏ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ “အကောင်းဘက်က ရှုမြင်တတ်သည့် အလေ့အကျင့်”ကို အကောင်းမြင်ဝါဒဟု ဆိုပြီး “အသင့်အားဖြင့် နှလုံးသွင်းခြင်း” ကို ယောနိသော မနသိကာရဟု ဆို၏။ အရာရာကို ကောင်းသည့်ဘက်၊ ကောင်းသည့်ရှုထောင့်မှသာ မြင်တတ်ကြည့်တတ်သည့် အလေ့အကျင့်သဘောကို အကောင်းမြင်ဝါဒဟု ဆို၍ အကြောင်းအရာ တစ်ခုခုကို သင့်လျော်လျောက်ပတ်အောင် နှလုံးသွင်းခြင်း၊ စဉ်းစားခြင်း၊ ရှုမြင်ခြင်းကို ယောနိသော မနသိကာရဟု ဆိုလေ့ရှိ၏။ တိုတိုနှင့်လိုရင်း အဓိပ္ပါယ် အနေဖြင့် ပြောရလျှင် “အကောင်းမြင်းခြင်း”နှင့် “နှလုံးသွင်းမှန်ကန်ခြင်း”ဟု ဤစကားနှစ်ရပ်ကို အလွယ်မှတ်သားနိုင်၏။ အကောင်းမြင်ခြင်းနှင့် နှလုံးသွင်းမှန်ကန်ခြင်းတို့သည် ဆက်စပ်မှု ရှိနေ၏။ တစ်နည်းအားဖြင့်ဆိုသော် တူညီသည့် သဘောကို ဆောင်နေ၏။ အကောင်းမြင်တတ်ခြင်းသည် နှလုံးသွင်းမှန်ခြင်းကြောင့် ဖြစ်ပြီး နှလုံးသွင်းမှန်ခြင်းသည်လည်း အကောင်းမြင်တတ်သဖြင့်သာ ဖြစ်လေ့ရှိတတ်၏။ ထို့ကြောင့် အကောင်းမြင်ခြင်းနှင့် နှလုံးသွင်းမှန်ကန်ခြင်း သို့မဟုတ် အကောင်းမြင်ဝါဒနှင့် ယောနိသော မနသိကာရတို့သည် “ကွဲသလိုလိုနှင့် တွဲနေတတ်သည့်တရား၊ မတူသလိုလိုနှင့် တူနေတတ်သည့်တရား”ဟု ဆိုကြခြင်း ဖြစ်၏။

ဆိုလိုသည်မှာ လူအမျိုးမျိုး စရိုက်အမျိုးမျိုးရှိသည့် ပုဂ္ဂိုလ်များနှင့် ဆက်ဆံကြရာတွင် အဆင်ပြေပြေ ဖြစ်ကြစေရန်၊ အပြစ်မမြင်ဘဲ အချစ်ဝင်ကြစေရန် အကောင်းမြင်တတ်သည့် အလေ့အကျင့်များ ရှိရန်လိုသကဲ့သို့ ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းမည့်အရေး အထောက်အကူပေးမည့် ကုသိုလ်တရား တိုးပွားရေးမှာလည်း ကုသိုလ်ဖြစ်ကြောင်း အထောက်အပံ့ တစ်ခုဖြစ်သည့် ယောနိသော မနသိကာရခေါ် နှလုံးသွင်းမှန်ကန်ရေး သို့မဟုတ် ကုသိုလ်ဖြစ်ရန် နှလုံးသွင်းတတ်ရေးသည် အရေးကြီးကြောင်း ဆိုလိုရင်းဖြစ်ပါ၏။ အကောင်းမြင်တတ်လျှင် အပြစ်အဖြစ် သက်သာပြီး နှလုံးသွင်းမှန်လျှင် အကုသိုလ်အဖြစ် နည်းကာ ကုသိုလ်ဖြစ်ရန် ပိုအားသန်၏။ ထို့ကြောင့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အရာကိုပဲ ကြည့်ကြည့် အကောင်းဘက်က ကြည့်နိုင်အောင် ကြိုးစားကြရန်နှင့် မြင်သမျှ၊ ကြားသမျှ အစစ အဖုံဖုံ ထိုထိုအာရုံများနှင့် ကြုံတွေ့သည့် အခါတွင်လည်း အကုသိုလ်မဖြစ်ဘဲ ကုသိုလ်ဖြစ်စေရန်အတွက် ယောနိသောမနသိကာရ ထားနိုင်အောင် ကြိုးစားကြရန် တိုက်တွန်းကြခြင်း ဖြစ်၏။

မှန်၏။ လူ့လောကတွင် နေထိုင်ကျင်လည်ကြသည့်အခါ ၀ါသနာမတူ၊ အကျင့်စရိုက်မတူ၊ စိတ်သဘောထား မတူကြသည့် လူအမျိုးမျိုးနှင့် တွေ့ကြုံနေကြရသဖြင့် စိတ်ထားမတတ်လျှင် နေ့စဉ်နေ့တိုင်း အကုသိုလ်အပြစ် ဖြစ်ဖွယ်များနှင့် ကြုံတွေ့ရတတ်၏။ တစ်စုံတစ်ဦး၏ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များသည် တစ်ခါတစ်ရံ မိမိတို့အတွက် အကုသိုလ်ဖြစ်ဖွယ်များ ဖြစ်နေတတ်သည်ကို သတိပြုမိကြမည် ဖြစ်၏။ ထိုသူတို့သည် မည်သည့်သဘော မည်သည့်ရည်ရွယ်ချက်ဖြင့် မည်သို့နေထိုင်လေ့ရှိသည်ကို မသိနိုင်သော်လည်း ကြည့်နေမြင်နေသည့် မိမိသည် အကယ်၍ စိတ်ထားမတတ်၊ နှလုံးသွင်း မမှန်လျှင် ထိုသူတို့ကို အမှီပြု၍ မိမိမှာ အလိုလို အပြစ်ဖြစ်နေတတ်၏။ ထိုသို့အပြစ်ဖြစ်တတ်မှု၏ အကြောင်းရင်းမှာ အကောင်းမမြင်တတ်၊ တစ်နည်းအားဖြင့် နှလုံးသွင်းမမှန်ကန်သည့် အတွက်ကြောင့်ပင် ဖြစ်၏။ ထို့ကြောင့် မည်သူ့အပေါ်ပဲ ဖြစ်ဖြစ် အကောင်းမြင်တတ်အောင် ကြိုးစားသင့်ကြောင်း ဆိုခြင်းဖြစ်၏။

အကောင်းမြင်တတ်လျှင် ထိုအခိုက်အတန့်တွင် အကုသိုလ်အဖြစ် သက်သာမည်မှာ အမှန်ပင်ဖြစ်၏။ ဘာပဲဖြစ်ဖြစ် အကောင်းဘက်က ရှုမြင်တတ်သဖြင့် မိမိစိတ်တွင်လည်း ရှေးဦးစွာ ကောင်းသည့်စိတ်များ ဖြစ်ပေါ်နေတတ်၏။ အဆိုးမြင်တတ်သည့် သူတစ်ယောက်သည် အရာရာကို အဆိုးဘက်ကသာ ကြည့်လေ့ရှိတတ်သဖြင့် သူ၏စိတ်တွင်လည်း အဆိုးများ၊ မကောင်းသည့် အတွေးများက လွှမ်းမိုးထားပြီး သူကိုယ်တိုင်ပင် အကုသိုလ် အပြစ်များ ဖြစ်နေတတ်သည့် သဘောရှိတတ်သော်လည်း အကောင်းဘက်က ရှုတတ်သူသည်ကား အတွေးကောင်း၊ အမြင်ကောင်းများဖြင့် မြင်တတ်ကြည့်တတ်သဖြင့် သူ၏သန္တာန်တွင်လည်း ကောင်းသည့်စိတ်ထားများ ဖြစ်နေတတ်၏။ အမှားကို အမှန်ဖြစ်အောင် ကြည့်တတ်သည့် သဘောမျိုးမဟုတ်ဘဲ မိမိကိုယ်ကိုယ် မိမိအပြစ်မဖြစ်စေရန် သူတပါး၏ ကောင်းကွက်လေးများကို ရှာ၍ကြည့်တတ်သည့် အလေ့အကျင့်မျိုးကို လေ့ကျင့်လေ့ရှိသူသည် အမှန်ပင် အကောင်းမြင်တတ်သူ ဖြစ်ပြီး အကုသိုလ် အဖြစ်နည်းသူ တစ်ယောက် ဖြစ်နိုင်ပေ၏။ ထို့ကြောင့် လူတိုင်းလူတိုင်း ကောင်းကွက်လေးများ တစ်ခုခုရှိတတ်သဖြင့် ထိုကောင်းကွက်လေးများကို ရှာ၍ မိမိကိုယ်ကို အပြစ်မဖြစ်အောင် ကြည့်တတ်မြင်တတ်၊ နှလုံးသွင်းတတ်ဖို့ လိုကြောင်း တိုက်တွန်းကြခြင်း ဖြစ်ပါ၏။

စကားစပ်၍ ဖတ်ဖူးခဲ့သည့် စာပေများတွင် ဖော်ပြထားသည့် အကောင်းမြင်တတ်စေရန်၊ နှလုံးသွင်း မှန်ကန်စေရန်နှင့် ပတ်သက်သည့် လမ်းညွန်ထားချက်များကို သတိရမိပါ၏။ “လောကတွင် အချို့သည် အပြောကြမ်းပြီး စိတ်ထားကောင်းသည်ကို တွေ့ရတတ်ကြောင်း၊ ထိုသူများကို အပြောကြမ်းသည်ကို မကြည့်ဘဲ စိတ်ထားကောင်းသည့် အချက်ကိုကြည့်၍ ဆက်ဆံသင့်ကြောင်း၊ အချို့သည် အပြောချိုသော်လည်း စိတ်သဘောထား ယုတ်ညံ့တတ်ကြောင်း၊ ထိုသူများကို စိတ်ဓာတ်မကောင်းသည်ကို မကြည့်ဘဲ နှုတ်ချိုတတ်သည့် အချက်ကိုပင်ယူ၍ ဆက်ဆံသင့်ကြောင်း၊ အချို့သည် အပြောလည်းကြမ်း၊ စိတ်ထားလည်း မကောင်းတတ်သော်လည်း တစ်ခါတစ်ရံ ကောင်းသည့် အချက်လေးများ ရှိတတ်ကြောင်း၊ ထိုသူများကို တစ်ခါတစ်ရံ ကောင်းသည့်အချက်လေးကိုပင် ယူ၍ ဆက်ဆံသင့်ကြောင်း၊ အချို့ကား စိတ်ထားလည်းမကောင်း၊ အပြောလည်းကြမ်းသည့်အပြင် မည်သည့်အခါမှလည်း ကောင်းလာမည် မဟုတ်သည့် သူများဖြစ်နေတတ်ကြောင်း ထိုသူများကိုကား အပြစ်အဖြစ်မခံတော့ဘဲ ဥပေက္ခာပြု၍သာ ဆက်ဆံသင့်ကြောင်း” စသည်ဖြင့် တစ်စုံတစ်ယောက်နှင့် ပတ်သက်၍ မိမိကိုယ်ကို အပြစ်မဖြစ်စေရန် အကောင်းဘက်က ရှုမြင်တတ်သည့် အလေ့အကျင့်များ လုပ်သင့်ပုံကို ဖတ်ဖူးခဲ့သည့် စာပေအချို့က လမ်းညွှန်ပြသထားလေ၏။

မည်သို့ဆိုစေ။ သေချာသည်မှာ အကောင်းမြင်တတ်ခြင်းသည် အပြစ်အဖြစ်သက်သာသည်မှာ အသေအချာပင် ဖြစ်ပါ၏။ သေချာတွေးကြည့်လျှင် လူတိုင်းလူတိုင်း ကိုယ်စီအားနည်းချက်များ ရှိတတ်ကြသည်ဖြစ်ရာ ထိုအားနည်းချက်ကို ကြည့်ပြီး ဆက်ဆံကြလျှင်ကား ဆက်ဆံရေး အဆင်ပြေဖွယ် မရှိတတ်လှပေ။ ထို့အပြင် အဆိုးမြင်တတ်သည့် အကျင့်လေးများ ရှိနေပြန်လျှင်လည်း မကောင်းသည့် အတွေးအမြင်က ရှေးဦးစွာ နေရာယူထားသဖြင့် မည်သူ့ကိုကြည့်ကြည့် မကောင်းသည့်အချက်၊ အားနည်းသည့် အချက်ကိုပင် တွေ့နေရမည်ဖြစ်၏။ ထိုသို့ အားနည်းချက်နှင့် မကောင်းသည့်အချက်ကို ကြည့်မိပြီဆိုလျှင်ကား မိမိသန္တာန်တွင် ထိုသူအပေါ်မှာ အကောင်းမြင်ပေးရန် မလွယ်လှဘဲ မကောင်းသည့် အတွေးအမြင်များဖြင့် အကုသိုလ် အပြစ်များသာ ဖြစ်ပေါ်တတ်သည့် သဘောရှိ၏။ ဤသည်မှာ အကောင်းမြင်တတ်သည့် အကျင့်မရှိဘဲ အဆိုးကိုသာ ကြည့်တတ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် အကောင်းမြင်တတ်လျှင် အပြစ်အဖြစ် သက်သာသဖြင့် အကောင်းမြင်နိုင်အောင် ကြိုးစားသင့်ကြောင်း ဆိုခြင်း ဖြစ်၏။

စာရေးသူ ရန်ကုန်မှာရှိစဉ်က အဖြစ်အပျက်လေးတစ်ခု ဖြစ်၏။ ကျောင်းမှာ အလှူရှိသဖြင့် ဧည့်သည်ပေါင်းစုံ လာကြသည့်အထဲတွင် အင်္ဂလိပ်စာ သင်ပေးခဲ့ဖူးသည့် တပည့်ကျောင်းသား ကျောင်းသူများလည်း ရောက်လာကြ၏။ ကျောင်းရောက်ရောက်ချင်း ဘုရားနှင့်ဘုန်းကြီးကို ဦးချပြီး ဟိုဟိုဒီဒီကြည့်ကာ ဒကာမလေး တစ်ယောက်က “ဘုန်းဘုန်းဘုရား… ကျောင်းမှာရှိတဲ့ အဲဒီလိုက်ကာတွေကို ဘယ်သူလှူထားတာလဲ…၊ လှူတဲ့သူကလည်း အဲဒီအရောင်ကြီးမှ ရွေးလှူရတယ်လို့…၊ လှလည်းမလှဘဲနဲ့၊ ဘယ်လိုမျက်စိနဲ့ကြည့်ပြီး လှူထားလဲ မသိပါဘူး၊ အနုပညာ မျက်စိမရှိလိုက်တာ…” စသည်ဖြင့်ဆိုပြီး သူ့စိတ်ထင်ရာကို အသံကျယ်ကြီးနှင့် ပြောဆို လျှောက်ထားလိုက်၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူပြောနေသည့်အချိန်တွင် အလှူရှင် ဒကာမကြီးကလည်း မနီးမနားမှာ ရှိနေခဲ့၏။ လူကြီးတစ်ယောက်ဖြစ်သဖြင့် အခြေအနေကို သိသော်လည်း ဘာမှမပြောဘဲ သူတို့လေးတွေ ပြန်သွားမှ စာရေးသူ အနားကိုရောက်လာပြီး “ဆရာတော်ဘုရား တပည့်တော်လှူထားတဲ့ လိုက်ကာတွေက မကောင်းလို့လားဘုရား…၊ ဒါဆို တပည့်တော် ပြန်လဲလိုက်မယ်ဘုရား..”လို့ စိတ်မကောင်းသည့် အမူအရာဖြင့် လျှောက်လေ၏။ စာရေးသူက “နေပါစေ ဒကာမကြီး ဒီအတိုင်းပဲ ထားလိုက်ပါ၊ အဆင်ပြေပါတယ်၊ ဒကာမကြီး အနေနဲ့ ခုလို ဟိုကပြော၊ ဒီကပြောလို့သာ လိုက်ပြီးလှူထားတာတွေ လဲနေမယ်ဆိုရင် ဆုံးမှာမဟုတ်တော့ဘူး၊ လူတစ်ကိုယ်အကြိုက်တစ်မျိုး ဆိုတော့ သူ့အကြိုက်သူပြောကြမှာပဲ၊ အဓိကကတော့ ကိုယ့်စိတ်ကို သန့်ရှင်းပြီး စေတနာပြတ်ဖို့ အဓိကပါပဲ…”ဟု ပြောသိမ့်စကား ပြောပေးခဲ့ရသေး၏။

ဤအဖြစ်အပျက်လေးမှာ လက်တွေ့ဖြစ်ခဲ့သည့် အဖြစ်တစ်ခု ဖြစ်ပါ၏။ လောကတွင် ဤကဲ့သို့သော သူများရှိနေသည်မှာ အမှန်ပင်ဖြစ်ပါ၏။ အကောင်းဘက်က ရှုမြင်တတ်သည့် အလေ့အကျင့် အားနည်းသဖြင့် ၎င်းတို့ စိတ်အထင် ပြောမိပြောရာ ပြောလိုက်မိတတ်ကြ၏။ ထိုသို့ အလွယ်တကူ လက်လွတ်စပါယ် ပြောလိုက်မိသဖြင့် မိမိကိုယ်တိုင်လည်း အပြစ်ကလေးများ ရတတ်သကဲ့သို့ ကြားရသည့် သူများမှာလည်း အတွေးအမျိုးမျိုးဖြင့် စိတ်မှာလေးလံ သွားတတ်၏။ အကယ်၍ အကောင်းဘက်က ကြည့်မြင်တတ်သူဆိုလျှင် အကောင်းကိုရှာပြီး ပြောဆိုတတ်သဖြင့် မိမိကိုယ်တိုင်လည်း စိတ်အစဉ် ရွှင်လန်းနိုင်သကဲ့သို့ ကြားရသူမှာလည်း ပီတိပွားရမည်မှာ အမှန်ပင်ဖြစ်ပါ၏။ အကောင်းမမြင်တတ်သည့် အလေ့အကျင့်၊ နှလုံးသွင်း မမှန်သည့် အတွေးအမြင်များသည် ကုသိုလ်ရရေးထက် အကုသိုလ် အပြစ်ဖြစ်နိုင်မှုက ပိုများသဖြင့် မည်သို့ပင်ဖြစ်စေ အကောင်းမြင်တတ်ရန်နှင့် နှလုံးသွင်းမှန်စေရန် ကြိုးစားအားထုတ်သင့်ပါပေ၏။

ဆိုလိုသည်မှာ လောကတွင် လူအမျိုးမျိုး၊ အခြေအနေအမျိုးမျိုး၊ ပတ်ဝန်းကျင် အမျိုးမျိုးဖြင့် ကျင်လည်နေကြရသည် ဖြစ်ရာ အမြင်မတတ်၊ အတွေးမတတ်၊ အကြည့်မတတ်၊ အနေအထိုင် မတတ်လျှင် အပြစ်ဖြစ်ပြီး အကုသိုလ်ဖြစ်တတ်သဖြင့် မည်သည့်အရာ၊ မည်သည့်ပုဂ္ဂိုလ်များဖြင့် တွေ့ဆုံကြံကြိုက်သည်ဖြစ်စေ မိမိတို့အနေဖြင့် အကောင်းဘက်က ရှုမြင်တတ်ရန်နှင့် အကုသိုလ်မဖြစ်အောင် နှလုံးသွင်းမှန်ကန်ရန် ကြိုးစားသင့်ကြောင်း ဆိုလိုပါ၏။ တစ်စုံတစ်ခုကိုဖြစ်စေ၊ တစ်စုံတစ်ရောက်ကိုဖြစ်စေ မကောင်းအမြင်ဖြင့် အဆိုးများကို ကြည့်တတ်ကြလျှင် အလွယ်တကူ အပြစ်မြင်ကာ အကုသိုလ်ဖြစ်တတ်သဖြင့် ကောင်းကွက်များကိုရှာ၍ အကောင်းကို ကြည့်တတ်ရန် ကြိုးစားအားထုတ်သင့်ကြောင်း အကြံပြု တိုက်တွန်းလိုရင်း ဖြစ်ပါ၏။ အကောင်းမြင်ခြင်းနှင့် နှလုံးသွင်းမှန်ကန်ခြင်းသည် ကုသိုလ်ရရန်နှင့် အကုသိုလ်အဖြစ်နည်းရန် အထောက်အပံ့ ဖြစ်စေတတ်သဖြင့် မိမိတို့၏ စိတ်ကို အကောင်းဘက်က ကြည့်မြင်တတ်ရန် လေ့ကျင့်သင့်ကြောင်း အသိပေးလိုရင်း ဖြစ်ပါ၏။ ထိုသို့သာ အကောင်းဘက်က ရှုမြင်တတ်၊ ကောင်းသည့်အရာများတွင် နှလုံးသွင်းမှန်ကန်တတ်ကြလျှင် မိမိအတွက်လည်း အပြစ်ကင်းပြီး သူတပါးအတွက်လည်း အကုသိုလ် အဖြစ်နည်းတတ်ကြမည်မှာ အမှန်ပင် ဖြစ်ပါပေ၏။

ထို့ကြောင့် မည်သူမဆို မိမိတို့၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာများကို အမှီပြု၍ အကုသိုလ်အပြစ် အဖြစ်လွယ်တတ်ကြရာတွင် အဆိုးမြင်တတ်ခြင်း၊ နှလုံးသွင်း မမှန်ကန်ခြင်းတို့ကြောင့်လည်း အကုသိုလ်အပြစ် ဖြစ်နိုင်ကြသဖြင့် ထိုသို့သော အကုသိုလ်အပြစ် ဖြစ်ပွားမှုများ နည်းပါးစေရန် မည်သည့်အရာ မည်သည့်ပုဂ္ဂိုလ်များ အပေါ်တွင်မဆို အကောင်းဘက်က ရှုမြင်နိုင်ရန်နှင့် နှလုံးသွင်းမှန်ကန်နိုင်ရန် မိမိတို့၏ စိတ်အစဉ်ကို မမေ့မလျော့သည့် သတိတရားဖြင့် အစဉ်မပြတ် ထိန်းသိမ်းပြုပြင်သင့်ပါကြောင်း စေတနာစကား မေတ္တာအားဖြင့် နှစ်သစ်စရာ ဓမ္မတစ်ခုအဖြစ် ရေးသားတင်ပြလိုက်ရပါသည်။

Read more...

မျက်ရည်မကျခင် သိစေချင်



ကျွန်တော် အခုရေးမယ့်အကြောင်းအရာလေးက ဆရာတော် အရှင်ဇ၀နရေးသားထားတဲ့ မျက်ရည်မကျခင် သိစေချင်ဆိုတဲ့ စာအုပ်မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မိမိတို့ရဲ့အဓိက ရည်ရွယ်ချက် ပန်းတိုင်ကိုသိစေချင်တဲ့စေတနာနဲ့ ပြန်လည်ရေးသားဖော်ခြင်းပါ စာအရေးအသား အနှစ်အရသာ ပျက်မှာစိုး၍ ဆရာတော် ရေးသားထားသည့်အတိုင်းဖော်ပြလိုက်ပါတယ်
ထေရ၀ါဒဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်ပန်းတိုင်ကား မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်ကိုရကာ နိဗ္ဗာန်ကိုမျက်မှောက်ပြု
ရေးပင်ဖြစ်ပါ၏။လောက၌ဘုရားပွင့်တော်မူခြင်းကလည်း၎င်းရည်ရွယ်ချက်ကြောင့်ပင်ဖြစ်၏။ ထို့ကြောင့်လည်းစလင်းကန်လယ်ဆရာတော်ဘုရားကြီးက……
အိုလူများတို့ ၊ ဘုရားသခင်နှင့် ကိုယ်တိုင်မတွေ့လိုက်ကြရ၍ဘာ ၀မ်းနည်းစရာရှိသလဲ၊ ယခုအခါ ဓမ္မက္ခန္ဓာ
ဘုရားတွေအများကြီး ရှိသေး၏ ။ကံ ၊ ပါရမီရှိလျှင် ရလိမ့်မည်ဟူ၍သာ အေးစက်စက်နေကြလျှင်
အများကြီးနစ်နာကြလိမ့်မည် ။ စာမတက်လို့ ဘာမတက်လို့ လဲမလုပ်ကြပါနှင့် ၊
ဆရာကောင်းနှင့်တွေ့လျှင် ရနိုင်ပါသည် ။ သို့အတွက် အိုလူများတို့ ၊ ယခုအခါ ကံ ပါရမီကိုမေးရန် မလိုပါ ။
ရှင်ဘုရင်သားဖြစ်ပြီးအိမ်ရှေ့မင်းသားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့မလိုပါ ။မုတ်ဆိတ်ပျားစွဲသူသည်
တခြားသွားပြီးပျားဖွတ်ရန်မလို ၊ရန်သူဝိုင်းထားခံရသူသည် ထွက်ပေါက်သိလျက်နဲ့ မထွက်သော် ၊
ကံပါရမီချဖွယ်မလို ၊ အညစ်အကြေးလူးသူသည် ရေစင်ရှိလျက်မဆေးသော်ရေ၌အပြစ်ဆိုဖွယ်ရာမလို ၊
မိမိကသာဖျင်းလို့ ၊ အ လို့ န လို့ ဖြစ်သည် ။ အသေနည်းသေးတယ်လို့သာ ဆိုဖွယ်ကောင်းတော့၏ ။
ကြောက်ကြ ၊ လန့်ကြ ၊ ထိတ်ကြ ၊ အိုလူများတို့ ၊ သို့အတွက် တရားအားထုတ်ကြပါကုန်လော့ ။
ဟူ၍ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရကြောင်းလမ်းဖြစ်သည့် ၀ိပဿနာတရားကို
အားထုတ်ကြရန် အရေးတကြီး တိုက်တွန်းတော်မူခဲ့ပါသည် ။
မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်ရဖို့ အားထုတ်ခြင်းမှာ ရလာသော လူ့ဘ၀မှ အနှစ်သာရထုတ်ခြင်းတစ်ခုပင် ဖြစ်၏ ။
ထိုကဲ့သို့ အနှစ်သာရထုတ်ချင်လာဖို့ရန် ရှေးဦးစွာ လူ့ဘ၀တန်ဖိုး ၊ ဗုဒ္ဓဘာသာဖြစ်ရခြင်း၏ တန်ဖိုးတို့ကို
သိရန်လိုအပ်ပါသည် ။

Read more...

Buddhist Gastronomy

Gastronomy is the art of preparing, presenting and consuming food. While a preoccupation with food and eating would be linked to craving, this need not cancel out the idea of favoring nutritious food, presenting it in a hygienic and appealing way and consuming it with appreciation. The Buddha spoke of several principles and ideas that pertain to gastronomy.
According to the Western understanding there are four basic or ‘primary’ tastes – sweet, bitter, sour and salt. The Buddha recognized these tastes but added four more making eight basic tastes (mula rasa) – sweet (madhura), bitter (tittika), sour (ambila), salt (lonika), pungent (katuka), savory (kharika), mild (akharika) and bland (alonika, S.V,149). This more subtle understanding of tastes, allowed cooks a wider combining and contrasting of tastes thus giving rise to a richer and more varied cuisine.
As far as preparing and cooking food is concerned, the Buddha said that a skilled cook (rasaka or suda) will carefully observe his costumer’s or employer’s reaction to his preparations and adjust his recipes accordingly. He should think like this, Today he liked this curry, he reached for that, he took a good helping of this, he praised that, the sour curry pleased him.’ (S.V,151).
Such ideas eventually led to the development of a distinct ‘Buddhist’ cuisine. Although the Buddha did not advocate vegetarianism it seems that early Buddhists gravitated towards a meat-free diet or only ate meat occasionally. This was partly because of religious scruples and partly economic, meat being expensive. And like the Jains, they favored non-root vegetables – fruit, grains, pulses, leafy vegetables, etc. – because they did not require digging and thus the possibility of killing creatures living in the earth. However, within a few centuries Buddhist cuisine was absorbed into general Indian tradition of cookery which was influenced by ideas of ‘clean’ and ‘unclean’ foods and Ayurvedic concepts.
An important part of gastronomy is table etiquette. The Tipitaka gives us a detailed description of how the Buddha eat which points to what he considered to be gracious behavior while eating (M.II,138). The Vinaya too, contains several rules that pertain to table manners.
In countries beyond India where Buddhist became established, particularly in the Far East, a distinct Buddhist gastronomy evolved, becoming and remaining even today very influential. These culinary traditions are usually entirely meat free, they avoid pungent vegetables such as garlic and unions in accordance with the Buddha’s instruction not to eat these vegetables (Vin.II,139). Such cuisine is called ‘vegetable food’ (zhaicai) in Chinese and do chay in Vietnamese, ‘devotion food’ (shojin ryori) in Japanese and ‘monastery food’ (sachal eumsik) in Korean.
1 comments

Read more...

လှေအတူ စီးမိသူများအကြောင်း

သူငယ်ချင်း

မင်းမှာလည်း
လိပ်စာမတပ်ထားတဲ့ ရောဂါတွေနဲ့
လုံးချာလိုက်လို့။

မင်းမရှိလည်း ဖြစ်တယ်တဲ့
သူငယ်ချင်းက ပြောတယ်
ငါ့မှာဖတ်စရာစာအုပ်တွေ ရှိနေရင်တဲ့။

ထပ်ပြောတယ်
မင်းမရှိတော့ရော ဘာအရေးလဲတဲ့
ငါ့မှာ စိုက်ပျိုးစရာ မြေကွက်လေးရှိရင် ဖြစ်တယ်တဲ့။

ဟော
ပြောပြန်ပြီ
မင်းမရှိတော့လည်း ငါနေတတ်တယ်တဲ့
ငါ့စိတ်ကို ငါ ပန်းချီပြန်ဆွဲမယ်တဲ့။

ဖြစ်တယ်ဆိုလည်း ဖြစ်တယ်ပေါ့
အစာကြေခြင်း မကြေခြင်းဆိုတာ
စားမိတဲ့အစာနဲ့ အစာအိမ်နဲ့ဆိုင်ပါလိမ့်မယ်
မင်းနဲ့ငါကြား
နာမည်မတပ်ထားတဲ့ ရောဂါတွေနဲ့တော့
မရှုပ်ထွေးစေချင်ဘူး။

မှတ်ချက်။ ။ မကြာခဏ စိတ်အစာမကြေတတ်သော ကျနော့်ဘော်ဘော် ပုစဉ်းရင်ကွဲများသို့

Read more...

ဆုတောင်းပေးချင်ပါသည်--သို့သော်



တစ်နေ့က မြန်မာပြည်မှ တယ်လီဖုန်းတစ်လုံး ၀င်လာပါသည်။ မိမိတို့ဇာတိ
မြို့ကလေးမှ ရင်းနှီးသော ဒကာမတစ်ယောက် ဖြစ်နေပါသည်။ စာရေးသူနှင့်
အတူနေ သူငယ်ချင်းဦးဇင်းတစ်ပါး၏ ခမည်းတော်ကြီး ရုတ်တရက်ကွယ်လွန်
သွားကြောင်း ပြောလာပါ၏။ ထို့ကြောင့် ထိုအရှင်ထံ ဖုန်းကို အပြေးသွားပေး
ကာနားထောင်စေလိုက်ရပါသည်။

သူဖုန်းပြောနေစဉ်အတွင်း မည်သို့သော အားပေးစကားမျိုး ပြောရပါမည်ကို
တွေးကာငေးနေမိပါသည်။ ထို့ပြင်တ၀ သူ့ဖခင်နေရာတွင် ကိုယ့်ဖခင်၊ သူ့နေ
ရာတွင် ကိုယ်သာလျှင် ဖြစ်ခဲ့ပါက------ဟူ၍လည်း အတွေး ပွါးနေမိ ပါသည်။
မိဘဆွေမျိုးများနှင့် အလှမ်းဝေးကွာ တစ်နေရာစီ နေနေ ကြရသူတိုင်း ဆီသို့
ဤသို့သော တယ်လီဖုန်းမျိုး အချိန် မရွေး ၀င်လာ နိုင်သည် မဟုတ်ပါလော။

သံဝေဂသည် တစ်ခဏအတွင်းမှာ အတော်ပင် အရှိန်မြင့်တက် သွားခဲ့ပါ၏။
ဤသတင်းမျိုး ကြားရလိမ့်မည်ဟု ယခင်က တွေးပင် မတွေးမိခဲ့။ ယခုမှသာ
( မဟုတ်ပါလော--ဘာလော--ညာလော) လျှောက်ရေးနေခြင်း ဖြစ်ကြောင်း
ရိုးသားစွာ ၀န်ခံရပါသည်။ သေသူကသေပြီဆိုတော့ ကျန်သူတွေမှာဖြေရုံသာ
ရှိတော့သည်။ ကုသိုလ် ကောင်းမှုပြုကာ အမျှပေးဝေ ခြင်းဖြင့်သာ ကူညီနိုင်
ကြတော့မည်။ သူလည်းရဟန်းတော်တစ်ပါးပေမို့သေခြင်းတရားအကြောင်း
ကောင်းစွာနားလည်ပါသည်။ ထွေထွေထူးထူး အားပေးနှစ်သိမ့်နေစရာလည်း
မလို အပ်ခဲ့ပါ။ ကောင်းမှု ပြုရန် အရေး ကိုသာ ဆွေးနွေး ဖြစ်ခဲ့ကြပါသည်။

------------------------------------------------------------------

မိမိနှင့်သိရှိကျွမ်းဝင်သူတစ်စုံတစ်ဦး ကွယ်လွန်အနိစ္စရောက်ပါက ဗုဒ္ဓဘာသာ
ဝင်တို့အဖို့ အပြောဖြစ်ဆုံးစကားမှာ "ကောင်းရာသုဂတိလားပါစေ" ဟူသော
စကား ဖြစ်လိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်။ ထိုစကားကိုနာရေးအိမ်အပါး
တွင်လည်း ကြားနိုင်၏။ ထိုစာသားကို သတင်းစာများတွင်လည်း တွေ့နိုင်၏။

ဗုဒ္ဓဘာသာဝင်တို့သည် ကောင်းကံ မကောင်းကံတို့ကိုလည်းကောင်း၊ ထိုကံ
တို့၏ ကောင်းမွေခံ ဆိုးမွေခံ အနေအထား တို့ကို လည်းကောင်း ကောင်းစွာ
နားလည်ထားကြသူတို့ဖြစ်ပါ၏ ။ ကောင်းစွာ နားမလည်သည့်တိုင် အကြမ်း
ဖျင်း အားဖြင့် နားလည်ထားကြသူတို့သာဖြစ်ပါ၏။ တစ်စုံတစ်ဦး၏ သွားရာ
ဘုံဘ၀သည် ထိုသူပြုခဲ့သမျှ ကောင်းကံ မကောင်းကံတို့၏ စီမံချက်အတိုင်း
သာ ဖြစ်ကြောင်း ကိုလည်း နားလည် သဘောပေါက် ကြပါ၏ ။ သို့သော်
သွားလေသူအပေါ်စာနာထောက်ထား မေတ္တာထားသောအားဖြင့်ကောင်းရာ
သုဂတိလားပါစေကြောင်းပြောဆိုကြခြင်းသာဖြစ်သည်ဟုထင်မြင်မိပေသည်။

ထောပတ်အိုးကို ရေထဲနှစ်၍ ရိုက်ခွဲပြီးလျှင် ထောပတ်တွေရေထဲ မြုပ်သွားပါ
စေကြောင်းမည်မျှပင် ၀ိုင်း၍ ဆုတောင်းကြသော်လည်း ထောပတ် သဘာဝ
ရေပေါ်သို့ပေါ်တက်လာမည်သာဖြစ်ပါ၏ ။ ကျောက်စရစ် ထည့်ထားသော
အိုးကို ရေထဲနှစ်၍ ရိုက်ခွဲပြီးလျှင် ကျောက်စရစ်တွေ ရေပေါ်တက်လာပါစေ
ကြောင်း မည်မျှပင် ၀ိုင်း၍ ဆုတောင်းကြသော်လည်း ကျောက်စရစ်သဘာဝ
ရေပေါ်သို့တက်ကြွလာမည်ကားမဟုတ်ပါချေ။

တမလွန်လားရာနှင့်စပ်၍ ဗုဒ္ဓအရှင်ထားတော်မူခဲ့သော ဥပမာစကားရပ်တို့
သည် လက်တွေ့ လောကကို ထပ်ဟပ် ညွှန်းဆို ပြနိုင်ကြပေစွ ။ မှန်ပါ၏။
အကယ်၍သာ ရှေ့ရှေ့ လူတို့အတွက် နောက်နောက် လူတို့က ဆုတောင်း
ဆုယူပြုကာ ကောင်းရာမွန်ရာ ပို့နိုင်ကြမည် ဆိုပါလျှင် ကောင်းမှုပြုနေကြ
ဖွယ်ရာမရှိသကဲ့သို့ ကောင်းစွာနေထိုင် ကြဖွယ်ရာလည်းလိုမည်မဟုတ်ပေ။

သေသွားသောအခါမှ "ကောင်းရာသုဂတိလားပါစေ"ဟုဆုတောင်းပေးခြင်း
သည် သွားလေ သူတို့ အတွက် တစ်စက်ကလေးမျှ အကျိုးမရှိ နိုင်ကြောင်း
ကျွန်ုပ်တို့ ကောင်းစွာ သိကြပါပြီ ။ ကျွန်ုပ်တို့ ချစ်ခင်သော သူတို့အတွက်
သူတို့လားရာဘ၀နှင့် ပတ်သက်၍ မည်သို့ဆောင်ရွက် ပေးသင့်ကြသည်ကို
ကောင်းစွာ စဉ်းစားသင့်ကြပါ၏။ ဘာတွေဆောင်ရွက်ပေးနိုင်ကြမည်နည်း။

သေလွန်သွားပြီးသူတို့အတွက်ကား အထွေအထူးမဆိုသာ။ ကောင်းမှုပြုကာ
အမျှပေးဝေကြရုံသာရှိတော့၏။ မသေသေးသော သူတို့ကိုမူကား ကောင်းမှု
ပြုရန်အရေးအားပေးတိုက်တွန်းနိုင်ခွင့်ရှိကြသေးသည်မဟုတ်ပါလော။ဝန်တို
စေးနဲ သောသူကို ဒါနမှု ပြုချင်လာအောင် ၊ ကိုယ်ကျင့်သီလအားနည်းသူကို
သီလအား ကောင်းလာအောင် ၊ ကမ္မဋ္ဌာန်း ဘာဝနာ အမှု၌ အားနည်း သူကို
ကမ္မဋ္ဌာန်း ဘာဝနာအမှု၌ အားကြီးလာအောင် အားပေး တိုက်တွန်း နိုင်ကြ
သေးသည်မဟုတ်ပါလော။
-----------------------------------------------------------------

ရှေ့ရှေ့ကသွားနှင့်လေသူတို့အတွက် ကောင်းရာသုဂတိလားပါစေကြောင်း
ဆုတောင်းပြည့်မည်ဆိုပါက ဆုတောင်းပေးချင်လှပါသည်။ အပန်းကြီးသည်
လည်းမဟုတ်။ မလုပ်နိုင်စရာအကြောင်းလည်းမရှိပါ။ သို့သော်-------------။

ချစ်ခင်ရသောသူတို့ကို ကောင်းမှု၌ တိုး၍မွေ့လျော်လာအောင် အားပေးတိုက်
တွန်း ဆော်ညွှန်းရပေဦးတော့မည်သာတည်း-----------------------------။

Read more...

သြဂုတ်လ ၁၁ ရက်နေ့တရားအစီအစဉ်များ...

မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၂၄း၀၀ နာရီအထိ...
သဒ္ဓမ္မရံသီဆရာတော် အရှင်ကုဏ္ဍလာဘိဝံသ ဟောကြားတော်မူသော
၁။ ဥပုဒ်သီလ လေးမျိုး
၂။ နှစ်ယောက်မြောက် အဖော်ကောင်း
၃။ အခြေခံ သမ္မဇည တရား(၄)ပါး
၎။ ဘဝကူးပြောင်းရာ သိကောင်းစရာ
၅။ ပုရာဘေဒသုတ္တန်
အရှင်ဣန္ဒာစာရာဘိဝံသ ဟောကြားတော်မူသော
၁။ မြင်းကောင်းအာဇာနည် နည်းကောင်းမှီ
၂။ မြတ်နိုးဖွယ်ရာ ဝိပဿနာအကျိုးပါ(၁)
၃။ မြတ်နိုးဖွယ်ရာ ဝိပဿနာအကျိုးပါ(၂)
၎။ နှလုံးသားမှာ ဘုရားတည်ပါ
၅။ အလှပန်းတို့လန်းရာမြေ
ချမ်းမြေ့မြိုင် ဆရာတော် အရှင်တေဇာသာရ ဟောကြားတော်မူအပ်သော
၁။ ပရိတ်ကြီး(၁၁)သုတ် တရားတော်
၂။ သတ်မှတ်နေရာယူကြပါ(၁) တရားတော်
၃။ သတ်မှတ်နေရာယူကြပါ(၂) တရားတော်
၎။ ခေါင်းဖီးထားမှပန်လို့ရ(၁) (အရိမေတ္တေယျဗုဒ္ဓ၀င်) တရားတော်
၅။ ခေါင်းဖီးထားမှပန်လို့ရ(၂) (အရိမေတ္တေယျဗုဒ္ဓ၀င်) တရားတော်
၆။ ခေါင်းဖီးထားမှပန်လို့ရ(၃) (အရိမေတ္တေယျဗုဒ္ဓ၀င်) တရားတော်
၇။ ခေါင်းဖီးထားမှပန်လို့ရ(၄) (အရိမေတ္တေယျဗုဒ္ဓ၀င်) တရားတော်
၈။ ဖိတ်စာတစ်စောင်ရောက်နေတယ်(၁) တရားတော်
၉။ ဖိတ်စာတစ်စောင်ရောက်နေတယ်(၂) တရားတော်
၁၀။ ၀ယ်တတ်မှအစစ်ရ(၁) တရားတော်
၁၁။ ၀ယ်တတ်မှအစစ်ရ(၂) တရားတော် တရားတော်များကို

လွှင့်ကြားပေးသွားပါမည်။

တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏

ငြိမ်းအေးရား တရားထူးတရားမြတ်များ ရှာတွေ့နိုင်ကြပါစေ။

Read more...

ဒါဝင်၏သီအိုရီကိုသုံးသပ်ခြင်း

စာရေးသူ- ဉာဏ်ဝင်း (ပင်လယ်ဘူး) | ရက်စွဲ- Wednesday, August 04, 2010

(၁)

ဓမ္မရံသီမဂ္ဂဇင်းဟောင်းများကို ပြန်လည်မွှေနှောက်၍ဖတ်ရာတွင် ဆရာစောနေလတ်၏ အစများ၏အစ ဆောင်းပါးကို ၂၀၀၂ ခုနှစ်၊ မတ်လထုတ် ဓမ္မရံသီ မှာ ဖတ်မိ၍ မိမိ၏အမြင်ကိုလည်း တင်ပြလိုစိတ်ဖြစ်မိပါသည်။ ဆရာအောင်မှိုင်း၏ မနုဿနိဒါန်း ဟူသော ဆောင်းပါးကိုဖတ်ရာမှ အစများ၏အစ ဆောင်းပါးကိုရေးဖြစ်ကြောင်း ဆရာစောနေလတ်က ဆိုထားပါသည်။

ဆရာစောနေလတ်ပြောသလို မိမိကလည်း မဆိုင်သည့်အလုပ်၊ အကျိုးမရှိသည့်အလုပ်ကို ၀ါသနာအလျောက် သိချင်လုပ်ချင်မိသည်ဟု ဆိုနိုင်ပါသ်ည။ သို့သော် ထေရဒါဝဗုဒ္ဓဘာသာကို လူအများ အမှန်အတိုင်း သက်ဝင်ယုံကြည်နိုင်ရန်ဟူသော ရည်ရွယ်ချက် ထားရှိပါသည်။

မြတ်စွာဘုရား ဟောတော်မူသော “သံသရာ၏အစသည်မထင်” ဆိုသည်မှာ ဤဘဒ္ဒကမ္ဘာ၏အစကို ဆိုထားသည်ကား မဟုတ်။ အနမတဂ္ဂ သံသရာ၏ အစကို ဆိုခြင်းဖြစ်ပါသည်။ ဒါဝင်၏ Evolution သီအိုရီ (ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်) သည် အနောက်တိုင်းမှာေ၇ာ အရှေ့တိုင်းမှာပါ ပျံ့နှံ့လျက် ရှိသည်။ သိပ္ပံပညာကို ဦးဆောင်နေသော အနောက်တိုင်းသားတို့၏ အတွေးအခေါ်ကို အရှေ့တိုင်းသားတို့က သဘောကျသည်ဖြစ်စေ၊ မျက်သည် ဖြစ်စေ မလွှမ်းမိုးနိုင်ကြ။ အနောက်တိုင်းမှ စတင်သော သိပ္ပံပညာနှင့် အတွေးအခေါ်တို့သည် ကမ္ဘာ့မျက်နှာစာမှာ အသာစီးက ရနေပါသည်။ သူတို့ အသာစီးရနေသဖြင့် သူတို့သမိုင်းမှအမှန်၊ သူတို့သမိုင်းမှ အခိုင်အမာ အတိအကျ ဖြစ်နေရပါသည်။ အမှန်စင်စစ် သူတို့သည်လည်း ခိုင်မာသော ကျောက်စာ၊ ကျောက်ဖြစ်ရုပ်ကြွင်းတို့ထက်ကို ကျော်လွန်၍ ခန့်မှန်းတွေးခေါ်နေကြသည်သာ။ ခန့်မှန်းသည်ဆိုကတည်းက အတိအကျ သိမြင်သည် မဟုတ်၍ မှန်ချင်မှမှန်မည်၊ လွဲချင်လွဲမည် သေချာသောအလုပ်ကားမဟုတ်။

(၂)

မြတ်ဗုဒ္ဓ၏ပိဋကတ်တော်တို့ကို ပထမသင်္ဂါယနာမှစ၍ ယခုမျက်မှောက်အချိန်ထိ သံဃာတော်တို့က မူရင်းအတိုင်း ထိန်းသိမ်းသယ်လာနိုင်ကြသည် ဟုဆိုလျှင် အနောက်တိုင်းသားတို့ သံသယ၀င်ချင်ဝင်ဦးမည်။ ထေရ၀ါဒသံဃာတော်မြတ်တို့၏ သဒ္ဓါ၊ ၀ီရိယ၊ သီလ၊ သမာဓိ၊ ပညာတို့ကို ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့သာလျှင် သက်ဝင်ယုံကြည်နိုင်ကြ၏။ သဒ္ဓါ၊ ပညာမရှိသူတို့ မမြင်နိုင် မယုံနိုင်လေရာ။

ထိုဘုရားဟော ပိဋကတ်တော်တို့ကို ကြည့်၍ မြတ်ဗုဒ္ဓသည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသ၀က္ခယဉာဏ်စသော ၀ိဇ္ဇာဉာဏ်တို့နှင့် ပြည့်စုံတော်မူသည်ဟုလည်း ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကြသည်။ ယုံကြသည်ဆိုရာမှာ သဒ္ဓါ၊ ပညာအဆင့်အလိုက် ကွာဟမှုတော့ ရှိကြသည်။

သဗ္ဗညုတဉာဏ်တော်သခင် မြတ်ဗုဒ္ဓ၏ဒေသနာပါဠိတော်တို့တွင် ဗုဒ္ဓ၀ံသပါဠိတော်များ၊ စရိယာပိဋကပါဠိတော်နှင့် ထိုထို အဘိဓမ္မာသုတ္တန်ပါဠိတော် တို့ကို လေ့လာသောအခါ ယဉ်ကျေးသော လူ့အဖွဲ့အစည်းသည် ကကုသန်မြတ်စွာဘုရား လက်ထက်တော်မတိုင်မီကတည်းက ရှိနေပြီးဖြစ်ကြောင်း သိရပေသည်။

လူသားမျိုးနွယ်ဆက်သည် တစ်ကမ္ဘာလုံး အမြဲတမ်းယဉ်ကျေးတိုးတက်၍ မနေသလို အမြဲတမ်းလည်း နိမ့်ကျမနေဟု ယူဆပါသည်။ ပိဋကတ် ကျမ်းစာများအဆိုအရ မိမိတို့ဝန်းကျင်ရှိ လူ့သက်တမ်းသည် အတက်အကျရှိပါသည်။ ဗြဟ္မစိုရ်တရားထွန်းကား၍ လူတွေ တရားစောင့်ကြသော ကာလတွင် အသက်တမ်းသည် အသင်္ချေအထိ တက်သွားသည်။ ဗြဟ္မစိုရ်တရားခြောက်သွေ့၍ လူတို့တရားမစောင့်သောကာလတွင် ဤလူတို့ သက်တမ်းသည် ၁၀ နှစ်တမ်းအထိ ဆုတ်ယုတ်သည်ဟု ဆိုပါသည်။ မုသားစကားစတင်ပြောသော စေတိယမင်းတို့ခေတ်တွင် အသက်တမ်းသည် အသင်္ချေဖြစ်ပါသည်။ အလောင်းတော် မာဃဒေ၀င်မင်းတို့ခေတ်တွင် လူတို့သက်တမ်းသည် သိန်းချီ၍ရှိနေသေးကြောင်း သိရပါသည်။ မန္ဓာတု စကြာမင်းတို့ခေတ် မဟာသုဒဿနစကြာမင်းတို့ခေတ်သည်လည်း သူ့ခေတ်နှင့်သူ ယဉ်ကျေးသော လူ့အဖွဲ့အစည်းဖြစ်ပါသည်။

ဤကမ္ဘာပေါ်တွင် တစ်နေရာမှာ ယဉ်ကျေးသောလူ့အဖွဲ့အစည်းရှိနေခိုက် အခြားတစ်နေရာတွင် မယဉ်ကျေးသောလူရိုင်းများလည်း ရှိနေနိုင်ပါသည်။ ယခု တိုးတက်ပါသည်ဆိုသော ခေတ်ထဲမှာပင် အချို့နေရာများမှာ လူရိုင်းများရှိနေသည်ကို သတိရပြုရပါ၏။ အာရှဒေသမှာ ယဉ်ကျေးမှုတိုးတက်နေချိန်တွင် ဥရောပ၌ လူတူပရိုင်းမိတ်များ၏ သမိုင်းခေတ် ဖြစ်ချင်ဖြစ်နေမည်။ ဒိုင်နိုဆောခေတ်ဖြစ်ချင်ဖြစ်နေမည်။ ယခု သီရိလင်္ကာနိုင်ငံသည် ဘုရားရှင်လက်ထက်က ယဉ်ကျေးသောလူ့အဖွဲ့အစည်း မရှိသေးကြောင်း သိရပေသည်။ အိမ်နားမှာ စိုက်ထားသော ငှက်ပျောမျိုးကို တောကြီးမျက်မည်းတွင် သွား၍စိုက်ပါက တောငှက်ကဲ့သို့ ငှက်ပျောသီးတွင် အစေ့များပါရှိလာပြီး ရိုင်းလာသည်ကို တွေ့ရှိရပေသည်။ တောငှက်ပျော်၏ ၀တ်မှုံများ ကူးစက်ခံရသောကြောင့် ဖြစ်ပေမည်။

လူသည်လည်း မျိုးနွယ်စဉ်ဆက် တောထဲသို့ ရှေ့တိုးသွား၍ တောသဘာဝနှင့် လိုက်လျောညီထွေသော ကြမ်းတမ်းမှု စသည်လောက်တော့ ဖြစ်လာနိုင်စရာရှိပါသည်။ သို့သော် လူသည် လူသာဖြစ်၍ တိရစ္ဆာန်အနွယ် ဖြစ်မသွားနိုင်ဟု ယူဆပါသည်။ လူအနွယ်မှနေ၍ တိရစ္ဆာန်အနွယ် မဖြစ်နိုင်သလို တိရစ္ဆာန်အနွယ်မှလည်း လူအနွယ် ဖြစ်လာစရာ အကြောင်းမရှိဟု ယူဆပါသည်။

ဣသိသိင်္ဃဇာတ်တော်တွင် ဘုရားအလောင်း ရသေ့ကြီး၏ ကျင်ငယ်ရေကို သမင်မသောက်ရာမှ ကျင်ငယ်ရေတွင် မျိုးဗီဇပါ၍ သမင်မကိုယ်ဝန်တည်ကာ ဣသိသိင်္ဃရသေ့ငယ်ကို ဖွားမြင်ကြောင်း ဆိုပါသည်။ ဤသည်မှာ သမင်မ၀မ်းမှ လူသားစင်စစ်မွေးလာခြင်းဖြစ်သည်။ တစ်စတစ်စ မျိုးဗီဇတို့ ဇာတ်ခြားသည်အထိ ရိုင်းရာမှ ယဉ်၊ ယဉ်ရာမှရိုင်းခြင်း မဟုတ်ပါ။ ဣသိသိင်္ဃဇာတ်နဲ့ပတ်သက်၍ မိမိငယ်စဉ်က ဆရာဝန် တစ်ဦး ရေးသောဆောင်းပါးတစ်ပုဒ် ဖတ်ဖူးသည်ကို သတိရမိသည်။

ယင်းဆရာဝန်စာရေးဆရာက လူ၏မျိုးဗီဇနှင့် တိရစ္ဆာန်သမင်မ၏ မျိုးဗီဇ မတူညီ ဇာတ်ခြားသောကြောင့် ဆေးပညာအရ မဖြစ်နိုင်ကြောင်း ဆိုပါသည်။ ထိုအဆိုသည် သူသိသော ဆေးပညာအရသာ ဆိုခြင်းဖြစ်ပြိး သူသိသောဆေးပညာထက် ကျော်လွန်သော အကြောင်းတို့အရ ဆိုခြင်းမဟုတ်ဟု နားလည်မိပါသည်။

မကျည်းပင်၊ ကြာပွင့်တို့၌ သံသေဒဇ ပဋိသန္ဓေဖြစ်သည်ဟူသော စာအဆိုကို ရုပ်ဝါဒီသမားများ စဉ်းစားလျှင် ဦးနှောက်ခြောက်ဖွယ်ရာ ရှိပါမည်။ ရုပ်ဝါဒီသမားတို့ပို၍ပို၍ စဉ်းစားမနိုင်ဖြစ်ရသည်မှာ ဥပပါတ်ပဋိသန္ဓေဖြင့် ၁၅ နှစ်။ ၁၆ နှစ်အရွယ် ဘွားကနဲကိုယ်ထင်ရှားဖြစ်သည်ဟူသော ဥပပါတ် သတ္တ၀ါများအကြောင်းပင်ဖြစ်ပါသည်။ အဘိဓမ္မာဒေသနာတွင် ပဋိသန္ဓေသည် ၀မ်း၌ဖြစ်သော ဂဗ္ဘသေယျက ပဋိသန္ဓေသည်လည်း အဏ္ဏဇ ဥ၌ဖြစ်သော ပဋိသန္ဓေနှင့် သားအိမ်၌ပေါက်ဖွားသော ဇလာဗုဇ ပဋိသန္ဓေဟူ၍ နှစ်မျိုးကွဲပြန်သည်။ ဤပဋိသန္ဓေများအနက် သြပါပါတိက (ဥပပါတ်) ပဋိသန္ဓေတွင် ယုံကြည်နားလည်ရာမှာ သာမန်ရုပ်ဝတ္ထုများကိုသာ စူးစမ်းသော အသိဉာဏ်ဖြင့် မလုံလောက်တော့ချေ။ မြတ်ဗုဒ္ဓ၏ ဒိဗ္ဗစက္ခုဉာဏ်၊ သဗ္ဗညုတဉာဏ်တို့ကိုလည်း ယုံကြည်နိုင်ရန် မလွဲမသွေလိုအပ်ပါ၏။ ယုံကြည်ဟု အတင်းတိုက်တွန်း၍ ရကောင်းသောအရာကား မဟုတ်။ ယုံကြည်နိုင်သောအသိဉာဏ် ဖြစ်ပေါ်လာအောင် လေ့လာစူးစမ်းရန်သာ ဖြစ်ပါသည်။

ဗုဒ္ဓဘာသာစာပေတို့တွင် ဗြဟ္မာ့ပြည်မှစုတေ၍ ဥပပါတ်ပဋိသန္ဓေဖြင့် ကမ္ဘာဦးလူသားများ ဖြစ်ပေးလာသည်ဟု ဆိုပါသည်။ ဥပပါတ်ပဋိသန္ဓေကို နားလည်ယုံကြည့်လျှင် မျောက်ကနေ၍ လူဖြစ်လာသည်အထိ ဖြစ်နိုင်ချေကို ယုတ္တိပြရန် အပင်ပန်းခံရှာဖွေခြင်းသည် သာမန်လူတစ်ဦး၏ ကိုယ်ပိုင် အတွေးအခေါ် အပိုင်းအခြား (သာမညယုတ္တိ) ပေါ်တွင်သာ ရပ်တည်ထားခြင်းဖြစ်ကြောင်း နားလည်နိုင်ပေသည်။ ဥပပါတ်ပဋိသန္ဓေသည် လောကတွင် မရှိဟု ခံယူလျှင် ဗုဒ္ဓဘာသာ၏အပြင်ဘက်သို့ ရောက်သွားဖွယ်ရာရှိပါသည်။ မြတ်စွာဘုရားကို ခံ၍ ငြင်းရာလည်း ရောက်ပါမည်။ အဘယ်ကြောင့်နည်း။ ဥပပါတ်သတ္တ၀ါများရှိကြောင်း မြတ်ဗုဒ္ဓဒေသနာတော်တို့တွင် အတိအလင်း ဟောထားသောကြောင့် ဖြစ်ပါသည်။

(၃)

ဒါဝင်၏ evolution သီအိုရီအရဆိုလျှင် ယခုခေတ်လူသားတို့သည် နောင်နှစ်ပေါင်းများစွာ ကြာသောအခါ ခြေလက်အင်္ဂါများ ယခုထက်ပိုပြီး ပြောင်းလဲတိုးတက်လာစရာ ရှိပါသည်။ လက်ရုံးနှစ်ဖက်မှ လက်ရုံးလေးငါးဖက် ဖြစ်လာမလားလို့ တွေးရန်ရှိပေ၏။ အဘယ်ကြောင့်ဆိုသော်ဒါဝင်၏ evolution သီအိုအရ နိမ့်ရာမှ မြင့်ရာသို့ အကန့်အသတ်မရှိ တိုးတက်ပြောင်းလဲနေရမည် ဖြစ်သောကြောင့်တည်း။ ဒါဝင်၏အဆိုကို (ကမ္ဘာကျော် အတွေးအခေါ် ပညာရှင်) ဘာထရန် ရပ်ဆယ်ကလည်း ငြင်းဆိုကန့်ကွက်ခဲ့ကြောင်း သိရပေသည်။ အစ၏အစ ဆိုရာမှာ သတ္တ၀ါ၏အစကို အသာထား၍ ရေ၊ မြေ၊ လေ၊ မီးဟူသော ပရမတ္ထဓာတ်ကြီးလေးပါး၏ အစကို ရှာကြည့်လျှင်လည်း အသိဉာဏ်တုန်းပြီး မျောသွားဖွယ်ရာရှိပါ၏။ မြတ်ဗုဒ္ဓသည် နာမ်ကိုသာ ပိုင်းခြားသိတော်မူသည်ကား မဟုတ်၊ ရုပ်တရားများကိုလည်း ပိုင်ခြားသိတော်မူပါပေ၏။ လောက၀ိဒူ ဂုဏ်တော် ဆိုသည်မှာ သတ္တလောက သတ္တ၀ါတို့အကြောင်း၊ သင်္ခါရလောကတွင် သင်္ခါရတရားတို့၏အကြောင်း၊ သြကာသလောကတွင် နေ၊ လ၊ ကမ္ဘာ၊ အနန္တစကြ၀ဠာ ဘုံတို့အကြောင်းကို ပြိုင်ဖက်မရှိ အကြွင်းမဲ့သိမြင်တော်မူသော ဂုဏ်တော်ဖြစ်ပါသည်။

“ဤသတ္တ၀ါအပေါင်းတို့သည် ဆန်းကြယ်သကဲ့သို့ ဤအတူဆန်းကြယ်သော အခြားဖြစ်သည့် တစ်ခုသောအပေါင်း (ဧကနိကယ) ကိုမျှလည်း ငါဘုရား မြင်တော်မမူ” ဟူ၍ အင်္ဂုတ္ထိုရ်၌ ဒေသနာရှိပေသည်။ ကိုယ်ထင်ရှားဖြစ်သော ဥပပတ်ပဋိသန္ဓေသည် ဆန်းကြယ်သော အရာတို့တွင် တစ်ခုအပါအ၀င်ဖြစ်ပေလိမ့်မည်။ ဥပပတ်ပဋိသန္ဓေကို မယုံကြည်နိုင်သူအဖို့ (ဣဿရနိမ္မာန) ဖန်ဆင်းရှင်ဝါဒကိုလျှင်လည်း ယုံကြည်ယူဆမိမည်၊ သို့မဟုတ် ဒါဝင်၏ evolution သီအိုရီကိုလျှင်လည်း ယုံကြည်ယူဆမိပေမည်။ Evolution သီအိုရီသည်လည်း သာမညယုတ္တိနောက် လိုက်လွန်းသော အစွန်းတစ်ခုဟု ဆိုချင်ပါသည်။ ယခုခေတ်တွင် ဖြစ်ထွန်းနေသော နည်းပညာပစ္စည်းများအကြောင်းကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ လောက်ကာလမှာသွားပြောလျှင် ဉာဏ်မီရာ ယုတ္တိရှာမရ၍ မယုံကြည်နိုင် ဖြစ်ပေလိမ့်မည်ကို တွေးကြည့်နိုင်ပါသည်။

နိဂုံးချုပ်အနေဖြင့် တစ်ခုပြောလိုသေးသည်။ အဇ္ဈတ္တသန္တာန်ရှိ ရုပ်ကလာပတို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူသော အကြောင်းတရား လေးပါးတို့ကြောင့် အသီးသီးဖြစ်ပေါ်ရပေသည်။ ဗဟိဒ္ဓဖြစ်သော ရုပ်တရားတို့ကိုကား သီတဥတု၊ ဥဏှဥတုတို့က ဖြစ်စေပါသည်။ ဗဟိဒ္ဓရုပ် ဖြစ်သော သုဒ္ဓဋ္ဌကလာပ် (ရေ၊ မြေ၊ လေ၊ မီး၊ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ သြဇာ) သဒ္ဒန၀က ကလာပ် (သုဒ္ဓဋ္ဌကလာပ်တွင် သဒ္ဒထည့်) တို့သည် ဥတု အကြောင်းတစ်ပါးသာ ရှိသည်ကား မှန်၏။ အ၀ိဇ္ဇာ၊ တဏှာ၊ ကံ၊ သင်္ခါရတို့နှင့် လုံးလုံး အဆက်အသွယ် ပြတ်တောက်သည်တော့ မဟုတ်သေး။ ဝေးသောအကြောင်း အဖြစ်ဖြင့်ကား ရှိနေသေးသည်သာ။ “စိတ်သည်လောကကို ဆောင်အပ်၏” ဟူသော မြတ်ဗုဒ္ဓ၏ အဆိုအမိန့်ကို ဤအရာ၌ ပညာရှင်တို့ ထုတ်ဆောင်ကြပေသည်။ အကျယ်သိလိုမူ သေက္ချတောင်ဆရာတော်၏ ပဏ္ဍိတဝေဒနိယကျမ်း တွင် ကြည့်ရှုနိုင်ကြပါသည်။

ဤဆောင်းပါးကို ရေးဖြစ်သည့်အတွက် ဆရာအောင်မှိုင်း၊ ဆရာစောနေလတ်တို့ကို အထူးကျေးဇူးတင်ပါသည်။

http://www.venkawwida.net/2010/08/blog-post_1424.html

Posted August 10, 2010 by Annyatara (အညတရ) in သူ့အတွေးသူ့အမြင်

Read more...

ဗန်းမော်ဆရာတော်၏ သီရိလင်္ကာဘုရားဖူးခရီး

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ။ တိပိဋကရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပေါက်မြိုင်ဆရာတော်ဘုရားကြီး ဦးအဂ္ဂ၀ံသာဘိဝံသ(၂)ပါး အမှူးပြုလျက် ဖြူးမဟာစည်ရိပ်သာကြီး(၂)ခု၏ ပဓာနနာယကဆရာတော် အရှင်အဂ္ဂ၀ရ (ဓမ္မာစရိယ၊M।A, PhD Thesis) ဦးစီးသော ဘုရားဖူးအဖွဲ့သည် သီရိလင်္ကာနိုင်ငံတွင် (11-8-2010) မှ (20-8-2010) နေ့အထိ။ ထိုင်းနိုင်ငံတွင် (21-8-2010) မှ (23-8-2010) နေ့အထိ ဘုရားဖူးကြွရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Read more...

သောင်းပြောင်းထွေလာ သံပေါက်စာများ အပိုင်း (၁)


မသေခင်ချစ်၊ သေလျှင်ပြစ်၊ စင်စစ် တွေးတောထား။

မသေခင်သုံး၊ သေလျှင်မုန်း၊ လုံးလုံးနှလုံးပွါး။

မသေခင် ပေါင်း၊ သေလျှင် ခေါင်း အကြောင်းဤသို့များ။

မသေခင် ရုပ်၊ သေလျှင် ပုပ်၊ “ငါ” ဟုတ်သေးရဲ့လား။

မသေခင် ထုတ်၊ သေလျှင် မြုပ် ဒါ ရုပ် ဒါ နာမ်လား။

မသေခင် မွှေး၊ သေလျှင် ပြေး၊ ဘယ်ရေးမလှပါ။

မသေခင် ဆို၊ သေလျှင် ငို ငါ့ကိုယ် ဟုတ်သလား။

မသေခင် ကြံ၊ သေလျှင် ခံ ဖန်ဖန် နင်တွေးထား။

မသေခင် ခေါ်၊ သေလျှင် အော် “ငါ” နော်အပုပ်ပဲ။

မသေခင် လှ၊ သေလျှင် ပွ၊ ဘာမျှ မကောင်း ရုပ်အလောင်း။

မသေခင် ထား၊ သေလျှင် သွား “ငါ” ကား ကိုယ်ပိုင်မရှိပါ။

ရုပ်နာမ်မထင် ထိုသူလျှင် ပါယ်ခွင်ရောက်လိမ့်များ။

(၁၃၂၄)ခုနှစ်၊ ဝါခေါင်လဆန်းတွင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင်
ကသစ်ဝိုင်ဆရာတော် ဘဒ္ဒန္တ ပဒုမ
ရေးသားသီကုံးအပ်သော သောင်းပြောင်းထွေလာ သံပေါက်စာများ

Read more...

အခွင့်အရေး


(၁)
“အခွင့်အရေး”ဆိုသော ဝေါဟာရကို နေ့စဉ်ဘ၀၊ နေ့စဉ်အသုံးများတွင် အဓိပ္ပာယ်အမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုးဖြင့် ပြောဆိုလေ့ရှိကြသည်။ အသုံးများသလောက် အမှန်တကယ် နက်နက်နဲနဲ စဉ်းစားလေလေ သိမ်မွေ့သော၊ လေးနက်သော အဓိပ္ပာယ်လေးများရှိနေသည်ကို တွေ့ရသည်။ စကားလုံးက တစ်လုံးတည်းပင် ဖြစ်သော်လည်း နေရာဌာနအားလျှော်စွာ ကောင်းသောဆိုလိုချက်နှင့် ဆိုးသောဆိုလိုချက် နှစ်ခုစလုံးကို သယ်ဆောင်ပေးနိုင်သည်။ “အခွင့်အရေး”ဟူသည် “အခွင့်အရေးယူတယ်၊ အခွင့်အရေးသမား”လို့ သုံးနှုန်းလိုက်လျှင် မကောင်းသောအဓိပ္ပာယ်ထွက်ပြီး “အခွင့်အရေးကို အမိအရ အသုံးချလိုက်တယ်”လို့ဆိုလျှင် ကောင်းသောအဓိပ္ပာယ်ဖြစ်ဖို့ များလေသည်။

(၂)
ဗုဒ္ဓ၀ါဒက လူ့အဖြစ်ကို “တကယ့်မဟာ အခွင့်အရေးကြီး”အဖြစ် ဖော်ပြသတ်မှတ်ပေးထားသည်။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓ၀ါဒသည် ၃၁-ဘုံဝါဒနှင့်ဘ၀လွတ်မြောက်ရာ နိဗ္ဗာန်ကို တည်ခင်းထားသည်ဖြစ်ရာ မည်သည့်နေရာ၊ မည်သည့်ပန်းတိုင်သို့မဆို လူ့ဘ၀ကနေ သွားရမည်ဖြစ်သောကြောင့် ဖြစ်လေသည်။ (ခြွင်းချက်….သုဒ္ဓါဝါသဘုံမှလည်း ဘ၀လွတ်မြောက်ရာသို့ သွားနိုင်သည်။ သို့ရာတွင် ထိုဘုံရောက်ဖို့အတွက် လူ့ဘ၀က အားထုတ်မှုများ ရှိဖို့တော့ လိုအပ်သည်)။ လူ့အဖြစ်ကိုသာ မရခဲ့လျှင် အထက်အထက်လွတ်မြောက်ရာနှင့် မြင့်မြတ်ရာ ဘ၀များသို့ မရောက်နိုင်ပေ။ သို့အတွက်ကြောင့် လူ့ဘ၀၊ လူ့အဖြစ်ကို မဟာအခွင့်အရေးကြီးအဖြစ် သတ်မှတ်ပြီး ထိုအခွင့်အရေးကို လက်လွှတ်မခံကြဖို့ ပြောထားခြင်းဖြစ်သည်။

(၃)
နယ်မြေဒေသတစ်ခုသို့ စီးပွားရှာထွက်သောအခါ၊ အဆင့်မြင့်နိုင်ငံကြီးများသို့ သွားရောက်ပြီး ပညာသင်ခွင့်၊ စီးပွားရှာခွင့် ရသောအခါ….. စသော ကောင်းမွန်ကြီးကျယ်သောအရပ်သို့ ထွက်ခွာမည့်သူများကို လူကြီးမိဘ၊ ဆရာသမားများနှင့် မိတ်ဆွေများက ပြောတတ်ကြသည်။ “အခွင့်အရေးကို ရအောင် ယူခဲ့”။ “ရလာတဲ့အခွင့်အရေးကို လက်လွှတ်မခံနဲ့”။
စီးပွားရေးသမားများကလည်း မိမိတို့လုပ်ငန်းအတွက် ငွေကြေးအမြတ်များများ ရနိုင်သောလုပ်ငန်းခွင်များ ပေါ်ပေါက်လာလျှင် “ဒါက ငါတို့အတွက် မဟာအခွင့်အရေးကြီးပဲ၊ လက်လွတ်ခံလို့ မဖြစ်ဘူး”ဟု ပြောတတ်ကြသည်။ တိုင်းတစ်ပါးလက်အောက်ခံ ဖြစ်နေရသော တိုင်းပြည်ခေါင်းဆောင်တို့သည်လည်း အခြားတိုင်းပြည်က စစ်အကူအညီများ ပေးဖို့ ကမ်းလှမ်းခံရလျှင် “ဒါက ဒို့နိုင်ငံ လွတ်လပ်ရေးအတွက် အခွင့်အရေးပဲ”ဟု ဆိုတတ်ကြသည်။

သို့ဆိုလျှင်….. အခွင့်အရေးကို မည်သို့ ကောက်ချက်ချကြမည်နည်း။ “အခွင့်အရေး”ဟူသည် မိမိ၏ ပုဂ္ဂလိကကောင်းကျိုးနှင့် ပတ်ဝန်းကျင် သို့မဟုတ် မိမိတိုင်းပြည်နှင့်လူမျိုး ကောင်းကျိုးအတွက် ဇွဲသတ္တိအပြည့်ဖြင့် ဆောက်ရွက်လိုသောစိတ်ဓာတ်ကို ကိုယ်စားပြုနေသည်ဟု ဆိုနိုင်ပါလိမ့်မည်။ ဤအဓိပ္ပာယ်က မိမိ၊ အများကောင်းကျိုးအတွက် မိမိ၏ ဇွဲလုံ့လ၊ အသိပညာများကို အသုံးချသူ၊ ပေးဆပ်သူများကို ရည်ညွှန်းနိုင်ပါလိမ့်မည်။

(၄)
“အခွင့်အရေး”ဟူသော ဝေါဟာရသည် ထိုမျှနှင့် မရပ်သေးပါ။ တစ်နေ့က မြန်မာနိုင်ငံက ဗိုလ်ချုပ်တစ်ယောက်အကြောင်း ပြောဖြစ်ကြသောအခါ သူငယ်ချင်းက “ဒီလူကို ကိုယ် သိပါတယ်၊ ဒီလူက အခွင့်အရေးသမားပါကွာ”ဟု ဆိုသည်။
နောက်ပြီး အဖွဲ့အစည်းကြီးတစ်ခုက ခေါင်းဆောင်ဖြစ်နေသူတစ်ယောက်အကြောင်း ပြောသံကြားရသည်။ သူသည် ထိုအဖွဲ့အစည်းအတွက် ခေါင်းဆောင်ဖြစ်ထိုက်သူ အရည်အချင်း မရှိသည်ကို လူတိုင်း သိမြင်ထားသည်။ မည်သို့ပင်ဖြစ်စေ သူသည် လက်ရှိခေါင်းဆောင်ဖြစ်နေသည်။ ထိုအထဲမှ တစ်ဦး၏ကောက်ချက်တွင် “ဒီလူက အခွင့်အရေးကို ချောင်းနေတဲ့သူပါကွာ၊ သူ ဒီရာထူးရဖို့ အမျိုးမျိုး ကြံစည်နေခဲ့တာ”ဟု ကြားလိုက်ရသည်။ ထိုကဲ့သို့ “ဒီလူက အခွင့်အရေးသမားကွာ”ဆိုသော စကားမျိုးကို နေ့စဉ်ရက်ဆက်ဆိုသလို ကြားသိနေရလေသည်။

သို့ဆိုလျှင် “အခွင့်အရေး”ဟူသော ဝေါဟာရကို မည်ကဲ့သို့ ကောက်ချက်ချကြအုံးမည်နည်း။ “အခွင့်အရေး”ဟူသည် မိမိ၏ပုဂ္ဂလိကချမ်းသာအဆင်ပြေရေးအတွက် (ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများကို လျစ်လျူရှုပြီး) အတ္တကို ရှေ့တန်းတင်ကာ သူတစ်ပါးအပေါ် အမြတ်ထုတ်ချင်သော စိတ်ဓာတ်ကို ကိုယ်စားပြုနေသည်ဟု ဆိုနိုင်လိမ့်မည်ဟု ယူဆမိပြန်သည်။ ဤအဓိပ္ပာယ်က မိမိ၏ တစ်ကိုယ်ရေချမ်းသာပြည့်စုံမှု၊ အာဏာရှိမှုအတွက် အများကို အသုံးချတတ်သော ကလိမ်ကကျစ် အချောင်သမားများကို ရည်ညွှန်းနိုင်ပါလိမ့်မည်။

(၅)
“ပေးဆပ်သူ”တို့၏ စိတ်ဓာတ်က မိမိလိုချင်တာကို ဇွဲလုံ့လအပြည့်ဖြင့် ရအောင်ကြိုးစားသည်။ ပြီးလျှင် ထိုဇွဲ့လုံလ၏အကျိုးရလဒ်ကို မျှဝေစိတ်ဖြင့် ခံစားသည်။ “အချောင်သမား”တို့၏ စိတ်ဓာတ်သည်လည်း မိမိလိုချင်တာကို စိတ်ရှည်ရှည်ဖြင့် ရအောင်ကြိုးစားသည်။
သူတို့နှစ်ဦး ကွာဟနေသည့်အချက်မှာ ပေးဆပ်သူက သူ၏ လုပ်ရပ်များအတွက် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများဖြင့် ထိန်းကွပ်ပေးထားသည်။ အချောင်သမားက မိမိလိုချင်သည့်အရာအတွက် ကိုယ်ကျင့်တရားဘောင်တွေကို မထား၊ “မရရသည့်နည်းဖြင့်၊ မဖြစ်ရင် ဖြစ်သည့်နည်းဖြင့်”ဟူသော မူကို လက်ကိုင်ထားသည်။

ထို့အပြင် ပေးဆပ်သူက မိမိနှင့်ထိုက်တန်သမျှကိုသာ ဆုပ်ကိုင်သည်။ အချောင်သမားက အကုန် မောင်ပိုင်စီးချင်သည်။ မည်သည့်အရာကိုပဲလုပ်လုပ် သူ့လက်သူ့ခြေ ဖြစ်ချင်သည်။ ပေးဆပ်သူက အာဏာရခဲ့လျှင်သော်မှ ငါမှငါဟူသော စိတ်ဓာတ်ကို မကျင့်သုံး။ အချောင်သမားက အာဏာရသည်ကို ဘီလူးခေါင်းတပ်ဆင်လိုက်ရသလို ထင်မှတ်သည်။

ပေးဆပ်သူက အဖွဲ့အစည်း၏စုပေါင်းအားနှင့် တစ်ဦးချင်းအရည်အချင်းကို အသိအမှတ်ပြုသည်။ အချောင်သမားက ငါပြီးမှပြီးသည်ဟု ထင်သည်။ ပေးဆပ်သူက လဲနေသူကို တွေ့လျှင် ထူပေးချင်သည်။ အချောင်သမားက လဲနေသူကို တက်နင်းသွားချင်သည်။

(၆)
လူဆိုသည်မှာ တပ်မက်မှု၊ ဆာလောင်မှုတစ်မျိုးစီဖြစ်ရာ မိမိတို့ တပ်မက်ရာပန်းတိုင်ကို အရောက်လှမ်းနေရပေမည်။ လိုရာပန်းတိုင်ရောက်ဖို့အတွက် မည်သို့မည်ပုံ အားထုတ်ကျင့်သုံးရမည်နည်း။ မိမိတို့ဘ၀ခရီးလျှောက်လှမ်းကြရာတွင် အခွင့်အရေးကို မိမိနှင့်အများကောင်းကျိုးအတွက် အမိအရအသုံးချသူတစ်ယောက်ဖြစ်ဖို့ အလွန်ပင် အရေးပါလှပေသည်။
အချောင်သမားအခွင့်အရေးသမား မဖြစ်ဖို့အတွက် ကိုယ့်ကျင့်တရား၊ သို့မဟုတ် လူ့ကျင့်ဝတ်တရားဟူသော ၀တ်စုံကို ၀တ်ဆင်သွားရပေမည်။ အချောင်းသမားတို့သည်ကား ဘ၀ခရီးကို ဇွဲနပဲနှင့်တော့ လျှောက်လှမ်းနေကြပါ၏။ သို့ရာတွင် ကိုယ့်ကျင့်တရားဟူသော ၀တ်စုံကို ဆင်မြန်းထားခြင်း မရှိသည့်အတွက် ကိုယ်လုံးတီးလမ်းလျှောက်နေသူကဲ့သို့ ရှက်စရာပင် ဖြစ်နေပါလိမ့်မည်။

(၇)
အခွင့်အရေးကို အသုံးချဖို့အတွက် ပန်းတိုင်ထားရှိရမည်။ ထိုပန်းတိုင်သို့ ရောက်ရှိရေးအတွက် ထိုက်သင့်သော (ထိုပန်းတိုင်သို့ ရောက်စေနိုင်သော) လုပ်ဆောင်ချက်ရှိရမည်။ ထိုလုပ်ဆောင်ချက်ကို ကိုယ့်ကျင့်တရားများနှင့် ၀န်းရံထားရမည်။ ထိုအချက်ပြည့်စုံလျှင် မည်သည့်ခရီးကိုမဆို လျှောက်လှမ်းသင့်သည်သာ ဖြစ်ပါသည်။

မြတ်စွာဘုရားရှင်က “သင်တို့ သူဌေးကြီး ဖြစ်ချင်သလား။ သူဌေးကြီးဖြစ်ချင်ရင် သူဌေးကြီးတစ်ဦး ဖြစ်စေနိုင်တဲ့ (၁) ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်မှု (၂) ကိုယ်ကျင့်သီလဖြည့်ဆည်းမှု (၃) သူဌေးကြီးဖြစ်ကြောင်း နည်းလမ်းကောင်းများကို သိရှိထားမှု (ဗဟုသုတ) (၄) မျှဝေသုံးစွဲမှု (ရဲဘော်စိတ်ထားရှိမှု) နှင့် (၅) သူဌေးကြီးဖြစ်ကြောင်း အတတ်ပညာတို့ကို ပြည့်စုံအောင် ဖြည့်ဆည်းကျင့်သုံးကြပါ။ ပြီးလျှင် မိမိ၏စိတ်ကို သူဌေးကြီးဖြစ်ရမယ်လို့ အမြဲတမ်း နှလုံးသွင်းပါ။ ဒါဆိုလျှင် မလွဲမသွေ သူဌေးကြီး ဖြစ်လာပါလိမ့်မယ်”ဟု မိန့်တော်မူသည်။ (မှတ်ချက်…လိုသမျှလေးကိုသာ ယူထားသည်။ အကျယ်ကြည့်လိုက ဥပရိပဏ္ဏာသပါဠိတော်၊ သင်္ခါရုပပတ္တိသုတ်ကို ရှုတော်မူ)။

ထို့အပြင် နတ်သားဖြစ်လိုလျှင်၊ ဗြဟ္မာဖြစ်လိုလျှင်၊ မည်သည့်ဘ၀မှာမှ မဖြစ်လိုတော့လျှင်….(မိမိတို့ ကြိုက်နှစ်သက်ရာပန်းတိုင်သို့ ရောက်လိုလျှင်) အထက်ပါ အချက်ငါးချက်ကို ကျင့်သုံးလိုက်နာပြီး အမြဲမပြတ် ဖြစ်ကိုဖြစ်ရမည်ဟု နှလုံးသွင်းထားနိုင်လျှင် လိုရာဆန္ဒအတိုင်း ဖြစ်လာလိမ့်မည်ဟု ဆက်လက်ဟောကြားထားသည်။

အထက်ပါ ဟောကြားချက်ကို လေ့လာကြည့်လျှင် မြတ်စွာဘုရားရှင်သည် လူတို့၏ ဖြစ်လိုမှု၊ ရလိုမှုကို ပိတ်ပင်ထားခြင်း မရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ပန်းတိုင်ကို မိမိတို့ စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့် အပြည့်ရှိသည်။ သို့ရာတွင် ထိုပန်းတိုင်ကို အချောင်သွားလို့ မရ။ ထိုက်သင့်သော အမူအကျင့်၊ အတွေးအခေါ်၊ စွန့်လွှတ်မှုနှင့်အတတ်ပညာများဖြင့်သာ သွားရောက်နိုင်မည်ဖြစ်သည်။ ထိုငါးချက်တွင် လုပ်ဆောင်ချက်ကို လုပ်ဆောင်ချက်အတိုင်း မထားဘဲ လူတစ်ဦး၏ ကိုယ်ကျင့်သီလနှင့်အသိပညာများ ပါဝင်နေသည်ကို သတိပြုသင့်သည်။

(၈)
အချောင်သမားအတွက် ခဏတာ အောင်မြင်မှုသာရှိသည်။ ဆန္ဒတစ်ခုအတွက် ကိုယ်ကျင့်တရားနှင့်အလုပ်ကို တွဲစပ်ချည်နှောင်ပေးထားနိုင်သူများအတွက်မူကား တိကျခိုင်မာတည်တံ့သောအောင်မြင်မှုက သူ့အလိုအတိုင်းဖြည်းဆည်းပေးဖို့ အဆင်သင့်နေပါလားဆိုတာကို တွေးမိသောအခါ “အခွင့်အရေး”ဟူသော ဝေါဟာရလေးက ရင်ထဲတွင် လင်းလက်လာနေခဲ့ပါသည်။

Read more...

ဘဝရဲ့ အပိုင်းအစများ နှင့် အတိတ်ကိုပြန်ပြောင်းသတိရလေတိုင်း


သစ္စာရောင်ခြည်အရှင်ရဲ့ပုံနှိပ်ထုတ်ဝေပြီးသောစာအုပ်တစ်အုပ်

စာအုပ်ရဲ့နောက်ကျောဘက်နှင့် အတွင်းစာမျက်နှာအချို့

စာရေးသူဟာ
အသက်(၂၃)နှစ်အရွယ်
သာသနာ့တက္ကသိုလ်(ရန်ကုန်)ကိုခြေချ
လေးနှစ်တာပညာသင်
ဘာသာပေါင်းစုံဆည်းပူး
အမိမြေတက္ကသိုလ်မှာ
ပျော်လို့မဆုံးခဲ့ပါဘူး။
ဒါပေမဲ့လေ..
“အချိန်တန်ရင် အိမ်ပြန်ရစမြဲ” ဆိုတဲ့
မြန်မာစကားပုံကိုမလွန်ဆန်နိုင်
တက္ကသိုလ်နဲ့ခွဲခွါ
သာသနာ့တက္ကသီလဓမ္မာစရိယ B.A(Buddhism)ဘွဲ့အတွက်
တောင်တန်းမြေပေါ်မှာ
(၂)နှစ်တာ
သာသနာပြုတာဝန်
ကျရောက်လာပါတယ်။

အပ္ပမာဒဓမ္မရသမဂ္ဂဇင်းရဲ့စာမျက်နှာပေါ်မှ


၂၀၀၁-နှစ် စတုတ္ထနှစ်ပြီး
မကြာခင်သာသနာပြုစာရင်းထွက်
ကြည့်လိုက်တဲ့အခါ
စစ်ကိုင်းတိုင်းအထက်ပိုင်း
လဟယ်မြို့နယ်၊ အံ့ပေါ်ရွာ
စာရေးသူအတွက်
သာသနာပြုတာဝန်ဖြစ်နေတယ်။
စကိုင်းတိုင်းဆိုတာမဆိုးလှ
အလှည့်ကျတဲ့သာသာနာပြုတာဝန်
စိတအားထက်သန်ခဲ့ပါတယ်။
အောင်စာရင်းထွက်တော့
ကျသူကကျ
အောင်သူကအောင်
တက္ကသိုလက်မှာဆက်တက်သူကတက်
ပျော်သူကပျော်
ငိုသူကငို
စာသင်သားလောက
ငယ်စဉ်ဘဝမှာ
လောကဓံဆိုတာ
မဆန်းလှတော့ပါဘူး။
တက္ကသိုလ်မှာ
အတူနေသီတင်းသုံးပေါ်သုံးဦး
အခင်ဆုံးဟုဆိုရပေမည်
တစ်ဦးက ရေစကြို
တစ်ဦးက သာစည်
စာရေးသူက ရသေ့တောင်
ပျော်အောင်တော့နေခဲ့ကြပါတယ်။
ပျော်လို့မဆုံးတဲ့
အမိမြေတက္ကသိုလ်မှာ
တစ်ဦးကကျန် နှစ်ဦးပြန်
အလှမ်းကွာတော့မယ် မဟုတ်ပါလား။
အဲပေါ့လေ..
“တွေ့ကြုံဆုံကွဲ ဖြစ်မြဲဓမ္မတာဆိုတာ”
လက်တွေ့ကျမှ သိလာရတော့တယ်။
တက္ကသိုလ်နဲ့ ခွဲခွါရတော့မယ်ဆိုတော့
သူငယ်ချင်းတွေကို
လိုက်၍နှုတ်ဆက်
အဖြစ်အပျက်တွေနဲ့
စာရေးသူတို့ဘဝပါပဲ။
“တွေ့ကြုံခြင်းဆိုတာ ခွဲခွါခြင်းမှာ အဆုံးသတ်တယ်”တဲ့
ပညာရှင်တွေပြောတဲ့စကား
မှတ်သားဖူးပါတယ်
စသဖြင့်နာဂတောင်တန်းမှာသီတင်းသုံးခဲ့စဉ်တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံလေးတွေကိုရေးဖွဲ့ထားတဲ့စာအုပ်
လေးဖြစ်ပါတယ်။
သစ္စာရောင်ခြည်
၁၀.၈.၂၀၁၀

Read more...

မေတ္တာ

လူမျိုးမရွေး ဘာသာမရွေး မေတ္တာတရားကို ပွားများသင့်ပါသည်။ မေတ္တာတရား နည်းလျှင်နည်းသလောက် အေးချမ်းမှု နည်းပါးပြီး ဆူပူမှုတွေ များလာပါမည်။ မေတ္တာတရား များလျှင် များသလောက် အေးချမ်းမှုများပြီး ဆူပူကြမ်းတမ်းမှုတွေ လျော့နည်းကင်းပျောက်သွားနိုင်ပါသည်။
ခေတ်ပေါ် အစွမ်းထက် လက်နက်ကြီးများဖြင့်ကား ငြိမ်းချမ်းအောင် လုပ်လို့ မရနိုင်ရုံသာမက လောကကြီးကိုပင် ပျက်စီးသွားစေနိုင်ပါသည်။ ခေတ်ပေါ်လက်နက်ကြီးများကို ဖြစ်ပေါ်အောင် ကြံဆောင်သော စိတ်ဓာတ်ကပင် ကြမ်းတမ်းပူလောင်သော ဒေါသမူစိတ္တုပ္ပါဒ်ဖြစ်၍ ထိုဒေါသမူစိတ္တုပ္ပါဒ်ဖြင့် အေးချမ်းသာယာမှုကို လုံးဝမပေးနိုင်။ အပူဓာတ်ကိုသာ ပေးနိုင်ပါသည်။ မတရားအနိုင်ယူလျှင်လည်း တခဏသာ အနိုင်ရပါမည်။ မေတ္တာဖြင့် အနိုင်ရမှ ထာဝရအေးချမ်းသာယာသော လောကကြီး ဖြစ်လာနိုင်ပါသည်။ မေတ္တာတရားအဖြစ်များအောင် လူတိုင်း ကြိုးစားသင့်ပါသည်။

မေတ္တာပွားသည့်အခါမှာ-
ပုဂ္ဂိုလ်များကို မုန်း-ချစ် မခွဲခြား တသားတည်း တညီတည်း အားလုံးသောပုဂ္ဂိုလ်များ အပေါ်မှာ တန်းတူညီမျှ ချမ်းသာရာ ရစေချင်သောစိတ်ထားဖြင့် ပွားများရပါမည်။

ပိဋကတ်တော်များ၌-
၁။ အတ္တ-မိမိကိုယ်တိုင်၊
၂။ မိတ္တ-မိမိ၏ အကျိုးကိုပြုသော မိတ်ဆွေ ဉာတိ စသူများ။
၃။ မဇ္ဈတ္တ-မိမိအတွက် ကောင်းကျိုးဆိုးပြစ် ဘာမျှလုပ်မပေးသော သာမန်ပုဂ္ဂိုလ်များ။
၎။ ဝေရီ-မိမိ၏ အကျိုးမဲ့ကိုပြုသော ရန်သူများ-ဟု ပုဂ္ဂိုလ်လေးစား ခွဲခြားပြပြီးလျှင်-
ဤပုဂ္ဂိုလ် လေးစားလုံးအပေါ်မှာ တန်းတူညီမျှ ချမ်းသာကြစေလိုသော မေတ္တာဖြင့် ပွားများရန် မိန့်ဆိုချက်များ ပါရှိပါသည်။

မေတ္တာလက်နက် အစွမ်းထက်-
မေတ္တာကို တကယ်ယုံကြည်စွာဖြင့် ကြိုးကြိုးစားစား ပွားများလျှင် အားလုံးကို အောင်နိုင်ပါသည်။ မီးဘေး, အဆိပ်ဘေး, လက်နက်ဘေး စသော ဘေးအားလုံးကို အောင်နိုင်ကြောင်း သာဓကများစွာ ပိဋကတ်တော်၌ ပါရှိပါသည်။ မိမိအပေါ် မေတ္တာမထားသူကို ပြန်လည် မေတ္တာ ထားလာအောင်လည်း မေတ္တာက စွမ်းဆောင်နိုင် ပါသည်။ ဘုရားရှင်၏ မေတ္တာစွမ်းအင်ကို ကြည်ညိုအားကျ အတုယူကြရန် သာဓကအနေဖြင့် ရောဇမလ္လ၀တ္ထုကို ဖော်ပြပါမည်။

( ရောဇမလ္လ၀တ္ထု )
ဘုရားရှင်ကိုယ်တော်မြတ်ကြီး အာပဏအရပ်မှ ကုသိနာရုံမြို့သို့ ကြွစဉ်အခါက ဖြစ်ပါသည်။ ဘုရားရှင် ကုသိနာရုံမြို့ ရောက်တော်မူချိန်၌ ကုသိနာရုံမြို့၌ရှိကြသော မလ္လမင်းအပေါင်းတို့က သောင်းသောင်းဖြဖြ ကြိုဆိုကြရာတွင် အရှင်အာနန္ဒာနှင့် အလွန်ရင်းနှီးကျွမ်းဝင်သော ရောဇမည်သော မလ္လာမင်းသားလည်း ပါဝင်လေသည်။ ရောဇသည် ဘုရားရှင်အား ကြိုဆိုပြီးနောက် အရှင်အာနန္ဒာရှိရာသို့ သွားရောက်ဝပ်ချပြီးလျှင် သင့်တင့်စွာ ရပ်တည်နေချိန်မှာ အာနန္ဒာအရှင်မြတ်က ဒကာတော်ရောဇ-ဒကာတော်အနေဖြင့် ဘုရားရှင်ကို ယခုကဲ့သို့ ခရီးဦးကြိုဆိုမှုပြုခြင်းသည် အလွန်မွန်မြတ်လှပေတယ်-ဟု ၀မ်းသာစကား မိန့်တော်မူပါသည်။

အရှင်အာနန္ဒာအရှင်မြတ်၏ ၀မ်းမြောက်ဝမ်းသာစကားရပ်ကို ရောဇက-
အရှင်ဘုရား အာနန္ဒာ၊ တပည့်တော်သည် ဘုရား တရား သံဃာအပေါ်၌ များစွာမြတ်နိုးမှု မရှိပါ။ သို့သော် ဆွေတော်မျိုးတော်များက ဘုရားရှင်ကို မကြိုဆိုသူအား ဒဏ်ငွေငါးရာ တပ်စတမ်းဟု ကတိက၀တ် အညီအညွတ် ပြုထားကြ၍ ဆွေတော် မျိုးတော်တို့၏ ဒဏ်တပ်မည်မှ ကြောက်ခြင်းကြောင့်သာ တပည့်တော်သည် ဘုရားရှင်ကို ကြိုဆိုမှု ပြုခဲ့ပါသည်ဘုရား-ဟု ပြန်ကြားလျှောက်ထားလိုက်ပါသည်။
ဤလျှောက်ထားချက်အတွက် အရှင်အာနန္ဒာမှာ အဘယ့်ကြောင့် ရောဇမလ္လသည် ဤသို့ ပြောရက်ပါလိမ့်-ဟုတွေးကာ နှလုံးမသာမယာ ဖြစ်ရရှာပါသည်။

သို့အတွက် အရှင်အာနန္ဒာသည် ဘုရားရှင်ရှိတော်မူရာသို့ ချဉ်းကပ်လျက် အလွန်ပျပ်ဝပ်စွာ ရှိခိုးပြီးနောက်- မြတ်စွာဘုရား ဤရောဇမလ္လသည် အလွန်ထင်ရှားသော လူတယောက်ဖြစ်ပါသည်။ ဤရောဇမလ္လကဲ့သို့သော ထင်ရှားသောလူ ဤသာသနာတော်၌ ကြည်ညိုခြင်းသည် အကျိုးများဖွယ်ရာ ရှိပါသည်ဘုရား။ ဤသာသနာတော်၌ ရောဇမလ္လ ကြည်ညိုလာအောင် ပြုတော်မူပါဘုရား-ဟု လျှောက်ထားပါသည်။

အာနန္ဒာ၊ ဤသာသနာတော်၌ ရောဇမလ္လကြည်ညိုလာအောင် ပြုလုပ်ရန်မှာ ငါဘုရားရှင်အတွက် အခက်အခဲ တစုံတရာ မရှိပါ-ဟု မိန့်တော်မူပြီးနောက် ရောဇမလ္လကို မေတ္တာစိတ်ဓာတ်ဖြင့် ဖြန့်တော်မူကာ နေရာမှထတော်မူ၍ ကျောင်းတော်သို့ ၀င်သွားပါသည်။ ဘုရားရှင်၏ မေတ္တာစိတ်ဓာတ်ဖြင့် အဖြန့်ခံရသော ရောဇမလ္လသည် နွားငယ်ကလေးသည် မိခင်နွားမကြီးရှိရာသို့ လိုက်သကဲ့သို့ ဘုရားရှင်ရှိတော်မူရာအရပ်သို့ အပြေးအလွှားစုံစမ်း၍ သွားရောက်ကာ ဘုရားရှင်ကို အလွန်ရိုသေစွာ ရှိခိုးဝပ်ချ၍ ထိုင်နေချိန် ဘုရားရှင်က ဟောကြားအပ်သော တရားတော်များကို နာကြားရ၍ သောတာပန်အဖြစ်သို့ ရောက်ရပေသည်။

သောတာပန်ဖြစ်ပြီးနောက် -မြတ်စွာဘုရား တောင်းပန်လျှောက်ထားပါရစေ၊ အရှင်ကောင်းတို့သည် တပည့်တော်တို့၏ ပစ္စည်းလေးပါးကိုသာ ခံယူကြစေချင်ပါသည်၊ အခြားသူတို့၏ ပစ္စည်းလေးပါးကို မခံယူကြစေချင်ပါ-ဟု လျှောက်ထားသည်အထိ ကြည်ညိုမှု ကြီးကျယ်စွာ ဖြစ်ပေါ်လာပါသည်။
(၀ိနည်း မဟာဝါ ဘေသဇ္ဇက္ခန္ဓက)

ဤ၀တ္ထုကိုဖတ်ပြီးနောက် ဘုရားရှင်၏ မေတ္တာတော် အဘယ့်ကြောင့် ဤမျှလောက် အစွမ်းထက်တော် မူရသနည်း-ဟု စဉ်းစားသည့်အခါ ဘုရားရှင်၏ စိတ်တော်သည် အမြဲထာဝရ စင်ကြယ်တော်မူခြင်း, မေတ္တာပို့သချိန်၌လည်း မိမိအတွက် ငဲ့ကွက်မှု လုံးဝမရှိခြင်း စသော အကြောင်းများကြောင့် အစွမ်းထက်သည်ဟု ဆုံးဖြတ်ချက်ချနိုင်ပါသည်။

သို့အတွက် ဘုရားရှင်၏စိတ်တော် စင်ကြယ်တော်မူလှပုံနှင့် စွမ်းအင်ဂုဏ်တော်များကို အာရုံပြုပြီး မိမိတို့၏စိတ်အစဉ်များကိုလည်း စင်ကြယ်သည်ထက် စင်ကြယ်အောင် ကြိုးစား၍ အားလုံးအပေါ်၌ မေတ္တာထားကြပါဟု တိုက်တွန်းလိုက်ရပေသတည်း။

အခြားသောမေတ္တာ၏ အကျိုးပြ၀တ္ထုများ များစွာရှိပါသေး၏။
ဥပမာ-သာမာဝတီ အမှူးရှိသော အမျိုးသမီးများ၏ မေတ္တာစွမ်းအားကြောင့် ဥတေနဘုရင် ပစ်အပ်သော အဆိပ်လူးထားသောလေးမြှားသည် ပစ်သည့်ဘက်သို့ ပြန်လည်ခွေသွားပုံ၊
မီးလောင်တိုက်သွင်းခံရချိန်၌လည်း မေတ္တာတန်ခိုးကြောင့် မီးမလောင်နိုင်ပုံ၊
မာဃအမှူးရှိသော လုလင်များ၏ မေတ္တာစွမ်းအားကြောင့် အလွန်ရိုင်းစိုင်း ကြမ်းတမ်းသော ဆင်ကြီးကသော်မှ မနင်းဝံ့ဘဲ ရှောင်ဖယ်ရပုံ စသောဝတ္ထုများကို စဉ်းစား၍ အစွမ်းကုန် မေတ္တာထားကြဖို့ တိုက်တွန်းလိုပါသည်။

တိပိဋကဓရ ဦးသုမင်္ဂလ

Read more...

နေ့စဉ် ပဲနှင့် ငှက်ပျောသီးအလှူ

သာသနာ ၂၅၅၄ ဒုတိယဝါဆို လကွယ်။ ၁၀-၈-၂၀၁၀။ အင်္ဂါနေ့။

ယနေ့မိုးရွာသွန်းသဖြင့် ဆွမ်းခံကြွသော သံဃာတော် ၃၀ ပါးခန့်သာ ရှိခဲ့ပါတယ်။ ထို့ကြောင့် ပဲနှင့် ငှက်ပျောသီးများအား စစ်ကိုင်းတောင်ရိုး အောင်မြေဦးကျောင်းသို့လှူဒါန်းခဲ့။

သင်္ကန်းလိုအပ်သောကိုရင်အား ယမန်နေ့က သင်္ကန်းကပ်လှူပေးခဲ့စဉ်

ယနေ့မိုးရွာသွန်း၍ ကိုရင်များဆွမ်းခံမထွက်နိုင်ကြသဖြင့် အောင်မြေဦးကျောင်းသို့ ပဲနှင့်ငှက်ပျောသီး လှူဒါန်း
အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

Read more...

"Who is a Downcast?"



“သဒ္ဓမ္မဿဝနံ အတိဒုလ္လဘံ-သူတော်ကောင်းတရား နာကြားရခြင်းသည် အလွန်တရာမှ ရခဲသော အခွင့်အရေးတစ်ခုဖြစ်၏။”

(ဥယျာဉ်မှုးလေး)

Read more...

ငါလည်းတစ်နေ့ သူတို့လို

Tuesday, 10 August 2010 00:45 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

“၉၅၊ ၈၄၊ ၇၂၊ ၇၃၊ ၈၁၊ ၆၄၊ ၆၃၊ ၆၈၊ ၃၅၊ ၃၁၊ ၄၇၊ ၄၃၊ ၅၁၊ ၂၂၊ ၃၊ ၄၆၊ ၆၉၊ ၇”

အထက်ပါဂဏန်းသင်္ချာတို့ကား အခြားမဟုတ်၊ နေ့စဉ်ထုတ်သတင်းစာ နာရေးကဏ္ဍတွင် တွေ့မြင်နေရသော သေဆုံးသူတို့၏ အသက်တို့ပင်ဖြစ်၏။ ထိုအထဲ၌ အသက်အရွယ်ကြီးရင့်သူများပါသလို အသက်အရွယ် ငယ်ရွယ်သူများလည်း ပါဝင်ပေ၏။ ကျော်ကြားသူများ ပါသလို သာမန် လူများလည်း ပါဝင်ပေ၏။ တစ်ဖန် ရာထူးဂုဏ်သိမ်မြင့်မားကာ အခြွေအရံအသင်းအပင်း ၀န်းရံနေသောသူများ ပါသလို ရာထူးဂုဏ်သိမ်မရှိ၊ အခြွေအရံအသင်း အပင်းကင်းသော သူတို့လည်း ပါဝင်ပေ၏။ အချို့ကား လူ့ဘ၀ပင် ဘယ်လိုနေမှန်း မသိသေး။ နာရေးကဏ္ဍ၌ ပါဝင်နေ၏။ ထိုမြင်ကွင်းကား တစ်ရက်မဟုတ်၊ နေ့စဉ်မြင်တွေ့နေရသော မြင်ကွင်းဖြစ်၏။

ထိုသေဆုံးသူတို့အထဲ၌ ကိုယ်မသိဖူး မမြင်ဖူးသူများပါဝင်သလို ကိုယ့်မိတ်ဆွေ ကိုယ့်သူ ငယ်ချင်းတို့လည်း ပါဝင်နေ၏။ တစ်ဖန် ကိုယ့်ဆွေမျိုး သားချင်းထဲက ပါရှိနေတတ်သလို ရံဖန်ရံခါ ကိုယ့်မိသားစုဝင်ထဲကပင် ဖြစ်နေတတ်၏။ ထိုသေဆုံးသူတို့ကို တွေ့မြင်ရသည့်အချိန် (သေဆုံး သည့်အကြောင်းကို ကြားသိရသည့်အချိန်)တွင် မည်သို့သော စိတ်ခံစားမှုများ ဖြစ်ခဲ့ပါသနည်း။ ထိတ်လန့်မှုသံဝေဂကော ဖြစ်ခဲ့ရဲ့လား။ မိမိကိုယ်မိမိ ပြန်မေးကြည့်ပါက ချက်ချင်းပင် အဖြေထွက် လာမည်ဖြစ်၏။

အများအားဖြင့် သေဆုံးသူသည် ကိုယ်နှင့် မည်သို့မျှမတော်စပ်လျှင် စိတ်မကောင်းဖြစ်ရုံ သနားရုံမျှသာ ဖြစ်ကြ၏။ သွေးသားတော်စပ်လျှင်မူ ၀မ်းနည်းကြေကွဲရုံ၊ ပူဆွေးသောက ရောက်ရုံ မျှသာ ဖြစ်ကြ၏။ ပြောရလျှင် “ဤမျှသာ”ဟု ပြောဆိုရမည်ဖြစ်၏။ ထို့ထက်မပို။ “သူတို့သေရသလို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငါလည်း သေရမှာပါလား”ဆိုသော ထိတ်လန့်မှုသံဝေဂအဆင့်သို့ မရောက်ပေ။ ရောက်လျှင်လည်း အခိုက်အတန့်သာ ဖြစ်ပေလိမ့်မည်။

အချို့ကား စိတ်မကောင်းဖြစ်ခြင်း၊ သနားခြင်းမျှပင် မဖြစ်။ အလောင်းကို ရှေ့မှာထား၍ စီးပွားရေးအကြောင်း၊ သားရေးသမီးရေးအကြောင်း၊ အိမ်အကြောင်း၊ ကားအကြောင်း၊ စပါးအ ကြောင်း၊ ပဲအကြောင်း၊ ရုပ်ရှင်ဗီဒီယိုအကြောင်းတို့ကို လှိုင်လှိုင်ပြောနေကြ၏။ အသိတရား၊ သတိ တရား မရှိကြပေ။ သံဝေဂဖြစ်စရာမြင်ကွင်းကို ရှေ့မှာထားကာ သံဝေဂမဖြစ်ဘဲ လောဘဖြစ်စရာ၊ ဒေါသဖြစ်စရာ၊ မောဟဖြစ်စရာ အာရုံတွေနှင့် လုံးထွေးရစ်ပတ်နေသည်မှာ အရုပ်ဆိုးအကျည်းတန် လှ၏။ သေခြင်းတရားမှာ ကိုယ်နှင့်မဆိုင်တော့သလိုလို။ သေခြင်းတရားမှ အစဉ်ထာဝရ လွတ်ကင်းနေကြသလိုလိုပင်။ အမှန်အားဖြင့် သံဝေဂဖြစ်စရာကို တွေ့မြင်ကြားသိရလျှင် “ငါလည်း တစ်နေ့နေ့မှာ သူတို့လို…”ဆိုသော ထိတ်လန့်မှုသံဝေဂအဆင့်သို့ ရောက်သင့်၏။ ထိုသို့ သံဝေဂဖြစ်သည့်အတွက် လောကီကိစ္စရော လောကုတ္တရာကိစ္စပါ အကျိုးမယုတ်။ ဆုံးရှုံးမှုမဖြစ်။ မိမိအတွက် တစ်ခုခုတော့ ကျန်ရှိမည်သာ ဖြစ်၏။ ဤ၌ တိဿမင်းသား၏ အဖြစ်ကို ပြဆိုလို၏။

၇-ရက်ပြည့်က အသတ်ခံရမည့်တိဿ

သီရိဓမ္မာသောကမင်းကြီး၌ ညီတော်အရင်းတစ်ယောက် ရှိလေ၏။ ယင်းညီတော်ကား တိဿမင်းသားပင်။ မင်းကြီးသည် ညီတော် တိဿမင်းသားကို အိမ်ရှေ့မင်းသားအရာ၌ ထားလေ၏။ ထိုတိဿမင်းသားသည် တစ်နေ့ တောလည်ထွက်ရာ သမင်များကိုမြင်ပြီး “မြက်ကိုစားနေရတဲ့ သမင်တွေတောင်မှ ပျော်မြူးနိုင်ကြသေးတယ်၊ စားကောင်းသောက်ဖွယ်တွေစား၊ နူးညံ့သိမ်မွေ့တဲ့ အိပ်ရာတွေမှာ အိပ်ကြရတဲ့ ရဟန်းတွေမှာ ဘယ်မှာမပျော်ဘဲ ရှိပါ့မလဲ”ဟု မသင့်လျော်သော အကြံကို ကြံမိလေ၏။ ထိုအကြံကို သီရိဓမ္မာသောကမင်းကြီးအား လျှောက်ထား လေ၏။ သီရိဓမ္မာ သောကမင်းကြီးသည် ညီတော်တိဿမင်းသားကို ဆုံးမလိုသည့်အတွက်….

“ညီတော်တိဿ….လာပါ။ ၇-ရက်တိတိ ထီးနန်းစံပါ။ ၇-ရက်ပြည့်ရင်တော့ ညီတော်ကို သတ်မယ်” ဟု မိန့်ကြားလေ၏။

တိဿမင်းသားသည် “၇-ရက်ပြည့်ရင် ငါဟာ အသတ်ခံရတော့မယ်(သေရတော့မယ်)”ဟု တွေးပြီး ရေမချိုးနိုင်၊ မအိပ်နိုင်၊ မစားနိုင်ဖြစ်ကာ ခန္ဓာကိုယ်မှာ ပိန်ချုံးလာလေ၏။ ၇-ရက်ပြည့် သောအခါ သီရိဓမ္မာသောကမင်းကြီးက....”မင်းဟာ ဘာဖြစ်လို့ မအိပ်နိုင်၊ မစားနိုင်ဖြစ်ပြီး ပိန်ချုံး သွားတာလဲ”ဟု မေးလေ၏။ ထိုအခါ တိဿမင်းသားက….”သေရမည့်ဘေးကို တွေးကြောက်နေမိ လို့ပါ”ဟု လျှောက်တင်ရာ…”ဟဲ့တိဿ….၇-ရက်ကြာမှ သေရမယ်လို့ ရက်တိတိကျကျပိုင်းဖြတ်ပြီး သိတဲ့ မင်းတောင်မှ လွတ်လွတ်လပ်လပ် မပျော်ရွင်နိုင်ဘူးဆိုရင် ထွက်သက်ဝင်သက်တိုင်း အစဉ်မ ပြတ် သေဘေးကိုရှုနေကြတဲ့ ရဟန်းတော်တွေမှာ ဘယ်မှာပျော်နိုင်မှာလဲ”ဟု မိန့်တော်မူလေ၏။

တိဿမင်းသားသည် ထိုအခါမှ သာသနာတော်ကို ပို၍ကြည်ညိုလေ၏။ နောင်တစ်ချိန်တွင် ရဟန်းပြုရာ ရဟန္တာဖြစ်သွားလေ၏။

ဤ၌ တိဿမင်းသားသည် အစက သူလိုကိုယ်လိုပင်။ သေခြင်းတရားကို သတိမရ။ သေခြင်းတရားနှင့်ပတ်သက်၍ အသိမရှိ၊ သတိမရှိ။ မေ့လျော့ကာနေ၏။ တကယ်သေရမည်ဆို သောအခါမှ မအိပ်နိုင်၊ မစားနိုင်လောက်အောင်ပင် ထိတ်လန့်မှုဖြစ်လေ၏။ ယင်းထိတ်လန့်မှုကို အခြေခံကာ နောင်တွင် ရဟန္တာဖြစ်သွားလေ၏။ ဆိုလိုသည်မှာ ထိတ်လန့်မှုသံဝေဂသည် နိဗ္ဗာန် ရောက်အောင် ပို့ဆောင်ပေးနိုင်စွမ်းရှိသည်ဟုပင်။

“နိဗ္ဗာန်က မြင့်တယ်။ လက်ရှိအကျိုးတရားကိုပဲ လိုချင် ရချင်တယ်”ဟုဆိုလျှင်လည်း ရနိုင်ပေ၏။ လက်ရှိအကျိုးတရားကား စိတ်ဓာတ်များ မြင့်မားလာခြင်းပင် ဖြစ်၏။ မှန်ပေသည်။ ပုထုဇဉ် တို့သဘောမှာ အများအားဖြင့် မဟုတ်တာလုပ်ရမည်ကို သဘောကျတတ်၏။ မဟုတ်တာပြောဆို ရသည်ကို ကျေနပ်နေတတ်၏။ မကောင်းတာကြံစည်နေရသည်ကို နှစ်ခြိုက်နေတတ်၏။ ထိတ်လန့်မှုသံဝေဂ ပွားများသူတစ်ယောက်အနေနှင့်မူ “ငါလည်း တစ်နေ့နေ့မှာ သူတို့လို သေရမှာ ပါလား”ဟူသောအသိ၊ သတိထားရှိသည့်အတွက် ခြောက်ပြစ်ကင်းသဲလဲစင် မဖြစ်သည့်တိုင် မဟုတ်တာလုပ်ရမည်ကို တတ်နိုင်သမျှ ရှောင်ကြဉ်လာ၏။ မဟုတ်တာပြောရမည်ကို ရွံရှာလာ၏။ မကောင်းတာကြံစည်ရမည်ကို စက်ဆုပ်လာ၏။

ထို့ကြောင့် သံဝေဂပွားများသူ၏ ဘ၀သည် တဖြည်းဖြည်း အထက်တန်းကျလာ၏။ အခြေ ခိုင်လာ၏။ တည်ငြိမ်လာ၏။ အေးချမ်းလာ၏။ ကိုယ်လိုသူလို သာမန်စိတ်ထားမျိုးမှ အဆင့်အတန်း မြင့်မားသော စိတ်ဓာတ်၊ အပြောအဆို၊ အပြုအမူများ ပိုင်ဆိုင်လာ၏။

သို့ဖြစ်၍ လူတို့သည် သံဝေဂဖြစ်စရာမြင်ကွင်းကို ရှေ့မှာထား၍ အမှုမဲ့ အမှတ်မဲ့ မနေသင့်ပေ။ အသိတရား၊ သတိတရား ရှိသင့်ပေ၏။ “ငါလည်း တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူတို့လို သေရ မှာပါလား”ဟု ထိတ်လန့်မှုသံဝေဂ ဖြစ်သင့်ပေ၏။ မိမိချစ်ခင်မြတ်နိုးအပ်သော မိဘ၊ သားသမီး၊ ဇနီးမယား၊ လင်သား၊ မိတ်ဆွေသူငယ်ချင်း၊ (သို့မဟုတ်) ဘ၀တူလူသားတစ်ဦးကို ဘာမျှတန် ကြေးမရှိသော စိတ်မကောင်းမှု၊ သနားမှု၊ ၀မ်းနည်းကြေကွဲမှု၊ ပူဆွေးသောကရောက်မှုတို့မျှ လောက်နှင့် အလဲအလှယ် ပြုလုပ်မည်လား၊ စဉ်းစားသင့်ပေ၏။ အမှန်အားဖြင့် လဲချင်းလဲရလျှင် “ငါလည်းပဲ တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူတို့လို သေရမှာပါလား”ဆိုသော တန်ဖိုးရှိသော ထိတ်လန့်မှုသံဝေဂနှင့်သာ လဲလှယ်သင့်ပေ၏။ သို့မှသာ အတိုင်းအတာတစ်ခုအထိ လဲလှယ်ရ ကျိုးနပ်မည် ဖြစ်၏။

အရှင်ကောဏ္ဍည (သာသနာ့တက္ကသိုလ်)

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP