* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, August 7, 2010

*ပြည့်စုံအောင်*

ပြည်တော်ဦးဆရာတော် အရှင်ပဏ္ဍိစ္စ

~~~ဘာပဲလုပ်လုပ် ပြည့်စုံ ပြီးမြောက်အောင်~~~

၁) အာရမ္ဘဝီရိယ- တစ်နေရာရာကနေ သယ်ဆောင်ယူလာသလို စရောက်လာ၊ ရှိလာ၊ ဖြစ်လာတဲ့ အစမှာဖြစ်တဲ့ ဝီရိယမျိုး။ ဒီဝီရိယက ဘုန်းကြီးတို့ လူမျိုးတွေမှာ ယေဘုယျအားဖြင့် အဖြစ်များတယ် လို့ ပြောကြပေမယ့် တကယ်တော့ လူတိုင်းရှိကြတဲ့ အဖြစ်များကြတဲ့ ဝီရိယပါ။ ဒါပေမယ့် အခက်အခဲ တွေ့ရင် တွန့်သွားလို့ ရေရှည်မခံလို့ ဟုန်းခနဲတောက်ပြီး ဝုတ်ခနဲငြိမ်းတဲ့ ကောက်ရိုးမီးလို လုံ့လမျိုးလို့ တင်စား ပြောကြတယ် မဟုတ်လား။ ဒီဝီရိယမျိုးနဲ့တော့ ဘာပဲလုပ်လုပ် ပြည့်စုံ ပြီးမြောက် အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး။

၂) နိက္ကမဝီရိယ- ခါတွက်ထုတ်ပစ်သလို ဆန့်ကျင်ဘက်တွေကို တွန်းလှန်နိုင်တဲ့ သတ္တိမျိုးနဲ့ ပြည့်စုံတဲ့ ကြံ့ကြံ့ခံတဲ့ ဝီရိယမျိုး။ ဘာပဲလုပ်လုပ် အစလောက် ဘယ်ဟာမှ မနိမ့်ပါ မလွယ်ပါဘူး။ တက်လေ မြင့်လေ နက်လေ ခက်လေပါပဲ။ အဲဒီအခါမျိုးမှာ တွန့်မသွားဘဲ အကြောက်တရားကို ကိုင်လှုပ် ခြောက်ခြားနိုင်တဲ့ အခက်အခဲကို ကြံ့ကြံ့ခံနိုင်တဲ့ ဒီ နိက္ကမဝီရိယမျိုးရှိမှ လုပ်သမျှကို ခရီးရောက်အောင် လုပ်နိုင်ကြမှာပါ။ ဒီဝီရိယမျိုးကျတော့ ဘုန်းကြီးတို့ လူမျိုးတွေမှာ သိပ်မရှိကြဘူး။ အဖြစ်နည်းတယ်ပေါ့။ ဒါကြောင့် တစ်ခုခုကို ခရီး ရောက်အောင် လုပ်နိုင်တဲ့သူက လူနည်းစု ဖြစ်နေဦးမှာပါ။

၃) ပရက္ကမဝီရိယ- ရှေ့ဆုံးက စဖြစ်လိုက်တဲ့ အာရမ္ဘဝီရိယကနေ (ကောက်ရိုးမီးလို မဟုတ်ဘဲ) နောက်နောက် အစဉ်မပြတ် အဆက်မပြတ် တရစပ် အားထုတ်နိုင်တဲ့ ဝီရိယမျိုး။ စွဲစွဲမြဲမြဲ လုပ်နိုင်တဲ့ သတ္တိရှိလို “စွဲ” လို့ ပြောရာက “ဇွဲ” ဆိုတဲ့စကား ဖြစ်လာတယ်လို့ ဆိုကြပါတယ်။ အဲဒီဇွဲဆိုတဲ့ ပရက္ကမ လုံ့လဝီရိယမျိုး အထိ ဝီရိယ သုံးမျိုးလုံး စုံမှ အရာရာ ခရီးရောက် ပေါက်မြောက် အောင်မြင်ကြမှာပါ။ ဘာပဲလုပ်လုပ် ပြည့်စုံအောင် ဝီရိယ သုံမျိုး အစုံဆောင်ရပါလိမ့်မယ်။

အာရမ္ဘ၊ နိက္ကမ နဲ့ ပရက္ကမ တဲ့ သုံးဖြာ
များသတ္တာ သိဒ္ဓိပြီးအောင် ပွားကြစေရာ
တို့အမျိုးသား ရွှေမြန်မာ
ကိုးကွယ်တာ ရတနာသုံးပေမို့
လောင်းမြတ်စွာ ပါရမီခရီးကို
စံပြုကာ နည်းယူမှီး ကြပါစို့ကွယ်
ပွားစေရာ ဝီရိယသုံး ကို
စိတ်ကြီးဝင် အားကုန်ရုန်းမယ်
“ကျုံးလိုက်ရွှေဘုန်း”။

ပြည်တော်ဦး ဆရာတော် အရှင်ပဏ္ဍိစ္စ ဘလော့ဂ်မှ ကူးယူဖော်ပြ မျှဝေပါသည်။

ဒါကတော့ ၂၀၀၇ ခုနှစ် ဗိုလ်တစ်ထောင် ဘုရားပွဲမှာ ကျင်းပပြုလုပ်တဲ့ တရားပွဲကနေ မှတ်သားဖြစ်ခဲ့တဲ့ ဆရာတော့်ရဲ့ အဆုံးအမလေးပါ။ ပြည့်စုံအောင် ဒီအဆုံးအမလေးပါ ထပ်မှတ် လိုက်နာ ကျင့်ကြံလိုက်ပါဦး။

လောကီရေး ဖြစ်ဖြစ်၊
လောကုတ္တရာရေး ဖြစ်ဖြစ်၊
ရွပ်ရွပ်ချွံချွံကို လုပ်မှ၊
ပျင်းတာဖျင်းတာ၊ အစွမ်းအစနည်းတာ၊
သူရဲဘောကြောင်တာ လိုလို၊ ရောင့်ရဲတာလိုလို၊
သံဝေဂလိုလို ဘာလိုလိုနဲ့
ရောမချဖို့ သိပ်အရေးကြီးတယ်။

အင်း.. ဘာပဲပြောပြော မှတ်ပုံတင်ပေါ်က ကျွန်တော့်နာမည်က ပြည့်စုံအောင် ဆိုတော့ ပြည့်စုံအောင်ရေ ဒီအဆုံးအမတွေနဲ့ ပြည့်စုံအောင် အရင်ဆုံး ဖြည့်ကျင့်ရမှာက မင်းကိုယ်တိုင်ပဲလို့ ကိုယ့်ကိုယ်ကို အထပ်ထပ် သတိပေးရင်း..

လေးစားရိုသေစွာဖြင့်
ဖိုးသား
8/7/2010, SAT:, 9:41:32 AM

Read more...

*ဘ၀ပညာ*

Written by တောသားလေး 0 အကြံပြုပါသည်။ Posted in:



04.08.2010 ထုတ် Weekly Eleven ဂျာနယ်မှာပါတဲ့ဆောင်းပါးရှင် အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာ တော်)ရေးသားသော“ဘ၀ပညာ” ဟူသောဆောင်းပါးကို ဓမ္မမိတ်ဆွေသူတော်ကောင်းတို့အား ပြန်လည်၍ မျှဝေလိုက်ခြင်းဖြစ်ပါတယ်။
ပညာဟုဆိုလိုက်လျှင် အတန်းပညာ၊ ကျောင်းပညာကိုသာ ပြေး၍ မြင်ကြ၏။ အမှန်စင်စစ် ပညာဟူသည်မှာ အလွန်တရာပင်ကျယ်ပြန့်လှ၏။ ဘ၀ပညာဟူသည်မှာအတန်းပညာ၊ ကျောင်းပညာနှင့်မလုံလောက်၊အဆင့် မြင့်ပညာတွေတတ်မြောက်၍ မဟာဘွဲ့၊ပီအိပ်ခ်ျဒီစသည်တွေရစေဦးတော့ ပညာပြည့်စုံပြီဟူ၍မဆိုနိုင်သေး ချေ။ကျောင်းငယ်၊ကျောင်းကြီး၊ တက္ကသိုလ်အသီးသီးတို့မှရသော ပညာသည်ဘ၀ပညာ၏ နိဒါန်းမျှသာရှိပါ သေး၏။
ဘ၀မှာအနေတတ်ဖို့ အရေးကြီး၏။ အနေတတ်နည်းပညာသည် ဘ၀ပညာပင်ဖြစ်၏။ ဘ၀ကိုဘယ်လိုထူ ထောင်မလဲ။ဘ၀ကိုဘယ်လို အကောင်အထည်ဖော်မလဲ။ ဘ၀ကို ဘယ်လိုအသုံးပြုမလဲ။ ဘ၀မှာအနှစ်သာ ရရှိရှိဘယ်လိုနေထိုင်မလဲ။ ဘယ်လိုနေမလဲ။ ဘယ်လိုသေမလဲ။ နေနည်းသေနည်း နှစ်ခုလုံးကိုနားလည် သောပညာသည် ဘ၀ပညာဖြစ်သည်။ ဘ၀ပညာသည် ဒဿနိကပညာတစ်မျိုးဖြစ်သည်။ စာပေပညာအပြင် ကိုယ်ပိုင်ဘ၀ကပေးသော ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်အယူအဆဟူသော ဒဿနိကပညာဟုဆိုက ပို၍နီးစပ်၏။
ကိုယ်ပိုင်အတွေးအခေါ်ဟု ဆိုသော်ငြား စင်စစ်အားဖြင့် စာတွေ့လေ့လာ၍ ကိုယ်တွေ့နှင့်ညှိနှိုင်းပြီးမှ ထွက်ပေါ်လာသော အတွေးအခေါ် အယူအဆပင်ဖြစ်၏။ သိပ္ပံပညာ၌သော်မှ တီထွင်မှုဟူသည်ရှိပြီး အကြောင်းအရာ ပစ္စည်းပစ္စယတို့ကို အကြောင်းခံ၍ ဆောင်ရွက်မှုမျှသာဖြစ်၏။ ထိုကဲ့သို့ပင် အတတ်ပညာ၊ အသိပညာတို့ကို ဆည်းပူးပြီးမှ မိမိ၏ ဘ၀ကပေးသော သင်ခန်းစာတို့ဖြင့် နှိုင်းချိန်ယူရသော ပညာသည် ဘ၀ပညာဖြစ်၏။ 'မနတိ ဇာနာတီတိ မနုေဿာ' ဟူသော ၀ိဂြိုဟ်အရ သိတတ်သူကို လူဟုခေါ်သည်။ အရစ္စတိုတယ်ကလည်း 'လူသည် သဘာဝအားဖြင့် သိလိုသော ဆန္ဒရှိသည်' ဟုဆိုသည်။လူသည်သိချင်စိတ် တတ်ချင်စိတ်ရှိသော သတ္တ၀ါမျိုးဖြစ်သည်။ ထိုစိတ်အရင်းခံကြောင့်ပင် သိလာ၊တတ်လာသည်။ ထိုသို့သိလာ တတ်လာခြင်းကြောင့်ပင် လူနေမှုအဆင့်အတန်း တိုးတက်လာခဲ့သည်။ အသိတွေမြင့်လေ၊အတတ်တွေမြင့် လေလူနေမှုဘ၀တွေ မြင့်လေမြင့်ခဲ့သည်။
လူသားသည် သိချင်စိတ်ရှိသည့်အလျောက် လေ့လာစူးစမ်းနေသောကြောင့် 'အသိ' ကိုရရှိလာသည်။အသိ ရှိလာသောကြောင့် 'အတတ်'တွေရရှိလာသည်။ အသိကြောင့် အတတ်တွေ ပေါ်လာသလို အတတ်ကြောင့် လည်းအသိတွေ ပေါ်လာသည်။အသိကို 'အသိပညာ'၊ အတတ်ကို 'အတတ်ပညာ'ဟုဆိုကြသည်။ သို့သော် အသိချည်းလည်း ပညာမဟုတ်သေး။ အသိနှင့်အတတ် ပေါင်းစပ်ပြီးနောက် ထိုပေါင်းစပ်မှုကို အခြေပြုကာ တွေးခေါ်မြော်မြင် ဆင်ခြင်သုံးသပ်ပြီးကာမှ ရရှိလာသောအဆီအနှစ်သည်သာ 'ပညာ' ဟု ခေါ်ရလေသည်။
သိပ္ပံပညာ၊ ၀ိဇ္ဇာပညာစသည်ဖြင့် အတတ်များစွာကို ပညာတတ်၍ ခေါ်ကြသည်ကို မကန့်ကွက်လိုသော် လည်းအကောင်းအဆိုး၊ အကျိုးအပြစ်ကိုခွဲခြမ်းစိတ်ဖြာ ဝေဖန်နိုင်စွမ်းရှိသော ဉာဏ်သည်သာပညာဖြစ်သည်။ ထိုပညာသည် ဘ၀ပညာဖြစ်သည်။ 'ကျွန်ုပ်၏ အတွေ့အကြုံအရဆိုရပါမူ ကျောင်းသင်ပညာရေးသည် သာမန်မျှသာဖြစ်သည်။ ပို၍အရေးပါသည်မှာ တစ်သက်ပတ်လုံး မိမိကိုယ်မိမိ ပြန်လည်သင်ပေးခြင်းဖြစ် သည်'ဟုအမေရိကန် စာရေးဆရာကြီး ဂျိန်းစ်အေမစ်ချနားက ဆိုခဲ့လေသည်။
အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ၀ီလျံကောလ်ဟုန်းကလည်း 'ကျွန်ုပ်သည် ကျောင်းဆရာ၊ စီးပွားရေးလုပ် ငန်းရှင်စစ်သား၊ခရီးသည်၊စာရေးဆရာဟူသော အလုပ်အမျိုးမျိုးကိုလုပ်ခဲ့သည်။ထိုလုပ်ငန်းများအတွက်မည် သည့်တက္ကသိုလ်ကမှ အခြေခံပညာကို မပေးနိုင်ခဲ့ချေ။ ကျွန်ုပ်ကိုကျွန်ုပ် ပြန်လည်ပညာသင်ကြားပေးမှုဖြင့် သာထိုလုပ်ငန်းဆောင်တာတို့ကို လုပ်ခဲ့ရလေသည်'ဟုဆိုခဲ့လေသည်။
'လူတိုင်း၌ ပညာသင်ယူမှုနှစ်မျိုးရှိ၏။ ပထမပိုင်းက သူတစ်ပါးကမိမိကို သင်ကြားပေးခြင်းဖြစ်၏။ ဒုတိယပိုင်းက မိမိကိုယ်ကိုမိမိက သင်ကြားပေးခြင်းဖြစ်၏'ဟု ဗြိတိသျှသမိုင်းပညာရှင် အက်ဒွပ်ဂစ်မန်းက ဆိုခဲ့သည်။
ဘ၀ဟူသည် သင်ခန်းစာပေါင်း မြောက်မြားစွာပို့ချနေသော တက္ကသိုလ်ကျောင်းတော်ကြီးဖြစ်သည်။ ထိုဘ၀ တက္ကသိုလ်ထဲက ပညာရပ်တွေကို နေ့နေ့ညည သင်ယူနေရမည်။ ထိုပညာရပ်တွေသည်သာ ဘ၀အတွက် လက်တွေ့အသုံးဝင်သော ဘ၀ပညာတွေဖြစ်သည်။
တချို့ကဘွဲ့လေးတစ်ခုရ ကျောင်းပြီးပြီဟုဆိုကြသည်။ ကျောင်းပြီးတာတော့ မှန်ပါသည်။ ပညာရေးကတော့ အခုမှစလုံးရေစသာ ရှိသေးသည်။ ဘ၀ပညာသည် 'တစ်သက်တာပညာရေး' ဖြစ်သည်။ ကျောင်းသင်ပညာရေးသည် 'လူ့ဘ၀ခရီးလမ်းကို အကြမ်းသဘော ခင်းပေးလိုက်ရုံမျှသာ ရှိသေးသည်။ လမ်းချောမဟုတ်သေးပေ။ လမ်းချောအောင် အမြဲတစေသင်ယူ ဖြည့်ဆည်းပေးနေရမည်။
ကျောင်းသင်ပညာကို အခွင့်မသာ၍ သင်ကြားခွင့် မရသူတို့မှာ ပညာရေးနှင့်စပ်၍ စိတ်ပျက်နေဖို့မလိုပါ။ စိတ်အားငယ်နေဖို့ မလိုပါ။ ဘွဲ့ရမှပညာတတ်သည်ဟူသော အယူအဆအစွဲအလမ်းကို ခေါင်းထဲကထုတ်ပစ် လိုက်ပါ။ကမ္ဘာကျော်ပုဂ္ဂိုလ် အများစုကျောင်းစာမတော်ခဲ့ကြပါ။ ကျောင်းမပြီးခဲ့ကြပါ။ ယခုခေတ် သားသမီးကို ကျောင်းစာမေးပွဲ အဆင့်တစ်ရမှ၊ အဆင့်နှစ်ရမှဆိုသောမိဘများ အထူးသတိပြုစေလိုပါသည်။ အောင်မြင်မှုကတောင်းဆိုသည်မှာ ပထမတန်းစား ဉာဏ်ရည်ဉာဏ်သွေးမဟုတ်။ ပထမတန်းစား ဇွဲဟူသော ပညာရှိတို့စကား မှတ်သားဖို့လိုပါသည်။
ဘ၀အောင်မြင်ရေးအတွက် သိချင်စိတ်၊တတ်ချင်စိတ်၊ဆည်းပူးချင်စိတ်၊သုံးသပ်နှလုံးသွင်းချင်စိတ်၊အောင် မြင်ကြီးပွားချင်စိတ်တို့ကိုသာ ရှင်သန်အောင်မွေးမြူပြီး ကိုယ့်အားကိုယ်ကိုး 'တစ်သက်တာပညာ' ဆည်းပူး ရေးတွင်ကောင်းစွာဆောင်ရွက်ပါက အောင်မြင်သောဘ၀ဖြစ်နိုင်ပါသည်။ သင်ယူမှုကို ဘယ်သောအခါမှ ရပ်မပစ်လိုက်ပါနှင့်ဟု ပညာရှိတို့ကဆိုပါသည်။
အသက်အရွယ်ကြီးရင့်သူတို့၌ အတွေ့အကြုံများသဖြင့် ဘ၀ပညာနှင့်ပြည့်စုံနေကြသည်။ သူတို့တစ်သက် တာဘ၀ပညာကို လူငယ်လူရွယ်များအား ပေးလှူနေသော လူကြီးသူမတို့များစွာရှိကြသည်။ ဘ၀ပညာကို လိုလားသူ လူငယ်လူရွယ်တို့သည် ထိုလူကြီးသူမတို့ထံမှ ဘ၀ပညာကို ဆည်းပူးရယူနိုင်သည်။ ခေါင်းသုံးလုံး ရှိသောအဘိုးအိုကို ဆည်းကပ်ပါဟူသည်မှာ ဤအဓိပ္ပာယ်ဖြစ်၏။
ဘ၀ပညာသည် အလှပညာဖြစ်သည်။ ဘ၀ပညာသည် ကိုယ့်ဘ၀ကိုလည်း ရုပ်ဆိုးကျည်းတန်မဖြစ်စေရ။ သူများတကာတွေ ဘ၀ကိုလည်း ရုပ်ဆိုးအကျည်းတန်မဖြစ်စေရ။ အတ္တပရဘ၀နှစ်မျိုးလုံးကို အလှဆင်သော ပညာသည် ဘ၀ပညာဖြစ်သည်။
ဘ၀ပညာသည် အတ္တအတွက်လည်း ဒုက္ခကိုရှောင်ရှား၊ပရအတွက်လည်း ဒုက္ခတွေဆောင်မထားဘဲ အတ္တပရ နှစ်ဦးနှစ်ဝသုခနှင့်ပြည့်စုံအောင် ဆောင်ရွက်သောပညာဖြစ်သည်။ ဘ၀ပညာသည် မည်သူ့ကိုမျှ စိတ်ကသိ ကအောင့်မဖြစ်စေဘဲ မည်သူကိုမျှအနှောင့်အယှက်မပေးဘဲ ကူညီရိုင်းပင်းမှုကိုသာပေးသောပညာဖြစ်သည်။
တတ်သိသူနှင့်သိတတ်သူနှစ်မျိုးတွင် တတ်သိသူသာပေါများ၍ သိတတ်သူရှားပါးသတဲ့။ ဘ၀ပညာသည် တတ်သိခြင်းမဟုတ်။ သိတတ်ခြင်းသာဖြစ်သည်။ မိဘအပေါ်လည်း သိတတ်သည်။ ဆရာသမားအပေါ်လည်း သိတတ်သည်။ ကျေးဇူးတရားကိုလည်း သိတတ်သည်။ တာဝန်ကိုလည်း သိတတ်သည်။ ၀တ္တရားကိုလည်း သိတတ်သည်။လူမှုရေးလည်း သိတတ်သည်။ ပြောစရာ၊ဆိုစရာ၊သင်စရာမလိုဘဲ အသိတရားက သူ့အလိုလို ရှိသူဖြစ်သဖြင့် အရာရာ၌သိတတ်ခြင်းသည် ဘ၀ပညာဖြစ်သည်။
တချို့စည်းကမ်းတွေသည် သီးသန့်သတ်မှတ်ထားခြင်းမဟုတ်။ ကိုယ့်အသိတရားနှင့်ကိုယ် လိုက်နာကြရခြင်း ဖြစ်သည်။ အလိုက်သိ၊အလိုက်တသိဟူသော ဝေါဟာရနှင့်သဘောတရားသည် နေရာတိုင်း၌လိုအပ်သည်။ ထိုအလိုက်သိမှု၊ အလိုက်တသိရှိမှုသည် ဘ၀ပညာဖြစ်သည်။ လောကမှာ အလိုက်သိမှုတစ်ခုမရှိမဖြစ်လို အပ်သည်။အလိုက်မသိသူနှင့် ပေါင်းသင်းဆက်ဆံရ၊ နေထိုင်ရတာလောက် ဆင်းရဲတာဘာမျှမရှိ။ ထို့ကြောင့် အလိုက်သိတတ်မှုလေး တစ်ခုတော့လူတိုင်းမှာ ရှိစေချင်သည်။ထိုဘ၀ပညာဖြစ်သော အလိုက်သိတတ်မှုမှ နေ၍ကိုယ်ချင်းစာတရားဆိုတာပေါ်လာသည်။အားနာတတ်မှု၊ကူညီရိုင်းပင်းတတ်မှု၊ထောက်ထားမှု၊စာနာမှု၊ ငဲ့ညှာမှု၊ဦးစားပေးမှုစသော မြန်မာ့ယဉ်ကျေးမှုများ ပေါ်ပေါက်လာရသည်။
တစ်ဖက်သားကို အားနာတတ်မှုသည် နူးညံ့သောစိတ်ထား၊မွန်မြတ်သောစိတ်ထားမှလာသည်။ နေရာတိုင်း၌ အားနာဖို့မလိုသော်လည်း အားနာတတ်သော မြန်မာ့ယဉ်ကျေးမှုလေးတစ်ခု မပျောက်ကွယ်သင့်ပေ။ လူတို့ကြား၌ အရေးတကြီးလိုအပ်သော ကိုယ်ချင်းစာတရားသည် အားနာမှုမှလည်းလာသည်။ငဲ့ညှာမှု၊ စာနာမှု၊ထောက်ထားမှုတို့မှလည်းလာသည်။ ထိုကောင်းမြတ်သော အမူအကျင့်တို့သည် ဘ၀ပညာမှနေ၍ လာကြသည်။
ကျက်ဉာဏ်၊မှတ်ဉာဏ်တို့သည် အတတ်ပညာရပ်တို့နှင့်ဆိုင်သော်လည်း စဉ်းစားဉာဏ်၊ဆင်ခြင်ဉာဏ်၊ထိုး ထွင်းဉာဏ်၊သဘောဉာဏ်၊တင်္ခဏုပ္ပတ္တိဉာဏ်၊ဟာသဉာဏ်စသည်တို့ကား ဘ၀ပညာရပ်နှင့်ဆိုင်သွားသည်။ ကာလဒေသပုဂ္ဂလကို ခွဲခြားနားလည်မှု၊ဌာနာ ဌာနကောသလ္လဉာဏ်တို့မှာလည်း ဘ၀ပညာရပ်မှသာရရှိ နိုင်သည်။
ဘ၀တွေပိုင်ဆိုင်ထားသူ ဘ၀ပိုင်ရှင်တိုင်းကတော့ ကိုယ့်ဘ၀ကိုယ်လှချင်ကြသည်။ လှတပတဖြစ်ချင်ကြ သည်။ဘ၀တွေလှဖို့အတွက် အဓိကလိုအပ်တာကတော့ 'ဘ၀ပညာရပ်'သာဖြစ်သည်။
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
ဆောင်းပါးမူရင်းကို ဒီနေရာလေးမှာ လည်းသွားရောက်ဖတ်ရှု့နိုင်ပါတယ်ခင်ဗျာ။
အားလုံးသောဓမ္မမိတ်ဆွေများလည်း အသိဥာဏ်ပညာများတိုးပွားကြပါစေ။

Read more...

လောကချမ်းသာဆရာတော်၏ သက်တော် ၇၀ ပြည့် မွေးနေ့ပူဇော်ပွဲ

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒက၏ သက်တော် ၇၀ ပြည့် မွေးနေ့ပူဇော်ပွဲကို ၂၀၁၀ ခုနှစ် သြဂုတ်လ ၁ ရက် တနင်္ဂနွေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ကျင်းပခဲ့၏။

နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်း၊ သစ်သီး၊ အချိုမုန့်များဖြင့် ဆက်ကပ် လှူဒါန်းကြပြီး ပူဇော်ကြ၏။




နံနက် ၁၁ နာရီတွင် သံဃာတော်များအား ဒန်ပေါက်နေ့ဆွမ်း၊ အချိုမုန့်များ၊ သစ်သီးများဖြင့် ဆက်ကပ် လှူဒါန်းကြ၏။




နေ့လယ် ၁၂ နာရီခွဲတွင် လောကချမ်းသာဆရာတော်၏ သက်တော် ၇၀ ပြည့် မွေးနေ့ပူဇော်ပွဲ အခမ်းအနားကို ကျင်းပ ပြုလုပ်ရာ -

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ အတွင်းရေးမှူး ဦးစောဝင်းက လောကချမ်းသာဆရာတော်၏ ထေရုပ္ပတ္တအကျဉ်းကို ဖတ်ကြား၏။



+++++

လောကချမ်းသာဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း

လောကချမ်းသာဆရာတော် အရှင်ဣန္ဒကကို ၁၉၄၀ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် မြောင်းမြမြို့နယ်၊ အညာစုကျေးရွာ၌ ခမည်းတော် ဦးဘ နှင့် မယ်တော် ဒေါ်ဖွားသင်တို့မှ မွေးဖွားသည်။ မွေးချင်း သားသမီး ငါးယောက်တွင် အငယ်ဆုံး သားရတနာ ဖြစ်သည်။

အသက် (၇)နှစ်အရွယ်တွင် ဒရယ်ပေါက်ကျောင်း ဆရာတော် ဦးခေမိန္ဒကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်ကို ခံယူခဲ့သည်။ ဆရာတော် ဦးခေမိန္ဒထံ၌ အခြေခံမြန်မာစာ၊ သင်္ချာနှင့် ပါဠိစာပေများကို ငါးနှစ်တိုင်တိုင် သင်ယူခဲ့သည်။

အသက် တစ်ဆယ့်နှစ်နှစ်သားအရွယ်တွင် မြောင်းမြမြို့၊ ရိုးကူးရပ်၊ ပညာဇေယျုံကျောင်းတိုက်သို့ ပြောင်းရွှေ့ကာ ဆရာတော်ကြီး ဦးပညာထံ၌ လောကီလောကုတ္တရာပညာရပ်များကို သုံးနှစ်ကြာမျှ ဆက်လက် သင်ယူခဲ့သည်။

ထို့နောက် မြောင်းမြမြို့၊ ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်ကြီးသို့ ပြောင်းရွှေ့ကာ လောကုတ္တရာ ပါဠိစာပေများကို ရှစ်နှစ်တိုင်တိုင် သင်ယူခဲ့ပါသည်။

၁၉၆၀ ခုနှစ် အသက် (၂၀) အရွယ်တွင် မြောင်းမြမြို့ ပဇ္ဇောတာရုံပါဠိတက္ကသိုလ်ကျောင်းတိုက် ခဏ္ဍသိမ်၌ ကျွန်းကုန်းဆရာတော်ဘုရားကြီး ဦးနာယကကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ဆရာတော်သည် ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းများကို အဆင့်မြင့်မြင့်ဖြင့် အောင်မြင်ခဲ့ပြီး ဓမ္မာစရိယဘွဲ့နှင့် ပါဠိပါရဂူဘွဲ့တို့ကို ၁၉၆၂-၆၃ ခုနှစ်တွင် ရရှိခဲ့သည်။

မြောင်းမြမြို့ ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်၌ပင် စာချဆရာတော်အဖြစ် သုံးနှစ်ခန့် သင်ကြားခဲ့သည်။
၁၉၆၆ ခုနှစ်တွင် ရန်ကုန်မြို့သို့ ကြွရောက်ခဲ့ပြီး အင်္ဂလိပ်စာ၊ တိုင်းရင်းဆေးပညာနှင့် ဗေဒင်ပညာတို့ကို လေ့လာ သင်ယူခဲ့သည်။
၁၉၆၉ ခုနှစ်တွင် တိုင်းရင်းဆေးပညာစာမေးပွဲကို အောင်မြင်ခဲ့သည်။

၁၉၇၀ ခုနှစ်တွင် ရှမ်းပြည်နယ် တာချီလိတ်မြို့သို့ ကြွရောက် သီတင်းသုံးပြီး ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်း တိုက်ကို တည်ထောင်ကာ ဘုန်းတော်ကြီးကျောင်းပညာရေးနှင့် ကမ္မဋ္ဌာန်းတရားအားထုတ်နည်းများကို ၁၀-နှစ်ခန့် သင်ကြားပေးခဲ့သည်။

၁၉၈၀ ခုနှစ်တွင် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာသို့ ကြွရောက်ပြီး ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ထံမှောက်ဝယ် ရက်ရှည် ကမ္မဋ္ဌာန်းတရား ပွားများ အားထုတ်ခဲ့သည်။
ထိုနောက် ကမ္မဋ္ဌာန်းနည်းပြဆရာဖြစ်သင်တန်းသို့ တက်ရောက်ခဲ့ပြီး ကမ္မဋ္ဌာန်းနည်းပြဆရာအဖြစ် မဟာစည်ဆရာတော်ဘုရားကြီး၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။

ထိုမှ တာချီလိတ်မြို့သို့ ပြန်လည် ကြွရောက်ခဲ့ပြီး မဟာစည်ဆရာတော်ကြီး၏ နည်းစနစ်ဖြင့် ကမ္မဋ္ဌာန်းအားထုတ်နည်းကို သင်ကြားပေးခြင်း၊ ဆင်းရဲနွမ်းပါးသော ကလေးသူငယ်များ၏ ပညာရေးနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ အချိန်အနည်းငယ်အတွင်း အထူးအောင်မြင်သော ကျောင်းတိုက်တစ်ခု ဖြစ်လာခဲ့သည်။

ဤအတွေ့အကြုံများမှ “သူတပါးကို ကူညီခြင်းဖြင့်သာ စစ်မှန်သော ပျော်ရွှင်မှုကို ရရှိစေကြောင်း”နှင့် “အောင်မြင်မှုကို ရရှိရန် ပညာစွမ်းအားသာမက လုံ့လဝိရိယလည်း အရေးပါကြောင်း” လက်တွေ့အသိကို ရရှိခဲ့သည်။

မဟာစည်ဆရာတော်ဘုရားကြီးက ရွေးချယ် စေလွှတ်သဖြင့် ၁၉၈၂ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ဓမ္မဒူတခရီး ကြွရောက်ခဲ့သည်။

ရှေးဦးစွာ တင်နက်ဆီပြည်နယ် နက်ရှ်ဗီးလ်မြို့တွင် တစ်နှစ်ခန့် သီတင်းသုံး နေထိုင်ခဲ့ပြီး၊ ၁၉၈၃ ခုနှစ်တွင် နယူးယောက်မြို့သို့ ပြောင်းရွှေ့ သီတင်းသုံးကာ နယူးယောက်၊ နယူးဂျာစီ၊ ကွန်နက်တီကက်ပြည်နယ် သုံးခုနေ မြန်မာမိသားစုများ၏ ဆရာရင်း ဖြစ်လာခဲ့သည်။

၁၉၈၄ ခုနှစ်တွင် နယူးယောက်မြို့၌ “လောကချမ်းသာဘုရားကျောင်း”၊ ၁၉၉၅ ခုနှစ်တွင် နယူးဂျာစီပြည်နယ် မနာလပန်၌ “မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်း”၊ ၁၉၉၉ ခုနှစ်တွင် မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့၌ “မဟာသတိပဋ္ဌာန်ရိပ်သာကျောင်း”တို့ကို တည်ထောင်ခဲ့သည်။

နယူးဂျာစီပြည်နယ် မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်းတွင် ရွှေတိဂုံစေတီတော်ပုံစံတူ၊ လောကချမ်းသာ စေတီတော်ကို တည်ထား ကိုးကွယ်ခဲ့ရာ ၂၀၀၆ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် စေတီတော် ပန္နက်ချ အုတ်မြစ်စီ ပထမဆင့် ဌာပနာပိတ်ပွဲကိုလည်းကောင်း၊ ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် စေတီတော် ဒုတိယဆင့် ဌာပနာပိတ်ပွဲကိုလည်းကောင်း၊ ၂၀၀၇ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ရွှေထီးတော်တင် အခမ်းအနားကိုလည်းကောင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

ထိုနောက် နှစ်စဉ် မေလတွင် လောကချမ်းသာစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပခဲ့ရာ ၂၀၁၀ ခုနှစ်တွင် တတိယအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပခဲ့ပြီး ဖြစ်ပါသည်။

နယူးဂျာစီပြည်နယ် မဟာစည်သတိပဋ္ဌာန်ရိပ်သာ၌ပင် “လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်ကြီး”ကို ဆောက်လုပ်ရန် စီစဉ် ခွင့်ပြုချက် ရရှိပြီးဖြစ်ရာ ၂၀၁၀ ခုနှစ်တွင် စတင် ဆောက်လုပ်ရန် ကြိုးစား ဆောင်ရွက်လျက် ရှိ၏။

ဆရာတော်သည် လူမှုရေးဆိုင်ရာ လုပ်ငန်းများအဖြစ်လည်း ၂၀၀၈ ခုနှစ် မေလတွင် နာဂစ်မုန်တိုင်းဘေး ခံရသော မြန်မာနိုင်ငံဒုက္ခသည်များအတွက်လည်းကောင်း၊ ၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် ငလျင်ဘေးခံရသော ဟေတီဒုက္ခသည်များအတွက်လည်းကောင်း ကူညီ ထောက်ပံ့ပေးမှုများကို ဆောင်ရွက်ပေးခဲ့၏။

၂၀၀၅ ခုနှစ်တွင် ဇာတိမြေ၌ ပေ ၁၀၀-ရှည်သော ဒရယ်ပေါက်-ပြင်ရွာ ချောင်းကူးတံတားကို ဆောက်လုပ်ခဲ့ခြင်း၊ ၂၀၀၇ ခုနှစ်တွင် မူလတန်းကျောင်း ၄-ကျောင်းကို ဆောက်လုပ်ခဲ့ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့သည်။

ပညာတတ်မှသာ အောင်မြင်သော ဘဝတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသော ကျောင်းသားကျောင်းသူများကို ပညာသင်စရိတ် ထောက်ပံ့ပေးခဲ့ရာ ဆရာဝန်များ၊ အင်ဂျင်နီယာများ ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။

ဆရာတော်သည် ဘုရားလောင်းတို့၏ ထုံးဖြစ်သော အများအကျိုး၊ ဆွေမျိုးဉာတကာအကျိုး၊ မိမိအကျိုးတို့ကို ပြီးစီး အောင်မြင်စေရန် အရိုးကြေကြေ အရေခန်းခန်း လုံ့လကြိုးကုတ် အားထုတ်မှုကို အထူး နှစ်သက် အားကျ၏။

ဆရာတော်သည် အများချမ်းသာ၊ သူလည်းချမ်းသာ၊ မိမိလည်းချမ်းသာခြင်းဖြင့် လောကကြီးတစ်ခုလုံး ချမ်းသာစေလိုပြီး၊ နယူးယောက်မြို့ “လောကချမ်းသာဘုရားကျောင်း”၊ နယူးဂျာစီပြည်နယ် အင်္ဂလစ်ရှ်တောင်း “မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်း”၊ မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့ “မဟာသတိပဋ္ဌာန်ရိပ်သာ ကျောင်း”များ၏ ပဓာနနာယကဆရာတော်အဖြစ် ဦးဆောင်ကာ ယခုတိုင် သာသနာပြုလုပ်ငန်းများကို ကြိုးစား သည်ပိုး ဆောင်ရွက်လျက် ရှိပါသည်။

+++++

ထိုနောက် ပရိသတ်များအားလုံးက အရှင်စက္ကိန္ဒ ရေးသား ပူဇော်သော လောကချမ်းသာဆရာတော်၏ သက်တော် ၇၀ ပြည့် ဝိဇာတမင်္ဂလာ ရှစ်လုံးဖွဲ့ လင်္ကာများကို ရွတ်ဆို ပူဇော်ကြပြီး ဆရာတော်အား ရှိခိုး ကန်တော့ကြ၏။





+++++

လောကချမ်းသာဆရာတော်ဘုရား၏ သက်တော် ‘၇၀’ ပြည့် ဝိဇာတမင်္ဂလာ ရှစ်လုံးဘွဲ့ကဗျာ

၁။ မဟာစည်ထေရ်ရ ရှုဆရွှေဉာဏ်
အနာဂတံသ ဉာဏဝေဖန်
ရှင်တော်ဗုဒ္ဓ သာသနာ့အောင်လံ
စိုက်ထူရေး မနှေးကြိုးစားပြန်။

၂။ ဒေသနာခရီး ဦးစီးမဏ္ဍိုင်
မဟာစည်ထေရ်ရ မြန်းကြွကိုယ်တိုင်
ပင်ပန်းခက်ခဲ စိတ်ထဲမယိုင်
တရားရေး အားပေးကိုယ်တော်တိုင်။

၃။ အမေရိက ဌာနမြေပေါ်
သာသနာရောက်ရေး မြော်တွေးရှုမျှော်
တပည့်ကြီးများ နောက်ပါးအဖော်
မျိုးစေ့ချ ဓမ္မဒေသနာတော်။

၎။ ဗုဒ္ဓ ဓမ္မ သံဃာ့ရတနာ
အမေရိက ဌာနမြေမှာ
ဖြစ်ပေါ်လာရေး တည်ရေးတစ်ဖြာ
ပြန့်ပွားရေး အားပေးသာသနာ။

၅။ မဟာစည်ထေရ်ရ မြန်းကြွကမ္ဘာ
ချမ်းသာရကြောင်း လမ်းကောင်းညွှန်ကာ
တပည့်ကြီးများ နေကြားစေကာ
အနှိုင်းမဲ့ ရှုငဲ့ကရုဏာ။

၆။ လောဘဒေါသ မောဟ ကိလေ
ကမ္ဘာတဝှမ်း လောင်ကျွမ်းမြိုက်နေ
ဓမ္မရေအေး တိုက်ကျွေးကာလေ
ငြှိမ်းသတ်ပေး ငြိမ်းအေးကမ္ဘာမြေ။
၇။ သာသနာရေး မြော်တွေးဆင်ခြင်
တပည့်ကြီးများ အမေရိကားတခွင်
အရှေ့ခြမ်း အနောက်ခြမ်း ခွဲခြမ်းကာပင်
တာဝန်ပေး ဆောင်ရေးထာဝစဉ်။

၈။ ဓမ္မဒူတ တရားတမာန်
အရှည်မြော်တွေး လွှတ်ရေးကြုံပြန်
မထေရ်နှစ်ပါး ကြွသွားဘို့ရန်
ရွေးချယ်ပေး ကြွရေးအမေရိကန်။

၉။ အရှင်ဣန္ဒက ထေရ်ရမဟာ
ထိုထေရ်နှစ်ပါး တစ်ပါးအဝင်ပါ
သာသနာရေး အားပေးကူကာ
ထိုခါမှ ယနေ့တိုင်အောင်သာ။

၁၀။ နယူးယောက်ဌာန ပင်မအခြေတည်
နယူးဂျာစီတဝ သာစွမဟာစည်
ဘော်စတွန်မည်ရ ဌာနသုံးလီ
ဦးဆောင်ပြီး ပြုပြီးနှစ်ကြာရှည်။

၁၁။ “၇၀” ပြည့် မွေးနေ့မှသည်
ရာကျော်သက်တမ်း ကျော်လွှမ်းကာတည်
ဘေးဘယ ဝေးကြ အေးမြစိတ်ကြည်
တပည့်ပေါင်း ဆုတောင်းပူဇော်သည်။ ။

+++++

ဆရာတော်က သြဝါဒစကား မြွက်ကြား၏။



ထိုနောက် ဘော်လ်တီမိုး အရှင်ကေလာသဝိဟာရ ဆရာတော် အရှင်ကစ္စာယနက မွေးနေ့တရား ဟောကြားပြီး ကောင်းမှုကုသိုလ်တို့ကို ရေစက်သွန်းချ အမျှပေးဝေကြ၏။



သာဓု ... သာဓု ... သာဓု။
0 comments

Read more...

စတီးရေသန့်ရေလှောင်ကန်အတွက် ပါဝင်လှူဒါန်းလိုသူများ ဆက်သွယ်နိုင်ပါသည်။

မင်္ဂလာပါရှင်။

ဇူလိုင်လက စင်္ကာပူမှ ခဏ ပြန်လာတဲ့ မောင်ငယ်သံလွင်ဟီးရိုးတစ်ယောက် ကျွန်မကို လာရောက်တွေ့ဆုံပြီး သံလွင်ဟီးရိုး နဲ့ သူငယ်ချင်းများအဖွဲ့ ဖြစ်တဲ့ SIM (Singapore Institute Of Management ) မြန်မာကလပ် ( My – SIM) အဖွဲ့မှ မြန်မာနိုင်ငံမှာ ရေအလှူတစ်ခုပြုလုပ်လိုပါကြောင်းနဲ့ အန်တီဝါ စီစဉ်ဆောင်ရွက်ပေးစေချင်ပါကြောင်းပြောပြီး မတည်အလှူငွေ ၅၀၀၀၀၀ ကျပ် ( ငါးသိန်းကျပ်) ထည့်ဝင်လှူဒါန်းသွားခဲ့ပါတယ်ရှင်။အလှူရှင်တွေက လှူချင်နေမှတော့ ကျွန်မကလည်း စိတ်ချပါ ၊အန်တီသေခြာစုံစမ်းပြီး လှူဒါန်းနိုင်ဘို့အတွက် စီစဉ်ပေးမည်ဖြစ်ပါကြောင်း ပြန်ပြောပြီး စစ်ကိုင်းတောင်ရိုးမှ ဦးဇင်း ဦးကောဝိဒ ထံသို့ ချက်ချင်းပဲ ဖုန်းဆက်ပြီး စုံစမ်းမေးမြန်းလျှောက်တင်ခဲ့ပါတယ်ရှင်။ဦးဇင်းကလည်း အမှန်တကယ် ရေလိုအပ်နေတဲ့ စစ်ကိုင်းတောင်ရိုးရှိ ကျောင်းတိုက်တစ်ခုမှာ လှူဒါန်းနိုင်ဘို့ စီစဉ်ပေးမည်ဖြစ်ပါကြောင်း မိန့်ကြားခဲ့ပါတယ်။

ရေသန့်စတီးရေကန် တစ်ခုလှူဒါန်းမှုအတွက် အောက်ဖော်ပြပါ ဓါတ်ပုံလေးများအတိုင်း စီစဉ်ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း နဲ့

စတီးရေလှောင်ကန် ၅၀၀ လီတာ တစ်လုံး။

ရေအေးစက် ၁ လုံး။

ရေသန့်စက် ၁ လုံး ။

တို့ကို တပ်ဆင်ရမှာ ဖြစ်ပြီး ရေသန့်စတီးရေလှောင်ကန်တစ်ခု အတွက် အလှူငွေ ၁၀ သိန်း ကျပ်တိတိ ကုန်ကျမှာဖြစ်ပါကြောင်း ၊ ရေသန့်စတီးရေလှောင်ကန်ကိုတော့ ရန်ကုန်မြို့ ရွှေတိဂုံဘုရားမြောက်ဖက်မုခ်မှာရှိတဲ့ ဝေနေယျသုခရေချမ်းစင်အသင်းမှ တပ်ဆင်လိုတဲ့ဒေသများအရောက် လာရောက်တပ်ဆင်ပေးမှာဖြစ်ပြီး မိမိလှူဒါန်းလိုတဲ့နေရာဒေသမှာ ရေသန့်စတီးရေလှောင်ကန် အပြီးအစီးတပ်ဆင်ပြီးသွားပါက ရွှေတိဂုံဘုရားမြောက်ဖက်မုခ်မှာရှိတဲ့ ဝေနေယျသုခရေချမ်းစင်အသင်းသို့ ကျသင့်အလှူငွေ ၁၀ သိန်း (တစ်ဆယ်သိန်းကျပ်တိတိ)ကို သွားရောက်ပေးသွင်းလှူဒါန်းရမှာ ဖြစ်ပါတယ်ရှင်။



အလှူရှင်သံလွင်ဟီးရိုးနဲ့အဖွဲ့ (SIM (Singapore Institute Of Management ) မြန်မာကလပ် ( My – SIM)မှလည်း ရေအလှူကို သြဂုတ်လကုန်မှာ နောက်အကျဆုံးထားပြီး လှူဒါန်းလိုပါကြောင်းနဲ့ လှူဒါန်းမှုအစုစု ဓါတ်ပုံလေးများကို အဖွဲ့သို့တင်ပြရမှာ ဖြစ်တဲ့အတွက် တီဝါမှ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးဘို့ ပြောလာခဲ့တဲ့အတွက် တာဝန်ယူဆောင်ရွက်ပေးသူ ကျွန်မမှလည်း အလှူရှင်များ အဆင်ပြေ စိတ်ချမ်းသာစွာနဲ့ လှူဒါန်းမှုပြုနိုင်ကြစေရန် တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်ပေးဘို့ စိတ်ဆုံးဖြတ်ထားပြီးသားမို့ စုပေါင်းလှူဒါန်းကြမယ့် ရေသန့်စတီးကန်ကြီးမှာ အလှူရှင်များရဲ့နာမည်များကို ရေးထိုးပေးဘို့နဲ့ အလှူဓါတ်ပုံများပို့ပေးနိုင်ရေးအတွက် ဦးဇင်းထံ မေတ္တာရပ်ခံ လျှောက်ထားခဲ့ပါတယ်ရှင်။ဦးဇင်းမှ ရေသန့်စက်လာရောက်တပ်ဆင်ပေးမယ့် ရွှေတိဂုံဘုရားမြောက်ဖက်မုခ်မှာရှိတဲ့ ဝေနေယျသုခရေချမ်းစင်အသင်းမှပဲ အလှူရှင်များရဲ့နာမည်ကို စတစ်ကာများနဲ့ကပ်ပြီး အပြီးအစီးဆောင်ရွက်ပေးမှာ ဖြစ်ပါကြောင်း အားလုံး အစစ အရာရာအဆင်ပြေအောင် စီစဉ်ပေးမည်ဖြစ်ပါကြောင်း မိန့်ကြားသွားခဲ့ပါတယ်ရှင်။

ဒီနေ့ပဲစစ်ကိုင်းတောင်ရိုးရှိ ၀ိနည်းနဲ့အညီ အလွန်စည်းကမ်းကြီးလှတဲ့ ကျောင်းတိုက်တစ်ခုမှာ ရေသန့်စတီးရေလှောင်ကန်တစ်ခုလှူဘို့ ကျောင်းထိုင်ဆရာတော်ထံ ဦးဇင်းဦးကောဝိဒမှ သွားရောက်လျှောက်တင်ခဲ့ပါကြောင်း ၊ကျောင်းတိုက်မှာလည်း ရေသန့်ရေလှောင်ကန် အမှန်တကယ် လိုအပ်နေတာဖြစ်တာကြောင့် ကျောင်းတိုက်မှဆရာတော်ထံ ရေသန့်စတီးရေလှောင်ကန်တစ်ခု လှူဒါန်းပါမည်ဟု လျှောက်တင်ခဲ့ကြောင်း သိရှိရပါတယ်ရှင်။ကျောင်းတိုက်နာမည်ကိုတော့ ရေလှောင်ကန်လှူပြီး ပို့စ်တင်မှပဲ ကျွန်မပြောပါမယ်ရှင်။

ရေသန့်စတီးရေလှောင်ကန်၏တန်ဘိုးမှာ ၁၀၀၀၀၀၀ ကျပ် (တစ်ဆယ်သိန်းကျပ်တိတိ)ဖြစ်ပြီး ယခုကျွန်မလက်ခံရရှိထားတဲ့ အလှူငွေများမှာ အောက်ပါအတိုင်းဖြစ်တဲ့အတွက် လှူဒါန်းလိုသူအလှူရှင်များအနေဖြင့် ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်း လေးစားစွာနဲ့ အသိပေးနှိုးဆော် တိုက်တွန်းလိုက်ရပါတယ်ရှင်။

အလှူရှင်များ….

၁. SIM (Singapore Institute Of Management ) မြန်မာကလပ် ( My – SIM) မှ အလှူငွေ- ၅၀၀၀၀၀ ကျပ် (ငါးသိန်းကျပ်)။

၂.ကိုဖြိုး (ရွှေအိမ်စည် တယ်လီဖုန်းရောင်းဝယ်ရေး ၊ မန္တလေးမြို့) မှ ၁၀၀၀၀၀ ကျပ် (တစ်သိန်းကျပ်)

၃.ကိုထက် (ရွှေအိမ်စည် တယ်လီဖုန်းရောင်းဝယ်ရေး ၊ မန္တလေးမြို့) မှ ၁၀၀၀၀၀ ကျပ် (တစ်သိန်းကျပ်)

၎.ဦးစိန်ထိုက်+ဒေါ်အေးအေးသန်း မိသားစု မှ ၁၀၀၀၀၀ ကျပ် ( တစ်သိန်းကျပ်)

စုစုပေါင်း အလှူငွေ ၈၀၀၀၀၀ ကျပ် (ရှစ်သိန်းကျပ်) လက်ခံရရှိထားပြီး ဖြစ်တဲ့အတွက် စတီးရေသန့်ရေလှောင်ကန်အတွက် နောက်ထပ်အလှူငွေ ၂၀၀၀၀၀ ကျပ် ( နှစ်သိန်းကျပ်)သာ လိုအပ်ပါတော့တယ်ရှင်။

စတီးရေလှောင်ကန်ကြီးကို သြဂုတ်လကုန် နောက်ဆုံးထားပြီး လှူဒါန်းမှာ ဖြစ်တဲ့အတွက် လှူဒါန်းလိုသူအလှူရှင်များအနေဖြင့် …….

မ၀ါဝါခိုင်မင်း (မြန်မာနိုင်ငံ ၊ ဂျပန်နိုင်ငံ)

SAKURA DENTAL CLINIC

အမှတ် ၅၂ -က (ပထမထပ်)

ရန်ကုန်-အင်းစိန်လမ်းမကြီး

စံရိပ်ငြိမ် (၃)လမ်းထောင့်

လှည်းတန်း

ကမာရွတ်မြို့နယ် ၊ရန်ကုန်မြို့။

ဖုန်း-၀၁ ၅၁၂၀၀၄ ၊ ၀၉၅ ၃၇၆၂၆၀

E mail- nanwarwarmg2009@gmail.com

၂.ကိုဇူလိုင် (စင်္ကာပူ)

julydream0707@gmail.com

၃.ကိုရန်အောင် (USA)

aungyan@gmail.com

များသို့ ဆက်သွယ် လှူဒါန်းနိုင်ကြပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်လိုက်ရပြန်ပါတယ်ရှင်။


Ps.(အလှူတစ်ခုရှိတိုင်း ကျွန်မကိုယ်တိုင်လည်း အရမ်းပဲပါဝင်လှူဒါန်းလိုပါတယ်။ဒါပေမယ့် ကိုယ့်ဝင်ငွေနဲ့ ထွက်ငွေက မမျှနိုင်ဖြစ်နေသေးတော့ အလှူတိုင်းကို လှူချင်ပေမယ့်လည်း စိတ်ကိုထိန်းထားရပါသေးတယ်ရှင်။ကျွန်မလိုပဲ အလှူတိုင်းမှာ ပါဝင်လှူဒါန်းလိုစိတ်ရှိကြပြီး အကြောင်းကြောင်းတွေကြောင့် ပါဝင်မလှူဒါန်းနိုင်ကြတဲ့ သူတွေကို ကျွန်မကိုယ်ချင်းစာနာစွာနဲ့ အမြဲနားလည်မှုထားပါတယ်ရှင်။ဒီတကြိမ်ကိုယ်မလှူနိုင်လည်း စိတ်ထဲမှာ လှူချင်စိတ်သဒ္ဓါတရားလေးသာကိန်းအောင်းနေရင် တချိန်ချိန်မှာ မဖြစ်မနေ လှူနိုင်ကြမှာပါ။ ကျွန်မအလှူခံတိုင်း အားနာပြီး မဖြစ်မနေပါဝင်လှူဒါန်းမှုများ မပြုကြဘို့နဲ့ ကျွန်မအလှူခံချိန်တိုင်းမှာ မိမိဘက်က တကယ်အဆင်ပြေပြီး အမှန်တကယ်ပါဝင်လှူဒါန်းမှုပြုနိုင်တဲ့ အခြေအနေ အချိန်အခါနဲ့တိုက်ဆိုင်ပါမှ လှူဒါန်းကြဘို့အတွက် ကျွန်မမှ ရိုးသားစွာ ၊ရိုသေစွာနဲ့ မေတ္တာရပ်ခံလိုက်ရပါတယ်ရှင်။)

အားလုံးကို လေးစားစွာဖြင့်…

ဝါ၀ါခိုင်မင်း

Read more...

စောင့်လေမျိုးနွယ်

Thursday, August 5, 2010


ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ
မွေခံထိုက်စေ၊ လှူမျှဝေ၍
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်
ကျင့်ဖွယ်သားတို့သမီးတို့တာ။
အထက်ဖော်ပြပါစာသားလေးကို အားလုံးရင်းနှီးဖူးမယ် ထင်ပါတယ်။ ငယ်စဉ်အခါတုန်းက သားသမီးကျင့်ဝတ်ဆိုပြီးတော့ ဆရာဆရာမတွေနှုတ်တိုက်ချပေးခဲ့တဲ့ မှတ်သားစရာ အဆုံးမလေးတစ်ခုပါပဲ။ ငယ်စဉ်အခါတုန်းကတော့ ဒီလုပ်ဆောင်ဖွယ်တွေကို ဘယ်သူကများ သတ်မှတ်ခဲ့တာလည်းဆိုတာ မသိခဲ့မိပါဘူး။ အင်မတန်ကောင်းမွန်လေးနက်တဲ့ အဆုံးမစကားတွေပဲဆိုတာတော့ ခံယူမိပါတယ်။ ဒီအဆုံးမတွေဖတ်လိုက်ရရင်ကို မိဘနဲ့သားသမီး သားသမီးနဲ့မိဘကြားမှာ ရှိထားသင့်တဲ့ လုပ်ဆောင်ပေးဖွယ်ရာတွေ အသိမှတ်ပြုဖွယ်ရာတွေဟာ အင်မတန်မွန်မြတ်တဲ့ အဆုံးမတွေပဲဆိုတာတော့ ခံစားကြည့်မိပါတယ်။ ဘုရားရှင်ရဲ့အဆုံးမတွေ လေ့လာမှတ်သားမိတဲ့အချိန်ခါကျမှပဲ ဒီအဆုံးမတွေဟာ သိင်္ဂါလောဝါဒသုတ်တော်မှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သိင်္ဂါလသတို့သား၏ လျောက်ထားမေးမြန်းချက်ကို အကြောင်းပြုပြီး ဟောကြားခဲ့တဲ့ အဆုံးမတွေ ဖြစ်တယ်ဆိုတာ သိလာရပါတယ်။ အင်မတန်တန်ဖိုးရှိတဲ့အဆုံးမတွေပါပဲ။

ီအထက်ဖော်ပြပါအကြောင်းရာလေးမှာပါရှိတဲ့ ကျင့်ဝတ္တရားတွေဟာ ယခုအချိန်ခါမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါတယ်။ အမြတ်တနိုးတန်ဖိုးထား လိုက်နာကျင့်ကြံကြတဲ့သူတွေရှိသလို.. တန်ဖိုးမသိဘဲ တန်ဖိုးမထားတတ်ကြတဲ့သူတွေလည်း ရှိကြပြန်ပါတယ်။ တကယ်တော့ ဘုရားရှင်ဆုံးမခဲ့တဲ့ အဆုံးမတွေဟာ အကြောင်းမဲ့ဆုံးမပေးခဲ့တဲ့အရာတွေ မဟုတ်ပါဘူး။ ဘုရားရှင်ရဲ့အဆုံးမတွေဟာ ကိုယ့်မှာနားလည်နိုင်တဲ့ အသိဥာဏ်ရှိရင်ရှိသလောက် တန်ဖိုးဖြတ်လို့မရနိုင်တဲ့ အဆုံးမတွေပါ။ ကျွေးမွေးမပျက်ဆိုတဲ့ စာကြောင်းလေး လေးလုံးလောက်ထဲမှာ နက်နက်နဲနဲသိထားသင့်တဲ့ အဆုံးမတွေ ပါရှိပါတယ်။ အပေါ်ယံကြည့်ရင်တော့ ကျွေးမွေးမပျက်ဆိုတာ ကျွေးမွေးပြုစုထားရင်ပြီးတာပဲ တာဝန်ကျေပြီလို့ ထင်တတ်ကြပါတယ်။ ဘယ်လိုပြုစုလုပ်ကျွေးရမလဲ၊ ဘယ်လိုမျိုး ကျွေးမွေးပြုစုမှ ကျေးဇူးဆပ်ရာ ရောက်မှာလဲဆိုတဲ့ အချက်တွေကျတော့ ကိုယ်ပိုင်အသိဥာဏ်နဲ့ ထိုးထွင်းသိနိုင်ရင် သိသလောက် အကျိုးများစေတဲ့ အင်မတန်လေးနက်တဲ့ အသိတရားတွေပါ။ ဒီလိုပါပဲ စောင့်လေမျိုးနွယ်ဆိုတဲ့ စကားလေးလုံးထဲမှာလည်း သိမှတ်စရာ လိုက်နာစရာ ကျင့်သုံးစရာ တန်ဖိုးထားစရာအချက်တွေ ပါဝင်ပါတယ်။

စောင့်လေမျိုးနွယ်ဆိုတဲ့စကားလုံးကို ဘာသာပြန်လိုက်ရင် အမျိုးနွယ်ကိုစောင့်ထိန်းရမယ်ဆိုတဲ့ အဓိပ္ပါယ်ထွက်လာပါမယ်။ ဒီတော့ဘယ်အမျိုးနွယ်ကို စောင့်ထိန်းရမှာလဲ။ စောင့်ထိန်းဆိုတဲ့ စကားလုံးမှာလည်း စောင့်နဲ့ထိန်းဆိုပြီး နှစ်ခုကွဲသွားပါတယ်။ အရင်ဆုံး စောင့်ရှောက်ရမယ်.. ပြီးရင် မပျောက်ပျက်အောင် ထိန်းသိမ်းရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒီတော့ ဘယ်ဟာတွေကို စောင့်ရှောက်ပြီး ဘယ်ဟာတွေကိုထိန်းသိမ်းရမှာလဲ။ ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေထဲမှာမှ မြန်မာလူမျိုး ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေပါ။ ကိုယ့်အမျိုးနွယ်ဖြစ်တဲ့ မြန်မာလူမျိုးတွေ.. အမြတ်တနိုးတန်ဖိုးထားကိုးကွယ်တဲ့ ဘုရားရှင်ရဲ့အဆုံးမတွေကို တပါးသူတွေ မဖျက်ဆီးနိုင်အောင် စောင့်ရှောက်ပြီး မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းဟာ စောင့်လေမျိုးနွယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ရာရောက်ပါတယ်။ ဗုဒ္ဓရဲ့အဆုံးမတွေကို လိုက်နာကျင့်သုံးတဲ့ မြန်မာလူမျိုးတွေဖြစ်တဲ့အတွက် ဗုဒ္ဓရဲ့အဆုံးမအတိုင်း လိုက်နာကျင့်သုံးနေခြင်းဟာ စောင့်လေမျိုးနွယ်ဆိုတဲ့ စကားလုံးကို လိုက်နာကျင့်သုံးနေရာရောက်သလို.. ဘုရားရှင်ရဲ့အဆုံးမတွေကိုလည်း ကိုယ်တိုင်ကျင့်သုံးနေတာ ဖြစ်တဲ့အတွက် တရားဖြင့်ဘုရားရှင်ကို ပူဇော်ရာရောက်နေပါတယ်။


ဗုဒ္ဓဘာသာဝင်လို့ ပြောလိုက်ရင် လူအများစုက မြန်မာလူမျိုးကိုပြောတာပဲလို့ ထင်မိတတ်ကြပါတယ်။ မြန်မာလူမျိုးမှ မဟုတ်ပါဘူးနော်.. တရုပ်လူမျိုးပဲဖြစ်ဖြစ် အိန္ဒိယလူမျိုးပဲဖြစ်ဖြစ် လူမျိုးတွေဘယ်လောက်ပဲကွဲပြားနေပါစေ.. အသားရောင်တွေ ဘယ်လောက်ပဲခြားနားနေပါစေ ဗုဒ္ဓရဲ့အဆုံးမအတိုင်း လိုက်နာကျင့်ကြံနေတဲ့သူဆိုရင် သူထိန်းသိမ်းစောင့်ရှောက်သင့်တာဟာ ဗုဒ္ဓရဲ့အဆုံးမတွေကို ထိန်းသိမ်းစောင့်ရှောက်သင့်တယ်လို့ ခံယူသင့်ပါတယ်။ ဗုဒ္ဓဘာသာဝင်ပါလို့အမည်ခံထားပြီး ဗုဒ္ဓရဲ့အဆုံးမတွေကို မလိုက်နာမကျင့်သုံးဘူး မခံယူဘူးဆိုရင်တော့ အဲ့ဒီ့ဗုဒ္ဓဘာသာဝင်မျိုးဟာ အမည်ခံဗုဒ္ဓဘာသာဝင် အဆင့်မှာသာဖြစ်နေပြီး စောင့်လေမျိုးနွယ်ဆိုတဲ့ ဗုဒ္ဓရဲ့အဆုံးမကို မလိုက်နာရာ ရောက်နေပါတယ်။


အချို့အချို့တွေက စောင့်လေမျိုးနွယ်ဆိုတဲ့ စကားလုံးကို ဘာသာခြားနဲ့မပေါင်းသင်းဖို့ ဘာသာခြားနဲ့လက်မထပ်ဖို့လောက်အထိပဲ ထင်မိတတ်ကြပါတယ်။ ဘာသာခြားနဲ့မယူရင် စောင့်လေမျိုးနွယ်ဆိုတာ ပြည့်စုံသွားပြီလို့ ယူဆတတ်ကြပါတယ်။ ယခုလိုအချိန်ခါမျိုးမှာ ဘာသာခြားနဲ့မယူရဘူးဆိုပြီး ကိုယ့်ဘာသာရဲ့ကောင်းကြောင်းပြော သူများဘာသာကိုနှိမ့်ချပြောတာတွေဟာ လုံးဝမဖြစ်သင့်တဲ့အရာတွေပါပဲ။ လူတိုင်းလူတိုင်းမှာ သူ့ဘာသာ သူ့ယုံကြည်ချက် သူ့ခံယူချက်ဆိုတာ ရှိပါတယ်။ ကိုယ့်ဘာသာ လူဦးရေများလာဖို့ ကိုယ့်ဘာသာတည်တံ့ဖို့ သူတစ်ပါးဘာသာကို ပုတ်ခတ်ပြောဆိုတာဟာ ကိုယ့်ဘာသာရဲ့အဆုံးမတွေဟာ ဘယ်လောက်အထိနိမ့်ကျတယ်ဆိုတာ ဖော်ပြနေတာနဲ့တူပါတယ်။ ကိုယ့်ဘာသာလူဦးရေများလာဖို့ သူများဘာသာဝင်တွေကို နည်းအမျိုးမျိုးနဲ့ ဘာသာမပြောင်းပြောင်းအောင် လုပ်ဆောင်နေတာတွေဟာ ကိုယ့်ဘာသာရဲ့အဆင့်အတန်း နိမ့်ကျမှုကို သူတို့လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေက ဖော်ပြပေးနေသလို ဖြစ်နေပါတယ်။


တကယ်တော့ ဘာသာတိုင်းဘာသာတိုင်း ကိုယ့်ဘာသာအပေါ်မှာ အမြတ်တနိုးတန်ဖိုးထားမှုတွေ ရှိကြပါတယ်။ ကိုယ့်ဘာသာလူဦးရေများရေးအတွက် တခြားဘာသာကို တရားနည်းလမ်းကျကျ မစည်းရုံးခြင်းဟာ မတရားမှုကို အနုနည်းနဲ့လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ သူတို့ဘာသာအတွက် ဒီလိုမတရားမှုနဲ့ စည်းရုံးခြင်းဟာ သာသနာပြုတာဖြစ်ပေမယ့် အခြားဘာသာဝင်တွေအတွက်တော့ တရားနည်းလမ်းမကျတဲ့ မတရားလုပ်ရပ်တွေပါပဲ။ ကိုယ့်ဘာသာကို တန်ဖိုးထားရင် အခြားဘာသာကိုလေးစားရပါမယ်.. ကိုယ့်ဘာသာအဆုံးမတွေမြင့်မြတ်ကြောင်းပြချင်ရင် တရားနည်းလမ်းကျစွာဖြင့် မြင့်မြတ်စွာသာသနာပြုရမှာ ဖြစ်ပါတယ်။ ဘုရားရှင်လက်ထက်တော်အခါတုန်းက ဘုရားရှင်သာသနာပြုသွားတာဟာ စံနမူနာပြပါပဲ။ လမ်းမှန်ကိုချပြတယ်.. လက်ခံနိုင်အောင် အကြောင်းအကျိုးပြပြီး ဆုံးမတယ်.. တကယ်ယုံကြည်ရင် ဘုရားရှင်ရဲ့သာသနာမှာ ၀င်ရောက်ခိုလှုံကြပါတယ်။ ဘုရားရှင်ဟောပြဆုံးမလို့ လက်မခံခဲ့လျှင်လည်း ဘုရားရှင်က မေတ္တာတရားနဲ့အားလုံးအပေါ်မှာ ဂရုဏာထားပေးခဲ့တာပါ။ ဘယ်သူ့ကိုမှ မပုတ်ခတ်ခဲ့သလို ဘယ်သူ့ကိုမှလည်း အတင်းအဓမ္မမစည်းရုံးခဲ့ပါဘူး။ ဒါဟာ အင်မတန်မှ မြင့်မြတ်တဲ့လုပ်ဆောင်မှုတွေပါပဲ။ ဒ့ါကြောင့် ကိုယ့်အမျိုးနွယ်ကို စောင့်ရှောက်ထိန်းသိမ်းချင်တယ်ဆိုရင်.. ဘယ်ဘာသာကိုမှ မပုတ်ခတ်ပဲနဲ့ တရားနည်းလမ်းကျကျနဲ့ လမ်းမှန်ကိုချပြပြီး သာသနာပြုဖို့ဟာ အဓိကအကျဆုံးဖြစ်နေပါတယ်။ လမ်းမှန်ကိုသိသွားလျှင်လည်း အမျိုးနွယ်အပေါ်မှာ အသက်အသေခံတဲ့အထိ ထိန်းသိမ်းစောင့်ရှောက်တတ်သွားမှာပါ။


စောင့်လေမျိုးနွယ်ဆိုတဲ့စကားလုံးမှာလည်း ကိုယ့်အမျိုးနွယ်ကို ကိုယ်တစ်ယောက်ထဲ စောင့်ရှောက်ရုံနဲ့ မပြည့်စုံသေးပါဘူး..။ ဘုရားရှင်ဟောပြဆုံးမခဲ့တဲ့ အဆုံးမလိုပါပဲ.. ငါးပါးသီလစောင့်ထိန်းတဲ့နေရာမှာ သူများအသက်မသတ်ရုံ၊ သူများပစ္စည်းမခိုးရုံနဲ့ မပြည့်စုံဘူး။ သူများအသက်သတ်တဲ့သူတွေ ကိုယ့်ရှေ့မှာသတ်နေတာတွေ့ရင် တားမြစ်ပေးရမှာဖြစ်သလို.. သူများပစ္စည်းခိုးတဲ့သူတွေ ကိုယ့်ရှေ့မှာခိုးနေတာတွေ့ရင် တားမြစ်ပေးမှသာ ငါးပါးသီလကို အပြည့်ဝဖြည့်ကျင့်ရာ ရောက်မယ်ဆိုတဲ့အတိုင်းပါပဲ.. ကိုယ့်ဘာသာဝင်တွေကို မတရားဘာသာကူးပြောင်းခိုင်းတာတွေ တွေ့ခဲ့လျှင်လည်း တရားသဖြင့်ဖြစ်အောင် တရားနည်းလမ်းကျအောင် ကာကွယ်ပေးနိုင်ရပါမယ်။ ကိုယ့်အမျိုး ကိုယ့်ဘာသာရဲ့တန်ဖိုးကို သိရှိအောင်လုပ်ဆောင်ပေးပြီး ကိုယ့်အမျိုးနွယ်တွေ ကိုယ့်ဘာသာအပေါ်မှာ အသက်ထက်ဆုံးစောင့်ရှောက်နိုင်အောင် ကြိုးစားပေးမှသာ စောင့်လေမျိုးနွယ်ဆိုတဲ့ကျင့်ဝတ်ကို လိုက်နာဖြည့်ကျင့်နေရာ ရောက်နေမှာပါ။ ကိုယ်ကောင်းပြီးရော ဗုဒ္ဓဘာသာဝင်တွေ ဘာသာခြားပြောင်းသွားတာ ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ အတွေးအခေါ်တွေဟာ စောင့်လေမျိုးနွယ်ကျင့်ဝတ်ကို အပြည့်ဝဖြည့်ကျင့်နေတာ မဟုတ်ပြန်ပါဘူး။


ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အခြားဘာသာဟာ ဗုဒ္ဓဘာသာထက်မြင့်မြတ်တယ်ဆိုတာကို သူကိုယ်တိုင်လက်ခံယုံကြည်ပြီး ကျေကျေနပ်နပ် ဘာသာပြောင်းသွားတာဆိုရင် ဘာမှတားမြစ်စရာမဟုတ်ပေမယ့်.. ဘာသာမပြောင်းပြောင်းအောင် မတရားပြုလုပ်ပြီး အမျိုးမျိုးစည်းရုံးသိမ်းသွင်းမှုမျိုးကိုတော့ ဗုဒ္ဓဘာသာဝင်အများစုအနေနဲ့ လက်မခံသင့်ပါဘူး။ အဲ့လိုအပြုမူမျိုးကို လက်ခံလိုက်ရင်လည်း ဘုရားရှင်ဆုံးမခဲ့တဲ့ စောင့်လေမျိုးနွယ်ဆိုတဲ့ ကျင့်ဝတ္တရားကို မျက်ကွယ်ပြုရာ ရောက်နေပါတယ်။ ဗုဒ္ဓဆုံးမခဲ့တဲ့ ဓမ္မဆိုတဲ့တရားအတိုင်း တရားမှုကို လက်ခံကျင့်သုံးနိုင်အောင် ကြိုးစားရမှာဖြစ်သလို.. မတရားမှုတွေကိုလည်း တားမြစ်ပေးနိုင်ရမှာပါ။ ဒါမှသာ စောင့်လေမျိုးနွယ်ဆိုတဲ့ကျင့်ဝတ်ကို ပြည့်စုံအောင် ဖြည့်ကျင့်ရာ ရောက်နေမှာပါ။ ဗုဒ္ဓဘာသာဝင်တိုင်း ကိုယ့်အမျိုး ကိုယ့်ဘာသာသာသနာရဲ့မြင့်မြတ်မှုကို ကိုယ်ကိုယ်တိုင်လည်း ခံယူကျင့်သုံးနေသလို.. ခံယူကျင့်သုံးနေတဲ့သူတွေကိုလည်း တရားနည်းလမ်းကျစွာ ထိန်းသိမ်းစောင့်ရှောက်ပြီး စောင့်လေမျိုးနွယ်ဆိုတဲ့ ဘုရားရှင်ဆုံးမခဲ့တဲ့ကျင့်ဝတ္တရားတွေကို အပြည့်အ၀ကျင့်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…။

Read more...

ယနေ့ ဇယမင်္ဂလာဗုဒ္ဓဝိဟာရကျောင်းတိုက်( ပထမနေ့) တရားစခန်းကိုတွေ့ရစဉ်


ယနေ့ဝါတွင်းသုံးလတရားစခန်းကိုစတင်ကျင်းပလျှက်ရှိရာအခမ်းအနားအစီအစဉ်အရနမောတဿ(၃) ကြိမ်ရွတ်ဆိုပြီးအခမ်းအနားကိုဖွှင့်လှစ်ကြသည်။ထို့နောက်ကျောင်းတိုက်များ၏နာယကချုပ်ဆရာတော် ဒေါက်တာအရှင်ရာဟုလာကအဖွင့်အမှာစကားပြောကြားသည်။ဆက်လက်၍ကမ္မဋ္ဌာနစရိယဆရာတော် ဘဒ္ဒန္တပညာစက္က(မန္တလေးမိုးကုတ်ရိပ်သာဌာနချုပ်)ကအလုပ်ပေးတရားများစတင်ဟောကြားပြီဖြစ်ပါတယ် ။ စနေနေ့ဆိုတော့တစ်ချို့ယောဂီတွေဟာကျောင်းတိုက်ကိုရှေ့ရှု့ပြီးလာနေကြပြီဖြစ်ပါတယ် ။

Read more...

ပျော်ရွှင်မှုဆိုတာဘယ်နေရာမှာလဲ?



ငါတို့တွေဟာပျော်ရွှင်မှုကိုဘယ်နေရာမှာရှာဖွေနေကြသလဲ။ ဘုရားရှင်ကတော့ ပျော်ရွှင်မှုဆိုတာဟာ သင်တို့ရဲ့အတွင်းမှာပဲရှိပါတယ်တဲ့။ ပျော်ရွှင်မှုဆိုတာဟာ သတ္တဝါတွေရဲ့ အလွန်လိုအပ်နေတဲ့ အသာဆန္ဒ
ဖြစ်တယ်ဆိုတာကို အားလုံးကလက်ခံကြပါလိမ့်မယ်။ ဘယ်သူကမှငြင်းပယ်လို့ရမှာမဟုတ်ပါဘူး။ ပျော်ရွှင်မှု
ဆိုတာဟာ ရိုးရိုးလေးဖြစ်ပေါ်နေတဲ့အရာတစ်ခုပါ။ အဲဒီပျော်ရွှင်မှုဟာ ခန္ဓာကိုယ်နဲ့မသတ်ဆိုင်တဲ့စိတ်အာ
ရုံအခြေအနေတစ်ရပ်ဖြစ်ပါတယ်။
အင်္ကျီမရှိဘဲကျေနပ်နေတဲ့လူ
ပျော်ရွှင်မှုမရှိတဲ့အရှေ့တိုင်းဘုရင်တစ်ပါးဟာ (Philosopher) အတွေးအခေါ်ပညာရှင်ကြီးတစ်ယောက်
ထံမှာ အကြံဥာဏ်ကိုရယူခဲ့ပါတယ်။ အဲဒီဒဿနပညာရှင်ကြီးက ဘုရင်ကြီးကိုသူရဲ့နိုင်ငံအတွင်းမှာ အလွန်
ပျော်ရွှင်ပြီး တင်းတိမ်ရောင့်ရဲကျေနပ်နေတဲ့လူတစ်ယောက်ကို ရှာဖွေဖို့အကြံပေးတိုက်တွန်းခဲ့ပါ
တယ်။ပြီးတဲနောက်မှာပျော်ရွှင်နေတဲ့သူကိုတွေ့ပြီဆိုရင်ဘုရင်ကြီးဝတ်ထားတဲ့အင်္ကျီကိုသူ့ကို ဝတ်ဆင်ပေးဖို့
အကြံပေးခဲ့ပါတယ်။ ဘုရင်ကြီးဟာအချိန်အတော်ကြာလိုက်ရှာပြီးနောက် နောက်ဆုံးအဲဒီလူကိုတွေ့ခဲ့ပါ
တယ်။ဒါပေမဲ့အဲဒီသူမှာ အင်္ကျီမရှိပါဘူး။
နာမည်ကျော်စာရေးဆရာတစ်ယောက်ကပြောပါတယ် “ လောကမှာ အလွန်တင်းတိမ်ရောင့်ရဲပြီး ပျော်
ရွှင်နေတဲ့သူကိုကြည့်ချင်တယ်ဆိုရင် သူတောင်းစားအဝတ်ကိုဝတ်ထားတဲ့ မင်းသားကိုကြည့်လိုက်ပါတဲ့”။
ကျေနပ်မှုမရှိတဲ့ အလိုဆန္ဒတွေဟာ အဓိကမပျော်ရွှင်မှုကြာင့်ဖြစ်ပါတယ်။ အလိုဆန္ဒတွေကိုဖယ်ရှားလိုက်
မယ်ဆိုရင်ပျော်ရွှင်မှုတွေဖြစ်လာမယ်။ မပျော်ရွှင်မှုမှလွတ်မြှောက်သွားပါမယ်။ဘုရားရှင်က ကိုယ်စိတ်ဆင်း
ရဲခြင်း(ဒုက္ခ)ရဲ့အကြောင်းတရားနဲ့ ကိုယ်စိတ်ဆင်းရဲခြင်းမှချုပ်ငြိမ်းခြင်းနည်းလမ်းကိုဟောကြားခဲ့ပါတယ်။
ပင်လယ်သမုဒ္ဒရာရေမှာ အရသာတစ်ခုရှိသလို ငါဘုရားရဲ့တရားတော်ဟာ ကိုယ်စိတ်ဆင်းရဲခြင်း(ဒုက္ခ)နဲ့ အဲဒီဒုက္ခတရားတွေချုပ်ငြိမ်းသွားအောင်ပြုလုပ်ပေးပါတယ်။ အမှားမှ အမှန်၊ အမှောင်မှ အလင်း၊ သေခြင်းမှ
မသေရာနည်းလမ်းကိုညွန်ပြတော်မူမယ်လို့ဘုရားရှင်မိန့်ကြားခဲ့ပါတယ်။
ငြိမ်းချမ်းမှု သို့မဟုတ် အားရကျေနပ်မှုဟာလည်း တစ်စုံတစ်ခုလိုအပ်မှုပေါ်မှာမူတည်ပါတယ်။ ခွေးတွေဟာ အရိုးတွေကိုကြိုက်နှစ်သက်ပေမဲ့ မြက်ကိုမကြိုက်။ နွားတွေဟာ မြက်ကိုကြိုက်နှစ်သက်ပေမယ့်
အရိုးတွေကိုမကြိုက်။ အဲဒီလိုပဲ အချို့သောသူတွေဟာ ငြိမ်းချမ်းမှုထက် စိတ်လှုပ်ရှားမှုကို ပိုသဘောကျတယ်။ အချို့လူတွေကြတော့စိတ်လှုပ်ရှားမှုထက် ငြိမ်ချမ်းမှုကိုပိုလားကြပါတယ်။လူတစ်
ယောက်အတွက် အရသာရှိတဲ့ အစားအစာဟာအခြားတစ်ယောက်အတွက် အန္တရာယ်ဖြစ်လာနိုင်သလို
တစ်စုံတစ်ယောက်ရဲ့နေမကောင်းတာကိုကုသပေးတဲ့ဆေးဟာလည်းအခြားသူတစ်ယောက်အတွက်သေစေ
နိုင်ပါတယ်။ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ပျော်ရွှင်ကြည်နူးနေမှုဟာ အခြားသူတစ်ယောက်အတွက် အနှောက်အ
ယှက်တစ်ဖြစ်လာနိုင်ပါတယ်။
“Happiness is a mental state which can be attained through the culture of mind”
ပျော်ရွှင်မှုဆိုတာဟာ စိတ်ပိုင်ဆိုင်ရာအခြေအနေတစ်ရပ်ဖြစ်ပါတယ်။ အဲဒီပျော်ရွှင်မှုကိုစိတ်တိုးတက်ဖွံ့ဖြိုး
မှုမှတဆင့် ရရှိနိုင်ပါတယ်။ ဒါပေမဲ့ စည်းစိမ်ဥစ္စာ၊ ကျော်ကြားမှု၊ လူမှုရေးအနေအထားနဲ့ ထင်ပေါ်ကျော်ကြားမှုတွေလို ပြင်ပအရာတွေဟာ ပျော်ရွှင်ခြင်းရဲ့ခေတ္တယာယီတွေပဲဖြစ်ပါတယ်။ အဲဒါတွေအားလုံးဟာ ပျော်ရွှင်မှုရဲ့မူရင်းဇာတ်မြစ်မ
ဟုတ်ပါဘူး။ ပျော်ရွှင်မှုရဲ့တကယ်မူရင်းဇာတ်မြစ်က စိတ်ပါပဲ။ စိတ်ကိုထိန်းချုပ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ခြင်းဟာ ပျော်ရွှင်မှုရဲ့တကယ့်အရင်းအ
မြစ်ဖြစ်ပါတယ်။စိတ်ရဲ့ငြိမ်သက်မှု(သမထ)ဟာအောင်မြင်မှုကိုမရရှိနိုင်ဘူးဆိုတဲ့ ထင်မြင်ချက်ဟာမမှန်ကန်
ပါဘူး။ လူသားတိုင်းဟာ စိတ်ရဲ့ဖြူစင်မှုမှတဆင့် အတွင်းငြိမ်းအေးမှုနဲ့ ငြိမ်သက်မှု(သမထတရား)တို့ကိုပြု
စုပျိုးထောင်နိုင်ကြပါတယ်။ ငြိမ်းအေးမှုကိုရရှိအောင်းအားထုထ်နိုင်ကြပါတယ်။
Ref: Where is Happiness?
ဘာသာပြန်ဆိုသူ-အရှင်နန္ဒသာရ(သစ္စာရောင်ခြည်)

Posted by အရှင်နန္ဒသာရ(သစ္စာရောင်ခြည်) on သောကြာနေ့၊ ဩဂုတ်လ ၆၊ ၂၀၁၀

Read more...

သိနေခြင်း၏ နောက်ဆက်တွဲများ

စကားလုံးတွေ လွယ်ခြင်းဟာ
ခိုင်ခိုင်မာမာ ဂတိတွေမဟုတ်ဘူးနော်။

ပြေးပြေးလွှားလွှားစကားလုံးတွေနဲ့
ဘဝကို ဒီအတိုင်း ရပ်တန့်မိမှာစိုးလို့။

ကဲ.......... ပြောကြည့်မယ်
အလင်းတွေ
တစ်ဝတစ်ပြဲ ဝါးမြိုထားတဲ့ အဲ့ဒီနေရာ
ဘာအတွက် လင်းနေတာလဲ
လမ်းတွေအတွက်တဲ့
ဒီလိုဆို
ဖြတ်သန်းလို့ သွားပါရစေ
ဆိုတော့..............
တားမြစ်နယ်မြေတဲ့။
လင်းတဲ့ အလင်းဆိုပေမယ့်
ဖြစ်နေတာက
အရောင်ဟာ အမှောင်ပါပဲလေ။

တကယ်တော့
တံဆိပ်တပ် နားလည်မှုတွေနဲ့
နားလည်ခဲ့တာ ကြာပါပြီ။
ကြာပါပြီလေ။

Read more...

The Pious Cat in South Korea

Original Videos by Queenaaaaaa's Channel @ YouTube

English translation provided by Wayne Woo, Singapore (Wayne's Dhamma Blog)

There was a story in the papers about a special temple cat in South Korea, which spends hours everyday gazing and praying to the Buddha, reluctantly leaving only for its meals. There was one part where after eating food, the cat shed a tear... out of gratitude? This cat was found as a kitten four years ago by the abbot with burn injuries. The abbess saved it and gave it the Dharma name of "Liberation". She also gave the kitten three precepts for staying in the monastery, which was to 1) refrain from making noise in the Vihara, 2) refrain from eating meat and 3) refrain from killing. Amazingly the kitten could understand her instructions and have never broken them for the past 4 years.


video video
Bookmark and Share
0 comments

Read more...

ဆရာတော်ဘဒ္ဒန္တပဒုမ၏ ထေရုပတ္တိ (နိဂုံး)

သာသနာ့တာဝန်များကို ကိုယ်ကျိုးမဖက် အနစ်နာခံကာ ကြိုးစားဆောင်ရွက်တော်မူခဲ့ကာ နောက်ပိုင်းနှစ်များတွင် နေထိုင်မကောင်းမှုများ မကြာခဏဖြစ်ခဲ့ပြီးနောက် ဆရာတော်ဦးပဒုမသည် (၁၃၇၀)ခုနှစ် တပေါင်းလဆုတ် (၉)ရက်၊ (၁၉-မတ်-၂၀၀၉) ကြာသပတေးနေ့ ညနေ (၄း၂၀) မိနစ် အချိန်တွင် ပဲခူးမြို့၊ အောင်မင်းခေါင်ကုန်းမြေ၊ ကသစ်ဝိုင်ဓမ္မရိပ်သာကြီး၌ တစ်ဘဝခန္ဓာ ဇာတ်သိမ်းတော်မူခဲ့ပါသည်။

တင့်တယ် လျှောက်ပတ် ပူဇော်ကြ
ဆရာတော်ကြီး၏ ဥတုဇရုပ်လောင်းစံကျောင်းတော်၌ သီတင်းသုံးစဉ် ဓမ္မကထိကများ ပင့်ဆောင်၍ တရားပွဲကြီးကို သုံးညတိုင်တိုင် ကျင်းပပြုလုပ် ပူဇော်ကြပါသည်။ ဆရာတော်ကြီး၏ ဥတုဇရုပ်လောင်းတော်ကို (၁၃၇၀)ခုနှစ် နှောင်းတန်ခူးလဆန်း (၂)ရက်၊ (၂၇-မတ်-၂၀၀၉) သောကြာနေ့တွင် ကြီးကျယ်ခမ်းနားစွာ တပည့်သံဃာ သီလရှင် ယောဂီ ဆွေတော်မျိုးတော်၊ မြို့သူ မြို့သား ပရိတ်သတ်တို့သည် ဆရာတော်ကြီး၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော သနပ်ပင်မြို့ အောက်စုရပ်ကွက်ရှိ သုဿန်၌ လျောက်ပတ်တင့်တယ်စွာ မီးသင်္ဂြိုလ် ပူဇော်ခဲ့ကြပါသည်။

(၁၃၇၀)ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၃)ရက်၊ (၇-ဧပြီလ-၂၀၀၉) အင်္ဂါနေ့တွင် ရန်ကုန်တိုင်း ဦးတင်လှိုင်+(ဒေါ်ခင်စန်းကြည်)မိသားစုတို့မှ ဦးဆောင်မတည်၍ တပည့်ဒါယိကာ ဒါယိကာမများက မန်းကျောင်းတိုက် ဓမ္မရိပ်သာ၌ ဘုရားအမှူးရှိသော ထေရ်သံဃာအရှင်မြတ်များနှင့် ဧည့်ပရိတ်သတ်တို့အား ဆွမ်းအစရှိသော ဒါတဗ္ဗဝတ္ထုအစုစုတို့ကို လှူဒါန်းကြပြီး ဓမ္မာနုဂ္ဂဟ အမျှတန်းပေးဝေကာ တရားဖြင့် ကျေးဇူးဆပ်ပူဇော်ကြပါသည်။
နေ့ (၁)နာရီ အချိန်တွင် စစ်တောင်းမြစ် မြစ်လက်တက် တူးမြောင်း သနပ်ပင်ချောင်းတွင် ခမ်းခမ်းနားနား တင့်တယ်စွာ စုပေါင်း၍ သရီရဓာတူဒက အရိုးဓာတ်ပြာရေမျှော ပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး၏ တစ်ဘဝနိဂုံး ပြီးဆုံးပါသော်လည်း ဆရာတော်ဘုရားကြီး၏ အရိပ်၊ ဆုံးမသြဝါဒ၊ ပြုခဲ့သော သာသနာအပေါ် ကြည်ညိုဖွယ်ရာ ကောင်းလှပါပေသည်။ သရီရဓာတူဒက အရိုးဓာတ်ပြာရေမျှောပူဇော်ပွဲ စည်ကားသိုက်မြိုက်ဖြစ်မြောက်အောင် ဦးဆောင်မတည်ပေးသော ဆရာတော်၏ တပည့်များဖြစ်သော ရန်ကုန်မြို့မှ ဦးတင်လှိုင်+ဒေါ်ခင်စန်းကြည် မိသားစုတို့နှင့် တပည့်ဒကာ ဒကာမများအားလုံး၏ ကျေးဇူးသိတတ်မှုကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
သနပ်မြို့၊ မန်းကျောင်းတိုက်အတွင်းဝယ် ဆရာတော်ဦးပဒုမ သီတင်းသုံးနေထိုင်ခဲ့သော ကျောင်းဆောင်။

Read more...

အာရုံဦး၏ စိန်ခေါ်သံ

Read more...

“အတွေးလွန်သွားသော ကိုရင်လေးများ”

တစ်ခါက ရွာတစ်ရွာ ရွာဦးကျောင်းတွင် ကိုရင်လေးတစ်ပါးရှိလေသည်။ ကိုရင်လေးသည် နေ့စဉ်ပင် ရွာအတွင်းသို့ ဆွမ်းခံကြွလေသည်။ တစ်နေ့ ဆွမ်းခံကြွစဉ် ရွာအတွင်းမှ အမျိုးသမီးကလေးတစ်ယောက်က ကိုရင်လေးအား ဟင်းတစ်ခွက် လောင်းလှူလိုက်လေသည်။ ကျောင်းရောက်သောအခါ ကိုရင်လေးသည် အမျိုး သမီးကလေး လောင်းလှူလိုက်သော ဟင်းခွက်ကို ဖွင့်ကြည့်လိုက်ရာ အရည်ကြဲကြဲ ပဲဟင်းကလေး ဖြစ်နေလေ သည်။ ထိုအခါ ကိုရင်လေးသည်
“အင်း ဒကာမလေးလောင်းလိုက်တဲ့ ပဲဟင်းက အရည်ကြဲကြဲလေးဖြစ်တယ်၊ ဒါဟာ သူ့ကို ခပ်ကြဲကြဲမဆက်ဆံဘို့ ပြောတဲ့သဘောပဲဖြစ်ရမယ်၊ အွန်း ဒီနေ့က စပြီး ဆွမ်းခံပြတ်လို့ မဖြစ်ဘူး၊ မှန်မှန်ကြွမှဖြစ်မယ်၊ သူ့ကိုလဲ စကား များများပြောပေးမှ ဖြစ်မယ်”ဟု အကြံအစည်ဖြစ်လေတော့သည်။ ထိုကဲသို့ အကြံအစည်ဖြစ်မယ်ဆိုလဲ ဖြစ် လောက်ပေရာ၏။ ကိုရင်လေးနှင့် ထိုဒါယကာမလေး၏ အသက်အရွယ်သည်ကား ရွယ်တူပင်ဖြစ်နေလေသည်။ နောက်ရက် ကိုရင်ကလေးဆွမ်းခံကြွသည်။ အမျိုးသမီးကလေးသည် ထုံးစံအတိုင်း ကိုရင်ကလေးအား ဆွမ်း လောင်းလှူသည်။ ထို့နောက် ဆွမ်းဟင်းလောင်းလှူသည်။ ကိုရင်ကလေးသည် ကျောင်းရောက်သောအခါ အမျိုးသမီးကလေးက လောင်းလှူလိုက်သော ဆွမ်းဟင်း ခွက်ကို ထုံးစံအတိုင်း ဖွင့်ကြည့်လိုက်ရာ အရည် ခပ်ပြစ်ပြစ် ချက်ထားသော ပဲဟင်းလေးပင်ဖြစ်နေလေသည်။ ကိုရင်လေးသည်
“အွန်း ဒကာမလေးက ငါ့ကို အရည်ခပ်ပြစ်ပြစ်ပဲဟင်းလောင်းလိုက်တာဟာ သူ့ကို ပစ်မထားဘို့၊ သူ့ကို လာခိုးဘို့ပြောတာဖြစ်ရမယ်”ဟု စဉ်းစားပြီး အမျိုးသမီးကလေးကို သွားခိုးရန် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက် လေသည်။ ထိုနေ့က ကိုရင်ကလေးသည် ဆွမ်းမဘုဉ်းပေးနိုင်တော့ပါ။ နေ့တာသည်ကာ အလွန်ပင်ရှည်လျား သည်ဟု ကိုရင်လေး ထင်မှတ်နေလေသည်။ ညအချိန်ကို မရောက်နိုင်သေးပါ။ သန်းခေါင်းယံအချိန်ကို ရောက်ဘို့ရန် ကိုရင်လေးသည် နာရီပေါင်းများစွာ စောင့်ဆိုင်းနေရလေသည်။ ညသန်းခေါင်ယံအချိန်ရောက်ပါပြီ ကိုရင်လေးသည် တစ်ပါးတည်း ရွာအတွင်းဝင်သွားသည်။ ပြီးနောက် ကိုရင်လေးသည် အမျိုးသမီးကလေး၏ အိမ်အောက်သို့ ၀င်ကာ
“ချစ်နှမ ထလော့၊ ချစ်နှမ ထလော့၊ မောင်ကြီး နှမကို လာခိုးတာလေ” ဟု ဆိုကာ အမျိုးသမီးကလေးကို နှိုးလေ တော့သည်။ ထိုအခါ အမျိုးသမီးကလေးသည်
“လာကြပါအုံး သခိုး သခိုး”ဟု ကြောက်လန့်တကြား အော်လိုက်ရာ ရွာသားများရောက်လာကာ ကိုရင်လေးကို ဖမ်းမိသွားလေသည်။ သို့ဖြစ်သဖြင့် ကိုရင်လေးကို သူကြီးထံ ခေါ်သွားရာ သူကြီးက
“ကဲ ကိုရင်လေးဘာကြောင့် ဒီအမျိုးသမီးကလေးရဲ့ အိမ်အောက်ကို ၀င်ရတယ်ဆိုတဲ့ အကြောင်းကို ရှင်းပါအုံး ဘုရား”ဟု မေးလျှောက်သောအခါ ကိုရင်လေးက
“ဒကာကြီးရယ် အဲဒီအမျိုးသမီးလေးပဲ ခပ်ကြဲကြဲမဆက်ဆံပါနဲ့ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ ပဲဟင်းခပ်ကြဲကြဲလောင်း ခဲ့တယ်၊ ပြီးတော့ ပစ်မထားပါနဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ ခပ်ပြစ်ပြစ်ပဲဟင်း လောင်းလေတော့ ကိုရင်လဲ သူ့ကို ခိုးခိုင်း တယ်ထင်ပြီး အိမ်အောက်ကို ၀င်ကာ သူ့ကို ခိုးဘို့ရန် နှိုးမိပါတယ် သူကြီးရယ်”ဟု ရှင်းပြသောအခါမှ သူကြီး လည်းသဘောပေါက်သွားလေသည်။ သူကြီးသည်
“ကဲကဲ ဒီကိစ္စက ကိုရင်လေး အတွေးလွန်ပြီး ဖြစ်သွားတဲ့ ကိစ္စဆိုတော့ ငါ့တူမလေးကလဲ ကိုရင်ကို ခွင့်လွှတ် လိုက်ပါ၊ ကိုရင်ကလဲ နောင်ကို ဒါမျိုးမလုပ်ပါနဲ့ဘုရား”ဟု ကလေးမလေးနှင့် ကိုရင်ကြား ဖြန်ဖြေကာ ရွာသား များကိုလည်း ပြန်လွှတ်လိုက်လေသည်။ ရွာသားများသည်လည်း
“အော် တော်တော် အတွေးလွန်တဲ့ ကိုရင်ပဲ”ဟု ပြောကာ သူတို့၏ အိမ်အသီးသီးသို့ ပြန်သွားကြလေတော့ သတည်း။
အတွေးလွန်မှုနှင့်ပတ်သက်လာသဖြင့် နောက်ပုံပြင်တစ်ပုဒ်ဆက်လိုပါ၏။
“ကံစမ်းတော့ မန်း”ဆိုသည်စကားပုံလေးတစ်ခုသည် သံဃာတော်များအကြားတွင် ရေပန်းစားလျှက်ရှိသည်။ အဓိပ္ပာယ်မှာ မိမိ၏ကံ ကောင်း မကောင်းသိလိုလျှင် မန္တလေးမြို့ကို တက်ပြီး စာသင်ကြည့်ပါ။ မန္တလေး မြို့ရောက်၍ ဆွမ်းဒါယကာ ဆွမ်းဒါယိကာမပေါလျှင်ကား ထိုသံဃာတော်ကို ဘုန်းကြီးသော သံဃာဟုပင် ခေါ်ဆို ထိုက်ပါပေ၏။ ထို့သို့မဟုတ်မူ ဘုဉ်းကံနည်းပါးသော သံဃာဟုပင် မှတ်ထိုက်ပါပေ၏။ မန္တလေးမြို့ရှိ သံဃာအရေ အတွက်သည် မြို့နှင့်မလိုက် အလွန်အင်မတန်မှများလှပါပေ၏။ သို့ဖြစ်သဖြင့် သံဃာတော်များအနေဖြင့် ဆွမ်းကွမ်းရှားပါး လှပေ၏။ ထိုင်အိမ် ဆွမ်းဒါယကာ+ဆွမ်းဒါယိကာမရဘို့ရန်ကား ခက်ခဲလှပေသည်။ ဆွမ်းရှား ပါးခြင်းသည်ကား မန်းမြို့သူ မြို့သားတို့က သဒ္ဓါတရားမရှိ၍ မဟုတ်ပေ။ သံဃာအရေအတွက်သည်ကား အလွန်များလွန်သဖြင့် မထိမ်းနိုင်ခြင်းဖြစ်ပါပေ၏။ ဘုန်းကံမရှိသော ဆွမ်းခံအိမ်မရှိသော ကိုယ်တော်များအနေဖြင့်ကား ဘုံလောင်းကို တိုးကာ ဘုဉ်းပေးကြရရှာလေ၏။ ဘုံလောင်းဟူသည်ကား
“သူ့ကိုယ်တော် ငါ့ကိုယ်တော်ဟူ၍ မသတ်မှတ်၊ အရပ်လေးမျက်နှာမှ ကြွလာသော သံဃာတော်အပေါင်းကို လောင်းလှူခြင်းဖြစ်ပေသည်”။
တစ်နေ့ မန်းမြို့ အိမ်တစ်အိမ်မှ အလွန်အင်မတန် ကြီးမားလှသော ဇလုံကြီးများအထဲတွင် ငှက်ပျောသီးများကို ထည့်ကာ ကြွလာကြသော သံဃာတော်မြတ်အပေါင်းကို ဘုံလောင်း လောင်းလှူနေလေသည်။ သံဃာတော် တို့သည်လည်း သူ့ထက်ငါ အလှူခံရန်အလို့ငှာ ကြိတ်ကြိတ်တိုးနေကြသည်။ အလှူ့ရှင်ဒါယကာ ဒါယိကာမကြီး များသည်လည်း တစ်ပါးကို နှစ်လုံးကျလောင်းလှူနေလေသည်။ သံဃာတော်အပါး တစ်ရာခန့်မျှ လောင်းလှူအပြီး တွင် အလှူရှင်များသည် ဟိုဟိုဒီဒီ ကြည့်လိုက်ရာ ကြွလာသော သံဃာတော်များကို မမြင်တော့သဖြင့် နောက်ဆုံး ကျသော ကိုရင်လေးကို ရှိသမျှ ငှက်ပျောသီးတစ်ဖီးလုံးကို လောင်းလှူလိုက်လေသည်။ ထိုအခါ အလှူခံကိုရင်လေးသည်ကား
“ဒီဒကာ+ဒကာမကြီးတွေက ငါ့ကို ကြည်ညိုလို့ တစ်ဖီးလုံးလောင်းလိုက်တာဖြစ်မယ်၊ နောက်ရက် ဒီအိမ်ကို ထပ် ကြွမှဖြစ်မယ်၊ ငါ့တော့ သူဋ္ဌေးဆွမ်းခံအိမ် တစ်အိမ်တိုးပြန်ပြီး”ဟု စိတ်ကူးများယဉ်ကာ ကျောင်းသို့ ပြန်ခဲ့လေ သည်။ နောက်နေ့ ကိုးနာရီခန့်တွင် ငှက်ပျောသီးတစ်ဖီးလုံး လောင်းလှူသော အိမ်သို့ တက်ကာ ထိုင်နေလိုက် သည်။ ထိုအခါ ဒါယကာမကြီးက
“ကိုရင်ကဘယ်ကျောင်းကလဲ၊ အရှင်ဘုရားကိုလဲ တပည့်တော်တို့မသိပါဘူး၊ တပည့်တော်တို့က ထိုင်ကိုယ်တော် လက်မခံဘူးဘုရား၊”ဟု လျှောက်ထားလိုက်လေသည်။ ဤတွင် ကိုရင်က
“ဒကာမကြီး မမှတ်မိဘူးနဲ့တူတယ်၊ ကိုရင်က မနေ့က ဒကာမကြီးတို့ ငှက်ပျောသီး တစ်ဖီးလုံးလောင်းလှူလိုက်တဲ့ တစ်ဖီးကိုယ်တော်လေ”ဟု ပြန်လည်မိန့်ကြားလိုက်သောအခါတွင်ကား ဒါယကာမကြီးက
“အော် မှတ်မိပြီးဘုရား၊ ကိုရင် အဲဒါက ဒီလိုရှိပါတယ်ဘုရား၊ မနေ့က တပည့်တော်တို့က သံဃာတော်အပါးတစ် ရာလောက်ကို တစ်ပါးလျှင် ငှက်ပျောသီးနှစ်လုံးကျ လောင်းလှူပါတယ်ဘုရား။ ကိုရင်အလှည့်ကျတော့ ကိုရင်က နောက်ဆုံးလဲဖြစ်တယ်၊ နောက်ထပ်သံဃာတော်တွေလဲ ကြွလာတာမမြင်လို့ တစ်ဖီးလုံးလောင်း လှူလိုက်တာ ပါဘုရား၊ တခြားလျှော်မတွေးပါနဲ့ကိုရင်၊”ဟု လျှောက်ထားလိုက်သောအခါတွင်ကား
ကိုယ်တော်လေးသည်လည်း မည်သည့်စကားမျှ မပြောနိုင်တော့မူ၍ ရှက်ကိုးရှက်ကန်းနှင့် မျက်လွှာချကာ ခပ် သုတ်သုတ်လစ်ထွက်လာခဲ့လေသည်။ထိုအချိန်မှစ၍ ထိုကိုယ်တော်လေးသည်ကား
မန်းမြို့ရှိ သံဃာတော်များအကြားတွင် “တစ်ဖီးကိုယ်တော်” ဟူ၍ နာမည်ဟီးဟီးကျော်သွားလေတော့သတည်း။
0 comments

Read more...

ရဟန်းတော်များနှင့် ကွမ်းယာ ဆေးလိပ်

ဘုန်းဘုန်း...ဘုရား..ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစွာ သာသနာပြုနိုင်ပါစေ.....
အောက်မှာ တူတော်မောင်တစ်ယောက်က အလွန်သိချင်ပါသဖြင့်..ကရုဏာရှေ့ထားလို့ ဖြေကြားပေးပါရန် လျှောက်ထားအပ်ပါသည်...ဘုရား။


ဒကာ/ ဇော်လင်း


မေး။ ။ ဆရာတော်ဘုရား တပည့်တော်ရိုသေ လေးမြတ်စွာ ဦးခိုက်
လျှောက်ထားပါသည်ဘုရား။ ရဟန်းတော်များကွမ်းစားခြင်းသည် အာပတ်သင့်၊ မသင့် သိလိုပါသည်ဘုရား။
အကယ်၍ အာပတ်သင့်ပါက မည်သို့သော အာပတ်မျိုးဖြစ်ပါသလဲဘုရား။
ဒေသနာ ကြားပါက ပျောက်၊မပျောက် လည်းသိလိုပါသည် ဘုရား။ ဆေးလိပ်သောက်ခြင်း နှင့် ပတ်သက်၍ လည်းသိလိုပါသည်ဘုရား။

ဖြေ။ ။ ရဟန်းတော်များ ကွမ်းစားခြင်းသည် အာပတ်မသင့်ဟု မှတ်ပါ၊ သို့သော်လည်း အချို့အချို့သော ဆရာတော်ကြီးများသည်ကား၊ နေလွဲသောအခါ၌ သုံးဆောင်လေ့မရှိသည်ကို မှတ်သားဖူးပါသည်။
ထို့သို့မသုံးဆောင်းခြင်းသည်လည်း ဝိနည်းကို အလွန်လေးစားသောကြောင့် ဖြစ်ပါသည်၊ စားသုံးနေသော ဆရာတော်များကိုလည်း အာပတ်သင့်သည်ဟု မမှတ်ယူသင့်ပေ။

အနုဇာနာမိ ဘိက္ခဝေ ဓူမနတ္တံ၊ ဘိက္ခဝေ- ရဟန်းတို့၊ ဓူမနတ္တံ- အခိုးလိပ်ကို- ဝါ- ဆေးလိပ်ကို၊ အနုဇာနာမိ- ခွင့်ပြုတော်မူ၏။ ဟူ၍ နေမကောင်းသော ရဟန်းတော်တစ်ပါးအား ဆေးလိပ်သောက်ခွင့် ပေးသည်ကို မဟာဝါပါဠိတော်တွင် မှတ်သားဖူးပါသည်။

နေမကောင်းသောအခါ ဆေးလိပ်သောက်ခွင့်ရှိပါသည်၊ ကျန်းမာနေသောအခါများတွင်ကား မသောက်သင့်ဟု မှတ်ယူရပါမည်။ အာပတ်သင့်မည်ဆိုပါက ဒုက်ကဋ် အာပတ်သင့်ပါသည်၊ ဒုက်ကဋ်အာပတ်သည် အလွန်သေးငယ်သော အာပတ်ဖြစ်ပါသည်၊ ဒေသနာကြားပါက ပျောက်လေသည်။

အာပတ် (၇)မျိုးရှိသည့်အနက်၊ ဒေသနာကြားရုံဖြင့် မပျောက်သော အာပတ်များမှာ သံဃာဒိသေသ်နှင့် ပါရာဇိက နစ်မျိုးသာ ရှိသည်ဟုမှတ်ပါ။ သို့သော် သံဃာဒိသေသ်သည်ကား ပျောက်အောင်ကုစားနည်း ရှိပါသေးသည်။

မေး။ ။ အောက်ပါ ရေးသားချက်နှင့် ပတ်သက်၍ ရှင်းလင်းစွာသိလိုပါသည် ဘုရား။

(ရဟန်းတို့၏ ကာလိက ၄ ပါး)
၁။ ယာဝကာလိက=ဆွမ်း၊ ဟင်း၊ မုန့်၊ ခဲဖွယ်၊ ဘောဇဉ် စသည်များ(၎င်းတို့ကို နေအရုဏ်တက်မှစ၍ မွန်းမတည့်မီ အကပ်ခံ၍ ရဟန်းတို့ သုံးဆောင်အပ်သည်)

၂။ ယာမကာလိက=အဖျော်ရှစ်ပါး(၎င်းတို့ကို နေလွဲသည်မှစ၍ ညဉ့်သုံးယံပတ်လုံး ဆာလောင်သောအခါ ဘုဉ်းပေးသုံးဆောင်အပ်သည်)

၃။သတ္တာဟကာလိက=ထောပတ်၊ ဆီဦး၊ နှမ်းဆီ၊ ပျား၊ တင်လဲ စသည်များ(၎င်းတို့ကို အကပ်ခံ၍ ခုနစ်ရက်ပတ်လုံး သုံးဆောင်ဘုဉ်းပေးအပ်သည်)

၎။ ယာဝဇီဝက=ဆီးဖြူ၊ သျှိသျှား၊ သဖန်းခါး၊ ငရုတ်စသော သစ်သီးသစ်ရွက်များ (၎င်းတို့ကို အကြောင်းရှိသော် တစ်သက်ပတ်လုံး သုံးဆောင်အပ်သည်) ထို့ကြောင့် ရဟန်းသံဃာများ ကွမ်းစားခြင်း(ကွမ်းရွက်စားခြင်း)သည် အာပတ်မသင့်ပါ။
ယာဝဇီဝက အရ တစ်သက်ပတ်လုံး သုံးဆောင်နိုင်ပါသည်။ (ခုဒ္ဒသိက္ခာ)

ဖြေ။ ။ အထက်ပါ ရေးသားချက်များမှာ နေလွဲညစာ မစားရဟု သိက္ခာပုဒ်ကို ပညတ်လိုက်သည်နှင့် တစ်ပြိုက်နက်၊ မည်သည့် စာသောက်ဖွယ်ရာများကို နေလွဲသော အခါ မစားကောင်းသနည်းဟု ရဟန်းတော်များ သံသယ ဖြစ်လာသည်ကို၊ ဖြေရှင်းထားခြင်းများဖြစ်ပါသည်။


အထက်ပါ လေးမျိုးထဲတွင်၊ အကပ်ခံပြီင်္းသည့်နောက် အရုဏ်တက်သည်အချိန်မှ နေမွန်းမလွဲခင် စားသုံးကောင်းသော အရာ၊ ခုနစ်ရက်ပတ်လုံး စားသုံးအပ်သော အရာ၊ တစ်သက်လုံးစားသုံးကောင်းသော အရာဟု ခွဲပြထားခြင်းဖြစ်ပါသည်။

ကိုရင်ငယ်များအတွက် ထုပ်ထားသော ရှင်ကျင့်ဝတ် စာအုပ်တွင် လေ့လာမှတ်သားနိုင်ပါသည်။

အထက်ပါ အမျိုးအစားများဖြင့် ညှိနိုင်းကြည့်ပြီ်း၊ နီးစပ်ရာ ဆရာတော် သံဃာတော်များကိုလည်း မေးစမ်းကြည့်စေချင်ပါသည်၊ ရွာဦင်္းကျောင်းဆရာတော်လည်း ကြားဖူးနားဝများကိုသာ သိသလောက်ကလေးဖြင့် ဖြေကြားပေးလိုက်ခြင်းသာ ဖြစ်ပါသည်၊


ဝိနည်းအရာဟူသည် အလွန်ကျယ် ပြန့်လှပါသည်။ လူ့လောကတွင်လည်း အလွန်ကျယ်ပြန့်သော ဥပဒေများကို ဥပဒေပညာရှင်များသာ သိနိုင်စွမ်းလေသည်ကို အထူးသတိပြုစေချင်ပါသည်။

Read more...

အလှူနဲ့စပ် သိမှတ်ဖွယ်ရာ

“ပါရမီအစ ဒါနက” ဆိုတဲ့အတိုင်း ရှေးရှေးဘုရားအလောင်းသူတော်ကောင်းတို့ ပါရမီကို စတင်ဖြည့်ကျင့်တဲ့အခါမှာ ဒါနပါရမီကို စတင်ဖြည့်ကျင့်တော်မူကြရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်အများစုဟာ အလှူဒါနကို စွမ်းအားရှိသလောက် ရက်ရက်ရောရော ပေးလှူနေကြ ခြင်းဖြစ်တယ်။ ဒီလိုပေးလှူတဲ့အခါမှာ မိမိအလှူကို တန်ဖိုးရှိချင်ကြတယ်၊ လက်ရှိဘ၀မှာဖြစ်စေ၊သံသရာမှာဖြစ်စေ အလှူရဲ့အကျိုးကို ခံစားချင်ကြပါတယ်။ သို့ပေမဲ့ အလှူဒါနအချို့ဟာ မိမိဖြစ်ချင်သလို မဖြစ်လာဘူး။ ဒါဘာကြောင့်လဲ…………။
တစ်နေ့ စာရေးသူတို့ကျောင်းမှာကျေးဇူးများတဲ့အမျိုးသမီးတစ်ဦးက “အရှင်ဘုရား….တပည့်တော် ဒီတစ်ခေါက် အရှင်ဘုရားကျောင်းအပါအ၀င် တစ်ခြားကျောင်းတွေမှာပါ သိန်းသုံးဆယ်ကျော်လောက် အလှူလုပ်ဖြစ်လိုက်တယ်ဘုရား၊ ဒီအကြောင်းကို ရန်ကုန်ရောက်တော့ တပည့်တော်အဖွားကို ၀မ်းသာအားရပြောပြပါတယ်၊အဖွားက အလှူဒါနလုပ်တယ်ဆိုတာ အကောင်းဆုံးဖြစ်အောင် သိမ်လှူရတယ်၊ ဘာ့ကြောင့်ဆိုရင် ရဟန်းအစ သိမ်က ဆိုတဲ့အတိုင်း သိမ်ရှိမှ ရဟန်းဖြစ်တာ၊ရဟန်းဖြစ်မှ သာသနာတော်ကြီး အရှည်တည်တန့်လို့ပါပဲ။ သိမ်မရှိရင် ရဟန်းမဖြစ်နိုင်ပါဘူး။ဒါကြောင့် သိမ်အလှူဟာ အကောင်းဆုံးအလှူဖြစ်သလို အကျိုးအရှိဆုံးအလှူလဲဖြစ်တယ် လို့ တပည့်တော်အဖွားက ပြောပါတယ်။ တပည့်တော် အခုတစ်ခေါက်လှူခဲ့တာတွေကလဲ သိမ်တစ်လုံးမှ မပါဝင်ပေမဲ့ လိုအပ်တဲ့နေရာလေးတွေမှာ ဖြည့်ပေးလိုက်ရတဲ့အတွက်လဲ တပည့်တော်ဝမ်းသာနေပါတယ်။ တပည့်တော်အဖွားပြောတဲ့ စကားနဲ့ပတ်သက်လို့ တပည့်တော်မရှင်းဘူးဘုရား၊ အလှူထဲမှာ ဘာလှူရင်အကောင်းဆုံးလဲ အကျိုးအများဆုံးရနိုင်လဲ ဆိုတာသိချင်ပါတယ် ဘုရား” လို့ စာရေးသူအား လျှောက်ထားလာပါတယ်။ ဒါကိုအကြောင်းပြုပြီး အလှူဒါနဲ့စပ် သိမှတ်ဖွယ်ရာများကို တင်ပြပေးသွားပါ့မယ်။

အလှူနဲ့စပ်သိမှတ်ဖွယ်ရာအဖြာအဖြာကို ဘုရားရှင်ဟောကြားတော်မူထားတဲ့တရားတော်များရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး အနီးစပ်ဆုံး တရားကို ပြောရရင် ဘုရားရှင်ဟာ သာဝတ္ထိ၊ ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေခိုက် ညဥ့်တစ်ညဉ့်ရဲ့သန်းခေါင်ယံအချိန်မှာ ကိုယ်ရောင်ကိုယ်ဝါ တောက်ပလျှက်ရှိတဲ့ နတ်သားတစ်ဦးက ဘုရားရှင်ထံပါး ရောက်လာပါတယ်။ သူသိလိုတဲ့အချက်အလက်တွေကို ဘုရားရှင်အားမေးလျှောက်ပါ တယ်။ မေးလျှောက်ရတဲ့အကြောင်းအရင်းက သူလိုလားတဲ့အရာတွေရှိနေလို့ပါပဲ၊ ဒါတွေက ခွန်အားကြီးချင်တယ်။ အရုပ်ချောချင်တယ်။ ချမ်းသာချင်တယ်။ မျက်စိအားကောင်းချင်တယ်။ အရာအားလုံးကို လိုချင်တဲ့အတွက်ကြောင့် ဖြစ်တယ်။ ဒီအတွက် ဘာလုပ်ရမလဲဆိုတာ လမ်းညွန်ပေးဖို့ ဘုရားရှင်အား လျှောက်ထားပါတယ်။
နတ်သားရဲ့မေးခွန်းကို ဘုရားရှင်က တုံ့ဆိုင်းမနေ ချက်ခြင်းပဲ ဖြေကြားတော်မူလိုက်တယ်။ “နတ်သား…အားကောင်းချင်ရင် အစာရေစာပေး လှူပါ ။ အရုပ်ချောချင်တယ်ဆိုရင်တော့ အ၀တ်၊သင်္ကန်းစတာတွေကို ပေးလှူပါ၊ ချမ်သာချင်တယ်ဆိုရင် ထီး၊ဖိနပ်စတဲ့ယဉ်အလှူကို လူဒါန်းရတယ်။ မျက်စိ အမြင်ကောင်းအောင်ကတော့ ဆီမီးအလှူကို လှူဒါန်းရတယ်။ အထက်ကဆိုခဲ့တဲ့အရာအားလုံးကို လိုချင်ရင်တော့ နေထိုင်သီတင်းသုံးရာ ကျောင်းကို လှူရပါတယ်။
ဘုရားရှင်က ရှေ့ဆက်ပြီး ဘယ်သူမှမမေးပေမဲ့ လိုအပ်နေတဲ့အရာတစ်ခုကို မိန့်တော်မူခဲ့ ပါတယ်။ စာပေပို့ချမှုတွေ၊ စာပေသင်ယူမှုတွေ၊ အမေးပုစ္ဆာများရှင်းလင်းဖြေကြားပေးတာတွေ ၊ကမ္မဋ္ဌာန်းတရားပေးတာတွေ ၊ သွန်သင်ဆုံးမလမ်းပြပေးတာတွေဟာ သံသရာဝဋ်က လွတ်ရာလွတ်ကြောင်းဖြစ်တဲ့အတွက် အမြိုက်နိဗ္ဗာန်ကို လှူရာရောက်ပါတယ်။ နားလည်အောင်ပြောရရင် သာသနာ တော်ရဲ့တာဝန်များဖြစ်တဲ့ ပရိယတ္တိ၊ပဋိပတ္တိလုပ်ငန်းများ အောင်မြင်အောင် တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့ပေးတာ ၊ လှူဒါန်းပေးတာ တွေဟာ အမြိုက်နိဗ္ဗာန်ကို လှူရာရောက်ပါတယ်။ တနည်းပြောရင် ဓမ္မဒါန တရားအလှူ လို့ ခေါ်ပါတယ်။
ဒါကြောင့် ဓမ္မပဒပါဠိတော် ၊တဏှာဝဂ်၊ သက္ကပဥှသုတ်မှာ “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” အလှူတကာ့အလှူထဲမှာ တရားအလှူဟာ အကောင်းဆုံးအမြတ်ဆုံး လို့ ဘုရားရှင် ဟောတော်မူထားပါတယ် လို့ ပြောလိုက်တော့…
ထိုအမျိုးသမီးက “ အရှင်ဘုရား……တပည့်တော်သဘောပေါက်ပါပြီဘုရား။ တပည့်တော်က ပရဟိတ အားသန်တယ်ဘုရား၊ ဒုက္ခရောက်နေသူကိုလဲ မကြာခဏ အကူအညီပေးပါတယ်။ ဒီလိုအကူအညီပေးလိုက်ရလို့ သူတို့လေးတွေ အဆင်ပြေသွားတာကို ကြည့်ပီး တပည့်တော်မ ပီတိဖြစ်ခဲ့ရတာလဲ ရှိပါတယ်ဘုရား။ ဒါကိုကော အကောင်းဆုံးအလှူလို့ ပြောလို့ရပါသလားဘုရား” လို့ မေးလျှောက်လာပြန် ပါတယ်။ သာသနာအတွက် တစ်ဖက်တစ်လမ်းက အားပေးထောက်ပံ့နေတဲ့ သူမအတွက် အတွေးသံသယတွေ ပယ်ဖျောက်ပေးဖို့အတွက် ဘာသာရေးခေါင်းဆောင်များဖြစ်တဲ့စာရေးသူတို့ရဲ့ တာဝန်ပါ။
သူမအပြောအရ လူသားချင်းစာနာတဲ့စိတ်ရှိတယ်ဆိုတာ အလွန်ကောင်းတဲ့စိတ်ထားပါ။ ပရဟိတ သူတစ်ပါးအကျိုးကို ကြည့်တဲ့စိတ် ဓါတ်လေ၊ အလွန်မွန်မြတ်တဲ့စိတ်ဓါတ်ပေါ့။ ဒီလိုစိတ်ဓါတ်မျိုးဟာ ရှေးရှေးဘုရားအလောင်းသူတော်ကောင်းများ နှလုံးသွင်းမြဲဖြစ်တဲ့ စိတ်ဓါတ်မျိုးပါ။ ဒီလိုပဲ ကိုယ့်အကျိုးမဖက် သူတစ်ပါးအကျိုးငှဲ့ပီး ပေးကမ်းစွန့်ကြဲ တယ်ဆိုတာ သူတော်ကောင်းတွေပြုလေ့ရှိတဲ့ဒါနမျိုးပါ။ ဒါကိုပဲ ဒါနပါရမီ လို့ ကျမ်းဂမ်များမှာ နာမည်တတ်ထားပါတယ်။ ဒီဒါနမျိုးဖြစ်ဖို့အတွက် အလှူခံပုဂ္ဂိုလ်နဲ့ပတ်သက်ပြီး အယုတ်၊ အလတ်၊အမြတ်မရွေးရဘူး၊ အလှူခံက ဘာပဲဖြစ်နေနေ ကိုယ့်အလှူဒါနမြောက်ဖို့အရေးကြီးပါတယ်။
ထိုအခါ အမျိုးသမီးက “အရှင်ဘုရား….ဒါဆိုရင် အလှူခံက သီလမစင်ကြယ်ဘူးဆိုရင် ကိုယ့်အလှူဟာ အကျိုးပေးနည်းတယ်၊ အလှူခံကို ရွေးချယ်စိစစ်ပြီး လှူရမယ်ဆိုတာလဲ တပည့်တော် ကြားဖူးပါတယ်ဘုရား၊ အဲဒါက ဘယ်လိုပါလဲဘုရား” လို့ လျှောက်ထားလာတယ်။
ခုတလော ဒီမေးခွန်းမျိုး အတော်မေးကြတယ်။ ဒါနဲ့ပတ်သက်ပြီး အကျယ်ရှင်းပြချင်ပါတယ်၊ဒါမှလဲ နားလည်သဘောပေါက် နိုင်မှာမို့လို့ပါ။
ပါဠိတော်မှာ “၀ိစေယျ ဒါနံ ဒါတဗ္ဗံ ယတ္ထဒိန္နံ မဟပ္ဖလံ” အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ပြီး လှူရမယ်ဆိုတာ ဟုတ်ပါတယ်။ ဥပရိပဏ္ဏာသပါဠိတော်မှလာတဲ့ သာဓကတစ်ခု ထုတ်ပြပါ့မယ်။
ဘုရားရှင်လက်ထက်က ဣန္ဒကနတ်သားနဲ့အင်္ကုရနတ်သားဆိုတာရှိတယ်။ မယ်တော်မိနတ်သားကို အကြောင်းပြုလို့ တာဝတိံသာမှာ ၀ါတွင်းသုံးလ အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပါတယ်။ စကြ၀ဠာများစွာ နတ်ဗြဟ္မာတွေလဲ တရားနာဖို့ လာကြပါတယ်။ဒီအထဲမှာ ဣန္ဒကနတ်သားနဲ့ အကုင်္ရနတ်သားတို့က ရှေ့ဆုံးကတော့ ဘုရားရဲ့အနီးဆုံးနေရာမှာ နေရာယူနေကြတယ်။ တဖြေးဖြေးနဲ့ တန်ခိုးကြီးတဲ့နတ် တွေ ရောက်လာတော့ အင်္ကုရနတ်သားက နေရာဖယ်ပေးရတယ်။ တန်ခိုးကြီးတဲ့ နတ်ဗြဟ္မာများကြောင့် အင်္ကုရနတ်သားဟာ (၁၂)ယူဇနာ ဝေးတဲ့အရပ်ကနေ တရားနာကြားရတယ်။ ဒါပေမဲ့ ဣန္ဒကနတ်သားကတော့ အရင်နေမြဲတိုင်းဖြစ်တဲ့ ဘုရားရဲ့အနီးဆုံးနေရာမှာပဲ နေပြီး တရားနာနေပါတယ်။ ဣန္ဒကနတ်သားနဲ့ အင်္ကုရနတ်သားတို့ နတ်ဖြစ်တာခြင်းအတူတူ ဘာ့ကြောင့် တစ်ဦးက တန်းခိုးကြီးပြီး ကျန်တစ်ဦးက တန်ခိုးနည်းပါးရပါသလဲဆိုရင် အကုင်္ရနတ်သားက သာသနာပမှာ သီလမရှိတဲ့သူများကိုသာ ကာလကြာမြင့်စွာ ပေးလှူခဲ့ရတဲ့အတွက် တန်းခိုးကြီးတဲ့နတ် မဖြစ်လိုက်ဘူး။ ဣန္ဒကနတ်သားကတော့ သာသနာတွင်းမှာ အရှင်အနုရဒ္ဓာမထရ်ကို ဆွမ်းတစ်ဇွန်းမျှ လောင်းလှူလိုက်ရတဲ့ အတွက် နတ်ပြည်မှာတန်ခိုးကြည့်တဲ့နတ်ဖြစ်ရတယ်။ ဒါဟာ အလှူခံပုဂ္ဂိုလ် အယုတ်အလတ်အမြတ်ကို အခြေခံပြီး အကျိုးသက်ရောက်မှု ကွာခြားပုံပါ။ ဒါကြောင့်လဲ ဘုရားရှင်က အလှူခံကို ရွေးချယ်စိစစ်ပြီး လှူကြဖို့ ဟောကြားတော်မူခဲ့ပါတယ်။ (ဥပရိပဏ္ဏာသပါဠိတော် ဒက္ခိဏ၀ိဘင်္ဂသုတ်)
မဟာဗုဒ္ဓ၀င်မှာကျတော့ အလှူပုဂ္ဂိုလ်တို့ကို အယုတ်၊အလတ်၊အမြတ်မရွေး ပေးလှူရမယ်လို့ ဟောတော်မူထားပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် ဒါနပြုရင် အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်စရာမလိုပါ။ ထင်ရှားအောင် သာဓကထုတ်ပြရရင်….
ဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးရဲ့ဖြစ်စဉ်မှာ မင်းကြီးဟာ ဒါနမြောက်ဖို့အတွက် သားတော်နဲ့ သမီးတော်ကို သီလမရှိတဲ့ ဇူဇကာပုဏ္ဏားအား ပေးလှူလိုက်ပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် ဘုရားရှင်ဟာ အလှူခံကို မကြည့်ဘဲ သူ့ရဲ့အလှူဒါနမြောက်ဖို့သာ ပြတ်သားစွာ တွေးခဲ့ပြီး လှူဒါန်းလိုက်တာဖြစ်တယ်။ ဒါကိ မဟာဗုဒ္ဓ၀င်မှာ တိပိဋကဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဦးဝိစိတ္တာသာရာဘိဝံသရဲ့ ကျမ်းညှိထားတာ လေးကို ဖေါ်ပြပါ့မယ်။
အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ပီးလှူရမယ်ဆိုတာက သာမည လူနတ်တို့ရဲ့ရည်ရွယ်ချက်က အကောင်းဆုံး လောကီစည်းစိမ်ချမ်းသာ ကို တောင့်တကြတာဖြစ်တဲ့အတွက် အကောင်းဆုံးအလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဥပရိပဏ္ဏာသပါဠိတော်မှာ ဟော တော်မူထားတဲ့နည်းလမ်းက သာမညနတ်လူတို့အတွက် ရည်ရွယ်ပြီး ဟောတော်မူခဲ့ခြင်း ဖြစ်တယ်လို့ မှတ်ယူရပါမယ်။
တစ်ဖန် ဘုရားအလောင်းသူတောင်ကောင်းတို့ ပါရမီဖြစ်ကျင့်တဲ့အခါမှာ သဗ္ဗညုတဥာဏ်တော်ရရှိရေးအတွက် အလှူခံပုဂ္ဂိုလ် ရွေးချယ်နေစရာမလိုဘဲ ဒါနပါရမီမြောက်အောင် လှူဒါန်းရမယ် လို့ မိန့်တော်မူခဲ့တာဖြစ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် အလှူဒါနနဲ့ပတ်သက်ပြီး နှစ်မျိုးဖြစ်နေတော့ အလှူလုပ်တဲ့အခါ ဒီနှစ်မျိုးစလုံးပါသွားအောင် ဘယ်လိုလုပ်ရမလဲဆို တာစဉ်းစားရမယ်။ ဒါနဲ့စပ်ပြီး စစ်ကိုင်းမြို့ မြစကြာဆရာတော်ရဲ့ “စိတ်ထားစင်ကြယ် စွမ်းအားကြွယ်”ဆိုတဲ့စာအုပ်မှာ သုံးသပ်ပြထားတာ အတော်ကောင်းပါတယ်။ ဒါလဲ စာချစ်သူများသိသင့်တယ်ထင်လို့ ဖေါ်ပြပေးလိုက်ပါတယ်။
စာချစ်သူများသတိထားရမှာက အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ရမယ်ဆိုတာကိုပဲဆုပ်ကိုင်ထားပြီး၊ အမြဲတမ်း အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ပြီးနေတယ်ဆိုရင် နစ်နာမှုရှိနိုင်ပါတယ်။ ပါရမီဖြစ်ဖို့မလွယ်ဘူး။ အချို့ပုဂ္ဂိုလ်များကျတော့ အယုတ်၊အလတ်၊အမြတ်မရွေး လှူဒါန်းပါဆိုတဲ့အယူကို ဆုပ်ကိုင်ပြီး လှူဒါန်းတယ်။ဒါဆိုရင် အဆိပ်ပင်ရေလောင်းတဲ့သဘောမျိုးတွေ ဖြစ်တတ်တယ်။သတိထားစရာကောင်း ပါတယ်။ ဒီနှစ်ခုကို ညှိပြပါ့မယ်။ တောင်မြို့မဟာဂန္ဓရုံကျောင်းအစ်မ ဒေါ်ကျင်သန်းဆိုတာရှိတယ်။ သူ့ကို တောင်မြို့၊မဟာဂန္ဓာရုံဆရာတော်က ဆုံးမဖူးတဲ့စကားရှိတယ်။
ဆရာသမားအဖြစ်နဲ့ဆည်းကပ်ကိုးကွယ်တဲ့အခါမှာ နှလုံးလှတဲ့ဆရာသမား၊ပရိယတ်၊ပဋိပတ်စွယ်စုံလှတဲ့ဆရာသမားမျိုး ဖြစ်ရပါမယ်။ ဒါ့ပြင် သီလလဲလုံခြုံအောင်ထိမ်းမယ်၊ အားလုံးအတွက်အနစ်နာခံတယ်၊ မေတ္တာတရားပြည့်ဝတဲ့နူညံ့တဲ့နှလုံးသားပိုင်ရှင်ဖြစ်ရမယ်၊ ဒကာဒကာမ များနဲ့ဆက်ဆံတောင်မှ ရလိုမှုကြောင့်မဟုတ်ဘူး။ ဒီလိုဆရာသမားမျိုးဟာ သမာဓိအားကောင်းတယ်လို့ ဆိုရပါမယ်။ ပီးတော့ ပညာပြည့်ဝတဲ့ ဆရာသမားများကိုလဲ ဆည်းကပ်ရပါမယ်။ ဒီလို သီလ၊သမာဓိ၊ပညာ ရှိတဲ့ဆရာသများအား ဆည်းကပ်ကိုးကွယ်ကြရမယ်။ ဆည်းကပ်ဆိုတဲ့အထဲမှာ နောက်ကွယ်က လှူဒါန်းမှုတွေလဲပါဝင်သွားတယ်။ ဒါဆိုရင် သီလာ သမာဓိ ပညာ ရှိတဲ့သူကို လှူဒါန်းပူဇော်မှုအားလုံး ပါဝင်သွားပါတယ်။
ပြီးတော့ မဟာဂန္ဓာရုံဆရာတော်ကြီးက ပေးကမ်းရုံသက်သက်ဆိုရင်တော့ အယုတ်၊ အလတ်၊အမြတ် မရွေးပါနဲ့ ဒုက္ခရောက်တဲ့ပုဂ္ဂိုလ် မှန်သမျှ ကူညီလှူဒါန်းပါလို့ မိန့်တော်မူခဲ့ပါတယ်။ ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်အားလုံးကို ကူညီပံ့ပိုးပေးတာဟာ ပါရမီဖြည့်တာပါပဲ။ အိမ်မိုးမလုံတာကို မိုးလုံအောင်လုပ်ပေးတယ်။ သဘာဝဘေးအန္တရာယ်နဲ့ တွေ့ကြုံခဲ့ရတဲ့ နာဂစ် ဒုက္ခသည်တွေကို စားဝတ်နေရေးကူညီပံ့ပိုးပေး တာတွေဟာ ကိုယ့်အကျိုးမကြည့် ဒုက္ခသည်အကျိုးသာကြည့်တဲ့အတွက် မွန်မြတ်သန့်ရှင်းတဲ့ပေးကမ်းမှုပါ။
အချူပ်ပြောရင် ဆရာသမားအဖြစ်နဲ့ ဆည်းကပ်ကိုးကွယ်လိုတယ်ဆိုရင် ပညာပြည့်ဝနှလုံးလှတဲ့ပုဂ္ဂိုလ်မျိုးကို ဆည်းကပ်ကိုးကွယ် ပူဇော်ရပါမယ်။ ပေးကမ်းရုံသက်သက်ဆိုရင်တော့ အယုတ်၊အလတ်၊အမြတ်မရွေး ပေးကမ်းလှူဒါန်းပါတယ်ဆိုတာပါပဲ။ မေးခွန်းမေးလာတဲ့ အမျိုးသမီးနဲ့တကွ စာချစ်သူများအားလုံး အလှူနဲ့စပ်ပြီး ရှင်းရှင်းလင်းလင်းသိကာ အမျိုးဘာသာ သာသနာကို ဆထက်တံဘိုး ထမ်းဆောင်နိုင်ပါစေလို့ဆန္ဒပြုရင်း…………..။
လိုရာဆန္ဒပြည့်ဝကြပါစေ
ဦးကောဝိဒ(မြိတ်)
၆.၈.၂၀၁၀၊ နံနက်-၇း၁၅နာရီ၊

Read more...

A New Jataka

Throughout history the vast majority of Buddhists got nearly all their Buddhism from the Jatakas and one or two popular accounts of the Buddha’s life. For most, the Jatakas stories was their Buddhism. The importance of these stories in Buddhist lands is similar to that of biblical stories in Christendom. Their influence on the arts, literature and thinking can hardly be overestimated. It is interesting therefore that the Jatakas are so neglected by Western Buddhists who usually pass them over as being ‘wonderful for the kids’. The complete Jataka was translated by Cowell, Charmers, Rouse, et el, over a hundred years ago and it has never been done again since. There have been several good anthologies though, the most recent being Sarah Shaw’s translation of 26 stories with its excellent introduction published by Penguin Classics.
But now the Buddhist Publication Society has issued a three volume re-telling of the Jatakas, probably the most ambitious publishing endeavour the Society has undertaken in its 52 years history. Called The Jataka Tales of the Buddha - An Anthology, it is a re-telling of 217 of the 547 stories, a whopping 1298 pages altogether. While I believe a new translation of this most important book is long overdue, a re-telling of them, like this one, has been needed for a long time too. In its original form the Jatakas can be tiresomely repetitious and annoyingly meandering and a good number of stories differ only little from others. The continual jump from prose to verse can be distracting too, particularly when the verses simply repeat what has been said in the prose. Ken and Visaka Kawasaki, who have done this new book, have removed all the extraneous material, rendered the verse into prose and tightened up the stories where necessary, without changing the story line or excluding anything of importance. The result is a very readable, non-scholarly but still authentic re-telling of these wonderful stories.
The Jatakas are of great interest on many levels. The picture they paint of Indian society during the time they were composed (5th -2nd cent. BCE ?) is a rich and fascinating one. While the Vinaya gives us an idea how monks, and to a lesser extent nuns, thought and behaved in the first few centuries after the Buddha, the Jatakas tell us about ‘non-specialist’ Buddhists – the ordinary people, princes and paupers, merchants and craftsmen, men, women and children, the good, the bad and the ugly. While the sutta and the Vinaya never once, to the best of my knowledge, deal with moral dilemmas, some Jataka stories do just that. You might say that the suttas present morality in its most pure and ideal form while the Jatakas talk about the actual situation ‘on the ground’. Just as importantly, they also illustrate many virtues and values not found in the suttas. And they often do all this with sense of humour, something that is not absent from the suttas but is not exactly common in them. Having said this, it is also true that the hero of each Jataka story (always the Bodhisattva) sometimes cuts ethical corners and dishes out rather rough justice to the villain. And one or two stories are outright raunchy; definitely not suitable for kids.
The three volumes of The Jataka Tales of the Buddha are presented in an attractive (although rather flimsy) box and there is an excellent map, useful to help the reader locate the scene of some of the stories and get some idea of the Jataka’s geographical range. There is also a table of correspondence and the chart of the 31 planes of existence, useful given that various divine beings appear so often in the stories. The glossaries of important terms and of personal names could have been more comprehensive and the recommendation for further reading should have perhaps included Gombrich and Cone’s The Perfect Generosity of Prince Vasantra, Ratilal Mehta’s Pre-Buddhist India, a detailed study of the Jataka’s cultural milieu, and Wintenitz’s History of Indian Literature with its detailed analysis of the age, structure and influence of the Jatakas. But I’m only being a nitpicker here. The BPS is to be congratulated for undertaking what must have been a huge committment and the Kawasakis are to be thanked for the enormous amount of work they have put into it. The Jataka Tales of the Buddha is an excellent recourse and should be in every Buddhist’s book shelf.You can find ordering details at www.bps.lk/new_releases.asp
As an aside, when I was at Borobudur recently I recognized this depiction of the lovely Vattaka Jataka in which a brave little quail puts out the raging forest fire; number 20 in the book under review, number 35 in the Jataka.
2 comments

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP