* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, August 5, 2010

*လောက၌ထင်ရှားဖြစ်ပေါ်မှုရခဲသောရတနာငါးမျိုး*

Written by တောသားလေး 1 အကြံပြုပါသည်။ Posted in:

မြတ်စွာဘုရားရှင်က လိစ္ဆ၀ီမင်းတို့အား လောက၌ထင်ရှားဖြစ်ပေါ်မှုရခဲသော ရတနာငါးမျိုးကို အောက်ပါအ တိုင်းဟောကြားတော်မူခဲ့ပါသည်။
၁။ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူ သောမြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏။
၂။ လောက၌ မြတ်စွာဘုရားဟောကြားတော်မူသော ဓမ္မ၀ိနယကို ဟောပြောတတ်သော ပုဂ္ဂိုလ်ကို ရခဲ၏။
၃။ လောက၌ မြတ်စွာဘုရားဟောကြားတော်မူသော ဓမ္မ၀ိနယကို ဟောကြားအပ်သည်ရှိသော်သိတတ် သောပုဂ္ဂိုလ်ကိုရခဲ၏။
၎။ လောက၌ မြတ်စွာဘုရားဟောကြားတော်မူသော ဓမ္မ၀ိနယကို ဟောကြားအပ်သည်ရှိသော် သိသည့်အ တိုင်းတရားနှင့်အညီကျင့်သော ပုဂ္ဂိုလ်ကိုရခဲ၏။
၅။ လောက၌ သူပြုဖူးသောကျေးဇူးကိုသိ၍ သူပြုဖူးသောကျေးဇူးကို ထင်ရှားအောင် ပြုလေ့ရှိသောပုဂ္ဂိုလ် ရခဲ၏။
ဟုဟောကြားတော်မူခဲ့ပါသည်။
(အဂုင်္တ္တိရ်၊ပဉ္စက၊သာရန္ဒဒသုတ်၊)
အားလုံးသောဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Read more...

အာဋာနာဋိယသုတ်-၂ (video)

hursday, August 05th, 2010 | Author: admin

မင်းကွန်းဆရာတော်ဘုရားကြီး - အာဋာနာဋိယသုတ်-၂

Read more...

သမုစ္စည်းပိုင်း - အကုသလသင်္ဂဟ

၂၀၁၀ ခုနှစ် ဇူလိုင်လ ၃၁ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များသင်တန်း၊ (၄၃)ပတ်မြောက်နှင့် (၄၄)ပတ်မြောက် သင်ခန်းစာများကို လေ့လာ သင်ယူကြရ၏။

အဘိဓမ္မတ္ထသင်္ဂဟကျမ်း၏ သတ္တမမြောက်အပိုင်းဖြစ်သော သမုစ္စည်းအပိုင်းကို စတင် လေ့လာကြရရာ လောကချမ်းသာဆရာတော်က မိတ်ဆက်နိဒါန်းနှင့် သင်ခန်းစာဆိုင်ရာ အကြောင်းအချက်များကို ရှေးဦးစွာ သင်ပြပေး၏။

+++++

သမုစ္စည်းပိုင်း

သမုစ္စည်းသည် သမုစ္စယ(ပါဠိ)မှ လာ၏။

စိတ် ၁-ပါး (အကျဉ်း ၈၉/အကျယ် ၁၂၁-ပါးသော စိတ်တို့၏ သဘော လက္ခဏာမှာ အာရုံသိမှု ဖြစ်၍ ၁-ပါးသာ ယူသည်။)၊ စေတသိက် ၅၂-ပါး (စေတသိက်တို့မှာ ၁-ပါးစီ၌ သီးခြားလက္ခဏာ ဆောင်၏။)၊ နိပ္ဖန္နရုပ် ၁၈-ပါး (အထည်ကိုယ်ရကောင်းသော တကယ့် ရုပ်အစစ်များ ဖြစ်၏။)၊ နိဗ္ဗာန်၊ ပေါင်း (၁ + ၅၂ + ၁၈ + ၁ =) ၇၂-ပါး အပြားရှိကုန်သော သဘောတရားများကို ပေါင်းစု၍ ရသင့်သည်အားလျော်စွာ ပြဆိုခြင်းသည် သမုစ္စည်း မည်၏။

သမုစ္စည်းပိုင်း၌ -

(၁) အကုသလသင်္ဂဟ = အကုသိုလ်ဇာတ်အားဖြင့် တူသော သဘောရှိကုန်သော အာသဝေါစသော တရားတို့ကို တပေါင်းတည်း ပြု၍ အကျဉ်းပြဆိုခြင်း။

(၂) မိဿကသင်္ဂဟ = ကုသိုလ် အကုသိုလ် အဗျာကတဖြစ်သော တရားတို့ကို ရောနှော သိမ်းယူ၍ အကျဉ်းပြဆိုခြင်း။

(၃) ဗောဓိပက္ခိယသင်္ဂဟ = ဗောဓိဉာဏ်ကို ရခြင်း၏ အကြောင်းဖြစ်ကုန်သော သတိပဋ္ဌာန်၊ သမ္မပ္ပဓာန် စသော တရားတို့ကို တပေါင်းတည်း သိမ်းယူ၍ အကျဉ်းပြဆိုခြင်း။

(၄) သဗ္ဗသင်္ဂဟ = အလုံးစုံသော ပရမတ္ထတရား မှန်သမျှတို့ကို တပေါင်းတည်း သိမ်းယူ၍ အကျဉ်းပြဆိုခြင်း ဟူ၍ ၄-ပါး ရှိ၏။

+++++

အကုသလသင်္ဂဟ

အကုသလသင်္ဂဟ၌ -

(၁) အာသဝ ၄-ပါး
(၂) သြဃ ၄-ပါး
(၃) ယောဂ ၄-ပါး
(၄) ဂန္ထ ၄-ပါး
(၅) ဥပါဒါန် ၄-ပါး
(၆) နီဝရဏ ၆-ပါး
(၇) အနုသယ ၇-ပါး
(၈) သုတ္တန်၌ လာသော သံယောဇဉ် ၁၀-ပါး၊ အဘိဓမ္မာ၌ လာသော သံယောဇဉ် ၁၀-ပါး
(၉) ကိလေသာ ၁၀-ပါး အားဖြင့် ဝေဖန် ပြဆို၏။

လင်္ကာ

‘အာ’ ‘သြ’ ‘ယော’ ‘ဂန်’၊ ‘ဥ’ ‘နီ’ မှန်၊ ‘နု’ ‘သံ’ ‘ကိ’ ၉-ပါး (‘နု’ ‘သံ’ ‘ကိလေ’ ၉-ဌာနေ)”

(၁) အာသဝ ၄-ပါး

‘အာသဝ’ကို မြန်မာတို့က ‘အာသဝေါတရား’ဟု ခေါ်၏။
‘အာသဝ’၏ အဓိပ္ပာယ်မှာ ‘အမာဝမှ ယိုသော သနံရည်ကဲ့သို့ (အနာများ ပေါက်ပြီး အနာကနေ အရည်, သွေး, ပြည် စသည် ယိုစီးခြင်း) စက္ခုဒွါရ စသည်တို့မှ ရူပါရုံ စသည်တို့၌ ယိုတတ်သောကြောင့် အာသဝ ဟု ခေါ်၏။

တနည်းအားဖြင့် ‘ကြာမြင့်စွာ ထုံအပ် စိမ်ထားအပ်သော စိမ်ရည်သည် သုံးသောက် စားသူ သတ္တဝါတို့ကို မူးယစ်စေသကဲ့သို့ လောဘစသော တရားတို့သည်လည်း သတ္တဝါတို့ကို အမြဲ မူးယစ်စေကုန်သောကြောင့် အာသဝ ဟု ခေါ်၏။

တနည်းအားဖြင့် ‘ဘုံအားဖြင့် ဘဝဂ်တိုင်အောင်၊ ဓမ္မအားဖြင့် ဂေါတြဘူတိုင်အောင် ယိုစီးတတ်သောကြောင့် အာသဝ ဟု ဆို၏။

‘ကာမာသဝ’၊ ‘ဘဝါသဝ’၊ ‘ဒိဋ္ဌာသဝ’၊ ‘အဝိဇ္ဇာသဝ’ ဟု အာသဝ ၄-ပါး ရှိ၏။

ကာမာသဝ = ကာမဘုံ၌ တပ်ကုန်သော ကာမဂုဏ် ၅-ပါးနှင့် စပ်သော ရာဂဟု ဆိုအပ်သော လောဘစသော စေတသိက်သည် ကာမာသဝ မည်၏။

ဘဝါသဝ = ရူပဘုံ၊ အရူပဘုံတို့မှာ ကပ်ငြိ တွယ်တာတတ်သော လောဘစေတသိက်ကို ဘဝါသဝ ဟု ခေါ်၏။ ရူပဈာန်၊ အရူပဈာန်တို့ကို တွယ်တာခြင်းလည်း အကျုံးဝင်၏။

ဒိဋ္ဌာသဝ = ၆၂-ပါးသော မိစ္ဆာဒိဋ္ဌိသည် ဒိဋ္ဌာသဝ ဖြစ်၏။

အဝိဇ္ဇာသဝ = သစ္စာ ၄-ပါး၊ ပုဗ္ဗန္တ (သံသရာ၏ ရှေ့အစွန်း လွန်ခဲ့သည့် ဘဝများက ဖြစ်ခဲ့သော ခန္ဓာများ)၊ အပရန္တ (နောက်အစွန်း အနာဂတ်ဖြစ်မည့် ခန္ဓာများ)၊ ပုဗ္ဗန္တာပရန္တ (ရှေ့အစွန်း နောက်အစွန်း)၊ ပဋိစ္စသမုပ္ပါဒ် - ဤ ၈-မျိုးသော တရားတို့ကို ဖုံးလွှမ်းတတ်သော မောဟသည် အဝိဇ္ဇာသဝ ဖြစ်၏။

(၂) သြဃ ၄-ပါး

မဟာသမုဒ္ဒရာအတွင်း၌ ရှိသော ဝဲသြဃကြီးများသည် မိမိဝဲသြဃအတွင်းသို့ ကျရောက်သမျှသော သတ္တဝါတို့ကို အတင်း နှစ်၍ သတ်တတ်သကဲ့သို့ ကာမောဃ စသော သြဃကြီး ၄-ပါးတို့သည် မိမိတို့နှင့် ဆက်ဆံသမျှသော သတ္တဝါတို့ကို သံသရာထဲ၌ အတင်း နှစ်၍ သတ်တတ်ကုန်၏။ ကူးမြောက်ခြင်းငှာ ခဲယဉ်းကုန်၏။ ထို့ကြောင့် ကာမောဃ စသော တရားတို့သည် သြဃ မည်၏။

‘ကာမောဃ’၊ ‘ဘဝေါဃ’၊ ‘ဒိဋ္ဌောဃ’၊ ‘အဝိဇ္ဇောဃ’ ဟူ၍ သြဃ ၄-ပါး ရှိပြီး၊ တရားကိုယ်အားဖြင့်လည်းကောင်း၊ သရုပ်အားဖြင့်လည်းကောင်း အာသဝ ၄-ပါး နည်းတူ ဖြစ်၏။

(၃) ယောဂ ၄-ပါး

ထမ်းပိုးခွင်၌ မြင်းတို့ကိုလည်းကောင်း၊ နွားတို့ကိုလည်းကောင်း၊ တပ်၍ က၍ ထားကုန်ဘိသကဲ့သို့ ယောဂ ၄-ပါးတို့သည် သတ္တဝါတို့ကို ဝဋ်ဒုက္ခ ဘဝစက်ယန္တရားကြီး၌ တပ်၍ က၍ ထားတတ်ကုန်သောကြောင့် ယောဂ မည်၏။
ယောဂသဒ္ဒါသည် အစေးဖြင့် ကပ်၍ စပ်ထားသကဲ့သို့ ယှဉ်စပ်ခြင်း အနက်ကို ဟော၏။
သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ ယှဉ်စပ်ကပ်ထားတတ်သော တရားဟု ဆိုလို၏။

‘ကာမယောဂ’၊ ‘ဘဝယောဂ’၊ ‘ဒိဋ္ဌိယောဂ’၊ ‘အဝိဇ္ဇာယောဂ’ ဟု ယောဂ ၄-ပါး ရှိပြီး၊ တရားကိုယ်အားဖြင့်လည်းကောင်း၊ သရုပ်အားဖြင့်လည်းကောင်း အာသဝေါလေးပါးနှင့် အတူတူ ဖြစ်၏။

(၄) ဂန္ထ ၄-ပါး

ရစ်ပတ်ချည်နှောင်တတ်သောကြောင့် ဂန္ထဟု ခေါ်သည်။
လက်ထိပ်စသော အနှောင်အဖွဲ့ကဲ့သို့ နာမကာယနှင့် ရူပကာယကို မကွဲမပြားရအောင် ဖွဲ့တတ်ခြင်း၊ ပစ္စုပ္ပန်ကာယနှင့် အနာဂတ်ကာယကို ဘဝအဆက် မပြတ်ရအောင် ဖွဲ့တတ်ခြင်း၊ ဘဝတစ်ပါး၏ စုတိနှင့် ဘဝတစ်ပါး၏ ပဋိသန္ဓေကို ဘဝအဆက် မပြတ်ရစေခြင်းငှာ ဖွဲ့တတ် စပ်တတ်သောကြောင့် လောဘ စသော တရားတို့သည် ကာယဂန္ထ မည်၏။

‘အဘိဇ္ဈာကာယဂန္ထ’ = အလုံးစုံသော တဏှာ၊
‘ဗျာပါဒကာယဂန္ထ’ = အလုံးစုံသော ဒေါသ၊
‘သီလဗ္ဗတပရာမာသကာယဂန္ထ’ = အကြောင်းမဟုတ်သော နွားအလေ့အကျင့်, ခွေးအလေ့အကျင့် စသည်များသည် ဝဋ်ဒုက္ခမှ ကျွတ်လွတ်ကြောင်း မဂ်ပင်တည်းဟု မှားယွင်းသော အလေ့ဆိုး အကျင့်ဆိုးကိုပင် အမှန်ဟု ထင်မှတ် သုံးသပ်တတ်သော ဒိဋ္ဌိစေတသိက်၊
‘ဣဒံသစ္စာဘိနိဝေသကာယဂန္ထ’ = မိမိ ယူထားပြီးသော မိစ္ဆာအယူကို ငါ၏ အယူသာ မှန်၏။ အခြား တပါးသော အယူများသည် အမှားတို့သာတည်း ဟူ၍ ပြင်းပြင်းထန်ထန် အယူသန်မှု ဟူ၍ ဂန္ထ ၄-ပါး ရှိ၏။

(၅) ဥပါဒါန် ၄-ပါး

ဖားကို မြွေဖမ်းသောအခါ မလွှတ်ဘဲ စွဲစွဲမြဲမြဲ ဖမ်းယူထားသကဲ့သို့ မိမိဆိုင်ရာ အာရုံ၌ စွဲစွဲမြဲမြဲ ယူတတ်သော (စွဲလမ်းတတ်သော) တရားကို ဥပါဒါန် ဟု ခေါ်၏။

ကာမုပါဒန် = ဝတ္ထုကာမတို့၌ ပြင်းပြစွာ စွဲလမ်း၍ တပ်မက်သော တဏှာ၊
ဒိဋ္ဌုပါဒန် = အလုံးစုံသော ဒိဋ္ဌိ၊
သီလဗ္ဗတုပါဒါန် = နွားတို့၏ သီလ၊ နွားတို့၏ အကျင့်များသည် သံသရာမှ စင်ကြယ်ကြောင်းပင်တည်းဟု စွဲမြဲ၍ ယူသော ဒိဋ္ဌိ၊
အတ္တဝါဒုပါဒါန် = ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး ယောက်ျား မိန်းမ စသောအားဖြင့် မှောက်မှောက်မှားမှား အထင်မှားတတ်သော သက္ကာယဒိဋ္ဌိ ဟူ၍ ၄-ပါး ရှိ၏။

(၆) နီဝရဏ ၆-ပါး

ဈာန်, ဝိပဿနာ, မဂ် စသည်တို့၏ အစွမ်းဖြင့် ဖြစ်သော ကုသိုလ်စိတ်ကို တားမြစ်တတ်သောကြောင့် လောဘ စသော တရားတို့သည် နီဝရဏ မည်၏။

ကာမစ္ဆန္ဒနီဝရဏ = ကာမဂုဏ်ငါးပါး၌ လွန်လွန်ကဲကဲ သာယာတပ်မက်သော ရာဂ၊
ဗျာပါဒနီဝရဏ = အလုံးစုံသော ဒေါသ၊
ထိနမိဒ္ဓနီဝရဏ = ထိနမိဒ္ဓ နှစ်ပါးစုံ၊
ဥဒ္ဓစ္စကုက္ကုစနီဝရဏ = ဥဒ္ဓစ္စကုက္ကုစ္စ နှစ်ပါးစုံ၊
ဝိစိကိစ္ဆာနီဝရဏ = ဝိစိကိစ္ဆာစေတသိက်၊
အဝိဇ္ဇနီဝရဏ = မောဟစေတသိက် ဟူ၍ ၆-ပါး ရှိ၏။

ထိနမိဒ္ဓနီဝရဏနှင့် ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏတို့မှာ ‘ထိန’၊ ‘မိဒ္ဓ’၊ ‘ဥဒ္ဓစ္စ’၊ ‘ကုက္ကုစ္စ’တို့သည် စေတသိက်တစ်ခုစီ ဖြစ်ကြ၏။ ထို့ကြောင့် နီဝရဏ၏ တရားကိုယ်မှာ ၈-ပါး ဖြစ်၏။

ထိနနှင့် မိဒ္ဓကို နီဝရဏတစ်ခု၊ ဥဒ္ဓစ္စနှင့် ကုက္ကုစ္စကို နီဝရဏတစ်ခုအဖြစ် ယူရခြင်းမှာ -
၎င်းတို့၏ ကိစ္စအားဖြင့် တူခြင်း၊ အကြောင်းအားဖြင့် တူခြင်း၊ ဆန့်ကျင်ဘက်အားဖြင့် တူခြင်းတို့ကြောင့် ဖြစ်၏။

ထိနမိဒ္ဓတို့၏ ကိစ္စမှာ ထိုင်းမှိုင်းခြင်း၊ အကြောင်းမှာ ပျင်းရိခြင်း၊ ဆန့်ကျင်ဘက်မှာ ဝီရိယအားဖြင့် တူ၏။
ဥဒ္ဓစ္စနှင့်ကုက္ကုစ္စတို့၏ ကိစ္စမှာ မငြိမ်သက် မအေးချမ်းခြင်း၊ အကြောင်းမှာ ဆွေမျိုး, စီးပွားဥစ္စာအကြောင်း ကြံစည်ခြင်း၊ ဆန့်ကျင်ဘက်မှာ သမာဓိ အားဖြင့် တူကြ၏။

(၇) အနုသယ ၇-ပါး

လျှောက်ပတ်သော အကြောင်းကို မရလျှင် မဖြစ်ပေါ်ကြကုန်ဘဲ လျှောက်ပတ်သော အကြောင်းကို ရလျှင် ဖြစ်လတ္တံ့သော သဘောတရားရှိကုန်သော တရားတို့သည် အနုသယ မည်၏။
သတ္တဝါတို့ သန္တာန်၌ အစဉ် ကိန်းဝပ်၍ နေသော ငုတ်ဓာတ်, ဝပ်ဓာတ်, မျိုးစေ့ဓာတ်တို့ပေတည်း။

ကာမရာဂါနုသယ = ကာမတရားတို့၌ သာယာနှစ်သက်တတ်သော လောဘစေတသိက်၊
ဘဝရာဂါနုသယ = မဟဂ္ဂုတ်ကုသိုလ်ဝိပါက်တို့၌ တပ်နှစ်သက်သော လောဘစေတသိက်၊
ပဋိဃာနုသယ = ဒေါသစေတသိက်၊
မာနာနုသယ = မာနစေတသိက်၊
ဒိဋ္ဌာနုသယ = ဒိဋ္ဌိစေတသိက်၊
ဝိစိကိစ္ဆာနုသယ = ဝိစိကိစ္ဆာစေတသိက်၊
အဝိဇ္ဇာနုသယ = မောဟစေတသိက် ဟူ၍ ၇-ပါး ရှိ၏။

အနုသယသည် ကိလေသာထက် ထူး၏။
အနုသယမှာ အကြောင်းဆုံလာက ဖြစ်နိုင်သော သဘော၊ ကိန်းဝပ်နေသာ သဘောတရား ဖြစ်၏။
တကယ်ဖြစ်လာသောအခါ ကိလေသာ ဟု ခေါ်၏။ ဥပါဒ်, ဌီ, ဘင် အနေအားဖြင့် ဖြစ်လာလျှင် ကိလေသာ ဖြစ်သွား၏။ အနုသယ ဟု မခေါ်တော့။

ကိလေသာ ၁၀-ပါး ရှိသော်လည်း အားကောင်းပြီး ကိန်းဝပ်နိုင်သော တရား အနုသယ ၇-ပါးသာ ရှိ၏။
အချို့ကျမ်းဂန်များ၌ အနုသယကိလေသာကို အနာဂတ်ကိလေသာဟု ခေါ်၏။

(၈) သံယောဇဉ် ၁၀-ပါး

ဝဋ်ဆင်းရဲ၌ ဖွဲ့တတ်သော သဘောတရားတို့သည် သံယောဇဉ် မည်၏။
လောက၌ ရှိသော နှောင်အိမ်အမျိုးမျိုး နှောင်ကြိုးအမျိုးမျိုးနှင့်တူသော တရားတို့တည်း။

သုတ္တန္တေ အဘိဓမ္မေဟု သံယောဇဉ်ကို သုတ္တန်အလို အဘိဓမ္မာအလိုဟု နှစ်မျိုး ညွှန်ပြရာ သုတ္တန္တေဟု ဆိုသည်မှာ ဒီဃနိကာယ်အပါအဝင် သုတ်ပါထေယျပါဠိတော် (၁၀)ခုမြောက် သင်္ဂီတိသုတ်၌ လာသည်ကို ဆိုသည်။
အဘိဓမ္မေဟုဆိုသည်မှာ ဓမ္မသင်္ဂဏီပါဠိတော် သညောဇန ဂေါစ္ဆက၌ လာသည်ကို ဆိုသည်။

သုတ္တန်နည်း သံယောဇဉ် ၁၀-ပါး

(၁) ကာမရာဂသံယောဇဉ် (လောဘ)
(၂) ရူပရာဂသံယောဇဉ် (လောဘ)
(၃) အရူပရာဂသံယောဇဉ် (လောဘ)
(၄) ပဋိဃသံယောဇဉ် (ဒေါသ)
(၅) မာနသံယောဇဉ် (မာန)
(၆) ဒိဋ္ဌိသံယောဇဉ် (ဒိဋ္ဌိ)
(၇) သီလဗ္ဗတပရာမာသသံယောဇဉ် (ဒိဋ္ဌိ)
(၈) ဝိစိကိစ္ဆာသံယောဇဉ် (ဝိစိကိစ္ဆာ)
(၉) ဥဒ္ဓစ္စသံယောဇဉ် (ဥဒ္ဓစ္စ)
(၁၀) အဝိဇ္ဇာသံယောဇဉ် (မောဟ)

အဘိဓမ္မာနည်း သံယောဇဉ် ၁၀-ပါး

(၁) ကာမရာဂသံယောဇဉ် (လောဘ)
(၂) ဘဝရာဂသံယောဇဉ် (လောဘ)
(၃) ပဋိဃသံယောဇဉ် (ဒေါသ)
(၄) မာနသံယောဇဉ် (မာန)
(၅) ဒိဋ္ဌိသံယောဇဉ် (ဒိဋ္ဌိ)
(၆) သီလဗ္ဗတပရာမာသသံယောဇဉ် (ဒိဋ္ဌိ)
(၇) ဝိစိကိစ္ဆာသံယောဇဉ် (ဝိစိကိစ္ဆာ)
(၈) ဣဿာသံယောဇဉ် (ဣဿာ)
(၉) မစ္ဆရိယသံယောဇဉ် (မစ္ဆရိယ)
(၁၀) အဝိဇ္ဇာသံယောဇဉ် (မောဟ)

သံယောဇဉ်မှာ ကာမဘုံနှင့်ဆိုင်သော သံယောဇဉ် (အောက်ဘက်ကို ချည်နှောင်တတ်သော တရား) သြရမ္ဘာဂိယ (ကာမရာဂသံယောဇဉ်၊ ပဋိဃသံယောဇဉ်၊ ဒိဋ္ဌိသံယောဇဉ်၊ သီလဗ္ဗတပရာမာသသံယောဇဉ်၊ ဝိစိကိစ္ဆာသံယောဇဉ်)နှင့် ရူပဘုံနှင့်ဆိုင်သော သံယောဇဉ် (အထက်ကို ဆွဲတတ် ချည်နှောင်တတ်သော တရား) ဥဒ္ဓမ္ဘာဂိယ (ရူပရာဂသံယောဇဉ်၊ အရူပရာဂသံယောဇဉ်၊ မာနသံယောဇဉ်၊ ဥဒ္ဓစ္စသံယောဇဉ်၊ အဝိဇ္ဇာသံယောဇဉ်) ဟု ခွဲခြားပြသည်ကို တွေ့ရတတ်၏။

ယောဂ-ဂန္ထ-သံယောဇဉ်

ဤသုံးမျိုးသည် သတ္တဝါများကို ဝဋ်ဆင်းရဲမှ မလွတ်အောင် တစ်မျိုးစီ ယှဉ်စပ် ဖွဲ့နှောင်တတ်ကြသဖြင့် သဘောတူသကဲ့သို့ ရှိသော်လည်း အဝေးဘုံဘဝသို့ ရောက်စေကာမူ မိမိဘုံသို့ ပြန်ရောက်လာအောင် ကြိုးဖြင့် ဆွဲထားဘိသကဲ့သို့ ဆွဲချည် ဖွဲ့နှောင်တတ်သော သဘောသည် သံယောဇဉ်။

သံကွင်းချင်း ဖွဲ့ဆက်သကဲ့သို့ စုတိ-ပဋိသန္ဓေ, ပဋိသန္ဓေ-စုတိအားဖြင့် ရုပ်နာမ်အပေါင်းကို ဖွဲ့ဆက်တတ်သော သဘောသည် ဂန္ထ။

သစ်စေးဖြင့် ကပ်သကဲ့သို့ ဝဋ်ဒုက္ခ၌ မိမိကိန်းရာ သတ္တဝါကို ယှဉ်စပ်ကပ်ထားတတ်သော သဘောသည် ယောဂ။

(၉) ကိလေသာ ၁၀-ပါး

စိတ်၏ ပူပန်ကြောင်း ညစ်ညူးကြောင်း ကျင်နာကြောင်း ဖြစ်သောကြောင့် ကိလေသာ မည်၏။

(၁) လောဘ
(၂) ဒေါသ
(၃) မောဟ
(၄) မာန
(၅) ဒိဋ္ဌိ
(၆) ဝိစိကိစ္ဆာ
(၇) ထိန
(၈) ဥဒ္ဓစ္စ
(၉) အဟိရိက
(၁၀) အနောတ္တပ္ပ ဟူ၍ ကိလေသာ ၁၀-ပါး ရှိ၏။

+++++

တရားကိုယ်ကောက်နည်း

အကုသလသင်္ဂဟတစ်ခုလုံးအတွက် တရားကိုယ်ကောက်ပုံ အတိုချုပ်မှာ -
ကာမသဒ္ဒါ၊ ဘဝသဒ္ဒါ၊ အဘိဇ္ဈာသဒ္ဒါတို့ကို တွေ့လျှင် တရားကိုယ် လောဘကို ကောက်ရ၏။

သီလဗ္ဗတပရာမာသဣဒံ သစ္စာဘိနိဝေသအတ္တဝါဒုသဒ္ဒါတို့ကို တွေ့လျှင် တရားကိုယ် ဒိဋ္ဌိကို ကောက်ရ၏။

ဗျာပါဒသဒ္ဒါကို တွေ့လျှင် တရားကိုယ် ဒေါသကို ကောက်ရ၏။

ကျန်တရားကိုယ်များမှာ အမည်အတိုင်းပင် ဖြစ်ကြ၏။

တစ်ထောင့်ငါးရာ ကိလေသာ သရုပ်

  • နာမ်တေပညာ၊ နိပ္ဖန္နာ၊ တည်ပါ လက္ခဏ။
နာမ်တေပညာ = နာမ်တရား ၅၃
နိပ္ဖန္နာ = နိပ္ဖန္နရုပ် ၁၈
လက္ခဏ = လက္ခဏရုပ် ၎
သုံးခုပေါင်း = ၇၅
  • သန္တာန်နှစ်ဖြာ၊ မြှောက်ပွားကာ၊ တစ်ရာ့ငါးဆယ်ရ။
သူတပါး၏ သန္တာန်၊ မိမိသန္တာန် = ၂-ခုဖြင့် မြှောက်က ၁၅၀ ရ၏။
  • ယင်းကိုတခါ၊ ကိလေသာ၊ ဆယ်ဖြာ မြှောက်ပြန်ချ။
  • တစ်ထောင့်ငါးရာ၊ ကိလေသာ၊ ထိုခါ ဖြစ်သည်ပ။
၁၅၀ ကို ကိလေသာ ၁၀-ပါးဖြင့် မြှောက်က ကိလေသာ ၁၅၀၀ ဖြစ်၏။

တဏှာအစစ် တစ်ရာ့ရှစ် သရုပ်

  • တဏှာသုံးတန်၊ တည်ထားခံ၊ ‘အာ’ ‘ကာ’ ‘သန်’နှင့် မြှောက်။
  • တဏှာအစစ်၊ တစ်ရာ့ရှစ်၊ ဖြစ်၏ မှတ်လေဘိ (ဖြစ်၏ လူမှာရောက်)။
တဏှာသုံးတန် = ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ
အာ = အာရုံ ၆-ပါး
ကာ = ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလ ၃-ပါး
သန် = မိမိ၊ သူတပါး သန္တာန် ၂-ပါး

၃x၆x၃x၂ = ၁၀၈


+++++
စာကိုး
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”
ဆုထူးပန်ဆရာဟန်၏ “ဆုထူးပန်အဘိဓမ္မာ”

Read more...

လေးပတ် လေးပတ် တဲ့

ဆောင်းပါး ခေါင်းစဉ်က ဖတ်မိလိုက်တာနဲ့  နှစ်လုံး ထီဝါသနာ ပါသူက ၀၄၊ ၄၀၊ ၁၄၊၄၁၊၂၄၊၄၂ ...၉၄၊ ၄၉စသဖြင့် ပတ်ပြီးလောက်ပြီ။ အစ အဆုံး စာကို သူက ဖတ်မှာ မဟုတ်ဘူး။ ဂဏန်း ဆိုရင် ပြီးတာပဲ။ ကြားတာ နဲ့ ပဲ လိုက်ထိုး တော့တာ။ ၀ါသနာကိုး။ ၀ါသနာဆိုတော့ အခက်သား။

ပြီးတော့- ကား သူရှေ့ က ဖြတ်သွားရင်လဲ ကားနံပါတ်ကြည့်လိုက်တယ်။ ကောက်ထိုးတာပဲ။ ရွာမှာ ဆိုရင်ပေါ့ လေ။ ကားက နဲနဲ ပါးပါး ရှိတာကို။

အဲ အိပ်မက်မက်လည်း ဘာက ဘယ်လို ဆိုပြီး ဂဏန်းထဲ ၀င်အောင် အတိတ် ကောက်လိုက်တယ်။ ပေါက်တာ မပေါက်တာ အသာထား ၊ သူ့ စိတ်ထင်တာ လုပ်တော့တာပါပဲ။ ငှက်တွေ တိရ စ္ဆာန်တွက စပြီး လှုပ်ရှားတာတွေကို ကြည့်ပြီးလည်း အတိတ်ကောက်တော့တာပဲ။

အဲလိုဘဲ အယူက စွဲမိရင် မှားတာ မှန်တာ မဝေဘန်နိုင်တော့ဘူး၊ ဆင်းရဲတာကို လွတ်မြာက်ဖို့ လုပ်ကျ တာလည်း တစ်ပိုင်းပေါ့။ ပုံမှန်လေးဆိုရင် ကြီးပွါးမှာမဟုတ်ဘူး နှစ်လုံးလေးက ဆူလွယ် နပ်လွယ် ဆိုဘဲ။ ၀ါသနာပါသူ စကားပေါ့။ ကုန်လွယ် ပြောင်လွယ်တော့ သူတို့ က မပြောကြဘူးဗျ။

အဲဒီလူတွေကို လိမ်တဲ့သူတွေက အကြိုက်တွေ့ တာပေါ့၊ တစ်နေရာမှာ ဂဏန်းပေးတယ်ကြားပြီး လူအများကြီးလာတဲ့ အခါ လူအမျိုးမျိုး ကို ဂဏန်းအမျိုးမျိုးပေးတော့ ပေါက်တဲ့သူက ဟုတ်တယ် ဟေ့၊ မှန်တယ် ဟေ့ လုပ်သွားတာလေ။

လိမ်တဲ့သူကလည်း လိမ်ချင်လို့ မဟုတ်လောက်ပါဘူး၊ လိမ်လို့ ရလို့ ၊ ပိုက်ဆံရလို့ ၊ စီးပွါးဖြစ်လို့ နေမှာ ပေါ့။ တစ်ချို့  အကြီးကျယ် မဟုတ်က ဟုတ်က ကိုယ်အင်္ဂါဖေါ်ပြပြီး လိမ်တာတောင် ရှိသတဲ့။ အဲဒါ ဘာဂဏန်းဘဲ ဆိုပီး လူတွေက အတိတ်ကောက်ကြလေသတဲ့။ တကယ့်အဖြစ်ပျက်ပါ။ ယုံကြတဲ့ သူတွေက အဲလို အသိကို မရှိပဲ ယုံကြတာ။ ဆိုးပါ့။ ခုတော့ အဲဒီသူ အလိမ်ပေါ်သွားလို့  ဆက်လိမ် မရတော့ပါဘူး။

နောက်ပိုင်း ဘယ်သူတွေ နိုင်သလဲ ဆိုတော့ ထိုးသား မဟုတ်တဲ့ ဒိုင်မဟုတ်တဲ့ သူတွေက နိုင်သွား တယ်။ ငွေရတာပေါ့လေ။ အကောက်ရတဲ့ သဘောပေါ့။ ကဲရှိစေတော့။

သူများ အကြောင်း ပြောချင်လို့  မဟုတ်ပါဘူး ၊ အဲလိုမျိုး ဂျာမဏီ ဂဏန်းတဲ့ ဟေ့ ဆိုပြီး နာမည်ကြီး မှာ စိုးလို့ ပါ။ ပေါက်ရင်တော်ရဲ့ ၊ ကိုယ်ကအချောင် နာမည်ရမယ်။ မပေါက်ရင် ပေါက်လိမ့်မယ်။ ဂဲနဲ့ ။ အဲ .. စာနဲ့ ။ ( အဟီး) ။

တကယ်တမ်း ခုဘ၀ ဒိဋ္ဌဓမ္မ မှာ ကြီးပွါးလိုလို့ 
လေးပတ်ချင်သူကတော့ -


၁။မှန်မှန်ကန်ကန် ထထကြွကြွ လုပ်ကိုင်ကြရမယ်လေး။
၂။ရရှိတဲ့ ပစ္စည်းဥစ္စာကို သေချာစွာ စုဆောင်းထားရမယ်လေး။
၃။မိတ်ကောင်းဆွေကောင်း ထားရမယ်လေး။
၎။အ၀င်အထွက်မျှတအောင် သုံးတတ်ရမယ်လေး။

( ပြောတဲ့အတိုင်း လုပ်ကြည့်ပါလေး။
ချမ်းသာကြမယ်လေး။)

အော်- နောက်ပြီး သမ္ပရာယိက ချမ်းသာအစစ်ကို
လိုချင်လို့  လေးပတ်ချင်ရင်တော့-

၁။ရတနာ့သုံးပါး၊ ကံ၊ကံ၏အကျိုးကို
ယုံကြည်ရမယ်လေး။
၂။သီလရှိကြရမယ်လေး။
၃။စွန့်ကြဲပေးကမ်းလှူဒါန်းမှုပြုပါလေး။
၎။သာမန်အသိမှ ၀ိပဿနာ၊
အရိယာ ဉာဏ်ရရှိအောင် လုပ်ပါလေး။


ခုဘ၀ နောက်ဘ၀ ၄ချက်စီသာရှိပါတယ်။

လေး- လို့  အဆုံးသတ်ထားတာက
တိုက်တွန်းခြင်း လေးပင် ဖြစ်ပါတယ်။
( အ႒က အဂုၤတၱရနိကာယ၊ စာ-၁၄၀၊၁၊၂)။

ဒီနေ့  ကိုယ့်ကိုပြောလိုက်တဲ့ လေးပတ်ဆိုသည်ကား-

ထိုင်း ဆွမ်းဒကာမလေး ဒေါ်စုံကြိုင်းရဲ့  လေးပတ်တည်း။ ဒေါ်စုံကြိုင်းဆိုတာက ဗုဒ္ဓဟူး နေ့ စဉ် သံဃာ ရှိသလောက် အလုံအလောက် ဆွမ်းနဲ့ ခဲဖွယ်ဘောဇဉ်တွေကို လောင်းလှူနေကြ၊ ပြုံးပြုံးပျော်ပျော်နဲ့  သဒ္ဓါကောင်းတဲ့ ဒကာမလေးပါ။
အရင်တစ်ပါတ်က ဒေါ်စုံကြိုင်း နောက်အပတ် နားတဲ့ ဒကာမပေါ့။

ခုလည်း လုံဖိ နောက်လေးပတ် ဘုရားတဲ့။ ဆွမ်းလောင်းတာ နားမယ်လို လျှောက်တာပါ။ တစ်လလို့  ဒီမှာ မပြော တတ်ကြတာလား မသိဘူး၊ မြန်မာတွေကလည်း လေးပတ်လို့  သုံးသုံးသွားတာ တွေ့ ရ တယ်။

ထိုင်းကို ပြန်လည်ပါဦးမယ်တဲ့။ ပြန်လာရင် ဖုန်းဆက်မယ်တဲ့လေ၊ စက်တင်ဘာ ၄ ရက်ထိဆိုပဲ။ ပြီးတော့ အားလုံး လျှောက်တာကို ရှင်းလား လုံဖိ တဲ့။

( စိတ်ထဲမှာတော့ မြန်မာတွေ ပြောနေကျစကားလို အ၀ှါ ရေချိုးတာထက်တောင် ရှင်းသေးလို့ ၊ ပြောလိုက်ချင်သေးတေယ်။ အဟီး။
)


ဟုတ်ပါပီ။ ရှင်းပါတယ်ဗျာ။ အားလုံး ပြောတာ နားလည်ပါတယ်ပေါ့။ အဲဒါနဲ့  သူက စူပါ လုံဖိတဲ့။ အော်... သူပြောမှဘဲ စူပါ လုံဖိ ဖြစ်တော့တယ်။

( စိတ်ထဲမှာ ကိုယ့်ချီးမွမ်းတာကို သိသိသာသာ သဘောကျမိရဲ့  ၊ ကောင်းတာပြောတာ ကြိုက်သ လောက်ပြော၊ အားမနာ တမ်းပြော)။

ကိုယ်လည်း သူ ခရီးသွားမှာဆိုတော့ ကောင်းသော ခရီး ဖြစ်ပါစေဗျာ ( ခရီးချောမွေ့ ပါစေ ) လို့  နှုတ် ဆက် ပြီး အလှူခံကာ ပြန်လာခဲ့ပါတယ်။

ကဲ အားလုံး ရှင်းကြပြီနော်၊ မြန်မာပြည်ကို အဆက်သွယ်ရှိလို့ များ လေးပတ် ကကောင်းတယ် လို့ စကား လေး သွားမပြောလိုက်နဲ့ ။

ဆောင်းပါးက ကောင်းရင် ဆောင်းပါးလို့ ထည့်ပြောပါနော်။ ( အဟမ်း။ ) စကား အစအနလေး ကြားလို့  အတိတ်ကောက်ပြီး နှစ်လုံး ထီတွေထိုးပြီး နှလုံးရောဂါဖြစ်သွားမယ်။ ( ရှုံးလို့  ရှုံးလို့ )။

တကယ်တမ်း လေးပတ်စေချင်ရင်တော့ ချမ်းသာစေဖို့ ရာ ဘုရားနည်းလမ်းအတိုင်း လေးချက်ကို ပတ်မိ အောင် လုပ်ဖြစ်အောင် ပြောလိုက်ကြပါလေ။



ကိုယ့်ရဲ့ လေးပတ်ကတော့
ဗုဒ္ဓဟူးနေ့  ဆွမ်းခံ မသွားရခြင်းပါပဲ။



ဒေါ်စုံကြိုင်းရဲ့ 
လေးပတ်... လေးပတ်...

မေ့မှာစိုးလို့ - အရကျက်ထားရပေဦးမည်။

ကစား လေးပတ်ရှောင်၍
တရား လေးပတ်ဆောင် နိုင်ကြပါစေ။


မှတ်ချက်။ ။ ဆွမ်းခံ လေးပတ် ပိတ်ခြင်း
အမှတ်တရ ဆောင်းပါးပေါ့လေ။
လုံဖိ ဆိုတာက ဥူးဇင်း လို့ ထိုင်းလို သုံးနှုန်းတာပါ။

မြတ်ရောင်နီ

( ၀၅၊ ၀၈၊ ၂၀၁၀)

Read more...

သြဂုတ်လ ၆ ရက်နေ့တရားအစီအစဉ်များ...

မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၂၀း၃၀ နာရီအထိ...
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏...
၁) ပုထုဇဉ်နှင့် အရိယာတို့ရှာမှီးခြင်း မတူညီကြပုံ(ပရိယေသနသုတ်)
၂) သတိနှင့်ဆား ဥပမာပြ
၃) အသေချင်းဆက်နေတာ သံသရာ တရားတော်
၎) ဥာဏ်သုံးဥာဏ်နှင့် နိဗ္ဗာန်ရောက်ပုံ
၅) မေ့လျော့ခြင်းဘေးအကြီးဆုံးတရား
၆)သောတာပန်တည်ခြင်း အကြောင်းတရားတော်
၇)ဗုဒ္ဓဘာသာဝင်တွေလုပ်ရမည်. တရားတော်
၈) မီးရထား ဘူတာစဉ် ဥပမာပြ အဘိဏှသုတ်
၉) သီလ သမာဓိ ပညာ အရေးကြီးပုံ မဟာမိတ္တရဟန်း...

ကြာနီကန်ဆရာတော်ဘုရားကြီးဦးဇဋိလ၏....

၁)ချစ်စိတ်မရည်ရွယ်(၁+၂)
၂)မျက်ရည်တွေရေလိုသုံး(၁+၂)
၃)လေးမည်သိဒ္ဓိ(၁+၂)
၎)လူမိုက်လမ်းဆုံးဒုက္ခတုံး(၁+၂)

Read more...

Compassionate Teacher, Receptive Disciple

How do disciples conduct themselves towards a teacher with love, not hostility? Concerning this, the compassionate teacher instructs his disciples in the Dhamma, seeking their welfare and out of compassion, saying: "This is for your welfare and happiness." His disciples listen to him, lend an ear, prepare their minds for profound knowledge, they do not turn aside or move away from the teacher's instructions. In this way do disciples conduct themselves towards a teacher with love, not hostility. Therefore, conduct yourselves towards me with love, not hostility, and it will be for your welfare and happiness for a long time.
I shall not treat you the way the potter treats damp clay. Repeatedly admonishing I shall speak, repeatedly testing. One who is sound will stand the test. (M.III.117-18)
0 comments

Read more...

“စစ်မှန်တဲ့ ချမ်းသာခြင်းဆိုတာ”

ဗုဒ္ဓမြတ်စွာရဲ့ ပရမတ္ထဓမ္မများကို ကိလေသာအပှုဘေးမှ ကင်းကွာတဲ့ချမ်းသာရာကို ရှာဖွေခံစားလိုသူ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ အမှန်တကယ် လိုက်နာကျင့်ကြံ အားထုတ်မယ်ဆိုရင် မိမိလိုလားတဲ့ ကိလေသာအပှုကင်းရာဖြစ်တဲ့ ချမ်းသားခြင်းများကို နိဗ္ဗာန်တိုင်အောင် ရရှိနိုင်ပါတယ်။ “အတ္ထာယ-သတ္တ၀ါများအတွက် ကောင်းကျိုးတရားများ ရရှိစေဖို့ရာ၊ ဟိတာယ-သတ္တ၀ါအများအတွက် အစီးအပွားရရှိစေဖို့ရာ၊ သုခါယ-သတ္တ၀ါများအတွက် ချမ်းသားခြင်းတရားများ ရရှိစေဖို့ရာ ဆိုတဲ့ ကြီးမြတ်တဲ့ ကရုဏာတော်နဲ့အတူ ဒီဘဒ္ဒကမ္ဘာမှာ သိဒ္ဓတ္ထမင်းသားဟာ ဘုရားအဖြစ်ကို ရရှိအောင် အားထုတ်တော်မှုပြီး တရားဓမ္မများကို ဟောကြားခဲ့တာပါ။”
သံသရာတစ်ဖက်ကမ်းဆိုတဲ့ နိဗ္ဗာန်ကို အရောက်ပို့နိုင်ဖို့အတွက် ဘုရားအဖြစ်ရရှိအောင် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလကြာအောင် ကျင့်ကြံအားထုတ်ခဲ့တယ်ဆိုတာလည်း ဗုဒ္ဓဘာသာဝင်များအားလုံး သိပြီးသားပါ။ ပါရမီတွေကို ဘ၀များစွာဖြည့်ကျင့်ရင်း နောက်ဆုံးဘ၀ သိဒ္ဓတ္ထမင်းသားအဖြစ်နဲ့ နန်းတော်ကိုစွန့်ခွာ မအိုခြင်းတရား၊ မနာခြင်းတရား၊ မသေခြင်းတရားများကို ရှာဖွေတွေ့ရှိပြီး သက်တော် ၃၅ နှစ်မှာပဲ ဘုရားအဖြစ်သို့ရောက်ရှိခဲ့ပါတယ်။
ဘုရားအဖြစ်သို့ ရောက်ရှိပြီး ရုပ်ခန္ဓာ ပန်းပန်းနွမ်းနယ်မှု့ကို (ဗုဒ္ဓမြတ်စွာသည် စိတ်ပင်ပန်း နွမ်းနယ်မှု့ မဖြစ်ပါ) အပန်းဖြေရင်း နောင်ဟောကြားမယ့် ဘ၀များစွာ ဖြည့်ဆည်းခဲ့တဲ့ တရားဓမ္မများကို သုံးသပ်ဆင်ခြင်ဖို့အတွက် လိုအပ်တာကြောင် ဗုဒ္ဓမြတ်စွာဟာ သတ္တသတ္တာဟ-ရက်သတ္တ (၇)ပတ် အနားယူပါတယ်။ သတ္တသတ္တာဟရဲ့ ဆဋ္ဌမသတ္တာဟအတွက် မဟာဗောဓိပင်၏ အရှေ့တောင်အရပ်မှ အလံငါးဆယ်ဝေးကွာတဲ့ မုစလိန္ဒာရေအိုင်ကြီးအနီးမှာတည်ရှိတဲ့ ကျည်းပင်အောက်မှာ မိုးဒဏ်ကာကွယ်ဖို့သင့်တော်တာကြော့င် အနားယူပါတယ်။ ဗုဒ္ဓမြတ်စွာ မုစလိန္ဒရေအိုင်ကြီးနား ကျည်းပင်အောက်မှာ ဖလသမာပတ်ဝင်စားနေခိုက်မှာ ပြင်းထန်သော မိုးကြီးရွာချလာပါတယ်။ ထိုရေအိုင်ကို ပိုင်ဆိုင်တဲ့ မုစလိန္ဒနဂါးမင်းဆိုတာရှိပါတယ်။ သူဟာ အလောင်းတော်ဘ၀ကတည်းက ဘုရားအဖြစ်ကို ရရှိအောင်ကျင့်ကြံအားထုတ်တော်မှုတဲ့ သိဒ္ဓတ္ထမင်းသားရဲ့ ကြီးမြတ်တဲ့ပညာ၊ ကြီးမားတဲ့ဝီရိယတော်များကို ကြည်ညိုခဲ့တာပါ။ ကြည်ညိုမှု့သဒ္ဓါတရား အားကြီးတာကြောင့် မုစလိန္ဒနဂါးမင်းဟာ ဗုဒ္ဓမြတ်စွာကို ရေဒဏ်၊ မိုးဒဏ်မှ ကာကွယ်ဖို့အတွက် ကြီးမားတဲ့ ပှုဇော်မှု့အခွင့်အရေးကို ရရှိတာကြောင့် သိပ်ကိုပျော်ရွှင်သွားပါတယ်။ ဒါကြောင့်လည်း မိုးများရွာချလာတော့ သူ့ရဲ့တန်ခိုးတော်နဲ့ ကြီးမားတဲ့ကိုယ်ခန္ဓာကို ဖန်ဆင်းပြီး ဗုဒ္ဓမြတ်စွာကို ခှုနှစ်ပတ်ပတ်ကာ ဦးခေါင်းတော်နဲ့ ၇ ရက်ပတ်လုံးမိုးပေးကာ မိုးဒဏ်၊ လေဒဏ်မှာ ကာကွယ်ပေးပါတယ်။ ၇ ရက်ပြည့်တော့ မိုးကြီးကလည်း ရပ်ဆဲ ဗုဒ္ဓမြတ်စွာကလည်း ဖလသမာပတ်ဝင်စားရာကထပါတယ်။
ဗုဒ္ဓမြတ်စွာ ဖလသမာပတ်ဝင်စားရာက ထတော်မှုစဉ်မှာပဲ မုစလိန္ဒနဂါးမင်းဟာ လုလင်တစ်ယောက်အသွင်ကို ဖန်ဆင်းပြီး ဗုဒ္ဓမြတ်စွာကို အရိုအသေပေး ရှိခိုးပှုဇော်လိုက်ပါတယ်။ ထိုအခါမှာ ဗုဒ္ဓမြတ်စွာက မုစလိန္ဒနဂါးမင်းကို နဂါးမင်းတို့ရဲ့သဘာဝအရ မာန်ဟုန်ပြင်းတဲ့ ဒေါသစရိုက်၊ ကာမဂုဏ်ခံစားမှု့အားကြီးတဲ့ ရာဂစရိုက်အားကြီးတာကို သိရှိတာကြောင့် သူ့စရိုက်နဲ့ သင့်လျှော်မယ့် တရားဓမ္မကို ဟောကြားပေးပါတယ်။ ဗုဒ္ဓမြတ်စွာဟာ တရားမဟောခင်မှာ ဟောကြားမယ့် သူရဲ့ စရိုက်ကိုကြည့်မြင်တော်မှုပြီးမှ ဟောကြားလေ့ရှိပါတယ်၊ ဒါကြောင့်လည်းပဲ ဗုဒ္ဓရဲ့ တရားပွဲများမှာ ကျွတ်ထိုက်သွားသောသတ္တ၀ါများ အများကြီးရှိခဲ့တာပါ။
မုစလိန္ဒနဂါးမင်းကို ဗုဒ္ဓမြတ်စွာဟောကြားတဲ့ တရားကတော့ ချမ်းသာခြင်းကို ဖြစ်စေတတ်တဲ့ တရားတွေပါပဲ။ ချမ်းသာခြင်းကို လိုလားသူအတွက် လိုက်နာကျင့်ကြံဖို့ လိုပါတယ်။ ထိုချမ်းသာခြင်းတရားများကို လိုက်နာကျင့်ကြံလို့ရအောင် ဘယ်လိုတရားတွေလဲဆို သိရှိပြီး ရရှိအောင်အားထုတ်ဖို့ ပှုဇော်ကြည်ရအောင်ပါ။
“နဂါးမင်း၊ ဒေါသတရားကို ပယ်ပါ၊ သတ္တ၀ါအပေါင်းတို့ကို စိတ်ရော၊ ကိုယ်ပါ ထိပါးတိုက်ခိုက်ကာ ဆင်းရဲခြင်းတရားများကို ဖြစ်စေတတ်တဲ့ ဒေါသတရားကင်းခြင်းဟာ ချမ်းသာလှပါတယ်။ အာရုံငါးပါး ကာမဂုဏ်တရားတို့၌ ခုံမင်ကပ်ငြိတတ်တဲ့ ရာဂတရားကင်းခြင်းဟာလည်းပဲ ချမ်းသာလှပါတယ်။ မာန်မာနတရားကို ပယ်ပါ၊ သတ္တ၀ါများကို ညှာတာထောက်ထားကာ ညှင်းဆဲခြင်းမပြု သည်းခံခြင်းဟာလည်း ချမ်းသာလှပါတယ်။ မဂ်ဥာဏ်လေးပါးဖြင့် ရဟန္တာဖြစ်ကာ နိဗ္ဗာန်စံမြန်းရခြင်းကတော့ အချမ်းသာဆုံးပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင်နဂါးမင်းအနေနဲ့ အဟိတ်တိရစ္ဆာန်ဖြစ်ပေမယ့်လို့ ထိုချမ်းသာမှု့များကို ပြည့်စုံရရှိအောင် ကြိုးစားပါ”လို့ တိုက်တွန်းဟောကြားခဲ့ပါတယ်။
“နိဗ္ဗာနံ ပရမံ သုခံ- နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာဖြစ်တယ်” လို့လည်း ဓမ္မပဒမှာလည်း ဟောကြားထားခဲ့တာ ရှိပါတယ်။
“စစ်မှန်တဲ့ ချမ်းသာခြင်းဆိုတာ ဒေါသကိုပယ်သတ်ခြင်း၊ ရာဂကိုပယ်သတ်ခြင်း၊ မာန်မာနကို ပယ်သတ်ခြင်း၊ နိဗ္ဗာန်ရောက်အောင် အားထုတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။”
တကယ်တော့ အဟိတ်တိရစ္ဆာန်အဖြစ်နဲ့ မဂ်ဖိုလ်မရရှိနိုင်ပါဘူး။ သာမာန် ကာမာဝစရကုသိုလ်တော့ရရှိနိုင်ပါတယ်။ အထက်ပါ သုံးပါးသော ဒေါသ၊ ရာဂ၊ မာနတရားများဟာ အကုသိုလ်တရားများဖြစ်ပါတယ်။ ထိုအကုသိုလ်တရားများကို မဖြစ်အောင် လိုက်နာကျင့်ကြံနေထိုင်မယ်ဆိုရင် ကုသိုလ်ရနိုင်ပါတယ်။ ကုသိုလ်တရားများ ကိုယ့်သန္တာန်မှာ တည်ရှိနေမယ်ဆိုရင် ချမ်းသာခြင်းကိုလည်း ရရှိပါတယ်။ ဗုဒ္ဓမြတ်စွာက ဒီဘ၀မှာ ထိုတရားများကိုပယ် ကောင်းတာလုပ် နောက်ဘ၀လူ့အဖြစ်ကိုရရှိကာ မဂ်ဖိုလ်ရအောင် ကြိုးစားအားထုတ်ပါလို့ ဆိုလိုရင်းဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာ သာသနာနဲ့ တွေ့ကြံဆုံခိုက်ခွင့်ရပြီး အဖိုးတန်လှု့ဘ၀ကို ရရှိနေခိုက်မှာ အပမာဒတရားလက်ကိုင်ထားပြီး မလျှော့တဲ့ ၀ီရိယတရားနဲ့အတူ အလွန်ကဲဆုံး ချမ်းသာဆုံးဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ရရှိအောင် ကြိုးစားသင့်ပါတယ်။
(ဥယျာဉ်မှုးလေး)

Read more...

ဘုန်းဘုန်းထံ ပေးစာ (၅)

မိတ်ဆက်

ကျောင်းအမ တစ်ယောက်၏ ဘာသာရေး လူမှု့ရေး ပတ်သက်သည့် ပေးစာများကို ဖော်ပြခဲ့ရာ ယခုဆိုရင် အပိုင်း (၅) ပင်ရောက်ခဲ့ပြီ။ ဤအပိုင်း (၅) တွင် တောင်ပေါ်ဒေသတွင် သီတင်းသုံးတော်မူကြသော ရဟန်းတော်များ ကိုရင်များနှင့် သူတော်စဉ်များအား နှစ်စဉ် ဆန် ဆီ ပဲ အစရှိသည့် အခြောက်အခြမ်းများကို လှူဒါန်းသည့် အစီအစဉ်လေးတစ်ခု ဖြစ်ပါသည်။ တောင်ပေါ်ဒေသများသည် ယေဘုယျအားဖြင့် မြေပြန့်ဒေသများထက် အစစ အရာရာ အခက်အခဲများ ရှိနေပါလိမ့်မည်။ ထိုအခက်အခဲများကို သိမ်ကြီးဈေးအေရုံ/ ဘီရုံဈေးသူဈေးသားတွေရက ဖြေရှင်းပေးခြင်းပဲ ဖြစ်ပါသည်။ ထိုအဖွဲ့တွင် လိုက်ပါဝင်ခဲ့သော ကျောင်းအမ၏ ပေးစာအတိုင်း ၀မ်းမြောက်နုမော် သာဓုခေါ်နိုင်ရန် တင်ပြလိုက်ပါသည်။

ဦးဇင်းလေးဘုရား

ဒီတစ်ခါတပည့်တော်မတို့ သိမ်ကြီးဈေးအေရုံ/ ဘီရုံဈေးသူဈေးသားတွေရဲ့ ၀ါတွင်းအလှူလေးတစ်ခုအကြောင်း
လျှောက်ထားချင်ပါတယ်ဘုရား။

(၃၀-၇-၂၀၁၀) သောကြာနေ့ ညချမ်းအချိန် ဗဟန်းကြားတောရလမ်းမှာရှိတဲ့ သိမ်ကြီးဈေး ဓမ္မာရုံမှာ လူစု လူဝေးနှင့် စည်းကားနေကြပါတယ်ဘုရား။ စည်ကားရတဲ့အကြောင်းရင်ကတော့ သိမ်ကြီးဈေး သူဈေးသားတွေက မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားကြီးကို ရွှေကြာသင်္ကန်းကပ်ပွဲနှင့် ထိုတောင်တန်း အနီးတ၀ိုက်မှာရှိကြတဲ့ ဘုန်းတော်ကြီးကျောင်းများကို ၀ါတွင်းရိက္ခာများကို သွားရောက်လှူဒါန်းဖို့အတွက် စုရုံးရောက်ရှိနေကြခြင်းဖြစ်ပါတယ်ဘုရား။ တပည့်တော်တို့ သိမ်ကြီးဈေးအဖွဲ့သူအဖွဲ့သားများ ရဲ့ ယခု အလှူသည် (၂၈)ကြိမ်မြောက် ဖြစ်ပါတယ်ဘုရား။ ရှေးရှေးက ဈေးလူကြီးများ လက်ထက်ကစ ယခု မျိုးဆက်သစ်တွေ အထိ ယခုကဲ့သို့ လှူဒါန်းလာကြတာ ပါဘုရား။

လှူဒါန်းရန် လှူဖွယ်ပစ္စည်းများကို ကုန်တင်ကားကြီးများနှင့် သယ်ဆောင်ပြီး ကိုယ်တိုင်ကိုယ်ကျ သဟတ္ထိက အလှူ လှူလိုသော အလှူရှင်များကတော့ လေအိတ်ကား(၃)စီးနှင့် သွားကြပါတယ်ဘုရား။ အဖွဲ့အားလုံး တစုတဝေးတည်း ည(၉)နာရီမှာ ဓမ္မာရုံကနေ စတင်ထွက်ခွာလာကြပါတယ်ဘုရား၊

နောက်တနေ့ မနက်စောစော တောင်ပေါ်ကားလမ်းဖွင့်ဖွင့်ခြင်း ကုန်တင်ကားပေါ်မှ ပစ္စည်းများကို တောင်ပေါ်တက်ကားပေါ်သို့ တဆင့်ပြောင်းတင်ပြီး သယ်ယူရပါတယ်ဘုရား၊ လိုက်ပါကြသော အလှူရှင်တွေကလဲ တောင်တက်ကားများနှင့် ကျိုက်ထီးရိုးတောင်ပ်ါသို့ တက်ကြရပါတယ်ဘုရား။

တောင်တက်ကားတွေက ဘုန်းဘုန်းသိတဲ့အတိုင်း မိုးတွင်းကာလလဲဖြစ်ပြန် အန္တရာယ်များတဲ့ တောင်တန်းလဲ ဖြစ်တာကြောင့် ခက်ခက်ခဲခဲနှင့် တက်ခဲ့ရပါတယ်ဘုရား၊ အလွန်များတာကြောင့် ကြောက်စိတ်တွေရှိခဲ့ပေမဲ့ ထို ကြောက်စိတ်တွေကို နေ့စဉ် ရွတ်ဖတ်ထားတဲ့ မြတ်ဗုဒ္ဓ၏ ရွှေနှုတ်တော်မှ ထွက်လာသော စကားများကို တတွတ်တွတ်နဲ့ ရွတ်ရင်း အလှူကြီးတစ်ခုအတွက် ရင်ထဲကပီတိလေးနဲ့ဖြေဖျောက်ကာတောင်ပ်ါသို့ တက်လာကြရပါတယ်ဘုရား။ ကားမောင်းသမားတွေရဲ့ ကျွမ်းကျင်မှု့ကို ယုံကြည်ချက်လေးနှင့် ကြောက်စိတ်လေးတွေ နည်းသွားပါတယ်ဘုရား။ ဒီနှစ် တပည့်တော်တို့အဖွဲ့ အရမ်းကံကောင်းပါတယ်ဘုရား တောင်တက်ကော အဆင်းကော မိုးမရွာဘဲ ရာသီဥတု သာသာယာယာနဲ့မို့ ပျော်စရာအရမ်းကောင်းတယ်ဘုရား။ အရှင်ဘုရားပြောသလို ဘုန်းကံရှိတဲ့သူတွေက ဘုန်းကံရှိတဲ့အလုပ်တွေကို လုပ်နေတော့ တပည့်တော်မတို့ တရားကပဲ ပြန်စောင့်ရှောက်တယ် ထင်ပါတယ်။

ဘုရားရင်ပြင်ပေါ် ရောက်တော့မှ မြူတွေဆိုင်းနေတာကြောင့် တစ်ဦးနဲ့တစ်ဦး အနီးကပ်မှ မြင်ကြရတယ်လေ၊
အဲလိုမြူတွေဆိုင်းပြီး နေရတဲ့ အရသာလေးကတော့ တပည့်တော် အခုချိန် ကျိုက်ထီးရိုးအလှူ သွားတိုင်းခံစားရတဲ့ အကြိုက်ဆုံး ခံစားချက်လေးပေါ့ဘုရား။ တပည့်တော်မအနေနဲ့ အခု အခေါက်နဲ့ ဆိုရင် (၃)ခေါက်ရှိသွားပြီဘုရား။ နေ့လည်ခင်းပိုင်းမှာ သယ်ဆောင်လာခဲ့တဲ့လှူဖွယ်ပစ္စည်းတွေကို ကြည်ညိုဖွယ်ဖြစ်အောင် စနစ်တကျ စီစဉ်ကြပါသည်ဘုရား၊ အဲဒီလို ညီညီညွတ်ညွတ်နဲ့ အခန်းအနားပြင်ဆင်ကြရတာ အလွန်ကြည်နူးစရာ ကောင်းလိုက်တာဘုရား၊ ပျော်လည်းပျော်ကြပါတယ်ဘုရား။ ဘုရားတပည့်တော်တို့ သီတဂူဆရာတော်ကြီး မိန့်တော်မူဖူးတဲ့ ဘုရားလောင်း၏ ပါရမီဖြည့်စဉ်က လမ်းစဉ်ထဲက အဘိရတိဘာဝနာ- ပျော်ပျော်ကြီး ကောင်းမှုပြု ဆိုတဲ့ စကားလေးကိုလည်း အမှတ်ရသေးတယ်ဘုရား။
နောက်ပြီးတော့ အဲဒီဒေသ အနီးတ၀ိုက်မှာ နေကြတဲ့ ချို့တဲ့တဲ့သူတွေ မရှိနွမ်းပါးတဲ့သူတွေကို ဝေငှရန်အတွက် အ၀တ်အထည်၊ စားစရာများနှင့် စာသင်ကျောင်းတွေအတွက် စာရေးးကရိယာတွေကိုလဲ စနစ်တကျ ထုပ်ပိုးကြပြီး ညနေစာအတွက် အဖွဲ့ကပဲ ပြင်ဆင် ကျွေးမွေးတဲ့ အစားအစာများ တပျော်တပါး စားသောက်ကြပါတယ်ဘုရား။ ညနေစာ ပြီးတော့ တပည့်တော်တို့ ဘော်ဒါဆောင်က လိုက်ပါလာတဲ့ အမျိုးသမီးလေးတွေနဲ့ အတူ အဖွဲ့တော်သား အားလုံး ဆံတော်ရှင်ကျိုက်ထီးရိုး ဘုရားကြီး၏ရှေ့မှာ ပန်း၊ ရေချမ်း၊ ဆီမီးများ ပူဇော်ကြကာ ၀တ်ရွတ် ကုသိုလ်ပြုကြပါတယ်ဘုရား။

(၃၁-၇-၂၀၁၀) နေ့က ရန်ကုန်က နောက်တစ်သုတ် လိုက်ပါလာတဲ့ လေအိတ်ကား(၂)စီးကလဲ တောင်ခြေသို့ရောက်လာကြောင်း သတင်းရရှိပါသည်ဘုရား၊ မနက်ပိုင်းအာရုံမှာ အလှူခံဖို့ကြွရောက်လာတဲ့
ဘုန်းကြီးကျောင်းပေါင်း (၃၄) ကျောင်းမှ သံဃာတော်များကို မုန်းဟင်းခါးဆွမ်း ဆက်ကပ် လှူဒါန်းကြပါတယ်ဘုရား၊ အဲဒီနေ့ မနက်(၇)နာရီခွဲလောက်မှာ နောက်ကလိုက်ပါလာတဲ့ အလှူရှင် ဈေးသူ/သားတွေက တောင်ပေါ်သို့ရောက်လာကြပြီး အတူပေါင်းမိကာ မနက်(၈)နာရီမှာ ဆံတော်ရှင်စေတီတ်ေကြီးအား ရွှေကြာသင်္ကန်းကပ်လှူပွဲ အခန်းအနားကို စတင်လိုက်ပါတယ်၊ အခန်းအနားအစီအစဉ်မှာ ရွှေကြာသင်္ကန်းကို အမျိုးသားများက တစ်ဖက် အမျိုးသမီးများကတစ်ဖက်စီ ကိုင်ကာ ရင်ပြင်တော်ပေါ်တွင် ပဌာန်း(၂၄ပစ္စည်း)ကို သံပြိုင်ရွတ်ဆိုကာ လှည့်လည်ပြီး စေတီတော်ကြီးကို ရွှေကြာသင်္ကန်းနှင့် သစ္စာပန်းများကို ကပ်လှုပူဇော်ကြပါတယ်ဘုရား၊ ထိုကုသိုလ်အားလုံးကို အရပ် ၁၀ မျက်နှာရှိ ဝေနေယျတို့အား အမျှအတန်းဝေကာ ပထမပိုင်းအခန်းအနားအစီအစဉ်လေးတစ်ခု ပြီး ဆုံးလိုက်ကြတယ်လေဘုရား။

ဒုတိယပိုင်း အစီအစဉ်ကိုတော့ လှုဖွယ်ပစ္စည်းများစီတန်းထားသော ဆီမီးကိုးထောင်ဓမ္မာရုံ တွင်ဆက်လက်ကျင်းပ လှူဒါန်းကြပါတယ်ဘုရား။ ဓမ္မာရုံရှေ့တွင်မှာတော့ ပေးကမ်း ဝေငှမည့် ပစ္စည်းများကို အလှူခံရန်အတွက် ထိုဒေသရှိ အရွယ်စုံ လူစုံ ရောက်ရှိနေကြပါတယ်ဘုရား၊ တပည့်တော်တို့ အတွက်တော့ သီတဂူဆရာတော်ကြီး သာသနာပြု ၂ မျိုးထဲက ministry ပေါ့ဘုရား။

အိမ်အပြန်

တောင်ပေါ်အလှူများ အားလုံးပြီးစီးကြတော့ ရန်ကုန်ပြန်ရန်အတွက် တောင်ပေါ်မှ ကားများနှင့်ပြန်ဆင်းကာ တောင်အောက်တွင် အသင့်စောင့်နေသော လေအိတ်ကားများဆီသို့ ဦးတည်ကြပါတယ်ဘုရား၊ တောင်အောက်ရောက်တော့ အိမ်အပြန်လက်ဆောင်များကို ဒေသထွက် ယိုမျိုးစုံများဝယ်ကြသေးတယ်ဘုရား၊ သီတဂူကဦးပညာနဲ့ သီတဂူစတားတို့ကို လှူဒါန်းရန်အတွက်ကတော့ ရှောက်ယိုဗူးလေး ၀ယ်ခဲ့တယ်ဘုရား။ ဒါလေးကတော့ အိမ်အပြန် ပီတိလေးပေါ့ဘုရား။ မြေပပြန့်ရောက်တော့ လမ်းခရီးမှာ ပရဟိတဂေဟာအလှူနှင့် ဝေါမြို့ရဲ့ အလှူတော်များဖြစ်ပါတယ်။

ဂေဟာအလှူ
နောက်တစ်ခုအလှူလေးလဲရှိသေးတယ်ဘုရား။ သိမ်ကြီးဈေးသူ/သားတွေရဲ့ အလှူတွေထဲမှာ အလှူတစ်လှူ ဖြစ်တဲ့ ကျိုက်ထိုမြို့မှာရှိတဲ့ ဆိတ်ဖူးတောင် ပရဟိတဂေဟာကိုလဲ ၀င်ရောက်ကာ မိဘမဲ့နေတဲ့ အရွယ်စုံ ကလေးတွေကို မိဘ သဖွယ်တာဝန်ယူပြီး ကျွေးမွေးစောင့်ရှောက်နေတဲ့ ဆရာတော်ကြီးကို ရှစ်ခိုးကန်တော့ပြီး ထိုဂေဟာအတွက် လိုအပ်နေသော ပစ္စည်းတွေကို ၀င်ရောက်လှူဒါန်းကြပါသေးတယ်ဘုရား။

ဂေဟာလေးအကြောင်းနဲနဲ ပြောပြမယ်ဘုရား၊
အဲဒီ့ဂေဟာကို ဆရာတော်ကြီးက ဦးဆောင်တည်ထောင်ထားသည်ဟု သိရပါသည်ဘုရား၊ မိဘမဲ့ နေကြတဲ့ ကလေးပေါင်း(၈၀၀)ကျော်ကို နေ့စဉ်တာဝန်ယူပြီး ဂေဟာ ကလေးတွေရဲ့ စားဝတ်နေရေးတွေအပြင် ပညာရေး၊ ကျန်းမာရေး အားလုံးအားလုံး အရေးတွေကိုလဲ ဆရာတော်ကြီးကပဲ စီမံနေရတာပါဘုရား။ ဂေဟာကိုရောက်လာတဲ့ မိဘမဲ့ကလေးတွေကို ကြီးစဉ်ငယ်လိုက် စောင့်ရှောက်ကြတာကို တွေ့ရပါတယ်ဘုရား။ ကျောင်းနေတဲ့အရွယ်ကျောင်းတက်၊ လက်မှု့ပညာတွေလဲ သင်ပေးနေပါတယ်ဘုရာ။ အဲဒီဂေဟာကနေပြီး ထူးချွန်ထက်မြက်တဲ့ လူတော်တွေအများင်္ကြီး ပေါ်ထွန်းလာခဲ့တာကို ကျောင်းရဲ့ဓမ္မာရုံ
မှာချိတ်ဆွဲထားတဲ့ ဓါတ်ပုံတွေက သာဓကပြနေတယ်ဘုရာ။ ပညာရေးတွင်မကဘူး အနုပညာတွေမှာပါ တော်ကြတယ်ဘုရား၊ တပည့်တော်တို့ကို ကရင်ဒုံးယိမ်းအကနဲ့ ကြိုဆိုနေကြတယ်ဘုရား၊

ဆိတ်ဖူးတောင်ဂေဟာမှာတော့ အလှူငွေ (၂၂)သိန်း ကျော်ကျော်လောက်တော လှူဒါန်းနိုင်ခဲ့ပါတယ်ဘုရား။
တပည့်တော်ရဲ့စိတ်ထဲမှာတော့ လှူတဲ့ငွေပမာဏ နည်းတယ်များတယ်ကပဓာနမကျဘဲ သူတို့လေးတွေလိုအပ်နေတဲ့ ကွက်လပ်ကလေးတွေကို ပရဟိတစိတ်လေးတွေနဲ့ ဖြည့်ဆည်းပေးလိုက်ရတဲ့ ပီတိကို ပိုခံစားမိရပါတယ်ဘုရား။

ပညာရေးအလှူ

နောက်တစ်ခု အလှူတော်က တပည့်တော်တို့အဖွဲ့ ရဲ့ အပြန်လမ်းခရီးမှာ ပဲခူးတိုင်း ဝေါမြို့ အဗျားကျေးရွာမှာရှိတဲ့ ပညာဒါနကျောင်းလေးကိုလဲ ၀င်ရောက်လှူဒါန်းခဲ့ပါသေးတယ်ဘုရား၊ အဲဒီ့ကျောင်းလေးကို ဦးဆောင်နေတဲ့ ဆရာတော်ကတော့ ဦးသုမင်္ဂလ ဟု ဘွဲ့အမည်တော်ရှိပါသည်ဘုရား၊ အဲဒီ့ဆရာတော်က နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှာ နည်းပြနှင့် အဆာင်မှူး တာဝန်ထမ်းဆောင်နေရင်း သူရဲ့ဇာတိမွေးရပ်မြေ အဗျားဗိုလ်တဲကျေးရွာလေးမှာ ပညာရှာနေကြသော ကျောင်းသားလူငယ် ကလေးတွေအတွက် ပညာဒါနနှင့် ရပ်ရွာတွင်း ဘာသာသာသနာအတွက်သူရဲ့ အစွမ်းနဲ့ ဖွံ့ဖြိုးတိုးတက်အောင် အားထုတ်နေပါတယ်ဘုရား။ အနီးပါတ်ဝန်းကျင်မှာရှိသော ကျေးရွာများတွင် ဘာသာရေး၊ ပညာရေးတွေကို ဖွံ့ဖြိုးတိုးတက်အောင် ပညာဒါနအလှူကို ပေးလှူနေတယ်ဘုရား၊တက္ကသိုလ်မှာ အချိန်ပိုင်းဘဲစာချပြီး ရပ်ရွာမှာ ကလေးတွေပညာရေးအတွက် အားထုတ်နေသူပါဘုရား။

ဆရာတော်က ပညာဒါနအလှူအဖြစ် ရန်ကုန်မှ ဆရာ/မများ အနီးတ၀ိုက်မှ ဆရာ/မများနှင့် လက်တွဲကာ ကျောင်းသားလူငယ်လေးတွေကို ပညာပါရမီဖြည့်ပေးနေကြပါတယ်ဘုရား။ တပည့်တော်တို့ သိမ်ကြီင်္းဈေးသူ/သားတွေကလဲ တဖက်တလမ်းက နိုင်တဲ့အားလေးတွေနဲ့ စာရေးကရိယာတွေနှင့် အလျူငွေ(၃)သိန်း တို့နဲ့ အားဖြည့်ပေးကာ အလှူဒါနလေးပါလုပ်ခဲ့ကြပါတယ်ဘုရား၊ နောင်နှစ်တွေမှာလဲ အဲဒီ့လို အလှူတွေကိုဆက်လက်လှူဒါန်းနိုင်အောင် ကြိုးစားပါ့မယ်လို့ ဈေးဥက္ကဋ္ဌက ဆရာတော်ကြီးအားလျှောက်ထားသံကို ကြားလိုက်ရတော့ တပည့်တော်တို့လဲ တာဝန်ပိုပြီးရှိလာကြပြီလို့ မှတ်လိုက်ကြပါတယ်ဘုရား။

အလှူအားလုံး

ဦးဇင်းလေးဘုရား စာတွေလည်း ရှည်သွားပြီထင်တယ်၊ နိဂုံးချုပ်ပြောပြတော့မယ်ဘုရား--
ဒီနှစ် ၂၀၁၀ မှာ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီးမှာ သိမ်ကြီးဈေးသူ/သားတွေ လှူဒါန်းနိုင်ခဲ့တဲ့ အလှူက သိန်း(၁၀၀)ကျော်ပါတယ်ဘုရား။ တပည့်တော်တို့ရဲ့ စုပေါင်းပြီး လှူဒါန်းလိုက်ရတဲ့ အလှူလေးကိုပြန်ပြီး ပီတိဖြစ်ကြရတယ်ဘုရား။ ၀ါတွင်းကာလအတွက် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီး အနီးပတ်ဝန်းကျင် ဘုန်းကြီးကျောင်းတွေကို လှုဒါန်းပွဲအခန်းအနားလေးပြီးတော့ ကြွရောက်လာကြတဲ့ သံဃာတော်များကို နေ့ဆွမ်းအဖြစ် ဒံပေါက်ဆွမ်းများ ဆက်ကပ်ကြပါတယ်ဘုရား။

လိုက်ပါလာသော အလှူရှင်များကိုလဲ ဒံပေါက်နဲ့ပဲ ဧည့်ခံကြပါတယ်ဘုရား။ဒီနှစ်ဝါဆို အလှူအပြန်လမ်းလေးမှာတော့ သာသနာပြုလုပ်ငန်းတွေကို ဆက်လက်ထမ်းဆောင်ရမဲ့ အရေးကိုကြိုပြီး သီတဂူဆရာတော်ကြီးရဲ့ သီတဂူအဓိဌာန်ကို ပြန်လည်ကြားယောင်ကာ ပီတိပွားများကာ အသက်ရှင်နေမျှ ကျန်းမာ ချမ်းသာစွာနဲ့ သာသနာပြုလုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်ပါစေလို့ အကြိမ်ကြိမ်အခါအခါ ဆုတောင်းနေမိပါတယ်ဘုရား။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိပါစေဘုရား၊
မပန်းစပယ် (လှဆန်းယဉ်)

ရန်ကုန်မြို့ သိမ်ကြီးဈေး အေရုံ/ဘီရုံ ဈေးသူ ဈေးသားများ၏ ကောင်းမှုကသိုလ် အ၀၀တို့ကို အားကျ ကြည်ညိုမိပါသည်၊ သာဓုလည်း အကြိမ်ကြိမ် ခေါ်မိပါသည်၊ ကောင်းမှုကုသိုလ်များကို ဝေငှ သတင်းပေးပို့သော ကျောင်းအမ မပန်းစပယ် (လှဆန်းယဉ်)အားလည်း အထူးကျေးဇူးတင်ပါသည်။
သာဓု သာဓု သာဓု

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၈-၂၀၁၀


Read more...

ထူးဆန်းထွေလာ ဖေ့မေတ္တာ

ကျွန်မမိဘများသည် သမီးချည်းမွေးသောကြောင့် မေမေက အိမ်တွင်းနတ်ထံ သားဆုပန်ပါသည်။ ဤတွင် ကျွန်မအောက် သားယောက်ျားလေးတယောက် ရခဲ့ပါသည်။ မေမေက သူ့သားကို အိမ်တွင်းကပေးတဲ့ သား၊ နတ်က ပေးတဲ့ သား-ဟုဆိုကာ အထူးဂရုစိုက်ပါသည်။ မောင်လေးက စိတ်ကြမ်းတမ်းသည်။ အပြောအဆိုလည်း ကြမ်းပါသည်။ လက်မြန်ခြေမြန် ဖြစ်ပါသည်။

ဖေဖေက ၀ပ်ရှော့ဆရာဖြစ်ပါသည်။ မောင်လေးအရွယ်ရောက်လာသောအခါ ဖေဖေနှင့်တွဲလုပ်ပါသည်။ မိန်းကလေးချည်း မွေးသည့်အနက် သာေးလးတယောက် ထွန်းကားလာ၍ အားလုံးက ၀ိုင်းချစ်ကြပါသည်။ ဖေဖေကလည်း စိတ်တိုစိတ်မြန်ဖြစ်သောကြောင့် ဖေဖေနှင့်မောင်လေး တွဲအလုပ်လုပ်တိုင်း မေမေနှင့် ကျွန်မတို့ စိတ်ဆင်းရဲရပါသည်။

ဖေဖေကလည်း မောင်လေးကို စိတ်တိုင်းမကျတိုင်း မြည်တွန်တောက်တီးနေတတ်ပါသည်။ မောင်လေးကလည်း ဖခင်မို့သာ ငြိမ်ခံနေရသည့်သဘောမျိုးပါ။ သူ့မျက်နှာကိုကြည့်လျှင် သူ ဖေဖေ့ကို အလိုမကျမှန်း သိသာပါသည်။ ဖေဖေနှင့် တယောက်တပြန်ဖြစ်မှာ အလွန်စိုးရိမ်မိပါသည်။

ကျွန်မတို့စိုးရိမ်နေသော တနေ့ကို ရောက်လာသည်။ ဖေဖေနှင့်မောင်လေးတို့ စက်တလုံးကိုပြင်ဆင်နေသည်။ ကျွန်မတို့ ညီအမများနှင့် မေမေက အနီးအပါးမှာပင် ကိုယ့်အလုပ် ကိုယ်လုပ်နေကြသည်။ ဖေဖေက ဘာဖြစ်သွားသည်မသိ။ မော်ငလေးကို -ငါ ----တယ်-ဆိုပြီး ပြောလိုက်ရာ မောင်လေးက အနီးရှိ နှစ်တလက်မ တုတ်တချောင်းကိုဆွဲပြီး ဖေဖေ့ကို ပြန်ရိုက်ဖို့ ရွယ်လိုက်ပါသည်။ ထိုအချိန်တွင် မေမေက-

ဟဲ့သား၊ အဲဒါ နှင့်အဖေလေ၊ နင့်အဖေ သား ကံကြီးထိုက်လိမ့်မယ်၊ သား သတိထားပါ။ တုတ်ချလိုက်၊ အခု တုတ်ချလိုက်-ဟု အော်ပါသည်။
ထိုအခါမှ ကျွန်မတို့လည်း ကြောင်ကြည့်နေရာမှ အဖေ့အနား ပြေးသူပြေး၊ မောင်လေးအနား ပြေးသူပြေး ပြေးကြပါသည်။ မောင်လေးကလည်း မေမေ့အသံကြားလိုက်၍ တုတ်ကိုပစ်ချလိုက်ပြီး ချာခနဲ လှည့်ထွက်သွား ပါသည်။ မေမေနှင့် ကျွန်မတို့ညီအမများ ငိုကျန်ခဲ့ပါသည်။ ဖေဖေကမူ ဗျစ်တောက်ဗျစ်တောက် ပြောတုန်းပင်။

နောက်တနေ့တွင် မေမေက မောင်လေးကို ပဉ္စင်းတက်ပေးပါသည်။ အပြစ်များကျေအောင် ဖြစ်ပါသည်။ ပဉ္စင်းတက်ပွဲသို့ ဖေဖေ မလာပါ။ ဖေဖေက ငါခွင့်လွှတ်အောင် ပဉ္စင်းဝတ်တာ။ ငါက သူ့ကို ထိုက်ကန်တော့ရ မှာလား-ဆိုရာ ကျွန်မတို့ ငိုရပြန်ပါသည်။

သည်အဖြစ်များမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀-ခန့်က ဖြစ်ပါသည်။ သို့သော် ကျွန်မမျက်စိထဲ၌ ရုပ်ရှင်ပြသလို စွဲနေအောင် မြင်ယောင်နေပါသည်။ ဖေဖေနှင့်မေမေလည်း မရှိတော့ပါ။ ကျွန်မမောင်လေးလည်း အိမ်ထောင်ကျပြီး သားလေးများ မွေးပါသည်။ သို့သော် သူ့လိုမဆိုးကြဘဲ လိမ္မာကြပါသည်။ ထို့ကြောင့် ကျွန်မတို့လည်း စိတ်ချမ်းသာရပါတယ်။

သို့သော် မကြာပါ။ မောင်လေးတွင် လူတကာကြောက်သော ကင်ဆာဆိုသည့် ရောဂါဆိုးကြီး ၀င်ရောက်လာ ပါသည်။ ထူးဆန်းသည်မှာ င်ဆာအမည်မတပ်မီ မောင်လေးတွင် နှလုံးရောဂါ အပြင်းအထန် ခံစားရသည်။ ဆေးရုံတက်ကုသရာ ငွေအလွန်ကုန်ပါသည်။ ဆေးရုံက ဆင်းသောနေ့တွင်ပင် လေဖြတ်သွားပါသည်။ လေဖြတ်ပြီး တနှစ်အကြာတွင် သည်းခြေအိတ်ခေါင်း ကင်ဆာ ဖြစ်နေပြီဟု ချောက်ချားစွာ သိလိုက်ရပါသည်။ ခြောက်လလောက်သာနေရတော့မည်ဟုလည်း ပြောပါသည်။

ကျွန်မတို့ညီအမများ ဆောက်တည်ရာမရ အပူမီးတွေတညီးညီး တောက်လောင်ခဲ့ရပါသည်။ မောင်လေးကို တလှည့်စီ ပြုစုယုယကြပါသည်။ ထိုအချိန်တွင် မောင်လေးက ဖေဖေ့ကို တုတ်နှင့်ရွယ်ခဲ့သည်ကို ပြန်သတိရ နေသည်ဟု ပြောပါသည်။ ကျွန်မတို့ အစိုးရိမ်ကြီးကြရပါသည်။ အာသန္နကံ အကျိုးပေးတော့မှာပါလား-ဟုတွေးကြောက်ကြပါသည်။

ဒီအကြောင်းတွေကို စိတ်ထဲမှာ ဖျောက်ပစ်ပါ-ဟု အားပေးရင်း ကျွန်မတို့ မောင်နှမများ ဖေဖေနှင့်မေမေကို တ-ပါသည်။ ဖေဖေက မောင်လေးကို ခွင့်လွှတ်ဖို့ ရင်ထဲတွင် နှစ်နှစ်ကာကာနှင့် ဆုတွေတောင်းကြပါသည်။ နေ့စဉ်လိုဖြစ်ပါသည်။

ထိုရက်များတွင် မောင်လေးရောဂါလည်း သည်းနေပါပြီ။ အသက်ကို ပင်ပန်းကြီးစွာ ရှူနေရသော မောင်လေးကိုလည်း မကြည့်ရက်တော့ပါ။ ညီစို့စို့အနံ့များလည်း လှိုင်လှိုင်ထွက်နေပါသည်။

အင်္ဂါနေ့သည် မောင်လေးမွေးနေ့ဖြစ်ပါသည်။ သတိရတချက် မရတချက်နှင့် မောင်လေးအရိုးပေါ် အရေတင်ပြီး ဦးခေါင်းရိုးပုံပေါ်နေသော မောင်လေးကို မကြည့်ရက်တော့ပါ။ ထိုအချိန်တွင် မောင်လေးကိုစောင့်ရန် ခေါ်ထားသော သူနာပြုဆရာမလေးသည် ဆေးရုံအပြင်သို့ ကွမ်းထွက်ဝယ်ပြီး ပြန်လာပါသည်။ ထိုကွမ်းကို သတင်းစာစက္ကူနှင့် ထုပ်ထားသည်။ ကွမ်းထုပ်ကိုဖြေလိုက်ရာ ကွမ်းထုပ်ထားသည့် စက္ကူမှာ လွန်ခဲ့သော ၁၉၉၈-ခုနှစ်က ကွယ်လွန်ခဲ့သော ဖေဖေ၏ နာရေးကြော်ငြာလေးဖြစ်ကြောင်း အံ့သြစွာ တွေ့ရှိရပါသည်။

ညီအမများအားလုံး ၀ိုင်းကြည့်ပြီး တယောက်တပေါက်ပြောသံကို မောင်လေးကြားသွားပါသည်။ ဖေဖေသူ့ကို လာကြည့်တယ်။ ဖေဖေ သူ့ကိုခွင့်လွှတ်တယ်-ဟု မပီကလာ ပီကလာ ပြောပြီး ညင်သာစွာ ၀ိညာဉ် ချုပ်သွား သည်နှင့် သူ၏ မကောင်းသောအနံ့အားလုံး ပျောက်သွားသည်ကို အံ့သြဖွယ် တွေ့ရပါသည်။ ဘာအနံ့မှ မရှိတော့ပါ။

အဖြစ်အပျက်အမှန် ဖြစ်ပါသည်။ မိဘမေတ္တာ ကြီးမားလှပါသည်။ လွန်ခဲ့သော ၁၀-နှစ်က တမလွန်ဘ၀ ရောက်သွားသော ဖခင်ကြီးသည် သားဖြစ်သူ ၀ိညာဉ်မချုပ်နိုင်သေးသည်ကို လာပြီး စောင့်ရှောက်ပေးသွား သည်ဟု ယုံကြည်မိပါသည်။

ထို့ကြောင့် သားသမီးတိုင်း မိဘကို ကိုယ်ထိလက်ရောက် မပြောနှင့် စိတ်နှင့်ပင် မပြစ်မှားမိကြရန် ကျွန်မတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ထူးဆန်းထွေလာ ဖေ့မေတ္တာကို လူငယ်များအတွက် စိတ်မကောင်းစွာနှင့် ဖော်ပြလိုက်ရပါသည်။

တီတီအိပ်ခ်ျ (ပြည်)
(မြတ်မင်္ဂလာ ၂၀၀၉-ခု ဇူလိုင်လ)

Read more...

ဆူးတွင်းပစ်ဆရာတော်... အရှင်နာဂိတထေရ်...

Read more...

ကိလေသာကင်းသော၊ အပြစ်မရှိသော...

အနင်္ဂဏသုတ် မှ... (ကိလေသာကင်းသော၊ အပြစ်မရှိသော)

အသျှင်မဟာမောဂ္ဂလာန်က ''ငါ့သျှင်သာရိပုတြာ ငါ့အား ဥပမာတစ်ခု ပေါ်လာပါသည်'' ဟု အသျှင်သာရိပုတြာအား လျှောက်ကြား၏။

ငါ့သျှင်မောဂ္ဂလာန် ထို့ပမာကို ဖော်ပြောပါလော့ ဟု မိန့်ဆို၏။

ငါ့သျှင် ငါသည် အခါတစ်ပါး၌ တောင်တို့ဖြင့်။ ခံရံထားသော ရာဇဂြိုဟ်ပြည်၌ နေပါသည်။ ငါ့သျှင် ငါသည် နံနက် အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံ ဝင်သောအခါ ယာဉ်လုပ်သမား၏သား သမီတိသည် ယာဉ်၏ အကွပ်တံကူကို ရွေနေစဉ် ပဏ္ဍု၏သား ယာဉ်လုပ်သမား အမျိုးသားဖြစ်ခဲ့ဖူးသည့် တက္ကတွန်းသည် အနီး၌ ရပ်တည်နေပါသည်။

ငါ့သျှင် ပဏ္ဍု၏သား ယာဉ်လုပ်သမား အမျိုးသားဖြစ်ခဲ့ဖူးသည့် တက္ကတွန်းအား-
''ဤယာဉ်လုပ်သမား၏သား သမီတိသည် ဤအကွပ်တံကူ၏ ဤသည့်အကွေး ဤသည့် အကောက် ဤသည့် အနာအဆာကို ရွေခဲ့ပါမူ ဤအကွပ်တံကူသည် အကွေးအကောက် အနာအဆာ ကင်းလျက် စင်ကြယ်သည် ဖြစ်၍ အနှစ်၌ တည်ရာ၏'' ဟု စိတ်အကြံ ဖြစ်ပေါ်လာ၏။

ငါ့သျှင် ယာဉ်လုပ်သမား ဖြစ်ခဲ့ဖူးသည့် ပဏ္ဍု၏သား တက္ကတွန်း၏ စိတ်အကြံ အတိုင်း ယာဉ်လုပ်သမား၏သား သမီတိသည် ထိုအကွပ်တံကူ၏ ထိုသည့်အကွေး ထိုသည့်အကောက် ထိုသည့် အနာအဆာကို ရွေလေ၏။ ငါ့သျှင် ထိုအခါ ယာဉ်လုပ်သမား ဖြစ်ခဲ့ဖူးသည့် ပဏ္ဍု၏သား တက္ကတွန်းသည် ''မိမိစိတ်ဖြင့် သူတစ်ပါး စိတ်ကို သိသကဲ့သို့ ရွေလေယောင်တကား'' ဟု နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ နှစ်သက် ဝမ်းမြောက်သော စကားကို မြွက်ဆိုလေ၏။

ငါ့သျှင် ဤဥပမာအတူပင် အကြင် ပုဂ္ဂိုလ်တို့သည်...

ယုံကြည်ခြင်း သဒ္ဓါတရား မရှိကုန်ဘဲ အသက်မွေးမှုအတွက်သာ ရဟန်းပြုကုန်၏၊
သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုသူများ မဟုတ်ကြကုန်၊

စဉ်းလဲတတ်ကုန်၏၊
လှည့်ပတ်တတ်ကုန်၏၊
လိမ်လည် ကောက်ကျစ် တတ်ကုန်၏၊
ပျံ့လွင့် ကုန်၏၊
မာန်ထောင် ကုန်၏၊
လျှပ်ပေါ်လော်လည်ကုန်၏၊
နှုတ်ထွက် ကြမ်းကုန်၏၊
ပရမ်းပတာ ပြောဆိုကုန်၏၊
ဣနြေ္ဒတံခါး ပိတ်ဆို့ မထားကုန်၊
အစားအစာ၌ အတိုင်းအရှည်ကို မသိကုန်၊
နိုးကြားမှု၌ အားမစိုက်ကုန်၊
ရဟန်းတရား၌ မငဲ့ကွက်ကုန်၊
သိက္ခာပုဒ်၌ ထက်သန်သော ရိုသေ လေးစားမှု မရှိကုန်၊
လာဘ်များရန်သာ ကျင့်ကုန်၏၊
အဆုံးအမ သာသနာတော်ကို လျော့လျော့ ပေါ့ပေါ့ နာယူကုန်၏၊
ဆုတ်ယုတ်ကြောင်း၌ ရှေ့သွား ပြုကုန်၏၊
နိဗ္ဗာန် 'ဥပဓိ ဝိဝေက'၌ တာဝန်မဲ့ ဖြစ်ကြကုန်၏၊
ပျင်းရိကုန်၏၊
လုံ့လ နည်းကုန်၏၊
သတိ ကင်းကုန်၏၊
ဆင်ခြင်ဉာဏ် မရှိကြကုန်၊
မတည်ကြည် ကြကုန်၊
စိတ်လေကြ ကုန်၏၊
ပညာမဲ့ကြ ကုန်၏၊
ထိုင်းအ,သူများ ဖြစ်ကြ ကုန်၏၊

အသျှင်သာရိပုတြာသည် ဤတရား ဒေသနာတည်းဟူသော ပဲခွပ်ဖြင့် ထိုပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ)စိတ်ဖြင့် သိသကဲ့သို့ ရွေလေယောင်တကား။

အကြင် အမျိုးသားတို့သည်ကား သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြုကြကုန်၏၊ မစဉ်းလဲ တတ်ကုန်၊ မလှည့်ပတ် တတ်ကုန်၊ မလိမ်လည် မကောက်ကျစ် တတ်ကုန်၊ မပျံ့လွင့်ကုန်၊ မာန်မထောင်ကုန်၊ မလျှပ်ပေါ် မလော်လည်ကုန်၊ နှုတ်ထွက် မကြမ်းကုန်၊ ပရမ်းပတာ မပြောဆိုကုန်၊ ဣနြေ္ဒတံခါး ပိတ်ဆို့ထား ကုန်၏၊ အစားအစာ၌ အတိုင်းအရှည်ကို သိကုန်၏၊ နိုးကြားမှု၌ အားစိုက် ကုန်၏၊ ရဟန်းတရား၌ ငဲ့ကွက်ကုန်၏၊ သိက္ခာပုဒ်၌ ထက်သန်သော ရိုသေလေးစားခြင်း ရှိကုန်၏၊ လာဘ်များရန် မကျင့်ကုန်၊ (အဆုံးအမ သာသနာတော်ကို) လျော့လျော့ ပေါ့ပေါ့ မနာယူကုန်၊ ဆုတ်ယုတ်ကြောင်း၌ တာဝန်မဲ့ ဖြစ်ကုန်၏၊ နိဗ္ဗာန်'ဥပဓိ ဝိဝေက' ၌ ရှေ့သွား ပြုကုန်၏၊ ဝီရိယ ရှိကုန်၏၊ (နိဗ္ဗာန်သို့) စိတ်ကို စေလွှတ်နေ ကုန်၏၊ သတိရှိ ကုန်၏၊ ဆင်ခြင်Óဏ် ရှိကုန်၏၊ တည်ကြည် ကုန်၏၊ စိတ်မလေလွင့်ကုန်၊ ပညာ ရှိကုန်၏၊ မထိုင်းမအကုန်၊ ထိုအမျိုးသားတို့သည် အသျှင်သာရိပုတြာ၏ ဤတရား ဒေသနာကို ကြားကြကုန်၍ ''အသျှင်တို့ ကောင်းလှပေစွ၊ အသျှင်သာရိပုတြာသည် သီတင်း သုံးဖော်တို့ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေဘိ၏'' ဟု (အမြိုက်အရသာကို သောက်ကုန်ဘိသကဲ့သို့ လည်းကောင်း၊ သုဓာဘုတ်ကို စားကုန်ဘိ သကဲ့သို့ လည်းကောင်း) နှုတ်ရောစိတ်ပါ သောက်ကြ စားကြလေယောင် တကား။

ငါ့သျှင် ဥပမာသော်ကား ငယ်ရွယ်နုပျို၍ အလှပြင်လေ့ရှိသည့် ဦးခေါင်းနှင့် တကွ ရေချိုးပြီးသော မိန်းမ၊ သို့မဟုတ် ယောက်ျားသည် ကြာပန်းကို ဖြစ်စေ၊ မိုးဆွေပန်းကို ဖြစ်စေ၊ စစ်ကြီးပန်း စံပယ်ပန်းကို ဖြစ်စေ ရခဲ့သော် လက်နှစ်ဖက်ဖြင့် ခံယူကာ ဦးခေါင်းပေါ်၌ ပန်ဆင်ရာ သကဲ့သို့ အကြင်အမျိုးသားတို့သည် သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြု ကြကုန်၏၊

မစဉ်းလဲကုန်၊ မလှည့်ပတ် တတ်ကုန်၊ မလိမ်လည် မကောက်ကျစ် တတ်ကုန်၊ စိတ်မပျံ့လွင့်ကုန်၊ မာန်မထောင်ကုန်၊ မလျှပ်ပေါ် မလော်လည်ကုန်၊ နှုတ်ထွက် မကြမ်းကုန်၊ ပရမ်းပတာ မပြောဆိုကုန်၊ ဣနြေ္ဒတံခါးပိတ်ဆို့ထား ကုန်၏၊ အစားအစာ၌ အတိုင်းအရှည်ကို သိကုန်၏၊ နိုးကြားမှု၌ အားစိုက်ကုန်၏၊ ရဟန်း တရား၌ ငဲ့ကွက်ကုန်၏၊ သိက္ခာပုဒ်၌ ထက်သန်သော ရိုသေ လေးစားခြင်း ရှိကုန်၏၊ လာဘ်များရန် မကျင့်ကုန်၊ အဆုံးအမ သာသနာတော်ကို လျော့လျော့ ပေါ့ပေါ့ မနာယူကုန်၊ ဆုတ်ယုတ်ကြောင်း၌ တာဝန်မဲ့ ဖြစ်ကုန်၏၊ နိဗ္ဗာန် 'ဥပဓိဝိဝေက' ၌ ရှေ့သွား ပြုကုန်၏၊ လုံ့လ ရှိကြကုန်၏၊ နိဗ္ဗာန်သို့ စိတ်ကို စေလွှတ် နေကုန်၏၊ သတိ ရှိကုန်၏၊ ဆင်ခြင်ဥာဏ် ရှိကုန်၏၊ တည်ကြည်ကုန်၏၊ စိတ်မလေလွင့် ကုန်၊ ပညာရှိ ကုန်၏၊ မထိုင်းမအကုန်၊ ထိုအမျိုးသားတို့သည် အသျှင်သာရိပုတြာ၏ ဤတရား ဒေသနာကို နာကြားရ ကုန်၍-

''အသျှင်တို့ ကောင်းလှပေစွ၊ အသျှင်သာရိပုတြာသည် သီတင်းသုံးဖော်တို့ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေဘိ၏'' ဟု အမြိုက်အရသာကို သောက်ကုန်ဘိ သကဲ့သို့ လည်းကောင်း၊ သုဓာဘုတ်ကို စားကုန်ဘိ သကဲ့သို့ လည်းကောင်း နှုတ်ရောစိတ်ပါ သောက်ကြ စားကြလေယောင်တကား'' ဟု လျှောက်ကြား၏။

ဤသို့လျှင် ထိုအဂ္ဂသာဝက ရဟန္တာ အရှင်မြတ်ကြီး နှစ်ပါးတို့သည် အချင်းချင်း ကောင်းစွာ ဟောပြောသော စကားကို ဝမ်းမြောက်ကြလေ ကုန်သတည်း။ 63

၅ - အနင်္ဂဏသုတ်၊ မှ၊ မူလပရိယာယ၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

ဘဝရဲ့ရည်ရွယ်ချက်ဆိုတာဘာလဲ? (အပိုင်း-၁)


စာရေးသူဖတ်နေကြစာအုပ်တွေထဲက ဒေါက်တာကေသိရိံဓမ္မာနန္ဒရေးတဲ့ “The purpose of Life”စာအုပ်ဟာလည်း
စာရေးသူ ခံတွင်းတွေ့တဲ့စာအုပ်တစ်အုပ်ဖြစ်လို့ အဲဒီစာအုပ်လေးကိုဘာသာပြန်ဆိုနေပါတယ်။
ဘဝရဲ့ရည်ရွယ်ချက်ဆိုတာဘာလဲ?
ဘဝရဲ့ရည်ရွယ်ချက်ဆိုတာဘာလဲ? ဒီမေးခွန်းကတော့ လူတွေမကြာခဏမေးကြတဲ့ အများနဲ့ပတ်သတ်တဲ့
မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒီခက်ခဲနက်နဲတဲ့မေးခွန်းအတွက် စိတ်ကျေနပ်လောက်အောင် အဖြေတစ်ခုရဖို့ဆို
တာကတော့ မလွယ်ကူလှပါဘူး။ အချို့သောပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့တွေးခေါ်မှုတွေနဲ့ ဒီမေးခွန်းကို
ဖြေကြပေမယ့်လည်း အဲဒီအဖြေဟာ ပညာရှင်တွေအတွက် စိတ်ကျေနပ်လောက်တဲ့အဖြေတွေမဖြစ်ခဲ့ပါဘူး။
အကြောင်းကတော့ဘဝရဲ့ရည်ရွယ်နဲ့ပတ်သတ်လို့ဖြေကြားတဲ့သူတွေဟာ ဘဝရဲ့အဖြစ်မှန်တကယ့်ရှုထောင့်
ကို သဘောပေါက်နားလည်ဖို့နဲ့ ဓမ္မဓိဌာန်ကျကျဘဝကိုမြင်တတ်ဖို့လိုသေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
သူတို့တွေဟာ ကိုယ်ပိုင်စွမ်းရည်တွေနဲ့ ဘဝရဲ့အကြောင်းကိုသိရှိနားလည်နိုင်ဖို့ ကြိုးစားကြပါတယ်။
တချိန်တည်းမှာပဲ ဘာသာရေးဆရာတွေ၊ ဒဿနပညာရှင်ကြီးတွေ၊ ထင်ပေါ်ကျော်ကြားတဲ့ကဗျာဆရာတွေ
နဲ့ အတွေးအခေါ်ပညာရှင်ကြီးတွေဟာလည်း ဘဝအကြောင်းနဲ့ပတ်သတ်လို့ စိတ်ကျေနပ်မှုမရရှိကြပါဘူး။
ဘဝနဲ့ပတ်သတ်လို့ ပညာရှင်တွေပြောဆိုတာတွေကိုလေ့လာကြည့်တဲ့အခါ အချို့သောပညာရှင်တွေက
လည်း ဘဝရဲ့အဓိပ္ပါယ်ကိုရှင်းရှင်းလင်းလင်းမပြောဆိုနိုင်ကြပါဘူး။
ဘဝရဲ့ရည်ရွယ်ချက်နဲ့ လူ့ကိုယ်ကျင့်သိက္ခာ
ဘဝဆိုတာဟာ ဒုက္ခတရားတွေနဲ့ပြည့်နက်နေတယ်လို့တချို့ကဆိုကြပါတယ်။ တကယ်လို့ငါတို့ဟာ
ဒီလောကမှာ မမွေးဖွါးခဲ့ဘူးဆိုရင် ကောင်းဆိုးနှစ်တန်ကိုဘယ်လိုသိရမလဲလို့ ပြောဆိုကြတဲ့သူတွေရှိသလို
ဒုက္ခတရားတွေပြည့်နက်နေတဲ့ ဒီလောကကြီးမှာ ငါတို့ဘာကြောင့်မွေးဖွါးခဲ့ရတာလဲလို့မေးနေကြ၊
ပြောနေကြတဲ့သူတွေလည်းရှိပါတယ်။ သူတို့တွေဟာ ဘဝကိုဓမ္မဓိဌာန်ကျကျသိမြင်ကြတယ်လို့ နားလည်နိုင်ပေမယ့်လည်း သာမန်လူကတော့ ဘဝဆိုတာကို အပေါ်ယံပဲ နားလည်ကြပါတယ်။ အချို့လူတွေက ဘဝမှာတိကျတဲ့ရည်ရွယ်ချက်မရှိဘူးလို့ဆိုကြ ပါတယ်။ အချို့လူတွေကြတော့ ရည်ရွယ်ချက်မျိုးစုံနဲ့ မိမိဘဝကိုအကျိုးရှိရှိအသုံးချနိုင်ပါတယ်လို့ ဆိုကြပါတယ်။ အဲဒီ (Theory) အယူအဆ
ပေါ်မှာအခြေခံ၍ ငါတို့တွေဟာ မလိုအပ်တဲ့အရာတွေမှာ ဘဝကိုဖြုန်းတီးနေမယ့်အစား တခြားတန်ဖိုးရှိတဲ့အ
ရာတွေမှာ ဘဝကိုအကျိုးရှိတဲ့ရည်ရွယ်ချက်တွေနဲ့ အသုံချတတ်ဖို့အသိဉာဏ်ရှိရှိ အမြော်အမြင်ရှိရှိ ချင့်ချိန်တွေးခေါ်စဉ်းစားရပါမယ်။ ဘဝရဲ့ရည်ရွယ်ချက်ဆိုတာဟာ မိမိတို့လုပ်ဆောင်နေကြတဲ့ အလုပ်(အကျင့်) အပေါ်မှာ အခြေခံပါတယ်လို့ ပြောဆိုနိုင်ပါတယ်။ တကယ်လို့ငါတို့တွေဟာ ကောင်းတဲ့လူ့
အရည်အသွေးတွေကို ချိုးပေါက်၍ဖြစ်စေ၊ လူ့အကျင့်သိက္ခာတွေနဲ့ မကောင်းတဲ့အကျင့်စရိုက်တွေကို အရှက်တကွဲပြုလုပ်၍ဖြစ်စေ၊ မိမိရဲ့အားနည်းချက်တွေ ပျော့ညံ့နေ၍ဖြစ်စေ ဘဝရဲ့ရည်ရွယ်ချက်တွေကို အလွဲသုံးစား ပြုလုပ်ကြမယ်ဆိုရင် ဘဝမှာအကျိုးရှိတဲ့အရာတစ်ခုကို ရနိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
(ဆက်လက်ဖေါ်ပြပါအုံးမည်)
Ref: ဒေါက်တာ ကေသိရိံ ဓမ္မာနန္ဒ၏ “The purpose of Life” စာအုပ်ကိုဘာသာပြန်သည်။
ဘာသာပြန်ဆိုသူ-အရှင်နန္ဒသာရ(သစ္စာရောင်ခြည်)

Posted by အရှင်နန္ဒသာရ(သစ္စာရောင်ခြည်) on ဗုဒ္ဓဟူးနေ့၊ ဩဂုတ်လ ၄၊ ၂၀၁၀

Read more...

Management Committees

Dhammagarden Centre
Director
Dr. Ashin Indaka
Dhammacariya, B.A, M.A, PhD
Course Director
Dr. Ashin Nandaka
Dhammacariya, B.A, M.A, PhD
Dr. Ashin Parami
Dhammacariya, B.A, M.A, PhD
Dr. Ashin Nodhināna
Dhammacariya, B.A, M.A, PhD
Dr. Ashin Asabha
Dhammacariya, B.A, M.A, PhD
Administrative Manager
Ashin Devinda
Dhammacariya, B.A, M.A
Administrative Assistant
Ashin Uttama
Dhammacariya, B.A
Office Administrator
Mr. Tun Tun Zaw

Read more...

နှလုံးသားဝယ်ဘုရားတည်(၂)

Wednesday, 04 August 2010 14:38 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

တရားမမြင်၊ ဘုရားပင်၊ မမြင်ကွယ်ပျောက်ပါ။

တရားမြင်မှ၊ မြတ်ဗုဒ္ဓ၊ မုချမြင်နိုင်ပါ။

ဘုရားမမြင်၊ တရားပင်၊ မမြင်ကွယ်ပျောက်ပါ။

ဘုရားမြင်မှ၊ မြတ်ဓမ္မ၊ မုချ မြင်နိုင်ပါ။

ဘုရားမမေ့၊ တရားမွေ့၊ ကြုံတွေ့သာသနာ။

တရားမြင်သော်၊ သံဃာတော်လည်း၊

မြင်ရမြဲ၊ ထူးကဲရတနာ။

နှလုံးသားဝယ်၊ဘုရားတည်၊

တကယ်စွမ်းတဲ့ လူသားပါ။

လောကဟာ လူနောက်ကို မလိုက်ပါဘူး၊ လူကသာ လောကနောက်ကို မောနေအောင် လိုက်နေရပါတယ်။ လောကဆိုတာကလည်း စည်းသေ အောင်ခတ်ထားခြင်းမရှိ၊ ပေါ်လိုက် ပျောက်လိုက်၊ မြင့်လိုက် နိမ့်လိုက်၊ တက်လိုက်၊ ကျလိုက်၊ အေးလိုက် ပူလိုက်၊ တိုးလိုက် ဆုတ်လိုက်၊ ဘာကိုမှ ပုံသေ ဆုပ်ကိုင်ထားလို့မရ။

လူကသာ လောကကို ပိုင်ဆိုင်ချင်တယ်။ လောကက လူကို ဘာတစ်ခုမှ အပိုင်မပေး၊ အမြဲတမ်း ပြက်ရယ်ပြု ပြောင်လှောင်နေတယ်၊ ပြုံးလိုက် မဲ့လိုက်၊ ရယ်လိုက် ငိုလိုက်နဲ့ လူက လောကနောက် ဒရွက် တိုက်လိုက်နေရတယ်။ နောက်ဆုံးတော့ အပူလုံးကြွပြီး ချုံးချပိုပွဲ ဆင်လိုက်ရတယ်။ နော်ကဆုံးဘာတစ်ခု မှ ကိုင်စရာ မရှိတော့ လူကလောကကို လုံးဝအရှုံးပေးလိုက်ရ တော့တယ်။

ဒါကြောင့် လောကကို ဘောင်ခတ်ပေးနိုင်တဲ့ တရားဆိုတာ ဧကန်လိုအပ်လာတယ်။ လောကကို နိုင်တဲ့ အရာဟာ တရားတစ်ခုပဲရှိတယ်။ အဲဒီတရားကို ဖေါ်ထုတ်ပေးဖို့ ဗုဒ္ဓပေါ်လာရတာပါ။ ဗုဒ္ဓက တရားကို ဟောကြားပေးခဲ့တယ်၊ တရားကြောင့်ပဲ ဗုဒ္ဓဟာ အရှိန်အ၀ါကြီးရတယ်၊ တရားကို ရှေ့ဆုံးက လက်တွေ့ ကျင့်သုံးလိုက်နာရင်း မပျောက်အောင် စောင့်ရှောက်ပေးရတဲ့ သံဃာဆိုတာလဲ ပေါ်လာရတယ်၊ အချုပ်အား ဖြင့်တော့ လူနှင့်တက သတ္တ၀ါအားလုံး အပူငြိမ်းပြီး ချမ်းသာကြဖို့ ရတနာသုံးပါး ပေါ်ပေါက်လာရခြင်းပါ။

စိတ်ထဲမှာ အမြဲထားပြီး မြတ်နိုးလေးစား ထိုက်လို့ ဗုဒ္ဓ ဓမ္မ သံဃာကို ရတနာလို့ခေါ်ပါတယ်။ အမျိုးမှန် တဲ့ အဖိုးတန်လဲဖြစ်၊ အတူလဲမရှိနဲ့၊ တွေ့ကြုံဖို့လည်း ခက်ခဲ၊ အထက်တန်းစားပုဂ္ဂိုလ်များရဲ့ အသုံးအဆောင်လည်းဖြစ်၊ တကယ် အားရှိစရာ ပျော်စရာလည်းဖြစ်၊ ဒါကြောင့်လည်း ရတနာဖြစ်ပါတယ်။ ရတနာဟာ ရတနာလို့ အခေါ်ခံ ထိုက်လောက်အောင် စွမ်းရည်ပြည့်စုံမှသာ ရတနာ ဖြစ်လာတာဖြစ်လို့ ရတနာဟာ ရတနာလိုပဲ အားကိုး ရတာအမှန်ပါ။

မိမိတို့ နေ့စဉ် မရိုးနိုင် မ၀နိုင်အောင် ဆိုနေကြတဲ့ သရဏဂုံ(၃)ပါးမှာ အလယ်က “ဓမ္မံ သရဏံ ဂစ္ဆာမိ” ဆိုတာ သာသနာကို ပြတယ်၊ မဂ်ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန်ဆိုတဲ့ တရား(၁၀)ပါးပါ။ ဓမ္မက္ခန်ဆိုတာ ပရိယတ်ကို ပြောတာပါ။ မဂ်ဖိုလ် နိဗ္ဗာန်ကတော့ ပဋိဝေဓပါ၊ ပရိယတ်နှင့်ပဋိဝေဓကို ဆက်သွယ်ပေးတဲ့ ပဋိပတ် ဆိုတာ ကလည်း ပါသွားပါပြီး၊ သိအောင်လေ့လာခိုက် ပရိယတ်ပါ၊ လက်တွေ့ကျင့်ခိုက်မှာတော့ ပဋိပတ်ဖြစ် သွားပါ တယ်။ ချိုတဲ့ပန်းသီးလို့ သိပြီးနောက် တကယ်စားတော့ တကယ် ချိုသလိုပါပဲ၊ စာသိ-ကျင့်သိ-ထိုးထွင်းသိလို့ ပေါင်းလိုက်ရင် အသိ(၃)ပါး မြတ်တရားပါပဲ။

သာသနာဆိုတာ မြန်မာလိုတော့ အဆုံးအမ လမ်းညွှန်ပါ သာသနာဆိုတာ လူတွေထားရမယ့် ရည်ရွယ်ချက် လူတွေသွားရမယ့် လမ်းကြောင်း လူတွေ လုပ်ရမယ့် စည်းကမ်းမှုဘောင်ကို သပ်သပ် ရပ်ရပ် ပြတ်ပြတ်သားသား သတ်မှတ်ပြတယ်၊ ရည်ရွယ်ချက်မပါ၊ လမ်းကြောင်းမရျိ အစီအစဉ်မပါဘဲ ကြုံသလို သွားနေ သူဟာ မိမိရဲ့ အဖိုးတန်လှတဲ့ လူ့ဘ၀ကို ဖြုန်းပစ်နေ သူပါ။

ရည်ရွယ်ချက်ဆိုတာ ပဋိဝေဓ(မဂ်ဖိုလ်နိဗ္ဗာန်)လမ်းကြောင်းဆိုတာ ပဋိပတ်(သိက္ခာသုံးပါး ကောင်းမှုတရား) စည်းကမ်းမှုဘောင်ဆိုတာ ပရိယတ်(အချိန်တိုင်း အဖိုးတန်အောင် လုပ်ငန်းတိုင်း စွမ်းရည် ပါအောင် တိကျတဲ့ လမ်းညွှန်ချက်) ပါပဲ။ ပရိယတ်ဆိုတာ ခရီသည် လမ်းစဉ်ပြ မြေပုံကားချပ်ကြီးပါ။

လူ့အလုပ်အားလုံး လူ့စွမ်းရည်ပါဝင် စေချင်ရင် လူ့အပူငြိမ်းချင်ရင် (“ဓမ္မံ သရဏိ ဂစ္ဆာမိ”)ဆိုတဲ့ သာသနာ လမ်းကြောင်းပေါ် တက်ပေးပါ။ လူ့အလုပ်အားလုံး တရားနှင့် ပေါင်းမိရင်လည်း “ဓမ္မံ သရဏိ ဂစ္ဆာမိ” လမ်းကြောင်းပေါ်ပဲတက်ရမယ်။ “ဓမ္မံ သရဏိ ဂစ္ဆာမိ” ပြတ်သားသူအတွက် စားဝတ်နေရေး-လူမှုရေး အလုပ်အားလုံး အပူထုပ်မဟုတ်တော့ဘဲ အံ့သြစရာကောင်း လောက်အောင် နိဗ္ဗာန်ရောက်ကြောင်း တရား ကောင်းတွေ ဖြစ်သွားမှာပါ။

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”မှာပါတဲ့ ဗုဒ္ဓက သာသနာဖေါ်ထုတ်ပေးတဲ့ ပုဂ္ဂိုလ်ကိုပြတယ်၊ သာသနာကို ပစ္စေကဗုဒ္ဓါ သာဝကများ ဖေါ်ထုတ်နိုင်စွမ်း မရှိပါဘူး၊ တရားလုံးစုံ အကုန်သိမြင် ဗုဒ္ဓဘုရားရှင်တို့ရဲ့ အရာသာ ဖြစ်ပါတယ်။

ဘုရားရှင်ဟာ အကြောင်းလုံလောက်ပြည့်စုံအောင်-

(၁) သတ်မှတ်ချက်အားလုံး ပြည့်စုံရေး

(၂) သတ်မှတ်ချက် စေ့စပ်သေချာရေး

(၃) သတ်ချိန် ပြီးစီးရေး

(၄) သတ်မှတ်ချက် အရည်အသွေး ပြည့်ဝရေးအတွက် အသက်ခန္ဓာကိုတောင် အရေအတွက် မထားဘဲ ကောင်းတာအားလုံး စွန့်လွှတ်အနစ်နာခံနိုင်တဲ့ အကြောင်းကောင်း ပြည့်စုံမှုကြောင့် (၁)ဉာဏ် (၂) အပူကင်းမှု(၃) စွမ်းရည်(၄)တင့်တယ်မှုဆိုတဲ့ အကျိုးကောင်းများ တုဘက်မရှိ ပြည့်စုံခဲ့ပါတယ်။ ဒါကြောင့်လည်း အများကောင်းကျိုးအတွက် ဆောင်ရဗွက်တဲ့နေရာမှာ အံ့သြဖွယ်ကောင်းလောက်အောင် ပြည့်ဝ တိကျသေချာလွန်းလှပါတယ်။

“သံဃံ သရဏံ ဂစ္ဆာမိ” မှာပါတဲ့ သံဃာဆိုတာ သာသနာစောင့်ရှောက်သူကို ပြတယ်။ သာသနာဟာ သူ့ဟာသူ အလိုအလျောက်တည်တာမဟုတ်ဘဲ စောင့်ရှောက်သူရှိမှ တည်ပါတယ်။ မုချအားဖြင့် အရိယာ သံဃာ၊ ဥပစာအားဖြင့် ကလျာဏပုထုဇသ် ဆိုတဲ့ သမ္မုတိသံဃာက သာသနာ မပျောက် အောင် စောင့်ရှောက်ပေးတယ်၊စောင့်ရှောက်တော့လည်း မကွယ် ပျောက်ရုံလေးထိုင်ပြီး စောင့်ရှောက်နေတာ မဟုတ်ပါ။ ကိုယ်တိုင်လည်း ကျင့်ကြံကြိုး ကုတ် ပွားများအား ထုတ်တယ်၊ ကိုယ်တိုင်လည်း ကျင့်ကြံ ကြိုးကုတ် ပွားများ အားထုတ်တယ်၊ ကိုယ်သိတဲ့အတိုင်း အများသိအောင်လည်း ဂုဏ်ပကာသန လာဘ်ဘာဘ ဘာမျှ မမျှော်လင့်ဘဲ မေတ္တာကရုဏာ စစ်စ်စနဲ့ ဟောပြောပို့ချ လမ်းညွန်ဖြန့်ဝေပေးတယ်၊ တန်ဖိုးမဖြတ်နိုင်တဲ့ တရား များကို လောကပစ္စည်းနဲ့ မလဲလှယ်ဘဲ တန်ဖိုးမဖြတ်နိုင်တဲ့ မေတ္တာကရုဏာနဲ့သာ ဖြန့်ဝေပေးကြပါတယ်။

ပြီးတော့ အလယ်က “ဓမ္မ သရဏံ ဂစ္ဆာမိ” မှာပါတဲ့ ဓမ္မဟာ ဘုရားမရှိတဲ့နောက် ဗုဒ္ဓနှင့် သံဃာ မပျောက်အောင် အသက်ဂုဏ်သွင်ပေးပါတယ်။ အလယ်ကနေပြီး ရှေ့က ဗုဒ္ဓနှင့် နောက်က သံဃာကို ချိန်ခွင် ပမာ ချင့်ချိန် ချိန်တွယ်ပေးတယ်၊ အလင်းရောင်ညှိထွန်းပေးတယ်၊ နှလုံးသား ဘုရားတည်တတ်အောင် လမ်းညွှန်ပေးပါတယ်။

စေတီဆိုတာ (၄)မျိုးရှိတယ်။

(၁) ပရိဘောဂစေတီ

ဘုရားသက်တော်ထင်ရှား ရှိတော်မူစဉ်က အသုံးပြုတော်မူခဲ့တဲ့ ဗောဓိပင်၊ ပြီးတော့ အုတ်ကျောင်းလို့ ခေါ်တဲ့ အုတ်စေတီတော် စသည်ပေါ့။

(၂) ဓာတုစေတီ

ဘုရားရဲံ အရိုးဓာတ်တော် စသည်တွေ

(၃) ဥဒ္ဒိဿစေတီ

သက်တော်ထင်ရှား ဘုရားဂုဏ်ကို ရည်ရွယ်အာရုံပြုပြီး ပူဇော်ထုလုပ်ထားတဲ့ ရုပ်ပွား ဆင်းတုတွေ၊

(၄) ဓမ္မစေတီ

“ဓမ္မံ သရဏံ ဂစ္တာမိ”မှာပါတဲ့ ဓမ္မ၊ ပဓာနအားဖြင့် လမ်းညွှန် ပရိယတ္တိပါ၊ ပရိယတ္တိလမ်းညွှန်ကြောင့် ကျင့်ကြံ အားထုတ်နည်းကို သိရတော့ လမ်းမှန်အတိုင်း ကျင့်နိုင်လို့ ပဋိပတ္တိ ပေါ်လာတယ်၊ ကျင့်ကြံအား ထုတ်နည်း မှန်တဲ့အတွက် မဂ်ဖိုလ်နိဗ္ဗာန် ပဋိဝေဓကိုရတယ်၊ ပြီးတော့ ဒီပရိယတ္တိလမ်းညွန်ကြောင့်ပဲ ပရိဘောဂ-ဓာတု- ဥဒ္ဒိဿ စေတီ(၃)မျိုးကို အသက်ဂုဏ်သွင်းပြီး ကိုးကွယ်ပူဇော် တတ်တယ်၊ နှလုံးသား ဘုရားတည်တတ်တယ်။ ဓမ္မစေတီမရျိရင် ကျန်စေတီ(၃)ပါး ပျောက်သွားမှာပါ။

ဓမ္မပျောက်သွားရင် စေတီအားလုံး အုတ်ပုံကြီးတွေ ဖြစ်သွားတော့မှာ၊ တိုးလာသမျှ အုတ်ပုံကြီးတွေပဲ တိုးတော့မှာ၊ ဆင်းတုအားလုံး အရုပ်တွေဖြစ် ကုန်တော့မှာ၊ အရုပ်တွေချည်းပဲ တိုးတော့မှာ၊ ရှေးဟောင်းပစ္စည်း အလှကြည့်နိုင်တော့မှာဖြစ်တယ်၊ ဘုရားအနေနဲ့ ကိုးကါယ်ပူဇော်တတ်မှာ မဟုတ်တော့ဘူး၊ ဓမ္မမပြတ်သားရင် ဗုဒ္ဓအပေါ် အမြင်မပြတ်သားတော့ဘူး။

အိမ်တစ်အိမ်မှာ မိခင်နှင့်သမီး သားအမိ နှစ်ယောက် ရှိကြတယ်။ မိခင်က သမီးကို နေ့တိုင်း ဘုရား ရေကပ်၊ ပန်းကပ် ၊ ဆွမ်းကပ်၊ ဆီမီးကပ်ဖို့ ပြောထားတယ်၊ သမီးက ဘုရားဆွမ်းတော်ကပ်တဲ့အခါ လက်ဖက်ရည် ပန်းကန်ငယ်ငယ်လေးထဲမှာ ဇွန်းသေးသေးလေးနဲ့ ဆွမ်းတစ်ဇွန်းစာထည့် ဇွန်းဖျားကလေးနဲပ ဟင်းကလေး နည်းနည်းစီ ထည့်ပြီးတော့ ရေလေးနည်းနည်း ရောထည့် ဘုရားရှေ့သွားပြီး ဆွမ်းတော်ကပ် လိုက်တယ်။

မိခင်ဖြစ်သူမြင်တော့ ပြောတယ်။ “သမီးရယ် ဘုရား ဆွမ်းတော်ကပ်တာ နည်းလှချည်လား၊ ဆွမ်းကလဲ ဇွန်းသေးသေးလေးနဲ့ တစ်ဇွန်းစာ၊ ဟင်းကလဲ ဇွန်းဖျားလေးနဲပ တို့ရုံ ထိရုံလေး၊ ဒီလောက် ကလေးနဲ့ ဘုရားက မျှတမှာတဲ့လား” ဒီတော့ သမီးက “ အမေရယ်.. ဘုရားက ဘုဉ်ပေးတာမှ မဟုတ်ဘဲ၊ အရုပ်ကြီးပဲ၊ နည်းနည်း လေးတောင် ကုန်အောင် မဘုဉ်းပေးနိုင်တာ အများကြီး ကပ်တော့ကော ဘာထူး မှာလဲ”တဲ့။

ဒီတော့ သူ့အဖြေရှင်းသွားပြိလေ၊ သူ ဘုရားကို ဆွမ်းကပ်တာမဟုတ်ဘူး၊ အရုပ်ကို ကပ်နေတာ သေချာ သွားပြီ၊ နှလုံးသားမှာ ဘုရားတည်နိုင်တဲ့ စွမ်းရည်သူ့မှာ မရှိတာလည်း သက်သေပြနေပြီ။

ဟုတ်ပါတယ်၊ ဓမ္မပျောက်ရင်တော့ ဗုဒ္ဓပျောက်မှာ သေချာပေါက်ပါ၊ စေတီတွေ ရုပ်ပွား ဆင်းတုတွေကို အသက်ဂုဏ်သွင်းပေးတာက ဓမ္မပါ၊ ဘုရားကို ဘုရားလို မြင်အောင် ပြပေးတာလည်း ဓမ္မပါ၊ ဓမ္မအမြင်ရှင်းသူ များဟာ နှလုံးသား ဘုရားတည်နိုင်ကြပါတယ်။ တကယ်တော့ တရားမြင်မှပဲ ဘုရားမြင်မျာပါ၊ စာသိ-ကျင့်သိ- ထိုးထွင်းသိဆိုတဲ့ အသိ(၃)မျိုးမှာ အနည်းဆုံး စာသိတရားတော့ရှိထားမှ ဘုရားမြင်အောင် ကြည့်တတ်မှာပါ။

တရားမြင်သလောက်သာ ဘုရားလက်ခံမှာပါ။

ပင်လယ်ရေကို ပေတံပေကြိုးနဲ့ ရေထဲချ တိုင်းသူဟာ ပေတံပေကြိုး ရှည်သလောက်သ ရေအနက်ကို သိရမှာပါ၊ ကိုယ့်မှာရှိတဲ့ ပေတံ ပေကြိုးရဲ့ အတိုင်းအတာထက်ပိုပြီး ပယ်လယ်ရေ အနက်ကို မသိနိုင်ပါဘူး၊ အဲဒါမျိုးလိုပဲ အသိဉာဏ် ပေကြိုးရှိသလောက်သာ ဘုရားမြင်နိုင်မှာပါ၊ အသိဉာဏ်ပေကြိုး ရှည်အောင် ဓမ္မနဲ့ ဆန့်တန်းတတ်ဖို့ လိုအပ်ပါတယ်။

ပြီးတော့ ဘုရားမြင်မှလည်း တရားမြင်မှာပါ၊ တရားကို တန်ဖိုးထားမှာပါ၊ ဘုရားလည်း မမေ့ တ၇ားလည်းမွေ့မှ သာသနာနှင့်တွေ့တယ် ခေါ်ပါတယ်၊ ပိဋကစာအုပ်ကြား သင်္ကန်းပုံကြား ဘုရားကျောင်းကန် ကြားထဲ သွားလာနေရုံနဲ့ သာသနာကို မတွေ့သေးပါဘူး၊ ဒါက သာသနာံအသုံး အဆောင်တွေပါ၊ ရဟန်း သာမဏေ သံဃာတွေကြားထဲ ၀င်နေရုံနှင့်လည်း သာသနာနှင့်တွေ့တယ် မဆိုနိုင်သေးဘူး၊ ဒါကလည်း သာသနာ ၀န်ထမ်းတွေကြားထဲ ၀င်နေတာပဲရှိသေးတယ်၊ နှလုံးသားဘုရား တရားရောက်မှပဲ သာသနာနှင့် တွေ့ခွင့်ရမှာဖြစ်တယ်။

“ဓမ္မံ သရဏံ ဂစ္ဆာမိ” ပြတ်သားမှပဲ သံဃာအပေါ် အမြင်ပြတ်သားမှာပါ၊ တရားမြင်မှ သံဃာမြင်မယ်၊ သမ္မုတိသံဃာအပေါ် အရိယာသံဃာရဲ့ ဂုဏ်သွင်းပြီး ကိုးကွယ် လှူဒါန်းပူဇော်တတ်ဖို့က တ၇ားအမြင်ရှင် ဖို့လိုတယ်၊ တရားအမြင် မပြတ်သားရင် ဆွေဘုန်းကြီး မျိုးဘုန်းကြီး ရင်းနှီးတဲ့ ဘုန်းကြီးလောက်ပဲ သဘော ထားပြီး သူငယ်ချင်း သာသာလောက်ပဲ မြင်မိတတ်တယ်၊ ဓမ္မပြတ်သားမှ သံဃာကို သံဃာလို ကိုးကွယ် လှူဒါန်း ပူဇော်တတ်လိမ့်မယ်၊ စာထဲမှာ ပြထားတဲ့ အကြောင်းအရာလေးတစ်ခုရှိတယ်။

နှလုံးသားမှာ ဘုရားတည်တတ်တဲ့ ဓမ္မအမြင် ပြတ်သားပြီး သဒ္ဓါတရားအလွန်ကောင်းတဲ့ ကျောင်းဒကာကြီးတစ်ယောက်ဟာ သံဃိကဆွမ်းအလှူ လှူချင်တဲ့ဆန္ဒ ဖြစ်လာသတဲ့ အရေအတွက်ကတော့ တစ်ပါးတည်းပဲ လှူချင်တာပါတဲ့၊ ကျောင်းကိုသွားပြီး ဆ၇ာတော်ကြီးထံ အလှည့်ကျ သံဃာတော် တစ်ပါးကို လွှတ်လိုက်တယ်၊ အလှည့်ကျ ရဟန်းက သီလလုံးဝမရှိတဲ့ နယ်ကျော် ပယ်ကျော် အကျင့်ပျက် ကိုယ်တော်ကြီးဆိုပဲ။

ကျောင်းဒကာကြီးက အိမ်မှာ ရဟန္တာကို ဆက်ကပ်မယ့်ပုံစံမျိုးနဲ့ သံဃာ့ဂုဏ် အာရုံပြုပြီး အကောင်းဆုံး အမွန်မြတ်ဆုံးဖြစ်အောင် ချက်ပြုတ် စီမံနေ တယ်၊ နေရာထိုင်ခင်း ကျကျနနခင်းပန်းတွေ ခင်းပြီး အားလုံး ကိစ္စပြီးလို့ အဆင်သင့်ဖြစ်တဲ့အခါ အိမ်ပေါက်ဝကနေ လက်အုပ်ချီပြီး သံဃာတစ်ပါး အလာကို စောင့်မျှော် ကြိုဆိုနေပါတယ်။

မကြာမီသီလမရှိတဲ့ ကိုယ်တော်ကြီး သင်္ကန်းရုံ ကြွလာတာမြင်တော့ ဒီကိုယ်တော်ကြီးအကြောင်း ကောင်းကောင်း သိထားပေမယ့် သဒ္ဓါလည်း မပျက် မျက်နှာလည်း မပျက်ဘူး၊ စိတ်ထားလည်း မပြောင်းဘူး၊ တကယ့် ရဟန္တာကြီး ကြွလာသလို ပြုံးပြုံး ရွှင်ရွှင် ကြည်ကြည်လင်လင် လှိုက်လှိုက်လှဲလှဲ ၀မ်းသာအားရ ဆီးကြိုတယ်။ “ကြွတော်မူပါဘုရား၊ ကြွတော်မူပါဘုရား”လို့ ကျကျနနပန်းခင်းထားတဲ့ လမ်းအတိုင်း လက်အုပ်ချီ ပင့်သွားတယ်၊ “ဒီနေရာ သိတင်းသုံးတော်မူပါဘုရား”လို့ လျှောက် သေသေချာချာ ဦးသုံးကြိမ် ချကန်တော့ပြီးတော့ မွန်မြတ်တဲ့ ဆွမ်းခဲဖွယ် ဘောဇဉ်ကို အရိယာ သံဃာ့ဂုဏ် အာရုံပြုပြီး ၀မ်းမြောက် ၀မ်းသာ လှူတယ်။ ဆွမ်းကပ်ပြီး ပြန်သွားတော့လည်း ဒီကိုယ်တော်ကြီးကို အိမ်ပေါက်ဝအထိ လက်အုပ်ချီ ကျကျနနလိုက်ပို့ပြီး အိမ်ထဲပြန်ဝင်ခဲ့တယ်။

ဒါကြောင့် တရားအမြင်ပြတ်သားမှလည်း သံဃာအပေါ် အမြင်ရှင်းမှာဖြစ်တယ်၊ နှလုံးသားဘုရားတည် တတ်ရင် သံဃာလည်း တည်တတ်ပြီးသားပါ၊ ကောင်းမှုမျိုးစေ့ ကြဲချစိုက်ပျိုးရာ သံဃာအပေါ် အမြင် ပြတ်သားပြီး ဒါနကို ဒါနနဲ့ တူအောင်လုပ်တတ်မယ်၊ သီလ သမာဓိ ပညာကို လေးလေးနက်နက် အစစ် အမှန် ဖြစ်အောင် လုပ်တတ်မယ်၊ ဓမ္မအစွမ်းကြောင့် ရုပ်ပွားဆင်းတု စေတီ ကိုလည်း အသက်ဂုဏ်သွင်းတတ်တယ်၊ ဒုဿီလ ရဟန်းကိုတောင် သံဃာဂုဏ်သွင်းပြီး ကောင်းမှုရအောင် လိမ္မာပါးနပ်စွာ ယူတတ်ပါတယ်၊ တရား အမြင်ရှင်းသူတိုင်း လိမ္မာပါးနပ် ကျွမ်းကျင်စမြဲပါ။

ပညာကြီးလတ်၊ ဘုရားမြတ်၊ ဆည်းကပ်သူလည်း ဉာဏ်ကြီးပါ။

အပူကင်းစင်၊ ဘုရားရှင်၊ ဦးတင်သူလည်း အပူကွာ၊

တန်ခိုးကြီးငြား၊မြတ်ဘုရား၊ လေးစားသူလည်း တန်ခိုးဖြာ။

ရုပ်ဆင်းသပ္ပာယ် အံသြဖွယ်၊ ကိုးကွယ်သူလည်း အေးချမ်းပါ။

နှလုံးသားဝယ်၊ ဘုရားတည် တကယ်စွမ်းတဲ့ လူသားပါ။

လူ၏စွမ်းအား၊ မြတ်တရား၊ စိတ်ထားကောင်းဖို့ လိုရင်းပါ။

တိပိဋကဓရ ယောဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ

Read more...

သံဃာ ကွဲပြားမှု (၁၀) ပါး...

(၁) တရားမဟုတ်သည်ကို တရား ဟုတ်သည်ဟု ပြကုန်၏။
(၂) တရားဟုတ်သည်ကို တရား မဟုတ်သည်ဟု ပြကုန်၏။
(၃) ၀ိနည်း မဟုတ်သည်ကို ၀ိနည်း ဟုတ်သည်ဟု ပြကုန်၏။
(၄) ၀ိနည်း ဟုတ်သည်ကို ၀ိနည်း မဟုတ်သည်ဟု ပြကုန်၏။
(၅) ဘုရား မဟောအပ်သည်ကို ဘုရား ဟောအပ်ဟု ပြကုန်၏။
(၆) ဘုရား ဟောအပ်သည်ကို ဘုရား မဟောအပ်ဟု ပြကုန်၏။
(၇) ဘုရား မလေ့ကျက်အပ်သည်ကို ဘုရား လေ့ကျက်အပ်သည်ဟု ပြကုန်၏။
(၈) ဘုရား လေ့ကျက်အပ်သည်ကို ဘုရား မလေ့ကျက်အပ်ဟု ပြကုန်၏။
(၉) ဘုရား မပညတ်သည်ကို ဘုရား ပညတ်သည်ဟု ပြကုန်၏။
(၁၀) ဘုရား ပညတ်သည်ကို ဘုရား မပညတ်ဟု ပြကုန်၏။

Read more...

Dhamma Talk w/ Jeff Oliver Thrs 26th Aug.

by Cittasamvaro

Cool.

Our good friend, meditation teacher and popular dhamma speaker Jeff Oliver will be in Bangkok for a few days at the end of this month.

This time round he will give a talk on the topic

Attitude is Everything

At Ariyasom Villa

Thursday 26th August

Jeff:

Jeff has given a number of talks for us over the last year or so, and his easy layman’s language has proved very accessible to all. Previously he practised both as a monk for 6 years, and as a layman under the tutelige of revered Burmese master U Janaka in the Mahasi Sayadaw lineage. More recently he has been practising with the Burmese master Sayadaw U Tejaniya. Currently he is teaching meditation at various locations around the globe – wherever people invite him, with a special focus on Turkey.

Topic:

Much of dhamma is a small shift in attitude or focus of attention. Life goes on otherwise as normal – just like a small pinch of salt transforms the taste of some particular food. In particular, changing ones attitude to Suffering has big effects. Changing ones attitude to Vedana (liking and disliking – which rules the untrained heart) makes a huge difference. What shifts in attitude are required, or are useful? …..

Schedule:

6:00- 6:45pm – OPTIONAL :Yoga with Japanese teacher Natsuko (free if you want to just try it out)

6:15-6:50pm - Meet for coffee/snack at Ariyasom Villa Library

7:00 – 8:00 - Dhamma Talk with Jeff Oliver

8:00 – 8:15 - Q&A

8:15 pm – Finish (Jeff will still be around for those who want to stay longer)

Location:

Ariyasom Dhamma Hall

Directions

Could not be easier – go down Sukhumvit Soi One, right to the end, and Ariyasom is on the left.

Click the map for an even larger view (note that this map is proportional to actual distance, and has North at the top. It is less than a 10 minute walk from Ploen Chit BTS Station on Sukhumvit One

Read more...

အသာ နေ

မစ္ဆရိယ
သူ့ဘာသာ အိပ်ပျော်နေတာ
လှုပ်နှိုးစရာလိုလား
အချင်းချင်း ညှာကြလေ…။

ဣဿာ
အားအားနေ နိုးထနေတာ
လွှတ်ထားစရာလား
ကိုယ့်ကို ညှာပါလေ…။

မုဒိတာ မနိုင်တာလား!
ထားပါ...
ဥပေက္ခာ ရှိသားပဲလေး…။

ကိုပိန်
(၀၄.၀၈.၂၀၁၀)

Read more...

တစ်ခေါက်တခ်ခါ (၂)

(၁၁) ဝပ်အာနန္ဒာထိုင်းကျောင်း
AYE ခေါ် (Ayar Raja Express) လမ်းမကြီးရဲ့ဘေး Bukit Timah ဧရိယာ၊ တောင်ကုန်းလေးပေါ်မှာ တည်ရှိတဲ့ ထိုင်ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ ဗောဓိပင်နှင့် မြန်မာမှု့လက်ရာ စကျင်ကျောက်နှင့် ထုလုပ်ထားတဲ့ စကျင်ကျောက်ဘုရားကြီးတစ်ဆူ၊ကျောင်တိုက်၊ ကျောင်းဆောင်တွေက သပ်ရပ်လှပါတယ်။ တကယ်စိတ်ချမ်းသာစရာကောင်းတဲ့ ဗုဒ္ဓဘာသာ ဝင်တို့ လေ့လာစရာလေးတစ်ခုပါ ။

(၁၂) Mount favour
Sentoza ကို ကယ်ဗယ်ရထားနှင့် ဖြတ်ကျော်ကြတဲ့ တောင်ကုန်းလေးကို မောင့်ဖေဗာလို့
ခေါ်ပါတယ်။ နံနက်စောစော လမ်းလျှေက်လို့ အင်မတန်ကောင်းပါတယ်။ ကွေ့ပတ်ထားတဲ့
လမ်းလေးတွေ တစ်လျှောက်ကျန်းမာ ရေးလိုက်စားရန် သင့်တော်ပါတယ်။

(၁၃) Handason Wave
Handaason Read ပေါ်မှ တောင်ကုန်းနှစ်ခုကို ဖြတ်ပြီး ထိုးထားတဲ့ သစ်သားတံတားကြီးဖြစ်ပါတယ် ။
အတော်မြင့်မားပြီး လမ်းလျောက်သူတွေနဲ့စည်ကားနေတတ်ပါတယ် ။

(၁၄) Clementi west wood ပန်းခြံ
West coast Road, West Coast Plaza အနီးရှိ တောင်တန်းလေးတစ်လျောက် သစ်ပင် ပန်းမာန်
များစွဖြင့်လမ်းလျှောက်လို့အင်မတန်ကေင်းတဲ့ နေရာလေး တစ်ခုဖြစ်ပါတယ်။Clementiကျောင်းမှ ဘုန်းဘုန်းတွေနံနက်တိုင်းလိုလို လမ်းလျှောက်တဲ့ နေရာလေးလည်း ဖြစ်ပါတယ။်
ဂျပန် စားသောက်ဆိုင်တစ်ခုလည်းရှိတယ် ။

(၁၅) မြန်မာပြည်အတွက်လက်ဆောင်ဝယ်ချင်ရင်
Penisula Plaza အနီး Funan ဘက်မှ ရှေ့ဆက်သွားရင် High Street Plaza ကိုရောက်လိမ့်မယ်။
အဲဒီမှာ ပစ္စည်းအများစုကိုလျော့ဈေးနဲ့ ရနိုင်ပါတယ်။

(၁၆) Nirajan shop
အီလက်ထရွန်နစ်အသုံးအဆောင်များကို 30% လောက်လျော့ရောင်းပေးတဲ့ ဆိုင်တစ်ဆိုင်ဟာ Farer Park MRT, Race course Road , အမှတ် 185 ဟုထင်ပါသည်။ အထူးသဖြင့် မြန်မာတွေအသုံးတည့်တဲ့ Sony Camera 14.1 ကို $200 နဲ့ရနိုင်တယ် ။ Handset လေးတွေလည်း$130လောက်ပေးရင် ကောင်း ကောင်းရနိုင်တယ် ။ (ဆက်ရန်)

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP