* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, August 3, 2010

အချိန်ရှိခိုက် လုံ့လစိုက်

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

အချိန်သည် လူကိုမစောင့်။ အချိန်သည် မနားတမ်း တရွေ့ရွေ့ ကုန်ဆုံး၍နေပေသည်။ စက္ကန့် တွေ တိုးလာသည်နှင့် သေဖို့ရက်ကလည်း တစ်စက္ကန့်ချင်း နီးနေ၏။ “ငါနှင့်ရွယ်တူ၊ ငါ့အောက် လူ၊ ကြီးသူသေကြ များလှပြီ။ ခဏမစဲ အိုစမြဲ၊ ကိုယ်လည်း သေဘက်နီးခဲ့ချေပြီ။” သံသရာ အရေး မြှော်တွေးလို့ကြည့်လိုက်လျှင် ဘ၀တွေ မဆုံးနိုင်သမျှ ဒုက္ခတွေ ဒွန်တွဲလို့ရှိနေပါ ဦးမည်။ သံသရာခရီးသွားချင်းအတူ လက်တွဲလို့ကူကြရမည်။ တစ်ဦးအပေါ်တစ်ဦးတို့၏ တင်ခဲ့ သည့်ကျေးဇူးတရားတို့ကို တရားဖြင့်ပေးဆပ်၍ ကျေအေးနိုင်၏။
မိမိကိုယ်တိုင် တရားနှင့်နေခြင်းဖြင့် သူတစ်ပါးတို့ ချမ်းသာပွါးနိုင်ကြကုန်၏။ သူတစ်ပါးတို့ ကောင်းကျိုးချမ်းသားပွါးအောင် နေနေခြင်းသည်လည်း တရားအားထုတ်နေခြင်း ဖြစ်သည်။ အပြန်အလှန် မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရား၊ ဥပေက္ခာတရားတို့ဖြင့် အချင်းချင်း ကူညီနေကြဖြင့် အပြန်အလှန် ကျေးဇူးဆပ်ကြရာ၏။ တစ်နည်းအားဖြင့် မိမိ၏ ကိလေသာအကြွေးတို့ကို အရဟတ္တမဂ်ဉာဏ်ဖြင့် ဖျောက်နိုင်ကြပါလျှင် မိမိအပေါ် တင်ခဲ့ဖူး သမျှသော မိဘကျေးဇူးလည်းကျေပြီ၊ ဆရာ့ကျေးဇူးလည်းကျေပြီ၊ ဘုရားရှင်၏ အလိုတော် လည်း ပြည့်စုံပြီဖြစ်ခြင်းကြောင့် ဘုရားရှင်၏ကျေးဇူးကိုလည်း ပေးဆပ်နိုင်ပေပြီ။ ထိုသို့ အားထုတ်နိုင်ပြီးပါက “မဂ်ဉာဏ်ဆိုက်ရောက်၊ ကြွေးကုန်ပျောက်၊ ကဲမောက် လွန်ချမ်းမြ” နိုင်ကြပေသည်။

ဘ၀တွင် အချိန်သည် လူတိုင်းရရှိကြသည့် တူမျှသောအခွင့်အရေးတစ်ခုပင်။ အချိန်ကို မိမိတို့ ၏အသုံးချမှုအလိုက် ရရှိသည့်အကျိုးကျေးဇူးများ မတူကြပေ။ “အချိန်ရှိခိုက် လုံ့လစိုက်” နိုင်ကြရန်အတွက် အချိန်ကို မည်သို့အသုံးချကြရမည်ကို သိရှိပြီး လိုက်နာကျင့်ကြံနိုင်ကြရန် ကျေးဇူးတော်ရှင် တောင်စွန်းဓမ္မဒူတ ဆရာတော်ဘုရားကြီး ဟောကြားခဲ့သည့် တရားတော်ကို ကိုးကား၍ ဤဓမ္မဆောင်းပါးဖြင့် ကျေးဇူးဆပ် ရေးသားဖော်ပြလိုက်ပါသည်။

တစ်နေ့တာတွင် ရရှိအောင်ကြိုးစားအားထုတ်ရမည့် တရားငါးမျိုးတို့ကို မှတ်သားရလွယ်ကူ အောင် အောက်ပါလင်္ကာလေးကို ကျက်မှတ်ထားပါလေ။

ကုသိုလ်ဥစ္စာ၊ ကျန်းခန့်သာ၍၊ ပညာတန်ခိုး၊ အမျိုးမျိုးမှ၊ ထိုနေ့အတွက်၊ ကျိုးမထွက်၊ သက်သက် အချည်နှီးတည်း။” တစ်နေ့တာအတွက်-
(၁) ကုသိုလ်ရအောင်၊
(၂) ဥစ္စာရအောင်၊
(၃) ကျန်းမာအောင်၊
(၄) ပညာရအောင်၊
(၅) ဘုန်းတန်ခိုးရှိအောင် နေ့စဉ်နေ့တိုင်း ကြိုးစားကြရမည်ဖြစ်၏။

တစ်နေ့တာအတွက် လူတစ်ယောက်၏အိပ်ချိန်သည် (၈)နာရီထားလျှင် ရှစ်သုံးလီ နှစ်ဆယ့် လေး (တစ်နေ့ ၂၄ နာရီမှ သုံးပုံပုံ တစ်ပုံ)မှာ အိပ်ခြင်းဖြင့်ကုန်၏။ အသက်ခြောက်ဆယ် နေရမည့်သူအတွက် အနှစ်(၂၀) အိပ်ချိန်ဖြစ်သည်။ တစ်နေ့အတွက် ကျန်ရှိနေသော (၁၆)နာရီသည် ဖော်ပြပါအကျိုးငါးမျိုးရရှိအောင် ကြိုးစားအားထုတ်ခွင့်ရှိသော အချိန်တို့ဖြစ်၏။ သတိတရားကင်းလွတ်ခြင်းဖြင့်- ထမင်းဟင်းချက်၊ ရေချိုးအ၀တ်လျှော်၊ အ၀တ်အစားလဲ၊ အလှအပပြင်၊ ဟိုရောက်သည်ရောက် စကားလက်စုံကျ၊ ပျော်ပွဲစားထွက်၊ အချင်းချင်း မပြေလည်ကြသည့်အခါ အပြန်အလှန်ဖြေရှင်းပြကြ၊ မကျေနပ်တော့ ရုံးရောက်ဂတ်ရောက်၊ ရန်ဖြစ်လို့ ထိခိုက်ရင် ဆေးရုံတက်ဆေးကုသ၊ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် သူ့အကြောင်း အပုပ်ချ၊ သူများထက် ကိုယ်ကသာသွားရင် ငါလိုလူ ဇမ္ဗူမရှိဟု မော်ကြွားကြ၊ ထင်သလို မဖြစ်လို့ အောင်မြင်မှုတွေ မရသည့်အခါမှာလည်း ရေစုံမျှောပြီး ကိုယ့်ဘ၀ကိုယ်ဖျက်သည့် အရက်သေစာဖြင့်သာ ခံစားမှုတို့ကို ဖြေဖျောက်ကြ၊ ကိုယ့်အပေါ် မှားဖူးလျှင် သူတစ်ပါးကို နာကျင်အောင်လည်း ကလဲ့စားချေကြ၊ ထိုကဲ့သို့ပင် လူ့ဘ၀ဆိုတာက “အသက်တစ်ရာ မနေရ၊ အမှုတစ်ရာတော့ ကြုံတွေ့ရ” ဆိုသလို ပြဿနာပေါင်း သောင်းခြောက်ထောင် စုံနေအောင် ကြုံတွေ့ရသည်တွင် သံသရာနယ်ချဲ့တရား “ဒိဋ္ဌိ၊ တဏှာ၊ မာန” ဟူသော ပပဉ္စတရားတို့ဖြင့် နေကုန်အောင် ဖြေရှင်းနေကြပါလျှင် (၁၆) နာရီထဲက နှုတ်လိုက်ပါက တစ်နေ့တာအတွက် အချိန်ကို အကျိုးရှိအောင် အသုံးချသော နာရီမှာ သုညသာ အကြွင်းရှိတော့၏။ ထိုသို့ဆိုလျှင် လူ့ဘ၀ရခြင်းကား တန်ဖိုးမဲ့လှ၏။

ကျန်ရှိသည့်အချိန်တို့တွင် သတိသံဝေဂ,တရား အခါခါပွါးပြီး အချိန်ရှိခိုက် လုံ့လစိုက်မှ သင့်တော်ပေမည်။ ယီးတီးယောင်တောင် ယခုတိုင်အောင်နေနေလျှင်ကား စိတ်ချတော့ ဒုန်းဒုန်း သေမင်းက မြင်တိုင်းမုန်းတော့မည်။ သံသရာအဆက်ဆက် ဖွင့်နေကျ ဖြစ်ခဲ့သည့် ထို တဏှာဇာတ် ဓာတ်ပြားဟောင်းကြီးကိုသာ မငြီးမညူ မနားတမ်းဖွင့်နေခဲ့ကြသည်မှာ ယခုဖြင့် ငြီးငွေဖို့ သင့်လှချေပြီ။ ပြန်ပေးပါလို့ တောင်းမရတာက အချိန်၊ မကုန်ဆုံးရန် တားမရတာက လည်း အချိန်၊ ထို့ကြောင့် သတိပညာဖြင့်ချင့်ချိန်၍ အချိန်ရှိခိုက် လုံ့လစိုက် အားထုတ်မှ သင့်တော့မည်။

တစ်နေ့တာအတွက် ဖော်ပြပါတရားငါးမျိုးမှ တစ်ခုနှစ်ခုရလျှင် တော်သေးသည်၊ သုံးလေးခု ရလျှင် မဆိုးသေး၊ အားလုံးရရှိပါက ကျေနပ်စရာဖြစ်ပါသည်။ ထိုငါးမျိုး တစ်မျိုးမျိုးမှ တစ်နေ့တာအတွက် မရရှိလိုက်ပါလျှင် ထိုနေ့အတွက် သက်သက်အချည်းနှီးသော နေ့တစ်နေ့ သာဖြစ်သည်။ အကျိုးမရှိဘဲ ကုန်ဆုံးသွားသော နေ့တစ်နေ့ဖြစ်၏။ သေဖို့အတွက် စာရင်း သောက်ရင်း အိပ်ရင်းပျော်ပါးရင်းဖြင့် စောင့်နေရသည့် အလောင်းကောင်သက်သက် မဖြစ်စေ သင့်။ အလောင်းကောင်ကို အသုံးချ၍ အချိန်၏ ၀ါးမျိုးမှု အောက်မှ ရုံးထွက်ကြရမည်ဖြစ်၏။

ဘုန်းတန်ခိုးရှိအောင်ကျင့်
ကိုယ်ကျင့်သီလသည် လူ့ဘ၀တွင် ဂုဏ်သိက္ခာကို မြှင့်တင်ပေး၏။ ကြီးမြတ်ခြင်း၏အကြောင်း ဖြစ်သည်။ “သီလ၊ သမာဓိ၊ ပညာ”စသော သာသနာတော်သိက္ခာသုံးရပ်တွင် အစအဦး အခြေခံထားရမည့် တရားလည်းဖြစ်သည်။ အစ၏ကောင်းခြင်းရှိမှသာ အဆုံး၏ ကောင်းခြင်း သို့ ရောက်စေနိုင်မည့် တရားလည်းဖြစ်ပေသည်။

ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နှင့်”ဆိုသည့်အတိုင်း အပြောနှင့်အလုပ် မညီဘဲ ကျင့်ကြံ နေထိုင်ခြင်းသည် ဘုန်းတန်ခိုးကို မှေးမှိန်စေ၏။ ဘုရားရှင်ကဲ့သို့ ငါပြောသလိုလုပ်၊ ငါလုပ် သလိုလည်းလုပ် ဖြစ်အောင် ကျင့်ရမည်ဖြစ်သည်။ ၀ိဇ္ဇာစရဏ သမ္ပန္နော- အသိရော အကျင့်ပါ ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင်၏ တပည့်သားမြေးအဖြစ် ခံယူပြီး အတုယူ ကျင့်ကြံရာ၏။

ဒါနအမှု ပြုကြရာ၌ နာမည်ကြီးချင်လို့၊ အချီးမွမ်းခံချင်လို့၊ လူအထင်ကြီးစေချင်လိုလို့၊ ပေးလျှင် ပြန်ရနိုင်သည့်လာဘ်ကိုမြင်လို့ မလှူဒါန်းသင့်ပေ။ ထိုသို့သောဒါနသည် ဘုန်းတန်ခိုး မှိန်ကြောင်းဖြစ်၏။ အလှူခံပုဂ္ဂိုလ်နှင့် လှူဖွယ်ပစ္စည်းတို့ကို ရိုသေစွာ ပေးလှူရာ၏။ ရိုသေစွာ လှူဒါန်းတတ်သော ဘုရားရှင်လက်ထက်က အနာထပိဏ်သူဌေးကြီးတို့၊ ၀ိသာခါကျောင်း အစ်မကြီးတို့သည် ယခုထက်တိုင် အတုယူမှတ်သားဖွယ် ဘုရားဒကာ၊ ဘုရားအမ၊ ကျောင်းဒကာ၊ ကျောင်းအမကြီးများအဖြစ်၊ လေးစားစရာပုဂ္ဂိုလ်များအဖြစ်၊ စံပြုထိုက်သူများ အဖြစ် သတ်မှတ်ခံရပြီး ဘုန်းကံလည်း လွန်စွာကြီးမားခဲ့ကြသူများ ဖြစ်ခဲ့ပေသည်။ အလှူခံ ပုဂ္ဂိုလ်အပေါ်၊ လှူဖွယ်ပစ္စည်းအပေါ်တွင် ရိုရိုသေသေလှူဒါန်းတတ်သောအမှုတွင် သူဌေးကြီး အနာထပိဏ်နှင့် ၀ိသာခါတို့အား ဥပမာပြ စံထားရမည့်အပြင် အတုယူပြီးလည်း ကျင့်ကြံထိုက် လှ၏။

နာမည်ကြီးလိုရုံသက်သက်ဖြင့် ကောင်းမှုပြုခဲ့ခြင်းကြောင့် နာမည်ကောင်းမထွက်ဘဲ နာမည် ဆိုးသာထွက်ခဲ့သည့် ဦးသာဒွန်းအကြောင်း ပြောပြချင်ပါသည်။ ဦးသာဒွန်းနှင့်ဒေါ်ပုတို့ ဇနီးမောင်နှံတွင် ကောင်းမှုပြုတိုင်း ဒေါ်ပုသာ နာမည်ကြီးပြီး ဦးသာဒွန်းအမည်မှာ တိမ်မြုပ် လို့နေ၏။ သံဃာတော်များအတွက် ကျောင်းဆောက်လှူရာတွင် ထိုကျောင်းကို ဒေါ်ပုကျောင်း ဟု လူသိများကြသည်။ ၎င်းကို ဦးသာဒွန်းကြီး မကျေနပ်ပေ။ အုတ်တံတိုင်းဆောက်လှူရာ တွင်လည်း ဦးသာဒွန်း+ဒေါ်ပုကောင်းမှုဟု ကမ္ဗည်းထိုးထားပါသော်လည်း ဒေါ်ပုအုတ်တံတိုင်း လို့သာ အပြောများကြ၏။ ၎င်းကိုလည်း ဦးသာဒွန်းကြီး အခံရခက်နေသည်။ တစ်ဖန် ဦးသာဒွန်းက လူအများ တည်းခို၊ အနားယူ၊ အပန်းဖြေတတ်သည့်နေရာတွင် ဇရပ်တစ်ဆောင် ဆောက်ပြီး သူ့နာမည်ကို ဆိုင်းဘုတ်မှာ အကြီးကြီးရေးကာ ဒေါ်ပု အမည်ကိုတော့ သေးသေးလေးရေးပြီး လူအများ ကွင်းကွင်းကွက်ကွက် မြင်သာနိုင်အောင် ဇရပ်၏နဖူးစီးမှာ ချိတ်ထားလေ၏။ ထိုတွင်လည်း လူအများက ဒေါ်ပုဇရပ်လို့သာ အသိများကြပြီး ဒေါ်ပုဇရပ်ကြီး ရှိတာ ကောင်းလိုက်တာလို့သာ ချီးကျူးစကား ပြောကြားကြပေသည်။

နောက်ဆုံးတွင် ဦးသာဒွန်းကြီးက လုံးဝ မခံမရပ်နိုင်ကာ ဒီလောက်တောင်ဖြစ်လှတာ ဆိုပြီး ဒေါ်ပု မပါဘဲ ပြုလို့ရသည့် ကုသိုလ်ကောင်းမှုတစ်ခုခုကို စဉ်းစားခန်းထုတ်ပြန်၏။ အကြံရသွား သည်မှာ သာသနာ့ဘောင်ဝင်ပြီး ရဟန်းဝတ်တော့၏။ ရဟန်းဝတ်ဖြင့် ဆွမ်းခံကြွသည်တွင် လူအများ ဆီးကြိုစကားဖြင့် ပြောကြသည်မှာ “ဒေါ်ပုဘုန်းကြီးကြီး ကြွလာပြီ၊ ဒေါ်ပု ဘုန်းတော်ကြီး ကြွလာပြီ” ဟုသာ ဖြစ်ပြီး ဦးသာဒွန်းမှာ အမည်မက ဘုန်းကြီးဘွဲ့ပါ ကင်းပျောက်သွားသောကြောင့် ဒေါ်ပုကို လက်မြှောက်အရှုံးပေးကာ ဆွမ်းခံ ဆက်မကြွတော့ ဘဲ လူထွက်ရန် ကျောင်းအမြန်ပြေးလေတော့သည်။

လူထွက်ပြီးနောက် အရက်သောက်၊ ဘိန်းစားကာမှ နာမည်အရင်း ပေါ်ထွက်လာလေ၏။ ကလေးလူကြီး ပါးစပ်ဖျားတွင် ရေပန်းစားတော့၏။ “အရက်သမားသာဒွန်း၊ ဘိန်းစားသာဒွန်း” ဟူ၍ မသိသူ မရှိလောက်အောင် လူသိများပြီး အမှားသရုပ် စံပြအဖြစ် ပြောစမှတ် တွင်ရစ်ခဲ့ တော့၏။ နာမည်ကြီးတိုင်း၊ လူသိများတိုင်း ဘုန်းကံကြီးနေခြင်းမဟုတ်ကြောင်း သိထားသင့် ပေသည်။

နေ့စဉ် ရရှိအောင် အားထုတ်ရမည့် ဘုန်းကံကြီးကြောင်း ကျင့်စဉ်ကောင်းများမှာ-
(၁) ကိုယ်ကျင့်သီလကောင်းရှိခြင်း၊
(၂) ကောင်းတာပြော၊ ကောင်းတာလုပ်တတ်သည့် အပြောနှင့်အလုပ်ညီခြင်း၊
(၃) ဒါနအမှုပြုရာ၌ သက္ကစ္စ- ရိုရိုသေသေလှူဒါန်းတတ်ခြင်းတို့ ဖြစ်ကြပေသည်။ ဘုန်းကြီးလို သော လောဘစော၍ ကြိုးစားအားထုတ်ရမည်မျိုးမဟုတ်၊ ပါရမီအကျင့်ကောင်းဟု သိရှိနား လည်ပြီး ကျင့်ကြံကြိုးစား ပွါးများအားထုတ်ရမည်ဖြစ်၏။

ပညာရအောင်ဆည်းပူး
ပညာရှိဖြစ်ချင်လျှင် ပညာရှိသူကို ပေါင်းရ၏။ ပညာရှိထံ မှီဝဲဆည်းကပ် နည်းယူရပေသည်။ အစဦးစွာ ပညာရှိဖြစ်ချင်စိတ် ရှိရမည်ဖြစ်၏။ ကိုယ်က သူ့ကိုအလိုရှိမှ သူက ကိုယ့်ဆီရောက် မည်ဖြစ်၏။ ကိုယ်က သူ့ကိုအလိုမရှိလျှင် သူက ကိုယ့်ဆီ မရောက်နိုင်သည့်သဘောဖြစ်သည်။

ဘ၀တစ်ခု အစပြုလာသည့်အတွက် စားဝတ်နေရေးအတွက် လုံးပန်းရတော့သည်။ ထို့ကြောင့် အသက်မွေးဝမ်းကြောင်းအတွက် မည်သူမဆို သင်ကြရပေသည်။ ချမ်းချမ်းသာသာ နေထိုင် စားသောက်၊ ၀တ်စားဆင်ယင်နိုင်ဖို့အတွက် အတတ်ပညာများကို သင်ယူကြရသည်။ လေ့လာ ကြရသည်။ ဆည်းပူးကြရသည်။ ကျွမ်းကျင်မှုရှိအောင်လည်း ကြိုးစားကြရပေသည်။ သို့မှသာ ဘ၀မှာ ချမ်းသာစွာ နေထိုင်နိုင်ကြမည်။ သူတစ်ပါးကို အားကိုးနေရခြင်းထက် ကိုယ့်အားကို ကိုယ်ကိုးနိုင်ခြင်းက ပို၍ ချမ်းသာသည်ဖြစ်ခြင်းကြောင့် မိမိကိုယ်တိုင် တတ်မြောက်အောင် အကျိုးဖြစ်စေသည့် ပညာတို့ကို သင်ယူကြရပေမည်။

ရသမျှပညာတို့ကို သင်ယူတတ်မြောက်ထားသောကြောင့် ဘ၀ကို ဘယ်ပညာရပ်ဖြင့် ဖြစ်စေ ဖြတ်သန်းနေလို့ကလည်း မသင့်တော်သေးပေ။ ငါးမျှားတတ်လို့ တံငှါသည်ဘ၀၊ လေးပစ် ကောင်းလို့ မုဆိုးဘ၀၊ ဖဲရိုက်ကျွမ်းလို့ အလောင်းကစားသမားဘ၀ အဖြစ်ဖြင့်တော့ စားဝတ်နေ ရေး ပြေလည်ပြီးရောလည်း ဘ၀ကို ဖြတ်သန်းဖို့ မသင့်တော်သေးပေ။ သူတစ်ပါးဆင်းရဲပြီးမှ ကိုယ်ချမ်းသာရေးအတွက်တော့ မတောင့်တအပ်ပေ။ မလိုလားအပ်ပေ။ ထို့ကြောင့် ဘ၀ကို ထိန်းကြောင်းတတ်စေရန် လိုအပ်ခြင်းကြောင့် ဘ၀ထိန်းကြောင်းပညာတို့ကိုလည်း ဆည်းပူးရ ပါမည်။ ရှာဖွေရပါမည်။ သတိလက်လွှတ်၍ အချိန်ကို ကုန်မသွားသင့်ပေ။

လောကော သတ္တာန မာစေတော- လောကော= လောကကမ္ဘာကြီးသည်၊ သတ္တာန= သတ္တ၀ါတို့အတွက်၊ အာစေတော= ဆရာသမား ဖြစ်၏။ မိမိပတ်ဝန်းကျင်ရှိ မြင်ရသမျှ၊ ကြားသမျှ၊ ကြုံတွေ့ရသမျှတို့ကို မိမိ၏ဆရာလို့ မှတ်ယူရ၏။ သူတော်ကောင်းများကို တွေ့သည့် အခါတွင် ထိုသို့နေထိုင်ကျင့်ကြံရန်၊ ထိုသို့ အားထုတ်ရန် မိမိအား သင်ပေးနေသည်ဟု မှတ်ယူပြီး လိုက်နာကျင့်ကြံရမည်။ သူယုတ်မာတို့ကို တွေ့သည့်အခါတွင်လည်း ထိုသူတို့သည် မိမိအား ထိုသို့ မပြုလုပ်ရန် သင်ပေးနေသည်ဟု မှတ်ယူကြရမည်။ ၎င်းတို့၏ အကျင့်ဆိုးများ သည် သံသရာ၌ လွန်စွာဒုက္ခရောက်ကြရလိမ့်ဦးမည်ဟု သံဝေဂပွါးပြီး ဆင်ခြင်ရ၏။ လူမိုက်တို့ ၏အလုပ်တို့ကို ရှောင်ကြဉ်ရပေသည်။ ထိုသို့ဖြင့် ဘ၀ကို ထိန်းကြောင်း ပြုပြင်နေထိုင်ရပေ သည်။ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ဆုံးမထားသည်မှာ- “လူဟာ ဘယ်အချိန်အထိ မိမိကိုယ်ကိုယ် ကောင်းအောင် ပြုပြင်နေထိုင်သွားရမည်နည်းဟူမူ အသက် ဆုံးသည့်အချိန်အထိ မိမိကိုယ်ကိုယ် ကောင်းအောင် ပြုပြင်နေထိုင်သွားရမည်” ဟူ၍ ဆုံးမ ခဲ့ပါသည်။

ဒါန၊ သီလစသော ကံလမ်းဖြင့် လူ၊ နတ်ချမ်းသာသို့လည်းကောင်း၊ ဈာန်ရရှိသော သမာဓိ စွမ်းအားဖြင့် ဗြဟ္မာချမ်းသာသို့လည်းကောင်း ကောင်းရာသုဂတိသို့ ရောက်ရှိခံစားကြရ၏။ ၎င်းမှာ သာသနာပကာလ၌လည်း ရရှိနိုင်ကြသော အခွင့်အရေးတို့ဖြစ်သည်။ ၀ိပဿနာပညာ ကား ဘုရားရှင်တစ်ဆူဆူ ပွင့်ထွန်းပေါ်ပေါက်ချိန်နှင့်ကြုံမှ တတ်မြောက်နိုင်သော ကြုံတောင့် ကြုံခဲသည့်ပညာဖြစ်၏။ ၀ိပဿနာပညာဖြင့် အားထုတ်မှ နိဗ္ဗာန်က ထိုးထွင်း သိမြင်နိုင်မည် ဖြစ်သည်။ ၀ိပဿနာ- ၀ိ= အထူးထူး၊ အပြားပြား၊ အဖန်တလဲလဲ၊ ပဿနာ= ရှုမှတ်ပွါးများ ခြင်းဖြစ်သည်။ မျက်စိဖြင့် ကြည့်လျှင် မောင်ဖြူ၊ မောင်နီ၊ မောင်ညို၊ ငါ့ဒူး၊ ငါ့ပေါင်၊ ငါ့ခြေ၊ ငါ့လက်ဟူ၍ မြင်ရ၏။ ဉာဏ်ဖြင့် ဆင်ခြင်လိုက်လျှင် ရုပ်တရားတို့ ပေါင်းစုထားသော ရုပ်အစု၊ နာမ်တရားတို့ ပေါင်းစုထားသော နာမ်အစုဟု မြင်ရ၏။ ပညာဖြင့်မြင်ရသည့်အခါတွင် ရုပ်မှာလည်း ဖြစ်ခြင်းပျက်ခြင်းသဘော၊ နာမ်မှာလည်း ဖြစ်ခြင်းပျက်ခြင်းသဘောသာ ရှိသော ကြောင့် လောကဓမ္မတို့သည် ဖြစ်ပြီးလျှင် ပျက်တတ်သောသဘောသာလျှင် ရှိကြ၏။ ထိုသို့ မမြဲခြင်းကြောင့် ဆင်းရဲလှ၏၊ ထိုတရားတို့သည် မိမိအလိုသို့လည်းမလိုက်၊ မည်သူ တစ်စုံတစ်ဦးက ခိုင်းနေလို့ လုပ်နေခြင်းမျိုးလည်း မဟုတ်၊ ငါပိုင်ငါးစိုးလည်း မရသည် ဖြစ်ခြင်းကြောင့် အတ္တမဟုတ် အနတ္တသဘောတရားတို့သာ ဖြစ်ကြကုန်၏”ဟူ၍ အဖန်တလဲလဲ ရှုမှတ်ပွါးများနေခြင်းသည် ၀ိပဿနာ အားထုတ်ခြင်းပင် ဖြစ်ပေသည်။

ထိုသို့အားထုတ်ရန်အတွက် နေရာရွေးရန်မလို၊ အချိန်ရွေးရန်မလိုပေ။ သတိတရားသာ အမြဲရှိနေရန် လိုအပ်၏။ လျောင်း၊ ထိုင်၊ ရပ်၊ သွား လေးပါးဣရိယာပုတ်ရှိရာတွင် မိမိနှင့် သပ္ပါယမျှအောင်နေပြီး သတိတရားရှိစွာဖြင့် ၀ိပဿနာအားထုတ်ပါလျှင် နိဗ္ဗာန်ကို လျောင်းရင်း ဖြင့်လည်း မြင်ကြရမည်။ ထိုင်ရင်းဖြင့်လည်း မြင်ကြရမည်။ ရပ်ရင်းဖြင့်လည်း မြင်ကြရမည်။ သွားနေရင်းဖြင့်လည်း မြင်ကြရမည်ကို ယုံကြည်စွာအားထုတ်ကြပါကုန်။

နေ့စဉ် ရရှိအောင် အားထုတ်ရမည့် ပညာသုံးမျိုးမှာ-
(၁) သင်ယူရမည့်အတတ်ပညာ၊
(၂) ဘ၀ကို လမ်းမှန်အောင် ဘ၀ထိန်းကြောင်းရေးပညာ၊
(၃) နိဗ္ဗာန်ရောက်ကြောင်း မဖြစ်မနေအားထုတ်ရမည့် ၀ိပဿနာပညာ တို့ ဖြစ်ကြပေသည်။

ကျန်းမာအောင်နေ
အာရောဂျ ပရမ လာဘ- ကျန်းမာခြင်းသည် မြတ်သော လာဘ်တစ်ပါးဖြစ်၏။ ကျန်းမာမှ တခြားချမ်းသာတို့ကို ရရှိနိုင်မည်ဖြစ်သည်။ မကျန်းမာလျှင် လောကီချမ်းသာရော၊ လောကုတ္တ ရာချမ်းသာပါ ဆုံးရှုံးနိုင်ပေသည်။ ထို့ကြောင့် ကျန်းမာအောင်နေနည်းပညာ၊ ကျန်းမာရေး ကောင်းကြောင်းအကျင့်တို့ နေ့စဉ် ရရှိအောင် အားထုတ်ရပါမည်။ မနက်တိုင်း ရေသောက်ပြီး သည်နှင့် ဆီး၊ ၀မ်းက,အစ ပုံမှန်ရှိမရှိ သတိထားရပါမည်။ ကျန်းမာရေးကောင်းရန်အတွက် ဆီး၊ ၀မ်း၊ သွေး၊ လေများ ညီညွတ်မှုရှိနေရမည်။

တရားအားထုတ်ရာတွင် ထိုင်မှတရား ထင်နေကြသူများ ရှိကြ၏။ ထိုင်ပြီး နေကုန်အောင် အားထုတ်ခြင်းဖြင့် သွေးလေများ မညီမညွတ်ဖြစ်နိုင်ပေသည်။ ထို့ကြောင့် စင်္ကြံလျှောက်ပေး ရမည်။ တရားအမှတ် မပြတ်ဖို့သာလို၏။ ထိုင်ခြင်းပြတ်သွားလျှင် တရားအားထုတ်ခြင်း ရပ်သွားသည်ဟူသော အစွဲရှိနေလျှင် ဖြုတ်သင့်ပေသည်။ ဘုရားရှင်က နှမ်းတစ်စေ့မျှလောက် သော အစာကိုဝင်လျှင်ပင် အသက်ရှင်နေနိုင်သော ပါရမီထောက်ပံ့သည့် ကိုယ်ခံအားရှိသူ ဖြစ်၏။ ထို့ကြောင့် ဒုက္ကရစရိယအကျင့်ကို ခြောက်နှစ်ကြာကျင့်နိုင်ပေသည်။ ဘုရားအလောင်း တော်တို့မှတစ်ပါး မည်သူမျှ မစွမ်းနိုင်ပေ။ မိမိတို့က တစ်ရက်လောက် ထမင်းမစားလိုက်ရ လျှင်ပင် အားပြတ်ပြီး တရားဆက်အားမထုတ်နိုင်ဘဲဖြစ်နိုင်၏။ “ထမင်းအသက် ခုနစ်ရက်” ဆိုသည့်အတိုင်း ခုနစ်ရက်ထက် အစာငတ်ပါလျှင် အသက်သေသွားနိုင်ပေသည်။ ထို့ကြောင့် ကျန်းမာရေးအတွက် မျှတအောင်စားပေးဖို့ လိုအပ်၏။

ဝိပဿနာအားထုတ်ရာတွင် ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲခံပြီး အားထုတ်ရမည် မဟုတ်၊ ဉာဏ်တော့ ဆင်းရဲသည့် အားထုတ်နည်းဖြစ်ပေသည်။ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာအောင် နေတတ်ရပါမည်။ စိတ်ချမ်းသာအောင် မနေတတ်လျှင်လည်း ကျန်းမာရေးအတွက် ထိခိုက် နိုင်၏။ ကျန်ဖန်ပြီး စိတ်ပူတတ်သူများ နှလုံးရောဂါရတတ်သောကြောင့် စိတ်အေးချမ်းအောင် နေခြင်းဖြင့် ကျန်းမာရေးကို ဂရုစိုက်ရမည်ဖြစ်သည်။

မြတ်ဗုဒ္ဓဟောကြားထားသော အောက်ပါအသက်ရှည်ကျန်းမာကြောင်း နည်းလမ်းကောင်းများ ကို ကျင့်ကြံပြီး နေ့စဉ် ကျန်းမာရေးအတွက် အားထုတ်ကြပါလေ-

(၁) မိမိနှင့် သင့်လျော်လျောက်ပတ်သော ဆေးဝါးဓာတ်စာ၊ အစားအသောက်၊ အနေအထိုင် တို့နှင့်သာ ပြုမူနေထိုင် စားသောက်ခြင်း၊
(၂) အတိုင်းအရှည်သိပြီး ချင့်ချိန်စားသောက်တတ်ခြင်း၊
(၃) ကြေလွယ်ကျက်လွယ်သော အစားအသောက်ကိုသာ စားသောက်ခြင်း၊
(၄) ငါးပါးသီလမြဲခြင်း၊
(၅) ကလျာဏမိတ္တ-အဆွေခင်းပွန်းကောင်းရှိခြင်း တို့ ဖြစ်ကြပေသည်။

ဥစ္စာရအောင်ရှာ
ဘုရားရှင်က စီးပွါးမရှာရန် တားမြစ်ထားခြင်းမရှိပေ။ စီးပွါးရှာနေလျှင် တရား,မရနိုင်လို့ ဟောကြားမထားပေ။ ထို့ကြောင့် စီးပွါးလည်းရှာ တရားလည်းအားထုတ်ရပေမည်။ သမ္မ လောဘနှင့် ၀ိသမ္မလောဘဟူ၍ နှစ်မျိုးရှိရာတွင် ၀ိသမ္မလောဘဖြင့် စီးပွါးရှာထိုက်ပေသည်။ ၀ိသမ္မလောဘဖြင့် စီးပွါးမရှာထိုက်ပေ။ သမ္မလောဘဆိုသည်မှာ သူ့ဘက်ကိုလည်းကြည့်တတ်၊ ကိုယ်ဘက်ကိုယ်လည်း ကြည့်တတ်သော စီးပွါးရှာခြင်းမျိုး ဖြစ်၏။ ၀ိဝမ္မလောဘဆိုသည်မှာ ကိုယ်ချမ်းသာပြီးရော၊ သူ ဘာဖြစ်ဖြစ်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူး ရောက်ရောက်ဟူသော ငါတကောကော, ကောတတ်သည့် ငါကောင်းစားရေးကိုသာ အဓိက ထားပြီး သူတစ်ပါးပျက်စီးကြောင်းကို ထည့်မတွက်ဘဲ ကိုယ်ချင်းစာတရား ခေါင်းပါးသူတို့၏ စီးပွါးရှာခြင်းမျိုးကို ခေါ်ပေသည်။

ထိုနှစ်မျိုးတွင် သမ္မလောဘဖြင့် စီးပွါးရှာရမည်။ ဘုရားရှင်လက်ထက်က အနာထပိဏ် သူဌေးကြီးသည် သောတာပန်ပုဂ္ဂိုလ်ဖြစ်၏။ စီးပွါးဥစ္စာကို ရှာဖွေပါသည်။ တရားရသွားလျှင် ဘာစီးပွါးမှ မရှာတော့ဘဲနေခြင်းမျိုး မဟုတ်ပေ။ သာသနာတော်ကြီးပွါးကြောင်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသော ပစ္စည်းလေးပါးအား ထောက်ပံ့နိုင်ရန်အတွက် စီးပွါးဥစ္စာမရှိဘဲ လက်ချည်းသက်သက်ဖြင့် သာသနာတော်စည်ပင်ပါစေဟု ဆုတောင်းနေရုံဖြင့် ဖြစ်လာ လိမ့်မည့်မဟုတ်ပေ။ အနာထပိဏ်သူဌေးကြီးကဲ့သို့ အားထုတ်ကြိုးပမ်းသွားရပါမည်။ ယခု ခေတ်ဆိုလျှင် ဦးအောင်မြင့်(လူပျံတော်ပတ္တမြား)သည်လည်း သာသနာတော်အတွက်ရည်စူးပြီး စီးပွါးရှာခဲ့သူတစ်ဦးဖြစ်ပေသည်။ မန္တလေး မစိုးရိမ်စာသင်တိုက်ကြီးအား တည်ထောင်ခဲ့သော သားအစ်ဖနှစ်ဦးသည်လည်း ဆင်းရဲနွမ်းပါးသူများဖြစ်လင့်ကစား သာသနာတော်အတွက် ရည်စူးပြီး စီးပွါးရှာခဲ့ခြင်းကြောင့် သာသနာ့အာဇာနည်များ မွေးထုတ်ပေးသည့် ထိုကဲ့သို့သော ကျောင်းတိုက်ကြီးကို တည်ထောင်ပေးနိုင်ခဲ့သည် မဟုတ်ပါလော။

စီးပွါးရှာရာတွင် သူတစ်ပါးကိုလည်း ကြည့်တတ်ရမည်။ ကိုယ့်အကျိုးလည်း ကြည့်တတ်ရမည်။ အတ္တနှင့်ပရဆိုသော မိမိသူတစ်ပါး အကျိုးကိုကြည့်ပြီး မျှတအောင် ရှာတတ်ရမည်ဖြစ်သည်။ “ဘာပဲလုပ်လုပ် စေတနာကောင်းလေးထည့်လုပ်၊ ဘာပဲရောင်းရောင်း စေတနာကောင်းလေး ထည့်ရောင်း” ဆိုသော အဆုံးအမလေးကို အမြဲနှလုံးသွင်းကာ စီးပွါးဥစ္စာရှာဖွေကြ၍ သာသနာတော် အတွက်လည်း ထောက်ပံ့လှူဒါန်းကြပါက ယခုဘ၀ ချမ်းသာရုံတင်မက နောင်သံသရာလည်း ချမ်းသာပြီး နောက်ဆုံး နိဗ္ဗာန်သို့ အကျိုးပြုသော ပါရမီကုသိုလ်ထူးများ ရရှိသွားကြမည် ဖြစ်ပါသည်။

ကုသိုလ်ရအောင် အားထုတ်
ရေဗူးနှင့် ဖိနပ် မပါလျှင် နွေခါမှ သိမည်၊ ဒါနနှင့်သီလ မပါလျှင် သေခါကျ သိမည်။”ဟူသော ဆောင်ပုဒ်လေးမှာ ဒါန၊ သီလအားထုတ်ဖို့ တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ပါသည်။ ရှေးက ဒါနပြုလုပ်ခဲ့သူတို့မှာ ယခုဘ၀ ချမ်းချမ်းသာသာနေနိုင်ကြ၏။ စား၊ ၀တ်၊ နေရေးအတွက် နေကုန်အောင် ပင်းပန်းကြီးစွာ မရှာဖွေရပေ။ သက်သက်သာသာဖြင့် ရရှိသုံးဆောင်နိုင်ကြ၏။ ၎င်းမှာ မိမိတို့ဘေးတွင် မြင်သာသောဥပမာများ ဖြစ်ပါသည်။ သို့သော် မမြင်သာနိုင်သော အချက်တစ်ချက်ရှိ၏။ တချို့ အကုသိုလ်အလုပ်ဖြင့် စီးပွါးရှာသော်လည်း ချမ်းသာနေကြပြီး တချို့ ကုသိုလ်တရားပွါးများပြီး ကောင်းရာကောင်းကြောင်း လုပ်ကိုင်စားသောက်ပါသော် လည်း ဆင်းရဲနွမ်းပါးနေကြ၏။ ထိုကွာခြားချက်ကိုမြင်လျှင် ကံ,ကံ၏အကျိုးကို မယုံကြည်ဘဲ ရှိတတ်ပေသည်။

ဘုရားရှင်ဟောကြားထားသော ကံလေးမျိုးရှိ၏။ (၁) အဖြူကံ၊ (၂) အမည်းကံ၊ (၃) အဖြူ အမည်း ရောသည့်ကံ၊ (၄) အဖြူအမည်း မရောသည့်ကံတို့ ဖြစ်ကြသည်။ အဖြူကံသည် ကုသိုလ်ကောင်းမှု လုပ်ခဲ့သောကြောင့် ကောင်းကျိုးသက်သက်ပေးခြင်း၊ အမည်းကံသည် မကောင်းသည့် အကုသိုလ်လုပ်ခဲ့သောကြောင့် ဆိုးကျိုးသက်သက်ပေးခြင်း၊ အဖြူအမည်း ရောသည့်ကံသည့် ကောင်းသည့် ကုသိုလ်အလုပ်ရော၊ မကောင်းသည့် အကုသိုလ်အလုပ်ရော ဒွန်တွဲလုပ်ခဲ့သောကြောင့် ကောင်းကျိုးဆိုးကျိုး ရောနှောပေးခြင်း၊ အဖြူအမည်း မရောသည့် ကံမှာ ကုသိုလ်လည်းမဟုတ် အကုသိုလ်လည်းမဟုတ် ၀ိပဿနာကုသိုလ်ကို ဆိုလိုခြင်းဖြစ်၏။ အဟတ္တမဂ်ဖိုလ်ကုသိုလ်ပင်ဖြစ်သည်။ သံသရာ၌ အဖြူအမည်း ရောသည့်ကံများ ပြုလုပ်ခဲ့ သောကြောင့် ယခုဘ၀တွင် ကောင်းမှုဖြင့်လုပ်စားသော်လည်း အတိတ်က အကုသိုလ် အကျိုးပေးနေချိန်တွင် ကောင်းကျိုးချမ်းသာများ မရရှိမခံစားရပေ။ မကောင်းမှု အကုသိုလ် အလုပ်တို့ဖြင့် စီးပွါးရှာသော်လည်း ကြီးပွါးတိုးတက်အောင်မြင်နေပြီး ချမ်းသာကြွယ်ဝ နေကြခြင်းမှာ အတိတ်က ကုသိုလ်အကျိုးပေးနေချိန် ဖြစ်သောကြောင့် ရရှိခံစားနေရခြင်း ဖြစ်ပေသည်။

ဒါနပြုရာတွင် ဒါန၏အကျိုးကို သိထားခြင်းသာဖြစ်ပြီး အကျိုးကိုမျှော်ပြီးလှူခြင်းမျိုး မဟုတ်ပေ။ သူတစ်ပါးချမ်းသာရေးအတွက် မေတ္တာစိတ်သက်သက်ဖြင့် ပေးကမ်းခြင်းဖြစ်၏။ နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်အောင် ပေးလှူရပေသည်။ ထိုသို့ရည်စူးပြီး ဒါနပြုရာတွင် “တစ်ယာ ကွမ်းဆေး၊ ရေအေးတစ်ခွက်၊ ဆီတစ်စက်နှင့်၊ လက္ဘက်တစ်ရိုး၊ ကြံတစ်ချိုးမျှ၊ မြတ်နိုးကြည်ဖြူ၊ ဒါနဟူသည်၊ အလှူကောင်းမှု၊ ရရာပြုလော့။” ဟူသော မာဃဒေ၀လင်္ကာအတိုင်း ကျင့်ကြံအား ထုတ်ကြပါကုန်။

ဒါနသာပြုခဲ့ပြီး သီလမပါခဲ့သူများမှာ အသက်ကြာရှည် မနေရဘဲရှိ၏။ တချို့ အမိဝမ်းထဲမှာပင် သေကြရ၏။ တချို့ မွေးပြီးချင်း သေကြရ၏။ တချို့ အရွယ်ငယ်စဉ်မှာ သေကြရ၏။ ထိုသို့ အသက်တိုခြင်း၊ အနာရောဂါထူပြောခြင်း၊ အင်္ဂါမပြည့်စုံခြင်းစသည်တို့မှာ သံသရာက သီလ နည်းခဲ့သောကြောင့် ဖြစ်သည်။ ပစ္စည်းဥစ္စာပေါကြွယ်ဝသော်လည်း သီလနည်းခဲ့သောကြောင့် ထိုသို့သော ဆိုးကျိုးများနှင့် ရင်ဆိုင်ရကာ စိတ်မချမ်းမသာဖြစ်ကြရပေ၏။ ဒါန၏အကျိုးတရား တို့မှာ သီလပါမှ ပိုပြီး ပြည့်စုံကောင်းမွန်စွာ အကျိုးခံစားနိုင်ပေသည်။ ထို့ကြောင့် ဒါနလည်းပြု သီလလည်းဆောက်တည်ကြရန် အားထုတ်ကြရပါမည်။

စိတ်ချမ်းချမ်းသာသာဖြင့် နေနိုင်ရန်အတွက် သမထဘာဝနာ ပွါးများအားထုတ်ကြရ၏။ စိတ်၏ တည်ငြိမ်အေးချမ်းမှုရှိခြင်းကြောင့် ပညာရရန်လည်း လွယ်ကူ၏။ စိတ်ငြိမ်သည့်အတွက် အာရုံတရားများနောက်သို့ စိတ်ဗျာမများတော့ဘဲ ငြိမ်ငြိမ်းချမ်းချမ်း နေနိုင်၏။ တရား အားထုတ်ရာတွင် အစောင့်အရှောက် သမထကမ္မဋ္ဌာန်များဖြစ်သည့် မေတ္တာကမ္မဋ္ဌာန်း၊ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၊ မရဏာနုဿတိကမ္မဋ္ဌာန်း၊ အသုဘကမ္မဋ္ဌာန်းတို့ကို ပွါးများအားထုတ်ရ ပေသည်။ မေတ္တာပွါးခြင်းဖြင့် စိတ်အေးချမ်းမှု ရရှိ၏။ ဘေးရန်လည်းကင်း၏။ တရား အားထုတ်ရာတွင် အနှောင့်အယှက်များ နည်းပါးသဖြင့် စိတ်ချမ်းသာနိုင်ပေသည်။ ဘုရား ဂုဏ်တော်များ အခါခါပွါးခြင်းဖြင့် ဘုရားကို ကြည်ညိုသော သဒ္ဓါတရားများ ထက်မြက် စေသည်။ အကြွင်းမဲ့ ယုံကြည်စိတ်များ ရောက်ရှိလာ၏။ ထို့ကြောင့် ဘုရားဆုံးမသည့်အတိုင်း ကျင့်ကြံအားထုတ်မှုများ ပို၍ပို၍ ယုံကြည်စွာ လုပ်ဆောင်လာနိုင်ပေသည်။ မရဏာနုဿတိပွါး များခြင်းဖြင့် သတိတရားကို ဖြစ်စေ၏။ သေခြင်းတရားကို အမှတ်ရနေသည်ဖြစ်ခြင်းကြောင့် ကောင်းမှုတို့ကို မမေ့မလျော့ ပွါးများအားထုတ်လိုစိတ်များ ထက်သန်စေပေသည်။ အသုဘ ကမ္မဋ္ဌာန်းပွါးခြင်းသည် လောဘကို အမြန်ကုန်စေသောကမ္မဋ္ဌာန်းဖြစ်၏။ သံသရာအဆက်ဆက် ဒုက္ခဖြစ်ကြောင်း ထိုလောဘတရားကြောင့် ရှည်ကြာစွာ ကျင်လည်ခဲ့ရပေပြီ။ ခင်တွယ်စရာ၊ တက်မက်စရာဟူ၍ အခါခါပွါးနေသူ၌ လောဘတရား တိုးပွါးကြပြီး ရွံရှာစရာ၊ မတင့်တယ် ဖွယ်ရာကို အခါခါပွါးများသူတို့တွင် လောဘကို အမြန်ကုန်စေ၏။ တရားအားထုတ်ရာတွင် ထို အစောင့်အရှောက် ကမ္မဋ္ဌာန်းတို့ကို ပွါးများအားထုတ်ပေးကြရပါမည်။

နက်နဲခက်ခဲသည့်တရားတို့ကို ပညာကြီးသူတို့သည် လျင်မြန်လွယ်ကူစွာ သိနိုင်၏။ ၀ိပဿနာ တရား အားထုတ်ခြင်းဖြင့် ပါရမီမပြည့်သေး၍ ယခုဘ၀ နိဗ္ဗာန် မမြင်ရသေးတောင်မှ နောင်ဘ၀ အဆက်ဆက် ပညာကြီးရင့်ကြောင်း ကုသိုလ်ဖြစ်၏။ ဘုရားရှင်လက်ထက်တော်၌ တရားတော် ကို တခဏမျှဟောကြားလိုက်ရုံဖြင့် သစ္စာလေးပါးကို ထိုးထွင်းသိသူတို့မှာ သံသရာက ၀ိပဿနာတရား ပွါးများခဲ့ကြသူများဖြစ်၏။ “၀ိပဿနာ တရား အခါခါ ပွါးများပါသော်လည်း တရားမရသေး”ဟူ၍ စိတ်ပျက်အားငယ်ရန် မနေသင့်ပေ။ ပါရမီတရား မပြည့်မခြင်း ဖြည့်ကျင့် ဆည်းပူးရသည်ဖြစ်ခြင်းကြောင့် စိတ်ရှည်ဇွဲသန်သည်းခံပြီး ပွါးများအားထုတ်ကြရမည်။ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးဟောကြားသလို ပြောရလျှင် သတိတရားမပြတ်မလပ်ဘဲ အားထုတ်နိုင်ပါက မနက်အားထုတ် ညနေ တရားရနိုင်ပေသည်။ သေခါနီးအထိ အားထုတ် နောက်ဘ၀ သောတာပန် အရင်ဖြစ်နှင့်မည်။ နောက်ဘ၀ သောတာပန် မဖြစ်နှင့်သေးလျှင် လည်း ဓမ္မကထိကနတ်သားက ဘုရားတရား ဟောကြားပေးလိုက်သည်နှင့် ချက်ချင်း တရားရသွားနိုင်ပေသည်။

နေ့စဉ် ကုသိုလ်ရအောင်အားထုတ်ရမည်မှာ ဒါနပြု၊ သီလဆောက်တည်၊ သမထအားထုတ်၊ ၀ိပဿနာပွါးများခြင်းဖြင့် ကျင့်ကြံရပေမည်။ ငါတို့ဖြင့် ၀ိပဿနာမှ ၀ိပဿနာဟူ၍ ဒါန၊ သမထ တို့ကို ပစ်ပယ်၍လည်း မနေသင့်ပေ။ တချို့ရှိတတ်လို့ သတိပေးခြင်းဖြစ်၏။ ဒါနသည် သံသရာရှည်သည်ဟု ဟောကြားသူများရှိကြပေသည်။ ဒါနသည် လောဘကိုသတ်ခြင်း ဖြစ်၏။ ကိုယ့်မှာရှိနေသည့် ပစ္စည်းဥစ္စာတို့ကို ခင်တွယ်သည့် လောဘတဏှာကို ပယ်သတ်နိုင်မှ ဒါနကို ပြုနိုင်ခြင်းဖြစ်သည်။ ဆရာကြီး ဦးရွှေအောင်ရေးသားခဲ့သည့် “တစ်စတစ်စ၊ စွန်ဝံ့မှလျှင်၊ ဘ၀နောက်နှောင်း၊ ဆက်တိုင်းကောင်း၏။”ဆိုသည့်အတိုင်း လောဘကို တစ်စတစ်စ စွန့်နိုင်ပြီး နောက်ဆုံး ကုန်ခန်းသွားပြီး ဘ၀နိဂုံး အဆုံးသတ်နိုင်ကြမည် ဖြစ်သည်။

နေ့စဉ်နေ့တိုင်း ရရှိအောင် ပွါးများအားထုတ်ရမည့် (၁) ကုသိုလ်၊ (၂) ဥစ္စာ၊ (၃) ကျန်းမာရေး၊ (၄) ပညာ (၅) ဘုန်းတန်ခိုး စသည်တို့ကို အနှစ်ထပ်ထုတ်လိုက်လျှင်
(၁) ကျန်းမာရေးကို အထူးဂရုစိုက်ပြီး
(၂) နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်တရားအားလုံးတို့ကို ပွါးများအားထုတ်ရမည် ဖြစ်ပါသည်။

နေ့စဉ် ထိုငါးမျိုး ရရှိအောင် အားထုတ်ဖို့ သတိဖြစ်စေရန်အတွက် “ငါးမျိုး = ယနေ့ ဘာရပြီးပြီလဲ?” ဟူသော မေးခွန်းလေးကို မိမိကိုယ်ကို နေ့စဉ် မေးသင့်ပေသည်။ ည အိပ်ယာ ၀င်ချိန် မအိပ်ခင် မေးမိလိုက်လို့ ဘုရားရှိခိုးပြီးမှအိပ်လိုက်လျှင်ပင် လွန်စွာအကျိုးများသွားပါ မည်။ ဘုရားရှင်လက်ထက်က စဏ္ဍာလီဟူသော မိန်းမကြမ်းကြီးသည် သာသနာတွင်း လူဖြစ် ခွင့်ရသော်လည်း တောင်မွေးကို အဖော်ပြုချိန်အထိ ဘုရား၊ တရား၊ သံဃာကိုပင် ကိုးကွယ်ရ ကောင်းမှန်း မသိခဲ့သူဖြစ်၏။ တစ်နေ့ မြတ်စွာဘုရားရှင်က ထို အမျိုးသမီးကြီးသည် သေပြီးနောက် ငရဲသို့ လားရတော့မည်ကို မြင်လေသည်။ ဘုရားရှင်က ချီးမြှောက်တော်မူလို သောကြောင့် ထို အမျိုးသမီးကြီး သေရမည့်လမ်းမှ ဆီးကြို၍ ကြွချီတော်မူ၏။ လမ်း၌ ဆုံသော အခါ ဘုရားရှင်က ရပ်တော်မူပြီး အရှင်အာနန္ဒာအား ကြည့်တော်မူလေသည်။ အရှင်အာနန္ဒာ လည်း ထိုအမျိုးသမီးကို ဘုရားရှင် ချီးမြှောက်တော်မူလိုကြောင်းသိပြီး “လောကတွင် အမြတ်ဆုံးဖြစ်တော်မူသော မြတ်စွာဘုရားရှင်သည် အသင့်အား ချီးမြှောက်ရန် လာခဲ့ခြင်းဖြစ် သည်” ဟုဆိုပြီး ဘုရားရှင်အား ရှိခိုးရန် တိုက်တွန်းလေ၏။

စဏ္ဍာလီအဘွားအိုကြီးသည် ဘုရားရှင်၏ မဟာကရုဏာတော်ဖြင့် ကြည့်ရှုနေသည်ကို မြင်လျှင် လောက၌ အမြတ်ဆုံး ဘုရားရှင်အား ယခုမှ သိခွင့်ရတယ်၊ ငါ့လိုလူကိုတောင် ကရုဏာထားတော် မူပေတယ်ဟူ၍ သတိသံဝေဂဖြစ်ပြီး မြတ်စွာဘုရားရှင်၏ ခြေဖမိုးတော်ကို အားရပါးရ ရှိခိုးလေ၏။ ဘုရားရှင်လည်း အထောက်အပံ့ကောင်း ရသွားသည်ဖြစ်ခြင်းကြောင့် ဆက်လက်၍ ကြွချီတော်မူလေသည်။ အမျိုးသမီးကြီးသည် ဘုရားရှင်အား ကြည်ညိုရင်း ကျန်ရစ်ခဲ့ပြီး ခရီးဆက်လေသော် နွားခွေ့ခံရကာ ထိုလမ်းမှာပင် သေဆုံးပြီး ဘုရားရှင်အား ကြည်ညိုစိတ်ကြောင့် နတ်ပြည်၌ စန္ဒာလီနတ်သမီးအဖြစ် ထင်ရှားဖြစ်ခဲ့လေသည်။

စာရှုသူဓမ္မမိတ်ဆွေအပေါင်း ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် ပါရမီကုသိုလ်တရားများ ပွါးများ အားထုတ်နိုင်ကြပါစေ။
(ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု)

ပြန်သိမ်းရန်

0 ဓမ္မဒါနဖြန့်ဝေပါသည်။

Read more...

*ဘယ်သွားမလို့လဲ*

LIFE STREAM

THE WAY TO ENLIGHTMENT

ထိုင်နေရင်းလည်း သွားနေ၏။
မှိုင်နေရင်းလည်း သွားနေ၏။
ငိုင်နေရင်းလည်း သွားနေ၏။
ပြိုင်နေရင်းလည်း သွားနေ၏။

လှူနေရင်းလည်း သွားနေ၏။
ယူနေရင်းလည်း သွားနေ၏။
ပူနေရင်းလည်း သွားနေ၏။
မူနေရင်းလည်း သွားနေ၏။

နားနေရင်းလည်း သွားနေ၏။
စားနေရင်းလည်း သွားနေ၏။
ကြားနေရင်းလည်း သွားနေ၏။
ပွားနေရင်းလည်း သွားနေ၏။

အသွားမတော် တစ်လှမ်းတဲ့
အလှမ်းကျယ်တော့လည်း အလယ်လပ်
ခပ်ပြတ်ပြတ်ပဲ တွေးကြည့်၏
ခပ်ဆတ်ဆတ်ပဲ မေးကြည့်မိ
ဆက်လမ်းလေလား ထွက်လမ်းလား
လွတ်လမ်းလေလား လည်လမ်းလား
တို့လှမ်းနေတဲ့ ခြေလှမ်းများ…။


လေးစားစွာဖြင့်
ဖိုးသား
8/3/2010, TUE:, 11:43:00 AM

Read more...

ဗောဇ္ဈင်္ဂသုတ် (video)

Sunday, August 01st, 2010 | Author: admin

ဗောဇ္ဈင်္ဂသုတ် - မင်းကွန်းဆရာတော်ဘုရားကြီး

Read more...

*ဘ၀မေ့သူ*

Written by တောသားလေး 0 အကြံပြုပါသည်။ Posted in:

မြတ်စွာဘုရားရှင်သည် ဇေတ၀န်ကျောင်း၌ သီတင်းသုံတော်မူစဉ် ကောသလမင်းကြီးက မလ္လိကာမိဖုရားအ ပေါ်ငြိုငြင်းခြင်းဖြစ်သည်ကိုအကြောင်းပြု၍ အောက်ပါဇာတ်တော်ကို ဟောကြားတော်မူခဲ့ပါသည်။ ဗာရာဏသီ၌ဗြဟ္မဒတ်မင်းစိုးစံစဉ်အခါက…
ဘုရားလောင်းတော်သည် ပညာရှိအမတ်ဖြစ်လေ၏။ တစ်နေ့တွင်မင်းကြီးသည် လေသာပြတင်းပေါက်မှ ကြည့်စဉ်အ၀တ်အထည်နွမ်းပါးသော်လည်း အလှပန်းပွင့်နေသော ဇီးသီးသည်မလေးကို မြင်လိုက်သည်နှင့် တပ်မက်သဖြင့် ခေါ်ယူသိမ်းပိုက်ပြီး သုဇာတာမိဖုရားအဖြစ် ချီးမြှင့်မြှောက်စား၍ အမြတ်တနိုးထားခဲ့လေ သည်။
နှစ်ပေါင်းအတော်ကြာလာသောအခါ မင်းကြီးသည်နေ့လယ်နေ့ခင်း ပွဲတော်အုပ်အတွင်း၌ ဇီးသီးကိုထည့်၍ စားနေစဉ် သုဇာတာမိဖုရားကြီးရောက်လာပြီး “အရှင်မင်းမြတ်စားသုံးနေသည့် နီနီလုံးလုံးကလေးတွေဟာ ဘာသီးလဲဘုရား” ကျီစယ်လိုသည့်သဘောဖြင့် မေးမြန်းရာမင်းကြီး၏စိတ်အခန့်မသင့်ခိုက် ကြုံကြိုက်သဖြင့် ဇီးသီးရောင်းပြီးစားနေရသော ဇီးသီးသည်မကဇီးသီးကို မမှတ်မိလေရော့သလားဟု ရုတ်တရက်ဒေါသထွက် ကာ“ဇီးသီးသည်မကို ဇီးသီးသည်အိမ်ပြန်ပို့လိုက်တော့” ဟုအမိန့်ချမှတ်လိုက်၏။
ထိုအခါ အနီးအနားတွင်ရှိသော ပညာရှိအမတ်က “မင်းကြီး…မိန်းမတို့သည် အခြံအရံကျော်စောခြင်းတို့နှင့် ပြည့်စုံလာလျှင် ဘ၀ကိုမေ့တတ်မြဲ ဓမ္မတာဖြစ်ပါသည်။ သို့ဖြစ်ပါ၍သုဇာတာမိဖုရားအား ခွင့်လွတ်တော်မူပါ” ဟုကြားဝင်လျောက်ထားသည့်အခါ မင်းကြီးသည်သတိတရားရ၍ မိဖုရားအားအပြစ်မှ ခွင့်လွတ်လိုက်ပြီး မင်းနှင့်မိဖုရားနှစ်ပါးတို့ သင့်မြတ်၍သွားကြလေသည်။
ဤဇာတ်တော်မှ ကျွန်တော်တို့အတွက် ဘယ်နေရာ၊ဘယ်ဒေသရောက်ရောက် ကိုယ်မွေးဖွားရာဒေသ၊ ပညာသင်ပေးရာနေရာကို ဘယ်လိုအခြေအနေမျိုးဘဲရောက်နေပါစေ ဇီးသီးသည်မ ဘ၀မေ့သလိုမျိုးမဖြစ် ရအောင်သတိထားသင့်ပါတယ်။ ဘယ်နေရာ၊ဘယ်ဒေသတွေ ဘယ်လောက်ကောင်းကောင်း၊ဘ၀တွေ ဘယ်လိုမြင့်မားနေပါစေ ဖ၀ါးလက်နှစ်လုံး ဖခုံးလက်နှစ်သစ်မှ စပြီးကျွေးမွေးစောင့်ရှောက်သင်ကြားပေးခဲ့ သောမိဘဆရာသမားများ၊ ဆွေမျိုးဥာတကာမိတ်ဆွေသူငယ်ချင်းများ တလုတ်တဆုပ်ကျွေးမွေးဘူးသူများကို မမေ့အပ်သင့်ပါဘူး။
ဒါမှသာ အမိက မွေးထုတ်လိုက်ရကျိုးနပ်ပြီး မိသားစုအတွက် နိုင်ငံအတွက် အဖိုးမဖြတ်နိုင်သော ကျောက်
ကောင်းတစ်စေ့ ပန်းကောင်းတစ်ပွင့်အဖြစ် လောကအလယ်တင့်တယ်လိမ့်မည်ဖြစ်ပါသည်။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
မှီးငြမ်း။ ။စတုက္ကနိပါတ်(၃၀၆)၊သုဇာတာဇာတ် (ငါးရာငါးဆယ်နိပါတ်တော်)

Read more...

အီးမေးလ် အနုမောဒနာ တရား

( က )

ခေတ်ကလည်း တိုးတက်တယ် ဆိုတာ တကယ်ပါပဲ။ ဟိုတုန်းက လောက်စပီကာ ၊ ဆောင်းဘောက်စ် မရှိခင်က ရဟန်းတော်တွေ တရားကို မိုက်စ်အလွတ် အသံကုန်ဟစ်ပြီး တရားဟောကျရတယ်။ ခုခေတ်မီ တိုးတက်တဲ့ ခေတ်မှာတော့ အဲသလို အော်စရာ မလိုတော့ပါဘူး၊ တောတော မြို့ မြို့  ဆောင်းဘောက်စ်ရော လောက်စပီကာ နှစ်မျိုးလုံးကို သုံးနိုင်တာ ဆိုတော့ ဓမ္မကထိကများ သက်သာသွားတာပေါ့။

ဒါ့ထက် ခေတ်မီတာကတော့ လက်ပတော့လေးနဲ့  ၊ သို့ မဟုတ် ပရော်ဂျက်တာလေး သုံးပြီး ဘုန်းကြီး ပုံကိုပါ မြင်အောင်ထိလည်း တိုးတက်လာတာ တွေ့ ရတယ်။ ဒါက မြန်မာပြည် အနေထားပေါ့လေ။

ဒါ့ထက် ဒါ့ထက် တိုးတက်တာကတော့ နိုင်ငံတကာမှာ အွန်လိုင်း တရားပွဲပါတဲ့ ၊ ခေတ် အထူးမီတဲ့ နိုင်ငံ တိုင်း တရားနာလို့  ရသွားပါပြီ။ (ချွင်းချက်နိုင်ငံများ မပါ)။

ဘုန်းကြီးက တစ်နိုင်ငံကဟောရင် ကျန်တဲ့ နိုင်ငံကို အင်တာနက်က တိုက်ရိုက် လွှင့်ပေးတဲ့ အစီစဉ်နဲ့ ဆိုတော့ တော်တော်လေးကို ကျေနပ်စရာ ကောင်းလှပါတယ်။

ခု ကိုယ့် အဖို့ တော့ ဟိုတစ်နေ့ က အီးမေးလ် အနုမောဒနာ ဆိုပြီး ထပ်ပြီး ခေတ်မီ ကြည့်လိုက်တယ်။ မီသ လား မမီသလားတော့ မသိဘူးပေါ့လေ။

ပြီးခဲ့တဲ့ ၃၁ရက်နေ့  စနေနေ့ က မငယ် ဆိုတဲ့ ဒကာမလေး ကျောင်းကို သူနေတဲ့ အခြားမြို့ က ကား နှစ်နာရီမောင်းပြီး ရောက်အောင် လာခဲ့ပါတယ်။ သူလာချင်နေတာတော့ ကြာပါပြီ။ သူလည်း ကိုယ် နေတဲ့ နေရာနဲ့ ဝေးနေတာရယ်၊ သူ့ ရဲ့  ဘာသာစကား သင်တန်း တက်နေတာမို့  ပင်ပန်းတာနဲ့ ပဲ မရောက်ဖြစ်ခဲ့ပါဘူး။

အဲ သင်တန်းပြီးပြီ ဆိုတာနဲ့  သူက တကယ့်ကို ရောက်လာပါတယ်။ သူပေါ့ ။ စီဘောက်စ်ကနေ ခဏ ခဏ မေးတာ၊ မေးပါများတော့ စိတ်မရှိပါနဲ့  တကယ် မသိလို့ ပါဘုရားတဲ့။

ကိုယ့်အနေနဲ့ လည်း သူမေးသမျှ စိတ်ပါလက်ပါ ဖြေပေးတာပါပဲ။ မေးတာက ကောင်းတဲ့ အကျိုးရှိတဲ့ မေးခွန်းတွေပဲကိုး။ ဆွမ်းကပ်ချင်တယ်၊ ဘယ်လိုကပ်ရမလဲပေါ့။ ၂ နာရီလောက် ကားမောင်းရတော့ နေ့ စဉ်လာလို့  မဖြစ်ဘူး၊ အဲဒါ ဘယ်လို ကပ်မရလဲ။ ဆန်ဝယ် ပေးထားရမလား၊ အခြောက်အခြမ်း လုပ်ပေးထားရမလား စသဖြင့်ပေါ့။သင့်တော်အောင် ဖြေပေးခဲ့ပါတယ်။


ကျောင်းရောက်လာတဲ့နေ့ ကတော့ သူပါလာတဲ့ မုန့် ၊ ဖျော်ရည် များ ကပ်ပြီး တပည့်တော် ဘာလှူ ရမှန်း မသိလို့  ဘုရား ဆိုတာကို လျှောက်တယ်။ တကယ်တော့ သူ ပါလာတဲ့ဟာကိုက လှူတယ်လို့  အားမရသည့် နှယ်။

ပြီးတော့ ဘုရားရှေ့  ဖယောင်းတိုင် အမွှေးတိုင်တွေ ကြည့်ပြီးတော့လည်း ဒါလှူလည်း ရတာပဲနော် ဆိုတာ သူ ပါးစပ်က ရေရွတ် ပြောဆိုပါတယ်။

အင်တာနက်မှာ ကူပွန်နဲ့  ဆွမ်းအတွက် ဖြေရှင်းလို့  ရတာ သိသွားတာနဲ့ ပဲ အဲဒီစနေနေ့ ကပဲ သူ ကိုယ်တိုင် လာပြီး ကူပွန်ကိုလည်း မပြန်ခင် လှူခဲ့ပါသေးတယ်။

ပြီးမှ စားသောက်ဆိုင် တစ်ခုမှာ အအေးကပ်ပြီး စကားတွေ ပြောကြဆိုကြ၊ အားရပါးရပေါ့လေ။ သို့ သော် စကားကောင်းနေတာနဲ့ ဆွမ်းအနုမောဒနာ မပြုမိလိုက်ဘူး။ ဘုန်းကြီးဆိုတာ လှူတန်း ဒါန လုပ်ရင် အလှူရှင်တို့  ၀မ်းမြောက်ဖွယ်ရာ စကားကို ပြောရမယ်လို့  ဘုရားရှင်က ၀ိနည်း စည်းကမ်း အရ ပညတ်တော် မူထားတာရှိပါတယ်။ ဒါပေမယ့်လေ အလှူရှင်က ၀မ်းမြောက်ဖွယ်ရာ ပြောစရာ မလိုပဲ ကို ၀မ်းမြောက်နေတဲ့ အနေထားရှိတော့ မပြောဖြစ်ဘူးပေါ့။

နောက်နေ့ ရောက်သော်-

ဘုန်းဘုန်းဘုရား

ဘုန်းဘုန်းကို ဖူးတွေရလို့ ၀မ်းသာမိပါတယ် ဘုရား၊
တပည့်တော် လှူချင်တာ လှူခွင့်ရလို့လဲ ၀မ်းသာမိပါတယ်။
ဘုန်းဘုန်း ဘုရား အဆင်ပြေ၊ မပြေလေးလဲ မိန့်တော်မူပါ ဘုရာ့၊
မှားတာရှိရင်လဲ ညွှန်ကြား သွန်သင်ပေးပါ ဘုရာ့..။

ရိုသေစွာရှိခိုးလျှက်
ဒကာမ မငယ်

အီးမေးလ် က သူ့ ထံမှ subject နေရာမှာ ၀မ်းသာမိကြောင်း ဆိုပြီး ရောက်ရှိလာပါတယ်။ ဒါနဲ့ ပဲ ၀မ်း မြောက်ဖွယ်ရာ အီးမေးလ် အနုမောဒနာ ပြန်ပြီး ပြုခဲ့ပါတယ်။

ဒကာမ မငယ် ရေ ၊ အဆင်ပြေပါတယ်ဗျ။ ဟုတ်ပါတယ်။
လှူချင်တာ လှူခွင့်ရတာလဲ ၀မ်းသာစရာကောင်းတာပါ့။
အလှူ တစ်ခု အောင်မြင်သွားတာပေါ့ဗျာ။
မှားတာကတွေ့ လည်း ပြောပေးတာပေါ့လေ။
အဲဒီစိတ်လေးကိုက ကောင်းနေပါပြီ။
မမှားနိုင်တော့ဘူးပေါ့ဗျာ။
အဓိက ကတော့ ဒကာမ မငယ် က
ကျန်းမာရေး သိပ်မကောင်းသေးဘူးဆိုတော့
အစာလည်း ဆေး ၊ ဆေးလည်း အစာ ဆိုသလို
အစားသောက် သတိထားစားသောက်ပါ။
ကိုယ်နဲ့ သင့်တော်တာကို စားပေါ့နော်။
ကိုယ့်ကိုယ်ကိုလည်း လူကြီး ဖြစ်နေပြီဆိုတော့
အားလုံးကို အဆင်ပြေအောင်နေပေါ့နော်။

မေတ္တာဖြင့်
ဘုန်းဘုန်း


အီးမေးလ် အနုမောဒနာ တရား
( ခ )

အဲဒီနေ့ ကပဲ စောစောစီးစီး နယ်အဝေးကြီးက လာကြတဲ့ ဒကာမ လေးယောက်ကလည်း ညအိပ်လာ ပြီး ကုသိုလ်စုံအောင် လုပ်သွားကြပါတယ်။

နယ်အဝေးကြီးဆိုတာက အစုတ်အပြဲမရှိတဲ့ လမ်းကောင်းကောင်းမှာ မောင်းတာတောင် ၅နာရီ ကျော်ကျော် မောင်းနှင်ပြီး လာကြတာပါ။ သူတို့  လာတယ် ဆိုရင်ပဲ ကျောင်းသစ်ရှိတဲ့ နေရာကို လိုက် လံပြသခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကျောင်းနဲ့  အနီးဖြစ်တဲ့ ဟိုတယ်မှာ တည်းခိုဖို့  နေရာယူကြတယ်။ ညနေ ၇ နာရီမထိုးမီ ကျောင်းကို လာကြတယ်။ အလ္လာပ သလ္လာပ အနည်းငယ် ပြောပြီး ပဋ္ဌာန်း က ၇ နာရီမှ ၈ နာရီထိ ရွတ်ဖတ်ပြီး အကျယ် ပူဇော်မယ်။

ပဋ္ဌာန်းတရားကို နားလည်သည်ဖြစ်စေ မလည် သည်ဖြစ်စေ နာယူက ကုသိုလ်ဖြစ်ကြောင်း လင်းနို့ သား ၅၀၀ တရားနာပြီး နတ်ပြည်ဖြစ်ရပုံ ဇာတ်ကြောင်းကို အကျဉ်းချုပ်ပြောပြ၊ ပြီးတော့ နွားကျောင်း တရားနာစဉ် ဖားက နွားကျောင်းသား ဒုက်နဲ့  ထောက်မိ လို့  ဖားလည်း တရားနာတာမို့  နတ်ပြည်ရောက်ကြောင်းကိုလည်း ရှင်းပြကာ သူတို့ က တရားနာ စေ ခဲ့တယ်။ နာယူခွင့်ရကြတယ်။ အဲဒါပြီးတာနဲ့  တရား မထိုင်မီ တရားထိုင်ပုံ နည်းလမ်းကို ပြောပြကာ ၉နာရီထိ တရားထိုင်ခဲ့ပါတယ်။


နောက်နေ့ တနင်္ဂနွေ မနက် ရောက်တော့ အရုဏ်ဆွမ်း ခေါက်ဆွဲဆွမ်း ပေါင်မုန့်ဆွမ်းကပ်ကြပါတယ်။ ပြီးပြီဆိုတာနဲ့ သံဃ ဝေယျာဝစ္စလုပ်ကာ တည်းခိုရာ ဟိုတယ်ပြန်ကျတယ်။ ၈ နာရီထိုးတာနဲ့ ကျောင်း ကို လာကြပြန်တယ်။ တနင်္ဂနွေ အစီစဉ်အတိုင်း ကျောင်းမှာ ၈ နာရီမှ ၉ နာရီထိုးထိ တရားထိုင်ကြပြန် ပါရော။

ပြီးမှ ဟိုတယ်ပြန်ကာ အနားယူကြတယ်။ ၁၁ နာရီ မိနစ် ၂၀ မှာတော့ နေ့ ဆွမ်းကပ်ကြပါတယ်။

ပြီး တော့ သူတို့  စားကြ သောက်ကြပေါ့။ အဲဒီနောက်မှာမှ ရေစက်ချ အမျှပေးဝေ လိုက်ပါတယ်။ နယ်ဝေးဝေး ပြန်ကြမှာမို့ အချိန်ကြောင့် တရား မဟောဖြစ်လိုက်။


သူတို့  အလှူကလည်း စုံပါတယ်။ ရောက်ရောက်ချင်း နေ့ မှာပဲ ဖျော်ရည်နဲ့ ၊ ကိုယ် ခါးနာနေမှန်း ဂျာမန်ဥူးဇင်း ပြောလိုက်တာနဲ့  ကိုယ့်အတွက် ခါးနာ သက်သာဆေးများနဲ့ ၊ ပြီးတော့ ဆွမ်းအလှူ၊ ကူပွန် အလှူ၊ အစစအရာရာ သုံးနိုင်ရန် န၀ကမ္မကို သင့်တော်ရာမှာ လှူထားပါတယ်။

သီလ ကတော့ အလှူ မလုပ်ခင် သီလ ယူသလို ၊ တရား မထိုင်ခင်လည်း သီလ ယူတာမို့ သီလ ကုသိုလ် လည်း လုပ်ဖြစ်ကြတယ်။

သူတို့ အလှူကို ပြန်လည် အမှတ်ရကြည့်တော့ ပစ္စည်းလေးပါး အလှူ စုံသလို ဒါန သီလ ဘာဝနာ ကုသိုလ်တို့ ကလည်း စုံလင်သွားတာကို တွေ့ ရတယ်။

အဲလိုလေးတွေ ပြည့်စုံလို့ ပဲ ဒကာမကြီး ၊ ဒကာမလေးများရဲ့  ကိုယ်စား ဒကာမ မကြီး ဆိုသူက ဒီလို အီးမေးလ်နဲ့  လျှောက်ထားပါတယ်။

ဥူးဇင်းဘုရား
တပည့်တော်တို့ ကောင်းမွန်စွာပြန်ရောက်ပါတယ်။
အစစ အားလုံး အတွက်ကျေးဇူးတင်ပါတယ်
ဘုရား။
ရိုသေစွာဦးတင်လျှက်
ဂျာမန်ဥူးဇင်းကိုလည်းဦးတင်ပါတယ်
ဒကာမ မကြီး

ဒကာမ မကြီး ပြောတဲ့ အစစ အားလုံး ဆိုတာ ဒါန သီလ ဘာဝနာ လုပ်ခွင့်ရတာ အားလုံးလို့  ကိုယ်က သဘောပေါက် မိပါတယ်။ အဲဒါနဲ့ ပဲ ပြန်လည်ပြီး အနုမောဒနာ အီးမေးလ် ပြန်လွှတ်ပြီး ဟောကြား လိုက်ပါတယ်။

ဟုတ်ပါပီဗျာ။
ကြားရတာ ၀မ်းသာပါတယ်။
ဥူးဇင်းအနေနဲ့ လည်း ဒကာ ဒကာမတွေရဲ့ သဒ္ဓါအား ပညာအား
ဝီရိယအားတွေနဲ့  နေရာဝေးပေမယ့် မဝေးတဲ့ စိတ်များနဲ့ အတူ
လာလည်ပြီး ကုသိုလ်လုပ်သွားကြတဲ့အတွက် သာဓုခေါ်နေတာပါ။
ဘုရားရှင် အလိုတော်ကျ ကုသိုလ်ပြုသွားကြတာလည်း
ဒါန သီလ ဘာဝနာစုံသွားတာမို့  ၀မ်းမြောက်စရာပေါ့နော်။
အလှူဆိုတာ -
၁။မလှူခင်၊
၂။လှူဆဲ လှူတုန်း ၊
၃။လှူပြီး ၀မ်းမြောက်ဖို့ ပါဘဲ။
ဒါဆိုရင် အလှူဟာ တင်းပြည့်ကျပ်ပြည့်
အောင်မြင်တဲ့ အလှူဖြစ်ပါတယ် ဆိုတာကို
ဝမ်းမြောက်ဖွယ်ရာ ပြောလိုက်ပါတယ်။

မေတ္တာဖြင့်
ဥူးဇင်း

သူတို့ ရဲ့  သဒ္ဓါအား ရှိရုံနဲ့  ဒီကို ရောက်လာဖို့  မလွယ်သေးဘူး၊ ဒီလောက်ဝေးတဲ့ နေရာကို ၀ီရိယ ဆို တဲ့ အားလည်း ထည့်ရပါတယ်၊ ဒါန ဆိုတာ ခုဘ၀ နောက်ဘ၀ရော သံသရာ လမ်းခရီးအတွက် အသုံး ၀င်ပါ့လား ဆိုတာကို သူတို့  အသိအားကလည်း ရှိသမို့  ရောက်လာတာပါ။

ဒါကြောင့်လည်း စာထဲမှာ သဒ္ဓါအား ၀ီရိယအား ပညာအားလို့  ဆိုတဲ့စကားလေးကို ထည့်ရေး ပေး လိုက်တာပါ။
ပြီးတော့-
ပုဗ္ဗေ၀ ဒါနာ သုမနော ၊ ဒဒံ စိတ္တံ ပသာဒယေ၊
ဒတွာ အတ္တမနော ဟောတိ၊ ဧသာ ယညဿ သမ္ပဒါ။
ပါဠိတော်လာတဲ့အတိုင်း
အလှူ မလုပ်ခင် စိတ်က ၀မ်းမြောက်ပါ၊
လှူဆဲလည်း စိတ်ကြည်လင်ပါ။
လှူပြီးလည်း နှစ်သက် ကျေနပ်နိုင်ပါစေ။
အဲဒီ သုံးချက်ပြည့်ရင် အလှူလုပ်ခြင်း ဟာ
တင်းပြည့်ကျပ်ပြည့်ရပါတယ်။
အောင်မြင်တဲ့ အလှူဖြစ်သွားတယ်ပေါ့။


ဘုရားရှင် ဟောကြားတော်မူတဲ့ အတိုင်း လေ့လာပြီး သူ့ ထံမှာ ပါဠိ မပါ မြန်မာလို အီးမေးလ် အနုမောဒနာ အဖြစ် ပို့ လိုက် ဟောလိုက်ပါတယ်။


မှတ်ချက်။ ။ နှစ်ယောက်စလုံး နာမည် အရင်း မဟုတ်ပါ။
မငယ် သည် ကိုယ့်ထက်ငယ်သောကြောင့်
မငယ် ဟုသုံးလိုက်သည်။
သူက ကိုယ့်ကို ဘုန်းဘုန်းတဲ့၊
သူက အသက် ကိုယ့်ထက်ငယ်တာကို။

မကြီးဆိုသူကလည်း ကိုယ့်ထက်
ကြီးသောကြောင့် မကြီး ဟု သုံးလိုက်သည်။
သူက ကိုယ့်ကို ဥူးဇင်းတဲ့၊
သူက အသက် ကိုယ့်ထက် ကြီးတာကို။

ကိုယ်ဆိုသူကတော့ ဘုန်းဘုန်း ဥူးဇင်း ပေါ့လေ။


မြတ်ရောင်နီ

( ၀၃၊ ၀၈ ၊ ၂၀၁၀ )
.

Read more...

ရွာဦ်းကျောင်းဆရာတော်နှင့် မနောမယ ဂမ္ဘီရ ရေမန်း


တစ်နေ့သ၌ အင်းစိန်မြို့ ဖော့ကန်ရပ်ကွက် မင်္ဂလာလမ်းတွင် အသက် ၂၅- ၃၀ ဝန်းကျင်ရှိ စတိုးဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ယောက်သည်၊ ရောင်းမထွက်နိုင်သော မိမိ၏ဆိုင်မှ ပေါင်မုန့်များ ကို ပြန်လည် သိပ်ဆည်း ရင်း၊ နှမြှောတသဖြစ်နေခိုက်၊ မိမိ၏ ဆိုင်နှင့်မျက်နှာချင်းဆိုင်တွင်၊ ဆိုင်းခန်းဖွင့်ရန် လာရောက် နေရာချ နေသော တစ်ခြားအမျိုးသမီးငယ်တစ်ယောက်ကို သတိထား မိလေ၏၊

၎င်းစတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည်၊ သူမ၏ အတွေ့အကြုံအရ ဤနေရာ ဤဒေသ၌ ဈေးဆိုင် လာဖွင့်သူ မှန်သမျှ အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရပုံများကို ပြန်လည်တွေးကြည့်ရင်း၊ ဆိုင်ခန်းပြင်ဆင် နေသူ အမျိုးသမီး ငယ်လေးကို သနားမိသေးတော့၏။
သူကိုယ်တိုင်းမှာလည်း အရောင်းမသွက်ဖြစ်နေရသည့်အထည့်၊ ဤကဲ့သို့ မိမိဆိုင်နှင့် ကပ်လျှက်နေရာတွင် နောက်ထပ်ဆိုင်တစ်ဆိုင် လာရောက်ဖွင့်ခဲ့ပါက အကျိုးနည်းရချေရဲ့ ဟုလည်း၊ စိတ်ကူးမိလေသည်။ မည်သို့ ပင်ဖြစ်စေ၊ မိမိဆိုင်အရောင်းသွက်ရေးအတွက် မှတ်မိသမျှသော ဂါထာမန္တရားများ ကိုသာ ရွတ်ဖတ် နေမိ လေ၏၊

သို့သော်လည်း နောက်ထပ်ဖွင့်ရန် ပြင်ဆင်နေသော ဆိုင်မှာ မိမိကဲ့သို့ စတိုးဆိုင် မဟုတ်ကြောင်းကို အကဲခပ်မိသဖြင့် အနည်းငယ် နေသာထိုင်သာရှိသွားတော့၏၊ အတော်အသင့် သပ်သပ်ရပ်ရပ်ရှိသော ၄င်းဆိုင်ငယ်လေးသည်၊ စာသောက်ဆိုင်သော်၎င်း၊ ထမင်းဆိုင်သော်၎င်း တစ်ခုခုဖြစ်ရမည်ဟု တွက်ဆထားလိုက်လေ၏။

နောက်တစ်နေ့ နံနက် မိုးလင်း၍ မိမိ၏ စတိုးဆိုင်ကို ဖွင့်ရန်အသွား၊ ပရိတ်သတ်အနည်း ငယ် စည်ကားနေသော ၄င်းဆိုင်ကလေးကို၊ အမှတ်မထင်သတိထားမိသွား၏၊ ရခိုင်မုန့်တီ အာပူလျှာပူဟူ၍လည်း ဆိုင်းပုဒ်ငယ်တစ်ခုကို ခပ်ရိုးရိုးကလေး ချိုတ်ဆွဲထားသေး၏၊


စိတ်ဝင်စားမိ၍ အသေအချုာ လေ့လာကြည့်မိသောအခါတွင်ကား။ ဆိုင်ခန်း၏ ခေါင်းရင်း ဖက်တွင်၊ အသက် ၂၀ ဝန်းကျင်ရှိ ရဟန်းငယ်တစ်ပါးလည်း ရှိနေသည်ကို တွေ့ရသဖြင့် ပို၍ပင် စိတ်ဝင်စားစွာ မိမိဆိုပေါ်မှ နေ၍ အစအဆုံး ဂရုတစိုက် ကြည့်နေမိ၏။

ခဏအကြာတွင် ၄င်းရဟန်းငယ်သည်၊ မိမိ၏ရှေ့တွင်ချထားသော သောက်ရေခွက်ကို ဟန်ပါပါဖြင့် ထက်ဝက်ခန့် သောက်ပြီးနောက်၊ ကျန်ထက်ဝက်ခန့်ကို ပလပ်စတိတ်အိပ်ငယ် တစ်လုံးတွင် ထည့်ကာ၊ ဆိုင်ရှင်အမျိုးသမီးငယ်အား၊ ရော့..ဟူ၍လှမ်းပေးလိုက်လေ၏ ပြီးလျှင် ၄င်းရဟန်းငယ်သည် ဆိုင်ခန်းထဲရှိ လူသူများကို ခပ်ဆပ်ဆပ် စကားအနည်းငယ် ပြောပြီးလျှင်၊ မုန့်တီတစ်ခွက်ကို အားရပါးရ သုံးဆောင်နေလေတော့၏။

ဆိုင်ရှင်အမျိုးသမီးသည်၊ ရဟန်းငယ်ပေးသော ပလပ်စတိတ်ရေထုပ်ကလေးကို တရိုသေ ယူဆောင် လာပြီးလျှင်၊ စာပွဲခင်းကျင်းထားရာ အပေါ်တွင် ကြိုးတစ်ချောင်းဖြင့် တပ်ဆင်လိုက်၏၊ ထိုသို့တပ်ဆင် နေစဉ်တွင်လည်း ၄င်းရဟန်းငယ်မှ မကြာမကြာ အမိန့်ပေးနေသကဲ့သို စကားများ လှန်းလှန်း ပြောနေ သည်ကို ဝိုးတဝါး လှမ်းမြင်နေရလေ၏။ ရဟန်းငယ်သည်ကား ၄င်းဆိုင်ခန်းရှိ သူများအပေါ် အတော် သြဇာရှိပုံရ၏။

စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည် အလွန်အင်မတန်မှ စိတ်ဝင်းစားမိသဖြင့်၊ ချက်ချင်း ဆိုသလို၊ မိမိဆိုင်ပေါ်မှ ဆင်းကာ၊ ရခိုင်မုန့်တီတစ်ခွက်ကို သွားရောက်အားပေးလိုက်လေ၏၊ ပြီင်္းလျှင် ၄င်းရဟန်းငယ်အား မိမိဆိုင်ပေါ်သို့ ပင့်ကာ၊ အချိုပွဲအချဉ်ပွဲများဆက်ကပ်လိုကြောင်း လျှောက်ထား လေတော့၏၊

ရဟန်းငယ်ကမူ မိမိမှာ စာချတာဝန်ရှိနေသေး၍ နောက်တစ်ပတ် တနင်္ဂနွေ နေ့နှင့် ဥပုသ်နေ့နှင့် တိုက်ဆိုင်ခဲ့လျှင် မုချလာရောက်မည်ဖြစ်ကြောင်း၊ သို့သော်လည်း ဒကာမကြီင်္း၏ စတိုးဆိုင်ပေါ်သို့ မတက်ရောက်တော့ပဲ ဤမုန့်တီဆိုင်ခန်းသို့ လာရောက်ကပ်နိုင်ကြောင်းကို ပြောကြား လိုက်လေတော့၏၊

စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေတော့၏၊ ၄င်းစတိုးဆိုင်ပိုင်ရှင် အမျိုးသမီး၏ အထင်မှာ ဤဦ်းဇင်းငယ်သည်၊ ဈေးရောင်းကောင်းရန်အတွက် ရေမန်းဖြင့် သိဒ္ဓိတင်ပေး သည်ဟု အတိအကျ ယူဆထားလေ၏၊

တိုက်တိုက်ဆိုင်ဆိုင်ပင်လျှင် မုန့်တီဆိုင်ကလေးသည်လည်း တစ်ပတ်အတွင်း အတော်လေးကို ရောင်းအားကောင်းလာခဲ့လေတော့၏ အပျင်းပြေမုန့်တီဆိုင်ဖွင့်ကြည့်သည်ဟု ဆိုစေကာမူ တစ်နေ့ကို မုန့်ဖတ် ၁၂ ပိဿာထိ ရောင်းချရလေ၏၊ မနက်အစောကြိးကတည်းက နေ့လည် ၁ နာရီလောက်ထိ လက်လည်သည်ဟူ၍မရှိပေ။

ထိုမထင်မှတ်ပဲ ဈေးရောင်းကောင်းနေသည်ကို မြင်သောအခါ စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည် ဦးဇင်းငယ် ကြွလာမည့်နေ့ကို တမျှော်မျှော်ဖြင့် စောင့်နေ ရှာ၏၊ ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့ တိုက်ဆိုင်လျှင် ကြွလာ မည်ဟု ပြောခဲ့သော ဦးဇင်းငယ်၏ စကားကို အမြဲကြာယောင် နေမိလေ၏၊

အမှန်မှာမူ ဦင်္းဇင်းငယ်ဆိုလိုသည်မှာ ဥပုသ်နေ့များတွင်မှ စာဝါပိတ်သောကြောင့် ဥပုသ်နေ့မှ ကြွလာခဲ့မည် ဟု ဆိုလိုခြင်းဖြစ်လေသည်၊ တနင်္ဂနွေနေ့ နှင့် တိုက် ဆိုင်စေချင်သည် မှာကား ဦင်္်းဇင်းငယ်၏ မောင်နှမများ အလုပ်နားသည့်ရက်နှင့် တိုက်ဆိုင်လိုစေသော ကြောင့်ဖြစ် လေည်။

ဤသည်ကိုပင်လျှင် အလွန်အထင်ကြီးနေသော စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးမှာမူ နေ့ထူး နေ့မြတ်ကို ရွေး၍ ကြွလာမည့်ဟု အထင်ရောက်နေလေတော့သည်။

နောက်တစ်ပတ်ကြာလျှင် ဦးဇင်းငယ် ကြွလာပြီး သူအင်မတန်မှ ကြိုက်နစ်သက်သော ရခိုင်မုန့်တီကို အားရ ပါးရ သုံးဆောင်နေလေတော့၏၊ ၄င်းဦးဇင်းငယ်သည်ကား ရခိုင်မုန့်တ်ီကို အလွန်ကြိုက်နစ်သက်၏၊ ငယ်စဉ်က ဆိုလျှင် ရခိုင်မုန့်တီကျွေးမည်ဟု ပြောပြီးကာမှ အကြောင်းအမျိုးမျိုးကြောင်း မကျွေးဖြစ်ခဲ့လျှင်ကား ထိုနေ့အဖို့ မည်သည့် အစားအစာကိုမှ မစားသောက်တော့ပေ။ ယခု အသက်ကြီးလာသည့်တိုင်အောင် ထိုအကျင့်ကို မစွန့်လွတ်နိုင်သေးပေ။

ရခိုင်မုန့်တီသုံးဆောင်ပြီး၍ မကြာခင်ပင်လျှင် စတိုးဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ယောက် အလွန်ရိုသေသော အမူအယာဖြင့် ရောက်လာလေတော့၏၊ ဦးဇင်းငယ်မှာ ဤမျှရိုသေ ကိုင်းရှိုင်း သော အမူအယာဖြင့် မိမိရှေ့ တွင် လာရောက်ထိုင်နေသော အမျိုးသမီး တစ်ယောက်၏ ရှေ့တွင် ကိုယ့်ကိုကိုယ့် မယုံသင်္ကာဖြင့် မနေတတ် မထိုင်တတ်ဖြစ်နေလေတော့၏၊


စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးလျှောက်ထားသည်မှာကား= မှန်လှပါဦင်္းဇင်းလေးဘုရား၊ တပည့်မတော်မ ဆိုင်ခန်းအတွက် ရေမန်းတစ်ပုလင်းလောက် မန်းပေးတော်မူပါဘုရား.. ဟူ၍ဖြစ်လေ၏၊

ဦင်္းဇင်းငယ်သည် အလွန်အံ့သြသော အမူအယာဖြင့် ဘေးဘီးဝဲယာကို အနည်းငယ် အကဲခပ်ကြည့်ပြီးလျှင်၊ ဒကာမကြီး ဘာပြောတာလဲ ဟု မယုံသင်္ခါ မေးမိလေတော့၏၊ ထိုအခါ စတိုးဆိုင်ပိုင်ရှင် အမျိုးသမီး သည် လည်း၊ ဆိုင်ဖွင့်သည့်နေ့က ဦင်္းဇင်းငယ်ကိုယ်တိုင် ထုတ်ပေးခဲ့ သော ရေထုပ်ကလေးကို လက်ညှိုညွန်ပြကာ၊


ဟော..ဟိုက အရှင်ဘုရား မန်းပေးခဲ့တဲ့ မနောမယဂမ္ဘီရ ရေမန်းလိုမျိုး တပည့်တော်မကိုလည်း ချီင်္းမြင့်ပေးပါ ဘုရားဟု ထပ်မံလျှောက်ထား လိုက်လေတော့၏။

ဦင်္းဇင်းငယ်သည် အရာအားလုံးကို သဘောပေါက်သွားသဖြင့် ရယ်ချင်သောစိတ်ကို အောင့်အီးသီးခံပြီး၊ ဤသို့ပြန်လည် ရှင်းပြရလေတော့၏။


အဲဒီင်္ ..ရေထုတ်က ရေမန်းမဟုတ်ဘူး ဒကာမကြီ်ရဲ့ ….ဟု စအချီကာဖြင့်၊ ၄င်းရေထုပ်ငယ် ကို စာပွဲပေါ်မှ နေ၍ ကြိုးတစ်ချောင်းဖြင့် ချည်ထားသည်မှာကား မုန့်ဖတ်နှင့် အခြား တိုလီ မိုလီများ ကို ယင်ကောင် နားမှာစိုး သဖြင့်၊ ယင်ကောင်များကို ခြောက်လှန့်ရန်အတွက် တမင်သက်သက် စာခြောက်ရုပ်ကဲ့သို့ လုပ်ထားသော ရေထုပ်သာဖြစ်ကြောင်း၊ ဘယ်လို မန္တရားကိုမှ မတတ်ကြောင်း ယင်ကောင်များ မလာနိုင်ရန် ၄င်းရေထုတ်ကလေးကို ယိုင်ထိုးလှုပ်ပေးခြင်းဖြင့် ဟန့်တားထား ခြင်းသာ ဖြစ်ကြောင်း ရှင်းပြရလေတော့၏။

စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးမှာလည်း မိမိ၏အဖြစ်ကို မိမိသိရှိရသဖြင့် ၄င်းအမျိုးသမီး နှင့် ဆိုင်ခန်းရှိ ညီအစ်ကို မောင်နှမများ အားလုံးတို့မှာ တစ်ညီင်္တစ်ညွတ်တည်း..ဝါး..ဟား..ဟား ဟူ၍ ပြိုင်တူ ထွက်သွား ကြလေတော့သတည်း။

ထိုစဉ်က ရေမန်းမန်းသော ဦးဇင်းငယ်မှာ ကပ္ပိယကျော်ခေါင်၏ဆရာရင်း ရွာဥိးကျောင်းဆရာတော် ဖြစ်လေသည်၊ မုန့်တီဆိုင်ပိုင်ရှင်မှာ ရွာဦင်္းကျောင်းဆရာတော်၏ အစ်မဖြစ်လေသည်၊ စတိုးဆိုင်ပိုင်ရှင် မှာကား ဖော့ကန်ရပ်ကွက်တွင် အလွန်နာမည်ကြီင်္းသော ဦင်္းတင်မောင်စတိုးဆိုင် ဖြစ်လေသည်။

ဤသို့လျှင် လူတို့မည်သည်၊ မိမိတို့၏ အားကိုးရာကို လွဲမှားစွာ ရှာမှီးတတ်ကြလေသည်၊
လာအားပေးတာ ကျေးဇူးတင်ပါတယ်..

Read more...

ရုရှား ပေးစာ (အပိုင်း-၁)

ိမိတ်ဆက်


ဒီစာလေးကတော့ ရုရှား ပြည်ထောင်စုက ရုရှားလူမျိုးတစ်ယောက်၏ သီတဂူစတားထံ ပေးစာတစ်စောင်ဖြစ်ပါတယ်။ သူက ရုရှားပညာတော်သင် မြန်မာကျောင်းသားတစ်ယောက်၏ သူငယ်ချင်းဖြစ်သည်။ ဘာသာရေးကို စိတ်ဝင်စားသဖြင့် သူ့ကို မြန်မာကျောင်းသားကပဲ သီတဂူစတားနှင့် မိတ်ဆက်ပေးခြင်းဖြစ်သည်။ ရုရှားနိုင်ငံသားတစ်ယောက်၏ ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်နေပုံကို သိရတော့ အလွန်ဝမ်းသာ ပီတိ ဖြစ်မိပါသည်။ ရုရှားနိုင်ငံသည် ခရစ်ယာန်ဘာသာ ထွန်းကားရာနိုင်ငံဖြစ်သည်၊ ထိုထဲမှ ရှားရှားပါးပါး ဗုဒ္ဓဘာသာကို စိတ်ဝင်စားနေသည်ကို ကြားရတော့ ၀မ်းသာလွန်းလို့ သူ၏ သီတဂူစတားထံ ပေးစာ (English) မူကို မူရင်းအတိုင်း ဘာသာပြန်ဆိုပြီး ဖော်ပြလိုက်ပါသည်။

သူ၏မူရင်းစာ

မင်္ဂလာပါ ဘုန်းဘုန်း ဦးကောဝိဒ
ကျွန်တော်က ရုရှား လူမျိုး စိန့်ပီတာစပတ်(ပီကျဲဘုရ်)မှာ နေပါတယ်။ နာမည်က ရုရှားနာမည် Bulbulshoev ဖြစ်ပါတယ်ဘုရား။ ဗုဒ္ဓဘာသာနာမည်က Chatchai လို့ ခေါ်ပါတယ်ဘုရား၊ (ဘယ်လို မြန်မာလို စာလုံးပေါင်းမလဲ မသိပါဘူး)။ ကျွန်တော်ဟာ အသက် ၂၈ နှစ်ပြည့်ပါပြီ။ ကျွန်တော့ သူငယ်ချင်း မြန်မာနိုင်ငံသား မောင် ဆိုနီက ကျွန်တော့်ကို ဘုန်းဘုန်း သီတဂူစတားနှင့် တွေ့ဘို့ရန် အကြံပေးပါတယ်။ ကျွန်တော်ဟာ ၂၀၀၅ နှစ်ကထဲက ထေရ၀ါဒဗုဒ္ဓဘာသာဝင်ဖြစ်သွားခဲ့တာပါ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမရှိပါဘူးဘုရား။ ဆိုလိုတာက ကျွန်တော်တို့ ရုရှားနိုင်ငံမှာ ဗုဒ္ဓရုပ်ပွားရှိပေမဲ့ ဗုဒ္ဓဘာသာမရှိသေးပါဘုရား။ ကျွန်တော်တို့ ခရိုင်အနီးအနားမှာတော့ ထိုင်းထေရ၀ါဒ ဗုဒ္ဓဘာသာ စင်တာ တစ်ခုတော့ ရှိပါတယ်ဘုရား။ ၂၀၀၉ ခုနှစ်က အဲဒီ စင်တာမှာ တစ်လလောက် တပည့်တော် ကိုရင် (သာမဏေ)၀တ်ခဲ့ပါတယ်ဘုရား။ ဒါပေမဲ့ အချို့ အခက်အခဲလေးတွေကြောင့် လူဝတ်ကြောင်ဘ၀သို့ တစ်ခါ ပြန်ရောက်သွားပါတယ်ဘုရား။ ကျွန်တော်မှာ ကျွန်တော့ စားဝတ်နေရေးနှင့် အခြားကိစ္စတွေ ပြီးတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ စင်တာနှင့် ပတ်သက်ပြီး အခက်အခဲတွေအတွက် ဖြေရှင်းရဦးမယ်ဘုရား။
ကျွန်တော်ပြောချင်ပါတယ် ကျွန်တော်ဟာ မြန်မာကို သဘောကျပါတယ် ဘာလို့လဲဆိုတော့ ထေရ၀ါဒစာပေနှင့် ယဉ်ကျေးမှုများကို ယခုချိန်အထိ အရှိအတိုင်း ထိမ်းသိမ်းထားနိုင်တာ မြန်မာပါပဲဘုရား။ ကျွန်တော် ၂၀၁၁ ဇူလှိုင်လလောက်မှာ မြန်မာပြည်ကို သွားချင်ပါတယ်။ ပြီးတော့ အရှင်ဘုရားနှင့် အရှင်ဘုရားရဲ့ကျောင်းကို တွေ့ချင်ပါတယ်၊ ဒါ့ပြင် အရှင်ဘုရားတို့ ဘာသာစကားနှင့် အရှင်ဘုရားတို့လို ရဟန်းဘ၀ကိုလည်း လေ့လာချင်ပါသေးတယ်၊ အထူးအားဖြင့် မြတ်ဗုဒ္ဓရဲ့ ကမ္မဋ္ဌာန်းတရားတော်နှင့် ဗုဒ္ဓဘာသာတွေရဲ့ ပညာရေး (ပါဠိ) ဖြစ်ပါတယ်ဘုရား။
ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိပါတယ်ဘုရား၊ အဲဒါကတော့ မြန်မာပြည်က ဗုဒ္ဓဘာသာကို ရုရှားကို ယူဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။ အရှင်ဘုရား တွေ့နိုင်မည့် အချိန်ကို ပြောပြပါဘုရား။

ရိုသေစွာဖြင့်
Bulbulshoev

အတွေးတစ်ခု

ဤစာကို ဖတ်ပြီး အတွေးများစွာ ၀င်လာပါတယ်၊ လောကကြီးမှာ သတ္တ၀ါတွေဟာ အလိုမပြည့်ဖြစ်နေကြတယ်၊ အမြဲတမ်း ဆာလောင် ငတ်မွတ်နေကြတယ်၊ ဘယ်သောအခါမှ ပြည့်ဝသွားတယ်မရှိ၊ (ဥနော လောကော) သတ္တ၀ါတွေဟာ တစ်ဦးနှင့် တစ်ဦး စိတ်ဓာတ်ပိုင်းဆိုင်ရာအားဖြင့်လည်ကောင်း ကိုယ်အားဖြင့်လည်ကောင်း ထိုအလိုဆန္ဒအတွက် တိုက်ခိုက်နေကြတယ်၊ ထိုအတွက် အမြဲတမ်း ပူလောင်နေကြပါတယ်။ ထိုပူလောင် ဆာလောင်မှုကို ပြေငြိမ်းနိုင်သော ဗုဒ္ဓဘာသာကို သူတို့ ရှာဖွေနေကြပါပြီ။ ဗုဒ္ဓဘာသာသည် သူတို့၏ ပူလောင်မှု့ကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟူ၍လည်း မျှော်လင့်ထားကြသည်။ သူတို့ ထင်ထားတာက စစ်မှန်တဲ့ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံမှာသာ ရှိနေပါသည်။

ယခုအချိန်မှာ ရုရှားပြည်ထောင်စုက မြန်မာနိုင်ငံက ထေရ၀ါဒသာသနာကို အလိုရှိနေပါသည်၊ မြန်မာပြည်မှ ထောင်နှင့်ချီသော ရုရှားပညာတော်သင်များ၏ ကြိုးပမ်းမှု့လည်း ပါကောင်းပါပါလိမ့်မည်၊ သူတို့မှာ မြန်မာ့ယဉ်ကျေးမှု့ကို ကောင်းကောင်းပြနိုင်ဖို့ရန်လည်း အခွင့်ရေးရှိသည်။ ထိုအခွင့်အရေးကို ကောင်းကောင်း အသုံးချနိုင်ဖို့ လိုပါသည်။ ပြည်ပသာသနာပြုဆိုသည်မှာ ရဟန်းတော်များချည်း လုပ်ရမည် မဟုတ် လူဝတ်ကြောင်များကလဲ ရောက်တဲ့ နေရာတိုင်းမှာ ဗုဒ္ဓဘာသာများပီပီ ကိုယ့်ယဉ်ကျေးမှု့ကို ပြနိုင်ဖို့ဖြစ်ပါသည်။ ကိုယ်က ဗုဒ္ဓဘာသာ သားသမီးဖြစ်ပေမဲ့ အပြောအဆို၊ အနေ အထိုင်၊ အ၀တ်အစားက အစ ဘာသာခြားတို့၏ ဟော့ဟော့ရမ်းရမ်းတွေအောက် ရောက်သွားမည်ဆိုပါက ကိုယ်က ရှုံးသွားပြီဟူ၍မှတ်ပါ။

အချို့ကား ပြည်ပ (တိုင်းတပါး)တို့၏ လူနေမှုဘ၀ (life style) ကို အထင်ကြီးလွန်းသဖြင့် မြန်မာ့ယဉ်ကျေးမှု့ကို အထင်မြင်သေးလာသည်အထိ ဖြစ်လာသည်၊ မြန်မာပီပီ နေလျှင်ကိုပဲ လူရိုးဟု ထင်မည့်အစား လူအဟု ထင်မြင်လာတတ်သည်။ ၂-၈-၂၀၁၀ နေ့က သူငယ်ချင်းတစ်ယောက် ပြည်ပထွက်ရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ခဲ့သည်၊ ပြည်ပကိုထွက်မည့် များစွာသော လူတွေထဲတွင် မိန်းကလေးငယ်တွေကိုလည်း တွေ့ရသည်၊ ပြည်ပတောင် မရောက်သေး ပြည်တွင်းလေယာဉ်ကွင်းမှာပဲ ရှိသေးတယ် ၀တ်ထားလိုက်တဲ့ အ၀တ်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်၊ အော်--သူလေးက ဗိုလ်ဆန်တာကို ကြိုက်နေပုံ ရသည်၊ မြင်ရတဲ့သူတွေက မြန်မာတွေဖြစ်ကြသည်၊ မြန်မာမျက်လုံးနှင့် ကြည့်နေကြသည်ကို သူလေး မသိလေရောလားဆိုပြီး တွေးပြီး သနားမိသည်။ ထိုအတွက် မိဘတွေမှာလည်း တာဝန်ရှိသည်။ မိဘတွေကိုယ်တိုင်က ဗိုလ်ကို (ဗိုလ်ဆန်) ကြိုက်နေရင်တော့ မပြောတတ်တော့ပေ။
ဘာသာခြားတွေကတောင် မြန်မာ့ယဉ်ကျေးမှု့ကို မြတ်နိုးလာချိန်မှာ မြန်မာလူမျိုးစစ်စစ်တွေက မြန်မာ့ယဉ်ကျေးမှု့နှင့် သွေဖယ်လာခြင်းသည် ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်ယဉ်ကျေးမှု့နှင့် ကိုယ့်ကိုယ်ကို အထင်သေး အမြင်သေးရာ ရောက်ပါသည်ဟု တွေးမိပါသည်။
ယခုအခါ ရုရှားလူမျိုးတစ်ယောက်သည် မြန်မာနှင့် မြန်မာ့ယဉ်ကျေးမှု့ကို သဘောကျလွန်း ကြိုက်လွန်းလို့ မြန်မာပြည်မှာ မြန်မာ့ဘ၀နှင့် စာပေများ သင်ယူလိုသည်။
နောက်အကြံတစ်ခုကား- ရုရှားနိုင်ငံမှာ မြန်မာတွေ များစွာရောက်နေပါပြီ၊ ထိုမြန်မာကျောင်းသားများကို အမှီပြုပြီး သို့မဟုတ် ထိုမြန်မာကျောင်းသားများကပဲ ထိုနိုင်ငံမှာ Theravada Buddhist Association ဗုဒ္ဓဘာသာ အဖွဲ့စည်းတစ်ခု ခိုင်ခိုင်မာမာ ရှိလျှင် ကောင်းမှာပဲဟုလည်း တွေးမိပါသည်။ စွမ်းနိုင်သူများနှင့် စိတ်ဝင်စားသူများ သို့မဟုတ် တာဝန်ရှိသူများက ဦးဆောင် လုပ်ပေးနိုင်လျှင် နောက်က လိုက်ပါကြမည့်သူများ အဆင်သင့် ရှိနေကြသည် ဖြစ်၍ အောင်မြင်ပါလိမ့်မည်၊
ရုရှား ပေးစာ (အပိုင်း-၂) ကို ဆက်လက် ဖော်ပြသွားပါမည်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၃-၈-၂၀၁၀

Read more...

Progress In Meditation

There are many different types of meditation and even many variations of the same types. Thus people often ask, ‘Which is the best meditation technique?’ and after they have been meditating for a time they often ask, ‘How do I know whether or not I am doing it correctly?’ There are four criteria that can be used to assess what the Buddha called ‘progress, growth and furtherance’ (vuddham, virulhim, vepullam) in meditation. If (1) you are generally happier than before you started meditating, (2) if you notice an increase in positive and a decrease in negative qualities within yourself, (3) if you are more relaxed and open and (4) if you are able to be more objective about yourself, these are good indicators that your meditation is going the way it should.
Some approaches to meditation and certain attitudes some people bring to meditation, can cause practitioners to become tense, glum and overly serious. King Pasenadi noticed a marked difference between the followers of other sects and the Buddha’s disciples. The former were so gaunt and miserable-looking ‘that you would not want to see them again’ while the latter were ‘smiling, cheerful, exultant and joyful, with radiant complexions, relaxed, without anxiety, content with what they receive and with minds like a forest deer’ (M.II,121). Time and again the Buddha linked balanced mature meditation and happiness. ‘The mind that is happy becomes concentrated’ (sukhino cittam samadhiyati), ‘The mindful person becomes happier’ (satima sukham edhati), ‘Now you might think, “Perhaps these defiling mental states might disappear…and one might still be unhappy.” But this is not how it should be regarded. If defiling states disappear…only delight and joy, serenity, mindfulness and clarity remain, and that is a happy state’ (D.I,73; S.I,208; D.I,196).
Rather than trying to see themselves as they actually are, some meditators have an image of how they ‘should’ be and then use suppression and contrivance to make themselves fit into that image. The result is often bodily rigidity; a strained unsmiling expression, constrained movements and a stiff body. Other meditators develop a form of psychological rigidity, becoming puritanical and unbending in their attitude to even the most minor rules and dogmatic about interpretations of Dhamma and meditation techniques. One frequently hears such people comment that the way they are meditating is ‘absolutely correct’ and that other ways, even those only slightly different, are ‘absolutely wrong.’ Such physical and psychological rigidity is a very bad sign. By contrast, the successful meditator has the confidence to ‘relax and let their hair down’ (appossukka, pannaloma) without becoming slack, and the ability to see Dhammic concepts and meditation techniques as useful stepping stones rather than absolutes that must be clung too.
Successful meditation should gradually diminish the ego so that one’s self-image becomes less important and detachment increases, including detachment towards one’s negativities. Consequently, meditators should be able to have an increasingly realistic and insightful self-assessment and be frank and honest about their inner life. They should become more amenable to advice from spiritual friends and teachers, more ready to acknowledge mistakes, more able to accept praise without blushing and criticism without getting defensive. The mature meditator will, the Buddha said, be willing ‘to reveal his defilements to the Teacher or to an experienced monk as they really are’ (A.IV,189-90).
To the question ‘Which is the best meditation technique?’ the answer should be, ‘If the qualities mentioned above become more apparent as a result of the meditation you are practising then that is the most suitable technique for you.’
0 comments

Read more...

သံဃာ့ဂိုဏ်းကြီး ( ၉ ) ဂိုဏ်း (ဒွါရဂိုဏ်း သုံးဂိုဏ်း)

သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင်ပဲခူးတိုင်းအုတ်ဖိုမြို့မှ ဆရာတော်အရှင်ဥက္ကံသ၀ိမာလာသည်
ရေသိမ်၌ ရဟန်းခံခြင်းကို အကြောင်းပြု၍ အင်္ဂလိပ်အစိုးရလက်အောက်ရှိ သုဓမ္မာဂိုဏ်းဝင်ဆရာတော်များနှင့် အငြင်းပွားခဲ့သည်။
အုတ်ဖိုဆရာတော်သည် မိမိတပည့်ရဟန်းများနှင့် သီးခြားဂိုဏ်းခွဲခဲ့သည်။
ဘုရားရှိခိုးရာ၌ ကာယကံ၊ ၀စီကံ၊ မနောကံဟူ၍ ရှိခိုးခြင်းမပြုရ၊
ကာယဒွါရ၊ ၀စီဒွါရ၊ မနောဒွါရဟုဒွါရဖြင့် ရှိခိုးမှမှန်ကန်သည်ဟု အုတ်ဖိုဆရာတော်ကဆုံးဖြတ်သည်။ ( ယခုတော့ ထိုသို့ဘုရားရှိခိုးသည်ကို မတွေ့ရ တော့ပါ။
တစ်နိုင်ငံလုံးနီးပါး ကာယကံ၊ ၀စီကံ၊ မနောကံဖြင့်သာ ရှိခိုးကြသည်။)

ဇိနတ္တပကာနီကျမ်းပြုကျီးသဲလေးထပ်ဆရာတော် (သုဓမ္မာဂိုဏ်း) က
ကံဖြင့် ရှိခိုးမှမှန်ကန်ကြောင်း ငြင်းခုံကြသည်။
ထို့ကြောင့် အောက်မြန်မာနိုင်ငံ၌ အုတ်ဖိုဆရာတော်၏ဂိုဏ်းကို
ဒွါရဂိုဏ်းဟုခေါ်ကြသည်။ သုဓမ္မာဂိုဏ်းကိုမူ ကံဂိုဏ်းဟုခေါ်ကြသည်။
နောက်ပိုင်းတွင်မူ ကံဂိုဏ်းဟုမခေါ်တော့ပဲ သုဓမ္မာဂိုဏ်းဟုပင် ပြန်လည်ခေါ်ကြသည်။

ယင်းဒွါရဂိုဏ်းသည်
(က) အနောက်ချောင်းဒွါရ၊
(ခ) မဟာဒွါရ၊
(ဂ) မူလဒွါရ ဟူ၍ (၃) မျိုးထပ်၍ ကွဲသွားကြပြန်သည်။

( က ) အနောက်ချောင်းဒွါရဂိုဏ်း
ဒွါရဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီးလက်ထက်မှာပင်
ငါးသိုင်းချောင်းရေတံခွန်ကျောင်းတိုက် ဆရာတော်ကြီးကို အခြားသောဒွါရဂိုဏ်းဝင်ကျောင်းတိုက်ကြီး (၆) တိုက်မှ သံဃာတော်များက
ပထမပါရာဇိက (မာတုဂါမဖြင့် ဖောက်ပြန်သည့်အမှု) ဖြင့် စွပ်စွဲကြသည်။ ဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီးသည် အစွပ်စွဲခံရသည့်
ဆရာတော်ကြီးဘက်မှ ရပ်တည်ခဲ့သဖြင့်
ကျောင်း(၆) ကျောင်းမှ သံဃာတော်များသည် သီးခြားဂိုဏ်းတည်ထောင်ကြသည်။
" င၀န်မြစ်" ကို အနောက်ချောင်းဟု ထိုဒေသတွင်ခေါ်ကြသည်။
ယင်းအနောက်ချောင်းကို အစွဲပြု၍ ရေကြည်၊ငါးသိုင်းချောင်းတစ်ဝိုက်ရှိ အဆိုပါဒွါရဂိုဏ်းကို အနောက်ချောင်းဒွါရဂိုဏ်းဟုခေါ်ကြသည်။

(ခ) မဟာဒွါရဂိုဏ်း
ဒွါရဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီးသည် ဗေဒင်ကျမ်းတတ်ကျွမ်းလှသည်ဟုဆိုသည်။
ယခု လက်ရှိအများ လက်ခံသတ်မှတ်ထားသော လပြည့်လကွယ်နေ့များသည်
ဗေဒင်နည်းအရ တွက်ချက်ရာ၌ အမှန်တကယ် လမပြည့်သေး၊ လမကွယ်သေး၊ လပြည့်ကျော်တစ်ရက်ရောက်မှလပြည့်သည်။
လဆန်းတစ်ရက်ရောက်မှ လကွယ်သည်ဟု ဆို၍
(၁၅) ရက်တစ်ကြီမ်လပြည့်၊ လကွယ်သိမ်ဝင်၍
သံဃဥပုသ်ပြုခြင်းကို ဆောင်ရွက်သည်။
အခြားသောသုဓမ္မာဂိုဏ်းဝင်နှင့် ရွှေကျင်ဂိုဏ်းဝင်သံဃာများသည်
လပြည့်၊ လကွယ်နေ့များ၌ သိမ်ဝင်ဥပုသ်ပြုကြသော်လည်း
ဒွါရဆရာတော်ကြီးနှင့် တပည့်များသည် လပြည်.ကျော် (၁) ရက်နေ့နှင့်
လဆန်း (၁) ရက်နေ့ရောက်မှသာ သိမ်ဝင်ဥပုသ်ပြုကြသည်။
အုတ်ဖိုဆရာတော်ကြီး ၁၂၆၇ ခုနှစ်တွင် ပျံလွန်တော်မူပြီးနောက်ပိုင်းတွင်
၁၂၈၀ ပြည့်နှစ်၌ ဒွါရဂိုဏ်းဝင်သံဃာတော် များသည် (ရာဇပဓာနံ) ဟူသော မြတ်စွာဘုရား၏အမိန့်တော်အရ လပြည့်လကွယ်ကိစ္စကို
အစိုးရမင်းတို့၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်ဟူသော ဒေသနာအရ
ဒွါရဂိုဏ်းဝင် သံဃာတော်အများစုသည် အများနည်းတူ
လပြည့်နေ့နှင့် လကွယ်နေ့များတွင် သိမ်ဝင်ဥပုသ် ပြုကြပါသည်။
ယင်းဒွါရဂိုဏ်းမှာ အခြားသော ဒွါရဂိုဏ်းများထက်
သံဃာအရေအတွက် များပြားသောကြောင့် မဟာဒွါရဂိုဏ်းဟုခေါ်ကြသည်။
ဤဂိုဏ်း၏ အမည်အပြည့်အစုံမှာ (ဓမ္မာနုဓမ္မ မဟာဒွါရနိကာယဂိုဏ်း) ဖြစ်ပါသည်။
ဓမ္မာနုဓမ္မ = တရားအတိုင်းလိုက်နာသော
မဟာ = သံဃာများပြားသော
ဒွါရ = ဘုရားရှိခိုးရာ၌ (ဒွါရဖြင်.ရှိခိုးသော)၊
နိကာယ = သံဃာ.အစုအဝေး (ဖြစ်သည်။)

(ဂ) မူလဒွါရဂိုဏ်း
အုတ်ဖိုဆရာတော်ကြီးပျံလွန်တော်မူပြီးနောက် မဟာဒွါရဂိုဏ်းဝင်သံဃာများသည်
လပြည့်လကွယ်ကိစ္စကို အခြားဂိုဏ်းသံဃာများနှင့်အတူ ပြန်လည်လက်ခံကြသော်လည်း အချို.သောဒွါရဂိုဏ်း သံဃာများမှာ အုတ်ဖိုဆရာတော်ကြီးချမှတ်ခဲ့သည့်မူအတိုင်း လပြည့်ကျော်(၁)ရက်နှင့် လဆန်း (၁)ရက်တို့တွင် သိမ်ဝင်ဥပုသ်ပြုမြဲပြုကြ၏။
ထိုသို့ မူလအတိုင်းရှိသည့်ဒွါရဂိုဏ်းကို မူလဒွါရဟု ခေါ်ဆိုကြသည်။

မူလဒွါရဟူသောအမည်၏ရှေ.တွင် ' ဓမ္မ၀ိနယာနုလောမ ' ဟုထပ်ဆင့်ဝိသေသနပြုထားသည်။
( ဓမ္မ + ၀ိနယ + အနုလောမ ) သုတ္တံ၊ အဘိဓမ္မာတရားတော်နှင့်လည်းကောင်း၊ ၀ိနည်းနှင့်လည်းကောင်း လျော်ညီသောဂိုဏ်းဟုဆိုလို၍
အမည်အပြည့်အစုံမှာ ' ဓမ္မ၀ိနယာနုလောမူလဒွါရနိကာယ ' ဂိုဏ်းဟု ခေါ်ဆိုကြသည်။
@အပ္ပမာဒမဂ္ဂဇင်း

Read more...

မဟာဗုဒ္ဓ၀င် အကျဉ်း

ဘုရားအလောင်း ဖွားမြင်ခြင်း”


href="file:///C:%5CUsers%5CVinaya%5CAppData%5CLocal%5CTemp%5Cmsohtmlclip1%5C01%5Cclip_colorschememapping.xml" rel="colorSchemeMapping">
အိပ်မက်မက်ပြီး ၁၀လအကြာမှာ မဟာမာယာဟာ သူမရဲ့နိုင်ငံဖြစ်တဲ့ မိဘများရှိနေထိုင်တဲ့ ဒေ၀ဒဟပြည်ကို သွားရောက်ကာ သားတော်မွေးဖွားဖို့ရန်အတွက် ဘုရင်သုဒ္ဓေါဓနကို “အရှင်မင်းကြီး သားတော်မွေးဖွားဖို့ အချိန်ရောက်ပြီဖြစ်တဲ့အတွက် မိဘများရှိတဲ့ဆီကို သွားရပါတော့မယ်၊ သွားခွင့်ပြုပါ။” လို့ လျှောက်တင်ပါတယ်။ အဲဒီအချိန်တုန်းက အိန္ဒိယပြည်ရဲ့ ဓလေ့ထုံးစံအရ ဇနီးတစ်ယောက် သားဖွားတော့မယ်ဆိုရင် မိဘများရှိတဲ့ မိမိအိမ်ကို ပြန်ပြီး မွေးဖွားလေ့ရှိပါတယ်။
ဘုရင်သုဒ္ဓေါဓနဟာ ချက်ချင်းပဲ သဘောတူပြီး၊ “ကောင်းပြီ မိဘုရားကြီး၊ သင်သွားရောက်ဖို့ရန်အတွက် လိုအပ်မယ့် အစီအစဉ်ကို ပြုလုပ်ပေးပ့ါမယ်” လို့ပြန်ပြောပြီး သူရဲ့ အထိန်းတော်များ၊ စစ်သည်တော်များ၊ အမတ်များကို မိဘုရားကြီးစီးဖို့အတွက် အလှတန်ဆာဆင်ထားသော ဝေါယာဉ်ကို စီစဉ်ခိုင်းပါတယ်။ မိဘုရားကြီး သွားမယ့်လမ်းတစ်လျှောက်ကိုလည်း သာယာလှပဖို့အတွက် လိုအပ်တဲ့ရှင်းလင်းမှု့များကိုလည်း ခိုင်းစေတော်မှုပါတယ်။ အစောင့်အရှောက် အခြံအရံများစွာနဲ့အတူ မိဘုရားကြီးကို ဒေ၀ဒဟပြည်ကို ပို့စေခဲ့ပါတယ်။
ဒေ၀ဒဟပြည်နဲ့ ကပိလ၀တ္ထုပြည်ရဲ့ အကြားမှာ လုမ္ဗိနီလို့ခေါ်တဲ့ လှပတဲ့ ဥယျာဉ်တစ်ခုရှိပါတယ်။ လုမ္ဗိနီဥယျာဉ်ဟာ ဟိမ၀န္တာတောင်ခြေရင်း နီပေါဘုရင်များအုပ်ချူပ်တဲ့ နီပေါနိုင်ငံရဲ့ အနီးမှာ တည်ရှိပါတယ်။ နွေရာသီတိုင်းမှာ နှစ်ခုသော ဒေ၀ဒဟပြည်၊ ကပိလ၀တ္ထုပြည်ရဲ့ တိုင်းသူပြည်သားများဟာ လှပပြီး အေးချမ်းတဲ့ လုမ္ဗိနီဥယျာဉ်ထဲမှာ လာပြီး အင်ကြင်းပင်များရဲ့ အောက်မှာ အနားယူလေ့ရှိပါတယ်။ လုမ္ဗိနီဥယျာဉ်ကြီးဟာ အမြဲထာဝရ ဖူးပွင့်ကာ လန်းဆန်းနေပြီး အလွန်မွှေးပျံ့သင်းကြိုင်နေတဲ့ အင်ကြင်ပန်းများနဲ့အတူ၊ ကျေးငှက်များရဲ့ ငြိမ့်ညောင်းတဲ့ တေးဆိုသံများ၊ ပျားပိတုန်းများရဲ့ ၀တ်ရည်များကို လူးလား ခေါက်ပြန် စုဆောင်းရင်း မြည်တွန်သံလေးများနဲ့အတူ့ သိပ်ကိုလှပနေပါတယ်။
လှပပြီး နားခိုဖို့ကောင်းတဲ့ ဥယျာဉ်တော်တစ်ခုဖြစ်တာကတစ်ကြောင်း၊ ထိုအချိန်တုန်းက အလွန်ပှုတဲ့ရာသီဥတုဖြစ်တာကတစ်ကြောင်းမို့ မဟာမာယာဟာ ခဏတာနားခိုဖို့အတွက် သူ့ရဲ့ ချွေရံတော်များ၊ စစ်သည်များကို ရပ်ဖို့ပြောပြီး နားခိုပါတယ်။ လှပပြီး မွှေးရနံ့များနဲ့ သင်းပျံ့နေတဲ့ အင်ကြင်းပင်များရဲ့ အောက်မှာ လျှောက်လှမ်းနေစဉ်မှာပဲ မဟာမယာဟာ သားဖွားချင်စိတ် ဖြစ်ပေါ်လာပြီး ဘုရားအလောင်းတော်ကို ဖွားမြင်ခဲ့ပါတယ်။ ဘုရားအလောင်းကို ၀ိသာခါနက္ခတ်ယှဉ်တဲ့ ကဆုန်လပြည့် သောကြာနေ့ ဘီစီ (ခရစ်တော်မပေါ်မီ) ၆၂၃မှာ ဖွားမြင်ခဲ့ပါတယ်။
ဘုရားအလောင်းတော် မင်းသားလေးဟာ ဖွားမြင်ပြီးချက်ချင်းမှာပဲ ခြေခုနှစ်လှမ်းလှမ်းပါတယ်၊ လှမ်းတိုင်း လှမ်းတိုင်းသော ခြေဖ၀ါးများရဲ့အောက်မှာ ကြာပွင့်များ ပေါ်ထွက်လာကြပါတယ်။
“အဂ္ဂေါဟမသ္မိ လောကဿ- လောကမှာ ငါဟာ အကြီးမြတ်ဆုံးတစ်ဦးဖြစ်တယ်။”
“ဇေဋ္ဌောဟမသ္မိ လောကဿ- လောကမှာ ငါနဲ့ တူသောသူ တစ်ယောက်မျှ မရှိ။”
“သေဋ္ဌောဟမသ္မိ လောကဿ- ငါဟာ လောကမှာ အမြတ်ဆုံးသူဖြစ်တယ်။”
“အယ မန္တိမာ ဇာတိ- ဒါဟာ ငါ့ရဲ့ နောက်ဆုံး ပဋိသန္ဓေနေခြင်းဖြစ်တယ်။”
“နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။ ငါဟာ ဘ၀အသစ် တဖန် မဖြစ်တော့ပြီ” လို့ ကြွေးကြော်ရွတ်ဆိုပါတယ်။
မဟာမယာဟာ ဘုရားအလောင်းမင်းသားလေး မွေးဖွားပြီးမကြာမီမှာပဲ ချက်ချင်း နန်းတော်သို့ ပြန်လှည့်ခဲ့ပါတယ်။ ဘုရားအလောင်းမင်းသား ဖွားမြင်တယ်ဆိုတဲ့ သတင်းစကားကို ကြားရတဲ့အခါမှာ တိုင်းသူပြည်သားများနဲ့ ဘုရင်သုဒ္ဓေါဓနမင်းကြီးဟာ အလွန်တရာပျော်သွားကြပါတယ်။ သားတစ်ဦးမျှော်လင့်နေတဲ့ ဘုရင်သုဒ္ဓေါဓနနဲ့ မဟာမာယာတို့က အပျော်ဆုံးဖြစ်ပါတယ်။
(ဥယျာဉ်မှုးလေး)

Read more...

ဘာသာရေး ပြဿနာ ( ၃ )

( အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဖြေသည်)

(မေး) အရှင်ဘုရား၊ အလှူဒါနပြုရာတွင် ပုဗ္ဗ၊ မုဉ္စ၊ ပရ ဟူသော စေတနာသုံးတန်တွင် တပါးပါး သို့မဟုတ် အားလုံး ချို့ယွင်းခဲ့သော် အကျိုးပေး မည်သို့ ထူးခြားပါမည်နည်း။

(ဖြေ)
အားလုံးချွတ်ယွင်းလျှင် ဒါနစေတနာ လုံးဝ မပါရကား ချစ်၍ ပေးခြင်း၊ ကြောက်၍ပေးခြင်း၊ ဂုဏ်လာဘ်ကို မျှော်၍ပေးခြင်း တမျိုးမျိုးသာဖြစ်သောကြောင့် အလှူဒါနဟု မဆိုရ။ ထို့ကြောင့် ဒါနအကျိုးစစ် မရနိုင်၊ တပါးဖြစ်စေ၊ နှစ်ပါးဖြစ်စေ၊ ချို့လျှင်ကား ထိုစေတနာ ချို့သလောက် အကျိုးပေး အားသေးစရာရှိ၏။ အပရစေတနာ ချို့လျှင်ကား ထိုဒါနကြောင့် ရရှိသော စည်းစိမ်ကို မခံစားလိုဘဲ လူဆင်းရဲအနေမျိုးဖြင့် နေရ သေရတတ်လေသည်။
********************************************************************************

(မေး) အရှင်ဘုရား၊ ရဟန်းသံဃာတို့အား လှူဒါန်းရာတွင် သိက္ခာသမာဓိပြည့်စုံ၍ ၀ါတော်အကြီးဆုံးဖြစ်သော ကျောင်းထိုင်ဆရာတော်ကြီးအား လှူဒါန်းခြင်းနှင့် ထိုကျောင်းရှိ သံဃာအား လှူဒါန်းခြင်းတွင် မည်သည်က ပို၍မြတ်ပါသနည်း။

(ဖြေ)
သံဃာတော်အား လှူဒါန်းခြင်းက ပို၍မြတ်ပါသည်။
အကျယ်ပြပါဦးမည်။ အလှူခံပုဂ္ဂိုလ် သံဃာတော်တို့၏ လယ်ယာမြေနှင့် တူပုံကို ပြခဲ့ပြီ။ သံဃဿ ဒေမ-ဟုဆို၍ သို့မဟုတ် စိတ်ထဲ၌မှန်း၍ သံဃာအား လှူဒါန်းရာ၌ ထိုသံဃာအစုအဝေးတွင် သီလ၊ သမာဓိ၊ ပြည့်စုံသော ၀ါတော်အကြီးဆုံး ကျောင်းထိုင်ဆရာတော်လည်း ပါဝင်နေ၏။ ထို့ပြင် သံဃာ-ဟူသော အသုံးအနှုန်းဖြင့် သုံးနှုန်းလှူရာ၌ ကျောင်းတိုက်တွင်းဝယ် ရှိဆဲ သံဃာသာမက၊ နောက်နောက်၌ ရောက်လာကြမည့် သီလ၊ သမာဓိ ပြည့်စုံသော ပုဂ္ဂိုလ်ကြီးများလည်း ပါဝင်ရုံသာမက၊ ရှေးရှေးက ပရိနိဗ္ဗာန်စံတော်မူပြီးသော ရဟန္တာများပင် ပါဝင်နိုင်၏။ ထို့ကြောင့် သံဃာအားလှူခြင်းသည် ပုဂ္ဂိုလ်တပါးအား လှူခြင်းထက် မနှိုင်းယှဉ်သာအောင် မွန်မြတ်ပါသည်။ ထို့ကြောင့်ပင် ကထိန်သင်္ကန်းလှူဒါန်းသောအခါ၌ မည်သည့် ဆရာတော်ကြီးကိုမျှ မရည်မှန်းဘဲ သံဃာအားလုံးကို ရည်မှန်းနိုင်မှ ကထိန်သင်္ကန်းအစစ် ဖြစ်နိုင်လေသည်။
********************************************************************************

(မေး) အရှင်ဘုရား၊ အောက်ပါပစ္စည်းတို့ကို ရဟန်း သံဃာတော်တို့အား လှူအပ်ပါသလား၊ မည်ကဲ့သို့လှူမှ ၀ိနည်းသိက္ခာနှင့် ညီညွတ်ပါသနည်း။
(က) ရွှေ, ငွေ, ရတနာ။
(ခ) ကျောင်း, လယ်, ယာ, မြေ။
(ဂ) အရက်။
(ဃ) ဓား, လှံ, လက်နက်။

(ဖြေ)
(က) ရွှေ, ငွေ, ရတနာ-
ရဟန်းတော်များသည် ရွှေ-ငွေ-ရတနာတို့ကို ကိုယ်တိုင်လည်း မခံယူရ၊ ကပ္ပိယစသူတို့ကို ခံယလူလိုက်ပါ ဟုလည်း မခိုင်းရ၊ အလှူရှင်တို့က အနီးအပါး၌ ချထား၍ လှူသည်ကိုလည်း စိတ်ဖြင့်မသာယာရ၊ နိဿဂ္ဂိယပါစိတ်အာပတ် သင့်၏-ဟု ပညတ်တော်မူပါသည်။ (၀ိနည်းပါဠိတော် ရူပိယသိက္ခာပုဒ်) ဤသိက္ခာပုဒ်တော်အတွက် အာပတ်သင့်သည့်အပြင် ခံယူမိသော ရွှေ-ငွေကိုလည်း စွန့်ပစ်ရသည်။

မစွန့်ပစ်လျှင်-
ခံယူမိသော ရွှေ-ငွေကို မစွန့်ပစ်ဘဲထားလျှင် ကိုင်တိုင်း၊ ကိုင်တိုင်း ဒုက္ကဋ်အာပတ်သင့်၏။ ထိုရွှေ-ငွေဖြင့် ခဲတံ၊ စာအုပ်၊ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး စသည်ကိုဝယ်လျှင် ၀ယ်သည့်အတွက် အာပတ်ထပ်၍ သင့်ရုံသာမက ထိုဝယ်အပ်သော စာအုပ်, ခဲတံ (ထိုငွေဖြင့် ဆောက်အပ်သောကျောင်း) စသည်ကို သုံးစွဲလျှင် (ပိုင်ရှင်သာမက ရဟန်းအားလုံး) သုံးတိုင်း၊ သုံးတိုင်း အာပတ်ထပ်၍ သင့်ပြန်လေသည်။ (ထို့ကြောင့် ရွှေ-ငွေ ရတနာကို မိမိတပါးအတွက်ဖြစ်စေ၊ သံဃာအများအတွက် ဖြစ်စေ၊ ကျောင်းဆောက်ရန် ကျောင်းပြင်ရန်ဖြစ်စေ၊ စေတီတော်တည်ရန်၊ ပြုပြင်ရန် ဖြစ်စေ အလှူမခံကောင်းချေ)။

အပ်သောလှူနည်း-
ထို ရွှေ-ငွေ ရတနာတို့ကို ရဟန်းသံဃာအား တိုက်ရိုက်မလှူဘဲ ကပ္ပိယလုပ်တတ်သူထံ အပ်နှံ၍ မည်မျှအဖိုးတန်၍ အပ်သောပစ္စည်းကို ကပ္ပိယ မည်သူ့ထံ တောင်းပါ၊ အလှူခံပါ-ဟု လျှောက်ရမည်။ ထိုသို့ အလှူရှင်က မလျှောက်တတ်လျှင် ကပ္ပိယလုပ်သူက တပည့်တော်ထံ မည်မျှအဖိုးတန်အပ်သော ပစ္စည်းတောင်းပါ-ဟု လျှောက်ရမည်။ ထိုသို့လျှောက်မှ ထိုကပ္ပိယထံ တောင်းကောင်းသည်။ ကပ္ပိယထံ ငွေကိုအပ်နှံရုံသာ အပ်နှံ၍ အလှူရှင်(သို့မဟုတ်-ကပ္ပိယလုပ်သူ) က အပ်စပ်သောပစ္စည်းကို တောင်းဖို့၊ အလှူခံဖို့ မလျှောက်လျှင် မတောင်းကောင်းချေ။ (၀ိနည်းတော်နှင့် လျော်သော ပစ္စည်းကို အပ်သောပစ္စည်း-ဟု ခေါ်သည်။ ထို့ပြင် ဤငွေကို ကျောင်းအားလှူပါ၏။ စေတီတော်အား လှူပါ၏-ဟု လျှောက်၍လှူလျှင် လှူကောင်း၏။ ကပ္ပိယလုပ်တတ်သူက ထို ရွှေ-ငွေကို သိမ်းဆည်း၍ ကျောင်းပြင်မှု စသည်ကိုပြုရသည်။ ကပ္ပိယက သံဃာအား (ပုဂ္ဂိုလ်အား) အလိုရှိသလို စီမံပါဟုလျှောက်လျှင် ရဟန်းက ကျောင်းပြင်ရန် စသည်ကို ပြောကောင်း၏။ ငွေကို လက်သမားအား ပေးလိုက်-စသည်ဖြင့်ကား မပြောကောင်း။

(ခ) ကျောင်း, လယ်, ယာ, မြေ-
ထိုပစ္စည်းတို့တွင် ကျောင်းကို ပုဂ္ဂိုလ်တပါးအားဖြစ်စေ သံဃာအားဖြစ်စေ တိုက်ရိုက်လှူဒါန်းကောင်း၏။ မြေကိုလည်း ကျောင်းဆောက်ရန်ဖြစ်လျှင် အာရာမအဖြစ်ဖြင့် အလှူခံကောင်း၏။ လယ်ယာကိုကား တိုက်ရိုက်မလှူကောင်း၊ သုတ္တန်ပါဠိတော်၌ လယ်ယာကို အလှူမခံခြင်းကို သီလအဖြစ်ဖြင့် ဟောတော်မူ၏။ ၀ိနည်းပါဠိတော်၌ ရွှေ-ငွေကို အလှူခံခြင်းနှင့် တန်းတူထား၍ တားမြစ်တော်မူသည်။ (န ကေ၀လံ စ ဟိရည သုဝဏ္ဏမေ၀၊ အညမ္ပိ ခေတ္တ၀တ္ထာဒိ အကပ္ပိယံ န သမ္ပိဋိစ္ဆိတဗ္ဗံ)။
(နိဿဂ္ဂိယပါစိတ် ပထမ၀ဂ် ဒသမသိက္ခာပုဒ် အဋ္ဌကထာ)။

လယ်ယာကို အပ်သောလှူနည်း-
လယ်ယာကို ကျောင်း (ကျောင်းတိုက်)အား လှူပါ၏-ဟု၎င်း၊ ကျောင်း၌ (သို့မဟုတ် ပုဂ္ဂိုလ်တပါး၌) အသစ်အသစ် ပြုဖွယ်ရှိသော န၀ကမ္မအလုပ်အား လှူပါ၏-ဟု၎င်း၊ စေတီအား လှူပါ၏ဟု၎င်း လှူလျှင်ကောင်း၏။ ကပ္ပိယလုပ်သူက ထိုလယ်ယာကိုစီမံ၍ လယ်မှဖြစ်သောစပါးကို ရောင်းပြီးလျှင် ကျောင်း၌ အသုံးလိုသော ပစ္စည်းကို သူ့ဘာသာ အလိုက်သိစွာ လှူလျှင်ဖြစ်စေ၊ သံဃာတော်အား (သို့မဟုတ် ပုဂ္ဂိုလ်တပါးအား) အပ်သောပစ္စည်းကို တောင်းပါ-ဟုလျှောက်လျှင် အလိုရှိရာ တောင်း၍ဖြစ်စေ သုံးစွဲကောင်း၏။ ဤနည်းအားဖြင့် လှူအပ်သောလယ်ယာကို ၀တ္ထုကံ (၀တ္တက) ဟု ခေါ်ဝေါ်ကြသည်။

(ဂ) အရက်-
အရက်သည် အလှူရှင်ကိုယ်တိုင်ကပင် မလှူကောင်းသော ပစ္စည်းဖြစ်၏။ အလှူခံပုဂ္ဂိုလ်က အလှူခံမှု၌ အပြစ်ရှိကြောင်းမှာ အထူးပြောဖွယ် မလိုတော့ပါ။ လောက၌ ကုသိုလ်ကောင်းမှုဟု အများက သမုတ်ထားအပ်ကုန်သော်လည်း အမှန်အားဖြင့် မကောင်းမှု အကုသိုလ်ဖြစ်သော ဒါနတို့သည် သေရည်အရက်အလှူ။
ပွဲလမ်းသဘင်အလှူ။
မိန်းမအလှူ (ခံစားဖို့ရန်ခေတ္တလှူခြင်း)
နွားမအများရှိရာ၌ နွားလားဥသဘကို လွှတ်ပေးသောအလှူ။ (နွားမတို့နှင့် သားစပ်ဖို့ အလှူဖြစ်သည်)။ ကိလေသာတိုးပွားအောင် အဆန်းတကြယ် ပြုလုပ်အပ်သော မိန်းမ၊ ယောက်ျား၊ အရုပ်အလှူ၊
ဤသို့အားဖြင့် ၅-ပါးရှိကုန်၏။
(၀ိနည်းပရိဝါပါဠိတော် ဧကုတ္တရ ပဉ္စက)

(ဃ) ဓား, လှံ, လက်နက်-
ဤလက်နက်များကိုကား အလှူခံဖို့ကို မဆိုထားဘိ-ရဟန်းများမှာ ကိုင်၍မျှ မကြည့်ရ-ဟု ၀ိနည်း၌ တားမြစ်တော်မူပါသည်။ ဥပါသကာ စစ်စစ်ဖြစ်သူများလည်း ထိုလက်နက်ကို အရောင်းအ၀ယ်လုပ်လျှင် ဥပါသကာ အောက်တန်းစား-ဟု ပဉ္စကအင်္ဂ္ဂုတ္တိုရ် ပါဠိတော်၌ ဟောတော်မူပါသည်။

မှတ်ချက်။ ။ ဤ(၆)နံပါတ်၌ပါသော ရွှေ-ငွေ ရတနာစသော ပစ္စည်းများကို အလှူမခံဖို့ရန် ဗုဒ္ဓမြတ်စွာ၏ တားမြစ်တော်မူချက်သည် အလွန် လေးနက်တော်မူ၏။ သဠာယတန၀ဂ္ဂ သံယုတ်ပါဠိတော် (ဂါမဏိသံယုတ်) ၌လည်း ရွှေ-ငွေကို သုံးစွဲကောင်းသူမှာ ကာမဂုဏ်ငါးပါး (သားမယားစသည်များ) လည်း သုံးစွဲကောင်း၏-ဟု သားမယားနှင့် တန်းတူထား၍ ရွှေ-ငွေများကို မခံယူထိုက်ကြောင်း မိန့်တော်မူသည်။ ထိုသို့ လေးလေးနက်နက် တားမြစ်တော်မူချက်၌ မူလအကြောင်းကိုပါ စုပေါင်းစဉ်းစားသင့်၏။

စဉ်းစားချက်-
ရွှေ-ငွေ ရတနာနှင့် လယ်ယာ မိုးမြေတို့သည် အိမ်ရာတည်ထောင် လူဝတ်ကြောင်များ၏ အဖိုးအတန်ဆုံး ပစ္စည်းများဖြစ်၏။ ထိုပစ္စည်းများကို ရဟန်း သံဃာတို့သုံးဆောင်နေလျှင် လူဝတ်ကြောင်များနှင့် ထူးခြားသောအကျင့် မရှိတော့။ ကာမဂုဏ်ခံစားသော လူဝတ်ကြောင်များ၌ ထိုခံစားမှုကြောင့် အ၀ိဇ္ဇာနှင့် တဏှာ (လောဘ, ဒေါသ, မောဟ) မြူမှုန်တွေ နေ့စဉ်နှင့်အမျှ ထူထဲသည်ထက် ထူထဲ၍ နေရကား သံသာရ ၀ဋ္ဋဒုက္ခတော မောစနတ္ထာယ-ဟု ရည်မှန်းခဲ့သော ရဟန်းတို့မှာ ထိုနည်းအတိုင်းသာ ကိလေသာမြူတွေ ထူပိန်း၍နေပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် သံသရာမှ ကယ်တင်လိုသော ဘုရားရှင်၏ ရည်မှန်းတော်မူချက် သည်ပင် အခြေကစ၍ ပျောက်ပျက်ပေတော့လတ္တံ့။

တိုက်တွန်းချက်-
ထိုပြခဲ့သော အကြောင်းများကြောင့် သာသနာ့ဝန်ထမ်း ရဟန်းကောင်းမှန်လျှင် ဖခမည်းတော်ဘုရား၏ အမိန့်တော်ကို တရိုတသေ လိုက်နာ၍ ပါရမီဖြည့်လိုကလည်း အားရပါးရ သာသနာပြုလျက်၎င်း၊ ယခုဘ၀တွင်ပင် ကျွတ်တမ်းဝင်လိုကလည်း လူသူမနီး တောမြိုင်ကြီးဝယ် ကျကျနန ၀ိပဿနာကမ္မဋ္ဌာန်း ကြိုးပမ်းလျက်၎င်း ကိုယ်စီကိုယ်င သာသနာ့ဝန်ကို ထမ်းသင့်ကြပါသည်။ သာသနာပြုလိုသော ဒါယကာ ဒါယိကာမအစုတို့လည်း ပကာသန အလှူဒါန အပျော်အပါး ဥပုသ်သီလတို့ကို ရှောင်ရှား၍ ဆရားများနှင့်တူစွာ သံသရာမှ မြန်မြန်ကျွတ်လိုလျှင် မှန်မှန်ကြီး တရားကျင့်၍ ပါရမီဖြည့်လိုလျှင်လည်း သာသနာကို အားရပါးရ ကူညီကာ ရခဲ့သော ဘုရားသာသနာဝယ် ဗုဒ္ဓမြတ်စွာ၏ အလိုတော်ကျအောင် ဒါန, သီလ, ဘာဝနာအမှုကို ပြုသင့်ကြပါသတည်း။

( မြတ်မင်္ဂလာ ၂၀၀၉-ခု ဇွန်လ)

Read more...

Get Blogger Falling Hearts စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်ပွဲတော် ဖိတ်ကြားလွှာ

သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့…. အများကောင်းမှု့ ဖြင့် ပေါင်းစုတည်ထောင်ထားအပ်သော ညောင်ကန်အေး သာသနာ့ရိပ်သာ ကူချိုင်းလားမား ကျောင်းတော်ကြီးတွင် ပုရိမ၀ါဆို ၀ါကပ်ခိုသည့် ဆရာတော်သံဃာတော် များနှင့် ပင့်သံဃာတော် အရှင်သူမြတ်တို့ အား သဒ္ဓါပြဋ္ဌာန်း နိဗ္ဗာန်မှန်း၍ တတ်စွမ်းသမျှ ဒါတဗ္ဗတို့နှင့် အတူ ၀ါဆိုသင်္ကန်း ၀ါဆိုဆွမ်းများ ကို ကူချိုင်းလားမားရပ်ကွက်အတွင်းမှ စေတနာရှင်များ ၊ယူပီအေ စက်ရုံအတွင်းမှ စေတနာရှင်များနှင့် ပုည၀ဎနအသင်းကြီးမှ စုပေါင်းဦးဆောင်ကာ ဆက်ကပ်လှူဒါန်း ကြမည်ဖြစ်ပါသည် ။
သို့ဖြစ်ပါ၍ အားလုံးသော စေတနာရှင် ကုသိုလ်ရှင် ရွှေမြန်မာများ အပေါင်းတို့အား အတူတကွ ရေစက်သွန်းချ အနုမောဒနာ တရားတော်နာယူ၍ ၀မ်းမြောက်ရွှင်ပျော် သာဓုခေါ်နိင်ရန် ကြွရောက်ပါရန် လေးစားခင်မင်စွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ရွှေမြန်မာ များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာတော်မူနိုင်ကြပါစေ
နေ့ရက်……၁၅ ရက် သြဂုတ်လ ၂၀၁၀ ၀ါခေါင်လဆန်း လေးရက် တနင်္ဂနွေနေ့
အချိန် ……. မနက် ဂ နာရီမှ နေ့လယ်၁ နာရီအထိ

ဆရာတော်နှင့် ကျောင်းတော်ဝေယျာဝစ္စအကျိုးတော်ဆောင်အဖွဲ့ ညောင်ကန်အေး ပုည၀ဎနအသင်းကြီး


အာရုံဆွမ်း အလှူရှင်
ညောင်ကန်အေးကလျှာဏမိတ္တကျောင်းတော်သား စေတနာရှင်များ အဖွဲ့
နေ့ဆွမ်းအလှူရှင်
ရွှေဟင်္သာ မြန်မာစားသောက်ဆိုင်၊ ကေအယ် မိသားစု

အထူးအလှူရှင်

ကြွရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်း တို့အား ဘုရားကျောင်း ရဟန်းဒါယကာ ကိုအောင်ဆန်းဦး + မသန်းသန်းဋ္ဌေး .သား မောင်မြင့်ဆန်းကြွယ်၊မောင်ထက်စန်းဝေ မိသားစု. ကော့သောင်းမြို့ မှ ဒံပေါက်များဖြင့် ဧည့်ခံ ကျွှေးမွေး လှူဒါန်း သွားပါမည်။

Read more...

ကွယ်လွန်သူ ဖခင်ကြီးဦးလိန်အား ရည်စူး၍ ကိုကျော်ပိုင်+မသင်းသင်းအေး (စင်ကာပူ) အရုဏ်ဆွမ်းအလှူ









သာသနာသက္ကရာဇ် ၂၅၅၄ ခု ဒုတိယ၀ါဆိုလပြည့်ကျော် (၇)ရက် တနင်္လာနေ့။ ၂.၈.၂၀၁၀။

အရုဏ် မုန့်ဟင်းခါးဆွမ်းအလှူရှင်
ကွယ်လွန်သူ ဖခင်ကြီးဦးလိန်အား ရည်စူး၍ ကိုကျော်ပိုင်+မသင်းသင်းအေး (စင်ကာပူ) ကောင်းမှု

နေ့ဆွမ်းအတွက်
ဆွမ်း+ပဲ - ကိုဖြိုး၊ ကိုထက် (ရွှေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး)

ဆီ - ဒေါ်ချို ကုန်မျိုးစုံရောင်းဝယ်ရေး ရွှေဘိုမြို့ မှဖြစ်ပါတယ်။

ဝက်သား+အာလူးဟင်း၊ ပဲတီချဉ်+မုံလာဥချဉ်သုတ်၊ ငါးပိ+ငါးရုတ်သီးကြော်
(ကိုရန်အောင်၊ မ၀ါဝါခိုင်မင်း၊ ရွာသားလေးဝိုင်တီယူ၊ JulyDream တို့ဦးဆောင်သောတစ်နှစ်စာဆွမ်း
အလှူရှင်များအဖွဲ့)

ဝေယျာဝစ္စ ဒါနရှင်များကတော့

-ဆရာကြီး ဒေါ်စန္ဒသီင်္ဂီ
-ဒေါ်ကြည်ဌေး၊ မပွေး၊ ငြိမ်းအိထွေး၊ ကိုကျော်၊
-မောင်စိုးလင်းအောင်၊ ကျောင်းသားနှစ်ဦး၊ ဒါယကာကြီးတစ်ဦးတို့ဖြစ်ကြပါတယ်။

အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP