* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, July 19, 2010

*စစ်မှန်သောဥပါသကာ*

Written by တောသားလေး 0 အကြံပြုပါသည်။ Posted in:

မြတ်စွာဘုရားရှင်က မိမိ၏ဘာသာတရားတော်ကို သက်ဝင်ယုံကြည်သော ဥပါသကာ အစစ်ဖြစ်ရေးအတွက် ဥပဒေသ(၅)ချက်ကို စံပြုသတ်မှတ်ထားပါသည်။
(၁) ယုံကြည်မူ သဒ္ဓါတရားရှိရမည်။


(၂) စောင့်ထိန်းမူ သီလရှိရမည်။


(၃) ကောတုဟလမင်္ဂလာကို မယုံကြည်ရ။


(၄) ကံကိုသာ ယုံကြည်သူဖြစ်ရမည်။


(၅) သာသနာတော် ပြင်ပကိုးကွယ်မှုကိုမရှာမှီးရ ဟူ၍ဖြစ်ပါသည်။
အဓိပ္ပာယ်ကတော့-
(၁) ယုံကြည်မှု သဒ္ဓါတရားဆိုသည်မှာ ဗုဒ္ဓ၊ဓမ္မ၊သံဃတို့၌ အပြည့်အ၀ယုံကြည်သူကို ဆိုလိုပါသည်။
(၂) စောင့်ထိန်းမှုသီလဆိုသည်မှာ ဗုဒ္ဓဘာသာက သတ်မှတ်ထားသော ကိုယ်ကျင့်သီလကိုစောင့်ထိန်းသူဖြစ် ရပါမည်။
(၃)ကောတုဟလမင်္ဂလာဆိုသည်မှာ ရက်ရာဇာ၊ပြဿဒါး၊နေကြတ်၊လကြတ် စသောစိတ်ကူးယဉ်အတွေးတို့ ၌ယုံကြည်နေမှုကိုဆိုလိုပါသည်။
(၄) ကံကိုသာယုံကြည်ခြင်းဆိုသည်မှာ ဒသ၀တ္ထုက ကမ္မဿကတာသမ္မာဒိဋ္ဌိအမြင်နှင့် ပြည့်စုံရမည်။ မိမိ၏ကံနှင့်ကံ၏ အကျိုးဆက်ကိုသာ ယုံကြည်ရမည်။အခြားယုံကြည်မှုများကို မယုံကြည်ရဟုဆိုလိုသည်။
(၅) သာသနာတော်မှအပဖြစ်သော ကိုးကွယ်မှုများ၊ သာသနာပြင်ပမှ အလှူခံပုဂ္ဂိုလ်တို့ကို ရှာမှီး၍မဆည်း ကပ်ရပါ။ နတ်၊သိကြား၊ဗြဟ္မာ၊ဂြိုဟ်နတ်၊ထွက်ရပ်ပေါက်၊ဘိုးတော်၊မယ်တော်၊၀ိဇ္ဇာ စသောသာသနာ့ပြင်ပမှ ကိုးကွယ်မှုများကို ရှောင်ရှားရမည်ဟုဆိုလိုပါသည်။ ရေစကြိုအရှင်ဧသိက၏ထေရ၀ါဒဗုဒ္ဓဘာသာ(ပြိုင်ပွဲပထမဆုရ)စာအုပ်မှပြန်လည်ကောက်နုက်ဖော်ပြလိုက် ခြင်းဖြစ်ပါသည်။
အားလုံးသောဓမ္မမိတ်ဆွေများကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Read more...

အာဇာနည်နေ့

၁၉ ဇူလိုင်လ ၁၉၄၇ခုနှစ်၊ နံနက် ၁၀း၃၇နာရီ







မိုးက စိုစို၊ ကျီးအုပ်ပြို၍၊
ထိုမှဤမှ၊ တို့လမ်းမတွင်
ပျံကြ၀ဲကြ၊ ငရဲထသို့
အုံကြွမြည်အာ၊ မသာယာကို
ငါကြားခဲ့၏ မှတ်မိ၏။
ထိုနေ့၌ပင် ထိုချိန်ထင်၏
သခင်အောင်ဆန်း၊ ပြည်သူပန်းသည်၊
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏။
မြေခသတင်း၊ မိုးကြိုးခွင်းသို့၊
အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌၊
မချင့်မရဲ၊ ၀မ်းနည်းခံခက်၊
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်၊
ရွာဦးပိုင်းမှ သင်္ချိုင်းထိ။

ဆရာဇော်ဂျီ

Read more...

မြတ်စွာဘုရားရှင် ၀ါဆိုတော်မူရာ မြို့၊ ရွာဒေသများ

မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ - ခုနှစ်၊ ကဆုန်လပြည့်နေ့
သဗ္ဗညုတဥာဏ်ရှင် ဘုရားသခင်အဖြစ်သို့ ဆိုဒ်ရောက်တော်မူသည်မှ စ၍
အောက်ပါ မြို့ရွာဒေသများ၌ ၀ါကပ်တော်မူခဲ့ပါသည်။

(၁) ၀ါ - ဗာရာဏသီပြည်၊ ဣသိပတန မိဂဒါဝုန်တော၊

(၂၊ ၃၊ ၄) ၀ါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၊

(၅) ၀ါ - ဝေသာလီပြည်၊ မဟာဝုန်တော၊ ကုဋာဂါရ - သာလာကျောင်း

(၆) ၀ါ - မကုဠတောင်၊ ချရားတော၊

(၇) ၀ါ - တာဝတိံသာနတ်ပြည်၊

(၈) ၀ါ - ဘဂ္ဂတိုင်း၊ သံသုမာရဂီရိပြည်၊ ဘဂ္ဂသယ၊ ဇနပုတ်အနီး သေသကဠာ မိကဒါဝုန်တော၊

(၉) ၀ါ - ကောသမ္ဗီပြည်၊ ဃောသိတာရုံ၊ ကုက္ကုဋာရုံ၊ ပါဝါရိကာရုံကျောင်းများ၊

(၁၀) ၀ါ - ပါလိလေယျက တောအုပ်၊

(၁၁) ၀ါ - နာဠကပုဏ္ဏားရွာ၊ နာဠိကာရုံကျောင်း၊

(၁၂) ၀ါ - ဝေရဉ္ဇတိုင်း၊ နဠေရု တမာပင်ရင်း၊

(၁၃) ၀ါ - စာလိယတောင်၊

(၁၄) ၀ါ - သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၊

(၁၅) ၀ါ - ကပိလ၀တ်ပြည်၊ နိဂြောဓာရုံကျောင်း၊

(၁၆) ၀ါ - အာဠ၀ီပြည်အနီး၊ မဟာဝုန်ကျောင်း၊

(၁၇) ၀ါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်း၊

(၁၈) ၀ါ (၁၉) ၀ါ - စာလိယတောင်၊

(၂၀) ၀ါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်း၊

(၂၁) ၀ါ မှ (၃၉) ၀ါ - သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၊

(၄၀) ၀ါမှ (၄၄) ၀ါ - - သာဝတ္ထိပြည်၊ ပုဗ္ဗာရုံကျောင်း၊

(၄၅) ၀ါ - ဝေဠုဝရွာ။


အရှင်ဝရသာမိ
http://www.sbay-student.org/
www.dhammaanalysis.multiply.com/

Read more...

Prostitute နှင့် ကာမေသု…

Q. ဘုန်းဘုန်း ဘုရား…
ကျန်းမာချမ်းသာ ပါစေကြောင်း ဦးစွာ မေတ္တာပို့သ လိုက်ပါတယ်ဘုရား..။ တူတော်မောင် တယောက်က အောက်ပါအတိုင်း မေးထားပါတယ် ဘုရား...
ဦးဇော်လင်းရေ...နောက်တခုက ဘုန်းကြီးကို သွားလျှောက်ရင် တခုလောက် လျှောက်ပေးပါ။ အဲဒါက prostitute တွေနဲ့ သံဝါသ ပြုရင် ကံထိုက်၊ မထိုက်လေ။ ဒီလိုဗျာ... မိန်းမတွေက ခင်ပွန်းရှိသားနဲ့ စီးပွားရေး အဆင်မပြေလို့ ဒီလိုနည်းလမ်းနဲ့ ပိုက်ဆံရှာတယ်။ အဲဒါ လာဆက်ဆံတဲ့ သူတွေဆိုရင် အခကြေးငွေယူပြီး ဆက်ဆံကြတယ်လေ။ အရောင်းအ၀ယ်ဆိုတော့ဗျာ ဒု၊သ၊န၊သော ဆိုတာမည်၊ မမည်ပေါ့။ ထိုက်ရင်လည်း ဘာကြောင့်လဲ? မထိုက်ရင်လည်း ဘာကြောင့်လဲ ဆိုတာပါ။
လေးစားစွာဖြင့်
တူမောင်...
***မေတ္တာရှေ့ထားလို့ ဖြေကြားပေးပါ..ဘုရား။ Post တင်လို့ကောင်းတဲ့ အမေးဆိုရင်လည်း၊ လူငယ်များအတွက် အကျိုးများပါတယ်ဘုရား။
ရန်ကုန်ပြန်ကြွလာမယ့် အချိန်ကိုစောင့်ရင်း..
လေးစားစွာဖြင့် ဦးတင်လျှက်....
တကာ.. ဇော်လင်း/အလုံ

A. ကာမေသုမိစ္ဆာစာရဟာ ကာမဂုဏ်မှာ ဖောက်လွဲဖောက်ပြန် ပြုခြင်းလို့ အဓိပ္ပါယ်ရတဲ့ အတွက် အိမ်ထောင်ရှိ အမျိုးသား၊ အမျိုးသမီးများကို အထူးရည်ရွယ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ကျပြီးသူများ အနေနဲ့ ကာမေသုမိစ္ဆာစာရနဲ့ ပတ်သက်လို့ ကိုယ့်လင်ယောက်ျား၊ ဇနီးမယားကလွဲပြီး ကျန်တဲ့အမျိုးသား၊ အမျိုးသမီးများနဲ့ ကာမဂုဏ်မှီဝဲရင် ကာမေသု မိစ္ဆာစာရ ဖြစ်တယ်ဆိုတဲ့ အချက်ကိုပဲ အလွယ်မှတ်ထားလိုက်ရင် ရှင်းပါတယ်။ အိမ်ထောင်မကျသေးတဲ့ အလွတ်အမျိုးသား၊ အများသမီးများ အနေနဲ့ကတော့ ကာမဂုဏ်နဲ့ ပတ်သက်ပြီး မှားယွင်းတဲ့အကျင့် မဖြစ်စေဖို့ ကာမဂုဏ်မမှီဝဲ မသွားလာသင့်တဲ့ မိန်းမ၊ ယောက်ျားများကို သိထားပြီး ရှောင်ကြဉ်ကြဖို့ လိုပါတယ်။ အဲဒါကတော့ အမျိုးသားများ မသွားလာအပ်တဲ့ အမျိုးသမီး အယောက် (၂၀)နဲ့ အမျိုးသမီးများ မသွားလာအပ်တဲ့ အမျိုးသား အယောက် (၁၂) ယောက်တို့ပဲ ဖြစ်ပါတယ်။ အဲဒါတွေကို စာပေက အဂမနီယ၀တ္ထုလို့ ဆိုပါတယ်။ အဂမနီယဆိုတာ မသွားလာအပ်တာကို ပြောတာပါ။

ဒီ ၀တ္ထုတွေက (၁) အမိစောင့်ရှောက်တဲ့မိန်းမ၊ (၂) အဘစောင့်ရှောက်တဲ့မိန်းမ၊ (၃) အမိ အဘစောင့်ရှောက်တဲ့မိန်းမ၊ (၄) မောင်ကြီးမောင်ငယ် စောင့်ရှောက်တဲ့မိန်းမ၊ (၅) အစ်မ ညီမ စောင့်ရှောက်တဲ့မိန်းမ၊ (၆) ဆွေမျိုးစောင့်ရှောက်တဲ့ မိန်းမ၊ (၇) အနွယ်တူစောင့် ရှောက်တဲ့ မိန်းမ၊ (၈) တရားကျင့်သုံးဖက် စောင့်ရှောက်တဲ့မိန်းမ။ (ဒီမိန်းမရှစ်မျိုးက ကာမပိုင်မရှိတဲ့ အပျိုစဉ်မိန်းမများဖြစ်ပါတယ်။) (၉) စေ့စပ်ကြောင်းလမ်းပြီးမိန်းမ၊ (၁၀) လက်မထပ်ရန် မင်းအမိန့်အာဏာဖြင့် တားမြစ်ထားတဲ့မိန်းမ၊ (၁၁) ဥစ္စာဖြင့်ဝယ်ထားတဲ့ မိန်းမ၊ (၁၂) ယောင်္ကားတစ်ဦးဦးနဲ့ အလိုတူ၍ အတူနေတဲ့ မိန်းမ၊ (၁၃) စည်းစိမ်ပေးပြီး မယားပြုလုပ်ထားတဲ့ မိန်းမ၊ (၁၄) အ၀တ်ပုဆိုးပေးပြီး မယားပြု ထားတဲ့ မိန်းမ၊ (၁၅) ရွှေခွက်မှာ လက်စုံချပြီး ယောင်္ကျားနဲ့ ထိမ်းမြားလက်ထပ်ထားတဲ့ မိန်းမ၊ (၁၆) ခေါင်းရွက်လုပ်ကိုင်စားသောက်ရတဲ့ မိန်းမကို ခေါင်းမရွက်စေဘဲ သိမ်းယူထားတဲ့ မိန်းမ၊ (၁၇) ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊ (၁၈) အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊ (၁၉) စစ်မြေမှ ဆောင်ခဲ့တဲ့ သုံ့ပန်းမိန်းမ၊ (၂၀) တစ်ဦးဦးရဲ့ ခေတ္တမယားဖြစ်နေတဲ့ မိန်းမ (ဒီမိန်းမ(၁၂)ဦးကတော့ ကာမပိုင်ယောင်္ကျားရှိတဲ့ မိန်းမ များဖြစ်ပါတယ်) တို့ပဲ ဖြစ်ပါတယ်။

အမှတ်စဉ် ၁မှ ၂၀အထိ မိန်းမများဟာ အမျိုးသားများအနေနဲ့ ကာမဂုဏ်ကိစ္စမှာ မမှီဝဲ မသွားလာအပ်တဲ့ မိန်းမများဖြစ်ပြီး အမှတ် ၉မှ ၂၀အထိ ၀တ္ထုများမှာ စေ့စပ်ကြောင်းလမ်းပြီးယောက်ျား စသဖြင့် မိန်းမများ နေရာတွင် ယောက်ျားလို့ အစားထိုးပြီး ဒီ (၁၂)ယောက်က အမျိုးသမီးများ ကာမဂုဏ်ကိစ္စမှာ မမှီဝဲအပ်တဲ့ ယောက်များများ ဖြစ်ပါတယ်။

ဒီနေရာမှာ အရွယ်ရောက်ပြီး အိမ်ထောင်မကျသေးတဲ့ ယောက်ျား၊ မိန်းမများအနေနဲ့ နှစ်ဦးသဘောတူ ကာမဂုဏ်ကိစ္စတွေ ရှိရာမှာ ယောက်ျားလေး အနေနဲ့ အမျိုးသမီးက လွတ်လပ်သူ ဖြစ်နေပေမယ့် အုပ်ထိန်းသူ တစ်ဦးဦး ရှိနေတဲ့အတွက် ကာမေသုမိစ္ဆာစာရ ဖြစ်နိုင်ပြီး အမျိုးသမီး အနေနဲ့ ဒီသိက္ခာပုဒ်အရ ကာမေသုမိစ္ဆာစာရ မဖြစ်ဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးများ အနေနဲ့ လောကကြောင်းအရ ကြည့်ရင် အပြစ်ရှိနိုင်တာကိုတော့ သတိပြုရမှာ ဖြစ်ပါတယ်။ တရားဝင် အိမ်ထောင် မပြုရသေးပေမယ့် နှစ်ဘက်မိဘ သဘောတူထားရင်တော့ နှစ်ဦးလုံးမှာ ကာမေသုမိစ္ဆာစာရ မဖြစ်ဘူးလို့ နားလည်နိုင်ပါတယ်။

ဒါဆိုရင် မေးခွန်းရှင် မေးထားသလို prostitute နဲ့ ကာမဂုဏ်ကိစ္စ သွားလာရင်ကော ကာမေသုမိစ္ဆာစာရ ဖြစ်မဖြစ်ဆိုရာမှာ အိမ်ထောင်သည်တွေ အနေနဲ့ကတော့ တရားဝင် ကာမပိုင် လင်ယောက်ျား၊ ဇနီးမယား ရှိပြီး ဖြစ်နေတဲ့အတွက် ကာမေသု မိစ္ဆာစာရ ဖြစ်တယ်လို့ ပြောလိုပါတယ်။ ဒါပေမယ့် အိမ်ထောင်ရှင် အမျိုးသား၊ အမျိုးသမီး ကာမပိုင်က ကြည်ကြည်ဖြူဖြူ သဘောတူ ခွင့်ပြုရင်တော့ မဖြစ်ဘူးလို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားလက်ထက်က ဥတ္တရာအမည်ရှိတဲ့ သောတာပန် အမျိုးသမီးဟာ (၇)ရက်ပတ်လုံး ဥပုသ် စောင့်ထိန်းလိုတဲ့အတွက် လင်ယောက်ျားနဲ့ အတူနေထိုင်ပေးဖို့ သီရိမာ ပြည့်တန်ဆာမကို အခပေးပြီး နေစေတယ်ဆိုတဲ့ အချက်ကိုကြည့်ပြီး ကာမပိုင်က ခွင့်ပြုရင်တော့ ကာမေသုမိစ္ဆာစာရ မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချမိလို့ပါ။ နောက် အိမ်ထောင်ကျပြီးပေမယ့် မုဆိုးဖို၊ မုဆိုးမ ဖြစ်နေသူများ၊ တရားဝင် တစ်ခုလပ်ဖြစ်နေသူများနဲ့ အိမ်ထောင်မကျသေးတဲ့ အလွတ်ယောက်ျားတွေ အနေနဲ့တော့ ဒီ prostitute ဟာ အုပ်ထိန်းသူ ရှိမမရှိ၊ အုပ်ထိန်းသူက သဘောတူ ခွင့်ပြုထားတာ ဟုတ်မဟုတ်၊ ကာမပိုင် လင်ယောက်ျား ရှိမရှိ၊ ပြီးတော့ တရားဝင် prostitute ဟုတ်မဟုတ် အပိုင်းတွေ အထိ စဉ်းစားဖို့ လိုလာပါတယ်။ အုပ်ထိန်းသူမရှိ၊ ဒါမှမဟုတ် အုပ်ထိန်းသူက သဘောတူပြီး ကာမပိုင်ရှိပေမယ့် ကာမပိုင်က ခွင့်ပြုထားတဲ့ prostitute ဆိုရင်တော့ ကာမေသုမိစ္ဆာစာရ မဖြစ်နိုင်ပါဘူး။ ဒါတောင်မှ အဲဒီ prostitute ဟာ ကိုယ့်အရင် တစ်ခြားသူကို လက်ခံထားပြီး အရင်လူနဲ့ ကိစ္စမပြီးပြတ်သေးဘဲ ရှိနေရင် ကာမေသုမိစ္ဆာစာရ ဖြစ်နိုင်ပါသေးတယ်။

မြန်မာပြည်မှာကတော့ ဒီ prostitute အလုပ်ဟာ မြန်မာ့ယဉ်ကျေးမှု၊ အမျိုးသမီး ဂုဏ်သိက္ခာ၊ အစိုးရရဲ့ တားမြစ်မှု စတာတွေကြောင့် တရားဝင်မဟုတ်ဘဲ ခိုးကြောင်ခိုးဝှက် လုပ်နေရတာတွေ ရှိပါတယ်။ ဒီအထဲမှာ အုပ်ထိန်းသူ၊ မိဘဆွေမျိုးများ မသိရအောင်၊ တရားဝင် အိမ်ထောင်ဖက်များ မသိရအောင် အကြောင်းအမျိုးမျိုးကြောင့် ခိုးလုပ်နေသူတွေလည်း ရှိပါတယ်။ ဒီလို prostituteတွေဟာ လက်မှတ်ရများ မဟုတ်သလို၊ အုပ်ထိန်းသူနှင့် ကာမပိုင်များက ခွင်ပြုထားတာတွေလည်း မဟုတ်တဲ့အတွက် ပိုက်ဆံပေးပြီး သွားလာတဲ့အပိုင်းမှာ အထူးသတိပြု ဆင်ခြင်သင့်တဲ့ အပိုင်းပဲ ဖြစ်ပါတယ်။ အစိုးရက ခွင့်မပြုလို့ တရားမ၀င် လုပ်နေရပေမယ့် အုပ်ထိန်းသူများ၊ ကာမပိုင်များက ကြည်ကြည်ဖြူဖြူ ခွင့်ပြုထားရင်တော့ ကာမေသုမိစ္ဆာစာရ မဖြစ်ဘူးလို့ ဆိုနိုင်ပါတယ်။

ဒီလိုဆိုတော့ မေးခွန်ရှင် မေးထားသလို စီးပွားရေး အဆင်မပြေလို့ ဒီအလုပ်ကို လုပ်စားရတဲ့ အိမ်ထောင်ရှိ အမျိုးသမီးများနဲ့ ပိုက်ဆံပေးပြီး သွားလာတဲ့အပိုင်းမှာ (၁) အချက်က ဒီအမျိုးသမီးကိုယ်တိုင် အိမ်ထောင်ရှိနေတာက တစ်ကြောင်း၊ (၂)အချက်က အရောင်းအ၀ယ် ဆိုပေမယ့် အုပ်ထိန်းသူနဲ့ ကာမပိုင် ရှိသူ ဖြစ်နေပြီး ကာမပိုင် လင်ယောက်ျားက ခွင့်ပြုချက် ရှိမရှိ မသိရတာကတစ်ကြောင်း စတဲ့စတဲ့ အကြောင်းတွေကြောင့် ဒီကာမေသု မိစ္ဆာစာရ အဖွင့်တွေအရ ကာမေသုမိစ္ဆာစာရ ကံထိုက်နိုင်တယ်၊ ကံမြောက်နိုင်တယ်၊ ဒု၊ သ၊ န၊ သော ဖြစ်နိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သွားလာတဲ့ ယောက်ျားက မသိလို့ မှားမိတဲ့အခါ အပြစ်မရှိနိုင်ပေမယ့် အမျိုးသမီးအနေနဲ့ ကိုယ်ကိုယ်တိုင် ကာမပိုင် ဖြစ်နေတဲ့အတွက် အပြစ်ရှိပါတယ်။ ကာမပိုင် လင်ယောက်ျားက တရားဝင် ကြည်ကြည်ဖြူဖြူ ခွင့်ပြုထားရင်တော့ အပြစ်မရှိနိုင်ပါဘူး။ ဒါပေမယ့် အိမ်ထောင်မရှိသေးတဲ့ လွတ်လပ်တဲ့ အမျိုးသမီး prostitute တွေနဲ့ သွားလာတဲ့ လွတ်လပ်တဲ့ ယောက်ျားများအနေနဲ့ ဒီအမျိုးသမီးရဲ့ အုပ်ထိန်းသူတွေက ဒီအလုပ်လုပ်တာကို သဘောတူ ခွင့်ပြုထားလို့ သွားလာတဲ့ အပိုင်းမှာတော့ ကာမေသုမိစ္ဆာစာရ မဖြစ်ဘူးလို့ ဆိုနိုင်ပါတယ်။ (ကျမ်းညွှန်းများ = ပါရာဇိကဏ်ပါဋ္ဌိ တော်(၀ိ ၁၊ ၂၀၂) (မ-ဋ္ဌ ၁၊၂၀၃။အဘိ-ဋ္ဌ ၂။ ပဋိသံ-ဋ္ဌ ၁၊ ၂၀၄)

ဒီလောက်ဆိုရင်တော့ မေးခွန်းရှင်အမေးနဲ့ ပတ်သက်ပြီး အတော်အသင့် ပြည့်စုံလိမ့်လို့ ထင်ပါတယ်။ ဒီမှာ ဖြေဆိုထားတာတွေဟာ ဗုဒ္ဓခေတ် အခြေအနေအရ သတ်မှတ်ချက်တွေကို အဋ္ဌကထာက ပြန်ဖွင့်ပြပေးထားတာတွေ ဖြစ်တဲ့အတွက် ဒီနေ့ခေတ် အခြေအနေနဲ့တော့ အားလုံးတစ်ထပ်တည်း ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ အကောင်းဆုံးကတော့ မိမိတို့ ယောက်ျားလေး၊ မိန်းကလေး တစ်ဦးချင်းစီရဲ့ ဆင်ခြင်မှုနဲ့ နေနိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။ အိမ်ထောင်မပြုမီ အချိန်မှာလည်း ကာမဂုဏ်ကိစ္စကို လူအချင်းချင်း လက်တွေ့ပေါင်းသင်းဆက်ဆံပြီး ဖြေရှင်းတာထက် ဒီစိတ်ကို တစ်ခြားအာရုံ၊ တစ်ခြားနည်းတွေနဲ့ ဖြေရှင်းနိုင်တာ အကောင်းဆုံးဖြစ်ပြီး အိမ်ထောင်ကျပြီး နောက်ပိုင်းမှာလည်း ကိုယ့်ရဲ့ဇနီးမယား၊ လင်ယောကျာ်းနဲ့ပဲ တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးနိုင်တာ အကောင်းဆုံးပါပဲ။ ဒီလိုနေနိုင်ရင်တော့ လောကကြောင်းအရလည်း အပြစ်မဖြစ်နိုင်သလို၊ ဓမ္မကြောင်းအရလည်း အပြစ်ကင်းစင်နိုင်မှာ ဖြစ်ပါတယ်။ ကာမရာဂစိတ်ဆိုတာ ဒီစိတ်ထကြွတဲ့ အချိန်လေးလောက်ပဲ ပူလောင်နိုင်တာ ဖြစ်တဲ့အတွက် အဲဒီအခိုက်အတန့်ကို တစ်ခြားအာရုံ၊ တစ်ခြားနည်းနဲ့ ဖြေရှင်ကြည့်ကြမယ်ဆိုရင် ပစ္စုပ္ပန်၊ သံသရာနှစ်ဖြာ ကောင်းကျိုးတွေကို ဖြစ်စေမှာ အမှန်ပင်ဖြစ်ပါကြောင်း စေတနာကောင်းနဲ့ အကြံကောင်းပြုလိုက်ပါတယ်။

Read more...

လက်ငင်းအကျိုး

ကျွန်တော်သည် ၁၃၇၀-ပြည့်နှစ် ၀ါဆိုလပြည့်နေ့မှ သီတင်းဝါလကျွတ်သည်အထိ မိမိအိမ်ပေါ်၌ နံနက် ၅-နာရီ အိပ်ရာမှထ၍ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး၏ ပကိဏ္ဏက ဘုရားရှိခိုး ကန်တော့ချိုးဖြင့် ဘုရားရှိခိုးပူဇော် ပါသည်။ ညနေ ၆-နာရီတိုင်း ပရိတ်ကြီး ၁၁-သုတ်ကို နေ့စဉ်ရွတ်ဆိုခဲ့သည်။

ကျွန်တော့်သမီးများဖြစ်ကြသော သင်းသင်းပျံ့နှင့် ရွှေစင်သန်းရွှေတို့က ခန်နီအမက (ကလေးဝမြို့)၌ တာဝန် ထမ်းဆောင်သည်။ တဦးက ကျောင်းအုပ်၊ တဦးက လက်ထောက်တာဝန်ဖြစ်၏။ အောက်တိုဘာလတွင် ကျောင်းပိတ်သဖြင့် အိမ်မှာ အနားယူကြ၏။ ခန်နီရွာသူရွာသားများကား တောင်သူယာခုတ် လက်လုပ် လက်စားများ ဖြစ်ကြ၏။ သမီးတို့သည် အိမ်မှကျောင်းသို့အပြန်တွင် ရွာသူရွာသားများအတွက် တပတ်နွမ်း အ၀တ်အစားများကိုယူပြီး ပေးကမ်းဒါနပြုကြ၏။ သူတို့ကိုအားကျပြီး ကျွန်တော်ကလည်း အင်္ကျီ ၆-ထည်၊ ပုဆိုးနှစ်ကွင်း ပေးလိုက်ပါသည်။

ဤအကြောင်းဆက်ကား ချက်ချင်းလက်ငင်းပင် အကျိုးခံစားရပါသည်။ တောင်ကြီးမြို့၌နေသော သားဖြစ်သူ ဗိုလ်မှူးမြတ်မိုးအောင်နှင့် သမီးဒေါက်တာ နန်းမြတ်မြတ်မွှေးတို့က မိဘကို ကျေးဇူးဆပ်သောအားဖြင့် တောင်ကြီးမြို့သို့ လေယာဉ်ဖြင့် အသွားအပြန် တာဝန်ယူခေါ်ဆောင်သည်။ သမိုင်းဝင် ထူးခြားသော ဘုရားစေတီများကို ဖူးမြော်ရန်နှင့် တောင်ကြီးတန်ဆောင်တိုင်ပွဲကို ကြည့်ရှုရန်ဖြစ်သည်။

ကျွန်တော်တို့ တောင်ကြီးသို့ရောက်လျှင်ရောက်ချင်း သားသမီးတို့က ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြ၏။ ညတိုင်း တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံလွှတ်ပွဲကို ကြည်ရှုရ၏။ ထို့ပြင် မြစိမ်းတောင်ဘုရား၊ ရွှေဘုန်းပွင့်ဘုရား၊ မွေတော်ကက္ကူဘုရား၊ အင်းလေးဖောင်တော်ဦးဘုရား၊ ပင်းတယလိုဏ်ဂူအတွင်းရှိ ဘုရားအဆူဆူတို့ကိုလည်း ဖူးမြော်ရ၏။

ထို့ပြင် ကုံလုံဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကိုလည်း ထူးထူးခြားခြား ဖူးမြော်ကန်တော့ခဲ့ရသည်။
အခြား အကျိုးဆက်တခုကား တောင်ကြီးမှ ကလေးမြို့သို့ ပြန်သောအခါ သား မောင်မြတ်မိုးအောင်နှင့် သမီး နန်းမြတ်မြတ်မွှေးတို့က အင်းလေးထွက် အ၀တ်အစားမျိုးစုံ၊ ရန်ကုန်ဆွေမျိုးများဖြစ်ကြသော မခင်အေးရီ၊ မလှလှမေ၊ မအေးအေးမာ၊ မညိုညိုမာ မိသားစုတို့က ဒေသထွက် အထည်မျိုးစုံ၊ တောင်ကြီးမြို့တွင် တာဝန်ထမ်းဆောင်နေကြသော သားသမက် ဗိုလ်ကြီး ဇော်စိုးမိုးနှင့် သမီး ဗိုလ်ခင်ထူးမြတ်တို့က အ၀တ်အထည်မျိုးစုံတို့ကို ကျွန်တော်တို့ ဇနီးမောင်နှံအား ကန်တော့လိုက်ကြသည်။

ဤသည်မှာ ယခင်က ကျွန်တော်ပြုခဲ့သည့် အင်္ကျီပုဆိုးများ ပေးကမ်းခြင်းကုသိုလ်သည် တန်ဖိုးမများသော်လည်း သဒ္ဓါထက်ထက်ဖြင့် စွန့်ကြဲခဲ့သောကြောင့် တန်ပြန်အကျိုး ရရှိသည်ဟု ယုံကြည်ယူဆမိပါသည်။ ဤကုသိုလ်အဟုန်တို့ကိုလည်း အောက်မေ့သတိရမိပါသည်။

သန်းရွှေဦး (ကလေး)
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဧပြီလ)

Read more...

“၁၉ ဂျူလိုင် ”

ကြမ္မာလေနီကြမ်း တစ်ချက်အဝှေ့မှာ
မြန်မာ ပြည်သစ်မွေးဖွားခန်းလေး
တစ်ခန်းရက်ခဲ့
ပြဇာတ်လေးက ကြည့်မကောင်းခဲ့ဘူး
မျက်ရည်မိုးနဲ့ ငိုကြွေးသံတွေသာ
ဝိညာဉ်ခေါ်သံအဖြစ် ကြွင်းကျန်ရစ်

သွေးအလူးလူးနဲ့ ကျဆုံးခဲ့ရတဲ့
ပြည်ချစ်အာဇာနည်များ

မြန်မာပြည်ရဲ့ တရားကို
သူတို့
အပြီးတိုင် မစီရင်နိုင်ခဲ့

ဒီလိုနဲ့
ငါတို့ရဲ့ လှပတော့မဲ့အနာဂတ်များလဲ
ဂျူလိုင်မိုးရေစက်တွေရဲ့အောက်မှာ
ကျပျောက်မှေးမှိန်ခဲ့တာ
ဒီနေ့ပါနဲ့ဆို
၆၃ နှစ်တိုင်ခဲ့ပေါ့

၁၉ ဂျူလိုင်တဲ့မမေ့နိုင်တဲ့
မချိတင်ကဲနဲ့
တနုံ့နုံ့ သတိရနေစေတာပါ
ဘယ်လိုမေ့နိုင်မှာလဲ
လှော်နေရင်း တက်ကျိုးရုံမဟုတ်
လှေဦးစီးတွေပါ လှိုင်းပုတ်ခံရတော့
လှေငယ်လေးလဲ
ကမ်းနဲ့ ဝေးသထက်ဝေးခဲ့ရပေါ့

အော် ၁၉ ဂျူလိုင်
ကာလသုံးပါးလုံးမှာ
မင်းဟာ မေ့ပစ်စရာမဟုတ်ဘူး
မြန်မာတစ်ဦးဖြစ်တဲ့ငါ
အသက်ထက်ဆုံး
လွမ်းတသတသဖြစ်နေမှာပါ

Read more...

အကြောင်းရင်းက ငါ့အတွင်းမှာ

လောကဓံတရားတစ်ခုနဲ့ ကြုံရတဲ့အခါ (လူတစ်ယောက်က ကိုယ့်ကို တင်စီးပြီး ပြောသွားတယ်၊ အနိုင်ကျင့်ပြီး ပြောသွားတယ်၊ ဒါလည်း လောကဓံတရားတစ်ခု။) စိတ်ထဲမှာ စိတ်ဆင်းရဲသွားတယ်။ အဲဒီလူကို စိတ်ဆိုးသွား တယ်၊ မုန်းသွားတယ်။ အဲဒီအချိန်မှာပါ သတိရှိဖို့ လိုတယ်။ ဒီသင်ခန်းစာထဲက ဒီအတွေ့အကြုံထဲကလည်း
အသိဉာဏ်ကို ထုတ်ယူရမယ်။
အဲဒီလို အသိဉာဏ်ကို ထုတ်ယူတဲ့အခါမှာ သူ ဘာမှားသလဲဆိုတာကိုနောက်မှ စဉ်းစားပါ။ သူဘာမှားသလဲ ဆိုတာ သိဖို့ လိုပါတယ်။ မလိုဘူးလို့ မဆိုလိုဘူးနော်။ သို့သော် ပထမ အရေးကြီးဆုံးက ငါဘာမှားသွားသလဲ ဆိုတာသိဖို့လိုပါတယ်။ ကိုယ့်ဘက်က ဘယ်လိုသဘောထားမျိုး ရှိနေသလဲ။ ဘာကြောင့် ငါစိတ်ဆင်းရဲ သွားရတာလဲ။ ငါ စိတ်ဆင်းရဲသွားရတဲ့ အကြောင်းရင်းဟာ ငါ့အတွင်းမှာ ရှိနေတယ်။ အဲဒါကို အရင်ဆုံး မြင်အောင် ကြည့်ရမယ်။ အဲသလို ကြည့်တာဟာ ကိုယ့်အတွက် အကျိုးများဆုံးပဲ။ နောက်မှ သူ့ဘက်က ဘာမှားသွားလဲဆိုတာ ကြည့်ပါ။ သူ့သဘောထား ဘယ်လိုရှိသလဲ။ ပြန်ကြည့်ပါ။ သူ့ကိုလည်းပဲ ပုဂ္ဂိုလ် သတ္တဝါအနေနဲ့ လူတစ်ယောက် အနေနဲ့ မှတ်ပြီးတော့ မကြည့်ဘဲနဲ့ ခန္ဓာငါးပါးအစုအဝေးအဖြစ်နဲ့ ကြည့်ပြီးတော့ သူ့စိတ်ထဲမှာ ဘယ်လိုကိလေသာမျိုး ဖြစ်နေလို့ သူ ဒီစကားကို ပြောတာပဲ။ အဲဒီ သူ့စိတ်ထဲဖြစ်တဲ့ ကိလေသာကို မြင်အောင် ကြည့်ပါနော်။ ကိုယ့်စိတ်ထဲမှာဖြစ်တဲ့ ကိလေသာကိုလည်း မြင်အောင်ကြည့်ရတယ်။ မာနကို ကြည့်ရတယ်နော်။ သူ့ဘက်ကလည်းပဲ တင်စီးချင်တဲ့သဘော အနိုင်ကျင့်ချင် တဲ့သဘော ဖြစ်နေတဲ့ ကိလေသာသဘောကို မြင်အောင် ပြန်ကြည့်ရတယ်။ ဒိကိလေသာကြောင့် ဒီစိတ်ကြောင့် သူ့ ဒီလိုပြောလိုက်တာ။
နောက်ပြီးတော့ သူ အဲဒီလို လုပ်လိုက်တော့ သူ့မှာရော မထိခိုက်ဘူးလား။ ထိခိုက်တယ်။ ကိုယ့်ဘက်က သူ့ကို နောက်တစ်ခါမှာ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဖို့ကို နဲနဲ ဝန်လေးသွားတယ်။ သူ့ကိုရှောင်ချင်လာတယ်။ သူ့မှာ မိတ်ဆွေကောင်းလျော့သွားတယ်။ ဒါကြောင့် ဘုန်းကြီးကတော့ အဲဒီတပည့်ကို သတိပေးပါတယ်။ 'အဲဒီလူနဲ့ ပြန်ပြီးတော့ ပြေလည်အောင် ကြိုးစားပါ။' အချိန်တော့ ကြာချင်ကြာမယ်နော်။ လူတစ်ယောက်နဲ့ မပြေမလည် ဖြစ်လိုက်တိုင်း ဖြစ်လိုက်တိုင်း ကိုယ့်လောကကြီးက နဲနဲကျဉ်းသွားတယ်။ လူတစ်ယောက်ကို ကိုယ့်ဘဝထဲကနေ ထုတ်ပယ်လိုက်တိုင်း ထုတ်ပယ်လိုက်တိုင်း ကိုယ့်လောကဟာ ကျဉ်းသွားတယ်။ အဲဒီလို ထုတ်ပယ်ရတာတွေ များလာလို့ရှိရင် ကိုယ့်ဘဝဟာ ကြာလေကျဉ်းလေ ဖြစ်သွားလိမ့်မယ်။
တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေမှုဆိုတာ ဖြစ်ရိုးထုံးစံပါ။ မိဘနဲ့သားသမီးတောင်
ဖြစ်သေးတာပဲ။ တစိမ်းနဲ့ဆိုတာ ပြောဖွယ်ရာ မရှိတော့ဘူး။ အဆင်မပြေမှု ဖြစ်ခဲ့ပေမဲ့လည်း
ဒီအထဲက သင်ခန်းစာကို ယူပြီးတော့ သဘောထားကြီးကြီးနဲ့ ပြန်ပြီးတော့ပြေလည်အောင် ဆက်ဆံပါ။
This is not too difficult and when we have learnt to experience pain without hurt we have gained something in the art of living.
အဲဒီလို လောကဓံတရားနဲ့ ကြုံရတဲ့အခါမှာ စိတ်ဆင်းရဲမှု ကြီးကြီးမားမား မဖြစ်အောင် နေတတ်သွားပြီးဆိုရင် ဘဝမှာ နေနည်း အတတ်ပညာကို နဲနဲတော့ တတ်သွားပြီ။

Read more...

“ဇူလိုင်မှတ်တမ်း”

မချောက်သေးဘူး
သွေးတွေစွန်းတုန်း
မျက်ရည်တွေ ဥလို့ပါလား
ဘာကြောင့် ဟန်ဆောင်နေရတာလဲ
အသိမှတ်ပြုတယ်ဆိုရင်…
ငိုချစမ်း…
ကြေကြေကွဲကွဲ ငိုကြွေးပြစမ်း ၊

ကောင်းကင်တ၀န်းလုံးအပြည့်ပါလား
အုံးဆိုင်းဆိုင်းနဲ့
မိုးတိမ်ရယ်
ဘာကြောင့် ခိုစီးနေရတာလဲ
အသိမှတ်ပြုတယ်ဆိုရင်…
ထစ်ချုန်းလို့ သွန်းဖြိုးစမ်း…
စိတ်ရှိလက်ရှိ ပြိုကျစမ်း…၊

သံစဉ်တွေရှိပြီးသား
ဂန္ထ၀င်မြောက်တေးသွားတပုဒ်ပဲလေ
သမိုင်းဝင်စာသားတွေ
ဘာကြောင့် ဆွံ့အ နေရတာလဲ
အသိမှတ်ပြုတယ်ဆိုရင်
သီကျူးလိုက်စမ်
ကြေကြေကွဲကွဲ ဟစ်ကြွေးလိုက်စမ်း…၊

ဒီမျက်ရည်…
ဒီမိုး…
ဒီတေး…
ဒီဇူလိုင်မှာ ဟာမိုနီမဖြစ်ရင်
လိပ်ပြာတွေ ခိုနားရာမဲ့တော့မယ်…။

ကိုပိန်
(၁၈.၀၇.၂၀၁၀)

Read more...

တစ်ခါတုန်းက အီတလီ ဗုဒ္ဓရဟန်းတော် တစ်ပါး...

Lokanatha (1897-May 25, 1966) was an Italian Buddhist missionary.
အရှင်လောကနာထ (၁၈၉၇ - မေ ၂၅, ၁၉၆၆) သည် အီတလီလူမျိုး ဗုဒ္ဓသာသနာပြု ဆရာတော် တစ်ပါး ဖြစ်ခဲ့သည်။
Lokanatha was born near Naples,
Italy in 1897 in the celebrated family of Cioffi and given the name of Salvatore, meaning the Savior. Brought up in an atmosphere of talented culture, he was a talented violinist. He studied chemistry and received his B.Sc. at The Cooper Union for the Advancement of Science and Art, in 1922. He then worked as a chemical analyst for the Crucible Steel Co. and Procter & Gamble before briefly attending Columbia University Medical School. It was the scientific impulse in him which led him to Buddhism, which he embraced not long after graduation. Shortly he was on pilgrimage to the places sacred to Buddhism and was ordained a Buddhist monk in Burma in 1925. Thereafter, he resolved to propagate the teachings of the Buddha all over the world.
အရှင်လောကနာထ ကို အီတလီနိုင်ငံ၊ နေပယ်လ် (Naples) ကမ်းခြေအနီး ထင်ရှားသော မိသားစု Cioffi မှ ၁၈၉၇ ခုနှစ်တွင် မွေးဖွားခဲ့သည်။ Salvatore ဟု အမည်ပေးခဲ့သည်။ အဓိပ္ပာယ်မှာ ကယ်တင်ရှင် ဟူ၍ ဖြစ်သည်။ ပါရမီထူးကဲသော ယဉ်ကျေးမှု နယ်ပယ်တွင် နေထိုင်ရင်း သူသည် တယောတီးခတ်သော ပညာရှင် တစ်ဦး ဖြစ်ခဲ့သည်။ ၁၉၉၂ တွင် ဓာတုဗေဒ ဘာသာရပ်ဖြင့် B.Sc ဘွဲ့ကို The Cooper Union for the Advancement of Science and Art ကျောင်းမှ ရရှိခဲ့သည်။ အချုပ်အားဖြင့် ပြောရလျှင် Columbia University Medical School ကျောင်းတွင် မတက်ရောက်မီ The Crucible Steel Co. နှင့် Procter & Gamble အလုပ်တွင် ဓာတုဗေဒ သရုပ်ခွဲသူ တစ်ယောက် အဖြစ် အလုပ်လုပ်ခဲ့သည်။ ထိုအလုပ်သည် သူ့ကို ဗုဒ္ဓဘာသာ ဖြစ်လာစေရန် လက်တွေ့ကျသော စိတ်ဓာတ် ခွန်အားကို ဖြစ်စေခဲ့သည်။ ဘွဲ့ရရှိပြီး သိပ်မကြာမီပင် သူသည် လက်ခံယုံကြည်ခဲ့သည်။ မကြာမီတွင် သူသည် ဗုဒ္ဓဘာသာ၏ အထွတ်အမြတ် ဖြစ်သော မဇ္ဈိမဒေသ ကို ဘုရားဖူး ထွက်ခဲ့ပြီး၊ ၁၉၂၅ တွင် မြန်မာပြည်၌ ဗုဒ္ဓသားတော် ရဟန်းတစ်ပါးအဖြစ် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့တော့သည်။ ထိုနောက် သူသည် ကမ္ဘာတစ်ဝှမ်းလုံးသို့ ဗုဒ္ဓတရားတော်များကို ပြန့်ပွားအောင် သာသနာပြုရန် ဆုံးဖြတ်ခဲ့တော့သည်။
Returning home after mastering the precepts and practices of Buddhism in six months, he found the general atmosphere not favorable to his new religion in Italy. He returned to India on foot walking across Southern Europe and Asia Minor, reaching back Burma in 1928. The five years that followed were spent in deep study and meditations, his time being divided between monasteries and the Himalayan caves and forests. Strictly observing the 13 dhutangas, he emerged towards the end of 1932 with a spiritual radiance around him. From the year 1928 throughout his life he observed the self-imposed rule of sleeping in the sitting posture: only in his death he lay on his back.
ခြောက်လကြာအောင် ၀ိနည်းတော်များနှင့် ဗုဒ္ဓတရားတော်များကို လက်တွေ့ ကျင့်ကြံပွားများ အားထုတ်ခဲ့ပြီး ၄င်း၏ နေရပ်ထံသို့ ပြန်လာစဉ် ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး ဖြစ်နေသော ဆရာတော်အတွက် အီတလီတွင် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှ လက်ခံခြင်း၊ ထောက်ခံအား မရှိတော့ပေ။ ဆရာတော်သည် အိန္ဒိယသို့ ခြေကျင်ခရီးဖြင့် တောင်ဥရောပနှင့် အာရှဒေသနိုင်ငံ အချို့ကို ဖြတ်ကျော်၍ ၁၉၂၈ တွင် မြန်မာပြည်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ တရားစာပေများနှင့် တရားအားထုတ်ခြင်းကို ငါးနှစ်ကြာအောင် ပြုလုပ်ခဲ့သည်။ ထိုနှစ်များ အတွင်းတွင် ဘုန်းကြီးကျောင်းများ၊ ဟိမ၀န္တာတောင်တန်းမှ လိုဏ်ဂူများနှင့် တောမြိုင်ထဲတွင်သာ အချိန်ကုန်စေခဲ့သည်။ ဓုတင် ၁၃ ပါးကိုလည်း အပြင်းအထန် ကျင့်ကြံပွားများခဲ့သည်။ ၁၉၃၂ ခုနှစ် နှောင်းပိုင်းတွင် သီလ၊ သမာဓိ၊ ပညာများ ရင့်သန်လာခဲ့သည်။ ၁၉၂၈ ခုနှစ်မှ စ၍ ဆရာတော်၏ ဘ၀တစ်လျှောက်လုံး မိမိကိုယ်ကို ထိန်းချုပ်ရင်း အိပ်သည့် အနေအထားမှ ထိုင်လျှက် အနေအထားကို ကျင့်ကြံပွားများခဲ့သည်။ မသေရုံတမယ် ဖြစ်မှသာလျှင် ကျောခင်းအိပ်ခဲ့သည်။
Three Buddhist missionary expeditions were launched by Lokanatha in the years 1933, 1934 and 1935 from Burma,
Thailand and Ceylon respectively to Bodh Gaya in India, where the Buddha had attained Enlightenment. Lokanatha wrote extensively and published several booklets with a view to use these in his missionary expeditions in the West; he also completed a large volume dealing with his missionary work in the East. While the plans for a missionary tour of Europe and America were getting finalized, World War II broke out. All of Lokanatha's writings were lost. Besides, during the War he was interned in India.
၁၉၃၃၊ ၁၉၃၄ နှင့် ၁၉၃၅ ခုနှစ်များတွင် အရှင်လောကနာထသည် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံတို့မှ ဗုဒ္ဓဘာသာ သာသနာပြုအဖွဲ့ သုံးဖွဲ့ကို မြတ်စွာဘုရား ဗောဓိဉာဏ်တော်ကို ရရှိခဲ့သော အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ဒေသတို့ အသီးသီး စတင်စေလွတ်သည်။ အရှင်လောကနာထသည် အနောက်နိုင်ငံများ တွင် ၄င်း၏ သာသနာပြု ခရီးစဉ်ကို အသုံးပြုရန် ရှုထောင့် တစ်ခုဖြင့် များစွာသော စာအုပ်များကို ရေးသားခဲ့ပြီး ပုံနှိပ် ထုတ်ဝေခဲ့သည်။ အရှေ့နိုင်ငံများတွင် ဆရာတော်၏ သာသနာပြု လုပ်ငန်းများနှင့်အတူ ပြုလုပ်နိုင်စွမ်းခဲ့သည်။ ဥရောပနှင့် အမေရိကန် သာသနာပြု ခရီးစဉ်များ အတွက် နောက်ဆုံး အစီအစဉ် ဆွဲနေစဉ်တွင် ဒုတိယ ကမ္ဘာစစ်ကြီး စတင်ခဲ့တော့သည်။ စစ်ပွဲအတွင်း နိုင်ငံရေး၊ စစ်ရေး မတည်ငြိမ်မှု အရ အရှင်လောကနာထ ကို အိန္ဒိယနိုင်ငံတွင် ထိန်းသိမ်းထားစဉ် သူ၏ စာပေလက်ရာများ အားလုံးသည် ပျောက်ဆုံးခဲ့ရသည်။
In October, 1946, he returning to Burma and found the Buddhist Foreign Mission organized in
Mandalay; under the auspices of which he was sent out in July 1947 for a Buddhist survey of the contemporary world, with special reference to the USA. It was the first mission of its kind ever launched from Burma. The outcome of this Mission is detailed in his work Girdling the Globe with Truth. Preaching through Singapore and Malaya, Hong Kong, Shanghai and Manila, he sped across the Pacific through Hawaii to the USA., and after a very successful tour of the United States and preaching in England and on the Continent, he arrived in Ceylon in 1950 to attend and address the First Conference of the World Fellowship of Buddhists. In March 1951 he was back to Burma, where right-royal receptions awaited for him in Rangoon and Mandalay. In Mandalay he hoisted the World Buddhist Flag on March 24, 1951 for the first time in Burma.
အောက်တိုဘာလ၊ ၁၉၄၆ ခုနှစ်တွင် သူသည် မြန်မာပြည်သို့ ပြန်ရောက်စဉ် မန္တလေးမြို့တွင် ဖွဲ့စည်း တည်ထောင်ထားသော ဗုဒ္ဓဘာသာ ပြည်ပသာသနာပြု အဖွဲ့ ကို တွေ့ခဲ့သည်။ ထိုအဖွဲ့မှ ကမကထ ပြုပြီး အမေရိကန် တိုင်းပြည် အဓိက ထား၍ မျက်မှောက်ခေတ် ကမ္ဘာကြီး၏ ဗုဒ္ဓဘာသာ သာသနာပြု လုပ်ငန်းအတွက် ၁၉၄၇ ခုနှစ်တွင် အရှင်လောကနာထကို အကူအညီတောင်း လျှောက်ထားကာ သာသနာ ပြုစေခဲ့သည်။ ၄င်းသည် မြန်မာပြည်မှ ပထမဦးဆုံး သာသနာပြု ခရီးစဉ် ဖြစ်ခဲ့သည်။ ၄င်းသာသနာပြု အဖွဲ့ကြီး၏ ရလဒ်သည် အမှန်တရားဖြင့် လောကကြီးကို လွှမ်းခြုံခြင်း ဟု ဆိုအပ်သော သူ၏ အလုပ်ကို ပြည့်စုံစေခဲ့သည်။ စင်္ကာပူ၊ မလေးရှား၊ ဟောင်ကောင်၊ ရှန်ဟိုင်းနှင့် မနီလာ အစရှိသည့် တိုင်းပြည်များတွင် တရားများ ဟောပြောရင်း ဟာဝါအီ တစ်လျှောက် ပစိဖိတ်ကို ဖြတ်ပြီး အမေရိက ကို ခရီး အပြင်းနှင်ခဲ့သည်။ အမေရိကတွင် သာသနာပြု ခရီး အောင်မြင်ပြီးသည့်နောက် အင်္ဂလန်နိုင်ငံနှင့် ဥရောပ နိုင်ငံများတွင် တရားဟောပြောရင်း ၁၉၅၀ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင်များ၏ ပထမဦးဆုံး ကမ္ဘာ့ညီလာခံ ကို တက်ရောက်၍ တရားဟောပြောရန် သီရိလင်္ကာ နိုင်ငံသို့ ရောက်ရှိခဲ့သည်။ ၁၉၅၁ ခုနှစ် မတ်လတွင် အရှင်လောကနာထ သည် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဆရာတော်အတွက် ကြီးကျယ်သော အခမ်းအနားဖြင့် ကြိုဆိုရန် စောင့်ဆိုင်း နေခဲ့ကြသည်။ ၁၉၅၁ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် မြန်မာပြည်၏ ပထမဦးဆုံး အတွက် ကမ္ဘာ့ ဗုဒ္ဓဘာသာ အလံတော်ကို အရှင်လောကနာထမှ မန္တလေး၌ လွှင့်တင်ပေးနိုင်ခဲ့သည်။
After 1951 he preached extensively and repeatedly throughout Burma, also dividing his time between Burma, India and Ceylon; mostly staying in Burma. He attended and addressed the World Fellowship of Buddhists' Conference in Rangoon in 1954. Also, he was elected the Spiritual Patron of the Mahajayanti Celebrations in 1956 in Pakistan.
၁၉၅၁ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့် တရားများ ဟောပြောခဲ့သည်။ မြန်မာ၊ အိန္ဒိယနှင့် သီရိလင်္ကာ နိုင်ငံများသို့လည်း ကြွရောက် ဟောပြောခဲ့သည်။ မြန်မာနိုင်ငံတွင် အချိန်အတော်ကြာ နေထိုင်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ရန်ကုန်၌ ကျင်းပပြုလုပ်သော ကမ္ဘာ့ ဗုဒ္ဓဘာသာဝင်များ ညီလာခံကို တက်ရောက်ခဲ့ပြီး ဟောပြောခဲ့သည်။ ထို့အပြင် အရှင်လောကနာထ ကို ၁၉၅၆ ခုနှစ်တွင် ပါကစ္စတန်၌ ကျင်းပသော မဟာဇယန္တိ အခမ်းအနား၏ ဦးဆောင်ဦးပြုသူ အဖြစ် ရွေးချယ်ခဲ့သည်။
It was in the early 1930s that Lokanatha and
B. R. Ambedkar, the Indian Dalit leader, contacted each other. The correspondence between them reveals that Ambedkar was greatly influenced by Lokanatha, in favor of Buddhism. Ambedkar converted to Buddhism with many of his followers in 1956.
၁၉၃၀ နှစ်ဦးပိုင်းများ လောက်တွင် အရှင်လောကနာထနှင့် အိန္ဒိယနိုင်ငံ ဇာတ်နိမ့်များ ခေါင်းဆောင် B.R Ambedkar တို့သည် တစ်ဦးနှင့် တစ်ဦး တွေ့ဆုံခဲ့သည်။ သူတို့ နှစ်ဦးကြားတွင် ပူးပေါင်း ဆောင်ရွက်မှုများကို ဖော်ထုတ်ခဲ့သည်။ Ambedkar သည် ဗုဒ္ဓဘာသာကို ယုံကြည် သက်ဝင် နေပြီးဖြစ်သော အရှင်လောကနာထအား ယုံကြည်အားကိုးခဲ့သည်။ Ambedkar သည် ၁၉၅၆ ခုနှစ်တွင် သူ၏ နောက်လိုက်များစွာ နှင့်အတူ ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့ကြသည်။
Donations for the world Dhammaduta work flowed freely to Lokanatha in Burma. He had planned for a World Preaching Tour in 1963-1965, which somehow failed to materialize. Towards the end of 1965, he developed a sore on his forehead, which turned
cancerous. While preparing for his visit to the USA. for proper treatment, he succumbed to the temptation of trying indigenous treatment, against all expert advice. He died on May 25, 1966. On May 29, 1966 in Maymyo, his body was taken in a stately procession to the Shwezigon Monastery, where it lies in state for all Burma to pay homage.
လောက ဓမ္မဒူတ ခရီးစဉ်များအတွက် လှူဒါန်းမှုများသည် မြန်မာပြည်တွင် အရှင်လောကနာထကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ခဲ့သည်။ ၁၉၆၃-၁၉၆၅ ခုနှစ်များတွင် ကမ္ဘာအနှံ့ တရားဟောအစီအစဉ် အတွက် စီစဉ်ထားခဲ့သည်။ ထိုအစီအစဉ်များသည် အခြေအနေအရ မဖြစ်မြောက်ခဲ့ပေ။ ၁၉၆၅ ခုနှစ် နှောင်းပိုင်း တွင် သူ၏ နဖူးတွင် ရှိခဲ့သော ဒဏ်ရာတစ်ခုသည် ကင်ဆာရောဂါ အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။ သင့်တော်သော ကုသမှုကို ခံယူရန် အမေရိကန်သို့ ကြွရောက်ရန် စီစဉ်နေစဉ် ဆေးပညာရှင်များ၏ အကြံဉာဏ်များကို လက်မခံတော့ဘဲ ဘ၀နတ်ထံ ပျံလွန်တော် မူခဲ့သည်။ ၁၉၆၆ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် မေမြို့၌ ကျန်ရစ်ခဲ့သော ဥတုဇ ရုပ်ကလာပ်တော်ကို တည်ငြိမ်အေးဆေးစွာ လှည့်လည် အပူဇော်ခံပြီး လူအများ ပူဇော်နိုင်ရန် ရွှေစည်းဂုံ ဘုန်းကြီးကျောင်းသို့ ပင့်ဆောင် လာခဲ့သည်။
Lokanatha was a staunch
vegetarian. His donations helped construct the Sunlun Dhammayone in Rangoon. His devotees included people from all ranks of life; intellectuals, scientists and people in authority from several countries were influenced by him. Although Theravada by designation, Lokanatha was broadminded for all viewpoints.
အရှင်လောကနာထသည် သက်သတ်လွတ် ဘုဉ်ပေးသူ တစ်ဦး ဖြစ်သည်။ ရန်ကုန်တွင် ဆူးလေ ဓမ္မာရုံကို တည်ဆေက်ရာတွင် အလှူပါဝင် ကူညီခဲ့သည်။ ဆရာတော်ကို ကြည်ညိုကြသူများသည် အဆင့်အတန်း အလွှာမျိုးစုံက ဖြစ်သည်။ ပညာတတ်များ၊ သိပ္ပံပညာရှင်များနှင့် တိုင်းပြည် အမျိုးမျိုးမှ အစိုးရ အဖွဲ့အစည်းများမှ လူများ စသည်တို့သည် ဆည်းကပ် ကိုးကွယ်ခဲ့ကြသည်။ ထေရ၀ါဒကိုသာ သက်ဝင် ယုံကြည်သော်လည်း အားလုံးသော အမြင်ရှုထောင့် အမျိုးမျိုးအတွက် အရှင်လောကနာထသည် သဘောထားကြီးစွာ ကျင့်သုံးခဲ့သည်။
The Light of Truth sermons delivered by The Ven Lokanatha in Singapore was edited in a book by The Supervisor of The Maha Bodhi School and distributed by 1. The Singapore Buddhist Lodge 2. The Singapore Maha Bodhi School 3. The Singapore Buddhist Institute (1947)
စင်္ကာပူနိုင်ငံတွင် အရှင်လောကနာထမှ ဟောကြားခဲ့သော အမှန်တရား၏ အလင်းရောင် တရားတော်ကို မဟာဗောဓိ ကျောင်း၏ ကျောင်းအုပ်ကြီးမှ စာအုပ်တစ်အုပ်ဖြစ်အောင် တည်းဖြတ်ခဲ့သည်။ ထိုစာအုပ်ကို ထုတ်ဝေခဲ့သော ကျောင်းများမှာ
(၁) The Singapore Budhist Lodge
(၂) The Singapore Maha Budhi School
(၃) The Singapore Buddhist Institute (1947)
တို့ ဖြစ်ပေသည်။

Read more...

You are welcome to Johor Bahru, Jayamangala Buddhist Vihara

0 comments

Read more...

နောင်တတွေ မြှုပ်ထားတဲ့နေရာ

လှော်တော့ လှော်နေကြတာပဲ
တက်မပါ ဘာမပါနဲ့
လက်နဲ့လှော်လို့ ရှေ့ရောက်မတဲ့လား?

ပြောတော့ ပြောနေကြတာပဲ
အကျိုးရှိ မရှိမစဉ်းစားဘဲနဲ့
အချိန်က ဒီအတိုင်းရပ်နေမှာတဲ့လား?

နောင်တရတတ်မယ်ဆိုရင်
နောင်တနဲ့ပိ သေလို့ရရဲ့
“တစ်လက်မ”လောက်ခေတ်မီဖို့
“တစ်ပေ”လောက်အရင်းအနှီးများလွန်တာ
ရင်နာလွန်းပေါ့။

တစ်ချို့က
အရင်လူထက် နောက်လူက
ကောင်းအောင်လုပ်ခဲ့တယ်
ကျန်ခဲ့တယ် မှတ်တမ်းများ။

တစ်ချို့တစ်ချို့
နောက်လူက အရင်လူထက်
ညံ့အောင်လုပ်တယ်
ကျန်တယ် ဆိုးကျိုးများ။

ငါးမရ ရေချိုးပြန်ချင်သော်လည်း
ကျနော်တို့
ဒီနေ့အထိ ကံမကောင်းသေးပါ။

Read more...

Vipassana in common lexicon

18/07/2010
by Cittasamvaro

Some 100+ years ago Freud, and then Yung, Skinner, George Kelly were inventing, or reinventing psychological terms. it was cutting edge at the time, but slowly the terms have seeped into common understanding and useage.

Do you know what an ‘ego’ is? Actually the term has changed since Freud used it mean the rational side of the being that can ‘delay gratification’. It creeps into many Dhamma talks, even though the Buddha had no equivalent. He did not have or use the concept of an ‘ego’.

When you say someone ‘gets defensive’ it is a quite natural assumption that this is simply English. But the ‘Defense Mechanisms’ was an idea introduced by Freud – and one of his better ones. Many people will even have a good idea what ‘Passive Aggressive’ means.

What about when someone is ‘projecting’ or ‘projecting on to … ‘ – you should have a fair idea of the meaning. “Denial” – it should be obvious right? Yet denial is one of Freud’s defense mechanisms and before him, you will be hard pressed to find anyone every talk about denial (other than the one in Egypt of course). ‘Constructs’, ‘conditioning’, subconscious/unconscious – all these are common terms and ideas that were simply not around over 100 years ago, in any recognisable form.

As psychological terms seep into common language, they also appear in modern Dhamma talks. Some teachers talk comfortable about ‘letting go of the ego’ as if the Buddha himself had thought of the idea. They talk about allowing emotions to be, without attaching (Buddhist term) or repressing (psychological term). Some teachers even denounce psychology as inferior, or lot leading to liberation, yet superimpose many terms and concepts from psychology on to dhamma.

But now we are seeing another set of ideas seeping into the mainstream lexicon. Those of Vipassana, or insight meditation. While the Pali terms might be abandoned, the awareness on a society level of basic Vipassana practises has grown steadily over the last 10 or 20 years. There is now the idea that you can experience an emotion without attaching. That you can ‘let go’ of a feeling after you are willing to ‘allow it to be there’ and to ’look at it’. And the term ‘mindfulness’ has grown far beyond its Buddhist roots, into the common awareness.

Vipassana is a lexicon of surrender. It takes people back towards their own direct experience of emotions, thoughts and feelings, and away from idealistic concepts. In a world that is the safest and richest that it has ever been, the teaching of surrender (vosagga in the pali) falls on fertile ground.

Below are the words of one famous person who has had breast cancer. Even faced with her own mortality, she was able to turn attention inwards, and learn acceptance. Not too many years ago, anyone in this position would have been a ‘fighter’ or defeated by the illness. Things are changing as these ideas from Buddhism, psychology and other spiritual sources, infiltrate into the common understanding. This particular person has no special alignment to Buddhism, or any other religion in particular.

The entire experience was a real source of remembering who I am. It was about looking at my life and realigning it. Every experience you have where life comes to a screeching halt dictates that you take a refresher course on who you came in as. I was someone who could never say no. I had to learn to say no, I had to learn to be OK with not everyone liking me because I was a people-pleaser, a caretaker, and I had to unlearn that.

The first thing I had to learn how to do was to sit, be quiet and hold an emotion, and not to do that thing of staying busy and not thinking about it, because you wind up not experiencing the lesson. So I allowed myself to grieve, to feel scared, and I came out of it feeling like I’d been liberated.

Read more...

အာဇာနည်ဦးအောင်ဆန်း၏ သာသနာရေးလျှောက်ထားချက်

မိတ်ဆက်
ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအောင်ဆန်း၊ တပ်မတော်ဖခင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ လူထုခေါင်း ဆောင်ကြီးစတဲ့ ဂုဏ်ထူးဝိသေသတွေနဲ့ မြန်မာ့သမိုင်းမှာ ဥဒါန်းထားခဲ့တဲ့ ပုဂ္ဂိုလ်ဟာ အသက်သုံးဆယ်စွန်းရုံလူငယ်လေးတစ်ယောက်မျှသာ ရှိသေးတယ် လို့ သိလိုက်ရတဲ့ အချိန်က စပြီး အံ့သြဘနန်းဖြစ်ခဲ့ရပါတယ်၊ နိုင်ငံရေး စစ်ရေး စတဲ့ အတွေးအမြင် အသိပညာတွေကြောင့်သာ ဖြစ်လိမ့်မယ် ပဲ ထင်ခဲ့တာပါ။

ဒါပေမယ့် အမှတ်မထင် ဦးအောင်ဆန်းရဲ့ ဘာသာရေးအမြင်ကိုပါ ဖတ်လိုက်ရတော့ သူဟာ အရာရာမှာ နှံ့စပ်ကျွမ်းဝင်နေတဲ့ ခေါင်းဆောင်တစ်ယောက်လို့ အားရသွားပါတယ်။ ဒီနေ့ခေတ်ထိတိုင် ရဟန်းသံဃာ တော်တွေကြားမှာ ကျယ်ကျယ်လောင်လောင်ဆွေးနွေးနေကြပေမယ့်အလင်းမပွင့်သေးတဲ့ အတွေး အမြင် တွေကို အသက်သုံးဆယ်ဝန်းကျင်လူငယ်လေးတစ်ယောက်က ပြတ်သားရှင်းလင်း အမြင်ကျယ်ပြောစွာ ပြောသွားခဲ့တာပါ။ ဦးအောင်ဆန်းရဲ့ အသံကို နားထောင်ကြည့်ကြပါဦးစို့။ အာဇာနည်နေ့အတွက် အမှတ်တရ သံဝေဂဖြစ်စွာ....။


၁၉၄၆ ခုနှစ် ဇန်န၀ါရီလ (၂၀) ရက် ဖဆပလညီလာခံ(ရွှေတိဂုံအလယ်ပစ္စယံ)တွင် သံဃာတော်များ အား ဗိုလ်ချုပ်အောင်ဆန်း၏ သာသနာရေး သီးခြားလျှောက်ထားချက်။

“ဘာသာရေးသည် ကျွန်ုပ်တို့လူမှုကို ရှုပ်ထွေးစေသည်မဟုတ်။ ဘာသာတရားကို မှီ၍ အသက်မွေးကြကုန်သော သူတို့သာလျှင် ရှုပ်ထွေးစေကြ၏။ ဘာသာတရားကို ကြည့်ပြန်မူ ဤကဲ့သို့သော သူမျိုးကို အားပေးခြင်းမရှိသည်ကို တွေ့မြင်ကြရပေမည်။ သို့သော်လည်း အသီးအသီးသော ဘာသာတရားတို့ကို မှီ၍ အသက်မွေးကြကုန်သော သူများရှိခဲ့ဖူးလေပြီ

ဥရောပတိုက်၌ ရဟန်းမင်းကြီးများနှင့် ဧကရာဇ်မင်းတို့ အချင်းဖြစ်ပွားခဲ့ပုံ၊ ကျွန်ုပ်တို့ နိုင်ငံ၌ အရည်းကြီးများနှင့် အနော်ရထာမင်းမြတ်အရေးတွေ့ရပုံ၊ အနောက်နိုင်ငံကြီးများ နယ်ချဲ့ရာတွင် သမ္မာကျမ်းစာကိုင်သူတို့က ရှေ့သွားလုပ်၍ အလံကိုင်သူနှင့် ကုန်သည်တို့က နောက်မှ လိုက်လိုက်ရပုံ အကြောင်းစုံတို့ကို ထောက်ထားလျက် မည်သည့်ကာလဒေသ၌ မဆို ဘာသာတရားကို မှီ၍ အသက်မွေးကြသူများ ရှိခဲ့ဖူးကြောင်းကို ကျွန်ုပ်တို့ သတိရကြပေလိမ့်မည်။

ယခု ဘာသာတရားကို မှီ၍ အသက်မွေးသူများဟု ဆိုရာ၌ ရှင်းလင်းရန်လိုပေသေး၏။ ဘုန်းကြီးပင်ခေါ်ခေါ် ရဟန်းပင်ခေါ်ခေါ် နှစ်မျိုးနှစ်စားရှိ၏။ တစ်မျိုးမှာ ဘာသာတရားကို မှီ၍ အသက်မွေးသူများသာဖြစ်၍ ဘာသာတရားပြန့်ပွားတိုးတက်မှုကို သတိပြုခြင်းအားထုတ်ခြင်း မရှိချေ။ ဘာသာတရားနှင့် ဆန့်ကျင် သောအမှုကိုပင် ပြုကြ၏။ တစ်မျိုးမှာကား ဘာသာတရားတိုးတက်ပြန့်ပွားမှုကို လေးစား၍ လောကီသားတို့၏ အမှုကို ရှေ့ရှုခြင်းမရှိချေ။

ကျွန်ုပ်တို့၏ တိုင်းပြည်တွင် သံဃာတော်အရှင်မြတ်များသည် ရာဇ၀င်တစ်လျှောက်လုံး ကျွန်ုပ်တို့လူမျိုး၏ ရှေ့က မားမားမတ်မတ်ရပ်လျက် မြင့်မြတ်သောအမှုကိုသာ ပြုခဲ့ကြပေ၏။ ရှေးခေတ်များ၌ သံဃာတော် အရှင်မြတ်များသည် ကျွန်ုပ်တို့တစ်မျိုးလုံးကို ပညာသင်ပေးရန် တာဝန်ကို ထမ်းဆောင်ခဲ့ကြပေသည်။ ယခုခေတ်၌ပင် တောရွာများတွင် သံဃာတော်အရှင်သူမြတ်များ ပညာသင်ကြားပေးလျက်ရှိသောကြောင့် မြောက်မြားစွာသော အမျိုးသားတို့သည် စာပေတတ်မြောက်ကြပေ၏။

အချုပ်မှာ သံဃာတော်အရှင်မြတ်များ၏ စေတနာလုံ့လကြောင့် ကျွန်ုပ်တို့၏ စိတ်ဓါတ် မြင့်မြတ်မှု အသွင်အပြင်ယဉ်ကျေးမှုတို့သည် အထူးသဖြင့် တိုးတက်ခဲ့လေသည်။ ထိုအကြောင်းများကြောင့် ကျွန်ုပ်တို့၏ သံဃာတော်အရှင်မြတ်များသည် ကျွန်ုပ်တို့၏ ထူးကဲသော ကျေးဇူးဥပကာရကို ခံတော်မူထိုက်ကြပါပေ၏။

ကျွန်ုပ်တို့နိုင်ငံတွင် များသောအားဖြင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသည်ဖြစ်သောကြောင့် အခြားဘာသာတရားများကို မထိခိုက်စေဘဲ ပြောလိုသည်မှာ နှစ်ပေါင်း ၂၅၀၀ အတွင်း လိမ်းကပ်၍ လာခဲ့သော ကြေးညှော်တို့ကို ကျွန်ုပ်တို့ ပွတ်တိုက်နိုင်ခဲ့ပါလျှင် ဗုဒ္ဓဘာသာ သာသနာရောင်သည် ကမ္ဘာပေါ်တွင် အထွန်းပြောင်ဆုံး ဖြစ်လာလိမ့်မည် ဟူ၍ ယူဆရပေမည်။

သို့ဖြစ်ပါသောကြောင့် ယခု သံဃာတော်အရှင်သူမြတ်များအား သီးခြား၍ လျှောက်ထားလိုပါသည် ဘုရား။ အရှင်သူမြတ်များဘုရား။ အရှင်ဘုရားတို့သည် အလွန်ထူးကဲသော ဗုဒ္ဓသာသနာတော်ထမ်း ရဟန်းမြတ်များ ဖြစ်တော်မူကြပါသည်။ အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ။ ကမ္ဘာလောကကြီးကို သာသနာရောင် အလင်းပေးတော်မူကြပါ။ သို့မှသာလျှင် ကမ္ဘာသူ ကမ္ဘာသားတို့ မေတ္တာပွားများ၍ သမစိတ္တနှင့် ညီအရင်းအကို မောင်ရင်းနှစ်မကဲ့သို့ နေနိုင်ကြပါလိမ့်မည်။

အရှင်သူမြတ်များကို ဘုရားတပည့်တော်တို့ ကိုးကွယ်ဆည်းကပ်ပါသည်။ တစ်ကမ္ဘာလုံး ကိုးကွယ်ဆည်းကပ်သည်ကိုလည်း မြင်ချင်လှပါသည်။ တပည့်တော်တို့ နိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာပင် မေတ္တာတရား သမစိတ္တ သဘောထားတို့ကို ပြုပြင်နိုင်သော စွမ်းပကား အရှင်ဘုရားတို့မှာ ရှိပါသည်။ ဤစွမ်းပကားကို သုံးရာ၌ အောင်မြင်တော်မူပါလျှင် မနုဿလူတစ်မျိုးလုံး အစဉ်အဆက် နှစ်ပရိစ္ဆေဒရှည်လျားစွာ ရှိခိုးပူဇော်ကြပါလိမ့်မည်။

ဤကဲ့သို့ ဆောင်ရွက်မှုသည် သာသနာဖက်ကသာ ကြည့်၍ မြင့်မြတ်သည် မဟုတ်ပါ။ တပည့်တော်တို့၏ နိုင်ငံနှင့်လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာလည်း ရောက်ပါသည်ဘုရား။ တပည့်တော်တို့ နိုင်ငံအရပ်ရပ်သို့ ကြွရောက်တော်မူပြီးလျှင် မေတ္တာတရား၊ ညီညွတ်ရေးတရားကိုလည်း ဟောတော်မူကြပါ။ မြင့်မြတ်သော လွတ်လပ်ရေးတရားကိုလည်း ဟောတော်မူကြပါ။ မြင့်မြတ်သော လွတ်လပ်ရေးဆိုရာ၌ လွတ်လပ်စွာ ဘာသာတရားကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာသာတရားကို ကာလဒေသမရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့ စိုးရိမ်ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအ လူန ဘ၀မှ လွတ်မြောက်မှုစသည်တို့ ဖြစ်ပါသည်။

အရှင်သူမြတ်တို့သည် သုံးလူ့ထွတ်ထား မြတ်စွာဘုရား သြ၀ါဒပေးတော်မူခဲ့သည့်အတိုင်း “အပ္ပမာဒေန သမ္ပာဒေထ ” မမေ့မလျော့ဘဲ အစဉ်ထာဝရ အားထုတ်ကြဖို့ တပည့်တော်တို့ မြန်မာလူမျိုးတစ်မျိုးလုံးကို ဆိုဆုံးမတော်မူကြပါဘုရား။ ဤသို့သော မိမိကိုယ်ကို မိမိသာလျှင် အားကိုးမှုဖြင့် တပည့်တော်တို့၏ လူမျိုးသည် လောကုတ် လောကီ နှစ်လီသော အကျိုးထူးများကို ခံစားနိုင်အောင် ဆောင်ရွက်နိုင်ကြပေလိမ့်မည်။ အရှင်မြတ်များ၌ ဤကဲ့သို့ မွန်မြတ်သော တာဝန်ဝတ္တရားများ ရှိပါသည်။ ဤမွန်မြတ်သော တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်တော်မူကြပါဘုရား။ တပည့်တော်တို့မှာ အရှင်သူမြတ်များကို ရိုသေလေးမြတ်စွာ တိုက်တွန်းစကား လျှောက်ထားခြင်းကိုသာ ပြုနိုင်ပါသည်။ ဆောင်ရွက်ဖို့ တာဝန်ကျေပွန်မည် မကျေပွန်မည် ဟူသော ပြဿနာမှာ အရှင်မြတ်များသာ ဖြေရှင်းနိုင်ကြပေမည်။”

Read more...

နှုတ်ဆက်ခြင်း

ကျေးဇူးစကားဆိုခြင်း
ယခုဆိုရင် သီတဂူစတားလဲ မြန်မာပြည် ပြန်ဖို့ အချိန် တော်တော်လေးကပ်လာပြီ၊ ‘‘ ပြည်မြန်မာရောက်ရင် ပို့စ်တွေ တင်ဖို့ မလွယ်ဘူးဘုရားတဲ့၊ ဘလော့ဂ်နှင့်ပတ်သက်တာ ပြင်ဆင်စရာရှိရင် အဲဒီကထဲက ပြင်ခဲ့ပါတဲ့၊ ဘာဖြစ်လို့လဲ မေးတော့ ဒီမှာက ကွန် အားက အရမ်းနှေးတာဘုရား၊ ပို့စ်မှာတင်တဲ့ ဓာတ်ပုံတွေဆို ပေါ်တောင် မပေါ်ဘူးဘုရား’’ တဲ့ ပြည်မြန်မာက ဆွေးတော် မျိုးတော်တွေက ပြောသော စကားတွေပါ။ ထို့ကြောင့် သီတဂူစတား ဘလော့ဂ်ကို အားပေးကြတဲ့ ညီအစ်ကို မောင်နှမများအား အထူးမေတ္တာရပ်ခံသည်မှာ- ပြည်မြန်မာရောက်ရင်တော့ အွန်လိုင်းပရိသတ်၊ ဓမ္ဓ ညီအစ်ကို မောင်နှမများနှင့် ဝေးကွာသွားကောင်း သွားနိုင်ပါသည်၊ သို့သော်လည်း အခွင့်သာတဲ့အခါ ပို့စ်များကိုလည်း တတ်နိုင်သလောက် တင်ဖြစ်အောင် တင်ပေးသွားမှာ ဖြစ်သောကြောင့် ဆက်လက် စောင့်ပြီး အားပေးကြမည်ဟု မျှော်လင့်မိပါသည်။
ပြည်မြန်မာ မပြန်ခင် သီတဂူစတား ပြည်ပပညာ သင်ကြားစဉ် ၂နှစ်အတွင်း ကျေးဇူးပြုဖူးသောသူများကို သီတဂူစတားဘလော့ဂ်၏ ၂နှစ်ပြည့် အထိမ်းအမှတ်အဖြစ်ဖြင့်၎င်း ပြည်တော်ပြန် နုတ်ခွန်းဆက် အနေနဲ့သော၎င်း ရင်မှာပေါက်ဖွား ပီတိစကားလေးများ ပြောပြလိုပါသေးသည်။

သီတဂူစတား မွေးဖွားခြင်း
သီတဂူစတားဘလော့ဂ်သည် ယခုအခါ ၁၁-လ ပြည့်သွားပြီ ဖြစ်ပါသည်။ ၁၃-၈-၂၀၀၉ နေ့က စတင်တည်ထောင်သည်။ သီတဂူစတားဘလော့ဂ်သည်လည်း နာမည်ကြီးဘလော့ဂ်များလို အဆင့်မမြင့်သေးပေမဲ့ အတိုင်းအတာတစ်ခုထိတော့ ရောက်လာခြင်းသည်လည်း အွန်လှိုင်းစာဖတ်ပရိသတ်ရဲ့ ပီတိစကားလေးတွေကြောင့်ဖြစ်ပါသည်။ ထို့ ကြောင့် ၁၁ လပြည့် အထိမ်းအမှတ်အဖြစ်ဖြင့် ၀မ်းသာစကားပြောချင်ပါသည်။ ဘာလက်ဆောင်ဖြင့် ကျေးဇူးတုန့်ပြန်ရမလဲ စဉ်းစားမိတော့ ကိုယ့်မှာက ရင်ဘတ်ထဲက ရင်တွင်းဖြစ် ပီတိစကားများသာ ရှိနေပါသည်။ သီတဂူစတား ပြည်ပ ပညာသင်ကြားနေစဉ် ၂ နှစ်တာ အတောအတွင်း ကိန်းအောင်းနေသော ကျေးဇူးစကားများဖြစ်သည်။ ထိုပီတိစကားများကို အပိုင်း ၃ ပိုင်းခွဲရပါမည်၊ ဘလော့ဂ်တစ်ခု ပြီးမြောက် အောင်မြင်အောင်၊ ဘလော့ဂ် အကယ်ဒမီဆု ရသွားတဲ့အထိ ကူညီသူများနှင့် တပြိုင်တည်းမှာပဲ သီတဂူစတား ပြည်ပပညာရေးအတွက် အကူအညီပေးခဲ့ကြသော ကျေးဇူးရှင်များကို ရင်တွင်းစကားများဖြင့် ကျေးဇူးဆပ်လိုပါသည်။

သီတဂူစတား ဘလော့ဂ်
သီတဂူစတား ဘလော့ဂ်နှင့်ပတ်သက်ပြီး--
၁။ ရှေးဦးစွာ လာရောက် လည်ပတ်ပြီး ဆွေးနွေးကြသူများ၊ နွေးထွေးစွာ အကြံအဥာဏ်ပေးကြသူများ၊ ပို့စ်များ တင်ဖြစ်အောင် အားပေးစကားပေးကြသူများနှင့် ဘလော့ဂါ ညီအကို မောင်နှမများအား အထူးကျေးဇူးတင်ပါသည်။
၂။ သီတဂူစတားဘလော့ဂ်ကို ရှေးဦးစွာ အကောင်အထည် ဖော်ဖြစ်အောင် အကြံအဥာဏ်များ ပေးသော သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ (ဓမ္မဝေဒဂူဆရာတော်)။
၃။ သီတဂူစတာအား ဘလော့ဂ်ပညာများနှင့် ပတ်ကသက်ပြီး လမ်းညွန်ပေးသော ညခင်းရဲ့လမင်း
၎။ ဒုတိယအကြိမ်မြောက် သီတဂူစတားနက် ဒိုမိန်းအလှူရှင် အမေရိကမှ ဒကာ ဦးကိုကို
၅။ သီတဂူစတား ပို့စ် (စာ) များကို ပြင်ဆင်ပေးသော ကျောင်းအမ မပန်းစပယ် (လှဆန်းယဉ်)။
၆။ သီတဂူစတားဘလော့ဂ်၏ ခေါင်းစဉ်ပြင်စဉ်ပေးသော မေမေ့လပြည့်ဝန်းလေး တို့အား အထူး ကျေးဇူးတင်ပါသည်။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို အထက်ဖော်ပြပါ ပုဂ္ဂိုလ်များ မပါဝင်ခဲ့ပါက သီတဂူစတားဘလော့ဂ်တစ်ခု အကောင်အထည်ဖော်ဖို့ရန်နှင့် အွန်လိုင်းပေါ်မှာ ရပ်တည်နိုင်ဖို့ရန် မလွယ်ကူလှပေ။ ထို့ကြောင့် သူတို့တတွေအားလုံးသည် သီတဂူစတားဘလော့ဂ်အတွက် ကျေးဇူးတင်ထိုက်သူဟူ၍ မှတ်တမ်းတင်ပါသည်။ ဒါ့အပြင် သီတဂူစတားအတွက် အထူးကျေးဇူးထိုက်သော သူများ ကျန်ရှိပါသေးသည်။ သူတို့ကတော့ ပြည်ပညာရေးအတွက် အထောက်အပံ့ပေးသူများ ဖြစ်ကြသည်။

သီတဂူစတား၏ ပြည်ပ ပညာရေး
သီတဂူစတားသည် အိန္ဒိယနိုင်ငံ၊ မဟာရဋ္ဌပြည်နယ်၊ ပူနေးမြို့၊ ပူနေးတက္ကသိုလ်၊ ဖိလိုဆိုဖီ (Department of Philosophy) ဌာနတွင် M.A တန်း တက်ရောက်ပညာသင်ကြားပြီးဖြစ်ပါသည်။ ထို M.A (two years course) အတွက် သီတဂူစတားအား ထောက်ပံ့သူများမှာ- သီတဂူဆရာတော်ကြီးဖြစ်ပါသည်၊ ဆရာတော်ကြီးသည် သီတဂူစတား၏ ပညာရေးအတွက် လိုသလောက်ထောက်ပံ့သည်၊ ဆရာတော်ကြီးသည် ပညာရေးနှင့်ပတ်သက်ပြီး ရုပ်ဝတ္ထုပိုင်းဆိုင်ရာ (material things) သာမက စိတ်ဓာတ်ဖွံ့ဖြိုးရေး (mental progress) တွေပါ ပေးနေသဖြင့် သီတဂူစတားသည် ယခုလို ရပ်တည်နိုင်ခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် သီတဂူစတား၏ စံပြဖြစ်သလို ဖခင်ဟူ၍လည်းဆိုနိုင်ပါသည်၊ တပည့်များစွာကို သားသမီးသဖွယ် ကျောသား ရင်သားမခွဲ၊ အဖြူအမဲ မခွဲခြားဘဲ ထောက်ပံ့သည်။

ဒါ့ပြင် ဒေါ်လာ ၁၀၀ ၀န်းကျင် သို့မဟုတ် ၂၀၀ လှူဒါန်းခဲ့သော အလှူရှင်များမှာ- သီတဂူစတား၏ ဆရာဖြစ်သူ ဒေါက်တာအရှင်စန္ဒာသိရီ၊ သူငယ်ချင်းများဖြစ်ကြသော အရှင်ဒေ၀ိန္ဒာဘိဝံသ M.A (Buddhist Philosophy)၊ အရှင် တေဇိန္ဒ M.A (Philosophy)၊ အရှင်ပညိန္ဒ M.A (English) နှင့် ကာတာနိုင်ငံမှာ အလုပ်လုပ်နေသော မောင်အောင်ကျော်တိုးတို့ဖြစ်ကြသည်။ မောင်အောင်ကျော်တိုးသည် အွန်လိုင်းမှ မိတ်ဆွေဒကာလေးဖြစ်သည်၊ အပြင်မှာ လူချင်း မစုံဘူးပေမဲ့ အရမ်းရင်းနှီးသူဖြစ်သည်။ ထို့ပြင် ရပ်ရွာမှ ဆွေတော်မျိုးတော်များကလည်း ပံ့ပိုးလိုက်ကြသေးသည်။ ထိုအတွက် ၁၁ လပြည့်အထိမ်းအမှတ်အဖြစ် မှတ်တမ်းတင်ပါသည်။

အစားအစာ အလှူ့ရှင်
ပညာရေးအပြင် ကျေးဇူးတင်ထိုက်သော အစားအစာအတွက် အလှူရှင်များလည်း ရှိပါသေးသည်။ သီတဂူစတားတို့ မြန်မာရဟန်းတော်များ ပူနေးတက္ကသိုလ် ကျောင်းတက်စဉ် ဆန်၊ ဆီ၊ သကြား၊ ပဲ စသည့်ချက်စရာများကို ရံဖန်ရံခါ လာလှူလေ့ရှိသည့် အိန္ဒိယလူမျိုး ဒကာ ဦးဒေးတို့မိသားစုသည် မြတ်ဗုဒ္ဓလက်တော်က တိတ္ထိဆရာကြီး ၆ ယောက်ထဲက မဟာဝီရ ဂျိန်းဆရာကြီး၏ တပည့်သာဝကများဖြစ်ကြသည်။ သူတို့မိသားစုသည် ရဟန်းတော်များအား အိမ်သို့ပင့်ဖိတ်ကာ အစားအစာများ ကပ်လေ့ရှိသည်၊ ဘာသာရေးဆိုင်ရာများဆွေးနွေး မေးမြန်းလေ့ရှိသည်။ ဂျိန်းဘာသာသည် ကံ ကံ၏အကျိုးကို ယုံကြည်သည်၊ ကုသိုလ် အကုသိုလ်ကံအကြောင်းကို စိတ်ဝင်စားသည်။ ထို့ကြောင့် ထိုမိသားစုသည် ရဟန်းတော်များနှင့် ရင်းနှီးသည်၊ အထူးသဖြင့် မြန်မာရဟန်းတော်များကို ကြည်ညိုသည်။ ထို့နောက် ၂ နှစ်တာ အတောအတွင်း စားပွဲဝိုင်းလေးအတွက် အလှည့်ကျ ချက်ပြုတ်ကြသော သီတင်းသုံးဖော် မိတ်ဆွေများ၊ စားအတူ သွားအတူ လာအတူ၊ ကိုယ်တူ စိတ်တူ အတူ နေခဲ့ဖူးကြသော သူငယ်ချင်းမိတ်ဆွေ အပေါင်းနှင့် မကြာမကြာ ရဟန်းတော်များကို မိမိအိမ်သို့ပင့်၍၎င်း လူကိုယ်တိုင် အဆောင်သို့လာ၍၎င်း မြန်မာပြည်မှ ပါလာသော ချဉ်ပေါင်ကြော်၊ ငါးပိကြော် ငါးခြောက်ကြော် စသော အစားအစာများလှူလေ့ရှိခြင်းနှင့် အခါအားလျှော်စွာ န၀ကမ္မ (ရူပီး) များ လှူလေ့ရှိသော မြန်မာ့လေယာဉ်မှူးလေး ဒကာ ကိုအောင်သန်းတို့မိသားစုအား ၎င်း အထူးကျေးဇူးတင်ရှိပါကြောင်း သီတဂူစတားဘလော့ဂ် ၁၁- လ ပြည့် အဖြစ် မှတ်တမ်းတင်လိုက်ပါသည်။

အားလုံးကို ကျေးဇူးတင်စကားပြာကြားရင်း ပြည်မြန်မာပြန် အဖြစ် နှုတ်ဆက်ခဲ့ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၈-၇-၂၀၁၀

0 comments

Read more...

ငြိမ့်..ငြိမ်..ငြိမ်း


(၁)
စင်္ကာပူ၏ ညက်ညောသော လမ်းမထက်တွင် တက္ကစီကားလေးက ငြိမ့်ငြိမ့်ကလေး ပြေးနေသည်။ ခံစားချက်လေး တွေကလည်း ငြိမ့်ကနဲ ငြိမ့်ကနဲ ဖြစ်လို့ နေခဲ့သည်။ ကားပေါ်မှာ လိုက်ပါရသည်မှာ ငြိမ်လှသည်။ ရာသီဥတုက လည်း မအေးလွန်း၊ မပူလွန်း၊ အတော်ပင် သာယာနေခဲ့သဖြင့် ငြိမ်းချမ်းသော နေ့တစ်နေ့ဟု သင်္ကေတပြု လိုက်သည်။

(၂)
“လာ….လာ…လာကြ…သမီးတို့၊ အမေပြောပြောနေတဲ့ ဦးကု ဦးကုဆိုတာ ဒီဦးဇင်းပဲ”
ဧည့်ခန်းထဲ ထိုင်လိုက်ပြီးမကြာခင် ဒကာမကြီးက သူ့သမီးသုံးယောက်ကို လှမ်းခေါ်ပြီး ပြောသည်။ ခါးအောက် ၁-ထွာသာသာမျှသာရှည်သော အ၀တ်စားလေးတွေသာ ၀တ်ထားသော ဒကာမကြီး၏သမီးသုံးယောက် ကန်တော့ကြသည်။

“ဦးကုရယ်… ဒီသမီးသုံးယောက် ၀တ်တာစားတာနေတာထိုင်တာ တစ်စက်ကလေးမှ ကြည့်မရဘူး၊ ဆုံးမပါအုံး”
ဒကာမကြီးဆိုသူသည် ရန်ကုန်မှာရှိစဉ်က သားအမိလို ရင်းနှီးနေသော သူတစ်ယောက်ဖြစ်သည်။ စင်္ကာပူမှာ ကျောင်းတက်အလုပ်လုပ်နေသော သူ့သမီးများထံ အလည်သွားခိုက်၊ ကိုယ်ကလည်း စင်္ကာပူအလည်သွားခိုက် ကြုံနေ၍ အလည်ခေါ်ရာမှ ရောက်သွားခဲ့ခြင်း ဖြစ်သည်။ သူ့သမီးတွေအကြောင်း ကြားသာကြားဖူးနေခဲ့ သော်လည်း ယခုမှ တွေ့ဖြစ်သည်။

“ကဲ…ဦးဇင်း ဒါက သမီးကြီး ငြိမ်းငြိမ်းအောင်၊ ဒါက အလတ်မ တည်ငြိမ်အေး၊ ဒါက အငယ်မ ငြိမ်းသီတာ”
“ဟ…ငြိမ်တွေ၊ ငြိမ်းတွေချည်းပါလား ဒကာမကြီး”

“တင်ပါ..တပည့်တော်က ဒေါ်သော်တာငြိမ်းဆိုတော့ တပည့်တော် နာမည်လည်း ပါအောင်၊ တည်တည်ငြိမ်ငြိမ် လေးတွေလဲ ဖြစ်စေချင်လို့ အဲဒီလို ပေးထားတာ၊ တစ်ခုတော့ ကောင်းတယ်ဘုရား၊ သူတို့ သုံးယောက်ကို ခေါ်ချင် ရင် -ဟေ့…ငြိမ့်..ငြိမ်..ငြိမ်းဆိုပြီး အော်ခေါ်လိုက်တာပဲဘုရား၊ အဲဒီလို ခေါ်လိုက်ရင် သုံးယောက်လုံးကို ခေါ်တယ် ဆိုတာ သိနေကြတယ်၊ အခုတော့ဘုရား..နာမည်နဲ့ တစ်ယောက်မှကို မလိုက်ဘူး…”

ဒကာမကြီးပြောတာကို သဘောကျလို့ လိုက်ရယ်နေမိခဲ့ကြသည်။ ကျောင်းရောက်သည်အထိ ရင်ထဲမှာ ငြိလာခဲ့ သည်က “ငြိမ့်..ငြိမ်..ငြိမ်း”ဟူသော ဝေါဟာရသုံးခု။ (မှတ်ချက်…ဝေါဟာရသုံးခုမျှသာ ဖြစ်သည်....း) ....း) .....း)

(၃)
တစ်နေ့က သူငယ်ချင်းတစ်ပါး ရောက်လာမည်ဆို၍ သီရိလင်္ကာ၊ ကိုလံဘိုမြို့ရှိ ဘန်ဒရာနိုက်ကေးလေဆိပ်သို့ ဘင်န်ကားလေးဖြင့် ထွက်ခွာလာခဲ့ကြသည်။ သူငယ်ချင်း တောက်ပကြယ်စင်က ဘေးကနေ ပြောသည်။ “အခုလို ကားလေးနဲ့ သွားရတာ အတွေးတွေ တအားရတာပဲနော်၊ စာရေးစရာတွေ အများကြီး ထွက်လာတယ်၊ ဒါပေမယ့် ကျောင်းရောက်တာနဲ့ အဲဒီအတွေးတွေက ပျောက်ပျောက်သွားတာပဲ”ဟူ၍။ ဟုတ်ပါသည်။ ဘာကြောင့်မှန်းတော့ မသိ။ ကားဖြင့် ခရီးသွားတိုင်း အတွေးများက လွင့်ကနဲ ၀ဲကနဲ ရင်ထဲတွင် လာဟပ်လေ့ရှိသည်။

ဘေးက သူငယ်ချင်းက ကားဆရာကို “သုဒတ်…ဘုရမာ မြူးဇ် (မြန်မာသီချင်း)”ဟု လှမ်းအော်လိုက်တော့ ကားဆရာကလည်း အလိုက်တသိ မြန်မာသီချင်းစီဒီကို ထည့်ဖွင့်လိုက်သည်။ ထူးအိမ်သင်၏ သီချင်းလေးက စတင်လွင့်လာသည်။ သီချင်းထဲမှ “အေးအေးလေးနဲ့..ငြိမ့်ငြိမ့်လေး..ကွယ်”ဆိုသော စာသားလေးက ရင်ဘတ်ကို လာငြိပြန်သည်။

(၄)
“ဟေ့..ဟေ့….မိုးတွေက အရမ်းရွာနေတယ်ဟ၊ ဆုဒတ်ကို ဖြည်းဖြည်းမောင်း”လို့ ပြောပါအုံး”ဟု နောက်ဆုံး တန်းက ကိုယ်တော်က လှမ်းအော်သည်။ ကားဆရာကို ပြောလိုက်တော့ အေးဆေးပါဆိုတဲ့ အမူအရာနှင့် ခေါင်းတစ်ချက်သာ ငြိမ့်ပြီး ပုံမှန်အတိုင်း ဆက်မောင်းနေသည်။ ရင်ထဲမှာတော့ “ငြိမ့်၊ ငြိမ်၊ ငြိမ်း”ဝေါဟာရသုံးခုက ၀င်ပူးလာခဲ့ပြန်သဖြင့် ကားထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း လိုက်ပါလာနေခဲ့သည်။ ထိုစဉ် “ကျွိ..ကျွီ…”ကားဘရိတ် အုပ်သံကြားမှ ရှေ့ကို ကြည့်လိုက်တော့ သုံးဘီးကားတစ်စီးက ရှေ့ကနေ ဖြတ်ကွေ့သွားခဲ့သည်ကို တွေ့လိုက်ရ သည်။ “ဟာ..ဟင်”၊ “တော်သေးတာပေါ့၊ ဆုဒတ် လျှင်လို့သာပေါ့”၊ အာမေဋိတ်သံတွေ ဆူညံနေသည်။ ကိုယ့်ရင်ထဲမှာတော့ ….

ကိုယ့်ရင်ထဲမှာတော့…“ငြိမ့်..ငြိမ်..ငြိမ်း”က ပိုမို နီးနီးကပ်ကပ် လေးလေးနက်နက် တွေးဖြစ်လာသည်။ ကားကိုသာ မငြိမ့်လိုက်လျှင်၊ ကားက ငြိမ်သွားမှာ မဟုတ်ဘူး၊ ကားက မငြိမ်သွားရင်တော့ သုံးဘီးကားနဲ့ ၀ရုန်းသုန်းကား ဖြစ်တော့မည်။ အပူမီးတွေ ငြိမ်းတော့မှာ မဟုတ်…။

(၅)
ငြိမ့်လိုက်လို့ ငြိမ်သွားခဲ့သည်။ ငြိမ်သွားလို့ ငြိမ်းသွားခဲ့သည်။

(၆)
“ငြိမ့်၊ ငြိမ်၊ ငြိမ်း”မှ မငြိမ်းမချမ်းဖြစ်နေခဲ့သော စိတ်အခြေအနေကို မျှော်လှမ်းကြည့်သည်။ ဘ၀ကိုလည်း အရှိန်နှင့်ပြေးလွှားနေသော ကားကလေးနှင့် တူလေမလားဟု ပုံဖမ်းကြည့်သည်။ လမ်းကလည်း ဖြောင့်ဖြူးညက် ညောနေလျှင်၊ ကားကလည်း ချွတ်ယွင်းချက်မရှိ ကောင်းမွန်နေလျှင်၊ အတားအဆီး တစ်စုံတစ်ရာ မရှိလျှင် ကားလေးက သူ့လမ်းသူ ဖြောင့်ဖြောင့်ဖြူးဖြူး၊ သာသာယာယာ၊ ငြိမ့်ငြိမ့်ညောင်းညောင်း၊ အေးအေးချမ်းချမ်း ခရီးနှင်နိုင်နေလိမ့်မည်။ ဘ၀ဟူသည်လည်း ထို့အတူသာပင် ဖြစ်သည်။

အလုပ်အကိုင်၊ မိသားစုဘ၀၊ မိမိပတ်ဝန်းကျင်ဟူသော ဘ၀လမ်းခရီးလေးက ဖြောင့်ဖြူးနေလျှင်၊ ကိုယ်တိုင်က လည်း အဆင်သင့်ဖြစ်နေလျှင်၊ အတားအဆီး အနှောက်အယှက်များလည်း မရှိလျှင် ဘ၀လေးက ဖြောင့်ဖြောင့် ဖြူးဖြူး၊ သာသာယာယာ၊ ငြိမ့်ငြိမ့်ညောင်းညောင်း၊ အေးအေးချမ်းချမ်း ခရီးဆက်နေပါလိမ့်မည်။

(၆)
“တပည့်တော်… အခုတလော တည်ငြိမ်မှုကို မရဘူးဘုရား၊ ကူညီပါအုံး၊ စိတ်ငြိမ်တဲ့နည်းလေးရှိရင် ပေးပါအုံး ဘုရား”

“ဘ၀ဆိုတာ ကားလေးတစ်စီးလိုပဲ၊ ကိုယ့်ဘ၀လက်ရှိအခြေအနေကို အဲဒီလို မြင်ကြည့်လိုက်၊ ကားလေးကို လိုရာ အရောက် မောင်းနှင်ဖို့အတွက် မျက်စိရှင်ရှင်ထားရတယ်၊ ဒီနေရာက အရှိန်အဟုန်နဲ့ မောင်းနှင်သင့်သလား၊ အချိုးအကွေ့လေးတွေကျရင် ၀ဲယာဆီက ကားတွေများ ဗြုန်းဆို ၀င်လာမလား၊ ဘယ်နေရာမှာ ချိုင့်ခွက်တွေ ရှိနေသလဲ၊ ဘယ်နေရာမှာ ကျောက်ခဲတုန်းတွေ ရှိနေမလဲ၊ ဒါတွေကို ဂရုတစိုက် ကြည့်နေသင့်တယ်။

အဲဒီလိုပဲ ကိုယ့်ရဲ့ လက်ရှိဘ၀လေးကို အဲဒီလို မောင်းနှင်လိုက်။ ကိုယ့်အသိဉာဏ်နဲ့ အရှိန်တင်သင့်တဲ့နေရာမှာ အရှိန်တင်လိုက်၊ အရှိန်လျှော့မောင်းသင့်တဲ့နေရာမှာ လျှော့လိုက်၊ ဘယ်နေရာကနေ အတားအဆီး အနှောက် အယှက်တွေ ၀င်လာမလဲ၊ …စသဖြင့် ဒါတွေကို ဂရုထားရမယ်၊ ကိုယ့်ရှေ့မှာ အပိတ်အပင် အတားအဆီး တွေ့ပြီ ဆိုတာနဲ့ ဇွတ်တိုးမ၀င်နဲ့၊ ……….ငြိမ့်လိုက်…….။ အဲဒီလို ငြိမ့်လိုက်ပြီးကာမှ ဖြည်းဖြည်းချင်း ငြိမ်ငြိမ်လေးကွေ့ မောင်းသွားလိုက်ရင် ဘ၀မှာ ကြုံတွေ့ရမယ့် စီးပွားပျက်မှုတွေ၊ စိတ်ဆင်းရဲမှုတွေကနေ ငြိမ်းအေးတဲ့ အခြေအနေ တစ်ခုကို ရသွားပါလိမ့်မယ်”

(၇)
“တရားထိုင်တာ ဘယ်လိုနေလဲ” “ဘယ်လိုနည်းနဲ့ ထိုင်တာလဲ”။ အတူနေ သူငယ်ချင်းက စူးစမ်းသည်။
“ရိုးရိုးလေးပါပဲ၊ ထိုင်လိုက်တယ်ပေါ့ကွာ၊ ထိုင်ပြီးပြီဆိုတာနဲ့ ကိုယ့်စိတ်လေးကို ကြည့်လိုက်တယ်၊ စိတ်သွားနေ တာကို လိုက်ကြည့်တယ်၊ မြင်ပြီဆိုတာနဲ့ သေချာကြည့်လိုက် စိတ်လေးက အရှိန်အဟုန်ပြင်းစွာနဲ့ လှည့်လည် ပြေးလွှားနေတာကို တွေ့လိမ့်မယ်၊ ပြေးနေတဲ့စိတ်ကို ဖမ်းဆီးချုပ်နှောင်လိုက်ရမလား၊
မဟုတ်ဘူး၊ သေသေချာချာ ဆက်ကြည့်နေလိုက်၊

စိတ်ကလေးပြေးနေတဲ့လမ်းမှာ အနှောက်အယှက် သို့မဟုတ် သောကဖြစ်စရာအာရုံ သို့မဟုတ် အတားအဆီး တွေ တွေ့လာလိမ့်မယ်၊ တွေ့ပြီဆိုတာနဲ့ စိတ်ရဲ့ပြေးနေတဲ့အဟုန်ကို ခဏဖြစ်ဖြစ် ငြိမ့်ပေးလိုက်၊ ငြိမ်သွားလိမ့် မယ်၊ ပြီးမှ စိတ်ရဲ့အလိုအတိုင်း ပြန်ထားလိုက်၊ အတားအဆီးတွေက သူ့ကို တွေ့တာနဲ့ အရှိန်မလျှော့လိုက်ရင်၊ ကိုယ်က ဉာဏ်ပညာနဲ့ ငြိမ့်မပေးလိုက်ဘူးဆိုရင် ၀ရုန်းသုန်းကား ဖြစ်ကုန်တတ်တယ်။ ဒီတော့ သူ့ကို တွေ့တာနဲ့ စိတ်အဟုန်ကို ငြိမ့်လိုက်ရတယ်၊ ဒါဆိုရင် ငြိမ်းချမ်းသွားတဲ့စိတ်ကို တွေ့ရလိမ့်မယ်”

(၈)
“ဒါဆိုရင် ငြိမ့်၊ ငြိမ်၊ ငြိမ်းက တော်တော် အစွမ်းထက်ပါလားနော်”

ဒီအကြောင်းတွေကို သူငယ်ချင်းကို ရင်ဖွင့်ပြတော့ ငြိမ်ငြိမ်လေး နားထောင်နေတဲ့ သူငယ်ချင်းက ထပြောသည်။
“ဟုတ်တယ်။ ဒါက တရားထိုင်နေတဲ့ အချိန်မှာပဲ အသုံးကျတာ မဟုတ်ဘူး။ နေ့စဉ်ဘ၀၊ နေ့စဉ်အလုပ်၊ နေ့စဉ် အပြော၊ နေ့စဉ်အတွေး …..စတာတွေထဲက ကာလတို အခိုက်အတန့်လေးကို ကြည့်လိုက်စမ်းပါ။ တစ်ခါတစ်လေ တစ်ခုခုကြောင့် အရမ်းဝမ်းနည်းသွားတာမျိုး၊ စိတ်အရမ်းညစ်သွားတာမျိုး၊ …..၊ စသည် ဖြစ်သွားလိမ့်မယ်။ အဲဒီလို စိတ်တွေ ဖြစ်လာပြီဆိုရင် ဖျက်ကနဲ အဲဒီစိတ်ကို မြင်အောင်ကြည့်လိုက်၊ ရင်ထဲမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ နှလုံးတွေဘာတွေတောင် အခုန်မြန်လို့ ပြေးနေလိုက်တာကို တွေ့ရမယ်၊ အဲဒီအချိန်မှာ အဲဒီစိတ်လမ်းကြောင်း အဟုန်ကို ငြိမ့်ပေးလိုက်ကြည့်စမ်းပါ၊ ငြိမ်မသွားဘူးဆိုရင် ငါ့ကို လာပြော၊ သေချာပေါက် ငြိမ်သွားလိမ့်မယ်၊ ဒါကို အကျင့်တစ်ခု ဖြစ်သွားအောင် လုပ်၊ ငြိမ်းအေးမှုကို မကြာခဏ ခံစားရလိမ့်မယ်”

(၉)
သူငယ်ချင်းတို့နှင့် စကားပြောပြီး အခန်းပြင် ထွက်လိုက်တော့ မိုးသားတိမ်လိပ်တွေကို အေးချမ်းသာယာဖွယ် တွေ့ခဲ့ရလေသည်။

Read more...

တစ်ယောက်သူလည်း ကောင်းပါစေ


တစ်စုံတစ်ယောက် ၊ ဒုက္ခရောက်၍
ပံ့ထောက်ဖေးကူ ၊ ပြုတတ်သူအား
လူလည်းနှစ်လို ၊ နတ်ကြည်ညို၏ ။

အပိုမကြွား ၊ ဟုတ်သောအားဖြင့်
သနားငဲ့ညှာ ၊ ပြုသင့်ရာကို
ပြုလိုကာမျှ ၊ မြတ်ပုညတည်း
ကိုယ်ကနှိုင်းစာ ၊ သူ့ခမျာဟု
နိုင်ရာကကူ ၊ ၀ိုင်းဝန်းထူသော်
သူလည်းတစ်ယောက် ၊ ကောင်းကျိုးရောက်လိမ့် ။

သူတည်းတစ်ယောက် ၊ ကောင်းကျိုးရောက်မူ
တစ်ယောက်သူမှာ ၊ ပျက်တတ်စွာဟု
အခါခပ်သိမ်း ၊ ဉာဏ်မတိမ်းနှင့်
မစိမ်းမကား ၊ ကိုယ့်စွမ်းအားဖြင့်
တတ်အားသမျှ ၊ ဖေးကူမ၍
ဒုက္ခလွတ်ကြောင်း ၊ ကူစကောင်းသည်
သူဟောင်းမြတ်တို့ လမ်းစဉ်တည်း ။

( တစ်ယောက်တစ်ယောက်၊ ဖေးကူထောက်၊ ၀မ်းမြောက်ချမ်းသာရှိပါစေခလို )

Read more...

Train to catch

Out thought moments are like the train moving in high speed and we have a race to catch this train, said Bhante Jinnadatta in tonight Dhamma talk at BM Buddhist Meditation Centre.

"Can we catch this train?" asked Bhante, "The answer is Yes but only with Mindfulness or Sati. Only with Sati, can we then catch up with this train of thoughts. But we must catch it and we have to be strong to hold on this train because if we are weak, then we will be swerved by it. Here, samadhi come in as samadhi gives us the stability to hold on to our thought.

Interesting simile and very informative. That is always the case when Bhante Jinnadatta share with us his interpretation of the Buddha Dhamma - only that Bhante speaks in Hokkien/Mandarin which I had a problem understanding some of what he said.

Our mind is conditioned, our thoughts are linked with one another - hence we have a train of thoughts. When a object touches the sense-door and contact arises. But due to ignorance, this contact will lead to the arisen of vedana or feeling and so forth. Worry, lamentation, complaint and bias developed in our mind.

We refused to note the sense objects as it is but we "calculated and compare" the object with our background ideas. Hence here lies the conditioned mind.

Only by mindfully watching the mind can we then see the real nature of things.

Sadhu! Sadhu! Sadhu! 0 comments

Read more...

“သတ်ပုံကျမ်းပြုအကျော် ဒို့မထေရ်မော်”

တစ်ခါက တောကျောင်းတစ်ကျောင်းတွင် ဦးဇင်းကြီးတစ်ပါးရှိလေသည်။ ထိုဦးဇင်းကြီးသည် သတ်ပုံကျမ်းကို ပြုစု နေလေ၏။ သူ၏ သတ်ပုံကျမ်း မှန်မမှန်ကို ဥပဇ္ဈာယ်ဆရာတော်ကို စစ်ဆေးခိုင်းရန် အကြံဖြစ်လေ၏။ ပထမနေ့ ဦးဇင်းကြီးသည် ဆရာတော်ထံသို့ သွားရောက်ကာ
“ဆရာတော်ဘုရား တပည့်တော်ရဲ့ သတ်ပုံကျမ်းလေးကို မှန်မမှန်စစ်ဆေးပေးပါအုံးဘုရား”ဟု စစ်ဆေးခိုင်း လေ၏။ ဦးဇင်းကြီး၏ သတ်ပုံကျမ်း လင်္ကာသံပေါက်သည်ကား
“ငါမွေးသည့်မျောက် ငါ့ကိုချောက်၊
ပယ်ဖျောက်ကိုလည်း ပင့်ရမည်၊
ဇမ္ဗုသပြေ အသီးကြွေ၊
မိုးမြေကိုလည်း ရစ်ရမည်။ ဖြစ်လေသည်။ ဆရာတော်ကြီးသည် ထိုသတ်ပုံလင်္ကာသံပေါက်ကို ဖတ်ပြီးသောအခါ
“ကောင်းတယ် ဦးဇင်းကြီးရေ၊ ဆက်ပြီးပြုစုပါ”ဟု တိုက်တွန်းလိုက်လေသည်။ ဦးဇင်းကြီးသည်လည်း သူ၏ သတ်ပုံကျမ်းကို ဆရာတော်က ကောင်းကြောင်းထောက်ခံလိုက်သောအခါ သတ်ပုံကျမ်းလေးကို ကိုင်ကာ ပီတိ စိတ်ဖြင့် သူ၏ ကျောင်းဆီသို့ ကြွသွားလေ၏။ပထမနေ့တွင်ကား ဦးဇင်းကြီးသည် အောင်မြင်မှုဖြင့် အဆုံးသတ်ခဲ့ လေပြီ။ သုံးလေးရက်ကြာပြီးနောက် ဒုတိယမြောက် သတ်ပုံလင်္ကာသံပေါက်ကို ဆရာတော်အား စစ်ဆေးခိုင်းပြန်လေ၏။ သတ်ပုံလင်္ကာသံပေါက်သည်ကား
“စုန်လှေဆန်လှေ၊ ခက်သည့်လှေ၊ လှော်လှေကိုလည်း သဝေထိုး”ဟူ၍ပင်ဖြစ်သည်။ ထိုသတ်ပုံလင်္ကာသံပေါက် ကို ဖတ်ပြီးသောအခါ ဆရာတော်သည်
“လှော်လှေမှ သဝေမထိုးရင် နင်ကြီးတော်ကြီး သွားထိုးရမှာလားဟ”ဟု မိန့်တော်မူကာ စိတ်ပေါက်ပေါက်နှင့် ထွေးခံဖြင့် ပစ်ပေါက်လိုက်ရာ ဦးဇင်းကြီးသည် ဖနောင့်နှင့် တင်ပါးတစ်သားတည်းကျအောင် ထွက်ပြေးခဲ့ရလေ တော့သတည်း။
1 comments

Read more...

အလှူသာခံစားတတ်တဲ့ ဘုန်းကြီး

မြတ်ရောင်နီ: ဥူးဇင်းကလည်း တင်သင့်တယ်
ထင်တဲ့ ပုံတွေကို တင်တာပါ။
သူများလုပ်လို့ လုပ်တာမျိုး မဟုတ်ပါဘူး။

ဒကာတော်-တင်ပါ့ဘုရား--တပည့်တော်လဲကြည့်ပီးသာဓုခေါ်ပါတယ်၊
ဘုန်းဘုန်းကို အလှူသာခံစားတတ်တဲ့ ဘုန်းကြီး စာရင်းထဲသွင်းမှာစိုးလို့ပါဘုရား။
14 Jul 10, 06:31 PM



ထိုင်ဝမ်က တရုတ် ဒကာဒကာမများကို
တရုတ်လို တရားဟောနေပုံ

( အဲ... ကိုယ်တော့ မဟုတ်ဘူးနော်။
အထင်တွေ မဘစ်လိုက်နဲ့ ဦး။ အဟီး )





တရားနာတဲ့သူကနာ ။
ဓာတ်ပုံရိုက်တာလည်း ၀ါသနာပါကြသား။
( စိတ်ချင်းစာနာမိပါတယ် ဗျာ။)


အလှူသာခံစားတတ်တဲ့ ဘုန်းကြီးတဲ့လား။
အင်း .. စဉ်းတော့ စဉ်းစားစရာ။

ပရပဋိဗဒ္ဓါ မေ ဇီဝိကာတိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
( အဘိဏှသုတ်။ အင်္ဂုတ္တရနိကာယ။ ဒသကနိပါတ။ )

ဒကာကြီးပြောတဲ့ စကားကတော့
ဘုရားရှင်ရဲ့  စကားကို ရည်ရွယ်ဟန် မတူပါ။


ဒီလို ရည်ရွယ်ဟန်နဲ့ တူပါတယ်။
သူ့ စိတ်ထဲမှာ ပြောမထွက်လို့  ရှိမှာပါ။


( စာရေးသူက ဒကာကြီး စိတ်ကို အာဘော်၊ သရုပ်ဖေါ်ပုံ )



၁။သာသနာမှာနေပြီး၊ သာသနာ့ အလုပ်ထဲက ဂန္ထဓုရ ဆိုတဲ့ စာပေ ကျမ်းဂန် သင်ကြားခြင်း ၊ ပို ချ ခြင်း အလုပ် ၊ တရားဟောခြင်း အလုပ်ကိုလည်း မလုပ်။ ၀ိပဿနာဓုရ ဆိုတဲ့ တရားထိုင် တရား မှတ် ခြင်း အလုပ်ကိုလည်း မလုပ်ပဲ ကျောင်းကြီးကြီးဆောက်နိုင်အောင်၊ အိမ်စီးပွါးရေးကို ထောက်ပံ့ နိုင်အောင် လှုပ်ရှားနေတဲ့ ဘုန်းကြီးများကို ရည်ရွယ်ဟန် ရှိပါတယ်။

ပြီးတော့ သံဃာများများမွေးပြီး ရလာတဲ့ လာဘ်လာဘ သံဃာမကျွေးတဲ့ ကျောင်းမျိုး၊ ရတဲ့ဟာ ကိုယ့်အိတ် ထဲ ထည့်တဲ့ ဘုန်းကြီးမျိုးကို ဆိုလိုဟန် ရှိပါတယ်။


ပြီးတော့ ဒကာ ဒကာမတွေ ပင့်တဲ့အခါ သဒ္ဓါ ကို မကြည့်ဘဲ အသပြာကို ကြည့်တဲ့ ဘုန်းကြီးမျိုးကို ဆိုလိုတာနဲ့ လည်းတူရဲ့ ။

ပြီးတော့။ အဲ...တော်မှပဲ။ ဘရိတ်အုပ်ထားမှ။ ပြောတာတွေများရင် သံဃာ အပြစ်ပြောတယ်ဖြစ် နေမယ်။ အမှန်တွေ တော့ အမှန်တွေပဲ။ (ကိုယ့်ပေါင်တွေ တောင်...နာလာပါပြီ။)

၂။ဘုရားရှင်စကား တော်ကို ကြည့်ရင် "ငါ၏ အသက်မွေးမှုသည် သူတစ်ပါးနှင့် ဆက်စပ်နေပါ တကား။ ဤသို့ သာသနာ့ ၀န်ထမ်း ရဟန်းသာမဏေသည် နေ့ စဉ် မပြတ် စားဆင်ခြင်ထိုက်၏" တဲ့။


အဖြောင့် မြန်မာပြန်လိုက်ရရင် ဘုန်းကြီးဘ၀ ဆိုတာ အလှူသာ ခံစားတတ်တဲ့ ဘ၀ပါတကား၊ ကိုယ် တိုင် စီးပွါးရေးလုပ်ငန်းမရှိ ။ သူတစ်ပါးလှူရာကိုသာ စားရတဲ့ ဘ၀ ပါတကား- ဆိုပြီး နှလုံးသွင်း ပွါး များရပါမယ်။

အဲသလိုဆိုတော့ ဘုန်းကြီးမှန်လျင် အလှူသာ ခံစားတတ်တဲ့ ဘုန်းကြီးတွေချည်းပါပဲ။ တို့ ကတော့ စီးပွါးလုပ်ပြီး စားတာ။ အတိုးပေးပြီးစားတာ။ သူများ လှူတာ မစောင့်ဘူး ဆိုတဲ့ ဘုန်းကြီးမျိုး ရှိ ကောင်း ရှိမယ်။ အဲဒါ ဘုရားရှင် အလိုကျ မကျ စဉ်းစားကြည့်ပေါ့။

ဘုန်းကြီး ဆိုတာ ပါဠိလို ဘိက္ခု-တဲ့။
ဘိက္ခု ဆိုတာ ဘိက္ခတိ ယာစတီတိ ဘိက္ခု ပဲ။ ခြေသလုံးမြင်းခေါင်း ခြေနှစ်ချောင်း အသုံးပြုပြီး အရိယာတို့ နည်းလမ်းအတိုင်း အလှူခံစားတတ်လို့ ဘိက္ခု- ဘုန်းကြီး ဆိုထားတာပါတကား။

အလှူခံတာတော့ အမျိုးမျိုးရှိမယ်ပေါ့။ အပ်တဲ့ ဘုရားရှင် အလိုကျ ဆွမ်းခံပြီး အလှူခံစားတာမျိုး၊ ဆွမ်းစားပင့်လို့  အလှူခံစားတာမျိုး ပုံစံတွေ အမျိုးမျိုးပါပဲ။ ကျောင်းလည်း ဒီအတိုင်းပဲ ။ ကျောင်း ဒကာ တွေ ရဲ့ သဒ္ဓါ အလျောက် လှူတာမျိုးဆို အပ်ပြီပေါ့။ သင့်တော်တယ်ပေါ့။ အဲလိုမဟုတ်ရင်တော့ နံပါတ် ၁ ဘုန်းကြီးပါပဲ။

အဲ ဒကာကြီး တစ်ယောက်က ဆွမ်းကပ်တဲ့ ဓာတ်ပုံတွေ တင်တော့ ဘုန်းဘုန်းကို အလှူသာ ခံစား တတ်တဲ့ ဘုန်းကြီး စာရင်းထဲသွင်းမှာ စိုးလို့ ပါဘုရား တဲ့။


ပြောတဲ့ စကား မပြည့်မစုံနဲ့ ဆိုတော့ ကိုယ့်ကိုယ် တောင် ဘယ်လို ဖြစ်သွားမှန်းမသိဘူး။ ကိုယ်လည်း အလှူသာ ခံစားလာတာ ကိုရင် ဘ၀ ကတည်း ကလေ။ ဘယ်လိုလုပ်ပါ့။ အဲဒီမှတ်ချက်ကြည့်ပြီး စာဖတ်သူတွေ နားလည်ရင်တော့ အကောင်းသား။ နားလည်မှုလွဲရင်တော့ ကမောက်ကမ အတွေး တွေ ဖြစ်စရာပဲ။

ကဲ ....ရှိပါစေတော့။ ဒါဆိုရင် ဘိက္ခု ဆိုတာ အလှူခံစားတတ်ရုံနဲ့  ဘိက္ခု ခေါ်တယ်မှတ်သွားလိမ့်မယ်။
သံသာရဘယံ ဣက္ခတီတိ ဘိက္ခု ။ သံသရာကို ဘေးလို့  ရှုမြင်တတ်လို့ လည်း ဘုန်းကြီးလို့  ခေါ်တာ ကိုလည်း စပ်နေလို့  ထပ်မှတ်စေချင်တယ်။

ဘိက္ခု အဖွင့် တွေကတော့ အများကြီးရှိပါတယ်။ ရှည်မှာစိုးလို့  ချန်လှပ်ထားပါတော့မယ်။

အကျဉ်းအနေနဲ့  -

၁။ မအပ်တဲ့ နည်းလမ်းဖြစ်တဲ့ အနေသနနည်း( ၂၁ ) နည်းကို အသုံးပြုပြီး ပစ္စည်းလေးပါးကို ရှားမှီး ခံယူ သုံးစွဲရင် ဒကာကြီးပြောတဲ့ အတိုင်း အလှူသာ ခံစားတတ်တဲ့ ဘုန်းကြီး။


၂။ ထိုနည်းများကို ရှောင်ပြီး ဘုရားရှင် ခွင့်ပြုထားတဲ့နည်းနဲ့  ရလာတဲ့ ပစ္စည်းလေးပါးကို ရှာမှီး ခံယူ သုံးစွဲလျင် ဘုရားရှင် ဆုံးမတော်မူတဲ့ အတိုင်း အလှူသာ ခံစားတတ်တဲ့ ဘုန်းကြီး- လို့  နှစ်မျိုး ခွဲခြား မှတ်ရပါမယ်။

၁။ အလှူသာ ခံစားတတ်တဲ့ ဘုန်းကြီးမျိုး၊
၂။အလှူသာခံစားတတ်တဲ့ ဘုန်းကြီးမျိုး။
ကွဲကွဲပြားပြား နားလည်ကြ စေကုန်ရာသတည်း။

မှတ်ချက်။ ။ ၁၇ရက်နေ့ မှာ ထိုင်ဝမ် ဒါယကာ ဒါယကာမတို့ က
ပင့်တော့လည်း
အလှူသာ ခံစားတဲ့ ဘုန်းကြီး ဖြစ်သွားပြန်ပါပြီ။

ဘယ်တတ်နိုင်မလဲ။ ကိုယ့်မှာ စီးပွါးရေးမှ မရှိတာကို။

အလှူသာခံစားတတ်တဲ့ ဘုန်းကြီး လုပ်ရပေမအုံးပေါ့နော်။

ဆက်လက်ပြီးတော့လည်း
အလှူသာခံစားတတ်တဲ့ ဘုန်းကြီး လုပ်
ရပါဦးမယ်။


တစ်လောကလုံးက ပြောရင်ပြောပါစေ။
ဘုရားရှင်ကြိုက်နေသမျှ ဆက်လုပ်နေမည်သာ။



မြတ်ရောင်နီ
( ၁၈ ၊ ၀၇ ၊ ၂၀၁၀ )

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP