* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, July 17, 2010

ဓမ္မစကြာတရားတော် (၁)

Saturday, July 17th, 2010 | Author: admin

ကျွန်တော် အရှေ့ ပို့စ်တွေမှာ ဓမ္မစကြာ နိဒါန်းအဖြစ်နဲ့ ရေးခဲ့ပါတယ်။
သန္တိကေနိဒါန်း သဘောဖြင့် ရေးခဲ့ခြင်းဖြစ်ပါတယ်။ သန္တိကေနိဒါန်းဆိုတာက..နီးသောအကြောင်း ဖြစ်ပါတယ်။
မဟာဗောဓိမဏ္ဍိုင်မှသည် ဓမ္မစကြာဟောတော်မူခါနီးထိ အပိုင်းကို သန္တိကေနိဒါန်းဟု ဆိုပါတယ် [အရှင်ဇနက ဓမ္မစကြာတရား]။
ဓမ္မစကြာ၏ နီးသောအကြောင်းများအဖြစ်နဲ့
သတ္တဋ္ဌာန ဗုဒ္ဓ၀င်၊ မြတ်ဗုဒ္ဓ နှင့် သဟမ္ပတိဗြဟ္မာကြီး၊ တရားဦးဟောရန် ဆင်ခြင်တော်မူခြင်း၊ တရားဦးဟောရန် ကြွချီတော်မူခြင်း၊ မိဂဒါဝုန်တောသို့ ရောက်တော်မူုခြင်း..စတဲ့ ပို့စ် (၅)ခုကို ကျွန်တော် ရေးခဲ့ပါတယ်။
အခုတော့..ထိုနိဒါန်းများ ရေးတာပြီးသွားပြီဖြစ်တဲ့အတွက်..ဓမ္မစကြာ တရားတော်ဆီရောက်ပါပြီ။..
ဓမ္မစကြာ
[img: မြန်မာကျူးပစ်မှ ရယူထားသည်။]

မဟာသက္ကရာဇ် (၁၀၃)၊ ၀ါဆိုလပြည့်နေ့ ဖြစ်သည်။
ထိုနေ့၏ ညနေချမ်း နေ၀င်တော့မည့် ဆဲဆဲ အချိန်လေးဖြစ်၏။ ထိုညနေချမ်းအချိန်လေးမှာ…အနောက် လောကဓာတ်တွင် သူရိယနေမင်းကြီးက..၀င်လုခါနီးဆဲဆဲဖြစ်နေပြီ၊ အရှေ့လောကဓာတ်မှလည်း စန္ဒာလမင်းကြီးက..စတင်ပေါ်ထွက်လာလေပြီ။ နေမင်း၏ အရောင် နှင့် လမင်း၏ အရောင်တို့က ကောင်းကင်တခွင်ကို လှပစွာ အလှဆင်ထားလေသည်။
ထိုအချိန်အခါသမယ၊ မိဂဒါဝုန်တောဝယ် ပို၍ပင် သာယာကြည်နူးဖွယ်ပင်ဖြစ်၏။

မြတ်ဗုဒ္ဓ သည် ပဉ္စ၀ဂ္ဂီတို့အား တရားဦးဟောပေတော့မည်။ မြတ်ဗုဒ္ဓတရားဦးအတွက် နတ်ဗြဟ္မာများသည်လည်း တရားနာရန် ကြိုတင်၍ နေရာယူထားကြပြီးဖြစ်၏။ တရားဦးစခါနီးမှ အားခဲပြီး ရောက်ရှိလာသော နတ်ဗြဟ္မာများသည်လည်း နေရာယူနေကြပြီ။ အရေအတွက်အားဖြင့် နတ်ဗြဟ္မာပေါင်း (၁၈) ကုဋေမျှပင် ရှိသည်။ ထိုတရားနာပရိသတ်တို့တွင် လူသာမာန်အားဖြင့် ပဉ္စ၀ဂ္ဂီ ငါးဦးသာ ရှိသည်။ မြတ်ဗုဒ္ဓက..ပဉ္စ၀ဂ္ဂီတို့ ရိုရိုသေသေ ခင်းပေးထားသော နေရာထိုင်ခင်းတွင် ထိုင်တော်မူ၊ ပဉ္စ၀ဂ္ဂီတို့က မြတ်ဗုဒ္ဓ ရှေ့မှောက်တွင် နေရာယူထားလို့၊ နတ်ဗြဟ္မာများမှာတော့ ဘုရားကိုယ်တော်မြတ်၏ ၀ဲယာ အနောက်ဘက် ၀န်းကျင်တို့တွင် အသီးသီး အရိုအသေပြု နေရာယူထားကြလေပြီ။ ပဉ္စ၀ဂ္ဂီတို့ နှင့် နတ်ဗြဟ္မာအားလုံးတို့က..မြတ်ဗုဒ္ဓ၏ နုတ်တော်မှ ထွက်ပေါ်လာမယ့် တရားဦး ကို အာရုံစိုက်ထား၊ မျှော်လင့်နေကြလေ၏။ ဘေးပတ်ဝန်းကျင်မှလည်း အနှောက်ယှက် အသံဗလံများ မရှိဘဲ၊အေးချမ်း တိတ်ဆိတ် သာယာနေလေသည်။
ထိုအချိန်အခါဝယ်..မြတ်ဗုဒ္ဓက..

ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ

ဟု စတင် တရားဟောလေပြီ။
မြတ်ဗုဒ္ဓ၏ နုတ်တော်မှ ထွက်ပေါ်လာသော ထိုစာပိုဒ်လေးသည်..စကြာဝဠာတိုက် (၁)သောင်းမှ နတ်ဗြဟ္မာများ ကြားအောင် ပျံ့နှံ့ထွက်ပေါ်သွားပါတော့၏။ ဂေါတမမြတ်ဗုဒ္ဓသာသနာတွင်.. တရားဟောသောအနေဖြင့် ပထမဆုံးထွက်ပေါ်လာသော တရားသံဖြစ်၏။ ပထမဆုံး ဓမ္မဖြစ်၏။ ထိုပါဠိတော်စာပိုဒ်လေးဖြင့် မြတ်ဗုဒ္ဓက..သာသနာတော်ကို စတင်လိုက်လေပြီ။
အဓိပ္ပါယ်မှာ…

ဘိက္ခဝေ ရဟန်းတို့၊ အို ချစ်သားတို့..
ရဟန်းအဖြစ်သို့ ကပ်ရောက်ပြီးသော ပုဂ္ဂိုလ်သည် (၂)ပါးသော ဤတရားအစုတို့ကို မမှီဝဲအပ်ကုန်
ရဟန်းတော်ဆိုတာ ဤဆိုလတံ္တ့သော တရား (၂)မျိုးတို့ကို မမှီဝဲ မသုံးစွဲကောင်းဘူး။

ဟု အဓိပ္ပါယ်ရလေသည်။
မမှီဝဲ မသုံးစွဲကောင်းသော ဤတရား(၂)မျိုးဆိုသည်မှာ..

  1. ကာမသုခလ္လိကာနုယောဂ နှင့်
  2. အတ္တကိလမထာနုယောဂ ..တို့ဖြစ်၏။

ပါဠိစာလုံး အန္တ ဆိုသည်မှာ အယုတ်တရားများ (သို့) အစွန်းတရားများ (သို့) အဖို့ အစု တရားများဟုခေါ်၏။ (ဓမ္မစေတီဆရာတော်)

ပထမ အဖို့အစု တရားဖြစ်သော ကာမသုခလ္လိကာနုယောဂ အကျင့်ဆိုသည်မှာ..
ကာမဂုဏ်အာရုံတို့၌ သာယာတပ်မက်နှစ်သက်ပြီး ခံစားနေခြင်းဖြစ်၏။ ကာမဂုဏ်ကို မှတ်သားထားခြင်း၌ အကြောင်းခံသော အကျင့်ဖြစ်၏။ ၀တ္ထုကာမတို့ကို ကပ်ညိနေခြင်း ဖြစ်၏။ (ဓမ္မစေတီဆရာတော်)
လိုချင်နှစ်သက်ဖွယ်ဖြစ်သော အဆင်း အသံ အနံ့ အရသာ အတွေ့ ဆိုသော အာရုံတို့ကို ၀တ္ထုအာရုံကာမဂုဏ် များဟု ခေါ်၏။ ထို ၀တ္ထုအာရုံ ကာမဂုဏ်တို့ကို နှစ်သက်သာယာခြင်း ၊ထို ကာမဂုဏ်ချမ်းသာတို့ကို တိုးပွားအောင် ပြုလုပ်၊ ကျင့်ကြံ ကြိုးကုတ် အားထုတ်နေခြင်းကို ကာမသုခလ္လိကာနုယောဂ အကျင့်ဟု ခေါ်၏။ (မဟာစည်ဆရာတော်)

ထိုအကျင့်ကို ကျင့်နေခြင်းသည်..
1. ယုတ်ညံ့၏
2. ရိုင်းလည်းရိုင်းပြ၏
3. ပုထုဇဉ်လူတို့ သူသူ ငါငါ နှင့် ဆက်ဆံသော အလုပ်မျိုးလည်း ဖြစ်၏
4. အရိယာတို့၏ အကျင့်လမ်းစဉ်လည်း မဟုတ်ပေ
5. အကျိုးမဲ့နှင့်သာ စပ်ဆိုင်၏ (၀ါ) အကျိုးမဲ့ကိုသာ ဖြစ်စေတတ်၏
ထို့ကြောင့် ရှောင်ကြဉ်ရမည့် ပထမ အဖို့အစု တရားပင်ဖြစ်၏။

ဒုတိယအဖို့အစုတရား ဖြစ်သော အတ္တကိလမထနုယောဂအကျင့်ဆိုသည်မှာ…
မိမိကိုယ်ကို အလွန်အကျွံ ပင်ပန်းဆင်းရဲခံ ကျင့်ကြံအားထုတ်သော အကျင့်မျိုးတို့ဖြစ်၏။ ဥပမာဆိုရလျင်..
ကိလေသာ ကုန်ခမ်းသွားအောင် ဆူးပေါ်၌ အိပ်ခြင်း၊ ပူအိုက်သော ရာသီတွင် အရပ်လေးမျက်နှာ မီးပုံကြီးများ အလယ်၌ ကိလေသာကုန်သွားအောင် အပူခံခြင်း၊ အလွန်အေးသော အချိန်၌ ကိလေသာကုန်သွားအောင် မြစ်ထဲသို့ ရေချိုးဆင်းခြင်းတို့ဖြစ်၏။
ထို့ကြောင့် ထိုအကျင့်တို့သည်..အလေ့အစွဲ အကျင့်စွဲတို့ကို အမှီပြု၍၊ အကြောင်းခံ၍ မှားယွင်းစွာ ကျင့်ကြံခြင်း၊ ခန္ဓာကိုယ်၌ မှန်ကန်သော လွတ်မြောက်မှုကို မှားယွင်းစွာ ရှာခြင်းပင်ဖြစ်၏။ ပဋိစ္စသမုပ္ပါဒ်အားဖြင့် ဆိုရလျင်..အ၀ိဇ္ဇာဦးဆောင် တဏှာနောက်လိုက်ဖြစ်သော လမ်းစဉ်မျိုးဖြစ်၏။ (ဓမ္မစေတီဆရာတော်)

ထိုအကျင့်မျိုးကို ကျင့်ကြံအားထုတ်ခြင်းသည်လည်း..
1. ဆင်းရဲကိုသာ ဖြစ်စေတတ်၏။
2. အရိယာတို့၏ အကျင့်လမ်းစဉ်လည်း မဟုတ်ပေ။
3. အကျိုးမဲ့ကိုသာ ဖြစ်စေတတ်၏။..
ထို့ကြောင့် ဒုတိယ အဖို့အစု တရားဖြစ်သော အတ္တစွန်းကိုလည်း ရှောင်ကြဉ်ရမည်။

ကာမသုခလ္လိကာနုယောဂအကျင့် ဆိုသည်မှာ ကာမစွန်း ဖြစ်၏။
အတ္တကိလမထာနုယောဂအကျင့်ဆိုသည်မှာ အတ္တစွန်း ဖြစ်၏။
တရားသဘောအားဖြင့်
ကာမစွန်း ဆိုသည်မှာ လောဘပင်ဖြစ်၏။ အတ္တစွန်း ဆိုသည်မှာ ဒေါသ ကို ညွှန်းဆိုသည်။

ထိုသို့ လောဘဘက်ကိုလည်း မလိုက်..ဒေါသဘက်ကိုလည်း မလိုက်ဘဲ..အလယ်လမ်း အကျင့်ဖြစ်သော မဇ္စျိမပဋိပဒါအကျင့်မြတ်ကို မြတ်ဗုဒ္ဓက..ကိုယ်ပိုင်ဥာဏ်ဖြင့် ပိုင်းခြားထင်ထင် သိအပ်မြင်အပ်ခဲ့လေပြီ။
ထို မဇ္ဈိမ ပဋိပဒါအကျင့်မြတ်ကို ကျင့်ကြံခြင်းဖြင့် ရရှိနိုင်သော ဂုဏ်ထူးတို့မှာ..

  1. ဥာဏ်မျက်စိကို ပြုတတ်ခြင်း
  2. ကိလေသာခပ်သိမ်း ကင်းဝေးစေတတ်ခြင်း၊ ငြိမ်းအေးစေတတ်ခြင်း
  3. ထူးသောဥာဏ်ဖြင့် သိအပ်မြင်အပ်ခြင်း
  4. မဂ်ဥာဏ်ဖြင့် သစ္စာ (၄)ပါးတို့ကို သိမြင်နိုင်ခြင်း
  5. နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ရန် အကျိုးပေးခြင်း ..တို့ဖြစ်၏။

ထို့သို့ နိဗ္ဗာန်တိုင်အောင် အကျိုးပေးနိုင်သော အလယ်အလတ် လမ်းစဉ်မှာ..မဂ္ဂင် (၈)ပါးပင် ဖြစ်၏။ မဂ္ဂင် (၈)ပါး တို့မှာ..

  1. သမ္မာဒိဋ္ဌိ
  2. သမ္မာသင်္ကပ္ပ
  3. သမ္မာဝါစာ
  4. သမ္မာကမ္မန္တ
  5. သမ္မာအာဇီဝ
  6. သမ္မာဝါယာမ
  7. သမ္မာသတိ
  8. သမ္မာသမာဓိ….

တို့ပင် ဖြစ်လေသည်။

……………………………….
အောက်ပါတရားတော်များမှ စီကုံးရေးသားခြင်းဖြစ်သည်။
ဓမ္မစကြာတရားတော် အပိုင်း ၃[mp3]- မင်းကွန်းဆရာတော်ဘုရားကြီး
ဓမ္မစကြာတရားတော်[pdf]- မဟာစည်ဆရာတော်ဘုရားကြီး
ဓမ္မစကြာတရားတော် [mp3]- ဓမ္မစေတီဆရာတော် ဘဒ္ဒန္တ ကောသလ္လ

(မှတ်ချက်၊ အထက်ပါ ပန်းချီကားအား ကြည်ညိုသဖြင့် ဖော်ပြထားခြင်းဖြစ်သည်။
အမှန်အားဖြင့် ပဉ္စ၀ဂ္ဂီ (၅)ပါးတို့မှာ..တရားဦးနာစဉ်က..၀ိနည်းတော်ရဟန်းများမဖြစ်သေးပါ။ ထိုစဉ်က ပဉ္စ၀ဂ္ဂီငါးပါးတို့မှာ သာသနာတွင်း ရဟန်းများမဟုတ်သေးဘဲ၊ သာသနာပရဟန်းများသာဖြစ်၏ဟု မဟာစည်ဆရာတော်ဘုရားကြီး ဓမ္မစကြာတရားတော်ထဲ၌ ရေးသားထားပါသည်။ ထို့အပြင်..မြတ်ဗုဒ္ဓ နုတ်တော်ထွက် ဖြစ်သော..
ပဗ္ဗဇိတ ဟူသော ပါဠိပုဒ်၏အဓိပ္ပါယ်မှာ….လူလောကသံယောဇဉ်ကို စွန့်ခွါထား၍ လွတ်မြောက်မှုကို ရှာဖွေနေသော ပုဂ္ဂိုလ်ကိုသာ ရည်ရွယ်ပါသည်ဟု..ဓမ္မစေတီဆရာတော် တရားတော်ထဲတွင်လည်း ဟောထားပါသည်။ ၎င်းတို့ကို ထောက်သောအားဖြင့်..ပဉ္စ၀ဂ္ဂီတို့မှာ..တရားဦးဓမ္မစကြာနာစဉ်က..၀ိနည်းရဟန်းအသွင်..မဖြစ်နိုင်ပေ။ ဆံပင်ရှည်များလည်း ရှိနိုင်ပါသည်။ မုတ်ဆိတ်ကြင်စွယ်တို့လည်း ရှိနိုင်ပါသည်။ တခြားအရောင် အ၀တ်ကိုလည်း ၀တ်ဆင်ထားနိုင်ပါသည်။ )

Read more...

သိကြားမင်းကြီးလည်း မေ့

ကုသိုလ်ပြုရမှာ မေ့နေကြ

များသောအားဖြင့် လူတွေဟာ စားဝတ်နေရေး၊လူမှုရေးတွေကြောင့် ကုသိုလ်ပြုရမှာကို မေ့နေကြပါတယ်။ သားရေး၊ သမီးရေး၊ စီးပွားရေးတွေနဲ့ တစ်နေ့ တစ်နေ့ လုံးချာလိုက်ပြီး မေ့နေကြတယ်။

သံသရာရေး ကုသိုလ်ရေး...တွေကို မေ့နေကြတဲ့အကြောင်းလေး ဥပမာ ပုံဆောင်ကြည့်ရအောင်...Justify Full

တစ်နေ့နေလို့ တစ်ခါ ဘုရားရှိခိုးဖို့တောင် အနိုင်နိုင်၊ တစ်နေ့နေလို့ တစ်ခါ တရားမှတ်ဖို့တောင် အနိုင်နိုင်၊ ဘုရားမေ့၊ တရားမေ့ ဖြစ်နေကြပုံများ..။ လက်ရှိဘ၀အရေးကိုသာ တွေးနေကြတာမို့ သံသရာရေး ကုသိုလ်ရေးကို နောက်ထားပြီး မေ့ထားကြပါတယ်။

စီးပွားဥစ္စာ အဆင်ပြေတဲ့သူတွေကလည်း ချမ်းသာသောကြောင့်မေ့၊ အဆင်မပြေသူတွေကလည်း ရှာနေဖွေနေ ရုန်းနေကြရလို့မေ့...သတိ မရကြပါဘူး။သိကြားမင်းကြီးလည်း မေ့ခဲ့တယ်တဲ့...

သိကြားမင်းကြီးလည်း မေ့

တစ်ခါတုန်း ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့အချိန်...တာဝတိံသာက သိကြားမင်းကြီး ရေကြီးသုတ်ပျာနဲ့ ရောက်လာပြီး မြတ်စွာဘုရားကို မေးလျှောက်ပါတယ်။ ဆင်းရဲကင်းဝေး၊ ချမ်းသာရေး တရားတွေပေါ့။

မြတ်စွာဘုရားက အကျိုးအကြောင်းနဲ့ ကျကျနန ရှင်းပြ ဟောပြတာကို နာယူပြီး သဘောပေါက်ပါပြီ ဘုရား၊ ကောင်းလှပါတယ် ဆိုပြီး ပြန်သွားပါတယ်။ အရှင်မဟာမောဂ္ဂလာန်က သိကြားမင်းကြီးတော့ မမေ့မလျော့ တရားတွေ ကျင့်နေတော့မှာပဲလို့ စဉ်းစားပြီး အခြေအနေသိရအောင် တာဝတိံသာကိုလိုက်သွားတယ်။

သိကြားမင်းက ဟိုမှာ သူ့အလုပ်နဲ့သူ ရှုပ်နေပြီး အရှင်မောဂ္ဂလာန်က မြတ်စွာဘုရားထံက ဘယ်တရားတွေများ နာခဲ့ပါသလဲလို့မေးတော့ မဖြေနိုင်ပါဘူး။ အရှင်ဘုရား တပည့်တော် မေ့သွားပါပြီ ဘုရားတဲ့။ သိကြားမင်းလည်း တရားမေ့တယ်နော်။


မေ့လျော့နေက အပါယ်ကျ ဒုက္ခဆင်းရဲမည်။

မေ့မေ့လျော့လျော ပေါ့ပေါ့ဆဆနေသူတွေရဲ့ အမြဲတမ်းနေရမယ့် အိမ်ရာဟာ အပါယ်လေးဘုံပါ။ မေ့လျော့သူတွေရဲ့ အိမ်ဂေဟာသည် အပါယ်လေးဘုံပါပဲ။

ဗုဒ္ဓတရားတော်က ကိုယ့်အားကိုယ်ကိုး တရားဝါဒပါ၊ မြတ်စွာဘုရား ကိုယ်တော်တိုင်က ငါဘုရားက ဟောပြရုံတင် ဟောပြနိုင်တယ်။ လိုက်နာကျင့်ကြံဖို့က သင်တို့တာဝန် လို့ အတိအလင်းဟောထားပြီးသားပါ။ အပါယ်ဘေး ဒုက္ခတွေကိုလည်း မြတ်စွာဘုရားက လွတ်စေလို့ မပြဋ္ဌာန်းနိုင်သလို ကျစေ လို့လည်း အမိန့်မချနိုင်ပါဘူး။

ကိုယ့်တာဝန်ကိုယ်ယူရမှာမို့ အပါယ်ဘေးက လွတ်ရာလွတ်ကြောင်းနည်းလမ်းကောင်းတွေလည်း သိရှိပြီးဖြစ်ရာ မေ့လျော့ပေါ့ဆ မနေပဲ လိုက်နာကျင့်ကြံကြဖို့ နှိုးဆောင်တိုက်တွန်းလိုက်ရပါတယ်။


ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

Read more...

နှစ်သက်မိသော ဇင် ပုံပြင်များ (၁၉)


Temper


A Zen student came to Bankei and complained: "Master, I have an ungovernable temper. How can I cure it?"

"You have something very strange," replied Bankei. "Let me see what you have."

"Just now I cannot show it to you," replied the other.

"When can you show it to me?" asked Bankei.

"It arises unexpectedly," replied the student.

"Then," concluded Bankei, "it must not be your own true nature. If it were, you could show it to me at any time. When you were born you did not have it, and your parents did not give it to you. Think that over."

Read more...

*ဒုတိယတော်ကူးဆရာတော်ကြီး ဘဒ္ဒန္တနာဝိက ဓမ္မသဘင်*

Dear Brothers and Sistser in Dhamma,
We would like to inform you for the dhamma activities in singapre for this weekend 17/18 July 2010.
**************************************************************************

17 July - Saturday EVENT

နေ့ရက် : ဇူလိုင် ၁၇ ရက် ၂၀၁၀ (စနေနေ့)

အချိန် : ညနေ ၅း၀၀ နာရီ မှ ၇း၀၀ နာရီ

နေရာ : Informatic Campus, 12 Science Center Road, S609080, (near to Jurong East MRT)





တရားပွဲကို အောက်ဖော်ပြပါ Website များမှ တိုက်ရိုက်ထုတ်လွှင့်ပါမည်။



http://www.apytz.net/ (အဖြူရောင်သံစဉ်)

******************************
********************************************

18 July - SUNDAY EVENT

INVITATION FOR WASO ROBE OFFERING CELEBRATION & DAY MEDITATION SECTION

Dear Devotees,

You and your family are cordially invited to attend "WASO ROBE OFFERING CELEBRATION & DAY MEDITATION SECTION BY SHWE MYINTMOE SAYADAW ASHIN THAWBANA (MOGOKE DISCIPLINE)"as per following schedule.

WASO ROBE OFFERING CEREMONY

Date: 18 July 2010 (Sunday)

Time: 9.30AM to 2.00PM

Venue: Auditorium, Informatics Campus

12 Science Center Road

Singapore 609080.

Near Jurong East MRT

DAY MEDITATION SECTION

Time: 2.00PM to 6.30PM

Please see attached Invitation Card for details.


WITH METTA

SAYADAW DR. U THUPIYA & WORKING COMMITTEE

MAHAMUNI BUDDHIST SOCIETY

NO.264 WEST WOOD AVENUE
SINGAPORE 648464.
TEL-65-67777018 / 67909279 / 91852924

----------------------

With deep respect,

Webmaster
http://www.dhammadownload.com

(Please email to dhammadownload.admin@gmail.com to
- unsubscribe the email announcement
- to share the news for dhamma talk at your country, etc.)


လေးစားစွာဖြင့်

ဖိုးသား

Read more...

“သတ်ပုံကျမ်းပြုအကျော် ဒို့မထေရ်မော်”

တစ်ခါက တောကျောင်းတစ်ကျောင်းတွင် ဦးဇင်းကြီးတစ်ပါးရှိလေသည်။ ထိုဦးဇင်းကြီးသည် သတ်ပုံကျမ်းကို ပြုစု နေလေ၏။ သူ၏ သတ်ပုံကျမ်း မှန်မမှန်ကို ဥပဇ္ဈာယ်ဆရာတော်ကို စစ်ဆေးခိုင်းရန် အကြံဖြစ်လေ၏။ ပထမနေ့ ဦးဇင်းကြီးသည် ဆရာတော်ထံသို့ သွားရောက်ကာ
“ဆရာတော်ဘုရား တပည့်တော်ရဲ့ သတ်ပုံကျမ်းလေးကို မှန်မမှန်စစ်ဆေးပေးပါအုံးဘုရား”ဟု စစ်ဆေးခိုင်း လေ၏။ ဦးဇင်းကြီး၏ သတ်ပုံကျမ်း လင်္ကာသံပေါက်သည်ကား
“ငါမွေးသည့်မျောက် ငါ့ကိုချောက်၊
ပယ်ဖျောက်ကိုလည်း ပင့်ရမည်၊
ဇမ္ဗုသပြေ အသီးကြွေ၊
မိုးမြေကိုလည်း ရစ်ရမည်။ ဖြစ်လေသည်။ ဆရာတော်ကြီးသည် ထိုသတ်ပုံလင်္ကာပေါက်ကို ဖတ်ပြီးသောအခါ
“ကောင်းတယ် ဦးဇင်းကြီးရေ၊ ဆက်ပြီးပြုစုပါ”ဟု တိုက်တွန်းလိုက်လေသည်။ ဦးဇင်းကြီးသည်လည်း သူ၏ သတ်ပုံကျမ်းကို ဆရာတော်က ကောင်းကြောင်းထောက်ခံလိုက်သောအခါ သတ်ပုံကျမ်းလေးကို ကိုင်ကာ ပီတိ စိတ်ဖြင့် သူ၏ ကျောင်းဆီသို့ ကြွသွားလေ၏။ပထမနေ့တွင်ကား ဦးဇင်းကြီးသည် အောင်မြင်မှုဖြင့် အဆုံးသတ်ခဲ့ လေပြီ။ သုံးလေးရက်ကြာပြီးနောက် ဒုတိယမြောက် သတ်ပုံလင်္ကာသံပေါက်ကို ဆရာတော်အား စစ်ဆေးခိုင်းပြန်လေ၏။ သတ်ပုံလင်္ကာပေါက်သည်ကား
“စုန်လှေဆန်လှေ၊ ခက်သည့်လှေ၊ လှော်လှေကိုလည်း သဝေထိုး”ဟူ၍ပင်ဖြစ်သည်။ ထိုသတ်ပုံလင်္ကာပေါက်ကို ဖတ်ပြီးသောအခါ ဆရာတော်သည်
“လှော်လှေမှ သဝေမထိုးရင် နင်ကြီးတော်ကြီး သွားထိုးရမှာလားဟ”ဟု မိန့်တော်မူကာ စိတ်ပေါက်ပေါက်နှင့် ထွေးခံဖြင့် ပစ်ပေါက်လိုက်ရာ ဦးဇင်းကြီးသည် ဖနောင့်နှင့် တင်းပါးတစ်သားတည်းကျအောင် ထွက်ပြေးခဲ့ရလေ တော့သတည်း။
0 comments

Read more...

ဇူလိုင်လ ၁၇ ရက်နေ့တရားအစီအစဉ်များ...

မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၂၃း၀၀ နာရီအထိ...
မဇ္ဈမဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင်ကောဝိဒ ဟောကြားတော်မူသော

၁) မြင်တတ်ပါစေ

၂) သူစိမ်းတွေမှမဟုတ်ဘဲ

၃) အာဇာနည်နှလုံးသားပိုင်ရှင်

၎) အတုနဲ့ပျော်မှာလား၊ အစစ်နဲ့ပျော်မှာလား

၅) ဘာတွေပြင်ဆင်ပြီးပြီလဲ

၆) တကယ်ယုံရဲ့လား

၇) ဘယ်သူအဓိကလဲ

၈) လောကဓံဖြေဆေး

၉) လှူတတ်ပါစေ

၁၀) လူ့ဘ၀ဂုဏ်ရည်

၁၁) ပြုနေတာလား၊ ဖျက်နေတာလား တရားတော်များကို လွှင့်ကြားပေးသွားပါမည်။

တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏

ငြိမ်းအေးရာတရားထူးများကို ရှာတွေ့နိုင်ကြပါစေ။

Read more...

ကျနော်နဲ့ စစ်ပွဲများ


နောက်မှရောက်တော့
မဆင်မခြင်ဘဝဟာ
ရှေ့လူရဲ့အစာ(သို့မဟုတ်)နယ်ရုပ်လေးတဲ့။

ဘဝဟာ
ပြစ်ဒဏ်ဘောတွေ ခဏခဏပေးဖို့
ငါ နောက်တန်းလူ မဟုတ်ဘူး။

ချော်ရာ လဲထိုင်ရအောင်
ငါဟာ ငါ့စိတ်ဓါတ်နဲ့
သဟဇာတဖြစ်မလား။
အဲ့လို မလဲထိုင်တတ်ခဲ့တာတွေနဲ့ပဲ
ငါ့မှာ ခုထိ ပျော်လို့။

သေချာတာ တစ်ခုက
နေရာအကြောင်းတွေ
မစဉ်းစားမိသေးတာပဲ။

တကယ်တော့
စစ်ဖြစ်တယ်ဆိုတာ
လက်နက်ရှိမှ မဟုတ်ဘူးနော်
ငါ့ခန္ဓာကိုယ်အတွင်းမှာ
င့ါစိတ်ငါ ခဏ ခဏစစ်မဖြစ်အောင်ပဲ
ကြိုးစားနေရဆဲ။
တရားသောစစ်ပွဲဆိုတာတွေ
အင်း ...........
ကိုယ့်စိတ်နဲ့ နှိုင်းယှဉ်ကြည့်တော့ ................။

Read more...

“ကုသိုလ်ကောင်းမှု့ နေ့စဉ်ပြု”

ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့ ၀တ္ထုလေးတစ်ပုဒ်ကို အရင်ဦးဆုံး ဖတ်ကြည့်ကြရအောင်ပါ။ ဒီဝတ္ထုလေးကို ဖတ်ပြီးတဲ့ နောက်မှာတော့ ကိုယ့်ဘ၀တစ်လျှောက်၊ သံသရာမှာ ကျင်လည်ရဦးမယ့် ပုထုဇဉ်လူသားတစ်ယောက်အနေနဲ့ ဘ၀တစ်လျှောက်မှာ ချမ်းသာခြင်းကို ရရှိဖို့ ဘာလုပ်သင့်တယ်ဆိုတာကို ရှင်းလင်းစွာ သိမြင်ပြီး သိမြင်တဲ့အတိုင်း ပြုလုပ်နိုင်ပါလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

တစ်ခါတုန်းက ကုန်သည်တစ်စုဟာ ကုန်သွယ်ရင်းနဲ့ ရုပ်ရည်အဆင်း ရှု့ချင်စဖွယ်အတိ မရှိ၊ အ၀တ်မပါ ဗလာကိုယ်တည်း ကြုံလှီလှတဲ့ ကိုယ်ခန္ဓာရှိတဲ့ ထူးဆန်းတဲ့ ပြိတ္တာတစ်ယောက်ကို လမ်းမှာတွေ့ရှိခဲ့ကြပါတယ်။

တွေ့ရှိလိုက်စဉ်မှာပဲ ကုန်သည်များနဲ့ ဒီပြိတ္တာတို့အကြား စကားပွဲလေးဖြစ်သွားတယ်ဆိုပါတော့။

“အို အချင်း၊ သင်သည် အ၀တ်မပါ ဗလာကိုယ်တည်း စက်ဆုပ်ရွံရှာဖွယ် အဆင်းရှိပြီး ကြုံလှီကာ အကြောပြိုင်းပြိုင်း၊ နံရိုးပြိုင်းပြိုင်းထွက်နေသော ကိုယ်ခန္ဓာရှိပါသည်။ အသင်သည် အဘယ်သူဖြစ်သနည်း”လို့ ကုန်သည်များက မေးမြန်းကြလေတော့…….

“အချင်းတို့ အကျွန်ုပ်ဟာ အတိတ်ဘ၀က မကောင်းမှု့ အကုသိုလ်ကံများကို ပြုခဲ့မိသောကြောင့် လူ့ဘုံမှ စုတေကာ အကျွန်ုပ်ရဲ့ မကောင်းမှု့အကုသိုလ်ရဲ့ အကျိုးများကို ခံစားရဖို့အတွက် မကောင်းသောလားရာဖြစ်တဲ့ ယမမင်း၏ နိုင်ငံ၌ ဖြစ်တည်နေရတဲ့ ပြိတ္တာတစ်ဦး ဖြစ်ပါ၏ အချင်းတို့” လို့ ကုန်သည်များကို ပြိတ္တာက ဖြေကြားပါတယ်။

“အို အချင်း၊ သင်သည် အတိတ်ဘ၀တုန်းက ကံသုံးပါးဖြင့် အဘယ်သို့သော မကောင်းမှု့ကံကို ပြုလုပ်ခဲ့တဲ့အတွက် အခုလို ပြိတ္တာဘုံသို့ လားရောက်ရပါသလဲ။”

“ကောင်းပါပြီ အချင်းတို့၊ အကျွန်ုပ်ကဲ့သို့သော ဆင်းရဲခြင်းကင်းတဲ့ နေရာကို သင်တို့ကိုယ်တိုင်လည်း မရောက်ရလေအောင် သတ္တ၀ါများကိုလည်း ရောက်ရှိကာ ခံစားခြင်းအမှု့ မရှိရလေအောင် အကျွန်ုပ်ပြုခဲ့သော အကုသိုလ်ကံကို မပြုမိစေဖို့အတွက် ကျွန်ုပ်ရဲ့ မလှမခဲ့တဲ့ ဘ၀ဖြစ်စဉ်ကို ပြောပြပေးချင်ပါတယ်။”

“ကောင်းပါပြီ အချင်း၊ ကျွန်ုပ်တို့ မှတ်သားသိရှိစေရန်အတွက် ပြောကြားစေချင်ပါတယ်။”

ပြိတ္တာဖြစ်တဲ့ သူဟာ တကယ်တော့ သူ့ဘ၀ရဲ့ မလှမပတဲ့ရာဇ၀င်ကို ပြောပြဖို့ အလွန်ကို ရှက်မိပါတယ်။ သို့ပေမယ့်လည်း အများသူငါ သူ့လိုဘ၀မျိုးမရောက်ရလေအောင် သံဝေဂရရှိစေဖို့အတွက် ပြောပြခဲ့တာပါ။
လူသားများအနေနဲ့ “ဘ၀သင်ခန်းစာကို ဘ၀ကောင်းစားဖို့အတွက် ကိုယ်တိုင်တွေ့ကြုံမခံစားမိခင် သူတစ်ပါးရဲ့ ဖြစ်စဉ်ကို သိမြင်ပြီး သင်ခန်းယူကာ အမှားမဖြစ်အောင် ကြိုတင်ပြီး သင်ခန်းစာယူကာ ပြုပြင်သင့်ပါတယ်။”

အတိတ်ဘ၀က ပြိတ္တာဖြစ်သူရဲ့ ဖြစ်စဉ်က ဒီလိုပါ။

“တစ်ခါက ပဏမင်းတို့စိုးစံတဲ့ ဧရကစ္ဆာအမည်ရှိတဲ့ ကျော်ကြားတဲ့ မြို့တစ်မြို့မှာ ဓနပါလ အမည်ရှိတဲ့ ကုဋေများစွာ ပိုင်ဆိုင်ပြီး ချမ်းသာကြွယ်ဝတဲ့ သူဌေးတစ်ဦးဖြစ်ခဲ့ပါတယ်။ ထို ဓနပါလသူဌေးမှာ ရွှေ ငွေလှည်းအစီး ရှစ်ဆယ်တိုက်တိုင်အောင်သော ဥစ္စာများကို ပိုင်ဆိုင်တာပါ။”

တကယ်တော့ ထိုမျှလောက် ဥစ္စများစွာ ချမ်းသာကြွယ်ဝပါသောလည်း အလှုရေစက် လက်နဲ့သိပ်ကို ကွာပါတယ်။ “အလှုရေစက် လက်နဲ့မကွာ”ဆိုတဲ့ ဆိုရိုးစကားဟာ ၀ိသာခါတို့၊ အနာထပိဏ်တို့၊ ဗုဒ္ဓဘာသာ၊ မြန်မာလူမျိုးများအတွက်တော့ သိပ်ကိုသင့်မြတ်ပြီး မှန်ကန်သင့်လျှော်တဲ့ စကားဖြစ်ပေမယ့် ဓနပါလအတွက်တော့ သင့်မြတ်မှု့မရှိခဲ့တာ အမှန်ပါ။

“ဓနပါလသှုဌေးဟာ ပေးလှုတာ အကျိုးမရှိ၊ သီလစောင့်စည်းခြင်းကာ အကျိုးမရှိဆိုတဲ့ ၀ါဒကို လက်ကိုင်ထားပြီး ယုံကြည်မှု့ သဒ္ဓါမရှိ မိမိကိုယ်တိုင်လည်း ၀အောင်မစား၊ ကောင်းကောင်း မသုံးဆောင်၊ ပေးလှုတတ်သူများကိုလည်း ၀န်တိုကာ ကုသိုလ်ကောင်းမှု့များ မပြုလုပ်ရလေအောင် ခြိမ်းချောက်တတ်တဲ့ စဉ်းလဲကောက်ကျစ်တဲ့ သူဌေးတစ်ဦးပါ။”

“ဖုန်းတောင်းယာစကာများ မိမိရဲ့ အိမ်ရှေ့က ဖြတ်သွားရင် မြင်ပြီး တောင်းရမ်းမှာ ကြောက်တာကြောင့် အစားအသောက်စားတဲ့အခါတောင်မှ တံခါးကို အလုံပိတ်ပြီး စားလေ့ရှိပါတယ်။”
အခုခေတ် အခုခါလို တစ်ချို့သော အိမ်တံခါးများမှာ “အလှုခံ မလာရ” “အလှုခံခြင်း သည်းခံပါ” ဆိုတဲ့ မိမိရဲ့ စိတ်ဓာတ်ဟာ ဘယ်လိုစိတ်ဓာတ်ဖြစ်တယ်ဆိုတာကို အများသိအောင် အဆုံးအဖြတ်ပေးပြထားတဲ့ ဆိုင်းဘုတ်လေးကိုတောင် ချိတ်ထားလိမ့်မယ်လို့ထင်ပါတယ်။ တစ်ချို့သော အိမ်တံခါးများမှာ “အလှုခံ မလာရ” “အလှုခံခြင်း သည်းခံပါ” ဆိုတဲ့ မိမိရဲ့ စိတ်ဓာတ်ဟာ ဘယ်လိုစိတ်ဓာတ်ဖြစ်တယ်ဆိုတာကို အများသိအောင် အဆုံးအဖြတ်ပေးပြထားတဲ့ ဆိုင်းဘုတ်လေးကို မြင်မိတိုင်းလည်း သြော်…..သူတို့ဟာ ဓနပါလသူဌေးများ ၀င်စားကြလေသလားလို့ တွေးမိသေးပါတယ်။

“ဓနပါလသူဌေးဟာ ကုသိုလ်ကောင်းမှု့ပြုသူများကို ခြိမ်းခြောက်ရုံသက်သက်မဟုတ်ဘဲ သူတစ်ပါး လှုဒါန်းထားတဲ့ လမ်းစုံလမ်းခွ ရေတွင်း၊ ရေကန်၊ ရေချမ်းစဉ်၊ ဥယျာဉ်ပန်းခြံ၊ တံတားများကို အမြဲဖျက်ဆီးလေ့ရှိပါတယ်။”

အများသူငါ ခရီးသွားများအတွက် ဆောက်လုပ်လှုဒါန်းထားတဲ့ ကုသိုလ်ထူးတွေကို ကိုယ်တိုင် လှုဒါန်းခြင်းမပြုနိုင်ရင်တောင် မရိုမသေ အသုံးပြုမှု့၊ လုပ်ဆောင်မှု့၊ ဖျက်ဆီးမှု့ကို မပြုသင့်ပါဘူး။

အဲဒီလို လှုဒါန်းထားတဲ့အရာတွေကို တွေ့မြင် သုံးဆောင်နေစဉ်မှာ မိမိရဲ့ စိတ်သန္တာန်လေး ကြည်လင်အောင်ပြုကာ ပတ္တာနုမောဒန-သူတစ်ပါး ပြုလုပ်လှုဒါန်းထားတဲ့ ကောင်းမှု့ကုသိုလ်ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်မယ်ဆိုရင် ကုသိုလ်တောင် ရရှိနိုင်ပါသေးတယ်။ “အရိပ်လည်းခို သစ်ကိုင်းလည်းချိုး”ဆိုတဲ့ အမှု့ကို မပြုသင့်ဘူးဆိုတဲ့ ရှေးလူကြီးများ အဆိုလေးကို သတိရစေချင်ပါတယ်။

“အချင်းတို့ ကောင်းမှု့ဟူသမျှ စိုးစဉ်းမျှ မပြုမှု၍ မကောင်းမှု့မှန်သမျှကိုသာ ပြုလုပ်ခဲ့သော ဓနပါလသူဌေးဟာ လူ့ပြည်မှ စုတေခဲ့ပြီး ပြိတ္တာဘုံဝမှာ ဖြစ်တည်ပြီး ငါးဆယ့်ငါးနှစ်တို့ပတ်လုံး အစာရေစာ ရရှိသုံးဆောင်ခြင်းမပြုရဘဲ ဆာလောင်မွတ်သိပ်မှု့ဒဏ်အနှိပ်စက်ခံနေရတဲ့ သူဟာ တစ်ခြားသူမဟုတ်ပါ အချင်းတို့ အကျွန်ုပ်ပင်ဖြစ်ပါ၏။”

“အချင်းတို့ လောကမှာ အကြင်ပျက်စီးကြောင်းသည်ရှိပါ၏၊ ထိုပျက်စီးကြောင်းသည် လောဘစသည်တို့၏ အစွမ်းဖြင့် ပေးလှုမှု့မှ ရှောင်ကြဉ်ခြင်းဟူသော မပေးလှုခြင်းပင်ဖြစ်ပါသည်။ ပေးလှုခြင်းအမှု့မှ ရှောင်ကြဉ်ခြင်းဟူသော မပေးလှုခြင်းသည် သတ္တ၀ါတို့ ပျက်စီးကြောင်းပင်ဖြစ်ပါသည်။”

“အကျွန်ုပ်သည် ရှေးဘ၀က ဥစ္စများစွာ ချမ်းသာပါသော်လည်း လောဘအားကြီးကာ ပေးလှုခြင်းအမှု့ကို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခဲ့ပါသည်၊ မိမိဘ၀အတွက် မှီရာအစစ်ဖြစ်တဲ့ ကုသိုလ်ကောင်းမှု့ကို မပြုခဲ့မိတဲ့အတွက် လွန်စွာနောင်တရမိပါသည် အချင်းတို့။”


“ထိုမကောင်းမှု့ အကုသိုလ်၏ အကျိုးဆက်ကြောင့် နောင်လေးလလွန်၍ သေလွန်ကာ ယှုဇနာ တစ်ရာတိုင်အောင် အမြဲတမ်း တောက်လောင်နေပြီး သံတံတိုင်းကာရံထားတဲ့ သံပြားများဖြင့် ပိတ်ဖုံးထားတဲ့ ငရဲဘုံသို့ ကျရောက်ကာ ဆင်းရဲစွာ ခံစားရပါလိမ့်ဦးမည်ဖြစ်ပါတယ်။

“ထို့အတွက်ကြောင့်၊ အချင်းတို့ကို အကျွန်ုပ်တောင်းပန်ပါတယ်၊ အချင်းတို့သည် မျက်မှောက် မျက်ကွယ် နှစ်သွယ်သော နေရာအရပ်တို့၌ မကောင်းမှု့ဟူသမျှကို မပြုလုပ်ကြပါလင့်၊ မိမိပြုခဲ့သော မကောင်းမှု့ကံ၏ အကျိုးဆက်ကို အချင်းတို့သည် ထွက်ပြေးပုန်းရှောင်ပါသော်လည်း ထိုဆင်းရဲခြင်းမှ မလွတ်မြောက်နိုင်ပါ၊ "

"အချင်းတို့သည် ဒီအချိန်မှစ၍ ကျေးဇူးကြီးမားတဲ့ အမိ၊အဖ များကို လုပ်ကျွေးကြပါ၊ ကိုယ့်ထက် အသက်၊ သိက္ခာအားဖြင့် ကြီးမြတ်ကြတဲ့ သူများကို အရိုအသေပြုကြပါ၊ ဘုရား တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ပှုဇော်ကြပါ၊ ထိုကဲ့သို့သော ကောင်းမှု့များကို ပြုလုပ်ပါမှု အချင်းတို့သည် ချမ်းသာခြင်းများစွာရှိတဲ့ နတ်ပြည်သို့ သွားရပါလိမ့်မယ် အချင်းတို့။”
ဆိုတဲ့ ဆုံးမစကားလေးကို ပြိတ္တာဖြစ်သူက ကုန်သည်များကို တိုက်တွန်းအားပေးသွားခဲ့ပါတယ်။

ဒီအဆုံးအမစကားလေးဟာ ကုန်သည်များအတွက်ရော စာရေးသူတို့အတွက်ပါ သင်ခန်းစာယူ လိုက်နာပြုလုပ်သင့်တဲ့ အဖိုးတန်လေးတစ်ခုပါ၊ ဓနပါလပြိတ္တာဟာ သူ့ဘ၀ရဲ့ ကြုံတွေ့ခံစားခဲ့ရတဲ့ ဆင်းရဲမှု့များကို အားလုံးသော လူသားတို့ကို မခံစားစေချင်တာကြောင့် ဘ၀နဲ့ရင်းပြီး ရရှိခဲ့တဲ့ သံဝေဂယူစရာတစ်ခုအဖြစ် ဖြစ်တည်ခဲ့လို့ပါပဲ။

“ခလုပ်ထိမှ အမိတ၊ ဘုရားတ”ဆိုတာမျိုးမဖြစ်ရလေအောင် ဒီလိုဆင်းရဲခြင်းကို မိမိတို့ကိုယ်တိုင် ထိပ်တိုက်တွေ့ကြုံမခံစားရသေးခင်မှာဘဲ အမိ ၊အဖ၊ ဘုရားတကာ ထိုသို့သောမြင့်မြတ်တဲ့သူများကို ကောင်းမှု့များ ပြုလုပ်ခြင်းဖြင့် တမ်းတသတိရနေစေချင်ပါတယ်။

သံသရာကနေ မလွတ်ကျွတ်သေးမယ့် လူသားတစ်ယောက်အနေနဲ့ လျှောက်လှမ်းရမယ့် သံသရာခရီးလမ်းမှာ မကြမ်းတမ်းရအောင်၊ မဆင်းရဲရအောင်၊ လျှောက်လှမ်းရမယ့် ခရီးလမ်း သာယာ ဖြောင့်ဖြူးကာ ပျော်ရွှင်မြူးရလေအောင် နေ့စဉ်တိုင်းရဲ့ ပြုလုပ်မှု့တိုင်းမှာ ကောင်းမှု့နဲ့ ယှဉ်တဲ့လုပ်ဆောင်မှု့လေးဖြစ်ဖို့ အထူးလိုအပ်ပါတယ်။

ကောင်းမှု့ကုသိုလ်ဆိုတာ သိန်းပေါင်းများစွာ ကုန်ကျကာ လှုဒါန်းမှ ကောင်းမှု့ကုသိုလ်လို့ အမည်တွင်တာမဟုတ်ပါဘူး။ မိမိတတ်နိုင်သလောက်၊ မြတ်စွာဘုရားအစရှိတဲ့ သံဃာတော်တွေကို ဆွမ်းတစ်ဇွန်း၊ သောက်တော်ရေတစ်ခွက်၊ ဆီမီး၊ နံ့သာများနဲ့အတူ ဗုဒ္ဓမြတ်စွာရဲ့ ဂုဏ်တော်များကို ရွတ်ဖတ်ကာ လှုဒါန်းပှုဇော်မယ်ဆိုလည်း ကောင်းမှု့ကုသိုလ်တွေပါပဲ။

အယုတ်ဆုံး ပစ္စည်းတစ်ခု လှုဒါန်းခြင်းမပြုနိုင်ရင်တောင် တစ်နေ့တာ မိမိရဲ့ စိတ်ကလေးကို အကုသိုလ်ကင်းပြီး ကုသိုလ်စိတ်လေးနဲ့ ယှဉ်ကာ လုပ်ဆောင်နေမယ်၊ ပြောဆိုနေမယ်၊ တွေးကြံနေမယ်၊ တစ်ဖက်သားကို စေတနာထားတာ ကာယအား၊ ဥာဏအားလေးနဲ့ ကူလိုက်မယ်ဆိုရင်လည်း ကောင်းမှု့ကုသိုလ်တွေဖြစ်သွားတာပါပဲလေ။

"အရာရာတိုင်းမှာ ကုသိုလ်စိတ်ကလေးထားတတ်ဖို့ပါပဲ။ တစ်နေ့တာ မကုန်ခင် စဉ်စားစေချင်ပါတယ်။ ငါဒီနေ့တစ်နေ့အတွက် ဘယ်လိုကောင်းမှု့ကို လုပ်ဆောင်ပြီးခဲ့ပြီလဲ ဆိုတာကိုပေါ့၊ အကယ်၍ ကောင်းမှု့တစ်ခု မပြုလုပ်မိခဲ့ဘူးဆိုရင် ချက်ချင်းပဲ ထလုပ်လိုက်ပါ။ မိမိရဲ့ စိတ်ကို ဖြူစင်အောင်ထားပြီး ဘုရားဂုဏ်တော်တစ်ခုခုကို ရွတ်ဆိုပှုဇော်ကာ မြတ်စွာဘုရားကို ပှုဇော်နေမယ်ဆိုရင် ဗုဒ္ဓါနုဿတိဘာဝနာ ကုသိုလ်ရရှိနိုင်ပါတယ်။"

ဘ၀သံရာတစ်လျှောက် ဆင်းရဲခြင်းတွေပျောက်ဖို့အတွက် ကုသိုလ်ကောင်းမှု့တစ်ခု နေ့စဉ်ပြုဖို့ အမှန်တကယ်လိုအပ်ပါတယ်……………..။

(ပေတ၀တ္ထုလာ၊ ဓနပါလသေဌိပေတ၀တ္ထုကို ကိုးကားကာရေးသာပြီး ဤစာစုဖြင့် စာရေးသူ၏ သီရိလင်္ကာနိုင်ငံရောက် တစ်နှစ်ပြည့် အမှတ်တရအဖြစ် မှတ်တမ်းပြုပါသည်။)

(ဥယျာဉ်မှုးလေး)

Read more...

Control your mind

by Cittasamvaro

In Vipassana circuits today it is taught that you should observe, and not control. But keeping the observing mind, mindfulness, is a form of control. It is maintaining a sense of presence. Yes, you are not controlling with force of will, trying to channel thinking in a particular direction, but nonetheless you are controlling. throughout the suttas in fact we find this idea of control, or more usually, restraint.

This takes effort – hence the continual exhortation to ‘exert’, ‘strive’, to be ‘ardent’ with ‘unremitting mindfulness’. How to do that, without controlling?

Here is Ledi Sayadaw, a particularly direct Burmese master of recent times:

In this world, a mad man who has no control over his mind is of no use either in work for his own benefit or for the benefit of others. Even when eating, he is liable to upset his plate and walk away. It is impossible for him to concentrate on work for the benefit of others. When this mad person is properly treated he becomes sane and mentally stable enough to perform work both for his own benefit as well as for the benefit of others, just like normal people.

Similarly, ordinary sane people resemble the mad man who has no control over his mind when they undertake the subtle work of tranquillity and insight. For example, when paying homage to the Buddha, the minds of normal people do not remain steadfastly and continuously concentrated on the noble and incomparable qualities of the Buddha. Even when repeating the stanza “Itipiso…” their minds wander. If they were obliged to start again from the beginning whenever their attention strayed, their task of repeating the stanza would never be successfully completed. It is only because they have committed the stanza to memory that they are able to repeat it to the end. The same happens in all the exercises for mental training and development. This is how ordinary sane people are just like mad persons when it comes to developing concentration and insight.

Let all take heed! In the case of such persons who have no control over their minds, far from being able to achieve the path (magga) its fruition (phala), and nibbāna, their rebirth in one of the fortunate realms (sugatī) after death is uncertain. In this world, people who have no control over their legs cannot successsfully perform work that must be done with the legs. People who have no control over their hands cannot successfully perform work that must be done with the hands. People who have no control over their speech cannot successfully perform work that must be done with speech. People who have no control over their minds cannot successfully perform work that must be done with the mind. The work of meditation must be performed solely with the mind. Hence it is that worldlings, both laity and Saṅgha, who have no control over their minds cannot successfully practise meditation. Their efforts are mere imitations.

Clicking here you can link to the full text of Ledi Sayadaw in ‘A Manual of Respiration’

Read more...

" ဘ၀ထဲက ဘာဝနာ "

aturday, 17 July 2010 00:50 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

ဗုဒ္ဓဘာသာဝင်တွေရဲ့နေ့စဉ် ကုသိုလ်ကိစ္စတွေဆိုတာ ဒါန(စွန့်လှူခြင်း) သီလ(ကိုယ်နဲ့နှုတ် စောင့်စည်းခြင်း)နဲ့ ဘာဝနာ(ပွားများအားထုတ်ခြင်း)တို့ပဲဖြစ်တယ်ဆိုတာ အားလုံးသိကြပါတယ်။

ဘုရားရှင် လက်ထက်ကတော့ ရဟန်းတော်တွေဟာ ဗုဒ္ဓထံမှာ ကမ္မဋ္ဌာန်း တောင်းခံပြီး မိမိတို့နဲ့ သပ္ပါယဖြစ်စေမယ့် တော အရပ် တွေမှာသွားပြီး တရားအားထုတ် ကြပါတယ်။ အရည၀ါသီ- တောရမီလို့ ဆိုကြပါတယ်။

အဲဒါကို အတုယူကြကာ ရှေးတုန်းက ဆရာတော်ကြီး များဟာ တောရ ဆောက်တည်ပြီး တရား အားထုတ်ကြတယ်၊ရိုးသားစွာ တရား အားထုတ် ကြုခြင်းပဲ ဖြစ်ကြပါတယ်။ မာယာ သာဌေယျမရှိ၊ အလိုနည်းခြင်း အပ္ပိစ္ဆဂုဏ်နှင့် ပြည့်စုံကြတယ်။ ရောင်ရဲခြင်း သန္တုဌီဂုဏ်နဲ့လည်း ပြည့်စုံကြပါတယ်။ (ပစ္စည်းအလိုနည်းခြင်းနဲ့ မိမိတို့ တရားအားထုတ် နေတာကိုပင် လူသိမှာ မလိုလား ခြင်းကို အပ္ပိစ္ဆတာဂုဏ်လို့ ခေါ်ပါတယ်။)

ဘာဝနာကုသိုလ်ကို အားလပ်ရက်ဖြစ်တဲ့ သင်္ကြန်၊ အောက်တိုဘာ ဟောလီးဒေးနဲ့ ဒီဇင်ဘာ လကုန်ရက်တွေမှာ ဗုဒ္ဓဘာသာဝင် လူငယ် လူကြီးအများစု ရိပ်သာဝင်ပြီး ဒုလ္လဘရဟန်းဝတ်နဲ့ တစ်မျိုး၊ သီလရှင်ဝတ်နဲ့တစ်ဖုံ၊ လူဝတ်ကြောင် ယောဂီအဖြစ်နဲ့တ၀ တရားအားထုတ်လာ ကြပါတယ်။

တရားစခန်းခေါ် ရပ်သာများကလည်း တစ်နှစ်ပတ်လုံး၊ တစ်လ၊ နှစ်လ၊ တစ်ပတ်၊ ကိုးရက် စသဖြင့် တရားအားထုတ် ရက်များကို သတ်မှတ်ပြီး အားထုတ်စေကြပါတယ်။

ဝမ်းမြောက်ဖွယ် သာဓုခေါ်ဖွယ်တွေဘဲ ဖြစ်ပါတယ်။ ယခုဆို နယ်ရော၊ မြို့တော်ကြီးတွေ မှာပါ ဘာနာလို့ဆိုတဲ့ ကုသိုလ် ခရီးဟာ အတော်ကို ခရီးတွင်နေပါပြီ။

အမှန်တကယ် ကိုယ်တိုင်လည်း အားထုတ်ပြီး ကမ္မဋ္ဌာန်းတရားကို ကျကျနနပြသပေးကြတဲ့ ဆရာတော်များ၊ ကမ္မဋ္ဌာန်း ဆရာများရဲ့ ကျေးဇူးတော်ကြောင့်၊ အချို့အရပ်တွေဆို အသောက် အစား ခုံမင်ကြတဲ့ ဒကာများပင်လျှင် တရားစခန်းမှ ထွက်တော့ အသောက်အစား ကင်းသွား ကြတာတွေကိုပါ ကြားသိရတော့ တရားထူးတရားမြတ်ကို မသိစေဦးတော့ အတော်ကို အကျိုး ရှိလှပါတယ်။ အိမ်ပြန်ရောက်တော့လည်း နေ့စဉ်အချိန်တစ်ချိန် သတ်မှတ်လို့ အားထုတ်ဖြစ်နေ ကြတာကိုလည်း သိရပါတယ်။ အကျိုးကြီးတယ်လို့ဘဲ ပြောရမှာပါ။

ဒါဟာ တရားတော်ကို ပြသပေးတဲ့ဆရာရဲ့ ကိုယ်တိုင်သိ ဓမ္မစွမ်းအားနဲ့ မေတ္တာပေါင်းစပ်မိပြီး ယောဂီ သူတော်စင် ထိတွေ့ခံစားရလို့ဘဲ ဖြစ်ပါတယ်။

သဘာဝအားလျော်စွာ အရသာကို ပြည့်ပြည့် ၀၀ ခံစားမိရင် ထိုအရသာကို စွဲမက်စေပါ တယ်။ ရိပ်သာထဲမှာ တရားထား ခဲ့သူများကတော့ ဓမ္မအရသာကို ထိထိမိမိ မခံစားခဲ့ရဘူးလို့ပဲ ပြောရတော့မည်။

စာရေးသူတို့ရဲ့ ဗုဒ္ဓဘာသာကို ထေရ၀ါဒလို့ ဆိုရပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီး ဗုဒ္ဓရဲ့ မျက်မှောက် မရှိတော့တဲ့ နောက်မှာ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ၊ အရှင်ဥပါလိ၊ အရှင် အနုရုဒ္ဓါစတဲ့ မထေရ်မြတ်တွေက ဘုရားရှင်ရဲ့ တရားတော်တွေကို ဆက်လက် လက်ဆင့်ကမ်း သယ်ဆောင်ပေးခဲ့တာမို့ “ထေရ၀ါဒ” လို့ ခေါ်ဆိုရခြင်းပဲ ဖြစ်ပါတယ်။

ထေရ၀ါဒဆိုတာ ဘုရားရှင်ဟောခဲ့တဲ့ တရားတော်တွေလို့ အသေအချာ မှတ်သားကြရ ပါမယ်။

စာနယ်ဇင်းတွေမှာ ဗေဒင်၊ ယတြာ၊ ဓာတ်ရိုက်၊ ဂါထာ၊ မန္တရား၊ ဘိုးတော်၊ မယ်တော်၊ နတ်စတာတွေကို ကိုးကွယ် ယုံကြည်ခြင်းဟာ ထေရ၀ါဒနဲ့ မညီဘူးဆိုပြီး ပြင်းထန်တဲ့စကားလုံး တွေနဲ့ ထုချေနေကြတာတွေကိုလည်း ဖတ်ရပါရဲ့။

ပိဋကတ်မှာ အမှန်ဆိုတာက ထိုတို့ကို အားကိုးယုံကြည်ခြင်းသည် ကမ္မဿကတာသမ္မာဒိဋ္ဌိ (ကံသာလျှင် ကိုယ်ပိုင် ရှိတယ်ဆိုတဲ့ အသိ) မဟုတ်ဘူး။ မိစ္ဆာဒိဋ္ဌိ(လွဲမှားတဲ့အသိ၊ ဖောက်ပြန်တဲ့ အမြင်)ဟူ၍သာ ဆိုထားခြင်းဖြစ်ပါတယ်။ မယုံရဘူးလို့တော့ တိုက်ရိုက်အဆိုမရှိပါဘူး။ ရဟန်း တော်များကို ဒါတွေနဲ့ ပစ္စည်းလေးပါးအတွက် လုပ်ကိုင် စားသောက် နေရင်တော့ မိစ္ဆာဇီဝ မှားယွင်း အသက်မွေးမှု၊ အနေသန- ရဟန်းတော်များနဲ့ မအပ်စပ်တဲ့ ရှာဖွေမှု၊ ကုလဒူသန- သာသနာ ကို အမှန်ယုံကြည်သူ ဒကာ၊ စကာမတွေရဲ့ သဒ္ဓါတရားဖျက်ဆီးမှု အာပတ် သင့်ပါတယ်။ ကြီးမားတဲ့ အာပတ်တော့ မဟုတ်ပြန်ပါဘူး။

ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အရာတွေမှာ ဘယ်အရာမျိုးကိုမဆို ထေရ၀ါဒနဲ့ညီညွတ်ဖို့ အထူးလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဗုဒ္ဓအဆုံးအမတော် ဓမ္မရိပ်ခိုခြင်းဟာ ၀ိမုတ္တိရသ (ဘ၀လွတ်မြောက်မှု ရသကို) ခံစားဖေဖို့ဖြစ်တော့ ထေရ၀ါဒနဲ့ မညီရင် ၀ိမုမ္တိရသနဲ့ ဝေးသွားမှာ သေချာနေလို့ပါပဲ။ ဒါကြောင့် ဘာဝနာပွာများအားထုတ်ခြင်း ကိစ္စမှာလည်း ထေရ၀ါဒလာ ပိဋကတ်တော်တွေနဲ့ ညီညွတ်စေဖို့ကို ပိုပြီးလိုအပ်၍ အထူးအလေးထားပြီး ဟောပြောပေးကြ ရပါမယ်။ မိမိတို့ကိုယ်တိုင်ပင် အားထုတ်နေတဲ့ ဘာဝနာကုသိုလ်ဟာလည်း ထေရ၀ါဒနဲ့အညီ ဖြစ်စေကြရပါမယ်။ ဗုဒ္ဓသာသနာနဲ့ ကြုံတွေ့ခွင့်ရခြင်းရဲ့ အဓိကဟာ ဘာဝနာကုသိုလ်အားထုတ်ဖို့ ဖြစ်လို့ပါ။ သာသနာပနဲ့ အခြားသာသနာတွေမှာလည်း ကိုယ်ကျင့်သီလနဲ့ ပိုင်ဆိုင်မှု စွန့်လွတ် ခြင်း ဒါနတို့ ရှိနေပါတယ်။

ဘုရားရှင်သည်ပင် ဒုက္ကရစရိယာဖြင့် မမှန်လမ်းကို လျှောက်လှမ်းမိ၍ အကျိုးမပြီး အချည်းနှီး ဖြစ်ခဲ့ရတဲ့ (၆)နှစ်ကို မိမိတို့အတွက် စံနမူနာ ယူကြရမယ့် အရာသာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာဝနာကိစ္စဟာ ပိုပြီးထေရ၀ါဒ စစ်စစ် ဖြစ်ရန် အရေးကြီး လှပါတယ်။

ရှေးတုန်းက ဆရာတော်ကြီးများ ကမ္မဋ္ဌာန်း ဆရာကြီးများဟာ နှစ်ပေါင်းများစွာ ကိုယ်တိုင် ကိုယ်ကျ အားထုတ်ပြီးပါမှ ဓမ္မရဲ့အေးချမ်းတဲ့ သန္တရသကို လူသားများ ထိတွေ့ခံစားနိုင်ရန် မေတ္တာ၊ ကရုဏာတော်တို့ဖြင့် ဟောပြောပေးကြတာ ဖြစ်ပါတယ်။

ယနေ့ခေတ် နွေရာသီနဲ့ အားလပ်ရက်တွေမှာ မပြတ်လပ်အောင် တရားစခန်းများကို သတင်းစာများမှာ ကြော်ငြာနဲ့ခေါ်ပြီး ဖွင့်နေရကြတာတွေ ရိပ်သာတွေမှာလည်း ကြပ်ညပ် စည်ကားနေတာတွေကို မြင်နေကြရမှာပါ။

များလာတဲ့အခါမှာ သဘာဝအားလျှော်စွာ မလျော်ကန်တဲ့ လွန်ကျူးမငတွေ၊ အကြံအဖန် ရှာကြံမှုတွေ၊ လုပ်စားခြင်းတွေ၊ အတုအယောင်တွေ (စာအလို ၀ီတိက္ကမ)ဖြစ်လာတတ်ပါတယ်။

ကိုယ်တိုင်လည်း အားမထုတ်ဘူး ပိဋကတ်တော်ကိုလည်း တတ်မြောက်ခြင်းမရှိ၊ ဆရာရဲ့ ဥပနိဿယကို အာဂုံကျက်ပြီး၊ ဘာနည်း ညာနည်းဆိုတဲ့ တံဆိပ်ကပ်ပြီး ဂွင်ချက်တဲ့ အလုပ်ပေး တရားဟောပြောခြင်းမျိုးမှာ အမှားအယွင်းတွေ ရောထွေး သွားတတ်ပါတယ်။

ဒါ့အပြင် ထေရ၀ါဒနဲ့အညီ အမှန်အကန်အားထုတ်ထားတဲ့ ယောဂီများကလည်း တရား ပေနေတဲ့ ကမ္မဋ္ဌာန်းဆရာမှာ သေသေချာချာ အားထုတ်ထားခြင်းမရှိတာကို သိနေကြတော့ သာသနာကို အထင်သေး သွားပါတော့တယ်။ ဒီထက်ပိုဆိုးတာကတော့ လောဘ ဒေါသ နည်းအောင်၊ ပါးအောင် အားထုတ်ရတဲ့ ဘာဝနာကိစ္စမှာ လောဘစွန်း၊ ဒေါသစွန်းတွေထင်ပြီး ထွက်နေတတ်ပါတယ်။ (ဥပမာ-အကြောင်းပြ လွန်ကဲစွာ အလှူခံခြင်းမျိုး၊ ဆူငေါက်နေတာမျိုး)

ဒါကြောင့် ဒကာ၊ ဒကာမတွေ အများအပြား အားထုတ်လာကြတဲ့ ဒီလိုအချိန်မျိုးမှာ ပိဋကတ် တတ်တဲ့ ဆရာတော်တွေ တရားပြပေးခြင်းဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါမှ ပိဋကတ်နဲ့ညီ ညွတ်ပြီး ဗုဒ္ဓအလိုတော်ကျ ထေရ၀ါဒတရား အားထုတ် နည်း စစ်စစ်ဖြစ်မှာ။

တရားပြတဲ့ ကမ္မဋ္ဌာန်းဆရာအချို့က ပြောကြပါတယ်။ စာသိက တခြား၊ ကိုယ်တိုင် အားထုတ် သိက တခြားတဲ့။ ဒါကြောင့် စာနဲ့လာ မပြောနဲ့တဲ့။ သေချာ အားထုတ်ထားရင် ယောဂီရဲ့ ဓမ္မအသိအမြင်ဟာ ပိဋကတ်နဲ့ တစ်ထပ်တည်းဖြစ်နေတာကို ကမ္မဋ္ဌာန်းဆရာ မသိတာ ကြေကွဲစရာပါပဲ။

ဒကာ ဒကမတွေ အများစုက ပိဋကတ်တော်နဲ့ အလှမ်းဝေးကြတော့ ပုထုဇဉ်ပီပီ နှစ်နှစ် ခြိုက်ခြိုက် အသေစွဲကိုင် အားထုတ်နေမယ်ဆိုရင် မျှော်မှန်းတဲ့ ၀ိပဿနာဉာဏ်ကို မရတဲ့အပြင် အစွဲကြောင့်ပင် အပါယ်ဘေးက မလွတ်နိုင်ပဲလည်း ဖြစ်တတ်ပါတယ်။ သတိထားကြရပါမယ်။ တရားအားထုတ်ကြတယ်ဆိုတာ အစွဲဒိဋ္ဌိစင်ဖို့ဖြစ်တာကို မေ့ဖို့မသင့်။

အစွဲမထားကြပါနဲ့ စစ်မှန်တဲ့ တရားအားထုတ်နည်း ဘယ်နည်းနဲ့ပဲ အားထုတ် အားထုတ် တရားသိဖို့ မျှော်မှန်းတဲ့ ၀ိပဿနာ ဉာဏ်နဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတဲ့ လိုတာကို ရဖို့က အဓိကဖြစ်တယ်ဆိုတာကို ယောဂီတို့အား ပြောပေးသင့်ပါတယ်။ ကုလမစ္ဆရိယ ဖြစ်မနေသင့်။ အမှန်တရား သိသူတွင် ဓမ္မမစ္ဆရိယမရှိ။ (မိမိကို ကိုးကွယ်သူ ဒကာ၊ ဒကာမ အခြားသူကို ကိုးကွယ်မှာကို စိုးရိမ်မှု ကုလမစ္ဆရိယ)

အပြစ်ပြောခြင်း မဟုတ်ပါ၊ တရားအစွဲနဲ့ မဟုတ်ဘဲ ရိပ်သာစွဲနဲ့ တရားစခန်းဝင်နေကြတဲ့ ယောဂီတွေကို မြင်နေ ကြားနေ သိနေကြတယ် မဟုတ်ပါလား။

“ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်” လို့ဆိုပေမယ့် တရားအားထုတ်ရာမှာတော့ ခင်မှုသံယောဇဉ် အမျှင်တန်းနဲ့ပဲ အစွဲအလမ်းဥပါဒါန် ဖမ်းဆုတ်မှုကို ရှင်ခန်းဖြတ်ဖို့အတွက် အားထုတ်ခြင်း ဆိုတာကို ယောဂီ သူတော်စင်များကလည်း မေ့မထားသင့်ပါဘူး။

ဒါအပြင် အယူစင်ကြယ်မှ အပါယ်မလားမှာ ရိပ်သာကပြန်လာတယ်၊ တရားကို မစွဲဘဲ ရိပ်သာကိုပဲ စွဲနေကြတာဟာ တိမ်းစောင်းတဲ့ လွဲမှားမှုပါ။ သတိထား ရပါလိမ့်မယ်။

“ရိပ်သာမှာ တရားမရှိ၊ ခန္ဓာမှာသာ တရားရှိဆိုတာ” အားထုတ်ဖူးကြတဲ့ ယောဂီတိုင်း သိကြ ပါတယ်။

ဘာလို့လဲဆိုရင် ရိပ်သာဆိုတာက အားထုတ်နည်းတွေ ဟောပြောပေးပြီး၊ အားထုတ်ကြရ တာ ကတော့ မိမိကိုယ်လို့ပြောနေတဲ့ ခန္ဓာဆိုတာ ရုပ် နာမ်ရဲ့ဖြစ်နေ၊ ပျက်နေဟန် သဘာဝ မှန်ကို စည်းချက်မှန် အဖန်ဖန်စေ့ငု သိအောင်မြင်အောင် ရှုသိကြရတာ ဖြစ်လို့ပါပဲ။

ဒါကြောင့် “ဘ၀ထဲက ဘာဝနာ”လို့ ဆိုရတာပေါ့။

ဒါဆို ဘာလို့ တရားစခန်းသွားကြတာလဲပေးရင်-----

လူမှုကိစ္စတွေ ခေတ္တ ခွာရှောင်ပြီး လူနဲ့မြို့၊ ရွာအူသံ မဆူညံပဲ တိတ်ဆိတ်ငြိမ်သက်တဲ့ အရပ်မှာ အေးချမ်းစွာ တရားကို ရှာမှီးချင်လို့ပဲ ဖြစ်ပါတယ်။ ၀ိဝေကသုခ (ငြိမ်းသက်ခြင်းချမ်းသာ)နဲ့ နိက္ခမဓာတ် (အနှောင်အဖွဲ့တို့မှ ထွက်ခွာလာခြင်း)တို့ အကူရရင် အားထုတ်ရတာ ပိုပြီး တရား အသားတက်တတ်ပါတယ်။

တရားအားထုတ်နည်းကို သိထားရင် အိုးမကွာ အိမ်မကွာ တရားအားထုတ်လို့ ရပါတယ်။ ဘုရားလက်ထက် အရိယာ သူတော်ကောင်းတွေ အိုးမကွာ အိမ်မကွာ စီးပွားရှာ မပျက်ဘဲနဲ့ တရားထူးရကြပါတယ်။ ၀ိသာခါကျောင်းအမ(၇)နှစ် သမီးမှာ သောတာပန်အရိယာ ဖြစ်ပါ တယ်။ (၁၆)နှစ်မှာ အိမ်ထောင်ကျတယ်။ သားသမီး(၂၀)မွေးပါတယ်။ လေဥတစ်ယောက်မှ မပါ ပါဘူး။ မြေးမလေးသေတော့ ကျောင်းအမ မျက်ရည်မဆယ်နိုင်ဖြနေလို့ ဘုရားက တရား ပြရပါတယ်။ အနာထပိဏ်သူဌေး စီးပွားပျက်စီးလို့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်ရပါတယ်။

အများစုက အိုးပစ် အိမ်ကွာမှ၊ တရားအလုပ် လုပ်လို့ရတယ်လို့ ထင်နေကြပါတယ်။ အမှန် တော့ အိုးမကွာ၊ အိမ်မကွာ၊ စီးပွားရှာလျက်နဲ့ တရားရသွားကြသူတွေ၊ အရိယာအဖြစ်နဲ့ဘဲ အိုးအိမ် ဇနီး မယား စီးပွားတွေနဲ့ နေသွားကြသူတွေ ဘုရား လက်ထက်မျာ ရဟန်းတွေထက် များပါတတယ်။

ဒါကြောင့် တရားအားထုတ်ခြင်းတွေမှာ အသိတိမ်နေတတ်တာလေးတွေကစလို့ စင် ကြယ်ပြီး ထေရ၀ါဒနဲ့ညီတဲ့ တရား အားထုတ်နည်းများကိုသာ တစ်ရစ်ခြင်း ယောဂီများ အားထုတ်ဖြစ်ဖို့ ကမ္မဋ္ဌာန်းဆရာများက အလေးထားပြီး ဟောပေးကြရမှာ ဖြစ်ပါတယ်။ တစ်ချို့ ကမ္မဋ္ဌာန်းဆရာများက ပရိယတ်မသိတော့ အာစရိယ ဥပနဿယကိုပဲ အသေဆုပ်ကိုင် ပုံစံခွက်နဲ့ ဟောတတ်ကြပါတယ်။

အလုပ်ပေးဒတရားတော်များ ဟောကြားရာမှာ-

ဗုဒ္ဓဒေသနာတော်များက ဝေနေယျသတ္တ၀ါများစွာတို့ရဲ့ အလိုနဲ့အကြိုက်၊ စရိုက်နဲ့ဉာဏ်လို့ ဆိုတဲ့ အဇ္ဈာသယအလိုက် ဟောထားတာဖြစ်တဲ့အတွက် ကျယ်ဝန်း များပြားလှပါတယ်။

ဆရာသခင် အားထုတ်ခဲ့တဲ့နည်းကလည်း ဆရာရဲ့ ထက်မြက်တဲ့ဉာဏ်နဲ့ ဆရာသိတဲ့ တရား အသိဟာ ဆရာသိသလို တပည့်များက အားထုတ်ဆဲ ကာလမှာ သိပုံအချင်းအရာ တစ်ထပ် တည်း ကျမည်မဟုတ်ပါဘူး။

တမဂ်တစ်ဖိုလ်ဆိုက်ပါမှ သစ္စလေးပါးကို သိတဲ့အသိခြင်း၊ အမြင်ခြင်း တူသွားကြတာ ဖြစ်ပါတယ်။ သစ္စာသိတဲ့ဉာဏ်ကို “ပဋိဝေဓဉာဏ်”လို့ ခေါ်ပါတယ်။ ပညတ်ကို ထွင်းဖောက် ၍ ပရမတ္ထကို သိတဲ့အသိလို့ မှတ်သားပါ။

ဒါကြောင့်-- ဗုဒ္ဓဒေသနာတော်နဲ့ အာစရိယဥပနိဿယကို မှီ၍ မိမိကိုယ်တိုင် ကိုယ်ကျ ပွားများ အားထုတ်နေတဲ့ ကိစ္စတွင် လိုရင်းမျှကိုသာ စာသိ ကိုယ်ပိုင်အားထုတ်သိ နှစ်သိဖြင့် ပေါင်းစပ်ဟောကြားပြေးပြီး ယောဂီများကို အားထုတ်စေသင့်ပါတယ်။

ယောဂီများကလည်း တရားအားထုတ်မယ်ဆိုရင် ပိဋကတ်နဲ့ အလှမ်းကွာသူများဖြစ်ကြလို့ ကမ္မဋ္ဌာန်းဆရာထံမှာ မလွဲမသွေ နည်းခံကြရပါလိမ့်မယ်။

ယထာဘူတဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော။

ထင်ရှားတဲ့အတိုင်း ဖြစ်နေတဲ့အတိုင်း သိနိုင်တဲ့ ၀ိပဿနာဉာဏ်အတွက် ကိုယ်တိုင်ကိုယ်ကျ အားထုတ်ဖူးတဲ့ ကမ္မဋ္ဌာန်းဆရာကို ရှာမှီးထိုက်တယ်လို့ ဗုဒ္ဓက ခိုင်မာစွာ အမှာတော်ထားခဲ့ ပါတယ်။

ဧကစ္စခီဏာသ၀တော ဗဟုသုတော ကမ္မဋ္ဌာနဒါနေ သေယျော။

အချို့ ရဟန္တာပုဂ္ဂိုလ်ထက် ပရိယတ်ကျမ်းဂန် တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်ဟာ ကမ္မဋ္ဌာန်း(အလုပ်ပေး) တရား ဟောပြရာတွင် သာလွန်၏-တဲ့။ ကဲ ဒါထက် သေချာတာ ဘာရှိ တော့မှာလဲ။

ဤဒေသနာတို့ကို ထောက်ဆပါက ပရိယတ်လည်း ကျွမ်းကျင်၊ ကိုယ်တိုင်လည်း တရား အားထုတ်တဲ့ ကမ္မဋ္ဌာန်း ဆရာရဲ့ထံမှာ နည်းခံ၍ အားထုတ်ခြင်းဟာ အကောင်းဆုံးပါပဲ။

အချိန်မှန်မှန် တရားအားထုတ်လာတဲ့အခါမှာ သိရာရှုစရာများကို ခန္ဓာက ပြလာ တတ်ပါတယ်။ ထိုအခါမှ စာသိ(ပရိယတ်အသိ)ကို သိချင်ပါက ကမ္မဋ္ဌာန်းဆရာကို မေး လျှောက်ရင်ပိုပြီး နက်နက်ရှိုင်းရှိုင်းနဲ့ အသိရှင်းပါတယ်။ ဘာမျှ အားမထုတ်ရသေးပဲနဲ့ သိနေတဲ့ စာအသိဟာလည်း မလေးနက်လှပါဘူး။ ကိုယ်ပိုင်အားထုတ်သိ မပါသေးလို့ပဲ ဖြစ်ပါတယ်။

တရားနာလို့သိတဲ့ နာသိ၊ စာဖတ်လို့သိတဲ့ စာသိ၊ ကိုယ်တိုင်ကိုယ်ကျ အားထုတ်လို့သိတဲ့ ပွားသိတို့ရဲ့ ထူးခြားလေးနက်မှုဟာ ကိုယ်တိုင်အားထုတ်ပါမှ ကွဲပြားမှာပါ။ တထပ်တည်း မကျနိုင်ပါဘူး။ အဘယ်ကြောင့်ဆိုသော် တရားတော်ကိုက သန္နဋ္ဌိကဓမ္မမို့လို့ပါ။ (သန္နိဋ္ဌိက- ကိုယ်တိုင်မဖောက်မပြန် အမှန်သိရတဲ့တရား)

တရားလုံးဝ မနာဖို့ကို ဆိုလိုတာမဟုတ်ပါဘူး။ တရားနာခြင်းဖြင်း ကြားနာသိ သုတမယ ဉာဏ်နဲ့ ပွားများအားထုတ်သိ ဘာဝနာမယဉာဏ်ကို အချိုးညီ၊ ပေါင်းစပ်၍ အားထုတ်ကြရမှာ ပါ။ အများကြီးကို ကြားနာရန် မလိုတာကို ပြောလိုရင်းဖြစ်ပါတယ်။

ဗုဒ္ဓဉာဏ်တော်နဲ့ ဆရာတော်ကြီးများရဲ့ ဉာဏ်တော်ကို ယောဂီတိုင်း လိုက်မီဖို့ မဖြစ်နိုင်တဲ့ အတွက် ၀ိပဿနာအရာမှာ လိုအပ်သလောက် ယောဂီများ လိုက်နိုင်သလောက်ကို မသိရင် မဖြစ်နိုင်တဲ့ အရာများကို ဘာဝနာကိစ္စအတွက် အလုပ်ပေးတရားတော်ကို ဟော ကြားပြသ ပေးရပါမယ်။

အနောတတ္ထရေအိုင်က ရေကို ချိုးလို သောက်လို သုံးလိုပါက မိမိထောက်တည်လို့ရတဲ့ ကမ်းစပ်အနီးမှာပင် စိတ်တိုင်းက ကျေနပ်အောင် ရေချိုးလို့ သုံးသောက်လို့ ရပါတယ်။ ရေအိုင်ရဲ့ အတိမ်အနက်၊ အကျယ်အ၀န်း၊ ရေအိုင်ဖြစ်ပေါ်လာပုံ ရာဇ၀င်ကို သိစရာမလိုပါဘူး၊ လိုရင်းက ရေကို စိတ်ရှိတိုင်း အားရပါးရ သုံးစွဲဖို့ပဲ မဟုတ်ပါလား။

အဲသလိုပါဘဲ ယောဂီများ ဘာဝနာအလုပ် အားထုတ်ကြရာမှာ ဘာဝနာဉာဏ် ဖြစ်ဖို့ကို လိုအပ်သလောက် သိရင် ကိစ္စပြီး ပါတယ်။ သမားဂုဏ် ပြနေစရာမလိုပါ။ ယောဂီရဲ့အလိုနဲ့ စရိုက်ကို မခန့်မှန်းနိုင်တဲ့အတွက် ပုံစံခွက်ထဲက အလုပ်ပေးတရား တွေချည်း မဖြစ်စေဘဲ၊ ပိဋကတ်လာ အလုပ်ေးတရားများကိုလည်း ဟောပြပေးရပါမယ်။

ထေရ၀ါဒနဲ့အညီ စစ်မှန်တဲ့ ဘာနာကိစ္စဖြစ်ရန် အလေးထားကြရပါမယ်။ လမ်းမှန်ပါမှ ရည်မှန်းချက်သို့ တိုက်ရိုက် ရောက်ပါတယ်။ ခရီးလည်းတွင်ပါမှ ဖြစ်ပါတယ်။

ပိဋကတ်ကို မတတ်ဘဲနဲ့ တရားထူးတရားမြတ်တွေကို သိမြင်သွားကြတဲ့ ပုဂ္ဂိုလ်ထူးတွေဟာ စာတတ်သူအရေအတွက်ထက်များပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် အားထုတ်နည်းမှန်လို့ပါ။ ဗုဒ္ဓအလိုကျ ထေရ၀ါဒ စစ်စစ်ဖြစ်လို့ပါ။

တရားအားထုတ်သူကို “ယောဂီ”လို့ခေါ်ပါတယ်။ အားမထုတ်ရင်တော့ “ယောဂီ”အတု၊ အင်ယောဂီလို့ ဆိုရမှာပါ။

အားထုတ်ရင်ဘာအကျိုးရလဲ။

အားထုတ်တဲ့ ဘာဝနာဉာဏ်မှသည် ထင်ရှားတဲ့အတိုင်း(ဟုတ်မှန်စွာ) ခန္ဓာရဲ့လက္ခဏာရေး သုံးပါးကို သိတဲ့ ၀ိပဿနာ ဉာဏ်ဖြစ်ပေါ်ကာ ထိုမှတစ်ဆင့်တက် မဂ်ဥာဏ် ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန် ကို မျက်မှောက်ပြုဖို့ အကျိုးအတွက် ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အရှိအတိုင်း ထင်ထင်ရှားရှား ဖြစ်နေတာကို ထင်ရှားခိုက် သိတဲ့ဉာဏ်ဟာ “ယထာဘူတဉာဏ်”ပါပဲ။

ထိုဉာဏ်ဖြစ်ပေါ်ဖို့ဆိုတာ အလိုလိုဖြစ်လာတာ မဟုတ်ပါဘူး။ စနစ်ကျစွာ အားထုတ်ရင်းနဲ့ အားထုတ်ဖန်များလာတဲ့ အတွက် တစ်ဆင့်ချင်း တစ်ရစ်ချင်း ခန္ဓာမှာရှိနေတဲ့ သဘာဝတရားနဲ့ အသိဉာဏ်ပေါင်းစပ်မိပြီး ပွင့်လင်းနိုးကြားတဲ့ အသိမျိုးဖြစ်ပါတယ်။

ထက်မြက်တဲ့ဉာဏ်ကြီးရှင် ခိပ္ပါဘိညပုဂ္ဂိုလ်များကြတော့လည်း တစ်ထိုင်တည်းနဲ့ ဉာဏ်ပွင့် လင်းတတ်ပါတယ်။ ဒါကြောင့် အားထုတ်ပွားများခိုက်မှာ တစ်ဦးနဲ့တစ်ဦး အသိအမြင် ဖြစ်ပေါ်မှုခြင်း မတူတတ်တာကို သိရပါတယ်။

ဗုဒ္ဓဒေသနာအလိုဆိုတဲ့ ထေရ၀ါဒလာ အားထုတ်နည်းများ၊ အာစရိယ ဥပနိဿယ (ဆရာရှင် အားထုတ်ခဲ့တဲ့နည်း) တွေနဲ့အညီ အားထုတ်ကြရင်တော့ “ထေရ၀ါဒ ယောဂီ”ဖြစ် ပါတယ်။ ဆရာသခင်ရဲ့ အားထုတ်ခဲ့တဲ့နည်းဟာလည်း ဗုဒ္ဓဟောခဲ့တဲ့နည်းတွေမှာ အကျုံးဝင် တယ်ဆိုတာ ယောဂီသိနေရပါမယ်။

ရိပ်သာထဲမှာ တရားကို မထားခဲ့ပဲ၊ အိုးမကွာ အိမ်မကွာ နေ့စဉ်လူနေမှုဘ၀ထဲမှာ တရား အားထုတ်လို့ရပါတယ်ဆိုတာ ကိုသိပြီး “ထေရ၀ါဒယောဂီ”ဖြစ်အောင်လည်း ကြိုးစားကြပါလို့ လည်း တိုက်တွန်းပါတယ်၊ ထေရ၀ါဒလာ တရားအားထုတ် နည်းများကို တဆင့်ချင်း ရေးသား သွားပါမယ်။

အရှင်ပညာသီဟာဘိဝံသ

(ပဉ္စနိကာယ်)

မှတ်ချက်။ မိမိ မန္တလေး ၀ိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ကျောင်းမှာ နေစဉ်က စာချတန်း စာဝါတက်ခဲ့ဘူး၊ ဆရာသမားဖြစ်တဲ့ ဆရာတော် အရှင်ပညာသီဟာဘိဝံသရဲ့ ဆောင်းပါးလေးကို အရမ်းနှစ်သက် သဘောကျလို့ ဓမ္မရိပ်မဂ္ဂဇင်း အယ်ဒီတာချုပ် ကိုယ်တိုင် သယ်ယူလာပြီး လှူဒါန်းတဲ့ ဓမ္မရိပ်မဂ္ဂဇင်းမှ ပြန်လည် တင်ပြလိုက်ပါသည်။

Read more...

မလေးရှားရောက် မြန်မာများပြဿနာ

မလေးရှားရောက် မြန်မာများ ကြုံတွေ့နေရသော ပြဿနာများ၌ သက်ဆိုင်ရာအေးဂျင့်များ၏
တာဝန်ယူဖြေရှင်းပေးနိုင်ခြင်းမရှိခြင်းမှာ အဓိကဖြစ်ကြောင်း မလေးရှား၌ နှစ်ရှည်ရောက်ရှိနေကြသော မြန်မာများနှင့် အေးဂျင့်အချို့က ပြောကြားခဲ့သည်။

မြန်မာနှင့် မလေးရှားဘက်မှ အေးဂျင့်များသည် မြန်မာအလုပ်သမားများဆီမှ ၀န်ဆောင်ခများယူကာ ခေါ်ယူပို့ဆောင်ပေးကြခြင်းဖြစ်ပြီး အဆင်မပြေမှုအများစုမှာ မလေးရှားရှိ အေးဂျင့်များ၏ လျစ်လျူရှုမှုများ၊ ပြဿနာတစ်စုံတစ်ခု ကြုံတွေ့ပါက အလုပ်သမားများအပေါ် တာဝန်ယူ ဖြေရှင်းပေးနိုင်မှု မရှိခြင်းတို့ကြောင့် မလေးရှားရောက် မြန်မာများမှာ အခက်အခဲများစွာ ရှိခဲ့ကြကြောင်း မလေးရှားရှိ စတီးစက်ရုံတွင် လေးနှစ် ကြာ လုပ်ကိုင်နေသော မြန်မာအ လုပ်သမားတစ်ဦးက ပြောပြခဲ့ပါသည်။

မြန်မာနိုင်ငံဘက်မှ အေးဂျင့်များသည် မလေးရှားရှိအေးဂျင့်နှင့် ချိတ်ဆက်ကာ အလုပ်သမားပို့ဆောင်ကြရာတွင် အချို့မှာ ရရှိသောအလုပ်နှင့် လစာကိုက်ညီမှု ရှိသော်လည်း အချို့ မှာ အေးဂျင့်ပြောသောလစာနှင့် လုပ်ကိုင်ကြရသော အလုပ်အကိုင်မတူညီခြင်းများ ကြုံတွေ့ကြရသည်။

မြန်မာအလုပ်သမားတစ်ဦးက ' ကျွန်မမောင်လေးတုန်းက သူလုပ်ရမယ်ဆိုတဲ့အလုပ်က ၀ရိန်၊ သူလုပ်ရတာ မြက်ရိတ်ရတယ်။ မလုပ်နိုင်လို့ စက်ရုံတာဝန်ရှိသူကို ပြောတော့ မရဘူးလုပ်ရမယ်ဆိုပြီး အတင်းအကြပ် ပြန်ပြောတယ်။ ဒါနဲ့ပဲ မလေးရှားက ကိုယ့်မြန်မာအေးဂျင့်ကို အကူအညီတောင်းတော့ သူနဲ့မဆိုင်ဘူးဆိုပြီး တာဝန်မယူနိုင်ဘူး ပြောတယ်။ ဒါမှ မလုပ်ချင်ရင် အလုပ်ထပ်ပြောင်းလို့ရတယ်။ ထပ်ပြောင်းမယ်ဆိုရင် ၀န်ဆောင်ခတော့ ထပ်ပေးရမယ်။ ကိုယ့် ပတ်စ်ပို့ကတော့ အရင်အလုပ်ရှင်က သိမ်းထားတော့ အလုပ်ပြောင်းတာနဲ့ Overstay ဖြစ်ပြီ။ ဒီလိုဖြစ်သွားရတဲ့ အလုပ်သမားတွေလည်း အများကြီး ပဲ' ဟု ပြောပြခဲ့သည်။

ယခုအခါ မလေးရှားသို့ မြန်မာနိုင်ငံမှ ဒေသခံစီးပွားရေး အသင့်အတင့်ရှိသည့်နယ်မြို့များမှ အများဆုံး သွားရောက်နေကြသည်ဟု သိရသည်။

"နယ်ဘက်က ဆိုတော့လည်း သူတို့မှာ ဒေသခံစီးပွားရေး အဆင်မပြေတော့ သွားချင်တာတစ်ခုတည်း ပဲသိပြီး Information အပြည့် ဘယ်တော့မှမရဘူး။ ပြီးတော့ စာချုပ်စာတမ်းနဲ့ လုပ်ကြတာမဟုတ်ဘဲ ယုံကြည်မှုတွေနဲ့ သွားတဲ့အခါ ဟိုဘက် က အေးဂျင့်က ကမောက်ကမ လုပ်ရင် ဒီဘက်ကအလုပ်သမားတွေလည်း အဆင်မပြေ၊ အေးဂျင့်လည်း မျက်နှာပျက်ရတယ်။ ကျွန်တော်တို့ အဓိက ကြုံနေရတဲ့ ပြဿနာကတော့ မလေးရှားဘက်မှာ နှစ်ရှည်နေထိုင်နေကြတဲ့ မြန်မာအေးဂျင့်တွေက ပြဿနာတစ်ခုခုဖြစ်ရင် ကိုယ့်မြန်မာအချင်းချင်းဘက်က တာဝန်ယူဖြေရှင်းပေးတာမျိုး မရှိကြတာပါပဲ" ဟု အေးဂျင့်လုပ်သက် ဆယ်နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့သူတစ်ဦးက ပြောပြခဲ့သည်။

မလေးရှားသို့ ရန်ကုန်ထက် နယ်ဘက်မှ အများဆုံးသွားကြပြီး ၀န်ဆောင်ခအနေဖြင့် ကျပ် ၁၀သိန်းနှင့် ၁၁ သိန်းကြား ကောက်ခံကြကာ ပြန်လည်ရရှိကြသော လုပ်ခလစာမှာ တစ်လလျှင်နှစ်သိန်းနှင့် သုံးသိန်းကြား ရရှိကြပြီး အကြွေးဖြင့် သွားရောက်လိုကြသူများကိုလည်း အေးဂျင့်များမှ ပို့ဆောင်ပေးကြရာ တစ်လလျှင် ကျပ်တစ်သိန်းနှင့် ညီမျှသည့်ငွေအား ရရှိသည့် လုပ်ခလစာထဲမှ ပြန်လည် ဖြတ်တောက်ခြင်းများ ရှိကြောင်း သိရသည်။
@Eleven Media Group

Read more...

ဒါန စကားဝိုင်း…

ပြဿနာ တစ်ရပ်ကို တစ်ဦးတစ်ယောက်တည်း စဉ်းစားအဖြေရှာခြင်းထက် အများဝိုင်း၍ ပြောဆိုဆွေးနွေး အဖြေရှာခြင်းက ပို၍ အကျိုးရှိလှ၏။ တစ်ခါတစ်ရံ မိမိသိသည့် အရာကို အခြားသူများ မသိနိုင်သကဲ့သို့ အခြားသူများ သိသည့်အရာကိုလည်း မိမိအနေဖြင့် သိနိုင်မည် မဟုတ်ပေ။ ထိုသို့သော အခြေအနေမျိုးတွင် အများပေါင်းစု၍ ဆွေးနွေး အဖြေရှာကြသည့်အခါ တစ်ဦးမသိသည့် အရာကို တစ်ဦးက သိနေနိုင်မည် ဖြစ်သဖြင့် အဖြေက ပေါ်ထွက်လာတတ်၏။ ထို့ကြောင့်ပင် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း အစည်းအဝေးများနှင့် လွတ်လွတ်လပ်လပ် ပြောဆိုနှီးနှောခြင်း စကားဝိုင်းများကို အများပေါင်းစု၍ ပြုလုပ်ကြခြင်း ဖြစ်ပေ၏။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်ကလည်း ထိုသို့သော စကားဝိုင်းများဖြင့် ပြဿနာများကို အဖြေရှားပေးခဲ့ရဖူး၏။ ဗုဒ္ဓလက်ထပ်က ပြဿနာရှာ၍ အမေးမြန်းထူးသူများတွင် လူပုဂ္ဂိုလ်များထက် နတ်ဒေ၀တာများက ပိုများလှ၏။ ယခုလည်း ဒါနနှင့်ပတ်သက်သည့် စကားဝိုင်းကို မြတ်စွာဘုရားထံမှောက် အရောက်သွားကာ နတ်ဒေ၀တာများက စတင်ဖန်တီးကြပြန်၏။

မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူစဉ်က ဖြစ်ပါ၏။ ညဥ့်ဦးယံကို လွန်ပြီး သန်းခေါင်ယံ အချိန်ခန့်တွင် ဇေတ၀န်ကျောင်းတော်ကြီး တစ်ခုလုံးအား အရောင်အလင်းများ တောက်ပစေလျက် နတ်သားအများ ရောက်ရှိလာခဲ့ကြ၏။ ဘုရားထံမှောက် ရောက်ကြသည့်အခါ မြတ်စွာဘုရားရှင်အား ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်လျှောက်ပတ်သည့် နေရာတစ်ခုတွင် ရပ်တည်ကာ နတ်သားတစ်ယောက်က စတင်ပြီး စကားဝိုင်းကို အစပြုလိုက်၏။

ထိုနတ်သားက “မြတ်စွာဘုရား… ၀န်တိုမှု မစ္ဆေရ၊ မေ့လျော့မှု ပမာဒဆိုတဲ့ ဒီအကြောင်း နှစ်ပါးကြောင့် (သတ္တ၀ါတွေဟာ) အလှူဒါနကို မပေးလှူတတ်ကြပါ ဘုရား၊ အမှန်တော့ ကောင်းမှုကို အလိုရှိပြီး ကောင်းမှုရဲ့ အကျိုးကိုသိတဲ့ ပညာရှိဟာ အလှူကို ပေးလှူသင့်ပါတယ် ဘုရား..” ဟု လျှောက်ထားဆွေးနွေးလိုက်၏။

ထိုအခါ အခြားနတ်သား တစ်ယောက်ကလည်း “ အရှင်ဘုရား.. ၀န်တိုမှု မစ္ဆေရ ရှိသူဟာ ဘေးတစ်ခုခုကို ကြောက်ပြီး မပေးကမ်း မလှူဒါန်းပဲ ရှိတတ်ပါတယ်၊ အဲဒီလို မပေးမလှူမှုကပဲ ကြောက်မက်ဖွယ် ဘေးအဖြစ် သူ့ကို တွေ့ထိစေပါတယ်၊ ၀န်တိုမှု ရှိတဲ့သူဟာ ဆာလောင်မွတ်သိပ်မှုကိုလည်း ကြောက်တတ်ပါတယ်၊ အဲဒီလို သူကြောက်တဲ့ ဆာလောင်မွတ်သိပ်မှုကပဲ ပစ္စုပ္ပန် တမလွန်မှာ သူ့ကို တိုက်ရိုက်တွေ့ထိမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ၀န်တိုမှုကို ပယ်ဖျောက်ပြီး ၀န်တိုမှု အညစ်အကြေးကို နှိပ်နင်းကာ အလှူကို ပေးလှူရပါမယ်၊ တကယ်တော့ ကောင်းမှုဆိုတာ တမလွန်လောကမှာ သတ္တ၀ါတွေရဲ့ တည်ရာပဲ ဖြစ်ပါတယ် ဘုရား…” ဟု လျှောက်ထားလာ၏။

ထိုသို့လျှောက်သည့်အခါ အခြားနတ်သား တစ်ယောက်ကလည်း “မြတ်စွာဘုရား… ခရီးသွားသူတွေဟာ ခရီးသွားဖော် အချင်းချင်း ပါလာကြတဲ့ ရိက္ခာတွေကို နဲနဲပဲဖြစ်ဖြစ် ခွဲခြမ်းဝေဖန်ပြီး မျှဝေပေးကြသလို သံသရာခရီးသွား သူတွေဟာ သံသရာ ခရီးသွားဖော် အချင်းချင်း နဲနဲပဲဖြစ်ဖြစ် ပေးလှူဖွယ်ရာကို ခွဲခြမ်းဝေဖန်ကာ ပေးလှူကြဖို့ လိုပါတယ်၊ အဲဒီလို ပေးကမ်းလှူဒါန်း သူတွေဟာ သေသူတွေထဲက မသေသူတွေ ဖြစ်ကြပါတယ်၊ ဒါဟာ ရှေးအစဉ်အလာ ဖြစ်ပါတယ်။ တစ်ချို့က မချမ်းသာပေမယ့် ရှိတဲ့အရာလေးအပေါ်မှာပဲ တတ်နိုင်သမျှ ခွဲခြမ်းပြီး ပေးလှူတတ်ကြပေမယ့် တစ်ချို့ ချမ်းသာကြွယ်ဝ သူတွေကတော့ ဘာတစ်ခုမှကို ခွဲခြမ်းဝေဖန်ပြီး မပေးလှူတတ်ကြပါ၊ နဲပေမယ့် ခွဲဝေပေးလှူတတ်တဲ့ အလှူဟာ ချမ်းသာသူတွေရဲ့ အလှူတစ်ထောင်နဲ့ ညီမျှပါတယ်၊ ချမ်းသာသူတွေရဲ့ တန်ဘိုးကြီး အလှူတွေနဲ့ မရှိရှိတာ ခွဲဝေလှူဒါန်းသူတွေရဲ့ အလှူကို အညီအမျှ နှိုင်းယှဉ်နိုင်ပါတယ် ဘုရား…”ဟု လျှောက်ထားပြန်၏။

ထိုအခါ နောက်ထပ် အခြားနတ်သား တစ်ယောက်ကလည်း “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား… ပေးလှူနိုင်ခဲတဲ့အရာကို ပေးလှူသူတွေရဲ့ ပေးလှူမှုမျိုး၊ ပြုလုပ်နိုင်ခဲတဲ့ ကောင်းမှုကံကို ပြုလုပ်သူတွေရဲ့ ပြုလုပ်မှုမျိုးကို သူတော်ကောင်းမဟုတ်တဲ့ သူမိုက်တွေဟာ အတုလိုက်ပြီး မပြုလုပ်နိုင်ကြပါ၊ သူတော်ကောင်းတို့ရဲ့ တရားဟာ အတုလိုက်ဖို့ ခဲယဉ်းလှပါတယ်။ ဒါကြောင့် သူတော်ကောင်းနဲ့ သူမိုက်တို့ရဲ့ လားရာဂတိဟာလည်း ကွဲပြားပါတယ်၊ သူမိုက်တွေဟာ ငရဲသို့ ကျရောက်တတ်ပြီး သူတော်ကောင်းတွေကတော့ နတ်ပြည်သို့ လားကြရပါတယ် ဘုရား…”ဟု လျှောက်ထားလာ၏။

ထိုအခါ အခြား နတ်သားတစ်ယောက်က မြတ်စွာဘုရားထံ လက်အုပ်ချီကာ “မြတ်စွာဘုရား… အခု လျှောက်ထားသွားကြတဲ့ နတ်သားတွေရဲ့ လျှောက်ထားချက်များမှာ ဘယ်သူရဲ့ လျှောက်ထားချက်စကားက ပိုပြီးကောင်းမွန် သင့်မြတ်ပါသလဲဘုရား..”လို့ မေးလျှောက်ရာ မြတ်ဗုဒ္ဓက “လျှောက်ထားကြတဲ့ နတ်သားအားလုံးရဲ့ စကားတွေဟာ အကြောင်းပရိယာယ်အနေဖြင့် ကောင်းမွန်သင့်မြတ်တဲ့ စကားများပဲ ဖြစ်ပါတယ်…”ဟု ဆိုတော်မူလေ၏။

ဆက်လက်ပြီး မြတ်စွာဘုရားရှင်က “တစ်ချို့သူများဟာ သားမယားကိုလည်း လုပ်ကျွေးမွေးမြူပြီး မရှိရှိတဲ့ အရာလေးတွေ အပေါ်မှာလည်း ခွဲခြမ်းဝေဖန်ကာ ပေးလှူတတ်တဲ့အပြင် ကုသိုလ်ကမ္မပထ တရားကိုလည်း ကျင့်လေ့ရှိပါတယ်၊ တံမြက်လှည်းပြီး (အပြစ်ကင်းတဲ့ အောက်ခြေသိမ်း အလုပ်များကို လုပ်ပြီး) ရရှိလာတဲ့ ပစ္စည်းဝတ္ထုဖြင့် ပေးလှူမှု (သမုဉ္ဇကအလှူ)ကိုလည်း ပြုကျင့် ပေးလှူလေ့ရှိပါတယ်၊ တကယ်တော့ အသပြာ တစ်ထောင်တန် ပူဇော်နိုင်တဲ့ ချမ်းသာတဲ့ ယောက်ျားတစ်သိန်းတို့ရဲ့ ဆယ်ကုဋေလောက်ရှိတဲ့ အလှူတွေဟာ အပြစ်ကင်းပြီး ပင်ပင်ပန်းပန်းရလာတဲ့ ပစ္စည်းကို ပေးလှူမှု သမုဉ္ဇကအလှူရဲ့ အစိတ်တစ်ရာစိတ် တစ်စိတ်ကိုတောင် မမှီနိုင်ပါ…” ဟု တရားစကား မိန့်ကြားတော်မူလေ၏။ (ကောက်နယ်တလင်း စသည်ကို သုတ်သင်မှု ကောက်ရိုးကို ထုရိုက်နင်းနယ်မှု စသည်ဖြင့် ရသောပစ္စည်းကို ပေးလှူမှုမျိုးသည် သမုဉ္ဇကအလှူ မည်၏ဟု အဋ္ဌကထာက ဖွင့်ပြပါသည်။)

ထိုအခါ အခြားနတ်သား တစ်ယောက်က “မြတ်စွာဘုရား… တန်ဘိုးကြီးမားပြီး အရေအတွက် များပြားပြန့်ပြောတဲ့ ပူဇော်မှုအလှူဟာ ဘာကြောင့် အနည်းငယ်မျှ အသင့်အတင့် လှူအပ်တဲ့ အလှူရဲ့ တန်ဘိုးကို မမှီပါသလဲ…၊ အသပြာ တစ်ထောင်တန် ပူဇော်နိုင်တဲ့ ချမ်းသာတဲ့ ယောက်ျားတစ်သိန်းတို့ရဲ့ ဆယ်ကုဋေလောက်ရှိတဲ့ အလှူတွေဟာ အပြစ်ကင်းပြီး ပင်ပင်ပန်းပန်းရလာတဲ့ ပစ္စည်းကို ပေးလှူမှု သမုဉ္ဇကအလှူရဲ့ အစိတ်တစ်ရာစိတ် တစ်စိတ်ကိုတောင် မမှီနိုင်ပါသလဲ ဘုရား…” မေးမြန်းလျှောက်ထားလေ၏။

ထိုအခါ မြတ်ဗုဒ္ဓက “အချို့သူတွေဟာ မကောင်းတဲ့ ကာယကံ၊ ၀စီကံ၊ မနေကံတွေနဲ့ ထုထောင်းပုတ်ခက်၊ သတ်ဖြတ်ညှင်းစဲ၊ စိုးရိမ်ပူဆွေး၊ သောကပေးပြီး ကုသိုလ်အလှူကို ပေးလှူကြပါတယ်၊ အဲဒီသူတွေရဲ့ အလှူဟာ ပူဆွေးငိုကြွေးခြင်းရှိကာ ဒဏ်နှင့်တကွ ဖြစ်နေတဲ့အတွက် အပြစ်ကင်းပြီး သင့်လျော်လျှောက်ပတ်စွာ ပေးလှူတတ်တဲ့ အလှူရဲ့ တန်ဘိုးကို မမှီနိုင်ခြင်း ဖြစ်ပါတယ်၊ ဒါကြောင့်ပဲ အသပြာ တစ်ထောင်တန် ပူဇော်နိုင်တဲ့ ချမ်းသာတဲ့ ယောက်ျားတစ်သိန်းတို့ရဲ့ ဆယ်ကုဋေလောက်ရှိတဲ့ အလှူတွေဟာ အပြစ်ကင်းပြီး ပင်ပင်ပန်းပန်း ရလာတဲ့ ပစ္စည်းကို ပေးလှူမှု သမုဉ္ဇကအလှူရဲ့ အစိတ်တစ်ရာစိတ် တစ်စိတ်ကိုတောင် မမှီနိုင်ဘူးလို့ ဆိုခြင်းဖြစ်ပါတယ်…”ဟု မိန့်တော်မူလိုက်လေ၏။ (သံယုတ်ပါဠိတော်၊ ဒေ၀တာသံယုတ်၊ မစ္ဆရိယသုတ်)

အထက်ပါ စကားသံများကား နတ်ဒေ၀တာများနှင့် မြတ်စွာဘုရားရှင်တို့၏ ဓမ္မစကားဝိုင်းမှ ထွက်ပေါ်လာသည့် ဆွေးနွေးမေးမြန်း ဖြေကြားချက် စကားသံများပင် ဖြစ်ပါ၏။ ထိုစကားဝိုင်းတွင် ဆွေးနွေးချက်များမှာ ဒါနအကြောင်းနှင့် မစ္ဆရိယအကြောင်းကို ဦးတည်ဆွေးနွေးသွားကြ၏။ စကားဝိုင်းတွင် အချို့က အလှူကို မပေးလှူနိုင် ဖြစ်ရခြင်းအကြောင်းနှင့် အလှူကို ပေးလှူသင့်သူများအကြောင်း၊ အချို့က အလှူကို မပေးလှူခြင်းအကြောင်းနှင့် အလှူကို မပေးလှူခြင်းကြောင့် ဖြစ်သောအပြစ်များအကြောင်း၊ အချို့က အလှူကို ပေးလှူသင့်ခြင်း၏ အကြောင်းနှင့် သေသူတို့တွင် မသေသူများအကြောင်း၊ အချို့က သူမိုက်တို့ အတုလိုက်၍ မပြုလုပ်နိုင်သော အမှုများအကြောင်းနှင့် သူတော်ကောင်းနှင့် သူယုတ်မာတို့ လားရာဂတိ ကွဲပြားရခြင်းအကြောင်း စသည်စသည်တို့ကို ဆွေးနွေးပြောဆိုကြပြီး မြတ်စွာဘုရားရှင်၏ အမြင်ကိုလည်း လျှောက်ထားကြ၏။ မြတ်ဗုဒ္ဓက ဤစကားဝိုင်းတွင် ဆွေးနွေးကြသည့် အကြောင်းအရာများသည် အကြောင်းပရိယာယ်အားဖြင့် အားလုံး မှန်ကန်သင့်မြတ်ကြောင်း မိန့်တော်မူကာ အလှူတစ်ထောင်နှင့် နှိုင်းယှဉ်အပ်သည့် အလှူအကြောင်းနှင့် သမုဉ္ဖကအလှူ၏ မွန်မြတ်ပုံအကြောင်းတို့ကို ထပ်လောင်းဆွေးနွေးကာ လိုအပ်သည့် တရားစကားကို မိန့်ကြားတော်မူရင်း ဓမ္မစကားဝိုင်းအား အဆုံးသတ်ခဲ့ကြ၏။ ဤကား ဓမ္မသာကစ္ဆာဝိုင်း၏ အနှစ်ချုပ် မှတ်တမ်းပင် ဖြစ်ပါ၏။

စင်စစ် အထက်ပါ အမေးအဖြေများ၊ ဆွေးနွေးချက်များ ပါရှိသည့် သုတ်တော်၏ အမည်မှာ မစ္ဆရိယ သုတ်တော်ပင် ဖြစ်ပါ၏။ ၀န်တိုမှုအကြောင်းနှင့် စပ်လျဉ်းသည့် နတ်ဒေ၀တာတို့၏ မေးမြန်းလျှောက်ထားချက်များနှင့် မြတ်ဗုဒ္ဓ၏ ဖြေကြားချက်များကို မှတ်တမ်းတင်ထားသည့် ဤသုတ်တော်လာ အကြောင်းအရာများကို အခြား ပရိယာယ်တစ်မျိုးဖြင့် ဒါနစကားဝိုင်းဟု အမည်ပေးကာ ပြန်လည်တင်ပြခြင်း ဖြစ်ပါ၏။ ဤစကားဝိုင်းလာ အကြောင်းအရာများအား ကောက်ချက်ချကြည့်လျှင် သတ္တ၀ါများအား ၀န်တိုမှု မစ္ဆရိယတရားနှင့် မေ့လျော့မှု ပမာဒ တရားများက အလှူဒါန မလုပ်နိုင်ရန် ပိတ်ဆို့ထားတတ်ကြောင်း၊ မိမိတွင်ရှိသည့် ပစ္စည်းဥစ္စာများ ကုန်ဆုံးသွားလျှင် ငတ်မွတ်ခေါင်းပါးမှု အထိပင် ဖြစ်နိုင်သဖြင့် မပေးလို၊ မလှူလိုဘဲ ၀န်တိုနေလေ့ရှိသူများအား ထိုဝန်တိုမှုများကပင် တစ်ဖန်ပြန်ပြီး ဘေးဒုက္ခတစ်ခုခုကို ဖြစ်စေတတ်ကြောင်း၊ ခရီးသွားဖော်အချင်းချင်း ပါလာသည့်အရာလေးများကို မျှဝေပေးကမ်းပြီး ခွဲခြမ်းစားကြသကဲ့သို့ သံသရာ ခရီးသွားများ အနေဖြင့်လည်း သံသရာ ခရီးသွားဖော်အချင်းချင်း မိမိတို့ စွမ်းနိုင်သမျှ ပေးကမ်းလှူဒါန်းခြင်းဖြင့် ၀န်တိုမှု မစ္ဆရိယတရားကို တိုက်ထုတ်သင့်ကြောင်း၊ စင်စစ် မချမ်းသာသော်လည်း ရှိသမျှလေးဖြင့် မျှဝေပေးကမ်းလှူဒါန်း နေသူများသည် သေသူများတွင် မသေသူများသာ ဖြစ်ကြောင်း၊ ပေးလှူနိုင်သည်ကို ပေးလှူမှုမျိုး၊ ပြုလုပ်နိုင်ခဲသည်ကို ပြုလုပ်မှုမျိုးကို သူတော်ကောင်းများသာ လုပ်နိုင်ပြီး ကောင်းမှုကုသိုလ်သည် ကောင်းရာသုဂတိကို ပို့ဆောင်ပေးပြီး မကောင်းမှုသည် ငရဲသို့ လားစေနိုင်ကြောင်း စသည်ဖြင့် မှတ်သားနိုင်ကြမည်၏။ နောက်ဆုံးတွင် မြတ်ဗုဒ္ဓ၏ “အချို့သူများဟာ သားမယားကိုလည်း ပြုစုလုပ်ကျွေး၊ ရှိသမျှကိုလည်း တတ်နိုင်သမျှ ခွဲဝေးလှူဒါန်း၊ ကုသိုလ်တရားကို ရသမျှ စုကာ ဖြူစင်သန့်ရှင်းသည့် အလုပ်များဖြင့် ရရှိလာသည့် အနည်းငယ်လေးကိုပင် ခွဲဝေလှူတတ်ကြောင်း၊ ထိုသူတို့၏ အနည်းငယ်သော အလှူသည် ချမ်းသာသော်လည်း မကောင်းသည့် ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့် စိုးရိမ်ပူဆွေး သောကလေးများဖြင့် အဖိုးရာထောင်မက လှူဒါန်းနိုင်သူများရဲ့ အလှူထက်ပင် ပိုမွန်သာလွန် မွန်မြတ်ကြောင်း..” မိန့်တော်မူချက်မှာ ကုသိုလ်ကောင်းမှုလုပ်ရာတွင် တန်ဘိုးကြီးမှု၊ မကြီးမှုက အဓိကမကျကြောင်း၊ ဖြူစင်သန့်ရှင်မှုနှင့် စေတနာသဒ္ဓါတရား ကောင်းမှုကသာ အဓိကဖြစ်ကြောင်း ကောက်ချက်ချ မှတ်သားနိုင်မည် ဖြစ်ပါ၏။

မည်သို့ဆိုစေ။ မြတ်ဗုဒ္ဓနှင့် နတ်ဒေ၀တာတို့၏ စကားဝိုင်းသည် ဆွေးနွေးကြသူများနှင့် နာကြားသူများအား အသိတရားတစ်ခုခု ရရှိသွားကာ အမြင့်ဆုံး မဂ်ဖိုလ်တရားများ အထိ တည်သွားကြသည်ကား အမှန်ပင် ဖြစ်ခဲ့ပါ၏။ ထိုစကားဝိုင်းမှ ထွက်ပေါ်လာသည့် ဆွေးနွေးချက်များသည်လည်း ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်များ အတုယူ လိုက်နာစရာများအဖြစ် တည်ရှိနေခဲ့ပေ၏။ ဤသည်မှာ ဆွေးနွေးမေးမြန်းခြင်းဖြင့် ထွက်ပေါ်လာသည့် စကားဝိုင်းများ၏ အကျိုးသက်ရောက်မှုပင် ဖြစ်ပေ၏။ ထို့ကြောင့် သူတော်ကောင်းများနှင့် တွေ့ဆုံကြသည့် အခိုက်တွင် ထိုသူတော်ကောင်းများ၏ စကားဝိုင်းတွင် မိမိတို့ကိုယ်တိုင် ပါဝင်နိုင်အောင် ကြိုးစားပြီး သူတော်ကောင်းစကား၊ သူတော်ကောင်း တရားများကို အတုလိုက်၍ ကျင့်ကြံနိုင်အောင် ကြိုးစားသင့်ကြောင်း အကြံပြုရင်း မြတ်ဗုဒ္ဓနှင့် နတ်ဒေ၀တာတို့၏ တရားစကား ဆွေးနွေးသံများအား စေတနာထား မေတ္တာအားဖြင့် တစ်ဆင့်ပါးလိုက်ရပါ ပေတော့၏။

Read more...

ဘာသာရေး ပြဿနာ

(အမရပူရ မဟာဂန္ဓာရုံဆရာတော် ဘဒ္ဒန္တ အရှင်ဇနကာဘိဝံသ ဖြေသည်)

(မေး) ( ဒါနနှင့်စပ်သော မေးခွန်းများ )
အရှင်ဘုရား၊ ဒါန၊ သီလ၊ ဘာဝနာ ဟူသော ကုသိုလ်ရေးသုံးပါးတွင် မည်သည်က လောကုတ္တရာအကျိုးပေး အကောင်းဆုံးပါနည်း။

(ဖြေ)
ဒါနထက် သီလသည် အကျိုးပေးသာ၏။
သီလထက် ဘာဝနာက သာလွန်၍ အကျိုးပေးပါသည်။
ထိုသို့အကျိုးပေးရာ၌ ဒါနနှင့် သီလသည် လောကီဘုံ၌သာ အကျိုးပေးနိုင်၏။ တိုက်ရိုက်အားဖြင့် လောကုတ္တရာ (မဂ်ဖိုလ်နိဗ္ဗာန်) အကျိုးကို မပေးနိုင်၊ ၀ိပဿနာဘာဝနာကသာ မဂ်ဖိုလ်နိဗ္ဗာန်ဟူသော လောကုတ္တရာအကျိုးကို ပေးနိုင်သည်။

ချဲ့ပါဦးမည်။
ဒါနထက် သီလက သာလွန်ပုံကို ကိုယ်ကျင့်အဘိဓမ္မာကျမ်း သီလခန်း၌ အကျယ်ပြထားပြီ။ ဤနေရာ၌ ဒါနထက် သီလက သာလွန်ပုံကို အကြောင်းတမျိုး ပြပါဦးမည်။ မည်သည့်ကုသိုလ်ကောင်းမှု အလုပ်မဆို အ၀ိဇ္ဇာနှင့် တဏှာကို ပယ်ရာ၌ အထိရောက်ဆုံးအလုပ်သည် သတ္တိအထက်ဆုံး၊ အကျိုးပေးနိုင်ဆုံး ဖြစ်၏-ဟု ရှေးဦးစွာ မှတ်သားပါ။

( ဒါနနှင့်သီလ)
ဒါနပြုသောအခါ အတွင်းသန္တာန်၌ စိတ်စေတနာ အရင်းခံပါသော်လည်း စွန့်ကြဲပေးကမ်း လှူဒါန်းရာဝယ် ကိုယ်ဖြင့်ပြုလုပ်ရသော ကာယကံအလုပ်၊ နှုတ်ဖြင့် ယူငင်ပါ၊ စားပါ၊ သောက်ပါ၊ ဘုဉ်းပေးပါ-ဟုပြောဆိုသော ၀စီကံအလုပ်၊ အအလုပ် ၂-မျိုးကို ပြုလုပ်နေ၏။
သီလစောင့်ရာ၌ကား ကိုယ်ဖြင့် သူ့အသက်သတ်မှု စသော မကောင်းမှုကို မပြုမိအောင၊် နှုတ်ဖြင့် မုသားစသော စကားမျိုးကို မပြောမိအောင်၊ စိတ်ကို စောင့်စည်းနေရ၏။ ထို့ကြောင့် သီလစောင့်ရာ၌ စိတ်၏တာဝန်သည် နေရာတိုင်းမှာ အရေးတကြီး ပါဝင်နေ၏။

( နှိုင်းယှဉ်ခြင်း )
ကိုယ်ဖြင့်ပြုလုပ်ရ၊ နှုတ်ဖြင့်ပြောဆိုရသော ဒါနအလုပ်သည် ခန္ဓာအစဉ်ဝယ် ဓာတ်တည်၍ နေသော အ၀ိဇ္ဇာ တဏှာကို တိုက်ရိုက်မထိခိုက်နိုင်။ သွယ်ဝိုက်၍သာ ထိခိုက်နိုင်၏။ စိတ်ဖြင့် ပြုလုပ်ရသော သီလအလုပ်ကား စိတ်ကို စောင့်စည်းတိုင်း စောင့်စည်းတိုင်း အ၀ိဇ္ဇာတဏှာဓာတ်ကို ပါးလှပ်သွားအောင် ထိခိုက်နိုင်၏။
ဥပုသ်သီလသည်ကား မေထုန်မှ ရှောင်ရခြင်း၊
ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်းတို့မှ ရှောင်ရခြင်း၊
ပန်းနံ့သာ လိမ်းကျံခြယ်လှယ်ခြင်းမှ ရှောင်ရခြင်းကြောင့် တဏှာရာဂကို တိုက်ရိုက်ပယ်ရှားနိုင်သော တရားဖြစ်ပေသည်။

ထို့ကြောင့် ဒါနထက် သီလသည် မွန်မြတ်၏။ ဒါနထက် သီလသည် ငြိမ်သက်အေးမြ၏။
အကျိုးပေးသောအခါ ဒါနရှင်သည် စည်းစိမ်ရှင်ဖြစ်၏။ သို့သော် သီလအကူအညီမပါလျှင် အေးချမ်းသာယာသော စည်းစိမ်ရှင်မဖြစ်ဘဲ စိတ်ဆင်းရဲသော စည်းစိမ်ရှင်သာဖြစ်နိုင်၏။
သီလအရှင်ကား ဒါနအကူအညီ မပါစေကာမူ အေးချမ်းသာယာ၏။ ဒါန အကူအညီပါလျှင်ကား အတိုင်းထက်အလွန် တံခွန်နှင့်ဘုရားကဲ့သို့ ခံ့ညားထည်ဝါလျက် သာယာအေးမြနိုင်ပေသည်။ ထို့ကြောင့် သီလသည် ဒါနထက် သာလွန်မွန်မြတ်သည်-ဟု ပြောစမှတ်ပြုရပေသည်။

( နိမိမင်း စဉ်းစားပုံ)
နိမိ(နေမိ)မင်းသည် မြို့တွင်းငါးဌာန၌ အလှူရုံများကို ဆောက်လုပ်၍ တဌာနလျှင် နေ့စဉ်တသိန်းကုန် အလှူဒါနပြု၏။ ငါးပါးသီလကိုလည်း အမြဲစောင့်၍ ဥပုသ်နေ့များ၌ ဥပုသ်သီလကို စောင့်၏။ ထိုမင်းသည် နံနက်စောစော အိပ်ရာမှထပြီးလျှင် မိမိ၏ဒါန၊ သီလများကို ဆင်ခြင်လေရာ ဒါနနှင့် သီလတွင် ဘယ်အကျင့်ကသာ၍ အကျိုးကြီးပါလိမ့်မည်နည်း-ဟု စဉ်းစားလေသည်။

(သိကြားမင်းအဖြေ)
နေမိမင်း၏အကြံကို သိ၍ သိကြားမင်းလာပြီးလျှင် မဟာရာဇာ၊ ဒါနထက် သီလသည် အဆတရာ၊ အဆတထောင်၊ အဆတသိန်းတိုင်အောင် အကျိုးပေးသာလွန်ပါသည်။ သို့သော် ဒါန၊ သီလ ၂-မျိုးလုံးပင် သူတော်စင်ပညာရှိတို့ ကြံစည်အပ်သောအလုပ်များ ဖြစ်ပါသည်။ ထို့ကြောင့်ထိုအလုပ် ၂-မျိုးလုံး၌ မမေ့မလျော့ဘဲ အလှူကိုလည်း ပေးလှူပါ။ သီလကိုလည်း စောင့်ပါ-ဟု ပြောဆိုလေသည်။
(မဟာနိပါတ် နိမိဇာတကဋ္ဌကထာ)

မှတ်ချက်။ ။ ဤပြခဲ့သော စကားစဉ်အရ ဒါနထက် သီလသည် အကျိုးပေးသာလွန်ကြောင်း ကောင်းကောင်းထင်ရှားပေပြီ။ ထို့ပြင် ထပ်မံ၍ စဉ်းစားဖွယ်ရှိသေး၏။ အပါယ်လေးပါး ဆင်းရဲဒုက္ခ ခံနေရသူတို့သည် ဒါနမရှိသူများ မဟုတ်ကြ။ ဒါနရှိပါလျက် သီလပျက်မှု (သူ့အသက်သတ်မှု၊ သူ့ဥစ္စာ မတရားယူမှု၊ သူ့မယားကို ကျူးလွန်မှု၊ မိမိလင်မှ တပါးသောယောက်ျားနှင့်ဖောက်ပြန်မှု၊ မုသားပြောမှု စသော အကုသိုလ်အမှု) ကြောင့်သာ အပါယ်လေးပါး၌ ဒုက္ခရောက်နေကြရသည်။ ထိုသူတို့၌ပါရှိသော ဒါနကောင်းမှု သည်လည်း ဂတိဝိပတ္တိဖြစ်သော ထိုအပါယ် ၄-ပါး၌ အကျိုးပေးခွင့် မရကြသဖြင့် အကျိုးမပေးနိုင်ကြချေ။

ထို့ကြောင့် ဒါန သီလ ၂-ပါးတွင် သီလသည်သာ ဘ၀ကောင်းကျိုးရဖို့ ရှေ့သွားဖြစ်၍ သီလအတွက် ဘ၀ကောင်း ရမှ ဒါနအကျိုးပေးနိုင်သည်ဟု သဘောပေါက်ကြလျှင် ငါးပါးသီလကို အထူးစောင့်ရှောက်၍ ဒါနကိုကား စားဦးစားဖျားကို ရဟန်းသံဃာ ဆရာမိဘတို့အား ပေးလှူခြင်း၊ စားကြွင်းစားကျန်ကို တောင်းရန်းလာသူတို့အား ပေးခြင်းဖြင့် နေ့စဉ်ပြုသင့်ကြ၏။ ဒါနအကြီးအကျယ် လုပ်နိုင်အောင် သီလအပျက်ခံ၍ကား မည်သည့်နည်းနှင့်မျှ စီးပွားမရှာထိုက်ဟု မှတ်ပါ။

( ဘာဝနာ)
ဘာဝနာ -ဟူသောပါဠိစကားသည် စိတ်နေစိတ်ထားကို ကြီးမားမြင့်မြတ်အောင် တိုးပွားစေတတ်-ဟူသော အနက်ကိုပြ၏။ သတ္တ၀ါတို့၏ စိတ်ဓာတ်သည် အ၀ိဇ္ဇာဖုံးလွှမ်းမှုကြောင့် သိဖွယ်ဟူသမျှကို မသိတတ်သည့်ပြင် တဏှာအစွမ်းကြောင့် ကာမဂုဏ်အာရုံများကို တောင့်တခင်မင် လိုချင်နေ၏။ ထို့ကြောင့် ပင်ကိုအားဖြင့် ကြီးမားမြင့်မြတ်သော စိတ်ဓာတ်မဟုတ်ချေ။ အလွန် ကလေးကလားနိုင်သော အသေးစားအညံ့စား ဖြစ်နေ၏။ ထိုအသေးစား အညံ့စားစိတ်ကို ကြီးမားမြင့်မြတ်လာအောင် သမထ ဘာဝနာ၊ ၀ိပဿနာ ဘာဝနာ ဟူသော ဘာဝနာ ၂-မျိုးတွင် တမျိုးမျိုးဖြင့် တိုးပွားအောင် ကြိုးစားသောအခါ အ၀ိဇ္ဇာတဏှာ ပါးလှပ်သွားသောကြောင့် စိတ်နေစိတ်ထားလည်း နဂိုအနေထက် ကြီးမားမြင့်မြတ်လာနိုင်ပေသည်။

( သမထ ဘာဝနာ)
သမထ-ဟူသောပါဠိစကားသည် ကိလေသာတို့ကိုလည်းကောင်း၊ ထိုထိုဤဤ ကြံစည်တတ်သော ၀ိတက်စသည်ကိုလည်းကောင်း ငြိမ်းစေတတ်-ဟူသော အနက်ကိုပြ၏။
တရားသဘောမှာ သမာဓိ-ပင်တည်း။
မြန်မာလို တည်ငြိမ်သော တရား-ဟုခေါ်၏။
သတ္တ၀ါတို့၏စိတ်သည် နဂိုသဘောအတိုင်းအားဖြင့် ဟိုအာရုံရောက်လိုက်၊ သည်အာရုံရောက်လိုက်နှင့် တည်ငြိမ်မှုမရှိ။ ဤသမထကမ္မဋ္ဌာန်းကို အားထုတ်သောအခါ ထွက်သက်-၀င်သက် စသောအာရုံတခု၌ စိတ်စိုက်၍ထားရ၏။ ထိုသို့ စိတ်စိုက်၍ထားသဖြင့် ထိုအာရုံ၌ စိတ်အစဉ်မြဲနေခြင်းကို သမာဓိရခြင်း-ဟုခေါ်၏။ စိတ်အစဉ်က ထိုအာရုံတခု၌ မြဲနေသောကြောင့် လောဘစသော ကိလေသာ၊ ၀ိတက်စသော တရားတို့မပေါ်ဘဲ စိတ်အစဉ်သည်လည်း တည်ကြည်၍နေလေသည်။ ဤသမထဘာဝနာ ပေါက်လျှင် ဈာန်ရ၍ ကာမဂုဏ်ကင်းရာ ဗြဟ္မာ့ပြည်သို့ ရောက်နိုင်သောကြောင့် အ၀ိဇ္ဇာတဏှာဓာတ်ကို များစွာပါးလှပ်အောင် ပြုနိုင်သော တရားပေနည်း။

( ၀ိပဿနာ ဘာဝနာ)
ဝိ-အနိစ္စဟုလည်းကောင်း၊ ဒုက္ခဟုလည်းကောင်း၊ အနတ္တဟုလည်းကောင်း၊ အမျိုးမျိုး အဖုံဖုံ+
ပဿနာ-ရုပ်နာမ်အာရုံ၌ ကြည့်ရှုနေခြင်းကို ၀ိပဿနာ-ဟုခေါ်၏။
တရားသဘောမှာ ဉာဏ်ပညာ-ပင်တည်း။
မိမိ၏ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာကို မမြဲသောအနိစ္စတရား၊ မကောင်းသော ဒုက္ခတရား၊ အနှစ်မပါသော အကာချည်းသာဖြစ်သော အနတ္တတရား-ဟု ထပ်၍ ထပ်၍ ကြည့်ရှုနေသောအခါ မှန်ကန်သော (အနိစ္စတရားကို အနိစ္စအတိုင်း အမှန်သိသော) အသိဉာဏ်ဖြစ်၏။ ထိုအခါ မိမိကိုယ်ခန္ဓာ၌ နဂိုက အကောင်းအမွန် နှစ်သက်စရာဟု ထင်မှတ်အောင် ကွယ်ကာသော အ၀ိဇ္ဇာနှင့် တွယ်တာသော တဏှာဓာတ်သည် ပါးလှပ်၍ သွားလေတော့၏။

ဤ၀ိပဿနာဘာဝနာဖြစ်အောင် ရှေးဦးစွာ သမထဘာဝနာကို တည်ထောင်ရသောကြောင့် ဤဘာဝနာ ၂-ပါးသည် အ၀ိဇ္ဇာနှင့် တဏှာကို ပယ်ရာဝယ် အထိရောက်ဆုံးဖြစ်ရုံသာမက တဆင့်တက်လျှင် မဂ်ဖိုလ်နိဗ္ဗာန်ကို မြင်နိုင်သောကြောင့် သီလထက်ပင် အ၀ိဇ္ဇာတဏှာကို ပယ်နိုင်လောက်အောင် အကျိုးပေးကောင်း တရားဖြစ်ပါ ပေသည်။ သို့ရာတွင် ဤဘာဝနာ ၂-ပါးကို တက်ဖို့ရန် သီလကို အခြေခံရပါသေးသည်။
*******************************************************************************

(မေး)
အရှင်ဘုရား၊ အလှူဒါန ပေးကမ်းစွန့်ကြဲရာတွင် တိရစ္ဆာန်များအား ကျွေးမွေးပေးကမ်းခြင်း၊ လူသတ္တ၀ါတို့အား ကျွေးမွေးပေးကမ်းခြင်းနှင့် ရဟန်းသံဃာအား လှူဒါန်းခြင်းတို့သည် အကျိုးပေးရာ၌ မည်သို့ကွာခြားပါမည်နည်း။

(ဖြေ)
တိရစ္ဆာန်တို့အား ကျွေးမွေးခြင်းကြောင့် ဘ၀ပေါင်းတရာ၌ အာယု၊ ၀ဏ္ဏ၊ သုခ၊ ဗလ၊ ပဋိဘာန (သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ၊ ဉာဏ်ပညာ) ဟူသော အကျိုးကို ရ၏။
(တိရစ္ဆာန်ဟူရာ၌ အိမ်၌မွေးထားသော တိရစ္ဆာန်မဟုတ်။ အကြောင်းအားလျော်စွာ တွေ့ရသော ကြက်၊ ငှက်၊ ခွေး၊ ၀က်၊ စသော တိရစ္ဆာန်တည်း။ ကျွေးမွေးရာ၌ တကြိမ်အတွက် အ၀ကျွေးခြင်းတည်း။)

လူသတ္တ၀ါတို့တွင် မကောင်းသဖြင့် အသက်မွေးနေသော ဒုဿီလလူကို ကျွေးမွေးရာ၌ ဘ၀ပေါင်းတထောင်ဝယ် အာယု ၀ဏ္ဏ စသော အကျိုးကိုရ၏။
တရားသဖြင့် အသက်မွေးသော သာမန်သီလရှိသူတို့ကို ကျွေးမွေးရာ၌ ဘ၀တသိန်းဝယ် အာယု ၀ဏ္ဏစသော အကျိုးကိုရ၏။
သာသနာပ၀ယ် ဈာန်အဘိညာဉ်ရသော ရသေ့တို့ကို ကျွေးမွေးရာ၌ ကုဋေတသိန်းသော ဘ၀တို့ဝယ် အာယု ၀ဏ္ဏစသော အကျိုးကိုရ၏။
သာသနာတွင်းဝယ် သရဏဂုံတည်သော ဥပါသကာမှစ၍ သောတာပန်ဖြစ်ဖို့ရန် ရည်ရွယ်ချက်ရှိသော ဥပါသကာ၊ ဥပါသိကာမတို့ကို ကျွေးမွေးရာ၌ ဘ၀အသင်္ချေ (မရေမတွက်နိုင်သောဘ၀) တို့၌ အာယု ၀ဏ္ဏ စသော အကျိုးကို ရ၏။

သံဃာကို မရည်မှန်းနိုင်ဘဲ ရဟန်းပုဂ္ဂိုလ်ကို လှူဒါန်းရာ၌ ထိုရဟန်းက ပုထုဇဉ်သာ ဖြစ်နေသေးလျှင် ဘ၀အသင်္ချေတို့၌ အကျိုးပေးနိုင်၏။
သို့သော် လူဝတ်ကြောင်တို့အား ပေးသော ဘ၀အသင်္ချေနှင့်ကား မတူတတ်ချေ။ ထိုဘ၀အသင်္ချေတို့၌ အာယု၊ ၀ဏ္ဏ၊ သုခ၊ ဗလ၊ ပဋိဘာန-ချင်း အဆင့်ဆင့် သာလွန်နိုင်ပေသည်။
လူဥပါသကာတွင် ၅-ပါးသီလရှိသူနှင့် ၁၀-ပါးသီလ ထိန်းသူ ကွာသကဲ့သို့
လူဝတ်ကြောင်ထက် ရှင်သာမဏေအား လှူခြင်းသည် သာ၏။
ရှင်သာမဏေထက် ရဟန်းအား လှူခြင်းသည် သာ၏။
ရဟန်းတွင်လည်း သီလမစင်ကြယ်သောရဟန်းထက် သီလစင်ကြယ်သော ရဟန်းအား လှူခြင်းသည် သာ၏။
ဤသို့စသည်ဖြင့် ဘ၀အသင်္ချေချင်းတူသော်လည်း အဆင့်ဆင့်သာနေပုံကို သိပါ။ ဤအားလုံးသည် ဥပရိပဏ္ဏာသ၊ ဒက္ခိဏ၀ိဘင်္ဂသုတ် ပါဠိတော်နှင့် အဋ္ဌကထာစကားများ ဖြစ်သည်။

မှတ်ချက်။
သံဃာ့ဂုဏ်တော်ကို ပြရာ၌ အနုတ္တရံ ပုညခေတ္တံ လောကဿ-အရိယာသံဃာတော်သည် ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးဖို့ရာ အတူမရှိ။ ကောင်းမြတ်သော လယ်ယာ ဖြစ်ပါပေသည်-ဟု ဘုရားရှင်မိန့်တော်မူ၏။ ထို့ကြောင့် လယ်ယာမြေ၏ ကောင်းမကောင်းအလိုက် စိုက်ပျိုးကြသူတို့မှာ အပင်အသီး ရကြသကဲ့သို့ ထို့အတူ ကောင်းမှုမျိုးစေ့ စိုက်ပျိုးကြသော ဒါယကာ ဒါယိကာမတို့မှာလည်း အလှူခံပုဂ္ဂိုလ်၏ သီလစသော အကျင့်ကောင်း ရှိမရှိလိုက်၍ အကျိုးရကြပေသည်။ သို့ဖြစ်၍ ပင်ကိုက အကုသိုလ်ကံကြောင့် တိရစ္ဆာန်အမျိုး၌ အကုသိုလ်အကျိုးဖြစ်သော ကိုယ်ခန္ဓာကို ရကြသော တိရစ္ဆာန်တို့သည် သီလ၊ သမာဓိ၊ ပညာဉာဏ်လည်း မရှိရကား အညံ့ဆုံးလယ်ယာနှင့် တူကြပေသည်။
ကုသိုလ်ကံကြောင့် လူ့ဘ၀၌ ကုသိုလ်အကျိုးဖြစ်သော ကိုယ်ခန္ဓာကိုရ၍ သီလမရှိသူ။ အသင့်အတင့်သီလရှိသူ၊ အတော်ကောင်းသော သီလရှိသူတို့ကား အဆင့်ဆင့် အတန်းကွာသော လယ်ယာမြေကောင်းများနှင့် တူကြ၏။ ထို့ကြောင့် လယ်ယာအမျိုးမျိုး၌ အလှူဒါနမျိုးစေ့ကို စိုက်ပျိုးသူတို့မှာ အဆင့်ဆင့်ကွဲပြားသောအကျိုးကို ရကြသည်ဟု မှတ်ပါ။

မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဧပြီလ)

Read more...

Beautiful in the Beginning, Beautiful in the Middle, and Beautiful in the End



by Students & Friends of Visu's class

Beautiful in the beginning, Beautiful in the middle, and Beautiful in the end. That's how we can describe the classes that was conducted by Bro. Visu at Inward Path.

His humble and slow approach to share his knowledge on the meditation techniques, namely Metta and Vipassana, created a conducive session for both beginners and experienced practitioners to practice the teachings of the Buddha. The meditation hall at Inward Path also created a very suitable environment for meditation as it is very spacious, quiet and well-equipped with meditation cushions and good PA system.

Each week on different days, he conducts a Metta meditation session and a Vipassana meditation session. He then gives a Dhamma talk before wrapping up the day. Many students were attracted to his talks because of its simplicity yet thought-provoking sense and makes the audience relate to their daily lives. Quotes from suttas, stories and even songs were used to express the topic that Bro. Visu focuses for the day.

For those who have joined the sessions, other than the learning experience, they also felt more enriching in getting to know more kalyana mittas (spiritual friends) who are supportive and sincerely walking the noble Path. With the mutual support, it creates a strong circle of friendship that motivates one another to practice and share the Dhamma — just as the Buddha told Ananda, his personal attendant, that having admirable friends, companions, and comrades is not half but the whole of the holy life [Upaddha Sutta; Samyutta Nikaya SN 45.2]

All in all, it was a pleasant experience to join Bro. Visu's sessions at Inward Path.

With deep appreciation, thank you Bro. Visu for your valuable teachings and may you be blessed with peace and happiness always.

Sadhu, Sadhu, Sadhu

Read more...

သာသနာရောင်ခြည် (၁၁)ကြိမ်မြောက်အလှူတော်

-၁၃၇၂ ခုနှစ် ဝါဆိုလပြည့်ကျော် ၈ ရက် -တနင်္ဂနွေနေ့

-4 July 2010 Sunday
သာသနာ့ရောင်ခြည်(စင်္ကာပူ) ၏ ၁၁ ကြိမ်မြောက် အလှူတော်ကို စင်္ကာပူ နိုင်ငံ Clementi Temple (ဇယမင်္ဂလဗုဒ္ဓဝိဟာရ)ကျောင်းတော်တွင် အဖွဲ့ဝင်များ၊ ဓမ္မမိတ်ဆွေများဖြင့် ကျင်းပခဲ့ပါတယ်။ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း၊ အချိုပွဲများဖြင့် ကပ်လှူခဲ့ပါတယ်။ ကြွရောက်လာသော ဓမ္မမိတ်ဆွေများကိုလည်း သာသနာ့ရောင်ခြည် အဖွဲ့ဝင် ကိုမျိုးခိုင်+မခိုင်ဇင်သက် (သမီး) မခိုင်အိသွင် တို့မှ ကြက်သားဒံပေါက်ဖြင့် ကျွေးမွေးဧည့်ခံ ခဲ့ပါတယ်။ ထို့နောက် ဆရာတော် ဒေါက်တာ အရှင်ဝိစိတ္တ ထံမှ တရားတော်များနာကြားကာ ရေစက်ချ အမျှဝေခဲ့ကြပါတယ်။
"စိတ်ဆန်းကြယ်လို့ ၊ ကံဆန်းကြယ်တယ်၊
ကံဆန်းကြယ်လို့၊ အကျိုးပေး ဆန်းကြယ်တယ်"
ဆရာတော်မှ သနားသဖြင့်ချီးမြှင့်သော တရားဆောင်ပုဒ်ဖြစ်ပါတယ်။
သာသနာ့ရောင်ခြည်အဖွဲ့ဟာ ခုဆိုရင် တစ်နှစ်တင်းတင်း ပြည့်ကာနီးပါပြီ၊ လာမယ့် အကြိမ် ဟာဆိုရင် ၁၂ ကြိမ်မြောက် ဖြစ်ပါတယ်။ သာသနာတည်သရွေ့ သာသနာ့ရောင်ခြည်အဖွဲ့ တည်တံ့အောင် ကြိုးစားကြမယ် လို့ အဓိဌာန်ပြုရင်း ညီညီညာညာ ဆက်ချီကာ သာသနာ့ဝန်ကို ဆထက်ထမ်းပိုး ရွက်ဆောင်ကြပါစို့။

Read more...

အပါယ်ချမယ့် ဒါန ဆယ်မျိုး

(၁) မဇ္ဇဒါန = သေရည်အရက်ကို ပေးလှူခြင်း။
(၂) သမဇ္ဇဒါန = ပွဲသဘင်ဖြင့် လှူဒါန်းပူဇော်ခြင်း။
(၃) ဣတ္ထိဒါန = မိန်းမကို ပေးလှူခြင်း။
(၄) ဥသဘဒါန = နွားမအပေါင်း၏ အလယ်၌ နွားလားဥသဘကို လွှတ်ပေးခြင်း။
(၅) စိတ္တကမ္မဒါန = မိန်းမ ယောက်ျားတို့ ၏ မေထုန်မှီဝဲဟန် ပုံအသွင်စသော ကိလေသာဖြစ်ခြင်း၏ အကြောင်းဖြစ်သော ပန်းချီဆေးရေးကားချပ် ပေးလှူခြင်း။
(၆) သတ္ထဒါန = လက်နက်ကို ပေးလှူခြင်း ။
(၇) ၀ိသဒါန = အဆိပ်ကို ပေးလှူခြင်း ။
(၈) သင်္ခလိကဒါန = သံခြေချင်းကို ပေးလှူခြင်း။
(၉) ကုက္ကုဋသူကရဒါန = ကြက်ဝက်တို့ ကို ပေးလှူခြင်း။
(၁၀) ကုလာကူဋမာနကူဋဒါန = ချိန်စဉ်းလဲ၊ တောင်းစဉ်းလဲကို ပေးလှူခြင်း။

Read more...

ထိုင်လျက် ကျကွဲခြင်း

တံခါးခေါက်တာက
အလွယ်လေး
ဖွင့်ပေးလိုက်ရတဲ့ အခန်းက
အကျယ်ကြီး...။

ဧည့်သည်ရောက်မှတော့
အခွံမဟုတ်တော့ဘူးပေါ့
ပြန်ထွက်သွားကာမှ
အခွံဖြစ်ကျန်ရသေး..။

“အားလုံးခရီးသွားတွေချည်းပါပဲလေ” တဲ့
ရသေ့ကြီးက ပုတီးမပါပဲ
ရွတ်တယ်

ငါကတော့
စိတ္တက္ခဏတိုင်း
ထိုင်လျက်ကျကွဲ...။

ဓမ္မဂင်္ဂါ
၁၇-၀၇-၂၀၁၀

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP