* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, July 15, 2010

ဝိဓူရဇာတ် (နိဂုံး)

0005052Kph0.jpg

ထို့နောက် ပုဏ္ဏကအားလည်း “ပုဏ္ဏက၊ အသင်သည် ယူဆောင်ရန် အလွန်ခက်ခဲသော သုခမိန်ကို တရားသဖြင့် ဆောင်ယူခဲ့သည့်အတွက် ငါ ချီးကျူးပါသည်။ မိဖုရားကြီး၏ အလိုဆန္ဒ ပြည့်ဝသောကြောင့် သင့်အား သမီးတော် ဣရန္ဓတီကို ဆောင်နှင်းပေးအပ်ပါ၏။ သင် ပုဏ္ဏက စစ်သူကြီးသည် ယနေ့ပင် သုခမိန်ကို ဣန္ဒပတ္ထနဂိုရ်ပြည်သို့ ပြန်ပို့ပေးပါလော့” ဟူ၍ ဆို၏။

ပုဏ္ဏကသည် ဣရန္ဓတီကို ရ၍ လွန်စွာဝမ်းမြောက်သွားသည်။ ထို့ကြောင့် ဝိဓူရအား စကြာမင်းတို့သာ သုံးသည့် မနောဟရပတ္တမြားကို ပေးသည်။ ထို့နောက် နဂါးမင်းနှင့် မိဖုရားတို့ကို ခွင့်ပန်၍ သိန္ဓောမြင်းကို ပြင်စေသည်။ မြင်းပျံပေါ်၌ ဝိဓူရအား ရှေ့ကထားလျက်၊ ပုဏ္ဏက က အလယ်ကစီးလျက်၊ ဣရန္ဓတီအား နောက်ကထားလျက် နဂါးပြည်မှ ထွက်ခွာလာကြသည်။

ထို့နေ့ မိုးသောက်ယံ၌ ကောရဗျမင်းကြီးသည် ထူးဆန်းသော အိပ်မက်ကို မြင်မက်သည်။ ထိုအိပ်မက်အရ ‘ယနေ့ပင် ဝိဓူရသုခမိန် မုချရောက်လာလိမ့်မည်’ ဟူ၍ ဝမ်းမြောက် ဝမ်းသာဖြစ်နေသည်။ ချက်ချင်းပင် မြို့ကို တန်ဆာဆင်စေသည်။ ရတနာ မဏ္ဍပ်ကြီး ထိုးစေသည်။ တရားပလ္လင် ပြင်စေသည်။ တစ်ရာ့တစ်ပါးသော မင်းတို့နှင့်တကွ တိုင်းသူပြည်သားတို့အားလည်း “ယနေ့ ဝိဓူရသုခမိန် ပြန်ရောက်လိမ့်မည်” ဟု ပြောဆိုသည်။ ဝိဓူရကို စောင့်မျှော်နေကြစေသည်။

ထိုခဏ၌ ပုဏ္ဏကသည် မြင်းပျံဖြင့် ရောက်လာသည်။ ဝိဓူရကို မြင်းပေါ်မှချ၍ တရားသဘင် ပရိသတ် အလယ်၌ ထားခဲ့သည်။ ဣရန္ဓတီနှင့်အတူ ကြည်ရွှင် ချမ်းမြေ့စွာ ထွက်ခွာ သွားလေသည်။ မင်းကြီးက ဖြစ်ပျက်ပုံ အလုံးစုံကို မေးမြန်းသည်။ ဝိဓူရကလည်း စုံစေ့စွာ လျှောက်ထားသည်။ နောက် ပုဏ္ဏကပေးလိုက်သော ပတ္တမြား ရတနာကို ကောရဗျမင်းကြီးအား ဆက်သလေသည်။

မင်းကြီးကလည်း တိုင်းသူပြည်သား အပေါင်းတို့အား “ငါ၏ အမတ်ကြီးသည် ဝိဓူရသုခမိန်သည် အနှောင်အဖွဲ့မှ လွတ်သည့်နည်းတူ နိုင်ငံအတွင်း၌ အချုပ်အနှောင် ခံနေကြရသော သူများကိုလည်း အနှောင်အဖွဲ့မှ လွှတ်စေ။ ပိုက်ကွန်၊ ကျော့ကွင်း၊ မြှုံးစသည်တို့ဖြင့် ဖမ်းမိကုန်သော ငှက်တို့ကိုလည်း လွှတ်စေ။ မုဆိုး တံငါ အလုပ်များကိုလည်း မလုပ်စေနှင့်။ ဤ တစ်လအတွင်း လယ်သမားတို့လည်း အနားယူ၍ ပျော်ပွဲသဘင်ကို ဆင်ယင် ကျင်းပ ပျော်ရွှင်ကြစေ” ဟူ၍ မိန့်တော်မူသည်။ ထို့ပြင် ဝိဓူရကိုလည်း အထူးထူးသော လက်ဆောင် ပဏ္ဏာတို့ဖြင့် ပူဇော်ရန် တိုက်တွန်းသည်။ တိုင်းသူပြည်သားတို့ကလည်း ဝမ်းမြောက် ဝမ်းသာ ပူဇော်ကြသည်။

ဝိဓူရသုခမိန်သည် မင်းနှင့်တကွသော တိုင်းသူ ပြည်သားတို့အား တရားစကား ဟောကြားဆုံးမသည်။ ကောင်းမှုများ ပြုစေသည်။ မိမိကိုယ်တိုင်လည်း ကောင်းမှုများ ပြုသည်။ ဤသို့ဖြင့် စုတေသောအခါ အားလုံးပင် နတ်ပြည်သို့ လားကြလေသတည်း။

(ဇာတ်ပေါင်းသော် ဝိဓူရသုခမိန်သည် ဂေါတမ ဘုရားရှင်၊ ကောရဗျမင်းသည် အရှင် အာနန္ဒာ၊ ပုဏ္ဏကဘီလူးသည် အင်္ဂုလိမာလ၊ ဝရုဏနဂါးမင်းသည် အရှင်သာရိပုတ္တရာ၊ သိကြားမင်းသည် အရှင်အနုရုဒ္ဓါ၊ ဂဠုန်မင်းသည် အရှင်မောဂ္ဂလာန်၊ ဝိမလာဒေဝီသည် ခေမာဘိက္ခုနီ၊ ဣရန္ဓတီသည် ကိသာဂေါတမီ၊ သိန္ဓောမြင်းသည် ခဏ္ဍကမြင်း၊ ဝိဓူရ၏ မယားကြီး အနော်ဇာသည် ယသော်ဓရာ အသီးသီး ဖြစ်လာကြလေသည်)

***ဤ ဝိဓူရဇာတ်တွင် ဂေါတမဘုရားရှင် ပညာပါရမီ၊ သစ္စာပါရမီ၊ အဓိဌာန်ပါရမီ၊ ခန္တီပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်ပါသည်***

စိတ်ဝင်စားစွာ အားပေးလျက်ရှိသော ဘလော့ဂ်မောင်နှမများအား အစဉ်လေးစား ကျေးဇူးတင်လျက်-


☺ပြီးပါပြီရှင်...။

Read more...

*တဏှာရေကြော*

ကဲ ကောင်းပြီ.. ဒိဋ္ဌိသည် မိမိတို့ သန္တာန်မှာ ရှိခဲ့သော် ၀ိစိကိစ္ဆာလည်း ပါစမြဲပဲ.. စဉ်းစား.. ခန္ဓာငါးပါး သဘောကို မသိရင်.. ကံကိုကော သိပါ့မလား.. တကယ် မသိပါဘူးနော်.. ကဲ.. အားလုံး ကံမြောက်တာကို သဘောပေါက်ပြီ.. တစ်ယောက်တည်း ထိုင်နေရင်းနဲ့ ရင်ထဲမှာ စကားပြောတယ် ဆိုတာ ဘာကြောင့် ပြောသလဲ.. ဥပမာ.. ကဲ အိမ်အကြောင်း ဆိုရင်ပေါ့နော်.. ဒါကို ဘုန်းဘုန်းတို့ ၀တ္ထုလေးနဲ့ ပြောရအောင်နော်.. ဒီခေတ်စကားနဲ့ ပိုကောင်းတယ်.. ဘုန်းဘုန်း အဖိုး ပြောဖူးတာပဲ ပြောရအောင်နော်.. အဖိုးက ဆုံးမဖူးတယ်.. သူတို့ ရွာမှာတဲ့ ဟိုတုန်းက သာယာဝတီ နယ်ဘက်မှာ ဆရာတော် တစ်ပါးက အင်မတန် တန်ခိုးကြီးတာ.. သူများ စိတ်အကြံတောင် သိတယ်.. အဲတော့ ဘုန်းကြီးလွန်း အားကြီးတော့ သူ့နားမှာ နေတဲ့ ရသေ့ကြီးကလည်း ဆရာတော် ကြီးကို ချဉ်းကပ်တယ်.. လာဘ်လာဘ အင်မတန် ပေါတာတဲ့.. ဆရာတော်ဘုရားက ဘာကြောင့် စွမ်းအားရှိလဲ.. ရသေ့ကြီးက အကြောင်းရှာတာ မသိတော့ တရားထိုင်တဲ့ နေရာကြောင့် ထင်တယ်တဲ့.. နေရာလည်း ပါတော့ ပါတာပေါ့နော်.. ဘုရားတောင်မှ ဗောဓိပင် အရှေ့အရပ်ကို ရွေးရသေးတာပဲ နော်.. နေရာလည်း ပါတော့ ပါတာပေါ့.. အဲတော့ ဆရာတော် ဘုရား ထိုင်တဲ့ နေရာကို လိုက်ထိုင်ရင်တော့ ငါတော့ အားရှိမယ် ထင်တာပေါ့.. ဆရာတော်ဘုရား.. ဆရာတော်ဘုရား ဂူထဲသွားရင် လိုက်ပါရစေလို့ ပြောတော့.. အေး လိုက်ခဲ့ ဆိုပြီး ခေါ်သွားတာ.. ဂူထဲကျတော့ အင်မတန် ခြောက်ခြားလာတယ် ကြောက်လာတယ်..

ဆရာတော် ဘုရားကြီးက မျက်စိမှိတ် ထိုင်တော့.. နောက်ကလည်း မထိုင်ရဲ.. ရှေ့လည်း သွားမထိုင်ရဲ.. အဲတော့ ဘေးတိုက်ကလည်း မမြင်ရရင် ကြောက်သေးတာ ဆိုတော့.. ဆရာတော်ကြီးဘက် လှည့်ပြီးတော့ကာ ညာဘက်က လှည့်ပြီး ထိုင်ပြီး ကြည့်နေတယ်.. ကြောက်လို့ ကြောက်လို့.. အဲတော့ မလှမ်းမကမ်း ထိုင်ပြီးတော့. ဆရာတော်ကြီးကတော့ ငြိမ်သွားပြီ.. သူကတော့ ယောက်ယက်ခတ် နေတာ.. အဲမှာ မျက်စိမှိတ်လိုက် ပြီးတော့ကာ.. မှိတ်လိုက်တော့ သူ့မှာ ပေါ်တာက မျက်နှာ အမူအယာ၊ ကိုယ် အမူအယာ ပေါ်နေတာပဲ.. အထည် ထင်ထားတော့ကာ တွေးတော့.. ငါသာ ဆရာတော် ဖြစ်ရင် ဆိုပြီး သူ့ကိုယ်သူ ဘုန်းကြီး ၀တ်လိုက်တာ.. သိပ်မြန်တာနော်.. နံပါတ် သုံးအဆင့် သိပ်မြန်တာ.. ဆရာတော့် နေရာမှာ ရောက်သွားရင် ဆိုပြီး စိတ်ကူး ယဉ်နေလိုက်တာ.. တဏှာရေကြော မျောတယ် ခေါ်တယ်နော်.. ဥပါဒါန်၊ ကံ ရောက်သွားပြီ.. ၀ါဆိုလ ဆိုလည်း ၀ါဆို သင်္ကန်းတွေ အများကြီး.. ကထိန်ဆိုလည်း ပဒေသာပင်တွေ အများကြီးမြင်ပြီး ကျက်သရေ ခန်းထဲမှာ အများကြီး ဖြစ်နေတာ..

သူက ပစ္စည်း ထိန်းနေရာတာ ဆိုတော့ သိတာပေါ့.. ပစ္စည်းတွေ အများကြီး၊ သင်္ကန်းတွေ၊ ပရိက္ခရာတွေ များလာတော့ ဘာဆက်လုပ်မလဲ ဆိုတော့.. တဏှာက ထပ်ပုံဖော်ပေးတယ်.. လူထွက်ပြီး ပရိက္ခရာဆိုင် ထောင်မယ်တဲ့.. :) ကဲ စဉ်းစား တကယ်ဆို လှူဒါန်းပြီးတော့ တရားကျင့်ပါလား.. အဲလို မဟုတ်ဘဲ တဏှာက လှည့်ပေးလိုက်တာက ပရိက္ခရာဆိုင်ပုံကို ထပ်ဖော်ပေးတယ်.. ဖော်တဲ့ အတိုင်း ဥပါဒါန်က ဆက်သွားတာနော်.. ဆိုင်ထောင်ပြီးတော့ ပိုက်ဆံက တအား များလာတော့.. ဘာဆက်လုပ်မလဲ.. မနိုင်မနင်း ဖြစ်တော့.. ဒကာမတစ်ယောက် လိုလာပြီတဲ့.. တဏှာက ဖော်ပေးတာပဲ.. အကွက်လေး သပ်သပ် ဖော်ပေးတာ.. တဏှာက ဖော်ပေးတာနော်.. အဲတော့ ဘယ်တုန်းက ကြိုက်သွားလဲ မသိဘူး.. အိမ်ထောင် ပြုလိုက်ကော.. အိမ်ထောင်ပြုပြီး တစ်ခါ ဘာဆက်လာလဲ ဆိုတော့ ကလေးမွေးလိုက်တာ.. ချက်ချင်း ဆယ်လပြည့်တာ..

ယောက်ျားလေး ရတော့မှ သားလေးကို ချစ်လွန်း အားကြီးတော့ကာ နာမည်ပေးလို့ မရဘူး.. မထူးပါဘူး ရွှေတွေ ငွေတွေ ဆင်ပြီးတော့ကာ ရွှေဖို့လို့ ပေးလိုက်မယ်.. ရင်ထဲမှာ စကားတွေ ပြောနေတာ.. ရွှေဖို့ဆို ဆရာတော် ကြီးက သိနေပြီတဲ့.. တအောင့်လောက် ကြာတော့.. ဆရာတော်ကြီးကို ထကန်မိတာ.. ဘာဖြစ်လို့လဲ ဆိုတော့.. ကလေးကို ပုခက်ထဲမှာ ထည့်ထားပြီးတော့.. မိန်းမက လွှဲရင်းနဲ့ သူက ဈေးရောင်းနေတာ.. အဲမှာ ပုခက်ထဲက ကလေးက ပြုတ်ကျသွားတာ.. ခေါင်းကွဲသွားတာ.. ထကန်လိုက်တာမှာ ခြေထောက်က ယောင်ပြီး ဆရာတော် နဖူး သွားကန်မိတာ..  အဲမှာ ဆရာတော်ကြီးက.. ဟဲ့ ရွှေဖို့တို့ အဖေ.. နင့်ဟာက လွန်ကုန်ပြီ လွန်ကုန်ပြီ ဆိုမှ ထိုင်ကန်တော့လိုက် ရတာ.. ဆရာတော် ကြီးက သိတယ်တဲ့နော်.. သူ နာမည်ပေးတာကို ဟိုက ကြားနေတာ.. စိတ်အကြံ သိနေတာကိုး.. ရွှေဖို့တို့ အဖေ လွန်ကုန်ပြီ.. လွန်ကုန်ပြီ.. တားလို့ မမှီလိုက်ဖူးတဲ့.. ဖြစ်ခဲ့တာနော်..

အဲတော့ မှတ်ပါ.. ကံမြောက်တယ် ဆိုတာသည်.. ဒီဘက်က အတွေး ပေါ်ရာမှာ နံပါတ်နှစ် အကွက်၊ သဘောပေါက်လား.. ပေါ်တိုင်း ပေါ်တိုင်းမှာ မနောအထိ လာထင်ဟပ် တာကို.. ဒီက နောက်စိတ်က.. အင်မတန် မြန်တာ.. ကာလမခြားနော်.. အမှောင်ဖုံးပြီးတော့ကာ ဆက်တာ.. ဆက်တော့မှ စကားတွေ ပြောပြီးတော့.. ရင်ထဲမှာ.. အင်မတန်မြန်တာ.. နားလည်မလား.. ဓါတ်ရိပ်ဓါတ်ခိုးတွေ ပြောင်းပြီး လက်တွေ ခြေတွေ လှုပ်ရှားတော့တာ.. ဒါကို ကံမြောက်တယ် ခေါ်တာ.. နားလည်ပြီနော်..

အဲဒီ ကံရဲ့ နောက်ကွယ်မှာ အပူဓါတ် အဟုန်ဆိုရင် အကုသိုလ်ကံ.. အအေးဓါတ် အဟုန်ဆိုရင် ကုသိုလ်ကံ.. (ဤနေရာတွင် အပူဓါတ်၊ အအေးဓါတ်သည် တေဇောဓါတ်၊ အဟုန်သည် ၀ါယောဓါတ်ဟု မှတ်ပါ။) ဓါတ်ရိပ်ဓါတ်ခိုးတွေ ပြောင်းတာနဲ့ အမျှ ဘ၀ပြောင်းတာ.. အပူဓါတ် အဟုန်နဲ့ ဆက်ပြီးတော့ကာ တွေးမယ် ဆိုရင်.. မာနတွေ လောဘတွေ ပါနေမယ်.. ကြမ်းတမ်းနေမယ် ဆိုရင်.. အပါယ် ဇာတိ.. အစုန်လမ်း ဖြစ်နေတာ.. “အချိန်တိုင်း တွေးနေရင်း ဘ၀ပြောင်းနေတာ”.. နောက်ပြီး အအေးဓါတ် အဟုန်နဲ့ ကြည်လင်ပြီး.. မျက်နှာလေးလည်း ပြုံးပြီး ကြည်လင်နေမယ် ဆိုရင်တော့ အထက် မဆန်ဘူးလား.. ဒါ အဆန်လမ်း ဖြစ်နေတာ.. အဲတော့ ဘုန်းကြီးက သိစေချင်တာ အားလုံးကို.. အစုန်လမ်း၊ အဆန်လမ်းကို လည်းပဲ ခန္ဓာငါးပါးကို သိမှ ခွဲတတ်တာ.. နားလည်ပြီလား.. အဲ တဏှာ အစပ်ဖြတ်တာကတော့ နိဗ္ဗာန်လမ်းလို့ သိရင် ၀ိစိကိစ္ဆာ မလာဘူးတဲ့.. သဘောပေါက်လား.. ဒါဖြင့် ခန္ဓာငါးပါး တစ်ချက်သိရင် ဒါတွေ အကုန်ပြီးတယ်လို့ မှတ်လိုက်.. ရပြီလား..

ပိုင်းလော့ ဆရာတော်ဘုရား ဟောကြားတော်မူသော ကိလေသ သံယောဇဉ်ဆယ်ပါး ပယ်ပုံ တရားတော်မှ ထုတ်နုတ်ရေးသား ပူဇော်ပါသည်..။

လေးစားစွာဖြင့်
ဖိုးသား

7/15/2010 12:38:35 AM

Read more...

ဗြဟ္မာ့ပြည် တဝင်းဝင်း၊ ဝက်စားကျင်း တမြုံ့မြုံ့

တစ်ချိန်က မြတ်စွာဘုရားဟာ ရာဇဂြိုဟ်မြို့သို့ ဆွမ်းခံဝင်တော်မူတယ်။
အဲဒီအခါ ဝက်မကလေးတစ်ကောင်ကို မြင်တော်မူပြီး ပြုံးတော်မူပါသတဲ့။
ပြုံးတဲ့အခါ သွားတော်များမှ ဖြူသော ရောင်ခြည်တော်များ ထွက်လာတာကို မြင်ရလို့ ပြုံးတော်မူကြောင်း သိရတဲ့အတွက် အရှင်အာနန္ဒာက “ဘာကြောင့် ပြုံးတော်မူပါသလဲ”လို့ မေးလျှောက်တယ်။

မြတ်စွာဘုရားက - “အာနန္ဒာ ... ဟိုမှာ ကြည့်စမ်း၊ ဝက်မကလေးကို မြင်ရဲ့လား”
(မြင်ပါတယ်ဘုရား)

အဲဒီ ဝက်မကလေးဟာ ကကုသန်မြတ်စွာဘုရား၏ သာသနာတော် တည်ထွန်းစဉ်က လူ့ဘဝ အမျိုးသမီးအဖြစ်မှ သေပြီး ဆွမ်းစားကျောင်းတစ်ခုအနီးမှာ ကြက်မ ဖြစ်ခဲ့တယ်။
အဲဒီ ကြက်မဟာ သိန်းငှက်က ဖမ်းသုတ်ပြီး စားလို့ သေရရှာတယ်။

ဒါပေမယ့် စောစောပိုင်းက ယောဂီရဟန်းတစ်ပါး၏ ကမ္မဋ္ဌာန်းတရား ရွတ်ဆိုနေတဲ့ တရားသံကို ကြားရပြီး ကုသိုလ်ဖြစ်ပွားခဲ့လို့ အဲဒီ ကုသိုလ်၏ အစွမ်းကြောင့် လူ့လောကမှာ မင်း၏ အိမ်၌ ‘ဥဗ္ဗရီ’မည်သော မင်းသမီးဖြစ်ခဲ့တယ်။

အဲဒီ မင်းသမီးဟာ နောက်ကာလမှာ ပရိဗိုဇ်မကျောင်း၌ ပရိဗိုဇ်ပြုနေရင်း အိမ်သာထဲက ပိုးလောက်တွေကို ကြည့်ပြီး ပုဠဝကသညာ (သြဒါတသညာ)ကို ဖြစ်စေလျက် ပဌမဈာန်ကို ရခဲ့တယ်။
အဲဒီ ပရိဗိုဇ်ဘဝမှ သေတဲ့အခါ ပဌမဈာန် ဗြဟ္မာ့ဘုံမှာ ဗြဟ္မာဖြစ်ခဲ့တယ်။

ဗြဟ္မာဘဝမှ စုတေတဲ့အခါ လူ့လောက၌ သူဌေးသမီး ဖြစ်ခဲ့တယ်။
အဲဒီ သူဌေးသမီးဘဝက သေတဲ့အခါ ဒီ ဝက်မကလေး ဖြစ်နေရရှာတယ်။

အဲဒီ အကြောင်းအရာတွေကို မြင်လို့ ငါပြုံးတယ်လို့ မိန့်တော်မူပါတယ်။

အဲဒီ အကြောင်းအရာကို ကြားရတော့ အရှင်အာနန္ဒာနှင့်တကွ ရဟန်းတော်များမှာ ကြီးစွာသော သံဝေဂကို ရကြပါသတဲ့။
အဲဒီအခါ မြတ်စွာဘုရားက ဆွမ်းခံကြွနေရင်း လမ်းမှာပဲ ရပ်တော်မူလျက် တရားဂါထာ ၆-ပုဒ်ကို ဟောတော်မူပါတယ်။

ယခု အဲဒီ ၆-ပုဒ်ထဲက ပထမတစ်ပုဒ်ကို ထုတ်ပြမယ်။

ယထာပိ မူလေ အနုပဒ္ဒဝေ ဒဠှေ၊
ဆိန္နောပိ ရုက္ခော ပုနရေဝ ရူဟတိ။
ဧဝမ္ပိ တဏှာနုသယေ အနုဟတေ၊
နိဗ္ဗတ္တတိ ဒုက္ခမိဒံ ပုနပ္ပုနံ။

မူလေ - အမြစ်အရင်းသည်၊
အနုပဒ္ဒဝေ ဒဠှေ - ဘေးရန် မရှိဘဲ ခိုင်မြဲနေလတ်သော်၊
ဆိန္နောပိ - အထက်ပိုင်းဘက် အကိုင်းအခက်ကို ထုတ်ဖြတ်ထားငြားသော်လည်း၊
ရုက္ခော - သစ်ပင်သည်၊
ပုနရေဝ ရူဟတိ ယထာပိ - တစ်ဖန် ပြန်၍သာလျှင် အညွန့်အတက် ပေါ်ထွက်စည်ပင်ပြန်သကဲ့သို့၊
ဧဝမ္ပိ - ဤအတူပင်လျှင်၊
တဏှာနုသယေ အနုဟတေ - သန္တာန်၌ ဖြစ်ထိုက်သော အနုသယတဏှာကို အရိယမဂ်ဖြင့် မပယ်အပ်သေးသည်ရှိသော်၊
ဣဒံ ဒုက္ခံ - ဘဝအသစ်ဖြစ်ခြင်း စသော ဤဆင်းရဲသည်၊
ပုနပ္ပုနံ - အဖန်ဖန် အထပ်ထပ်၊
နိဗ္ဗတ္တတိ - ဖြစ်လေတော့၏ တဲ့။

အဲဒီ ဂါထာဖြင့် ဖော်ပြလိုရင်းကတော့ ဥဗ္ဗရီမင်းသမီးဘဝတုန်းက ပရိဗိုဇ်ရသေ့ပြုပြီး တရားနှလုံးသွင်းလို့ ပဌမဈာန်ကို ရခဲ့တယ်။

ဒါပေမယ့် အဲဒီဈာန်က စိတ်ကူးအဖြစ်နဲ့ ဖြစ်ပေါ်တဲ့ ကာမရာဂ ပရိယုဋ္ဌာန် တဏှာကိုသာ ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်နိုင်တယ်။ အခိုက်အတန့် အတော်အတန်ကြာအောင် ဝေးကွာစေတာပါပဲ။

ဒါကြောင့် အဲဒီ ပဌမဈာန်ရတဲ့ ဘဝတုန်းကနဲ့ ဗြဟ္မာဘဝတုန်းက ကာမရာဂတဏှာ မဖြစ်ပေါ်ဘဲ ကင်းနေခဲ့တယ်။

ဒါပေမယ့် အရိယမဂ်ဖြင့် အမြစ်ပြတ် ပယ်တာ မဟုတ်သောကြောင့် လူ့ဘဝ သူဌေးသမီး ဖြစ်တဲ့အခါကျတော့ အဲဒီ ကာမတဏှာဟာ ဖြစ်မြဲ ပြန်ဖြစ်တာပဲ။
ဘဝတဏှာကတော့ ဈာန်ရနေတုန်းကလည်း ဖြစ်နေခဲ့တာပါပဲ။
အဲဒီလို အနုသယတဏှာ အမြစ်မပြတ်တဲ့အတွက် ဗြဟ္မာဖြစ်ပြီးတဲ့နောက် လူ့ဘဝမှတဆင့် ဝက်ဘဝလည်း ရောက်ရပြန်တယ်။
တဏှာမကင်းသေးသမျှ ကာလပတ်လုံး ဒီပုံဒီနည်းဖြင့် ကံအားလျော်စွာ ဘဝအမျိးမျိုးတွေ အဖန်ဖန် ဖြစ်သွားရမယ်လို့ ဆိုလိုပါတယ်။

အဲဒီမှာ ဗြဟ္မာဖြစ်ပြီးတဲ့နောက် ဝက်ဖြစ်ရပြန်တာကို အကြောင်းပြုပြီးတော့ ရှေးဆရာတော်ကြီးများက “ဗြဟ္မာဖြစ်လို့ တဝင်းဝင်း၊ ဝက်စာကျင်းမှာ တမြုံ့မြုံ့”လို့ ဆိုတော်မူခဲ့ကြပါတယ်။

ဒါပေမယ့် ဗြဟ္မာဘဝမှ စုတေပြီးလျှင် ပြီးချင်း ဝက်တော့ မဖြစ်နိုင်ဘူး။
အခြား တိရစ္ဆာန် ငရဲသားဆိုတာတွေလည်း မဖြစ်နိုင်ပါဘူး။
ဈာန်ရတဲ့ဘဝက ဈာန်၏အနီးဖြစ်တဲ့ ဥပစာရ ဘာဝနာ ကုသိုလ်၏ အစွမ်းကြောင့် လူ့လောက နတ်လောက၌သာ ဖြစ်နိုင်ပါတယ်။

ယခု ပြောနေတဲ့ ဝက်မကလေးဟာလည်း လူ့လောက သူဌေးသမီးဘဝမှတဆင့် ဝက်ဘဝကို ရောက်ရတာပဲ။
အဲဒါဟာလည်း သူဌေးသမီးဘဝတုန်းက မာန်ယစ်ပြီး ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်ကို မရိုမသေ ပြစ်မှားခဲ့တဲ့ အကုသိုလ်ကံကြောင့် ဖြစ်ဖွယ်ရှိပါတယ်။

အဲဒီ ဝက်မကလေးဟာ အဲဒီဘဝမှ သေတဲ့အခါ ‘သုဝဏ္ဏဘူမိ’ဆိုတဲ့အရပ် မင်းမျိုး၌ ဖြစ်တယ်။
သုဝဏ္ဏဘူမိဆိုတာ သထုံပြည်ပဲလို့ အများက ယူဆကြပါတယ်။
အချို့ပညာရှိများကတော့ သာသနာတော်နှစ် ၁၅၀၀ နီးပါးက ဒေဒပါလမင်း ရေးထိုးထားခဲ့တဲ့ ကြေးပုရပိုက်စာကို အထောက်အထားပြုပြီးတော့ သုမာတြာ (စုမာတြာ)ကျွန်းကို သုဝဏ္ဏဘူမိ ခေါ်တယ်လို့ ဆိုကြတယ်။

အဲဒီ သုဝဏ္ဏဘူမိ မင်းသမီးဘဝမှ သေတဲ့အခါ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့၌ အမျိုးသမီးဖြစ်တယ်။

အဲဒီ ဘဝမှ သေတဲ့အခါ ဝနဝါသီတိုင်း၌ အမျိုးသမီး ဖြစ်တယ်။
ဝနဝါသီတိုင်းဆိုတာ ဘုံဘေမြို့နယ်၏ အရှေ့တောင်အရပ်မှာ ရှိတယ်။

အဲဒီ ဘဝမှ သေတဲ့အခါ သုပ္ပါရက သင်္ဘောဆိပ်အရပ်၌ မြင်းကုန်သည်သမီး ဖြစ်တယ်။
သုပ္ပါရက သင်္ဘောဆိပ်ဆိုတာ ဘုံဘေမြို့မြောက်ဘက် ပင်လယ်ကမ်းခြေမှာ ရှိတယ်။

အဲဒီ ဘဝမှ သေတော့ ကာဝီရ သင်္ဘောဆိပ်အရပ်၌ လှေသူကြီးသမီး ဖြစ်တယ်။
ကာဝီရ သင်္ဘောဆိပ်ဆိုတာ အိန္ဒိယကျွန်းဆွယ် အရှေ့တောင်ဘက်အစွန်းမှာ ရှိတယ်။
ရှေးတုန်းက ဒမိဠ ခေါ်တဲ့ တမီးလ်လူမျိုးတို့၏နိုင်ငံ ပင်လယ်ကမ်းခြေပေါ့။

အဲဒီ ဘဝမှ သေတော့ ယခု သီရိလင်္ကာခေါ်တဲ့ သီဟိုဠ်ကျွန်း အနုရာဓမြို့မှာ အစိုးရပိုင်း အမျိုးထဲ၌ ဖြစ်တယ်။

အဲဒီ ဘဝမှ သေတော့ အနုရာဓမြို့တောင်ဘက် ဘောက္ကန္တ ဆိုတဲ့ ရွာမှာ ‘သုမန’ဆိုတဲ့ သူကြွယ်၏သမီး ဖြစ်တယ်။
အမည်ကတော့ ဖခင်အမည်လိုပင် ‘သုမနာ’လို့ ခေါ်တယ်။
နောင်အခါမှာ သူ့ဖခင်က အဲဒီရွာကို စွန့်ခဲ့ပြီးတော့ ဒီဃဝါပီနယ် မဟာမုနိ ဆိုတဲ့ ရွာမှာ နေတယ်။
အဲဒီရွာမှာ နေစဉ် ဒုဋ္ဌဂါမဏိမင်း၏ အမတ်ဖြစ်တဲ့ ‘လကုဏ္ဍကအတိမ္ဗရ’ ဆိုသူက ကိစ္စတစ်ခုဖြင့် အဲဒီရွာ ရောက်လာတဲ့အခါ မယ်သုမနာကို မြင်ရ၍ မေတ္တာသက်ဝင်သဖြင့် ထိမ်းမြားမင်္ဂလာကို အကြီးအကျယ်ပြုပြီး သူ့နေရပ်ဖြစ်တဲ့ မဟာပုဏ္ဏရွာသို့ ခေါ်ဆောင်သွားတယ်။

အဲဒီရွာ၌ နေစဉ် တောင်စွန်းကျောင်းတိုက်ကြီး၌ သီတင်းသုံးသော မဟာအနုရုဒ္ဓမထေရ်က အဲဒီရွာ ဆွမ်းခံကြွလာတော့ မယ်သုမနာ၏ အိမ်တံခါးဝ၌ ဆွမ်းရပ်နေစဉ် မယ်သုမနာကို တွေ့မြင်ရ၍ နောက်ပါ ရဟန်းများနှင့် ဒီလို ပြောဆိုပါသတဲ့။

အာဝုသော - ငါ့ရှင်တို့၊
သူကရပေါတိကာ - ဘုရားလက်ထက်တော်က ဝက်မကလေးသည်၊
လကုဏ္ဍက အတိမ္ဗရ မဟာမတ္တဿ - လကုဏ္ဍက အတိမ္ဗရ ခေါ် အမတ်ကြီး၏၊
ဘရိယ ဘာဝံ - အမတ်ကတော်အဖြစ်သို့၊
ပတ္တာနာမ - ရောက်နေတုံသေး၏၊
အဟော အစ္ဆရိယံ - သြော် ... အံ့သြစရာ ကောင်းပါပေစွတကား ... တဲ့။

အဲဒီစကားကို ကြားရတော့ အမတ်ကတော် မယ်သုမနာမှာ ရှေးဘဝဟောင်းတွေကို ပြန်လည်အောက်မေ့နိုင်တဲ့ ဇာတိဿရဉာဏ် ဖြစ်ပေါ်လာသတဲ့။

အဲဒီဉာဏ်ဖြင့် သူဖြစ်ခဲ့ဖူးတဲ့ ဘဝဟောင်းတွေကို ပြန်လည် ဆင်ခြင်ကြည့်လိုက်တဲ့အခါ သံသရာကို ထိတ်လန့် ကြောက်ရွံ့တဲ့ သံဝေဂဉာဏ်လည်း ဖြစ်လာပြန်သတဲ့။
ဒါကြောင့် သူ့ခင်ပွန်း အမတ်ကြီးထံမှ ခွင့်တောင်းပြီး ဘိက္ခုနီကျောင်းတိုက်မှာ ရဟန်းပြုခဲ့တယ်။

ရှင်ရဟန်းပြုပြီးတော့ တိဿမဟာဝိဟာရကျောင်းတိုက်မှာ သတိပဋ္ဌာန်သုတ်တရားကို ကြားနာပြီး ထိုနည်းအရ ရှုမှတ်သဖြင့် သောတာပတ္တိမဂ်ဖိုလ် ရောက်သွားပါသတဲ့။

အဲဒီကနောက် ဒုဋ္ဌဂါမဏိမင်းကြီး နန်းတက်ပြီးတဲ့အခါ သူ့ဇာတိအရပ်ဖြစ်တဲ့ ဘောက္ကန္တရွာသို့ သွားရောက်ပြီး နေစဉ် ကလ္လမဟာဝိဟာရကျောင်းတိုက်၌ အာသီဝိသောပမသုတ်ကို ကြားနာရ၍ အရဟတ္တဖိုလ်ရောက်ပြီး အာသဝေါကုန်ခန်းတဲ့ ရဟန္တာမဖြစ်သွားပါသတဲ့။

အဲဒီ သုမနာထေရီမ၏ ဘဝဖြစ်စဉ်ကို ဘုန်းကြီးက ဒီလို ဆောင်ပုဒ် စီထားတယ်။

လူ, ကြက်မကြီး၊ မင်းသမီးတဖြာ
ဗြဟ္မာ, သူဌေး ဝက်ကလေးဖြစ်ရ
သုဝဏ္ဏ ဗာရာ၊ ဝနဝါနှင့်
သုပ္ပါရက၊ ကာဝီရမှ
သီဟဠနုရာ၊ ဘောက္ကန်ရွာဟု
ဖြစ်ရာပေါင်းစု၊ ဆယ့်သုံးခုသည်
မယ်သုမနာ ဖြစ်စဉ်တည်း။

အဲဒီ မယ်သုမနာရဲ့ ဖြစ်စဉ် တစ်ဆယ့်သုံးဘဝကို သေသေချာချာ စဉ်းစားကြည့်ရင် အင်မတန် သံဝေဂ ဖြစ်စရာ ကောင်းတယ်။

ကကုသန်ဘုရားလက်ထက်တော်တုန်းက လူ့ဘဝမှ သေတဲ့အခါ သားသမီး အခြွေအရံတွေရော လက်ရှိပစ္စည်းတွေရော မိမိကိုယ်ပေါ် စွန့်ပစ်ခဲ့ပြီး သေသွားရရှာတယ်။
သားသမီး စသည်တွေက ငိုကြွေးပြီး ကျန်နေရစ်ကြရှာမှာပေါ့။

သူ့မှာလည်း သေပြီးတော့ ကြက်မ ဖြစ်ရရှာတယ်။
လူစင်စစ်က ကြက်ဖြစ်သွားတာ ကြောက်စရာပါပဲ။

အဲဒီ ကြက်မဘဝမှာလည်း သားသမီး ကြက်အခြွေအရံတွေ ရှိမှာပဲ။
သိန်းငှက်က ထိုးသုတ် ဖမ်းယူပြီး ထိုးဆိတ် စားလို့ ခေါင်းပြတ်ပြီး မချိမဆန့်နဲ့ သေရရှာတယ်။

အဲဒီကနောက် ကမ္မဋ္ဌာန်းတရားသံ ကြားနာရတဲ့ ကုသိုလ်ကံကြောင့် မင်းသမီး ဖြစ်ရတယ်ဆိုတာကတော့ ဝမ်းသာစရာပါပဲ။
အဲဒီ ကြက်မဟာ ကမ္မဋ္ဌာန်းတရားအကြောင်းကို ဘာမှ နားလည်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် ကြည်ညိုတဲ့ စိတ်နဲ့ နာလို့ ကုသိုလ်ဖြစ်ပြီး အဲဒီ ကုသိုလ်ကြောင့် လူ့ဘဝ ပြန်ရောက်ပြီး မင်းသမီးတောင် ဖြစ်ရတယ်ဆိုတော့ တရားနာရတာဟာ အင်မတန် အားကိုးစရာ ကောင်းတာပဲ။

အဲဒီ မင်းသမီးဘဝက ဈာန်ရလို့ နောက်ဘဝ၌ ဗြဟ္မာဖြစ်ရတာလည်း ဝမ်းသာစရာပဲ။

ဗြဟ္မာဘဝမှ စုတေတော့ လူ့လောက၌ သူဌေးမျိုးမှာ ဖြစ်ရတယ်။ အဲဒါလည်း ဝမ်းသာစရာပါပဲ။

ဒါပေမယ့် အဲဒီဘဝမှ သေတဲ့အခါ သားသမီးစသည် အခြွေအရံတွေရော ပစ္စည်းဥစ္စာတွေရော မခွဲချင်ဘဲနဲ့ သေပြီး ခွဲခဲ့ရတာဟာ ဝမ်းနည်းစရာပဲ။

သေပြီးတော့ ဝက်မကလေးဖြစ်ရတယ်ဆိုတာက သာပြီး ဝမ်းနည်းစရာ ကောင်းသေးတယ်။
ဗြဟ္မာက လူဖြစ်, လူက ဝက်ဖြစ်ရတာဆိုတော့ ကြောက်စရာလည်း အလွန်ကောင်းတာပဲ။
သံဝေဂယူစရာပါပဲ။
အခြားလူတွေလည်း အရိယမဂ်ကို မရသေးရင် အဲဒီလို ယုတ်ညံ့တဲ့ ဘဝတွေကို ရောက်သွားနိုင်တယ်။
ဒါကြောင့် သတိသံဝေဂဖြစ်ပြီး တရားကို လေးလေးနက်နက် နှလုံးသွင်းနိုင်အောင် မြတ်စွာဘုရားက ဒီဝက်မကလေး ဖြစ်စဉ်ကို မိန့်တော်မူခဲ့တာပဲ။

အဲဒီ ဝက်မကလေးဘဝတုန်းက ဘယ်လို သေရတယ်ဆိုတာတော့ ပြဆိုမထားဘူး။
ဒါပေမယ့် ယခုကာလလိုပဲ ဝက်ရှင်က သတ်လို့ သေရတာ ဖြစ်မှာပါပဲ။
အဲဒီ အခါတုန်းက ဝက်မမှာ သားသမီး စသည့် အခြွေအရံ အပေါင်းအဖော်တွေ ရှိမှာပဲ။
အဲဒါတွေနဲ့ သေကွဲ ကွဲလာခဲ့ရတဲ့အခါ သက်ဆိုင်ရာတွေအားလုံး စိတ်ဆင်းရဲတွေ များစွာ ဖြစ်ကြရမှာပဲ။

အဲဒီကနောက် သုဝဏ္ဏဘူမိအရပ်မှ အနုရာဓမြို့အထိ ၆-ဌာနမှာ လူ့ဘဝချည်း ဖြစ်သွားရတယ်ဆိုတော့ တော်သေးရဲ့လို့ ဆိုရမှာပဲ။

ဒါပေမယ့် အဲဒီ ၆-ဘဝမှ သေရတဲ့အခါတိုင်း သူကိုယ်တိုင်ရော သက်ဆိုင်တဲ့ သူတွေရော ဝမ်းနည်းကြရ စိုးရိမ်ပူဆွေးကြရမှာချည်းပဲ။

နောက်ဆုံးမှာ သုမနာထေရီဖြစ်ပြီး ရဟန္တာမ ဖြစ်သွားတာကတော့ ဝမ်းသာစရာ အကောင်းဆုံးပဲ။

အဲဒီ ဖြစ်စဉ်ထဲမှာ ဘဝဟောင်းမှ သေ,သေပြီး ဘဝအသစ် အသစ် ထပ်ကာ ထပ်ကာ ဖြစ်ရတာဟာ ဘာကြောင့်လဲဆိုရင် ဆင်းရဲဖြစ်ပွားကြောင်း သမုဒယသစ္စာဆိုတဲ့ တဏှာကြောင့်ပဲ။
အခြားသူတွေလည်း တဏှာမကင်းသေးရင် ဒီလိုပဲ သေ,သေပြီး ဘဝ အသစ် အသစ် ဖြစ်,ဖြစ်သွားရလိမ့်မယ်။

ဒါကြောင့် ဒီ သမုဒယသစ္စာဆိုတဲ့ တဏှာ ကင်းငြိမ်းအောင် မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်သုံးပွားများဖို့ရန် အလွန်ပင် အရေးကြီးပါတယ်။

သုမနာထေရီမမှာတော့ သတိပဋ္ဌာနသုတ်တရားကို နာကြားပြီးတော့ အဲဒီ သတိပဋ္ဌာန်နည်းအတိုင်း ရှုမှတ်ပွားများပြီး သောတာပန် ဖြစ်တယ်။
အဲဒီကနောက် အာသီဝိသောပမသုတ်ကို နာကြားပြီး တစ်ဖန် နှလုံးသွင်းသဖြင့် အရဟတ္တဖိုလ်ရောက်ပြီး ရဟန္တာမ ဖြစ်သွားတယ်။
သမုဒယဆိုတဲ့ တဏှာ ကင်းသွားတယ်။
ဒါကြောင့် တစ်ဖန် ဘဝအသစ် ဖြစ်ဖို့ မရှိတော့ဘူး။
ပရိနိဗ္ဗာန်ပြုပြီး အေးငြိမ်းသွားဖို့ပဲ ရှိတော့တယ်။

ဒါကြောင့် အဲဒီ သုမနာထေရီဟာ အာယုသင်္ခါရ ကုန်တဲ့အခါ ပရိနိဗ္ဗာန်ပြုတော့မည့်အကြောင်း သီတင်းသုံးဖော်များအား ပြောကြားတယ်။

အဲဒီအခါ အမျိုးသား ရဟန်းတော်များနှင့် အမျိုးသမီး ရဟန်းမများက သူ့အကြောင်းအရာကို မေးကြတဲ့အတွက် ..... ဘုရားတပည့်တော်မဟာ ကကုသန်ဘုရားလက်ထက်တော်က လူအမျိုးသမီးဖြစ်ခဲ့ပါတယ်။ အဲဒီဘဝက သေတော့ ကြက်မဖြစ်ခဲ့ပါတယ်။ အဲဒီ ကြက်မဘဝမှာ သိန်းငှက်က ထိုးသုတ်ပြီး စားလို့ ခေါင်းပြတ်ပြီး သေခဲ့ရတယ်။ သေပြီးတော့ လူ့ဘဝမှာ မင်းသမီးဖြစ်ခဲ့ရတယ် .. စသည်ဖြင့် ဘောက္ကန္တရွာ၌ အဆုံးစွန်ဘဝတိုင်အောင် သူ့အကြောင်းအရာတွေကို ဘိက္ခုနီသံဃာအား ဖြစ်စဉ်အတိုင်း ပြောကြားပြီးတော့ -

ဧဝံ - ယခု ပြောကြားခဲ့သည့်အတိုင်း၊
သမဝိသမေ - ညီမျှ မညီမျှကုန်သော၊ ဝါ - အကောင်းအဆိုး အမျိုးမျိုးကုန်သော၊
တေရသ အတ္တဘာဝေ - တစ်ဆယ့်သုံးခုသော ဘဝ အတ္တဘောတို့ကို၊
ပတွာ - ရောက်ခဲ့ပြီး၍၊
ဣဒါနိ - ယခု နောက်ဆုံးဘဝ၌၊
ဥက္ကဏ္ဌိတွာ - သံသရာ၌ ငြီးငွေ့သောကြောင့်၊
ပဗ္ဗဇိတွာ - ရဟန်းပြု၍၊
အရဟတ္တံ - ရဟန္တာအဖြစ် အရဟတ္တဖိုလ်သို့၊
ပတ္တာ - ရောက်ခဲ့ပါပြီ၊
သဗ္ဗေပိ - အားလုံးသော အရှင်ကောင်း အရှင်မတို့သည်လည်း၊
အပ္ပမာဒေန - မမေ့မလျော့ အမှတ်ရသည့် သတိတရားဖြင့်၊
သမ္ပာဒေထ - သီလ သမာဓိ ပညာကို ပြီးစီး ပြည့်စုံအောင် အားထုတ်ကြပါကုန်လော့”လို့ ပြောကြားလျက် ပရိသတ်လေးပါးကို သံဝေဂဖြစ်စေပြီးလျှင် ပရိနိဗ္ဗာန် ဝင်စံသွားပါသတဲ့။

ယခု ပြောခဲ့တဲ့ ဝက်မကလေးဝတ္ထုကတော့ ဓမ္မပဒအဋ္ဌကထာ (ဒု နှာ ၃၃၂-၅)မှာ အပြည့်အစုံ ပြဆိုထားလျက် ရှိပါတယ်။

+++++
မဟာစည်ဆရာတော်ဘုရားကြီး၏ “ဓမ္မစကြာတရားတော်ကြီး”မှ
0 comments

Read more...

ကျမနှင့် ဦးခေါင်းသေးသည့် ရောဂါ


လသာညရဲ့ ဦးခေါင်းသေးတဲ့ ရောဂါ ပို့စ် ဖတ်ပြီး

ကျောင်းသားဖြစ်ပြီး စာမကြည့်ပဲ တီဗွီရှေ့ချည်း ထိုင်နေတဲ့ သားကြီးကို “ဟဲ့ စာကြည့်ဦးလေ
ပြောလိုက်ရင် ခဏ မေမေ ၉-နာရီခွဲ သတင်းလေး ကြည့်လိုက်ဦးမယ်” တဲ့။ ကမ္ဘာ့ဖလားဘောလုံးပွဲ ရာသီမှာလည်း ပြောလိုက်တဲ့ နိုင်ငံအလိုက် ဘောလုံးအသင်းတွေအကြောင်း၊ ဘောလုံးသမားတွေအကြောင်း တတွတ်တွတ်နဲ့။ ကိုယ့်မှာ ဘာမှ နားမလည်တဲ့ ဘာသာရပ်ကို သူပြောလာရင် ရွှီးနိုင်အောင်လို့ သူကျောင်းသွားနေတုန်း ဘလော့ဂ်တွေ ဖတ်ပြီး လေ့လာထားရတယ်။ ဒါတောင် ဘယ်အသင်းနဲ့ ဘယ်အသင်း ပြိုင်တယ်၊ ဘယ်သူနိုင်လို့ ဘယ်သူရှုံးတယ် ဆိုတာလောက်ပဲ ခေါင်းထဲမှတ်နိုင်တာ။ သူ့ထက် ငါးနှစ်ကျော်ငယ်တဲ့ အငယ်ကောင်က အကိုနဲ့ အပြိုင် အပြန်အလှန် ပြောနိုင်လို့ တော်သေးရဲ့ အောက်မေ့ရတယ်။ Star Players နာမည်တွေ ခေါ်ခေါ်ပြီး ဆယ်ပေပတ်လည် အခန်းကျဉ်းလေးထဲမှာ တအုံးအုံးနဲ့ ကန်လိုက်ကြတာ။ တခါတခါလည်း “လာ မေမေ CNN သတင်းတွေ တူတူကြည့်ရအောင်” လို့ ခေါ်တတ်ပြန်သေးတယ်။ ဒီအရွယ်နဲ့ တကမ္ဘာလုံးမှာ ဖြစ်နေတာတွေ ဘာဖြစ်လို့ သိချင်နေမှန်း မသိဘူးလို့ စိတ်ထဲက အချဉ်ပေါက်မိတယ်။ ပြီးရင် လာပြောပါပြီ… “မေမေ ဟိုနိုင်ငံမှာ ဟိုဟာဖြစ်သွားတာလေ သိလား…။ ဒီလူ ကတော့ တော်တော် ဘာဖြစ်တယ် ညာဖြစ်တယ်” နဲ့။ အိမ်ထဲနေတဲ့ မအေ့ခေါင်းပေါ် ဦးထုပ်တွေ လာလာဆောင်းနေတာ...။

အငယ်လေးကလည်း လာသေးတယ်။ အိပ်ခါနီးရင် စာအုပ်တွေ ဆွဲလာပြီး “ဒါဖတ်ပြ” လို့ လုပ်တတ်သေးတယ်။ ကိုယ့်မှာ အသံ မထွက်တတ်တာတွေရော၊ အဓိပ္ပါယ် မသိတာတွေရောကို အိုက်တင်ကြီးတခွဲသားနဲ့ မနည်း အောင့်အီး ဖတ်ရတယ်။ စိတ်ထဲကတော့
လာပြန်ပြီ တယောက် ငါ့ခေါင်းပေါ် မတော်တရော် ဦးထုပ်တွေ လာတင်နေပြန်ပြီ လို့…။

ကလေးတွေ အိပ်သွားတော့ ဟိုလူကြီးက လာပြန်ပါရော။ “ဒါလေး နားထောင်ကြည့် … သူပြောသွားတာ တော်တော် ကောင်းတယ်”
နဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေရဲ့ ဟောပြောပွဲတွေ, မိန့်ခွန်းတွေကို နားထောင်ခိုင်းပြန်ပါလေရော… အောင်မလေး လို့သာ အော်ပြေးချင်လျက်နဲ့ပဲ … ဧရာမ ဦးထုပ်ကြီးတွေ ခေါင်းပေါ် အတင်ခံရပြန်ပါရော… ။

မသီတာ တဖြေးဖြေး
ဦးခေါင်း သေးတဲ့ ရောဂါ ရနေပါကြောင်း ဘလော့ဂ်ကတဆင့် ဗျို့ဟစ်လိုက်ရပါတယ်။

*****

မသီတာ သူငယ်တန်း တက်ခါစက စာလိုက်နိုင်ပါတယ်။ ဒါပေမဲ့ ဖတ်စာ (၉) အရောက်မှာ...

ကျားကြီး ခြေရာကြီး
ပျော်ပျော်နေ သေခဲ
မေးဖန်များ စကားရ
ကျီစားသန်က ရန်များ၏။
အဲ့ဒီ စာပုဒ်က ကိုယ့်အတွက် တော်တော် ခက်နေတယ်။ စကားပုံတွေနဲ့ စတင်မိတ်ဆက် လိုက်တာဆိုတော့ အဲ့ဒီအရွယ်က ကိုယ့်ဦးနှောက်နဲ့ လိုက်မမှီသလို ဖြစ်ပြီး စာမကျေညက်သလို ခံစားရမိတယ်။

“သမီး ဒီဟာ သိပ်မရဘူး... သင်ပေး”
လို့ အမေ့ကို ပထမဦးဆုံးအကြိမ်အဖြစ် (ထင်တယ်) စာသင်ခိုင်းမိတယ်။
တန်းလျားလေးပေါ်မှာ သားအမိနှစ်ယောက် အမေက ဖတ်စာအုပ်ကြီး ကိုင်လို့
“လိုက်ဆို” တဲ့။ “က ကြီး ယပင့် ရေးချ ကျာ… ရှေ့ကပေါက် ကျား”
ကိုယ်ကလည်း လိုက် ဆို လိုက်တယ်ပေါ့…။ နည်းနည်းတော့ ဆန်းနေသလိုပဲ...
စိတ်ထဲက ငါ စာ မကျေသေးလို့ ဆန်းသလို ဖြစ်နေတာလို့ပဲ ထင်လိုက်တာပေါ့လေ။
အမေက ဆက်ဆိုတယ်။
“က ကြီး ရရစ် လုံးကြီးတင် ဆန်ခတ် ကြီ… ရှေ့ကပေါက် ကြီး”
ဒီတခါမှတော့ ဘာ ဆန်းနေတာ လဲ ဆိုတာ သိပြီ။
“ဟီးဟီး... ရှေ့ကပေါက် ကြီး တဲ့” ဆိုပြီး အော်ရယ်လိုက်တာ။
အမေက “ကောင်မလေး ဘာရယ်တာလဲ
တဲ့။
အဲ့ဒါ ၀စ္စနှစ်လုံးပေါက်ပ...။ အမေက ရှေ့ကပေါက်ပါ နဲ့ သားအမိနှစ်ယောက် ငြင်းကြတာ...။
“သမီးတို့ကို ၀စ္စနှစ်လုံးပေါက်လို့ ဆရာမကသင်တယ် အမေ” ဆိုမှ
“ညီးတို့ဟာတွေ မသိဘူးအေ” လို့ ပြုံးပြုံးကြီးနဲ့ “သွား ကောင်မလေး ငါ့ကိုနောက်တယ်… မသင်တော့ဘူး” လို့ ပြောခဲ့တာ…။

ဦးထုပ် ဆောင်းပေးလိုက်မိလို့ ရှက်သွားတဲ့ အမေ့ မျက်နှာကို ပြန်လည်မြင်ယောင်မိပါတယ်။

ငယ်စဉ်က အတန်းပညာ သင်ကြားခွင့် မရခဲ့ကြတဲ့ အဖေရော အမေပါ ကျမတို့ကိုတော့ အတတ်ပညာတွေ သင်ယူနိုင်ဖို့ အခွင့်အရေးတွေ ဖန်တီးပေးခဲ့ကြရင်း၊ “ဒီအဖိုးကြီး အဖွားကြီးတွေ ငါတို့လောက် မသိပါဘူး မတတ်ပါဘူး” ဆိုတဲ့ အတွေးမျိုး မ၀င်နိုင်အောင် ကြီးမားတဲ့ စေတနာ, မေတ္တာတွေနဲ့ အသိပညာတွေ ပေးနိုင်ခဲ့ကြပါတယ်။

*****
ခေတ်နဲ့ အညီ ပြောင်းလဲနေတဲ့ ဦးထုပ်တွေက ကျမတို့ကို ဦးခေါင်း သေးသေးသွားစေတဲ့ ခံစားမှုတွေ ပေးမှာ မလွဲမသွေပါ။ ဒါပေမဲ့ ကျမတို့ ဘိုးဘွားမိဘတွေ လက်စွဲကျင့်သုံးခဲ့ကြတဲ့ ရိုးသားခြင်း၊ မေတ္တာတရား၊ တန်ဖိုးထားတတ်မှုတွေနဲ့ နှလုံးသားတွေ ကြီးမားအောင် ကြိုးစားရင်း၊ ကြီးရင့်လာတဲ့ အသက်အရွယ်နဲ့ လိုက်ဖက်ညီအောင် အလှဆင်သင့်ကြောင်း ရေးသားလိုက်ရပါတယ်။

Read more...

ဆန်ရေစီးကြောင်း၊ အားသစ်လောင်းစေ

အမေနဲ့သား
သားနဲ့အမေ
ကမ္ဘာမြေတစ်ခု
တစ်ခုသောကောင်းကင်
ပြာလွင်စိမ်းလန်း
စိတ်ငြိမ်းချမ်းစေ... အေးမြစေခဲ့။
အမေ့ဘဝ… သားဘဝပေါ့
အမေ့နောင်ရေး… သားနောင်ရေးပေါ့။
အမေ့ ဆန္ဒ… သားဆန္ဒပေါ့
ဘဝ နဲ့ ဆန္ဒ ထပ်တူကျအောင်
ပြည့်စုံအောင်လို့ အမေ ခေါ်ခဲ့ဘူးပါတယ်။

ငယ်သော်ကားသား
ကြီးသော် အား တဲ့
တည်မြဲတဲ့ ခွန်အား၊ နီရဲတဲ့ ခွန်အား
အကြင်နာ အင်အား၊ ရင်မှာ အင်အား
ဒေသနာ ဉာဏ်အား၊ စေတနာ ဉာဏ်အား
အားမျိုးစုံလင်၊ ပြည့်စုံချင်ကြောင်း သားဆုတောင်းခဲ့ပါတယ်...အမေ။

လစာထုတ်ရက်..
မနေ့ကထက် ခြေလှမ်းသွက်ပေါ့
အမေ့အတွက်လေ..
မြေပဲယို တစ်ထုပ်.. လက်ထဲဆုပ်ထား
တရားစာအုပ်နဲ့ စီဒီ...သားဝယ်ခဲ့ပြီအမေ..။
ပန်းဆိုးတန်းဆိပ်ကမ်း
ဖြတ်သန်းသွားမယ့်ရေစီးကြောင်းဟာ
ပြောင်းပြန်ဖြစ်နေသတဲ့..
လှိုင်မြစ်ရဲ့ ရယ်မောသံ..
သားနာခံရင်းကြည်နူးခြင်းတွေဟာ..
ပန်းခင်းလမ်းတမျှ.. ဒလ မှ ကွမ်းခြံကုန်း
ဖုံးလွှမ်းနိုင်ခဲ့.. အိမ်ပြန်ရက်တွေ
သားသတိရနေမိတယ် အမေ..။

အိမ်ပြန်ရောက်ချိန်..နေညိုချိန်မှာ..
ဖန်မီးအိမ်လေး၊ မှေးမှိန်ဖျော့တော့
ဘယ်တော့မှ မလျော့တဲ့အလင်း..
ထာဝရထွန်းလင်းနေမှာ အသေအချာပေါ့။
မေတ္တာ လှိုင်းများ ရိုက်ပုတ်သွားတာ
ခံစားသိရှိနေတယ်အမေ..။

အမေရေ
ရေခြား၊ မြေခြား ၊ဒေသခြား၊ လူမျိုးခြား..နိုင်ငံခြားတဲ့
(ခြား)ပေါင်းစုံက သားကို ပိုင်းခြား၊ မစေစားနိုင်.။
သားကိုပြောင်းလွဲ ၊ မယိုင်လဲနိုင်။
သားကိုအားလျော့၊ မဖျော့တော့နိုင်။
ဒီတစ်ခါ အိမ်အပြန်မှာ
အမှန်ကန်ဆုံး
အမြင့်မားဆုံး
အပြည့်စုံဆုံး
အဆုံးအစွန်.. အမွန်မြတ်ဆုံးဓမ္မ
မြတ်ဗုဒ္ဓရဲ့ တရားစစ်အမွေ.. မျှဝေ ညွှတ်နူး
ကျေးဇူးဆပ်ဖို့..
သားပြန်လာခဲ့ပါမယ်အမေ..။

အရွယ်နှင့်မမျှအောင် လောကတာဝန်၊ ဘဝတာဝန်၊ ဓမ္မတာဝန် ပြည့်စုံအောင် အားထုတ်နေတဲ့ ကိုဖိုးသား ခေါ် ပြည့်စုံအောင် (အဖြူရောင်မေတ္တာ) နှင့် မိခင် ဒေါ်မြင့်အုန်းတို့ရဲ့ ချစ်ခြင်းမေတ္တာကို ချီးကျူး ဂုဏ်တင်ရင်း ဒီကနေ့မှာ ကျရောက်တဲ့ မိခင် ဒေါ်မြင့်အုန်းရဲ့ ၆၅-နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် ဒီကဗျာကို ရေးဖွဲ့ပါတယ်။

သားကို ချစ်ခင်လေးစားတဲ့
တီလေး (သစ္စာအလင်း)
၁၃. ၇.၂၀၁၀

Read more...

မေတ္တာတရား အစဉ်ပွား



မေတ္တာတရား အစဉ်ပွား

မကျေနပ်စရာတွေကို ကြည့်နေမယ်ဆိုရင် မုန်းစရာတွေပေါ်မယ်၊
ရန်ငြိုးပြေပျောက်ချင်လျှင် မကျေနပ်ချက်ကို မကြည့်ပါနဲ့၊မုန်းကွက်တွေကို မကြည့်ပါနဲ့၊

ချစ်ကြည်မြတ်နိုးနိုင်လောက်အောင် ကောင်းတဲ့အကွက်တွေကိုပဲ ရှာကြည့်ပါ၊
ဘယ်လိုမှ ကောင်းကွက်ကို ရှာမတွေ့တော့ဘူးဆိုလျှင် မုန်းစရာလို့ သဘောမထားဘဲ သနားစရာလို့ အောက်မေ့လိုက်ရတယ်၊

သူ့ကံနဲ့သူပဲလို့ ဆင်ခြင်ပြီး ကိုယ့်မှာအကုသိုလ်တွေ မဖြစ်အောင်နေရတယ်၊ချစ်စရာမြတ်နိုးစရာ အကွက်တွေကို ဖော်ထုတ်ပြီးဆင်ခြင်လိုက်၊ ဘယ်အခါတုန်းက သူကငါ့ကို ကောင်းခဲ့တယ်၊ဘယ်လိုဆောင်ရွက်ပေးခဲ့တယ်ဆိုတာကို တွေးတောဆင်ခြင်လိုက်၊

မေတ္တာဆိုတဲ့ ကော်အစေးဓာတ်ရှိလျှင် ဘယ်တော့မှ မကွဲတော့ဘူး၊ မေတ္တာဓာတ်ခံ ပါမှဖြစ်မယ်၊ ချစ်ကြည်ရေး၊မျှတရေး၊ စည်းရုံးရေး ဆိုတဲ့အရေးသုံးပါးကိုအလေးထားကျင့်သုံးရမယ်၊

ကိုယ့်စောင့်တရားလေးပါးကိုလဲ ပွားများရမည်၊ မေတ္တာဓာတ်ဝင်လျှင် မေတ္တာဖြစ်ပြီ၊ မိတ်ဆွေဖြစ်လျှင် အကူအညီပေးကြတော့မယ်၊ မေတ္တာပွားလျှင် အကျိုးတရားတွေ ရနေမှာပဲ၊
အသိဥာဏ်မရှိတဲ့ တိရိစ္ဆာန်တောင်မှ မေတ္တာစူးရှသေးတာ၊အသိဥာဏ်ရှိတဲ့လူဆိုရင် ပိုပြီးစူးရောက်မယ်၊

(ရွှေတောင်ကုန်းဆရာတော်ကြီး၏ ဩ၀ါဒကို ပြန်လည်မျှဝေပါသည်၊ လက်တွေ့ကျင့်သုံးဖွယ် ကောင်းလှ၏)

http://www.yawcommunity.com မှကူးယူဖော်ပြပါသည်။

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

Read more...

လူ့ အလို နတ်မလိုက်နိုင်

လူ့ အလို နတ်မလိုက်နိုင် ဆိုတဲ့ မြန်မာ ဆိုရိုးစကား မြန်မာ အတွက်တော့ လိုက်လျောညီ ထွေရှိပါ တယ်။ လူ့ အလို နတ်မလိုက်နိုင်ဆိုတဲ့ ဆိုရိုးစကားကိုလည်း ပုံပြင်အနေနဲ့  ရေးထားတာလည်း တွေ့ ဘူးရဲ့ ။ နတ်က လူကို လက်မြောက်သွားတဲ့ အချက်ကို ဟာသ သရုပ်ဖေါ်ပေါ့လေ။


ခုတစ်လော မြတ်ရောင်နီ ဘလော့မှာ ကိုယ့်စိတ်ကြိုက် ကိုယ်ထင်သလိုလေးတွေ တင်ပြတော့ ဒကာတစ်ယောက်က ဘုရားသာသနာ မြတ်နိုးစိတ် ၊ သူ့ ရဲ့  အမြင်မှာ အမြင်မတော်တဲ့ မြတ်ရောင်နီ ရဲ့ မှာ မှတ်ချက်လေးတွေ ရေးသွားလေရဲ့ ။


ကိုယ်ကလည်း ဒကာကို ပြေပြေလည်လည်လေး ရှင်းပြပါတယ်။ သူလည်း ရှင်းပြလိုက်တဲ့ အခါမှာတော့နောက်ထပ် ထပ်ပြီး မပြောရှာပါဘူး။ သူ့ စိတ်ကလည်း ကောင်းစေချင်တဲ့ စိတ်နဲ့  အမြင်မတော်လို့  ပြောတာ ရှိမှာပေါ့။

နံပါတ် ( ၁ ) သူ့ ရဲ့  စီဘောက်မှ ပြောဆိုချက် နှင့် ကိုယ့်ရဲ့ အဖြေ

ဒကာတော်: "ဟိုနည်းဒီနည်းနဲ ဘုရားနည်းကို မရှိတော့ဘူ"းဆိုတဲ့ ပြစ်တင်ဝေဖန်မှုကို ရှောင်စေချင်လို့ပါ ဘုရား။
10 Jul 10, 08:10 PM
ဒကာတော်: သူ့နာမည်မခင်လေးကြည် ထဲမှာ--"ကန္နီနည်းတရားထိုင်ပုံနည်းလို့မသုံးပဲ"--ရိုးရိုးပဲ--" တရားရှုမှတ်နည်းလို" ပဲသုံးလိုက်ရင်မကောင်းဘူးလား ဘုန်းဘုန်း၊ ဆရာတော်ကြီးကို မကြည်ညိုမလေးစားလို့မဟုတ်ပါဘူး၊ "့ 

ဟလို ဒကာကြီးရေ
ရှင်းလင်းစေလို သောကြောင့် ထပ်မံ အီးမေးလ်မှ ဖြေပေးလိုက်ပါတယ်။

ကန္နီနည်းသုံးခြင်းမှာ ကန္နီ နည်းကို စွဲလို့  ပြောခြင်းမျိုး မဟုတ်ပါ။
ကန္နီနည်းကို လေ့လာနေတာဖြစ်လေတော့ ကန္နီနည်းလို့ သုံးမိခြင်းပါ။

ယခု လက်ရှိနေတဲ့ နိုင်ငံမှာ ပိန်ဖေါင်းလို့ 
ဗိုက်မှတ်ပြီး ကျင့်ရင် မဟာစည်နည်း။
အ၀ိဇ္ဇာ စတဲ့ ပဋိစ္စသမုပ္ပါဒ်အကြောင်း
တရားတွေ ပါလာရင် မိုးကုတ်နည်းလို့ 
စကားစပ် မိ တဲ့ အခါ နားလည်လောက်သူကို
သာမန်အနေ ပြောရပါတယ်။
ရှင်းပြပါတယ်။ ဒီကလူတွေလည်း သိထားကြတယ်။

အားလုံးဟာ နိဗ္ဗာန်ဦးတည်တဲ့ ဘုရားနည်းတွေပါ။

တရားကျင့်ရာမှာ နည်းပေါင်းများစွာ ရှိပါတယ်။
မြန်မာနိုင်ငံ သူ့ နည်း သူ့ဟန်နဲ့ ကျင့်နေကြတာပါ။
ဘုရားနည်းထဲက ကိုယ်ကြိုက်တဲ့ နည်းနဲ့ အောင်မြင်အောင်
လုပ်သွားပြီး မသိသေးသူတွေကို ထပ်မံဟောလေတော့
အဲဒီ ဆရာတွေ နာမည်တပ်ကုန်တော့တာပါ။

တကယ်တော့ အားလုံး ဘုရားနည်းတွေချည်းသာပါလို့  ထပ်ပြောလိုပါတယ်။

လောကအလယ်မှာ မဟာစည် ပရိသတ်က မဟာစည်
ဆရာတော်ကြီးလို့  ပြောလိုက်ရင် နှစ်သက်သလို။
မိုးကုတ်ဆရာတော်ကြည်ညိုတဲ့ ပရိသတ်က မိုးကုတ်ဆရာကြီး
နည်းနာလို့  ပြောရင် ပိုမို နှစ်သက်မှုရှိတာတွေ့ ရပါတယ်။

နှစ်သက်တယ်ဆိုတာ တဏှာလို့  ဆိုစေဦးတော့။
တဏှာကို အခြေခံပြီး နတ်သမီးလိုချင်တာကြောင့်
တရားကျင့်ကြံခဲ့တဲ့ နန္ဒမင်းသား ရဟန္တာ ဖြစ်သွားရတာ ရှိခဲ့ဘူးပါတယ်။

ဒါတွေ အားလုံးဟာ သမ္မုတိ သက်သက်ရယ်ပါ။
အများ အပြောကြောင့်ရယ်ပါ။

ဘုရားရှင်လက်ထက်က ဆရာကို တစ်ခါတစ်ခါ ဘုရားထက် လေးစားတာတွေလည်း တွေ့ ရပါတယ်။
အဋ္ဌကထာ တစ်ခုထဲမှာ အရှင်သာရိပုတ္တရာလို့ ထင်ရဲ့ ။

သူ့ ဆရာရှိတဲ့ နေရာ ခေါင်းပြုလေတော့ အခြားရဟန်းများ ကဲ့ရဲ့ တာပေါ့။ ခုထက်ထိ အယူကမှားတုံးပဲလို့ အထင်လွဲကြပါတယ်။ ဖြေရှင်းချက် က ဆရာသမားကို ရိုသေလို့ သာ ခေါင်းကို ဆရာဆီထားတာပါ။ ဘုရားရှင်ကို မရိုသေလို့  မဟုတ်ပါ။

နောက်ပီး- အရှင်မဟာကဿပ တပည့်က အရှင်မဟာကဿက အတိုင်းလိုက်ပြီး ဓုတင် အကျင့် ကျင့်ရတယ်။ မကျင့်ရင် အရှင်မဟာကဿတပည့် အဖြစ်လက်မခံဘူး -တဲ့။ ဘုရားရှင်က အဲသလိုမျိုး မလုပ်သင့်ဘူး လို့  မပြောပါဘူး။

ကိုယ်ပိုင် အခွင့်ရေးကို မြတ်စွာဘုရား ကိုယ်တိုင်သော်မှ မတားမြစ်ပါဘူး။

အဲလိုနည်းနဲ့  ဆရာသမားကို ဒိဋ္ဌိမပြုတ်သေးသမျှ ပြောဆို သုံးနှုန်း စွဲလေ့ရှိပါတယ်။

ဒါ့ထက် ပြောရင် ငါသူသတ္တ၀ါ မရှိပေမယ့် သုတ္တန်ဒေသနာတွေမှာ
ဘယ်သူ ဘယ်ဝါ ဆိုတာ သုံးရပါတယ်။ သုံးကြပါတယ်။
အဲဒါတွေလည်း မပြောပလောက်တဲ့  အမှားသက်သက်ပဲ။

ခုသုံးတာကလည်း လောကဝေါဟာရကို ပြောခြင်း သက်သက်ပါ။
ဒကာကြီး အနေဖြင့် ကောင်းတာလေးမှတ်သားပြီး သဘောမကျသည်ကို ရှောင်ဖတ်သွားစေချင်ပါတယ်။

ကြိုက်နှစ်သက်သူတို့ အတွက်ရည်ရွယ်ပြီးရေးခြင်းသက်သက်ပါ။

ဒကာကြီးသိတဲ့ အတိုင်း လူတွေကို ဘုရားနည်း
ဘုရားနည်းချည်းလို့  ပြောရင်
တရားကို ပိုမို စိတ်ဝင်စားစေနိုင်ပါ့မလား။
အဓိက နိဗ္ဗာန်ကို သွားတဲ့ နည်းလမ်းတိုင်းမှာ
ဘယ်နည်းလို့ ပဲ နာမည်တပ် သုံးသုံး ဘုရားတရားတော်ဆိုတာ လူတိုင်း သိပြီးသားပါ။

အကယ်လို့  မသုံးစေချင်ရင် ခု လက်ရှိ ဆရာတော်ကြီးများကို အားလုံးလျှောက်သင့်တယ်။
အဲဒါဆို မြန်မာပြည်မှာရှိတဲ့ တရားစင်တာ Meditation Centre တွေကို
အရင်ပြင်ရလိမ့်လို့ ထင်တယ်နော်။

ဥူးဇင်းက မဆိုစလောက် ဥူးဇင်းငယ်ပါ။ ဆရာတော်ကြီးများ
နည်းလမ်းကို လိုက်ခြင်းသက်သက်ပါ။


ဒကာပြောသလိုမျိုး ဘုရားနည်း ဆိုတာ မရှိတော့သလိုမျိုး ၊
စဉ်းစားမိရဲ့ ။အမြဲတမ်း ကန္နီနည်းဆိုတာ မသုံးပါဘူး။
ဘုရားရှင်က ဘယ်သုတ်မှာဘယ်လို ဟောတော်မူတယ်ဆိုတာ
အမြဲဟောပြောပါတယ်။

သာရိပုတ္တသုတ္တန်၊ အနုရုဒ္ဓသုတ္တန်၊ မဟာကစ္စာယနသုတ္တန် စတဲ့
မထေရ်မြတ်ကြီးများရဲ့ နာမည်နဲ့  ဟောတော်မူထားတာတွေကိုလည်း
နားလည်ကြည့်သင့်ပါတယ်။


ဒကာကြီးရေ
ဒါပဲနော် ။
မရှင်းတာရှိရင်လည်း ထပ်မေးနိုင်ပါတယ်။
ထပ်မံပြီး ရှင်းတာကို လက်မခံနိုင်ရင် ပြန်လည်ထောက်ပြ လျှောက်ထားနိုင်ပါတယ်။
ဥူးဇင်းနားလည်ထားတာကတော့ ဖတ်တဲ့ စာတိုင်းမှာ
ကောင်းတာလေးတွေ ကြည့်ပြီး မှတ်ပြီး ၊ ကျင့်ကြံလိုက်နာစေဖို့ ပါဘဲ။

လိုနေတာက တရား အစစ် ရှာဖို့ ပါပဲ။
တရားမွေ့  တရားတွေ့ နိုင်ပါစေ။
ကိုယ်ကလည်း လက်က မနေနိုင်ဘူး။ ဘာမှ တင်စရာမရှိရင် ဓာတ်ပုံလေးတင်ပြီး၊ အောက်က စာတမ်းလေးထိုးပြီး ရှင်းပြလိုက်တယ်။ နဂိုရ်ဗီဇက ၀ါသနာပါလို့ မှ မဟုတ်ဘဲ။ တဖြေး ဖြေး ချင်း ၀ါသနာ ဖြစ်လာတာနဲ့ ပဲ ကိုယ်သိသလို ကိုယ်ကောင်းတယ်ထင်လို့  ကိုယ်ချင်းစာပြီး ဓာတ်ပုံ တင်ပေးလိုက်တာ။

အဲလို တင်ပေးတဲ့ အခါတိုင်း ဓာတ်ပုံကို ရွေးချယ်ပြီး စိတ်ရှည်လက်ရှည် စနစ်တကျ အပေါ်ကနေ ကြည့် လိုက်ရင် အောက်ကို အစီစဉ်ကျ ကြည့်ကြအောင် သေချာကို စေတနာထားပြီး တင်ခဲ့ပါတယ်။
ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ်ပေါ့။

သို့ ပေမယ့်လေ ဒကာ တစ်ယောက်အနေနဲ့  ဓာတ်ပုံတင်တာကို သူ့ အထင် သူ့ အမြင်လေးတွေ ရှိတဲ့အတိုင်း ဒီလိုလေး ရေးလျှောက်လာပါတယ်။

ဒကာတော်: တစ်ချို့ Blog တွေမှာဆို ဘာတရားဆောင်းပါးမှ မတွေ့ရပဲ ဆွမ်းကပ်ပွဲကြွပြီးပစ္စည်းဝတ္ထုအလှူခံတဲ့ပုံတွေပဲတွေ့နေရလို့ပါဘုရား၊ ဘုန်းဘုန်းကိုနားလည်လွဲသွားမှာစိုးလို့ပါဘုရား။
14 Jul 10, 06:14 PM
ဒကာတော်: ဘုန်းဘုန်း-ပစ္စည်းဝတ္ထု အလှူခံတဲ့ပုံတွေကိုတော့
မဖြစ်မနေမှထည့်နော်ဘုရား၊ တရားဆောင်းပါးတွေနဲ့ တရားဟောတဲ့ပုံတွေ
များများထည့်ပေး ရင်ပိုကောင်းတယ်ဟုမြင်ပါတယ်ဘုရား၊

ဒကာကြီး

ဒီလိုပါ ဒကာကြီး ရာ -
ဓာတ်ပုံတင်တယ် ဆိုတာ ၀ါသနာပါသူ ကြည့်ရတာပေါ့။ ကိုယ့်အတွက်မှ မဟုတ်ဘဲ။ သူများကြည့်ဖို့ ရာပဲ။

ဘာပုံပဲဖြစ်ဖြစ် ကြည့်ချင်သူက ကြည့်ချင်ကြတာပဲလေ။ မြန်မာပရိသတ်အတွက်ပါပဲလေ။ မြန်မာဆိုတာက သိတဲ့အတိုင်း အောက်ထစ်ဆုံး ကြည့်စရာမရှိရင် ခွေးချင်းကိုက်တာတောင်ကြည့် စရာ လုပ်ပြီး ကြည့်ကြသေးတာပါပဲ။ လူတိုင်းတော့ မဆိုလိုပါဘူး။ကိုယ်နဲ့ နှိုင်းစာ ပြောကြည့် တာပါ။

လှူတာ တန်းတာကို ထပ်လှူချင်အောင် ဓာတ်ပုံတင်တာလည်းမဟုတ်။
အလှူ့ ရှင်ကိုယ်တိုင် သော် မှ ဓာတ်ပုံ ရိုက်ကြသေးတာပဲ။
ရိုက်ထားတော့၊ တင်ပေးရတာပေါ့။


အလှူ့ ရှင်တွေ ဆိုတာလည်း လူ အထင်ကြီးအောင် တင်ပေးဆိုပြီး လျှောက်တဲ့ အလှူ့ ရှင်တွေ မဟုတ်ပါဘူး။ သူ့ တို့  က သူ တို့ အသိနဲ့ ကို လှူဒါန်းကြတာပါပဲ။ ဂုဏ်ပကာသန ကတော့ တကယ် မလိုလားကြတဲ့သူတွေလို့  ပဲ စကားပြောကြည့်တာနဲ့ သိခဲ့ရပါတယ်။

ခုဓာတ်ပုံတင်တာက ဥူးဇင်း စိတ်ကြိုက်တင်တာလေ။
ဘလော့လာဖတ်သူအားလုံးက ဒကာကြီးလို တရားစစ်စစ် ၀ါသနာ
ပါသူတွေချည်း မဟုတ်ကြတော့ ဓာတ်ပုံတင်ရတော့ပေါ့ ဒကာကြီးရာ။


( တကယ်တမ်း တရားစစ်စစ် ၀ါသနာပါကြတဲ့
ဘလော့စာဖတ်သူတွေလည်း များစွာ ရှိမယ်လို့ ယုံကြည်ပါတယ်။
သိလည်း သိရှိထားပါတယ်။)

သူတို့ လည်း ဓာတ်ပုံလေးတွေ ကြည့်၊ အောက်က စာတမ်းတွေလည်းဖတ်ဆိုတော့ အလှူ လုပ်ရင် ဘယ်လို ကပ်ရမယ် ဆိုတာ အထူး သင်စရာ မလိုတော့ဘူးပေါ့။

နိုမို့ ရင် လှူတာလည်း မလှူတတ်။ ဆွမ်းလောင်းရမှာတောင် နိုင်ငံခြားရောက် သားသမီးများ၊ မြန်မာနိုင်ငံ မရောက်ဖူးခဲ့ရင် သိနိုင်ပါ့မလား။

လူအချင်းချင်းပေးတာနဲ့ ဘုန်းကြီးတစ်ပါးကို လှူတာ
ကွာဟချက်တွေလည်း သိပါစေရောပေါ့နော်။

ဒကာကြီးက တရားဟောပုံများများ တရားဆောင်းပါးများများ တဲ့။ ဥူးဇင်းက ကိုယ့်စိတ်ကြိုက် ကိုယ့် အတွေ့ ကြုံရေးနေတာ ဒကာကြီး။ တရားဆောင်းပါးချည်းလည်း မရေးပါဘူး။

တစ်ခါ တစ်ခါ ဟာသတွေလည်းပါတယ်။
စိတ်ထဲမှာတော့ တရားဘက်ဦးတည်ပြီးတော့ ရေးပါတယ်။

ဖတ်သူတွေ သင်ခန်းစာရစေဖို့  ရည်ရွယ်တာပါ။

ဒကာကြီး အနေနဲ့  တရားဆောင်းပါးချည်းသက်သက် ဖတ်ချင်ရင်တော့ ဒကာကြီး သင့်တော်ရာ ရှာဖတ်ပါလေ။ တရားကြောင်းချည်းကိုသာ ရေးထားသည့် ဘလော့များစွာ ရှိပါတယ်။

ဒကာကြီးက ဓာတ်ပုံတိုင်း တင်တာကို သဘောမကျတာတွေ့ ရတယ်။ သို့ သော် အချို့ ဘလော့ဂါ နှင့် ဥူးဇင်းစာဖတ်ဖြစ်တဲ့ အချို့ သူငယ်ချင်းသံဃာတွေ လူပရိသတ်များကတော့ ဓာတ်ပုံတင်ပေးဖို့ လျှောက်တယ်။ တရားဟောပုံမှ မဟုတ်ဘူး ။ သင့်တော်သလို တင်ပေးဖို့ ကိုလျှောက် တာ။ ပြော ကြ တာ။

ခု ဒီလိုဆိုတော့ တင်တာ၊ မတင်တာက ဥူးဇင်း စိတ်ကြိုက်ဖြစ်ပါတယ်။

တင်ခိုင်းလို့  တင်နေတာချည်းမဟုတ်သလို။ ဘုန်းဘုန်း-ပစ္စည်းဝတ္ထု အလှူခံတဲ့ပုံတွေကိုတော့ မဖြစ်မနေမှထည့်နော်ဘုရား၊ ဆိုတဲ့ စကားကို လည်း အကြွင်းမဲ့ လက်ခံလို့  မရ ဖြစ်နေပါတယ်။

ဘာလို့ လည်းဆိုတော့ ဥူးဇင်းလည်း
ဥူးဇင်း တင်သင့်တယ် ထင်လို့ ကိုတင်ခြင်းပါ။


ဒကာကြီး အဲလို ကောင်းတဲ့စိတ်လေးနဲ့ ညွှန်ပြတဲ့ အတွက်တော့ တကယ်ကျေးဇူးပါ။
အကြွင်းမဲ့ နားမထောင်နိုင်တာအတွက်လည်း ခွင့်လွတ်စေချင်ပါတယ်ဗျာ။

လုံးဝ မကြိုက်တဲ့ ပရိသတ်တွေ အတွက်ကတော့ သူတို့ လာမကြည့်ပဲ နေလိုက်တာနဲ့  သူတို့ စိတ်မှာ ကသိကအောက်လည်းဖြစ်စရာမလိုပါ။ သဘောကျသူတို့ အတွက် ဓာတ်ပုံ ကတော့ အတိုင်းမသိ ကောင်းပါတယ်ဗျာ။


လောကုတ္တရာနယ် မကူးခင် လောကီရေးရာ ကိစ္စတွေက
ဒီလိုပဲ မှတ်ပါ ဒကာကြီး။

မေတ္တာဖြင့်
မြတ်ရောင်နီ

( ဒီလိုလေး ဒကာကြီးထံ အီးမေးလ်ပို့ ခဲ့ပါတယ်)။


လူ အမျိုးမျိုး နတ်အမျိုးမျိုး ၊ ဘုရားရှိခိုးအမျိုးမျိုး...

လူ့ အလို နတ် မလိုက်နိုင် သည်ကား သေချာသည်သာ ။

ထို့ ကြောင့် ဤဆောင်းပါးကို
လူ့ အလို နတ် မလိုက်နိုင် - ဟု
ခေါ်လိုက်သတည်း။

စာဖတ်တဲ့ လူတိုင်း လူတိုင်း ကိုယ်လိုရာ ပူဇေမိ လုပ်ကြပါလေတော့။


မှတ်ချက်။ ။ ဒါလည်း မှတ်သားသင့်တယ် ထင်တာနဲ့ 
ဒကာထံ အီးမေးလ် ပို့ ထားတာကို
ပြန်လည် မျှဝေလိုက်တာပါ။
ဒကာကြီးဆိုတာ ဘယ်သူ ဘယ်ဝါ ဘယ်ကမှန်း မသိတဲ့
ကိုယ့်ဘလော့ကို အားပေးဖတ်နေတဲ့ သူပါ။
သို့ သော် သူမရှင်းတာကိုပဲ
ကိုယ့်အနေနဲ့ ရှင်းပေးလိုက်ခြင်းသက်သက်ပါ။
မြတ်ရောင်နီ
( ၁၅ ၊ ၀၇ ၊ ၂၀၁၀ )



Read more...

ဓမ္မဒေသနာ ခရီး






အားလုံး တရားနာနိုင်ဖို့ 
တရားပွဲ ဖြစ်မြောက်ရန် အတွက် အားလုံးကိုယ်စား
လျှောက်ထားသွားပါတယ်။







အိမ်အတွင်းနံရံမှာ
ဒါယကာဘက်မှ ရည်စူးအလှူ ဆိုင်းဘုတ်






ဒါယိကာမ ဘက်မှ ရည်စူးအလှူ ဆိုင်းဘုတ်





စက်ရုံ မြန်မာမိသားစု များရှိရာသို့ 
နေပူဒဏ် ခံနိုင်ဖို့  တောလမ်းလေးမှ
အေးအေးလူလူ ဆွမ်းခံ ကြွခဲ့စဉ်






လမ်းမှာလည်း မြန်မာမိသားစု နှစ်စုက
ဥရောပမှာ ဆွမ်းလောင်းရခဲတယ်ဆိုပြီး
အားပါးတရ အလှူကို ပျော်ပျော်ကြီးနဲ့ ပဲ လောင်းလှူဒါန်းစဉ်






စက်ရုံက ဆွမ်းခံ အပြန်မှာ
သံဃာ ထက် ကပ္ပိယက ပိုများသေးတယ်။ အားရှိစရာ ။
မိမိနေရာ မြို့ မှာတော့ ....






အိမ်မှာ ပလာတာဆွမ်း ကပ်လှူနေစဉ်
ပလာတာကို ဒီမှာတော့ ပထမဆုံး ဘုဉ်းရတာပါပဲ။




အရုဏ်ဆွမ်း မုန့် ဟင်းခါး- တဲ့။ ဒါမှပဲ မြန်မာ မုန့် ဟင်းခါးအစစ်ဆိုပြီး
လျှာအဆင်ပြေသွားတယ်။
နေ့ ဆွမ်းမှာတော့ မြန်မာ ဆွမ်းဟင်းလျာမျိုးစုံဖြင့်...






သဒ္ဓါတူ၊ သီလတူ ၊ စာဂတူ ၊ အသိပညာ တူ စွာ
အတူတူ ဘဲ အေးငြိမ်းရာ သို့ လျှောက်လှမ်းခြင်း
အထိမ်းမှတ် ရေစက်ချ အလှူ



မြတ်ရောင်နီ
( ၁၄ ၊ ၀၇ ၊ ၂၀၁၀ )

.

Read more...

The Place of Vipassana Among the Four Noble Truths and the Noble Eightfold Path

Dhamma talk given by Jotinanda Bhikkhu recently in Sabah.

Ven. Jotinanda is a Malaysian Theravāda Buddhist monk. He was ordained a sāmaṇera (novice monk) in Malaysia in 2001 and later a bhikkhu (full-fledged monk) in Myanmar in 2002. He is interested in Buddhist meditation, especially vipassanā meditation, and also the study of the Dhamma (teaching of the Buddha), particularly where it deals with the practice of vipassanā meditation.

* * *

In the Dhammacakkappavattana Sutta (Saṃyutta Nikāya, Mahāvagga, Saccasaṃyutta, Sutta 11), the Buddha declared for the first time the basic foundation of his teaching: the Noble Eightfold Path and the Four Noble Truths.

The first noble truth is the noble truth of suffering (dukkhaṃ ariyasaccaṃ). In the Dhammacakkappavattana Sutta the Buddha gave a list of things which are suffering: birth, ageing, sickness, death, meeting with people and things that are displeasing, separation from people and things that are pleasing, and not to have one’s wish fulfilled. We can also add to this list sorrow, lamentation, pain, grief and despair. But at the end of the list in the Dhammacakkappavattana Sutta the Buddha said: “In short the five-aggregates subject to clinging are suffering.”

So the truth of suffering is, in short, these five-aggregates subject to clinging: the aggregate of materiality, feeling, perception, mental-formations, and consciousness, subject to clinging. If we simplify them we can say that they are mundane mental and physical phenomena (nāma-rūpa). They are the truth of suffering because they have the nature of being subjected to suffering.

The second noble truth is the noble truth of the cause of suffering (dukkha-samudayaṃ ariyasaccaṃ). The Buddha traced the cause of suffering to craving that leads to renewed existence or rebirth, that is accompanied by delight and lust, that finds delight here and there in one existence or another. It is this craving that compels and propels beings, at the time of death, to seek rebirth and so be embroiled into yet another cycle of birth, aging, sickness, and death, another cycle of suffering. And as long as craving is present the cycle of suffering will go on and on from one birth to another, each birth marking the beginning of another cycle of suffering.

The third noble truth is the noble truth of the cessation of suffering (dukkha-nirodhaṃ ariyasaccaṃ). Here the Buddha gave us hope. Even though there is suffering in the world there can also be an end to it. Suffering ceases, according to the Buddha, when there is the complete fading away and cessation of its cause i.e. craving.

Not only did the Buddha said that suffering can cease, he even gave us the way of practice, the method to bring suffering to an end. This is the fourth noble truth, the noble truth of the way that leads to the cessation of suffering (dukkha-nirodha-gāminī paṭipadā ariyasaccaṃ). This is the Noble Eightfold Path consisting of right view, right thought, right speech, right action, right livelihood, right effort, right mindfulness, and right concentration.

The Noble Eightfold Path and the Four Noble Truths, these are the basic foundation of the Buddha’s teaching. The Buddha taught in ancient Northern India for forty five years and all the discourses that he delivered during this time were, one way or another, based on the Noble Eightfold Path and the Four Noble Truths. But given that these are the basic foundation of the Buddha’s teaching, where does vipassanā comes in? Where can we place vipassanā in the scheme of the Noble Eightfold Path and Four Noble Truths?

Click Link to Read More: Reflection on the Dhamma



G E T F R E E B O O K S
O N V I P A S S A N A @
www.inwardpath.org

NEWLY RELEASE VESAK 2010!



Other Books on Vipassana (Mindfulness)
Till Stocks Last!





Bookmark and Share

Read more...

ကျင့်နိုင်သူတွေ ကျင့်ကြပါစေ…

သာသနာပြု ရဟန်းတော်များ၊ တရားဟော ဘုန်းတော်ကြီးများရဲ့ ဟောရေးပြောရေး သာသနာပြုရေး အပိုင်းတွေဟာ တစ်ခါတစ်ရံ ရောက်ရှိသီတင်းသုံး နေထိုင်ရတဲ့ နေရာဒေသ၊ ပတ်ဝန်းကျင်နဲ့ လူဒကာဒကာမများရဲ့ လုပ်ကိုင်စားသောက်ကြတဲ့ အလုပ်အကိုင်များကြောင့် အခက်အခဲ ဖြစ်ရတာတွေလည်း ရှိပါတယ်။ ဓမ္မစာပေက ညွှန်ကြားတဲ့အတိုင်း ဟောကြားပေးရတဲ့ ဆောင်ရန်ရှောင်ရန်တွေဟာ လက်တွေ့ပိုင်းမှာ ဒီအလုပ်တွေနဲ့ ဘ၀ရပ်တည်ရေး ကြိုးစားနေကြတဲ့ သူတွေအတွက် အတော်အခက်အခဲ ဖြစ်တတ်ကြပါတယ်။ ဗုဒ္ဓဘာသာက ညွှန်ကြားထားတဲ့ ရှောင်ကြဉ်စရာများဟာ တစ်ချို့နိုင်ငံ၊ တစ်ချို့ဒေသမှာ နေ့စဉ်မဖြစ်မနေ လုပ်နေကြရတဲ့ အရာတွေ ဖြစ်နေသလို၊ တစ်ချို့ နိုင်ငံတွေကျပြန်တော့ ယဉ်ကျေးမှု တစ်ရပ်လို ဖြစ်နေတာတွေလည်း ရှိပြန်ပါတယ်။

အဲဒီလို အခြေအနေမျိုးမှာ တစ်ချို့ ဒကာဒကာမများက “အရှင်ဘုရားတို့ ဟောတာကတော့ ဟောတာပေါ့ဘုရား…၊ သိပ်ပြီးတော့ တိုက်ရိုက်ကြီး မပြောတာကောင်းပါတယ် ဘုရား…၊ အရှင်ဘုရားတို့ သိတဲ့အတိုင်း ဒီနိုင်ငံမှာက ဒီအလုပ်တွေလုပ်မှ သွားရေးလာရေး ပေါင်းသင်းဆက်ဆံရေး အဆင်ပြေတာ ရှိသလို၊ သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့လည်း လိုက်လျောညီထွေ ဖြစ်စေပါတယ်၊ ဒါကြောင့်မို့ ဟောတဲ့ပြောတဲ့အခါ မှန်ပေမယ့် တဲ့ကြီးတော့ မကောင်ဘူးလားလို့ ဘုရား…”ဆိုပြီး လျှောက်တတ်ကြပါတယ်။ “အင်း… စာပေအရှိအတိုင်းတော့ ဟောရမှာပဲ၊ လျှော့ပြီး ပြင်ပြီးတော့တော့ ဟောလို့မရဘူး၊ အားနာပြီး အမှန်ကို အမှားအဖြစ်အောင်ကတော့ မဖြစ်နိုင်ဘူး။ ဘယ်လိုနေရာ၊ ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ဆောင်ရန်ရှောင်ရန်တွေကို ဘုရားဟောအတိုင်း၊ စာပေလာအတိုင်း ဟောပြရမှာ ဘုန်းဘုန်းတို့ တာဝန်ပါ၊ အဲဒီအထဲကမှ ကျင့်နိုင်တဲ့သူတွေ ကျင့်ကြပါစေပေါ့…” စသဖြင့် ပြန်မိန့်ရပါတယ်။ ဟုတ်ပ။ အားနာလို့များ ဘုရားဟောတရားတွေကို လူ့အကြိုက်လိုက်ပြီး ပြင်လိုက်လို့ကတော့ ဒီနေ့ထေရ၀ါဒ ဓမ္မဆိုတာတွေ ရှိမှာမဟုတ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျင့်နိုင်တဲ့သူတွေ ကျင့်နိုင်အောင်တော့ အမှန်အတိုင်း ဟောပြပေးရမှာ ဖြစ်ပါတယ်။

ဘုန်းကြီးတွေရဲ့ အခက်အခဲကလည်း အဲဒါပဲ။ လူအမျိုးမျိုး၊ နေရာဒေသအမျိုးမျိုး၊ ပတ်ဝန်းကျင် အမျိုးမျိုးနဲ့ လုပ်ငန်းအမျိုးမျိုး ရှိနေတဲ့ ဒကာဒကာမများကြား ရောက်နေပြန်တော့ သူတို့ရဲ့ အလုပ်တွေနဲ့ ဟောရပြောရတဲ့ တရားတွေနဲ့က တစ်ခါတစ်လေ ဆန့်ကျင်ဘက်ကို ဖြစ်နေတော့တာပါ။ အထူးသဖြင့် သီလသိက္ခာပုဒ်တွေ စောင့်ထိန်းဖို့ ပြောရတဲ့အပိုင်းမှာ ပိုပြီးအခက်အခဲ ဖြစ်ရပါတယ်။ တစ်ရွာလုံး တံငါအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်ရတဲ့ တံငါရွာကြီးမှာ သာသနာပြု ကျောင်းထိုင်ရတဲ့ ဆရာတော်လိုပေါ့။ နေတာကတံငါရွာ ဟောနေရတာက ပါဏာတိပါတကို ရှောင်ကြဉ်ကြဖို့ဆိုတော့ စားလည်းစားနေသေးတယ် မလုပ်နဲ့လို့လည်း ပြောနေသေးတယ်လို့ကို ပြောစရာ ဖြစ်နေပါတယ်။ ဒါပေမယ့် ဒါတွေကို ငဲ့ပြီး “သူ့အသက်ကို သတ်တာကောင်းတယ်၊ များများသာလုပ်” လို့တော့ ပြင်ပြီးဟောလို့ မဖြစ်ပါဘူး။ အခြေအနေလိုက်ပြီးလည်း လျှော့ပေးလို့ မရပါဘူး။ အရှိကို အရှိအတိုင်းတော့ ဟောရပြောရမှာ ဖြစ်ပါတယ်။ လိုက်နာတာ မလိုက်နာတာကတော့ သူတို့အပိုင်း ဖြစ်သွားပါပြီ၊ အရှိကို ထုတ်ပြရမှာက ဘုန်းကြီးတွေရဲ့ အပိုင်းပါ။ ဒီအထဲကမှ လိုက်နာနိုင် ကျင့်ကြံနိုင်သူတွေ အနေနဲ့ လိုက်နာကျင့်ကြံ ကြပါစေပေါ့။

ဘုန်းဘုန်း အခု သီတင်းသုံးနေတဲ့ နိုင်ငံမှာဆိုလည်း ဒီအခက်အခဲတွေ ရှိနေပါတယ်။ ဘာသာမဲ့ အများစုဖြစ်နေတဲ့ သူတို့လူမျိုးတွေဟာ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်း နေသလို ဖြစ်နေပါတယ်။ ဒါကြောင့်လည်း ဘာသာတရား အဆုံးအမတွေ အပေါ်မှာ အဆိုးမြင်နေတတ်တာ ဖြစ်ပါတယ်။ ဘာသာတရား အဆုံးအမမရှိတော့ ကိုယ်ကျင့်တရားပိုင်းမှာလည်း အားနည်းနေတတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ငါးပါးသီလ စောင့်ထိန်းမှုလိုမျိုး ထိန်းသိမ်းစောင့်ရှောက်စရာ အကျင့်သီလ မရှိတော့ သူများအသက်သတ်တာ၊ အိမ်ထောင်ရေး ဖောက်ပြန်တာ၊ အရက်သေစာ သောက်စားတာ စတာတွေဟာ သူတို့အတွက် အကုသိုလ် အလုပ်တွေဆိုတာ စဉ်းတောင်မစဉ်းစားတဲ့ သဘောရှိပါတယ်။ တစ်ခါတစ်လေ အကုသိုလ် အလုပ်တွေအပေါ်မှာ ပျော်ပျော်ပါးပါး လုပ်နေကြတဲ့ သူတို့ကိုကြည့်ပြီး ပြန်ခံရတဲ့အခါ ဘယ်လောက်များ ခံရလိုက်မလဲလို့ တွေးနေမိပါတယ်။ ဒါပေမယ့် သူတို့ကတော့ ပျော်ပျော်ပါးပါးပါပဲ။

ဒီနိုင်ငံ ဒီလူမျိုးတွေကို တရားဟောတဲ့အခါ ခက်ခဲတဲ့အချက်က သူများအသက်ကို မသတ်ဖို့ ဟောရတာတွေ၊ ကာမေသုမိစ္ဆာစာရကို ရှောင်ကြဉ်ဖို့ ဟောရတာတွေ၊ အထူးသဖြင့် သုရာမေရယကို မလုပ်ဖို့ ပြောရတာတွေက တော်တော်ကို မလွယ်တဲ့ ကိစ္စဖြစ်နေပါတယ်။ သူ့အသက်သတ်တာကို ရှောင်ဖို့နေနေသာ အရှင်လတ်လတ်စားမှ ပိုပြီးအရသာ ရှိတယ်ဆိုကာ အရှင်တွေရောင်း၊ အရှင်တွေစားနေတဲ့ သူတွေကို ပါဏာတိပါတက ရှောင်ကြဉ်ဖို့ ဟောပြောရတာ တော်တော်ဒုံးဝေးပါတယ်။ ငါးမျှားရတာ၊ ငါးဖမ်းရတာတွေကို အကုသိုလ်လို့မထင်ဘဲ ၀ါသနာတစ်ခုအနေနဲ့ ပျော်ပျော်ပါးပါး အအိပ်ပျက်ခံပြီး လုပ်နေကြတဲ့အပြင် ငါးမျှားချိတ်မှာ မိလာတဲ့ငါးကို အရှင်လတ်လတ် အစိမ်းလိုက် ကိုက်စားတာ အရသာပိုရှိတယ်လို့ ဆိုလာပြန်တော့ အဲဒါပါဏာတိပါတကံ မြောက်တယ်လို့ ပြောဖို့ရာ ခက်နေပြန်ပါတယ်။ ပင်လယ်ကမ်းခြေတွေမှာ ဖွင့်ထားတဲ့ ပင်လယ်အစားအစာ စားသောက်ဆိုင်တွေမှာဆို အရှင်လတ်လတ်တွေ ပြထားပြီး စားချင်တဲ့သူက ဒါစားချင်တယ်လို့ လက်ညှိုးထိုးပြတဲ့အခါ ရှေ့မှာပဲ ခုတ်ထစ်ရောင်းချ စားသောက်ကြတာတွေက သူ့အသက်သတ်တာဟာ ခက်ခဲတဲ့အရာ မဟုတ်ဘူးဆိုတာ ပြသနေကြတဲ့အပြင် ဒါတွေလုပ်လို့ ပြန်ခံရတတ်တယ်ဆိုတာလည်း အယုံအကြည်မရှိတဲ့ သူတွေဖြစ်နေလေတော့ အစိမ်းသက်သက်ကြီး ပါဏာတိပါကို ရှောင်ဖို့ ဟောပြောရတာ ခက်နေရပါတယ်။

နောက် ကာမေသုမိစ္ဆာစာရနဲ့ ပတ်သက်တဲ့ အပိုင်းမှာလည်း ဒီလူမျိုးတွေရဲ့ အယူအဆက တစ်မျိုးဖြစ်နေ ပြန်ပါတယ်။ သူတို့ပြောနေကျဖြစ်တဲ့ ချစ်တာနဲ့ လက်ထပ်တာ တစ်ခြားစီပဲဆိုတဲ့ အချက်ကို သူတို့ကိုယ်တိုင် လက်ထပ်တဲ့ သူကတစ်ယောက် ချစ်ရည်လူးတဲ့သူက တစ်ယောက်ဖြစ်နေတယ် ဆိုတာကို နေရာတိုင်းမှာ အလွယ်တကူ ရှိနေတဲ့ ဟိုတယ်၊ မိုတယ်များ၊ အင်း၊ ဧည့်ရိပ်မွန်စတာတွေက သက်သေပြနေသလို ဒီဟိုတယ်၊ မိုတယ်မှာ ရှိနေကြတဲ့ ၀န်ထမ်းတွေကတော့ အိမ်ထောင်ရှိနေသူ၊ မရှိသူများကို ကောင်းကောင်းသိနေကြမှာ ဖြစ်ပါတယ်။ တစ်လင်တစ်မယား စနစ်ထက် အိမ်ထောင်ဖက်ကတစ်ခြား ချစ်သူကတစ်ခြား ဖြစ်နေကြတဲ့သူတွေ များနေတော့ ကာမေသုမိစ္ဆာစာရ သီလနဲ့ ပတ်သက်တဲ့အပေါ်မှာ ဟောရပြောရတာ အခက်အခဲ ဖြစ်တတ်ပါတယ်။

နောက်အဆိုးဆုံး အချက်က သုရာမေရယလို့ ခေါ်တဲ့ အရက်သေစာ သောက်စားမှုက အဆိုးဆုံးပါပဲ။ အရက်သောက်တာဟာ ယဉ်ကျေးမှုတစ်ရပ်လို ဖြစ်နေတဲ့ ဒီနိုင်ငံမှာ လူတွေမပြောနဲ့ သူတို့နိုင်ငံက ဘုန်းကြီးတွေတောင် ပါတီပွဲလေးတက်ပြီး အရက်လေးနဲ့ နှက်နေတာတွေ ရှိတတ်ပါတယ်။ ဘုန်းကြီးတွေကိုယ်တိုင်က အရက်ကို အရက်မဟုတ်ဘူး၊ ဆေးဆိုပြီး လုပ်နေကြတော့ သူတို့ ဗုဒ္ဓဘာသာဝင်တွေမှာ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိဆိုတာ ဟောတာလည်း မကြားဘူးသလို ဆောက်တည်ရ ကောင်းမှန်းလည်း မသိကြပါဘူး။ ဘုန်းကြီးတွေရော လူတွေပါ အရက်သောက်မှ ဆက်ဆံရေး အဆင်ပြေသလို၊ အရေးကိစ္စရှိလို့ တွေ့ကြဆုံကြရင်လည်း အရက်ကလေးပါမှ မြိုင်မြိုင်ဆိုင်ဆိုင် ရှိတတ်ကြတာ ဆိုတော့ အရက်မသောက်ဖို့ တားမြစ်မယ်ဆိုရင် သူတို့အတွက်တော့ ရန်သူလိုပါပဲ။ ဒါကြောင့် ဒီလိုနိုင်ငံ ဒီလိုလူမျိုးတွေကို သာသနာပြုဖို့အတွက်က သီလကထာ၊ ဒါနကထတွေထက် လက်တွေ့ဆန်တဲ့ ကျင့်ကြံအားထုတ်မှုနဲ့ စတင်ရပါတယ်။ တကယ်လုပ်ရင် တကယ်အကျိုးရှိစေတဲ့ လက်တွေ့အားထုတ်မှု အပိုင်းကို အားထုတ်စေပြီး သူတို့ကိုယ်တိုင် ဓမ္မအနှစ်သာရကို သိလာတဲ့အခါကျမှ ဒီထက်ပိုပြည့်စုံတဲ့ အနှစ်သာရတွေသိဖို့ အကျင့်သီလပိုင်းလည်း အရေးကြီးကြောင်း ပြောဆိုကာ သီလဆောက်တည်ဖို့ ဟောပြောပေးရပါတယ်။

ထားပါတော့။ ပြောချင်တာက နေရာဒေသ၊ လူမျိုးများနဲ့ လုပ်ကိုင်စားသောက်မှုများကို လိုက်ပြီး ဟောရပြောရတာ ခက်ခဲတတ်တဲ့အကြောင်း ပြောချင်တာပါ။ ခက်ခဲတယ်ဆိုပေမယ့် အားလုံးတော့ မဟုတ်ပါဘူး။ ဒီအထဲကမှ သဒ္ဓါတရား ရှိတဲ့သူတွေ၊ ပါရမီအားကောင်းတဲ့ သူတွေကတော့ မလွယ်ပေမယ့် ဖောက်ထွက်နိုင်ကြပါတယ်။ ဒီအလုပ်တွေဟာ အကုသိုလ် အလုပ်တွေဆိုတာ သိတဲ့အခါ တစ်ခြားအလုပ်တွေနဲ့ ပြောင်းပြီး အကျင့်ကောင်းအောင် ပြုလုပ်တဲ့သူတွေ ရှိပါတယ်။ ဒါကြောင့်လည်း အများစုက ဘာသာတရား အဆုံးအမတွေနဲ့ ဆန့်ကျင်နေလို့ လျော့လျော့ပေါ့ပေါ့ ဟောဖို့ ပြောလာကြတဲ့ အပေါ်မှာ ဘုန်းဘုန်းတို့က “လျော့လို့တော့ မရဘူး၊ ကျင့်နိုင်တဲ့သူတွေ ကျင့်နိုင်ဖို့ အရှိအတိုင်းတော့ ဟောရမှာပါ”လို့ ပြောရခြင်း ဖြစ်ပါတယ်။

နိုင်ငံခြားမှာ အနေကြာလာလို့လား မသိဘူး။ မြန်မာအချို့တွေမှာ ဒီလို အယူအဆလေးတွေ ရှိလာတတ်တာကို တွေ့ရတတ်ပါတယ်။ တစ်ချို့က တရားဟောတဲ့အခါ “အရှင်ဘုရား အဲလိုတဲ့ကြီးတော့ မကောင်းဘူးလားလို့၊ သူတို့ဆီမှာ ဒါတွေက ယဉ်ကျေးမှုလို ဖြစ်နေတာ၊ ဒီလို ကိစ္စမျိုး မလုပ်ရင် အဆင်မပြေလှဘူး”လို့ ပြောလာတာတွေ ရှိတတ်ပါတယ်။ ဒါကတော့ ကိုယ်ကိုယ်တိုင်ပဲ စဉ်းစားကြဖို့ လိုပါတယ်။ ဘုန်းဘုန်းတို့အနေနဲ့ အရှိကို အရှိအတိုင်းတော့ ဟောပြောပေးဖို့ တာဝန်ရှိပါတယ်။ သေချာတာကတော့ အားလုံးဟာ ဟောမရ၊ ပြောမရတဲ့သူတွေ မဟုတ်သလို၊ သူ့နိုင်ငံရောက်တိုင်း သူ့လိုမျိုးတွေလို လိုက်လုပ်နေတဲ့သူတွေချည်း မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။ အဲဒီတော့ သောက်တာစားတာတွေကို မရှောင်နိုင်သလို အကျင့်သီလတွေမှာ မကျင့်သုံးနိုင်တဲ့သူတွေ များနေပေမယ့် ဒီအထဲက ဖောက်ထွက်လာသူတွေလည်း ရှိနေတဲ့အတွက် အများက မကျင့်နိုင်လို့၊ အများကို ငဲ့ပြီး ဒီလိုလေးတော့ ဟောစေချင်တယ်၊ ဒီလိုလေးတော့ ပြင်စေချင်တယ် ဆိုလာတဲ့အပေါ်မှာ ကိုယ်ကိုယ်တိုင် မကျင့်နိုင်ကြပေမယ့် ကျင့်နိုင်တဲ့သူတွေ ကျင့်နိုင်ကြစေဖို့ ဘုရားမျက်နှာကို ကြည့်ပြီး အရှိအတိုင်းတော့ ဟောနေရဦးမှာပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျင့်နိုင်တဲ့သူတွေကတော့ ကျင့်နေကြတာ အမှန်ပါပဲ။

ဒါကြောင့် ဒေရာဒေသ၊ ပတ်ဝန်းကျင်နဲ့ လုပ်ကိုင်စားသောက်ရတဲ့ အခက်အခဲတွေကြောင့် ဗုဒ္ဓရဲ့ အဆုံးအမများနဲ့ မညီနိုင်တဲ့ အခြေအနေ များလာတဲ့အပြင် ဘုန်းကြီးများရဲ့ ဟောတာပြောတာတွေကြောင့် ဒို့ကိုစောင်းပြီး ဟောနေတယ်လို့ ခံစားလာရပြီး ဒီလိုလေးဟောရင် ကောင်းမှာပဲ၊ ဒါလေးတော့ ရှောင်ပြောရင် ကောင်းမှာပဲ စတဲ့ အတွေးတွေနဲ့ အကြံပြု လျှောက်ထားလာကြတဲ့ အပေါ်မှာ “ဘယ်သူ့ဘယ်သူကိုမှ စောင်းပြောစောင်းဟောတာ မဟုတ်ဘဲ အရှိကို အရှိအတိုင်း ဘုရားဟော ဒေသနာတော်ကို ထုတ်ပြခြင်းသာ ဖြစ်တဲ့အတွက် အများက မကျင့်နိုင်ကြပေမယ့် ကျင့်နိုင်တဲ့သူတွေ ကျင့်နိုင်ကြစေဖို့ မကြိုက်ပေမယ့်လည်း ဟောပေးနေရဦးမှာ ဖြစ်ပါတယ်”လို့ပဲ ပြောကြားရင်း ကျင့်နိုင်သူတွေ ကျင့်ကြပါစေဆိုတဲ့ ဆန္ဒနဲ့ အများမကြိုက်ပေမယ့် အမှားမလိုက်အောင် တရားဘက်တော့ လိုက်နေရမှာပဲလို့ ဆိုလိုက်ရပါတော့တယ်။

Read more...

မအေးဇာနွယ် (စင်ကာပူ) ကောင်းမှု

၁၃၇၂ ခု ဒုတိယ၀ါဆိုလဆန်း (၄)ရက် ကြာသာပတေးနေ့
၁၅.၇.၂၀၁၀ ရက်နေ့
အရုဏ် .. ကြက်သားအုန်းနို့်ခေါက်ဆွဲ
အလှူရှင် မအေးဇာနွယ်(စင်ကာပူ) ကောင်းမှု ဖြစ်ပါသည်။
နော်ဝေနိုင်ငံမှ ဆွမ်းအမတစ်ဦးမှ ဗလာစာအုပ်တစ်အုပ်စီလှူဒါန်းသွားခဲ့ပါတယ်။
သံဃာ အပါး၂၈၀ ခန့် ကြွတော်မူကြပါတယ်။


IMG_0504.JPG

IMG_0503.JPG

IMG_0505.JPG

IMG_0506.JPG

IMG_0507.JPG

IMG_0510.JPG

IMG_0519.JPG

IMG_0510.JPG

Read more...

စက္ကန့် ၃၀၊ မိနစ် ၃၀

တရုတ်ပြည်မှ နှလုံးသွေးကြော သုတေသနအဖွဲ့ အဖွဲ့ခေါင်းဆောင် ဟုန်ကျောင်းကွမ်း-က
နှလုံးသွေးတိုး၊ လေဖြတ် ရောဂါကင်းဝေးဖို့ အဓိကအကျဆုံး အချက်နှစ်ချက် ပြောပါတယ်။
ပထမအချက်က စက္ကန့်သုံးဆယ် သတိထား။
ဒုတိယအချက်က မိနစ်သုံးဆယ် လိုက်နာဖွယ်-တဲ့။

ဆေးသိပ္ပံဆရာတွေ ပြောတာကတော့ လူတွေဟာ နေ့လယ်နေ့ခင်းမှာ နှလုံးခုန်နှုန်း ပုံမှန်ပဲတဲ့။
ညပိုင်းရောက်လာရင် လူအတော်များများဟာ နှလုံးသွေးအား လျော့နည်းသွားတတ်တာ တွေ့ရသတဲ့။ ဒါကြောင့် အိပ်ရာက နိုးနိုးချင်း ကုတင်ပေါ်က ချက်ချင်း မထပါနဲ့တဲ့။ စက္ကန့်သုံးဆယ်လောက် သတိကလေးနဲ့ အိပ်ရာထဲ လှဲနေပါတဲ့။
ပြီးတော့ စက္ကန့်သုံးဆယ်ကြာ အိပ်ရာပေါ် ထထိုင်လိုက်ပါတဲ့။
ပြီးမှ ကုတင်ပေါ်ကနေ ခြေထောက်တွဲလွဲ စက္ကန့်သုံးဆယ်ကြာ ချလိုက်ပါတဲ့။ အဲဒီလို ခြေတွဲလွဲချလို့ စက္ကန့်သုံးဆယ်လောက်လည်းရှိရော မိမိလိုရာ သွားပါ။ လုပ်ကိုင်ပါတဲ့။

သိပ်မှန်ပါတယ်။
မော်တော်ကား အင်ဂျင်လို့ပေါ့။ တညလုံး အေးနေအောင် ရပ်ထားတဲ့ အင်ဂျင်စက်ကို နံနက်ခင်း စက်နှိုး၊ ချက်ချင်းကြီး မောင်းမရသလိုပေါ့။ အင်ဂျင်ကိုနှိုး၊ ဆီ ရေ လေ အလိုက် မှန်လာအောင်စောင့်၊ စက်အရှိန်ကလေး ရလာမှ မောင်းသင့်သလိုပေါ့။

ဟုတ်ပါတယ် လူလည်း ဒီအတိုင်းပါပဲ။
တညလုံး လှဲအိပ်နေရာက ချက်ချင်းကြီး ထလှုပ်ရှားလိုက်တော့ ဦးနှောက်ပိုင်း သွေးအရောက်နည်းနေတာရယ်၊ အိပ်ချင်မူးမူးနဲ့ဆိုတော့ အရွယ်ကောင်းတုန်းမှာ မသိသာပေမယ့် အသက်အရွယ်ကလေး ၅၀-ကျော် ၆၀-ရောက်လာရင် သတိလစ် လဲကျနိုင်ပါတယ်။ အဲဒီလို စက္ကန့်သုံးဆယ်ကလေးကို သတိထား ဆင်ခြင်လိုက်ရင် လေဖြတ်တာတို့၊ နှလံးသွေးကြော ပိတ်တာတို့၊ ရုတ်တရက် မူးဝေလဲကျတာတို့ ကင်းဝေးတာပေါ့။

အိပ်ရာကနိုးနိုးချင်း ချက်ချင်း မထရဘူး။ စက္ကန့်သုံးဆယ်ကြာအောင် အိပ်ရာထဲ လှဲနေပါ။
စက္ကန့်သုံးဆယ်လောက် ကြာတော့ ကုတင်ပေါ်မှာ စက္ကန့်သုံးဆယ်ကြာအောင် ထိုင်လိုက်ပါ။
စက္ကန့်သုံးဆယ်လောက်လဲ ထိုင်ပြီးရော ကုတင်ပေါ်က ခြေတွဲလွဲချ၊ စက္ကန့်သုံးဆယ်ကြာအောင်စောင့်။
စက္ကန့်သုံးဆယ်လဲပြည့်ရော လိုရာသွား။

စက္ကန့်သုံးဆယ်ဆိုတော့ တစ်ကနေ သုံးဆယ်လောက် စိတ်ထဲက ရေတွက်လိုက်လည်း ဖြစ်တာပါပဲ။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက်တော့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ သရဏဂုံ ၃-ခေါက် ရွတ်လိုက်ရင် စက္ကန့်သုံးဆယ် ပြည့်သွားပါမယ်။ ကုသိုလ်လည်းရ သမာဓိလည်း ရပေါ့။


မိနစ်သုံးဆယ် လိုက်နာဖွယ် ဆိုတာက-
(၁) နံနက် အိပ်ရာက ထအပြီးမှာ မိမိတို့နေတဲ့ အရပ်ဒေသ ရာသီဥတု၊ မိမိ၏ အသက်အရွယ်ကို ချင့်ပြီး ကိုယ်လက်လှုပ်ရှား အားကစား မိနစ်သုံးဆယ် (နာရီဝက်) လုပ်ပါတဲ့။
နွေဦးကာလ နေပူရှိန်ပြင်းနေတုန်း အရွယ်ကလည်း ၆၀-ကျော် ၇၀-နီးပါးအရွယ်ဆိုရင် သိပ် ပြင်းပြင်း ထန်ထန် လှုပ်ရှားမှုတွေ မလုပ်ရဘူးပေါ့။
တံမြက်လှည်းတာတို့၊ ပန်းပင်ရေလောင်းတာတို့၊ လမ်းဖြည်းဖြည်းလျှောက်တာတို့ အနည်းဆုံး နာရီဝက် ပြုလုပ်ပါတဲ့။

(၂) အဲဒီလို နံနက်အိပ်ရာထအပြီး ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပြီးတော့ နေ့လယ်နေ့ခင်းမှာ နာရီဝက် အိပ်စက်အနားယူပါတဲ့။
သက်ကြီးရွယ်အိုများဟာ အအိပ်အနေ နည်းပါတယ်။ စောစောလည်းထကြတော့ နေ့လယ်နေ့ခင်း နာရီဝက်လောက်တော့ အနားယူပါတဲ့။ အကောင်းဆုံးကတော့ ထမင်းစားသောက်ပြီး နာရီဝက်ခန့် အိပ်သင့်ပါတယ်။
( ကျန်းမာချင်ရင် အလုပ်နဲ့လက် မပြတ်စေနဲ့၊ အားတဲ့အခါ လမ်းလျှောက်ပေး၊ နေ့လယ်နေ့ခင်း ထမင်းစားပြီးတဲ့အခါ နာရီဝက်လောက်တော့ အနားယူအိပ်စက်ပါ)။တဲ့

(၃) တတိယအချက်က ညနေစောင်း ၅-နာရီခွဲ ၆-နာရီလောက်ကျတော့ မိနစ်သုံးဆယ် ခြေကျင်လမ်းလျှောက်ပေးပါတဲ့။ အဲဒီလို လိုက်နာကျင့်သုံးသွားမယ်ဆိုရင် နှလုံးသွေးကြောပိတ် ရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်တာ ကင်းဝေးပါစေမယ်လို့ တရုတ်ပြည် နှလုံးသွေးကြော သုတေသနအဖွဲ့ ခေါင်းဆောင် ပါမောက္ခ ဒေါက်တာ ဟုန်ကျောင်းကွမ်း-က အာမခံပါသတဲ့။


ဗုဒ္ဓရှင်တော်မြတ်ကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀-ကျော်လောက်ကတိုင် ဟောတော်မူခဲ့ပါတယ်။
ခရီးသွားနိုင်၊ ကြံခိုင်အင်အား၊ ကင်းငြားရောဂါ၊ အစာကြေညက်၊ မပျက်သမာဓိ၊ ငါးပါးရှိ၊ မှတ်သိစင်္ကြအကျိုးတည်း။ တဲ့
ကမ္ဘာသိပ္ပံ ပညာရှင်တွေ၊ ဆေးပညာရှင်တွေက လူတွေ ကျန်းမာဖို့ အသက်ရှည်ဖို့ အနာရောဂါကင်းဝေးဖို့ အမြဲကြံစည်အားထုတ် ရှာဖွေစမ်းသပ်နေကြသည်။ အခုတွေ့ရှိချက်ကလေးတွေသည် ပေါ့သေးသေး မဟုတ်ပါ။ အလွန်တန်ဖိုးကြီးပါသည်။

မကွေးဝင်းမြင့် ဆောင်းပါးမှ အချုပ်ဖော်ပြလိုက်သည်။
မော်လူး

Read more...

ပဋိစ္စသမုပ္ပါဒ် Chatroom

အိမ်ပြန်ချိန်မဟုတ်ပေမယ့်
ဥသြတွန်သံ ကြားတယ်

ဝေဒနာက္ခန္ဓာပေါ်
တိမ်းမှောက်ပစ်လိုက်တဲ့
ဥပါဒါန်လေးရေ
လှိုင်းပုတ်သံတွေ
ချိုပါရဲ့လားကွယ်

ဒဏ်ရာပြင်းစရာမလိုဘူး
သွေးစက်ပြနိုင်ဖို့ပဲ တဲ့
ဒုက္ခသစ္စာဟာ
နာမည်တစ်မျိုးနဲ့ ရောက်လာတယ်

သံသရာဆိုတာကို
မယုံတော့ဘူးပေါ့
ငါပဲ အယူလွဲခဲ့တယ်။

ဓမ္မဂင်္ဂါ
၁၅-၀၇-၂၀၁၀

Read more...

မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်ခါနီးအချိန်မှာ မှာခဲ့တဲ့ မှာတမ်းလေး

3 comments

၃၁ဘုံတွေကတော့
ဗြဟ္မာ့ဘုံ ၂၀ဘုံ
နတ်ဘုံ ၆ဘုံ
လူ့ဘုံ ၁ဘုံ
အပါယ်၎ဘုံ
*မိမိပါဝင်နေပါသေးတယ်။

* မြတ်စွာဘုရား
ပရိနိဗ္ဗာန် စံဝင်ခါနီးအချိန်မှာ မှာခဲ့တဲ့ မှာတမ်းလေးက
နောက်ဆုံးစကားလေးပြီးတာနဲ့ ပရိနိဗ္ဗာန်စံသွားတာပါ။ ၀ယဓမ္မာသင်္ခါရာ အပ္ပမာဒေန
သံပါဒေထ။ ချစ်သား ချစ်သမီးတို့  ငါဘု၇ား ပ၇ိနိဗ္ဗာန် စံကာနီး နောက်ဆုံး
စကားမှာကြားမယ်.. ချစ်သား
ချစ်သမီးတို့ ယခုရရှိနေတဲ့  ရုပ်နာမ် နှစ်ပါး ၊ ခန္ဓာငါးပါး သင်္ခါရတရားတို
့သည် အမြဲတမ်း ပျက်နေတယ်။ အမြဲတမ်းပျက်နေတဲ့ ရုပ်နာမ် ၂ပါး ခန္ဓာ၅ပါးက
အနိစ္စအမြဲမရှိပါလို့ အသစ်အသစ်တွေသာ အစားထိုးနေတာကို သိသိပေးဖို့ကို
မမေ့မလျော့ မပေါ့မဆသော ၀ိပဿနာ တရားဖြင့် ရှုပွားပြီးတော့ နေရစ်ကြ လို့ 
မှာကြားတော် မူပါတယ်။ အခုလည်း ပ၇ိနိဗ္ဗာန်စံကာနီးမှာ အေးအေးချမ်းချမ်းနဲ
့လွတ်လွတ်လပ်လပ် ပရိနိဗ္ဗာန် မစံနိုင်ဘူး။ သူ့၇ဲ့ ချစ်သား ချစ်သမီးတို
့ဝိပဿနာ မပွားဘဲ နေ၇စ်မှာစိုးရှာလို့  ခန္ဓာငါးပါး အဖြစ်ပျက်ကို ၀ိပဿနာ
ရှုပြီးတော့ နေရစ်ကြပါလို့ မှာခဲ့ရှာတယ်။ မြတ်စွာဘုရား မေတ္တာ စေတနာ ပါ။
ဒါတင်မကသေးပါဘူး။ သက်တမ်းရှည်တဲ့ ဘုရားရှင်တွေလက်ထက်မှာဆို၇င် သူတို
့ပရိနိဗ္ဗာန် စံသွား၇င် တခါတည်း သာသနာပါ ကွယ်သွားတယ်။ သာသနာကုန်တယ် ဆိုတာ
မဂ်ဖိုလ်၇တတ်တဲ့  ၀ိပဿနာတရားတွေ ကုန်တာပါဘဲ။ ဘုရားတစ်ဆူပွင့်၇င်
သတ္တ၀ါအပေါင်း နှစ်ဆယ့် လေးသင်္ခေ်ျနဲ့ ဗိုလ်ချေတစ်သိန်း ချေချွတ်၇ပါတယ်။
ဘုရားတစ်ဆူရဲ့ တာဝန်ပါ။ ဒါပေမဲ့ ဂေါတမမြတ်စွာဘု၇ားက ဆယ်ခြောက်သင်္ချေပဲ
ချေချွတ်နိုင်ခဲ့ပါတယ်။ ရှစ်သင်္ချေနဲ့ ဗိုလ်ချေတစ်သိန်းကျန်သေးတယ်။ အဲ့လို
ကျန်ခဲ့တဲ့ အထဲမှာ အခုရှိနေတဲ့ မိမိတို့ အပါဝင် သတ္တ၀ါအနတ္တပါပါတယ်။ သူသာ
သာသနာ မထားခဲ့၇င် မိမိတို့ ယောဂီတွေ ၀ိပဿနာတရား မနာနိုင်တော့ပါဘူး။
ပျောက်သွားပါဘီ။သာသနာမရှိတဲ့ အချိန်မှာ လူဖြစ်လို့  တရားနာချင်လို
့ငွေသိန်းနဲ့ချီ လျှောက်ပေးအုံး ဘယ်သူမှ မဟောနိုင်တော့ဘူးတဲ့။ *သာသနာကို
မြတ်စွာဘုရားက ၅၀၀၀ ထားခဲ့တဲ့ အထဲမှာ နှစ်ပေါင်း ၂၅၄၆နှစ်ကုန်သွားဘီ။
နောက်ထပ် နှစ်ပေါင်း ၂၄၀၀ကျော်ကျန်သေးတယ်။ သာသနာနှစ်ပေါင်း ၂၄၀၀
ကျော်ကျန်သေးတာ ၀ိပဿနာတရားကို မနာကြားသေးပါဘူး။ အားမထုတ်သေးပါဘူးလို
့ပေါ့ပေါ့တန်တန်နေတတ်ကြပါတယ်။ ဒီအတွေး အခေါ်ဘယ်လောက် မှားယွင်းနေပါသလဲဆိုတာ။
အဲ့လို
နေမယ်ဆို၇င်တော့ အမှားကြီးမှားပါဘီ။ အဲ့ဒီ သာသနာ နှစ်ပေါင်း ၂၄၀၀မှာ
မိမိနဲ့ ဘယ်လောက်များဆိုင်သလဲလို့  စဉ်းစားပါ။ ဒီနေ့ ည ကိုယ်သေသွားဘီတဲ
့နောက်နေ့ အဲ့သာသနာ မိမိနဲ့ ဆိုင်သေးလားဆိုတော့ မဆိုင်တော့ဘူး။ ဒီတော့
ကိုယ်နဲ့ ဆိုင်တဲ့ သာသနာဟာ မသေခင်ကလေးမှာ သာ ဆိုင်တာပါ။ ဒါကို သတိ၇ပါ။
တချို့ ထင်တယ် ။ နောက်ဘ၀ ပဲလူဆက်ဖြစ်ပြီး သာသနာနဲ့ ပြန်ကြုံ၇တော့မလိုလိုနဲ
့လွယ်တယ်မထင်လိုက်ကြပါနဲ့ ။ ဒိဋ္ဌိမပျောက်သေးတဲ့ ပုဂ္ဂိုလ်များဟာ
သုဂတိရောက်တာ နည်းပါတယ်။ ဒုက္ခတိ**..**အပါယ်သွားကြတာ
များပါတယ်။ ဒါကြောင့် ဒီဒိဋ္ဌိတွေကို ပယ်နိုင်သမျှ ပယ်နိုင်အောင်
မိမိတို့ကိုယ်တိုင်လေ့ကျင့်ဘို့် လိုအပ်ပါတယ်။ ကိုယ်သေတာနဲ့ သာသနာနဲ့ 
မဆိုင်တော့ဘို့ ပါများပါတယ်။ ငရဲ၊ တိရိစ္ဆာန် ပြိတ္တာဘ၀ရောက်သွား၇င် သာသနာနဲ
့ဆိုင်လို့  မ၇တော့ပါဘူး။ မိမိတို့ တရက်နေ၇ရင် သာသနာနဲ့ တရက်ပဲဆိုင်တယ်။
တလနေရရင် သာသနာဟာ မိမိနဲ့ တလပဲ ဆိုင်တယ်။ သေတာနဲ့ မဆိုင်တော့ပါဘူး။
သေပြီးတော့ အပါယ်ကျသွား၇င် တော့ သွားဘီသာ မှတ်ပါ။ ဒါကြောင့် အသေမဦးခင်မှာ
ဥာဏ်ဦးဖို့ အရေးကြီးပါတယ်။ စားဝတ်နေရေးဆိုတာ သေတဲ့ အထိရှာ၇မှာပါ။
ဒါကြောင့် ဘုရားမှာခဲ့တဲ့ စကားကို လေးစားကျေးဇူးတင်သော အားဖြင့်
နားထောင်တဲ့ အနေနဲ့ ဝိပဿနာ တရားရှုပွားခြင်းအလုပ်ကို မဖြစ်ဖြစ်အောင်
၂၄နာ၇ီမှာ ၁နာ၇ီ ၂နာ၇ီလောက် နေ့စဉ်ပေးကြည့်ကြပါလို့ တိုက်တွန်းပါတယ်။
မိမိကိုယ်ကို သနားကြပါ။ မိမိကိုယ်ကို ပြန်ကယ်ပါ။ ကြုံတုန်းကြိုက်တုန်း**..**
ဆိုတဲ
့အတိုင်း ကြုံတဲ့ အချိန်မှာ ကြိုက်လိုက်ကြစမ်းပါ။ သာသနာ ၅၀၀၀ထားခဲ့တဲ့
ဘုရားရှင်ကို လေးလည်း လေးစားကြပါ။ ကဿပ ဘုရားရှင် ပရိနိဗ္ဗာန် စံတဲ့ အခါမှာ
ဓါတ်တော်ကို တစ်လုံးထဲ ထားခဲ့ပါတယ်။ အဲ့ဒါကို စေတီတည်လိုက်ပါတယ်။
ဂေါတမမြတ်စွာဘုရားသခင်ကိုယ် တော်မြတ်ကြီးကတော့ ငါနဲ့  ငါ့သာသနာ
မကြုံလိုက်၇တဲ့ ဝေနေယျသတ္တ၀ါအပေါင်း ငါ့ဓါတ်တော်တွေ ဖူးပြီးတော့
ဘုရား၊တရား၊သံဃာကို သတိ၇ကြပါစေ**..* *မဂ်ဖိုလ် ၇မဲ့အလုပ်တွေ လုပ်နိုင်ကြပါစေ။
မဂ်ဖိုလ်၇မဲ့တရားတွေ နာကြားနိုင်ကြပါစေ။ အကျွတ်တရားရကြပါစေ* *..* *၀ိပဿနာ
တရားနာကြား အားထုတ်ဖြစ်ကြပါစေလို့ စေတနာနဲ့ သူ့ ရဲ့ ဓါတ်တော်တွေကို
အစိပ်စိပ် အမွှာမွှာကွဲအောင် အဓိဋ္ဌာန်တော်မူခဲ့ပါတယ်။ ဒါကြောင့်
ဂေါတမမြတ်စွာဘုရား သခင်ရဲ့ ဓါတ်တော်တွေဟာ အစိပ်စိပ်အမွှာမွှာကွဲပြီး ကမ္ဘာ
အ၇ပ်၇ပ်မှာ ပျံ့ နှံ့ လို့ နေပါတယ်။ မြတ်စွာဘုရား၇ဲ့  ဓါတ်တော်တွေ
ဖူးပြီးတော့ အသိဥာဏ်တွေရ ၊၀ိပဿနာတရားတွေ ရှုပွားကြ အားထုတ်ကြနဲ့ 
မဂ်ဖိုလ်ရတဲ့  ပုဂ္ဂိုလ်တွေလည်း ကမ္ဘာနဲ့ အ၀ှမ်း မှာလည်း အများကြီးရှိပါတယ်။
ဘုရားရှင်ကို ဒီအချက်အတွက် ကျေးဇူးတင်စရာ ကောင်းလွန်းပါတယ်။ပ၇ိနိဗ္ဗာန်စံကာနီး
အချိန်မှာတောင် အခြားဘုရားတွေကဲ့သို့ အေးအေးဆေးဆေး မစံနိုင်ဘူး**..* *မိဘက
သားသမီးကိုပူသလို* *.**သူ့တရားမနာလိုက်၇တဲ့ နောက်ပိုင်း ပုဂ္ဂိုလ်တွေ
အကန်းပုထုဇဉ်ဘ၀နဲ့ သေသွား၇မှာ သိပ်စိုး၇ိမ်ပြီး
ပရိနိဗ္ဗာန်စံကာနီး အချိန်မှာ မှာပါတယ် ။ ဘာမှာသလဲဆိုတော့* *…* *
ချစ်သားချစ်သမီးတို့
ငါဘုရား ပရိနိဗ္ဗာန်စံကာနီး နောက်ဆံုးစကား အဖြစ် အရေးကြီးစကား
မှာကြားခဲ့မယ်။ ဒီရုပ်နာမ်၂ပါး ခန္ဓာငါးပါးဆိုတာ ဖြစ်ပြီး ပျက်နေကြတယ်။
အဲ့ဒါကို ဆရာကောင်း သမားကောင်းထံ နည်းယူပြီးတော့ မမေ့မလျော့ မပေါ့မဆတဲ
့သတိနဲ့ စဉ်ဆက်မပြတ် ၀ိပဿနာတရား ရှုပွားပြီး နေရစ်ကြပါ**…**လို့ အရေးတကြီး
မှာကြားခဲ့ပါတယ်။ ဒါနပြုကြ၊ သီလပြုကြ၊ သမထလုပ်ကြလို့ အရေးတကြီးမမှာထားခဲ့ပါဘူး။

* *၁၅မိနစ်လေးပဲရရပါ။
* စိတ်ပင်ပန်းရင် လူပင်ပန်းလွန်းရင် ချက်ချင်း တရားထိုင်မှတ်လို့ မရနိုင်ပါဘူး။
(အလေ့ကျင့် များလာတဲ့ ပုဂ္ဂိုလ်များအနေနဲ့ကတော့ တရားစိတ် သွင်းလိုက်တာ နဲ့
အမောပြေသွားပါတယ်။) ဒါကြောင့်
မပင်ပန်းပဲ အိပ်ေ၇းဝတဲ့ မနက်ပိုင်း အချိန်လေးကို ၁၅မိနစ်ပဲရရ ဆက်တိုက်
တရားနှလုံးသွင်းပေးတာ အကျိုး ပိုဖြစ်ထွန်းပါတယ်။ အချိန်အများကြီးထိုင်ပြီး
မထိရောက်တာထက် စာရင် ၁၅မိနစ်နာရီဝက်မှာ အပြည့်နှလုံးသွင်းနိုင်တာ
ပိုထိရောက်စေပါတယ်။
1. 1.မြင်ရင် မြင်တဲ့နေရာမှာရပ်။ ဆက်ပြီး ဘယ်သူ ဘယ်ဝါ ဘာမြင်တယ် မခွဲခြားန့ဲ။
မြင်တယ်လို့ပဲ သိရုံသိလိုက်ပါ။ ဒီလောက်ပဲ။
2. ကြားရင် ကြားတဲ့ နေရာမှာရပ်။ ဘယ်မင်းသား၊ မင်းသမီးရဲ့ အသံလို့ မခွဲခြားနဲ့။
ဘယ်သူ့အသံလား ဆူညံသံလား ဘာသံလား နားဝင်ချိုသံလား မခွဲခြားပါနဲ့ ။ ကိလေသာ
ကြားမ၀င်စေနဲ့။ ကြားတဲ့ အသံလို့ပဲ သိရုံသိလိုက်ပါ။
3. အနံ့၇တာနဲ့ ရပ်ပစ်။ နံတဲ့စိတ်လေး ပေါ်ရုံပဲ။ ဘာနံ့ညာနံ့လို့ မခွဲခြားပါနဲ့။
အနံ့ ၇တယ်လို့ သိရုံလေးသိပြီး ဖြတ်ချလိုက်။
4. စားလည်း ၀က်သားကြက်သား မခွဲနေနဲ့  ။ ဘာဟင်း ညာဟင်း မခွဲခြားပါနဲ့ ။
စားကောင်းတယ် မကောင်းဘူး မခွဲခြားပါနဲ့ ။ အရသာပေါ်တဲ့ အချိန်လေးမှာတင်
အရသာပေါ်တယ်လို
့သိရုံသိပြီး ရပ်ပစ်ပါ။
5. ထိရင် ထိတဲ့နေရာမှာတင် ရပ်လိုက်ပါ။ နူးညံ့တယ် ကြမ်းတမ်းတယ် မခွဲခြားပါနဲ့ ။
ထိတယ်လို့ပဲ သိရုံလေးသိပေးလိုက်ပါ။

6. တွေး၇င် တွေးမှန်းသိလိုက်။ ဘာတွေးတယ်လို့ ဆက်မတွေးနဲ့။ အတွေးပေါ်သွားတယ်
ဆို၇ုံလေးသိပြီး ဖြတ်ချပစ်ပါ။ ရပ်ပစ်ပါ။
အဲ့ဒါ တ၇ားအားထုတ်နေတာပါ။ ၀ိပဿနာတရားအားထုတ်၇ခြင်း ၇ည်၇ွယ်ချက်က ကိလေသာတွေ
ကုန်ဘို့ ခမ်းဘို့ နည်းဘို့ ပါးဘို့ ပျောက်ဘို့ ပါ။ ဘယ်နေရာမဆို
ဘယ်အချိန်မဆို တ၇ားအားထုတ်လို့ ၇ပါတယ်။ဒီခြောက်ချက်ကို အဓိက သိပေးနေပါ။
ဆက်တိုက်သတိထား သိပေးနေပါ။ ဘာလို့ ဆက်တိုက် သိနေ၇မလဲဆိုတော့ မျက်စိတမှိတ်
တစက္ကန့်မှာ စိတ်က ကုဋေတစ်သိန်းပြေးနေတာကို လောဘ ဒေါသ မောဟ မာနစတဲ့ ကိလေသာ
ကင်းစင်တဲ့  အရိယာအဖြစ် မရောက်ရှိသေးခင်ဖြစ်တဲ့ ပုဂ္ဂိုလ်တို့ရဲ့ 
လောဘ၊ဒေါသ၊ မောဟ ဖုံးနေသေးတဲ့ ဥာဏ်နဲ့ လိုက်မမှီနိုင်သေးလို့
မိမိဥာဏ်မှီသလောက် သိသလောက် ဖြတ်ချနေရပါမယ်။ ဒါလောဘ၊ ဒေါသ၊ မောဟကို
ပါးအောင် ကုန်အောင် လေ့ကျင့်ပေးနေတာပါ။ ဖြတ်ချရင်း လောဘ ဒေါသ
မောဟပါးလာတာနဲ့ အမျှ သိလာတဲ့ အသိဥာဏ်တွေ မြန်ဆန်လာတာကို တွေ့ရပါလိမ့်မယ်။
လုပ်သာလုပ်ပေးနေပါ။ လေ့သာလေ့ကျင့်ပေးနေပါ။ အကျိုးတွေကတော့ အံ့သြလို
့မကုန်အောင် သူ့အလိုလို ဖြစ်ထွန်းလာပါလိမ့်မယ်။ မမျှော်လင့်နဲ့.. ဒါပေမဲ့
သူ့အလိုလို မကောင်းတာတွေ ဘေးအန္တရာယ်တွေကို ပယ်သွားပါလိမ့်မယ်။ မိမိတာဝန်က
လေ့ကျင့်နေဘို့ပါ။ တရားတာဝန်က တကယ်အရှိတရား သူ့အလိုလိုဆိုတဲ့ အနတ္တသဘောကို
ပြလာပါလိမ့်မယ်။

သူတော်ကောင်းအပေါင်း ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာနဲ့
မတရားဟုဆိုအပ်သော လောဘ ဒေါသ မောဟ မာန ကိလေသာများနဲ့ အချိန်ကုန်ချိန်နည်းပြီး
တရားဟုဆိုအပ်သော လောဘ
ဒေါသ မောဟ မာန ကိလေသာများကို ဖြတ်ချနိုင်သောအချိန်အများစု
ဖြစ်နိုင်ကြပါစေ' (Thin Thin)

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP