* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, July 11, 2010

*၀ိမုတ္တိသုခသို့*

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ

ဘုရား ကိုယ်တိုင်လည်း ဟောပြီးသား.. အနှစ်သာရ က ဘာလဲဆိုရင် အချိန်မရွေး လွတ်မြောက်မှုပဲ.. သဘောပေါက်လား.. သီလပိုင်းကလည်း ဘာအတွက်လည်း ဆိုရင် လွတ်မြောက်ဖို့ အတွက်ပဲ.. သမာဓိကလည်း ဘာအတွက်လည်း ဆိုရင် လွတ်မြောက်ဖို့ အတွက်ပဲ.. အဲဒီအတွက်သာ ဘုရားဟောတာ.. ဒါမှသာ တဏှာအစပ် ပြတ်မှ ဇာတိ မလာမှာကိုး.. နားလည်ပြီနော်.. မဟာသာရောပမ သုတ္တန်မှာ ဟောထားပြီးသား.. ဒါလည်းပဲ ဘုန်းကြီးတို့ လူကော၊ ရဟန်းကော သတိထားရမယ့် အချက်ပဲနော.. တစ်နေ့ ဘုရားက ရဟန်းတွေကို အမိန့်ရှိတယ်၊ တရားကို မှတ်ကြတဲ့.. ငါဘုရား ရှိတုန်းမှာ ကြိုးစားမှတ်ကြ၊ ငါဘုရား မရှိမှ နောင်တတဖန် မဖြစ်ကြနဲ့လို့ အမိန့်ရှိတယ်။ ဒေ၀ဒတ်ကြီး အကြောင်းပြုပြီးတော့ကာ ဘုရားဟောတဲ့ တရား.. မဟာ သာရောပမ သုတ္တန် ဆိုတာရှိတယ်..

တစ်နေ့တဲ့ သစ်ပင်ရဲ့ အနှစ် ကို ရှာတဲ့ ပုဂ္ဂိုလ်တစ်ယောက် အနှစ်ကို မသိဘဲနဲ့ကာ တောထဲသွားတယ်.. သစ်ပင်တွေ့တဲ့ အခါမှာ သူက အခက်အရွက် ကလေးတွေကို အနှစ်ထင်ပြီး ပြန်လာတယ်တဲ့.. ဒါ တစ်ယောက်ပေါ့နော.. ချစ်သားတို့.. အနှစ်နဲ့မှပြီးမယ့် ကိစ္စမှာ ပြီးပါ့မလားလို့ မေးတော့.. ပြီးပါ့မလား.. မပြီးဘူးနော်.. တစ်ခါ နောက်တစ်ယောက်လည်း သွားပြန်တယ်.. သူလည်း အနှစ် မသိဘူးတဲ့.. သူကျတော့ အပွေးလေးတွေ ကို အနှစ်ထင်ပြီး ခွါလာတယ်.. ဒီတစ်ယောက်က ဘာတုန်း.. အပွေး.. နောက်တစ်ယောက်ကလည်း အနှစ်မသိဘူး.. တစ်ခါ အခေါက် ကလေးကို အနှစ်ထင်ပြီး ခွါလာတယ်.. မှတ်ထားနော်.. နောက်တစ်ယောက် ကျတော့ကာ အကာ ရောက်သွားပြီ.. တော်တော် ကောင်းပြီ.. အကာကိုလည်း အနှစ်ထင်ပြီး ခွါလာတယ်.. အနှစ် မရောက်သေးဘူးနော်.. နောက်ဆုံး တစ်ယောက်ကျမှ အနှစ်ကို သိလို့ အနှစ် ကို ယူလာတယ်တဲ့..

ဘယ်နှစ်ဦးလဲ.. ငါးဦး.. ပထမက အခက်အရွက်၊ ပြီးတော့ အပွေး၊ အခေါက်၊ အကာ၊ အနှစ် မရောက်သေးဘူးနော်.. အနှစ် က နောက်ဆုံးမှ ရောက်တာ..

အဲဒီလိုပဲ.. ဘုရား သာသနာမှာကွယ်.. ပထမ အခက်အရွက် ကိုခူးတဲ့ သာသနာတွင်း ပုဂ္ဂိုလ် ရှိတယ်တဲ့.. ဘုရားရှင် မိန့်တာက အခက်အရွက် ကို ခူးကြတယ်တဲ့.. ဘာလဲ ဆိုတော့.. လာဘ်လာဘ အပူဇော် အကျော်စော တဲ့.. စပြီ ဆိုကတည်းကိုက လာဘ်လာဘ ဗဟိဒ္ဒ အခြွေရံ အကျော်စောကို အနှစ်ထင်တာတဲ့.. ငါက ထင်ပေါ် ကျော်စောတယ်၊ ငါက ကျောင်းကြီး အကြီးကြီး၊ ဖုန်း ဘယ်လောက်.. မျိုးစုံ ကြွားတာ.. အဲဒါတွေကို အနှစ်သာရ ထင်ပြီးတော့ကာ၊ ပန်းတိုင် ထင်ပြီးတော့ကာ အားထုတ်ကြတာ.. ကျောင်းကြီး ဆောက်ပြီးပြီ၊ ကားတွေ ပိုင်မယ်၊ ဖုန်းတွေ ပိုင်မယ်.. ဘုန်းကြီးတဲ့ သံဃာတစ်ပါး.. ဘုန်းကြီးတဲ့ ရဟန်း.. ဘုန်းကြီးတဲ့ ယောဂီ.. အမျိုးမျိုးပေါ့နော.. လာဘ်ပသက္ကာ အပူဇော် အကျော်စောကိုပဲ အဆုံး ထင်ပြီးတော့ကာ ပန်းတိုင် ထင်ပြီးတော့ ကျင့်ပြီးတော့ “ငါသာလျှင် ပြည့်စုံတယ်.. သူများက မပြည့်စုံဘူး ဆိုပြီး နှိမ့်ချတာ” ကိုယ့်ကိုယ်ကို မာန်ရစ်ပြီးတော့ တင်နေတယ်တဲ့.. အဲဒါဟာ အခက်အရွက် ခူးတဲ့ ပုဂ္ဂိုလ်.. ဘာမှ အနှစ် မရောက်ဘူးတဲ့..

နောက် ဒုတိယ တစ်ဆင့်.. သီလ ကို စောင့်ထိန်းတဲ့ ပုဂ္ဂိုလ်.. သီလကို ဩော်.. လာဘ်လာဘတွေ အရေးမကြီးဘူး.. သီလမြဲဖို့ အဓိကပဲ ဆိုပြီး သီလကို အားစိုက်တာ.. စိုက်တော့ သီလမှာ လုံနေတဲ့ အခါကျတော့.. မာန တက်သွားတယ်.. သီလမာန.. “ငါသာ သီလလုံတာ.. ဒင့်ဖြင့် ပုဂ္ဂိုလ်တွေက ငါ့လို မဟုတ်ဘူး.. ဖိုးသူတော်လောက်ပဲ အောက်မေ့တာ” တစ်ဖက်သားကို သီလ မလုံဘူးဆိုပြီး နှိမ့်ချတာ.. ကိုယ့်ကိုယ်ကို မြှင့်တင်တာ.. အဲမှာ သောင်တင်ပြန်ရော.. သဘောပေါက်လား.. ပြောရရင် မျက်မှောင်ကုတ် ကြည့်တာပေါ့.. သီလ မလုံတဲ့သူတွေကို မျက်မှောင်ကုတ် ကြည့်တာ.. သင်္ကန်းရုံတာလေး စောင်းရင်တောင် မှပဲ.. ကိုယ်က တည့်ထားတော့ မျက်မှောင်ကုတ် ကြည့်တယ်ဆိုတာ မာန တက်တာ.. သဘောပေါက်လား.. နားလည် ခွင့်လွှတ်စိတ် မရှိတော့ဘူး.. သီလ သဘောတရားကလည်း ဘာအတွက် ဆိုတာ သိမထားတာ.. ၀ိမုတ္တိ ရောက်ဖို့ အတွက် ဘုရားက လမ်းခင်းထားတာပဲ ရှိသေးတယ်.. သာသနာမှာ ဆိုရင် အပွေးလေး ခွါတာ.. တဲ့.. ဘာခွါတာတုန်း.. အပွေး ခွါတာနော်..

တစ်ခါ တစ်ဆင့်တက်.. ဒါက ဘာလဲ ဆိုရင် ပညာ ၀ိမုတ္တိ သွားဖို့အတွက် ဘုရားက ဟောတဲ့ တရားနော်.. သာသနာတော်ကြီး ခိုင်မြဲဖို့ အတွက်ကတော့ သီလက အဓိကပေါ့.. ၀ိနည်းက အဓိကပေါ့.. သဘောပေါက်လား.. ရေရှည်ခိုင်ဖို့ ထားနော်.. သို့သော် လုပ်ငန်းခွင် ကျတော့ကာ.. ကြည့်လိုက်တော့ အပွေး လောက်ပဲ ရှိတယ်လို့ ဘုရားက ပြတာ.. ၀ိမုတ္တိ လုပ်ငန်းစဉ်မှာကျတော့ ဘာခေါ်လဲ.. အပွေး အဆင့်ပဲထား.. သာသနာ အရှည်တည်ဖို့ကျတော့ စည်းကမ်း မို့လို့.. စည်းကမ်းဘောင် ရှိမှ သာသနာက နှစ်ပေါင်းများစွာ ခိုင်မှာ.. ဒါက တစ်ပိုင်း.. သဘောပေါက်လား.. ဒါလည်း မြဲအောင် ကြိုးစားရ မှာပဲနော်.. အဲ ဒါပေမယ့်လို့ လုပ်ငန်းခွင် ကျတော့ ၀ိမုတ္တိ လမ်းကြောင်းကျတော့.. ဘုရားက ဘယ်လို ပြတုန်း.. သာသနာမှာဆို အပွေးပဲ ရှိသေးတယ်.. အကာတောင် မရောက်သေးဘူး.. အခေါက်တောင် မရောက်သေးဘူး..

တစ်ချို့ကျတော့ သီလကလည်းပဲ ဘာမှ မဟုတ်သေးဘူး.. ထပ်တိုးပြီး တစ်ဆင့် တက်ရဦးမယ်.. ကမ္မဋ္ဌာန်းတွေ ပွားရဦးမယ်.. ဆိုပြီး ကမ္မဋ္ဌာန်းကို အားစိုက်တော့ကာ သမာဓိတွေ မြဲပြီး.. အားကောင်းလာတော့ ကြည်လင်တော့ကာ.. ဘေးလူတွေကို ကြည့်ပြီး.. “ငါ့လို ကမ္မဋ္ဌာန်း မပွားကြဘူး” သူများနှိမ့်ချ.. ကိုယ့်ကိုယ်ကို မြှင့်တင်.. သောင်တင်နေပြန်ရော.. နားလည်မလား.. အဲဒီမှာလည်း တစ်ခါ အဲဒါ အခေါက် ခွါတာ.. နားလည်ပြီနော်.. မျက်စိ မလည်နဲ့နော်.. ရှိတယ်နော်.. ဒါ သတိထားပါ..

တစ်ခါ တစ်ဆင့်တက်လိုက်တော့ကာ သမာဓိ ဈာန် ပါ ရပြီတဲ့ အဘိဉာဉ် တန်ခိုးပါ ရပြီတဲ့.. ဒေ၀ဒတ်ကြီးလို.. သဘောပေါက်လား.. လောကီ အဘိဉာဉ် ဈာဉ်တွေ ရပြီး အကြားအမြင်တွေ ရတယ်.. ဖောက်မြင်တယ်.. အားအင်တွေ ကောင်းပြီး ကောင်းကင် ပျံနိုင်တယ်.. အားရှိသွားတာ.. အဲဒီတော့ကာ မာန တက်ပြီးတက်ပြီးတော့ “ဒင့်ဖြင့် ပုဂ္ဂိုလ်တွေက တကယ်မှ မကျင့်ဘဲ.. ငါ့လိုဘယ်ရမလဲ. ငါသာ ပျံနိုင်တာ” ဆိုပြီးတော့ တစ်ဖက်သား နှိမ့်ချ.. ကိုယ့်ကို မြှင့်တင်ပြီးတော့ မာန တက်ပြီးတော့ အဲမှာ သောင်တင်နေ ပြန်ရော.. အဲဒါ ကပ်နေပြီနော်.. အကာ ရောက်နေပြီ.. အနှစ်နား ကပ်နေပြီ.. အလှည့် လိုတော့တာနော်.. အဲဒီမှာ တစ်ခါ သွားပြန်တာပဲ.. တစ်ချို့ရှိတယ်.. နာရီပေါင်းများစွာ ထိုင်နိုင်တယ်.. သမာဓိ ကောင်းတာကိုး.. အကြာကြီး ထိုင်ပြီး.. ငြိမ်ပြီး အေးချမ်းနေပြန်တယ် ဆိုရင်ပဲ အထိုင်ကျနေတာပဲ.. “ငါက အထိုင်နိုင်ဆုံး.. ဒင့်ဖြင့်လူက ငါ့လို မထိုင်နိုင်ဘူး” ဆိုပြီး.. မာန်တက်တာ.. အဲဒီမှာ သောင်တင်တာ အများကြီးပဲ.. သဘောပေါက်လား.. လူများရင် ထိုင်ကြပြီ.. လေးငါး ဆယ်ရက်.. တစ်ချို့ လေးငါးရက်.. လေးငါးနာရီ ထိုင်ကြပြန်ပြီ.. မသိမသာ မာန်တက်တာ မသိဘူး..

အမှန် ဒီအကျင့်က သူများသိအောင် ကျင့်တာမှ မဟုတ်ဘဲနဲ့.. ကိုယ့်ကိုယ့်ကို စောင့်ရှောက်တဲ့ အလုပ်.. ဘုရားဟောမှာ မထေရ်တစ်ပါး.. ရဟန်းတာနေပြီ.. ရှင်ဘုရင် ပင့်တာ မလိုက်ချင်တော့ ရှင်ဘုရင် ကြွတဲ့ အချိန် ကုတင်ပေါ်မှာ ၀မ်းလျားမှောက်ပြီး.. တုတ်နဲ့ မြေကြီး ခြစ်ပြနေတာ.. ဘုရင်က တွေ့တော့ “ဟင်” ဆိုပြီး ပြန်သွားရော.. အဲတော့ ဘေးက သံဃာတွေက အရှင်ဘုရား ဘယ်လိုလုပ်လိုက် တာတုန်း.. သာသနာ ကြည်ညိုရာ မဖြစ်တော့ဘူးပေါ့.. ဆိုပြီး ၀ိုင်းပြောကြတာ.. အေးကွယ်.. သာသနာ ကြည်ညိုဖို့က ငါ့တာဝန်ထား ဆိုပြီး အဓိဋ္ဌာန်ပြီးတော့က ပရိနိဗ္ဗာန် ပြုသွားကော..

နောက်ပြီး ရဟန်းတစ်ပါး.. စာချရင်းနဲ့ ရဟန်းတာနေတာ.. ဒါပေမယ့် ရဟန္တာ ဖြစ်နေတာ လူမသိကြဘူး.. အရှင်ဘုရား ကျောင်း ခေါင်မိုးထက်မှာ အခေါင်းနှစ်ခေါင်း ဆန်းဆန်း ကြယ်ကြယ် ရောက်နေပါတယ် ဆိုတော့.. အော် အော် အော်.. ဘုန်းရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ရောပြီး အပူဇော် ခံရမှာပေါ့ဆိုပြီး သင်္ကန်းလေး ရုံပြီး ကောင်းကင် ပျံသွားရော.. နောက်ပြီး အခေါင်းထဲ ၀င်လိုက်တာ ပရိနိဗ္ဗာန် ပြုသွားရော.. အခေါင်း တစ်ခေါင်းက ခုန ပျံလွန်တော်မူ သွားတဲ့.. မြေကြီး တုတ်နဲ့ခြစ်တဲ့ ရဟန္တာရဲ့ အခေါင်း.. အခေါင်း နှစ်ခေါင်းက အပေါ်မှာ တံ့နေတာနော်.. ဘယ်သူမှ ချလို့ မရဘူး.. ဘုရင်ကိုယ်တိုင် ကန်တော့မှ ကျတယ်.. သဘောပေါက်လား.. သာသနာကို ကြည်ညိုအောင်လည်း လုပ်တော့ လုပ်ပစ်ခဲ့တာပဲ..

အဲတော့ သတိထားရမှာ ဘာလဲ ဆိုတော့.. သူများ အထင်ကြီးအောင် ဟန်ဆောင်ပြီးတော့ ထိုင်တာမျိုး မလုပ်ရဘူးနော်.. သိမ်မွေ့တဲ့ မာန.. မာန.. ငါအကြာကြီး ထိုင်နိုင်တာပဲ.. ဆိုပြီး မာနနဲ့ ထိုင်တော့ ကောင်းပါ့မလား.. မလုပ်နဲ့.. သဘောပေါက်လား.. သူများသိအောင်.. သိမ်မွေ့တဲ့ မာနနော်.. ငါထိုင်တာ သူများသိအောင်၊ ငါကျင့်တာ သူများ သိအောင်.. ညဘက်က ငါ ဘယ်နှစ်နာရီ ကြာအောင် ပွားမိတာ.. မကြွားနဲ့.. သဘောပေါက်လား.. တစ်ချို့က ညက ငါ ဓုတင် ဆောက်တည်တာ.. သူများကို သိအောင် ကြွားတယ်.. ကြွားစရာ အလုပ်မှ မဟုတ်ဘဲနဲ့နော်.. သဘောပေါက်လား.. အဲဒါကိုက သိမ်မွေ့တဲ့ မာန.. ငါဘယ်လောက် ထိုင်နိုင်တယ် ဆိုတာလည်း ကောင်းပါ့မလား.. လုပ်မပြရဘူးနော်.. ဆုံးမပြီးသား. ဆရာတော်တွေ ၀ိသုဒ္ဓိမဂ်မှာ.. ဆုံးမပြီးသားနော်.. ဓုတင် ဆောက်တည်တာ တောင်မှ သူများ အသိမခံရဘူး..

ရဟန်းနှစ်ပါး ရှိရာမှာ.. တစ်ပါးက ကျောမချ ဓုတင်ကို တစ်သက်လုံး အဓိဋ္ဌာန် ထားတာ.. အဲဒါ ညကျရင် ထိုင်နေပြီ.. ညကျရင် တုံးလုံး မလှဲဘူး.. ထိုင်နေပြီနော်.. အဲဒါ တစ်ပါးက အိပ်တာ.. မိုးရွာတော့ လျှပ်လက်တဲ့ အခါ နိုးတော့ ကြည့်လိုက်တဲ့အခါ.. ထိုင်လျက် သွားတွေ့တာ.. အရှင်ဘုရား.. ဓုတင် ဆောက်တည်တာလား ဆိုတော့ လှဲလိုက်တယ်.. မပြောဘူး.. ဆောက်တည်တယ် မပြောဘူး.. တုံးလုံးလှဲလိုက်တယ်.. သူများ အသိမခံဘူး.. ဘာမှ မပြောဘဲ လှဲအိပ်လိုက်တယ်.. နောက်မှ သူ့အလုပ်သူ ပြန်လုပ်တာ.. ဓုတင် ဆောက်တည်တာ တောင်မှ အသိမခံဘူး.. အဲလို ဖြစ်ရမယ်တဲ့.. နားလည်တယ်နော်.. ကိုယ်ကျင့်တာကို သူများ သိစေချင်တဲ့ စေတနာလေး ပါတာကိုက သိမ်မွေ့တယ်နော်.. သူများနှိမ့်ချ ကိုယ့်ကို မြှင့်တင်တဲ့ မာန.. သိမ်မွေ့တယ်နော်.. ပါမနေဘူးလား.. အဲမှာ သောင်တင်တတ်တယ်.. နားလည်ကြရဲ့လား.. သဘောပေါက် တယ်နော်.. အရေးကြီး တယ်နော်.. အဲတော့ကာ.. အထိုင်ပြိုင်တာလည်း ဘုန်းကြီးက သတိပေးပါတယ်.. မပြိုင်ကြပါနဲ့.. တစ်ချို့ နာရီတောင် ပြိုင်တယ်.. နာရီပေါင်း ဘယ်လောက် ထိုင်ထားတာ..

အဲလို မဟုတ်ဘူးနော်.. ဘုရား ဟောတာက.. ဘယ်လို ပုံစံဖြစ်ဖြစ်.. အမူအယာ တိုင်းမှာ တဏှာအစပ် ပြတ် မပြတ် သိအောင် ကြိုးစားရမယ်.. ဖြတ်တတ်ရမယ်.. တုံးလုံးလှဲရင်းလည်း မသေနိုင် ဘူးလား.. မေးပါဦးမယ်.. ကဲ.. တစ်နိုင်ငံလုံးမှာ သေတဲ့ မသာကို တွက်လိုက်.. တစ်ရာမှာ တစ်ယောက် ဆိုသလိုနော်.. ရှာကြည့်လိုက်.. ထိုင်သေတဲ့ မသာက နည်းမနေဘူးလား.. လဲသေတဲ့ မသာက များပါတယ်နော်.. တုံးလုံးလှဲရင်း တရားကျင့်လို့ မရနိုင်ဘူးလား.. တုံးလုံး လှဲရင်ပဲ တစ်ချို့က တရားကျင့်တယ် မထင်ဘူးလေ.. တုံးလုံးလှဲရင်းလည်း တရားကျင့်လို့ ရပါတယ်.. သဘောပေါက်လား.. ဒါ သက်သာသော ဣရိယာပုတ် ခေါ်တယ်.. ညာတော့ မညာနဲ့ပေါ့.. တရားကျင့်တယ် ဆိုပြီး အိပ်တော့ မအိပ်နဲ့ပေါ့.. အဲဒါတော့ ညာလို့ မရဘူးပေါ့နော်.. ရှိဘူးတယ်.. ဘုန်းဘုန်းတို့ တောသွားတော့.. ဘုန်းဘုန်းနဲ့အတူ တစ်ပါးပါတယ်.. အဲဒီ ကိုယ်တော်ကြီးက သူက ခပ်ပျော်ပျော် နေတာကိုး.. အဲဒါ နေ့ခင်းဘက် အိပ်ချင်တော့.. ကျောင်းသားကို မှာတယ်.. ဘုန်းကြီး မေးလို့ရှိရင် တရားထိုင်နေတယ် ပြောလိုက်တဲ့.. အဲဒါ ကျောင်းသားက တင်ပါ့ဘုရား ဆိုတော့ သူက ၀င်အိပ်တာ.. ဧည့်သည်လာတော့ ကလေးက ချောင်းကြည့်တယ်.. ကလေးက မညာတတ်ဘူး.. အဲဒါ ချောင်းကြည့်တော့ အိပ်နေတာ တွေ့တော့.. ဘုန်းဘုန်း ဘာလုပ်နေလဲ ဆိုတော့.. တရား ကျိန်းနေတယ်တဲ့..  ထိုင်တယ် မပြောဘဲ တရားကျိန်းနေတယ်တဲ့.. အခုလည်းပဲ တရား မကျိန်းကြနဲ့ ပေါ့နော်.. အဲတော့ ညာတော့ မညာကြနဲ့ ပေါ့နော်.. တုံးလုံးလှဲလည်းပဲ.. အိပ်တော့ တကယ် မအိပ်နဲ့ပေါ့နော်.. တရား ကြိုးစားပေါ့.. နားလည်ပြီလား.. ဒီတော့ကာ ဘုရားဟောတာက အင်မတန် ဖြောင့်စင်းဖို့..

ဒါဖြင့်ရင် သာသနာရဲ့ အနှစ်သာရ ကို ရှာတဲ့ နေရာမှာ.. လာဘ်လာဘ ပူဇော်တာတွေ နာမည် ကြီးတာက.. သာသနာမှာ ဘာခေါ်လဲ.. အခက်အရွက်၊ နားလည်မလား.. သီလမှာ သောင်တင်တာ ကျတော့.. အပွေး၊ ကမ္မဋ္ဌာန်းတွေမှာ မြဲတာက.. အခေါက်၊ အဘိဉာဉ် တန်ခိုးပါ ရတဲ့ ပုဂ္ဂိုလ်ကျတော့.. အကာ ပဲ ရှိသေးတယ်တဲ့.. ဒါဖြင့်ရင် အဓိက အနှစ်က ဘာလဲ ဆိုတော့.. အချိန်မရွေးနော်.. လွတ်မြောက်နေဖို့ ပါ။ လွတ်မြောက်မှုကို ဘုရားက လိုချင်တာ.. နားလည်ပြီလား.. အချိန်မရွေး၊ ကာလ မရွေးမှာ.. ဉာဏ်တည့် လွတ်မြောက်မှု သဘောတရား ရဖို့သာ အနှစ်သာရ.. ကျန်တာတွေက ရှေ့ကနေ လမ်းခင်းထားတာ ခေါ်တယ်..

သို့သော် သီလသည် သာသနာရဲ့ အသက်ပါနော်.. သီလကိုလည်း အရှည်တည်အောင် အားလုံး စောင့်စည်းကြရ မှာပေါ့.. သို့သော် အလုပ်ခွင် ကျတော့ကာ မာန ထားရမှာလား.. သီလ မာန မထားရဘူး.. ဖြတ်သွားရ မှာနော်.. ဒါ သတိထားပါ.. “သူများ နှိမ့်ချ ကိုယ့်ကို မြှင့်တင်” တဲ့ မာနမျိုး မဖြစ်စေရဘူးတဲ့.. သဘောပေါက်လား.. သေချာမှတ်ကြနော်.. အဲတော့ ဒီမှာ ဘုန်းကြီးတို့ သတိပေးနေကြတယ်.. သိမ်မွေ့တယ်နော်.. တရားအတင်း ဆိုတာလည်း ပေါ်တတ်တယ်.. တရားအတင်း ဆိုတာလည်း ရှိတတ်တယ်.. ခဏခဏ ဘုန်းဘုန်း ပြောဘူးပါတယ်.. တောင်ငူနယ်မှာ ကလေးတွေ ပြောတာကို တစ်ဆင့် မှတ်ရတာ.. ဗလီ သွားတတ်တော့ ညီအစ်ကို နှစ်ယောက်.. အဲမှာ ညီက ပြန်လည်း ပြန်ရော.. အိမ်ရောက်တော့ အဖေကို တိုင်တယ်.. “အဖေ အဖေ.. အစ်ကိုရယ်တဲ့.. ဘုရားရှိခိုးတာ ဘုရားဆီမှာ စိတ်မရှိဘူး.. ဟိုကြည့် ဒီကြည့်နဲ့တဲ့” “မင်း ဘယ်က မြင်တာတုန်း” ဆိုတော့ “ကျွန်တော် သူ့ကြည့်နေတာတဲ့”  သဘောပေါက်လား.. သူကော ဘုရားဆီမှာ စိတ်ရှိလား.. မရှိဘူးလေ..

တစ်ချို့ရှိတယ်နော်.. ယောဂီတွေ အချင်းချင်း အတင်းပြောကြတာ.. ယောဂီတွေက ရိပ်သာမှာ လာပြီး စကားတွေ များနေကြတာ.. တရားလည်း မထိုင်ဘူး.. လို့ ပြောကြတယ်.. ပြောတဲ့သူကော ထိုင်လား.. 

တစ်ချို့ ပြောတယ်နော်.. အမလေး.. ရိပ်သာနဲ့ မတူဘူး.. စကားတွေ များနေကြတာပဲ.. တရားလည်း မလုပ်ကြဘူး ပြောတော့.. ပြောတဲ့ ပုဂ္ဂိုလ်ကကော.. သူကော ထိုင်လား ဆိုတော့.. ဒီအချိန်မှာ မထိုင်လို့ ပြောတာ.. ဟို ရိုးရိုးတန်းတန်း ပြောတဲ့ ပုဂ္ဂိုလ်က မေ့မေ့ လျော့လျော့ ပြောတာမို့လို့ တော်သေးတယ်.. သူက သူများအပေါ် အထင်သေး ပြောတာ.. ပိုတောင် ညံ့သေးတယ်.. သဘောပေါက်လား.. သူက မာနနဲ့ပြောတာ ပိုတောင် ညံ့သေးတယ်.. နားလည်တယ်နော်.. သတိထားနော်.. သိမ်မွေ့လွန်း အားကြီးလို့ ပြောနေတာနော်.. တစ်ဖက်သား နှိမ့်ချ.. ကိုယ့်ကို မြှင့်တင်တာ အင်မတန် သိမ်မွေ့တာ.. သဘောပေါက်လား.. နားလည်တယ်နော်.. ရိပ်စားမိလား.. အဲတော့ ကိုယ့်ကိုယ်ကို သတိထား.. မမှားစေနဲ့နော်..

အင်မတန် ဆိုးတာ.. သီလလေး မြဲထားလို့ ရှိရင်လည်း တင်းထားပြီးတော့ကာ.. ဒင့်ဖြင့် ပုဂ္ဂိုလ်က ငါ့ထက်နိမ့်တယ်လို့ မြင်သွားရင်ကော ကောင်းလား.. မကောင်းဘူး.. အဲဒီမှာ ခံရတာပဲ.. သဘောပေါက်လား.. နားလည်တယ်နော်.. အားလုံးကို နားလည် ခွင့်လွှတ်ထားပါ.. သူမသာ ကိုယ်မသာပဲ  ဘာမှ မထူးပါဘူးနော်.. နားလည်ကြတယ် မှတ်လား.. အဲတော့ကာ သူလည်း မှားမှာပဲ.. ကိုယ်လည်း မှားမှာပဲ.. မောဟ မကင်းသေးရင် အမှားက ဘယ်ရမလဲ.. ရှိမှာပေါ့.. စံကင်း ဆရာတော်ဘုရားကြီး ပြောသလို “သူမှားလည်း ကိုယ်ပြင်၊ ကိုယ်မှားလည်း အပြင်ခံ” ဒီလိုစိတ် မွေးရမှာနော်.. ယှဉ်ပြိုင်ပြီးတော့ကာ မာနနဲ့ ဆက်ဆံရမှာလား.. အဲဒီ မာနမျိုး မ၀င်ရဘူးနော်.. သတိထားကြ.. ပြင်ကြနော်.. ကဲ.. ဆက်ရအောင်..

တကယ့် အရှိ သဘောတရားကတော့ ၀ိမုတ္တိ ခေါ်တယ်နော်.. ကာလသုံးပါး လွတ်ပြီးတော့ ချုပ်ငြိမ်းနေတာပဲ.. အခု ပြောရင်း ဆိုရင်း ကဲ.. ကြားသိ၊ တွေးသိ၊ သိသဘောတွေဟာ.. အပေါင်းအားဖြင့်နော်.. လောင်ပြီးတော့ကာ ပြီးဆုံး မနေဘူးလား.. အချိန်ထားလိုက်၊ အချိန် ထားလိုက်နော်.. ကုန်မနေဘူးလား.. ကုန်တဲ့ အချိန်က ပြန်လာပါ့မလား.. မလာဘူးနော်.. ခုန ပြောတဲ့ အသံတွေ၊ အသိတွေ လိုချင်တယ်.. ရမလား.. ဘယ်တော့မှ မရတော့ဘူး.. ကဲ ခုနပြောတဲ့ ခံစားမှုတွေ လိုချင်တယ်.. ရမလား.. ကဲ အသက်ရှူလိုက်တဲ့ ခံစားမှုကော ပြန်လိုချင်တယ်.. တစ်ပေါင်းတည်း နော်.. ထုတ်လိုက်တဲ့ ခံစားမှုကိုလည်း ပြန်လိုချင်တယ်.. ရမလား.. မရဘူးလေ.. ခံစားမှုနောက်မှာ အရိပ်ပါ ပါသွားတာနော်.. အရိပ်ကို ထူးပြီးတော့ လုပ်မနေနဲ့.. သဘောပေါက်လား.. တစ်ပေါင်းတည်း ပါတာ.. ပျောက်အောင်လည်း မကြိုးစားနဲ့.. နားလည်ပြီလား.. သူ့သဘော အတိုင်းပဲ.. ပျောက်တာလည်း ရှိပြီးသား.. ပျောက်အောင်လို့ ငါနဲ့ အားမစိုက်နဲ့နော်.. အမှန်သိ လိုက်ရင် သူ့ဟာသူ ပျောက်နေလိမ့်မယ်.. ဒါဖြင့် ကဲ ထပ်ရှူမယ်.. ရှူဆဲကာလ ပေါ်သမျှ ခံစားမှုနဲ့ အရိပ်တွေကို ပြန်လိုချင်တယ်.. ရမလား.. မရှိတော့ဘူးလေ.. သဘောပေါက်လား.. ကဲ ထပ်ပြီး တစ်ခါ ထုတ်လိုက်ပြန်တယ်.. အဲမှာ ရှိတဲ့ ခံစားမှုတွေကို မြဲအောင် ခိုင်အောင် ရပ်ထားမယ်.. ရလား.. ပြန်လိုချင်လို့ကော ရလား.. ပြီးဆုံးနေတာပဲ ရှိတယ်.. နားလည်ပြီနော်.. အချိန်နဲ့ ယှဉ်ထားတာကိုး..

သုတ္တန်က ဘာတုန်း.. ဘဒ္ဒေကရတ္တ သုတ္တန် နော်.. မနက်ဖြန် သဘက်ခါ စိတ်မချရဘူး.. ဒီနေ့ပဲ လုပ်ပါ.. ဘုရားက ဆုံးမခဲ့တာနော်.. အင်မတန် ရှင်းအောင် ဟောပစ်ခဲ့တာ.. နားလည်ပြီလား.. ဒါကြောင့် နတ်တွေ ကြိုက်လွန်းလို့ ဘုရားက လေးခါတောင် ဟောရတာကိုး.. အတိတ်ခန္ဓာ အစဉ်မလိုက်ပါနဲ့.. ပြီးဆုံးခဲ့ပြီ.. အနာဂတ်ခန္ဓာ မတောင့်တပါနဲ့.. မလာသေးဘူး.. ခု ပေါ်ဆဲ ခန္ဓာကကော.. ရေမှာ အရုပ်ရေးသလို၊ ရဲနေတဲ့ သံအိုးကင်းပေါ် ရေစက်ကျသလို.. ထိရင်းပျောက်၊ သိရင်းပျောက်၊ လောင်ရင်းကုန်.. ပြီးဆုံးနေတာ.. ဒါ ခန္ဓာငါးပါးကို ရှုတဲ့နေရာမှာ ဒီနည်းက အမြင့်ဆုံးပဲ.. ဘုရားပေးတာ.. အဲဒါ ဘုရားပြောတဲ့ ၀ယဓမ္မာ သင်္ခါရာ.. ဒါနဲ့မှ သဘောပေါက်ကြ လိမ့်မယ်.. ရပြီလား.. ကိုယ်လုံးထဲက ရွရွမွမွ ရှုတာ ဟုတ်ရဲ့လား.. မဟုတ်ဘူးလေ.. ကိုယ်လုံးကြီး အထည်ထင်ထား ကတည်းကိုက ငြိမ်နေပြီလေ.. ငါ့ကိုယ်လုံးလို့ ထင်ထား ကတည်းကိုက ဒိဋ္ဌိ ပါမနေဘူးလား.. ငါ့ကိုယ်ထဲက လက်ခြေတွေ လိုက်ပြီး ချာလပတ် ရမ်းနေတာပဲ.. ဘယ်တော့ ဆုံးမလဲ.. ငါနဲ့ တိုက်တာကိုး.. မျက်နှာက ငါ ထင်ထားတာကိုး.. အဲလိုဆိုရင်တော့ လည်နေမှာပဲ.. သေအောင်ရှု၊ နိဗ္ဗာန် မပေါ်ဘူး.. သဘောပေါက်လား.. နားလည်တယ်နော်..

ပြန်ပြောမယ်နော်.. ၀ိပဿနာ ရှုတာက ရှေ့စိတ် နောက်စိတ် စကားပြောခဲ့တယ်လေ.. မိုးကုတ် ဆရာတော် ဘုရားကြီးက ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာဟေ့ လို့ မပြောခဲ့ဘူးလား.. ပြောခဲ့ပြီးသား.. အစဉ် ကိုပြောခဲ့ပြီးသား.. ပုစ္ဆာသင်္ချာ တွက်သလိုပဲ..

တစ်ခေါက် ပြန်ပြောမယ်နော်.. ငါးဆယ် အမြှောက် လက္ခဏာ လေး.. ညီမျှခြင်း.. ကဲ ဘာအဖြေ ပေါ်တုန်း.. မနောမှာ ဘာပေါ်လာတုန်း.. ပေါ်တယ်နော်.. အဲတော့ ပြောတဲ့ အသံထဲမှာ အဖြေပါလား.. မနော ပေါ်ပေါ်ချင်းကော အဖြေပေါ်လား.. မပေါ်ဘူး.. နောက်စိတ် အစုကနော်.. နှစ်ရာ ဆိုတဲ့ ပုံလေး ပေါ်မလာဘူးလား.. ပေါ်လာတာ.. အဲဒါ ပညာအလင်းက ဖော်ပေးတာ.. ငါမဟုတ်ဘူး.. အဲဒီအတိုင်းပဲ အသက် ဒီလို ရှူလိုက်ပြီ ဆိုတာနဲ့ ကိုယ်မှာ ထိတာနဲ့ မနောမှာ ပေါ်တာ.. ပေါ်တာကို ခေါင်းမဟုတ်ကြောင်း၊ လက်လို့ မဟုတ်ကြောင်း၊ စကား မပြောကြောင်း.. တံလျှပ်လို ကြည့်ပြီး တရိပ်ရိပ် ကုန်ဆုံးကြောင်း ကြည့်တာက.. ပညာအလင်း.. နားလည်ပြီလား.. အဲဒီအတိုင်း ရှုတာပါ..

တဏှာဆိုတာ အဲဒီ အာရုံကို ဆက်တာ.. အကောင်ထင်ပြီး ဆက်တာက တဏှာ.. ဆက်တော့မှ ငါ့ခေါင်း၊ ငါ့ကိုယ်၊ ငါဘယ်လို နေချင်တာ၊ ငါဘယ်လို ဖြစ်ချင်တာ.. ဆိုရင် ဥပါဒါန်.. နားလည်ပြီလား.. အဲလို အားစိုက်လိုက်တာနဲ့ ရင်ထဲမှာ တင်းပြီး တွန်းအားထွက်ရင် ဓါတ်ရိပ် ဓါတ်ခိုးပြောင်းပြီး တော့ကာ ကမ္မဘ၀ ပဲ.. မကျေမနပ်ဆိုရင် မျက်နှာက ငြှိုးကျပြီး ပူလောင်နေရင် အပါယ် ဇာတိပဲ.. ပြန်ပြောမယ်နော်.. သေချာမှတ်ကြ.. ကိုယ့်ကိုယ်ကို ပြန်ပြီး မကျေမနပ် ဖြစ်နေလို့ မျက်နှာ ငြှိုးကျသွားလည်း ဘာခေါ်လဲ.. အပါယ်ဇာတိ ဖြစ်နေတာပဲ.. ညံ့တာ.. ပူလောင်တယ် ဆိုကတည်းက ညံ့နေပြီ.. အားမရရင် ပူလောင်ပြီ ဆိုကတည်းက ဘာတုန်း.. အပါယ် ဇာတိပဲ.. ဓါတ်ရိပ်ဓါတ်ခိုး ညံ့နေပြီ.. အမှန်က မျက်နှာ အမြဲတမ်း ရွှင်လန်းနေမှ ကောင်းတာ.. ကုသိုလ်သမား ဆိုတာ ရင်ထဲအေးပြီး အမြဲတမ်း ရွှင်လန်းနေရမှာ.. နားလည်လား.. တစ်နေ့ တစ်နေ့ မျက်နှာ ငြှိုးနေပြီ ဆိုရင်.. အဲဒီ ငြှိုးနေတာကိုက အပါယ်ဇာတိ ဖြစ်နေတာ.. ကိုယ့်ကိုယ်ကို ဒါကြောင့်မို့ အရှုံး မခံနဲ့နော်.. အမြဲတမ်း ပြုံးနိုင်အောင် ကြိုးစားရမှာ..

တဏှာဆိုတဲ့ သဘောတရားက တခြား မဟုတ်ဘူး.. ပေါ်တဲ့အာရုံ၊ မြင်ဖူးတဲ့ အဆင်း၊ ကြားဖူးတဲ့ အသံ၊ နံဖူးတဲ့ အနံ့၊ စားဖူးတဲ့ အရသာ၊ တွေ့ဖူးတဲ့ အတွေ့အထိ.. ပုံရိပ်တွေ ပါပဲနော်.. အဲဒါကို အကောင်အထည် ထင်လိုက်တဲ့ ဒိဋ္ဌိရှိတော့မှ.. ငါထင်တော့မှ တဏှာက ဆက်တာ.. သဘောပေါက်လား.. သူ့သဘောတရား အမှန်ကတော့ ကာလနဲ့ ယှဉ်ပြီး တရိပ်ရိပ်နဲ့ ကုန်ဆုံးဖို့ ပေါ်လာတာ.. ပျောက်ဖို့ ပေါ်တာ.. စကားပြောတာ ပါလား.. မပါဘူး.. တောင်းဆိုချက် ရှိပါ့မလား.. မရှိဘူးနော်.. အဲဒီအတိုင်း သိနေမယ်ဆိုရင် ဒါက ၀ိမုတ္တိ ခေါ်တယ်.. အနာဂတ်လည်း မဟုတ်၊ အတိတ်ကော ဟုတ်လား.. မဟုတ်ဘူးနော်.. ပစ္စုပ္ပန်ကော တင်လား.. လွတ်မြောက်နေတယ်.. အဲဒီရောက်အောင် သွားဖို့ကို ဘုရားက သင်တာ.. နားလည်ပြီနော်.. ဒါ အဓိက သာသနရဲ့အနှစ်ပဲလို့ ဘုရားက ဆုံးမတာ.. ဒါကလိုရင်းပဲလို့ ဘုရားက အမိန့်ရှိတာ.. ဒေ၀ဒတ်ကြီးက အဲဒီ လိုရင်း မရောက်ဘဲနဲ့ ဈာဉ်အဘိဉာဉ်မှာ သောင်တင်ပြီးတော့ ငရဲ ကျသွားတာကိုး.. သဘောပေါက်လား.. နားလည်တယ်နော်.. ဒီအဆင့်ရောက်မှ စိတ်ချရမှာ.. သီလမှာ တင်လည်းပဲ အနှစ် ရောက်ပ့ါမလား.. မရောက်.. သို့သော် သီလသည် သာသနာရဲ့အသက်ဆိုတော့ စောင့်စည်းရမယ်နော်.. လုပ်ငန်းခွင်မှာတော့ ဒါ အပွေး လောက်ပဲ ရှိတယ်လို့ မှတ်ထားရမှာ.. သီလ မာနလည်း မထားရဘူးနော်..

********************************

ပိုင်းလော့ ဆရာတော်ဘုရား ဟောကြားတော်မူသော ကိလေသ သံယောဇဉ်ဆယ်ပါး ပယ်ပုံ တရားတော်မှ ထုတ်နုတ်ရေးသား ပူဇော်ပါသည်..။

လေးစားရိုသေစွာဖြင့်
ဖိုးသား

7/11/2010, SUN:, 1:25:13 AM

Read more...

*မှတ်သားဖွယ်ရာအမေးအဖြေများ(၆)*

Written by တောသားလေး 1 အကြံပြုပါသည်။ Posted in:

ကျွန်တော်လည်း အားလပ်ရက်အလည်အပတ်ခရီးသွားနေတဲ့အတွက် သူငယ်ချင်းတွေရဲ့ ဘလော့အိမ်ကို လည်းမရောက်ဖြစ်ဘူး။ အခုလည်းဒီပိုစ်လေးကို ခရီးသွားနေရင်းနဲ့ တင်လိုက်ရတာပါ။ ကျွန်တော်ဘလော့ လေးကိုပိုစ်အသစ်မတင်နိုင်သေးပေမယ့် လာရောက်လည်ပတ်အားပေးကြသော ဓမ္မမိတ်ဆွေသူငယ်ချင်း များကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ အခုတော့ဒီပိုစ်လေးနဲ့ဘဲကျေနပ်နိုင်ကြပါစေဗျာ။

ဆောက်တည်ထားတဲ့သီလ ဘယ်ခါပျက်ပါလဲ
အမေး။ ။
ဆရာတော်ဘုရား.....ရှစ်ပါးသီလယူပြီး ဥပုသ်စောင့်ထားသူဟာ နောက်နေ့နံနက် အရုဏ်တက်ပြီးတဲ့အခါ ရှစ်ပါးသီလက ကိုယ့်မှာဆက်လက်ပြီး ရှိနေပါသေးလားဘုရား။ အလိုလိုပျောက်သွားသလားဘုရား၊
ဒါမှမဟုတ် ရှစ်ပါးသီလ ပျက်သွားအောင် ငါးပါးသီလ ပြန်ဆောက်တည်စရာ လိုပါသေးသလားဘုရား။
ရဲလင်း
သထုံ
အဖြေ။ ။ ရှစ်ပါးသီလစောင့်ထိန်းတဲ့အခါ ကာလပရိယန္တ - ဘယ်အချိန်အထိ စောင့်ထိန်းပါ့မယ် ဆိုပြီးကာလ
အပိုင်းအခြားနဲ့ သီလဆောက်တည်မယ်ဆိုရင် ဆောက်တည်တဲ့အချိန်ကနေ ရည်မှန်းထားတဲ့အချိန်အထိ သီလရှိနေပြီး ထိုထက်လွန်သွားရင် သီလပျက်ပါတော့တယ်။ ဆိုလိုတာက သီလကို နောက်တစ်ရက်(၆)နာရီ အထိစောင့်ထိန်းမယ်လို့ ဆောက်တည်ထားရင် ထို(၆)နာရီအထိသာ သီလရှိပြီး(၆)နာရီထက်လွန်သွားရင် သီလပျက်ပြီး ဖြစ်တော့တယ်။ ဒါမှမဟုတ် ကာလအပိုင်းအခြားနဲ့မဆောက်တည်ဘဲ သာမန်ဆောက်တည် ထားရင်တော့ ငါးပါးသီလ ဆောက်တည်လိုက်တဲ့အချိန်မှာ ရှစ်ပါးသီလ ပျက်ပီးဖြစ်တော့တယ်။
သီလဆောက်တည်တာနဲ့ပတ်သက်ပြီး ဗဟုသုတအနေနဲ့ ပြောချင်ပါသေးတယ်။ သီလဆောက်တည်တဲ့အခါ “ငါးပါး-ရှစ်ပါးသီလ ဆောက်တည်ပါ၏” လို့သီလကို အတိုဆောက်တည်ထားမယ်ဆိုပါစို့၊ သီလဆောက် တည်သူဟာ သီလထဲက တစ်ပါးပါးပျက်သွားပြီဆိုရင် ငါးပါး-ရှစ်ပါးအားလုံးပျက်သွားပါတယ်။ ငါးပါး-ရှစ်ပါး သီလကိုအစဉ်အတိုင်း အပြည့်အစုံဆောက်တည်ထားရင်တော့ တစ်ပါးပျက်လို့လဲ အားလုံးမပျက်ပါဘူး။
ဆရာတော်ဦးကောဝိဒ(မြိတ်)
ဆရာတော် ဦးကောဝိဒ(မြိတ်) ရေးသားသော ဆိုဒ်မှာ တစ်ဆင့်ပြန်လည်ကူးယူပြီး စာဖတ်သူ ဓမ္မမိတ်ဆွေ များကို မျှဝေလိုက်ခြင်း ဖြစ်ပါသည်။
အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုရာဆန္ဒများပြည့်ဝပါစေ။

Read more...

Sensations

Whatever sensations one experiences
in the body,
Pleasant, unpleasant or neutral,
Inside or outside,
All are suffering,
All are illusory,
All are ephemeral.
Sutta Nipata

Read more...

ဗုဒ္ဓဘာသာနှင့် Contemporary Management



ခေါင်းဆောင်မှုအပိုင်း

၁- ခေတ်သစ်ခေါင်းဆောင်မှုအပိုင်းဟာ လူ့အဖွဲ့အစည်းဆိုင်ရာပန်းတိုင်များကို အောင်မြင်ခြင်းအပေါ် အာရုံစိုက်ထားပါတယ်။

မြတ်ဗုဒ္ဓ၏ကြီးကျယ်သော အမြော်အမြင်ကတော့ လူသားသတ္တ၀ါကို လွတ်မြောက်ရာမှာ ကူညီပါတယ်။

၂- ခေတ်သစ်ခေါင်းဆောင်မှုအပိုင်းဟာ ရေတိုကာလဖြင့် အောင်မြင်ရန် ပြဿနာများ၏အရိပ်လက္ခဏာကို ဆက်ဆံပြုမူပါတယ်။

မြတ်ဗုဒ္ဓဟာ လူသားသတ္တ၀ါအား ဒုက္ခနှင့်ပတ်သက်သော ပြဿနာများ အားလုံး ၏ရင်းမြစ် အကြောင်းတရားကို တင်ပြဆွေးနွေးပါတယ်။

၃- စီးပွါးရေးခေါင်းဆောင်များဟာ ကြိုးကိုင်ချယ်လှယ်တတ်ပါတယ်။ ဒါပေမယ့် အချို့အရာများမှာ လက်တွေ့ မပါသော အပြောများ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓကတော့ သူဟောကြားသောအရာများကို ကျင့်သုံးခဲ့ပါတယ်။ ကိုယ်ပိုင်အတွေ့ အကြုံများမှ ဟောကြားပါတယ်။

၎- ကြီးမားသော ပမာဏအတိုင်းအတာအတွက် ကိုယ့်ကျိုးကြည့်ခြင်းဟာ ခေတ်သစ်ခေါင်းဆောင်များကို လမ်းညွန်ပါတယ်။

မြတ်ဗုဒ္ဓကတော့ ကရုဏာနှင့်အတ္တကိုယ်ကျိုးကင်းမှုဖြင့် လူများကို လမ်းညွန်ခဲ့ပါတယ်။

၅- ခေတ်သစ်ခေါင်းဆောင်မှုဟာ ကြီးမားသော ပမာဏအတွက် မိမိတစ်ဦးတည်းသြဇာဖြင့် အလုပ်တာဝန် များကို ဇောင်းပေးထားပါတယ်။

မြတ်ဘုရားဟာ ဒီမိုကရေးစီဝါဒအခြေခံသော လူများကို အလေးပေးထားသော ခေါင်းဆောင်မှုအပိုင်းကို ယုံကြည်ပါတယ်။

၆- တန်ဖိုးများဟာ အဖွဲ့အစည်းအတွက် ကန့်သတ်ထားသော ကိုယ့်ကျိုးကြည့်မှု ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓကတော့ လူ့ကျင့်ဝတ်နှင့်ကိုက်ညီစွာ စူးစိုက်ထားပါတယ်။ တန်ဖိုးဟာ အဆင့်အတန်းအားလုံး၌ ခေါင်းဆောင်မှုအပိုင်းကို အခြေခံထားပါတယ်။

၇- ခေတ်သစ်ခေါင်းဆောင်မှုအပိုင်းဟာ ကြီးမားသောပမာဏအတွက် ဗဟိုချုပ်ကိုင်မှု၊ အလုပ်သမား၏ ဂုဏ်သိက္ခာနှင့် ရေရှည် ဖွဲ့စည်းတည်ဆောက်ပုံကို ယုံကြည်ပါတယ်။

မြတ်ဗုဒ္ဓ၏ခေါင်းဆောင်မှုအပိုင်းကတော့ လက်တွေ့ကျသော လှုပ်ရှားမှုများကို ဖြတ်သန်းလျှက် လုပ်ပိုင်ခွင့်အာဏာကို လွှဲပြောင်းပေးသော ညီညာပြန့်ပြူး သည့်တည်ဆောက်မှုတွင် ယုံကြည်ပါတယ်။

၈- ခေတ်သစ်ခေါင်းဆောင်မှုအပိုင်းဟာ ကြီးမားသောပမာဏအတိုင်းအတာအတွက် တကိုယ်ကောင်းဆန်သူ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓ၏ ခေါင်းဆောင်မှုလုပ်ငန်းကိစ္စကတော့ အတ္တကို ဖျက်သိမ်းရန်ဖြစ်ပါတယ်။

၉- ခေတ်သစ်ခေါင်းဆောင်မှုအပိုင်းဟာ အနည်းငယ်သောကောင်းကျိုးချမ်းသာအတွက် ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓကတော့ များစွာသောအကျိုးတရားအတွက် ခေါင်းဆောင်မှုအပိုင်းဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆန့်ကျင်ကွဲလွဲချက်များ

၁- Management ဟာ သမာရိုးကျဖြစ်တဲ့ အမှန်တရားအပေါ်မှာ ဆုံမှတ်အဖြစ် ထားရှိပါတယ်။ အလုပ်သမားများ ဟာ ယာယီအားဖြင့် ပျော်ရွှင်မှုနှင့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အလုပ်လုပ်ပါတယ်။

ဗုဒ္ဓဘာသာကတော့ အန္တိမအမှန်တရားအပေါ်မှာ တည်ဆောက်ထားပါတယ်။ လူဟာ လွတ်မြောက်မှု(နိဗ္ဗာန်)အတွက် အလုပ်လုပ် သင့်ပါတယ်။

၂- Management ဟာ အဖွဲ့အစည်းဆိုင်ရာ ပန်းတိုင်ကို ရရှိရန် ပင်ကိုယ်စရိုက် ပြောင်းလဲရေး၏ အကန့် အသတ်ရှိတဲ့ ဆုံမှတ်ကို ထားရှိပါတယ်။

ဒါပေမယ့် မြတ်ဗုဒ္ဓက ဆန့်ကျင်ဘက်များကို ဖယ်ရှားပြီး အပြုသဘော ဆောင်သည့်အရည်အသွေးများကို တိုးတက်စေလျှက် စိတ်၏သန့်ရှင်းမှုမှတစ်ဆင့် အလုံးစုံပြောင်းလဲရေးကို ဆုံမှတ်ထားရှိပါတယ်။

၃- Management ဟာ အပြုအမူများကို ပြောင်းလဲရန် အပျက်သဘောကို အားပေးသော လက်နက်များကို မကြာခဏ အသုံးပြုပါတယ်။

မြတ်ဗုဒ္ဓကတော့ ကမ္မဌာန်းတရားမှတစ်ဆင့်၊ စိတ်၏အပြုသဘောဆောင်သည့် တိုးတက်မှုမှတစ်ဆင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အသွေးများကို တိုးတက်စေပါတယ်။

၎- Management ဟာ မျော်လင့်ချက်များထားရှိလျက် အလုပ်သမားများကို လေ့ကျင့်ပေးပါတယ်။

ဒါပေမယ့် မြတ်ဘုရားကတော့ ကျေးဇူးကို မမျော်လင့်ပဲနဲ့တောင် ကရုဏာဖြင့် လူများကို လေ့ကျင့်ပေးပါတယ်။

၅- Management ဟာ ပန်းတိုင်ကို ရရှိဖို့ ပြင်းထန်သော ယှဉ်ပြိုင်မှုကို ကြီးထွားစေပါတယ်။

မြတ်ဘုရားကတော့ အမှန်တရားကိုနားလည်ရန် ယှဉ်ပြိုင်မှုကို ဘယ်တော့မှ မကြီးထွားစေခဲ့ပါဘူး။

၆- Management တွင် ယှဉ်ပြိုင်မှုဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာကို ဖျားနာမှုသို့ ဦးတည်စေလျှက် ဖိအားနှင့် ပူပင်သောကမှုကို တိုးပွါးစေပါတယ်။

ဗုဒ္ဓဘာသာကတော့ ကြံ့ခိုင်သောစိတ်နှင့်ခန္ဓာကိုယ်ကို တိုးတက်စေလျှက် အပြုသဘော ဆောင်သော အနေအထားမှတစ်ဆင့် ဖိအားများ၊ ၀န်ပိခြင်းများကို ဖယ်ရှားပစ်ပါတယ်။ ဗုဒ္ဓဘာသာတွင် စိတ်ပိုင်းဆိုင်ရာနှင့်လုပ်ငန်းဟာ တပြိုင်နက်အတူတကွ သွားပါတယ်။

၇- Management ဟာ ရေတိုပမာဏကို အောင်မြင်ဖို့ အလုပ်သမားများ၏စိတ်တွင် လောဘ ဒေါသ တို့ကို ကြီးထွားစေလျက် တစ်ခါတစ်ရံ ပဋိပက္ခကို ဖန်တီးပါတယ်။

ဗုဒ္ဓဘာသာကတော့ ငြိမ်းချမ်းမှုနှင့်ညီညွတ်မှု အတွက် ရေရှည်ပန်းတိုင်ကို ရရှိရန် အလိုကြီးမှုကို ဖယ်ရှားခြင်းမှတစ်ဆင့် ပဋိပက္ခကို ဖြေရှင်းပါတယ်။

၈- Management ဟာ ဒုက္ခ၏အရင်းအမြစ်ဖြစ်သော ၀ိသမလောဘစိတ်ကို တိုးတက်စေခြင်းဖြင့် အလုပ်သမား များကို တွန်းအားပေးပါတယ်။

မြတ်ဘုရားကတော့ ငြိမ်းချမ်းမှုကို ရရှိရန်အလို့ငှါ အလိုကြီးမှုကို ဖယ်ရှားဖို့ လူအများကို လမ်းညွှန်ပါတယ်။

၉- Management ဟာ ဒီနေရာမှာ ဆုံမှတ်အဖြစ် တသီးပုဂ္ဂလဆန်ပြီး ဥစ္စာပစ္စည်းပိုင်ဆိုင်မှုကို အဓိကထား ပါတယ်။

ဗုဒ္ဓ၀ါဒ၏ အန္တိမဆုံးမှတ်ကတော့ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++

နှိုင်းယှဉ်လေ့လာထားသော ထင်မြင်ယူဆချက်

၁- Management ဟာ ဒီမိုကရေစီကျသော လိုင်းကြောင်းပေါ်တွင် လူအများ၏ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဥစ္စာပစ္စည်းကို ခွဲဝေရန် နည်းစနစ်ကျသော ဥပဒေသများနောက်သို့ လိုက်ပါလျှက် ခေါင်းဆောင် များက စီမံခန့်ခွဲမှုကို လမ်းညွန်ပါတယ်။ (တန်ဖိုးကို ပေါင်းရန်၊ ဥစ္စာကို ဖန်တီးရန်နှင့် ဥစ္စာကို ခွဲဝေရန်)။

ဗုဒ္ဓ၀ါဒသံဃအဖွဲ့အစည်းဟာ ဒီမိုကရက်တစ်ကျသော အဖွဲ့အစည်းဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ အသင်းအဖွဲ့ကို လမ်းညွန်တည်ဆောက်ပေးသော ခေါင်းဆောင်ဖြစ်ပါတယ်။ ဓမ္မဟာ စီမံခန့်ခွဲမှု၏ စည်းမျဉ်းတစ်ခုဖြစ်ပါတယ်။ ဓမ္မဟာ အကျိုးဆက်ကို ချက်ချင်းပေးသော ဥပဒေဖြစ်ပါတယ်။ ဓမ္မဟာ စိတ်ရောကိုယ်ပါ ကျင့်သုံးရသော ဥပဒေဖြစ်ပါတယ်။ ဒီမိုကရက်တစ်ကျသော သံဃအဖွဲ့အစည်းဟာ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ခြင်းအတွက် ဥပဒေကို လိုက်နာစေရန်၊ လူ့အဖွဲ့အစည်းအတွင်း လူအများကြားထဲတွင် ဥစ္စာရတနာကို ခွဲဝေရန် ဖြစ်ပါတယ်။

၂- Management ဟာ သည်လို ယူဆပါတယ်။ ရင်းမြစ်များဟာ ရှားပါးတယ်။ ဒါ့ကြောင့် မကျေနပ်မှု၊ ဒုက္ခ၊ ပဋိပက္ခ ဖြစ်တယ်။

မြတ်ဗုဒ္ဓကတော့ ဖြစ်တည်ခြင်းဟာ မကျေနပ်ဖွယ်၊ ဒုက္ခ၊ ပဋိပက္ခအဖြစ် ယူဆတယ်။

၃- Management တွင် ပဋိပက္ခ၊ ဒုက္ခကို ဖြစ်စေသောအကြောင်းတရားဟာ ဥစ္စာရတနာကို များနိုင်သမျှ များအောင်လုပ်ခြင်းအတွက် အဆုံးအစ မရှိသော အလိုဆန္ဒ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာတွင် ဒုက္ခ၏ အကြောင်း ဟာ တဏှာ၊ အဆုံးမရှိသော အလိုဆန္ဒဖြစ်ပါတယ်။

၎- Management ဟာ ပူးပေါင်းလျက် အဖွဲ့အစည်း၏ဥစ္စာများကို ခွဲဝေရန် နည်းစနစ်များ၊ ဥပဒေသများ၊ စည်းမျဉ်းများကို တည်ထောင်ထားပါတယ်။

ဗုဒ္ဓဟာ ဒုက္ခကို ကျော်လွှားရန် လွန်မြောက်မှုအတွက် မဂ္ဂင် ရှစ်ပါးကို အကြံပြုထားပါတယ်။ သီလ၊ သမာဓိ၊ ပညာဟာ လွတ်မြောက်မှုအတွက် လမ်းဖြစ်ပါတယ်။

၅- Management ဟာ ပစ္စည်းဥစ္စာများကို ပြုလုပ်ခြင်းဆိုင်ရာ သိပ္ပံနည်းကျ လမ်းဖြစ်ပါတယ်။

ဗုဒ္ဓဘာသာကတော့ ဘ၀နှင့်ပတ်သက်သော သိပ္ပံနည်းကျ လမ်းဖြစ်ပါတယ်။


၆- Management ဟာ တာဝန်,အလုပ်၏သဘာဝအပေါ်မှာ တည်မှီလျက် အဖွဲ့အစည်းဆိုင်ရာ ပန်းတိုင်ကို အောင်မြင်မှုအတွက် အလုပ်သမားများ၏ဘက်ပေါင်းစုံကျွမ်းကျင်မှုကို လေ့ကျင့်ပေးရန်နှင့် တိုးတက် စေရန် ရည်ရွယ်ပါတယ်။

ဗုဒ္ဓကတော့ သူတို့၏ပင်ကိုယ်စရိုက်အပေါ် တည်မှီလျှက် ကမ္မဌာန်း၊ ဒေသနာ၊ ဆွေးနွေးလမ်းညွှန်မှုမှတဆင့် လူအများကို လေ့ကျင့်ပေးပါတယ်။ တိုးတက်စေပါတယ်။ သည်အရာဟာ လွတ် မြောက်မှုရရန်နှင့် အတူတကွငြိမ်းချမ်းစွာ နေထိုင်ရေးအတွက် ဖြစ်ပါတယ်။

၇- Management ဟာ သိပ္ပံပညာပိုင်းဆိုင်ရာ ပင်ကိုယ်သဘာဝကို တိုးတက်စေပုံပေါ်ပါတယ်။

ဒါပေမယ့် ဗုဒ္ဓ ဘာသာကတော့ သိပ္ပံနည်းကျသော သဘာဝကို တိုးတက်စေပြီး မျက်ကန်းယုံကြည်မှုကို ဖယ်ရှားပေးပါတယ်။

၈- Management ဟာ လက်ခံခြင်းမတိုင်မီ နည်းပညာနှင့် အယူအဆပိုင်းဆိုင်ရာ၏ စမ်းသပ်ချက်ကို ထောက်ခံ ပါတယ်။

မြတ်ဗုဒ္ဓကတော့ ကိုယ်ကိုယ်တိုင်က မခြွင်းမချန်စုံစမ်းမေးမြန်းပြီးနောက်မှသာလျင် အမှန်တရားကို လက်ခံရန် အားပေးထောက်ခံပါတယ်။

၉- Management ဟာ ပန်းတိုင်ကို ရောက်ရှိဖို့အတွက် အပြန်အလှန်လေးစားမှုနှင့် ချစ်ခြင်း နားလည်းခြင်းဖြင့် အလုပ်လုပ်ရန် အလုပ်သမားများကို ပြုစုပျိုးထောင်ပြီး တိုးတက်ဖွံ့ဖြိုးစေပါတယ်။

ဗုဒ္ဓဘာသာကတော့ လူ့လော ကကြီး၏ အတူတကွငြိမ်းချမ်းစွာနေထိုင်ရေးအတွက် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာများ တိုးတက်လာ ပါတယ်။

၁၀- Management ဟာ ဆန့်ကျင်ဘက် အရည်အသွေးများက ပူးပေါင်းဆောင်ရွက်မှုကို ဖျက်ဆီးတယ်လို့ ခံယူ ထားပါတယ်။

ဗုဒ္ဓကတော့ လောဘ၊ ဒေါသ၊ မောဟ ကဲ့သို့သော ဆန့်ကျင်ဘက်အရည်အသွေးများဟာ ဒုက္ခဖြစ် စေသော အရင်းအမြစ်အကြောင်းတရားဖြစ်တယ်လို့ ဖော်ထုတ်ပေးပါတယ်။ ထိုအရာများဟာ ငြိမ်းချမ်းသော ဖြစ်တည်မှုကို နှောက်ယှက်ပါတယ်။

၁၁- Management ဟာ တစ်စုံတစ်ယောက်၏ ကိုယ်ပိုင် ကြီးပွါးတိုးတက်မှုနှင့် ဖွံ့ဖြိုးစည်ပင်မှုအတွက် မိမိ ကိုယ်ကိုယ်သဘောပေါက်ခြင်းကို အားပေးတိုက်တွန်းပါတယ်။ ကြီးပွါးတိုးတက်မှုဟာ အနှစ်သာရဖြစ်ပြီး တိုးတက်ဖြစ်ထွန်းမှု ဆိတ်သုဉ်းခြင်းဟာ ပေါင်းစည်းထားသောဘ၀၏သေခြင်း ဖြစ်သည်ဟု ယုံကြည်ပါတယ်။

မြတ်ဗုဒ္ဓကတော့ မိမိကိုယ်ကိုယ်အားထားမှုအတွက် မိမိကိုယ်တိုင်ပြောင်းလဲခြင်းကို အထူးပြုထားပါတယ်။ တစ်ဦးတစ်ယောက်ဟာ သူ၏ကိုယ်ပိုင်လွတ်မြောက်မှုအတွက် အလုပ်လုပ်ရပါမယ်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++

Read more...

အမြင်ငါးမျိုး

၃၁ ဘုံတွင် ကျင်လည်နေကြသော သတ္တ၀ါတို့သည် မိမိနှင့်ထပ်တူ အခြားသော သတ္တ၀ါတို့ကို ကြည့်ရှုသည့်အခါ အမြင် ငါးမျိုးအနက် တစ်မျိုးမျိုးဖြင့် ကြည့်လေ့ရှိကြသည်။ ယင်း အမြင်ငါးမျိုးတို့မှာ …

(၁) ပပဉ္စအမြင်

(၂) ဗြဟ္မစိုရ်အမြင်

(၃) သမာဓိအမြင်

(၄) ၀ိပဿနာအမြင်နှင့်

(၅) မဂ်ဖိုလ်အမြင်တို့ ဖြစ်ကြသည်။

၁။ ပပဉ္စအမြင်

“ပပဉ္စ” ဆိုသည်မှာ “သံသရာကိုရှည်စေတတ်သောတရား” ဟု အဓိပ္ပာယ်ရသည်။ ပပဉ္စတရားသုံးပါးရှိသည်။ ယင်းတို့မှာ တဏှာ (တပ်မက်ခြင်း)၊ မာန (ထောင်လွှားခြင်း) နှင့် ဒိဋ္ဌိ (အယူလွဲမှားခြင်း) တို့ဖြစ်သည်။ မဆုံးနိုင်သော သံသရာခရီးရှည်ကြီးကို မနားတမ်း တသွားတည်းသွားနေကြသည့် ပုထုဇဉ် သတ္တ၀ါတို့သည် ဤတရားသုံးပါး၏လွှမ်းမိုးမှုဖြင့် လောကကိုကြည့်ရှုတတ်ကြသည်။ ပုထုဇဉ်တို့သည် မိမိကိုယ်မိမိ ဖြစ်စေ၊ အခြားသောလူတစ်ဦးကိုဖြစ်စေ ကြည့်သည့်အခါ သည်လူသည် ယောက်ျားပဲ၊ မိန်းမပဲ၊ တရုတ်ပဲ၊ မြန်မာပဲ၊ သူဋ္ဌေးပဲ၊ ဆင်းရဲသားပဲ၊ အမျိုးယုတ်ပဲ၊ အမျိုးမြတ်ပဲ စသည်ဖြင့် အပေါ်ယံ ပညတ်သဘောဖြင့်သာ မြင်တတ်ကြသည်။ ထိုနည်းလည်းကောင်း တိရစ္ဆာန်တစ်ကောင်ကို တွေ့လျှင်လည်း ခွေးပဲ၊ ကြောင်ပဲ၊ ဆင်ပဲ စသည်ဖြင့်သာ အမည်ကိုစွဲ၍ မြင်လေ့ရှိကြသည်။ “ငါ့အမျိုးကို လာမထိနဲ့၊ ထိရင်မီးပွင့်သွားမယ်”၊ “မယားထိ ဓားကြည့်”၊ “ဒါ ငါ့နိုင်ငံ ငါ့လူမျိုး၊ လာမစော်ကားနဲ့” စသည်တို့မှာ ပပဉ္စအမြင်ဖြင့် လောကကို ရှုကြည့်ရာမှာ ပေါ်ထွက်လာသော အမြင်သဘောထားများ ဖြစ်ကြသည်။ ယင်းအမြင်ကို ပုထုဇဉ်တို့၏နယ်ပယ်တွင် တွေ့ရသည်။ ပုထုဇဉ်မှာမှ အန္ဓပုထုဇဉ် (ခေါ်) ပညာမျက်စိကန်းနေသောပုထုဇဉ်တို့၏ နယ်ပယ်တွင် တွေ့ရသည်။

အန္ဓပုထုဇဉ်တို့ ကြီးစိုးသည့် လူ့အဖွဲ့အစည်းသည် မငြိမ်းချမ်း။ ရန်ငြိုးဖွဲ့မှု၊ အာဃာတထားမှု၊ နာကျည်းမှု၊ တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ လက်စားချေမှု၊ တို့နှင့် ပြည့်နှက်နေပြီး အစဉ်သဖြင့် သောကဗျာပွေ ပူလောင်နေရသည်။ လူအပေါင်းတို့ ကျီးလန့်စာစား အသက်ရှင်ကြရသည်။ အစာရေစာ ငတ်မွတ်ခေါင်းပါး၊ ကပ်ဘေးဒုက္ခများ ကျရောက်ပြီး ပစ္စန္တရာစ် အရပ်ပမာ ဖြစ်ရသည်။

၂။ ဗြဟ္မစိုရ်အမြင်

ဗြဟ္မစိုရ်အမြင်တွင် လူတစ်ဦးသည် အခြားလူတစ်ဦးအပေါ် ကျား/မ၊ လူမျိုး၊ အသားအရောင်၊ ဆင်းရဲချမ်းသာ၊ ဇာတ်နိမ့်ဇာတ်မြင့်၊ သွေးသားတော်စပ်မှု/မတော်စပ်မှု စသည်တို့ကိုစွဲ၍ မကြည့်တော့ဘဲ လူကို လူဟုသာ မြင်တော့သည်။ ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ငါ့သွေးသားဟူ၍ အစွဲအလန်း မထားတော့ဘဲ လူသားအားလုံးအပေါ် တူညီသောမျက်စိဖြင့်ကြည့်သည်။ အားလုံးအပေါ် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားတို့ဖြင့် လွှမ်းခြုံကြည့်ရှုသည်။ ကျောသားရင်သားမခွဲခြားဘဲ ဆက်ဆံသည်။ ယနေ့ခေတ်တွင် အတော်လေးရေပန်းစားလာသည့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး စသည့် သဘောတရားတို့မှာ ထို ဗြဟ္မစိုရ်အမြင်အပေါ် အခြေခံသည်ဟု ပြော၍ရသည်။ လူသားအားလုံးတွင် သာတူညီမျှ အခွင့်အရေး ရှိသည်။ လိင်ကိုလိုက်၍၊ လူမျိုး၊ အသားအရောင်၊ ဇာတ်၊ ဥစ္စာပိုင်ဆိုင်မှု စသည်အပေါ်လိုက်၍ ခွဲခြားဆက်ဆံမှု မပြုရ။ လူသားအားလုံးတွင် မွေးရာပါ လွတ်လပ်ခွင့်များ ရှိသည်။ ထိုလွတ်လပ်ခွင့်များကို လေးစားရမည်။ လူကို လူလို ဆက်ဆံရမည် စသည်တို့မှာ ဗြဟ္မစိုရ်အမြင်ဖြင့် လောကကို ကြည့်ရှုလာကြခြင်းဖြစ်သည်။ တနည်းအားဖြင့် ယဉ်ကျေးလာကြသော လူသားတို့၏ အမြင်ဖြစ်သည်။

ဗြဟ္မစိုရ်အမြင်ဖြင့် ကြည့်သူတို့မှာလည်း ပုထုဇဉ်အဆင့်မှာပင် ရှိနေနိုင်သေးသော်လည်း ထိုပုထုဇဉ်တို့မှာ အဆင့်အတန်းမြင့်သော (၀ါ) ပညာမျက်စိ ရှိသော ပုထုဇဉ် (ကလျာဏပုထုဇဉ်) တို့ပင်ဖြစ်သည်။ ကလျာဏပုထုဇဉ်သည် အရိယာမဖြစ်သေးသော်လည်း အရိယာနယ်ပယ်သို့ တရွေ့ရွေ့ ချဉ်းကပ်သွားနေသူဖြစ်သည်။ သူတော်ကောင်းစာရင်းတွင် ထည့်သွင်း၍ရသည်။ ကလျာဏပုထုဇဉ်တို့ များသော လူ့အဖွဲ့အစည်းသည် အေးချမ်းသာယာ၍ နေချင့်စဖွယ်ကောင်းသည်။ မေတ္တာဓာတ်တို့ လွှမ်းခြုံထားသည်။ အချင်းချင်း ချစ်သောမျက်စိဖြင့် ကြည့်ကြသည်။ လောကနိဗ္ဗာန်ဟုပင် ခေါ်နိုင်သည်။

၃။ သမာဓိအမြင်

ကလျာဏပုထုဇဉ်သည် ဆိတ်ငြိမ်ရာသို့ချဉ်းကပ်၍ မိမိ၏စိတ်ကို ချည်တိုင်တစ်ခုတည်းမှာသာထားပြီး တည်ငြိမ်အောင်ကြိုးစားသည့်အခါ သမာဓိ ဟုခေါ်သည့် စိတ်၏တည်ကြည်မှုကို ရရှိလာသည်။ ရေမှာပျော်သည့်ငါးသည် ကုန်းပေါ်ရောက်သည့်အခါ ထွန့်ထွန့်လူးကာ ဖျတ်ဖျတ်ခုန် သကဲ့သို့ ထိုထို အာရုံတို့အပေါ် အမြဲတစေ လွင့်ပါးရောက်ရှိနေတတ်သည့် စိတ်သည် တစ်နေရာတည်းမှာသာ နေစေရန် အခိုင်းခံရသည့်အခါ ချည်တိုင်မှ မကြာခဏ ပြေးထွက်သွားနေတော့သည်။ သို့ရာတွင် စိတ်ရှည်သည်းခံခြင်း၊ ဇွဲရှိခြင်း၊ ၀ီရိယရှိခြင်း၊ အဖန်ဖန်တလဲလဲ အားထုတ်ခြင်းတို့ကြောင့် ထို စိတ်သည် မကြာမီ ယဉ်ကျေးလာပြီး ချည်တိုင်မှ မခွာတော့ဘဲ တဖြည်းဖြည်း ငြိမ်သက်လာသည်။ နောက်နေသောရေကိုထည့်ထားသည့် ရေခွက်ကို မလှုပ်ဘဲ ငြိမ်ငြိမ်ထားသည့်အခါ အနည်များထိုင်ပြီး ရေသည် ကြည်လင်လာသကဲ့သို့ စိတ်ကိုညစ်ညူးစေတတ်သော လောဘ၊ ဒေါသ၊ မောဟ အစရှိသည့် ကိလေသာတို့ကြောင့် နောက်ကျိနေသည့် စိတ်ကို ယဉ်ပါးအောင် လေ့ကျင့်လိုက်သည့်အခါ စိတ်သည့် ကိလေသာများ ပါးရှားသွားပြီး ကြည်လင်ဝင်းပလာသည်။ ယင်းကို သမာဓိ ရလာသည် ဟု ခေါ်သည်။

သမာဓိရလာသည့်အခါ စိတ်သည် ကြည်လင်စူးရှထက်မြက်၍ အားကောင်းလာသည်။ ယခင်က မရဖူးသည့် နိမိတ်အာရုံများကို မြင်ရ ကြားရခြင်းမျိုး ရှိလာသည်။ ထူးထူးဆန်းဆန်း အာရုံများရလာသည်။ စိတ်တွင် တန်ခိုးရှိမှန်းတွေ့လာရသည်။ မိမိ တောင့်တသည်များ ရလာတတ်သည်။ မိမိခန့်မှန်းသည်များ မှန်လာတတ်သည်။ တချို့ပုဂ္ဂိုလ်များ အကြားအမြင်ရသည်၊ ရှေ့ဖြစ်ကို အာရုံယူ၍ ဟောနိုင်သည် စသည်တို့မှာ သမာဓိအစွမ်းကြောင့်ဖြစ်သည်။ ထိုသို့ သမာဓိအားကောင်းလာသည့်အခါ ထိုပုဂ္ဂိုလ်သည် မိမိခန္ဓာကိုယ်ကို လည်းကောင်း၊ သူတစ်ပါး၏ ခန္ဓာကိုလည်းကောင်း ကြည်သည့်အခါ လူကိုလူဟူ၍၊ ခွေးကိုခွေးဟူ၍၊ နတ်ကို နတ်ဟူ၍ပင် မမြင်တော့ဘဲ အားလုံးကို ရုပ်နှင့်နာမ်တွဲထားသော အစုအဝေးအဖြစ်သာ မြင်တော့သည်။ ပညတ်သဘောအရ လူ၊ တိရစ္ဆာန်၊ နတ်၊ ဗြဟ္မာ စသည်ဖြင့် အမည်အမျိုးမျိုး ကွဲပြားနေသော်လည်း အနှစ်သာရမှာ ရုပ် နှင့် နာမ် သာဖြစ်သည်ဟု မြင်သည်။ မည်သူ၏ခန္ဓာပင်ဖြစ်စေ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယောဆိုသည့် ဓာတ်ကြီးလေးပါးအစုအဝေး (ရုပ်) နှင့် အဆိုပါ ဓာတ်ကြီးလေးပါးအစုအဝေးကို သိရှိခံစားတတ်သည့် အာရုံကိုသိသည့်သဘော (နာမ်) နှစ်မျိုးသာ ရှိသည်ဟု မြင်သည်။ ယင်းအမြင်ဖြင့် လောကကိုမြင်သူသည် ပုထုဇဉ်ဘ၀မှ မကျွတ်သေးသည့်တိုင် အရိယာဘ၀သို့ ရောက်ရန် တစ်လှမ်းပိုနီးလာပြီ ဖြစ်သည်။ ထိုသူသည် ပပဉ္စတရားသုံးပါးအနက်မှ “ဒိဋ္ဌိ” ခေါ် အယူလွဲမှု ကွာကျသွားပြီဖြစ်သည်။

၎။ ၀ိပဿနာအမြင်

ထိုသူသည် သမာဓိအားတို့ ပိုမိုထက်သန် အားကောင်းလာသည့်အခါ ရုပ် နာမ် အတွဲဟု မြင်သည်မှ တစ်ဆင့်တက်၍ ယင်း ရုပ် နာမ်တို့၏ ဖြစ်ခြင်း ပျက်ခြင်းသဘောကို မြင်သွားသည်။ သတ္တ၀ါဟူသည် ရုပ်နာမ် အစုအဝေးဖြစ်ရုံသာမက ထို ရုပ်နှင့်နာမ်တို့သည်လည်း ခဏမစဲ အမြဲဖြစ်ချည် ပျက်ချည်ရှိသည့် သဘောကို မြင်သည်။ ထိုသူ၏ ဉာဏ်တွင် သတ္တ၀ါဆိုသည်မှာ အချိန်တိုင်း ဖြစ်ပြီးပျက်သွားသော ရုပ်နာမ်အစုအဝေးကြီးဟု လည်းကောင်း၊ ဘ၀ဆိုသည်မှာ ထိုသို့ ဖြစ်ခြင်း ပျက်ခြင်းများ ဆက်နေသည့် အစဉ်တန်းကြီးဟုလည်းကောင်း မြင်သည်။ ၀ိပဿနာအမြင်ဖြင့် လောကကိုမြင်သူ (တစ်နည်း) ဖြစ်ပျက်ကို မြင်သူသည် အရိယာလောင်းလျာလေးပင် ဖြစ်သည်။ အရိယာဖြစ်ဖို့ (တစ်နည်း) ပုထုဇဉ်ဘ၀မှ ကျွတ်ဖို့ လက်တစ်ကမ်းသာ လိုတော့သည့် အနေအထားဖြစ်သည်။

ယင်းမှသည် ဖြစ်ခြင်း၊ ပျက်ခြင်းသာရှိသည့်ခန္ဓာအပေါ် ထိတ်လန့်ခြင်း၊ ငြီးငွေ့ခြင်း၊ စိတ်ပျက်ခြင်း၊ လွတ်မြောက်လိုခြင်း စသည်တို့လည်း ဆက်လက်ဖြစ်လာသည်။ (အကျယ်ကို ၀ိပဿနာ ဉာဏ်စဉ်တို့အကြောင်း မြတ်စွာဘုရား ဟောကြားထားသည့် ဓမ္မာဒါသ သုတ်တွင် ရှုပါ။)

၅။ မဂ် ဖိုလ် အမြင်

မဂ်ဖိုလ်အမြင်တွင် စောစောက ဖြစ်ပျက်ကိုမြင်နေသည့်ပုဂ္ဂိုလ်သည် ရုပ်နာမ်ခန္ဓာတို့၏ ဖြစ်ပျက်ကိုပင် မမြင်တော့ဘဲ ဖြစ်ခြင်း ပျက်ခြင်းသဘောကို ကျော်လွန်၍ ဖြစ်ခြင်း ပျက်ခြင်းကင်းသည့်၊ ကုန်သည့်သဘော (နိဗ္ဗာန်) ကိုသာ မြင်တော့သည်။ ဖြစ်ခြင်းပျက်ခြင်းတို့ ၀ိသေသ ပြုထားသည့် ခန္ဓာကို အာရုံမပြုဘဲ ယင်းမှ အလွန်ဖြစ်သည့် ဖြစ်ပျက်တို့ ဆိတ်သုဉ်းနေသည့် သဘောကို အာရုံပြုသည်။ ယင်းသို့ အာရုံပြုနေသည့် အခိုက်အတန့်တွင် ယင်းပုဂ္ဂိုလ်၏သန္တာန်တွင် အေးချမ်းနေသည်။ ကိလေသာတို့ ကင်းဆိတ်နေသည်။ ထိုသူသည် အရိယာ (ခေါ်) မဂ်ဆိုက် ဖိုလ်ဆိုက်သည့် ပုဂ္ဂိုလ် ဖြစ်သွားပေပြီ။

အရိယာဖြစ်ပြီးသူသည် ပုထုဇဉ်အဖြစ်သို့ ပြန်လည်မလျှောကျတော့ပေ။ အရိယာတို့တွင် ချစ်ခြင်း၊ မုန်းခြင်း၊ တွယ်တာခြင်း၊ ငြိတွယ်ဖြင်း အလျဉ်းမရှိ။ ပညတ်သဘောအရ အခေါ်အဝေါ်များ ဝေါဟာရများနှင့်မကင်းနိုင် သုံးစွဲနေသော်လည်း ၎င်းတို့သန္တာန်တွင် ပရမတ်အမြင်သာ ရှိသည်။ သမာဓိအမြင်နှင့် ၀ိပဿနာအမြင် မြင်သူတို့သည် သမာဓိကျဲသည့်ခဏ၊ ၀ိပဿနာ မရှုသည့်ခဏ ပညတ်အမြင်ဘက်ဆီ ပြန်ရောက်သွားသော်လည်း မဂ်ဖိုလ်အမြင် ရပြီးသူတို့ကမူ ဘယ်သောအခါမျှ ပညတ်ကို မစွဲတော့ပေ။ ထိုသူတို့၏ အမြင်သည် ခိုင်မြဲသောအမြင်ဖြစ်သည်။ အနှစ်သာရကိုသာ ရှုသောအမြင်ဖြစ်သည်။ သဘောတရားကိုသာ ယူသောအမြင်ဖြစ်သည်။ အရိယာတို့၏လောကသည် ရာနှုန်းပြည့်ငြိမ်းချမ်းသော လောကပင် ဖြစ်ပေသည်။

Posted July 11, 2010 by Annyatara (အညတရ) in Uncategorized

Read more...

ဇူလိုင်လ ၁၁ ရက်နေ့တရားအစီအစဉ်များ...

မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၁၄း၀၀ နာရီအထိ...
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူအပ်သော
၁) ဗုဒ္ဓဘာသာဝင်တွေလုပ်ရမည်. တရားတော်
၂) မီးရထား ဘူတာစဉ် ဥပမာပြ အဘိဏှသုတ်
၃) သီလ သမာဓိ ပညာ အရေးကြီးပုံ မဟာမိတ္တရဟန်း
၎) ၀က္ကလိ ရဟန်းဝထ္ထု တရားတော် (၁)
၅) ၀က္ကလိ ရဟန်းဝထ္ထု တရားတော် (၂)
၆) ကံလေးမျိုးတရားတော် (သေနိယနှင့်ဏ္ဏ)
၇) ကိံသုကောပမသုတ်
၈) ပုထုဇဉ်နှင့် အရိယာတို.ရှာမှီးခြင်းမတူညီကြပုံ
၉) ဘုရားပြောသော စကားနှစ်ခွန်းတရားတော်
၁၀) ရှင်ဒဿဇိ ရဟန်းဝထ္ထု တရားတော် (၁)
၁၁) ရှင်ခေမကနှင့် ရဟန်းကြီး(၆၀) ဥပမာပြတရားတော်
၁၂) သာရောပမသုတ်တရားတော်များကို လွှင့်ကြားပေးသွားပါမည်။

ဆက်လက်ဖော်ပြပေးသွားပါမည်။
မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော်များကို နာကြားခြင်းအားဖြင့်
အေးချမ်းမှုကို ရှာတွေ့နိုင်ကြပါစေ။

Read more...

ဝါဆိုသင်္ကန်း ဆက်ကပ်လှုဒါန်းပွဲ Clementi Temple (JBV) (စင်ကာပူ မိုးကုတ်ဓမ္မရိပ်သာ)




ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့အား ဖိတ်ကြားအပ်ပါသည်။
စင်ကာပူနိုင်ငံ Jayamangala Buddhist Vihara (စင်ကာပူ မိုးကုတ်ဓမ္မရိပ်သာ)
ကျောင်းတိုက်၌ သီတင်းသုံးနေထိုင်တော်မူကြသော ချမ်းမြစည်သာဆရာတော် အရှင်သြဘာသ၊
မစိုးရိမ်ဆရာတော် အရှင်သောမစာရ၊ ကျောင်းတိုက် ဆရာတော် ဒေါက်တာအရှင်ဝိစိတ္တနှင့်
သံဃာတော်များကို ၀ါဆိုသင်္ကန်း ဆက်ကပ် လှုဒါန်းမည် ဖြစ်ပါသောကြောင့်
အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။
အစီအစဉ်
နေ့ရက် ။ ။ ၁၁ .၇.၂၀၁၀ (၁၃၇၂ခု၊ ပထမ၀ါဆို လကွယ်)၊ တနင်္ဂနွေနေ့။
အချိန် ။ ။ နံနက် (၉း၀၀) နာရီမှ နေ့လည် (၁း၀၀) နာရီထိ။ (ပထမပိုင်း)

ညနေ (၄း၀၀)နာရီမှ (၇း၀၀) နာရီထိ။ (ဒုတိယပိုင်း)


နေရာ။ ။ 23A, Jalan Mas Puteh, Along West Coast Road.
Singapore-128628
Pls alight at BLK-701, near ESSO station, from Clementi MRT area (NTUC bus stop)
by Bus--78 or 285

ကျောင်းကော်မတီနှင့် အလှုရှင်များ
ဆက်သွယ်လှုဒါန်းရန်။ ။ 67781678, 81230769,81232307,91220887

Read more...

Taking refuge part 2

In continuing with last week Dhamma Talk, Sayadaw U Sumana added that taking refuge by means of paying homage should be done with faith and understanding.

Sayadaw pointed out that there are four type of paying homage, namely
  1. Paying homage to a person because he is your relative or someone related to you or elders
  2. Paying homage due to fear or order by the law or regulation
  3. Paying homage to a teacher or someone that hold that position
    • [these three type of paying homage will not be the form of taking refuge as it is not done with understanding]
  4. Paying homage due to the understanding of the attribute of that person
The forth type is what taking refuge should be. Sayadaw said that by paying homage one had to remember the 9 attributes of the Buddha. Similarly, the attributes of the Dhamma and the Sangha

Therefore, Sayadaw advises members of BMBMC to take refuge in the Buddha, Dhamma and Sangha systematically so that this action will be beneficial to us such as protection and safety to us.

Incidentally, tonight Dhamma talk will the last one for the year 2010 for Sayadaw U Sumana at BMBMC.

Sadhu, Sadhu, Sadhu
0 comments

Read more...

Ajahn Wimaok – July 31st

10/07/2010
by Cittasamvaro

Saturday 31st July 2010 we will host Ajahn Wimaok at Ariyasom for a special session on the topic

Awareness of Consciousness

Dhamma Talk and special meditation instruction on open awareness meditation

with Ajahn Wimaok

——————-**——————

Many of you will know Ajahn Wimaok already. He is a Thai monk, and a genuine meditator. He speaks from direct experience, rather than repeating formulas as some Thai Sangha can do, and thus is very accessible. He is well worth paying attention to. And he is a fun and warm speaker too!Ariyasom Dhamma Hall

The event will be held in the ever beautiful Ariyasom Villa, at the end of Sukhumvit Soi 1. (directions below)

Time: 5pm – 7pm (we’ll be doing more meditation afterwards if you stay longer)

[note, please check back closer to the date for the exact time of this event]

Free of charge. Refreshments will be available.

Come before and after time to hang out and chat with Phra Pandit and some of the other regulars.

Here is a summary of the topic as relating to a direct meditation method:

STEPS MEDITATION INSTRUCTIONS

1. Awaken Consciousness

Open eye, recollect the king of death following you. This will raise up consciousness immediately. When you can sense consciousness wrapping around body, close the eyes

2. Maintain Consciousness

Smiling and Quiet supports natural awareness, knowing in the calmness of your consciousness as more consciousness expands. Be Happy knowing what you are doing. If lost in thoughts, go back to step (1)

3. Know the knower and stay

You know how you are sitting, you know how your hands are placed, in consciousness you know hot or cold, know thoughts (not thinking), not doing, just stay in the consciousness. Keep smiling and quiet.

4. Consciousness deepens

continue stay with the knowing mind, know when thoughts are far or and infuses with Happiness near but do not follow them, any doing will disrupt the consciousness, knowing your breathing to understand the quality of consciousness.

5. Just Know

Just see, just hear, etc. No doing, just be – not want to be. Soft attention, not focused. See and know in your consciousness, stay in the knowing. Awake and empty of thoughts. Happiness of freedom (not craving)

6. Emptiness

Stay in the pure consciousness. See things as they are – Impermanence, Unsatisfactoriness, Non self. Perfectly awake and equanimous.

7. After Meditation

Carry the consciousness throughout your daily activities. Stay with Quiet, Smiling and Happy. When see, hear, etc stay with consciousness (full awareness (no thinking).

Thai monk A. Wimaok at Ariyasom Villa

Directions

Could not be easier – go down Sukhumvit Soi One, right to the end, and Ariyasom is on the left.

Click the map for an even larger view (note that this map is proportional to actual distance, and has North at the top. It is less than a 10 minute walk from Ploen Chit BTS Station on Sukhumvit One

Read more...

“အကျိုးတရားရဲ့ ရလာဒ်”

လောကဆိုရိုးစကားတစ်ခုဖြစ်တဲ့ “သက်ရောက်မှု့တိုင်းမှာ တန်ပြန်သက်ရောက်မှု့ဆိုတာရှိတယ်” ဆိုတဲ့ ဝေါဟာရစကားကို လူတိုင်းကြားဖူးကြမှာပါ။ ဒါကတော့ ကောင်းတာလုပ်ရင် ကောင်းတဲ့ တန်ပြန်သက်ရောက်မှု့ရှိတယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့ တန်ပြန်သက်ရောက်မှု့ရှိတယ်ဆိုတဲ့သဘောကို သိစေတာပါ။ တစ်နည်းပြောရရင် “အကျိုးတရားရဲ့ ရလာဒ်ပေါ့။” အကြောင်းတရားတစ်ခုကို ပြုလုပ်လိုက်လို့ ရရှိလာတဲ့အကျိုးတရားကို ခံစားရရှိတာကို အကျိုးတရားရဲ့ ရလာဒ်လို့ဆိုလိုတာပါ။ အမှု့တစ်ခုခုကို မပြုလုပ်ခင်မှာ သတိတရားကောင်းသူတွေအတွက်၊ အရာရာကို စဉ်းစားချင့်ချိန်နိုင်တဲ့သူတွေအတွက်၊ ကိုယ်ချင်းစာတရားထားရှိတဲ့သူတွေအတွက်တော့ ဒီစကားလေးဟာ သိပ်ကိုတန်ဖိုးရှိပေမယ့်၊ သတိတရား၊ ကိုယ်ချင်းစာတရားနဲ့ စဉ်းစားချင့်ချိန်မှု့မရှိသူတွေအတွက်တော့ အသုံးမ၀င်တဲ့ စကားလေးတစ်ခုပါပဲ။ ဆိုလိုရင်းကတော့ သတိတရား၊ ကိုယ်ချင်းစာတရား၊ စဉ်းစားချင့်ချိန်မှု့ရှိကြတဲ့သူများဟာ အမှု့တစ်ခုကို မပြုလုပ်စဉ်မှာပဲ မိမိက ဒီအမှု့ကို ပြုလုပ်လိုက်မယ်ဆိုရင် ဒီအမှု့ရဲ့ အကျိုးတရားဟာ တစ်နေ့ မိမိဆီကို ပြန်ပြီးသက်ရောက်မှု့ရှိမှာပဲ ဆိုတာသိနိုင်တဲ့အတွက်ကြောင့် အဲဒီလို စဉ်းစားမိလိုက်တဲ့အချိန်မှာပဲ မိမိဆီကို ကောင်းကျိုးတရားများ သက်ရောက်မှု့ပြုစေချင်တဲ့အတွက်ကြောင်း ကောင်းတဲ့အမှု့ကို ပြုပြီး မကောင်းကျိုးတရားများကို မိမိဆီ သက်ရောက်စေမှု့မပြုစေချင်တာကြောင့်လည်း မကောင်းတဲ့အမှု့ကို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်မှု့ပြုကြပါတယ်။ ဒီစကားလေးဟာ အရာရာကို မပြုလုပ်ခင်မှာ ဆင်ခြင်ဖို့အတွက် ရည်ညွှန်းတဲ့ ဆိုရိုးစကားလေးဆိုလည်း မမှားပါဘူး။

မိမိဘ၀မှာ ချမ်းသားခြင်းတွေသာ သယ်ဆောင်လာနိုင်မယ့် တန်ပြန်သက်ရောက်မှု့တွေကို တောင့်တမျှော်လင့်နေတယ်ဆိုရင် ချမ်းသာခြင်းတွေကိုသာ သယ်ဆောင်လာနိုင်မယ့် ကောင်းမှု့တရားများကိုသာ ပြုလုပ်ရမှာပါ။ “ကောင်းတဲ့ အမှု့များကို ကောင်းတဲ့အကျိုးတရားများကိုပဲ ပေးစွမ်းနိုင်ပြီး၊ မကောင်းတဲ့အမှု့အလုပ်များက မကောင်းတဲ့အကျိုးတရားများကိုပဲ ပေးစွမ်းနိုင်မှာပါ။” ဒါဟာ ကမ္မနိယာမ တစ်ခုပဲမဟုတ်ပါလား။

သက်ရောက်မှု့တိုင်းမှာ တန်ပြန်သက်ရောက်မှု့ဆိုတာ ရှိတယ်ဆိုတာကို သိရှိထားသူတွေအတွက် ကောင်းမြတ်တဲ့ တန်ပြန်သက်ရောက်မှု့တွေပဲ သက်ရောက်လာစေဖို့ လုပ်ဆောင်ရမယ်ဆိုတာ အသေအချာပေါ့။
ဒီနေရာမှာ စာရေးသူ မိမိရဲ့ မကောင်းမှု့ကံကြောင့် မကောင်းတဲ့ တန်ပြန်သက်ရောက်မှု့ကို ခံစားခဲ့ရတဲ့ ဗုဒ္ဓမြတ်စွာရဲ့ သာဝကတစ်ပါးဖြစ်တဲ့ စက္ခုပါလမထေရ်ရဲ့ ဖြစ်စဉ်လေးကို ပြောပြချင်ပါတယ်။

ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးစဉ်ကဖြစ်ပါတယ်။ တစ်နေ့သောအခါမှာ ရဟန္တာအရှင်ဖြစ်တဲ့ စက္ခုပါလမထေရ်ဟာ စင်္ကြံလျှောက်ကာ ကမ္မဋ္ဌာန်းတရားအားထုတ်နေစဉ်မှာ သေစေလိုတဲ့ ရည်ရွယ်ချက်မရှိ၊ စေတနာလည်းမရှိဘဲ ပိုးမွှားတိရစ္ဆာန်များကို နင်းလျှောက်မိပါတယ်။ တကယ်တော့ စက္ခုပါလမထေရ်ဟာ မျက်စိမမြင်ပါဘူး။ ဒါကြောင့်လည်း စက္ခု-မျက်စိကို ပါလ-ဆုံးရှုံးသော မထေရ်ဆိုပြီး စက္ခုပါလမထေရ်လို့ အမည်တွင်ခဲ့တာပါ။ တစ်ခုသော မနက်မှာတော့ သူရဲ့ သီတင်းသုံးဖော်ရဟန်းများကို တရားစကားဆွေးနွေးဖို့ စက္ခုပါလမထေရ်ဆီ လာရောက်တော့ သေကြေပျက်စီးနေတဲ့ ပိုးမွှားတိရစ္တာန်များကို တွေ့မြင်ပြီး ဒီမထေရ်ဟာ သတ္တ၀ါများရဲ့ အသက်ကိုသတ်ဖြတ်တယ်လို့ မထေရ်အပေါ်လွဲမှားစွာ တွေးထင်ပြီး ဒီအဖြစ်ကို ဗုဒ္ဓမြတ်စွာကို လျှောက်ထားတော့ ဗုဒ္ဓမြတ်စွာက “ချစ်သားတို့ သင်တို့ကိုယ်တိုင် စက္ခုပါလမထေရ်က အဲဒီပိုးမွှားတိရစ္ဆာန်များကို သတ်ဖြတ်တာကို မြင်ခဲ့ပါသလားလို့” မေးမြန်းတော့ မမြင်ခဲ့ကြောင်း လျှောက်ထားကြပါတယ်။

“ရဟန်းတို့ စက္ခုပါလမထေရ်က သတ်ဖြတ်နေတာကို သင်တို့ကိုယ်တိုင် မမြင်ခဲ့သလို၊ စက္ခုပါလမထေရ်ဟာလည်း ဒီပိုးမွှားတိရစ္ဆာန်များကို မြင်တော်မမှုပါဘူး၊ နောက်ပြီးတော့ ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်များမှာ သူတစ်ပါးကို သေစေလိုတဲ့ စေတနာ၊ မကောင်းမှု့ကိုကျူးလွန်လိုတဲ့စိတ် မရှိတာကြောင့် သူ့မှာ အပြစ်မရှိပါဘူး။” လို့ ဖြေကြားပါတယ်။

ရဟန္တာပုဂ္ဂိုလ်များမှာ ကုသိုလ်၊ အကုသိုလ်၊ ၀ိပါက်ဇောစိတ် စေတနာများ မရှိတဲ့အတွက်၊ ကုသိုလ်ပြုလုပ်ပါကလည်း ထိုကုသိုလ်ရဲ့ အကျိုးတရားကို မရရှိတော့ပါဘူး။ ကြိယာဇောစိတ်များသာ ရှိတဲ့အတွက် ကောင်းမှု့ပြုပေမယ့်လည်း ပြုကာမတ္တသဘောပဲ ဖြစ်တာပါ။ ထိုကောင်းမှု့ရဲ အကျိုးဝိပါကကို မဖြစ်စေတော့ပါဘူး။

ဒီတော့ ရဟန်းတော်များအနေနဲ့ မယုံနိုင်အောင်ဖြစ်သွားကြပါတယ်။ ဘာကိုလဲဆိုတော့ ဒီစက္ခုပါလမထေရ်ဟာ ရဟန္တာတစ်ပါးဖြစ်ပါလျှက်နဲ့ ဘာကြောင့်မျက်စိကွယ်နေရတာလဲဆိုတာကိုပါ။ ဒီတော့ “မြတ်စွာဘုရား စက္ခုပါလမထေရ်ဟာ ရဟန္တာတစ်ပါးဖြစ်ပါလျှက်နဲ့ အဘယ်ကြောင့် မျက်စိကွယ်နေရတာပါလဲ ဘုရား။” လို့ လျှောက်ထားကြပါတယ်။

ဗုဒ္ဓမြတ်စွာက စက္ခုပါလမထေရ်ရဲ့ မျက်စိကွယ်ရခြင်း အကြောင်းကံကို သိစေလိုတာကြောင့် စက္ခုပါလမထေရ်ရဲ့ အတိတ်အကြောင်းလေးကို အခုလို ပြောပြပါတယ်။

အတိတ်က တစ်ခုသော ဘ၀မှာ စက္ခုပါလမထေရ်ဟာ ဆေးဆရာဝန်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာ မျက်စိမမြင်တဲ့ အမျိုးသမီးတစ်ဦးဟာ ဆေးဆရာကို ပင့်ဖိတ်ပြီး ကုသစေပါတယ်။ မကုသခင်မှာ အမျိုးသမီးက ကတိတစ်ခုပြုခဲ့ပါတယ်။ ဘာလဲဆိုတော့ အကယ်၍ မျက်စိအလင်း ပြန်ရမယ်ဆိုရင် ဆရာ့ဆီမှာ သူဟာ သူ့ရဲ့ မိသားစုနဲ့အတူ ကျွန်အဖြစ်နဲ့ အလုပ်အကျွေးပြုစုပါ့မယ်ဆိုတဲ့ ကတိပါ။ နောက်ဆုံး ဆေးဆရာနဲ့ စွမ်းတဲ့ဆေးအာနိသင်ကြောင့် တစ်ခါကုသလိုက်တာနဲ့ မျက်စိအလင်းပြန်ရရှိသွားပါတယ်။ အခုခေတ် မျက်စဉ်းခပ်ဆေးနဲ့ တူမယ်ထင်ပါတယ်။ အမျိုးသမီးဟာ မျက်စိပြန်မြင်သွားတော့ သူပေးထားတဲ့ကတိကို ပြန်ကြားပြီး ဒီဆေးဆရာဆီမှာ ကျွန်အဖြစ်ပြုစုလုပ်ကျွေးရမှာကို တွေးပြီးစိုးရိမ်သွားတာကြောင့် မလုပ်ချင်တာနဲ့ သူမရဲ့ မျက်စိဟာ ဆရာကုသမှပဲ အရင်ကထက်ပိုပြီး ဆိုးလာပါတယ်လို့ လိမ်ညာပြီး မုသားဆိုလိုက်ပါတယ်။

ဒီတော့ ဆေးဆရာဟာ သူ့ရဲ့ ပညာနဲ့ ဆေးရဲ့အစွမ်းကိုလည်းသိပါတယ် တစ်ခါကုသရုံနဲ့ ပျောက်လိမ့်မယ်ဆိုတာ၊ နောက်ပြီးတော့ သူ့စိတ်ထဲမှာ ဒီအမျိုးသမီးကို လက်စားချေလိုတာကြောင့် ဒီလိုအတွေးလေးတွေးမိသွားပါတယ်။ “ဒီအမျိုးသမီးဟာ င့ါကိုလိမ်ညာနေတာပဲ၊ ဒီတော့ င့ါကိုလိမ်ညာတဲ့သူကို ငါလည်း ပြန်ပြီး လက်စားချေရမယ်” လို့တွေးမိပြီး ဒါဆိုရင်ဗျာ ဒီဆေးနဲ့ တစ်ခါထပ်ပြီး ကုသလိုက်မယ်ဆိုရင် သက်သာပျောက်ကင်းသွားပါလိမ့်မယ်ဆိုပြီး မျက်စိကွယ်စေတဲ့ဆေးနဲ့ အမျိုးသမီးကို ခပ်ကာမျက်စိကွယ်စေခဲ့ပါတယ်။ သူဟာ ဒီအမျိုးသမီး မျက်စိကွယ်ပါစေဆိုတဲ့ မကောင်းတဲ့စိတ်စေတနာနဲ့တကွ ပြုလုပ်ခဲ့တဲ့အတွက် ဘ၀ပေါင်းမြောက်များစွာ ဆေးဆရာဟာ မျက်စိမမြင်ခဲ့ရသူဖြစ်ခဲ့ပါတယ်။ အခု ဘ၀ရဲ့ နောက်ဆုံးဖြစ်တဲ့ ရဟန္တာဘ၀တိုင်အောင်ပေါ။

ဒီနေရာမှာ အမျိုးသမီးဟာ မိမိပေးထားတဲ့ ကတိကို တန်ဖိုးမထားခဲ့ပါဘူး။ မိမိပေးပြီးသား ကတိကို တည်သင့်ပါတယ်။ အကယ်လို့ မတည်နိုင်ဘူး လုပ်မပေးနိုင်ဘူးဆိုရင် ဒီလို ကတိမျိုး အစကတည်းမပေးတာပဲကောင်းပါတယ်။ ပေးပြီးရင်တော့ တန်ဖိုးထားလုပ်ဆောင်သင့်တာပေါ့။ နောက်တစ်ခုကတော့ သူဟာ မုသားစကားကို မြတ်နိုးစွာပြောဆိုမိခဲ့တာပါ။ မိမိရဲ့ လိမ်ညာလှည့်ဖြားပြောဆိုမိခဲ့တာကြောင့် မိမိရဲ့ ပြန်လည်ရရှိနေတဲ့ မျက်စိအလင်းကို သူထပ်မံဆုံးရှုံးသွားခဲ့ပါတယ်။ ဒါကြောင့် ဒီနေရာမှာ မုသားပြောဆိုမှု့ရဲ့ အကျိုးတရားကို တစ်ခါတည်းခံလိုက်ရတာပါ။ လူ့ကျင့်ဝတ်တစ်ပါးဖြစ်တဲ့ မုသာဝါဒသိက္ခာပုဒ်ကိုလည်း လူသားတစ်ယောက်အနေနဲ့ တန်ဖိုးထား လိုက်နာသင့်ပါတယ်လေ။ ဘယ်ကြောင်းကြော့င်ဖြစ်ဖြစ် မုသားစကားမပြောမိပါစေနဲ့။

အရာရာတိုင်းကို အကောင်းမြင်တတ်တဲ့စိတ်၊ နားလည်ပေးတတ်တဲ့စိတ်ထားကလည်း ရှိဖို့လိုအပ်ပါသေးတယ်။ ဆေးဆရာရဲ့ သန္တာန်မှာ ယောနိသောမနသိကာရ အသင့်အတင့်နှလုံးမသွင်းတတ်တာကြောင့်၊ အကောင်းမြင်စိတ်ကလေးနဲ့ နားလည်မှု့မပေးနိုင်ခဲ့တာကြောင့် သူဟာ မကောင်းတဲ့အကုသိုလ်တရားကို ပြုလုပ်မိတာကြောင့် ဘ၀ပေါင်းမြောက်များစွာ ဒုက္ခကိုခံစားခဲ့ရတာပါ။ အပြစ်နဲ့တကွ မကောင်းသောအကျိုးတရားများ လူသားတိုင်းကို ဖြစ်စေတတ်တဲ့ မကောင်းမှု့များကို မလုပ်မိအောင်၊ မလွန်ကျူးမိအောင် ကြိုးစားသင့်ပါတယ်။

မကောင်းမှု့ကို ပြုလုပ်ခဲ့တဲ့အတွက် မကောင်းကျိုးများရဲ့ တန်ပြန်သက်ရောက်မှု့ကို ခံစားခဲ့ရတဲ့ ဆေးဆရာလို မဖြစ်စေဖို့၊ ကောင်းမှု့ကို ပြုလုပ်ပြီး ကောင်းကျိုးများရဲ့ တန်ပြန်သက်ရောက်မှု့ကို ခံစားရမယ့် သူတစ်ယောက်ဖြစ်စေဖို့အတွက်တော့ မိမိက ကောင်းတဲ့အရာတွေကို လုပ်ဆောင်သင့်ပါတယ်။ သက်ရောက်မှု့တိုင်းမှာ တန်ပြန်သက်ရောက်မှု့ဆိုတာ ရှိနေတတ်လို့ပါပဲ။

တကယ်တော့ အရာရာတိုင်းအတွက် စိတ်စေတနာဟာ အရေးကြီးဆုံးပါပဲ။ စိတ်ထားကောင်းအောင်နေမှ ကောင်းတာလေးတွေ ပြုလုပ်တတ်ကြပြီး ကောင်းတဲ့အကျိုးတရားများကို ခံစားရရှိကာ ငြိမ်းချမ်းပျော်ရွှင်ရမှာပါ။ ဘယ်အရာကိုပဲ လုပ်လုပ်၊ ဘယ်အရာကိုပဲ ပြောပြော၊ ဘယ်အရာကိုပဲ ကြံကြံ ကောင်းတဲ့စိတ်ထားအတွေးလေးနဲ့သာ လုပ်ပါ၊ ပြောပါ၊ တွေးကြံစေချင်ပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဗုဒ္ဓမြတ်စွာက ဒေသနာနိဂုံးမှာ ဟောကြားထားခဲ့ပါသေးတယ်။

“နာမ်ခန္ဓာလေးပါးတို့သည် စိတ်သာလျှင် ရှေ့သွားရှိကြပါတယ်၊ စိတ်သာလျှင် အကြီးအမှုးရှိကြပါတယ်။ စိတ်ဖြင့်သာ ပြီးဆုံးကြပါတယ်။ ပြစ်မှားလိုတဲ့ စိတ်စေတနာနဲ့ အကယ်၍ ပြုလုပ်မယ်၊ ပြောဆိုမယ်၊ တွေးကြံစည်မယ်ဆိုပါက ထိုသို့ ပြစ်မှားလိုတဲ့ စိတ်စေတနာနဲ့ ပြစ်မှားလိုတဲ့ စိတ်စေတနာနဲ ပြုလုပ်၊ ပြောဆို၊ တွေးကြံတဲ့အတွက်ကြောင် လှည်းဘီးဟာ ၀န်ဆောင်နွားရဲ့ နောက်ကို အစဉ်လိုက်နေသလိုပါပဲ၊ ထိုမကောင်းသောစိတ်နဲ့ ပြုလုပ်၊ ပြောဆို၊ တွေးကြံသူရဲ့ နောက်ကို ဒုက္ခဆင်းရဲခြင်းတရားတွေဟာ အစဉ်ထာဝရလိုက်တတ်ပါတယ်” ဆိုတဲ ဗုဒ္ဓရဲ့ အဆုံးအမလေးပါ။

ဒါကြောင့် ဆင်းရဲခြင်းတရားတွေကို အလိုမရှိ၊ သက်ရောက်ခြင်းမရှိစေချင်ဘူးဆိုရင် ပြစ်မှားလိုတဲ့ စိတ်စေတနာ၊ မကောင်းတဲ့ စိတ်စေတနာများကိုဖြစ်စေပြီး အရာရာတိုင်းကို မပြုလုပ်ဖို့၊ မပြောဆိုဖို့၊ မတွေးကြံဖို့ပဲ လိုပါတယ်။

ဆန့်ကျင်ဘက်အနေအားဖြင့်ပေါ့၊ သန့်ရှင်းတဲ့ စိတ်စေတနာနဲ့၊ ကောင်းမြတ်တဲ့ စိတ်စေတနာနဲ့ ပြုလုပ်မယ်၊ ပြောဆိုမယ်၊ တွေးကြံမယ်ဆိုရင် ထိုကောင်းမြတ်တဲ့ စိတ်တေနာတို့ရဲ့ အကျိုးဆက်များဖြစ်တဲ့ ချမ်းသာခြင်းတရားများဟာ စာရေးသူတို့ရဲ့ အရိပ်ပမာတည်ရှိလိုက်ပါနေမှာဖြစ်ပြီး ကောင်းမြတ်တဲ့ သက်ရောက်မှု့တွေနဲ့အတူ ငြိမ်းချမ်းတဲ့ဘ၀တစ်ခုကို ရရှိမှာပါ။

(ဥယျာဉ်မှုးလေး)

Read more...

၉.၇.၂၀၁၀ ရက်နေ့ည တရားပွဲအစီအစဉ် စစ်ကိုင်းမြို့မြစင်္ကြာပရိယတ္တိစာသင်တိုက် ဆရာတော်

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းတစ်နှစ်ပြည့်အထူးအစီအစဉ်အနေနဲ့
၉.၇.၂၀၁၀ ရက်နေ့ ည (၈း၀၀)နာရီတွင် စစ်ကိုင်းမြို့ဆင်များရှင်ဘုရားရင်ပြင်တော် ဓမ္မာရုံအတွင်းစစ်ကိုင်းတောင်ရိုးမြစင်္ကြာပရိယတ္တိစာသင်တိုက်ဦးစီးပဓါနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒကာဘိဝံသ မှ တရားရေအေးအမြိုက်ဆေးကိုတိုက်ကျွေးခဲ့ပါတယ်။
ဓမ္မဒါနကုသိုလ်ရှင်များက တော့ဆွမ်းလောင်းအသင်းအလှူရှင်များဖြစ်ကြသော ကိုဖြိုး၊ကိုထက် (ရွှေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး) မန္တလေးမှဖြစ်ကြပါတယ်။
ဆရာတော်မှတရားပွဲအပြီးတွင် ဓမ္မပူဇာအလှူငွေများနှင့် လှူဖွယ်ဝတ္တုအားလုံးအား ဦးကောဝိဒထံသို့ ပြန်လည်လှူဒါန်းသွားခဲ့ပါသည်။


IMG_0551.JPG

၉.၇.၂၀၁၀ ရက်နေ့ညတရားပွဲအစီအစဉ်.JPG

IMG_0560.JPG

IMG_0559.JPG

IMG_0555.JPG

Prev: သံဃာတော် ၄၀၀ ကျော်တို့အားအရုဏ်ဆွမ်းနှင့်ဆွမ်းလောင်းအစီအစဉ်

Read more...

စာအုပ်များနှင့် ခရီးသွားခြင်း (အဆက်)


ယခင် အဆက်....

(၂)

တစ်ခါက ကြောက်မက်ဖွယ်ကောင်းလှသော အဖြစ်အပျက်တစ်ခုမှာ မျက်စိထဲက ထုတ်ပစ်လို့ မရခဲ့ပါ။ ဘာမှမထူးဆန်းသော သာမန် စာမရတာတစ်ခုတည်းနှင့် စာချဘုန်းကြီးမှာ ဒေါသအမျက် ချောင်းချောင်းထွက်ပြီး အနီးက ဓားနှင့် ကိုရင်ဆီကို လှမ်းပေါက်လိုက်သည်။ ပေါက်လိုက်သော ဓားငယ်မှာ အဆိုပါကိုရင်၏ တင်ပါးကို စိုက်ဝင်နေခဲ့သည်။ ထိုစဉ်က ကြောက်လွန်း၍ ဘာမှ အထူးမစဉ်းစားခဲ့ဖူးသော်လည် ယခုအခါတွင် ထိုအဖြစ်အပျက်မှာ နှလုံးသားတွင် ဒဏ်ရာတစ်ခုလို ဖြစ်နေခဲ့လေသည်။

ထိုအဖြစ်အပျက်နည်းတူ တစ်ခါက စာဝါလိုက်စဉ် (သင်တန်းတက်စဉ်) စာတွေကို စာချဘုန်းကြီးက တစ်ပါးချင်း လှမ်းမေးနေသည်။ ကိုရင်တစ်ပါးက ထစ်နေသောအခါ “အာ”ဆိုပြီး အနီးက သုံးမြှောင့်သစ်သားတုံး (၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟု သုံးခု ရေးထားသော သုံးမြှောင့်သစ်သားတုံး၊ ပိဋကတ်သုံးပုံကိုယ်စားပြု သစ်သားတုံး)ဖြင့် အားကုန်လှမ်းပစ်လိုက်ရာ ခေါင်းကွဲပြီး သွေးများ ဖြာထွက်လာခဲ့သည်။

ထိုကဲ့သို့ အကြမ်းပတမ်း လုပ်တတ်သော ဓလေ့မှာ ဘုန်းကြီးများမှ တစ်ဆင့် အိမ်ထောင်ဦးစီး ဒကာကြီးများသို့ ဆင်းသက်သွားဟန်ရှိသည်။ အချို့မိဘများမှာ စည်းကမ်းကြီးခြင်းဟူသော ၀တ်ရုံကို ၀တ်ပြီး သားသမီးများကို အနိုင်ကျင့်တတ်ကြသည်။ သူတို့ဖြစ်စေချင်သလို သူတို့မျှော်လင့်သလို ဖြစ်လာအောင် သားသမီးကို အတင်းအကျပ် တိုက်တွန်းသည်၊ လုပ်စေသည်။ သားသမီးက အဆိုပါ မိဘတို့ ရွေးချယ်မှုကို သဘောကျလျှင်တော့ ကိစ္စမရှိ။ သဘောမကျဘဲ၊ ၀ါသနာမပါဘဲ အတင်းလုပ်ခိုင်းခြင်းမှာ အနိုင်ကျင့်ခြင်းတစ်မျိုးပင် ဖြစ်သည်ဟု ယုံကြည်ပါသည်။

ယနေ့ကမ္ဘာဗုဒ္ဓဘာသာနိုင်ငံများတွင် အုပ်ချုပ်သူတို့သည်လည်း ဗုဒ္ဓဘာသာ၏ အဆိုပါ စိတ်ဓာတ်မျိုး ကိန်းဝပ်လာကြဟန်ရှိပါသည်။ အထူးသဖြင့် မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို...နိုင်ငံများက အစိုးရများသည် သားသမီး သို့မဟုတ် တပည့်များကို အတင်းအကြပ် သူတို့ဖြစ်စေချင်သလို ဖြစ်အောင် လုပ်နေကြပေသည်။ ဗုဒ္ဓဘာသာတွင် မြတ်စွာဘုရားက ဒေါင်လိုက်အုပ်ချုပ်ရေး (linear) ကို သဘောမကျ။ အလျားလိုက် အုပ်ချုပ်ရေး (Non linear)ကို ဟောကြားခဲ့သည်။ ဒေါင်လိုက်အုပ်ချုပ်ရေးတွင် ကြီးသူ၊ အာဏာရသူတို့မှ တစ်ဆင့်ချင်း အာဏာအားဖြင့် အုပ်ချုပ်သည်။ ကြီးသူ၊ အားရှိသူတို့က မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ အောက်ကလူတွေ အားလုံး လိုက်လုပ်ရသည်။ စောဒကတက်ခွင့်မရှိ။ ခေတ်စကားဖြင့် ပြောရလျှင် လူ့အခွင့်အရေး အပြည့်အ၀ မရှိ။ ကြီးသူ အာဏာရသူက တရားမျှတစွာ စီမံအုပ်ချုပ်နိုင်လျှင် ထိုလူ့အဖွဲ့အစည်း ကောင်းကျိုးရမည်။ အထက်လူကြီးများ ဗရမ်းဗတာ အုပ်ချုပ်လျှင် ဘာမှ ပြန်မပြောဘဲ ခေါင်းငုံခံ။ ဒေါင်လိုက်အုပ်ချုပ်ရေးမှာ ဤသဘောဖြစ်သည်။ ထို့ကြောင့် ဤနည်းကို မြတ်စွာဘုရား သဘောမကျ၊ အားမပေး။

အလျားလိုက် အုပ်ချုပ်ရေးတွင် အရေးအကြီးဆုံးလူဟူ၍ မရှိ။ ပါဝင်ပတ်သက်သူအားလုံး အရေးကြီးသည်။ တာဝန်ရှိသည်။ အားလုံးတွင် လုပ်ပိုင်ခွင့် အပြည့်အ၀ ရှိသည်။ လူ့အခွင့်အရေး အပြည့်အ၀ ရှိသည်။ အရာအားလုံးကို ကိုယ့်ဆန္ဒအတိုင်း လွတ်လပ်စွာ လုပ်ကိုင်နိုင်သည်။ တစ်နည်းအားဖြင့် အများဆန္ဒသည် အမှန်တရားဖြစ်သည်။ ကိုတာ မိတ်ဆက်ဖော်ပြသော ဦးထုပ်ခြောက်လုံးစဉ်းစားနည်းမှာ ဤသဘောပင် ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ ဟောကြားချက်များတွင် ဤအဆိုပြုချက်ကို ထောက်ခံပေးနေသော သာဓက၀တ္ထုများစွာ ရှိသည်။ အချင်းချင်း စည်းဝေးတိုင်ပင်ခြင်း၊ တစ်ဦးကိုတစ်ဦး (အာဏာရှိရှိ မရှိရှိ) လေးစားမြတ်နိုးခြင်း၊ အကြီးဆုံးလူ၏ စကားပင်ဖြစ်စေကာမူ တရားသဖြင့် ပြောသလား၊ မတရားသဖြင့် ပြောသလား စဉ်းစားပြီးမှ လက်ခံစေခြင်း၊ ……..စသော သဘောတရားများမှာ မြတ်ဗုဒ္ဓက နေရာများစွာတွင် ဟောကြားပေးထားသည်။ သို့သော်……..

တစ်ဖက်က ကြီးသူကို လေးစားခိုင်းသည်။ ကြီးသူတို့၏ စကားကို ရှေ့တန်းတင်ထားသည်။ ဤသဘောတရားမှာ လူ့လောကအတွက် ရှိသင့်ရှိထိုက်သော ကျင့်ဝတ်တရားဖြစ်သည်။ သို့သော်…။ ဒါပေမယ့်…။ သို့ရာတွင်…. ဗုဒ္ဓဘာသာလူကြီးများက အဆိုပါ လူ့ကျင့်ဝတ်ကို အလွဲသုံးစားလုပ်ပစ်လိုက်ကြဟန် တူသည်။ လူ့ကျင့်ဝတ်ကို အတ္တနှင့် ပေါင်းဖက်လိုက်သောအခါ လူ့ကျင့်ဝတ်က ပုံပျက်သွားခဲ့ပုံရသည်။ လူ့ကျင့်ဝတ်ပုံပျက်သွားသော်လည်း သူတို့မှာ ဗုဒ္ဓဘာသာဟူသော အမည်နှင့်လူ့ကျင့်ဝတ်ဟူသော အမည်တို့မှာ တင်ကျန်ရစ်နေသည်။ ဤဖြစ်အင်က ဗုဒ္ဓဘာသာကို ပြန်လည်အိုးမည်းသုတ်လိုက်ပြန်သည်။ လူကြီးစကားကို လေးစားတန်ဖိုးထားခြင်းနှင့် လူကြီးစကားကိုသာ အမှန်ဟု ယူလိုက်ခြင်း ဝေါဟာရနှစ်ရပ်ကို ဂဃနဏ ကွဲပြားသိမှသာ ဗုဒ္ဓဘာသာ မျက်နှာပွင့်လိမ့်မည်ဟု ယုံကြည်သည်။

ယခုအခါတွင်ကား ကမ္ဘာအနှံ့မှ ပြန့်နှံ့လာသော ယဉ်ကျေးမှုများကြောင့် ဘုန်းကြီးများ အသိပညာပွင့်လာပြီး ရိုက်နှက်ဆုံးမသော ဓလေ့ အတော်နည်းပါးလာသည်ကို ၀မ်းမြောက်ဖွယ်ရာ တွေ့လာရသည်။ ဆရာသမားတွင် ဆရာသမားစည်း၊ တပည့်တွင် တပည့်စည်း၊ မိဘတွင် မိဘစည်း၊ သားသမီးတွင် သားသမီးစည်း…အသီးအသီး စည်းရှိဖို့ လိုအပ်သည်ဟု ထင်သည်။ မိသားစုများတွင် ပြဿနာများ ရှိနေတတ်သည်မှာ အဆိုပါ စည်းကို ဘောင်ကျော်မိကြ၍ဖြစ်သည်ဟု ထင်သည်။ ဤနေရာတွင် ပြောလိုသည်မှာ ဤအကြောင်းများ မဟုတ်ပါ။ စာအုပ်များအကြောင်းသာ ဖြစ်ပါသည်။

ငယ်ဘ၀က တောင်ငူမြို့က နာမည်ကြီး “ဆဲဗင်း စတိုး စာအုပ်ဆိုင်”မှာ စာအုပ်တွေ ဟိုလှန်သည်လှန် လုပ်နေတိုင်း ပြုံးပြုံးကြီး ကြည့်နေတတ်သော ဆိုင်ဝန်ထမ်းများကိုလည်း မြင်ယောင်မိပါသည်။ သူတို့ ဘာကြောင့်ပြုံးနေကြသည်ကို အခုမှ သဘောပေါက်သလိုလို ဖြစ်လာသည်။ ကိုရင်ပေါက်စက စာအုပ်ကြီးများ လှန်လှောနေသောမြင်ကွင်းမှာ သူတို့အတွက် ထူးဆန်းကောင်းထူးဆန်းနေပါလိမ့်မည်။ “ကိုရင်လေး စာအုပ်ဝါသနာပါလား”လို့ ပြောပြောဆိုဆို ၀န်ထမ်းတစ်ယောက်က ဒေါက်တာမတင်ဝင်း၏ “ရာဇ၀င်တွင်သော မိန်းမသား”ဆိုသော စာအုပ်ကို လာပေးသည်ကို မှတ်မှတ်ရရ ရှိနေခဲ့သည်။ ထိုစာအုပ်ထဲမှ မွန်ဘုရင် ရာဇာဓိရာဇ်၏ ဘ၀ပုံရိပ်မှာ တစ်သက်လုံး (အခုအချိန်အထိ) လွှမ်းမိုးလာနေခဲ့သည်။ ရာဇာဓိရာဇ်၏ စိတ်ဓာတ်ကို အစွဲကြီး စွဲခဲ့ပါသည်။ အထူးသဖြင့် “တော်တဲ့သူဆိုရင် ချစ်မြတ်နိုးတတ်သော သူ၏ စိတ်ဓာတ်”ကို အားကျခဲ့ပါသည်။

ဘ၀တစ်လျှောက်လုံးတွင် တော်သူတွေ၊ ထက်မြတ်သူတွေကို တွေ့တိုင်း အားကျစိတ်၊ လေးစားစိတ် ကြည်ညိုစိတ်ဖြစ်သည်။ တော်သူတွေ၊ ထက်မြတ်သူတွေ အထက်တန်းနေရာများ ရလျှင် ၀မ်းသာသည်။ ရာဇာဓိရာဇ်သည် နဖူးပြောင်သည်၊ နှုတ်ခမ်းထော်သည်၊ ပြောရလျှင် ရုပ်ဆိုးသည်။ သို့ရာတွင် မဟုတ်မခံ၊ ထက်မြတ်သော နှလုံးသားရှိသည်။ ဖြတ်ထိုးဉာဏ်ရှိသည်။ သို့ရာတွင် သူ့ဖခင် (ဗညားဦး ထင်သည်)က သူ၏ ကောင်းမွန်သောအရည်အချင်းများကို မျက်ကွယ်ပြုပြီး ရုပ်ဆိုးလို့ဆိုပြီး သူ့ကို ဦးစားမပေးခဲ့။ ၁၆-နှစ်သားအရွယ်တွင် တောထွက်ခဲ့သည်။ ဒဂုံဘက်က တောထဲသို့ ဖြစ်သည်။ တရားအားထုတ်ဖို့တော့ မဟုတ်၊ ထီးနန်းကို သိမ်းပိုက်ဖို့ အင်အားသွားစုခြင်းဖြစ်သည်။ ဖခင်က သူ့အရည်အချင်းကို အသိအမှတ် မပြုခဲ့၍လော မသိ၊ သူ ဘုရင်ဖြစ်လာသောအခါ ပညာရှင်များကို နေရာပေးသည်။ ဦးစားပေးသည်။ သူ့လက်ထက်တွင် ဟံသာဝတီသည် ထွန်းတောက်ခဲ့သည်။

ထိုကဲ့သို့ ရာဇာဓိရာဇ် လွှမ်းမိုးမှုကြောင့် အရွယ်လေး ရလာသောအခါ စာတော်သူများ သို့မဟုတ် အရည်အချင်းရှိသူများကို အလိုလိုနေရင်း ချစ်နေတတ်ပါသည်။ ဉာဏ်ကောင်းလျှင်၊ စာဖတ်ဝါသနာပါလျှင်၊ သတ္တိရှိလျှင် အလိုလိုနေရင်း လိုက်လံပြီး မိတ်ဖွဲ့တတ်နေသည်။ ထိုသဘောထားက ကောင်းကျိုးပေးသည်က များသော်လည်း မလိုအပ်သော ဆိုးကျိုးလေးများလည်း ဖြစ်ခဲ့ဖူးသည်။ ကိုယ်က သူ့ကို တော်လို့ အရည်အချင်းရှိလို့ လေးလေးစားစား ဆက်ဆံသည်ကို အခွင့်ကောင်းအယူခံရခြင်းမျိုး ဖြစ်သည်။ သင်တန်းတွင် အထူးသဖြင့် ကျောင်းသူများဖြစ်နေလျှင် သူတို့ကို ဘာလိုလိုညာလိုလိုဖြစ်လို့ ထိုသို့ ဆက်ဆံနေသည်ဟု အထင်ခံရသည်။ ဘာပဲဖြစ်ဖြစ် လူတော်၊ လူကောင်းများကို ချစ်သောစိတ်သည် အခါခပ်သိမ်းကောင်းမွန်နေသော စိတ်ဓာတ်ဖြစ်သည်ဟု ယူဆနေဆဲပင် ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်.....

Read more...

အမေ

ကျွန်တော်သည် ညအိပ်ခါနီး အိပ်ရာပေါ်တွင် စာဖတ်သော အလေ့အကျင့်ရှိပါသည်။ ကျွန်တော်၏ အိပ်ရာ ညာဘက်တွင် အ၀တ်အစားထည့်ထားသော သံသေတ္တာတလုံးနှင့် စာအုပ်စာစောင်များ ထည့်ထားသော ထင်းရှူးသေတ္တာအဟောင်းတလုံးကို စီ၍ ချထားပါသည်။

တည၌ ကျွန်တော်သည် အိပ်ရာပေါ်တွင် စာဖတ်ပြီးအိပ်မည်ဟု မီးမှိတ်၍ ခေါင်းချကာ မှိန်းနေစဉ် စာအုပ်ထည့်ထားသော ထင်းရှူးသေတ္တာအတွင်းမှ ဂလုတ်၊ ဂလုတ်-ဟု အသံကြားပါသည်။
ကျွန်တော်လည်း မီးပြန်ဖွင့်ပြီး ထင်းရှူးသေတ္တာအဖုံးကို ဖွင့်ကြည့်ရာ သေတ္တာထိပ်အောက်ခြေတွင် ဒင်္ဂါးပြားခန့်ရှိ အပေါက်မှ ကြွက်တကောင် ထွက်ပြေးသွားသည်ကို တွေ့လိုက်ရပါသည်။

နောက်တကြိမ်လာ၍ သေတ္တာထဲဝင်ကာ စာအုပ်များကို ကိုက်မည်စိုးရိမ်သောကြောင့် သစ်သားပြားကလေး တခုဖြင့် အပေါက်ကို ပိတ်ထားလိုက်ပါသည်။
ကြွက်လေးမှာ နောက်ထပ်လာတော့မည်မဟုတ်ဟုထင်ကာ ခေါင်းအုံးပေါ် ခေါင်းချလိုက်ပါသည်။ မကြာပါချေ ထိုကြွက်ကလေး နောက်တကြိမ်လာ၍ အပေါက်ကို ကိုက်သဖြင့် သေတ္တာကိုပုတ်၍ ခြောက်လိုက်ပါသည်။ နောက်တခါလာလျှင် ကြောက်အောင် ခြောက်လိုက်မည်ဟု စိတ်ကူးကာ သစ်သားပေတံတချောင်းကို လက်နားတွင် ယူထားလိုက်သည်။

သုံးမိနစ်ခန့်ကြာသော် သေတ္တာကို ကိုက်သံကြားသဖြင့် အမှောင်ထဲတွင် ပေတံကို အသာအယာ အသံမကြားအောင် ဒေါင်လိုက်ကိုင်ပြီး သေတ္တာအပေါက်တည့်တည့်ကို ပေတံစောင်းနှင့် ရိုက်လိုက်သည်။ ကြွက်ကို ထိသွားမှန်းသိသဖြင့် လက်နှိပ်ဓာတ်မီးနှင့် ထိုးကြည့်ရာ ကြွက်ကလေးမှာ နေရာတွင် ချာချာလည် နေသည်။ ထို့နောက် ဆန့်ငင်၊ ဆန့်ငင် နှစ်ခါ သုံးခါ ဖြစ်ပြီး ထ၍ ပြေးသွားပါသည်။

သည်တခါတော့ ပြန်လာမည်မဟုတ်ဟုထင်ကာ ပြန်အိပ်၍ မှေးမှေးပျော်စတွင် ကိုက်သံကြားသဖြင့် အိပ်ရာမှထပြီး သေတ္တာကိုဖွင့်၍ သေချာစွာ ကြည့်ရှုရာ အို-ဟု ကျွန်တော် ပါးစပ်မှ အသံထွက်သွားပါသည်။
ဇနီးသည်က ဘာတွေ့လို့လဲ-ဟုမေးရာ ထကြည့်ရန် ကျွန်တော်ပြောသဖြင့် နှစ်ယောက်သား သေတ္တာထဲကို ကြည့်လိုက်သည်။ ခဲတံတိုနှင့် မြေဖြူခဲအတိုအချို့ ထည့်ထားသော နို့ဆီခွက်ထဲတွင် ကြွက်နီတာတွတ်သားပေါက် ကလေး သုံးကောင်ကို တွေ့လိုက်ရပါသည်။

ဒါကြောင့် သားပေါက်ကလေးများနှင့် တွေ့ရန် အသက်စွန့်ပြီး ကြွက်မက လာကိုက်နေတာကိုး ဇနီးသည်က မှတ်ချက်ချပါသည်။ ကျွန်တော်လည်း စာအုပ်နှင့်ပိတ်ထားသော သစ်သားပြားကလေးကို ဖွင့်ပေးလိုက်ပါသည်။ နံနက်မိုးလင်း၍ ကြည့်လိုက်ရာ ကြွက်ပေါက်ကလေးများ မရှိတော့ပါ။ မိခင်က ဘေးကင်းရာကို ခေါ်ဆောင် သွားပြီဖြစ်ပါသည်။

ကြီးဆွေ
(မြတ်မင်္ဂလာ ၂၀၀၉-ခု မတ်လ)

Read more...

ပြောင်းသွားပေမယ့် အကောင်းပြောင်း မဟုတ်ပြန်တော့…

ပို့စ်ခေါင်းစဉ်လေးကတော့ ခတ်ဆန်းဆန်းလေးပဲလို့ ထင်စရာရှိပါတယ်။ တကယ်လည်းဆန်းပါတယ်။ အကြောင်းအရာ အဖြစ်အပျက်က လက်တွေ့ဆန်နေတော့ ယုံနိုင်စရာမရှိအောင်ကိုပဲ ဆန်းသွားတာပေါ့။ ဖြစ်ပုံက ဒီလိုပါ။ ဟိုလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက် ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ သူတစ်ယောက်နဲ့ အတော်ကြာကြာ ကွဲကွာနေခဲ့ပြီး မကြာခင်ကမှ ပြန်ဆုံဖြစ်ခဲ့ရာမှ ပြောင်းသွားလိုက်တဲ့ သူ့ရဲ့အသွင် အပြင်ကြောင့် တအံ့တသြ အဆန်းတစ်ကြယ် ဖြစ်မိခဲ့တဲ့ အဖြစ်လေးပါ။ ရင်းနှီးကျွမ်းဝင်တယ် ဆိုတာထက် ဆရာတပည့် တော်စပ်ခဲ့တာလို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ပြောမယ်ဆိုရင်တော့ အရှည်ကြီးပါ။

သူနဲ့ စတွေ့တဲ့နေ့က သူ့အမူအရာက မှုံသိုးသိုး ညစ်ပေပေနဲ့ ဘာကိုမှ ဂရုမစိုက်၊ အလေးမထားလိုတဲ့ အသွင်ကို ဆောင်နေတယ်လို့ ခံစားခဲ့ရပါတယ်။ အသိတစ်ယောက်က လာပြီးအပ်နှံလို့ လက်ခံထားရပေမယ့် သူ့အဖေအမေလည်း အတိအကျမသိရ၊ ဘယ်ဇာတိဆိုတာလည်း မပြောနိုင်၊ ဘယ်မှာနေတာလည်း ဆိုပြန်တော့ ဟိုနေဒီနေပဲတဲ့။ သနားစရာ ကောင်းပေမယ့် သနားဖို့မကောင်းတဲ့ သူတစ်ယောက်လို ဖြစ်နေတဲ့ သူ့ရဲ့အသွင်အပြင် အမူအရာ အပြောအဆိုကြောင့် ပုထုဇင်သဘာဝ စိတ်ထဲမှာတော့ သဘောမတွေ့လှပါဘူး။ နောက်ဆုံးတော့လည်း “အေးလေ… အပ်တဲ့သူကလည်း အပ်သွား၊ ရောက်လာသူကလည်း ရောက်လာပြီ ဆိုတော့ လက်ခံရတော့မှာပေါ့”လို့ တွေးပြီး သူ့ကိုလက်ခံ ခဲ့ပါတယ်။ ဒါက သူနဲ့စတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။

ကိုယ့်ဆီရောက်လာတော့လည်း ကိုယ့်တာဝန် ဖြစ်နေပြန်တော့ သူနဲ့ပတ်သက်တာတွေကို လစ်လျူရှုထားလို့ မရပြန်ပါဘူး။ အစစ အရာရာ သွန်သင်ပြရပါတယ်။ အပြောအဆို အနေအထိုင်က အစပေါ့။ ဒီလိုမပြောနဲ့ ဒီလိုပြော၊ ဒီလိုမနေနဲ့ ဒီလိုနေ၊ ဘုန်းကြီးတွေနဲ့ ပြောရင်ဒီလိုပြော၊ လူကြီးသူမတွေနဲ့ ပြောရင် ဒီလိုပြော၊ ဘုန်းကြီးဆရာသမား၊ လူကြီးသူမများရှေ့ သွားလာတဲ့အခါ ဒီလိုသွား၊ ဒီလိုလာ စသဖြင့် အစစအရာရာ အောက်ခြေသိမ်းကအစ သွန်သင်ပြရပါတယ်။ ကလေးမဟုတ်၊ လူကြီးမဟုတ်တဲ့အရွယ်ဆိုတော့ သင်ပြရတာ တော်တော်လေးကို သီးခံရပါတယ်။ ပိုဆိုးတာက မွေးကတည်းက ပါလာတဲ့ ဗီဇရယ်၊ ကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင်ရယ်ကြောင့် ဘယ်လောက်ပဲသင်သင် ပြင်တယ်လို့ကို မရှိဘဲ ဖြစ်နေတာပါ။ ခွေးမြီးကောက် ကျည်တောက်စွပ်ဆိုတဲ့ မြန်မာစကားပုံလိုပဲ သင်နေတုန်းခဏ ပြင်သလိုရှိပေမယ့် နောက်တော့လည်း ဒုံရင်းဒုံရင်း အတိုင်းဖြစ်နေပြန်ပါတယ်။

ဘယ်လောက်ပဲသင်သင်၊ ဘယ်လိုပဲ ဆုံးမဆုံးမ ပြုပြင်လို့ မရတဲ့ သူ့ရဲ့ဗီဇ၊ သူ့ရဲ့စရိုက်တွေကြောင့် ပညာရှိများ ဆုံးမတဲ့ “မျိုးစေ့မမှန် ပင်မသန် ဖူးတံငုံကင်း အသီးဖျင်း၏”လို့ ဆိုတဲ့ ဆုံးမစာလေးကိုပဲ အထပ်ထပ် ရေရွတ်နေမိခဲ့တာတွေလည်း ရှိပါတယ်။ ပြုပြင်တဲ့အခါ ဉာဏ်မကောင်းတာ၊ ပျင်းတာ၊ အလုပ်လက်ကြော မတင်းတာ စတာတွေအတွက် အထိုက်အလျောက် သီးခံပြီး ကြိုးစားသွန်သင်နိုင်ပေမယ့် သူ့ရဲ့ ခိုးတတ်ဝှက်တတ်၊ လိမ်ညာပြောဆိုတတ်တဲ့ အကျင့်စရိုက်တွေ အတွက်တော့ တော်တော့်ကို ရင်လေးမိပါတယ်။ ဒီအကျင့်တွေကြောင့် ရိုက်နှက်ဆုံးမခဲ့ရတာတွေလည်း ကြိမ်လုံးတောင် မလောက်တဲ့အထိပါ။ ဒါပေမယ့်သူကတော့ ဒုံရင်းဒုံရင်းအတိုင်းပါပဲ။

ကျောင်းရောက်ပြီး လေးငါးခြောက်လလောက် အကြာမှာ ကျောင်းအောက်မှာ ဆဲဆိုနေတဲ့ သူ့ရဲ့အသံကြားလို့ ခေါ်ပြီး ဘာလို့ဆဲတာလည်းလို့ မေးတော့ သူက သူမဟုတ်ပါဘူးလို့ ဖြေတယ်လေ။ အောက်မှာ မင်းကလွဲပြီး ဒီလောက်အော်ကြီး ဟစ်ကြယ်ဆဲတတ်တဲ့သူ တစ်ယောက်မှ မရှိဘူးလို့ ပြောတော့လည်း သူက ဇွတ်အတင်းပဲ သူမဟုတ်ပါဘူး၊ သူနဲ့အသံတူတဲ့သူ ဖြစ်မှာပါလို့ ဗြောင်တောင်လိမ်လိုက် ပါသေးတယ်။ သူပြောမှပဲ ကိုယ့်ကိုယ်ကိုတောင် နားကြားများလွဲလို့လား၊ မျက်စိပဲ မကောင်းလို့လားလို့ ဟိုလိုလိုဒီလိုလို တွေးဖြစ်ခဲ့ပါသေးတယ်။ သေချာတာကတော့ သူဟာ ဗီဇကြမ်း၊ စရိုက်ကြမ်း၊ ပတ်ဝန်းကျင်ကြမ်းတွေနဲ့ ကျင်လည်ခဲ့ရတဲ့အတွက် ဒီလိုဆဲတတ်ဆိုတတ်၊ ခိုးတတ်ဝှက်တတ်တဲ့ အကျင့်တွေ ရနေတယ်ဆိုတာ သေချာပါတယ်။ သူလိုသူတွေကိုကြည့်ပြီး ဗီဇနဲ့ ပတ်ဝန်းကျင်ဆိုတာ သိပ်အရေးကြီးကြောင်း သဘောပေါက်မိပါတယ်။ ဗီဇမကောင်းပေမယ့် ပတ်ဝန်းကျင်ကောင်းရင်လည်း အထိုက်အလျောက် ပြောင်းသွားနိုင်သလို ပတ်ဝန်းကျင်မကောင်းပေမယ့် ဗီဇကောင်းနေရင်လည်း ထင်သလောက် ဆိုးမသွားတတ်တာကို သတိပြုမိပါတယ်။ အဲ… ဗီဇလည်းမကောင်း၊ ပတ်ဝန်းကျင်လည်း မကောင်းဘူးဆိုရင်တော့ အခု သူ့လိုပဲ ဆုံးမပြုပြင်ရ ခက်တတ်တယ်ဆိုတာ လက်တွေ့သိလာရပါတယ်။ ဒါတောင် ဘုန်းကြီးကျောင်းရောက်လာလို့ တော်သေးတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ထားပါတော့။ ဆူလိုက်ကြိမ်းလိုက် အော်လိုက်ငေါက်လိုက် ရိုက်လိုက်ပုတ်လိုက်နဲ့ ပြုပြင်ဆုံးမလာခဲ့ရတဲ့ သူဟာ တစ်နေ့တော့ ကျောင်းကပျောက်ချင်းမလှ ပျောက်သွားခဲ့ပါတယ်။ သိတဲ့အတိုင်းပဲ သူ့ရဲ့ စရိုက်ဆိုးတွေ၊ ပြင်လို့မရတဲ့ ဗီဇတွေကြောင့် ဘယ်သွားမယ် ဘယ်လာမယ်ဆိုတာလည်း ပြောမသွားဘဲ ပျောက်သွားတာဆိုတော့ ကျန်တဲ့သူတွေကလည်း ဘယ်လိုက်လို့ လိုက်ရမှန်းမသိ ဖြစ်ကြရပါတယ်။ သူ့ခြေထောက်သူရပ် သူလမ်းသူလျောက် သွားနိုင်တဲ့အရွယ် ဖြစ်ပေမယ့် ကိုယ့်ဆီမှာ ဖြစ်သွားတာဆိုတော့ ကိုယ့်တာဝန်မကင်းဘူးလေ။ ဒါကြောင့် တတ်နိုင်သမျှ စုံစမ်းမေးမြန်းပြီး သက်ဆိုင်ရာကို အသိပေး အကြောင်းကြားခဲ့ရပါတယ်။ ဘယ်လိုပဲရှာဖွေ စုံစမ်းပေမယ့် နောက်ဆုံးတော့ သူ့သတင်းအစစအန မရဘဲ လက်လျော့လိုက်ခဲ့ရပါတယ်။ သူဆိုပေးမယ့် အနေကြာခဲ့တော့လည်း သံယောဇဉ်က ရှိနေပြန်တော့ တစ်ခါတစ်လေ သတိရဖြစ်ပြန်ပါတယ်။ ဒါပေမယ့် သူ့သတင်းကတော့ ပျောက်စဲပါပဲ။

အဲဒီလို သတင်းအစအနမရှိ ရုတ်တရက်ကြီး ဆယ်နှစ်ကျော် ပျောက်သွားလိုက်တဲ့ သူတစ်ယောက်က မကြာသေးခင်ကမှ အပြောင်းလဲကြီး ပြောင်းလဲပြီး ပေါ်ပေါက်လာခဲ့တော့ အံ့သြမှုနဲ့အတူ အထူးအဆန်း ဖြစ်ခဲ့ရတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဘယ်လောက်ထူးဆန်းလည်းဆိုရင် သူ့ရဲ့ အပြင်ပိုင်းအသွင်က အရင်တုန်းကလို မှုံကုတ်ကုတ်မဟုတ်တော့ဘဲ ပြောင်ပြောင်ရောင်ရောင် တောက်တောက်ပပနဲ့ မသိရင် တကယ့်ကိုပဲ သူဋ္ဌေးသားတစ်ယောက် ပုံစံပေါက်သွားတော့တာပါ။ ဆံပင်နီကြောင်ကြောင် အရောင်ရယ်၊ နောက်ကကြည့်ရင် ယောက်ျားမှန်းမသိ၊ မိန်းမမှန်းမသိတဲ့ ရှည်လျလျ ဆံပင်ရယ်၊ နားနှစ်ဖက်မှာ ၀တ်ထားတဲ့ နားကွင်းတွေရယ်၊ စူးရှရှ ထွက်နေတဲ့ အရက်အနံ့ရယ်၊ ပါးစပ်က၀ါးထားတဲ့ ပီကယ်တွေရယ်၊ ပြောတဲ့ဆိုတဲ့ အမူအရာတွေရယ်ကြောင့် ကိုယ့်တပည့်မှ ဟုတ်ပါ့မလားလို့တောင် ထင်စရာဖြစ်ခဲ့ပါတယ်။ သူကိုယ်တိုင် ဘယ်သူဘယ်ဝါပါလို့ မပြောရင် ဘယ်လိုမှ မမှတ်မိအောင်ကို အသွင်အပြင် ပြောင်းသွားခဲ့တာပါ။ ဒီနေ့ခေတ်လူငယ်တွေ အားကျစရာ အသွင်အပြင် အမူအရာတွေနဲ့ ဘုန်းကြီးဆရာသမား ရှေ့မှာတောင် ခါးလေးထောက်၊ မတ်တပ်လေးရပ်ပြီး စတိုင်ကျကျ နေထိုင်ပြောဆို ပြုမူတာတွေက ခေတ်မီတာလား ဘုန်းကြီးဆရာသမား မိဘတွေအပေါ်မှာ မရိုသေတာလားလို့တောင် သံသယ ဖြစ်စရာ ပြောင်းလဲခဲ့တာဆိုတော့ မအံ့သြဘဲ မနေနိုင်ခဲ့ပါဘူး။

ဒါပေမယ့် စိတ်မကောင်းစရာက သူ့ဘ၀ဟာ ပြောင်းလဲခဲ့ပေမယ့် အပြောင်းလွဲခဲ့တဲ့ ဘ၀ဖြစ်နေခဲ့တာပါ။ အပြင်ပိုင်း အသွင်အပြင်တွေ ပြောင်းခဲ့ပေမယ့် အတွင်းအဇ္ဈတ္တက မပြောင်းလဲခဲ့တော့ သူ့သံသရာအတွက် ခေါင်းခဲရတဲ့ အဖြစ်ပါ။ သူပြောင်းခဲ့တာတွေက မကောင်းတာတွေနဲ့ ပြောင်းခဲ့တာတွေဆိုတာ နောက်မှသိခဲ့ရပါတယ်။ အပြင်ပိုင်း အသွင်ပြောင်းဖို့အတွက် သူပေးဆပ်ခဲ့တာတွေက မတန်မရာတွေ ဖြစ်ကုန်တယ်ဆိုတာ သူကိုယ်တိုင် မသိပေမယ့် သိနေတဲ့သူတွေကတော့ နှမျောတသ ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် ဆရာသမားဖြစ်ခဲ့ဖူးတဲ့ ဘုန်းဘုန်းကိုယ်တိုင် စိတ်ထိခိုက်ရပါတယ်။

သူပြန်သွားပြီး နောက်ပိုင်း သူနဲ့အတူ နေထိုင်ပေါင်းသင်းခဲ့တဲ့ သူတစ်ယောက်ဆီက ပြန်ကြားရတဲ့ သူ့အကြောင်း၊ သူ့အပြောင်းအလဲ အကြောင်းကတော့ မယုံနိုင်စရာ စိတ်မကောင်းစရာပါ။ ရုပ်ပိုင်းဆိုင်ရာ အသွင်ပြောင်းဖို့အတွက် သူလုပ်ခဲ့တဲ့ အလုပ်တွေက သံသရာအတွက်တော့ မကောင်းလှပါဘူး။ သူပေါင်းခဲ့တဲ့ အပေါင်းအသင်းတွေကလည်း သူလိုဗီဇတူ၊ စရိုက်တူတွေဆိုတော့ ကောင်းတာလုပ်ဖို့ထက် မကောင်းတာလုပ်ဖို့ကို အားသန်သူတွေ ဖြစ်နေကြတယ်လို့ သိရပြန်ပါတယ်။ သူ့ဘ၀ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ငွေကြေးအမြောက်အများနဲ့ ချမ်းသာသွားတာက သူလုပ်တဲ့ စီးပွားရေး မှောင်ခိုလုပ်ငန်းများ၊ အလောင်းအစားများ၊ လူကုန်ကူးမှုများ၊ နောက်ဆုံးတားမြစ်ဆေး တင်သွင်းမှုများ စတာတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ အဆိုးဆုံးက မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာတွေမှာ ဆက်သွယ်ပို့ဆောင်ပေးတာ၊ သူကိုယ်တိုင် ကာမဂုဏ်ကိစ္စတွေမှာ ဖောက်ပြားတာ၊ အိမ်ထောင်ရှိသူရော မရှိသူတွေပါမရှောင် ဒုက္ခရောက်လို့ သူဆီရောက်လာရင် ကူညီသလိုနဲ့ နှမချင်းကိုယ်ချင်းမစာ လုပ်တတ်တာတွေက ပိုဆိုးတယ်လို့ သူ့အပေါင်းအသင်းက ပြောပြပါတယ်။

ပြောပြသူကတော့ ဆရာသမားတစ်ယောက် အနေနဲ့ သိရအောင်လို့ ပြောပြပေမယ့် နားထောင်ရတဲ့ သူမှာတော့ တကယ့်ကို စိတ်ထိခိုက်ရပါတယ်။ ဘုန်းကြီးကျောင်းမှာ နေခဲ့ရတဲ့ ဘုန်းကြီးကျောင်းသား တစ်ယောက်ဟာ ခဏတာရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကြောင့် မလုပ်သင့်တဲ့ မလုပ်ကောင်းတဲ့ အကုသိုလ် အလုပ်တွေအထိ လုပ်ပြီး ဘ၀ပြောင်းသွားရေးအတွက် ရွေးချယ်သွားခဲ့တဲ့ အပေါ်မှာ ရင်ထုမနာ ဖြစ်ခဲ့ရပါတယ်။ ကိုယ်တစ်ယောက် အခိုက်အတန့် ကောင်းစားရေးအတွက် အများဒုက္ခရောက်အောင်၊ အများအကျိုးယုတ်အောင် လုပ်နေတဲ့သူ့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ အခုအချိန်မှာ တားမြစ်ရင်လည်း အကုသိုလ်စရိုက် အားကြီးပြီး၊ ပညာနည်းကာ မထူးဇာတ်ခင်းနေတဲ့ သူကတော့ နားဝင်မှာ မဟုတ်ပါဘူး။ ဘာတတ်နိုင်မှာလဲ။ ကြုံရင်အထိုက်အလျောက် ပြုပြင်ပေးကြည့်ပြီး မရရင်တော့ သဗ္ဗေသတ္တာ ကမ္မဿကာပဲ လုပ်ရတော့မှာ ဖြစ်ပါတယ်။

ထားပါတော့။ ဒီနေရာမှာ အဓိကပြောချင်တာက ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်လေးတွေ ပြောင်းသွားပေမယ့် အကျင့်ပိုင်းဆိုင်ရာ ကုသိုလ်တရားတွေမှာ မပြောင်းဘဲ မကောင်းတဲ့ အကုသိုလ်လုပ်ရပ်တွေနဲ့ မကောင်းပြောင်းသွားတဲ့ တစ်ချိန်က ဘုန်းကြီးကျောင်းသား တပည့်တစ်ယောက်ရဲ့ အပြောင်းအကြောင်း အတုယူ ပြုပြင်စရာ အဖြစ် တင်ပြရင်း တခြားသူများလည်း သူ့ကိုကြည့်ကာ သူလိုမဖြစ်ကြစေဖို့ သတိပေး ပြောကြားလိုရင်း ဖြစ်ပါတယ်။ အခိုက်အတန့် ချမ်းသာရေးအတွက် မကောင်းတဲ့ အပြောင်းအလဲတွေနဲ့ အပါယ်လားစေနိုင်တဲ့ အလုပ်တွေ မလုပ်မိကြဖို့ သိစေလိုရင်း ဖြစ်ပါတယ်။ ခဏတာ အသွင်ပြောင်းဖို့အတွက် ဘ၀သံသရာ မကောင်းတဲ့ အပြောင်းတွေ မဖြစ်ဖို့ သတိပြုစေလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် အပြောင်းအလဲတွေနဲ့ မွဲနေရာမှ ချမ်းသာတဲ့အဖြစ်ကို ပြောင်းလဲလိုတဲ့ သူတွေအနေနဲ့ ပြောင်းသွားပေမယ့် အကောင်းပြောင်းမဟုတ်ဘဲ မကောင်းတဲ့ အပါယ်လားဖွယ် အပြောင်းတွေ ဖြစ်သွားမယ်ဆိုရင်တော့ “မပြောင်းချင်လဲ ရှိပါစေတော့ ဒီလိုမွဲမွဲတေတေ ဘ၀နဲ့ပဲ ကိုယ်လိပ်ပြာ ကိုယ်သန့်ပြီး နေတာပဲ ကောင်းပါတယ်” လို့ သဘောထားကာ နေရတဲ့ အခိုက်မှာ ရှိတာလေးနဲ့ပဲ ဘ၀လှအောင် ကြိုးစားကြဖို့ အသိပေး တင်ပြလိုက်ရပါတယ်။

မှတ်ချက်။ ဘုန်းဘုန်းရဲ့ တပည့်တစ်ဖြစ်လဲ ဘုန်းကြီးကျောင်းထွက် ဘုန်းကြီးကျောင်းသား တစ်ယောက်ရဲ့ တကယ့်အဖြစ်မှန် အပြောင်းလဲလေးကို အခြေခံတင်ပြထားပါကြောင်း…

Read more...

မတူ-ထူးသည့်ခရီးစဉ်(၄)

လူတိုင်းလူတိုင်း ကိုယ်နှင့်ဆက်စပ်၊ တိုက်ဆိုင်သည့်နေရာတွင် နေရသည်မှာ စိတ်ချမ်းသာကြမည်ဖြစ်သည်။ မိမိသည်လည်း သီဟိုဠ်တွင်နေရသည်မှာ ပျော်မှန်းမသိ ပျော်နေမိသည်။ သီဟိုဠ်သားများနှင့်စကား လက်ဆုံကြရ သည်ကတစ်မျိုး၊ သူငယ်ချင်း အပေါင်းအသင်းများနှင့် စကား လက်ဆုံ ပြောဆိုဆွေးနွေးရသည်က တစ်ဖုံ စသည်စသည်ဖြင့် စိတ်ကြည်နူး နေသည့်အတွက်ကြောင့် ပြန်မည့်ရက်ကို မေ့နေမိသည်။ ဘယ်နေ့ဘယ်ရက် ပြန်မည်ဟု စိတ်ကို မဆုံးဖြတ်ရသေးပေ။ စိတ်ကူးရှိသည့်အချိန်မှ ထပြန်မည်ဟု တွေးထားသည်။ တွေးထသည့်အတိုင်း လေယာဉ်လက်မှတ်ကို ကြိုတင်မဖြတ်ထားပေ။ မိမိ သီဟိုဠ်ရောက်သည့်နေ့ကို ပြန်ရေတွက်ကြည့်မှ ရက်(၂၀)ကျော်နေလေပြီ။ ထို့ကြောင့် (၂6)ရက်နေ့ ထိုင်းကို ခရီးဆက်မည်ဟု ဆုံးဖြတ်ချက်ချပြီး သူငယ်ချင်းအပေါင်းများကို ဘယ်နေ့ဘယ်ရက် ထိုင်းကို ခရီးဆက်မည့်အကြောင်း ပြောပြသည်။ အလားတူပင် မိမိနေခဲ့သည့် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် ဒကာ၊ ဒကာများအား ဖုန်းဖြင့် လှမ်းနှုတ်ဆက်ရသည်။ မိမိသည်က သီဟိုဠ်မြေကို ခွါချင်စိတ် မရှိသေးပေ။ သို့သော်လည်း အချိန်မရသည်က တစ်ကြောင်း၊ အချိန်မှီ မလေးရှားကို ပြန်ဝင်ရမည်က တစ်ကြောင်းတို့ကြောင့် ထိုနေ့ ထိုင်းကို ခရီးဆက်မည်ဟု ဆုံးဖြတ်ခြင်းဖြစ်သည်။
ထိုသို့ဖုန်းဖြင့် လှမ်းနှုတ်ဆက်သောအခါ မိမိနေခဲ့သည့် ကျောင်းဝန်းကျင် ဒကာမိသားစုတစ်စုက မပြန်ခင် ဆွမ်းတစ်နပ် ဆက်ကပ်ချင်ကြောင်း ပြောလာသည့်အတွက် မိမိနေခဲ့သည့် ကျေးဇူးရှင် တပေါဝနပူရဏမဟာဝိဟာရကျောင်းသို့ တစ်နေ့ ပြန်ကြွသွားခဲ့သည်။ ထိုကျောင်းမြေကို နှင်းသည်နှင့် မိမိစိတ်က တစ်မျိုးထူးခြားမှု ဖြစ်ပေါ်လာသည်။ အတိတ်အကြောင်းကို သတိရသလိုလို၊ ပျံလွန်တော်မူသွားသည့် ဆရာတော်ကြီးကို လွမ်းသလိုလို ဖြစ်ပေါ်လာသည်။ ဤသို့ဖြစ်ရခြင်းသည်ကား မိမိနေခဲ့စဉ်အခါက ဆရာတော်ကြီးကလည်း မိမိတို့အပေါ် တပည့်အရင်းကဲ့သို့ ဆက်ဆံ၊ မိမိတို့ကလည်း ဆရာတော်ကြီးအပေါ် ပြုသင့်ပြုထိုက်သည့် ဝေယျာဝေစ္စများ ဆောင်ရွက်ပေးကြသည့်အတွက်ကြောင့်ဖြစ်သည်။ ဆရာတော်ကြီးရှိစဉ်အခါကလည်း ကိုယ့်ကျောင်းကိုယ့်ကန်၊ ကိုယ်နေရာတွင် ကိုယ့်နေရသကဲ့သို့ ဆရာတော်ကြီး ပျံလွန်တော်မူပြီး နောက်ပိုင်းတွင်လည်း ကိုယ့်ကျောင်းကိုယ့်ကန်၊ ကိုယ့်နေရာတွင် ကိုယ်နေရာကဲ့သို့ နေရသည်။ ကျောင်းပတ်ဝန်းကျင် ရွာကလေးကလည်း မိမိတို့အပေါ် ဂရုစိုက်ကြသည်။ ထို့ကြောင့်လည်း ဤမြေဤနေရာကို နင်းတိုင်း ဤအတွေးမျိုး ခံစားခဲ့ရခြင်းဖြစ်မည်။
မှတ်မိပါသေး၏။ သီကျွတ်ကာလ ကထိန်ရာသီဖြစ်သည်။ ထိုအချိန်က ဆရာတော်ကြီး ပျံလွန်တော်မမူသေးချေ။ သူတို့သီဟိုဠ်ထုံးစံအရ ကထိန်ခင်းလျှင် ကထိန် ဒါယကာမိသာစုက ကထိန်သင်္ကန်းကို ခေါင်းတွင် ရွက်ကာ တစ်ညလုံး ရွာအတွင်းလှည့်လည်သည်။ ထိုလှည့်လည်ခြင်းကို သူတိုစကားအရ ``ပေရက်ဟာရ´´ဟုခေါ်သည်။ ``ပေရက်ဟာရ´´ ဟူသည် တန်းစီလှည့်လည်ခြင်းဟု အဓိပ္ပါယ်ကို ဆောင်ပါသည်။ ထိုအချိန်က မိမိတို့က သီဟိုဠ်သို့ရောက်စ သီဟိုဠ်စကားလည်း မယ်မယ်ရရ မရသေးချေ။ ကထိန်သင်္ကန်း ရွာအတွင်းလှည့်လည်မည်ဟု ပြောသောအခါ ဗဟုသုတရရန် ဆရာတော်ကြီးဆီခွင့်တောင်းပြီး ဘုရားပင့်ဆောင်သည့်ကား ပေါ်တွင် လိုက်ပါကြည့်ရှုကြသည်။ ထိုသို့လှည့်လည်ရာတွင် ကထိန်သင်္ကန်းတစ်ခုတည်း မဟုတ်ပေ။ သူတို့၏ရိုးရာအက၊ တီးလုံး၊ မီးဝိုင်းအကစသည်ဖြင့် စီတန်းနေသည်။ တစ်ချို့ ချမ်းသာသော ရပ်ကွက်ဖြစ်လျှင် ဆင်-ဖြင့်တင်ဆောင်ပြီး လှည့်သည်လည်း ရှိ၏။ ထိုအကများ၏ နောက်မှ ကထိန်သင်္ကန်းကို ကထိန်အလှူရှင်များက ခေါင်းပေါ်ရွက်၍ လမ်းလျှောက်လှည့်လည်ကာ အပူဇော်ခံသည်။ ကထိန်သင်္ကန်း၏နောက်မှ မိမိတို့ ကားဖြင့်လိုက်ပါသည်။ ရွာသူရွာသားများကလည်း အားတက်သရော လှူကြတန်းကြသည်။ လိုက်ပါလာသည့် ပရိသတ်ကလည်း တစ်ရွာလုံးကျွတ်ပင်ဖြစ်၏။ မိမိတို့မြန်မာနိုင်ငံ ဘုရားလှည့်ပွဲတော်နှင့် ဆင်တူသည်။ အအေးများ၊ အဖျော်ရည်များဖြင့် လိုက်ပါလာသည့် ပရိသတ်များကို ရွာအတွင်း အိမ်တိုင်းလိုလိုပင် ကျွေးမွေးကြသည်။ လမ်းမတစ်လျှောက်လုံး စည်းကားနေသည်။ လိုက်ပါလာသည့် ပရိသတ်ကား မျက်စိတစ်ဆုံး လမ်းအပြည့်ပင်ဖြစ်၏။ မိမိတို့လည်း သီဟိုဠ်ရောက်စ ထိုအခြင်းအရာကို မြင်ရတော့ မြန်မာပြည်ကို ပြန်လွှမ်းမိသည်။ မြန်မာပြည်၏ ရှင်ပြုရဟန်းခံလှည့်ပွဲ၊ ဘုရားလှည့်ပွဲတော် စသည်တို့နှင့် အလွန်တူပါသည်။ စိတ်ထဲကလည်း ကြည်နူးနေမိသည်။ သူတို့နိုင်ငံတွင်လည်း ထိုသို့သော ဗုဒ္ဓဘာသာအစဉ်အလာ ရှိပါကလားဟူ၍ စိတ်ထဲက ချီးကျူးမိသေးသည်။ တစ်ရွာလုံး တစ်လမ်းဝင် တစ်လမ်းထွက်ဖြင့် ည(၁၀)နာရီတွင် စတင်လှည့်လည်ပြီး ကျောင်းပြန်ရောက်သောအခါ မနက်(၅)နာရီထိုးနေလေပြီ။ သီဟိုဠ်နိုင်ငံသည်လည်း ဗုဒ္ဓဘာသာ၊ မိမိတို့လည်း ဗုဒ္ဓဘာသာဖြစ်သည့်အတွက် စိတ်ဓာတ်ချင်းက ရင်းနှီးပြီးဖြစ်သည့်အတွက် မိမိတို့ နေရထိုင်ရသည်မှာလည်း အခက်အခဲ သိပ်မရှိပေ။ သူတို့ယဉ်ကျေးမှုသည်လည်း မိမိတို့မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် တစ်ချို့နေရာတွင် တူညီမှုရှိသည်။ ၀ါဆို၊ ကထိန်စသည်ဖြင့် သူတို့မှာလည်း ကြီးကြီးကျယ်ကျယ်ဆောင်ရွက်ကြသည်။ တစ်ညလုံး ကထိန်သင်္ကန်း လှည့်လည်ပူဇော်ပြီး မနက်မိုးလင်းသည်ဆိုရင်ဖြင့် သံဃာတော်များ ဆွမ်းကပ်၊ အလှူဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ကထိန်ပွဲပြီးဆုံးသွားသည်။
အတိတ်အကြောင်း စဉ်းစားရင်း အတွေးနွံနစ်နေစဉ် ဆွမ်းကပ်မည့် ဒကာရောက်လာသည်။ အချိန်ကျပြီ အိမ်သို့ကြွလို့ရပြီဟု ပြောသည့်အတွက် ရေမိုးချိုး၊ ကိုယ်သန့်စင်ပြီး အိမ်သို့ မိမိတစ်ပါးတည်း လိုက်ပါသွားသည်။ ကျောင်းနေဘုန်းကြီးများကား တခြားအိမ်က ပင့်ထားသည့်အတွက် သူတို့သည်လည်း အသီးသီး သရီးဝီးနှင့်ထွက်သွားကြပြီဖြစ်သည်။ အိမ်ရောက်တော့ စကားအနည်းငယ်ပြောပြီး ဆွမ်းစားလိုက်သည်။ ဆွမ်းစားပြီး ရှေးဟောင်းနှောင်းဖြစ် စကားများ ပြောဖြစ်ကြသည်။ ထိုဒကာမိသားစုသည်လည်း မိမိတို့ ထိုကျောင်းတွင်နေစဉ် လိုလေသေးမရှိပင် ဖြည့်ဆည်းပေး၏။ လိုအပ်သည်များရှိလျှင် သူတို့ကို ပြောပါဟု မကြာခဏ ပြော၏။ သူတို့သည်လည်း ခင်မင်ကြသည်။ တစ်ခါတစ်လေ သူတို့ဆွေမျိုးရှိသည့် တောရွာများ သွားလည်လျှင် မိမိကို ခေါ်သွားသည်။ သူတို့သည်လည်း မိမိအပေါ် တာဝန်ကျေပွန်ကြ၏။ မိမိသည်ကား သူတို့အတွက် မေတ္တာပို့သရုံမှတစ်ပါး အခြားမရှိပေ။ ကျောင်းသို့ပြန်လာသည့် လမ်းတွင် ဒကာတစ်ယောက်၊ နှစ်ယောက်တွေ့သည့်အတွက် လမ်းနှုတ်ဆက်လိုက်သည်။ ထို့နောက် မိမိအတွေးထဲတွင်ကား ဤကျောင်းနှင့် ဤရွာကလေး၏ ကျေးဇူးသည်ကား မိမိအပေါ်များလှပေ၏ဟု ရေရွတ်မိလိုက်သေးသည်။
ကျောင်းသို့ပြန်ရောက်တော့လဲ တွေးစက မပြတ်သေးချေ။ တွေးပြီးရင်း တွေးစတွေက ရှည်ထွက်လာသည်။ ဆရာတော်ကြီးထိုင်နေကြနေရာကို ကြည့်ရင်းပင် အတိတ်အကြောင်းတစ်ခု ခေါင်းထဲရောက်လာသည်။
ဆရာတော်ကြီးသည် ကွမ်းကြိုက်၏။ သွားမရှိသော်လည်း ကွမ်းကို ထောင်း၍စားသည်။ ဆရာတော်ကြီး ကွမ်းစားချင်လျှင် မိမိတို့က ကွမ်းထောင်းပေးရသည်။ ဆေးရွက်ကြီးကိုကား သူ၏ထိုင်ခုံအောက်တွင် အမြဲတမ်းထားလေ့ရှိသည်။ မိမိတို့လည်း ကွမ်းစား၏။ တစ်ခါတစ်လေ ကွမ်းစားချင်လျှင် ဆရာတော်ကြီးဆီသို့ သွားပြီး သူ့နဘေးတွင်ရှိသည့် ကွမ်းဗန်းကလေးကို ယူကာစားကြရသည်။ တစ်နေ့တွင် မိုးသည်းထန်စွာရွာသွန်းနေ၏။ ကွမ်းစားချင်၍ မိမိနှင့်အတူနေသည့်သူငယ်ချင်းနှင့် ဆရာတော်ကြီးဆီသို့လာခဲ့သည်။ ဆရာတော်ကြီးနဘေး ကွမ်းဗန်းကလေးကြည့်လိုက်တော့ ကွမ်းသီးကားမရှိ၊ ကွမ်းရွက်ကလေးသာရှိသည်။ ဆရာတော်ကြီးကို မေးကြည့်တော့လဲ ``နက်´´မရှိဟု ပြောလိုက်သည်။ ဆရာတော်ကြီးကို ကြည့်တော့ သူလဲ ၀ါးချင်နေပုံရသည်။ မိုးက သဲကြီးမဲကြီးရွာနေသည့်အတွက် အပြင်သွားဝယ်ရန်လည်းမဖြစ်ပေ။ ထို့ကြောင့် စားချင်ဝါးချင်သည့်စိတ်ကို ကိုယ်စီကိုယ်စီ မျိုသိပ်ထားရင်း စကားပြောနေကြသည်။ စကားပြောရင်း သူငယ်ချင်းက ဆရာတော်ကြီး၏ နဘေးခုံအောက်တွင် ကွမ်းသီးကလေး တစ်ခြမ်းတွေ့လိုက်သည့်အတွက် ကတမ်းကမန်း ကောက်ယူလိုက်သည်။ ထိုအပြုအမူကို ဆရာတော်ကြီးလည်းတွေ့သည် မိမိလည်းတွေ့သည်။ ထို့ကြောင့် ``မိမိက ငါ့ကိုလည်း နည်းနည်းပေး´´ဟု ပြောလိုက်သည်။ တဖန်ဆရာတော်ကြီးကလည်း သူ့ကိုလည်း နည်းနည်းထောင်းပေးရန် ပြောလာသည်။ ထို့ကြောင့် ရှားပါးသည့်အချိန် ကွမ်းသီးကလေး တစ်ခြမ်းကို သုံးပါးမျှဝေစားလိုက်ရသည်။ ထိုခြင်းအရာကို မိမိသည် ခေါင်းထဲက လုံးဝမထွက်ပေ။ အမြဲတမ်းသတိရနေသည်။ ဆရာတော်ကြီးသည်ကား မာန်မာနမရှိ၊ တကယ်ရိုးသားဖြူစင်၏။ သူ့ကိုကြည့်လိုက်တိုင်း လောဘ၊ ဒေါသ၊ မောဟအရိပ်ကင်းနေသည်။ မိမိတို့သည်လည်း ဤကျောင်းကို ရောက်ရသည်မှာ ကံကောင်း၏။ ဆရာကောင်း သမားကောင်း၊ မနောကောင်းသည့် ဆရာတော်နှင့်တွေ့ရသည်။ ဤကဲ့သို့ သဘောဖြူစင်သော ဆရာတော်ကြီးသည် ယနေ့အချိန်မရှိတော့၊ ဘ၀တစ်ပါးပြောင်းသွားရှာလေပြီ။ မိမိသည်လည်း ဆရာတော်ကြီးနေခဲ့သည့် နေရာကို တွေ့တိုင်း သတိရမိသည်။ ဆရာတော်ကြီး ပျံလွန်တော်မူပြီး နောက်ပိုင်း မိမိက ဆရာတော်ကြီး သီတင်းသုံးခဲ့သည့် အခန်းတွင် ၀င်ရောက်နေသည်။ အခန်းထဲသို့ ၀င်တိုင်း ဆရာတော်ကြီးကို သတိရနေဆဲပင်ဖြစ်သည်။ ယနေ့ မိမိသည် ထိုကျောင်းတွင် မနေတော့သော်လည်း ရောက်သည့်နေရာမှ ဆရာတော်ကြီး၏ သွားပုံ၊ လာပုံ၊ လှုပ်ရှားပုံများကို အမြဲတမ်းပြန်လည် မြင်ယောင်နေသည်။
မေတ္တာတရားသည်ကား အပြန်အလှန်ပင် အကျိုးများစေသည်ကား မှန်ပေ၏။ မိမိက မေတ္တာထားလျှင် အပြန်အလှန်အားဖြင့် သူတစ်ပါးလည်း မိမိအပေါ် မေတ္တာထားကြမည်မှာ အမှန်ပင်ဖြစ်၏။ မိမိက သူတစ်ပါးကို ကျွေးမွေးဖူးလျှင်လည်း သူတစ်ပါးလည်း ကိုယ့်ကို ပြန်ကျွေးမွေးရန်မှာ ၀န်လေးမည်မဟုတ်ချေ။ ကူညီသည့်နေရာတွင်လည်း ထို့အတူပင် မိမိက သူတစ်ပါးကို စိတ်စေတနာ သန့်သန့်ရှင်းရှင်းထား၍ မျှော်လင့်ချက်မထားဘဲ ကူညီခဲ့လျှင် သူတို့သည်လည်း တစ်ကြိမ်တစ်ခါ အခွင့်ကြုံလျှင် ကူညီကြမည်မှာ မလွဲဧကန်ပင်ဖြစ်၏။ ထို့ကြောင့် ပေးကမ်းခြင်း၊ စွန့်ကြဲခြင်း၊ ကူညီခြင်းတို့ကို ပြုလုပ်ပြီဆိုလျှင် စေတနာသန့်သန့်နှင့် မျှော်ကိုးချက်မထားဘဲ ပေးကမ်း၊ စွန့်ကြဲ၊ ကူညီရန်လိုအပ်ပေသည်။ မိမိကူညီပေးလိုက်၍ တစ်ပါးသူ အဆင်ပြေသွားလျှင် ထိုအခြင်းအရာကို ကြည့်ပြီး မိမိက ပီတိဖြစ်နေဖို့ အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် သူအဆင်ပြေသွားသည့်အတွက် သူသည် အလွန်းဝမ်းသာမည်ဖြစ်၏။ ထိုဝမ်းသာသည့်အခိုက်အတန့်ကို ကြည့်ပြီး မိမိသည်လည်း ၀မ်းသာပီတိဖြစ်ရမည်ဖြစ်သည်။ ထိုအခိုက်အတန့်ကလေးသည်သာ အကောင်းဆုံးဖြစ်၏။ သူ့ဆီမှ ပြန်မျှော်ကိုးခြင်း၊ မျှော်လင့်ခြင်းဖြင်လျှင် ထိုကူညီမှုသည် စေတနာသန့်သည်ဟု မဆိုနိုင်ချေ။ မျှော်လင့်ချက်ဖြင့် ကူညီမှုသာ ဖြစ်မည်။ သို့သော်လည်း မမျှော်ကိုးပေမဲ့ အကျိုးသက်ရောက်မှုတော့ ရှိနေမည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုကဲ့သို့ စေတနာ၊ မေတ္တာသန့်သန့်ဖြင့် လိုအပ်သည့်ပုဂ္ဂိုလ်များအား ကူညီနိုင်ပါစေဟု အားလုံးကို မျှော်လင့်မိသည်။









သားရွှေ

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP