* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, June 9, 2010

*ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား (ပြန်လည်ဝေဖန် ဆွေးနွေးမှု)*

ကိုပြည့်စုံအောင် (ခ) ဖိုးသား (www.apymt.com) ၏ ပြည်လည်ဝေဖန် ဆွေးနွေးမှု


အစ်ကို မင်္ဂလာပါ..

ညီ့ရဲ့ မတောက် တစ်ခေါက် အသိနဲ့ အကြံပြု ရေးသားလိုက်ပါတယ်..။ ပိုတာနှုတ်၊ လိုတာ ဖြည့်လို့ အမှားတွေ ရှိရင်လည်း ပြုပြင်ပေးပါဦး အစ်ကို..။

၁) ကိုဝိ ရေးသားတဲ့ သံဃာတော်များ သာသနာကို ၀င်ရောက်လာရတဲ့ အကြောင်းရင်း (၄) ချက်ကို ဖတ်ရုံနဲ့ သံဃာတော်များ အနေနဲ့ မိမိတို့သည် ဘယ်နေရာမှာ ဘယ်လို ပါဝင်နေတယ် ဆိုတာ သိပြီး ဖြစ်မှာပါ အစ်ကို..။ ဒါသည်လည်း အစ်ကိုက တီထွင်ဖန်တီး ရေးသားလိုက်တာ မဟုတ်ဘဲ နဂို ရှိရင်းစွဲကိုပဲ ပြန်ပြီး သတိထားမိအောင် အသိပေး ရေးသား မှုမျိုးပါ..။ အမှန်ပြောရင်တော့ ကြိုက်တဲ့သူက ရာခိုင်နှုန်း အတော် နည်းမှာပါ..။ ဒါပေမယ့်လည်း လူထွက်ချင်တဲ့ သံဃာတော်များ အတွက်တော့ အစ်ကိုရဲ့ ဆွေးနွေး ရေးသားချက်က အားပေးသလို မဟုတ်ဘဲ အားဆေး သဖွယ် ဖြစ်မယ်လို့ ညီထင်ပါတယ်..။

၂) လူထွက်ချင်တဲ့ သံဃာတော်များ အနေနဲ့ လူမထွက်ရဲတဲ့ အကြောင်း အစ်ကို ရေးထားကိုလည်း ညီ ဂရုတစိုက် ဖတ်မိတယ်..။ ညီ့ မြို့မှာလည်း ကြုံဖူးတယ် အစ်ကို..။ ညီတို့ လမ်းထဲကနေပြီး အစ်မ တစ်ယောက် ဘုန်းကြီးကျောင်းကို နှစ်လုံး သုံးလုံး သွားရောင်းရင်း အဲဒီ ကျောင်းက ဦးဇင်း လူထွက်ပြီး အဲဒီ အစ်မနဲ့ ယူသွားတဲ့ အဖြစ်မျိုး..။ လမ်းထဲက လူတွေကတော့ အဲဒီ အစ်မကိုကော အဲဒီ ဦးဇင်းကိုကော အပြစ်ပြောချင် ကြတာပေါ့..။ နောက်ပြီး လမ်းထဲက အိမ် တော်တော်များများ ကလည်း ဒီဦးဇင်း ဆွမ်းခံ ကြွတဲ့ အိမ်တွေဆိုတော့ ဦးဇင်း လူထွက် အတွက်လည်း မျက်နှာ ပူစရာပေါ့ အစ်ကို..။

အရင်က ညီလည်း အပြစ်မြင်တဲ့ လူစားထဲ ပါခဲ့ပါတယ်..။ ဒါပေမယ့် ခုတော့ မြန်မာလူမျိုး တွေရဲ့ အဲလို သူများ အပြစ်သာ မြင်တတ်တာကို ခဏထား.. လူသား အချင်းချင်း စာနာတတ်တဲ့ အသိနဲ့ ကြည့်ရင်ကို ဒီ အပြစ်မြင်မှုက လျော့ပါးသွား ပါပြီ..။ ဟုတ်တယ်လေ.. အစ်ကို ဟို ဦးဇင်းလည်း လူသား တစ်ယောက်ပဲ.. သူ့ခံစားချက် သူလုပ်ချင်တာ တွေကို အကောင် အထည် ဖော်ခွင့်တော့ ရှိတာပဲ အစ်ကို..။ အပြစ်ပြောကြတဲ့ လူတွေကို ခြုံကြည့်ရင်လည်း မိမိတို့ မွေးထားတဲ့ သားယောကျာ်းလေးကို တစ်သက်လုံး သာသနာ့ဘောင် ပေးဝင်မလား မေးကြည့်…။ စဉ်းစားကြည့်ရင် အဖြေက အရှင်းကြီးပါ အစ်ကို..။ လောကကြီးက သူများ အပြစ်သာ မြင်တတ်တဲ့ သူတွေက ဒုနဲ့ဒေး ဆိုတော့လည်း အယူအဆ အမြင်တွေ တူဖို့က အခက်သား.. ပဲ အစ်ကိုရေ..။

၃) လောကီ ပညာတွေ ထည့်သွင်း သင်ကြားမှု အပိုင်းနဲ့ ပတ်သတ်လို့တော့ ညီ ခြွင်းချက်မရှိ သဘော ကျတယ် အစ်ကို..။ ဒါပေမယ့်လည်း ညီထင်ပါတယ်.. လူလတ်ပိုင်း အရွယ် သံဃာတော်များပဲ ဒါကို လက်ခံကြလိမ့်မယ် အစ်ကို..။ ၀ါရင့်တဲ့ ဆရာတော်တွေ အနေနဲ့တော့ လက်ခံလိမ့်မယ် မထင်ဘူး..။
နောက်ပြီး ညီမြင်မိတာက.. တကယ်လို့ အဲလို လောကီ ပညာတွေ ထည့်သွင်း သင်ကြားပြီ ဆိုပါစို့..။ ဘာ(what) ဘာသာရပ်တွေကို (တိတိ ကျကျပေါ့ အစ်ကို) သင်ရိုး ညွှန်းတမ်းအဖြစ် ပြဋ္ဌာန်း မလဲ..။ ဘယ်သူ (who) တွေက ပြဋ္ဌာန်းပြီး ဘယ်သူ (who) တွေက သင်ကြားပေးမလဲ.. (အစ ကနဦးမှာတော့ သံဃာအချင်းချင်း သင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးအစ်ကို.. သာမန် လူဝတ် ကျောင်းဆရာ တွေကပဲ သင်ကြားမှ ရမယ်..။ ကျောင်းဆရာမ ဆိုရင်လည်း အဆင်မပြေနိုင်.။ ဒီ အစကို ဖြတ်ကျော် ပြီးရင်တော့ နောက်ပိုင်း သံဃာတော်ချင်း သင်ကြားပေးဖို့က လွယ်ကူသွားပါပြီ။ သင်ကြား တတ်မြောက်ပြီးသူက မတတ်သေးတဲ့သူကို ပြန်သင်စနစ်ပေါ့ အစ်ကို..။) နောက်ပြီး အချိန် (when) ဘယ်အချိန် အတိုင်းအတာကနေ ဘယ်အချိန် အတိုင်းအတာအထိ သင်ကြားစေမလဲ..။ နောက် တစ်ချက်က ဘယ်လို (how) ပုံစံမျိုး သင်ကြားစေမလဲ.. ။

နောက် အဲလို အစကနဦး လူဝတ်တွေက သင်ကြားပေးပြီ ဆိုရင်.. သူတို့ အတွက် ၀မ်းရေးက ရှိနေတော့ လစာ သဘောမျိုးကလည်း လိုလာပြီ အစ်ကို..။ စေတနာ အလျောက် သင်ပေးမယ့် သူတွေတောင် မိသားစုအရေးနဲ့ စားဝတ်နေရေး ၀င်လာရင် ဒီ စေတနာတွေလည်း အရည်ပျော်သွား လောက်တယ်..။ သင်ကြားသူ သံဃာတော်တွေရဲ့ ဒကာ ဒကာမတွေက ဒီ အခက်အခဲကို တာဝန်ယူ ဖြေရှင်း လှူဒါန်း ပေးသွားရင်လည်း အဆင်တော့ ပြေနိုင်ပါတယ်..။ ဒါပေမယ့် ရေရှည် အတွက်တော့ စဉ်းစားဖို့ လိုမယ် အစ်ကို..။ ညီရေးတာ အသေးစိတ်တော့ ဆန်သွားမယ် ထင်တယ်.. အစ်ကို..။ ရေးနေရင်း ဟိုဟိုဒီဒီ လျှောက်စဉ်းစားမိတာပါ။

၎) နောက်ပြီး အစ်ကိုရေးတဲ့ အထဲက ညီ သဘောကျမိတာက.. “သာသနာတော်ကြီး အတွက် ဆုံးရှုံးမှု၊ အကျိုး ဖြစ်ထွန်း သာယာဝပြော စည်ပင်မှုဟာ ဘယ် Criteria တွေပေါ် အခြေခံပြီး တွက်ချက်မှာလဲ?” ဆိုတဲ့ အချက်ပါ..။ ဒါဟာ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တိုင်း စဉ်းစား အဖြေထုတ် သိရှိထားရမဲ့ အချက်လို့ ညီမြင်ပါတယ်..။
သာသနာတော်ကြီး အတွက် အကျိုး ဖြစ်ထွန်းမှုသည် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုလား.. စိတ်ပိုင်း ဆိုင်ရာ တိုးတက်မှုလား..
ဒီအတွက် အဖြေကို အစ်ကို့ ကျေးဇူးနဲ့ ညီဖတ်ဖြစ်ခဲ့တဲ့ ဆရာကြီး ဦးရွှေအောင်ရဲ့ ရေးသားချက်ကိုပဲ ကိုးကား လိုက်မယ် အစ်ကို..။

သာယာသည်ဆိုရာ၌ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများ ရှိသည်ကို ဆိုသည်မဟုတ်။ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုများ ရှိသည်ကိုလည်း ဆိုသည်မဟုတ်။ ကိုယ်ကျင့် သိက္ခာပိုင်းဆိုင်ရာ တိုးတက်မှုများ ရှိသည်ကိုသာ ဆိုခြင်းဖြစ်၏။

ကိုယ်ကျင့် သိက္ခာပိုင်းဆိုင်ရာ တိုးတက်မှု မရှိပါဘဲ ရုပ်ပိုင်းဆိုင်ရာ များသာ တိုးတက်လာလျှင် လည်းကောင်း၊ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ များသာ တိုးတက်လာလျှင် လည်းကောင်း၊ သို့မဟုတ် ရုပ်ပိုင်း ဆိုင်ရာများနှင့် စိတ်ပိုင်းဆိုင် ရာများ နှစ်မျိုးလုံး တိုးတက်လာလျှင် လည်းကောင်း ယင်းသို့ တိုးတက်လာခြင်းသည် လောက၌ ကောင်းသော လက္ခဏာကို မဆောင်၊ သုစရိုက်များ ထွန်းကားမှုကို ဖြစ်ပေါ်အောင် မလုပ်၊ အနိုင်ကျင့် ၀ါဒကိုသာ ဖက်တွယ်တတ် သဖြင့် လောက၌ မကောင်းသော လက္ခဏာကိုသာ ဆောင်၏။ ဒုစရိုက်များ ထွန်းကားမှု ကိုသာ ဖြစ်စေ၏။


ထိုကြောင့် သာယာသည်ဆိုရာ၌ ကိုယ်ကျင့် သိက္ခာပိုင်း ဆိုင်ရာ ထွန်းကားမှု ရှိခြင်းကိုသာ ဆိုပါမှ မှန်ကန်မည် ဟူ၍ နားလည် အပ်၏။”

ဦးရွှေအောင် ဗုဒ္ဓ လောကသား တို့၏ အနှိုင်းမဲ့ ကျေးဇူးရှင် ကိုယ်ကျင့်ဗုဒ္ဓ၀င်၊ ရာပြည့် စာအုပ်တိုက်၊ ၂၀၀၃-ခုနှစ်၊ စတုတ္ထအကြိမ်၊ စာ-၂၆၇)

၅) ညီ့အနေနဲ့တော့ အစ်ကို့ ရေးသားချက်တွေက အများ အကျိုးအတွက် ရည်ရွယ်ထားတဲ့ အတွက် ရည်ရွယ်ချက် ကောင်းတဲ့ ဆောင်းပါး တစ်ပုဒ်လို့ပဲ မြင်ပါတယ်..။ ဘာပဲ ပြောပြော ညီတို့ဟာ လူသားတွေ ဖြစ်တဲ့အတွက် လူသား ကောင်းကျိုးတွေကိုတော့ လုပ်သွားရကြရ မှာပါ..။ လူဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကို လောကတ္ထ စရိယ၊ ဉာတတ္ထ စရိယ၊ ဗုဒ္ဓတ္ထ စရိယ (မြတ်ဗုဒ္ဓကတော့ သူ့အတွက် ဗုဒ္ဓ ဖြစ်ဖို့ဆိုတော့ ဗုဒ္ဓတ္ထစရိယ.. ညီတို့ အစ်ကိုတို့ အတွက်တော့ အတ္တတ္ထ စရိယ) ဒါတွေကို ဖြည့်ကျင့်ဖို့လို့ သီတဂူ ဆရာတော် ဘုရား ကြီးကလည်း ဆုံးမထား လေတော့.. ညီတို့ အစ်ကိုတို့ တတ်စွမ်းသရွေ့တော့ ကြိုးစား သွားကြတာပေါ့ အစ်ကို..။

၆) ညီ့ အမြင်အရ ဆရာတော် သံဃာတော်တွေ ထဲမှာ လူထွက်ချင်တဲ့ သံဃာတော်တွေ ရှိသလို သာသနာ့ ဘောင်မှာ ပျော်မွေ့နေတဲ့ ဆရာတော် သံဃာတော်တွေလည်း အများကြီး ရှိပါတယ် အစ်ကို..။ အလားတူပဲ ညီတို့ အစ်ကိုတို့လို လူသားတွေ ထဲမှာလည်း လောကီ အာရုံ၊ ကာမဂုဏ်မှာ ပျော်ပါး ခံစားနေသူတွေ ဒုနဲ့ဒေး ရှိသလို၊ လူ့ဘ၀ကို ငြီးငွေ့လို့ သာသနာ့ဘောင် ၀င်ချင်တဲ့ သူတွေလည်း ရှိနေတာပါ..။ အဓိကကတော့ ရည်ရွယ်ချက် အမျိုးမျိုး ရှိကြတာကို ဆိုလိုချင်တာပါ အစ်ကို..။ အကြောင်းကြောင်းကြောင့်နဲ့ ရည်ရွယ်ချက်တွေ ပြတ်သား ခိုင်မာမှု မရှိသေးလို့သာ မိမိဖြစ်ချင်တဲ့ ဘ၀ကို ပုံမဖော်နိုင် သေးတာပါ..။ မိမိရည်ရွယ်ချက်တွေ၊ မိမိ လုပ်ချင်တာတွေ ပြတ်သားလား၊ မပြတ်သားလား ဆိုတာ ညီ့ကို ဦးဇင်းတစ်ပါး မေးခွန်း ထုတ်ရင်း ဆုံးမသွားတဲ့ မေးခွန်းတွေနဲ့ ချိန်ထိုး ကြည့်နိုင်ပါတယ် အစ်ကို..။ အားလုံးအတွက် အကျိုးရှိမယ်ထင်လို့ အဲဒီ မေးခွန်းတွေနဲ့ ဆုံးမစကားတွေကို ထည့်ရေးလိုက်တယ် အစ်ကို..။

· ဒီဘ၀မှာ သင့်အနေနဲ့ အလိုချင်ဆုံး တစ်ခုဆိုတာ ရှိလား (တစ်ဘ၀လုံး စာပေါ့.. ပြောရရင် သံသရာအထိ ရည်ရွယ်ထားတာပါ..။)
· ဟုတ်ပြီ.. အဲဒီ အလိုချင်ဆုံးကို သိပြီ ဆိုရင် အဲဒီ အလိုချင်ဆုံး အရာကို ရအောင် ယူနိုင်မယ်လို့ ယုံကြည်ထားလား.. မဖြစ်မနေ ရအောင် လုပ်မှာလား..
· အဲဒီ လိုချင်တာနဲ့ ပတ်သတ်ပြီး ဘာမဆို ရင်ဆိုင်ဝံ့ပါ့မလား..။
· ဗုဒ္ဓဘာသာ တစ်ယောက် အနေနဲ့ ဒီဘ၀မှာ ဘယ်လောက် အတိုင်းအတာအထိ လိုချင်လဲ..၊ ကိုယ်လိုချင် သလောက်ကို ရအောင် ယူနိုင်မယ်လို့ ယုံကြည်ထားလား…
· ဘ၀ရဲ့ နောက်ဆုံးအချိန် ဘယ်သူမှ မကယ်နိုင်တဲ့ အချိန်မှာ ဘာမှန်းမသိတဲ့ တမလွန်ကို စိတ်အေး လက်အေး သွားနိုင်ပါ့မလား..၊ အဲဒီလိုမှ မသွားနိုင် သေးရင် ဗုဒ္ဓဘာသာဆိုတဲ့ နာမည်လေး ရရုံနဲ့ ဘ၀ကို ထားခဲ့မှာလား…

(ဒီမေးခွန်းတွေရဲ့ အဖြေဟာ လူသားတိုင်း၊ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တိုင်း ဖြေထားသင့်တဲ့ အဖြေတွေပါ.. တဲ့)

နောက်ဆုံး ဒီဦးဇင်း ဆုံးမသွားတဲ့ ဆုံးမစကားက..

လူတစ်ယောက်ဟာ သူလိုချင်တာ စစ်မှန်တယ် ဆိုရင် အဲဒီအတွက် ဘာမဆို လုပ်ရဲတယ်၊ တကယ် မလုပ်ရဲသေးတာဟာ တကယ် မလိုချင်သေး လို့ပါ .. တဲ့ အစ်ကို..

အစ်ကို့အနေနဲ့လည်း *ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား* လို့ ရေးသားထားတဲ့ အတွက် တကယ်တန်း ဖြစ်စေချင်ရင် တကယ် ဖြစ်အောင် လုပ်နိုင်မယ်လို့ ညီ ယုံကြည်ပါတယ် အစ်ကို..။

လေးစား ခင်မင်စွာဖြင့်
ညီ
Jan 27, 2010
* ပြန်လည်ဝေဖန်ဆွေးနွေးမှု ၃
*ပြန်လည်ဝေဖန်ဆွေးနွေးမှု ၎


Read more...

စီးပွါးရေးရှု့ထောင့်အပေါ် မြတ်ဗုဒ္ဓ၏အမြင် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ဘောဂသုခ

မြတ်ဗုဒ္ဓ၏ဒေသနာတော်များသည် အနာဂတ်ပြန်လည်မွေးဖွါးမှုအတွက် လက်ရှိပျော်ရွှင်မှုကို အချိန်ရွှေ့ဆိုင်းထားမည်ဖြစ်သော ဘာသာရေးဆိုင်ရာ ဆင်ခြင်စဉ်းစားမှုအပေါ်မှာသာလျင် အခြေခံထားသည်။ အသက်ရှင်နေထိုင်စဉ်အတွင်း သူတို့၏ဘ၀ကို အမြဲတမ်း ပျော်ရွှင်မှုမရအောင် ဘ၀၏ဆိုးပြစ်များနှင့်ပတ်သက်၍ အဆက်မပြတ် တနှုန်းနှုန်းစဉ်းစားနေရန် သူ၏နောက်လိုက်များကို မျော်လင့်ထားသည်။ ဤကဲ့သို့ အချို့သူများက ယုံကြည်ကြ၏။


သုခ-ဆိုတာက ချမ်းသာခြင်းပါ။ လူတိုင်းချီတက်နေတာက အဲဒီ သုခ-ဆိုတဲ့အရာကို ရရှိဖို့ ဖြစ်ပါတယ်။ ဒီသုခ ဆိုတဲ့ ချမ်းသာခြင်းနဲ့ပတ်သက်လို့ အယူအဆကလည်း အမျိုးမျိုးပါ။
ဥစ္စာပစ္စည်းပိုင်ဆိုင်မှုကသာ စိတ်ချမ်းသာမှုကို ဖြစ်စေနိုင်တယ်-လို့ အချို့က ယူဆပါတယ်။
စိတ်ချမ်းသာမှုမှာ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုနဲ့ သက်ဆိုင်မှု မရှိဘူး-လို့ ယူဆသူလည်း အများသားပါ။
ဥစ္စာပစ္စည်းပိုင်ဆိုင်မှုနဲ့ စိတ်ချမ်းသာမှုဟာ တစ်ခုနဲ့တစ်ခု အထောက် အကူပြုနေတယ်-လို့ သုံးသပ်ပြောဆိုမှုများလည်း ရှိနေတာပါ။
ကျမ်းဂန်များမှာ တွေ့ရတာကတော့ သုခအမျိုးအစားက တော်တော်များပါတယ်။ အဲဒီများစွာထဲကမှ ဒီနေရာမှာ လောကုတ္တရာဘောင်ထဲက လက်လှမ်းမမီတဲ့ သုခတွေကို မပြောဘဲ သာမန်လူတို့နှင့်သက်ဆိုင်တဲ့ သုခ၊ ဒါမှ မဟုတ် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ သုခ၊ တစ်နည်းအားဖြင့်တော့ လောကီဆိုင်ရာသုခများကိုပဲ ပြောကြည့်ချင်ပါတယ်။


အဲဒီသုခများကိုတော့ ဂိဟိသုခ၊ ကာမသုခ၊ ဥပဓိသုခ၊ သာသ၀သုခ၊ သာမိသသုခ၊ အနရိယသုခ၊ ကာယိကသုခ၊ သာတသုခ - ရယ်လို့ အမည်အမျိုးမျိုးဖြင့် တွေ့နိုင်ပါတယ်။ ကာမဂုဏ်ကို အကြောင်းပြု၍ဖြစ်တဲ့ ချမ်းသာ - ကာမသုခ၊ လောကမှာ အကျုံးဝင်တဲ့ချမ်းသာ - ဥပဓိသုခ၊ ပုထုဇဉ်တို့ရဲ့ ချမ်းသာ အနရိယသုခ၊ ကိုယ်မှာဖြစ်တဲ့ ချမ်းသာ ကာယိကသုခ၊ သာယာအပ်သောသဘောရှိတဲ့ ချမ်းသာ သာတသုခ-စသဖြင့် ခေါ်ပါတယ်။ ဒါတွေ အားလုံးဟာ သာမန်လူသားတွေနဲ့ စပ်ဆက်နေတဲ့ချမ်းသာတွေပဲ ဖြစ်ပါတယ်။ သူသူကိုယ်ကိုယ် လိုလားတောင့်တနေတဲ့အရာတွေဆိုယင်လည်း မှားမယ်မဟုတ်ပါ။


လိုချင်တယ်၊ ဆာလောင်မွတ်သိပ်တယ်၊ အိုမင်းတယ်-ဆိုတာကို ရောဂါလို့ ဆိုပါတယ်။ ကမ္ဘာဦးလူသားတွေမှာ အဲဒီရောဂါသုံးမျိုးပဲ ရှိခဲ့တယ်လို့ ကျမ်းဂန်များက ပြောပါတယ်။ ဒီတော့ လိုချင်တဲ့ ရောဂါဟာ ကမ္ဘာဦးအစကတည်းက ပါလာတာဖြစ်တော့ သူသူကိုယ်ကိုယ် လိုချင်တောင့်တကြတာဟာ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ လူသားတစ်ယောက်အဖြစ် ပေါက်ဖွားလာကတည်းက ပါလာတာကလည်း ဒီလိုချင်တောင့်တမှုဆိုတဲ့ အရာပဲ ဖြစ်ပါတယ်။


လောကမှာ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ် ခဲယဉ်းသဖြင့် ရအပ်တဲ့အရာတွေက များစွာပါ။ အဲဒီများစွာထဲမှာ ဒီလေးမျိုးလည်း ပါဝင်ပါတယ်။
(၁) တရားနဲ့ လျော်ညီစွာ စည်းစိမ်ဥစ္စာတွေကို ရရှိချင်ကြတယ်။
(၂) အဲဒီလို တရားနဲ့အညီ စည်းစိမ်တွေရပြီးတဲ့အခါမှာ ဆွေမျိုး မိတ်သင်္ဂဟဖြစ်တဲ့ အခြံအရံတွေကို ရောက်လာစေလိုကြတယ်။
(၃) စည်းစိမ်တွေလည်းရ အခြံအရံတွေလည်း ပြည့်စုံတဲ့အခါ အသက်ရှည်ချင်လာကြတယ်။
(၄) အဲဒီသုံးခုပြည့်စုံယုံတင်မကဘူး သေလွန်တဲ့အခါမှာလည်း ကောင်းတဲ့ဘုံဘ၀ကို ရောက်လိုကြပြန်ပါတယ်။
တရားနဲ့လျော်ညီစွာ စည်းစိမ်ဥစ္စာတွေကို ဖြစ်စေချင်ကြတယ်-ဆိုတာနဲ့စပ်ဆက်လို့ “ ကြီးကျယ်တဲ့ စီးပွါးရေး အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ မလွတ်ကင်းတဲ့ ဥပဒေတစ်ခု ရှိစမြဲ” ဆိုတဲ့ စကားပါ။ ဒီစကားအရ တရားနဲ့လျော်ညီဖို့ဆိုရာမှာ စီးပွါးရေးလုပ်ကိုင်နေတဲ့ အောင်မြင်သူစီးပွါးရေးသမားများသာ နားလည်နိုင်မယ့်အရာ ဖြစ်မှာပါ။


ဆိုခဲ့ပြီးတဲ့စကားများအရ လူသားတွေတောင့်တလိုချင်ကြတဲ့အရာထဲမှာ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုဟာ အရေးပါနေတယ်ဆိုတာပါ။ မရသေးတဲ့စည်းစိမ်တွေ ရရှိစေပြီး ရပြီးသားတွေကို တိုးပွါးစေနိုင်မဲ့ အောင်မြင်တဲ့ စီးပွါးရေးရှင် တစ်ယောက်အဖြစ် ပြည့်စုံရမယ့်အချက်များကို ဒီလို့ ပြဆိုထားပါတယ်။ ဘာတွေလဲဆိုယင်တော့
(၁) နံနက် အခါမှာ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ စီရင်ပြုလုပ်ရပါ့မယ်။
(၂) နေ့လယ်အခါမှာ ရောင်းဝယ်မှု အလုပ်ကို ရိုရိုသေသေ စီရင်ပြုလုပ်ရပါ့မယ်။
(၃) ညချမ်းအခါမှာလည်း ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ စီရင်ပြု လုပ်ရပါ့မယ်။
ဒီအလိုအရ စီးပွါးရေးအောင်မြင်လိုသူဟာ နံနက်, နေ့, ည အချိန်ပြည့် စီးပွါးရေးအပေါ်မှာပဲ အာရုံကို စူးစိုက်ထားပါလို့ မိန့်ဆိုထားခြင်းပါ။ စိတ်ဓာတ်ပိုင်းဆိုင်ရာက အမြဲတမ်း တက်ကြွနေဖို့လိုအပ်သလို အလုပ်ကိုလည်း ရိုသေလေးစားပါလို့ ပြောနေပါတယ်။ ပျင်းရိခြင်း၊ မေ့လျော့ခြင်း၊ ၀ီရိယမရှိခြင်း၊ မစောင့်စည်းခြင့်၊ အအိပ်ကြူးခြင်း၊ မပျော်မွေ့ ခြင်း-ဆိုတဲ့ စီးပွါးဥစ္စာမတည်ကြောင်း ၆-ခုထဲက အလုပ်မှာ မပျော်မွေ့သူ ပါဝင်နေတော့ သူ့ရဲ့အပြန်အာဖြင့် အလုပ်မှာပျော်မွေ့နေဖို့ လိုအပ်တယ်ဆိုတာပါ။


အဲဒါအပြင် ဒါတွေနဲ့ ပြည့်စုံမယ်ဆိုယင်တော့ မကြာမီမှာပဲ စည်းစိမ်တွေ များပြားခြင်းသို့ ရောက်မယ်လို့ ဆိုပါတယ်။
(၁) မျက်စိအမြင်ရှိခြင်း၊
(၂) ညဏ်နှင့်ယှဉ်တဲ့ ၀ီရိယထူးရှိခြင်း၊
(၃) အမှီကောင်းနှင့် ပြည့်စုံခြင်းတို့ ဖြစ်ပါတယ်။
ဒီနေရာမှာ မျက်စိအမြင်ရှိခြင်း-ဆိုတာကတော့ “ ပစ္စည်းကို ၀ယ်ပြီး ပြန်ရောင်းမယ်ဆိုယင် အရင်းအနှီးကတော့ ဘယ်လောက်ကုန်နိုင်တယ်။ အမြတ်အစွန်းက ဘယ်လောက် ပြန်ရနိုင်တယ်” အဲသလို တွက်ချက်နားလည်ထားခြင်းပါ။ ညဏ်နှင့်ယှဉ်တဲ့ ၀ိရီယထူးရှိခြင်း-ဆိုတာကတော့-“ပစ္စည်းကို ၀ယ်ရာမှာဖြစ်စေ၊ ရောင်းရာမှာ ဖြစ်စေ ကျွမ်းကျင်လိမ္မာပါးနပ်တယ်” အဲသလို အရောင်းအ၀ယ် ကျွမ်းကျင်ထားခြင်းပါ။ အမှီကောင်းနဲ့ ပြည့်စုံခြင်း-ဆိုတာကတော့ ဒီလိုပါ။ အခြား စီးပွါးရှင် သူဌေးသူကြွယ်ကုန်သည်တွေက-“ စီးပွါးရေးကို လုပ်နေတဲ့ ဒီပုဂ္ဂိုလ်ဟာ မျက်စိအမြင်လည်းရှိတယ်၊ ညဏ်နှင့်ယှဉ်တဲ့ ၀ီရိယထူးလည်း ရှိတယ်၊ ဇနီးမယား သားသမီးများကို လုပ်ကိုင်ကျွေးမွေး ပြုစုစောင့်ရှောက်နိုင်တယ်၊ ငါတို့ကိုလည်း ရံခါရံခါ အတိုး ပေးဆပ်ဖို့လည်း စွမ်းနိုင်တယ်” လို့ ယုံကြည့်ကြပါတယ်။ ဒါ့ကြောင့် သူတို့က“ မိတ်ဆွေ! ငါတို့ဆီက ဒီကုန်ပစ္စည်းတွေကို ယူပြီး ဇနီးမယား သမီးသားတို့အား ပြုစုလုပ်ကျွေးစောင့်ရှောက်ပါ၊ ငါတို့ကိုလည်း ရံခါရံခါ အတိုးကို ပေးဆပ်ပါ” လို့ ကုန်ပစ္စည်းများဖြင့် ဖိတ်ကြားကြပါတယ်။ ဒါကတော့ လုပ်ရည်ကိုင်ရည်ရှိမှုအပေါ်မှာ အခြေခံပြီး ယုံကြည်မှုရှိလို့ တစ်ဖက်စီးပွါးရှင်က သူထံမှာ ရင်းနှီးမြုပ်နှံထားခြင်းပါ။
ဒီတော့ တစ်နံပါတ်က အရင်းအနှီးနဲ့အမြတ်အစွန်းကို တွက်ချက်နားလည်ထားခြင်းပါ။ နံပါတ်နှစ်က အရောင်းအ၀ယ်မှာ ကျွမ်းကျင်လိမ္မာပါးနပ်ဖို့ကို ပြောတာပါ။ သုံးနံပါတ်က စီးပွါးရေးကိုလုပ်မယ့်သူက အခြားသူတစ်ပါးအား မိမိရဲ့စွမ်းရည်ကို ယုံကြည်လာအောင် ဆွဲဆောင်ထားနိုင်ခြင်းပါ။


ဖော်ပြခဲ့တဲ့အချက်တွေကတော့ ဥစ္စာပစ္စည်းတိုးပွါးဖို့အတွက် ညွန်ပြထားတဲ့ စီးပွါးရေးလုပ်နည်းကိုင်နည်းများပါ။ အဲဒီလို့ စီးပွါးရေးတွေ ရှာဖွေလုပ်ကိုင်ကြရာမှာ တစ်ဦးနဲ့တစ်ဦး ရည်ရွယ်ချက် ကွဲပြားသွားပြန်ပါတယ်။
(၁)မျက်ကန်းသူရယ်၊
(၂)တစ်ဖက်မြင်သူရယ်၊
(၃)နှစ်ဖက်မြင်သူရယ်လို့ ဆိုတာပါ။
ဒီနေရာမှာ တစ်ဖက်မြင်သူဆိုတာက မရသေးတဲ့စည်းစိမ်ကို ရရှိအောင် စွမ်းဆောင်နိုင်တယ်။ ရပြီးသားစည်းစိမ်တွေကိုလည်း တိုးပွါးများပြားအောင်လုပ်နိုင်တဲ့ မျက်စိရှိပါတယ်။ ဒါပေမယ့် ကုသိုလ် အကုသိုလ်၊ အပြစ်ရှိ မရှိ၊ အယုတ် အမြတ်၊ အဖြူ အမဲဆိုတာကိုတော့ မြင်နိုင်တဲ့မျက်စိ မရှိပါဘူး။ ဒါ့ကြောင့် သူက စည်းစိမ်းဥစ္စာကို ရမယ်ဆိုလျင် တရားခြင်း မတရားခြင်းစသည်တို့ကို မကြည့်တော့ပါဘူး။ စုဆောင်းဖို့ကိုပဲ စိတ်ဝင်စားသလို ရှာဖွေမှုမှာလည်း ကျွမ်းကျင်ပါတယ်။ ရှာဖွေလုပ်ကိုင်ခြင်းများဟာလဲ ကာမဂုဏ်ကို အပြည့်အ၀ခံစားဖို့ပဲ ရည်စူးပြီး လုပ်ကိုင်နေပါတယ်။ ဒါကိုပဲ ရုပ်ပိုင်းဆိုင်ရာကို ဗဟိုပြုထားပြီး စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ဖို့ စိတ်မ၀င်စားသူလို့ ဆိုနိုင်ပါတယ်။ လုံးဝကန်းသူဆိုတာကတော့ ရုပ်ပိုင်ဆိုင်ရာပစ္စည်းဥစ္စာကို ရှာဖွေနိုင်စွမ်း မရှိသလို စိတ်ပိုင်းဆိုင်ရာကို ဘယ်လို မြှင့်တင်ရမယ်ဆိုတာကိုလည်း နားမလည်သူပါ။ သူ့အတွက် ကာမဂုဏ်သုခရဲ့အဓိပ္ပါယ်ကို ဖွင့်ဆိုနိုင်စွမ်းမရှိသလို မြင့်မြတ်တဲ့အရာတွေကိုလည်း ထိတွေ့ခွင့်မရရှာပါဘူး။ နှစ်ဖက်မြင်သူဆိုတာကတော့ လိုချင်တဲ့ ပစ္စည်းဥစ္စာကို ရယူနိုင်စွမ်းရှိသလို စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ထားနိုင်စွမ်းရှိသူ ဒါမှမဟုတ် မြင့်မြတ်တဲ့အရာတွေကို သူ့နဲ့အတူလက်တွဲ ခေါ်ဆောင်သွားနိုင်သူပါ။ ဒါကိုပဲ ဘာသာတရားနယ်ပယ်ကစကားနဲ့ ပြောမယ်ဆိုယင်တော့ ပစ္စုပ္ပန် သံသရာ အကျိုးစီးပွါးကို နားလည်ကျင့်သုံးနေတယ်လို့ ဆိုတာပါ။


ဒီနေရာမှာ ဆက်လက်ပြောချင်တာက ရရှိပြီးဖြစ်တဲ့ စီးပွါးဥစ္စာကို နောက်ထပ်တိုးပွါးဖို့နဲ့ တည်တံ့နေဖို့ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုအပိုင်းကိုပါ။ ရင်းနှီးမြှုပ်နှံကြသည်ဆိုရာမှာ အချို့က ရေ-မီး-မင်း-ခိုးသူ-ကြွေးမြီ-ငတ်မွတ်မှုတွေ ဖြစ်ပေါ်လာယင် အချိန်မရွေး ထုတ်သုံးနိုင်ဖို့အတွက် ရှေးခေတ်က မြေကြီးထဲမှာ မြုပ်နှံကြပါတယ်။ ဒါပေမယ့် စိတ်မချရပါဘူး။ အဲဒီ မြှုပ်ထားတဲ့နေရာက ရွေ့ ရှားသွားတတ်ပါတယ်။ မြှုပ်ထားတဲ့သူကိုယ်တိုင်ကလည်း မေ့လျော့နေနိုင်ပါတယ်။ နဂါးတွေက နေရာပြောင်းတတ်သလို ဘီလူးတွေက ယူထားတတ်ပါတယ်။ မချစ်အပ်တဲ့ အမွေခံတွေက တူးဖော်ထုတ်ဆောင်တတ်ပါတယ်။ ကုသိုလ်ကံကုန်တဲ့အခါမှာ အဲဒါတွေ အလိုလို ကုန်ဆုံးသွားနိုင်တယ်-လို့ ဆိုပါတယ်။ ဒီနေရာမှာတော့ ကုသိုလ်ကံတို့ နဂါးတို့ ဘီလူးတို့ဆိုတဲ့ မမြင်နိုင်တာတွေကို ချန်ထားလို့ အခြားအရာတွေကတော့ ငြင်းကွယ်စရာမရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီနည်းကိုတော့ မျက်မှောက်ခေတ်မှာ ကျင့်သုံးသူ နည်းပါးသွားပြီဟု ပြောနိုင်ပါတယ်။ ဒါပေမယ့် အဲဒီမြေကြီးထဲမြှုပ်နှံခြင်းအစား မီးခံသေတ္တာများ၊ ဘဏ်များနှင့် အာမခံကုမ္မဏီများက အစားထိုးနေရာဝင်ယူသလားဆိုတာကတော့ စဉ်းစားစရာပါ။


ဒါ့အပြင် နောက်ထပ် ရင်းနှီးမြှုပ်နှံကြတာကတော့
(၁)လယ်-ယာ-မြေ-ဥယျာဉ် စသဖြင့် ရွှေ့ ပြောင်းလို့မရတဲ့ အရာတွေပေါ်မှာ ရင်းနှီးမြှုပ်နှံထားခြင်း ထာဝရဥစ္စာ၊
(၂) ကျွဲး-နွား-ဆင်း-မြင်း စသဖြင့် ရွှေ့ ပြောင်းလို့ရတဲ့အရာတွေအပေါ်မှာ ရင်းနှီးမြှုပ်နှံထားခြင်း ဇင်္ဂမဥစ္စာ၊
(၃) ရွှေ-ငွေ-ကျောက်သံ ပတ္တမြား စသဖြင့် ရင်းနှီးမြှုပ်နှံထားခြင်း သံဟာရိမဥစ္စာ၊
(၄)သိပ္ပံပညာ-၀ိဇ္ဇာပညာ-နည်းပညာ၊ စသဖြင့် အသိပညာ-အတတ်ပညာအပေါ်မှာ ရင်းနှီးမြှုပ်နှံထားခြင်း အင်္ဂသမဥစ္စာ-တို့ ဖြစ်ပါတယ်။ (၅)ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုကတော့ အနုဂါမိကဥစ္စာလို့ ဆိုပါတယ်။
ဒီမှာလည်း အနုဂါမိကဥစ္စာကို ခနဘေးချထားကြပါစို့။ မြှုပ်နှံမှုလေးမျိုးဖြစ်တဲ့ ထာဝရ၊ ဇင်္ဂမ၊ သံဟာရိက၊ အင်္ဂသမ -ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုများဟာ ယနေ့တိုင် ကျင့်သုံးနေဆဲဖြစ်ပါတယ်။ ဒီအထဲမှာလဲ ရုပ်ပိုင်းဆိုင်ရာရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ ထာဝရ၊ ဇင်္ဂမ၊ သံဟာရိက-ဆိုတဲ့အရာတွေဟာ အသိပညာ အတတ်ပညာကို ရင်းနှီးမြှုပ်နှံခြင်းဖြစ်တဲ့ အင်္ဂသမဥစ္စာနဲ့ ကင်းလို့မရဘူးဆိုတာပါ။ အသိပညာ၊ အတတ်ပညာကို ရင်းနှီးမြှုပ်နှံထားခြင်းသည်ပင် အခြား ထာဝရ-ဇင်္ဂမ-သံဟာရိက-တို့ကိုလည်း ရင်းနှီးမြှုပ်နှံပြီးသား ဖြစ်နိုင်ပါတယ်။ အသင်္ဂမဥစ္စာဖြစ်တဲ့ အသိပညာ အတတ်ပညာများကို ရင်းနှီးမြှုပ်နှံထားတဲ့ လူမျိုးများ၊ နိုင်ငံများသာ ယနေ့မျက်မှောက်မှာ ကမ္ဘာ့ထိပ်တန်းလူမျိုး၊ ထိပ်တန်းနိုင်ငံများအဖြစ် ရပ်တည်နေတယ်ဆိုတာ သိမြင်ပြီး ဖြစ်နိုင်ပါတယ်။


နောက်ထပ် ဆက်လက်ဖော်ပြမဲ့အပိုင်းက ရလာတဲ့ စည်းစိမ်ဥစ္စာတွေကို သုံးဆောင်ခံစားမှုအပိုင်းပါ။ ရရှိလာတဲ့ ဥစ္စာပစ္စည်းတွေကို သုံးဆောင်ခံစားခြင်းဖြင့် သင့်တင့်လျောက်ပတ်စွာ ပြုနိုင်တဲ့အချက်တွေ ဒါမှမဟုတ် အကျိုးရလဒ်တွေ ရှိပါတယ်။ အဲဒါတွေကတော့ ရှာဖွေလို့ရရှိခဲ့တဲ့ စည်းစိမ်တို့ဖြင့် မိမိကိုယ်ကိုယ် ချမ်းသာစေပါတယ်။ နှစ်သက်စေပါတယ်။ ချမ်းသာကို ကောင်းစွာဆောင်နိုင်စွမ်းရှိပါတယ်။ အဲသလိုပါပဲ မိမိနဲ့စပ်ဆက်နေတဲ့ အမိ အဖ၊ သားသမီး၊ ဇနီးမယား၊ ဆွေမျိုး၊ အလုပ်သမား-တွေကိုလည်း ချမ်းသာစေပါတယ်။ နှစ်သက်စေပါတယ်။ ချမ်းသာကို ကောင်းစွာဆောင်နိုင်စေပါတယ်။


တကယ်တော့ လူတစ်ဦးတစ်ယောက်ရဲ့ စည်းစိမ်ဥစ္စာပြည့်စုံမှုဟာ ကိုယ်နဲ့စပ်ဆက်နေတဲ့ အခြားသူတွေကို အထောက်အကူပြုနေသလို အခြားစပ်ဆက်သူများကလည်း ကိုယ့်ကို ပြန်လည်လို့ အထောက်အကူ ပြုနေပါတယ်။ အထောက်အကူပြုခြင်းများစွာထဲက ဒီနေရာမှာ ဇနီးမယားရဲ့ အရေးပါမှုကို ပြောကြည့်ချင်ပါတယ်။ ဘဏ္ဍာတို့တွင် မိန်းမဘဏ္ဍာသည် အမြတ်ဆုံးလို့ ဆိုထားတဲ့အတွက် ချစ်သော ယုံကြည်ရသော ဇနီးတစ်ယောက်ရှိခြင်းဟာ မင်္ဂလာတစ်ပါးလို့ ယူဆရမှာပါ။ ဒါနဲ့စပ်ဆက်လို့ “ All great people have had women behind their successes. ကြီးကျယ်ထင်ရှားတဲ့လူများရဲ့ အောင်မြင်မှုနောက်ကွယ်မှာ ဇနီးမယားရှိတယ်” ဆိုတဲ့ စကားပါ။


နောက်တစ်ခုက ပြည့်စုံတဲ့စီးပွါးရှင်တစ်ယောက်ဟာ ကုန်ခမ်းသွားခြင်းများစွာထဲက စီးပွါးဥစ္စာတွေကို ဘယ်လိုနည်းနဲ့ ကုန်ခမ်းစေမလဲဆိုတဲ့အပိုင်းပါ။ အဆွေအမျိုးများကို ပေးကမ်းရပါမယ့်။ ဧည့်သည်တို့ကို ပေးကမ်းရပါ့မယ်။ သေလွန်ပြီးတဲ့ အဆွေအမျိုးတွေအတွက် ရည်စူးပြီး ပေးလှုပူဇော်ရပါ့မယ်။ အာဏာပိုင်ဆိုင်သူများ၊ တနည်းအားဖြင့်တော့ မင်းအားပူဇော်ရပါ့မယ်။ နတ်တွေကိုလည်း ခြွင်းချန်ထားလို့ မရဘူးဆိုတာပါ။ အဲသလိုပါပဲ မြင့်မြတ်တဲ့ သမဏဗြဟ္မဏတွေကို လှုဒါန်းခြင်း ပြုလုပ်ကြရပါ့မယ်။ ဒီသုံးစွဲခြင်းမျာကိုတော့ သင့်တင့်လျောက်ပတ်တဲ့ သုံးဆောင်ခံစားနည်း၊ တစ်နည်းအားဖြင့် နည်းမှန်လမ်းမှန် ကုန်ခမ်းခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ နောက်တစ်ခုက- ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံဆိုးတို့ရဲ့ ကျရောက်လာမည့်ဘေးတို့မှ ထက်ဝန်းကျင် ပိတ်ဆို့ပြီး ဖြစ်တဲ့အတွက် ဒါဟာကို သင့်လျော်တဲ့သုံးဆောင်မှုလို့ ဆိုပါတယ်။


အထက်မှာဖော်ပြခဲ့တဲ့ သုခများစွာထဲက ဆင့်ပွါးခွဲထွက်လာတဲ့ သုခတွေကတော့ - အတ္ထိသုခ၊ ဘောဂသုခ၊ အာနဏျသုခ၊ အန၀ဇ္ဇသုခ-တို့ပါ။
(၁)သင့်လျော်တဲ့အချိန်အခါမှာ တရားသဖြင့် ကြိုးစားအားထုတ်ပြီး ရရှိလာတဲ့ စည်းစိမ်တွေရှိလို့ ချမ်းသာမှု ၀မ်းမြောက်မှုရတာက အတ္ထိသုခပါ။
(၂)တရားသဖြင့် ရှာဖွေရရှိလာတဲ့ စည်းစိမ်တွေကို သုံးဆောင်ခံစားနိုင်၊ ကောင်းမှုကိုလည်း ပြုလုပ်နိုင်လို့ ချမ်းသာမှု ၀မ်းမြောက်မှုရတာက ဘောဂသုခပါ။
(၃)နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ကြွေးမြီများကို တစ်ဦးတစ်ယောက်အား ပေးဆပ်စရာမလိုအပ်လို့ ချမ်းသာမှု ၀မ်းမြောက်မှုရတာက အာနဏျသုခပါ။
(၄)အန၀ဇ္ဇသုခ -ဆိုတာကတော့ အပြစ်မရှိတဲ့ ကာယကံ ၀စီကံ မနောကံတွေနဲ့ ပြည့်စုံနေတဲ့အတွက် ချမ်းသာမှု ၀မ်းမြောက်မှုရနေတာကို ဆိုပါတယ်။
ဒါကိုပဲ ရှိမှုချမ်းသာ- အတ္ထိသုခ၊ သုံးဆောင်မှု ချမ်းသာ- ဘောဂသုခ၊ ကြွေးမြီမရှိမှု ချမ်းသာ- အာနဏျသုခ၊ အပြစ်မရှိမှုချမ်းသာ- အန၀ဇ္ဇသုခ-လို့ ဆိုရမှာပါ။

ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀တစ်ခုဆိုတာက ပိုင်ဆိုင်မှုတွေနဲ့ သက်ဆိုင်နေပါတယ်။ ပိုင်ဆိုင်တာတွေကို ခံစားသုံးဆောင်ခြင်း၊ သုံးဆောင်တတ်ခြင်းဟာလည်း ပျော်ရွှင်မှုကို ဖြစ်စေတယ်ဆိုတာပါ။ ဒီနေရာမှာ သုံးဆောင်မှုချမ်းသာအပိုင်းကို နောက်ထပ်ဆင့်ပွါးလို့ ချဲ့ကားကြည့်ချင်ပါတယ်။


ယနေ့မျက်မှောက်ကမ္ဘာမှာ လူ့အဖွဲ့အစည်းအတွင်း အသက်ရှင်နေထိုင်ကြစဉ် အကြီးမားဆုံး ခြိမ်းခြောက်မှုဟာ တစ်ဦးချင်းအလိုက် နိုင်ငံအလိုက် နှစ်ဦးနှစ်ဖက် အကြမ်းဖက်ဝါဒ ဖြစ်တယ်လို့ဆိုပါတယ်။ အကြောင်းရင်း ဇစ်မြစ်များကို စုံစမ်းမှုအရ အခြားသူများက အုပ်စုတစ်စုကိုဖြစ်စေ လူမျိုးတစ်ခုကိုဖြစ်စေ ခေါင်းပုံဖြတ်ခြင်း၊ သို့မဟုတ် အခြားလူမျိုးတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခြင်း၊ သိမ်းသွင်းဆွဲဆောင်ခြင်း၊ ဒါမှမဟုတ် အခြားအုပ်စုတစ်ခုက လူမျိုးစုတစ်ခု အုပ်စုတစ်စု၏နယ်မြေကို ကျူးကျော်သိမ်းပိုက်ခြင်းဟာ အဓိကအကြောင်း အချက်ဖြစ်တယ်-လို့ အကြံပြုထားပါတယ်။ မျက်မှောက်ဂလိုဘယ်လိုက်ဇေးရှင်းဟာ များစွာကြွယ်ဝချမ်းသာသော ဘ၀တူ လုပ်ဖော်ကိုင်ဖက်ညီနောင်များက ကမ္ဘာ့အဖွဲ့အစည်းရဲ့ အားနည်းတဲ့ အဖွဲ့အစည်းများကို အမြတ်ထုတ်ရန် အရင်းရှင်ဝါဒ၏ အမြင့်မားဆုံးတိုးတက်မှု၏ အထူးပြုပုံစံတစ်ခု ဖြစ်တယ်-လို့ ဆိုထားပါတယ်။ ဒီအဆိုအရ လူသားတွေဟာ ရရှိဖို့ပိုင်ဆိုင်ဖို့ ခံစားသုံးဆောင်ဖို့အတွက် အပြေးအလွှားရှာနေပါတယ်။


ခံစားသုံးဆောင်မှုအပိုင်းမှာတော့ သုခအမျိုးမျိုးကို ဖွင့်ဆိုနိုင်တဲ့အတွက် ရုပ်ပိုင်းဆိုင်ရာခံစားမှုအတွက် ဦးတည်းမလား စိတ်ပိုင်းဆိုင်ရာအတွက် ရည်စူးမလား ဒါမှမဟုတ် ဘာသာရေးပိုင်းဆိုင်ရာကို ဦးတည်းမလားဆိုတာပါ။ တစ်နည်းအားဖြင့်တော့ တစ်ဖက်ကန်းဆိုတဲ့ ကာမဂုဏ်ချမ်းသာမှုကိုပဲ လုံးဝဦးတည်မလား နှစ်ဖက်မြင်ဆိုတဲ့ ကာမဂုဏ်ချမ်သားကော မြင့်မြတ်တဲ့အရာတွေကော ပြုလုပ်မလား ဆိုတာပါ။ ခပ်မြင့်မြင့်ပြောကြည့်ယင်တော့ လူတစ်ဦးနှင့်တစ်ဦး၊ ဆိုင်တစ်ဆိုင်နဲ့တစ်ဆိုင်၊ ကုမ္မဏီတစ်ခုနဲ့တစ်ခု၊ နိုင်ငံတစ်ခုနဲ့တစ်ခု ဘယ်လိုခွဲဝေသုံးဆောင်မလဲ ဆိုတာပါ။


ဒီတော့ မြတ်ဗုဒ္ဓရဲ့ဒေသနာတော်များဟာ အနာဂတ်ပြန်လည်မွေးဖွါးမှုအတွက် လက်ရှိပျော်ရွှင်မှုကို အချိန်ရွှေ့ဆိုင်းထားတဲ့ ဘာသာရေးဆိုတာရယ်၊ အသက်ရှင်နေထိုင်စဉ်အတွင်း သူတို့၏ဘ၀ကို အမြဲတမ်း ပျော်ရွှင်မှုမရအောင် ဘ၀၏ဆိုးပြစ်များနှင့်ပတ်သက်၍ အဆက်မပြတ် တနှုန်းနှုန်းစဉ်းစားနေစေတယ်ဆိုတာရယ်-အဲဒါတွေကို အထက်ပါ သုခများက ဖြေရှင်းပြီး ဖြစ်ပါလိမ့်မယ်။

Read more...

စိုးရိမ်ရေအမှတ် ဖြတ်ကျော်ခြင်း

အခုနှစ် ကဆုန်လရဲ့ နေပူဒါဏ်က ပြင်းထန်လွန်းပါတယ်၊ စကားပုံတစ်ခုရှိတယ်၊ “တော်သလင်းနေ ပုဇွန်သေ” တော်သလင်းလရဲ့အပူဒါဏ် ကြောင့် အင်းအိုင်ထဲက ပုဇွန်များ သေကြရတယ်။ ဒါက တော်သလင်းလ အပူဒါဏ်ရဲ့ ပြယုဂ်တစ်ခုပါ၊ အခုတော့ “ကဆုန်လရဲ့ နေပူဒါဏ်ကြောင့် တိရစ္ဆာန်သာမက လူပါအသက်ဆုံးရှုံးခဲ့ကြရတဲ့အတွက် “ကဆုန်လနေ လူပါသေ” လို့ ပြောရမဲ့အခြေအနေဖြစ်နေပါပြီ။.
ကဆုန်လရဲ့အပူဒါဏ်ဟာ သတ္တ၀ါများကို သနားငှဲ့ညာ စာနာထောက်ထားမှု လုံးဝမရှိပဲ အပြင်းအထန်နှိပ်စက်နေတယ်။ နေပူခေါင်ခေါင်ထဲ သွားရာက ပူလို့ဆိုပြီး စနိုးတာဝါပိုင်းလေးနဲ့ ဦးခေါင်းကို သုတ်လိုက်ရုံနဲ့ အရုပ်ကြိုးပြတ်လဲကျ အသက်ပျောက်ခဲ့ရတယ်။ ဒါက အပူဒါဏ်ကြောင့် အအေးဓါတ်ကို ရှာယူရာကနေ အသက်ဆုံးရှုံးခဲ့ရတာပါ။ ဘ၀အတွက် ရုန်းကန်နေရတဲ့ဆိုက်ကားသမားကလဲ ၀မ်းစာရေးအတွက် နေပူဒါဏ်ကို အံတုပြီး ဆိုက်ကားနင်းးရင်းနဲ့ အပူဒါဏ်ကြောင့် ဦးနှောက်အကြောပြတ်ကာ ရုတ်တရက်လဲကျ ဆေးရုံရောက်တော့ အသက်ပျောက် သွားရရှာပါတယ်။ ဒါက ၀မ်းစားရေးရှာဖွေရာကနေ အပူဒါဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရတာပါ။ ဒါကြောင့်လဲ အခုနှစ်အပူဒါဏ်ဟာ တိရစ္ဆာန်သာမက လူတွေကိုပါ ၀ါးမျိုခံလိုက်ရပါပြီ။ တနည်းပြောရရင် အပူဒါဏ်ကြောင့် တစ်ချို့လူအများ စိုးရိမ်ရေအမှတ်ကို ရောက်ပြီး သေဆုံးခဲ့ရပါတယ်။
အညာဒေသ ပူပြင်းတဲ့ရာသီမှာ အညာသူအညာသားများက “ပူလိုက်တာ….ခုနေအခါ ဘူးခါထဲကရေလေးများ သောက်လိုက်ရရင် ဘယ်လောက် ကောင်းလိုက်မလဲ။ ကြမ်းကြားကလေအေးအေးလေးနဲ့ တွေ့လိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ” လို့ အပူဒါဏ်ကြောင့် အအေးကို တမ်းတကြပါတယ်။ ဒါကိုရည်ရွယ်ပြီး “ဘူးခါးရေသောက် ၊ ကြမ်းကြားလေအောက်” လို့ စကားပုံလေးရှိခဲ့ဖူးပါတယ်။

ဘူးခါးရေဆိုတာက ဘူးခါးသီးအစိမ်းကို ထိပ်ကအပေါက်ဖေါက်ပီး အထဲက အသားနဲ့အူတိုင်တို့ကို ယူထုတ်ပစ်ရပါတယ်။ ဘူးခါးသီး အခွံချည်းကျန်တဲ့အခါ နေပူလှမ်းထားရတယ်။ နွေရာသီရောက်ပီဆိုရင် အသားအူထုတ်ထားတဲ့ ဘူးခါးသီးထဲကို ရေထည့်ထားရပါတယ်။ ထည့်ထားတဲ့ရေဟာ ကြာလာတာနဲ့အမျှ အေးမြလို့ နေပါတော့တယ်။ အပူဒါဏ်ကြောင့် ရေဆာတဲ့အခါ ဘူးခါးထဲက အလွန်အေးမြတဲ့ရေကို အညာသူအညာသားများ သောက်လေ့ရှိကြတယ်။ အဲဒီကနေ ‘ဘူးခါးရေသောက်’ ဆိုတဲ့စကားဖြစ်လာတာပါ။ ဒါပေမဲ့ခုအချိန်မှာတော့ ပူပြင်းတဲ့ဒါဏ်ကြောင့် ဘူးခါးထဲကရေလဲ မအေးနိုင်တော့။

ကြမ်းကြားလေဆိုတာက အညာဒေသ အချို့အိမ်လေးတွေမှာ ကြမ်းခင်းကို ၀ါးခြမ်းပြားနဲ့ ခင်းထားကြတတ်ကြတယ်။ ဒီကြမ်းကြားက တိုက်ခိုက် လာတဲ့လေဟာ အေးတယ်လို့ဆိုပါတယ်။ စကားစပ်လို့ ပြောအုံးမယ်။ စာရေးသူ ရန်ကုန်ရောက်ခိုက် သီတင်းသုံးဖေါ်များနဲ့အတူ နေပြည်တော်ကို ရောက်ခဲ့ပါတယ်။ နေပြည်တော်ကနေ (၈)မိုင်လောက်ဝေးတဲ့ အောင်လံ တောရကို ဆိုင်ကယ်နဲ့ လာခဲ့ကြပါတယ်။ တောရကျောင်းရောက်တော့ စာရေးသူတို့ နေ့လည်ဖက် အေးအေးလူလူ နားနေရအောင်ဆိုပြီး သစ်ပင်ကြီးအောက်မှာ အောင်လံရွာသူ/ရွာသားများက လေးတိုင်စင် ကျောင်း(တဲ)လေးထိုးပေးပါတယ်။ နေစရာကျောင်းလေးတွေလဲ အဆင်သင့်ရှိပါတယ်။ ဒါပေမဲ့ နေ့လည်နေ့ခင်း အပူဒါဏ်ကြောင့် မနေနိုင်မှာစိုးလို့ဆိုပြီး တောရကျောင်းဆရာတော်က ရွာသားများခေါ်ကာ ချက်ခြင်း စီမံပေးတာပါ။ လေးတိုင်စင် တဲကျောင်း လေးမှာ အမိုးက သက်ငယ်မိုးဖြစ်ပြီး အခင်းကြတော့ အအေးဓါတ်ရအောင် ၀ါးခြမ်း အစိမ်းလေးတွေနဲ့ ကြမ်းခင်း ခင်းပေးကြပါတယ်။

အဲဒီမှာ ကြမ်းက ၀ါးခြမ်းအစိမ်းဆိုတော့ ခင်းခါစမှာ အေးနေတာပေါ့၊ ဒါပေမဲ့ နောက်တစ်နေ့ရောက်တော့ အပူဒါဏ် ကြောင့် ၀မ်းခြမ်းများဟာ အ၀ါရောင်ဖက်ကို ပြောင်းလာတာနဲ့အတူ ဒီအခင်းပေါ်ထိုင်လိုက်တဲ့အခါမှာလဲ ပူလို့နေပါတော့တယ်။ ကြမ်းပြားတွေပူနေမှတော့ ကြမ်းကြား အောက်ကလာတဲ့လေဟာလဲ ဘယ့်နှယ်လုပ် အေးနိုင်တော့မှာလဲ။ ဒါကြောင့် ဘူးခါးရေ ကြမ်းကြာလေဟာ အေးမြတဲ့အသွင်ကိုဆောင်ကြတယ်ဆိုပေမဲ့ အခုနှစ်မှာတော့ ဘူးခါးထဲကရေလဲ မအေးနိုင်တော့သလို၊ ကြမ်းကြားအောက်ကတိုက်လာတဲ့လေဟာလဲ မအေးနိုင်တော့ပါ။ ဒါဟာ ဖြစ်တောင့်ဖြစ်ခဲ ပြင်းလွန်းတဲ့အပူဒါဏ်ရဲ့ ပြယုဂ်တစ်ခုအဖြစ် မှတ်တမ်းတင်ရမှာပါ။

အခုနှစ်အပူဒါဏ်ကြောင့် တစ်ခါမှ မခမ်းဘူးတဲ့ အင်းလေးကန်အထဲကရေတွေလဲ ခမ်းလို့နေပါပြီ။ ကဲလွန်းတဲ့အပူဒါဏ်ကြောင့် လူအများလဲ ဒုက္ခအကြီးအကျယ်ရောက်ခဲ့ကြရတယ်။ ဒါက ပတ်ဝန်းကျင်ရဲ့ အပူဒါဏ်ကို ပြောတာပါ။
တစ်နေ့စာရေးသူ ရန်ကုန်မြို့ထဲသို့ ကိစ္စတစ်ခုနဲ့ အငှားကားစီးသွားခဲ့ပါတယ်။ ကားစီးရင်း….
စာရေးသူက ကားသမားအား “ဒကာကြီး…..အခုနှစ် ပူချက်ကတော့ ကန်းကုန်နေတာပဲနော်” လို့စကားစလိုက်တယ်ဆိုရင်ပဲ.. ကားသမားက
“မှန်ပါ့ဘုရား…..ဒီအပူကတော့ ပြောစရာမကျန်တော့လောက်အောင်ကို ပူတာပဲဘုရား၊ ဘယ်မှာမှ မနေနိုင်အောင် ဖြစ်ရပါတယ်။ ကားထဲမှာလဲ အရှင်ဘုရားမျက်မြင်ပါပဲ၊ အင်ဂျင်စက်အပူရှိန်နဲ့ ပိုတောင်ဆိုးသေးတယ်ဘုရား၊ ဘယ်တတ်နိုင်မလဲဘုရား၊ တပည့်တော်တို့မှာတော့ ၀မ်းစာရေးအတွက် ဘယ်လောက်ပူပူ ရှာရတာပါပဲဘုရား၊ ဒါပေမဲ့ ဘယ်လောက်ပဲပူပါစေ၊ တပည့်တော်တို့ရင်ထဲကလာတဲ့အပူတွေကို့ မမီနိုင်ဘူးလေ ဘုရား..” လို့ ကယားရေလွတ် ပြောလာပါတယ်။
ဒီအခါကျမှ ကားသမားရဲ့စကားကို သတိထားမိပါတော့တယ်။ မှန်လိုက်တာ…..သဘာဝပတ်ဝန်းကျင်အပူက ဘယ်လောက်ပူပြင်းပါစေ ရင်ထဲကလာတဲ့အပူကို မမီနိုင်ပါဘူး။ ရင်ထဲကကိုယ့်အပူလောက်ပဲလားဆိုတော့ မဟုတ်သေးဘူး။ သူတစ်ပါးအပူများဖြစ်တဲ့သားအပူ မယားအပူ၊ သမီးအပူ၊ ဆွေမျိုးအပူ၊ ပစ္စည်းဥစ္စာအပူစတဲ့ တစ်ပါးသူရဲ့အပူကိုဝင်ပြီး အငှားပူပေးတဲ့အပူတွေလဲ ပူလောင်လွန်းလှပါတယ်။ အမျိုးစုံတဲ့ရင်ထဲကအပူများ ကို ဘယ်အပူမှ မမီနိုင်ပါဘူး။

အခုလဲ ကားသမားဟာ ပကတိအပူဒါဏ်ကို အံတုရင်း ရင်ထဲကလာတဲ့ အပူဒါဏ်အတွက် ၀မ်းစာရှာဖွေနေရတာပါ။ လူတစ်ယောက်ဟာ ကိုယ်ခန္ဓာရဲ့အပူချိန် ပုံမှန်ထက်အများကြီး ကဲပိုသာလွန်နေရင် အသက်အတွက် စိုးရိမ်ရေအမှတ်ကို ရောက်နေပါတယ်။ ဒီလိုပါပဲ…
ရင်ထဲက အပူများလွန်းလာတယ်ဆိုရင် အသက်အတွက် စိုးရိမ်ရေအမှတ်ကို ရောက်လုနီးနီးဖြစ်လာတော့တာပဲ၊ အချို့ဆိုရင် ပစ္စည်းဥစ္စာများ ဆုံးပါးတဲ့ အပူကြောင့် စိုးရိမ်ရေအမှတ်က မကျော်နိုင်ပဲ အသက်ပျောက်ခဲ့ရတာလဲရှိပါတယ်။

တစ်ခါက တောင်ပြုံးပွဲဆင်နွဲနေတဲ့ အမျိုးသမီးကြီးတစ်ယောက် သူမပိုင်တဲ့အိမ်ရော အတွင်းပစ္စည်းများပါ မီးထဲပါသွားတယ်။ ဒီသတင်းကြားလိုက်ရတဲ့ခဏ ထိုအမျိုးသမီးကြီးဟာ သွေးတိုးတက်ကာ နေရာတင် အသက်ပျောက်ခဲ့ရပါတယ်။ ဒါဟာ ပစ္စည်းဥစ္စာအပူကြောင့် စိုးရိမ်ရေ အမှတ်ကို ရောက်သွားရတာပါ။ အော်… ရင်ထဲကလာတဲ့အပူများဟာ လောကလူသားများအား ဘယ်အထိအောင် နှိပ်စက်နေဦးမှာလဲ၊ သေချာတာကတော့ “သေတဲ့အထိ နှိပ်စက်နေဦးမှာပါ” ဟုတ်တယ်။ သေတဲ့အထိ အနှိပ်စက်ခံရအုံးမယ်…. သေတဲ့အထိ အနှိပ်စက်ခံရအုံးမယ်…. သေတဲ့အထိ အနှိပ်စက်ခံရအုံးမယ်….
လောကမှာ ပကတိအပူဒါဏ်ထက် ရင်ထဲကလာတဲ့အပူဒါဏ်က သာလွန်ပါတယ်။ ရင်ထဲကလာတဲ့ အပူဒါဏ်ထက် လောဘ၊ ဒေါသ၊မောဟ အပူများကသာလွန်ပါတယ်။ဟုတ်တယ်၊ လောကမှာ ကိလေသာအပူလောက် ပူတဲ့အပူမရှိပါ။ ကိလေသာအပူဆိုမှတော့ မီး တစ်ဆယ့်တစ်မီးစလုံး ပါဝင်သွားပါပြီ။
ပကတိအပူကြောင့် စိုးရိမ်ရေအမှတ်မကျော်ဖြတ်နိုင်ကြသလို ရင်ထဲကလာတဲ့အပူကြောင့်လဲ စိုးရိမ်ရေအမှတ်ရောက်ခဲ့ကြရပါတယ်။ ဒါ့အပြင် ကိလေသာအပူမီးကြောင့်လဲ စိုးရိမ်ရေအမှတ်ရောက်ခဲ့ရပါတယ်။ အိုတဲ့အပူမီး၊ နာတဲ့အပူမီး၊ သေတဲ့အပူမီး၊ သောကအပူမီး၊ ပရိဒေ၀အပူမီး၊ ကိုယ်ဆင်းရဲတဲ့အပူမီး၊ စိတ် ဆင်းရဲတဲ့အပူမီး၊ အပြင်းအထန်ပူပန်တဲ့အပူမီးများကြောင့်လဲ စိုးရိမ်ရေအမှတ်ရောက်ခဲ့ကြရပါတယ်။လူသားများ အပူမီးကြားထဲမှာ စိုးရိမ်ရေအမှတ်ရောက်ခဲ့ကြရသလို စာရေးသူလဲ လူသားထဲက လူသားပေမို့ စိုးရိမ်ရေအမှတ်ရောက် လုနီးဖြစ်ခဲ့ရပါတယ်။ ဖြစ်ပုံက….

ဒီနှစ်ထဲမှာ စာရေးသူဟာ ချောင်းဆိုးလိုက် ပြန်ကောင်းလိုက်နဲ့ သံသရာလည်နေတာ ကြာခဲ့ပါပီ။ ဒီရောဂါအတွက် နေရပ်မြို့မှာပဲ ပထမအစစ်ဆေးခံပါတယ်။ နောက် ရန်ကုန်မြို့ရဲ့ ဆေးခန်းတစ်ခုမှာ အစစ်ဆေးခံပါတယ်။ စစ်ဆေးပေးတဲ့ ဆရာဝန်က အဆုတ်နဲ့ရင်ခေါင်းခွဲစိတ် အထူးကုဆရာဝန်ပါ။ ရောဂါကုတဲ့နေရာမှာ တိကျတယ်၊ ပြတ်သားတယ်၊ ကျွမ်းကျင်တယ်လို့ သတင်းကောင်းထွက်နေတဲ့ ဆရာဝန်ပါ၊ တကယ်လဲမှန်ပါ တယ်။

ပထမဓါတ်မှန်ရိုက်ခိုင်းပါတယ်။ ဓါတ်မှန်ကို ကြည့်ပြီး ဆရာဝန်က ပိုပြီးတိကျသေချာအောင် CT ဓါတ်မှန်(အရပ်အခေါ် ကွန်ပျူတာဓါတ်မှန်) အရိုက်ခိုင်းပါတယ်။ နောက်တစ်ရက် ဆေးခန်းပြတဲ့အခါ ဆရာဝန်က “ အရှင်ဘုရား….အရှင်ဘုရားရဲ့အဆုတ်ကို ခွဲထုတ်ပီး လှီးပစ်ရမယ်ထင်တယ် ဘုရား။ ဒီအတွက်ဘာမှ ပူစရာမလိုပါဘူး၊ ခဏလေးပဲ ခွဲပီး ထုတ်ပစ်လိုက်ယုံပါပဲဘုရား၊ လောလောဆယ် တပည့်တော် ဆေး ၂ ပါတ်စာ ပေးလိုက်ပါ့မယ်။ ဆေးသောက်ပီးတဲ့အခါ CT ဓါတ်မှန်ပြန်ရိုက်ရမယ်၊ အဆင်မပြေရင်တော့ ခွဲ့ရလိမ်မယ်ဘုရား၊ အရှင်ဘုရားဟာက ကင်ဆာ မဟုတ်ရင် ဗိုင်းရပ်စ်တစ်မျိုးမျိုးဖြစ်နိုင်တယ်”
ကင်ဆာစကားကြားရတော့ ခံစားရတယ်။ စာရေးသူသာမဟုတ် လူသားအားလုံးလဲ ဒီလိုပါပဲ။ ယနေ့ခေတ် လူသားများကို ချိန်းချောက်နေတဲ့ တစ်ခုတည်းသောရောဂါဟာ “ကင်ဆာရောဂါ” ပါ်။ ကင်ဆာဆိုရင် မကြောက်တဲ့သူမရှိ၊ လူတိုင်းကြောက်ကြတယ်။ ဒါနဲ့စာရေးသူက “ဒကာကြီး….စိုးရိမ်ရလား” လို့မေးလိုက်တော့ “ အရှင်ဘုရား..စိုးရိမ်စရာမရှိပါဘူး” လို့ပြန်ဖြေပါတယ်။ ဘယ်လောက်ပဲ စိုးရိမ်စရာမရှိ လို့ပြောပါစေ မသေချာသေးတဲ့ကင်ဆာရောဂါအတွက် စိတ်ထဲပူပန်မိတာတော့ အမှန်ပါ။

တစ်ချို့ဆိုရင်ကင်ဆာလို့ပြောလိုက်တာနဲ့ စားမ၀င်အိပ်မပျော်ဖြစ်ကာ ပိုပြီးအသေမြန်သွားတာမျိုးလဲ ရှိတတ်ပါတယ်။ ဒါဟာ အနာရောဂါ ကြောင့် စိုးရိမ်ရေအမှတ်ကို ရောက်သွားရတာပါ။ ရောဂါကြောင့် ပူရတဲ့အပူလို့လဲ ပြောနိုင်ပါတယ်။
အခုလဲ စာရေးသူအတွက် မသေချာသေးတဲ့ရောဂါအတွက် အဖြေရရှိဖို့ နှစ်ပတ်ကြီးများတောင်စောင့်ရပေအုံးမယ်။ မှန်မှန်ပြောရရင် ဒီအချိန်တုန်းက တိတိကျကျအဖြေသိဖို့အတွက် ၁၄ ရက်ကို စောင့်ရတာဟာ ၁၄နှစ်လောက်ထင်ခဲ့တာပါ။ တကယ်တမ်း ရောဂါအဆုံးအဖြတ်ပေးမဲ့ ရက်ကိုရောက်ခါနီးပြန်တော့လဲ ဒီရက်ကို မရင်ဆိုင်ချင် ဖြစ်ရပါတယ်။ ဒါပေမဲ့ မရင်ဆိုင်ချင်လဲ ရင်ဆိုင်ရမှာတော့မှာပါ။ ဒီလိုပါပဲ လောကလူသားများဟာ သေခြင်းတရားကို မရင်ဆိုင်ချင်လဲ ရင်ဆိုင်ကြရမှာပါ။

ရောဂါအတွက်မသေချာမရေရာတဲ့အခြေအနေမှာ ဖုန်းမြည်သံကြောင့် ဖုန်းကိုင်လိုက်တော့ “အရှင်ဘုရား…နေကအလွန်ပူပြင်းပါတယ်၊ တပည့်တော်တို့ရွာကို ဒီနှစ်မကြွခဲ့နဲ့တော့ဘုရား။နောင်နှစ်မှပဲ ကြွခဲ့ပေါ့ဘုရား”လို့ အညာဒေသရွာတစ်ရွာက ဒကာတစ်ဦးဖုန်းဖြင့် ပြောလာပါတယ်။ ဒီအတွက် ဘယ်လိုအဖြေပေးရမှန်းမသိ ဖြစ်နေရသူက စာရေးသူပါ။ ဘာ့ကြောင့်ဆိုရင် စာရေးသူမှာက ကင်ဆာလား ဗိုင်းရပ်စ်လားဆိုတာမသိ တကယ်လို့ ကင်ဆာရောဂါဖြစ်နေမယ်ဆိုရင် ကိုယ့်အတွက် နောက်နှစ်ဆိုတာမရှိတော့၊ ဆက်လက်အသက်ရှင်သန်ခွင့် မရနိုင်တော့၊ ဒါနဲ့ပတ်သက်ပြီး ငါဘယ်လို အဖြေပေးရမလဲ၊၊ အနာဂါတ်မှာ မသေခြာမရေရာတဲ့စာရေးသူအတွက် “နောင်နှစ်မှာ လာပါ့မယ်”ဆိုတဲ့စကားကို ဘယ်လိုပြန်ဖြေရမှန်းမသိ ဖြစ်ခဲ့ရပါတယ်။ ဒီအဖြစ်မျိုး စာချစ်သူများလဲ ကြုံဖူးကြမှာပါ၊ သတိမထားမိလို့သာ ဖြစ်ချင်ဖြစ်မယ်။

ဒီလိုနဲ့ ဒုတိယအကြိမ် ဆေးခန်း ပြန်ပြခဲ့ပါတယ်။ ရောဂါက ကင်ဆာမဟုတ် ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်တယ် လို့ သိလိုက်ရပါတယ်။
အော်…….ငါဟာစိုးရိမ်ရေအမှတ်က ကျော်ခဲ့ပြန်ပီကော လို့ ဟင်းချနိုင်ပါတော့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ စိုးရိမ်ရေအမှတ်က ကျော်ဖြတ်နိုင်ခဲ့ ပေမဲ့ နောင်တစ်ကြိမ်ကြိမ်မှာတော့ စိုးရိမ်ရေအမှတ်ကို ရောက်တော့မယ်၊ ရှောင်ကွင်းလို့မရဘူးဆိုတာ သိနေပါတယ်။
ဒီလိုပါပဲ စာဖတ်သူများလဲ စိုးရိမ်ရေအမှတ်ကို ရောက်ကြရတော့မှာပါ။ အားလုံးစောင့်နေကြရတာပါ။ တကယ်တမ်း ဘ၀ကိုအဆုံးအဖြတ်ပေးမဲ့ အနာရောဂါဖြစ်လာတဲ့အခါ အင်အားနည်းတဲ့သူ မဖြစ်စေချင်ပါဘူး။ ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်အောင် အင်အားရှိတဲ့သူဖြစ်နေဖို့ လိုပါတယ်။ ဒီအတွက် ကုသုလ်များများရအောင် သတိတရားထားပြီး နေဖို့ပါပဲ။ ဒါဟာ စိုးရိမ်ရေအမှတ်ကျော်ဖြတ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေပါ။ ကုသိုလ်ရအောင် နေတတ်ပီဆိုရင် စိတ်ဓါတ်အင်အားလဲတိုးတက်လာမှာပါ။ လူတိုင်းဟာ ကုသိုလ်ဆိုတဲ့စိတ်ဓါတ်အင်အားနဲ့ စိုးရိမ်ရေအမှတ်ကို ကျော်ဖြတ်ကြရမှာပါ။
နောက်ဆုံး ပြောချင်တာက….စာချစ်သူများ ကြိုတင်ပြင်ဆင်မှုတွေနဲ့အတူ စိုးရိမ်ရေအမှတ်ကို ကျော်ဖြတ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း……


စိုးရိမ်ရေအမှတ်ကျော်ဖြတ်နိုင်ကြပါစေ
ဦးကောဝိဒ(မြိတ်)

Read more...

ဇွန်လ (၉) ရက်နေ့တရားအစီအစဉ်များ...

မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ နံနက် ၀၇း၃၀ နာရီအထိ...
အရှင်အာစရာလင်္ကာရ (စစ်ကိုင်းရွှေင်္ဟသာ) ဟောကြားတော်မူသော
၁) ရာဟုလာ အမွေတောင်းခန်း
၂) အတုမရှိ ဗုဒ္ဓမြတ်စွာ
ဖြူးဆရာတော် အရှင်နရပတိ ဟောကြားတော်မူသော
၁) အမေ့ကျေးဇူး မကြေငါမသေ (၁)
၂) အမေ့ကျေးဇူး မကြေငါမသေ (၂)
၃) စံပြကုသိုလ်ရှင် သူလိုဖြစ်စေချင်

မြန်မာစံတော်ချိန် ၀၇း၃၀ နာရီမှ နံနက် ၁၈း၃၀ နာရီအထိ...
ဆရာတော် ဦးဇောတိက ဟောကြားတော်မူအပ်သော
၁) ဘ၀ကိုစိတ်ကဦးဆောင်သည်
၂) သဘောထားမှန်ပါစေ
၃) အရှုပ်ထဲမှာ ရှင်းအောင်နေ
ဆရာတော် နနမာလာဘိဝံသ ဟောကြားတော်မူအပ်သော
၁) မြတ်ဗုဒတရားဒေသနာနှင့် ယနေ့ကမာ
ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ ဟောကြားတော်မူအပ်သော
၁) စိတ်ယဉ်ကျေးက ချမ်းသာရ
၂) စိတ်အေးကြည်လင်အကျိုးမြင်

မြန်မာစံတော်ချိန် ၁၉း၀၀ နာရီမှ နံနက် ၂၄း၀၀ နာရီအထိ...
ကြာနီကန်ဆရာတော် ဦးဇဋိလ ဟောကြားတော်မူသော
၁) သူများမကောင်းကြံ ကိုယ်သာခံ
၂) သတ်သော်မသေ သေသော်မသတ် တရားတော်များ
တောင်တန်းသာသနာပြု ဦးဥတ္တမသာရ
၁) မိဘကျေးဇူး တရားတော်


Read more...

Sati Samojha

Once a bhikkhu asked Lord Buddha, "What are the bojjhangas that are talked about?" The Buddha answered, "The Bojjhangas are the factors leading to the Four Noble Truths."
Buddha added "There are 7 Bojjhanggas, namely
  1. Sati
  2. Dhamma vicaya
  3. Viriya
  4. Piti
  5. Passadhi
  6. Samadhi
  7. Upekkha
Sayadaw U Ukkhamsa giving the Dhamma talk
Tonight talk given by Sayadaw U Ukkhamsa is about the first of the 7 Bojjhangga that is Sati samojhangga at BMBMC in conjuction with the 10-days Vipassana Meditation Retreat from 5th to 14th of June.

How is Sati a bhojjhanga? How can Sati be the factor leading to Enlightenment? Sati (or Mindfulness) is like the guard, that checks the entrance and the exit of the people from a place. As seeing consciousness arises, sati is aware of it.

Sati is based on the 4 Foundations of Mindfulness that are kayanupassana, vedananupassana, cittanupassana, or dhammanupassana .

Therefore, if yogis is to always keep on noting mindfully during the retreat, then the yogis is cultivating one of the bhojhangga that will lead to Enlightenment.

Read more...

ယူသနေစီးယားနှင့် မာတုဃာတကကံ

တစ်နေ့စာကြည့်နေခိုက်----
နေကောင်းပါရဲ့လား အရှင်ဘုရား"ဟု မေးမြန်းနှုတ်ဆက်သံကြောင့်
"အော်-နေကောင်းပါတယ်၊ မပေါ်လာတာ အတော်ကြာပါပကောလား
ဒကာထူးရဲ့"ဟုပြန်လည်နှုတ်ဆက်လိုက်ရ၏။

"မပေါ်လာတာကြာဆို တပည့်တော်မိခင်ကြီး ကျန်းမာရေးမကောင်းတာ
ရန်ကုန်ထိသွားပြီး ဆေးကုပေးနေခဲ့ရလို့ပါဘုရား၊ အခုတော့ ကျန်းမာရေး
ကောင်းသွားပါပြီ၊ အဲဒါ အရှင်ဘုရားအတွက် လှူစရာကလေးတွေလည်း
ပါလာ၊ မေးစရာလေးတွေလည်း တွေ့လာခဲ့ရလို့ပါဘုရား။"

"လှူစရာကိုတော့ ထားပါဦး၊ မေးစရာကို အရင်သိပါရစေ။"

"ဒီလိုပါဘုရား၊ ရန်ကုန်ဆေးခန်းမှာတုန်းက တပည့်တော်တို့ အမေအရွယ်
အသက်ခုနစ်ဆယ်ကျော် အဘွားကြီးတစ်ယောက် ဆေးကုသမှုခံယူနေ
တာကိုတွေ့ခဲ့ရပါတယ်ဘုရား၊ ရောဂါက သားအိမ်ကင်ဆာလို့ ဆိုပါတယ်။
နာလွန်းလို့ထင်ပါရဲ့ဘုရား၊ အော်လိုက် ညည်းလိုက်နဲ့ တလူးလူး တလွန့်လွန့်
ဖြစ်နေတာ မြင်ရ ကြားရတဲ့ သူတွေတောင်မသက်သာလှဘူးပေါ့ ဘုရား။"

"ဒီလိုနဲ့ သားသမီးတွေက စိတ်ဓာတ်ကျပြီး မကြည့်ရက်တော့တဲ့အဆုံးမှာ
ဆရာဝန်ကြီးကို သူတို့အမေကို ယူသနေစီးယား လုပ်ပေးဖို့ တောင်းပန်
ကြတော့တာပါပဲဘုရား။"

"နေပါဦး ဒကာထူးရဲ့၊ ယူသနေစီးယားဆိုတာ နောက်ဆုံးပေါ်ကုထုံးလား၊
ဆေးဆုံးသုံးပြီး ကုပေးဖို့ပြောတာလား။"

"ဘယ်ကဟုတ်ရမှာလဲဘုရား၊ ယူသနေစီးယား (Euthanasia) ဆိုတာ
မနာမကျင်ရလေအောင် လူနာကို ညင်ညင်သာသာ ကိစ္စတုံးပစ်တဲ့နည်းကို
ဆိုတာပါဘုရား။"

"ဟာ-ဖြစ်ရလေ ဒကာထူးရယ်၊ အဲဒီတော့ ဆရာဝန်ကြီးက လုပ်ပေးလိုက်ရော့လား။"

"လျှေက်ပါ့မယ်ဘုရား၊ ဆရာဝန်ကြီးက ဘာသာရေးကို အတော်ကိုင်းရှိုင်းပုံရပါတယ်
ဘုရား၊ ဒီလိုယူသာနေစီးယားလုပ်တယ်ဆိုတာ တကယ်တော့ သူ့အသက်ကိုသတ်
တာပဲတဲ့၊ ဝေဒနာခံစားရတာကတော့ လူနာရဲ့ကံတရား အကျိုးပေးပေါ့လေ၊ ဒီလို
မလုပ်ချင်ကြပါနဲ့လို့ အတော်ရှည်ရှည်ဝေးဝေး ရှင်းပြပါတယ်ဘုရား။"

"ပြီးတော့ ဆရာဝန်ဆိုတာ လူနာကို အသက်ရှည်ကျန်းမာအောင် တတ်စွမ်းသမျှ
ကုသပေးကြရတဲ့သူတွေသာဖြစ်ပြီး လူနာကရော လူနာရှင်တွေကပါ ဘယ်လောက်
လိုလားလိုလား အသက်တိုအောင်လုပ်ပေးတဲ့သူ လူနာရဲ့ကံကို အဆုံးသတ်ပေးတဲ့
သူတွေမဖြစ်သင့်ပါဘူးတဲ့။"

"နောက်ပြီးစဉ်းစားစရာက သူမသေခင် ကုရနိုင်တဲ့နည်း ကုရနိုင်တဲ့ဆေး မပေါ်ဘူး
လို့လည်းမဆိုနိုင်ဘူး၊ သတ္တဝါတစ်ခု ကံတစ်ခုဆိုတာကိုလည်း သတိပြုရပါမယ်တဲ့
ဘုရား။"

"ဒါတွေဟာ ဒေါက်တာမောင်မောင်ညိုရေးတဲ့ ရောဂါဆန်းနဲ့ဇာတ်လမ်းများ စာအုပ်
ထဲကရရှိထားတဲ့ ဗဟုသုတ အသိတရားတွေကို တဆင့်ဖြန့်ဝေပေးတာပါတဲ့။"

"ဆရာဝန်တွေဘက်က နောက်ဆုံးပေါ်နည်းပညာတွေ၊ ဆေးဝါးတွေနဲ့ တတ်စွမ်းသမျှ
ကုသပေးနေသလို လူနာရှင်တွေဘက်ကလည်း အတတ်နိုင်ဆုံး ပြုစုယုယမှုတွေ
ပေးကြပါလို့ ပြောသွားပါသေးတယ်ဘုရား။"

"အင်း--တော်တော် သဘောထားပြည့်ဝတဲ့၊ ဗဟုသုတပြည့်စုံတဲ့ဆရာဝန်ကြီးပဲကိုး၊
အထူးသဖြင့် ဒါတွေကိုတင်ပြပေးတဲ့ ဒေါက်တာ မောင်မောင်ညိုကို လေးစားစရာပါပဲ။
ဒါနဲ့ ဒကာထူး မေးစရာတွေဆိုတာက---။"

"သြော်-ဒီလိုပါဘုရား၊ အကယ်၍သာ လူနာရဲ့သားသမီးတွေ တောင်းဆိုတဲ့အတိုင်း
ယူသနေစီးယားလုပ်ပေးလိုက်ရင် တောင်းဆိုတဲ့သူတွေနဲ့ လုပ်ပေးတဲ့သူမှာ ဘယ်လို
အပြစ်မျိုးတွေ ဖြစ်နိုင်မလဲ သိချင်တာပါဘုရား။"

"မေးလဲမေးထိုက် သိလည်းသိထိုက်တာပဲ ဒကာထူးရေ။ တောင်းဆိုတဲ့သူတွေက လူနာရဲ့
သားသမီးအရင်းတွေ စစ်မှန်ခဲ့ရင်တော့ မာတုဃာတကကံ ထိုက်မှာဖြစ်ပြီး လုပ်ပေးတဲ့
အခြားသူကတော့ ပါဏာတိပါတကံ ထိုက်မှာပါပဲ။"

"ဒီနေရာမှာ မာတုဃာတကကံထိုက်ရတာကတော့ ယူသနေစီယားလုပ်ပေးဖို့ တောင်းပန်
တာက သတ်တဲ့ပုံစံ (၆) မျိုးထဲက အာဏတ္တိက ခေါ်တဲ့ စေခိုင်း၍သတ်ခြင်းဆိုတဲ့ အထဲမှာ
အကျုံးဝင်နေတာရယ်၊ အသတ်ခံရသူကလည်း လူသားစစ်စစ်ဖြစ်တဲ့ အမေရင်း၊ သတ်သူ
(စေခိုင်းတောင်းပန်သူ) ကလည်း လူသားစစ်စစ် သားသမီးအရင်းဖြစ်နေတာရယ်၊ အဲဒီ
စေခိုင်းမှု ပယောဂကြောင့်ပဲ သေဆုံးတာရယ်တို့ကြောင့် မာတုဃာတကကံ ( အမေသတ်
တဲ့ကံ) ထိုက်ရတာပါပဲ။"

"တင်ပါ့ဘုရား၊ အရှင်ဘုရားပြောတဲ့အထဲက သတ်တဲ့ပုံစံ (၆) မျိုးဆိုတာနဲ့ လူသားစစ်စစ်
ဆိုတာတွေကို မိန့်ပါဦးဘုရား။"

"သတ်တဲ့ပုံစံ (၆) မျိုးဆိုတာက
(၁) ကိုယ်တိုင်ကိုယ်ထိလက်ရောက်သတ်ခြင်း (သာဟတ္ထိက)၊
(၂) စေခိုင်း၍သတ်ခြင်း (အာဏတ္တိက)၊
(၃) ပတ်ခတ်၍သတ်ခြင်း (နိဿဂ္ဂိယ)၊
(၄) ကျသေ ထိသေအောင် တွင်းတူး၊ ဗုံးထောင်၊ ငြောင့်တံသင်းထောင်ထား၍သတ်ခြင်း
(ထာဝရ)
(၅) စုန်းအတတ်၊ မှော်အတတ်စတဲ့ အတတ်တစ်မျိုးမျိုးနဲ့သတ်ခြင်း (ဝိဇ္ဇာမယ)
(၆) ကံကြောင့်ဖြစ်တဲ့ တန်ခိုးနဲ့သတ်ခြင်း (ကမ္မဇိဒ္ဓိ) -တို့ပါပဲ။"

"နောက်လူသားစင်စစ်ဆိုတာက မာတုဃာတက၊ ပိတုဃာတကကံတွေမှာ သတ်သူရော၊
အသတ်ခံရသူပါ လူသားစစ်စစ်တွေဖြစ်ပါမှ ဒီကံတွေကထိုက်တာ၊ သီဟဗာဟုတို့မှာလို
အသတ်ခံရသူအဖေက တိရစ္ဆာန်ဖြစ်ပြီး၊ သတ်တဲ့သူ သားသမီးကလူဖြစ်ရင်တော့ ဒီကံ
ကြီးတွေမထိုက်နိုင်ဘူးလို့ ဆိုလိုတာပါ၊ ဒီကံကြီး (အာနန္တရိယကံ) တွေ ထိုက်မှု-မထိုက်မှု
နဲ့ပတ်သက်ပြီး အကျယ်တဝင့် သိချင်ရင်တော့ သမန္တစက္ခုဒီပနီကျမ်းမှာ ကြည့်နိုင်ပါတယ်။"

"မှန်ပါဘုရား၊ အကယ်၍ ဒီကံကြီးထိုက်သွားရင် ပစ္စုပ္ပန်ဘဝနဲ့ တမလွန်ဘဝတွေမှာ ခံစား
ရမယ့် အကျိုးအာနိသင်တွေကိုလည်း သိလိုပါသေးတယ်ဘုရား။"

"ပစ္စုပ္ပန်ဘဝမှာတော့ ဈာန်တရား၊ မဂ်တရား၊ ဖိုလ်တရားတွေ လုံးဝမရနိုင်တော့ဘူး။ အများ
တကာရဲ့ ရှုတ်ချခံရမှုတွေကိုတော့ တွေးကြည့်ရင် သိနိုင်လောက်ပါတယ်။ အဇာတသတ်
မင်းတို့လို ညဘက်အိပ်မပျော်တာတွေစတဲ့ နောက်ဆက်တွဲတွေကလည်း အများကြီးပဲပေါ့။
အဲ-တမလွန်လားရာဂတိကတော့(ဘယ်လိုကောင်းမှုတွေကိုပဲ ပြုထားစေဦး၊ ပြုပေဦးတော့)
ဒီဘဝကသေရင် ငရဲမှာတပ်အပ်ကျဖြစ်မှာ အသေအချာပါပဲ။"

"ယခုလိုသိခွင့်ရတာ ကျေးဇူးကြီးလှပါတယ်။ ဟိုလူနာရှင်သားသမီးတွေကတော့ ဆရာဝန်
ကြီးရဲ့ကောင်းမှုကြောင့် ဒီကံကြီးကလွတ်သွားကြရတာပဲဘုရား၊ တော်ပါသေးရဲ့။"

"အင်း-မရှိတာထက် မသိတာခက်တယ်လို့ဆို မဟုတ်လားကိုထူးရဲ့၊ သိသင့်သိထိုက်တာ
တွေကို သိအောင် လေ့လာထားကြရမှာပေါ့။"

"တင်ပါ့ဘုရား၊ တပည့်တော်တို့လို မိအို ဖအိုတွေနဲ့ နေရတဲ့သူတွေ ပိုပြီးသိသင့်ပါတယ်ဘုရား။
တပည့်တော်လည်း တတ်နိုင်သလောက် လက်ဆင့်ကမ်းမှာပါပဲဘုရား။"

"မိဘစတဲ့ ကျေးဇူးရှင်ကြီးတွေဟာ မီးနဲ့ပမာတူတယ်တဲ့ ဒကာထူးရဲ့၊ မီးဆိုတာ သုံးတတ်ရင်
ထမင်းချက်၊ အနွေးငွေ့လှုံ၊ အလင်းရောင်ယူ အမျိုးစုံအောင် သုံးလို့ရပေမဲ့၊ မသုံးတတ်ရင်တော့
လောင်တတ် ကျွမ်းတတ်တာ သဘာဝပါပဲ၊ ဒါကြောင့် ငရဲမီး အလောင်မခံရအောင်
ရှောင်ရှားပြီး၊ လူနတ်နိဗ္ဗာန် ချမ်းသာရအောင် ဒီမီးအလင်းရောင်ကြီးတွေကို သုံးတတ်ပါစေ
ဒကာထူးရေ။"

"ဤသို့ဖြင့် ဒကာထူးတစ်ယောက် ပါလာသောလက္ဘက်ခြောက်ကို လှူပြီး ရိုသေစွာ ဦးချ
လိုက်လေသတည်း။"

(ဓမ္မရတနာမဂ္ဂဇင်း၌ "သတ်စေခြင်း သေစေခြင်း"အမည်ဖြင့် ဖော်ပြပြီး)

Read more...

ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ

တရံရောအခါက ဘုရင်ကြီးတစ်ပါးရှိသတဲ့။
ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မာဒတ်မင်းကြီး အုပ်စိုးသတဲ့။
ကဲကဲ ... ပုံပြင် ဆက်ကြဦးစို့။ ဘုရင်ကြီးရဲ့ ဘေးနားမှာသက်တော်စောင့်တွေ
အများကြီး ရှိတဲ့ အထဲမှာမှ တစ်ယောက်ကို သူ့ရဲ့အပါးတော်မြဲ အနေနဲ့
ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့ အနားမှာထပ်ကြပ်မကွာ
အမြဲနေခွင့်ရသပေါ့ကွယ်။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာ
ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း ဉာဏ်ကောင်းတွေ ပေးတတ်တော့
ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း ဘယ်သွားသွား
ခေါ်သွားသတဲ့။

တစ်နေ့တော့ ရှင်ဘုရင် မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကို
ကိုက်လိုက်သတဲ့။ နောက်နေ့တွေတော့ လက်ညိုးဟာ ရောင်ကိုင်းပြီး အနာလည်း
အတော်လေး ရင်းလာတယ်။ ဘုရင်ကြီးက သူ့ အပါးတော်မြဲကိုမေးတယ်။
" မောင်မင်း၊ ငါကိုယ်တော်မြတ် မွေးတဲ့ခွေးက ငါ့ကို ပြန်ကိုက်တယ်ဆိုတော့
ဒါ မကောင်းတဲ့ အတိတ်နိမိတ်ပဲ မဟုတ်လား" တဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့
အပါးတော်မြဲက ပြန်ဖြေတယ်။
နောက်တော့ လက်ညိုးရဲ့ အနာက အခြေအနေ အတော်လေးဆိုးလာတော့ ဘုရင်ကြီးဟာ
သူ့ရဲ့ လက်ညိုးကို ဖြတ်ပစ်လိုက်ရတယ်။ "ဟယ် ငါ့ကိုယ်တော်ရဲ့ လက်ညိုးတော်
ဖြတ်ပစ်လိုက်ရပြီ။ ဒါ မကောင်းတဲ့
လက္ခဏာပဲ၊ မောင်မင်း။ ဘယ်လို အဆိုးတွေများ ကြုံလာဦးမလဲ မသိဘူး။
လျှောက်စမ်းပါဦး" လို့ ဘုရင်ကြီးက သူ့ အပါးတော်မြဲကို
အကြံဉာဏ်တောင်းသတဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ပဲ
အပါးတော်မြဲက ထပ်ဖြေလိုက်တယ်။ လက်ညိုးတော် ပြတ်လို့ စိတ်တိုနေရတဲ့ကြားထဲ
ဒီကောင်က အခုထိ စကားအကောင်းမပြောဘူးဆိုပြီး ဘုရင်ကြီးက
အတော်လေးတင်းသွားတယ်။ ဒါနဲ့ အဲ့ဒီ အပါးတော်မြဲကို ထောင်ချပစ်လိုက်တယ်။

တစ်နေ့တော့ ဘုရင်ကြီးဟာ တောထဲကို အမဲလိုက်ထွက်သတဲ့။ စာစကားနဲ့ဆို
တောကစားထွက်တာပေါ့ဗျာ။ သမင်ကို သဲကြီးမဲကြီး လိုက်ဖို့ပဲ အားသန်နေတော့
တစ်ယောက်တည်း လိုက်ရင်းလိုက်ရင်းနဲ့ပဲ တောဖွက်ခံလိုက်ရတယ်။ တောထဲမှာ
လမ်းပျောက်သွားတယ်။ ဆက်သွားလေ တောနက်လေ ဖြစ်နေတယ်။ ကံများ ဆိုးချင်တော့
တောထဲမှာ နေကြတဲ့ လူရိုင်းတွေဟာ သူ့ကို တွေ့ပြီး ဖမ်းသွားတယ်။

သူတို့ကတော့ ဘုရင်မှန်း ဘယ်သိမှာလဲ။ လူရိုင်းဆိုတော့လည်း ဘုရင်ဆိုတာ
ဘာကောင်မှန်းတောင် သိမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဓလေ့က လူတစ်ယောက်ယောက်
ဖမ်းပြီး နတ်ဘုရားကို ယဇ်ပူဇော်ရတယ်။ ယဇ်ပူဇော်ဖို့ သတ်မယ်လို့
ကြံရွယ်နေတုန်းမှာပဲ သူတို့ရဲ့ အကြီးအကဲ သတိထားမိသွားတာက ဘုရင်ကြီးမှာ
လက်ညိုးတစ်ချောင်းမပါဘူး ဆိုတာပဲ။ အင်္ဂါမစုံတဲ့ လူတစ်ယောက်ကို
ယဇ်ပူဇော်ရင် နတ်ဘုရားက စိတ်တိုလိမ့်မယ်ဆိုပြီး ဘုရင်ကြီးကို
ပြန်လွှတ်ပေးလိုက်တယ်။ ဘုရင်ကြီး နန်းတော်ကို ပြန်ရောက်တော့
သူ့အပါးတော်မြဲ ပြောတဲ့ "ကောင်းသလား၊ ဆိုသလား ပြောဖို့ခက်ပါတယ်" ဆိုတဲ့
စကားကို သွားသတိရတယ်။ အကယ်၍သာ သူ လက်ညိုး မပြတ်ခဲ့ဘူးဆိုရင် တောထဲမှာ
ယဇ်ပူဇော်ခံရလို့ သေပြီလေ။

ဒါနဲ့ ပညာရှိလေး အပါးတော်မြဲကို ပြန်လွှတ်ပေးဖို့ အမိန့်ပေးလိုက်တယ်။
နောက်ပြီး ဘုရင်ကြီးက စိတ်လိုက်မာန်ပါ လုပ်မိတဲ့အတွက် သူ့ကို
တောင်းပန်စကား ပြောတော့တယ်။ စိတ်မကောင်းတဲ့ မျက်နှာနဲ့
တောင်းပန်စကားပြောနေတဲ့ ဘုရင်ကြီးကို စိတ်တစ်ချက်မကွက်ဘဲ "အရှင်မင်းကြီး
အခုလို ဖမ်းထားတာ ကျွန်တော်မျိုးအတွက် အကျိုးယုတ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး
ဘုရား" လို့ လျှောက်တင်လိုက်တယ်။

ဒီစကားကို ကြားရတော့ ဘုရင်ကြီး အတော်လေး အံ့အားသင့်သွားတယ်။
ဘာကြောင့်ပါလိမ့်လို့လဲ အတော်လေး စဉ်းစားရခက်သွားတယ်။ အပါးတော်မြဲက သူ
အဖမ်းခံထားရတာ အဆိုးချည်း မဟုတ်ပါဘူးလို့ ဘာလို့ ပြောတာလဲ။
ဒီလိုလေ။ အကယ်၍သာ ဘုရင်ကြီးက အပါးတော်မြဲကို ချုပ်နှောင်မထားဘူးဆိုရင်
အခုလို တောကစားထွက်တော့ သူလည်း ဘုရင်ကြီးနဲ့အတူ ထပ်ကြပ်မကွာ
လိုက်ပါရမှာပေါ့။ ဘုရင်ကြီးကို ယဇ်ပူဇော်ဖို့ မသင့်လျော်ဘူးလို့
လူရိုင်းတွေက ဆုံးဖြတ်လိုက်တာနဲ့ နောက်တစ်ယောက်ခေါ်ပြီး သတ်မှာပဲ။
ဒါဆိုအပါးတော်မြဲ အလှည့်လေ။ သူသာ ဘုရင်ကြီးနဲ့ လိုက်သွားခဲ့ရင်
အသက်ခံရမှာတော့ မုချမသွေပါပဲ။

ပုံပြင်လေးကတော့ ဒါပါပဲ ။
(from gmail friend)

Read more...

ကင်ပွန်းတပ်မင်္ဂလာမပြုရသေးသူများ

U Zargara-R-2“ဟေ့ .. ကျောက်ကျင့်ပါ”    “ဟေ့ .. ရှာဂျန်ကျောက်”

       ဤအမည်နာမကို ကြားလိုက်ရ၍ စိနတိုင်းဘွား မျိုးနွယ်များထင်လျှင် ပါစင်အောင် လွဲပါလိမ့်မည်၊ ကျွန်တော်တို့ အချင်းချင်း နှုတ်ဆက် ပဋိသန္ထာရ ပြုမှုများသာ ဖြစ်ပါသည်။ ဘာကြောင့် ဤအမည်များဖြင့် ပြက်ရယ်ပြု ခေါ်ဝေါ်ကြသနည်းဟု မေးလာခဲ့လျှင် ရွံ့ရှားလွယ်သော ကိုယ်နှုတ်နှလုံး သုံးပါး လုံး အမူအရာတို့ကိုကြည့်ကာ တင်စားခေါ်ဝေါ်ကြခြင်းဖြစ်ပါသည်။
    တဖန် အမှန်တကယ် ထိတ်လန့်ကြောက်ရွံ့မှုကို သိ၍ခေါ်ဝေါ်သည်ဆိုလျှင် တင်စားသည့် “ရုဠီသညာ”မဟုတ်၊ တကယ် အနက်မည် “အနွတ္ထသညာ” သာဖြစ်ရပေမည်။ ထိုအမည်ရလွယ်မှုကို သူတစ်ပါးကိုထား မိမိကိုယ်တိုင် ကောက်ကြောင်း ရှာဖွေ မိရာ၊ လူမှန်းသိစ စကားပီ နားကြားတွင် ရင်းနှီး ရသော အကြောင်းအရာများသည် ထိတ်လန့်ဘွယ် သရဲ တစ္ဆေ စုန်း ဒဏ္ဍာရီများ၊ မှောင်မည်းမည်းညဉ်းရိပ်များ၊ ချောက်ခြားဖွယ် ဆိုးခိုး တိုက်ခိုက် မှုများသည် တဖြတ်ဖြတ် ရုပ်ရှင်အမြန် ပြကွက်များလို ပေါ်လာကြသည်။

     “ငါက ပဲပုံတွေအပြည့်နဲ့ လှည်းမောင်းလာတာ၊ စစ်တွင်းက လေယာဉ်ပျက် ကုန်းလည်းရောက်ရော ဆူးလုံးကြီးလိမ့်လာလိုက်တာ နွားတွေလဲထိမ်းမရ၊ လှည်းလည်း မောက်တော့တာဘဲ ကံကောင်းလိုမသေ” ။
      ညဉ်းဦးယမ် စကားဝိုင်းတွင် အဖေတို့ ဖလယ်နေကြသော အတွေ့အကြုံများ သည် ကြက်သီးတဖျန်းဖျန်းနှင့် နားထဲသို့ တိုးဝင်ကုန်ကြသည်၊ ထိုညမျိုးတွင် ဘယ်လောက်ပင် ချွေးတွေ ပျံနေပါစေ၊ ခေါင်းမြီးခြုံမပွင့်ရဲတော့၊
     ခုခေတ်လို တီဗွီ၊ ဗွီဒီယိုတွေကလည်း မပေါ်သေးတော့ ကြောက်ရွံ့မှုကို ဖျောက်စရာ အာရုံမရှိ။ နေ့ခင်းကျတော့ရော၊ “အောင်ရွှေကြီး ပိုးထိလို့တဲ့ ဟေ့ ... အပမှီလာတာ အိမ်လဲရောက်ကရော ဆုံးတာပဲတဲ့”ဆိုသည့်သတင်းတို့ ကလည်း တမျိုးပြီးတမျိုးမရိုးရလေ။ ထိုသို့အကြောက်တရားနှင့် ဖွားမြောက်ခဲ့ရာ ကျောင်းနေသော  အခါမှာကော ဆရာတော်ကို ကြောက်လိုက်ရတာ မလှုပ်ပင် မလှုပ်ရဲ၊ ဆရာတော်က ဘုန်းတန်ခိုးကြီးပြန် စာကလည်းတတ်၊ ဆွေကြီးမျိုးကြီးမှ ရဟန်းပြုခဲ့လို့ထင့် ဒေါသလွယ်သည်မှာ လူသူကြီးမှအစ ကိုရင်ကျောင်းသား အဆုံး အားလုံး ဖိန့်ဖိန့်တုန် ပင်။
       စာမရလျှင် နကန်စာကျွေးသည်၊ ရန်ဖြစ်လျှင် နကန်စာကျွေးသည်၊ ဆော့လျှင် ကဲလျှင် နကန်စာကျွေးသည်၊ဝါးအဖျားကို သပ်ထားသော ထိုနကန်သည် အရှိုးရာတို့ကို ပြိုင်ပြိုင်ထစေသကဲ့သို့ တစ်လုံးကွဲလျှင်လည်း ကျောင်းတောင်ဘက် ဝါးရုံကြီးက အစားရလွယ်သည့် အရာလေ။
     နကန်က အများဆိုင်ဖြစ်သော်ငြား တရံတခါ ဆရာတော်လက်နားရှိသော အရာဝတ္ထုများသည်လည်း အထူးပြုနကန်ဖြစ်သွား ရသည်။ မှတ်မိသေးတော့၊ ယောင်၍ပင် ကိုယ့်ခေါင်းကို စမ်းမိခဲ့၊ ဆရာတော်အား ဆွမ်းကပ်စဉ် နှစ်တောင်ထွာ အတွင်းဝင်၍ ကပ်မှ အကပ်မြောက်ကြောင်း သင်ကြားဖူးဖို့ဝေး၊ ကြားပင်မကြားဖူးတဲ့ အရွယ်၊ ထို့ကြောင့်ဘောဇဉ်စားဖွယ်တစ်ခုကို နှစ်တောင်ထွာအပြင်မှ ကပ်မိရာ “ခွမ်” ခနဲ နှီးဒေါင်းလှန်နှင့် ခေါင်းကို ကပ်ပိခံလိုက်ရတော့သည်။ ဒေါင်းလှန်လည်း တစ်စစီ၊ ခေါင်းလည်းမူးဝေလျက်၊ ထိုအချိန်မှစ၍ ဆရာတော် ခေါ်လျှင်ပင် ကြောက်တထိတ် ထိတ် စိုးတလန့် လန့်ရှိတော့သည်၊ ရိုက်သောကြောင့်ကြောက်၊ ကြောက်သောကြောင့် ယောင်မှား၊ ယောင်မှားသောကြောင့် ရိုက်၊ ဤသို့ဖြစ် အကြောက်သံသရာ လည်တော့သည်၊ သည်အထဲ မြို့မှာနေသော ခန်းနေဦးပဉ္စင်း နွေရာသီပြန်လာပြီး ဆိုလျှင် ကြောက်အားပိုရပြန်သည်၊ ဆွမ်းခံရာလည်း ခေါက်၊ ရေဆွဲရာလည်း ရိုက်၊ ဝေယျာဝစ္စ တိုင်းသည် အငေါက် အခေါက်တို့ဖြင့် မကင်း၊ ဘာကြောင့် ရိုက်မှန်းမသိ၊ ကြောက်ပြီးရင်း ကြောက်ရတာကိုသာသိသည်၊ ထို့ကြောင့်ဖြင့် ထိုဦးပဉ္စင်း ဦးစန္ဒောဘာသ လူထွက်သွားသည်ကြားသောအခါ ပျော်လိုက်ရသည်ဖြစ်ခြင်း။
        နောင်လောကနီတိတွေ ဘာတွေသင်ရတော့ ဆရာသမားဆိုတာ အိုးထိန်း သည်နှင့် တူသည်၊ အိုးကို ကောင်းစေလိုလို့ ရိုက်ခတ် သကဲ့သို့ တော်စေ တတ်စေလို၍ ရိုက်ခြင်းဟု သင်ယူခဲ့ရသည်၊ စဉ်းစားကြည့်တော့ ပညာနှင့် အကြောက်တရား ဆတူများ ရခဲ့လေသလား။ သည်လိုနှင့် ဘဝထဲရောက်သည့် အခါမှာတော့ ပညာတွေက ကျောင်းမှာသာ ကျန်ခဲ့ပြီး အကြောက် တရားတွေကသာ တိုးပွား ပါလာခဲ့လေရာ အရာရာကို တွန့်ဆုတ်နေမိတော့သည်၊ ဟိုဟာလုပ်ရင် အပြစ်ရှိမလား၊ သည်ဟာပြောရင် အပြစ်ရမလားစသည့် အလေ့တို့သည် မကျင့်ဘဲ ပွားလာတော့သည်၊ အယုတ်ဆုံး ရည်းစားစကား ပြောရာမှာပင် ရဲဆေးမတင်ဘဲ မပြောဝံ့၊ သည်အထဲ ဝါသနာပါလို့ စာလေး ပေလေးဖတ်ပြန်တော့လည်း လက်လှမ်းမှီတာက စုန်း တစ္ဆေ ကဝေ၀တ္ထုများ ကဝေသင်္ချိုင်းဆိုသည့် စာအုပ်ထဲမှ ဇာတ်ဝင်ခန်းများဆိုလျှင် အခုထိပင်ကြောက်လို့ကောင်းတုန်း၊ အကြောက်တရားကို နည်းနိုင် လျော့နိုင် ပယ်နိုင် ရှားနိုင်မလားအောင်းမေ့ ပါတယ်၊
     အကြောက်ဆင့်လောင်းသည့် အရာတွေကသာ ဝန်းကျင်မှာ ပြည့်နှက်လို့၊ မကြောက်မရွံ့လွတ်လပ်စွာ ကိုယ်စိတ် ကိုယ့်ကိုယ် လုပ်ကိုင်ဖို့ မဆိုထားနှင့် လွတ်လပ်စွာ ပြောဆိုရမည်ကိုပင် “ထရံကြား နားရှိသည်”ဆိုသည့် စကားဟောင်းများကြောင့် နှုတ်ဆွန့်ခဲ့သည်၊ တွေးမည် ခေါ်မည်ကြံစည်တော့လည်း ငါ့အကြံကို တစ်စုံတစ်ဦးများ သိသွားလေမလားဆိုပြီး ရဲရဲမတွေးတတ်၊ ကြုံသမျှအရေးတို့ကို အပ်သလား ရာသလားမစဉ်းစား ကြောက်ဖို့သာ အသင့်ပြင်နေတော့သည်၊ ကြာတော့ ကြောက်ရွံ့ခြင်းသည် အကျင့်ပါနေခဲ့ပြီ။
      ထို့ပြင် အခြားသူတွေ အဖမ်းအဆီးခံတာ ကြုံလျှင်လည်း ငါကိုလည်း ဖမ်းဆီးမှာ လား၊ အခြားသူတွေ မမာမကျန်းဖြစ်ကုန်ပြီ ငါမှာရော စသည်ဖြင့် ..... အကြောင်းကိုမရှာဘဲ အမျိုးမျိုးရှာကြံကြောက်မိတော့သည်၊သည်အမူအကျင့်တွေကြောင့် အထက်ပါ အမည်သညာ ရှိခဲ့ရခြင်းပင်။
      ကျွန်တော်တို့ ဝန်းကျင်တွင် ကြောက်ရွံ့ခြင်းကို ဖြစ်ပေါ်စေတတ်သော အကြောင်း များစွာရှိရာ အာရုံခြောက်ပါးအပြည့်ဟုပင် ဆိုလိုက်ချင်ပါသည်၊ ကြာတော့ အကြောက် တရား၌ ပျော်ပိုက်နေသူများဟု မျိုးခြားမြေခြား သူအများတို့ ကဲ့ရဲ့ သင်္ဂြိုဟ်ဖွယ်ဖြစ်နေ တော့သည်။
      တကယ်စဉ်းစား ကြည့်သောအခါ ကျွန်တော်တို့သည် ကြောက်တတ်လျှင် “ဝန်ကင်း” ဆိုသည့်စကားပုံကိုသာ နားစွဲနေပြီ၊ “ကြောက်ရင်လွဲ ရဲ မင်းဖြစ် “ ဆိုသည့် စကားကိုတော့ မေ့ပျောက်နေကြသည်။ ကြောက်ရွံ့ခြင်းသည် ဘဝတွက် အလွန် အန္တရယ်ကြီး လှပေသည်၊ ကြောက်ရွံ့မှုအားကြီးလျှင် ယုံကြည်မှုပျောက်ဆုံးတတ်သည်၊ ယုံကြည်မှု ပျောက်ဆုံးလျှင် သိမ်ငယ်စိတ်ဝင်လာသည်ကို သတိပြုသင့်သည်။
      စာတွေရပါလျက် ဆရာကိုရွံ့၍ စာတွေပျောက်ရသည်အဖြစ်၊ စာတွေရပါလျက် ကြောက်သောကြောင့် ပုစ္ဆာကို မှန်ကန်စွာ မဖြေနိုင်သည် အဖြစ်နှင့်ကိုယ်တိုင် မြင်ဖူး သူများ၊ အလုပ်ရှင်များကို ဝံ့ဝံ့စားစားရင်မဆိုင်မှု၊ ခန်းနားထည်ဝါသော နေရာများ ဆိုင်ကနားများကို ဝင်မဆံ့ခြင်းများသည် ကိုယ်တိုင်ဆုံဘူးကြသည့် သာဓကများပင်။
      သတ္တုချကြည့်သော် ကြောက်ရွံ့ခြင်း၏အခြေခံသည် ဗဟုသုတ မရှိခြင်းနှင့် စဉ်းစားဆင်ခြင်ဉာဏ်မရှိခြင်းကြောင့်ဟု တွေ့ရပေသည်။ ဤနှစ်ချက်ဖြင့် ကြောက်ရွံ့စိတ် ဖြစ်ပေါ်တိုင်းဖြစ်ပေါ်တိုင်း ဘာကိုကြောက်တာလဲ၊
      ဘာကြောင့် ကြောက်တာလဲ စသည်ဖြင့် နိုင်းချိန်စဉ်းစား ဆင်ခြင်သုံးသပ်ခြင်း ပြုနိုင်လျှင် ကြောက်ရွံ့စိတ်တို့ ဖယ်ရှားနိုင်ကာ ရဲဝံ့မှုဖြင့်ပင် အစားထိုးနိုင်မည်မှာ ဧကန်ပင်ဖြစ်ပါသည်။ နန်းမအလယ် ရံရွှေများစွာနှင့် စံနေသော အလောင်းမင်းသား သိဒ္ဓတ္ထသည် တစ်ကိုယ်တည်း တောနက်ထဲလှည့်လည် တရားဖွေစဉ် ကြောက်ရွံ့ထိတ်လန့်ဖွယ် နိမိတ်အာရုံတို့ ကြုံသော်တိုင်း ဒါဟာ ငါ့ကို ဆုတ်နစ်စေတဲ့ မာရဘဲဟု ဆင်ခြင်ကား ပယ်ရှား ဝေးလွှင့်စေခဲ့ကြောင်းတို့ကို သံယုတ်ပါဠိတော်၌ အထင်အရှားတွေ့နိုင်ပါသည်။
      နည်းတူ ဂရိတွေးခေါ် ပညာရှင်ကြီး ဆော့ကရေးတီးသည်လည်း သေဒဏ်စီရင် ခံရအံ့နီးတွင် တပည့်များက ငိုယိုနေကြရာ သင့်တို့ သေခြင်းကို ကြောက်စရာဟု ဘာကြောင့် ပြောနိုင်သလဲ၊ သင့်တို့ ခံစားဖူးလို့လားဟု မေးခဲ့သည်၊
       တပည့်များက မခံစားဖူးကြောင်း ပြောကြတော့ သေခြင်းရဲ့ ဟိုမှာဘက်မှာ သင့်တို့ထင်သလို ဆိုးချင်မှဆိုးမှာဟုပြောကာ သေခြင်းကို မတုန်မလှုပ် ရင်ဆိုင် သွားတော့သည်၊ ဤကိုချင့်၍ ကြောင်းကျိုး စဉ်းစားဥာဏ် ရှိခြင်းနှင့် အထွေထွေ ဗဟုသုတြွကယ်ခြင်းသည် လူတိုင်းကြောက်ရွံ့သော သေခြင်းတရားကိုပင် ရဲဝံ့စွာ ရင်ဆိုင်စွမ်းရှိသည် မဟုတ်ပါလား၊ ထို့ကြောင့် အကြောက်တရားကို အနိုင်ယူ နိုင်သောသူတို့သည် အရာရာကို အောင်နိုင်သူများဟု ဆိုလိုက်ချင်ပါသည်၊  “ရဲရင့်ခြင်းကြောင့် တစ်ကြိမ်သာ သေဆုံးရ၍၊ ကြောက်ရွံ့ခြင်းကာ အကြိမ်ကြိမ်သေခဲ့ရ သည်” ဆိုသော စကားမှာ ထိုသို့သော အာဇာနည်တို့ ကျူးရင့်ခဲ့သော ဥဒါန်းပင်။
      ထိုသို့သော ဥဒါန်းမျိုးကို ကျွန်တော်တို့ အစ်မတစ်ဦးလည်း ကျူးရင့်ခဲ့ဖူးပါသည်၊ အသက်ဘေးနှင့် လက်တစ်ကမ်းအကွာ၊ သေမင်းက တစ် နှစ် သုံး တိုင်မင်ခေါ်နေချိန် အဖော်အားလုံးတို့ တွန့်ဆုတ်သွေးပျက်သည့်ကာလ၊ ထိုကာလတွင် ကျွန်တော်တို့ အစ်မကား သေခြင်းကို တည်ငြိမ်အေးဆေးစွာ ရင်ဆိုင်ဖြတ်သန်းသွားခဲ့သည်၊ ထိုအစ်မ ပြောခဲ့သောစကားမှာ “လူတိုင်း ကြောက်ရွံ့ တတ်ကြသူချည်းပါဘဲ၊ ဒါပေမယ့် အများအတွက် လုပ်သင့်တာကိုတော့ ကြောက်လျက်နှင့် လုပ်ကြရမှာပဲ “ ဟု ဖြစ်ပါသည်။
      နောက်တစ်ခါ စာရေးဆရာမကြီးဒေါ်ခင်မျိုးချစ် သူ့မိတ်ဆွေအား ပေးစာမှ စကားလေးတစ်ပိုဒ်ကလည်း“ကြောက်စရာရှိ ကြောက်၊ ငိုစရာရှိ ငို၊ ပူစရာရှိ ပူပင်၊ လုပ်စရာရှိတာ လုပ်” ဟူ၍ဖြစ်ပါသည်။
      ဤအကြောင်းများကို စဉ်းစားဆင်ခြင်ရင်း သူငယ်ချင်းများနှင့် တွေ့သောအခါ ကျွန်တော်တို့နာမည်များကို ပြောင်းဖို့ ကြိုးစားရပါမည်၊ နာမည်ပေး ကင်းပွန်းတပ် မင်္ဂလာ အသစ်ပြုကြပါမည်၊ ထိုအခါ အမေရိကန်သမ္မတကြီးသီအိုဒို ရုစဗဲ့၏ ဤစကားလေးကို မေတ္တာလက်ဆောင်ပေးရပါမည်။
     “ကျွန်ုပ်တို့မှာ ကြောက်စရာဆိုလို့ ကြောက်စိတ်တစ်ခုတည်းသာ ရှိသည်” တဲ့။ ။
ကံထွန်းသစ်
(ရွှေအမြုတေရုပ်စုံ မဂဇ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂၀ဝ၉)

Read more...

ဒေါ်အောင်ဆန်းစုကြည်နှင့်ဗုဒ္ဓဘာသာအမြင်(၄)

အလန်ကလီမင့်ထ် “အခါအားလျော်စွာ ခင်ဗျားဟာ ရန်ကုန်မှာရှိတဲ့ ဆရာတော်ဦးပဏ္ဍိတရဲ့ ကျောင်းကိုသွားပြီး ဆရာတော့်ကို ဂါရ၀ပြုလေ့ရှိတယ် လို့ သိရပါတယ်။ ခင်ဗျားအတွက် အထောက်အကူပြုတဲ့ ဆရာတော်ရဲ့ တရားအချို့ကို မျှဝေပေးပါလား။”

အောင်ဆန်းစုကြည် “ဆရာတော်က ကျွန်မကို ဟောကြားခဲ့သမျှ မှတ်မိနေတယ်ရှင့်။ အရေးကြီးဆုံးဒေသနာတစ်ခုကတော့ သတိတရားကို အပိုလုပ်မရဘူးဆိုတာပဲ။ ဆရာတော် မိန့်တာက “ကျွန်မတို့အနေနဲ့ ပညာတွေ ၀ီရိယတွေ အများကြီး ရှိလို့ရတယ်။ ဒါပေမယ့် သတိကိုတော့ အပို လုပ်မရဘူး”တဲ့။ အင်း ကျွန်မလည်း ဒီလွန်ခဲ့တဲ့ (၇)နှစ်အတွင်း (ရယ်လျက်) တကယ့်ကို သတိတရား ပွားများဖြစ်ပါတယ်။ ပြီးတော့ ဆရာတော်က ကျွန်မကို စကားပြောတဲ့အခါ စေ့စပ်ငြိမ်းချမ်းမှုကို ဦးတည်မယ့် စကားကိုပဲ စူးစိုက်ပြောဆိုဖို့ အကြံပြုခဲ့ပါသေးတယ်။ ကျွန်မပြောသင့်တဲ့ စကားဟာ နားထောင်သူအတွက် အမှန်လည်း ဖြစ်မယ်။ အကျိုးလည်း ရှိမယ်။ နားဝင်လည်း ချိုရမယ်ပေါ့လေ။ ဆရာတော်က ဗုဒ္ဓအလိုတော်ကျ စကားနှစ်ခွန်းရှိပါတယ် တဲ့။ မှန်လည်းမှန်၊ အကျိုးလည်းရှိ ၊လက်ခံဖွယ်လည်း ဖြစ်တဲ့ စကားနဲ့ မှန်လည်း မှန်၊ အကျိုးလည်း ရှိ သို့သော် လက်ခံနိုင်ဖွယ် မရှိတဲ့ နားဝင်မချိုတဲ့ စကားတွေပေါ့ရှင်။

အလန်ကလီမင့်ထ် “ထေရ၀ါဒဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အခြားသော ဂိုဏ်းဂဏ ဘာသာတရားတွေဆီကနေ သင်ယူ လေ့လာဖို့ စိတ်ကို ဖွင့်ထားတာမျိုး။ မျှမျှတတ ဖြစ်အောင် ဆောက်တည် ထားတာမျိုး ရှိပါသလား။”


အောင်ဆန်းစုကြည် “ကျွန်မက ထေရ၀ါဒဗုဒ္ဓဘာသာတစ်ယောက်ဆိုပေမယ့် မဟာယာနဗုဒ္ဓဘာသာနဲ့ ၀ဇိရယာန ဗုဒ္ဓဘာသာတွေကိုလည်း လေးစားပါတယ်။ ပြီးတော့ ကျွန်မက အခြားသော ဘာသာတရားများကိုလည်း နှစ်နှစ်ကာကာ လေးစားပါတယ်။ ကျွန်မစိတ်ထဲမှာ လူတစ်ဦးတစ်ယောက်က အခြားလူတစ်ဦးတစ်ယောက်ရဲ့ ဘာသာတရားကို အထင်အမြင်သေးခွင့်ရှိတယ်လို့ မမြင်မိပါဘူး။ ကျွန်မက တစ်ခြားလူတွေရဲ့ ဘာသာရေးအတွေ့အကြုံနဲ့ အမြင်တွေကို နားထောင်ဖို့ အလွန်စိတ်ဝင်စားပါတယ်။ ကျွန်မကို သင်ကြားပေးဖို့ အသင့်ဖြစ်နေတဲ့ လူတွေများစွာဆီက ကျွန်မ အများကြီး သင်ယူရပါဦးမယ်။”


အလန်ကလီမင့်ထ် “ ခင်ဗျားလေးစားတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ အသွင်လက္ခဏာတွေက ဘာတွေများဖြစ်မလဲဗျ”

အောင်ဆန်းစုကြည် “ မဟာယာနဗုဒ္ဓဘာသာမှာ ထေရ၀ါဒထက် ပိုပြီး ကရုဏာတရား အကြောင်းပြောကြတယ်။ ကျွန်မအဲဒါလေးကို သဘောကျတယ်။ ကျွန်မတို့ ဒီနေ့ကမ္ဘာမှာ ကရုဏာတရား အများကြီး လိုနေတာဆိုတော့လေ။ တကယ်တော့ ကရုဏာတရားဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ သွန်သင်ချက် အစိတ်အပိုင်း တစ်ခုပါပဲ၊ ဒါပေမယ့် ကျွန်မက ကရုဏာတရားတွေ တကယ်လက်တွေ့ အကောင်အထည် ပေါ်လာအောင် ကျွန်မတို့ကမ္ဘာ့ပြည်သူတွေ ဆောင်ရွက်ကြတာကို ပိုပြီး မြင်ချင်တာပါပဲရှင်။

ဆက်ဖတ်ရန်
မူရင်းစာမျက်နှာ

Read more...

သူတော်ကောင်းတရား ၇-ပါး

လူတိုင်းလိုလိုပင် သူတော်ကောင်း ဖြစ်လိုကြသည်။ သူတော်ကောင်းများနှင့် ပေါင်းသင်းဆက်ဆံလိုကြသည်။
ဗုဒ္ဓမြတ်စွာဘုရားသည် သူတော်ကောင်းဖြစ်ဖို့ရာ အချက် ၇-ချက်၊ တနည်းအားဖြင့် သူတော်ကောင်းတရား ၇-ပါးကို ဟောကြားတော်မူခဲ့သည်။

သူတော်ကောင်းတရား ၇-ပါးမှာ-
(၁) ယုံကြည်ခြင်း=သဒ္ဓါ။
(၂) ကိုယ်နှုတ်စောင့်စည်းခြင်း=သီလ။
(၃) မကောင်းမှု ဒုစရိုက်ပြုမှုကို ရှက်ခြင်း=ဟိရီ။
(၄) မကောင်းမှု ဒုစရိုက်ပြုမှုကို ကြောက်ခြင်း=သြတ္တပ္ပ။
(၅) အကြားအမြင်ရှိခြင်း=သုတ။
(၆) စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း=စာဂ။
(၇) ဟုတ်မှန်စွာသိခြင်း=ပညာ-တို့ ဖြစ်သည်။

ဤနေရာ၌
(၁) ယူံကြည်ခြင်း-ဟူသည်
ဘုရား၊ တရား၊ သံဃာကို ယုံကြည်ခြင်း၊ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းတို့ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရား၊ တရား၊ သံဃာကို ယုံကြည်မှသာ အမှန်တရားကို ခွဲခြားသိမြင်နိုင်မည်။ ဘ၀ခရီးကို လျှောက်လှမ်းရာ၌ ဆူးငြောင့်ခလုတ် ကန်သင်းတို့ကို ရှောင်ရှားနိုင်မည်။ လိုရာခရီးပန်းတိုင်ကို ကောင်းစွာရောက်ရှိနိုင်မည် ဖြစ်ပေသည်။

ထို့ပြင် ကံ ကံ၏အကျိုးကို ယုံကြည်မှသာလျှင် ကျွန်ုပ်တို့သည် မကောင်းမှုကိုရှောင်၍ ကောင်းမှုကို ဆောင်နိုင်မည်။ မျက်မှောက်ဘ၀တွင် ကောင်းကျိုးချမ်းသာကို ရရှိ၍ တမလွန်ဘ၀တွင် ကောင်းမြတ်သော သုဂတိဘုံဘ၀များသို့ ရောက်နိုင်ပေသည်။
ဗုဒ္ဓဘုရားရှင်က သဒ္ဓါတရားသည် အထောက်အကူကောင်းရစေသော အဖော်ကောင်းနှင့် တူသည်။ ကုသိုလ်အမျိုးမျိုးကို ရယူနိုင်သော လက်နှင့် တူသည်။
လိုရာသုံးစွဲနိုင်သော ပစ္စည်းဥစ္စာ ရတနာများနှင့် တူသည်။
အသီးအနှံကောင်းများကို ဖြစ်ထွန်းစေသော မျိုးစေ့ကောင်းများနှင့် တူသည်ဟု ဟောကြားတော်မူခဲ့သည်။

(၂) ကိုယ်နှုတ် စောင့်စည်းခြင်းဟူသော သီလတရားကိုလည်း တင်ပြလိုပါသည်။
သူ့အသက်ကို မသတ်ခြင်း၊
သူ့ဥစ္စာကို မခိုးခြင်း။
သူ့တပါး သားမယား သားသမီးများကို မဖျက်ဆီးခြင်း။
လိမ်မပြောခြင်း။
အရက်သေစာ မသောက်စားခြင်း-ဟူသော ငါးပါးသီလနှင့် ရှစ်ပါးသီလ၊ ကိုးပါးသီလ စသည်တို့ ဖြစ်သည်။
သီလရှိမှ သီလစင်ကြယ်မှသာ ကျွန်ုပ်တို့သည် ကောင်းကျိုးချမ်းသာကို ရရှိနိုင်ပေမည်။ သီလသည် နိဗ္ဗာန်ရောက်ကြောင်း အခြေခံကောင်းတရပ်ဖြစ်၍ သူတော်ကောင်းတရားတပါးပင် ဖြစ်ပေသည်။

(၃) မကောင်းမှုဒုစရိုက် ပြုမှုကို ရှက်ခြင်းဟူသည်-
သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ သူတပါး သားမယား၊ သားသမီးများကို ဖျက်ဆီးခြင်း၊ လိမ်ပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်း ပြောဆိုခြင်း၊ အကျိုးမရှိ သိမ်ဖျင်းသောစကားကို ပြောဆိုခြင်း စသော မကောင်းမှု ဒုစရိုက်တို့ကို ပြုရန်ရှက်ခြင်းပင် ဖြစ်သည်။

(၄) မကောင်းမှု ဒုစရိုက် ပြုမှုကို ကြောက်ခြင်း-ဟူသည်
သူ့အသက် သတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်း၊ သူတပါး သားမယား၊ သားသမီးများကို ဖျက်ဆီးခြင်း၊ လိမ်ပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်း ပြောဆိုခြင်း၊ အကျိုးမရှိ သိမ်ဖျင်းသောစကားကို ပြောဆိုခြင်း စသော မကောင်းမှုဒုစရိုက် ၁၀-ပါးတို့ကို ပြုရန် ကြောက်ခြင်းပင် ဖြစ်သည်။

(၅) အကြားအမြင်ရှိခြင်း-ဟူသည်
မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော ပိဋကတ်တော်တို့ကို သင်ကြားတတ်မြောက်မှု၊ သိရှိနားလည်မှု များပင် ဖြစ်သည်။ ယင်းတို့ကို သိရှိနားလည်မှသာ နည်းလမ်းမှန်ကန်စွာ ကျင့်ကြံအားထုတ်နိုင်ကြမည် ဖြစ်သည်။ တရားနာခြင်း၊ ဗုဒ္ဓစာပေများ ဖတ်ရှုလေ့လာခြင်း စသည်တို့သည် အကြားအမြင်ရရာ ရကြောင်းတွင် ပါဝင်သည်။

(၆) စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း-ဟူသည်
ရဟန်းသံဃာတော်များနှင့် သီလရှင် စသော သူတော်စင်တို့ကို၎င်း၊ ဆွေမျိုးမိဘ စသည်တို့ကို၎င်း ပစ္စည်းဥစ္စာ နွမ်းပါးသူတို့ကို၎င်း စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းပင် ဖြစ်သည်။

(၇) ဟုတ်မှန်စွာ သိခြင်း-ဟူသည်
ဆင်းရဲကြောင်း ဟုတ်-မဟုတ်၊ ချမ်းသာကြောင်း ဟုတ်-မဟုတ်ကို သိသောဉာဏ်ပညာနှင့် ဤဘ၀အတွက် အကျိုးရှိ-မရှိ၊ နောင်ဘ၀များအတွက် အကျိုး ရှိ-မရှိ စသည်တို့ကို သိတတ်သော ဉာဏ်ပညာပင် ဖြစ်ပေသည်။

ဤကား ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသော သူတော်ကောင်းတရား ၇-ပါး ဖြစ်သည်။ သူတော်ကောင်းဥစ္စာ ၇-ပါးဟူ၍လည်း ခေါ်ကြသည်။ ဤတရား ၇-ပါးကို လိုက်နာ ကျင့်ကြံ ပွားများ အားထုတ်ခြင်းဖြင့် သူတော်ကောင်းဘ၀ကို တက်လှမ်းနိုင်မည် ဖြစ်ပေသည်။

( မြတ်မင်္ဂလာ ၂၀၀၈-ခု ဇန်န၀ါရီလ)

Read more...

ဓုတင်အကြောင်း သိကောင်းစရာ…

ဓုတင်ဆိုတာ ဓုတင်္ဂဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုထားတာ ဖြစ်ပါတယ်။ ကိလေသာကို ဖျက်စီးကြောင်း ခေါင်းပါးသော အကျင့်လို့ အဓိပ္ပါယ်ကောက်ယူနိုင်ပါတယ်။ သူတော်ကောင်းများ အတွက် အလိုနည်းစေခြင်း၊ ရောင့်ရဲလွယ်စေခြင်း၊ ကိလေသာခေါင်းပါးစေခြင်း၊ ကြိုးစားအားထုတ်မှု ၀ီရိယရှိစေခြင်း၊ သီလစင်ကြယ်စေခြင်း စတဲ့ အကျိုးတရားများကို မျှော်ကိုးကာ ဗုဒ္ဓရှင်တော်မြတ်က ဒီဓုတင်အကျင့်ကို ခွင့်ပြုတော်မူခဲ့ပါတယ်။ ဓုတင်အကျင့်လို့ ဆိုတဲ့အတွက် ရဟန်းတော်များအတွက် သီးသန့်ခွင့်ပြုခဲ့တယ်လို့ ထင်စရာ ရှိပါတယ်။ အဲဒီလို မဟုတ်ပါဘူး။ ရဟန်း၊ သာမဏေ၊ လူပုဂ္ဂိုလ်အားလုံးကို ရည်ရွယ်ပြီး ကိုယ့်အနေနဲ့ သင့်လျော်မယ့်၊ ကျင့်လို့ရမယ့် ဓုတင်အကျင့်ကို ကျင့်နိုင်ဖို့ ခွင့်ပြုတော်မူခဲ့ပါတယ်။ အားလုံးအတွက် မြတ်ဗုဒ္ဓက ဓုတင်အကျင့် (၁၃)မျိုးကို ခွင့်ပြုတော်မူခဲ့ပါတယ်။

ဒီဓုတင် (၁၃)ပါးက ၁။ ပံသုကူလိကင်္ဂ ဓုတင် ၂။ တေစီဝရိကင်္ဂ ဓုတင် ၃။ ပိဏ္ဍပါတိကင်္ဂ ဓုတင် ၄။ သပဒါန စာရိကင်္ဂ ဓုတင် ၅။ ဧကာသနိကင်္ဂ ဓုတင် ၆။ ပတ္တပိဏ္ဍိကင်္ဂ ဓုတင် ၇။ ခလုပစ္ဆာဘတ္တကင်္ဂ ဓုတင် ၈။ အာရညိကင်္ဂ ဓုတင် ၉။ ရုက္ခမူလိကင်္ဂ ဓုတင် ၁၀။ အမ္ဘောကာသိကင်္ဂ ဓုတင် ၁၁။ သောသာနိကင်္ဂ ဓုတင် ၁၂။ ယထာသန္တတိကင်္ဂ ဓုတင် ၁၃။ နေသဇ္ဇိကင်္ဂ ဓုတင် တို့ပဲ ဖြစ်ပါတယ်။

၁။ ပံသုကူလိကင်္ဂ ဓုတင်ဆိုတာ မြန်မာလို အလွယ်ပြောရရင်တော့ ဒကာ၊ ဒကာမတို့ လှူဒါန်းသော သင်္ကန်းကို ပယ်ပြီး အများသူငါ စွန့်ပစ်ထားသော အ၀တ်အပိုင်းအစများကိုသာ ချုပ်စပ်ဝတ်ရုံ သုံးဆောင်သောအကျင့်လို့ ပြောနိုင်ပါတယ်။ ပံသုကူသင်္ကန်းကို ဆောင်လေ့ရှိတဲ့သူရဲ့ အကြောင်း၊ စေတနာကို ပံသုကူလိကင်္ဂလို့ ဆိုပါတယ်။ ပံသုဆိုတာ မြေမှုန့်ကို ဆိုပြီး ပံသုကူလိကဆိုတာ မြေမှုန့်ပေါ်မှာ လွှမ်းမိုးကျရောက်နေခြင်းလို့ ဆိုပါတယ်။ ဆိုလိုတာက လမ်းခရီးသုဿာန် အမှိုက်ပုံစတဲ့ မြေပေါ်မှာ လွှတ်ပစ်ထားတဲ့ အ၀တ်အထည်ကို ပံသုကူလလို့ ဆိုလိုတာဖြစ်ပါတယ်။ ဒီလို အ၀တ်သင်္ကန်းကို ဆောင်ယူလေ့ရှိတဲ့သူကို ပံသုကူလိကလို့ ခေါ်ပါတယ်။

၂။ တေစိဝရိကင်္ဂ ဓုတင်ဆိုတာ မြောက်များစွာသော သင်္ကန်းကိုပယ်ပြီး နှစ်ထပ်သင်္ကန်း၊ ကိုယ်ရုံ၊ သင်းပိုင်ဟူသော သင်္ကန်းသုံးထည်ကိုသာ သွားလေရာယူဆောင် ၀တ်ရုံသုံးဆောင်သော အကျင့်ကို ဆိုပါတယ်။ ဒုကုဋ်၊ ကိုယ်ဝတ်၊ သင်းပိုင်ဆိုတဲ့ သင်္ကန်းသုံးထည်ကိုသာ ဆောင်လေ့ရှိတဲ့အတွက် အဲဒီပုဂ္ဂိုလ်ကို တေစီဝရိကလို့ခေါ်ပြီး ဒီဓုတင်ကို ဆောက်တည်ကြောင်းဖြစ်တဲ့ စေတနာကို တေစီဝရိကင်္ဂလို့ ဆိုခြင်းဖြစ်ပါတယ်။

၃။ ပိဏ္ဍပါတိကင်္ဂ ဓုတင်ဆိုတာက့ လာဘ်ပိုလာဘ်လျှံကိုပယ်ပြီး ဆွမ်းခံ၍ရသော ဆွမ်းကိုသာ စားသောက်သုံးဆောင်သော အကျင့်ကို ဆိုပါတယ်။ သူတစ်ပါးတို့ လောင်းလှူသော ဆွမ်းအာမိသများ သပိတ်ထဲကို ရောက်လာခြင်းကို ပိဏ္ဍပါတလို့ဆိုပြီး ထိုသို့သော ဆွမ်းကိုသာ ရှာမှီးလေ့ရှိတဲ့သူကို ပိဏ္ဍပါတိကလို့ ဆိုပါတယ်။ ဒီဓုတင်အကျင့်ကို ဆောက်တည်ကြောင်း စေတနာကို ပိဏ္ဍပါတိကင်္ဂလို့ ဆိုခြင်းဖြစ်ပါတယ်။

၎။ သပဒါနစာရိကင်္ဂ ဓုတင်ဆိုတာ အိမ်စဉ်ကျော်၍ ခံယူခြင်းကို ပယ်ပြီး အိမ်စဉ်မကျော်မလှပ် ရပ်၍ရသော ဆွမ်းကိုသာ ခံယူသုံးဆောင်သောအကျင့်ကို ဆိုပါတယ်။ အိမ်စဉ်ပြတ်ခြင်းကို ဒါနလို့ဆိုပြီး အိမ်စဉ်မပြတ်ခြင်းကို သပဒါနလို့ ဆိုပါတယ်။ အိမ်စဉ်မပြတ် လှည့်လည်တဲ့ ပုဂ္ဂိုလ်ကို သပဒါနစာရိကလို့ ဆိုပြီး ဒီအကျင့်ကို ဆောက်တည်ကြောင်း ဖြစ်တဲ့ စေတနာကိုတော့ သပဒါနစာရိကင်္ဂလို့ ဆိုပါတယ်။

၅။ ဧကာသနိကင်္ဂ ဓုတယ်ဆိုတာ နေရာအမျိုးမျိုး၌ စားခြင်းကိုပယ်ပြီး တစ်နေရာ တစ်ထိုင်တည်း၌သာ စားခြင်းပြုသော အကျင့်ကို ဆိုပါတယ်။ တစ်နေရာတည်း၌ သုံးဆောင်စားသောက်ခြင်းကို ဧကာသနဟုဆိုပြီး ထိုသို့ တစ်နေရာတည်းမှာ စားသောက်သုံးဆောင်လေ့ရှိသူကို ဧကာသနိကလို့ ဆိုပါတယ်။ ဒီအကျင့်ကို ဆောက်တည်ကြောင်း စေတနာကို ဧကာသနိကင်္ဂလို့ ဆိုပါတယ်။

၆။ ပတ္တပိဏ္ဍိကင်္ဂ ဓုတင်ဆိုတာ နှစ်ခွက်မြောက်သော ဆွမ်း၊ ဆွမ်းဟင်းကို ပယ်ပြီး တစ်ခွက်တည်းကိုသာ ခံယူသုံးဆောင်သောအကျင့်ကို ဆိုပါတယ်။ နှစ်ခုမြောက်ခွက်ကို ပယ်ပြီး တစ်ခုသော သပိတ်၊ ခွက်ထဲမှာရှိတဲ့ ဆွမ်းကို ပတ္တပိဏ္ဍလို့ ဆိုပါတယ်။ ဒီအကျင့်ကို ကျင့်တဲ့သူကို ပတ္တပိဏ္ဍိကလို့ ဆိုပြီး ဒီအကျင့်ကို ဆောက်တည်ကြောင်း စေတနာကိုတော့ ပတ္တပိဏ္ဍိကင်္ဂလို့ ဆိုပါတယ်။

၇။ ခလုပစ္ဆာဘတ္တိကင်္ဂ ဓုတင်ဆိုတာ အတိရိက်ဝိနည်းကံ ဆွမ်းကို ပယ်ပြီးဘုဉ်းပေးတဲ့ အကျင့်ကို ဆိုပါတယ်။ ခလုဆိုတာ တာမြစ်ခြင်း အနက်ကို ဟောတဲ့ ပုဒ်ဖြစ်ပါတယ်။ ဆွမ်းစားနေစဉ် ကပ်လှူလာတဲ့ ဘောဇဉ်ကို တားမြစ်မိတဲ့ ရဟန်းမှာ ပ၀ါရိတ်သင့်ပါတယ်။ နောက်ရောက်လာတဲ့ ဘောဇဉ်ကို ပစ္ဆာဘတ္တိလို့ ခေါ်ပါတယ်။ ဒီပစ္ဆာဘတ္တိဘောဇဉ်ကို ၀ိနည်းကံပြုပြီး သုံးဆောင်နိုင်သော်လည်း မသုံးဆောင်ဘဲ ပယ်လေ့ရှိတဲ့ပုဂ္ဂိုလ်ကို ခလုပစ္ဆာဘတ္တိကလို့ ဆိုပါတယ်။ ဒါကြောင့် ပ၀ါရိတ်သင့်ပြီးသော ရဟန်းဟာ အတိရိတ်ဝိနည်းကံပြုပြီး စားကောင်းသော ဘောဇဉ်ကို မစားဘဲ ပယ်လေ့ရှိတဲ့အတွက်ကြောင့် ခလုပစ္ဆာဘတ္တိကမည်ကြောင်း၊ ဒီဓုတင်အကျင့်ကို ဆောက်တည်ကြောင်း စေတနာသည် ခလုပစ္ဆာဘတ္တိကင်္ဂမည်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

၈။ အာရညိကင်္ဂ ဓုတင်ဆိုတာ မြို့ရွာကျောင်းကိုပယ်ပြီး တောရကျောင်း၌သာ နေသောအကျင့်ကို ဆိုပါတယ်။ တော၌နေလေ့ရှိတဲ့ ပုဂ္ဂိုလ်ကို အာရညိကလို့ခေါ်ပြီး ဒီအကျင့်ကို ဆောက်တည်ကြောင်း စေတနာကို အာရညိကင်္ဂလို့ ခေါ်ပါတယ်။

၉။ ရုက္ခမူလိကင်္ဂ ဓုတင်ဆိုတာ အမိုးအကာရှိသော ကျောင်းကိုပယ်ပြီး သစ်ပင်ရင်း၌သာ နေသောအကျင့်ကို ဆိုပါတယ်။ သစ်ပင်ရင်း၌ နေလေ့ရှိတဲ့ပုဂ္ဂိုလ်ကို ရုက္ခမူလိကလို့ ခေါ်ပြီး ဒီအကျင့်ကို ဆောက်တည်ကြောင်း စေတနာကိုတော့ ရုက္ခမူလိကင်္ဂလို့ ဆိုပါတယ်။

၁၀။ အဗ္ဘောကာသိကင်္ဂ ဓုတင်ဆိုတာ အမိုးအကာရှိသောကျောင်းနှင့် သစ်ပင်တို့ကိုပယ်ပြီး လွင်တီးခေါင်၌သာ နေသောအကျင့်ကို ဆိုပါတယ်။ လွင်တီးခေါင်၌ နေလေ့ရှိတဲ့ပုဂ္ဂိုလ်ကို အဗ္ဘောကာသိကလို့ဆိုပြီး ဒီအကျင့်ကို ဆောက်တည်ကြောင်း စေတနာကို အဗ္ဘောကာသိကင်္ဂလို့ ဆိုပါတယ်။

၁၁။ သောသာနိကင်္ဂ ဓုတင်ဆိုတာ သုသာန်၌သာ နေသောအကျင့်ကို ဆိုပါတယ်။ သုဿာန်၌ နေ့လေ့ရှိတဲ့ပုဂ္ဂိုလ်ကို သောသာနိကလို့ဆိုပြီး ဒီအကျင့်ကို ဆောက်တည်ကြောင်း စေတနာကို သောသာနိကင်္ဂလို့ ဆိုပါတယ်။

၁၂။ ယထာသန္တတိကင်္ဂ ဓုတင်ဆိုတာ နေရာကောင်း ကျောင်းကောင်းကို မရွေးခြယ်ဘဲ ဖြစ်စဉ်အတိုင်းသာ နေသောအကျင့်ကို ဆိုပါတယ်။ ကျောင်းနေရာ ညွန်ပြတဲ့ ပုဂ္ဂိုလ်က ဒီနေရာဟာ သင့်နေရာပဲလို့ လက်ဦးညွန်ပြတဲ့ ကျောင်းအိပ်ရာ နေရာကို ယထာသန္တတလို့ဆိုပါတယ်။ တစ်ခြား နေရာကောင်း ကျောင်းကောင်းတွေကို မရွေးချယ်ဘဲ ညွန်ပြတဲ့ပုဂ္ဂိုလ် ထားတဲ့အတိုင်း နေလေ့ရှိတဲ့ပုဂ္ဂိုလ်ကို ယထာသန္တိတိကလို့ ခေါ်ပြီး ဒီအကျင့်ကို ဆောက်တည်ကြောင်း စေတနာကို ယထာသန္တတိကင်္ဂလို့ ဆိုပါတယ်။

၁၃။ နေသဇ္ဇိကင်္ဂ ဓုတင်ဆိုတာ အိပ်ခြင်းကို ပယ်ပြီး ထခြင်း၊ ထိုင်ခြင်း၊ စင်္ကြံသွားခြင်းဟူသော ဣရိယာပုတ်ဖြင့်သာ နေသောအကျင့်ကို ဆိုပါတယ်။ အိပ်ရာခေါင်းအုံးပေါ်မှာ ခေါင်းချပြီး လျောင်းစက်အိပ်ခြင်းကိုပယ်ကာ ထိုင်နေခြင်း အလေ့ရှိတဲ့ ပုဂ္ဂိုလ်ကို နေသဇ္ဇိကလို့ ခေါ်ပြီး ဒီအကျင့်ကို ဆောက်တည်ကြောင်း စေတနာကို နေသဇ္ဇိကင်္ဂလို့ ခေါ်ပါတယ်။

ဒီဓုတင်အကျင့် (၁၃)ပါးမှာ ဘိက္ခု (ရဟန်းယောကျာ်း)များ အတွက်ကတော့ အားလုံးကျင့်သုံးနိုင်တဲ့ ဓုတင်များ ဖြစ်ပါတယ်။ အကယ်၍ လွင်တီးခေါင် အရပ်မှာ အာရညိကင်္ဂ ဓုတင်အား လျောက်ပတ်တဲ့ သုသာန်ဖြစ်ပါက တစ်နေရာတည်းနဲ့ ဓုတင် ဆယ့်သုံးမျိုးလုံးအထိ ဆောက်တည်နိုင်တယ်လို့ ဆိုပါတယ်။ ဘိက္ခုနိမ (ရဟန်းမိန်းမ)များအတွက်ကတော့ ဓုတင်ဆယ့်သုံးပါးမှာ အာရညိကင်္ဂဓုတင်၊ ခလုပစ္ဆာဘတ္တိကင်္ဂဓုတင်၊ အဗ္ဘောကာသိကင်္ဂဓုတင်၊ ရုက္ခမူလိကင်္ဂဓုတင်၊ သောသနိကင်္ဂဓုတင်ဆိုတဲ့ ဓုတင်ငါးပါးမှတပါး ကျန်ဓုတင် (၈)ပါးကို ဆောက်တည်နိုင်ပါတယ်။ သာမဏေ (ကိုရင်)များကတော့ တေစီဝရိကင်္ဂဓုတင်မှ တပါး ကျန် (၁၂)ပါးကို ဆောက်တည်နိုင်ပါတယ်။ သာမဏေရီ (ကိုရင်မ)နဲ့ သိက္ခမာန်များကတော့ ဘိက္ခုနီမများ ကျင့်နိုင်တဲ့ ဓုတင် (၈)ပါးထဲမှာ တေစီဝရိကင်္ဂ ဓုတင်ကို ထပ်ပယ်ပြီး ကျန် (၇)ပါးကို ဆောက်တည်နိုင်ပါတယ်။ ဥပါသကာ (လူဒါယကာ)၊ ဥပါသိကာမ (လူဒါယိကာမ)တို့ကတော့ ပတ္တပိဏ္ဍိကင်္ဂဓုတင်နဲ့ ဧကာသနိကင်္ဂဓုတင် နှစ်ပါးကိုပဲ ဆောက်တည်ကျင့်သုံးနိုင်ပါတယ်။

တရားအားထုတ်တဲ့ ယောဂီများအနေနဲ့ အထက်မဂ်ဉာဏ်ကို ရဖို့အတွက် သီလစင်ကြယ်ဖို့ လိုပါတယ်။ ဒီသီလစင်ကြယ်ဖို့ ဆိုတာ အလိုနည်းခြင်း၊ ရောင့်ရဲခြင်းစတာတွေ ရှိမှလည်း သီလအကျင့် ဖြူစင်စေပါတယ်။ ဒီလို အလိုနည်းခြင်း၊ ရောင့်ရဲခြင်း ရှိဖို့အတွက် အလိုနည်းနိုင်၊ ရောင်ရဲ့နိုင်၊ ကိလေသာ ခေါင်းပါးနိုင်တဲ့ အကျင့်တွေဖြစ်တဲ့ ဓုတင်အကျင့်ကို ကျင့်ဖို့လိုတယ်၊ ကျင့်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က ကျင့်နိုင်တဲ့သူတွေ၊ ကျင့်လိုတဲ့သူတွေ ကျင့်နိုင်အောင် ဒီဓုတင်အကျင့် ဆယ့်သုံးပါးကို ခွင့်ပြုတော် မူခဲ့ခြင်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကိလေသာကို ပါးအောင်၊ နည်းအောင် လုပ်တဲ့နည်းတွေထဲမှာ ဒီဓုတင်အကျင့်နဲ့လည်း ကိလေသာနည်းအောင် ပြုလုပ်နိုင်တာ ဖြစ်တဲ့အတွက် ဓုတင်အကျင့်နဲ့ ကိလေသာကို ပယ်ခွာလိုသူများ၊ ဓုတင်အကျင့်ကို စိတ်ဝင်စားသူများ ဗဟုသုတဖြစ်စေရန်နဲ့ လက်တွေ့လိုက်နာ ကျင့်သုံးလိုကလည်း ကျင့်သုံးနိုင်စေရန် ရည်ရွယ်ပြီး ဓုတင်အကြောင်းကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ အကျယ်လေ့လာပြီး လက်တွေ့ကျင့်ကြံလိုသူများ အနေဖြင့် ၀ိသုဒ္ဓိဂဂ် အဋ္ဌကထာ၊ ပထမအုပ်၊ ဓုတင်္ဂ နိဒ္ဒေသပိုင်းတွင် လေ့လာနိုင်ပါကြောင်း အသိပေး တင်ပြလိုက်ရပါတယ်။

Read more...

ဂ ငယ်ကွေ့ရှိသည်

အနိစ္စ၊ ဒုက္ခ၊ အနတ္တ တဲ့
နေ့စဉ် ဆင်ခြင်မှုကင်းမဲ့စွာ
နှုတ်က တစာစာ ထွေးအံချရဲ့
အတ္တမီးလောင်ပြင်ထဲက စိတ်ဓာတ်ကို
ကယ်တင်ဖို့ကျတော့ နောက်တွန့်ချင်သေး
လက္ခဏာယဉ်ဆိုတာ
နိဗ္ဗာန်ယဉ်လိုလား ဘာလဲ
မသိဘူး မသိဘူး

တစ်ကိုယ်ရေ ချမ်းသာမှုအတွက်
မြှုပ်နှံသင်္ဂြိုဟ်ပစ်ခဲ့တဲ့
ငယ်ဘ၀တွေရဲ့ ဖြူစင်ခြင်းများ
ကျေးဇူးရှင်လား နားထား
သူငယ်ချင်းဆို ပစ်ခဲ့
အမြီးကျက်ပလား အမြီးစားမယ်
ခေါင်းကျက်ရင် ခေါင်းဖဲ့
ဒီလိုနဲ့ လေ
ဘနှဖူးကိုတောင် သိုက်တူးခဲ့ပြန်ရော


ဟန်ဆောင်မှုလိမ်းကျံထားတဲ့
ဖြောင့်မတ်မှုအတုတွေနဲ့တော့
ဘ၀ကိုတည့်တည့်ရပ်ကြည့်လို့မရဘူး
ရိုးသားခြင်းဟာ လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးလေ
တစ်ချိန်မှာ ၀ိုက်လက်သီးတွေနဲ့
ထိုးသတ်လှဲချပစ်မှာပဲ
ပြန်လည်ထူမဖို့
အချိန်းနည်းနည်းတော့ရမယ်
မထနိုင်ရင် သေပေါ့
ဘ၀ကြိုးဝိုင်းမှာ သရေဆော့တယ်ဆိုတာ
သေချာတယ် မရှိဘူးနော်

အမှတ်စဉ်ရေတာ ပြည့်တော့မယ်
ငါသာဆိုရင်လေ
အမှန်တရားရဲ့ လက်တစ်ဖတ်ကိုတွဲလိုက်မယ်
သူလည်းခွင့်လွတ်ခြင်းနဲ့ ဖေးမမယ်လို့
သေချာယုံကြည်တယ်
..
စိုင်းစိုင်းသီချင်းထဲကလိုပေါ့
လာပါလက်ဆွဲနှုတ်ဆက်ကြစို့
ဘယ်လိုလဲ စူးစမ်းချင်လား တဲ့
အဲဒီနေရာမှာ
ရိုးသားခြင်းအလှတရားတွေရှိနေမယ်
ဒါဟာသေချာတယ်လေ



Read more...

သာသနာ့ရောင်ခြည် - (၁၀) ကြိမ်မြောက် အလှူတော်

 

- ၁၃၇၂ ခုနှစ် နယုန်လပြည့်ကျော် ၃ ရက် - တနင်္ဂနွေနေ့

- 30 May 2010 - Sunday
သာသနာ့ရောင်ခြည်အဖွဲ့(စင်္ကာပူ) ရဲ့ (၁၀) ကြိမ်မြောက် အလှူပွဲကို မေလ (၃၀) ရက်မှာ Clementi ကျောင်းတော်တွင် ကျင်းပခဲ့ပါတယ်။
အခမ်းအနား စတင်ကာနီးမှာ စင်္ကာပူမိုးက သည်းသည်းမည်းမည်း ရွာနေပါတယ်။ ဆရာတော်တွေအတွက် ချက်ပြုတ်ထားသည့် ဟင်းများကို သယ်ရင်း မိုးရွာထဲ တက္ကစီ ငှား၊ ထူးကြီးဆရာတော် တရားပွဲကလည်း ရှိနေတော့ စီစဉ်ထားတဲ့ အချိန်အတွင်း ပြီးစီးအောင် ကျင်းပဖို့ မိုးနဲ့အပြိုင် ကြဲရပါတော့တယ်။
ဘုန်းကြီးကျောင်းရောက်တော့ ချက်ထားတဲ့ ဟင်းတွေ နွေးရင် ဟင်းနံ့တွေ ခန်းမထဲဝင်မှာလည်း စိုး ရသေးတယ်။ ဒါပေမယ့် အခြေအနေနဲ့ အချိန်အရ ဟင်းတွေ ပြန်နွေးဖို့ ခွင့်ပြုခဲ့ပါတယ်။ (ခွင့်ပြုခဲ့တာကိုလည်း ကျေးဇူးတင်ပါတယ်)။
ကဲ အားလုံးပြီးတော့ ဆရာတော်ကို ဆွမ်းကပ်မယ်၊ ဓမ္မမိတ်ဆွေတွေကိုလည်း ဧည့်ခံမယ့် သူက ဧည့်ခံမယ်ပေါ့။ ဒါနဲ့ အဖွဲ့ဝင်တွေ နည်းနေလို့ မေးကြည့်တော့ စာမေးပွဲရှိလို့တဲ့။ အင်း စင်္ကာပူမှာ ရာထူးတက်ဖို့ လစာကောင်းဖို့ ကြိုးစားကြရတာ ဆိုတော့လည်း ဟုတ်တာပေါ့။ ဆုတောင်းပေးပါတယ် အစ်ကိုတွေ၊ အစ်မတွေ ဖြေနိုင်ကြပါစေ၊ ရာထူးမြန်မြန်တက်ပြီး လစာတွေ များများရပါစေ၊ အပိုဆုငွေ (BONUS) တွေလည်း များများရပါစေလို့။ :) ဒါမှ အလှူငွေတွေ ဒီထက်လှူနိုင်ကြမှာ ကောင်းမှုကုသိုလ်တွေလည်း ဆထက်တိုးပြီး လုပ်နိုင်ကြမှာ။ ပြီးတော့ နေရာစုံ လှူဒါန်းချင်တဲ့ သာသနာ့ရောင်ခြည်အဖွဲ့ ရဲ့ ရည်မှန်းချက်တွေ မြန်မြန် အကောင်အထည်ဖော်နိုင်တာပေါ့။
ဒီနေ့ မြတ်စွာဘုရား အမှူးရှိသော သံဃာတော်တွေကို ဆွမ်းဆက်ကပ် ပြုစု လုပ်ကျွေးရတာ ကြည်ကြည်နူးနူး ဝမ်းမြောက်မိပါတယ်။ ကျောင်းထိုင်ဆရာတော်ဘုရားနဲ့ အမေရိကမှာ သီတင်းသုံးနေကြသော သီရိလင်္ကာမှ အာဂန္တုဆရာတော် နှစ်ပါးကို နေ့ဆွမ်းများ ကပ်လှူကြပါတယ်။ အာဂန္တု ဆရာတော် နှစ်ပါးက အသီးအရွက် အားပြု ဘုဉ်းပေးတာတွေ့တော့ မြန်မာဆန်ဆန် ချက်ပြုတ်ထားတဲ့ အသားဆွမ်းဟင်းများများ ကပ်ထားတဲ့ ဆွမ်းပွဲ ကို စိုးရိမ်တကြီး ကြည့်မိကြပါတယ်။ ဆရာတော်များကလည်း ဘုရားသားတော်များ ပီပီ “ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ” ဆိုတဲ့ ဘုရားရှင် ဆုံးမတော် မူခဲ့သည့် အတိုင်း အာဟာရ အပေါ်မှာ ဆင်ခြင်ပြီး သင့်တင့်စွာ နှလုံးသွင်း ဘုဉ်းပေးသွားတော့ စိတ်ထဲ တော်တော် ကြည်ညိုမိသွားပါတယ်။
ဒီနေ့တော့ ကျွန်တော်တို့ သာသနာ့ရောင်ခြည် အဖွဲ့နှင့်အတူ ကြွရောက်လာကြသူများအား Clementi ကျောင်းထိုင်ဆရာတော်အပြင် သီရိလင်္ကာ ရဟန်းတော် ဘဒ္ဒန္တ အရှင်ကောဏ္ဍည အရှင်မြတ်မှလည်း အင်္ဂလိပ် ဘာသာဖြင့်တရားတော်များ ဟောကြား ချီးမြှင့်ခဲ့ပါတယ်။
ကြွရောက်လာကြတဲ့ ဓမ္မမိတ်ဆွေတွေကိုလည်း ဒံပေါက်၊ ထမင်း၊ ဟင်းမျိုးစုံ၊ အချိုရည်မျိုးစုံ စ တာတွေနဲ့ အားပါးတရ ဧည့်ခံ ကျွေးမွေးခဲ့ကြပါတယ်။ အခြား အသစ်ပါဝင်လာသော ကုသိုလ်ရှင်များနဲ့ တရားပွဲအတွက် ၀ီရိယနဲ့အတူ စောရောက်လာသော တရားနာပရိတ်သတ် အချို့ကိုလည်း ဒါနပြုနိုင်ခဲ့လို့ ၀မ်းသာပီတိ ဖြစ်ခဲ့ကြပါတယ်။
သူတို့တွေရဲ့ စားရင်းသောက်ရင်း “သာဓု” ခေါ်သံလေးတွေ ကြားလိုက်မိတော့ စိတ်ထဲမှာ အတိုင်းအထက် အလွန်ကို ပီတိ သောမနဿ ဖြစ်မိတာ အမှန်ပါ။

“အမှတ်တမဲ့ ရိုက်ချက်အချို့နဲ့အတူ အမှတ်ရကာ ကုသိုလ်စိတ်ပွားရင်း”

ဆွမ်းဟင်းများ ချက်ပြုတ်နေသော အဖွဲ့သားများ

ဆွမ်းဟင်းများက ဖွယ်ဖွယ်ရာရာ

ဘုရား ရောင်ခြည်တော် ဖွင့်ကြတာလည်း အခါခါ

ဘုရား ရောင်ခြည်တော် ဖွင့်နေကြသော အဖွဲ့သားများ

ဆရာတော်များအား ဆွမ်းဆပ်ကပ် လှူဒါန်းနေစဉ်

အချိုပွဲများ

ဟောဒီလို ဒံပေါက်တွေကို

အားပါးတရ ကျွေးမွေးခဲ့ပါတယ်

တစ်ယောက်တစ်လက် ကုသိုလ်ယူနေပုံများ ကြည်နူးစရာ

ဆရာတော်ထံမှ တရားနာယူနေစဉ်

ဆရာတော်ထံမှ တရားနာယူနေခြင်း

ဘဒ္ဒန္တ ကောဏ္ဍညမထေရ် မှ တရားဟောကြားနေစဉ်

ရေစက်သွန်းချ အမျှဝေနေစဉ်

ဘုန်းတော်ကြီးကျောင်း ဝေယျာဝစ္စ အတွက် ၀တ္ထုငွေအချို့ လှူဒါန်းကာ ကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်ဝိစိတ္တ ထံမှ ရေစက်ချတရား နာယူပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှဝေ သာဓု (၃)ကြိမ် ခေါ်ကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါတယ်။
 ကျွန်တော်တို့ အဖွဲ့လေးဟာ ကုသိုလ်ကောင်းမှု အလှူဒါနများကို အတူတကွ လက်တွဲ၊ စည်းစည်းလုံးလုံး တက်ညီလက်ညီ ပြုလုပ်လာခဲ့ကြတာ အခုဆိုရင် (၁၀)ကြိမ်မြောက်တိုင်အောင် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ တစ်ကြိမ်ထက် တစ်ကြိမ် အဖွဲ့ဝင်အသစ်များ တိုးပွားလာသလို အဖွဲ့ဝင်များရဲ့ နီးစပ်ရာ သူငယ်ချင်းများမှလည်း စေတနာ သဒ္ဒါတရား ထက်သန်စွာနဲ့ လှူဒါန်းငွေများ ထည့်ဝင်ကြတာကို အားတက် ကြည်ညိုဖွယ်ရာ တွေ့မြင်ရပါတယ်။ ဓမ္မမိတ်ဆွေအားလုံးလည်း သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် အခုလို စာရင်း ပြုစုတင်ပြပေးလိုက်ပါတယ်..

လှူဒါန်းငွေ အစုစု

စဉ်
အလှူရှင်အမည်
အလှူငွေ
၁။ ဦးဝင်းနိုင် ၁၀ S$
၂။ မရတနာစုမြတ် ၁၀ S$
၃။ ကိုအောင်သိန်းထွန်း ၂၀ S$
၎။ မကြိုင်သဇင်ဦး ၁၀ S$
၅။ မနွယ်နွယ်ဦး ၁၀ S$
၆။ မယဉ်ယဉ်မွန် ၁၀ S$
၇။ ကိုအောင်မြတ်ကျော် ၂၀ S$
၈။ မဇာဇာအောင် ၂၀ S$
၉။ မဥမ္မာမြင့် ၂၀ S$
၁၀။ ကိုအောင်မြင့် ၃၀ S$
၁၁။ မအေးမွန်သူ ၂၀ S$
၁၂။ ကိုသက်နိုင်ဝင်း ၂၀ S$
၁၃။ မစုမွန် ၂၀ S$
၁၄။ ကိုထွန်းထွန်းကျော် ၂၆.၂၅ S$
၁၅။ ကိုကျော်ကျော်သောင်း ၂၅ S$
၁၆။ မဇာခြည်ဝင်း ၂၀ S$
၁၇။ မငြိမ်းငြိမ်းအေး ၂၀ S$
၁၈။ ကိုထွန်းကျော် ၂၀ S$
၁၉။ မနွယ်နှင့် သူငယ်ချင်းများ ၂၀ S$
၂၀။ မတင်မာဝေ ၁၀ S$
၂၁။ မကေသီစိုး ၁၀ S$
၂၂။ ကိုလှထွန်းဖြူ ၁၀ S$
၂၃။ ကိုဇော်မျိုးအောင် ၂၀ S$
၂၄။ ကိုအောင်မြင့်နိုင် ၃၀ S$
၂၅။ ကိုခင်မောင်သန်း+ဒေါ်ခင်ခင်နွယ် ၃၀ S$
၂၆။ မတင်တင်ချို ၁၀ S$
၂၇။ မခင်စုကျော် ၁၀ S$
၂၈။ ကိုမြတ်ကို ၂၀ S$

စုစုပေါင်း ရရှိအလှူငွေ
၅၀၁.၂၅ S$

သာသနာ့ရောင်ခြည်အဖွဲ့ရဲ့ (၁၀)ကြိမ်မြောက် အလှူတော်ကို အားလုံးလည်း သာဓုခေါ်ကာ ကုသိုလ်ယူ ကြည်ညိုသဒ္ဒါပွားရင်း နောင်လာမည့် (၁၁)ကြိမ်မြောက် အလှူတော်ကို ဇွန်လ ၂၇ ရက် တနင်္ဂနွေနေ့ တွင် ပြုလုပ်ရန် ဆွေးနွေး တိုင်ပင် ထားကြောင်း ကြိုတင် အသိပေး နှိုးဆော်လိုက်ပါတယ် ခင်ဗျား...
(ဘလော့ဂ်အတွက် လိုအပ်သည်များကို ရှာဖွေရင်း၊ စာရင်း ပြုစုရင်းနဲ့ ယခု ပို့စ် နောက်ကျခြင်း အတွက် အားလုံးကို အဖွဲ့ကိုယ်စား တောင်ပန်လိုပါတယ်။)
***အချို့မှတ်တမ်းတင် ဓါတ်ပုံများကို Online Album တစ်ခု ပြုလုပ်၍ မကြာခင် ကြည့်ရှုကုသိုယူနိုင်ရန် ကြိုးစားနေကြောင်း***

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP