၁၂။ တရားအလုပ် -မဂ္ဂင်အလုပ်ကို ငြင်းပယ်မှုများ၊ ငြိတွယ်မှုများ၏ အကြောင်းရင်း

ကျွန်ုပ်တို့ဟာ တရစပ် အသစ်အသစ်ဖြစ်ကာ ပျက်စီးနေမှု ဒုက္ခ သစ္စာ အမှန်တရား. ..ကို လက်မခံနိုင် - မသိနိုင်ရာမှ ငါ့ဒုက္ခ၊ ငါ့ခန္ဓာ၊ ငါ့စိတ်၊ ငါ့ဝေဒနာ၊ ငါ့ခံစားချက်အဖြစ် (တစ်ခုခုအဖြစ်) အထင်မှားမိရာမှ မြစ်ဖျားခံကာ ဖြစ်ပေါ်လာသော လောဘ-ဒေါသများကို အရှိလုပ်-အဟုတ်ထင်ကာ အချိန်တစ်ခုကြာ မြဲနေ ဖြစ်နေသည့် တစ်ခုခုအဖြစ် အတည်ယူမိရာမှ မှ တရားအလုပ်အား တစ်ခုခု ပြုလုပ်ခြင်း(သို့) ဘာမှမလုပ်ပဲနေခြင်းဟု အထင်မှားလေတော့ သည်။
ထို တစ်ခုခု-တစ်ယောက်ယောက်ကို အဟုတ်တကယ် ရှိနေ ဖြစ်နေသည် ဟူ၍ အတည်ယူပြီး (သက္ကာယဒိဋ္ဌိ အယူဖြင့်) ဆက်စပ်စဉ်းစား တွေးခေါ်လေရာ .......... တရားအလုပ် အပေါ်တွင် လည်းကောင်း.... တခြားလောကီကိစ္စများ အပေါ် တွင်ရော စိတ်ညစ်စရာ တစ်ခုခု ဟူ၍လည်းကောင်း (သို့) စွဲမက်စရာ တွယ်တာစရာ တန်ဖိုးထားစရာ တစ်ခုခုဟူ၍လည်းကောင်း နားလည်မှု လွဲလေတော့သည်။
ထို့ကြောင့် တရားအလုပ်အပေါ် မှန်မှန်ကန်ကန် နားလည်မှု ရှိရန် အဓိကထားဖို့ လိုအပ်လှပေသည်။
ကျွန်ုပ်တို့ဟာ -
၁) တရားအားထုတ်မှု..မဂ္ဂင်အလုပ်အပေါ် .....တစ်ခုခု၊ တစ်ယောက်ယောက်ကို ရှိနေ-မြဲနေ-ဖြစ်နေသည်ဟု အတည်ယူဆ၍ ထိုတစ်ခုခု၊ တစ်ယောက်ယောက်ကို ပြောင်းလဲဖို့ ကြိုးစားသည့် အလုပ် ဟူ၍ လည်းကောင်း၊
၂) တစ်ခုခုကို(ရုပ်၊ စိတ်၊ ဝေဒနာ)တို့ကို အချိန်တစ်ခုကြာ မြဲနေ-ရှိနေသည့် အနေဖြင့် အတည်ယူကာ အဟုတ်ထင်မှတ်လျှက် ထိုတစ်ခုခု ကို အာရုံ စူးစိုက်နိုင်စေရန် ကြိုးစားခြင်းသည် မဂ္ဂင်တရားအလုပ်ဟူ၍ လည်းကောင်း၊
၃) လူတိုင်းနားလည်နေသော ခန္ဓာကိုယ်၊ အတွေး၊ ဝေဒနာများ ကို အချိန်တစ်ခုကြာ မြဲနေသည် ဖြစ်နေသည် ...သက်တမ်းတစ်ခုလွန်မှ ပျက်သွားသည် ဟူသော အယူကို မစွန့်လွှတ်ဘဲ .......... တကယ်ဖြစ်နေသည်ဟုယူဆကာ အရှိ-အဟုတ်လုပ်လျှက်.... ထို ထို ထို နိဗ္ဗါန် ဆိုသည်မှာလည်း ...
ထို ..အချိန်တစ်ခုကြာ မြဲနေ-ဖြစ်နေသည့် ဘာတွေ၊ ညာတွေ၊ တစ်ခုခုတွေ မရှိမှု ...ဘာမှမရှိခြင်း...ဟူ၍ နားလည်မှုလွဲရာမှတဆင့် ... တရားအလုပ် ဟူသည် ဘာမှမရှိရာ- ဘာမှမဖြစ်ရာ (Nothingness) ရောက်ဖို့အလုပ် ထင်မှတ်ကာ လုပ်ချင်စရာ မကောင်းသော အလုပ်တစ်ခုအဖြစ် အထင်မှားပြန် လေသည်။
တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်ချိန်ချိန်၊ တစ်နေရာရာ၊ အခြေအနေ တစ်ခုကို သက်တမ်းတစ်ခုကြာ တကယ်ဖြစ်နေသည်ဟု အတည်ယူမှု အဟုတ်ထင်မှတ်မှု (သက္ကာယ ဒိဋ္ဌိ)အစွဲကြီးကို မှန်မှန်ကန်ကန် မစွန့်လွှတ်တတ်ပဲ တရားအားထုတ်မှုကို ပြုလုပ်ရာမှ (သို့) တရားအားထုတ်မှုကို လေ့လာရာမှ နားလည်မှုလွဲခြင်း ရလာဒ်များဖြစ်ပေသည်။
ထို့ကြောင့် ကျွန်ုပ်တို့ တရားအလုပ်အပေါ် မှန်မှန်ကန်ကန် နားလည်မှုရှိရန် အဓိကထားရပေမည်။ တနည်းအားဖြင့် တရားအားထုတ်မှုဟူသည် တစ်ခုခု ပြုလုပ်နေခြင်းမဟုတ်ပဲ ၊ ဘာမှမလုပ်ပဲ နေခြင်းမျိုးလည်း မဟုတ်ဘဲ .....မှန်မှန်ကန်ကန် နှလုံးသွင်းနေမှု-မှန်ကန်နားလည်နေမှုပင် ဖြစ်ကြောင်းသိဖို့ လိုအပ်ပေသည်။
၁၃။ နံပါတ်နှစ်အရေးကြီးမှု (သို့) နှလုံးသွင်းမှန်မှု (သို့) မှန်မှန်ကန်ကန် နားလည်နေခြင်း သည်ပင် တရားအလုပ်

ကျွန်ုပ်တို့တတွေ အမှန်တရား-သစ္စာတရား-ချမ်းသာအစစ်နားလည်ဖို့ (သောတာပန်ဖြစ်ဖို့) အချက်နှစ်ချက်သာ လိုအပ်ကြောင်း မိုးကုတ်ဆရာတော်ကြီးမှ သစ္စာတရားတော် အမှတ်စဉ်(၂၉) တွင်ဟောကြာ ထားပါ တယ်... နံပါတ်တစ် သစ္စာတရားများ နာယူမှု ဖြစ်ပြီး...နံပါတ်နှစ်က တစ်ခုခု ပြုလုပ်နေရမှာ မဟုတ်ဘဲ ..နှလုံးသွင်းမှန်မှု (သို့) မှန်မှန်ကန်ကန် နားလည်နေမှုပဲ.. ဖြစ်ပါသည်။
မိုးကုတ်ဆရာတော်ကြီးဟာ တစ်ခုခု-တစ်ယောက်ယောက် (အတ္တ-ငါ) ကို တစ်ကယ်ရှိနေသည်-တစ်ကယ်ဖြစ်နေသည်ဟု ယူဆသောအယူ (သက္ကာယဒိဋ္ဌိ)ကို မယူမိစေရန် - ထိုအယူကို ရဲရဲစွန့်လွှတ် တတ်စေရန် .............ဦးခေါင်း မီးလောင် ရင်ဝလှံစူးနေရင်တောင် ထိုဒုက္ခထက်ဖြေရှင်းဖို့ထက် သက္ကာယဒိဋ္ဌိအယူကို အရင်ဖြုတ်ပါ...တစ်ခုခု-တစ်ယောက်ယောက် (အတ္တ-ငါ) ကို တစ်ကယ်ရှိနေသည်-တစ်ကယ်ဖြစ်နေသည်ဟု ယူဆသောအယူ ကို အရင်စွန့်ဖို့ ကြိုးစားပါဟု မြတ်စွာဘုရား၏ပါဠိတော်များကို ကိုးကားလျှက် ဆုံးမစကားကို စတင်နားကြားရစဉ်က ဆရာတော်ကြီးဟာ နဲနဲများ ပိုနေမလားဟု အထင်မှားမိခဲ့လေသည်......
နောက်ပိုင်း တစ်ခုခု-တစ်ယောက်ယောက်-တစ်ချိန်ချိန်-တစ်နေရာရာ-(အတ္တ-ငါ) ဆိုတာ တကယ် ဖြစ်နေသည် ဟူသော အယူ ကို စွန့်လာနိုင်လေလေ.....ငါ...ကို အရှိ အဟုတ် လုပ်နေလို့ ...ငါ.. မီးလောင်နေမှန်း.....နားလည်လာသည်။...တရစပ် ပျက်စီးနေမှု ဒုက္ခသစ္စာကို ငါ...ကို အရှိ အဟုတ် လုပ်နေမှု နှင့် ပေါင်းစပ်ပြီး ငါ့ဒုက္ခတွေ လုပ်နေမှန်း နားလည်လာသည်.....
ထိုအခါ ရင်ဝလှံစူးမှု ၊ ဦးခေါင်းမီးလောင်မှု ဒုက္ခ ထက် .............
ရင်ဝလှံစူးမှု၊ ဦးခေါင်းမီးလောင်မှု တို့၏ နောက်ကွယ်တွင် ...................
ရင်ဝလှံစူးမှု ၊ ဦးခေါင်းမီးလောင်မှု ကို ခံစားနေသော တစ်ခုခု၊ တစ်ယောက်ယောက်၊ ငါ၊ အတ္တ၊ စိတ်၊ ၀ိဥာဉ်၊ ဝေဒနာ၊ အသက်လေးတစ်ခုခု soul..ego...self....entity သည် အချိန်တစ်ခုကြာ တကယ်ရှိနေ ခံစားနေသည်ဟူသော အစွဲက ............ ((ငါ့ရင်ဝစူးတာ၊ ငါ့ခေါင်းပူနေတာ၊ ငါ့ဒုက္ခတွေ))ဟူ၍ အထင်မှားအောင် တရစပ် ပြုလုပ်နေမှန်း သိနားလည်လာသောအခါ .........
ထို ကဲ့သို့ အထင်မှားအောင် တရစပ် ပြုလုပ်နေမှု ဒုက္ခ က ရင်ဝလှံစူးမှု၊ ဦးခေါင်းမီးလောင်မှုတို့ထက် နှိုင်းဆလို့မရအောင် ကြီးမားနေကြောင်း နားလည်လာလေသည်.....
သစ္စာတရားများကို နာယူဖန်များသောအခါ နှလုံးသွင်းမှန်မှု (သို့) မှန်မှန်ကန်ကန် နားလည်နေမှု (သို့) အမှန်တရား-သစ္စာတရား ကို မမေ့မှု အပ္ပမာဒတရား ဆိုသည်ကို ကျွန်ုပ်တို့ မှန်မှန်ကန်ကန် နားလည်စ ပြုလာပါသည်..
.....နှလုံးသွင်းမှန်မှု ဟူသည် အမှန်တရားသစ္စာတရားကို .........
မှန်မှန်ကန်ကန် နားလည်နေမှု၁ ...၊ မှန်မှန်ကန်ကန် နှလုံးသွင်းဆင်ခြင်မှု၂... ၊မှန်မှန်ကန်ကန် သတိရအောက်မေ့မှု (မမေ့မှု)၃ ...၊ မှန်မှန်ကန်ကန် အာရုံစုစည်းထားနိုင်မှု၎ ...၊ ထိုကဲ့သို့ မှန်မှန်ကန်ကန် နားလည်နေစေရန်-မှန်မှန်ကန်ကန် နှလုံးသွင်းဆင်ခြင်နိုင်စေရန် မှန်ကန်သော ၀ီရိယ စိုက်ထုတ်မှု၅ တို့ဖြစ်လေသည်။
ဒီနေရာမှာရှင်းပြချင်တာက မှန်မှန်ကန်ကန်နားလည်နေမှု၁၊ မှန်မှန်ကန် ကန် နှလုံးသွင်းဆင်ခြင်နေမှု၂၊ မှန်မှန်ကန်ကန် သတိထားမှု(မမေ့မှု)၃၊ မှန်မှန်ကန်ကန်အာရုံစုစည်းတည်ကြည်မှု၎ ၊မှန်မှန်ကန်ကန် ၀ီရိယစိုက် အားထုတ်မှု၅ တို့ဟာ ဘယ်အပေါ်မှာ အဓိကထားရမလဲဆိုတဲ့ object ရွေးချယ် မှုပါပဲ။
သမထတရား အားထုတ်မှုတွင် ကျွန်ုပ်တို့အနေဖြင့် ၀မ်းဗိုက် (သို့) ၀င်လေ ထွက်လေ(သို့) နိမိတ်အာရုံ စသည်ဖြင့် တစ်ခုခု ကို အရှုခံ object အဖြစ် အဓိကထား ရွေးချယ် နိုင်သော်လည်း .....၀ိပဿနာတရား အားထုတ်မှု အတွက်တော့ အရှုခံ object ရွေးချယ်မှု ဟာ တစ်ခုခု (something)ဆိုတဲ့ အရှုခံအဆင့်ကို ကျော်လွန် အောင်သွားရပေမည်။
သက်တမ်းတစ်ခုကြာ မြဲနေ...ရှိနေတဲ့ ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-စိတ် တို့မဟုတ်ဘဲ.......တစ်ခုခု မဟုတ်တဲ့ insubstantiality - no inner core ကို လက်ခံရပေမည်။
ဆရာတော်ကြီးမှ အဓိကထားမှုကို မှန်ကန်စွာ နားလည်စေရန် နံပါတ်တစ် - နှစ် ဖြင့် ပိုင်းခြားပြခဲ့ပါသည်.... ကျွန်ုပ်အနေနဲ့တော့ နံပါတ်တစ် နှင့် နှစ် ကို တလှည့်စီရော- တပြိုက်နက်တည်းရော လုပ်တတ်စေရန် လေ့ကျင့်သင့်သည်ဟု အကြံပြုချင်ပါသည်.....
(၁-သမ္မာဒိဋ္ဌိ၊ ၂-သမ္မသင်္ကပ္ပ
၃-သမ္မာသတိ၊ ၄-သမ္မာသမာဓိ၊ ၅-သမ္မာဝါယာမ)
၁၄။ အမှန်တရား နှင့် သစ္စာတရား အပေါ်သိရှိရေး မဂ္ဂင်အလုပ်အပေါ် အထင်လွဲခဲ့ကြပြီးလေပြီ...

...မိမိနားလည်သော တစ်ခုခုကို အရှုခံအဖြစ်ထားကာ အချိန် တစ်ခုကြာ... ရှိတဲ့အနေ မြဲတဲ့ အနေ...ယူဆလျှက် သတိထားနေမှု (မမေ့မှု) ၊ အာရုံ စုစည်းတည်ကြည်မှု တို့ဟာ မဂ္ဂင်လမ်းမှန်အတွက် လိုအပ်ချက် ရှိနေလေသည်........
.........လိုရင်း ကို မရောက်တဲ့ အတွက်လည်း တစ်ခုခုကို အချိန်တစ်ခုကြာ မြဲနေသည်ဟု ယူဆလျှက် အရှိ-အဟုတ်လုပ်ကာ သတိထား-စူးစိုက်ခိုင်း-မှတ်ခိုင်းနေမှုများကြောင့် ရှေ့တွင် ဖော်ပြခဲ့ သည့်အတိုင်း မဂ္ဂင်လမ်းအပေါ် အမှန်တရား သစ္စာတရားအပေါ် နားလည်မှုလွဲခဲ့ကြလေသည်။
ထို့အတွက် မိုးကုတ်ဆရာတော်ဘုရားကြီးမှလည်း စိတ္တနုပဿနာ ရှုပွား နည်း (မိုး(၂)နှာ-၄၅၆မှ။) တွင် .......((တစ်ခုခု အဖြစ် ရှိတာ ရှုနေလို့ရှိရင် ခိုင်တာမြဲတာ ရှုနေသာကြောင့် သဿတဒိဋ္ဌိ ဖြစ်တယ်))ဟူ၍ လည်းကောင်း၊ ...... ((ခင်ဗျားတို့က စိတ်ကို အရှုခိုင်းတယ် ဆိုပြီး ကျုပ်ကတော့ စိတ်တွေ လာတိုင်း ရှုနေတာပဲ ဆိုရင် ဒါ ၀ိပဿနာ မဟုတ်ဘူး ၊ ၀ိပဿနာ အပါးမ၀သေးဘူး၊ ဆရာကရင် လိုနေမယ်၊ ကိုယ်ကရင်လဲ လိုနေမယ်)) ဟူ၍လည်းကောင်း၊ ......(( ခုတော့ မဟုတ်ဘူး၊ ခင်ဗျားတို့က စာ(သတိပဌါန်)ကို ရှေ့ပိုင်းတွင်ပဲဖတ်ပြီး ရှေ့ပိုင်းတွင်ပဲ ပြောနေကြတာ၊ ဒီနောက်ပိုင်း (သမုဒယဓမ္မာ နုပဿီဝါ - ၀ယဓမ္မာ နုပဿီဝါ) ထိအောင် လာရမှာ (မှန်ပါဘုရား))) ဟူ၍ လည်းကောင်း .... ရှင်းပြထားလေသည်။

မှန်မှန်ကန်ကန် နားလည်နေမှု ၊ မှန်မှန်ကန်ကန်နှလုံးသွင်းဆင်ခြင်မှု၊ မှန်မှန်ကန်ကန် သတိရအောက်မေ့မှု (မမေ့မှု) ၊ မှန်မှန်ကန်ကန် အာရုံစုစည်း ထားနိုင်မှု တို့ဟာ ဘယ်အပေါ်မှာထားရမလဲ ဆိုတဲ့ (အရှုခံ) object ဟာ အမှန်တရား သစ္စာတရား(ဓမ္မာနုပဿနာ)ဖြစ်မှသာ မဂ္ဂင်လမ်းမှန်၏ လိုရင်းသို့ ရောက်ပေလိမ့်မည်။
၁၅။ အရှုခံသည် သစ္စာတရားထိဖြစ်ဖို့ ကြိုးစားကြည့်ပါ..
..
..တနည်းအားဖြင့် ကျွန်ုပ်တို့ အမြဲမပြတ် နှလုံးသွင်းကာ သတိထား ရမယ့် ...မမေ့ရမဲ့ အရှုခံ တရားဟာ .....ခံစားချက်များ၊ ဝေဒနာများ၊ အတွေးများ၊ လောဘစိတ်၊ ဒေါသစိတ်များကို အချိန်တစ်ခုကြာ-ရှိနေ-မြဲနေသည်ဟုယူဆလျှက် .....ငါ့ဒေါသ-ငါ့လောဘ-ငါ့စိတ်-ငါ့ဝေဒနာ-ငါ့ခံစားချက်အဖြစ် ....အဟုတ်ထင်နေမှု - အရှိပြုလုပ်နေမှု -အတည်ယူနေမှု- အဓိကထားနေမှု ပဲ ဖြစ်ပါတယ်။
တနည်းအားဖြင့် မမေ့ရမယ့် တရားဟာ မဟုတ်တာကို အဟုတ် ပြုလုပ်နေမှု၊ မရှိတာကို အရှိပြုလုပ်နေမှု၊ မမှန်တာကို အမှန်လုပ်နေမှုပဲ ဖြစ်နေခြင်း (သမုဒယ သစ္စာ အမှန်တရား) ပဲ ဖြစ်ပါသည်.....။ ထို အမှန်တရား ကို မမေ့ဖို့ နှလုံးသွင်း-ဆင်ခြင်နေဖို့ ဖြစ်ပါသည်...
ထိုမှ တဆင့် ...တစ်ခုခု၏ ပျက်စီးမှု ဒုက္ခ (အနိစ္စ) မဟုတ်ဘဲ ...
တစ်ခုခု ကို အဟုတ်ထင်အောင် ပြုလုပ်နေမှု-
အတည်ယူနေမှု-အဓိကထားနေမှု (သင်္ခါရတရား-သမုဒယသစ္စာ)တို့၏
တရစပ် ပျက်စီးနေမှု အနိစ္စသဘာဝ... ........(သင်္ခါရတရား -ဒုက္ခသစ္စာ) အမှန်တရား ကို
နှလုံးသွင်းနေရန် ......မမေ့ရန် ဖြစ်ပါသည်။
(( ၀ယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္မာဒေထ )) မဟာပရိနိဗ္ဗါန်နသုတ်-ဒိဃနိကာယ်
မြတ်စွာဘုရားကိုယ်တိုင်လည်း နောက်ဆုံးအချိန်တွင်
ထို သမုဒယသစ္စာ-ဒုက္ခသစ္စာ အမှန်တရားကို မမေ့ဖို့ .....
သင်္ခါရ တရား တို့၏ တရစပ်ပျက်စီးနေမှုကို မမေ့ဖို့သာ အဓိကထား မှာလေသည်။

သဗ္ဗေသင်္ခါရာ အနိစ္စာ တိ၊
ယဒါ ပညာယ ပဿတိ
အထနိဗ္ဗိန္ဒတိ ဒုက္ခေ၊
ဧသ မဂ္ဂေါ ၀ိသုဒ္ဓိယာ။
(“ဓမ္မပဒ ပိုဒ်-၂၇၇) ၏ ....ဆိုလိုရင်းဖြစ်ပါသည်
ကျွန်ုပ်တို့ တကယ်ရှိမနေသော-တကယ်မြဲမနေသော-တစ်ကယ် ဖြစ်မနေသော
တစ်ခုခု၊ တစ်ယောက်ယောက်ကို အရှုခံအဖြစ် ထားနေခြင်း အဆင့်ထက် ကျော်လွန်အောင် သွားရပေမည်။
၁၆။ အမှန်တရား သစ္စာတရားကို မမေ့ဖို့သာ(နှလုံးသွင်းနေဖို့သာ) အဓိကထားပါ
ထို အမှန်တရား(သစ္စာတရား)ကို မမေ့မှု၊ သတိရနေမှု၊ နှလုံးသွင်း ဆင်ခြင်မှု၊ မှန်မှန်ကန်ကန် နားလည်နေမှု၊ ထိုအမှန်တရားအပေါ် မမေ့ရန် နှလုံးသွင်း ဆင်ခြင်မိစေရန် ကြောင့်ကြထား-၀ီရိယစိုက်-အာရုံစုစည်းတည်ကြည်မှု စသည့် လောကီမဂ္ဂင်ငါးပါး ရှုဥာဏ်တရားများသည် ထိုင်နေစဉ် - မျက်စိ မှိတ်ထားစဉ် အချိန်တွင်းမှာသာ ဖြစ်ပေါ်အောင် ပြုလုပ် နိုင်သည် မဟုတ်။

အချိန်မရွေး၊ နေရာမရွေး ထို အမှန်တရား ကို မမေ့ပဲ သတိတရ နှလုံးသွင်းမှု ပြုလုပ်နိုင်လေသည်။ (မှတ်ချက်။ ။ စတင်ပြုလုပ်သူများတော့ ထိုင်လျှက် မျက်စိမှတ်ကာ ပြုလုပ်နိုင်က နားလည်မှု ပိုမိုမြန်ဆန် ပေလိမ့်မည်)
ကျွန်ုပ်တို့ တစ်နေ့တာ ပြုလုပ်နေကျ နေမှု၊ စားမှု၊ ပြောဆို၊ လုပ်ကိုင်မှု၊ များ လည်း ပြုလုပ်ရပေမည်.. နောက်နေ့ ဘာလုပ်မည်-ညာလုပ်မည် မနောကံ အတွေးများ ကြံတွေးနိုင်ပေသည်...သို့သော် အမှန်တရား-သစ္စာတရား ကို မမေ့မှု နှလုံးသွင်းမှုဖြင့် ထိုပြောဆို၊လုပ်ကိုင်၊ကြံစည်မှုများကို သုံးရုံမျှသာ သုံး၍ ထိုကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများကို အဟုတ်ထင်ကာ ငြိတွယ်နေမှု-စွဲလန်းနေမှု - ပူပန်နေမှု- ငါ-ငါ့ဟာ လုပ်နေမှုမူ များကို စွန့်တတ်အောင်လေ့ကျင့်ရပေမည်..

ထိုအမှန်တရားကိုသာ သတိထားဖို့၊ နှလုံးသွင်းဆင်ခြင်နေဖို့၊ မမေ့ဖို့ ကို အဓိက ထားရပေမည်.. ထိုသို့ အမှန်တရားကို သတိရနေခြင်း မမေ့ခြင်း နှလုံးသွင်းဆင်ခြင်နေခြင်းဖြင့် မိမိ နဂိုဖြစ်နေကျ လောဘ-ဒေါသစိတ်များ ဖြစ်ခွင့်မရလေသောအခါ အလောဘ-အဒေါသ-အမောဟစိတ်များ (၀ိပဿနာ ဥာဏ်အစစ်) များဖြစ် ပေါ်လာပေမည်။ ....ထို ကုသိုလ်စိတ်များသည် ဒါနကို မပြုမိစေရန် တားမြစ်နေသည့် လောဘစိတ်ကို လည်းကောင်း၊
သီလတရားကို ကျိုးပေါက်စေသည့် အဓိက အကြောင်း တရားဖြစ်သည့် ဒေါသစိတ်ကို လည်းကောင်း၊
ဝေဒနာတွေ၊ စိတ်တွေကို အချိန်တစ်ခုကြာ တကယ်ရှိနေ-ဖြစ်နေသည် ဟူ၍ အရှိအဟုတ်ပြုလုပ်နေမှု မောဟစိတ်-အ၀ိဇ္ဇာ-သင်္ခါရ-ကံ စသည့် သမုဒယသစ္စာ များကိုလည်းကောင်း
အမြစ်ပြတ် သုတ်သင်ပစ်ဖို့.... ကျေးဇူးပြုနေသည်ကို လည်းကောင်း၊.....
ထို လောဘ-ဒေါသ-မောဟ များကို မှန်ကန်စွာ စွန့်လွှတ်တတ်မှုကြောင့် ဖြစ်ပေါ်လာသော အလောဘ-အဒေါသ-အမောဟ ဟူသည့်အားကြီးသော ကုသိုလ်စိတ်များကြောင့် လောကီအလုပ်အကိုင် စီးပွားရေး-ပညာရေးအတွက်လည်း အဓိကထား၍ ပူနေစရာမလိုဘဲ အစစ အဆင်ပြေအောင်...စိတ်အေးချမ်းစရာ ဖြစ်အောင် ကျေးဇူးပြုနေသည်ကို လည်းကောင်း၊....
ချမ်းသာအစစ်ဖြစ်သည့် နိရောဓသစ္စာကို မျက်မှောက် ပြုနိုင်ရေး ကျေးဇူးပြုနေသည်ကို လည်းကောင်း၊ လက်တွေ့ အားထုတ် ကြည့်သူများ သာလျှင် စိတ်ဒုံးဒုံးကျ သိနိုင်ပေတော့သည်။
၁၆။ တ က ယ့် အ မှား အ စ စ် .
........အကျိုးလိုလားမှုလို့ ထင်ရလောက်အောင်
တရစပ်ဖောက်ပြန် ပျက်စီးနေမှု ကို ငါ့ မေတ္တာ လို့ ထင်တာ....... သူတပါးဒုက္ခဖြစ်စေချင်မှုလို့ ထင်ရလောက်အောင်
တရစပ်ဖောက်ပြန် ပျက်စီးနေမှု ကို ငါ့ ဒေါသ လို့ ထင်တာ.......
ရင်ထဲမှ တင်းကြပ်နေတယ်လို့ ထင်ရလောက်အောင်
တရစပ်ဖောက်ပြန် ပျက်စီးနေမှု ကို ငါသောကရောက်တယ် ငါ စိတ်ဖိစီးတယ် လို့ ထင်နေတာ ....
အတွေးတစ်ခုလို ထင်ရလောက်အောင် တရစပ် ဖောက်ပြန်ပျက်စီးနေမှုကို
ငါ စဉ်းစားနေတယ် ထင်နေတာ...
ကောင်းတယ် - ဆိုးတယ်လို့ ထင်ရလောက်အောင် တရစပ် ဖောက်ပြန်ပျက်စီးနေမှုကို ငါခံစားနေရတယ်..ငါ့ဝေဒနာရယ် လို့ ထင်နေတာ............
ပူတယ် အေးတယ် လို့ ထင်ရလောက်အောင် တရစပ် ဖောက်ပြန်ပျက်စီးနေမှု ကို
ငါပူတယ် - ငါအေးတယ် ထင်နေတာ..
တစ်ခုခုက ဖြစ်ပြီး တစ်ခုခု ပျက်သွားတယ် လို့ ထင်ရလောက်အောင် တရစပ်ဖောက်ပြန်ပျက်စီးနေမှု ကို ငါ ဖြစ်ပျက်မြင်ပြီ ထင်နေတာ...
တစ်ခုခု လို့ ထင်ရလောက် တရစပ်ဖောက်ပြန်ပျက်စီးနေမှု ကို
အနှစ်သာရဟုတ်တယ် အဖတ်တင်တယ် လို့ ထင်နေတာ...........
ဒီလိုလုပ်မှ မှန်တယ် ဟိုလိုလုပ်မှ မှန်တယ် လို့ ထင်ရလောက်အောင်
အ၀ိဇ္ဇာ၏ တရစပ်ဖန်တီးလှည့်စားပြုလုပ်မှု တွေကို
ငါ့ပြုလုပ်ချက် ငါ့ဖန်တီးမှု ငါ့အားထုတ်မှု လို့ ထင်နေတာ....
ဘာမှတရား ညာမှတရား လို့ ထင်ရလောက်အောင်
အ၀ိဇ္ဇာ၏ ဘာတွေ ညာတွေကို .......
အရှိ အဟုတ် တရစပ် ပြုလုပ်နေမှု၊(လှည့်စားမှုများ) ပဲ ဖြစ်နေတာကို ငါ အလှည့်စားခံရတယ် ထင်နေတာ...
ငါ မှားသွားတယ် ထင်နေတာ....
ဘာမှတရား - ညာမှ တရားလုပ်နေတာ..
ဘာတွေ ညာတွေကို အဟုတ်ထင်မိနေတာ...
တ က ယ့် အ မှား အ စ စ် ပါ...
(ဘာတွေ-ညာတွေ-အတွေးတွေ-ခံစားချက်တွေကို အဟုတ်ထင်ပြီး........
အရေးကြီးနေမှု
အဓိကထားနေမှုပဲ
တကယ်ဖြစ်နေတယ်...ဆိုတဲ့ အမှန်တရားကို
အဓိကထားဖို့ -မမေ့ဖို့ အဓိကထား ကြိုးစားလျှက်)
မေတ္တာဖြင့်စိုးဝင်းထွဋ်
(မှတ်ချက်။ ။ စွန်းလွန်းဆရာတော်၊ သဲအင်းဂူဆရာတော်၊ မိုးကုတ်ဆရာတော်၊ တို့နှင့် တကွ သံလျင် သဘာဝရိပ်သာ ဆရာတော် ဦးဥတ္တမသာရ (ဆူနာမီဆရာတော်)၏ ဟောကြားချက်များ ကို အခြေခံလျှက် ဘာကို အဓိကထားရမလဲ ဆိုတဲ့ မေးခွန်း ဆောင်းပါးကို ဥာဏ်မီသမျှ တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်..ပိုမို သိနားလည်ရန်အတွက် http://www.mediafire.com/?vldhyzzzmwm
http://www.mediafire.com/?jhvnywnmmwm
တရားလေးနှစ်ပုဒ်ကို ဒေါင်းလုပ်ပြု နားဆင်စေလိုပါသည်...)

Posted by Vipassana Meditation at Sunday, May 23, 2010
Read more...