* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, May 21, 2010

သံယောဇဉ် ကြိုးများ

သံယောဇန ဆိုတဲ့ ပါဠိကနေပြီး သံယောဇဉ် ရယ်လို့  ဖြစ်လာပါတယ်။ တစ်ဦးနဲ့  တစ်ဦး ချည်နှောင်တာ ရစ်ပတ်နေတာကို သံယောဇဉ်လို့  ခေါ်တယ်လို့  အများက သိထားပါတယ်။

တကယ်တမ်းကတော့ သံယောဇန ဆိုတဲ့ ပါဠိက တစ်ဦးနဲ့  တစ်ဦး ချည်နှောင်တာကိုသာ သံယောဇဉ်လို့  ဆိုတာမဟုတ်သေးပါ။ ဘာလို့ လဲဆိုတော့ သုတ္တန် ဒေသနာ အရ သံယောဇဉ် ကြိုး ဆယ်ချောင်း ပြထားပါတယ်။ နောက် ပြီးတော့ အဘိဓမ္မာဒေသနာ အရလည်း သံယောဇဉ်ကြိုး ဆယ်ချောင်း ပြထားပါတယ်။

ကြိုးများကို မှတ်ကြည့်ကြပါဦးစို့ -

သုတ္တန် ဒေသနာ အရ သံယောဇဉ် ကြိုး ဆယ်ချောင်း
၁။ကာမရာဂ သံယောဇဉ်
၂။ရူပရာဂ သံယောဇဉ်
၃။အရူပရာဂ သံယောဇဉ်
၎။ပဋိဃ သံယောဇဉ်
၅။မာန သံယောဇဉ်
၆။ဒိဋ္ဌိ သံယောဇဉ်
၇။သီလဗ္ဗတပရာမာသ သံယောဇဉ်
၈။ဝိစိကိစ္ဆာ သံယောဇဉ်
၉။ဥဒ္ဓစ္စ သံယောဇဉ်
၁၀။ အ၀ိဇ္ဖာ သံယောဇဉ်

အဘိဓမ္မာဒေသနာ အရ သံယောဇဉ်ကြိုး ဆယ်ချောင်း

၁။ကာမရာဂ သံယောဇဉ်

၂။ဘ၀ရာဂ သံယောဇဉ်
၃။ပဋိဃ သံယောဇဉ်
၎။မာန သံယောဇဉ်
၅။ဒိဋ္ဌိ သံယောဇဉ်
၆။သီလဗ္ဗတပရာမာသ သံယောဇဉ်
၇။ဝိစိကိစ္ဆာ သံယောဇဉ်
၈။ဣဿာ သံယောဇဉ်
၉။ မစ္ဆရိယ သံယောဇဉ်
၁၀။ အ၀ိဇ္ဖာ သံယောဇဉ်
တို့ ဖြစ်ပါတယ်။


မှတ်ချက်။ ။ သံဃာတော်များ အဖို့ သံယောဇဉ် အကြောင်း အခြေခံတန်းမှာ သင်ရပါတယ်။ လူများ အတွက် ရည်ရွယ်ကာ ဗဟုသုတ ဖြစ်စေဖို့ ရာ ရေးတင်လိုက်ပါတယ်။ အချိန်မရ သေးသည့်အတွက် ပါဠိစကားလုံးများကို သုံးထားပါတယ်။ တစ်ချို့ ပါဠိတို့ မှာ ရင်းနီးပြီးသား ဖြစ်နေတာမို့  သိလောက် တယ်လို့  ယူဆပါတယ်။ အဓိပ္ပါယ်ကို အချိန်ရတဲ့ အခါ ရေးပါဦးမယ်။

မြတ်ရောင်နီ
(၂၀၊၀၅၊၂၀၁၀)

Read more...

*လူဖြစ်ကျိုးနပ်စေရန်လိုအပ်ချက်ခြောက်ပါး*

Written by တောသားလေး 0 အကြံပြုပါသည်။ Posted in:

“ဖြစ်လာခဲလှ၊ ဒုလ္လဘတည့်၊
အရတော်ပြန်၊ လူဖြစ်မှန်သော်၊
လက်မွန်ဦးစွာ၊ ကင်းအနာနှင့်၊
ရောဂါမစပ်၊ မြတ်သောလာဘ်ကို၊
လိုအပ်သည်သာ၊ ထိုနောက်မှာလျှင်၊
ငါးဖြာပဉ္စသီ၊ ထိန်းစောင့်ညီလျက်၊
ထိုပြီနောက်တည့်၊ ပညာရှိထံ၊
နည်းခံဆုံးမ၊ နောက်မှတပါး၊
မြင်ကြားရှာဖွေ၊ နောက်ပေသုစရိုက်၊
ကိုယ်၌မကွာ၊ တည်စေရာ၏၊
တဖြာထိုမှ၊ ဓနရှာခြင်း၊
မပျင်းလုလ္လ၊ ၀ီရိယကို၊
ဖြစ်သစေရာ၊ ဤခြောက်ဖြာကား၊
လူ့ရွာ၌မှီ၊ လူဟူပြီတို့၊
လောကီ လောကုတ်၊
မယုတ်အကျိုး၊ မညှိုးစင်စစ်၊ ပွားကြောင်းဖြစ်၏”

(မဃဒေ၀)
ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

Read more...

"Wait and hope"

တွင်းနက် (Black Hole) ဟာ သူ့အနီးနားက အရာအားလုံးကို စုပ်ယူဝါးမြို ပစ်လိုက်သတဲ့။ နောက်ဆုံး အလင်းရောင်ကိုတောင် လက်လွတ်မခံဘဲ စုပ်ယူပစ်လိုက်ပါတယ်။ မှောင်ကြီးမည်းမည်း ဖြစ်သွားတယ်။

တွင်းနက်ထဲ ရောက်နေတဲ့ အခြေအနေတစ်ခုကို မျှော်လင့်ချက် ကုန်ဆုံးသူတစ်ဦးက တင်ပြလာတယ်လို့ ကျွန်တော် စိတ်ကူးယဉ်ဖြစ်တယ်။ ဒါမှမဟုတ် မျှော်လင့်ချက် ကုန်ဆုံးတဲ့ အခြေအနေတစ်ရပ်ကို ကျွန်တော်ကိုယ်တိုင် မျက်မှောက် တွေ့ကြုံနေရတယ်လို့ စိတ်ကူးယဉ်မိတယ်။

အဲဒီမှာတင် မွန်တီခရစ္စတို နယ်စားကြီး (Count Monte Cristo) နဲ့ ကပ္ပတိန်မော်ရဲလ် (Capt. Morrel) တို့ရဲ့ အခြေအတင် စကားပြောတဲ့အသံကို သတိရမိတာပါပဲ။ အလွန်ချစ်ခင်တဲ့ မိတ်ဆွေနှစ်ဦး၊ ဒါမှမဟုတ် ဒါမှမဟုတ် ကံဆိုးသူ မောင်ရှင်နှစ်ဦးဟာ မော်ရဲလ်ရဲ့ ရည်းစားသည် ဗယ်လင်တိုင်ရဲ့ အုတ်ဂူရှေ့မှာ ဆုံကြတယ်။




"သင် အုတ်ဂူတွေကို မကြည့်သင့်ဘူး မက်ဆီလီယမ်။ ဟောဟိုကနေရာကို ကြည့်ရမှာကွယ့်"

နယ်စားကြီးက ကောင်းကင်ကို လက်ညှိုးထိုးပြတယ်။

"ကျွန်တော့်မှာ တခြား ဘာဆန္ဒမှ မရှိဘူး နယ်စားကြီး။ ကျွန်တော် အခု တွေးနေတာကတော့ တခြားနေရာတွေအားလုံးထက် အခုနေရာဟာ ကျွန်တော့်ကို နာကျင်မှုအနည်းဆုံးနဲ့ အချိန်ကုန်ဆုံးခွင့် ပေးနိုင်ခဲ့တယ် ဆိုတာပဲ။ "

"ကောင်းပါပြီ...လေ ...ကောင်းပါပြီ။ သင့်ကို ထားပြီး ကျွန်ုပ် ခရီးဆက်ရဦးမယ်။ သင့်ကိုယ်သင် အဆုံးမစီရင်ဘူးဆိုတဲ့ ကတိကို ကျွန်ုပ်နဲ့တစ်ပါတည်း ယူသွားရလိမ့်မယ်။ ဟုတ်ကဲ့လား..."

"အလို၊ နယ်စားကြီးခင်ဗျာ..။ ကျွန်တော် အဲဒီကတိကို မေ့သွားမှာ ဖြစ်ပါတယ်။"

"မေ့လို့မဖြစ်ဘူး မောင်ရဲ့။ အကြောင်းက မောင်ဟာ သိက္ခာရှိတဲ့လူ ဖြစ်လို့ပဲ။ သင် ကျမ်းကျိန်ထားရဲ့ မဟုတ်လား။ ဒီလိုလူစားက ဒါမျိုး ထပ်လုပ်ဦးမတဲ့လား။ "

"ကျွန်တော့်ကို သနားပါ နယ်စားကြီး။ ကျွန်တော်ဟာ အကြီးအကျယ် စိတ်ဆင်းရဲနေပါတယ်။"

"သင့်ထက် ကံအများကြီးဆိုးတဲ့ လူတစ်ယောက်ကို ကျွန်ုပ်တွေ့ဖူးတယ် မော်ရဲလ်"

"မဖြစ်နိုင်ပါဘူး ..ခင်ဗျာ"

"အလိုလေး...သင်ပြောတာဟာ ကျွန်ုပ်တို့ဘေးနားက ငိုကြွေးမြည်တမ်း နေကြသူတွေ အားလုံးထက် ကျွန်ုပ်တို့က ပိုပြီးကံဆိုးပါတယ်လို့ ယုံကြည်လေ့ရှိကြတဲ့ လူ့သဘော လူ့သဘာဝအတိုင်းပါလား"

"သူချစ်တဲ့အရာတွေ သူ့မျှော်လင့်ချက် ဆန္ဒတွေ အားလုံး အဆုံးရှုံးခံလိုက်ရတဲ့ လူတစ်ယောက်ထက် ဘယ်ဒင်းကများ ပိုဆိုးလိမ့်မလဲ နယ်စားကြီး"

"နားထောင်စမ်း မော်ရဲလ်၊ ကျွန်ုပ်ပြောပြမယ့်ဟာကို သေသေချာချာ နားထောင်စမ်း။ သင့်လိုပဲ ပျော်ရွှင်မှုရဲ့ မျှော်လင့်ချက် အားလုံးကို မိန်းမတစ်ယောက်ဆီမှာ မြှုပ်နှံထားခဲ့တဲ့ လူတစ်ယောက်ကို ကျွန်ုပ်တွေ့ဖူးတယ်။ အဲဒီလူဟာ ငယ်ရွယ်ခဲ့တယ်။ သူ့မှာ သူချစ်တဲ့ အဖေအိုကြီး တစ်ယောက်လည်း ရှိခဲ့တယ်။ သူမြတ်နိုးတဲ့ သတို့သမီးလောင်းနဲ့လည်း စေ့စပ်ထားတယ်။ သူတို့နှစ်ယောက် လက်ထပ်ဖို့ အချိန်နည်းနည်းပဲ လိုတော့တယ်။

တစ်နေ့တော့ ကံကြမ္မာ အလှည့်အပြောင်းဆိုတာ ဖြစ်လာတယ်။ ဘုရားသခင်ရဲ့ ကယ်တင်မှုဟာ အရာရာရဲ့ နိဂုံးကမ္ပအတွက် ဖြစ်လာခဲ့တဲ့အခါ သူဟာ ဘုရားရဲ့ ကယ်တင်ခြင်း ဆိုတာကိုတောင် သံသယ ဖြစ်ခဲ့တယ်။ ကံကြမ္မာ အလှည့်အပြောင်းဟာ သူ့ကို သူ့ရည်းစားသည် ဆီကနေ ခွဲခွာခဲ့တယ်။ သူစိတ်ကူးယဉ် အိပ်မက်ခဲ့တဲ့ အနာဂတ်ကနေ ခွဲခွာခဲ့တယ်။ ( ပစ္စုပ္ပန်ကိုသာ ဖတ်ရှုလို့ ရတယ်ဆိုတဲ့ အချက်ကို သူက မျက်ကန်းတစ်ယောက်လို မေ့လျော့ခဲ့တာကိုးကွယ့်)။ ကြမ္မာဆိုးဟာ သူ့ကို အကျဉ်းထောင်ရဲ့ နံရံတွေကြားမှာ ပိတ်လှောင်ထားခဲ့တယ်။ "

"အား" မော်ရဲလ်က အော်လိုက်တယ်။ "မြေတိုက်ခန်းထဲမှာ ပိတ်လှောင်ခံရတဲ့သူဟာ တစ်ပတ်တန်သည်၊ တစ်လတန်သည် တစ်နှစ်တန်သည်ရှိရင် လွတ်မြောက်တာပဲ မဟုတ်လား နယ်စားကြီး"

"အဲဒီလူဟာ ဆယ့်လေးနှစ်တိတိ နေခဲ့ရတယ် မော်ရဲလ်။"လို့ နယ်စားကြီးက ဆိုတယ်။ နယ်စားကြီးဟာ သူ့လက်တွေကို လူငယ်ရဲ့ ပခုံးပေါ်တင်လိုက်တယ်။ မက်ဆီလီယမ်ဟာ တကိုယ်လုံး သိမ့်သိမ့်ခါနေတယ်။

"ဆယ့်လေးနှစ် မော်ရဲရေ.. ဆယ့်လေးနှစ်ကွယ့်" နယ်စားကြီးက ရေရွတ်တယ်။ "အဲဒီကာလအတွင်းမှာ သူ့နှလုံးသားတစ်ခုလုံး တစစီကြေမွစေခဲ့တဲ့ အဖြစ်အပျက်တွေ အများအပြား ပေါ်လာခဲ့တယ် မော်ရဲလ်ရဲ့။ သူဟာလည်း မောင့်လိုပဲ... သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ စိတ်အဆင်းရဲဆုံး လူတစ်ယောက်လို့ မှတ်ယူခဲ့တာကလားကွယ်"

"ဟုတ်သလား..." မော်ရဲလ်က ဆိုတယ်။

"ဟုတ်တယ်။ သူ့အတွက် ပျက်သုဉ်းမှုတွေရဲ့ အထွတ်အထိပ်အရောက်မှာ ဘုရားသခင်က သူ့ကို စောင်မခဲ့တယ်။ ပထမပိုင်းမှာ သူဟာ ဘုရားသခင်ရဲ့ ကရုဏာတော် အနန္တကို သတိမပြုမိခဲ့ဘူး။ ဒါပေမဲ့ သူဟာ စိတ်ရှည်သည်းခံစွာနဲ့ စောင့်ဆိုင်းခဲ့တယ်။ တစ်နေ့တော့ အံ့ဖွယ်ကောင်းလောက်အောင် သူထောင်က လွတ်တယ်။ ချမ်းသာလာတယ်။ သြဇာအာဏာ ရှိလာတယ်။ ပထမဆုံး သူ့ဖခင်အတွက် မျက်ရည်စပြီးတော့ ကျရတယ်။ သူ့ဖခင်ကြီးက ဆုံးနှင့်ပြီး ဖြစ်သကိုး။"

"ကျွန်တော့်အဖေဟာလည်းပဲ သေဆုံးသွားပြီ ဖြစ်ပါတယ် ခင်ဗျာ"

"မှန်ပါတယ်။ ဒါပေမဲ့ မောင့်အဖေဟာ လူ့သက်တမ်းစေ့နေနိုင်ခဲ့ပြီး မောင်ရင်တို့ သားသမီးဆွေမျိုးတွေရဲ့ လက်ထဲမှာ ပျော်ပျော်ရွှင်ရွှင်၊ ချမ်းချမ်းသာသာ၊ ဂုဏ်သိက္ခာရှိရှိ သေဆုံးခဲ့တာပါကွယ်။ ဟိုလူရဲ့ အဖေခမျာတော့ ဆင်းရဲမွဲတေလို့ သေဆုံးခဲ့ရတာ၊ မျှော်လင့်ချက်တွေ ကုန်ဆုံးလျက်နဲ့၊ ဘုရားသခင်ကိုတောင် သံသယတွေဝင်လျက်နဲ့ သေဆုံးရတာ ဖြစ်ပါတယ်။ နောင်ဆယ်နှစ်ကြာတဲ့ အချိန်မှာ သားဖြစ်သူက ဖခင်ရဲ့ အုတ်ဂူကို ရှာဖွေခဲ့ပေမဲ့ အလောင်းမြှုပ်တဲ့ နေရာကိုတောင် ရှာလို့ မတွေ့ခဲ့ဘူး။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှလည်း သူ့ဖခင်ကို ဘယ်နားမှာ မြှုပ်ထားသလဲ မပြောပြနိုင်ဘူး။ မောင်ရင် တို့ ချစ်တဲ့ အဖေကတော့ အဲဒီကနေရာကလေးမှာ သက်တောင့်သက်သာ လဲလျောင်းခွင့်ရနေတယ် မဟုတ်လား။"

"အိုး..." မောရဲလ်က အာမေဋိတ်ပြုတယ်။

"သူဟာ သူ့ဖခင်ရဲ့ အုတ်ဂူကိုတောင် ရှာဖွေလို့ မရနိုင်လို့ သင့်ထက် စိတ်ဆင်းရဲရတဲ့ သားတစ်ယောက်ဖြစ်ခဲ့တယ် မော်ရဲလ်။ "

"ဒါပေမဲ့ အဲဒီလူမှာ သူချစ်တဲ့ မိန်းမ ကျန်သေးတယ် မဟုတ်လား"

"အဲဒီမိန်းမကိုပါ ဆုံးရှုံးခဲ့ရပါသတဲ့ မော်ရဲလ်"

"ဆုံးသွားတာလား"

"ဆုံးသွားတာထက်တောင် ဆိုးသေးတယ်။ အဲဒီမိန်းမက သစ္စာမစောင့်ဆည်းဘဲ သူ့ ခင်ပွန်းလောင်းကို နှိပ်စက်ညှဉ်းဆဲခဲ့တဲ့ လူတွေထဲက တစ်ယောက်နဲ့ လက်ထပ်သွားတယ်။ တွေ့သလား မော်ရဲလ်။ အဲဒီလူဟာ သင့်ထက် ပိုပြီးစိတ်ဆင်းရဲခဲ့တဲ့ လူတစ်ယောက်ဆိုတာ"

"အဲဒီလူဟာ သက်သာရာ ရနိုင်ပါသေးသလား နယ်စားကြီးခင်ဗျာ"

"အဲဒီလူဟာ အနည်းဆုံး ငြိမ်းချမ်းမှုကိုတော့ ရှာတွေ့ခဲ့ပါသတဲ့"

"အဲဒီလူဟာ ပျော်ရွှင်ဖို့ မျှော်လင့်ပါသေးသလား နယ်စားကြီး"

"မျှော်လင့်ပါသေးသတဲ့ မက်ဆီမီလီယမ်"

လူငယ်ဟာ ခေါင်းငိုက်စိုက်ကျသွားတယ်။ "ကျွန်တော် ကတိပေးပါတယ် နယ်စားကြီး" တစ်မိနစ်လောက် ရပ်ဆိုင်းပြီး သူ့လက်ကို မွန်တီခရစ္စတို နယ်စားကြီးဆီ ကမ်းပေးလိုက်တယ်။ "မှတ်ထားဖို့က.."

"အောက်တိုဘာ ငါးရက်နေ့ဖြစ်တယ်။ မော်ရဲလ်။ မွန်တီခရစ္စတို ကျွန်းမှာ ကျွန်ုပ် သင့်ကိုစောင့်နေမယ်။"

-----

အဲဒီစကားလုံးတွေအတိုင်း ဖြစ်ပါတယ်။ ဒူးမတ်စ်ရဲ့ မွန်တီခရစ္စတိုနယ်စားကြီး (The Count Monte Cristo) ၀တ္ထုက ဖြစ်ပါတယ်။ ငယ်ငယ်တုန်းက ရွှေဥဒေါင်း ဘာသာပြန်ထားတဲ့ ရတနာသိုက်ဆိုတဲ့ စာအုပ်ကို သဘောကျလွန်းလို့ ဖင်ပြန်ခေါင်းပြန် အကြိမ်ကြိမ် ဖတ်ရှုခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီတုန်းက စာအုပ်က ရှေ့ဖုံးနဲ့ နောက်ဖုံး မရှိတော့လို့ ရှေ့ဆုံးခန်းနဲ့ နောက်ဆုံးခန်းကို ဖတ်ရဖို့ ဆယ်နှစ်ခန့်စောင့်ခဲ့ရတယ်။ တော်တော်လေး ကြာတော့ ဂျိမ်းစ်လှကျော်ရဲ့ မောင်ရင်မောင် မမယ်မကို ဖတ်ရပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ချင်း အတော်ခြားနားတယ်။

ဇာတ်လမ်းအကျဉ်းချုပ်ကို ထည့်ရေးလိုက်ပါသေးတယ်။ အဓိပ္ပါယ်ခြားနားသွားတဲ့အတွက် ဇာတ်လမ်းအကျဉ်းချုပ်ကို ပြန်ဖျက်လိုက်တယ်။ ဖတ်ချင်ရင် ဖတ်လို့ရအောင် PDF တင်ထားတဲ့နေရာကို ပြပါမယ်။ Click here

နောက်ဆုံးခန်းမှာ ဆုံးသွားပြီ ယူဆခဲ့ကြတဲ့ ဗယ်လင်တိုင်က မသေဆုံးဘဲ ချစ်သူနှစ်ဦးသား ပြန်တွေ့ကြပြီး၊ ဗယ်လင်တိုင်က မော်ရဲလ်ကို အခုလို ပြောတဲ့စကားနဲ့ အဆုံးသတ်ပါတယ်။

"မောင်ရေ...နယ်စားကြီးဟာ ဗယ်လင်တိုင်တို့ကို လူ့အသိပညာအားလုံးရဲ့ အနှစ်ချုပ်ကို ပြောပြသွားတာပါလားကွယ်။

စောင့်ဆိုင်းပါ (Wait)။

ပြီးတော့ မျှော်လင့်ပါ(and hope)။

တဲ့"

Read more...

အကုသိုလ်ကံ၊ ကာမာဝစရကုသိုလ်ကံ

..... အရှင် (ကောရဗျ)မင်းကြီး အမြဲ ချီးမွမ်းနေတဲ့ အိမ်ရာတည်ထောင် လူ့ဘောင်ကို စွန့်ပြီး အိမ်ရာမထောင် ရဟန်းဘောင်သို့ ကူးပြောင်းသွားတဲ့ ရဋ္ဌပါလအမျိုးကောင်းသားဟာ မိဂစီရဥယျာဉ်တော်ထဲမှာ နေ့သန့်နေတော်မူပါတယ် ဘုရား ... ဟု ဥယျာဉ်မှူးက လျှောက်တင်သဖြင့် ဥယျာဉ်တော်ထဲ ပျော်ပွဲစားထွက်မည့် အစီအစဉ်အစား အရှင်ရဋ္ဌပါလထံ ဆည်းကပ်၍ တရားစကား လျှောက်ထား မေးမြန်း နာကြားရန် အစီအစဉ် ပြောင်းလိုက်သည်။

အိုခြင်း၊ နာခြင်း၊ ဥစ္စာပျက်ခြင်း၊ ဆွေမျိုးပျက်ခြင်း ဟူသော ပျက်စီးခြင်း လေးပါးနှင့် ကြုံတွေ့မှသာလျှင် ရဟန်းပြုရိုးဖြစ်ပါလျက် ထိုပျက်စီးခြင်းများလည်း မရှိ၊ အသက်လည်း ငယ်ရွယ်သော သေဌေးသား ရဋ္ဌပါလ အမျိုးကောင်းသား ရဟန်းပြုသွားခဲ့ရခြင်းအကြောင်းကို သိလိုလှသော ကောရဗျမင်းကြီးအတွက် လျှောက်ထား မေးမြန်းခွင့် ရလေပြီ။

တရားတော်ကို သက်ဝင်ယုံကြည်သော သဒ္ဓါပဗ္ဗဇိတဖြင့် ရဟန်းပြုလာခဲ့သော အရှင်ရဋ္ဌပါလမထေရ်က ကောရဗျမင်းကြီးအား ဖြေကြားချက် (မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော ဓမ္မုဒ္ဒေသလေးပါး)ကို လောကချမ်းသာဆရာတော်က ၂၀၁၀ ခုနှစ် မေလ ၁၅ ရက် စနေနေ့ အပတ်စဉ် (၃၂) အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းတွင် လင်္ကာများဖြင့် ထည့်သွင်း ဟောကြားသွား၏။

  • ‘အို’ ‘နာ’ ‘သေ’ သို့၊ မောင်းနှင်ပို့၊ လူတို့ မမြဲကြပါတကား။
  • စောင့်ရှောက်သူမဲ့၊ ကိုးရာမဲ့၊ အားနွဲ့လှချည်၏တကား။
  • လိုမပြည့်ဝ၊ အားမရ၊ တဏှာ့ကျွန်ချည်းပါတကား။
  • ကိုယ်ပိုင်ဥစ္စာ၊ မရှိပါ၊ စွန့်ကာ သွားကြရမှာပါတကား။
  • ဓမ္မုဒ္ဒေသ၊ ဤလေးဝ၊ ဗုဒ္ဓဟောညွှန်ပြခဲ့ပေသည်တကား။

+++++

အပတ်စဉ် (၃၂) အဘိဓမ္မာသင်တန်းပို့ချချက် အစပိုင်းတွင် ဆရာတော် အရှင်သီလာနန္ဒာဘိဝံသက အရက်သောက်ခြင်းအမျိုးမျိုးနှင့် အပြစ်များအကြောင်း ယခင်အပတ်တွင် ပို့ချခဲ့သည်များကို အကျဉ်းချုပ် ပြန်လည် ပို့ချပေးပြီး အရက်ဖြစ်ပေါ်လာပုံ ကုမ္ဘဇာတ်တော်ကို ဗဟုသုဖြစ်ဖွယ် ဟောပြော၏။

အကုသလကမ္မပထတရား ၁၀ ပါးသည် အဘိဓမ္မာသဘောအရ အကုသိုလ်စိတ် ၁၂ ပါးပင် ဖြစ်၏။
အကုသိုလ်စိတ် ၁၂ ပါးထဲက တစ်ပါးပါးဖြင့် ပြုလုပ်၏။

ပါဏာတိပါတ၊ ဖရုဿဝါစာ၊ ဗျာပါဒ ၃-ခုကို ဒေါသမူလကြောင့် ပြု၏။

ကာမေသုမိစ္ဆာစာရ၊ အဘိဇ္ဈာ၊ မိစ္ဆာဒိဋ္ဌိတို့မှာ လောဘမူလကြောင့် ဖြစ်၏။

ကျန် အကုသိုလ်ကမ္မပထတရားတို့မှာ လောဘ၊ ဒေါသ နှစ်မျိုးလုံးကြောင့် ဖြစ်၏။

အကုသိုလ်ကမ္မပထတရား ၁၀ ပါးကို ပုဗ္ဗစေတနာ (မလုပ်မီ စေတနာ)၊ မုဉ္စစေတနာ (ပြုလုပ်ဆဲ စေတနာ)၊ အပရစေတနာ (လုပ်ပြီး စေတနာ)တို့ဖြင့် မြှောက်ပွားက ၃၀ ရ၏။

နောက်တစ်နည်းအားဖြင့် -

  • ကိုယ်တိုင် ပြုလုပ်ခြင်း
  • တိုက်တွန်း စေခိုင်းခြင်း
  • ချီးမွမ်းခြင်း
  • စိတ်သဘောတူခြင်း စသော ၄-မျိုးဖြင့် မြှောက်ပွားက ၄၀ ဖြစ်၏။

“လင်္ကာ”
‘ကိုယ်တိုင်’ ‘တိုက်တွန်း’၊ ‘ချီးမွမ်း’ ‘စိတ်တူ’၊ ပွားပြန်မူ၊ မှတ်ယူ လေးဆယ်ကံ။
(လယ်တီဆရာတော်)

အကုသိုလ်ကမ္မပထတရား ၁၀ ပါး (သို့မဟုတ်) ဒုစရိုက် ၁၀ ပါးကို ရှောင်ကြဉ်က သုစရိုက် ၁၀ ပါး ဖြစ်၏။
ပါဏာတိပါတ လုပ်စရာရှိသည်ကို မလုပ်ဘဲ နေလိုက်ခြင်း၊ မုသားပြောစရာရှိသည်ကို မပြောဘဲ နေလိုက်ခြင်း ... စသည် ဖြစ်၏။


ကုသိုလ်ကမ္မပထတရား ၁၀ ပါး

ကုသိုလ်ကမ္မပထတရား ၁၀ ပါးမှာ -
‘ဒါန’၊ ‘သီလ’၊ ‘ဘာဝနာ’၊ ‘အပစာယန’၊ ‘ဝေယျာဝစ္စ’၊ ‘ပတ္တိဒါန’၊ ‘ပတ္တာနုမောဒနာ’၊ ‘ဓမ္မဿဝန’၊ ‘ဓမ္မဒေသနာ’၊ ‘ဒိဋ္ဌိဇုကမ္မ’ တို့ ဖြစ်၏။


ဒါန

ဒါန၏ အဓိပ္ပာယ်ကို အဖြောင့်ဆိုက ပေးလှူခြင်း ဖြစ်၏။

အဘိဓမ္မာနည်းအရမူ ပေးလှူသောအခါ ဖြစ်ပေါ်သော စိတ်နှင့် ယှဉ်သည့် စေတနာ ဖြစ်၏။
ပေးလှူရာတွင် ဤစေတနာ မပါရှိဘဲ မဖြစ်နိုင်။
အမှန်တကယ် မပေးလှူဘဲနှင့်လည်း ပေးလှူကြောင်းဖြစ်သော စေတနာ မဖြစ်နိုင်။
ပေးမှသာ ပေးလှူသော စေတနာ ဖြစ်နိုင်၏။

... စိတ်ထဲမှာ စေတနာလေး ဖြစ်နေရင် ပြီးတာပါပဲ။ တကယ်လှူဖို့ မလိုပါဘူး ... ဟု ပြောလေ့ရှိသည်များမှာ သဘာဝ မကျ။ ဟုတ်လည်း မဟုတ်ပါ။

ဒါနအမျိုးမျိုး ရှိ၏။

လှူအပ်သော ပစ္စည်းကိုပင် ဒါနဟု ခေါ်သည်လည်း ရှိ၏။

ပေးလှူမှုအမူအရာကို ဒါနဟု ခေါ်သည်လည်း ရှိ၏။

ပေးလှူမှုပြုရာတွင်, ကုသိုလ်ကောင်းမှုပြုရာတွင် စေတနာသုံးတန်ဖြစ်သော ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာ သုံးမျိုးလုံး သန့်ရှင်း ထက်သန်ရန် လို၏။

ပန်းလေးတစ်ပွင့် လှူခြင်းဖြင့် ကမ္ဘပေါင်းရှစ်ဆယ် အပါယ်မလားခြင်းမှာ မလှူမီ၊ လှူဆဲ၊ လှူပြီး ဖြစ်ပေါ်ခဲ့သော အလွန်တရာ သန့်ရှင်း ထက်သန်သည့် စေတနာ၏ အကျိုးကြောင့်သာ ဖြစ်ပေမည်။

ထို့ကြောင့် လှူသောနေရာတွင် အများကြီး လှူခြင်း၊ နည်းနည်းလေး လှူခြင်းထက် ပို၍ အရေးကြီးသည်မှာ သန့်ရှင်းသော စေတနာ၊ ထက်သန်သော စေတနာ ဖြစ်၏။
“လောကမှာ နည်းသည်ဟု ဆိုသော အလှူ မရှိပါ”ဟူ၍ မြတ်စွာဘုရားဟောတော်မူကြောင်း သိရ၏။

နောက်တစ်နည်းအားဖြင့် -

ဒါနသည် ဟီနဒါန (အညံ့စားဒါန)၊ မဇ္ဈိမဒါန (အလယ်အလတ်စားဒါန)၊ ပဏီတဒါန (အထက်တန်း အမြတ်စား ဒါန) ဟူ၍ သုံးမျိုး ရှိ၏။

ညံ့သော ဆန္ဒ, ညံ့သော စိတ်, ညံ့သော ဝိရိယ, ညံ့သော ပညာတို့ဖြင့် ပြုသော ဒါနမျိုးသည် အညံ့စားဒါန ဖြစ်၏။
ထို့အတူ အလယ်အလတ် ဆန္ဒ ... စသည်ဖြစ်က မဇ္ဈိမဒါန၊ အထက်တန်းစား ထက်ထက်သန်သန် ဆန္ဒ ... စသည်ဖြစ်က အမြတ်စားဒါန ဖြစ်၏။

ငွေတစ်ရာအကုန်ကျခံ၍ အလှူပြုကြခြင်းအတူတူ ဆန္ဒ, စိတ်, ပညာ, ဝီရိယ ထက်ထက်သန်သန်ဖြင့် လှူသူက ပို၍ အကျိုးများမည် ဖြစ်၏။

တစ်နည်းအားဖြင့် အကျော်အစောလိုချင် နာမည်ကြီးချင်၍ လှူက အညံ့စားဒါန၊ ဒါန၏အကျိုးကို လိုလားပြီး လှူက အလယ်အလတ်စားဒါန၊ သူတော်ကောင်းမှန်လျှင် ပြုရမည့်ကိစ္စတစ်ရပ်အနေဖြင့် ပြုက အမြတ်စားဒါန ဖြစ်၏။

တစ်နည်းအားဖြင့် ငါကတော့ လှူတယ်၊ သူများတွေက မလှူဘူးဟု ကိုယ့်ကိုကိုယ်မြှောက်ပြီး သူတပါးကို နှိမ်ချလို၍ ပြုက အညံ့စားဒါန၊ လောကီချမ်းသာကို လိုလား၍ လှူက အလတ်စားဒါန၊ မဂ်ဖိုလ် နိဗ္ဗာန်ကို တောင့်တပြီးလှူက အမြတ်စားဒါန ဖြစ်၏။

တစ်နည်းအားဖြင့် ဘဝစည်းစိမ်ကို တောင့်တပြီး လှူက အညံ့စားဒါန၊ မိမိ၏ သံသရာမှ လွတ်မြောက်မှုကို မျှော်ပြီး လှူက အလယ်အလတ်စားဒါန၊ ဘုရားလောင်းများကဲ့သို့ သတ္တဝါအားလုံး သံသရာမှ လွတ်မြောက်ရေးအတွက် လှူက ဒါနပါရမီမြောက်သော အမြတ်စားဒါန ဖြစ်၏။

ထို့ကြောင့် မိမိတို့ လှူရာ၌ အကျိုးအများဆုံးရရှိအောင် လှူနည်း သိရှိနားလည်ပြီး လှူတတ်ကြရန် လို၏။


သီလ

သီလဆိုသည်မှာ ကိုယ်မှု နှုတ်မှုတို့ကို အကုသိုလ်မဖြစ်ရအောင် ကောင်းစွာထားခြင်း၊ ကောင်းစွာထားရှိခြင်းတွင်ပါသော စေတနာ ဖြစ်၏။

သီလသည်လည်း အမျိုးမျိုး ရှိ၏။

ရဟန်းတို့ စောင့်ထိန်းအပ်သော ၂၂၇-သွယ်သော သိက္ခာပုဒ်, ရဟန်းသီလ၊
ရဟန်းမ ဘိက္ခုနီမတို့ ကျင့်သုံးအပ်သော သိက္ခာပုဒ် ၃၁၁ ပါး၊
သာမဏေတို့ စောင့်ထိန်းအပ်သော ၁၀-ပါးသီလ၊ လိင် ၁၀-ပါး, ဒဏ် ၁၀-ပါး၊ သေခိယ ၇၅-ပါး၊
လူဝတ်ကြောင်တို့ စောင့်ထိန်းအပ်သော ၅-ပါးသီလ၊ ၈-ပါးသီလ ဟူ၍ ရှိ၏။

ဒုဿီလနှင့် အလဇ္ဇီ

‘မေထုန်မှီဝဲခြင်း’၊ ‘သူများဥစ္စာကို ခိုးခြင်း’၊ ‘လူသတ်ခြင်း’၊ ‘ဈာန်မဂ်ဖိုလ်မရဘဲ ရသည်ဟု လိမ်ပြောခြင်း’ ဟူသော ပါရာဇိက ၄-ပါးအနက်နက် တစ်ပါးပါး ကျူးလွန်သော ရဟန်းကို သီလမရှိသောရဟန်း = ဒုဿီလ ဟု ခေါ်၏။ ရဟန်းအဖြစ်က အလိုလို လျောကျပြီး ဖြစ်၏။ ပါရာဇိကကျပြီးက ယခုဘဝတွင် နောက်ထပ်တစ်ဖန် ရဟန်းအဖြစ် မရနိုင်တော့ပေ။

ပါရာဇိက ၄-ပါး မဟုတ်ဘဲ တခြားသိက္ခာပုဒ်များကို မရှက်မကြောက် လွန်ကျူးနေသော ပုဂ္ဂိုလ်မျိုးကိုမူ အလဇ္ဇီဟု ခေါ်၏။

သာမဏေများမှာ သီလပျက်က သရဏဂုံ ပြန်ယူ ဆောက်တည်ရ၏။
သရဏဂုံယူခြင်းဖြင့် သာမဏေသီလ တည်၏။

မြတ်စွာဘုရားကို ဆည်းကပ်သော, သရဏဂုံတည်သော လူဝတ်ကြောင်ကို ပါဠိလို ‘ဥပါသက’ဟု ခေါ်၏။
လူအများက ‘ဥပါသကာ’ဟု ပြောဆိုတတ်ကြ၏။

ဥပါသကဖြစ်ပြီး လူဝတ်ကြောင်တို့မှာ အမြဲစောင့်ထိန်းရသော နိစ္စသီလဖြစ်သည့် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲကြရ၏။

ငါးပါးသီလဆောက်တည်ရာ၌ သီလတစ်ပါးစီ ဆိုပြီး မဆောက်တည်ဘဲ ပေါင်း၍ ‘ငါးပါးသီလ ဆောက်တည်ပါ၏’ဟု သီလယူက သီလတစ်ပါး ကျိုးပျက်လျှင် ငါးပါးစလုံး ကျိုးပျက်၏။
တစ်ပါးစီ ဆိုပြီး ဆောက်တည်ထားက တစ်ပါးကျိုးပျက်လျှင် ထိုတစ်ပါးသာ ကျိုးပျက်၏။

စာရိတ္တသီလ နှင့် ဝါရိတ္တသီလ

စာရိတ္တသီလဆိုသည်မှာ မျိုးရိုးထုံးစံအရ ကောင်းသောအကျင့်များကို ခေါ်၏။
မကျင့်လျှင် အပြစ်မရှိ၊ ကျင့်လျှင် အကျိုးရှိသော သီလ ဖြစ်၏။

ရဟန်းတို့တွင် ပညတ်ထားသော သိက္ခာပုဒ် ၂၂၇ ပါးအပြင် ဝိနည်း ကျမ်းဂန်များတွင် ပညတ်ထားသော ခန္ဓကကဲ့သို့ သိက္ခာပုဒ်များကို စာရိတ္တသီလဟု ခေါ်၏။

ဝါရိတ္တသီလဆိုသည်မှာ ရှောင်ရန် တားမြစ်ထားသော သီလ ဖြစ်၏။
လူတို့၏ နိစ္စသီလဖြစ်သော ငါးပါးသီလ၊ ရဟန်းတို့၌ ပါတိမောက်သီလတို့မှာ ဝါရိတ္တသီလ ဖြစ်၏။

သီလသည် ကာယကံနှင့် ဝစီကံကို ထိန်းချုပ်၏။
မနောကံ စိတ်ဖြင့် သီလမပျက်သော်လည်း သီလညစ်နွမ်း၏။
မနောကံကို ဘာဝနာဖြင့် ထိန်းရ၏။


ဘာဝနာ

တိုးတက်ပွားများအောင် လုပ်ခြင်းကို ဘာဝနာဟု ခေါ်၏။
ကုသိုလ်စိတ် တိုးတက်ပွားများအောင် လုပ်ခြင်းကို ဆို၏။

ဘာဝနာမှာ သမထဘာဝနာနှင့် ဝိပဿနာဘာဝနာ ဟု ၂-မျိုး ရှိ၏။
ဤနှစ်မျိုးကို ကမ္မဋ္ဌာန်းဟုလည်း ခေါ်၏။

အားကြီးသော သမာဓိကို ဖြစ်စေနိုင်သည့် ကမ္မဋ္ဌာန်းမျိုးသည် သမထဘာဝနာ၊
အနိစ္စ, ဒုက္ခ, အနတ္တ မြင်အောင် ရှုမှတ်ပွားများခြင်းသည် ဝိပဿနာဘာဝနာ ဖြစ်၏။

ဤ သမထဘာဝနာနှင့် ဝိပဿနာဘာဝနာ နှစ်ပါးအကြောင်းကို နောက်ဆုံးပိုင်း-နဝမပိုင်း၌ ကျမ်းဆရာ အကျယ်ပြဆို၏။


အပစာယန

အရိုအသေပေးမှုတွင် ပါသော စေတနာကို အပစာယနဟု ခေါ်၏။
မိဘ, ဆရာသမား, ရဟန်း သံဃာ, မိမိထက် အသက် ဂုဏ်သိက္ခာ ကြီးသော ပုဂ္ဂိုလ်များကို အရိုအသေပေးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ ရှိခိုးဦးချခြင်း စသည် ရိုးရိုးသားသား ရိုသေမှု ပြုခြင်းကို အပစာယနဟု ခေါ်၏။


ဝေယျာဝစ္စ

မိဘကဲ့သို့ ပုဂ္ဂိုလ်များ၊ မကျန်းမမာဖြစ်နေသည့် ပုဂ္ဂိုလ်များ၊ အတူနေ သီတင်းသုံးဖော်များ၏ အပြစ်ကင်းသော လုပ်ငန်းများမှာ ကူညီဆောင်ရွက်ပေးသော စေတနာကို ဝေယျာဝစ္စဟု ခေါ်၏။

ကိုယ့်ထက်ကြီးသူကို ရေခပ်ပေးခြင်း၊ လမ်းဖြတ်ကူးနေသော သက်ကြီးရွယ်အိုကို ကူညီတွဲပို့ပေးခြင်း .. စသည့် ရိုးဖြောင့်သော စေတနာဖြင့် ကူညီဆောင်ရွက်ပေးခြင်း ဖြစ်၏။

ပါယာသိမြို့စား၏ အလှူကို စီမံကွပ်ကဲရသော အခိုင်းအစေ ဥတ္တရလုလင်မှာ စေတနာကောင်းဖြင့် ရိုရိုသေသေ လေးလေးစားစား ပြုလုပ်ဆောင်ရွက်ပေးသောကြောင့် သေလွန်သော် မြို့စားထက် အဆင်မြင့်သော နတ်ဖြစ်ရ၏။

+++++

အဘိဓမ္မာသင်တန်းပြီးသော် နာရီဝက်ခန့် အနားရကြပြီး ညနေ ၆ နာရီခွဲ၌ လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်ဝိမလက “သင့်အဖော် ဘယ်သူလဲ” (သို့မဟုတ်) “သင် .. ဘယ်သူနဲ့ နေသလဲ” တရားခေါင်းစဉ်ဖြင့် ဓမ္မဒါနပြု ဟောကြား၏။




တရားပွဲပြီးသော် ၁၅ မိနစ်ခန့် ဝိပဿနာဘာဝနာ ပွားများကြရပြီး ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

+++++
စာကိုး
အရှင်ဝိစိတ္တသာရာဘိဝံသ၏ “ဟောစဉ်တရားတော်များ (စတုတ္ထတွဲ)”
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”

Read more...

ဇနကဇာတ် အဆက်

0005052Kph0.jpg

“မင်းသား၊ လုံ့လမပြုအပ်သော အရာ၌ လုံ့လပြုမှားသူမှာ လိုအပ်သောကိစ္စ မပြီး။ တောင့်တအပ်သော အကျိုး မရ။ အသက်သော်လည်း ဆုံးရာ၏။ သို့တည်းမဟုတ် ကိုယ်စိတ် နှစ်ပါးသော်လည်း ပင်ပန်းရာ၏။ ပရိသတ် အလယ်၌ ရှက်ဖွယ်သော်လည်း ဖြစ်ရာ၏။ ယခု ကမ်းမမြင်သော မဟာသမုဒ္ဒရာ၌ ကူးသောသင် မင်းသား၏ လုံ့လသည် နေရာကျပါအံ့လော”

“နတ်သမီး၊ ယခု ငါ သမုဒ္ဒရာ၌ ကူးသကဲ့သို့ အခြားသူတို့သည်လည်း အောင်သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ လုံ့လကို မလျှော့ထိုက်။ လူပျင်း လူညံ့တို့၏ အယူကို အစွဲအမှတ် ပြု၍ ယခု ပြောဆိုသော သင်နတ်သမီး၏ စကားသည် မသင့်။ နတ်သမီး၊ လောက၌ လူတို့သည် ပျင်းရိ၍ မနေအပ်။ ကောင်းစွာသော လုံ့လဖြင့် အခါခပ်သိမ်းပင် ကိုယ်ဖြင့် တန်သည်၊ နှုတ်ဖြင့် တန်သည်၊ စိတ်ဖြင့် ကြံမည်ဟု ထောက်ချင့်၍ လုံ့လ ပြုအပ်လှသည်။ နတ်သမီး၊ ဤ သမုဒ္ဒရာ၌ ငါနှင့်အတူ ၇၀၀ သော သင်္ဘောသားတို့သည် နစ်မွန်းကြသည်တွင် သူတို့သည် ယောက်ျားတို့၏ လုံ့လ ချို့တဲ့ပေသောကြောင့် ငါး၊ လိပ်၊ မကန်းတို့အစာ ဖြစ်ကြလေကုန်ပြီ။ ငါမူကား ယောက်ျားတို့၏ လုံ့လ မလျှော့သောကြောင့်၊ ငါး၊ လိပ်၊ မကန်းတို့ဘေးမှလည်း လွတ်ခဲ့၏။ လူ သာမညတို့ မြင်ရခဲသော နတ်သမီးကိုလည်း အနီးကပ်ကပ် အမှတ်ထင်ထင် မြင်ရ၏။ သင်ချစ်ခင်၍ ငါ့ကို ဆောင်ပါလျှင် ငါ့လိုအင်ဆန္ဒ ပြည့်ဝတော့အံ့။ သင်မဆယ်တင်၍ ဤတွင်ပင် ငါဆုံးပါးရသော်လည်း လုံ့လပြုကျိုး ငါ ရရှိလေပြီ။ ငါသည် အစွမ်းရှိတိုင်း၊ အားရှိတိုင်း မဆုတ် မဆိုင်းသော လုံ့လဖြင့် မဟာသမုဒ္ဒရာကမ်းသို့ ဆက်လက်ကူးခပ်အံ့”

ဇနက၏ စကားကို မဏိမေခလာ နတ်သမီးသည် လွန်စွာနှစ်သက် မြတ်နိုးသွားလေသည်။

“မင်းသား၊ သင်သည် ကောင်းမြတ်ဖြောင့်စင်းသော လုံ့လနှင့် ပြည့်စုံပါပေသည်။ ထို့ကြောင့်လည်း ငါး၊ လိပ်တို့၏ ဘေးရန်မှ လွတ်ခဲ့ပြီ။ ယခုလည်း ဤ သမုဒ္ဒရာ၌ မနစ်မွန်းသေး။ အို- မြတ်သော လုံ့လရှင် ပညာရှိမင်းသား၊ သင့်ကို ငါ ယခုဆယ်တင်အံ့။ အဘယ်အရပ်သို့ ပို့ရမည်နည်း” ဟု မေးလေသည်။

မင်းသားကလည်း “ နတ်သမီး၊ မိထိလာပြည်သို့ ငါ့ကို ပို့ဆောင်ပါလော့” ဟု ဆို၏။

ထိုအခါ မဏိမေခလာ နတ်သမီးသည် ဇနကမင်းသားကို လက်နှစ်ဖက်ဖြင့် ညင်သာစွာ ချီပွေ့ပြီးလျှင် ရင်ခွင်၌ ပိုက်လျက် ကောင်းကင်ခရီးဖြင့် ဆောင်သည်။ မင်းသား သွားလိုရာ မိထိလာပြည်သို့ ပို့ဆောင်ပေးသည်။ ဥယျာဉ်ထဲရှိ ကျောက်ဖျာထက်၌ သိပ်ထားခဲ့လေသည်။

ထိုအချိန်၌ မိထိလာပြည်တွင် ပေါလဇနက မင်းကြီး မရှိတော့ပြီ။ မင်းကြီးသည် ဇနကမင်းသား သင်္ဘောလွှင့်သည့် နေ့၌ပင် နာမကျန်း ဖြစ်ခဲ့သည်။ ယခု နတ်ရွာစံသည်မှာ ၇-ရက် ရှိပြီ။ မင်းကြီး၌ သားတော်မရှိ။ သမီးတော် သီဝလိဒေဝီ တစ်ပါးတည်းသာ ရှိသည်။ သီဝလိဒေဝီသည် ရုပ်ရည် အလွန်တရာ ချောမောသည်။ ပညာဉာဏ်လည်း ကြီးသည်။

မင်းကြီးသည် နတ်ရွာစံခါနီးတွင် “ငါ၏ ထီးနန်းကို ဆက်ခံသူသည် (၁) သမီးတော် နှစ်သက်သူ ဖြစ်ရမည်။ (၂) ပလ္လင်၏ ခေါင်းရင်းကို သိသူ ဖြစ်ရမည်။ (၃) ဗိုလ်တစ်ထောင်တင်သော လေးကို တင်နိုင်သူ ဖြစ်ရမည်။ (၄) ရွှေအိုးကြီး ၁၆-လုံးကို ဖော်ထုတ်နိုင်သူ ဖြစ်ရမည်။ ဤ အင်္ဂါရပ်တို့ဖြင့် ပြည့်စုံသူအား ထီးနန်းကို အပ်နှင်းကြ” ဟူ၍ မှာကြားတော်မူခဲ့သည်။

မူးမတ်တို့လည်း ဤ အင်္ဂါရပ်များနှင့် ပြည့်စုံသူကို ရှာဖွေကြသည်။ သူတို့က သီဝလိဒေဝီ မင်းသမီးအား စစ်သူကြီး၊ ရွှေတိုက်ဝန်၊ သူဌေးကြီးတို့ကို သင့်မသင့် စူးစမ်းကြည့်ရန် တင်ပြကြသည်။ မင်းသမီးသည် ထိုသူ သုံးဦးအား တစ်ဦးပြီး တစ်ဦး စူးစမ်းကြည့်သည်။ မနှစ်သက်။ ပယ်လိုက်သည်။ ထိုက်တန်သူကို ရှာမရ။

နောက်ဆုံးတွင် မူးမတ်တို့သည် ဖုတ်သွင်းရထားခေါ် ဖုဿရထား လွှတ်ပြီး မင်းလောင်းရှာရန် စီမံကြရသည်။ ဖုတ်သွင်းရထား ဆိုသည်မှာ မောင်းသူ မပါ။ မင်္ဂလာရှိသော ရထားကို မြင်းဖြူကြီး ၄-ကောင်တပ်လျက် မင်းမြောက်တန်ဆာ ၅-ပါးကို တင်ပြီး ‘မင်းလောင်းရှိရာ သွားစေသတည်း’ ဟု ဓိဌာန် လွှတ်ရသော ရထားဖြစ်သည်။

ဤအတိုင်း စီစဉ်ပြီးလျှင် ဖုတ်သွင်းရထားကို လွှတ်လိုက်သည်။ ရထားနောက်မှ တူရိယာများကိုလည်း တီးမှုတ်၍ လိုက်စေသည်။

ရထားသည် မြို့ကို ပတ်ပြီးလျှင် ဥယျာဉ်တော်သို့ သွားသည်။ ဇနကမင်းသား အိပ်စက်နေသော ကျောက်ဖျာရှေ့သို့ ရောက်သောအခါ ရပ်တန့်သွားသည်။

မှူးမတ်တို့လည်း ကျောက်ဖျာပေါ်၌ ဇနက အိပ်နေသည်ကို မြင်သွားကြသည်။ “အကယ်၍ ထီးနန်းနှင့် မထိုက်တန်သူ ဖြစ်လျှင် အလန့်တကြား ထပြေးလိမ့်မည်” ဟု ဆိုကာ တူရိယာတို့ကို တစ်ပြိုင်နက် ဆူညံစွာ တီးမှုတ်စေသည်။

ဇနကသည် ဆူညံသော အသံတို့ကြောင့် အိပ်ရာမှ နိုးသွားသည်။ ခေါင်းမြီးခြုံကို လှစ်ကြည့်ရာ များလှစွာသော ဗိုလ်ပါအပေါင်းတို့ကို တွေ့ရသည်။ ထိုအခါ လုံးဝ ဂရုမစိုက်ဟန်ဖြင့် တစ်ဖက်သို့ စောင်းလျက် ပြန်အိပ်သည်။

ပုရောဟိတ် ပုဏ္ဏားသည် ဇနကမင်းသားထံ ချဉ်းကပ်၍ ခြေဖဝါး၌ ရှိသော အရေးအကြောင်း အမှတ်အသား တို့ကို ကြည့်သည်။ မင်းဖြစ်ထိုက်သူ ဖြစ်ကြောင်း သိရှိသွားသည်။

မှူးမတ်တို့က ‘ဤလူကား ဖုတ်သွင်းရထား အဆိုက်ခံရသူလည်း ဖြစ်သည်။ မင်းဖြစ်ထိုက်သော ကြန်အင်လက္ခဏာ တို့နှင့်လည်း ပြည့်စုံသည်။ ငါတို့မင်းကြီး မှာကြားတော်မူခဲ့သော အင်္ဂါလေးပါးနှင့်လည်း ပြည့်စုံတန်ရာ၏’ ဟု တညီတညွတ်တည်း ဆုံးဖြတ်ကြသည်။

ထို့နောက် မှူးမတ်တို့က “အရှင့်သား၊ မိထိလာပြည်ကြီးကို အုပ်စိုးတော်မူပါ” ဟု တောင်းပန်ကြသည်။ ဇနကမင်းသားသည် ချက်ချင်း လက်မခံသေး။ မေးမြန်း စုံစမ်း၍ အကြောင်းစုံ သိရမှ လက်ခံလိုက်သည်။

(ဇနကဇာတ် အဆက်အား ဆက်တင်ပါမည်)

☺ပြီးပါပြီရှင်...။

Read more...

လောကသင်ရိုး

ပန်းတကာပန်း၊
နမ်းလိုကနမ်း၊
အနွမ်းဘက်တော့ မလှည့်စေနဲ ၊့
အဖက်ဖက်က လှစေချင်သူတွေနဲ့ မို့ ပါ။

တောင်တန်းများနောက်၊
မှောက်လိုရာမှောက်၊
မျိုးတော့ မပျောက်စေနဲ့  ၊
အတ္တကို အရည်ကျိုသောက်သူတွေနဲ့မို့ ပါ။

အံမတူ၊
သွန်သင်ခံ ကနေ့ခရီး၊
ရောက်လိုရာရောက်၊
တစ်ချက်တော့ မခေါက်စေနဲ့ ၊
ကြက်ခြေနီလည်း မောနေလို့ပါ။

အရောက်ပေါက်ဖို့ ဆိုရင်၊
မတောက်တခေါက်တော့၊
မလုပ်ပါနဲ့လား…..။

တို့ယူထားတဲ့၊
သင်ရိုးက၊
တစ်ချက်ဖောက်ရင်တောင၊်
တစ်သက်ခေါက်မယ့်သူတွေ၊
ဝိုင်းဝိုင်းလည်၊
ရှိနေလျှက်သား။
သကျသွေး
၂၁.၅.၂၀၁၀

Read more...

မေလ ၂၁ ရက်နေ့တရားအစီအစဉ်များ..

မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၀၉း၃၀ နာရီအထိ..
ဆဋ္ဌမသင်္ဂါယနာတင်တရားတော်များမှ ဆဌသံဂီတိပုစ္စက အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်သြ၀ါဒစရိယ
မဟာစည်ဆရာတော်ဘုရားကြီး ဦးသောဘန မဟာသာရ မေးသည့် မေးခွန်းများကို
တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ ဆဌသံဂီတိဝိဿဇ္ဇက
အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက
င်းကွန်းတောင်ရိုး ဓမ္မနာဒ ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ ဖြေဆိုတော်မူသော
၁) စူဠကမ္မ၀ိဘင်္ဂသုတ္တန်
၂) ရှင်သာမဏေကျော်(၄) ပါး
၃) မယ်ယှကသုတ္တန်
၎) သုဝဏ္ဏမိဂရွှေသမင်သုတ္တန်
၅) ကိဏှဒီပသုတ္တန်
၆) နကုလပီတုသုတ္တန်၊ယမတသုတ္တန်
၇) တေသသုဏဇာတ်
၈) စူဠသုဘဒ္ဒါ-ရဟန်းငါးပါးစောရသုတ္တန်
၉) ရေ၀တသာမဏေသုတ္တန်တရားတော်များကို လွှင့်ကြားပေးသွားမှာဖြစ်ပါတယ်..

မြန်မာစံတော်ချိန် ၉း၃၀ မှ ၂၄း၀၀ နာရိအထိ ကျန်ရှိနေသော အစီအစဉ်များအား ဆက်လက်ဖော်ပြပေးသွားပါမည်။...

Read more...

မိဘထက်ပို၍ ကျေးဇူးကြီးသူ... (မစိုးရိမ်စာသင်သား)

Thursday, May 20, 2010

မိဘထက်ပို၍ ကျေးဇူးကြီးသူ... (မစိုးရိမ်စာသင်သား)


အကြားအမြင်နှင့် ယတြာ... (မစိုးရိမ်စာသင်သား)

မိဘထက်ပို၍ ကျေးဇူးကြီးသူ...





Read more...

လွတ်လပ်စွာ ရွေးချယ်ခွင့်

မလေးရှား၌ ရှိနေစဉ် တနေ့မှာ ဒကာတစ်ဦးက မေးပါတယ်။ “အရှင်ဘုရား၊ တပတ်တခါ ဒါမမဟုတ် သတ်မှတ်ချိန်တိုင်း၌ ဝတ်ပြု ဝတ်တက် မလာပါက ငရဲကို မလွဲမသေ ရောက်စေ လို့ ဟောထား ပညတ် ထားတဲ့ သုတ်တော်များ ရှိပါသလား” တဲ့။ သူက ဆက်ပြောပါသေးတယ်။ အခြားဘာသာတွေမှာတော့ အဲဒီလို ရှိတယ်။ ဒါကြောင့် သူတို့ သတ်မှတ်တဲ့ နေ့တိုင်းမှာ မဖြစ်မနေ သွားပြီး ဝတ်တက်ကြတယ်တဲ့။ သူ့စေတနာ သူ့ဆန္ဒကတော့ ကျောင်းကို လူတွေ တစ်ပတ်တစ်ရက် သို့မဟုတ် နှစ်ရက် လာရောက် ဝတ်တက် ဝတ်ကပ် ပြုစေချင်တာပါပဲ။

ဒါပေမဲ့ ဗုဒ္ဓဘာသာမှာက အဲဒီလို ပညတ်ထားတာ မရှိပါဘူး။ သူ ပညတ်ထားတာကို ဖေါက်ဖျက်လို့ ဒဏ်ခတ်တယ် ဆိုရင် မဟာကရုဏာတော်ရှင် ဖြစ်ပါတယ်ဆိုတဲ့ သူ့ရဲ့ ဂုဏ်ပုဒ်ကို မေးခွန်းထုပ်စရာတွေ ဖြစ်လာတော့ မပေါ့။ ဗုဒ္ဓဘာသာမှာက သူ့အလိုလိုက် သူ့ အကြိုက် ဆောင်လို့ ဆုတော် လာဘ်တော် ပေးသနား ချီးမြှင့်တာမျိုးလဲ မရှိပါဘူး။ သူပြောတဲ့ အတိုင်း မလုပ်လို့ ဖြစ်စေ၊ သူ့ကို ပြန်ဝေဖန်လို့ ဖြစ်စေ မင်း ငရဲသွားပြီး ဆင်းရဲဒုက္ခ ခံစေဆိုတဲ့ ပြစ်ဒဏ်ခတ်ခြင်း မျိုးလဲ မရှိပါဘူး။ ကောင်းတာကိုပဲ ဖြစ်ဖြစ်၊ မကောင်းတာကိုပဲ ဖြစ်ဖြစ် သက်ဆိုင်သူဟာ လွတ်လပ်စွာ ရွေးချယ်ခွင့်၊ ပြုမူခွင့် ရှိပါတယ်။ ကိုယ်ရွေးချယ် ပြုလုပ်တဲ့ ကောင်းသော မကောင်းသော အလုပ်၊ အပြုမူ (ကံ)တွေကို ကိုယ်တာဝန်ယူရမှာပါ။ “ငါသည် ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိသူဖြစ်၏။ ကံအမွေကို ခံရသူဖြစ်၏။ ကံဟူသောအကြောင်းရင်း ရှိသူဖြစ်၏။ ကံဟူသော ဆွေမျိုးရှိသူဖြစ်၏။ ကံသာလျှင် မှီခိုရာ ရှိသူဖြစ်၏။ ကောင်းသောကံကို ပြုသည် ဖြစ်စေ၊ မကောင်းသော ကံကို ပြုသည်ဖြစ်စေ ငါသည် ထိုကံ၏ အမွှေကို ခံယူရပေလိမ့်မည်” လို့ အဘိဏှ ပစ္စဝေက္ခတဗ္ဗဌာနသုတ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တရနိကာယ်မှာ ဟောထားတာက ဒီသဘောပါ။
ဒါကြောင့်မို့ ကောင်းတာကို လုပ်ချင်လဲ လုပ်လို့ရတယ်။ မကောင်းတာ လုပ်ချင်သပဆိုရင်လဲ ရပါတယ်။ ကိုယ့်မှာ စိတ်ကြိုက် ရွေးချယ်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ရွေးချယ်မှုနှင့် တွဲပါလာတဲ့ တာဝန်ရှိမှုကိုတော့ ကိုယ် လက်ခံရမှာပါ။ ထိုနည်းတူပါပဲ။ ဒုက္ခခပ်သိမ်း ကင်းလွတ်ငြိမ်းရာ နိဗ္ဗာန်ကို ရောက်ချင်တယ်ဆိုရင်လဲ ကိုယ့်အပေါ် မူတည်ပါတယ်။ ဒီလိုမဟုတ်လို့ “သံသရာဝဋ်ထဲ၊ မကျွတ်ဘဲ နေနေ၊ ဇွတ်ဆွဲလို့ တပေပေ” လုပ်ချင်သေးသပ ဆိုရင်လဲ ကိုယ့်အပေါ်မူတည်တာပါပဲ။ နိဗ္ဗာန်ကို အရောက်လှမ်းရာမှာပင် ပုံစံငါးမျိုးထဲက ကြိုက်တာကို ရွေးချယ်ပြီး သွားပိုင်ခွင့် ရှိပါတယ်။ (၁) ပကတိသာဝက အဖြစ်နှင့် သွားမလား၊ ဒါမမဟုတ် (၂) မဟာသာဝက၊ (၃) အဂ္ဂသာဝက၊ (၄) မဟာဗောဓိ (ဘုရားအဖြစ်)၊ (၅) ပစ္စေကဗောဓိ ဆိုတဲ့ ပုဂ္ဂိုလ်ငါးမျိုးမှာ ကြိုက်ရာ ပုဂ္ဂိုလ်ဖြစ်အောင် ရွေးချယ်ပြီး နိဗ္ဗာန်ကို သွားနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ရွှေးချယ်မှုနှင့် အတူပါလာတဲ့ ပါရမီဖြည့်မှုဆိုတဲ့ တာဝန်ကိုတော့ ကိုယ်ကိုယ်တိုင်ပဲ ယူရမှာပါ။ ဘယ်လူ ဘယ်နတ်ကမှ ရောက်စေ၊ ဖြစ်စေဆိုပြီး ဆုပေးလိုက်လို့ ရောက်သွားတာမျိုး ဖြစ်သွားတာမျိုး မဟုတ်ပါဘူး။
အဲဒီလိုပါပဲ။ လူ့လောကမှာ အောင်မြင်တဲ့သူ ဖြစ်ချင်သလား။ ကျရှုံးသူ ဖြစ်ချင်သလား။ ကြီးမြတ်သူ ဖြစ်ချင်တာလား၊ ယုတ်ညံ့သူ၊ သေးသိမ်းသူဖြစ်ချင်တာလား။ ကိုယ့်မှာ ရွေးချယ်ခွင့် ရှိပါတယ်။ ဘယ်လူ ဘယ်နတ်၊ ဘယ်အရာကမှ မင်း ဒီလူမျိုး ဖြစ်စေ၊ ဒီလောက်ဖြစ်စေလို့ ဖန်ဆင်းပေး၊ သတ်မှတ်ပေးထားတာ မဟုတ်ပါဘူး။ ဘယ်လိုလူမျိုးပဲ ဖြစ်ချင်သည် ဖြစ်စေ၊ ကိုရွေးချယ်ထားတဲ့ သူမျိုးဖြစ်အောင်တော့ ကိုယ့်တာဝန် ကိုယ်ထမ်း၊ ကိုယ့်လမ်း ကိုယ်ရောက်အောင် လျှောက်ရမှာပါ။ ဘယ်လောက်ထိ ဖြစ်သလဲ ဆိုတာကတော့ ကိုယ့်ရဲ့ ဆန္ဒ၊ ကံ၊ ဥာဏ်၊ ဝီရိယ ဘယ်လောက် ရှိသလဲ ဆိုတဲ့ အချက်တွေ အပေါ်မှာသာ မူတည်ပါတယ်။

မေတ္တာဖြင့်
ဘုန်းဥာဏ်

Read more...

I believe

I Believe …
That our background and circumstances may have influenced who we are, but we are responsible for whom we become.

I Believe …
That no matter how good a friend is, they are going to hurt you every once in a while and you must forgive them for that.

I Believe …
That just because someone doesn’t love you the way you want them to, doesn’t mean they don’t love you with all they have.

I Believe …
That true friendship continues to grow, even over the longest distance. Same goes for true love.

I Believe …
That it’s taking me a long time to become the person I want to be.

I Believe …
That you should always leave loved ones with loving words. It may be the last time you see them.

I Believe …
That you can keep going, long after you think you can’t.

I Believe …
That we are responsible for what we do, no matter how we feel.

I Believe …
That either you control your attitude or it controls you.

I Believe …
That heroes are the people who do what has to be done when it needs to be done, regardless of the consequences.

I Believe …
That money is a lousy way of keeping score.

I Believe …
That my best friend and I can do anything or nothing and have the best time.
I Believe …
That sometimes the people you expect to kick you when you’re down, will be the ones to help you get back up.

I Believe …
That sometimes when I’m angry I have the right to be angry, but that doesn’t give me the right to be cruel.

I Believe …
That maturity has more to do with what types of experiences you’ve had and what you’ve learned from them and less to do with how many birthdays you’ve celebrated.

I Believe …
That it isn’t always enough to be forgiven by others. Sometimes you have to learn to forgive yourself.

I Believe …
That no matter how bad your heart is broken, the world doesn’t stop for your grief.

I Believe …
That just because two people argue, it doesn’t mean they don’t love each other. And just because they don’t argue, it doesn’t mean they do.

I Believe …
That you shouldn't be so eager to find out a secret. It could change your life forever.

I Believe …
That two people can look at the exact same thing and see something totally different.

I Believe …
That your life can be changed in a matter of hours by people who don’t even know you.

I Believe …
That even when you think you have no more to give, when a friend cries out to you, you will find the strength to help.

I Believe …
That credentials on the wall do not make you a decent human being.

I Believe …
That the people you care about most in life, are taken from you much too soon.

I Believe …
That life is more precious than money will ever be able to be.


Read more...

ခြင်္သေ့ဆီအတွက် သိင်္ဂိရွှေခွက်

Thursday, 20 May 2010 22:23 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

Dhamma_barisayadawကလေးတို့ကို အခု ပြောပြမှာကတော့ ကိုရင်ရာဟုလာ လေးကို မြတ်စွာဘုရား ရှင်က အမြဲမပြတ် ဟောပြော ဆုံးမနေတဲ့ “အဘိဏှ ရာဟုလောဝါဒ သုတ်” လို့ ခေါ်တဲ့ တရားတစ်ထုံး အကြောင်းပါး။ “အဘိဏှ”ဆိုတာ ‘အမြဲမပြတ်’လို့ အဓိပ္ပာယ် ရတာပေါ့။

ဒီ တရားအကြောင်း ပြောမယ်ကြံတော့ ကြားဖူးထားတဲ့ တရုတ်ပုံပြင်တစ်ခုကို ပြေးပြီး သတိရမိလိုက်တယ်။ ကလေးတို့ ပေါင်ချိန် ဇာတ်လမ်းတွေ ကြည့်ဖူးတယ်မို့လား၊ အဲဒီခေတ်က ဘုရင့်စာမေးပွဲဆိုတာ အလွန် အရေးပါတယ်နဲ့ တူပါတယ်။ ဒီစာမေးပွဲကို ဖြေနိုင်ဖို့ ဆိုတာကလည်း တစ်နယ် တစ်ယောက် ဆိုရလောက်အောင် အတော်ကို ရှားရှား ပါးပါး ဖြစ်မယ်၊ ဒီစာမေးပွဲ အောင်မြင် သွားသူကလည်း ရာထူး ဌာနန္တရတွေနဲ့ အတော် အရေးပါတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်သွားတာကိုး။

တောရွာ တစ်ရွာကနေ အဲဒီ စာမေးပွဲမျိုး ဖြေဆိုဖို့ သွားမယ့် သားကို အဖေက “အရာရာကို သည်းခံဖို့၊ ဘယ်လို အကြောင်း ကြောင့်မှ စိတ်မဆိုးဖို့၊ သည်းခံဖို့၊ ဘယ်လို အကြောင်းကြောင့်မှ စိတ်မတိုဖို့၊ အမျက်ဒေါသ မဖြစ်ဖို့”သွားခါနီး ရက်ပိုင်းလောက် ကတည်းက မပြတ် သတိပေး ဆုံးမနေသတဲ့။ မနက်ဖြန် သွားတော့မယ် ဆိုတော့ ဒီနေ့လို ညမှာလည်း အိပ်ယာဝင်တဲ့ အထိ ဒါကိုပဲ အထပ်ထပ် မှာနေတာပါတဲ့။

သွားမယ့်နေ့ ရောက်တော့ ထမင်းစားရင်းလည်း ဒါကိုပဲ သတိပေး မှာကြားနေတာပဲ တဲ့။ ဒါနဲ့ သွားပြီ ဆိုတော့လည်း လမ်းမှာ အဖော်မရှိလို့ အဖေက မြို့ကို လှမ်းမြင်ရတဲ့ နေရာအထိ လိုက်ပို့တယ်။ လမ်းမှာ သွားရင်း နားရင်းလည်း တစ်ခြား စကားတွေ သိပ်ပြီး အထွေအထူး မပြောဘူး။ စိတ်မတိုဖို့၊ သည်းခံဖို့ပဲ အထပ်ထပ် မှာတယ်။ ညနေစောင်းလို့ မြို့နဲ့ မနီးမဝေး ရောက်တဲ့အခါ အဖေက “ကဲ..ငါ့သား၊ မြို့ကိုလည်း မြင်နေရပြီ၊ ငါ့သားလည်း သွားတတ်ပြီ အဖေလည်း ရွာအထိ ပြန်ရမှာ ဆိုတော့ ဒီနေရာကပဲ ပြန်တော့မယ်၊ အဲဒီတော့ ငါ့သား ဟိုရောက်ရင် အစစ သည်းခံနော်၊ ဘယ်လို အကြောင်း နဲ့မှ စိတ်မတိုမိစေနဲ့ ကြားလား”လို့ မှာပြန်သတဲ့။

အဲဒီတော့ သားလုပ်သက “အဖေကလည်းဗျာ၊ ဒီစကားကို အထပ်ထပ် မှာနေတာ ဘယ်နှစ်ရက် ရှိနေပြီလဲ။ တစ်လမ်းလုံးလည်း ဒါပဲ အထပ်ထပ် ပြောနေတာပဲ၊ ဒီလောက်ဆို မှတ်မိပါပြီဗျ၊ တကတဲ နားကိုငြီးနေတာပဲ” ဆိုပြီ။ စိတ်တိုတဲ့ လေသံနဲ့ ငေါက် ဆတ်ဆတ် ပြန်ပြော ပါလေရော။ အဲဒီတော့ အဖေလုပ်သူက “အေး အဲဒါပဲ ငါ့သားရေ၊ မင်းမြို့ကို ရောက်တဲ့ အခါကျရင်လည်း ဒီလိုပဲ မကြားချင်အဆုံး ဖြစ်နေတဲ့ စကားတွေကိုပဲ အထပ်ထပ် ကြားနေရတဲ့အခါ ခုလို စိတ်ဆိုးမာန်ဆိုး ဖြစ်မှာစိုးလို့ အဖေက အထပ်ထပ် မှာနေတာကွယ့် ငါ့သားရဲ့”လို့ ပြောလိုက်သတဲ့။ မှတ်ထားနော်။ မင်းတို့လည်း အဖေ အမေ တို့က ခဏ ခဏ ဆုံးမရင် ပြန်မအော်ကြနဲ့။ ကြားလား။

ဒီ “အဘိဏှ ရာဟုလောဝါဒ” သုတ္တန်ကို ဟောတော်မူခြင်းရဲ့ ရည်ရွယ်ချက်က “ကလျာဏမိတ္တလို့ခေါ်တဲ့ မိတ်ဆွေကောင်းနဲ့ ပေါင်းသင်းမိခြင်းဟာ အရဟတ္တဖိုလ် ပေါက် အကျိုး ရစေတဲ့အတွက် အလွန်ကျေးဇူး ကြီးမားတယ်၊ အဲဒီလို ကျေးဇူးကြီးမားတဲ့ ကလျာဏိမိတ်ကောင်း (ဆရာသမား)ကို ဘယ်နည်းနဲ့မှ မပြစ်မှားရဘူး”ဆိုတဲ့ အချက်ကို အလေးအနက် ပြောချင်လို့ ဟောတော်မူတာ။ ဒီ အဆုံးအမကို မပြတ် မပြတ် လွန်ရော ကျွံရော တစ်ရက်ခြား နှစ်ရက်ခြားလောက် ကွာချင်ကွာမယ်၊ အချိန်ရ ရသလို ရောက်လေ ရာရာမှာ မပြတ် ဟောညွှန် ဆုံးမတော်မူတာ၊ ဒါကြောင့် ဒီသုတ္တန်ကို “အဘိဏှ ရာဟုလောဝါဒ သုတ္တန်”လို့ ခေါ်တယ်။

မြတ်စွာဘုရားရှင်က တရားနာခံ ဖြစ်တဲ့ ရှင်၇ာဟုလာကို ဘာ စပြီး ဆုံးမသလဲ ဆိုတော့--

၁။ “ချစ်သား ရာဟုလာ……. ဘယ်လိုလဲ၊ အမြဲတစေ တစ်ကျောင်းတည်းမှာ အတူ နေရတဲ့ ပညာရှိဖြစ်တဲ့ သင့်ရဲ့ ဥပဇ္ဈာယ် ဆရာဖြစ်တဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို “သူက ပုဏ္ဏားမျိုး၊ ငါက မင်းမျိုး ဖြစ်တယ်” ဆိုတဲ့ မအပ်မတော် မာန်ထော်ခုလု မထေမဲ့ မြင် မပြုဘဲ နှိမ့်ချ လေးစားတဲ့စိတ် အမြဲ ထားရဲ့လား။

“ဘယ်လိုလဲ… ချစ်သားရာဟုလာ၊ ပညာတန်ဆောင် မီးရှုးရောင်ကို ဆောင်တော်မူ တတ်တဲ့ ဥပဇ္ဈာယ် ဆရာမြတ်ကို သင် လေးစားကော်ရော် ပူဇော်ရဲ့လား”ဆိုတဲ့ မေးခွန်း နှစ်ခုကို မေးတော်မူတယ်။

ရှင်ရာဟုလာက မြတ်စွာဘုရားရှင် အလိုတော်ကျ ကိုယ်ကျင့်သီလစသည်နဲ့ လိုက်ပါ ကျင့်ကြံတဲ့ အနုဇာတ သားကောင်းပီပီ “တပည့်တော်ဟာ ဆရာဥပဇ္ဈာယ်အပေါ်မှာ မထီမဲ့မြင်စိတ်လည်း တစ်ရံတစ်ခါမျှ မထားခဲ့မိပါ ဘုရား၊ နေ့ညဥ့်မစဲ အမြဲမပြတ် လေးစား ကော်ရော် ပူဇော်ပါတယ်ဘုရား”လို့ ပြန်ကြား လျှောက်ထားပါတယ်။

ရှင်ရာဟုလာလေးက ထွန်တုံးကို မျိုးထားတဲ့ စပါးကြီးမြွေဟာ ခွေလို့ မရ၊ တွန့်လို့ မရနဲ့ တောင့်ခိုင်ခိုင်ကြီး ဖြစ်နေသလို မာန်မာနနဲ့ တောင့်တောင့်နဲ့ ဖြစ်မနေဘူး။ “ ခြေသုတ်ကြိုးခွေ စွယ်ကျိုးမြွေ”လို ခွေလိုခွေ၊ တွန့်လို့တွန့် ပြုပြင်ချင်သလို ပြုပြင်လို့ ရနိုင်ပြီ ဆိုတဲ့ သဘောကို ပြနေတာဖြစ်လို့ ဘုရားရှင်က အတော်ကို နှစ်လိုအားရ ၀မ်းမြောက်တော် မူမှာပေါ့နော်။ မင်းတို့တစ်တွေ ပြောစကား နားထောင်တယ်၊ ဆရာ မိဘ ကို ရိုသေတယ်၊ လိမ္မာတယ် ဆိုရင်လည်း မင်းတို့ မိဘတွေ အရမ်းကို ၀မ်းသာ ကျေနပ်ကြ တာပဲမို့လား။

အဲဒီတော့ မြတ်စွာ ဘုရားရှင်က “ သားတော် ရာဟုလာရဲ့ နှလုံးအိမ်ဟာ တရားဆိုတဲ့ ခြင်္သေ့ဆီ တည်နိုင်လောက်တဲ့ သိင်္ဂိရွှေခွက်စဖွယ် ဖြစ်ပြီး သားတော်ရဲ့ နှလုံးအိမ် သိင်္ဂိရွှေခွက်ထဲကို တရားခြင်္သေ့ဆီ လောင်းထည့်ပေးဖို့ အချိန်တော်ပြီ”လို့ သိတော်မူတဲ့ အတွက်--

၂။ ချစ်သား ရာဟုလာ … သင်ဟာ ချစ်ခင်မြတ်နိုးစရာ၊ စိတ်နှလုံး ရွှင်ပြုံးစရာ အာရုံ ငါးပါး ကာမဂုဏ်တရားတွေကို ကိုယ်မှ ထွေးဟက် တံတွေးခွက်ပမာ ရက်ရက်စက်စက် စွန့်ခွာခဲ့ပြီး သာသနာတော်ကို မမှိတ်မသုံ ယုံကြည်တဲ့ သဒ္ဓါတရားနဲ့ အိမ်ရာတည်ထောင် လူ့ဘောင်က အိမ်ရာမထောင် ရဟန်းဘောင်ကို ရောက်အောင် ထွက်မြောက်လာပြီ ဖြစ်တဲ့အတွက် သံသရာဝဋ်ဒုက္ခရဲ့ အဆုံး ရောက်အောင် ကျင့်ဆောင် ကြိုးကုန် အားထုတ်ပါ”လို့ တိုက်တွန်းတော်မူပါတယ်။

အကျယ်ချဲ့ပြီး ပြောမယ် ဆိုရင်တော့- ချစ်သား၊ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားကြည့် စမ်း၊ ရွှေနန်းတော်ကြီးမှာ ဘိုးတော်(သုဒ္ဓေါဒန)မင်း တရားကြီးနဲ့ နေမယ် ဆိုရင် စကြ၀တေး မင်းလောက် နီးနီး ကြီးကျယ်တဲ့ စည်းစိမ်တွေ၊ ၀တ္ထုအာရုံ ကာမဂုဏ်တွေကို သုံးဆောင် ခံစားနေရမှာ အမှန်ပဲ။ (သားတော်ရာဟုလာမှာလည်း မြတ်စွာဘုရားလောက် ထင်ထင် ရှားရှားကြီး မဟုတ်ပေမယ့် စကြ၀တေးမင်း ဖြစ်လောက်တဲ့ ယောင်္ကျားမြတ် လက္ခဏာတွေ ပါရှိပါတယ်။၊ ဒါကြောင့် စကြ၀တေးမင်း ဖြစ်ရင်လည်း ဘာပြောစရာ ရှိမလဲ၊ စကြ၀တေးမင်းရဲ့ စည်းစိမ်တွေ ခံစားပြီး ၊ စကြာရတနာကြီး စီးပြီး လောကကြီးထဲ မှာ သဘောရှိသလို ပျော်မွေ့နိုင်မှာ အမှန်ပဲ။ အဲဒီလောက် အာရုံ ကာမဂုဏ်တွေကို မငဲ့ မကွက် တံတွေးခွက်လို သဘောထားပြီး ရက်ရက် စက်စက်ကြီး ပယ်စွန့်ခဲ့ပြီးတော့မှ သဒ္ဓါပဗ္ဗဇ္ဇိတ သမားတို့ သွားရာလမ်းကြောင်းဖြစ်တဲ့ သံသရာဝဋ်ဆင်းရဲရဲ့ အဆုံးရောက် အောင် ကျင့်ဆောင် အားထုတ်တဲ့ အလုပ်ကို နောက်မဆုတ်တမ်း ရဲရဲတောက် ကြိုးစား အား ထုတ်ပါ”လို့ တိုက်တွန်းတာပေါ့။

မြတ်စွာဘုရား မိန့်ကြားတော်မူတဲ့ ဒီစကားထဲမှာ ‘သဒ္ဓါယ ဃရာ နိက္ခမ္မ= သဒ္ဓါပဗ္ဗဇ္ဇိတ သာသမဏေ ဖြစ်တယ်ဆိုတဲ့ စကားလေးကို ကလေးတို့ သေသေချာချာ မှတ်ထား။ ဒီစကားက ဘုရားရှင် ကိုယ်တိုင် ရှင်ရာဟုလာကို ချီးကျုးမိန့်ဆိုတဲ့ စကားနော်၊ ပေါ့သေးသေး မထင်လိုက်နဲ့။

ဒီးကားရဲ့ ဆိုလိုရင်းက လောကမှာ သဒ္ဓါပဗ္ဗဇ္ဇိတ လို့ခေါ်တဲ့ ရှင်အဖြစ် ပြုကြသူတွေမှာ ဘယာ ပဗ္ဗဇ္ဇိတဆိုပြီး နှစ်မျိုး နှစ်စားရှိတယ်။ ဘာယာ ပဗ္ဗဇ္ဇိတ ဆိုတာ ကြောက်လို့ ရဟန်း ပြုသူပေါ့ကွာ၊ အသက်မွေးဝမ်းကျောင်း အလုပ်ကို လုပ်ကိုင် မစားနိုင်တဲ့အတွက် စားဝတ်နေရေး အခက်အခဲ ကြောက်လို့၊ မင်းမှုထမ်းရမှာ ကြောက်လို့၊ အနာရောဂါ နှိက်စက် နေရတာကို မကုနိုင်တဲ့အတွက် ဒုက္ခရောက်မှာ ကြောက်လို့ စတဲ့အကြောက် တစ်မျိုးမျိုး ကြောင့်ပဲ ဖြစ်ဖြစ်၊ အဖေ အမေတို့က ငေါက်မှာ ကြောက်လို့၊ ယောင်္ကျား ဖြစ်လျက်နဲ့ ရှင်ရဟန်း မပြုဖူး ဆိုရင် သူများတွေ ကဲ့ရဲ့မှာ ကြောက်လို့ ဆိုတာမျိုးတွေ လည်း အတူတူပေါ့။ အဲဒီလို အကြောက် တရားတွေကြောင့် ရဟန်းပြုသူများကို ဘယာ ပဗ္ဗဇ္ဇိတလို့ ခေါ်တယ်။

ဒီစကားနဲ့ အလျော်အဖြစ် ရှင်ရဟန်းပြုရင် အစားချောင် အနေချောင်လို့၊ လူတွေ လေးစားခံရလို့၊ အေးအေး ဆေးဆေး ဇိမ်လေးနဲ့ နေချင်လို့၊ ရပ်ထဲ ရွာထဲမှာ အသုံးမ၀င် တော့လို့ ဆိုပြီး ရဟန်းပြုသူ များဟာလည်း လူဝတ်ကြောင် ဘ၀နဲ့ ရချင်ပေမယ့် မရနိုင်တဲ့ အခက်အခဲကို ကြောက်ပြီး “အမျှော်”သက်သက်နဲ့ ရဟန်းပြုသူများ ဖြစ်လို့ ဘယာ ပဗ္ဗဇ္ဇိတ အမျိုးအစားထဲပဲ ထည့်သွင်းရမှာပဲကွ။

ရှင်ရာဟုလာလေး ရှင်သာမဏေ ဖြစ်လာတာ ဟာလည်း နံဘေး အမြင်အရ အပေါ်ယံ အကြည့်နဲ့ ကြည့်မယ်ဆိုရင် သားတော်ကလေးက ရွှေအိုးကြီးတွေလို အမွေကိုတောင်းတာ၊ ဘာမှ မပြောဝံ့တဲ့ ကလေးကို မြတ်စွာဘုရားက ဇွတ်အတင်း ရှင်ပြုပေးလိုက်တာ၊ ဘယ်ကလာ သဒ္ဓါပဗ္ဗဇ္ဇိတဖြစ်မလဲ၊ ကလေးမို့ ကြောက်လို့ ကိုရင်ဝတ်လိုက်ရတဲ့။ “ဘယာ ပဗ္ဗဇ္ဇိတ” လို့ ထင်ချင် ထင်ကြမှာပေါ့။ အမှန်အတိုင်း မြတ်စွာဘုရားရှင် မြင်တော်မူတာက ..

ရာဟုလာလေးရဲ့ အတွင်း အဇ္ဈာသယဓာတ်က ပါရမီတရားအပြည့် ကိန်းနေတဲ့အတွက် ၀ဋ်ဘောင်ကို လွတ်အောင်ရုန်းလိုတဲ့ နေက္ခမ္မ အလို အဇ္ဈာယသ ဓာတ်ခံ ရှိပြီးသား။ ဒီဓာတ်ခံကောင်း ရှိလို့ ရှင်ပြုလာတာ၊ မြတ်စွာဘုရားရှင်နဲ့ ကပိလ၀တ္ထု နန်းတော်မှာ ပထမဆုံးတွေ့တော့ ရာဟုလာ ပြောတဲ့ စကားကို အသေအချာ စဉ်းစား ကြည့်ပါလား။ အမေက “အမွေတောင်းချေ” လို့ ခိုင်းလိုက်ပေမယ့် ဘုရားရှင်နဲ့ တွေ့တော့ ဘာပြောသလဲ။ “ အရှင်ဘုရားရဲ့ အရိပ်က အေးချမ်းလှပါဘိတယ် ဘုရား”လို့ ပြောတယ်မို့ လား။ နန်းတော်ထဲမှာ ပျော်စရာတွေ အမျိုးမျိုး၊ ခံစားစရာ အာရုံတွေ အမျိုးမျိုးထက် “ကိလေသာ ငြိမ်းအေးတဲ့ ဘုရားရှင်ရဲ့ အရိပ်က ပိုအေးတယ်”လို့ ခံစားရတာ ကိုက သားတော်ရာဟုလာရဲ့ အတွင်း အဇ္ဈတ္တ အလို ဆန္ဒနဲ့ ပါရမီဓာတ်ခံကို ဖော်ပြနေတာပဲ။ အဲဒီ ဓာတ်ခံ ကြောင့်လည်း ရှင်သာမဏေ ပြုပေးတာကို ကျေကျေနပ်နပ် ခံယူခဲ့တာပါ။ ဒါတွေအားလုံးကို သိတော်မူတဲ့အတွက် မြတ်စွာဘုရားရှင်က “ သဒ္ဓါ ပဗ္ဗဇ္ဇိတ= သဒ္ဓါတရားနဲ့ ရှင်ပြုခဲ့တဲ့ သာမဏေ” လို့ မိန့်တော်မူတာ ဖြစ်ပါတယ်။

သဒ္ဓါပဗ္ဗဇ္ဇိတ ရှင် ရဟန်းဆိုတာ သာသနာ့ဘောင် ရောက်လာတဲ့အခါ အရွယ်အရ၊ အချိန်ကာလအရ သာသနာတော်ရဲ့ တာဝန် နှစ်ရပ်ဖြစ်တဲ့ သာသနာတော် ဆက်လက် တည်တံအောင် ပရိယတ်စာပေကို သင်အံ လေ့ကျက်ရတဲ့ “သာသနာဗြဟ္မစရိယ” တာဝန်ကိုပဲ ဖြစ်ဖြစ်၊ သံသရာဝဋ် လွတ်မြောက်ရာ မဂ်ဖိုလ်ရကြောင်း “မဂ္ဂဗြဟ္မစရိယ” တာဝန်ဖြစ် တဲ့ သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာသုံးပါး တိုးတက်အောင် ကျင့်ဆောင် ပွားများတဲ့ တာဝန်ကိုပဲ ဖြစ်ဖြစ် စိတ်အား ထက်ထက် သန်သန်နဲ့ ကြိုးစား အားထုတ ကြတာဖြစ်လို့ “သာသနာ့ဝန်ထမ်း”လို့ ခေါ်ဆိုနိုင်တယ်။

ဘယာပဗ္ဗဇ္ဇိတသမားများ ကတော့ မူလကတည်းက သဒ္ဓါတရား အစစ်အမှန် ရှိတာမှ မဟုတ်ဘဲဟာ၊ ဒီ တာဝန်တွေကို ဘယ် ၀န်ထမ်းချင်ပါ့မလဲ၊ မလွှဲသာ မရှေင်သာ ကျိန်းကျေ ၀တ်ကုန်လောက်ပဲ အလွန်ဆုံး လုပ်ကြမှာပေါ့။ အဲဒီလို ရှင်ရဟန်းမျိုး ကျတော့ “ရဋ္ဌ ပိဏ္ဍံ မောဃံ ဘုဉ္ဇတိ “ဆိုသလိုပဲ တိုင်းသူ ပြည်သားလှူတဲ့ ဆွမ်းကို အချည်းနှီး စားသုံးနေသူ တွေလည်း ဖြစ်တယ်၊ သာသနာ့ဘောင်မှာ ကျောင်းရှုပ်ရုံ၊ ပြောဆို ဆုံးမရတာ အလုပ်ရှုတ်ရုံပဲ။ ဆိုဆုံးမရတာ ခက်ခဲတဲ့အတွက် သာသနာ့ ၀န်ထမ်း ကောင်းတွေ အတွက် တာဝန်ပိစေတဲ့ ၀န်ထုပ်ကြီးတွေနဲ့ ဘာမှ မထူးလို့ “သာသနာ့ ၀န်ထုပ်”လို့သာ ဆိုရလိမ့်မယ်။

ကလေးတို့၊ အခုပြောတာကို သေသေချာချာ မှတ်ထားကြနော်၊ မင်းတို့ထဲက ယောင်္ကျားလေးတွေဟာ တစ်ချိန်ချိန်မှာ အနည်းဆုံး ဒုလ္လဘ ကိုရင်လေးတွေတော့ ၀တ်ကြမှာပဲ။ အဲဒီအခါကျရင် အဖေ အမေတို့၊ အဘိုး အဘွားတို့က အတင်း တိုက်တွန်း လို့ ၊ မ၀တ်ရင် ဘာညာ ၀ယ်မပေးဘူး ဆိုတာ ကြောက်လို့၊ သူများတွေ ကဲ့ရဲ့မှာ ကြောက်လို့ ဆိုတဲ့ စိတ်ထားမျိုးနဲ့ စူစူဆောင့်ဆောင့် မျက်နှာကြီးနဲ့ ပုပ်သိုးပြီး ၀တ်ကြတဲ့ ကိုရင်မျိုးတွေ မဖြစ်စေကြနဲ့ ၊ အဲဒီလို ၀တ်တဲ့ ကိုရင်မျိုးဆိုရင် ဘယာပဗ္ဗဇ္ဇိတ ကြီး ဖြစ်သွားမယ်၊ သာသနာ့ဝန်ထမ်း မဖြစ်ဘဲ သာသနာ့ဝန်ထုပ်ကြီးတွေလို ဖြစ်နေမှာ။ အဲဒီလိုကြီး နေပြီး ဆွမ်း သင်္ကန်း ကျောင်း ဆေးတွေကို စားသုံးနေတာဟာ “ဣဏပရိဘောဂ” လို့ မြတ်စွာဘုရားက မိန့်ကြားတယ်။ “ကြွေးယူပြီး စားသုံးသူ”လို့ ဆိုတာပေါ့။ ဟုတ်တယ်။ သာသနာ့တာဝန် မထမ်းဘဲ ဒကာ ဒကာမ လှုတာတွေ သုံးစွဲတာဟာ မတန်မရာ အခွင့်အရေးယူသလို ဖြစ်တဲ့အတွက် နောက်ဆက်တွဲ အဖြစ် ပေးဆပ်ရမယ့် ၀ဋ်ဒုက္ခကြွေးတွေက အတိုးကြီးတယ်။ ဒါကြောင့် သာသနာဝန်ထုပ် လုပ်နေသူဟာ သာနာအတွက် ၀န်ထုပ် ဖြစ်တာထက် ကိုယ့်အတွက် ၀န်ထုပ် ဖြစ်တာက ပိုပြီး ကြီးလည်းကြီး၊ လေးလည်း လေးတယ်ဗျ။

သဒ္ဓါတရား အစစ်အမှန်ထားပြီး ကြည်ညိုစိတ်ကလေးနဲ့ ကြည်ကြည်ဖြူဖြူ ၀တ်ကြတဲ့ ကိုရင် ကလေးတွေကျတော့ ဆရာသမား ဆုံးမသွန်သင်တာကိုလည်း ကျိုးနွံရိုသေတယ်၊ သင်ပြတာတွေကိုလည်း စွမ်းနိုင်သလောက် လေးလေးစားစား သင်ယူတော့ သာသနာဝန်ထမ်း စစ်စစ် ဖြစ်လို့ ၀တ်နေနိုင်သမျှ အကျိုးရှိတာပေါ့၊ တရားအသိ အနှစ်အဆန် တည်ရှိလာတဲ့အတွက် “အဖျင်း”လည်း မဖြစ်တော့ဘူးပေါ့။ စပါးတွေမှာ အဆန်မရှိရင် “အဖျင်း” လို့ ခေါ်တာ သိတယ်မို့လား၊ ဒီလိုပဲပေါ့ ၊ ဘ၀မှာ တရားအသိ ဆိုတဲ့ အဆန် မတည်ရှိရင် စပါးခွံ၊ စပါးဖျင်းလို မီးစာပဲ ဖြစ်သွားတော့ မှာပေါ့။

ကိုရင် ရာဟုလာလေးက သဒ္ဓါပဗ္ဗဇ္ဇိတ သာသနာ့ဝန်ထမ်း ပီပီ အဲဒီလို အဖျင်းဘ၀ကို မလိုလားဘူး။ ဒါကြောင့် ဆရာသမားကို လေးစားရိုသေပြီး ဆုံးမ သွန်သင်သမျှ ကြိုးစား လိုက်နာတယ်။ ဒါကြောင့် ကိုရင်ရာဟုလာရဲ့ နှလုံးသားဟာ တရားခြင်္သေ့ဆီထည့် ဖို့ ထိုက်တန်တဲ့ သင်္ဂိရွှေခွက်နဲ့ တူတယ်လို့ ပြောရတာပေါ့။

နောက်အခန်းမှာ သိင်္ဂိရွှေခွက်ထဲ ထည့်တဲ့ ခြင်္သေ့ဆီကို ဆက်ပြောမယ်..ဟုတ်လား။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Read more...

ဗိသုကာ ဆရာဆိုင် (၁)

လွန်ခဲ့သော နှစ်ပေါင်း ၅၅-နှစ်ခန့်က မန္တလေးမြို့တွင် သာသနာ့ဗိမာန်တော်ကြီးတခု တည်ဆောက်သည်။ မန္တလေးမြို့ရှိ ပရိယတ္တိသာသနဟိတ အသင်းကြီးက တည်ဆောက်ခြင်းဖြစ်သည်။ ထိုအသင်းကြီးသည် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ သီတင်းသုံးနေတော်မူကြသော မူလစာချ၊ သီးခြားစာချဆရာတော်တိုနှင့် အသင်းစာပြန်ပွဲ စာချတန်းဝင် အရှင်သူမြတ်တို့အား ဆန်၊ ဆီ စသော ၀တ္ထုပစ္စည်းများကို လှူဒါန်းထောက်ပံ့သော အသင်းကြီးဖြစ်သည်။

အဆိုပါအသင်းကြီး၏ သာသနာ့ဗိမာန်တော်ကြီးကို ၁၃၁၄-မှ ၁၃၂၀ ပြည့်နှစ်အထိ ၅-နှစ်ကျော်ကြာမျှ တည်ဆောက်ရသည်။ ထိုခေတ်ကာလတန်ဖိုး ငွေ ၇-သိန်းခန့် ကုန်ကျသည်။ အဆောက်အအုံမှာ မြန်မာ့အနုပညာလက်ရာကို ဖော်ကျူးထားသည်။ အလွန်ကြီးမား ခမ်းနားလှပတင့်တယ်လှသည်။ မန္တလေးမြို့၏ ကျက်သရေဆောင် သာသနာ့အဆောက်အအုံများတွင် တခုအပါအ၀င် ဖြစ်ပေသည်။

ထိုအဆောက်အအုံကြီးကို အသက် ၇၀-ကျော်အရွယ်ရှိ နာမည်ကျော် မြန်မာဗိသုကာ ဆရာကြီးက သားနှစ်ဦး၏ အကူအညီဖြင့် ကြီးကြပ်ဆောက်လုပ်သည်။ ထိုအတွက် ကြီးကြပ်ခငွေ ၃၉၀၀၀-ကျပ် (သုံးသောင်းကိုးထောင် ကျပ်) ရရှိသည်။
အံ့ချီးဖွယ်ကောင်းသည်ကား ၅-နှစ်ကျော်ကြာမျှ နေ့မအား ညမအား ကြိုးစားလုပ်ကိုင်ပြီးမှ ရရှိသည့် လုပ်အားခ ထိုငွေအားလုံးကို ဗိသုကာ ဆရာကြီးသည် တပြားတချပ်မျှ မယူ။ အသင်းကို ပြန်လည်လှူဒါန်းလိုက်ပေသည်။ ထိုအချိန်က အသင်းဥက္ကဋ္ဌမှာလည်း ထိုဗိသုကာဆရာကြီးပင် ဖြစ်ပေသည်။

ထိုဗိသုကာဆရာကြီးကား နာမည်ကျော် ဗိသုကာဆရာဆိုင်ပင် ဖြစ်ပေသည်။
ဆရာဆိုင်ဖြစ်လာမည့် မောင်ဆိုင်ကို ၁၂၄၃-ခု (ခရစ်နှစ် ၁၈၈၁-ခု) ကဆုန်လဆန်း ၆-ရက်၊ အင်္ဂါနေ့တွင် မန္တလေးမြို့၌ ဖွားမြင်သည်။ အဖ ဆရာခင်၊ အမိ ဒေါ်ကြင် ဖြစ်သည်။ ဆရာခင်သည် နာမည်ကျော် ဗိသုကာဆရာကြီး ဖြစ်သည်။ မြတောင်ကျောင်း ဆောက်လုပ်ရာတွင် ပါဝင်ခဲ့သူဖြစ်သည်။

မောင်ဆိုင်သည် အရွယ်ရောက်သောအခါ မြောက်မှန်ကျောင်း ဘုန်းတော်ကြီး ဦးနန္ဒိယထံတွင် ပညာဆည်းပူးသည်။ မြောက်မှန်ကျောင်းကို သမီးတော်ကျောင်း-ဟူ၍လည်း ခေါ်သည်။ ရွှေဘိုမင်း၏ သမီးတော်ကောင်းမှု ဖြစ်သောကြောင့်ပင်။ ရွှေဘိုမင်း၏ ထိုသမီးတော်သည် နောင်အခါ မင်းတုန်းမင်း၏ မိဖုရားကြီး စကြာဒေ၀ီ ဖြစ်လာခဲ့သည်။ သမီးတော်ကျောင်းမှာ မြန်မာဗိသုကာပညာ၊ ပန်းပုအနုပညာ လက်ရာမြောက်စွာဖြင့် ဆောက်လုပ်ထားသော ကျောင်းဖြစ်သည်။ မောင်ဆိုင်အဖို့ ကလေးဘ၀မှာပင် မြန်မာဗိသုကာပညာနှင့် ပန်းပုအနုပညာတို့သည် ရင်ထဲ၌ စွဲနေပေတော့သည်။

ပညာသင်ကြားရာ၌ မောင်ဆိုင်သည် ဉာဏ်ကောင်းသူဖြစ်သည်။ ကျောင်းသားများထဲတွင် အတော်ဆုံး ဖြစ်လာသည်။ မကြာခဏပင် ဘုန်းတော်ကြီးကိုယ်စား အခြားကျောင်းသားများကို စာသင်ပေးရသည်။ ကျောင်းသားဖြစ်သော်လည်း ဆရာလေး-အခေါ်ခံရသည်။

၁၄-နှစ်အရွယ်တွင် မောင်ဆိုင်သည် တလခန့် ရှင်သာမဏေ၀တ်သည်။ ထို့နောက် လူထွက်လိုက်သည်။ ကျောင်းမှလည်း ထွက်လိုက်သည်။ အသက်မွေးဝမ်းကျောင်းပညာအတွက် ဖခင်ထံတွင် ပန်းပုပညာကို သင်ယူသည်။

ဆရာခင်သည် အလုပ်လည်းတော်သည်။ ကြိုးလည်းကြိုးစားသည်။ စည်းစနစ်လည်း ကြီးသည်။ ဖခင်၏ သွန်သင်ဆုံးမမှုကို မောင်ဆိုင်ကလည်း ရိုသေစွာလိုက်နာသည်။ ဖခင်နည်းတူပင် နံနက် ၃-နာရီထိုးလျှင် အိပ်ရာမှထသည်။ ဘုရားရှိခိုးသည်။ ပရိတ်ရွတ်သည်။ မေတ္တာပို့သည်။ ထို့နောက် အလုပ်လုပ်လေသည်။ (ဆရာဆိုင်သည် ထိုအလေ့အထကို အသက် ၈၈-နှစ်အထိ မှန်မှန် ပြုသွားပေသည်။

၂-နှစ်ခန့်ကြာသောအခါ မောင်ဆိုင်သည် ပန်းပုပညာကို ကောင်းစွာတတ်မြောက်သည်။ ထိုအချိန်က အသက် ၁၆-နှစ်သာရှိသေးသည်။ ပညာအတတ်မြန်သဖြင့် မိတ်ဆွေများက အံ့ချီးမဆုံးရှိကြသည်။
ထိုအချိန်တွင် မောင်ဆိုင့်ဘ၀၌ ထူးခြားသော ဖြစ်ရပ်တခုကို ကြုံတွေ့ရသည်။ ထိုစဉ်က ရန်ကုန်မြို့ ရွှေတိဂုံဘုရား ရင်ပြင်တော်တွင် စေတနာရှင်များက တန်ဆောင်းများကို ဆောက်လုပ်လှူဒါန်းနေကြသည်။ တနေ့တွင် ရန်ကုန်မှ တန်ဆောင်းဒါယကာတဦးဖြစ်သော ဦးအောင်ကြီးသည် သူ၏တန်ဆောင်းတွင် တပ်ဆင်ရန် လင်းနို့တောင် ထုလုပ်ပေးဖို့ ဆရာခင်ကို လာရောက်အပ်နှံသည်။ လင်းနို့တောင်ဆိုသည်မှာ တန်းဆောင်းပြာသာဒ် စသည်တို့၏ တိုင်များတွင် တပ်ဆင်ရသော အခန်းဆီးသဖွယ် ပန်းတို့ဖြစ်သည်။

ဦးအောင်ကြီးက အပ်နှံရာတွင် ထုလုပ်ရာ၌ ရိုးရိုးမဟုတ်၊ ပန်းပုဆရာကြီး ဦးသံရောင်နှင့်အပြိုင် ထုလုပ်ရမည်ဖြစ်ကြောင်း ပြောပြသည်။ ဦးသံရောင်မှာ ရန်ကုန်မှ နာမည်ကျော် ပန်းပုဆရာကြီးဖြစ်သည်။ ပခုက္ကူမြို့ ရွှေဂူဘုရား၏ တံကဲကြီးကို ထုလုပ်သူ ဦးကံကြီးကိုပင် သုံကြိမ်တိတိ အနိုင်ရခဲ့သူဖြစ်သည်။ မကြာသေးမီက ဦးဘိုးသာသည် သူ၏တန်ဆောင်းအတွက် လင်းနို့တောင်ကို ဦးသံရောင်အား ထုလုပ်စေခဲ့သည်။ ပြီးစီသဖြင့် တန်ဆောင်းတွင် တပ်ဆင်ထားပြီးဖြစ်သည်။ မြင်သူတိုင်း နှစ်သက်ချီးကျူးမဆုံး ရှိကြသည်။ ထိုဦးသံရောင် လက်ရာထက်သာအောင် ဆရာခင်က ထုလုပ်ရမည်ဖြစ်သည်။

ဆရာခင်က တည့်ငြိမ်စွာပင် လက်ခံလိုက်သည်။ ထို့နောက် အခြားတပည့်များကို မခေါ်။ စိတ်အချရဆုံး၊ အားအကိုးရဆုံးဖြစ်သော သားဖြစ်သူ မောင်ဆိုင်ကိုပင် ခေါ်သည်။ သားအဖနှစ်ယောက် အစွမ်းကုန် ထုလုပ်ကြသည်။ ထုလုပ်နေစဉ် ဦးအောင်ကြီးက ရန်ကုန်ရှိ ဦးသံရောင်၏ လက်ရာ လင်းနို့တောင်ကို လာရောက်ကြည့်ရန် ဆရာခင်အား ဖိတ်ခေါ်သေးသည်။ ဆရာခင်က သွားမကြည့်။

လူထုတဲ့ပန်းကိုဖြင့် လာမကြည့်လိုပါ-ဟူ၍ ပြန်ကြားလိုက်သည်။ ထိုစကားသည် ရန်ကုန်တွင် ပျံ့နှံ့သွားသည်။ ဦးသံရောင်နှင့် ဆရာခင်တို့ ပြိုင်ပွဲမှာ လူအများ စိတ်ဝင်စားစရာ ဖြစ်နေလေသည်။
ဦးသံရောင်မှာ အလွန်နာမည်ကြီးသူ ဖြစ်သောကြောင့် မောင်ဆိုင်မှာ စိုးရိမ်စိတ် ဖြစ်ပေါ်မိသည်။ နိုင်ပါ့မလား အဖေ-ဟူ၍ ဖခင်ကို မေးမိသည်။ နိုင်ပါတယ်ကွာ၊ မင်း ဘာမှ မပူပါနဲ့-ဟူ၍ ဆရာခင်က အားပေးစကား ပြောရသည်။

သားအဖနှစ်ဦး ကြိုးစားအားထုတ်ကြရာ တန်ဆောင်မုန်းလလောက်တွင် ပြီးသွားသည်။ စိတ်တိုင်းကျ အချောကိုင်ပြီးနောက် လင်းနို့တောင် အစိတ်အပိုင်းများကို ထင်းရှူးသေတ္တာများတွင် ထည့်၍ ရန်ကုန်သို့ မီးရထားဖြင့် သယ်ဆောင်သွားကြသည်။
ရန်ကုန်သို့ရောက်၍ လင်းနို့်တောင်များကို တန်းဆောင်းတွင် သားအဖနှစ်ယောက် တပ်ဆင်ချိန်မှာပင် လူအများ လာရောက်ကြည့်ရှုကြသည်။ အားလုံးတပ်ဆင်ပြီးသောအခါ ပရိသတ်ရှေ့တွင်လူကြီးများက လက်ရာနှစ်ခုကို နှိုင်းယှဉ်အကဲဖြတ်ကြသည်။ ဦးသံရောင်၏လက်ရာက ကောင်းမွန်သော်လည်း ဆရာခင်၏လက်ရာက ပိုမိုကောင်းမွန်နေသည်။ သို့ဖြင့် လူကြီးများက ဆရာခင်တို့သားအဖကို အနိုင်ပေးလိုက်သည်။ ပရိသတ်များကလည်း ထောက်ခံသြဘာပေးကြသည်။ ကာယကံရှင် ဦးသံရောင်ကိုယ်တိုင်ကလည်း ဆရာခင့် လက်ရာက မိမိလက်ရာထက် သာလွန်ကောင်းမွန်ပါသည်-ဟူ၍ သဘောထားကြီးစွာဖြင့် ၀န်ခံပြောဆို လေသည်။

မောင်ဆိုင်သည် အနိုင်ရသဖြင့် ပျော်ရွှင်နေရာမှ ဦးသံရောင်၏ သဘောထားကြီးမှုကို ခံစားသိရှိရသောအခါ မျက်ရည်ကျမိသည်။ ရှုံးသူအတွက် ကိုယ်ချင်းစာမိသည်။ များစွာ စိတ်မကောင်းဖြစ်သွားသည်။ သို့ဖြင့် ရွှေတိဂုံဘုရားကို ရှိခိုးပူဇော်ကာ တပည့်တော်သည် ဤသို့သောပြိုင်ပွဲမျိုးကို နောင်တွင် မတွေ့ကြုံရပါလို။ မတတ်သာ၍ ကြုံရလျှင်မူကား နိုင်သူသာဖြစ်ရပါလို၏ အရှင်ဘုရား-ဟူ၍ ဆုတောင်းလေသည်။

မောင်ဆိုင်သည် အလုပ်တတ်မြောက်သော်လည်း သီးခြားခွဲ၍ အလုပ်မထောင်။ ၁၃-နှစ်တိုင်တိုင် ဖခင်နှင့်မခွဲဘဲ အလုပ်လုပ်ခဲ့ပေသည်။
မောင်ဆိုင်သည် ပန်းပုပညာကို ဖခင်ဆရာခင်ထံမှာ သင်ယူခဲ့ရာ ဆရာခင်သာလျှင် သူ၏ဆရာရင်း ဖြစ်ပေသည်။ သို့ရာတွင် သူသည် ပညာသင်ယူရာတွင် အဆုံးသို့ရောက်ပြီဟု မယူဆ။ မန္တလေးနှင့် အနီးတ၀ိုက်ရှိ ပန်းပုလက်ရာကောင်းမှန်သမျှကို အခွင့်သင့်တိုင်း သွားရောက်ကြည့်ရှုသည်။ လေ့လာမှတ်သားသည်။ ထို့ပြင် ဆရာခင်နှင့် တချိန်တည်း ပေါ်ကြသော ဆရာကြီးတို့ထံသို့လည်း မကြာခဏသွား၍ ဆည်းကပ်နည်းယူသည်။ ထိုဆရာကြီးတို့ထံမှ ပြန်ခါနီးတွင် ဆရာကြီးတို့ကို ရှိခိုးပြီးမှ ပြန်လေ့ရှိသည်။ သူ့ကို ဆရားကြီးတို့ကလည်း အထူးခင်မင်ကြလေသည်။

မောင်ဆိုင် အသက် ၂၃-နှစ်အရွယ် ရောက်သောအခါ ဆရာခင်သည် သားကို အမျိုးကောင်းသမီးကလေး တဦးနှင့် နေရာချထားပေးသည်။ အမျိုးသမီးကလေးမှာ မန္တလေးစာတိုက်တန်းသူ မအေးကြွယ် ဖြစ်ပေသည်။
မောင်ဆိုင်သည် အိမ်ထောင်ကျပြီးနောက် ဇနီးနေထိုင်ရာ စာတိုက်တန်းသို့ ပြောင်းရွှေ့နေထိုင်သည်။ အလုပ်မှာမူ မခွဲသေး။ ဖခင်ထံမှာပင် ဆက်လက်လုပ်ကိုင်သည်။ အလုပ်ခွဲလျှင် ဖြစ်နိုင်သော်လည်း ဖခင်ထံမှ ပန်းပုပညာ၊ ဗိသုကာပညာတို့ကို ရသမျှ ဆည်းပူးလိုသောကြောင့်လည်း ဖြစ်သည်။ ဖခင်ကို ကျေးဇူးဆပ်လိုသော ကြောင့်လည်း ဖြစ်သည်။

မောင်ဆိုင်သည် အိမ်ထောင်ပြုပြီး စာတိုက်တန်းသို့ ပြောင်းရွှေ့နေထိုင်သောအခါ စာတိုက်တန်း အလုပ်ဖြစ်သော မှန်စီရွှေချလုပ်ငန်းကိုပါ ဆည်းပူးလုပ်ကိုင်လေသည်။
ထို့နောက် ၁၂၇၀-ပြည့်နှစ် အသက် ၂၇-နှစ် အရွယ်တွင် အလုပ်ခွဲရန် အချိန်တန်ပြီဟု ယူဆကာ ဖခင်ကိုတင်ပြသည်။ ဖခင်က ၀မ်းမြောက်ဝမ်းသာ ခွင့်ပြုသည်။ သို့ဖြင့် စာတိုက်တန်းမှာပင် အခြေတကျ နေထိုင်ကာ ပန်းပုလုပ်ငန်းနှင့် မှန်စီရွှေချလုပ်ငန်းတို့ကို ပူးတွဲလုပ်ကိုင်သည်။ တပည့်များထားကာ တွင်ကျယ်စွာ လုပ်ကိုင်သည်။ အောင်မြင်သည်။ မောင်ဆိုင်ဘ၀မှ ဆရာဆိုင်ဘ၀သို့ ရောက်လာခဲ့သည်။ ၃-နှစ်ခန့်အတွင်းမှာပင် ငွေအတော်စုမိလာခဲ့သည်။ အလှူကြီးပေးသည်။ ထိုစဉ်က အလှူကြီးကျယ်ကြောင်း မန္တလေးတမြို့လုံး သတင်းပျံ့နှံ့ခဲ့သည်။

ဆရာဆိုင်သည် ငယ်စဉ်က လင်းနို့်တောင်ဒကာ ဦးအောင်ကြီးအိမ်သို့ ရောက်ဖူးသည်။ ဦးအောင်ကြီးသည် အလွန်ကြွယ်ဝချမ်းသာသူ ဖြစ်သည်။ အိမ်တွင် ငွေဒင်္ဂါးများကို ဂုန်အိတ်နှင့် ထည့်ထားသည်။ ဆရာဆိုင်မြင်တွေ့ရာ အားကျခဲ့သည်။
ငါ့အဖေဟာ ကုန်သည်မလုပ်လို့သာ ဦးအောင်ကြီးတို့လို မချမ်းသာတာဘဲ၊ ငါကြီးရင် ဦးအောင်ကြီးတို့လို သူဌေးဖြစ်အောင် ကုန်သည်လုပ်မယ်-ဟူ၍ လူငယ်ဘ၀ စိတ်ကူးခဲ့ဖူးသည်။

သို့ဖြင့် အသက် ၃၂-နှစ်ကျော်အရွယ်တွင် ကုန်သည် ၀င်လုပ်သည်။ ပန်းပုအလုပ်ကိုလုပ်ရင်း တဘက်က အာလူး၊ ချင်း၊ ဂျူး စသော ရှမ်းပြည်နယ် ထွက်ကုန်များကို အရောင်းအ၀ယ်လုပ်သည်။ အောင်မြင်သည်။ ဤတွင် တဆင့်တက်၍ ရှမ်းပြည်နယ်ဘက်၌ ပဲဖြူလေးကို စိုက်ပျိုးသည်။ ထိုစဉ်က ပဲဖြူလေးဈေး အလွန်ကောင်းသည်။ သို့ရာတွင် ရာသီဥတုဖျက်သဖြင့် ပဲခင်းများ ပျက်စီးကုန်သည်။ ဆရာဆိုင်မှာ အကြီးအကျယ် ရှုံးသွားသည်။ ငွေတသောင်းကျော် ကြွေးတင်ခံရသည်။ ကုန်သည်အလုပ်ကို ဆက်မလုပ်နိုင်တော့။
မူလပန်းပုအလုပ်ကိုပင် ဆက်လက်လုပ်ကိုင်ရတော့သည်။ ဆရာဆိုင် ကုန်သည်လုပ်ငန်း မအောင်မြင်သည်မှာ မြန်မာပန်းပုပညာ ဗိသုကာပညာလုပ်ငန်းအတွက် ကောင်းဖို့ဖန်လာပေတော့သည်။

ပန်းပုလုပ်ငန်းကို အောင်မြင်စွာ လုပ်ကိုင်လာရာမှ ၁၂၈၁-ခု ဆရာဆိုင် အသက် ၃၈-နှစ်အရွယ်တွင် ဇနီးဒေါ်အေးကြွယ် ကွယ်လွန်သွားရှာသည်။ လူမမည် သားသမီး ၄-ယောက်နှင့်အတူ ကျန်ရစ်ခဲ့ရလေသည်။ သို့ဖြင့် ၁၂၈၂-ခုတွင် ဒေါ်မုံးနှင့် လက်ဆက်သည်။
တနေ့တွင် ဆရာဆိုင်အလုပ်လုပ်နေရာသို့ မျက်နှာဖြူ အရာရှိတဦး ရောက်လာသည်။ သူသည် အင်းစိန်လက်မှုပညာမင်းကြီး မစ္စတာရောဘတ် ဖြစ်သည်။ မြန်မာပြည် အနယ်နယ်အရပ်ရပ်သို့ လှည့်လည်၍ မြန်မာ့လက်မှုပညာများကို စုံစမ်းလေ့လာရာမှ ဆရာဆိုင့်ထံ ရောက်လာခြင်းဖြစ်သည်။

မင်းကြီးသည် ဆရာဆိုင်ထုလုပ်ထားသော ပန်းပုလက်ရာများကို ကြည့်ရှုလေ့လာပြီးနောက် ကောင်းမွန်ကြောင်း ချီးကျူးပြောဆိုသည်။ သို့ပြောရာမှ မြန်မာ့လက်မှုအနုပညာဟာ ကောင်းတော့ကောင်းပါရဲ့။ ဒါပမယ့် သဘာဝမကျဘူး။ စနစ်မရှိဘူး-ဟူ၍ ဝေဖန်ပြောဆိုသည်။
(ရှေ့လဆက်ရန်)

မင်းယုဝေ
(မြတ်မင်္ဂလာ ၂၀၀၇-ခု စက်တင်ဘာလ)

Read more...

ထူးထူးဆန်းဆန်း ခြေခြောက်ချောင်းနဲ့ နွားလေးတစ်ကောင်ကို မြန်မာနိုင်ငံမှာတွေ့ရှိ


လားရှိုး၊ မေ ၁၀- မတ် ၁၉ရက်တွင် မထင် မှတ်ဘဲ ရပ်ကွက်(၈)၊ နယ်မြေ(၁၃)၌ နေ
သော ပိုင်ရှင်ဦးသန်းမြင့်ဝယ်လာသော နွားထီးလေးတစ်ကောင်မှ ဘို့မှာကွဲထွက်၍
ခြေနှစ်ချောင်း ထွက်လာသည်ဟု မိတ်ဆွေ ကိုဝင်း နေရှင်နယ်ဘက်ထရီ(လားရှိုး)၏
ပြောပြချက်ကြောင့် ကြားကြားခြင်းလုံးဝ ယုံကြည်မှုမရှိ၊ မဖြစ်နိုင်၊
သံသယများနှင့် ကိုယ်တိုင် (ဒစ်ဂျစ်တယ်) ကင်မရာထည့်ပြီး ကိုဝင်း
နေရှင်နယ်ဘက်ထရီပြောလိုက် သည့် လိပ်စာအတိုင်းသွား၍ နွားအထီး တစ်ကောင်
ဘို့ကွဲပြီးခြေနှစ်ချောင်းထွက် နေသည်ကို ကိုယ်တွေ့ကြုံလိုက်ရမှ ယုံရပါ
တော့သည်။
အဲ့ဒီလို ခြေနှစ်ချောင်းထပ် ထွက်လာလို့ နွားအထီးလေးမှာ ချူချာပြီး အာဟာရချို့တဲ့တာတွေမရှိဘဲ (ပုံပါအတိုင်း)
တက်ကြွရွှင်လန်းစွာ အစားသောက်မပျက် ရှိနေကြောင်း ဘို့အနားက ထပ်ထွက်လာ တဲ့ ခြေလေးနှစ်ချောင်းက နွားထီးလေးရဲ့ရှေ့ လက်နှစ်ချောင်းနှင့်ဆက်စပ်နေပြီး အသက်
ဝင်လှုပ်ရှားမှုရှိကြောင်း နွားပိုင်ရှင် ဦးသန်း မြင့်၏ အိမ်မှ လူငယ်များက
ပြောသည်။ from D.U.F site

Posted by အရှင်နန္ဒသာရ(သစ္စာရောင်ခြည်) on ကြာသာပတေးနေ့၊ မေလ ၂၀၊ ၂၀၁၀

Read more...

ရှေးဟောင်းယဉ်ကျေးမှု့နယ်မြေ Kanheri Caves

မေလ ၁၂ ရက် ဒုတိယနေ့မှာတော့ မနက်ပိုင်းမှာ ဦးဂိုအင်ကာ ရဲ့ Global Pagoda ရွှေတိဂုံ ဘုရားကို သွားရောက်ဖူးမျှော်ကြပြီး နေ့လည်ပိုင်းမှာ Sanjay Gandhi National Park အတွင်း ဧရိယာမှာ ရှိနေတဲ့ ခန်ဟီရီ လှိုင်ဂူများ Kanheri Caves ခေါ်တဲ့ ရှေးဟောင်း သုတေသနဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု့
နယ်မြေကို လေ့လာဖြစ်ခဲ့တယ်။

တကယ်တော့ ဒီလှိုင်ဂူတွေဟာ အမည်းရောင် ကာလာများ လို့ အဓိပ္ပါယ် ရတဲ့ ကရစ်ရှန ဂီရိ Krishnagiri လို့ ခေါ်တဲ့ ဆန်ဆ ခရစ် Sanskrit ဘာသာကနေ ဆင်းသက်လာတဲ့ စကားလုံးပဲဖြစ်တယ်၊
ခနေးရီ Khaneri ဆိုတဲ့ ရှေးအမည်ကနေ ကာလရွေ့လျောက ယခုအခါမှာတော့ ခန်ဟိရီ Kanheri ( အနက်ရောင် တောင်တန်း ) လို့ ခေါ်ဆိုနေကြတယ်၊

သမိုင်းများ၏ အဆိုအရ ဘီစီ ၁ ရာစု မှ အေဒီ ၉ ရာစု (1st Century B.C. to 9th Century A.D.) အထိ ကာလအတွင်းမှာ ဘုရားရှင်သားတော် ရဟန်းတော်များ စာပေသင်ကြားခဲ့ရာ၊ တရားဓမ္မ ၀ိပဿနာ ကျင့်ကြံအားထုတ်ရာ နေရာအဖြစ် တည်ရှိခဲ့တယ်၊ ကြားဖူးတဲ့ ရာဇ၀င်အရတော့ အိန္ဒိယ မြောက်ပိုင်းဖြစ်တဲ့ ဗုဒ္ဓဂါယာ ဒေသကနေ ရဟန်းတော်များ အန္တရာယ် များတဲ့အတွက် ဘေးရန်ကင်းလွတ်ရာ တောင်ပိုင်းဒေသကို ထွက်ခွာလာကြပြီး အခြေချ နေထိုင် သီတင်းသုံးခဲ့ကြတယ်လို့ ဆိုပါတယ်၊

ဒီတောင်တန်းတွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၅၀၀ ကျော်မှာ တည်ရှိပြီး မွန်ဘိုင်း ( ဘုံဘေ ) မြို့ကနေ ၄၅ ကီလိုမီတာလောက် ကားနဲ့ သွားနိုင်တယ်။
ထူးခြားတာက ယခုခေတ် ပညာရှင်များ အတုယူစရာဖြစ်တဲ့ ကျောက်ဆစ်ပန်းပု လက်ရာများပဲ ဖြစ်ပါတယ်၊ ဘုရားဖြစ်တော်စဉ်ဗုဒ္ဓ၀င်တွေ သူတို့ခေတ်က ယဉ်ကျေးမှု့ဆိုင်ရာ ရုပ်ပုံတွေ စတဲ့ လက်ရာတွေက မပြည့်စုံ မဖွံ့ဖြိုးသေးတဲ့ ရှေးခေတ်ကလူတွေရဲ့ စွမ်းရည်ကို ဖော်ထုတ်ပြသနေခဲ့တယ်၊

ရှည်လျားလှတဲ့ တောင်တန်းပေါ်မှာ များပြားလှတဲ့ လှိုဏ်ဂူတွေကို လိုက်လံ ကြည့်ရှု့ရင်း ရင်သပ်ရှုမောပြီး အံ့သြရတယ်၊ နေရာ အသီးသီးမှာ မတူညီတဲ့ ကျောက်ဆစ်လက်ရာတွေကို များပြားစွာ တွေ့ခဲ့ရတယ်၊ လှိုဏ်ဂူတွေ များလွန်းတာကြောင့် ပင်ပန်းပြီး အားလုံး မသွားနိုင်ကြတော့ပါဘူး၊ တဖွဲ့လုံးလဲ မောပန်းနွယ်နယ် နေကြပြီ၊
- မြတ်စွာဘုရားရှင် လက်ထက်တော်ကတော့ ဘုရားရှင်ဆီမှာ ကမ္မဋ္ဌာန်းတောင်းပြီး သစ်တပင်အောက် ၀ါးတပင်အောက် လှိုဏ်ဂူတွေ ထဲမှာ တရားကျင့်ကြံပြီး ပေါက်မြောက်သွားသူတွေ မရေမတွက်နိုင်အောင် များပြားခဲ့တယ်၊ အရိယာကြီးတွေကတော့ ဒီလို နေရာမျိုးမှာ” အဟော သုခံ ၀တ၊ အဟော သုခံ ၀တ “ အော် ချမ်းသာလေစွတကား အော် ချမ်းသာလေစွ တကား လို့ ဥဒါန်းကျူးရင့်လေ့ရှိကြတယ်၊


လှိုဏ်ဂူများ ရှိရာ မြေပုံပါ
စိတ်ချမ်းသာစေမယ့် မိုးရာသီ အနေအထားပါ

အတွင်းမှာ ဒီလို ကျောက်ဆစ်လက်ရာတွေ အများကြီးပဲ

ပုဂံ အာနန္ဒာဘုရားအတွင်းက လက်ရာနဲ့ တော်တော် တူတယ်


လှိုဏ်ဂူအတွင်းဘက်မှာ နေရာတိုင်း ရှိတတ်တဲ့ လက်ရာတွေ

အခုလို နွေရာသီမှာတော့ ပူလောင်ခြောက်သွေ့နေပြီး ချွေးတလုံးလုံးနဲ့ပေါ့
အခု ဒီနေရာမှာလဲ အားလုံး လှိုဏ်ဂူပေါင်း( ၁၀၉ )ခု ရှိပါသတဲ့။ နွေရာသီ နေပူပူနဲ့ အပြန်လမ်းမှာ
တော့ တွေးနေမိတယ် -

" ဒီလို တောတောင် လှိုဏ်ဂူတွေမှာ ၀ိပဿနာတရား ကြိုးစား အားထုတ်ပြီး အရိယာ ၇ဟန္တာဖြစ်သွားကြတဲ့ ရဟန်းတော်အရေအတွက် ဘယ်လောက် ရှိခဲ့လိမ့်မလဲ " လို့ - - မှန်းဆ ကြည်ညိုရင်း ဆိတ်ဆိတ် နေမိပါတော့တယ် - -

Read more...

ရေအလှူတော်

သီတဂူ ဒေါက်တာအရှင်ပညာသီဟာလင်္ကာရ ဦးဆောင်သော ကုသိုလ်ရှင်များ၏ သီတဂူရေအလှူတော်နှင့် ဆေးအလှူတော်များ



မှတ်ချက်။ ။ ဓာတ်ပုံပေါ် ကလစ်တစ်ချက်ပေးပြီးမှာ ပုံကြီးချဲ့ ကြည့်ပါက စာလုံးများ ရှင်းရှင်းလင်းမြင်ရပါသည်။
သာဓုပါ ကိုပညာရေ- ၀မ်းသာပီတိဖြစ်မိပါတယ်။
သီတဂူစတား
၂၀-၅-၂၀၁၀

0 comments

Read more...

ရွေးချယ်ခြင်းစစ်စစ်များ

ကဗျာဆရာမောင်ချောနွယ်ရဲ့
သွေးစက်နဲ့ရေးထားတဲ့အပိုင်းအစ
အသေအချာကမ္ဗည်းတင်ထား
“ဘဝမှာ
လေးငါးခြောက်ခုမလိုပါဘူး
နှစ်ခုပဲ
ချစ်သူစစ်စစ်နဲ့ရန်သူစစ်စစ်
ဒီနှစ်ခုပဲ”

တချို့က
ရန်သူယောင်ယောင်နဲ့

တချို့က
ချစ်သူယောင်ယောင်နဲ့

တချို့က
ရန်သူတဝက် ချစ်သူတဝက်

တချို့က
ရန်သူမဖြစ် ချစ်သူမဖြစ်

နေသားတကျလောကထဲ
ဘာပဲဖြစ်ရ ဖြစ်ရ
စစ်စစ်ပဲဖြစ်ချင်တယ်။


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP