* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, May 19, 2010

ဇနကဇာတ်

0005052Kph0.jpg

ရှေးသရောအခါ ဝိဒေသတိုင်း၊ မိထိလာပြည်၌ မဟာဇနမင်းကြီး စိုးစံသည်။ ထိုမင်း၌ အရိဌဇနကနှင့် ပေါလဇနက ဟူသော သားတော် နှစ်ပါး ရှိသည်။

မဟာဇနကမင်းကြီး နတ်ရွာစံသောအခါ နောင်တော် အရိဌဇနက မင်းအဖြစ်ကို ရ၏။ ညီတော် ပေါလဇနကသည် အိမ်ရှေ့မင်း အရာ ရ၏။

တစ်နေ့သောအခါ အမတ်တစ်ယောက်သည် မင်းကြီးထံသွားသည်။ “ညီတော် အိမ်ရှေ့မင်းသည် အရှင်မင်းကြီးအား လုပ်ကြံ၍ ထီးနန်းလုရန် ကြံစည်နေပါသည်” ဟု ကုန်းတိုက်သည်။

မင်းကြီး ယုံကြည်ကာ ညီတော်ကို ဖမ်းသည်။ သံခြေချင်း ခတ်ပြီးလျှင် ထောင်သွင်း အကျဉ်းချ ထားလိုက်သည်။

ထိုအခါ ညီတော်သည် မိမိ၌ အပြစ်လုံးဝ မရှိဘဲ ဤသို့ ပြုသည်ကို စိတ်မကောင်း ဖြစ်မိသည်။ ‘ငါ့အား အခြား ကိုးကွယ်ရာ မရှိပြီ။ သစ္စာသာလျှင် ကိုးကွယ်ရာ ဖြစ်တော့သည်’ ဟု ကြံမိသည်။ သို့ဖြင့် ‘ငါသည် နောင်တော်၏ ရန်သူ စင်စစ် မှန်လျှင် အနှောင်အဖွဲ့မှ မလွတ်ပါစေနှင့်။ အကယ်၍ ငါသည် နောင်တော်၏ ရန်သူ စင်စစ် မမှန်လျှင် ဤ အနှောင်အဖွဲ့တို့မှ ယခုခဏ ချက်ချင်း လွတ်စေကုန်သတည်း’ ဟု သစ္စာပြု၏။ သစ္စာ၏ တန်ခိုးကြောင့် သံခြေချင်းများလည်း ကျွတ်သွားသည်။ အကျဉ်းထောင် တံခါးလည်း ပွင့်သွားသည်။

ပေါလဇနကလည်း ထောင်မှ လွတ်မြောက်ထွက်ပြေး သွားလေသည်။ သူသည် တိုင်းစွန် ပြည်ဖျားသို့ သွားရောက်ကာ လူသူအင်အား စုသည်။ အင်အားပြည့်လာသောအခါ နောင်တော်၏ ထီးနန်းကို တိုက်ခိုက်ရယူရန် ချီတက်လာလေသည်။

သူသည် မိထိလာပြည်သို့ ရောက်သောအခါ မြို့ပြင်တွင် တပ်စခန်း ချထားသည်။

“ထီးနန်းကို အသာတကြည် ပေးမည်လော။ သို့တည်းမဟုတ် စစ်ထိုးမည်လော” ဟု နောင်တော့်ထံ ရာဇသံ ပို့သည်။

အရိဌမင်းလည်း ဒေါသပြင်းစွာ ထွက်သွားသည်။ “ပေါလဇနက၊ ထီးနန်းနှင့် သင်ထိုက်တန်သလော။ ယခုပင် ငါ ကိုယ်တိုင် ဗိုလ်ပါ အများနှင့် ထွက်၍ သင့်ဦးခေါင်းကို ဖြတ်ယူတော်မူမည်” ဟု ပြန်ကြားလိုက်သည်။

ထိုအချိန်၌ အရိဌဇနက မင်း၏ မိဖုရားမှာ ကိုယ်ဝန်အရင့်အမာ တည်ရှိနေသည်။

မင်းကြီးသည် မိဖုရားကြီးကို ခေါ်၍ “ချစ်နှမ၊ စစ်ထိုးခြင်း မည်သည်ကား ရှုံးမည်၊ နိုင်မည်ကို အတပ် မသိနိုင်။ အကယ်၍ မောင်တော် စစ်ပွဲ၌ ကျဆုံးလျှင် သင့် ကိုယ်ဝန်ကို ကောင်းစွာ စောင့်ရှောက်ရစ်ပါ” ဟု မှာကြားသွားသည်။

မကြာမီ မင်းကြီးသည် ညီတော် ပေါလဇနကနှင့် စစ်ထိုးရာ ကျဆုံးသွားရှာလေသည်။ ထိုအခါ မိဖုရားကြီးသည် အဖိုးတန် ကျောက်သံပတ္တမြားတို့ကို ခြင်းတောင်းတွင် ထည့်၍ ဆင်းရဲသူမ အသွင် ရုပ်ဖျက်ကာ ကာလစမ္ပာနဂိုရ်ပြည်သို့ ထွက်ပြေးသွားလေသည်။

ကာလစမ္ပာနဂိုရ်ပြည်သို့ ရောက်သောအခါ မိဖုရားကြီးအား ဒိသာပါမောက္ခ ဆရာကြီးက နှမအရာ ထား၍ စောင့်ရှောက်ထားလေသည်။

မကြာမီ မိဖုရားကြီးသည် သားယောက်ျားကလေး ဖွားမြင်သည်။ သားကလေးအား အဘိုးဖြစ်သူ၏ အမည်ကို ယူ၍ ‘မဟာဇနက’ ဟု မှည့်ခေါ်သည်။

မဟာဇနကသည် ကစားရွယ်သို့ ရောက်သောအခါ အခြား ကလေးများနှင့် ကစားသည်။ ခွန်အားကြီးသူ ဖြစ်သဖြင့် သူချည်း အနိုင်ရသည်။ ထိုအခါ အခြားကလေးများက မခံချင် ဖြစ်ကာ သူ့ကို ဝိုင်းဝန်း စော်ကားလာကြသည်။ ဤတွင် သူက ခေါင်းငုံ့မခံ။ စော်ကားလာသူများကို နောင် မပြုဝံ့အောင် ထိုးကြိတ်ပစ်သည်။ သူငယ်တို့လည်း နှုတ်ဖြင့်မျှ ဆဲဆိုခြင်း မပြုဝံ့ကြ။ ငိုယို၍သာ နေကြရ၏။

ကလေးများ ငိုယိုသဖြင့် သူတို့၏ မိဘများ ရောက်လာကြသည်။ “သင်တို့ကို မည်သူ ထိုးကြိတ်သနည်း” ဟု မေးကြသည်။ ကလေးများကလည်း “မုဆိုးမသား ထိုးကြိတ်သည်” ဟု ဖြေကြသည်။

မဟာဇနကသည် ထိုသို့ ပြောဆိုခံရသည်ကို မခံနိုင်။ မိခင်အား မေးမြန်းကြည့်သည်။ အစတွင် မိခင်က အမှန်အတိုင်း မပြောပေ။ သို့ရာတွင် သားတော်က အတင်းအကျပ် မေးသဖြင့် အမှန်အတိုင်း ပြောပြလိုက်ရသည်။

“ချစ်သား၊ သင်ကား သာမန်လူ မဟုတ်။ မိထိလာပြည်ကြီးကို အစိုးရသော အရိဌမင်းကြီး၏ သားတော်တည်း” ဟု ဆိုကာ ဖြစ်ကြောင်းကုန်စင် ပြောပြသည်။

ထိုအချိန်မှစ၍ မဟာဇနကသည် အဖော်တို့က ‘မုဆိုးမသား’ ဟု ခေါ်ကြသောအခါ အမျက် မထွက်တော့။ ‘မှန်သည့်အတိုင်း ဆိုပေသည်’ ဟု သည်းခံ၍ နေ၏။

(ဇနကဇာတ် အဆက်အား ဆက်တင်ပါမည်)

☺ပြီးပါပြီရှင်...။

Read more...

*ပဋ္ဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာ*

Written by တောသားလေး 0 အကြံပြုပါသည်။ Posted in:


MoGok Circle Notes
သူငယ်ချင်းတစ်ယောက်ဆီမှ ကျွန်တော်ရရှိထားတဲ့ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋ္ဋိစ္စသမုပ္ပါဒ်
စက်ဝိုင်းဒေသနာ လည်ပုံပြတ်ပုံ စာအုပ်ကို ဓမ္မမိတ်ဆွေ သူတော်ကောင်းတို့အား ပြန်လည်မျှဝေ
လိုက်ခြင်းဖြစ်ပါတယ်။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

Read more...

မေတ္တာအတွေးများ

Read more...

Why so pleasant?

Question:
Living in the forest peacefully,
leading the holy life,
Partaking food once for the day,
how is the face so pleasant?
Answer:
Does not grieve the past,
does not think of the future,
Satisfied in the present,
by that the face is pleasant.
SN I P-5

Read more...

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ

မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း
ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာ
တဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိုအပ်လာတယ်၊ စာရေးသူတို့ ဘုရားသားတော် ရဟန်းတွေမှာတောင် မြန်မာပြည်မှာတုံးက မလိုအပ်ဖူးလို့ ထင်ခဲ့မိတယ်၊

အခုတော့ ကိုယ့်ဝန်းကျင်မှာ မဟာယာနဘုန်းကြီးတွေ၊ သီလရှင်တွေ ၊ တရုတ် ကိုးရီးယား ဂျပန်လူမျိုးတွေကို တွေ့လာ၇တဲ့ အခါမှာတော့ သူတို့ဘာသာအကြောင်းကို မသိလို့ မရတော့ဘူး၊ သူ့တို့ဘာသာကို အစအဆုံး ဘုရား တရားက အစ လိုက်မေးနေရတယ် ဆိုရင် ကိုယ့်မြန်မာလူမျိုး သိက္ခာတော်တော်ကျနေပြီ၊ သီတဂူဆရာတော်ကြီး ပြောတဲ့ စကားတခွန်းကို မှတ်သားမိဘူးတယ်၊ ဘယ်ဘာသာကို မဆို လေ့လာထားပါ၊ သူတို့နဲ့ စကားပြောလို့ အနိုင်လိုချင်၇င် သူ့တို့ ဘာသာရဲ့ အားနည်းချက်ကို သိနေတော့ ပြောဆိုရတာ ( နောက်ဆုံး ငြင်းခုံရင်တောင် ကိုယ်က အနိုင်ရမယ် ) သိပ်လွယ်တယ် တဲ့။ အထူးသဖြင့် စာရေးသူတို့ မြန်မာနိုင်ငံမှာ မဟာယာန ဗုဒ္ဓဘာသာ ဆိုတာ တရုတ်ဘုန်းကြီးကျောင်းတွေမှာသာ ရှိတာမို့ ရဟန်းသံဃာတွေရော ဒကာ ဒကာမတွေပါ အလှမ်းဝေးနေခဲ့ကြတယ်။ ဒါကြောင့် လက်လှမ်းမှီသလောက်ကို တင်ပြလိုက်ပါတယ်၊

ထေရ၀ါဒ ဗုဒ္ဓဘာသာ - မည်ပုံ

ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော မဟာသက္ကရာဇ် ( ၁၄၈ )ခုနှစ် ကဆုန်လပြည့်နေ့မှနောက် ၃ လလွန်မြောက်ပြီးသောအခါ အရှင်မဟာကဿပဦးဆောင်သော ရဟန္တာမထေရ် ၅၀၀ ဖြင့် ရာဇဂြိုလ်မြို့တွင်ဘုရားရှင်၏ တရားတော်တို့ကို တလုံးတပါဒမျှ ပြင်ဆင် ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ပယ်ရှားခြင်း အလျင်းမရှိခဲ့ပဲ ဟောတော်မူခဲ့သည့်အတိုင်း တသွေမတိမ်း ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။
အချုပ်အားဖြင့် ဘုရားဟောတော်မူခဲ့ပြီးသော တရားတော်တို့ကို ယနေ့အချိန်အထိ တလုံးတပါဒမျှ ပြင်ဆင်ဖြည့်စွက်ခြင်းမရှိပဲ တပည့်သား သာဝက အစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသော ၀ါဒကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ( တပည့်သား သာဝက မထေရ်အစဉ်အဆက် သယ်ဆောင်လာသော ဘုရားဝါဒ ) ဟု မှတ်နိုင်ပါသည်။

ဒုတိယ သင်္ဂါယနာ
မြတ်ဗုဒ္ဓ လွန်တော်မူပြီး သာသနာနှစ်ပေါင်း (၁၀၀)ကြာပြီးနောက် ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ်
တပည့်များ )မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည့်
အချိန်အထိ ၀ိကာလဘောဇန လုပ်နိုင်တယ်၊ သေနု(အရက်ခပ် ပျော့ပျော့ ယခုခေတ် ထန်းရည်လိုမျိုး )ကို သောက်နိုင်တယ်၊ ရွှေငွေများကို လူတွေလို စိတ်ကြိုက် ကိုင်တွယ်အသုံးပြုနိုင်တယ် -- စသဖြင့် တောင်းဆိုခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် ထိုရန်သူတို့အား ကာကွယ်ရန် ဒုတိယအကြိမ် သင်္ဂါယနာတင်ရပြန်သည်။

(၂) သာသနာနှစ် (၁၀၀)နှစ်
(၃) နေရာ ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း
(၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ
(၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀၀)
(၆) မင်း ကာလာသောကမင်း
(၇) ကြာမြင့်ချိန် (၈) လ

အရှင်ယသ၊ အရှင်ရေ၀တ အရှင်သဗ္ဗကာမီ ဦးဆောင်သော ၇ဟန္တာများ ဝေသာလီပြည်၌ သင်္ဂါယနာတင်နေစဉ် ၀ဇ္ဇီတိုင်းသားရဟန်းပျက်များကို သံဃာထု၊ မင်းပရိသတ်ထု၊ ပြည်သူလူထု ပေါင်းပြီး နှင်ထုတ်ခဲ့ကြသည်၊ ထိုရဟန်းပျက် များကာ တစ်သောင်းကျော် ပမာဏ ရှိခဲ့သည် ဟူ၏။

ထိုရဟန်းပျက်တို့ ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက်
ပြီး ရှင်ဘုရင်တစ်ပါးမှ သနားကာ ခိုလှုံခွင့်ပေးလိုက်ရာမှ ထိုရဟန်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင် တင်ခဲ့ကြသည်။

ထိုရဟန်းတို့အား တစ်သောင်းကျော်ဟူသော ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု နာမည် တွင်ခဲ့သည်၊ ထိုဂိုဏ်းမှ မဟာယာန၀ါဒ ဖြစ်လာသည်။
ထိုမှတဖန် ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ( ၇၀၀ )အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောဂိုဏ်း ( တနည်းအားဖြင့် သဗ္ဗတ္ထိဝါဒဂိုဏ်း ) ဟု ခေါ်တွင်ခဲ့သည်။ ထိုဂိုဏ်းမှ ထေရ၀ါဒ ဆင်းသက်လာပါသည်။ အမှန်ကတော့ ငါတို့က ရွာရဲ့ မြောက်ပိုင်းမှာ နေတယ် ဆိုရင် သူတို့က တောင်ပိုင်းမှာ နေတယ် ဟု အလိုလို မပြောသော်လည်း ပြောသကဲ့သို့ ထေရ၀ါဒ ကိုလည်း မဟာယာန ၀ါဒီ တို့သည် ဟီနယာန ဟု သုံးစွဲခဲ့ကြလေသည်၊

အိန္ဒိယ တောင်ပိုင်းဒေသမှ စကာ ပြန့်နှံ့ခဲ့သောကြောင့် တောင်ပိုင်းဗုဒ္ဓဘာသာ(ထေရ၀ါဒ) ဟုလည်းအလွယ်တကူ မှတ်နိုင်ပေသည်။ ယခုအချိန်အထိ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို နိုင်ငံတို့တွင် သာသနာထွန်းကားနေဆဲမို့ ထေရ၀ါဒ ၅ နိုင်ငံ ဟု အများက အသိအမှတ်ပြု လက်ခံထားဆဲဖြစ်သည်။

မဟာယာနမှာတော့ မဇ္ဈိမဒေသ အိန္ဒိယပြည် မြောက်ပိုင်း ဟိမ၀န္တာကနေ ပြန့်ပွားခဲ့သောကြောင့် မြောက်ပိုင်း ဗုဒ္ဓဘာသာ ( မဟာယာန ) ဟု မှတ်နိုင်သည်၊ဘီစီ ၁ ရာစု မှ စကာ အေဒီ ၁ ရာစု အအတောအတွင်း မဟာယာန ၀ါဒ စတင်ဖြစ်ပေါ်လာသည်ဟု သိရသည်၊ မဟာယာနတို့၏ Saddharma Pundarika Sutra သဒ္ဓမ္မပုဏ္ဍရိက သုတ်တွင်မူ အေဒီ ၂ ရာစုမှ စကာ ခေါင်းဆောင်ဖြစ်သော Nagarjuna နာဂဇုန သည် သူ၏ သုညတ၀ါဒကို စွဲကိုင်ကာ အင်အားကြီးမားစေခဲ့သည်၊ အေဒီ ၄ ရာစုလောက်တွင်တော့Asanga အသင်္ဂ နှင့် Vasubandhu ၀သုဗန္ဓု တို့ လက်ထက်တွင် မဟာယာနဘာသာသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိအောင် ပြန့်ပွားခဲ့သည်ဟု ဆိုရပါမည်။
( မဟာ - မြင့်မြတ်သော၊ ယာန - နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော အရာ၊ ယာဉ်ဟူသော၊ ၀ါဒ - အယူရှိသူ )

ထိုအချိန်မှစ၍ မြောက်ပိုင်း ဗုဒ္ဓဘာသာ ခေါ် မဟာယာန သည် တရုတ်ပြည်၊ တိဗက်၊ ပါကစ္စတန်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကိုးရီးယား ဂျပန် စသော တောင် အာရှ နိုင်ငံများအထိ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် ပြန့်ပွားခဲ့သည်၊ ထိုနိင်ငံတို့တွင် ထေရ၀ါဒ ဘာသာ အားကောင်းစွာ ပျံ့နှံ့သည်ဟူ၍ မကြားဖူးခဲ့ပေ။ အနည်းစုတော့ ရှိခဲ့လိမ့်မည်၊ ထို့ကြောင့် တရုတ် ဂျပန် ကိုးရီးယား တို့၏ ဘာသာရေး အခန်းကဏ္ဍများတွင် တုံးခေါက်ခြင်း၊ ဖယောင်းတိုင် အမွှေးတိုင် ထွန်းခြင်း သေသူအား ရည်စူးကာ စက္ကူများအားမီးရှို့ ပြာချခြင်း စသည်များသည် နိုင်ငံ ဓလေ့ ယဉ်ကျေးမှု့အရ အနည်းငယ် ကွဲလွဲသည်မှအပ တူညီနေကြပေသည်။

ပြိုကျခါနီး အိမ်ကို ကျားကန် ထားရသလိုဖြစ်နေတဲ့ မဟာယာန ဘာသာဟာ နောက်ပိုင်းခေတ်မှာတော့ ဂျပန်နိုင်ငံက စပြီး ရဟန်းတော်များ အိမ်ထောင်ပြုသင့်တဲ့ဂိုဏ်း၊ မပြုသင့်တဲ့ ဂိုဏ်း ဆိုပြီး ကွဲပြားလာတယ်၊ တချို့အရက်သောက်ကြတယ်၊ တချို့က မသောက်ဘူး၊ တချို့သက်သက်လွတ်စားတယ်၊ တချို့က မစားကြဘူး၊ ဒါကြောင့် ယခုအချိန်မှာ ကိုးရီးယား ဂျပန် ဘုန်းကြီးတော်တော်များများဟာ
အိမ်ထောင်ရှိကြတယ်၊ အရက်သောက်ကြတယ်၊ ပါတီ နိုက်ကလပ်တက်ကြတယ် လို့ တဆင့်စကား ကြားဖူးပါတယ်၊ တရုတ်၊ တိဗက် ဟောင်ကောင် ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာ ရှိတဲ့ မဟာယာနဘုန်းကြီး တွေကတော့ အိမ်ထောင်ပြုတယ် လို့ မကြားမိပါဘူး၊ ဒါကြောင့် သူတို့ကတော့ နည်းနည်း သန့်ရှင်းသေးတယ် လို့ ယူဆ၇မှာပါ။ သက်သက်လွတ်ဝါဒကတော့ တော်တော် ကြီးစိုးနေဆဲပါပဲ၊ ဒါကလဲ ဘုရားရှင်လက်ထက်တော်အခါကတည်းက အရှင်ဒေ၀ဒတ်က တောင်းဆု ငါးပါးထဲမှာ ရဟန်းတော်များသက်သက်လွတ် စားဖို့ သိက္ခာပုဒ်ပညတ်တော်မူပါဘုရား - ဆိုပြီး တောင်းပန်ခဲ့ဖူးပေမယ့် ဘုရားရှင်က ခွင့်မပြုခဲ့ဘူး။

အရင်းစစ်တော့ အမြစ်မြေက - ဆိုသလို မြောက်ပိုင်း ဗုဒ္ဓဘာသာခေါ် မဟာယာန၀ါဒ ဟာလဲ ဒုတိယသင်္ဂါယနာ တင်ချိန် ကတည်းက အဓမ္မ၀ါဒက နေ ဆင်းသက်လာတာမို့ အယူဝါဒတော်တော်များများ လွဲနေတာ မထူးဆန်းတော့ပါဘူး။

လွတ်မြောက်ရာ လမ်းများ နှိုင်းယှဉ်ချက်
ထေရ၀ါဒ ဘာသာ တွင် နိဗ္ဗာန် ပန်းတိုင်သို့ -
၁ ။ သမ္မာသမ္ဗုဒ္ဓ အဖြစ်နှင့် ကူးမြောက်ခြင်း၊
၂ ။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်အဖြစ် ကူးမြောက်ခြင်း၊
၃ ။ သာဝက ဗောဓိ - ခေါ် ရဟန္တာအဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုးရှိသည်။

မဟာယာန ဘာသာတွင်လည်း -
Bodhisattvayana, ( ဗောဓိသတ္တ ယာန ) ဘုရားအလောင်းယာန၊
Prateka-Buddhayana, ( ပစ္စေက ဗုဒ္ဓယာန ) ပစ္စေဗုဒ္ဓါလောင်း ယာန၊
Sravakayana ( သာဝက ယာန ) သာဝကလောင်း ယာန၊ဖြင့် ကူးမြောက်ခြင်း ဆိုပြီး တူညီသော အမျိုးအစားများ တွေ့ရသည်။

ထေရ၀ါဒ နှင့် မဟာယာန၀ါဒတွင် တူညီသော အင်္ဂါ ( ၆ ) ချက်
(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊

(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။

Mahayana and Theravada
Now, what is the difference between Mahayana and Theravada?
I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between Theravada and Mahayana with regard to the fundamental teachings.

1- Both accept Sakyamuni Buddha as the Teacher.
2- The Four Noble Truths are exactly the same in both schools.
3- The Eightfold Path is exactly the same in both schools.
4- The Paticca-samuppada or the Dependent Origination is the same in both schools.
5- Both rejected the idea of a supreme being who created and governed this world.
6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.

အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က တရားတော်တွေ မဟုတ်ဘဲ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် အပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။
ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒပါ။
ထေရ၀ါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်
သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။

ဖားအောက်ဆရာတော်ကြီးရဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်ကို နာဖူးပါတယ်၊
မဟာယာန အယူဝါဒမှာ - အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘ၀ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ ရဟန္တာအဖြစ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။

ထေရ၀ါဒ မှာတော့ မဟုတ်ဘူး - ပုထုဇဉ်ဘ၀ကနေ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အစဉ်အတိုင်းဖြစ်ပြီးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုရတာပါပဲ၊ နောက်ဆုံးဘ၀ပေါ့၊ သူ့အတွက် ဒီဘ၀ ဒီခန္ဓာကိုယ်ဟာ နောက်ဆုံးပါပဲ၊ ဘုရားဟောထားတဲ့ စကားလေးတခွန်းရှိတယ်၊ ရဟန္တာဖြစ်တဲ့သူ များလဲ ပြောလေ့ရှိကြတယ်၊ အထူးသဖြင့် ဘုရားရှင်ကိုယ်တိုင်ပါ။

(၁) အကုပ္ပါ မေ ၀ိမုတ္တိ = ငါ၏ ရရှိပြီးသော အရဟတ္တဖိုလ် ဥာဏ်သည် ဘယ်လိုအကြောင်း
ကြောင့်မှ မပျက်စီးနိုင်တော့ပေ။
(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀သည် နောက်ဆုံးဘ၀ပဲ။ နောက်ထပ် ဘ၀သစ် ဆိုတာ မရှိတော့ဘူး၊
(၃) နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ - ၇ဟန္တာ ဖြစ်ပြီးရင် နောက်ထပ် ကျင့်ကြံစရာ လုံးဝ မရှိတော့ဘူး - တဲ့။

ဒါကို ထောက်သောအားဖြင့် ထေရ၀ါဒဟာ အားလုံး ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။
မဟာယာနမှာတော့ ကိုယ်မကြိုက်တာတွေကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့်လိုက်၊ အသစ်ထပ်တိုးလိုက်နဲ့ ခေတ်အ ဆက်ဆက် ဖြတ်သန်းခဲ့တာမို့ ဘယ်တရားက ဘုရားဟော တရား အစစ်အမှန်လဲ ဆိုတာ တိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါပြီ။ စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာ ရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ ဟုသာ တိုက်တွန်းစကားဆိုရင်း နိဂုံး ချုပ်ပါရစေ --

ကိုးကား --
စူဠ၀ါပါဠိတော်
အနတ္တလက္ခဏသုတ်တော်
ဖားအောက် တရားတော်
Theravada-Mahayana Buddhism written by Ven. Dr. W. Rahula
ဒေါက်တာ ၀ါလ်ပိုလ်လာ ရာဟုလာ ရဲ့ အမြင်များကိုလည်း ဒီနေရာမှာ လေ့လာနိင်ပါသေးတယ်။

Read more...

ဘ၀သံသရာ... ၂ (ဗုဒ္ဓ၏ဗုဒ္ဓဝါဒ အရှင်ကောဝိဒ (ယော))

ဘ၀သံသရာ... ၂










Read more...

ဖန်တွတွ

Tuesday, 18 May 2010 17:33 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

အရှင်ဉာဏိကာဘိဝံသက မိမိရဲ့ ၀က်ဘ်ဆိုက်ထဲမှာ ရဝေနွယ်ရဲ့ “ ဂတိချိုချို ဂတိခါးခါး “ကို ဓာတ်ပုံလေးများနဲ့အတူ ကြည့်ရှု ဖတ်ရတဲ့အကြောင်း ပြောလာပါတယ်။ အဲဒါနဲ့ မိမိက “ ရဝေနွယ်ကတော့ အချို နဲ့ အခါး ရေးပြီးသွားပြီ၊ အရသာ ခြောက်ပါးစုံ သွားအောင် အရှင်ဘုရားက ဖန်တာလေး ရေးဦးလေ “ လို့ စလိုက်မိတယ်။ အရှင်ဉာဏိကက “ ရေးရင်တော့ အဖန်ကတော့ မရေးဘူး၊ တပည့်တော်က အစပ်ကြိုက်သူ ဆိုတော့ ခပ်စပ်စပ်ဘဲ ရေးမယ် “ လို့ သူကလည်း မိမိကို ပြန်စတယ်။ ဒါနဲ့ အဲဒီညနေ နာရီပိုင်း အတွင်းမှာပဲ မိမိဆီကို အရှင်ဉာဏိကက “ ဂတိမစပ်စေဘို့ သတိကပ်လို့ နေကြတာပေါ့ “ ဆိုတဲ့ ဆောင်းပါးလေး ရေးပို့လာတယ်။

Resized_Munomoma fall

ဒါနဲ့ မိမိက အဲဒီ ဆောင်းပါးလေးကို ၀က်ဘ်ဆိုက်ပေါ်မှာ တင်ဘို့ ပြင်ဆင်နေတုန်း အရှင်နေမိန် နဲ့ အရှင်ရဝေနွယ်တို့ အနားရောက်လာတဲ့အခါ “ ကိုယ်တော်တို့ရေ အရသာ တွေကတော့ စုံသလောက် ရှိသွားပြီ၊ ဖန်တာလေးဘဲ လိုတော့တယ်လို့” ပြောမိတယ်။ ဦးနေမိန်က “ အရှင်ဘုရားကလဲ ဖန်တာများ ခက်လို့ ရဝေနွယ် ဖန်ထားတာ ရှိတယ်လေ၊ အဲဒါလေး တွဲတင်လိုက်ပါလား “ လို့ အကြံပြုတာနဲ့ ဆရာတော်ရဝေနွယ်ရဲ့ “ဖန်တွတွ” လေးကို ရောစပ်ပေး လိုက်တာပါ။ အရှင်ရဝေနွယ်ကတော့ ဘေးကနေ ကြည့်ပြီးတော့ မျက်နှာက ပြုံးစိစိနဲ့ ပြုံးပြီးနေလေရဲ့၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ပြုံးတယ် ဆိုတာကတော့ ထိုအရှင်ဘဲ သိမှာပါလေ။

ဖန်တွတွ

မနေ့က ၀ယ်ခဲ့တဲ့ Panasonic ကက်ဆက်လေးကို ကြည့်ပြီး သူငယ်ချင်းကို သတိရနေဖြစ်ပါတယ်၊ အမှန်တော့ အရင်သုံးနေကျ ကက်ဆက်ကလေးက အခိုးခံလိုက်ရလို့ နောက်တစ်လုံး ထပ်ဝယ်ရတာပါ။ အဲဒီ သူခိုးနောက် ပါသွားတဲ့ Panasonic ကက်ဆက်ကလေးက စာမေးပွဲအောင်စဉ်က ဆရာဟိန်းလတ်က ဓမ္မလက်ဆောင်အဖြစ် ပေးခဲ့တဲ့ ကက်ဆက် ကလေးပါ။ (ဆရာဟိန်းလတ်လည်း လက်ဆောင်ရခဲ့တာလား မသိပါဘူး။) ကက်ဆက်က အစဉ်သဖြင့် သုံးနေရတာဆိုတော့ နောက်တစ်လုံး သွားဝယ်ရပါတယ်။ သူငယ်ချင်းက အဖော်အဖြစ် လိုက်ပေးပါတယ်။Resized_View 3

သိတဲ့ အတိုင်းပါဘဲ အရောင်းပြခန်းမှာက အမျိုးအစားစုံသလို ဈေးလည်း မျိုးစုံပါ။ အဲဒီနေ့က ဈေးမြင့်မြင့် ကက်ဆက် ကလေးကို အကြိမ်ကြိမ် ကိုင်ကြည့်ပြီးမှ (စာအုပ်ရိုက်ဖို့ ငွေလည်း ကုန်စရာ ရှိနေသေးတာဆိုတော့) ဈေးခပ်သင့်သင့် ကက်ဆက်လေးကိုပဲ ၀ယ်ဖြစ်ခဲ့ပါတယ်။ လမ်းတစ် လျှောက်လုံး လိုချင်ရက်နဲ့ ထားခဲ့ရတဲ့ ဈေးမြင့်မြင့် ကက်ဆက် ကလေး အကြောင်း မိမိက တဗျစ်တောက်တောက် ပြောလာခဲ့တာဆိုတော့ သူငယ်ချင်းဖြစ်သူက အောက်ပါ ပုံဝတ္ထုလေးကို ပြောပြပါတယ်။

ကိုယ်ပြောပြမဲ့ ပုံဝတ္ထုကလေးက စကားလုံးအရ နည်းနည်းတော့ ရိုင်းနေမလား မသိဘူး၊ ရိုင်းနေရင်ရင်လည်း နားနဲ့မနာ ဖ၀ါးနဲ့ နာပေါ့ကွာ၊ ဒါပေမဲ့ ကိုယ်ရဲ့ ဘ၀ခရီး တစ်လျှောက်လုံးမှာတော့ တော်တော်လေး အသုံးဝင်ခဲ့တဲ့ ပုံဝတ္ထု ကလေးပဲ။

+++++++++++++

တစ်ခါတုန်းက အမတ်ကြီး တစ်ယောက်က မိဖုရားကြီး တစ်ပါးဆီကို အခစား ၀င်ရင်း မိဖုရားကြီး နေရာထိုင်မှု အပြောင်းအရွှေ့မှာ မမြင်သင့်တဲ့အရာကို မြင်သွားတယ်တဲ့။ အဲဒီနေ့ကစပြီး အမတ်ကြီးက သူ့ရဲ့အမတ်ကတော် ကြီးကို စိတ်မ၀င်စားတော့ဘူးတဲ့။ စိတ်က မိဖုရားကြီး ဆီမှာပဲ ရောက် ရောက်နေတယ်တဲ့။ ပြီးတော့ အမတ်ကြီးက တမှိုင်မှိုင် တထွေထွေနဲ့ ဖြစ်ပြီး ဘာအလုပ်မှလည်း ကောင်းကောင်း လုပ်လို့ မရတော့ဘူးတဲ့။ ကြာလာ တော့အစားပျက် အအိပ်ပျက်ပါ ဖြစ်လာပြီး လူက ပိန်ချုံးလာတယ်။

နောက်ဆုံးတော့ မိဖုရားကြီးက ဒီအကြောင်းကို သိသွားတယ်။ မိဖုရားကြီးကလည်း ပညာရှိပုံရတယ်။ ဒါ့ကြောင့် မိဖုရားကြီးက ရွှေခွက်ရယ်၊ ငွေခွက်ရယ်၊ ကြေးခွက်ရယ် ခွက် သုံးခွက်ထဲကို ပုန်းရည် အနည်းငယ်စီကို ထည့်ပြီး ခုံတစ်လုံးပေါ် တင်ထားလိုက်တယ်။ ပြီးတော့ အမတ်ကြီးကို အခစားဝင်ဖို့ ခေါ်လိုက်တယ်။ အမတ်ကြီး ရောက်လာတော့ ပထမဆုံး ကြေးခွက်နဲ့ ထည့်ထားတဲ့ ပုန်းရည်ကို တိုက်လိုက်တယ်။ အမတ်ကြီး သောက်ပြီးသွားတော့ မိဖုရားကြီးက “ အမတ်ကြီး ဘယ်လိုနေလဲ “ လို့ မေးတယ်။ အမတ်ကြီးက “ ဖန်တွတွပါဘုရား “ လို့ ဖြေလိုက် တယ်တဲ့။

နောက်ငွေခွက်နဲ့ ထည့်ထားတဲ့ ပုန်းရည်ကို တိုက်လိုက်ပြန်တယ်တဲ့။ ပြီးတော့ရှေးက မေးခွန်းအတိုင်း ‘ အမတ်ကြီး ဘယ်လိုနေလဲ ‘ လို့ မေးတယ်။ အမတ်ကြီးကလည်း ရှေးကအဖြေအတိုင်းပဲ ‘ ဖန်တွတွပါဘုရား’ လို့ ဖြေတယ်။ နောက်ဆုံး ရွှေခွက်နဲ့ထည့်ထားတဲ့ ပုန်းရည်ကို တိုက်လိုက်ပြန်တယ်။ ရှေးက အတိုင်းပဲ ‘ အမတ်ကြီး ဘယ်လိုနေလဲ ‘ ပေါ့။ အမတ်ကြီး ကလဲ ရှေးကအတိုင်းပဲ ‘ ဖန်တွတွပါဘုရား ‘ ပေါ့။ ခွက် သုံးခွက်နဲ့ ပုန်းရည်တိုက်ပြီးသွားတော့ ခေတ္တခဏတော့ အသံတွေ အပြုအမူတွေ တိတ်ဆိတ်သွားတယ်။

အမတ်ကြီးကလည်း ခေါင်းကို ငုံ့ပြီ မိဖုရားကြီးဆီက ဘာဆက်မိန့်မယ်ဆိုတာ စောင့်နေတယ်။ မိဖုရားကြီးကလည်း ရှေ့ဆက်ပြီး ပြောမယ့် စကားလုံးအတွက် စကားလုံး ရွေးချယ်နေပုံရတယ်၊ တအောင့်လောက် ကြာမှ မိဖုရားကြီးဆီက အသံထွက်လာတယ်။ “အမတ်ကြီးရယ် ပုန်းရည်ဆိုတာ ခွက်သာ ပြောင်းသွားတာ အရသာကတော့ ဖန်တွတွပါပဲ” တဲ့။

အဲဒီနေ့ကစပြီး အမတ်ကြီးလည်း ကျန်းကျန်း မာမာနဲ့ ပုံမှန်အလုပ်တွေကို ပြန်လုပ် သွားနိုင်တယ်တဲ့။ ပုဏ္ဏေးမကြီး ကိုလည်း စိတ်ပြန်ညွှတ်သွားပါသတဲ့။ ကိုယ်ပြောပြတဲ့ ပုံဝတ္ထုလေးက အလင်္ကာ သဘောအရ ဂါမ္မဒေါသများ သင့်နေ မလားမသိဘူး။ ဒါပေမယ့် ကိုယ့်ဘ၀ တစ်လျှောက်လုံးမှာတော့ တော်တော် အသုံးဝင်ခဲ့တဲ့ ပုံဝတ္ထုလေးပဲ။ လူသားတွေ ရှိနေသရွေ့ စွဲမက်စရာ အာရုံသစ် တွေကတော့ ဆင့်ကဲဆင့်ကဲ ပေါ်နေမှာပဲ။ အဲဒီအာရုံသစ်တွေနဲ့အတူ လူတွေရဲ့ အလိုဆန္ဒ သစ်တွေကလည်း ဆင့်ကဲဆင့်ကဲ ပေါ်နေမှာပဲ။

အာရုံသစ်နဲ့ အလိုဆန္ဒသစ်ကြားမှာ ဖြေဆည်ရာ နှလုံးသွင်းတစ်ခုခု မရှိခဲ့ရင် ကိုယ်တို့ဟာ အလိုဆန္ဒသစ်ရဲ့ သားကောင်တွေ အဖြစ်နဲ့ပဲ လောကဇာတ်ခုံပေါ်မှာ တစ်သံသရာလုံးက, သွားကြရလိမ့်မယ်။ အဓိကကတော့ အလို ဆန္ဒသစ်ရဲ့ သားကောင်တွေ မဖြစ်ဖို့ဘဲ။

စာရေးဆရာ ခုဝယ်ခဲ့တဲ့ ကက်ဆက်က အသံလည်း ကြည်တယ်၊ အသံဖမ်းကြည့်တော့လည်း ကျေနပ်တဲ့အသံကို ရတယ်။ ဒီတော့ ဘာလိုသေးလို့လဲ။ စာရေးဆရာရယ် တချို့အရာတွေဟာ ဖန်တွတွတွေပါ။

ကက်ဆက်ကလေးကို အသုံးပြုဖြစ်တိုင်း သူငယ်ချင်းကို သတိရနေဖြစ်တော့မှာပါ။ သူငယ်ချင်းကို သတိရ ဖြစ်တိုင်းလည်း သူပြောပြတဲ့ ‘ ဖန်တွတွ ‘ ပုံဝတ္ထုလေးကိုပါတွဲပြီး သတိရနေဖြစ်မှာပါ။

ဘာပဲပြောပြော သူငယ်ချင်းရဲ့ ပုံဝတ္ထုလေးက အာရုံသစ်တွေနဲ့ အလိုဆန္ဒသစ် တွေရဲ့ ကြားထဲမှာ ဖြေဆည်ရာ နှလုံးသွင်း တစ်ခုအနေနဲ့ တစ်ထောင့် တစ်နေရာက အကျိုးပြုနေတော့မှာပါ။

ကျမ်းကိုး။ ။ ရဝေနွယ်(အင်းမ)

အခြေပြုပဋ္ဌာန်းတရားတော် စာမျက်နှာ-၃၇၃။

အရှင်ဇနကာဘိဝံသ။

ပေါ်ပြုလာဂျာနယ်

၂၄-၉-၂၀၀၂။

Read more...

မေလ (၁၉) ရက်နေ့ တရားအစီအစဉ်များ..

မြန်မာစံတော်ချိန် ၀၀း၀၀ နာရီ မှ ၁၃း၃၀ နာရီ အထိ
သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ ဟောကြားတော်မူသော...
၁) သာသနာကွယ်ကြောင်းတရားပေါင်း
၂) ကောင်းမှု(၇)မျိုး
၃) ၀ိဟာရအနုမောဒနာတရား
၎) သစ္စာလေးပါးတရားတော်
၅) လောက၏ သဘော
၆) မေတ္တာတရား
၇) မြတ်ဘုရားရွှေတိဂုံ
၈) ချမ်းသာသုခ တရားလေးပါး
၉) လောကသုတ္တန်
၁၀) ဗောဓိပူဇာ တရားတာ် များ

မြန်မာစံတော်ချိန် ၁၃း၃၀ နာရီ မှ ၁၅း၃၀ နာရီ အထိ
ဆရာတော် ဦးကုသလ ဟောကြားတော်မူသော...
၁) နန္ဒိယဇာတ် ကို ထုတ်လွှင့်မည်ဖြစ်ပါကြောင်း။

ကျန်ရှိနေသော အစီအစဉ်များကို ဆက်လက်ဖော်ပြပါမည်။

Read more...

ညီတော်အာနန္ဒာ ... ၂ ရုပ်သံ (ဒယ်အိုး ဆရာတော်)




ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ မိုးကုတ်ဓမ္မကထိက

ညီတော်အာနန္ဒာ ... ၂
video




တရားနာပြီး တရားအတိုင်း ကျင့်ကြံနိုင်ကြပါစေ

Read more...

The Slayer with a Drawn Sword

by Cittasamvaro

The Path of Enlightenment is not for everyone. For one thing, it takes dedication, almost an obsession. The thought of enlightenment needs to always present in mind.

This is what Zen monks are doing with their Koans – they are ways to balance the mind in openness. Enlightenment, or Satori as it is known in Zen, reveals itself in a flash when one keeps the mind in equipoise.

But as many sages have pointed out, it is few who really fill their being with the necessary emptiness, and readiness. Even for ardent meditators.

As with most good teachings, this idea has its source in the Suttas:

Amid all phenomena, the thought of Nibbana shall be present with me, as a slayer with a drawn sword

AIII 309 (PTS Trans)

The mindfulness training we do is directed to this end. Mindfulness can be brought to every activity. After a while, you are not mindful of what you are doing … you remain mindful despite what you are doing.

Read more...

ပူနေးကျောင်းသားဘ၀ (အပိုင်း-၂)


ပူနေးတက္ကသိုလ် M.A တန်းအတွက် ပညာသင်လိုသူများအတွက် သိသင့်သိထိုက်သော အချက်အလက်များ ဖြစ်ပါသည်။

ယာယီလက်မှတ်
Admission Letter or Eligible Letter

သူငယ်ချင်းတစ်ယောက်က မေးတယ်၊ အရှင်ဘုရား- အရှင်ဘုရားတို့ ပူနေးတက္ကသိုလ်တက်ချင်ရင် Admission Letter or Eligible Letter ကို ဘယ်လို ရအောင်လုပ်မလဲ ဘုရားတဲ့ ဆိုတဲ့ မေးခွန်းသည်လည်း အရေးပါနေ၍ ကျွန်ုပ်နှင့်ဖီလိုဆိုဖီ ပို့စ်မတင်မီ ပူနေးတက္ကသိုလ်တက်ရန် စိတ်ဝင်စားသည့် ကျောင်းသားများအတွက် ရည်ရွယ်၍ ဤပို့စ်ကို တင်လိုက်ရပါသည်။
မှန်ပါသည်၊ မေးသင့်သည့် မေးခွန်းဖြစ်သည့်အပြင် အကျိုးများမည့် မေးခွန်းလဲဖြစ်ပါတယ်၊ ဒီအချက် တင်ပြဘို့ မေ့သွားခဲ့ပါတယ်၊ ပူနေးကျောင်းသားတစ်ယောက် ဖြစ်ဘို့ရန် အလွန်အရေးပါသည့် မေးခွန်းတစ်ခုဖြစ်ပါသည်၊ ဤ Letter မပါဘဲ student visa မရနိုင်ပါ၊ အိန္ဒိယသံရုံးက တက္ကသိုလ်တစ်ခုခုက ကျောင်းသားဖြစ်ကြောင်း လက်ခံလိုက်တဲ့ admission စာတစ်စောင်ပါမှ ကျောင်းသားဗီဇာ အတွက် ၂ နှစ်စာ ထုတ်ပေးသည် ထိုနှစ်နှစ်စာအတွက် အမေရိကန် ဒေါ်လာ ၇၅ ပေးဆောင်ရသည်။

ကိုယ့်နေရာကနေ Admission Letter or Eligible Letter ဘယ်လို ရအောင် လုပ်မလဲ?

အိန္ဒိယပြည်၊ ကိုယ်တက်ရောက်မည့် တက္ကသိုလ်သို့ ကိုယ်တိုင် သွားရလျင် သွားစရိတ် ပြန်စရိတ် အမေရိကန် ဒေါ်လာ ၇၀၀ လောက် ကုန်ကျဦးမည်။ ဒါမှမဟုတ် လူကြုံနှင့်ပို့ပြန်လျင်လဲ အပြန်အသွားဆိုတော့ အချိန်ကြာမည်၊ စိတ်လဲ မချရပေ။ မြန်မာပြည်မှာ အင်တာနတ်ခေတ်တွေ ခေတ်မစားခင်က အဲဒီလို လူကြုံနှင့်ပို့ကြရသည်၊ ဒါမှမဟုတ် ကိုယ်တိုင် သွားပြီး ဆောင်ရွက်ရသည်၊ လူပန်း ငွေကုန် အချိန်ကုန်ခေတ်ပေါ့။ ယခုအခါမှာ အင်တာနတ်တွေ အီမေးလ် တွေ အဆင်ပြေလာတော့ လူကိုယ်တိုင် သွားစရာမလိုတော့ပေ၊ google ကို အထူးကျေးဇူးတင်ရပေသည်။ အဲဒီတော့ အဲဒီ စာကို ကိုယ့် ပြည်တွင်းကနေဘယ်လို ရအောင် လုပ်မလဲ?

အိန္ဒိယမှာ ကိုယ့်သူငယ်ချင်း၊ ဒါမှ မဟုတ် ကိုယ့်အတွက် အကူအညီပေးနိုင်မည့် မိတ်ဆွေ လိုပါသည်၊ အကောင်းဆုံးက ကိုယ်တက်ရောက်မည့် တက္ကသိုလ်တွင် တက်ရောက် ပညာသင်ဆဲ ပုဂ္ဂိုလ်ဆိုလျင် ပိုအဆင်ပြေသည်၊ အကြောင်းကား သွားရ လာရတာမလွယ်ကူပါ၊ အိန္ဒိယပြည်ကြီးသည် အလွန်ကျယ်ဝန်းသည်ဖြစ်ရကား တနေရာနှင့် တနေရာ သွားဘို့ဆိုတာ ခက်ခဲပါသည်။ ရုံးကိစ္စများသည်လည်း တစ်ရက်တည်းနှင့် ပြီးသည်မဟုတ်၊ ခဏခဏ ရုံးကိုသွားရသည်၊ ကုလား tomorrow တို့ ဧ မိနစ် တို့ဆိုတာ အလွန်ကြောက်စရာပါ၊ tomorrow ဆို တစ်ပတ်လောက်တော့ အနဲဆုံး သွားရသည်။ ထို့ကြောင့် ကိုယ်တက်ရောက်မည့် တက္ကသိုလ်နှင့် ဘာသာရပ်ကို အတိအကျ ပြောဘို့ လိုသည်၊ ဟိုတက္ကသိုလ်တက်ချင်သလိုလို ဒီတက္ကသိုလ်လိုလို ဟိုဘာသာရပ်တက်ချင် သလိုလို ဒီဘာသာ ယူချင်သလိုလို ၀ါးတားတား လုပ်နေရင် လုပ်ပေးရသည့် ပုဂ္ဂိုလ်အတွက် အရမ်းကို ခက်ခဲပါသည်။ ဒါ့ကြောင့် အတိကျသာ ပြောလိုက်ပါ။

ဘာတွေ လိုအပ်သလဲ
ကိုယ်တက်ရောက်မည့် တက္ကသိုလ်နှင့် ဘာသာရပ်တို့ကို ဖြစ်နိုင်ခြေရှိသည့် (လုပ်ပေးနိုင်သူ) သူအား အတိအကျပြောပြီး၊ ကိုယ့်ရဲ့ ကိုယ်ရေးရာဇ၀င် စသည်တို့ကို ပို့ပေးရပါသည်။ အဲဒါတွေကတော့ (၁) ပတ်စပို့ (၂) ပတ်စ်ပို့ ဓာတ်ပုံဆိုဒ် ပုံများ (၂) အောင်လက်မှတ် certificate (၃) ထိုအောင်လက်မှတ်ရဲ့ အမှတ်စာရင်း Mark sheet (၄) မွေးစားရင်း Birth Certificate (၅) တက္ကသိုလ်တစ်ခုခုရဲ့ ထောက်ခံစာ (အောင်လက်မှတ်ရခဲ့သည့် နေရာ) No Objection (၆) ဖြစ်နိုင်ရင် ကိုယ့်အတွက် လုပ်ပေးမည့်သူထံ အမေရိကန် ဒေါ်လာ ၅၀ ကြိုပို့ပေးထားလျင် ပိုကောင်းသည်၊ အထက်ပါ အချက်အလက်များကို စကန် scan ဖတ်ပြီး အီးမေးလ်ကနေ ပို့နိုင်ပါသည်။ အကြောင်းကား (၁)လျှောက်လွာများ ၀ယ်ခြင်း၊ (၂) Notary ခေါ် ရှေ့နေ ထောက်ခံစာ ရအောင် ယူခြင်း၊ (၃) လျှောက်လွှာတင်ခြင်းနှင့် စရိတ်စကတွေ ရှိနေပါသည်။

အချိန်
ဘယ်အချိန် အဲဒီ Admission Letter ထွက်လာမလဲဆိုတော့ အတိအကျ ပြော၍ မရပါ။ သီတဂူစတားတုန်းက လုပ်ပေးနေတဲ့ သူငယ်ချင်းအား ခဏခဏ အပူတိုက်မိသည်၊ မရသေးဘူးလား မထွက်သေးဘူးလား ကြာလှပါလား စသည်ဖြင့် ပြောမိသည်၊ သူစိတ်ဆိုးသည်၊ ဟုတ်ပါသည် သီတဂူစတားလဲ အခြေအနေကို ကောင်းကောင်းမသိခဲ့၊ သူငယ်ချင်းနှစ်ယောက်အတွက် ကိုယ်တိုင်ကိုယ်ကျ လုပ်ပေးလိုက်တော့မှ အတွေ့အကြုံရလိုက်သည်။ International Center ကို ခေါက်တုန့်ခေါက်ပြန်သွားနေရသည်၊ ကျောင်းသားအသစ် လက်ခံချိန်ဖြစ်တာကြောင့် ဒီထွက်လာမည့် စာလေးတစ်ဆောင်ရဘို့ သွားစောင့်ရတာမလွယ်၊ တန်းစီနေရသည်၊ ရောက်သွားပြန်တော့လဲ ကိုယ့်လူအတွက် စာက ထွက်မလာသေး၊ နောက်နေ့ ထက်သွား တန်းစီရပြန်၊ ကိုယ့်ရှေ့မှာက နိုင်ငံပေါင်းစုံက ကျောင်းသာတန်းရှိသည်၊ မြန်မာပြည်မှာတုန်းကလို ဘုန်းကြီးပဲ ဆိုပြီး ရှေ့မှာကျော်တက်လို့မရပါ။ အဲဒီအချိန်မှာတော့ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုကို သတိရမိသည်၊ လွမ်းမိသည်။

ပုံမှန်ကျောင်းသားလက်ခံချိန်
ကျောင်းသားလက်ခံချိန်သည် ယေဘုယျအားဖြင့် တက္ကသိုလ်ကြီးတွေမှာ တူညီကြပါသည်။ လုပ်ထုံးလုပ်နည်းလေး နဲနဲတော့ ကွာကြသည်၊ ပူနေးတက္ကသိုလ်ကျောင်းသား စတင်လက်ခံချိန်သည် June လမှာ ဖြစ်ပြီး admission ကတော့ လျှောက်လွာများတင်ပြီး ၂၀ ရက် သို့မဟုတ် တစ်လ ထိရှိနိုင်သည်။ admission ပိတ်ချိန်သည် July လက်ကုန်အထိဖြစ်နိုင်ပါသည်။ ၀င်ခွင့် စာမေးပွဲသည် August လ ပထမဆုံးတနင်္ဂနွေနေ့ ကျင်းပသည်။ ကျောင်းစဖွင့်ချိန်ကတော့ August လမှာပဲ စဖွင့်သည်။ Admission ထွက်လာလျင် အိန္ဒိယမှ ဆောင်ရွက်ပေးနေသူက ကိုယ့်ရဲ့ admission ကို စကန်ဖတ်ပြီး အီးမေးလ်နှင် ပြန်ပို့ပေးပါလိမ့်မည်၊ ရရခြင်းပဲ ထိုစာဖြင့် အိန္ဒိယသံရုံးကို သွားကာ ကျောင်းသား ဗီဇာ လျှောက်လေသတည်း။ ဤ admission သည် ဗီဇာလျှောက်ရန် ယာယီကျောင်းသားဖြစ်ကြောင်း လက်မှတ်ပဲဖြစ်ပါသည်၊ တကယ့်ကျောင်းသားဖြစ်ဘို့ကိုတော့ ကိုယ်တက်မည့် တက္ကသိုလ်ရောက်ခါမှသာ ရုံးကိစ္စတွေ ဆက်လက် လှုပ်ရှားရပါသည်။ သို့ဖြစ်ပါသောကြောင့် ပူနေးတက္ကသိုလ်တက်ရန် ပြင်စင်ထားသူများ ရှေးဦးစွာ သိထားရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်နှင့် ဖီလိုဆိုဖီ (အပိုင်း-၁) ပို့စ်ကို ဆက်လက်တင်ပါဦးမယ်။

ရွှင်လန်းချမ်းမြေ့ပါစေ။

သီတဂူစတား
၁၉-၅-၂၀၁၀

Read more...

ဝိပဿနာအားမထုတ်ခင် သိသင့်တဲ့အချက် (၁၀)ချက်

ဝိပဿနာတရား ရှုမှတ်သူတို့အတွက် မှတ်သားဖွယ်၊ တကယ် ကြိုတင် သိထားဖွယ် အကြောင်းအရာလေးကို ပြောပြပါမယ်။ ယနေ့ခေတ်မှာ တရားရှုလို့ ရူးသွားတာလို့ ပြောကြတဲ့ စကား ကြားဘူးမယ် ထင်ပါတယ်။ ကိုယ်တိုင်လည်း တရားရှုမှတ်ရင်း စိတ်ငြိမ်လာကာ၊ ခန္ဓာကိုပေါ့ပါးလာပြီး ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ သဘောမျိုး ကြုံဘူးမယ်ထင်ပါတယ်။ အဲဒီအခါ မိမိကိုယ်ကို စိတ်ကြီးဝင်လကာ အရင်က မဖြစ်ဘူးတဲ့ အတွက် အထင်ကြီးပြီး တရားထူး ရပြီလို့ အထင်မှားတတ်ပါတယ်။
တချို့လည်း တရားပြသူတို့က ဆုံးဖြတ်ချက်ချ မှားတာလည်း မျိုးလည်း ဖြစ်တတ်ပါတယ်။ တကယ်တရားထူး ရသူသည် အထင်ကြီးမှုမျိုး ဖြစ်မည် မဟုတ်ပါ။ ယင်းသို့ ဖြစ်ရတာသည် တရားအားမထုတ်ခင် ကြိုတင်သိသင့်တာကို သိအောင် မလုပ်ထားလို့ ဖြစ်စေ၊ တရားပြဆရာက တရားရှုမှတ်သူတို့အား သိသင့်တာကို ပြောမထားလို့ ဖြစ်စေ ဖြစ်တတ်ပါတယ်။
တရားရှုမှတ်ရင်း ၀ိပဿနာဉာဏ်စဉ်တွေ အဆင့်ဆင့်တက်လာပြီးနောက်... မိမိရှုမှတ်တဲ့ ဉာဏ်စဉ်ဟာ ရုပ်တရား+နာမ်တရားတွေရဲ့ ဖြစ်စဉ်/ ပျက်စဉ်တွေကို ထင်ထင်ရှားရှားသိတဲ့ (ဥဒယဗ္ဗယ=အဖြစ်အပျက်ကို သိတဲ့ဉာဏ်) ဖြစ်လာပါတယ်။
မိမိရှုမှတ်တဲ့ ဉာဏ်စဉ်က ရုပ်+နာမ်တရားတွေရဲ့ အဖြစ်+အပျက်ကို ထင်ရှားစွာ သိမြင်လာသောအခါ မိမိစိတ်သည် လွန်စွာ ကြည်လင်လာရကား စိတ်ကြည်လင်မှုကြောင့် မိမိရဲ့ ရုပ်ခန္ဓာကလည်း ကြည်လင်လာပြီး ကိုယ်ရောင် ကိုယ်ဝါထွက်လာခြင်း စတဲ့ ၀ိပဿနာ ညစ်ငြူးကြောင်း (တရားထူးရပြီလို့ အထင်မှားကြောင်း)များ ဖြစ်လာတတ်ပါတယ်။
ယင်းကဲ့ တရားအားထုတ်ရင်း ဖြစ်လာတတ်တဲ့ ၀ိပဿနာညစ်ငြူးကြောင်း (တရားထူးရပြီးလို့ အထင်မှားကြောင်း)များက (၁၀)ပါး ရှိပါတယ်။
၁။ သြဘာသ= စိတ်ကြည်လင်လာသည်နှင့် အမျှ ရုပ်ခန္ဓာကပါ ကြည်လင်လာ၍ ခန္ဓာကိုယ်မှ ကိုယ်ရောင် ကိုယ်ဝါများ ထွက်လာတတ်ခြင်း၊
၂။ ပီတိ= အဘိဓမ္မာအကြောင်း ပြောပြစဉ် (စေတသိက်ပိုင်း)က ပြောပြခဲ့တဲ့ သာမာန်နှစ်သက်မှုမျိုး မဟုတ်ပဲ... လွန်ကဲတဲ့ နှစ်သက်မှုများ ဖြစ်လာတတ်ခြင်း၊
၃။ ပဿဒ္ဓိ= ကိုယ်စိတ်နှစ်ပါးလုံးပင် သာမာန်ဖြစ်ရိုး ဖြစ်စဉ်ထက် လွန်ကဲကာ အေးချမ်းမှုမျိုး ဖြစ်ပေါ်လာတတ်ခြင်း၊
၎။ အဓိမောက္ခ= ကမ္မဋ္ဌာန်းအာရုံ၌ သက်ဝင်ဆုံးဖြတ်တတ်သော ယုံကြည်မှုတရားလည်း သာမာန်ထက် လွန်ကဲကာ ဖြစ်လာတတ်ခြင်း၊
၅။ ပဂ္ဂဟ (၀ီရိယ)= ရှုမှတ်နေတဲ့ ၀ိပဿနာစိတ်အာရုံကို နောက်ဆုတ် မသွားရအောင် လွန်ကဲတဲ့ တွန်းအားမှုမျိုး ဖြစ်အောင် မိမိစိတ်ကို ချီးမြှောက်တဲ့၊ အားပေးတဲ့ စိတ်မျိုး ဖြစ်လာတတ်ခြင်း၊
၆။ သုခ= ဆီဖြင့် စိမ်ထားသော ၀ါဂွမ်းပမာ ယောဂီပုဂ္ဂိုလ်၏ တကိုယ်လုံး၌ မွန်မြတ်သော ရုပ်အစဉ်တွေကို ပျံ့နှံ့ထုံမွှမ်းစေတတ်သော ခံစားမှု (သုခဝေဒနာ)မျိုးလည်း ဖြစ်ပေါ်လာတတ်ခြင်း၊
၇။ ဉာဏ= ရှုမှတ်နေတဲ့ တရားခွင်မှာလည်း အမြင်ရှင်းသော ၀ိပဿနာဉာဏ်လည်း ဖြစ်ပေါ်လာတတ်ခြင်း၊ (ဆိုလိုတာက= ရှုမှတ်လိုက်တိုင်း ရုပ်တရား+နာမ်တရားတို့ အဖြစ်/အပျက်တွေကို မိမိဉာဏ်စဉ်မှာ ထင်ရှားစွာ မြင်နေရတယ်လို့ ဆိုလိုတာပါ။)
၈။ ဥပဋ္ဌာနာ= ခိုင်မာတဲ့ တောင်ကြီးပမာ မိမိရှုမှတ်နေတဲ့ ကမ္မဋ္ဌာန်းအာရုံ၌ လွန်စွာတည်တံ့သော သတိလည်း ဖြစ်ပေါ်လာတတ်ခြင်း၊
၉။ ဥပေက္ခာ= ထိုသို့ရှုမှတ်နေစဉ် ရုပ်တရား+နာမ်တရား ဖြစ်အစဉ်/ ပျက်အစဉ်တို့က အလွန်ထင်ရှားနေရကား ထိုအဖြစ်/အပျက်တွေကို ရှုမှတ်ဖို့ရန် ကြောင့်ကြမှု/တွေဝေမှုစတဲ့ (ဗျာပါရ) မများတော့ဘဲ အသင့်အားဖြင့် ရှုမှတ်နိုင်သော ၀ိပဿနာနှင့် ယှဉ်သော လျစ်လျှူရှုမှု ဥပေက္ခာလည်း လွန်ကဲစွာ ဖြစ်လာခြင်း၊
၁၀။ နိကန္တိ= အထက်ဖော်ပြပါအတိုင်း မိမိခန္ဓာကိုယ်က ကိုယ်ရောင်ကိုယ်ဝါစသည့် ခံစားမှုမျိုးတွေ ဖြစ်လာသဖြင့် ရှုမှတ်နေတဲ့ ၀ိပဿနာတရားအပေါ်မှာ သာယာနှစ်သက်သော တပ်မက်မှု (တဏှာ) နိကန္တိလည်း ဖြစ်ပေါ်လာတတ်ပါတယ်။
ဤတရားမျိုး ဖြစ်လာတဲ့အခါ တရားရှုမှတ်နေတဲ့ ယောဂီသည် တဏှာမှန်းပင် မသိပဲ၊ မိမိကိုယ်ကို “ငါဟာ ၀ိပဿနာမှာ မွေ့လျှော်နေတာပဲ” စသည့် (၀ိပဿနာ)အပေါ်မှာ တပ်မက်မှုမျိုး ဖြစ်ခြင်းပါ။
ဤကဲ့သို့ ခံစားမှုမျိုးစသည် ဖြစ်လာတဲ့အခါ မိမိတို့က အရင်က မဖြစ်ဘူးတဲ့အတွက် မိမိကိုယ်ကို အထင်ကြီး စိတ်ကြီးဝင်ကာ “ငါ့မှာ အရင်က ဤကဲ့သို့သော ကိုယ်ရောင် ကိုယ်ဝါမျိုး၊ ပီတိမျိုး၊ သုခမျိုးစသည် မဖြစ်ဘူး ဘူး၊ ယခုကဲ့သို့ ခံစားမှုမျိုးကား မဂ်စိတ်/ ဖိုလ်စိတ်ပင် ဖြစ်မှာပဲ၊ ငါမဂ်/ ဖိုလ်ရပြီ”ဟု မှတ်ထင်ကာ ၀ိဿနာလမ်းလွဲတတ်ပါတယ်။ စိတ်ကြီး ၀င်ကာ စိတ်မနှံ့တဲ့သူ ဘ၀မျိုး ရောက်တတ်ပါတယ်။ (ဤကဲ့သို့သော အဖြစ်မျိုး လပြည့်ဝန်းလေး ကြားဘူးသလို့၊ မြန်မာပြည် ဓမ္မရံသီမဂ္ဂဇင်းမှာလည်း ဖတ်ဘူးပါတယ်။)

တကယ်က ဤကဲ့သို့သော ၀ိပဿနာဉာဏ်စဉ်ရဲ့ အနှောင့်အယှက်များ ၀င်လာတဲ့အခါ ယင်းတရားများကိုလည်း အရှုခံအနေနှင့် ထားကာ ဆက်လက်ရှုပွားရမှာ ဖြစ်ပါတယ်။ အထက်ပါ တရား (၁၀)ပါးသည်လည်း အရှုခံတရားများသာ ဖြစ်ပါတယ်။ ၀ိပဿနာဉာဏ်စဉ်ဆုံးအောင် ဆက်လက်ရှုပွားရမှာလို့ ဆိုလိုတာ ဖြစ်ပါတယ်။ ၀ိပဿနာဉာဏ်စဉ်သည် (၁၀)ပါး ရှိပါတယ်။ ဤကဲ့သို့ မိမိရှုပွားနေတဲ့ ၀ိပဿနာလမ်းကြောင်းမှာ အနှောင့်အယှက်များ ထင်လာတတ်တဲ့ ဉာဏ်အဆင့်ကတော့ နံပါတ် (၂)ဖြစ်တဲ့ (ဥဒယဗ္ဗယဉာဏ်=ရုပ်+နာမ်တို့အပေါ် အဖြစ်+အပျက်အနေအားဖြင့် ထင်ရှားစွာသိလာတဲ့) ဉာဏ်စဉ်အဆင့်မှာ ဖြစ်လာတတ်ပါတယ်။
((၀ိပဿနာဉာဏ်စဉ်-၁၀-ပါး ဆက်လက်ရေးသား ပါမည်။))

တကယ်တော့ ဗုဒ္ဓတရားတော်ကို ရှုမှတ်လို့ အထက်မှာ ပြောခဲ့တဲ့အတိုင်း ရူးသွပ်မှုမျိုး မဖြစ်စေ သလို၊ မိုက်မဲမှုမျိုးကိုလည်း မဖြစ်စေပါဘူး။ ဗုဒ္ဓတရားတော်က ယင်းကဲ့သို့သော စိတ်သဘာဝလွန်များကို ပျောက်ကင်းစေနိုင်ပါတယ်။
ဗုဒ္ဓဟောခဲ့တဲ့ တရားတော်တွေထဲက အဂုင်္လိမာလလို (လူဆိုးဘ၀မျိုး)၊ မိဘ+လင်+သားသမီး သေဆုံးလို့ ရူးသွပ်သွားတဲ့ ပဋာစာရီလို (အမျိုးသမီးဘ၀မျိုး)စတဲ့ ထင်ရှားတဲ့ သာဓကများကို လေ့လာခြင်းဖြင့် သိသာနိုင်ပါတယ်။
ဝိပဿနာရှုမှတ်ရင်း လမ်းစဉ်အတိုင်း ဉာဏ်စဉ်များ ဖြောင့်တန်းစွာ အားထုတ် ရှုမှတ်နိုင်ကြပါစေ...
ဤစာတမ်းသည်လည်း အဘိဓမ္မာရဲ့ အခန်းဆက်ပင် ဖြစ်ပါတယ်။ အဘိဓမ္မာအပိုင်း (၉) ကမ္မဋ္ဌာန်းပိုင်းကို ကိုးကားပြီး ရေးသားထားခြင်း ဖြစ်ပါတယ်။

ပြီးပါပြီိ ခင်ဗျာ၊ သိသလောက်ကျင့်နိုင်ကြပါစေ...

Read more...

စွယ်စုံအနုပညာရှင် ရုပ်ရှင်မင်းသား သုမောင်သည် အသက် ၆ဝ အရွယ်၌ ရန်ကုန်မြို့တွင် ကွယ်လွန်သွားသည်။

။ ပရိသတ်၏ ချစ်ခင်နှစ်သက်မှုကို ရရှိထားသူ စွယ်စုံအနုပညာရှင် ရုပ်ရှင်မင်းသား သုမောင်သည် နာတာရှည် အသည်းရောဂါနှင့် အဖျားကြီးမှုကြောင့် ယမန်နေ့ ညပိုင်းတွင် အသက် ၆ဝ အရွယ်၌ ရန်ကုန်မြို့တွင် ကွယ်လွန်သွားသည်။

စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာ အကယ်ဒမီ သုမောင် ခေါ် ဦးဗလသည် ရန်ကုန်မြို့ရှိ သုခကမ္ဘာ ဆေးခန်း၌ ယမန်နေ့ ည ၉ နာရီတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

“အဖေက ၁၄ ရက်နေ့ကတည်းက ဆေးရုံတက်ပါတယ်။ အသည်းရောဂါကို ခံစားနေရတာတော့ ကြာပါပြီ။ ဘာမှ မဖြစ်ခဲ့ပါဘူး။ အခုက အပူတအားများသွားလို့ တိုက်ဆိုင်သွားတာပါ။ အဖျားက ၁ဝ၆ ထိ ဖြစ်သွားတယ်” ဟု ဦးသုမောင်၏ သားဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော် ဖိုးသောကြာက မဇ္ဈိမကို ပြောသည်။

ဘက်စုံထူးချွန်သည့် ဦးသုမောင် ဆုံးပါးသွားဖြင့် ရုပ်ရှင်၊ ဂီတနှင့် စာပေ အသိုင်းအဝိုင်းအကြား နှမြောတသ စိတ်မကောင်းဖြစ်နေကြသည်။

“အခုလို စွယ်စုံရတဲ့ အနုပညာရှင်တယောက် ဆုံးပါးသွားတာတော့ စိတ်မကောင်းဘူးဗျာ။ လွန်ခဲ့တဲ့ တလလောက်က သူနဲ့တွေ့တော့ သူအရက်ပြတ်သွားပြီလို့ ပြောတယ်။ သူကိုယ်တိုင် ကားအဝါလေးကို မောင်းပြီး လာတာ။ အဲဒီတုန်းက သူ့အတွက် ဝမ်းသာလိုက်တာ။ ဒီမတိုင်ခင်ကတော့ သူ့သားက တွဲပြီး လာရတယ်” ဟု ကဗျာဆရာ မောင်စိမ်းနီက မဇ္ဈိမကို ပြောသည်။

ရုပ်ရှင်လုပ်ဖော်ကိုင်ဘက်တဦးဖြစ်သူ မင်းသားကျော်သူကလည်း “ကျနော် သရုပ်ဆောင်ဘဝကို စရောက်တော့ ဦးဗလကြီးက ကျနော့်အဖေခန်းက သရုပ်ဆောင်ရတယ်။ ဖိုးသောကြာ သရုပ်ဆောင် လောကထဲကို စရောက်တော့ ကျနော်က သူ့အဖေနေရာက သရုပ်ဆောင်ခဲ့ရတယ်။ ဦးဗလကြီးက ဒါကို ကျနော့်ကို ပြောပြခဲ့ဖူးတယ်။

သူရေးခဲ့တဲ့အထဲမှာ ကျနော်တို့ လူပျိုဘဝတုန်းက ထွက်ခဲ့တဲ့ “အချစ်” ဆိုတဲ့ စာအုပ်ကို အရေးကောင်းလွန်းလို့ တော်တော်ကြိုက်ခဲ့တယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ကျနော် ရုပ်ရှင်လောကကို စဝင်တဲ့ အချိန်မှာ ကျနော် စကားမပီတော့ ကိုဗလကြီးက သတင်းစာ မဂ္ဂဇင်းတွေ ဖတ်တဲ့အခါ အသံထွက်ဖတ်ဖို့ လမ်းညွှန်ခဲ့တယ်။ အဲဒါက ကျနော့်ကို အများကြီး အထောက်အကူ ဖြစ်ခဲ့တယ်” ဟု ဦးသုမောင် အမှတ်တရအဖြစ် ပြန်ပြောပြသည်။

ဦးသုမောင်ကို ဖခင်ဖြစ်သူ စာရေးဆရာနှင့် ဒါရိုက်တာ ဦးသာဓုနှင့် မိခင် ဒေါ်ခင်ညိုက ၁၉၅၁ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အင်ဂျင်နီယာဘွဲ့ရရှိကာ ၁၉၆၉ ခုနှစ်မှ စတင်၍ ယုဝတီဂျာနယ်တွင် စာပြင်အလုပ် ဝင်လုပ်ရာမှ ကဗျာများ ရေးဖွဲ့လာရင်း စာပေလောကသို့ ရောက်ရှိလာကာ၊ ယင်းနောက်ပိုင်းတွင် ရုပ်ရှင်နှင့် ဂီတနယ်ဘက်သို့ပါ ဝင်ရောက်လာခဲ့သည်။

၁၉၇၄-၁၉၇၄ ခုနှစ်တွင် ချစ်စံနမူ၊ နှောင်းတမြေ့မြေ့၊ အကြင်တို့လင်မယား စသော ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ကာ၊ သဘာဝ မင်းသားအဖြစ် အောင်မြင်လာခဲ့ရာမှ ၁၉၉ဝ ပြည့်နှစ်အတွက် အကောင်းဆုံး အမျိုးသားသရုပ်ဆောင် အကယ်ဒမီဆုကို `ခုနှစ်စဉ်အလွမ်း´ ဇာတ်ကားဖြင့် ရရှိခဲ့သည်။ မကွယ်လွန်ခင်အထိ ဇာတ်ကားကြီးပေါင်း ၄ဝ ကျော် ရိုက်ကူးခဲ့ပြီးဖြစ်သည်။

တေးဂီတနှင့် ပတ်သက်၍မူ ၁၉၇၄ ခုနှစ်တွင် နှောင်းတမြေ့မြေ့ ဇာတ်ကား၌ ဇာတ်ဝင်နောက်ခံတေးဖြစ်သော ပန်းဦးပန်မယ့်သူ သီချင်းကို သီဆိုခဲ့ရာမှ ဂီတလောကသို့ စတင်ရောက်ရှိခဲ့သည်။ ရုပ်ရှင်နောက်ခံတေးများ၊ တိပ်ခွေစီးရီးများ၊ ရေဒီယိုတေးများ စသည်ဖြင့် သီဆိုခဲ့ရာ တေးသီချင်း အပုဒ်ရေ ၂ဝဝဝ ကျော် သီဆိုခဲ့သည်။ သူ၏ ထင်ရှားကျော်ကြားသော တေးသီချင်းများတွင် ချစ်မိုးကြီး၊ ပန်းစကား၊ အမုန်းအသင်္ချေ၊ ဂုဏ်ကြီးရှင်၊ ပပဝင်းများ ပါဝင်သည်။

အချစ်၊ ကွမ်းစကား၊ အချစ်လား သူဖျားနေတယ်၊ အရက်သမား အမှားတရာ၊ မျိုးရိုးထဲမှ ဆိုးပေကြီးများ စသည့် အရေးအသားကောင်းမွန်သည့် ဆောင်းပါးနှင့် ဝတ္ထုတိုများ ရေးသားခဲ့ကာ စာအုပ်ပေါင်း ၃ဝ ခန့် ထုတ်ဝေခဲ့သည်။ အပြောအဟောကောင်းသဖြင့် စာပေဟောပြောပွဲများတွင်လည်း လူကြိုက်များသည်။

ညီဖြစ်သူ မင်းလူမှာ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပြီး ထင်ရှားသော စာရေးဆရာနှင့် ရုပ်ရှင်ဇာတ်ညွှန်းရေးသူ ဖြစ်သည်။ လူကြိုက်များသော ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏမှာ သူ၏ အကိုဖြစ်သည်။

ဦးသုမောင် ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်အေးအေးမေ (အေးဘုံ)နှင့် သားသမီးများဖြစ်သော စိုးအိမ်သူ၊ ဖိုးသောကြာ၊ ထိန်ထိန်သာ၊ ထိပ်ထား ဟူသော သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်။

ဦးသုမောင်၏ ကျန်ရစ်သော ရုပ်ကလာပ်ကို နာရေးကူညီမှုအသင်း (ရန်ကုန်) က ယနေ့နံနက်ပိုင်းတွင် သုခကမ္ဘာ ဆေးခန်းမှ ရေဝေးအအေးခန်းသို့ သွားရောက်ပို့ဆောင်ခဲ့ကြောင်းနှင့် ယခုလ ၂ဝ ရက်နေ့ နံနက် ၁ဝ နာရီတွင် သဂြိုင်္ဟ်မည်ဖြစ်ကြောင်း သိရသည်။

Read more...

မျှော်လင့်ညမှာ လမိုက်ခြင်း

အဲဒီညလေးပေါ့
လမင်းလေးကိုတွေ့ရဖို့
ငါထွက်လာခဲ့တယ်
ချိန်းဆိုချက်တော့မရှိပါဘူး

မျက်ခင်းပေါ် ကျောဆန့်ရင်း
ကောင်းကင်ကြီးကို
မျက်လုံးဝေ့လို့
လမင်းကိုလိုက်ရှာမိတယ်
တိမ်တွေကွယ်ဝှက်ထားတော့
ငါ မတွေ့ရဘူးပေါ့

အစကတော့
သူ့ကိုနမ်းရှိုက်ဖို့ပါပဲ
တိမ်တိုက်တွေရဲ့နောက်မှာ
သူ့မျက်နှာလေးဝှက်လို့
ရှက်နေလိုက်ပုံများ
သနားသွားတယ်

အဲဒီညလေးပါပဲ
မှောင်မိုက်မိုက်ထဲမှာ
ငါ
တစ်ယောက်တည်း
ဝမ်းနည်းလိုက်တာ


(လောကီနံ့မကင်းဘူးနော်)

Read more...

သုံးယူဇနာအလွန် သိုးမွေး ပစ္စည်းများ သယ်ယူမှု...


ဧဠကလောမ - (သိုးမွေးချည်)

သုံးယူဇနာအလွန် သိုးမွေး ပစ္စည်းများ သယ်ယူမှု...

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိမြို့ အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသောအခါ ရဟန်းတစ်ပါးသည် ကောသလ ဇနပုဒ် သာဝတ္ထိမြို့သို့ သွားစဉ် လမ်းခရီးအကြား၌ သိုးမွေးတို့သည် ဖြစ်ပေါ်ကုန်၏၊ ထိုအခါ ထိုရဟန်းသည် ထိုသိုးမွေးတို့ကို ဧကသီဖြင့် အထုပ်ဖွဲ့၍ ယူသွား၏။

လူတို့သည် ထိုရဟန်းကို မြင်၍ ''အသျှင်ဘုရား အသျှင်သည် အဘယ်မျှလောက်သော အဖိုးဖြင့် ဝယ်အပ်ပါကုန်သနည်း၊ အဘယ်မျှလောက် အမြတ်ကို ရပါမည်နည်း''ဟု ပြက်ရယ် ပြောင်လှောင် ကြကုန်၏၊ ထိုရဟန်းသည် ထိုလူတို့က ပြက်ရယ် ပြောင်လှောင်အပ်ရကား မျက်နှာမလှ ဖြစ်လေ၏၊

သိုးမွေးများကို ကျွန်ုပ်တို့ ဧကသီသင်္ကန်းဖြင့် ထုပ်ပိုးပြီး အလှူခံစရာ မလိုတော့သည့် အတွက်ကြောင့် ဤအဖြစ်အပျက်နဲ့ပါတ်သက်၍ လူအများ၏ အကဲ့ရဲ့ ခံရဖွယ် မရှိတော့ဟု ထင်မိပါသည်...

ထိုအခါ ထိုရဟန်းသည် သာဝတ္ထိမြို့သို့ သွား၍ ထိုသိုးမွေးတို့ကို ရပ်လျက်ပင် ပစ်ချလိုက်၏။ ရဟန်းတို့သည် ထိုရဟန်းကို ''ငါ့သျှင် သင်သည် အဘယ့်ကြောင့် ဤသိုးမွေးတို့ကို ရပ်လျက်ပင် ပစ်ချလိုက် သနည်း'' ဟု မေးကြကုန်၏။

ငါ့သျှင်တို့ ဖြစ်သမျှအကြောင်းစုံကို ပြောရလျှင် ဤသိုးမွေးတို့၏ အကြောင်းကြောင့်ပင် ငါ့ကို လူတို့က ပြောင်လှောင်အပ်သည် မဟုတ်လော ဟု ဆို၏။

ငါ့သျှင် သင်သည် ဘယ်မျှဝေးသော အရပ်မှ ဤသိုးမွေးတို့ကို ဆောင်လာသနည်းဟု မေးကြ ပြန်ရာ။

ငါ့သျှင်တို့ သုံးယူဇနာထက် ကျော်လွန်ပါသည်ဟု ဆို၏။

အလိုနည်းသော ရဟန်းတို့သည် ''ရဟန်းသည် သုံးယူဇနာထက်အလွန် သိုးမွေးတို့ကို အဘယ့်ကြောင့်ဆောင်လာဘိ သနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏၊ ထိုအခါ ထိုရဟန်းတို့သည် ထိုရဟန်းကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။

ရှေးယခင်ကတော့ ရဟန်းတော်များ အမြင်မတော် ပြုမူလာခဲ့လျှင် လူများကလည်း ကဲ့ရဲ့ပြစ်တင် ပျက်ရယ်ပြုကြသည်... အလိုနည်းသော ရဟန်းများကလည်း ကဲ့ရဲ့ပြစ်တင် ပြောဆိုကြပေသည်... ခုခေတ်လူများကတော့ မည်သို့လာသည် မပြောနိုင်...

''ရဟန်း သင်သည် သုံးယူဇနာထက်အလွန် သိုးမွေးတို့ကို ဆောင်လာ၏ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏၊ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား သင်သည် အဘယ့်ကြောင့် သုံးယူဇနာထက်အလွန် သိုးမွေးတို့ကို ဆောင်လာဘိသနည်း၊ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား ဤ သင်ပြုမိသောအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။

ရဟန်းနှင့်မလျော် သိုးမွေးတစ်ထုပ် သင်္ကန်းနဲ့ ထုပ်လာသည့်အတွက် မြတ်ဗုဒ္ဓမှ မဂ်ဖိုလ်မှ အချီးနှီးသော ယောက်ျားတဲ့... နာဖွယ်ကောင်းတယ်... မြတ်ဗုဒ္ဓကို ပြောတာမဟုတ်ပါ... အထုပ်ကြီးနဲ့ လုပ်တဲ့အပြုအမူကိုပါ...


ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 571

ပညတ်သိက္ခာပုဒ်

''ရှည်သော ခရီးသို့ သွားသော ရဟန်းအား သိုးမွေးတို့သည် ဖြစ်ပေါ်ကုန် ငြားအံ့၊ အလိုရှိသော ရဟန်းသည် ခံယူရာသည်၊ ခံယူပြီးနောက် ဆောင်ယူမည့်သူ မရှိခဲ့သော် သုံးယူဇနာတိုင်တိုင် မိမိလက်ဖြင့် ဆောင်ယူနိုင်သည်၊ အကယ်၍ ထိုသုံးယူဇနာထက် အလွန်ဆောင် ယူငြားအံ့၊ ဆောင်ယူမည့်သူ မရှိသော်လည်း ထိုရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။ 35, 16- 572

မိတ်ဆွေတစ်ဦးနဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါသည်... သိုးမွေးဟု ဆိုသည့်အတွက် တခြားပစ္စည်းမပါဟု မိန့်ပါသည်... စာအတိုင်းဆိုရင်လည်း ဟုတ်တာပါပဲ... တရားတော်များသည် လေးနက်လှပေသည်... သမဏ အနေနဲ့ ထုပ်ပိုးကြီးနဲ့ သွားနေတာလည်း မတော်တာ အမှန်ပါပဲလေ...

သိုးမွေးထုပ်ကြီးနဲ့ မသွားဖို့ ဆင်ခြင်ပါလေ...

၆ - ဧဠကလောမသိက္ခာပုဒ်၊ ကောသိယ၀ဂ်၊ နိဿဂ္ဂိယအခန်း၊ ပါရာဇိကဏ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

တံလျှပ်ရေထင်

မိဘမျက်ရည်တစက် သားသမီး ဆင်းရဲတသက်တဲ့-မသင်းခိုင် ကြားဖူးသော စာသားတခု။ မိဘတွေကတော့ သူတို့အပေါ် ပြစ်မှားစော်ကားတဲ့ သားသမီး၊ စိတ်ဆင်းရဲစေခဲ့တဲ့ သားသမီးဖြစ်လည်း မေတ္တာပျက်မှာ မဟုတ်ပါ။ မိုက်မဲသူလေးရယ်လို့သာ သနားကရုဏာသက်မိကြမှာပါ။ အသက်ပေး မွေးခဲ့တဲ့ အမေနဲ့ ဘ၀ပေးပြီး ကျွေးခဲ့တဲ့ အဖေကို စော်ကားပြစ်မှားခဲ့တဲ့ သားသမီးများမှာသာ ကိုယ်ပြုသမျှကံ ကိုယ်သာခံရတာနေမှာပါ-ဟု မသင်းခိုင် တွေးမိလိုက်သည်။ မိဘဆိုတာ သားသမီးများအပေါ် မေတ္တာပင်လယ် မဟုတ်ပါလား။ ဒီအသိတွေက နောက်ကျခဲ့ပါပြီ။ ကိုယ်ကိုယ်တိုင် မိဘဖြစ်လာချိန်မှာ အဖေ အမေ ကွယ်လွန်ခဲ့ပါပြီ။

မသင်းခိုင်တို့မြို့မှာ မသိသူမရှိသလောက်ပါ။ အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတဦး ဖြစ်သလို ဘုရားဂေါပကအဖွဲ့ဝင် လူကြီးတဦးပါ။ သာရေးနာရေးပွဲတိုင်း အဖပါမှ ပြီးခဲ့တာပါ။ ရိုးသား အေးချမ်းသော ဆရာကြီး ဦးဘထွန်းနဲ့ သူ့ဇနီး ဒေါ်စုစုကို လေးစားသူ များပါတယ်။ ချစ်ခင်သူ ပေါပါတယ်။ သမီးနှစ်ယောက် ရှိသည့်အနက် သမီးအကြီး မသင်းကြိုင် အနေအေးသလောက် သမီးငယ် မသင်းခိုင်မှာ အမြဲ မိဘအပေါ် အလိုမကျ ဖြစ်နေသူပါ။ ချမ်းသာချင်သော၊ လှပစွာ မော်ကြွားချင်သော မသင်းခိုင်၊ မိဘအပေါ် အမြဲငြိုငြင်တတ်ပါသည်။ ဆယ်တန်းနှစ်မှာ ပိုဆိုးလာပါသည်။

အဖေကလေ ကျောင်းအုပ်ဆရာကြီးတယောက် လုပ်ခဲ့ပြီး ဆင်းရဲရလား၊ ကျူရှင်သင်ပါလား။ အမေကရော အရွယ်ရှိတုန်းများ စီးပွားတွေရှာခဲ့ပါလား။ သမီးတို့ ရှေ့ရေးသာတွေးပြီး ပိုက်ဆံရှာခဲ့ရင် သမီးတို့ ဒီလိုနေရမှာလား။

သမီးလေးနှစ်ယောက်ကို ရင်အုပ်မကွာ စောင့်ရှောက်ခဲ့သည်ကို ကျေးဇူးမတင်သည့်အပြင် မိခင်ကြီးကို ငွေမရှာခဲ့၍ အပြစ်ပြောခဲ့သည်။
တကယ်တော့ မိမိတို့မိသားစု မချမ်းသာသော်လည်း မဆင်းရဲပါ။ အမေကတော့ အပြစ်မမြင်ခဲ့။ လူတကာလေးစားသော ဖခင်ကြီးကိုလည်း မသင်းခိုင် မချေမငံ ဆက်ဆံခဲ့၊ မလေးမစား ပြောဆိုပြုမူခဲ့သည်။
စီးပွားဆိုတာ လုပ်တိုင်းမဖြစ်ပါဘူး သမီးရယ်။ ငွေတွေချမ်းသာပြီး မေတ္တာစိတ်ကလး မထားတတ်ရင် ဆင်းရဲတာပါပဲ။ သမီးလည်း မစားမသောက် ပညာမသင်ရတာမှ မဟုတ်တာ။ စာကိုသာ ကြိုးစားပါသမီးရယ်။

အဖေ့စကားသည် မသင်းခိုင်ကို မပြုပြင်နိုင်ခဲ့ပါ။ ဆယ်တန်းဖြေခါနီး အဖေ အမေ မနှစ်သက်ဆုံးအလုပ်ကို မသင်းခိုင် လုပ်လိုက်သည်။
သမီးတို့ အရွယ်ရောက်လို့ အိမ်ထောင်ပြုရင် ခိုးရာမလိုက်ပါနဲ့။ အဖေနဲ့အမေကို ဖွင့်ပြောပါ-ဟု အတန်အတန် ဆုံးမသည့်ကြားက ရပ်ကွက်ထဲက သူဌေးသားတဦးနှင့် လိုက်ပြေးခဲ့ပါတော့သည်။ စိတ်တိုင်းမကျသော မိဘနှစ်ပါးကို စိတ်ဆင်းရဲအောင်ပြု၍ ကျေနပ်နေခဲ့သည်။ သူဌေးချွေးမအဖြစ် ပျော်ပါးမော်ကြွားနေခဲ့မိပါ၏။ မသင်းခိုင် ဖခင်ကြီးမှာ သမီးစိတ်နှင့် ရှက်လည်းရှက်၊ စိတ်လည်းထိခိုက်ကာ အိပ်ရာထဲ လဲပါတော့သည်။

အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးခဲ့သည်။ မိဘမျက်ရည်နှင့် တည်ဆောက်ခဲ့သော မသင်းခိုင်အိမ်ထောင်ရေး သည်လည်း ထင်သလို မသာယာခဲ့။ အလုပ်မလုပ်သော ယောက်ျား၊ မလိမ္မာသော သားသမီး၊ မကြည်ဖြူတော့သည့် ယောက္ခမများ၊ မသင်းခိုင်ပင်ပန်းဆင်းရဲစွာ ဘ၀ကို ရုန်းကန်ရပါတော့သည်။

ကျေးဇူးကန်းသော သမီးမိုက်မို့ ဘာစီးပွားရေးလုပ်လုပ် မအောင်မြင်။ စီးပွားရေးဆိုတာ လုပ်တိုင်း မဖြစ်ပါ-ဟူသော ဖခင်ကြီးစကားကို ပြန်လည်ကြားယောက်မိပါသည်။
မူးလာတိုင်း ရန်ရှာတတ်သော ယောက်ျားကြောင့် သားများကို အားကိုးလိုသည်။ သို့သော် သာအကြီးက ဆယ်တန်းအောင်အောင် မဖြေ၊ ဖအေကဲ့သို့ အရက်သောက်၊ သုံးဖြုန်း၊ သမီးလတ်က ရည်စားထည်လဲတွဲ၊ သားအငယ်ဆုံးလေးက စာကောင်းကောင်း မသင်။ လိမ္မာကြဖို့ဆုံးမတော့ သားကြီးက-

အမေကရော လိမ္မာခဲ့လို့လား၊ ဖေဖေတောင် ဒီလိုနေတာပဲ။ ဗိုက်ဆာရင် အဘွားအိမ်သွားမှာပေါ့။ အမေသာ ကိုယ့်ဘာသာ ရှာစားစမ်းပါဗျာ။
သမီးကို ဆုံးမပြန်တော့လည်း အမေ့တုန်းကရောတဲ့။
မသင်းခိုင် ဘာမှမပြောနိုင်။ ဒီသမီးကြောင့် လူငယ်အချင်းချင်း ချိန်းရိုက်ကြသည်က ရှိသေး။ မသင်းခိုင် ၀ဋ်လည်ခြင်းပင်။ ဆုံးမစကားများ အရာမထင်တော့ပါ။ သူငယ်ချင်း၏ ကုန်စုံဆိုင်မှာ အကူဝင်လုပ်ရသည်။ ခါးသီးသောဘ၀။ ကိုယ်မှန်းထားတာ ဒီလိုအိမ်ထောင်ရေးလား။ အမြင့်မှန်းလို့ အကျနာခြင်းပင်။ အေးမြသော မိဘမေတ္တာကို ရေပူထင်၊ တံလျပ်ရေထင် ရွှေသမင်အလိုက်မှားခဲ့သော မသင်းခိုင်၊ လမ်းလျှောက်ရင်း လမ်းပျောက်ခဲ့ရပါပြီ။

ရိုးသားအေးဆေး မိဘသဘောတူသူနှင့် အိမ်ထောင်ပြုခဲ့သော မသင်းကြိုင်ဘ၀က အေးချမ်းသည်။ သားသုံးယောက်က လိမ္မာ၊ ခင်ပွန်းသည်က သစ္စာရှိမို့ ချမ်းမြေ့လှသည်။ ကျောင်းပိတ်ရက်ဆို မသင်းကြိုင် အိမ်အလုပ်များပင် မလုပ်စေရ။ သားကြီးနှစ်ယောက်က တာဝန်ယူသည်။ ခင်ပွန်းသည်ကလည်း မသင်းကြိုင်ကို အရိပ်တကြည့်ကြည့်။ အမိအဖနှစ်ပါး၏ စကားကို မြေ၀ယ်မကျနားထောင်ကာ ထာဝရဦးထိပ်ပန်ဆင်ခဲ့သော မသင်းကြိုင်မှာ မသင်းခိုင်ဘ၀နှင့်တော့ မိုးနဲ့မြေပါ။ စီးပွားရေးလုပ်လိုက်လျှင်လည်း အောင်မြင်သည်သာ။

အခုတော့ ကျေးဇူးရှင် ဖခင်ကြီးလည်း မိမိစိတ်ကြောင့် ကွယ်လွန်ခဲ့ပြီ။ မသင်းကြိုင်တို့ မိသားစုလည်း မိခင်ကြီးကိုခေါ်၍ ခင်ပွန်းသည်တာဝန်ကျရာမြို့သို့ ပြောင်းရွှေ့သွားခဲ့ပြီ။
မည်သူမပြု မိမိမှု ဆိုသည့်အတိုင်း မသင်းခိုင် ကိုယ့်အပြစ်နှင့်ကိုယ် ၀ဋ်ကြွေးများကို လည်စင်းဆပ်နေရပါပြီ။ လောကတွင် အနှိုင်းမဲ့သော မြတ်လှစွာသော ဘုရားရှင်ကိုယ်တော်တိုင် မြတ်ဘုရားနှင့် တဂိုဏ်းတည်းထားတော် မူခဲ့သည့် တုနှိုင်းမရှိ။ မေတ္တာရှင်မိခင်ဖခင်တို့အား အထင်သေးနှိမ်ချပြောဆိုဆက်ဆံခဲ့သော မသင်းခိုင်၊ လင်ဆိုးမယား တဖားဖား သားဆိုးအမေ တပေပေဖြင့်ပင် လောကဓံအထုအထောင်းတွင် စုန်ဆန်မျောပါ နေတော့သည်။

ခင်ပွန်းသည်က မခင်တွယ်၊ သာသမီးက မကြင်နာ၊ သူများအိမ်တွင် ကူဖော်လောင်ဖက်ဘ၀နှင့် ပေးတာယူ၊ ကျွေးတာစား၊ မသင်းခိုင်ဘ၀က လောကငရဲမှာ ဘယ်အထိ ပေးဆပ်ရမည် မသိတော့ပါ။

အေးအေး (စက်ဆန်း)
( မြတ်မင်္ဂလာ ၂၀၀၇-ခု စက်တင်ဘာလ)

Read more...

ချစ်ခြင်းသည် ခါးသက်သည် သို့မဟုတ် ချိုမြိန်သည်



အချို့က ခါးသက်တယ်လို့ ပြောကြတယ်။ အချို့ကတော့ ချိုမြိန်တယ် ပြောကြပြန်တယ်။ အချို့ကျတော့ ခါးသက်ခြင်းနဲ့ချိုမြိန်ခြင်း ရောပြွမ်းနေတယ်လို့ ဆိုကြတယ်။ အချို့များကျတော့လဲ ခါးသက်ခြင်း ချိုမြိန်ခြင်းက လွန်မြောက်နေတယ်လို့ ဆိုကြပြန်တယ်။ ဒါတွေကတော့ အချစ်ရဲ့အရသာကို ဖွဲ့နွဲ့ကြတာပါ။ စာရေးသူကတော့ ခါးသက်သလား ချိုမြိန်သလားဆိုတဲ့ အဖြေထက် စာပေးများကို အားကိုးပြီးတော့ပဲ ပြောကြည့်ရမှာပါ။

မြန်မာလိုတော့ ချစ်ခြင်းဆိုတဲ့စကားလုံးလေးရဲ့ နောက်ထပ်ဆင့်ပွါးဖွင့်ဆိုထားကြတာလေးတွေက အများသား။ နှစ်သက်မြတ်နိုးခြင်း၊ စွဲလမ်းခြင်း၊ တွယ်တာခြင်း၊ သံယောဇဉ်ဖြစ်ခြင်း၊ ကြိုက်နှစ်သက်ခြင်း၊ ခုံမင်ခြင်း၊ တပ်မက်ခြင်း၊ ကြင်နာခြင်း၊ မက်မောခြင်း စသဖြင့်ပါ။

ပါဠိလိုကြတော့လဲ ပိယတဲ့၊ ပေမတဲ့၊ မေတ္တာတဲ့။ ပေမကိုပဲ ဆက်လက်လို့ တဏှာပေမ၊ ဂေဟသိတပေမ၊ မေတ္တာပေမ-လို့ ဖွင့်ဆိုထားကြပြန်တယ်။ အင်္ဂလိပ်လို့တော့ ပိယကို dear, endearment, love ။ ပေမကိုတော့ love, affection, joy, pleasure ။ မေတ္တာကျတော့- loving-kindness, friendliness, goodwill, benevolence, fellowship, amity, concord, inoffensiveness, non-violence-လို့ ဆိုပါတယ်။ universal love, unselfish love, all-embracing love -လို့ အချို့က ဖွင့်ဆိုကြပါတယ်။ ဒီတော့ ဒီဝေါဟာရလေးတွေကပဲ သူ့အဆင့်နဲ့သူ ကွဲပြားနေသလားဆိုတာပါ။

အချို့ ရဟန်းသာမဏေများဘွဲ့ ကိုတော့ အရှင်ပိယတိဿ၊ အရှင်ပိယဒဿီ၊ အရှင်သီလပိယ စသဖြင့် ပိယနဲ့ တွဲလျက် နာမည်ပေးကြပါတယ်။ မေတ္တာကိုတော့ ရဟန်းသာမဏေများကော လူသာမန်များပါ နာမည်ပေးကြပါတယ်။ အရှင်မေတ္တာနန္ဒ၊ မောင်မေတ္တာ စသဖြင့်ပါ။

မေတ္တာဆိုတဲ့ စကားလုံးလေးကို အခုလို မြန်မာလို အင်္ဂလိပ်လို စသဖြင့် နိုင်ငံအသီးသီးရဲ့ ဘာသာစကားတွေနဲ့ ဘာသာပြန်ဆိုကြတာဟာ လိုအပ်တဲ့ အဓိပ္ပါယ်ထိ သက်ရောက်မှု ရှိပါသလားဆိုတာပါ။ နောက်ပိုင်းပါဠိပညာရှင် တော်တော်များများကတော့ ပါဠိစာပေများကို နိုင်ငံအသီးသီးရဲ့ ဘာသာစကားတွေနဲ့ ဘာသာပြန်ဆိုခြင်း စကားလုံးများကို ဖလှယ်ခြင်းထက် အချို့စကားလုံးများအတွက် မူရင်းအတိုင်း ထားတာမျိုးကို ပိုလို့ နှစ်သက် ကြပါတယ်။ အကြောင်းကတော့ ဆိုလိုတဲ့အဓိပ္ပါယ်အထိ သက်ရောက်မှု ထိရောက်မှု မရှိလို့ပါ။ ဥပမာ ဓမ္မ-ဆိုတဲ့ စကားလုံးမျိုးကိုပါ။ ဓမ္မ-ဆိုတဲ့စကားလုံးကို တရား(doctrine)လို့ ဘာသာပြန်ခြင်းထက် ဓမ္မ-ကို ဓမ္မ-လို့ပဲ ထားလိုက်ခြင်းမျိုးပါ။ တိုက်ရိုက်မွေးစားယူတဲ့စကားလုံးလို့များ ပြောခွင့်ရှိမလားတော့ မသိပါ။ ဒီတော့ မေတ္တာ ဆိုတဲ့ ပါဠိစကားလုံးကို အမျိုးမျိုး ဘာသာပြန်တာကကော လုံလောက်ပါသလားဆိုတာပါ။ အချို့ကတော့ ပြောကြပါတယ်။ မေတ္တာဆိုတဲ့စကားလုံးကိုယ်တိုင်က ပါဠိမှ မြန်မာစကားသို့ လုံးဝပြောင်းလဲသွားပြီဖြစ်တဲ့ မြန်မာ့မူ ပိုင်စကားလုံးပါတဲ့။ ဒါ့ကြောင့် မေတ္တာကို မြန်မာစကားမှာလဲ ချစ်ခြင်း စသဖြင့် ထပ်ဖွင့်စရာမလိုတော့ဘဲ မေတ္တာ အတိုင်းထားပါက လုံးလောက်ပြည့်စုံတဲ့ အဓိပ္ပါယ်သို့ ရောက်ရှိပြီး ဖြစ်ပါသတဲ့။

ပိယ-ကို ဖွင့်ဆိုတဲ့အနက်-က သုံးခုရှိပါတယ်။ ဘတ္တရိ၊ ဇာယာယ၊ ဣဋ္ဌ - တို့ပါ။ နှစ်သက်အပ်သည့်အဓိပ္ပါယ် ထွက်တဲ့ အနက် ၆-မျိုးကြတော့ ဣဋ္ဌ၊ သုဘဂ၊ ဟဇ္ဇ၊ ဒယိတ၊ ၀လ္လဘ၊ ပိယ-တို့ပါ။ ပေမ၊ သိနေဟ၊ သေနဟ-ကို လည်း ချစ်ခြင်းအနက်အဓိပ္ပါယ်လို့ ပြောပါတယ်။

လင်ယောကျာင်္းဖြစ်သူကို ပါဠိလို ခေါ်နိုင်တာက အမည် ၇-မျိုး ရှိပါတယ်။ ဓ၀၊ သာမိက၊ ဘတ္တ၊ ကန္တ၊ ပတိ၊ ၀ရ၊ ပိယ- တို့ ဖြစ်ပါတယ်။ ဇနီးမယားဖြစ်သူကို ခေါ်နိုင်တာကြတော့ အမည် ၉-မျိုးပါ။ ဒါရ၊ ဇာယာ၊ ကလတ္ထ၊ ဃရဏီ၊ ဘရိယာ၊ ပိယာ၊ ပဇာပတီ၊ ဒုတိယာ၊ ပါဒပရိစာရိကာ- တို့ပါ။ ဒီအမည်လေးတွေကို ကြည့်မယ်ဆိုယင် လင်ယောင်္ကျားဖြစ်သူကို ဇနီးမယားဖြစ်သူက ပိယ-လို့ ခေါ်ဆိုနိုင်ပြီး ဇနီးမယားဖြစ်သူကို လင်ယောင်္ကျားဖြစ်သူက ပိယာ -ဆိုပြီ သုံးနှိုင်းနိုင်ပါတယ်။

ဒီနေရာမှာ ပိယနဲ့ ပေမဆိုတဲ့စကာလုံးနဲ့စပ်ဆက်ထားတဲ့ ဝေါဟာရလေးတွေကို ပြောကြည့်ချင်ပါတယ်။ အဲဒါ လေးတွေကတော့ ပိယအတွက်…..ချစ်စကား- ပိယ၀ါစာ၊ ချစ်မိတ်ဆွေ- ပိယမိတ္တ၊ ချစ်နှစ်သက်ဖွယ်သော ၀တ္ထု- ပိယ၀တ္ထု၊ ချစ်ဖွယ်ရုပ်- ပိယရူပ၊ ချစ်မယား- ပိယဘရိယာ၊ ပိယသံဝါသ- ချစ်သူနဲ့အတူနေခြင်း၊ ချစ်ကြင်ရေး- ပိယကိစ္စ၊ ချစ်ရေးကြိုက်ရေး- ပိယဗျာပါရ-စသဖြင့်ပါ။

ပေမအတွက်ကျတော့….ချစ်၍ထိမ်းမြားခြင်း- ပေမ၀ိဝါဟ၊ ချစ်ကြိုး-ပေမဗန္ဓန၊ ချစ်တင်းဆိုခြင်း- ပေမကထာ လာပ၊ ချစ်စကား- ပေမာလာပ၊ ချစ်တင်းဆိုသူ- ပေမကထာဝါစက-စသဖြင့်ပါ။

ပါဠိတော်များက စကားလေးတွေကို တိုက်ရိုက် ကိုးကားကြည့်မယ်ဆိုယင်တော့ “ပိယတော ဇာယတေ သောကော(ချစ်ခြင်းကြောင့် စိတ်ဒုက္ခဖြစ်ရတယ်)”တဲ့။ “ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော(ချစ်ခင်သူတွေနဲ့ ခွဲခွါ ကွဲကွာနေရခြင်းဟာ စိတ်ဆင်းရဲမှုပါ)”တဲ့။“အတ္တာနံ စေ ပိယံ ဇညာ (မိမိကိုယ်ကိုယ် ချစ်တယ်ဆိုတာ သိမယ်ဆိုလျင်)” ဆိုတာလေးတွေပါ။ “ပိယာယနာတိ တဏှာပိယာယနာဝ။ န မေတ္တာ ပိယာယနာ” ဆိုတဲ့ စကားကလည်း ရှိနေသေးတာပါ။ လူအများက ပြောဆိုနေကြတဲ့ ပီယဆေး ချစ်ဆေးဆိုတာ ဒီ-ပိယ-ဆိုတဲ့ ဝေါဟာရကလာတာ ဖြစ်နိုင်မယ်လို့ ယူဆမိပါတယ်။

“အတ္တသမံ ပေမံ နတ္ထိ (ဘယ်သူက ဘယ်လောက် ချစ်တယ် ပြောပြော ကိုယ့်ကိုယ်သာအချစ်ဆုံး)”တဲ့။ “ပေမတော ဇာယတေ သောကော၊ ပေမတော ဇာယတေ ဘယံ (ချစ်ခင်တွယ်တာမှုကြောင့် စိုးရိမ်မှုဖြစ်ရတယ်၊ ချစ်ခင်စွဲလမ်းမှုကြောင့် အန္တရာယ်နဲ့ တွေ့ ရတယ်)”ဆိုတာပါ။ နောက် ပေမ-နဲ့စပ်လို့ ဂေဟသိတပေမ-ဆိုတာကလည်း ရှိသေးတာပါ။

ဒီပါဠိတော်လေးတွေကို ထောက်ဆကြည့်မယ်ဆိုယင် လောကီဆန်တဲ့အချစ်မျိုး၊ အနှောင်အဖွဲ့ပါတဲ့အချစ်မျိုးကို ဒီဝေါဟာရလေးတွေနဲ့ သုံးကြတယ်လို့ ယူဆနိုင်ပါတယ်။ ဒါလေးတွေကတော့ ပိယနဲ့ ပေမဆိုတာ ဘယ်နေရာမျိုးမှာ သုံးတယ်ဆိုတာကို သိစေလိုလို့ပါ။

မေတ္တာဆိုတာကြတော့“ မေတ္တဉ္စ သဗ္ဗလောကသ္မိံ မာနသံ ဘာဝယေ အပရိမာနံ (တလောကလုံးကို အတိုင်း အတာမရှိတဲ့ မေတ္တာနဲ့ နေထိုင်ပွါးများပါ)တဲ့။ ဒီပါဠိတော်လေးကို ထောက်ဆကြည့်ယင် တစ်ဦးတစ်ယောက် ကိုယ်ကျိုးအတွက် မဟုတ်တော့ဘဲ အများကို ရည်ရွယ်နေတယ်လို့ ဆိုနိုင်ပါတယ်။ သူ့ ရဲ့ လွှမ်းခြုံနိုင်မှု အကျိုးသက်ရောက်မှုအားဟာ ချစ်သူနှစ်ဦးသား၊ မိသားစုဆိုတဲ့အသိုင်းအ၀ိုင်းလေး တစ်ခုအတွင်းမှာ သက်ရောက်နေတာ လွှမ်းခြုံနေတာ မဟုတ်တော့ဘဲ ပတ်ဝန်းကျင်တစ်ခုလုံးနဲ့
တိရစ္ဆာန်များ၊ နတ်လောကများအပါအ၀င် အခြားသောသတ္တ၀ါအားလုံးအပေါ်မှာ အကျိုးသက်ရောက် လွှမ်းခြုံနေတယ်ဆိုတာပါ။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ ဘာသာရေး၊ လူမျိုးရေးဆိုတဲ့ အတားအဆီး ဘောင်တွေကို ကျော်လွန်သွားနိုင်တာကပဲ မေတ္တာရဲ့ ထူးခြားတဲ့သဘောပါ။

မေတ္တာဆိုတဲ့သဘောမှာ အထက်က ပိယ, ပေမ- သဘောတွေလို့ ငြိကပ်တွယ်တာတာမျိုး မရှိပါဘူး။ အညစ် အကြေးတွေ ကင်းစင်ပြီး ဖြူစင်နေပါတယ်။ ချစ်ခင်ခြင်း, ကြင်နာခြင်း, ဖော်ရွေစွာဆက်ဆံခြင်းဆိုတဲ့ နွေးထွေးတဲ့ နှလုံသားခံစားချက်အတွင်းမှာပဲ လှုံ့ဆော်နေပါတယ်။ သူ့ရဲ့သဘာဝဟာ ယူခြင်းမျိုးသဘော မဆန်ဘဲ ပေးရခြင်းမျိုးပါ။ ပေးဆပ်ရခြင်းသဘောပါ။ ဒါကလဲ သတ္တ၀ါတို့ရဲ့ အကျိုးစီးပွါးကို လိုလားမှသာ ပေးနိုင်မှာပါ။ ကျမ်းဂန်များမှာတော့ “အစီးအပွါး ချမ်းသာကို ပြုလိုသောအားဖြင့်၊ ချမ်းသာစေလိုသောအားဖြင့် ချစ်တတ်သောသဘော၊ တစ်နည်း- မိတ္တခေါ် မိတ်ဆွေ၌ ဖြစ်သောသဘော၊ တစ်နည်း- ချမ်းသာစေလိုသောသဘော၊ မိတ္တခေါ် မိတ်ဆွေ၏သန္တာန်၌ ဖြစ်သောသဘောသည် မေတ္တာ မည်ပါသည်” လို့ ဖွင့်ဆိုထားပါတယ်။

စကားလုံးရဲ့ အတက်အကျ အနိမ့်အမြင့် အသံကို နားထောင်ကြည့်ယင် အေးမြတဲ့သဘော ပူလောင်တဲ့သဘော နုးညံ့တဲ့သဘော ကြမ်းတမ်းတဲ့သဘောတွေဆောင်နေတဲ့ တုန်ခါမှုမျိုး ရှိနိုင်မလားဆိုတာ ရံခါများမှာ စဉ်းစားမိလို့နေပါတယ်။ ဒီဝေါရဟာလေးများရဲ့ တုန်ခါမှုအားက ဘယ်ကို ဦးတည်နေသလဲဆိုတာကတော့ ဝေခွဲဖို့ ခက်ပါမယ်။ ဒါပေမယ့် မေတ္တာ-ဆိုတာနဲ့ ကြားရသူ တဖက်သားမှာ နုးညံ့သိမ်မွေ့ မှုသဘော အေးချမ်းတဲ့ဓာတ် သဘောကိုများ ပေးဆောင်နေသလားလို့ စဉ်းစားမိခြင်းပါ။ ပိယတို့ ပေမတို့ကျတော့ သူတို့ရဲ့ တုန်ခါမှုအားဟာ မေတ္တာလို့ မဟုတ်ပြန်ဘူးလို့ ယူဆမိပြန်တယ်။ စာပေစာယူလုပ်ကြတဲ့အခါမှာ စာရဲ့အဆုံးနေရာများမှာ ဘာသာရေး အားသန်သူများကတော့ with regards, best regards စတဲ့စကားလုံးများလို with metta ဆိုတဲ့ အသုံးအနှုန်းလေးတွေ သုံးလာကြတာဟာ အေးမြခြင်းသဘောကို ဆောင်နေလို့ ရွေးချယ်ကြသလားဆိုတာပါ။ ဒါကတော့ အတွေးသက်သက်မျှသာပါ။

ဒီတော့ အဲဒီပိယသဘော၊ ပေမသဘောဆောင်တဲ့ ချစ်ခြင်းသဘောတွေမှာ မေတ္တာကော မပါဝင်နိုင်တော့ဘူလားလို့ မေးခွန်းထုတ်လာနိုင်ပါတယ်။ ဒီအတွက် မေတ္တာကို ချဲ့ကားလို့ ဒီနေရာလေးမှာ ပြောကြည့်ခြင်းအားဖြင့် မေတ္တာအတုဆိုတာနဲ့ မေတ္တာ အစစ်ဆိုတာလေးတွေကို နားလည်လာမှာပါ။

လင်ယောကျာင်္းနဲ့ဇနီးဖြစ်သူ၊ သားသမီးများ၊ ညီအကိုမောင်နှစ်မများ စသဖြင့် အဲဒီလို ချစ်ခင်တွယ်တာမှုမျိုးကိုတော့ အိမ်၌နေခြင်းကို အမှီပြုပြီးတော့ ချစ်ခင်တွယ်တာတာမျိုးဖြစ်လို့ “ဂေဟသိတပေမ”လို့ ခေါ်ပါတယ်။ အဘိဓမ္မာသဘောအရ လောဘစေတသိက်ကို ကောက်ယူထားတာဖြစ်တော့ လောဘရဲ့သဘောက သိကြတဲ့အတိုင်း အဆင်း,အသံ, အနံ့, အရသာ, အတွေ့ ဆိုတဲ့ အာရုံငါးပါးအပေါ်မှာ စွဲလမ်းတပ်မက်နေတာပါ။ ဒီစွဲလမ်းခြင်းကပဲ ငါ့အိမ်၊ ငါ့ဇနီး၊ ငါ့သား၊ ငါ့မြေးဆိုတဲ့ ငါ-လေးတွေ ကပ်ပါနေတာပါ။ အဲဒီ ငါ-လေးတွေ ပါနေယင်တော့ မေတ္တာ အစစ်လို့ ပြောဖို့ခက်သွားပါပြီ။ အဲဒီ ဂေဟသိတပေမ-ဆိုတဲ့ စွဲလမ်းတပ်မက်မှု မကင်းတဲ့ ချစ်ခြင်းထဲက မေတ္တာ အစစ်ဖြစ်အောင် ဘယ်လို ဖန်တီးယူမလဲ၊ မေတ္တာအစစ်ဟာ ဘယ်အချိန်မျိုးမှာ ဖြစ်ပါသလဲဆိုတာကြတော့ အမှန်တကယ်စောင့်ရှောက်လိုတဲ့အခါ၊ ကောင်းစားစေချင်တဲ့အခါ၊ တိုးတက်စေလိုတဲ့အခါမျိုးများကတော့ မေတ္တာအစစ်ပါ။ မြတ်ဗုဒ္ဓကမိန့်ထားတဲ့ “မာတာ ယထာ နိယံ ပုတ္တ”ဆိုတဲ့ စကားလေးက မေတ္တာရဲ့သရုပ်၊ မေတ္တာရဲ့အဓိပ္ပါယ်ကို မိခင်ဖြစ်သူကို ရည်ညွန်းလို့ ဖော်ပြထားသလို “ဗြဟ္မာတိ မာတာပိတရော”ဆိုတဲ့ စကားကြတော့ မိဘများက မေတ္တာတရားလက်ကိုင်ထားတဲ့ ဗြဟ္မာကြီးတွေနဲ့ တူတယ်လို့ မိန့်ဆိုထားပါတယ်။ ဒီတော့ မိဘများရဲ့ မေတ္တာက သားသမီးများအတွက် အနှိုင်းမဲ့ပါ။

မေတ္တာအတုရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ မေတ္တာအစစ်ကြတော့ သတ္တ၀ါအများရဲ့ စီးပွါးချမ်းသာကို တိုးတက်စေလိုတဲ့ ချစ်ခြင်းမျိုးပါ။ အဘိဓမ္မာသဘောအရတော့ အဒေါသစေတသိက်ကို ကောက်ပါတယ်။ အဒေါသစေတသိက် ဆိုပေမယ့် သူက သောဘနစိတ် ၅၉-ပါးလုံးမှာ ယှဉ်နေလို့ အာရုံအမျိုးမျိုးကို အာရုံပြုနိုင်ပါတယ်။ ဒီနေရာမှာ ပြောတဲ့ အဒေါသစေတသိက်ကတော့ သတ္တ၀ါပညတ်ကို အာရုံပြုတဲ့ သတ္တ၀ါများရဲ့ စီးပွါးချမ်းသာကို လိုလားတဲ့ အာရုံပြုခြင်းမျိုးကိုသာ ဆိုပါတယ်။ ဒီလိုအာရုံပြုနိုင်ခြင်းမျိုးကိုပဲ မေတ္တာအစစ်လို့ပြောတာပါ။ ဒီချစ်ခြင်းကတော့ မေတ္တာအစေး ခန်းခြောက်ခြင်း၏အခြားတစ်ဖက်မှာပါ။ အသိညဏ်ဦးစီးပါတယ်။ မေတ္တာဆိုတာ မြင့်မြတ်စွာနေ ကြောင်းတရား၊ ဗြဟ္မာတို့ ရဲ့နေကြောင်းတရား၊ ဘုရားလောင်းတို့ရဲ့ နေကြောင်းတရားဖြစ်တဲ့အတွက် ပါရမီ ၁၀-ပါးထဲမှာ ပါဝင်နေပါတယ်။

ဒါကို အနှစ်ချုပ်ကြည့်မယ်ဆိုယင် အတုရဲ့သဘောက စွဲလမ်းတပ်မက်မှုတွေ ပါနေတဲ့အတွက် အပြည့်အ၀ ဖြူစင်တယ်လို့ မပြောနိုင်ပါ။ အစစ်ကတော့ သတ္တ၀ါအများ ချမ်းသားစေလိုတဲ့အတွက် ဖြူစင်မှုအပြည့်နဲ့ပါ။ တစ်ဦးတစ်ယောက်ကို နှောက်ယှက်လိုခြင်း ပျက်စီးစေလိုခြင်း အလျဉ်းမရှိဘူးဆိုတာပါ။ မုန်းခြင်း၊ မေကျေမချမ်း ဖြစ်ခြင်း၊ ယုတ်ညံ့ခြင်း၊ သီးမခံခြင်း၊ ထောင်လွှားခြင်း၊ အထက်စီးဆန်ခြင်းတွေရဲ့ ဆန့်ကျင်ဘက်မှာပါ။ ဒီလို အတုနဲ့အစစ်ကို ခွဲခြားထုတ်လိုက်မယ်ဆိုယင် ၁၅၀၀-ဆိုတဲ့အချစ်နဲ့ ၅၂၈-သွယ် မေတ္တာနဲ့ မရောထွေးဘဲ ကွဲပြားနေပါတယ်လို့ ဆိုချင်ပါတယ်။

မေတ္တာဟာ တစ်ဦးတစ်ယောက်ပေါ်မှာ အလိုလိုဖြစ်တာထက် တည်ဆောက်ဖန်တီးယူရတာ ပိုလို့များမယ် ထင်ပါတယ်။ ဒါကိုပဲ ပွါးများတယ် တနည်းတော့ ထုံးမွမ်းတယ်လို့ ဆိုကြပါတယ်။ ဒီနေရာမှာ မေတ္တာပွါးများနည်းများကတော့ အများသိပြီးဖြစ်လို့ အကျယ်တ၀င့် မရှင်းလင်းလိုတော့ပါ။

ဒီတော့ ချစ်ခြင်းသည် ခါးသက်ပါသလား ချိုမြိန်ပါသလားဆိုတာကတော့ လက်လှမ်းမမီသေးတဲ့ အဖြေတစ်ခုပါ။ ခါးသက်ခြင်း ချိုးမြိန်ခြင်းဆိုတာကတော့ ခံစားသုံးဆောင်သူရဲ့ ခံယူချက်အပေါ်မှာ မူတည်နေမလား။ ဒါမှမဟုတ် သုံးဆောင်ခံစားသူက ခါးသက်ခြင်း ချိုမြိန်ခြင်းကို ဘယ်လို ဖွင့်ဆိုမလဲဆိုတာက ပိုလို့များ အရေးပါနေမလား ဆိုတာပါ။ ပိယ, ပေမ-သဘောဆန်တဲ့ ချစ်ခြင်းတွေများကြတော့ ချိုမြိန်နေတာတွေ အများကြီးပါနိုင်သလို့ ခါးသက်တာတွေကကော ကင်းပါသလားဆိုတာပါ။ တကယ်လို့ ချစ်ခြင်းသည် ခါးသက်ခြင်း ချိုမြိန်ခြင်း နှစ်မျိုး ရောပြွမ်းနေတယ်လို့ ဆိုခဲ့ကြမယ်ဆိုယင်ဖြင့် မေတ္တာဆိုတာကတော့ ရောနှောခြင်းမရှိတဲ့ အမြဲထာဝရချိုမြိန်ခြင်း၊ ဖောက်ပြန်ပြောင်းလဲမှုမရှိတဲ့အေးမြခြင်း သက်သက်ပါလို့ နားလည်းလက်ခံ သိနားလည်နေယင်း…………………

Read more...

အဟောင်းစား…

“အဟောင်းစား”ဟူသည့် ဤစကားသည် ကျောင်းအမကြီး ၀ိသာခါကိုယ်တိုင် ပြောဆိုခဲ့သည့် စကားဖြစ်၏။ ပြောဆိုခဲ့သည်မှာလည်း အခြားသူကို ရည်ရွယ်၍ ပြောဆိုခဲ့ခြင်း မဟုတ်ပေ။ မိမိ၏ ယောက္ခမဖြစ်သူ မိဂါရသူဋ္ဌေအား ရည်ရွယ်၍သာ ပြောဆိုခဲ့ခြင်း ဖြစ်၏။ သောတာပန်အဖြစ်ဖြင့် အိမ်ထောင်ကျသွားသည့် ၀ိသာခါတစ်ယောက် ကံဆိုးစွာပင် ရခဲ့သည့် လင်ယောက်ျားမှာ မိစ္ဆာဒိဋ္ဌိ တစ်ယောက်၏ သားဖြစ်နေခဲ့၏။ သောတာပန်နှင့် မိစ္ဆာဒိဋ္ဌိ တစ်အိမ်တည်း ဖြစ်နေကြသဖြင့် အရာရာမှာ ဆန့်ကျင်နေပေ၏။ အိမ်ထောင်ကျပြီး လင့်အိမ်သို့ လိုက်လာခဲ့ရသည့် ၀ိသာခါသည် ယောက္ခမဖြစ်သူ မိဂါရသူဋ္ဌေးအိမ်တွင် အခြားပြဿနာများ ကြီးကြီးမားမား မရှိသော်လည်း ရတနာသုံးပါးနှင့် စပ်လျဉ်းသည့် ကိုးကွယ်ဆည်းကပ်မှုများတွင် ပြဿနာ ဖြစ်ခဲ့ရ၏။ ၀ိသာခါသည် ရတာနာသုံးပါးကို အသက်နှင့်ထပ်တူ ကြည်ညိုဆည်းကပ်လို၏။ သို့သော် မိဂါရသူဋ္ဌေးကား ထိုအချက်ကို သဘောမကျနိုင်၊ မကျေနပ်နိုင် ဖြစ်နေပေ၏။

တစ်နေ့ ၀ိသာခါသည် မိဂါရသူဋ္ဌေ၏ ထမင်းဝိုင်းကို ယက်ခပ်ပေးနေစဉ် အိမ်ရှေ့သို့ ရဟန်းတစ်ပါး ဆွမ်းခံရပ်လာ၏။ မိဂါရသူဋ္ဌေးသည် ဆွမ်းခံကြွလာသည့် ရဟန်းကို မမြင်ချင်ယောင်ဆောင်ကာ ထမင်းကို ဆက်စားနေနိုင်သော်လည်း သောတာပန် ၀ိသာခါတစ်ယောက် ဘ၀င်မကျနိုင်ခဲ့ပေ။ ယောက္ခမ မျက်နှာကို ကြည့်နေရသဖြင့် စိတ်တိုင်းကျ ဆွမ်းလောင်းလှူရန်လည်း မဖြစ်နိုင်ပြန်ပေ။ နောက်ဆုံးတွင် ၀ိသာခါသည် အားနာနာနှင့်ပင် ဆွမ်းခံရဟန်းအား လက်အုပ်ချီကာ လျှောက်ထားလိုက်ရပေ၏။ “အရှင်ဘုရား… ကန်တော့ပါသေးရဲ့ဘုရား..၊ တပည့်တော်ရဲ့ ယောက္ခမဟာ အဟောင်းစားသူ တစ်ယောက်ပါဘုရား…၊ သီးခံတော်မူပါဘုရား…”ဟု လျှောက်ထားလိုက်သည့် ၀ိသာခါစကားကို ကြားသည့်အခါ ဆွမ်းခံရဟန်းလည်း ရှေ့ဆက်ကြွားသွားလေ၏။

ဆွမ်းခံအရှင် ကြွသွားသော်လည်း မပြီးနိုင်သည့် ပြဿနာမှာ ၀ိသာခါ၏ “အဟောင်းစား”ဟူသော စကားပင်ဖြစ်၏။ မိဂါရသူဋ္ဌေးသည် သူ့အား ၀ိသာခါက အဟောင်းစားဟု ပြောသည်ကို မကျေနပ်နိုင်ဘဲ ထမင်းစားနေချိန်တွင် အဟောင်းစားဟု ပြောဆိုခြင်းသည် ရိုင်းစိုင်းကြောင်း၊ အဟောင်းဟူသည် မကောင်းသည့် အညစ်အကြေးကို ဆိုခြင်းဖြစ်ကြောင်း စသည်ဖြင့် ဒေါသထွက်မဆုံးဖြစ်ကာ ရပ်ရွာသူကြီးများရှေ့တွင် ၀ိသာခါနှင့် ဖြစ်ခဲ့သည့် ပြဿနာများအား ဖြေရှင်းလေတော့၏။ မိဂါရသူဋ္ဌေးသည် ၀ိသာခါနှင့် ပတ်သက်သည့် စွဲချက်ပေါင်းများစွာကို တင်ပြ၏။ ထိုစွဲချက်များတွင် ဤ “အဟောင်းစား”ဟူသော စကားနှင့်ပတ်သက်သည့် စွပ်စွဲချက်သည်လည်း တစ်ခုအပါအ၀င်ဖြစ်၏။ ၀ိသာခါသည် တင်သမျှ စွဲချက်များကို အကျိုးအကြောင်း ခိုင်လုံစွာ ဖြေရှင်းပေးခဲ့ပြီး “အဟောင်းစား”ဟူသော စကားနှင့် ပတ်သက်၍လည်း “သူပြောသည့် အဟောင်းစားဟူသည်မှာ တစ်ခြားအရာများကို ရည်ရွယ်ခြင်း မဟုတ်ကြောင်း၊ မိဂါရသူဋ္ဌေးသည် ယခုဘ၀တွင် ကုသိုလ်ကောင်းမှု ဘာတစ်ခုမှ မပြုလုပ်ဘဲ အတိတ်က လုပ်ခဲ့သည့် ကောင်းမှုရဲ့ အကျိုးကိုသာ ခံစားနေခြင်း ဖြစ်ကြောင်း၊ အတိတ်ကံ၏ အကျိုးပေးကိုသာ စားနေသည့် သဘောကို ရည်ရွယ်၍သာ အဟောင်းစားဟု ဆိုခြင်းဖြစ်ကြောင်း..” ဖြေရှင်းပေးလိုက်၏။ နောက်ဆုံးတွင် မိဂါရသူဋ္ဌေးသည် တင်သမျှ စွဲချက်များရှုံးနိမ့်ကာ ၀ိသာခါ အလိုသို့ လိုက်ခဲ့ရပြီး ၀ိသာခါ၏ တောင်းဆိုချက်ဖြင့် အိမ်တွင်ဘုရားအမှူးရှိသည့် သံဃာတော်များအား ဆွမ်းကပ်တရားနာခွင့်အထိ ပေးလိုက်ရ၏။ မိဂါရသူဋ္ဌေးသည်လည်း မြတ်စွာဘုရား၏ တရားတော်ကို နာရသဖြင့် တရားရကာ ဗုဒ္ဓဘာသာတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပေတော့၏။ ဤကား ၀ိသာခါ၏ အဟောင်းစားဟူသော စကားနှင့်စပ်လျဉ်းသည့် အကြောင်းဇာတ်လမ်း အကျဉ်းပင်ဖြစ်ပါ၏။

ဤနေရာတွင် အဓိကပြောလိုသည်မှာ “အဟောင်းစား”ဟူသော စကားပင် ဖြစ်ပါ၏။ ၀ိသာခါ၏ အဟောင်းစားဟူသော စကားအရကြည့်လျှင် လောက၌ အဟောင်းစားနေသူများ များနေသည်ကို တွေ့ရ၏။ အထူးသဖြင့် မျက်မှောက်ခေတ်တွင် ထိုကဲ့သို့သော အဟောင်းစားများ အလွန်များပြားလှ၏။ အတိတ်ကံကောင်းသဖြင့် အစစအရာရာ ပြည့်စုံနေသည့် အပေါ်တွင် ကျေနပ်နေပြီး နောင်သံသရာအတွက် ကုသိုလ်ရိက္ခာမထုတ်ကြဘဲ အဟောင်းကိုသာ စားနေကြသည့် အဟောင်းစားများကို နေရာအနှံ့ အပြားတွင် အများးအပြား တွေ့နေရ၏။ နောင်ဘ၀ဟူသည်ကို မစဉ်းစားဘဲ အတိတ်၏ အကျိုးပေး အပေါ်တွင်သာ ကျေကျေနပ်နပ် ခံစားနေကြသူများလည်း ရှိနေ၏။ လက်ရှိဘ၀တွင် ကုသိုလ်မလုပ်ဘဲ အကုသိုလ် အလုပ်များဖြင့် ပျော်မွေ့နေသော်လည်း အတိတ်ကံ ကောင်းသဖြင့် အကျိုးပေး ကောင်းနေကြသူများလည်း ရှိနေပြန်၏။ အကြောင်းကောင်းသဖြင့် အကျိုးပေးကောင်းကာ အဟောင်းစား ဖြစ်နေရသည့်အပေါ်တွင်သာ အကျေနပ်ကြီး ကျေနပ်နေသူများလည်း ရှိ၏။

ဤသို့ အဟောင်းကိုသာ စားနေကြသည့် အဟောင်းစားများ အဖြစ်နှင့်သာ လက်ရှိဘ၀ကို အဆုံးသတ်သွားလျှင်ကား ထိုသူများ၏ အနာဂတ်ဘ၀သည် မတွေးရဲစရာပင် ဖြစ်၏။ အသစ်မချဘဲ အဟောင်းကုန်အောင် စားနေသဖြင့် အဟောင်းကုန်သွားမည်ဆိုပါက မကောင်းဘုံ သွားရမည်မှာ အသေအချာပင် ဖြစ်ပါ၏။ လောကတွင် အမှောင်ထဲမှလာပြီး အလင်းသွားသူ၊ အလင်းထဲမှလာပြီး အမှောင်သွားသူ၊ အမှောင်ထဲမှလာပြီး အမှောင်ထဲသွားသူ၊ အလင်းထဲမှလာပြီး အလင်းသွားသူဟူ၍ ပုဂ္ဂိုလ်လေးမျိုးရှိရာတွင် အဟောင်းသာစားပြီး အဟောင်းကုန်သွားသဖြင့် မကောင်းဘုံ သွားခဲ့ရမည်ဆိုပါက ထိုသူ၏ဘ၀သည် ကုသိုလ်အရှိန်ကြောင့် လူ့ဘ၀ကို ရလာသော်လည်း လူ့ဘ၀တွင် ကုသိုလ်ကောင်းမှုမရှိသဖြင့် အပါယ်ဘုံသို့ ကျရောက်သွားသည့် အလင်းထဲမှလာပြီး အမှောင်ထဲသွားသည့် သူကဲ့သို့သာ ဖြစ်နေပေ၏။ ဤ၌ အလင်းအမှောင်ဟူသည် သုဂတိဘ၀နှင့် ဒုဂ္ဂတိဘ၀၊ ကုသိုလ်နှင့် အကုသိုလ်များကို ဆိုလို၏။ ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘ၀ကို ရရှိပြီး ထိုသုဂတိဝဘမှ မကောင်းသည့် ဒုဂ္ဂတိဘ၀သို့ ရောက်ရှိသွားခြင်းသည် အလင်းထဲမှလာပြီး အမှောင်ထဲသို့ ပြန်သွားခြင်းပင် ဖြစ်၏။ အလင်းထဲရောက်နေပြီးမှ အမှောင်ပြန်သွားရသည့် ဘ၀သည်ကား အရှုံးပေါ်သည့် ဘ၀သာဖြစ်ပါ၏။ ထို့ကြောင့် အဟောင်းသာစားပြီး အဟောင်းကုန်သဖြင့် မကောင်းဘုံသွားရသည့် အလင်းမှအမှောင်သို့ သွားသူများ မဖြစ်စေကြဘဲ အဟောင်းမကုန်ခင် အသစ်ဖြည့်ကာ အလင်းထဲမှလာပြီး အလင်းထဲသို့ သွားနိုင်သူဖြစ်ရန် ကြိုးစားသင့်ကြောင်း ဆိုခြင်းဖြစ်၏။

စင်စစ် အမှောင်ထဲမှ လာခဲ့သည်ဖြစ်စေ၊ အလင်းထဲမှ လာခဲ့သည်ဖြစ်စေ လူ့ဘ၀ရရှိ လာခဲ့ခြင်းကပင် ကောင်းသောလာခြင်း ဖြစ်သဖြင့် ရရှိထားသည့် လူ့ဘ၀မှ ထို့ထက်ပိုပြီး လင်းသည့်ဘ၀သို့သာ သွားနိုင်ရန် ကြိုးစားသင့်ပေ၏။ ဖြစ်သင့်သည်မှာ အဟောင်းလည်းစား အကောင်းလည်းပွားရန် ဖြစ်သင့်ပေ၏။ သံသရာမှာ ကျင်လည်နေရဦးမည့် သူများဖြစ်နေလျှင်ကား သံသရာအတွက်လည်း ရိက္ခာထုတ်ထားရန် လိုအပ်၏။ သံသရာအတွက် ရိက္ခာထုတ်လိုလျှင် အဟောင်းချည်းစားနေ၍ မဖြစ်ပေ။ အသစ်လည်း ပွားပေးရပေမည်။ အသစ်ပွားရန် ဆိုသည်မှာလည်း အခွင့်ကောင်းရှိနေသည့် အချိန်တွင်သာ ပွားနိုင်ပေ၏။ မည်သို့ဆိုစေ လူ့ဘ၀ ရရှိနေချိန်သည် အသစ်ပွားရန် အကောင်းဆုံး အချိန်ဖြစ်ပါ၏။ လူ့ဘ၀ရရှိနေပြီး ဘုရားသာသနာနှင့် ကြုံကြိုက်နေသည့် အချိန်သည် ကုသိုလ်ကောင်းမှုများကို လုပ်ခွင့်ရသည့် အကောင်းဆုံးအချိန် ဖြစ်ပါ၏။ အခွင့်အရေးဟူသည် ရရှိချိန်တွင် အရယူနိုင်ရန် အရေးကြီး၏။ နောင်ဆိုသည်ကား မသေချာလှပေ။ ထို့ကြောင့် အခွင့်အရေးလည်းရ၊ လုပ်ချိန်လည်းရ၊ လုပ်ခွင့်လည်း ကြုံနေသည့် ယခုအချိန်တွင် အတိတ်ကလုပ်ခဲ့သည့် အဟောင်းကိုသာ စားမနေကြဘဲ သံသရာအတွက် ရိက္ခာထုတ်နိုင်ရန် အကောင်းများလည်း ပွားများကြရန် လိုအပ်ကြောင်းဆိုခြင်း ဖြစ်ပါ၏။

ပုထုဇင်များသည် ကိလေသာ ကာမဂုဏ် အာရုံများတွင် နှစ်သက်တတ်ကြသည်မှာ သဘာဝပင် ဖြစ်သော်လည်း ထိုကိလေသာအာရုံ ကာမဂုဏ်များဖြင့်သာ ရရှိလာသည့် အကောင်းဆုံးဘ၀ကို အဆုံးမသတ် သင့်ကြပေ။ ထိုအာရုံများမှ ရုန်းထွက်နိုင်ရန်လည်း ကြိုးစားသင့်ပေ၏။ ပုထုဇင်ပဲ ကြိုက်မှာပေါ့ဟုဆိုကာ အကြိုက်နောက်သာ လိုက်နေကြလျှင် ထိုအကြိုက်သည် ဆုံးနိုင်မည် မဟုတ်ကြပေ။ ကာမဂုဏ်အာရုံဆိုသည်မှာလည်း တစ်မျိုးပြီးတစ်မျိုး အသစ်အသစ် ဖြစ်ဖြစ်နေသည် ဖြစ်သဖြင့် အသစ်ဖြစ်တိုင်း လိုက်နေလျှင် အနှစ်နှင့် ဝေး၍သာ နေကြပေလိမ့်မည်။ အနှစ်နှင့်ဝေးနေသမျှ အစစ်နှင့်လည်း ဝေးနေဦးမည်သာဖြစ်၏။ အမှန်အားဖြင့် ထိုသို့မဖြစ်သင့်ပေ။ အဟောင်းစားခွင့်ရခြင်းကို အကြောင်းပြုပြီး အနှစ်ကောင်းများ တိုးပွားစေရန် အားထုတ်သင့်ပေ၏။ အဟောင်းစားရင်း အသစ်ဖြစ်သည့် ကုသိုလ်အနှစ်များကိုလည်း ကြိုးစားပွားများသင့်၏။ ထို့သို့မဟုတ်ဘဲ အဟောင်းကုန်မှ အသစ်ချမည်ဆိုပါက နောက်ကျသွားနိုင်ပေ၏။ အသစ်မရှိဘဲ အဟောင်းကုန်အောင် စားနေပါလျှင် အဟောင်းကုန်သည်နှင့် မကောင်းဘုံ ရောက်မည်သာ ဖြစ်ပေ၏။ မကောင်းဘုံရောက်သွားလျှင်ကား အကောင်းပြန်ဆုံရန် မလွယ်နိုင်တော့ပေ။ ထို့ကြောင့် အကောင်းဆုံးဖြစ်သည့် ယခုအချိန်မှာသာ အဟောင်းချည်း စားမနေကြဘဲ အသစ်လည်းပွားရန် တိုက်တွန်းကြခြင်း ဖြစ်၏။

လောက၌ အချို့သူများသည် အဟောင်းစားဟုဆိုသော်လည်း အဟောင်းလည်းမစားနိုင် အသစ်လည်း မပွားနိုင်ဘဲ အနှစ်များထားကာ သွားရသူများအဖြစ် နိဂုံးချုပ်သွားသူများရှိ၏။ စာရေးသူ သိသည့် ဒကာကြီးတစ်ယောက် ရှိ၏။ ဒကာကြီးသည် အလွန်ချမ်းသာ၏။ သို့သော် သဒ္ဓါတရားခေါင်းပါး၏။ ထိုဒကာကြီးသည် အလှူအတန်းဟူသည့် စကား မကြားလိုလှပေ။ ချမ်းသာသော်လည်း မချမ်းသာလှပေ။ သူရရှိထားသည့် စည်းစိမ်ချမ်းသာကို သူကိုယ်တိုင်လည်း မသုံးနိုင်၊ မစားနိုင် ဖြစ်နေပေ၏။ ချမ်းသာသော်လည်း လိုင်းကားတိုးစီးကာ လမ်းလျှောက်သွားနေတတ်၏။ ပစ္စည်းဥစ္စာပြည့်စုံသော်လည်း အ၀တ်အစား ကောင်းကောင်းမရှိ၊ ကောင်းကောင်းမ၀တ်နိုင်ဘဲ ဖြစ်နေပေ၏။ ထိုဒကာကြီး၏ ဘ၀သည် အကြောင်းကောင်းသဖြင့် အဟောင်းကောင်းနေသော်လည်း အဟောင်းမစားနိုင်သည့်အပြင် အသစ်လည်း မပွားနိုင် ဖြစ်နေသည်ကို တွေ့ရ၏။ ဤသို့သာ ဖြစ်နေလျှင်ကား ဒကာကြီး၏ သံသရာခရီးသည် ကြောက်စရာပင် ကောင်းနေသေး၏။ အလင်းထဲတွင် ရှိနေသော်လည်း အလင်းသို့ မသွားနိုင် ဖြစ်နေသည့် ထိုဒကာကြီး၏ ဘ၀ခရီးသည် အမှောင်သို့သာ သွားရောက်ဖွယ် ဖြစ်နေပေ၏။ မည်သို့ဆိုစေ ဤကဲသို့ အဟောင်းလည်း မစားနိုင် အသစ်လည်း မပွားနိုင်သူများ ရှိနေသည်ဆိုသည်ကား အသေအချာပင် ဖြစ်ပေ၏။ မိမိသည်သာ ထိုသူတို့ကဲ့သို့ မဖြစ်စေရန် သတိပြု ဆင်ခြင်ရန် လိုအပ်ပေတော့၏။

အချုပ်အားဖြင့် မည်သူမဆို လူ့ဘ၀ ရရှိလာပြီ ဆိုကတည်းက အကြောင်းကောင်းရှိခဲ့ကာ အဟောင်းကောင်း နေကြသည်မှာ သေချာလှသဖြင့် ရရှိလာသည့် အကောင်းဆုံးဘ၀တွင် အဟောင်းချည်းသာ စားမနေကြဘဲ အသစ်ပွားကာ အနှစ်များလည်း စားသွားနိုင်ရန် ကြိုးစားသင့်ပေ၏။ အဟောင်းစားရင်း အသစ်ပွားနိုင်ရန် အားထုတ်သင့်ပေ၏။ ကောင်းမှုအစွမ်းကြောင့် ကောင်းကျိုးရကာ အဟောင်းကောင်းနေသော်လည်း ထိုအဟောင်းဖြင့်သာ ကျေနပ်မနေကြဘဲ အဟောင်းစားနေရသည့် အခွင့်ကို ရယူလျက် အခြားကုသိုလ်ကောင်းမှု အသစ်များကိုပါ ရနိုင်သမျှ အရယူရင်း အလင်းထဲမှလာပြီး အလင်းထဲသို့ သွားနိုင်သူများ ဖြစ်စေရန် အထူးကြိုးစား သင့်ပေ၏။ ထို့ကြောင့် ရခဲသည့် လူ့ဘ၀ကို ရရှိထားကြသည့် အဟောင်းစားများအနေဖြင့် အဟောင်းလည်းစား အသစ်လည်းပွားနိုင်ရန်သာ အချိန်ရှိခိုက် ကြိုးစားလိုက်ပါဟု စေတနာနှင့် အကြံပြုလိုက်ရပေတော့၏။ အားလုံး… အဟောင်းစားရင်း အသစ်ပွားနိုင်ကြပါစေ…

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP