* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, May 2, 2010

မေလ (၂) ရက်နေ့တရားအစီအစဉ်များ...

ကြာနီကန်ဆရာတော်ဘုရားကြီး၏
၁)တောင်းတတိုင်းရ(၁)နဲ့ (၂)
၂)မချစ်တာနဲ့ 
၃)မကုန်ဆုံး တရားတော်များ..


၎င်းတရားတော်များကို မြန်မာစံတော်ချိန်ည ၁၁:၁၅ မှ မနက် ၅:၀၀ အတွင်းလွှင့်ကြားပေးသွားပါမည်..။


ကျန်ရှိနေသောအစီအစဉ်များ....

မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူအပ်သော
၁)နိရောဓသစ္စာအနက်မှ အမတဌောတရားတော်
၂)နိရောဓသစ္စာအနက်မှ အသင်္ခတဌောတရားတော်
၃)အဂ္ဂိဝစ္စပုဏ္ဏား ဥပမာပြတရားတော်
များနှင့်..

ကြာနီကန်ဆရာတော်ဘုရားကြီးဟောကြားတော်မူအပ်သော
၁)မေမေနှင်ထုတ်တေးတစ်ပုဒ်
၂)လေးမည်သိဒ္ဓတစ်ပါးရ အပိုင်း (၁) တရားတော်များ..

၎င်းတရားတော်များကို မြန်မာစံတော်ချိန် မနက် ၅း၀၀ နာရီမှ ၁၁း၀၀အတွင်းလွှင့်ကြားပေးသွားမှာဖြစ်ပါတယ်...

ကျန်ရှိနေသောအစီအစဉ်များကို ဆက်လက်ဖော်ပြပေးသွားပါမည်...

Read more...

ဘလော့ဂ်ဖွင့် အီးမေးလ်

ဦးဇင်းဘုရား...

တပည့်တော် ဒိန်းမတ် က ....ပါ။ ဦးဇင်းဆီ ဖုန်းဆက်တုံးက ဂျာမနီက ၊ အခုတော့ ဒိန်းမတ်ကို ပြန်ရောက်နေပါပြီ။အခု ဦးဇင်း အီးမေးလ်ကို စမ်းပို့ကြည့်တာပါ။ လိပ်စာမှန်ပြီး စာရောက်တယ်ဆိုရင် တပည့်တော်ဆီ အကြောင်းပြန်ပေးပါ။ တပည့်တော် ဦးဇင်းဆီမှာ ဓမ္မနဲ့ ပတ်သက်ပြီး သိချင်တာ လေးများ မေးလျှောက်ချင်လို့ပါ။

ဦးတင်လျှက်

အိုကေ
ဒကာ စာ ရောက်ကြောင်းပါ။ ရပါတယ်ဗျာ။ အကျိုးဖြစ်မယ့် မေးခွန်းတွေ မေးပါ။ ဘာလို့ လဲဆိုတော့ အမေးဖြေတွေ မြန်မာ ဘုန်းကြီး တော်တော်များများဖြေကြပြုကြတာရှိပါတယ်။ အမေးဖြေ အခန်း လုပ်ထားတာတွေရောပေါ့။
ဥူးဇင်းအနေနဲ့ ကတော့ သီးသန့် အမေးဖြေ သီးသန့် ရေးထားတာမရှိဘူး။ နီးစပ်သူမေးခဲ့ရင်သာ လိုလိုလားလား မေးခွန်းမျိုး အကျိုးရှိမေးခွန်းမျိုးဖြေတယ်ဆိုတာ ကြိုတင် ပြောထားပါတယ်။
ပြီးတော့ အချိန်ကလည်း ပြောသလောက်မရလို့ ပါ။ အလိုရှိက မေးပါ။ တတ်နိုင်သရွေ့ ပြောပေးပါ့မယ်။
ကျန်းမာချမ်းသာပါစေ
မေတ္တာဖြင့်
ဥူးဇင်း

ကျေးဇူးကြီးလှပါတယ်ဘုရား။

တပည့်တော် သိချင်တာက ပဋိစ္စသမုပ္ပါဒ် တရားတော်မှာ အ၀ိဇ္ဖာတည်းဟူသော မသိမှုသည် ဘာကို ဆိုလိုပါသလဲ။ ဘယ်အရာတွေကို မသိတာကို အ၀ိဇ္ဖာဟု ဘုရားဟောပါသလဲ ဟု အရှင်ဘုရားသိလျှင် ဖြေပေးပါရန် လျှောက်ထားအပ်ပါသည် ဘုရား။

ဦးတင်လျှက်



သိသလောက် ဖြေပေးရရင်တော့-
အဖြေ။ အ၀ိဇ္ဇာ ဟူသည်
သိထိုက်သည်ကိုမသိ၊ မသိထိုက်သည်ကို သိသောတရားကို အ၀ိဇ္ဇာ ဟု ခေါ်၏။

ထိုအ၀ိဇ္ဇာမည်သော မောဟသည်
၁။ ဒုက္ခသစ္စာ ၂။ သမုဒယသစ္စာ ၃။နိရောဓသစ္စာ၎။မဂ္ဂသစ္စာ
ဤသစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းတတ်၏။
၅။အတိတ်က ဖြစ်ခဲ့သော ခန္ဓာ အာယတန ဓာတ် အဖို့ အစု( ပုဗ္ဗ န္တ)
၆။အနာဂတ်ဖြစ်မည့် ခန္ဓာစသော အဖို့ စု ( အပရ န္တ)
၇။ထို ရှေ့  နောက် နှစ်ပါး ( ပုဗ္ဗ န္တာပရ န္တ)
ထိုတရားတွေ၏ အမှန်သဘောကို ကောင်းစွာမသိအောင် ဖုံးကွယ်၍ထားသည်။
၈။ဤ ပဋိစ္စသမုပ္ပါဒ်တို့ ၏ အမှန်သဘောကိုလည်း မသိအောင် ပိတ်ပင်ထားတတ်သည်။
( အခြေပြု သဂြိုင်္ဟ်- စာ ၄၇၂)

နားလည်အောင် ပြောရရင် ဒီအကြောင်း ၈ မျိုးနဲ့ စပ်ပြီး မသိရင် အ၀ိဇ္ဇာ။
(ကျန်တာ မသိတာတော့ အ၀ိဇ္ဇာ လို့ မဆိုလို။)
ဒီ ၈ ချက်ကို မသိတာကို အ၀ိဇ္ဇာ လို့  ခေါ်ကြောင်း ဒကာရေ မှတ်သားပေတော့။


မှန်ကန်ပြည့်စုံပါသည် အရှင်ဘုရား။ အချက် ရှစ်ချက်ကို မသိတာ အ၀ိဇ္ဇာဟု မှတ်သားခဲ့ဖူးသော်လည်း ပြည့်စုံစွာ မသိ၍ မေးရခြင်း ဖြစ်ပါသည်။

ဦးတင်လျှက်

ဟိုး...တုန်းကတော့ အိတ်ဖွင့်ဆိုပြီး ရေးကြ ပြုကြတယ်။ ခုတော့ ဘလော့ဂ် ဖွင့် အီးမေးလ်
ဆိုပြီး ရေးလိုက်ပါတယ်။ နာမည်ပေးလိုက်ပါတယ်။


မှတ်ချက် ။ ။ သူလို မေးတတ်စေရန်လည်းကောင်း၊ မေ့နေတာကို ပြန်လည် သိစေလိုသောကြောင့်လည်းကောင်း၊ မသိသေးသူများ အသစ်အနေ
မှတ်သားစေလိုသောကြောင့်လည်းကောင်း
ဒီနေ့  မနက် အီးမေးလ် မှ အမေးအဖြေကို တင်လိုက်ပါတယ်။
မြတ်ရောင်နီ
( ၀၁၊၀၅၊၂၀၁၀)

Read more...

ဥစ္စာမမက် တရားမက်သော အရှင်မ

0005052Kph0.jpg

ဗာရာဏသီပြည်၌ ဥစ္စာဓန ကြွယ်ဝသော ပုဏ္ဏားတစ်ယောက် ရှိ၏။ အမည်မှာ သုဇာတ ဖြစ်၍ သားတစ်ယောက်နှင့် သမီးတစ်ယောက် ထွန်းကား၏။ ဝါသေဌိ ထေရီ အရှင်မသည် ထိုအိမ်သို့ နေ့စဉ် ဆွမ်းခံ ကြွတော်မူလေ့ရှိ၏။

ပုဏ္ဏေးမကြီးနှင့် သမီးတို့သည် ထို အရှင်မနှင့် အကျွမ်းတဝင် ရှိလာသောအခါ အရှင်မ၏ ရဟန်းပြုရခြင်း အကြောင်းကို သိလာကြသည်။ ထို အရှင်မ ဝါသေဌိကား သားသမီးများ ပျက်စီးသည်တွင် ရူးမတတ် ပူဆွေးသောက ရောက်ရာက မြတ်စွာဘုရား၏ တရားတော်ကို နာယူရသဖြင့် ရဟန်း ပြုလာသူ ဖြစ်ပေ၏။

တစ်နေ့သောအခါတွင် သုဇာတ၏ ချစ်လှစွာသော သားသည် မမြှော်လင့်ဘဲ ကွယ်လွန်ခဲ့၏။ သားကို အမွန် တမြတ်ထားကာ အရိပ် တကြည့်ကြည့် ဖြစ်နေခဲ့သော ပုဏ္ဏားကြီးမှာ ဆောက်တည်ရာ မရ ဖြစ်ရတော့၏။ ထိုအချိန်တွင် အရှင်မ ဝါသေဌိသည် ကြွရောက်တော် မူလာ၏။

သည်းအူ ကြွေပြတ်လုလု သောက ဖိစီး ခံနေရသော ပုဏ္ဏားသည် အရှင်မကို ဖူးမြင်ရသောအခါ အားကိုးစိတ် ပေါ်လာသည်။ ‘ငါ့မှာ သားပဲပျက်စီးတာ၊ ဒီ အရှင်မက သားရော သမီးပါ ပျက်စီးဖူးတာ၊ သည် အပူကို သူ ဘယ်လို သတ်သတုံး’ ဟု တွေးမိသည်။ သို့ကြောင့် အရှင်မ ရှေ့တော်သို့ ရိုသေစွာ ချဉ်းကပ်သည်။

“ထေရီ အရှင်မ၊ အရှင်မဟာ သားသမီးတွေ သေတုန်းက နေ့ရော ညပါ ပူဆွေးခဲ့တယ် မဟုတ်လား။ အခုတော့ ဘာဖြစ်လို့ မပူဆွေး မငိုကြွေးရတော့တာတုံး”

“သုဇာတ ပုဏ္ဏား၊ ငါရော သင်ပါ ရှေးရှေး လွန်လေပြီးတဲ့ ဘဝတွေမှာ သားတွေ အရာမက သေခဲ့ပြီးပြီ။ ဆွေမျိုးသားချင်းတွေလည်း အရာမက သေခဲ့ပြီးပြီ။ ဒါပေမယ့် အဲဒီ ငါဟာ ပဋိသန္ဓေ နေရခြင်း ဆင်းရဲ၊ အိုရခြင်း ဆင်းရဲ၊ နာရ သေရတဲ့ ဆင်းရဲတို့ရဲ့ ထွက်မြောက်ရာ နိဗ္ဗာန်ကို မဂ်ဉာဏ်နဲ့ သိတဲ့အတွက် မပူဆွေး မငိုကြွေးတော့ဘူး။ မပူဆွေး မငိုကြွေးတဲ့ အတွက် ဆင်းရဲ ပင်ပန်းမှုလည်း မရှိတော့ဘူးလေ”

သုဇာတ ပုဏ္ဏား စိတ်ဝင်စားသည်။ အားတက်သည်။

“ဝါသေဌိ အမည်ရှိတဲ့ ထေရီမြတ်လှ အရှင်မ၊ အရှင်မဟာ မဖြစ်ဘူးမြဲ ဖြစ်တဲ့ သဘောရှိတဲ့ စကားကို မိန့်တော်မူပါကလား။ အရှင်မဟာ ဘယ်ဆရာရဲ့ တရားစကားကို နာကြားရလို့ ဒီစကားကို မိန့်တော်မူတာပါလဲ ဘုရား”

“သုဇာတ ပုဏ္ဏား၊ တရား အလုံးစုံကို အလိုလို ကိုယ်တော်တိုင် မှန်စွာ သိတော်မူတဲ့ မြတ်စွာဘုရားဟာ မိဓိလာ ပြည်အနီးမှာ သီတင်းသုံး နေတော်မူတယ်။ အဲဒီ အရပ်မှာ ဆင်းရဲ အားလုံးကို ပယ်ဖျောက်ဖို့ အတွက် သတ္တဝါတွေကို တရားဟောနေတော်မူတယ်”

‘အို မြတ်စွာဘုရား ဆိုပါကလား။ ဆင်းရဲ အားလုံးကို ပယ်ဖျောက်တဲ့ တရားကို ဟောတော်မူတယ် ဆိုပါကလား’

ပုဏ္ဏားသည် မြတ်စွာဘုရား ဟူသည့် အသံကို ကြားကာမျှဖြင့် အပူလောင်မြိုက်မှုမှ သက်သာစ ပြု၏။

“သုဇာတ ပုဏ္ဏား၊ ငါဟာ ပူဇော်အထူးကို ခံတော်မူထိုက်တဲ့ အဲဒီ မြတ်စွာဘုရားရဲ့ ဆင်းရဲမရှိတဲ့ တရားတော်ကို ကြားနာခဲ့ရတယ်။ အဲဒါကြောင့် မြတ်စွာဘုရားရဲ့ ရှေ့တော်မှာပဲ သစ္စာလေးပါး တရားတော်တို့ကို သိပြီးဖြစ်လို့ သားသမီးအတွက် မစိုးရိမ် မပူဆွေး မငိုကြွေးတော့ဘူး”

(ဥစ္စာမမက် တရားမက်သော အရှင်မ အပိုင်း-၁ အဆက်အား ဆက်တင်ပါမည်)

Read more...

*ဆရာတော်အရှင်ဇနကဘိဝံသ၏အဆိုအမိန်များ*

Written by တောသားလေး 0 အကြံပြုပါသည်။ Posted in:

*ဒုက္ခမရောက်ရင် မကြောက်ကြ
၁။ သတ္တ၀ါတိုင်းဟာ ဒုက္ခမရောက်သေးသမျှ မကြောက်ရေးချ မကြောက်ကြပါဘူး။
Unafraid
1.No being is afraid until it gets into trouble.
*စိတ်မချရ
၂။ တရားထူး မရသေးသမျှတော့ဖြင့် သံသရာသွားဖို့ အယူဝါဒဟာ မြဲပြီလို့ စိတ်မချရသေး။
No Guarantee
2. So long as you have not yet acquired the atates of moral purity, there is no guarantee that you have got the right belif for your journey in the cycle of existences.
*တစ်ဘ၀ ငါမဟုတ်
၃။ တစ်ဘ၀၏ တစ်ခဏ၏ ငါအဖြစ်ကို မကြည့်ပါနဲ့၊ တစ်သံရာလုံးက ငါအဖြစ်ကိုသာ ကြည့်ကြပါ။
3. Don’t look only to your situation in this transitory life; look to the series of existences you have gone through.
*အမှတ်တမဲ့ မနေကြနဲ့
၎။ လူတွေဟာ အမှတ်မဲ့ နေ၊ အမှတ်မဲ့ ကြီး၊ အမှတ်မဲ့ သေကြတယ်၊ တကယ်ဆိုတော့ စား-၀တ်-နေ-ရေး ပြည့်စုံရင် အို-နာ-သေရေးအတွက် အသင့်ပြင်ထားဖို့ကောင်းတယ်။
Don’t be Listless
4. People are born , grow up and die in a listless manner. In fact , they should prepare themselves for old age, sickness and death after they have acquired the necessities of life.
*အထင်မကြီးကြနဲ့
၅။ လူတွေဟာ ကိုယ့်ရဲ့ အဆင့်အတန်းကို မတင်းတိမ်တတ်ကြဘဲ၊ မရနိုင်တဲ့ အဆင့်အတန်းကိုပဲ အထင်ကြီးမျှော်မှန်းနေကြတယ်။
Don’t Aim too High
5. People are not satisfied with their own position in life and are always aiming too high.
ဆရာတော်အရှင်ဇနကဘိဝံသ၏ အဆိုအမိန့်များစာအုပ်မှ ကောက်နုက်ဖော်ပြထားခြင်းဖြစ်ပါသည်။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Read more...

ကံလေးမျိုး လေးလီ

၂၀၁၀ ခုနှစ် ဧပြီလ ၂၄ ရက် စနေနေ့ ညနေ ၄ နာရီတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ ၂၉-ပတ်မြောက် အဘိဓမ္မာသင်တန်းပို့ချချက်ကို လေ့လာ သင်ယူကြရရာ ရှေးဦးစွာ လောကချမ်းသာဆရာတော်က ၄၅ မိနစ်ခန့် ယခင်သင်ခန်းစာများကို ပြန်လည် ရှင်းပြ သင်ကြားပေးပြီး၊ သင်ကြားမည့် သင်ခန်းစာ မိတ်ဆက်ပေး၏။

+++++

လောကန္တရိတ်ငရဲ

ငရဲကြီး ၈-ထပ်၊ ငရဲငယ် ၁၂၈ သို့မဟုတ် ၁၆၀ တို့ကား မြေကြီးထဲမှာ ရှိ၏။
စကြဝဠာ သုံးခု ဆုံ၍ ဖြစ်ပေါ်လာသော ကွက်လပ်တွင် ရှိသည့် ငရဲကို လောကန္တရိတ်ငရဲဟု ခေါ်၏။
မည်သည့်အခါမှ နေရောင်မရရှိဘဲ ကွက်လပ်ထဲမှာလည်း အလွန်အေးသော ရေများ ရှိ၏။
ဤငရဲ၌ ဖြစ်သော သတ္တဝါတို့မှာ လင်းနို့များကဲ့သို့ နံရံကမ်းပါးများ၌ ကပ်တက်နေကြပြီး တစ်ဦးနှင့်တစ်ဦး တွေ့က ဖက်လုံး သတ်ကြကာ ရေထဲကျလျှင် ကြေမွသွားကြကြောင်း သိရ၏။

+++++

ဘဝတစ်ခု၊ ‘သံ’ ‘ဘွင်’ ‘စု’၊ သုံးခု ထပ်စမြဲ။
‘ဘုံ’ ‘ဇာတ်’ ‘သံ’ ‘သင်’၊ ‘အာ’ငါးအင်၊ ‘သံ’‘ဘွင်’‘စု’ မကွဲ။
(လယ်တီဆရာတော်ဘုရားကြီး)

ဘဝတစ်ခုတွင် ပဋိသန္ဓေ (သံ)၊ ဘဝင် (ဘွင်)၊ စုတိ (စု) စိတ်တို့မှာ ထပ်တူ အတူတူ ဖြစ်၏။

ဘုံ = ကာမာဝစရဘုံ၊ ရူပါဝစရဘုံ၊ အရူပါဝစရဘုံ စသည်။
ဇာတ် = ဝိပါက်ဇာတ်
သံ (သမ္ပယုတ္တဓမ္မ) = ယှဉ်သော စေတသိက်များ
သင် (သင်္ခါရ) = အသင်္ခါရိက၊ သသင်္ခါရိက စသည်။
အာ (အာရုံ) = ‘ကံ’၊ ‘ကမ္မနိမိတ်’၊ ‘ဂတိနိမိတ်’ စသည်။

ဤငါးမျိုးသည် ပဋိသန္ဓေ၊ ဘဝင်၊ စုတိစိတ်တို့၌ မကွဲမပြား အတူတူသာ ဖြစ်ကြ၏။

+++++

ကံအကြောင်း

များသောအားဖြင့် ကံဆိုသည်မှာ ‘အမှု’ ‘အလုပ်’၊ ‘ပြုလုပ်မှုတစ်ခု’ဟု ပြောလေ့ ရှိကြ၏။
တိတိကျကျပြောက ကံဆိုသည်မှာ ကုသိုလ်စိတ် အကုသိုလ်စိတ်နှင့်အတူ တွဲပြီးဖြစ်သော စေ့ဆော်မှုသဘောတရား - စေတနာ ဖြစ်၏။

စေတနာသည် စေတသိက်တစ်ခုဖြစ်ပြီး အခြားသော စေတသိက်များက ဥပါဒ်(ဖြစ်) ဌီ(တည်) ဘင်(ချုပ်)ပြီး ပျောက်သွားသော်လည်း စေတနာစေတသိက်ကမူ အကျိုးပေးနိုင်သော သတ္တိ (ကံ)ကို ချန်ထားရစ်၏။

ဘယ်နားမှာ ချန်ထားရစ်ခဲ့သည် ... ဘယ်နားမှာ ရှိသည်ကိုမူ မိလိန္ဒပဥှာ၌ အရှင်နာဂသေနက အသီးမသီးသေးသော သရက်ပင်၌ အသီးတို့ မည်သည့်နေရာ၌ ရှိသည်ကို မပြနိုင် မပြောနိုင်သကဲ့သို့ ဥပမာပြု၏။

ကံအမျိုးမျိုး ရှိ၏။

(က) ကိစ္စ၏အစွမ်းဖြင့် ကံလေးမျိုး

(၁) ဇနကကံ
အကျိုးဝိပါက်ကို ပဋိသန္ဓေအခါ၌ဖြစ်စေ၊ ပဝတ္တိအခါ၌ဖြစ်စေ အခွင့်သင့်ရာအခါဝယ် မိမိကိုယ်တိုင် ဖြစ်စေနိုင်သော ကံ။

ပဋိသန္ဓေအခါ = ပဋိသန္ဓေစိတ်၏ ဥပါဒ် ဌီ ဘင် ဖြစ်နေဆဲ ကာလ။
ပဝတ္တိအခါ = ပဋိသန္ဓေနောက် ပထမဘဝင်က စပြီး သေသည့်တိုင် ကာလ။
အကျိုးဝိပါက် = ဝိပါက်စိတ်၊ ဝိပါက်စိတ်နှင့်ယှဉ်သော စေတသိက်၊ ကမ္မဇရုပ်၊ ကမ္မဇရုပ်ကတဆင့် ထောက်ပြီးဖြစ်သော ဥတုဇရုပ်။

(၂) ဥပတ္ထမ္ဘကကံ
ကိုယ်တိုင်ကား အကျိုးမပေးနိုင်။ တပါးသောကံ အကျိုးပေးခွင့်ရလေအောင်၊ အကျိုးပေးခွင့် ရနေပြန်လျှင် အကျိုးပေး သန်လေအောင်၊ အကျိုးပေးသည့်အခါမှာလည်း ထိုအကျိုးများ ရှည်ကြာဖွံ့ဖြိုးလေအောင်၊ ကုသိုလ်အရာမှာဖြစ်စေ အကုသိုလ်အရာမှာဖြစ်စေ လျော်စွာ ထောက်မ ကူညီတတ်သော ကံ။

(၃) ဥပပီဠကကံ
တပါးသောကံကို အကျိုးပေးခွင့်မရလေအောင်၊ အခွင့်ရပြန်လျှင် အကျိုးပေး မထက်သန်အောင်၊ ရပြီးသော အကျိုးကိုလည်း မဖွံ့ဖြိုးလေအောင် ကပ်၍ နှိပ်စက်တတ်သော ကံ။

(၄) ဥပဃာတကကံ
နှိပ်စက်ရုံတင်မက တပါးသောကံကို လုံးဝ အကျိုးမပေးနိုင်အောင်၊ ပေးပြီးသော အကျိုးများကိုလည်း ပြတ်သွားအောင် သတ်ဖြတ်တတ်သော ကံ။

+++++

(ခ) အကျိုးပေး အလှည့်အစဉ်အားဖြင့် ကံလေးမျိုး

(၁) ဂရုကကံ
တပါးသောကံတို့ မတားမြစ်နိုင်လောက်အောင် ကြီးလေးသော ကံ။
(ကုသိုလ်အရာ၌ မဟဂ္ဂုတ်ကံများနှင့် အကုသိုလ်အရာ၌ ပဉ္စာနန္တရိယကံများ)

(၂) အာသန္နကံ
သေခါနီး လောလောဆယ်၌ ပြုအပ်သော ကံ၊ သို့မဟုတ် ရှေးက ပြုပြီးသားကို သေခါနီး၌ ထပ်၍ အောက်မေ့အပ် (ဆင်ခြင်နေအပ်)သော ကံ။

(၃) အာစိဏ္ဏကံ
နေ့စဉ်မပြတ် လေ့ကျက်အပ် ပြုအပ်သော ကံ။

(၄) ကဋတ္တာကံ
ဂရုက, အာသန္န, အာစိဏ္ဏကံ အခြေအနေသို့ မရောက်တတ်ဘဲ ဤဘဝ၌ သာမန်ပြုအပ်သောကံများနှင့် ရှေးရှေးဘဝက ပြုအပ်ခဲ့သော ကံများ။

+++++

(ဂ) အကျိုးပေးရာ ကာလနှင့်စပ်၍ ကံလေးမျိုး

(၁) ဒိဋ္ဌဓမ္မဝေဒနီယကံ
မျက်မှောက်ပစ္စုပ္ပန်ဘဝ၌ အကျိုးပေးသော ကံ။ (ပထမဇော စေတနာ)

(၂) ဥပပဇ္ဇဝေဒနီယကံ
နောက်ဒုတိယဘဝ၌ အကျိုးပေးသော ကံ။ (သတ္တမဇော စေတနာ)

(၃) အပရာပရိယဝေဒနီယကံ
တတိယဘဝမှ စ၍ နိဗ္ဗာန်ရသည်တိုင်အောင် အကျိုးပေးသော ကံ။ (အလယ်ဇော ၅-ချက် စေတနာ)

(၄) အဟောသိကံ
အကျိုးလုံးလုံးမပေးသော ကံ။

+++++

(ဃ) အကျိုးပေးရာ ဘုံဌာနနှင့်စပ်၍ ကံလေးမျိုး

(၁) အကုသိုလ်ကံ

(၂) ကာမာဝစရကုသိုလ်ကံ

(၃) ရူပါဝစရကုသိုလ်ကံ

(၄) အရူပါဝစရကုသိုလ်ကံ

+++++

အဘိဓမ္မာသင်တန်းပြီး၍ စနေနေ့ လောကချမ်းသာ ဆည်းဆာတရားပွဲကို တရားခေါင်းစဉ် ရွေးချယ်ရလွန်း၍ ဒုက္ခရောက်နေသော အရှင်ဝိမလက “ဒုက္ခပါပဲ”တရားတော် ဟောကြား ချီးမြှင့် ဓမ္မဒါနပြုကာ ဆယ်မိနစ်မျှ လက်တွေ့ဝိပဿနာရှုမှတ်ကြပြီး ကောင်းမှုကုသိုလ် အမျှပေးဝေကြလေသည်။




သာဓု ... သာဓု ... သာဓု။

Read more...

လောကအလင်းရှင်-မွေးမိခင်သို့


ကျွန်မရဲ့ အမေ
ဘဝ ရဲ့ ဖန်ဆင်းရှင်ပါလေ
ကြီးကျယ် တဲ့စွမ်းအင်တရား မိုးဖျားကမြေကြီး
အံ့ချီးဘွယ် အစုံစုံ ၊ ဂုဏ်ပေါင်း အစုစု
အတုမရှိ စကြာဝဠာ၊ ထိုအရာတို့ ထက်သာလွန်သော
မဟာသမုဒ္ဒရာထက် နက်ရှိုင်းသော
မြင်းမိုရ်တောင် ထက်မြင့်မား သော
မဟာပထဝီ မြေကြီး ထက် ထုထည်ကြီးမားသော
စကြာဝဠာထက် ကျယ်ဝန်းသော….အရာ…..
မေတ္တာ တရားရဲ့ သံစဉ်များ
တေးသွား ကိုဆိုညည်းရင်း သမီး အမေ့ကိုတွေ့ခဲ့တယ်။

ကျွန်မရဲ့ အမေ ဟာ
လွတ်မြောက်ရေးနှင်းဆီမဟုတ်။
လွတ်လပ်ခြင်း ဖြင့်ရဲရင့် -
ရှင်သန်ခြင်းဖြင့် ရဲဝံ့-
နေရာင်တို့ဖြင့်ဖူးပွင့်-
သဘာဝ ပန်းတစ်ပွင့် ဖြစ်ပါတယ်။

မြေဖြူကိုင်တဲ့ လက် ၊ ပုခက်လွှဲ လည်း မပျက်ခဲ့ပါ။
ကြက်သွန် ငရုတ်သီး၊ ညည်းညူရန် အကြောင်းမရှိ ကောင်းကောင်းသိလို့ နေခဲ့တယ်။
ဇာထိုး ၊ပန်းထိုး ၊အမျိုးမျိုး လုပ် ၊ အင်္ကျီချုပ် လို့ အစုတ်သက်သာစေခဲ့တယ်။
ဘာသာရေး ၊လူမှုရေး ၊ပညာရေး၊ အရေးစုံစွာ အမေပါခဲ့ ၊
မူနွဲ့ ဒိတ်အောက်၊ နောက်ကျ မကျန်ရစ်ခဲ့ပါ။
ကန့်ကူလက်လှည့် ၊ တပည့်များ ချစ်တဲ့ဆရာမ ၊
ထိုဘဝ နဲ့ မီးဖိုချောင် ၊ လှောင်ပိတ်မွန်းကြပ် ၊
ရပ်တန့်မနေ၊ တာဝန်ကျေသော…ဘဝတောမှ
လောကအလင်းရှင် ဖြစ်ပါတယ်။

အမေထားရစ် ၊ အနှစ်သာရ ၊ သမီးရခဲ့
ဥစ္စာ အမွေ ၊ ပညာအမွေ။
စိတ်ထားအမွေ၊
မာန်အားအမွေ၊
ဉာဏ်အားအမွေ၊
နာမည် အမွေ.. အထွေ ထွေဆပွား ၊ နှလုံးသား မှာ ၊ခြေရာများစွာကျန်ခဲ့တယ်။

အမေ့ ပေးခဲ့တဲ့ အားမာန်…. ရှင်သန်နေဆဲ
အမေပေးတဲ့ သတ္တိ….ကျန်ရှိနေဆဲ
အမေပေးတဲ့ အသိ…ကပ်ညိနေဆဲ
အမေပေးတဲ့ ဘဝအမြင်….စင်ကြယ်နေဆဲ ၊
ဘဝထဲမှ၊ လဲလျှင်ပြန်ထ ၊
သံဝေဂ နဲ့ နှိမ်ချရိုကျိုး ၊
ကျေးဇူးမိုးကို ရှစ်ခိုးကန်တော့လိုက်ပါရစေ။

၂၀၀၃ ခုနှစ် ဧပြီလ - ၂၉ရက်နေ့တွင် ဘဝတစ်ပါးသို့ပြောင်းသွား ကွယ်လွန်ခဲ့သည်မှာ ဒီနေ့ဆိုလျှင် (၇) နှစ် မြောက်ခဲ့ပြီ ဖြစ်တဲ့ ကျွန်မရဲ့ ကျေးဇူးရှင် မိခင်ကြီး (ဒေါ်စောသွင်)ကို ဒီကဗျာ နဲ့ မြတ်နိုးစွာ ပူဇော်ကန်တော့ လိုက်ပါတယ်။

ကျေးဇူးရှင်အမေရေ….၂၀၁၀ခုနှစ် ၊ဧပြီလ ၂၉ မနက်ခင်း ၊ ဓမ္မစင်္ကြာ ရိပ်သာကျောင်းမှာ အာရုဏ်ဆွမ်းကပ်လှူ ခဲ့ပါတယ်။ ကမ္ဘာအေး မဟာဂန္ဓာရုံကျောင်းတိုက်မှ ပိဋကတ် နှစ်ပုံဆောင် ဆရာတော် ဦးပညာဝံသ အားနေ့ဆွမ်း ကပ်လှူ ပြီး အမျှ အတန်း ပေးဝေငှ တာကို ကျေးဇူးရှင် -အမေ ရောက်ရာဋ္ဌာန ၊ ဘုံဘဝမှ ကြားပါသိပါစေသား။
ဝမ်းမြောက် သိမြင် ၊ သာဓုခေါ်ဆို နိုင်ပါစေသား။ ( အမျှ--- အမျှ---- အမျှ)၃။
သာဓု-သာဓု -သာဓု
0 မှတ်ချက်ရေးရန်

Read more...

တရားအလှူသည် အမြတ်ဆုံး

တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏။
တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏။
တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏။
တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံဆင်းရဲကို အောင်နိုင်၏။

(ဓမ္မပဒ၊ တဏှာဝဂ်၊ သက္ကပဥှဝတ္ထု)

Read more...

ကိုယ်မွေးတဲ့လ

(၁)
မင်းလွင်မြူး၍
တန်ခူးလည်းကုန်
လကဆုန်သည်
ပဇ္ဇုန်ရိုက်မည် ချုန်းချုန်းတည်း။
(၂)
ပဇ္ဇုန်ချုန်း၍
ကြည်းကုန်းရေမှာ
ဖူးပွင့်ဖြာသည်
မာလာကြိုင်ပျံ့ သင်းသင်းတည်း။
(၃)
မာလာသင်း၍
အင်ကြင်းမြိုင်ယံ
တောလုံးလျှံသည်
ငှက်သံချိုနွဲ့ အေးအေးတည်း။
(၄)
ငှက်သံအေး၍
နီးဝေးနယ်တွင်း
ရပ်ခပင်းသည်
စောင်းငြင်းသာယာ ငြိမ့်ငြိမ့်တည်း။
မင်းသုဝဏ်

Read more...

Your Religion Is Not Important



The following is a brief dialogue between a Brazilian
theologist Leonardo Boff and the Dalai Lama.
Leonardo is one of the renovators of the Theology of Freedom.

In a round table discussion about religion and freedom in which
Dalai Lama and myself were participating at recess.

I maliciously, and also with interest, asked him:
Your holiness, what is the best religion?

I thought he would say:
The Tibetan Buddhism” or
The oriental religions, much older than Christianity


Dalai Lama paused, smiled and looked me in the eyes ….
which surprised me because I knew of the malice
contained in my question.


He answered:
The best religion is the one that gets you closest to God.
It is the one that makes you a better person.


To get out of my embarassment with such a wise answer, I asked:
What is it that makes me better?


He responded:
Whatever makes you
more Compassionate,
more Sensible,
more Detached,
more Loving,
more Humanitarian,
more Responsible,
more Ethical.”

The religion that will do that for you is the best religion


I was silent for a moment, marvelling and even today
thinking of his wise and irrefutable response:
I am not interested, my friend, about your religion
or if you are religious or not.

What really is important to me is your behaviour in
front of your peers, family, work, community,
and in front of the world.


Remember, the universe is the echo of our actions and our thoughts.


The law of action and reaction is not exclusively for physics.
It is also of human relations.
If I act with goodness, I will receive goodness.
If I act with eviI, I will get evil
.


What our grandparents told us is the pure truth.
You will always have what you desire for others.
Being happy is not a matter of destiny.
It is a matter of options.”


Finally he said:
Take care of your Thoughts because they become Words.
Take care of your Words because they will become Actions.
Take care of your Actions because they will become Habits.
Take care of your Habits because they will form your Character.
Take care of your Character because it will form your Destiny,
and your Destiny will be your Life … and …


There is no religion higher than the Truth.


How to See Yourself As You Really AreThe Dalai Lama's Little Book of Inner Peace: The Essential Life and TeachingsThe Art of Happiness in a Troubled World


Read more...

ပဋိပက္ခလှည့်စားမှု

အလှတရားတွေ ဆိတ်သုဉ်းခဲ့တာ

မနေ့က သတင်းစာအထိပါပဲ။

ဥပေက္ခာတရားတွေ
ဘယ်သူမှ မွေးမြူမထားဘူး
အလှအပတွေ ပျက်ဆီးမှုက
ဥပေက္ခာကို လာလှုပ်နိုးနေတာ။

လိပ်ပြာသက်သက်တွေလား
တန်ဖိုးထားမှုသက်သက်တွေလား
လောကသဘာဝက
သီးခြား မေးမထားဘူးလေ
မြတ်နိုးမှုနဲ့
နဂိုအတိုင်း လှပနေစေချင်တာ။

ပန်းစားဘီလူးတွေ များတဲ့ခေတ်မှာ
နယ်ရုပ်ကလေးတွေ များလွန်းတာ မုန်းတယ်။

ရင်နာလွန်းပေါ့
အဲ့လို ဖြစ်ခဲ့တာ
အလှတရားတွေ ဆိတ်သုဉ်းခဲ့
မနေ့က သတင်းစာအထိဆိုတာကိုပါ။

Read more...

ရောင်စုံ ခြေလှမ်းများ

လူဟာ အခြားသူတစ်ဦးတစ်ယောက်နဲ့ ခိုင်းနှိုင်းပြီး တုပထွင်းထုနေရင် ဒါဟာ ရူးသွပ်မှုပဲ ဖြစ်ပါလိမ့်မယ်။ လူဟာ အနှောင်အဖွဲ့ကင်းတယ်။ သီးသန့်အမြင်ရှိတယ်။ လွတ်လပ်တယ်။ လွတ်လပ်တဲ့အလျှောက် ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေကို လွတ်လွတ်လပ်လပ်တွေးနိုင်ရမယ်။ ကွဲကွဲပြားပြား လုပ်ဆောင်နိုင်ရမယ်။ ပြီးတော့ ကိုယ့်လုပ်ဆောင်တွေးကြံမှုအလျှောက် ရလာတဲ့အသီးအပွင့်အတွက် တာဝန်ယူနိုင်ရမယ်။ ယန်းပေးဆက်တို့ရဲ့ ဖြစ်တည်မှုပဓာန၀ါဒကြီး လွှမ်းမိုးနေတယ်လို့ ဆိုကောင်းဆိုမယ်။ ဒါပေမယ့် ဒါဟာ အမှန်တရားရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရခြင်းပင် ဖြစ်ပါတယ်။

လူဟာ လွတ်လပ်ပေမယ့် (လွတ်လပ်စွာ တွေးခေါ်ကြံဆလုပ်ဆောင်နိုင်ပေမယ့်) အသိဉာဏ်မဖွံ့ဖြိုးခင်က လွှမ်းမိုးမှုအချို့တော့ ရှိတတ်ကြတယ်။ အသိဉာဏ်တွေ ရင့်ကျက်လာတဲ့အချိန်မှာ ကျွန်တော်တို့ ဒါကို တိုက်ဖျက်ရမယ်။ သို့မဟုတ် ကိုယ်ပိုင်ဟန်ဖြစ်အောင် လုပ်ဆောင်ရမယ်။ “အတ္တာဟိ အတ္တနော နာထော”ဆိုတာ ကိုယ်ပိုင်ဟန်တွေနဲ့ ဘ၀ကို တည်ဆောက်နိုင်အောင်၊ လွှမ်းမိုးမှုတွေ ပပျောက်အောင် လုပ်ဖို့ တိုက်တွန်းတဲ့ ဒေသနာပဲ။ ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ် လေးစားရမယ်။ တန်ဖိုးထားရပါမယ်။ ဘာကြောင့်လဲဆိုတော့ လူသားတိုင်းဟာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် စီရင်ရမှာမိုလို့ပါပဲ။

ကျွန်တော်တို့ဟာ ကိုယ့်ဘ၀ကို ကိုယ်တိုင်မှ တန်ဖိုးမထားရင် ဘယ်သူကလာပြီး တန်ဖိုးထားပါတော့မလဲ။ တန်ဖိုးရှိတဲ့ဘ၀ကို ဘယ်လို တည်ဆောက်နိုင်စွမ်း ရှိတော့မလဲ။

ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်။ ဗျိုင်းနားလို့ ကိုင်းရတယ်။ ကျွန်တော်တို့ ပြောနေခဲ့ကြတယ်။ တကယ်တော့ လောကဆိုတာ မြေနိမ့်ရာ လှံစိုက်ကြတာပဲ။ ပေါက်ပင်ဟာ ရေပြင်ဘက်ပဲ ကိုင်းတယ်။ သူနိုင်တဲ့ဘက် သူကိုင်းတယ်။ ကုန်းမြေဘက်ကိုင်းဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ဘူး။ ရေပြင်ဘက်က နိမ့်လို့၊ ပျော့လို့ပါပဲ။ ဒါဟာ လောကရဲ့ သဘာဝပဲ။ ကျွန်တော်တို့ဟာ နိမ့်ပြီဆိုရင် အနှိမ်ခံဘ၀၊ အဖိအနှိပ်ခံဘ၀ ရောက်ရတော့တာပဲ။

“ငါသည် မုချသေရမည်”။ “ဘာလုပ်မှာလဲကွာ…မျိုးချစ်တာတို့ ဘာတို့”ဆိုတာ ဗုဒ္ဓတရားတော်ကို သေချာနားမလည်သေးလို့ပါ။ ကျွန်တော်တို့ဟာ ဗုဒ္ဓကို နားမလည်ကြသေးပါဘူး။ ဗုဒ္ဓကို နားလည်ရင် အကြောက်တရားတွေ ကင်းနေရမယ်။ လုပ်သင့်လုပ်ထိုက်တာကို လုပ်နိုင်စွမ်း ရှိလာရမယ်။ ကျွန်တော်တို့ဟာ ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာကို လုပ်နိုင်စွမ်းလည်း ရှိတယ်။ လုပ်ဖို့လည်း သင့်တယ်။ ဒါပေမယ့် ကြောက်ရွံ့မှုတွေနဲ့အတူ တုံ့ဆိုင်းကုန်စေခဲ့ကြတယ်။

“ကျွန်တော့်အဘိုး ဘယ်သူဆိုတာ အရေးမကြီးပါဘူး။ ကျွန်တော့်မြေး ဘာလဲဆိုတာပဲ အရေးကြီးတယ်”လို့ လင်ကွန်းပြောတဲ့စကားက အလွန်မှတ်သားသင့်ပါတယ်။ ကျွန်တော်တို့ဟာ ငယ်ငယ်ကတည်းက ကြောက်ကြောက်လန့်လန့်ဖြင့် ကြီးပြင်းခဲ့ရတယ်။ မိဘကို ကြောက်ရတယ်။ ဆရာ၊ ဆရာမတွေကို ကြောက်ရတယ်။ ကျောင်းသားငယ်ဆိုရင် ကျောင်းသားကြီးကို ကြောက်ရတယ်။ လူငယ်တွေက လူကြီးတွေကို ကြောက်ရတယ်။ ဘုန်းကြီးကျောင်းသွားတော့လည်း ကျောင်းထိုင်ဆရာတော် ကြိမ်တုတ်ကို ကြောက်ရတယ်။ ဘုန်းကြီးကျောင်းသားတစ်ယောက်ဟာ ဘုန်းကြီးကို ကြောက်ရတယ်။ ကိုရင်ကြီးတွေလည်း ကြောက်ရတယ်။ ကျောင်းသားကြီးတွေကို ကြောက်ရတယ်။ ကပ္ပိယတွေကို ကြောက်ရတယ်။ အရာရှိငယ်က အရာရှိကြီးကို ကြောက်ရတယ်။ နေရာတကာမှာ အကြောက်တရားတွေနဲ့ ရှင်သန်ကြီးပြင်းခဲ့ကြရတယ်။

ဗုဒ္ဓဘာသာမှာ အရှက်တရား၊ အကြောက်တရားဆိုတာ ရှိပါတယ်။ အဲဒီထဲက အရှက်တရားကိုတော့ ဒီနေရာမှာ မပြောလိုပါ။ ဗုဒ္ဓဘာသာအရ အကြောက်တရားဆိုတာ မကြံသင့် မကြံထိုက်၊ မပြောသင့် မပြောထိုက်၊ မလုပ်သင့် မလုပ်ထိုက်တာကို ကြံရမှာ၊ ပြောရမှာ၊ လုပ်ရမှာကို ကြောက်ခြင်းပါပဲ။ ဆိုတော့ ဘာတွေက မကြံသင့်၊ မပြောသင့်၊ မလုပ်သင့်တဲ့အရာတွေ ဖြစ်ပါသလဲလို့ မေးစရာ ရှိပါတယ်။ “မိမိ၊ သူတစ်ပါး ဘယ်သူ့အတွက် ဘယ်အရာအတွက်မှ ကောင်းကျိုးမပေးဘူးဆိုရင် ဒါဟာ မကြံသင့်၊ မပြောသင့်၊ မလုပ်သင့်တဲ့အရာပါပဲ”လို့ ကောက်ချက်ဆွဲနိုင်ပါတယ်။

ဒီနေရာမှာ အဖြစ်အပျက်အချို့ကို ထောက်ပြပြီး ငြင်းခုန်ကြတာလေးတွေလည်း ရှိတတ်ပါတယ်။ အလုပ်တစ်ခုဟာ မိမိနဲ့မိမိပတ်ဝန်းကျင် သို့မဟုတ် လောကအတွက် ကောင်းကျိုးတော့ ဖြစ်ထွန်းပါရဲ့။ ထိပ်တိုက်တွေ့ဆုံလိုက်ရတဲ့ တစ်စုံတစ်ယောက်အတွက် နာကျင်စရာဖြစ်သွားတာလေးတွေလည်း ရှိနေတတ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ဟာ ပုထုဇဉ်လူသားများသာ ဖြစ်တဲ့အတွက် လုပ်လိုက်တဲ့လုပ်ရပ်တိုင်းဟာ ကောင်းကျိုးချည်းသာ ဖြစ်ရမယ်လို့ အာမမခံနိုင်ကြပါဘူး။ များသောအားဖြင့်တော့ လောက၊ မိမိနဲ့ သူတစ်ပါးသုံးမျိုးထဲက တစ်စုံတစ်ရာအတွက်သာ အကျိုးဖြစ်ထွန်းပြီး တစ်စုံတစ်ရာအတွက် နစ်နာစေတဲ့အလုပ်တွေကို လုပ်ဖြစ်နေကြတာ များပါတယ်။ အဲဒီလို အဖြစ်အပျက်တွေနဲ့ေ၀၀ါးလာတဲ့အခါ လူသားဟာ အကြောင်းပြချက်တစ်ခု ထုတ်လာတယ်။ “ကိုယ့်သမိုင်း ကိုယ်ရေးတာပါကွာ”တဲ့။

ဘယ်အရာမဆို ကျွန်တော်တို့အနေနဲ့ လုပ်ချင်တဲ့အရာနဲ့ လုပ်သင့်တဲ့အရာလို့ ခံစားနားလည်မိရင် ကျွန်တော်တို့ နောက်မဆုတ်သင့်တော့ဘူး။ ကိုယ့်မှာရှိတဲ့အစွမ်းအစနဲ့ ချိန်ညှိဖို့တော့ လိုအပ်တယ်။ “လူအများစုဟာ ကိုယ့်မှာရှိခြင်းအပေါ်မှာ အာရုံစိုက်ရမယ့်အစား လိုချင်တဲ့အပေါ်မှာပဲ အာရုံစိုက်နေကြတယ်”လို ဒေါ်ခင်စောတင့် ပြောတဲ့စကားကလည်း မှတ်သားစရာပါ။ ဆိုတော့ ကိုယ်လုပ်နိုင်စွမ်းရှိခြင်း၊ လုပ်ချင်သောဆန္ဒနဲ့ လုပ်သင့်သောအရာတို့ ပေါင်းဆုံမိလျှင် အကြောက်တရား၊ အရွံ့တရားတို့ရဲ့ နှောက်ယှက်ဟန့်တားမှုကို ကျွန်တော်တို့ ဂရုမစိုက်သင့်တောဘူးလို့ ထင်ပါတယ်။

ဟုတ်ပါတယ်။ ဘယ်အလုပ်ဖြစ်ဖြစ် လုပ်ပြီးရင် နောင်တကင်းကင်း လိပ်ပြာသန့်သန့်နဲ့ ဘ၀ကို ဆက်လက်ချီတက်နိုင်ဖို့ ဖြစ်စေအောင် အားထုတ်သင့်တယ်လို့ ထင်ပါတယ်။

Read more...

ဆယ်နှစ်မြောက်နှစ်ပတ်လည်စာစောင်ထွက်ပြီ

No Comments

အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ကြီး၏ ဆယ်နှစ်မြောက်နှစ်လည်စာစောင်ထွက်ရှိပြီဖြစ်ပါသည်။

Read more...

မူဆလင်ဘာသာ သို့ မဟာမေဒင်... မိုဟာမက်... ဗုဒ္ဓနိုင်ငံတော် စာ-၃၈-၅၁ (အရှင်သံဝရာဘိဝံသ)
















Read more...

အမှန်ကိုမြင်နိုင်ပါစေ

ဟဲ့ ကောင်လေး.. မပြောကောင်းပြောကောင်း လျောက်ပြောနေတယ်.. လွဲပါစေ ပယ်ပါစေ.. နောက် မပြောနဲ့နော် တဲ့။ အမြဲတမ်းကြားမိတဲ့ စကားလေးပါပဲ။ သေကြောင်း ကြေကြောင်းတွေ မပြောစမ်းပါနဲ့.. နိမိတ်မရှိ နမာမရှိနဲ့.. လျောက်လျောက်ပြောနေတယ်ဆိုပဲ။ အော်.. စဉ်းစားမိပါရဲ့။ အမှန်ကို မမြင်နိုင်.. အမှန်ကို မသိချင်နဲ့ အားလုံးကို မမြင်ချင်မကြားချင်နဲ့ မျက်နှာလွှဲနေကြပါလားပေါ့။ ဘာသာခြားသူငယ်ချင်းတစ်ယောက်က ပြောလိုက်တဲ့ စကားလေးကိုလည်း နားထဲကကြားယောင်မိပါသေးတယ်.. ကိုးကွယ်ရာဘာသာတွေ အမျိုးမျိုးရှိတဲ့ အထဲမှာလည်း မင်းတို့ဗုဒ္ဓဘာသာကပဲ တခါလာလည်း အို၊ နာ၊ သေ.. တခါလာလည်း အို၊ နာ၊ သေနဲ့ တော်တော် အဆိုးမြင်တဲ့ဘာသာပဲ.. လူ့ဘ၀ကြီးရလာတာ ပျော်ပျော်ပါးပါးနဲ့ ချမ်းချမ်းသာသာနေသွားရင် ဘယ်လောက်ကောင်းမလဲ.. မဟုတ်ဘူးလားလို့ မေးလိုက်တဲ့ စကားလေးပါပဲ။ သေခြင်းတရားကိုဆင်ခြင် ဆင်ခြင်နဲ့ သေခြင်းတရားကိုဆင်ခြင်နေရင် ဘာမှလုပ်ချင်ကိုင်ချင်စိတ် ရှိမှာလည်း မဟုတ်တော့ဘူးတဲ့။ မင်းတို့ဘာသာက တော်တော် အဆိုးမြင်တဲ့ဘာသာပဲကွာတဲ့။ သူ့ကိုကြည့်ပြီး ပြုံးမိပါသေးတယ်။ သူပြောတဲ့ စကားလေးတွေ ကြားရတာ အပေါ်ယံကြည့်ရင်တော့ ဟုတ်သလိုလိုပဲနော်။ ကိုယ့်ကိုယ်ကိုလည်း မေးခွန်းလေး ထုတ်မိပါတယ်.. သူပြောသလိုဆို တို့ဗုဒ္ဓဘာသာက အဆိုးမြင်တာလား။

သူပြောတဲ့စကားလေး စဉ်းစားမိရင်း… ဆရာတော်တစ်ပါး ဟောကြားသွားတဲ့ တရားစကားလေး သတိရမိပါတယ်။ “ဗုဒ္ဓဘာသာကို ဘာသာအမျိုးမျိုးမှ ကိုးကွယ်နေတဲ့လူအမျိုးမျိုးတွေက အဓိပ္ပါယ်အမျိုးမျိုး သတ်မှတ်ကြတယ်။ အချို့က အဆိုးမြင်ဝါဒလို့ သတ်မှတ်ကြသလို.. အချို့ကျလည်း အကောင်းမြင်ဝါဒလို့ သတ်မှတ်ကြတယ်.. တို့ဗုဒ္ဓဘာသာဟာ အဆိုးကိုလည်း မြင်တာမဟုတ်သလို.. အကောင်းကိုလည်း ရွေးပြောပေးတဲ့ ဘသာမဟုတ်ဘူး.. အမှန်မြင်ပြီး အမှန်ပြင်ပေးတဲ့ ဘာသာပါ” တဲ့။ ဆရာတော် ပြောသွားတဲ့ စကားလေးက အင်မတန်ရှင်းပြီး လိုရင်းကို ရောက်စေပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး လောကအလယ်ပွင့်ထွန်းတော် မူလာတယ်ဆိုတဲ့ ရည်ရွယ်ချက်ဟာလည်း အ၀ိဇ္ဇာအမှောင်ထဲမှာ အကန်းဘ၀နဲ့ မသိပျော်ပျော်နေကြတဲ့ သတ္တ၀ါအားလုံးကို ဥာဏ်မျက်စိဖြစ်တဲ့ ၀ိဇ္ဇာမျက်လုံးနဲ့ အလင်းရောင်အမှန်တရားကို သိရှိနိုင်အောင်အတွက် ပွင့်ထွန်းပေါ်ပေါက်လာခဲ့တာပါပဲ။ အမှန်တရားကို လက်ခံနိုင်အောင် အမှန်တရားကို နားလည်သဘောပေါက်နိုင်အောင် ဥာဏ်မျက်စိ အလင်းရောင်တွေ လာရောက်ဖွင့်ပေးတယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။

တလောကလုံးက ခိုင်တယ်၊ မြဲတယ် အတ္တလို့ထင်နေတဲ့အရာတွေကို အနတ္တပါလို့ တပါးထဲ ကျွေးကြော်ခဲ့တဲ့ လွန်ခဲ့သော နှစ်ပေါင်း(၂၅၀၀)ကျော်က ဘုရားရှင်ပွင့်ထွန်းတော်မူခဲ့တဲ့ အချိန်အခါကို မျက်စိထဲမှာ မှန်းမျှော်ကြည့်မိပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး စတင်လုပ်ဆောင်ခဲ့တဲ့အရာဟာ ဘယ်လောက်ခက်ခဲတဲ့ အရာပါလဲနော်။ လူဆယ်ယောက်ရှိတဲ့အထဲမှာ ကျန်တဲ့ကိုးယောက်ကမှားနေပြီး တစ်ယောက်ထဲက အမှန်ကိုထောက်ပြနေမယ်ဆိုရင် မှားနေတဲ့လူတွေက အမှန်ပြောတဲ့လူကို ၀ိုင်းဟားချင် ဟားကြပါလိမ့်မယ်.. အရူးလို့လည်း ပြောချင်ပြောကြပါလိမ့်မယ်။ အမှန်တရားကို အမှားလို့ အများစုကထင်နေတော့ အမှန်ပြောတဲ့သူကပင် အမှားဖြစ်သွားတတ်ပါတယ်။ သူတို့ကိုယ်တိုင်လည်း မသိနားမလည်တဲ့အတွက် အမှားနဲ့ထိတွေ့ပါများလာတဲ့အခါ.. အမှန်တရားပျောက်ပြီး အမှားဘက်ကို ရောက်သွားကြတာပါ။ ကိုယ်ကဘယ်လောက်ကြီးပဲ အမှန်ကို အမှန်ပါလို့ပြောနေနေ အမှန်တရားကို လက်ခံနိုင်တဲ့ နားလည်နိုင်တဲ့ ဥာဏ်မျက်စိ မရှိရင်လည်း မမြင်နိုင်ပါဘူး။ အမှန်တရားနဲ့ ဝေးပြီးရင်း ဝေးကွာနေအုံးမှာပါ။


ဘုရားရှင်ကိုယ်တော်မြတ်ကြီး ပွင့်ထွန်းတော်မူလာခဲ့တဲ့ ရည်ရွယ်ချက်ဟာ ဗုဒ္ဓဘာသာဝင်လူဦးရေတွေ များသထက်များလာဖို့ ပွင့်ထွန်းတော် မူခဲ့တာမဟုတ်သလို.. ဗုဒ္ဓရဲ့ဝါဒတွေကို မှားမှားမှန်မှန် လက်ခံရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လောကကြီးအပေါ်ကို အမှားတွေနဲ့ စတင်ခဲ့တာ မဟုတ်ပါဘူး။ စလှမ်းခဲ့တဲ့ခြေလှမ်းတွေကိုက အမှန်တရားကို သတ္တ၀ါတွေသိရှိစေဖို့ဆိုပြီး စတင်လှမ်းလာခဲ့တာပါ။ သူတို့ပြောပြောနေတဲ့ အို၊ နာ၊ သေတွေပဲကြားနေရတာဟာ အဆိုးမြင်တာဆိုရင် ဘယ်ဟာတွေက အကောင်းကိုမြင်တာလဲ.. မအို၊ မနာ၊ မသေတာက အကောင်းကို မြင်တာပဲလို့ တွေးရတော့မှာပေါ့။ ဒါဆိုရင် ဘုရားရှင်ဟောကြားခဲ့တဲ့ မအို၊ မနာ၊ မသေရာကို ရောက်စေနိုင်တဲ့နည်းလမ်းအကျင့်တွေဟာ အကောင်းကိုမြင်ပြီး အမြင်ကိုမှန်စေတဲ့အကျင့်တွေပဲဆိုတာ သူတို့ပြောလိုက်တဲ့ စကားနဲ့တင် သူတို့ကိုယ်တိုင် နှလုံးသွင်းလက်ခံသင့်ပါပေတယ်။ အမြဲတမ်း အိုနေ နာနေ သေနေတယ်ဆိုတာ ကိုယ့်မျက်စိရှေ့မှာလည်း မျက်ဝါးထင်ထင်ပြနေသလို ဆင်းရဲခြင်းအမှန်ဆိုတာလည်း သိနေတယ်.. ဒါကို လက်မခံနိုင်ဖူးဆိုရင်တော့ဖြင့်.. ဆရာတော်အရှင်ဇ၀န ဆုံးမသလိုပါပဲ.. “ရန်သူသူဝိုင်းခံရသူသည် ထွက်ပေါက်သိလျှက်နဲ့ မထွက်သော်၊ ကံပါရမီချဖွယ်မလို၊ အညစ်အကြေးလူးသူသည် ရေစင်ရှိလျှက်မဆေးသော် ရေ၌အပြစ်ဆိုဖွယ်ရာမလို၊ ရောဂါရှိသူသည် ဆေးရှိလျှက် ဆေးမမှီဝဲသော် ဆေး၏အပြစ်ဟု ဆိုဖွယ်ရာမလို” ဆိုတဲ့ ဆုံးမစကားလေးအတိုင်းပါပဲ။


နောက်တစ်ခုကတော့ သေခြင်းတရားနဲ့ပတ်သက်ရင် မပြောကောင်းဘူးလို့ထင်ကြတဲ့ အတွေးတွေပါ။ ဘာသာအမျိုးမျိုး ကိုးကွယ်မှုတွေအမျိုးမျိုးရှိတဲ့အတွက် အယူအဆအမျိုးမျိုးလည်း ရှိကြပါတယ်။ ဒါပေမယ့် အမှန်တရားကိုတော့ ဘယ်ဘာသာမဆို ဘယ်လူမျိုးမဆို လက်ခံနိုင်ဖို့အတွက်တော့ လိုအပ်သင့်ပါတယ်။ ဗုဒ္ဓဘာသာမှမဟုတ်ပါဘူး.. တခြားဘာသာဝင်တစ်ယောက်က အမှန်ကို ပြောနေတယ်.. မှန်လည်းမှန်နေတယ်ဆို လက်ခံရမှာပါပဲ။ အမှန်တကယ်ရှိနေတဲ့.. အမှန်တကယ်နှလုံးသွင်းသင့်တဲ့ သေခြင်းတရားကို ဆင်ခြင်ခြင်းဟာ အင်မတန် မှန်ကန်တဲ့ဆုံးမစကားပါပဲ။ သေခြင်းတရားကို ဆင်ခြင်တဲ့အတွက်.. အော်.. ငါလည်းတနေ့သေရမှာ သူလည်းတနေ့သေရမှာပဲ.. သူ့အပေါ်မှာ ဒေါသတွေထွက်နေလို့ ဘာထူးမှာလဲ.. သူ့ကိုအညှိုးတွေထားနေလို့ ဘာထူးမှာလဲ.. သူတစ်ပါးဆီက မတော်မတရားတွေယူနေလို့ရော ဘာတွေထူးလာအုံးမှာလဲ.. သေရင်လည်း ကိုယ့်နောက်ပါသွားတာမှ မဟုတ်တာဆိုတဲ့ အသိတွေဟာ သေခြင်းတရားကို ခဏတာဆင်ခြင်လိုက်တဲ့သူအတွက် ကုသိုလ်တရားတွေ တိုးပွားသွားရတာ မဟုတ်ပါလား။


ဒါမှမဟုတ်.. သေခြင်းတရားကိုမှ မဆင်ခြင်မိရင် ငါ့အတွက် ငါရမှဖြစ်မယ်.. ငါ့အကျိုးအတွက်၊ ငါ့မာနအတွက် ငါ့လောဘအတွက် ငါကောင်းစားဖို့ဆိုရင်တော့ဖြင့် မိမိရဲ့ရင်ထဲမှာလည်းပူသလို.. တပါးသူရဲ့ရင်ထဲမှာပါ ပူလောင်စေပါတယ်။ ဒါဟာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဆုံးမထားတဲ့ သေခြင်းတရားကိုဆင်ခြင်ခြင်းဟာ မင်္ဂလာအရှိဆုံးပဲဆိုတဲ့ အဓိပ္ပါယ်အနည်းအကျဉ်းလောက်ကို မြင်သာအောင် ထုတ်ပြပေးလိုက်တာပါ.. ဖြန့်တွေးနိုင်ရင် တွေးနိုင်သလောက် မင်္ဂလာတရားနဲ့ပြည့်စုံပါပေတယ်။ သေခြင်းတရားကို များများဆင်ခြင်နိုင်လေလေ.. ကိုယ့်ရဲ့ရင်ထဲမှာ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ကိလေသာအပူမီးတွေ ငြိမ်းလေလေပါပဲ။ အမှန်တကယ်အားဖြင့်တော့ အမှန်တရားကို မြင်နိုင်တဲ့ လက်ခံနိုင်တဲ့ ဥာဏ်ပညာရှိလေလေ.. ကိုယ့်ရဲ့ရင်ထဲမှာ ကိလေသာမီးတွေ ငြိမ်းလေလေပါပဲ။ အမှန်တရားကို မမြင်နိုင်သ၍တော့ အမှားတွေကိုသာ အမှန်ထင်နေကြရအုံးမှာဖြစ်သလို.. အမှားသံသရာထဲမှာလည်း အမှားတွေ ထပ်မံကျူးလွန်နေကြအုံးမှာပါ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဆုံးမခဲ့တဲ့ ဓမ္မဆိုတဲ့.. အမြဲတမ်းမဖောက်မပြန် မှန်ကန်တဲ့အသိတရားတွေကို မှန်ကန်တဲ့အမြင်တွေနဲ့ အမှန်ကိုမြင်နိုင်ပြီး အမြင်တွေ မှန်ကြပါစေလို့ ဆန္ဒပြုရင်း…။

Read more...

ပုထုဇဉ်တစ်ယောက်၏ ချဉ်ခြင်း

မျိုသိပ်ရပါများတော့
ခံစားချက်တွေတနင့်တပိုး
လူမမြင်အောင်ထုတ်ပိုးထားတဲ့
ကျောက်ဆစ်လိုနှလုံးသားတစ်စုံ
င့ါရဲ့ဘယ်ဘက်ရင်အုံအောက်မှာရှိနေတယ်

အချစ်နဲ့ မကင်းကြတဲ့လောကမှာ
လူတိုင်းဟာ ကျူးလွန်နေကြတာပဲ
ငါလည်း
ချစ်လိုက်မယ်
ပုထုဇဉ်ဆိုတဲ့ ခပ်ရိုးရိုးလျှောက်လဲချက်လေးနဲ့ ကာကွယ်လို့
ကိလေသာတွေဆိုတဲ့ စကားလုံးတစ်မျိုးနဲ့
ပစ်ပေါက်တာတော့ ခံရမှာပဲ

လူထဲက လူသားတစ်ယောက်အတွက်
ခံစားမှု လွန်းတင်ဆွဲထားရလွန်းတာ
အင်း
ဖြစ်သင့်သလား ?
ချစ်သင့်သလား ?
ပါရမီရင့်သူတွေတော့ ခပ်ရှင်းရှင်းနေနိုင်ပေမဲ့
ငါလိုလူအတွက်တော့
ဟန်ဆောင်ထိန်းချုပ်ခြင်းဆိုတာကိုက
ပင်ပန်းလွန်းလှတယ်

(ပုထုဇဉ်ရိုးရိုးများအတွက် သင့် မသင့် မဲခွဲဆုံးဖြတ်ကြမယ်နော်)

Read more...

တိုက်ဆိုင်မှုလေးတွေ

တစ်ခါက ရွာတစ်ရွာတွင် သီတင်းကျွတ်ဆွမ်းကြီးလောင်းလှူပွဲကျင်းပလေသည်။ ရပ်ဝေးရပ်နီးမှ ဆရာတော်များ သည် ထိုရွာကျောင်းသို့ ညရောက်ကြွတော်မူကြသည်။ သံဃာတော်များသည် အပါး(၃၀)ခန့်လောက်ရှိရာ ကျောင်း တစ်ကျောင်းလုံးလည်း ပြည့်လုခမန်းဖြစ်သွားလေသည်။ သံဃာတော်များသည် ကြုံတုန်းကြုံခိုက် ရောက်တတ် ရာရာ အလ္လာပသလ္လာပစကားများကို ပြောကြလေသည်။ ထိုသို့ပြောကြရာတွင် ထိပ်ပြောင်ပြောင် နှင့်ဆရာတော်က
“တပည့်တော်ကတော့ ဘယ်သူနဲ့ စကားပြောပြော ပြတ်ပြတ်ဘဲ ပြောတတ်တယ်၊”ဟု သူ၏ သဘောထားကို သံဃာတော်များကို ပြောပြနေလေသည်။ ထိုရေနွေးဝိုင်းတွင် နခမ်းပြတ်နေသော ဆရာတော်တစ်ပါး ရှိနေလေ သည်။ ထိုဆရာတော်သည် စဥ်းစားလိုက်သည်ကား
“ဒီကိုယ်တော် ငါ့ကို စောင်းပြောနေတာထင်တယ်၊”ဟု ယူဆကာ နခမ်းပြတ်နေသော ဆရာတော်ကလည်း
“တပည့်တော်ကတော့ စကားပြောလျှင် ပြောင်ပြောင်ဘဲ ပြောတတ်တယ်၊ ”ဟု ပြန်လည် လက်စားချေကာ ပြော ကြားလိုက်လေသည်။ ဤတွင် ထိပ်ပြောင်နေသော ဆရာတော်က
“ကိုယ်တော် စကားပြောရင် ကြည့်ပြောပါ၊ တပည့်တော်ကို ရွဲ့သလိုလိုနှင့် မပြောပါနဲ့”ဟု ပြန်ပြောလေရာ နခမ်းပြတ်နေသော ဆရာတော်က
“အရှင်ဘုရားက တပည့်တော်ကို စပြီး စောင်းပြောလို့ တပည့်တော်က ပြန်ပြောတာလေ”ဟု မိန့်တော်မူ လိုက်လေသည်။ ထိပ်ပြောင်နေသော ဆရာတော်က
“တပည့်တော်က ဘာပြောလို့လဲ”ဟု မေးလေသည်။ ထိုအခါ နခမ်းပြတ်နေသော ဆရာတော်က
“အရှင်ဘုရားက တပည့်တော်ကို စောင်းပြီး စကားပြောရင် ပြတ်ပြတ်ဘဲ ပြောတတ်တယ်၊” လို့ ပြောလို့ တပည့်တော်ကလဲ လက်စားချေတဲ့အနေနဲ ပြောင်ပြောင်ဘဲ ပြောတတ်လို့ပြောတာလေ။”ဟု မိန့်တော်မူလေ သည်။ ဤတွင်မှ ထိပ်ပြောင်နေသော ဆရာတော်သည် သဘောပေါက်သွားလေသည်။
“အော် ငါကိုယ်က နခမ်းပြတ်နေသော ဆရာတော်၏ ရှေ့တည့်တည့်မှာမှ စကားပြတ်ပြတ်ဘဲ ပြောတတ်တယ်လို့ ပြောမိတာကိုး၊”ဟု စဉ်းစားမိကာ ထိပ်ပြောင်နေသော ဆရာတော်ကဘဲ
“ဆရာတော်ဘုရား တပည့်တော်က ဆရာတော်ကို ရည်ရွယ်ပြီးပြောတာ မဟုတ်ပါဘူးဘုရား၊ တိုက်ဆိုင်သွား တာကို ခွင့်လွှတ်ပါဘုရား၊”ဟု လျှောက်ထားလိုက်မှပင် နခမ်းပြတ်နေသော ဆရာတော်သည်လည်း သူ့၏ ဒေါသဖြစ်မှု ပြေပျောက်သွားလေသည်။
“အော် သတိထားစရာပါပေတည်း။ စကားပြောရာတွင် ဆင်ခြင်ပြောဘို့ရန် အရေးကြီးလှပေသည်။ တစ်ခါတစ်ရံ ကိုယ်က အဓိပ္ပာယ်တစ်မျိုးဖြင့်ပြောသည်။ နားထောင်ရသူက နားလည်မှုလွဲသွားလျှင် အချင်းချင်း မဖြစ်သင့် သော ပြဿနာမျိုးဖြစ်တတ်လေသည်။ဤအကြောင်းနှင့်ပတ်သက်လာသဖြင့် မိမိ၏ ကိုယ်တွေ့ဖြစ်ရပ်ကလေး တစ်ခုကို ပြောပြလိုပါသည်။
မိမိတို့၏ အဆောင်သည် နိုင်ငံအသီးသီးမှ ကျောင်းသားများနေထိုင်ကြသော အဆောင်ဖြစ်လေရာ ကျောင်းသား ပေါင်းများစွာနှင့် ရင်းနှီးခွင့်ရလေသည်။ အထူးအားဖြင့် မိမိနှင့် အခန်းချင်းကပ်လျှက် ထိုင်းနိုင်ငံမှ ကျောင်းသား လေးတစ်ယောက်နှင့် အလွန်ရင်းနှီးလေသည်။ ထိုကျောင်းသားလေးသည် ညနေခင်းတိုင်း ပိုက်ကျော်ခြင်းခပ် လေ့ရှိသည်။ တစ်နေ့ ညနေခင်း သူသည် ပိုက်ကျော်ခြင်းခပ်ရန်အတွက် ပြင်ဆင်နေစဉ် မိမိက
“Hello! my friend, are you going to play cane-ball for your health? ဟလို သူငယ်ချင်း သင့်ရဲ့ ကျန်းမာရေးအတွက် ခြင်းခပ်တော့မယ်ပေါ့လေ၊?ဟု မေးလေသည်။ ထိုအခါ ထိုင်းကျောင်းသားလေက
“Bhante, why will I have to go to hell? ဘန္တေ ဘာကြောင့် တပည့်တော်က ငရဲကို သွားရမလဲ၊”ဟု ပြန်လေမေးလေသည်။ သူလည်း ဘာမျှဆက်မပြောပေ၊ အဲဒီကဲ့သို့ မေးပြီး ခြင်းဝိုင်းဆီသို့ ဆင်းပြေးသွားလေ သည်။ မိမိသည်ကား
“ဟောဗျ ငါက မေးတာက တစ်ခြား၊ သူက ဖြေတာက တစ်ခြား၊ ဒီကျောင်းသားလေး ဘယ်လိုများ နားလည်သွား ပါလိမ့်၊ ”တစ်ပါးတည်း စဉ်းစားလျှက် ကျန်နေတော့သည်။ နောက်မှ သဘောက်ပေါက်လိုက်သည်။ မိမိက healthဖြင့် မေးသည်ကို သူက hell ဟု အကြားလွဲသွားဟန်ဖြစ်ပေလိမ့်မည်ဟု ကောက်ချက်ချမိလိုက်သည်။ အော် ကြံကြံဖန်ဖန် မှားလည်း မှားတစ်ပါပေ့ ကျောင်းသားလေရယ်၊ သူကဘဲ listening power နည်းလို့လား မိမိ၏ အသံထွက်ကဘဲ ညံ့လို့လား”ဟု ဝေခွဲမရဖြစ်နေပါတော့သည်။ ဤအရာသည်လည်း အကြားလွဲသွားခြင်း နားလည်မှုလွဲသွားခြင်းတို့၏ အကျိုးဆက်ကြောင့် ဖြစ်ရလေသည်။ သတိထားဘွယ်ရာဖြစ်ပါပေ၏။
0 comments

Read more...

“ရှာ စု ကူး နီတိများ(၄)”

Posted 11:17 PM by ကိုနော in Labels:

(၆၁) တွေ့တဲ့လူတိုင်းနဲ့ သင့်အောင်ပေါင်းစရာမလို…၊ပေါင်းတဲ့လူတိုင်းနဲ့ သင့်ဖို့သာအရေးကြီးသည်။

(၆၂) စစ်မှန်သောဝေဒနာအတွက် ကုသမည့်သူအမြဲရှိသည်။

(၆၃) နေရာတကာ ငါစူပါစိတ်မျိုးရှောင်ရှားပါ။

(၆၄) အလုပ်နှစ်ခု အပြိုင်မလုပ်ပါနဲ့..အကောင်းဆုံးမှစ၍ တဖြည်းဖြည်းလုပ်သွားပါ။

(၆၅) ငါသာ ငါ့ပြင်,ငါမမြင်ဟု,ဒုယင်တစ်ဆူ,ပြုမိမူ,ထိုသူ သူ့အောက်,နေ့ချင်းရောက်လိမ့်။

(၆၆) လုပ်လို့မရဘူးဆိုတာ ရအောင်မလုပ်လို့ပါ။

(၆၇) မနက်ဖြန်ကိစ္စ နောက်နေ့မှရှင်းမယ်။

(၆၈) သုံးပျောက်လို့ ငါးကွယ်,ခြောက်သွယ်နဲ့ လွဲ,လူ့ရပ်ထံ စံမမြဲ,လေး အောက်ကဆွဲ။

(၆၉) အကျပ်အတည်းမှာ တွေ့ရင် ဦးညွတ်ပါ။

(၇၀) မုန်တိုင်းလာမှာ မျှော်လင့်ထားပါ။

(၇၁) သူများက မြင်သလို ကိုယ့်ကိုယ်ကို ရှုမြင်ပါ။

(၇၂) လမ်းလျှောက်ရင်း အိပ်မက်,မက်တတ်သောအကျင့်ကို ပယ်ဖျောက်ပါ။

(၇၃) တန်ဖိုးဟူသမျှ အလုပ်ကသာ ဖန်တီးသည်။

(၇၄) အချိုကြိုက် လူမိုက်။

(၇၅) အမှားကို ဆင်ခြေဖြင့် အမှန်မလုပ်ပါနဲ့။

(၇၆) အကြောက်လွန်သောစိတ်သည် ကြောက်စရာအကောင်းဆုံးသောအရာဖြစ်သည်။

(၇၇) အချို့သောဆုံးရှုံးမှုများကား အောင်ပွဲများထက်ပင် အောင်မြင်တတ်ပေသည်။

(၇၈) အမှတ်တရားရေအလျဉ်သည် အမှားမြစ်ချောင်းများစွာကို ဖြတ်ကျော်စီးဆင်းခဲ့၏။

(၇၉) သင်ခံတွင်းပျက်နေသည်နှင့် သင့်အစာကို အပြစ်မတင်ပါနှင့်။

(၈၀) နေမင်းနှင့်လွဲရသည်ကို မျက်ရည်ကျနေလျှင် ကြယ်ပွင့်များကိုပါ မြင်ရလိမ့်မည်မဟုတ်။

(၈၁) လိုအပ်၍ လုပ်သမျှ တရားသည်မှန်သည်ချည်း။

(၈၂) အပြောနှင့်အလုပ် မညီသူတို့ကို ပေါင်းသင်းဆက်ဆံရခြင်းကား အိပ်မက်ထဲ၌ပင် စိတ်ပျက်ဖွယ်ကောင်း
လှ၏။

(၈၃) ကမ်းပေါ်ကနေသူတစ်ယောက်အတွက် ပင်လယ်သည် ငြိမ်သက်လှပနေပေလိမ့်မည်။

(၈၄) ခွင့်လွှတ်ခြင်းကြောင့် မေ့လျော့သွားလိမ့်မည်မထင်ပါနဲ့။

(၈၅) ကြိုးစားခြင်းသည် ကံကောင်းခြင်း၏မိခင်ဖြစ်သည်။

(၈၆) အောင်မြင်ခြင်းတွင် အသိမိတ်ဆွေပေါများလှ၏။

(၈၇) မိမိကိုယ်ကို သိုးငယ်ဟုသဘောမထားပါနဲ့..၀ံပုလွေစာဖြစ်သွားလိမ့်မည်။

(၈၈) အမှားကိုကြောက်ခြင်းသည် တိုးတက်မှု၏သေဆုံးခြင်းပင်တည်း။

(၈၉) မူးနုတ် ပဲနုတ်,စု၍လုပ်,တရုတ် တိုက်ကြီးတည်။

(၉၀) စိတ်မပျက်ပါနှင့်..စိတ်ပျက်နေလျှင်လည်း စိတ်ပျက်ပျက်နှင့်ပင် ဆက်လုပ်ပါ။

(၉၁) ပျက်စီးချိန်တန်,နည်းဖောက်ပြန်,ဉာဏ်မြင်မရှင်းရာ။

(၉၂) ဇာတာမသန့်,ကံပင်ညံ့လည်း,မလျှော့ဝီရိယ,ကြိုးစားကြလော့..။

(၉၃) ဇွဲကို ကိုင်ဆုပ်,နောက်မဆုတ်,အဟုတ်ရှေ့သို့ ချီ။

(၉၄) သင့်ကိုယ်သင် ယုံကြည်မှုရှိပါ၊ အခြားသူများပြောချင်ရာ ပြောခြင်းသည်ဘာမှအရေးမကြီး။

(၉၅) ထူးခြားသောစွမ်းရည်ဆိုသည်မှာ ဆက်တိုက်ကြိုးစားခြင်း၏ စွမ်းအားသာလျှင်ဖြစ်သည်။

(၉၆) အလုပ်မရှိ,ငုံးတိတိနှင့်,နုံးချိမဲ့ယောင်,အူကြောင်ကြောင်ကို,နောင်လည်းမလို,အခုလည်းပို၏။

(၉၇) ရိက္ခာအတွက်,သိက္ခာဖျက်ဖို့,လိပ်ပြာရှက်လို့,ငြင်းလိုက်သည်။

(၉၈) အကောင်းဆုံးကို မျှော်လင့်ထားပါ..အဆိုးဆုံးအတွက် အသင့်ပြင်ထားပါ။

(၉၉) အတိတ်ကို သင်ခန်းစာယူပြီး အနာဂတ်ကို ပြုပြင်ရမည်။ မှန်လှပေ၏..အတိတ်သည်အနာဂတ်၏
နိဒါန်းဖြစ်သည်။
(၁၀၀) ကံရှိရင် ခံရစမြဲ..လုပ်သင့်တာ လုပ်ဖို့ကိုယ့်တာဝန်။

Read more...

ဂျူမုံ မင်းကြောင့် စိတ်ညစ်တယ်

တခါက ရှင်လေးမော် အဒေါ်နဲ့ ပတ်သက်ပြီးတော့ စာတစ်ပုဒ်ရေးဖူးပါတယ်။ ဂျူမုံနာမည်နဲ့ သရုပ်ဆောင်တဲ့ ကိုရီးယားမင်းသားနဲ့ လည်း ပတ်သက်ပါတယ်။ ရှင်လေးမော်နဲ့  အဲဒီ ဂျူမုံပြဿနာက အိန္ဒိယထိအောင် မပြီးနိုင်သေးပါဘူး။ မပြီးနိုင်သေးပုံက ဒီလိုပါ။

ရှင်လေးမော်တို့  တက္ကသိုလ်ရဲ့ အင်တာနေရှင်နယ်အဆောင်ရောက်စမှာ ကုလားကျောင်းသားတွေက မျက်နှာစိမ်းလေးတွေဆိုတော့ အသီးသီး လာပြီးမိတ်ဆက်ကြပါတယ်။ ဘယ်ကလာသလဲ။ ဘယ်အတန်းတက်မှာလဲ။ နာမည်က ဘယ်လိုခေါ်လဲ စသဖြင့် စသဖြင့်ပါ။ အဲဒီကုလားကျောင်းသားတွေထဲမှာ တစ်ယောက်က စိတ်သိပ်မကောင်းရှာပါဘူး။ နဲနဲလွတ်နေတယ်လို့ ပဲ ဆိုရမှာပါ။

စိတ်နဲနဲ လွတ်နေတဲ့ ကုလားလေးနဲ့ ရှင်လေးမော်တို့ ၊ တစ်ယောက်နဲ့  တစ်ယောက် မိတ်ဆက်ဖြစ်ကြပါတယ်။ ဘယ်ကလာသလဲလို့ မေးတော့ မြန်မာပြည်ကပါလို့ ပြန်ဖြေလိုက်ပါတယ်။ ဘယ်အတန်းတက်မှာလဲဆိုတော့ မာစတာပေါ့။ နာမည်ဘယ်လို ခေါ်လဲလို့ မေးတော့ ခေမိန္ဒပါလို့  အသီးသီးပြန်ဖြေဖြစ်ပါတယ်။ ဒါနဲ့  တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ကြတဲ့ အခန်းကဏ္ဍလေး ရောက်စနေ့ မှာ ပြီးဆုံးသွားခဲ့ပါတယ်။

နောက်တစ်နေ့ မှာ အဲဒီကုလားလေးနဲ့ ထပ်ဆုံဖြစ်ပြန်ပါသေးတယ်။ အရင်တစ်နေ့ ကလို မေးခွန်းတွေ အများကြီးတော့ မမေးပါဘူး။ ဒါပေမယ့် နာမည်တော့ ထပ်မေးပြန်ပါတယ်။ ဒါနဲ့  ရှင်လေးမော်လည်း အော်…ဘုန်းကြီးဘွဲ့ ဆိုတော့ သူလွယ်လွယ်နဲ့  မမှတ်မိနိုင်လို့ ပဲ ဖြစ်မှာပါဆိုပြီး ထပ်ဖြေပေးလိုက်ပါတယ်။ ခေမိန္ဒပါပေါ့။

အဲ..နောက်တစ်နေ့ လည်း ငနဲသားက လာမေးပြန်ပါရော။ နာမည်ဘယ်လို့ ခေါ်လဲတဲ့။ သုံးခါလောက်ဆိုတော့ အမှန်တိုင်း ဖြေချင်တဲ့စိတ် မရှိတော့ပါဘူး။ စချင်၊ နောက်ချင်တဲ့ စိတ်ကပဲ သူ့ အပေါ်ကို လွှမ်းမိုးထားပါတော့တယ်။ ဒါနဲ့  ကိုယ့်စိတ်ထဲမှာ အဆင်သင့်ရှိနေတဲ့ နာမည်တစ်ခု၊ ဘယ်လိုမှ မေ့လို့ မရနိုင်တဲ့ နာမည်တစ်ခု၊ သူလည်း မှတ်မိလွယ်လောက်မယ်ထင်တဲ့ နာမည်တစ်ခုကို ပြောလိုက်မိပါတယ်။

“ဂျူမုံ”

သူလည်း “ဂျူမုံ” “ဂျူမုံ”ဆိုပြီး ထပ်တလဲလဲ ရေရွတ်ကာ ရှင်လေးမော် အနားက ထွက်ခွါသွားပါတယ်။

အဲဒီနေ့ နောက်ပိုင်းကစပြီးတော့ သူက ရှင်လေးမော်ကို အဆောင်မှာတွေ့ လည်း ဂျူမုံ၊ ကျောင်းမှာတွေ့ လည်း ဂျူမုံ၊ ဈေးမှာတွေ့ လည်း ဂျူမုံ၊ လိုင်းကားပေါ်တွေ့ လည်း ဂျူမုံ၊ နောက်ဆုံး မနက်အိပ်ရာထ အင်းအင်းပါဖို့  အရေးတကြီး အိမ်သာသွားတာတောင် လမ်းတစ်ဝက်မှာ ခဏမော်တော်ပီကယ်လုပ်တားပြီး “ဂျူမုံ ဟောင်းအာယူ”လို့  စိတ်ညစ်လောက်အောင် လုပ်နေတော့တာပါပဲ။ ထပ်ပြီး ကုန်ကုန်ပြောရရင် ရွဲ့ နေသလား၊ စောင်းနေသလားလို့ တောင် သံသယ ဖြစ်မိပါတယ်။

အဲဒီနာမည်လေး ပြောလိုက်တုန်းကတော့ စိတ်ထဲမှာ မြန်မာပရိသတ်တွေရဲ့ အချစ်တော်မင်းသားနာမည်လေး အခေါ်ခံရနဲလားဆိုပြီးတော့ အသားယူချင်တဲ့ စိတ်နဲ့ လည်း ပြောလိုက်မိတာပါ။ ဒါပေမယ့် သကောင့်သားက "ဂျူမုံ" "ဂျူမုံ"လို့  ခေါ်တာမှ၊ ခေါ်လွန်းလို့  တောင် နောက်ထပ်တစ်ခါ ကိုယ်အထုပ်နဲ့ ကိုယ် စိတ်ညစ်ရပြန်ပါတော့တယ်။

တခါက ဂျူမုံ ပြဿနာ ဒီမှာ အကျယ်ဖတ်ပါ။ click


မော်ကွန်းသစ်
၁.၅.၂၀၁၀

Read more...

ကိုယ့်ဘ၀ ကိုယ်ဖန်တီးပါတယ်... ၅ (ဓမ္မဒူတ) ရုပ်သံ



ဒေါက်တာ အရှင်ဆေကိန္ဒ (ဓမ္မဒူတ)
ဟောကြားတော်မူအပ်သော

ကိုယ့်ဘ၀ ကိုယ်ဖန်တီးပါတယ် တရားတော် ၅

Read more...

အသက်ထက် အလွန်

Saturday, 01 May 2010 00:45 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

“လောကမှာတော့ ‘သေရေး ရှင်ရေး’ ဆိုတာ အရေးအကြီးဆုံးကိစ္စတစ်ခုလို့ မှတ်ယူကြတာပေါ့ သာသနာတော်မှာတော့ အသက်ထက် အလွန်အရေးကြီးတဲ့ကိစ္စ ရှိသေးတယ်”

ကာတော့ကြာခဲ့ပြီ။ မိမိ ရဟန်းဖြစ်စလောက်က ဆိုတော့ လွန်ခဲ့သော နှစ်ပေါင်း(၃၀)ကျော် လောက်ကပေါ့။ ဟိုဟိုဒီဒီ ဘုရားဖူးရယ်လို့ အလွန်သွားခဲလှပေမယ့် အသက်အရွယ်ကြီးမှ ဒီတစ် ခေါက်ပဲ ဘုရားဖူးရောက်လာဖူးတဲ့ ကြီးတော်နဲ့ ဦးလေးတို့က ကိုယ်တိုင်လိုက်ပို့စေချင်တယ်လို့ တောင်းဆိုကြတာရယ်၊ ဦးပဉ္ဇင်း၊ ကိုယ်ရင်များက စာမေးပွဲကြီး နီးကပ်နေတာရယ်ကြောင့် စစ်ကိုင်း တောင်ကို ဘုရားဖူးလိုက်ပို့ဖို့ မငြင်းဆန်သာဘဲ လက်ခံလိုက်ရတယ်။

အမရပူရက စစ်ကိုင်းကို စောစောထသွားပြီး စစ်ကိုင်းတောင်ခြေရောက်မှ ဆွမ်းဆိုင်တစ်ဆိုင်မှာ နံနက်ဆွမ်းကပ်တော့ ဆိုင်ထဲမှာ ဆွမ်းဘုဉ်းပေးနေတဲ့ သက်လတ်ပိုင်းအရွယ် ဆရာတော်တစ်ပါးနဲ့ ဒကာသုံးယောက်တို့ကို တွေ့ရတယ်။ ဆရာတော်က သူတို့ဝိုင်းမှာ တစ်ပေါင်းတည်း ဘုဉ်းပေးဖို့ တိုက် တွန်းဖိတ်ခေါ်လို့ အတူဘုဉ်းပေးကြရာက စကားစပ်မိတော့ ဆရာတော်က ပုသိမ်တစ်ဖက်ကမ်းက ဖြစ်ပြီး ဒကာတော်ကတော့ ပုသိမ်မြို့ပေါ်ကတဲ့။ သူတို့ကလည်း ဒေသမကျွမ်းကြလို့ အတူတူ အဖော် လုပ်ပြီး မိမိကို ဦးဆောင်လမ်းပြအဖြစ် လုပ်ပေးဖို့ ပြောတာနဲ့ တစ်ပေါင်း တည်းသွားဖို့ ၀န်ခံလိုက် တယ်။

ဘယ်ကစပြီး တက်မလဲ၊ အခု တောင်ခြေက စပြီးတက်ရင် လွမ်းစေတီးကို ပထမဆုံးတွေ့ရ မယ်။ ငှက်လှေနဲ့သရက်ပင်ဆိပ်အထိသွားပြီး ဥမင်ကိုးဆယ်ဘက်က စတက်ရင်တော့ အပြန်မှာ လွမ်း စေတီကနေ ဆင်းရမှာ ဖြစ်တယ်ဆိုတဲ့အကြောင်း တိုင်ပင်တော့ ဆရာတော်က “စပြီး ဘုရားဖူးတက် တက်ချင်း လွမ်းရတာ မကောင်းပါဘူး၊ အပြန်ရောက်မှ စစ်ကိုင်းတောင်ကို လွမ်းပြီး ပြန်ခဲ့ကြတာပေါ့၊ တပည့်တော်တို့မှာ တခြား လွမ်းစရာမှ မရှိဘဲ” လို့ ရယ်စရာလိုလို ပြောတာနဲ့ ဥမင်ကိုးဆယ်ဘက်က စတက်တဲ့ ခရီးစဉ်ကို အတည်ပြုလိုက်ပါတယ်။

ပဲစားဂူအလွန် ဥမင်(၃၀)ဘက် တက်ခါနီးမှာတော့ ခရီးတစ်ထောက်အဖြစ် တရုတ်စကားပင် အရိပ် ခပ်ကျဲကျဲအောက်က အုတ်ခုံတန်းမှာ ခဏနားနေကြတုန်း ဟိုတောင်ဘက် ဆွမ်းဦးပုညရှင်ဆီ လောက်က ပြေးလာခဲ့ပုံရတဲ့ ကလေးငယ်တစ်ယောက်လက်ထဲမှာ အမျိုးသမီးငယ်ကိုင်တဲ့ အိတ်ကလေး တစ်ခုကိုင်ပြီး ခပ်ဖြည်းဖြည်း ရောက်လာတယ်။ ကလေးက ဘောင်းဘီခပ်နွမ်းနွမ်း၊ စွပ်ကျယ်လက်ပြတ် ပခုံးတစ်ဖက်ပြဲနဲ့ အနားရောက်တော့ “ဘုန်းဘုန်း ဒီနားအတိုင်း ကင်မရာလွယ်ထားတဲ့ အစ်ကိုကြီးတစ်ယောက် ဘယ်ဘက်ကို သွားတာတွေ့လိုက်သလဲဘုရား”လို့ လျှောက်ထားတယ်။ “လူတွေ သွားတာ လာတာများတော့ တို့လည်း သတိမထားလိုက်မိဘူးကွ။ ဘာဖြစ်လို့တုန်းဆိုတော့

“ဒီမှာ သူတို့အိတ် ဖြစ်မယ်ထယ်တယ်၊ တပည့်တော်တို့ ဆိုင်ရှေ့နားကခုံပေါ်မှာ ထိုင်နေကြရင်း ရှုခင်း တွေ ဓာတ်ပုံရိုက်နေရာက ထွက်သွားကြတာ၊ ဒီအိတ် သူတို့ထိုင်တဲ့ခုံပေါ်မှာ ကျန်နေတာတွေ့လို့ အစ်မက လိုက်ပေးချေ ဆိုတာနဲ့ လိုက်လာခဲ့တာ”တဲ့။

“လူတွေလည်း အများကြီးကွဲ့၊ ကလေးလိုက်နေရင် လမ်းမှာ လွဲချင်လွဲနေမယ်။ ဒီနားကသာ စောင့်နေ ဒီနေရာဟာ ဟိုဘက် ဒီဘက် လမ်းခွဲပဲ။ သူတို့အိမ်ဆိုရင် မေ့ကျန်တာ သတိရတော့ ပြန်လာ ရှာကြမှာပေါ့” ဆိုတော့ ကလေးလည်း အသာခေါင်းညိတ်ပြီး အိတ်ကလေးကို ကိုင်ရင်း ရပ်နေတယ်။ သိပ်မကြာလိုက်ပါဘူး။ “အမျိုးသား အမျိုးသမီး စုံတွဲတစ်တွဲလည်း ခပ်သုတ်သုတ်ပဲ ရောက်လာကြ တယ်။ အမျိုးသမီးက ကလေးလက်ထဲက အိတ်ကို မြင်လိုက်ရင်ပဲ “ဟော ဟိုမှာ ဟိုမှာ အဲဒါ တို့အိတ်” ဆိုပြီး ကလေးလက်ထဲက အိတ်ကို ပြေးယူပါတယ်။ ကလေးကလည်း “အစ်မကြီးတို့ မေ့ကျန်ခဲ့လို့ သားလိုက်ပေးတာပါ” ဆိုပြီး ပေးလိုက်တယ်။ အမျိုးသမီးက အိတ်ကိုဖွင့်ကြည့်ပြီး အထဲ က ပိုက်ဆံများ ထုတ်ရေနေတယ်။ ရာတန်စက္ကူအထပ်တစ်ခုလို့ ခန့်မှန်းကြည့်ရတာ သုံးလေးထောင် ခန့်တော့ ရှိမယ်ထင်တယ်။ ပြီးတော့မှ အမျိုးသမီးက “အဲ တော်သေးရဲ့။ အားလုံးစေ့တယ် မောင်ရေ၊ မိတို့ ခပ်မြန်မြန်လိုက်လာလို့ တော်သေးတယ်”ဆိုပြီး ကလေးငယ်ကို လှည့်မကြည့်တော့ဘဲ ပြန်လည့်သွားပါတော့တယ်။ မိမိတို့အဖွဲ့ဝင်များရော၊ ကလေးငယ်ပါ ပါးစပ်အဟောင်းသားနဲ့ ငေးကျန် ရစ်တယ်။

ခဏနေတော့မှ ပုသိမ်က ဆရာတော်ကြီးက ကလေးငယ်ကို “ဟဲ့ ငါ့တပည့် ဘာငေးနေတာလဲ၊ မင်းတာဝန်ကျေပြီပဲ။ ငေးမနေနဲ့တော့လေ။ ဘုန်းဘုန်းတို့နဲ့ လာစကားပြောဦးကွ။ ငါ့တပည့်က ဘယ်မှာနေလဲ၊။ ဒီတောင်ပေါ်မှာ ဘာလာရောင်းကြသလဲ” ဆိုပြီး အကျိုးအကြောင်း မေးပါတယ်။ ကလေးငယ်က သူတို့အကြောင်းပြောပြဖို့ “သားတို့ကလို့- စလိုက်တော့ ဆရာတော်က တပည့်တော် လို့ ပြောရတယ်။ သားတို့က မပြောရဘူး၊ ဟုတ်ကဲ့ ဆိုတဲ့ နေရာမှာ တင်ပါ လို့ ပြောရတယ်” လို့ ဆုံးမ ပါတယ်။

“တင်ပါ့ တပည့်တော်တို့ ဒီတောင်ခြေမှာပဲ နေပါတယ်။ အဖေက အရင်ကတော့ ရွာထောင်မီး ရထားစက်ရုံမှာ လုပ်တယ်။ ခြေထောက်ခိုက်မိလို့ အလုပ်က ထွက်လိုက်တာ (၂)နှစ်လောက်ရှိပြီ။ အဖေ့အတွက် လျော်ကြေးရတဲ့ ပိုက်ဆံနဲ့ အိမ်ကလေးဝယ်ပြီး နေကြတာ၊ အမေက မြို့ထဲလှည့်ပြီး အကြော်ရောင်းတယ်။ အစ်မက မနှစ်က ရှစ်တန်းကျလို့ ကျောင်းကထွက်ပြီး ဒီတောင်ပေါ်မှာ လက် သုပ်ဆိုင် ဖွင့်ရောင်းတယ်။ သူက မနက်စောစော အစ်မကို ဒီအပေါ်အရောက်ပို့ရင်း တရုတ်စကားဖူး လိုက်ချိုးတယ်။ အားလုံး မွေးချင်းငါးယောက်၇ှိတယ်။ ကလေးက အခု ၅ တန်းတက်ရမယ်။ အငယ်သုံးယောက်က ကျောင်းနေစ(၂)ယောက်၊ အိမ်မှာ နို့ဖြတ်တစ်ယောက်တဲ့။ သူတို့ အသုပ်ဆိုင်က အာလူး ပြုတ်ရယ်၊ ကြာဇံရယ်၊ တရုတ်စကားဖူးပြုတ်ထားတာရယ် သုံးမျိုးရောပြီး သုပ်ရောင်းတာတဲ့။ အခုလို ကျောင်း ပိတ်ချိန်မှာတော့ သူလည်း အစ်မနဲ့အတူ ဆိုင်မှာလိုက်ကူတယ်။ တရုတ်စကားဖူးတွေ လိုက်ချိုးပြီး ကိုယ့်ဆိုင်မှာ လိုသလောက်လည်း သုံးတယ်။ တခြားလိုတဲ့ဆိုင်တွေ ကို လုက်ပေးရင်း သူတို့က မုန့်ဖိုးပေးတယ်။ အဲဒါ စုပြီး ကျောင်းဖွင့်တဲ့အခါ လွယ်အိတ်တစ်လုံး ၀ယ်ရ မယ် ဆိုတာရယ် အကြောင်းစုံ ပြောပြနေပါတယ်။

နောက်ဆုံးမှာ “အစ်မကတော့ လာမည့် ကျောင်းဖွင့်ချိန်ရောက်ရင် ဘောင်းဘီနဲ့ အင်္ကျီအသစ် တစ်စုံလည်း ၀ယ်ပေးမယ်လို့တော့ ပြောတာပဲ။ ဒါပေမယ့် ၀ယ်နိုင်မယ် မထင်ပါဘူး။ အမေနဲ့ အစ်မနှစ်ယောက် တစ်နေကုန်ရောင်းတာမှ တစ်နေ့(၁၀)ကျော်မြတ်တာ၊ အိမ်စားတာက ညမနက်(၇) ကျပ် လောကုန်ပြီး အဖေ့အတွက်ဆေးလည်း ၀ယ်နေရတယ်”လို့ ပြောရင်း စကားအဆုံးသတ် လိုက် ပါတယ်။

ကလေးက သွက်သွက်လက်လက်နှင့် အပြောအဆိုလည်း ယဉ်ကျေးသလို မိသားစုအခက်အခဲ ကိုလည်း အတော်နားလည်နေတဲ့ပုံပဲ။ ဆရာတော်က ဆိုင်နေရာ သေချာမေးပြီး အပြန်ကျရင် တို့လည်း ငါ့တပည့်တို့ဆိုင်မှာ နားဦးမယ်နော်။ အခု ဆက်တိုက်လိုက်ဦးမယ်လို့ နှုတ်ဆက်ပြီး ခရီးဆက်ခဲ့ကြတယ်။

ပြန်အဆင်းမှာ ဆွမ်းဦးပုညရှင်နားရောက်တော့ ကလေးပြောတဲ့ဆိုင်ကို ရှာကြည့်နေတုန်း ကလေးက “ဟိုမှာ ဟိုမှာ အစ်မ၊ သားပြောတဲ့ ဘုန်းဘုန်းတို့အဖွဲ့ဆိုပြီး ပြေားလာကြိုတယ်။ သူတို့ကို လက်ဟန်ုပြပြီး “ဘုရားအရင် ကန်တော့လိုက်ဦးမယ်၊ ပြီးမှ လာမယ်”လို့ အမူအရာနဲ့ပြောတော့ နားလည်တဲ့ပုံနဲ့ ခေါင်းညိတ်ပြ ပါတယ်။

သူတို့ဆိုင်ကလေးက ထင်းရှုးပြားနဲ့ လုပ်ထားတဲ့ စားပွဲခုံရှည်လေးတစ်ခုပေါ်မှာ စဥ့်ရေနွေး ကြမ်းအိုးနှစ်လုံးနဲ့ စဥ့်အကြမ်းပန်းကန်(၁၀)လုံးလောက်ရယ်၊ ဖင်ထိုင်ခုံ ပုပုလေး (၁၀)လုံးလောက် ရယ်နဲ့ တစ်ဖက်ရပ် တဲကလေးပါ။ ဗန်းတစ်ခုထဲမှာ အာလူးပြုတ် ပါးပါးလှီးပြီးသားရယ်၊ ကြာဆံရေ နွေးဖျောထားတာရယ်၊ တရုတ်စကားအဖူးလေးတွေ ပြုတ်ထားတာရယ်ကို တစ်ကန့်စီ ပုံထားပြီး နိုင်လွန်ခြင်ထောင်စလေးနဲ့ အုပ်လို့၊ အနားမှာတော့ ဆီချက်ဘူးတစ်ဘူးနဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ လှီးပြီးသားလေးတွေ တစ်ကန့်ကိုလည်း သံပန်းကန်ပြားတစ်ခုနဲ့ ထည့်ပြီး နိုင်လွန်စလေးနဲ့အုပ်လို့။

ကလေးမကလေးက(၁၅)နှစ်လောက် ရှိရော့မယ်။ သစ်သစ်လွင်လွင် မဟုတ်ပေမယ့် သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတယ်။ မျက်နှာကလည်း မွန်မွန်ရည်ရွည် ပြေပြေပြစ်ပြစ်ကလေး။ မိမိ တို့အဖွဲ့ ထိုင်မိကြတဲ့အခါ ပုဆစ်တုပ်ပြီး ဦးချလိုက်သေးတယ်။ ပြီးမှ “ဟဲ့မောင်လေး၊ ဟို အဒေါ်တို့ ဆိုင်မှာ ဘုန်းဘုန်းတို့ ရေနွေးကြမ်း ကပ်ရအောင် ကြွေပန်းကန်နှစ်လုံး သွားငှားချေ”လို့ ခိုင်းလိုက်ပါ တယ်။ ကလေးက ဖင်ပေါ့မယ့်ပုံဆိုတော့ ဆိုင်နီးနားချင်း ကူညီလုပ်ကိုင်းပေးတတ်လို့ ခင်မင်နေကြ ပုံ ဆိုတော့ ဆိုင်နီးနားချင်း ကူညီလုပ်ကိုင်ပေးတတ်လို့ ခင်မင်နေကြပုံရပါတယ်။

ကလေးပြန်လာတဲ့အခါ ကြွေအကြမ်းပန်းကန်(၂)လုံးအပြင် လက်ဖက်ရည်အချို(၂)ခွက်လည်း ပါလာတယ်။ ဘုန်းဘုန်းတို့ကပ်ဖို့ ဆိုလို့ ဆိုင်ကလှူလိုက်တာတဲ့။ မိမိတို့က လက်သုပ် ငါးပွဲမှာပြီး ရေနွေးကြမ်းနဲ့ ဘုဉ်းပေးစားသောက်ကြရင်း ကလေးမကို မိသားစုအကြောင်း ထပ်ပြီး စပ်စုကြည့်မိ သေးတယ်။

ကလေးပြောပြထားတာများအပြင် နောက်ထပ် သိရတာကတော့ အဖေက ခြေထောက်တစ် ဖက် မသန်တော့တဲ့အပြင် ပန်းနာရင်ကျပ်ရောဂါ အခံလည်း ရှိလို့ အက်စမာဂွမ်း မပြတ်ဝယ်ထားရ ကြောင်း ၊ တစ်ခါတစ်လေ ရောဂါဖောက်လာရင် သမဆေးခန်းပြရလို့ အခက်ကြုံရကြောင်း၊ မိသားစု စားဝတ်နေရေးအရ ကျောင်းထွက်လိုက်ကြောင်း၊ လက်သုပ်ရောင်းရတာက တောင်ခြေမှာဆို တစ်ပွဲ ငါးမူးရပြီး တောင်ပေါ်မှာ သုံးမတ်ရကြောင်း၊ လက်ဖက်ရည်တစ်ခွက်နဲ့ ဈေးတူဖြစ်ကြောင်း၊ တစ်နေ့ ငါးကျပ်ကျော်ကျော်လောက်ကျန်လို့ နေ့စား သုံးကျပ်ဆယ့်ငါးပြားနဲ့တော့ သားအမိနှစ်ယောက်လုပ်ခ က အဖေ့အတွက် ဆေးဖိုးဝါးခလေး အပိုရတတ်ကြောင်း၊ မောင်လေးက ဆိုင်မှာ လိုအပ်တဲ့ တရုတ် စကားပွင့်တို့ ဘာတို့ ခူးပြုတ်ပြိးတဲ့အခါ ခုနပန်းကန်သွားငှားတဲ့ ထမင်း၊ လက်ဖက်ရည်ရောင်းတဲ့ ဆိုင်မှာ စားပွဲထိုး ကူညီလုပ်ပေးလို့ နေ့လည်စာ ဆိုင်ကကျွေးပြီး ညနေ အိမ်ပြန်ချိန်မှာ မုန့်ဖိုး တစ်ကျပ်၊ တစ်ကျပ်ခွဲလောက် ပေးတဲ့အတွက် ကျောင်းစရိတ်ရအောင် စုထားပေးပေမယ့် အဖေ့ရောဂါ ရက်ဆက် ဖောက်လာတဲ့အခါမျိုးမှာ သူ့စုငွေလေးတွေ သုံးလိုက်ရကြောင်းများပါပဲ။

အိမ်မိုးရမယ်ဆိုတဲ့အကြောင်းမေးကြည့်တော့ နှီးသက်ကယ်(သက်ငယ်) မိုးရတာက အကုန် အကျ သက်သာပေမယ့် (၂)နှစ်လောက်ပဲ ခံကြောင်း၊ ၀ါးကပ်မိုးရင် ငါးနှစ်ခြောက်နှစ် ခိုင်ပေမယ့် သံဖိုးပါဆိုရင် နှစ်ရာနီးပါးကုန်မှာဆိုတော့ မတတ်နိုင်ခဲ့ကြောင်း၊ ဒီနှစ်တော့ ချွေတာစုပြီး ၀ါးကပ်မိုးမယ် စိတ်ကူးကြောင်းများ ပြောပြပါတယ်။

ကလေးမ စကားဆုံးတဲ့အခါ ဆရာတော်က မောင်နှမနှစ်ယောက်ရဲ့ လိမ္မာရေးခြားရှိပုံကို ခန့်မှန်း မိလို့ထင်ပါတယ်။ တရားစကားလေးတွေနဲ့ ဆုံးမနေတယ်။

အေးကွယ်၊ လူ့လောကမှာတော့ အသက်ရှင်ရေးဆိုတာ အလွန်အရေးကြီးတာပေါ့ကွယ် “သေရေး ရှင်ရေး”လို့ လူတွေ ပြောနေကြတဲ့အတိုင်းပေါ့။ အခု ကလေးတို့ လုပ်ကိုင်ရှာဖွနေကြတာ ဟာလည်း အဓိကကကတော့ အသက်ရှင်ရေးအတွက်ပဲပေါ့။ လူတိုင်းဟာ အသက်ရှင်ဖို့အတွက်သာ ရေးကြီးခွင်ကျယ် ထင်မှတ်နေကြပေမယ့် အသက်ရှင်ရတာဟာ ဘာလုပ်ဖို့လဲဆိုတာ အထိတော့ ဆက်ပြီး မစဉ်းစားတတ်ကြဘူးကွဲ့။ အသက်ရှင်နေရသည့်အခိုက်ကလေးမှာ “ငါ- ငါ “လို့ ပြောဆိုနေ ရတာလေးကိုလည်း အစွဲကြီး စွဲပြီး သာယာနေကြတတ်တယ်။ ပြီးတော့ “ငါ” ချင်း ပြိုင်ဆိုင်ဖို့အတွက် အခြံအရံတွေ၊ စည်းစိမ်ဥစ္စာတွေကို စုဆောင်းရှာဖွေနေကြတော့တယ်။ မောင်နှမနှစ်ယောက်ကတော့ နားလည်လေသလားမသိဘူး။ ငေးပြီး နားထောင်နေကြတယ်။ အတူပါလာတဲ့ ဒကာကြီးတွေကတော့ ခေါင်းတညိတ်ညိတ်နဲ့။ ဆရာတော်က ဆက်ပြောနေတယ်။

တို့မြတ်စွာဘုရားကတော့ အသက်ရှင်ရတာဘာ့အတွက်လဲဆိုတာအထိ စဉ်းစားတာရှိတယ်။ ဟို “၀ိသုဒိမဂ်” ဆိုတာမှာလည်း ဟေားထားတာရှိတယ်။

(၁) ကိုယ်လက်အင်္ဂါကို စောင့်ရှောက်ဖို့ ဥစ္စာ ပစ္စည်းကိုစွန့်ရမယ်။

(၂) အသက်ကို စောင့်ရှောက်ဖို့ ခြေလက်အင်္ဂါကို စွန့်ရမယ်တဲ့။

ကလေးမတို့အဖေမှာ အသက်ကို ထိခိုက်မယ်ဆိုတော့ ခြေတစ်ဖက်ကို ဖြတ်ပစ်လိုက်ရတယ် မဟုတ်လား၊ အဲဒါမျိုးပြောတာပေါ့။ ပြီးတော့

(၃)ကိုယ်ကျင့်တရားကို စောင့်ရှောက်ဖို့ ပစ္စည်း ဥစ္စာ၊ အင်္ဂါခြေလက်၊ ကိုယ်နဲ့အသက်ကိုပါ စွန့်ရမယ်တဲ့ (၀ိသုဒ္ဓိမဂ္ဂ)သီလနိဒ္ဒေသ) အဲဒါကို အစဉ်အတိုင်းအကြောင်းရှာလိုက်တော့--

ပစ္စည်းဥစ္စာဆိုတာ အင်္ဂါခြေလက်ကို စောင့်ရှောက်ဖို့။ အင်္ဂါခြေလက်တွေ ဆိုတာက ကိုယ့် အသက်ကို စောင့်ရှောက်ဖို့။ ကိုယ့်အသက် ဆိုတာက ကိုယ်ကျင့်တရားတွေ၊ ပါရမီကုသိုလ်တွေကို ဆည်းပူး စောင့်ရှောက်ဖို့လို့ ဆိုလိုတာကွဲ့။

အဲဒီတော့ လူဆိုတာ ဘယ်အတွက် အသက်ရှင်နေဖို့ လိုအပ်နေတာလဲဆိုရင် အဲဒီနောက်ဆုံး အချက် အတွက်ပဲ နားလည်လား။ အဲဒါ အသက်ထက် အရေးကြီးတဲ့ တရားပဲကွဲ့။

အခု ငါ့တပည့်များဟာ ဆင်းရဲတယ်ဆိုပေမယ့် မိဘကို လုပ်ကျွေးရမှန်းလည်း သိတယ်။ ကိုယ့်မှာ စားဝတ်နေရေး မပြည့်စုံဘူး။ ဖခင်ကြီးရဲ့ အသက်ကိုလုယူဖို့ ကြိုးစားနေရတဲ့ အချိန်မျိုးမှာပဲ စောစောက ဧည့်သည်တွေမေ့ကျန်ရစ်တဲ့ သူများပစ္စည်းကို ရယူလိုတဲ့ စိတ်ထားမရှိဘူး။ ဥစ္စာရှင်ကို ရှာပြီး လိုက်ပေးတယ်။ ဒါဟာ ဘုရားရှင်ပြောတဲ့ အသက်ထက် အရေးကြီးဆုံး ကိုယ်ကျင့်တရား ပဲကွဲ့။ ငါ့တပည့်များမှာ အဲဒီ အရေးအကြီးဆုံး တကယ့် ရတနာအစစ်ကို ပိုင်ဆိုင်နေကြပြီဖြစ်လို့ နောက်ဆို ဆင်းရဲ ဒုက္ခတွေက ကင်းလွတ်တော့မှာ၊ မိသားစုတွေ အားလုံးလည်း ဒီလိုစိတ်ထားမျိုးတွေ တိုးသည်ထက် တိုးအောင် ကြိုးစားကြနော်” လို့ ပြောပြီး ပါလာတဲ့ ဒကာကြီးကို-

“ကဲ ကျောင်းဒကာ၊ အဲဒီ ဘုန်းကြီး န၀ကမ္မ ထဲက တစ်ရာတန်နှစ်ရွက် ထုတ်လိုက်ပါ” လို့ အမိန့်ပေးလိုက်တယ်။ ပြီးတော့….

“ကလေးတို့ ဒါ ဘုန်းဘုန်းက စေတနာနဲ့ပေးတာ၊ မင်းတို့ရဲ့ လိမ္မာရေးခြားရှိတာနဲ့ ကိုယ်ကျင့် တရားကို ဂုဏ်ပြုတာမို့ မငြင်းဆန်ကြနဲ့ ယူလိုက်။ ပြီးတော့ အိမ် မိုးစရာရှိတာလည်း မိုးပေါ့။ ဟောဒီ ကလေးအတွက် ကျောင်းတက်လွယ်အိပ်နဲ့ အ၀တ်တစ်စုံလည်း ၀ယ်ပေးလိုက်နော်” လို့ ပြောပြောပြီး အတင်းအယူခိုင်းတယ်။ ကလေးမလေးက ငြင်းနေသေးပေမယ့် ဆရာတော်က အကျိုးအကြောင်း ပြောပြပြီး ယူဖို့တိုက်တွန်းတော့မှ လက်ခံတယ်။ ရာတန်စက္ကူလေးတွေကို လှမ်းယူတဲ့ သူ့လက်က လေးတွေကတော့ တုန်တုန်လှုပ်လှုပ်နဲ့။ ဒီရာတန်စက္ကူနှစ်ရွက်ဟာ သူတို့ မိသားစုအတွက်တော့ ပထမဆုံး ရောက်လာတဲ့ ဧည့်သည်တော့ကြီးများ ဖြစ်ပုံရပါတယ်။

အသုပ်ဖိုး ရှင်းမယ်လုပ်တော့ ဇွတ်ငြင်းနေတယ်။ လှူပါရစေတဲ့။ ပါလာတဲ့ ဒကာကြီးက ငါ့တူ ဘောင်းဘီးနဲ့ အင်္ကျီဝယ်ပေါ့ကွာ။ ပိုတော့လည်း မင်းအစ်မနဲ့ ငယ်တဲ့ ကလေးတွေအတွက်လည်း ၀ယ်ချင်တာ ၀ယ်ပေးပေါ့ဆိုပြီး ငါးဆယ်တန်တစ်ရွက် ပေးလိုက်တယ်။ အဲဒီတုန်းကတော့ မလေးရှားကလာတယ်ဆိုတဲ့ လုံချည် ပွင့်ရိုက်ကလေးတွေ တစ်ထည်မှ ပ-ပ-က ဆိုင်မှာ သုံးကျပ်ခွဲပဲ ပေးရတာဆိုတော့ ဒီငွေပမာဏဟာ သူတို့မိသားစု အတွက် လတ်တလော အခက်အခဲအားလုံးကို ဖြေရှင်း နိုင်လောက်ပါတယ်။ ကလေးများကို ကြည့်ရတာ မယုံကြည်နိုင်လောက်အောင် အံ့သြနေကြ ပုံပဲ။

“ကဲ ပြန်ကြတော့မယ်” လို့ နှုတ်ဆက်လိုက်တဲ့အခါမှာတော့ ကလေးနှစ်ယောက်လုံး ဘုန်းကြီးနှစ်ပါးကိုကော ပါလာတဲ့ ဒကာ၊ ဒကာကြီးတွေကိုရော ပုဆစ်တုပ်ပြီး ဥိးချကန်တော့နေရင်း ပါးစပ်ကလည်း “ဘုန်းဘုန်းတို့ ကျန်းမာကြပါစေ၊ ဦးဦးတို့ ဒေါ်ဒေါ်တို့ ကျန်းမာကြပါစေနဲ့” ဆုတောင်း ကြလို့ နောက်ဆုံးအကြိမ် ဦးချပြီးချိန်မှာတော့ ကလေးမလေးက သူ့မျက်နှာကို လက်ပေါ်က မခွာတော့ဘူး။ ကိုယ်လုံးလေး သိမ့်ခနဲ မသိမသာ တစ်ချက် လှုပ်လိုက်တာလည်း တွေ့လိုက်ရတယ်။

မိမိတို့ ပြန်လာလို့ ခပ်လှမ်းလှမ်းကနေ ပြန်ကြည့်လိုက်တော့ မောင်နှမနှစ်ယောက်လုံး လက်အုပ်ကလေးတွေချီပြီး မျှော်ငေးကြည့်နေကြတုန်း။ ပါးစပ်ကလေးတွေ ကလည်း လှုပ်စိ လှုပ်စိ နဲ့။ လွမ်းစေတီကဆင်းကာနီးမှာ အားလုံးပဲနောက်ကို ပြန်လှည့်ကြည့်မိကြသေးတယ်။ ပုသိမ်က ဆရာတော်ရဲ့ မျက်နှာမှာတော့ စစ်ကိုင်းတောင်ပေါ်မှာ လွမ်းစရာတစ်ခုခု ကျန်ရစ်ခဲ့သလိုလို မျက်မှောင့်ခပ်ညှိညှိ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP