* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။
ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။
ကရုဏာလက်များ ကမ်းလင့်ပေးပါ...
ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။
ပညာရေးအလှူတော် နှိုးဆော်ချက်
ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com
winthu.tbyo@gmail.com
thantzin83@gmail.com
Friday, April 30, 2010
ကုသိုလ်ဆိုတာ လုပ်ယူမှ ရတာ။
ကုသိုလ်ဆိုတာ တန်ဖိုးကြီးတဲ့ သီးပင်၊ စားပင်၊ ပန်းပင်များလိုပဲ၊ သေချာဂရုတစိုက်လုပ်ယူမှ ရတာ၊ ဖာသိဖာသာ အေးအေးနေရုံနဲ့ ကုသိုလ်တွေ မရနိုင်ဘူး၊ ဒါန သီလ သမထ ဝိပဿနာ လေးမျိုးထဲ တစ်မျိုးမျိုးဘောင်ဝင်အောင် လုပ်နိုင်မှ ကုသိုလ်ဆိုတာရတာ။
ဒီတော့ ကုသိုလ်ရဖို့ဆိုတာ အပြစ်ကင်းအောင်လည်း ပြုမှု၊ ပြောဆို၊ နေထိုင်လုပ်ကိုင်ရပါတယ်၊ အများ ကောင်းကျိုး ရှိတဲ့ အလုပ်တွေကိုလည်း လုပ်ရပါတယ်၊ ဒီနှစ်ချက်ညီမှသာ ကုသိုလ်ဖြစ်ပါတယ်။ ကုသိုလ်ရပါတယ်။
ဆောင်။ ။ ဖြစ်သော်သန့်ရှင်း၊ အပြစ်ကင်း၍ ကောင်းခြင်းသုခ၊ ကျိုးပေးက၊ ကုသလဟုခေါ်။
အမြင့်ဆုံးကုသိုလ် အမြတ်ဆုံးတရား ဓမ္မစာအုပ် စာမျက်နှာ (၄)
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
Read more...
မွေးနေ့  ၀ိဇာတ မင်္ဂလာ။
ဒီနေ့  မြတ်ရောင်နီ ရဲ့  မွေးနေ့ တူ မင်္ဂလာ အခါ ရက်မြတ်ပါ။
မွေးနေ့ ဆိုတာ တကယ်တော့ တစ်ရက်တည်းပါ။
ဒါပေမယ့် အများအနေနဲ့ တော့ နှစ်စဉ်မွေးနေ့ ဆိုပြီး ပြုလုပ်ကြ၊ ပြောကြပါတယ်။
မွေးနေ့ ကို ပါဠိလို့  ၀ိဇာတ လို့  ဆိုပါတယ်။ အမိဝမ်းက ကျွတ်လွတ်ခြင်းပေါ့။
သို့ သော် အဘိဓမ္မာ အလို အရ ဇာတိ စဖြစ်တယ် ဆိုတာကလည်း မွေးနေ့ ပါပဲ။
ဝိနည်းစည်းမျဉ်း ဥပဒေ အရ ဇာတိ ကို အမိဝမ်းမှာ ကိုယ်ဝန်သန္ဓေ တည်စ မှ စပြီး ရေတွက်ပါတယ်။
ဒါကြောင့်လည်း ရဟန်းတော်များ ရဟန်းဖြစ်ခွင့်ကို အသက် ၂၀ပြည့်မှ ပြုခွင့်ရှိသော်လည်း အမိ ၀မ်းတွင်းကာလက စပြီးရေတွက်တယ်။ ဒါကြောင့်မို့  ၁၉နှစ်နဲ့ သုံးလဆိုရင် အသက် ၂၀ အဖြစ် အသိမှတ်ပြုထားတာဖြစ်ပါတယ်။
(ဆိုလိုတာက- အမိဝမ်းတွင်း ကိုးလလွယ် ဆယ်လဖွား + အပြင်အသက် ၁၉နှစ် သုံးလ ပေါင်းပြီး အသက် ၂၀ဖြစ်သွားတယ်။)
ဒီလိုဆိုတော့ မွေးနေ့  ဆိုတာ အများ ပြောတဲ့ မြတ်ရာင်နီ ရဲ့ ဝိဇာတ ၀မ်းက ကျွတ်လွတ်စွာ မွေးဖွားတဲ့နေ့ ပေါ့။ ဒီနေ့  ၀ိဇာတ ဆိုတာက အများပြောတဲ့ ဝေါဟာရအတိုင်း
သုတ္တန်နည်းအလိုပေါ့ မွေးနေ့ ပေါ့။
ခါတိုင်းနှစ်လို အထူး သံဃာ့ဒါန အလှူကိုတော့ ကိုယ်တိုင် မလုပ်နိုင်ဘူး။
ကိုယ်မလုပ်နိုင်ပေမယ့် ကိုယ်ရဲ့  မွေးနေ့ ကို
ဒကာ ဒကာမများက သံဃာ့ ဒါန အလှူများ ကုသိုလ်လုပ်ပေးကြတယ်။
စာအုပ်တွေ ရိုက်နှိပ်ပြီး တကယ့် ဓမ္မဒါန အဖြစ် လှူဒါန်း ပေးကြတယ်။
အထူးတလည် ဆိုပြီး ဘာမှလည်း မလုပ်ဖြစ်ဘူး။
နေ့ စဉ်အလုပ်ကိုတော့ ပုံမှန် လုပ်ဖြစ်အောင် လုပ်တယ်။
ကုသိုလ်ကောင်းမှု ဆိုတာ မွေးနေ့ မှ အထူးလုပ်ရမှာ မဟုတ်ဘူး။
နေ့ စဉ်ကို လုပ်နေရမှာပါ။
ဘာလို့ လဲ...
ရှင်းပါတယ်။ စဉ်းစားကြည့်ပေါ့။ မွေးနေ့ ဆိုတာ တစ်ခါတည်း မွေးဖွားခဲ့တာပဲကိုး။
မွေးတဲ့ နေ့ နဲ့ တူတဲ့ နေမို့ သာ
မွေးနေ့ ဆိုပြီး လုပ်နေကြတာ။
ဒါ့ထက်ပို စဉ်းစားကြည့်ပါက မွေးနေ့  ဆိုတာ နေ့ တိုင်းမွေးနေ့ ပါ။
နေ့ တိုင်းမွေးနေတာ။ နေတိုင်း သေနေတာပေါ့။
စာကတော့ နေ့ တိုင်းမွေး နေ့ တိုင်းသေကို ဖြစ်ပျက် လို့  ပြောပါတယ်။
ပါဠိလို ဥဒယဗ္ဗယ ပေါ့။
ဒါကို ဆင်ခြင်မိရင် မွေးနေ့ မှ ကုသိုလ်လုပ်ရမယ်။
ပုတီးစိပ်မယ်။ ဘယ်နှစ်ခေါက် ဘယ်သုတ်ကို ရွတ်မယ် ဆိုတာတွေ
နေ့ စဉ်တောင် လုပ်ဖြစ်မယ်။
ဗုဒ္ဓတရားတော် အလိုအရ ဇာတိပိ ဒုက္ခာ- သန္ဓေတည်နေခြင်း၊
မွေးဖွားရခြင်းတို့ ဟာ ဆင်းရဲ ကြောင်း ဟောတော်မူထားပါတယ်။
ဟုတ်ပါတယ်။ အမိဝမ်းတွင်း နေရတဲ့ ပုံကို စိတ်ကူးကြည့်ပါ။
နောက်ပြီး
ကလေး ဘ၀က စပြီး ငိုပွဲနဲ့  စကျင်းပခဲ့ရပါတယ်။
တစ်ချို့ ကလေးမငိုရင်တောင် ငိုအောင် ပြုလုပ်ပေးရတယ်တဲ့။
ခုတော့ သား သမီး ဖွားလာတာကို ဒုက္ခလို့  ဘယ်သူမှမမြင်ပါဘူး။
ပျော်ပျော်ပါးပါး သားလေး သမီးလေး ရပြီ ဆိုပြီး ပျော်တော့တာပါပဲ။
အဲဒီ ကတည်းက ဒုက္ခကို စခဲ့တာ..
ဒုက္ခမှန်း မသိလေတော့ Happy birth to you! လုပ်ကြပြီပေါ့။
မမှားပါဘူး။ ဘ၀မှ ရလာပြီ ဆိုမှတော့ ဒုက္ခ မှ လွတ်အောင် ပျော်ရွှင်နိုင်စေအောင်
ဆုတောင်း ပေးကြတာပေါ့လေ။
အပျော်အစစ်ကြီး ပျော်ရွှင်နိုင်ကြပါစေ...
မှတ်ချက်။
ကဲ ... စာရေးချိန်မရသေးလို့  မွေးနေ့ ကြောင်း မိတ်ဆက်အနေနဲ့  ရေးသားလိုက်ပါတယ်။
မွေးနေ့ ရှင် အသက်ကား -
ဗေဒင်ဇာတာ ထဲကအတိုင်း ပြောရရင်
သုံးပုံ တစ်ပုံ ပြည့်လုခါနီး နှစ်နှစ်အလို။
မြတ်ရောင်နီ
( ၂၉၊၀၄၊၂၀၁၀)
ကဆုန်လပြည့်ကျော် ၂ ရက်
Read more...
“ခင်ပွန်းကြီး (၁၀)ပါး” ဆိုရာဝယ်
Posted by ဂျေဂျူဝိုင် | Tags: | Categories: ဆောင်းပါး | No Comments
ဒီ ခင်ပွန်းကြီး (၁၀) ပါး ဆိုတာကို ကျွန်တော် အခဲမကြေတာကြာပေါ့။ ဘာကြောင့် အခဲမကျေသလဲဆိုတော့ လူပြောသူပြောများနေတဲ့ ဒီခင်ပွန်းကြီး (၁၀) ပါးဆိုတာကြီးကို ကျွန်တော် ဘယ်ကျမ်းဂန်မှာမှ မတွေ့ဖူးလို့လေ။ ကျွန်တော် ဘာကြောင့် အဲလောက်ညံ့ရသလဲကို ကိုယ့်ကိုယ်ကိုလည်း မကျေနပ်ဘူး။ ပိဋကတ်စာကြည့်တိုက်တွေရောက်တိုင်း ဟိုရှာဒီရှာ ရှာတယ်။ ခင်ပွန်းကြီး (၁၀) ပါးဆိုတာကြီးကိုပေါ့။ ဒါပေမယ့် မတွေ့ပါဘူး။ ဘယ်တွေ့မလဲကွယ်။ ဘုရားဟောမှ မဟုတ်တာကိုး။ ပြီးတော့ ကျမ်းတွေထဲမှာ ပါမှ မပါတာ။ ပါဠိကို အနက်ပြန်တဲ့နေရာမှာ အကောက်လွဲလို့ ဖြစ်လာတဲ့ ကိစ္စကိုး။
အဲဒါတွေ ဘယ်မှာပဲ ပါခဲသလဲဆိုတာကို ပြောရရင် ခင်ပွန်းကြီး (၁၀) ပါးကို ဆရာတော်ဦးသြဘာသာဘိဝံသရေးတဲ့ သုတေသနရုပ်ပြအဘိဓာန်မှာ တေမိယဇာတ် နှာ (၁၅၀) အညွန်းနဲ့ စတွေ့ရတယ်။ မပြစ်မှားထိုက်တဲ့ မမေ့ထိုက်တဲ့ မိတ်ဆွေကောင်း (၁၀) ယောက်ဆိုပြီးတော့ သရုပ်တွေနဲ့ ပါတယ်။ နောက် ထပ်တွေ့ရတာက ဘုရားရှိခိုးမူမှန် (ရှေးရိုက်) စာအုပ်မှာ “သဗ္ဗညုတည့်၊ သုံးလူ့မြတ်စွာ၊ ပစ္စေကာနှင့်၊ သင်္ဃာအများ၊ ထွတ်ဖျားရဟန္တာ၊ ဂုဏ်ဝါကွန့်မြူး၊ ကျေးဇူးကြီးလှ၊ မိနှင့် ဘတည့်၊ ပြသတင်တင်၊ ပြုပြင်ဆုံးမ၊ ဟောထတရား၊ စောင့်ထားသီလ၊ ဤဆယ်ဆဟု၊ မူဂပက္ခ၊ ဇာတ်တော်ပြသည်၊ ကြီးလှကျေးဇူး၊ ခေါင်အထူး” ဆိုပြီးတော့ တွေ့တယ်။ မူဂပက္ခဇာတ်တော် ဆိုတာက တေမိယဇာတ်တော်ပါပဲ။ နောက် လုံးတော်ဆရာတော်ရေးတဲ့ ပုစ္ဆာပကိဏ္ဏကကျမ်း စာမျက်နှာ (၇၁) မှာ
ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါ စ၊ အရဟာ အဂ္ဂသာဝကာ၊
မာတာပိတု ဂရု သတ္ထာ၊ ဒါယကာ ဓမ္မဒေသကာ။
ဤသို့ကျမ်းလာရကား
၁။ သဗ္ဗညုတဘုရားရှင်၊
၂။ ပစ္စေကဗုဒ္ဓါ၊
၃။ သာဝကရဟန္တာ၊ ပေတတ် ဆရာမြတ်
၎။ လက်ယာရံ လက်ဝဲရံ
၅။ အမိ
၆။ အဖ
၇။ ဆရာ
၈။ အဖန်တလဲလဲ မပြတ်ဆုံးမသောသူ
၉။ ပေးကမ်းဖူးသူ
၁၀။ တရားဟောပေးသူ
ဆိုပြီးတော့ ကျမ်းညွန်းမပါဘဲ တွေ့ရတယ်။
နောက် ဟံသာဝတီ ပိဋကတ်ပုံနှိပ်တိုက်က ၁၉၅၆ ခုနှစ်ထုတ် ဘုရားရှိခိုး အမျိုးမျိုးနှင့် ကမ္ဘာအေး သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်က ၁၉၈၁ ထုတ် ဦးညွန့်ဇော်စီစဉ်တဲ့ ဘုရားရှိခိုး အမျိုးမျိုးမှာ
ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓေါ စ၊ အရဟာ အဂ္ဂသာဝကာ၊
မာတာ ပိတု ဂုရု သတ္ထာ၊ ဓမ္မဒေသကာ စ ဒါယကာ။
ဣမေ ဒသ မဟာဂုဏေ၊ အဟံ ၀န္ဒာမိ သဗ္ဗဒါ။
ဗုဒ္ဓေါ စ – သစ္စာလေးပါး တရားသိဖြင့် ဘုရားရှင်လည်းကောင်း၊ ပစ္စေကဗုဒ္ဓေါ စ – ကိုယ်တိုင် သစ္စာလေးပါး သိပြီးပါလည်း ဟောကာမပြ သည်းခြားရသော ပစ္စေကဗုဒ္ဓါလည်းကောင်း၊ အရဟာ စ – အာသဝေကုန်ခန်း ရဟန္တာအရှင်လည်းကောင်း၊ အဂ္ဂသာဝကာ စ – လက်ဝဲ လက်ယာ ခြံရံကာဖြင့် ပညာတန်ခိုး စိုးမိုးထက်လှ အဂ္ဂသာဝကတို့လည်းကောင်း၊ မာတာ စ – ကိုးလလွယ်ရ ဆယ်လဖွားကာ အစာဆိမ့်အေး နို့ချိုပေး၍ မွေးသည့်မိခင် ကျေးဇူးရှင်ကိုလည်းကောင်း၊ ပိတု စ – လူလားမြောက်အောင် လုပ်ဆောင်ကျွေးမွေး ပညာပေးသည့် ကျွေးသဖခင် ကျေးဇူးရှင်လည်းကောင်း၊ ဂုရု စ – ချမ်းသာရန်တွေး ပညာပေးသဖြင့် အလေးအမြတ်ပြုအပ်သော ဆရာလည်းကောင်း၊ သတ္ထာ စ – လိမ္မာစေကြ ကျိုးကြောင်းပြလျှက် ဆုံးမပေတတ် ဆရာမြတ်လည်းကောင်း ၊ ဓမ္မသေကာ စ – သံသရာစခန်း သွားရာလမ်း၌ ပင်ပန်းကင်းရန် ရည်သန်ညွန်ကြား မမှောက်မှားအောင် တရားဟောဖော်တတ်သူတို့ကို လည်းကောင်း၊ ဒါယကာ စ – စားရေး သောက်ရေး နေရေး မနှောင့်နှေးရအောင် ပေးဆောင်တတ်သူတို့ကို လည်းကောင်း၊ ဣမေ ဒသ မဟာဂုဏေ – ကျေးဇူးစုပုံ ဆပ်မကုန်သည့် ဂုဏ်အင်မြင့်ကျူး ဤဆယ်ဦးသော သူတို့ကို၊ အဟံ – ကျွန်ုပ်သည်၊ သဗ္ဗဒါ – နေ့ညဥ့်မပြတ် အချင်းခပ်သိမ်း၊ ၀န္ဒာမိ – ကျေးဇူးယှက်မြှေး၊ စိမ့်စိမ့်တွေးလျှက်၊ မြတ်လေး ကြည်ယုံ၊ သဒ္ဓါ့ဟုန်ဖြင့် လက်စုံချီမိုး၊ ပျပ်ဝပ်လျှိုး၍ ရှိခိုးလိုက်ပါ၏ ဘုရား ”
လို့ရေးထားပါတယ်။ ဒါဆို ရဟန်းအတွက်သပ်၊ လူအတွက်သပ်သပ်ခွဲလိုက်ရင် အဆင်မပြေတော့ပါဘူး။
တကယ်တော့ တေမိယဇာတ်မှာ
မိတ္တဒုဗ္ဘော ဟိ ပါပကော (ဇာတက – ၂၊ ၁၄၉)
ယော မိတ္တာနံ န ဒုဗ္ဘတိ (ဇာတက – ၂၊ ၁၅၀)
ဒီလို ပါဠိလာရာမှာ မိတ္တကို ခင်ပွန်းလို့ ဖွင့်လိုက်ကြတာကြောင့် ဖြစ်နိုင်ပါတယ်။
၁၉၈၅ – ခုနှစ်လောက်မှာ ဦးဆန်းထွန်းက ဒီလို ရှင်းပြခဲ့ဖူးပါတယ်။ အဲဒီ ပါဠိမှာ ဇာတ်တော်က ဖွင့်တာက “ဒသ မိတ္တပူဇဂါထာ နာမ အာရဘိ။” လို့ ဖြစ်ပါတယ်။ က၀ိမျက်မှန် ပုံနှိပ်တိုက်ထုတ် ဇာတကနိဿယမှာ “ဒသ မိတ္တပူဇဂါထာနာမ – ဆယ်ပါးသော ခင်ပွန်းအစရှိသည်တို့အား ပူဇော်ရာသော ဂါထာမည်သည်၊ (၀ါ) အဆွေခင်ပွန်းတို့အား မပြစ်မှားရာသော ၁၀ ပါးသော ဂါထာမည်သည်၊ အာရဘိ – အားထုတ်၏။ တကယ်တော့ ဒသ – ဆယ်ပါးသော မိတ္တ အဆွေခင်ပွန်းလို့ ဖွင့်တာ မှားပါတယ်။ ပြီးတော့ အစရှိသည်လို့ လုပ်ထားတော့ အစရှိတဲ့ ပုဂ္ဂိုလ်တွေကို ဆွဲထုတ်ရပါတယ်။ အဲဒီအခါ ပစ္စေကဗုဒ္ဓါ၊ သာဝကစတာတွေ ပါလာရပါတော့တယ်။ ဒသမိတ္တဂါထာ – ဒီလို တစ်ဆက်တည်းလာပါတယ်။ မိတ်ဆွေကို ပူဇော်ကြောင်း ၁၀ ပါးသော(သို့)ဆယ်ပုဒ်သော ဂါထာဖြစ်ပါတယ် တဲ့။
ပြီးနောက် ခင်ပွန်းကြီး (၁၀) ပါးကို ပြောရမှာ တစ်ယောက်နဲ့ တစ်ယောက် လွဲလွဲနေတာတွေ ရှိပါတယ်။
၁။ ဘုရား
၂။ ပစ္စေကဗုဒ္ဓါ
၃။ (က) သာဝက (ခ) ရဟန္တာ (ဂ) သင်္ဃာအများ
၎။ (က) အဂ္ဂသာဝက (ခ) ရဟန္တာ
၅။ အမိ
၆။ အဖ
၇။ (က) ဂရု (ခ) ၀ုဒ္ဓါပစာယန
၈။ (က) သတ္ထ (ခ) သဒ္ဓါရှိသူ (ဂ) အာစရိယ
၉။ (က) ဒါယကာ (ခ) သီလစောင့်သူ (ဂ) ဟိတကာရ
၁၀။ ဓမ္မဒေသကာ
အဲဒီတော့ ခင်ပွန်းကြီး (၁၀) ပါးဆိုတာ သင်္ဂါယနာတင်ကျမ်းဂန်တွေမှာ မလာ။ သုတ် အဋ္ဌကထာ ဋီကာတို့မှာ တိုက်ရိုက်မရှိ၊ တေမိယသုတ်က မိတ္တကို ခင်ပွန်းလို့ ဘာသာပြန်မှားပြီး ဖြစ်ပေါ်လာတဲ့ ကိစ္စတစ်ခုမျှသာ ဖြစ်ပါတယ်။
ရည်ညွန်း
အရှင်တိလောကာဘိဝံသ
ခရီးပန်းတိုင် နှင့် ဆောင်းပါးများ (၂)
Read more...
ဝဋ်ကြွေးကြီးသည့် လင်မုန်းမ အပိုင်း-၆ နိဂုံး
0005052Kph0.jpg
မကောင်းမှုဟူသည် မကောင်းကျိုးကိုသာ ပေးသည်။
အကျင့်သီလဖြင့် ပြည့်စုံသော မယားကြီးအား လင်မုန်းအောင် လင်အထင်လွဲအောင် လုပ်ခဲ့သော လှည်းသမား သမီးသည် ယခုဘဝ၌ သူဌေးသမီး ဣသိဒါသီ ဖြစ်လာ၏။ လင်ကို ကျွန်ကဲ့သို့ လုပ်ကျွေးပြုစု ယုယ၏။ ရုပ်ရည် လှပ ချောမော၏။ အကျင့်သီလဖြင့်လည်း ပြည့်စုံ၏။ သို့ပါလျက်နှင့် လင်သုံးဆက်၏ စွန့်ပစ်မှု ခံရခြင်းကား မကောင်းမှု အကျိုးပေးပေတည်း။
ရဟန္တာ အရှင်မကြီး ဣသိဒါသီသည် သူ၏ ဇာတ်ကြောင်းကို အဆုံးသတ်လိုက်သောအခါ အရှင်မဗောဓိက ‘သြော် မကောင်းမှုများဟာ အလွန်မှပဲ ကြောက်စရာ ကောင်းပါကလား ဘုရား’ ဟု ရေရွတ်တော် မူလိုက်လေသတည်း။
☺ပြီးပါပြီရှင်...။
Read more...
မစိုးရိမ်ကန်တော့ပန်း
၂၀၀၁ ခုနှစ် မေလ ၆ ရက် တနင်္ဂနွေနေ့၊ ၁၃၆၃ ခုနှစ် ကဆုန်လပြည့်နေ့
နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာတွင် လောကချမ်းသာစေတီတော် တည်ထားကိုးကွယ်ရန် မြေသန့်မင်္ဂလာနှင့် သိမ်သမုတ်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီး၍ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်၊ မွန်းလွဲပိုင်းတွင် မဟာစည် သြဝါဒါစရိယ ရေဦးဆရာတော်ဘုရားကြီးထံမှ သီလခံယူကြ၊ မစိုးရိမ်ဆရာတော် ဦးကောဝိဒါဘိဝံသ ဟောကြား ချီးမြှင့်သော အနုမောဒနာတရားတော်ကို နာကြားကြကာ မဟာစည် သြဝါဒါစရိယ အမေရိကန်နိုင်ငံ ဓမ္မနန္ဒဝိဟာရကျောင်း ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ ရေစက်ချတရားကို နာယူ ရေစက်သွန်းချ ကောင်းမှု ကုသိုလ် အမျှပေးဝေခဲ့ကြစဉ်မှ စ၍ မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးကောဝိဒါဘိဝံသနှင့် နယူးယောက် နယူးဂျာစီ ဓမ္မမိတ်ဆွေများ ဆရာ ဒကာ ပိုမို ရင်းနှီးလာခဲ့ကြသည်။
ကံအကြောင်းဆက်လာ၍ ထိုအချိန်မှ စကာ ဆရာတော်ကြီးသည် အမေရိကန်နိုင်ငံတစ်လှည့် မြန်မာနိုင်ငံတစ်လှည့် သီတင်းသုံးရင်း၊ နောက်ပိုင်းတွင် အမေရိကန်နိုင်ငံတွင်သာ ပိုမို နေထိုင်သီတင်းသုံးမှုများပြီး ၂၀၀၈ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ နယူးယောက်မြို့၌ ဘဝနတ်နန်း စံမြန်းသည်ထိ သာသနာ့အကျိုးအတွက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်သွားခဲ့လေသည်။
ဆရာတော်ကြီးသည် ဒိသာပါမောက္ခ ဖြစ်၏။ နှစ်ပေါင်း ၅၀ ကျော် စာချလာခဲ့ရာ ဆရာတော်၏ တပည့်ပေါင်း အရပ်ရပ် အလွန်များပြား၏။
ဓမ္မာစရိယစာမေးပွဲအတွက် ဆရာတော်ပြုစုသော ကျမ်းစာအုပ်များနှင့် မလွတ်ကင်းသော တပည့်ပေါင်း မြောက်မြားစွာ ရှိ၏။
နယူးယောက်မြို့တွင် ဆရာတော်နှင့် ကြုံတွေ့ခိုက်များ၌ လူပုဂ္ဂိုလ်များအတွက် ကျမ်းစာအုပ်များ ရေးသား ချီးမြှင့်ပါရန် လျှောက်ထားရာ ဆရာတော်က ရီမောနေလေ့ရှိတတ်ပြီး စာသင်သား ရဟန်းသံဃာများအတွက် ကျမ်းစာအုပ်များဖြင့်သာ အချိန်မပေးနိုင်အောင် ရှိသဖြင့် လူပုဂ္ဂိုလ်များအတွက် ကျမ်းစာအုပ်များ ရေးမည် မရေးမည်ဆိုသည်မျှကိုပင် အဖြေမပေးတတ်ပေ။
သို့သော် ထိုသို့မေးတိုင်း ဆရာတော်ရေးရန် အာသီသပြင်းထန်သော စာအုပ်တစ်အုပ်အကြောင်းကိုတော့ ပြောလေ့ရှိ၏။
“အေး ... ငါရေးဖို့ ပြင်ထားတဲ့ စာအုပ်တစ်အုပ်တော့ ရှိတယ်ကွ။ အဲဒီစာအုပ်ကတော့ ‘ဆရာတော်နဲ့ထောင်၊ ထောင်နဲ့ဆရာတော်’ ဆိုတဲ့ စာအုပ်ပဲ”
အခွင့်အခါသင့်လျှင် ဖတ်ကြရမှာပေါ့ .. ဟု ဆရာတော်မိန့်ကြားသွားခဲ့သော်လည်း ဆရာတော် ရေးဖြစ်ခဲ့ မရေးဖြစ်ခဲ့ မသိသလို၊ မရေးဖြစ်ခဲ့ပါကလည်း ဖတ်ကြရတော့မည် မဟုတ်ပေ။
ဆရာတော်၏ အန္တိမဈာပနအခမ်းအနားတွင် လောကချမ်းသာဆရာတော်က မစိုးရိမ်ဆရာတော်ဘုရားကြီး အမြင်သာသနာပြုသွားပုံကို ထည့်သွင်း မိန့်ကြားသွားခဲ့၏။
နယူးယောက်မြို့တွင် သီတင်းသုံးခိုက် ရာသီဥတုကောင်းသောအခါ ဆရာတော်ကြီးသည် နံနက်တိုင်း လမ်းလျှောက်ထွက်လေ့ရှိ၏။ ထိုသို့ လမ်းလျှောက်ထွက်တိုင်းလည်း သင်္ကန်းကို စနစ်တကျ သေချာ ကျနစွာ ရုံပြီးမှ လမ်းလျှောက်ထွက်တတ်သည်။
မြင်ရတဲ့သူတွေအတွက် ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးဆိုတာ ဒီလိုပါလားလို့ သိမြင် တွေ့မြင် ကြည်ညိုနိုင်ရအောင်ပေါ့ကွာ ... ဟု မိန့်ဆိုသွားကြောင်း သိရ၏။ သင်္ကန်းမရုံဘဲ မြို့ထဲထွက်သော တပည့်ရဟန်းများကိုလည်း အပြစ်ဆိုလေ့ရှိ၏။
ဆရာတော်ကြီးသည် နှစ်ပေါင်းများစွာ စာချလာခဲ့သဖြင့် တရားဟောသောအခါတွင် တပည့်များ နားလည်အောင် စာပို့ချသည့် ပုံစံမျိုး ဟောကြားတတ်ရာ တရားနာပရိတ်သတ်များအတွက် ပုံစံတစ်မျိုးဖြင့် ရင်းရင်းနှီးနှီး ရီရီမောမော နာကြား မှတ်သားကြရ၏။
ဆရာတော်ကြီးသည် စာချဆရာတော်ကြီးတစ်ပါးပီပီ အသံသြဇာ အထူးပြည့်စုံ၏။ ပါဠိတော်များကို ရွတ်ဖတ်လျှင် အထူး နာပျော် ကြည်ညိုဖွယ်ရာ ကောင်း၏။
အနယ်နယ် အရပ်ရပ် ပဋ္ဌာန်းအဖွဲ့များ ဖွဲ့စည်း၍ ပဋ္ဌာန်းတရားတော်ကို ရွတ်ဖတ် ကြည်ညိုကြရန် အထူး တိုက်တွန်းတတ်၏။
ဆရာတော်ကြီး နယူးယောက်မြို့တွင် သီတင်းသုံးခိုက် ၂၀၀၃ ခု ဒီဇင်ဘာလ ၇ ရက်၊ ၁၃၆၅ ခု နတ်တော်လဆန်း ၁၄ ရက် တနင်္ဂနွေနေ့တွင် မန္တလေးမြို့ မစိုးရိမ်ပါဠိတက္ကသိုလ်၊ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ပဋ္ဌာန်းဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓါဘိဝံသ၏ ‘စတုရာရက္ခတရားတော်ဆောင်ပုဒ်’များ ရွတ်ဖတ် ပူဇော်ထားသည်ကို နာယူ ကြည်ညိုကြ၍ ဆရာတော်ကြီး လွန်ခဲ့သည့် နှစ်နှစ်ပြည့်အလွမ်း ကန်တော့ပန်း ပန်ဆင်နိုင်တော်မူကြပါကုန်။
0 comments
Read more...
နှစ်သက်မိသော ဇင် ပုံပြင်များ (၁၆)
A Parable
A man traveling across a field encountered a tiger. He fled, the tiger after him. Coming to a precipice, he caught hold of the root of a wild vine and swung himself down over the edge. The tiger sniffed at him from above. Trembling, the man looked down to where, far below, another tiger was waiting to eat him. Only the vine sustained him.
Two mice, one white and one black, little by little started to gnaw away the vine. The man saw a luscious strawberry near him. Grasping the vine with one hand, he plucked the strawberry with the other.
How sweet it tasted!
Read more...
ကဆုန်လပြည့် သို့မဟုတ် မြင့်မြတ်ခြင်း၏ သင်္ကေတ
ပို့စ်အဟောင်းကိုပဲ ပြန်တင်လိုက်ပါတယ်။
*****
“အဂ္ဂေါဟမသ္မိ လောကဿ။
ဇေဋ္ဌောဟမသ္မိ လောကဿ။
သေဋ္ဌောဟမသ္မိ လောကဿ။
အယမန္တိမာ ဇာတိ, နတ္ထိဒါနိ ပုနဗ္ဘဝေါ”တိ။ [မ-၃-၂၀၇-အစ္ဆရိယအဗ္ဘုတသုတ္တံ]
“ငါသည် လောကတွင် ထိပ်ဆုံးဖြစ်၏။
ငါသည် လောကတွင် အကြီးဆုံးဖြစ်၏။
ငါသည် လောကတွင် အမြတ်ဆုံးဖြစ်၏။
ဤမွေးဖွားခြင်းသည်ကား နောက်ဆုံးမွေးဖွားခြင်းတည်း။
နောင်တစ်ဖန် ဘ၀ဖြစ်ခြင်း မရှိတော့ပြီ။”
ကဆုန်လပြည့်နေ့သည် မြင့်မြတ်ခြင်း၏ သင်္ကေတဖြစ်သည်။ လောကတွင် သာမာန်လူနှင့် မြင့်မြတ်သောလူဟူ၍ နှစ်မျိုးရှိသည်။ လူသာမာန်တို့သည် လောကသဘာဝအရ ရယူမှုကို အလိုရှိကြသည်။ မိမိတို့၏ စီးပွားချမ်းသာကို အလိုရှိကြသည်။ ချီးမွမ်းမြှောက်ပင့်မှုကို အလိုရှိကြသည်။ အချွေအရံတို့ကို အလိုရှိကြသည်။ သြဇာအာဏာကို အလိုရှိကြသည်။ မြင့်မြတ်သူတို့ကား လူအများ၏ အကျိုးစီးပွားအတွက် မိမိတို့၏ စီးပွားချမ်းသာကို စွန့်လွှတ်ကြသည်။ မိမိတို့၏ အသက်ကို စွန့်လွှတ်ကြသည်။ သြဇာအာဏာတို့ကို စွန့်လွှတ်ကြသည်။ လောကအတွက် စွန့်လွှတ် အနစ်နာခံခြင်းသည် မြင့်မြတ်သူတို့၏ လက္ခဏာဖြစ်သည်။
ဤကဆုန်လပြည့်တွင် လောက၏ အမြင့်မြတ်ဆုံးဖြစ်သော ဗုဒ္ဓမြတ်စွာ အလောင်းလျာကို ဖွားမြင်တော်မူခဲ့သည်။ မယ်တော်မာယာဒေ၀ီသည် အလောင်းတော်၏ သန္ဓေကို လွယ်ပြီးဆယ်လအကြာတွင် မိမိ၏ ဆွေမျိုးများရှိရာ ဒေ၀ဒဟပြည်သို့ အသွားလမ်းခရီး ပင်လုံးကြွတ်ပွင့်နေသော အင်ကြင်းပင်များရှိသော လုမ္ဗနီဥယျာဉ်တွင် ခေတ္တ အနားယူ၏။ ထိုသို့အနားယူခိုက် မဟာသက္ကရာဇ် ၆၈-ခု ၀ိသာခါနက္ခတ် နှင့် စန်းလယှဉ်သော ကဆုန်လပြည့် သောကြာနေ့ နံနက်တွင် အလောင်းတော်ကို ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။ မြင့်မြတ်သူတို့၏ လုပ်ဆောင်ချက်တို့သည် အံ့ချီးမခမ်းဖြစ်သကဲ့သို့ပင်၊ သဘာဝတရားက ထိုမြင့်မြတ်သူတို့အပေါ် တုန့်ပြန်မှုသည်လည်း မယုံနိုင်စဖွယ် ဖြစ်ရသည်။ ဖွားမြင်စ အလောင်းတော်သည် ညီညွတ်သော ခြေတို့ဖြင့် မြေ၌ ရပ်တည်ပြီးလျှင် မြောက်အရပ်သို့ ရှေးရှု၍ ခုနှစ်ဖ၀ါးလှမ်းကာ ကြွတော်မူ၏။ ထို့နောက် “ငါသည် လောကတွင် ထိပ်ဆုံးဖြစ်သည်။” စသော ကြုံးဝါးသောစကားကို ဆိုခဲ့၏။ ဗုဒ္ဓ အလောင်းတော်သည် မြင့်မြတ်သူတို့တွင် အမြတ်ဆုံးဖြစ်ပေ၏။
အမျိုးဇာတ်ကြောင့် မြတ်ခြင်း, တန်ခိုးအာဏာကြောင့် မြတ်ခြင်းတို့သည် မြင့်မြတ်ခြင်း အစစ်မှန်မဟုတ်။ လောကအတွက် အနစ်နာခံ စွန့်လွှတ်သော နှလုံးသားကသာ မြင့်မြတ်ခြင်းဖြစ်သည်။ မြင့်မြတ်သော နှလုံးသားသည် မိမိပတ်ဝန်းကျင်မှ ဆင်းရဲဒုက္ခရောက်နေကြရသော လောကသားတို့အပေါ် သက်သော အေးမြသည့် ကရုဏာတရား အပေါ်အခြေခံသည်။ လောကသားတို့အား ဖုံးလွှမ်းထားသည့် အမိုက်မှောင်ကို ပယ်ရှားနိုင်သော ပညာအလင်းရောင် အပေါ်တွင် အခြေခံရသည်။ မြင့်မြတ်သော နှလုံးသားသည် ကောက်ရိုးမီးကဲ့သို့ ၀ုန်းကနဲတောက်၍ ၀ုန်းကနဲငြိမ်းပျောက်သွားသော သဘောမျိုးမဟုတ်။ မြင့်မြတ်သော နှလုံးသားသည် ပြုစုပျိုးထောင်၍ ယူရသည်။ ထိုသို့ ပြုစုပျိုးထောင်ခြင်းကို ပါရမီဖြည့်ကျင့်သည် ဟုခေါ်သည်။
ဤကဆုန်လပြည့်သည် မြင့်မြတ်သော နှလုံးသားကို စတင်သန္ဓေတည်ခဲ့သော အခါကာလလည်း ဖြစ်သည်။ ဒီပင်္ကရာမြတ်စွာဘုရား လက်ထက်တွင် အလောင်းတော်သည် သုမေဓာရှင်ရသေ့ဖြစ်ခဲ့သည်။ ဒီပင်္ကရာမြတ်စွာဘုရား ကြွရောက်လာမည့် လမ်းအား သန့်ရှင်းနေကြသည့်လူတို့ထံမှ “မြတ်စွာဘုရား” ဟူသောစကားသံကို ကြားသောအခါ၊ သုမေဓာရှင်ရသေ့သည် အလွန် နှစ်သက်ဝမ်းမြောက်မှု ဖြစ်ရသည်။ မြင့်မြတ်ခြင်းသည် မိမိ၏ ပတ်ဝန်းကျင်မှ တစ်ဆင့် ကူးလူးဆက်ဆံသော သဘောလည်း ရှိရကား၊ သုမေဓာသည် အများနည်းတူ လမ်းသန့်ရှင်းရေးတွင် ကူညီပါဝင်ခဲ့သည်။ ဒီပင်္ကရာမြတ်စွာဘုရား ကြွလာသောအခါတွင် အလောင်းတော်သည် မိမိ၏ ဆံပင်တို့ကို ဖြေ၍၊ သင်္ကန်း, စမ္မခဏ် သားရေပိုင်းတို့ကို ဖြန့်ကျက်၍၊ မိမိ၏ ကိုယ်ကို အလျားမှောက်ကာ တံတားခင်း၍ ပေးသည်။ ဒီပင်္ကရာမြတ်စွာဘုရားကဲ့သို့ပင် ဘုရားအဖြစ်ရောက်ကာ လောကအား ကျေးဇူးပြုလိုစိတ် ဖြစ်ပေါ်ဆုတောင်းလေသည်။ ဤသည်ကို ကြာပန်းရှစ်ခိုင်ဖြင့် မြတ်စွာဘုရားအား ပူဇော်ရန်လာသော အမျိုးသမီးငယ် သုမိတ္တာသည် မြင်၏။ ဤတွင် ကြာပန်းငါးခိုင်အား သုမေဓာရှင်ရသေ့အတွက်, ကျန်သုံးခိုင်အား မိမိအတွက်ထား၍ ဘုရားရှင်အားလှူဒါန်းကာ သုမေဓာရှင်ရသေ့၏ မြင့်မြတ်သော အမှုတွင် ပါရမီဖြည့်ဖက်အဖြစ် ပါဝင်လေသည်။ “ဤကမ္ဘာမှ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်တွင် သုမေဓာရသေ့သည် မြတ်စွာဘုရားဖြစ်လတ္တံ။ ဤသတို့သမီးသည် သင်ရသေ့နှင့် တူမျှသော စိတ်, တူမျှသော ကံ, တူမျှသောအမှုရှိ၍၊ သင့်အား အစဉ်စောင့်ရှောက်လျှက် ပါရမီ ဖြည့်လတ္တံ” ဟု ဒီပင်္ကရာဘုရားက ဗျာဒိတ်စကား မိန့်ကြားခဲ့သည်။ ဤကဆုန်လပြည့်တွင် ဒီပင်္ကရာဘုရား၏ မြင့်မြတ်ခြင်းတို့သည် သုမေဓာ၏ စိတ်နှလုံးကို သိမ်းကြုံးယူကာ၊ ကူးလူး သန္ဓေတည်ခဲ့၏။
ထိုမှစ၍ သိဒ္ဓတ္ထ နှင့် ယသော်ဓရာ အလောင်းလျာမောင်နှံတို့သည် ဖြစ်ရာဘ၀, ရောက်ရာနေရာမှ မြင့်မြတ်သော နှလုံးသားတို့ကို ပြုစုပျိုးထောင်ခဲ့သည်။ မိမိတို့အကျိုးစီးပွားထက် လောက၏ အကျိုးစီးပွားကိုသာ ပဓာနပြု၍၊ စည်းစိမ်ဥစ္စာ, အသွေးအသား, အသက်တို့ကို စွန့်လွှတ်ခဲ့သည်။ သိဒ္ဓတ္ထမင်းသားဘ၀ရောက်သော် ထိုပါရမီတို့သည် အထွတ်ခေါင်သို့ရောက်လေပြီ။ သိဒ္ဓတ္ထမင်းသားသည် လူသားစင်စစ်အဖြစ် မွေးဖွားလာသော်လည်း၊ သာမာန်လူသားမဟုတ်တော့။ မြင့်မြတ်သော မဟာလူသားဖြစ်လေပြီ။ မြင့်မြတ်သူတစ်ကာတို့ထက် မြတ်သော အထွတ်ခေါင်ဖြစ်လေပြီ။
သိဒ္ဓတ္ထမင်းသားသည် အသက် ၂၉-နှစ်အရွယ်တွင် ဖြစ်ပေါ်လာအံ့သော စကြ၀တေးမင်းစည်းစိမ်ကို စွန့်ကာ သတ္တ၀ါတို့ အကျိုးအတွက် ဘုရားအဖြစ်သို့ရရန် အားထုတ်ခဲ့သည်။ အလောင်းတော်ဘ၀ဖြင့် လောကသားတို့ကို လောကဆင်းရဲမှ လွတ်ရန် မရေတွက်နိုင်သောကမ္ဘာများစွာ အားထုတ်ခဲ့ဖူးပြီ။ ယခုနောက်ဆုံးဘ၀ ရောက်သောအခါ၌ကား သတ္တ၀ါတို့အား သံသရာဝဋ်ဆင်းရဲမှ ကယ်မ, ထုတ်ဆောင်ရန် အားထုတ်လေပြီ။ လောကဆင်းရဲနှင့် သံသရာဆင်းရဲနှိုင်းစာလျှင်၊ လောကဆင်းရဲသည် ပြောပလောက်သော ဆင်းရဲမဟုတ်တော့။ သံသရာမှ မလွတ်သရွေ့ ဆင်းရဲအမျိုးမျိုး ကြုံတွေ့ရမည်သာ။ ဆင်းရဲဟူသမျှ၏ အရင်းမြစ်ကို ချိုးဖြတ်ရန်အတွက် တစ်ပြောင်းတစ်ပြန်ပြန် ပြေးသွားကျင်လည်နေရသော သံသရာကို ဖြတ်တောက် ရပေမည်။ လောကအကျိုးကို ဆောင်ရန် ဦးစွာပထမ မိမိကိုယ်တိုင် သံသရာဆင်းရဲအပေါင်းမှ လွတ်မြောက်ရန် ကျိုးပမ်းရသည်။ ထို့ကြောင့် သံသရာမှ ထွက်မြောက်ကြောင်းတရားကို ရှာဖွေခြင်းဟူသော မြတ်သောရှာဖွေခြင်း (အရိယာပရိယေသန) ကို အားထုတ်တော်မူခဲ့၏။
ဤကဆုန်လပြည့်သည် လောက၏ အမြတ်ဆုံးဖြစ်သော ဗုဒ္ဓအဖြစ်ရောက်တော်မူသောနေ့ ဖြစ်သည်။ ‘ဗုဒ္ဓ’ ဟူသည် နိုးကြားသိမြင်ခြင်းဟု အဓိပ္ပါယ်ရသည်။ ဒုက္ခခပ်သိမ်း၏ အရင်းမြစ်ကို ရှာဖွေသိမြင်ခြင်းကြောင့် ဗုဒ္ဓ ဟူ၍ အမည်ရသည်။ အလောင်းတော်သည် ဂယာအရပ်မှ ဥရုဝေဠတော သေနနိဂုံး ဗောဓိပင်ရင်းတွင် “ဘုရားမဖြစ်သရွေ့, ဤနေရာမှ မထတော့”ဟူသော ခိုင်မြဲသောစိတ်ဖြင့် အားထုတ်တော်မူရာ၊ မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့အကုန် အာရုဏ်တက်အချိန် ၀ိသာခါနက္ခတ်နှင့် စန်းလတို့ ယှဉ်ခိုက်တွင် ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။
“အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။”
“ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ နကာဟသိ။
သဗ္ဗာ တေဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ”တိ။ [ဓမ္မပဒ-ဇရာဝဂ်-ဂါထာ-၁၅၃, ၁၅၄]
ဆင်းရဲဒုက္ခကို အဖန်ဖန်ဖြစ်စေတတ်သော လက်သည် (အိမ်ဆောက်လက်သမား)အား ရှာဖွေခဲ့ပါသော်လည်း၊ မတွေ့သဖြင့် ဘ၀များစွာသံသရာကို ကျင်လည်ခဲ့ရလေပြီ။
အို... အိမ်ဆောက်လက်သမား၊ ငါသည် သင့်အား ယခု မြင်ပြီ။
သင်သည် နောက်တစ်ဖန် ဆောက်လုပ်နိုင်တော့မည် မဟုတ်တော့။
သင်၏ ကိလေသာဟူသော အခြင်ရနယ်တို့ကို ချိုးဖျက်ခဲ့ပြီ။
အ၀ိဇ္ဇာတည်းဟူသော အိမ်အထွတ်ကို ဖျက်ဆီးအပ်ပြီ။
ငါ၏ စိတ်သည် ပြုပြင်စီရင်ခြင်းကင်းရာနိဗ္ဗာန်သို့ ရောက်ပြီ။
တဏှာကုန်ကြောင်း အရဟတ္တဖိုလ်ကို ရပြီ။
ဗုဒ္ဓဘုရားဖြစ်သည်နှင့် ဤ “အနေကဇာတိ” အစချီသော ၀မ်းမြောက်သော ဥဒါန်းစကားကိုဆို၏။ ဆင်းရဲအပေါင်းတို့၏ လက်သည်ရင်းမြစ်သည် မသိမှု ‘အ၀ိဇ္ဇာ’ နှင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ကြောင်းသိလေပြီ။ ၄၅-၀ါကာလပတ်လုံး မနားတမ်း မိမိသိသော အသိတရားကို မျှဝေ၍ ဟောကြားခဲ့သည်။ အလောင်းတော်ဘ၀တွင် စည်းစိမ်, အာဏာ, ကိုယ်လက်အင်္ဂါ, အသက်တို့ကို စွန့်လွှတ်ပေးဆပ်၍ လောကသားတို့အား ကယ်တင်ခဲ့သည်။ နောက်ဆုံး ဗုဒ္ဓအဖြစ်တွင် သစ္စာလေးပါးတရားကို ဟောကြား၍ သတ္တ၀ါတို့ကို သံသရာမှကယ်တင်ခဲ့သည်။
ဟန္ဒဒါနိ, ဘိက္ခဝေ, အာမန္တယာမိ, ၀ယဓမ္မာ သင်္ခါရာ, အပ္ပမာဒေန သမ္ပာဒေထ။ [ဒီ-၂-၁၈၅-မဟာပရိနိဗ္ဗာနသုတ္တံ]
ရဟန်းတို့... အကျဉ်းလိုရင်းကို ဆိုအံ့။
အလုံးစုံသော သင်္ခါရာတရားတို့သည် ပျက်စီးခြင်းသဘောရှိကုန်၏။ မမေ့မလျော့သောသတိတရား ရှိကြကုန်လော့။
အင်ကြင်းပင်တို့ အကြားတွင် ဖွားမြင်တော်မူခဲ့သော ဗုဒ္ဓသည် အင်ကြင်းပန်းတို့ပွင့်သော ဤကဆုန်လပြည့်နေ့ (မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ အရုဏ်တက်ခါနီး အချိန်တွင်) မလ္လာမင်းတို့၏ ဥယျာဉ်အတွင်းရှိ အင်ကြင်းပင်ရင်း၌ပင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ သာမာန်လူသားတို့အမြင်တွင် ကြေကွဲဝမ်းနည်းဖွယ်ဖြစ်သော်လည်း၊ အရိယာသူတော်စင်တို့ အမြင်၌ကား ဒုက္ခခပ်သိမ်းငြိမ်း၍ လုံးဝအေးငြိမ်းမှုကိုပြုသွားခြင်းပင် ဖြစ်သည်။ ဤသည်ကား မြင့်မြတ်သူတို့၏ ထိပ်ဆုံးမြင့်မြတ်မှုပင် ဖြစ်သည်။ မြင့်မြတ်သော နှလုံးသားပိုင်ရှင်ဖြစ်သည့် ဗုဒ္ဓသည် ဤကဆုန်လပြည့်တွင် “အပ္ပမာဒေန သမ္ပာဒေထ” ဟူသော နောက်ဆုံးသြ၀ါဒ စကားဖြင့် လောကသားတို့အား ကျေးဇူးပြုသွားခဲ့လေသည်။
Read more...
(5) Must Have Qualities to be a Buddha
To be Buddha he need to have 5 Qualities ...
1. He need to be a King or is going to be a King.
2. His mother must die after giving birth, within 7 days.
3. The place should be Nepal. (The Center of the earth.)
4. The Island should be south. (This world is known to be South Island)
5. The life time should be 100 at least.
Reference : Ashin U Eaintaka
Labels: , , ,
Read more...
ကောင်းမှုပြုသူ၏ အကျိုး
ကောင်းမှုပြုသူသည်
ဤဘ၀၌လည်း နှစ်သက်ရ၏။
တမလွန်ဘ၀၌လည်း နှစ်သက်ရ၏။
ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း နှစ်သက်ရ၏။
ငါသည် ကောင်းမှုကို ပြုအပ်ပြီ-ဟု နှစ်သက်ရ၏။
သုဂတိဘုံဘ၀သို့ ရောက်ပါမူကား အလွန်နှစ်သက်ရ၏။
( ဓမ္မပဒ ယမက၀ဂ် သုမနဒေ၀ီဝတ္ထု)
Read more...
အစွန်းလွတ်မှတ်ချက် (သို့ ) မျှတပါစေ
လောကမှာ ဘယ်အရာကိုမှ အစွန်းမရောက်စေချင်ပါဘူး။ အတွေးအခေါ်၊ အယူအဆတစ်ခုအပေါ်မှာ အစွန်းရောက်သွားပြီဆိုရင် အဲဒီသူဟာ လောကကိုဒုက္ခပေးဖို့ အတွက် အသောနှင်နေတဲ့သူပဲ ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း အောင်မြင်မှုလမ်းကြောင်းပေါ်ကနေ သွေဖည်သွားရတော့မှာပါ။
အယူအဆအသစ်တွေ၊ ၀ါဒအသစ်တွေကတော့ လူသားတွေကိုယ်တိုင် ဖန်တီးနေကြတာဖြစ်လို့ လူသားတွေ ရှိနေသရွေ့ တော့ လောကမှာ အစဉ်သဖြင့် ရှိတော့ရှိနေဦးမှာပါပဲ။ ဒါပေမယ့် အစွန်းမလွတ်တဲ့ ၀ါဒတွေကြားမှာ ကိုယ်ကိုယ်တိုင် မမျောမိစေဖို့ ၊ အဲဒီ အယူအဆမှားတွေကို ကိုယ်ကိုယ်တိုင်ပဲ ဖန်တီးထားတာ မဖြစ်စေဖို့  သတိနဲ့ သာ နေတတ်ထိုင်တတ်အောင် ကြိုးစားလုပ်ဆောင်လိုက်ဖို့ ပါပဲ။
ကိုယ်ကိုယ်တိုင် အစွန်းရောက်ခဲ့မိလို့  ကိုယ်ကိုယ်တိုင်ပဲ ပြန်ဆုံးမလိုက်တဲ့ ဘုရားလောင်း သိဒ္ဓတ္ထရဲ့ အစွန်းလွတ်မှတ်ချက်ကလေးကိုလည်း မှတ်သားသွားစေချင်ပါတယ်။
သတ္တ၀ါတို့ ၏ ဓမ္မတာသည်
သဒ္ဓါလွန်လျှင် ကွန့် သည်။
ပညာလွန်လျှင် ဆွံ့ သည်။
ဝီရိယလွန်လျှင် ပြန့် သည်။
သမာဓိလွန်လျှင် တွန့် သည်။
သတိသာလျှင် လွန်သည်မရှိ။
လိုသည်သာ ဖြစ်သည်။
ထို့ ကြောင့် ယခုငါသည်…
အာဟာရကို မျှတစေလျှက်
ကိုယ်လက်ကို ဖြည့်တင်း
သဒ္ဓါနှင့်ပညာ ၀ီရိယနှင့် သမာဓိကို
မျှတစေတော့အံ့…..။ (ဘုရားလောင်း သိဒ္ဓတ္ထ)
မော်ကွန်းသစ်
၃၀.၄.၂၀၁၀
Read more...
ရှာ စု ကူး နီတိများ(၂)
Posted 8:46 PM by ကိုနော in Labels:
(၂၁) လူ့လောကကို မြင်ရာမှာဒေါင်လိုက်မြင်ရုံသာမက အလျားလိုက်လည်း မြင်တတ်ရမည်။
(၂၂) ခေါင်းဆောင်မှုဟူသည်မှာ ချက်ပိုင်သောနေရာယူခြင်းဖြစ်၏။
(၂၃) ဖြစ်နိုင်သလို လက်တွေ့လုပ်တတ်ရမည်။
(၂၄) ယုံကြည်ချက်ရှိရင် လူထုကိုဆန့်ကျင်ရဲရမယ်။
(၂၅) အရိပ်ခိုရတယ်…သစ်ပင်မခုတ်နဲ့လေ။
(၂၆) လူတိုင်းအတွက် ဆန့်ကျင်ဘက်ဟူသည်ရှိစမြဲ…သို့ဖြစ်၍…ဆန့်ကျင်ဘက်စိန်ခေါ်ရဲသောသတ္တိရှိရမည်။
(၂၇) ဒုက္ခကို စာရင်းလုပ်ပြီး ဖြေရှင်းပါ။
(၂၈) ရှိရင်မဖြုန်းနဲ့…မရှိရင်မခိုးနဲ့။
(၂၉) ကြောက်တတ်လျှင် နှစ်ခါသေ။
(၃၀) အလကားနေရင် အလကားဖြစ်တယ်…တစ်ခုခုလုပ်ရင် တစ်ခုခုဖြစ်တယ်။
(၃၁) ဆရာဘုန်းကံကြီးလျှင် တပည့်များချမ်းသာ၍,ဆရာဘုန်းကံကြီးချင်လျှင် တပည့်များ ဒုက္ခရောက်
တော့သည်။
(၃၂) ရှေ့ကသွားမှာလား…?ဆွဲခေါ်ရမှာလား…?
(၃၃) လိုချင်သောအောင်မြင်မှုနှင့် ညီမျှသောအားထုတ်မှုရှိရမည်။
(၃၄) သာယာချိုလွင်,တေးသံစဉ်ကို,မခင်မမက်,လူစင်လျက်သား,ဘုရားရှင်လော..?နွားပင်လော…၊
(၃၅) အောင်မြင်မှုအတွက် အထောက်အကူမပြုနိုင်သောအရာမှန်သမျှ မေ့ထားလိုက်။
(၃၆) စူးစိုက်လေ့လာခြင်းဖြင့် နည်းလမ်းကောင်းများရယူပါ။
(၃၇) အမြင်မှန်မှ အကုန်မှန်မယ်။
(၃၈) အမြဲအားနေလျှင် ဆင်းရဲဖို့ မဝေးတော့ပြီ။
(၃၉) ဟော…ပြောရင်းဆိုရင်းနဲ့ ကြီးမြတ်ခြင်းတွေ သင့်ဆီလာနေပြီ။
(၄၀) အောင်ပွဲနှင့် အခက်အခဲဟူသည် အမွှာညီနောင်ဖြစ်သည်။ထိုကြောင့်...အောင်ပွဲနီးလေ..
အခက်အခဲကြီးလေ..။
Read more...
ကိုပိန် သွားနာနေသည်
အတာရေမှာ ဗုံးကွဲ (အဲ..) ဗုံးခွဲ…
ညောင်ရေမှာ ပုဆိုးလဲ…
ဒီလူတွေ တစ်မျိုးပဲနော်….၊
ကိုယ့်ကိုမကူ ကိုယ့်ရန်သူ
ဖမ်းသူ သတ်သူ များလှပြီ…
ဒီလူတွေ တစ်မျိုးပဲနော်….၊
လာ ပြန် ပြီ…
လမ်းဆုံက မျက်လှည့်ပွဲ…
အလကားဆိုပြီး ၀င်မရောကြလေနဲ့…..။
ကဲ….လာထား
အရေးကြီးပြီ….
ဘာလုပ်ကြမလဲ….?
ဟဲ…ဟဲ…
ကိုပိန် က တော့
သွားနာနေတယ်….။
ကိုပိန်
(၃၀.၄.၂၀၁၀)
(မှတ်ချက်….အရေးကြီးလျှင် သွားနာတတ်သူများသဖြင့် မြန်မာပြည်သည် ယခုအချိန်အထိ
ထမင်းကောင်းစွာ မစားနိုင်ကြချေ…)
Read more...
ပညာရေးအလှူရှင်များ
No Comments
၁။နှစ်ဘက်မိဘများကို အမှူးထား၍ ဦးကျော်မိုး+ဒေါ်ခင်သန်းချစ်(ဒေါ်နယ်လီ)
သား မောင်စိုးသွင် သမီး မသင်းသင်းစိုး
ရွှေဆိုင် ကျောင်းကုန်းမြို့။ဧရာဝတီတိုင်း
အမေရိကန်ဒေါ်လာ ၅၀၀( ငါးရာတိတိ)
၂။ဦးတင်မောင်+ဒေါ်ခင်မာနီ မိသားစု
သုခကြွယ် စိုက်ပျိုးရေးဆေးဆိုင်
ကျောင်းကုန်းမြို့၊ဧရာဝတီတိုင်း
အမေရိကန်ဒေါ်လာ ၁၀၀(တစ်ရာတိတိ)
၃။ကွယ်လွန်သူ ဦးသောင်းအားရည်စူး၍
ဒေါ်သန်းမြင့် သမီး ဒေါ်မြင့်မြင့်အေး
ကျောင်းကုန်းမြို့ ဧရာဝတီတိုင်း
အမေရိကန်ဒေါ်လာ ၁၀၀(တစ်ရာတိတိ)
၎။ဒေါ်မိုးသန္တာမိသားစု
စိန်ဂေဟာလှည်းတန်းလမ်း၊ရန်ကုန်မြို့
အမေရိကန်ဒေါ်လာ၂၀ (နှစ်ဆယ်တိတိ)
Read more...
ကျား,မ တန်းတူညီမျှဆိုတဲ့ စကား
ဗုဒ္ဓမိန့်ခဲ့တဲ့ “ ငါဘုရားဟာ လမ်းညွန်သူ” ဖြစ်တယ်ဆိုတဲ့ စကားလေးက နားလည်သလိုလိုနဲ့ တကယ်တော့ နားလည်ဖို့အတွက် နောက်ထပ် များစွာ လေ့လာရဦးမှာပါလားလို့ နားလည်မိလိုက်ခြင်းပါ။
မြတ်ဗုဒ္ဓဟာ လမ်းညွန်သူသာ ဖြစ်ပါတယ်။ အခြားသော ဘုရားများလို ဖန်တီးရှင်မဟုတ်ပါ။ အခြားတစ်ဖက်မှာ တွေးခေါ်ပြောဆိုနေခြင်းမျိုးမဟုတ်ဘဲ လူသားတွေရဲ့ဘ၀ကို ရှု့မြင်ရာမှာလည်း လက်တွေ့ဆန်ပါတယ်။ အထီး အမ အမျိုးသားအမျိုးသမီးဆိုပြီး ဒွန်တွဲနေတဲ့ ဒီလူလောကမှာ ကျား,မ ဒါမှမဟုတ် အမျိုးသားအမျိုးသမီး ခွဲ ခြားပြီး ရှု့မြင်ခဲ့သလား ဒါမှမဟုတ် တန်းဖိုးချင်း တန်းတူထားခဲ့သလားဆိုတာပါ။ အဲဒီအထဲကမှ စာရေးသူဟာ အမျိုးသမီးများအပေါ် မြတ်ဗုဒ္ဓဟာ ဘယ်လို ရှု့မြင်ထားသလဲ ဒါမှမဟုတ် ဘယ်လိုလမ်းညွန်ထားပါသလဲ ဆိုတာ ကို စိတ်ဝင်စားမိခြင်းပါ။
စာရေးသူ ဖတ်ခဲ့ဘူးတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ် ရှိပါတယ်။ အဲဒါကတော့ စာရေးဆရာမ ဂျူးရေးတဲ့ “ မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်”ဆိုတဲ့ စာအုပ်ပါ။ ဒီစာအုပ် ကြော်ငြာကတည်းက စိတ်ဝင် စားတာပါ။ ဘာတွေများ ဖွင့်ဟ၀န်ခံမလဲ ဆိုတာကိုပါ။ အမျိုးသမီးတစ်ယောက်က အမျိုးသမီးရဲ့ဘ၀ကို တင်ပြ ခြင်းဟာ လက်တွေ့ဆန်လှပေမယ့် လောကကြီးကို လက်တွေ့ကျကျ သိမြင်ထားတဲ့ မြတ်ဗုဒ္ဓကကော အမျိုးသမီး တွေအပေါ်မှာ ဘယ်လို လက်ခံထားသလဲ ဆိုတာပါ။ ဒါလေးတွေနဲ့ စပ်ဆက်ပြီး လေ့လာမိသလောက် ပြော ကြည့်ချင်ပါတယ်။
ဒါကို မပြောခင် စာရေးသူ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှာ နေတုန်းက ဆရာကြီးတစ် ယောက်ပြောခဲ့ဘူးတာ သတိရမိတယ်။ ဆရာကြီးက တကယ်တော့ နာမည်ကြီး စာရေးဆရာပါ။ တစ်နေ့ သူ့ဆောင်းပါးမှာ အမျိုးသမီးများရဲ့ အတွင်းရေးတစ်ခုကို ရေးမိခဲ့တယ်။ အဲဒီဆောင်းပါးထွက်ပြီးလို့ မကြာခင်မှာပဲ ဆရာကြီးထံကို အမျိုးသမီးများရဲ့ ရန်တွေ့တဲ့စာတွေ ရောက်လာပါသတဲ့။
နောက်တစ်ခုကတော့ ဒီလိုပါ။ ဆရာကြီးတစ်ယောက်က “အမေများနေ့”မှာ အမေနဲ့ပတ်သက်တဲ့ ဂုဏ်တွေ၊ အကြောင်းအရာတွေ၊ ဘာသာရေး ကျမ်းဂန်ကလာတာတွေ၊ အဆိုအမိန့်တွေ စသဖြင့် ကောင်းနိုးရာရာ ဆွဲထုတ်ပြီး ဟောပြောပွဲမှာ ဟောပြောခဲ့ပါတယ်။ ဟောပြောပြီးလို့ မကြာခင်မှာ ပရိသတ်ထဲမှ မိခင်အရွယ် အမျိုးသမီးတစ်ယောက်က “နားထောင်လို့တော့ တော်တော်ကောင်းပါတယ် ဆရာ။ ဒါပေမယ့် အမေ တစ် ယောက်ရဲ့ စိတ်နေသဘောသဘာဝ ခံစားချက်ကို ဆရာတို့ယောကျာင်္းတွေ နားလည်ထားတာတွေနဲ့ ကွဲပြား နေသလားဆိုတာ စဉ်းစားနေပါတယ်”တဲ့။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်ကတော့ “ မြန်မာ့အမျိုးသမီးများ၏အခွင့်အရေးကို ဒေါ်မြစိန် လို အမျိုးသမီးတစ်ဦးကရေးလျှင် အသို့လျင် မကောင်းဘဲ ရှိပါအံနည်း”လို့ “ဆောင်းပါး”ဆိုတဲ့ ခေါင်းစဉ်တစ်ခုနဲ့ ဆောင်းပါးတစ်ပုဒ်မှာ ရေးသားထားပါတယ်။
ဒီတော့လဲ အမျိုးသမီးတွေအကြောင်း ရေးရမှာ စာရေးသူအနေနဲ့ မ၀ံမရဲဖြစ်ရပါတယ်။ ဒီနေရာမှာတော့ ဗုဒ္ဓ ဘာသာရှု့ထောင့်က ပြောကြည့်ချင်တာဆိုတော့ သက်သာရာ ရနိုင်ကောင်းတန်ပါရဲ့လို့ ထင်မိလို့ပါ။
တကယ်တော့ ဗုဒ္ဓဘာသာမှာ အမျိုးသမီးများရဲ့အခြေအနေဟာ တစ်မူထူးခြားတယ်လို့ ဆိုရမှာပါ။ ဘာ့ကြောင့် လဲဆိုယင် မြတ်ဗုဒ္ဓက ဘာသာတရားနဲ့ပတ်သက်တဲ့ဘ၀မှာ အမျိုးသမီးများကို လွတ်လပ်စွာ ပါဝင်ခွင့် အပြည့် အ၀ပေးထားပါတယ်။ မြတ်ဗုဒ္ဓဟာ အမျိုးသမီးများအတွက် ဘာသာရေးလွတ်လပ်ခွင့်ကိုပေးတဲ့ ပထမဆုံးသော ဘာသာရေးခေါင်းဆောင်ဖြစ်ပါတယ်။ ဗုဒ္ဓမတိုင်းမီ အမျိုးသမီးများရဲ့တာဝန်ဟာ မီးဖိုချောင်ထဲမှာသာ ကန့်သတ် ခံထားရတာပါ။ ဘုရားကျောင်းများကို ၀င်ခွင့်ရဖို့နဲ့ ဘာသာရေးကျမ်းဂန်များကို ရွတ်ဆိုဖို့ကိုတောင် အမျိုးသမီး များကို ခွင့်ပြုခဲ့တာ မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓခေတ်အတွင်း လူမှုအဖွဲ့အစည်းအတွင်းမှာ အမျိုးသမီးများရဲ့ အနေ အထားဟာ အလွန်နိမ့်ကျတယ်လို့ ဆိုရမှာပါ။
ဒီကနေ့ အိန္ဒိယ လူ့အဖွဲ့အစည်းအတွင်းမှာ အဲဒီစနစ်ရဲ့အကြွင်းအကျန်စနစ်လို့ ဆိုမလား မသိ။ ဒီဘုံဘေမှာဆို ယင် ပညာတတ်အမျိုးသမီး တော်တော်များများဟာ တက္ကသိုလ်၊ ကောလိပ်၊ ကုမ္မဏီ စသဖြင့် တော်တော် များများမှာ နေရာယူထားတာ တွေ့ရပါတယ်။ ဘွဲ့တွေ ယူထားတာကလည်း သုံးလေးဘွဲ့များတောင် ရှိပါတယ်။ ဒါပေမယ့် ယောင်္ကျားတစ်ယောက်ကို လက်ထပ်ယူတာကြတော့ တစ်မူထူးခြားနေပါတယ်။ အိန္ဒိယသတင်းစာ မှာတော့ နေ့တိုင်း သတင်းတစ်ခုအဖြစ် ပါနေတာကတော့ အမျိုးသမီးက သူ့ရဲ့အသက်၊ ပညာ၊ မျိုးရိုး၊ ဘာသာ စသဖြင့် ကြေငြာထားပြီး သူလက်ထပ်ယူမယ့်အမျိုးသားဖြစ်သူရဲ့ အရည်အချင်းကိုလည်း အသက်၊ ပညာ၊ မျိုးရိုး၊ ဘာသာ စသဖြင့် ကြေငြာထားပါတယ်။ ရံခါလဲ ဓာတ်ပုံနဲ့ပါ။
ဒီနေရာမှာ သူငယ်ချင်းများရဲ့ အတွေ့အကြုံကို ပြောချင်ပါသေးတယ်။ အိန္ဒိယဆိုတာက ဘာသာမျိုးစုံရှိတဲ့ နိုင်ငံ ပါ။ ဗုဒ္ဓဘာသာရဟန်းတော်များနဲ့ပတ်သက်လို့ အခြားထေရ၀ါဒနိုင်ငံက ရဟန်းတော်တွေထက် ဒလိုင်းလားမား က အိန္ဒိယမှာ ပိုလို့ကျော်ကြားတာဆိုတော့ မြန်မာ့ရဟန်းတော်များကိုလည်း လားမားတွေလို့ပဲ နားလည်းထား တာများပါတယ်။ ဟိန္ဒူဝေါဟာရကတော့ ဆာဒူးတွေပါ။ အဲဒီ ဆာဒူးများဖြစ်တဲ့ မြန်မာရဟန်းတော်သူငယ်ချင်း များကို ဂျိန်းဘာသာဝင်တစ်ဦးက ဆွမ်းစားဆိုပြီး သူ့အိမ်ကို ပင့်ပါတယ်။ ဒီလိုနဲ့ ကြွသွားကြတဲ့အခါ အဖေ ဖြစ်သူက ပြောရာမှာ - သူ့သမီးကို လာဆက်ကြပေမယ့် အဆင်မပြေဖြစ်နေပါတယ်။ အဲဒါ အဆင်ပြေအောင် ဂါထာမန္တာန် ရွတ်ပေးဖို့- ဆိုတာပါ။ အဲဒီအမျိုးသမီးက ရုပ်ရည်အသင့်အတင့်ရှိပါတယ်။ ပညာရေးကလည်း ဘွဲ့ တစ်ဘွဲ့ ရထားပါတယ်။ ဒါပေမယ့် ဘွဲ့တစ်ဘွဲ့နဲ့ မလုံလောက်တဲ့အကြောင်းနဲ့ သုံးလေးဦးကို ဆက်သွယ်ခဲ့ပေမယ့် အဆင်မပြေတဲ့အကြောင်းကို အဖေဖြစ်သူက ပြောပါတယ်။ ရွတ်ပေးလိုက်တဲ့ ဂါထာမန္တာန်တွေကြောင့် အဆင် ပြေ မပြေတော့ မသိပါ။ သူငယ်ချင်းများကလည်း တာဝန်ကျေပွန်အောင်တော့ လုပ်ပေးလိုက် ပါတယ်။
အိန္ဒိယမှာ လူပျိုအပျိုသမီးရည်းစား လက်ထပ်ယူကြတာတွေ မရှိတာတော့ မဟုတ်ပါ။ ဒါပေမယ့် ဒီလို အမျိုး သမီးက အမျိုးသားယောင်္ကျားကို ၀ယ်ယူတာဟာ အစဉ်အလာဖြစ်နေပါသေးတယ်။ တက္ကသိုလ်က ဆရာမကြီး တွေ တော်တော်များများလည်း အဲသလိုပါပဲ။ ဒီနိုင်ငံမှာတော့ အမျိုးသမီးတွေဟာ ပိုလို့များ ပညာကို သင်နေ ရသလား ဆိုတာပါ။ ဒါကတော့ လက်ရှိအိန္ဒိယ၊ ဘုံဘေရဲ့ အခြေအနေလေးတွေပါ။
အမျိုးသမီးများကို ဒီလွတ်လပ်မှုကို ပေးတဲ့အခါ အဲဒီအချိန်မှာ ခေတ်စားနေ ရေပန်းစားနေတဲ့ သြဇာရှိတဲ့ ရှေးရိုးဝါဒီများက မြတ်ဗုဒ္ဓကို ဝေဖန်ကြပါတယ်။ မြင့်မြတ်တဲ့အဖွဲ့အစည်းထဲကို ၀င်ဖို့ အမျိုးသမီးများကို ခွင့်ပြု ခဲ့တဲ့ မြတ်ဗုဒ္ဓရဲ့အပြောင်းအလဲဟာ အချိန်များစွာအတွက် အလွန်အမင်းဆန်းသစ်ခဲ့ပါတယ်။
ဒါပေမယ့် ဘ၀နဲ့ပတ်သက်တဲ့ ဘာသာရေးနည်းလမ်းတွေမှာ အရဟတ္တဖိုလ်ရရှိခြင်းဖြင့် အမြင့်မားဆုံးအခြေ အနေကို ရရှိဖို့နဲ့ ယောင်္ကျားတွေလို စွမ်းရည်ရှိတယ်ဆိုတာကို သူတို့ကိုယ်တိုင်သက်သေပြနိုင်ဖို့အတွက် အမျိုး သမီးများကို ခွင့်ပြုခဲ့ပါတယ်။ ကမ္ဘာ့သမိုင်းမှာ ပထမဆုံးအကြိမ် ဒီလို လွတ်လပ်မှုကို ပေးတဲ့အတွက်၊ အသက် ရှင်နေထိုင်တဲ့ဘ၀တစ်ခုအတွင်း စစ်မှန်တဲ့ ဘာသာရေးနည်းလမ်းတွေကို ပြသတဲ့အတွက် မြတ်ဗုဒ္ဓကို ကျေးဇူး တင်ရမှာပါ။
မြတ်ဗုဒ္ဓခေတ်အတွင်း အမျိုးသမီးများရဲ့ အခြေအနေအတွက် မာရ်နတ်ရဲ့စကားလုံးများဟာ ဥပမာတစ်ခုအဖြစ် ပြဆိုနိုင်ပါတယ်။ “ ပညာရှိသူတော်ကောင်းတို့သာ ရနိုင်တဲ့ မြင့်မြတ်မှုကို လက်နှစ်သစ်မျှသာရှိတဲ့ ပညာနဲ့  မြင့်မြတ်မှုကို ရရှိဖို့ရန် အမျိုးသမီးအတွက် မျော်လင့်နိုင်မည်မဟုတ်” ဆိုတာပါ။
ဒီစကားကို အပြောခံရတဲ့ ဘိက္ခုနီမဟာ မာရ်နတ်ကို အခုလို ပြန်လည်၍ ပြောဆိုခဲ့တာပါ။“ ပညာဖြင့် ကောင်းစွာ တည်ဆောက်ထားပြီး တရားကိုကောင်းစွာမြင်တဲ့ တစ်စုံတစ်ယောက်အတွက် မိန်းမဖြစ်ခြင်း၏ အချက်က ခြားနားမှုကို ပြုလုပ်နိုင်ပါသလား?”ဆိုတာပါ။ ဒါကိုတော့ မာရသံယုတ်၊ သောမာသုတ်မှာ တွေ့နိုင်ပါတယ်။
နောက်တစ်ခုက ဒီလိုပါ။ ဘုရင်ကောသလဟာ သူရဲ့မိဖုရားမလ္လိကာက မိန်းကလေးတစ်ယောက်ကို မွေးဖွါး တယ်ဆိုတာကို ကြားရတဲ့အခါ အလွန်စိတ်မချမ်းမသာဖြစ်ခဲ့ပါတယ်။ ဒါကို သိတဲ့ မြတ်ဗုဒ္ဓက ဘုရင်ကို အောက် ပါအတိုင်း မိန့်ဆိုခဲ့ပါတယ်။
“ အို ဘုရင်မင်းမြတ်! သမီးငယ်ကို ပြုစုလုပ်ကျွေးပါ။ ပညာရှိ၍ အကျင့်သီလပြည့်စုံတဲ့၊ ယောက္ခမကို နတ်ကဲ့သို ရိုသေပြီး လင်ကိုသစ္စာရှိစွာလုပ်ကျွေးပြုစုတဲ့ အချို့အမျိုးသမီးများဟာ မြင့်မြတ်သူများ ဖြစ်ပါတယ်။
မင်းကြီး! အဲဒီအမျိုးသမီးမျိုးက သားယောင်္ကျားလေးကို မွေးဖွားမယ်ဆိုယင် ဒီအမျိုးသမီးကောင်းရဲ့ သားဟာ ရဲရင့်မယ်၊ တိုင်းပြည်ကိုလည်း အုပ်ချုပ်လမ်းညွန်နိုင်လိမ့်မယ်”။
ဒါက သံယုတ္တနိကာယ်၊ ကောသလသံယုတ်၊ မလ္လိကာသုတ်မှာပါ။ ဒီမိန့်ဆိုချက်အရ ယောင်္ကျားများသာ လောကမှာတန်ဖိုးရှိတာမဟုတ်ပါ။ အမျိုးသမီးများ လည်းပဲ လောကရဲ့ အဖိုးတန်များအဖြစ် မြတ်ဗုဒ္ဓက အတည်ပြုခဲ့တာပါ။
ယနေ့ခေတ်မှာ ဘာသာရေးခေါင်းဆောင်တွေက သူတို့ရဲ့ဘာသာဟာ အမျိုးသမီးများကို တူညီတဲ့အခွင့် အရေး ကိုပေးကြတယ်လို့ ဆိုပါတယ်။ တကယ်တော့ လူ့အဖွဲ့အစည်းများစွာမှာ အမျိုးသမီးတွေရဲ့အခြေအနေကို လေ့လာကြည့်လျင် သင့်လျော်တဲ့ အခွင့်အရေးတွေ အပြည့်အ၀မရရှိသေးပါဘူး။ အသီးသီးသောနယ်ပယ်မှာ ခွဲခြားဆက်ဆံခံနေရပါတယ်။ ယေဘုယျအားဖြင့် အမျိုးမျိုးသောနယ်ပယ်မှာ နုညံ့သိမ်မွေ့တဲ့ပုံစံဖြင့် အလွဲသုံး စားပြုခြင်း ခံနေရပါတယ်။ အနောက်ကမ္ဘာများမှာတောင် အမျိုးသမီးမဲပေးခွင့်ရရှိရေး လှုပ်ရှားသူများဟာ သူတို့ရဲ့ အခွင့်အရေးအတွက် ခက်ခက်ခဲခဲ တောင်းဆိုတိုက်ခိုက်ယူကြရတာပါ။
ဒါနဲ့ပတ်သက်လို့ ကိုယ့်နဲ့လက်လှမ်းမိတဲ့ ဘလော့တွေထဲက အမျိုးသမီးအခွင့်အရေး ဆိုင်ရာတွေကို ရှာဖွေ ကြည့်တဲ့အခါ တွေ့ရှိရတာက ဒီလိုပါ။ အမေရိကန်မှာ ၁၈၄၈-ခုနှစ်မှာ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုစတင်ပြီး ၁၉၂၀-ခုနှစ်မှာ မဲပေးပိုင်ခွင့် ရခဲ့ပါတယ်။ ဒိန်းမတ်နိုင်ငံမှာ ၁၇၈၉-ခုနှစ်မှာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှု စတင်ပြီး ၁၉၀၃-ခုနှစ်မှာ မဲပေးပိုင်ခွင့် ရပေမယ့် ၁၉၁၅-ခုနှစ်မှ အပြည့်အ၀ မဲပေးပိုင်ခွင့် ရခဲ့ပါတယ်။ တရုတ်မှာ ၂၀-ရာစုနှစ်အစောပိုင်းကာလက အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုစတင်ပြီး ၁၉၅၀-ခုနှစ်မှာ အမျိုးသားအမျိုး သမီး တန်းတူညီမျှအခွင့်အရေး ရရှိခဲ့ပါတယ်။ တောင်အာဖရိကမှာ ၁၉၁၂-ခုနှစ်လောက်မှာ အမျိုးသမီးအခွင့် အရေးလှုပ်ရှားမှုစတင်ပြီး ၁၉၉၅-ခုနှစ် ကျားမတန်းတူ ညီမျှတဲ့ အခွင့်အရေး ရရှိခဲ့ပါတယ်။ ၁၈၄၈-ခုနှစ် ပထမ အကြိမ်အမျိုးသမီညီလာခံကို နယူးယောက်မြို့မှာ ကျင်းပတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂက ၁၉၇၅-ခုနှစ်၊ မတ်လ ၈-ရက်နေ့မှာ နိုင်ငံတကာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ထားပါ တယ်။ အဲဒီနောက် အမျိုးသမီးညီလာခံကို ၁၉၇၅-ခုနှစ် (မက္ကဆီကို)၊ ၁၉၈၀-ခုနှစ်(ကိုပင်ဟေဂင်)၊ ၁၉၈၅-ခုနှစ်(ကင်ညာ)၊ ၁၉၉၅-ခုနှစ်(တရုတ်)မှာ ကျင်းပခဲ့ကြပါတယ်။ အပြည့်အစုံကြည့်လိုသူများအတွက် http://www.un.org/womenwatch/feature/iwd/history.htmlနဲ့ http://khinmamamyo.blogspot.com/ မှာ ကြည့်နိုင်ပါတယ်။
ဗုဒ္ဓဘာသာအလိုအရ နိမ့်ကျသူအဖြစ် အမျိုးသမီးများကို သဘောထားခြင်းဟာ တရားမျှတခြင်း မရှိပါဘူး။ မြတ်ဗုဒ္ဓ ကိုယ်တိုင်ပင် ဘ၀သံသရာများစွာမှာ တစ်ခုသောအခိုက်အတံ့အတွင်း အမျိုးသမီးအဖြစ် မွေးဖွါးခဲ့ရ ဦးမှာပါ။ အဲဒီဘ၀တွေမှာ အမျိုးသမီးတစ်ယောက်အဖြစ်နဲ့တောင် မြင့်မြတ်သော အရည်အသွေးများကို တိုးတက်စေခဲ့တာ ဖြစ်မှာပါ။ အဲဒီလို ဘ၀တွေ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလာပြီးနောက်မှသာ ဘုရားအဖြစ် ဒါမှမဟုတ် သဗ္ဗညုတညဏ်ရှင်အဖြစ် ရရှိခဲ့တာပါ။
ဒီနေရာမှာ သတိရမိတာတစ်ခုကို ပြောကြည့်ချင်ပါတယ်။ ဂုဏ်သိက္ခာရှိနာမည်ကြီး အမျိုးသမီးတစ်ယောက်က “ လူတိုင်း ကြိုးစားယင် ဘုရားဖြစ်နိုင်ပါတယ်” ဆိုတဲ့ စကားကို ပြောခဲ့မိလို့ မဟာဖိုဝါဒ အားကောင်းသူများက “ အမျိုးသမီးတစ်ယောက်က ဘုရားဖြစ်ပိုင်ခွင့်မရှိဘူး” လို့ အတော်ကလေး အငြင်းအခုံ ဖြစ်လိုက်ပါသေးတယ်။ ဗုဒ္ဓကျမ်းဂန်များမှာတော့ ယောကျာင်္းကော မိန်းမကော ဘုရားဖြစ်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် အဲဒီဘုရား ဖြစ်ဖို့ အတွက် လမ်းခုလတ်မှာ လျှောက်လှမ်းရမဲ့လမ်းကတော့ အနှေးအမြန် ကွာခြားနိုင်သလို ပေးဆပ်ရတဲ့ တန်ဖိုး ချင်းလည် တူချင်မှတူမှာပါ။ ဥပမာဆိုကြပါစို့ အမျိုးသမီးဖြစ်သူက “အမျိုးသားတစ်ယောက်ဘ၀ အဖြစ်” ရရှိဖို့ ရှေးဦးစွာ ဆုတောင်းခြင်းမျိုး စသဖြင့်ပါ။ ထူးခြားတာက မြတ်ဗုဒ္ဓဟာ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် လူသားရဲ့ ရပိုင်ခွင့် အခွင့်အရေးကို ပိတ်ဆို့မထားဘူးဆိုတာပါပဲ။
ဗုဒ္ဓမိန့်ခဲ့တဲ့ “ ငါဘုရားဟာ လမ်းညွန်သူ” ဖြစ်တယ်ဆိုတဲ့ စကားအတိုင်းပါပဲ။ မြတ်ဗုဒ္ဓဟာ လမ်းညွန်သူသာ ဖြစ် ပါတယ်။ ဒါပေမယ့် မြတ်ဗုဒ္ဓဟာ ဒီနေရာမှာ ဘယ်လို လမ်းညွန်ထားပါသလဲဆိုတာကို ရှင်းလင်းစွာ သိမြင်ဖို့ကြ တော့ စာရေးသူတို့ရဲ့ တာဝန်ဝတ္တရားအဖြစ် နားလည်ခံယူထားမိခြင်းပါ။
Read more...
အစုနှင့်အမှု... (တက္ကသိုလ် သောတုဇန)
အစုနှင့်အမှု... တက္ကသိုလ် သောတုဇန (မဟာဓမ္မာစရိယ)
Read more...
Everything is Possible
When someone tells you that you can't do something...
Don't doubt yourself!
Instead, Stretch yourself!
You've gotta stick your neck out, Go for your best.
Use all your will power and and Positive Attitude.
Never Never Give Up!
In the end, you will succeed and prove them wrong.
Nothing is impossible,
if your heart is willing, and your attitude is positive.
We shall hold on to our dream,
focus on our goal,
persist in our belief,
keep on our positive actions,
and lead by our examples, and together,
make this world a better place!
Yes, we can!
Yes, we will!
Read more...
သင်္ကြန်အမှတ်တရ ကဗျာ
သင်္ကြန် ရောက်ပြီ ဆိုတော့ သင်္ကြန်ရဲ့ အငွေ့အသက်တွေကို ဘယ်လို ရနိုင်မလဲ ဘယ်နေရာက ရနိုင်မလဲ - စိတ်ချမ်းသာစရာ ကြည်နုးစရာလေးတွေ တခဏဖြစ်ဖြစ် ရနိုင်စေဖို့ တမ်းတမိတာအမှန်ပဲ၊ရွှေပြည်ကြီးနဲ့ ဝေးနေဆဲ အခြေအနေမို့ သင်္ကြန် ဆိုတာ ဘယ်လိုပါလဲ ဆိုတာကို လိုက်လံ မေးရမလိုဖြစ်နေတယ်၊ သင်္ကြန်နဲ့ ဝေးနေတာ ကြာတော့ ပိုသတိရမိသလိုပဲ - သင်္ကြန်ဆိုတာ သင်္ကန္တ - ပြောင်းရွှေ့ခြင်း နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းလာတာကို ကြိုဆိုတဲ့ အနေနဲ့ အေးမြတဲ့ ရေလေးနဲ့ ဖြန်းပက်စေတဲ့ ပွဲပါ၊
သင်္ကြန်ရဲ့ အဦးအစကတော့ မြန်မာရာဇ၀င်အရ ကုန်းဘောင်ခေတ်ကနေ စတင် ကျင့်သုံးခဲ့ကြတယ်လို့ မှတ်သားဖူး ပါတယ်၊ ကုန်းဘောင်ခေတ်ကို စတင်ထူထောင်ခဲ့တာကတော့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ပါ၊ ကုန်းဘောင် မင်းဆက် ( ၁၁ ) ဆက်ရှိရာမှာ အစဦးဆုံး မင်းဆက်တော့ ဖြစ်ဟန်
မတူပါဘူး၊ သာယာဝတီမင်း လက်ထက်မှာ စတင်ခဲ့တယ် လို့ အဆိုတော် တင်တင်မြ သီဆိုထားတာကို နားထောင်ခဲ့ဖူးတယ်၊
ကုန်းဘောင်ခေတ် အတွင်းမှာ နန်းစံခဲ့တဲ့ မင်းဆက် ၁၁ ဆက်မှာ -
၁။ အလောင်းမင်းတရား ( ဦးအောင်ဇေယျ ) ( နန်းစံ ၁၇၅၂ -၁၇၆၀ )
၂။ နောင်တော်ကြီး ( နန်းစံ ၁၇၆၀- ၁၇၆၃ )
၃။ ဆင်ဖြူရှင် ( နန်းစံ ၁၇၆၃-၁၇၇၆ )
၎။ စဥ့်ကူးမင်း ( နန်းစံ ၁၇၇၆-၁၇၈၂ )
၅။ ဖောင်းကားစားမင်း ( နန်းစံ ၁၇၈၂ ဖေဖော်ဝါရီလအတွင်း နန်းစံ ရက် ၇ ရက်)
၆။ ပဒုံမင်း ( မြေဒူးမင်း-ဘိုးတော်ဘုရား ) ( နန်းစံ ၁၇၈၂-၁၈၁၉ )
၇။ စစ်ကိုင်းမင်း ( နန်းစံ ၁၈၁၉-၁၈၃၇ )
၈။ သာယာဝတီမင်း ( နန်းစံ ၁၈၃၇-၁၈၄၆ )
၉။ ပုဂံမင်း ( နန်းစံ ၁၈၄၆-၁၈၅၃ )
၁၀။ မင်းတုန်းမင်း ( နန်းစံ ၁၈၅၃-၁၈၇၈ )
၁၁။ သီပေါမင်း ( နန်းစံ ၁၈၇၈-၁၈၈၅ )
ဒီစာရင်းအရ ဆိုလျင်တော့ သင်္ကြန်သက်တမ်းဟာတော်တော် ကြာခဲ့ပြီဖြစ်လို့ မြန်မာလူမျိုးတို့အတွက် ဂုဏ်ယူ ၀မ်းမြောက်စရာဖြစ်နေပါတယ်၊ အခုချိန်မှာ ဥရောပနိုင်ငံ တချို့ဖြစ်တဲ့ ပိုလန် ချက် ယူကရိန်း နိုင်ငံတွေမှာလဲ အပြစ် ကျေအေးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေပက်ပွဲတော် ကျင်းပနေကြတယ် လို့ သိရပါတယ်၊
ဟိုအရင်က သင်္ကြန် နဲ့ အခုခေတ် သင်္ကြန်ကို နှိင်းယှဉ်ကြည့်ရင် သက်ရှိလူတွေရော သက်မဲ့ ပစ္စည်းတွေရော ဆီ နဲ့ ရေလို ကွာခြားသွားပါပြီ၊ အခုချိန် မြန်မာပြည် သင်္ကြန်မှာ ဆိုရင် အရက် ဘီယာ ဆေးလိပ် စတဲ့ မကောင်းမှု့တွေကို သင်္ကြန်ပွဲတော်ရက်အတွင်း တရားဝင် သောက်သုံးခွင့် ပြုထားသလို ဖြစ်နေတယ်၊ တောရွာမှာရော မြို့ပြတွေမှာပါမကျန် သောင်းကျန်းနေကြပြီ၊ သူတို့စကားနဲ့ ပြောရရင်တော့ ခေတ်မှီနေကြပြီပေါ့လေ၊ ( မှတ်ချက် - သင်္ကြန်ပြီးရင် တနိုင်ငံလုံးက ကားဝပ်ရှော့ ဆိုင်ကယ်ဝပ်ရှော့ ဆိုင်တိုင်းမှာ ကားပျက် ဆိုင်ကယ်ပျက်တွေ ပုံနေတာပါပဲ၊ အဲဒီလိုပဲ ဆေးရုံ ဆေးခန်းတိုင်းမှာလဲ နဖူးပြဲ ဒူးပြဲ တံတောင်ပြဲ နဲ့ ကျိုး ကန်းနေုသူတွေ အလွန်ပေါပေါ့၊ သေဆုံးသူတွေလဲ နှစ်တိုင်း မြို့တိုင်းမှာ ရှိနေတာပါပဲ၊ မြန်မာပြည်နဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေသူတွေ အတွက် ဗဟုဿုတအဖြစ် သိစေဖို့ပါ )
သင်္ကြန်မှာ စီးပွားရေးအရ တွက်ချေအကိုက်ဆုံး လူတွေကတော့ ၀ပ်ရှော့ နဲ့ အရက် ဘီယာ ရောင်းချသူ
တွေပါပဲ၊ အရက်ရောင်းသူတွေက ၁ သောင်း အရင်းတည်ရင် ၁ သောင်း အမြတ်ကျန်စေရမယ် ဆိုပဲ၊ မှတ်မှတ်ရရ ၂၀၀၆ ခုနှစ်လောက်က ကောင်လေးတယောက်ကို မေးကြည့်မိတယ်၊
မင်းသင်္ကြန်အတွင်း ဘာလုပ်မလဲ ဆိုတော့ - တပည့်တော် အရက် ရောင်းမှာ တဲ့ ၊
ဟာ ဘယ်လို ရောင်းမှာလဲ ဆိုတော့
ဝယ်စရာ အရင်း မရှိလို့ စားသောက်ဆိုင်ကြီးကနေ ပုလင်းတွေ သယ်ပြီး မန္တလေးမြို့ ကျုံးဘေးမှာ စားပွဲခုံတခုနဲ့ ရောင်းမယ် တဲ့၊( ယူရောင်းပြီးမှ ကျသင့်ငွေကို ရှင်းပေးရမယ်ပေါ့ )
သင်္ကြန်ပြီးတော့ မေးကြည့်မိတယ် -
ကောင်လေး ဘယ်လိုလဲ မင်းအလုပ် ဖြစ်ရဲ့လား - ဆိုတော့ -
တင်ပါ့ တပည့်တော်အတွက် စားပြီး သောက်ပြီး ၃ သိန်းနီးနီး ကျန်ပါတယ် တဲ့၊
ဟ - မင်းက တော်လှချေလားကွာ၊ သူများတွေများ သင်္ကြန်မှာ ပိုက်ဆံတွေ သောက်သောက်လဲ ( သောက်လိုက် လဲလိုက် ငွေကုန်လိုက် ကို ဆိုလိုပါတယ် ) ကုန်နေတာကို၊ မင်းက ဘယ်လို ရှာသလဲ -
အာ - သူတို့က မူးနေမှတော့ ၅၀၀ တန် ကို ၇၀၀ နဲ့ ရောင်းလဲ ၀ယ်တာပဲ၊ ရှစ်ရာ ၁ ထောင်ရောင်းလဲ ၀ယ်မှာပဲ၊ ဒါကြောင့် အခြေအနေ ကြည့်ရောင်း၇တာပေါ့၊ သူတို့က မူးချင်တာပဲ သိတယ်၊ မူးနေရရင် ပြီးရော ပျော်နေကြတာ ဆိုတော့ ကိစ္စမရှိဘူး၊
ပိုက်ဆံဖြုန်းနိုင်သူတွေအတွက် ပျော်စ၇ာပေမယ့် တပည့်တော်တို့အတွက်တော့ ၀မ်းစာ ရှာရဖို့က အဓိက ပဲလေ၊
အားလား တော်လိုက်တဲ့ ကလေး ၊ အာဂ လူပါလား ဟ လို့ ချီးကျူးမိတယ်၊ အစကတော့ သင်္ကြန်အကြောင်း ပျော်စ၇ာလေးတွေ ရေးမလို့ပါ၊ ပျက်နေတာတွေ ပြင်စေချင်လို့ ရေးသလို ဖြစ်သွားပါတယ်၊
တကယ်တော့ သင်္ကြန်ဆိုတာ မွေးနေ့ ပွဲ ကျင်းပသလို တနှစ်ကုန်လို့ နောက်တနှစ်ကူးတာမို့ သေဖို့တနှစ် နီးနေပြီ၊ ပျော်စရာတွေ အကုသိုလ်တွေနဲ့ အချိန်ကုန်မနေကြနဲ့လို့ သတိပေးနေသလိုပါပဲ၊ လူအများက သောက်စား ပျော်ပါး အကုသိုလ်တွေနဲ့ အချိန်ကုန်နေပေမယ့် အဲဒီအထဲမှာ ကိုယ်မပါဝင်ပဲ ကိုယ့်စိတ်ကို စင်ကြယ်အောင် ထားနိုင်မယ် ဆိုရင် မြင့်မြတ် တန်ဖိုးရှိတဲ့ သင်္ကြန် အေးမြ ငြိမ်းချမ်းတဲ့ သင်္ကြန်ဖြစ်ပါပြီ၊
သင်္ကြန် သင်္ကြန်နဲ့
လူတိုင်းရဲ့ စကားသံ၊
မြန်မာမှန်ရင် သင်္ကြန်ကို
ချစ်တတ်ကြတာ ဘာကြောင့်ပါလိမ့်၊
စိတ်ကို ဆန်းသစ်စေတာ သင်္ကြန်၊
လတ်ဆတ်စေတာ သင်္ကြန်၊
ပျော်ရွှင်ကြည်နူး စေတာ သင်္ကြန်၊
နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကို ကြိုဆို၊
မနှစ်က အညစ်ကြေးတွေ နှစ်ကူးမှာနေခဲ့ကြ၊
လူတိုင်းရဲ့ အတွေး ကိုယ်စီမှာ ရှိကြတယ်၊
တကယ်တမ်း သင်္ကြန်ရောက်ပြန်တော့
သေဖို့ရာ တစ်နှစ်နီးခဲ့ပြီ ၊
အသက်တွေ တစ်နှစ်ကြီးခဲ့ပြီ၊
လူတိုင်းအတွက် သတိထားဖွယ်၊
နောင်နှစ်ခါ သင်္ကြန် ကျလျင်ဖြင့်၊
ဟောဒီ လောကထဲမှာ
ငါ ဆိုတာ - ရှိပါ အုံးမလားရယ် လို့၊
တွေးတွေးကာ သံဝေပိုရတယ်၊
အင်း - - --
ဒီတနှစ်လဲ - -
သွားပေါ့ ပိတောက်ပန်း။ ။
Read more...
ရာဇဝင်ကို ပြန်ဖတ်ခြင်း
တိုက်ကွက်တွေကျင့်သားမရတာနဲ့
လူကို ပူးသတ်နေကြပေါ့
ခေတ်ရူး စနစ်ရူး
မူရူး လူရူး
အာဏာရူးမှ မဟုတ်ဘဲ
လှိုင်းမူးတာ သက်သက်နဲ့တော့
လှေလူးတာ မခံနိုင်ဘူး။
နှစ်သက်ရာ လမ်းအတိုင်းပဲ
အဝိုင်းအဖွဲ့တွေ မပါချင်လည်းနေ
ဝေချင်တဲ့ပန်း
တနေ့ လန်းဆန်းရင်တော်ပြီ။
ဇာတ်ရှုပ်တွေ ခင်းနေမှတော့
ရှင်းလင်းမှု မရှိတာ
အပြစ်မဆိုသာဘူး
အရောင်ပြောင်းသွားလို့
အမြင်များ မလည်စေနဲ့
အရွယ်ဆိုတာ နားလည်မှုပဲ။
ရာဇဝင်တွေပြန်ဖတ်
မှတ်ထားတဲ့သမိုင်းတွေ စဉ်းစား
မှန်သလားလို့ မမေးနဲ့
မှားပြီးရင်း မှားမြဲ ။
ကဲ .........
လာလိမ့်အုံးမယ်
အရှုံးဆိုတာ ဒါပဲ ။
Read more...
ခရီးသွား သုံးယောက်
ပုရိသော မဂ္ဂံ ဂစ္ဆတိ၊ ယောက်ျားသည် လမ်းခရီးကို သွား၏။
အဓိပ္ပါယ်ကတော့ ရိုးရိုးလေးပါ။ ကတ္တား၊ ကံ၊ ကြိယာသုံးခုတည်းရယ်လေ။ ငယ်စဉ်က လေ့ကျက်ခဲ့ရတဲ့ သဒ္ဒါဘေဒညွှန်းတမ်းလေး တစ်ခုသက်သက်ပင်။ ပုရိသော၊ ယောက်ျားသည်။ မဂ္ဂံ၊ လမ်းခရိးကို။ ဂစ္ဆတိ၊ သွား၏။ ဒါပါပဲ။ ငယ်ဘ၀ရဲ့ ဉာဏ်မှာ ဒါပဲကျက်မှတ်မိတယ်ဆိုရင်ပဲ ပြည့်စုံပြီလို့ ထင်မှတ်ခဲ့မိပေါ့။ နောက် အရွယ်ကလေးရလာတော့ လမ်းဆိုတာ ပကတိလမ်း၊ ဘ၀လမ်း၊ သံသရာလမ်းလို့ သုံးမျိုးကို စဉ်းစားမိ၏။
ပကတိလမ်း။ အားလုံးသော သတ္တ၀ါတို့သည် လမ်းခရီးကို နှင်ဖူးကြပေလိမ့်မည်။ ခရီးရဲ့ အနီးအဝေးအရ ခြေလျှင်၊ ကား၊ ရထား၊ လေယာဉ်စသည်တို့ဖြစ် သင့်တင့်သလို ခရီးနှင်ကြခြင်းပင်။ ကိုယ်ခရီးကို ကြုံသလိုသွားခဲ့ကြခြင်းပင်။ ကားနှင့်တက်နိုင်သူသည် ကားနှင်းခရီးသွားမည်။ ကိုယ်ပိုင်ကား ဘက်စ်ကား စသည်ဖြင့်တော့ ကွာနေပေလိမ်မည်။ ပိုက်ဆံပိုတက်နိုင်သူသည် လေယာဉ်နှင့် ခရီးနှင်မည်။ ခရီးတွင်မှုတွင်တော့ ကွာခြားချက် ရှိကောင်းရှိပေမည်။ အတုလမ်းဆုံးကိုရောက်ကြရင်ပဲ ရည်မှန်းချက်ပြည့်ပြီဟု ခံစားနေကြသည်။
ဘ၀လမ်း။ ဒါကတော့ အမိဝမ်းမှ မွေးဖွားခဲ့တာခြင်း အတူတူ ကံတူအကျိုးပေးအရ၊ ပါရမီအရ ကွာခြားချက်လေးတွေ ရှိစမြဲပင်။ ငယ်ရွယ်စဉ်မှာ သူဌေးသား၊ ဆင်းရဲသား သားဆိုတဲ့ သက်မှတ်ချက်အရ အတက်အကျနဲ့ ခရီးရောက်မှုတော့ ကွားချင်ကွာမည်။ ရေရှည်မှာတော့ ပညာတက်သောသူသည်သာ ခရီးရောက်၊ ခရီးတွင်ခဲ့သည့် သာဓကနဲ့ ရှေ့ကိုခြေတစ်လှမ်းပိုရောက်နေတက်သည်ဆိုတာတော့ အားလုံးအသိပင်။ ကကြီးရေ က ဆိုတာကစလို့ ဘ၀ကိုလေ့ကျက်ခြင်းတွေ၊ ဖတ်မှတ်မှုနဲ့ ဆင်ခြင်တုံတရားက ဘ၀ကို ပုံဖော်တယ်ဆိုတာတော့ သံသယဖြစ်နေစရာမလိုပေ။ သမိုင်းတွေ၊ မှတ်တမ်းတွေကို ကြည့်ခြင်းဖြင့် သိနိုင်လေသည်။ ပကတိ ခရီးထက် ဘ၀ခရီးသည် ပို၍ ရှည်ကြာနေသောကြောင့်ပင်။ ဘ၀ခရီးသည် အသက်တမ်းအရ၊ အသက်ကံအရ လျှောက်လှမ်းရတဲ့ ခရီးပင်ဖြစ်လေ၏။
နောက် သံသရာလမ်း။ ဒီမှာတော့ ဘာသာအယူဝါဒအရ ကွဲပြားမှုအနည်းငယ်ရှိနေပေမည်။ ခရစ်ယန်အယူဝါဒအရ ဘ၀သည် သေလွန်လျှင် ခရစ်တော်မှာအိပ်ပျော်ခြင်းဖြစ်ပြီး ပြုခဲ့တဲ့ကံ၊ ကံ၏အကျိုးအရ ကောင်းကင်ဘုံ၊ ငရဲစသည်ကွဲပြားမှုသာ။ အခြားအခြားသော ဘာသာဝါဒအရ သူတို့သူတို့၏ သတ်မှတ်ချက်သည်ပင် သူတို့၏ ပန်းတိုင်ဖြစ်လေတော့ သံသရာခရီးသည် ပြဋ္ဌာန်းပြီးသားဖြစ်လေ၏။ ဗုဒ္ဓ၏အလိုအရတော့ သံသရာခရီးသည် လွန်စွာမှ ကျယ်ဝန်း ရှုပ်ထွေးပြီး၊ အဘိဓမ္မာသဘောကို နားလည်ပြီး၊ သံသရာစက်ကိုဖြတ်နိုင်ပါမှ သံသရာခရီးသည် တွင်ပေလိမ့်မည်။ တစ်ဘ၀တည်းနှင့် ခရီးဆုံးရောက်သူ၊ ခုနှစ်ဘ၀ဖြင့်ခရီးဆုံးရောက်နိုင်သူ စသည်ဖြင့် ကွာခြားမှုကို မြတ်ဗုဒ္ဓဒေသနာတော်အရ တွေ့နိုင်၏။ မဇ္ဈိမ ပဋိပဒါ လမ်းဖြင့်သွားနိုင်သူသည် သစ္စာလေးပါးတည်းဟူသော လမ်းခရီအဆုံးကို အရင်ရောက်နိုင်ပြီး၊ အတ္တကိလမထ၊ ကာမသုခလ္လိကာ နုယောဂ လမ်းမှ သွားသော သံသရာခရီးသွားသည် သံသရာလမ်းဆုံးကိုရောက်ရန် နှောင့်နှေးနေပေလိမ့်မည်။ ဓမ္မစကြ်ာ ဒေသနာတော်၌ မြတ်စွာဘုရားသည် အတိအကျပင် ဟောကြားတော်မူခဲ့လေပြီ။
ခရီးသုံးမျိုးတွင် ကိုယ်တိုင် ဘယ်ခရီးကို တွင်လိုသည်ကိုတော့ ဉာဏ်ဖြင့် စဉ်းစားကြစေလိုသည်။ အချို့သည် ပကတိခရီးကို အမြန်နှင်နေ၏။ အချို့က ဘ၀ခရီးကို တန်ဘိုးတစ်ခုအဖြစ် ခံယူချက်ဖြစ် မောင်းနှင်နေကြ၏။ သံသရာခရီးဆိုတာကိုတော့ဖြင့် မတွေးမိကြသေးသည်မှာ အသေအချာပင်။ အနည်းငယ်သော ပုဂ္ဂိုလ်၊ သတ္တ၀ါတို့သည်ပင် သံသရာခရီးအတွက် အမြဲမပျက် ကြိုးစားအားထုတ်နေကြသည်။ ကိုယ့်တန်ဘိုးနဲ့ ကိုယ့်လျှောက်မဲ့ခရီးကို ရွေးခြယ်လျှောက်လှမ်း နေသူများပင်။ ကိုယ်အလိုရှိရာခရီး ကိုတော့ဖြင့် တန်ဘိုးထားလျှောက်လှမ်းနိုင်ပါမှ ကိုယ်လိုရာခရီးကို ရောက်ရှိနိုင်ပေလိမ့်မည် ဖြစ်ပေသည်။
ပကတိခရီး၊ ဘ၀ခရီး၊ သံသရာခရီးတို့၌ ဖြောင့်ဖြူးသော သူများဖြစ်ကြပါစေ။
Read more...
ကြိုးစားဆဲပါသူငယ်ချင်း
သူငယ်ချင်း-
အဝေးသတင်း ၊ ကြားရခြင်းကြောင့်
မင်းတို့ငါ့ကို ၊ ချီးမွှမ်းဆိုလည်း
ငါ့ကိုယ်ကိုငါ မထင်ပါ ။
သူငယ်ချင်း-
အဝေးသတင်း ၊ ကြားရခြင်းကြောင့်
မင်းတို့ငါ့ကို ၊ ကဲ့ရဲ့ဆိုလည်း
ငါ့ကိုယ်ကိုငါ မထင်ပါ ။
ဒီမှာသူငယ်ချင်း-
အဝေးသတင်း ၊ ကြားရခြင်းကြောင့်
ချင်းနင်းမယုံ ၊ နားမထုံနှင့်
လူ့ဘုံသဘာ ၊ ကိလေသာကြောင့်
မြင်တာထက်ကဲ ၊ မြှောက်,ဆဲမြဲတည်း
တလွဲပြောမှား ၊ ချဲ့ပြောမှားနှင့်
အမှားရာထောင် ၊ စကားမှောင်ကြောင့်
စိတ်ယောင်ထွေပြား ၊ မစဉ်းစားသည်
ကြားရလေတိုင်း မယုံနှင့် ။
စဉ်းစားမြော်ထောက် ၊ ဉာဏ်ဖြင့်လှောက်၍
မြှောက်ပင့်လှိုင်းကြား ၊ မျောမသွားအောင်
ကြိုးစားနေတယ် သူငယ်ချင်း ။
မင်းတို့ကြားတိုင်း ၊ ငါမရိုင်းအောင်
ပိုင်းဖြတ်ထားတယ် သူငယ်ချင်း ။
ချစ်သူငယ်ချင်းများသို့ အမှတ်တရ
(ဤကဗျာလေးကို အနန္တမေတ္တာအသင်းဝက်ဆိုဒ်၌ တင်ခဲ့ဖူးပါသည်။)
Read more...
ကားဆရာကိုလူလည်နှင့် မယ်ယောသူတို့အဖြစ်
တစ်ခါက ကံကောမြို့နယ်အတွင်း ပြေးဆွဲနေသော ကားတစ်စီး တိမ်မှောက်သွားမှုကြောင်း ကားမောင်းသူသည် တရားရုံ၌ တရားရင်ဆိုင်ရလေသည်။ ထို့သို့ တရားရင်ဆိုင်ရာတွင် အမှုကို ပေါ့စေရန်အလို့ငှာ ကားဆရာသည် သူနှင့်အတူ ကား၏ ရှေ့ခန်းထဲတွင် ထိုင်စီးသော ယောသူမလေးတစ်ယောက်ကို အသိသက်သေအဖြစ် တရားရုံးကို ခေါ်ထားလေသည်။ တရားသူကြီးသည် ကားဆရာကို ရှေးဦးစွာ စစ်လေသည်။ ကားဆရာက
“တရားသူကြီးမင်းခင်ဗျာ! ကျွန်တော်ဟာ ကားကို အလွန်ပင် ဂရုစိုက်မောင်းပါတယ်ခင်ဗျ၊ ဂရုစိုက်မောင်းတဲ့အကြောင်းကို သိချင်ရင် ကျွန်တော်နဲ့အတူ ကားရှေ့ခန်းမှာ ထိုင်စီးတဲ့ ယောသူမလေးကို မေးကြည့်ပါခင်ဗျ။”ဟု ဆိုသောအခါ
တရားသူကြီးက ယောသူဘက်သို့ လှည့်ကာ
“ကဲကလေးမ! ဖြစ်ပျက်တဲ့အကြောင်းအရာကို အမှန်အတိုင်း ပြောပြပါ။”ဟု မေးလေတော့သည်။ ဤတွင် ယောသူမက
“တရားသူကြီးခင်ဗျာ့၊ ကျွန်တော်မျိုးကို သေဒဏ်သာပေးလိုက်ပါတော့ခင်ဗျာ့။ အော် ရှေ့နေငှားမှ ထောင်လုံးလုံးကျရတဲ့ ကျွန်တော်ရဲ့အဖြစ်ပါခင်ဗျ၊” ဟုပြောကာ ချုန်းပွဲချ ငိုလေတော့သတည်း။
0 comments
Read more...
လာလည်ကြသူများ
ဤဘလော့ဂ်၏ ရည်ရွယ်ချက်
ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။
ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။
ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။
ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ
မြန်မာပြက္ခဒိန်
မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။
  © Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP