* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, April 22, 2010

မေတ္တာခြုံမှ


ကောင်းကွက်ကိုရှာ မေတ္တာ

ကျေနပ်စရာကိုရွေးချယ်၍ရှာ မေတ္တာ


သူ့ကျိုးသူ့စီးပွါးလိုလားတာ
မေတ္တာ

သူ့ကျိုးသူ့စီးပွါးဆောင်ရွက်တာ
မေတ္တာ

သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း သဘောထားကြီးခြင်းဆိုတာ

မေတ္တာကနေလာတာ။

အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)
“နားလည်မှုမှ ပြေလည်မှုသို့” ဓမ္မစာအုပ်မှ

Read more...

တိုတိုလေး မှတ်သားစရာများ (၁)

ကံ သုံးပါး

နေ့ စဉ် လူတိုင်း လုပ်နေကျ အလုပ် ဟာ သုံးမျိုးဘဲ ရှိပါတယ်။
ကိုယ်ရယ်၊ နှုတ်ရယ် ၊ စိတ်ရယ် ဆိုတာပါပဲ။

ကိုယ် နဲ့  လုပ်တာမှန်သမျှ ကာယကံ
နှုတ်နဲ့  ပြောတာ မှန်သမျှ ၀စီကံ
စိတ်နဲ့  စိတ်ကူး ကြံစည်တာမှန်သမျှ မနောကံ တို့ ဖြစ်ပါတယ်။

ကံ သုံးပါး လုံရမယ် ဆိုကြပါတယ်။
မကောင်းတာ မလုပ်မိစေနဲ့ ။
မကောင်းတာ မပြောမိစေနဲ့ ။
မကောင်းတာ မကြံမိစေနဲ့ - ပေါ့။

ဒါဆို ကံ သုံးပါးစလုံး လုံသွားပါပြီ။
အပါယ်ကို ဘယ်သူ ရိုက်ချချ ကျကို မကျတော့တာပါ။

ကံသုံးပါး ကျူးလွန်ရင် ဒုစရိုက် အလုပ်လို့ လုပ်တယ် ခေါ်ပါတယ်။
လူအများက ထင်နေတာက နိုင်ငံ ရဲ့ ဥပဒေနဲ့ မလွတ်ကင်းတာကို
ပြုလုပ်ရင် ဒုစရိုက်သမား လို့  ထင်တတ်ကြပါတယ်။
အဲဒါလည်း မှန်တော့ မှန်ပါတယ်။အတိကျ မမှန်နိုင်ပါ။

သို့ သော် ခုပြောမှာက၊ ပြောနေတာက
နိုင်ငံ ဥပဒေ ထက် တင်းကြပ်တဲ့ ဘ၀ရဲ့ ကံ ဥပဒေ ပါ။
ကံ ဥပဒေက ပိုပြီး အရေးကြီးပါတယ်။

နိုင်ငံ ဥပဒေ ကျူးလွန်က တစ်ဘ၀ သာ။
(သာမန်ကျူးလွန်မှုမျိုး ဆိုလိုသည်။)
ကံ ဥပဒေ ကျူးလွန်မိက သံသရာမှာ ခေါင်းဖေါ်နိုင်ဖို့ 
လမ်းစ မမြင်ပါဘူး။

ဥပမာ ဆိုပါစို့ -
တိရစ္ဆာန်ဘ၀ ရောက်သွားတယ်။
တစ်ကောင့်တစ်ကောင်နိုင်ထက်ကလူ ပြုနေတာ။
ကောင်းတာလုပ်ဖို့ မဖြစ်နိုင်ဘူး ၊
(တစ်ခါတရံ တော့ ဖြစ်ကောင်းရဲ့ )
ကျွတ်လမ်း လွတ်လမ်းမမြင်ပါဘူး။
ငရဲ ရောက်သွားတယ် ဆိုရင် ပိုလို့ ဝေးစွာ့။




အမှာ။ ။ကံသုံးပါး အဓိပ္ပါယ် နဲ့  သီလ သမာဓိ ပညာ ဆက်စပ်ပုံကို
တိုတိုလေး ( ၂ ) မှာ ရေးပါ့မယ်။
သင်တန်း စာမေးပွဲ မေလ ၆ ရက်မှာ ဖြေရမှာမို့ 
ဖတ်စရာ တစ်ခုအနေနဲ့ လာလည်နေကြ အထူးဧည့်သည်တော် အတွက်
လက်ဆောင်ပေးလိုက်ခြင်းပါ။
အကျယ် မရေးနိုင်သေးပါ။



မြတ်ရောင်နီ
(၁၉၊၀၄၊၂၀၁၀)

Read more...

နွေဦးလုပ်အားဒါန (၁၇-ဧပြီ-၂၀၁၀)

၁၃၇၂ ခုနှစ် ကဆုန်လဆန်း ၅ ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့၂၀၁၀ ခုနှစ် ဧပြီလ ၁၇ ရက် စနေနေ့တွင် နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၌ နွေဦးလုပ်အားဒါနပေးလှူကြရာ
  • နယူးဂျာစီကျောင်း ဆရာတော်များအား နေ့ဆွမ်း ဆက်ကပ်ခြင်း၊
  • လောကချမ်းသာစေတီတော်ရင်ပြင်နှင့် မုခ်ဝလှေကားဆင့်များရှိ စုပုံထားသော ငြမ်းပစ္စည်းများ ရှင်းလင်းခြင်း၊
  • ရာသီဥတုကြောင့် ပျက်စီးသွားသော ခြံစည်းရိုးသစ်ပင်များကို ရှင်းလင်းခြင်း၊ ခြံစည်းရိုး သစ်ပင်များကို ပြုပြင်ပေးခြင်း၊
  • နယူးဂျာစီရိပ်သာကျောင်း မြေအောက်ခန်း ပြင်ဆင် ဆောင်ရွက်ခြင်း၊
  • ပုံလောင်းပြီး အင်္ဂတေကနုတ်ပန်းများကို အပေါက်များဖောက်ခြင်း၊ ကနုတ်ပန်းအသစ်များ ပုံလောင်းခြင်းတို့ကို စုပေါင်း ဆောင်ရွက်ကြသည်။

မိုးရွာမည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားခဲ့သော်လည်း တစ်နေ့လုံးနီးပါး မိုးမရွာခဲ့။
နေ့ခင်းတွင် အပူချိန် ၆၀ ဒီဂရီ ဝန်းကျင်ရှိသော်လည်း မွန်းလွဲပိုင်းတွင် ၅၀ ဒီဂရီ ဝန်းကျင်သို့ ကျဆင်းသွားသဖြင့် အနည်းငယ် အေးလာ၏။

လုပ်အားပေးမည့်သူ အချို့ မရောက်လာသဖြင့် ခြံစည်းရိုးသစ်ပင်များ မစိုက်ပျိုးနိုင်ခဲ့ပေ။

ဉာဏအား ကာယအားတို့ဖြင့် စဉ်ဆက်မပြတ် လှူဒါန်းနေရသည်ကို အားမရသေးသဖြင့် လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီးတွင် အိပ်ခန်းတစ်ခန်းကို အင်ဂျင်နီယာ ဦးမောင်မောင်နှင့် ဒေါ်မြတ်မြတ်တို့ ဇနီးမောင်နှံက လှူဒါန်းကာ ရေစက်သွန်းချ ကောင်းမှုကုသိုလ်အမျှ ပေးဝေသွားခဲ့လေသည်။

သာဓု ... သာဓု ... သာဓု။

+++++

နယူးဂျာစီရိပ်သာကျောင်း ဆရာတော်များအား စုပေါင်း နေ့ဆွမ်း ဆက်ကပ် -






+++++

လောကချမ်းသာစေတီတော်ရင်ပြင်နှင့် မုခ်ဝလှေကားဆင့်များရှိ စုပုံထားသော ငြမ်းပစ္စည်းများ ရှင်းလင်း -














(အနောက်ဘက်မုခ်)

(တောင်ဘက်မုခ်)

(အရှေ့ဘက်မုခ်)

(မြောက်ဘက်မုခ်)

+++++

ရာသီဥတုကြောင့် ပျက်စီးသွားသော ခြံစည်းရိုးသစ်ပင်များကို ရှင်းလင်း၊



ခြံစည်းရိုးသစ်ပင်များ ပြုပြင် -


စိုက်ပျိုးမည့် ခြံစည်းရိုး သစ်ပင်များ -


+++++

နယူးဂျာစီရိပ်သာကျောင်း မြေအောက်ခန်းတွင် ပြင်ဆင် ဆောင်ရွက် -



+++++

လောကချမ်းသာစေတီတော် ပလ္လင်ခုံပတ်လည်တွင် အလှဆင်မည့် အင်္ဂတေကနုတ်ပန်းများကို ကိုယ်တိုင်ကိုယ်ကျ ပုံလောင်း ပြုလုပ်ကြ -





















+++++

လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး၏ အိပ်ခန်းတစ်ခန်း လှူဒါန်း ရေစက်ချ-

0 comments

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP