* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, April 12, 2010

မှတ်သားစရာ

သူတစ်ပါး၏ မလျော်သော အပြစ်အနာဆာတို့ကို မကြည့်ရှုရာ၊
သူတစ်ပါးတို့၏ ကောင်းမှု၊ မကောင်းမှု ပြု၊ မပြုကိုလည်း မကြည့်ရှုရာ၊
မိမိ၏ ကောင်းမှု၊ မကောင်းမှု ပြု၊ မပြုကိုသာလျှင် ကြည့်ရှုရာ၏။

သူတစ်ပါး၏များစွာသော အကျိုးစီးပွါး အတွက်ကြောင့် မိမိ၏အကျိုးစီးပွါးကို (အနည်းငယ်မျှ) မဆုတ်ယုတ်စေရာ၊
မိမိအကျိုးစီးပွါးကိုသိ၍ မိမိအကျိုးစီးပွါးကို တိုးပွါးအောင် လေ့ကျင့်အားထုတ်ရာ၏။

ပန်းစုပန်းစုံအတွင်းမှ များစွာသော ပန်းကုံးတို့ကို သီကုံးပြုလုပ်ရာသကဲ့သို့
ဖြစ်ပေါ်လာသော သတ္တဝါသည် ဥစ္စာ၊ သဒ္ဓါတည်းဟူသော အစုအပုံအတွင်းမှ
မြောက်များစွာသော ကုသိုလ်ကောင်းမှုကို ပြုလုပ်ရာ၏။
(ဓမ္မပဒ)

Read more...

*အတာသင်္ကြန်*

အမိမြေနှင့် ခွဲခွာပြီးဝေးတနေရာသို့ ရောက်၇ှိနေသော သူငယ်ချင်းအားလုံးနှင့်အတူ ၁၃၇၁ နှစ် ကဆုန် လဆန်းတစ်ရက်နေ့တွင် ကျရောက်မည့် မြန်မာနှစ်ကူး အတာတန်ခူးကို လွမ်းဆွတ်သတိရသဖြင့်ဤအ တာသင်္ကြန် ဆိုတဲ့ပို့စ်လေးကိုရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ ဝေးတနေရာသို့ရောက်နေသော အမိမြေ နဲ့ခွဲခွာနေသော သူများအားလုံးရင်ထဲတွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ကိုလွမ်းဆွတ် သတိရနေကြမည်မှာ မလွဲအမှန်ဖြစ်ပါသည်။

သင်္ကြန်ရောက်လာပြန်ပြီ။ နှစ်ဟောင်းမြန်မာနှစ် ၁၃၇၁ မှ နှစ်သစ် ၁၃၇၂ သို့ပြောင်းရွေ့တော့မည်။ အတာသင်္ကြန်သည် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ် မြန်မာ့ရိုးရာပွဲ တော်တစ်ခု ဖြစ်ပါသည်။ အတာဟူသည် အန္တ္တဟူသော ပါဠိမှလာပြီး အဆုံးဟု အဓိပ္ပာယ်ရပါသည်။သင်္ကြန် ဆိုသည်မှာ သင်္ကန္တ ဟူသောပါဠိမှလာပြီး ပြောင်းရွေ့ခြင်းဟု ဆိုလိုပါသည်။ ထို့ကြောင့်အတာသင်္ကြန်ကို နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်း ပြောင်းရွေ့ခြင်းလို့ခေါ်ဆိုပါတယ်။

ဤသင်္ကြန်ပွဲတော်ကာလတွင် မြန်မာနိုင်ငံရှိ တောရောမြို့ပါမကျန် တိုင်းရင်းသားညီအစ်ကို မောင်နှမအား လုံး ပျော်ရွင်စွာဖြင့် ရေပက်ကစားကြပါသည်။ သင်္ကြန်ရေ ကစားကြသည်မှာ “ရေလိုအေး၍ ပန်းလိုလန်းပါ စေ” ဟူသော မေတ္တာဓါတ်ဖြင့် ကစားကြခြင်းဖြစ်ပါသည်။ လူငယ်လူရွယ် တို့ကလည်း ဂါရ၀ နိဝါရတရားကို ရည်မှန်း၍ အသက်ကြီး အရွယ်ကြီးတို့ကို ကန်တော့ကြသည်။

သင်္ကြန်သည် တစ်နှစ်ပြီးတစ်နှစ်ကာလရွေ့လျား ပြောင်းလဲလာခြင်း ကိုယ်ရဲ့အသက်တစ်နှစ်ကြီးလာခြင်းကို သတိရ အမှတ်ရစေပါသည်။ မြတ်စွာဘုရားရှင်က ရုပ်ခန္ဓာကြီးက တစ်စက္ကန့်အတွင်း ကုဋ္ဋေငါးထောင်ခန့် ဖြစ်ပျက်နေပြီး၊ နာမ်ခန္ဓာက တစ်စက္ကန့်အတွင်း ကုဋ္ဋေတစ်သိန်းခန့်ဖြစ်ပျက် နေသည်ဟု ဟောကြားထား သဖြင့် ရုပ်ခန္ဓာကြီးမှာလည်း ပြောင်းလဲခြင်း ဟူသော သင်္ကြန်ကျနေသည်ကို သိမှတ်ရပါသည်။ ထိုနည်းတူ အာရုံတခုတည်းအမြဲမနေဘဲ မျောက်တစ်ကောင်လို အငြိမ်မနေတတ်သည့် အခြေအနေနှင့်အချိန်အခါကို လိုက်၍ ပြောင်းလဲတတ်သည့် လူ့စိတ်တွင်လည်း စိတ်သင်္ကြန်ဆိုသည် ပြောင်းလဲခြင်းသင်္ကြန် ကျရောက် နေပါသည်။ ဤရွေ့လျားခြင်း သင်္ခါရဓမ္မကို ဆင်ခြင်မိသော လူကြီးလူငယ်များသည် ဥပုသ်သီတင်းဆောက် တည်၍ တရားဘာဝနာများ အားထုတ်ကြသည်။ မိမိတို့၏ သားသမီး မြေးမြစ် ငယ်ရွယ်သူတို့ကို ဘုန်းကြီး ကျောင်းသို့ ခေါ်ဆောင်၍ ဥပုသ်သီလဆောက်တည်စေခြင်း၊ သင်္ကြန်ကာလအတွင်း၌ ပဉ္ဖင်းခံရှင်ပြု အလှူ အတန်းတို့ ပြုလုပ်ခြင်းဖြင့် ပြောင်းလဲခြင်းကောင်းအောင် ပြုလုပ်ကြပါသည်။ မိမိတို့သည် ယခုဘ၀မှသေ လွန်သောအခါ ဘယ်ဆီဘယ်ဌာန ဘုံဘ၀ကို ရောက်ရှိမည်ကို မသိရသဖြင့် သေခြင်းကောင်းသောသူများ ဖြစ်အောင် အပြောင်းအလဲကောင်းအောင် ပြုလုပ်ကြရမည် ဖြစ်ပါသည်။
ပုထုဇဉ်တို့၏ ဓမ္မတာမှာ ပျော်ရွင်လိုကြသည်မှာ ဓမ္မတာဖြစ်ပါသည်။ မြန်မာရိုးရာ အစဉ်အလာအတိုင်း သ ပြေခက်နဲ့ယဉ်ယဉ်ကျေးကျေး ရေပတ်ကစားကြသည်မှာ လွန်စွာကြည်နှုးဖွယ် ကောင်းလှပါသည်။သို့သော် ယခုအခါ မြန်မာ့ယဉ်ကျေးမှုနှင့် မဆီလျော်သော အနောက်တိုင်း ယဉ်ကျေးမှုများ၊ ရေခဲထုတ်နှင့်ပေါက်၊ ခွက်နှင့်ခုက် ရေကစားခြင်းများမှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အစဉ်အဆက်ထိန်းသိမ်း လာတဲ့ယဉ် ကျေးလှတဲ့ မြန်မာ့ရိုးရာ သင်္ကြန်ကို ကြမ်းတမ်းစေလာပါသည်။ “အကျီစားသန်ရန်များ” ဆိုတဲ့အတိုင်းတစ် ယောက်နဲ့တစ်ယောက် ပျော်ရင်းပါးရင်းနဲ့ အကျီစားသန်တော့ ရန်ပွဲများဖြစ်လာတတ်ပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက သင်္ကြန်ပွဲတော်ကာလအတွင်း အကျီးစားသန်သဖြင့် ၀မ်းနည်းကြေကွဲစ ရာအဖြစ်တို့နှင့်ရင်ဆိုင်ခဲ့ရသည်ကိုသတိပေးလိုသဖြင့်“ရေကစားကြသောအခါတွင် မခံချင်သော စောလုံ လိုဟာများကို မကစားကြလေနဲ့၊ အကျီစားသန် ရန်တဲ့” ဟု ပုဂံရာဇ၀င်လေးချိုးကြီး၌ “ဒေါပုံအလှည့်သံသရာ ရေအပြင်မှာ ကြွားသူတို့ကဖြင့်၊
သဘောမဆုံသနဲ့ မခံချင်ပါလျှင်လဲ မကစားကြလေနဲ့၊
ချောဂုဏ်နဲ့နွဲ့ရှာတဲ့၊ စောလုံရဲ့ ပုဂံရာဇ၀င်တရား” ဟုစပ်ဆိုခဲ့ပါသည်။
စောလုံရဲ့ပုဂံရာဇ၀င်လေးကတော့ ပုဂံပြည့်ရှင် ဘုရင် နရသီဟ ပတေ့မင်းလက်ထက်၌ မိဖုရားစောလုံ သည် ဘုရင်မင်းမြတ်က အလွန်ချစ်ခင်မြတ်နိုးသော မိဖုရားတစ်ပါးဖြစ်ပါသည်။ နရသီဟပတေ့သည် မိဖု ရားစောလုံကို ကျီစယ်လိုသောကြောင့် မောင်းမမိဿံတို့အား “မိဖုရား စောလုံ တစ်ကိုယ်လုံး စိုရွဲအောင် ရေပက်ကြစေ” ဟု အမိန့်ရှိတော်မူသည်။ ထိုအခါ မိဖုရားစောလုံသည် သင်္ကြန် ရေအပက်ကြမ်းလှသော ကြောင့် ဘုရင့်အပေါ်၌ စိတ်ခုပြီးလျှင် ဘုရင်အားအဆိပ်ပါသော ပွဲတော်ကို တည်ခင်းကျွေးမွေးလေသည်။ သို့ရာတွင် ကံအားလျော်စွာ ပွဲတော်မတည်မီ ဤအကြောင်းကို ဘုရင်ကသိသွားလေသည်။ ထိုအခါ ဘုရင် မင်းမြတ်သည် အချစ်ကြီး အမျက်ကြီး ဟူသောသဘောဖြင့် မိဖုရားစောလုံကို ကွပ်မျက်လေသည်။ ဤကဲ့ သို့ကွပ်မျက်ပြီးမှ နောင်တအကြီးအကျယ်ရခဲ့လေသည်။
အထက်ပါရာဇ၀င်လေးကို သင်ခန်းစာယူပြီးတော့ ဘယ်နေရာမှာမဆို တစ်ယောက်နဲ့တစ်ယောက် အကျီ စားမသန်ဖို့ သတိမူသင့်ပါတယ်။ ထို့အပြင် မြန်မာရိုးရာ သင်္ကြန်ကာလအတွင်းတွင် ယဉ်ကျေးစွာဖြင့်ရေ ပက်ကစားခြင်းများဖြင့် မြန်မာ့ယဉ်ကျေးမှုကို အားလုံးဝိုင်းဝန်းထိန်းသိမ်းပြီး ကမ္ဘာမှာ မြန်မာဟာယဉ်ကျေး သိမ့်မွေ့သော လူမျိုးများဖြစ်ကြောင်းကို ပြသသင့်ပါတယ်။ ဘယ်နေရာ ဘယ်ဒေသတွေကို ရောက်နေပါ စေမြန်မာဟာ မြန်မာဖြစ်တဲ့အတွက် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်အောင် အားလုံးဝိုင်းဝန်းကြိုးစား ကြစေချင်ပါသည်။ ရောမရောက်ရင် ရောမလို ကျင့်ရမှာတော့ဟုတ်ပါသည်။ ဒါပေမယ့် အဲဒီအနောက် တိုင်း ယဉ်ကျေးမှုကို အေးချမ်းပြီး ယဉ်ကျေး ပူငှာဖော်ရွလှတဲ့ မြန်မာ့ယဉ်ကျေးမှုနေရာမှာ မဖုံးလွမ်းနိုင် အောင် ကြိုးစားရမည်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ပြောင်းလဲနေတဲ့ နှစ်ကူးသင်္ကြန် အပြင် ကိုယ်ရဲ့ ခန္ဓာမှာ ပြောင်းလဲနေတဲ့ ခန္ဓာသင်္ကြန်ကြီးကိုလည်း သိမှဘ၀ကူးကောင်းပြီး အပြောင်းအလဲကောင်းတဲ့သင်္ကြန်ကြီး ဖြစ်လာမှာမလွဲဧကန်ဖြစ်ပါသည်။
ဓမ္မမိတ်ဆွေ သူတော်ကောင်း အပေါင်းတို့ နှစ်သစ်ကူးမှာပျော်ရွင် ချမ်းမြေ့ပြီး လိုရာခရီးပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေ။

Written by တောသားလေး 2 အကြံပြုပါသည်။ Posted in:

Read more...

သူငယ်ချင်းများ

ဆရာတစ်ဦးပဲ ဆိုကြပါစို့။ အဲဒီ ဆရာတစ်ဦးက ကျွန်တော့်ကို အခုလို ရှောင်တခင် မေးခွန်းတွေ ထုတ်တယ်။

"ကိုလွန်းဝေ စိတ်ထဲပေါ်တဲ့အတိုင်းဖြေနော်။ ဘီအိုင်အေကို ဘယ်သူဖွဲ့သတုန်း"

ဖြေချင်လွန်းလို့ လက်ညှိုး တထောင်ထောင်လုပ်နေတဲ့ ကျောင်းသားလို ကျွန်တော်ကလည်း ခပ်သုတ်သုတ်ဖြေတယ်။

"ဗိုလ်ချုပ်တို့ပါဆရာ"

"တောင်ငူကို ကေအင်ဒီအိုလက်က ဘယ်သူပြန်တိုက်ပေးတုန်း။"

"ဗိုလ်မှူးချုပ်ကျော်ဇော"

"ဖွားတော်မူခန်းတို့၊ လေးတင်ခန်းတို့ ဘယ်သူကသတုန်း"

"ရွှေမန်းတင်မောင်"

"မိုးကုတ်ဆရာတော်ထေရုပတ္တိ ဘယ်သူပြုစုတုန်း။"

"ဦးဃောသိတ။"

"ကိုလွန်းဝေ ဖြေတာတွေကို ပြန်စဉ်းစားကြည့်နော်။ ကိုယ်တို့တွေ ဖြစ်နေတာတွေက အဲဒါပဲ။ အဲဒီ ဇာတ်ဘယ်သူကတုန်းဟေ့ ဆိုရင် ရွှေမန်းတင်မောင် ကတယ်လို့တော့ ဖြေတတ်တယ်။ ဒါပေမဲ့ ကိုယ်က ဒီလိုပြောင်းမေးကြည့်မယ်။ ဆိုကြပါစို့။ ရွှေမန်း တင်မောင် တစ်ဦးတည်း ကတာ လားဟေ့..တခြား ဘယ်သူတွေပါသေးတုန်းဟလို့ မေးရင် ကိုလွန်းဝေ ဘယ်လိုဖြေမတုန်း။ ကိုယ်တွေ့ဖူးတဲ့လူတွေကတော့ တခါတည်း မမေးသင့်တဲ့မေးခွန်းကို မေးမိသလိုပဲ ကိုယ့်ကို ပြူးကြည့်နေကြရောဗျ။ တကယ်တော့ဗျာ။ ဇာတ်တစ်ခုက, တယ်ဆိုတာဟာ ကားလိပ်ဆွဲတဲ့ လူကစလို့ ၀န်ကြီး၊ ၀န်ကလေးအဖြစ် သရုပ်ဆောင်သူရော၊ ရှင်ဘုရင်၊ မိဖုရား အဖြစ်သရုပ်ဆောင်တဲ့ သူတွေရော၊ လူဆိုးသူခိုးအဖြစ် သရုပ်ဆောင်သူရော၊ ဆိုင်းတီးတဲ့လူ၊ နှဲမှုတ်တဲ့လူ အားလုံးအရေးကြီးတယ် မှုတ်ဖူးလား။ ကဲပါလေ။ တောင်ငူကို တိုက်တာ ဘယ်သူတုန်း။ ဗိုလ်မှူးချုပ်ကျော်ဇော တစ်ယောက်တည်း တိုက်လို့ရလား။"

"အား။ ကျွန်တော် မဖြေတတ်တော့ဘူး ဆရာ။ ဆရာပြောတာကို ကျွန်တော် သဘောပေါက်သလိုလိုတော့ ရှိသွားပြီ။ လူနာတစ်ယောက်ကို ဆေးကုတယ်ဆိုတာမှာ ကွန်ဆာ့တန့်က မိုးပျံအောင် တော်နေပါစေ။ လက်ထောက်ဆရာဝန်တွေ အလုပ်သင်ဆရာဝန်တွေရဲ့ ဂရုစိုက်မှု မပါရင် အဲဒီလူနာအသက်ရှင်ဖို့ မလွယ်ဘူး။ အဲဒီလိုပဲ သူနာပြုက တိတိကျကျ မလုပ်ရင် ဒုက္ခတွေ့နိုင်တာပဲ။"

"အေးလေ။ ခွဲစိတ်တယ်ပဲ သဘောထားကြည့်ပါဦး ကိုလွန်းဝေ။ ဟုတ်လား။ မေ့ဆေးဆရာဝန်နဲ့ အဖွဲ့၊ သူနာပြုအဖွဲ့၊ ခွဲစိတ် လက်ထောက်ဆရာဝန်၊ ခွဲစိတ်ဆရာဝန်၊ အဲဒီခွဲခန်းပစ္စည်းတွေကို ပေါင်းရပြုရ တဲ့ ဋ္ဌာနက အလုပ်သမားတွေ၊ သန့်ရှင်းရေးလုပ်ရတဲ့ အလုပ်သမားကစလို့ အားလုံး လုပ်ရတာ မဟုတ်လား။ အဲဒီ team ကြီးတစ်ခုလုံးကို ဖယ်ထားပြီး ခွဲစိတ်တဲ့အကောင် FRCS ရေ နင်ချည်းလာခဲ့။ ငါ့လာခွဲစမ်းဆိုပြီး လုပ်လို့ရလား"

ကျွန်တော် ပြန်ဖြေရမဲ့အစား အတိတ်ကိုကြောင်ငေးပြီး တွေးနေမိတယ်။ ဆယ်တန်းအောင်ခါစက မြို့မှာရှိတဲ့ အထက နဲ့ အလက ကျောင်းနှစ်ကျောင်းလုံးက ဆရာ၊ ဆရာမ ၂၀၀ ကျော်ကို အာစရိယပူဇော်ပွဲ လုပ်ဖို့ စီစဉ်ကြဖူးတာ အမှတ်ရတယ်။ သူငယ်ချင်းတွေအားလုံး မှတ်မိကြလိမ့်မယ် ထင်တယ်။ ကျောင်းနှစ်ကျောင်းလုံးက ဆရာဆရာမများ ဆိုတာမှာ အဲဒီတုန်းက အစီအစဉ်အရ အထကဆိုရင် သူငယ်တန်းကနေ ဆယ်တန်းအထိ၊ အလကဆိုရင်လည်း သူငယ်တန်းကနေ ၈ တန်းအထိ ဆရာဆရာမတွေ အားလုံးကို တစုတစည်းတည်း ကန်တော့မယ်ဆိုတဲ့ အစီအစဉ် ဖြစ်တယ်။ အဲဒီတုန်းက ကျောင်းနှစ်ကျောင်းဟာလည်း အပြိုင်အဆိုင် ဖြစ်နေတဲ့ အချိန်ပဲ။ နောက်ပြီးတော့ အာစရိယပူဇော်ပွဲလုပ်တဲ့ အချိန်လောက်မှ ပြောင်းလာတဲ့ ဆရာဆရာမအသစ်တွေနဲ့ အတူ ကိုယ်မသင်လိုက်ဖူးတဲ့ ဆရာဆရာမတွေလည်း ပါဝင်နေတဲ့အတွက် အဲဒီဝေဖန်ချက်တွေကို ဖြေရှင်းဖို့ မူတွေစဉ်းစားရ၊ ဖြေဖို့ကြားဖို့ ၀ိုင်းစဉ်းစားကြရ၊ ဆုံးဖြတ်ရ လုပ်ရကိုင်ရ ပြောရဆိုရတာတွေအားလုံး အခက်ကြီး ခက်နေတော့တယ်။

အဲဒီတုန်းက kkm နဲ့ tz က အခမ်းအနားစီစဉ်တာတွေ လုပ်တယ်။ hkl က ကွန်ပြူတာနဲ့ စာစီတယ်။ စာရင်းအင်းတွေ လုပ်တယ်။ သူက စကားနည်းတယ်။ စကားပြောတတ်တဲ့ လူမှုရေးကောင်းတဲ့ tn တို့ pmmm တို့က bb တို့က အလှူငွေကို ဦးဆောင်ပြီး ကောက်တယ်။ လူတောမတိုးတဲ့ ကျွန်တော်က ပလန်တွေကို စဉ်းစားတယ်။ စကားပြောဖို့ စာရေးပေးတယ်။ tzt က စကားပြောတယ်။ ppk တို့ El တို့က မရှင်းလင်းတဲ့ ဆရာဆရာမတွေကို သံတမန်လုပ်ပေး၊ ပြောပေးဆိုပေးတယ်။

ကျွန်တော်တို့မြို့က ရွာတွေအများကြီးရှိတယ်။ သူငယ်ချင်းတွေအများစုရဲ့ အိမ်တွေဟာ ရွာတွေမှာရှိနေတယ်။ သူတို့တွေရဲ့ လိပ်စာတွေအားလုံးကို ကျွန်တော်တို့ မသိဘူး။ တချို့တလေကိုပဲ သိတယ်။ တချို့ သူငယ်ချင်းတွေဟာ သူတို့အိမ်ကို အလှူခံရောက်လာတဲ့အခါတိုင်း အလှူခံအဖွဲ့ကို ဦးဆောင်ပြီး တခြားသူတွေရဲ့ အိမ်ရောက်တဲ့ အထိပို့ပေးကြတယ်။ တချို့က လမ်းညွှန်လိုက်ကြတယ်။

ကျွန်တော်တို့တွေမှာ စာရင်းစစ်တဲ့သူက စပြီး အလှူငွေထည့်ပြီး လမ်းညွှန်ပေးတဲ့ သူအထိ ဘယ်သူက သာတယ်၊ ဘယ်သူက အဓိကကျတယ် ဆိုတာမျိုး မရှိဘူး။ အားလုံးဟာ ညီတူညီမျှ အရေးကြီးတယ်လို့ သဘောထားမိ ခံယူမိကြဖူးတာကို အမှတ်ရတယ်။ တချို့သူငယ်ချင်းတွေဟာ အခမ်းအနားကျင်းပတဲ့ နေရာထဲကိုတောင် မ၀င်ကြရဘူး။ မုန့်ဟင်းခါးအိုးကို မီးထိုးနေတာနဲ့ အိုးမည်းတွေပေနေတဲ့ အ၀တ်အစားနဲ့ ပြီးတဲ့အထိ နေကြရတာပဲ။ တချို့သူငယ်ချင်းတွေက ဖိနပ်တွေ စောင့်ပေးရ စီပေးရတာပဲ။ ဒါပေမဲ့ အိုးမည်းပေတဲ့ ကိစ္စကို တာဝန်ယူနိုင်သူထက် ကော်လံကတုံးဝတ်ပြီး စကားတက်ပြောနိုင်တဲ့သူက အရေးကြီးတယ်လို့ ဘယ်သူမှ မယူဆမိခဲ့ကြဘူး။

အဲဒီလို ခံယူမိကြ၊ သဘောထားမိကြတဲ့ စိတ်အခြေခံနဲ့ အခုထက်ထိ သူငယ်ချင်းတွေ အစုအစည်းမပျက် လုပ်သင့် လုပ်ထိုက်တာလေးတွေ (ဥပမာ- စာကြည့်တိုက်ကလေးတွေ လုပ်တာတို့၊ ဇီဝိတ ဆေးခန်းကလေးတွေ လုပ်တဲ့သူတွေ့လို့ ၀ိုင်းကူတာတို့ ပညာသင်ဆုပေးတာလေးတွေ စီစဉ်ကြတာတို့) အစရှိသည်ဖြင့် လုပ်နေကြတာပဲ။ ၀ိုင်းလုပ်ကြတယ် ၀ိုင်းခံစားကြတယ်ပဲ ဆိုပါစို့။ အဲဒီလို သဘောထားတာတွေ ခံယူတာတွေကို အခုခေတ်က အများအမြင်မှာ မှားတယ်လို့ မြင်ကြမလား မပြောတတ်ဘူး။ ဝေဖန်ချင်လည်း ဝေဖန်ကြမှာပဲ။

ဒါပေမဲ့ ဝေဖန်တာတွေကို အလေးထားတတ်တဲ့ ကျွန်တော်က ဘာကြောင့်မှန်းမသိ၊ ဒီတစ်ခါ အဲဒီစိတ်သဘောထားတွေကို မှားတယ်လို့ တစ်ယောက်ယောက်က ဝေဖန်ခဲ့မယ်ဆိုရင် လက်မထောင်ပြီး ရင်ကော့ပြီး ဝေဖန်စကားကို ဂုဏ်ယူစွာ နာကြားလိုစိတ် ပေါ်ပေါက်နေတယ်။ ဆရာဘုန်းကြီးဖြစ်တဲ့ ရိပ်သာဆရာတော်က "သာသနာတော်မှာ အညတြ ရဟန်းတွေဟာ အရေးကြီးတယ်၊ သာသနာတော်ကို အညတြရဟန်းများနဲ့ တည်ဆောက်ထားတယ်"လို့ ရဲရဲဝံ့ဝံ့ မိန့်တဲ့အခါမှာလည်း ကျွန်တော်ဟာ အလှူငွေလိုက်ကောက်ရင်း ချော်လဲလို့ ရွှံ့အလိမ်းလိမ်းဖြစ်နေတဲ့ သူငယ်ချင်းတွေ၊ ရွှံ့တောထဲ စက်ဘီးတွေ ထမ်းပို့ပေးတဲ့ သူငယ်ချင်းတွေ၊ စာအကြမ်းတွေကို အချောပြန်ကူးပေးတဲ့ သူငယ်ချင်းတွေ၊ ပန်းကန်ဆေးရင်း ရယ်စရာပြောနေ လုပ်နေတဲ့ သူငယ်ချင်းတွေကို အားလုံးကို သတိရရင်း ဂုဏ်ယူစိတ်တွေ တဖွားဖွား ပေါ်ပေါက်နေတော့တယ်။


Read more...

ပါရမီမြောက်အောင် ကျင့်ဆောင်

ငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံကျင့်ဝတ်ပင်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် စစ် မစစ်ကို ငါးပါးသီလ ပေတံဖြင့်တိုင်းတာနိုင်သည်။ငါးပါးသီလကို စောင့်တည်ရာတွင် ကိုယ်အကျိုးအတွက် စောင့်ထိန်းခြင်းလည်း ရှိသလို အများအကျိုးအတွက် စောင့်ထိန်းခြင်းလည်း ရှိသည်။ ကိုယ်အကျိုးအတွက် စောင့်ထိန်းခြင်းသည် ပါရမီမြောက်သော စောင့်ထိန်းခြင်းမျိုးမဟုတ် အများအကျိုးအတွက် စောင့်ထိန်းခြင်းသာလျှင် ပါရမီ(မြင့်မြတ်သော သူတို့၏ အလုပ်)မြောက်သော စောင့်ထိန်းသိမ်းမျိုး ဖြစ်သည်။
ငါးပါးသီလကို ပါရမီမြောက်အောင် စောင်ထိန်းခြင်းသည် လောကအကျိုး သယ်ပိုးရွယ်ဆောင် ရာရောက်၏။
ပါဏတိပါတ(သူတပါးအသက်ကိုမသတ်ခြင်း)ဆိုသော သိက္ခာပုဒ်သည် သူများအသက်ကို မသတ်ရုံသက်သက် ဆိုရင် ကိုယ်အကျိုးစီးပွား အတွက် သက်သက်သာ စောင့်ထိန်းခြင်းမည်သည်။ သူတစ်ပါးတစ် အသက်ကို မသတ်ရုံတင်မက သူတပါး အသက်ရှည်ချမ်းသာစွာ နေထိုင်နိုင်ရန် လုံလပြုအားထုတ်ခြင်းသည် ပါဏတိပါတသိက္ခာပုဒ်ကို ပါရမီမြောက်စောင့်ထိန်းခြင်းမည်သည်။
အဒိန္နာဒါန(သူတပါးပစ္စည်းဥစ္စာကို ခိုးယူခြင်း)ဆိုသော သိက္ခာပုဒ်ကို စောင့်ထိန်ရာတွင်လည်း မခိုးဝှက်ရုံသက်သက်ဆိုရင် ပါရမီမြောက်သော စောင့်ထိန်းခြင်း မဟုတ်။ သူတပါးအကျိုးစီးပွား ပစ္စည်းဥစ္စာ ပွားစည်းအောင် ဆောက်ရွက်ပေးခြင်း သည် ပါရမီမြောက်သော စောင့်ထိန်းခြင်း မည်သည်။
ကာမေသုမိစ္ဆာစာရ( ကာမဂုဏ်ကို လွဲမှားစွာ မကျင့်သုံးခြင်း) ဆိုသော သိက္ခာ ပုဒ်ကိုစောင့်ထိန်းရာတွင် သူတပါး သားမယားအား ကာမဂုဏ်အရာ၌ မမှောက်မှားခြင်း သည် ကိုယ်ကျိုးအတွက် စောင့်ထိန်းခြင်း သာဖြစ်၍ ပါရမီမမြောက်ချေ။ ၀တ္တုအာရုံ ကာမဂုဏ်များဖြစ်သော (အဆင်း၊အနံ၊အရသာ၊အတွေ့အထိ၊စိတ်အကြံများ) မလွဲမှားအောင်ကျင့်သုံးခြင်း မှသာ ပါရမီမြောက် သော စောင့်ထိန်းခြင်းမည်သည်။
မုသာဝါဒ(လိမ်မပြောခြင်း)ဟူသော သိက္ခာပုဒ်ကို လိမ်မပြောရုံသက်သက်ဆိုရင် ပါရမီမမြောက် အမှန်နဲ့ အမှား ကြုံတွေ လာရင် အမှားကို အမှန်ဖြစ်အောင် ဆောင်ရွက်ခြင်း အဓမ္မ(မတရားမှု)ကြီးဆိုးရာမှ ဓမ္မ(တရားမျှတမှု) ကြီးဆိုးအောင်ဆောင်ရွတ်မှသာ ပါရမီမြောက်သော စောင့်ထိန်းခြင်းမည်သည်။
သူရာမေရယ( သေရေသေရက် မသောက်စားခြင်း) ဟူသော သိက္ခာပုဒ်ကိုစောင့်ထိန်းရာ၌ မောဟ (သိစိတ်ကင်းမဲ့မှု) သည် ပဓာနဖြစ်သည်။ အရက်မသောက်ရုံသက်သက်ဖြင့်ဆို ပါရမီမမြောက် မောဟ စိတ်ကို မိမိ၏စိတ်သဏ္ဍန်တွင် မကိန်းအောင်း အောင် အစဉ်သတိတရားရှိခြင်းသည် ပါရမီမြောက်သော စောင့်ထိန်းခြင်းမည်သည်။
ထိုကဲ့သို့ ငါးပါးသီလကို ပါရမီမြောက်အောင် စောင့်ထိန်နိုင်မည် ဆိုလျှင် လောကကြီး ငြိမ်းချမ်းပြီး အေးချမ်းသာယာသွားမှာ အမှန်ပင်ဖြစ်သည်။

p.s:ဆရာကြီးဦးရွှေအောင်ရဲ့ ဘ၀အမြင်သစ် စာအုပ်မှ ကိုးကားပါသည်။

Read more...

တရားပွဲ ကြေငြာခြင်း




အရှင်တေဇောဘာသ (မြင်းခြံ )

တရားပွဲ ကြေငြာခြင်း
ဗောဓိပက္ခိယ ဓမ္မ (၃၇)ပါး မှ
ဗိုလ် (၅)ပါး ကို အစဉ်တိုင်း ဟောကြားသွားမည် ဖြစ်ပါသည်။



၁။သဒ္ဓါ- သဒ္ဓါ၊ ယုံကြည်ခြင်း (၁၁၊၀၁၊၂၀၁၀)(ဟောပြီး)
၂။ဝီရိယ-၀ီရိယ၊လုံလရှိခြင်း (၁၅၊၀၂၊၂၀၁၀)(ဟောပြီး)
၃။သတိ- သတိ၊မမေ့လျော့ခြင်း ( ၀၈၊၀၃၊၂၀၁၀)(ဟောပြီး)
၎။သမာဓိ-သမာဓိ၊စူးစိုက်ခြင်း (၁၂၊၀၄၊၂၀၁၀)(ယနေ့ )
၅။ပညာ- ပညာ၊နားလည်ခြင်း ( ၁၀၊၀၅၊၂၀၁၀)(မျှော်)

တရားပွဲ ကျင်းပရာ။ ။မြူးနစ်မြို့ ၊ D B U. တက္ကသိုလ်မှတ်တိုင်
U 3/ U 6 Universität
အချိန်။ ။ည ၁၉:၀၀ မှ ၂၁:၀၀ နာရီထိ




Thema: Bodhipakkhiyā dhammā - Die 37 zur
Erleuchtung gehörenden Dinge
I. Die fünf geistigen Kräfte (pañca balāni)

1. Vertrauen (saddhā) 11. Januar
2. Willenskraft (viriya) 15. Februar
3. Achtsamkeit (sati) 08. März
4. Sammlung (samādhi) 12. April
5. Wissen oder Einsicht (paññā) 10. Mai

Zeit: jeweils 19:00-21:00 Uhr

Dhamma-Talk der Bodhi Vihara Sangha:
Ehrwürdiger Tejobhasa aus Burma
in englischer Sprache mit deutscher Übersetzung
auf Einladung der Buddhistischen Gesellschaft München
.
Ort: München, Amalienstraße 71, Meditationsraum der DBU;
erreichbar zu Fuß von der U-Bahnhaltestelle
Universität U3/U6


မြူးနစ်မြို့ ဝန်းကျင်မှာ နေထိုင်ကြကုန်သော တရားနာယူလိုကြကုန်သော
ရွှေဓမ္မမိတ်ဆွေတို့ အား အသိပေး ဖိတ်ကြားအပ်ပါသည်။
မှတ်ချက်။ ။တရားပွဲကို အင်္ဂလိပ်ဘာသာဖြင့်ဟောကြားမည်။
ဂျာမန်ဘာသာပြန်တစ်ယောက် အင်္ဂလိပ်မှ ဂျာမန်ဘာသာသို့ 
ဘာသာပြန်ပေးပါမည်။
(အကြိုတစ်ရက်နေ့ တိုင်း သတိပေးခြင်းဖြစ်ပါတယ်။)



မေတ္တာ၊မုဒိတာဖြင့်
မြတ်ရောင်နီ
(၁၁၊၀၄၊၂၀၁၀)


Read more...

ဆရာတော်ဘဒ္ဒန္တပဒုမ၏ ထေရုပတ္တိ အပိုင်း (၃)


ကျေးဇူးရှင်မူလကသစ်ဝိုင်ဆရာတော်ကြီး နှင့်ဆရာတော် ဘဒ္ဒန္တပဒုမ
ကျေးဇူးရှင် မူလ ကသစ်ဝိုင်ဆရာတော်ကြီး၏ ကသစ်ဝိုင်ဓမ္မရိပ်သာများတွင် တစ်ခုအပါအဝင် ဖြစ်သော သနပ်ပင်မြို့၊ အောင်မင်္ဂလာ၊ လေသာကျောင်းတိုက်သည်လည်း အပါအဝင်ဖြစ်ခဲ့ပါသည်။ ကျေးဇူးရှင် မူလ ကသစ်ဝိုင် ဆရာတော်ဘုရားကြီး သနပ်မြို့သို့ တရားဟောတရားပြရန်အတွက် ကြွရောက်လာစဉ် ဆရာတော်ဘဒ္ဒန္တပဒုမ၏ အစ်မများက ကျေးဇူးရှင် မူလ ကသစ်ဝိုင် ဆရာတော်ကြီး တရားကို ကြားနာလိုသောကြောင့် တရားနာသွားရန် အဖေါ်လိုက်ခဲ့ဖို့ ခေါ်သောကြောင့် အစ်မများနှင့်အတူ တရားနာရန် လိုက်ပါသွားခဲ့ပါသည်။ ထိုအခါ ကျေးဇူးရှင် မူလ ကသစ်ဝိုင် ဆရာတော်ဘုရားကြီး၏ တရားကို ကိုယ်တိုင်လည်း ကြည်ညို၊ အလွန်ပင်နှစ်သက် သဘောကျခဲ့လေသည်။ ဆရာတော်သည် တစ်ဆယ့်သုံးဝါမြောက်တွင် မူလကသစ်ဝိုင်ဆရာတော်ကြီး၏ ခြေတော်ရင်းသို့ ဝပ်ဆင်းခိုလှုံခါ နှစ်ပေါင်းများစွာ အာစရိယမုဋ္ဌိ လက်ဆုပ်လက်ကိုင် ပိုင်ပိုင်နည်းယူလျှက် သင်သိဝိပဿနာ၊ ကျင့်သိဝိပဿနာ တို့ကို သေချာဂဏ အားထုတ် ဖြည့်ကျင့်တော်မူပြီးနောက် သူတော်ကောင်းတို့၏ ထုံးကို နှလုံးမူ၍ စွမ်းအားနှင့်ပြည့်စုံသော ယောကျာ်းကောင်းသည် မိမိ တစ်ဦးတစ်ယောက်တည်း သံသရာတည်းဟူသောဝဲမှ လွတ်မြောက်အောင်မကူးမူ၍ သတ္တဝါ ဝေနေယျအများ ကိုလည်း လွတ်မြောက်စေအံ့ဟု ရည်ရွယ်ချက်ဖြင့် သနပ်ပင်မြို့မှ တပည့် ဒကာ၊ ဒကာမများကိုလည်း ကသစ်ဝိုင်တရားအရသာကို သိစေချင်သော စေတနာ တို့ကြောင့် ဓမ္မရိပ်သာလည်း ဖွင့်နိုင်ရန် အထူးကြိုးစားခဲ့ပါသည်။
ဆရာတော်ဘဒ္ဒန္တပဒုမသည် ကြိုးစား ရည်မှန်းထားသည့်အတိုင်းပင် သနပ်ပင်မြို့၊ မန်းကျောင်းတိုက်၌ ကသစ်ဝိုင်ဓမ္မ ရိပ်သာကို (၁၃၂၃)-ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ သနပ်ပင်မြို့ရှိ ဆရာတော်၏ ဆွေမျိုးများနှင့် မူရင်းတပည့် ဒကာ၊ ဒကာမ များက လျှောက်ထား တောင်းပန်မှုကြောင့်လည်းကောင်း၊ ကသစ်ဝိုင်ဝိပဿနာတရား ပွါးများအားထုတ်စေရန် ဒကာ ဒကာမများအပေါ် ကောင်းမြတ်သော စိတ်စေတနာဖြင့် ကျေးဇူးရှင် မူလ ကသစ်ဝိုင် ဆရာတော်ဘုရား၏ ကိုယ်စား ဝိပဿနာ တရားတော်များကို စတင်ပြသခဲ့ပါသည်။ ဆွေမျိုးများနှင့် မူရင်းတပည့် ဒကာ၊ ဒကာမများကလည်း ဓမ္မရိပ်သာ ဖွင့်လှစ်နိုင်ရေးကို ဝိုင်းဝန်းကြိုးစားပေးကြ၏။ ဓမ္မရိပ်သာကြီး စတင်ဖွင့်စဉ်အခါက တရားဝင်ယောဂီများသည်လည်း မိမိတို့အိမ်မှ ထမင်းချိုင့် ကလေးများဖြင့် ကသစ်ဝိုင်တရားအရိပ်ကို ကြိုးစားဝင်ရောက်ခိုလှုံခဲ့ကြပါသည်။ ထိုစဉ်အခါက သနပ်ပင်မြို့ရှိ မန်းကျောင်းတိုက်သည် တောအုပ်သဖွယ်ဖြစ်နေသော နေရာလေးဖြစ်ပါသည်။ ထို့ကြောင့် ရိပ်သာဖြစ်မြောက်ရေးအတွက် မြို့ခံဒကာ ဒကာမများနှင့် ဆရာတော်၏ ကြိုးစားမှုကြောင့် ရိပ်သာလေးသည် တစထက် တစတိုးတက်လာခဲ့ပါသည်။ ထို့နောက် သနပ်ပင်မြို့၊ မန်းကျောင်းတိုက်တွင် ကသစ်ဝိုင် ဓမ္မရိပ်သာ တရားပတ်စဉ်များတွင် တရားဝင်ယောဂီ အထူးများပြားခဲ့ပါသည်။ ထိုမှ တဆင့် ဆရာတော်၏ တရားဟောစွမ်းရည်ကို ကြည်ညိုနှစ်ခြိုက်ကြသော ပဲခူးမြို့ရှိ အောင်မင်းခေါင်ဓမ္မရိပ်သာမှ ဒကာ ဒကာမဖြစ်သော ဦးဘသိန်း+ဒေါ်စိန်၊ ဦးပါ+ဒေါ်ချစ်တို့၏ ပင့်ဖိတ်သောကြောင့် ပဲခူးမြို့သို့ သာသနာ့တာဝန် ထမ်းဆောင်ရန် ရောက်ရှိခဲ့ရပြန်ပါသည်။
ဆက်လက်ဖော်ပြပါမည်...။


Read more...

ရတနာစက္ကမြန်မာဗုဒ္ဓဘာသာစင်တာတွင်လည်း သင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပမည်။



Read more...

ခေတ်ပေါ်ပါဠိဝေါဟာရများ(၁)

Posted 5:08 AM by ကိုနော in Labels: (၁) telephone....ဒူရဘာသယန္တ(နပုံ)၊ ဒူရသံဝါဒယန္တ(နပုံ)။

(၂) teleprinter(teletypewriter)ကြေးနန်းရိုက်စက်....ဒူရမုဒ္ဒဏယန္တ(နပုံ)။

(၃) telephoto...ကြေးနန်းဓာတ်ပုံ....ဒူရစိတ္တ(နပုံ)။

(၄) telescope....ဒူရဒဿကယန္တ(နပုံ)။ ဒူရေက္ခယန္တ(နပုံ)။

(၅) television....ဒူရဒဿနယန္တ(နပုံ)။

(၆) movie.....စလစိတ္တ(နပုံ)။

(၇) actor....နာဋက(ပုံ)၊ အဘိနေတာ(ပုံ)။

(၈) actress....နာဋကီ(ဣတ္ထိ)၊ အဘိနေတီ(ဣတ္ထိ)။

(၉) computer....ဂဏနာယန္တ(နပုံ)၊ သံဂဏကယန္တ(နပုံ)၊ အတ္ထပူရဏယန္တ(နပုံ)၊ ဣစ္ဆာပူရဏယန္တ(နပုံ)၊

(၁၀) international.....အန္တရရဋ္ဌိယ(တိလိင်)။

နောက်ထပ်လာနိုင်ဖွယ်ရာရှိသေးပါကြောင်း....။

ကိုနော
၁၂.၄.၂၀၁၀


Read more...

သင်္ကြန်လက်ဆောင်

“ လူတွေဟာ သေခြင်းသဘော၊ မမြဲတဲ့ သဘော၊ ဆင်းရဲခြင်းသဘောတရားတွေကို မေ့ပြီးတော့ ပျော်စရာ အာရုံတွေပဲ လိုက်စားနေကြတော့တာပဲ။ နေရာတိုင်းမှာ သတိတရား လက်ကိုင်ထားဖို့ လိုအပ်တယ်။ တကယ့် အနှစ်သာရ ရှိတဲ့ သဘောတရားတွေ မေ့လျော့ပြီးတော့ မူးယစ်ပျော်ပါးနေမယ်ဆိုရင် ဒါဟာ အပ္ပမာဒတရားကို ပစ်ထားတဲ့ သဘော သက်ရောက်တာမို့  အဲဒီလူတွေဟာ လူမိုက်တွေပဲ။ ပညာရှိဆိုတာ ဘယ်တော့မှ အပ္ပမာဒတရားကို ပစ်မထားရဘူး။ နေရာတိုင်းမှာ သတိသံဝေဂဆိုတဲ့ သဘောတရားလေးကို လက်တွေ့ ကျကျ ကိုင်တွယ်အသုံးချတတ်တာ ပညာရှိတွေပဲ။ ဒါကြောင့် သင်တို့ လည်း မေ့လျော့မှုကို အားမထုတ်ကြနဲ့ ။ ကာမအာရုံ အပျော်အပါးတွေနဲ့  ရင်းနှီးအကျွမ်းမ၀င်ကြလေနဲ့ ၊ ဒီလိုမှသာ သင်တို့  ရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မြန်မြန်ရောက်လိမ့်မယ်” တဲ့။ ဘုရားရှင် သုံးသပ်ပြထားတာလေးပါ။ (တန်ဆေး၊ လွန်ဘေး)

Read more...

သင်္ကြန်ကာလနေ့တရားစခန်းပွဲ


စင်္ကာပူနိုင်ငံ အနောက်ပိုင်း West Coast Road တွင်တည်ထောင်ဖွင့်လှစ် ထားသော ဇယမင်္ဂလာ မာရ်အောင်မြင်ဘုရားကြီး သီတင်းသုံးစမ္ပာယ်တော်မူသည့် ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရ ကျောင်းတော်မြတ်တွင် သင်္ကြန်ကာလအတွင်း နေ့တရား စခန်းပွဲ ကျင်းပကာ သမထ၊ ၀ိပဿနာ၊ မေတ္တာဘာဝနာများ အားထုတ်ကြမည်ဖြစ်ပါသည်။ သို့ပါ၍ ကမ္ဘာအလှဆုံးမြို့တော်စင်္ကာပူတွင် ရောက်ရှိနေကြသော မြန်မာပြည်ဖွား ညီအကိုမောင်နှမအပေါင်းတို့အား ပါဝင်ဆင်နွဲနှိင်ပါကြောင်း သတင်းကောင်းပါးအပ် ပါသည်။
ကမ္မဌာန်ဆရာတော်များ ဘဒ္ဒန္တသောမာစာရ
            (သာသနဓဇ ဓမ္မာစရိယ၊ သာသနဇောတိပါလ ဓမ္မာစရိယ) နှင့်
            ဒေါက်တာ အရှင်ဝိစိတ္တ (Clementi ဆရာတော်)
မြတ်ဗုဒ္ဓ၏ ထူးမြတ်သော သမထ၊ ၀ိပဿနာ တရားမြတ်များကို ဟောဖေါ်ပြသလျှက် နေ့တရား စခန်းပွဲများကို (၃) ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပါ၍ အချိုန်မှီစရင်းပေးသွင်း ကြပါရန် နိုးဆော်အပ်ပါသည်။
& တရားစခန်းကျင်းပမည့်နေ့ရက် ၂၀၁၀ ခုနှစ် ​ဧပြီလ ၁၀ ရက်စနေ နေ့မှ

၁၆ ရက်နေ့ထိ။
· အချိုန် နေ့လည် ၁ နာရီမှ ညနေ ၇ နာရီအထိ။
              နေရာ 23 A, Jalan Mas Puteh, Along West Coast Road, Near ESSO Station, Singapore 128628.
              * ဆက်သွယ်ရန် တရားစခန်းဖြစ်မြောက်ရေးအဖွဲ့
'Tel : 6778 1678, 8123-0769


Read more...

နေရစ်တော့ တန်ခူးရေ


တန်ခူးရေ ........
နေရစ်ခဲ့တော့
နှုတ်ဆက်ခဲ့တယ်
တွယ်တာလွန်းတာ သိလျက်နဲ့
လမ်းခွဲစကား ပြောရတာ
ရင်နာမိပေါ့
နောက်နှစ်တော့ ဆုံနိုင်ကောင်းရဲ့
ဆုံကြစို့။

သင်္ကြန်ရေ ...........
တကယ်က
ငါရယ် ပိတောက်ရယ် သင်္ကြန်ရယ်ဆိုတာ
ဆုံနေကြ ချစ်ခြင်းတွေပါ
ကျန်ခဲ့သူ ငါက
တနှစ်လုံးလုံး ပြန်စောင့်ပေါ့။
ပိတောက်ကိုလည်း
ပြောလိုက်ပါ
ငါမလိုက်နိုင်ခဲ့တာကို။
ငါ့လို သင်္ကြန်နဲ့ဝေး
ပိတောက်မရှိဒေသ
ရောက်နေရ သူကို
ကိုယ်ချင်းစာမိ။
လွမ်းခြင်းနဲ့သာ
တဖွဲ့တနွဲ့ ချွေးသိပ်တော့။

ပိတောက်ရေ ........
ရင်ခွင်ပျောက်ခဲ့တဲ့ ငါတို့
မင်းကလည်း ဝေဝေဆာဆာ
ငါကလည်း စည်စည်ကားကား
တန်ခူးကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့
ခုတော့
စိတ်ကူးနဲ့ ကခုန် မြူးကြစို့။

၁၂၊ ၀၄၊ ၂၀၁၀ တနင်္လာနေ့
တန်ခူးလကွယ်။




Read more...

ထက်ဝက်ပြီးစီးခြင်းရဲ့ ဟိုမှာဘက်


“ မိတ်ဆွေကောင်းရှိခြင်းဟာ ကိစ္စတဝက် ပြီးနိုင်ပါတယ်ဘုရား” ဒါက အရှင်အာနန္ဒာ မြတ်ဘုရားကို လျှောက်ထားခြင်းပါ။ “ ချစ်သား အာနန္ဒာ! မိတ်ဆွေကောင်းရှိခြင်းဟာ ကိစ္စအလုံးစုံကို ပြီးစီးစေတယ်” ဒီစကား လေးက တော့ ဘုရားရှင်က အာနန္ဒာအရှင်ကို မိန့်ကြားတာပါ။

မိတ်ဆွေနဲ့ပတ်သက်လို့ ဘုရားရှင်က မြောက်များစွာပဲ မိန့်ကြားခဲ့တာပါ။ ကလျာဏမိတ္တ၊ သပ္ပုရိသူပနိဿယ စသဖြင့်ပါ။ ကြီးပွါးကြောင်းတရားတွေထဲမှာ မိတ်ဆွေဟာ ပါနေပါတယ်။ လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊ ဘာသာ ရေး စသဖြင့် အရေးများစွာမှာ မိတ်ဆွေဟာ ပါဝင်နေပါတယ်။ ဒါကို စာသံပေသံနဲ့တော့ လောကီ လောကုတ္တရာ၊ ပစ္စုပ္ပန် သံသရာအတွက် အရေးပါနေတယ်လို့ ဆိုရမှာပါ။ ဒါ့ကြောင့်လည်း ဒေးကာနယ်ဂျီ ရေးခဲ့တဲ့ မိတ်ဆွေဖွဲ့ နည်းဖြစ်တဲ့ မိတ္တဗလဋီကာလို့စာအုပ်မျိုးဟာ ကမ္ဘာကျော်စာအုပ်စာရင်းမှာ ပါဝင်နေတာ ဖြစ်မှာပါ။

ဒီခရီးတစ်ခုလုံးဟာ မိတ်ဆွေကောင်းများရဲ့ အထောက်အပံ့တွေ အများကြီး ပါနေပါတယ်။ ဒါကိုပဲ သပ္ပုရိသူ ပနိဿယနဲ့ ပြည့်စုံခွင့်ရခဲ့တယ်လို့ ဆိုရမှာပါ။ သူငယ်ချင်းရဲ့ဆရာဆိုပေမယ့် ဆရာတော်ဘုရားဟာ ဟို ဘက်နိုင်ငံ ဒီဘက်နိုင်ငံ နှစ်ခုလုံးမှာ ကျောင်းထိုင်နေကြတဲ့ဆရာတော်တွေရဲ့ ငယ်ဆရာ ဖြစ်ခဲ့ဘူးတယ်ဆိုယင် လည်း မမှားပါဘူး။ အဲဒီတပည့်တွေက ပင့်လျှောက်ခဲ့လို့ ဒီခရီးကို ကြွရောက်လာခြင်းပါ။ တကယ်တော့ စာရေး သူဟာ ဆရာတော်ဘုရားကို အကြောင်းပြုလို့ အစစအရာရာ အလေးပေးခံခဲ့ရတဲ့သူပါ။ ဆရာတော် ဘုရားရယ်၊ ဆရာတော်ဘုရားရဲ့တပည့် သူငယ်ချင်းရယ်၊ စာရေးသူရယ် ဒီခရီးကို သွားကြဖို့ အားလုံး စီစဉ်ထားပြီးသားပါ။

ကွာလာလမ်ပူ(KL)ကနေ မလေးရှားနိုင်ငံရဲ့ နယ်စပ်မြို့အထိ သူငယ်ချင်းတစ်ပါးက စာရေးသူတို့ သုံးပါးကို လိုက်လို့ပို့ပါတယ်။ ဒီတစ်ခါတော့ နိုင်ငံတစ်ခုဖြတ်သန်းခြင်းဟာ အယင်လို လေယာဉ်နဲ့မဟုတ်တော့ပါဘူး။ သုံးပါးသား တက္ကစီကားနဲ့ သွားဖို့ပါ။ ကြုံရပြန်ပြီဖြစ်တဲ့ အင်မီဂရေးရှင်းကို ကျော်ဖြတ်ဖို့က စိတ်ကို ရွံ့ တွန့်တွန့် ဖြစ်စေပြန်တယ်။ ဒါပေမယ့် မကြာခင် ရက်ပိုင်းက ကမ္ဘာကျော်သာသနာပြုဆရာတော်ဘုရားကြီး မိန့်ကြားခဲ့တာ လေးတွေက အသိညဏ်ထဲမှာ နေရာဝင်ယူလို့ နေပြန်ပါတယ်။ ဆရာတော်ဘုရားကြီးကို စာရေးသူတို့က ကိုယ် ကြုံခဲ့ရတဲ့ အင်မီဂရေးရှင်း အခက်အခဲလေးတွေကို လျှောက်ထားခဲ့ဖူးတာပါ။

ဒီအခါ ဆရာတော်ဘုရားကြီး မိန့်ကြားတာက“ မင်းတို့က ဒီတစ်ခါကြုံရတာလေးကို ညည်းငြူးနေကြတယ်။ ငါ အသက် ရှစ်ဆယ်ကျော်ပြီ။ အင်မီဂရေးရှင်းပေါင်းများစွာကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ဖူးပြီ။ အဲဒါကို မင်းတို့ စဉ်းစားကြည့်” တဲ့။ ဒီလို သိရှိရပြန်တော့လည်း စာရေးသူတို့ အခက်အခဲဟာ မပြောပလောက်သေးပါလားလို့ နားလည် လိုက်မိတယ်။

ဒီလိုနဲ့ သုံးပါးသား တက္ကစီကားပေါ်ရောက်တဲ့ အခါမှာတော့ သူငယ်ချင်းကို နှုတ်ဆက်ပြီး ထွက်ခွါလာခဲ့ပါတယ်။ အင်မီဂရေးရှင်းဂိတ်ရောက်တယ် ဆိုယင်ပဲ ကားဆရာက စာရေးသူတို့ကို လက်ထောင်ပြပါတယ်။ မြန်မြန် အဆင်ပြေဖို့အတွက် ချက်ချင်းပေးလိုက်ပါတယ်။ ဒါတောင် နောက်ထပ် တောင်းချင်သေးပုံပါ။ ကားဆရာမှာ သူရတာ မဟုတ်ဘဲ တစ်ဖက်ကို ပေးနေရတယ်ဆိုတာ သိပါတယ်။ စာရေးသူတို့လှုပ်ရှားနေတာကို ဆရာတော် ဘုရားကတော့ ဘာမှမသိရှာပါဘူး။ ဒီလိုနဲ့အထွက် ပြဿနာတော့ ကျော်လွှား နိုင်ခဲ့ပြီ အ၀င်ပြဿနာကတော့ အခက်အခဲ မရှိလှပါဘူး။ အေးအေး ဆေးဆေးနဲ့ ကျော်ဖြတ်နိုင်ခဲ့တယ်။

စလုံးဆိုတဲ့ စင်္ကာပူဟာ မြန်မာများအသိုင်းအ၀ိုင်းမှာတော့ ပေါ်ပြုလာဖြစ်လှပါတယ်။ သီဟပူရ ခြင်္သေ့မြို့ စလုံးရောက်တယ်ဆိုယင်ပဲ လူအများဟာ လူအသိုင်းအ၀ိုင်းတစ်ခုရဲ့ အဆင့်တစ်ခုကို ရောက်ရှိနေပြီလို့ ယူဆနိုင်တဲ့ အရပ်ဒေသတစ်ခုပါ။ အဲဒီအဆင့်တစ်ခုဟာ ဘာလဲဆိုတာကို ဖြတ်သန်းကြည့်ဖူးချင်တာက စာရေးသူရဲ့ဆန္ဒပါ။ ကိုယ့်နိုင်ငံနဲ့အနီးဆုံးပတ်ဝန်းကျင်မှာ စာရေးသူ စိတ်ဝင်တစား အရှိဆုံး နိုင်ငံဆိုယင်လည်း မမှားပါဘူး။ အရှေ့တောင်အာရှမှာသာမက အာရှတိုက်တစ်ခုလုံးအပြင် တကမ္ဘာလုံးမှာပါ အကောင်းဆုံးလို့ တိုင်းတာသတ်မှတ်ထားတဲ့ စံတွေထဲမှာ တစ်ခုမဟုတ် တစ်ခုခုမှာ စလုံးဟာ ပါဝင်နေတာပါ။ ဒါ့ကြောင့်လည်း ဖြစ်မှာပါ။

စလုံးဆိုတာကို ကြားဖူးတာကြာပါပြီ။ စလုံးဆိုတာက စင်္ကာပူတဲ့။ မလေးကို မလိုင်-တဲ့။ အချို့ကလည်း မ-ဆိုလား။ ဖိလစ်ပိုင်ကိုကျတော့ ဖအုပ်ထုပ်-တဲ။ အင်ဒိုနီးရှားတွေကြပြန်တော့ အင်တွေတဲ့။ ဗီယက်နမ်ကို ဗထက်ချိုင့်တဲ့။ ထိုင်း ယိုးဒယား ကြတော့ ယပလက်လို့ ဆိုပြန်တယ်။ မြန်မာများကတော့ သူတို့ကိုယ်သူတို့ ရွှေတဲ့။ ဒီနေရာမှာ ရွှေ-ဆိုတဲ့စကား လုံးရဲ့ ဆင်းသက်လာရာကို ခြေရာခံကြည့်တော့လည်း အမျိုးမျိုးဖြစ်နိုင်တာကို တွေ့ရပြန်ပါတယ်။ အချို့ကတော့ (golden land) ရွှေချထားတဲ့စေတီပုထိုးများပေါများရာ နေရာက လာတယ်တဲ့။ အချို့ကတော့လည်း ရွှေတိဂုံ ဘုရားက ကမ္ဘာကျော်မို့လို့ အဲဒီက ရွှေလို့ ပြောကြပြန်တယ်။ အချို့ကလည်း သုဝဏ္ဏဘူမိက ဆင်းသက် လာတယ်လို့ ဆိုကြပြန်တယ်။ သုဝဏ္ဏ-ဆိုတဲ့ ပါဠိစကား ဟာ မြန်မာပြန်တော့ ရွှေ ပါ။

ဒါနဲ့ သုဝဏ္ဏဘူမိဆိုတဲ့စကားလေးနဲ့ စပ်ဆက်လို့ ပြောကြည့်ချင်သေးတယ်။ ထိုင်းနိုင်ငံကလည်း သူနိုင်ငံမှာသာ သုဝဏ္ဏဘူမိရှိတယ်။ သီရိလင်္ကာနိုင်ငံ ရောက်ပြန်တော့လည်း သူနိုင်ငံမှာသာ သုဝဏ္ဏဘူမိ ရှိတယ်လို့ ကြားရပြန် တယ်။ အခြားထေရ၀ါဒနိုင်ငံတွေကလည်း ဒီအတိုင်းပဲ ပြောကြပြန်တယ်။ အချို့ပညာရှင်များကလည်း ဒီနိုင်ငံ တွေကို သိမ်းကျုံးပြီး အရှေ့တောင်အာရှတစ်ခုလုံးကို သုဝဏ္ဏဘူမိလို့ မိန့်ဆိုကြပြန်တယ်။ အချို့ သမိုင်းပညာ ရှင်များကတော့ ယခုလက်ရှိ အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်(Gujarat)ပြည်နယ်၊ ဂျူနာဂါရ်ဟ(junagarh) မြိုံ့ကို သုဝဏ္ဏဘူမိလို့ ဆိုလာပြန်တယ်။ အဲသလို ၀ိဝါဒတွေ အမျိုးမျိုးကွဲနေတာပါ။

ဒါနဲ့ပတ်သက်လို့စာရေးသူ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)နေစဉ်တုန်းကပါ ဆရာကြီးတစ် ယောက် ပြောဆိုခဲ့ဘူးတာကို မှတ်သားမိနေတယ်။ သုဝဏ္ဏဘူမိရဲ့ တည်ရာအရပ်ကိုပါ။ ဒီနေရာမှာ ဆရာကြီးပြောတာကတော့ “သူများတွေ ဘာတွေပြောပြော ကိုယ့်နိုင်ငံမှာရှိတဲ့ သုဝဏ္ဏဘူမိပဲ သုဝဏ္ဏဘူမိလို့ မှတ်ကြပေတော့” တဲ့။

ခုနကပြောခဲ့တဲ့ ရွှေများနေထိုင်ရာ စလုံးမှာ နှစ်လကြာခဲ့တယ်။ ဒီလိုနှစ်လတာ နေခွင့်ရရှိတာကလည်း ကျောင်း ထိုင်ဆရာတော်ဘုရားရဲ့ မေတ္တာကြောင့်ပါ။ ဆရာတော်ဘုရားရဲ့ ကျေးဇူးတော်ကြောင့် စလုံးမှာ ရောက်သင့် ရောက်ထိုက်တဲ့နေရာတွေလည်း စရိတ်စကမကုန်ပဲ ရောက်ခဲ့ပါတယ်။ ဆရာတော်ရဲ့ကျေးဇူးကို သတိတရရှိ နေမှာပါ။

ဒီလိုနဲ့ နှစ်လမပြည့်ခင် မလေးကို ပြန်လို့လာခဲ့တဲ့အခါ သူငယ်ချင်းဖြစ်သူက ကားဂိတ်အထိ လိုက်လို့ပို့ ပါတယ်။ ခွဲခွါခြင်းဆိုတာ မထူးဆန်းလှပေမယ့် စာရေးသူတစ်ယောက်တည်းသာဖြစ်တဲ့ ဒီခရီးဟာ ရင်ထဲမှာတော့ တစ်ခုခု လိုနေသလိုလိုပါ။ ဒီနေရာမှ တွေးမိတာက သံယောဇဉ် ဆိုတာကိုပါ။ သံယောဇဉ်ဆိုတာ ၁၀-မျိုးရှိတယ်လို့ ပါဠိစာပေများမှာ တွေ့ဖူးပါတယ်။ ဒါတောင် သုတ္တန်နည်း အဘိဓမ္မာနည်းရယ်လို့ ကွဲပြားသေးတာ။ ဒီ ၁၀-ခုထဲက ဘယ်သံယောဇဉ်ဆိုတာ အမျိုးအမည် မခွဲခြားနိုင်ပေမယ့် သူ့အတိုင်းအတာနဲ့သူ လူတိုင်းမှာ ရှိနေမှာပါ။ စာရေး သူ ဒီသံယောဇဉ်ဆိုတဲ့စကားလုံးကို ခွဲခြားနေတုန်းမှာပဲ ကားဆရာက သွားဖို့ ပြောဆိုနေပါပြီ။

အဲဒီအချိန်တုန်းက သူငယ်ချင်းတွေဟာ အခုအချိန်မှာတော့ အခက်အလက်တွေစုံလို့ ကိုယ့်ခရီးကို ပျံသန်းနေ ကြပါပြီ။ တစ်ဦးကတော့ ယူရိုဘက်က ဂျာမဏီပြည်ကြီးမှာ သာသနာပြုနေတာပါ။ မြတ်ရောင်နီ ဘလော့နာမည်နဲ့ သူဘ၀ရဲ့ ဖြတ်သန်းပြီး ဖြတ်သန်းဆဲ ဖြတ်သန်းနေဦးမယ့် အတွေ့အကြုံလေးတွေကို ဘလော့ ကနေ တဆင့် ဖြန့်ဖြူးနေပါတယ်။

ကားပေါ်မှာ စာရေးသူနဲ့အတူ စလုံးကခရီးသည် အမျိုးသမီးနှစ်ယောက် ပါလာတာပါ။ ဒီလိုနဲ့ ပထမဖြတ်သန်း လာတဲ့ အင်မီဂရေးရှင်းမှာ ချောမွေ့နေတာပါ။ နောက် ဒီဘက် အင်မီဂရေးရှင်း ရောက်တယ်ဆိုယင် အမျိုးသမီး ၀န်ထမ်းက မေးပါတယ်။ ဘယ်လောက်ကြာကြာ နေမှာလဲလို့ ပြုံးပြုံးနဲ့ မေးနေတာပါ။ ဒါပေမယ့် ဒီအပြုံးကို စိတ်ထဲမှာတော့ တမျိုးခံစားလိုက်ရတယ်။ ခနစောင့်ပါဆိုပြီး ဘာမှမပြောဘဲ ပတ်စပို့ ယူထားလိုက်တယ်။ ဂိတ်နဲ့ ခပ်လှမ်းလှမ်းမှာ ကားကို ရပ်ထားလိုက်ရတယ်။

၂၅-မီနစ် လောက်ကြာတဲ့အထိ ဘာမှမထူးခြားပါဘူး။ ကားပေါ်ပါလာတဲ့ အမျိုးသမီးများကလည်း ဘယ်လိုမျိုး အဓိပ္ပါယ် ထွက်မယ်ဆိုတာ မသိတဲ့ စကားလုံးတွေ ပြောနေတာတော့ ကြားရသား။ စာရေးသူလည်း ဒီခရီး အကြောင်း နားလည်ထားပေမယ့် တကယ်တော့ ဘာဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားတယ်။ ကားသမားလည်း အတော်သည်းခံ ရှာပါတယ်။ မီနစ် ၃၀-လောက်ကြာတဲ့အခါမှာတော့ အခြားအမျိုးသားဝန်ထမ်းတစ်ယောက်က ပတ်စပို့ကို ကားနားအထိ လာပေးပါ တယ်။ သူကပြုံးပြီးပြောသေးတယ်။ ကိုလံဘိုလ်က လာတာလာတဲ့။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ စိတ်ကသိ ကအောက်ဖြစ်ရတာကလွဲယင် စိုးရိမ်မှု သိပ်မရှိတော့ပါဘူး။ ဒါဟာလည်း အများပြောတဲ့ “ အတွေ့အကြုံက စကားပြောတယ်” ဆိုတာနေမှာပါ။

ဒီနေရာမှာ စာရေးဆရာ ဦးအောင်သင်းပြောတဲ့ စကားလေးကို သွားလို့ သတိရမိတယ်။ သူပြောတာက ဒီလိုပါ။ “သတ္တိဆိုတာဟာ သိတတ်ခြင်း”ပါတဲ့။ သိနေ့ တတ်နေယင် သတ္တိဆိုတာ အလိုလိုဖြစ်လာတာပါပဲတဲ့။ ဟုတ်မှာ ပါ။ ဒီနေရာမှာ စာရေးသူ နဲနဲလေး သတ္တိကောင်းလာတာကလည်း သိသင့်သိထိုက် တတ်သင့် တတ်ထိုက်တာ လေးတွေ သိခဲ့တတ်ခဲ့ပြီလို့များ ဆိုရမလားပါပဲ။ ဒါပေမယ့် အင်မီဂရေးရှင်ပြဿနာလောက်ကို ရေးကြီးခွင် ကျယ်လုပ်ပြီး ဒီသတ္တိဆိုတဲ့ စကားလုံးလေးကို အဓိပ္ပါယ်ဖွင့်ဆိုနေရတဲ့အတွက်တော့ စာရေးဆရာ ဦးအောင် သင်းကို အားနာလှပါတယ်။

ဒါနဲ့ စပ်ဆက်လို့ ပြောချင်သေးတာ တစ်ခုရှိတယ်။ မြန်မာပြည်မှာ သိက္ခာရှိရှိနေမယ်ဆိုတဲ့ စာအုပ် ထုတ်ထားခဲ့ ဖူးတဲ့ ဆရာတော်ဘုရားပါ။ ထိုင်းနိုင်ငံရောက်စဉ် ဆရာတော်ဘုရားက ထိုင်းနိုင်ငံမှာရှိတဲ့ သူငယ်ချင်း တစ်ပါးကို ဒီစကားလေးကို မိန့်ကြားခြင်းပါ။ စာရေးသူကတော့ တစ်ဆင့်သိရခြင်းပါ။

အဲဒါက “ ကိုယ်က ဂုဏ်သိက္ခာရှိရှိ နေလိုတဲ့ ဆန္ဒရှိပေမယ့် ကိုယ့်ကို ပတ်ဝန်း ကျင်က သိက္ခာရှိရှိ နေလို့မရအောင် လုပ်ထားတယ်”တဲ့။ အလွန်ထိမိလှတဲ့ စကားလေးပါ။ ကိုယ်က သိက္ခာ ရှိအောင် နေလိုတဲ့ဆန္ဒတွေ ရှိသလို ကိုယ်ကိုယ်တိုင်လည်း သိက္ခာရှိအောင် လက်တွေ့ကျင့်သုံး နေသည့်တိုင် အောင် ကိုယ့်အသိုင်းအ၀ိုင်း ကိုယ့်ပတ်ဝန်းကျင်က သိက္ခာရှိခြင်းဆိုတာနဲ့ ကင်းဝေးနေပါက ကိုယ်ကိုလည်း အဲဒီလို လူတန်းစားတစ်ရပ်ထဲကို ထည့်သွင်းကြမှာပါပဲ။ တစ်နည်းအားဖြင့်တော့လည်း ကိုယ်တစ်ယောက်တည်း သိက္ခာရှိနေယုံနဲ့ မလုံလောက်ပါဘူး ကိုယ့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတစ်ခုလုံး သိက္ခာရှိနေမှ နိုင်ငံတကာ မျက်စိအလယ်မှာ သိက္ခာရှိသူအဖြစ် ရပ်တည်နေထိုင်နိုင်မှာပါ။ ဒီအကြောင်းအရာလေးတွေဟာ သည်းထိတ် ရင်ဖို့ ဇာတ်လမ်းလေးမဟုတ်ယင်တောင် တစ်ဦးနဲ့တစ်ဦး ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံလေးတွေကတော့ တစ်မူစီ ထူးခြား နေမယ်ဆိုတာ ယုံကြည်မိလို့ ခုလို ပြောဆိုကြည့်ခြင်းပါ။

တကယ်တော့လည်း ဒီခရီးတစ်ခုလုံး အစစအရာရာ အဆင်ပြေခြင်းဟာ မိတ်ကောင်းဆွေကောင်းများရဲ့ စောင့်ရှောက်မှုကြောင့်ပါ။ ဒါကိုပဲ ဒီလိုများ ပြောကြည့်ခွင့်များ ရှိမလား မသိပါ။ အဲဒါကတော့ “ မိတ်ဆွေ ကောင်းဆိုတာ ကိစ္စအားလုံးကို ပြီးစီးစေတာ မဟုတ်ယင်တောင် ထက်ဝက်ပြီးစီးခြင်းရဲ့ ဟိုမှာဘက်မှာပါ” ဆိုတဲ့ စကားလေးပါ။












Read more...

သင်္ကြန်ဟူသည်

သိကြားမင်း -ဗြဟ္မာမင်း
တစ်ခါက ဗြဟ္မာမင်း အာစိ ဟာ ဒေ၀နတ်အပေါင်းတို့ရဲ့ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။ အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံးခဲ့တဲ့ ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး
ဆင်တစ်ကောင်ရဲ့ ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန္ဓာကိုယ်မှာ ပြန်တပ်ပေးဖို့
သိကြားမင်းရဲ့ ညှိနှိုင်းမှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။
ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်းခန္ဓာကိုယ်ပေါင်းစပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။
ဂနေဆာ
ဒါပေမဲ့ ဗြဟ္မာမင်းဟာ အလွန်အင်မတန် တန်ခိုးကြီးလွန်းတဲ့အတွက် ပြတ်သွားတဲ့သူခေါင်းကို ပင်လယ်ထဲ မျှောမိယင် ပင်လယ်ရေတွေခန်းခြောက်သွားနိုင်ပါတယ်။
ပထ၀ီ မြေကြီးပေါ်တင်မယ်ဆိုယင်လည်း မြေကြီးဟာ အပိုင်းပိုင်းကွဲအက်ကြေမွသွားနိုင်ပါတယ်။ အကယ်လို့များ မိုးကောင်းကင်ထဲကို ပစ်လိုက်မယ်ဆိုယင်လဲ
မိုးကောင်းကင်တစ်ခုလုံး မီးတောက်လောင်ကြွမ်းသွားနိုင်ပါတယ်။
ဒါကိုသိတဲ့ သိကြားမင်း က အဲဒီဗြဟ္မာကြီးရဲ့ခေါင်းကို အဲဒီလို မဖြစ်စေဖို့အတွက် နတ်သမီး တစ်ပါးစီကို တစ်နှစ်တစ်ခါ အလှည့်ကျစီိကိုင်ထားရမယ် ဆိုပြီး မိန့်တော်မူပါတယ်။
တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ကို ကူးတဲ့အခါကျယင် အလှည့်ပြောင်းတဲ့ အချိန်ကို သင်္ကြန်ပွဲတော်ဆင်နွဲခဲ့ကြပါတယ်။
သင်္ကြန်ပွဲတော်ကို တစ်ချိန်က ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံ အတော်များများမှာ နှစ်သစ်ကူး ပွဲတော်အဖြစ်ကျင်းပခဲ့ပါတယ်။
ယခုအချိန်မှာ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊လောနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ဆက်လက်ကျင်းပဆဲဖြစ်တာကိုတွေရပါတယ်။
ပုဂံခေတ်မြန်မာသင်္ကြန်
အကြိုနေ့
သင်္ကြန်အကြိုနေ့နဲ့ပတ်သက်ပြီး ပထမဆုံးတွေ့ရှိချက်က
ဥပေါသထမင်းကြီးရဲ့ ခေါင်းဆေးမင်္ဂလာပြုရာက စတယ်လို့ဆိုပါတယ်။
အဲဒီအချိန်က ဘုရင်များဟာ တစ်နှစ်မှာ တစ်ခါ
ဦးခေါင်းတော်ဆေးတဲ့ မင်္ဂလာကို ကျင်းပလေ့ရှိပါတယ်။
မြန်မာမင်းများစွာ ကလည်း အဲဒီအချိန်ရောက်ယင် ယခုမော်လမြိုင်မှာရှိတဲ့ မုတ္တမကွေ့က ခေါင်းဆေးကျွန်းမှာ ခေါင်းဆေးမင်္ဂလာပြုကြပါတယ်။
အကျနေ့
ဒီနေ့မှာတော့ သိကြားမင်းဟာ နတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက် လာပါတယ်။ ဒီလိုဆင်းလာတဲ့အချိန်ကို သိစေဖို့ သင်္ကြန်အမြောက်ကိုဖေါက်ပါတယ် ။
အဲဒီအခါ လူတွေဟာ အတာအိုးထဲရေထည့်ကာ
သပြေခက်နဲ့ မြေကြီးကို ရေဖြန်းလို့ ရှိခိုးပူဇော်ကြပါတယ်။
ဒီအခါမှာ ဘုရင့်ဆရာများဖြစ်တဲ့ အိန္ဒိယကဇာတ်မြင့်မျိုးနွယ် ဗြဟ္မဏ်ဇာတ်ဝင် ပုဏ္ဏားက နောင်လာမဲ့နှစ်အတွက် ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ်ကြေငြာပါတော့တယ်။ ဒီဟောကိန်းကိုတော့ သိကြားမင်း ဘာတိရစ္ဆာန်ကို စီးပြီး
ဘာကိုင်လာသလဲဆိုတာကို အခြေခံပြီးဟောတာဖြစ်ပါတယ်။
ခလေးတွေကို ဒီအချိန်မှာ လူကြီးတွေပြောလေ့ရှိတာက
ကောင်းတာလုပ်တဲ့သူတွေရဲ့ အမည်စာရင်းကို သိကြားမင်းက ရွေပုရပိုက်မှာ ရေးမှတ်ပြီး ဆိုးသွမ်းသူတွေရဲ့ နံမယ်ကို ခွေးသားရေ ပုရပိုက်မှာ ရေးမှတ်တယ်လို့ ပြောလေ့ရှိပါတယ်။
တကယ်တော့ သင်္ကြန်ဟာ ဟိန္ဒူဝါဒ ယုံကြည်မှု ထုံးတမ်းစဉ်လာတစ်ရပ်က ဆင်းသက်လာခဲ့တာပါ။ ဒါပေမဲ့ ရှေး ပညာရှင်က၀ိများက ဒါကို ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ အဆုံးအမများနဲ့ ပြုပြင်ယူခဲ့ကြပြီး နှစ်သစ်ကူးက စလို့ ရှင်ပြုခြင်းဓလေ့၊ ဘုရားကျောင်းကန်များမှာ ဥပုသ်သီလစောင့်ခြင်းဓလေ့၊ လူကြီးသူမတွေကို ခေါင်းလျှော်ပေးခြင်းခြေသည်းလက်သည်းညှပ်ပေးခြင်း၊ သတ္တ၀ါတွေကို ဘေးမဲ့ပေးခြင်းဓလေ့ တွေနဲ့ပေါင်းစပ်ပေးခဲ့ပါတယ်။
မြန်မာ့သင်္ကြန်ဟာ ယဉ်ကျေးမှုများ ပေါင်းစုံခြင်းရဲ့ အမှတ်သညာတစ်ခုပါ။
နိုင်ငံတကာရဲ့ အာရုံကို စွဲဆောင်နိုင်တဲ့ ပွဲတော်ဆိုလဲမမှားပါဘူး။
ဒီလိုထူးခြားမှုတွေ အနှစ်သာရတွေနဲ့ ထုံမွှမ်းနေတဲ့ အချိန်အခါမှာ
မြန်မာတွေ မေတ္တာတရား များပွားနိုင်ကြပြီး
လူလူခြင်း နိုင်ထက်စီးနင်းပြုခြင်း ဘေးအန္တရာယ်မှ နောင်နှစ်များမှာ ကင်းဝေးနိုင်ကြပါစေ သတ္တ၀ါအပေါင်း ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးကင်းရန်ကွာကြပါစေ
ရန်သူမျိုးငါးပါး အထူးသဖြင့် မင်းဆိုးမင်းညစ်ရဲ့ရန်မှ ကင်းဝေးကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ နှစ်သစ်မှာ ဆန္ဒပြုလိုက်ပါတယ်။
(from forwarded mail)

ကမ္ဘာလည်ပတ်ရာကနေလာသော ရာဇ၀င် ။
ဒ်ီတစ်ခုကတော့ ဗုဒ္ဓ၀င်ကျမ်းတွေနဲ့ ဗေဒင်ပညာတွေနဲ့ ဆက်စပ်တယ်။
ကမ္ဘာကြီးက နေကို လှည့်နေတာဟာ မိဿရာသီက စတင်ပြီးကြည့်ရင်
ပြိဿ ၊မေထုန်……..မိန် ရာသီကိုရောက်တဲ့ အခါ သူရိယသိဒ္ဓ န္တကျမ်းအရ (၃၆၅)ရက် ၊ (၆) နာရီ ၊ (၁၂)မိနစ် ၊ (၃၇)စက္ကန့် ပြည့်ပြီး တနင်္ဂနွေ ရ၀ိဖုဋဂြိုလ်စင် က မိဿရာသီအစ သုညအင်္သာ ကို ၀င်တယ်လို့ သတ်မှတ်တယ်။
အဲဒီဝင်စအချိန်မှ ကူးပြောင်းခြင်းစတယ်။
ဆိုလိုတာက သင်္ကြန်ကျတယ်။
ဒါပေမယ့် တကယ်တမ်း နှစ်သစ်ကို မကူးသေးဘူး။
နောက် ထပ် (၂)ရက်၊(၄)နာရီ၊(၄) မိနစ် ၊ (၄၀)စက္ကန့်ကြာမှ နှစ်သစ်ကူးပါတယ်။
ဒီတော့ နေသွားလမ်းကို (၁၂) ရာသီခွင်နဲ့ ညှိပြီး လသွားလမ်းနဲ့ ပြက္ခဒိန် ရေးထားတဲ့ မြန်မာတွေ အတွက် တန်ခူးလမှာ ကျရောက်လာတယ်။
သဘာဝကျတာတစ်ခုက တန်ခူး ဆိုတာကိုက တာကူးဆိုတာကနေ ဖြစ်လာတယ်။ တနင်္ဂနွေ ရ၀ိဖုဋဂြိုလ်စင် က မိဿရာသီသို့ ကူးတာကို ရည်ရွယ်ပြီး
ရှေးမြန်မာပညာရှိတွေ အမည်ပေးခဲ့တယ်လို့ ဆိုပါတယ်။
တန်ခူး လို့ နောက်ခေါ်လာကြတော့ အနက်ကတော့ ပြောင်းသွားတယ်။
တန် (၀ါ)တန်းက ထန်း လို့ အဓိပ္ပါယ်ရတယ်။
ခူးက ဆွတ်ခူးတယ်။
ဒီတော့ ထန်းသီးခူးတဲ့ လလို့ ဖြစ်နေတယ် ။
တာကူးကနေ ပြောင်းလာတယ်ဆိုတာပဲ မှတ်ထားတာကောင်းမယ်။
ဗုဒ္ဓဘာသာကျမ်းများမှာ ဒီကာလ အခါမှာ ဘုရားရှင်ရဲ့ အမေဘက်က အမျိုးတွေ ဖြစ်လာမယ့် ဒေ၀ဒဟပြည်က မင်းသားမင်းသမီးတွေ ရေကစားကြတယ်။
ဒေ၀ ဆိုတာ နတ်လို့ ပဲ ဘာသာပြန်လို့ မရဘူး ။
မင်းသား၊မင်းသမီးလို့လဲ အဓိပ္ပါယ်ရှိသေးတယ်လို့ သီတဂူဆရာတော်ဟောပါတယ်။ အခုရက်ပိုင်းသတင်းစာတွေမှာ ဒေ၀ဒဟ = နတ်ရေကန် လို့ ရေးကြတာတွေ့လိမ့်မယ်။
( နတ် ဆိုတဲ့ စာလုံးရဲ့ အဓိပ္ပါယ် အကျယ်တွေကို အကို (၃၇) မင်းအကြောင်းတစ်စိတ်တစ်အိတ် ခေါင်းစဉ်မှာ
ကျယ်ကျယ်ဝင့်ဝင့်ရေးပေးပြီးဖြစ်လို့ ညီလေးလဲ ဖတ်ပြီးလောက်ပြီ။ )
ဒီတော့ ဒေ၀ဒဟ = မင်းသား၊မင်းသမီးများရေကစားသော ရေကန် လို့ ပြန်ရင်ပိုကောင်းပါမယ်။ သမိုင်းနဲ့လဲ ကိုက်ညီပါတယ်။
ဒုတိယ ဇာတ်လမ်းမှာ ပူပြင်းသော မိန်မှ မိဿအပြောင်း ၊ ရှေးဘုရားရှင်မတိုင်မီကတည်းက ဒီရာသီမှာ ရေကစားကြတယ်။
ဒီတော့ ဗုဒ္ဓဘာသာမြန်မာတွေလဲ ဒီရာသီမှာ ရေကစားကြတယ် လို့ ပြောရင်ရပါမယ်။ ဒီဇာတ်လမ်းမှာတော့ ဆရာသိကြား မပါတော့ပါဘူး။
ဗုဒ္ဓ၀င်နဲ့ ဗေဒင်ကို အစဉ်အလာနဲ့ ညှိပြီးကစားကြတယ်လို့ ဆိုပါတယ်။
မြန်မာနဲ့ ယဉ်ကျေးမှုခြင်းတူနေတဲ့ ထိုင်း ၊ လာအို ၊ ကမ္ဘောဒီယားတွေမှာတော့ ဘယ်လို အစဉ်အလာရှိမယ် မသိဘူး။ ထိုင်းမှာ ( Songkran ) ကမ္ဘောဒီယားမှာ (Chaul Chnam Thmey ), လာအို(စ်) မှာ ( Pimai ) လို့ ခေါ်ကြတယ်။
နှစ်ဟောင်းက အကုသိုလ်ကို ရေနဲ့ ဆေးတာ၊ အေးချမ်းစေတာ ၊ နှစ်သစ်ကို ကြိုဆိုတာ ဆိုတာတွေကတော့ အတူတူပါပဲ ။
ဖြစ်စဉ်နှစ်ခုကနေ ကြိုက်တာကို လက်ခံလို့ရပါတယ်။
ဘာပဲဖြစ်ဖြစ် မြန်မာပြက္ခဒိန် အရ တစ်နှစ်အသက်ပိုကြီးသွားပြီ ။
နှစ်ဟောင်းမှာ လောကီ၊လောကုတ် ကုသိုလ် ၊ ပညာ၊ ဥစ္စာ ၊ ဗဟုသုတ ၊ကော်းမွန်သောခံယူချက်၊ မှန်ကန်သော အမြင် ဘာတွေ စုမိလိုက်လဲ ။
မစုမိသေးရင်တော့ (၀ါ) နည်းနည်းပဲ စုမိရင်တော့
နှစ်သစ်မှာ ပိုရအောင် ကြိုးစားနိုင်ကြပါစေ ။
(from forwarded mail)

Read more...

ငါ ကို အရှိထင်တော့ ငါ မီးလောင် ...

အများမုန်းစရာပ၊ ခါးကုန်းလို့ ဆံကေဖြူ။
အသက်ကြီးပြန်တော့၊ ပျက်စီး ကိုယ်ခန္ဓာက၊
အိုဒဏ်နာ ရန်ရှာချက်ကယ်ကြောင့်၊
ခွေယိုင်ကာ နေထိုင်ခက်လှတယ်၊
နှောက်ယှက် ဘေးထူ။

မကြားပါ နားမှာ လေးတဲ့ပြင်၊
အားမပါ သွားလာနှေးပါဘိ၊
ဝါးတောင်ဝှေး ဖေးတွယ်ကူ၊
ရှေးငယ်မူနှင့် လွန်ကွာဝေး။

အရိုးပဒေသာ အဘိုးဝေဒနာက၊
လေအလာ ကြွေကာသက်ရှာမယ့်၊
နွေအခါ ရွှေဝါရွက်လိုပ၊
မြေအလွှာ ခွေကာစက်တော့မည်ထင့်၊
ချောင်းတဟက်ဟက်ကယ်နှင့်၊
အပြောင်းခက်ပါဘိ၊
(အိုကွယ်…………) စောင်းလျက်မှိတ်မှေး။ ။

လှသိန်းဝင်း(ကနီ)

၁ ။။
ဝါးရင့် သည် တစ်ချိန်က ၀ါးနှ ပင်ဖြစ်လေသည် ။
ဝါးရင့်သည်လည်း အချိန်တန်လျှင် ၀ါးခြောက် ဖြစ်ရပေဦးမည် ။
အဆုံးတွင်တော့ ၀ါးခြောက်သည်ပင်လျှင် ဆွေးမြေ့လောင်မြိုက်ကာ ပျက်စီး ရပေဦးမည် ။ ဘ၀ ဟူသည် ဆပ်ပြာပူပေါင်းကဲ့သို့ အရောင်အဆင်း စုံလင်စွာဖြင့် ခဏတာ တောက်ပကာ ဖြိုးကနဲ့ ဖျောက်ကနဲ့ ပျောက်ကွယ်သွားတတ်ပေသည် ။ အဘယ်ကြောင့် မကြောက်မရွံ့ မေ့လျော့ ပျော်ပါးနေကြသနည်း ။

တွေ့ဆုံလာလျှင် ခွဲခွာရဦးမည် ။ မွေးဖွားလာလျှင် သေဆုံးရဦးမည် ။ မေ့လျော့ပျော်ပါးနေကြသော ကျွန်ုပ်တို့သည် သေဆုံးခြင်း တရားကို ဦးတည်နေသည်ကို သတိမှ ရပါလေစ ။
မိုးကုတ်ဆရာတော်ဘုရားကြီး သြ၀ါဒနှင့် ဆိုရသော် သားသတ်ရုံသို့ ခေါ်ဆောင်ခြင်း ခံနေရသော နွားသည် လမ်းခုလတ်၌ မြက်စိမ်းစိမ်းလေး တွေ့ရှိသဖြင့် ပျော်ပါးစားသောက် ကျေနပ်နေပြီး သေရမည်ကို မေ့နေသလိုမျိုးပင် ။

မွေးဖွားခြင်း၌ စခဲ့သော ကျွန်ုပ်တို့တွင် သေခြင်းတရားသည် ဧကန်မုချ ရှိနေလေပြီ ။ ဆပ်ပြာပူပေါင်းနှင့် တူသော ဘ၀ တစ်ခုသည် ကျွန်ုပ်တို့တွင် ရှိနေလေပြီ ။ ရရှိလာသော ဘ၀ ကို မည်သို့သော အရာမျိုးဖြင့် အလဲအထပ် လုပ်မည်နည်း ။ ကျွန်ုပ်တို့ဘ၀သည် ငွေကြေးတစ်ခုဖြင့် လုံလောက်ပြီလား ။
ဘွဲ့တွေဖြင့် လုံလောက်ပြီလား ။
ရာထူး အာဏာတွေဖြင့် လုံလောက်ပြီလား ။
ကျွန်ုပ်တို့ လူဖြစ်လာရသော ဘ၀အဓိပ္ပာယ်သည် ဤမျှဖြင့် ပြည့်စုံပြီလား ။


တစ်မျိုးဆိုရသော် ကျွန်ုပ်တို့ ခန္တာကိုယ်က ကလာပ်စည်းဆဲလ်တွေဟာ အကြောင်းအမျိုးမျိုးနဲ့ ပျက်ပြီးရင်းပျက်နေကြတယ် ။ အသစ် အသစ် ဆဲလ်တွေကလည်း ဖြစ်နေကြတယ် ။ အဲ့ဒီဆဲလ်တွေရဲ့ ဖြစ်ပျက်မှုအစဉ် ကို တကယ်ရှိနေ ၊ တည်နေတဲ့ အစုအဝေး ခန္တာပဲလို့ ထင်နေတယ် ။ ဆဲလ်တွေရဲ့ ပျက်နေမှုနဲ့ အသစ်ဖြစ်မှုတွေက မြန်ဆန်လွန်းတယ် ။ မြန်ဆန်လွန်းတဲ့ ဖြစ်ပျက်နေမှုကို သာမန်အမြင်နဲ့ မမြင်နိုင်ဘူး ။ စောစောက ကလာပ်စည်းဆဲလ်တွေဟာ အခု ကလာပ်စည်းဆဲလ်တွေ မဟုတ်တော့ဘူး ဆိုတာကို မမြင်နိုင်ဘူး ။ စောစောက ခန္တာကိုယ်ဟာ အခု ခန္တာကိုယ်မဟုတ်တော့ဘူးလို့ မမြင်နိုင်ဘူး ။ အခု ခန္တာကိုယ်ဟာ မူလခန္တာကိုယ် အရင်က ခန္တာကိုယ် မဟုတ်တော့ဘူးဆိုတာကို မမြင်နိုင်ဘူး ။ မမြင်နိုင်တော့ အဲ့ဒီ ဖြစ်ပျက်အစဉ်ရဲ့ အပေါ်ယံ သဏ္ဍာန်ကို တကယ်အဟုတ် အရှိ ထင်နေတယ် မြင်နေတယ် ။ ငါ သူ ယောက်ကျား မိန်းမ လို့ ထင်နေတယ် ။

ကျွန်ုပ်တို့ဟာ တစ်လျှောက်လုံး ဒီအထင်မှားတွေနဲ့ပဲ နှစ်ပါးသွားခဲ့ကြတယ် ။
တရစပ် ဖောက်ပြန်ပျက်စီးနေတဲ့ သဘော ၊ အသစ် အသစ် အစားထိုးနေမှု သဘောတွေကို မမြင်နိုင်ပဲ တစ်ခုခုပဲ တစ်ယောက်ယောက်ပဲ ငါပဲ သူပဲ စတဲ့ အထင်မှားမှုတွေပဲ တရစပ်ဖြစ်နေတယ် ။ အထင်မှားနေမှုများသာ တရစပ် ဖောက်ပြန်ပျက်စီးနေတယ် ။

ငါ သူ ယောက်ကျား မိန်းမ ကို အရှိထင်နေတဲ့အတွက် ၄င်းတို့အပေါ် ကပ်ညှိကာ ဒေါသ လောဘ မာန်မာန အာဃာတတရားတို့ ဖြစ်ပွားရတယ် ။ ထို ကိလေသာမီးများ ဟုန်းဟုန်းတောက်နေလို့ ကြီးစွာသော ပင်ပန်းဆင်းရဲခြင်းသည်လည်း ဖြစ်ရတယ် ။ ချမ်းသာစွာ နှစ်ခြိုက်စွာပင် မအိပ်စက်နိုင် ။ ကိလေသာမီး တောက်သောသူ၏ ညဥ့်တာသည် ရှည်လျားလွန်းလှတယ် ။ ထို့အတူ သံသရာသည်လည်း အဆုံးမရှိ ရှည်လျားလွန်းလှပေတယ် ။

ငါ သူ ယောက်ကျား မိန်းမ ကို မသိပဲ အထင်မှားနေမှုသဘောများသာ တရစပ်ဖောက်ပြန်ပျက်စီးနေမှု အမှန်တရားကို ဆင်ခြင်နှလုံးသွင်းပေးခြင်းဖြင့် အထင်မှားနေမှုမှန်း သိလာသည်နှင့်အမျှ ၄င်းတို့ အပေါ် ကပ်ညှိ လောက်မြိုက်သော ကိလေသာမီးများလည်း လျော့လေသည် ။

မင်းတို့အားလုံး ဒုက္ခနွံထဲမှာ နစ်မနေကြနဲ့တော့၊ မအို..မနာ..မသေတဲ့၊ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ အရပ်ရှိတယ်၊ အဲ့ဒီ့ကို ရောက်အောင်သွားကြ ။
ဘုရားဟောသော စကားပင် ။

ဗုဒ္ဓဘာသာဟု ခံယူပြီး ဗုဒ္ဓ့စကားကိုပင် မယုံလေသောကြောင့် နားမထောင်ကြလေသလား ၊ ဗုဒ္ဓညွှန်သောလမ်း မလျှောက်ကြလေ သလား ။

၂ ။ ။
အထက်ပါ စကားများကို ပြောပြီးနောက် မိတ်ဆွေဖြစ်သူသည် ကံဆိုသည်မှာ စိတ်တို့၏ အရိပ်တစ်ခုသာ ဖြစ်ကြောင်း ဆက်လက် ပြောဆိုနေပြန်လေသည် ။ ကျနော်သည် သူ့ကို တစ်ခွန်းမှ ပြန်မပြောနိုင်ပဲ နုတ်ဆိတ်၍သာ နေရလေသည် ။ သူသည် ကျနော့်ကို မည်သို့ မြင်သည် မသိ ။ ကျနော်၏ စိတ်အစဉ်တို့သည် အတိတ်သို့ လည်း ပြေးနေလေသည် ။ အနာဂတ်သို့လည်း ပြေးပြန်သည် ။

ဆင်ခြင်နှလုံးသွင်းမှုအပိုင်းတော့ ဟုတ်ပါပြီ ၊ ငါ ဒီ လုပ်လက်စလေးကိုတော့ ပြီးဆုံးအောင် လုပ်လိုက်ပါဦးမယ် ဟူသော အတွေးသည် ဖြစ်မိလေသည် ။ ဤ အတွေးကိုများ သူသိလျှင် ငါ ကို အရှိထင်နေသဖြင့် ငါအတွက် လိုချင်နေသေးတယ် လောဘမီးတွေ တောက်နေသေးတယ် လို့များ ပြောလေမလား ။
ကျနော့်တွင် ခိုင်မာသော အကြောင်းပြချက်တစ်ခုတော့ ရှိနေသည်မှာ ပြောစရာ လိုမည် မထင်ပါ ။ လူဆိုသည်မှာ မိမိကိုယ်မိမိတော့ မှန်တယ်ဟု ထင်သော သဘော ရှိသည် မဟုတ်ပါလား ။


" နေရာမကျတာကို နေရာမကျဘူးလို့ သိရင် နေရာကျပြီဗျာ့ ။ နေရာလည်း မကျဘဲနဲ့ နေရာကျတယ် ထင်နေတာကတော့ နည်းနည်းလေးမှ မျှော်လင့်စရာမရှိဘူးဗျာ့ ။ " ဝေဘူဆရာတော်ဘုရားကြီး ဦးကုမာရ ၏ သြ၀ါဒ ကို ပြန်လည် အမှတ်ရမိသည် ။
မိမိကိုယ် မိမိ အမှန်မြင်ရဲဖို့ အမှန်ဝန်ခံရဲဖို့ ကြိုးစားရပေဦးမည် ၊ ငါ ၏ မှန်တယ်ထင်သော အတ္တကို ချိုးနှိမ် တိုက်ဖျက် ရလေဦးမည် ဟု သတိတွေ အကြိမ်ကြိမ် ပေးနေမိသည်။

ဖတ်ဖူးသော ဗုဒ္ဓစာပေတစ်ချို့ကို အမှတ်ရလိုက်မိသည် ။
အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ ၊ အတိတ်သည် ချုပ်ပြီးပြီ ၊ အနာဂတ်သည်လည်း ရောက်မလာသေး ။ ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုသို့ဖြစ်ဆဲခဏ၌သာလျှင် အဖန်ဖန်အားထုတ်ရာ၏ ။

ကျနော်၏ စိတ်တို့ ပစ္စုပ္ပန်တည့်တည့် မကျသေးသည်မှာ သေချာလှပေသည် ။



Read more...

ဧပြီလ ၁၂-ရက်နေ့ အစီအစဉ်

မြန်မာစံတော်ချိန် ၀၀း၃၀ နာရီမှ ၃း၃၀ နာရီ ...
ဆရာတော် အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ) ဟောကြားတော်မူသော ....
မိဘကျေးဇူး ဆပ်ဖူးပြီလား။

မြန်မာစံတော်ချိန် ၃း၃၀ နာရီမှ ၁၁း၃၀ နာရီ ...
၁) သီတဂူဆရာတော် အရှင်ဉာဏိဿရ၏ မိဘများက သားသမီးအပေါ် မျှော်လင့်ချက်။
၂) ဆရာတော်အရှင်ကုသလ၏ မိဘကျေးဇူးဆပ် နန္ဒိယမျောက်မင်းဇာတ်။
၃) မြစကြာဆရာတော်၏ ကိသာဂေါတမီ (အပိုင်း ၁ နှင့် ၂)။
၎) ဖြူးဆရာတော်၏ မိဘကျေးဇူးအသက်ပေး၍ ဆပ်သူ။
၅) တွံတေးဆရာတော်၏ မိဘကျေးဇူးဆပ်ပြီးပြီလား။
၆) မြစကြာဆရာတော်၏ သပ္ပုရိသသုတ္တန် (အပိုင်း ၁ နှင့် ၂)။

မြန်မာစံတော်ချိန် ၁၁း၃၀ နာရီမှ ၁၃း၃၀ နာရီ ...
၁) ဆရာတော် အရှင်ဉာဏိဿရ၏ အာနပါနဿတိသုတ္တန်။
၂) အရှင်ဇနကာဘိဝံသ၏ သူတော်ကောင်းလက္ခဏာ။

တရားတော်များကို ထုတ်လွှင့်မည် ဖြစ်ပါကြောင်း။


Read more...

ဇရာ ( ခေါ်သံ )

သားလေး, သ္မီးလေး ၊ ခေါ်သံအေး
ဟိုးအဝေးမှာ ကျန်ခဲ့ပြီ ။

ဘိုးလေး, ဘွားလေး ၊ ခေါ်သံပေး
ဇရာတေးသံ ကြားခဲ့ပြီ ။

တယ်ဆော့သကိုး ၊ ဆိုတာမျိုး
ငုပ်လျှိုးကွယ်ပျောက် သွားခဲ့ပြီ ။

အေးအေးနေပါ ၊ ဆိုသဟာ
ကြားလာရပေါင်း များခဲ့ပြီ ။

ကျနော်, ကျမ ၊ မသုံးရ
ခဏခဏ ၊ ကြုံခဲ့ပြီ ။

ဘိုးဘိုး,ဘွားဘွား ၊ ကိုယ့်နာမ်စား
အသုံးများ၍လာခဲ့ပြီ ။

ဇရာတေးသံ ၊ ကိုယ့်အထံ
ဝဲပျံကျရောက်လာခဲ့ပြီ ။

ဇရာသီချင်း ၊ မာန်ဟုန်ပြင်း
ငြင်းကွယ်၍လည်းမရပြီ ။

သားလေး, သ္မီးလေး ၊ ခေါ်သံအေး
ဟိုးအဝေးမှာ ကျန်ခဲ့ပြီ ။



ဤကဗျာငယ်ဖြင့် သက်ကြီးပူဇော်ပွဲများကို ဂုဏ်ပြုရပါ၏။

Read more...

လွဲနေတဲ့ ဒါနများ အပိုင်း ( ၄ )

ဒါန ( ၃ )

မိဘများ သံဝေဂ ယူဖွယ် -

သူ့နာမည်က ကိုအေး၊ တရွာလုံးကတော့ သူ့ကို ရိုးလွန်း အေးလွန်းလို့ ကိုလူအေးလို့ ချစ်စနိုးခေါ်ကြတယ်၊ လူတွေအားလုံးသာမကပဲ ရွာဘုန်းတော်ကြီးကျောင်းက ဆရာဘုန်းကြီးကပါ တပည့်လိမ္မာလေး ဆိုပြီး အစစအရာရာ ချီးမြောက်ပေးတတ်တယ်၊ ဒါကြောင့်လဲ သူ့ဘ၀က အေးချမ်းနေတယ် ဆိုပါတော့၊

ချစ်စရာ ဇနီးအလိမ္မာလေးက သားယောကျာ်း မွေးတယ် ဆိုရင်ပဲ သူ့မှာ သားကို ရှင်ပြုပေးရတော့မယ်၊ အလှူလဲ ပေးဖူးတာမဟုတ်တော့ အလှူပေးဖို့အတွက် စိတ်ထဲမှာ အားခဲထားခဲ့တယ်။ ဘ၀မှာ တကြိမ်တခါမှ မကြုံဖူးတဲ့ အလှူ့ဒကာကြီး ဆိုတဲ့ အသံကိုလဲ အခေါ်မခံခဲ့ဖူးဘူးး၊ တကယ်တော့ သူလို သားယောင်္ကျားလေး ရဲ့ မိဘဖြစ်သူတိုင်း ဗုဒ္ဓဘာသာတို့ ထုံးတမ်းစဉ်လာအရ ဖြစ်နိုင်ရင် ကန်တော့ပွဲလေးနဲ့ ရှင်ပြုပေးတာမျိုး မဖြစ်ချင်ကြဘူး၊

အဲဒါကတော့ ဗုဒ္ဓဘာသာ မိဘတိုင်းရဲ့ တူညီတဲ့ ချစ်စရာ စိတ်ဓာတ်လေးပါ၊ တချို့များ အလှူပေးချင်တာတောင် သားယောင်္ကျားလေး မရပဲ သမီးတွေပဲ ရှိနေလို့ စိတ်ထဲ တနုံ့နုံ့နဲ့ မချိတင်ကဲပေါ့၊ မရှိရင် ရှိအောင် စုဆောင်းပြီး အားရပါးရ လှူချင်ကြတယ်၊သူလဲ အတူတူပဲ၊ တဦးတည်းသော သားလေး အရွယ်ရောက်အောင် စောင့်ဆိုင်းပြီး ပေးမယ်ပေါ့၊ ပတ်ဝန်းကျင်ကလဲ ပြောနေကြပြီ၊

ဟေ့ ကိုလူအေး၊ မင့်သားက အရွယ်ရောက်လာပြီ အလှူမပေးသေးဘူးလား၊

ပေးရမှာပေါ့ဗျာ -ကျုပ်လဲ တတ်နိုင်သလောက် စုဆောင်းနေတာပါပဲ၊ သွားလဲ ဒီစိတ် စားလဲ ဒီစိတ်နဲ့ ရသမျှကိုအလှူအတွက် ကြိတ်စုနေတာ၊ ကျုပ်က ခြိမ့်ခြိမ့်သဲသဲ အလှူကြီးကို ပေးချင်တာဗျ၊ ဒါမှ ကျုပ်သားလေးကို မိဘ၀တ္တရားကျေပွန်အောင် သက်သေပြရာရောက်မှာပေါ့၊

အေး စုတာလဲ စုတာပေါ့၊ မင်းကြိုးစားနေတာ တ၇ွာလုံး သိပါတယ်၊ ဒါပေမယ့် ငါတို့ကတော့ အမြန်ဆုံး အောင်အောင်မြင်မြင် ပြီးဆုံးသွားတာ မြင်ချင်လို့ပါ - လို့ သူငယ်ချင်းတွေက အားပေးစကားပြောကြတယ်၊

သူ့ရည်မှန်းချက်က သိန်း ၂၀ လောက် ရအောင် စုမယ်၊ ဒါမှ စိတ်ကူးအတိုင်း ပေးလှူနိုင်မယ်ပေါ့၊ နောက်ဆုံးတော့ကိုလူအေး ဘယ်လောက်ထိ စုသလဲ ဆိုရင် လင်မယားနှစ်ယောက်စလုံး အစားအသောက်ကို ခြိုးခြံချွေတာပြီးကိုစုတယ်၊
အလုပ်ကိုလဲ ကြိုးစားတယ်၊ ဒါပေမယ့် တောသူ တောင်သားတို့ထုံးစံအရ တောင်သူအလုပ် လုပ်နေရုံနဲ့ သိန်း ၂၀ ဆိုတဲ့ ငွေအင်အားဟာ သိပ်မလွယ်ဘူးလေ၊

မမျှော်လင့်တဲ့ တနေ့မှာတော့ အလုပ်ကြိုးစားတဲ့ ဒဏ်၊ ပင်ပန်းတဲ့ ဒဏ်တွေနဲ့ အပြင်းအထန် ဖျားပြီး သေသွားတယ်၊ သံယောဇဉ်တန်းလန်းနဲ့ သေသွားရတဲ့ ကိုလူအေးဟာ အိမ်ဝင်းထဲက တမာပင်မှာပဲ တစ္ဆေအဖြစ်နဲ့ ပရလောကမှာ သွားဖြစ်တယ်၊အလှူဒကတော့ ဖြစ်မသွားရှာဘူး၊ အလှူလဲ မအောင်မြင်ခဲ့ဘူး၊ တဦးတည်းသော သားလေးနဲ့ ဇနီးမယားကို စိတ်က စွဲနေလေတော့ အိမ်ကနေ မခွဲနိုင် ဖြစ်နေတာပေါ့၊ ဘ၀ခြားသွားပေမယ့် တနေ့ တနေ့ သားလေးနဲ့ မယားဟောင်းကိုသာ တစိမ့်စိမ့် ကြည့်နေပြီး ပီတိ
ဖြစ်နေတယ်၊

ကျန်ခဲ့တဲ့ ဇနီးလေးကို ဆွေမျိုးတွေ အားလုံးဝိုင်းပြီး ကိုလူအေး ဘ၀ကူးကောင်းဖို့အတွက် ရက်လည်ဆွမ်းသွပ် ပေမယ့်လည်း သူကတော့ ကိုယ်နဲ့မဆိုင်သလိုပဲ၊ ခြောက်တာ လှန့်တာတွေ ဘာမှ မလုပ်ခဲ့ပေမယ့် ကိုလူအေး ဒီအိမ် ပတ်ဝန်းကျင်မှာ ရှိနေသေးတယ် ဆိုတာကိုတော့ သူ့ဇနီးက သိနေခဲ့ပါတယ်၊ ( နောက်မှ ပြန်လည်ပြောပြ ခြင်းပါ )

ဒီလိုနဲ့ အိမ်ခြေတစ်ရာကျော်လောက် ရှိတဲ့ ရွာလေးမှာ တရွာလုံးက စုပ်တသတ်သတ်နဲ့ပေါ့၊ အချိန်တွေ ကုန်လွန်ခဲ့တာနဲ့အမျှ ကိုလူအေး ဆုံးသွားတာလဲ တနှစ်ပြည့်ခဲ့ပြီ ၊ နှစ်ပတ်လည် ဆွမ်းသွပ်ပွဲမှာ ငယ်ဆရာဘုန်းကြီးက ရေစက်မချခင် တရားဟောတယ်၊

အကယ်၍ မောင်လူအေး ဟာ မကျွတ်မလွတ်သေးပဲ ရှိနေသေးလျင် -

ချစ်ခြင်း( သံယောဇဉ် )ဟာ လူတွေအားလုံးကို ဒုက္ခပေးနေကြောင်း၊
အဲဒီ သမုဒယတွေ ရှိနေလို့ သတ္တ၀ါတွေအားလုံး သံသရာမှာ ကျင်လည်နေရကြောင်း၊
တကယ်တော့ ဘ၀ဆိုတာ တွေ့ ကြုံပေါင်းသင်း ဆက်ဆံခြင်းကား ကွေကွင်းနောက်ဆုံး ရှိချေတကား ဆိုတဲ့အတိုင်း သေကွဲ ရှင်ကွဲ တမျိုးမျိုးနဲ့ ကွဲကွာရမည်ကို နားလည်ထားသင့်ကြောင်း၊

ခဏတာ လူ့ဘ၀မှာ တွေ့ဆုံပေါင်းသင်းရပေမယ့် ဘ၀ခြားသွားလျင်ဖြင့် တွယ်တာ မနေတော့ပဲ ကိုယ့်သွားသင့် ရောက်သင့်ရာဘုံဋ္ဌာန ဂတိတခုခု သွားရမည်ဖြစ်ကြောင်း၊ သတ္တ၀ါ အားလုံးဟာ ကိုယ့်လမ်းကို သွားနေကြပြီး ဘယ်သူကမှ ဘယ်သူ့ကို ကူညီမပေးနိုင်ကြောင်း -- ဟောကြားနေပါတယ်၊

တရားဟောတာ မဆုံးသေးဘူး၊ တရားနာပရိတ်သတ်ထဲက ကိုလူအေးရဲ့ တူမလေး တယောက်က ရှိုက်ကြီးတငင် ငိုပါလေရော -( အမှန်က ကိုလူအေးက ၀င်ပူးပြီး စကားပြောမလို့ပါ )

တပည့်တော် မှားမှန်းသိပါပြီ ဆရာတော်ဘုရား - တပည့်တော် ဒီဘ၀ကနေ သွားပါတော့မယ် - တဲ့၊
တရားနာပရိသတ်လဲ ရုတ်ရုတ်သဲသဲ အုတ်အုတ်ကျက်ကျက် ဖြစ်သွားတယ် ၊

ဟဲ့ နင်က ဘယ်သူလဲ ဟဲ့၊ မှန်မှန် ပြောစမ်း - -

တပည့်တော် အရှင်ဘုရားတပည့် လူအေး ပါဘုရား၊ သားလေးနဲ့ ဇနီးကို ချစ်လွန်းလို့ မခွဲနိုင်ပဲ ဒီ တမာပင်မှာပဲ နေနေပါတယ်၊ အခု တပည့်တော် တရားနာပြီး သွာသင့်ရာကို သွားပါတော့မယ်ဘုရား -တဲ့၊

မင်းကို အရင်က ရက်လည် ဆွမ်းသွပ်ပေးကြတယ် မဟုတ်လား၊ မင်းက ဘယ်သွားနေလို့လဲ အမျှမရဘူးလား - -
တပည့်တော် အဲဒီတုံးကလဲ အားလုံး တရားနာ အမျှပေးနေတာကို သိပါတယ်၊ မကျွတ်ချင်သေးလို့ သာဓု မခေါ်ခဲ့တာပါ၊ အခုတော့ အရှင်ဘုရားတရားကို နာရပြီး သဘောပေါက်ပါပြီဘုရား - သာဓုခေါ်ပါတော့မယ် -တဲ့၊

ဒါကြောင့် ပရလောကမှာ မကျွတ်မလွတ်ပဲ ရှိနေသေးရင် ကာယကံရှင်ကိုယ်တိုင်က စိတ်ပါပြီး သာဓုမခေါ်လို့ကတော့ ဘယ်လောက်ပဲ ရက်လည်ဆွမ်းသွပ်နေနေ မကျွတ်နိုင်ဘူးဆိုတာ သိစေချင်ပါတယ်
်၊ အမှန်က ဆရာဘုန်းကြီးဟောတဲ့ တရားက ကိုလူအေးကို အမြင်မှန်ရစေလောက်အောင် အရှိုက်ထိ (ဟတ်ထိ )သွားတယ်။ အဲဒီဆွမ်းသွပ်ပွဲမှာ ကိုလူအေးဟာ စိတ်လက်ပါပါ သာဓုခေါ်ပြီး ကျွတ်သွားရှာပါတယ်၊

ဟိုတလောကလဲ ထိုင်းနိုင်ငံက ဒကာမကြီးတယောက်က သိန်း ၃၀ ပြည့်မှ ရှင်ပြုအလှူကို ပေးချင်လို့ စုဆောင်းနေတယ် လို့ ကြားရပါတယ်၊ ရှိတာလေးနဲ့ တတ်နိုင်သလောက် ဖြစ်မြောက် အောင်မြင်အောင် ပေးလိုက်ပါ ဆိုတာကို လက်မခံလိုဘူး ဆိုပဲ၊ မြတ်စွာဘုရားက ဟောထားတာ မနက်ဖြန်နဲ့ သေမင်း ဘယ်ဟာက နီးသလဲ ဆိုရင် မနက်ဖြန်က မသေချာဘူး ဝေးသေးတယ် သေမင်းက နီးတယ် တဲ့၊

အဇ္ဖေ၀ ကိစ္စမာတပ္ပံ၊ ကော ဇညာ မရဏံ သုဝေ၊
န ဟိ နော သင်္ဂရန္တေန၊ မဟာသေနေန မစ္စုနာ။

ဒီနေ့ ပြီးစီးနိုင်မယ့် အလုပ်ကို ဒီနေ့ပဲ ပြီးအောင် လုပ်လိုက်ပါ၊ (နောက်နေ့မှ နောက်နေ့မှ ဆိုပြီး ရွှေ့ဆိုင်းမနေပါနဲ့ )
ဘယ်နေ့ ဘယ်ရက် သေရမယ် ဆိုတာ ဘယ်သူမှ ကြိုတင် မမြင်နိုင်ဘူး၊ သေမင်းလာခေါ်ကာမှ ရက်ရွှေ့ပေးပါအုံး ဒါန သီလ ဘာဝနာတွေ လုပ်လိုပါသေးတယ် ဆိုပြီး လက်ဆောင်ပေး ( လာဘ်ထိုး )ပေမယ့် မရနိုင်ဘူး လို့ ဟောကြားထားခဲ့ပါတယ်၊

ဒါနစိတ်နဲ့ သေတာ နတ်ပြည်ရောက်နိုင်ပါတယ် ပူစရာမလိုဘူး လို့ မတွေးသင့်ပါဘူး၊ မမျှောလင့်တဲ့ သံယောဇဉ်တွေကြောင့် ဘ၀က တိမ်းစောင်းသွားနိုင်ပါတယ်၊ ဒါကြောင့် သေခါနီးလူတွေနားမှာ သူတို့ စိတ်မဖြောင့်အောင် သားသမီးတွေက မငိုသင့်ကြဘူးလို့ သတိပေးလိုပါတယ်၊

အလှူဒါနကြောင့်သားဇောသမီးဇောကြောင့် ကိုယ့်ဘ၀ကိုမနစ်မွန်းကြပါစေနဲ့ မေတ္တာဖြင့်တိုက်တွန်း
လိုက်ပါတယ်။

ဒါန ( ၄ )
ဆက်ပါအုံးမည် - -

Read more...

Pati Dana

Today in BMBMC, a Pati Dana is held in conjunction with the Qing Ming week. A Sanghikadana is organised for this event with 7 Bhikkhus. A short Dhamma talk was given by Bhante Kusara.


0 comments

Read more...

ရမ္မာဝတီ ဟစ်ကြွေးသံ

Align Centerpic source: ဗုဒ္ဓသာသနာဝင် - ပန်းချီဦးဘကြည်

ယုံကြည်ချက်အသားပေး ဆင်ခြင်ဥာဏ်အသားပေး လုံ့လအသားပေး ကြိုက်ရာရွေး!
ဤခရီး အန္တရာယ်သိပ်ကြီးတယ်၊
ဦးတည်ချက်အတွက် ပြတ်သားရမယ်…။
လိုအပ်ရင်
သင်္ခါရတွေကို လျစ်လျူရှု့ထားလိုက်…။

သေခြင်းတရားဆိုတာကို နင်ကြောက်တတ်သလို
ငါ့ရင်ခွင်ရပ်ဝန်းကလည်း ကြောက်တတ်မှာပဲ...။

ငါ့အတွက် နိဗ္ဗာန်ဆိုတာ ကြားဖူးရုံနဲ့ လုံလောက်တယ်…။
ခရီး အဝေးအနီး
ငါ့ level နဲ့ငါ ညှိမယ်
လိုက်ရဲရင် ငါ့နားဘေးထိုင်လှည့် ကဲ… စမယ်။ ။

ကိုပိန်
(၁၁.၀၄.၂၀၁၀)

သတိပြုရန်။ ။ ဤစာဖြင့် (၄၁)ရက် ထက်မနည်း သုဂတဘဂ၀ါ ရှင်တော်မြတ်ဘုရားအား ပူဇော်ကန်တော့သွား မည်ဖြစ်သည်၊ လိုအပ်လျှင် ရက်ထပ်တိုးပူဇော်သွားမည်ဖြစ်ပါကြောင်း။

ပန်းချီဓာတ်ပုံ ကူညီရှာပို့ပေးသော http://www.awdlibrary.co.cc/ အား အထူး ကျေးဇူးတင် စကားဆိုပါသည်။


Read more...

အရှင်ကောဏ္ဍည(သို့မဟုတ်) ကိုယ့်နေရာ ကိုယ့်အတ္တကို စွန့်နိုင်သူ

Saturday, 10 April 2010 15:15 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

သူတော်ကောင်းတွေရဲ့ နှလုံးသားဆိုတာ သီလ၊ သမာဓိ၊ ပညာ သိက္ခာ၃-ပါးရေပြင် ကျယ်ကြီးထဲမှာ သာယာဖြည်းညင်း တိုက်ခတ်ဆော်သွန်းလာခဲ့တဲ့ ဗြဟ္မစိုရ် လေပြည်လေညင်း ကလေးတွေကြောင့် ဖြစ်ပေါ်လာခဲ့ရတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာဆိုတဲ့ လှိုင်းကြက်ခွပ်ငယ် ကလေးတွေကိုဆိုလိုတာပါ။

တစ်နည်းပြောရရင် ကရုဏာရေပြင် ကျယ်ကြီးထဲမှာ အသိဥာဏ်ပညာဆိုတဲ့ နေရောင်ခြည် တွေနဲ့ ထိတွေ့ခွင့်ရလို့ လှပဝေဆာစွာ ဖူးပွင့်လန်းဆန်းလာခဲ့တဲ့ ဗြဟ္မစိုရ် ပဒုမ္မာ “ ရွှေကြာပန်း” ကလေးတွေပါ။

ရှေးရှေးသော သူတော်ကောင်းကြီးတွေရဲ့ နှလုံးသားကို အစဉ်အတိုင်း ပူဇော်သွားမယ်လို့ အမြတ်တနိုး စဉ်းစားမိတဲ့အခါ အရှင်အညာသိကောဏ္ဍညရဲ့ ပုံရိပ်တော်ကအဦးဆုံး စိတ်ထဲမှာ ထင်ပေါ်လာပါတယ်။ အရှင်အညာသိကောဏ္ဍညဟာ ဘုရားလောင်း ဖွားတော်မမူမီ ကပိလဝတ် နေပြည်တော်အနီး “ ဒေါဏဝတ္ထု ” မည်တဲ့ ပုဏ္ဏားရွာ၊ ဗြဟ္မဏမဟာသာလ အမျိုးမှာ မွေးဖွား ခဲ့ပြီး မိသားစုအဆက်အနွယ်နဲ့ နာမည်အတိုင်း “ ကောဏ္ဍည “ လို့ ထင်ရှားခဲ့ပါတယ်။ ငယ်နာမည် ရင်းက “ ယည “ ဖြစ်ပါတယ်။

ကောဏ္ဍညလုလင်ဟာ ကြီးပြင်းလာတဲ့အခါ ဗေဒင်သုံးပုံကို အကုန်အစင် သင်ကြားပြီး မဟာပုရိသ လက္ခဏာတော် ကျမ်းလို့ခေါ်တဲ့ ယောက်က်ျားကောင်း ယောက်က်ျားမြတ်တို့ရဲ့ ကြန်အင် လက္ခဏာနဲ့ အကျိုးအပြစ်တို့ကို ဟောကြားတတ်တဲ့ ပညာမှာ တစ်ဖက်ကမ်းရောက် တတ်မြောက်လာပါတယ်။ အဲဒီအတတ်ပညာရဲ့ ကျေးဇူးကြောင့်ပဲ အလောင်းတော် သိဒတ္ထ မင်းသားကလေးရဲ့ နာမည်မှည့် ကင်ပွန်းတပ် မင်္ဂလာပွဲမှာ ဗေဒင်သုံးပုံတတ် ပုဏ္ဏား အကျော် အမော် ၁၀၈-ဦးထဲက လက်ရွှေးစဉ်ပုဏ္ဏား ၈-ဦးကို ဆန်ခါတင်ရွှေးချယ်တဲ့အခါ ကောဏ္ဍည လုလင်ဟာ အသက်အငယ်ဆုံးပုဏ္ဏားတော်တစ်ဦးအနေနဲ့ ပါဝင်ခွင့်ရပြီး၊ တခြား ပုဏ္ဏားတွေလို လက် ၂- ချောင်းထောင်ကာ “ လူအဖြစ်နဲ့နေရင် စကြာဝတေးမင်း၊ ရဟန်းအဖြစ်နဲ့နေရင် ဘုရား ဖြစ်လိမ့်မယ် “ လို့ နှစ်မျိုး မဟောဘဲ၊ လက်ညှိုးတစ်ချောင်းထဲထောင်ကာ “ ဧကန်စင်စစ် ဘုရား ဖြစ်လိမ့်မယ်“ လို့ နှစ်မျိုး မဟောဘဲ၊ ထူးချွန်ရဲဝင့်စွာ ဟောကြားနိုင်သူ ဖြစ်လာခဲ့ပါတယ်။

နောင်တစ်ချိန် သက်တော် ၂၉-နှစ်အရွယ် အလောင်းတော် သိဒတ္ထမင်းသားဟာ တောထွက် တော်မူပြီး၊ အနောမာသောင်ကမ်းမှာ ရဟန်းပြုသွားတဲ့အခါ (မိမိနဲ့အတူ လက္ခဏာ ဖတ်ဖော် ဖတ်ဖက် ပုဏ္ဏား(၇)ဦး ကွယ်လွန်သွားလို့ တစ်ဦးတည်းကျန်ခဲ့တဲ့ ကောဏ္ဍည ပုဏ္ဏားကြီးဟာ ရဟန်းပြုနိုင်တဲ့ တခြားပုဏ္ဏားကြီးတွေရဲ့သား၎ဦးနဲ့အတူ သိဒတ္ထမင်းသားရဲ့ ဘုရားအဖြစ်ကို ရည်မှန်းပြီး ရဟန်းပြုခဲ့ကြပါတယ်။ ကောဏ္ဍညပုဏ္ဏားကြီး အပါအဝင် သူတို့ငါးဦး အုပ်စုဟာ “ပဉ္စဝဂ္ဂီ“အဖြစ် နောင်အခါ ထင်ရှားလာခဲ့ပါတယ်။ ၆နှစ်ပတ်လုံး ဒုက္ကရ စရိယာကျင့်တော်မူခဲ့တဲ့ ဘုရားအလောင်းတော်ကို ဝတ်ကြီးဝတ်ငယ် ပြုစုလုပ်ကျွေးခဲ့ကြပါ တယ်။

အလောင်းတော်ဟာ မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ကဆုန်လပြည့်နေ့မှာ ဘုရားအဖြစ် ရောက်ရှိတော်မူပြီး၊ ဝါဆိုလပြည့်နေ့မှာ ပဉ္စဝဂ္ဂီတို့ကို တရားဦး ဟောတော်မူခဲ့ပါတယ်။ အဲဒီတရားပွဲမှာ ဘုရားရှင်ရဲ့ ဓမ္မစကြာတရားကို နာရပြီး၊ အရှင်ကောဏ္ဍညဟာ ဗြဟ္မာပေါင်း ၁၈-ကုဋေနဲ့ အတူ လူသားတွေထဲက အဦးဆုံး သစ္စာလေးပါးကို ထိုးထွင်းသိမြင်သူ ဖြစ်တာမို့ “အညာသိ ဝတ ဘောကောဏ္ဍညော = အို အချင်းတို့ ကောဏ္ဍညတော့ သစ္စာတရားကို သိသွားပြီ”လို့ ဘုရားရှင် ကိုယ်တော်တိုင်က ဥဒါန်းကျူးရင့်တော်မူခဲ့ပါတယ်။ အဲဒါကို အကြောင်းပြုပြီး အရှင်ကောဏ္ဍညဟာ “အညာသိ ကောဏ္ဍည“လို့ သမိုင်းတွင်ကာ ထင်ရှားတော်မူလာခဲ့တာပါ။

အရှင်ကောဏ္ဍညဟာ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅-ရက်နေ့ မြတ်စွာဘုရား ဟောကြားတော်မူတဲ့ အနတ္တလက္ခဏသုတ္တန် ဒေသနာတော်အဆုံးမှာ ရဟန္တာအဖြစ် ရောက်တော် မူခဲ့တာပါ။ ရဟန္တာဖြစ်တော်မူပြီးတဲ့နောက် ၁-နှစ်ခန့်အကြာ လောက်မှာ အရှင်အညာသိ ကောဏ္ဍညဟာ ရှင်တော်ဘုရားရဲ့ ရှေ့တော်မှောက်ကနေ ကွယ်ပျောက် သွားတော်မူခဲ့ပြီး ၁၂- နှစ်ကြာမှ ရှင်တော်ဘုရားရဲ့ရှေ့တော်မှောက်မှာ တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ၁၂-နှစ်လုံး ကွယ်ပျောက်တော်မူနေခြင်းရဲ့ အကြောင်း ဖြစ်ရပ် ကို လေ့လာကြည့်မှ အရှင်အညာသိ ကောဏ္ဍညရဲ့ မြင့်မြတ်လှပပြီး ချစ်ခင်ကြည်ညို ဖွယ်ရာ ကောင်းတဲ့ သူတော်ကောင်းပီသမှုကို ကြည်နူးစွာ ဖူးတွေ့ရပါတယ်။

အရှင်အညာသိကောဏ္ဍညမှာ (က)သူတစ်ပါးကို ညှာတာထောက်ထားတတ်တဲ့ (ခ) လောကုတ္တရာ တရားကိုမြတ်နိုးခုံမင်တတ်တဲ့ (ဂ)သူတစ်ထူးရဲ့ ကျေးဇူးကို ပေးဆပ်တတ်တဲ့ နှလုံးသား ရှိတော်မူပါတယ်။ အဲဒီအကြောင်းကိုအနည်းငယ်ချဲ့ထွင် ပြောပြချင်ပါတယ်။

ရှင်တော်ဘုရားရဲ့ သာသနာတော်မှာ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝက ရဟန်းသံဃာတော်တွေ စုံညီစွာ ဖြစ်ပေါ်လာတဲ့အခါ ဆွမ်းခံချိန်မှာ သာဝကအားလုံး ဝါစဉ်အတိုင်း ဘုရားရှင်ရဲ့နောက်တော်ပါးက ကြီးစဉ်ငယ်လိုက် ဆွမ်းခံကြွတော်မူကြရပါတယ်။ မြတ်စွာဘုရား တရားဟောကြားတော်မူတဲ့အခါမှာတော့ သံဃာစဉ်ရဲ့အလယ်ဗဟို တန်းဆာ ဆင်ထားတဲ့ ဗုဒ္ဓါသန ဓမ္မပလ္လင်တော်မှာ ဘုရားရှင် ထိုင်တော်မူပြီး ရှင်တော်ဘုရားရဲ့ လက်ျာနံပါး မှာ ဓမ္မသေနာပတိ = အရှင်သာရိပုတ္တရာ၊ လက်ဝဲနံပါးမှာ ဓမ္မပုရောဟိတ = အရှင်မဟာမောဂ္ဂလာန် တို့ ထိုင်တော်မူကြရပါတယ်။ အဲဒီ အဂ္ဂသာဝကမထေရ် ၂ - ပါးရဲ့ နောက်ကျောဘက်မှာ အရှင်အညာသိ ကောဏ္ဍညအတွက် နေရာခင်ထားပြီး၊ ကျန်ရဟန်း တော်တွေ အားလုံးဟာ အရှင် ကောဏ္ဍညကို ဘယ်ညာဝန်းရံကာ ထိုင်တော်မူကြရပါတယ်။

အဂ္ဂသာဝကနှစ်ပါးဖြစ်တဲ့ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ဟာ အရှင် အညာသိ ကောဏ္ဍညမထေရ်မြတ်က သာသနာတော်မှာ အဦးအစ သစ္စာလေးပါးတရား သိသူ ဖြစ်တော်မူတာကြောင့်ရယ်၊ အရွယ်တော်အားဖြင့်လည်း၊ မိမိတို့ထက် ကြီးသူဖြစ်တာကြောင့်ပါ အရှင်အညာသိကောဏ္ဍညမထေရ်ကို လွန်စွာမြတ်နိုး တန်ဖိုးထားကြတာမို့ မိမိတို့က ရှေ့ဆုံး နေရာဦးမှာ နေထိုင်ကြရပေမယ့် ချစ်ကြောက်ရိုသေဖြစ်ကာ မရဲမဝံ့ရှိတော်မူကြသလို၊ ရှက်နိုး အားနာတော် မူကြပါတယ်။ ဒီလိုအခြေအနေကို ရိပ်စားသိရှိတော်မူတဲ့ အရှင်အညာသိ ကောဏ္ဍညဟာ “ဒီအဂ္ဂသာဝက ၂-ပါးတို့ဟာ ဒီလိုနေရာဦးကို ရဖို့အတွက် တစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် ပါရမီတွေကို ဖြည့်ဆည်းခဲ့ရတာ။ ယခုအခါနေရာဦးမှာ ထိုင်နေကြ ရပေမယ့် မရဲမဝံ့ရှိတော်မူကာ ငါ့ကို ရှက်နိုး အားနာနေတော်မူကြတယ်။ အဂ္ဂသာဝကနှစ်ပါး ချမ်းသာစွာနေနိုင်ဖို့ ငါတခြားနေရာကို သွားမယ်”လို့ ဆုံးဖြတ်တော်မူခဲ့ပါတယ်။ ဒါဟာ ယဉ်ကျေး ပျူငှာတဲ့ နှလုံးသားတစ်ခုရဲ့ လှပတဲ့ ငဲ့ကွက်မှုတစ်ခု ဖြစ်ပါတယ်။

အရှင်ကောဏ္ဍညဟာ ဘုန်းကံကြီးမားတဲ့ မဟာသာဝကကြီးတစ်ပါး ဖြစ်တော်မူပါတယ်။ မထေရ်မြတ်ရဲ့ ဂုဏ်ကျေးဇူး သတင်းကောင်းတွေက ဒီစကြာဝဠာမှာသာမက တခြားသော စကြာဝဠာ တစ်သောင်းမှာရှိတဲ့ နတ်ဗြဟ္မာအပေါင်းတွေအထိ ပျံ့နှံ့မွှေးကြိုင်တော်မူပါတယ်။ ဒါကြောင့်မို့ နတ်လူတွေဟာ ရှင်တော်ဘုရားထံ သွားရောက်ပြီး ပန်း၊နံ့သာ စတာတွေနဲ့ လေးမြတ် ကော်ရော် ပူဇော်ပြီးတဲ့အခါ “ မထေရ်မြတ်ကြီးဟာ လူလောကမှာ သစ္စာလေးပါး တရားထူးကို လက်ဦးအစ သိမြင်တော်မူသော မဟာသာဝကကြီး ဖြစ်တော်မူပါပေတယ်” လို့ အရှင်ကောဏ္ဍည မထေရ်မြတ်ထံ ဆည်းကပ်ပြီး တစ်ဖန် ပူဇော်တတ်ကြပြန်ပါတယ်။

မိမိရဲ့ အနီးထံမှောက် လာရောက်ကြသူတွေကို သင့်လျော်လျောက်ပတ်တဲ့ တရားစကား ဟောကြားမူ၊ ပဋိသန္ဓာရ နူတ်ဆက်စကား ပြောဆိုရမှုဆိုတာ သာသနာတော်ရဲ့ ယဉ်ကျေးမူ ထုံးစံတစ်ခု ဖြစ်ပါတယ်။ ဒီဓလေ့ ထုံးစံနဲ့ မိမိရဲ့ ဖလသမာပတ်နဲ့ ချမ်းသာစွာနေထိုင်ရမှု (အရိယဝိဟာရ)တို့ ပလိဗောဓ၊ ဝိရောဓိဖြစ်လာတဲ့အခါ အရှင်ကောဏ္ဍည မထေရ်မြတ်ဟာ လူသူပရိသတ်တို့ဝေးရာ ဟိမဝန္တာကို ထွက်ခွာကြွချီတော်မူခဲ့ပါတယ်။ ဘုန်းကြီး လာဘ်များ၊ နာမည်ကျော်ကြား မှုဆိုတဲ့ လာဘသက္ကာရ သိလောက လောကီအဆိပ်အတောက်များဟာ ရဟန္တာအရှင်မြတ်ကိုတောင် အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။

လောကီမှုတွေကို ငြီးငွေ့တော်မူပြီး လောကုတ္တရာ ဖလသမာပတ် ဝင်စားခြင်းကိုသာ အလေး ဂရုပြုတော်မူတဲ့ အရှင်ကောဏ္ဍညဟာ ရှင်တော်ဘုရားထံ ခွင့်ပန်တော်မူကာ ဟိမဝန္တာ တောအုပ်အတွင်း ဆဒ္ဒန်အိုင်အနီးမှာရှိတဲ့ မဏ္ဍာကိနီ ရေကန်ဆိပ်ကမ်းကို ကြွလှမ်း တော်မူခဲ့ ပါတယ်။ အဲဒီဆဒ္ဒန်အိုင်မှာပဲ ရှေးအခါက ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေကိုပြုစု လုပ်ကျွေးမူနဲ့ အလေ့အကျင့် ရှိပြီးသား သက်တမ်းရှည် ဆင်လိမ္မာ ရှစ်ထောင်တို့ရဲ့ အလှည့်ကျ လုပ်ကျွေးမှုကို ခံယူပြီး အရှင်ကောဏ္ဍညဟာ ၁၂-နှစ်ပတ်လုံး ဖလသမာပတ် ဝင်စားကာ ချမ်းသာစွာ သီတင်း သုံး နေတော်မူပါတယ်။

အာယုသင်္ခါရ ကုန်ဆုံးလို့ ပရိနိဗ္ဗာန် ဝင်စံခါနီးအချိန်မှာ ရှင်တော်ဘုရားထံ နောက်ဆုံး အဖူးအမြော်ရောက်ခဲ့ပြီး ၁၂- နှစ်ပတ်လုံး တရိုတသေ ပြုစုလုပ်ကျွေးခဲ့သော ဆင်အပေါင်းတို့ရဲ့ ပြုနိုင်ခဲသောအမှုကို တုံ့ပြန်ကျေးဇူး ပေးဆပ်တဲ့အနေနဲ့ ဆဒ္ဒန်အိုင်အနီးက သင်္ခန်းကျောင်း ငယ်ကလေးမှာပဲ အရှင်ကောဏ္ဍညမထေရ်ဟာ ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်းတော်မူခဲ့ပါတယ်။ လူသူမနီးတဲ့ ဟိမဝန္တာတောကြီးထဲမှာ ဆင်ပေါင်းရှစ်ထောင်နဲ့တကွ နတ်, သိကြား, ဗြဟ္မာ ပရိတ်သတ်တွေက ကြီးကျယ်ခမ်းနားစွာ ပူဇော်ကြပြီး ရဟန်းတော်ပေါင်း ၅၀၀ ဟာလည်း ကောင်းကင်ခရီးနဲ့ ကြွလာတော်မူကာ တစ်ညဥ့်လုံး တရားတော်များနဲ့ ရွတ်ဖတ်ပူဇော်ကြ ပါတယ်။

အရှင်အညာသိကောဏ္ဍညမထေရ်ရဲ့ သာဓုကီဠန ပူဇော်ပွဲသဘင်မှာ အရှင်အနုရုဒ္ဓါမထေရ် တရားဟောတော်မူလို့ နတ်ဗြဟ္မာ အများအပြား ကျွတ်တမ်းဝင်ကြပါတယ်။

အရှင်အညာသိကောဏ္ဍညရဲ့ ဓာတ်တော်များကို ရဟန်းတော်တွေဟာ ရေစစ်နဲ့ အပြည့်ယူ ယူဆောင်တော်မူလာခဲ့ပြီး ဝေဠုဝန်ကျောင်းတိုက် တံခါးမုခ်က အသင့်စောင့်ကြို နေတော်မူတဲ့ မြတ်စွာဘုရားရှင်ရဲ့ လက်တော်သို့ အပ်နှင်းတော်မူကြပါတယ်။ ရှင်တော်ဘုရားဟာ ဓာတ်တော် ထည့်ထားတဲ့ ရေစစ်ကို လက်တော်နဲ့ကိုင်တော်မူပြီး သံဝေဂတရားစကား ဟောကြားတော်မူကာ မဟာပထဝီမြေကြီးဆီ လက်ဆန့်တန်းတော်မူလိုက်ပါတယ်။ အဲဒီခဏမှာပဲ မြေကြီးထဲက ငွေခရုသဏ္ဍန် စေတီကြီးတစ်ဆူ ပေါ်ထွက် တော်မူလာ ခဲ့ပါတယ်။ ရှင်တော်ဘုရား ကိုယ်တိုင် အရှင်အညာသိကောဏ္ဍညရဲ့ ဓာတ်တော်တွေကို အဲဒီစေတီတော်ထဲမှာပဲ ထည့်သွင်း ဌာပနာ တော်မူလိုက်ပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ကမ္ဘာတစ်သိန်းကာလက ပဒုမတ္တရ မြတ်စွာဘုရားရဲ့ ခြေတော်ရင်းမှာ ဆုပန်တော်မူခဲ့ပြီး ဂေါတမ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်မှာ သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိသူတွေထဲမှာ အဦးဆုံးအမြတ်ဆုံးဖြစ်ကာ သာဝကရဟန်းတော်တွေထဲမှာ ဝါအကြီးဆုံးဆိုတဲ့ “ရတ္တညူဧတဒဂ်ဘွဲ့ထူး”ကို ဆွတ်ခူးတော်မူနိုင်ခဲ့တဲ့ အရှင်အညာသိ ကောဏ္ဍညရဲ့ ပါရမီခရီး အောင်မြင်စွာ ပြီးစီးသွားခြင်း အထိမ်းအမှတ်တစ်ခုပဲ ဖြစ်ပါတယ်။

သူတော်ကောင်းနှလုံးသားနဲ့ ရှင်သန်ရတာဟာ ဘဝမှာ အင်မတန်မင်္ဂလာရှိပါတယ်။ သူတော်ကောင်းနှလုံးသား ရှိနေသူတွေအဖို့ ခန္ဓာဝန်ပဲဖြစ်ဖြစ်၊ လူမှုဝန်ပဲဖြစ်ဖြစ် လောကဝန်ပဲ ဖြစ်ဖြစ် ထမ်းရွက်သမျှ အမှုကိစ္စတိုင်းဟာ အများအတွက် အကျိုးစီးပွား ဖြစ်ထွန်းရုံ သာမက မိမိအတွက်လည်း အလွန်ကျေနပ် ကြည်နှုးဖွယ် ကောင်းပါသည်။

အရှင်အညာသိကောဏ္ဍညရဲ့ သူတော်ကောင်းနှလုံးသားကို ကြည်ညိုသဒ္ဓါပွားခွင့် ရတာဟာ ပဋ္ဌာန်းဒေသနာတော်ထဲက “ နတ္ထိပစ္စည်း “ ကိုသတိရအောက့်မေ့ဖွယ် ဖြစ်စေပါသည်။ နတ္ထိပစ္စည်းဆိုတာ တစ်စုံတစ်ရာ မရှိတော့ခြင်းကြောင့် နောက်ထပ်တစ်စုံတစ်ရာ အကျိုးကျေးဇူး ဖြစ်ထွန်း ပေါ်ပေါက်လာခြင်းကို ဆိုလိုတာပါ။ အနောက်အရပ်မှ နေဝန်းကြီး ကွယ်ပျောက် သွားတဲ့အခါ အရှေ့အရပ်မှာ လမင်းကြီး ထွက်ပေါ်လာတာမျိုး ဖြစ်ပါတယ်။ ယခုလည်းပဲ အရှင်အညာသိကောဏ္ဍညဟာ သံဃာပရိသတ်ထဲမှာ မိမိရှိနေခြင်းကြောင့် အဂ္ဂသာဝက နှစ်ပါး အတွက် အနေကြုံကာ မလွတ်မလပ်ဖြစ်နေတဲ့ အခက်အခဲကို သံဃာ ပရိသတ်ထဲမှာ မိမိမရှိ အောင် စီမံခြင်းဖြင့် အဂ္ဂသာဝကနှစ်ပါးအတွက် လွတ်လပ်ချမ်းသာစွာ နေထိုင်ရမှုကို ဖန်တီး ပေးသွားတော်မူပါတယ်။ ဒါဟာ နတ္ထိပစ္စည်းနဲ့ အရှင်အညာသိကောဏ္ဍညက အဂ္ဂသာဝက နှစ်ပါးကို ကျေးဇူးပြုသွားခြင်း ဖြစ်ပါတယ်။

အရှင်အညာသိကောဏ္ဍဟာ အနတ္တလက္ခဏသုတ္တန်တရားနဲ့ ရဟန္တာဖြစ်တော်မူခဲ့သူပီပီ အများ အကျိုး စီးပွားကိစ္စတွေမှာ မိမိအတ္တကိုဖယ်ရှားပြီး သူတစ်ပါးအတ္တကို ရှေ့တန်းတင် နေရာပေး လေးစားနိုင်ဖို့ ပုထုဇဉ်လောကကို စံနမူနာပြသွားခြင်းလည်း ဖြစ်ပါတယ်။

ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားကြင်နာတတ်တဲ့ သူတော် ကောင်း လောကမှာ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းဟာ သဘောတံထွာ ဓမ္မတာတစ်ခု ဖြစ်ပေမယ့် ကိုယ်ကျိုး စီးပွားအတွက်ဆို နေရာရအောင် အရင်ဦးယူတတ်တဲ့ သာမန်ပုထုဇဉ်လောက မှာတော့ အင်မတန်ပြုနိုင်ခဲတဲ့ အမှုကိစ္စကြီးတစ်ခု ဖြစ်ပါတယ်။ တကယ်တော့ နေရာကောင်း ဆိုတာ အများချမ်းသာအောင် ဆောင်ရွက်နိုင်မှသာ ရယူထိုက်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကိုယ့်နေရာ ကိုယ့်အတ္တကိုစွန့်ပြီး အများအကျိုး၊ လောကအကျိုး၊ သာသနာတော်အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသူတိုင်းကို ဒီဆောင်းပါးနဲ့ ဦးညွတ်ဂုဏ်ပြုလိုက်ပါတယ်။

ကျမ်းကိုး

၁။ အပဒါန်အဋ္ဌကတာ ( ပထမတွဲ )

` ၂။ အဂုၤတၱိဳအ႒ကထာ ( ပထမတြဲ )

၃။ မဟာဗုဒ္ဓဝင် ( ဆဋ္ဌမတွဲ )

တော်ဝင်နွယ်



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP