* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, April 10, 2010

ဓမ္မပဒ (၅၆)

(၅၆)
တောင်ဇလပ်ပန်း၊ စန္ဒကူးပန်းတို့၏ အနံ့သည်
အနည်းငယ်မျှသာ ဖြစ်၏။ သီလရှိသော သူတို့၏
သတင်းအနံ့သည် ထူးကဲ လွန်မြတ်သူဖြစ်၍
နတ်ပြည် ဗြဟ္မာပြည်တို့၌လည်း ပျံ့နှံ့ ကြိုင်လှိုင်၏။

(56)
Faint is the gragrance
of tagara and sandal,
but excellent is the fragrance
of the virtuous,
wafting even amongst the gods.


မြန်မာစံတော်ချိန် ၀၀း၃၀ နာရီမှ ၆း၃၀ နာရီ ...
ဆရာတော် အရှင်ပညိဿရ ဟောကြားတော်မူသော ...
၁) လောကဓံကို သည်းခံပါ၊
၂) ကိုယ်လျှောက်နေတဲ့လမ်း၊
၃) ဘ၀နဲ့ ရင်းရတဲ့ ဒါန၊

မြန်မာစံတော်ချိန် ၆း၃၀ နာရီမှ ၁၃း၃၀ နာရီ ...
မဟာစည် ဆရာတော်ဘုရားကြီးမေး၍ မင်းကွန်းတိပိဋကဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ ဖြေကြားတော်မူသော ... ဆဋ္ဌသင်္ဂါယနာတင် အမေးအဖြေ တရားတော်များမှ ...
၁) ကုလူပကသဒ္ဓမ္မ ပဋိရူပကသုတ္တန်၊
၂) မဟာသီဟနာဒသုတ္တန်၊
၃) ရဟန်းငါးရာဝတ္ထု၊ ပတိပူဇိကာဝတ္ထု၊ ထင်းခုတ်သမားဝတ္ထု
၎) ဓမ္မသန၀တ္ထု၊ တိဿသာမဏေ၊ ပဉ္စဥပသကာဝတ္ထု၊
၅) ဒုကုဋ်အာပါတ်တော် ၀ိနည်းတော်၊
၆) နိသိဝိနည်းတော်၊
၇) ယမကသုတ်၊ ရှင်နာဂီယသုတ်၊
၈) ခေါမဒုဿသုတ်၊

မြန်မာစံတော်ချိန် ၁၃း၃၀ နာရီမှ ၂၂း၃၀ နာရီ ...
ဓမ္မဒူတတောရ ဒေါက်တာအရှင်ပညိဿရ ဟောကြားတော်မူသော ...
၁) အားထုတ်နည်းသင်အလုပ်ပေးတရား
၂) တရားဘာကြောင့် ကျင့်ရသလဲ
၃) မာယာခရီး
၎) အမြတ်ဆုံးတရား (၆)ပါး
၅) ဥပုဒ်ဘာကြောင့် စောင့်ရတယ်
၆) အပ္ပါယ်တံခါးပိတ်ထားကြစို့
၇) တစ်နေ့ကုန်သွားရင်
စသည့်တရားတော်တို့ကို ထုတ်လွှင့်မည် ဖြစ်ပါကြောင်း။

Read more...

Meditation Retreat Announcement (USA)


SVA Announcement 1



Read more...

*စိတ်ကိုကောင်းအောင်၊စည်းကမ်းရှိအောင်ပြုလုပ်နေသောအ၇ာ (၁၄) ခု*

Written by တောသားလေး 0 အကြံပြုပါသည်။ Posted in:

မိမိရဲ့ စိတ်ကို ကောင်းအောင်၊ စည်းကမ်းရှိအောင်ပြုလုပ်နေသောအ၇ာ ၁၄ ခုကတော့ အောက်ဖော်ပြ
အချက်တို့ဘဲဖြစ်ပါတယ်။
၁။ ယုံကြည်မှုတရား(သဒ္ဓါ)
၂။ မမေ့မလျော့ခြင်း(သတိ)
၃။ မကောင်းမှုပြုရမှာရှက်ခြင်း(ဟိရိ)
၎။ မကောင်းမှုပြုရမှာကြောက်ခြင်း(သြတ္တပ)
၅။ လိုချင်တပ်မက်မှုမရှိခြင်း(အလောဘ)
၆။ မခက်ထန်ခြင်း(အဒေါသ)
၇။ ပညာရှိခြင်း(အမောဟ)
၈။ သူတစ်ပါး၏အကျိုးကိုလိုလားခြင်း(မေတ္တာ)
၉။ ဆင်းရဲသူကိုမြင်လျှင်ကယ်တင်လိုခြင်း(ကရုဏာ)
၁၀။ သူတစ်ပါးပြည့်စုံကြွယ်ဝချမ်းသာသည်ကို မြင်လျှင် ၀မ်းမြောက်ဝမ်းသာရှိခြင်း(မုဒိတာ)
၁၁။ လစ်လျူရှုနိုင်ခြင်း(ဥပေက္ခာ)
၁၂။ သမ္မာဝါစာ(ကောင်းသောစကားကိုဆိုခြင်း)
၁၃။ သမ္မာသမ္မန္တ(ကောင်းသောအလုပ်လုပ်ခြင်း)
၁၄။ သမ္မာ အာဇီဝ(ကောင်းသောအသက်မွေးမှုပြုခြင်း)

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။


Read more...

မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏တတိယအကြိမ်မြောက်အလှူတော်မှတ်တမ်း

(06-07-2009) ခုနှစ်တွင် ပရဟိတလုပ်ငန်းများကို စိတ်အားထက်သန်ကြသော ၀ါသနာတူသူငယ်ချင်း တစ်စုတို့ ပေါင်းစုလျှက် ဖွဲ့စည်းတည်ထောင်ခဲ့ကြသော ကျမတို့ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ တတိယအကြိမ်မြောက် အလှူတော်ကို မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ အုတ်ကန်ကျေးရွာ၌ တည်ရှိသော ရေနံ့သာ အနာကြီးရောဂါဆေးရုံကြီးတွင် အနာကြီးရောဂါကိုခံစားနေကြရသော အဖိုး အဖွားများနှင့် ဝေဒနာရှင်များစွာတို့အတွက် လိုအပ်သော ဆေးဝါးနှင့် အဟာရဒါန ဆန်၊ ဆီများကို သွားရောက် လှူဒါန်းဖြစ်ခဲ့ပါတယ်....။

ကျမနှင်းဟေမာတို့ ဇာတိရွာသားတစ်ဦးဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အရေပြားရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာတင့်ကျော်၏ အကူအညီဖြင့်ကျမနှင်းဟေမာ နှင့် အနာကြီးရောဂါဆေးရုံအုပ်ကြီး ဒေါက်တာမြတ်သီတာတို့ အဆင်ပြေသည့် ရက်ကိုသတ်မှတ်လိုက်ကြပြီး ( ၁၇-၀၂-၂၀၁၀ ) နေ့မှာ မန်းလေးမြို့ခံ ဆွေမျိုးမိသားစုများနှင့်အတူ မတ္တရာမြို့နယ်၊ အုန်ကန်ကျေးရွာမှ အနာကြီးရောဂါဆေးရုံကြီးသို့ နံနက် ၁၁နာရီခန့်မှာ ရောက်ရှိသွားခဲ့ပါတယ်...။


မန္တလေးမြို့မှ အထွက် ...
အုတ်ကန်ကျေးရွာ အနာကြီးရောဂါဆေးရုံကြီးအနီး
ရေနံ့သာ အနာကြီးရောဂါဆေးရုံဝန်းအတွင်း
အနာကြီးရောဂါဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်သီတာ
ဆရာမ ဒေါ်နော်ရို့စ်
ဆေးရုံးဝန်းထဲကို မ၀င်ရသေးခင်မှာပဲ ဆေးရုံအုပ်ကြီးနှင့် ဆရာမ နော်ရို့စ် အ၀င်အပါ အနာကြီးရောဆေးရုံကြီးမှ ၀န်ထမ်းများက လှိုက်လှဲဖော်ရွေစွာ ဆီးကြိုနှုတ်ဆက်ကြပါတယ်...။ သူတို့တစ်တွေရဲ့ မျက်နှာမှာ တူညီတဲ့ အပြုံး ၊ ထပ်တူကျတဲ့ မေတ္တာတရားတွေနဲ့ မွန်မြတ်တဲ့ စေတနာ ... အေးမြတဲ့ အကြင်နာအရိပ်တွေ ယှက်သန်းနေတယ်လို့ ခန့်မှန်းလိုက်မိပါတယ်...။
ကျမတို့အသင်းသားများနဲ့ ကျမ ရဲ့ စာဖတ်သူမောင်နှမများ စုပေါင်းလှူဒါန်းငွေစုစုပေါင်းငွေ နှင့် ဆန်အိတ် (သန့်စင်ပြီး)- ၁၅ လုံး နှင့် ပဲဆီသန့် (၁၅)ပိဿာတို့ ကို ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်သီတာထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး ကျမတို့ကို ဆေးရုံဝန်းထဲမှ အနာကြီးရောဂါ ဝေဒနာသည်များရှိရာသို့ သွားရောက်ဖြစ်ခဲ့ပါတယ်...။


ဆရာမ ဒေါ်နော်ရို့စ် မှ အလှူငွေလက်ခံယူနေစဉ်
အနာကြီးရောဂါဆေးရုံကြီးအတွက် လှူဒါန်းရန် ဆန် ၁၅ အိတ်နဲ့ ပဲဆီ ၁၅ ပိဿာတို့ကို ရွှေနတ်သားဆန်စက်မှ ၀င်ရောက်ဝယ်ယူခဲ့ပြီး ဆေးရုံထိအရောက် ဆန်စက်မိသားစုများမှ လိုက်ပို့ပေးကြပါတယ်...။



ဆေးရုံဝန်းအတွင်း
အနာကြီးရောဂါဆေးရုံကြီးမှ လူနာအဖိုး ၊ အဖွားများ



ရေနံ့သာ အနာကြီးရောဂါဆေးရုံကြီးမှာ စုစုပေါင်း လူနာ ၂၀၀ကျော်ရှိပါတယ်..။ လူနာဆောင်တွေမှာအမြဲတမ်းဆေးကုသမှု ခံယူလျှက်ရှိကြသော လူနာများ နဲ့ ရောဂါ ပြင်းထန်မှ တတ်ရောက် ကြသော လူနာများ ၊ သံဃာတော်များ စသည်ဖြင့် စုစုပေါင်း အဆောင် ၇ ဆောင်သို့ ရောက်ဖြစ်ခဲ့ပါတယ်...။
အနာကြီးရောဂါဝေဒနာရှင်များအတွက် နေ့စဉ်ကျွေးမွေးသော ထမင်း နှင့် ဟင်း ကိုကြည့်ပြီး ကျမ တစ်ကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်...။ ကျမသွားရောက်ခဲ့တဲ့ အချိန်မှာ ရေနံ့သာ အနာကြီးရောဂါ ဆေးရုံကြီးမှဝေဒနာသည်များအတွက် ဆေးပဒေသာပင် စိုက်ထူရန် ရည်ရွယ်ခဲ့ပေမယ့် ဆေးရုံအုပ်ကြီးနဲ့ ဆရာမများရဲ့လမ်းညွှန်မှုဖြင့် လက်ရှိအခက်အခဲများဖြစ်သော ၆လစာဆေးဝါးကုသစရိတ်နှင့် အဟာရဒါနအတွက်ကိုပဲ ခွဲခြမ်း၍ အဆင်ပြေသလို လှူဒါန်းဖြစ်ခဲ့ပါတယ်...။

ကျမတို့ရဲ့ နိုင်ငံမှာ အမှန်တစ်ကယ် လိုအပ်နေခဲ့တဲ့ ကွက်လပ်လေးတွေ များစွာရှိနေပါတယ်...။ကျမတို့ လူငယ်များအနေနဲ့ မိမိတို့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း လေးတွေမှာ ပရဟိတစိတ်ဝင်စားကြသူများက ဦးဆောင် ဦးရွက်ပြုပြီး အဆင်ပြေသလို စုပေါင်း လှူဒါန်းသွားနိုင်ကြမယ် ဆိုရင် လှူဒါန်းရသူရော အလှူခံလိုက်ရသူရော နှစ်ဦးနှစ်ဘက်လုံးမှာ တန်ဖိုးမဖြတ်နိုင်အောင် အကျိုးကျေးဇူးများလှပါတယ်...။
ကျမတို့ရဲ့ မေတ္တာကမ္ဘာအသင်းအနေနဲ့ ဒီထက်မက ခိုင်မာတဲ့ အဖွဲ့အစည်းလေးတစ်ခုဖြစ်ပေါ်လာအောင် လိုအပ်တဲ့နေရာလေးတွေမှာ လိုအပ်သလို ကူညီလှူဒါန်းခွင့်ရအောင် ၊ အထူးသဖြင့် ဤအလှူလေးဖြစ်ပေါ်လာအောင် ၀ိုင်းဝန်းလှူဒါန်းကြသော ကျမ၏ အသင်းဝင်မောင်နှမများ ၊ ဘလော့ဂါမောင်နှမများ နဲ့ စာဖတ်သူ မောင်နှမများအားလုံးကို အထူးပင်လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းကိုလည်း ဒီနေရာလေးကနေ ပြောကြားလိုက်ပါတယ်...။
နောင်လှူဒါန်းမည့် စတုတ္ထအကြိမ် ၊ ပဉ္စမအကြိမ် .....တွေမှာလည်း ကျမတို့ မေတ္တာကမ္ဘာ လူမှုကူညီရေးအသင်းနှင့် အတူ ပူးပေါင်းလှူဒါန်းကြပါဦးလို့ ကျမ နှင်းဟေမာမှ ထပ်မံ၍ နှိုးဆော်တိုက်တွန်းရင်း အလှူရှင်များစာရင်းနှင့် အလှူတော်မှတ်တမ်းများကိုပါ အများ သူငါတို့ သာဓုခေါ်ဆိုနိုင်ကြရန် အလို့ငှါ ဝေေ၀ဆာဆာ မှတ်တမ်းတင် ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါသည်...။
ကျမတို့ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်းမှ မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ အုတ်ကန်ကျေးရွာ ၊ ရေနံ့သာ အနာကြီးရောဂါဆေးရုံကြီးသို့ လှူဒါန်းခဲ့သော အလှူငွေ စုစုပေါင်းမှာ - ကျပ် ( ၁၀၂၆၅၀၀ ) ဆယ်သိန်းနှစ်သောင်း ခြောက်ထောင်ငါးရာကျပ်တိတိ ဖြစ်ပါသည်...။
ထိုအလှူတော်အတွက် တစ်တပ်တစ်အားပါဝင်လှူဒါန်းကြသော အလှူရှင်စာရင်းများကို မှတ်တမ်းတင်ရင်း အလှူငွေ စုစုပေါင်း နှင့် စာရင်းရှင်းတမ်းကို ဖော်ပြအပ်ပါသည် -

၁) ကိုဝေယျာလင်း ( စင်္ကာပူ ) - S$ 50

၂) ကိုကိုကျော်သက်ထွန်း ( စင်္ကာပူ ) - S$ 100

၃) မရတနာတင် ( စင်္ကာပူ ) - S$ 50

၎) မနှင်းဟေမာ ( စင်္ကာပူ ) - S$ 50 နှင့် မြန်မာငွေ - ၁၇၆၈၀၀ ကျပ်တိတိ
( တစ်သိန်းခုနှစ်သောင်းခြောက်ထောင်ရှစ်ရာကျပ်)

၅) ကိုကို ( စင်္ကာပူ ) - S$ 50

၆) မခင်သန္တာဝင်း ( စင်္ကာပူ ) - S$ 50

၇) ကိုမျိုးမင်းကျော် ( စင်္ကာပူ ) - S$ 50

၈) ကိုကျော်သူဟိန်း ( စင်္ကာပူ ) - S$ 20

၉) မအိဖြူဝင်း ( စင်္ကာပူ ) - S$ 20

၁၀) ကိုနေမျိုးထွန်း ( စင်္ကာပူ ) - S$ 50

၁၁) မလီလီဟွာ ( စင်္ကာပူ ) - S$ 50

၁၂) ကိုအောင်မျိုးဦး ( စင်္ကာပူ ) - S$ 80

၁၃) ကိုထွန်းလှိုင် ( စင်္ကာပူ ) - S$ 10

၁၄) ကိုကျော်လွင်ဦး (စင်္ကာပူ) - S$ 50

၁၅) ဘလော့ဂါကြည်ဖြူပိုင်(နွေဦးမိုး) - စင်္ကာပူ - S$ 10

၁၆) ကိုကျော်ဇေလှ+မပွင့်ဖြူစန်း
(Dhamma Knowledge မိသားစု) - စင်္ကာပူ - S$ 50

၁၇) ကိုဖြိုးမောင်မောင်ဖြိုး ( စင်္ကာပူ ) - S$ 20

၁၈) ကိုဇေယျာလင်း နှင့် မခင်ဖြူစင် ( စင်္ကာပူ ) - S$ 50

၁၉) ကိုတိုးကြွယ်အောင် ( စင်္ကာပူ ) - S$ 10

၂၀) ကိုသက်နိုင် ( စင်္ကာပူ ) - S$ 50

၂၁) ကိုအောင်ဇင်ကိုကို ( စင်္ကာပူ ) - S$ 20

၂၂) မအေးအေးတိုး ( စင်္ကာပူ ) - S$ 10

၂၃) အစ်ကို ပိတောက်မြေ နှင့် မမရွှေစင် - ၁၀၀၀၀၀ ( တစ်သိန်းကျပ် )
(ပိတောက်မြေမိသားစု)

၂၄) မမိုးသူဇာ ( စင်္ကာပူ ) - S$ 30

၂၅) မမျိုးမျိုးရီ ( စင်္ကာပူ ) - S$ 30

၂၆) ကိုဘိုဘိုဟန် ( စင်္ကာပူ) - S$ 40

၂၇) ကိုမြင့်ဇော် ( စင်္ကာပူ) - S$ 50

စုစုပေါင်း အနာကြီးရောဂါဆေးရုံကြီးသို့လှူဒါန်းရန် လက်ခံရရှိသော အလှူတော်ငွေ စုစုပေါင်းမှာ -
စင်္ကာပူဒေါ်လာ - S$ 1050 နှင့် မြန်မာငွေ - ၁၀၀၀၀၀ ( တစ်သိန်းကျပ်တိတိ) ဖြစ်ပါသည်။
မြန်မာပြည်သို့လွှဲပြောင်းငွေကို ရွှေရတနာ ( ပင်နီးဆူလားပလာဇာ ) မှ ပေါက်ဈေး ၁ဒေါ်လာလျှင် ၇၁၄ ကျပ်နှုန်းဖြင့်လွှဲပြောင်းငွေမှာ - S$ 1050 x 714 = 749700 ကျပ်တိတိ နှင့် မြန်မာငွေ စုစုပေါင်းမှာ (၈၄၉၇၀၀)ကျပ် -ရှစ်သိန်း လေးသောင်း ကိုးထောင် ခုနှစ်ရာ ကျပ်တိတိဖြစ်ပါသည် ...။
ငွေစာရင်းမရှင်းလင်းသည်များရှိပါက ( သို့မဟုတ် ) တစ်ခုခုလွဲမှားမှုများရှိပါက လီလီဟွာ ( ဘဏ္ဍာရေးမှူး ) ထံသို့ဖြစ်စေ ၊ မရတနာ (အတွင်းရေးမှူး )ထံသို့ဖြစ်စေ ၊ ကျမ နှင်းဟေမာ ထံသို့ဖြစ်စေ ..တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ကြပါသည် ...။

အားလုံးပဲ ... ပါရမီထိုက်သော ဒါနကိုထာဝရ ပြုနိုင်ကြပါစေ...

နှင်းဟေမာ
( စည်းရုံးရေးမှူး )
မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း ( စင်္ကာပူ )



Read more...

ဆရာဦးရွှေအောင်နှင့် အရစ္စတိုတယ်

အနောက်တိုင်း အတွေးအခေါ်တို့ကို မြန်မာဆန်ဆန်တွေးပြီး စာဖတ်ပရိသတ်အား ပြန်လည်တင်ပြသူများထဲတွင် တက္ကသိုလ်ဘုန်းနိုင်နှင့် ဦးရွှေအောင်တို့ နှစ်ဦးကို သဘောကျမိသည်။ ဝေါဟာရအသစ်များ သုံးသွားသည့်တိုင် စလုံးစခု မဖြစ်, တစိမ်းတရံစာ မဖြစ်ပဲ အတွေးထဲသို့ ပြေပြေပြစ်ပြစ် ၀င်အောင်ရေးနိုင်၍ ဖြစ်သည်။ ထိုသို့ရေးနိုင်ခြင်းမှာလည်း မြန်မာအတွေးအခေါ်ထဲမှ အနီးစပ်ဆုံးကို လွယ်လင့်တကူဆွဲယူ နှိုင်းယှဉ်နိုင်လောက်အောင် စာကျေ၍ ဖြစ်မည်။ ဆရာဦးရွှေအောင်၏ ဘ၀အမြင်သစ်ထဲမှ စာပိုဒ်တစ်ပိုဒ်ကို ကြည့်ပါ။
“အကျိုးတရား တစ်ခုကို ဖြစ်ပေါ်စေမှု၌ အကြောင်းတရားတို့သည် လေးပါး ပါဝင်ကြရ၏။ ကံလည်း လို၏။ ဉာဏ်နှင့်ဝီရိယလည်းလို၏။ ဆန္ဒလည်း လို၏။ စိတ်ထားလည်း လို၏။ ဆန္ဒ, စိတ္တ, ၀ီရိယ, ၀ီမံသ ပေါင်း လေးခုတို့ကို ဣဒ္ဓိပါဒ်လေးပါး ဟုခေါ်၏။ ဣဒ္ဓိပါဒ်လေးပါးနှင့် ပြည့်စုံမှ အကျိုးတရား ဖြစ်ပေါ်လာနိုင်၏။ ဣဒ္ဓိပါဒ်လေးပါးနှင့် ကံအကြောင်းတရားတွင် ကံသည် ဥပါဒါနကာရဏ မည်၏။ ဥပါဒါနကာရဏဟူသည်မှာ ကိုယ်ထည်အကြောင်း ဖြစ်၏။ စားပွဲလုပ်ရာ၌ သစ်သားသည် ကိုယ်ထည်အကြောင်းဖြစ်သကဲ့သို့ပင် အကျိုးပေးရာ၌ ကံသည် ကိုယ်ထည်အကြောင်းဖြစ်၏။ ဉာဏ်နှင့် ၀ီရိယသည် နိမိတ္တကာရဏ မည်၏။ နိမိတ္တကာရဏဟူသည်မှာ ဗိသုကာအကြောင်း ဖြစ်၏။ စားပွဲလုပ်ရာ၌ လက်သမားမပါလျှင် မဖြစ်သကဲ့သို့ အကျိုးပေးရာ၌လည်း ဉာဏ်နှင့် ၀ီရိယ မပါလျှင် မဖြစ်။ ထို့ကြောင့် ဉာဏ်နှင့် ၀ီရိယ ဗိသုကာအကြောင်းဖြစ်၏။ ဆန္ဒသည် ပတ္ထနာကာရဏ မည်၏။ ပတ္ထနာကာရဏဟူသည်မှာ ရည်မှန်းချက်အကြောင်း ဖြစ်၏။ ရည်မှန်းချက်မရှိလျှင် ဘာမျှ ဖြစ်မလာနိုင်သကဲ့သို့ပင် အကျိုးပေးရာ၌ ဆန္ဒမပါလျှင်လည်း ဘာမျှ မဖြစ်လာနိုင်ပေ။ ထို့ကြောင့်အကျိုးပေးရာ၌ ဆန္ဒကိုလည်း အကြောင်းတစ်ရပ်အနေဖြင့် လိုအပ်၏။ စိတ်သည် သမ၀ါယိကကာရဏ မည်၏။ သမ၀ါယိကကာရဏဟူသည်မှာ ပုံစံအကြောင်း ဖြစ်၏။ စားပွဲလုပ်ရာ၌ စားပွဲပုံစံရှိပါမှ စားပွဲကိုလုပ်၍ ရ၏။ ထို့အတူ အကျိုးတရားတစ်ခု ဖြစ်ပေါ်စေရာ၌ အကြောင်းအနေဖြင့် ပါဝင်ရသည်ပင် ဖြစ်၏။ ဤသည်မှာ ဒဿနကျမ်းများ၌ ဖော်ပြကြသော အဆိုအမိန့်များ ဖြစ်လေ၏။” (ဘ၀အမြင်သစ် - စာမျက်နှာ ၁၂၄)

စင်စစ် ဤအဆိုအမိန့်များကား ဂရိအတွေးအခေါ်ဆရာ အရစ္စတိုတယ်၏ Metaphysics ကျမ်းမှ material cause, efficient cause, final cause, formal cause ဟူသော အကြောင်းတရားလေးပါးကို (http://plato.stanford.edu/entries/aristotle-causality/#FouCau) မြန်မာမှုအတွေးအခေါ်မှ ဝေါဟာရများနှင့် နှီးနွယ်တင်ပြသွားခြင်း ဖြစ်သည်။ ဝေါဟာရအသစ်များသုံးသွားသည့်တိုင် ခိုးလိုးခုလု ဖြစ်မနေပါ။ ဆရာဦးရွှေအောင်၏ အတွေးနှင့် အရေးကို သဘောကျမိပါသည်။



Read more...

WHY WORRY ABOUT THE FUTURE!

Look to this day. In its brief course lie all the verities of existence- Action, love, transience. Yesterday is but a dream, and tomorrow veiled. Live now!

The Buddha was asked this question: Why do the noble beings who have developed their minds appear so calm and radiant? The Buddha replied:

They sorrow not for what is past,
They yearn not after that which is not come,
The present is sufficient for them:
Hence it is they appear so radiant,
By having longing for the future,
By sorrowing over what is past,
By this fools are withered up
As a cut-down tender reed.

လေးစားစွာဖြင့်
ဖိုးသား

Read more...

နွေဦးလုပ်အားဒါန (၇-ဧပြီ-၂၀၁၀)

လောကချမ်းသာစေတီတော် ပလ္လင်ခုံပတ်လည်တွင် အင်္ဂတေကနုတ်ပန်းများဖြင့် အလှဆင်ရန် စေတီတော်နှင့် ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော် တည်ဆောက်ရေးဆိုင်ရာ အင်ဂျင်နီယာ ဦးမောင်မောင်၊ ပန်းချီဆရာ ဦးအောင်ကျော်မိုး၊ ကိုကျော်သူမြတ်၊ ကိုထွန်းထွန်းတို့အဖွဲ့က ဦးဆောင်ပြီး စုပေါင်း ဆောင်ရွက်လျက်ရှိရာ ပလ္လင်ခုံပတ်လည်တစ်ခုလုံးအတွက် အင်္ဂတေအချပ် ၃၂ စုံ၊ စုစုပေါင်း ၆၄ ချပ် လိုအပ်သည်အနက် ၁၀ စုံကျော် သွန်းလောင်းပြီး ဖြစ်၏။

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်းဆိုင်ရာ ကိစ္စအရပ်ရပ်ကို ကြီးကြပ်လျက်ရှိသော နာယကဆရာတော် ဦးပညာသီဟကလည်း အနားမနေတတ်၊ လုပ်ငန်း ကိစ္စအရပ်ရပ်ကို အကွက်စေ့ ထောင့်စေ့အောင် အမြော်အမြင်ကြီးစွာ ဆောင်ရွက်တတ်သူပီပီ ၂၀၁၀ ခုနှစ် ဧပြီလ ၇ ရက် ဗုဒ္ဓဟူးနေ့တွင် ခြံစည်းရိုးသစ်ပင်များ ထပ်မံ ဝယ်ယူခဲ့ပြီး၊ လိုအပ်နေသေးသော အင်္ဂတေကနုတ်ပန်းချပ်များ သွန်းလောင်းခြင်းအတွက် ဆရာတော် ဦးသောဘန၊ ဦးမောင်မောင်တို့နှင့်အတူ စီမံ ဆောင်ရွက်ခဲ့၏။

• ယခင် သွန်းလောင်းထားသော အင်္ဂတေကနုတ်ပန်းချပ်ကို ပုံလောင်းခွက်မှ ခွာယူ -



• ပုံလောင်းခွက်ကို သန့်ရှင်း -


• ပုံလောင်းခွက်တွင် အင်္ဂတေများ မကပ်နေစေရန် ဆေးသုတ် -


• အင်္ဂတေကနုတ်ပန်းချပ်များ ပိုမို ခိုင်မာစေရန် အားဖြည့်သံချောင်းများ ထည့် -


• အင်္ဂတေဖျော်စပ် -


• ပုံလောင်း -






ယခုလအတွင်း စနေ၊ တနင်္ဂနွေရက်များ၌ နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်းတွင် လုပ်အားပေးပွဲများ ပြုလုပ်သွားမည်ဖြစ်ရာ ပြုလုပ်မည့် ရက်နှင့် လုပ်ငန်းများကို ကြိုတင် အသိပေးပါမည်။
0 comments

Read more...

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၂၈)

ဒိဋ္ဌိ (၆၂)ပါး၏ ရေသောက်မြစ်

သက္ကာယဒိဋ္ဌိတည်းဟူသော နှောင်ကြိုးနဲ့  အတုပ်အနှောင်ခံရတဲ့သူဟာ ဘ၀နဲ့ ကာမကို တပ်မက်တဲ့ တဏှာတည်းဟူသော ရေအလျဉ်မှာ မြုပ်တစ်လှည့်၊ မျောတစ်လှည့်နဲ့  ဒုက္ခဖြစ်ရတယ်၊ မျောတာကနည်းတယ်၊ မြုပ်တာကများတယ်။ ဒီတော့ သက္ကာယဒိဋ္ဌိဆိုတာ ဒိဋ္ဌိ(၆၂)ပါးလုံးရဲ့  ရေသောက်မြစ်ကြီးဖြစ်တယ်။ သူ့ ကို အမှီပြုပြီးတော့ ဒိဋ္ဌိအားလုံး ဖြစ်သွားနိုင်တယ်။

သက္ကာယဒိဋ္ဌိ နဲ့  သံသရာ

သက္ကာယဒိဋ္ဌိတည်းဟူသော ကြိုးတစ်ချောင်း အတုပ်အနှောင်ခံရတဲ့ပုဂ္ဂိုလ်ဟာ ကျန်တဲ့ (၆၂)ပါးသော ဒိဋ္ဌိကြိုးတွေ ၀ိုင်းပြီးတော့ တုပ်ထားတာ ဖြစ်လေသောကြောင့် သံသရာတည်းဟူသော ထောင်အိမ်၊ နှောင်အိမ်၊ လှောင်အိမ်ကြီးထဲမှာ မလှုပ်နိုင်အောင် မြုပ်ရတော့တာပဲ။


ရုပ်နာမ်ရှုမှ သက္ကာယဒိဋ္ဌိပြုတ်

တကယ်တန်းအရှိက ပုဂ္ဂိုလ် သတ္တ၀ါ သူ ငါမဟုတ်၊ ရုပ်နာမ်တို့ ရဲ့ အစုအပေါင်း၊ မရှိတာက သတ္တ၀ါ၊ ဒီတော့ တကယ်မရှိတဲ့သတ္တ၀ါကို ရှုမှတ်ဖို့ မလိုဘူး။ တကယ်ထင်ရှားရှိနေတဲ့ ရုပ်နာမ်တို့ ရဲ့  အစုအပေါင်းကို မြင်အောင်ရှုရမယ်။ အဲဒါမှ သက္ကာယဒိဋ္ဌိပြုတ်လွတ်မယ်။

Read more...

A Plea To Head And Heart (Harmony Of Head And Heart By Moe Hein)

A PLEA TO HEAD AND HEART

Dear Head,
show me not the way to amass wealth
for it may drown me in a sea of greed.
Nor the way to harness power
for it can sow the destruction seed.
And not the way leading to fame
for it can inflate and deflate me again.
But show me how the wise
think right, speak right and do right.
The path they never lose from their sight
and win over passion with reason.

Dear Heart,
give me the guts to face life
and the strength to endure hardship.
So that I be placid in a storm
as the brave strive to survive.
And if I reach the shores of happiness
with a chance to hoist the flag of success,
let me be humble not arrogant
and know that everything is transient.

(From Poems On Head And Heart)



Read more...

ပဲနွယ်ကုန်းဆရာတော်၏ သုတပန်းခိုင် (၁၁)

၄၂။ သဒ္ဓါ၊ သီလ၊ ဟီရိ၊ သြတ္တပ္ပ၊ သုတ၊ စာဂ၊ ပညာ၊ အရိယာဥစ္စာ ခုနှစ်ပါးဆိုတာ မြတ်စွာဘုရားရဲ့  ကြီးကျယ်မြင့်မြတ်တဲ့ အမွေတော်ပဲ။
၄၃။ ဆိုးသွမ်းမိုက်ရိုင်းတဲ့ သားသမီးတွေကို မိဘများက ပြောဆိုဆုံးမလို့ မရတော့ အမွေပြတ် ကြေငြာတယ်။ မြတ်စွာဘုရားကလည်း ပျင်းနေတဲ့ လူတွေကို အမွေပြတ် ကြေငြာထားပါတယ်။ လူပျင်းတွေဟာ အရိယာ ဥစ္စာ ခုနှစ်ဖြာဆိုတဲ့ ဗုဒ္ဓအမွေတော်တွေကို မရနိုင်ပါဘူး။

၄၄။ အရိယာဥစ္စာ ခုနှစ်ဖြာ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဟာ တကယ့်လူချမ်းသာအစစ်ပါပဲ။ နိဗ္ဗာန်ရောက်သည့် ဘ၀တိုင်အောင် ဘ၀ဆက်တိုင်း ဘ၀ဆက်တိုင်း ချမ်းသာစေနိုင်ပါတယ်။

၄၅။ မိဘက သားသမီးကို ပစ္စည်းတွေ ပုံပေး၍ လောကီချမ်းသာ ပြည့်စုံအောင် လုပ်ပေးနိုင်တယ်။ လောကုတ္တရာချမ်းသာ ပြည့်စုံအောင် လုပ်မပေးနိုင်ဘူး။

Read more...

သတိ... ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၁၅ (ဃ)

သတိကို သတိပြု

အပိုင်း (ဃ)

မရဏာနုဿတိ ဘာဝနာပြီးတော့-
၉။ကာယဂတာသတိ ပါ။ ကိုယ်မှာ ဖြစ်တဲ့ ရှိနေတဲ့ အရာကို ပြန်လည် သတိရှိအောင်
ပြုလုပ် တာပါ။

ကိုယ်မှာ ဘာတွေ ရှိသလဲ -
ဤငါ့ကိုယ်တွင် ဆံပင် အမွေး (လက်သည်း ခြေသည်း ) သွား အရေ။ အသား အကြော
အရိုး ရိုးတွင်းခြင်ဆီ အညှို့ ။ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ် ။ အူမ အူသိမ် အစာသစ် အစာဟောင်း ဥဏှောက်။သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ။ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ်။

ဒွတ္တိံသ- ၃၂မျိုး၊ ကောဋ္ဌာသ- မသထီစရာ ရွံစရာအစု။ လို့ ခေါ်ပါတယ်။

အဲလို ဆင်ခြင်ပွါးများရင် လည်း ကိုယ့်ကို ဟုတ်လှတယ် မထင်တော့ဘူး။ နို့ မို့ ရင် ချောတယ်၊
လှတယ် ထင်မယ်။ ရေမွှေးဆွတ်လို့ မွှေးတာ၊ သနပ်ခါး မိတ်ကပ်လူးလို့  မွှေးတာ ၊ ဆပ်ပြာ အမွှေး သုံးလို့ ၊ ခေါင်းအလှဆီ အမွှေးသုံးလို့ မွေးတာ ငါက မွေးတယ် လုပ်နေမယ်။ ဟုတ်တယ် ဟုတ်၊
( ကိုယ်အပါဝင်) ထင်မိသယောင်။

တကယ်တမ်းကြပြန်တော့ ဆံပင် ကျွတ်သွားလို့  ထမင်း ပန်းကန်ထဲ တွေ့ တာတောင် ပျို့ သလို
လို ဖြစ်တတ်ရဲ့ ။ ခေါင်းပေါ်နေတုံးက လှတယ် ထင်တာ။ ကဲ သိပြီလား။ ကျန်တဲ့ ရွံစရာ မှန်သမျှ အမှန် တိုင်း သိပါလေ။

ပါဠိ ဂရမ်မာ နည်း အရကတော့ ကာယ ကို ( ကု+ အာယ ) ပုဒ်ခွဲရတယ်။ ကု ဆိုတာကု စ္ဆိတ- ရွံစရာ။ အာယ ဆိုတာ အပေါင်း-လို့  ဆိုပါတယ်။

ဘုန်းကြီး တစ်ပါးက က ကု စ္ဆိတ ရွံစရာကို ပဲ ရွံစရာလို့  ဘာသာမပြန်ဘဲ။ ချေး လို့ ဒဲ့ဒိုး ဘာသာပြန်တယ်။ သူ့ အလို ကာယ ဆိုတာ တစ်ကိုယ်လုံး ချေးတုံး လို့  မြန်မာလို ဘာသာ ပြန်လို တယ်။ စကား ရိုင်းရင် သည်းခံပါ။ ဒါမှ ထိရောက်မှာမို့ ။

သူ ပြန်တဲ့ ဘာသာပြန်ကို ကြည့်ပြီး စပ်ရာ စပ်ရာတွေး တွေးလိုက်တော့ ကာယလို့ ဆိုတဲ့ ခန္ဓာကိုယ်မှာ အပေါက် ( ၉) မျိုး ရှိတာ ပြန်စဉ်းစားမိပြန်ရဲ့ ။ အဲဒီ အပေါက် (၉) ပေါက်ကိုပဲ စာအလို- ကိုးပေါက်ဒွါရ အမာဝ(အနာ) လို့  ပြောတယ်။ အမြဲတမ်း ယိုစီးတတ်လို့ ပါ တဲ့။

ကိုးပေါက်ဆိုတာ အပေါ် ( ၇) ပေါက်နဲ့  အောက် (၂) ပေါက်ကို ပြောတာပါ။ မျက်စိ ၂၊ နား ၂။
နှာခေါင်း၂။ ပါးစပ် ၁။ အောက်က ၂။ (သိသာထင်ရှားပြီ။)

မျက်စိ ၂ ပေါက်က ထွက်တော့ မျက်ချေး၊ နား ၂ ပေါက်က ထွက်လာတော့ နဖာချေး စတာတွေပေါ့။ ချေးတွေ ကြည့်ပါဘဲ။ ကိုယ့်ဖာသာ ဆက်တွေး ကြပါဦးလား။ ကိုယ့်အနေနဲ့ အဲလို ဟိုတွေး ဒီတွေး တွေးမိတာပေါ့။ စာဖတ်တဲ့ အချိန်လေး အဲလောက်တွေး မိမယ်ဆိုရင် အထုံ ပါရမီ ကုသိုလ် ဖြစ်သွား နိုင်တယ်။ ဆင်ခြင်ကြည့်ပါ။

ဒါနဲ့ ပါတ်သက်ပြီးတော့ ဘုရား ရှင် လက်ထက်က အလှမာန်တက်နေတဲ့ အလှမယ် မရူပနန္ဒာပေါ့။ ဘုရား ကျောင်းတောင် မသွားဘဲ နေသေးတယ်။ ရဟန်းမ ၀တ်ခဲ့တာလည်း ဘုရားနဲ့  ဆွေမျိုးစပ်လို့  ။ ဒီ အတိုင်း လူဝတ်ကြောင်ဘ၀နဲ့  နေခဲ့ရင် အများပြောမှာ ကြောက်လို့ ။ သာသနာ့ဘောင် ၀င် ရောက် ခဲ့သူ။

ကျန်တဲ့သူတွေက သူ့ ရှေ့ မှာ ဘုရားဂုဏ်ကို ပြောတာ ပြောလို့ မကုန်နိုင် မခန်းနိုင်။ သူ မသွား ခြင်း အကြောင်းကလည်း သူရုပ်ရည်ရဲ့  အလှပကို အပြစ်တွေ ပြောမှာ စိုးလို့ တဲ့။ နောက်တော့လည်း အများက တိုက်တိုက် တွန်းတွန်း ပြောလာတော့ သူနေလို့  မဖြစ်တော့။ ဘုရားရှင်ထံ ရောက်သွား ခဲ့ ပါတယ်။


ဘုရားရှင် အမှန်တရားကို ပြောပြလို့ သဘောပေါက်သွားတယ်။ ပြောဟောတာက တိုတိုလေး-
အာတုရံ အသုစိံ ပူတိံ၊ ပဿ နန္ဒေ သမုဿယံ၊
ဥ ဂ္ဃရ န္တံ ပ ဂ္ဃရ န္တံ ၊ ဗာလာနံ အဘိပတ္ထိတံ။
စတဲ့ ဂါထာပါ။

ဒီဂါထာလေးကို အကျဉ်း လေ့လာကြည့်တော့ ဒီလိုတွေ့ ရတယ်။ ဥ ဂ္ဃရ န္တံ ဆိုတာ အထက် ကလည်း လျှံထွက်။ ပ ဂ္ဃရ န္တံ - အောက်ကလည်း ယိုထွက်တဲ့။ ဘာတွေလဲ ဆိုတော့ အသုစိံ-မစင်ကြယ် တဲ့ ဟာတွေ။ ပူတိ- ပုပ်ဟောင်ညှီတဲ့ဟာတွေ။ ဒါကို ဗာလာနံ- ကိုယ်လူ သူလို ဗာလ ခေါ်တဲ့ မသိတတ်သူတို့ က။ အဘိ ပတ္ထိတံ- အလွန်ကောင်း တယ် လို့  တောင့်တောင့်တတ ရှိတာတွေတဲ့။ ဆိုတဲ့ စကားလေးတွေ ကို အကြမ်းဖျဉ်းအားဖြင့် နား လည် ကြည့်စမ်းပါ့လား။

(စကားချပ်၊ စကားညှပ် ) မြန်မာစကားကို ပြန်စဉ်းစားကြည့်လိုက်လေ။ ရွံစရာ ကောင်း လိုက်တာ-တဲ့။ ရွံစရာဆိုရင် ဆိုးလိုက်တာလို ပြောရမှာ။ ဗာလာနံ အဘိပတ္ထိတံ ဆိုတော့ ရွံစရာလည်း ကောင်းချင် ကောင်း မှာပေါ့နော။

အပြန်အားဖြင့် မှတ်သားရမှာက ပညာရှိ သူတော်ကောင်းတို့ ဟာ ရွံစရာကို ရွံစရာမှန်း တကယ်သိပြီး တရားအားထုတ်ကြတယ် လို့  သိရမှာပါ။ ရွံစရာကောင်း တာကိုပဲ မတွယ်တာ ဖို့  ဆိုလို ရင်းပါ။ ကဲကြည့်လေ-

မရူပနန္ဒာ ကတော့ ဒီစကားလေးတွေကို တရားနဲ့ လျော်ညီစွာ သဘောပေါက် သွားတာ သောတာပန် ဖြစ်သွားပါ သတတ်။ အဲဒီနောက် အထက်မဂ် ရဖို့  အတွက် ဘုရားရှင် ဆက်လက် ဟော လိုက်တာမို့  ရဟန္တာ မ အဖြစ် ရောက်သွားပါတော့တယ်။

ဒါကတော့ ကာယဂတာ သတိ ရဲ့ အကျိုးလို့  မှတ်ယူနိုင်ပါ တယ်။

( ဓမ္မပဒ၊ ဇရာဝဂ္ဂ၊ ဇနပဒ ကလျာဏီ ရူပနန္ဒာ ထေရီ ၀တ္ထု)



၁၀။ အာနပါနဿတိ ဘာဝနာ သီးသန့် တစ်ပိုင်း ရေးသားပါဦးမယ်လို့  မှန်းထားပါတယ်။

မှတ်ချက်။ ။ မြူးနစ်မြို့  ဂျာမန် ဗုဒ္ဓဘာသာ အသင်းသူ အသားတို့ ကို ဒီလောက် အကျယ် ဟောပြော ချိန် မရလိုက်။ အနုဿတိ ( ၁၀ ) ပါးစလုံး ဟောတာမို့  တို့ ထိဆိတ်ဂဏန်း အမြည်းသဘော လောက် သာ ဟောခဲ့ပါတယ်။ဘလော့ ရေးသားချိန်မှာ စေတနာများ ပိုမိတာကြောင့် အကျယ် ရေး သား ခြင်း ဖြစ်တယ် ဆိုတဲ့ အကြောင်း.....

မြတ်ရောင်နီ

(၀၉၊၀၄၊၂၀၁၀)

Read more...

ဘူးသီးမသီးဘူး

Posted 4:47 AM by ကိုနော in Labels:

ဘူးသီးမသီးဘူး
ပြန်ရေးစမ်း
ဘူးသီး မသီးဘူး
မဟုတ်သေးဘူး….ပြောင်းပြန်ရေးစမ်း….
ဘူး သီး မ သီး ဘူး
ဘယ်လိုရေးရေး ရသဟ….။

ကြမ်းရှ နွမ်းလှတဲ့ ဒို့ဘ၀တွေ
ပြောင်းပြန်ရေးမိလို့
အဓိပ္ပါယ်ပျက်မသွားအောင်
သတိလေးဆောင်ပြီး
နေကြည့်ဦးစို့….။

မှန်းစမ်း…
ဝ ဘ နော ကို
မလှ…မရ…။
ရှုပ်ပါ့…။

ကိုနော
၁၀.၄.၂၀၁၀

Read more...

တွေးလက်စ နံနက်ခင်းအတွေးများ(၇)


ဘ၀တစ်ခုကို အသက်ရှုခြင်းနဲ့ စတင်လိုက်ပြီ။ လောကဓံကို နားမလည်တတ်သေးတဲ့ဘ၀ကို မသိတသိနဲ့ ဖြတ်သန်းခဲ့ဘူးပြီ။ ကျောင်းနေတဲ့ဘ၀ စတင်မိလိုက်တဲ့အချိန်မှာ ရှိခြင်း မရှိခြင်း နားလည်ခြင်း နားမလည်ခြင်း စသည် စသည်များလည်း သင်ရိုးတခြား ဖြစ်စဉ်တခြားနဲ့ စာမျက်နှာတွေ ကျော်ဖတ်ခဲ့ဘူးပြီ။

တကယ်တော့ ကိုယ့်ဘ၀ကို အသာဘက်က ဖော့ဖော့တွေးတတ်နေပြီ။ အကောင်းအမြင်နဲ့လည်း ဘ၀ကို ချော့သိပ်ထားတတ်ပြီ။ သမာသမတ်ကျခြင်း စိတ်ဓါတ်ကို အကောင်းဆုံးလို့ ဆုံးဖြတ်လိုက်နာနေရပြီ။ တရား ခြင်း မတရား ခြင်းကို ခွဲခွဲခြမ်းခြမ်း သိတတ်နေပြီ။ အမှန်တရားကိုလည်း တလေးတစား ၀တ်ဆင်နေတတ်ပြီ။

တခါတရံ ကိုယ့်ဘ၀ကို အမှားများလည်း အမည်းရိပ်ထင်စေဘူးခဲ့ပြီ။ အမှားကို အမှားလို့ မြင်တတ်လာအောင် သူငယ်ချင်းကောင်း ပတ်ဝန်းကျင်ကောင်းနဲ့ အသားတကျ နေတတ်နေပြီ။ အမှားကို အမှန်ပြင်ပြီး အမှန်တရား ကို ကိုးကွယ်နေရပြီ။

ကိုယ့်ကိုယ်ကို အကောင်းမြင်နေတတ်တဲ့ ပတ်ဝန်းကျင် အပေါင်းအသင်းကိုလည်း ဝေးဝေးက ရှောင်ကြဉ်ခြင်း၊ ကိုယ်ပေါင်းစိတ်ခွါနေနည်းနဲ့လည်း ကျင့်သားရနေပြီ။

ယုံကြည်မှုအတွက် သိက္ခာတရားကို နိမ့်ကျမသွားအောင် အမြင့်မှာပဲ သိမ်းထားတတ်ပြီ။ ဘ၀ကို ကျေနပ်ခြင်း ရောင့်ရဲခြင်း ဖြေသိမ့်ခြင်းတွေနဲ့ပဲ လောကဓံကို ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဆက်ဆံတတ်ခဲ့ပြီ။

အများအကျိုးအတွက် ကိုယ်တတ်နိုင်တဲ့ဘက်က စကားဖြင့်ဖေးမခြင်း၊ အလုပ်နဲ့ ဖေးမခြင်းကိုလည်း တတ် နိုင်သလောက် ကျင့်သုံးနေဆဲ။

ဒီလိုဆို ငါထားတဲ့ ဘ၀ ကျေနပ်ခြင်းနဲ့ လွတ်လပ်ခြင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ကျန်နေသေးတဲ့ သက်တမ်းကို လေးလေးပင်ပင်မဟုတ်ဘဲ သက်သက်သာသာလေးနဲ့ ဖြတ်သန်းရပေအုံးမယ်။




Read more...

သောကမုန်ညှင်းစေ့များ


“ချစ်သမီး ကိသာဂေါတမီ သင်၏ သားကို ဆေးကုရန် အတွက် လူ မသေဖူးသော သူ၏ အိမ်ထောင်မှ မုန်ညှင်းစေ့ ကို ရအောင် ရှာခဲ့လော့”
ဗုဒ္ဓ

၀၇-၀၄-၂၀၁၀ နံနက် ၁၀း၁၅ နာရီ
တိဘက်တက္ကသိုလ်စာသင်ခန်း
သူသည် တိဘက်လားမားရဟန်းတစ်ပါးသာ သင်တန်းသားအဖြစ်ရှိနေသည့် စာသင်ခန်းလေးတွင် အဋ္ဌကထာ ကောက်နှုတ်ချက်အဖြစ် ကိသာဂေါတမီဝတ္ထုကို သင်ပြနေခဲ့သည်။ သာဝတ္ထိမြို့တော်လမ်းမ များပေါ်တွင် သားသေကို ရင်မှာပိုက်၍ သွေးပျက်ရူးသွပ်စွာ ဆောက်တည်ရာမဲ့ ပြေးလွှားနေသော အမျိုးသမီးတစ်ဦး၏ ကြေကွဲဖွယ်ပုံရိပ်နောက်သို့ ထေရ၀ါဒနှင့် မဟာယာန ရဟန်းတော်နှစ်ပါးလုံး မျောပါသွားခဲ့ကြ၏။

တစ်ဦးတည်းသော သားကို ဆုံးရှုံးရလေသည့် မိခင်တစ်ယောက်၏ သောကမီးတောက်များက စာသင်ခန်း လေးထဲထိ တောက်လောင်မသွားအောင်တော့ သတိကြီးစွာ ထားလိုက်ရ၏။
ကိသာဂေါတမီရှာဖွေသည်က ရင်သွေးငယ်၏ သေခြင်းတရားကို ရှင်သန်ထမြောက်လာအောင်ကုသပေးမည့် မသေဆေးဖြစ်သည်။ ဗုဒ္ဓအရှင်က သောကပျောက်ဆေးပေးလိုက်သည်။

၀၈-၀၄-၂၀၁၀

မော်ဒန်တောရ

နောက်တစ်ပတ်လေယာဉ်ဖြင့် ပြန်ကြမည့် မိတ်ဆွေများက သူ့နေထိုင်ရာတောရလေးသို့ ရောက်လာကြသည်။ အိမ်ပြန်ခြေလှမ်းများအတွက် တက်ကြွနေကြသည်က သူ့အိမ်လွမ်းစိတ်ကို အညှောက်ပေါက်သွားစေ တော့ သည်။ သို့နှင့် ရဟန်းတစ်ပါးရဲ့အိမ်ကို ကောက်ရေးဖြစ်သည်။ မိတ်ဆွေရဟန်းတစ်ပါး၏ ကွန်မင့်စာ သားလေးက ပိုပြီးဆွေးသွားစေ၏။
မောင်စိတ်ကောင်း said...

ခုမှ အိမ်ကို သတိရနေပေါ့။
ဟိုက ဖေတို့မေတို့လည်း အိုလှပေါ့။ လွမ်းဖော်ရနေသေးတာပဲ အိမ်လွမ်းသူဖြစ်သွားရောပေါ့။


၀၉-၀၄-၂၀၁၀ ညနေ ၀၅း၂၀ နာရီ

မိဂဒါဝုန်အိမ်သစ်

မောင်စိတ်ကောင်းရှိရာ မိဂဒါဝုန်အိမ်သစ်ဆီ သူရောက်သွားခဲ့သည်။ ကျေးဇူးတင်စကားပြောဖြစ်သည်။ သူက အိမ်ကိုသာ လွမ်းနေတာ ဖုန်းတော့ ပုံမှန်ဆက်လေ့ရှိသူမဟုတ်။ ရဟန်းတစ်ပါး၏ ညာဉ်ပင်ဖြစ်လိမ့်မည်။ ဘာပဲဖြစ်ဖြစ် ရွာလေးဆီ ဖုန်းဆက်ဖြစ်သွားသည်။ ဖခင်ကြီးနှင့် စကားပြောခွင့်ရသည်။

သာကြမာကြပါရဲ့လား မေးခွန်းများအဆုံးတွင်“ အဖေတို့ အမေတို့တော့ မာကြပါရဲ့၊ မောင်ပဉ္ဇင်း တူတော် မောင် အငယ်ဆုံးကောင် မောင်ဝေဖုန်းကတော့ မန္တလေးဆေးရုံကြီးမှာ ရောက်နေပြီ။ ဖျာပုံက ရွာပြန်လာတာ ရာသီကြမ်းတာ မခံနိုင်လို့ ရုတ်တရက်ဖြစ်တာပဲ၊ ထန်းတပင်ဆေးခန်းကနေ ရွှေဘိုဆေးရုံ၊ အဲဒါ သတိပြန် မလည်လို့ ဒီနေ့ပဲ မန္တလေး ဆေးရုံကြီးကို ပို့လိုက်ပြီ။ မောင်ပဉ္ဇင်းနှမဆီကို ဖုန်းဆက်ပြီး အားပေး စကားပြော လိုက်ပါဦး။”

မောင်ဝေဖုန်း ကျန်းမာရေးဆိုပါလား။ သူ့နှမဆီသို့ ဖုန်းဆက်နှိပ်လိုက်သည်။ တစ်ဆွေလုံးတစ်မျိုးလုံးများမှ တစ်လုံးတည်းသာရှိသော ဖုန်းလေးကို သူ့နှမက ပိုင်ဆိုင်ထားပါလေသည်။ သူ့နှမက မြစ်ဝကျွန်းပေါ် ဖျာပုံမြို့လေးတွင် စီးပွားရေးအသေးစားလေးလုပ်နေသည်ဟုတော့ ကြားရသည်။ သူ့နှမလေးက စီးပွားရေး အဆင်ပြေဟန်လည်း တူပါသည်။ သားလေးနှစ်ယောက်နှင့် ပျော်နေသောမိခင်တစ်ယာက်အဖြစ် လွန်ခဲ့သော နှစ်က မုဒိတာဖြစ်စွာ သူတွေ့ခဲ့ရသည်။

သားလေးနှစ်ယောက်၏ အမည်များကိုတော့ သူကိုယ်တိုင်မှည့်ပေးခဲ့ရသည်။ နက္ခတ်ဗေဒင်များနှင့် မကျွမ်းဝင် သော်လည်း သူ့နှမ၏ တောင့်တချက်ကိုငြင်းပယ်မရခဲ့။ သူ့နှမက မွေးသမျှကလေးများ၏ နာမည်ကို အကိုဘုန်းကြီးသာ ကမ္ဗည်းထိုးရမည်တဲ့။ သို့နှင့် ဆန်းကျမ်းလာနည်းနိသျများဖြင့် အမည်ကင်ပွန်းတပ်ပေး ခဲ့ရသည်။

စနေသားဦးအကြီးကောင်ကိုတော့ မောင်ထင်ညီမင်းစံ၊ ဗုဒ္ဓဟူးသားအငယ်ကောင်ကိုတော့ မောင်ဝေဖုန်းညီညီစံ၊ အဖေက ညီညီထွန်း အမေက စန္ဒာဆိုတော့ မိဘနှစ်ပါး၏ ဗြဟ္မစိုရ်အရိပ်ထိုးကျစေနိုင်သည့်နာမည်လေးများကို သူရွေးချယ်ပေးခဲ့သည်။ အငယ်ကောင်ကို နာမည်ပေးရမည့်အချိန် လွန်ခဲ့သောနှစ်က စင်ကာပူတွင် ရောက်နေခဲ့သည့်သူ့ကို သူ့နှမက မျှော်နေခဲ့ပါသည်။ သူပြန်မလာမချင်း မည်သည့်နာမည်ကိုမှ အတည်မပြု၊ သူပြန်လာသည့်အချိန်ထိစောင့်မည်။ အော် မောင်ဝေဖုန်းညီညီစံ ကျန်းမာပါစေ။ ကလေးက ခုမှ တစ်နှစ်ခွဲသာ သာလောက်ပဲ ရှိဦးမည်ထင်သည်၊ ရောဂါအမြန်ပျောက်ပါစေ၊

“ ဟလို ”
“ဟလို”
“အေး ကလေးအခြေအနေဘယ်လိုလဲ ငါ့နှမ”
“ မကောင်းလောက်တော့ပါဘူး ဦးဇင်းရယ်”
စိတ်အားလျှော့သည့်အသံဖြစ်သော်လည်း နှမငယ်၏ မိခင်သောကတွင် ခွန်အားတစ်ရပ်ကိုတော့ ခံစားမိသည်။ ငြင်းပယ်ခွင့်မရှိသော၊ခုခံကာကွယ်ခြင်း၏ အခြားတစ်ဘက်တွင် ရှိသော သဘာဝခေါ်သံများနှင့်ပတ်သက်လျှင် သူသည်လည်း မျှဝေစာနာခြင်းမှအပ မည်သို့မှ အစွမ်းအစမရှိ၊ မေတ္တာပို့ဆုတောင်းခြင်းသည်လည်း အချိန် နှောင်းလျှင် အားကောင်းလှသော မှီခိုရာမဖြစ်နိုင်ပြန်ပါ။
အော် မောင်ဝေဖုန်းလေး ပြန်လာကျန်းမာပါစေ...။

၁၀-၀၄-၂၀၁၀ နံနက် ၀၅း၃၀ နာရီ
မော်ဒန်တောရ

မမျှော်လင့်ချင်သောတယ်လီဖုန်းခေါ်သံဖြစ်သည်။ နှမငယ်နှင့်အတူ ရှိနေသော အမကြီး၏ အသံဖြစ်သည်။ ပထမဆုံးကြားရသော ရှိုက်သံသည် လက်နက်ချလိုက်ပြီဖြစ်ကြောင်းသေချာခဲ့ပါပြီ။ “ ဦးဇင်းရေ ဝေဖုန်းလေး မရှိတော့ဘူး” ။
လူ့ဘ၀ရာသီတွင် ပြက္ခဒိန်နှစ်ပတ်မလည်လိုက်ရရှာသော၊ လူ့ဘ၀၏ တန်ဖိုးကို အသိတရားရှိစွာ တို့ထိခွင့်မ ရခဲ့လေသော မောင်ဝေဖုန်းလေး ကောင်းရာသုဂတိလားပါစေ၊

သူစိုးရိမ်သွားသည်က ကျန်ရစ်ခဲ့သည့်သူ့နှမငယ်ဖြစ်သည်။ ကိသာဂေါတမီလိုမျိုး သောကမုန့်ညှင်းစေ့တွေ လိုက်ကောက်နေလေမလား၊ တစ်ဘက်မှရှိုက်သံများဖြင့် ရုတ်တရက်ဖုန်းချသွားသည့်အခါ သူက ဖုန်းကို ပြန်ကိုင်လိုက်ရပြန်ပါသည်။
“ အမကြီးရေ မိဒါလေးကိုပဲ ဂရုစိုက်လိုက်ပါဟာ”။
သူကသာ ပြောလိုက်ရသည်။ ဖြစ်နိုင်လျှင် မောင်ဝေဖုန်းလေးအတွက် မုန့်ညှင်းစေ့လေးတွေ နှမငယ်နှင့် အတူ ရှာဖွေပေးချင်မိသေးတော့သည်။ အော် သောကမုန့်ညှင်းစေ့များ။

(မောင်ဝေဖုန်းညီညီစံ သံသရာခရီးဖြောင့်ပါစေသား)


Read more...

မြန်မာ့နှစ်သစ်ကူး ပုံရိပ်များ



နှစ်သစ်ကူး (happy new year)
နိုင်ငံတိုင်းနီးပါး သူတို့၏နှစ်သစ်မင်္ဂလာကို သူတို့နည်းသူတို့ဟန်ဖြင့် သူတို့ ပါတီပွဲလေးများ၊ သူတို့ရဲ့ ပျော်ပွဲရွှင်ပွဲလေးများဖြင့် သူတို့လေးတွေ ပျော်ကြသည်။

ရိုးရာ မပျောက်စေချင်
မြန်မာပြည်ဖွား တိုင်းရင်သား ညီအစ်ကိုမောင်နှစ်မတွေကလဲ မြန်မ့ာနည်းမြန်မာ့ဟန်ဖြင့် နှစ်သစ်ကိုပျော်ရွှင်ကြသည်။
မြန်မာ့ရိုးရာ အလှ အတီး အက အခုံတို့ဖြင့်လဲ ရိုးရာမပျက် ပျော်ကြသလို ရိုးရာကို ပုံတူကူးကာ အနောက်တိုင်း ဟစ်ဟော့တွေဖြင့် ဖန်တီးကာတဖုံ၊ ရိုးရာကို အပထား အနောက်တိုင်းပုံစံကို လုံးလုံးလျားလျား သွတ်သွင်းကာ အသံသေး အသံကြောင်တို့ဖြင့် အသံကုန်ဟစ်ကြွေးလို့ မလုံတလုံအက အခုံတွေ၊ ချက်ဖော်၊ ပေါင်ဖော်၊ ဖော်လို့ရတာ အကုန်ဖော်။ ဒါတင်ပြီးရောလား? အပျော်လွန်ကာ ရန်တွေဖြစ်၊ မူရူးပြီးတော့လဲ စွဲလားယမ်းလား၊ သက်ကြပုတ်ကြ။ ဟော်တယ်တွေမှာ လူတွေပြည့် ယာယီအခန်းများ အလွတ်မရှိတဲ့၊ ဖြစ်ချင်တိုင်းဖြစ်။ ရိုးရာ အနှစ်ဆိုတာ ဘယ်မှာရှိ။ ဒါကိုပဲ ဆန်းစစ်လာတယ် တိုးတက်လာတယ်လို့ဆိုကြမလား ဆိုတဲ့ အတွေးကလေးတွေ ဖြစ်လာပါတယ်။


ရုပ်ကြမ်းဝါဒတို့အရ ရှေးဟောင်းကို အကုန်ဖျက် မဆုံးနိုင်သော အသစ်သစ်တွေကို ဖန်းတီး။ Marx ကတော့ ရှေးဟောင်းကို နည်းယူကာ အသစ်သစ်တွေကို ဖန်တီးခြင်းကို တိုးတက်လာတယ်လို့ဆိုတယ်။ ဒါကိုပဲ negation of negation လို့ အမည်ပေးထားတယ်။ ရုပ်ဝါဒတွေပါ၊ ဖြစ်လာတဲ့ အကျိုးဆက်ကတော့ natural and traditional sources တွေ ပျောက်ကုန်တယ်လို့ ခံစားမိပါတယ်။ နိုင်ငံရေး စီးပွားရေး လူမှုရေး အတွက် ဖန်တီးထားခြင်းဖြစ်ပါတယ်။ Dialectic နည်းလို့လဲ ခေါ်ပါတယ်။ အဲဒီတော့ ရှေးဟောင်းရိုးရာကို အကုန်ဖျက်ပြီး ခေတ်သစ်ကို လှမ်းကြမလား၊ ဒါမှ မဟုတ် ရှေးဟောင်းကို နည်းယူကာ ခေတ်သစ်ကို ဖန်တီးကြမလား၊ ဒီလိုမဟုတ်ရင်လဲ ရှေးဟောင်းရိုးရာကို အစဉ်မပျက် ထိမ်းသိမ်းကြမလား။ တွေးစရာတွေပါ။ ခေတ်က တောင်းဆိုလာကြပြီဆိုတော့ တစ်ခုခုတော့ ရွေးရပါလိမ်မည်။



စောင့်ရှောက် ကာကွယ်သင့်
ဘာသာရေးနှင့် ယဉ်ကျေးမှုကိုတော့ ရိုးရာမပျက်စေဘဲ မြန်မာ့အလှနှင့် အယဉ်လေးတွေကို ထိမ်းသိမ်းထားဘို့ လိုပါတယ်လို့တော့ အကြံပြုချင်ပါတယ်။။ ဘာသာရေး၊ ယဉ်ကျေးမှု နှင့် ရိုးရာဓလေ့တို့၏ ခွဲခြားမရခြင်းသည် မြတ်ဗုဒ္ဓ၏ အဆုံးအမတော်အတိုင်း လိုက်နာကြခြင်းတို့ကြောင့်ပေတည်။ မြန်မာပြည်ကြီး ဘာ့ကြောင့်လှ? ယဉ်ကျေးမှုတွေ ချမ်းသာလို့လှ။ ပြည်ပသားများက ဂုဏ်ပြုထားကြသလို မြန်မာပြည်ကြီးသားတို့ကလဲ ဂုဏ်ယူဝင့်ကြွားဖြစ်ကြရတယ်။ ဘာ့ကြောင့် ယဉ်ကျေးမှု ချမ်းသာ? မြတ်ဗုဒ္ဓ၏ အဆုံးမဖြင့် ဘ၀ကို ရပ်တည်နေကြခြင်းတို့ကြောင့်ဖြစ်။ ဒါ့ကြောင့် မြတ်ဗုဒ္ဓ၏ အဆုံးအမများဖြင့် မြန်မာနှင့် ရိုးရာအလှ၊ မြန်မာ့အလှလေးတွေကိုတော့ မြန်မာပြည်ကြီးသား ပီပီ မြန်မာပြည်သူ ပြည်သားတိုင်းက တစ်ယောက်ချင်း အသိနှင့် စောင့်ရှောက်ကြမယ်ဆိုရင် ဟော့ဟော့ ရမ်းရမ်းခေတ်ကို ဘယ်တော့မှ ရောက်လာမည် မဟုတ်။ ပရိသတ်တို့ရေ--တနှစ်တခါမှ ပျော်ရတဲ့ပွဲလေးအတွက် အဟန့်အတားမဖြစ်စေဘဲ စိတ်လက် ပေါ့ပါးစွာ ယဉ်ယဉ်ကျေးကျေး ပြည်ကြီးသား ပီပီ ပျော်နိုင်ကြပါစေ။၊


ရိုးရားအလှ
တကယ့် ရိုးရာအနှစ်ဆိုတာ လူအနဲစုမှာရှိနေသည်တဲ့၊ သင်္ကြန်ရောက်ပြီ၊ အဘိုးအဖွား အဖေ အမေ၊ အကိုကြီး အမကြီး၊ ဦးကြီး ဦးလေး အဒေါ်ကြီး ဒေါ်လေးတို့အား ကန်တော့မယ်၊ ပူဇော်မယ်။ ကျောင်းသွားမယ်၊ အလှူလုပ်မယ်၊ ရဟန်းဝတ်မယ်၊ သီလရှင်ဝတ်မယ်၊ ရိပ်သာဝင် ယောဂီဘ၀နှင့် နှစ်သစ်ကို ကူးကြမယ်ဆိုတဲ့ ညီမငယ် ညီမငယ်လေးတို့ရဲ့ ယဉ်ကျေးသိမ်မွေ့လှတဲ့ အပြောအဆို အပြုအမူလေးတွေကလဲ မြန်မာကို မြန်မာဟု ပီသစေပါသည်။

ပုသိမ်က ညီမတစ်ယောက်က တပည့်တော်တို့ ရုံးပိတ်ပြီဘုရား၊ မနက်ဖန်ခါက စပြီး တရားစခန်းဝင်တော့မယ် ဘုရာ။ တရားစခန်းဝင်လာတာ နှစ်ပေါင်း ၁၀ နှစ်ကျော်ပြီတဲ့၊ အသက် ၂၀ ကထဲက နှစ်စဉ်မပျက် တရားစခန်းဝင်ခဲ့ကြတယ်ဘုရားတဲ့။ အချို့ကတော့ တပည့်တော်တို့ ဒီနှစ် ရန်ကုန်မှာ သက်ြန်ကျမယ်၊ အချို့ကတော့ ရွှေမန်းမှာတဲ့၊ ပျော်ကြမယ်ပေါ့။ ကဲ--ပရိသတ်တို့ရေ-- မတူတဲ့လူတွေအကြောင်းပြောပြီး ပရိသတ်ကြီးကကော ဘယ်လိုသက်ြန်ကျကြမလဲ၊ ဘယ်လို နှစ်သစ်ကူးကြမလဲ? အပူကိုကြိုက်သလား အအေးကို ကြိုက်သလား?


လူအမျိုးမျိုး
အချို့က အပူကို ကြိုက်သည်၊ အချို့က အအေးကို ကြိုက်သည်၊ အသက်ရွယ်ပင်ကြီးလင့်ကစား ပူလောင်တဲ့ဘ၀ (situation) ကိုကြိုက်သည်၊ အချို့ကတော့ အသက်ငယ်ငယ်ရွယ်ရွယ်ပေမဲ့ အေးချမ်းတဲ့ဘ၀ကို တခဏလေးပဲဖြစ်ဖြစ် အချိန်ရတုန်း ယူလိုက်ချင်သည်။ အမေ အဖေလဲ စိတ်ချမ်းသာ၊ သားလိမ္မာ သမီးအလိမ္မာလေးတွေ မွေးထားတော့ ကုသိုလ်တောင် ရလိုက်သေး။ အပူကြိုက်သူတွေကို မွေးထားတဲ့ အဖေအမေတွေကတော့ ပူရပြီ။ အပူဟတ်ပြီပေါ့။ ရန်ပွဲဖြစ်မလား၊ မူးရူးပြီး တခုခုဖြစ်မလား ဆိုတဲ့ အပူသောကတွေကလဲ မသေးလှ သလို သူတို့လေးတွေရဲ့ဘ၀ဟာလဲ မလုံခြုံ။
သားလိမ္မာ သမီးအလိမ္မာလေးတို့ရေ-- အမေ အဖေတို့ကို အပူမဟတ်စေနဲ့ အပူအပင်တွေ မပေးကြနဲ့နော်-- အေးချမ်းတဲ့ဘ၀လေးဖြင့် အမေ အဖေတို့ကို ပြုစုကြ။

နှစ်သစ်မှသည် နှစ်ပေါင်းများစွာ အေးချမ်းတဲ့ဘ၀ကို ဖန်တီးနိုင်ကြပါစေ။


သီတဂူစတား
၁၀-၄-၂၀၁၀




0 comments

Read more...

နောင်တကင်းရာသို့…

“အရှင်ဘုရားရေ အဲဒီတုန်းက အရှင်ဘုရား ပြောတဲ့အတိုင်း မလုပ်မိဘဲ သူပြောတဲ့အတိုင်း လိုက်လုပ်မိလို့ အခုတော့ တပည့်တော် ဒုက္ခလှလှကြီး တွေ့နေရတဲ့အပြင် ဆင်းရဲပေါင်းစုံနဲ့ နောင်တတွေပဲ ဖြစ်လို့နေပါတယ်ဘုရား…”ဆိုပြီး လွန်ခဲ့တဲ့ ၂နှစ်လောက်က အဖြစ်တွေ ပြန်ပြောကာ ဖြတ်သန်းခဲ့ရတဲ့ သူ့ဘ၀ အခြေအနေတွေကို ရင်ဖွင့်သွားခဲ့တဲ့ ဘုန်းကြီးလူထွက် လူပျံတော် သူငယ်ချင်းတစ်ယောက်ရဲ့ အကြောင်းကို နားထောင်ရင်း အတွေးနယ်ချဲ့မိပါတယ်။ သူ့လုပ်ရပ်အတွက် နောင်တတွေဖြစ်နေတဲ့ သူ့ကိုကြည့်ပြီး သံဝေဂတွေ ဖြစ်မိပြန်ပါတယ်။ သူ့အခြေအနေကိုကြည့်ပြီး နောင်တဆိုတာ လုပ်သင့်လုပ်ထိုက်တာကို မလုပ်လိုက်ရတဲ့အတွက် ရတဲ့နောင်တနဲ့ မလုပ်သင့်မလုပ်ထိုက်တာကို လုပ်လိုက်မိတဲ့အတွက် ရတဲ့နောင်တရယ်လို့ ရှိတတ်ကြောင်း ကောင်းကောင်းသဘော ပေါက်မိလိုက်ပါတယ်။ ဘယ်လိုကြောင့်ရတဲ့ နောင်တမျိုးပဲ ဖြစ်ဖြစ် သေချာတာကတော့ နောင်တရဲ့နောက်မှာ စိုရိမ်းပူဆွေး ငိုကြွေးမှုတွေနဲ့အတူ စိတ်အစဉ်ဟာ လေးလံထိုင်းမှိုင်း နေတတ်တယ်ဆိုတာပါပဲ။

တကယ်တော့ လောကမှာ ရှိတဲ့ပုထုဇင်မှန်သမျှ နောင်တမရဖူးတဲ့သူ မရှိပါဘူး။ နဲနဲလေး၊ အခိုက်အတန့်လေးလောက် ဖြစ်ဖြစ် ရဖူးတဲ့သူတွေချည်းပါပဲ။ တစ်ချို့ကျတော့ အခိုက်အတန့်ဖြစ်တဲ့ နောင်တ၊ တစ်ချို့ကတော့ တစ်သက်လုံး စွဲထင်နေတဲ့ နောင်တ၊ တစ်ချို့က အချိန်မီပြင်လို့ရတဲ့ နောင်တ၊ တစ်ချို့က ပြင်မရတော့ဘဲ နောက်ဆုံးအချိန်မှရတဲ့ နောင်တ စသဖြင့် အမည်အမျိုးမျိုးနဲ့ နောင်တ အမျိုးမျိုးတွေ ဖြစ်ဖူးရဖူးကြတဲ့ သူတွေ အများကြီး ရှိမှာပါ။ တစ်ချို့ကတော့ အပြောမှားမိလို့ နောင်တဖြစ်နေကြသလို တစ်ချို့ကျပြန်တော့လည်း ကိုယ်ထိလက်ရောက် လုပ်ဆောင်မိလို့ နောင်တရနေတာတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်သူမဆို အနည်းနဲ့အများ နောင်တရဖူးကြတာတွေ ရှိပေမယ့် ကိုယ်ရတဲ့ နောင်တဟာ ပြင်မရတဲ့အချိန်၊ ပြင်မရတဲ့ နောင်တမျိုး မဖြစ်ဖို့တော့လိုပါတယ်။ အမှားတစ်ခုခုကြောင့် နောင်တပြန်ရပြီး ပြင်မယ်လို့ ဆုံးဖြတ်တဲ့အချိန်မှာ နောက်မကျဖို့ အရေးကြီးပါတယ်။ ပြီးတော့ မှားလိုက်တဲ့အမှားဟာလည်း နောင်တရတဲ့အချိန်မှာ ပြင်မရတဲ့ အမှားမျိုးအထိ မမှားမိအောင် ကြိုးစားကြဖို့ လိုပါတယ်။ မှားတတ်တဲ့ သတ္တ၀ါတွေဖြစ်လို့ မှားမိကြပေမယ့် ဘယ်လိုမှ ပြုပြင်လို့ မရတဲ့ အမှားမျိုး မဖြစ်ဖို့တော့ အရေးကြီးပါတယ်။ အဲဒီလို ပြင်လို့ရပြီး ပြင်ချိန်ရတဲ့ အမှားမျိုးနဲ့ နောင်တမျိုးဆိုရင်တော့ ပျက်အစဉ် ပြင်ခဏဆိုသလို နောင်တရလို့ ပြင်လိုက်နိုင်ရင် အကောင်းပြန်ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။

ပြင်မရတဲ့အမှားတွေနဲ့ ပြင်မရတဲ့ အချိန်မှ နောင်တရမိတဲ့အတွက် နောက်ကျသွားပြီး ဘုရားတောင် ကယ်လို့မရတဲ့ သူတွေအကြောင်း စဉ်းစားမိတော့ ဘုရားလက်ထက်က နာမည်ကြီး နောင်တရသူ နှစ်ယောက်အကြောင်း သွားပြီးသတိရမိ လိုက်ပါတယ်။ သူတို့ကတော့ အားလုံးသိပြီးသား ဖြစ်ကြတဲ့ အရှင်ဒေ၀ဒတ်နဲ့ အဇာတသက် ဘုရင်တို့ပါပဲ။ ရှင်ဒေ၀ဒတ်ဟာ သက်ရှိထင်ရှား ရှိစဉ်မှာ ဘုရားရှင်ကို အမျိုးမျိုး နှောက်ယှက်ဖျက်ဆီးခဲ့တဲ့အပြင် အရမ်းအပြစ်ကြီးတဲ့ ဘုရားကို သွေးစိမ်းတည်အောင်လုပ်မိ၊ သံဃာကို သင်းခွဲမိတဲ့အထိ အနန္တရိယကံကြီးတွေကို ကျူးလွန်မိခဲ့ပါတယ်။ သူကျူးလွန်ခဲ့တဲ့ အပြစ်တွေကို နောက်ဆုံးမှာ နောင်တတွေ၊ သတိသံဝေဂတွေရပြီး ဘုရားရှင်ကို ဖူးမျှော်ဖို့နဲ့ ၀န်ချတောင်းပန်ဖို့အသွားမှာ ကျူးလွန်ခဲ့တဲ့ အမှားအပြစ်တွေက အရမ်းကြီးလေတော့ လမ်းမှာပဲ မြေမြိုခံလိုက်ရပါတယ်။ အရှင်ဒေ၀ဒတ် ရခဲ့တဲ့ နောင်တဟာ ပြင်မရတဲ့ နောင်တနဲ့၊ ပြင်မရတဲ့အချိန်မှာ ရခဲ့တဲ့ နောင်တဖြစ်ခဲ့လေတော့ ဘုရားလည်းမကယ်နိုင်တဲ့ အမှားမျိုးဖြစ်ခဲ့ရပါတယ်။

အဇာတသတ်ဘုရင်ဆိုလည်း ဒီအတိုင်းပါပဲ။ ဖခင်ဘုရင်ကြီးကို သတ်မိခဲ့တဲ့ နောင်တဟာ သူကိုယ်တိုင် သူ့သားလေးမွေးတော့မှပဲ ဖခင်မေတ္တာကို အပြည့်အ၀ နားလည်ခဲ့ပြီး အဖေရှိရာသွားခဲ့ပေမယ့် အဖေက သူညှင်းစဲနှိပ်စက်ခဲ့တဲ့ ဒဏ်တွေနဲ့ သေသွားခဲ့ပါပြီ။ အဲဒီနောင်တတွေနဲ့အတူ နောင်ပိုင်းသတိသံဝေဂရလို့ ဘုရားသာသနာမှာ အကြီးအကျယ်ချီးမြှောက် ထောက်ပံ့၊ ဘုရားသာသနာကို နက်နက်နဲနဲ သက်ဝင်ယုံကြည်မှု ရှိခဲ့ပေမယ့် အဖေကိုသတ်ခဲ့တဲ့ ပိတုဃာတက ကံကြီးက ရှိခဲ့လေတော့ ဘုရားရှင်လည်း မကယ်နိုင်တဲ့ အထိဖြစ်ခဲ့ရပါတယ်။ အဇာတသက်ဘုရင်ဟာ အမှားအတွက် အချိန်မီ နောင်တရခဲ့ပေမယ့် ပြင်မရတဲ့ အမှားဖြစ်ခဲ့လို့ ပြင်မရတဲ့ နောင်တနဲ့အတူ ငရဲကျသွားခဲ့ရပါတယ်။ ဒါကြောင့် အမှားကျူးလွန်မိတတ်ပေမယ့် ကျူလွန်လိုက်တဲ့အမှားဟာ နောင်တရတဲ့အချိန်မှာ ပြင်မရတဲ့နောင်တမဖြစ်ဖို့၊ နောင်တရချိန်ဟာ နောက်ကျသွားချိန်မဖြစ်ဖို့ အရေးကြီးတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

သေချာတွေးကြည့်လိုက်ရင် ဒီနောင်တ အားလုံးရဲ့ တရားခံဟာ လုပ်သင့်လုပ်ထိုက်တာကို မလုပ်မိလိုက်ခြင်းနဲ့ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်မိလိုက်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ အလွယ်ပြောရရင် ကိုယ်ကိုယ်တိုင်ရဲ့ အလုပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ နောင်တဖြစ်အောင် လုပ်တာလည်း ကိုယ်ပဲဖြစ်သလို နောင်တမဖြစ်အောင် လုပ်တာလည်း ကိုပဲဖြစ်ပါတယ်။ လုပ်သင့်တာကို မလုပ်မိတဲ့ နောင်တထက် ပိုဆိုးတာက မလုပ်သင့်မလုပ်ထိုက်တဲ့ အမှားကို ကျူးလွန်မိတဲ့အတွက် ဖြစ်ခဲ့ရတဲ့ နောင်တက ပိုဆိုးပါတယ်။ အမှားလုပ်မိတယ်ဆိုတာ အမှားအမှန်ကို မခွဲခြားနိုင်မိလို့ ဖြစ်ပါတယ်။ အမှားအမှန် မခွဲခြားနိုင်ခြင်းဟာ အငြိုးအတေး အာဃာတတွေနဲ့ စိတ်ဆိုးစိတ်တိုတတ်တဲ့ ဒေါသစိတ်တွေကြောင့် ဖြစ်ပါတယ်။ ဒေါသော အတ္ထံ နဇာနာတိလို့ ဆိုသလို ဒေါသဖြစ်ရင် အကြောင်းအကျိုး၊ အကောင်းအဆိုးကို မသိဘဲ၊ အမှားအမှန်ကို မခွဲခြားတတ် ဖြစ်တတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အငြိုးအတေး အာဃာတတွေနဲ့ မလိုမုန်းထားစိတ်တွေကြောင့် ငြင်းခုံခိုက်ရန်ဖြစ်ကာ ရန်ဖြစ်ကြရာမှ ရုံးရောက်ဂတ်ရောက်၊ အချုပ်ရောက်၊ ထောင်ရောက်တွေ ဖြစ်ကုန်တတ်ပါတယ်။ အဲဒီလိုအချိန်ကျတော့မှ သွေးအားသွားပြီး ငါလုပ်ခဲ့တာ မှားပါလားလို့ နောင်တရမိတတ်ပါတယ်။ ဒါပေမယ့် ဒီနောင်တဟာ လွန်ကျူးမိပြီးမှ ဖြစ်တတ်ကြတာဆိုတော့ ကိုယ့်လုပ်ရပ်အတွက် ပြန်တော့ပေးဆပ်ရပါတယ်။ တကယ်လို့များ ဒီနောင်တတွေရဲ့ အကြောင်းဖြစ်တဲ့ အမှားကျူးလွန်မှုကို မလုပ်ဖြစ်ခဲ့ရင်၊ အမှားမကျူးလွန်ခင် စိတ်ကို ထိန်းနိုင်ခဲ့မယ်ဆိုရင် ဒီလို နောင်တရတဲ့အထိ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် နောင်တမဖြစ်ချင်ရင် ဘာပဲဖြစ်ဖြစ် အမှားမကျူးလွန်မိခင် ကိုယ့်စိတ်ကို ထိန်းကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

အမှန်တော့ စိတ်ဆိုတာက လေကျင့်ပေးရင် ထိန်းလာနိုင်တတ်ပါတယ်။ စိတ်ဆိုးလွယ်တဲ့သူ၊ စိတ်တိုလွယ်တဲ့ သူတွေလည်း သတိလေးထားပြီး ကိုယ့်ရဲ့စိတ်လေးကို ထိန်းကြောင်းပေးကြည့်ရင် တဖြည်းဖြည်း ရလာတတ်ပါတယ်။ ဘုန်းဘုန်းရဲ့ ကျောင်းအကျိုးဆောင် ဒကာလေးတစ်ယောက်ဆိုရင် အရင်တုန်းက စိတ်တော်တော် မြန်တတ်ပါတယ်။ ရိုးဖြောင့်ပြီး မဟုတ်မခံ စိတ်ရှိတဲ့အတွက် ပြောဆိုတဲ့အခါလည်း ပွင့်ပွင့်လင်းလင်း ဒဲ့တိုးပြောတတ်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း တစ်ခါတစ်လေ အများအထင် လွဲတာလေးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သူ့ကိုလည်း တစ်ခါတစ်လေ ဘုန်းဘုန်းက “သည်းခံတတ်တဲ့ အကျင့်လေးတွေ လုပ်ပေးဖို့၊ အများအတွက် အလုပ်လုပ်တဲ့သူဟာ သူများထက်ပိုပြီး စိတ်ရှည်ဖို့၊ အလုပ်မလုပ်တဲ့ သူတွေအတွက် ဘာသံမှ၊ ဘာတိုက်ခိုက်မှုမှ မရှိတတ်ပေမယ့် အလုပ်လုပ်လာပြီဆိုရင်တော့ ပြောတာဆိုတာ တိုက်ခိုက်တာတွေ ရှိတတ်တဲ့အတွက် ကိုယ့်စိတ်ကို ကျောင်းအပေါ်ထားတဲ့ စေတနာ၊ အများအတွက် လုပ်ပေးတဲ့ စေတနာတွေနဲ့ အကောင်းဆုံး သည်းခံနိုင်အောင် လေ့ကျင့်ကြည့်ဖို့..” ပြောပြဖြစ်ပါတယ်။ ဒကာလေးကလည်း အရင်လိုမဟုတ်တော့ဘဲ သူကိုယ်တိုင် “ငါ့ကို ဦးဇင်းကလည်း ဒီလိုပြောထားတယ်၊ ငါ့စိတ်ကို ငါထိန်းမှ ဖြစ်မယ်..”ဆိုတဲ့ အတွေးတွေနဲ့ စိတ်တိုတတ်တာ၊ သည်းမခံတတ်တာတွေကို သည်းခံလာနိုင်အောင်၊ စိတ်ရှည်အောင် လေ့ကျင့်ပါတယ်လို့ ဆိုပါတယ်။ စိတ်ဆိုးစိတ်တိုဖြစ်စရာ နေရာတွေ၊ အလုပ်တွေ၊ လူတွေကိုရှောင်ပြီး နေလိုက်တယ်လို့ ဆိုပါတယ်။ တကယ်လည်း သူအဲလိုဖြစ်အောင်နေတာကို ဘုန်းဘုန်း သတိထားမိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းအကျိုးဆောင် ဒကာလေးတစ်ယောက် အဲဒီလိုစိတ်ထားလေးတွေနဲ့ သူ့စိတ်ကို သူပြုပြင် လာတာတွေကတော့ သူ့အတွက်ရော အများအတွက်ပါ နောင်တကင်းရာ ဖြစ်နေမှာ အမှန်ပါပဲ။

ဆိုလိုတာက နောင်တဆိုတာ ပုထုဇင်တိုင်း ဖြစ်တတ်ပေမယ့် အဲဒီနောင်တကင်းအောင် နောင်တဖြစ်ရမယ့် အလုပ်တွေ မလုပ်ဖြစ်ခင် စိတ်ကို ကြိုးစားလေ့ကျင့်ပြီး ထိန်ကြောင်းပေးကြည့်ကြဖို့ ဆိုချင်တာပါ။ အကယ်၍ မထိန်းနိုင်လို့ ကျူးလွန်မိခဲ့မယ် ဆိုရင်လည်း ပြုပြင်လို့ မရတဲ့အချိန်၊ ပြုပြင်လို့ မရတဲ့ နောင်တမျိုးအထိ မဖြစ်အောင်တော့ ကိုယ့်စိတ်ကို သတိကပ်ကာ လေ့ကျင့်ကြည့်ဖို့ လိုပါတယ်။ နောင်တရတဲ့အချိန်ဟာ နောက်မကျတဲ့အချိန်ဖြစ်ဖို့ အရေးကြီးပါတယ်။ အမှားအတွက် နောင်တရတဲ့အခါမှာလည်း “မှားခဲ့မိလေခြင်း…”ဆိုပြီး အမှားအပေါ်မှာ နောင်တတရားတွေနဲ့ ပူဆွေးနေဖို့ မလိုပါဘူး။ မှားမှန်းသိတာနဲ့ အဲဒီအမှားကို သင်္ခန်းစာယူပြီး နောင်မမှားအောင် ကြိုးစားဖို့ပဲ လိုပါတယ်။ ပြုပြင်လို့ ရတဲ့အမှားမျိုးဆိုရင် နောင်တရလို့ ပြုပြင်နိုင်တဲ့အချိန်ဟာ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ အဓိကကတော့ ဖြစ်သမျှ နောင်တများဟာ လုပ်သမျှ အမှားများကြောင့် ဖြစ်တဲ့အတွက် အမှားမလုပ်မိအောင်၊ အမှားလုပ်ချင်တဲ့ စိတ်ဖြစ်တဲ့အခါ အဲဒီစိတ်ကို စိတ်လေးနဲ့ မြင်အောင်ကြည့်ပြီး တစ်မိနစ် နှစ်မိနစ်စသဖြင့် အာရုံပြုပြီး နေကြည့်မယ်ဆိုရင် သွေးစူနေတဲ့စိတ်ဟာ တဖြည်းဖြည်း ငြိမ်လာတတ်ပါတယ်။ စိတ်ငြိမ်လာရင် အမှားလုပ်မိတော့မယ့် စိတ်ကိုလည်း မလုပ်မိအောင် ထိန်းလာနိုင်ပါလိမ့်မယ်။ အမှားမလုပ်မိရင် နောင်တဆိုတာလည်း မရှိနိုင်ပါဘူး။

ဒါကြောင့် အကြွင်းမဲ့ နောင်တကင်းဖို့ဆိုတာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်မှပဲ ဖြစ်နိုင်ပေမယ့် ပုထုဇင်များ အနေနဲ့လည်း နောင်တနည်းအောင်၊ ပြုပြင်မရတဲ့ နောင်တမျိုးမဖြစ်အောင်၊ နောင်တရချိန်ဟာ နောက်ကျတဲ့ အချိန်မဖြစ်ရလေအောင် လက်ရှိ ကိုယ့်ရဲ့ အပြောအဆို၊ အပြုအမူ အနေအထိုင်များကို သတိနဲ့ ထိန်းသိမ်းကြဖို့ ဆိုခြင်းဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်ကို ဒေါသတရား၊ အငြိုးအတေးများနဲ့ မလွှမ်းမိုးမိစေဘဲ ဘာပဲဖြစ်ဖြစ် ဖြစ်နေတဲ့စိတ်ကို သိအောင်ကြိုးစားပြီး အမှားကင်းအောင်၊ အမှားနည်းအောင် လေ့ကျင့်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီလိုနည်းနဲပဲ နောင်တကင်းရာလမ်းမှန်ကို လျှောက်လမ်းကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။ အားလုံးအမှားကင်းပြီး နောင်တရှင်းကြပါစေ…


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP