* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, April 4, 2010

Ostersonntag အော်စတာ ဆန်းဒေး




အော်စတာ ဆန်းဒေး အစီစဉ်

မနက်
၁။ ၈ နာရီ ဘုရား ၀တ်ပြု ၊ လူများ အတွက် ရှစ်ပါး သီလ ခံယူချိန်
၂။ ၈ နာရီ မှ ၈ နာရီ ခွဲ ထိ အနာထိပိဏ္ဍိက သံယုတ်ဒေသနာ ( ဒေ၀တာ သံယုတ်)
အရှင် ဌိတဓမ္မ ( ဂျာမန်) ဟောကြားမည်။
၃။ ၉ နာရီမှ ၁၀ နာရီ အထိ တရားထိုင်ချိန်
၎။ ၁၀ နာရီမှ ၁၁ နာရီ အထိ စင်္ကြံ တရားမှတ်
၅။ ၁၁ နာရီမှ ၁၂ နာရီ နေ့ ဆွမ်း ဘုဉ်းချိန်

နေ့ လည်
၁။၁၂ နာရီ မှ နာရီ အထိ လူများ သုံးဆောင်ချိန်
၂။ ၂ နာရီမှာ ၃ နာရီ အထိ တရားထိုင်ချိန်
၃။ ၃ နာရီမှ ၆ နာရီ အထိ
ရာသီ ဥတု ကောင်းလျင် မြစ်ဘေး တရားထိုင်၊ စင်္ကြံမှတ်ချိန်
ရာသီ သူတု မကောင်းလျင် ကျောင်းမှာဘဲ တရားထိုင်ချိန်
၎။ ၆နာရီမှ ၇ နာရီ အထိ တရားထိုင်ချိန်
၅။ ၇နာရီ မှ ၇ နာရီ ညနေ တီးသောက်ချိန်


၁။ ၇နာရီခွဲမှ ၈ နာရီ ၁၀ မိနစ်ထိ ဘုရားဝတ်ပြု
၂။ ၈နာရီ ၁၀ မိနစ်မှ ၉ နာရီအထိ အမေး -အဖြေ ကဏ္ဍ

တစ်နေ့ တာ ပြီးပါပြီ


မြတ်ရောင်နီ
( ၀၄၊၀၄၊၂၀၁၀)

Read more...

*ဘ၀အတွက် အရေးကြီးဆုံး*

Written by တောသားလေး 0 အကြံပြုပါသည်။ Posted in:

ဘ၀မှာအရေးကြီးဆုံးကတော့စိတ်ကောင်းရှိပြီး၊ စိတ်စည်းကမ်းရှိဖို့ဘဲဖြစ်ပါတယ်။
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက မိမိကျောင်းမှာရှိတဲ့ စာသင်သားများကို လိုက်နာဖို့ စည်းမျဉ်း (၁၀) ချက်သတ်မှတ်ခဲ့ပါတယ်။ အဲဒီစည်းမျဉ်း (၁၀)ချက်ကို ဆရာတော်ကြီးရဲ့ ဘ၀နေနည်း (၁၀) ချက်လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ဆရာတော်ကြီးရဲ့ စည်းမျဉ်း (၁၀) ချက်ကတော့-
၁။ စိတ်ကောင်းရှိဖို့က ပထမ
၂။ ၀ိနည်းလေးစားဖို့က ဒုတိယ
၃။ ကျန်းမာဖို့က တတိယ
၎။ သန့်ရှင်းဖို့ စတုတ္တ
၅။ အ၀တ်အစားဝတ်တတ်ဖို့က ပဉ္စမ
၆။ အနေအထိုင်တတ်ဖို့က ဆဋ္ဌမ
၇။ အသွားအလာတတ်ဖို့က သတ္တမ
၈။ အပြောအဆိုတတ်ဖို့က အဋ္ဌမ
၉။ စည်းကမ်းလိုက်နာဖို့က န၀မ
၁၀။ စာတတ်ဖို့က ဒသမ ဖြစ်ပါတယ်။
စည်းကမ်းရှိမှ တိုးတက်မည်ဆိုတဲ့ဆောင်ပုဒ်လေးတောင် ရှိပါတယ်။ ပညာတွေ ဘယ်လောက်တတ်တတ် အပြော အဆို အနေအထိုင် ဘယ်လောက်တတ်နေပါစေ စိတ်စည်းကမ်းမရှိရင်တော့ ကျီးအားသီးလိုလူမျိုး ဖြစ်နေမှာဘဲဖြစ်ပါတယ်။
လောကီနယ်ပယ်မှာ နေထိုင်နေသမျှ ကာလပတ်လုံး ဘ၀လက်တွဲဖော် ရွေးချယ်ကြတဲ့အခါမှာလည်း မိမိ ကိုယ်တိုင်က စိတ်စည်းကမ်းမရှိဘဲ မိမိနဲ့လက်တွဲမည့်သူက စိတ်စည်းကမ်း ရှိနေရင်ဖြစ်စေ၊ မိမိလက်တွဲ ဖော်က အ၀တ်အစား အသွားအလာ အနေအထိုင် စည်းကမ်းမရှိဘဲ မိမိကိုယ်တိုင်က အ၀တ်အစား အသွား အလာ အနေအထိုင် စည်းကမ်းရှိနေရင်ဖြစ်စေ ပြသာနာတစ်ခုဘဲဖြစ်ပါတယ်။ ဒါကြောင့် အိမ်ရာတည် ထောင်လူဘောင်တွင် နေထိုင်နေသမျှ ကာလပတ်လုံး မိမိရဲ့ဘ၀လက်တွဲဖော်ကို ရွေးချယ်မည်ဆိုလျှင်ဖြင့် မိမိနဲ့စိတ်သဘောထားတိုက်ဆိုင်ပြီး စိတ်ထားကောင်းမွန်သူကိုသာ ရွေးချယ်သင့်ပါတယ်။ ကျွန်တော်ကတော့ ဘ၀မှာ ပစ္စည်းဥစ္စာ ပညာတွေထက် စိတ်ထားကောင်းမွန်ပြီး မွန်မြတ်သန့်စင်တဲ့ စိတ် စည်းကမ်းရှိသူကို ပိုပြီးလေးစားတန်ဖိုးထားပါတယ်။အထက်ဖော်ပြပါ ဆရာတော်ကြီးရဲ့ စည်းမျဉ်း (၁၀)ချက် စလုံးနဲ့ ကိုက်ညီအောင်နေနိုင်တဲ့သူကတော့ဖြင့် ဘ၀မှာအတော်ဆုံးနဲ့ နေနည်းအမှန်ဆုံးသူဘဲ ဖြစ်ပါတယ်။

ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။


Read more...

မိဿ၊ အံသာ၊ အသ၀ဏီ ရှာပုံတော်

"နေသွားလမ်း စက်ဝိုင်းကို ရာသီ ၁၂ ပါးပိုင်းပြီး ပထမ မိဿရာသီ အစ သုညအံသာဟာ အသ၀ဏီ နက္ခတ် တနင်္ဂနွေ ရ၀ိဖုဋဂြိုဟ်ယှဉ်တယ်လို့လည်း ဆိုရော အတာသင်္ကြန်ကျတာပဲ"

(နေ၀င်းမြင့်၊ ရွှေမန္တလေးဝေးဝေးသင်္ကြန်အက်ဆေး)

နေသွားလမ်း စက်ဝိုင်း၊ မိဿရာသီ၊ သုညအံသာ၊ အသ၀ဏီနက္ခတ်၊ ရ၀ိဖုဋဂြိုဟ် ဆိုတဲ့ စကားလုံးတွေကို နားမလည်တော့ အဲဒီစာကို ကောင်းကောင်းနားမလည်ဘူး။ နားမလည်တော့ သိပ်လည်းအရေးမကြီးပါဘူးဆိုပြီး ခဏပစ်ထားလိုက်တယ်။ ဒါပေမဲ့ သူ့ကိုပစ်ထားပြီး တခြားစာတွေဖတ်ရတာ စိတ်ထဲ စနိုးစနောင့် ဖြစ်နေတယ်။ မနေနိုင်တော့တဲ့အဆုံး တခြားကိစ္စတွေ ခဏပြန်ပစ်ထားပြီး Googling လုပ်တယ်။ သရုပ်ပြအဘိဓာန်ကို လှန်တယ်။

ရာသီ ၁၂ ပါးကို ရှာတော့ ၁။ မိဿရာသီ ၂။ ပြိဿ ၃။ မေထုန် ၄။ ကရကဋ် ၅။ သိဟ် ၆။ ကန် ၇။ တူ ၈။ ဗြိစ္ဆာ ၉။ ဓနု ၁၀။ မကာရ ၁၁။ ကုမ် ၁၂။ မိန်ရာသီတို့ ပါလားလို့ တွေ့ရတယ်။ အောက်မှာ ၁၂ ရာသီကို နေသွားလမ်း စက်ဝိုင်းနဲ့ ပိုင်းထားတဲ့ပုံကို ဟောဒီနေရာက ရတယ်။ credit to -http://kopakhan.myanmarbloggers.info/2010/03/blog-post_21.html



နက္ခတ်ပိုင်းမှာ အသ၀ဏီလို့ မတွေ့ရဘူး။ သုတေသန သရုပ်ပြအဘိဓာန်မှာ အဿဝဏီလို့ပဲ "ဿ" (သကြီး) နဲ့ရေးတာ တွေ့ရတယ်။ စာလုံးပေါင်းတွေကို သရုပ်ပြအဘိဓာန်ကပဲ အတည်ယူလိုက်တယ်။ အဲဒီမှာ အဿဝဏီ အပါအ၀င် နက္ခတ် ၂၇ လုံး ပြထားတယ်။ ၁။ အဿဝဏီ ၂။ ဘရဏီ ၃။ ကြတ္တိကာ၎။ ရောဟဏီ ၅။ မိဂသီ ၆။ အဒ္ဒရ ၇။ ပုဏ္ဏဖုသျှု ၈။ ဖုသျှ ၉။ အဿလိသ ၁၀။ မာဃ ၁၁။ ပြုပ္ပါဘရဂုဏ္ဏီ - ၁၂။ ဥတြာဘရဂုဏ္ဏီ -၁၃။ ဟဿဒ ၁၄။ စိတြ ၁၅။ သွာဒိ ၁၆။ ၀ိသာခါ ၁၇။ အနုရာဓ ၁၈။ ဇေဋ္ဌ ၁၉။ မူလ ၂၀။ ပြုပ္ပါသဠ်၂၁။ ဥတ္တရာသဠ် ၂၂။ သရ၀ဏ် ၂၃။ ဓနသိဒ္ဓိ၂၄။ သတ္တဘသျှ၂၅။ ပြုပ္ပါဘဒြပိုဒ် ၂၆။ ဥတ္တရာဘဒြပိုဒ် ၂၇။ ရေ၀တီ ရယ်လို့ တွေ့ရတယ်။

အဿဝဏီ နက္ခတ်က မိန်ရာသီ "၀"(သုည) အံသာကနေ အစပြုပြီးတော့ ရာသီ စက်ဝန်းရဲ့  ၁၃ အံသာ ၂၀ လိတ္တာကို ပိုင်ဆိုင်ပါတယ်။ လို့ ရေးထားတာကို ဟောဒီနေရာမှာ တွေ့ရတယ်။ credit-http://www.mmastrology.com/2007/10/blog-post_22.html

နေသွားလမ်းစက်ဝန်းက ၃၆၀ ဒီဂရီရှိတယ်။ လိတ္တာပေါင်း ၆၀ ပြည့်ရင် တစ်အံသာ။ အံသာ သုံးရာခြောက်ဆယ် ပြည့်ရင် ၁၂ ရာသီပဲလို့ နားလည်လိုက်တယ်။ (ဟုတ်မဟုတ် ထောက်ပြကြပါကုန်။)

နောက်ထပ်အမှတ်အသားတစ်ခု ရရှိတာက - ဟောဒီနေရာက http://www.ainmat.com/index.php?/archives/657-unknown.html ဖြစ်ပါတယ်။ "ရ၀ိဖုဋဂြိုလ်စင် တနင်္ဂနွေ စတင်ဝင်ရောက်ချိန်မှာ သင်္ကြန်စတင်ကျပြီးနောက် ၂ရက် ၄နာရီ ၄မိနစ် ၄၀စက္ကန့် ရ၀ိမဓျဂြိုလ်သွမ်း တနင်္ဂနွေ ရောက်ရှိချိန်မှာ နှစ်သစ်ကို ကူးပြောင်းပါတယ်။ " လို့ ရေးသားထားတယ်။

နေသွားလမ်း စက်ဝိုင်း၊ မိဿရာသီ၊ သုညအံသာ၊ အသ၀ဏီနက္ခတ်၊ ရ၀ိဖုဋဂြိုဟ် ဆိုတဲ့ စကားလုံးတွေကို အထိုက်အလျောက် သိသွားတော့ အထက်က စာသားကို နားလည်သွားတယ်။ ကိုယ့်ဖာသာ စိတ်ကျေနပ်မှုရပြီး ကျန်တဲ့ကိစ္စတွေဆက်လုပ်လို့ ရသွားပါတော့တယ်။

Read more...

*စွန်းလွန်းကျင့်စဉ်နှင့် ကိုယ်တွေ့အမြင်*

Sunlun's Practic (1)

လေးစားစွာဖြင့်
ဖိုးသား

03.04.2010, SAT:, 12:02:32 PM

Read more...

ကုသိုလ်အမှု ရအောင်ပြု

+ ကုသိုလ်အမှု တစ်ခုခုကို
ရ,အောင်ပြုသူ အာဂလူ။

+ ရှင်တော်ဘုရား၊ ဟောတရားကို
သိတိုင်းမှတ်သား၊ ကျင့်ဆောင်ငြားက
ချီးမွမ်းထိုက်သူ အာဂလူ။

+ ခုခါကာလ၊ လူ့လောကဝယ်
လောဘ ဒေါသာ၊ မိုက်မောဟာနှင့်
မာနဣဿာ၊ မစ္ဆေရာတို့
နေ့တိုင်းညတိုင်း၊ ခါ မဆိုင်းဘဲ
အမြဲတောက်လျှောက်၊ မီးလျှံတောက်၏။

+ အမိုက်မှောင်ကြီး၊ ဖိကာစီးလည်း
အလင်းရောင်ကို၊ မရှာလိုဘူး
မှောင်မိုက်ကိုသာ၊ နှစ်သက်စွာဖြင့်
ခုထက်ပိုကဲ၊ အတင့်ရဲ၏။

+ ခုခါကာလ၊ လူ့လောကဝယ်
ကုသိုလ်အမှု၊ တစ်ခုခုကို
ရ,အောင်ပြုသူ အာဂလူ။

ဦးဝိမလ
လောကချမ်းသာ စနေနေ့တရားပွဲ
၃-ဧပြီ-၂၀၁၀
0 comments

Read more...

မစ္ဆရိသုတ် ... ကဗျာ

သာဝတ္ထိခေါ် နေပြည်တော် ဇိနော်နေစဉ်ပ။
သူတော်တရား နာယူထား ဖြစ်ငြားနတ်တွေပ။
ရှင်တော်ဘုရား လျှောက်ကာထား မှတ်သားဂါထာပ။
မပေးကမ်းလို ဖုံးလွှမ်းသို ၀န်တို မစ္ဆရ။
စည်းစိမ်ယစ်မူး ပျော်မွေ့ကြူး မေ့မူးပမာဒ။
ဤသို့နှောင့်ယှက် ကြောင်းနှစ်ချက် ရှိလျှက်မလှူရ။
လှူသင့်လှူအပ် အလှူမြတ် အပြတ်မလှူကြ။
ကောင်းမှုကြောင်းတိုး ကောင်းအကျိုး မြတ်နိုးလိုချင်က။
လိမ္မာချင့်မိ ပညာရှိ တွေးသိလှူဒါန်းပ။
သဒ္ဒါဇောပြတ် သောမနတ် ဆက်ကပ်လှူဒါန်းပ။

တစ်ပါးနတ်သား လျှောက်ကာထား မှတ်သားဂါထာပ။
နှမြောဝန်တို မလှူလို ထိုထိုကြံတွေးလာ။
မွဲမည်ငတ်မည် ထိုထိုဤ အတည်ကြံတွေးလာ။
မစ္ဆေရနှောက် လောဘမှောက် အကြောက်တွေးဆကာ။
ဖြစ်ရာဘ၀ ရှာမရ ငတ်လှအစာပါ။
အာလျှာခြောက်သွေ့ ရေမတွေ့ ပူငွေ့မွတ်သိပ်ပါ။
ပူဆာနွမ်းညှိုးဘေးနှစ်မျိုး အဆိုးကြုံမည်ပါ။
မစ္ဆေဟန့်တား မာယာများ အမှားတွေးယူလာ။
မစ္ဆေရဆွဲ လူစဉ်းလဲ သူလဲအပါယ်ပါ။
မစ္ဆေချေးညှော် ဖွတ်ဆေးလျှော် အပျော်ကြုံမည်ပါ။
ဘေးရောက်အောင်ဆိုက် မစ္ဆေမိုက် ထွင်းလိုက်ပယ်လိုက်ပါ။
နှမြောမတူ ရက်ရောမူ ကြည်ဖြူပေးလှူပါ။
နည်းငယ်မဟူ သဒ္ဓါဖြူ ပေးလှူလိုက်ကြပါ။
အပါယ်ဝဋ်ညှောက် ကွယ်လွတ်ပျောက် လူ့အောက်မကျပါ။
ဒါနဆွဲယူ လက်မြဲသူ နိဗ္ဗူချမ်းသာပါ။

တစ်ပါးနတ်သား လျှောက်ကာထား မှတ်သားဂါထာပ။
အဓွန့်ရှည်ကြီး လမ်းခရီး မညည်းသွားကုန်ကြ။
အနည်းငယ်ပါ လမ်းရိက္ခာ ဝေကာစားပုံပ။
သံသာခရီး အဝေးကြီး အပြီးသွားကုန်ကြ။
ခရီးမနား ညည်းကာသွား အသွားအမြဲပ။
လက်မှာနည်းနည်း စားဖို့ထဲ ဖဲ့ခွဲပေးကုန်ကြ။
ဇီဝိန်ပျက်ကြွေ သက်ပင်သေ ပါလေမြတ်ဒါန။
ဘ၀သာလွဲ စည်းစိမ်မြဲ ပျော်ပွဲတွေ့ကြုံရ။
ဒါနစုံက သေကုန်ကြ သေရမည်ပ။
ပညာရှိများ ထင်သိညား တရားထားခဲ့ပ။
တချို့မှာကား ဥစ္စာများ လှူငြားမပြုပ။
စည်းစိမ်ဘောဂ သောသောကြွ လျှောကျအံထွက်ပ။
အရေးမယူ မပေးလှူ နေမူဆိတ်ဆိတ်ပ။
ရှားကားရှားဘိ ကိုယ်မချိ နွမ်းယိနွမ်းနယ်ပ။
သဒ္ဓါကြည်ဖြူ တစ်ချို့လူ လှူမူခွဲခြမ်းပ။
ဆင်းရဲပစေ လွဲမသွေ ခွဲဝေပေးကမ်းပ။
အသက်မညှာ တွက်မစာ ရက်စွာလှူဒါန။
ဓမ္မိယမဟုတ် အရှုတ်ရှုတ် ထောင်ထုပ်လှူဒါန။
ဝတ္ထုများရာ မလိုက်ပါ လှူတာအမြတ်ပ။

တစ်ခြားနတ်သား လျှောက်ကာထား မှတ်သားဂါထာပ။
မာယာမထူ သဒ္ဓါဖြူ ပေးလှူနိုင်ခဲပေ။
မတွေမငိုင် အရေးပိုင် လှူနိုင်အမြတ်ပေ။
သဒ္ဓါမထူ မာယာကူ အတူမလုပ်ရ။
သူတော်၌အောင်း တရားကောင်း မကောင်းမဖြစ်ပ။
အတွင်းဆူပုပ် ဖျင်းသူယုတ် အဟုတ်ကွာခြားပ။
သူတော်တရား သူယုတ်များ ၀ံ့စားမနိုင်ပ။
တရားကောင်းဝင် သူတော်စင် မှန်ပင်ချမ်းသာရ။
မကောင်းမှုပျိုး သူယုတ်မျိုး အဆိုးကြုံမည်ပ။
ဤမနုဿ လူ့ဌာန သေရဘ၀ပ။
သေခါပျောက်သွား နောက်အပါး ထူးခြားကွဲမည်ပ။
နားဖို့စခန်း သွားဖို့လမ်း၊ မျှော်မှန်းသိပါကြ။
တရားမကြိုက် အမှားလိုက် အမိုက်အပါယ်ပ။
တရားနှင့်ပျော် များသူတော် ပေါင်းဖော်ချမ်းသာရ။
ပြောင်းဖို့စခန်း ကောင်းရာလမ်း နတ်နန်းသာလျှင်ပ။

မြတ်စွာဘုရား ထံတော်ပါး နတ်များလျှာက်ထားရာ။
ဘယ်နတ်စကား ကောင်းမွန်ငြား နတ်သားထပ်မေးပါ။
အားလုံးနတ်သား စကားများ ဆိုငြားကောင်းလှပါ။
ငါပြောစကား သင်နတ်များ မှတ်သားနာဦးပါ။
သားလင်မယား လုပ်ကျွေးထား နေငြားကောင်းမှုပါ။
အနည်းငယ်သာ စားရိက္ခာ ခွဲကာပေးလှူပါ။
ကုသိုလ်ကမ္မပြုကျင့်က နေပအိမ်ထောင်ပါ။
သမုဉ္စက အလှူပ လှူထပြုကျင့်ပါ။
ထိုသည့်အလှူ အမြတ်ဟူ ရှင်လူချီးကျူးပါ။
တစ်ထောင်တန်လှူ ပူဇော်သူ များမူ ယောက်ျားတစ်သိန်းပါ။
ဆယ်ကုဋေအား လှူဒါန်းထား သာငြားသမုဉ္စကပါ။
အစီတရာ တစ်စိတ်သာ လှူထမမှီပါ။
(ဌ-၅၇) ကောက်နယ်တလင်း စသည်ရှင်း လှည်းချင်းတံမြတ်ပါ။
ကောက်ရိုးနင်းနယ် သုတ်သင်တယ် ရတယ်စပါးပါ။
ထိုပစ္စည်းဟာ စင်ကြယ်တာ ခေါ်ပါဓမ္မယလဒ္ဓပါ။
ဓမ္မယလဒ္ဓ လှူမျိုးပ ခေါ်ပါ သမုဉ္စကပါ။
သမုဉ္စကအလှူ မှတ်တမ်းယူ ထူးမူပြုကျင့်ပါ။

နတ်သားတစ်ဦး ထပ်လျှောက်ဖူး အထူးမေးခဲ့ပါ။
ဆယ်ကုဋေအား လှူဒါန်းငြားထက် သာထုံလျှက် ဘယ်တွက်သမုဉ္စက
အလှူအမြတ်ပါ။
အစိတ်တစ်ရာ တစ်စိတ်သာ လှူတာဘယ်ကြောင့် မမီပါ။
မြတ်စွာဘုရား ပြန်မိန့်ကြား မှတ်သားနာယူပါ။
မသင့်သောအား ကံသုံးပါး တည်ငြားလှူဒါန်းပါ။
ဒဏ်နှင့်တကွ ဖြစ်တာပ လှူကြမမြတ်ပါ။
သမုဉ္စကလှူ ကုဋေလှူ ထူးမူကွာခြားပါ။

အရှင်နန္ဒဝံသ (ရေစကြို)
သံယုတ္တ နိကာယ် ကဗျာကျမ်း


Read more...

တရားမဟောတတ်ပါဘူးဆို

တစ်ခါက တောရွာတစ်ရွာတွင် ခြေတစ်ဖက်မသန်သော ဦးဇောဆိုသောဘုန်းကြီးတစ်ပါးရှိ ခဲ့ဖူးပါတယ်။ တရားတော့ မဟောတတ်ဘူး။ တရားဟောဖို့ဆိုရင် အလွန်ငြင်းဆန်သတဲ့။

ဒါနဲ့ တစ်နေ့တော့ အဲ့ဒီဘုန်းကြီးဦးဇောထံ ဘုန်းကြီးဇောနဲ့အလွန်ရင်းနှီးသော
ဆွမ်း ဒါယိကာမကြီး ဒေါ်ဖွားခြုံရဲ့ခင်ပွန်းဖြစ်သူ ဦးမှုန်ဆိုသောဒကာကြီးက လာရောက်ပြီး တရားဟော ကြွတော်မူပါရန်လျှောက်ထားတောင်းပန်ပါတယ်။
ဒီတော့ ဘုန်းကြီး ဦးဇောက “ဒကာကြီး ဘုန်းကြီးက တရားမဟောတတ်ဘူး၊
ဒါ့ကြောင့် တခြားတစ်ပါးက ဘုန်းကြီးကိုသာ ပင့်ပါလို့” ပြောဆိုတောင်းပန်သတဲ့။
ဒကာကြီး ဦးမှုန်က
“အို ဆရာတော်ရယ် တရားဟောတာပဲ ဘာခက်တာမှတ်လို့ မျက်စိထဲ တွေ့ရာမြင်ရာဟောတာပဲ၊
ကိုယ့်ရပ်ကိုယ့်ရွာအလှူ ဆရာတော်သာ ဟောတော်မူပါ၊
တပည့်တော် တခြားဘုန်းကြီးတွေဟောတာ တယ်ပြီးမကြိုက်လှဘူး” လို့
ပြန်လည်လျှောက်ထား လိုက်သတဲ့။
ဒီစကားကြောင့်ဘုန်းကြီး ဦးဇောလည်း အတော်အခက်တွေ့သွားတာပေါ့။
“တရားဟောတယ်ဆိုတာ မျက်စိထဲတွေ့ရာမြင်ရာ ဟောတာပဲဆိုရင်တော့ မဆိုးပါဘူး၊
ဒါဆိုရင်တော့ ဟောရ မှာပေါ့ဗျာ” လို့ အားနာနာနဲ့ ပြန်ပြောလိုက်သတဲ့။
ဒါနဲ့ အလှူပွဲရက်ရောက်တော့ ဘာတရားဟောရပါလိမ့်မလဲလို့ စဉ်းစားပေမယ့် စဉ်းစားမရဖြစ်နေတယ်တဲ့။ ကဲပါလေ၊ မျက်စိထဲ တွေ့ရာမြင်ရာဟောပါဆိုတော့ ဟိုရောက်မှပဲ ကြည့်ပြီးလုပ်ရတော့မှာပဲလေ ဆိုတဲ့စိတ်ကူးနဲ့ အလှူမဏ္ဍပ်ကို ကြွလာခဲ့ပါတယ်။
အဲ့ဒီလိုကြွလာရင်းနဲ့ မျက်စိထဲ တွေ့ရာ မြင်ရာကို မှတ်ပြီးတော့ လာခဲ့သတဲ့။
ဘုန်းကြီးဇော ကျောင်းကအထွက် လမ်းမှာတွေ့ခဲ့ရတာတွေက ပုရွတ်ဆိတ်တွေ အုံနေတာရယ်၊ သူ့ကျောင်းအနီးက တောတန်းတစ်နေရာလေးမှာ သမင်နှစ်ကောင် ခတ်နေတာရယ်၊
ဖားတစ်ကောင်က တကွက်ကွက်မြည်နေတာရယ်တွေ့ခဲ့သတဲ့။
တော်တော်ခပ်လှမ်းလှမ်းရောက်တော့ မိန်းမနှစ်ယောက်က ယောက်ကျားတစ်ယောက်ကို
ညည်းဟာလား၊ ငါ့ဟာလားလို့ အငြင်းအခုန်ဖြစ်နေတာရယ်၊
ငခွေးတို့သားအဖ နွားပျောက်ရှာပုံ တော်ဖွင့်နေတာရယ် တွေ့ခဲ့ပြန်သတဲ့။
အဲ့ဒီနောက်မှာတော့ မဏ္ဍပ်နဲ့ခပ်လှမ်းလှမ်းအရောက် ကြက်ဖကြီးတစ်ကောင်က
အောက် အီးအီးအွတ်လို့အသံထွက်ပြီးတွန်လိုက်သံကို ကြားလိုက်ရပြီးနောက်
မဏ္ဍပ်ထဲကို ရောက်လာခဲ့ပါ တော့တယ်။
ဆရာတော်ရောက်ရောက်ချင်းမှာပဲ အလှူပွဲက ဗျောဆိုင်းကလည်း
တောက်တောက် ဗြုန်းလို့ ထတီးလိုက်တာတွေကို မျက်စိနဲ့ရော နားနဲ့ပါ ကြားနေရပါတယ်။ တရားဟောတယ်ဆိုတာ မြင်တာကြားတာကို ဟောပေါ့လို့လျှောက်ထားတဲ့
အလှူ့ဒကာကြီး ဦးမှုန်ရဲ့စကားအတိုင်းပဲ ဟောရတော့မှာပေါ့လေလို့ စဉ်းစားရင်း
ပလ္လင်ပေါ်ကို တက်ထိုင်လိုက်ပါတယ်။
အဲ့ဒီနောက် တရားနာပရိသတ်က သြကာသကန်တော့ကျိုးနဲ့ ရှိခိုးတဲ့အခါ ကန်တော့ကျိုးအဆုံးမှာ
နိဗ္ဗာန် မဂ်ဖိုလ်ရပါစေသော်ဟူ၍ ဆုတောင်းနေတဲ့အသံကိုပါ ကြားရတာမို့
ဘုန်းကြီးဇောက တရား နာပရိသတ်ကို တရားဟောလိုက်ပုံက-
ငါ့ကျောင်းကထွက် ပုရွတ်ဆိတ်အုံချီ
သမင်နှစ်ကောင် ချိုချင်းယှက်
ဖားကွပ်ကွပ်မြည်။
ညည်းဟာလားအေး၊ ငါ့ဟာလားအေး
ငခွေးတို့သားအဖ နွားပျောက်ရှာသည်
အောက်အီးအီးအွတ်
တောက်တောက်ဗြုန်း
နိဗ္ဗာန်ရလိုပါစေသော်ဟူ၍
ဆုတောင်းလိုက်ကြကုန်သတည်း”တဲ့။
ဘုန်းကြီးဇောရဲ့ မြင်ရာကြားရာကို ဟောတတ်ပုံကို ဒကာကြီး ဦးမှုန်ကြားတဲ့အခါ
“အမလေး ဟောတတ်လိုက်တာ ဟောတတ်လိုက်တာ၊ ငခွေးတို့သားအဖတောင်ပါသေးတယ်၊
သာဓုပါဗျား သာဓုပါလို့ ကပျာကရာ ခေါ်ဆိုလိုက်ရင်း
ရေစက်သွန်ချ၍ အမျှဝေလိုက်ပါတော့တယ်။
ဦးဒေ၀ိန္ဒ


Read more...

ဧပြီလ ၄-ရက်နေ့ အစီအစဉ်

မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၆း၀၀ နာရီ ...
ကြာနီကန်ဆရာတော် ဦးဇဋိလ ဟောကြားတော်မူသော ...
၁) ရလိုသောဆု ကြိုးစားပြု၊

၂) ငုတ်မိသဲတိုင် တတ်နိုင်ဖျားရောက် တရားတော်၊

သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ ဟောကြားတော်မူသော ...
ဗုဒ္ဓ၀ါဒ အခြေခံ အပိုင်း (၂) နှင့် (၃) တရားတော်

မြန်မာစံတော်ချိန် ၀၆း၀၀ နာရီမှ ၁၇း၀၀ နာရီ ...
ဆရာတော် ဦးဥာဏိဿရ ဟောကြားတော်မူသော ...
၁) မာတာပိတုဥပဒါနံ၊
၂) ပရိတ်ကြီး ၁၁သုတ်၊
၃) သီလသည် လူသားတို့တန်ဘိုး၊
၎) အရှိတရားနဲ့ အမှန်တရား တရားတော်များ။
ဆရာတော် ဦးရေ၀တ ဟောကြားတော်မူသော ...
၁) မိဘဟူသည်၊
၂) ကျေးဇူးရှင် တို့အားကျေးဇူးဆပ်ခြင်း၊
၃) ငြိမ်းငြိမ်းချမ်းချမ်းနေမယ်၊
၎) တဆင့်ထက်တဆင့် မြင့်သည်ထက်မြင့်ဖို့၊
ဆရာတော်ဦးဇောတိက ဟောကြားတော်မူသော ...
ဘ၀ကိုစိတ်ကဦးဆောင်သည် တရားတော်၊

မြန်မာစံတော်ချိန် ၁၇း၀၀ နာရီမှ ၂၁း၀၀ နာရီ ...
ချမ်းမြေ့ရိပ်မြိုင်ကျောင်းဆရာတော် (ပဲခူးဆရာတော်) ဘဒ္ဒန္တတေဇောသာရ
ပြန်လည်ဟောကြားတော်မူသော ခေါင်းဖီးထားမှ ပန်လို့ရ အရိမေတ္တယျဗုဒ္ဓဝင် တရားတော်၊
မိုးကုတ်ဝိပဿနာ မင်္ဂလရိပ်သာ ဆရာတော် ဥုးသုမင်္ဂလ ဟောကြားတော်မူသော ...
၁) အမိနဲ့ အဖ တရားတော်၊
၂) လုပ်သင့်တာ လုပ်ကြရန၊်
၃) တူသောအကျိုးပေးမည် တရားတော် တို့ကို ထုတ်လွှင့်မည်ဖြစ်ပါကြောင်း။


Read more...

ပြောမိတဲ့စကား၊ဟောမိတဲ့တရား

``မောင်ပဉ္ဖင်းတို့များ တရားလေးတစ်ပုဒ်ဟောဖို့
ကျက်လိုက်ရတဲ့စာ၊ ငါတို့များ အချိန်မရွေးကောက်ဟော၊
တရား တစ်ပုဒ်တော့ အလွယ်လေး၊ ဘာစာမှ ဖတ်စရာမလိုဘူး´´
`` အင်း ဒါကြောင့်လည်း မှတ်သားစရာမပါတာကိုး´´

(ဒီရက်ပိုင်းအတွင်းမှာ ဓမ္မဂင်္ဂါစီးဆင်းမှုနှေးကွေးကြောင်း သိနေခဲ့ပါတယ်။ အလုပ်များတဲ့အကြောင်းပြောမိတာကိုက ရဟန်းတစ်ပါးအတွက် အကြွားပိုစေမှာမို့ ရသမျှအချိန်လေးမှာ မိတ်မပျက်ရုံလေးသာ ရေးခြစ်ဧည့်ခံမိပါကြောင်း၊)

Read more...

ဆရာတော်ဘဒ္ဒန္တပဒုမ၏ ထေရုပတ္တိ အပိုင်း (၂)



သံဃာ့တာဝန်လွန်ကျေပွန်

ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့စည်းကြီး ပေါ်ပေါက်လာရာတွင် ဆရာတော်သံဃာများက ပေးအပ်သော တာဝန်များကို အောက်ပါအတိုင်း တာဝန်ယူ ထမ်းဆောင်ခဲ့ပါသည်။
  • ပထမအကြိမ် သမ္မုတိရနှင့် တိုင်းသံဃာဝန်ဆောင်
  • ဒုတိယအကြိမ် သမ္မုတိရနှင့် တိုင်းသံဃာဝန်ဆောင်
  • တတိယအကြိမ် သမ္မုတိရနှင့် မြို့နယ်ဩဝါဒါစရိယ
  • စတုတ္ထအကြိမ် သမ္မုတိရနှင့် မြို့နယ်ဩဝါဒါစရိယ
  • ပဉ္စအကြိမ် ဗဟိုသမ္မုတိရ
သာသနာ့ဝန်ထမ်းဘဝ
အောက်ပါ တာဝန်များကိုလည်း တာဝန်ယူ ဆောင်ရွက်တော်မူခဲ့ပါသည်။
  • နာယက၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သော သံယုတ်စာမေးပွဲ ဖြစ်မြောက်ရေး မြို့နယ်အာဒိကနိကဩဝါဒစရိယ။
  • ဩဝါဒစရိယ၊ ဝိနယာဓိက ပရိယတ္တိစာမေးပွဲ၊ ပဲခူးမြို့။
  • မဟာနာယက၊ သုဓမ္မာပဝါရဏာဂိုဏ်း၊ သနပ်ပင်မြို့။
  • ဩဝါဒစရိယ၊ မြို့နယ်လုံးဆိုင်ရာသာသနာပါဒက စာတော်ပြန်ပွဲ၊ သနပ်ပင်မြို့။
  • ဩဝါဒစရိယ၊ အောင်ချမ်းသာဘုရားကြီး၊ သနပ်ပင်မြို့။
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ
သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ပြန့်ပွါးရေးဦးစီးရေးဌာနသည် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ကို သံဃာများ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော် ဆက်ကပ် လျှက်ရှိရာ ၁၃၅၆-ခုနှစ်၊ ၁၉၉၄-ခုနှစ်အတွက် သာသနာတော်အား ချီးမြှောက်သောအားဖြင့် ဘွဲ့တံဆိပ်ဆက်ကပ်ရာ၌ ပဲခူးမြို့၊ အောင်မင်းခေါင် ကုန်းမြေ ကသစ်ဝိုင် ဓမ္မရိပ်သာကြီး၏ ပဓာနဩဝါဒ ကမ္မဌာနာစရိယ ဆရာတော်ဘဒ္ဒန္တပဒုမ အရှင်မြတ်သည် တစ်ပါး အပါအဝင် ဖြစ်ခဲ့ပါသည်။ ဝိနည်းကို အထူးလေးစားသူဖြစ်ကာ ဆရာတော်၏ အပင်ပန်းခံနိုင်မှု၊ စည်းကမ်းရှိမှု၊ ရောင့်ရဲ နိုင်မှု၊ စေတနာအားကောင်းမှု၊ တပည့် သံဃာများအပေါ် အလွန်ပင် သာသနာ့အမွေ ပေးချင်သူ၊ တရားဟောစွမ်းရည်မြင့်မားသူစသော ဆရာတော်၏ ဂုဏ်သတင်းတို့သည် ပြောမကုန်နိုင်အောင်ပင် ဖြစ်ပါသည်။ ထိုကြောင့်ပင် ဆရာတော်၏သီလ၊ သမာဓိ၊ ပညာ ဂုဏ်တို့ဖြင့် ပြည့်စုံသော သာသနာဘွဲ့ဖြစ်သော “အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ” ဘွဲ့ကို ထိုက်တန်စွာ ရရှိခဲ့ခြင်း ဖြစ်ပါသည်။

ကသစ်ဝိုင် သာသနာ့အာဇာနည်
မြန်မာနိုင်ငံတော်သည် ထေရဝါရသာသနာထွန်းကားမှုကြောင့် နိုင်ငံရပ်ခြားတိုင်းတပါးတို့မှလည်း မြန်မာ နိုင်ငံသို့ တဖွဲဖွဲ လာရောက်ဆည်းပူး လေ့လာအားထုတ်ကြသည့် ရိပ်သာများမှာ မဟာစည်၊ ဝေဘူ၊ မိုးကုတ်၊ စွန်းလွန်း စသည်ဖြင့် ရှိကြရာ ကသစ်ဝိုင်သာသနာသည်လည်း ဖေါ်ပြပါ သာသနာများနှင့် မရှေးမနှောင်း ပွင့်လန်းပေါ်ပေါက်လာခဲ့သော သာသနာ တစ်ရပ်ဖြစ်ခဲ့ပါသည်။ကျေးဇူးရှင် မူလ ကသစ်ဝိုင် ဆရာတော်ကြီးအားထုတ်ခဲ့သော ကသစ်ဝိုင်ဝိပဿနာသည် ကမ္မဋ္ဌာန်း လုပ်ငန်း တရားစခန်းများ၊ ဓမ္မရိပ်သာများဖြင့် ဖွင့်လှစ်၍ သာသနာပြုခဲ့ပါသည်။ ကသစ်ဝိုင်သာသနာ့သမိုင်းတွင် မြင့်မားသော သာသနာ့ဘွဲ့တံဆိပ် ယခင်က ရရှိခဲ့ခြင်းမရှိသေးပေ။
ဆရာတော်ဦးပဒုမသည် ကမ္မဋ္ဌာနတရားစခန်းများ၊ ဓမ္မရိပ်သာတို့၌ ကျေးဇူးရှင် (မူလ)ကသစ်ဝိုင် ဆရာတော် ဘုရားကြီး၏ ဥပနိသျနှင့်အညီ၊ ဆရာတော်ကြီး၏ စည်းကမ်းများ၊ ဩဝါဒများအတိုင်း တသွေမတိမ်း လိုက်နာလျက် သာသနာပြုခဲ့ခြင်း ဖြစ်ပါသည်။ ကျေးဇူးရှင်ဆရာတော်ကြီး၏ သာသနာ့အမွေခံ အာဇာနည်တစ်ပါး “အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ” အဖြစ် ကသစ်ဝိုင်သာသနာတွင် ပထမ ဦးစွာပေါ်ထွန်းလာခဲ့ပြီ ဖြစ်ပါသည်။ ဆရာတော်ဦးပဒုမသည် သာသနာရေးနှင့်ဆိုင်သော သာသနာလုပ်ငန်း တာဝန်များအား မမှိတ်မသုန် ထမ်းဆောင်ခြင်းဖြင့်၎င်း၊ ကသစ်ဝိုင်သာသနာကို အစွန်းအပဲ့မခံ အလွဲအမှားမရှိ ပကတိသဘော တရားအတိုင်း ကျေးဇူးရှင်မူလကသစ်ဝိုင်ဆရာတော်ကြီး၏ အရိပ်ကိုခိုကာ သာသနာပြုခဲ့ခြင်းကြောင့် ဤဘွဲ့ထူးကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပါသည်။

ဘွဲ့ထူးထိုက်လှ ဘဒ္ဒန္တပဒုမ
ယခုအချိန်အထိ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့ထူးသည် တစ်နိုင်ငံလုံးတွင် (၉)ပါးသာ ချီးမြှင့်ခြင်း နိုင်ခဲ့ရပါသည်။ မြန်မာနိုင်ငံ တွင် သံဃာပေါင်းသိန်းဂဏန်းရှိပြီး ကမ္မဋ္ဌာန်းဌာနများစွာရှိနေခဲ့ရာ (၉)ပါးမျှ ဖြစ်တောင့် ဖြစ်ခဲရတောင့်ရခဲအသွင်ကို ဆောင်နေပါသည်။ သာသနာ့တာဝန်ထမ်း ရဟန်းဘဝတစ်လျှောက်တွင် သာသနာနှင့်စပ်လျဉ်း၍ အငြိအစွန်းမရှိ၊ ဝိနည်းသိက္ခာဆောင်ကာ သံဃာအကျိုးသည်ပိုးလျက် ကမ္မဋ္ဌာနာ စရိယလုပ်ငန်းများ အပေါ်အခြေခံပြီး၊ “အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ” ဘွဲ့ထူးကို ချီးမြှောက်ခြင်း ဖြစ်ပါသည်။ ကသစ်ဝိုင်သာသနာကို အလင်းဆောင်သည့် ဘဒ္ဒန္တပဒုမသည် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့ထူးနှင့် ထိုက်တန်သောကြောင့် ချီးမြှင့်ခံရမှုအတွက် ကသစ်ဝိုင် သာသနာ့ ဝန်ထမ်းများနှင့် သာသနာပြုအဖွဲ့အသီးသီးမှ အထူး လေးစားကြည်ညိုမှုဖြင့် ဘွဲ့ထူးခံဆရာတော်ဖြစ်ခဲ့ပါသည်။
ပဲခူးတိုင်း၊ ပဲခူးမြို့ အောင်မင်းခေါင်ကုန်းမြေ ကသစ်ဝိုင်ဝိပဿနာဓမ္မရိပ်သာကြီးနှင့် သနပ်ပင်မြို့ မန်းကျောင်းတိုက် ကသစ်ဝိုင် ဓမ္မရိပ်သာကြီးတို့အပြင် နယ်အသီးသီးမှ ကသစ်ဝိုင်ဓမ္မရိပ်သာကြီးများ၏ ပဓာနနာယကဖြစ်တော်မူသော ဆရာတော်သည် ပရိယတ္တိဝိသာရဒဂုဏ်၊ ကမ္မဋ္ဌာနနယဒဿဂုဏ်၊ ဝိပဿနာဓူရာဝဟဂုဏ်၊ သီလ၊ သမာဓိ၊ ပညာ စသည့် ဂုဏ်တို့နှင့်၎င်း ပြည့်စုံတော်မူသောကြောင့် ရဟန်းရှင်လူပြည်သူအများ၏ အထူးကြည်ညို လေးစားကြခြင်းဖြစ်ပါသည်။




Read more...

လည်ပြန်အကြည့်


လူတွေဟာ ကိုယ်လျှောက်ခဲ့တဲ့ ဘ၀လမ်းခရီးကို ပြန်ကြည့်တတ်တယ်တဲ့။ ဒါကိုပဲ တစ်ချို့က ခြင်္သေ့လည်ပြန် အကြည့်တဲ့။ အချို့ကကြတော့လည်း သမင်းလည်ပြန်အကြည့်လို့ ဆိုကြပြန်တယ်။ ဒီနေရာမှာတော့ ခြင်္သေ့ လည်ပြန်အကြည့်ဆိုတာက အကြောက်တရားကင်းခြင်း၊ ရဲရင့်ခြင်း၊ သတ္တိရှိခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိခြင်း ဆိုတဲ့အချက်တွေနဲ့ ပြန်ကြည့်တာလို့ ဆိုကြတယ်။

သမင်လည်ပြန်အကြည့်ကြတော့ အဲသလို မဟုတ်ပြန်ဘူး။ သူကတော့ ကြောက်လန့်အားငယ်ခြင်း၊ နှစ်သက်မြတ်နိုးခြင်း၊ အပြစ်ကင်းစင်ခြင်း ဆိုတဲ့ အကြည့်တွေနဲ့ ကြည့်ခဲ့တာလို့ ပြောကြတယ်။ ဒီလိုပါပဲ။ စာရေးသူလည်း ကိုယ့်ရဲ့နောက်ကြောင်း သမိုင်းလေးတွေ ပြန်လည်ကြည့်မိတယ်။ ကြည့်ခဲ့မိတဲ့အကြောင်းအရာလေးတွေ ပြန်လည်လို့ ပြောကြည့် ချင်ပြန်ပါတယ်။ ဒါကိုပဲ ဖြတ်သန်းခဲ့ဘူးတဲ့ အတွေ့အကြုံဆိုယင်လည်း မှားမယ်မဟုတ်ပါဘူး။

သီဟိုလ်နိုင်ငံကို ရောက်နေခဲ့တယ်ဆိုတာကို အမှတ်ရနေမှသာ ဆက်လက်ပြောဆိုမယ့် အကြောင်း အရာလေးတွေဟာလည်း ပိုလို့ အသက်ဝင်လာမှာပါ။
ဗုဒ္ဓသာသနာနှင့်ပတ်သက်တဲ့ ပညာရေးစနစ်အတွက် သီဟိုလ်နိုင်ငံဟာ ခေတ်နဲ့အမီ လိုက်နိုင်တယ်လို့ စာရေးသူတို့လောကမှာ ယူဆထားကြတယ်။ ဒီယူဆချက်ကပဲ စာရေးသူတို့အတွက် သီဟိုလ်သွားဖို့ တွန်းအားဖြစ်စေပြန်တယ်။ ဟုတ်ပါလိမ့်မယ်။ လူတွေဟာ ကိုယ့်နဲ့သက်ဆိုင်တဲ့နယ်ပယ်အလိုက် လှုပ်ရှားရုန်း ကန်နေကြရတာပါ။ စာရေးသူတို့လည်း ဒီနယ်ပယ်အတွင်း အကျွမ်းတ၀င်ရှိကြတာဆိုတော့ သီဟိုလ်ကို ပညာသင်ခရီး ဆန့်တာဟာ ထူးဆန်းမယ်တော့မဟုတ်လှပါဘူး။ မြန်မာနိုင်ငံထက် နိမ့်ကျတဲ့ အပိုင်းတွေ ရှိနိုင် သလို အားသာတဲ့အချက်တွေကလည်း စာရေးသူလက်လှမ်းမိသလောက်တော့ တွေ့နေရတာ ပါပဲ။ အဓိက ကတော့ ပညာရေးမှာ အားသာတဲ့အချက်တွေ ရှိနေတာ ငြင်းလို့မရပါ။ ဒါဟာ စာရေးသူတို့ရဟန်းလောကကို သက်သက်ရည်ရွယ်ပြောလိုယင်းမဟုတ်ဘဲ အခြာသောလောကီအတန်းပညာရပ်များလည်း အကျုံးဝင်ပါတယ်။

တစ်နှစ်ဆိုတဲ့ ပညာသင်ချိန်လေးတွေဟာ သိပ်မကြာလိုက်ဖူးလို့ ထင်ရပေမယ့် ပေးဆပ်လိုက်ရတဲ့ တန်းဖိုးကတော့ သူ့အတိုင်းအတာနဲ့သူရှိနေပါတယ်။ အသက်အရွယ် ဒါမှမဟုတ် အိတ်ထဲက စီးဆင်းသွားတဲ့ ဒေါ်လာလေးတွေလို့များ ပြောလို့ရမလားပဲ။ ဒီလို့နဲ့ တက္ကသိုလ်စာမေးပွဲ ဖြေပြီးအချိန်မှာ ရှေးဘာဆက်လုပ် ရမလဲဆိုတဲ့ အတွေးများကလည်း အသိထဲမှာ နေရာဝင်ယူလာပါတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ ကမ်းလှမ်းလာမှုကြောင့် စာမေးပွဲ ဂေဇက်ထွက်ပြီးလို့ မကြာခင်မှာပဲ အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့တော်ကို ရှေ့ခရီး အတွက် နောက်ထပ်ခြေလှမ်းအသစ် စတင်ခဲ့ပြန်ပါတယ်။

ဒီလိုနဲ့ သီဟိုလ်လေဆိပ်ကို နောက်တစ်ခေါက် ပြန်ရောက်ခဲ့ရပြန်တယ်ဆိုပါတော့။ ဟိုတစ်ချိန် အ၀င်မှာတုန်းက မျော်လင့်ချက်နဲ့ ယခု ပြန်အထွက်မှာ မျော်လင့်ချက်တွေက ခြားနားသွားပါပြီ။ M A ဆိုတဲ့ သီရိလင်္ကာနိုင်ငံက ရရှိလာတဲ့ ဘွဲ့လေးက စာရေးသူနှင့်အတူ ကပ်ပါလျှက်ပါ။ တစ်နှစ်တာအတွင်း ရရှိခဲ့တဲ့ ဒီဘွဲ့လေးကိုင်ပြီး ရှေ့ခရီးဆက်မလား။ ဒါမှမဟုတ် မြန်မာပြည်က ငါးနှစ်လောက်ကြိုးစားလိုက်မှရရှိနိုင်တဲ့ ဘွဲ့ကိုင်ပြီး နောက်ထပ် တစ်ဆင့်လှမ်းမလားဆိုတာကတော့ စာရေးသူ မခွဲခြားနိုင် သေးတဲ့ကိစ္စပါ။

သီဟိုလ်နဲ့ အိန္ဒိယဆိုတာက ဘာမှကြာလိုက်ပုံမရတဲ့ ခရီးတစ်ခု။ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုလ်နဲ့ အိန္ဒိယနိုင်ငံ၊ တမီနာဒူးပြည်နယ် ချင်းနိုင်း ခရီးဟာ ရန်ကုန်နဲ့ကာလကတ္တားခရီးလိုပဲ အချိန်သိပ်မကွာတာကို သိလိုက်ရတယ်။ သူငယ်ချင်းသုံးပါး ချီတက် လာကြတာပါ။ သူငယ်ချင်းများရဲ့အတွေ့အကြုံက သွားရေးလာရေးခရီးကို ဖြောင့်ဖြူး စေခဲ့တာကတော့ အမှန်ပါ။ ကိုလံဘိုလ်မြို့တော်မှ နေ့လည် သုံးနာရီမှစတင်လာတဲ့ခရီးဟာ ချင်းနိုင်းမြို့ကို တစ်နာရီဖြင့် ရောက်ရှိလာကြပါတယ်။ ချင်းနိုင်းကနေမှတဆင့် ဘုံဘေကို စီးရတဲ့ခရီးအကွာအဝေးကြတော့ နောက်ထပ် နှစ်နာရီခွဲ ကျော်ကျော် သုံးနာရီနီးပါးမျှ ကြာရပြန်ပါတယ်။ ချင်းနိုင်းလေဆိပ်မှာ ထူးခြားတာလေး တွေ သိပ်မတွေ့လိုက်ရပေမယ့် လေယာဉ်ပေါ်မှာတော့ ထူးခြားလာတဲ့ စရိုက်လက္ခာဏာတွေကို တွေ့မြင်ရပါပြီ။ အဲဒါကတော့ မျိုးစုံလှတဲ့ အိန္ဒိယနိုင်ငံသားများရဲ့ ၀တ်ပုံစားပုံ၊ မျက်နှာအသွင်အပြင်နဲ့ ရနံ့တွေပါပဲ။

ည ရှစ်နာရီကျော် ထွက်လာတဲ့ လေယာဉ်ဟာ ည ဆယ့်တစ်နာရီကျော်ကျော်မှာ ဘုံဘေလေဆိပ်ကို ဆိုက် ရောက်လို့ လာပါတယ်။ ရောက်တယ်ဆိုယင်ပဲ စိတ်ထဲမှာတော့ ပျော်သလိုလိုရှိသားပါ။ လေယာဉ်ကွင်း အထွက်မှာတော့ နောင်တော်ကြီးတစ်ပါးက ကြိုးစား၍ ကြိုဆိုရှာပါတယ်။ ညဥ့်နက်သန်းခေါင်အချိန်ဆိုတော့ တစ်ပါးတည်းသော နောင်တော်ကြီးအား အားနာစရာကောင်းတယ်လို့ တွေးမိလျက်ပါ။ အခုအချိန်မှာတော့ သူဟာ စာရေးသူတို့ စောမယကောလိပ်မှာ ကျမ်းတင်ပြီလို့ ဘိုင်ဘာ(viva)ထိုင်ရန်စောင့်နေတဲ့ ဒေါက်တာလို့ ခေါ်ဆိုခွင့်ရှိနေပြီဖြစ်တဲ့ ဒေါက်တာလောင်း တစ်ယောက်ပါ။

ကောလိပ်ထဲရောက်လာတယ်ဆိုယင်ပဲ နယ်သစ်ပယ်သစ်ရဲ့ အနေအထားတွေကို စူးစမ်းလေ့လာမိနေပါတယ်။ မိုးလင်းပြီး အိပ်ရာနိုးလို့ မကြာခင်မှာပဲ ဌာနက ဒါရိုက်တာထံသွားပြီး အကြောင်းကြားဖို့အတွက် ပြင်ဆင်ရပြန်တယ်။ စာရေးသူနေတဲ့အဆောင်ကနေ ဒါရိုက်တာရဲ့ရုံးခန်းအသွားမှာတော့ ကောလိပ်ကျောင်းသူ ကျောင်းသား ဘုံဘေသူများရဲ့ အလှအပတွေ မြင်တွေ့ခွင့်ရလိုက်ပါတယ်။ အော် ဒါ့ကြောင့် ဘောလိဝုဒ်ရုပ်ရှင် လုပ်ငန်းကြီး အောင်မြင်နေတာလို့ အဲသလိုမျိုး တွေးထင်မိပါရဲ့။

နောက်တစ်နေ့မှာတော့ စာရေးသူတို့ကို supervisor ဖြစ်သူ မဒမ်နဲ့ တွေ့ခွင့်ရခဲ့တယ်။ မဒမ်အကြောင်းလေးတွေ ပြောကြည့်ချင်သေးတယ်။ တကယ်တော့ မဒမ်ဟာ ဗုဒ္ဓဘာသာဝင်လို့ ပြောရလောက်အောင် ဗုဒ္ဓဘာသာ နဲ့နီးစပ်သူပါ။ ဒါပေမယ့် ဗုဒ္ဓဘာသာလို့ အမည်ခံယူ မခံယူကတော့ ခပ်ဝေးဝေးက ရှောင်ထားတဲ့ မေးခွန်းတစ်ခု ပါ။ မြန်မာပြည်ကို ရောက်ခဲ့ဖူးသလို လက်ရှိကလည်း ဆရာကြီးဂိုအင်ကာရဲ့ ကမ္မဌာန်းဌာနမှာ နာယက လူကြီးတွေပါ။ ဒေါက်တာဘွဲ့ကို ပါဠိနဲ့ပြီးထားတာဆိုတော့ ကိုယ်ပြောမယ့်ပါဠိတော်လာဆိုင်ရာတွေကို သူက ကြိုလို့သိနေတာ အများကြီးပါ။ တစ်နေ့တစ်နေ့ မဒမ်အပြေးအလွှားသင်ပေးနေရတဲ့ သင်တန်းတွေက အများ သား။ အဲဒီအထဲက စောမယကောလိပ်နဲ့ ဘုံဘေတက္ကသိုလ်တို့ဟာလည်း ပြေးလို့မလွတ်ပါဘူး။ မြန်မာ ရဟန်းတော်တွေအပေါ်မှာတော့ သံယောဇဉ်ကြီးသူတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပါတယ်။

စာရေးသူတို့ သူငယ်ချင်းသုံးပါးက ကိုယ်တင်မယ့်ကျမ်းအတွက် synopsis ကို ကိုင်ဆွဲလာခဲ့ကြတာပါ။ ဒါပေ မယ့် မဒမ်နဲ့တွေ့တဲ့အခါမှာတော့ ရေးလာသမျှဟာ သဲထဲရေသွန်သလိုပါပဲ။ လိုအပ်ချက်တွေ အများသား ပါလားလို့ သိလိုက်ရတယ်။ ဒီလိုနဲ့ပဲ တစ်လတာနီးပါးမျှ အချိန်လေးတွေ ပေးပြီးတော့ ကိုယ်တင်မယ့် ကျမ်း အကြောင်းအရာလေးတွေ ပြင်လိုက်ဖျက်လိုက်နဲ့ ပြီးသွားခဲ့ကြတယ်။ စာရေးသူတို့ရဲ့အရည်အသွေးဆိုတာထက် မဒမ်ရဲ့ ကျွမ်းကျင်မှုက ရာခိုင်နှုန်း ခုနှစ်ဆယ့်ငါး ပါမယ်ထင်ပါတယ်။

synopsis ကိစ္စတွေပြီးတော့ စာရွက်စာတမ်း တွေကို မော်ကွန်းထိန်းဆီမှာ လက်မှတ်ထိုးရဦးမှာပါ။ စာရွက်စာတမ်းတွေကတော့-
(၁) B.A အောင်လက်မှတ်၊ examination mark အမှတ်စာရင်း၊ သို့မဟုတ် B.A နှင့်ညီမျှသော လက်မှတ်၊ အမှတ်စာရင်း။
(၂) (1) M.A အောင်လက်မှတ် (2)examination mark အမှတ်စာရင်း၊(မှတ်ချက်။ အမှတ်အားလုံး ပေါင်းပြီးနောက် အဲဒီရလဒ်ကို ဘာသာအားလုံးနှင့် စား၍ ၅၅-ရာခိုင်နှုန်း ပြည့်မီရမည်။ မပြည့်မီက ၀င်ခွင့် မရှိပါ။)၊ (3) grading ecritificate (4)migration certificate (5) testimonial
(၃) passport မိတ္တူ india visa မိတ္တူ၊
(၄) application for approval of research project and for authorization of visa အတွက် ဖြည့်ရမည့် စာရွက်၊
(၅) form of application for approval of the topic of the thesis for admission as post-graduate student for the degree of doctor philosophy (Ph.D)အတွက် ဖြည့်စွက်ရမည့် စာရွက်၊
(၅) synopsis ၂၀-စောင် (တစ်စောင်လျင် စာမျက်နှာ ၁၂-ခန်၊့ synopsis တွင်ပါဝင်သော စာမျက်နှာအားလုံး)၊ ( supervisor ၏ signatureနှင့် ကျောင်းသား၏ signature စာရွက်တိုင်းတွင် ပါရမည်။)
(၆)certificate of affiliation အတွက်ဖြည့်ရမည့် စာရွက်(ဒီစာရွက်က မြန်မာနိုင်ငံ အိန္ဒိယသံရုံးမှာ ဗီဇာ လျှောက်ရန်အတွက် မပါမဖြစ်) တို့ ဖြစ်ပါတယ်။

စာရေးသူအတွက် မြန်မာနိုင်ငံက MA လက်မှတ်ဟာ Ph.D လုပ်ဖို့အတွက် အခွင့်အရေးမပေးခဲ့ပါဘူး။ အကြောင်း ကတော့ အမှတ်စာရင်းတွေ ပါမလာလို့ပါပဲ။ အဲဒါကြောင့် သီဟိုလ် MA လက်မှတ်နဲ့ပဲ Ph.D ကို မိတ်ဆက်ပေးခဲ့ပါတယ်။ လက်မှတ်ထိုးခြင်းကိစ္စတွေ ရုံးကိစ္စတွေ ပြီးတဲ့နောက်မှာတော့ ပီအိပ်ခ်ျဒီ ကျောင်းသား လို့ ခေါ်လို့မရသေးပေမယ့် ရောင်နီပျိုးလာပြီလို့ပဲ ပြောရမလားပဲ။ approval letter (အပရိုဘယ်လက်တာ)ကို စောင့်ရဦးမှာပါ။ အပရိုဘယ် လက်တာဟာ ကျောင်းသားအဖြစ် အသိအမှတ်ပြုတဲ့အဆင့်ပါ။ တရားဝင်ကျောင်း သားဖြစ်ဖို့က နောက်ထပ် အဆင့်များစွာ ဖြတ်သန်းရဦးမှာပါ။ အပရိုဘယ်လက်တာအတွက် သုံးလကြာမလား၊ ခြောက်လနဲ့ ရမလား၊ တစ်နှစ်ကြာမှပဲ မြင်တွေ့ခွင့်ရမလားဆိုတာ မသေချာမရေရာတဲ့ စောင့်စားမှုပါ။

စရိတ်စက ကြီးလှတဲ့ ဒီဘုံဘေမြို့တော်ကြီးမှာ အဲဒါရဖို့အတွက် စောင့်ဆိုင်းနေရမယ်ဆိုယင် ပါလာသမျှ လုံးပါး ပါးမှာပါ။ ဒီအတွက် နောက်ကြောင်းပြန်လှည့်ခြင်းကသာ စာရေးသူတို့အတွက် အသင့်တော်ဆုံးလို့ ဆိုရမှာပါ။ ( ကံကောင်းထောက်မစွာဖြင့်ပဲ သုံးလအကြာမှာ အပရိုဘယ်လက်တာက ကျလာပါတယ်။) အချို့ကတော့ အိန္ဒိယကနေ တိုက်ရိုက် မြန်မာပြည် ပြန်ကြတယ်။ အချို့ကတော့လည်း သီဟိုလ်ကို ပြန်လည်တပ် ခေါက်ကြ တယ်။ စာရေးသူတို့ သုံးပါးဟာ သီဟိုလ်ကို ပြန်တပ်ခေါက်ခဲ့တဲ့သူတွေပါ။

ဘုံဘေလေဆိပ်ဆင်းဖို့အတွက် မနက်အစောကြီးကတည်းက ထခဲ့ရတာပါ။ သုံးမိနစ်တစ်ကြိမ် လေယာဉ် ပျံသန်းနေတဲ့ ဘုံဘေလေဆိပ်ကို ဘန်ကောက်လေဆိပ်နဲ့ နှိုင်းယှဉ်နေမိပြန်တယ်။ သန့်ရှင်းသပ်ယပ်မှုတွေနဲ့ စည်းစနစ်ကျမှုတွေကတော့ ဘန်ကောက်သုဝဏ္ဏဘူမိက ပိုလို့အားသာပါတယ်။ လေယာဉ်ကွင်းရောက်ရှိ ကြတယ်ဆိုယင်ပဲ ရှုပ်ထွေးလှတဲ့ ဘုံဘေလေဆိပ်ကြီးထဲမှာ စာရေးသူတို့လည်း အငြိမ်နေဖို့ အခွင့်မရှိသေးပါ။

ဒီအချိန်မှာ ခရီးသည်တွေကို စစ်ဆေးတဲ့နေရာ စစ်ဆေးရေးဂိတ်ကို စာရေးသူတို့ဟာ အခြားခရီး သည်များ နဲ့အတူ ရောက်ခဲ့ကြတယ်။ အဲသလိုနဲ့ စာရေးသူအလှည့်ကျရောက်လာပါတယ်။ အဲဒီအခါမှာ တာဝန်ကျ စစ်ဆေနေတဲ့ဝန်ထမ်းတစ်ယောက်က စာရေးသူကို အိတ်ထဲရှိသမျှ ဟိုဟာထုတ်ခိုင်း ဒီဟာ ထုတ်ခိုင်းနဲ့ပါ။ ကျန်တဲ့သူငယ်ချင်းနှစ်ယောက်က တော်တော်ခပ်လှမ်းလှမ်းရောက်နေပါပြီ။ ဘာတွေများ ဖြစ်ပါလိမ့်ဆိုပြီ ကိုယ့် ကိုယ်ကို သံသယ ၀င်လာတယ်။ တော်တော်လေးစစ်ဆေးလို့ အားရတဲ့အခါမှာ ပြုံးပြုံးနဲ့ -မင်္ဂလာပါ-လို့ မြန်မာ စကားနဲ့ ပြောပါတယ်။ စာရေးသူလည်း ကြောင်တောင်တောင်နဲ့ ရယ်ဖြစ်သွားတယ်။ အော် သူက စကား ပြောချင်လို့ အဲသလိုလုပ်နေတယ်ဆိုတာ သိလိုက်ရတယ်။ သူက မြန်မာပြည်မှာ တာဝန် သုံးနှစ် ထမ်းဆောင်ဖူး ပါသတဲ့။ စာရေးသူကလည်း အဲဒီဝန်ထမ်းကို မင်္ဂလာပါလို့ နှုတ်ဆက်ပြီး ထွက်ခွါလာခဲ့ပါတယ်။ emigration (အင်မီဂရေးရှင်း)မှာ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပြီးတဲ့အခါမှာတော့ လေယာဉ်ပေါ် ရောက်ရှိလာခဲ့တယ်။

ဒါပေမယ့် လေယာဉ်ထွက်ချိန်မှာ လူတစ်ယောက် ရောက်မလာသေးလို့ တစ်နာရီနီးပါးမျှ စောင့်လိုက် ရတာဟာ ပြန်ဖို့ စိတ်စောနေသူအတွက်တော့ အတော်လေး ကသိကအောက်နိုင်လှတယ်။ အဲဒီကနေ့ လေယာဉ် ထွက်ခွါခဲ့တယ်ဆိုယင်ပဲ နှစ်နာရီခွဲနီးပါးကြာတဲ့ လေယာဉ်ဟာ ချင်းနိုင်းကို ပြန်ရောက်ပါတော့တယ်။ နောက်ထပ် ချင်းနိုင်းမှာ နှစ်နာရီလောက်စောင့်ပြီးတဲ့အခါမှာတော့ သီဟိုလ်ပြန်မယ့် လေယာဉ်ပေါ်ကို ရောက်ရှိလို့ လာခဲ့တယ်။ ဒီအပြန်ခရီးကတော့ သီဟိုလ်နိုင်ငံဆိုတာဟာ စာရေးသူအတွက် မစိမ်းလှတော့ပါဘူး။ ဒါပေမယ့် ဒီအချိန်ပြန်ဝင်လာခဲ့တာဟာ ထွက်လာတုန်းက အဓိပ္ပါယ်နဲ့ ကွာသွားပြန်ပြီဆိုတာ ကိုယ့်ကိုယ်ကို အသိ အမှတ်ပြုမိပြန်တယ်။

ဒါဟာ ကိုယ်လျှောက်ခဲ့တဲ့လမ်းကို ပြန်လည်ကြည့်မိခြင်းပဲ မဟုတ်ပါလား။ ပြန်လည်ကြည့် နိုင်တယ်ဆိုတာကလည်း ဖြတ်သန်းခဲ့ဘူးတဲ့ လမ်းခရီးရှိခဲ့ လို့ဆိုယင် မှန်မလားပဲ။ ဒီဖြတ်သန်းခြင်းဟာ ဖြတ်သန်းမှုများစွာထဲက နောက်ထပ် တစ်ခုလို့ဆိုရမှာပါ။







Read more...

အိမ်အပြန်နောက်ကျရတဲ့ပိတောက်

တိမ်တွေ တစ်စုနဲ့တစ်စု

ခိုးခိုးခစ်ခစ်ရယ်နေတဲ့အချိန်
ကတိစကားတွေ တပိုးတနင့်နဲ့
အသေအချာလာခဲ့မယ်တဲ့။

မျှော်နေမယ်သိသားနဲ့
တိမ်တွေခေါက်သိမ်းထားတဲ့ ညနေခင်း
ဝမ်းနည်းခြင်း ခြေလှမ်းတွေနဲ့
ငါ့မှာ အိမ်အပြန်နောက်ကျခဲ့ရပြီ။

ခုထိ နားလည်မှုတွေ မလွဲပါဘူး
ခွင့်လွတ်ခြင်းတွေရှိနေသရွေ့
ငါ တမ်းတမ်းတတနဲ့
လွမ်းနေတတ်တာ
ငါ့အမှားဆိုရင်တော့
ဆက်မှားခွင့်ပြုပါ။

ရာသီတွေခစားနေရတဲ့မင်း
အမှားအယွင်းရှိလည်း
နားလည်တတ်တာ ငါပါ။

တကယ်တော့
အရင်းအနှီးဆိုတာ
နှစ်ဘက်ကျေနပ်နေရင် ပြီးရော
ဘာပဲဖြစ်ဖြစ်
လာ သွားစို့
ရေပက်ခံထွက်ကြမယ်။




Read more...

စုံစီနဖာ သတင်းထုတ်ပြန်ခြင်း။

စိတ်ရဲ့အီနီးရှား ကို
စိတ်နှစ်ထားခိုက်မှာ

အဝေးက
ခန္တီစ၊ တပေါစ ဆိုတဲ့
မနိုင်လို့ သည်းခံခြင်းနဲ့
မရှိလို့ ခြိုးခြံခြင်းများ
နားထဲ တိုးဝင်လာဆဲခဏ။

အချိန်လေးရလို့
သမိုင်း ကြောင်းထဲ
လျှောက်လှမ်းနေစဉ် ။

အနားကပ်ပြီး
လာပြောသွားတာက
ကျွန်မျိုးဖြစ်တဲ့ မယားကိုယူတဲ့
ဒါလည်း မသဲမကွဲ။

သာဓုခေါ်ဖို့
တယောက်တည်း ခပ်ပြင်းပြင်းတီးနေပေါ့။
ပြီးတော့မလားဆိုပြီး
စောင့်နေခိုက်
မထိတထိ ကလိ ကလိ။

ဒီလိုနဲ့ ငါ
ခြေထောက်သန်တဲ့နေရာလေး မှာပဲ
ကျိန်စာသင့်ခဲ့ပေါ့။

နောက်ဆုံးတော့
နားအေးပါးအေး
တကယ့်ကို
မသိချင်တော့ဘူး။



Read more...

မြန်မာတို့ရဲ့သင်္ကြန်


သင်္ကြန်ဟူသည်မှာ ပါဠိဘာသာ “သင်္ကန္တ”(Saṇkanta) မှ သက္ကဋဘာသာ “သင်္ကြန်” (Saṇkran) ဟူသော ဝေါဟာရသို့ပြောင်းလဲလာက မြန်မာတို့က သင်္ကြန်ဟု သက္ကတနာမည်ခေါ်လျှက် “ပြောင်းရွှေ့ခြင်း”ဟု အဓိပ္ပါယ်ရပေသည်။ ဤမဟာသင်္ကြန်ကူးပြောင်းခြင်းသည် အာပေါဓာတ် မိုးနက္ခတ် ရေရာသီငါးကြင်းရုပ်အမှတ်အသားရှိသော မိန်ရာသီိမှ ဆိတ်ရုပ်သဏ္ဌာန်၊ ဆိတ်တို့၏ သဘော ပူသောမိဿရာသို့ တနင်္ဂနွေဂြိုဟ်မင်းကူးပြောင်းဝင်လာခြင်းဖြစ်၍ ကူးပြောင်းသော ရာသီအိမ်အားလျော်စွာ သင်္ကြန်ရေတို့ဖြင့်ဆီးကြိုကြခြင်းဖြင့် ရေဖျန်းသဘင်ပျော်ရွှင်ကစားခြင်းတည်း ဟူသော အတာသဘင် သည် ဖြစ်ပေါ်ခဲ့ပေသည်။ သာသနာဝင်ကျမ်းများအရ ကပ္ပီလ၀တ်ပြည် သာကီဝင်မင်းမျိုးတို့ ရေဖျန်းသဘင်ကစားကြခြင်းသည် အတာသဘင်၏သမိုင်းစဉ်တွင် ရှေးအကျ ဆုံးသောမှတ်တမ်းတရပ်ဖြစ်ပေသည်။ ထိုနောက်မဟာရာဇ၀င်တွင် ဖော်ပြပါရှိသောပုဂံပြည် နရသီဟပတေ့၊ တရုတ်ပြေးမင်းလက်ထက် ကျင်းပခြင်းသည် ဒုတိယမြောက်ဖြစ်၍ မြန်မာပြည်အတွက်ဆိုလျှင် ရှေးအကျဆုံးတွေ့ရသော အတာသဘင်မှတ်တမ်း ဖြစ်ပေသည်။ မြန်မာတို့၏ ထီိးမူနန်းရာအစဉ်လာယဉ်ကျေးမှုများသည် သာကီဝင်မင်းတို့၏ ထုံးတမ်းစဉ်လာမှ သက်ဆင်းခဲ့သည်သာများ၍ ဤရေဖျန်းသဘင်ကျင်းပခြင်းလည်း ထိုအတူပင်ဖြစ်ပေသည်။ တရုတ်ပြေးမင်းလက်ထက် ရေဖျန်းသဘင် ကစားပုံမှာ နန်းတော်ကသည် မြစ်ဆိပ်သို့တိုင်အောင် တလျှောက်တည်း တဲဆောက်ပြီးသော် လူမမြင်သာအောင် ကာရံပြီးလျှက် နန်းတော်ကမိဖုရား မောင်းမတို့နှင့်တကွ တဲတန်းဥမင်သို့ ကြွသွား၍ ရေဆိပ်မှာ ရေကစားခြင်း ဖြစ်သည်။ ထိုသင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံသာမက ထိုင်း၊ ကမ္ဘောဒီယား၊ လာအို စသောနိုင်ငံတို့၌လည်း ကျင်းပကြပေသည်။ မြန်မာတို့၏ နှစ်တနှစ်၏ အစဆုံးလဖြစ်သော တန်ခူးလတွင် သင်္ကြန်ပွဲတော်ကိုကျင်းပသည်။ သင်္ကြန်ကာလသည် သင်္ကြန်အကြို အကြတ် အတက် နေ့ဟုသတ်မှတ်ထားကြသည်။ အကြတ်နေ့သည် ပုံမှန်မရှိပေ။ တချို့နှစ်များ၌ အကြတ်ရက်သည် ၂ ရက်မျှရှိသည်။ ယ္ခုခေတ်ကာလ၌ သင်္ကြန်တွင်းကာလများတွင် လူငယ်လူရွယ်သာမက အရွယ်ပေါင်းစုံ ရေသွန်းလောင်းခြင်း၊ ပက်ဖျန်းခြင်းကိုပျော်ရွင်စွာဆင်နွဲကြသည်။ မြန်မာတို့သည် အပျော်အပါးပွဲလမ်းသဘင်ကို ခုန်မင်မက်မောကြသည်။ မြန်မာတို့၏ ၁၂ လသည်လည်း ပွဲသဘင်မရှိသောလဟူသည်မရှိလောက်ပေ။ ပင်ကိုယ်စရိုက်မှာလည်း ပျော်ပျော်နေတတ်ကြသည်။ လူတယောက်နှင့်တယောက်စကားပြော လျှင်ပြုံးပြီးပြောတတ်ကြသည်။ သည်ပင်ကိုယ်စရိုက်သည်ချစ်စရာကောင်းသော စရိုက်ဖြစ်သည်။ သို့သော်အပျော်လွန်လျှင် လည်းမကောင်းတော့ပေ၊ အပျော်လွန်ပျက်တတ်သည်ဟု လူကြီးသူမတို့ သတိပေး ဆုံးမတတ်ကြသည်။ ပျက်ရုံတင်မကပဲသေတဲ့အထိတောင်မြန်မာတို့ကပျော်ကြသည်။ တနှစ်တကြိမ် သင်္ကြန်ကာလအတွင်း ထိခိုက်ဒဏ်ရာရသူများ သေကျေသောသူများကို မြင်တွေ့နေကြ ရသည်။ ထိုကြောင့် အခြင်းခြင်းရေသွန်းလောင်းရာ၌ ယဉ်ယဉ်ကျေးကျေးသွန်လောင်း ပက်ဖျန်းရန်လို ပေသည်။ ရှေးဘုရင်များလက်ထက်၌ ပြည်သူတို့အား အခါ (၃) ရက်အတွင်း ထုံးစံရှိသည့်အတိုင်း နံနက် ညနေအချိန်တွင်သာ ရေကြည်ရေအေး၊ အမွှေးအထုံရည်များနှင့် ယဉ်ကျေးဖွယ်ရာ ပက်ဖျန်းကစား ကြရမည့်အကြောင်းကို မြို့တွင်းမြို့ပြင် ရပ်စုကွက်စုများ၌ သင်္ကြန်မကျမီကပင် တင်ကြို၍ မောင်းကြေးနင်းခပ်ကာ သတိပေးခဲ့ကြသည်။ ယ္ခုခေတ်ကာလသည်လည်း ရွှေမြန်မာတို့ သည် မိမိတို့ဓလေ့ထုံးစုံပွဲသဘင်ကို မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမူ့ ၀တ်စားဆင်ယင်မူ့တို့ဖြင့် တန်ဘိုးမြင့်ဘို့လိုပေသည်။ ဦးခေါင်းဆေးလျှော်ခြင်း သို့သော် လူကြီးလူ ငယ်များစွာလည်း ဘုရားကျောင်းကန်သွားလျက် ဥပုသ်သတင်းဆောက်တည်ခြင်း၊ ဘာသာရေးကိစ္စ များဆောင်ရွက်ခြင်းဖြင့် ကုသိုလ်ကောင်းမူ့တို့ကိုပြုကြသည်။ သင်္ကြန်တွင်းကာလများ၌ ဒုလ္လဘ ရဟန်းဝတ်ခြင်း၊ သီလရှင်ဝတ်ခြင်း၊ တရားစခန်းများဝတ်ရောက်အားထုတ်ခြင်းတို့လည်းရှိကြသည်။ထိုပြင် သင်္ကြန်အခါတွင် ပြုသင့်ပြုထိုက်သော ကိစ္စတရပ်ရှိပေသေးသည်။ ယင်းမှာ နှစ်ဆန်း ၁ ရက်နေ့၌ ဦးခေါင်းဆေးလျှော်ခြင်း ဖြစ်သည်။ ဦးခေါင်းဆေးလျှော်ခြင်းသည် မိမိတို့ ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံးဖြစ်သော ဦးခေါင်းဆံပင်ဖျား၌ နောက်နှစ်ကတင်ရှိ ပါလာခဲ့သော ချေးညှော်အညစ်အကြေးများကို ကူးပြောင်းလတံ္တ့သော နှစ်တနှစ်ဦးဘက်ဆီိသို့ မပါစေရန်အတွက်ဟု အယူရှိကြပေသည်။ နိမိတ်မင်္ဂလာယူခြင်းပင်ဖြစ်သော်လည်း စိတ်၏ သန့်ရှင်းမှု၊ ကိုယ်၏ သန့်ရှင်းမှုဟု အကျိုးပြုရာရောက်၍ ပြုသင့်ပြုထိုက်သော ကိစ္စပင်ဖြစ်သည်။ မြီု့ ရွာ ကျေးလက်ဒေသများစွာ၌လည်း နှစ်ဆန်း ၁ ရက်များတွင် အဖိုးအဖွားများ၊ မိဘဆရာမားများအားကန့်တော့ခြင်း၊ သက်ကြီးရွယ်အိုအဖိုးအဖွားတို့ကို ခေါင်းလျော်ပေးခြင်း၊ ခြေသည်းလက်သည်းလှီးဖြတ်ပေးခြင်း၊ ညနေချမ်းအခါ၌ ဘုရားကျောင်းကန်စေတီတို့မှပြန်လာသော အဖိုးအဖွားတို့ရေချိုးရင်ရေချမ်းအိုးများတည်ထားခြင်းတို့ပြုလုပ်ကြသည်။ ဆီသည် ရွာစား “လက်ျာရွှေတောင်” ဘွဲ့ရ ဦးအောင်ကြီးဆို “သာစွလေ” အစချီသော (၁၂) ရာသီဘွဲ့လူတား မိဿရာသီ တန်ခူးလဘွဲ့တွင် “ကောင်းကင်မိုးလ၊ စိတ္တရနှင့်၊ မိဿရာသီ၊ အညီခါကျော်၊ နှစ်ဦးပေါ်က၊ ကံ့ကော်ရင်ကတ်၊ ပင်တိုင်းညွတ်မျှ၊ ပွင့်ဝတ်ဝေေ၀၊ တောင်လေသုတ်ဖြူး၊ လတန်းခူးမူ၊ မြူးထူးပျော်ရွှင်၊ တာသဘင်ဝယ်၊ ဆင်ယင်တုပ၊ လှရရတည့်၊ ငြိမ့်မျှစောင်းငြင်း၊ အဲသီချင်းနှင့် ထုံသင်းနံ့သာ၊ ရေသီဒါငယ်၊ စမ္ပာကရမက်၊ ပန်းပေါင်းဖက်၍၊ ရွှေခွက်အပြည့်၊ မွှေးမျိုးထည့်မှ၊ လည်လှည့်ဆူလှယ်၊ ကင့်စံပပယ်လျက်၊ ပြုံးရယ်ရွှင်အား၊ စံပျော်ပါးသည်၊ ကစားထုံရည်ဖျန်းတည့်လေး။ ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝနန်းတည့်လေး။” ဟူ၍ စပ်ဆိုခဲ့ခြင်းဖြင့် ရှေးခတ်မြန်မာတို့ အတာသဘင်ကို ယဉ်ကျေးသိုက်မြိုက်စွာ ဆင်နွှဲခဲ့ပုံကို သိနိုင်ပေသည်။ ရတနာပုံ မန္တလေးခေတ်သို့ ရောက်သည့်အခါ၌ကား အတာသဘင်၏ ယဉ်ကျေးမှုစံချိန်သည် အထွတ်အထိပ်သို့ တိုင်လေတော့သည်။ ယင်းအကြောင်းကို ထိုခေတ်က စပ်ဆိုသီရေးခဲ့သည့် ကဗျာ၊ လင်္ကာများတွင်လည်းကောင်း၊ ရာဇ၀င်တော်ကြီ၌လည်းကောင်း တွေ့မြင်ဖတ်ရှုနိုင်ပေသည်။ အထူးသဖြင့် သင်္ကြန်အခါတွင် ရှောင်ကြဉ်သင့် ရှောင်ကြဉ်ထိုက်သည့်ကိစ္စများကိုလည်း ထိုအချက်များကို မဟာသင်္ကြန်စာများတွင်ဖေါ်ပြထားသည်။ သင်္ကြန်စာများတွင် ဖော်ပြပါရှိသည့် ရှောင်ကြဉ်ရမည့် အချက်တို့မှာ- “အိမ်ရာမမှား၊ သားငါးသုတ်သင်၊ သစ်ပင်ခုတ်မြစ်၊ ပုတ်ခတ်ငိုကြွေး၊ ကိုယ်သွေးထုတ်ခြင်း၊ ဆီနနွင်းက၊ သောက်ခြင်းသေစာ၊ ဥစ္စာထုတ်သွင်း၊ အောင်တမန်စေလွှတ်ခြင်း၊ ဤ (၁၀) ပါးသော အမှုတို့ဖြစ်ပေသတည်း” ဤ (၁၀) ပါးသော အမှုတို့ကို လူမဆိုထားဘိ သိကြားမင်းသော်လည်း ရှောင်ကြဉ်ရာ၏ဟု ပညတ်ချက်ထုတ်ထားရာ၊ တကယ်လည်းရှောင်ကြဉ်သင့်သော အချက်များဖြစ်ကြသဖြင့် ရှောင်သင့်သည်ကို ရှောင်၍ ဆောင်သင့်သည်ကို ဆောင်ကြလျှင်အကောင်း ဆုံးဖြစ်သည်။ ရောက်ရှိလာတော့မည် သင်္ကြန်အချိန်အခါမှာ ရွှေမြန်မာတို့အနေနဲ့ ရွှေတန်ဘိုးကိုရှေးရူ လျက် တန်ဘိုးမဖြတ်နိုင်သော မြန်မာယဉ်ကျေးမူ့ထုံးထမ်းအစဉ်အလာတို့ဖြင့် အတာသင်္ကြန်ကိုနွဲပျော် နိုင်ကြပါစေလို့ဆန္ဒပြုရင်း-ဆရာဇော်ဂျီ၏ -တန်ခူးလ-သင်္ကြန်ကဗျာဖြင့်အတာသင်္ကြန်ကိုကြိုဆိုလိုက်ပါ သည်။
တန်ခူးလ မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပ
ခမ်သိမ်းနယ်စုံစုံသို့ 
ို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့

သူလဲလေ လောကီသားလိုပ
ကြားခြင်လှပေလိမ့်မယ်
တသိန်တင့်ပါဘိ တိမ်မြင့် ရီပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြုးနိုင်ပါ့ ထူးပါဘိတယ်။

ကျမ်းကိုး= မြန်မာဆယ့်နှစ်လ အကြောင်း (မောင်ထင်)
(လူထုဂျာနယ် ၂၇ မတ်လ၊ ၁၉၅၅) မှတ်-၆၀ မှ)


Read more...

အမွတ္တရ အက်ႌ


Read more...

Monk’s have opinions too

by Cittasamvaro

Several days ago there was an article in Channel News Asia about the Thai government upset at monks joining the ongoing Red Shirt Rally in Bangkok. Apparently the Prime Minister has warned monks to stay away from the protests.

In fact monks are like any other Thai – they have opinions too. The reason Thailand keeps them away from politics is to stop popular teaching monks using their ‘moral credentials’ to sway voters for one party or another. It is probably a good idea.

This comes from the time of the Buddha. Monks were those who left the householders life, and their involvement therein. They went to the forests to meditate and pursue enlightenment, and not politics. As the Buddha himself was a prince of a minor semi-independent kingdom, there were political nuances for him too. He was keen to keep the monks order independent of the politics of the day.

Chiefly, the ‘politics of the day’ meant the families of Ariyan Bloodline that ruled the various kingdoms of the area. There was always intrigue, alliance, arranged marriages and the like. Once ordained monks had to stay out of it, and give up their old positions. Famously when a group of 5 of the Buddha’s high born relatives ordained, they had their barber ordain first so he would be senior to them (monk’s seniority goes by time since ordination).

Modern day Sangha’s do get involved in politics to some level. In Sri Lanka temples and teachers support various political parties, though there is a natural distance between their religious authority and their political sympathies. When they give dhamma talks they will always be based directly on stanzas from the Pali canon, which are then expanded and explained. Such talks then are not politically driven – such views are presented separately.

Thai temples also support Red or Yellow shirt ideals. Just ask about, and most people will have an idea of which temples support which group – though the view is as likely to be wrong as correct. But gladly the monks limit their support to private conversations, and do not make public declarations.

Monks feel that even if they should not be involved in party politics, they are quite free to take a moral stance, which is why so many have joined the Red Shirt rally over the last few weeks. Naturally, where the line is drawn between politics and morality is very flexible….

You may not however know, that the Buddha also took a moral stance in the politics of his era. At one point his home city of the Sakyan Kingdom was at odds with their neighbours the Koliyan clan. The arguement was over water rights, as a shared dam had run short of water and the two kingdoms took arms against each other. In fact, though the Buddha was from the Sakyan side of the water, the Koliyans were a closely related Ariyan kingdom, with much intermarriage between the two. They were both also vassal states of the much larger city of Kosala.

As the two armies came to clash, the Buddha went and sat between them. He told them their blood was worth more than water, and the armies laid down their weapons and the crisis was over.

Later on, in the last year of his life, the Sakyan Kingdom got into another scrape – this time with the much bigger and more powerful Kosala kingdom. The Sakyans had offended the mighty prince of Kosala, by giving him as a bride a woman who was only half from the Ariyan bloodline, and half slave woman. His army moved to attack the Sakyans, and once again the Buddha went to sit between the two armies. The angry king withdrew his forces, but came again the next day. Three times the Buddha sat between the armies, and on the fourth day, he withdrew, and his home city was destroyed.

So even the Buddha got involved in politics on moral grounds, setting a precedent for today’s struggle in Thailand. When he sat between the two armies, the bare-branch tree he sat under was on the Sakyan territory. The attacking king, who also respected the Buddha, asked why he was sitting on the Sakyan side. “The shade of ones relatives is cooler” he replied.

So rightly or wrongly the monks feel they can go and sit on the side they feel is morally right.

Click here for the full story, compiled directly from the Sutta commentaries.



Read more...

အဆင့်မြင့်လူပျိုကြီးပဲ လုပ်တော့မယ်

အဆင့်မြင့်လူပျိုပိစိကွေး

တစ်နေ့ က ကျောင်းနေဘက် သူငယ်ချင်း တစ်ယောက်နဲ့  ဖုန်းထဲကပဲ စကားပြောဖြစ်ပါတယ်။ သူ သိပ်မကြာသေးခင်ကပဲ မင်္ဂလာဆောင်လိုက်တယ်ဆိုတဲ့ အကြောင်း၊ အစစ၊အရာရာ အားလုံး အဆင်ပြေတယ်ဆိုတဲ့ အကြောင်း စသဖြင့် ပြောပြနေလိုက်တာ စုံလို့ ၊ စိလို့ ပါပဲ။

လေးတန်းနှစ်လောက်က ရှင်လေးမော်ကို သူမေးခဲ့ဖူးတာလေး အမှတ်ရမိပြန်ပါတယ်။ အသက်ကြီးလာရင် မင်းက ဘာလုပ်မှာလဲတဲ့။ ရှင်လေးမော် မယားတဲ့ခေါင်းကို လက်နဲ့  ထပ်တလဲလဲကုတ်ရင်း စဉ်းစားပြီးမှ “ငါကတော့ အသက်မွေးဝမ်းကြောင်း ပညာတစ်ခု ကျွမ်းကျင်အောင် သင်ယူမယ်ကွာ။ ပြီးတော့ တစ်ယောက်ထဲ အေးအေးလူလူရှိလှတဲ့ လူပျိုကြီးပဲ လုပ်မယ်ကွာ”လို့  ပြန်ဖြေခဲ့ဖူးပါတယ်။

မင်း လူပျိုကြီး လုပ်မယ်ဆိုရင် အဆင့်မြင့်လူပျိုကြီးပဲ လုပ်ပေါ့တဲ့။ ရှင်လေးမော်လည်း နားမလည်တာနဲ့ အဆင့်မြင့် လူပျိုကြီးဆိုတာ ဘယ်လိုဟာမျိုးလဲ ချက်ချင်းပဲ မေးကြည့်လိုက်ပြန်တော့ “ဘုန်းကြီးဝတ်တာကို ပြောတာကွ”တဲ့။ ရှင်လေးမော်လည်း အဲဒီကတည်းက အဆင့်မြင့်လူပျိုကြီးဆိုတဲ့ စကားလုံးကို ဘာကြောင့်လဲတော့ မသိ၊ ထပ်တလဲလဲ ရေရွတ်မိခဲ့ပါတယ်။ အဲဒီစကားလုံးလေးဟာ ဘ၀မှာ နှစ်သိမ့်စရာ တစ်ခုအဖြစ်လည်း ပါဝင်ခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့…သူငယ်ချင်းရယ်…။ မင်းပြောတဲ့ အဆင့်မြင့် လူပျိုကြီးဆိုတဲ့ ဘ၀လမ်းကို ရှင်လေးမော် တစ်ယောက် လျှောက်လှမ်း လာလိုက်တာ လမ်းတစ်ဝက်ကျော်ကျော်တောင် ရောက်နေမိပါပေါ့။ မင်းကတော့ ချစ်ဦးသက်လျာရဲ့ လက်ကိုတွဲကာ၊ တစ်သက်ကို မခွဲချင်ပါဆိုပြီး မင်္ဂလာဦးမှာ အလင်္ကာကျူးနေပြီပေါ့နော်။ အဲ… ဘယ်ရောက်ကုန်တာလဲ မသိ။ ဘာမှလည်း မဆိုင်ဘူး။ ရှိစေတော့……။

အဲဒီသူငယ်ချင်း သူ့ အသက် ငယ်ငယ်လေးနဲ့ မိန်းမရမှာကိုလည်း ရှင်လေးမော်တစ်ယောက် ရိပ်မိခဲ့ပါတယ်။ ဘာလို့ လဲဆိုတော့ သူငယ်ငယ်က မင်္ဂလာဆောင်နဲ့ ပတ်သတ်တဲ့ သီချင်းခွေမှန်သမျှ အကုန်ဝယ်ပြီး နားထောင်တတ်ပါတယ်။ အလွတ်လည်း ကျက်လေ့ရှိပါတယ်။ ကျောင်းမှာ လူစုစုရှိတဲ့ နေရာတွေမှာဆိုရင် အသံကွဲကြီးနဲ့  အစွမ်းပြ ဟစ်တော့တာပါပဲ။

ကစားပြီဆိုရင်လည်း မင်္ဂလာဆောင်နဲ့ ပတ်သတ်တဲ့ ကစားနည်းတွေပဲ ကြံကြံဖန်ဖန် လုပ်ကစားတတ်ပါတယ်။ သူကိုယ်တိုင် သတိုးသား လုပ်ချင်လုပ်ပါတယ်။ ဒါမှမဟုတ် တခြားတစ်ယောက်ကို သတိုးသား လုပ်ခိုင်းပြီး သူက မင်္ဂလာဆောင် ဧည့်ခံသီချင်းတွေ ဆိုတော့တာပါပဲ။ ပြီးတော့ သူအဲဒီလို ကစားတဲ့ အခါတိုင်း ရှင်လေးမော်ကို သူပြောနေကျ စကားတစ်ခွန်းက “အဆင့်မြင့်လူပျိုကြီး လုပ်မယ့် သူဆိုတော့ မင်းက မင်္ဂလာဦးတရား ဟောရမယ့် ဘုန်းကြီး နေရာက သရုပ်ဆောင်ကွာ” တဲ့။ ကဲ….မှတ်ကရော…။ ဆယ်ခါပြန်သာ သေလိုက်စမ်းပါတော့…ရှင်လေးမော်ရယ်။ ဒီလောက် လူပျိုကြီးလုပ်ချင်လှတာ။

အခုလည်း ကြည့်လေ။ တွေ့ တာနဲ့  ဇနီးမောင်နှံတို့  လိုက်နာစရာ မင်္ဂလာ တရားလေး ဟောပေးပါဦးဘုရားတဲ့။ အော်.. ခက်လှချေစွ၊ သူငယ်ချင်း ဒကာလေးရယ်။ အဆင့်မြင့်လူပျို ပိစိကွေး ရှင်လေးမော် မင်္ဂလာဆောင်နဲ့ ပတ်သက် တဲ့ တရားမျိုးကိုတော့ မဟောခိုင်းလိုက်ပါနဲ့ လားကွယ်၊ တကယ် မဟောတတ်သေးပါဘူး။ ငယ်ငယ်တုန်းကသာ မင်္ဂလာဆောင်တရားနဲ့  ဆိုင်ဆိုင်၊မဆိုင်ဆိုင် ရတဲ့ ဂါထာရွတ်ပြီးတော့ ကလေးသဘာဝအလျောက် ပျော်ရရင် ပြီးရော လုပ်ရတာပါကွယ်လို့  ပြန်ပြောလိုက်ပါတယ်။

ဒီလိုပြောလို့ လည်း သူက မရပါဘူး။ တစ်ခုခုတော့ ဟောကိုဟောပေးရမယ်တဲ့။ သူက ဇွတ်အတင်းကြီး ဟောခိုင်းနေသလို၊ ဘေးနားက “ဟုတ်တယ် ဘုန်းဘုန်း ဟောပေးပါဦး” ဆိုပြီး မာတုဂါမအသံနဲ့  တစ်ယောက်က အော်ပြီးပြောလိုက်တာကိုလည်း ကြားရပါသေးတယ်။

ဒါနဲ့  အနားက ဘယ်သူလဲဆိုတာ မေးကြည့်လိုက်တော့ ကြွားလုံး အသားကုန်ထုတ်ပြနေတဲ့ လေသံနဲ့  တပည့်တော် ချစ်ဇနီး ပူပူနွေးနွေးလေးပါတဲ့။ သူမင်္ဂလာဆောင်လိုက်တဲ့ ဇနီးကိုနာမည်ကို မေးကြည့်ပြန်တော့လည်း ရှင်လေးမော်နဲ့  သူ့ ဇနီးက မောင်နှမ ၀မ်းကွဲတော်ပါသေးတယ်။ ရှည်ပြီး မေးမိတဲ့ ရှင်လေးမော် ပါးစပ်နဲ့ ၊ ကြားလိုက်ရတဲ့ နားကိုသာ ဖြစ်နိုင်ရင် ပလာစတာနဲ့  ပိတ်ထားလိုက်ချင်ပါတော့တယ်။ မေးမိခဲ့တာရယ်၊ ကြားရတာရယ် မျက်နှာပူမိလွန်းလို့ ပါ။ အော်…ဘုန်းကြီးဆိုတာ မျက်နှာပူစရာ တစ်ဖတ်သက် ရောက်ဖသာ ဖြစ်ရတဲ့ ဘ၀ပါလားကွယ်။

ဇွတ်အတင်းကြီး ဟောခိုင်းနေပြန်တော့လည်း ရှင်လေးမော်တစ်ယောက် မငြင်းသာတော့လေပြီ။ နှမတော်ကလည်း သူပြောတဲ့ ဇနီး ပူပူနွေးနွေးလေး နေရာက ၀င်သရုပ်ဆောင်နေပြန်တော့ သူတို့  အိမ်ထောင်ရေး အဆင်ပြေစေဖို့ ၊ နာဖူးထားတဲ့ ကြာနီကန်ဆရာတော်ရဲ့ တရားကိုပဲ မော်ဒန်ကျကျ လေသံတစ်မျိုးနဲ့  အောက်ပါအတိုင်း ဟောပေးလိုက်ပါတော့တယ်။ (အသံအတက်အကျ မှန်မှန်နဲ့ သာ ဖတ်စေလို) အဟမ်းး)

အဂုင်္တ္တရနိကာယ် မြတ်စွာဘုရား ဟောကြားခဲ့တယ်။ ထင်ရှားအောင် နာစေချင်တယ်။
မာတုဂါမသုတ်ဝယ်၊ အဟုတ်ကို ထုတ်ပြတယ်။

အိမ်ထောင်ရှင် လင်သား၊ ယောက်ျားများရဲ့ အတွက်ကိုကွယ်။ ဗုဒ္ဓဘဂ၀ါရယ်၊ ပုရိသသုတ် ထုတ်ဆောင်ပြခဲ့တယ်။

ရုပ်ရည်လည်း ချောရမယ်၊ ဥစ္စာလည်း ပေါရမယ်၊ အကျင့်သီလ နှော..လို့ ၊ မပျင်းရိတဲ့ သဘောနဲ့ ၊ သားသမီးလည်း ရရမယ်။ အဲဒါမှ လင်နဲ့ မယား အများကြီး ချစ်နိုင်တယ်..။

ကဲ….ချစ်သူငယ်ချင်းနဲ့  ချစ်ညီမရေ…။ ဟောခဲ့တဲ့ တရားဋီကာကိုတော့ မင်းတို့ ကိုယ်တိုင်ပဲ ခေါင်းချင်းဆိုင်ပြီးသာ အသရေ ချဲ့ထွင်ကြကုန်ရာ သတည်း။ မင်္ဂလာဦးမှသည် ရွှေရတု၊ စိန်ရတုတိုင်အောင် ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြစေရာ သတည်း။ မင်းတို့ ဇနီးမောင်နှံနှစ်ဦးရဲ့ ကောင်းချီးသြဘာ၊ ထောပနာ မင်္ဂလာသတင်းသံတွေ အလျှံဝေဘုန်း မိုးလုံးပြည့် လွှမ်းစေရာ သတည်း။ ဘာတွေလဲတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် သာဓု…သာဓု… ခေါ်လိုက်ကြစမ်းဟဲ့…..အကြိမ်ကြိမ်။



Read more...

မှန်တိုင်း မကောင်းဘူး။

စကားပြောတဲ့အခါမှာ အကောင်းဆုံး၊ အကျိုးရှိဆုံးစကားဖြစ်အောင် ရွေးပြီးပြောရတယ်။ ကိုယ်ထက်ကြီးသူတွေနဲ့စကားပြောတဲ့အခါမှာ ပိုပြီးတော့တောင် ဂရုစိုက်ရတယ်။

“လူကြီးတွေဆိုတာ များသောအားဖြင့် မိမိကိုယ်ကို အပြစ်ကင်းပြီးသား။ လူငယ်တွမှာသာ အပြစ်ရှိတာလို့ တထစ်ချစွဲယူထားတတ်ကြတယ်။ ဒါ့ကြောင့် သူတို့ရဲ့အားနည်းချက်ကို ထောက်ပြလာပြီဆိုရင် ကျေးဇူးတင်တဲ့လူထက် အပြစ်တင်တဲ့လူက များတယ်။ ဒါ့ကြောင့် ကောင်းသောစကားပင်ဖြစ်သော်လည်း မပြောဘဲ နေသင့်ရင် နေလိုက်ရတယ်။”

တခါက မုဆိုးသားအဖနှစ်ယောက် တောလိုက် ထွက်ကြတယ်။ တောတွင်းတစ်နေရာကျတော့ ရေပေါ်မှာပေါ်နေတဲ့ ကျောက်ဖျာကြီးတစ်ခုကို တွေ့ကြရတယ်။ အံ့သြလွန်းလို့ သားအဖနှစ်ယောက် ခပ်ကြာကြာငေးစိုက်ကြည့်မိကြတယ်။ အတွေးအခေါ်ရှိတဲ့ဖခင်က ဒီအကြောင်းကို ဘယ်သူမှမပြောဖို့၊ ပြောမိရင် ကိုယ်သာအရူးထင်ခံရမယ့်အကြောင်း သေချာမှာထားတယ်။

သားက နှုတ်ဖွာမှန်းလည်း သိလို့ပေါ့လေ။ အဲသလို မှာထားတဲ့ကြားထဲက သားဖြစ်သူက ရွာထဲလျှောက်ပြော တော့ ဘယ်သူမှ မယုံကြဘူး။ သူ့သားပဲ အရူးတစ်ယောက်လို ဖြစ်နေတယ်။ နောက်ဆုံး မုဆိုးသားက သူမှန်ရဲ့သားနဲ့ အရူးအထင်ခံရတော့ ဒေါသထွက်ပြီး အလောင်းအစားလုပ်တယ်။ ကျောက်ဖျာရေပေါ်တာကို သူ့ဖခင်ကပါ ဟုတ်တယ်လို့ ထောက်ခံရင် ရွာသားတွေဆီက ငွေတစ်ထောင် သူရမယ်။ အကယ်၍ သူ့အဖေက မထောက်ခံဘူးဆိုရင် ရွာသားတွေကို သူကငွေတစ်ထောင်ပေးမယ်ဆိုပြီး သူ့အိမ်ခေါ်လာတယ်။ အိမ်ရောက်လို့ မုဆိုးကြီးကိုမေးကြည့်တော့ မုဆိုးကြီးက မင်းတို့အရူးစကားများယုံနေကြသလားလို့ ပြောလွှတ်လိုက်သတဲ့။ ဒါနဲ့သူ့သားလည်း ငွေတစ်ထောင်ဆုံးသွားတော့ သူ့အဖေကို အပြစ်တင်တာပေါ့။

ဒီအခါ သူ့အဖေက ငါဒီအရေးတွေမြင်လို့ ဘယ်သူ့မှ မပြောဖို့အကြောင်း မင်းကိုမှာခဲ့တာပေါ့။ စကားဆိုတာ ကောင်းတာမှန်တာဖြစ်ပေမယ့် မပြောဘဲနေသင့်တဲ့အခါ နေရတယ်။ နောက်တစ်ခါ ငါကပြောလို့ တိုက်တွန်းတဲ့စကားကျမှ သူများကိုပြောလို့ သြ၀ါဒပေးပြီး တောလိုက်ထွက်သွားတယ်။

သူ့သားကလည်း ငွေတစ်ထောင်ရှူံးလို့ စိတ်ညစ်ပြီး အိမ်မှာပဲ နေခဲ့တော့တယ်။ သူ့အဖေပြန်လာတဲ့အခါ သမင်တစ်ကောင်ထမ်းလာတာကို တွေ့ရတယ်။ သူ့အဖေက သမင်ကိုပစ်ချလိုက်ရင်း ကဲ.. သား ဒီတစ်ခါ မင်းရွာထဲကို ကြိုက်သလောက် လျှောက်ပြောပေတော့။ ငါ့အဖေ သမင်တစ်ကောင်ကို ပစ်လိုက်တာ ခြေထောက်ကနေ နားရွက်ကိုဖောက်ထွက်သွားတယ်လို့ပြောကွာ။ မယုံတဲ့သူတွေကို အရင်တစ်ခါ ထက်နှစ်ဆတက်ပြီး လောင်ခဲ့လို့ ပြောလိုက်သတဲ့။

ဖခင်ပြောတဲ့အတိုင်း သာဖြစ်သူကလည်း တစ်ရွာလုံးလျှောက်ပြောတာပဲတဲ့။ နောက်ဆုံး မယုံတဲ့သူတွေစုပြီး နှစ်ထောင်ကြေးလောင်းကြပြန်သတဲ့။ အဆုံးအဖြတ်ပေးမယ့်သူကတော့ မုဆိုးကြီးပဲပေါ့။
မုဆိုးကြီးဆီရောက်တော့ သူ့သားပြောတဲ့စကား ဟုတ်-မဟုတ် မေးကြတဲ့အခါ မုဆိုးကြီးက … ဒီတစ်ခါတော့ ငါ့သားပြောတာမှန်တယ်။

သမင်က သူ့ခြေထောက်နဲ့ နားရွက်ကို အယားဖျောက်နေတဲ့အချိန်မှာ ငါက ပစ်လိုက်တာ ဖြစ်တဲ့အတွက် မြားတံက ခြေထောက်ကနေ နားရွက်ကိုဖောက်ထွက်သွားတာ ဟုတ်ပါတယ်လို့ ပြောလိုက်တဲ့အတွက် မုဆိုးကြီးသားဟာ လောင်းကြေးနှစ်ထောင်နဲ့အတူ စကားဆိုတာ ကောင်းတာမှန်တာဖြစ်ပေမယ့် မပြောဘဲနေသင့်တဲ့အခါ နေရတယ်ဆိုတဲ့သင်ခန်းစာကိုလည်း တစ်ခါတည်းရသွားသတဲ့။

ဒါကြောင့်လဲ ထင်ရှားတဲ့ ရဟန်းစာပေ ပညာရှင်ကြီးတပါးဖြစ်တဲ့ ဦးအာဒိစ္စ၀ံသ က မှတ်ချက်ရေးခဲ့ဖူးတယ်၊

အများနှင့် အခန့်သင့်ရန်စကားများ၊ အများစိတ်တိုင်းကျမည့်အလုပ်များ လောက၌ရှိသည်ဟု ဧကန်မမှတ်သင့်။
ထိုသို့သောစကားမျိုး၊ အလုပ်မျိုးကား လောက၌မရှိ။
စင်စစ်တစ်ဦးနှင့် မဆန့်ကျင်လျှင် တစ်ဦးနှင့်ဆန့်ကျင်မည့်စကား အလုပ်များသာ ဖြစ်ကြကုန်၏။

ဘ၀နှင့် ရင်းရသော အတွေးအမြင်များ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။


Read more...

နဲနဲလေးတော့ လွဲနေတယ် (၆)...

ကပ်ပြီးရင် မကိုင်နဲ့…
ဗုဒ္ဓဘာသာ မြန်မာများရဲ့ အိမ်တွေမှာ ဆွမ်းစားပင့်လို့ ကြွရောက်တဲ့အခါ ဆွမ်းကပ်ပြီးတာနဲ့ မကြာမကြာ ကြားရတဲ့ စကားတစ်ခွန်းက “ဟဲ့…ဟဲ့… ကပ်ပြီးရင် မကိုင်နဲ့တော့၊ ကိုင်လို့မရတော့ဘူး..”ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဘာဖြစ်လို့ဆိုတဲ့ တိကျတဲ့ အကြောင်းပြချက်မရှိဘဲ ကြားဖူးနားဝနဲ့ တစ်လွဲနားလည် အသုံးပြုနေကြသလို ဖြစ်နေပါတယ်။ ဆွမ်းကပ်ပြီးမှကိုင်ရင် အကပ်ပျက်ပြီး သံဃာတော်များ မဘုဉ်းပေးရမှာ စိုးလို့လား၊ ကပ်ပြီးမှကိုင်ရင် ၀ိနည်းတော်အရ အာပတ်သင့်မှာ စိုးလို့လား ဘာရယ်ကြောင့်မသိ။ အဖြေက တိတိကျ မရှိဘဲ ဖြစ်နေပါတယ်။ တစ်လောကပဲ ကျောင်းမှာဆွမ်းလာကပ်တုန်း ဆွမ်းကပ်ပြီးတော့ ဒကာလေးတစ်ယောက်က အဝေးက ဟင်းခွက်လေးတွေ နီးအောင်ရွေ့ပေးနေတာကို အနီးမှာ ရှိနေတဲ့ ဒကာမက “ဟဲ့..ဟဲ့… ကပ်ပြီးရင် မကိုင်တော့နဲ့“လို့ ပြောသံကြားလိုက်ရလို့ အကျိုးအကြောင်း ရှင်းပြလိုက်ရပါသေးတယ်။

တကယ်တော့ ကပ်ပြီးရင် ကိုင်လည်းပဲ အကပ်ပျက်မှု မပျက်မှုက အကပ်ခံတဲ့ သံဃာတော်နဲ့ပဲ သက်ဆိုင်ပါတယ်။ ဘုဉ်းကြီးတွေ ဆွမ်းဘုဉ်းပေးနေချိန်မှာ ဟိုဟာထည့် ဒါထည့် ဟိုကြားဝင် ဒီကြားဝင် လုပ်တဲ့အခါ ဆွမ်းဘုဉ်းပေးတဲ့ ရဟန်းတော်တွေ ကျဉ်းကြပ်မှာစိုးလို့ မကိုင်ခိုင်းဘဲ ဘေးကနေ လိုအပ်တာ လုပ်ပေးဖို့ ပြောတာဆိုရင်တော့ ဘာမှအထူး ပြောစရာ မရှိပါဘူး။ အဲလိုမှ မဟုတ်ဘဲ ဆွမ်းကပ်ပြီး ကိုင်ရင် အကပ်ပျက်ပြီး မဘုဉ်းပေးကောင်းမှာ စိုးလို့ဆိုရင်တော့ လွဲနေပါတယ်။

ဝိနည်းတော်မှာ ဆွမ်းစတာတွေ ကပ်ပြီးရင် အကပ်ပျက်နိုင်တဲ့ အကပ်ပျက်ကြောင်း အင်္ဂါ (၆)ပါးကို ဖော်ပြထားပါတယ်။ ဒီ အကပ်ပျက်ကြောင်း အင်္ဂါခြောက်ပါးကတော့
(၁) အကပ်ခံတဲ့ရဟန်းက ငြိကပ်တွယ်တာမှု မရှိ၊ အာလယပြတ် စွန့်လိုက်ခြင်း
(၂) အကပ်ခံတဲ့ ရဟန်းက သိက္ခာချ လူထွက်သွားခြင်း
(၃) အကပ်ခံထားတဲ့ ရဟန်းကိုယ်တိုင်က ကပ်လှူထားသည်များကို သူတစ်ပါးအား ပေးလိုက်ခြင်း
(၄) ကပ်လှူထားသည်များကို လူစသည်တို့က လုယူထွက်ပြေးသွားခြင်း
(၅) အကပ်ခံပုဂ္ဂိုလ် သေဆုံးသွားခြင်းနဲ့
(၆) လိင်ပြန်သွားခြင်း
တို့ပဲ ဖြစ်ပါတယ်။
ဒီအင်္ဂါခြောက်ပါး တစ်ပါးပါးငြိစွန်းနေရင်တော့ အကပ်ပျက်ပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ ကပ်ပြီးသားကို ကိုင်ခြင်းကြောင့် အကပ်မပျက်ပါဘူး။ အခြေအနေအရ သံဃာတော်များရဲ့ ခွင့်ပြုချက်ကို ယူပြီးအနီးကပ် ပြုစုလှူဒါန်းနိုင်ပါတယ်။ တစ်ချို့ဆရာတော်ကြီးများကတော့ ဟိုကိုင်ဒီကိုင် ဟိုထည့်ဒီထည့် လုပ်ပေးတာ မကြိုက်တတ်တဲ့အတွက် ခွင့်ပြုချက်ကိုမေးပြီး ဆက်ကပ်လှူဒါန်းပေးတာ ကောင်းပါတယ်။ သေချာတာကတော့ ကပ်ပြီးရင် မကိုင်ကောင်းဘူးဆိုတဲ့ အချက်ကတော့ မဟုတ်ဘူးဆိုတာပါ။

ဒါကြောင့် လူတွေကြားမှာ ကြားကြားနေရတဲ့ ဒီလိုဘာမှန်းမသိဘဲ ရှေးရှေးကတည်းက စွဲလာခဲ့တဲ့ နားလည်မှု အသိတွေကြောင့် ပြောဆိုသုံးနှုံး နေကြတာတွေဟာ လွဲနေတတ်တဲ့ သဘောလေးတွေ ရှိတတ်တဲ့အတွက် သတိပြု ဆင်ခြင်နိုင်ဖို့ လွဲချက်လေးကို ထုတ်နှုတ်တင်ပြ အသိပေးရခြင်း ဖြစ်ပါတယ်။ ဒီတင်ပြချက်လေးများကို မှတ်သားပြီး ပြုပြင်ဆင်ခြင်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။



Read more...

လက်အုပ်တစ်ချီမျှ...


ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ မိုးကုတ်ဓမ္မကထိက

လက်အုပ်တစ်ချီမျှ...






တရားနာပြီး တရားအတိုင်း ကျင့်ကြံနိုင်ကြပါစေ

Read more...

ဇာတ်ကောင်နဲ့ ကလောင်

အထင်မကြီးပါနဲ့
ကားဝယ်စီးနိုင်ဖို့နေနေသာသာ
ခြေဗလာမဖြစ်စေဖို့
သဲကြိုးရယ် မပြတ်ပါစေနဲ့လို့
ဆုခြွေလို့နေရတယ် ။


အထင်မကြီးလိုက်ပါနဲ့
တိုက်တာနဲ့နေနိုင်ဖို့နေနေသာသာ
အမိုးအကာ ဒေါင်းချာစိုင်းမသွားစေဖို့
မုန်တိုင်းရယ်မလာပါစေနဲ့လို့
ဆုခြွေလို့နေရတယ် ။


အထင်မကြီးပါနဲ့
ဟိုတယ်စာလှမ်းနိုင်ဖို့နေနေသာသာ
ဗိုက်ဗလာမဖြစ်စေဖို့
ကန်စွန်းရယ် ဈေးမတက်ပါစေနဲ့လို့
ဆုခြွေလို့နေရတယ် ။


အထင်မကြီးပါနဲ့
ကွန်ပျူတာသုံးနိုင်ဖို့နေနေသာသာ
စာကဗျာပြတ်တောက်မသွားစေဖို့
ဘောပင်ရယ်မှင်မကုန်ပါစေနဲ့လို့
ဆုခြွေလို့နေရတယ် ။

အထင်မကြီးပါနဲ့
overseas သွားနိုင်ဖို့နေနေသာသာ
မြို့ထဲကိုတစ်လတစ်ခါလောက်ထွက်နိုင်အောင်
လိုင်းကားရယ်ဈေးမတက်ပါစေနဲ့လို့
ဆုခြွေလို့နေရတယ် ။

ငါ့ကဗျာနဲ့ ငါ့စာမှာ
ကားတွေအကြောင်းပါခဲ့ရင်
တိုက်တွေအကြောင်းပါခဲ့ရင်
ဟိုတယ်စာနဲ့ ကွန်ပျူတာ
overseas အကြောင်းဖတ်မိရင်
အဲဒါ ငါ့ကိုယ်တွေ့လို့ မထင်မှတ်လိုက်ပါနဲ့ ။

ဇာတ်ကောင်ဟာ ဇာတ်ကောင်
ကလောင်ဟာ ကလောင်
တူသယောင်နဲ့ကွဲ
ဖြူမယောင်နဲ့ မဲနေကြတာတွေ
လောကမှာ အပုံကြီးရှိတယ် ။


( သူငယ်ချင်းများနှင့်စကားဝိုင်းသို့ အမှတ်တရ )


Read more...

(မန္တလေး) မစိုးရိမ်အထူးတရားပွဲ

ဒေါက်တာအရှင်ဝိစိတ္တ ( ဓမ္မာစရိယ၊ B.A, M.A, M.A, Ph.D, ကမ္ဘာ့သာသနာပြု လက်မှတ်ရ) နှင့်ကျောင်းတော်မြတ်ကော်မတီ တို့ဦးဆောင်ကာ ဆရာတော် ရဟန်းဒကာ David ဦးကြည်ထွန်း၊ ရဟန်းဒါယိကာမဒေါက်တာလဲ့လဲ့မိုးတို့နှင့်စေတနာရှင်၊ပါရမီရှင်များ ဆင်ယင်ထားအပ်သော သာသနပါလ သိမ်တော် အတွင်း ပါရမီရှင် ဇနီးမောင်နှံ များဖြစ်ကြသော ဦးစန်းယုလှိုင်+ဇနီးဒေါက်တာလှနုဖြူ တို့လှူဒါန်းပူဇော်ထားအပ်သောဇယမင်္ဂလာမာရ်အောင်မြင်ဘုရားကြီး ရှေ့တော်မှောက်ဝယ်မန္တလေးမြို့မစိုးရိမ်ကျောင်းတိုက်စာချဆရာတော် ဘဒ္ဒန္တ သောမာစာရ သည် ထူးမြတ်သောတရားတော်များကို (၂)ည တိုင်တိုင်ဟောကြားမည်ဖြစ်ပါသည်။
ဓမ္မကထိကဆရာတော် ဘဒ္ဒန္တ သောမာစာရ (မန္တလေး)
သာသနဓဇ ဓမ္မာစရိယ
သာသနဇောတိပါလ ဓမ္မာစရိယ
သာသန့နူဂ္ဂ ဟ ဓမ္မာစရိယ
တရားတော်အမည် ချစ်သလားမုန်းသလား
နေ့ရက် (၃.၄.၂၀၁၀) စနေ နေ့ည နှင့်
(၄.၄.၂၀၁၀) တနင်္ဂနွေနေ့ည
အချိန် ၊၊၇ နာရီ မှ ၈ ၃၀ အထိ
နေရာ ၊၊ 23 A, Jalan Mas Puteh, Singapore 128628.

ဆက်သွယ်ရန်၊၊ တရားပွဲဖြစ်မြောက်ရေးကော်မတီ
        Ph; 6778 1678, 81230769
        (Pls imform to all Myanmar devotees)


Read more...

အဆွေခင်ပွန်း...

မိတ္တသုတ် - (အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူ)

ယုတ်မာသော အဆွေခင်ပွန်းရှိသူသည်...

ရဟန်းတို့ ယုတ်မာသော အဆွေခင်ပွန်းရှိသော ယုတ်မာသော အပေါင်းအသင်းရှိသော ယုတ်မာသော အဆွေခင်ပွန်းကို ကိုင်းရှိုင်းသော ယုတ်မာသော အဆွေခင်ပွန်းကို မှီဝဲသော ဆည်းကပ်သော အဖန်ဖန် ဆည်းကပ်သော ထိုယုတ်မာသော အဆွေခင်ပွန်းတို့၌ မြင်ဖူးသော အမူအရာကို အစဉ်လိုက်ခြင်းသို့ ရောက်သော ထိုရဟန်းသည် စင်စစ် မြတ်သော ဝတ်အကျင့်တရားကို ဖြည့်ဆည်းပူးလိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် မရှိ၊ မြတ်သော ဝတ်အကျင့်တရားကို မဖြည့်ဆည်းပူးဘဲ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလကို ဖြည့်ဆည်းပူးလိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် မရှိ၊ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလကို မဖြည့်ဆည်းပူးဘဲ သီလ လေးမျိုးတို့ကို ဖြည့်ဆည်းပူး လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် မရှိ၊ သီလလေးမျိုးတို့ကို မဖြည့်ဆည်းပူးဘဲ ကာမ ရာဂကို လည်းကောင်း၊ ရူပ ရာဂကို လည်းကောင်း၊ အရူပ ရာဂကို လည်းကောင်း ပယ်စွန့်နိုင်လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် မရှိ။


ကောင်းသော အဆွေခင်ပွန်းရှိသူသည်...

ရဟန်းတို့ ကောင်းသော အဆွေခင်ပွန်းရှိသော ကောင်းသော အပေါင်းအသင်းရှိသော ကောင်းသော အဆွေခင်ပွန်းကို ကိုင်းရှိုင်းသော ကောင်းသော အဆွေခင်ပွန်းကို မှီဝဲသော ဆည်းကပ်သော အဖန်ဖန် ဆည်းကပ်သော ထိုကောင်းသော အဆွေခင်ပွန်းတို့၌ မြင်ဖူးသော အမူအရာကို အစဉ်လိုက်ခြင်းသို့ ရောက်သော ထိုရဟန်းသည် စင်စစ်မြတ်သော ဝတ်အကျင့်တရားကို ဖြည့်ဆည်းပူးလိမ့်မည် ဟူသော ဤအကြောင်းမျိုး သည် ရှိ၏၊ မြတ်သော ဝတ်အကျင့်တရားကို ဖြည့်ဆည်းပူးသည် ရှိသော် သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလကို ဖြည့်ဆည်းပူးလိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် ရှိ၏၊ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလကို ဖြည့်ဆည်းပူးသည် ရှိသော် သီလ လေးမျိုးတို့ကို ဖြည့်ဆည်းပူးလိမ့်မည် ဟူသော ဤအကြောင်း မျိုးသည် ရှိ၏၊ သီလ လေးမျိုးတို့ကို ဖြည့်ဆည်းပူးသည်ရှိသော် ကာမ ရာဂကို လည်းကောင်း၊ ရူပ ရာဂကို လည်းကောင်း၊ အရူပ ရာဂကို လည်းကောင်း ပယ်စွန့်နိုင်လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် ရှိ၏ ဟု မိန့်တော်မူ၏။ 67

၃ - မိတ္တသုတ်၊ ဒေ၀တာဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP