* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, March 26, 2010

သူ့ ကို အမှတ်ရတာများပါ မှ။

၁။ ညဥ့်နေ့  တစ်နေ့  ထက်ဝက်နေ့ တည်း။ တစ်ကြိမ် ရွှေ့ စား၊ ထက်ဝက် စား နှင့်။
လေး ငါး လုတ် သွင်း ၊ မသေလျင်းမူ၊ ခြောက်ယောက်သူကို ၊ မေ့သူ ဟောထား။
တစ်လုတ်စားတွင်း ၊ ရှုရှိုက်တွင်းမှာ မသေပါမူ၊ မြတ်စွာ ဘုရား ၊ ဟောတရားကို၊
အားထုတ်အံ့ဟု၊ နှစ်ယောက်သူသာ၊ အပူထက်စွာ ပွါးသတည်း။


၂။ မြွေကင်း ကိုက်ခဲ၊ ခြေချော်လဲ နှင့်၊ ဆွမ်းခဲ မကြေ၊ ပိတ္တေပျက်ပြား၊
လေဖျက်သွားလည်း၊ လူများသတ်မှန်၊ ဘီးလူရန်ကြောင့်၊ သေပြန်ရသေး၊
ဖန်ဖန်တွေးသည်၊ သေရေး သတိ ပွါးပုံတည်း။

(ယမက၀ဂ်၊ မရဏဿတိ ပထမ၊ ဒုတိယ သုတ်၊ အဂုင်္တ္တရနိကာယ)



ဟို...လွန်ခဲ့တဲ့ တစ်ဆယ့်ခုနှစ်ကျော်ကျော်က ကိုရင်ဘ၀မှာ ကျက်ခဲ့တဲ့ ဆောင်ပုဒ်လေး။
တန်ဖိုးရှိ၊ ဘ၀ အတွက် တာသွားတဲ့ ဆောင်ပုဒ်လေး။ တစ်နေ့ ကမှ တိုက်ဆိုင်မှုကြောင့် ပေါ်လာတာနဲ့  ပြန်မျှဝေချင်တာနဲ့  ရေးတင်လိုက်တာပါ။
အဓိပ္ပါယ်ကို ရေးဖြစ်ရင် ဆောင်းပါး ရေးမယ် မှန်းထားပါတယ်။ လောလောဆယ် ကျေပွန်စွာ ဖတ်ထားပါလေဦး။

မြတ်ရောင်နီ
(၂၆၊၀၃၊၂၀၁၀)

Read more...

သံသရာထဲမှာ တတွဲတွဲတလည်လည် အပိုင်း (၁)


ဤဘဒ္ဒကမ္ဘာမှ နောက်သို့ ပြန်လည် ရေတွက်သော် ကိုးဆယ့်တစ်ကမ္ဘာထက်တွင် ဖြစ်ပေသည်။ ထိုကမ္ဘာထက်၌ ဝိပဿီ မြတ်စွာဘုရား ထင်ရှား ပွင့်တော်မူစဉ် အခါဝယ်၊ ဗန္ဓုမတီပြည်၌ အလွန် သိမ်ငယ် ဆင်းရဲသော ပုဏ္ဏား လင်မယား ရှိကြလေ၏။

မည်မျှ ဆင်းရဲသနည်းဟူမူ၊ လင်မယား နှစ်ယောက် ပေါင်းမှ အပေါ်ရုံ စုလျား တစ်ထည်တည်းသာရှိ၏။ သို့အတွက် အိမ်အပြင်သို့ မယားထွက်လျှင် လင်မှာ အိမ်ထဲ၌ အောင်းနေရပြီး အိမ်အပြင်သို့ လင်သွားလျှင်လည်း မယားမှာ အိမ်ပြင် မထွက်ဝံ့ချေ။ အလုပ်အကိုင်မှာလည်း မည်မည်ရရ မရှိ။ ဟင်းရွက်ခူး ထင်းခွေကာ ရောင်းချ စားသောက်ကြရ၏။

ဝိပဿီ မြတ်စွာဘုရားသည် သတ္တဝါတို့အား ခုနစ်နှစ်တွင် တစ်ကြိမ်သာ တရား ဟောတော်မူလေ့ရှိသည်။ အသက် သောင်းတမ်း၌ ပွင့်တော်မူသော မြတ်စွာဘုရားများသည် ဤသို့လျှင် ဟောတော်မူလေ့ ရှိကြပေ၏။

တစ်နေ့တွင် မြတ်စွာဘုရား တရားဟောသည့် အကြောင်း နတ်တို့ လှည့်လည် ကြွေးကြော်သံကို ပုဏ္ဏား လင်မယား ကြားကြရသည်။ လင်မယား နှစ်ယောက်တွင်မှ အပေါ်ရုံ တစ်ထည်တည်းသာ ရှိသောကြောင့် ‘ဧကသာဋက’ အမည်ရသော ပုဏ္ဏား လင်မယား ဆွေးနွေးကြ၏။ မြတ်စွာဘုရား၏ တရားပွဲသို့ မည်သူ သွားမည်နည်း။

တရားပွဲ ကျင်းပချိန်မှာ ညအခါ ဖြစ်သည်။ သို့အတွက် လင်ပုဏ္ဏားသည် တရားတော် နာယူရန် ထွက်ခွာ လာခဲ့လေ၏။

လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ဆရာ ဖြစ်တော်မူသော ဝိပဿီမြတ်စွာဘုရားသည် မင်းနှင့်တကွသော ပရိသတ် လေးပါးအား တရား ဟောတော်မူသည်။ ဒါနကထာ သီလကထာ သဂ္ဂကထာ မဂ္ဂကထာ ဟူသော တရားစကား အစဉ်ဖြင့် ကောင်းကင် မြစ်ကြီး စီးဘိသကဲ့သို့ အင်္ဂါ ရှစ်ပါး ရှိသည့် အသံတော်ဖြင့် စိတ်ဖန် ဟောကြားတော်မူသည်။

သူဆင်းရဲ ဧကသာဋက ပုဏ္ဏားကား ပရိသတ် အစွန်ကသာ တရားနာနေရသည်။ သို့ရာတွင် အဆအရာ ဝမ်းသာ နှစ်မြို့လျက် ပီတိ ငါးပါး ဖြစ်ပွားနေသည်။ ထို့ကြောင့် ခြုံရုံထားသော စုလျားပုဆိုးကို ချွတ်ပုံသည်။ မြတ်စွာဘုရားအား လှူရန် အကြံဖြင့် ချွတ်ခြင်း ဖြစ်သည်။
‘ဟာ မဖြစ်သေးပါဘူး၊ ဒါကလေးပဲ ရှိတာ၊ ဒါကလေးကို လှူလိုက်ရင် ငါ့မယားရော ငါပါ အပြင်မထွက်ရဲဘဲ ရှိတော့မယ်၊ နောက်တစ်ထည်ရမှပဲ လှူတော့မယ်’

ဝန်တိုစဉ်းလဲစိတ် ဝင်လာသည့် ခဏ၌ ဧကသာဋကသည် စုလျားပုဆိုးကို ပြန်ပြီး ဝတ်ရုံသည်။

တရားတော် ရေအလျဉ်ကြီးကား စီးဆင်းမြဲ စီးဆင်းနေသည်။ ပုဏ္ဏားလည်း လှူလိုစိတ် ဖြစ်ပြန်သည်။ အပေါ်ရုံကို ကိုယ်မှ ခွာပြန်သည်။ သဒ္ဓါစိတ် တစ်ရံဖြစ်သည်ကို မစ္ဆေရစိတ် တစ်ထောင် ဖျက်သဖြင့် ပြန်ပြီး ပခုံးပေါ် တင်ပြန်သည်။

ဤသို့ဖြင့် ပထမယာမ်နှင့် မဇ္ဈိမယာမ်ကို လွန်မြောက်၍ ညဥ့်သုံးယာမ်၏ နောက်ဆုံးကာလ ဖြစ်သော ပစ္ဆိမယာမ်သို့ ဆိုက်ရောက်လာတော့သည်။ ဧကသာဋကတွင် လှူလိုစိတ် ပေါ်ပေါက်လာပြန်သည်တွင် ကိုယ့်ကိုကိုယ် ဆုံးမမိသည်။

‘အချင်း ဧကသာဋက။ နင်ဟာ သည်တစ်ထည်မျှလောက် ပုဆိုးကလေးကိုတောင် မလှူရက်သလို အထက်အထက် ဘဝတွေတုန်းက မစ္ဆေရစိတ်နောက်ကို လိုက်ပြီး ဒါနကောင်းမှု မပြုခဲ့လို့ အခုဘဝမှာ နှစ်ယောက်ပေါင်းမှ အပေါ်တင်စုလျား တစ်ထည်ပဲရှိအောင် ဆင်းရဲရတာ မဟုတ်လား။ နောက်ဘဝတွေမှာကော အခုလိုပဲ ဆင်းရဲချင်သလား။ မဆင်းရဲချင် မမွဲချင်ရင် အခုချက်ချင်း လှူကွ’

ဧကသာဋကသည် ပခုံးပေါ်မှ ပုဆိုးကို ဆွဲဖြုတ်သည်။ မြတ်စွာဘုရား ရှေ့တော်တွင် ပုံထားလိုက်သည်။ အလှူတော်ကြီး အထမြောက်သွားပြီ။ ပုဏ္ဏား ဝမ်းသာသည်။ အလွန် ဝမ်းသာသဖြင့် ပရိသတ် အပြင်သို့ ပြေးထွက်လာကာ “အောင်ပြီ၊ အောင်ပြီကွ၊ ဟေး” အော်သည်။ တဖျောင်းဖျောင်း လက်ခမောင်းခတ်သည်။

မင်းအချင်းတစ်ယောက် ရောက်လာသည်။

“ဟဲ့ကောင်၊ ဘာတွေ အောင်နေတာတုံး”

ပုဏ္ဏားလည်း မစ္ဆေရစိတ်နှင့် သဒ္ဓါစိတ်တို့ နပန်းလုံးရာက အလှူ အထမြောက်သွားပုံကို ရှင်းပြသည်။ မင်းချင်း ထွက်ခွာသွားသော်လည်း ချက်ချင်း ပုဆိုးတွေ ပိုက်လျက် ပြန်ရောက်လာသည်။

“ငါတို့သခင် ဘုရင်မင်းတရားကြီးက မောင်မင့် အလှူကို လွန်စွာ ချီးပပြီး ပုဆိုးတစ်စုံ သနားတော်မူလိုက်တယ်”

မြင်သော်မျှ မမြင်ဘူးသော ပုဆိုးတစ်စုံကို တွေတွေကြီး ကြည့်လျက် ဧကသာဋက ကျန်ရစ်ခဲ့ရာက စဉ်းစား၏။

‘မြတ်စွာဘုရားရဲ့ ကျေးဇူးတော်ကြောင့် ရလာတာတွေ ငါနဲ့ မထိုက်ဘူး၊ မတန်ဘူး’

ပုဏ္ဏားသည် ဘုရင့်ပုဆိုးကို မြတ်စွာဘုရား၏ ရှေ့တော်တွင်ထားခြင်းဖြင့် လှူပစ်လိုက်သည်။ ဝမ်းမြောက် ဝမ်းသာဖြင့် နေရာသို့ ပြန်ရောက်၍မှ မထိုင်ရသေး။ ခုနက မင်းချင်းပင် ရောက်လာပြန်သည်။

“ရော့ဟေ့၊ မောင်မင့် သဒ္ဓါတရားကို ပူဇော်တဲ့ အနေနဲ့ ငါတို့ သခင် ဘုရင်မင်းမြတ်က သနားတော်မူတာ”

မင်းချင်းပေးသွားသော အရာကား၊ ပုဆိုးနှစ်စုံ။

ဧကသာဋကသည် ဤနှစ်စုံကိုလည်း မြတ်စွာဘုရားအား လှူပြန်သည်။ မင်းချင်း ရောက်လာပြန်ကာ လေးစုံပေးသည်။ ဧကသာဋက လှူပစ်ပြန်သည်။ သူကလှူလိုက်၊ ဘုရင်က တစ်စုံတိုးပြီး ပေးလိုက်ဖြင့်၊ ပုဆိုး ၁၆စုံ လက်ထဲရောက်လာသည်။ ပုဏ္ဏား စဉ်းစားရပြီ။

ရမှန်းသိလို့ လှူနေတာပါလို့၊ သူများတွေ ကဲ့ရဲ့တော့မယ် ထို့ကြောင့် သူတို့ လင်မယား အတွက် နှစ်စုံ ချန်ထားပြီးမှ မြတ်စွာဘုရားသို့ ၁၄စုံ လှူဒါန်းသည်။ ပုဏ္ဏားသည် ထိုအချိန်မှစ၍ မြတ်စွာဘုရားနှင့် ရင်းနှီးသော ဒါယကာ တစ်ယောက် ဖြစ်လာတော့သည်။

တစ်ခုသော ဆောင်းရာသီဝယ်၊ ဗန္ဓုမတီ မင်းကြီးသည် မြတ်စွာဘုရားထံတော်သို့ အဖူးအမြင် ရောက်လာသည်။ မြတ်စွာဘုရားထံတော်ပါး၌ ဝပ်တွားနေသော ဧကသာဋက ကို တွေ့သည်။

“အခန့်သင့်ပဲ အမောင် ပုဏ္ဏား၊ ဟောသည် ပဋ္နုမ္ပရစ်တိုင်းဖြစ် တစ်သိန်းတန် ကမ္ဗလာကို မောင်မင်း ဝတ်ရုံပြီး တရားနာပါ။ မြတ်စွာဘုရားရဲ့ ဝတ်ကြီးဝတ်ငယ်ကိုလည်း ပြုပါကွယ်”

မကြာမီကမှ ဆက်သလာသော ကမ္ဗလာတစ်စုံကို ဧကသာဋကအား သနားတော်မူသည်။ သို့သော် ဧကသာဋက မသုံးစွဲ။

“တစ်သိန်းတန် ကမ္ဗလာနဲ့ သည်အကောင်ပုပ်ကြီးကို ဝတ်ဆင်ပေးလို့ ဘာအကျိုးရှိမှာတုံး။ မြတ်စွာဘုရားကိုသာ လှူလိုက်ရင် ဘဝဆက်တိုင်း ပါမှာ”

သို့ကြောင့် မြတ်စွာဘုရား၏ ထံတော်ပါးတွင်သာ လှူဒါန်းပစ်သည်။ မကြာမြင့်မီ နေ့တစ်နေ့၌ ဗန္ဓုမတီ မင်းကြီး ဘုရားဖူးရန် ရောက်လာပြန်သည်။ မြတ်စွာဘုရား စံတော်မူရာ နေရာအထက်ရှိ မျက်နှာကြက်နှင့် ရှေ့တော်တွင် ခင်းထားသော ကမ္ဗလာကို မြင်သည်။ မြတ်စွာဘုရား၏ ရောက်ခြည်တော်နှင့် ကမ္ဗလာများ ဟပ်ကာ၊ ပတ္တမြားတောင်ကို နေရောင် လရောင် ဟပ်သကဲ့သို့ တလျှပ်လျှပ် တငြီးငြီး အံ့ချီးစဖွယ် ဖြစ်နေချေသည်။

သည်နှယ် ဖြစ်အောင် မည်သူ စီရင်သနည်းဟု ဘုရင်မင်းမြတ် စုံစမ်းသည်။ ဧကသာဋက၏ လက်ရာဖြစ်ကြောင်း သိသဖြင့်၊ ဝမ်းလည်းသာ သဒ္ဓါလည်းပေါက်သည်။ သို့ဖြစ်၍ ဧကသာဋကအား ရွှေနန်းတော်သို့ ဆင့်ခေါ်တော်မူ၏။

“အမောင်ပုဏ္ဏား၊ ကနေ့ကစပြီး တစ်ခြားအလုပ်တွေ ဘာမျှ မလုပ်ဘဲ၊ သံဃာတော်များကိုသာ အလုပ်အကျွေး ပြုပေတော့ မောင်မင်း”

ထိုပုဏ္ဏား အခြားအမှုများ မဆောင်ရွက်ဘဲ နေနိုင်ရန်အတွက် ဘုရင်ပေးသော အရာများကား၊ အခွန်တစ်သိန်း ထွက်သော ရွာကြီး ရှစ်ရွာ၊ ရထားစီး ကညာရှစ်ယောက်၊ ဆင်ပေါက် ရှစ်စီး၊ ကျွန်သီး ရှစ်အိမ်ထောင်၊ တိုက်ပြာသာဒ် ရှစ်ဆောင်နှင့် ကျွဲ နွားများစွာတို့ ပေတည်း။

(သံသရာထဲမှာ တတွဲတွဲတလည်လည် အပိုင်း-၂ အား ဆက်တင်ပါမည်)

☺ပြီးပါပြီရှင်...။

Read more...

Save our folk tales Save our nation

ပုံပြောသူများ အတွက် ဆောင်ပုဒ်တစ်ခုလောက်ပေးဖို့ စဉ်းစားကြတယ် ဘာပေးရင်ကောင်းမလဲပေါ့ နောက်ဆုံးတော့  Save our folk tales Save our nation  ဆိုပြီးပေးဖြစ်တယ်။ နဲနဲများကြီးကျယ်နေသလားလို့ထင်မိတယ်။ တကယ်တန်းတော့ မကြီးကျယ်လှဘူး ရိုးရာပုံပြင်တွေကို ထိန်းသိမ်းကြတာ မျိုးနွယ်ကိုစောင့်ရှောက်သည်လည်း မည်သည် နိုင်ငံကိုစောင့်ရှောက်သည်လဲ မည်သည် မျိုးချစ်စိတ်ကို တိုးတက်မြင့်တင်ပေးသည်လည်း မည်သည်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အခုခေတ်အခုအခါမှာ ခေတ်မှီတိုးတက်လာတာနဲ့ အတူ ယဉ်ကျေးမှုစံနှုန်းတွေပါ ပျောက်ကွယ်လု နီးပါးဖြစ်နေပါပြီ။ မြို့ပြဘ၀ နီယွန်မီးသီးများအောက်မှာ ရိုးရာပုံပြင်တွေ ကျွန်တော်တို့ ဗမာယဉ်ကျေးမှု စံနှုန်းတွေပါ ပျော်ကွယ်မေ့လျော့နေကြပါပြီ။ ကျွန်တော်ငယ်ငယ်ကဆို ဘကြီးရဲ့ ၅၅၀နိပါတ်တော် တွေ မေမေပြောပြတဲ့ အိပ်ရာဝင်ပုံပြင်လေးတွေ နဲ့ ကြီးပြင်းလာခဲ့တာပါ။ အခုကလေးတွေကြပြန်တော့ တီဗီဂိမ်းနဲ့ ကိုရီးယားကားတွေကြားပျော်မွေ့နေတာကို တွေရတော့ စိတ်မကောင်းဖြစ်မိတယ် သူတို့လေးတွေ တို့လိုရိုးရာပုံပြင်တွေနားမထောင်ရဘူးဆိုပြီးတော့လေ
ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်းက ပုံပြင်တွေကို လေထဲက ရတနာတွေတဲ့ ရှေးလူကြီးသူမတွေ က အမေက သမီး အဖေက သား မြေး အဆင့်ဆင့် လက်ဆင့်ကမ်းလာကြတဲ့ အဖိုးတန်တဲ့ လေထဲက တကယ်ရတနာတွေပါ။
ပုံပြင်တွေမှာ လူမှုရေးဥပဒေစည်းကမ်းတွေ၊ဆက်ဆံမှု တန်ဖိုးတွေ စရိတ္တတန်ဖိုးတွေ ရှေးလူကြီးသူမတွေရဲ့ ၀ိညာဉ်တွေ  တွေးခေါ်မှု  ပုံစံတွေကို ပုံပြင်များက ညွန်ပြနေပါတယ်။
ဆရာကြီး ဦးဖေမောင်တင်က မြန်မာပုံပြင်တွေနဲ့ ပတ်သက်ပြီး အဆိုမိန့် တစ်ရပ်ရှိပါတယ်။“မြန်မာတို့သည် ပုံပြောကောင်းလှသည် ပုံပြောရာတွင်မြန်မာ တို့၏အဓိကရည်ရွှယ်ချက်မှာ နားထောင်သူ စိတ်ပါဝင်စားစေရန် ဖြစ်လေသည်။ ထို့ကြောင့်ပုံများကို ချဲ့ကား၍ မွမ်းမံ၍ ပြောကြလေသည်။ မည်မျှပင် ပျင်းရိဖွယ် ညည်းငွေ့ဖွယ်ကောင်းသော အကြောင်းအရာပင်ဖြစ်ပါစေ မြန်မာတို့နှုတ်ဝယ် ဤအကြောင်းအရာ တို့သည် စိတ်ဝင်စားဖွယ် ကောင်းသော ပုံဝတ္တုများ အသွင်သို့ ပြောင်းလဲလာရပေသည်။ ဤသည်မှာ မြန်မာတို့၏ စိတ်ကူး စိတ်သန်း ဆန်းကြယ်မှုပင် ဖြစ်လေ၏” တဲ့ ပုံပြောတာ မြန်မာတွေရဲ့ ယဉ်ကျေးမှုအလှတရားတစ်ခု ပင် ဖြစ်ပါသည်။
ရှေးခေတ်က လူကြီးများများ၏ နှုတ်ဖြင့် လက်ဆင့်ကမ်းခဲ့တဲ့ လေထဲက ရတနာတွေကို ဆရာကြီး လူထုဦးလှ၊ ဆရာ ဆင်ဖြူကျွန်းအောင်သိန်း၊ ဆရာ ဦးမင်းနိုင် စတဲ့စတဲ့ မြော်ခေါ်တတ်သိ ပညာရှိကြီးများက မပျောက်ပျက် အောင် တာဝန်သိသိ တာဝန်ကျေကျေဆောင်ရွက်ခဲ့ပြီးပြီ ကျွန်တော်တို့က အသိပညာနုံနဲလှပေမဲ့ ပုံပြင်တွေကို ချစ်တဲ့ စိတ်တစ်ခု တည်းနဲ့ ထိန်းသိမ်းဖို့ တာဝန်ရှိတယ်လို့ ခံယူပြီး ထိန်းသိမ်းတဲ့ သဘောပါ။
ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်မှီမှုရဲ့ ၀ါးမြိုမှုကြောင့် မြန်မာ့ရိုးရာပုံပြင် အတော်အများ တိမ်မြုပ်ပျောက်ကွယ် ကုန်ပါပြီ။ ဒီလိုတိမ်မြုပ်ပျောက်ကွယ်တော့မယ့် ပုံပြင်တွေကို တစ်ဦးချင်းအလိုက် အရပ်လိုက် ရွာအလိုက် ဒေသအလိုက် လူမျိုးအလိုက် စုဆောင်းထိန်းသိမ်းကြမယ်ဆိုရင်လေ ပျောက်ကွယ်လုလု ဖြစ်နေတဲ့ လေထဲက ရတနာများကို ကာကွယ်စောင့်ရှောက်ရာရောက်သော အမျိုးသားရေး ကုသိုလ်ကောင်းမှုတစ်ခု ကို ပြုရာရောက် မည်ဟု ရိုးသားစွာ ယုံကြည်မိပါသည်ခင်ဗျား။
Popularity: 26% [?]



Read more...

Working Work with Dhamma – Sayadaw U Jotika

Following is a message from our honoured teacher and good friend Sayadaw U Jotika for those lay people (and monks!) who are working, and trying to integrate dhamma into their work-life. Sayadaw U Jotika is a Myanmar monk, whose words have been compiled into several books that have been extremely well received, including ‘Snow in the Summer’ and ‘Map of the Journey’. For other posts here on/by Sayadw including links to online PDF files and Mp3 files, CLICK HERE.

Work

Our work must be an expression of our best ability and our best attitude.
Our work shows what kind of a person we are. Your work shows who you are.
Why do I work? There are many reasons.
I do things because I am interested in doing them. Some of those things I called work and some others I called play or hobby. For me hobby and work overlaps. Reading is my hobby, and it is also work. Writing is my hobby and writing is also work. I write about the things that I really love. I express what I really feel, what I really believe and practice. Therefore it is self-expression.
Our work should be self-expression. If we don’t express ourselves in what we do, it becomes very boring. Work becomes boring if we do it just because of the money we get from it.
When I really express myself in my work I feel happy. I get energy. After working I feel relaxed.
When you work with the best of your ability and attitude you don’t lose anything. You give the best of you and therefore you get the best. And by giving the best you become a better person, that is really what you get. What you get is ‘what you are.’
Whatever you do, you do it to honor yourself. Your work must be a way of showing respect to your self.
By looking at the way you work I can tell how much self-respect you have. And how much you honor yourself.
If you cheat you loose self-respect. If you loose self-respect you loose everything.
There are many misfortunes in our lives, but the worst of them is loss of self-respect.
If you don’t do your work with the best of your ability you are dishonoring yourself.

Spiritual Practise

Your work gives you joy when it becomes part of your spiritual practise.
Work as spiritual practise? Yes, it can be. Every thing we do can become our spiritual practise.
Work is an opportunity to express our noble nature. It is a testing ground.
Work can be a Spiritual Practise
Tennessee Williams said, I’m really alive when I’m working.”
If you can say the same, you are living a wonderful life.
We work many hours a day. On average, people these days work for at least 10 hours a day which include talking about work on the telephone and reading materials related to your work.
If we don’t find meaning in what we do what a waste of life that would be.
If we don’t become alive when we work we are half dead.
By work I mean doing anything worthwhile. Doing anything productive. Therefore even volunteering is a kind of work. It is not a job. But it is work. Job and work are not always the same. If we express ourselves in what we do it is our work. If we don’t express ourselves in what we do it is only a job.
That’s the way I understand it.
There are things you do because it is your duty to do it. For example, the security officers in the airport are fulfilling there duty when they check every baggage and every passenger. If they do it with respect toward the passengers and concern for the safety of the passengers it is their work. If they do it to show their power it is only their job.

Three Stone Cutters

I will tell you a story about three stone cutters.
A man went to a stone quarry. He saw three men cutting stones. He asked the first man, “What are you doing?”
The man answered, “I am cutting stones. It is tiring, boring and drudgery.” I do it because I have to. I need the money.
He then went to ask the second man he saw, “What are you doing?”
The man answered, ” I am earning a living. I make enough money to support my family.”
He then went to ask the third man, “What are you doing?”
The man answered, “I am building a Magnificent Temple. I am making history. I am part of the team building the most beautiful temple in this continent and I am very proud of it. The stone I cut will be used to build it.”
See how different the three stone cutters see and feel what they are doing?
“Not to be occupied and not to exist amount to the same thing.”
(Voltaire)
To be occupied doesn’t mean doing something to make money. It means doing something you love to do.
If you are not doing something you love to do you don’t exist.
That’s the way I understand it.
If you want to feel alive, do something you love to do.
The moment you do something you love to do you become alive.
And the more attention you pay in doing what you are doing the more alive you become.
So, to love and to pay attention are the two most important factors to make you feel alive.
This applies to your meditation practice too. It applies to everything you do.
What do people really want?
Different people will answer that question differently. Answer for yourself first!
Now, here is my answer.
People want to feel alive.
Your work or your job?
Dullness, lack of interest, boredom, ennui, are feelings which make us feel dead.
We don’t like those feelings. Especially young people don’t like that because they have so much energy to expand.
We try to avoid those feelings by trying to get ourselves engaged in doing something exiting, something interesting. Sports is one. Watching TV. Watching horror movies, kiss kiss and bang bang movies.
But there are better things we can do. Discussing about something with somebody who knows
about the subject. Learning by doing something. Watching birds, studying nature, painting, playing music, singing, (instead of listening to a song, sing that song, or sing along to it.)
Doing research on something you want to know. I find that very interesting.
And meditating.
Meditating means watching your mind and body processes.
Are you interested in yourself? You want others to be interested in you. Don’t you?
But are you interested in yourself? If you are interested in yourself, pay attention to what is going on in your mind and body.
The more mindful you become the more alive you will become. And the more interesting your mind will become. And therefore the more interesting you will become.
What am I thinking now? What am I feeling now? How do I feel? Feel good? Feel tired?
Am I worrying about something?
Breath in, breath out and pay attention. How do you feel? Feels good.
You can be occupied at all times. Pay attention! That is something you can do anywhere, anytime.
When you are paying attention you are alive. You feel it. Try it and find out by yourself.
Knowing ones own mind is a very unique human quality. No animal can do that. And knowing ones own mind is the way to maturity, the way to freedom and happiness. It is our own mind that makes us happy or unhappy. And mostly our thoughts are our prisons.
Somebody said, If you know your mind you are not at its mercy.”
Which means if you don’t know you mind you are in big trouble.
Knowing what you are doing and why you are doing it is very satisfying.
Doing something you love and doing it in the best way you can, doing it skillfully makes you feel alive.
Doing what you love to do whole heartedly, using all you body and mind is the only way to make you feel, “Oh! I am alive!”
Somebody said, “Life without absorbing occupation is hell.”
Not wanting to do anything, not wanting to know anything, not interested in anything and not growing (spiritually) is hell on earth.
Being mindful is the best way to develop all you abilities, all your potentials. If you want to find out how creative you are first learn to be mindful. Pay attention to what you are thinking. Do what you are doing with complete attention. That will help you develop all other potentials. It is quite simple.


Read more...

နွေဦးအစနှင့် လုပ်အားဒါန။

နွေဦးသို့ ရောက်ပြန်လေပြီ။

နွေဦး၏ သင်္ကေတဖြစ်သော ရွက်နုတို့ အသစ်တဖန် ဝေခြင်း၊ ကျေးငှက်သာရကာတို့၏ ကြည်နူးဖွယ် တေးဆိုခြင်းများနှင့်အတူ မဟာစည်သတိပဋ္ဌာန်ရိပ်သာဝင်းအတွင်းရှိ လောကချမ်းသာစေတီတော်၏ ထီးတော်ဆီမှ လေတိုက်တိုင်း လွင့်ပျံလာသည့် ဆည်းလည်းသံတို့သည် ကြားရ မြင်ရသူအပေါင်းကို စိတ်ကြည်နူး နုပျိုသွားအောင် သုခပွား ခံစားရရှိစေပါသည်။

ဆောင်းကာလအတွင်း ရပ်နားထားခဲ့ရသော လောကချမ်းသာစေတီတော်၏ ဆောင်ရွက်ဆဲ လုပ်ငန်းအချို့ကို ပြန်လည် စတင်ရန် စေတီတော်နှင့် ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး တည်ထား ဆောက်လုပ်ရေး တာဝန်ခံ ဦးမောင်မောင်က အထူး တိုက်တွန်း နှိုးဆော်ထား၏။

တိုက်တွန်း နှိုးဆော်ထားသည့်အတိုင်း ၂၀၁၀ ခုနှစ် မတ်လ (၂၁)ရက် တနင်္ဂနွေနေ့တွင် လုပ်အားဒါန ပေးလှူကြမည့် ဓမ္မမိတ်ဆွေအချို့တို့သည် တစ်အိမ်လျှင် ဆွမ်းဟင်း တစ်ခွက် နှစ်ခွက် စသည်တို့ကို ယူဆောင်လာကြကာ “နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ ဆရာတော်နှင့် အေဘီဘီအေ၏ တွဲဖက် နာယကဆရာတော်”ဖြစ်သော ဆရာတော် ဦးပညာသီဟနှင့် အေဘီဘီအေ၏ နာယကအဖွဲ့ဝင် ဆရာတော် ဦးသောဘနတို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပါသည်။

တစ်ချိန်တည်းတွင် ဦးစိန်မြင့်နှင့် ဦးကျော်သူမြတ်တို့က Home Depot သို့ သွားကာ ခြံစည်းရိုးကာရန် သံဇကာလိပ်များ ဝယ်ယူကြသည်။

ဦးမောင်မောင်၊ K & R Sitework, Inc. လုပ်ငန်းရှင် Ken နှင့် ဗိသုကာပညာရှင် Darrit Cho တို့ကား ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး၏ ပုံစံ မိတ္တူများ ချကာ ဆွေးနွေး တိုင်ပင်နေကြ၏။

ဆရာတော်များ နေ့ဆွမ်း ဘုဉ်းပေးကြပြီးနောက် အမျိုးသမီးများအဖွဲ့က ရှေးဦးစွာ နေ့လယ်စာ စားသောက်ကြသည်။ ထိုနောက် အမျိုးသားများအဖွဲ့က ဆက်လက်၍ နေ့လယ်စာ စားသောက်ကြသည်။

နေ့လယ်စာစားသောက်ကြပြီးနောက် လုပ်လက်စဖြစ်သော စေတီတော် ပလ္လင်ခုံ ပတ်လည်တွင် ကပ်မည့် အင်္ဂတေပန်းဆွဲများကို အချောသတ်ခြင်း လုပ်ငန်းကို ဆက်လက် ဆောင်ရွက်ကြသည်။







ဤအင်္ဂတေပန်းဆွဲများအတွက် ပုံဆွဲခြင်း၊ ပုံလောင်းခြင်း စသည်တို့ကို ဦးမောင်မောင်၊ ဦးအောင်ကျော်မိုး၊ ကိုကျော်သူမြတ်၊ ကိုထွန်းထွန်းတို့ ကိုယ်တိုင် ဦးစီး ဆောင်ရွက်ကြခြင်း ဖြစ်၏။

အမျိုးသမီးများနှင့် အမျိုးသားအချို့တို့က ပုံလောင်းပြီး အင်္ဂတေပန်းဆွဲများ၏ လိုအပ်သော နေရာများတွင် အပေါက်ဖောက်ခြင်းတို့ကို ပြုလုပ်ကြ၍ ကိုကျော်သူမြတ်က ကျောက်စက်ဖြင့် အချောသတ်ခြင်းကိစ္စကို ဆောင်ရွက်၏။

တချိန်တည်းတွင် ဆရာတော်ဦးပညာ၏ ကွပ်ကဲမှုဖြင့် ဦးသောဘနနှင့် ကိုဂျိုးတို့က ခြံစည်းရိုးကာမည့် နေရာတလျောက်ရှိ ခြုံနွယ်များ ခုတ်ထွင်ခြင်း၊ စည်းရိုးတိုင်အဟောင်းများ နှုတ်ပစ်ခြင်းများ ပြုလုပ်ကြသည်။
ထိုနောက် ဦးစိန်မြင့်၊ ဦးစောဝင်းတို့နှင့် ပူးပေါင်းကာ သံဇကာဖြင့် စည်းရိုးကာကြသည်။

ပြီးသော် ခြံစည်းရိုးကာသည့်လုပ်ငန်းမှ ထွက်လာသော စည်းရိုးတိုင်ဟောင်းများ၊ ခြုံနွယ်များ၊ စည်းရိုးဟောင်းများ စသည့် အမှိုက်များကို အမှိုက်ပုံသို့ သယ်ယူကာ စနစ်တကျ စွန့်ပစ်ကြသည်။

ဒေါ်ပြုံးပြုံးရည်က လုပ်အားဒါနပေးနေသူများ ရှိရာသို့ သွားရောက်ပြီး အချိုရည်များ၊ မုန့်များဖြင့် အမောပြေ ကျွေးမွေး အားပေး၏။

အင်္ဂတေပန်းဆွဲများ အချောကိုင်သည့် လုပ်ငန်းပြီးသောအခါ ဦးစောဝင်းနှင့် အမျိုးသမီးများက စေတီတော်ရင်ပြင် သန့်ရှင်းရေးအတွက် အမှိုက်များ လှဲကျင်းကြသည်။

ထိုအချိန်တွင် ဧည့်သည်မိသားစုတစ်စု ရိပ်သာသို့ ရောက်လာကြ၏။
ထိုမိသားစုသည် ဆရာတော်ဦးပညာသီဟအား ဦးစွာ ဖူးတွေ့ကြသည်။
ပြီးလျှင် သိလိုသည်များကို မေးမြန်း လျှောက်ထားကြပြီး ဆရာတော်ထံမှ အဆုံးအမ သြဝါဒများ ခံယူကြ၏။
ထိုနောက် လောကချမ်းသာစေတီတော်အား ဖူးမြော် ကြည်ညိုကြသည်။

နွေဦးအစ၏ သာယာသော နေ့တစ်နေ့၏ ဆည်းဆာအချိန် ..
လေပြေလေညှင်း တစ်ချက် တစ်ချက် အဝေ့၌ စေတီတော်၏ ထီးတော်မှ ထွက်ပေါ်လာသော ဆည်းလည်းသံများ ..
စေတီတော်ရင်ပြင်၌ ငြိမ်းအေးစွာ ဘုရားဝတ်ပြုနေသော အမျိုးသမီးတစ်ဦး ... တို့ကို မြင်ရ ကြားရသည်မှာ အထူးလက်ရာမြောက်သော သက်ဝင် ပန်းချီကားတစ်ချပ်နှယ် တင့်တယ် လှပနေတော့၏။

စေတီတော်ရင်ပြင်သန့်ရှင်းရေး လုပ်အားပေးကို လောလောလတ်လတ် ဆောင်ရွက်ထားခဲ့ကြသူများအတွက်လည်း ဝမ်းသာ ကြည်နူးမှု ပီတိကို ခံစားကြရလေသည်။

အင်္ဂတေပန်းဆွဲများ အချောသတ်ခြင်း၊ စည်းရိုးကာရံခြင်းများ ပြီးသော် ဦးမောင်မောင်၊ ဦးစိန်မြင့်၊ ကိုကျော်သူမြတ်၊ ဦးစောဝင်း၊ ကိုရန်နောင်၊ ကိုထွန်းထွန်းတို့က လိုအပ်နေသေးသော ပန်းဆွဲများအတွက် အင်္ဂတေဖြင့် ပုံလောင်းကြသည်။

ကိုထွန်းထွန်းက ပန်းဆွဲများထဲမှ အကောင်းဆုံးတစ်ခုကို ရွေးထုတ်ယူကာ ပုံလောင်းရန် ပုံစံတစ်ခု ထပ်မံ ပြုလုပ်သည်။

လာမည့် ဧပြီလထဲတွင် လိုအပ်နေသေးသော ပန်းဆွဲများ ထပ်မံ ပြုလုပ်ခြင်း၊ ဘုရားကျောင်းဆောင်အတွက် မှာယူထားသော တံကဲ၊ ဘေးအကာနှင့် တိုင်များ ရရှိလျှင် အပြီးသတ် တပ်ဆင်ခြင်း၊ အရံစေတီများ အချောကိုင်ခြင်း၊ ပန်းဆွဲများကို စေတီတော်ပလ္လင်ခုံ ပတ်လည်တွင် တပ်ဆင်ခြင်း၊ မေလ ၃၀ ရက်နေ့တွင် ပြုလုပ်မည့် တတိယအကြိမ် လောကချမ်းသာစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အတွက် ရိပ်သာဝင်းအတွင်း အထွေထွေ သန့်ရှင်းရေးများ ပြုလုပ် ဆောင်ရွက်ခြင်း စသော လုပ်ငန်းများ ဆက်လက် ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ရာ လုပ်အားဒါနပေးလိုသော ဓမ္မမိတ်ဆွေများကို ဖိတ်ခေါ်ပါသည်။

လုပ်အားပေး အစီအစဉ်ကို ကြိုတင် အသိပေး အကြောင်းကြားပါမည်။

စောဝင်း
0 comments


Read more...

မြတ်ပဌာန်းဒေသနာတော် ရွတ်ဆို ပူဇော်ပွဲ။





Read more...

*၀ိပဿနာအားထုတ်ရာတွင်ပယ်သင့်သောတရား*

Written by တောသားလေး 1 အကြံပြုပါသည်။ Posted in:
ဤတရား(၆)ပါးမပယ်လျှင်ဝိပဿနာတရားအားမထုတ်ထိုက်
(၁) အမှုသစ်၌ မွေ့လျော်သောပုဂ္ဂိုလ်
(၂) စကားပြောခြင်း၌ မွေ့လျော်သောပုဂ္ဂိုလ်
(၃) အိပ်ခြင်း၌ မွေ့လျော်သောပုဂ္ဂိုလ်
(၄) အပေါင်းအဖေါ်၌ မွေ့လျော်သောပုဂ္ဂိုလ်
(၅) အစာအဟာရ၌ အတိုင်းအရှည်မသိစားသောက်သောပုဂ္ဂိုလ်
(၆) ဣနြေ္ဒ(၆)ပါး တံခါး(၆)ပေါက်၌လုံခြုံအောင် မစောင့်သောပုဂ္ဂိုလ်
တို့ဖြစ်ပါသည်။
မိုးကုတ်ယောဂီလက်စွဲအမှတ်(၁)

သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။



Read more...

*အသိတရား...*

အသိတရားတဲ့.. ဟေ ဟေ့.. တဂ်တဲ့သူက တဂ်ပြန်တော့လည်း ရေးတဲ့သူက ရေးရဦးမှာပေါ့...

အမ်.. မင်းက အသိတရား ဆိုတာ ရေးရအောင် မင်းမှာ အသိတရား ဘယ်လောက် ရှိနေလို့လဲ...
၁။ အံမာ.. ခင်ဗျားကကော ကျုပ်ကို ဒီလိုပြောရအောင် ခင်ဗျားမှာရော အသိတရား ဘယ်လောက်ရှိလဲ...
၂။ ဟုတ်ကဲ့ နည်းနည်းပါးပါးပဲ သိတာပါ ခင်ဗျာ... သိသလောက်လေး မျှဝေချင်လို့ပါ...
၃။ ဟုတ်.. ဟုတ်ကဲ့.. မရှိပါဘူး...

အဲသလို ကျွန်တော့်ကို မေးလာရင်တော့ နံပါတ်တစ် ပုဂ္ဂိုလ် ပြန်ဖြေသလိုပဲ အမေးကို အမေးနဲ့ ပြန်တုံ့ပြန်ရင် ကောင်းမလား... (မာနသံလေးတော့ ပါတာပေါ့နော)
ဒါမှမဟုတ်.. နံပါတ် နှစ်ပုဂ္ဂိုလ်လို လေယူ လေသိမ်း ပြေပြေလေးထိုးပြီး သိတာလေး ရေးရင် ကောင်းမလား... (ပုဆိုးခြုံပြီး လက်သီးတော့ ပြမိရင် ပြမိနေမှာပေါ့..)
အဲလိုမှ မဟုတ်သေးရင်လည်း... နံပါတ်သုံး ပုဂ္ဂိုလ်လိုပဲ ဝေဖန်မှာ ကြောက်လို့ မ၀ံ့မရဲ နောက်ဆုတ်မလား...

အဖြေကတော့ ပေါ်နေပါပြီလေ... ဒီအထိ ရောက်အောင် ရေးလာပြီ ဆိုမှတော့ နံပါတ်နှစ် ပုဂ္ဂိုလ်အနေနဲ့ပဲ သိတာလေး ရေးကြည့်လိုက်တော့ မယ်ဗျာ...

ဒါပေမယ့် တစ်ခုတော့ သိချင်သေးတယ်ဗျ... ဘာလဲဆိုတော့ အွန်လိုင်း ဘလော့ လောကမှာ ခုလို တစ်ယောက်နဲ့ တစ်ယောက် တဂ်ကြတယ်ပေါ့ဗျာ... အဲလို တဂ်ကြတဲ့ ရည်ရွယ်ချက်လေး သိချင်တာပါ... ဥပမာ ဒီ အသိတရား ဆိုတဲ့ ခေါင်းစဉ် အရပေါ့ဗျာ... ကျွန်တော် စဉ်းစားမိ သလောက်
၁။ ဒီလူ ရေးတာတွေကို လေ့လာ မှတ်သားချင်လို့လား
၂။ ဒီလူ ဘယ်လို ရေးမလဲဆိုတာကို ဆန်းစစ် ဝေဖန်ချင်တာလား
၃။ ဒါမှမဟုတ် မိတ်ဆွေအချင်းချင်း ခင်မင် ရင်းနှီးလို့လား...

နံပါတ်သုံးကိုတော့ အများအားဖြင့် အခြေခံကြမယ် ထင်ပါတယ်လေ...

ကျွန်တော်လည်း ကိုယ့်ဟာကိုယ်မေး ကိုယ့်ဟာကိုယ် ဖြေရင်း ပေရှည်နေ လိုက်တာ... စရေးပြီ အစ်မ ငယ်နိုင်ရေ...

--------------------------------------

ဒီ အသိတရား ဆိုတဲ့ ခေါင်းစဉ် တွေ့တွေ့ချင်း ပထမတော့ အော် သိသားပဲ ဆိုပြီး သိသလိုလိုတော့ ရှိတယ် ကျွန်တော်.. ဒါပေမယ့် တကယ့်တကယ် ချရေးမယ်လည်း လုပ်ကော ဘာရေးလို့ ရေးရမှန်းမသိ၊ ဘယ်အကြောင်း ရေးလို့ ရေးရမှန်းမသိ၊ ဘယ်ကို ဦးတည်ရမှန်း မသိဘူး။ နောက်မှ တဖြည်းဖြည်း ခေါင်းထဲ စပေါ်လာတာက တရား ဆိုတဲ့ စကားလုံး..။ ဟုတ်ပြီ တရားဆိုတာ ဘာလဲ..။ ကျွန်တော် အရင်က သိထားတာက တရားဆိုတာ ဓမ္မ၊ နောက်တစ်မျိုး သိထားတာက မတရားတာ မဟုတ်တာ တရား..။ ဒါပေမယ့် သိပ်မကြာသေးဘူး.. ပိုင်းလော့ ဆရာတော်ဘုရားရဲ့ တရား တစ်ပုဒ်ကနေ တရားဆိုတဲ့ စကားလုံး ဆင်းသက်လာပုံကို နာကြားခွင့် ရလိုက်တယ်။ ဒီလို ဆင်းသက်လာပုံကို ဆရာတော့် အနေနဲ့လည်း ယောဆရာတော် ဘုရား အဆုံးအမကနေ ရတာပါတဲ့။

တရားဆိုတာ ပထမဆုံး ဓရ ဆိုတဲ့ စကားလုံးက ဆင်းသက် လာတာပါ။ မြန်မာလိုတော့ ဆောင်ခြင်း လို့ အဓိပ္ပါယ် ရပါတယ်။ ဥပမာ အားဖြင့် ပိဋကသုံးပုံကို အာဂုံရွတ်ဆို ကျက်မှတ်ပြီး ဆောင်ထားသော ဆရာတော် ဘုရားများကို တိပိဋကဓရ လို့ အမည်နာမ သမုတ်ပါတယ်။ နောက်ပိုင်းမှ ဓရ ကနေ တရ (ရကောက်မှာ လျှာလိပ်သံ ပါ၏)၊ တရ ကနေ တရား (လျှာလိပ်သံ ပါသေး၏)၊ နောက်ဆုံးကျမှ ယနေ့ခေတ် သုံးကြသလို ရကောက်မှာ လျှာလိပ်သံ ထည့်မဆိုဘဲ တရား ဆိုတဲ့ စကားလုံး ဖြစ်လာတာပါတဲ့။

အဲဒီတော့ ဒီ အသိတရား ဆိုတဲ့ အကြောင်းမှာလည်း တရားကို ဆောင်ခြင်း အနေနဲ့ ယူလိုက်ရင် “အသိတွေ ဆောင်ထားခြင်း” ပေါ့။ လူတိုင်း ကြားဘူး နေကြတဲ့ အသိတရား ရှိတဲ့သူ ဆိုတာ အသိတွေ ဆောင်ထားတဲ့ ပုဂ္ဂိုလ်ပေါ့။ ဒါဆို ဟုတ်ပြီ။ ဘယ်လို အသိတွေ ဆောင်ထားတာလဲ.. လို့ မေးဖို့က လိုလာပြန်ပြီ။

ကျွန်တော်တို့ တတွေ လူရယ်လို့ စဖြစ်လာကတည်းက သိလာတဲ့ အသိတွေ ဆိုတာ နည်းမှ မနည်းပဲ။ အဲဒီ မနည်းမနော အသိတွေ ထဲမှာ သိသင့်တာလည်း ပါသလို မသိသင့်တာလည်း ပါတယ်။ သိအပ်တာလည်း ပါသလို မသိအပ်တာလည်း ပါတယ်။ ကောင်းတဲ့ အသိတွေလည်း မှတ်သားမိသလို မကောင်းတဲ့ အသိတွေလည်း ဆောင်ထား မိတာပါပဲ။

ပြောရရင် ကောင်းတဲ့ အသိဆို ကုသိုလ်အသိ၊ မကောင်းတဲ့ အသိ ဆိုတာကတော့ အကုသိုလ် အသိတွေပါပဲ။ ဒီနေရာမှာလည်း ကုသိုလ်ဆိုတာ ဘာလဲ၊ အကုသိုလ် ဆိုတာဘာလဲ သိထားသင့်ပါတယ်။ အကြမ်းဖျဉ်းတော့ လောဘ၊ ဒေါသ၊ မောဟ မပါတဲ့ အသိဟာ ကုသိုလ်အသိ၊ လောဘ၊ ဒေါသ၊ မောဟ ပါတဲ့ အသိဟာ အကုသိုလ် အသိလို့ မှတ်သားနိုင်ပါတယ်။

ဟုတ်ပြီ။ ခေါင်းစဉ်လေးနဲ့ ပြန်ချိန်ထိုး ကြည့်လိုက်ရင် လောကမှာ ကောင်းတဲ့ အသိတွေကို များများ အသုံးချပြီး လောကအတွက်၊ မိမိအတွက် အကျိုးရှိအောင် လုပ်သွားတဲ့သူတွေ များသလို၊ မကောင်းတဲ့ အသိတွေကို ထည်လဲ အသုံးပြုလို့ မိမိအတွက်ကော လောကအတွက်ပါ အကျိုးမဲ့အောင် လုပ်သွားတဲ့ သူတွေလည်း ဒုနဲ့ဒေးပါ။ ဘုရား လက်ထက်မှာကော၊ ယနေ့ခေတ်မှာပါ သာဓကတွေလည်း အများကြီးပါ။ ဒီလို ကောင်းတဲ့ အသိတွေအသုံးချနိုင် မချနိုင်ဟာလည်း ပတ်ဝန်းကျင်နဲ့ မိမိအပေါ်မှာ အများကြီး မှီခိုနေတာပါ။ အဓိကကတော့ မိမိကိုယ်တိုင်ပေါ့။ “ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူးတို့၊ ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်နဲ့တို့၊ နောက် မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့ မတိမ်းစေနဲ့ ဆောက်တည်လေတို့” စတဲ့ အဆုံးအမတွေဟာလည်း အလုပ်တစ်ခု ကောင်းမကောင်း သည် မိမိနဲ့သာ ဆိုင်တယ်ဆိုတာ မီးမောင်း ထိုးပြနေတာပါပဲ။

ဒီနေရာမှာ အလုပ်ဆိုတာ ပါလာပါပြီ။ တော်တော် များများ သိပြီးကြတဲ့ အတိုင်း အလုပ်ဆိုတာ ကံပါ။ ကာယကံ၊ ၀စီကံ၊ မနောကံပေါ့။ ကိုယ်နဲ့ ပြုမူတဲ့ အလုပ်၊ နှုတ်နဲ့ ပြောဆိုတဲ့ အလုပ်နဲ့ စိတ်နဲ့ ကြံစည်တဲ့ အလုပ်ဆိုပြီး တော့လည်း နားလည်ထားကြ မှာပါ။ ဒီသုံးမျိုးမှာလည်း မနောကံသည် အခရာကျပါတယ်။ စိတ်နဲ့ ကြံစည် တွေးတောမှုပေါ် အခြေတည်ပြီး ၀စီကံတွေ၊ ကာယကံတွေ ဖြစ်လာတာပါ။ အဲတော့ ဟုတ်ပြီ၊ စိတ်ကတွေးပြီ။ တွေးပြီဆိုကတည်းက သိပြီးသားတွေ ပြန်တွေးတာပါပဲ။ အဲဒီမှာပဲ ကောင်းတဲ့ အသိတွေ များများ ဆောင်ထားတဲ့ သူက ကောင်းတာ များများတွေးပြီ။ ကောင်းတာ များများတွေးတော့ ပြောတဲ့ဆိုတဲ့၊ လုပ်တဲ့ကိုင်တဲ့ နေရာမှာလည်း ကောင်းတာတွေပဲ များများစားစား ပြောဆို လုပ်ကိုင်မိပြန်ကော။ တစ်ဖက်က ကြည့်တော့ မကောင်းတဲ့ အသိတွေ များများ ဆောင်ထားတဲ့ ပုဂ္ဂိုလ်က ဘာဖြစ်မလဲ။ မကောင်းတာတွေပဲ များများတွေး၊ များများပြော၊ များများ လုပ်ကိုင်ပြီပေါ့။

ဒီလို မကောင်းတာတွေ မပြုမိအောင် မပြောမိအောင်၊ ရှောင်ရှားနိုင်အောင် ကျွန်တော်တို့ သီလတွေ စောင့်ထိန်းလာတယ်။ သီလ စောင့်ထိန်းခြင်းအားဖြင့် ကျွန်တော်တို့တတွေ ကာယဒုစရိုက်၊ ၀စီဒုစရိုက်တွေ ထိန်းနိုင်လာတယ်။ မနော ဒုစရိုက်ကို ထိန်းဖို့ကျတော့ မေတ္တာပွား၊ ဘုရားဂုဏ်တော်ပွား.. စတာတွေကနေ နောက်ဆုံး ၀ိပဿနာအဆင့် ရောက်သည်အထိ ဘာဝနာ အလုပ်တွေ လုပ်ကြတယ်ပေါ့။ ဒီလို သီလ စောင့်ထိန်းဖို့၊ ဘာဝနာ ပွားဖို့ ဆိုတာကလည်း သီလအသိ၊ ဘာဝနာ အသိတွေ ရှိဦးမှ၊ ဆောင်ထားဦးမှ။ သိတယ်၊ ဆောင်ထားတယ်ပဲ ထားပါဦး ဒီအသိကို လက်တွေ့မှာ ကျင့်ပါဦးမှ။ ဒီလို ကောင်းတဲ့အသိ၊ မှန်ကန်တဲ့ အသိတွေ ရှိလည်းရှိ၊ ကျင့်လည်း ကျင့်ပါမှ ဒီလို ပုဂ္ဂိုလ်ကို အသိတရား ရှိတဲ့သူလို့ ခေါ်ထိုက်ပေမပေါ့။

ဒီနေရာမှာလည်း ကျွန်တော် တစ်ခု မှတ်သားမိတာက ယောဆရာတော် ဘုရားရဲ့ “အသိမှန်မှ အကျင့်မှန်မယ်” ဆိုတဲ့ အဆုံးအမပါ။ လူတစ်ယောက်ဟာ အသိမှန်ဖို့ သိပ် အရေးကြီးပါတယ်။ ဒီလိုမှ အသိမမှန်ဘူး ဆိုရင် အကျင့်လည်း မမှန်နိုင်တော့ပါဘူး။ အဲလို အသိမမှန် အကျင့်မမှန်ရင် ဘာတွေ ဖြစ်သွားနိုင်မလဲ။ စဉ်းစားကြည့်ပါ။ မိမိ ပတ်ဝန်းကျင်ကိုသာ မက၊ ရက်ကွက် မြို့ရွာက စလို့ ကမ္ဘာကိုပါ ဖျက်ဆီးနိုင်သူတွေ ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော် မှတ်မှတ်ထင်ထင် ရှိမိတာက နာမည်ဆိုးနဲ့ကျော်တဲ့ ဟစ်တလာလို ပုဂ္ဂိုလ်။ နောက်တစ်ခုက ဘုရားလက်ထက်က ခွေးလို၊ နွားလို ကျင့်ပြီး သံကိုသံဖျက်၊ သံချေးတက်သွား သူတွေ အကြောင်းပါ။ သူတို့ ဘာလို့ အဲသလို ကျင့်သလဲ၊ အဖြေက ရှင်းပါတယ်။ အသိမမှန်လို့ပါ။

နောက်တစ်ခု အသိတရားနဲ့ ပတ်သတ်လို့ ကျွန်တော် တစ်ခု သတိထားမိတာက အသိမှန်ကို သိတယ်ထားဦး။ ဒါဟာ အသိမှန်ပါလို့ လက်မခံပြန်ရင်လည်း ဒီလူ့အနေနဲ့ အသိတရား မရှိတာပါပဲ။ ရှင်သာရိ ပုတ္တရာနဲ့ ရှင်မဟာ မောဂ္ဂလန် အရှင်မြတ်တို့ရဲ့ လူ့ဘ၀က တိတ္ထိ ဆရာကိုသာ ကြည့်ပေတော့။ ဘုရားရှင်ဟာ အသိတရား အမှန်ကို လမ်းပြနိုင်တဲ့သူ ဆိုတာ သိလျက်နဲ့ ဒီအသိမှန်ကို စွန့်လို့ လူမိုက်လမ်း လိုက်သွားလိုက်တာ။ နောက် တစ်ဦးကတော့ ဗီလိန် အကျော်အမော် အရှင်ဒေ၀ဒတ်။ ဇာတ်လမ်း တစ်လျှောက်လုံး မှန်ကန်တဲ့ အသိတရားကို သိလျက်နဲ့ ဒီအသိကို လက်ခံ မကျင့်သုံးဘဲ ဘုရားရှင်ကို ဆန့်ကျင်လို့ ဗီလိန်ဇာတ် ခင်းသွားလိုက်တာ... တကယ့်ကို သတိသံဝေ ယူသင့်တဲ့ အဖြစ်တွေပါပဲ။

ကျွန်တော်လည်း သိတာလေးတွေ ဟိုရေး ဒီရေးနဲ့.. စာဖတ်သူတွေကို ဆရာလုပ်သလို ဖြစ်နေပါပြီ။ ကျွန်တော့် အမြင်တော့ အခု စာဖတ်နေသူ အပါအ၀င် လူတိုင်းဟာ ကောင်းတဲ့ အသိတရား အနည်းနဲ့ အများ ရှိကြသူတွေ ချည်းပါ။ ဒီလို သိသူတွေကို နောက်ဆုံးအနေနဲ့ မြတ်စွာဘုရားက သားတော် ရာဟုလာကို ပြောကြားတဲ့ ဆုံးမစကားလေးနဲ့ အသိတရား ထပ်ပေးပါရစေ။ မြတ်စွာ ဘုရားက သားတော် ရာဟုလာကို ခုလို ဆုံးမပါတယ်။
“ချစ်သား ရာဟုလာ... အလုပ်တစ်ခု လုပ်တော့မယ် ဆိုရင် မလုပ်ခင် စဉ်းစားလိုက်ပါဦး။ မိမိလုပ်မယ့် အလုပ်ဟာ မိမိကိုယ်ကို ထိခိုက်နိုင် မလား၊ သူတစ်ပါးကို ထိခိုက်နိုင် မလား၊ ထိခိုင်နိုင်မယ် ဆိုရင် မလုပ်ပါနဲ့ တော့။

ချစ်သား ရာဟုလာ... လုပ်ဆဲမှာလည်း စဉ်းစားလိုက် ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင် မလား၊ သူတစ်ပါးကို ထိခိုက်နိုင် မလား၊ ထိခိုက်နိုင်မယ် ဆိုရင် မလုပ်ပါနဲ့တော့။

ချစ်သား ရာဟုလာ... လုပ်ပြီးပြန် ရင်လည်း စဉ်းစားလိုက် ပါဦး။ မိမိသူတစ်ပါး ထိခိုက်နိုင်တယ် ဆိုရင် မလုပ်ပါနဲ့တော့။

ချစ်သား ရာဟုလာ... အပြောတစ်ခု ပြောတော့မယ် ဆိုရင်လည်း မပြောခင် စဉ်းစားလိုက် ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင် မလား၊ သူတစ်ပါးကို ထိခိုက်နိုင် မလား။ ထိခိုက်နိုင်မယ် ဆိုရင် မပြောပါ နဲ့တော့။

ချစ်သား ရာဟုလာ... ပြောဆဲမှာလည်း စဉ်းစားလိုက် ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင် မလား။ ပြောပြီးပြန် ရင်လည်း စဉ်းစားလိုက် ပါဦး။ ထိခိုက်နိုင်တယ် ဆိုရင် မပြောပါ နဲ့တော့။

ချစ်သား ရာဟုလာ... အတွေးတစ်ခု တွေးတော့မယ် ဆိုရင်လည်း စဉ်းစားလိုက် ပါဦး။ တွေးဆဲမှာလည်း စဉ်းစားလိုက် ပါဦး။ တွေးပြီးပြန် ရင်လည်း စဉ်းစားလိုက် ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင်တယ် ဆိုရင် မတွေးပါ နဲ့တော့။”

ဓမ္မမောင်နှမတို့ အားလုံး ကောင်းမွန် မြင့်မြတ်တဲ့ အသိတွေကို သိရှိကျင့်ကြံလို့ အသိတရား ရှိသူတွေ ဖြစ်နိုင်ကြပါစေ။

လေးစားစွာဖြင့်
ဖိုးသား

3/24/2010, WED:, 11:40:19 PM



Read more...

ကုလား ဥပုသ်...။

Posted by ကိုနော Friday, March 26, 2010

`ယာဒေါဂျီ ဥပ၀ါစ် ဟိုရဟာ…?(ယာဒေါဂျီ ဥပုသ်စောင့်သလား…)
`မစောင့်ဘူး´
မမဝေဆယ်နှစ်ပြည့်မဂ္ဂဇင်းတော်ကြီးအမြန်ဆုံးစက်တင်နိုင်ရန်အယ်ဒီတာအဖွဲ့ဟုသမုတ်အပ်သောကိုနောတို့ လူမမယ်တစ်စုသည် မြန်မာစာအုပ်မှန်သမျှအပိုင်စားရထားသောရာမ်းကေ၀လ်ယာဒေါအိမ်သို့နေ့စဉ်  ချီတက်နေကြရသည်။ထိုရက်ပိုင်းသည် ဟိန္ဒူများကိုးရက်တိုင်ဥပုသ် စောင့်ကြသောနေ့ရက်များဖြစ်သည်။ ဆောင်း အထွက်,နွေအ၀င် ရာသီအဆုံ ရာသီအပြောင်း၌ ခန္ဓာကိုယ်ရှိ ဒွါရကိုးခုတို့တစ်စု တစ်ပေါင်း တည်းဖြစ်စေရန် ရည်ရွယ်၍ကိုးရက်ဥပုသ်စောင့်ကြသည်။နောရတ်သရီး(န၀ရတ္တရီ)ဟုခေါ်သည်။

(၁)နှစ်လုံးစုဆောင်းမိနေသော အညစ်အကြေးများကင်းစင်၍ ကျန်းမာ အသက်ရှည်ရန်ရည်ရွယ်ကြခြင်း ဖြစ်သည်။ ညနေခြောက်နာရီမှ မနက်ခြောက်နာရီအတွင်း နွားနို့နှင့် ရေမှလွဲ၍ ဘာမျှမစားမသောက် ကြချေ။ဥပုသ်စောင့်ခြင်းဟူသည် ကိုယ်နှင့်စိတ်ကို ထိန်းသိမ်းခြင်းဖြစ်သည်။ ညဘက်အစာစားခြင်းကို ရှောင်ကြဉ်၍ စိတ်ကိုလွှတ်ထားလျှင် ဥပုသ်စောင့်ရာမရောက်ဟု ဘာသာတရားက လမ်းညွှန်ထားသည်။ (၁၇.၃.၂၀၁၀နေ့ထုတ်compact သတင်း စာမှ)

`အများစုက ဥပုသ်စောင့်နေကြတယ်မဟုတ်လား´
`ဟုတ်တယ်...ကျုပ်အတွက်တော့ မလိုအပ်ဘူး´
`ဘာဖြစ်လို့လဲ´
`အလုပ်လုပ်နေတဲ့လူတစ်ယောက်အတွက် အစာမစားဘဲနေဖို့ အတော်ခက်တယ်၊ ဘုရားက ဒီလောက် ခက်ခဲအောင် လုပ်ထားမှာမဟုတ်ဘူး၊ ခက်ခဲအောင်လုပ်ထားရင်လည်း အဲဒီဘာသာကို လူတွေ ကိုး ကွယ်ကြ မှာ မဟုတ်ဘူး´
`ဆက်ပြောစမ်းပါဦး´
`ကျုပ်တို့က ဘုရားကို ယုံကြည်တယ်၊ အစာမစားဘဲ နေစရာမလိုဘူး၊ ကျုပ်အယူအဆက....
အတ်ချား ခါအိုး(ကောင်းကောင်းစား)
ထိုရား ခါအိုး(နည်းနည်းစား)
ရို့ဂ်ျ ခါးအိုး(နေ့တိုင်းစား)´အဲဒါပဲ…။
`ဆဟီး ဗာတ် ဟဲ(မှန်လိုက်တဲ့ စကား)…။

ကိုနော
(၂၆.၃.၂၀၁၀)

Read more...

သရဏသုတ် ... ကဗျာ။

(ပါ-၁၄+မြန်-၁၄)

အစဉ်မပျက် အမျှင်ယှက် ယှဉ်လျှက်သံသရာ။
တန့်နားမတည် ပြေးသွားသည် ကျင်လည်သံသရာ။
သံသရာအိုင် ဘယ်ရပ်တိုင် ဆုံးနိုင်ဆုတ်နစ်ပါ။
ကံဝိပါက ကိလေသ ၀ဋ္ဋသုံးထွေ ဘယ်ရပ်လေ မှန်ပေမဖြစ်ပါ။
ရုပ်နာမ်နှစ်ဖြာ ဘယ်ရပ်မှာ ချုပ်တာကြွင်းမဲ့ပါ။

ဤသို့နတ်သား မေးလျှောက်ထား ဖြေကြားဘုရားပါ။
ဓာတ်ကြီးလေးဖြာ နိဗ္ဗာန်မှာ သံသရာအိုင် အပြီးပိုင် ဆုံးတိုင်ဆုတ်နစ်ပါ။
ကံဝိပါက ကိလေသ ၀ဋ္ဋသုံးထွေ နိဗ္ဗာန်လေ မှန်ပေမဖြစ်ပါ။
ရုပ်နာမ်နှစ်ဖြာ နိဗ္ဗာန်မှာ ချုပ်ကာကြွင်းမဲ့ပါ။

အရှင်နန္ဒဝံသ (ရေစကြို)
သံယုတ္တ နိကာယ် ကဗျာကျမ်း



Read more...

လယ်တီဆရာတော်ဘုရားကြီး၏ "ဂမ္ဘီရကဗျာကျမ်း" မှ ကောက်နှုတ်ချက်များ


လယ်တီဆရာတော်ဘုရားကြီး၏ "ဂမ္ဘီရကဗျာကျမ်း" မှ ကောက်နှုတ်ချက်များ
*****************
ခုနစ်နေ့ ဗုဒ္ဓဝင်ဘုရားရှိခိုးနှင့် ဆုတောင်းအမျိုးမျိုး

ကြာသပတေးနေ့ ပဋိသန္ဓေယူ

၁။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်။ ။သောင်းခွင် စကြဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန် မှုကြောင့်၊ ရတု နဂို၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူ သည်။ ။နတ်လူငြိမ်းဘို့ ကိန်းပါကို။ ။

သောကြာနေ့ ဖွားမြင်
၂။ သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်။ ။ နတ် လူအောင်မြို့ လမ်းပါကို။ ။

တနင်္လာနေ့ တောထွက်
၃။ ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆဲ့သုံးနနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြ ဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ် လှုံသည်။ ။ စုံမြိုင်ပင်ရိပ် ခမ်းမှာကို။ ။

ဗုဒ္ဓဟူးနေ့ ဘုရားဖြစ်
၎။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုံလပြည့်၊ ဆင်မင်းနေ့ ဝယ်၊ မြေ့ ပရမေ၊ ပလ္လင်ဘွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူ ခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက် ဘုန်းတော်၊ သောင်းလုံး ကျော်သည်။ ။ သုံးဘော်လူတို့ ငြမ်းပါကို။ ။
စနေနေ့ ဓမ္မစကြာဟော
၅။ ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊ တိုက် အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့ လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက် ထွေပြား၊ ဟောဖော်ကြားသည်။ ။ တရားနတ်စည် ရွမ်းတယ်ကို။ ။

အင်္ဂါနေ့ ပရိနိဗ္ဗာန်စံ
၆။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တသောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ် လူ ဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါ လေးဆယ့်ငါး၊ သက်ကား ရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်း မယုတ်၊ ကုသိန္နာရုံ၊ အင်းကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်။ ။ ဝှန်းဆူသောင်းလုံး ကျော်တယ်ကို။ ။

တနင်္ဂနွေနေ့ တေဇောဓာတ်လောင်
၇။ နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုပ်ကြုံ၍၊ ဂဠုန်နေ့ ဝယ်၊ ခိုးငွေ့ မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စော ဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်။ ။မွေတော် ရှစ်စိတ် ကြွင်းတယ်ကို။ ။

ဆုတောင်း
  • ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက် မြတ်သား၊ ကိုယ်တော်ဖြားကို၊ သုံးပါးမွန်စွာ၊ ဝန္ဒနာနှင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်။ ။ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသောဝ်။

  • အဆုံးဘဝ၊ တိုင်ပြန်ကလည်း၊ ပညာ့အရာ၊ ဘိဓမ္မာနှင့်၊ ကြေညာကျော်ကြား၊ လူအများကို၊ တရား စည်ကြီး၊ ခြိမ့်ခြိမ့်တီး၍၊ မီးဆယ့်တစ်တန်၊ ငြိမ်းရာမှန်သည်။ ။ နိဗ္ဗာန်အောင်မြို့ ရောက်စေသောဝ်။

  • သုံးလူ့ထွတ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါးသံဃာ၊ ရတနာကို၊ သဒ္ဓါရိုကြိုး၊ လက်စုံမိုး၍၊ ရှိခိုးပါရ၊ ဤပုည ကြောင့် ဒိဋ္ဌမျက်မြင်၊ ဘဝတွင်လည်း၊ ကင်းစင်အန္တရာယ်၊ ကောင်းကျိုးကြွယ်လျက်၊ ဆယ်ဖြာ အညီ၊ ပါရမီနှင့်၊ ဆယ်လီပုည၊ မြတ်ဓမ္မလည်း၊ နိစ္စရွှင်ဖြိုး၊ နေ့စဉ်တိုးသည်။ ။သက်ဇိုဝ်းကြာမြင့် ရှည်စေသောဝ်။

  • ဘဝတစ်ဖန်၊ ဖြစ်တုံပြန်လည်း၊ လေးတန်အပါယ်၊ ရှစ်သွယ်ရပ်ပြစ်၊ ကင်းတုံလစ်၍၊ ရှင်ချစ်မြတ်စွာ၊ သာသနာလျှင်၊ ရောင်ဝါထိန်ဝင်း၊ လင်းရာတမူ၊ လူကောင်း နတ်ကောင်း၊ ဘဝကောင်း၌၊ ညွတ်ညောင်း သန္ဓေ၊ တိဟိတ်နေ၍၊ ဆွေလယ် မျိုးလယ်၊ တန်ခိုးကြွယ်သည်။ ။ လ နှယ် ထွန်းတင့်ပါစေသောဝ်။

  • အသိအလိမ္မာ၊ ဉာဏ်ပညာနှင့်၊ သဒ္ဓါသီလ၊ သုတပြည့်ဖြိုး၊ ဂုဏ်တန်ခိုးလည်း၊ အမျိုးလေးဖော်၊ သတင်း ကျော်လျက်၊ သူတော်တို့ထုံး၊ ကျင့်သုံးတရား၊ အမှားမလိုက်၊ စရိုက် စင်ဖြူ၊ အလှူရေစက်၊ လက်နှင့် မကွာ၊ ရှစ်ဖြာဥပုသ်၊ မယုတ်ကြိုးစား၊ လေးပါးဗြဟ္မစိုရ်၊ ရွှန်းရွန်းစိုသည်။ ။ ကုသိုလ်ကိုယ်လုံး ထုံစေသောဝ်။

  • ပတ္တမြားပလ္လင်၊ ကံ့ကော်ပင်ဝယ်၊ ငါးအင်းမာရ်စစ်၊ အောင်ပွဲလှစ်၍၊ ခေတ်ဇာတိလုံး၊ သိမ့်သိမ့် ချုံးလျက်၊ ရွေဘုန်း စိုက်ထူ၊ ပွင့်တော်မူသား၊ သုံးလူ့သခင်၊ မိတေးရှင်ကို၊ မျက်မြင်ဖူး၍၊ အထူးကြည်ညို၊ ဘုန်းရိပ် ခိုသည်။ ။မဂ် ဖိုလ် နိဗ္ဗာန်ရောက်စေသောဝ်။

    အမျှဝေ
  • သုံးလူ့ထွဋ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါး သံဃာ၊ အရိယာအား၊ ရတနာမိုဃ်း၊ ရွာသွန်းဖြိုးသို့၊ ကိုးပါး ခြောက်စုံ၊ ကိုးရပ်ဂုဏ်ကို၊ အာဂုံ ချီးကြူး၊ နှုတ်လျှာမြူး၍၊ ကြည်နူးဆွဆွ၊ ရှစ်ခိုးရသည့်၊ ပုညကုသိုလ်၊ အဘို့ကိုလျှင်၊ မွေးမိခင်နှင့်၊ ဖခင် ဆရာ၊ ဉာတကာက၊ သတ္တဝါအများ၊ နတ်တို့အားလည်း၊ ရငြားပါစေ၊ မျှပေးဝေသည်။ ကောင်းထွေသာဓု ခေါ်စေသောဝ်။
    သတ္တဋ္ဌာန ဘုရားရှိခိုး
    ပလ္လင်္က သတ္တာဟ စံတော်မူပုံ
    ဘုန်းရောင်ထွန်းထိန်၊ စောမုနိန်။ ပညိနြေ္ဒ၊ ချွေရာမှန်ဘိ၊ ဗောဓိကြငှန်း၊ ရွှေညောင်နန်းဝယ်၊ ထူးဆန်း အံ့လောက်၊ မြေမှပေါက်သား၊ ရောင်တောက်မာရ်နှင်၊ ရွှေပလ္လင်ထက်၊ သဗ္ဗညုတ၊ ဉာဏ်ကိုရပြီး၊ သတ္တာဟရက်၊ ဖွဲ့ခွေ လျက်ပင်၊ ငြိမ်သက်တင့်တယ်၊ သုံးစမ္ပယ်သည်။ ဘုန်းကြွယ်လက်ဦး ဘွယ်ပေကိုး။

    အနိမိသ သတ္တာဟ စံတော်မူပုံ
    နှစ်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ မာရပယ်လှန်၊ ပလ္လင်ပျံမှ၊ ဧသန်တူရူ၊ ရပ်တော်မူလျက်၊ ကြည်ဖြူ ငြိမ်းချမ်း၊ ပလ္လင်နန်းကို၊ ဖြောင့်တမ်း စက္ခု၊ စိမ်းစိမ်းရှုလျက်၊ သုံးလူ့ရှင်ပင်၊ ပျော်စံရွှင်သည်။ ။ကြည်လင် ညွတ်နူး ဘွယ်ပေကိုး။

    စင်္ကမ သတ္တာဟ စံတော်မူနေပုံ
    သုံးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မ၊ှ မြောက်ခွင် ဥတ္တရာ၊ စင်္ကြသာ၌၊ လူးလာ တုံ့ခေါက်၊ ကြွချီ လျှောက်၍၊ ဘုန်းတောက်ဘုရား၊ ပျော်စံစားသည်။ ။တရားဆင်ခြင် လျက်ပေကို။

    ရတနာဃရ သတ္တာဟ စံတော်မူနေပုံ
    လေးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်နှင်၊့ ပလ္လင်ထွန်းတောက်၊ အနောက်မြောက်ဝယ်၊ အံ့လောက် ဘွယ်ရာ၊ ရတနာရိပ်ငြိမ်၊ စံရွှေအိမ်၌၊ ကြိမ်ကြိမ်ဘန်ခါ၊ ဘိဓမ္မာကို၊ မဟာဉာဏ၊ သာဂရဖြင့်၊ ဗုဒ္ဓရှင်ပင်၊ သုံးဆင်ခြင်ညည်။ ။ ရောင်ရှင်ခြောက်ဖြာ ညီးလို့ကို။

    အဇပါလ သတ္တာဟ စံတော်မူပုံ
    ငါးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ ရှေ့ခွင်ပြုဗ္ဗာ၊ ရပ်ဒိသာဝယ် ကြီးစွာမြင့်ခေါင်၊ ဆိတ်ကျောင်း ညောင်၌၊ ဘုန်းခေါင် ပရမေ၊ စမ္ပာယ်နေသည်။ ရိုသေမြတ်နိုး ဘွယ်ပေကိုး။

    မုစလိန္ဒ သတ္တာဟ စံတော်မူနေပုံ
    ခြောက်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ပလ္လင်ရွှေညောင်၊ အရှေ့တောင်၌၊ မြရောင်လိုလို၊ ရေညို ပြည့်လျှမ်း ၊ ကြာပန်း ညွတ်ရုံ။ ပန်းမျိုးစုံသည်၊ မုဉ္စလိန္ဒာ၊ အိုင်သာဖြန့်ကျင်း၊ ကျည်းပင်ရင်းဝယ်၊ သနင်းလူ့ဆွေ၊ စမ္ပာယ် နေသော်၊ မိုး လေ ထန်ပြင်း၊ သွန်းချခြင်းကြောင့်၊ မြွေမင်းရန်ဟန့်၊ ပါးပျဉ်းဖြန့်လျက်၊ ချီးအံ့တန်ခိုး၊ ဆောင်းကာ မိုးသည်။ ရှေးရိုးသမ္ဘာတော်ကြောင့်ကိုး။

    ရာဇာယတန သတ္တာဟ စံတော်မူနေပုံ
    ခါသတ္တမ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ တောင်ပြင်လက်ျာ၊ မြေမျက်နှာဝယ်၊ ရာဇာယတန၊ မည်ရခေါ်တွင်၊ လင်းလွန်း ပင်၌၊ သဗ္ဗညုဖျား၊ ပျော်စံစားသည်။ ကြီးမား ဥာဏ်တော် ဘွင့်လို့ကို။

    ထိုခုနှစ်ပါး၊
    အရပ်မျုားကို၊ ရှေ့သွားသဒ္ဓါ၊ ကြည်ညိုစွာလျှင်၊ ဝန္ဒနာမာန၊ ဂါရဝဖြင့်၊ ဦးချညွတ်ကျိုး၊ ကျွန်ရှိခိုးသည်။ ကောင်းကျိုး ခပ်သိမ်း၊ ပြည့်စေ့သောဝ်။
    သတ္တဋ္ဌာန ဘုရားရှိခိုး ပြီး၏
    (ဂမ္ဘီရကဗျာကျမ်း၊ စာ၊ ၅၊ ၆။)

Read more...

ပြန်လည် ရှင်သန်လာသော နောက်ပြန်တိုးရွာ။


သင်္ဘောဦးဝယ် မုန်တိုင်းခံဒေသများဆီသို့ ကြွရောက်စဉ်

နောက်ပြန်တိုးကျေးရွာ

နောက်ပြန်တိုးကျေးရွာလေးကတော့ ဒေးဒရဲမြို့နယ်တွင် တည်ရှိပါသည်။ နာဂစ်ဒဏ်ကြောင့် စာသင်ကျောင်းပျောက်သွားခဲ့တယ်။ ယခုအရာ သီတဂူဆရာတော်ကြီးနှင့် တပည့်ဒကာဒကာမများက အုဌ်တိုက်စာသင်ကျောင်း သွပ်မိုးဖြင့် ခိုင်ခိုင်မာမာ တည်ဆောက်လှူဒါန်းခဲ့တယ်။ ယခုအခါ နောက်ပြန်တိုးကျေးရွာလေးသည် ပြန်လည်ရှည်သန်လာကာ ပုံမှန်လည်ပတ်နေပါပြီ။


ဆရာတော်ကြီးနှင့် အတူ ဆရာဆရာမများ၊ ရွာသူရွာသားများ တပျော်တပါး

သီတဂူဆရာတော်ကြီး လူခဲ့သော စာသင်ကျောင်းများသည် မိုးဒဏ် လေဒဏ်ခံနိုင်အောင် ခိုင်ခိုင်မာမာ တည်ဆောက်ထားသော အုဌ်တိုက်ကျောင်းများသာဖြစ်ပါသည်။ နာဂစ်မုန်တိုင်းကြောင့် စာသင်ကျောင်းများစွာ ပျက်စီးသွားခဲ့ရသဖြင့် ကျောင်းသား ကျောင်းသူများ စာသင်ခွင့်ရဘို့ ခက်ခဲနေပါသည်။ ထိုအခက်အခဲတွေကို သီတဂူဆရာတော်ကြီး ဦးဆောင်မှုဖြင့် ပြည်သူတွေကပဲ ပြန်လည်တည်ဆောက် လှူဒါန်းနိုင်ခဲ့ခြင်းကြောင့် စာသင်ကျောင်းများစွာ ပြန်လည်အသက်ဝင် လှုပ်ရှားနိုင်ခဲ့သည်။

ဆရာတော်ကြီးက သူငယ်တန်းကျောင်းသူလေးအား မေးနေသည်။


မိုးဒဏ် လေဒဏ်ကို မမှု၊ ခရီးကြမ်းကို အံတု၊ ပြည်သူတွေရဲ့ အခက်ခဲကို ကူညီ

ကျောင်းအုပ်ဆရာမကြီးအား တရင်းတနီးနုတ်ဆက်စကားပြော

နာဂစ်အလှူတော်များ အလျင်းသင့်သလို တင်ပြသွားပါမည်။

သီတဂူစတား
၂၆-၃-၂၀၁၀







Read more...

ဖြုတ်၊ ထုတ်၊ ဖြည့်၊ ပြင် သို့မဟုတ် လင်္ကာ၊ မြန်မာ၊ စာသင်ပုံဘယ်လိုကွာ

Image and video hosting by TinyPic

ခဏခဏမေးကြသည်။ `ဒို့နိုင်ငံနဲ့ စာသင်ပုံ ဘာကွာသလဲ´ဟူ၍။ သီရိလင်္ကာ၌ စာသင်နေသော အချို့ရဟန်းတော်များကလည်း `ဒို့ မြန်မာမှာကတည်းက သိပြီးသားတွေ ပြန်သင်ပေးနေကြတာပါ၊ အင်္ဂလိပ်လို သင်တာကလွဲပြီး ဘာမှ မထူးပါဘူး´ဟူ၍ ဆိုတတ်ကြပြန်သည်။

တစ်ဦးအမြင်နှင့်တစ်ဦး ကွာဟနေတတ်သည်မှာ သဘာဝကျပါသည်။ ကွာဟနေသော အကွာအဟလေးများမှာလည်း အမှန်တရားနှင့် နီးစပ်မှု၊ အချက်အလက်မှန်ကန်မှုလေးများ ရှိနေမည်မှာ သေချာပါသည်။ မိမိထင်မြင်ချင်သလို ထင်မြင်နိုင်သည်၊ လွတ်လပ်စွာသဘောထား ကွဲလွဲခွင့်ရှိသည်ဆိုပြီး ထင်ရာစွတ်ပြီး ယူဆပြောနေ၍ မဖြစ်ပေ။

သဘောထားသည်သာ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိသည်၊ အမှန်တရားမှာမူ နှစ်ဘက်ချွန်အမှန်တရားဟူ၍ မရှိတတ်ပါပေ။

စာရေးသူ၏ ထင်မြင်မှုအရ သီရိလင်္ကာစာသင်နည်းနှင့် မြန်မာစာသင်နည်းမှာ အလွန်ကို ကွာခြားပါသည်။ အင်္ဂလိပ်လို သင်ခြင်းတစ်ခုသာ ကွဲလွဲသည်မဟုတ်။ စာပေအပေါ်မှာ ချဉ်းကပ်ပုံချင်းလည်း လုံးဝနီးပါး ကွဲလွဲပါသည်။ စာရေးသူတို့ မြန်မာ့ပညာရေးမှာ စာပေကို ချဉ်းကပ်ပုံမှာ Critical မဆန်။ ပါဠိတော်ဖြစ်စေ၊ အဋ္ဌကထာ၊ ဋီကာဖြစ်စေ စာအုပ်တစ်အုပ်ကို ဖတ်လျှင် ယင်းစာအုပ်ပါ တင်ပြချက်သည် လုံးဝအမှန်။ စာအုပ်ပါအကြောင်းအရာများမှာ ဝေဖန်ခံစာရင်းထဲတွင် မပါဝင်။

ဤနိုင်ငံက လေ့လာနည်းမှာမူ ဤသို့မဟုတ်။ စာအုပ်တစ်အုပ်ကို မလေ့လာခင် စာအုပ်တစ်အုပ်၏ ပေါ်ပေါက်ရာ ခေတ်၊ ကျမ်းပြုဆရာအကြောင်း၊ စသောအကြောင်းအရာများကို ပထမဦးဆုံး လက်လှမ်းမီသမျှ လေ့လာဝေဖန်အကဲဖြတ်ရသည်။

မြန်မာ့ပညာရေးတွင် Comparative Study မှာ မရှိသလောက်နည်းပါးပြီး စာအုပ်ကပေးသောအသိသာ အမှန်ကန်ဆုံးဖြစ်သည်ဟု ယူဆကြသည်သာ များပါသည်။

လင်္ကာက လေ့လာနည်းသည် ဥပမာအားဖြင့် အဋ္ဌကထာဆရာတို့တွင် အကြီးကျယ်ဆုံး ဆရာတစ်ဆူဖြစ်သော အရှင်မဟာဗုဒ္ဓဃောသကို ချဉ်းကပ်လေ့လာရာတွင် အရှင်မဟာဗုဒ္ဓဃောသကို အကြီးကျယ်ဆုံးအဋ္ဌကထာဆရာကြီးအဖြစ် လက်ခံသော်လည်း အငြင်းပွားဖွယ်ရာအချက် (Controversial facts) များကိုလည်း မခြွင်းမချန် အကဲဖြတ်ပြသည်။

ဥပမာအနည်းငယ်ကို ဆွေးနွေးတင်ပြလိုပါသည်။
၁၅-ရာစုက ပေါ်ထွက်ခဲ့သော မြန်မာနိုင်ငံဖြစ် ဗုဒ္ဓဃောသုပ္ပတ္တိကျမ်း၊ သီရိလင်္ကာနိုင်ငံ၏ ဂန္ထ၀င်ကျမ်းများဖြစ်သော မဟာဝံသ၊ စူဠ၀ံသကျမ်းနှင့် သာသန၀ံသတို့တွင် အရှင်မဟာဗုဒ္ဓဃောသအကြောင်းတို့ကို အမျိုးမျိုး ဖော်ပြထားသည်။ သို့ရာတွင် တစ်ခုနှင့်တစ်ခု မတူ၊ ကွဲပြားနေသည်။ ဗုဒ္ဓဃောသုပ္ပတ္တိကျမ်းတွင် အရှင်ဗုဒ္ဓဃောသနှင့်ပတ်သတ်သော ဒဏ္ဍာရီဆန်ဆန်အကြောင်းအရာများစွာ ပါရှိနေသည်။

မဟာဝံသအလိုအရ အရှင်ဗုဒ္ဓဃောသကို ဘုရားလောင်းဟုပင် ဆိုထားသည်။ အချို့ကျမ်းများတွင်ကား အရှင်ဗုဒ္ဓဃောသသည် နောင်ပွင့်မည့်ဘုရားရှင်၏ အဂ္ဂသာဝကဖြစ်မည်ဟုလည်း ဆိုကြသည်။ စာရေးသူတို့ မြန်မာနိုင်ငံတွင် သိရှိလက်ခံထားသော အရှင်မဟာဗုဒ္ဓဃောသသည် လေ့လာကြည့်လေလေ အငြင်းပွားဖွယ်ရာ အချက်အလက်များကို တွေ့ရလေလေ ဖြစ်သည်။

စူဠ၀ံသတွင် အရှင်ဗုဒ္ဓဃောသသည် အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဗုဒ္ဓဂယာတွင် ဖွားမြင်သည်ဟု ဆိုသည်။ ထို့ပြင် ပါရာဇိကဏ်နိဒါန်းတွင် ဆိုသည့်အတိုင်း ဆရာ့ထံမှ ပညာသင်ယူပြီး ၀ါဒပြိုင်ဝံ့သူမရှိလောက်အောင် ပညာတတ်ကျွမ်းသူပုဏ္ဏားငယ်တစ်ဦးဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် အရှင်ရေ၀တနှင့်တွေ့ပြီး စကားနိုင်လုရာတွင် ဗုဒ္ဓ၀ါဒကို စိတ်ဝင်စားရာမှ ရဟန်းဖြစ်ခဲ့သည်။ အများအားဖြင့် မြောက်ပိုင်းတွင် ဖွားမြင်သည်ဟု ဆိုကြသည်။

အရှင်ဗုဒ္ဓဃောသရေးသည်ဟု ယူဆရသော ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာနိဒါန်းတွင် `မောရန္ဒခေတအရပ်တွင် မွေးဖွားသော အရှင်ဗုဒ္ဓဃောသသည် ဤကျမ်းကို ရေးသည်´ဟု တွေ့ရသည်။ အဆိုပါအရပ်မှာ အိန္ဒိယ တောင်ပိုင်းတွင် ရှိသည်။ သို့ဖြစ်၍ အရှင်ဗုဒ္ဓဃောသမွေးဖွားရာအရပ်သည်ပင် စိတ်ဝင်စားဖွယ်ရာ ဖြစ်နေပါသည်။

တစ်ဖန် အရှင်မဟာဗုဒ္ဓဃောသသည် သီရိလင်္ကာသို့ မကြွခင် ဉာဏောဒယကျမ်း၊ အဋ္ဌသာလိနီကျမ်း၊ ပရိတ္တအဋ္ဌကထာကျမ်းတို့ကို ရေးသားခဲ့သည်ဟု ဆိုသည်။ သို့ရာတွင် အဋ္ဌသာလိနီကျမ်းတွင် အေဒီ ၅-ရာစုနောက်ပိုင်း သီရိလင်္ကာကို ရောက်ပြီးမှ ရေးသားသည်ဟုဆိုသော ၀ိသုဒ္ဓိမဂ်ကို ညွှန်းနေသော စကားရပ်များ ပါရှိနေပြန်သည်။

တစ်ဖန် အရှင်ဗုဒ္ဓဃောသ သီရိလင်္ကာကို ကြွသောအချိန်တွင် သီရိလင်္ကာနိုင်ငံ၌ အဘယဂိရိ၊ မဟာဝိဟာရနှင့် ဇေတ၀န၀ါသီဂိုဏ်းဟူ၍ ဂိုဏ်းသုံးဂိုဏ်းရှိသည်။ အဘယဂိရိတွင် သံဃာ ၅၀၀၀-ခန့်၊ မဟာဝိဟာရ ၃၀၀၀-ခန့်၊ ဇေတ၀န၀ါသီ ၂၀၀၀-ခန့်ရှိကြောင်း သိရသည်။ သူသည် အကြီးဆုံးဂိုဏ်းဖြစ်သော အဘယဂိရိသို့ မကြွရောက်ဘဲ မဟာဝိဟာရဂိုဏ်းသို့ ကြွရောက်ခဲ့သည်။ ယင်းအကြောင်းအရာနှင့်စပ်လျဉ်း၍လည်း လေ့လာစရာများ ရှိပါသည်။

မြန်မာမှာတော့ ထေရ၀ါဒမှလွဲလျှင် ကျန်ဂိုဏ်းများမှာ အသုံးမကျ ဖွဲသလဲအဖြစ် ယူဆထားကြပေသည်။ မြန်မာမှာ ဆရာအစဉ်အဆက် အဘယဂိရိဂိုဏ်းနှင့်ဇေတ၀န၀ါသီဂိုဏ်းတို့မှာ မိစ္ဆာဒိဋ္ဌိဂိုဏ်းများသဖွယ် ပြောဆိုပို့ချနေကြသည်ကိုလည်း စိတ်မကောင်းစွာ တွေ့ခဲ့ရ၊ ကြားသိခဲ့ရသည်။

သေချာလေ့လာကြည့်လျှင် အဘယဂိရိဂိုဏ်းတွင်လည်း လေးစားဂုဏ်ယူဖွယ်ရာ အချက်များရှိနေပါသည်။
တစ်ဖန် မိလိန္ဒပဥှာနှင့်ပတ်သတ်၍ ချဉ်းကပ်ပုံမှာ အလွန်စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ မြန်မာချဉ်းကပ်နည်းအရ မိလိန္ဒပဥှာသည် မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသေနတို့ မေးဖြေပြုထားသော ထေရ၀ါဒကျမ်းတစ်ဆူဖြစ်သည်ဟု ချွင်းချက်မရှိ ယုံကြည်ထားကြသည်။ ဘုရားဟောနီးပါး အလေးထားနေကြပေသည်။

သေချာလေ့လာကြည့်သောအခါ အငြင်းပွားဖွယ်ရာများစွာ ရှိနေပါသည်။ ထေရ၀ါဒဂိုဏ်းက ပေါ်ထွက်ခဲ့သောကျမ်းစာလော၊ အခြားထေရ၀ါဒမဟုတ်သည့်ဂိုဏ်းက ပေါ်ထွက်ခဲ့သောကျမ်းစာလောဟုပင် သံသယဖြစ်စရာ ရှိနေပါသည်။

ဆက်လက်တင်ပြပါအုံးမည်...

Read more...

"သူ" နဲ့  လမ်းခွဲခြင်း အမှတ်တရ။

ဒီနေ့ တနေလုံး မဇ္ဈိမနွေရာသီရဲ့ ကွန်ရက် အောက်မှာ ဟိုပြေးလိုက်၊ ဒီပြေးလိုက်နဲ့  ရှင်လေးမော်တစ်ယောက် အလုပ်တွေ ရှုပ်သယောင်ယောင်နဲ့  "ကိစ္စရှာထမ်း ရှင်ရဟန်းတစ်ပါး" ဖြစ်နေပြန်ပါတော့တယ်။ ရှင်လေးမော် အသက် ဆယ့်ရှစ်နှစ်သားလောက် ကတည်းက သာမန် အမြင်လေးတွေေ၀၀ါး မသွားအောင် ကူညီဖေးမပေးနေတဲ့ “သူ”လေးကြောင့် ဒီလိုဖြစ်နေရတာလို့ ပဲ ပြောရမှာပါ။

သူ့ ကြောင့်ပဲ စာတွေကျက်နိုင်၊ ဖတ်နိုင်ခဲ့ပါတယ်။ အသိတွေတိုးပွါး လာခဲ့တယ်။ ရှင်လေးမော် သွားလေရာ၊ လာလေရာတိုင်းမှာ သူကပဲ လမ်းပြပေးခဲ့ပါတယ်။ ရှင်လေးမော်ရဲ့ အလင်းတန်း၊ ရှင်လေးမော်ရဲ့ လမ်းပြကြယ်လေးတစ်ပွင့်။ ပြီးတော့…
Justify Full
သူနဲ့ အတူ ဂါယာသီသရဲ့ ရင်သပ်ရှု့ မောဖွယ်ရာ အလှအပ၊ ဂင်္ဂါမြစ်ရဲ့ လှိုင်းလေကင်းစင်စွာ ငြိမ်သက် စီးဆင်းနေပုံ၊ ဂင်္ဂါမြစ် တစ်ဖက်ကမ်းရဲ့ မှုန်ပျပျ အစိမ်းရောင် သစ်ပင်တန်းများ၊ သဘာဝကျကျ စီးဆင်းနေတဲ့ ဂင်္ဂါမြစ်ရေပြင်ကို လိုသလို လှောခတ်မှု ပြုပြီး ရွေ့ လျားနေကြသော လှေငယ်များ၊ မရဏာနုဿတိပွါးဖွယ်ရာ ဂင်္ဂါမြစ်ကမ်းပေါ်က မီးသင်္ဂြီလ်တဲ့ နေရာများစွာကို တမေ့တမော ကြည့်ခဲ့ဖူးပါတယ်။ သူနဲ့ အတူ ဖြစ်ခဲ့ပုံလေးတွေ ပြောပြရမယ်ဆိုရင်တော့ မကုန်နိုင်လောက်အောင်ပါပဲ။ ပြောစရာတွေ တပုံကြီး ရှိပါသေးတယ်။

ဒါကြောင့်မို့  သူ့ ကို ရှင်လေးမော်ရဲ့ အနားက တစ်ဖ၀ါးမှ မခွါစေခဲ့ပါဘူး။ အိပ်ရင်တောင်မှ သူ့ ကိုနေရာတကျ စီစဉ်ပေးပြီး အနားမှာပဲ ထားအိပ်လေ့ရှိပါတယ်။ မနက်အိပ်ရာထပြီဆိုရင်လည်း ရှင်လေးမော်ရဲ့ လက်က သူဆီကိုပဲ အရင်ဆုံး ရောက်တတ်တဲ့ အကျင့်လေးတောင် စွဲနေပါသေးတယ်။ ရှင်လေးမော် ဘ၀မှာ ရိုရိုသေသေ၊ စည်းကမ်းရှိရှိ၊ ဆက်ဆံရမယ့်ထဲမှာ သူ့ ကိုလည်း နေရာပေးလိုက်ပြန်ပါတယ်။ နေရာပေးထားသလိုလည်း သူနဲ့ သတိကြီးစွာ ဆက်ဆံခဲ့မိပါတော့တယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ သုံးရက်က သူနဲ့  ပြဿနာ စပြီးဖြစ်ပါတယ်။ ဒါကလည်း သူ့ အမှား မဟုတ်ပါဘူး။ ရှင်လေးမော် အမှားလို့ သာ သံသယကင်းစွာ ၀န်ခံပါရစေတော့။ ဟုတ်တယ်လေ။ အခါတိုင်း အိပ်တော့မယ် ဆိုရင် သူ့ ကို နေရာတကျ သိပ်ပေးပြီးမှ အိပ်နေကျ။ မနေ့ ညက သူ့ ကို အဲဒီ ၀တ် လုပ်မပေးခဲ့ဘဲနဲ့  အိပ်ခဲ့မိတယ်။ သည်းမခံနိုင်လောက်အောင် ကိုက်ခဲနေတဲ့ ခေါင်းကြောင့် ဘာကိုမှ အမှုမထားဘဲ အိပ်ပစ်ခဲ့တာလည်း ပါပါတယ်။

ဒီတော့ ပြဿနာက မနက်မိုးလင်းတော့ စပြီပေါ့။ အိပ်ရာထတာနဲ့  ကမန်းကတန်း သူ့ ကို အခါတိုင်းနေရာလေးမှာ ရှိလေမလားလို့  လိုက်ရှာပါတယ်။ ဒါပေမယ့် သူ့ ကို မတွေ့ ပါဘူး။ “ဘယ်ကိုရောက်သွားပါလိမ်”့ ဆိုတဲ့ အတွေးနဲ့  သေချာ လိုက်ရှာမိပြန်တယ်။ မတွေ့ ပြန်ပါဘူး။

ညက သူ့ ကို တစ်နေရာရာများ ထားပစ်ခဲ့မိလို့ လား လို့  စဉ်းစားကြည့်ပြန်တော့ ဒါလည်း မဖြစ်နိုင်ပါဘူး။ မအိပ်ခင် နာရီဝက်လောက် အလိုလေးမှာတောင် သူ့ အားကိုးနဲ့  အတွေးဆောင်းပါးတွေ ဖတ်ခဲ့သေးတာပဲ။ ပြီးတော့ အခန်းအပြင်ဘက်လည်း ပြန်မထွက်ခဲ့မိပါဘူး။ အခန်းထဲကတစ်နေရာရာမှာတော့ ရှိလိမ့်မယ်ဆိုတဲ့ အတွေးနဲ့  ကုတင်အောက်၊ ပြီးတော့ ကုတင်ဘေးက စာအုပ်ပုံကြား ထပ်ရှာမိပြန်တယ်။ မတွေ့ ပါဘူး။

ရှာမတွေ့ တော့တဲ့အဆုံး စိတ်ပျက်၊ လက်ပျက်နဲ့  ခြင်ထောင်ကို သိမ်းဖို့  ကြိုးကို ဖြုတ်လိုက်တော့မှ “ဗျစ်” ဆိုတဲ့ အသံ ၊ မိမိ ခြေထောက်အောက်က ကြားရတဲ့ အသံပါ။ ခြေထောက်အောက်က ဆိုပေမယ်လို့  ခြေထောက်နဲ့  တိုက်ရိုက်မထိပါဘူး။ ကြားထဲမှာ ခြုံစောင်ထူထူကြီးတစ်ထည် ခြားနေပါသေးတယ်။ ရှင်လေးမော် ကပျာကယာ စောင်ကို ဖယ်ရှားကြည့်လိုက်တော့ပါတယ်။

“သွားပြီ” သူနဲ့ နှစ်ယောက်အတူ ရှိရမယ့် နေ့ စွဲအသစ်လေးတွေတော့ ဝေးပါပြီ။ ဂင်္ဂါမြစ်ရဲ့ အလှအပကို သူနဲ့ အတူ အရင်ကလို နောက်ထပ်တစ်ခါ ကြည့်နိုင်မှာလည်း မဟုတ်တော့ပြီ။ ရှင်လေးမော်ရဲ့ ရှေးအနာဂတ် ခရီးလမ်းကတော့ သူမပါဘဲနဲ့  တစ်ယောက်ထီးတည်း လျှောက်ရပါတော့မယ်။ သူက ရှင်လေးမော်ကြောင့်ပဲ ရှင်လေးမော်ကို သင်္ခါရသဘောဆိုတာ ကျကျနန ပြသွားခဲ့ပြီလေ။ အနိစ္စ..မြဲခြင်းနဲ့  ကင်းဝေးရာပါတကား၊ သုခရေ.. မင်းနဲ့  မတည့်တဲ့ ဟိုအကောင် ဒုက္ခဆိုတာကြီး ငါဆီရောက်မြဲ ရောက်လာနေပြန်ပြီကောရယ်လို့  ရေရွတ်ခြင်းမှတပါး သူနဲ့ ပတ်သက်လို့  ဘာမှမတတ်နိုင်တော့လေပြီ။

ဒါနဲ့ ပဲ ဖြစ်ချင်ရာ ဖြစ်ဆိုပြီးတော့ သုံးရက်လောက်နေလိုက်မိတယ်။ ကိုယ်လုပ်ခဲ့မိတဲ့ အမှားကြောင့် ကိုယ့်ဟာကို ပြန်ဒဏ်ခတ်တယ် ဆိုတဲ့ သဘောပေါ့။ ဟုတ်တယ်လေ။ ကိုယ် ၀တ်စည်းကမ်း ပျက်ခဲ့မိလို ၊့ လုပ်နေကျ တာဝန် မလုပ်မိခဲ့လို့  ဖြစ်တာတွေပဲကိုး။

ဒါပေမယ့် သုံးရက်မြောက်တဲ့ နေ့ မှာတော့ စိတ်က အကြောင်းကြောင်းကြောင့် သစ္စာဖောက်မိပြန်ပါတယ်။ ရှင်လေးမော် ဘ၀မှာ သူ့ လို တထောင့်တစ်နေရာက ကူညီလမ်းပြပေးမယ့်သူမျိုး မရှိလို့ ကို မဖြစ်ပါဘူး။ သူမရှိတော့သော်လည်း သူ့ နေရာမှာ သူ့ လိုပုံစံမျိုးနဲ့  အစားထိုး ကူညီမယ့်သူ ထပ်ရှာဖို့  စိတ်ကူးလိုက်တယ်။ ပြီးခဲ့တာတွေကို နောင်တဇာတ်ရှည်ရှည်နဲ့  အလွမ်းနာကျဖို့  ရဟန်းတစ်ပါးရဲ့ အတွင်းသားက လက်မခံနိုင်ခြင်းကလည်း တွန်းအားပေးနေပြန်ပါတယ်။ အချိန်တွေ အကုန်မခံနဲ့ ၊ နေကွယ်ရင် လထွက်မယ်ဆိုတဲ့ သဘောသာ ပိုက်ပြီး နောက်ထပ် အသစ်ရှာပုံတော် ဖွင့်လိုက်ပါတော့တယ်။

ဘယ်အရာပဲဖြစ်ဖြစ် အပြောလွယ်သလောက် အလုပ်က မလွယ်ဘူးဆိုတာ လက်တွေ့ ကျကျ ပြနေတာချည်းပဲ။ ကိုယ့်ရပ်၊ ကိုယ့်နေရာ မဟုတ်တော့လည်း ပိုလို့ ခက်သား။ နွေပူပူလောင်လောင်အောက်မှာ ဟိုဟို ဒီဒီ လိုက်ရှာနေပါသော်လည်း အချိန်သာ ကုန်သွားတယ်။ သူ့ လို စိတ်ကြိုက်ဖြစ်မယ့် သူမျိုး မတွေ့ ပါဘူး။

ရှာမတွေ့ တော့တဲ့ အဆုံး ဘယ်လိုဟာပဲရရ အချိန်ကုန်ရကျိုးနပ်စေရမယ်။ တစ်ခုခုတော့ ရအောင်ရှာယူမယ်ဆိုတာပဲ ဆုံးဖြတ်ချက် ဒုံးဒုံးချပစ်လိုက်တော့တယ်။ ပြောခဲ့ဖူးတယ်မဟုတ်လား၊ အိန္ဒိယမှာ ကိုရွှေကုလားတို့ နဲ့ လုပ်တဲ့ အလုပ်မှန်သမျှ စိတ်ရှည်ရှည်နဲ့  စောင့်နိုင်ပါမှ ရတယ်ဆိုတာ။ အသစ်ရနိုင်မယ့်နေရာ တစ်ခုကို နားခိုလိုက်မိတော့ လေးရက်လောက်တောင် စောင့်ရအုံးမယ်တဲ့။ ရွှေပြည်ကြီးမှာတောင် ဒီလိုမှ မဟုတ်ဘဲကိုး။ မတက်နိုင်ရေးချ မတက်နိုင်ဘဲ။ ရှင်လေးမော် ကိုယ်တိုင် မှားခဲ့မိတဲ့ အပြစ်တွေပဲကိုး။ ခံပေါ့။ မမှားသော ရှေ့ နေ၊ မသေသော ဆေးသမား ဆိုတာ ရှိပေမယ့် ဒီဖြေဆေးလေကို ကိုယ်နဲ့  မယဉ်ပါးမိအောင်ဘဲ နောက်နောင် ကြိုးစားရမယ်။

အခု ရှင်လေးမော်ရဲ့ သူလေးကို တချို့ တွေကတော့ သိချင်ရင်၊ သိနေလောက်ရောပေါ့။ ဘာလို့ လဲဆိုတော့ တီဗီကြောငြာတွေမှာ သူ့ ကို ခဏခဏတွေ့ ရတတ်လို့ လေ။ ကြော်ငြာသီချင်းလေးတောင် ဘာတဲ့...။ အနီးကြည့်ကြည့်၊ အဝေးကြည့်ကြည့် ဘာနာမည်နဲ့  ဘာရှိတယ်ဆိုလား။

href="file:///C:%5CUsers%5CKheminda%5CAppData%5CLocal%5CTemp%5Cmsohtmlclip1%5C01%5Cclip_themedata.thmx" rel="themeData">

Read more...

အပတ်စဉ် တရားပွဲများနှင့် တရားသင်တန်းများ…။

ကိုရီးယားနိုင်ငံ၊ ဒေဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တ၀ိစိတ္တမှ ကိုရီးယားနိုင်ငံရောက် မြန်မာများနှင့် ကိုရီးယားနိုင်ငံသားများအတွက် အပတ်စဉ် တရားပွဲများ၊ အခြေခံ ၀ိပဿနာတရား အားထုတ်နည်းများနှင့် ဓမ္မသင်တန်းများကို အောက်ပါအတိုင်း ဟောကြားပြသ သင်ကြားပို့ချ ပေးမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ မည်သူမဆို ကြွရောက်နာယူ၊ လေ့လာသင်ယူနိုင်ပါကြောင်း အသိပေး ဖိတ်ကြားအပ်ပါသည်။

၁။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း (မြန်မာများအတွက် တနင်္ဂနွေတရားပွဲ)အချိန် = နေ့လယ် ၁နာရီမှ ၂နာရီအထိ
နေရာ = စိတ္တသုခ ဘုန်းတော်ကြီးကျောင်း

၂။ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း (ကိုရီးယားများအတွက် ဗုဒ္ဓဟူး ဓမ္မသင်တန်း)အချိန် = ညနေ ၇ နာရီမှ ၈ နာရီ ခွဲအထိ
နေရာ = ဘုန်းတော်ကြီးကျောင်း
မှတ်ချက်။ ၂၁-၄-၂၀၁၀ ရက်နေ့မှ စတင်ကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကိုရီးယားလို သင်ကြားပို့ချပေးမည်။

၃။ အပတ်စဉ် စနေနေ့တိုင်း (မြန်မာ၊ ကိုရီးယားများအတွက် စနေတရားပွဲနှင့် ၀ိပဿနာတရား အားထုတ်နည်း)အချိန် = နေ့လယ်၂ နာရီမှ ၃ နာရီခွဲအထိ
နေရာ = ဘုန်းတော်ကြီးကျောင်း
မှတ်ချက်။ ၂၄-၄-၂၀၁၀ရက်နေ့မှ စတင်ကာ အပတ်စဉ် စနေနေ့တိုင်း ကိုရီးယားလို ဟောကြားပြသပေးမည်။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP