* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, March 21, 2010

ရှူး တိုးတိုး အပိုင်း ( က )


ရှူး တိုးတိုး

အပ္ပသဒ္ဒါ ဘောန္တော ဟောန္တု


လူ အတော်များများက ရှူးတိုးတိုး ဆိုမှ စကားက ပြောချင်စိတ်တွေ တဖွားဖွား ပေါ်တတ်တယ်။
မလုပ်ရဘူး ဆိုတဲ့ အလုပ်ကို ပိုလုပ်ချင်တတ်တယ်။ ဒါကို သဘာဝ တစ်ခု လို့  လက်ခံ ထားကြ ရော့ လေ သလား။ ကာတွန်း ပုံတစ်ပုံ မှတ်မှတ်ရရ သတိထားမိတယ်။ အမှိုက်မပစ်ရ ဆိုင်းဘုတ်အောက် မှာ အမှိုက်ပုံ ရေးဆွဲထားတယ်။ ကဲ ...ကြည့်တော့။ လုပ်ပုံများ။

အရေးကြီးတာ တိုးတိုး ပြောတတ် ဆိုတတ်ဖို့ က လိုပါတယ်။ အရေးကြီးတယ်။ ကျယ်ကျယ် လောင်လောင် ပြောတတ် ဆိုတတ်သူကို ရွာမှာ ပြောရိုးဆိုရိုး က ငါးစိမ်းသည်မ ကြနေတာပဲတဲ့။
လူအများရဲ့  အပြစ်တင်သံ တွေပေါ့။

ဒီစကားကလည်း ဘုရားရှင်က ဆူဆူညံညံ လုပ်တဲ့ သူတွေကို တိတ်တိတ်ဆိတ်ဆိတ်နေဖို့ ။ ငါးရောင်းသူတို့  လုယက် ရောင်းသလိုပဲ အာနန္ဒာ သွားပြောချေ လို့  ဆိုတဲ့ စကားနဲ့ ကိုက်ညီ နေတယ်။ ဘုရားရှင်ရဲ့  တိတ်တိတ်ဆိတ်ဆိတ် နေတဲ့ အပြုအမူကို အခြား ဂိုဏ်းဂဏ ဆရာကြီး တွေကလည်း လက်ခံတယ်။ နားလည်ပေးတယ်။

သုတ္တန်ထဲက သီလက္ခန္ဓ၀ဂ် ပေါဌပါဒသုတ်မှာ ဘုရားရှင် ခပ်လှမ်းလှမ်းက ကြွရောက်လာတာ မြင်လို့  ပေါဌပါဒ ပရိဗိုဇ်က - ရှုး တိုးတိုး ကိုယ့်လူတို့ ၊ အသံတွေ မကျယ်ကြနဲ့ ။ ရဟန်းဂေါတမ လာ နေ တယ်။ ရဟန်း ဂေါတမ တိုးတိုး တိတ်တိတ် နေတာသဘောကျတာ၊ တိုးတိုးတိတ်တိတ် နေတာကို အထူးတလည် ချီးမွမ်းပြောဆိုတာ။ တိတ်ဆိတ်တဲ့ ပရိသတ်ကိုပဲ တတ်သိနားလည်စွာ သွားရောက် သင့်တယ် လို့  မှတ်ယူထားတာ။ ဆရာကြီး ဖြစ်သူက တပည့်တွေကို အဲသလိုမျိုး ဆုံးမပါတယ်။ သုတ်ပါထေယျ၊ ဥဒုမ္ဗရ သုတ်မှာလည်း ဒီအတိုင်းပါဘဲ။

သူတို့ က ဘုရားရှင်ကိုသာ အဲလို သဘောပေါက် နားလည် ထားတာ မဟုတ်သေး။ ဘုရားရှင် ရဲ့  သားတပည့်တွေ ကိုလည်း အဲသလိုမျိုးပဲ သဘောပေါက်ထား ကြတယ်။ မဇ္ဈိမနိကာယ် သန္ဒသုတ်မှာ ဆရာကြီး သန္ဒက ပရဗိုဇ်က သူ့ ရဲ့  တပည့်တွေကို ရဟန်း အာနန္ဒာ လာနေတယ်။ မြတ်စွာဘုရားရှင် ကောသမ္ဗီမှာ နေသလောက် သူလည်း ကောသမ္ဗီနေမည့် ရဟန်း တစ်ပါးပဲ။ တိုးတိုးသက်သာ ပြော ကြ ဆိုကြ၊ တိုးတိုးသက်သာ ပြောတာဆိုတာ သဘောကျတဲ့ ရဟန်းတွေ စသဖြင့် ပြောဆို ဆုံးမထား တယ်။ သာဝက တွေအပေါ်မှာလည်း လေးစားမှု အထင်ကြီးမှု ရှိကြတာကို တွေ့ ရတယ်။

အသံ ကြောင့် ဖားသေ တဲ့။ မြတ်စွာဘုရား တရားတော် အလိုရ အသံ ကြောင့် ပထမဈာန်သေ ကြောင်း ပြထားပါတယ်။ ပဌမဿ ဈာနဿ သဒ္ဒေါ ကဏ္ဋောကဏ္ဋက သုတ်၊ ဒသကနိပါတ၊ အင်္ဂုတ္တရနိကာယ။ ပါဠိ အလိုအရကတော့ အသံသည် ပဌမဈာန်ရဲ့  ဆူးခလုတ်ဘဲ တဲ့။ လျော်အောင် နားလည် ကြည့်တာက တော့ အသံညံရင် ဈာန်မရဘူး ပေါ့၊ ဈာန်သေ တာပဲ။

သုတ္တနိပါတ၊ သေလသုတ်မှာ ကြည့်ပြန်တော့လည်း သေလ ပုဏ္ဏားက သူရဲ့ လုလင်ငယ် သုံးရာနဲ့  အတူ ဘုရားရှင်ထံ သွားတဲ့ အခိုက်မှာ မသွားခင် ထရိန်နင် ပေးထားတယ်။ သွားတဲ့ လာတဲ့ အခါ ခြေနင်း မကြမ်းဖို့ ။ နောက်က အသံဗလံ မထွက်အောင် လိုက်လာခဲ့ကြတဲ့။

( မြန်မာ မှာလည်း ရှိပါတယ်၊ ခြေနင်း မကြမ်းနဲ့ ၊ ခြေနင်းကြမ်းရင် ကြမ်းပေါက် ကျွံကျမယ်။ အဲ...အဲ.. ဆင်းရဲတတ်တယ် ဆိုတာပါလေ။ )

ဆက်ပြီး တပည့်တွေကို ပြောတာက ဘုရားရှင် ခြေလှမ်း ချတိုင်းဟာ ခြင်္သေ့ တစ်ကောင်တည်း လှည့်လည်သလိုတဲ့၊ ခြေလှမ်းတိုင်း သုသံဝုတ-စောင့်စည်းမှုရှိတယ်။ ခြေသံလုံတယ် ခြေသံ မကြား ရဘူး လို့  ဆိုလိုဟန် ချီးမွမ်းတာ ရှိမှာပေါ့လေ။ အပါဒါန ပါဠိ ဗုဒ္ဓ၀ဂ်မှာတော့ ဂါထာနဲ့  ပြထားတယ်။

နေရာတကာ ဘုရားရှင် တိတ်ဆိတ်တာကို လိုးလာတော်မူတာပါ။ ကျောင်းတိုက်တွေကို တောင် အသံဆိတ်တဲ့ နေရာ ရွေးတာကို အချက်လက် တစ်ခု အနေနဲ့  ထည့်ထားတယ်။ ၀ိနယ ၊မဟာ ၀ဂ္ဂ ပါဠိ၊ ဗိမ္ဗိသာရကထာမှာ ဝေဠုဝန် ဥယျာဉ် ဂါဒင်းကို မင်းတြားကြီး ကိုယ်တော်တိုင် အသံတိတ် ဆိတ်တဲ့ အကြောင်းတစ်ရပ်မှာပါဝင်လို့  ဘုရားအမှူးရှိတဲ့ သံဃာတော်ကို ရေစက်သွန်းချပြီး ဝေဠုဝန် ကျောင်းတော် အဖြစ် လှူလိုက်ပါသကော။

စာများရှည်နေသောကြောင့် နောက်အပိုင်း( ခ ) မှာ ရေးသားပါဦးမည်။

မြတ်ရောင်နီ
(၂၀၊၀၃၊၂၀၁၀)

Read more...

မဇ္ဈိမ အစာ...

(၁)
အသေခံတပ်သား အမြောက်များနဲ့ငါ…၊
မြစ်တစ်စင်း နဲ့ လက်သီးရှိတယ်…။
လက်သီးက ဗီတိုအတွက်…၊
လာဆဲရင် ရေထဲခုန်ချလိုက်မယ်…။

(၂)
အစွန်း..ပါလို့ ပေါ့တော့တော့ ဖြစ်နေရင်...
ဆားခပ် သောက်ပေါ့…၊
မဇ္ဈိမဆား ၀ယ်လိုအားကောင်းတာ…နင်အသိသား…။

(၃)
နိဗ္ဗာန်ဆိုတာ ဘုရားဦးမတည်ပဲ…
သွားရမယ့်ခရီးလား…။
ဝက္ကလိ ကုလား…
ဘုရားဟောက် ချီးမြှောက်လို့…
ခရီးပေါက်သွားတာ နင်အသိသား…။

(၄)
စာအုပ်ရတာနဲ့ ဘုရားကိုမေ့ထားတာ...
ကျေးဇူးအထူးဆပ်တာလား...။
ခေတ်က ရှားပါးနေတာ...
အကန်းမို့ နင်မမြင်တာလား...။
စာအုပ်ကြီး တကားကားနဲ့…၊
မျက်စိနဲ့နား ခါးပ…။

(၅)
အရေးအသား တိကျပြီးသား…၊
ငရဲလို ငရဲသွားတာ…
နင့်အပူပါလား…။
နင့်သနားက ထိခိုက်များတာ…
သတိကော ထားမိလား…။

(၆)
ဘုရားပလ္လင်ထားပြီး…
လက်သီးထိုးနေကြတာ…၊
ကြည့်လို့မှကောင်းသေးရဲ့လား…။

။ ။ ။


ကိုပိန်
(၁၉.၀၃.၂၀၁၀)

ဝါး.....ဟား..ဟား
ပုဏ္ဏားက ရယ်တာ… ငွှါး…ငွှါး…ငွှါး..။
ဖျာ....အကြီးကြီး။..ခင်းပြီး။…တက်စီး။…ငှီး.ငှီး..ငှီး..။

(မှတ်စု။ ။စာအုပ်နှင့် ဘုရား၊ အဖေနှင့်သား တော်စပ်ပါကြောင်း။
စာအုပ်နား အိပ်ခြင်းထက်၊ အဖေ့နား နေခြင်းကပိုလို့ လုံခြုံပါကြောင်း။)


Read more...

THE VISITOR

Alone, I came to this world
without company.
Empty handed, nothing to show
just a breathing body.
Alone, I will leave this world
without company.
Empty handed, nothing owned
but a lifeless body.
From the cradle to the coffin
all along the way,
attachments thickly spun and
acts, endlessly played.
Here a smile and there a tear
wrapped in sensation.
Melt in love or boiled with fury
dancing to temptation.
Now it is dark and fate beckons
to bid all "adieu".
So let us part and in haste
onwards continue.
(Translated from a Myanmar general epitaphic verse printed on fans distributed to those attending a funeral).

(From Poems On Death)


မူရင်း မြန်မာ ဓမ္မသံဝေဂ ကဗျာ


လာတုံးကလဲ၊ တစ်ယောက်ထဲနော်၊
လက်တွဲခေါ်ကာ၊ ဖော်မပါဘူး၊
ဥစ္စာချည်းနှီး၊ ကိုယ်ထီးတည်း။
ပြန်သွားတော့လဲ၊ တစ်ယောက်ထဲနော်၊
လက်တွဲခေါ်ကာ၊ ဖော်မပါဘူး၊
ဥစ္စာချည်းနှီး၊ ကိုယ်ထီးတည်း။
လာပြီးတော့နား၊ မသွားသေးခင်၊
ချိန်လေးတွင်မှ၊ ၀န်းကျင်းယှက်နွယ်၊
နှောင်ကြိုးသွယ်ကြ၊ ပြုံးရယ်မဲ့ငို၊ ချစ်မုန်းပိုကြ။
မလိုဒေါသ၊ လိုလောဘနှင့်၊
ဘ၀ရိပ်မြုံ၊ ကကြိုးစုံခဲ့၊
ကံကုန်မိုးချုပ်၊ လက်တွဲဖြုတ်ကာ၊
သုတ်သုတ်ဆောလျင်၊ ခရီးနှင်သည်၊
တို့ လျင် ဧည့်သည်ပါတကား။

Read more...

(၁) ဇနကဇာတ်

ဇာတ်ကြီးဆယ်ဘွဲ့တွင် ပါဝင်သော ဇနကဇာတ်ကို ပန်းချီဆရာကြီး ဦးစန်းလှိုင်-က သရုပ်ဖော်ရေးဆွဲထားသည်။ ဇနကဇာတ်အကျဉ်းကို တင်ပြအပ်ပါသည်။

ရှေးသရောအခါ ၀ိဒေဟရာဇ်တိုင်း မိထိလာပြည်တွင် မဟာဇနကမင်းကြီး နန်းစံသည်။ ထိုမင်းကြီး နတ်ရွာစံလျှင် သားတော်ကြီး အရိဋ္ဌဇနက မင်းပြု၍ သားတော်ငယ် ပေါလဇနကကို အိမ်ရှေ့အရာ ပေးသည်။

ထိုသို့ပြုရာမှ နောင်တော်မင်းသည် သူတပါးကုန်းချောမှုကြောင့် ညီတော်ကို မယုံကြည်၍ ဖမ်းဆီးရာမှ ညီနောင်နှစ်ဦး စစ်ပြိုင်ကြသည်။ နောင်တော် စစ်ရှုံး၍ စစ်ပွဲ၌ ကျဆုံးသွားသည်။ မိဖုရားကြီးလည်း ကိုယ်ဝန်အရင့်အမာရှိနေရာ သူဆင်းရဲအသွင်ဆောင်၍ ထွက်ပြေးတိမ်းရှောင်သွားရသည်။

မိဖုရားကြီးသည် ကာလစမ္ပာနဂိုရ်ပြည်သို့ ရောက်သွားသည်။ ဒိသာပါမောက္ခ ဆရာကြီးက ပြုစုစောင့်ရှောက်ထားသည်။ အချိန်ရောက်သော် ဘုရားလောင်း သားတော်ကို ဖွားမြင်သည်။ မဟာဇနက-ဟု အမည်ပေးသည်။

မဟာဇနကမင်းသား အရွယ်ရောက်လျှင် ခမည်းတော်၏ မိထိလာပြည်ကို ပြန်သိမ်းနိုင်ရန် ဥစ္စာများ စုဆောင်းသည်။ ဥစ္စာများရရန် သင်္ဘောဖြင့် ကုန်ကူးထွက်သည်။ ပင်လယ်ခရီးလမ်းတွင် လေပြင်းကျကာ သင်္ဘောနစ်သည်။ မင်းသားလည်း ဇွဲလုံ့လ မလျှော့။ အနိုင်မခံ အရှုံးမပေး။ ပင်လယ်တွင် ကူးခတ်သည်။ ပင်လယ်စောင့် မဏိမေခလာ နတ်သမီးက လျစ်လျူရှု၍ မထားနိုင်။ မင်းသားကို ဆယ်တင်၍ မိထိလာပြည်သို့ ပို့ဆောင်ကာ ကျောက်ဖျာထက်၌ တင်ထားခဲ့သည်။

ထိုအချိန်တွင် ပေါလဇနကမင်းကြီး နတ်ရွာစံသွားသည်မှာ ၇-ရက်ရှိပြီ ဖြစ်သည်။ သားတော် မရှိ၊ သမီးတော် သီဝလိဒေ၀ီ တပါးသာ ကျန်ရစ်သည်။ ထို့ကြောင့် မင်းလောင်းရှာရန် ဖုတ်သွင်းရထား စေလွှတ်ထားသည်။ ရထားသည် ဇနကမင်းသား အိပ်စက်ရာ ကျောက်ဖျာ၌ ဆိုက်၍ မင်းသားကို နန်းတော်သို့ ခေါ်ဆောင်သွားသည်။

ဇနကမင်းသားလည်း ရာဇပလ္လင်၏ ဦးခေါင်းဘက်ကို ပြနိုင်ခြင်း၊ လေးတော် တင်နိုင်ခြင်း၊ ရွှေအိုး ၁၆-လုံးကို ဖော်ပေးနိုင်ခြင်းဖြင့် အစွမ်းပြခဲ့သည်။ အားလုံးပင် မင်းသားကို ဘုန်းရှင်၊ ကံရှင်မှန်း သိကာ နန်းတင်ကြသည်။

မဟာဇနကမင်းသည် မင်းပြုနေရာမှ တနေ့သော် သရက်ဥယျာဉ်သို့ ထွက်စဉ် သံဝေဂရသွားသည်။ နန်းစည်းစိမ်ကို မပျော်ပိုက်တော့ဘဲ တောထွက်ရန် ဆုံးဖြတ်လိုက်သည်။ နန်းတော်အထက် ပြာသာဒ်၌ ရဟန်းပြုပြီးလျှင် တောသို့ ထွက်ကြွသွားသည်။ မိဖုရားနှင့် အခြွေအရံများသည် တောသို့လိုက်၍ တောင်းပန်ကြသော်လည်း ဘုရားလောင်း မဟာဇနကမင်းက လက်မခံ။ နန်းတော်သို့ ပြန်မကြွ။ တော၌သာပင် တရားအားထုတ်နေထိုင်လေသည်။
အကိုး။ ။ ၅၅၀-ဇနကဇာတ်။

(မင်းယုဝေ)
(မြတ်မင်္ဂလာ ၂၀၀၄-ခု နိုဝင်ဘာလ)


Read more...

ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)


ကျွန်တော်အလုပ်လေးနဲနဲရှုပ်နေလို့ပါ။ကျွန်တော့ဘလော့ဂ်မှတရားများကိုဒေါင်းလုဒ်လုပ်ချင်ပါက
ဒီပုံလေးပေါ်နေလို့ရှိရင် right click နှိပ်၍ save link as ကိုနှိပ်၍ မိမိကြိုက်နှစ်သက်ရာ folder ကိုရွေး၍ save နှိပ်ပြီးဒေါင်းနိုင်ပါသည်။ ဒီပုံလေးမပေါ်ရင်တော့ link ကိုနှိပ်၍ download လုပ်နိုင်ပါသည်။
တစ်ခါတည်းဒေါင်းလို့မရတာကတော့ကျွန်တော်ကကျွန်တော့ဘလော့လာရောက်သူ သူငယ်ချင်းများအတွက်ပါ။ အချို့သောသူများမှာ ဒေါင်းချင်ကြပြီး အချို့သောသူများမှာ online playing ဘဲလုပ်ချင်ကြပါတယ် အဲဒါကြောင့် playlist နှင့်လုပ်ထားတဲ့အတွက်တစ်ခါတည်းဒေါင်းလို့မရတာတောင်းပန်အပ်ပါသည်။
ကျေးဇူးတင်ချင်းများစွာဖြင့်
ဇမ္ဗူသီရိ
0 comments
ကစ်စာနီသုတ်.
ကြည့်စား.
ကြည့်တတ်မှမြင်မယ်.
ကံဖြတ်ကြစို့
ကဠာယမုဌိဇာတ်
ကိုယ့်အလုပ်ကိုယ်လုပ်ကြရန်
ကိုယ့်အကြိုက်မကိုက်ကြနဲ့
ကိုယ့်ကိုကိုယ်ထိန်းသိမ်းစောင့်ရှောက်နေနည်း
ကံဖြတ်ကြစို့
ကံလေးမျိုး
ကံကြောင့်နာမ်ရုပ
ကူးတတ်မှလွတ်မယ်
ကျီးမိုက်နဲ့ကြီးမိုက်
ချိန်တန်ပြီ
ချမ်းသာရေး
ဂဝေသီသုတ်
ငြိမ်းအေးကြောင်း
စင်ကြယ်အောင်လုပ်
စိတ်နဲ့ကိုယ်နဲ့ကပ်
ဆုံးမလွယ်သူ
ညီညွတ်ကြစို့
တန်ဖိုး.
တရားခံဘယ်သူလဲ
တူသောအကျိုးပေးမည်.
နှုတ်ဆက်ကြပါစို့
တွယ်မထားနဲ့(၁)
တွယ်မထားနဲ့(၂)
တွယ်မထားနဲ့(၃)
ဒယ်အိုးမရောက်စေနဲ့(၁)
ဒယ်အိုးမရောက်စေနဲ့(၂)
ဒယ်အိုးမရောက်စေနဲ့(၃)
ဒွန်းစဏ္ဍားမဖြစ်စေ(၁)
ဒွန်းစဏ္ဍားမဖြစ်စေ(၂)
နိဒါန်းတရား
ပြင်မှကောင်းမယ်[၁]
ပြင်မှကောင်းမယ်[၂]
ပြည့်စုံခြင်း
ပိုင်ရှင်
ပွား⁄စီးရေး
ပွားစီးကြောင်း
ဗုဒ္ဓဘာသာ(၁)
ဗုဒ္ဓဘာသာ(၂)
ဗုဒ္ဓဘာသာ(၃)
ဗုဒ္ဓဘာသာ(၄)
ဗုဒ္ဓဘာသာ(၅)
ဘယ်သွားမလဲ
ဘရဘေရဝသုတ်[၁]
ဘရဘေရဝသုတ်[၂]
မြက်ခင်းစိမ်းလေး
မငြိစေနဲ့
မဆုံသောလမ်း
မိတ်ဆွေကောင်း
မီရုံလေး
မလှည့်စားပါနဲ့
မာဂဏ်ဏိယသုတ်[၁]
မာဂဏ်ဏိယသုတ်[၂]
မာဂဏ်ဏိယသုတ်[၃]
မာဂဏ်ဏိယသုတ်[၄]
မာဂဏ်ဏိယသုတ်[၅]
မာရသုတ်(၁)
မာရသုတ်(၂)
မိုက်ဇာတ်သိမ်းကြစို့
မနှောင်းစေနဲ့
မမေ့နဲ့
မမေ့နဲ့ဘာမှမစွဲနဲ့
မသေအောင်စား
ယခုလုပ
ယမကသုတ်[၁]
ယမကသုတ်[၂]
ယမမင်းစစ်ခန်း
ယုံကြည်သလား
လူစိတ်ပေါက်ပြီလား
လမ်းလျှောက်ရင်းလမ်းမပျောက်စေနဲ့
လုပ်ချင်တာမလုပ်ကြ နဲ့
လုပ်သင့်တာလုပ်ကြရန်
လွတ်အောင်လွတ်
ဝက်ကလိ
ဝိဇာတပူဇာ
ဝိဇာဥာဏ်လမ်းလျှောက်ကြရန်
ဝန်တိုရဲလား
ဝါဒရှင်းခန်း(၁)
ဝါဒရှင်းခန်း(၂)
ဝါဒရှင်းခန်း(၃)
ဝါဒရှင်းခန်း(၄)
ဝါဒရှင်းခန်း(၅)
သက်ဆိုးရှည်ဇာတ်သိမ်းကြစို့
သစ္စာမိုး[၁]
သစ္စာမိုး[၂]
သန့်စင်ရေး
သရဏဂုံတည်သူ
သံသရာဆိုတာ(၁)
သံသရာဆိုတာ(၂)
သံသရဆိုတာ(၃)
သာဝကနှင်.ပါရမီရင်းတမ်း

Read more...

ပတ်ဝန်းကျင်က မြတ်ဓမ္မ

သတိမမူ ဂူမမြင်
တစ်နေ့ စာရေးသူတို့ကျောင်းမှာ ကောင်းမှုပွဲကြီး တစ်ခုရှိပါတယ်။ ကောင်းမှုပွဲကတော့ ဇနီးမောင်နှံဖြစ်တော့မဲ့သူများရဲ့ မင်္ဂလာဦး အလှူပါပဲ။ ဒါကို စာရေးသူတို့အရပ်က မင်္ဂလာဆွမ်း လို့ ခေါ်ဝေါ်ကြပါတယ်။ ဒီလိုကောင်းမှုပွဲမျိုး မကြာမကြာ လုပ်နေကျမို့ စာရေးသူတို့အမြင်မှာ တော့ မဆန်းတော့ပါ။ မင်္ဂလာဆွမ်းပွဲများဟာ ၀ါတွင်းကာလမှာ လုပ်လေ့မရှိပါ။ ၀ါပကာလ ပွင့်လင်းရာသီရောက်လာပြီဆိုရင်တော့ မင်္ဂလာဆွမ်း ကျွေးချင်သူတွေ တန်းစီနေပါတော့တယ်။ ငွေကြေးမတတ်နိုင်တဲ့သူများက ငွေကုန်ကြေးကျ သက်သာအောင် ဘုန်းတော်ကြီးကျောင်းမှာပဲ မင်္ဂလာဦးဆွမ်းကျွေးပြီး ကိစ္စပြီးသွားပါတယ်။ ငွေကြေးတတ်နိုင် သူအချို့ကတော့ ဦးဦးဖျားဖျား ကျောင်းမှာ ကျင်းပကြပြီး မြို့ထဲကမင်္ဂလာခမ်းမ တွေမှာ လက်ထပ်ပွဲကျင်းပကြတာ လဲရှိပါတယ်။ ဒါဟာခေတ် ကာလအရ ပြောင်းလဲလာတာ ဖြစ်မှာပါ။

‘သတိမမူ ဂူမမြင်’ ဆိုတဲ့စကားပုံအတိုင်း သတိမထားရင် အရာရာအမှားပါတာက များပါတယ်။ သတိမထားရင် အမှားတွေပြောမိ၊ အမှားတွေလုပ်ကိုင်မိ၊ အမှားတွေ တွေးကြံမိတတ်ကြပါတယ်။
ထိုအမှားများအနက် ပြင်လို့ရတဲ့အမှားဆိုရင် တော်ပါသေးရဲ့၊ ပြင်လို့မရနိုင်တော့တဲ့အမှားဆိုရင်တော့ ထိုအမှားပြုမိသူအတွက် ဘ၀မှာ ဆုံးရှုံးနစ်နာလွန်းလှပါတယ်။
စာရေးသူတို့မြို့မှ အချို့ဘုန်းတော်ကြီးကျောင်းများမှာ ကျောင်းဝင်းတွင်းသာမက ကျောင်းဆောင်အတွင်းပါမကျန် ဖိနပ်စီးခွင့်ပေးထား တယ်ဆိုတဲ့ အကြောင်း တဆင့်စကား ကြားသိခဲ့ရပါတယ်။ ဒါကြောင့်ထင်ပါတယ်။ စာရေးသူတို့ကျောင်းမှလဲ ကောင်းမှုပွဲကြီးတွေဆိုရင် တစ်ချို့လူအများ ဆွမ်းစားဆောင်အတွင်း ဖိနပ်စီးဝင်နေကြတာ တွေ့မြင်လိုက်ရပါတယ်။ အခြားကျောင်းမှာ ဖိနပ်စီးခွင့်ပေးထားလို့ ဒီကျောင်းမှာလဲစီးလို့ရတယ်ဆိုတဲ့သဘောလားမသိ၊ မြင်ရရုံနဲ့ပင် သူတို့အစား ကျောချမ်းလှပါတယ်။
တကယ်တွေးကြည့်တော့ ထိုသူများအပြစ်တော့ မဟုတ်ပါ။ ဘုန်းတော်ကြီးကျောင်းများရှိ တာဝန်ရှိပုဂ္ဂိုလ်များရဲ့ တာဝန်ပါ။ ထိုသူများက ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် စီးခွင့်မပေးဘူးဆိုရင် ဒီလိုအခြေအနေမျိုးဖြစ်လာမှာမဟုတ်ပါဘူး။
ဘုရားရှင်လက်ထက်က ကျောင်းဝင်းအတွင်း ဖိနပ်မစီးရဆိုတာ လူတွေနဲ့ မဆိုင်ပါဘူး။ ရဟန်းတွေနဲ့သာဆိုင်ပါတယ်။ သံဃိကကျောင်းမှာ ရဟန်းက ရေစိုတဲ့ခြေထောက်နဲ့ ကျောင်းပေါ်တက်လို့ ခြေရာထင်တယ်ဆိုရင် အပြစ်ရှိတယ်။ လူသာမန်တို့မှာ ဆိုဖွယ်ရာမရှိတော့။
ဘုရားရှင်လက်ထက်က ရာဇဂြိုဟ်ပြည့်ရှင် ဘုရင် ဗိမ္ဗိသာရမင်းဟာ စေတီရင်ပြင်ပေါ် ဖိနပ်နဲ့တက်ပါတယ်။ သို့မဟုတ် မွန်မြတ်စွာခင်းကျင်းထားတဲ့ အခင်းတွေအပေါ် ပေရေနေတဲ့ခြေထောက်နဲ့တက်မိလို့ ခြေဖ၀ါး ဓါးခွဲခံရတာပါ။ အဓိကကတော့ ကျောင်းဝင်း အတွင်း ဖိနပ်စီးတာ၊ မစီးတာအဓိကမဟုတ်ပါ။ ကျောင်းဝင်းအတွင်းဝင်တယ်ဆိုရင် ကျောင်းပေါ်တက်တဲ့အခါ ပေမှာစိုးတဲ့စိတ်နဲ့ ရိုသေလေးစားသောအားဖြင့် ကျောင်းဝင်းအတွင်းဖိနပ်စီးတာ စီးကောင်းပါတယ်။ တစ်ခုရှိတာက ကျောင်းဝင်းအတွင်း ဖိနပ်မစီးပဲ ၀င်လာပြီး ကျောင်းပေါ်တက်တဲ့ အခါ ခြေမသုတ်ဘဲ ပေနေတဲ့ခြေထောက်နဲ့တက်ရင်တော့ အပြစ်ကြီးလှတယ်ဆိုတာပါပဲ။
ပြောချင်တာကတော့ ကျောင်းဆောင်တွင်းမှာ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ဖိနပ်လုံးဝစီးခွင့်မပေးရင် အကောင်းဆုံးပါဆိုတာပြောရင်း ဒီလိုအဖြစ်မျိုးမဖြစ်ရလေအောင် သတိထားရှောင်ရှားဖို့ ပြောလိုက်ပါရစေ…..။


Read more...

မြင်ချင်သေးတယ်...



ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ မိုးကုတ်ဓမ္မကထိက

မြင်ချင်သေးတယ်...

video




တရားနာပြီး တရားအတိုင်း ကျင့်ကြံနိုင်ကြပါစေ

Read more...

ရှုမှတ်လျှင် တဏှာဖြစ်သလား... (အရှင်နာရဒ - ဟိုပင်)











Read more...

ဘယ့်နှယ်ပါလိမ့်

ကဲ… ဘာတတ်နိုင်သေးလဲ။ စာရေးမလို့ လုပ်တော့ မီးက ပျက်သွားပြန်တယ်။ ပုံသေ လောကဓံ တစ်ခုဆိုတော့လည်း စိတ်ညစ်စရာတော့ မလို။ ဆောင်းကိုလွန်ပြီး နွေဘက်ကိုလည်း တဖြည်းဖြည်းနဲ့  ယွန်းစပြုလာပြန်ပါပြီ။ မနှစ်ကလောက်တော့ ခံစားရမှု သိပ်မရှိတော့ပါဘူး။ နေသားက ကျလာပြီကိုး။

ဘလော့စာတွေလည်း အခုတလော ကြုံရာ လိုက်ဖတ်ဖြစ်ခဲ့မိတယ်။ အားလုံးကတော့ မိမိအတွက် အကောင်းတွေချည်းသာ။ သိစရာ တွေလည်း များလှပါလားလို့  ကိုယ့်ဟာကိုယ်လည်း လိုက်ဖတ်နေရင်း တွေးဖြစ်ခဲ့တယ်။ ဆရာဓမ္မဂင်္ဂါကတော့ ဘလော့ရေးရတာ အဲဒါ အမြတ်ပဲတဲ့။ စာလည်း လိုက်ဖတ်ဖြစ်တယ်။ သိတာလေးတွေလည်း ပြန်ရေးဖြစ်ပြန်သတဲ့။ လုပ်ရမှာက ယူသင့်တာနဲ့ ၊ စွန့် သင့်တာ နှစ်ခုကို ကောင်းကောင်းနားလည်ဖို့ ။

နေရတဲ့ အခိုက်အတန့် လေးမှာတော့ အလုပ်နဲ့  လက် မပြတ်အောင် အတွေးကောင်း တစ်ခုခု နဲ့ တော့ လှုပ်ရှားကြရမှာပဲ။ နေရာတစ်ခုမှာ ကိုယ့်နာမည်ကို တစ်စုံတစ်ယောက်က ခေါ်လိုက်တာနဲ့  ပရအတွက် ဒီလူ ဘာတွေလုပ်နိုင်ခဲ့တယ်ဆိုတဲ့ ၀ိသေသန လေးတော့ ပိုင်ဆိုင်နိုင်အောင် ကြိုးစားကြရမယ်။

လူတစ်ယောက်အတွက် အကျင့်ဆိုတာ အလွန်အရေး ပါတာပါ။ ဘာပဲလုပ်နေ လုပ်နေ အကျင့်ဆိုတာလေးနဲ့ ပဲ နှစ်ပါးသွားနေကြရတယ်။ လူတစ်ယောက်ဟာ အလုပ်မလုပ်ဘူး၊ ရေသာခိုတဲ့ စိတ်နဲ့ ပဲနေတယ်ဆိုရင် အဲဒီလူဟာ ပျင်းတဲ့ အကျင့်၊ အချောင်ခိုတတ်တဲ့ အကျင့်ရှိနေလို့ ပေါ့။ အလုပ်နဲ့ လက်မပြတ် လှုပ်ရှားနေချင်တဲ့သူ၊ ၀ီရိယတွေ အင်မတန် အားကောင်းနေတဲ့သူဆိုရင်လည်း အဲဒီလူဟာ အလုပ်လုပ်ချင်တဲ့အကျင့်၊ ကြိုးစားအားထုတ်ချင်တဲ့ အကျင့်ကို မွေးမြူနိုင်ခဲ့လို့ ပါပဲ။ ကျန်တာတွေလည်း ရှေးနည်းတူသာ။ ပြောပြရရင်တော့ အများကြီးပေါ့။

ကိုယ့်မှာ ဘာအကျင့်ရှိနေလဲဆိုတာ အားမနာတမ်း ပြန်စစ်ကြည့်ရမှာပ။ မိမိရော၊ သူတစ်ပါးပါ အသုံးဝင်တန်ဖိုး ရှိတဲ့ အကျင့်လား၊ တန်ဖိုးမဲ့တဲ့ အကျင့်လားဆိုတာ။ မကောင်းတဲ့ အကျင့်ဆိုရင်တော့ မြန်မြန် ၀ဲပစ်နိုင်ဖို့ ချည်းသာ။ ကောင်းတဲ့အကျင့် ဆိုရင်လည်း ရေရှည် ဆက်လက်ရှင်သန်နိုင်ဖို့ ။ မိတ်ဆွေတစ်ယောက်အဖြစ် မိမိအနားမှာ အမြဲခေါ်ထားနိုင်ဖို့ ပါပဲ။

စာရေးနေရင်း အတွေး တစ်ခုပေါ်လာပြန်တယ်။ တွေးလိုက်မိတိုင်း သူတစ်ပါးအတွက် ထည့်ထည့်တွေး ပေးတတ်တဲ့ အကျင့် လူတိုင်းမှာရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ ဆိုတာရယ်။ ကိုယ်ကျိုးငဲ့တတ်တဲ့ လူဆိုတာ ထမင်းထုပ်ထမ်းပြီး လိုက်ရှာတာတောင် မတွေ့ နိုင်တဲ့ အဖြစ်သနစ်မျိုး ဆိုတာရယ်ပါ။ တွေးကြည့်မိတာလေးပါ။

ကဲ….ရှင်လေးမော်….. ။ ကိုယ့်ဟာကိုလည်း ပြန်မေးကြည့်ပါအုံး။ ကောင်းတဲ့ အကျင့်ရယ်၊ မကောင်းတဲ့ အကျင့်ရယ် ဘယ်ဟာများလဲလို့ ။

“မရှိဘူး” “မရှိဘူး”

ရှင်လေးမော်မှာ မကောင်းတဲ့ အကျင့်၊ သူတပါးကို နဲနဲလေးမှ ဒုက္ခပေးတတ်တဲ့ အကျင့် ဘာမှမရှိဘူးဆိုတဲ့ ငြင်းဆိုမှု အဖြေလေးနဲ့ အတူ၊ “ငါ” မကောင်းမှုဆိုတာ ဘာကိုမှ မလုပ်ဖူးဘူး၊ ဒါပေမယ့် လိမ်တတ်တဲ့ အကျင့်လေးတော့ ရှိတယ်ဆိုတဲ့ ကြားဖူးထားတာလေးကိုပါ သတိရမိပါတော့တယ်။

Read more...

ကျွန်တော်တို့ရဲ့ ကံတွေကပဲ ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ဖန်တီးတာပါ။ ဂျက် လီ

ဂျက် လီဟာ အာရှတိုက်မှာ လူသိအများဆုံး သိုင်း (ကိုယ်ခံပညာ) ရုပ်ရှင်မင်းသားဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဟောလိဝုဒ်မှာ ရေပန်းစားမှုကလည်း တိုးပွားလို့လာနေပါတယ်။ သူ့ရဲ့ ဒီကိုယ်ရေးအကျဉ်းချုပ်မှာတော့ ဗုဒ္ဓဘာသာ အပေါ်မှာ သူ့ရဲ့စိတ်ဝင်စားမှုနှင့် အများ အကျိုးအတွက် ဗုဒ္ဓဘာသာတရားတော်ရဲ့ တန်ဖိုးတွေကို ထွန်းကားအောင်လုပ်နေတဲ့ သူ့ရဲ့တာဝန်ကို မျှဝေထားပါတယ်။

၁၉၉၇ ခုနှစ်မှာ ရုပ်ရှင်ရိုက်တာကနေ အနားယူဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ချက်ကတော့ ကျွန်တော် အရမ်းကို ပင်ပန်းလို့ပါ။ စဉ်းစားကြည့်ပါဦး။ ရှစ်နှစ်သား အရွယ်က စပြီးတော့ဗျာ၊ ဝူးရှူးကို တစ်နေ့ကို ရှစ်နာရီ နှုန်းနှင့် ဆယ်နှစ်ကြာ လေ့ကျင့်ခဲ့ရတယ်။ အဲဒီနောက် ရုပ်ရှင်ကားတွေ စရိုက်တာပဲ။ ပြီးတော့လဲ အားလုံးက အတူတူလိုပါပဲ။ နောက်ပြီး သတင်းထောက်တွေနှင့် စကားပြောတိုင်း ဓာတ်ပုံရိုက်ဖို့ ကိုယ်ဟန်ပြ ပေးဖို့ရာ အမြဲပဲ ချော့မော့ ပြောကြတော့တာပဲ။ ဒါပေမဲ့လဲ ထင်ပေါ်ကျော်ကြားတော့ လာတာပေါ့။ ဝင်ငွေကောင်း ကောင်းရတယ်။ ထိခိုက်ဒဏ်ရာရမှု ကြီးကြီးမားမားတော့လဲ ရှိတာပေါ့။


နှစ်တွေက ကုန်လွန်ခဲ့ပါပြီ။ အရွယ်အသီးသီးဟာ သူ့နည်းသူ့ဟန်နှင့်တော့ တွေးခေါ်နိုင်စွမ်းရှိတာပါပဲ။ ဒီတော့လဲ ဟိုဟိုဒီဒီ ဆုံးဖြတ်ချက်တွေ ချမိတာပါပဲ။ ရိုးရိုးသားသားပြောရရင် ပိုကျော်ကြားအောင် ဒါမှမဟုတ် အာဏာ ပိုရှိအောင်လုပ်ရတာကို ကျွန်တော် စိတ်မဝင်စာခဲ့ဘူးဗျ။ မေမေ့အတွက်၊ ကျွန်တော့မိသားစုနှင့် ကျွန်တော့ ကလေးတွေအတွက် မျှမျှတတရှိဖို့၊ သူတို့ကိုထောက်ပံ့ပေးဖို့ လုံလောက်ပါပြီ။ ကျွန်တော် အနားယူဖို့ ဆုံးဖြတ်ချက် ချလိုက်ပါပြီ။


ဒီအချိန်မှာပေါ့ဗျာ ... လို ကုန်စန် ရင်ပိုချီ (Lho Kunsang Rinpoche) ကို တွေ့ပါတယ်။ သူက တိဗက်ဗုဒ္ဓ ဘာသာရဲ့ ဘာသာရေးဆရာကြီးပေါ့။ ဘာလို့အနားယူတော့မှာလဲလို့ သူက ကျွန်တော့ကို မေးပါတယ်။ “ဗုဒ္ဓတရားတော်ကို လေ့လာဖို့နှင့် ဘာသာတရား ကိုင်းရှိင်းတဲ့ ဘဝနှင့် နေထိုင်ဖို့ပါဘုရား” လို့ လျှောက်ထား လိုက်တယ်။


“မင်းအနားယူလို့ မရဘူး၊ မရသေးပါဘူး” လို့ ရင်ပိုချီက မိန့်ပါတယ်။


အခုတော့ဗျာ ... ကျွန်တော့ရဲ့ အသက်မွေးမှုလုပ်ငန်းစဉ်မှာ ပညာသုတ ကြီးမားကြွယ်ဝတော်မူကြတဲ့ ဆရာသမားတွေကို တွေ့ထားရပါပြီ။ ပြီးတော့လဲ ကျွန်တော့ရဲ့ ကံကြမ္မာဟာ ဗုဒ္ဓဘာသာနှင့် ဆက်စပ် နေတယ်လို့ သူတို့တွေအားလုံးက မိန့်ကြတယ်ဗျ။ ရှောင်လင်ကျောင်းတော် (Shaolin Temple) ရုပ်ရှင်ကား ရိုက်နေစဉ်ကတောင်မှလေ၊ ကျွန်တော့်ရဲ့ ဇာတ်ကောင်စရိုက်အတွက် ဘာသာရေး ထုံးတမ်း ဓလေ့တွေကို ကျွန်တော်လေ့လာနေစဉ်ပေါ့ဗျာ၊ ကျောင်းကလူတွေက “ခင်ဗျား ဘုန်းကြီးလုပ်သင့်ပြီ” လို့တောင် ကျွန်တော့ကို ပြောကြတယ်လေ။ (ဒီတော့ ဒါရိုက်တာက “ဟင့်အင်း၊ စောင့်ပါဦး၊ မလုပ်သေးပါနဲ့ဦး၊ ဇာတ်ကား ပြီးအောင်ရိုက်ဖို့ ရှိသေးတယ်လေ” လို့ ပြောရသေးတယ်)။


ဒါပေမဲ့လဲ ငါဟာ ဗုဒ္ဓဘာသာကျင့်စဉ်လမ်းကို အမှန်တကယ် ရှာဖွေရမှာပဲလို့ အချိန်ကြာမြင့်စွာကို ကျွန်တော်ကလည်း ခံစားနေခဲ့ရပါပြီ။ ကျွန်တော် ရင်ပိုချီကို လျှောက်ထားမိတယ်။ “တခြားလူတွေအားလုံးက တော့ ဘုန်းကြီးဖြစ်လာဖို့၊ သို့မဟုတ် လောကီဘောင်ကို စွန့်ခွါပြီး ပိဋကတ်ကျန်းဂန်တွေလေ့လာဖို့ တပည့် တော်ကို တိုက်တွန်းနေကြပါပြီ။ ဒါပေမဲ့ အားလုံးရဲ့အရှင် ဆရာသခင်ကတော့ “အလုပ်ဆီကို ပြန်ပါ” လို့ မိန့်နေတာပါ။”


“ဒီတစ်သက်တာမှာ မင်းရဲ့တာဝန်က မပြီးသေးဘူး” လို့ ဆရာက မိန့်ပါတယ်။


ကျွန်တော်က မေးလိုက်တယ်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တပည့်တော် ရခဲ့တာတွေ၊ ပေးနိုင်စွမ်း ရှိခဲ့ပြီးတာတွေနှင့် တပည့်တော် ကျေနပ်တင်းတိမ်ပါပြီ။ တပည့်တော်ရဲ့ အသက်မွေးမှုလုပ်ငန်း၊ တပည့် တော်ရဲ့ ကျော်ကြားမှု၊ တပည့်တော်ရဲ့မိသားစုနှင့် တပည့်တော် ကျေနပ်ပါပြီ။ လုပ်ဖို့ ကြံစည်ထားတာတွေ အားလုံး ပြီးမြောက်ပြီးပါပြီဘုရား။”


“မင်းရဲ့တာဝန်ဆိုတာ တစ်ဦးတစ်ယောက်ကိုအကြွေးတင်တာမျိုး မဟုတ်ပါဘူးကွာ။ မင်းမှာ ပိုပြီးကြီးမားတဲ့ တာဝန်ကြီး ရှိနေသေးတာကို ပြောတာပါ။”


“ကောင်းပါပြီ၊ အဲဒါ ဘာလဲဆိုတာ မိန့်ပါ။ အဲဒါ ဘာလဲဆိုတာ သိရရင် ဒီတာဝန်ကိုယူဖို့ တပည့်တော် သဘော တူချင်မှတူမယ်။ ငြင်းပယ်ကောင်း ငြင်းပယ်ပါမယ်” လို့ ပြန်လျှောက်လိုက်တယ်။

“မင်းကို ထုပ်ပြောလို့ မဖြစ်ပါဘူးကွာ။ အတွေ့အကြုံကတဆင့် မင်းဖာသာမင်း သဘောပေါက်လာပါလိမ့်မယ်”လို့ သူက ဖြေတယ်လေ။


“ကောင်းပါပြီ။ ဆရာက ဒီလိုဆိုရင် အဲဒါကို တပည့်တော် ရှာဖွေပါ့မယ်” လို့ သံသယနှင့်ပဲ လျှောက်လိုက် ပါတယ်။ သူဘာတွေပြောနေတယ်ဆိုတာ ကျွန်တော် မသိဘူး။


ဒါပေမယ်လို့ တချိန်တည်းမှာလေ၊ ရုပ်ရှင်ကားတွေ ဆက်ရိုက်နေဖြစ်တယ်ဗျ။ ကျွန်တော် Lethal Weapon 4 ကို ရိုက်တယ်။ ဒိနောက်တော့ တစ်နှစ် နှစ်နှစ်လောက် ဒီတာဝန်ဆိုတာကြီးက ဘာကြီးများဖြစ်လေမလဲလို့ နားလည်လာသည်တိုင်အောင် ကြိုးစားရင်း အချိန်တွေ အများကြီးကုန်ခဲ့ပါတယ်။


အမေရိကမှာရှိနေတဲ့ ကျွန်တော့ထံ ရင်ပိုချီ အလည်လာတဲ့အချိန်မတိုင်မီ သူဆိုလိုတာကို အရိပ်အမြွက် တော့ သိရပြီလို့ ကျွန်တော် စပြီးခံစားလာရပြီ။ ကျွန်တော်လုပ်ရမည့် အရာနှင့်ပတ်သက်လို့ သဲလွန်စ အများ အပြားကို ကျွန်တော် တွေ့ထားပြီးပြီ။ အဲဒါက ရုပ်ရှင်ကားတွေရိုက်ဖို့ရာ ကျွန်တော့် စိတ်ရင်းစေတနာနှင့် ဆက်စပ် ပတ်သက်နေတယ်လေ။


ခက်ခဲပင်ပန်းလှပြီး ဒဏ်ရာရဖို့ အန္တရာယ်အမြဲရှိနေတဲ့ ဒီအသက်မွေးဝမ်းကျောင်းအလုပ်ကို ဆက်လုပ်ဖို့ ဘယ်လို အကြောင်းတရားမျိုးကများ င့ါကို လှုံ့ဆော်ပေးနေပါလိမ့်မလဲ။ ရှေ့မှာ ကျွန်တော်ပြောခဲ့တဲ့ အတိုင်းပဲ ကျွန်တော်က ငွေကိုပဲဖြစ်ဖြစ်၊ ကျော်ကြားမှုကိုပဲဖြစ်ဖြစ် ထပ်ပြီး မမက်မော မကပ်ငြိတော့တဲ့ လူမျိုးလေ။ ကျွန်တော့မိသားစုကို စောင့်ရှောက်ထောက်ပံ့ဖို့ ငွေလုံလုံလောက်လောက်ရအောင် အချိန် အကြာကြီး ကျွန် တော် ရှာခဲ့ပြီးပြီပဲဗျာ။


ပြီးတော့လဲလေ ကျွန်တော်တို့တွေ သိကြတဲ့အတိုင်းပါပဲ၊ ကျော်ကြားမှုဆိုတာဗျာ တဒင်္ဂ တစ်ခဏပါပဲ။ သမိုင်းတစ်လျှောက်မှာ ထင်ပေါ်ကျောင်ကြားတဲ့သူ ဘယ်နှစ်ယောက်များ ရှိလို့လဲဗျာ။ ဟောလိဝုဒ် တစ်နေရာတည်းမှာပဲ ရုပ်ရှင်မင်းသား ဘယ်နှစ်ယောက်ရှိလဲ။ အဲဒီထဲက ဘယ်နှစ်ယောက် မှတ်ဉာဏ်ထဲက လျော့ပါးပျောက်ကွယ်သွားပြီလဲ။


အချိန်က အရာရာတိုင်းကို တိုက်စားသွားပါတယ်။ ဆယ်ကျော်သက်တွေဟာ ပြီးခဲ့တဲ့ မျိုးဆက်က ရုပ်ရှင်သရုပ်ဆောင်တွေကိုတောင် သိကြတော့တာမှ မဟုတ်တာ။ ဂုဏ်သတင်းကြီးမှုရဲ့ သွေးဆောင် လှည့်ဖြားမှုကို ကောင်းကောင်းကြီး သဘောပေါက်ရင် ခင်များကို အဓမ္မကြီးမောင်းနှင်နေတဲ့ အဲဒီ လည့်ဖြားမှုကို မောင်းနှင်ခွင့် မပေးဘူးဆိုတာ သေချာပါတယ်။ နောက်ဆုံးမှာတော့ အဲဒီတာဝန်ကြီးကို ကျွန်တော် မနှစ်က သဘောပေါက်နားလည်လာတယ်ဗျ။ ကျွန်တော့မှာ ဗုဒ္ဓဘာသာကို အနောက်ကမ္ဘာကို ကူညီ မိတ်ဆက်ပေးဖို့ တာဝန်တစ်ရပ် ရှိတယ်လေ။ အစဉ်အလာနည်းလမ်းနှင့်လဲ မဟုတ်သလို အစဉ်အလာ ဆက်သွယ်ရေးနည်း နှင့်လဲ မဟုတ်ဘူးလေ။


ဗုဒ္ဓဘာသာမှာ အဓိကကျတဲ့ အယူအဆကြီးတွေ အများကြီး ရှိပါတယ်။ အခုလောလောဆယ်တော့ အဲဒီထဲက နှစ်ခုကိုပဲ ကျွန်တော် ပြောပါ့မယ်။ အယူအဆတစ်ခုက ကံတရားဗျ။ အဲဒီကံဆိုတာဗျာ - ခင်ဗျားရဲ့ ကံကြမ္မာကို စီမံဖန်တီးပေးတဲ့ အပြုအမူတွေ လုပ်ဆောင်ချက်တွေပေါ့။ တခြားတစ်ခုက မေတ္တာ ဒါမှမဟုတ် ကရုဏာတရားပါ။ လူတိုင်းလူတိုင်းကို မေတ္တာနှင့်ယှဉ်ပြီး ဆက်ဆံတဲ့ တရားပေါ့။


လူတိုင်းလူတိုင်းဟာလေ ဘယ်လောက်ထိ ညည်းညူနေချင်ကြတာကို ကျွန်တော် စပြီးသတိထားမိတယ်။ သူတို့တွေရဲ့ ကျန်းမာရေး၊ အလုပ်အကိုင်၊ အလုပ်ရှင်၊ ဆက်ဆံရေး၊ သူတို့တွေရဲ့ မိသားစုနှင့်ပတ်သက်ပြီး ညည်းညူချင်ကြတာပါ။ လူတွေကဗျာ သူတို့တွေရဲ့ဘဝတွေ ဘာတွေများဖြစ်နေပါလိမ့်၊ တခြားလူတွေ အားလုံးက သူတို့တွေရဲ့ဘဝကို ဘယ်လိုများ ခက်ခဲအောင်လုပ်နေပါလိမ့် ဆိုတာတွေနှင့် ပတ်သက်ပြီး တစ်ချိန်လုံး ငြီးတွားပြောဆိုနေကြတာပါ။ ဒါပေမယ်လို့လဲ ခင်ဗျားမှာ ဖြစ်လာနေတာတွေက မဝေးလှတဲ့ အတိတ်ကာလကပဲ ခင်ဗျားရဲ့ အပြုအမူတွေက ဖန်တီးထားတာတွေပါ။ အလားတူပါပဲ ဒီဘဝမှာ ခင်ဗျားလုပ်ထားတာတွေ - ခင်ဗျားရဲ့ အပြုအမူ အလုပ်အကိုင်တွေ၊ စကားတွေ၊ အမူအရာတွေ အားလုံးဟာ နောက်ဘဝမှာ ခင်ဗျားဘာဖြစ်မယ်ဆိုတာကို စီမံဖန်တီးပေးတယ်လေ။ အခု ခင်ဗျားဘဝရဲ့အဆုံးမှာ ကိုယ်ပိုင် account statement တစ်ခုကို ခင်ဗျားရေးပေးရပြီလို့ စိတ်ကူးကြည့်လိုက်စမ်းပါ။ တခြားလူတွေကိုတော့ ခင်ဗျား ဖုံးကွယ်လို့ရတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုတော့ ခင်ဗျား လိမ်လို့မရပါဘူး။ ဘယ်သူ့ကို ခင်ဗျား ညည်းညူတယ်၊ ဘယ်လုပ်ငန်း တာဝန်တွေကတော့ဖြင့် မပြီးဆုံးပဲထားခဲ့ရပြီ၊ ဘယ်ကတိစကားတွေ ပျက် ကွက်ခဲ့တယ်ဆိုတာတွေ ခင်ဗျား သိပါတယ်။


အဲဒါကိုသာ ဒီနည်းနှင့် ခင်ဗျားတွေးကြည့်လိုက်မယ်ဆိုရင် အတော်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဇာတ်ကွက် တစ်ခုတော့ ခင်ဗျား ဖန်တီးပြီးသွားပြီလို့ ပြောလို့ရသွားပြီပေါ့။ စိတ်ဝင်စားဖွယ်ရာ လှုံ့ဆော်မှုတွေ၊ ဖြေရှင်း မပြီးသေးတဲ့ ပြဿနာတွေ၊ သူ (သို့မဟုတ်) သူမ တိုက်ရိုက်ပြောဖို့ လိုအပ်မယ့် ဒါမှမဟုတ် နောက်တစ်ကြိမ် ကျရင် အစားပေးရမယ့် ဒီလိုမှ မဟုတ်သေးရင်လဲ အမှန်ဖြစ်အောင် ပြင်ရဦးမယ့် အမှားတွေ အဲဒီလိုဟာမျိုးတွေ အားလုံးနှင့် ဇာတ်ဆောင်စရိုက်တစ်ခု ဖြစ်လာနိုင်အောင်ပေါ့။ စင်စစ်တော့ ခင်ဗျားဟာ နောက်ဘဝအတွက် ဇာတ်ညွှန်း တစ်ပုဒ်ကို အမြဲမပြတ် ရေးနေပါတယ်လို့ ပြောရင် ပြောလို့ရပါတယ်။ ဒါမှမဟုတ် ခင်ဗျားရဲ့ လက်ရှိ အခြေ အနေကို ငြီးငြူတဲ့အခါ နှစ်ကြိမ်တွေးလို့ရတာပေါ့။ - ဘာလို့လဲဆိုတော့ ဒါကို ဖြစ်လာအောင်လုပ်တဲ့ အတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ ခင်ဗျားထင်သလဲ။ တစ်ချို့အခိုက်အတန့်မှာ ကပြဖို့ အချို့ ဇာတ်ကောင် စရိုက်တွေကို ဘယ်သူက စီစဉ်ခဲ့တယ်လို့ ခင်ဗျားထင်သလဲ။ ဇာတ်လမ်းထဲမှာ ကြေကွဲဖွယ်ရာ အကွေ့ အကောက်တွေ၊ နောက်ပြီး ခက်ခဲတဲ့ စိန်ခေါ်မှုတွေနှင့် အခြေအနေတွေကို ဘယ်သူက ပုံဖေါ်ခဲ့တာလဲ။ ကံတရားကပဲ ဇာတ်ညွှန်းရေးပြီး ခင်ဗျားရဲ့ကံတရားအတွက် ခင်ဗျားတစ်ယောက်ထဲမှာပဲ တာဝန်ရှိတာပါ။ လူအများကသာ ကံတရားကို ဒီလိုတွေးကြရင် ကမ္ဘာကြီးဟာ အလွန်ကိုပဲ ထူးခြားလာနိုင်ပါတယ်။ ညည်းညူတာတွေလဲ လျော့ပါးသွားမယ်။ လူတွေလည်း သူတို့ရဲ့ စိတ်နေသဘောထားကို အပြောင်းလဲကြီး ပြောင်းလဲအောင် လုပ်နိုင်လောက်ပါတယ်။ တခြားလူတွေအပေါ် ပိုကောင်းလာနိုင်ပါတယ်။ ပြီးတော့ ပိုမိုပြီး မေတ္တာတရား ရှေးရှုတဲ့နည်နှင့် စပြီးပြုမူ ဆက်ဆံလာနိုင်ပါတယ်။


ဒါက တကယ့် အပေါ်ယံလေးပါ။ ကျွန်တော် နေ့စဉ်နေ့တိုင်း အသစ်အသစ်တွေကို လေ့လာနေရဆဲပါ။ ယခုအခါမှာတော့ ရုပ်ရှင်ရိုက်ရာမှာ ကျွန်တော့ရဲ့ အဓိကရည်မှန်းချက်ပန်းတိုင်က ရုပ်ရှင်မဟုတ်ဘူးဗျ။ အဲဒီအစား ရုပ်ရှင် တီဗွီ သို့မဟုတ် အင်တာနက်ဆိုတဲ့ ကြားခံဆက်သွယ်ရေးနည်းလမ်းကိုသုံးပြီး ဗုဒ္ဓဘာသာ နှင့်ပတ်သက်လို့ ကျွန်တော့ရဲ့ နားလည်မှုတွေကို နားထောင်လို ကြားလိုကြသူတွေနှင့် မျှဝေဖို့က ကျွန်တော့ ရဲ့ မျှော်လင့်ချက်ပါ။ အနာဂတ်ကာလမှာ အရှိန်အဝါ ဒါမှမဟုတ် ငွေကြေး ပိုရမယ်ဆိုရင် ဒီတာဝန်ကို ပြီးပြတ် အောင် ကူညီဆောင်ရွက်ရာမှာ သုံးစွဲဖို့ ကြံစည်စိတ်ကူးထားပါတယ်။ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေ၊ ရင်ပိုချီတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ နာမည်ကျော်ကြား လူသိများကြတာ မဟုတ်လေတော့ သူတို့ရဲ့ တန်ဖိုးရှိတဲ့ သင်ကြားချက်တွေကို ဘယ်သူမှ အာရုံမစိုက်မိဘူး ဖြစ်နေတယ်။ ကျွန်တော် သူတို့ရဲ့ ဉာဏ်ပညာကို ဝိုင်းပြီး ဖြန့်ဖြူးပေးချင်ပါတယ်။ သူတို့တွေရဲ့ ဒဿနနှင့် ပတ်သက်လို့ အနည်းအကျဉ်း ပြောပြပေးဖို့နှင့် လူ့ဘဝဖြစ်တည်မှုဇာတ်လမ်းမှာ မေတ္တာတရားက ဘယ်လို အရေးပါတဲ့ အခန်းက ပါဝင်ကပြနေတယ်ဆိုတာကို ပြောပြပေးဖို့ ဆက်သွယ်ရေး (media) ကို သုံးနိုင်စွမ်း ကျွန်တော့မှာ ရှိပါတယ်။ ဒါဟာ အခုအခါ ကျွန်တော်ရဲ့ အရင်းခံအကြောင်းတရားပါပဲ။ ကျွန်တော်ကိုယ်တိုင် အတွက်တော့ နောက်ထပ် ရုပ်ရှင်ကားတွေကို မရိုက်တော့ပါဘူး။ ကျွန်တော်ဟာ အနားယူလို့ မရသေးဘူးဆိုတာ အခုတော့ သဘောပေါက်လာပါပြီ။ ကမ္ဘာကြီးမှာ ပိုမိုကြီးမားတဲ့ ဉာဏ်ပညာနှင့် သဘာဝပိုကျတဲ့ အပြုအမူဖြစ်လာအောင် ဝိုင်းဝန်းပြီး လှုံ့ဆော် ပေးကောင်းပေးနိုင်တဲ့ ရုပ်ရှင် ဇာတ်ကား အနည်းငယ် မရိုက်ရသေးခင်တော့ အနားယူလို့ မရသေးပါဘူး။ လက်မှတ်ရောင်းတဲ့ နေရာက ပြန်လှည့်တာထက် အဝေးဆို အဝေးကြီးကို မျှော်ကြည့်နေပါတယ်။


ကရုဏာတရားနှင့် အကန့်အသတ်မဲ့ မေတ္တာတရားဆိုတဲ့ ဗုဒ္ဓဒဿနကို မြှင့်တင်ပေးဖို့ ကျွန်တော့ အပိုင်းကို ကျွန်တော် လုပ်ချင်တာသက်သက်ပါ။ ဒီဘဝတစ်သက်တာမှာ လူဖြစ်ရခြင်းဆိုတဲ့ အခွင့် အရေးကို အကျိုးအရှိဆုံးဖြစ်အောင် ဘယ်လိုလုပ်ရတယ်ဆိုတာ အချို့လူတွေ နားလည် လာအောင်လို့ပါ။ နည်းနည်း လေးပဲဖြစ်ဖြစ်ပေါ့။ ကျွန်တော် ကိုယ့်ပရိတ်သတ်တွေကို ဘာသာတရား ပြောင်းဖို့ ကြိုးစားနေတာ မဟုတ်ရပါဘူး။ သတင်းအချက်အလက် ကမ်းပေးရုံလေးပါ။ ဒီလိုမှမဟုတ်ရင် ကြုံကြိုက်ချင်မှ ကြုံကြိုက်မယ့် အယူအဆတွေကို လှစ်ပြ ထိတွေ့စေဖို့သက်သက်ပါ။ သတင်းစကားကို သူတို့တွေ စိတ်မဝင်စားရင် ဒါကို သတိတောင် ထားမိကောင်းမှ ထားမိမှာပါ။ နားဆင်ဖို့အသင့်ပါပဲဆိုရင်တော့ သူတို့တွေ ကြားပါလိမ့်မယ်ဗျာ။


Sasana Abhiwurdhi Wardhana Society မှ April 2009 တွင် ရိုက်နှိပ်ထုပ်ဝေသည့် How to Develop Happiness in Daily Living, Features & Interviews with Buddhist Celebrities စာအုပ်မှ Jet Li ၏ “Our Actions Determine our Destiny ကို တိုက်ရိုက် ဘာသာပြန်ဆိုပါသည်။


ဦးဉာဏ်

Sitiawan, Malaysia

Thu 18/02/2010



Read more...

တန်ခူးရဲ့နောက်ကြည့်မှန်အလွမ်း။


ငါ့ဘဝမှာ အနာအဆာပါရင်
ကျော်ဖတ်ပေးပါ။

မဖြစ်ချင်ခဲ့ပါဘူး
သူသူကိုယ်ကိုယ်လေ။
ဒီခံစားမှုကို မနက်ဖြန်ထိ
ဘဝဆုံးတဲ့အထိ ...........
ငါသိမ်းထားချင်တာပါ။

တကယ်ဆို
ဒီနှစ်မှာမှ
ပွဲတော်မဲ့ရတဲ့သူဟာ ငါပါ။

ဒီနှစ်မှာမှ
ဦးတန်ခူး နှောင်းတန်ခူး မရှိတော့တာလည်း ငါပါ။

ဒီနှစ်မှာမှ
သင်္ကြန်ကိုမျှော်လင့်မိ နေပေမယ့်
ပိုင်ဆိုင်ခွင့်မရှိတဲ့သူဟာ ငါပါ။

ဒီနှစ်မှာမှ
သင်္ကြန်ကိုတောင့်တနေမိပေမယ့်
ရယူခွင့်မရှိတဲ့သူဟာ ငါပါ။

ဒီနှစ်မှာမှ
သင်္ကြန်ကိုလွမ်းဆွတ်နေမိပေမယ့်
တွေ့ဆုံခွင့်မရှိတဲ့သူဟာ ငါပါ။

ငါခံစားနေရတာက
ဟိုး............အဝေးက
ဥသြတွန်သံ ငါမကြားချင်ဘူး။

အဲ့ဒီအချိန်ဆို
မိုးက ပိတောက်မျှော်
ပိတောက်က မိုးကိုတမ်းတ
ရာသီလွန် အိပ်မက်အလွမ်းကိုတော့
ငါ .........
တကယ် ...
တကယ်ပါ .....
မလွမ်းချင်တော့ပါဘူး။


Read more...

“တော်တော်ကောင်းတဲ့ လက်ရာ”

မြန်မာရဟန်းတော်များသည် အိန္ဒိယနိုင်ငံ ဒေလီမြို့ ဒေလီတက္ကသိုလ်တွင် ပညာသင်ကြားလျှက်ရှိကြသည်။ သူများ နိုင်ငံတွင် သီတင်းသုံး ပညာသင်ကြားနေရတော့ မြန်မာနိုင်ငံကဲ့သို့ ဆွမ်းကပ်မည့် ဒါယကာ ဒါယိကာမ များမရှိသည့်အတွက် ရဟန်းတော်များသည် ကိုယ်တိုင်ဝယ် ကိုယ်တိုင်ချက် စနစ်ကိုဘဲ ကျင့်သုံးနေကြရသည်။ တစ်ချို့ရဟန်းတော် များသည် မြန်မာပြည်မှာ သီတင်းသုံး နေထိုင်စဉ်ကပင် ချက်မှုပြုတ်မှုအလုပ်ကို ကိုယ်တိုင် ပြုလုပ်ခဲ့ကြရသည့်အတွက် ဟင်းချက်တော်တော်ကောင်းကြသည်။ အကယ်၍ ထိုကိုယ်တော်များသည် ထမင်းဆိုင်တည်ထောင်လိုက် မည်ဆိုလျှင်ဖြင့် လက်ရှိထမင်းဆိုင်များသည်ပင် ဒေ၀ါလီခံရမည့်အနေအထားမျိုး ထိ ရောက်ရှိသွားပေလိမ့်မည်။ ထိုမျှလောက်ပင် ကောင်းလှချေသည်။ သို့သော် အချို့ရဟန်းတော်များကတော့ အချက်အပြုတ်တွင် အတွေ့အကြုံမရှိသည့်အတွက် စိတ်ပျက်လောက် အောင်ပင် လက်ရာသည်ကား ဆိုးဝါလှ ချေသည်။ သို့သော် ကောင်းကောင်း မကောင်းကောင်း အလှည့်နှင့် ချက်ပြုတ်နေရသည့်အတွက် လက်ရာ ကောင်းသည့် ကိုယ်တော်၏အလှည့်ကျလျှင်ဖြင့် ကောင်းကောင်းဘုဉ်းရပေသည်။ လက်ရာမကောင်း သော ကိုယ်တော်၏ အလှည့်ရောက်လျှင်ကား တော်တော်လေး စိတ်ညစ်မှုအပေါင်းနှင့် ကြုံတွေ့ရပေသည်။ ဒီနေ့ တော့ ဒေလီတက္ကသိုလ်တွင် မြန်မာရဟန်းတော်များသည် အလှည့်ကျချက်လာရာ ဦးကောသလ္လအလှည့်သို့ ရောက်ရှိလာလေသည်။ သူသည် သူ့၏ လက်ရာကို ရဟန်းတော်များကြိုက်ရန် ချီးမွမ်းခန်းဖွင့်ရန်အလို့ငှာ ကြိုး စားပြီး ချက်ထားလေသည်။ ရဟန်းတော်များသည် နေ့လည်စာ ဘုဉ်းပေးကြလေသည်။ အချို့ရဟန်းတော်များ သည် ဦးကောသလ္လ၏ လက်ရာကို ဘုဉ်းလိုက်ရသောအခါ
“ကောသလ္လ, မင်းချက်တဲ့ ဟင်းကလဲ ဘာမှ မကောင်းဘူး၊ ဘယ်လိုများ ချက်ထားတာလဲကွာ။”ဟု ငြီးတွားကာ ငေါက်ငမ်းကြ လေသည်။ ဤတွင် သက်တော်ဝါတော် အကြီးဆုံး ဆရာတော်တစ်ပါးမှ
“ငါ့ရှင်တို့ ကောသလ္လချက်တဲ့ဟင်းကို မကဲ့ရဲ့ပါနဲ့ကွ၊ သူ့ဟင်းက ၀ိမုတ္တိရသပါကွ” ဟု မိန့်ကြားလိုက်သောအခါ ဦးကောသလ္လသည် တော်တော်သဘောကျသွားလေသည်။ အကြောင်းသော်ကား ၀ိမုတ္တိရသဟူသည်ကား လွတ်မြောက်မှု အရသာ ဟူ၍ အဓိပ္ပာယ်ရလေသည်။ လွတ်မြောက်မှုအရသာဟူသည်ကား ဆင်းရဲခပ်သိမ်းမှ လွတ်မြောက်ကာ နိဗ္ဗာန်ချမ်းသာကို ရရှိသွားသော အဓိပ္ပာယ်ကို ဆောင်လေသည်။ ဦးကောသလ္လသည် သူ၏ ဟင်းကို ဤအလွန်အင်မတန်မှ မြင့်မြတ်သော နိဗ္ဗာန်အရသာနှင့် အနှိုင်းယှဉ်ခံလိုက်ရသည့်အတွက် အလွန်ပင် ပီတိဖြစ်သွားလေသည်။ ဤတွင် ဆရာတော်က
“ဟ မောင်ကောသလ္လ ရမ်းပျော်မနေနဲ့အုံး၊ မင်းဟင်းကို ၀ိမုတ္တိရသလို့ ပြောတာက အဓိပ္ပာယ်က ဒီလိုကွ၊ မင်း ဟင်းကို ဘုဉ်းလိုက်တဲ့အခါ 'ချဉ် ဖန် ချို ခါး အငံ အစပ်' တည်းဟူသော အရသာခြောက်မျိုးမှ လွတ်ထွက်နေ တဲ့အတွက် ဘာအရသာမှ မရှိလို့ ၀ိမုတ္တိရသလို့ ပြောတာကွ၊ ခပ်ရှင်းရှင်းပြောရရင် မင်းချက်တဲ့ ဟင်းက ဘာမှ မကောင်းဘူးလို့ ပြောလိုက်တာဘဲကွ။” ဟု ရှင်းလင်းချက်ထုတ်လိုက်လေသည်။ ထိုအခါ ဦးကောသလ္လ၏ ဖြစ်လက်စ ပီတိများသည်ပင် ရုတ်တရက် အဝေးသို့ လွင့်စင်သွားလေတော့သည်။
မှတ်ချက်။ ၀ိမုတ္တိ၊ လွတ်မြောက်ခြင်း။ ရသ၊ အရသာ။ ၀ိမုတ္တိရသ၊ လွတ်မြောက်မှုအရသာ။
0 comments

Read more...

မဝေးတော့ဘူး။

Posted by ကိုနော Saturday, March 20, 2010
မေ,ဇွန်မှာ မိုးတွေရွာ,
သရက်သီးများ မမှည့်တော့...
ဖရဲသီးများလည်း မရဲတော့မယ့်နေ့တွေ
မဝေးတော့ဘူး……၊

ဘုံဘေဒီဇင်ဘာတွေ ဒေလီရောက်လာမယ့်….
ကတ်ရှမီးယားပန်းသီးတွေ ဟိုက်ဒရာဘတ်ကနေ ရောက်လာမယ့် ညတွေ
မဝေးတော့ဘူး….၊

ဆာရီကို ဂျပန်ကီမိုနိုလို ၀တ်ဆင်ကြမယ့်
အခမ်းအနားတွေ
မဝေးတော့ဘူး….၊

လူစည်ကားတဲ့ ဈေးထဲက ပစ္စည်းနဲ့ပိုက်ဆံအိတ်တွေလို
အိမ်တွေမှာ အထီးတည်းနေကြတဲ့အခါ….
အားလုံးကို မိတ်ဆွေခေါ်ပြီး
ဘယ်သူနဲ့မှ မိတ်ဆွေမဖြစ်ကြတဲ့အခါ…
ဒီနေ့ ပန်းတွေရဲ့နာမည်တွေ မေးပြီး
မနက်ဖြန် မေ့သွားတဲ့အခါ…
အဲဒီလို အချိန်မှာတွေမှာ
ငါ့ကလေးတွေ ဘယ်မှာ ရှိနေကြမလဲ....ဆိုတာ
ဘယ်သူသိနိုင်မလဲ….
ကိုယ်လည်း တကယ်မသိဘူး….။
ဒါပေမယ့်
ကလေးတွေကတော့
ကလေးဘ၀မှာပဲ ကလေးလို တွေးနေကြလိမ့်မယ်….။

ကိုနော
၂၀.၃.၂၀၁၀
[က၀ိတာ အဂ်ျကလ်ကဗျာပေါင်းချုပ်မှ အိန္ဒုဂျိုင်း၏ ဗဟွတ် ဒူးရ် နဟီး ကို ပြန်ဆိုပါသည်။]

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP